ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

သခင်ယေရှုခရစ်တော်နောက်သို့ လိုက်သည့် သန်းရာပေါင်းများစွာသော အခြားသူများကဲ့သို့ပင် ငါတို့သည် ကျမ်းစာ၏ ပညတ်တရားများနှင့် ပညတ်တော်များကို လိုက်နာကြသည်၊ သခင်ယေရှုခရစ်တော်၏ များပြား‌ပြည့်လျှံသော ကျေးဇူးတော်ကို ခံစားကြသည်၊ ပြီးလျှင် အတူတကွ စုဝေးကြသည်၊ ဆုတောင်းကြသည်၊ ချီးမွမ်းကြပြီး သခင်ယေရှုခရစ်တော်၏နာမ၌ အစေခံကြသည်- ပြီးလျှင် ဤအရာအားလုံးကို ငါတို့သည် သခင့်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုအောက်၌ လုပ်ဆောင်ကြသည်။ ငါတို့သည် မကြာခဏ အားနည်းတတ်ကြပြီး မကြာခဏလည်း ခွန်အားရှိတတ်ကြသည်။ ငါတို့၏ လုပ်ရပ်များ အားလုံးသည် သခင်၏ သွန်သင်ချက်များ နှင့်အညီဖြစ်သည်ဟု ငါတို့ ယုံကြည်ကြသည်။ သို့ဖြစ်လျှင် ငါတို့သည် ကောင်းကင်ဘုံ၌ရှိသော အဖ၏အလိုကို လုပ်ဆောင်ခြင်း လမ်းကြောင်းပေါ်၌ ရှိကြသည်ဟု မိမိတို့ကိုယ်မိမိ ယုံကြည်နေကြသည်မှာ သိသာထင်ရှားပေသည်။ သခင်ယေရှု၏ ပြန်ကြွလာခြင်း၊ သူ၏ ဘုန်းအသရေထင်ရှားသော ကြွဆင်းခြင်း၊ ကမ္ဘာပေါ်က ငါတို့၏အသက်တာ အဆုံးသတ်၊ နိုင်ငံတော်၏ ပေါ်ထွန်းခြင်းနှင့် ဗျာဒိတ်ကျမ်း၌ ကြိုတင်ဟောထားသကဲ့သို့ အရာရာတိုင်းကို ငါတို့ တောင့်တကြသည်။ သခင်ရောက်ရှိလာသည်၊ ကပ်ဘေးဒုက္ခကို သူခေါ်ဆောင်လာသည်၊ ကောင်းသောသူများကို ဆုချီးမြှင့်ပြီး ဆိုးယုတ်သောသူများကို အပြစ်ဒဏ်ပေးသည်၊ ပြီးလျှင် သူ့နောက်သို့လိုက်ပြီး သူ၏ပြန်ကြွလာခြင်းကို ကြိုဆိုသောသူ အားလုံးအား လေထဲတွင် သူနှင့်တွေ့ဆုံရန် သူ ဆောင်ယူလေသည်။ ဤအရာကို ငါတို့စဉ်းစားသည့်အခါတိုင်းတွင်၊ စိတ်ခံစားချက်များဖြင့် မွှန်မထူဘဲ မနေနိုင်ဖြစ်ကြသည်၊ နောက်ဆုံးသောကာလ၌ ငါတို့ မွေးဖွားကြကာ သခင်၏ ကြွလာခြင်းကို မျက်မြင်ကြုံတွေ့ဖို့ အခွင့်အလမ်းကောင်းရှိကြသည်ကို ဝမ်းမြောက်ကြပေသည်။ ငါတို့သည် ညှဉ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရပြီး ဖြစ်သော်လည်း၊ အပြန်အလှန်အားဖြင့် “အတိုင်းထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေ” ကို ငါတို့ရရှိကြပေပြီ။ ကြီးမြတ်လှသော ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်ပေသည်တကား။ ဤတောင့်တမှုနှင့် သခင်အပ်နှင်းသည့် ကျေးဇူးတော်အားလုံးက ငါတို့သည် စဉ်ဆက်မပြတ် ဆုတောင်းရာတွင် တည်ကြည်စေပြီး အတူတကွ စုရုံးရာတွင် သာ၍ လုံ့လဝီရိယရှိစေသည်။ နောက်နှစ်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ မနက်ဖြန် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် လူသားက စိတ်ကူးနိုင်သည်ထက် သာ၍တိုတောင်းသည့်အချိန်အတွင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သခင်သည် သူ့ကို စိတ်ထက်သန်သော အရေးတယူပြုမှုဖြင့် စောင့်မျှော်နေခဲ့ကြသည့် လူတစ်စုအလယ် ပေါ်ထွန်းရင်း ရုတ်တရက် ဆင်းကြွလိမ့်မည်။ သခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ရသော ပထမဦးဆုံးလူစုထဲတွင် ရှိခြင်းအလို့ငှာ၊ ချီဆောင်ခြင်း ခံရသည့် သူများအလယ်တွင် ရှိခြင်းအလို့ငှာ၊ ငါတို့အားလုံးသည် နောက်ကျကျန်ခဲ့လိုခြင်းမရှိဘဲ အချင်းချင်း အရှေ့ရောက်သို့ အပြေးအလွှား သွားကြသည်။ ဤနေ့ရက်ရောက်လာခြင်းအတွက် ငါတို့သည် အဖိုးအခကို အမှုမထားဘဲ၊ အရာအားလုံးကို ပေးဆပ်ပြီးဖြစ်သည်။ အချို့က ၎င်းတို့၏အလုပ်များကို စွန့်ခွာကြသည်၊ အချို့က ၎င်းတို့၏ မိသားစုများကို စွန့်လွှတ်ကြသည်၊ အချို့က ၎င်းတို့၏ အိမ်ထောင်ကို စွန့်လွှတ်ကြသည်၊ ပြီးလျှင် အချို့က ၎င်းတို့စုဆောင်းထားသမျှ အားလုံးကို ပေးလှူကြသည်။ ကောင်းလိုက်သည့် ကိုယ်ကျိုးမငဲ့သော ဆက်ကပ်အပ်နှံမှု လုပ်ရပ်များပါတကား။ ထိုသို့သော ရိုးသားစစ်မှန်မှုနှင့် သစ္စာစောင့်သိမှုသည် အတိတ်ခေတ်များ၏ သန့်ရှင်းသူများကိုပင် ဧကန်မုချ ကျော်လွန်ပေ၏။ သခင်သည် သူ နှစ်သက်သည့် မည်သူမဆိုပေါ် ကျေးဇူးတော်ကို အပ်နှင်းပြီး၊ သူ နှစ်သက်သည့် မည်သူမဆိုအပေါ် သနားကရုဏာကိုပြသည်နှင့်အမျှ၊ ငါတို့၏ ဆက်ကပ်အပ်နှံခြင်းနှင့် အသုံးခံခြင်းလုပ်ရပ်များကို သူ၏ မျက်လုံးများဖြင့် ကြာမြင့်စွာကတည်းက ရှုမြင်ပြီးဖြစ်သည်ဟု ငါတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ငါတို့၏ လှိုက်လှိုက်လှဲလှဲ ဆုတောင်းချက်များသည်လည်း သူ၏နားထဲသို့ ရောက်ပြီး ဖြစ်သကဲ့သို့၊ ငါတို့၏ ရည်စူးနှစ်မြှုပ်ထားမှုအတွက် သခင်သည် ငါတို့ကို ဆုလာဘ်ပေးလိမ့်မည်ဟု ငါတို့ ယုံကြည်သည်။ ထို့အပြင်၊ ကမ္ဘာလောကကို မဖန်ဆင်းမီတွင် ဘုရားသခင်သည် ငါတို့အပေါ် ကျေးဇူးပြုခဲ့ပြီးဖြစ်ကာ ငါတို့ကို သူပေးပြီးဖြစ်သော ကောင်းချီးမင်္ဂလာများနှင့် ကတိတော်များကို မည်သူမျှ ယူဆောင် မသွားနိုင်ပေ။ ငါတို့အားလုံးသည် အနာဂတ်အတွက် စီစဉ်နေကြပြီး၊ လေထဲ၌ သခင်နှင့် ဆုံတွေ့ရန် ချီဆောင်ခြင်း ခံရစိမ့်သောငှာ အလဲအထပ်လုပ်ဖို့ ပုံမှန်လုပ်နေကျအတိုင်း ငါတို့၏ ဆက်ကပ်အပ်နှံမှုနှင့် အသုံးခံမှုတို့ကို လောင်းကစားလုပ်သည့် တိုကင်ပြားများ သို့မဟုတ် အရင်းအနှီးတို့ ဖြစ်စေကြပြီးဖြစ်သည်။ ထို့အပြင်၊ ငါတို့သည် တိုင်းနိုင်ငံအားလုံးနှင့် လူအားလုံးတို့အပေါ် ဦးဆောင်ရန် သို့မဟုတ် ရှင်ဘုရင်များအဖြစ် စိုးစံရန် နည်းနည်းလေးမျှ မတွန့်ဆုတ်ဘဲ အနာဂတ်ပလ္လင်ပေါ် မိမိတို့ကိုယ်ကိုယ် ထားရှိကြပြီးဖြစ်သည်။ ဤအရာအားလုံးကို လုပ်လေ့ရှိသည့်အရာတစ်ခု၊ မျှော်လင့် ထားရမည့် အရာတစ်ခုအဖြစ် သဘောထားကြပေသည်။

