၆။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၃၂)

ငါသည် ဖြောင့်မတ်သည်၊ ငါသည် ယုံကြည်စိတ်ချရပြီး၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို စစ်ဆေးသော ဘုရားသခင် ဖြစ်၏။ မည်သူ စစ်မှန်ပြီး မည်သူ မှားယွင်းသည်ကို ငါသည် မဆိုင်းမတွ ထုတ်ဖော်မည်။ အထိတ်တလန့် မဖြစ်လေနှင့်။ အရာအားလုံးသည် ငါ၏အချိန်အတိုင်း အလုပ်လုပ်၏။ မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ လိုချင်ပြီး မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ မလိုချင်သည်ကို ငါသည် သင်တို့အား တစ်ယောက်ပြီး တစ်ယောက် ပြောပြမည်။ သင်တို့အနေဖြင့် ငါ၏ မျက်မှောက်သို့ လာကြသည့်အခါ စားဖို့၊ သောက်ဖို့နှင့် ငါ့ထံ တိုးဝင်ချဉ်းကပ်ဖို့သာ ဂရုစိုက်လော့၊ ပြီးလျှင် ငါ၏အလုပ်ကို ငါကိုယ်တိုင်လုပ်မည်။ မြန်ဆန်သော ရလဒ်များအတွက် အလွန် စိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်။ ငါ၏အလုပ်သည် အားလုံး ချက်ချင်း ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ထိုအထဲ၌ ငါ၏ခြေလှမ်းများနှင့် ငါ၏ဉာဏ်ပညာတို့ ရှိပြီး ယင်းမှာ ငါ၏ဉာဏ်ပညာကို ထုတ်ဖော်ပြနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဆိုးသောသူကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူကို ဆုလာဘ်ချီးမြှင့်ခြင်း ဖြစ်သည့် ငါ၏လက်များဖြင့် မည်သည့်အရာ လုပ်ဆောင်ထားသည်ကို သင်တို့အား ငါမြင်ခွင့်ပေးမည်။ ငါသည် မည်သူကိုမျှ ဘက်မလိုက်သည်မှာ အသေချာဆုံး ဖြစ်သည်။ ငါ့ကို ရိုးသားစစ်မှန်စွာ ချစ်သော အသင်၊ ငါသည် သင့်ကို ရိုးသားစစ်မှန်စွာ ချစ်မည်ဖြစ်ပြီး၊ ငါ့အား ရိုးသားစစ်မှန်စွာ မချစ်သော သူတို့အတွက်မူ ငါသည် စစ်မှန်သော ဘုရားသခင်၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို ဆန်းစစ်သော ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့ ထာဝရတစ်လျှောက် အမှတ်ရနိုင်ဖို့အလို့ငှာ ငါ၏ အမျက်ဒေါသသည် ၎င်းတို့နှင့်အတူ အမြဲရှိလိမ့်မည်။ အခြားသူများ၏ရှေ့တွင် တစ်မျိုး၊ ၎င်းတို့၏ နောက်ကွယ်၌ တစ်ဖုံ မပြုမူလေနှင့်။ ငါသည် သင်ပြုသမျှ အရာအားလုံးကို ရှင်းလင်းစွာမြင်ပြီး၊ သင်သည် အခြားသူများအား အရူးလုပ်ကောင်း လုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ ငါ့အား အရူး လုပ်၍မရနိုင်။ ငါသည် အားလုံးကို ရှင်းလင်းစွာ မြင်၏။ မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် သင့်အတွက် မဖြစ်နိုင်။ အရာအားလုံး ငါ့ လက်တွင် ရှိ၏။ သင်၏ အရေးမပါသော သေးငယ်သည့် တွက်ချက်မှုများ ပြုလုပ်ခြင်းက သင့်အတွက် အကျိုးအမြတ် ဖြစ်ပေါ်စေခြင်းကြောင့် သင့်ကိုယ်သင် အလွန်တရာ လိမ္မာပါးနပ်သည်ဟု မထင်လေနှင့်။ ငါ သင့်ကို ပြောသည်- လူသားသည် အစီအစဉ်များစွာ၊ ထောင်ချီ သို့မဟုတ် သောင်းချီဖြစ်စေ၊ လျှို့ဝှက်ကြံစည်ကောင်း ကြံစည်နိုင် သော်လည်း၊ နောက်ဆုံး၌ ၎င်းတို့သည် ငါ၏လက်ဖဝါးမှ မလွတ်မြောက်နိုင်ပေ။ လူတစ်ဦးတစ်ယောက် မဆိုထားနှင့်၊ အရာခပ်သိမ်းနှင့် အရာဝတ္ထု အားလုံးသည် ငါ့လက်များ၏ ထိန်းချုပ်ခြင်းခံရကြ၏။ ငါ့အား ရှောင်ပြေးရန် သို့မဟုတ် ပုန်းကွယ်ရန် မကြိုးစားနှင့်၊ မြှောက်ထိုးပင့်ကော်လုပ်ရန် သို့မဟုတ် ဖုံးကွယ်ရန် မကြိုးစားလေနှင့်။ ငါ၏ဘုန်းအသရေ ရှိသော မျက်နှာထား၊ ငါ၏အမျက်ဒေါသနှင့် ငါ၏ တရားစီရင်ခြင်းတို့သည် လူသိရှင်ကြား ထုတ်ဖော်ပြီးဖြစ်သည်ကို သင် မမြင်သေးသည်မှာ ဖြစ်နိုင်သလော။ ငါ့အား ရိုးသားစစ်မှန်စွာ အလိုမရှိသောသူ မည်သူမဆို၊ ငါသည် ၎င်းတို့ကို သနားညှာတာခြင်း မရှိဘဲ ချက်ချင်း တရားစီရင်မည်။ ငါ၏သနားခြင်းကရုဏာသည် အဆုံးသတ်ပြီဖြစ်၏။ ဘာမျှ မကျန်ကြွင်းတော့ပေ။ သူတော်ကောင်းယောင်ဆောင်သောသူ မဖြစ်တော့ဘဲ၊ သင်၏ အထိန်းအကွပ်မဲ့ပြီး အဆင်အခြင်မဲ့သော နည်းလမ်းများကို ရပ်တန့်လော့။

ငါ့သား၊ ဂရုစိုက်လော့။ ငါ့မျက်မှောက်၌ အချိန်ပိုမို ကုန်ဆုံးလော့၊ ပြီးလျှင် ငါသည် သင့်ကို တာဝန်ယူမည်။ ကြောက်ရွံ့ခြင်း မရှိလေနှင့်၊ ငါ၏ ထက်မြက်သည့် အသွားနှစ်ဖက် ပါသောဓါးကို ရှေ့သို့ယူဆောင်ပြီး စာတန်ကို ငါ၏အလိုတော် နှင့်အညီ နောက်ဆုံးပွဲသိမ်းသည်အထိ အကြိတ်အနယ် တိုက်ခိုက်လော့။ ငါသည် သင့်ကို ကွယ်ကာမည်။ စိုးရိမ်ခြင်း မရှိလေနှင့်။ ဖုံးကွယ်ထားသော အရာမှန်သမျှ ဖွင့်ဟခံရပြီး ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ ငါသည် အမှောင်ထုဟူသမျှကို ရက်ရက်စက်စက် လင်းစေလျက်၊ အလင်းကိုပေးသော နေမင်း ဖြစ်သည်။ ငါ၏တရားစီရင်ခြင်းသည် အပြည့်အဝ ဖြစ်ပေါ်လာပြီး ဖြစ်သည်။ အသင်းတော်သည် စစ်မြေပြင် ဖြစ်၏။ သင်တို့အားလုံး အဆင်သင့်ဖြစ်ပြီး၊ နောက်ဆုံး အဆုံးအဖြတ်ပေးသည့် စစ်ပွဲအတွက် သင်၏ ဖြစ်တည်မှုအားလုံးကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားသင့်သည်။ သင်သည် ငါ့အတွက် ကောင်းမြတ်၊ အောင်မြင်သည့် စစ်ပွဲကို တိုက်နိုင်ကြဖို့အလို့ငှာ သင့်ကို ဧကန်မုချ ငါကွယ်ကာမည်။

သတိရှိကြလော့- ယနေ့ခေတ်တွင် လူတို့၏ စိတ်နှလုံးများသည် လှည့်စားတတ်ပြီး ခန့်မှန်း၍ မရနိုင်သကဲ့သို့ အခြားလူတို့၏ယုံကြည်မှုကို ရရှိရန် ၎င်းတို့ မည်သို့မျှ မဖြစ်နိုင်ပေ။ ငါသည်သာ သင်တို့အတွက် အလုံးစုံ ဖြစ်သည်။ ငါ့အထဲ၌ လှည့်ဖြားခြင်းမရှိ။ ငါ့အပေါ်တွင်သာ မှီခိုလော့။ ငါ့သားတို့သည် နောက်ဆုံး အဆုံးအဖြတ်ပေးသည့် စစ်ပွဲတွင် ဧကန်မုချ အောင်မြင်ကြလိမ့်မည် ဖြစ်ပြီး၊ စာတန်သည် သေခါနီး ဆန့်တငင်ငင် အခြေအနေတွင် မလွဲမသွေ ထွက်ပေါ်ရလိမ့်မည်။ ကြောက်ရွံ့ခြင်း မရှိလေနှင့်။ ငါသည် သင်၏တန်ခိုးဖြစ်ပြီး သင်၏အလုံးစုံ ဖြစ်၏။ အမှုအရာများကို ထပ်ခါထပ်ခါ မစဉ်းစားလေနှင့်၊ သင်သည် များလှစွာသော အတွေးများကို အာရုံစိုက်၍မဖြစ်ပေ။ အချိန်သည် အလွန်ပင် အပူတပြင်း အရေးကြီးနေသောကြောင့်၊ ငါသည် သင်တို့ကို လမ်းကြောင်း တစ်လျှောက် ဆွဲခေါ်မသွားနိုင်တော့သည်ကို ယခင်က ငါပြောပြီးဖြစ်သည်။ သင်တို့ကို နားရွက်မှ ဖမ်းကိုင်ပြီး အလှည့်တိုင်း သတိပေးရန် ငါ၌ နောက်ထပ် အချိန်မရှိတော့ပေ- ယင်းသည် မဖြစ်နိုင်ပေ။ တိုက်ပွဲအတွက် သင်တို့၏ ပြင်ဆင်မှုများကိုသာ အပြီးသတ်ကြလော့။ ငါသည် သင့်အတွက် အပြည့်အဝ တာဝန်ယူသည်။ အရာခပ်သိမ်းသည် ငါ၏လက် အတွင်းတွင် ရှိ၏။ ဤသည်မှာ သေသည်အထိ တိုက်ရမည့် စစ်ပွဲတစ်ခုဖြစ်ပြီး၊ တစ်ဖက် မဟုတ် တစ်ဖက် ပျက်ဆီးဆုံးရှုံးဖို့ သေချာ၏။ သို့သော် သင်သည် ဤအရာနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်- ငါသည် ထာဝရအောင်နိုင်ပြီး ရှုံးပွဲမရှိသောသူဖြစ်ကာ စာတန်သည် ဧကန်မုချ ပျက်စီးရလိမ့်မည် ဖြစ်၏။ ဤသည်မှာ ငါ၏ချဉ်းကပ်နည်း၊ ငါ၏အမှု၊ ငါ၏အလိုနှင့် ငါ၏အကြံအစည်တို့ ဖြစ်သည်။

ပြီးမြောက်ပြီ။ အရာအားလုံး ပြီးမြောက်ပြီ။ သူရဲဘောမကြောင်လေနှင့်၊ သို့မဟုတ် မကြောက်လေနှင့်။ ငါသည် သင်နှင့်အတူ၊ သင်သည် ငါနှင့်အတူ ထာဝရ အစဉ်အမြဲ ရှင်ဘုရင်များ ဖြစ်လိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များသည် တစ်ကြိမ် ပြောလိုက်သည်နှင့် ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့၊ အဖြစ်အပျက်များသည် သင်တို့အပေါ် မကြာခင် ကျရောက်လာလိမ့်မည်။ သတိရှိကြလော့။ သင်သည် စာတစ်ကြာင်းစီတိုင်းကို ကောင်းစွာ တွေးဆသင့်၏။ ငါ၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ နောက်ထပ် မရေမရာ မဖြစ်လေတော့နှင့်။ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဖြစ်နေရမည်။ သင် အမှတ်ရရမည်မှာ- ငါ၏မျက်မှောက်တွင် သင် တတ်နိုင်သမျှ အချိန်များများ ကုန်ဆုံးလော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၃၃)

မကောင်းမှုပြုသောသူများ၊ တန်ခိုးအာဏာ စွဲကိုင်သော သူများနှင့် ဘုရားသခင်၏သားများကို နှိပ်စက်ညှဉ်းပန်းသော သူများအား အပြစ်ပေးဖို့ ငါ စတင် အရေးယူပြီ ဖြစ်သည်။ ယခုမှစ၍ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ ကြီးကြပ်ကွပ်ကဲမှုသည် မိမိတို့၏ စိတ်နှလုံးများထဲတွင် ငါ့ကို ဆန့်ကျင်သောသူများ အပေါ်၌ အစဉ်ရှိလိမ့်မည်။ ဤအရာကို သိကြလော့။ ဤသည်မှာ ငါ၏ တရားစီရင်မှု အစဖြစ်ပြီး မည်သူ့ကိုမျှ သနားခြင်းကရုဏာ ပြမည် မဟုတ်သကဲ့သို့၊ ငါသည် ဖြောင့်မတ်ခြင်းတရားကို လက်တွေ့လုပ်ဆောင်သည့် ဘက်မလိုက်သောဘုရားသခင် ဖြစ်သည့်အတွက် မည်သူကိုမျှ အလွတ်ပေးမည် မဟုတ်၊ ပြီးလျှင် သင့်တို့အားလုံး ဤအရာကို သတိပြုမိလျှင် ကောင်းပေမည်။

ငါသည် မကောင်းမှုပြုသောသူများကို အပြစ်ပေး လိုသည် မဟုတ်။ ယင်းထက်၊ ဤသည်မှာ မိမိတို့ကိုယ်တိုင် ဒုစရိုက်အကျင့်ကို ကျင့်ကြံခြင်းဖြင့် မိမိတို့ကိုယ်ကိုယ်အပေါ် မိမိတို့ ကျရောက်စေသည့် ဒဏ်ခတ်ခံရခြင်း ဖြစ်သည်။ ငါသည် မည်သူ့ကိုမျှ အလျင်အမြန် အပြစ်မပေးသကဲ့သို့၊ မည်သူ့ကိုမျှ မတရားသဖြင့် မဆက်ဆံပေ- ငါသည် အားလုံးအပေါ် ဖြောင့်မတ်ပေသည်။ ငါ၏သားများကို ငါ ဧကန် ချစ်မြတ်နိုးပြီး၊ ငါ့ကို အာခံသည့် ဆိုးယုတ်သူများကို ငါ ဧကန် မုန်း၏။ ဤသည်မှာ ငါ၏ လုပ်ဆောင်ချက်များ နောက်ကွယ်မှ နိယာမ ဖြစ်သည်။ သင်တို့ အယောက်တိုင်းသည် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၌ ထိုးထွင်းအမြင်အချို့ ရှိသင့်ပေသည်။ အကယ်၍ မရှိခဲ့ပါက၊ သင်တို့သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း ရှိကြလိမ့်မည် မဟုတ်သကဲ့သို့ ငါ၏ ရှေ့တွင် သတိမမူဘဲ ပြုမူကြလိမ့်မည်။ ငါ မည်သည့်အရာ စွမ်းဆောင်ရရှိလိုသည်၊ ငါ မည်သည့်အရာ ပြီးမြောက်လိုသည်၊ မည်သည့်အရာကို ငါ ရယူလိုသည် သို့မဟုတ် ငါ၏ နိုင်ငံတော်သည် မည်သည့် လူစားမျိုးကို လိုအပ်သည် ဆိုသည်တို့ကိုလည်း သင် သိလိမ့်မည်မဟုတ်ပေ။

ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှာ-

၁။ သင်တို့ မည်သူဖြစ်ကြပါစေ၊ သင်တို့၏ စိတ်နှလုံးထဲ၌ ငါ့ကို ဆန့်ကျင်ပါက၊ သင်တို့ တရားစီရင်ခံရလိမ့်မည်။

၂။ ငါရွေးချယ်ပြီးသောသူများသည် မမှန်ကန်သော အတွေး တစ်စုံတစ်ရာအတွက် ချက်ချင်း ဆုံးမပဲ့ပြင်ခြင်းကို ခံကြရလိမ့်မည်။

၃။ ငါ့ကို မယုံကြည်သောသူများကို တစ်ဖက်တွင် ငါထားမည်။ ၎င်းတို့ကို လုံးလုံးလျားလျား အပြစ်ပေးပြီး အမျိုးအစား ခွဲမည့်အချိန်ဖြစ်သည့် တကယ့်အဆုံးထိတိုင် ငါသည် ၎င်းတို့ကို မဆင်မခြင် စကားပြောရန်နှင့် ပြုမူရန် အခွင့်ပေးမည်။

၄။ ငါ့ကို ယုံကြည်သောသူများကို ငါသည် အချိန်တိုင်း ကြည့်ရှုစောင့်ရှောက်ပြီး ကွယ်ကာမည်။ ငါသည် ကယ်တင်ခြင်းမှတစ်ဆင့် ၎င်းတို့ကို အချိန်တိုင်း အသက်ကို ထောက်ပံ့ပေးမည်။ ဤလူများသည် ငါ၏ချစ်ခြင်းကို ရကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဧကန်မုချ လဲကျခြင်း သို့မဟုတ် လမ်းပျောက်ခြင်း ရှိလိမ့်မည်မဟုတ်။ ၎င်းတို့၌ ရှိသည့် မည်သည့်အားနည်းချက်မဆိုသည် ယာယီသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ငါသည် ၎င်းတို့၏ အားနည်းချက်များကို သေချာပေါက် အောက်မေ့လိမ့်မည် မဟုတ်။

၅။ ယုံကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ် မယုံကြည်သောသူများ- ဘုရားသခင်တစ်ဆူရှိသည်ကို ယုံကြည်သော်လည်း ခရစ်တော်ကို မရှာဖွေသောသူများ၊ သို့သော် အတိုက်အခံလည်း မလုပ်သောသူများ- ဤသူတို့သည် သနားစရာအကောင်းဆုံး လူစားမျိုးဖြစ်ကြပြီး ငါ၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ၎င်းတို့ကို ငါ ရှင်းရှင်းလင်းလင်း မြင်စေမည်ဖြစ်သည်။ ငါ၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ငါသည် ထိုသို့သောလူများကို ကယ်တင်ပြီး ပြန်လည်ခေါ်ဆောင်လာမည်။

၆။ ငါ၏နာမကို ပထမဦးဆုံး လက်ခံခဲ့ကြသော သားဦးများသည် ကောင်းချီးခံစားရကြလိမ့်မည်။ ငါသည် အကောင်းဆုံး ကောင်းချီးမင်္ဂလာများကို သင်တို့၏ စိတ်နှလုံး ရောင့်ရဲတင်းတိမ်သည်အထိ မွေ့လျော်ခွင့်ပေးရင်း ထိုကောင်းချီးမင်္ဂလာများကို သင်တို့အပေါ် ဧကန်မုချ အပ်နှင်းမည်။ ဤအရာကို မည်သူမျှ တားဆီးဝံ့မည်မဟုတ်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည်နှင့်အမျှ ဤအရာအားလုံးကို သင်တို့အတွက် အပြည့်အဝ ပြင်ဆင်ထားပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၅၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၃၄)

ငါ၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ထိုနှုတ်ကပတ်တော်များ ပြည့်စုံလာမည်ဟု ယုံကြည်သော သူများသည် မင်္ဂလာရှိကြ၏။ ငါသည် သင့်အား လုံးဝ နှိပ်စက်မည် မဟုတ်ပေ၊ ငါသည် သင်ယုံကြည်သော အရာကို သင်၏အတွင်းတွင် ပြည့်စုံစေမည်။ ဤသည်မှာ သင်တို့အပေါ် ရောက်ရှိလာမည့် ငါ၏ကောင်းချီးမင်္ဂလာ ဖြစ်၏။ ငါ၏ နှုတ်ကပတ်တော်များသည် လူတိုင်း၌ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်များကို အရှိုက်ထိ လေသည်။ လူတိုင်းတွင် သေလောက်သော ဒဏ်ရာများရှိပြီး ငါသည် ၎င်းတို့ကို ကုသပျောက်ကင်းစေသည့် သမားတော်ကောင်း ဖြစ်ပေသည်- ငါ့မျက်မှောက်ထဲသို့သာ လာကြလော့။ အနာဂတ်တွင် နောက်ထပ် ဝမ်းနည်းခြင်းနှင့် မျက်ရည်များ ရှိတော့မည်မဟုတ်ဟု ငါအဘယ်ကြောင့် ဆိုခဲ့သနည်း။ ယင်းမှာ ဤအကြောင်းကြောင့် ဖြစ်သည်။ ငါ၌ အရာရာ ပြီးမြောက်သော်လည်း၊ လူသားများ၌ အရာခပ်သိမ်းသည် ဖောက်ပြန်ပျက်စီး၏၊ အနှစ်သာရမဲ့ပြီး လှည့်ဖြားတတ် ပေသည်။ ငါ၏မျက်မှောက်တွင် သင်သည် အရာခပ်သိမ်းကို ရရှိဖို့သေချာပြီး သင် လုံးဝစိတ်ကူး၍ မရနိုင်ခဲ့သည့် ကောင်းချီးမင်္ဂလာများအားလုံးကို တကယ်ကို မြင်ကာ မွေ့လျော်နိုင်ပေသည်။ ငါ၏ရှေ့မှောက်သို့ မလာသော သူများသည် သေချာပေါက် ပုန်ကန်သောသူများ ဖြစ်ပြီး၊ ငါ့ကို ဆန့်ကျင်သောသူများ လုံးဝ ဖြစ်ပေသည်။ ငါသည် ၎င်းတို့ကို ပေါ့ပေါ့တန်တန် သက်ညှာမည် မဟုတ်။ ထိုသို့သောလူများကို ငါသည် ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမမည်။ ဤအရာကို သတိရလော့။ ယင်းသည် ကျေးဇူးတော်သာ ဖြစ်လိမ့်မည် ဖြစ်သော်လည်း- ငါ၏ ရှေ့မှောက်သို့ လူများ သာ၍လာလေလေ၊ ၎င်းတို့ သာ၍ ရရှိလေလေ ဖြစ်လိမ့်မည်။ နောက်ပိုင်းတွင်၊ ၎င်းတို့သည် သာ၍ပင် ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိကြ လိမ့်မည်။

ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက ငါသည် ဤလူစု၊ အတိအကျဆိုရသော် ယနေ့ သင်တို့ကို၊ စတင် ခွဲခန့်မှတ်သားကာ ရွေးကောက်ပြီး ဖြစ်သည်။ သင်တို့၏ ပင်ကိုစရိုက်၊ အစွမ်းအစ၊ သွင်ပြင်နှင့် ဝိညာဉ်အသက်တာ၊ သင်မွေးဖွားခဲ့သော သင်၏မိသားစု၊ သင်၏ အလုပ်နှင့် သင်၏ အိမ်ထောင်- သင်၏ဆံပင်အရောင်နှင့် အသားအရောင်၊ ပြီးလျှင် သင်မွေးဖွားသည့်အချိန်တို့ပင် အပါအဝင် သင်၏ အလုံးစုံထဲက သင်- အားလုံးကို ငါ၏လက်များဖြင့် စီစဉ်ထားခဲ့ပေသည်။ ယနေ့ သင်တို့ကို ငါ့မျက်မှောက်တော် ထဲသို့ ခေါ်ဆောင်လာခြင်းသည် အမှန်တကယ် ငါ၏ အစီအစဉ်အားဖြင့် ဖြစ်သည်ကို မဆိုထားနှင့်ဦး၊ နေ့ရက်စဉ်တိုင်း သင်တို့လုပ်ဆောင်သော အရာများနှင့် သင်တို့ တွေ့ဆုံသောလူများကိုပင် ငါ၏လက်ဖြင့် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ကစဉ့်ကလျားဖြစ်ခြင်းထဲသို့ ခြေစုံပစ်မဝင်နှင့်။ တည်ငြိမ်စွာ သင် ရှေ့ဆက်သင့်သည်။ ယနေ့ သင့်ကို ငါမွေ့လျော်ခွင့်ပေးသည့် အရာသည် သင်နှင့်ထိုက်တန်သည့် ဝေစုတစ်ခု ဖြစ်ပြီး၊ ယင်းကို ကမ္ဘာလောက၏ ဖန်ဆင်းခြင်းကတည်းက ငါ့အားဖြင့် ခွဲခန့်မှတ်သားထားပြီး ဖြစ်ပေသည်။ လူသားအားလုံးသည် အလွန် အစွန်းရောက်ကြသည်- ၎င်းတို့သည် လွန်ကဲစွာ ခေါင်းမာသောသူများ သို့မဟုတ် အရှက်လုံးဝမရှိသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အမှုအရာများနှင့်ပတ်သက်၍ ငါ၏အစီအစဉ်နှင့် စီမံချက်များနှင့်အညီ မလုပ်ဆောင် နိုင်ကြချေ။ ဤအရာကို နောက်ထပ်ကြာရှည်စွာ မလုပ်ကြနှင့်။ ငါ၌ အားလုံးသည် လွတ်မြောက်စေခြင်း ခံရသည်။ သင်၏ အသက်နှင့်ပတ်သက်၍ ဆုံးရှုံးမှုရှိလိမ့်မည် ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် မချည်နှောင်နှင့်။ ဤအရာကို သတိရလော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၃၅)

ငါသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည့်အပြင်၊ ငါသည် တစ်ဆူတည်းသော ဘုရားသခင်၏ ဇာတိအဖြစ်တော်လည်း ဖြစ်သည်။ ထို့ထက်ပင်ပို၍၊ ဇာတိပကတိ အလုံးစုံဖြစ်သော ငါသည် ဘုရားသခင်၏ စုံလင်သော သရုပ်သကန်ဖြစ်သည်။ ငါ့ကို မကြည်ညိုဘဲ နေဝံ့သူ၊ မိမိတို့၏ မျက်စိများတွင် ခုခံမှုကို ဖော်ပြဝံ့သူနှင့် ငါ့အား အာခံသော စကားများ ပြောဝံ့သောသူ မည်သူမဆိုတို့သည် ငါ၏ကျိန်ခြင်းများနှင့် အမျက်ကြောင့် ဧကန်မုချ သေကြရမည် (ငါ၏အမျက်ကြောင့် ကျိန်ခြင်း ရှိလိမ့်မည်)။ ထို့အပြင် ငါ့ကို သစ္စာမစောင့်သိဝံ့သူ သို့မဟုတ် ရင်းနှီးကျွမ်းဝင်ခြင်း မရှိဘဲ နေဝံ့သောသူ မည်သူမဆိုနှင့် ငါ့ကို လှည့်ဖြားရန် ကြိုးစားဝံ့သောသူ မည်သူမဆိုသည် ငါ၏ အမုန်းတရားကြောင့် ဧကန်အမှန် သေကြရမည်။ ငါ၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် ထာဝရကာလပတ်လုံး တည်တံ့လိမ့်မည်။ ဦးစွာပထမ၊ ငါသည် ချစ်တတ်ပြီး သနားကရုဏာနှင့် ပြည့်သော်ငြားလည်း၊ ဤသည်မှာ ငါ၏ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ၏ စိတ်သဘောထား မဟုတ်ပေ။ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် စုံလင်သော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည့် ငါ၏ စိတ်သဘောထားတွင် ဖွဲ့စည်းပါဝင်ရုံမျှ ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတောအတွင်းတွင်၊ ငါသည် ချစ်တတ်ပြီး ကရုဏာတရား ပြည့်ဝသည်။ ငါပြီးစီးရမည့်အမှုကြောင့် ငါသည် မေတ္တာနှင့် သနားကရုဏာတို့ ပိုင်ဆိုင်ခဲ့သည်။ သို့သော်၊ နောက်ပိုင်းတွင် ထိုသို့သော အရာများ မလိုအပ်တော့ပေ (ထို့အပြင် ထိုအချိန်ကတည်းကစပြီး တစ်ခုမှ မရှိတော့ပေ)။ ယင်းသည် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းသာ ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ စုံလင်သော ဘုရားသဘာဝနှင့် ယှဉ်တွဲရှိနေသော ငါ၏ ပုံမှန် လူ့သဘာဝ၏ စုံလင်သော စိတ်သဘောထား ဖြစ်သည်။

ငါ့ကို မသိသောသူတို့သည် အနက်ဆုံးသောတွင်းထဲတွင် ပျက်စီးကြရလိမ့်မည် ဖြစ်သော်လည်း၊ ငါ့အကြောင်းကို သေချာစွာ သိသောသူတို့မှာမူ ငါ၏ချစ်ခြင်းမေတ္တာအတွင်းတွင် စောင့်ရှောက်ခံရပြီး အကာအကွယ်ပေးခြင်း ခံရရန် ထာဝရ အသက်ရှင်ကြလိမ့်မည်။ ငါသည် စကားတစ်ခွန်းကို မိန့်မြွက်သည်နှင့်တစ်ပြိုင်နက်၊ ဤစကြဝဠာ တစ်ခုလုံးနှင့် ကမ္ဘာမြေအစွန်းတို့သည် တုန်လှုပ်ကြ၏။ မည်သူသည် ငါ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး ကြောက်ရွံ့ခြင်းဖြင့် မတုန်လှုပ်ဘဲ နေနိုင်သနည်း။ မည်သူသည် ငါ့အပေါ် ကြည်ညိုမှု လျှံထွက်လာခြင်းအား ချုပ်တည်းထားနိုင်သနည်း။ ထို့အပြင် မည်သူသည် ငါ၏ လုပ်ဆောင်ချက်များမှ ငါ၏ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်ကို သိနိုင်စွမ်း မရှိသနည်း။ ပြီးလျှင် မည်သူသည် ငါ၏လုပ်ဆောင်ချက်များ အတွင်းရှိ ငါ၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို မမြင်နိုင်သနည်း။ သတိမမူသောသူ မည်သူမဆို ဧကန်မုချ သေဆုံးကြလိမ့်မည်။ ဤသည်မှာ ထိုသတိမမူသော သူတို့သည် ငါ့ကို ခုခံသောသူတို့နှင့် ငါ့ကို မသိသောသူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်ပြီး အစွန်းရောက်၍ လုံးဝ ဂရုမစိုက်သော သူများဖြစ်သည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ကြလော့။ အစွန်းရောက်၍ လုံးဝ ဂရုမစိုက်သောသူ၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသောသူ၊ စိတ်ကြီးဝင်သောသူနှင့် မာနထောင်လွှားသောသူ မည်သူမဆို ငါ၏မုန်းတီးခြင်းကို ဧကန်မုချ ခံရသည့်အရာဖြစ်ပြီး ပျက်စီးဆုံးရှုံးဖို့ သေချာပေသည်။

