၃။ နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၇၇)
အချိန်သည် နီးကပ်လာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာပြီဖြစ်သည့်အတွက်၊ နောက်ဆုံးသောကာလ၏ အမှုသည် အားလုံးကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်သူအားလုံး- တကယ့်အဆုံးတိုင် သူ့ကို သစ္စာစောင့်သိသူအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်၏ ခေတ်ထဲသို့ ဆောင်ကြဉ်း၏။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင်၏ခေတ် မရောက်ရှိမီတွင်၊ ဘုရားသခင်၏ အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာရန်၊ သို့မဟုတ် လူသား၏ဘဝကို စုံစမ်းရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ ပလ္လင်ရှေ့သို့ လာသူတိုင်းကို သန့်စင်ပေးမည် ဖြစ်သောကြောင့်တည်း။ ဤနေ့အထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာကြသူများ ဖြစ်ပြီး၊ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသောလူ တစ်ဦးစီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသူ အယောက်တိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။
ယခင်အချိန်များကပြောခဲ့သည့် ဘုရားသခင်၏အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်းတွင်၊ ဤနှုတ်ကပတ်တော်များထဲမှ “တရားစီရင်ခြင်း” သည် နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများအပေါ် ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ခြင်းကို ရည်ညွှန်းပေသည်။ နောက်ဆုံးသောကာလ ရောက်လာပြီးချိန်တွင်၊ ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ကြီးမားသော စားပွဲတစ်လုံးကို တည်ပေလိမ့်မည်၊ ယင်းအပေါ်တွင် အဖြူရောင် စားပွဲခင်းကြီးကို ဖြန့်ခင်းထားလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် လူအားလုံး မြေပေါ် ဒူးထောက်လျက်နှင့် ကြီးမြတ်သော ပလ္လင်ပေါ်တွင် ထိုင်ရင်း၊ သူသည် လူအသီးသီး၏ အပြစ်များကို ထုတ်ဖော်ပြကာ၊ ထိုသို့ဖြင့် ၎င်းတို့သည် ကောင်းကင်ဘုံသို့ တက်ရမည်၊ သို့မဟုတ် ကန့်မီးအိုင်ထဲသို့ အပို့ခံရမည်ဆိုသည်ကို ဆုံးဖြတ်မည် ဟူသကဲ့သို့သော သဘာဝလွန် စိတ်ကူးများကို ယုံကြည်သော သူများ ရှိကောင်းရှိပေမည်။ လူသားက မည်သည့်အရာကို စိတ်ကူးသည်ဖြစ်စေ၊ ဘုရားသခင် အမှု၏ အနှစ်သာရကို မပြောင်းလဲနိုင်ပေ။ လူသား၏ စိတ်ကူးစိတ်သန်းများသည် လူသား၏ အတွေးများမှ ဖန်တီးမှုများသာ ဖြစ်သည်။ ယင်းတို့သည် လူသား၏ဦးနှောက်မှ လာသည်၊ လူသား မြင်ပြီးကြားပြီးသော အရာများမှ ပေါင်းရုံးကာ ဆက်စပ်ယူထားခြင်း ဖြစ်သည်။ ထို့ကြောင့် ငါပြောမည်၊ စိတ်ကူးပေါက်သည့် ပုံရိပ်များက မည်မျှတောက်ပသည်ဖြစ်စေ၊ ယင်းတို့သည် သရုပ်ဖော်ချက်များသာ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှု၏ အစီအစဉ်ကို အစားထိုးနိုင်စွမ်း မရှိချေ။ အဆုံးတွင်၊ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ အတွေးများကို အဘယ်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို ဆန်းပြားသော အရာတစ်ခုအဖြစ် ယူဆ၏။ သူက တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သည်မှာ ဘုရားသခင်ကိုယ်တိုင်ဖြစ်သည့်အတွက် ဤအမှုသည် အကြီးမားဆုံးသော အတိုင်းအတာ ဖြစ်ရမည်ဖြစ်ပြီး၊ သေမျိုးများအဖို့ နားမလည်နိုင်သောအရာ ဖြစ်ရမည်ဖြစ်ကာ၊ ကောင်းကင် တစ်လျှောက်လုံး ပဲ့တင်ထပ်ပြီး မြေကြီးကို လှုပ်ခါစေရမည်၊ သို့မဟုတ်ပါက၊ ယင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှု အဘယ်သို့ ဖြစ်နိုင်မည်နည်းဟု ယုံကြည်လေသည်။ သူသည် ဤသည်မှာ တရားစီရင်ခြင်းအမှု ဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်သည် သူအမှုပြုသည့် အချိန်တွင် အထူးသဖြင့် ခံ့ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားရမည်ဖြစ်ကာ၊ တရားစီရင်ခံရလျက်ရှိသော သူတို့သည် မျက်ရည်များဖြင့် ငိုကြွေးမြည်တမ်းနေပြီး၊ သနားညှာတာမှုအတွက် ဒူးထောက်၍ တောင်းခံနေကြရမည်ဟု ယုံကြည်လေသည်။ ထိုသို့သော မြင်ကွင်းများသည် ဧကန်မုချ ကြီးကျယ်ခမ်းနားမည်ဖြစ်ကာ၊ နက်နက်ရှိုင်းရှိုင်း နိုးကြားတက်ကြွစေပေမည်။... ဘုရားသခင်၏ တရားစီရင်ခြင်း အမှုကို အံ့သြဖွယ်ဖြစ်ဖို့ အယောက်တိုင်း စိတ်ကူးကြ၏။ သို့သော်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လူသားအလယ် အချိန်ကြာမြင့်စွာကတည်းက စတင်ပြီးသည့်အချိန်တွင်၊ သင်သည် ထိုင်းမှိုင်းလေးကန်သော အိပ်စက်ခြင်းဖြင့် ဝင်ကွေးနေသည်ကို သင်သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် တရားဝင် စတင်ပြီးဖြစ်သည်ဟု သင်ထင်သည့်အချိန်တွင်၊ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို အသစ်တဖန် ပြုလုပ်နှင့်ပြီးဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ သင်သည် ဘဝ၏အဓိပ္ပာယ်ကို နားလည်လာပြီးဖြစ်ရုံမျှသာ ဖြစ်ကောင်း ဖြစ်ပေမည်၊ သို့သော် ဘုရားသခင်၏ မငဲ့ညှာသော ပြစ်ဒဏ်ပေးခြင်းအမှုသည် သင့်အား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲတွင် ငရဲထဲသို့ ခေါ်ဆောင်သွား လိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်၏ စီရင်ခြင်းအမှုသည် အဆုံးသတ်နှင့်ပြီးဖြစ်သည်ကို သင် ရုတ်တရက် နားလည်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၇၈)
“တရားစီရင်ခြင်း” ဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာအားလုံးသို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှုက ဖာရိရှဲတို့ကို ပြောဆိုခဲ့သည့် ပြစ်တင်မောင်းမဲသည့် နှုတ်ကပတ်တော်များကို သင်တို့ စဉ်းစားမိကောင်းစဉ်စားမိနိုင်သည်။ ၎င်းတို့၏ပြင်းထန်မှုများ အားလုံးရှိလင့်ကစား၊ ဤနှုတ်ကပတ်တော်များသည် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ပေ။ ယင်းတို့သည် မတူညီသော နောက်ခံအကြောင်းအရာများ ဖြစ်သည့်၊ မတူညီသော ပတ်ဝန်းကျင်များအတွင်း ဘုရားသခင် ပြောဆိုထားခဲ့သည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလ၌ ခရစ်တော်က လူသားကို တရားစီရင်သည် နှင့်အမျှ သူပြောဆိုထားသော နှုတ်ကပတ်တော်များနှင့် မတူပေ။ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးသကဲ့သို့ မမှတ်ယူပါက၊ ယင်းတို့ကို မည်သို့ ရှောင်ရှားရမည်ကိုသာ သို့မဟုတ် ထိုအရာများ မပါဝင်သည့် အသစ်သော ထွက်ပေါက်တစ်ခုကို မည်သို့ ရှာဖွေရမည်ကိုသာ သင် တွေးတောပါက၊ သင်သည် အလွန်ဆိုးရွားသော အပြစ်သား တစ်ဦးဖြစ်သည်ဟု ငါပြော၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။ ဤသည်မှာ အနာဂတ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်သည်မှာ မှန်ပေ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၇၉)
တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။ လူတို့က ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိခံယူသည်ကို ယုံကြည်ဖို့ အခက်တွေ့ကြသည့်အတွက်၊ များစွာသော သူတို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ မကောင်းသော ခံစားချက်များရှိကြလေသည်။ သို့သော်လည်း ဘုရားသခင်၏ အမှုသည် လူသား၏ မျှော်လင့်ချက်များထက် မကြာခဏ ကျော်လွန်တတ်ပြီး လူသားစိတ်က လက်ခံရန် ခက်ခဲတတ်သည်ကို သင့်ကို ငါ ပြောရမည်။ လူတို့သည် ကမ္ဘာမြေကြီးပေါ်က လောက်ကောင်များသာ ဖြစ်သော်လည်း၊ ဘုရားသခင်မှာမူ စကြဝဠာကို ပြည့်စေသည့် အမြင့်ဆုံးသော သူဖြစ်သည့်အတွက် ဖြစ်သည်။ လူသား၏စိတ်သည် လောက်ကောင်များကိုသာ ပေါက်ပွားစေသည့် ညစ်ညမ်းသော ရေတွင်းတစ်ခုကဲ့သို့ ဖြစ်သည်၊ ဘုရားသခင်၏ အကြံအစည်များက ညွှန်ကြားသော အမှု၏ အဆင့်အသီးသီးမှာမူ ဘုရားသခင်၏ ဉာဏ်ပညာ၏ အကျိုးရလဒ် ဖြစ်ပေသည်။ လူတို့သည် ဘုရားသခင်ကို ဖက်ပြိုင်ရန် အမြဲ ကြိုးစားနေကြသည်၊ ယင်းတွင် နောက်ဆုံး၌ မည်သူ ဆုံးရှုံးမည်မှာ ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်ဟု ငါပြောပေသည်။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ရွှေထက် သာ၍ တန်ဖိုးရှိသည်ဟု မထင်မှတ်ဖို့ သင်တို့ကို ငါ တိုက်တွန်း၏။ အခြားသူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံနိုင်လျှင်၊ သင်သည် အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ သာ၍ မြင့်မားစွာ ရပ်တည်သနည်း။ အခြားသူများသည် သမ္မာတရားရှေ့တွင် မိမိတို့၏ ဦးခေါင်းများကို ညွှတ်နိုင်ကြပါက၊ သင်သည်လည်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မရနိုင်သော အရှိန်အဟုန်တစ်ခု ရှိ၏။ သင် ပြုလုပ်ပြီးသော “ထောက်ပံ့မှု” ကြောင့်သာ သူသည် တရားစီရင်သည့် အမှုကို ထပ်လုပ်မည် မဟုတ်သကဲ့သို့၊ သင်သည် ထိုသို့သော အခွင့်ကောင်းတစ်ခုကို လွဲချော်စေခြင်းကြောင့် နောင်တစိတ်ဖြင့် မွှန်ထူသွားပေမည်။ သင်သည် ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ မိုးကောင်းကင်ရှိ ထိုဖြူသောပလ္လင်ကြီးက သင့်အပေါ် တရားစီရင်ချက်ချမည်ကိုသာ စောင့်လော့။ ဣသရေလလူ အားလုံးသည် ယေရှုကို ပစ်ပယ်ကာ ငြင်းပယ်ခဲ့ကြသော်လည်း၊ ယေရှု၏ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း အမှန်တရားသည် စကြဝဠာတစ်လျှောက်လုံးနှင့် ကမ္ဘာမြေစွန်းများထိတိုင် တိုးချဲ့ဆဲ ဖြစ်ခဲ့သည်ကို သင်တို့ သိရမည်။ ဤသည်မှာ လွန်ခဲ့သော အချိန်များစွာက ဘုရားသခင်ပြုခဲ့သည့် လက်တွေ့အရှိတရား ဖြစ်သည် မဟုတ်လော။ အကယ်၍ သင်သည် ယေရှုက သင့်ကို ကောင်းကင်သို့ ဆောင်ယူမည်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါက၊ သင်သည် ခေါင်းမာသော သစ်ခြောက်တစ်ခုက ဖြစ်သည်ဟု ငါပြောသည်။ သမ္မာတရားကို သစ္စာစောင့်သိမှုမရှိသကဲ့သို့၊ ကောင်းချီးများကိုသာ ရှာဖွေသည့် သင်ကဲ့သို့သော အယောင်ဆောင် ယုံကြည်သူတစ်ဦးကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ သူသည် နှစ်ထောင်သောင်းချီ လောင်ကျွမ်းဖို့ မီးအိုင်ထဲသို့ သင့်ကို ချပစ်ရာတွင် သနားညှာတာမှု ပြမည်မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ
အောက်ခြေမှတ်စု(များ)-
က။ သစ်ခြောက်တစ်ခု- “ကူညီ၍မရနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၀)
မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏ပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းသို့ လိုက်ကြပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် အစေခံခြင်းကို လုပ်ဆောင်ရန်ပင် အရည်အချင်း မပြည့်မီကြသော သူတို့နှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၁)
ဘုရားသခင်သည် ခေတ်တစ်ခုတစ်လေရှိ အမှုကို ထပ်မလုပ်ပေ။ နောက်ဆုံးသောကာလ ရောက်ရှိပြီး ဖြစ်သည့်အတွက်၊ သူသည် နောက်ဆုံးသော ကာလတွင် သူလုပ်ဆောင်သော အမှုကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလတွင် သူ၏ စိတ်သဘောထားဖြစ်သည့် အလုံးစုံသော စိတ်သဘောထားကို ထုတ်ဖော်ပြလိမ့်မည်။ နောက်ဆုံးသော ကာလနှင့်သက်ဆိုင်၍ ပြောဆိုရာတွင်၊ ဤအရာမှာ ယေရှုက သင်တို့သည် ကပ်ဘေးကို ဧကန်မုချ ကြုံရမည်ဖြစ်ပြီး၊ ငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါတို့ကို ကြုံရလိမ့်မည်ဟု ပြောခဲ့သည့် သီးခြားခေတ် တစ်ခေတ်ကို ရည်ညွှန်းပေသည်၊ ယင်းက ဤသည်မှာ ခေတ်သစ် တစ်ခေတ်ဖြစ်ပြီး၊ အိုဟောင်းသော ကျေးဇူးတော်ခေတ် မဟုတ်တော့သည်ကို ပြသပေလိမ့်မည်။ အကယ်၍ လူများ ပြောသည့်အတိုင်း ဘုရားသခင်သည် မည်သည့်အခါမျှ မပြောင်းလဲ၊ သူ၏ စိတ်သဘောထားသည် အစဉ်အမြဲ သနားကြင်နာမှုနှင့် ချစ်ခြင်း ဖြစ်သည်၊ သူသည် လူသားကို ကိုယ်နှင့်အမျှ ချစ်ပြီး၊ လူတိုင်းကို ကယ်တင်ခြင်း ပေးကာ လူကို မည်သည့်အခါမျှ မမုန်းဟု ဆိုပါက၊ သူ၏အမှုသည် အဆုံးသို့ အစဉ် ရောက်နိုင်မည်လော။ ယေရှု ကြွလာခဲ့ပြီး အပြစ်သားအားလုံးအတွက် မိမိကိုယ်ကိုယ် စွန့်လွှတ်ရင်းနှင့် ယဇ်ပလ္လင်ထက်တွင် မိမိကိုယ်ကိုယ် ပူဇော်ရင်း၊ ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရချိန်တွင်၊ သူသည် ရွေးနုတ်ခြင်း အမှုကို ပြည့်စုံစေနှင့်ခဲ့ပြီးဖြစ်ကာ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ ထိုခေတ်၏ အမှုကို နောက်ဆုံးသောကာလတွင် ထပ်လုပ်ခြင်း၏ ဆိုလိုချက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ တူညီသောအရာကို လုပ်ဆောင်ခြင်းသည် ယေရှု၏ အမှုကို ငြင်းပယ်ခြင်း ဖြစ်မည် မဟုတ်လော။ ဤအဆင့်တွင် သူ ကြွလာခဲ့ချိန်တွင် ဘုရားသခင်သည် ကားစင်တင်ခံရခြင်းအမှုကို မလုပ်ဆောင်ခဲ့ဘဲ၊ ချစ်ခင်ကာ သနားကြင်နာနေမြဲဖြစ်ပါက၊ သူသည် ခေတ်ကို အဆုံးသတ် နိုင်ပါမည်လော။ ချစ်မြတ်နိုးတတ်ပြီး သနားကြင်နာတတ်သော ဘုရားသခင်သည် ခေတ်ကို အဆုံးသတ် နိုင်ပါမည်လော။ ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံလေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၂)
အမှုနှင့်စပ်လျဉ်း၍ ပြောဆိုပါက ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အမှုတော်သည် အရေးပါဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ် ပေးမည့်သူမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်ကာ ဝိညာဉ်တော် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ခါတစ်ရံတွင် ကမ္ဘာကြီးပေါ်သို့ ကြွရောက်လာကာ လူတို့ရှေ့တွင်ပေါ်ထွန်းပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်တရားစီရင်ကာ၊ မည်သူ့ကိုမျှ အလွှတ်မပေးဘဲ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးမည်ဟု အချို့တို့က ယုံကြည်ကြသည်။ ဤသို့ထင်မြင်ကြသူတို့သည် လူ့ဇာတိခံယူသည့် အမှု၏ ဤအဆင့်ကို မသိကြ။ ဘုရားသခင်သည် တစ်ယောက်ပြီး တစ်ယောက်ကို တရားစီရင်ခြင်းမပြု၊ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးခြင်းမပြု၊ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူပင်ဖြစ်သည် မဟုတ်လော။ လူသား၏ အနှစ်သာရသည် အားလုံးအတူတူပင်ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်းကို ခံရမည့်အရာမှာ လူသား၏ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်က ဖျက်ဆီးခဲ့သော လူသား၏အနှစ်သာရနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ သေးငယ်၍ မထင်ရှားသောအမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုခြင်းသာဖြစ်ပြီး၊ လူတစ်ဦးတစ်ယောက်အတွက် အထူး လုပ်ဆောင်သည်မဟုတ်ပေ။ စင်စစ်အားဖြင့် လူသားမျိုးနွယ်အားလုံးကို တရားစီရင်ခြင်းကို ကိုယ်စားပြုရန် လူအုပ်စုတစ်စုက တရားစီရင်ခြင်း ခံရမည့် အမှုဖြစ်သည်။ လူတစ်အုပ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ဆောင်ရွက်ခြင်းအားဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ နောက်တွင် ယင်းသည် တဖြည်းဖြည်းပျံ့နှံ့သွားလိမ့်မည်။ တရားစီရင်ခြင်းအမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဘုရားသခင် သည် လူသားတစ်မျိုး၊ သို့မဟုတ် လူတစ်အုပ်စုကို တရားစီရင်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဖြောင့်မတ်မှု မရှိခြင်း၊ ဥပမာအားဖြင့် ဘုရားသခင်အပေါ် လူသား၏ဆန့်ကျင်မှု၊ သို့တည်းမဟုတ် လူသား၏ ဘုရားသခင်ကိုမရိုသေမှု၊ သို့မဟုတ် ဘုရားသခင်၏အမှုကို နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားတို့ မျက်မြင်တွေ့မြင်ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်သည် လူသားတို့ ယခင်အတိတ်ကာလများက တွေးထင်ခဲ့သော နောက်ဆုံးသောကာလအတွင်းမှ ဖြူသော ပလ္လင်ကြီးရှေ့တွင် တရားစီရင်ဆုံးဖြတ်မည့် အမှုဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်က လက်ရှိလုပ်ဆောင်လျက်ရှိသော အမှုသည် ဖြူသောပလ္လင်ကြီးရှေ့တွင် တရားဆုံးဖြတ်နေခြင်း အတိအကျပင်ဖြစ်သည်။ ယနေ့ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင်ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ နှုတ်ကပတ်တော်နှင့် စိတ်သဘောထားအလုံးစုံတို့သည် ဘုရားသခင်၏ အလုံးစုံဖြစ်မှုဖြစ်သည်။ သူ့အမှု၏ အတိုင်းအတာသည် ကန့်သတ်ချက်ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသား တစ်မျိုးနွယ်လုံးကို တိုက်ရိုက်တရားစီရင်ခြင်းဖြစ်သည်၊ တရုတ်နိုင်ငံမှ ရွေးချယ်ခံရသော လူတို့အလို့ငှာသာ မဟုတ်သကဲ့သို့ လူနည်းစု အလို့ငှာလည်း မဟုတ်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုအတောတွင်းတွင် ဤအမှု၏နယ်ပယ်သည် စကြဝဠာ တစ်ခုလုံးမပါဝင်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်၊ သူ့ဇာတိခန္ဓာဖြင့် အမှုလုပ်ဆောင်သည့် နယ်ပယ်အတွင်းမှ အမှုကို သူအဆုံးသတ်ပြီးသည့်နောက်တွင် ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ကြွမြန်းခြင်းပြီးသည့်နောက် စကြဝဠာအနှံ့အပြားသို့ ယေရှု၏ဧဝံဂေလိတရား ပျံ့နှံ့သွားသည့်နည်းတူ သူသည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးသို့ ချက်ချင်းချဲ့ထွင်လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ ဇာတိခန္ဓာ၏အမှုဖြစ်စေ၊ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်အတွင်း လုပ်ဆောင်သော အမှုဖြစ်သည်၊ သို့သော်လည်း ယင်းအမှုသည် စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင် သည် သူ၏လူ့ဇာတိခံယူသည့် သွင်ပြင်လက္ခဏာကို အသုံးပြု၍ သူ၏အမှုကိုလုပ်ဆောင်ရန် ပေါ်ထွန်းလာကာ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားတို့ကို တရားစီရင်သည့် ဘုရားသခင်ဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ၊ ဇာတိခန္ဓာ ဖြစ်စေ၊ တရားစီရင်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို တရားစီရင်သည့်သူဖြစ်သည်။ ယင်းကို သူ၏အမှုအပေါ် အခြေခံ၍သတ်မှတ်ပြီး၊ သူ၏ အပြင်ပန်းသဏ္ဌာန်၊ သို့မဟုတ် အခြားသော အချက်အလက်အချို့တို့ဖြင့် သတ်မှတ်ခြင်း မဟုတ်ပေ။ လူသားသည် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများရှိသော်လည်း၊ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ လူသားမျိုးနွယ်အားလုံးကို တရားစီရင်မှုနှင့် သိမ်းပိုက်မှု အစရှိသည့် အချက်တို့ကို မည်သူမျှ မငြင်းနိုင်ပေ။ ယင်းကို လူသားက မည်သို့ပင်သဘောရစေကာမူ အချက်အလက်များသည် နောက်ဆုံး၌ အချက်အလက်များသာ ဖြစ်သည်။ “အမှုကို ဘုရားသခင်က လုပ်ဆောင်သော်လည်း ဇာတိခန္ဓာသည် ဘုရားသခင်မဟုတ်” ဟု မည်သူမျှ မပြောနိုင်ပေ။ ယင်းမှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်၊ အကြောင်းမှာ ဤအမှုကို ဇာတိခန္ဓာရှိသော ဘုရားသခင်မှလွဲ၍ မည်သူမျှဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့်တည်း။ ဤအမှုကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဤအမှုနောက်တွင် ဘုရားသခင်၏ လူသားကို တရားစီရင်သည့် အမှုသည် ဒုတိယအကြိမ်ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ၊ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းတွင် ဘုရားသခင်သည် အလုံးစုံသော စီမံခန့်ခွဲမှုအမှု အားလုံးကို အဆုံးသတ်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်၏ အမှုတွင် စတုတ္ထအဆင့် ရှိလာမည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်းကို ခံရသည့် သူသည် ဇာတိခန္ဓာနှင့် ဖြစ်တည်သော လူသား၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသော လူသားဖြစ်ပြီး၊ တိုက်ရိုက် တရားစီရင်ခြင်း ခံရသည့်သူမှာ စာတန်၏ ဝိညာဉ်မဟုတ်ပေ၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်သည် မဟုတ်ဘဲ လူသားတို့အကြားတွင် လုပ်ဆောင်ခြင်းဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၃)
လူသား၏ ဇာတိခန္ဓာဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ထက် ပို၍သင့်တော်ပြီး အရည်အချင်း ရှိသောသူ မရှိပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်ဆောင်ရွက်မည်ဆိုလျှင် အလုံးစုံကို ခြုံငုံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲပေမည်၊ အကြောင်းမှာ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်နေသဘောထားကို သာ၍ရှင်းလင်းစွာ တွေ့မြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားနှင့် မျက်နှာချင်းဆိုင်၍ပင် မရနိုင်သဖြင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းမရှိနိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု၏ လက္ခဏာဖြစ်ပြီး၊ သူ၏သာမန်ထက်ထူးခြားမှု ဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်၊ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသော သူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဖြစ်လိမ့်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းမြင့်မြတ်ကာ ဇာတိခန္ဓာအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ၊ ထို့ပြင် လူသား၏ မဖြောင့်မတ်မှုအားလုံးကို ဖော်ထုတ်နိုင်ခြင်းလည်း ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်သည့် အမှုကို လူသား၏ ဘုရားသခင်အပေါ်ထားသော အယူအဆများမှတစ်ဆင့်လည်း လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူသား၌ ဝိညာဉ်တော်နှင့်ပတ်သက်၍ အယူအဆများ လုံးဝမရှိသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် လူသား၏ မဖြောင့်မတ်မှုကို သာ၍ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ၊ ထိုသို့သော မဖြောင့်မတ်မှုကို အပြည့်အဝ ဖွင့်ချရန် ပို၍ပင်မစွမ်းသာပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက် ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းမရှိပေ၊ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်ကို လူသားသည် မြင်တွေ့၍ ကိုင်တွယ်နိုင်ပြီး ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားကို အပြည့်အဝ သိမ်းပိုက်နိုင်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဥ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့်ဆိုင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်း အားဖြင့်သာ ကယ်တင်ခြင်းခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက် စကားတော်များဖြင့် ဘုရားသခင်ကို တဖြည်းဖြည်း သူသိလာသည်၊ ဘုရားသခင်ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏သိမ်းပိုက်ခြင်းခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လူသားအနေဖြင့် လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်သွင်ပြင်လက္ခဏာအားဖြင့် ဘုရားသခင် လုပ်ဆောင်ခြင်း မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံးအမှု၊ ထူးခြားမှုအရှိဆုံး အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်မှ အရေးပါလှသော အပိုင်းမှာ လူ့ဇာတိခံယူသော အမှု၏ အဆင့်နှစ်ဆင့်ဖြစ်သည်။ လူသား၏ ကြီးမားသော ဖောက်ပြန် ပျက်စီးမှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုအတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလမှ လူတို့အပေါ်လုပ်ဆောင်သည့် အမှုသည် အလွန်ခက်ခဲသည်၊ ထို့ပြင် ပတ်ဝန်းကျင်သည် ရိုင်းစိုင်းခက်ထန်ကာ လူတစ်မျိုးစီ၏ အစွမ်းအစသည်လည်း အင်မတန် ညံ့ဖျင်းသည်။ သို့ရာတွင် ဤအမှု၏အဆုံး၌ အမှားအယွင်းများမရှိဘဲ သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိဆဲဖြစ်မည်၊ ယင်းသည် ဇာတိခန္ဓာအမှု၏ အကျိုးသက်ရောက်မှုဖြစ်ပြီး၊ ဤအကျိုးသက်ရောက်မှုသည် ဝိညာဉ်တော်၏အမှုဖြင့် ရရှိမည့် အကျိုးသက်ရောက်မှုထက်ပို၍ ကျေနပ်ဖွယ်ကောင်းပေသည်။ ဘုရားသခင်၏ အမှုဆိုင်ရာ အဆင့်သုံးဆင့်တို့ကို ဇာတိခန္ဓာဖြင့် အဆုံးသတ်ပေးမည်ဖြစ်ပြီး၊ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ နိဂုံးချုပ်ပေးရမည်။ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးအမှုကို ဇာတိခန္ဓာဖြင့် လုပ်ဆောင် ပြီး၊ လူသားအား ကယ်တင်ခြင်းကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်။ လူသားမျိုးနွယ် အားလုံးက ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားနှင့်မဆိုင်ဟု ခံစားကြသော်လည်း၊ လက်တွေ့တွင်မူ ဤဇာတိခန္ဓာသည် လူသား တစ်မျိုးနွယ်လုံး၏ ကံကြမ္မာ၊ တည်ရှိမှုတို့နှင့် သက်ဆိုင်လေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၄)
ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်ကာ ပြစ်တင်ဆုံးမ၍ ပြစ်ဒဏ်ချမှတ်သည်၊ သို့သော် သင်တို့၏ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် သင့်အနေဖြင့် သင့်ကိုယ်သင် သိလာနိုင်ရန် ဖြစ်သည်ကို သိမှတ်လော့။ ပြစ်ဒဏ်ချမှတ်ခြင်း၊ ကျိန်ဆဲခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း စသည်တို့ အားလုံးသည် သင့်အနေဖြင့် မိမိကိုယ်ကိုယ် သိလာနိုင်ရန်၊ သင်၏ စိတ်သဘောထား ပြောင်းလဲလာနိုင်ရန်၊ ထို့အပြင် သင်၏တန်ဖိုးကို သင်သိလာနိုင်ရန်ဖြစ်ပြီး၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးသည် ဖြောင့်မတ်၍ သူ၏စိတ်နေသဘောထားနှင့်အညီဖြစ်ပြီး သူ့အမှု၏လိုအပ်ချက်များနှင့်အညီဖြစ်ကြောင်းကို သင့်အနေဖြင့် သိမြင်လာနိုင်ရန်ဖြစ်ကာ၊ လူသားကို ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်အတိုင်း ဘုရားသခင်လုပ်ဆောင်ကြောင်းနှင့် သူသည် လူသားကို ချစ်သည့်၊ လူသားကို ကယ်တင်သည့်၊ လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်ကြောင်းကို သင်သိလာနိုင်ရန်ဖြစ်သည်။ အကယ်၍ သင်သည် နိမ့်ကျသောအဆင့်၌ရှိကြောင်း၊ ဖောက်ပြန်ပျက်စီးကာ မနာခံတတ် ကြောင်းကိုသာလျှင် သင်သိပြီး၊ ယနေ့ သင့်အပေါ်တွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအားဖြင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားအောင် ပြုလိုသည်ကို သင်မသိပါက သင်၌ ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ တွေ့ကြုံခံစားရဖို့ နည်းလမ်းပင် ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာသည်မဟုတ်၊ တရားစီရင်ရန်၊ ကျိန်ဆဲရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် အတွက် ကြွလာခြင်းဖြစ်သည်။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးမသတ်မီ၊ လူသားတစ်မျိုးစီ၏ အဆုံးသတ်ကို ထင်ရှားစွာမပြမီတွင် ကမ္ဘာပေါ်ရှိ ဘုရားသခင်၏ အမှုသည် ကယ်တင်ခြင်းအလို့ငှာသာဖြစ်သည်၊ သူ့ကိုချစ်သော သူများကို အပြည့်အဝစုံလင်စေရန်နှင့် သူ၏အုပ်စိုးမှုအောက်သို့ ကျိုးနွံနာခံလာဖို့ ခေါ်ဆောင်လာရန်အလို့ငှာသာဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ပင်ကယ်တင်စေကာမူ သူတို့၏ ဆိုးယုတ်သော သဘာဝဗီဇဟောင်းမှ သူတို့ကို လွတ်မြောက်အောင် ပြုလုပ်ပေးခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် သူတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် ကယ်တင်ပေးခြင်းဖြစ်သည်။ အကယ်၍ သူတို့သည် အသက်ကို မရှာဖွေပါက ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရယူရန် နည်းလမ်းရှိလိမ့်မည်မဟုတ်ချေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အတွက် လူသားအနေဖြင့် ပိုင်ဆိုင်ထားရမည့်အရာဖြစ်သည်။ လူသား၏ အမြင်တွင် ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ မဖြစ်နိုင်ဟု မြင်သည်၊ ကယ်တင်ခြင်းတွင် ချစ်ခြင်းမေတ္တာ၊ သနားခြင်းကရုဏာအပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များ ပါဝင်ပြီး၊ ဘုရားသခင်က နှင်းအပ်ပေးသည့် အကန့်အသတ်မဲ့သော ကောင်းချီးမင်္ဂလာများ ပါဝင်ရမည်ဟု မြင်သည်။ ဘုရားသခင်က လူသားကို ကယ်တင်သည့်အခါ သူတို့ကို တို့ထိခြင်းအားဖြင့်၊ သူ၏ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်မှတစ်ဆင့် သူ့ထံ၌ သူတို့၏နှလုံးသားများကို ပေးအပ်စေခြင်းတို့အားဖြင့် ကယ်တင်သည်ဟု လူတို့က ယုံကြည်ကြသည်။ တစ်နည်းအားဖြင့် ဆိုသော် လူသားအား သူ၏တို့ထိခြင်းမှာ သူတို့အား သူ၏ ကယ်တင်ခြင်းဖြစ်သည်။ ဤကဲ့သို့သော ကယ်တင်ခြင်းမျိုးသည် အပေးအယူပြုလုပ်ခြင်း ပါဝင်သည့် ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်က သူတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသားသည် ဘုရားသခင်၏ နာမတော်ရှေ့မှောက်သို့ ကျိုးနွံနာခံလာမည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ကို ဘုန်းထင်ရှားစေမည့်သဘောဖြစ်သည်။ သို့သော် ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလိုတော် မဟုတ်ပါ။ ဘုရားသခင်သည် အကျင့်ပျက်သော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ မြေကြီးပေါ်သို့ အမှုပြုရန်ကြွလာခဲ့သည်၊ ဤအရာတွင် မုသားမပါချေ၊ သို့မဟုတ်လျှင် ဘုရားသခင်သည် သူ၏အမှုကိုပြုရန် ကိုယ်တော်တိုင် လုံးဝကြွလာမည်မဟုတ်။ ယခင်က ဘုရားသခင်၏ ကယ်တင်ခြင်း နည်းလမ်းမှာ အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားခြင်း ကရုဏာကို ပြသခြင်းဖြစ်ခဲ့ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အလဲအလှယ်လုပ်ရန်အတွက် ဘုရားသခင်သည် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိပင်ဖြစ်သည်။ ယနေ့ကာလတွင်မူ ယခင်ကဲ့သို့မဟုတ်။ ယနေ့ကာလ၌ သင်တို့၏ ကယ်တင်ခြင်းသည် တစ်ဦးစီကို အမျိုးအစားအလိုက် အုပ်စုခွဲခြားချိန် အတွင်းဖြစ်သည့် နောက်ဆုံးသောကာလ၏အချိန်တွင် ဖြစ်ပွားခြင်း ဖြစ်သည်၊ သင်တို့ကို ကယ်တင်သည့်နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်တော့ဘဲ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရစေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ပင်ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း ဤကဲ့သို့ အကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါသည်ကို သိမှတ်လော့၊ ငါ၏ နှုတ်ကပတ်တော်တို့သည် မည်မျှကြမ်းတမ်းသည်ဖြစ်စေ သင်တို့အပေါ်သို့ ကျရောက်သည့်အရာမှာ သင်တို့အတွက် လုံးဝ အကြင်နာမဲ့ဟန်တူသည့် နှုတ်ကပတ်တော် အနည်းငယ်သာလျှင် ဖြစ်သည်ကို သိမှတ်လော့၊ ထို့အပြင် ငါ၏ဒေါသသည် မည်မျှပင် ကြီးပါစေ သင်တို့အပေါ်သို့ ကျရောက်သည်မှာ အဆုံးအမ နှုတ်ကပတ်တော်များသာလျှင် ဖြစ်သည်ကို သိမှတ်လော့၊ သင့်တို့ကို ထိခိုက်နစ်နာအောင်ပြုရန်၊ သို့မဟုတ် ကွပ်မျက်ရန် ငါမရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းပင် မဟုတ်လော။ ယခုခေတ်၌ ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းပင်ဖြစ်စေ အားလုံးသည် ကယ်တင်ခြင်းအဖို့အလို့ငှာဖြစ်ကြောင်း သိမှတ်လော့။ ယနေ့ တစ်ဦးစီကို အမျိုးအစားအလိုက် အုပ်စုခွဲခြားမှုရှိသည်ဖြစ်စေ၊ သို့မဟုတ် လူသား၏ အမျိုးအစားများကို ဖော်ထုတ်ပြသည်ဖြစ်စေ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန်အတွက်ပင် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းမှာ လူသားကို သန့်စင်စေရန် ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းမှာ လူသားကို သန့်စင်စေရန်ဖြစ်သည်၊ ကြမ်းတမ်းသောစကားလုံးများ၊ သို့မဟုတ် ဆုံးမခြင်းတို့မှာ သန့်စင်စေရန်သာဖြစ်ပြီး ကယ်တင်ခြင်း အတွက်သာလျှင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ကယ်တင်ခြင်း၏ နည်းစနစ်မှာ ရှေးယခင်ကနှင့် မတူပေ။ ယနေ့တွင် ဖြောင့်မတ်သည့် တရားစီရင်ခြင်းက သင်တို့ကို ကယ်တင်သည့်အပြင် အမျိုးအစား အလိုက် သင်တို့တစ်ဦးစီကို အုပ်စုခွဲခြားရန်အတွက် တန်ဆာပလာကောင်းပင်ဖြစ်သည်၊ ရက်စက်သည့် ပြစ်တင်ဆုံးမခြင်းသည် သင်တို့အတွက် အမြင့်ဆုံးသော ကယ်တင်ခြင်းကို ယူဆောင်လာပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့် ရင်ဆိုင်တွေ့သောအခါ သင်တို့၌ အဘယ်ပြောစရာရှိသနည်း။ ကယ်တင်ခြင်းကို အစမှ အဆုံးတိုင်အောင် သင်တို့မွေ့လျော်ခဲ့သည် မဟုတ်လော။ လူ့ဇာတိ ခံယူသော ဘုရားသခင်၊ သူ၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာနှစ်ခုလုံးကို သင်တို့မြင်ခဲ့ကြပြီးဖြစ်သည်၊ ထို့အပြင် အကြိမ်ကြိမ် ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကိုလည်း သင်တို့ တွေ့ကြုံပြီးဖြစ်သည်။ သို့သော် အဆုံးစွန် ကျေးဇူးတော်ကိုလည်း သင်တို့ရရှိထားကြသည် မဟုတ်လော။ သင်တို့၏ကောင်းချီးမင်္ဂလာများသည် အခြားသူများ၏ ကောင်းချီးမင်္ဂလာတို့ထက် ပို၍ကြီးမားသည် မဟုတ်သလော။ သင်တို့ရရှိသော ကျေးဇူးတော်များမှာ ရှောလမုန်မင်းကြီး ခံစားခဲ့ရသည့် ဂုဏ်ကျက်သရေနှင့် ချမ်းသာကြွယ်ဝမှုများထက် ပို၍ရက်ရောကုံလုံသည် မဟုတ်လော။ စဉ်းစားကြည့်ကြလော့- ငါကြွလာခြင်း၏ ရည်ရွယ်ချက်သည် သင်တို့ကို စီရင်ချက်ချရန်နှင့် အပြစ်ဒဏ်ပေးရန်ဖြစ်ပြီး သင်တို့ကို ကယ်တင်ရန်မဟုတ်ပါက၊ သင်တို့၏နေ့ရက်များသည် ဤမျှကြာရှည်ခံနိုင်ခဲ့လိမ့်မည်လော။ အပြစ်နှင့်ပြည့်သော အသွေးအသားနှင့်ဖြစ်တည်သည့် သင်တို့သည် ယနေ့တိုင်အောင် ရှင်သန်နိုင်ခဲ့လိမ့်မည်လော။ အကယ်၍ ငါကြွလာခြင်း၏ ရည်ရွယ်ချက်သည် သင်တို့ကို အပြစ်ဒဏ် ပေးရန်သာဖြစ်ပါက၊ ငါသည် အဘယ့်ကြောင့် လူ့ဇာတိကိုခံယူပြီး ယင်းသို့သော ကြီးလေးသည့်အမှုကို စတင်လုပ်ဆောင်ခဲ့ရမည်နည်း။ သေမျိုးမျှသာဖြစ်သော သင်တို့ကို ပြစ်ဒဏ်ပေးရန်မှာ စကားတစ်ခွန်းကို မိန့်မြွက်ချိန်သာ ကြာမည်မဟုတ်လော။ ငါသည် သင်တို့ကို တမင်သက်သက် စီရင်ချက်ချပြီးနောက် သင်တို့ကို ဖျက်ဆီးပစ်ရန် လိုနေဦးမည်လော။ ငါပြောသော ဤနှုတ်ကပတ်တော်များကို သင်တို့မယုံကြသေးသလော။ ငါသည် ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာအားဖြင့်သာ လူသားကို ကယ်တင်နိုင်မည်လော။ သို့တည်းမဟုတ် လူသားကို ကယ်တင်ရန် ကားတိုင်ပေါ်တွင် အသေခံခြင်းကိုသာ ငါအသုံးပြုနိုင်မည်လော။ ငါ၏ဖြောင့်မတ်သောစိတ်သဘောထားက လူသားတို့ကို လုံးလုံး နာခံလာရန် ပို၍ထောက်ကူနေသည် မဟုတ်လော။ ဤအရာက လူသားတို့ကို စေ့စေ့စပ်စပ် ပို၍ကယ်တင်နိုင်သည် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၅)
