မေးခွန်း (၃) ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာနဲ့အကြီးအကဲတွေက မင်းတို့က ယေရှုခရစ်တော်အပေါ်မဟုတ်ပဲ လူတစ်ယောက်အပေါ်မှာ ယုံကြည်တယ်လို့ ပြောကြတယ် ဒီလူက တကယ်ပဲ ပြန်ကြွလာတဲ့သခင်ယေရှု ဒါမှမဟုတ် အလုပ်လုပ်ဖို့အတွက် ပေါ်ထွန်းလာတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်လို့ မင်းတို့သက်သေခံကြတယ်။ ကွန်မြူနစ်ပါတီက ခရစ်ယာန်ဝါဒနဲ့ ကက်သလစ်ဝါဒကို အယူအစွဲဂိုဏ်းတွေအဖြစ် ရှုတ်ချထားတယ်ဆိုတာ မင်းတို့ သိလား။ ဒါတောင်မှ သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီလို့ မင်းတို့ သက်သေခံကြတယ်။ ဒါ မိုက်မဲခြင်းပဲ မဟုတ်ဘူးလား။ ကွန်မြူနစ်ပါတီက မင်းတို့ကို ဘယ်လို လွှတ်ထားနိုင်မှာလဲ။ တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်ဝါဒနဲ့ ကက်သလစ်ဝါဒကို အစွန်းရောက်ဝါဒတွေအဖြစ်၊ သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် သတ်မှတ်တယ်။ ဒါဟာ လူတိုင်းသိကြတဲ့အချက်ပဲ။ မင်းတို့ သတိထားမိမှာပါ။ တရုတ်ကွန်မြူနစ်ပါတီက အများလက်ခံထားတဲ့ ကမ္ဘာ့ဘာသာရေးတွေကို ရှုတ်ချပြီး ငြင်းပယ်ရဲရင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ဘာလို့ မရှုတ်ချနိုင်ရမှာလဲ။ တရုတ်ကွန်မြူနစ်ပါတီက သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် ကြေညာရင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ကို ဘာလို့ သည်းခံဖို့ စဉ်းစားနေမှာလဲ။ ပြည့်သူ့လုံခြုံရေးအေဂျင်စီတွေက ဒီစာအုပ်ရဲ့ ကော်ပီတော်တော်များများကို သိမ်းပြီးပြီ။ လူတွေအများကြီးက လေ့လာနေကြတယ်။ ငါ နားမလည်ဘူး။ မင်းတို့လူတွေက ဘာလို့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ရတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလရဲ့ခရစ်တော်လို့ ဘာကြောင့် ဆက်ပြီး သက်သေခံရတာလဲ။ သူ့မိသားစုနောက်ခံနဲ့ပတ်သက်ပြီး ငါတို့အကုန်နားလည်သွားပြီ။ သူက သာမန်လူတစ်ယောက်ပဲ ခရစ်ယာန်ဘာသာရဲ့ ယေရှုလိုပဲ။ ယေရှုက လက်သမားတစ်ယောက်ရဲ့သား၊ မိဘနဲ့ မွေးချင်းတွေလည်းရှိတယ်။ သူက သာမန်လူတစ်ယောက်ပဲဖြစ်ခဲ့တယ်။ ဒါတောင်မှ ခရစ်ယာန်လောကတစ်ခုလုံးက သူ့ကို ဘုရားလို ကိုးကွယ်ကြတယ်။ မင်းတို့လူတွေ ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း ယေရှုလို လူသားတစ်ယောက်ပဲ။ ဒါတောင်မှ သူက ဘုရားသခင်ဖြစ်တယ်လို့ သေချာပြောနေတယ်။ ဒါအတော်လေး နားလည်ရခက်တယ် မင်းတို့နှစ်ယောက်လုံးက သာမန်လူတစ်ယောက်ကို ယုံတာကြောင့် နာကျင်မှုတွေ အများကြီး ခံယူကြတယ်။ ဒီတော့ ဒါ တန်ရဲ့လား။ နောက်လိုက်တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်အတွက် မိသားစုတွေနဲ့ အလုပ်တွေကို စွန့်လွှတ်ကြတယ်လို့ ငါကြားတယ်။ ဘုရားကို ဒီလိုယုံကြည်လို့ ဘာရစရာရှိလို့လဲဆိုတာ ငါသိချင်မိတယ်။ သူက ဘုရားပါလို့ ယုံကြည်ဖို့ မင်းအတွက် ဘာအထောက်အထားရှိလဲ။