ငါသည် ယခု ငါ၏နိုင်ငံတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကြေညာ၏- အရာခပ်သိမ်းသည် ငါ၏ တရားစီရင်ခြင်းအတွင်းတွင် ရှိသည်၊ အရာခပ်သိမ်းသည် ငါ၏ဖြောင့်မတ်ခြင်းအတွင်းတွင် ရှိသည်၊ အရာခပ်သိမ်းသည် ငါ၏ဘုန်းအာနုဘော်အတွင်းတွင် ရှိပြီး၊ ငါ၏ဖြောင့်မတ်ခြင်းတရားကို အားလုံးအပေါ် ငါလက်တွေ့လုပ်ဆောင်၏။ ငါ့ကိုယုံကြည်သည်ဟု ဆိုကြသော်လည်း၊ စိတ်ထဲတွင် ငါ့ကို ဆန့်ကျင်သောသူများ သို့မဟုတ် စိတ်နှလုံး၌ ငါ့ကိုစွန့်ပစ်သော သူတို့သည် နှင်ထုတ်ခံရလိမ့်မည် ဖြစ်သည်- သို့သော်လည်း ငါ့အတွက်အချိန်ကောင်း ကျရောက်ချိန်မှသာ ဖြစ်လိမ့်မည်။ ငါ့အကြောင်းကို လှောင်ပြောင် ပြောဆိုသူများသည် အခြားသူများ သတိမထားမိသော နည်းလမ်းဖြင့် လှောင်ပြောင်ပြောဆိုခြင်းဖြစ်သော်လည်း၊ ချက်ချင်းသေရလိမ့်မည် (သူတို့သည် စိတ်၊ ခန္ဓာနှင့် ဝိညာဉ်၌ သေဆုံးကြလိမ့်မည်)။ ငါချစ်ခင်သောသူတို့ကို ဖိနှိပ်သောသူ၊ သို့မဟုတ် တမင် အဖက်မလုပ်သော သူတို့သည် ငါ့အမျက်ဖြင့် ချက်ချင်း တရားစီရင်ခြင်းခံရလိမ့်မည်။ ဆိုလိုသည်မှာ ငါချစ်ခင်သောသူတို့ကို မနာလိုဝန်တိုသော လူများနှင့် ငါသည် ဖြောင့်မတ်ခြင်းမရှိဟု ထင်သောလူများသည် ငါချစ်ခင်သောသူတို့၏ တရားစီရင်ခြင်းခံရရန် လွှဲပြောင်းပေးအပ်ခြင်း ခံရလိမ့်မည်။ ကောင်းစွာ ပြုမူနေထိုင်သူ၊ ရိုးဖြောင့်ပြီး၊ ရိုးသားသူ (ဉာဏ်ပညာ ကင်းမဲ့သောသူများ အပါအဝင်) နှင့် ငါ့အား မြဲမြံသော ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံသောသူ အားလုံးသည် ငါ၏နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လေ့ကျင့်ပေးခြင်းကို မဖြတ်သန်းရသေးသူများ၊ ဆိုလိုသည်မှာ ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့သည့် ရိုးသားသူများသည် ငါ၏နိုင်ငံတော်တွင် တန်ခိုးအာဏာ ရှိကြလိမ့်မည်။ သို့ရာတွင်၊ ၎င်းတို့သည်လည်း ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီး ကျိုးပဲ့ကြေမွကြရပြီး ဖြစ်သည်။ ၎င်းတို့ လေ့ကျင့်ပေးခြင်းကို မကြုံရသေးသည်မှာ မလွဲဧကန် မဟုတ်ပေ။ ထို့ထက်၊ အယောက်တိုင်းကို ငါ၏အနန္တတန်ခိုးနှင့် ငါ၏ဉာဏ်ပညာအား ငါ ပြသမည်မှာ ဤအရာများမှတစ်ဆင့် ဖြစ်သည်။ ငါ့ကို သံသယရှိသေးသော သူအားလုံးကို ငါ မောင်းထုတ်မည်။ ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ငါအလိုမရှိ (ဤသို့သော အချိန်ကာလမျိုးတွင် ငါ့ကိုသံသယဖြစ်ဆဲရှိသော သူတို့ကို ငါမုန်းတီးသည်)။ ဤစကြဝဠာ တစ်ခုလုံးအနှံ့ ငါပြုသော လုပ်ဆောင်ချက်များအားဖြင့် ရိုးသားသောလူတို့ကို ငါ့ဆောင်ရွက်ချက်များ၏ အံ့သြဖွယ်ဖြစ်ခြင်းကို ငါပြသမည် ဖြစ်ပြီး၊ ထို့နောက်ချက်ချင်း ၎င်းတို့၏ ဉာဏ်ပညာ၊ ထိုးထွင်းသိမြင်မှုနှင့် ချင့်ချိန်နိုင်စွမ်းတို့ကို ကြီးထွားစေမည်။ လိမ်လည် လှည့်ဖြားသော လူတို့ကိုလည်း ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက်များ၏ အကျိုးဆက်အဖြစ် တစ်ခဏတွင်းတွင် ဖျက်ဆီး ခံရစေမည်။ ငါ၏နာမကို ရှေးဦးစွာလက်ခံသည့် သားဦးများအားလုံး (ဆိုလိုသည်မှာ သန့်ရှင်းပြီး၊ အပြစ်ကင်းကာ ရိုးသားသောသူများ) သည် နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ဦးစွာပထမ ရရှိသောသူများ ဖြစ်လိမ့်မည်ဖြစ်ပြီး နိုင်ငံတော်ထဲတွင် ရှင်ဘုရင်များကဲ့သို့ စိုးစံကာ တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးများ အားလုံးတို့ကို တရားစီရင်လျက်၊ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးကို ငါနှင့်အတူ အုပ်စိုးရလိမ့်မည်။ (ဤအရာက နိုင်ငံတော်ထဲက သားဦးများ အားလုံးကို ရည်ညွှန်းပြီး အခြားသူများကို မရည်ညွှန်းပေ)။ တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးများအားလုံး အလယ်ရှိ စီရင်ခြင်းခံရပြီး နောင်တရပြီးသော သူတို့သည် ငါ၏နိုင်ငံတော်ထဲ ဝင်ကြမည်ဖြစ်ပြီး ငါ၏လူမျိုး ဖြစ်လာကြလိမ့်မည် ဖြစ်သော်လည်း၊ ခေါင်းမာပြီး၊ နောင်တမရသောသူတို့သည် (ထာဝရပျက်စီးဆုံးရှုံးရန်) အနက်ဆုံးသော တွင်းထဲသို့ ပစ်ချခြင်းခံရလိမ့်မည်။ နိုင်ငံတော်ထဲက တရားစီရင်ခြင်းသည် နောက်ဆုံးတရားစီရင်ခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းသည် လောကကြီးအား ငါ၏ အကုန်အစင် ဆေးကြောခြင်း ဖြစ်လိမ့်မည်။ ထိုနောက်တွင် မတရားမှု၊ ဝမ်းနည်းခြင်း၊ မျက်ရည်များ၊ သို့မဟုတ် သက်ပြင်းချရခြင်းများ ရှိတော့မည် မဟုတ်ဘဲ၊ ထို့ထက်ပင်ပို၍ ကမ္ဘာလောကလည်း ရှိတော့မည်မဟုတ်ပေ။ အရာရာသည် ခရစ်တော်၏ သရုပ်သကန် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အရာခပ်သိမ်းသည် ခရစ်တော်၏နိုင်ငံတော် ဖြစ်လိမ့်မည်။ ဘုန်းအသရေ ရှိလှတကား။ ဘုန်းအသရေ ရှိလှတကား။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၃၆)

ယခုတွင် ငါသည် သင်တို့အတွက် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြဋ္ဌာန်းသည်။ (လူအမျိုးမျိုးတို့ကို အမျိုးမျိုးသော ပြစ်တင်ဆုံးမခြင်းများ သတ်မှတ်ပြီး၊ ၎င်းတို့သည် ပြဋ္ဌာန်းသော နေ့မှ စတင်သက်ရောက်မှုရှိသည်)

ငါသည် ငါ၏ကတိများကို တည်သကဲ့သို့၊ အရာရာသည် ငါ၏လက်ထဲတွင် ရှိ၏- သံသယရှိသူ မည်သူမဆို မုချ အဆုံးစီရင် ခံရလိမ့်မည်။ မည်သည့် စာနာထောက်ထားမှုအတွက်မျှ နေရာမရှိ။ ၎င်းတို့သည် ချက်ခြင်း မျိုးဖြုတ်ခံရလိမ့်မည်၊ ထိုသို့ဖြင့် မုန်းတီးမှုကို ငါ၏နှလုံးသားမှ ဖယ်ရှားပေမည်။ (ယခုအချိန်မှစ၍ အဆုံးစီရင်ခြင်းခံရသူ မည်သူမဆိုသည် ငါ၏နိုင်ငံသားတစ်ဦး ဖြစ်ရမည်မဟုတ်သကဲ့သို့၊ စာတန်၏ သားစဉ် မြေးဆက်တစ်ဦး ဖြစ်ရမည်ကို အတည်ပြုပြီးပြီ ဖြစ်သည်။)

သားဦးများအနေဖြင့်၊ သင်တို့သည် သင်တို့၏အနေအထားများကို ထိန်းသိမ်းထားသင့်ပြီး၊ သင်တို့၏ ကိုယ်ပိုင်တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းသင့်ကာ၊ စပ်စုသောသူများ မဖြစ်သင့်ပေ။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်အတွက် သင်တို့သည် မိမိကိုယ်ကိုယ် ဆက်ကပ်သင့်ပြီး၊ သင်တို့သွားသည့်နေရာတိုင်းတွင် ငါ့အတွက် ကောင်းသောသက်သေခံခြင်းကို ပြုသင့်ကာ၊ ငါ၏နာမကို ဘုန်းထင်ရှားစေသင့်၏။ ရှက်ဖွယ်သော လုပ်ရပ်တို့ကို မကျူးလွန်နှင့်။ ငါ၏သားများနှင့် ငါ၏လူတို့အားလုံးအတွက် ပုံသက်သေ ဖြစ်လော့။ တစ်ခဏမျှပင် အကျင့်တရားမပျက်လေနှင့်။ သင်တို့သည် အယောက်တိုင်းရှေ့တွင် သားဦးများ၏ ပင်ကိုလက္ခဏာဆောင်လျက် အမြဲ ရှိရမည်ဖြစ်ကာ ဖော်လံဖားရမည်မဟုတ်။ ယင်းထက်၊ ခေါင်းမော့လျက် ရှေ့ဆက် ခြေလှမ်းလှမ်းသင့်၏။ ငါ၏နာမကို အရှက်ရစေရန်မဟုတ်ဘဲ၊ ငါ၏နာမကို ဘုန်းထင်ရှားစေကြရန် သင်တို့ကို တောင်းဆိုနေခြင်းဖြစ်သည်။ သားဦးများဖြစ်ကြသောသူတို့ အသီးသီးသည် ၎င်းတို့ တစ်ဦးချင်းကိုယ်တိုင် လုပ်ငန်းတာဝန် ရှိကြပြီး၊ အရာရာတိုင်းကို မလုပ်ဆောင်နိုင်ကြပေ။ ဤသည်မှာ သင်တို့ကို ငါပေးထားသော တာဝန်ဖြစ်ပြီး၊ ထိုတာဝန်ကို ခေါင်းရှောင်ရမည် မဟုတ်။ သင်တို့ကို ငါ ပေးအပ်ထားသည့် အရာကို ဖြည့်ဆည်းရန် သင်တို့သည် မိမိတို့ကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနှင့် အစွမ်းရှိသမျှဖြင့် ဆက်ကပ်ကြရမည်။

ယနေ့မှရှေ့ဆက်၍၊ စကြဝဠာလောကအနှံ့တွင် ငါ၏သားများအားလုံးနှင့် ငါ၏လူမျိုးအားလုံးကို ထိန်းကျောင်းခြင်းတာဝန်အား ဖြည့်ဆည်းဖို့ ငါ၏ သားဦးများထံ အပ်နှံလိမ့်မည်ဖြစ်ပြီး၊ ထိုတာဝန်ကို ဖြည့်ဆည်းဖို့ မိမိတို့၏ နှလုံးသားနှင့် စိတ်တစ်ခုလုံးကို ဆက်ကပ်နိုင်ခြင်း မရှိသူ မည်သူမဆိုအား ငါ ပြစ်တင်ဆုံးမမည် ဖြစ်သည်။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း ဖြစ်၏။ ငါသည် ငါ၏သားဦးများအပေါ်တွင်ပင် သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ လျှော့ပေါ့ ပေးလိမ့်မည် မဟုတ်။

ငါ၏သားများနှင့် ငါ၏လူတို့ကြားတွင် ငါ၏သားများထဲမှတစ်ဦးကို လှောင်ပြောင်ကာ စော်ကားသောသူ ရှိပါက၊ ငါ၏ သားဦးများသည် ငါကိုယ်တိုင်အား ကိုယ်စားပြုကြသည့်အတွက် ငါသည် ထိုသူတို့ကို ပြင်းထန်စွာ အပြစ်ပေးမည်။ ငါ၏သားဦးများကို တစ်စုံတစ်ယောက်က ပြုသောအရာသည် ငါ့ကို ပြုခြင်းပင်ဖြစ်၏။ ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ထဲမှ အပြင်းထန်ဆုံးသောအမိန့် ဖြစ်သည်။ ဤအမိန့်ကို ချိုးဖောက်သော ငါ၏သားများနှင့် ငါ၏လူများထဲမှ မည်သူမဆိုအပေါ် ငါ၏ဖြောင့်မတ်ခြင်းကို ငါ၏သားဦးများ၏ ဆန္ဒများနှင့်အညီ စီရင်ဖို့ ၎င်းတို့ကို ငါအခွင့်ပေးမည်။

ငါ့ကို ပေါ့ပြက်စွာ သဘောထားပြီး ငါ၏အစားအစာ၊ အဝတ်အစားနှင့် အိပ်စက်ခြင်းကိုသာ အာရုံစိုက်သူ၊ ငါ၏အပြင်ပန်း အရေးကိစ္စများကိုသာ အရေးစိုက်လုပ်ဆောင်ပြီး၊ ငါ၏ဝန်ထုပ်ဝန်ပိုးကို အလေးထားခြင်းမရှိသကဲ့သို့၊ ၎င်းတို့ကိုယ်တိုင်၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် အာရုံမစိုက်သောသူ မည်သူမဆိုကို ငါသည် တဖြည်းဖြည်း စွန့်ပစ်မည်။ ဤသည်မှာ နားရှိသောသူအားလုံးတို့ကို ညွှန်ကြားခြင်းဖြစ်သည်။

ငါ့အတွက် အစေခံခြင်းကို ပြီးစီးအောင်လုပ်ဆောင်သောသူ မည်သူမဆိုသည် ရေးကြီးခွင်ကျယ်မလုပ်ဘဲ နာခံစွာ ဆုတ်ခွာကြလိမ့်မည်။ သတိထားလော၊ သို့မဟုတ်ပါက ငါသည် သင့်ကို ဖယ်ထုတ်လိမ့်မည်။ (ဤသည်ကား နောက်ဆက်တွဲ အမိန့်တစ်ခုဖြစ်သည်။)

ငါ၏ သားဦးများသည် ယခုမှစ၍ သံလှံတံကို ကောက်ကိုင်ကာ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့ကို အုပ်စိုးရန်၊ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့ကြားတွင် လျှောက်လှမ်းရန်နှင့်၊ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့ကြားတွင် ငါ၏တရားစီရင်မှု၊ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်ကို ဖော်ဆောင်ရန်၊ ငါ၏ဩဇာအာဏာကို စတင် စီမံဆောင်ရွက်ကြလိမ့်မည်။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်သည် ပြည့်စုံကာ ငါ၏ သားဦးများသည် ငါနှင့်အတူ စိုးစံနိုင်ကြသောကြောင့်၊ ငါ၏သားများနှင့် ငါ၏လူမျိုးတို့သည် ရပ်စဲခြင်းမရှိဘဲ၊ ငါ့ကို ကြောက်ရွံ့လိမ့်မည်၊ ငါ့ကို ချီးမွမ်းလိမ့်မည်၊ ငါ့ကို ကောင်းချီးဩဘာပေးကာ ဘုန်းထင်ရှားစေကြလိမ့်မည်။

ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ ဤအမှု တိုးတက်သည်နှင့်အမျှ ၎င်းတို့ကို သင်တို့အား ငါပြောပြမည်။ အထက်က စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များမှ၊ ငါ၏ အမှုကို လုပ်ဆောင်သည့် ခြေလှမ်းအပြင်၊ မည်သည့်အဆင့်သို့ ငါ၏အမှု ရောက်ရှိပြီးဖြစ်သည်ကို သင်တို့ မြင်ရကြလိမ့်မည်။ ဤသည်မှာ အတည်ပြုချက်တစ်ခု ဖြစ်လိမ့်မည်။

ငါသည် စာတန်ကို တရားစီရင်နှင့်ပြီးဖြစ်သည်။ ငါ၏ အလိုသည် ပိတ်ဆီးခြင်း မခံရသကဲ့သို့၊ ငါ၏သားဦးတို့သည် ငါနှင့်အတူ ဘုန်းထင်ရှားခြင်း ရှိကြပြီးဖြစ်သောကြောင့် ငါသည် ကမ္ဘာလောကနှင့် စာတန်နှင့်ဆိုင်သည့် အရာခပ်သိမ်းတို့အပေါ် ငါ၏ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်ကို ကျင့်သုံးနှင့်ပြီးဖြစ်သည်။ ငါသည် စာတန်အပေါ် နည်းနည်းမျှပင် မကူ သို့မဟုတ် လုံးဝ အာရုံစိုက်ခြင်း မရှိပေ (၎င်းသည် ငါနှင့် စကားပြောဆိုရန်ပင် မထိုက်တန်သောကြောင့် ဖြစ်သည်)။ ငါလုပ်ချင်သောအရာကိုသာ ငါဆက်လုပ် နေသည်။ ငါ၏အမှုသည် ချောမွေ့စွာဖြင့် တစ်ဆင့်ချင်း ရှေ့ဆက်နေသကဲ့သို့၊ ငါ၏အလိုသည် ကမ္ဘာမြေကြီးတစ်ခုလုံးအနှံ့ ပိတ်ဆီး၍မရပေ။ ဤအရာသည် စာတန်ကို အတိုင်းအတာတစ်ခုအထိ အရှက်ရစေခဲ့ပြီး၊ ၎င်းသည် လုံးဝ ဖျက်ဆီးခံရပြီး ဖြစ်သော်လည်း၊ ဤအရာကို၌က ငါ၏အလိုကို မဖြည့်ဆည်း ရသေးပေ။ ငါသည် ငါ၏သားဦးများအား ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ၎င်းတို့အပေါ် ဖော်ဆောင်ရန်လည်း အခွင့်ပေး၏။ တစ်ဖက်တွင်၊ စာတန်ကို ငါမြင်ခွင့်ပြုသည်မှာ ၎င်းအပေါ် ငါ၏အမျက်ဒေါသ ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ၎င်းကို ငါ၏ဘုန်းအား မြင်ခွင့်ပေးသည် (ငါ၏ သားဦးများသည် စာတန်၏ အရှက်ရခြင်းအဖို့ အထူးကဲဆုံးသော မျက်မြင်သက်သေများဖြစ်ကြသည်ကို မြင်ခွင့်ပေးသည်)။ ငါသည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ ပြစ်ဒဏ်မပေး။ ယင်းထက်၊ ငါ၏ သားဦးများကို ငါ၏ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်အား ငါ ဖော်ဆောင်ခွင့်ပေးသည်။ စာတန်သည် ငါ၏သားများကို စော်ကားလေ့ရှိခဲ့၍၊ ညှဉ်းပန်းနှိပ်စက်လေ့ ရှိခဲ့သကဲ့သို့ ဖိနှိပ်လေ့ ရှိခဲ့သောကြောင့်၊ ယနေ့တွင် ၎င်း၏အစေခံခြင်း ပြီးဆုံးသည့်နောက်၊ ငါသည် ငါ၏အရွယ်ရောက်သော သားဦးများအား ၎င်းကို ဖယ်ထုတ်ခွင့်ပြုမည်။ စာတန်သည် ကျရှုံးခြင်းအပေါ် ဆန့်ကျင်နိုင်စွမ်း မရှိပေ။ ကမ္ဘာလောကထဲက တိုင်းနိုင်ငံအားလုံး ဆိုင်းတွသွားခြင်းသည် အကောင်းဆုံး သက်သေ ဖြစ်သည်။ တိုက်ခိုက်နေကြသော လူတို့နှင့် စစ်မက်ဖြစ်နေသော နိုင်ငံတို့သည် စာတန်၏နိုင်ငံတော် ပြိုလဲခြင်း၏ သိသာသော သရုပ်သကန်များဖြစ်ကြသည်။ ငါသည် ယခင်က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မပြသခဲ့သည့်အကြောင်းရင်းမှာ စာတန်အပေါ် အရှက်ရစေရန်နှင့် ငါ၏နာမကို တစ်ဆင့်ချင်း ဘုန်းထင်ရှားစေရန် ဖြစ်သည်။ စာတန်သည် လုံးဝ အပြတ်ရှင်းခံရပြီးချိန်တွင်၊ ငါသည် ငါ၏ တန်ခိုးကို စတင် ပြသမည်- ငါပြောသောအရာ အမှန်ဖြစ်လာပြီး၊ လူသားအယူအဆများနှင့် ကိုက်ညီခြင်းမရှိသော သဘာဝလွန်အရာတို့သည် ပြည့်စုံလိမ့်မည် (ဤသည်မှာ မကြာမီ လာလတ္တံ့သော ကောင်းချီးများကို ရည်ညွှန်း၏)။ ငါသည် လက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်ဖြစ်ကာ၊ ငါ၌ စည်းမျဉ်းများ မရှိသောကြောင့်၊ ပြီးလျှင် ငါသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲက အပြောင်းအလဲများနှင့်အညီ စကားပြောဆိုသောကြောင့်၊ ယခင်က ငါပြောပြီးသောအရာသည် ပစ္စုပ္ပန်တွင် သေချာပေါက်သက်ဆိုင်ခြင်း မရှိပေ။ သင်၏ကိုယ်ပိုင်အယူအဆများကို မဖက်တွယ်လေနှင့်။ ငါသည် စည်းမျဉ်းများကို လိုက်နာသော ဘုရားသခင်တစ်ပါး မဟုတ်။ ငါနှင့်ပတ်သက်၍မူ၊ အရာရာအားလုံး လွတ်လပ်သည်၊ ထူးကဲသာလွန်ကာ၊ လုံးဝ လွတ်ငြိမ်းခွင့်ပေးထား၏။ ယမန်နေ့က ပြောခဲ့သောအရာသည် ယနေ့ ခေတ်ကုန်ခြင်း သို့မဟုတ် ယနေ့တွင် ဘေးဖယ်ထားခံရခြင်း ဖြစ်ကောင်း ဖြစ်လိမ့်မည် (သို့သော် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များသည် ပြဋ္ဌာန်းထားသည့်အတွက် ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်)။ ဤအရာတို့သည် ငါ၏စီမံခန့်ခွဲမှုအစီအစဉ်ထဲက အဆင့်များ ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းတို့ကို မဖက်တွယ်လေနှင့်။ နေ့ရက်တိုင်းတွင် အလင်းသစ်ရှိပြီး၊ ထုတ်ဖော်ပြမှုအသစ်များရှိကာ၊ ယင်းမှာ ငါ၏ အစီအစဉ်ဖြစ်သည်။ နေ့ရက်တိုင်းတွင် ငါ၏အလင်းသည် သင့်အထဲတွင် ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ငါ၏အသံသည် စကြဝဠာလောကဆီသို့ ထုတ်လွှင့်လိမ့်မည် ဖြစ်သည်။ နားလည်သလော။ ဤသည်မှာ သင်၏ ဝတ္တရား၊ သင့်ကို ငါပေးအပ်ထားသော တာဝန် ဖြစ်သည်။ သင်သည် ထိုအရာကို တစ်ခဏမျှပင် လျစ်လျူရှုခြင်း မပြုရ။ ငါလက်ခံသော လူတို့ကို ငါသည် အဆုံးတိုင်အောင် အသုံးပြုမည်ဖြစ်ပြီး၊ ဤအရာသည် ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်။ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သောကြောင့်၊ အဘယ်လူစားမျိုးက ဘယ်အရာ လုပ်သင့်သည်ကို ငါသိသည့်အပြင်၊ အဘယ်လူစားမျိုးက ဘယ်အရာ လုပ်ဆောင်နိုင်သည်ကို ငါသိ၏။ ဤသည်မှာ ငါ၏အရာခပ်သိမ်း စွမ်းဆောင်နိုင်စွမ်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၃၇)

ငါမိန့်မြွက်သမျှ ဝါကျတိုင်း၌ သြဇာအာဏာနှင့် တရားစီရင်မှုတို့ ပါဝင်ပြီး၊ ငါ၏နှုတ်ကပတ်တော်များကို အဘယ်သူမျှ မပြောင်းလဲနိုင်ပေ။ ငါ၏နှုတ်ကပတ်တော်များကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် ငါ၏နှုတ်ကပတ်တော်များနှင့်အညီ အမှုအရာများ ပြီးမြောက်ဖို့ သေချာပေသည်။ ဤသည်ကား ငါ၏စိတ်သဘောထား ဖြစ်၏။ ငါ၏နှုတ်ကပတ်တော်များသည် သြဇာအာဏာဖြစ်ပြီး ၎င်းတို့ကို ပြင်ဆင်သူ မည်သူမဆိုသည် ငါ၏ပြစ်တင်ဆုံးမခြင်းကို ပုန်ကန်ပြစ်မှားသောကြောင့် ၎င်းတို့ကို ငါဒဏ်ခတ်ရမည်။ ပြင်းထန်သည့်အခြေအနေများ၌ ၎င်းတို့သည် မိမိတို့၏ အသက်တာများပေါ် ပျက်စီးယိုယွင်းခြင်း ကျရောက်စေကြပြီး မရဏနိုင်ငံသို့ဖြစ်စေ၊ အနက်ဆုံးသော တွင်းထဲသို့ဖြစ်စေ သွားကြလေသည်။ ဤသည်ကား လူသားမျိုးနွယ်ကို ငါကိုင်တွယ်ဖြေရှင်းသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ ယင်းကို ပြောင်းလဲရန် လူသား၌ နည်းလမ်းတစ်ခုမျှ မရှိပေ— ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ ဤအရာကို သတိရလော့။ ငါ၏အမိန့်ကို အဘယ်သူမျှ ပုန်ကန်ပြစ်မှားခွင့်မရှိ။ အမှုအရာတို့ကို ငါ၏အလိုအတော်အတိုင်း လုပ်ဆောင်ရမည်။ ယခင်က ငါသည် သင်တို့အပေါ် သက်ညှာလွန်းခဲ့ပြီး ငါ၏နှုတ်ကပတ်တော်များကိုသာ သင်တို့တွေ့ကြုံခဲ့ကြသည်။ လူများကို ဒဏ်ခတ်ခြင်းနှင့်ပတ်သက်၍ ငါမိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်များမှာ ဖြစ်မလာသေးပေ။ သို့သော် ယနေ့မှစ၍ ငါ၏အလိုတော်နှင့် မကိုက်ညီသူ အားလုံးကို အပြစ်ဒဏ်ပေးရန်အတွက် (ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဆက်နွှယ်သော) ကပ်ဘေးများအားလုံးသည် တစ်ခုပြီးတစ်ခု ကျရောက်လာလိမ့်မည်။ ဖြစ်ရပ်မှန်များ ပေါ်ထွန်းလာရမည်- သို့မဟုတ်လျှင် လူတို့သည် ငါ၏အမျက်ဒေါသကို မြင်နိုင်ကြမည်မဟုတ်ဘဲ ကိုယ်ကျင့်တရားများ အကြိမ်ကြိမ် ပျက်ပြားကြလိမ့်မည်။ ဤသည်ကား ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်တစ်ခုဖြစ်ပြီး၊ ငါ့အမှု၏နောက်တစ်ဆင့်ကို ငါလုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ သင်တို့အနေဖြင့် ပြစ်မှားမှုကျူးလွန်ခြင်းနှင့် ထာဝရပြစ်ဒဏ်ပေးခံရခြင်းကို ရှောင်ရှားနိုင်ရန်အလို့ငှာ ဤအရာကို ငါကြိုတင်ပြောဆိုထားခြင်းဖြစ်၏။ ဆိုလိုသည်မှာ၊ ယနေ့မှစကာ ငါ၏သားဦးများမှလွဲ၍ ခပ်သိမ်းသောလူတို့အား ငါ၏အလိုတော်နှင့်အညီ သင့်တော်သောနေရာများကို ယူစေမည်ဖြစ်ပြီး ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် ငါပြစ်တင်ဆုံးမမည်။ ငါသည် ၎င်းတို့ တစ်ယောက်တလေကိုမျှ လွတ်ငြိမ်းခွင့်ပေးမည်မဟုတ်။ သင်တို့အနေဖြင့် ကိုယ်ကျင့်တရား ထပ်မံပျက်ပြားဝံ့ကြသေးပါက ပျက်ကြည့်ကြလော့။ ပုန်ကန်ဝံ့ကြသေးပါက ထပ်မံပုန်ကန်ကြည့်ကြလော့။ ငါသည် အားလုံးအပေါ် ဖြောင့်မတ်သည်၊ ငါ၌ စိတ်ခံစားချက် တစိုးတစိမျှမရှိဟု ယခင်က ငါပြောဆိုပြီးဖြစ်ကာ၊ ငါ၏စိတ်သဘောထားအား မပြစ်မှားသင့်ကြောင်းကို ဤအရာက ပြသ၏။ ဤသည်မှာ ငါ၏ဇာတိအဖြစ်တော်ဖြစ်၏။ ဤအရာကို အဘယ်သူမျှ မပြောင်းလဲနိုင်။ ခပ်သိမ်းသောသူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ကြားကြပြီး၊ ငါ၏ဘုန်းကြီးသော မျက်နှာထားကိုမြင်ကြ၏။ ခပ်သိမ်းသောသူတို့သည် ငါ့အား လုံးဝအကြွင်းမဲ့နာခံကြရမည်— ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ ငါသည် အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ငါသည် ဘုရားသခင်၏ ဇာတိအဖြစ်တော် ဖြစ်သည့်အတွက် စကြဝဠာအနှံ့နှင့် မြေကြီးစွန်းရှိ ခပ်သိမ်းသောသူတို့သည် ငါ့အား ချီးမွမ်းပြီး ဘုန်းထင်ရှားစေသင့်ကြ၏။ ငါ၏နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များ၊ ငါ၏စကားနှင့် အပြုအမူများသည် ငါတစ်ပါးတည်းနှင့်သာဆိုင်သည့် ကိစ္စရပ်များဖြစ်ပြီး ရှေးအကျဆုံးသော အချိန်ကာလများမှ ငါပိုင်ဆိုင်ထားသည့် အရာများဖြစ်ကာ ထာဝရတည်ရှိနေမည့် အရာများဖြစ်သောကြောင့် ၎င်းတို့ကို မည်သူမျှ မပြောင်းလဲနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၃၈)

ငါစီစဉ်ထားသော အမှုသည် တစ်ခဏပင် မရပ်နားဘဲ၊ ရှေ့သို့သာ အပူတပြင်း ရှေ့ဆက်မြဲရှေ့ဆက်နေသည်။ နိုင်ငံတော်ခေတ်ထဲသို့ ရွှေ့ပြောင်းပြီးနောက်၊ ပြီးလျှင် သင်တို့ကို ငါ၏လူများအဖြစ် ငါ့နိုင်ငံတော်ထဲသို့ သယ်ဆောင် သွားပြီးနောက်၊ ငါ၌ သင်တို့အပေါ် အခြား တောင်းဆိုမှုများ ရှိပေမည်။ ဆိုလိုသည်မှာ၊ ဤခေတ်ကို ငါအုပ်ချုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သင့်ရှေ့တွင် ငါစတင်ပြဋ္ဌာန်းမည်။

သင်တို့သည် ငါ၏လူများဟု ခေါ်ဆိုခံကြရသည့်အတွက်၊ သင်တို့အနေဖြင့် ငါ့နာမကို ဘုန်းထင်ရှားစေနိုင်သင့်ပေသည်။ ဆိုလိုသည်မှာ စမ်းသပ်မှုအလယ်တွင် သက်သေခံရပ်တည်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် ငါ့အား မြှောက်ထိုးပင့်ကော် လုပ်ဖို့နှင့် ငါ့ထံမှ သမ္မာတရားကို ဖုံးကွယ်ထားရန် ကြိုးပမ်းပါက သို့မဟုတ် ငါ့နောက်ကွယ်တွင် သိက္ခာမဲ့သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ပါက၊ ထိုသို့သော လူများသည် ခြွင်းချက်မရှိ မောင်းထုတ်ခံရမည် ဖြစ်ကာ ၎င်းတို့အား ငါကိုင်တွယ်ဖြေရှင်းသည်ကို စောင့်ဆိုင်းရန် ငါ့အိမ်မှ မောင်းထုတ်ခံရမည်၊ ပြီးလျှင် ဖယ်ရှားခံရလိမ့်မည်။ အတိတ်တွင် ငါ့အပေါ် သစ္စာမရှိသကဲ့သို့ သားသမီးတို့၏ ချစ်ခင်မှုမရှိသူ၊ ပြီးလျှင် ယနေ့တွင် ငါ့အား ပွင့်ပွင့်လင်းလင်း ဝေဖန်ရန် တစ်ဖန် ထကြွ သူတို့သည်လည်း ငါ့အိမ်မှ မောင်းထုတ်ခံရလိမ့်မည်။ ငါ၏လူများဖြစ်သော သူတို့သည် ငါ၏ဝန်ထုပ်များကို စဉ်ဆက်မပြတ် စာနာထောက်ထားမှု ပြရမည်ဖြစ်သည့်အပြင် ငါ၏နှုတ်ကပတ်တော်များကို သိရှိဖို့ ကြိုးစားရမည်ဖြစ်သည်။ ဤသို့သော လူများကိုသာ ငါသည် ဉာဏ်ပွင့်လင်းစေမည် ဖြစ်ပြီး၊ ၎င်းတို့သည် ပြစ်တင်ဆုံးမမှုကို မည်သည့်အခါတွင်မျှ မရင်ဆိုင်ရဘဲ၊ ငါ၏လမ်းပြမှုနှင့် ဉာဏ်ပွင့်လင်းစေခြင်း အောက်တွင် ဧကန်မုချ အသက်ရှင်ကြလိမ့်မည်။ ငါ၏ဝန်ထုပ်များကို စာနာထောက်ထားမှု မပြနိုင်ဘဲလျက်၊ မိမိတို့ကိုယ်တိုင်၏ အနာဂတ်များအတွက် စီစဉ်ခြင်းအပေါ် အာရုံစိုက်သူများ- ဆိုလိုသည်မှာ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ငါ၏ စိတ်နှလုံးကို ကျေနပ်စေရန် ရည်ရွယ်ခြင်း မရှိဘဲ၊ ယင်းထက် ပေးစာကမ်းစာများကို ရှာဖွေသူများ- ၎င်းတို့သည့် မွေးဖွားခဲ့သည့်အချိန်မှ ငါ၏ဝန်ထုပ်များအပေါ် စာနာထောက်ထားမှု ပြဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုသည်ကို ဘာမျှမသိရှိကြလေသောကြောင့်၊ ဤသူတောင်းစားကဲ့သို့သော သတ္တဝါများကို အသုံးပြုဖို့ ငါ လုံးဝ ငြင်းပယ်လေသည်။ ၎င်းတို့သည် ပုံမှန်အသိစိတ်မဲ့သော လူများဖြစ်သည်။ ထိုသို့သောလူများသည် ဦးနှောက် “အာဟာရချို့တဲ့မှု” ကို ခံစားရပြီး “အာဟာရ” တ်ချို့အတွက် အိမ်ပြန်ရန်လိုအပ်သူများ ဖြစ်သည်။ ထိုသို့သော လူများကို ငါမသုံးပေ။ ငါ၏လူများအလယ်၊ အဆုံးတွင် ငါ့ကိုသိကျွမ်းခြင်းသည် အစာစားခြင်းကဲ့သို့ ကျွမ်းကျင်သောလက်ဖြင့် သင် သက်သောင့်သက်သာ လုပ်လေ့ ရှိသော အရာတစ်ခုကဲ့သို့ တရင်းတနှီး ဖြစ်လာဖို့အလို့ငှာ အယောက်တိုင်းသည် တစ်ခဏပင် လုံးဝ မေ့လျော့ခြင်း မရှိသောအရာတစ်ခုဖြစ်သည့် စားခြင်း၊ ဝတ်ခြင်းနှင့် အိပ်ခြင်းကဲ့သို့ ငါ့အား သိကျွမ်းခြင်းကို အဆုံးထိ ကျေပြွန်ရမည့် တာဝန်ဝတ္တရားတစ်ခုအဖြစ် အလေးထားရန် လိုအပ် ပေလိမ့်မည်။ ငါပြောဆိုသော နှုတ်ကပတ်တော်များ အတွက်မူ၊ တစ်ခုစီတိုင်းကို အဆုံးစွန် ယုံကြည်မှုနှင့် ခံယူရမည်ဖြစ်ပြီး၊ အပြည့်အဝ စွဲမှတ်ရမည်။ ဝတ်ကျေတန်းကျေ တစ်ဝက်တစ်ပျက် ဆောင်ရွက်ခြင်း ရှိ၍ မဖြစ်ပေ။ ငါ၏နှုတ်ကပတ်တော်များကို အာရုံမစိုက်သောသူ မည်သူမဆိုသည် ငါ့အား တိုက်ရိုက်ခုခံနေခြင်းအဖြစ် မှတ်ယူခံ ရလိမ့်မည်။ ငါ့နှုတ်ကပတ်တော်များကို စားသုံးခြင်း မပြုသောသူ မည်သူမဆို သို့မဟုတ် ယင်းတို့ကို သိရှိရန် မကြိုးစားသောသူ မည်သူမဆိုသည် ငါ့ကို အာရုံစိုက်နေခြင်း မရှိသကဲ့သို့ မှတ်ယူခံရမည်ဖြစ်ပြီး ငါ၏အိမ်တံခါးပြင်ပသို့ တိုက်ရိုက် ဖယ်ရှားခံရလိမ်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယခင်က ငါပြောခဲ့သည့်အတိုင်း၊ ငါအလိုရှိသည်မှာ အရေအတွက်များပြားသော လူများမဟုတ်ဘဲ၊ ထူးကဲသာလွန်မှု ဖြစ်သည်။ လူတစ်ရာတွင် ငါနှုတ်ကပတ်တော်များမှတစ်ဆင့် ငါ့ကို သိနိုင်သူ တစ်ဦးသာရှိပါက၊ ဤသူတစ်ဦးတည်းကို အသိဉာဏ် ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့အပေါ် အာရုံစိုက်ဖို့ အခြားသူအားလုံးကို ငါ လိုလိုလားလား စွန့်ပယ်မည် ဖြစ်သည်။ ဤအရာမှ အရေအတွက်များခြင်း တစ်ခုတည်းက ငါ့ကို ထင်ရှားစေနိုင်ပြီး ငါ့အားဖြင့် အသက်ရှင် နေထိုင်နိုင်သည်ဆိုသည်မှာ သေချာပေါက် မမှန်ကန်သည်ကို သင်တို့ တွေ့နိုင်ပေသည်။ ငါအလိုရှိသည်မှာ (အစေ့အနှံများ မပြည့်ဝသည့်တိုင်) ဂျုံစပါးဖြစ်ပြီး (အစေ့အနှံများမှာ အထင်ကြီးစဖွယ် ပြည့်ဝချိန်တွင်ပင်) တောပင်များ မဟုတ်ပေ။ ရှာဖွေခြင်းကို အရေးမထားဘဲ၊ ယင်းအစား လျော့ရဲသည့် ပုံစံဖြင့် ပြုမူသူများအနေနှင့်မူ၊ မိမိတို့ သဘောအလျောက် ထွက်ခွာသွားသင့်သည်။ ၎င်းတို့သည် ငါ့နာမကို ဆက်လက် ဂုဏ်အသရေပျက်စေမည်စိုး၍၊ ၎င်းတို့ကို ငါနောက်ထပ် မမြင်လိုပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၅” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၃၉)