သခင်ယေရှုကို ဆန့်ကျင်သူအားလုံးအား ငါတို့ မတူမတန် သဘောထားကြသည်၊ ၎င်းတို့အားလုံး၏ အဆုံးသတ်သည် ပျက်သုဉ်းခြင်း ဖြစ်လိမ့်မည်။ သခင်ယေရှုသည် ကယ်တင်ရှင် ဖြစ်သည်ကို မယုံရန် ၎င်းတို့ကို မည်သူပြောခဲ့သနည်း။ မှန်ပေ၏၊ ၎င်းတို့ နားမလည်ကြသည့်အတွက် လောကလူတို့အပေါ် ကြင်နာသနားရာတွင် သခင်ယေရှုကို ငါတို့အတုယူကြသည့် အချိန်များရှိသကဲ့သို့၊ ငါတို့သည် ၎င်းတို့အပေါ် သည်းခံပြီး ခွင့်လွှတ်ကြရမည်မှာ မှန်ပေသည်။ သမ္မာကျမ်းစာနှင့် မကိုက်ညီသော အရာတိုင်းသည် အများနှင့်မတူကွဲလွဲ ဆန့်ကျင်ပြီး မိစ္ဆာဒိဋ္ဌိအယူဖြစ်သည့်အတွက်၊ ငါတို့လုပ်သမျှတိုင်းသည် သမ္မာကျမ်းစာ၏ နှုတ်ကပတ်တော်များနှင့်အညီဖြစ်သည်။ ဤသို့သော ယုံကြည်မှုမျိုးသည် ငါတို့တစ်ဦးစီတိုင်း၏ စိတ်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်ထားသည်။ ငါတို့၏ သခင်သည် ကျမ်းစာထဲ၌ရှိပြီး၊ အကယ်၍ ငါတို့သည် ကျမ်းစာကို မသွေဖည်လျှင် သခင့်ကိုလည်း သွေဖည်လိမ့်မည်မဟုတ်၊ ဤအခြေခံသဘောတရား အတိုင်း ငါတို့ အသက်ရှင်လျှင်၊ ငါတို့သည် ကယ်တင်ခြင်းကို ရရှိမည်။ ငါတို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် စေ့ဆော်ကြသည်၊ အားပေးကြသည်၊ ထို့ပြင် အတူတကွ စုဝေးတိုင်း ငါတို့ပြောသမျှနှင့် လုပ်သမျှတို့သည် သခင့်အလိုနှင့်အညီဖြစ်ဖို့၊ သခင်လက်ခံသော အရာဖြစ်ဖို့ ငါတို့မျှော်လင့် ကြသည်။ ငါတို့၏ပတ်ဝန်းကျင်သည် အကြီးအကျယ် ရန်လိုသော်လည်း၊ ငါတို့၏ နှလုံးသားများသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်နေကြသည်။ ထိုကဲ့သို့ အလွယ်တကူ လက်လှမ်းမီနိုင်သော အနီးအပါး၌ ရှိနေသည့် ကောင်းချီးများအကြောင်း ငါတို့တွေးမိသောအခါ၌၊ ငါတို့မစွန့်လွှတ် နိုင်သောအရာ တစ်စုံတစ်ခု ရှိသလော။ ငါတို့ခွဲခွာရန် ဝန်လေးနေ သည့်အရာ တစ်စုံတစ်ခုရှိသလော။ ထိုအရာအားလုံးမှာ သိသာထင်ရှားပေသည်၊ ထို့ပြင် ထိုအရာအားလုံးတို့မှာ ဘုရားသခင်၏ ဂရုတစိုက်ကြည့်ရှုမှုအောက်တွင် ရှိသည်။ နောက်ချေးပုံထဲမှ ချီမခြင်းခံခဲ့ရသော ချို့တဲ့သူ ဤလူနည်းစုဖြစ်သည့် ငါတို့သည် သခင်ယေရှု၏ သာမန်နောက်လိုက်များ အားလုံးကဲ့သို့ပင်ဖြစ်သည်၊ ချီဆောင်ခြင်းခံရဖို့၊ ကောင်းချီးပေးခြင်းခံရဖို့၊ တိုင်းနိုင်ငံများ အားလုံးကို အုပ်စိုးဖို့ ငါတို့စိတ်ကူးယဉ်ကြသည်။ ငါတို့၏ ဖောက်ပြန်ပျက်စီးမှုသည် ဘုရားသခင်၏ မျက်စိရှေ့၌ ဖော်ထုတ်ဖွင့်ချခြင်း ခံထားရသည်၊ ဘုရားသခင်၏ မျက်စိထဲတွင် ငါတို့၏အလိုဆန္ဒများနှင့် လောဘတို့သည် ပြစ်တင်ရှုတ်ချခြင်းခံရပြီးဖြစ်သည်။ သို့သော်လည်း ထိုအရာအားလုံးသည် အလွန် မထင်မရှားနှင့် အလွန်အကျိုးသင့် အကြောင်းသင့် ဖြစ်ပျက်ခြင်းကြောင့်၊ ငါတို့ထဲတွင် မည်သူကမျှ ငါတို့၏ တောင့်တမှုများ မှန်မမှန်ကို မစဉ်းစားမိကြပေ၊ ငါတို့ စွဲကိုင်ယုံကြည်ထားသော အရာများ၏ တိကျမှုကိုဆိုလျှင် သာ၍ပင် သံသယမဝင်မိကြပေ။ ဘုရားသခင်၏ အလိုကို မည်သူ သိနိုင်သနည်း။ လူသားလျှောက်လှမ်းသည့် လမ်းကြောင်းမှာ အတိအကျအားဖြင့် အဘယ်အရာဖြစ်သည်ကို ရှာဖွေရမည်၊ သို့မဟုတ် စူးစမ်းရမည်ကို ငါတို့မသိကြ၊ စုံစမ်းမေးမြန်းဖို့အတွက် စိတ်ဝင်စားရန်မှာမူ ဝေလာဝေးပင် ဖြစ်သည်။ အကြောင်းမူကား ငါတို့သည် ချီဆောင် ခံရနိုင်ခြင်း ရှိ မရှိ၊ ကောင်းချီး ပေးခံရနိုင်ခြင်း ရှိ မရှိ၊ ကောင်းကင်နိုင်ငံ၌ ငါတို့အတွက် နေရာတစ်နေရာရှိ မရှိ၊ ထို့ပြင် အသက်ရေစီးသောမြစ်မှ ရေနှင့် အသက်ပင်မှ အသီးကို ငါတို့လည်း ရ မရ စသည့် အကြောင်းအရာတို့ကိုသာ ငါတို့အရေးစိုက်ကြသောကြောင့် ဖြစ်သည်။ သခင့်ကို ကျွန်ုပ်တို့ ယုံကြည်ကြပြီး သူ၏ နောက်လိုက်များ ဖြစ်လာကြသည်မှာ ဤအရာများကို ရရှိခြင်းအလို့ငှာ မဟုတ်သလော။ ငါတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်းခံရပြီးဖြစ်သည်၊ ငါတို့သည် နောင်တရပြီးဖြစ်သည်၊ ခါးသော စပျစ်ရည်ခွက်ကို ငါတို့သောက်ပြီးဖြစ်ကာ လက်ဝါးကပ်တိုင်ကို ငါတို့၏ကျောပေါ်၌ ငါတို့တင်ထားရှိပြီး ဖြစ်သည်။ ငါတို့ပေးပြီးသော အဖိုးအခကို သခင်က လက်ခံမည်မဟုတ်ဟု မည်သူပြောနိုင်သနည်း။ ငါတို့သည် ဆီအလုံအလောက် မပြင်ဆင်ထားရသေးဟု မည်သူပြောနိုင်သနည်း။ ငါတို့သည် မိုက်သောသတို့သမီးများ သို့မဟုတ် စွန့်ပစ်ခြင်းခံရသူများထဲမှ တစ်ဦး ငါတို့မဖြစ်လိုပေ။ ထို့အပြင်၊ ကျမ်းစာထဲတွင် “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ဟု ဆိုထားသည့်အတွက်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူများ၏ လှည့်စားခြင်းမှ ငါတို့ကို ကာကွယ်စောင့်ရှောက်ဖို့ သခင့်ကို တောင်းလျှောက်ရင်း၊ ငါတို့ အစဉ်မပြတ် ဆုတောင်းကြသည်။ ကျမ်းစာ၏ ဤကျမ်းချက်များကို ငါတို့ အလွတ်ကျက်မှတ်ထားပြီးဖြစ်သည်။ ထိုကျမ်းချက်များကို ငါတို့ အလွတ်ရသကဲ့သို့၊ ထိုကျမ်းချက်များကို အဖိုးတန်သော ရတနာတစ်ပါးအဖြစ်၊ အသက်အဖြစ်၊ ငါတို့ကယ်တင်ခံရနိုင်ခြင်း ရှိ မရှိ သို့မဟုတ် ချီဆောင်ခံရနိုင်ခြင်း ရှိ မရှိ ဆိုသည်ကို အဆုံးအဖြတ်ပေးသော မှတ်တမ်းစာစောင် အဖြစ် မြင်ကြသည်...