အဖြေ- တရုတ်ကွန်မြူနစ်ပါတီက ကောင်းကင်ဘုံက ဘုရားသခင်ကို မသိတဲ့ ဘုရားမဲ့ပါတီဆိုတာ ကျွန်မတို့သိတယ်။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒါကြောင့် ကျွန်မတို့ လူ့ဇာတိခံယူတဲ့ခရစ်တော်ကို ယုံကြည်မှုအပေါ် ပါတီရဲ့ တုံ့ပြန်ချက်ကို မအံ့သြပါဘူး။ နည်းနည်းလေးမှ မအံ့သြဘူး။ ကောင်းကင်ဘုံက ဘုရားသခင်ကိုပဲ သိပြီး လူ့ဇာတိခံယူတဲ့ ခရစ်တော်ကို မသိတဲ့ ဘာသာရေးသမားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ရဲ့ အမှုတော်အားဖြင့် ဖျက်ဆီးခံရတယ်။ ထောင်စုနှစ်အတွင်းမှာ ဘုရားသခင်ဟာ လူသားကိုကယ်တင်ဖို့အတွက် အမှုတော်အဆင့်သုံးဆင့်ကို လုပ်ဆောင်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့အမှုတော်အဆင့်တစ်ခုစီတိုင်းမှာ နှုတ်ကပတ်တော်များစွာကို မိန့်မြွက်ခဲ့တယ်။ လူသားမျိုးနွယ်ဟာ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေကြောင့်သာ ဘုရားသခင်ရဲ့အမှုတော်ကို လက်ခံလာခဲ့တာပါ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုရဲ့ ဧဝံဂေလိတရားတော်ဟာ အကုန်ပြန့်နှံ့သွားခဲ့ပြီ။ ပိုများလာတဲ့ လူသန်းနှစ်ထောင်ကျော်ဟာ ဘုရားသခင်ကို အားလုံးအတူတကွ ယုံကြည်ကြတယ်။ ရှင်တို့ ဒီအချက်ကို မမြင်တာမျိုး ဖြစ်နိုင်မလား။ ဒီမိုကရေစီနိုင်ငံတွေမှာ ဘုရားကျောင်းတွေကို နေရာတိုင်းမှာ မြင်ရတယ်။ ခရစ်ယာန်၊ ကက်သလစ်နဲ့ အရှေ့တိုင်းအော်သိုဒေါက်အသင်းတော်တွေအားလုံးဟာ သခင်ယေရှုခရစ်တော်ကို ယုံကြည်ကြတယ်။ အနည်းဆုံးဒါကိုတော့ ရှင်တို့သိမှာပါ။ သခင်ယေရှုဟာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်တယ်။ နှစ်နှစ်ထောင်ကြာအထိ သခင်ယေရှုနောက်ကိုလိုက်ပြီး သူ့အတွက် သက်သေခံတဲ့လူတွေ မရေမတွက်နိုင်အောင်ရှိတယ်။ သခင်ယေရှုက သာမန်လူလိုပဲ မြင်ရပါတယ်။ သခင်ယေရှုက ကယ်တင်ရှင်ဖြစ်ပြီး ဘုရားသခင်ပေါ်ထွန်းခြင်းဖြစ်တယ်လို့ ဘာလို့လူတွေအများကြီးက ယုံကြည်ကြတာလဲ။ ဘုရားသခင် ပေါ်ထွန်းခြင်းနဲ့ ခရစ်တော်က ဘာလဲဆိုတာကို သိချင်ရင် သမ္မာကျမ်းစာကို ရှင်တို့ ဖတ်ရမယ်။ ပြီးရင် သခင်ယေရှုက ဘယ်လိုတရားဟောပြီး အလုပ်လုပ်တယ်၊ သန့်ရှင်းသောဝိညာဉ်တော်က သူ့အတွက် ဘယ်လိုသက်သေခံတယ်ဆိုတာ ကြည့်ရမယ်။ ဒါဆိုရင် လူတွေက သခင်ယေရှုကို ဘာကြောင့်ယုံကြည်တယ်ဆိုတာ သိလိမ့်မယ်။ လူ့ဇာတိခံယူခြင်းကိုယ်၌ကိုက နက်နဲမှုကြီးတစ်ခုပါ။ နောက်ဆုံးသောကာလရဲ့ ခရစ်တော် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် သမ္မာတရားအလုံးစုံကို ဖော်ပြပြီး သမ္မာကျမ်းစာထဲမှာရှိတဲ့ နက်နဲမှုအားလုံးကို ဖွင့်ဟခဲ့တယ်။ ဘုရားသခင်ကို မယုံကြည်ဘဲ ဒါမှမဟုတ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မဖတ်ဘဲ ဘုရားသခင်နဲ့ပတ်သက်တဲ့ နက်နဲမှုကို ဘယ်လိုသိနိုင်မှာလဲ။ လူ့ဇာတိခံယူခြင်းက ဘာလဲဆိုတာ ရှင်တို့နားလည်ချင်လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အကြောင်းကို ဆွေးနွေးပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ပြောခဲ့တာတွေကို ကြည့်ရအောင်။