သင်သည် ငါ့အိမ်ထောင်ရှိ လူများထဲမှ တစ်ဦးဖြစ်သောကြောင့်နှင့် ငါ၏နိုင်ငံတော်အပေါ်သင်သည် သစ္စာစောင့်သိသောကြောင့် သင်လုပ်သမျှ အရာအားလုံးသည် ငါသတ်မှတ်သော စံနှုန်းများနှင့် ပြည့်မီရမည်။ သင့်ကို လွင့်မျောနေသော တိမ်စိုင်မျှသာဖြစ်ရန် ငါမတောင်းဆိုဘဲ ဝင်းလက် တောက်ပသော နှင်းပွင့်ဖြစ်ရန်နှင့် ၎င်း၏အနှစ်သာရကို ပိုင်ဆိုင်ရန် ထို့ထက်ပို၍ ၎င်း၏တန်ဖိုးကို ပိုင်ဆိုင်ရန်သာ တောင်းဆိုသည်။ ငါသည် သန့်ရှင်းသောမြေမှ လာခဲ့သောကြောင့် သန့်ရှင်းသောမြေမှ မဟုတ်ဘဲ ရွှံ့နွံထဲမှ လာခဲ့သော အမည်သာရှိပြီး အနှစ်သာရမရှိသည့် ကြာပဒုမ္မာကဲ့သို့ မဟုတ်။ အသစ်သော ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်လာပြီး အသစ်သော ကမ္ဘာမြေကြီးသည် မိုးကောင်းကင်တစ်လွှားတွင် ပျံ့နှံ့လေသော အချိန်သည်လည်း လူသားအကြား၌ ငါသည် တရားဝင်အလုပ်လုပ်သော အချိန်ပင်ဖြစ်သည်။ လူသားတို့ထဲတွင် မည်သူသည် ငါ့အား သိကျွမ်းသနည်း။ မည်သူသည် ငါဆိုက်ရောက်လာခြင်း၏ အခိုက်အတန့်ကို ရှုမြင်ခဲ့သနည်း။ ငါ၌ အမည်သာ ရှိသည်မဟုတ်ဘဲ ထို့ထက်ပို၍ ငါ့တွင် အနှစ်သာရရှိသည်ကိုလည်း မည်သူသည် တွေ့မြင်ခဲ့သနည်း။ ဖြူသောတိမ်စိုင်များကို ငါသည် ငါ့လက်နှင့် ပယ်ရှင်းပြီး မိုးကောင်းကင်ကို စေ့စေ့ကြည့်ရှုစစ်ဆေးသည်၊ အာကာသဟင်းလင်းပြင်တွင် ငါ့လက်နှင့် မစီရင်သောအရာ ဘာမျှမရှိ၊ အာကာသဟင်းလင်းပြင်အောက်တွင်လည်း ငါ၏တန်ခိုးကြီးလှသော လုပ်ငန်းကို ပြီးမြောက်ခြင်းအတွက် မိမိ၏သေးငယ်သော လုံ့လကို မထည့်ဝင်သည့် လူသားတစ်ယောက်မျှမရှိ။ ငါသည် အစဉ်အမြဲပင် လက်တွေ့ကျသော ဘုရားသခင်ဖြစ်ကာ လူသားကို ဖန်ဆင်းခဲ့ပြီး လူသားကို ကောင်းစွာသိသော အနန္တတန်ခိုးရှင်ဖြစ်သောကြောင့် ငါသည် ကမ္ဘာမြေကြီးပေါ်ရှိ လူများကို ကြီးလေးသော တောင်းဆိုမှုများ မပြုပါ။ ခပ်သိမ်းသောလူတို့သည် အနန္တတန်ခိုးရှင်၏ မျက်မှောက်၌ ရှိကြသည်။ ကမ္ဘာမြေကြီး၏ အဝေးလံဆုံးသော ချောင်ကျသည့် အရပ်များတွင်ရှိသော ထိုလူများတို့ပင် ငါ့ဝိညာဉ်၏ စိစစ်ခြင်းကို အဘယ်သို့ ရှောင်ရှားနိုင်မည်နည်း။ လူသားသည် ငါ၏ဝိညာဉ်ကို “သိကျွမ်း” သော်ငြားလည်း သူသည် ငါ့ဝိညာဉ်ကိုပင် ပြစ်မှားသည်။ ငါ၏နှုတ်ကပတ်တော်များသည် လူခပ်သိမ်းတို့၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ပြပြီး လူခပ်သိမ်းတို့၏ အတွင်းကျဆုံးသော အတွေးများကို ဖွင့်ချပြကာ ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးကို ငါ့အလင်းအားဖြင့် ထင်ထင်ရှားရှားဖြစ်စေပြီး ငါ၏စိစစ်ခြင်းအလယ်၌ လဲကျကြလေသည်။ လူသားသည် လဲကျသော်ငြားလည်း သူ၏နှလုံးသားသည် ငါ့ထံမှ ဝေးကွာစွာ လမ်းလွဲသွားရန် မဝံ့ရဲပေ။ ဖန်ဆင်းခံသတ္တဝါများထဲတွင် မည်သူသည် ငါ၏လုပ်ဆောင်ချက်များကြောင့် ငါ့ကို မချစ်လာဘဲ ရှိသနည်း။ မည်သူသည် ငါ့နှုတ်ကပတ်တော်များ၏ ရလဒ်အနေနှင့် ငါ့ကိုမတမ်းတဘဲ ရှိသနည်း။ ငါ၏ချစ်ခြင်းမေတ္တာကြောင့် မည်သူ့ထံတွင် ဆည်းကပ်လိုသော ခံစားချက်များ မဖြစ်ပေါ်လာသနည်း။ စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကြောင့်သာ လူသားသည် ငါသတ်မှတ်ထားသည့် နယ်ပယ်သို့ ရောက်ရှိခြင်းငှာ မတတ်စွမ်း နိုင်ခြင်းဖြစ်သည်။ ယနေ့ကာလကို မဆိုထားနှင့် စာတန်က သောင်းကျန်းပြီး လွန်လွန်ကဲကဲ အာဏာရှင်ဆန်သည့် ခေတ်ကာလ၊ သို့မဟုတ် လူသား၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် ညစ်ညူးခြင်းနှင့် ဖုံးသွားသည်အထိ စာတန်၏ အလွန်အမင်း နင်းခြေခြင်းကိုခံရသော အချိန်တွင် ငါသတ်မှတ်ထား တောင်းဆိုသည့် အနိမ့်ဆုံးသော စံနှုန်းများသည်ပင် လူသားထဲ၌ သံသယများ ဖြစ်စေသည်။ လူသား၏ ဆိုးယုတ်ခြင်းရလဒ်ကြောင့် ငါ့နှလုံးသားကို အရေးစိုက်ရန် သူ၏ပျက်ကွက်ခြင်းသည် အဘယ်အချိန်တွင် ငါ့အား ပူဆွေးသောက မဖြစ်စေခဲ့သနည်း။ ယင်းမှာ ငါသည် စာတန်အား သနား၍ ဖြစ်နိုင်သလော။ ယင်းမှာ ငါသည် ငါ့ချစ်ခြင်းမေတ္တာ၌ မှားယွင်းခြင်း ဖြစ်နိုင်သလော။ လူသားသည် ငါ့ကို မနာခံသောအခါ ငါ၏နှလုံးသားသည် တိတ်တဆိတ် ငိုကြွေး၏၊ လူသားသည် ငါ့ကို ဆန့်ကျင်သောအခါ ငါသည်သူ့ကို ပြစ်တင်ဆုံးမ၏၊ လူသားသည် ငါအားဖြင့် ကယ်တင်ခြင်းခံရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်သောအခါ ငါသည် သူ့ကို အဆုံးစွန်သော ဂရုစိုက်ခြင်းနှင့် ကျွေးမွေး၏၊ ၎င်းတို့ ငါ့ကို ကျိုးနွံနာခံကြသောအခါ၊ ငါ၏နှလုံးသားသည် သက်သာစွာ အနားယူပြီး ငါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ထဲ၌ ကြီးစွာသော ပြောင်းလဲခြင်းများကို ရုတ်ခြည်းပင် သတိပြုမိ၏၊ လူသားများက ငါ့ကို ချီးမွမ်းကြသောအခါ ငါသည် မဝမ်းမြောက်ဘဲ မည်သို့လျှင် နေနိုင်မည်နည်း။ လူသားသည် ငါ့ကို သက်သေခံ၍ ငါ့အားဖြင့် ရရှိခြင်းခံရသောအခါ ငါသည် ဘုန်းကြီးခြင်းမရှိဘဲ မည်သို့လျှင် နေနိုင်မည်နည်း။ လူသားတို့ လုပ်သမျှသည် ငါ၏ထောက်ပံ့ပေးခြင်းနှင့် အစိုးရခြင်း မရှိခြင်း ဖြစ်နိုင်သလော။ ငါသည် ဦးတည်ရာကို မသတ်မှတ်ပေးသောအခါ လူတို့သည် အလုပ်မရှိ အားလပ်နေလျက်နှင့် ငြိမ်သက်လျက် ရှိကြပြီး ငါ၏နောက်ကွယ်တွင် ၎င်းတို့သည် ထို “ချီးကျူးထိုက်သော” ယုတ်ညံ့သည့် အပေးအယူများကို ဆောင်ရွက်ကြသည်။ ငါ့ကိုယ်ငါ လွှမ်းခြုံထားသော လူ့ဇာတိသည် သင်၏လုပ်ရပ်များ၊ သင်၏အပြုအမူများ၊ သင်၏စကားများနှင့် ပတ်သက်၍ ဘာကိုမျှမသိဟု သင်ထင်သလော။ နှစ်ပေါင်းများစွာတိုင် ငါသည် လေဒဏ်နှင့် မိုးဒဏ်ကို ကြံ့ကြံ့ခံခဲ့သည်၊ ထိုနည်းတူစွာ လူ့လောကကြီး၏ ခါးသီးမှုကိုလည်း ကိုယ်တွေ့ခံစားခဲ့သည်၊ သို့တိုင်အောင် သာ၍စေ့စေ့စပ်စပ် ဆင်ခြင်ကြည့်သောအခါ မည်သို့သော ချိုမြိန်မှုကပင်လျှင် ဇာတိပကတိနှင့် လူသားကို ငါ့အပေါ် စိမ်းကားလာအောင်၊ စိတ်ပျက်လာအောင် သို့မဟုတ် အထင်အမြင်သေးလာအောင် လုပ်ဆောင်နိုင်ရန် ဝေးစွ၊ မည်မျှသော ဆင်းရဲဒုက္ခ ပမာဏကပင် ဇာတိပကတိနှင့် လူသားအား ငါ၌ထားရှိသော မျှော်လင့်ချက်ကို ဆုံးရှုံးသွားအောင် လုပ်ဆောင်နိုင်ခြင်းမရှိ။ ငါ့အတွက် ထားရှိသည့် လူသား၏ ချစ်ခြင်းမေတ္တာသည် ဝေဒနာမခံရခြင်း၊ သို့မဟုတ် ချိုမြိန်မှု မရှိခြင်းနှင့် ဧကန်အမှန်ပင် ကန့်သတ်ထားပါသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၄၀)

ယနေ့ ငါသည် သင်တို့အား ဤအဆင့်အထိ လမ်းပြခဲ့ပြီးဖြစ်သဖြင့် ငါသည် သင့်လျော်သော အစီအမံများကို ပြုလုပ်ထားပြီး ငါ၏ ကိုယ်ပိုင် ရည်မှန်းချက်များ ရှိ၏။ ငါသည် သင်တို့အား ၎င်းတို့အကြောင်း ယနေ့ပြောပြရမည်ဆိုလျှင် သင်တို့သည် ၎င်းတို့ကို အမှန်တကယ် သိနိုင်ပါမည်လော။ ငါသည် လူ့စိတ်၏ အတွေးများနှင့် လူ့စိတ်နှလုံး၏ ဆန္ဒများကို ကောင်းစွာ သိကျွမ်းသည်- မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်ကို တစ်ခါမျှမရှာဖူးသူ မည်သူရှိသနည်း။ မိမိတို့ကိုယ်တိုင်၏ အလားအလာများအကြောင်း မစဉ်းစားခဲ့ဖူးသူ မည်သူရှိသနည်း။ သို့ရာတွင် လူသားသည် ကြွယ်ဝ၍ ထူးချွန်သော အသိဉာဏ်နှင့်ဆိုင်သည့် လက္ခဏာ ရှိသော်လည်း၊ ခေတ်ကာလများ၏နောက် ပစ္စုပ္ပန်သည် ဤသို့ ဖြစ်လာလိမ့်မည်ဟု မည်သူက ခန့်မှန်းနိုင်ခဲ့သနည်း။ ဤသည်မှာ သင်ကိုယ်တိုင်၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ကြိုးပမ်းမှုများ၏ အသီးအပွင့် အမှန်ပင်ဖြစ်သလော။ ဤသည်မှာ သင်၏ မမောမပန်းနိုင်သော လုံ့လဝီရိယအတွက် အဖိုးအခပင်လော။ ဤသည်မှာ သင့်စိတ်ကူးဖြင့် မှန်းဆကြည့်သော လှပသည့် ပြကွက်ပေလော။ ငါသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လမ်းမပြခဲ့ပါက၊ ငါ၏အစီအမံများမှ မိမိတို့ကိုယ်ကိုယ် ခွဲထွက်ကာ အခြားထွက်ပေါက်ရှာနိုင်မည့်သူ မည်သူရှိသနည်း။ လူသားကို ယနေ့မျက်မှောက်သို့ ခေါ်လာသည့်အရာမှာ လူသား၏ စိတ်ကူးစိတ်သန်းများနှင့် စိတ်ဆန္ဒများပေလော။ များစွာသော လူတို့သည် ၎င်းတို့၏လိုအင်ဆန္ဒများ ပြည့်ဝခြင်းမရှိဘဲ၊ သူတို့ဘဝ တစ်လျှောက်လုံး အသက်ရှင်ကြ၏။ ဤသည်မှာ အမှန်တကယ်ပင် ၎င်းတို့၏ အတွေးအခေါ်ထဲရှိ အမှားတစ်ခုကြောင့်ပေလော။ များစွာသော လူတို့၏ ဘဝများသည် မျှော်လင့်မထားသော ပျော်ရွှင်ကျေနပ်မှုတို့နှင့် ပြည့်နှက်လျက် ရှိသည်။ ဤသည်မှာ အမှန်တကယ်ပင် သူတို့က အလွန်နည်းပါးစွာ မျှော်လင့်ထားကြ၍လော။ လူသားမျိုးနွယ်တစ်ရပ်လုံးထဲမှ အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူ၍ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း အလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူကိုယ်တိုင်၏ ရွေးချယ်ချက်ဖြင့် ဖြစ်ပျက်သလော။ လူသားသည် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်ထား သလော။ များစွာသောလူတို့သည် သေခြင်းတရားကို အော်ခေါ်ကြ သော်လည်း၊ ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် ကြံ့ခိုင်၍ သေခြင်းတရားကို ကြောက်ရွံ့သောသူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေခြင်းတရား၏ အသူတစ်ရာ နက်သောချောက်ထဲသို့ ထိုးဆင်းနေရင်း ၎င်းတို့၏သေဆုံးခြင်း နေ့ရက်သည် ၎င်းတို့သတိမထားမိခင် ချဉ်းကပ်လာနေ၏။ များစွာသောလူတို့သည် ကောင်းကင်သို့ ကြည့်၍ လေးလေးပင်ပင် သက်ပြင်းချကြ၏။ များစွာသောလူတို့သည် သည်းထန်စွာငိုကြွေး၍ အော်မြည်ရှိုက်ငိုကြ၏။ များစွာသောလူတို့သည် စမ်းသပ်မှုများအကြား လဲပြိုကြပြီး များစွာသောလူတို့သည် စုံစမ်းသွေးဆောင်ခြင်း၏ အကျဉ်းသားများ ဖြစ်သွားကြ၏။ ငါ့အား ရှင်းလင်းစွာ မြင်ခွင့်ပြုရန် ငါသည် ကိုယ်တိုင်ပေါ်ထွန်းလာခြင်း မရှိသော်လည်း၊ များစွာသောလူတို့သည် ၎င်းတို့ကို ငါဒဏ်ခတ်မည် ဟုလည်းကောင်း၊ ၎င်းတို့ကို ငါအဆုံးစီရင်မည် ဟုလည်းကောင်း လွန်စွာကြောက်ရွံ့လျက် ငါ့၏မျက်နှာကိုမြင်ရန် ကြောက်ကြ၏။ လူသားသည် ငါ့ကို အမှန်တကယ် သိသလော၊ သို့မဟုတ် မသိသလော။ မည်သူမျှ သေချာပေါက် မပြောနိုင်ပေ။ ဤသည်မှာ မမှန်ကန်ပေဘူးလား။ သင်တို့သည် ငါ့ကိုရော ငါ၏ပြစ်တင်ဆုံးမမှုကိုပါ ကြောက်ရွံ့ကြသော်လည်း၊ သင်တို့သည် မတ်တတ်ရပ်၍ ငါ့ကို ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်ကာ ငါ့အပေါ် တရားစီရင်၏။ ဤသည်မှာ မမှန်ကန်သလော။ လူသားသည် ငါ့ကို လုံးဝမသိခဲ့ဖူးခြင်းမှာ သူသည် မည်သည့်အခါမျှ ငါ၏မျက်နှာကို မမြင်ခဲ့ဖူး သို့မဟုတ် ငါ့အသံကို မကြားခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ငါသည် လူသား၏နှလုံးသားထဲ၌ပင် ရှိသော်လည်း၊ ၎င်း၏နှလုံးသားတွင် ငါသည် ဝိုးတဝါးနှင့် မထင်မရှား မဖြစ်သောသူ တစ်စုံတစ်ဦး ရှိသလော။ ၎င်း၏နှလုံးသားထဲတွင် ငါ ပကတိ ရှင်းလင်းနေသောသူ တစ်စုံတစ်ဦး ရှိသလော။ ငါ၏လူဖြစ်သောသူတို့က ငါ့ကို ဝိုးတိုးဝါးတားနှင့် နားလည်ရန်ခက်ခဲသည်ဟု မြင်မှာကိုလည်း ငါအလိုမရှိသဖြင့် ငါသည် ဤကြီးမြတ်သော အမှုတော်ကို စတင်ခြင်းဖြစ်၏။

ငါသည် လူသားအကြား တိတ်တဆိတ်လာ၍ ညင်ညင်သာသာ ထွက်ခွာ၏။ ငါ့ကို တစ်စုံတစ်ဦးက တွေ့မြင်ဖူးသလော။ နေမင်းသည် ယင်း၏ တောက်လောင်နေသော မီးလျှံများကြောင့် ငါ့ကို မြင်နိုင်သလော။ လမင်းသည် ၎င်း၏ ထွန်းပြောင်နေသော ကြည်လင်မှုကြောင့် ငါ့ကို မြင်နိုင်သလော။ နက္ခတ်တာရာများသည် ကောင်းကင်ထက်က ၎င်းတို့၏နေရာကြောင့် ငါ့ကိုမြင်နိုင်သလော။ ငါလာသည့်အခါ လူသားက မသိသည့်အပြင် အရာခပ်သိမ်းတို့သည်လည်း ဆက်လက်၍ မသိနားမလည်ကြဘဲ၊ ငါထွက်ခွာသည့်အခါတွင်လည်း လူသားသည် သတိမမူမိဘဲ ရှိနေကြဆဲဖြစ်သည်။ ငါ့အတွက် မည်သူက သက်သေခံပေးနိုင်သနည်း။ ယင်းမှာ ကမ္ဘာမြေပေါ်က လူတို့၏ ချီးမွမ်းခြင်းပင် ဖြစ်နိုင်သလော။ သဘာဝပတ်ဝန်းကျင်ထဲတွင် ပွင့်လန်းနေသည့် နှင်းပန်းတွေများ ဖြစ်နိုင်သလော။ မိုးကောင်းကင်ထက်တွင် ပျံနေကြသော ငှက်များလော။ တောင်များထက်တွင် ဟိန်းဟောက်နေသော ခြင်္သေ့များလော။ ငါ့ကို မည်သူမျှ အပြည့်အဝ မျက်မြင်မတွေ့နိုင်ပါတကား။ ငါပြုမည့်အမှုကို မည်သူမျှ မပြုလုပ်နိုင်ပါတကား။ သူတို့သည် ဤအမှုကို ပြုခဲ့လျှင်ပင် ယင်း၌ မည်သည့်သက်ရောက်မှု ရှိမည်နည်း။ ငါသည် နေ့စဉ် များစွာသောလူတို့၏ လုပ်ဆောင်မှုတိုင်းကို စောင့်ကြည့်၍၊ ငါသည် နေ့စဉ် များစွာသော လူတို့၏ နှလုံးသားနှင့် စိတ်တို့ကို ရှာဖွေစစ်ကြော၏။ မည်သူကမျှ ငါ၏တရားစီရင်မှုမှ မည်သည့်အခါမျှ လွတ်မြောက်ခဲ့ခြင်း မရှိသည့်အပြင် မည်သူကမျှ ငါ့တရားစီရင်ခြင်း၏ လက်တွေ့အရှိတရားမှ မည်သည့်အခါမျှ မိမိတို့ကိုယ်ကိုယ် ထုတ်ပယ်ခဲ့ခြင်း မရှိပေ။ ငါသည် မိုးကောင်းကင်အထက်တွင် မတ်တတ်ရပ်လျက် အဝေးသို့ကြည့်၏- မရေတွက်နိုင်အောင် များပြားသောလူတို့သည် ငါ၏ဒဏ်ခတ်ခြင်းကို ခံရသော်လည်း၊ အလားတူစွာပင် မရေတွက်နိုင်သော လူတို့သည်လည်း ငါ၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ အလယ်၌ နေထိုင်ကြ၏။ သင်တို့သည်လည်း ထိုကဲ့သို့သော အခြေအနေများတွင် နေထိုင်ကြသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၄၁)

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် လူတို့၏ နှလုံးသားများထဲ၌ ရှိသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ငါသည် ဖန်ဆင်းခြင်းခပ်သိမ်း၏ အရှင်သခင် ဖြစ်သည်။ ငါသည် တောင်များကို တက်ခဲ့လျက် မြစ်များကို ဖြတ်ကူးခဲ့ပြီ၊ လူသားမျိုးနွယ်၏ အလယ်တွင်လည်း ဝင်ထွက် သွားလာခဲ့၏။ မည်သူသည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ဝံ့သနည်း။ မည်သူသည် အနန္တတန်ခိုးရှင်၏ အကြွင်းမဲ့ ပိုင်သအုပ်စိုးမှုမှ လွန်မြောက်ရန် ချိုးဖောက်ဝံ့သနည်း။ ငါသည် ကောင်းကင်ဘုံ၌ ရှိသည်ဟု မည်သူသည် သံသယ စိုးစဉ်းမျှ မရှိဘဲနှင့် အခိုင်အမာ ဆိုဝံ့သနည်း။ တစ်ဖန် ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိသည်ဟု မငြင်းနိုင်ဘဲ မည်သူသည် အခိုင်အမာ ဆိုဝံ့သနည်း။ ငါကျိန်းဝပ်ရာ အရပ်များကို အသေးစိတ်ကျစွာ ပြောဆိုခြင်းငှာ တတ်စွမ်းနိုင်သူ လူသားမျိုးနွယ် အားလုံးထဲတွင် တစ်ယောက်မျှ မရှိ။ ယင်းအရာမှာ ငါသည် ကောင်းကင်ဘုံ၌ ရှိသောအခါ သဘာဝလွန် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေ၍များလော။ ယင်းအရာမှာ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိသောအခါ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင် ဖြစ်နေ၍များလော။ ငါသည် ဖန်ဆင်းခြင်းအားလုံး၏ အုပ်စိုးရှင် ဖြစ်သည်၊ သို့မဟုတ် လူ့လောကကြီး၏ ဒုက္ခဝေဒနာများကို ငါသည် တွေ့ကြုံခံစားသည် ဆိုသည့် အချက် ကြောင့် ဖြစ်နိုင်သလော။ ထိုသို့ဆိုပါက လူသားတို့သည် မျှော်လင့်စရာ အကြောင်း လုံးဝ မရှိတော့သည်အထိ အသိပညာမဲ့သည် မဟုတ်လော။ ငါသည် ကောင်းကင်ဘုံ၌ ရှိသည်။ ငါသည် ကမ္ဘာမြေကြီးပေါ်၌လည်း ရှိသည်။ ငါသည် အသင်္ချေသော ဖန်ဆင်းခြင်းအရာများအကြားတွင် ရှိသည်၊ ထို့အပြင် အသင်္ချေသော လူများအလယ်တွင်လည်း ငါရှိသည်။ လူသားသည် နေ့ရက်တိုင်း ငါ့ကို ထိတွေ့နိုင်သည်။ ထို့အပြင် သူသည် နေ့ရက်တိုင်း ငါ့ကို မြင်တွေ့နိုင်သည်။ လူသားမျိုးနွယ်နှင့်ပတ်သက်သရွေ့ ငါသည် တစ်ခါတစ်ရံတွင် ပုန်းကွယ်နေသကဲ့သို့ ထင်ရပြီး တစ်ခါတစ်ရံတွင်မူ မြင်သာသကဲ့သို့ ထင်ရသည်၊ ငါသည် အမှန်တကယ် တည်ရှိသည်ဟု ထင်ရသော်လည်း ငါသည် ဖြစ်တည်ခြင်း မရှိဟုလည်း ထင်ရသည်။ ငါ့အထဲ၌ လူသားမျိုးနွယ်တို့အတွက် ဉာဏ်မမီနိုင်သော နက်နဲဆန်းကြယ်မှုများ တည်ရှိသည်။ ယင်းမှာ လူများအားလုံးသည် ငါ့အထဲ၌ရှိသော နက်နဲဆန်းကြယ်မှုများကို သာ၍များပြားစွာ ရှာဖွေတွေ့ရှိနိုင်ရန် အဏုကြည့်မှန်ပြောင်းမှ တစ်ဆင့် ငါ့အား စေ့စေ့ကြည့်ရှုနေသည့်အလား ဖြစ်သည်၊ ထိုသို့အားဖြင့် ၎င်းတို့၏ နှလုံးသားများထဲ၌ ရှိနေသော မအီမသာခံစားချက်ကို ပြေပျောက်စေရန် မျှော်လင့်နေကြသည်။ သို့သော်၊ သူတို့သည် ဓာတ်မှန်များကို အသုံးပြုမည်ဆိုလျှင်ပင်၊ အဘယ်နည်းနှင့် လူသားမျိုးနွယ်သည် ငါ၏ထိန်းချုပ်ထားသော လျှို့ဝှက်ချက်များကို ထုတ်ဖော်နိုင်မည်နည်း။

ငါ၏လူများသည် ငါ၏လုပ်ဆောင်မှုမှတစ်ဆင့် ငါနှင့်အတူ ဘုန်းထင်ရှားသောအခါ ထိုအချိန်တွင် အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းသည် ဖော်ထုတ်ခံရမည် ဖြစ်ပြီး၊ ရွှံ့နွံများနှင့် အညစ်အကြေးများ အားလုံးသည် သန့်စင်အောင် လှည်းကျင်းခံရကာ နှစ်ပေါင်း မရေမတွက်နိုင်လောက်သည့် ကာလတစ်လျှောက် စုပုံလာခဲ့သော ညစ်ညမ်းသည့်ရေသည် ငါ၏လောင်နေသော မီးများထဲ၌ သွေ့ခြောက်သွားကာ ထပ်၍ မတည်ရှိတော့ပေ။ များမကြာမီပင် အဆင်းနီသော နဂါးကြီးသည် ကန့်မီးအိုင်ထဲတွင် ပျက်စီးလိမ့်မည်။ သင်တို့သည် နဂါး၏ လုယူသွားခြင်း မခံရစေခြင်းငှာ ငါ၏ချစ်စွာသော စောင့်ရှောက်မှုအောက်တွင် ဆက်လက်ရှိနေရန် အမှန်တကယ်ပင် လိုလိုလားလားရှိကြသလော။ သင်တို့သည် ၎င်း၏ လှည့်ဖြားတတ်သော ပရိယာယ်များကို ဧကန်ပင် မုန်းတီးသလော။ မည်သူသည် ငါ့အတွက် မြဲမြံသော သက်သေကို ခံနိုင်မည်နည်း။ ငါ၏အမည်နာမအတွက်၊ ငါ၏ဝိညာဉ်အတွက်နှင့်၊ ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးအတွက် မည်သူသည် မိမိ၏ခွန်အားအလုံးစုံကို ဆက်ကပ်ရန် တတ်စွမ်းနိုင်သနည်း။ ယနေ့၊ နိုင်ငံတော်သည် လူသားတို့၏ လောကကြီးထဲ၌ ရှိနေချိန်သည် လူသားမျိုးနွယ်ကြား လူပုဂ္ဂိုလ်အဖြစ် ငါကြွလာသော အချိန်ဖြစ်သည်။ ထိုကဲ့သို့ မဟုတ်ပါက၊ ငါ့ကိုယ်စား စစ်မြေပြင်သို့ စိုးရိမ်ပူပင်ခြင်း တစ်ခုတစ်လေမျှမရှိဘဲ ရဲဝင့်စွာ သွားနိုင်သည့်သူ ရှိပါ၏လော။ ထိုသို့အားဖြင့် နိုင်ငံတော်သည် ပုံသဏ္ဌာန် ပေါ်လာရန်၊ ထိုသို့အားဖြင့် ငါ၏နှလုံးသည် ရောင့်ရဲရန်၊ ထိုမှတစ်ဖန် ထိုသို့အားဖြင့် ငါ၏နေ့ရက်သည် ရောက်လာရန်၊ ထိုသို့အားဖြင့် ဖန်ဆင်းခြင်း၏ အသင်္ချေသော အရာများသည် ပြန်လည်မွေးဖွားပြီး ကြွယ်ဝစွာ ကြီးထွားသည့်အချိန် ရောက်လာရန်၊ ထိုသို့အားဖြင့် လူသားသည် ဒုက္ခဝေဒနာ ပင်လယ်ပြင်မှ ကယ်တင်ခြင်း ခံရရန်၊ ထိုသို့အားဖြင့် မနက်ဖြန်သည် ရောက်လာရန်၊ ထိုသို့အားဖြင့် ၎င်းသည် အံ့သြဖွယ်ဖြစ်၍ ပွင့်လန်းကာ ကြီးပွားတိုးတက်စေရန်၊ ထို့တစ်ဖန် ထိုသို့အားဖြင့် အနာဂတ်၏ ပျော်ရွှင်မှုသည် ပြည့်စုံလာစေရန်၊ လူသားမျိုးနွယ် အားလုံးသည် သူတို့၏ အစွမ်းရှိသမျှနှင့် အစွမ်းကုန် ကြိုးစားလျက်ရှိပြီး၊ ငါ့အတွက် မိမိတို့ကိုယ်ကိုယ် အနစ်နာခံခြင်း၌ မည်သည့်အရာကိုမျှ ညှာတာခြင်းမရှိ။ ယင်းမှာ ငါ့အောင်မြင်မှု ဖြစ်ကြောင်းနှင့် ငါ့အစီအစဉ် ပြီးမြောက်မှု၏ အမှတ်အသားတစ်ခုဖြစ်ကြောင်း နိမိတ်လက္ခဏာတစ်ရပ်ပင် မဟုတ်လော။