နှစ်ပေါင်းထောင်နှင့်ချီကြာ၊ အသက်ရှင်သူများသည် မိမိတို့၏ အလိုဆန္ဒများနှင့် အိပ်မက်များကို မိမိတို့နှင့်အတူ ယူဆောင်လျက်၊ ကွယ်လွန်သွားကြပြီးဖြစ်သော်လည်း၊ ကောင်းကင်နိုင်ငံသို့ ၎င်းတို့ ရောက်ရှိခြင်း ရှိ မရှိဆိုသည်ကို မည်သူမျှ အမှန်တကယ် မသိပေ။ တစ်ချိန်ကဖြစ်ခဲ့သည့် အဖြစ်အပျက်များ အားလုံးကို မေ့လျော့သွားကြရင်း၊ သေလွန်သောသူများ ပြန်လာကြသကဲ့သို့၊ ၎င်းတို့သည် ဘိုးဘေးတို့၏ သွန်သင်မှုများနှင့် လမ်းကြောင်းများကို လိုက်လျှောက်ကြဆဲ ဖြစ်သည်။ ဤနည်းဖြင့်၊ နှစ်များနှင့် ရက်များ ကုန်လွန်သည်နှင့်အမျှ၊ ငါတို့၏ ဘုရားသခင်ဖြစ်သည့် ငါတို့၏ သခင်ယေရှုသည် ငါတို့လုပ်သမျှတိုင်းကို အမှန်တကယ် လက်ခံသည်၊ လက်မခံသည်ကို မည်သူမျှ မသိကြပေ။ ငါတို့ လုပ်ဆောင်နိုင်သမျှမှာ ရလဒ်တစ်ခုရှိဖို့ မျှော်လင့်စောင့်စားပြီး ဖြစ်ပျက်လာမည့် အရာရာတိုင်းနှင့် ပတ်သက်၍ မှန်းဆဖို့ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ငါတို့ထံ မည်သည့်အခါမျှ ပေါ်ထွန်းမလာဘဲ၊ မည်သည့်အခါမျှ ငါတို့ကို စကားမပြောဘဲ တောက်လျှောက် နှုတ်ဆိတ်မြဲနှုတ်ဆိတ်လေပြီ။ ထို့ကြောင့်၊ ငါတို့သည် ကျမ်းစာ နောက်ကိုလိုက်ကာ နိမိတ်လက္ခဏာများ နှင့်အညီ ဘုရားသခင်၏ အလိုနှင့် စိတ်သဘောထားကို စိတ်လိုလက်ရ အကဲဖြတ်ချက်များ ပြုလုပ်ကြသည်။ ဘုရားသခင်၏ နှုတ်ဆိတ်မှုနှင့် ငါတို့ နေသားကျလာပြီဖြစ်သည်။ ငါတို့၏ အပြုအမူများ မှန်သည်၊ မှားသည်ကို ငါတို့၏ ကိုယ်ပိုင် စဉ်းစားတွေးခေါ်ပုံဖြင့် အကဲဖြတ်ခြင်းနှင့်လည်း ငါတို့ နေသားကျလာကြပြီ ဖြစ်သည်။ ငါတို့ကို ဘုရားသခင် တောင်းဆိုသောအရာများအစား ငါတို့၏အသိပညာ၊ အယူအဆများ နှင့် ကိုယ်ကျင့်တရား ကျင့်ဝတ်များအပေါ် အားထားရသည်ကို ငါတို့နေသားကျလာကြပြီ ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခြင်းကိုလည်း ငါတို့နေသားကျလာကြပြီ ဖြစ်သည်။ ငါတို့လိုအပ်သည့်အခါတိုင်းတွင်၊ ဘုရားသခင်အား အကူအညီပေးစေခြင်းကိုလည်း ငါတို့ နေသားကျလာကြပြီဖြစ်သည်။ အရာအားလုံးအတွက် ဘုရားသခင်ထံ လက်ဖြန့်တောင်းခြင်းနှင့် ဘုရားသခင်အား အမိန့်ပေးရခြင်းကိုလည်း ငါတို့နေသားကျ လာကြပြီဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်က ငါတို့အား မည်သို့ ဦးဆောင်နေသည်ကို အာရုံမစိုက်ဘဲ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီရခြင်းကို ငါတို့နေသားကျလာကြပြီ ဖြစ်သည်၊ ထို့ထက်ပို၍ ငါတို့သည် ငါတို့ကိုယ်တိုင်၏ အရှင်သခင်ဖြစ်ကြသည့် နေ့ရက်များကိုလည်း ငါတို့ နေသားကျလာပြီးဖြစ်သည်။ တစ်ကြိမ်တစ်ခါမျှ မျက်နှာချင်းဆိုင် မတွေ့ဖူးသည့် ဤကဲ့သို့သော ဘုရားသခင်တစ်ပါးကို ငါတို့ ယုံကြည်ကြသည်။ ဘုရားသခင်၏ စိတ်သဘောထားက မည်သည့်အရာနှင့်တူသည်၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ အသွင်သဏ္ဌာန်က မည်သည့်အရာနှင့်တူသည်၊ သူကြွလာသည့်အခါ သူ့ကို ငါတို့သိမည် မသိမည် အစရှိသော မေးခွန်းများ- ဤအရာများထဲမှ မည်သည့်အရာမျှ အရေးမကြီးပေ။ အရေးကြီးသည်မှာ သူသည် ငါတို့၏ နှလုံးသားထဲ၌ ရှိပြီး၊ ငါတို့အားလုံး သူ့ကို စောင့်ဆိုင်းကြသည်ဆိုသည့်အချက်ဖြစ်ပြီး၊ သူသည် ဤသို့ဖြစ်သည် သို့မဟုတ် ထိုသို့ဖြစ်သည်ကို ငါတို့ စိတ်ကူးကြည့်နိုင်သည်မှာ လုံလောက်ပေသည်။ ငါတို့သည် ငါတို့၏ ယုံကြည်ခြင်းကို အသိအမှတ်ပြုသည်၊ ငါတို့၏ဝိညာဉ်ရေးရာ ပြည့်ဝခြင်းကို တန်ဖိုးထားသည်။ အရာအားလုံးကို နောက်ချေးကဲ့သို့၊ ငါတို့ သဘောထားပြီး အရာအားလုံးကို ခြေဖဝါးအောက်၌ နင်းကြသည်။ ငါတို့သည် ဘုန်းအသရေတင့်သော သခင်၏ နောက်လိုက်များ ဖြစ်သောကြောင့်၊ ခရီးသည် မည်မျှ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသည်ဖြစ်စေ၊ မည်သည့် အခက်အခဲများနှင့် အန္တရာယ်များ ငါတို့အပေါ် ကျရောက်သည်ဖြစ်စေ၊ ငါတို့သည် သခင့်နောက်လိုက်ကြသည်နှင့်အမျှ မည်သည့်အရာကမျှ ငါတို့၏ ခြေလှမ်းများကို မရပ်တန့်စေနိုင်ပေ။ “တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်...