ငါ၏နှုတ်ကပတ်တော်တို့သည် ခက်ထန်နိုင်သော်လည်း ၎င်းတို့အားလုံးကို လူသား၏ ကယ်တင်ခြင်းအတွက် ပြောထားခြင်း ဖြစ်သည်၊ ငါသည် နှုတ်ကပတ်တော်များကို ပြောခြင်းသာ ပြုပြီး လူသား၏ဇာတိခန္ဓာကိုယ်ကို အပြစ်ဒဏ်ပေးခြင်းကို မပြုသောကြောင့်ပင်တည်း။ ဤနှုတ်ကပတ်တော်များသည် လူသားတို့ကို အလင်းထဲတွင် နေထိုင်စေပြီး အလင်းရှိကြောင်း သိစေသည်၊ အလင်းသည် တန်ဖိုးရှိကြောင်း သိစေသည်၊ ထို့ထက်မက ဤနှုတ်ကပတ်တော်တို့သည် လူသားကို အဘယ်မျှလောက် အကျိုးပြုကြောင်း သိစေပြီး ဘုရားသခင်သည် ကယ်တင်ခြင်း ဖြစ်ကြောင်းကို သိစေသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များကို ငါများစွာ ပြောခဲ့သော်လည်း စင်စစ်အားဖြင့် ၎င်းတို့ကို သင်တို့အပေါ်သို့ ငါမလုပ်ဆောင်ရသေး။ ငါ၏အမှုကို လုပ်ဆောင်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို မိန့်ကြားရန် ငါလာခဲ့သည်၊ ငါ၏နှုတ်ကပတ်တော်တို့သည် ခက်ထန်နိုင်သော်လည်း သင်တို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် ပုန်ကန်မှုတို့ကို တရားစီရင်သောအားဖြင့် ၎င်းတို့ကို မိန့်ကြားထားခြင်းဖြစ်၏။ ဤသို့ ငါပြုရသည့် ရည်ရွယ်ချက်မှာ စာတန်၏ အုပ်စိုးမှုအောက်မှ လူသားများကို ကယ်တင်ရန်၊ ငါ့နှုတ်ကပတ်တော်များကို အသုံးပြု၍ လူသားတို့ကို ကယ်တင်ရန်သာ ဖြစ်နေသေးသည်၊ ငါ၏ရည်ရွယ်ချက်မှာ လူသားတို့ကို ငါ၏နှုတ်ကပတ်တော်တို့ဖြင့် ထိခိုက်နာကျင်စေရန် မဟုတ်။ ငါ၏အမှုမှ ရလဒ်များ ရလာနိုင်ရန်အလို့ငှာ ငါ၏ နှုတ်ကပတ်တော်များက ခက်ထန်နေခြင်း ဖြစ်သည်။ ဤနည်းဖြင့် အမှုပြုခြင်းဖြင့်သာ လူသားတို့သည် မိမိတို့ကိုယ်မိမိ သိလာကြမည် ဖြစ်ပြီး သူတို့၏ ပုန်ကန်တတ်သည့် စိတ်နေသဘောထားမှ ထွက်ပြေးလွတ်မြောက်နိုင်ကြမည်ဖြစ်သည်။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အကြီးမားဆုံးသော အရေးပါမှုမှာ လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးပြီးနောက် သမ္မာတရားကို လက်တွေ့ကျင့်သုံးခွင့်ပေးခြင်း၊ သူတို့၏ စိတ်နေသဘောထားတွင် ပြောင်းလဲမှုများ ရရှိစေခြင်းနှင့် မိမိတို့ကိုယ်မိမိနှင့် ဘုရားသခင်၏ အမှုအကြောင်း သိစေခြင်းတို့ပင် ဖြစ်သည်။ စကားပြောခြင်း မှတစ်ဆင့် လုပ်ဆောင်သောနည်းလမ်းသည်သာ ဘုရားသခင်နှင့် လူသားအကြား ဆက်ဆံပြောဆိုခြင်းကို ဖြစ်မြောက်စေနိုင်ပြီး၊ နှုတ်ကပတ်တော်များသည်သာလျှင် သမ္မာတရားကို ရှင်းပြနိုင်သည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းသည် လူသားကို သိမ်းပိုက်ရန်အတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်၊ နှုတ်ကပတ်တော်များကို မိန့်မြွက်ခြင်းမှလွဲ၍ အခြားမည်သည့် နည်းလမ်းကမျှ သမ္မာတရားနှင့် ဘုရားသခင်၏အမှုအကြောင်း ပိုမိုရှင်းလင်းသည့် နားလည်ခြင်းကို လူသားအား ပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူသားတို့ကို ဘုရားသခင်ထံမှ မှန်ကန်သောလမ်းနှင့် အသက်ကို ရယူခွင့်ပေးလျက် သူ့အမှု၏ နောက်ဆုံးအဆင့်တွင် လူသားနားမလည်သည့် သမ္မာတရားများနှင့် နက်နဲမှုများအားလုံးကို ဖွင့်ပြရန်အလို့ငှာ လူသားကို ဘုရားသခင် စကားပြောသည်၊ ထိုသို့အားဖြင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းသည်။ လူသားတို့အပေါ်ပြုသည့် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းနိုင်ကြရန်ဖြစ်ပြီး ထိုအမှုကို လူသားတို့အား ကယ်တင်ရန် အတွက်သာ ပြုခြင်းဖြစ်သည်၊ ထို့ကြောင့် လူသားများကို သူကယ်တင်သည့်အချိန်အတွင်း လူသားများကို အပြစ်ဒဏ်ပေးသည့် အမှုကို ဘုရားသခင်မလုပ်ပေ။ လူသားတို့ကို ကယ်တင်သည့် အချိန်အတွင်း ဘုရားသခင်သည် ဆိုးယုတ်သူများကိုလည်း အပြစ်ဒဏ်မပေး၊ ကောင်းသောသူများကိုလည်း ဆုမချီးမြှင့်သကဲ့သို့ မတူကွဲပြားသော လူအမျိုးအစားအားလုံးအတွက် ပန်းတိုင်များကိုလည်း မထုတ်ဖော်ပြပေးချေ။ ယင်းအစား သူ့အမှု၏ နောက်ဆုံးအဆင့် ပြီးစီးနောက်မှသာ ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုချီးမြှင့်ခြင်း အလုပ်တို့ကို သူလုပ်လိမ့်မည်ဖြစ်ပြီး ထိုအချိန်ရောက်မှသာ မတူကွဲပြားသော လူသားအမျိုးအစားအားလုံး၏ အဆုံးသတ်များကို သူထုတ်ဖော်ပြလိမ့်မည်။ အပြစ်ဒဏ်ပေးခံရသူများသည် ကယ်တင်ခြင်းကို ဧကန်အမှန်ပင် မခံရနိုင်သူများဖြစ်ကြလိမ့်မည် ဖြစ်သော်လည်း ကယ်တင်ခြင်းခံရသူများမှာမူ လူသားများကို ကယ်တင်သည့် ဘုရားသခင့်အမှု၏အချိန်ကာလအတွင်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသူများဖြစ်ကြလိမ့်မည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကာလအတွင်း ကယ်တင်ခြင်း ခံရနိုင်သူများသည် အဆုံးစွန်ထိ ကယ်တင်ခြင်းခံကြရမည်ဖြစ်ပြီး၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူသားတို့ကို ကယ်တင်ရန် ဖြစ်သည့်အားလျော်စွာ ထိုသူတို့အထဲမှ မည်သူတစ်ဦး တစ်ယောက်ကိုမျှ စွန့်ပစ်ထားခဲ့မည်မဟုတ်။ လူသားတို့ကို ကယ်တင်သည့် ဘုရားသခင့်အမှု၏အချိန်ကာလအတွင်း၌ မိမိတို့၏ စိတ်နေသဘောထား၌ အပြောင်းအလဲဖြစ်ပေါ်စေရန် မတတ်နိုင်သောသူများအားလုံးနှင့် ဘုရားသခင်ကို အပြည့်အဝ နာခံခြင်းမပြုနိုင်သောသူများအားလုံးမှာ အပြစ်ဒဏ်ပေးခြင်းကို ခံရသူများ ဖြစ်လာကြလိမ့်မည်။ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုဖြစ်သော အမှု၏ယခုအဆင့်သည် လူသားတို့ နားမလည်သည့် နည်းလမ်းများနှင့် နက်နဲမှုများကို သူတို့အား ဖွင့်ပြပေးသည်၊ ထိုသို့အားဖြင့် လူသားတို့သည် ဘုရားသခင်၏ အလိုတော်နှင့် လူသားတို့အပေါ်ထားသည့် ဘုရားသခင်၏ သတ်မှတ်ချက်များကို နားလည်နိုင်ရန်ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးရန်အတွက် လူတို့ထံ၌ အခြေအနေများ ရှိနိုင်ကြစေရန်နှင့် သူတို့၏ စိတ်သဘောထား၌ အပြောင်းအလဲများ ရှိလာစေနိုင်ရန်ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကိုပြုရန် နှုတ်ကပတ်တော်များကိုသာ အသုံးပြုသည်၊ ထို့ပြင် ယခုအချိန်အခါသည် ကယ်တင်ခြင်းအမှုကို လုပ်ဆောင်နေသော အချိန်အခါဖြစ်သောကြောင့် လူသားတို့ အနည်းငယ် ပုန်ကန်တတ်ခြင်းအတွက်နှင့် ၎င်းတို့ကို အပြစ်ဒဏ် မပေးပေ။ အကယ်၍ ပုန်ကန်တတ်သော လူတိုင်းကို အပြစ်ဒဏ် ပေးမည်ဆိုပါက မည်သူတစ်ဦးတစ်ယောက်ကမျှ ကယ်တင်ခံ ရရန်အခွင့် ရှိကြလိမ့်မည် မဟုတ်ဘဲ အားလုံးအပြစ်ဒဏ်ပေးခံရပြီး မရဏာနိုင်ငံသို့ သက်ဆင်းကြရမည်သာ ဖြစ်သည်။ လူသားတို့ကို နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းရည်ရွယ်ချက်မှာ သူတို့ကို မိမိတို့ကိုယ်မိမိ သိရှိခွင့်ကိုပေးပြီး ဘုရားသခင်အား နာခံနိုင်ခွင့်ကို ပေးရန်ဖြစ်သည်။ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့် ၎င်းတို့ကို အပြစ်ဒဏ်ပေးရန် မဟုတ်ချေ။ နှုတ်ကပတ်တော် အမှုပြုစဉ်အချိန်အတွင်းတွင် များစွာသောလူတို့သည် ၎င်းတို့၏ ပုန်ကန်မှုနှင့် အာခံမှုတို့ကို ဖော်ပြကြလိမ့်မည်ဖြစ်ပြီး လူ့ဇာတိခံယူသည့် ဘုရားသခင်အပေါ် ၎င်းတို့၏ မနာခံခြင်းကို ဖော်ပြကြလိမ့်မည်။ သို့သော်လည်း ထိုအချက်ကြောင့် ထိုလူများ အားလုံးကို ဘုရားသခင်အပြစ်ပေးမည်မဟုတ်ပေ၊ ယင်းသို့ ပြုမည့်အစား ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်ပျက်စီးနေသူများနှင့် ကယ်တင်ခြင်း မခံရနိုင်သူများကိုသာလျှင် သူဖယ်ထားလိမ့်မည်။ ထိုသူတို့၏ ဇာတိခန္ဓာများကို စာတန်အား သူပေးပစ်လိမ့်မည်ဖြစ်ပြီး အချို့အခြေအနေများတွင် ၎င်းတို့၏ဇာတိခန္ဓာကို အဆုံးသတ် ပစ်လိမ့်မည်။ ကြွင်းကျန်သောသူများသည် နောက်တော်သို့ ဆက်လက်လိုက်ကြပြီး ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဆက်လက်ကြုံတွေ့ကြရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့အနေဖြင့် နောက်တော်လိုက်နေစဉ်တွင် ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်သေးပါက ၎င်းတို့သည် ပို၍ပို၍ ယိုယွင်းကျဆင်း လာကြမည်ဖြစ်ပြီး ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ၎င်းတို့ဆုံးရှုံးသွားကြလိမ့်မည်။ နှုတ်ကပတ်တော်၏ သိမ်းပိုက်ခြင်းကို လက်ခံထားသောသူ တစ်ယောက်စီတိုင်းသည် ကယ်တင်ခြင်း အတွက် အခွင့်အရေး အလျှံအပယ် ရပါလိမ့်မည်။ ဤလူ တစ်ဦးတစ်ယောက်ချင်းစီအတွက် ဘုရားသခင်၏ကယ်တင်ခြင်းက သူ၏အစွမ်းကုန်သက်ညှာမှုကို ပြသလျက်ရှိသည်၊ ဆိုလိုသည်မှာ ၎င်းတို့အနေဖြင့် အစွမ်းကုန် သည်းခံပေးမှုကို ခံကြရခြင်းဖြစ်သည်။ လူတို့သည် လမ်းမှားကို ကျောခိုင်းနေသမျှ၊ လူတို့သည် နောင်တရနေနိုင်သမျှ သူ၏ကယ်တင်ခြင်းကို ခံရနိုင်သော အခွင့်အရေးကို ဘုရားသခင်ပေးပါလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ဦးစွာပုန်ကန်ကြစဉ်က ၎င်းတို့ကို သတ်ပစ်ရန် ဘုရားသခင်၌ ဆန္ဒမရှိခဲ့ဘဲ ထိုအစား ၎င်းတို့အားလုံးကို ကယ်တင်ရန် တတ်နိုင်သမျှ သူလုပ်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းခံရရန် အခွင့်မရှိတော့ပါလျှင် ဘုရားသခင်သည် ထိုသူကို ဖယ်ထားလိမ့်မည်ဖြစ်သည်။ ဘုရားသခင်အနေဖြင့် တစ်စုံတစ်ယောက်ကို အပြစ်ဒဏ်ပေးရန် နှေးရသည့် အကြောင်းရင်းမှာ ကယ်တင်နိုင်သူများ အားလုံးကို သူကယ်တင် လိုသောကြောင့်ဖြစ်သည်။ သူသည် လူတို့ကို တရားစီရင်ခြင်း၊ ဉာဏ်အလင်းဖွင့်ပေးခြင်းနှင့် လမ်းညွှန်ပေးခြင်းတို့ကို နှုတ်ကပတ်တော်များဖြင့်သာ ပြုလုပ်ပြီး ၎င်းတို့ကို သတ်ရန် တုတ်ကို အသုံးမပြုပါချေ။ နှုတ်ကပတ်တော်များကို အသုံးပြု၍ လူတို့ကို ကယ်တင်ခြင်းသည် အမှုနောက်ဆုံးအဆင့်၏ ရည်ရွယ်ချက်နှင့် အရေးပါမှုပင် ဖြစ်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၆)
ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူကို နာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို သက်သေခံရန် သူတောင်းဆို လေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး စစ်မှန်ကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၇)
လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က “အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များ အားဖြင့် လူသားအတွင်း၌ မုချလိုအပ်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်လေ၏၊ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် နာခံမှုမရှိ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။
ဘုရားသခင်သည် လူသား၏ဇာတိပကတိကို ပြစ်ဒဏ်ချမှတ်နှင့်ပြီး ဖြစ်ကြောင်း ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များမှ သိနိုင်သည်။ ထိုသို့ဆိုသော် ဤနှုတ်ကပတ်တော်များမှာ ကျိန်ဆဲသည့် နှုတ်ကပတ်တော်များ ဖြစ်နေသလော။ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များသည် လူသား၏ စရိုက်အမှန်ကို ထုတ်ဖော်ပြီး၊ ယင်းကဲ့သို့ ထုတ်ဖော်ခြင်းအားဖြင့် သူသည် တရားစီရင်ခြင်းခံရ၏။ ထို့ပြင် သူသည် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ကြောင်း မြင်သည့်အခါ သူ၏အတွင်း၌ သောကနှင့် နောင်တကို ခံစားရ၏။ သူသည် ဘုရားသခင်အပေါ် အလွန်အကြွေးတင်နေပြီး ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းနိုင်ခြင်းမရှိဟု ခံစားရ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အတွင်းမှ ဆုံးမပဲ့ပြင်သော အချိန်များရှိပြီး ဤဆုံးမပဲ့ပြင်ခြင်းသည် ဘုရားသခင်၏တရားစီရင်ခြင်းမှ လာခြင်းဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အပြစ်တင်ဝေဖန်ပြီး သင့်ထံမှ သူ၏မျက်နှာတော်ကို ဝှက်ထားသောအချိန်များ၊ သင့်ကို သူဂရုမပြုဘဲ သင့်အထဲ၌ သူအလုပ်မလုပ်သည့်အချိန်များ၊ သင့်ကို စစ်ဆေးရန်အတွက် အသံမထွက်ဘဲ ပြစ်တင်ဆုံးမနေသောအချိန်များ ရှိသည်။ လူသားအတွင်း၌ ဘုရားသခင်၏အမှုမှာ အဓိကအားဖြင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထင်ရှားပေါ်လွင်စေရန် ဖြစ်သည်။ လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်း၊ သူ၏ စိတ်သဘောထားသည် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်ကြောင်း လူသားက သက်သေခံ၏။ လူသားသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သက်သေခံသည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏တရားစီရင်ခြင်းကို အသုံးပြုသည်၊ သူသည် လူသားကို ချစ်ခဲ့ပြီး ကယ်တင်ခဲ့သည်၊ သို့သော် သူ၏ချစ်ခြင်းမေတ္တာထဲတွင် မည်မျှပါဝင်သနည်း။ တရားစီရင်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ကျိန်ဆဲမှုတို့ ပါဝင်သည်။ ဘုရားသခင်သည် လူသားကို ယခင်က ကျိန်ဆဲခဲ့သော်လည်း၊ သူသည် လူသားကို အနက်ဆုံးသောတွင်းထဲသို့ လုံးလုံးလျားလျား မပစ်ချခဲ့ဘဲ၊ ယင်းနည်းလမ်းကို အသုံးပြု၍ လူသား၏ ယုံကြည်ခြင်းကို သူစစ်ဆေးခဲ့သည်။ သူသည် လူသားကို မကွပ်မျက် ခဲ့သော်လည်း၊ လူသားကို စုံလင်အောင်ပြုရန် လုပ်ဆောင်ခဲ့သည်။ လူ့ဇာတိ၏အနှစ်သာရမှာ စာတန်၏အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က ထိုသို့ပင် အတိအကျပြောခဲ့သည်- သို့သော် ဘုရားသခင် လုပ်ဆောင်ခဲ့သော ဖြစ်ရပ်များသည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ ပြီးမြောက်ခဲ့ခြင်း မဟုတ်ပေ။ သင်သူ့ကို ချစ်လာကောင်း ချစ်လာစေရန်နှင့် ဇာတိပကတိ၏ အနှစ်သာရကို သင်သိကောင်း သိနိုင်စေရန် သူသည် သင့်ကို ကျိန်ဆဲခြင်းဖြစ်သည်။ သင်နိုးကြားကောင်း နိုးကြားလာစေရန်၊ သင့်အထဲမှ အားနည်းချက်များကို သင်သိစေရန်နှင့် လူသား၏ အကြွင်းမဲ့ မထိုက်တန်မှုကို သင်သိစေရန် သင့်ကို သူပြစ်တင်ဆုံးမခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်၏ ကျိန်ဆိုခြင်းများ၊ တရားစီရင်ခြင်းများ အပြင်၊ သူ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ အားလုံးတို့သည် လူသားကို စုံလင်စေရန်အတွက်ဖြစ်သည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့် အရာများ အားလုံးနှင့် သင်တို့အတွင်း၌ သူထင်ရှားပေါ်လွင်စေသည့် ဖြောင့်မတ်သော စိတ်သဘောထား အားလုံးသည် လူသားကို စုံလင်စေရန် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့ပင်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၈)
လူသား၏ ရှေးရိုးစွဲအယူအဆများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူ၏ကျေးဇူးတော်၊ သနားကရုဏာနှင့် လူသား၏ အားနည်းချက်ကို ညှာတာမှုဖြစ်သည်ဟု လူသားက ယုံကြည်သည်။ ဤအရာများသည် ဘုရားသခင်၏ ချစ်မေတ္တာဖြစ်သော်လည်း၊ ၎င်းတို့သည် တစ်ဖက်သတ်ဖြစ်လွန်း၍ လူသားကို ဘုရားသခင် စုံလင်အောင် ပြုလုပ်သည့် အဓိကနည်းလမ်းများ မဟုတ်ပေ။ အချို့သော လူတို့သည် နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်ကို စတင်ယုံကြည် လာကြသည်။ ဤနာမကျန်းဖြစ်ခြင်းမှာ သင့်အတွက် ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ ထိုအရာမရှိဘဲ သင်သည် ဘုရားသခင်ကို ယုံကြည်လာမည် မဟုတ်ပေ၊ ထို့ပြင် သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါက၊ ဤအထိ ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤကျေးဇူးတော်ပင်လျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ ယေရှုကို ယုံကြည်သည့် အချိန်တွင် လူတို့သည် သမ္မာတရားကို နားမလည်ခဲ့သောကြောင့် ဘုရားသခင်မချစ်မနှစ်သက်သည့် အရာများစွာကို ပြုလုပ်ခဲ့ကြသည်၊ သို့သော် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာရှိပြီး သူသည် လူသားကို ယခုအချိန်အထိ ခေါ်ဆောင်လာခဲ့သည်၊ ထို့အပြင် လူသားသည် မည်သည့်အရာကိုမျှ နားမလည်သော်လည်း၊ ဘုရားသခင်သည် လူသားကို သူ့နောက်သို့လိုက်ရန် ခွင့်ပြုဆဲဖြစ်သည်၊ ထိုမျှမက လူသားကို ယနေ့တိုင်အောင် ဦးဆောင်လမ်းပြနေခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မဟုတ်သလော။ ဘုရားသခင်၏ စိတ်သဘောထားထဲ၌ ပေါ်လွင်သည့်အရာသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ ဤသည်မှာ အပြည့်အဝမှန်ကန်၏။ အသင်းတော်ကို တည်ဆောက်ခြင်းက အထွတ်အထိပ်သို့ ရောက်သောအခါ၊ ဘုရားသခင်သည် အစေခံသူများနှင့် ဆိုင်သည့် အမှု၏အဆင့်ကို လုပ်ဆောင်ပြီး လူသားကို အနက်ဆုံးသော တွင်းထဲသို့ ပစ်ချလေ၏။ အစေခံသူများ၏ ခေတ်ကာလမှ နှုတ်ကပတ်တော်များသည် ကျိန်ဆဲချက်များသာဖြစ်ခဲ့သည်။ သင်၏ လူ့ဇာတိကို ကျိန်ဆဲခြင်းများ၊ သင်၏ ဖောက်ပြန်ပျက်စီး၍ စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားကို ကျိန်ဆဲခြင်းများနှင့် ဘုရားသခင်၏အလိုတော်ကို မဖြည့်ဆည်းနိုင်သည့် သင်နှင့် ပတ်သက်သော အရာများကို ကျိန်ဆဲခြင်းများ ဖြစ်ကြသည်။ ထိုအဆင့်တွင် ဘုရားသခင်ပြုလုပ်ခဲ့သည့် အမှုသည် ဘုန်းအာနုဘော်အဖြစ် ပေါ်လွင်ခဲ့ပြီးနောက် များမကြာမီ ဘုရားသခင်သည် ပြစ်တင်ဆုံးမခြင်း အမှု၏ အဆင့်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ ထို့နောက်တွင် သေခြင်းတရား၏ စမ်းသပ်မှု ရောက်ရှိလာခဲ့သည်။ ယင်းကဲ့သို့အမှုထဲတွင် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်တွေ့ခဲ့သည့်အပြင် ဘုရားသခင်၏ ကျေးဇူးတော်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် သူ၏ သနားကရုဏာတို့ကိုလည်း မြင်တွေ့ခဲ့သည်။ ဘုရားသခင်ပြုခဲ့သမျှနှင့် သူ၏စိတ်သဘောထားအဖြစ် ပေါ်လွင်စေသမျှမှာ လူသားအပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်ဖြစ်ပြီး ဘုရားသခင်ပြုခဲ့သမျှမှာ လူသား၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်သာ ဖြစ်ခဲ့သည်။ လူသားကို စုံလင်စေရန်အလို့ငှာ ထိုသို့ သူလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သူထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ဤအရာကို ဘုရားသခင်မလုပ်ဆောင်ခဲ့ပါက၊ လူသားသည် ဘုရားသခင် ရှေ့မှောက်သို့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ဘုရားသခင်၏ စစ်မှန်သည့် သဘောသဘာဝကိုလည်း လုံးဝသိလိမ့်မည်မဟုတ်ပေ။ လူသားအနေဖြင့် အတွင်း၌ ဘုရားသခင်ကို တဖြည်းဖြည်း သိလာစေရန်အလို့ငှာ ဘုရားသခင်ကို ကနဦး သူစတင်ယုံကြည်သည့် အချိန်မှစပြီး ယနေ့ထိတိုင် ဘုရားသခင်သည် လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သူ့ကို တဖြည်းဖြည်း ထောက်ပံ့ ပေးခဲ့လေသည်။ မျက်မှောက်ကာလသို့ ရောက်ရှိလာမှသာလျှင် လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းမှာ မည်မျှ အံ့သြဖွယ်ကောင်းသည်ကို နားလည်သဘောပေါက်ခြင်းဖြစ်သည်။ အစေခံသူများနှင့်ဆိုင်သည့် အမှု၏ အဆင့်မှာ ဖန်ဆင်းခြင်း အချိန်မှ ယနေ့ထိတိုင် ကျိန်ဆဲခြင်းအမှု၏ ပထမဦးဆုံး ဖြစ်ရပ်ဖြစ်ခဲ့သည်။ လူသားသည် အနက်ဆုံးသောတွင်းထဲသို့ ကျိန်ဆဲခြင်းကို ခံခဲ့ရသည်။ အကယ်၍ ဘုရားသခင်အနေဖြင့် ထိုသို့မပြုလုပ်ခဲ့ပါက၊ ယနေ့တွင် လူသား၌ ဘုရားသခင်နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ကျိန်ဆဲခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏ စိတ်သဘောထားကို တရားဝင် ကြုံခဲ့ရခြင်း ဖြစ်သည်။ လူသားသည် အစေခံသူများ၏ စမ်းသပ်ခံရခြင်းအားဖြင့် ထုတ်ဖော်ခြင်းကို ခံခဲ့ရသည်။ လူသားအနေဖြင့် သူ၏သစ္စာရှိမှုသည် လက်ခံနိုင်ဖွယ် မရှိကြောင်း၊ သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ နုနယ်လွန်းကြောင်း၊ ဘုရားသခင်၏ အလိုတော်ကို သူမဖြည့်ဆည်းပေးနိုင်ကြောင်းနှင့် ဘုရားသခင်ကို သူကျေနပ်အားရစေသည်ဟူ၍ တစ်ချိန်လုံး ပြောဆိုနေခြင်းမှာ စကားလုံးများသာဖြစ်ကြောင်း သူတွေ့မြင်ခဲ့သည်။ အစေခံသူများနှင့်ဆိုင်သည့် အမှု၏အဆင့်တွင် ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သော်လည်း၊ ယခုပြန်ပြောင်းကြည့်သောအခါ ဘုရားသခင့်အမှု၏ ထိုအဆင့်သည် အံ့သြဖွယ်ကောင်းခဲ့ပေသည်။ ယင်းသည် လူသားအတွက် ကြီးမားသည့် အလှည့်အပြောင်းကို ယူဆောင်လာပေးခဲ့ပြီး သူ၏အသက်တာ စိတ်သဘောထား၌ ကြီးမားသည့် ပြောင်းလဲမှုကို ဖြစ်စေခဲ့သည်။ အစေခံသူများ၏ အချိန်ကာလမတိုင်မီတွင် လူသားသည် အသက်ကို လိုက်စားခြင်းအကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုကြောင်း၊ သို့မဟုတ် ဘုရားသခင့်အမှု၏ ဉာဏ်ပညာအကြောင်းတို့ကို နားလည်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်၏အမှုသည် လူသားကို စစ်ဆေးနိုင်ကြောင်းကိုလည်း သူနားမလည်ခဲ့ပေ။ အစေခံသူများ၏ အချိန်ကာလမှစ၍ ယနေ့ထိတိုင် လူသားသည် ဘုရားသခင်၏အမှုမှာ မည်မျှအံ့သြဖွယ်ကောင်းကြောင်း မြင်တွေ့ရသည်- ထိုအမှုသည် လူသားအတွက် ဉာဏ်မမီနိုင်အောင် နက်နဲ၏။ လူသားသည် ဘုရားသခင် အမှုပြုပုံကို သူ၏ဉာဏ်ကို အသုံးပြု၍ မစဉ်းစားနိုင်ပေ၊ ထို့ပြင် သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ မည်မျှနုနယ်ကြောင်းနှင့် သူ့ထံ၌ မနာခံမှု အလွန်များပြားနေကြောင်းကိုလည်း သူမြင်တွေ့ရသည်။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သောအခါ ယင်းသည် အကျိုးသက်ရောက်မှု တစ်ခုရရှိရန် ဖြစ်ပြီး လူသားကို သူ မကွပ်မျက်ခဲ့ပေ။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သော်လည်း၊ သူသည် နှုတ်ကပတ်တော်အားဖြင့်သာ ကျိန်ဆဲခဲ့ခြင်းဖြစ်ပြီး သူ၏ကျိန်ဆဲခြင်းများသည် လူသားအပေါ် အမှန်တကယ် မကျရောက်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကျိန်ဆဲခဲ့သည်မှာ လူသား၏ မနာခံခြင်းကို ဖြစ်သောကြောင့်ဖြစ်၏၊ ထို့ကြောင့် သူ၏ကျိန်ဆဲခြင်း နှုတ်ကပတ်တော်များမှာလည်း လူသားကို စုံလင်အောင်ပြုရန်ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူသားကို တရားစီရင်သည်ဖြစ်စေ၊ ကျိန်ဆဲသည်ဖြစ်စေ နှစ်ခုစလုံးသည် လူသားကိုစုံလင်စေ၏။ လူသားအတွင်း၌ မသန့်ရှင်းသောအရာကို စုံလင်စေရန် ထိုနှစ်ခုစလုံးကို ပြုခဲ့ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် လူသားသည် စစ်ဆေးခြင်းခံခဲ့ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် အမှုအားဖြင့် လူသားအတွင်း၌ ချို့တဲ့နေသောအရာသည် စုံလင်စေခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားကို စုံလင်စေရန်ဖြစ်ပြီး လုံးဝသင့်လျော်မှုရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သော အမှုကို ခေတ်ကာလအဆက်ဆက်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ သူ၏ဉာဏ်ပညာကို သင်တို့ အသိအမှတ်ပြုစေရန် ယနေ့ သူသည် သင်တို့အတွင်း၌ အမှုပြုခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့၏အတွင်း၌ နာကျင်မှုအချို့ကို ခံစားခဲ့ပြီး သော်လည်း၊ သင်တို့၏စိတ်နှလုံးသည် တည်ကြည်မှုကို ခံစားရပြီး ငြိမ်သက်ခြင်း ရှိနေသည်။ သင်တို့အနေဖြင့် ဘုရားသခင့်အမှု၏ ဤအဆင့်ကို မွေ့လျော်ခံစားနိုင်ခြင်းမှာ သင်တို့၏ ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ အနာဂတ်တွင် သင်တို့အနေဖြင့် မည်သည့်အရာကို ရရှိနိုင်မည်ဖြစ်စေ ယနေ့တွင် သင်တို့အတွင်း၌ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ သင်တို့မြင်ရသမျှမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို မကြုံတွေ့ရပါက၊ သူ၏လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုသည် အပေါ်ယံအဆင့်တွင် အမြဲရှိနေမည်ဖြစ်ပြီး သူ၏စိတ်သဘောထားသည်လည်း အမြဲမပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤအရာအား ဘုရားသခင်၏သိမ်းပိုက်ခြင်းကို ခံထားရခြင်း အဖြစ် မှတ်ယူ၍ ရသလော။ ယနေ့တွင် လူသားအတွင်း၌ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ များစွာရှိနေသေးသော်လည်း၊ လူသား၏ စိတ်သဘောထားကမူ ယခင်ကထက် များစွာတည်ငြိမ်၏။ ဘုရားသခင်က သင့်အား ရိုက်နှက်ဆုံးမခြင်းမှာ သင့်ကို ကယ်တင်ရန် ဖြစ်၏၊ ထို့ပြင် သင့်အနေဖြင့် ထိုအချိန်တွင် နာကျင်မှုအနည်းငယ် ခံစားရနိုင်သော်လည်း၊ သင့်စိတ်သဘောထားထဲ၌ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် နေ့ရက် ရောက်ရှိလာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ပြန်ပြောင်းတွေးကြည့်ပြီး ဘုရားသခင်၏အမှုသည် မည်မျှအမြော်အမြင် ရှိကြောင်းကို မြင်လိမ့်မည်ဖြစ်ကာ၊ ထိုအချိန်၌ ဘုရားသခင်၏ အလိုတော်ကို သင်အမှန်တကယ်နားလည်လိမ့်မည်။ ယနေ့တွင် ဘုရားသခင်၏အလိုတော်ကို နားလည်သည်ဟု ပြောဆိုကြသော လူအချို့ရှိသည်၊ သို့သော် ယင်းမှာ သိပ်လက်တွေ့မကျလှပေ။ စင်စစ်အားဖြင့် ၎င်းတို့သည် မုသားများကို ပြောနေကြခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အလိုတော်မှာ လူသားကို ကယ်တင်ရန်လော၊ သို့မဟုတ် ကျိန်ဆဲရန်လောဆိုသည်ကို လက်ရှိတွင် ၎င်းတို့နားမလည်ကြသေးခြင်းကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သင်သည် ထိုအရာကို သင်ရှင်းလင်းစွာ မမြင်ကောင်း မမြင်နိုင်သေးသော်လည်း၊ လူ့ဘဝကို သင်သိလာပြီး သင့်ဇာတိခန္ဓာသည် ချစ်ခင်ကြင်နာသော ဘုရားသခင်၏ကမ္ဘာထဲ၌ နေထိုင်ရစေရန်၊ သင့်ဝိညာဉ်သည် လွတ်မြောက်မှုကို ရရှိပြီး သင့်အသက်တာသည် ပျော်ရွှင်ခြင်းနှင့် ပြည့်စုံကာ ဘုရားသခင်နှင့် သင်အမြဲနီးကပ်ကာ ဘုရားသခင်ကို သင်အစဉ်မျှော်ကြည့်စေရန် ဘုရားသခင်၏ ဘုန်းတန်ခိုး ထွန်းတောက်သည့်နေ့ရက် ရောက်လာသည်ကို သင်မြင်ရသောနေ့ရက် ရောက်လာမည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ခြင်းမှာ မည်မျှ အဓိပ္ပာယ်ရှိကြောင်း သင်တွေ့မြင်ရလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်၏ ယနေ့ကာလအမှုသည် မည်မျှတန်ဖိုးရှိကြောင်းကို သင်အမှန်တကယ် သိရှိလာလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၉)
ယခု လုပ်ဆောင်ပြီးသော အလုပ်မှာ လူတို့အနေဖြင့် စာတန်ကို စွန့်လွှတ်ရန်၊ ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းကို စွန့်လွှတ်ရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်း အားလုံးသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထပ်တလဲလဲဖြစ်သော အဆိုပါတရားစီရင်ခြင်းများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ တရားစီရင်ခြင်းအားလုံးသည် လူတို့၏ ကံကြမ္မာအပေါ် တိုက်ရိုက်အကျိုးသက်ရောက်ပြီး၊ ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်နာကျင်စေရန် ရည်ရွယ်ခြင်းဖြစ်သောကြောင့်၊ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ အသက်အကြောင်း သိလာမည်၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိလာမည်၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကိုလည်း သိလာပြီး၊ စာတန်၏ ဖျက်စီးခြင်း ခံထားရသော ဤလူသားတို့အကြောင်း သိလာမည် ဖြစ်သည်။ ဤကဲ့သို့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး သာ၍များလေလေ၊ လူ၏ စိတ်နှလုံးအား ပို၍ ထိခိုက်နာကျင်စေနိုင်လေဖြစ်ပြီး၊ သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုး၏ ရည်မှန်းချက်မှာ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး အနက်ဆုံးအထိ လှည့်ဖြားခြင်း ခံထားရသော အဆိုပါ လူတို့၏ ဝိညာဉ်များကို နိုးထပေးရန် ဖြစ်သည်။ လူ၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ၊ သူ၏ဝိညာဉ်သည် ကုန်လွန်ခဲ့သော အတိတ်တွင် သေဆုံးခဲ့ပြီ၊ သူသည် ကောင်းကင်ဘုံရှိကြောင်းကို မသိ၊ ဘုရားသခင်တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူမသိမည်မှာ ကျိန်းသေပါသည်၊ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း မည်သို့သိမည်နည်း။ စာတန်ဖျက်ဆီးခြင်း ခံထားရသည့် သူ၏ပုပ်စပ်သော ဤအသေကောင်သည် သေမင်း၏ မရဏနိုင်ငံသို့ ကျရောက်နေကြောင်း သူမည်သို့သိမည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ပြုပြင်၍ မရနိုင်လောက်အောင် လူသားတို့၏ ဖျက်ဆီးခြင်းကို ခံနေရသည်မှာ ကြာပြီဖြစ်ကြောင်း သူမည်သို့သိမည်နည်း။ ထို့အပြင် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူမည်သို့သိမည်နည်း။ လူတို့သည် ဖြစ်နိုင်သော စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်း အားလုံးကို ကြုံခဲ့ပြီးလျှင်ပင်၊ သူတို့၏ လေးလံထုံထိုင်းသော အသိစိတ်သည် အနည်းငယ်မျှသာ နိုးကြားပြီး၊ တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန်ကျဆင်းယိုယွင်းနေပါတကား။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း၊ ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးပေးသည့်အရာဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက ရလဒ်ရှိလာမည် မဟုတ်ဘဲ၊ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်ခြေရှိမည် မဟုတ်ပါ။ အကယ်၍ ဤအမှုကြောင့်သာ မဟုတ်လျှင်၊ လူတို့၏ စိတ်နှလုံးသည် လွန်လေပြီးသော အတိတ်ကတည်းက သေဆုံးနေခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည်လည်း စာတန်၏ နင်းခြေမှုကို ခံနေရသည်မှာ အချိန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် သူတို့သည် သေမင်း၏ မရဏာနိုင်ငံမှ ရုန်းထွက်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ပျက်စီးဆုံးရှုံးခြင်း ချောက်နက်၏ တွင်းဆုံးအထိ နစ်မြှပ်နေသော သင်တို့ကို ကယ်တင်ရန်အလို့ငှာ သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ရန်၊ အစွမ်းကုန် တရားစီရင်ရန် လိုအပ်ပြီး၊ ထိုသို့ပြုသည့်အခါမှ သင်တို့၏ ရေခဲသဖွယ် အေးစက်နေသော စိတ်နှလုံးကို နိုးထနိုင်ပါလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၀)
ဘုရားသခင်သည် အားလုံးထဲမှ ခေတ်နောက်အကျန်ဆုံးနှင့် အညစ်ညူးဆုံးသော နေရာတွင် လူ့ဇာတိခံလာခဲ့ပြီး ဘုရားသခင်သည် သူ၏ သန့်ရှင်းပြီး ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံကို ရှင်းရှင်းလင်းလင်း ပြသနိုင်သည်မှာ ဤနည်းဖြင့်သာ ဖြစ်သည်။ ပြီးလျှင် မည်သည့်အရာမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ပြသခံရသနည်း။ ယင်းသည် လူသား၏ အပြစ်များကို သူ တရားစီရင်သည့်အချိန်၊ စာတန်ကို သူ တရားစီရင်သည့်အချိန်၊ အပြစ်ကို သူ စက်ဆုပ်သည့်အချိန်နှင့် သူ့ကို ဆန့်ကျင်ပြီး ပုန်ကန်သည့် ရန်သူများကို စက်ဆုပ်ရွံရှာသည့်အခါတွင် ပြသခံရပေသည်။ ယနေ့ ငါ ပြောဆိုသော နှုတ်ကပတ်တော်များသည် လူတို့၏ အပြစ်များကို တရားစီရင်ဖို့၊ လူတို့၏ မဖြောင့်မတ်ခြင်းကို တရားစီရင်ဖို့၊ လူသား၏ မနာခံမှုကို ကျိန်ဆဲဖို့ ဖြစ်ပေသည်။ ဘုရားသခင်၏ အလိုတော်နှင့် ကွဲလွဲသည့် အရာအားလုံးဖြစ်သော လူသား၏ ကောက်ကျစ်မှုနှင့် သစ္စာမဲ့မှု၊ လူသား၏ စကားများနှင့် လုပ်ရပ်များသည် တရားစီရင်ခြင်း ခံရမည် ဖြစ်ပြီး လူသား၏ မနာခံမှုကို အပြစ်အဖြစ် စွတ်စွဲရှုတ်ချခံရပေမည်။ သူ၏နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်း၏ နိယာမများကို ဗဟိုပြုသည်။ သူသည် လူသား၏ မဖြောင့်မတ်မှုအား တရားစီရင်ခြင်း၊ လူသား၏ ပုန်ကန်မှုအား ပျက်စီးစေခြင်းနှင့် လူသား၏ အကျည်းတန် မျက်နှာများအား ဖော်ထုတ်ခြင်းတို့ကို သူ၏ ကိုယ်ပိုင် ဖြောင့်မတ်သော စိတ်သဘောထား ထင်ရှားစေဖို့ရန် အသုံးပြုလေသည်။ သန့်ရှင်းခြင်းသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကိုယ်စားပြုခြင်းတစ်ခု ဖြစ်ပြီး အမှန်တွင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အကယ်စင်စစ် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်ပေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ယနေ့ နှုတ်ကပတ်တော်များ၏ ဆက်စပ်သည့် အကြောင်းအရာဖြစ်သည်- စကားပြောဖို့နှင့် တရားစီရင်ဖို့၊ ပြီးလျှင် သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ဖို့ ၎င်းတို့ကို ငါအသုံးပြု၏။ ဤအရာတစ်ခုတည်းသာ စစ်မှန်သော အမှုဖြစ်ပြီး၊ ဤအရာတစ်ခုတည်းသာ ဘုရားသခင်၏ သန့်ရှင်းခြင်းကို အပြည့်အဝ ထွန်းလင်းစေသည်။ သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အရိပ်အယောင် မရှိပါက၊ သင့်ကို ဘုရားသခင် တရားစီရင်မည် မဟုတ်သကဲ့သို့၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကိုလည်း သင့်ကို ပြလိမ့်မည်မဟုတ်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည့်အတွက်၊ ဘုရားသခင်သည် သင့်ကို သက်ညှာမည် မဟုတ်ပေ၊ ထို့အပြင် သူ၏ သန့်ရှင်းခြင်း ပြသခံရသည်မှာ ဤအရာမှတဆင့် ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ ညစ်ညူးခြင်းနှင့် ပုန်ကန်ခြင်းတို့ အလွန်ကြီးမားသည်ကို တွေ့သော်လည်း၊ သင့်ကို စကားမပြော သို့မဟုတ် သင့်ကို တရားမစီရင်သကဲ့သို့ သင်၏ မဖြောင့်မတ်မှုအတွက် သင့်ကို ပြစ်တင်ဆုံးမခြင်း မပြုပါက၊ သူသည် အပြစ်ကို မုန်းတီးမှု ရှိလိမ့်မည် မဟုတ်သောကြောင့် သူသည် ဘုရားသခင်မဟုတ်သည်ကို ဤအရာက သက်သေပြ ပေလိမ့်မည်။ သူသည် လူသားတမျှ ညစ်ညူးသောသူသာ ဖြစ်ပေလိမ့်မည်။ ယနေ့၊ သင့်ကို ငါ တရားစီရင်သည်မှာ သင်၏ အညစ်အကြေးကြောင့် ဖြစ်ပြီး၊ သင့်ကို ငါ ပြစ်တင်ဆုံးမသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုကြောင့် ဖြစ်သည်။ ငါသည် သင့်အား ငါ၏ တန်ခိုးအာဏာကို ကြွားလုံးထုတ်နေခြင်း မဟုတ်သကဲ့သို့ သင့်ကို တမင်သက်သက် ဖိနှိပ်နေခြင်းလည်း မဟုတ်ပေ။ ဤအညစ်အကြေး နယ်မြေထဲတွင် မွေးဖွားခဲ့ကြသည့် သင်တို့သည် အညစ်အကြေးများဖြင့် အလွန်အကြီးအကျယ် ညစ်ညမ်းပြီးဖြစ်သောကြောင့် ဤအရာများကို ငါပြုခြင်း ဖြစ်ပေသည်။ သင်တို့သည် သင်တို့၏ သမာဓိနှင့် လူသားသဘာဝတို့ကို လုံးဝဆုံးရှုံးပြီးဖြစ်ကာ လောက၏ အညစ်ပတ်ဆုံးနေရာများ၌ မွေးဖွားသည့် ဝက်များကဲ့သို့ သင်တို့ ဖြစ်လာကြပြီးဖြစ်သည်၊ ထို့ကြောင့် သင်တို့ တရားစီရင်ခံရပြီး သင်တို့အပေါ် ငါ၏ အမျက်ဒေါသ ပွင့်ထွက်စေသည်မှာ ဤအရာကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သန့်ရှင်းသော ဘုရားဖြစ်ကြောင်းတို့ကို သင် မြင်နိုင်ခဲ့သည်မှာ ဤတရားစီရင်ခြင်းကြောင့် အတိအကျ ဖြစ်ပေသည်။ သင်တို့ကို သူ တရားစီရင်ပြီး သင်တို့အပေါ်သို့ သူ၏ အမျက်ဒေါသကို ပွင့်ထွက်စေသည်မှာ သူ၏ သန့်ရှင်းခြင်းနှင့် သူ၏ ဖြောင့်မတ်ခြင်းတို့ကြောင့် အတိအကျ ဖြစ်ပေသည်။ လူသား၏ ပုန်ကန်မှုကို သူ မြင်သည့်အခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဘုရားသခင် ထုတ်ဖော်ပြနိုင်သောကြောင့်၊ ပြီးလျှင် လူသား၏ အညစ်အကြေးကို ဘုရားသခင် မြင်သည့်အခါ သူ၏ သန့်ရှင်းခြင်းကို သူ ထုတ်ဖော်ပြနိုင်သောကြောင့်၊ ဤသည်မှာ သူသည် သန့်ရှင်းပြီး သန့်ပြန့်သော်လည်း၊ အညစ်အကြေး နယ်မြေထဲတွင် အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို ပြသရန် လုံလောက်ပေသည်။ လူတစ်ဦးသည် အခြားသူများနှင့်အတူ ဒုစရိုက်နွံထဲတွင် ပျော်မွေ့နေပြီး၊ သူနှင့်ပတ်သက်၍ သန့်ရှင်းသည့်အရာ ဘာမျှမရှိသကဲ့သို့၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထားမရှိပါက၊ သူသည် လူသား၏ မတရားမှုကို တရားစီရင်ဖို့ရန် အရည်အချင်းမပြည့်မီသကဲ့သို့၊ လူသားနှင့်ဆိုင်သော တရားစီရင်ခြင်းကို ဆောင်ရွက်ဖို့ မသင့်တော်ပေ။ လူတစ်ဦးသည် အခြားတစ်ဦးအား တရားစီရင် မည်ဆိုပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် စော်ကား နေကြသကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။ တစ်ဦးနှင့်တစ်ဦး တန်းတူညီမျှ ညစ်ပတ်ပေနေသော လူတို့သည် ၎င်းတို့နှင့် ထပ်တူထပ်မျှဖြစ်သော သူတို့ကို တရားစီရင်ဖို့ရန် အဘယ်သို့ အရည်အချင်း ရှိနိုင်မည်နည်း။ သန့်ရှင်းသော ဘုရားသခင် ကိုယ်တိုင်သာ ညစ်ပတ်ပေရေသော လူသားမျိုးနွယ်တစ်ခုလုံးကို တရားစီရင်နိုင်ပေသည်။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ တရားစီရင်နိုင်မည်နည်း။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ မြင်နိုင်မည်နည်း၊ ပြီးလျှင် ဤအပြစ်များကို ရှုတ်ချဖို့ရန် လူသားသည် အဘယ်သို့ အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်သည် လူသား၏ အပြစ်များကို တရားစီရင်ဖို့ အရည်အချင်း မရှိပါက၊ သူသည် အဘယ်သို့ ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်နိုင်မည်နည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြ ခံရသည့်အခါ၊ လူတို့ကို တရားစီရင်ဖို့အလို့ငှာ ဘုရားသခင် စကားပြောပြီး၊ ထို့နောက်တွင်သာ သူ သန့်ရှင်းသည်ကို လူတို့ မြင်ပေသည်။ သူသည် လူသားကို ၎င်း၏ အပြစ်များအတွက် တရားစီရင်ပြီး ပြစ်တင်ဆုံးမသကဲ့သို့၊ လူသား၏ အပြစ်များကို တစ်ချိန်လုံး ဖော်ထုတ်စဉ်တွင်၊ မည်သည့်လူ သို့မဟုတ် မည်သည့်အရာမျှ ဤတရားစီရင်ခြင်းမှ မလွတ်မြောက်နိုင်ချေ။ ညစ်ညူးသောအရာ အားလုံးသည် သူ၏ တရားစီရင်ခြင်းခံရပြီး၊ ထို့ကြောင့်သာလျှင် သူ၏ စိတ်သဘောထားက ဖြောင့်မတ်သည်ဟု ဆိုနိုင်ပေသည်။ ထိုသို့မဟုတ်ပါက၊ သင်တို့သည် နာမည်နှင့် အမှန်တရား နှစ်ခုလုံးတွင် အဖြည့်ခံများဖြစ်သည်ဟု အဘယ်သို့ ပြောနိုင်မည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၁)