လူသားသည် နောက်ဆုံးသောကာလ၌ သာ၍ကြာကြာ နေထိုင်လေလေ၊ ကမ္ဘာကြီး၏ ဗလာနတ္ထိဖြစ်မှုကို သူတို့ သာ၍ ခံစားရလေလေ ဖြစ်ပြီး အသက်တာ၌ ရှင်သန်နေထိုင်ရန် အစွမ်းသတ္တိများ သာ၍ နည်းလေလေ ဖြစ်မည်။ ဤအကြောင်းရင်းကြောင့် မရေမတွက်နိုင်သော လူတို့သည် စိတ်ပျက်ခြင်း၌ သေဆုံးခဲ့ကြပြီး ဖြစ်သည်၊ မရေမတွက်နိုင်သော အခြားသူများသည် သူတို့၏ ရှာဖွေခြင်း၌ စိတ်ပျက်နေခဲ့ကြပြီး၊ မရေမတွက်နိုင်သော အခြားသူများသည် စာတန်၏ လက်များထဲ၌ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံရရန် မိမိတို့ကိုယ်ကို ဒုက္ခခံစားကြသည်။ ငါသည် များစွာသော လူများအား ကယ်မခဲ့၍ များစွာတို့ကို ကူညီမစခဲ့သည်၊ ပြီးလျှင် မကြာခဏပင် လူသားများသည် အလင်းကို ပျောက်ဆုံးသွားသောအခါ ငါသည် သူတို့အား အလင်းနေရာထဲသို့ ပြန်လည် ရွှေ့ထားပေးခဲ့သည်၊ ထိုသို့အားဖြင့် သူတို့သည် အလင်းထဲ၌ ငါ့အား သိကျွမ်းစေရန်နှင့် ပျော်ရွှင်ခြင်း၏ အလယ်တွင် ငါ့အား ပျော်မွေ့ခံစားနိုင်စေရန် ဖြစ်သည်။ ငါ့အလင်း ကြွလာခြင်းကြောင့် ငါ၏နိုင်ငံတော်အထဲတွင် နေထိုင်ကြသော လူတို့၏ နှလုံးသားများထဲတွင် ကြည်ညိုခြင်း ကြီးထွားလာသည်၊ အကြောင်းမှာ ငါသည် လူသားမျိုးနွယ်မှ ချစ်မြတ်နိုးရသည့် ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်ပြီး လူသားမျိုးနွယ်မှ မြတ်နိုးသည့် သံယောဇဉ်နှင့် တွယ်ဖက်ထားသော ဘုရားသခင် ဖြစ်၍ လူသားမျိုးနွယ်သည် ငါ့ပုံသဏ္ဌာန်၏ ခိုင်မာသော စိတ်စွဲမှတ်ချက်နှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ သို့သော် အားလုံးကို ထည့်သွင်းစဉ်းစား ပြီးသည့်အချိန်တွင် ဤလုပ်ဆောင်မှုသည် ဝိညာဉ်တော်၏ လုပ်ဆောင်မှုလော၊ သို့မဟုတ် ဇာတိပကတိ၏ ဆောင်ရွက်ချက်လော ဆိုသည်ကို နားလည်သည့်သူ တစ်ယောက်မျှ မရှိပေ။ ဤအရာတစ်ခုကို အသေးစိတ် တွေ့ကြုံဖို့ပင် တစ်သက်တာလုံး လူတို့ အချိန်ယူရပေလိမ့်မည်။ လူသားများသည် မိမိတို့၏အတွင်းအကျဆုံး နှလုံးသားနေရာများထဲတွင် ငါ့အား ဘယ်သောအခါကမျှ စက်ဆုပ်ခြင်း မရှိခဲ့၊ ယင်းအစား ၎င်းတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်များ၏ နက်ရှိုင်းရာအရပ်များထဲတွင် ငါ့အား ဖက်တွယ်ထားသည်။ ငါ၏ဉာဏ်ပညာသည် သူတို့၏ကြည်ညိုခြင်းကို တိုးမြင့်စေသည်၊ ငါလုပ်ဆောင်သော အံ့သြဖွယ်အရာများသည် သူ၏မျက်စိအတွက် ပသာဒဖြစ်ဖွယ်ရာဖြစ်ပြီး ငါ၏နှုတ်ကပတ်တော်များသည် သူတို့၏စိတ်များကို ရင်သပ်ရှုမောစေသည်၊ သို့သော်ငြားလည်း သူသည် ယင်းအရာများကို အလွန်ပင် မြတ်နိုးလေသည်။ ငါ၏လက်တွေ့အရှိတရားသည် လူသားကို ကြောင်အမ်းအမ်းနှင့် ကြက်သေသေစေကာ ဦးနှောက်ခြောက်စေသော်လည်း ထိုအရာကို လက်သင့်ခံရန် ၎င်းတို့ လိုလားနေကြပေသည်။ ဤသည်မှာ လူကို သူ့အရှိအတိုင်း အတိအကျ အကဲဖြတ်ခြင်းပင် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၅” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၄၂)

၁။ လူသားသည် မိမိကိုယ်ကိုယ် ဂုဏ်တင် ချီးမွမ်းခြင်း မပြုရ။ ဘုရားသခင်ကို ၀တ်ပြု၍ ချီးမွမ်းရမည်။

၂။ ဘုရားသခင်၏အမှုတော်အတွက် အကျိုးရှိသမျှကို ဆောင်ရွက်ပြီး ဘုရားသခင်အမှုတော်၏ အကျိုးကို ထိခိုက်သည့် မည်သည့်အရာကိုမျှ မဆောင်ရွက်ရ။ ဘုရားသခင်၏နာမ၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတို့ကို ကာကွယ်ရမည်။

၃။ ဘုရားသခင်အိမ်တော်ရှိ ငွေ၊ အရာဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှုအားလုံးတို့သည် လူသားမှပေးသင့်သည့် ပူဇော် သက္ကာများ ဖြစ်ရမည်။ ဤပူဇော်သက္ကာများကို ယဇ်ပုရောဟိတ် နှင့် ဘုရားသခင်မှတစ်ပါး မည်သူမျှ မခံစားနိုင်ရ၊ လူသားမှပေးသည့် ပူဇော်သက္ကာများသည် ဘုရားသခင် ခံစားရန် ဖြစ်သောကြောင့် ဘုရားသခင်သည် ယဇ်ပုရောဟိတ်နှင့်သာ ဤပူဇော်သက္ကာများကို မျှဝေခံစားပြီး အခြားမည်သူမျှ ဤအရာတို့၏ တစ်စိတ်တစ်ပိုင်းကိုခံစားရန် အရည်အချင်းမရှိ၊ ခံစားခွင့်မရှိ။ (ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် မွေ့လျော်ခံစား နိုင်သော ပစ္စည်းဥစ္စာများ အပါအဝင်) လူသား၏ပူဇော်သက္ကာ အားလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းဖြစ်ပြီး လူသားကို ပေးအပ်ခြင်းမဟုတ်။ ထို့ကြောင့် ဤအရာတို့ကို လူသားသည် မခံစားသင့်ပေ၊ လူသားသည် ခံစားမည်ဆိုပါက ထိုသူသည် ပူဇော်သက္ကာများကို ခိုးယူခြင်းဖြစ်မည်။ ထိုသို့ပြုသောသူ မှန်သမျှသည် ယုဒဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယုဒသည် သစ္စာဖောက်တစ်ဦးဖြစ်ရုံမက ငွေအိတ်အတွင်းထည့်သည့် အရာများကိုလည်း ယူခဲ့သောကြောင့်ဖြစ်၏။

၄။ လူသားသည် ပျက်စီးသောစိတ်နေသဘောထားရှိ၏။ ထို့အပြင် သူသည် စိတ်ခံစားမှုများလည်း ရှိ၏။ ထို့ကြောင့် ဘုရားသခင်၏အမှုဆောင်သည့်အခါ ဆန့်ကျင်ဘက် လိင်နှစ်ဦးအား အခြားသူများမပါဘဲ အမှုအတူထမ်းခြင်းမှ လုံးဝတားမြစ်ထား၏။ ထိုသို့ပြုလုပ်ကြောင်းတွေ့ရှိသူများကို ခြွင်းချက်မရှိထုတ်ပယ်မည်ဖြစ်ပြီး မည်သူမျှ မကင်းလွတ်ပါ။

၅။ သင်သည် ဘုရားသခင်ကို မစီရင်ရ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့်ကိစ္စများကိုလည်း သာမန်ကာလျှံကာ မဆွေးနွေးရ။ သင်သည် လူသား လုပ်သင့်သည့်အတိုင်းလုပ်၍ ပြောသင့်သည့်အတိုင်း ပြောကာ သင့်အပေါ် ကန့်သတ်ချက်များကို မကျော်လွန်ရ၊ ကန့်သတ်သော အပိုင်းအခြားကို မကျူးကျော်ရ။ သင်၏နှုတ်ကို စောင့်၍ သင်၏ ခြေလှမ်းများကိုသတိပြုပါ။ ဘုရားသခင်၏စိတ်သဘောထားကို စော်ကားသည့် အပြုအမူမှန်သမျှကို မပြုရန် ဤအရာ အားလုံးတို့မှ တားဆီးထား၏။

၆။ သင်သည် လူသားပြုသင့်သောအရာကို ပြုရမည်ဖြစ်ပြီး သင်၏ဝတ္တရားများကို ဆောင်ရွက်၍ တာဝန်များကို ဖြည့်ဆည်းကာ တာဝန်စောင့်ထိန်းရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ အမှုတွင် ပါ၀င်သင့်သည်။ ပါ၀င်ခြင်းမရှိလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲရန် မထိုက်တန်။ ဘုရားသခင်၏ အိမ်ထောင်စုတွင်နေရန် မထိုက်တန်ပါ။

၇။ အသင်းတော်၏အမှုနှင့်ကိစ္စရပ်များတွင် ဘုရားသခင်ကို နာခံခြင်းမှလွဲ၍ အရာခပ်သိမ်းတွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသူ လူသား၏ ညွှန်ကြားချက်များကို လိုက်နာရမည်။ အနည်းငယ်ဆုံးသော ချိုးဖောက်မှုကိုပင် လက်မခံနိုင်ပါ။ သင်သည် လုံးဝလိုက်နာရမည်ဖြစ်ပြီး အမှန်အမှား ခွဲခြားစိတ်ဖြာခြင်း မပြုရ။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပါ။ အကြွင်းမဲ့နာခံခြင်း သည်သာ သင်နှင့်သက်ဆိုင်ရမည်။

၈။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ဘုရားသခင်ကို နာခံ၍ဝတ်ပြုရမည်။ သင်သည် မည်သူ့ကိုမျှ ချီးမြှောက်ခြင်း သို့မဟုတ် အထင်ကြီးခြင်းမပြုရ။ သင်သည် ဘုရားသခင်အား ပထမနေရာပေး၍ သင်အထင်ကြီးသူများကို ဒုတိယနေရာပေးကာ သင့်ကိုယ်သင် တတိယနေရာပေးခြင်း မပြုရ။ မည်သူမျှ သင်၏ နှလုံးသားတွင် နေရာမယူရ။ ထို့အပြင် သင်သည် လူတို့ကို၊ အထူးသဖြင့် သင်ကြည်ညို လေးစားသူများကို၊ ဘုရားသခင်နှင့် တန်းတူဟု မယူဆရ။ ဤသည်ကို ဘုရားသခင် လုံးဝသည်းမခံနိုင်ပါ။

၉။ သင်၏အတွေးတို့သည် အသင်းတော်၏အမှု အကြောင်းသာဖြစ်သင့်သည်။ သင်သည် အသွေးအသား၏ မျှော်လင့်ချက်များကို ဘေးဖယ်ကာ၊ မိသားစုကိစ္စများအပေါ်တွင် ပြတ်သား၍၊ ဘုရားသခင်၏ အမှုတွင် မိမိကိုယ်ကိုယ် လုံးဝဆက်ကပ်အပ်နှံရမည်။ ဘုရားသခင်၏အမှုကို ပထမဆုံး ဦးစားပေး၍ သင်၏ဘဝကို ဒုတိယထားရမည်။ ဤသည်မှာ သန့်ရှင်းသူတစ်ဦး၏ သင့်တင့်လျောက်ပတ်သော အမှုဖြစ်၏။

၁၀။ (သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအမများ သို့မဟုတ် မိဘများ စသည်ဖြင့်) မယုံကြည်သူ ဆွေမျိုးသားချင်းများကို အသင်းတော်သို့ အတင်းအဓမ္မမသွင်းရ။ ဘုရားသခင်၏အိမ်တော်တွင် အသင်းဝင်များ လိုအပ်နေခြင်းမရှိ။ ထို့အပြင် အသုံးမဝင်သူများဖြင့် အသင်းဝင်ဦးရေ ဖြည့်ဆည်းရန် မလိုပါ။ ၀မ်းမြောက်စွာ မယုံကြည်သူခပ်သိမ်းတို့အား အသင်းတော်သို့ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းအတွက် ညွှန်ကြားချက်ဖြစ်၏။ ဤကိစ္စတွင် သင်တို့သည် တစ်ဦးနှင့် တစ်ဦး စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး မည်သူတစ်ဦးမျှ မချိုးဖောက်ရ။ မယုံကြည်သူ ဆွေမျိုးသားချင်းများ အသင်းတော်အတွင်း တွန့်ဆုတ်စွာဝင်သည့်အခါ စာအုပ်များထုတ်ပေးခြင်း၊ အမည်သစ်များပေးခြင်း မပြုရ။ ထိုသူတို့သည် ဘုရားသခင်၏ အိမ်ထောင်စုဝင်များ မဟုတ်။ ထို့အပြင် လိုအပ်ပါက ထိုသူတို့ အသင်းတော်အတွင်းဝင်ခြင်းကို မည်သည့်နည်းဖြင့်မဆို ရပ်စေရမည်။ နတ်ဆိုးတို့၏ ကျူးကျော် ၀င်ရောက်မှုကြောင့် အသင်းတော်အပေါ် ဒုက္ခကျရောက်သည်ရှိသော် သင်ကိုယ်တိုင်ကိုပင် ထုတ်ပယ်ခြင်းပြုမည်။ သို့မဟုတ် ကန့်သတ်ချက်များ ထားရှိမည်။ အချုပ်ဆိုရလျှင် ဤကိစ္စ အတွက် လူတိုင်းတွင် တာဝန်ရှိ၏။ သို့သော် သင်သည် မဆင်မခြင်လည်း မပြုရ။ သို့မဟုတ် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များအတွက် အပြစ်ပေးရန် မသတ်မှတ်ရ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၄၃)

လူတို့သည် မိမိတို့ ဆောင်ရွက်သင့်သော တာဝန်များစွာကို လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယင်းသည် လူတို့ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်ဖြစ်ပြီး လက်တွေ့ လုပ်ဆောင်ရမည့်အရာ ဖြစ်ပါသည်။ လူအနေဖြင့် ဝင်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သန့်ရှင်းသော ဝိညာဉ်တော်အား လုပ်ဆောင်ခွင့်ပြုပါ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် မစပ်ဆိုင်ဘဲ လူကိုယ်တိုင် လုပ်ဆောင်ရမည့် အရာတို့ကိုသာ လူ့အနေဖြင့် လုပ်ဆောင်သင့် သည်။ ဤသည်ကား အခြားမဟုတ်၊ လူတို့သည် ဓမ္မဟောင်းက ဥပဒေသကို လိုက်နာ စောင့်ထိန်းသည့်နည်းတူ ပညတ်သဖွယ် လိုက်နာစောင့်ထိန်းသင့်သည့် အရာနှင့် လူမှ လုပ်ဆောင်ပြီးစီးသင့်သည့် အရာပင် ဖြစ်ပါသည်။ ယနေ့ခေတ်သည် ပညတ်တော်ခေတ် မဟုတ်သော်လည်း ပညတ်ခေတ် ကကဲ့သို့ အလားတူ လိုက်နာ စောင့်ထိန်းသင့်သည့် နှုတ်ကပတ်တော်များစွာ ရှိနေဆဲဖြစ်သည်။ ထိုနှုတ်ကပတ်တော်တို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှု တစ်ခုတည်းကိုသာ အမှီပြုကာ လက်တွေ့ အသက်ရှင်နေကြခြင်း မဟုတ်ဘဲ လူ့အနေဖြင့် လိုက်နာစောင့်ထိန်းသင့်သည့် အရာများ ဖြစ်ပါသည်။ ဥပမာ လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်အပေါ် သင့်အနေဖြင့် အပြစ်တင် စီရင်ခြင်း မပြုရ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသောသူကို သင်ဆန့်ကျင်ဘက် မပြုရ။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ အရိုက်အရာကို ထိန်းသိမ်း ရမည်၊ လောကီအရာများထဲ၌ ယစ်မူးခြင်း မပြုရ။ သင် စကားပြောသောအခါ အစွန်းမရောက်စေဘဲ သင်၏ အပြောအဆိုနှင့် လုပ်ဆောင်ချက်တို့သည် ဘုရားသခင်ထံမှ သက်သေပြုခြင်း ခံရသော သူ၏ စီစဥ်မှုများနှင့် ကိုက်ညီရမည်။ ဘုရားသခင်၏ သက်သေခံချက်ကို သင်ရိုသေလေးမြတ် သင့်သည်။ ဘုရားသခင်၏ အလုပ်နှင့် သူ၏နှုတ်မှ လာသော နှုတ်ကပတ်တော်များကို လျစ်လျူမရှုသင့်။ သင်သည် ဘုရားသခင် ဖွင့်ဆို ချက်များ၏ အနက်နှင့် ရည်ရွယ်ချက်များကို မတုပရ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူအား ဆန့်ကျင် သော အမှု တစ်စုံတစ်ရာကိုမျှ အပြင်ပန်းအရ မပြုသင့်။ အစရှိသည်တို့ဖြစ်သည်။ ဤအရာများသည် လူအယောက်တိုင်း လိုက်နာစောင့်ထိန်းသင့်သောအရာများ ဖြစ်ပေသည်။ ဘုရားသခင်သည် ခေတ်အဆက်ဆက်တွင် လူတို့ လိုက်နာ စောင့်ရှောက်ရန် ဥပဒေသများနှင့် ဆင်တူသော အထုံးအဖွဲ့ များစွာကို ချမှတ်ခဲ့သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် လူ၏ စိတ်သဘောထားကို ဘောင်ခတ်ကန့်သတ်ကာ လူ၏ ရိုးသားမှုကို စစ်ဆေးခဲ့ သည်။ ဓမ္မဟောင်းခေတ်မှ နှုတ်ကပတ်တော်များ ဖြစ်သည့် “သင်၏ မိဘကို ရိုသေစွာပြုလော့” ဟူသည်ကို ဥပမာအဖြစ် ကြည့်ပါ။ ထိုနှုတ်ကပတ်တော်များသည် ယခုအချိန်နှင့် မသက်ဆိုင်တော့ပေ၊ ထိုခေတ်ကာလက ယင်းအရာများသည် လူတို့၏ ပြင်ပစိတ်သဘောထား အချို့ကိုသာ ဘောင်ခတ်ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်အပေါ် ယုံကြည်ကိုးစားရာ၌ လူတို့၏ ရိုးသားမှုကို ဖော်ပြရန်သာ အသုံးပြုခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့မှာ ဘုရားသခင်အား ယုံကြည်သော သူများ၏ အမှတ်အသား တစ်ခုသဖွယ် ဖြစ်ခဲ့သည်။ ယခု ခေတ်ကာလသည် နိုင်ငံတော်ခေတ် ဖြစ်သော်လည်း လူတို့ လိုက်နာစောင့်ထိန်းရန် အထုံးအဖွဲ့ များစွာ ပါသည်။ ယခင်က အထုံးအဖွဲ့များသည် ယနေ့ခေတ်နှင့် မသက်ဆိုင်တော့သော်လည်း လူတို့ လိုက်နာစောင့်ထိန်းရမည့် လျောက်ပတ်သည့် နောက်ထပ် အကျင့်များစွာ ရှိပြီး ယင်းတို့သည် လိုအပ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မပါဝင်ဘဲ လူတို့ကသာ ယင်းအကျင့်များကို ကျင့်ကြံရမည်။

ပညတ်တော်ခေတ်က စောင့်ထိန်းခဲ့ကြသော အကျင့်များစွာကို ကျေးဇူးတော်ခေတ်၌ မလိုက်နာဘဲ စွန့်ပယ်ထားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤဥပဒေသများသည် ကျေးဇူးတော်ခေတ်၌ စောင့်ထိန်းရန် အထူးသဖြင့် ဆီလျော်ထိရောက်မှု မရှိသောကြောင့် ဖြစ်ပါသည်။ အဆိုပါ အကျင့်တို့ကို စွန့်ပယ် ထားပြီး နောက် ထိုကျေးဇူးတော်ခေတ်နှင့် ကိုက်ညီသော အကျင့်များစွာကို ချမှတ်ခဲ့ကြသဖြင့် ၎င်းအကျင့်များသည် ယနေ့ခေတ်ကာလ၏ အထုံးအဖွဲ့များ ဖြစ်လာသည်။ ယနေ့ခေတ်၏ ဘုရားသခင် ကြွလာသောအခါ ထိုအထုံး အဖွဲ့များကို ဘေးဖယ်လိုက်ပြီး ၎င်းတို့အား ဆက်လက် စောင့်ထိန်းရန် မလိုအပ်တော့ပါ။ ယနေ့ခေတ်တွင် ဆောင်ရွက်ရမည့် အလုပ်နှင့် သင့်တော်သော အကျင့်များစွာ ရှိပါသည်။ ယနေ့ခေတ်တွင် ထိုအကျင့်များသည် အထုံးအဖွဲ့များ မဟုတ်ပါ။ သို့ရာတွင် အကျိုးရလဒ် တစ်ခု ရရှိရန်အတွက်၊ ယင်းအကျင့်တို့သည် ယနေ့အတွက် သင့်လျော်သည်— သို့သော်လည်း မနက်ဖြန်အတွက် အထုံးအဖွဲ့များလည်း ဖြစ်ကောင်း ဖြစ်မည်။ အချုပ်အားဖြင့်ဆိုပါက ယနေ့ ဆောင်ရွက်ရမည့် အလုပ်အတွက် အသီးအပွင့်ဖြစ်မည့် အကျင့်များကို သင်ကျင့်သုံးသင့်ပါသည်။ မနက်ဖြန် အတွက် မစိုးရိမ်ပါနှင့်၊ ယနေ့ ဆောင်ရွက်ပြီးသော အလုပ်သည် ယနေ့အဖို့ လုံလောက်သည်။ မနက်ဖြန်တွင် သင်ကျင့်သုံးရန် လိုအပ်မည့် ပိုကောင်းသော အကျင့်များ ရှိကောင်း ရှိနိုင်ပါသည်၊ သို့ရာတွင် မနက်ဖြန်တွင် ကျင့်သုံးရမည့် အကျင့်များကို အလွန် အာရုံမစိုက်ပါနှင့်။ ဘုရားသခင်အား မဆန့်ကျင်မိစေရန် ယနေ့ လိုက်နာ ကျင့်သုံးရန် လိုအပ်သည့် အကျင့်တို့ကိုသာ လိုက်နာကျင့်သုံးပါ။ ယနေ့ ဆက်လက်ဖော်ပြပါ အကျင့်ထက် လိုက်နာကျင့်သုံးရန် ပို၍ အရေးကြီးသော အကျင့် တစ်စုံတစ်ခုမျှ မရှိ။ ထိုအကျင့်မှာ သင်သည် သင့်မျက်စိရှေ့တွင် ရပ်နေသော ဘုရားသခင်အား မြှောက်ထိုးပင့်ကော် လုပ်ဖို့ သို့မဟုတ် သူ့ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ဖို့ မကြိုးစားရ။ သင်၏ ရှေ့တွင် ရှိနေသော ဘုရားသခင်၏ ရှေ့မှောက် ထဲတွင် ညစ်ညူးသော သို့မဟုတ် မာနထောင်လွှားသော စကားကို မပြောရ။ မျှတသော စကားများနှင့် ကောင်းသော စကားများကို ဆို၍ သူ့ထံမှ ယုံကြည်မှုကို ရယူရန်အတွက် သင့်မျက်စိရှေ့၌ ရှိသော ဘုရားသခင် ကို မလှည့်စားရ။ ဘုရားသခင်၏ မျက်မှောက်ထဲ၌ မရိုမသေ မပြုရ။ ဘုရားသခင်၏ နှုတ်ထွက် စကား မှန်သမျှကို နာခံရမည်၊ သူ၏ နှုတ်ကပတ်တော်များကို အတိုက်အခံ လုပ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ငြင်းခုန်ခြင်း မပြုရ။ ဘုရားသခင်၏ နှုတ်ထွက် စကားများအား သင့်တော်သည်ဟု သင်ထင်သည့်အတိုင်း အနက်အဓိပ္ပါယ် ပြန်ဆိုခြင်း မပြုရ။ မတရားသော သူတို့၏ လိမ်လည် လှည့်ဖြားမှုများထဲသို့ မကျရောက်စေရန် သင်၏ နှုတ်ကို စောင့်ထိန်းသင့်သည်။ ဘုရားသခင်မှ သင့်အတွက် သတ်မှတ်ထားသော နယ်နိမိတ် အပြင်သို့ ကျော်လွန် မသွားရန်အတွက် သင်၏ ခြေလှမ်းများကို စောင့်ကြပ်သင့်သည်။ ထိုသို့ ပြုခြင်းဖြင့် ဘုရားသခင်၏ ရှုထောင့် မှ ကြည့်ပါက သင့်အား ဘဝင်မြင့်၍ ဟိတ်ဟန်များသည့် စကားများကို ဆိုစေခြင်းကြောင့် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ထွက် စကားများအား လက်လွတ်စပယ် မဖြန့်ဝေသင့်ပါ။ ထိုသို့ပြုပါက သင်သည် သူတစ်ပါးတို့၏ လှောင်ပြောင်ခြင်းနှင့် မာရ်နတ်တို့၏ ကျီစားခြင်းကို ခံရမည်ဟု စိုးရိမ်စရာရှိသည်။ ယနေ့ခေတ် ဘုရားသခင်၏ အလုပ် အားလုံးကို သင်နာခံရမည်။ အကယ်၍ ဘုရားသခင်၏ အလုပ်ကို သင်နားမလည်လျှင်ပင် ဝေဖန်ပြစ်တင်ခြင်း မပြုရ။ သင် လုပ်ရမည်မှာ ရှာဖွေ၍ မိတ်သဟာယ ဖွဲ့ရန် ဖြစ်သည်။ ဘုရားသခင်၏ နဂိုမူလ နေရာကို မည်သူ တစ်ဦးတစ်ယောက်မျှ ကျူးကျော်ခြင်း မပြုရ။ ယနေ့ခေတ်၏ ဘုရားသခင်အား လူ၏နေရာမှ အစေခံခြင်းမှ လွဲ၍ အခြား မည်သည့် အရာမျှ သင် မလုပ်ဆောင်နိုင်။ ယနေ့ခေတ်၏ ဘုရားသခင်အား လူ၏နေရာမှ သွန်သင်ခြင်း မပြုနိုင်၊ ထိုသို့ ပြုပါက အလွဲလွဲ အချော်ချော် ဖြစ်မည်။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူ၏ နေရာတွင် မည်သူ တစ်ဦး တစ်ယောက်မျှ မနေရ၊ သင်ပြောသော စကားများ၊ အပြုအမူများ၊ အတွင်းနှလုံးသား အကြံအစည်များသည် လူ့အနေဖြင့် ပြောဆိုပြုမူ ကြံစည်ခြင်း ဖြစ်သည်။ ယင်းအချက်ကို လူတို့ လိုက်နာရမည် ဖြစ်ပြီး ၎င်းသည် လူတို့၏ တာဝန်ဝတ္တရားလည်း ဖြစ်သည်၊ မည်သူ တစ်ဦးတစ်ယောက်မျှ ပြောင်းလဲ ပြင်ဆင်၍မရ၊ ထိုသို့ ပြုပါက စီရင်အုပ်စိုးမှု အမိန့်များကို ချိုးဖောက်ရာ ရောက်သည်။ ယင်းကို အယောက်တိုင်း မှတ်သားသင့် သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခေတ်သစ်၏ ပညတ်တော်များ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၄၄)

သင်တို့စွမ်းဆောင်ရရှိရန် ငါမျှော်လင့်ထားသည့်အရာများ မြောက်မြားစွာရှိ၏၊ သို့သော်လည်း သင်တို့၏လုပ်ရပ်များအားလုံးနှင့် သင်တို့၏အသက်တာနှင့်ဆိုင်သော အရာခပ်သိမ်းတို့သည် ငါတောင်းဆိုသောအရာကို ဖြည့်ဆည်းရန် တတ်စွမ်းနိုင်သည်ကား မဟုတ်ချေ၊ ထို့ကြောင့် ငါ့အနေဖြင့် လိုရင်းကို တဲ့တိုးပြောရန်နှင့် ငါ၏အလိုကို သင်တို့အား ရှင်းပြရန်သာ ရှိတော့သည်။ သင်တို့၏ ချင့်ချိန်နိုင်စွမ်းသည် နုံချာပြီး သင်တို့၏ သဘောပေါက်မှုသည်လည်း အလားတူပင် နုံချာသည်ကို ထောက်ရှုသော် သင်တို့အနေဖြင့် ငါ၏စိတ်နေသဘောထားနှင့် အနှစ်သာရတို့အကြောင်းကို လုံးဝနီးပါး မသိဘဲလျက် ရှိနေကြသောကြောင့် ၎င်းတို့အကြောင်းကို သင်တို့အား ငါအသိပေးရန်မှာ အလောသုံးဆယ်ကိစ္စတစ်ရပ်ပင် ဖြစ်တော့၏။ သင့်အနေဖြင့် ယခင်က မည်မျှပင် နားလည်ခဲ့သည်ဖြစ်စေ၊ ဤကိစ္စရပ်များကို နားလည်ရန် သင်၌ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့အကြောင်းကို သင်တို့အား ငါသည် အသေးစိတ် ရှင်းပြရပေဦးမည်။ ဤကိစ္စရပ်များသည် သင်တို့အတွက် လုံးဝအစိမ်းသက်သက် ဖြစ်နေသည်ကား မဟုတ်ချေ၊ သို့သော်လည်း ၎င်းတို့အထဲတွင် ပါဝင်သော အဓိပ္ပာယ်နှင့်ပတ်သက်၍မူ သင်တို့၌ နားလည်မှုများစွာ၊ အကျွမ်းဝင်ခြင်း များစွာ ကင်းမဲ့နေသည်။ သင်တို့ထဲမှ လူအတော်များများ၌ ရေးရေး နားလည်မှုအချို့သာ ရှိကြပြီး ထိုနားလည်မှုမှာလည်း တစ်ဝက်တစ်ပျက် ဖြစ်ကာ မစုံလင်ပေ။ သင်တို့အနေဖြင့် သမ္မာတရားကို ပိုမိုကောင်းမွန်စွာ လက်တွေ့ကျင့်သုံးနိုင်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို ပိုမိုကောင်းမွန်စွာ လက်တွေ့ကျင့်သုံးနိုင်ရန် အကူအညီဖြစ်စိမ့်သောငှာ ပထမဦးဆုံး ဤကိစ္စရပ်များကို သင်တို့သိမှဖြစ်မည်ဟု ငါထင်သည်။ သို့မဟုတ်ပါက သင်တို့၏ ယုံကြည်ခြင်းသည် မရေမရာ၊ အယောင်ဆောင်အဖြစ် ရှိနေဦးမည်ဖြစ်ပြီး ဘာသာတရား၏ အဆောင်ယောင်များနှင့် ပြည့်နေဦး မည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ပါက သူ့အတွက် သင်လုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ရန်မှာ သင့်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို သင်မသိပါက သူ့အပေါ် ရိုသေလေးမြတ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ သင်၌ရှိရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ၊ ထိုအရာများအစား အလေးမထားသော ဝတ်ကျေတမ်းကျေပြုမူမှုနှင့် မလိမ့်တပတ် ပြုမူမှုတို့သာ ရှိမည်ဖြစ်သည့်အပြင် ဘုရားသခင်အပေါ် ပြုပြင်၍မရသော စော်ကားမှုသာရှိပေလိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းမှာ အကယ်ပင် အရေးကြီးသော်လည်း၊ ထို့ပြင် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအား လျစ်လျူရှု၍ မရသော်လည်း ဤကိစ္စရပ်များကို မည်သူမျှ စေ့စေ့စပ်စပ် မဆန်းစစ်ဖူးကြ၊ သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် မစူးစမ်းဖူးကြပေ။ သင်တို့အားလုံးသည် ငါထုတ်ပြန်ထားသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ဖယ်ခဲ့ကြပြီး ဖြစ်သည်ကို ထင်ထင်ရှားရှားမြင်ရသည်။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ကြပါက သင်တို့အနေဖြင့် သူ၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိကြရန် အလားအလာ အလွန်များလိမ့်မည်။ သူ၏စိတ်နေသဘောထားကို ပုန်ကန် ပြစ်မှားခြင်းသည် ဘုရားသခင်ကိုယ်တိုင်၏ အမျက်ကို သွားဆွသည့် သဘောသက်ရောက်ပြီး ထိုသို့ဖြစ်လျှင် သင့်လုပ်ရပ်များ၏ နောက်ဆုံးအသီး အပွင့်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်းဖြစ် လိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို သင်သိပါက သူ၏စိတ်နေ သဘောထားကို သင်နားလည်နိုင်ကြောင်းကိုလည်း ယခုတွင် သင်သဘောပေါက်လောက်ပေပြီ၊ သူ၏စိတ်နေသဘောထားကို သင်နားလည်သောအခါ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုလည်း သင်နားလည်ပြီးသား ဖြစ်ပေလိမ့်မည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲ၌ ပါဝင်သောအရာ အများစုသည် ဘုရားသခင်၏ စိတ်နေသဘာထားအကြောင်း အချုပ်အားဖြင့် ပြောပြသည်ကို ပြောစရာပင်မလိုပေ၊ သို့သော်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲတွင် သူ၏စိတ်နေသဘောထား အလုံးစုံကို ဖော်ပြထားခြင်းကား မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားအပေါ် သင်၏နားလည်ခြင်းကို တိုးတက်စေခြင်း အရာ၌ ဤသည်ထက်ပို၍ လုပ်ဆောင်ရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၄၅)