၊ ထိုမြစ်နှစ်ဘက်၌လည်းကောင်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ့် နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာတို့ ဖြစ်၏။ နောက်တဖန် ကျိန်ခြင်းဘေးတစ်စုံတစ်ခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော်ရေးထား လျက်ရှိလိမ့်မည်။ ထိုမြို့၌ ညဉ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏ အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။” (ဗျာဒိတ်ကျမ်း ၂၂:၁-၅) ဤနှုတ်ကပတ်တော်များကို ငါတို့ကျူးဧသည့်အချိန်တိုင်းတွင်၊ ငါတို့၏နှလုံးသားများသည် အတိုင်းမသိသော ဝမ်းမြောက်ခြင်း၊ စိတ်ကျေနပ်ခြင်းတို့နှင့် ပြည့်လျှမ်းကာ ငါတို့၏ မျက်လုံးများမှ မျက်ရည်များ စီးကျလေ့ရှိသည်။ ငါတို့ကို ရွေးချယ်သည့်အတွက် သခင်ကို ကျေးဇူးတော်ချီးမွမ်းပါ၏၊ သူ၏ကျေးဇူးတော်အတွက် သခင့်ကို ကျေးဇူးတော်ချီးမွမ်းပါ၏။ သူသည် ဤဘဝ၌ ငါတို့ကို အဆတစ်ရာ ပေးပြီးဖြစ်သကဲ့သို့၊ လာမည့် လောက၌ ငါတို့ကို ထာဝရအသက် ပေးပြီးဖြစ်သည်။ အကယ်၍ သူက ငါတို့ကို ယခုသေခိုင်းမည်ဆိုလျှင်၊ နည်းနည်းလေးမျှ မညည်းညူဘဲ၊ ထိုသို့ ငါတို့ လုပ်ဆောင်ကြမည်ဖြစ်သည်။ အို သခင်။ ကျေးဇူးပြု၍ မကြာမီ ကြွလာတော်မူပါ။ ကိုယ်တော့်ကို ကျွန်ုပ်တို့ အသည်းအသန် တောင့်တပြီး ကိုယ်တော့်အတွက် အရာအားလုံး စွန့်လွှတ်ပြီးဖြစ်ပုံကို ထောက်ထားလျက်၊ တစ်မိနစ်၊ တစ်စက္ကန့်မျှပင် မနှောင့်နှေးနှင့်တော့။

ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းလေပြီ၊ သို့သော် သူ့အမှုသည် လုံးဝ မရပ်တန့်သေးပေ။ သူသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို ကြည့်ရှုစစ်ဆေးပြီး အရာအားလုံးကို ကွပ်ကဲကာ လူသား၏ စကားအားလုံးနှင့် လုပ်ဆောင်ချက်အားလုံးကို ရှုမြင်သည်။ သူသည် မိမိ၏ စီမံခန့်ခွဲမှုကို တိတ်ဆိတ်စွာနှင့် သိသာထင်ရှားသော သက်ရောက်မှုများမရှိဘဲ၊ ဖြည်းဖြည်းမှန်မှန် လှုပ်ရှားသော အဆင့်များဖြင့် သူ၏အစီအစဉ်နှင့်အညီ ဦးစီးဦးရွက် ပြုသော်လည်း၊ သူ၏ခြေလှမ်းများသည် လူသားမျိုးနွယ်နှင့် ယခင်ထက် တစ်လှမ်းပြီးတစ်လှမ်း ပို၍ တိုးကာ နီးကပ်လာလျက် ရှိပြီး၊ သူ၏တရားပလ္လင်ကိုလည်း အလင်း၏မြန်နှုန်းဖြင့် စကြဝဠာ၌ ထိထိရောက်ရောက် အသုံးချသည်၊ ယင်းနောက်တွင် သူ၏ပလ္လင်သည် ငါတို့အလယ်သို့ ချက်ချင်း ဆင်းသက်လာပေသည်။ ယင်းသည် အံ့မခန်းသော ကြီးကျယ်ခမ်းနားလိုက်သည့် မြင်ကွင်းပါတကား၊ အင်မတန် ခန့်ညားပြီး တည်ကြည်သော ရင်ဖိုဖွယ်မြင်ကွင်းပါတကား။ ချိုးငှက်တစ်ကောင် ကဲ့သို့၊ ဟိန်းဟောက်သော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဝိညာဉ်တော်သည် ငါတို့အလယ်သို့ ကြွလာသည်။ ဝိညာဉ်တော်သည် ဉာဏ်ပညာ ဖြစ်သည်၊ သူသည် ဖြောင့်မတ်ခြင်းဖြစ်ပြီး ဘုန်းအာနုဘော်ဖြစ်ကာ၊ သူသည် သြဇာအာဏာကို စွဲကိုင်ကာ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာတို့နှင့်ပြည့်လျက်၊ ငါတို့အလယ်သို့ တိတ်တဆိတ် ကြွလာသည်။ သူ၏ ရောက်ရှိခြင်းကို မည်သူမျှ သတိမထားမိကြ၊ သူ၏ ရောက်ရှိခြင်းကို မည်သူမျှမကြိုဆိုကြသကဲ့သို့၊ ထို့အပြင်၊ သူ လုပ်ဆောင်တော့မည့် အရာအားလုံးကို မည်သူမျှ မသိကြချေ။ လူ၏အသက်တာသည် ယခင်ကဲ့သို့ ဆက်လက်ရှင်သန်သည် သူ့စိတ်နှလုံးသည် မပြောင်းလဲသကဲ့သို့၊ နေ့ရက်များသည် ထုံးစံအတိုင်း ကုန်လွန်လေသည်။ ဘုရားသခင်သည် ငါတို့ အလယ်တွင် အခြားလူများကဲ့သို့ လူတစ်ဦးအဖြစ်၊ နောက်လိုက်များထဲမှ အရေးမပါဆုံးသော သူတစ်ဦးနှင့် သာမန် ယုံကြည်သူတစ်ဦးအဖြစ် အသက်ရှင်သည်။ သူသည် သူ၏ ကိုယ်ပိုင်လိုက်စားမှုများ၊ ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်များ ရှိသည့်အပြင်၊ သာမန်လူများက မပိုင်ဆိုင်သည့် ဘုရားသဘောသဘာဝ ရှိသည်။ သူ၏ ဘုရားသဘောသဘာဝ တည်ရှိခြင်းကို မည်သူမျှ သတိမပြုမိသကဲ့သို့၊ သူ၏ အနှစ်သာရနှင့် လူသား၏ အနှစ်သာရတို့ကြား ခြားနားမှုကို မည်သူကမျှ မသိမြင်လေပြီ။ ငါတို့၏အမြင်၌ သူသည် မထင်ရှားသည့် ယုံကြည်သူတစ်ဦးသာ ဖြစ်သည့်အတွက် ငါတို့သည် ချုပ်တည်းခြင်း မရှိသကဲ့သို့ စိုးရွံ့ခြင်းမရှိဘဲ၊ သူနှင့်အတူ အသက်ရှင်ကြလေသည်။ သူသည် ငါတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး၊ ငါတို့၏ အတွေးများနှင့် စိတ်ကူးများအားလုံးသည် သူ၏ ရှေ့တွင် ဖွင့်ချထားလေသည်။ သူ၏တည်ရှိမှုကို မည်သူမျှ စိတ်မဝင်စားကြ၊ သူ၏ အလုပ်နှင့်ပတ်သက်သည့် မည်သည့်အရာကိုမျှ မည်သူမျှ စိတ်မကူးကြည့်ကြသကဲ့သို့၊ ထို့အပြင် သူ၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သူမျှ ရေးရေးမျှ မသိကြပေ။ ငါတို့ လုပ်ဆောင်သည့်အရာဟူသမျှမှာ သူသည် ငါတို့နှင့် ဘာမျှ မပတ်သက်သည့်အလား၊ ငါတို့၏ လိုက်စားမှုများကို ဆက်လက် ဆောင်ရွက်ခြင်း ဖြစ်ပေသည်...