အနန္တတန်ခိုးရှင်ဘုရားသခင်ကပြောတယ်- “လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခံ လူသားအကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကိုဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိခန္ဓာ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)

“လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့်ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား သူ၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာလည်းဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိခန္ဓာဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

အနန္တတန်ခိုးရှင်ဘုရားသခင်က ဒီအကျဉ်းချုပ်အပိုဒ်နည်းနည်းမှာ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြခဲ့တယ်။ ကျွန်မတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြားတဲ့အခါမှာ လူ့ဇာတိခံယူခြင်းက ဘာလဲဆိုတာ ချက်ချင်း နားလည်သဘောပေါက်တယ်။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်သာ လူသားရဲ့ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် သမ္မာတရားကို ဖော်ပြနိုင်တယ်။ ဒါဟာ ဘုရားသခင် ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုဆိုတာကို ရှင်တို့ ငြင်းနိုင်လား။ ကမ္ဘာမှာနာမည်ကြီးပြီး သိပ်တော်တဲ့လူတွေဟာ သမ္မာတရားကို ဖော်ပြနိုင်သလား။ လူ့ဇာတိခံယူတဲ့ဘုရားသခင်ကလွဲပြီး သမ္မာတရားကို ဘယ်သူမှ မဖော်ပြနိုင်ပါဘူး။ လူသားမျိုးနွယ်ရဲ့ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် သမ္မာတရားအားလုံးကို ဖော်ပြနိုင်သူက ပင်ကိုအားဖြင့် ခရစ်တော်နဲ့ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းပဲဖြစ်တယ်။ ဒါဟာ သံသယရှိစရာမလိုပါဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ကျွန်မတို့ရဲ့ ယုံကြည်ခြင်းက အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားရဲ့ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် ဖော်ပြခဲ့တဲ့ သမ္မာတရားအလုံးစုံကြောင့်၊ နောက်ဆုံးသောကာလမှာ သူ့ရဲ့ တရားစီရင်ခြင်းအမှုကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူပြီး လူ့ဇာတိအဖြစ် ပြန်ကြွလာတဲ့ ဘုရားသခင်၊ သခင်ယေရှုဖြစ်တယ်လို့ ယုံကြည်တာပါ။ ဒါက အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ကျွန်မတို့ယုံကြည်မှုရဲ့ အခြေခံပဲ။