ဘုရားသခင်၏ စိတ်နေသဘောထားဟူသည်မှာ လူတိုင်းအတွက် အလွန်အမင်း စိတ်ကူးယဉ်ဆန်သည်ဟုထင်ရသည့် အကြောင်းအရာ တစ်ရပ်ဖြစ်သည့်အပြင် လက်ခံရန်မှာလည်း လူတိုင်းအတွက် လွယ်ကူလှသည့်အရာ မဟုတ်ပေ၊ အကြောင်းမှာ သူ၏ စိတ်နေသဘောထားသည် လူသားတစ်ဦး၏ ပင်ကိုစရိုက်နှင့် မတူသောကြောင့်ဖြစ်သည်။ ဘုရားသခင်၌လည်း ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုဟူသည့် သူ့ကိုယ်ပိုင် စိတ်ခံစားမှုများ ရှိသည်၊ သို့သော်လည်း ဤစိတ်ခံစားမှုများသည် လူသား၏ စိတ်ခံစားမှုများနှင့် ကွဲပြားသည်။ ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့် ထုတ်ဖော်သမျှတို့သည် သူ၏အနှစ်သာရနှင့် သူ၏ကိုယ်ပိုင်လက္ခဏာတို့၏ ကိုယ်စားပြုခြင်းများဖြစ်သည်။ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းအပါအဝင် သူ၏အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာတို့သည် မည်သည့်လူသားကမျှ အစားထိုး၍မရနိုင်သော အရာများဖြစ်သည်။ သူ၏စိတ်နေသဘောထား၌ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်း၊ လူသားမျိုးနွယ်ကို နှစ်သိမ့်ပေးမှု၊ လူသားမျိုးနွယ်အပေါ် မုန်းတီးမှု၊ ထိုမျှမက လူသားမျိုးနွယ်အပေါ် အစုံအစေ့ နားလည်မှုတို့ အကျုံးဝင်သည်။ သို့သော်လည်း လူသား၏ပင်ကိုစရိုက်မှာမူ အကောင်းမြင်ခြင်း၊ ထကြွလုံ့လရှိခြင်း၊ သို့မဟုတ် စာနာစိတ်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားမှာ သက်ရှိသက်မဲ့ အရာအားလုံးတို့ကို အုပ်စိုးသောသူနှင့် သက်ဆိုင်ပြီး ဖန်ဆင်းခြင်းခပ်သိမ်း၏ သခင်နှင့် သက်ဆိုင်သည်။ သူ၏ စိတ်နေသဘောထားသည် ဂုဏ်ပြုခြင်း၊ တန်ခိုး၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်းကို ကိုယ်စားပြုပြီး အရေးကြီးဆုံးမှာ သာလွန်ကြီးစိုးခြင်းကို ကိုယ်စားပြုသည်။ သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး ဖြောင့်မတ်သောအရာအားလုံး၏ သင်္ကေတဖြစ်ကာ လှပ၍ ကောင်းမွန်သည့်အရာအားလုံး၏ သင်္ကေတလည်း ဖြစ်ပေသည်။ ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့် ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍ မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး၊ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော (ပုန်ကန်ပြစ်မှားခြင်းကိုလည်း သူသည်းခံမည် မဟုတ်ပေ) သူ၏ သင်္ကေတလည်း ဖြစ်သည်။ သူ၏စိတ်နေသဘောထားသည် အမြင့်ဆုံးသောတန်ခိုး၏ သင်္ကေတဖြစ်၏။ မည်သည့်လူကမျှ၊ သို့မဟုတ် မည်သည့်လူအများကမျှ သူ၏အမှု၊ သို့တည်းမဟုတ် သူ၏စိတ်နေသဘောထားကို မနှောင့်ယှက်နိုင်ပေ၊ သို့မဟုတ် နှောင့်ယှက်ခွင့်ရှိမည်လည်း မဟုတ်ပေ။ သို့သော် လူသား၏ ပင်ကိုစရိုက်မှာမူ သားရဲတိရစ္ဆာန်ထက် လူသားက အနည်းငယ် သာလွန်မှု၏ သင်္ကေတမျှသာဖြစ်သည်။ လူသားသည် သူကိုယ်၌က မည်သည့်သြဇာအာဏာမျှမရှိ၊ မည်သည့်လုပ်ပိုင်ခွင့်မျှမရှိ၊ ထို့ပြင် မိမိကိုယ်ကို ကျော်လွန်နိုင်စွမ်းလည်း မရှိပေ၊ သို့သော်လည်း သူ၏အနှစ်သာရ၌မူ သူသည် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးတို့၏ ပြုသမျှ နုရမည့် ကြောက်ဒူးတုန်နေသူဖြစ်သည်။ ဘုရားသခင်၏ ဝမ်းသာခြင်းသည် ဖြောင့်မတ်ခြင်းနှင့် အလင်းတို့၏ တည်ရှိမှုနှင့် ထွက်ပေါ်လာမှုတို့ကြောင့်ဖြစ်သည်၊ အမှောင်ထုနှင့် ဆိုးယုတ်မှုတို့၏ ပျက်စီးမှုကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် အလင်းနှင့် ကောင်းမွန်သော အသက်တာကို ယူဆောင်လာပေးခြင်းအပေါ် သူဝမ်းမြောက်သည်၊ သူ၏ဝမ်းသာခြင်းသည် ဖြောင့်မှန်သော ဝမ်းသာခြင်းဖြစ်ပြီး အပြုသဘောဆောင်သော အရာအားလုံးတို့ တည်ရှိမှု၏ သင်္ကေတဖြစ်ကာ ထိုမျှမက မင်္ဂလာရှိခြင်း၏ သင်္ကေတလည်းဖြစ်၏။ ဘုရားသခင်၏ ဒေါသမှာ မတရားမှု၏ တည်ရှိခြင်းနှင့် နှောင့်ယှက်ခြင်းတို့က လူသားမျိုးနွယ်အပေါ် သင့်ရောက်စေသော အန္တရာယ်ကြောင့် ဖြစ်သည်၊ ဆိုးယုတ်မှုနှင့် အမှောင်ထုတို့၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ သမ္မာတရားကို နှင်ထုတ်သော အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ ထိုမျှမက ကောင်းမွန်ပြီး လှပသောအရာများကို ဆန့်ကျင်သည့် အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်။ သူ၏ဒေါသသည် အပျက်သဘောဆောင်သော အရာများအားလုံး မတည်ရှိတော့ခြင်း၏ သင်္ကေတဖြစ်ပြီး ထိုထက်ပို၍ သူ့သန့်ရှင်းခြင်း၏ သင်္ကေတပင်ဖြစ်သည်။ သူ၏ဝမ်းနည်းမှုမှာ မျှော်လင့်ချက်များ သူထားခဲ့သော်ငြားလည်း အမှောင်ထုထဲသို့ ကျဆင်းသွားသော လူသားမျိုးနွယ်ကြောင့်ဖြစ်ပြီး လူသားအပေါ် သူပြုသောအမှုမှာ သူ၏မျှော်မှန်းချက်များအတိုင်း ဖြစ်မလာ သောကြောင့်ဖြစ်ကာ သူချစ်သော လူသားမျိုးနွယ်မှာ အလင်းထဲတွင် အားလုံးမနေနိုင်ကြသောကြောင့်ဖြစ်သည်။ အပြစ်ကင်းမဲ့သော လူသားမျိုးနွယ်အတွက်၊ ရိုးသားသော်လည်း ပညာမဲ့သော လူသားအတွက်၊ ထို့ပြင် လူကောင်းဖြစ်သော်လည်း မိမိကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသော လူသားအတွက် သူဝမ်းနည်းရသည်။ သူ၏ဝမ်းနည်းမှုမှာ သူ၏ကောင်းမြတ်ခြင်းနှင့် သူ့ကရုဏာတို့၏ သင်္ကေတဖြစ်ပြီး လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် သူ၏ရန်သူများကို အနိုင်ရခြင်းနှင့် လူသား၏ စိတ်ရင်းကောင်းကို ရရှိခြင်းတို့မှ လာသည်မှာ မှန်ပေ၏။ ထိုမျှမက ထိုပျော်ရွှင်မှုသည် ရန်သူ့အင်အား အားလုံးတို့၏ နှင်ထုတ်ခံရခြင်းနှင့် ပျက်စီးခြင်းတို့မှ ပေါ်ပေါက်လာပြီး ကောင်းမွန်ပြီး ငြိမ်းအေးသော အသက်တာကို လူသားမျိုးနွယ်တို့ ရရှိခြင်းကြောင့် ပေါ်ပေါက်လာသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုသည် လူသား၏ ဝမ်းသာမှုနှင့် မတူပေ၊ စင်စစ်အားဖြင့် ထိုပျော်ရွှင်မှုသည် အသီးအပွင့်ကောင်းများကို စုဆောင်းရခြင်း၏ ခံစားချက်ဖြစ်ပြီး ဝမ်းသာမှုထက် ပို၍ကြီးမားသော စိတ်ခံစားချက် ဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် ဤအချိန်မှစ၍ ရှေ့လျှောက်တွင် လူသားမျိုးနွယ်တို့ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်း၏ သင်္ကေတဖြစ်ပြီး အလင်းလောကသို့ လူသားမျိုးနွယ်ဝင်ရောက်ခြင်း၏ သင်္ကေတလည်း ဖြစ်၏။ သို့သော်ငြားလည်း လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာမူ သူ၏ကိုယ်ပိုင်အကျိုးအလို့ငှာသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဖြောင့်မြတ်ခြင်း၊ အလင်း၊ သို့မဟုတ် လှပသောအရာအလို့ငှာ ထွက်ပေါ်လာခြင်း မဟုတ်သကဲ့သို့ ယုတ်စွအဆုံး ကောင်းကင်ဘုံက ချပေးသနားသော ကျေးဇူးတော်အလို့ငှာ ထွက်ပေါ်လာခြင်းလည်း မဟုတ်ပေ။ လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာ တစ်ကိုယ်ကောင်းဆန်ပြီး အမှောင်လောကနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်အလို့ငှာ တည်ရှိဖို့ဝေးစွ၊ ဘုရားသခင်၏ အလိုတော်အတွက်ပင် မတည်ရှိပေ၊ ထို့ကြောင့် လူသားနှင့် ဘုရားသခင်ကို တစ်ချိန်တည်းတွင် အတူပြော၍ မရနိုင်ချေ။ ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အမြဲဂုဏ်သရေရှိသည်၊ လူသားမှာမူ အစဉ်အမြဲ ယုတ်ညံ့၍ အစဉ်အမြဲ သုံးမရပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် စွန့်လွှတ်မှုများ အမြဲပြုပေးကာ သူ့ကိုယ်သူ ပေးအပ်မြှုပ်နှံထားသောကြောင့် ဖြစ်သည်၊ သို့သော်လည်း လူသားမှာမူ အစဉ်အမြဲ မိမိအတွက်သာလျှင် ရယူပြီး ကြိုးပမ်းလေ၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အစဉ်အမြဲ အပတ်တကုတ် ကြိုးပမ်းနေသော်လည်း လူသားကမူ အလင်းအတွက်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းအတွက် မည်သည့်အရာကိုမျှ လုံးဝမထောက်ကူပေးပေ။ လူသားအနေဖြင့် တစ်ခဏတာမျှ လုံ့လစိုက်ထုတ်လျှင်ပင် ထိုလုံ့လမှာ အားနည်းလွန်း လှသောကြောင့် ထိုးနှက်ချက် တစ်ခုကိုမျှပင် ခံနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ လူသား၏လုံ့လသည် သူ့ကိုယ်ပိုင်အကျိုးအတွက်သာ အစဉ်အမြဲ ဖြစ်နေပြီး အခြားသူများအတွက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် အစဉ်အမြဲ တစ်ကိုယ်ကောင်းဆန်၏၊ ဘုရားသခင်ကမူ အစဉ်အမြဲ ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင်သည် တရားမျှတသောအရာ၊ ကောင်းသောအရာနှင့် လှပသောအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး လူသားမှာမူ အကျည်းတန်ပြီး ဆိုးယုတ်သော အရာအားလုံးကို ဆက်ခံကာ ထင်ရှားအောင် ပြုလုပ်သူဖြစ်၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ပြီး လှပသည့် အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ၊ သို့သော် လူသားကမူ အချိန်မရွေး၊ အခြေအနေမရွေး၌ ဖြောင့်မတ်ခြင်းကို သစ္စာဖောက်ကာ ဘုရားသခင်ထံမှ လမ်းလွဲသွားကြရန် ကောင်းကောင်းတတ်နိုင်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ”။

ခ။ မူရင်းစာသားတွင် “ပုန်ကန်ပြစ်မှားခြင်းကို မခံရနိုင်သော (ထို့ပြင် ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံသော) သင်္ကေတ”။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၄၆)

ငါပြောထားသော ဝါကျတိုင်းသည် အတွင်း၌ ဘုရားသခင်၏ စိတ်နေသဘောထား ပါဝင်၏။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို ဂရုတစိုက် ဆင်ခြင်တွေးဆသင့်သည်၊ ထိုသို့ပြုလျှင် ထိုအရာများထံမှ ဧကန်မုချပင် ကြီးစွာအကျိုးခံစားရလိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်သဘောပေါက်ရန်မှာ အလွန်ခက်လှသည်၊ သို့သော်လည်း ဘုရားသခင်၏ စိတ်နေသဘောထားနှင့်ပတ်သက်၍ သင်တို့အားလုံး၌ အနည်းဆုံးအနေဖြင့် နားလည်မှုတစ်ခုခု ရှိကြပြီဟု ငါယုံသည်။ ထိုသို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်း မပြုသော အရာများကို ပိုမိုလုပ်ဆောင်ကြ၍ ငါ့အား ပိုမိုပြသကြမည်ဟု ငါမျှော်လင့်သည်။ ထိုသို့ဆိုလျှင် ငါသည် စိတ်ချလက်ချရှိပေလိမ့်မည်။ ဥပမာအားဖြင့် သင်၏နှလုံးသားထဲ၌ ဘုရားသခင်ကို အချိန်တိုင်း သိမ်းထားလော့။ သင်ပြုမူသည့်အခါ သူ၏နှုတ်ကပတ်တော်များအတိုင်း ပြုမူလော့။ အရာရာ၌ သူ၏ရည်ရွယ်ချက်များကို ဖွေရှာပြီး ဘုရားသခင်ကို အရိုအသေတန်စေကာ အရှက်ရစေသော အရာများအား လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်လော့။ သင့်နှလုံးသားထဲရှိ အနာဂတ် လစ်ဟာနေခြင်းကို ဖြည့်ရန် ဘုရားသခင်ကို သင်၏အတွေးထဲ၌ နောက်သို့ပို့ထားခြင်းမျိုး သာ၍ပင် မပြုသင့်ပေ။ သင့်အနေဖြင့် ဤသို့ပြုမည်ဆိုလျှင် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် ဘုရားသခင်အပေါ် စော်ကားသော မှတ်ချက်များ၊ သို့မဟုတ် မကျေမနပ်ပြောဆိုချက်များ လုံးဝမပြုပါက၊ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် သင့်အပေါ် သူတာဝန်ပေးစေခိုင်းထားသည့်အရာအားလုံးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး သူ၏နှုတ်ကပတ်တော်အားလုံးကို ကျိုးနွံနာခံနိုင်သည် ဆိုပါက သင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်ခြင်းအား ရှောင်ရှားပြီး ဖြစ်လိမ့်မည်။ ဥပမာအားဖြင့် “ကိုယ်တော်သည် ဘုရားသခင်ဖြစ်၏ဟု ကျွန်ုပ်အဘယ်ကြောင့် မထင်ရသနည်း”၊ “ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်လင်းစေမှုတစ်ခုခုထက် ဘာမျှမပိုဟု ကျွန်ုပ်ထင်သည်”၊ “ကျွန်ုပ်၏အမြင်ကိုပြောရလျှင် ဘုရားသခင်ပြုသမျှမှာ မှန်လှသည်လည်း မဟုတ်ပါ”၊ “ဘုရားသခင်၏ လူ့သဘာဝသည် ကျွန်ုပ်ထက် သာလွန်နေသည်ကား မဟုတ်ပါ”၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ယုံကြည်လက်ခံချင်စရာကို မကောင်းပါ”၊ သို့တည်းမဟုတ် ထိုသို့သော ဝေဖန်သည့် အခြားမှတ်ချက်များကို သင့်အနေဖြင့် ပြောခဲ့ဖူးပါလျှင် သင်၏အပြစ်များကို တိုး၍ဝန်ခံပြီး တိုး၍နောင်တရရန် ငါအလေးအနက်တိုက်တွန်း၏။ ထိုသို့မဟုတ်လျှင် သင်၌ ခွင့်လွှတ်ခြင်းခံရရန် အခွင့်အရေး မည်သည့်အခါမျှ ရှိမည်မဟုတ်ပေ၊ အကြောင်းမှာ သင်သည် လူသားတစ်ယောက်ကို မဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင်ကို ပုန်ကန်ပြစ်မှားသောကြောင့် ဖြစ်သည်။ သင့်အနေဖြင့် လူသားတစ်ယောက်ကို ဝေဖန်နေသည်ဟု ထင်ကောင်း ထင်နေလိမ့်မည်၊ သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်ကမူ ထိုသို့မမှတ်ယူပေ။ သူ၏ဇာတိခန္ဓာကို သင်၏မလေးမစားပြုမူခြင်းသည် သူ့ကို မလေးမစားပြုခြင်းနှင့် တန်းတူညီသည်။ ထိုသို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိပြီ မဟုတ်လော။ ဘုရားသခင်၏ ဝိညာဉ်တော်ပြုခဲ့သမျှသော အရာအားလုံးသည် လူ့ဇာတိထဲရှိ သူ၏အမှုကို ကာကွယ်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်ပြီး ဤအမှုကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို လျစ်လျူရှုပါလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လုံးဝအောင်မြင်မည်မဟုတ်သောသူ တစ်ယောက် ဖြစ်သည်ဟု ငါဆို၏။ သင်သည် ဘုရားသခင်၏ အမျက်ဒေါသကို သွားဆွခဲ့သောကြောင့် သင့်ကို သင်ခန်းစာပေးရန်အတွက် ထိုက်တန်သော အပြစ်ဒဏ်ပေးခြင်းကို သူအသုံးပြုပေလိမ့်မည်။

ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာခြင်းအရာသည် မပြောပလောက်သော ကိစ္စရပ် မဟုတ်ပေ။ သင့်အနေဖြင့် သူ၏စိတ်နေသဘောထားကို နားလည်ရပေမည်။ ဤနည်းအားဖြင့် သင်သည် တဖြည်းဖြည်း အမှုမဲ့အမှတ်မဲ့နှင့် ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာလိမ့်မည်။ ဤအသိတရားကို သင်ရရှိပြီးသည့်အခါ ပို၍ မြင့်မားပြီး ပို၍လှပသော အခြေအနေထဲသို့ သင်ဝင်ရောက်နေသည်ကို တွေ့ရလိမ့်မည်။ အဆုံးတွင် သင်သည် သင်၏အကျည်းတန်သော စိတ်ကို ရှက်လာမည်ဖြစ်သည့်အပြင် သင်၏အရှက်ရခြင်းမှ ပုန်းကွယ်ရန်နေရာ မရှိဟု ခံစားရလိမ့်မည်။ ထိုအချိန်တွင် သင်၏အပြုအမူ၌ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားသောအရာ ပို၍ပို၍ နည်းလာမည်ဖြစ်ပြီး သင်၏နှလုံးသားသည် ဘုရားသခင်၏ နှလုံးသားနှင့် တိုး၍တိုး၍ နီးကပ်လာမည်ဖြစ်ကာ သူ့ကိုချစ်ခြင်းသည် သင်၏နှလုံးသား ထဲတွင် တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်။ ဤသည်မှာ လှပသော အခြေအနေထဲသို့ လူသားမျိုးနွယ် ဝင်ရောက်ခြင်း၏ သင်္ကေတဖြစ်သည်။ သို့သော်လည်း ယခုတိုင် သင်တို့သည် ဤအရာကို မရရှိကြသေးပေ။ သင်တို့အားလုံးသည် သင်တို့၏ကံကြမ္မာအတွက် ပြေးလွှားလုပ်ကိုင် ကြသည့်အားလျော်စွာ ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းရန်အတွက် ကြိုးစားခြင်းအရာ၌ စိတ်ဝင်စားသောသူ မည်သူရှိသနည်း။ ဤသို့ဆက်ဖြစ် နေပါလျှင် သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အမှုမဲ့အမှတ်မဲ့ ချိုးဖောက်မိကြလိမ့်မည်၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မဖြစ်စလောက်မျှသာ နားလည်ကြ သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်တို့ ယခုပြုကြသည့်အရာမှာ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်းများ၏ အခြေခံအုတ်မြစ်ကို ချနေကြခြင်းပင် မဟုတ်လော။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် သင်တို့ကို ငါတောင်းဆိုခြင်းသည် ငါ၏အမှုနှင့် ဆန့်ကျင်ကွဲလွဲခြင်း မရှိပေ။ အကြောင်းမှာ သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မကြာမကြာ ချိုးဖောက်နေပါက သင်တို့အထဲမှ မည်သူက အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်လိမ့်မည်နည်း။ ထိုသို့ဆိုပါက ငါ၏အမှုသည် အချည်းနှီးသက်သက် ဖြစ်နေခဲ့လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်တို့၏ ကိုယ်ပိုင်အပြုအမူကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြရန်အပြင် သင်တို့လှမ်းသော ခြေလှမ်းများကိုပါ သတိထားကြရန် ယခုတိုင် ငါတောင်းဆိုနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့အပေါ် ငါပြုသည့် ပို၍မြင့်မားသော တောင်းဆိုချက်ဖြစ်ပြီး သင်တို့အားလုံးသည် ထိုအရာကို ဂရုတစိုက် ဆင်ခြင်သုံးသပ်ကြကာ အလွန်ထက်သန်သော အလေးထားမှု ပြုကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ သင်တို့၏လုပ်ရပ်များသည် ငါ့ကို ရှူးရှူးရှားရှား ဒေါသဖြစ်စေသည်အထိ စိတ်လာဆွသည့်နေ့ ရောက်လာပါက အကျိုးဆက်များမှာ သင်တို့ အတွက်သာလျှင် သုံးသပ်ဆင်ခြင်စရာ ဖြစ်လိမ့်မည်၊ ထို့အပြင် သင်တို့ကိုယ်စား အပြစ်ဒဏ်ပေးခြင်းကို ခံပေးမည့် အခြားမည်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၄၇)

လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ပြီး လူသည် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်နေသမျှကာလပတ်လုံး ဘုရားသခင်သည် အဖြောင့်မတ်ဆုံး ဖြစ်သည့်အတွက် လူတို့အပေါ်တွင် သမာသမတ်ကျမည်မှာ သေချာသည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်ပါက ဘုရားသခင်က သူ့အား ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူတိုင်းအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူအား ငါတောင်းဆိုသော သင့်လျော်သည့် သတ်မှတ်ချက်များရှိပြီး မည်သူမဆို လူတိုင်း ငါတောင်းဆိုသောအရာကို ပြီးမြောက်ရမည်၊ သင့်အရည်အချင်းများ မည်မျှကျယ်ပြန့်သည် သို့မဟုတ် မည်သို့အားနည်းသည်ကို ငါဂရုမစိုက်၊ သမ္မာတရားကို သင်ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိမရှိနှင့် ငါ့လမ်းတွင် သင်လျှောက်၏၊ မလျှောက်၏ကိုသာ ငါဂရုစိုက်သည်။ သင့်တွင် သမ္မာတရားမရှိဘဲ ငါ့နာမည်ကို အရှက်ရစေပြီး ငါ့နည်းလမ်းအတိုင်း မလုပ်ဆောင်၊ ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်နာသည် ဆိုရုံမျှသာ လုပ်ဆောင်ပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို လဲကျစေပြီး သင်ပြုသော မကောင်းမှုအတွက် သင့်ကို ပြစ်ဒဏ်ပေးမည်။ သို့ဆိုလျှင် သင်ဘာပြောမည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်မည်လော။ ယနေ့တွင်၊ ငါပြောခဲ့သော စကားများအတိုင်း သင်လိုက်နာပါက သင်သည် ငါအတည်ပြုသော လူမျိုးဖြစ်လိမ့်မည်။ ဘုရားသခင် နောက်သို့လိုက်စဉ် သင်သည် ဒုက္ခဆင်းရဲ အမြဲခံစားရသည်၊ သူ့နောက်သို့ အေးအတူပူအမျှ လိုက်ခဲ့ပြီးပြီ၊ သူနှင့် ဆိုးတူကောင်းဖက် အတူဝေမျှခဲ့ပြီဟု သင်ဆိုသည်၊ သို့သော် သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများအတိုင်း မနေထိုင်ခဲ့ပါ၊ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် ပြေးလွှား လုပ်ဆောင်ပြီး ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိကာ အဓိပ္ပာယ်ရှိသော အသက်တာကို ရှင်သန်ရန်ကိုမူ ဘယ်သောအခါမျှ သင်မစဉ်းစားခဲ့ပေ။ “အရာရာတွင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။ သူ့အတွက် ကျွန်ုပ်ဒုက္ခဆင်းရဲ ခံခဲ့ရသည်၊ သူ့အတွက် ကျွန်ုပ်ပြေးလွှားလုပ်ဆောင်သည်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့ထံ၌ ပေးအပ်ဆက်ကပ်ထားသည်၊ မည်သည့်အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း ကျွန်ုပ်ကြိုးစားလုပ်ဆောင်၏။ သူကျွန်ုပ်ကို အမှတ်ရမည်မှာ သေချာပါသည်” ဟုလည်း သင်ပြောသည်။ ဘုရားသခင်သည် ဖြောင့်မတ်သည် ဆိုသည်မှာ အမှန်ဖြစ်၏။ သို့သော် ဤ ဖြောင့်မတ်မှုတွင် မည်သည့်မစင်ကြယ်ခြင်းမျှ စွန်းထင်းမနေပါ၊ ယင်းတွင် လူသားတို့၏ အလိုဆန္ဒမပါ၊ ဇာတိပကတိ သို့မဟုတ် လူသားတို့၏ ကိစ္စအဝဝတို့ဖြင့် အမည်းစက်ထင်ခြင်း မရှိပါ။ သူ့အား ပုန်ကန်သူ၊ ဆန့်ကျင်သူနှင့် သူ၏လမ်းကို မလိုက်လျှောက်သောသူ အားလုံးတို့သည် အပြစ်ဒဏ်ပေးခြင်းကို ခံရကြမည်၊ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရ၊ မည်သူ့ကိုမျှ ချမ်းသာမပေး။ အချို့လူများက “ယနေ့ ကိုယ်တော့်အတွက် ကျွန်ုပ်လှုပ်ရှားရုန်းကန်ပါ၏။ အဆုံးသို့ရောက် သောအခါ ကျွန်ုပ်အား ကောင်းချီးအနည်းငယ် ပေးနိုင်ပါမည်လော” ဟု ဆိုသည်။ သို့ဆိုလျှင် သင့်ကို ငါမေးမည် “သင်သည် ငါ့စကားများကို လိုက်နာပြီးပါပြီလော။” သင်ပြောသော ဖြောင့်မတ်မှုသည် ကိစ္စရပ်ပေါ် မှီတည်နေသည်။ ငါသည် ဖြောင့်မတ်ပြီး လူသားအားလုံးအပေါ် သမာသမတ်ကျကာ အဆုံးတိုင်အောင် ငါ့နောက်လိုက်သူမှန်သမျှသည် ကယ်တင်ခြင်းကို ခံရပြီး ငါ့ကောင်းချီးများကို သေချာပေါက်ရမည်ဟုသာ သင်ထင်နေသည်။ ငါ့စကားများတွင် သိုဝှက်သောအဓိပ္ပာယ်ရှိသည် “နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူ အားလုံးသည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိမည်”၊ နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူတို့သည် ငါလုံးလုံးလျားလျား ရယူမည့်သူများဖြစ်ပေသည်။ သူတို့ကို ငါသိမ်းပိုက်ပြီးနောက် သူတို့သည် သမ္မာတရားကို ရှာဖွေပြီး စုံလင်အောင်ပြုခြင်း ခံကြရသူများဖြစ်သည်။ မည်သည့်အခြေအနေများကို သင်ရရှိပြီး ပြီနည်း။ နောက်ဆုံးအချိန်အထိ ငါ့နောက်သို့လိုက်ခြင်းသာ သင်ရရှိပြီ၊ အခြားဘာရှိသေးသနည်း။ ငါ့စကားများကို လိုက်နာပြီး ပြီလော။ သင်သည် ငါ့တောင်းဆိုချက် ငါးချက်ထဲမှတစ်ချက်ကို လုပ်ဆောင်ပြီးဖြစ်သော်လည်း ကျန်ရှိသော လေးချက်ကို ပြီးမြောက်ရန် ရည်ရွယ်ချက် မရှိပေ။ သင်သည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလမ်းကို တွေ့ရှိပြီးဖြစ်ပြီး သင့်ကိုယ်သင် ကံကောင်းပြီဟုထင်ကာ ယင်းလမ်းကို လိုက်လျှောက်ခဲ့သည်။ သင်ကဲ့သို့သော လူများအတွက် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တစ်ခုခုဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော ဒဏ်ခတ်ခံရခြင်းတစ်ခုဖြစ်ပြီး မကောင်းမှုပြုလုပ်သူအားလုံးအတွက် ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။ ငါ့လမ်း၌ မလျှောက်လှမ်းသောသူအားလုံးသည် နောက်ဆုံးအချိန်အထိ လိုက်လျှင်ပင် ပြစ်ဒဏ်ပေးခြင်းကို သေချာပေါက်ခံရပေမည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပင်ဖြစ်၏။ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားအား ပြစ်ဒဏ်ပေးခြင်းဖြင့် ဖော်ပြသည့်အခါ လူသားသည် အံ့အားသင့်လျက် ကြက်သေသေနေပေလိမ့်မည်။ ဘုရားသခင် နောက်သို့လိုက်စဉ် ဘုရားသခင်၏လမ်း၌ မလျှောက်ခဲ့သည့်အတွက် နောင်တရပေမည်။ ထိုအချိန်ရောက်လျှင် ဘုရားသခင်နောက် လိုက်နေစဉ် သူအနည်းငယ်သာ ဒုက္ခခံစားခဲ့သည် သို့သော် ဘုရားသခင်၏လမ်း၌ မလျှောက်လှမ်းခဲ့။ မည်သည့်ဆင်ခြေများ ရှိသနည်း။ ပြစ်တင်ဆုံးမခံရခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိပါ။ သို့တိုင် သူ့စိတ်ထဲတွင် “မည်သို့ပင်ဆိုစေ နောက်ဆုံးအချိန်ထိ လိုက်ခဲ့ပြီးပြီ။ ကိုယ်တော် ကျွန်ုပ်ကို ဆုံးမလျှင်ပင် ပြင်းပြင်ထန်ထန် ဆုံးမလိမ့်မည် မဟုတ်ပါ။ ဤသို့ဆုံးမပြီးလျှင် ကိုယ်တော် ကျွန်ုပ်ကို အလိုရှိနေပေဦးမည်။ ကိုယ်တော်သည် ဖြောင့်မတ်ကြောင်း ကျွန်ုပ်သိပါ၏။ ကျွန်ုပ်အား ထိုနည်းဖြင့် အမြဲဆက်ဆံလိမ့်မည် မဟုတ်ပါ။ အဆုံးမှာတော့ ကျွန်ုပ်သည် ရှင်းထုတ်ခြင်း ခံရသူများနှင့် မတူပါ။ ရှင်းထုတ်ခြင်း ခံရသူများသည် ပြင်းထန်သော ပြစ်တင်ဆုံးမခြင်းမျိုးကို ခံရမည်ဖြစ်သော်လည်း ကျွန်ုပ်အား ပြစ်တင်ဆုံးမခြင်းမှာတော့ ပေါ့ပါးလိမ့်မည်” ဟု တွေးနေပေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် သင်ပြောသလိုမဟုတ်။ မိမိတို့အပြစ်ကို ဝန်ခံတတ်သည့်သူများကို သက်ညှာစွာ ဆက်ဆံသည့် ကိစ္စမဟုတ်။ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းမြင့်မြတ်ခြင်းဖြစ်ပြီး လူတို့၏ပြစ်မှုများကို အမှန်တကယ် လက်မခံသော စိတ်သဘောထားဖြစ်သည့်အပြင် ညစ်ညမ်းသော အရာများ နှင့် မပြောင်းလဲသောအရာများ အားလုံးသည် ဘုရားသခင် စက်ဆုပ်ရွံရှာသောအရာဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပညတ်ချက်မဟုတ်၊ သို့သော် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်သည်၊ ယင်းသည် နိုင်ငံအတွင်းရှိ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်ပြီး ယင်းစီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ ပြောင်းလဲမှုမရှိသော မည်သူမဆိုအတွက် ဖြောင့်မတ်သော ပြစ်ဒဏ်ဖြစ်ပြီး ကယ်တင်ခြင်းအတွက် နယ်နိမိတ် မရှိပါ။ လူကို အမျိုးအစားအလိုက် ခွဲခြားသည့်အခါ ကောင်းသောသူများသည် ဆုကိုရမည်ဖြစ်ပြီး မကောင်းသောသူများသည် ပြစ်ဒဏ်ပေးခြင်းကို ခံရမည်။ လူ၏ပန်းတိုင်ကို ရှင်းလင်းအောင် လုပ်သည့်အချိန်သည် ကယ်တင်ခြင်းအလုပ် အဆုံးသတ်မည့် အချိန်ဖြစ်ပြီး၊ ယင်းနောက်တွင် လူကိုကယ်တင်ခြင်းသည် နောက်ထပ် မဖြစ်တော့ပေ။ ဒဏ်ခတ်ခံရခြင်းသည် မကောင်းမှုကို ကျူးလွန်သူတိုင်း အပေါ်သို့ ကျရောက်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၄၈)

ငါသည် အလုံးစုံ ကျွမ်းလောင်သောမီးဖြစ်ကာ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပေ။ လူသားအားလုံးကို ငါ ဖန်ဆင်း ထားသောကြောင့်၊ ငါမည်သည့်အရာကို ပြောဆိုလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ နာခံကြရမည် ဖြစ်ကာ မပုန်ကန်ရပေ။ လူတို့သည် ငါ၏ အမှု၌ ၎င်းတို့ ဝင်စွက်ဖက်ပိုင်ခွင့်မရှိပေ၊ ထို့အပြင် ငါ၏အမှုနှင့် ငါ၏ စကားများ၌ မည်သည့်အရာ မှန်သည်၊ မှားသည်ကို စိစစ်ရန် သာ၍ပင် အရည်အချင်းမမီပေ။ ငါသည် ဖန်ဆင်းခြင်း၏ အရှင်သခင်ဖြစ်ပြီး အဖန်ဆင်းခံ သတ္တဝါများအနေဖြင့် ငါ့အား ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ငါသတ်မှတ်ထားသော အရာတိုင်းကို ရရှိသင့်ကြ၏။ ၎င်းတို့သည် ငါနှင့်အတူ အကျိုးသင့် အကြောင်းသင့်ပြောဖို့ မကြိုးစားသင့်သကဲ့သို့ အထူးသဖြင့် ငါ့ကို မခုခံသင့်ပေ။ ငါသည် ငါ၏ဩဇာအာဏာဖြင့် ငါ၏လူတို့ကို အုပ်စိုးပြီး ငါ၏ဖန်ဆင်းခြင်းနှင့် သက်ဆိုင်သော သူအားလုံးသည် ငါ၏ သြဇာအာဏာကို ကျိုးနွံနာခံသင့်ကြ၏။ ယနေ့ ငါ၏ရှေ့တွင် သင်တို့သည် ရဲရင့်ကြပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲကြသော်လည်း၊ သင်တို့ကို ငါသင်ပေးသော နှုတ်ကပတ်တော်များကို သင်တို့ မနာခံကြသကဲ့သို့ ကြောက်ရွံ့မှုမရှိကြသော်လည်း၊ ငါသည် သင်တို့၏ ပုန်ကန်မှုကို သည်းခံခြင်းဖြင့်သာ ရင်ဆိုင်၏။ အလွန်သေးငယ်၍ အရေးမပါသော လောက်တို့သည် နောက်ချေးပုံထဲ၌ အညစ်အကြေးကို မွှေနှောက်ကြသောကြောင့် ငါသည် အမျက်ဒေါသထွက်မည် မဟုတ်သကဲ့သို့ ငါ၏အလုပ်အပေါ် သက်ရောက်စေမည် မဟုတ်ပေ။ ခမည်းတော်၏ အလိုတော်အဖို့အလို့ငှာ ငါမနှစ်မြို့သော အရာတိုင်းနှင့် ငါစက်ဆုပ်သောအရာအားလုံး၏ ဆက်လက် တည်ရှိခြင်းကို ငါသည်းခံပြီး၊ ငါ၏ မိန့်မြွက်ချက်များ ပြည့်စုံသည်အထိ၊ ငါ၏ နောက်ဆုံး အခိုက်အတန့်အထိ ငါထိုသို့ လုပ်ဆောင်မည်ဖြစ်သည်။ မစိုးရိမ်နှင့်။ ငါသည် အမည်မဲ့ လောက်တစ်ကောင်ကဲ့သို့ အလားတူအဆင့်ထိ နစ်မြုပ် မသွားနိုင်သကဲ့သို့ ငါ၏ ကျွမ်းကျင်မှုအဆင့်ကို သင်နှင့် နှိုင်းယှဉ်မည်မဟုတ်။ ငါသည် သင့်ကို စက်ဆုပ်သော်လည်း သည်းခံနိုင်၏။ သင်သည် ငါ့ကို မနာခံသော်လည်း ငါ၏ ခမည်းတော်က ငါ့အား ကတိထားတော်မူသည့်အတိုင်း သင့်ကို ငါ ပြစ်တင်ဆုံးမမည့် နေ့ရက်ကို သင် မလွတ်မြောက်နိုင်ပေ။ အဖန်ဆင်းခံ လောက်တစ်ကောင်သည် ဖန်ဆင်းခြင်း၏ အရှင်နှင့် နှိုင်းယှဉ်နိုင်သလော။ ဆောင်းဦးရာသီတွင် ရွက်ကြွေများသည် ၎င်းတို့ အမြစ်များဆီ ပြန်သွားကြ၏။ သင်သည် သင့် “အဖ” ၏ အိမ်သို့ ပြန်သွားမည်ဖြစ်ပြီး၊ ငါသည် ငါ့ခမည်းတော် ထံပါးသို့ ပြန်သွားလိမ့်မည်။ ငါ့ခမည်းတော်၏ နူးညံ့သော ချစ်ခြင်းမေတ္တာသည် ငါနှင့်အတူ ပါရှိလိမ့်မည်ဖြစ်ပြီး သင်မူကား သင့်အဖ၏ နင်းခြေခြင်းက သင့်နောက်မှ လိုက်လာလိမ့်မည် ဖြစ်သည်။ ငါသည် ငါ့ခမည်းတော်၏ ဘုန်းအသရေကို ရရှိလိမ့်မည်ဖြစ်ကာ၊ သင်သည် သင့်အဖ၏ အရှက်ကို ရရှိလိမ့်မည်။ ငါသည် သင့်ကို အဖော်ပြုရန် ရှည်ကြာစွာ ထိန်းထားခဲ့သော ပြစ်တင်ဆုံးမမှုကို အသုံးပြုမည်ဖြစ်ပြီး သင်သည် ငါ၏ ပြစ်တင်ဆုံးမမှုကို နှစ်သောင်းချီ ပျက်ဆီးပြီးဖြစ်သော ဆီချေးဆော်နံသည့် သင်၏ ဇာတိ အသွေးအသားဖြင့် ကြုံတွေ့လိမ့်မည်။ ငါသည် သည်းခံစိတ်နှင့်အတူ၊ သင့်အထဲက ငါ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုကို ငါအဆုံးသတ်မည် ဖြစ်ပြီး သင်သည် ငါ၏နှုတ်ကပတ်တော်များမှ ဘေးအန္တရာယ် ခံစားခြင်း အခန်းကဏ္ဍကို စတင် ဖြည့်ဆည်းရလိမ့်မည်။ ငါသည် ကြီးစွာ ဝမ်းမြောက်ကာ ဣသရေလ၌ အလုပ်လုပ်မည်။ သင်သည် နွံထဲ၌ တည်ရှိကာ သေအံ့ဆဲဆဲ ဖြစ်လျက်၊ ငိုကြွေးကာ အံသွားခဲကြိတ်လိမ့်မည်။ ငါသည် ငါ၏နဂိုမူလ ပုံသဏ္ဌာန်ကို ပြန်လည် ရရှိလိမ့်မည်ဖြစ်ပြီး သင်နှင့်အတူ အညစ်အကြေးထဲ၌ ဆက်ရှိနေတော့မည် မဟုတ်ချိန်တွင်၊ သင်သည် သင်၏ မူလ အကျည်းတန်မှုကို ပြန်လည်ရရှိကာ နောက်ချေးပုံတစ်ဝိုက် ဆက်၍ လိုဏ်ခေါင်းတူးလိမ့်မည် ဖြစ်သည်။ ငါ၏ အလုပ်နှင့် နှုတ်ကပတ်တော်များ ပြီးဆုံးသွားသည့်အခါ၊ ယင်းသည် ငါ့အဖို့ ဝမ်းမြောက်ခြင်း နေ့တစ်နေ့ ဖြစ်လိမ့်မည်။ သင်၏ ခုခံခြင်းနှင့် ပုန်ကန်ခြင်း ပြီးဆုံးသွားသောအခါ၊ သင့်အဖို့ ငိုကြွေးရာနေ့တစ်နေ့ ဖြစ်လိမ့်မည်။ ငါသည် သင့်ကို စာနာလိမ့်မည် မဟုတ်သကဲ့သို့ သင်သည် ငါ့ကို နောက်တစ်ဖန် လုံးဝ မြင်ရလိမ့်မည် မဟုတ်။ ငါသည် သင်နှင့်အတူ အပြန်အလှန် စကားပြောဆိုတော့မည် မဟုတ်သကဲ့သို့၊ သင်သည် ငါနှင့် နောက်ထပ် ဆုံရလိမ့်မည်မဟုတ်။ ငါသည် သင်၏ ပုန်ကန်မှုကို မုန်းတီးလိမ့်မည်ဖြစ်ကာ၊ သင်သည် ငါ၏ ချစ်ဖွယ်ဖြစ်ခြင်းကို အောက်မေ့လိမ့်မည်။ ငါသည် သင့်ကို ဒဏ်ခတ်မည်ဖြစ်ပြီး သင်သည် ငါ့ကို တမ်းတလိမ့်မည်။ ငါသည် သင့်ထံမှ ဝမ်းမြောက်ဝမ်းသာစွာ ထွက်သွားလိမ့်မည် ဖြစ်ပြီး သင်သည် ငါ့ထံတင်ရှိနေသည့် သင်၏ ကြွေးမြီကို သတိပြုမိလိမ့်မည်။ ငါသည် သင့်ကို တစ်ဖန် လုံးဝ တွေ့လိမ့်မည် မဟုတ်သော်လည်း၊ သင်သည် ငါ့ကို အမြဲ မျှော်လင့်လိမ့်မည်။ လောလောဆယ်တွင် သင်သည် ငါ့ကို ခုခံသောကြောင့် သင့်ကို ငါ မုန်းမည်ဖြစ်ပြီး၊ လောလောဆယ် သင့်ကို ငါ ပြစ်တင်ဆုံးမသောကြောင့် သင်သည် ငါ့ကို အောက်မေ့လိမ့်မည်။ ငါသည် သင်နှင့်အတူ တွဲဖက်၍ အသက်ရှင်ဖို့ လိုလားလျက်ရှိလိမ့်မည် မဟုတ်သော်လည်း၊ သင်သည် ထိုအရာအတွက် ခါးသီးစွာ တမ်းတကာ ထာဝရ ငိုကြွေးရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ငါ့အား သင်ပြုသမျှ အရာအားလုံးအတွက် သင်နောင်တရလိမ့်မည် ဖြစ်သည့်အတွက် ဖြစ်သည်။ သင်၏ ပုန်ကန်မှုနှင့် ခုခံခြင်းအတွက် သင်နောင်တရလိမ့်မည် ဖြစ်ပြီး နောင်တဖြင့် မြေပြင်ပေါ် မျက်နှာပင်အပ်ကာ ငါ၏ရှေ့တွင် လဲကျလျက် ငါ့ကို နောက်ထပ် လုံးဝ မနာခံဘဲ မနေတော့ဖို့ရန် သင်ကျိန်ဆိုလိမ့်မည်။ သို့သော် သင်၏ စိတ်နှလုံးထဲ၌ သင်သည် ငါ့ကို ချစ်ရုံသာ ချစ်မည်ဖြစ်သော်လည်း၊ ငါ့စကားသံကို ဘယ်သောအခါမျှ ကြားနိုင်လိမ့်မည် မဟုတ်။ ငါသည် သင့်ကိုယ်သင် အရှက်ရစေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၄၉)

ငါ့ကိုချစ်၍ မိမိကိုယ်ကို ငြင်းပယ်သောသူတို့အပေါ် ငါ၏သနားကြင်နာမှုကို ထုတ်ဖော်ပြ၏။ ကောက်ကျစ်စဉ်းလဲ သူတို့အပေါ် ကျရောက်သည့်အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်နေသဘောထား၏ သက်သေအတိအကျဖြစ်ပြီး၊ သာ၍ပင် ငါ့အမျက်ဒေါသ၏ သက်သေခံချက်ဖြစ်သည်။ ဘေးဒုက္ခကျ ရောက်သည့်အခါ ငါ့ကိုဆန့်ကျင်သူအားလုံးအပေါ် ငတ်မွတ် ခေါင်းပါးမှု နှင့် ကပ်ဆိုးကျရောက်၍ ထိုသူတို့ ငိုကြွေးကြလိမ့်မည်။ ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သော်လည်း ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်သူများသည် မိမိတို့၏အပြစ်များ အတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည်မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာတစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ကျရောက်၍ စဉ်ဆက်မပြတ် ထိတ်လန့်ကြောက်ရွံ့ခြင်း၌ အသက်ရှင်လာရလိမ့်မည်။ ထို့အပြင် ငါ့တစ်ဦးတည်းအပေါ်၌သာလျှင် သာ၍ပင် သစ္စာစောင့်သိမှုကို ပြသလာခဲ့သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏ခွန်အားကို ချီးမွမ်းကြလိမ့်မည်။ ထိုသူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်း၌ အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသားတို့၏ ကောင်းမွန်သောလုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ဆိုးယုတ်သောလုပ်ဆောင်ချက်များကို စက်ဆုပ် သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင် ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်လာနေ ခဲ့သည်။ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းမရှိသောသတို့ကို ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်းမရှိခဲ့ပေ။ မြင်တွေ့ရလျှင် ငါ့အား သဘောတွေ့စေမည့်၊ ထိုသူတို့အပေါ် အပြစ် ဒဏ်ခတ်ဖို့အခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးတွင် စက်ဆုပ်ရွံရှာမှုနှင့်အတူ ငါသည်သူတို့ကို ချည်နှောင်ထား၏။ နောက်ဆုံးတွင် ငါ၏နေ့ရက်သည် ယနေ့ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက်စောင့်ဆိုင်းရန် မလိုတော့ပေ။

ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန် အတွက်သာမဟုတ်ဘဲ လူသား၏ခရီးဆုံးပန်းတိုင်ကို စီမံရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ငါပြုခဲ့သည့်အရာတိုင်း အတွက် အားလုံးထံမှ အသိအမှတ်ပြုမှု ရရှိရန်အလို့ငှာဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် ငါ၏ စိတ်နေသဘောထားကို ဖော်ထုတ်ပြသခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက်မဟုတ်၊ သဘာဝကြောင့်မူကား သာ၍ပင်မဟုတ်ပေ။ အမှန်မှာမူ ဖန်ဆင်းရာထဲရှိ သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါပင်ဖြစ်သည်။ ငါမတည်ရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့ရောက်ပြီး ဘေးဒုက္ခများ၏အန္တရာယ်ကို ကြုံတွေ့ ရမည်သာဖြစ်သည်။ မည်သည့်လူသားမျှ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းသည့်ကမ္ဘာမြေကို နောက်ထပ်မြင်တွေ့ရ လိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အေးစက်သည့် ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းကိုသာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာဖြစ်သည်သာမက ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး တည်ရှိနေရေးအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း ငါမရှိလျှင် လူသားမျိုးနွယ်သည် ကပ်ဘေးဒဏ်ခံရပြီး မကောင်းဆိုးဝါးဝိညာဉ် အမျိုးမျိုးတို့၏ နင်းချေခြင်းခံရလိမ့်မည်။ မည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး ငါ၏တစ်ခုတည်းသော မျှော်လင့်ခြင်းမှာ လူသားသည် ငါ့ကို ကောင်းမှုများအချို့ဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ဖြစ်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူများမှာ အလွန်နည်းပါးသော်လည်း ငါသည် ဤလူသားကမ္ဘာတွင် ငါ၏ခရီးကို အဆုံးသတ်ဦးမည်ဖြစ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်မည်။ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားတို့အကြား ငါ၏အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်း၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက်မဟုတ်ဘဲ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့၏ ခရီးဆုံး ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ် လိမ့်မည်။ သို့မဟုတ်ပါက သင်တို့တစ်ဦးမျှ သင်တို့ အပေါ်ကျရောက်သည့် ဘေးအန္တရာယ်ကို ရှောင်နိုင်လိမ့်မည် မဟုတ်။ ဤဘေးအန္တရာယ်သည် ငါ့ထံမှစတင်၍ ငါမှစီစဉ်ညွှန်ကြားခြင်းပင်ဖြစ်သည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ကြောင်း မပြသနိုင်လျှင် သင်တို့သည် ဘေးအန္တရာယ်ခံစားရခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်မဟုတ်ပေ။ ဆင်းရဲဒုက္ခအကြားတွင် သင်တို့၏ ပြုမူလုပ်ဆောင်ချက်များကို လုံးလုံးလျားလျားသင့်လျော်သည်ဟု မယူဆခဲ့ပေ။ အကြောင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့သည် ဗလာသက်သက် ဖြစ်၍ သင်တို့သည် တွန့်ဆုတ်တတ်သူများ သို့မဟုတ် ခက်ထန်သောသူများအဖြစ်သာ မိမိကိုယ်ကို ပြသကြ သောကြောင့်ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ကောင်း၏၊ မကောင်း၏ကိုသာ ငါစီရင်မည်။ သင်တို့တစ်ဦးစီ ပြုမူပုံနှင့် မိမိကိုယ်ကို ထုတ်ဖော်ပြသပုံသာ ငါ၏အမှုထားစရာကိစ္စ ဖြစ်မြဲဖြစ်နေပြီး ၎င်းတို့အပေါ်အခြေခံ၍ သင်တို့၏အဆုံးသတ်ကို ငါဆုံးဖြတ်မည်။ သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှုမရှိခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာမှုပေးတော့မည်မဟုတ်၊ ငါ၏ သနားကြင်နာမှုသည် ယခုအထိသာ အကျုံးဝင်ကြောင်းကို ငါရှင်းလင်းစေမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ သူတို့မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် သာ၍ပင် ငါပတ်သက်ဆက်နွှယ်လိုခြင်းမရှိ။ သူသည် မည်သူဖြစ်စေ ဤသည်မှာ ငါ၏စိတ်နေသဘောထားပင် ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည်မဟုတ်၊ ထို့ပြင် ငါ့အပေါ်သစ္စာရှိလာသောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရတည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၅၀)

ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခဲ့ချိန်တွင်၊ သူသည် လောကနှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ လောကကို ပျော်မွေ့ရန် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ အမှုပြုခြင်းက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ပြပြီး အဓိပ္ပါယ်အရှိဆုံး ဖြစ်မည့်နေရာမှာ သူမွေးဖွားခဲ့သော နေရာဖြစ်သည်။ ယင်းမှာ သန့်ရှင်းသော တိုင်းပြည်ဖြစ်စေ၊ ညစ်ညူးသော တိုင်းပြည် တစ်ပြည်ဖြစ်စေ၊ မည်သည့်နေရာတွင် သူအမှုပြုပါစေ၊ သူသည် သန့်ရှင်း၏။ အရာအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သော်လည်း၊ လောကထဲရှိ အရာရာတိုင်းကို သူ ဖန်ဆင်းထားခြင်းဖြစ်၏။ သို့သော်လည်း အရာအားလုံးသည် သူနှင့် သက်ဆိုင်ဆဲဖြစ်၏။ ၎င်းတို့ အားလုံးသည် သူ၏ လက်ထဲတွင် ရှိကြသည်။ သူသည် သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ပြဖို့အလို့ငှာ ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာပြီး ထိုနေရာတွင် အမှုပြုလေသည်။ သူသည် ဤအရာကို သူ၏အမှုအတွက်သာ ပြုခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အလို့ငှာ၊ သူသည် ထိုသို့သော အမှုကိုပြုဖို့ ကြီးစွာသော အရှက်ရခြင်းကို ခံရပ်လေသည်။ ဤသည်မှာ‌ လူသားမျိုးနွယ်အားလုံးအတွက် သက်သေခံဖို့ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သော အမှုက လူတို့ကို ပြသသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ကြီးစိုးမှုကို ပို၍ကောင်းစွာ ပြသနိုင်သည်။ အခြားသူများက အထင်အမြင်သေးသည့် အောက်တန်းကျသော လူစုတစ်စုကို ကယ်တင်ခြင်းတွင် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့ ထင်ရှားပေသည်။ ညစ်ညူးသော တိုင်းပြည်တစ်ခုတွင် မွေးဖွားခြင်းက သူသည် အရေးမပါသည်ကို သက်သေပြခြင်း လုံးဝ မဟုတ်ပေ။ ယင်းက သူ၏ ကြီးမြတ်ခြင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းထားသောအရာအားလုံးအား မြင်ခွင့်ပေးခြင်း သက်သက် ဖြစ်သည်။ ထိုသို့ သူလုပ်ဆောင်လေလေ၊ လူသားအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ အပြစ်အနာအဆာ မရှိသော ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြလေလေ ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်၏။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး၊ ညစ်ညူးမှုနှင့် ပြည့်နှက်နေသော လူတို့နှင့်အတူ အသက်ရှင်သော်လည်း၊ ကျေးဇူးတော်ခေတ်တွင် အပြစ်သားများ နှင့်အတူ ယေရှု အသက်ရှင်ခဲ့သည့်အတိုင်း သူ၏အမှုအားလုံးသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်လော။ လူသားမျိုးနွယ်အနေဖြင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာသာ ဖြစ်သည်မဟုတ်သလော။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က၊ သူသည် အပြစ်သားများ နှင့်အတူ နှစ်အနည်းငယ် အသက်ရှင်ခဲ့သည်။ ယင်းမှာ ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့သည်။ ယနေ့တွင် သူသည် ညစ်ညူးကာ အရေးမပါသော လူတစ်စုနှင့်အတူ နေထိုင်လျက် ရှိသည်။ ဤသည်မှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သူ၏အမှုအားလုံးသည် သင်တို့လူသားများ အတွက် မဟုတ်လော။ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် နွားစားခွက်ထဲတွင် မွေးဖွားခဲ့ပြီးနောက် အဘယ်ကြောင့် အပြစ်သားများနှင့်အတူ နှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဒုက္ခဆင်းရဲခံခဲ့မည်နည်း။ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် အဘယ်ကြောင့် ဒုတိယအကြိမ် လူ့ဇာတိပြန်လည်ခံယူကာ၊ နတ်ဆိုးများ စုဝေးရာ ဤတိုင်းပြည်တွင် မွေးဖွားပြီး စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသော ဤလူတို့နှင့်အတူ အသက်ရှင်လိမ့်မည်နည်း။ ဘုရားသခင်သည် သစ္စာရှိသည် မဟုတ်လော။ သူ့အမှု၏ မည်သည့်အပိုင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ခဲ့သနည်း။ မည်သည့် အပိုင်းသည် သင်တို့၏ ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏- ဤသည်မှာ ပြောင်းလဲ၍ မရနိုင်ပေ။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာခဲ့သော်လည်း၊ အညစ်အကြေးများဖြင့် ညစ်ညမ်းမသွားခဲ့ပေ။ ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊ သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။ သင်တို့အားလုံးနှင့် သင်တို့၏ ကံကြမ္မာအတွက် သူ ခံစားသည့် အရှက်ရခြင်း မည်မျှ ကြီးမားသည်ကို သင်တို့ မသိကြသလော။ ကြီးမြတ်သောလူများ သို့မဟုတ် ကြွယ်ဝချမ်းသာပြီး သြဇာကြီးသော မိသားစုများ၏ သားများကို ကယ်တင်ခြင်းထက်၊ အရေးမပါသကဲ့သို့ အထင်အမြင်သေးခြင်း ခံရသောသူများကို ကယ်တင်ခြင်းအား သူ မပျက်မကွက် လုပ်လေသည်။ ဤအရာအားလုံးသည် သူ၏သန့်ရှင်းခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးသည် သူ၏ ဖြောင့်မတ်ခြင်း ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် အားလုံး၏ ရှင်သန်ခြင်းအတွက် သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားကာ အရှက်ရခြင်းအားလုံးကို ခံစားရန် သာ၍လိုလားခဲ့သည်။ ဘုရားသခင်သည် အလွန် စစ်မှန်၏- သူသည် မမှန်သောအမှုကို မပြုပေ။ အမှု၏ အဆင့်တိုင်းသည် အင်မတန် လက်တွေ့ကျသည့် နည်းလမ်းဖြင့် လုပ်ဆောင်ထားသည် မဟုတ်လော။ လူအားလုံးက သူ့ကို မကောင်းပြောကြပြီး သူသည် အပြစ်သားများနှင့် စားပွဲတွင် အတူထိုင်သည်ဟု ဆိုကြသော်လည်း၊ လူအားလုံးက သူ့ကို သရော်ကြပြီး သူသည် ညစ်ညူးမှု၏သားများနှင့်အတူ အသက်ရှင်သည်၊ လူတို့ထဲတွင် အနိမ့်ကျဆုံးဖြစ်သော သူများနှင့်အတူ အသက်ရှင်သည်ဟု ဆိုကြသော်လည်း၊ သူသည် ကိုယ်ကျိုးမငဲ့ဘဲ မိမိကိုယ်ကိုယ် ပေးအပ်နေဆဲဖြစ်ပြီး၊ ထိုကဲ့သို့ လူသားမျိုးနွယ်ကြားတွင် ငြင်းပယ်ခံရဆဲ ဖြစ်သည်။ သူခံရပ်ရသော ဒုက္ခဆင်းရဲသည် သင်တို့၏ ဒုက္ခဆင်းရဲထက် ပို၍ကြီးမားသည် မဟုတ်သလော။ သူ ပြုသောအမှုသည် သင်ပေးခဲ့သော အဖိုးအခထက် ပိုများသည် မဟုတ်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၅၁)

ညစ်ညူး၍ ဖောက်ပြန်ပျက်စီးနေသည့် ဤလူတို့အကြားတွင် သူ၏အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာနှင့် ဤလူစုကို စုံလင်စေရန်အလို့ငှာ ဘုရားသခင်သည် မိမိကိုယ်မိမိ ဤအဆင့်အထိ နှိမ့်ချခဲ့သည်။ ဘုရားသခင်သည် လူသားများကြားတွင် နေထိုင်စားသောက်ရန်၊ လူသားများကို လမ်းပြဖို့ရန်နှင့် လူသားများ၏ လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးဖို့ရန်အလို့ငှာ လူ့ဇာတိခံယူခဲ့သည်သာ မဟုတ်ချေ။ သာ၍ အရေးအကြီးသည်မှာ သူ၏ကြီးမားသော ကယ်တင်ခြင်းနှင့် သည်းမခံနိုင်လောက်အောင် ဖောက်ပြန်ပျက်စီးနေသည့် လူသားများကို သိမ်းပိုက်ရန်အလုပ်ကို လုပ်ခြင်း ဖြစ်သည်။ လူသားများ အားလုံးအားပြောင်းလဲကာ အသစ်ပြုပြင်ရန်အလို့ငှာ သူသည် ဖောက်ပြန်ပျက်စီးဆုံး ဤလူတို့ကို ကယ်တင်ရေးအတွက် အဆင်းနီသောနဂါးကြီး၏ နှလုံးသားထဲသို့ လာခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် ခံစားရသည့် ကြီးမားသော အခက်အခဲသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ခံစားရသည့် အခက်အခဲမျှသာ မဟုတ်ဘဲ၊ အဓိကအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အဆုံးစွန်သော အရှက်ခွဲခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် မိမိကိုယ်ကို နှိမ့်ချလွန်းပြီး သိုဝှက်လွန်းသည့်အတွက် သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့သည်။ လူသားများသည် သူ့အား သာမန်လူ့ဘ၀ရှိပြီး သာမန်လူသား၏ လိုအပ်ချက်များကို သူလည်းလိုအပ်ကြောင်း မြင်စေရန်အလို့ငှာ ဘုရားသခင်သည် လူ့ဇာတိကိုခံယူခဲ့ပြီး ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်ခဲ့သည်။ ဘုရားသခင်သည် ကြီးမားသော အတိုင်းအတာအထိ နှိမ့်ချခဲ့ကြောင်းကို သက်သေပြရန် ဤအရာက လုံလောက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ဇာတိပကတိ၌ အကောင်အထည် ဖော်ထားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလွန်တရာ မြင့်မားကာ ကြီးမြတ်သည့်အရာဖြစ်၏၊ သို့သော် သူသည် သူ၏ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ၊ သာမန်လူတစ်ယောက်၏ သဏ္ဌာန်ကို ခံယူခဲ့သည်။ သင်တို့အသီးသီး၏ အရည်အချင်း၊ ထိုးထွင်းဉာဏ်၊ အာရုံခံစားမှု၊ လူ့သဘာဝနှင့် အသက်တာများတို့သည် ဘုရားသခင်၏ ဤအလုပ်မျိုးကို လက်ခံရန် အကယ်ပင် မထိုက်တန်ကြောင်းကို ပြသည်။ သင်တို့သည် ဘုရားသခင်ကို သင်တို့အတွက် ထိုကဲ့သို့ အခက်အခဲ ကြုံတွေ့စေရန် အကယ်ပင် မထိုက်တန်ပေ။ ဘုရားသခင်သည် အထွတ်အထိပ် ဖြစ်လွန်းလှပြီး၊ သူသည် လူတို့သည် အလွန်နိမ့်ကျသည်၊ သို့သော် သူသည် လူသားများအပေါ် လုပ်ဆောင်မြဲ ဖြစ်သည်။ သူသည် လူသားများအတွက် ထောက်ပံ့ပေးရန်၊ လူတို့နှင့် စကားပြောရန်၊ လူ့ဇာတိခံယူသည်သာမက၊ သူသည် လူသားများနှင့် အတူတကွပင် နေထိုင်ခဲ့သည်။ ဘုရားသခင်သည် အလွန်ပင်နှိမ့်ချကာ ချစ်ဖွယ်ကောင်းသော ဘုရားသခင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၅၂)