မရည်ရွယ်ပါဘဲလျက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ “မှတစ်ဆင့်” နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖော်ပြသည်၊ ပြီးလျှင် အလွန်မျှော်လင့်မထားဟု ခံစားရသော်လည်း၊ ယင်းကို ဘုရားသခင် ထံမှလာသော မိန့်မြွက်ချက်တစ်ခုအဖြစ် ငါတို့ သတိပြုမိကြပြီး၊ ယင်းကို ဘုရားသခင်ထံမှ အသင့်လက်ခံကြသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များကို မည်သူက ဖော်ပြသည်ဖြစ်စေ၊ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသရွေ့၊ ငါတို့အနေဖြင့် လက်ခံသင့်ပြီး ငြင်းပယ်၍မရနိုင်သောကြောင့် ဖြစ်သည်။ နောက်လာမည့် မိန့်မြွက်ချက်သည် ငါမှတစ်ဆင့်ဖြစ်နိုင်သကဲ့သို့ သင်မှတစ်ဆင့် သို့မဟုတ် အခြားတစ်စုံတစ်ဦးမှတစ်ဆင့် ဖြစ်နိုင်ပေသည်။ မည်သူမှတစ်ဆင့် ပြောသည်ဖြစ်စေ၊ အားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ သို့တိုင် မည်သို့ပင်ဖြစ်စေ ဤလူသည် ဘုရားသခင် တကယ့်ကို မဖြစ်နိုင်သကဲ့သို့၊ ငါတို့သည်လည်း ဤကဲ့သို့သော သာမန်လူတစ်ဦးကို ငါတို့၏ဘုရားသခင်အဖြစ် မည်သည့်နည်းနှင့်မျှ ရွေးချယ်မည် မဟုတ်သည့်အတွက်၊ မည်သူ ဖြစ်နေပါစေ၊ ဤလူကို ငါတို့အနေဖြင့် မကိုးကွယ်သင့်ပေ။ ငါတို့၏ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန်ရိုသေအပ်ပေသည်။ ထိုသို့သော အလွန်မထင်ရှားသည့် လူတစ်ဦးက ဘုရားသခင်ကို မည်သို့ ကိုယ်စားပြုနိုင်မည်နည်း။ ထို့အပြင်၊ ဘုရားသခင် ကြွလာပြီး၊ ကောင်းကင်နိုင်ငံသို့ ငါတို့အား ပြန်ခေါ်သွားမည်ကို ငါတို့အားလုံး စောင့်ဆိုင်းနေကြသည်၊ ထို့ကြောင့် အလွန်မထင်ရှားသော သူတစ်ဦးက ထိုသို့သော အရေးကြီးပြီး ခက်ခဲကြမ်းတမ်းသည့် အလုပ်တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ အကယ်၍ သခင် တစ်ဖန် ကြွလာပါက၊ လူထုအားလုံးမြင်နိုင်ဖို့အလို့ငှာ ဖြူသောမိုးတိမ်ပေါ်၌ ဖြစ်ရပေမည်။ ယင်းသည် အလွန်ပင် ကျက်သရေရှိလိုက်မည့်ဖြစ်ခြင်းပါတကား။ သာမန်လူတစ်စု အကြားတွင် သူသည် တိတ်ဆိတ်စွာ မည်သို့ ပုန်းနေနိုင်မည်နည်း။

လူများအကြား၌ ကွယ်ဝှက်လျက် ငါတို့ကို ကယ်တင်ခြင်း အလုပ်သစ်အား လုပ်ဆောင်နေသူမှာ ဤသာမန်လူ ဖြစ်သည်။ သူသည် ငါတို့ကို မည်သည့် ရှင်းပြချက်မျှ မပေးသကဲ့သို့၊ အဘယ်ကြောင့် ကြွလာပြီးဖြစ်သည်ကိုလည်း ငါတို့ကို မပြောပြပေ၊ သို့သော် ဖြေးဖြေမှန်မှန် ခြေလှမ်းများနှင့် သူ၏အစီအစဉ်အတိုင်း သူလုပ်ရန်ရည်ရွယ်သည့် အမှုကိုသာ လုပ်ဆောင်လေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များသည် ယခင်ထက်ပို၍ မကြာမကြာဖြစ်လာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ အသိပေးခြင်းနှင့် သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့ကာ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းအာနုဘော်ရှိသော နှုတ်ကပတ်တော်များအထိ- အားလုံးသည် လူသားအပေါ် ကရုဏာတရားကို ပေးအပ်ပြီး သူ့အထဲတွင် စိုးရိမ်ပူပန်ခြင်းကို သွတ်သွင်းပေးသည်။ သူပြောသမျှအရာတိုင်းသည် ငါတို့အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် လျှို့ဝှက်ချက်များကို အရှိုက်ထိလေသည်။ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများကို စူးသည်၊ ငါတို့၏ စိတ်ဝိညာဉ်တို့ကို စူးပြီး၊ ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို နည်းနည်းမျှ မသိစေဘဲလျက်၊ မခံမရပ်နိုင်သော အရှက်ရခြင်းဖြင့် ငါတို့ကို ပြည့်စေသည်။ ဤလူ၏နှလုံးသားထဲ၌ရှိသော ဘုရားသခင်သည် အမှန်တကယ် ငါတို့ကို ချစ် မချစ်ဆိုသည်နှင့် သူသည် အတိအကျအားဖြင့် မည်သည့်အရာကို တိတ်တဆိတ် ဆောင်ရွက်နေသည်ကို ငါတို့ စတင် စူးစမ်းမိကြသည်။ ဤဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံပြီးမှသာ ငါတို့ ချီဆောင်ခြင်းခံရနိုင်ခြင်း ဖြစ်ကောင်း ဖြစ်မည်လော။ ငါတို့၏ ဦးခေါင်းများထဲတွင်၊ ငါတို့သည် လာမည့် ခရီးပန်းတိုင်နှင့် ငါတို့၏ အနာဂတ်ကံကြမ္မာအကြောင်းကို တွက်ချက်နေကြသည်။ သို့ဖြစ်စေကာမူ ယခင်ကဲ့သို့ ငါတို့အလယ်တွင် အမှုပြုရန် ဘုရားသခင် လူ့ဇာတိ ခံယူနှင့်ပြီးဖြစ်သည်ကို ငါတို့ထဲမှ မည်သူမျှ မယုံကြည်ကြပေ။ သူသည် ငါတို့နှင့်အတူ ထိုမျှအချိန်ကြာမြင့်စွာ အဖော်ပြုပေးပြီး ဖြစ်သော်လည်း၊ ငါတို့နှင့် မျက်နှာချင်းဆိုင်လျက် နှုတ်ကပတ်တော်များစွာကို ပြောဆိုနှင့်ပြီးဖြစ်သော်လည်း၊ ငါတို့သည် ထိုသို့သော သာမန်လူတစ်ယောက်ကို ငါတို့ အနာဂတ်၏ ဘုရားသခင်အဖြစ် လက်ခံရန် လိုလားလျက် မရှိသေးသကဲ့သို့၊ မထင်ရှားသော ဤလူထံ ငါတို့၏ အနာဂတ်နှင့် ကံကြမ္မာ၏ အခွင့်အာဏာကို အပ်နှံရန် သာ၍ပင် လိုလားခြင်း မရှိကြပေ။ ငါတို့သည် သူ့ထံမှ အသက်ရေ၏ အဆုံးမရှိသော အထောက်အပံ့တစ်ခုကို မွေ့လျော်ခံစားရပြီး၊ သူမှတစ်ဆင့် ငါတို့သည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် အသက်ရှင်ရသည်။ သို့သော် ငါတို့သည် ကောင်းကင်ဘုံ၌ရှိသော သခင်ယေရှု၏ ကျေးဇူးတော်ကိုသာ ကျေးဇူးတင်နေကြပြီး၊ ဘုရား သဘောသဘာဝကို ပိုင်ဆိုင်သည့် ဤသာမန်လူ၏ ခံစားချက်များကိုမူ လုံးဝ မည်သို့မျှ အရေးမစိုက်ကြပေ။ သို့ဖြစ်စေကာမူ၊ သူသည် လူသားတို့၏ သူ့အား ပစ်ပယ်မှုကို အာရုံမခံစားနိုင်သည့်အလား၊ လူသား၏ ကလေးဆန်မှုနှင့် မသိနားမလည်မှုကို ထာဝရခွင့်လွှတ်ပေးနေပြီး၊ သူ့အပေါ် လူသား၏ အကြည်ညိုမရှိသည့် သဘောထားကို အစဉ်အမြဲ သည်းခံသည့်အလား၊ သူ၏အတွင်းအကျဆုံး နှလုံးသားကို ဖော်ပြလျက်နေရင်း၊ ယခင်ကကဲ့သို့၊ သူသည် နှိမ့်ချစွာဖြင့် လူ့ဇာတိတွင် ကွယ်ဝှက်လျက်၊ သူ၏ အမှုကို လုပ်ဆောင်လေသည်။