ဣသရေလ၌လုပ်ဆောင်ခဲ့သော အမှုနှင့် ယနေ့ အမှုတို့ကြား ကြီးမားသော ကွဲပြားခြားနားမှုတစ်ခု ရှိ၏။ ယေဟောဝါသည် ဣသရေလအမျိုးသားတို့၏ အသက်တာများကို လမ်းပြခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ များစွာ သိပ်မရှိခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် လောကနှင့်သက်ဆိုင်၍ သိနားလည်မှု အလွန်နည်းပါးခဲ့ပြီး၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အနည်းငယ်သာ ရှိခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က ဣသရေလ အမျိုးသားတို့သည် ယေဟောဝါကို လုံးဝ နာခံခဲ့ကြသည်။ ယဇ်ပလ္လင်များကို တည်ဆောက်ဖို့ ၎င်းတို့ကို ပြောခဲ့သည့် အချိန်တွင်၊ ယဇ်ပလ္လင်များကို ၎င်းတို့ အလျင်အမြန် တည်ဆောက်ခဲ့ကြသည်။ ယဇ်ပရောဟိတ်များ၏ ဝတ်ရုံများကို ဝတ်ဆင်ဖို့ ၎င်းတို့ကို ပြောသည့်အချိန်တွင်၊ ၎င်းတို့ နာခံခဲ့ကြသည်။ ထိုနေ့ရက်ကာလများတွင်၊ ယေဟောဝါသည် သိုးထိန်း၏ လမ်းပြမှုနောက်လိုက်ရင်းနှင့် စားကျက်တွင် မြက်ကိုစားနေသည့် သိုးများနှင့်အတူရှိလျက် သိုးစုတစ်စုကို ထိန်းကျောင်းနေသည့် သိုးထိန်းတစ်ဦးအလား ဖြစ်ခဲ့သည်။ ယေဟောဝါသည် ၎င်းတို့ စားပုံ၊ ဝတ်ပုံ၊ နေထိုင်ပုံနှင့် ခရီးသွားပုံတို့တွင် ၎င်းတို့ကို ဦးဆောင်ရင်း ၎င်းတို့၏ အသက်တာများကို လမ်းပြခဲ့သည်။ ထိုအချိန်က လူသားမျိုးနွယ်သည် မွေးကင်းစဖြစ်ခဲ့သည့်အတွက် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားကို ပေါ်လွင်စေသည့်အချိန် မဟုတ်ခဲ့ပေ။ ပုန်ကန်တတ်ပြီး ရန်မူလိုသူ အနည်းငယ်ရှိခဲ့သည်၊ လူသားမျိုးနွယ်ကြားတွင် ညစ်ညူးမှုများစွာ မရှိခဲ့၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားအဖို့ အဖြည့်ခံအဖြစ် မပြုမူနိုင်ခဲ့ကြချေ။ ဘုရားသခင်၏ သန့်ရှင်းခြင်း ပေါ်လွင်သည်မှာ ညစ်ညူးမှု နယ်မြေမှလာသော လူတို့မှတဆင့် ဖြစ်သည်။ ယနေ့၊ သူသည် ညစ်ညူးမှု နယ်မြေနှင့်ဆိုင်သော ဤလူတို့၌ ပြသသည့် ညစ်ညူးမှုကို အသုံးပြုပြီး တရားစီရင်၏၊ တရားစီရင်မှုအလယ်၌ သူ၏ဖြစ်ခြင်းသည် ဤသို့ ထုတ်ဖော်ပြ ခံရသည်။ အဘယ်ကြောင့် သူ တရားစီရင်သနည်း။ သူသည် အပြစ်ကို စက်ဆုပ်သောကြောင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ပြောဆိုနိုင်ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို မစက်ဆုပ်ပါက၊ အဘယ်ကြောင့် အမျက်ဒေါသ အလွန် ထွက်နိုင်ရမည်နည်း။ သူ၏အတွင်းတွင် စက်ဆုပ်မှု၊ ရွံရှာမှု မရှိပါက၊ လူတို့၏ ပုန်ကန်မှုကို သူ အရေးမစိုက်ပါက၊ သူသည် လူသားကဲ့သို့ ညစ်ညူးသောသူ ဖြစ်သည်ကို ယင်းက သက်သေပြပေလိမ့်မည်။ လူသားကို သူ တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်သည်မှာ ညစ်ညူးခြင်းကို သူ စက်ဆုပ်သောကြောင့်ဖြစ်ပြီး၊ သူ စက်ဆုပ်သည့်အရာသည် သူ့ထံတွင် မရှိပေ။ သူ့အထဲတွင် ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိပါကလည်း၊ ရန်လိုပြီး ပုန်ကန်တတ်သောသူတို့ကို သူ စက်ဆုပ်လိမ့်မည်မဟုတ်။ နောက်ဆုံးသော ကာလ၏ အမှုကို ဣသရေလ၌ သူ ဆောင်ရွက်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် နောက်ဆုံးသောကာလ အမှုကို အားလုံးထဲတွင် အမှောင်ဆုံးနှင့် ခေတ်အနောက်ကျဆုံးသော နေရာဖြစ်သည့် တရုတ်ပြည်၌ လုပ်ဆောင်နေသနည်း။ ယင်းမှာ သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ပြသဖို့အလို့ငှာ ဖြစ်ပေသည်။ အတိုချုပ်အနေဖြင့်၊ နေရာက ပိုမှောင်လေ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရှင်းရှင်းလင်းလင်း ပိုပြသနိုင်လေ ဖြစ်သည်။ အမှန်တွင်၊ ဤအရာအားလုံးသည် ဘုရားသခင်၏ အမှုအတွက်အလို့ငှာ ဖြစ်ပေသည်။ ဘုရားသခင်သည် သင်တို့အလယ်၌ ရပ်ဖို့ရန်၊ ကောင်းကင်မှ ဆင်းကြွလာပြီးဖြစ်သည်၊ သင်တို့၏ ညစ်ညူးမှုနှင့် ပုန်ကန်မှုတို့အားဖြင့် ထင်ရှားလာပြီး ဖြစ်သည်ကို ယနေ့တွင်သာ သင်တို့ နားလည်ကြခြင်းဖြစ်ပြီး၊ ယခုတွင်သာ ဘုရားသခင်ကို သင်တို့ သိကြခြင်း ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသေ ချီးမြှောက်မှု မဟုတ်လော။ အမှန်တွင်၊ သင်တို့သည် အရွေးချယ်ခံရသည့် တရုတ်ပြည်ထဲက လူစုတစ်စု ဖြစ်သည်။ သင်တို့ အရွေးချယ်ခံရပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ကြပြီးဖြစ်သောကြောင့်၊ ပြီးလျှင် ဤကဲ့သို့ ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ဖို့ သင်တို့ မထိုက်တန်သောကြောင့်၊ ဤအရာအားလုံးသည် သင်တို့ကို အထွတ်အထိပ် ချီးမြှောက်ခြင်းဖြစ်သည်ကို ဤအရာက သက်သေပြ လေသည်။ ဘုရားသခင်သည် သင်တို့ထံ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ သန့်ရှင်းသော စိတ်သဘောထားကို အလုံးစုံ သင်တို့အား ပြသလေပြီ၊ ပြီးလျှင် ထိုအရာအားလုံးကို သင်တို့အား သူပေးပြီးဖြစ်ကာ သင်တို့ မွေ့လျော်ဖို့ ဖြစ်နိုင်သည့် ကောင်းချီးမင်္ဂလာအားလုံးကို သင်တို့အား မွေ့လျော်စေလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့ မြည်းစမ်းပြီး ဖြစ်သည်သာမက၊ ၎င်းအပြင် ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဘုရားသခင်၏ ရွေးနုတ်ခြင်းနှင့် ဘုရားသခင်၏ အကန့်အသတ်မဲ့၊ အဆုံးမရှိ ချစ်ခြင်းမေတ္တာကို သင်တို့ မြည်းစမ်းပြီးလေပြီ။ အားလုံးထဲတွင် အညစ်ညူးဆုံးဖြစ်သည့် သင်တို့သည် ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ကြလေပြီ- သင်တို့သည် ကောင်းချီးခံစားရသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်က သင်တို့ကို ချီမနေခြင်း မဟုတ်လော။ အသင် လူတို့သည် အားလုံးထဲတွင် အနိမ့်ကျဆုံးသော အဆင့်အတန်းများ ရှိကြ၏၊ သင်တို့သည် ထိုသို့သော ကြီးမြတ်သည့် ကောင်းချီးမင်္ဂလာတစ်ခုကို မွေ့လျော်ရန် ပင်ကိုအားဖြင့် မထိုက်တန်ကြချေ၊ သို့တိုင် ဘုရားသခင်သည် သင့်ကို ချီမခြင်းဖြင့် ခြွင်းချက်တစ်ခု ပြုလုပ်ပြီးဖြစ်သည်။ သင် မရှက်ဘူးလော။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိပါက၊ နောက်ဆုံးတွင် မိမိကိုယ်ကိုယ် အရှက်ရလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကိုယ် အပြစ်ပေးလိမ့်မည်။ ယနေ့တွင်၊ သင်သည် ဆုံးမပဲ့ပြင်ခြင်း မခံရသကဲ့သို့ အပြစ်ပေးမခံရပေ။ သင်၏ ဇာတိပကတိသည် လုံခြုံပြီး အကောင်းပကတိဖြစ်၏- သို့သော် နောက်ဆုံးတွင် ဤနှုတ်ကပတ်တော်များက သင့်ကို အရှက်ရ စေလိမ့်မည်။ ယနေ့ထိ၊ မည်သူကိုမျှ ငါသည် ပွင့်ပွင့်လင်းလင်း ပြစ်တင်ဆုံးမခြင်း မပြုသေး။ ငါ၏ နှုတ်ကပတ်တော်များသည် ပြင်းထန်ကောင်း ပြင်းထန်နိုင်သည်၊ သို့သော် လူတို့အပေါ် ငါ အဘယ်သို့ ပြုမူသနည်း။ ၎င်းတို့ကို ငါ နှစ်သိမ့်ပြီး တိုက်တွန်းကာ သတိပေး၏။ ငါသည် သင်တို့ကို ကယ်တင်ဖို့ထက် မည်သည့် အကြောင်းရင်းအတွက်မျှ ငါ မလုပ်ဆောင်ပေ။ ငါ၏ အလိုကို အမှန်တကယ် သင်တို့ နားမလည်သလော။ ငါပြောသည့်အရာကို သင်တို့နားလည်သင့်ပြီး ယင်းအားဖြင့် လှုံ့ဆော်ခံရသင့်၏။ ယခုအချိန်တွင်သာ နားလည်သောသူ များစွာ ရှိပေသည်။ ဤသည်မှာ အဖြည့်ခံဖြစ်ခြင်း၏ ကောင်းချီးမင်္ဂလာ မဟုတ်လော။ အဖြည့်ခံဖြစ်ခြင်းသည် ကောင်းချီး အခံစားရဆုံးသောအရာ မဟုတ်လော။ နောက်ဆုံးတွင်၊ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ သင်တို့သွားသည့်အခါ၊ “ကျွန်ုပ်တို့သည် သာမန် အဖြည့်ခံများ ဖြစ်ကြသည်” ဟု သင်တို့ ပြောလိမ့်မည်။ ၎င်းတို့က “သင်တို့က သာမန် အဖြည့်ခံများဖြစ်သည် ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း” ဟု သင်တို့ကို မေးကြလိမ့်မည်။ ပြီးလျှင် သင်က “ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုအဖို့နှင့် သူ၏ ကြီးမားသော တန်ခိုးအာဏာအဖို့ အဖြည့်ခံဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံသည် ကျွန်ုပ်တို့၏ ပုန်ကန်မှုအားဖြင့် ဖော်ပြခံရသည်။ ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ ဘုရားအမှုတော်၏ အသုံးတော်ခံအရာများ ဖြစ်ကြသည်၊ သူ့ အမှုတော်နှင့် တွဲဆက်ထားသော အရာများ ဖြစ်ကြပြီး ယင်း၏ တန်ဆာပလာများလည်း ဖြစ်ကြသည်” ဟု ပြောကြလိမ့်မည်။ ယင်းကို ၎င်းတို့ ကြားသည့်အခါ၊ စိတ်ဝင်စားကြလိမ့်မည်။ ထို့နောက်၊ သင်က၊ “ကျွန်ုပ်တို့သည် စကြဝဠာတစ်ခုလုံးနှင့်ဆိုင်သော ဘုရားသခင်၏ အမှု ပြီးပြည့်စုံခြင်းနှင့် လူသားမျိုးနွယ်အားလုံးကို သူ၏ သိမ်းပိုက်ခြင်း အတွက် နမူနာများနှင့် စံပုံစံများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသည်ဖြစ်စေ၊ ညစ်ညူးသည်ဖြစ်စေ၊ အချုပ်အားဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မြင်တွေ့ပြီးဖြစ်သည့်အတွက် သင်တို့ထက် သာ၍ ကောင်းချီး ခံစားရဆဲဖြစ်ပြီး ကျွန်ုပ်တို့ကို သူ၏ သိမ်းပိုက်ခြင်း အခွင့်အလမ်းမှတစ်ဆင့်၊ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို ပြသပေသည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားက အစပျိုးလိုက်သည်မှာ ကျွန်ုပ်တို့ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို ဤသို့ သက်သေခံနိုင်စွမ်း ရှိကြသလော။ သင်တို့သည် အရည်အချင်း မပြည့်မီကြပေ။ ဤသည်မှာ ကျွန်ုပ်တို့ကို ဘုရားသခင် ချီးမြှောက်ခြင်းမှလွဲ၍ ဘာမျှမဟုတ်ပေ။ ကျွန်ုပ်တို့သည် စိတ်ကြီးမဝင်သော်လည်း၊ မည်သူမျှ ထိုသို့သော ကြီးမြတ်သည့် ကတိတော်တစ်ခုကို မမွေ့လျော်နိုင်သကဲ့သို့၊ မည်သူမျှ ထိုသို့သော ကြီးမြတ်သည့် ကောင်းချီးမင်္ဂလာတစ်ခုကို မမွေ့လျော်နိုင်သည့် အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ ဝင့်ကြွားစွာ ချီးမွမ်းနိုင်၏။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်း အလွန်ညစ်ညူးသူများဖြစ်သည့် ကျွန်ုပ်တို့သည် အဖြည့်ခံများအဖြစ် အလုပ်လုပ်နိုင်ကြသည့်အတွက် ကျွန်ုပ်တို့ အလွန် ကျေးဇူးတင်ရှိကြသည်” ဟု ပြောလိမ့်မည်။ ၎င်းတို့က၊ “နမူနာများနှင့် စံပုံစံများဆိုသည်မှာ အဘယ်နည်း” ဟု မေးကြသည့်အခါ၊ သင်က “ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ထဲမှ အပုန်ကန်ဆုံးနှင့် အညစ်ညူးဆုံးဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်၏ အကြီးကျယ်ဆုံး ဖျက်ဆီးခြင်း ခံရကြပြီးဖြစ်ကာ၊ ဇာတိပကတိနှင့်သက်ဆိုင်၍ ခေတ်အနောက်ကျဆုံးနှင့် အနိမ့်ကျဆုံး ဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်၏ အသုံးပြုခြင်း ခံရသူများ၏ ဂန္တဝင် ပုံသက်သေများ ဖြစ်သည်။ ယနေ့တွင်၊ ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ကြားတွင် ပထမဆုံး သိမ်းပိုက်ခံမည့်သူများအဖြစ် ဘုရားသခင်၏ ရွေးချယ်ခြင်း ခံရပြီးဖြစ်ကာ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်တို့ ရှုမြင်ရပြီး ဖြစ်သကဲ့သို့ သူ၏ ကတိကို အမွေခံရပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် လူတို့ကို ထပ်ပြီး သိမ်းပိုက်ဖို့ အသုံးပြုခံနေရခြင်းဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ကြားတွင် သိမ်းပိုက်ခံရသူများ၏ နမူနာများနှင့် စံပုံစံများ ဖြစ်ကြပေသည်” ဟု ပြောလိမ့်မည်။ ဤစကားများထက် ပိုမိုကောင်းမွန်သည့် သက်သေခံချက် မရှိသကဲ့သို့၊ ဤသည်မှာ သင်၏ အကောင်းဆုံးသော အတွေ့အကြုံ ဖြစ်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၂)
အသင်လူတို့အပေါ် ပြုသော သိမ်းပိုက်ခြင်းအမှုသည် အနက်ရှိုင်းဆုံးသော အရေးပါမှုနှင့် သက်ဆိုင်ပေသည်- တစ်ဖက်၌ ဤအမှု၏ ရည်ရွယ်ချက်မှာ လူတစ်စုကို စုံလင်စေဖို့၊ ဆိုလိုသည်မှာ- အဦးသီးသော အသီးများဟု အဓိပ္ပါယ်ရသည့် စုံလင်စေခြင်းခံရသည့် ပထမ လူတစ်စုအဖြစ်- အောင်မြင်သောသူများ ဖြစ်လာနိုင်ကြဖို့အလို့ငှာ ၎င်းတို့ကို စုံလင်စေဖို့ ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ယင်းသည် ဖန်ဆင်းခံသတ္တဝါများအား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားခွင့်ပေးဖို့၊ ဘုရားသခင်၏ ပြည့်ဝကာ အကြီးမြတ်ဆုံးသော ကယ်တင်ခြင်းကို ရရှိခွင့်ပေးဖို့၊ လူသားကို ကရုဏာနှင့် မေတ္တာသာမက၊ သာ၍ အရေးကြီးသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို မွေ့လျော်ခံစားခွင့်ပေးဖို့ဖြစ်သည်။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ယခုအချိန်ထိ၊ သူ၏အမှု၌ ဘုရားသခင် လုပ်ဆောင်ပြီးသမျှအားလုံးသည် လူသားအတွက် မည်သည့်မုန်းတီးခြင်းမျှ မရှိဘဲ၊ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သင်တွေ့မြင်ပြီးဖြစ်သည့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပင် သာ၍မှန်ကန်ပြီး သာ၍စစ်မှန်သော ချစ်ခြင်းမေတ္တာ၊ လူ့ဘဝ၏ မှန်သောလမ်းကြောင်းပေါ်သို့ လူတို့ကို ဦးဆောင်လမ်းပြသော ချစ်ခြင်းမေတ္တာ ဖြစ်ပေသည်။ နောက်ထပ်တစ်ဖက်တွင်၊ ယင်းသည် စာတန်၏ရှေ့တွင် သက်သေခံဖို့ ဖြစ်ပေသည်။ ပြီးလျှင်နောက်တစ်ဖက်၌၊ ယင်းသည် အနာဂတ် ဧဝံဂေလိတရားအလုပ်ကို ဖြန့်ဝေခြင်းအတွက် အုတ်မြစ်တစ်ခု ချရန်ဖြစ်သည်။ လူတို့သည် မည်သို့ အသက်ရှင်ရမည်ကို မသိကြသည့်အပြင် လမ်းပြမှုမရှိဘဲ သင်သည် အနှစ်မဲ့သော အသက်တာများကိုသာ အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး သင်၏ အသက်တာသည် တန်ဖိုး သို့မဟုတ် အဓိပ္ပာယ် ကင်းမဲ့လိမ့်မည်ဖြစ်ကာ၊ ပုံမှန်လူတစ်ဦးဖြစ်ခြင်းငှာ သင် လုံးဝ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သည့်အတွက်၊ လူတို့အနေဖြင့် သာမန်လူများအဖြစ် အသက်ရှင်နိုင်ကြဖို့အလို့ငှာ၊ သူလုပ်ဆောင်ပြီးသမျှ အမှုအားလုံးသည် လူတို့ကို လူ့အသက်တာ၏ မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ ဤသည်မှာ လူသားကို သိမ်းပိုက်ခြင်း၏ အနက်ရှိုင်းဆုံးသော အရေးပါမှုဖြစ်သည်။ သင်တို့အားလုံးသည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြ၏။ သင်တို့၌ သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်သည့်အခါတွင်၊ ယင်းသည် ကြီးမားသော ကယ်တင်ခြင်း ဖြစ်ပေသည်။ သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နယ်မြေတစ်ခုတွင် အသက်ရှင်ကြပြီး၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးကာ အပြစ်နှင့်ပြည့်သော သူများဖြစ်ကြလေသည်။ ယနေ့တွင်၊ သင်တို့သည် ဘုရားသခင်ကို မကြည့်နိုင်သည်သာမက၊ သာ၍အရေးကြီးသည်မှာ၊ သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရရှိပြီးဖြစ်သည်၊ အမှန်တကယ် နက်နဲသော ကယ်တင်ခြင်းကို သင်တို့ ရရှိပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို ရရှိပြီးဖြစ်ပေသည်။ သူ လုပ်ဆောင်သမျှအားလုံးတွင်၊ ဘုရားသခင်သည် သင်တို့အပေါ် အမှန်တကယ် ချစ်ခင်ပေသည်။ သူသည် မကောင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ပြီး