လူသား၏အလုပ်အတွက် ဘုရားသခင် အောင့်ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ သူသည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန် လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ လူသားအား ၎င်း၏နာခံမှုမရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိခဲ့ဘဲ သူ၏အမှုကို သူကိုယ်တိုင် ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို အောင့်ခံ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့သက်ဆိုင်နိုင်သနည်း။ သူ၏ အသက်တာကို ငရဲ၌ အဘယ်သို့ကုန်ဆုံးနိုင်သနည်း။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ သက်သာခြင်းသို့ရောက်ရန် သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့လာရန် အရှက်ကွဲခြင်းကို အောင့်ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင် လူသားကိုကယ်တင်ရန် သူကိုယ်တိုင် “ငရဲ” နှင့် “မရဏနိုင်ငံ” အတွင်း၊ ကျားအောင်းဂူအတွင်း ဝင်ရောက်ခဲ့၏။ လူသားသည် ဘုရားသခင်အားဆန့်ကျင်ရန် အဘယ်သို့ အရည်အချင်း မီသနည်း။ ဘုရားသခင်အကြောင်း နောက်ထပ် တစ်ကြိမ် ညည်းညူရန် ၎င်းတွင် မည်သည့်အကြောင်းရင်း ရှိသနည်း။ ဘုရားသခင်ကို နောက်ထပ်ကြည့်ရန် သူသည် အဘယ်သို့ အတင့်ရဲနိုင်မည်နည်း။ ကောင်းကင်ဘုံ၏ဘုရားသခင်သည် အညစ်ပေဆုံးသော ဤဒုစရိုက်ပြည်သို့လာရောက်ခဲ့ပြီး သူ၏ မကျေနပ်မှုများကို မည်သည့်အခါမျှ ထွက်ပေါက်ရှာခဲ့ဖူးခြင်း သို့မဟုတ် လူသားအကြောင်း ညည်းညူခဲ့ခြင်း မရှိဘဲ ယင်းအစား လူသား၏ ဒဏ်ရာဒဏ်ချက်များ နှင့် ဖိနှိပ်မှုတို့ကို တိတ်ဆိတ်စွာ လက်ခံ၏။ လူသား၏ မလျော်ကန်သောတောင်းဆိုမှုများကို မည်သည့်အခါမျှ တုံ့ပြန်ထိုးနှက်တိုက်ခိုက်ခြင်း မရှိ၊ မည်သည့်အခါမျှ လူသားအပေါ် တောင်းဆိုမှုများ လွန်ကဲစွာ မပြုခဲ့ဖူးဘဲ လူသားအပေါ် မလျော်ကန်သော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးပေ၊ သူသည် သင်ကြားခြင်း၊ အသိဉာဏ် ပွင့်လင်းစေခြင်း၊ အပြစ်တင်ခြင်း၊ နှုတ်ကပတ်တော်များအား စစ်ဆေးခြင်း၊ သတိပေးခြင်း၊ အလေးအနက်တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်း၊ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းစသည့် လူသား လိုအပ်သည့်အလုပ်ကို ညည်းညူမှုမရှိဘဲ လုပ်ဆောင်ရုံသာရှိ၏။ သူ၏အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ ဘဝအတွက် မဟုတ်သနည်း။ သူသည် လူသား၏ မျှော်လင့်ချက်များ နှင့် ကံကြမ္မာကို ဖယ်ရှားခဲ့သော်လည်း ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသား၏ရှင်သန်နိုင်ရေးအတွက် မဟုတ် သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် ညတမျှ မည်းနက်သော အမှောင်စွမ်းအားများ၏ ဤဒုက္ခဝေဒနာနှင့် ဖိနှိပ်ခြင်းတို့မှ လူသားအား လွတ်မြောက်စေရန် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသားအတွက် မဟုတ်သနည်း။ ချစ်ခင်ကြင်နာသောမိခင်ကဲ့သို့ဖြစ်သည့် ဘုရားသခင်၏နှလုံးသားကို မည်သူနားလည်နိုင်သနည်း။ စိတ်အားထက်သန်သော ဘုရားသခင်၏နှလုံးသားကို မည်သူနားလည်နိုင်သနည်း။ ဘုရားသခင်၏ပြင်းပြသောနှလုံးသားနှင့် အလွန်တက်ကြွသော မျှော်လင့်ချက်များသည် အေးစက်သောနှလုံးသားများ၊ အကြင်နာတရားမဲ့သော ဂရုမစိုက်သည့် မျက်လုံးများ၊ လူသား၏ ကြိမ်ဖန်တလဲ အပြစ်ဖော်ဆုံးမခြင်းများနှင့် စော်ကားမှုများ၊ နာကျည်းစေသောဝေဖန်ချက်များ၊ ထေ့လုံးငေါ့လုံးနှင့် သိမ်ငယ်စေမှု တို့ဖြင့် ကျေးဇူးဆပ်ခံခဲ့ရ၏၊ လူသား၏လှောင်ပြောင်မှု၊ သူ၏ စော်ကားမှုနှင့် ငြင်းပယ်မှု၊ သူ၏နားလည်သဘောပေါက်မှုလွဲခြင်းနှင့် ညည်းတွားခြင်းနှင့် ကွဲကွာခြင်းနှင့် ရှောင်ရှားခြင်းတို့ဖြင့် ကျေးဇူးဆပ်ခံခဲ့ရကာ လှည့်ဖြားမှု၊ တိုက်ခိုက်မှုများနှင့် ခါးသီးမှုတို့ မှလွဲ၍ မည်သည့်အရာမျှမပါရှိပေ။ နွေးထွေးသောစကားများသည် ရက်စက်ကြမ်းကြုတ်သော မျက်ခုံးများနှင့် လှုပ်ယမ်းနေသော လက်ချောင်းတစ်ထောင်တို့၏ လှိုက်လှဲပျူငှာမှုကင်းသော အာခံမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်သည် ခေါင်းငုံ့လျက် လူတို့အား လိုလားမှုရှိသည့် နွားထီးကဲ့သို့ အစေခံကာ သည်းခံရုံသာတတ်နိုင်၏။ သူသည် သူ၏ဖခင်ထံမှ ထွက်ခွာခြင်း၏ နာကျင်မှုထက် အဆတစ်ထောင် မချိမဆန့်ဝေဒနာကို အောင့်ခံရင်း၊ လူသား၏တိုက်ခိုက်မှုများနှင့် ချိုးဖဲ့မှုများကို အောင့်ခံရင်း၊ လူသား၏ ကိုင်တွယ်မှုနှင့် ပြုပြင်ခြင်းတို့ကိုအောင့်ခံရင်း၊ မြောက်မြားစွာသော နေများလများ၊ ကြယ်များနှင့် ရင်ဆိုင်ခဲ့သည့် အကြိမ်ပေါင်း များစွာ၊ အရုဏ်တက်၌ ထွက်ခွာသွားကာ နေဝင်ဆည်းဆာမှ ပြန်လာခဲ့သည့် အကြိမ်ပေါင်းများစွာ၊ ဘုရားသခင်၏နှိမ့်ချမှုနှင့် မမြင်ရမှုသည် လူသား၏ အခြေအမြစ်မရှိသော အစွဲအလမ်း၊ လူသား၏ မတရားသောအမြင်များ၊ ဆက်ဆံမှုများနှင့် ကျေးဇူးဆပ်ခံရကာ သူ၏ မထင်မရှား သိုသိပ်နေခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့သည် လူသား၏လောဘကြီးသော အကြည့်ဖြင့် ကျေးဇူးဆပ်ခံခဲ့ရသည်၊ လူသားသည် စိတ်မသန့်ခြင်း မဖြစ်ဘဲ ဘုရားသခင်သေသည်အထိ ခြေနှင့်ဆောင့်နင်းရန် ကြိုးစားကာ ဘုရားသခင်အား မြေကြီးအတွင်းသို့ နင်းခြေရန် ကြိုးစား၏။ ဘုရားသခင်အပေါ် ဆက်ဆံခြင်း၌ လူသား၏ စိတ်သဘောထားသည် “ရှားပါးသောကျွမ်းကျင်မှု” တစ်ရပ်ဖြစ်ပြီး လူသား၏အနိုင်ကျင့်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ကို ခံရသော ဘုရားသခင်သည် သောင်းပေါင်းများစွာသောလူတို့၏ ခြေများ အောက်တွင် ပြားနေအောင် အဖိခံရချိန်၌ လူသားသည် ရဲတိုက်၏ ဘုရင်ဖြစ်မည့်အလား၊ အကြွင်းမဲ့အာဏာကို ရယူ လိုသည့် အလား၊ ခန်းဆီးနောက်ကွယ်မှ လူအများ၏ အလေးဂရုပြုမှုကို ရရှိရန်၊ တန်ပြန်တိုက်ခိုက်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်း ပြုခွင့်မရှိသော တာဝန်သိ၍ စည်းကမ်းလိုက်နာသည့် ညွှန်ကြားရေးမှူးအဖြစ် ဘုရားသခင်ကိုပြုလုပ်ရန် မြင့်မားစွာ ရပ်လျက်ရှိ၏။ ဘုရားသခင်သည် နောက်ဆုံးသောဧကရာဇ်မင်း၏ အခန်းမှ ပါဝင်ရမည်၊ သူသည် လွတ်လပ်မှု လုံးဝကင်းမဲ့သည့် ရုပ်သေး ရုပ်တစ်ရုပ် ဖြစ်ရမည်ဖြစ်သည်။ လူသား၏ လုပ်ဆောင်ချက်များသည် ပြောပြ၍မရသဖြင့် သူသည် ဘုရားသခင်အား ဤအရာ၊ ထိုအရာ တောင်းဆိုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ၎င်းသည် ဘုရားသခင်အား အကြံပြုချက်များ အဆိုပြုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ဘုရားသခင်သည် သူ၏အားနည်းချက်များကို ထောက်ထားရေးအတွက် တောင်းဆိုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ သူသည် ဘုရားသခင်၏ ကြင်နာမှုကို လက်ခံရရှိရန် မည်သို့သင့်တော်သနည်း။ ဘုရားသခင်၏ သဘောထားကြီးမှုကို ထပ်ခါတလဲရရှိရန် မည်သို့ သင့်တော်သနည်း။ သူသည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ထပ်ခါတလဲ လက်ခံရရှိရန် မည်သို့သင့်တော်သနည်း။ သူ၏ သြတပ္ပစိတ်သည် အဘယ်မှာနည်း။ ၎င်းသည် ရှေးမဆွက ဘုရားသခင်၏အသည်းခွဲခဲ့သည်၊ ထိုကြာမြင့်သည့် အချိန် ကတည်းက ဘုရားသခင်၏နှလုံးကို အပိုင်းပိုင်းအစစ ထားခဲ့သည်။ နွေးထွေးမှုနည်းပါးသော်လည်း လူသားသူ့အပေါ် စိတ်စေတနာရှိရန် မျှော်လင့်လျက် ဘုရားသခင်သည် လူသားအကြားသို့ နိုးကြား တက်ကြွစွာ လာရောက်ခဲ့၏။ သို့ရာတွင် ဘုရားသခင်၏ နှလုံးသားသည် လူသားအားဖြင့် နှစ်သိမ့်ခံရရန် နှေးကွေး၏၊ သူလက်ခံရရှိသမျှမှာ တစ်မုဟုတ်ချင်း ကြီးထွားပြင်းထန်လာသည့် တိုက်ခိုက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုသာဖြစ်၏၊ လူသား၏ နှလုံးသားသည် လောဘရမ္မက်ကြီးလွန်း၏၊ သူ၏အလိုဆန္ဒသည် ကြီးမားလွန်း၍ သူသည် မည်သည့်အခါမျှ အာသာပြေနိုင်မည် မဟုတ်ပေ၊ သူသည် အစဉ်ထိခိုက်နစ်နာစေ၍ မိုက်ရူးရဲ၏၊ သူသည် ဘုရားသခင်အား မည်သည့်အခါမျှ လွတ်လပ်ခွင့် သို့မဟုတ် ပြောဆိုခွင့် မပေး၊ ဘုရားသခင်အား အရှက်ခွဲခြင်းခံရသည်မှတစ်ပါး အခြားရွေးချယ်စရာမပေးဘဲ လူသားကို ၎င်းဆန္ဒရှိသည့်အတိုင်း သူ့အားခြယ်လှယ်ခွင့်ပေး၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)” မှ

အောက်ခြေမှတ်စု(များ)-

၁။ “ဒဏ်ရာဒဏ်ချက်များ” ကို လူသားတို့၏ နာခံမှုမရှိခြင်းကို ဖော်ထုတ်ရန် အသုံးပြုထား၏။

၂။ “ရက်စက်ကြမ်းကြုတ်သော မျက်ခုံးများနှင့် လှုပ်ယမ်းနေသော လက်ချောင်းတစ်ထောင်တို့၏ လှိုက်လှဲပျူငှာမှုကင်းသော အာခံမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်သည် ခေါင်းငုံ့လျက် လူတို့အား လိုလားမှုရှိသည့် နွားထီးကဲ့သို့ အစေခံသည်” သည် မူလက ဝါကျတစ်ကြောင်းသာဖြစ်သော်လည်း ဤနေရာတွင် ပိုရှင်းသွားရန် နှစ်ခုခွဲထားခြင်းဖြစ်သည်။ ပထမဝါကျသည် လူသား၏ပြုမူချက်များကို ရည်ညွှန်း၍ ဒုတိယဝါကျသည် ဘုရားသခင် ကြုံရသည့် ဒုက္ခခံစားမှုကို ညွှန်ပြကာ ဘုရားသခင်သည် နှိမ့်ချ၍ မမြင်ရကြောင်းကို ညွှန်ပြ၏။

၃။ “အခြေအမြစ်မရှိသော အစွဲအလမ်း” သည် လူသားတို့၏ နာခံမှုမရှိသော အပြုအမူကို ရည်ညွှန်း၏။

၄။ “အကြွင်းမဲ့အာဏာကို ရယူ” သည် လူတို့၏ နာခံမှုမရှိသော အပြုအမူကို ရည်ညွှန်း၏။ ၎င်းတို့သည် မိမိကိုယ်ကို မြှင့်တင်၏၊ အခြားသူများကို ထိပ်တုံးခတ်၏၊ ထိုသူတို့အား ၎င်းတို့နောက်သို့လိုက်စေ၍ ၎င်းတို့အတွက် ဒုက္ခခံစားစေ၏။ ၎င်းတို့သည် ဘုရားသခင်အပေါ် ရန်လိုသည့် အင်အားစုများဖြစ်၏။

၅။ “ရုပ်သေး” ကို ဘုရားသခင်ကို မသိသူများကို လှောင်ပြန်ရန် အသုံးပြုထား၏။

၆။ “တမဟုတ်ချင်း ကြီးထွားပြင်းထန်လာသည်” ကို လူတို့၏နိမ့်ကျသောအပြုအမူကို မီးမောင်းထိုးပြရန် အသုံးပြုထား၏။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၅၃)

ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် လက်တွေ့ကျသည်။ သူလုပ်ဆောင်သည့် မည်သည့်အရာမျှ အနှစ်မမဲ့သကဲ့သို့၊ အားလုံးကို မိမိဘာသာ တွေ့ကြုံ ခံစားလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ခရီးပန်းတိုင်တစ်ခုအတွက် ဖလှယ်ရာတွင် သူကိုယ်တိုင်၏ ဆင်းရဲဒုက္ခ အတွေ့အကြုံနှင့်ဆိုင်သည့် အဖိုးအခကို သူပေးလေသည်။ ဤသည်မှာ လက်တွေ့ကျသော အမှုဖြစ်သည် မဟုတ်သလော။ မိဘများသည် ၎င်းတို့ သားသမီးများဖို့အလို့ငှာ လေးနက်သော အဖိုးအခတစ်ခုကို ပေးနိုင်ကြပြီး၊ ဤအရာက ၎င်းတို့၏ စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းကို ကိုယ်စားပြုသည်။ ဟုတ်ပေ၏၊ ဤအရာလုပ်ဆောင်ခြင်းဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ် အဖို့ စိတ်ရင်းအမှန်ဆုံးနှင့် သစ္စာအရှိဆုံး ဖြစ်လေသည်။ ဘုရားသခင်၏ အနှစ်သာရမှာ သစ္စာနှင့်ပြည့်ဝသည်၊ သူပြောသည့်အတိုင်း သူပြုပြီး သူပြုသမျှ ဖြစ်မြောက်သည်။ လူသားများအတွက် သူ လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ မိန့်မြွက်ချက်များ လုပ်ဆောင်ခြင်း သက်သက်ကို သူ မပြုပေ၊ အဖိုးအခ သူပေးမည်ဟု ဆိုသည့်အခါ၊ အဖိုးအခကို သူအမှန်တကယ် ပေး၏။ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခကို သူတာဝန်ယူပြီး သူတို့ကိုယ်စား ဆင်းရဲဒုက္ခခံမည်ဟု သူ ဆိုသည့်အခါ၊ ဤဆင်းရဲဒုက္ခကို ကိုယ်တိုင်ကိုယ်ကျ ခံစားကာ တွေ့ကြုံရင်း၊ သူတို့ကြားတွင် အသက်ရှင်ဖို့ သူ အမှန်တကယ် ကြွလာလေသည်။ ထို့နောက်တွင်၊ စကြဝဠာထဲရှိ အရာခပ်သိမ်းတို့သည် ဘုရားသခင် လုပ်သမျှတိုင်းက မှန်ကန်ကာ ဖြောင့်မတ်သည်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာအားလုံး လက်တွေ့ကျသည်တို့ကို အသိအမှတ်ပြုကြလိမ့်မည်။ ဤသည်မှာ အားကောင်းသော သက်သေတစ်ခု ဖြစ်သည်။ ထို့အပြင်၊ လူသားမျိုးနွယ်သည် အနာဂတ်တွင် လှပသော ခရီးပန်းတိုင်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသူအားလုံးက ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များအား လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာမှ အမှန်လုပ်ဆောင်သည်ကို သူတို့ ချီးမွမ်းကြလိမ့်မည်။ ဘုရားသခင်သည် သာမန် လူတစ်ဦးအဖြစ် လူသားအလယ် နှိမ့်ချစွာ ကြွလာသည်။ သူသည် အမှုအချို့ကို ဆောင်ရွက်ရုံ၊ နှုတ်ကပတ်တော်အချို့ကို ပြောရုံမျှပြုလျက် ထို့နောက်တွင် ထွက်ခွာသွားခြင်း မဟုတ်ပေ၊ ယင်းအစား သူသည် လူသားအလယ် အမှန်တကယ် ကြွလာပြီး လောက၏ နာကျင်မှုဝေဒနာကို တွေ့ကြုံခံစားလေသည်။ ဤနာကျင်မှု ဝေဒနာကို သူ တွေ့ကြုံခံစားပြီးသည့်နောက်တွင်မှ သူ ထွက်ခွာမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှု စစ်မှန်ပုံနှင့် လက်တွေ့ကျပုံ ဖြစ်သည်။ ကျန်ရှိသူအားလုံးသည် ယင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်ဖြစ်ပြီး၊ လူသားအဖို့ ဘုရားသခင်၏ သစ္စာတရားနှင့် သူ၏ ကြင်နာသောစိတ်ရှိခြင်းတို့ကို ၎င်းတို့ မြင်ရကြလိမ့်မည်။ ဘုရားသခင်၏ အလှတရားနှင့် ကောင်းမြတ်မှု အနှစ်သာရကို သူ၏ဇာတိပကတိ၌ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုတွင် တွေ့မြင်နိုင်သည်။ သူ လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်၊ သူ ပြောသမျှတိုင်းသည် လေးနက်ပြီး သစ္စာရှိသည်။ သူ လုပ်ဆောင်ဖို့ ရည်ရွယ်သမျှအားလုံးနှင့်ပတ်သက်၍၊ သူ အမှန်တကယ် လုပ်ဆောင်ပြီး၊ အဖိုးအခတစ်ခုကို ပေးသည့်အခါ၊ သူ အမှန်တကယ် ပေးလေသည်၊ မိန့်မြွက်ချက်များ လုပ်ဆောင်ခြင်း သက်သက်ကို သူ မပြုပေ။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် သစ္စာရှိသော ဘုရားသခင် ဖြစ်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း ရည်ရွယ်ချက်၏ ဒုတိယ ရှုထောင့်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၅၄)

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ ရယူနိုင်သောအရာ တစ်ခုလည်း မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်ကိုယ်တိုင်သာ အသက်၏ လမ်းခရီး ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်ပြီး၊ အစဉ်စီးဆင်းနေသော ရှင်သန်သည့် အသက်စမ်းရေဖြစ်၏။ ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်ကတည်းမှစ၍ ဘုရားသခင်သည် အသက်၏ စွမ်းအားပါဝင်သည့် အမှုများစွာကို လုပ်ဆောင်ပြီး ဖြစ်သည်၊ လူသားထံ အသက် ဆောင်ကြဉ်းပေးသည့် အမှုများစွာကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့၊ လူသားအနေဖြင့် အသက်ရရှိစေနိုင်ရန် အလို့ငှာ ကြီးမားသော အဖိုးအခတစ်ခုကို ပေးဆပ်ပြီးဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီး ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိသကဲ့သို့၊ လူသားအလယ်တွင် တစ်ချိန်လုံး အသက်ရှင်နေပေသည်။ သူသည် လူသား အသက်ရှင်မှု၏ လွှမ်းမိုးစေ့စော်မှု၊ လူသားဖြစ်တည်မှု၏ အရင်းအမြစ်နှင့် မွေးဖွားပြီးနောက် လူ၏ ဖြစ်တည်မှုအတွက် ကြွယ်ဝသော သိုက် ဖြစ်သည်။ သူသည် လူသားကို ပြန်လည်မွေးဖွားဖို့ ဖြစ်စေပြီး၊ ၎င်းကို ၎င်း၏အခန်းကဏ္ဍတိုင်းကို ဇွဲနပဲကြီးစွာ အသက်ရှင်နေထိုင်နိုင်စေ၏။ သူ၏တန်ခိုးနှင့် သူ၏ငြှိမ်းသတ်၍မရသော အသက် အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်ပြီး ဖြစ်သည်၊ ယင်းကာလတစ်လျှောက်လုံး ဘုရားသခင်၏ အသက်တန်ခိုးသည် လူသား တည်ရှိမှု၏ အဓိကပံ့ပိုးမှုဖြစ်ကာ၊ ယင်းအတွက် မည်သည့်သာမန်လူသားကမျှ ပေးဆပ်ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင် ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန်၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ တည်ရှိခြင်း အရင်းအမြစ်ဖြစ်ပြီး၊ ၎င်းတို့တည်ရှိခြင်း၏ ရေသောက်မြစ် ဖြစ်သည့်အတွက်၊ အရာခပ်သိမ်း မတည်သော်လည်း၊ ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိလိမ့်မည်။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ကောင်းကင်၏ တည်ရှိခြင်းသည် ဘုရားသခင်ကြောင့်ဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ စွမ်းအားရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိသကဲ့သို့၊ အားမာန်ရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာ အာဏာပိုင်နက်မှ မလွတ်မြောက်နိုင်ပေ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ အယောက်တိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက် နာခံရမည်၊ အယောက်တိုင်း ဘုရားသခင်၏ ကွပ်ကဲမှုအောက်တွင် အသက်ရှင်ရမည်ဖြစ်ပြီး၊ မည်သူမျှ သူ၏လက်မှ မလွတ်မြောက်နိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၅၅)

ထာဝရအသက် လမ်းခရီးကို သင်အမှန်တကယ် ရရှိလိုပြီး၊ ယင်းကို ရှာဖွေရာတွင် သင်သည် စိတ်ပြင်းပြပါက၊ ပထမဦးစွာ ဤမေးခွန်းကို ဖြေဆိုလော့။ ယနေ့တွင် ဘုရားသခင် မည်သည့်နေရာတွင် ရှိသနည်း။ “ဘုရားသခင် ကောင်းကင်တွင် နေသည် ဟုတ်ပေသည်- သူသည် သင့်အိမ်တွင် နေလိမ့်မည်မဟုတ်။ ဟုတ်ပါသလား။” ဟု သင် ဖြေကောင်းဖြေမည်။ ဘုရားသခင်သည် အရာခပ်သိမ်းအလယ်တွင် သိသာထင်ရှားစွာ နေ၏ သို့မဟုတ် ဘုရားသခင်သည် လူအသီးသီး၏ နှလုံးသားတွင်နေ၏။ သို့မဟုတ် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ရှိသည်ဟု သင်ဆိုကောင်းဆိုပေမည်။ ဤအရာထဲမှ မည်သည့်အရာကိုမျှ ငါမငြင်းဆိုပေ၊ သို့သော် ကိစ္စရပ်ကို ငါရှင်းလင်းစေရမည်။ ဘုရားသခင်သည် လူသား၏ နှလုံးသားထဲတွင် နေသည်ဟုဆိုခြင်းမှာ လုံးဝ မှန်ကန်သည် မဟုတ်၊ သို့သော် လုံးဝ မှားသည်လည်း မဟုတ်ပေ။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်သူတို့ အလယ်တွင် မိမိတို့၏ ယုံကြည်မှု စစ်မှန်သူများနှင့် မိမိတို့၏ယုံကြည်မှု မှားယွင်းသောသူများ ရှိ၏၊ ဘုရားသခင် လက်ခံသောသူများနှင့် လက်မခံသောသူများ ရှိပြီး၊ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူစက်ဆုပ်ရွံရှာသူများ ရှိကာ သူ စုံလင်စေသောသူများရှိပြီး သူ ဖယ်ရှားသောသူများ ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူအနည်းငယ်၏ နှလုံးသားထဲတွင်သာ နေပြီး၊ ဤလူများသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူများ၊ ဘုရားသခင်က လက်ခံသူများ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေသူများနှင့် သူ စုံလင်စေသည့်သူများ အသေအချာ ဖြစ်သည်ဟု ငါဆိုရပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဦးဆောင်ခြင်းခံရသူများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ ဦးဆောင်ခြင်းခံရသည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးကို ကြားကာ မြင်နှင့်ပြီးသော လူများ ဖြစ်ကြ၏။ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှု မှားယွင်းသောသူများ၊ ဘုရားသခင်က လက်မခံသောသူများ၊ ဘုရားသခင်က စက်ဆုပ်သောသူများ၊ ဘုရားသခင်၏ ဖယ်ရှားခြင်းခံရသောသူများ- ၎င်းတို့သည် ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရမည်မှာ သေချာပြီး အသက်၏ လမ်းခရီးမရှိဘဲ နေရဖို့ သေချာကာ၊ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲနေရဖို့ သေချာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့၏ နှလုံးသားတွင် ဘုရားသခင် အသက်ရှင်သည့်သူများမှာမူ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို သိကြ၏။ ၎င်းတို့သည် ဘုရားသခင်က ထာဝရအသက် လမ်းခရီးကို အပ်နှင်းသည့် လူများဖြစ်ပြီး၊ ဘုရားသခင် နောက်သို့ လိုက်သောသူများ ဖြစ်ကြ၏။ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို ယခု သင် သိပြီလော။ ဘုရားသခင်သည် လူသား၏ နှလုံးသားတွင် ရှိသကဲ့သို့ လူသား၏ နံဘေးတွင်လည်း ရှိ၏။ သူသည် ဝိညာဉ်လောကနှင့် ခပ်သိမ်းသော အမှုအရာအထက်တွင် ရှိသည်သာမက၊ လူသားတည်ရှိသော ကမ္ဘာမြေကြီးပေါ်တွင်လည်း သာ၍ ရှိပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ရောက်ရှိခြင်းသည် ဘုရားသခင်၏ အမှုအဆင့်များကို အသစ်သော နယ်မြေပိုင်နက်ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး၊ သူသည် လူသား၏ နှလုံးသားတွင် လူသား၏ အဓိက အစိတ်အပိုင်း ဖြစ်သည့်အပြင်၊ လူသားအလယ်တွင် ရှိလေသည်။ ဤနည်းဖြင့်သာ၊ သူသည် လူသားမျိုးနွယ်ထံ အသက်၏ လမ်းခရီးကို ဆောင်ကြဉ်း ပေးနိုင်ပြီး၊ အသက်၏ လမ်းခရီးထဲသို့ လူသားကို ခေါ်ဆောင်နိုင်၏။ လူသားသည် အသက်၏ လမ်းခရီးကို ရရှိရန်နှင့် လူသားအနေဖြင့် တည်ရှိနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် ကမ္ဘာမြေပေါ်သို့ ကြွလာပြီဖြစ်ပြီး၊ လူသားအလယ်တွင် အသက်ရှင်လေသည်။ တစ်ချိန်တည်းတွင်၊ လူသားအလယ် သူ၏ စီမံခန့်ခွဲမှုနှင့်အတူ ၎င်းတို့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းကိုလည်း ကွပ်ကဲလေသည်။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်နှင့် လူသား၏ နှလုံးသားထဲတွင် ရှိသည်ဟူသော အယူဝါဒကိုသာ သင်အသိအမှတ်ပြုသော်လည်း၊ လူသားအလယ် ဘုရားသခင်၏ တည်ရှိခြင်း သမ္မာတရားကို အသိအမှတ်မပြုပါက၊ သင်သည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရား၏ လမ်းခရီးကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့်၊ သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် အားလုံးထက် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေပြီး၊ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက၊ အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက၊ ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ထို့ကြောင့် စိတ်ကူးစိတ်သန်းများနှင့် အယူအဆများမှအပ၊ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အသွေးအသား၊ သင်၏ နံစော်သော အသွေးအသားကလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်ဟု မယူဆသည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် ဂုဏ်ပြု၍ မရနိုင်သကဲ့သို့၊ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်က ယခုပြောသော နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး၊ လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။ အတိတ်ခေတ်များမှ ယနေ့ထိ အတောအတွင်း၊ ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များ၏ မှတ်တမ်းများကို သင် အသုံးချပါက၊ ယင်းက သင့်ကို ရှေးဟောင်းသုတေသီတစ်ဦးဖြစ်စေပြီး၊ သင့်ကို ဖော်ပြရမည့် အကောင်းဆုံးသော နည်းလမ်းမှာ သမိုင်းဆိုင်ရာ အမွေအနှစ်နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးဟူ၍ ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်သည် အတိတ် အချိန်ကာလများတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အမှု၏ အရိပ်အယောင်များကို အမြဲ ယုံကြည်သောကြောင့်၊ ယခင်က လူသားအလယ် ဘုရားသခင် အမှုပြုခဲ့ချိန်တွင် ကျန်ရစ်ခဲ့သည့် ဘုရားသခင်၏အရိပ်ကိုသာ သင် ယုံကြည်ပြီး၊ ယခင်အချိန်များတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်ပေသည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ ဦးတည်ရာကို မယုံကြည်ပေ၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်သကဲ့သို့၊ ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကို မယုံကြည်ပေ။ ထို့ကြောင့် သင်သည် လက်တွေ့အရှိတရားနှင့် လုံးဝ ကင်းကွာသည့် စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်မှာ ငြင်းမရနိုင်အောင် ဖြစ်သည်။ ယခု သင်သည် လူသားကို အသက် ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် စကားများကို ဖက်တွယ်နေဆဲဖြစ်ပါက၊ သင်သည် ရှေးရိုးစွဲဆန်လွန်းသည့်အတွက်၊ ပေကပ်ကပ် နိုင်လွန်းသည့်အတွက်၊ ကျိုးကြောင်းဆင်ခြင်၍ မရသည့်အတွက်၊ မျှော်လင့်ချက်မရှိသော သစ်ခြောက်တစ်ခုက ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

အောက်ခြေမှတ်စု(များ)-

က။ သစ်ခြောက်တစ်ခု- “ကူညီ၍မရနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၅၆)

ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရားကို ပိုင်ဆိုင်ပြီး၊ သူသည် သမ္မာတရား၏ ရင်းမြစ်ဖြစ်သည်။ အပြုသဘောဆောင်သော အရာတိုင်းနှင့် သမ္မာတရားတိုင်းသည် ဘုရားသခင်ထံမှ လာသည်။ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးတို့၏ မှန်ခြင်း မှားခြင်းအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ ဖြစ်ပျက်ပြီးသည့် အရာများ၊ ယခုဖြစ်ပျက်နေသည့် အရာများနှင့် လူသား မသိသေးသည့် အနာဂတ်အရာများအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ သူသည် ခပ်သိမ်းသောအရာတို့၏ မှန်ခြင်းမှားခြင်းအပေါ် စီရင်ချက်ချနိုင်သည့် တစ်ပါးတည်းသော တရားသူကြီး ဖြစ်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်း၏ မှန်ခြင်း မှားခြင်းကို ဘုရားသခင်သာလျှင် စီရင်နိုင်သည်။ ခပ်သိမ်းသောအရာတို့အတွက် စည်းကမ်းများကို သူသိသည်။ ဤသည်မှာ သမ္မာတရား၏ ပြယုဂ်ဖြစ်ပြီး ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရား၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်။ အကယ်၍ လူသားသည် သမ္မာတရားကို နားလည်သဘောပေါက်ပြီး စုံလင်ခြင်းကို ရရှိပြီး ဖြစ်ပါက သူသည် သမ္မာတရား၏ပြယုဂ်နှင့် သက်ဆိုင်သေးသလော။ လူသားသည် စုံလင်စေခြင်းခံရသောအခါ ဘုရားသခင် ယခု လုပ်ဆောင်သမျှနှင့် သူတောင်းဆိုသမျှအပေါ် မှန်ကန်တိကျသော အကဲဖြတ်မှုတစ်ခု ရှိလေသည်။ ထို့အပြင် လက်တွေ့လုပ်ဆောင်ရန် မှန်ကန်တိကျသော နည်းလမ်းတစ်ခု ရှိလေသည်။ လူသားသည် ဘုရားသခင်၏အလိုတော်ကိုလည်း နားလည်သဘောပေါက်ပြီး အမှန်နှင့်အမှားကို သိ၏။ သို့တိုင် ဘုရားသခင် ပြောပြမှသာ သိနိုင်သော၊ လူတို့အဖို့ အလှမ်းမမီသည့် အမှုအရာအချို့ ရှိနေသည်။ ဘုရားသခင် လူသားအား မပြောသေးသည့်အရာများ၊ သူ မသိသေးသည့်အရာများကို သူ သိနိုင်ပါသလော။ (သူ မသိနိုင်ပါ။) လူသားသည် ခန့်မှန်းချက်များ မလုပ်နိုင်ပေ။ ထို့အပြင်၊ လူသားသည် ဘုရားသခင်ထံမှ သမ္မာတရားကိုရကာ သမ္မာတရား၏ စစ်မှန်မှုကိုရရှိပြီး သမ္မာတရားများစွာ၏ အနှစ်သာရကိုသိရှိကာ၊ အမှန်နှင့်အမှားကိုလည်း ပြောနိုင်စွမ်းရှိပါက၊ သူသည် အရာခပ်သိမ်းကို ထိန်းချုပ်ကာအုပ်စိုးနိုင်သော အစွမ်းရှိသလော။ (မရှိပါ။) ယင်းသည် ခြားနားချက် ဖြစ်သည်။ ဖန်ဆင်းခံ သတ္တဝါများသည် သမ္မာတရားကို သမ္မာတရား၏ ရင်းမြစ်မှသာလျှင် အမြဲရရှိနိုင်သည်။ သမ္မာတရားကို လူသားထံမှ ၎င်းတို့ ရနိုင်သလော။ ထိုအရာကို လူသားက ဖြည့်ဆည်းပေးနိုင်သလော။ လူသားက လူသားအတွက် ပံ့ပိုးပေးနိုင်သလော။ မပံ့ပိုးပေးနိုင်ပေ။ ယင်းသည်ပင် ခြားနားချက်ဖြစ်သည်။ သင်သည် ရရှိရုံရရှိနိုင်သည်၊ မပံ့ပိုးပေးနိုင်ပေ- သင့်ကို သမ္မာတရား၏ပြယုဂ်ဟု ခေါ်ဆိုနိုင် သလော။ သမ္မာတရား ပြယုဂ်၏ အနှစ်သာရဆိုသည်မှာ ဘယ်အရာ အတိအကျဖြစ်သနည်း။ ယင်းမှာ သမ္မာတရားကိုပံ့ပိုးသော ရင်းမြစ်၊ ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးမှုနှင့် အချုပ်အခြာအာဏာ၏ ရင်းမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးကို အကဲဖြတ်သော စံနှုန်းများနှင့် စည်းကမ်းများလည်းဖြစ်သည်။ ဤသည်မှာ သမ္မာတရား၏ပြယုဂ်ပေတည်း။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၅၇)