ဘာသာရေးအသိုင်းအဝိုင်းထဲက ခေါင်းဆောင်တချို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ကြတာ အံ့သြစရာမဟုတ်ပါဘူး။ လူအများစုက ကောင်းကင်ဘုံက ဘုရားသခင်ကိုပဲယုံကြည်ကြပြီး လူနည်းစုသာ လူ့ဇာတိခံယူတဲ့ဘုရားသခင်ကို လက်ခံပြီး သိမြင်နိုင်တာကြောင့်ပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက သခင်ယေရှု အလုပ်လုပ်ဖို့ ပေါ်ထွန်းခဲ့တဲ့အခါမှာ “ယဇ်ပရောဟိတ် အကြီးအကဲတွေ ၊ ကျမ်းပြုဆရာတွေနဲ့ ဂျူးဝါဒဖာရိရှဲတွေအားလုံးက သခင်ယေရှုကို မဆန့်ကျင်ခဲ့ကြဘူးလား။” သူတို့က သခင်ယေရှုကို လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်ဖို့အတွက် ရောမအစိုးရဆီကိုတောင် အပ်နှံခဲ့ကြသေးတယ်။ ဘုရားသခင်က အလုပ်လုပ်ဖို့အတွက် လူ့ဇာတိခံယူပြီးပေါ်ထွန်းခဲ့တဲ့ နှစ်ကြိမ်လုံးမှာ သမ္မာတရားတွေ အများကြီးဖော်ပြခဲ့ပြီး လူရဲ့ ရွေးနှုတ်ခြင်းနဲ့ကယ်တင်ခြင်းအတွက် အလုပ်လုပ်ခဲ့တယ်။ ဘုရားသခင် တည်ရှိမှုကို တော်တော်များများက သိမြင်ပေမဲ့ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းအကြောင်းကို မသိကြဘူး။ လူ့ဇာတိခံယူခြင်းဖြစ်တဲ့ နက်နဲမှုကြီးကို သူတို့ ဘယ်တော့မှ နားလည်သဘောမပေါက်နိုင်ကြဘူး။ ဘုရားသခင်က အလုပ်လုပ်ဖို့အတွက် လူ့ဇာတိနဲ့ ပေါ်ထွန်းတဲ့ အချိန်တိုင်းမှာ တော်တော်များများက ထုတ်ဖော်ခံရပြီး ဖျက်ဆီးခံရတယ်။ လူ့ဇာတိခံယူတဲ့ အနန္တတန်ခိုးရှင်ဘုရာသခင်ဟာ နောက်ဆုံးသောကာလမှာ သမ္မာတရားကို ထုတ်ဖော်ပြောခြင်းအားဖြင့် လူတွေကို တရားစီရင်ပြီး ဖော်ထုတ်ခဲ့တယ်။ လူ့ဇာတိခံယူတဲ့ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရားတွေကို ကြားပြီးတဲ့အခါမှာ သမ္မာတရားကို ချစ်မြတ်နိုးသူတွေက ဘုရားသခင်ရဲ့ အသံတော်ကို သိမြင်ခဲ့ကြတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုဖြစ်တယ်ဆိုတာ သူတို့သိမြင်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ ခရစ်တော်ကို လက်ခံပြီး နာခံခဲ့ကြတယ်။ သမ္မာတရားကို မချစ်တဲ့သူတွေအတွက် သူတို့ဟာ ဘုရားသခင်နှုတ်ကပတ်တော်ရဲ့ သြဇာအာဏာနဲ့ တန်ခိုးကို သိမြင်ပေမဲ့ လူ့ဇာတိခံယူတဲ့ဘုရားသခင်ဟာ သာမန်လူတစ်ယောက်နဲ့တူတာကြောင့် သူတို့ရဲ့ ကြိုတင်မှန်းဆထားတဲ့အယူအဆတွေက သူတို့ကို ဆန့်ကျင်ဖို့အတွက် ဖြစ်လာစေခဲ့တယ်။ ဒါကြောင့် သမ္မာတရားကို မုန်းတီးစက်ဆုပ်တဲ့သူတွေဟာ ထုတ်ဖော်ခံရပြီး ဖျက်ဆီးခံရတယ်။ ဘုရားသခင်ကယ်တင်တဲ့ ဒီလူတွေဟာ သမ္မာတရားကိုချစ်မြတ်နိုးပြီး သမ္မာတရားကို လက်ခံကြတဲ့လူတွေပဲ ဘုရားသခင်ဖော်ထုတ်ပြီး ဖျက်ဆီးပစ်တဲ့လူတွေဟာ သမ္မာတရားကို ရွံရှာမုန်းတီးကြတယ်။ ဒါက ဘုရားသခင်ရဲ့ အဆုံးအစမရှိတန်ခိုးရှိခြင်းနဲ့ ဉာဏ်ပညာကို ပြပါတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ သူ့ရဲ့အလုပ်လုပ်တဲ့ပုံစံမှာ တွေ့ရတယ်။ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းက တကယ်ကို နက်နဲမှုကြီးတစ်ခုပါပဲ။ ဒါ နားလည်သဘောပေါက်ဖို့ မလွယ်ပါဘူး။ လူအများစုက ဒါနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်ကြတယ်။ ဒါ ကျွန်မ မြင်တဲ့ပုံစံ၊ လက်ခံတဲ့ပုံစံပါပဲ။

အပြန်အလှန်စကားပြောဆိုခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) ဒါပေမဲ့ ကျုပ်က ဘုရားကို တစ်ခါမှမမြင်ဖူးဘူး။ ဘုရားသခင်က ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကမ္ဘာကို ဘယ်လိုအုပ်စိုးတယ်ဆိုတာ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။ ဘုရားကိုသိပြီး သူ့ကိုလက်ခံဖို့ ကျုပ်အတွက် ခက်ခဲတယ်။ ဘာသာရေးယုံကြည်မှုကို နှစ်တော်တော်များများလေ့လာပြီးနောက်မှာ ဘာသာရေးယုံကြည်မှုက ဝိညာဉ်ဆိုင်ရာအာဟာရကိုပေးတယ်လို့ ကျုပ်ထင်တယ်။ ဒါက လူသားမျိုးနွယ်ရဲ့ ဝိညာဉ်ဆိုင်ရာလစ်ဟာမှုကို ဖြည့်ဆည်းဖို့ နည်းတစ်ခုသက်သက်ပဲ။ ဘုရားသခင်ကို ယုံကြည်သူတွေက နောက်ဆုံးမှာကျုပ်တို့လိုပဲ သေတာပဲမဟုတ်လား။ ဘယ်သူက ကောင်းကင်ဘုံပေါ်တက်ပြီး ဘယ်သူက ငရဲသွားတယ်ဆိုတာ ဘယ်သူကမှ အတည်မပြုနိုင်ဘူး။ ကျုပ်အတွက်က ဘာသာရေးယုံကြည်မှုက လက်တွေ့မကျဘဲ အတော်ကို မသေချာပါဘူး။ သိပ္ပံရဲ့ဖွံ့ဖြိုးမှု၊ လူရဲ့တိုးတက်မှုနဲ့ ဘာသာရေးယုံကြည်မှုဟာ စွန့်ပစ်ပြီး ဖယ်ရှားခံရဖို့ အလားအလာသိပ်များတယ်။ ကျုပ်တို့အားလုံးက သိပ္ပံကို ယုံကြည်ဖို့လိုတယ်။ သိပ္ပံသာ ဘယ်သူကမှ မငြင်းနိုင်တဲ့ သမ္မာတရားနဲ့ စစ်မှန်မှုကို ဖော်ထုတ်နိုင်တယ်။ သိပ္ပံက ဘုရားကို မငြင်းပေမဲ့ ဘုရားရဲ့တည်ရှိမှုကို မမြင်တွေ့ရသေးဘူး။ သိပ္ပံက ဘုရားသခင်တည်ရှိပြီး အရာအားလုံးကို အုပ်စိုးတယ်ဆိုတဲ့ သက်သေတွေ့ရင် ကျုပ်တို့လည်း ဘုရားကို ယုံမှာပဲ။ ကျုပ်တို့ကွန်မြူနစ်အားလုံးက သိပ္ပံကို ယုံကြည်တယ်။ သိပ္ပံအပေါ် ယုံကြည်မှုနဲ့ တိုးတက်မှုကနေတစ်ဆင့်ကသာ လူမှုအဖွဲ့အစည်းက တိုးတက်မယ်။ သိပ္ပံက လူ့အဖွဲ့အစည်းတွေရဲ့ တကယ့်ပြဿနာတော်တော်များများကို ဖြေရှင်းနိုင်တယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းက လူတွေကို ဘာပေးလဲ။ ယာယီ ဝိညာဉ်ဆိုင်ရာသက်သာမှုကလွဲပြီး တခြားဘာကောင်းလဲ။ တကယ့်ပြဿနာတွေကို မဖြေရှင်းပေးဘူး။ ကျုပ်ဆိုလိုတာက သိပ္ပံကို ယုံကြည်မှုက ဘုရားသခင်ကို ယုံကြည်မှုထက် ပိုပြီး လက်တွေ့ကျတယ်။ ကျုပ်တို့အားလုံး သိပ္ပံကို ယုံကြည်မှရမယ်။

နောက်တစ်ခုသို့- မေးခွန်း- ၄ မင်းတို့ယုံကြည်တာက အနန္တတန်ခိုးရှင်ဘုရားသခင်၊ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မင်းတို့ဖတ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမည်နဲ့ဆုတောင်းတယ်။ ဒါပေမဲ့ ငါတို့သိထားချက်အရ မင်းတို့ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လူတစ်ယောက်က တည်ထောင်ခဲ့တယ်။ အကြောင်းကိစ္စအားလုံးမှာ မင်းတို့ သူ့ကို နာခံတယ်။ မင်းတို့ရဲ့ ထွက်ဆိုချက်တွေအရ ဒီလူက ဘုန်းကြီး ဘုရားသခင်အသုံးပြုတဲ့ လူတစ်ယောက်၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ခေါင်းဆောင်ဖြစ်တယ်။ ဒါက ငါ့အတွက် ရှုပ်ထွေးနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို တည်ထောင်ခဲ့တာက ဘယ်သူလဲ ဘယ်လိုဖြစ်လာတာလဲ။ ကဲ ဒါကို ရှင်းပြနိုင်မလား။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။