ဤကြီးမားလှသော ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့၏ အပြစ်များကြောင့် သင်တို့ကို သူ တရားစီရင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို လူသားအား စုံလင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်၊ ဘုရားသခင်သည် လူသားကိုကယ်တင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ၊ သူ၏ လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားများကို လုံးဝ ဖျက်ဆီးရန် ဆန္ဒမရှိပေ။ ယနေ့တွင်၊ သူသည် သင်တို့အလယ် အမှုပြုရန် ကြွလာပြီးဖြစ်ကာ၊ ထိုသို့သော ကယ်တင်ခြင်းသည် သာ၍ပင် ကြီးမားသည် မဟုတ်လော။ သူသည် သင်တို့ကို မုန်းခဲ့ပါက၊ သင်တို့ကို သူကိုယ်တိုင် လမ်းပြရန် ထိုမျှအရေးပါမှု အတိုင်းအတာရှိသော အမှုကို လုပ်ဆောင်လိမ့်ဦးမည်လော။ သူသည် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခခံရမည်နည်း။ ဘုရားသခင်သည် သင်တို့ကို မမုန်းပေ သို့မဟုတ် သင်တို့အပေါ် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို သင်တို့သိသင့်သည်။ လူတို့ကို တရားစီရင်ခြင်းမှတစ်ဆင့် သူ ကယ်တင်ရသည်မှာ လူတို့ မနာခံသောကြောင့်သာ ဖြစ်ပေသည်။ ဤအတွက်သာ မဟုတ်ပါက၊ ၎င်းတို့ကို ကယ်တင်ခြင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။ သင်တို့သည် မည်သို့အသက်ရှင်ရမည်ကို မသိသကဲ့သို့၊ မည်သို့အသက်ရှင်ရမည်ကို သတိပင် မမူမိသောကြောင့်၊ ပြီးလျှင် သင်တို့သည် ကာမဂုဏ် လွန်ကျူးကာ အပြစ်နှင့်ပြည့်သော ဤနယ်မြေတွင် အသက်ရှင်ပြီး၊ သင်တို့ကိုယ်တိုင်သည် ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်ကြသောကြောင့်၊ ဘုရားသခင်သည် သင်တို့ကို သာ၍ အကျင့်ပျက်လာခွင့် မပေးရက်ပေ၊ စာတန်၏ သဘောရှိ နင်းခြေခြင်းကို ခံရလျက်၊ ဤညစ်ညူးသောနယ်မြေ၌ ယခု သင်တို့ အသက်ရှင်သည့်အတိုင်း၊ အသက်ရှင်နေကြသည်ကို မကြည့်ရက်သကဲ့သို့၊ မရဏနိုင်ငံထဲသို့ သင်တို့ကို ကျဆင်းခွင့် မပေးရက်နိုင်ပေ။ ဘုရားသခင်သည် ဤလူစုကိုသာ ရရှိချင်ပြီး သင်တို့ကို လုံးလုံးလျားလျား ကယ်တင်ချင်၏။ ဤသည်မှာ သင်တို့အပေါ် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်- ယင်းမှာ ကယ်တင်ခြင်းအတွက်သာ ဖြစ်သည်။ သင့်အပေါ်၌ ပြုထားသမျှ အားလုံးသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း ဖြစ်သည်ကို သင်မမြင်နိုင်လျှင်၊ ယင်းသည် လူကို ညှဉ်းဆဲဖို့ နည်းစနစ်တစ်ခု၊ နည်းလမ်းတစ်ခုသာဖြစ်ပြီး ယုံကြည်စိတ်ချ၍မရသော အရာတစ်ခု ဖြစ်သည်ဟု သင်ထင်ပါက၊ သင်သည် နာကျင်မှုနှင့် အခက်အခဲများကိုခံရန် သင်၏လောကသို့ ပြန်သွားပါက သာ၍ကောင်းပေမည်။ အကယ်၍ သင်သည် ဤရေစီးကြောင်း၌ ရှိရန်နှင့် ဤတရားစီရင်ခြင်းနှင့် ဤအလွန်ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ရန်၊ ဤကောင်းချီးမင်္ဂလာများအားလုံး၊ လူ့လောကတွင် မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်သည့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရန်နှင့် ဤချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန် လိုလားလျက်ရှိပါက၊ ကောင်းကောင်း နေလော့။ သင့်အနေဖြင့် စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ၊ သိမ်းပိုက်ခြင်းအမှုကို လက်ခံရန် ဤရေစီးကြောင်း၌ နေလော့။ ယနေ့တွင်၊ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့် နာကျင်မှုနှင့် စစ်ဆေးမှု အနည်းငယ်ကို ခံစားကောင်း ခံစားရနိုင်သော်လည်း၊ ဤနာကျင်မှုကို ခံစားခြင်းတွင် တန်ဖိုးနှင့်အဓိပ္ပာယ် ရှိလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအားဖြင့် စစ်ဆေးခံရကာ ရက်စက်စွာ ဖော်ထုတ်ခံရသော်လည်း- ရည်မှန်းချက်မှာ ၎င်းတို့အပြစ်များအတွက် ၎င်းတို့ကို အပြစ်ပေးခြင်း၊ ၎င်းတို့၏ ဇာတိပကတိကို အပြစ်ပေးခြင်း ဖြစ်ပြီး- ဤအမှုထဲက မည်သည့်အရာမျှသည် ၎င်းတို့၏ ဇာတိပကတိကို ပျက်စီးခြင်းသို့ စီရင်ဖို့ မရည်ရွယ်ထားပေ။ နှုတ်ကပတ်တော်၏ ပြင်းထန်သော ထုတ်ဖော်ပြမှုများအားလုံးသည် သင့်ကို မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ သင်တို့သည် ဤအမှုနှင့် သက်ဆိုင်၍ အလွန်များစွာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးဖြစ်ကာ၊ ယင်းသည် သိသာထင်ရှားစွာ သင်တို့ကို ဆိုးယုတ်သော လမ်းကြောင်းတစ်ခုပေါ်သို့ မဆိုက်ရောက်စေခဲ့လေပြီတကား။ ထိုအရာအားလုံးသည် သင့်ကို ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်စေဖို့ ဖြစ်ပြီး၊ ထိုအရာအားလုံးကို သင်၏ပုံမှန်လူ့သဘာဝဖြင့် ရရှိနိုင်ပေသည်။ ဘုရားသခင်၏ အမှုအဆင့်တိုင်းသည် သင်၏လိုအပ်ချက်များအပေါ် အခြေပြုပြီး၊ သင်၏ အားနည်းချက်များအရ ဖြစ်ကာ သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုအရ ဖြစ်ပြီး၊ မခံနိုင်သောဝန်ကို သင်တို့အပေါ်၌ မထားရှိပေ။ ဤအရာသည် ယနေ့ သင့်အဖို့ မရှင်းလင်းသကဲ့သို့၊ ငါသည် သင့်အပေါ်၌ ခက်ထန်လျက်ရှိသည့်အလား သင် ခံစားရကာ၊ စင်စစ် သင့်ကို ငါ နေ့စဉ် ပြစ်တင်ဆုံးမကာ၊ တရားစီရင်ပြီး အပြစ်တင်သည့်အကြောင်းရင်းမှာ သင့်ကို ငါ မုန်းသောကြောင့် ဖြစ်သည်ဟု သင် အမြဲ ယုံကြည်ပေသည်။ သို့သော် သင် ခံစားရသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သော်လည်း၊ ဤသည်မှာ အမှန်တွင် သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အကြီးမားဆုံးသော ကွယ်ကာမှု ဖြစ်သည်။ ဤအမှု၏ သာ၍ နက်ရှိုင်းသော အဓိပ္ပာယ်ကို သင် သဘောမပေါက်နိုင်ပါက၊ သင့်အနေဖြင့် ဆက်လက် တွေ့ကြုံခံစားဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤကယ်တင်ခြင်းသည် သင့်ကို ကိုယ်စိတ်ချမ်းသာခြင်း ဆောင်ကြဉ်းပေးသင့်ပေသည်။ အသိစိတ် ဝင်လာဖို့ မငြင်းနှင့်။ ဤအထိ ရောက်ရှိပြီးဖြစ်သဖြင့်၊ သိမ်းပိုက်ခြင်းအမှု၏ အရေးပါမှုသည် သင့်အဖို့ သိသာထင်ရှားသင့်သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ ထင်မြင်ချက်များကို တစ်နည်းနည်းဖြင့် သင် မစွဲကိုင်သင့်တော့ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၃)
နောက်ဆုံးသောကာလတစ်လျှောက်လုံး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း၊ ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော အနားယူခြင်းထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ သို့ဖြစ်ရာ အနားယူခြင်းထဲသို့ ဝင်ရောက်သော သူတို့သည် ဘုရားသခင်၏ နောက်ဆုံးသန့်စင်စေခြင်းအမှုကို ဖြတ်ကျော်ပြီးမှသာလျှင် စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက် လွတ်မြောက်ပြီးသား၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးသား ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်သော ထိုသူတို့သည် နောက်ဆုံးသော အနားယူခြင်းထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှု၏ အနှစ်သာရသည် လူသားတို့ကို သန့်ရှင်းစေရန်ဖြစ်ပြီး ယင်းသည် နောက်ဆုံးသော အနားယူရာနေ့အတွက်ဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ် တစ်ရပ်လုံးသည် သူတို့၏ ကိုယ်ပိုင်အမျိုးအစားနောက်သို့ လိုက်နိုင် ကြမည်မဟုတ်ပေ၊ သို့မဟုတ် အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤအမှုသည် လူသားအတွက် အနားယူခြင်းထဲသို့ ဝင်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားမျိုးနွယ်ကို သူတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင် စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်အကြားမှ မနာခံသော ထိုအရာများကို ဖော်ထုတ်လိမ့်မည်။ ထိုသို့ဖြင့် ကယ်တင်ခြင်း ခံရနိုင်သူတို့ကို မခံရနိုင်သူတို့နှင့် ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများနှင့် ခွဲခြားထားလိမ့်မည်။ ဤအမှုပြီးဆုံးသောအခါ ကျန်ရှိရန် ခွင့်ပြုထားသောသူများ အားလုံးသည် သန့်စင်စေခြင်း ခံကြရပြီး၊ လူ့သဘာဝ၏ ပိုမိုမြင့်မားသော အခြေအနေထဲသို့ ဝင်ရောက် ရမည်ဖြစ်ကာ ယင်းတွင် ပိုမိုပျော်ရွှင်ဖွယ်ကောင်းသော ဒုတိယ လူသားဘဝကို ကမ္ဘာမြေပေါ်တွင် ခံစားကြရမည်။ တစ်နည်းအားဖြင့် ဆိုသော် သူတို့သည် သူတို့၏ လူသား အနားယူရာနေ့ကို စတင်ကြပြီး ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ မကျန်ရှိနိုင်သော သူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံကြရ ပြီးနောက်တွင် သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်မှာ လုံးဝဥဿုံ ထုတ်ဖော်ခြင်းခံရလိမ့်မည်။ ထို့နောက်တွင် သူတို့အားလုံးသည် စာတန်ကဲ့သို့ပင် ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီး ပေါ်တွင် ဆက်လက်ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားတို့တွင် ဤကဲ့သို့သောလူများ ဆက်လက်ပါဝင်တော့မည် မဟုတ်ပေ၊ ထိုလူများသည် လုံးဝအနားယူရာပြည်အတွင်းသို့ ဝင်ရောက်ရန် မထိုက်တန်ကြသကဲ့သို့ ဘုရားသခင်နှင့် လူသားတို့ မျှဝေခံစားကြမည့် အနားယူရာနေ့ရက်ကို ဝင်ရောက်ရန်လည်း မထိုက်တန်ကြပေ။ အကြောင်းမှာ ထိုသူတို့သည် အပြစ်ဒဏ်ပေးခြင်းကို ခံရမည့် ပစ်မှတ်များဖြစ်ကြပြီး ကောက်ကျစ်စဉ်းလဲသူများဖြစ်ကာ သူတို့သည် မဖြောင့်မတ်သောလူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ သူတို့သည် တစ်ချိန်က ရွေးနုတ်ခြင်းခံခဲ့ရပြီး၊ သူတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်၊ သူတို့သည် ဘုရားသခင်အတွက် တစ်ချိန်က အစေခံခဲ့ကြရသည်၊ သို့သော်လည်း နောက်ဆုံးနေ့ရက် ရောက်လာသောအခါ သူတို့၏ ကိုယ်ပိုင်စဉ်းလဲခြင်းကြောင့်၊ သူတို့၏ ကိုယ်ပိုင်နာမခံခြင်းနှင့် ရွေးနုတ်၍မရနိုင်ခြင်းတို့ကြောင့် ဖယ်ရှားခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ခံကြရလိမ့်မည်။ သူတို့သည် အနာဂတ်ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် တည်ရှိတော့မည်မဟုတ်၊ ထို့ပြင် သူတို့သည် အနာဂတ်လူသားမျိုးနွယ်စု အကြားတွင်လည်း ဆက်လက်တည်ရှိတော့မည်မဟုတ်ပေ။ လူသားများ အကြား သန့်ရှင်းသူတို့ အနားယူခြင်းထဲသို့ ဝင်ရောက်သည့်အခါ မကောင်းမှုလုပ်သောသူမှန်သမျှနှင့်၊ ကယ်တင်ခြင်းမခံရသောသူ မှန်သမျှတို့မှာ သေဆုံးသူတို့၏ ဝိညာဉ်အနေဖြင့် ရှိသည်ဖြစ်စေ၊ အသွေးအသားဖြင့် အသက်ရှင်လျက်ရှိသည်ဖြစ်စေ ဖျက်ဆီးခြင်းခံ ကြရမည်။ မကောင်းမှုလုပ်သည့် ထိုဝိညာဉ်များနှင့် မကောင်းမှုလုပ်သည့် လူများ၊ သို့မဟုတ် ဖြောင့်မတ်သည့်လူများ၏ ဝိညာဉ်များနှင့် ဖြောင့်မတ်ခြင်းကိုပြုသော ထိုလူတို့သည် မည်သည့်ခေတ်ကာလနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မကောင်းမှုကိုလုပ်သူတိုင်း ဖျက်ဆီးခြင်း ခံရမည်ဖြစ်ပြီး၊ ဖြောင့်မတ်သည့် မည်သူမဆို ရှင်ကျန်ရစ်လိမ့်မည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ဝိညာဉ်တစ်ခုအနေဖြင့် ကယ်တင်ခြင်းရမည်၊ မရမည်မှာ နောက်ဆုံးသောခေတ်၏ အမှုအပေါ်ကို အခြေခံ၍ လုံးလုံးအဆုံးအဖြတ်ပေးသည် မဟုတ်ဘဲ၊ ယင်းအစား ထိုသူတို့သည် ဘုရားသခင်အပေါ် ဆန့်ကျင်ခဲ့သလော၊ သို့မဟုတ် မနာခံခဲ့သလော ဆိုသည့်အချက်အပေါ်ကိုအခြေခံပြီး အဆုံးအဖြတ်ပေး သည်။ အကယ်၍ ယခင်ခေတ်ကာလက လူများသည် မကောင်းမှု ပြုလုပ်ခဲ့ပြီး ကယ်တင်၍မရနိုင်ပါက၊ သူတို့သည် အပြစ်ဒဏ်ပေးခြင်း ခံရမည့် ပစ်မှတ်များ အသေအချာပင် ဖြစ်ကြပေမည်။ ယနေ့ ခေတ်ကာလရှိ လူများသည် မကောင်းမှုကျူးလွန်ပြီး ကယ်တင်၍ မရနိုင်ပါက၊ သူတို့သည်လည်း သေချာပေါက် အပြစ်ဒဏ်ပေးခြင်းခံရမည့် ပစ်မှတ်များဖြစ်သည်။ လူများကို ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံ၍ ခွဲခြားသည်၊ ခေတ်ကိုအခြေခံပြီး ခွဲခြားခြင်းမဟုတ်ပေ။ ထို့သို့ အမျိုးအစားခွဲခြားပြီးသည့်အခါ သူတို့သည် ချက်ချင်း အပြစ်ဒဏ် ပေးခြင်း သို့မဟုတ် ဆုလာဘ်ပေးခြင်း ခံရမည်မဟုတ်ပေ။ ယင်းအစား ဘုရားသခင်သည် သူ၏ မကောင်းသောသူများကို အပြစ်ဒဏ်ပေးသော အမှုနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးသောအမှုတို့ကို နောက်ဆုံးကာလတွင် သူ၏သိမ်းပိုက်ခြင်းအမှုကို သူထမ်းဆောင်ပြီး မှသာ လုပ်ဆောင်လိမ့်မည်။ အမှန်တကယ်အားဖြင့် သူသည် လူသားတို့အကြားတွင် သူ၏အမှုကို လုပ်ဆောင်ပြီးချိန်မှစ၍ ကောင်းမှုနှင့် မကောင်းမှုတို့ကို အသုံးပြုလျက် လူသားတို့ကို ခွဲခြားနေခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူ၏အမှုပြီးစီးသည့်အခါ ကောက်ကျစ်စဉ်းလဲသူနှင့် ဖြောင့်မတ်သူများကို ခွဲခြားပြီးနောက်တွင် မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းအမှုနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းအမှုတို့ကို ချက်ချင်း လုပ်ဆောင်မည့်အစား သူ၏အမှုပြီးစီးချိန်တွင် ဖြောင့်မတ်သူများကို ဆုလာဘ်ပေးပြီး ကောက်ကျစ်စဉ်းလဲသူများကို အပြစ်ဒဏ်ပေးရုံသာ ပြုလိမ့်မည်။ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် သူ၏ နောက်ဆုံးအမှုသည် လူသားအားလုံးကို လုံးဝသန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ထိုသို့အားဖြင့် သူသည် သန့်ရှင်းသော လူသားအားလုံးကို ထာဝရအနားယူခြင်းထဲသို့ ဆောင်ယူသွားရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံးအလုပ်ဖြစ်သည်။ ယင်းမှာ သူ့စီမံခန့်ခွဲမှု အလုပ်တစ်ခုလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ကောက်ကျစ်စဉ်းလဲသူများကို မဖျက်ဆီးဘဲ သူတို့ကို ကျန်ရှိစေပါက၊ လူသားအားလုံးတို့သည် အနားယူခြင်းထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိလိမ့်မည်။ ထို့အပြင် ဘုရားသခင်သည် လူသားအားလုံးကို ပိုမိုကောင်းမွန်သော နိုင်ငံတော်သို့ ခေါ်ဆောင်မသွားနိုင်ဘဲ ရှိလိမ့်မည်။ ဤအမှုမျိုးသည် အဆုံးတိုင် ပြီးစီးခြင်းရှိမည်မဟုတ်ပေ။ သူ့အမှုကို သူအပြီးသတ်သည့်အခါ လူသားအားလုံးတို့သည် လုံးဝသန့်ရှင်းကြလိမ့်မည်။ ထိုသို့သော အနေအထားမျိုးမှသာလျှင် ဘုရားသခင်သည် အနားယူခြင်း၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပေမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၄)
ငါ၏ခြေလှမ်းများသည် စကြဝဠာအနှံ့နှင့် ကမ္ဘာမြေ အဆုံးထိ နင်းလျှောက်၏၊ ငါ၏မျက်လုံးများသည် လူတစ်ဦးစီတိုင်းကို စဉ်ဆက်မပြတ် ဆန်းစစ်နေကြပြီး ထိုမျှမက စကြဝဠာကို တပေါင်းတစည်းတည်း ငါစောင့်ကြည့်သည်။ ငါ၏နှုတ်ကပတ်တော်များသည် စကြဝဠာ၏ နေရာတိုင်းတွင် အမှန်တကယ် အမှုပြုလျက်ရှိသည်။ ငါ့ကို အစေခံခြင်းအမှု မပေးဘဲနေဝံ့သူ မည်သူမဆို၊ ငါ့အပေါ် သစ္စာမစောင့်သိဘဲ နေဝံ့သူ မည်သူမဆို၊ ငါ့နာမကို အကဲဖြတ်ဝေဖန်ဝံ့သူ မည်သူမဆိုနှင့်၊ ငါ၏သားများကို ပုတ်ခတ်ဝေဖန်ပြီး အသရေဖျက်ဝံ့သူ မည်သူမဆို- ထိုသို့ အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း ရှိသူတို့သည် ပြင်းထန်သော တရားစီရင်ခြင်းကို ကြုံကြရမည်။ ငါ၏ တရားစီရင်ခြင်းသည် အလုံးစုံ ကျရောက်လိမ့်မည်၊ ဆိုလိုသည်မှာ ယခုအချိန်သည် တရားစီရင်ခြင်းခေတ် ဖြစ်ကာ ငါ၏တရားစီရင်ခြင်းသည် စကြဝဠာ လောက တစ်လျှောက်လုံး တိုးချဲ့သည်ကို ဂရုတစ်စိုက် စောင့်ကြည့်လေ့လာခြင်းမှတစ်ဆင့် သင် တွေ့ရှိရလိမ့်မည် ဖြစ်သည်။ ဟုတ်ပေ၏၊ ငါ၏ အိမ်သည် ကင်းလွတ်လိမ့်မည် မဟုတ်။ ၎င်းတို့၏ အတွေးများ၊ စကားများနှင့် အပြုအမူများ ငါ၏ အလိုနှင့် မကိုက်ညီသူတို့ထံ တရားစီရင်ခြင်း လာလိမ့်မည်။ ဤအရာကို နားလည်လော့။ ငါ၏ တရားစီရင်ခြင်းသည် လူတစ်စု သို့မဟုတ် အမှုအရာများကိုသာ ဦးတည်သည်မဟုတ်ဘဲ၊ စကြဝဠာ လောက တစ်ခုလုံးကို ဦးတည်ပေသည်။ ဤအရာကို သင် နားလည်လာပြီလော။ ငါနှင့်ပတ်သက်၍ စိတ်ထဲက သင်၏ အတွေးများတွင် ကွဲလွဲမှုရှိပါက၊ သင်သည် အတွင်းကျကျ ချက်ချင်း တရားစီရင်ခံရလိမ့်မည်။