ငါတို့ သတိမထားမိလိုက်ဘဲနှင့်၊ မထင်ရှားသော ဤသူသည် ငါတို့ကို ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အဆင့်တစ်ခုပြီးတစ်ခုထဲသို့ ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ကြုံရသည်၊ မရေတွက်နိုင်သော ပြစ်တင်ဆုံးမမှုများကို ခံရပြီး၊ သေခြင်းတရားဖြင့် စမ်းသပ်ခြင်း ခံရကြလေသည်။ ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော် ရှိသော စိတ်သဘောထားကို ငါတို့ သိရှိကြသည်၊ သူ၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတို့ကိုလည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ ကြီးမားသော တန်ခိုးအာဏာနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို မျက်မြင်တွေ့ကြရပြီး၊ လူသားကို ကယ်တင်ရန် ဘုရားသခင်၏ ထက်သန်သည့် ဆန္ဒကိုလည်း ရှုမြင်ကြရသည်။ ဤသာမန်လူ၏ နှုတ်ကပတ်တော်များတွင်၊ ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် အနှစ်သာရကို သိလာကြသည်၊ ပြီးလျှင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းဆီသို့ သွားရာလမ်းခရီးကို မြင်လာကြလေသည်။ သူ၏ နှုတ်ကပတ်တော်များက ငါတို့ကို “သေ” စေပြီး၊ ငါတို့ကို “တစ်ဖန်ပြန်မွေးဖွား” စေသည်၊ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို နှစ်သိမ့်မှု ယူဆောင်ပေးသည်၊ သို့သော် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်း ခံစားချက်တို့ဖြင့်လည်း ငါတို့ကို ဖိစီးနှိပ်စက်ခံရစ်စေ၏။ သူ၏နှုတ်ကပတ်တော်များက ငါတို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးသော်လည်း၊ အဆုံးမရှိသော နာကျင်မှုကိုလည်း ပေးသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်၏၊ တစ်ခါတစ်ရံတွင် ငါတို့သည် သူ၏အမြတ်နိုးဆုံးနှင့် ဂုဏ်အယူဆုံး သူများကဲ့သို့ဖြစ်ပြီး သူ၏ နူးညံ့သော ချစ်ခြင်းမေတ္တာကို မွေ့လျော်ကြလေသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ၏ရန်သူကဲ့သို့ ဖြစ်ပြီး သူ၏စူးစိုက်ကြည့်ခြင်း အောက်တွင် သူ၏အမျက်ဒေါသဖြင့် ပြာမှုန့်ဖြစ်သွားကြသည်။ ငါတို့သည် သူ့အားဖြင့် ကယ်တင်ခံရသည့် လူသားမျိုးနွယ်ဖြစ်သည်၊ သူ၏အမြင်တွင် ငါတို့သည် လောက်ကောင်များ ဖြစ်ကြပြီး၊ နေ့ရောညပါ စိတ်ထက်သန်စွာ သူရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားသည့် ပျောက်သောသိုးသငယ်များ ဖြစ်ကြသည်။ သူသည် ငါတို့အပေါ် ကရုဏာပြည့်ဝသည်၊ ငါတို့ကို စက်ဆုပ်ရွံရှာသည်၊ ငါတို့ကို ချီးမြှောက်ပေးသည်၊ ငါတို့ကို နှစ်သိမ့်ပေးကာ တိုက်တွန်းသည်၊ သူသည် ငါတို့ကို လမ်းပြသည်၊ ငါတို့ကို အသိဉာဏ်ပွင့်လင်းစေသည်၊ ငါတို့ကို ပြစ်တင်ဆုံးမပြီး ပဲ့ပြင်သည်၊ ပြီးလျှင် သူသည် ငါတို့ကို ကျိန်ဆဲပင် ကျိန်ဆဲလေသည်။ သူသည် နေ့ရောညပါ ငါတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု လုံးဝ မရပ်ပေ၊ နေ့ရောညပါ ငါတို့ကို ကာကွယ်စောင့်ရှောက်သည်၊ မည်သည့်အခါမျှ ငါတို့အနားမှ မခွာဘဲ ငါတို့အဖို့အလို့ငှာ အလွန်အမင်း ကြိုးစားပြီး ငါတို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ဤဇာတိခန္ဓာ၏ မိန့်မြွက်ချက်များအတွင်း၌ ငါတို့သည် ဘုရားသခင်၏ အလုံးစုံကို မွေ့လျော်ကြရပြီး ဘုရားသခင်က ငါတို့အပေါ် အပ်နှင်းထားသည့် ခရီးပန်းတိုင်ကို ရှုမြင်ကြရပြီးဖြစ်သည်။ ဤသို့ဖြစ်လင့်ကစား၊ ဝင့်ဝါခြင်းသည် ငါတို့၏ စိတ်နှလုံးများ အတွင်းတွင် ဒုက္ခပြဿနာ လှုံ့ဆော်ပေးနေဆဲဖြစ်ပြီး၊ ဤသို့သော လူတစ်ဦးကို ငါတို့၏ ဘုရားသခင်အဖြစ် တက်ကြွစွာ လက်ခံရန် လိုလားခြင်းမရှိသေးပေ။ သူသည် ငါတို့ကို ပျော်မွေ့ရန် အလွန့်အလွန်များလှသည့် မန္နမုန့် ပေးပြီးဖြစ်သော်လည်း၊ ဤအရာထဲမှ မည်သည့်အရာကမျှ ငါတို့၏ နှလုံးသားများရှိ သခင်၏နေရာကို မယူနိုင်ပေ။ ငါတို့သည် ဤလူ၏ ထူးခြားသော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို အလွန် မလိုလားခြင်းဖြင့်သာ လက်ခံကြသည်။ သူ ဘုရားသခင်ဖြစ်သည်ကို ငါတို့အနေဖြင့် အသိအမှတ်ပြုပါရန် ငါတို့ကို တောင်းဆိုဖို့ သူ၏နှုတ်ကို မဖွင့်သရွေ့၊ သူသည် မကြာမီ ရောက်ရှိမည့် ဘုရားသခင်ဖြစ်သော်လည်း၊ ငါတို့သည် သူ့ကို ငါတို့အလယ်တွင် အချိန်ကြာမြင့်စွာကတည်းက အလုပ်လုပ်နေပြီး ဖြစ်သည့် ဘုရားသခင်အဖြစ် မိမိတို့သဘောနှင့်မိမိတို့ မည်သည့်အခါမျှ သဘောထားလိမ့်မည် မဟုတ်ပေ။

ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို ဖွင့်ဟစဉ် တစ်ချိန်တည်းတွင် ငါတို့ အဘယ်အရာလုပ်သင့်သည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ကို ဆိုဆုံးမဖို့ နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုရင်း သူ၏ မိန့်မြွက်ချက်များကို ဆက်လက် မိန့်ကြားလေသည်။ သူ၏ နှုတ်ကပတ်တော်များသည် အသက် အစွမ်းတန်ခိုးကို သယ်ဆောင်သည်၊ ငါတို့ လျှောက်လှမ်းသင့်သည့် လမ်းခရီးကို ပြသပြီး၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ငါတို့အား နားလည်နိုင်စေလေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ စကားပြောသည့် လေသံနှင့် ပြောဟန်တို့ကို ငါတို့ စတင်အာရုံစိုက်ကြပြီး မသိစိတ်၏ စေ့ဆော်မှုအရ သာမညောင်ည ဖြစ်သော ဤလူ၏ အတွင်းကျကျ ခံစားချက်များ၌ စတင် စိတ်ဝင်စားကြသည်။ သူသည် ငါတို့ကိုယ်စား အပင်ပန်းခံကြိုးစားသည်၊ ငါတို့အတွက်ကြောင့် အအိပ်ပျက်ခံပြီး၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်လျက် ညည်းညူသည်၊ ငါတို့၏ ခရီးပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ပြီးလျှင် ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းက သူ၏နှလုံးသားမှ မျက်ရည်များနှင့် သွေးများကို ကျစေသည်။ ဤသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် မည်သည့် သာမန်လူနှင့်မျှ မသက်ဆိုင်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားတစ်ဦးကမျှ မပိုင်ဆိုင်နိုင်ပေ သို့မဟုတ် မရရှိနိုင်ပေ။ မည်သည့် သာမန်လူကမျှ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်ကိုမျှ မအပ်နှင်းထားသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးအားလုံးကို မသိနိုင်၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်သည့် ထိုသို့သော ရှင်းလင်းကာ ပြည့်စုံသည့် သဘောပေါက်မှု မရှိနိုင်ပေ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားမစီရင်နိုင်ပေ၊ သို့မဟုတ် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အလယ်၌ ယခုကဲ့သို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာတို့ဖြင့် အပ်နှင်းခြင်းမခံရပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် သူ့အထဲ၌ အလုံးစုံ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်သကဲ့သို့ အလင်းကို မဆောင်ကြဉ်းပေးနိုင်ပေ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းမှ ယနေ့အထိ ဘုရားသခင်က ဖွင့်ပြခြင်း မရှိသော နက်နဲမှုများကို ငါတို့အား ထုတ်ဖော်မပြသနိုင်ပေ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ကျေးကျွန်ဘဝနှင့် ငါတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ မကယ်တင်နိုင်ပေ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ သူသည် ဘုရားသခင်၏ အတွင်းကျကျ နှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖော်ပြလေသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုပြီးဖြစ်ကာ ကောင်းကင်သစ်နှင့် မြေကြီးသစ်၊ ပြီးလျှင် အမှုသစ်ကို ဖွင့်လှစ်ပြီဖြစ်သကဲ့သို့၊ မရေရာမှုတွင် ငါတို့ အသက်ရှင်နေထိုင်ခဲ့သည့် အသက်တာကို အဆုံးသတ်ပေးရင်းနှင့် ငါတို့၏ ဖြစ်တည်မှု တစ်ခုလုံးအား ကယ်တင်ခြင်းသို့ သွားရာလမ်းကြောင်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက်၊ ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်ပြီးဖြစ်သည်။ သူသည် ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးကို သိမ်းပိုက်ပြီး ဖြစ်ကာ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအခိုက်အတန့်မှစ၍၊ ငါတို့၏စိတ်များသည် သတိရှိလာပြီဖြစ်သကဲ့သို့၊ ငါတို့၏ စိတ်ဝိညာဉ်များသည် ပြန်လည်အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အလယ်၌ အသက်ရှင်ပြီး၊ ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်ကြာမြင့်စွာကတည်းက ခံခဲ့ရပြီးသူဖြစ်သည့် သာမန်ဖြစ်သည့် မထင်ရှားသော ဤလူသည်- နိုးနေသည်ဖြစ်စေ၊ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိပြီး၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု ဖြစ်သည် မဟုတ်လော။ သူဖြစ်ပေသည်။ အကယ်စင်စစ် သူဖြစ်၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ သူသည် ငါတို့ကို တစ်ဖန် အသက်ရှင်နိုင်စေပြီး၊ အလင်းကို တွေ့မြင်နိုင်စေကာ ငါတို့၏ စိတ်နှလုံးများကို ပျံ့လွင့်ခြင်းမှ ရပ်တန့်စေပြီး ဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာကြပြီးဖြစ်သည်၊ ငါတို့သည် သူ၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီးဖြစ်သည်၊ ငါတို့သည် သူနှင့် မျက်နှာချင်းဆိုင် တွေ့ကြရပေပြီ၊ သူ၏မျက်နှာထားကို ငါတို့ မျက်မြင်တွေ့ပြီး ဖြစ်သကဲ့သို့၊ ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ဤအချိန်တွင်၊ ငါတို့၏ စိတ်နှလုံးများသည် သူ၏ သိမ်းပိုက်ခြင်းကို လုံးဝ ခံရကြသည်။ သူမည်သူ ဖြစ်သည်ကို ငါတို့ သံသယမဝင်တော့ပေ၊ သူ့အမှုနှင့် သူ၏ နှုတ်ကပတ်တော်ကို ငါတို့မဆန့်ကျင်တော့သကဲ့သို့၊ သူ၏ရှေ့၌ ငါတို့သည် လဲကျပျပ်ဝပ်ကြ၏။ ငါတို့၏ ကျန်ရှိနေသော အသက်တာ၌ ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်ဖို့နှင့် သူ၏ စုံလင်စေခြင်းကို ခံရဖို့၊ ပြီးလျှင် သူ၏ကျေးဇူးတော်ကို ပြန်လည်ပေးဆပ်ဖို့နှင့် ငါတို့အတွက် သူ၏ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့၊ ပြီးလျှင် သူ၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုများကို နာခံဖို့နှင့် သူ၏ အမှုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်၊ ပြီးလျှင် ငါတို့ကို သူပေးအပ်ထားသည့် အရာကို ပြည့်စုံစေရန် တတ်နိုင်သည့်အရာရာတိုင်းကို လုပ်ဆောင်ဖို့ထက် မည်သည့် အရာကိုမျှ ငါတို့ ဆန္ဒမရှိပေ။

ဘုရားသခင်၏ သိမ်းပိုက်မှုကို ခံရခြင်းသည် သိုင်းပြိုင်ပွဲ တစ်ခုနှင့်တူသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခုစီသည် ငါတို့အား ဒဏ်ရာရစေပြီး ထိတ်လန့်မှုဖြင့် ပြည့်စေရစ်လျက်၊ ငါတို့၏ သေကွင်း သေကွက်များကို ထိုးနှက်လေသည်။ သူသည် ငါတို့၏ အယူအဆများ၊ ငါတို့၏ စိတ်ကူးများနှင့် ငါတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်သည်။ ငါတို့ ပြောသမျှနှင့် လုပ်သမျှမှသည် ငါတို့၏ အတွေးများနှင့် စိတ်ကူးများ တစ်ခုချင်းစီတိုင်းအထိ၊ ငါတို့၏ သဘာဝနှင့် အနှစ်သာရတို့သည် ငါတို့ကို ကြောက်ရွံ့စရာအခြေအနေတစ်ခုထဲ ထားရှိကာ ငါတို့၏ အရှက်ကို ကွယ်ဝှက်စရာနေရာမရှိအောင် တုန်လှုပ်စေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြခံရလေသည်။ သူသည် ငါတို့၏ စိတ်ပျက်ဖွယ် မပြည့်စုံမှုများ အားလုံးဖြင့် ငါတို့ အဖော်ထုတ်ခံရသကဲ့သို့ ခံစားရစေလျက်၊ လုံးဝ သိမ်းသွင်းခံလိုက်ရသကဲ့သို့ သာ၍ပင် ခံစားရစေရင်း၊ ငါတို့၏ လုပ်ရပ်များ၊ ငါတို့၏ ရည်မှန်းချက် ပန်းတိုင်များနှင့် ရည်ရွယ်ချက်များ၊ ငါတို့ကိုယ်တိုင်ပင် မည်သည့်အခါမျှ မတွေ့ရှိသေးသည့် ဖောက်ပြန်သော စိတ်သဘောထားကိုပင် တစ်ခုပြီးတစ်ခု ငါတို့အား သူ ပြောပြလေသည်။ သူ့ကို ဆန့်ကျင်ခြင်းအတွက် သူသည် ငါတို့ကို တရားစီရင်သည်၊ သူ့ကို ပြစ်မှားစော်ကားခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းအတွက် ငါတို့ကို သူပြစ်တင်ဆုံးမပြီး၊ သူ၏ အမြင်တွင် ငါတို့၌ ရွေးနုတ်ထိုက်သော အင်္ဂါရပ် တစ်ခုမျှမရှိ၊ ငါတို့သည် ရှင်သန်နေသော စာတန်ဖြစ်သည်ဟု ငါတို့အား ခံစားစေလေသည်။ ငါတို့၏ မျှော်လင့်ချက်များ ပျောက်လွင့်သွားသည်၊ သူ့အား အကျိုးအကြောင်း မသင့်သော မည်သည့် တောင်းဆိုမှုကိုမျှ ငါတို့မပြုဝံ့တော့သကဲ့သို့၊ သူ့အပေါ် မည်သည့်ကြံစည်ချက်များကိုမျှ ငါတို့ လက်သင့်မခံဝံ့တော့ဘဲ၊ ငါတို့၏ အိမ်မက်များသည်ပင် ညတွင်းချင်း ပျောက်ကွယ်သွားသည်။ ဤသည်မှာ ငါတို့ထဲမှ မည်သူမျှ စိတ်မကူးနိုင်သကဲ့သို့၊ ငါတို့ထဲမှ မည်သူမျှ လက်မခံနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ အချိန်တစ်ခဏအတွင်းတွင်၊ ငါတို့သည် ငါတို့၏ အတွင်းပိုင်း ဟန်ချက်ညီမှုကို ဆုံးရှုံးပြီး၊ ရှေ့တွင်ရှိသော လမ်းကို မည်သို့ဆက်ရမည်ကို ငါတို့မသိကြချေ၊ သို့မဟုတ် ငါတို့၏ ယုံကြည်ခြင်းများ၌ မည်သို့ ရှေ့ဆက်ရမည်ကို မသိကြပေ။ ငါတို့၏ ယုံကြည်ခြင်းသည် ဒုံးရင်းပြန်ဆိုက်သည့်အလားဖြစ်ပြီး၊ သခင်ယေရှုကို ငါတို့ တစ်ခါမျှ မတွေ့ဖူးသည့်အလား သို့မဟုတ် တစ်ခါမျှ မသိကျွမ်းဖူးသည့်အလား ထင်ရလေသည်။ ငါတို့၏ မျက်စိရှေ့၌ရှိသော အရာတိုင်းသည် ငါတို့ကို စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်စေပြီး၊ စိတ်မပိုင်းဖြတ်နိုင်ဘဲ တွေဝေနေစေသည်။ ငါတို့သည် တုန်လှုပ် ချောက်ချားကြသည်၊ စိတ်ပျက်ကြသည်၊ ပြီးလျှင် ငါတို့၏ နှလုံးသားထဲက နက်ရှိုင်းသောနေရာတွင် ထိန်းထား၍မရသည့် ဒေါသနှင့် အရှက်ရခြင်း ရှိကြသည်။ ငါတို့သည် ရင်ဖွင့်ဖို့ ကြိုးစားကြသည်၊ ထွက်ပေါက်ရှာဖို့ ကြိုးစားကြပြီး၊ ထို့ပြင် သူ့ကို ရင်ဖွင့်နိုင်ဖို့အလို့ငှာ ငါတို့၏ ကယ်တင်ရှင် ယေရှုကို ဆက်စောင့်ဖို့ ကြိုးစားကြသည်။ ငါတို့သည် မောက်မာခြင်း မရှိသကဲ့သို့၊ နှိမ့်ချခြင်းလည်း မရှိဘဲ၊ အပြင်ပန်း၌ ပုံမှန်ဖြစ်သလို ထင်ရသည့်အချိန်များရှိသော်လည်း၊ ငါတို့၏ နှလုံးသားတွင် ယခင်က တစ်ခါမျှ မခံစားဖူးသည့် ဆုံးရှုံးမှုဝေဒနာ၏ ဖိစီးနှိပ်စက်ခြင်းကို ခံရလေသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် အပြင်ပန်း၌ ခါတိုင်းနှင့်မတူ တည်ငြိမ်နေသည်ဟု ထင်ကောင်း ထင်ရနိုင်သော်လည်း၊ ငါတို့၏ စိတ်များမှာ မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ အလွန်အမင်း စိတ်ဆင်းရဲခြင်းဖြင့် စိတ်နှောင့်အယှက် ဖြစ်နေရသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ငါတို့၏ လွန်ကဲသော စိတ်ဆန္ဒများကို အဆုံးသတ်ပေးပြီး သူသည် ငါတို့၏ ကယ်တင်ရှင်ဖြစ်ပြီး ငါတို့ကို ကယ်တင်နိုင်စွမ်းရှိသည်ဟု ယုံကြည်ရန် လိုလားဘဲဖြစ်စေရင်း၊ ငါတို့၏ မျှော်လင့်ချက်များနှင့် အိပ်မက်များ အားလုံးကို ခွာချပစ်လေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် သူနှင့် ငါတို့အကြား မည်သူကမျှ ကြိုးစား၍ မဖြတ်ကူးလိုသည့် အလွန်နက်လှသော ချောက်နက်ကြီးတစ်ခုကို ဖြစ်ပေါ်စေပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ပထမဦးဆုံးအကြိမ် ငါတို့ခံစားရပြီးဖြစ်သည့် အင်မတန်ကြီးမားသော ဆုတ်ဆိုင်းမှု၊ ငါတို့၏အသက်တာ၌ အင်မတန်ကြီးမားသော အရှက်ရမှုဖြစ်သည်။ သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ဘုရားသခင်၏ ဂုဏ်သရေနှင့် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်းအား ငါတို့ကို အမှန်တကယ် နားလည်စေသည်၊ ယင်းနှင့်ယှဉ်ရာတွင် ငါတို့သည် အလွန့်အလွန် နိမ့်ကျပြီး အလွန့်အလွန် မစင်ကြယ်ကြပေ။ သူ၏တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုက ငါတို့ မည်မျှ မာနထောင်လွှားပြီး ခမ်းကြီးနားကြီးနိုင်သည်၊ ပြီးလျှင် လူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ ယှဉ်နိုင်မည် မဟုတ်သည်ကို သို့မဟုတ် ဘုရားသခင်နှင့် တန်းတူဖြစ်မည် မဟုတ်သည်ကို ငါတို့အား ပထမဦးဆုံးအကြိမ် နားလည်စေသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုက ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြင့် နောက်ထပ် အသက်မရှင်ဖို့၊ ဤသဘာဝနှင့် အနှစ်သာရကို အမြန်ဆုံး ဖယ်ရှားဖို့နှင့် ဘုရားသခင်အဖို့ ဆိုးယုတ်သောသူဖြစ်ခြင်းနှင့် မုန်းတီးစက်ဆုပ်ဖွယ်ဖြစ်ခြင်းကို ရပ်စဲရန် တမ်းတမိစေပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ငါတို့အား သူ၏စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ပုန်ကန်လိုစိတ် မရှိတော့ဘဲ၊ သူ၏နှုတ်ကပတ်တော်များကို ပျော်ရွှင်စွာ နာခံစေပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် အသက်ဆက်လက်ရှင်သန်ရန် စိတ်ဆန္ဒအား ငါတို့ကို နောက်တစ်ကြိမ် ပေးပြီးဖြစ်သကဲ့သို့၊ သူ့ကို ငါတို့၏ ကယ်တင်ရှင်အဖြစ် ပျော်ရွှင်စွာ လက်ခံစေပြီး ဖြစ်သည်။ ငါတို့သည် သိမ်းပိုက်ခြင်းအမှုမှ၊ ငရဲမှ၊ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်မှ လှမ်းထွက်လာပြီးဖြစ်သည်...အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဤလူစုဖြစ်သည့် ငါတို့ကို ရရှိပြီးဖြစ်သည်။ သူသည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သကဲ့သို့၊ သူ၏ရန်သူ အမြောက်အများကို နှိမ်နင်းပြီး ဖြစ်သည်။

ငါတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်သည့် ထိုသို့သော သာမန် လူတစ်စုသာဖြစ်သည်၊ ခေတ်များ မတိုင်မီ ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံထားရသူများ ဖြစ်ပြီး နောက်ချေးပုံထဲမှ ဘုရားသခင် ချီမပြီးသော ချို့တဲ့သူများ ဖြစ်သည်။ တစ်ခါက ငါတို့သည် ဘုရားသခင်ကို ငြင်းပယ်ကာ ပြစ်တင်ရှုတ်ချ ခဲ့ကြသော်လည်း၊ ယခု၌ ငါတို့သည် သူ၏ သိမ်းပိုက်ခြင်း ခံရပြီးဖြစ်သည်။ ဘုရားသခင်ထံမှ ငါတို့သည် အသက်၊ ထာဝရအသက်၏လမ်းခရီးကို ရရှိပြီးဖြစ်သည်။ ကမ္ဘာပေါ်၌ ငါတို့ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ၊ မည်သို့သော နှိပ်စက်ညှဉ်းပန်းမှုများနှင့် ကပ်ဘေးဒုက္ခများကို ကြံ့ကြံ့ခံရသည် ဖြစ်စေ၊ ငါတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဝေးကွာ၍မရနိုင်ပေ။ အကြောင်းမှာ သူသည် ငါတို့၏ ဖန်ဆင်းရှင်နှင့် ငါတို့၏ တစ်ခုတည်းသော ရွေးနုတ်ခြင်း ဖြစ်သောကြောင့်တည်း။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စမ်းရေတွင်းမှ ရေကဲ့သို့ တိုးထွက်လာပြီး သင်နှင့် ငါ ပြီးလျှင် အခြားသူတို့နှင့် သမ္မာတရားကို အမှန်တကယ် ရှာဖွေပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စောင့်မျှော်နေသူ အားလုံးအဖို့ ပေးထားလေသည်။

နေနှင့်လသည် တစ်လှည့်စီ ပေါ်ထွက်သကဲ့သို့ပင်၊ ဘုရားသခင်၏ အမှုသည် မည်သည့်အခါမျှ မရပ်တန့်သကဲ့သို့၊ သင့်အပေါ်၊ ငါ့အပေါ်နှင့် အခြားသူများအပေါ်၊ ပြီးလျှင် ဘုရားသခင်၏ ခြေရာများနောက် လိုက်ပြီး သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံသော သူအားလုံးအပေါ် ဆောင်ရွက်လေသည်။

၂၀၁၀ ခုနှစ်၊ မတ်လ ၂၃ ရက်

အရှေ့သို့- ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။