ငါ၏တရားစီရင်ခြင်းသည် ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ပုံစံအမျိုးမျိုးဖြင့် လာ၏။ ဤအရာကို သိကြလော့။ ငါသည် စကြဝဠာ လောက၏ အတုမဲ့ဖြစ်ပြီး ဉာဏ်ပညာရှိသော ဘုရားသခင်ဖြစ်သည်။ ငါ၏တန်ခိုး လက်လှမ်းမမီသော အရာဟူ၍ မရှိ။ ငါ၏တရားစီရင်ခြင်း အားလုံးတို့ကို သင်တို့ထံ ထုတ်ဖော်ပြထားသည်။ သင်တို့၏ အတွေးများ ထဲတွင် ငါနှင့်ပတ်သက်၍ သဘောကွဲလွဲမှု ရှိပါက၊ သတိပေးချက်တစ်ခုအဖြစ် သင့်ကို ငါ ဉာဏ်အလင်းပေးမည်။ သင်တို့နားမထောင်လျှင် သင်တို့ကို ချက်ချင်း ငါစွန့်ပစ်မည် (ဤတွင် ငါ၏နာမကို သံသယရှိခြင်းအား ငါ ရည်ညွှန်းနေခြင်း မဟုတ်ဘဲ၊ သွေးသား ကာမဂုဏ်ခံစားမှုများနှင့် ဆက်နွှယ်သည့် အပြင်ပိုင်း အပြုအမူများကို ရည်ညွှန်းနေခြင်းဖြစ်သည်)။ ငါ့အပေါ် သင်တို့၏ အတွေးများသည် အာခံမှုရှိပါက၊ သင်သည် ငါ့ကိုညည်းညူပါက၊ စာတန်၏ စိတ်ကူးများကို ထပ်တလဲလဲ သင် လက်ခံပါက၊ ပြီးလျှင် အသက်၏ ခံစားမှုများနောက် သင် မလိုက်ပါက၊ သင်၏ ဝိညာဉ်သည် အမှောင်ထဲတွင် ရှိလိမ့်မည်ဖြစ်ပြီး သင်၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ငါနှင့် သာ၍နီးကပ်စွာ နေရမည်။ သင်၏ ပုံမှန်အခြေအနေများကို တစ်ရက်၊ နှစ်ရက်မျှဖြင့် ပြန်လည်ရရှိဖို့ မဖြစ်နိုင်သကဲ့သို့ သင်၏အသက်တာသည် သိသိသာသာ အလွန် နောက်ကျကျန်ရစ်လိမ့်မည်။ အပြောအဆို၌ ကိုယ်ကျင့်တရားပျက်သော သူတို့အတွက်မူ၊ သင်တို့၏နှုတ်နှင့် လျှာတို့ကို ငါသည် ပဲ့ပြင်ဆုံးမမည်ဖြစ်ပြီး၊ သင်တို့၏လျှာများကို ကိုင်တွယ်ဖြေရှင်းခြင်း ခံစေမည်။ လုပ်ဆောင်ချက်တွင် ထိန်းမနိုင်သိမ်းမရ အကျင့်ပျက်သောသူများတို့၊ သင်တို့၏ စိတ်ဝိညာဉ်များ၌ သင်တို့ကို ငါသတိပေး၏၊ ပြီးလျှင် နားမထောင်သော သူတို့ကို ငါ ပြင်းထန်စွာ ပြစ်တင်ဆုံးမမည်။ မနာခံမှုကို စကားဖြင့်ဖြစ်စေ လုပ်ဆောင်ချက်ဖြင့်ဖြစ်စေ ပြသသောသူများဖြစ်လျက်၊ ငါ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်အကဲဖြတ်၍ အာခံသူများ၊ ငါသည် ၎င်းတို့ကို ပျက်စီးစေပြီး အမြင့်မားဆုံး ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးစေလျက်၊ ၎င်းတို့ကို လုံးဝ သုတ်သင်ဖယ်ရှင်းကာ စွန့်ပစ်မည်။ ဤသူတို့သည် ရွေးကောက်ခံရပြီးနောက် သုတ်သင်ဖယ်ရှင်းခံရမည့် သူများဖြစ်သည်။ မိမိတို့၏ ရူပါရုံများ မရှင်းမလင်းဖြစ်လျက် အသိမဲ့သောသူများ၊ ငါသည် ၎င်းတို့ကို အသိဉာဏ် ပွင့်လင်းစေပြီး ကယ်တင်လိမ့်ဦးမည်။ သို့သော် အမှန်တရားကို နားလည်သော်လည်း လက်တွေ့ မလုပ်ဆောင်သော သူများသည် အသိမဲ့သည်ဖြစ်စေ၊ အသိမမဲ့သည်ဖြစ်စေ အထက်တွင် ဆိုခဲ့ပြီးဖြစ်သော စည်းမျဉ်းများအတိုင်း စီမံခြင်းခံရလိမ့်မည်။ အစကတည်းက လမ်းလွဲသော ရည်ရွယ်ချက်များ ရှိသည့် လူတို့အတွက်မူ၊ ငါသည် ၎င်းတို့ကို စစ်မှန်မှုအား ထာဝရ သဘောမပေါက်နိုင်ဘဲ ဖြစ်စေမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် တဖြည်းဖြည်း တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ဖယ်ရှင်းခြင်း ခံရကြလိမ့်မည်။ (ငါသည် အမှုအရာများကို အလောတကြီး မပြုဘဲ စနစ်ကျသည့် ပုံစံဖြင့် ပြုသည့်အတွက်) ငါ၏ စီမံခန့်ခွဲမှုဖြင့် ယခု ၎င်းတို့ ကျန်ရှိသော်လည်း၊ တစ်ယောက်မျှ ကျန်ရှိလိမ့်မည်မဟုတ်။
ငါ၏တရားစီရင်ခြင်းကို လုံးဝ ထုတ်ဖော်ပြထား၏။ ယင်းသည် မိမိတို့၏ သင့်တော်သည့် နေရာများကို ယူရမည့် လူအမျိုးမျိုးကို ရည်ရွယ်သည်။ ၎င်းတို့ ချိုးဖောက်ထားသော စည်းမျဉ်းများအတိုင်း ငါသည် လူတို့ကို စီမံအုပ်ချုပ်ကာ တရားစီရင်မည်။ ဤအမည်တွင် မပါရှိသကဲ့သို့ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို လက်မခံသော သူများအတွက်မူ၊ စည်းမျဉ်းတစ်ခုသာ သက်ဆိုင်သည်- ငါ့ကို အာခံသောသူ မည်သူမဆို၏ စိတ်ဝိညာဉ်များ၊ အသက်ဝိညာဉ်များနှင့် ခန္ဓာတို့ကို ငါသည် ချက်ချင်း ယူပြီး မရဏနိုင်ငံထဲသို့ ပစ်ချမည်။ ငါ့ကို အာမခံသောသူ မည်သူမဆို၊ ငါသည် ဒုတိယတရားစီရင်ခြင်း ဆောင်ရွက်ခြင်းမပြုမီ သင်တို့ ရင့်ကျက်ဖို့ရန်အတွက် စောင့်ဆိုင်းပေးမည်။ ငါ၏နှုတ်ကပတ်တော်များသည် အရာရာကို လုံးဝ ရှင်းလင်းပြတ်သားမှုဖြင့် ရှင်းပြပြီး မည်သည့်အရာမျှ မကွယ်ဝှက်ထားပေ။ သင်တို့သည် ၎င်းတို့ကို စိတ်ထဲ၌ အချိန်တိုင်း ထိန်းသိမ်းနိုင်ဖို့သာ ငါမျှော်လင့်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၅)
ငါ၏နှုတ်ကပတ်တော်ကို နိုင်ငံတိုင်း၊ နေရာတိုင်း၊ လူမျိုးတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၌ အကောင်အထည် ဖော်လျက်ရှိပြီး၊ ထိုနှုတ်ကပတ်တော်သည် သတ်မှတ် ထားသည့် မည်သည့်အချိန်တွင်မဆို အရပ်တိုင်း၌ ပြည့်စုံလျက်ရှိ၏။ နေရာတိုင်းတွင် ဖြစ်ပွားသော ကပ်ဘေးများသည် လူများကြားက တိုက်ပွဲများ မဟုတ် သကဲ့သို့၊ လက်နက်များဖြင့် တိုက်ခိုက်ကြသည်လည်း မဟုတ်ပေ။ နောက်ပိုင်းတွင် စစ်ပွဲများ ရှိတော့မည် မဟုတ်။ အားလုံးသည် ငါ၏ လက်တွင်း၌ ရှိသည်။ အားလုံးသည် ငါ၏တရားစီရင်ခြင်းကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး ကပ်ဘေး အလယ်တွင် ဆင်းရဲဒုက္ခခံရလိမ့်မည်။ ငါ့ကိုခုခံသောသူများ အပြင် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ အစမပြုသော သူတို့သည် အမျိုးမျိုးသော ကပ်ဘေးများ၏ နာကျင်မှုကို ခံစားကြစေ။ ၎င်းတို့ ငိုကြွေးပြီး အမှောင်ထဲတွင် ထာဝရ ကျန်ရှိလျက်၊ အသင်္ချေ အံသွားခဲကြိတ်ကြစေ။ ၎င်းတို့ ရှင်ကျန်လိမ့်မည် မဟုတ်။ ငါသည် ရိုးရိုးစင်းစင်းနှင့် ပေါ့ပါးဖျတ်လတ်မှုဖြင့် လုပ်ဆောင်ပြီး၊ အတိတ်တွင် သင် ငါ့အပေါ် မည်မျှ သစ္စာစောင့်သိခဲ့သည်ကို ငါသည် ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ သင်သည် ငါ့ကို ခုခံနေသမျှ ကာလပတ်လုံး၊ တစ်စက္ကန့်မျှပင် နှောင့်နှေးခြင်း မရှိသကဲ့သို့ ကရုဏာ တစ်စက်မျှလည်းမရှိဘဲ ငါ၏ တရားစီရင်ခြင်း လက်သည် သင့်အပေါ် မြန်ဆန်သော အမျက်ဒေါသကို ထုတ်လွှတ်လိမ့်မည်။ ငါသည် မိမိစကားကို တည်စေသော ဘုရားသခင်ဖြစ်သည်ကို တစ်လျှောက်လုံး ငါပြောနေခဲ့ပြီး ဖြစ်သည်။ ငါမိန့်မြွက်သမျှ နှုတ်ကပတ်တော်တိုင်းသည် ပြည့်စုံလိမ့်မည်ဖြစ်ပြီး ၎င်းတို့တစ်ခုစီကို သင်တို့အား ငါမြင်စေမည်။ ဤသည်မှာ အရာရာ၌ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းဟု ဆိုလိုသော အရာ ဧကန်အမှန် ဖြစ်ပေသည်။
ငါချစ်သော ငါ့သားများအပေါ် ကြီးမားသော ကပ်ဘေးများ သေချာပေါက် ကျရောက်လိမ့်မည်မဟုတ်။ ငါ၏သားများကို အချိန်တိုင်းနှင့် စက္ကန့်တိုင်း ငါ စောင့်ရှောက်မည်။ ထိုသို့သော နာကျင်မှုနှင့် ဆင်းရဲဒုက္ခကို သင်တို့ လုံးဝ ခံရပ်စရာ လိုလိမ့်မည်မဟုတ်။ ယင်းအစား၊ ထိုအရာ၏ ဆိုလိုချက်မှာ ငါ့သားများကို စုံလင်စေဖို့နှင့် ၎င်းတို့အထဲ၌ ငါ၏နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သင်တို့သည် ငါ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို အသိအမှတ် ပြုနိုင်သည်၊ အသက်၌ တိုး၍ကြီးထွားနိုင်သည်၊ ငါ့အတွက် ဝန်ကို သာ၍စောစော ထမ်းရွက်ပေးနိုင်ပြီး ငါ၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးမြောက်ခြင်းအတွက် သင်တို့သည် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်နိုင်ပေသည်။ ဤအရာကြောင့် ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်မှုဖြင့် သင်တို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်ပေသည်။ ငါသည် သင်တို့ကို ထိန်းချုပ်ခွင့်ပေးလျက်၊ အရာရာကို သင်တို့ထံ လွှဲအပ်မည် ဖြစ်သည်။ ယင်းကို သင်တို့လက်ထဲ၌ ငါထားမည်။ သားသည် ဖခင်၏ အမွေဥစ္စာတစ်ခုလုံးကို အမွေဆက်ခံ ရသည် မှန်လျှင်၊ ဤအရာသည် ငါ၏ သားဦးများဖြစ်သော သင်တို့အတွက် မည်မျှ သာ၍ပင် မှန်ကန်လိမ့်မည်နည်း။ သင်တို့သည် အမှန်တကယ် မင်္ဂလာရှိကြ၏။ ကြီးမားသော ကပ်ဘေးများမှ ဆင်းရဲဒုက္ခခံရသည်ထက်၊ ထာဝရ ကောင်းချီးမင်္ဂလာများကို သင်တို့ခံစားရလိမ့်မည်။ ဘုန်းအသရေရှိပေစွ။ ဘုန်းအသရေရှိပေစွ။
သင်၏ အရှိန်ကို မြှင့်ပြီး ငါ၏ခြေရာများနောက်သို့ နေရာတိုင်းနှင့် အချိန်တိုင်း လိုက်လျှောက်ကြလော့။ နောက်ကျ မကျန်ရစ်လေနှင့်။ သင်၏စိတ်နှလုံးအား ငါ၏စိတ်နှလုံးနောက်သို့ လိုက်စေလော့၊ ပြီးလျှင် သင်၏စိတ်အား ငါ၏စိတ်နောက်သို့ လိုက်စေလော့။ ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပြီး တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိလော့။ ငါနှင့်အတူစားလော့၊ ငါနင့်အတူ အသက်ရှင်ပြီး အတူမွေ့လျော်လော့။ သင်တို့အတွက် မွေ့လျော်ဖို့နှင့် လက်ခံဖို့ အံ့ဩဖွယ်သော ကောင်းချီး မင်္ဂလာများ စောင့်ဆိုင်းလျက်ရှိသည်။ ထိုသို့သော မယှဉ်သာသော အလျှံပယ်ရှိခြင်းသည် ငါ့အတွင်းတွင် ရှိ၏။ ယင်း၏ အနည်းငယ်မျှပင် အခြားမည်သူ တစ်ဦး တစ်ယောက်အတွက်မျှ ပြင်ဆင်မထားလေပြီ။ ဤအရာကို ငါ၏သားများအတွက်သာ ငါ လုံးဝ လုပ်ဆောင်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၆)
စကြဝဠာ တစ်ခွင်လုံးကို လှုပ်ခါလျက်၊ တစ်ဖြောင်းဖြောင်း မြည်ဟည်းသော အသံတစ်သံ ပေါ်ထွက်၏။ ယင်းသည် အလွန်ကျယ်လောင်လွန်းသဖြင့် လူတို့သည် လမ်းကြောင်းမှ အချိန်မီ မရှောင်နိုင်အောင် ဖြစ်လေသည်။ အချို့သည် အသတ်ခံကြရသည်၊ အချို့သည် ဖျက်ဆီးခြင်းကို ခံကြရပြီး အချို့မှာ တရားစီရင်ခြင်းခံကြရလေသည်။ ယင်းသည် အမှန်တကယ် မည်သူမျှ မမြင်ဖူးသော မြင်ကွင်းတစ်ခု ဖြစ်သည်။ သေချာစွာ နားထောင်လော့- မိုးခြိမ်းသံများနှင့်အတူ ငိုကြွေးသံများ လိုက်ပါလာပြီး ဤအသံသည် မရဏနိုင်ငံမှလာသည်၊ ငရဲမှ လာခြင်း ဖြစ်သည်။ ယင်းမှာ ငါ၏ တရားစီရင်ခြင်းကို ခံရသည့် ဆန့်ကျင်ပုန်ကန်သော ထိုသားများ၏ ခါးသီးသောအသံ ဖြစ်သည်။ ငါပြောသော အရာကို နားမထောင်သေးသော သူများနှင့် ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်သေးသော သူများသည် ပြင်းထန်စွာ တရားစီရင်ခြင်းကို ခံကြရပြီး ငါ၏အမျက်ဒေါသ၏ ကျိန်ခြင်းကို ခံကြရပြီးဖြစ်သည်။ ငါ၏ အသံသည် တရားစီရင်ခြင်းနှင့် အမျက်ဒေါသ ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင်ဖြစ်ပြီး အမျက်ဒေါသကို ပိုင်ဆိုင်သောကြောင့်၊ မည်သူ့ကိုမျှ နူးညံ့သိမ်မွေ့စွာ ငါမဆက်ဆံသကဲ့သို့ မည်သူ့ကိုမျှ မသက်ညှာပေ။ ငါသည် တောက်လောင်ခြင်း၊ သန့်စင်စေခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ပိုင်ဆိုင်၏။ ငါ့အထဲတွင်၊ မည်သည့်အရာမျှ ကွယ်ဝှက်မထား သို့မဟုတ် စိတ်ခံစားမှုနှင့် ဆိုင်သောအရာ မရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် အရာရာသည် ပွင့်လင်းသည်၊ ဖြောင့်မတ်ပြီး၊ သမာသမတ်ကျလေသည်။ ငါ၏ သားဦးများသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့အား အုပ်စိုးလျက်၊ ငါနှင့်အတူ ပလ္လင်ပေါ်တွင် ရှိနှင့်ကြပြီး ဖြစ်သောကြောင့်၊ မတရားသကဲ့သို့ မဖြောင့်မတ်သော လူများသည် တရားစီရင်ခြင်း ယခု စတင် ခံရလျက်ရှိသည်။ ငါသည် တစ်စုံတစ်ခုကိုမျှ မလွတ်စေဘဲ ၎င်းတို့ကို အလျှင်း ထုတ်ဖော်လျက်၊ တစ်ယောက်ပြီး တစ်ယောက် ၎င်းတို့ကို စုံစမ်းစစ်ဆေးမည်။ အကြောင်းမူကား ငါ၏ တရားစီရင်ခြင်းကို အပြည့်အဝ ထုတ်ဖော်ကာ ဖွင့်ပြပြီးဖြစ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် ငါသည် မည်သည့်အရာကိုမျှ လုံးဝ ထိန်ချန်ခြင်း မရှိလေပြီ။ ငါ၏ အလိုနှင့် မကိုက်ညီသော အရာတိုင်းကို ငါလွှင့်ပစ်မည်ဖြစ်ပြီး၊ အနက်ဆုံးသောတွင်းထဲတွင် ထာဝရ ကာလပတ်လုံး ပျက်စီးဆုံးရှုံးစေမည်။ ထိုနေရာတွင် ယင်းကို ငါ ထာဝရ လောင်ကျွမ်းစေမည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ တည်ကြည်မှု ဖြစ်သည်။ ဤ အရာကို မည်သူမျှ မပြောင်းလဲနိုင်ဘဲ၊ အားလုံး ငါ၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။
လူအများစုသည် စကားများက စကားများသာဖြစ်ပြီး အမှန်တရားများက အမှန်တရားများသာဖြစ်သည်ဟု တွေးထင်ရင်း၊ ငါ၏ မိန့်မြွက်ချက်များကို လျစ်လျူရှုကြ၏။ ၎င်းတို့သည် မျက်ကန်းများပေတည်း။ ငါသည် သစ္စာရှိသော ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ကို ၎င်းတို့ မသိကြသလော။ ငါ၏ နှုတ်ကပတ်တော်များနှင့် အမှန်တရားများသည် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ကြ၏။ ဤသည်မှာ စစ်မှန်သော ကိစ္စရပ်ဖြစ်သည် မဟုတ်လော။ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို တကယ်ပင် သဘောမပေါက်ကြဘဲ၊ ဉာဏ်အလင်းရပြီးသောသူများသာ စစ်မှန်စွာ နားလည်နိုင်ကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များကို လူတို့ မြင်သည်နှင့်တစ်ပြိုင်နက်၊ အလွန်အမင်း အထိတ်တလန့်ဖြစ်ကာ ပုန်းရှောင်ဖို့ နေရာအနှံ့ သုတ်သုတ်ပြာပြာပြေးကြ၏။ ဤသည်မှာ ငါ၏ တရားစီရင်ခြင်း ကျရောက်သည့်အခါ သာ၍ပင် ဖြစ်လေသည်။ အရာခပ်သိမ်းကို ငါဖန်ဆင်းခဲ့သည့် အချိန်၊ ကမ္ဘာလောကကို ငါဖျက်ဆီးသည့် အချိန်နှင့် သားဦးများကို ငါ စုံလင်စေသည့်အချိန်တွင်- ဤအရာအားလုံးသည် ငါ၏ နှုတ်မှ နှုတ်ကပတ်တော် တစ်လုံးတည်းအားဖြင့် ဖြစ်မြောက်ပေသည်။ ဤသည်မှာ ငါ၏ နှုတ်ကပတ်တော်ကိုယ်၌က သြဇာအာဏာ ဖြစ်သောကြောင့်ဖြစ်သည်။ ယင်းသည် တရားစီရင်ခြင်း ဖြစ်ပေသည်။ ငါ၏ဖြစ်ခြင်းတည်းဟူသော ဇာတိအဖြစ်တော်သည် တရားစီရင်ခြင်းနှင့် ဘုန်းအာနုဘော် ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်တစ်ခုဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ယင်းမှာ လူတို့အား ငါတရားစီရင်သည့် နည်းလမ်း တစ်ခုသာ ဖြစ်သည်။ ငါ၏ အမြင်တွင်၊ လူအားလုံး၊ အရေးကိစ္စများအားလုံးနှင့် အမှုအရာအားလုံး အပါအဝင် အရာရာတိုင်းသည် ငါ၏ လက်ထဲတွင်ရှိပြီး ငါ၏ တရားစီရင်မှုအောက်တွင် ရှိကြ၏။ မည်သူမျှ၊ မည်သည့်အရာမျှ ရိုင်းစိုင်းစွာ သို့မဟုတ် တမင်တကာ မပြုမူဝံ့သကဲ့သို့၊ အရာခပ်သိမ်းသည် ငါမိန့်မြွက်သော နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်မြောက်ရမည် ဖြစ်သည်။ လူသား၏ အယူအဆများ အတွင်းမှနေ၍၊ ငါ၏ဖြစ်ခြင်းတည်းဟူသော ဇာတိအဖြစ်တော်၏ နှုတ်ကပတ်တော်များကို အယောက်တိုင်း ယုံကြည်ကြသည်။ ငါ၏ဝိညာဉ်တော်က ဖွင့်ဟသည့်အခါ၊ အယောက်တိုင်းက သံသယရှိကြသည်။ လူတို့သည် ငါ၏အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် သက်ဆိုင်သော အသိပညာ အနည်းငယ်မျှ မရှိကြသကဲ့သို့၊ ငါ့ကို အပြစ်တင် စွပ်စွဲမှုများပင် ပြုကြ၏။ ယခု သင့်ကို ငါပြော၏၊ ငါ၏ နှုတ်ကပတ်တော်များကို သံသယရှိပြီး ငါ၏ နှုတ်ကပတ်တော်များကို စော်ကားသော သူမည်သူမဆိုသည် ဖျက်ဆီးခံရမည့် သူများဖြစ်ကြသည်။ ၎င်းတို့သည် ထာဝရ ပြစ်ဒဏ်ခတ်ခြင်းကို ရာသက်ပန်ခံစားရမည့် သားများ ဖြစ်ကြသည်။ ဤသည်မှာ ငါ အမှုပြုသည့်ပုံဖြစ်သောကြောင့် သားဦးများ ဖြစ်ကြသူ အလွန်နည်းပါးသည်ကို ဤအရာမှ မြင်နိုင်ပေသည်။ ယခင်က ငါဆိုဖူးသည့်အတိုင်း၊ တစ်စက်မျှ အားမထုတ်ရဘဲ အရာရာကို ငါ ပြီးမြောက်စေ၏၊ ငါ၏ နှုတ်ကပတ်တော်များကိုသာ ငါအသုံးပြု၏။ ထို့နောက်၊ ဤသည်မှာ ငါ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းတန်ခိုး တည်သောနေရာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင်၊ မည်သူမျှ ငါပြောသည့်အရာ၏ အရင်းအမြစ်နှင့် ရည်ရွယ်ချက်ကို ရှာမတွေ့နိုင်ပေ။ လူတို့သည် ဤအရာကို စွမ်းဆောင်နိုင်ကြခြင်း မရှိကြဘဲ၊ ၎င်းတို့သည် ငါ၏ မိသားစုကို ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ရှိစေ၍၊ ထာဝရ အသက်ရှင်စေပြီး၊ ထာဝရ မြဲမြံစေကာ မဆုတ်မနစ်ဖြစ်စေလျက်၊ ၎င်းတို့သည် ငါ၏ ဦးဆောင်မှုနောက်လိုက်စဉ်သာ ပြုမူဆောင်ရွက်နိုင်ကြပြီး၊ ငါ၏ ဖြောင့်မတ်ခြင်းတရားအတိုင်း ငါ၏ အလိုနှင့်အညီသာ အရာရာကို လုပ်ဆောင်နိုင်ကြလေသည်။
ငါ၏ တရားစီရင်ခြင်းသည် အယောက်တိုင်းထံသို့ ရောက်လာသည်၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များသည် အယောက်တိုင်းကို တို့ထိပြီး ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ ဇာတိအဖြစ်တော်ကို အယောက်တိုင်းထံ ထုတ်ဖော်ပြထားသည်။ ဤသည်မှာ ငါ၏ ဝိညာဉ်တော်၏ ကြီးသောအမှု အတွက် အချိန်ဖြစ်သည် (ဤအချိန်တွင် ကောင်းချီးခံစားရမည့် သူများနှင့် ဘေးဥပဒ်ကြုံရမည့် သူများကို တစ်ဦးနှင့်တစ်ဦး ခွဲခြားထားပေသည်)။ ငါ၏ နှုတ်ကပတ်တော်များကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ကောင်းချီး ခံစားရမည့် သူများနှင့် ဘေးဥပဒ် ကြုံရမည့်သူများကို ငါခွဲခြားပြီး ဖြစ်သည်။ ဤအရာသည် လုံးဝ ရှင်းလင်းပြတ်သားပြီး တစ်ချက်ကြည့်ရုံဖြင့် အားလုံးကို ငါမြင်နိုင်၏။ (ငါ၏ လူသားသဘာဝနှင့် စပ်လျဉ်း၍ ဤအရာကို ငါဆိုနေခြင်းဖြစ်သည်၊ ထို့ကြောင့် ဤနှုတ်ကပတ်တော်များသည် ငါ၏ ကြိုတင်ပြဌာန်းထားခြင်းနှင့် ရွေးကောက်ခြင်းတို့အား ကွဲလွဲဆန့်ကျင်ခြင်း မရှိပေ။) မသန့်ရှင်းသော နေရာများနှင့် အဓမ္မအမှုနှင့် ပြည့်သော တိုင်းပြည်များအားလုံး မတည်ရှိတော့ဘဲ ငါ၏ နှုတ်ကပတ်တော်များ၏ အကျိုးဆက်အဖြစ် ဗလာနတ္ထိအဖြစ်သို့ မီးရှို့ဖျက်ဆီးခြင်းကို ခံရဖို့အလို့ငှာ၊ ငါသည် နေရာတိုင်းကို စောင့်ကြည့်ကာ သန့်ရှင်းစင်ကြယ်စေရင်း တောင်များ၊ မြစ်များနှင့် အရာအားလုံးကြား၊ စကြဝဠာ အာကာသဟင်းလင်းပြင်များအနှံ့ လှည့်လည်သွားလာ၏။ ငါ့အတွက်၊ အရာခပ်သိမ်းသည် လွယ်ကူ၏။ အကယ်၍ ယခုအချိန်သည် ကမ္ဘာမြေကြီး၏ ပျက်စီးခြင်းအတွက် ငါကြိုတင်စီရင် ထားသော အချိန်ဖြစ်ခဲ့ပါက၊ နှုတ်ကပတ်တော် တစ်လုံးကို မိန့်မြွက်ခြင်းဖြင့် ကမ္ဘာမြေကြီးကို ငါဝါးမျိုနိုင်ပေသည်။ သို့ရာတွင်၊ ယခု အချိန်မကျသေးပေ။ ငါ၏ အစီအစဉ် အနှောင့်အယှက် မဖြစ်စေရန်နှင့် ငါ၏ စီမံခန့်ခွဲမှုကို အနှောင့်အယှက်မခံရဖို့အလို့ငှာ ဤအမှုကို ငါမပြုမီ အရာခပ်သိမ်းသည် အဆင့်သင့်ရှိရမည် ဖြစ်သည်။ ဤအရာကို မည်သို့ အကျိုးသင့် အကြောင်းသင့် ပြုရမည်ကို ငါသိသည်- ငါ၌ ငါ၏ ဉာဏ်ပညာ ရှိပြီး ငါ၌ ငါ၏ ကိုယ်ပိုင် အစီအစဉ်များ ရှိ၏။ လူတို့သည် လက်ချောင်း တစ်ချောင်းကိုမျှ မရွှေ့ရ။ ငါ၏ လက်၌ အသေသတ်ခြင်းကို မခံရရန် သတိပြုလော့။ ဤအရာ၌ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ထည့်သွင်းစဉ်းစားနှင့်ပြီးဖြစ်သည်။ ဤအရာမှ၊ နှစ်ဖက်ရှိသည့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအပြင် ၎င်းတို့ နောက်ကွယ်ရှိ အခြေခံသဘောတရားများ၏ ပြင်းထန်မှုကို မြင်နိုင်ပေသည်- တစ်ဘက်တွင် ငါသည် ငါ၏ အလိုနှင့်မကိုက်ညီသောသူနှင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူအားလုံးကို အသေသတ်သော်ငြားလည်း၊ အခြားတစ်ဘက်တွင် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူအားလုံးကို ငါ၏ အမျက်ဒေါသဖြင့် ကျိန်ဆဲပေသည်။ ဤရှုထောင့်နှစ်ခုသည် မရှိမဖြစ်ဖြစ်သကဲ့သို့၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ နောက်ကွယ်က စီရင်ဆုံးဖြတ်ခွင့် အာဏာရှိသော အခြေခံ သဘောတရားများ ဖြစ်သည်။ လူတစ်ဦး မည်မျှ သစ္စာရှိနိုင်သည်ကို ပဓာနမထားဘဲ၊ အယောက်တိုင်းသည် စိတ်ခံစားချက် မပါဘဲ ဤအခြေခံသဘောတရား နှစ်ခုအရ ကိုင်တွယ်ခြင်းခံရပေသည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်း၊ ငါ၏ဘုန်းအာနုဘော်နှင့် မြေကြီးနှင့်သက်ဆိုင်သော အရာအားလုံး၊ လောကနှင့်သက်ဆိုင်သော အရာအားလုံးနှင့် ငါ၏ အလိုနှင့်မကိုက်ညီသော အရာအားလုံးကို မီးရှို့ဖျက်ဆီးမည့် ငါ၏ အမျက်ဒေါသတို့ကို ပြသရန်အတွက် လုံလောက်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ဝှက်ထားလျက်ရှိနေသော နက်နဲမှုများရှိပြီး၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ပြထားသည့် နက်နဲမှုများလည်း ရှိ၏။ ထို့ကြောင့်၊ လူသား၏အယူအဆများအရနှင့် လူသားစိတ်ထဲတွင် ငါ၏ နှုတ်ကပတ်တော်များသည် အစဉ် နားမလည်နိုင်စရာဖြစ်ပြီး၊ ငါ၏ စိတ်နှလုံးသည် အစဉ် ဉာဏ်မမီနိုင်ဖွယ်ဖြစ်သည်။ ဆိုလိုသည်မှာ လူသားများကို ၎င်းတို့၏ အယူအဆများနှင့် အတွေးတို့မှ ငါ မောင်းထုတ်ရမည် ဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အရေးကြီးဆုံးသော ကိစ္စ ဖြစ်သည်။ ငါ၏ သားဦးများကို ရယူရန်နှင့် ငါ ပြုလိုသော အရာများကို ဖြစ်မြောက်စေရန် ဤနည်းဖြင့် ငါ လုပ်ဆောင်ရမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀၃” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၇)
ဇိအုန်။ ဝမ်းမြောက်လော့။ ဇိအုန်။ ရွှင်လန်းစွာ သီချင်းဆိုလော့။ ငါသည် အောင်ခြင်းဖြင့် ပြန်လာပြီ၊ ငါသည် အောင်မြင်လျက် ပြန်လာပြီ။ လူအပေါင်းတို့။ အစဉ်အလိုက် အလျင်အမြန် စီတန်းကြလော့။ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့၊ ငါ၏ ဇာတိအဖြစ်သည် စကြဝဠာ တစ်ခုလုံးကို မျက်နှာမူပြီး၊ ကမ္ဘာမြေကြီး၏ အရှေ့အရပ်၌ ပေါ်ထွန်းသည့်အတွက် ယခု လာ၍ရပ်နားကြလော့။ မည်သူသည် ကိုးကွယ်ခြင်းဖြင့် ဒူးမထောက်ဝံ့သနည်း။ ငါ့ကို စစ်မှန်သော ဘုရားသခင်ဟု အဘယ်သူ မခေါ်ဝံ့သနည်း။ မည်သူသည် ကြောက်ရွံ့မှုဖြင့် မော်မကြည့်ဘဲနေဝံ့သနည်း။ မည်သူသည် မချီးမွမ်းဘဲ နေဝံ့သနည်း။ မည်သူသည် ဝမ်းမြောက်ပျော်ရွှင်ခြင်းမရှိဘဲ နေဝံ့သနည်း။ ငါ၏ လူတို့သည် ငါ၏ အသံကို ကြားကြလိမ့်မည်ဖြစ်ပြီး၊ ငါ၏ သားများသည် ငါ၏ နိုင်ငံတော်အတွင်း ရှင်သန်ကြလိမ့်မည်။ တောင်များ၊ မြစ်များနှင့် အရာခပ်သိမ်းသည် အဆုံးမဲ့ သြဘာပေးကာ၊ မရပ်မနား ခုန်ပေါက်ကြလိမ့်မည်။ ဤအချိန်တွင် မည်သူမျှ နောက်ပြန်ဆုတ်ဝံ့ကြမည် မဟုတ်သကဲ့သို့၊ မည်သူမျှ ထ၍ ခုခံခြင်းပြုဝံ့ကြမည် မဟုတ်ပေ။ ဤသည်မှာ ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက် ဖြစ်ပြီး၊ ထို့ထက်ပို၍ ငါ၏ ကြီးမားသော တန်ခိုးအာဏာ ဖြစ်သည်။ ငါသည် အရာခပ်သိမ်းအား ၎င်း၏ စိတ်နှလုံးထဲတွင် ငါ့ကို ကြောက်ရွံ့စေမည်ဖြစ်ကာ၊ ဤမျှမက ခပ်သိမ်းသော အရာတို့ကို ငါ့အား ချီးမွမ်းစေမည်။ ဤသည်မှာ ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အဆုံးစွန်ရည်မှန်းချက် ဖြစ်ပြီး၊ ငါ ချမှတ်ထားသည့်အရာ ဖြစ်သည်။ လူတစ်ဦးတစ်ယောက် ဖြစ်စေ၊ အရာဝတ္ထုတစ်ခုဖြစ်စေ၊ အဖြစ်အပျက် တစ်ခုဖြစ်စေ၊ ငါ့အား ထ၍ မခုခံဝံ၊ မဆန့်ကျင်ဝံ့ပေ။ ငါ၏ လူအားလုံးသည် (တစ်နည်းအားဖြင့်၊ နောက်ပိုင်းတွင် ငါ ဖန်ဆင်းမည့် ကမ္ဘာလောကဖြစ်သည့်) ငါ၏ တောင်သို့ စီးဆင်းကြလိမ့်မည် ဖြစ်ပြီး၊ ငါသည် ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်း ရှိကာ သြဇာအာဏာ ရှိသောကြောင့် ၎င်းတို့သည် ငါ့ရှေ့တွင် ကျိုးနွံနာခံကြလိမ့်မည်။ (ဤသည်မှာ ငါ့အနေဖြင့် ကိုယ်ခန္ဓာထဲ၌ ရှိသောအချိန်ကို ရည်ညွှန်းခြင်း ဖြစ်၏။ ငါသည် ဇာတိပကတိ၌လည်း သြဇာအာဏာ ရှိ၏၊ သို့သော် အချိန်နှင့် နေရာ၏ ကန့်သတ်ချက်များကို ဇာတိပကတိ၌ ကျော်လွန်နိုင်ခြင်း မရှိသောကြောင့်၊ ငါသည် ပြည့်စုံသော ဘုန်းအသရေကို ရရှိထားပြီဟု မဆိုနိုင်ချေ။ ငါသည် ဇာတိပကတိ၌ သားဦးများကို ရရှိသော်လည်း၊ ဘုန်းအသရေကို ငါရရှိထားပြီဟု မဆိုနိုင်ပေ။ ဇိအုန်သို့ ငါ ပြန်ကြွပြီး၊ ငါ၏ ပုံပန်းကို ပြောင်းလဲသည့်အခါမှသာ၊ ငါသည် သြဇာအာဏာ ရှိသည်- ဆိုလိုသည်မှာ ဘုန်းအသရေကို ငါရပြီဟု ဆိုကောင်းဆိုနိုင်ပေသည်။) ငါ့အတွက် မည်သည့်အရာမျှ ခက်ခဲလိမ့်မည်မဟုတ်။ ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များအားဖြင့် အရာခပ်သိမ်း ဖျက်ဆီးခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များ အားဖြင့် အရာခပ်သိမ်း ဖြစ်တည်လာကာ၊ စုံလင်စေခြင်း ခံရကြလိမ့်မည်။ ယင်းမှာ ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာ ဖြစ်သည်။ ငါသည် တန်ခိုးနှင့် ပြည့်ဝပြီး၊ သြဇာအာဏာဖြင့် ပြည့်နှက်ခြင်းကြောင့်၊ မည်သူမျှ ငါ့ကို မတားဆီးဝံ့ချေ။ ငါသည် အရာရာအပေါ် အောင်နိုင်နှင့်ပြီး ဖြစ်ကာ၊ အဓမ္မလူအပေါင်းတို့ အားလုံးအပေါ် အောင်မြင်ခြင်း ရရှိနှင့်ပြီးဖြစ်သည်။ ဇိအုန်သို့ ငါနှင့်အတူ ပြန်ရန် ငါ၏ သားဦးများကို ငါသည် ခေါ်ဆောင်လာလျက်ရှိ၏။ ငါသည် ဇိအုန်သို့ တစ်ကိုယ်တည်း ပြန်နေခြင်းမဟုတ်။ ထို့ကြောင့် အားလုံးသည် ငါ၏ သားဦးများကို မြင်ကြမည်ဖြစ်ပြီး၊ ထို့ကြောင့် ငါ့အား ကြောက်ရွံ့သည့် စိတ်နှလုံးတစ်ခု ဖြစ်ပေါ်ကြလိမ့်မည်။ ဤသည်မှာ သားဦးများကို ရရှိခြင်းအတွက် ငါ၏ ရည်မှန်းချက် ဖြစ်ပြီး၊ ဤသည်မှာ ကမ္ဘာလောကကြီး ဖန်ဆင်းခြင်းအချိန်ကတည်းက ငါ၏ အစီအစဉ် ဖြစ်ခဲ့ပေသည်။
အရာခပ်သိမ်းတို့ အဆင်သင့်ရှိသည့်အချိန်သည် ငါ့အနေဖြင့် ဇိအုန်သို့ ပြန်မည့် နေ့ရက်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူအပေါင်းတို့က ဤနေ့ရက်ကို အထိမ်းအမှတ်အဖြစ် ကျင်းပကြလိမ့်မည်။ ဇိအုန်သို့ ငါ ပြန်သည့်အခါ၊ မြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် တိတ်ဆိတ်နေကြလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ အရာခပ်သိမ်း ငြိမ်းချမ်း နေကြလိမ့်မည် ဖြစ်သည်။ ဇိအုန်သို့ ငါ ပြန်သည့်အခါ၊ အရာခပ်သိမ်းတို့သည် ၎င်းတို့၏ မူရင်း သွင်ပြင် ပြန်ဆောင်ကြလိမ့်မည်။ ထိုအခါတွင် ငါသည် ဇိအုန်၌ ငါ၏ အမှုကို စတင်လုပ်ဆောင်မည်။ ငါသည် မတရားသော သူတို့ကို အပြစ်ပေး၍၊ တရားသောသူတို့ကို ဆုလာဘ်ပေးမည် ဖြစ်ပြီး၊ ငါ၏ ဖြောင့်မတ်ခြင်းတရားကို တည်စေကာ၊ တရားစီရင်ခြင်းကို ငါ ဆောင်ရွက်မည်။ အရာရာကို ပြီးမြောက်အောင်မြင်စေရန် ငါ၏ နှုတ်ကပတ်တော်များကို ငါအသုံးပြုမည်ဖြစ်ပြီး၊ အယောက်တိုင်းနှင့် အရာခပ်သိမ်းတို့အား ငါ၏ ပြစ်တင်ဆုံးမတတ်သော လက်နှင့် တွေ့ကြုံစေကာ၊ လူအပေါင်းတို့အား ငါ၏ ပြည့်ဝသော ဘုန်းအသရေ၊ ငါ၏ ပြည့်ဝသော ဉာဏ်ပညာနှင့် ငါ၏ ပြည့်ဝသော ကြွယ်ဝလျှံပယ်ခြင်းကို ငါမြင်စေမည်။ အရာခပ်သိမ်းသည် ငါ့အထဲ၌ ပြီးမြောက်ကြသည့်အတွက် မည်သူမျှ တရားစီရင်ခြင်း၌ ပုန်ကန်ဝံ့မည် မဟုတ်သကဲ့သို့၊ ခပ်သိမ်းသောအရာတို့သည် ငါနှင့်အတူ ထင်ရှားကြသည့်အတွက် ဤတွင် လူအယောက်တိုင်းသည် ငါ၏ ပြည့်ဝသော ဂုဏ်အသရေကို မြင်ရလိမ့်မည် ဖြစ်ကာ၊ ငါ၏ ပြည့်ဝသော အောင်မြင်ခြင်းကို မြည်းစမ်း ကြရလိမ့်မည်။ ဤအရာမှ ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာတို့ကို မြင်ရဖို့ ဖြစ်နိုင်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားဝံ့လိမ့်မည် မဟုတ်သကဲ့သို့၊ ငါ့အား မည်သူမျှ တားဆီးဝံ့လိမ့်မည် မဟုတ်။ ငါ့အထဲတွင် အရာခပ်သိမ်း ဖွင့်ဟခြင်း ခံရလိမ့်မည်။ မည်သူသည် တစ်စုံတစ်ရာကို ကွယ်ဝှက်ဝံ့လိမ့်မည်နည်း။ ငါသည် ထိုသူအား သက်ညှာမည် မဟုတ်သည်မှာ သေချာ၏။ ထိုသို့သော လူယုတ်များသည် ငါ၏ ပြင်းထန်သော အပြစ်ပေးခြင်းကို ခံရကြမည် ဖြစ်ပြီး၊ ထိုသို့သော လူဖျင်းသည် ငါ၏ မြင်ကွင်းမှ ဖယ်ရှားခြင်းကို ခံရမည်။ ငါသည် စိတ်ခံစားချက် မရှိဘဲ၊ ဘုန်းအာနုဘော်ရှိပြီး၊ ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ၎င်းတို့ကို သက်ညှာခြင်း အနည်းငယ်မျှ မရှိသကဲ့သို့၊ ၎င်းတို့၏ ခံစားချက်များအပေါ် လုံးဝ ညှာတာခြင်း မရှိဘဲ၊ ၎င်းတို့အား သံလှံတံဖြင့် အုပ်စိုးမည် ဖြစ်ပြီး ၎င်းတို့အား တရားစီရင်ရန်အတွက် ငါ၏ သြဇာအာဏာကို အသုံးပြုမည်။ ငါ၏ လှံတံသည် ငါ့အား ပုန်ကန်ပြစ်မှားသောသူ အားလုံးကို အဆုံးစီရင်မည် ဖြစ်သည့်အတွက်၊ ၎င်းတို့အနေဖြင့် “အကြောင်းတရား သို့မဟုတ် အကြောင်းရင်း မရှိဘဲ” ငါ၏အဆုံးစီရင်ခြင်းနှင့် အမြစ်ဖြတ်သုတ်သင်မှုကို ခံလာရမည် စိုးရ၍ အားလုံးသည် ဤအရာကို နားလည်ကာ မြင်သင့်၏။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ၎င်းတို့ သိ မသိဆိုသည်ကို ငါ ဂရုမစိုက်။ ငါ၏ ဇာတိအဖြစ်သည် မည်သူ၏ ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံနိုင်သည်နှင့်အမျှ ယင်းသည် ငါ့အဖို့ အရေးပါလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ငါသည် ခြင်္သေ့တစ်ကောင် ဖြစ်သည်ဟု ဆိုကြသည့် အကြောင်းအရင်း ဖြစ်သည်၊ ငါ ထိသော မည်သူ့ကိုမဆို၊ ငါ အဆုံးစီရင်သည်။ ယင်းကြောင့် ငါသည် သနားကရုဏာ ပြည့်စုံပြီး မေတ္တာကျေးဇူးတော်ရှိသော ဘုရားသခင် ဖြစ်သည်ဟု ပြောဆိုခြင်းသည် ယခု ငါ့အား ပြစ်မှားစော်ကားခြင်းဖြစ်သည်ဟု ဆိုရသည့်အကြောင်းရင်း ဖြစ်သည်။ အနှစ်သာရအားဖြင့် ငါသည် သိုးသငယ် တစ်ကောင် မဟုတ်၊ ခြင်္သေ့တစ်ကောင် ဖြစ်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားခြင်း မပြုဝံ့ပေ။ ငါ့ကို ပုန်ကန်ပြစ်မှားသောသူ မည်သူ့ကိုမဆို ငါသည် သက်ညှာခြင်း မရှိဘဲ သေခြင်းဖြင့် ချက်ချင်း အပြစ်ပေးမည်။ ဤအရာသည် ငါ၏ စိတ်သဘောထားကို ပြသရန် လုံလောက်၏။ ထို့ကြောင့် နောက်ဆုံးသော ခေတ်၌ မြောက်များစွာသော လူအုပ်ကြီးတစ်စု စွန့်ခွာလိမ့်မည် ဖြစ်ပြီး၊ ဤသည်မှာ လူတို့အတွက် ခံနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သော်လည်း၊ ငါ့အတွက်မူ ငါသည် စိုးရိမ်သောကကင်းပြီး ပျော်ရွှင်ကာ၊ ဤအရာကို ခက်ခဲသော အလုပ်တစ်ခုအဖြစ် ငါလုံးဝ မမြင်ပေ။ ယင်းမှာ ငါ၏ စိတ်သဘောထား ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၂၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၈)
နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေ၌ ပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည် စတင်ရွေ့လာကြသည်။ ယခင်က ငါသည် ပရောဖက်ပြုခဲ့ပြီးဖြစ်သည်။ ကုန်းမြေမှ ကုန်းမြေသည် ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် တိုင်းနိုင်ငံများကို အပိုင်းအစများအဖြစ်သို့ ထုချေပစ်မည့် အချိန်လည်းဖြစ်သည်။ ဤအချိန်တွင်၊ ငါသည် ဖန်ဆင်းခြင်း အလုံးစုံကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည်တစ်ဖန် ပိုင်းကန့်မည်ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို စနစ်တကျ စီစဉ်မည်ဖြစ်ပြီး၊ ၎င်း၏ ဟောင်းသောအခြေအနေကို အသစ်သို့ ပြောင်းလဲစေမည်ဖြစ်သည်။ ဤသည်မှာ ငါ၏အစီအစဉ်ပင်ဖြစ်သည်။ ဤအရာများမှာ ငါ၏အလုပ်များပင် ဖြစ်သည်။ လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေလိမ့်မည်။ သို့သော်လည်း လောကဟောင်း ဆက်လက်တည်ရှိနေသရွေ့ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာ တစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။
ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ် သွားလိမ့်မည်ဖြစ်ပြီး၊ အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခုဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကို စီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် ခွဲခံရမည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ပြစ်တင်ဆုံးမခြင်း ခံကြရမည်။ ငါ့တစ်ဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်မိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။
ငါ၏အသံသည် ပြင်းပြထက်သန်ခြင်း၌ နက်ရှိုင်းလာသည်နှင့်၊ စကြဝဠာ၏ အခြေအနေကိုလည်း ငါသည် အကဲခတ်နေသည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ဖန်ဆင်းခြင်း၏ အသင်္ချေ များလှသောအရာများ အားလုံးသည် အသစ်ပြုပြင်ခြင်းကိုခံရမည်။ ကောင်းကင်သည် ပြောင်းလဲပြီး၊ ကမ္ဘာမြေကြီးသည်လည်း ပြောင်းလဲမည်။ လူသားမျိုးနွယ်သည် တဖြည်းဖြည်းနှင့် အသီးသီး ၎င်းတို့၏ အမျိုးအစားအလိုက် ၎င်းတို့၏ မူလပုံသဏ္ဌာန်အတိုင်း ထုတ်ဖော်ခြင်းခံရပြီး၊ လူများသည် သတိမပြုမိဘဲ ၎င်းတို့မိသားစုများ၏ ရင်ခွင်အောက်သို့ ပြန်ရာလမ်းကို ရှာတွေ့ကြမည်။ ဤအချိန်တွင် ငါသည် ကြီးစွာကျေနပ်မည်။ ငါသည် အနှောင့်အယှက်မှ ကင်းလွတ်ပြီး၊ မည်သူမျှ သတိမပြုမိလိုက်ဘဲနှင့် ငါ၏ ကြီးမြတ်သော အမှုသည် မသိမသာ ပြီးမြောက်ကာ၊ မည်သူမျှ သတိမပြုမိလိုက်ဘဲနှင့် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် အသွင်ပြောင်းခြင်း ခံကြရသည်။ ကမ္ဘာလောကကြီးကို ငါဖန်ဆင်းခဲ့သောအခါ၊ အရာခပ်သိမ်းတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပုံသဏ္ဌာန်များနှင့် သတ်မှတ်လျက်၊ အရာခပ်သိမ်းတို့ကို ငါသည် ၎င်းတို့၏ အမျိုးအစားအလိုက် ပုံသွင်းခဲ့သည်။ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ နိဂုံးအဆုံးသည် နီးကပ်လာသည်နှင့်၊ ငါသည် ဖန်ဆင်းခြင်း၏ ယခင်အခြေအနေကို ပြန်လည်တည်ထောင်မည်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့၏ မူလအခြေအနေများဆီသို့ ပြန်လည်ထူထောင်မည်၊ အရာခပ်သိမ်းကို ထူးကဲသာလွန်စွာ ပြောင်းလဲခြင်းအားဖြင့်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ ရင်ခွင်အောက်သို့ ပြန်လာကြလိမ့်မည်။ အချိန်ကျလာလေပြီ။ ငါ၏အစီအစဉ်ထဲမှ နောက်ဆုံးအဆင့်သည် ပြီးမြောက်အောင်မြင်လုနီးပြီဖြစ်သည်။ အို...ဟောင်းနွမ်း၍ မသန့်စင်သော လောကကြီး၊ သင်သည် ငါ့နှုတ်ကပတ်တော်များအောက်တွင် ဧကန်အမှန်ပင် ကျရှုံးလိမ့်မည်။ ငါ၏အစီအစဉ်အားဖြင့် သင်သည် ဗလာနတ္ထိအဖြစ်သို့ လျှော့ချခြင်း ဧကန်အမှန်ပင် ခံရလိမ့်မည်။ အိုး...ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများတို့၊ သင်တို့အားလုံးသည် ငါ့နှုတ်ကပတ်တော်များအထဲ၌ အသစ်သောအသက်ကို ရကြလိမ့်မည်၊ သင်တို့သည် သင်တို့၏ အကြွင်းမဲ့ပိုင်သအုပ်စိုးသော သခင်ရှိလိမ့်မည်။ အိုး...သန့်စင်၍ အပြစ်အနာအဆာမဲ့သော လောကသစ်ကြီး၊ သင်သည် ငါ့ဘုန်းအထဲတွင် ဧကန်အမှန်ပင် နှိုးထလိမ့်မည်။ အိုး...ဇိအုန်တောင်၊ ထပ်၍ တိတ်ဆိတ်မနေနှင့်။ ငါသည် အောင်မြင်ခြင်းနှင့် ပြန်ကြွလာပြီ။ ဖန်ဆင်းခြင်း၏အလယ်မှ၊ ကမ္ဘာမြေကြီးတစ်ခုလုံးကို ငါသည် စေ့စေ့စပ်စပ် စစ်ဆေး၏။ ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်သည် အသစ်သောအသက်ကို စတင်ခဲ့ပြီး၊ မျှော်လင့်ခြင်းအသစ်ကို အောင်နိုင်လေပြီ။ အိုး...ငါ၏လူများတို့၊ အဘယ်သို့လျှင် သင်တို့သည် ငါ၏ အလင်းရောင်အထဲ၌ အသက်ထံသို့ လှမ်းမလာနိုင်ရသနည်း။ အဘယ်သို့လျှင် သင်တို့သည် ငါ၏လမ်းပြပို့ဆောင်မှုအောက်၌ ရွှင်လန်းခြင်းနှင့် မကခုန်နိုင်ရသနည်း။ ကုန်းမြေတို့သည် ဝမ်းသာရွှင်လန်းခြင်းနှင့် အော်ဟစ်ကြ၏၊ ရေတို့သည်လည်း အားရရွှင်လန်းသော ရယ်မောခြင်းနှင့် ရုန့်ကြမ်းကျယ်လောင်နေကြပါတကား။ အိုး...ရှင်ပြန်ထမြောက်သော ဣသရေလ၊ အဘယ်သို့နှင့် သင်သည် ငါ၏ ရှေးမဆွက ခွဲခန့်မှတ်သားခြင်းအကြောင်းကို ဂုဏ်မယူနိုင် ရသနည်း။ မည်သူသည် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပြီးသနည်း။ မည်သူသည် ငိုကြွေးမြည်တမ်းခဲ့ပြီးသနည်း။ ဟောင်းနွမ်းသော ဣသရေလသည် မတည်ရှိတော့ဘဲ၊ ယနေ့ကာလ၏ ဣသရေလသည် ထမြောက်လေပြီ၊ လောကကြီးတွင် ယင်းသည် မားမားမတ်မတ်နှင့် မြင့်မြင့်မားမားပင် လူသားမျိုးနွယ် အားလုံးတို့၏ နှလုံးသားများထဲတွင် တည်ထားလျက်ရှိသည်။ ယနေ့ကာလ၏ ဣသရေလသည် ငါ၏လူများမှတစ်ဆင့် တည်ရှိဖြစ်တည်မှု၏ ရင်းမြစ်ကို ဧကန်အမှန်ပင် ရရှိလိမ့်မည်။ အိုး...မုန်းတီးခြင်းနှင့်ပြည့်သော အဲဂုတ္တု၊ သင်သည် ဧကန်အမှန်ပင် ငါ့တဘက်၌ ထ၍မနေတော့သည် မဟုတ်လော။ သင်သည် ငါ၏ကရုဏာကို အခွင့်ကောင်းယူလျက် ငါ၏ပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်ရန် အဘယ်သို့လျှင် ကြိုးစားသနည်း။ သင်သည် ငါ၏ပြစ်တင်ဆုံးမခြင်းအတွင်း၌ အဘယ်သို့လျှင် တည်ရှိမနေနိင် ရသနည်း။ ငါချစ်သော ထိုသူအားလုံးသည် ထာဝရကာလတိုင် ဧကန်အမှန် ရှင်သန်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့တစ်ဘက်၌ထကြသော ထိုသူအားလုံးတို့သည်ကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝရကာလတိုင် ခံကြရပေလိမ့်မည်။ အကြောင်းမူကား၊ ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ၏။ ငါသည် လူအားလုံးကို သူတို့ပြုခဲ့သောအရာများကြောင့် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးအပေါ်သို့ စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