ဘုရားသခင်၏ သမ္မာတရားနှင့် သက်ဆိုင်သည့် ဖော်ပြချက်တွင်၊ ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြသည်။ သူ၏ သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်သည် လူသားမျိုးနွယ်၏ အပြုသဘောဆောင်သည့် အရာမျိုးစုံနှင့်သက်ဆိုင်သည့် အနှစ်ချုပ်များနှင့် လူသားမျိုးနွယ် အသိအမှတ်ပြုသည့် ထွက်ဆိုချက်များအပေါ် အခြေမခံထားပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ် ရပ်တည်သင့်သည့် အခြေခံအုတ်မြစ်နှင့် ဥပဒေသတို့ဖြစ်ပြီး၊ လူသားမျိုးနွယ်မှ အစပြုဖြစ်ပေါ်လာသည့် သက်ဝင်ယုံကြည်မှု ဆိုသောအရာများသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်။ ထိုအရာများကို သူလက်သင့်မခံပေ၊ သူ၏ မိန့်မြွက်ချက်များ၏ ဇာစ်မြစ် သို့မဟုတ် အခြေခံ အကြောင်းအရင်း ဖြစ်ဖို့ဆိုသည်မှာ ပို၍ နည်းသေးပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူ၏စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို ဖော်ပြသည်။ သူ့၌ ဘုရားသခင်၏ အနှစ်သာရရှိသည့်အတွက်၊ ဘုရားသခင်၏ ဖော်ပြချက်အားဖြင့် ဖြစ်ပေါ်စေခဲ့သည့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရား ဖြစ်ပြီး သူသည် အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရား ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ထိုနှုတ်ကပတ်တော်များကို မည်သည့် နေရာထားပါစေ၊ သို့မဟုတ် မည်သို့ သတ်မှတ်ပါစေ၊ သို့မဟုတ် မည်သို့ ရှုမြင်ပါစေ၊ သို့မဟုတ် မည်သို့ နားလည်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဆိုသည့်အချက်က မည်သည့်အခါမျှ မပြောင်းလဲပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှ ပြောကြားပြီးဖြစ်ပါစေ၊ ၎င်းတို့ကို ဤဖောက်ပြန်ပျက်စီးပြီး အပြစ်ရှိသော လူသားမျိုးနွယ်သည် မည်မျှ ပြစ်တင်ရှုတ်ချပါစေ၊ နှုတ်ကပတ်တော်များကို မဖြန့်ဖြူးသည်အထိ၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ အထင်မြင်သေးခြင်းဖြင့် ကြုံရသည်အထိပင် ရှိပါစေ- ဤအခြေအနေများတွင်ပင် ပြောင်းလဲ၍မရနိုင်သည့် အမှန်တရားတစ်ခု ဆက်လက် တည်ရှိနေလေသည်- အထက်တွင် ဖော်ပြသွားသည့် အကြောင်းအရင်းများကို ထောက်ဆလျှင်ပင် လူသားမျိုးနွယ်တို့ တန်ဖိုးထားသည့် ယဉ်ကျေးမှုနှင့် ထုံးတမ်းအစဉ်အလာများ ဆိုသည့်အရာများသည် အပြုသဘောဆောင်သည့် အရာများ ဖြစ်မလာနိုင်ဘဲ၊ သမ္မာတရားလည်း ဖြစ်မလာနိုင်ပေ။ ဤသည်မှာ မပြောင်းလဲနိုင်ပေ။

ပြောင်းလဲမှုများ သို့မဟုတ် အချိန်ကုန်လွန်သွားခြင်းတို့ကြောင့် လူသားမျိုးနွယ်၏ ထုံးတမ်းအစဉ်အလာ ရိုးရာယဉ်ကျေးမှုနှင့် ဖြစ်တည်မှုနည်းလမ်းတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မေ့လျော့တတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စကားများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဤအနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သမ္မာတရားသည် အမြဲတမ်း သမ္မာတရားဖြစ်သည်။ ဤ၌ မည်သည့် အမှန်တရား တည်ရှိသနည်း။ လူသားမျိုးနွယ် အကျဉ်းရုံးထားသည့် ဆိုရိုးများအားလုံးသည် စာတန်၌ အစပြုလာလေသည်- ၎င်းတို့သည် လူတို့၏ စိတ်ကူးများနှင့် အယူအဆများ ဖြစ်သည်၊ လူတို့၏ သွေးဆူခြင်းမှပင် ပေါ်ပေါက်လာ၍ အပြုသဘောဆောင်သည့် အရာများနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကမူ ဘုရားသခင်၏ အနှစ်သာရနှင့် အဆင့်အတန်းတို့နှင့် သက်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။ သူသည် ဤနှုတ်ကပတ်တော်များကို မည်သည့် အကြောင်းရင်းအတွက် ဖော်ပြလေသနည်း။ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အကြောင်းအရင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဥပဒေသများ၊ အခြေခံ သဘောတရားများ၊ အရင်းအမြစ်များ၊ အနှစ်သာရများ၊ အဖြစ်မှန်များနှင့် နက်နဲမှုများ အားလုံးတို့ကို အုပ်စိုးပြီး၊ ၎င်းတို့ကို ဘုရားသခင်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်၊ ပြီးလျှင် ဘုရားသခင် တစ်ပါးတည်းသာလျှင် အရာခပ်သိမ်း၏ အခြေခံသဘောတရားများ၊ အဖြစ်မှန်များ၊ အမှန်တရားများနှင့် နက်နဲမှုများအားလုံးတို့ကို သိထားသည်။ သူသည် ၎င်းတို့၏ မူလဇာစ်မြစ်များနှင့် ၎င်းတို့၏ အရင်းအမြစ်များသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သည်တို့ကို သိထားသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြထားသည့် အရာခပ်သိမ်း၏ အဓိပ္ပာယ်သတ်မှတ်ချက်များသာလျှင် အမှန်ကန် အတိကျဆုံး ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ် အတွက် သတ်မှတ်ချက်များသာလျှင် လူသားမျိုးနွယ်အတွက် တစ်ခုတည်းသော စံနှုန်း- လူသားမျိုးနွယ် ဘဝရပ်တည်သင့်သည့် တစ်ခုတည်းသော မှတ်ကျောက်များဖြစ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားသည် မည်သည့်အရာဖြစ်သည်နှင့် စပ်လျဉ်း၍” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၅၈)

ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ကဏ္ဍကို သင်ဆောင်ရွက်ရပါတော့သည်၊ သင့်ဘဝ၏ ခရီးစဉ်ကို သင်စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။

ညအချိန်သည် တိတ်တဆိတ် ချဉ်းကပ်လာသောအခါ လူသားသည် သတိမပြုမိပေ၊ အကြောင်းမှာ လူသား၏နှလုံးသားအနေဖြင့် ညသည် မည်ကဲ့သို့ချဉ်းကပ်လာသည်၊ သို့မဟုတ် မည်သည့်နေရာမှ လာသည်ကို သတိမမူမိနိုင်သောကြောင့်ဖြစ်သည်။ ညသည် တိတ်တဆိတ် တစ်စတစ်စပျောက်ကွယ်သွားချိန်တွင် လူသားသည် နေ့၏ အလင်းရောင်ကို ကြိုဆိုသည်၊ သို့သော်လည်း မည်သည့်နေရာမှ အလင်းလာပြီး ည၏အမှောင်ထုကို မည်သို့နှင်ထုတ်လိုက်ပုံကိုမူ လူသားသည် သာ၍ပင် မသိရှိကြပေ၊ သာ၍ပင် သတိမထားမိကြပေ။ ထိုသို့ ထပ်တလဲဖြစ်ပေါ်နေသော နေ့နှင့်ညတစ်လှည့်စီ ဖြစ်ပေါ်မှုများသည် လူတို့ကို ကာလတစ်ခုမှ အခြားကာလတစ်ခုသို့၊ သမိုင်းကြောင်းနောက်ခံအနေအထားတစ်ခုမှ အခြားတစ်ခုသို့ ပို့ဆောင်ပေးပြီး၊ တစ်ဖက်တွင်လည်း ခေတ်ကာလတိုင်းရှိ ဘုရားသခင်၏ အမှုနှင့် ခေတ်တိုင်းအတွက် သူ၏အကြံအစည်တို့ ဆောင်ရွက်ပြီးသည်ကို သေချာစေလျက်ရှိသည်။ လူသားသည် ဘုရားသခင်နှင့်အတူ ဤခေတ်ကာလများကို လျှောက်လှမ်းခဲ့သော်လည်း ဘုရားသခင်သည် အရာအားလုံးနှင့် သက်ရှိတို့၏ ကံကြမ္မာကို ပိုင်စိုးသည်ကို မသိသကဲ့သို့ ဘုရားသခင်သည် အရာအားလုံးကို စီစဉ်ညွှန်ကြားပြီး လမ်းညွှန်ပြပေး သည်ကိုလည်း သူမသိပေ။ ရှေးအတီတေကာလမှ ယနေ့မျက်မှောက်ထိ လူသားသည် ထိုအချက်ကို သဘောမပေါက်ပေ။ အကြောင်းရင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သိုဝှက်လွန်းခြင်းကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ အကြံအစည်မှာ မပြည့်မြောက်သေး သောကြောင့် မဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်နောက် လိုက်နေစေကာမူ စာတန်ကို အစေခံလျက်ရှိနေသေးသော်လည်း ထိုအချက်ကို မသိသည်အထိပင် လူသား၏နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာလွန်းခြင်းကြောင့် ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့် သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏ နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့ နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက် ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်...။ ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် သူ၏ မူလအရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။ အမှန်တကယ်အားဖြင့် အစအဦးမှစပြီး ယခုအချိန်အထိ၊ ဘုရားသခင်သည် ဇာတ်ဆောင်နှင့် ဒုက္ခခံရသူနှစ်ခုစလုံးမှာ လူသားဖြစ်သည့် ပူဆွေးမှု ပြဇာတ်တစ်ခုကို လူသားတို့အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ထိုပူဆွေးမှုပြဇာတ်၏ ဒါရိုက်တာမှာ မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှ မဖြေဆိုနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၅၉)

ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကြီးထွားနေ သည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် သူ့မိဘ၏ ချစ်ခင်ကြင်နာသည့် စောင့်ရှောက်မှုအောက်တွင် ကြီးထွားလာပြီး၊ သူ၏ကြီးထွားမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူတည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်သည်ဟုသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို လူသားသည် လုံး၀ သတိမမူမိပေ၊ ထို့ကြောင့် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်...။ ဘုရားသခင်က နေ့ရောညပါ စောင့်ရှောက်သည့် ဤလူသားတို့အထဲမှ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားသခင်ကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသခင်သည် သူမျှော်လင့်ချက်မထားထားသော လူသားအပေါ် သူစီစဉ်ထား သည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထကာ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်၊ ဘုရားသခင်က သူ့ကိုပေးထားသည့် အရာအားလုံးအတွက် ပေးဆပ်ခဲ့ရသည့် အဖိုးအခနှင့် လူသားအနေဖြင့် သူ့ထံပြန်လှည့်လာစေရန် ဘုရားသခင်သည် စိတ်ထက်သန်သော ဂရုစိုက်မှုဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် နားလည်စေရန် ဖြစ်သည်။ လူသားအသက်၏ မူလအစနှင့် ရှေ့ဆက်မှုတို့ကို ထိန်းချုပ် ထားသည့် လျှို့ဝှက်ချက်များကို မည်သူမျှ စုံစမ်းစစ်ဆေးခဲ့ဖူးခြင်း မရှိပေ။ ဤအရာအားလုံးကို နားလည်တော်မူသော ဘုရားသခင်သည်သာ အရာအားလုံးကို ဘုရားသခင်ထံမှ ရရှိထားသော်လည်း ကျေးဇူးတင်ခြင်းမရှိသော လူသားက သူ့ကိုပေးသည့် နာကျင်မှုနှင့် ထိုးနှက်မှုတို့ကို တစ်ခွန်းမျှမဟဘဲ သည်းခံလျက်ရှိသည်။ လူသားသည် ဘဝက ယူဆောင်လာသော အရာအားလုံးကို ပေါ့ပေါ့တန်တန် သဘောထားသည်၊ ထိုနည်းတူပင် ဘုရားသခင်သည် လူသား၏ သစ္စာဖောက်ခံရပြီး မေ့လျော့ခံရကာ ခြိမ်းခြောက် တောင်းယူ ခံရခြင်းမှာလည်း “ဖြစ်ရိုးဖြစ်စဉ်” ဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်သည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးနေနိုင်သလော။ ဘုရားသခင်၏ လက်တော်မှလာသော ဤသက်ရှိလူသားသည် အမှန်တကယ်ပင် ထိုမျှအရေးကြီးနေနိုင်သလော။ ဘုရားသခင်၏ အစီအစဉ်သည် အရေးကြီးသည်ကား သေချာပေ၏၊ သို့ရာတွင် ဘုရားသခင်၏လက်တော်ဖြင့် ဖန်ဆင်းခဲ့သော ဤသက်ရှိသည် သူ၏အစီအစဉ်အတွက် တည်ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဤလူသားမျိုးနွယ်ကို မုန်းတီးခြင်းကြောင့် ဘုရားသခင်သည် သူ၏အစီအစဉ်ကို အလဟဿ အဖြစ်မခံနိုင်ပေ။ သူ၏အစီအစဉ်နှင့် သူမှုတ်သွင်းထားခဲ့သည့် ဇီဝအသက်ကြောင့်သာ ဘုရားသခင်သည် ညှဉ်းဆဲမှုအားလုံးကို သည်းခံနေခြင်းဖြစ်ပြီး လူသား၏ သွေးသားခန္ဓာအတွက် မဟုတ်ဘဲ လူသား၏ အသက်အတွက်ဖြစ်သည်။ သူသည် လူသား၏ သွေးသားခန္ဓာကို ပြန်ယူရန်မဟုတ်ဘဲ သူမှုတ်သွင်းခဲ့သော အသက်ကို ပြန်ယူရန် ထိုသို့ပြုခြင်းဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၆၀)

ဤကမ္ဘာမြေကြီးထဲသို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည်ဖြစ်ပြီး၊ ၎င်းတို့အထဲမှ အများစုသည် သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သံသရာကို ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ အသက်ရှင်နေသူများသည် မကြာမီတွင် သေဆုံးရမည်ဖြစ်ပြီး၊ သေဆုံးသူများသည် မကြာမီ ပြန်လာရလိမ့်မည်။ ဤအရာအားလုံးသည် သက်ရှိတစ်ဦးစီအတွက် ဘုရားသခင် စီစဉ် ပေးထားသော ဘဝလမ်းကြောင်းဖြစ်သည်။ ဤလမ်းကြောင်းနှင့် သံသရာသည် လူသားကို ဘုရားသခင်မှ မြင်တွေ့စေလိုသည့် အမှန်တရားအတိအကျပင် ဖြစ်သည်၊ ဘုရားသခင်မှ လူသားအပေါ် အပ်နှင်းထားသော အသက်သည် အဆုံးမရှိကြောင်း၊ အသွေးအသား၊ အချိန်၊ သို့မဟုတ် နေရာတို့၏ နှောင်ဖွဲ့ထားခြင်းကို မခံရကြောင်းပင် ဖြစ်သည်။ ယင်းမှာ လူသားအပေါ် ဘုရားသခင် အပ်နှင်းပေးထားသော အသက်၏နက်နဲရာဖြစ်ပြီး အသက်သည် သူ့ထံမှလာကြောင်း သက်သေလည်းဖြစ်သည်။ အသက်သည် ဘုရားသခင်ထံမှ လာသည်ကို လူအတော်များများက မယုံကြည်ကြသော်ငြားလည်း၊ ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ယုံကြည်သည်ဖြစ်စေ၊ ငြင်းဆိုသည်ဖြစ်စေ လူသားတို့သည် ဘုရားသခင်ထံမှ လာသောအရာအားလုံးကို မလွဲဧကန် မွေ့လျော်နေကြပေသည်။ အကယ်၍ ဘုရားသခင်သည် တစ်နေ့၌ ရုတ်တရတ် စိတ်ပြောင်းကာ ကမ္ဘာကြီးပေါ်တွင် တည်ရှိသော အရာအားလုံးနှင့် သူပေးခဲ့သောအသက်ကို ပြန်သိမ်းလိုပါက အရာအားလုံးသည် တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏စွမ်းအားနှင့် သြဇာအာဏာတို့ကို အရင်းခံ၍ အရာအားလုံးကို စည်းစနစ်ကျနစေခြင်းဖြင့် သက်ရှိသက်မဲ့ အရာအားလုံးကို သူ၏အသက်ကိုအသုံးပြု၍ ထောက်ပံ့သည်။ ယင်းမှာ မည်သူမျှ စိတ်ကူး၍မရနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် အမှန်တရားဖြစ်ပြီး၊ ဤနားမလည်နိုင်သော အမှန်တရားများသည် ဘုရားသခင်၏ အသက်စွမ်းအားအတွက် သက်သေခံချက်နှင့် ၎င်း၏ သရုပ်သကန်ပင်ဖြစ်သည်။ ယခုသင့်ကို လျှို့ဝှက်ချက်တစ်ခု ငါပြောပြမည်၊ ဘုရားသခင့်အသက်၏ ကြီးမားမှုနှင့် သူ့အသက်၏ တန်ခိုးကို မည်သည့်ဖန်ဆင်းခံကမျှ ဉာဏ်မမီနိုင်ပေ။ ဤအချက်သည် ယခု၊ ယခင်နှင့် နောင်လာမည့် ကာလအတွက်လည်း ထိုအတိုင်းပင် ဖြစ်နေမည်ဖြစ်သည်။ ငါပေးမည့် ဒုတိယလျှို့ဝှက်ချက်မှာ ဖန်ဆင်းခံအရာ အားလုံးသည် ပုံစံအရ၊ သို့မဟုတ် တည်ဆောက်ပုံအရ မည်သို့ပင် ကွဲပြားနေစေကာမူ ၎င်းတို့အားလုံးအတွက် အသက်၏ အရင်းအမြစ်သည် ဘုရားသခင်ထံမှ လာကြောင်းပင်ဖြစ်သည်။ သင်သည် မည်သည့်သက်ရှိအမျိုးအစား ဖြစ်နေစေကာမူ ဘုရားသခင် ချမှတ်ထားသည့် အသက်လမ်းကြောင်းကို မချိုးဖောက် နိုင်ပေ။ မည်သို့ပင်ဖြစ်စေ လူသားအနေဖြင့် အောက်ပါအချက်ကို နားလည်ရန်သာ ငါအလိုရှိသည်- ဘုရားသခင်၏ စောင့်ရှောက်မှု၊ ထိန်းသိမ်းမှုနှင့် ထောက်ပံ့ပေးမှုတို့ မရှိပါက လူသားသည် မည်မျှပင် ဝီရိယရှိရှိ ကြိုးစားစေကာမူ၊ သို့မဟုတ် မည်မျှပင် အားသွန်ခွန်စိုက် ရုန်းကန်စေကာမူ သူရရှိရန် ရည်ရွယ်ထားသမျှ အရာအားလုံးကို မရနိုင်ပေ။ ဘုရားသခင်ထံမှ အသက်ထောက်ပံ့ပေးခြင်း မရှိပါက လူသားသည် အသက်ရှင်ခြင်း၏ တန်ဖိုးနှင့် အသက်၏အဓိပ္ပာယ်တို့ကို ဆုံးရှုံးရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့အသက်၏တန်ဖိုးကို ပေါ့ပြက်ပြက်ဖြုန်းတီးပစ်သော လူသားကို မည်သို့လျှင် အလွန်အမင်း ပူပင်ကြောင့်ကြကင်းမဲ့ခွင့် ပေးထားနိုင်မည်နည်း။ ယခင်က ငါပြောခဲ့သည့်အတိုင်း ဘုရားသခင်သည် သင့်အသက်၏ အရင်းအမြစ် ဖြစ်သည်ကို မမေ့နှင့်။ အကယ်၍ လူသားသည် ဘုရားသခင် အပ်နှံပေးထားသော အရာအားလုံးကို မြတ်နိုးတန်ဖိုးထားရန် ပျက်ကွက် ပါက၊ ဘုရားသခင်သည် အစအဦး၌ သူပေးထားသည့် အရာများကို ပြန်ယူမည်သာမကဘဲ သူပေးထားခဲ့သော အရာအားလုံး၏ အဖိုးအခ နှစ်ဆကို လူသားထံမှ နစ်နာကြေးအဖြစ် အရယူမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၆၁)

ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏ အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာ ပြောင်းလဲ လေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာ ပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက် နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့်ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။ လူသားတို့ သတိမမူမိသောအရာကို မြင်နိုင်သည့်အတွက် သူသည်သာလွန်၏။ လူသားမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံရသောသူဖြစ်သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်သည့်အတွက် သူသည်ကြီးမြတ်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏အဓိပ္ပာယ်ကို သိပြီး၊ ထိုမျှမက သူဖန်ဆင်းခဲ့သောလူသားမျိုးနွယ်၏ဘဝကို အုပ်ထိန်းရန်အတွက် မည်သည့်စည်းမျဉ်းများမှာ သင့်လျော်ကြောင်းကို သူသိ၏။ သူသည် လူသားဖြစ်တည်ခြင်း၏ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရှင်ပြန်ထမြောက်စေသော ရွေးနှုတ်ကယ်တင်ရှင်ဖြစ်၏။ သူသည် ရွှင်လန်းသောစိတ်နှလုံးများကို ဝမ်းနည်းခြင်းဖြင့် ဝန်ပိစေ၍ ဝမ်းနည်းခြင်းနှင့်ပြည့်သောစိတ်နှလုံးများကို ရွှင်လန်းခြင်းဖြင့် ချီမလေ၏၊ ယင်းတို့အားလုံးမှာ သူ၏အလုပ်နှင့် သူ၏အစီအစဉ် အဖို့အလို့ငှာ ဖြစ်၏။

အနန္တတန်ခိုးရှင်၏ အသက်ထောက်မခြင်းထံမှ လမ်လွဲပြီး သောအခါ လူသားတို့သည် ဘဝရည်ရွယ်ချက်ကို မသိနားမလည်ကြ သော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ ကြ၏။ ၎င်းတို့၌ အကူအညီ သို့မဟုတ် စောင့်မမှုကင်းမဲ့ကြသော်လည်း မိမိတို့၏မျက်လုံးများကို မှိတ်ရန်ဝန်လေးနေကြဆဲဖြစ်၍ ဤလောကကြီးထဲ၌ ယုတ်ညံ့သောဘဝကို အချိန်ဆွဲရန် မိမိတို့ ကိုယ်ကို စိတ်တင်းထားကြ၏၊ မိမိတို့ကိုယ်တိုင်၏ စိတ်ဝိညာဉ်များ အကြောင်း မသိသည့် လူစဉ်မမီသောသူများပေတည်း။ သင်သည် မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာဖြင့် အခြားသူများနည်းတူ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက်နေကာ သူ၏ ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ယခုအချိန်အထိ အသိဉာဏ်မရှိသောလူများ၌ ယင်းကဲ့သို့ယုံကြည်မှုမျိုး ဖြစ်မြောက်ဖူးခြင်းမရှိပေ။ မည်သို့ပင် ဆိုစေကာမူ လူတို့သည် ၎င်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။ အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် “အဖ” တစ်ဦးရ ခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် အိပ်ဖန်စောင့်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။ သူသည် ပြင်းပြသောတောင့်တမှုဖြင့် စောင့်ကြည့် နေကာ အဖြေမပါသော တုံ့ပြန်မှုတစ်ခုကို စောင့်ဆိုင်းလျက်နေ၏။ သူ၏အမြဲတစေ စောင့်ကြည့်ခြင်းမှာ တန်ဖိုးမဖြတ်နိုင်ပေ၊ ထို့ပြင် ၎င်းမှာ လူသား၏စိတ်နှလုံးနှင့် ဝိညာဉ်အဖို့အလို့ငှာ ဖြစ်၏။ ဤသို့ အမြဲတစေစောင့်ကြည့်ခြင်းမှာ အချိန်အကန့်အသတ်မဲ့ ဖြစ်ကောင်း ဖြစ်နိုင်၍ ၎င်းမှာ ဆုံးခန်း၌လည်း ရှိကောင်းရှိနေနိုင်သည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့မှာ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင်အတိအကျ သိသင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၆၂)

ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများနှင့် ထိုက်တန်လိမ့်မည် မဟုတ်သကဲ့သို့၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ ထိုက်တန်လိမ့်မည် မဟုတ်ချေ။

ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပေ။ အကယ်၍ သင်သည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်ပါက၊ မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့် လူမျိုးမဆို၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းတို့သည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ဖြစ်ပေါ်သည်ကို သင် ဧကန်မုချ ယုံကြည်ပေလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို သိပြီး ဘုရားသခင် တစ်ပါးတည်းသာ ဤလူသားမျိုးနွယ်၏ လမ်းကြောင်းကို ထိန်းချုပ်သည်။ အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။

နောဧက သင်္ဘောကို တည်ဆောက်ခဲ့သည့် အချိန်ကာလကို ပြန်ကြည့်ပါက- လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့သည်၊ လူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမှ သွေဖည်ခဲ့ကြပြီးဖြစ်သည်၊ ဘုရားသခင်၏ စောင့်ရှောက်မှုကို မခံကြရတော့သကဲ့သို့၊ ဘုရားသခင်၏ ကတိများကိုလည်း ဆုံးရှုံးခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အလင်းမရှိဘဲ အမှောင်ထဲတွင် အသက်ရှင်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သဘာဝအားဖြင့် လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့လာခဲ့ကြပြီး၊ အကျည်းတန်သော အကျင့်ပျက်ခြင်းထဲတွင် လုံးလုံးလျားလျား ပျော်မွေ့နေခဲ့ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကတိတော်ကို မရရှိနိုင်ကြတော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို စွန့်ခွာခဲ့ပြီးဖြစ်ကာ ဘုရားသခင်က ၎င်းတို့အပေါ် နှင်းအပ်ပေးထားသမျှကို ဖယ်ထားခဲ့ကြပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ သွန်သင်မှုများကို မေ့လျော့ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်၏ မျက်နှာကို မျက်မြင်ကြုံတွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ အသံကိုကြားရန် မထိုက်တန်ခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ သွေဖည်သည်ထက် သွေဖည်ခဲ့ကြပြီး၊ ထိုသို့ဖြစ်ခဲ့သည်နှင့်အမျှ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် လူ့သဘာဝအားလုံးကို ကျော်လွန်၍ အကျင့်ပျက်ပြားလာခဲ့ကြပြီး တိုး၍တိုး၍ ဆိုးယုတ်လာခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သေခြင်းနှင့် နီးသည်ထက်နီးအောင် လျှောက်လှမ်းခဲ့ကြပြီး ဘုရားသခင်၏ အမျက်ဒေါသနှင့် အပြစ်ဒဏ်ပေးခြင်းအောက်တွင် လဲကျခဲ့ကြသည်။ နောဧတစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည်၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ အသံနှင့် ညွှန်ကြားချက်များကို ကြားနိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ညွှန်ကြားချက်များအတိုင်း သင်္ဘောကို တည်ဆောက်ခဲ့ပြီး သက်ရှိသတ္တဝါ မျိုးစုံကို စုစည်းခဲ့သည်။ ဤနည်းဖြင့် အားလုံးပြင်ဆင်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် ကမ္ဘာကြီး အပေါ် သူ၏ ဖျက်ဆီးခြင်းကို ထုတ်လွှတ်ခဲ့သည်။ နောဧသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည့် အတွက် နောဧနှင့် အခြား သူ၏မိသားစုဝင် ခုနစ်ဦးသာ ထိုပျက်စီးခြင်းမှ အသက်ရှင်ခဲ့သည်။

ယခု မျက်မှောက်ခေတ်ကို ကြည့်လော့- ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည့် နောဧ ကဲ့သို့သော ဖြောင့်မတ်သည့်လူများ မတည်ရှိလေပြီ။ သို့တိုင် ဘုရားသခင်သည် ဤလူသားမျိုးနွယ်အပေါ် ကရုဏာ ကျေးဇူးပြုတော်မူဆဲဆဲဖြစ်ပြီး ဤနောက်ဆုံးသော ခေတ်အတွင်းတွင် ၎င်းတို့ကို ဖြေလွှတ်ပေးဆဲ ဖြစ်သည်။ ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သေးသကဲ့သို့ မိမိတို့၏စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် နာခံတတ်ပြီး သူ့ကို မဆန့်ကျင်သူများကို သူ ရှာဖွေသည်။ သင်သည် မည်သည့် တန်ခိုးအာဏာ သို့မဟုတ် အင်အား၏ ပိတ်ဆီးခြင်းကိုမခံဘဲ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ၏ ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်။ အကယ်၍ သင်သည် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိပါက၊ ဂုဏ်ယူစရာ နာမည်ဂုဏ်သတင်း ရှိပါက၊ အလျှံပယ်သော အသိပညာ ပိုင်ဆိုင်ပါက၊ ပေါများသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ ဖြစ်ပြီး၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသော်လည်း၊ ဤအရာများက ဘုရားသခင်၏ ခေါ်ခြင်းနှင့် သူ၏တာဝန်ပေး စေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို မတားဆီးပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ အဖြောင့်မတ်ဆုံး တာဝန် ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။ သင်သည် သမ္မတတစ်ဦး၊ သိပ္ပံပညာရှင်တစ်ဦး၊ သင်းအုပ်တစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦး ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် သင်၏ရာထူး မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ သင်၏ တာဝန်များတွင် သင်၏ အသိပညာနှင့် အရည်အချင်းအပေါ် သင် အားထားပါက၊ ဘုရားသခင်သည် သင်လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ လက်မခံသကဲ့သို့၊ သင်၏တာဝန်က ဖြောင့်မတ်သောအရာတစ်ခုဟု လက်မခံသောကြောင့် သို့မဟုတ် သင်သည် လူသားမျိုးနွယ်၏ အကျိုးအတွက် အလုပ်လုပ်နေသည်ဟု သူလက်မခံသောကြောင့်၊ သင်သည် အမြဲကျရှုံးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အမြဲကင်းမဲ့လိမ့်မည် ဖြစ်သည်။ သင် လုပ်ဆောင်သည့် အရာတိုင်းသည် ဘုရားသခင်၏ လူသားတို့အပေါ် ကွယ်ကာမှုကို ပယ်ဖျက်ရန် နှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ငြင်းပယ်ရန် လူသားမျိုးနွယ်၏ အသိပညာနှင့် အစွမ်းအစကို အသုံးပြုဖို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သူ ဆိုလိမ့်မည်။ သင်သည် လူသားမျိုးနွယ်ကို အမှောင်ထုဆီသို့၊ သေခြင်းတရားဆီသို့၊ ပြီးလျှင် လူသားက ဘုရားသခင်နှင့် သူ၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးသွားသည့် အကန့်အသတ်မဲ့ တည်ရှိမှုတစ်ခု၏ အစဆီသို့ ဦးဆောင်နေသည်ဟု သူ ဆိုလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၆၃)

လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။... ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက်၊ ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့်၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို သူ ဖိစီးနှိပ်စက်ခံရသည့် လစ်ဟာမှုမှ မည်သည့် လူမှုသဘောတရားကမျှ မလွတ်မြောက်စေနိုင်သည့်အတွက်၊ လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ ဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ ကိုယ်စိတ်ချမ်းသာမှု- ဤအရာများက လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်လိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသား၏ တောင့်တမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ပြီး လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲလျက်၊ လူကို အတောမသတ်သော ကြောက်ရွံ့ခြင်း အခြေအနေတစ်ခုတွင် တည်ရှိဖို့သာ ဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်ပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်သည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် စိတ်ဆန္ဒမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး၊ ဘုရားသခင်၏ နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ်သည် အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ၊ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် စိတ်ဆန္ဒနှင့် ဝိညာဉ်ရေးရာ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက၊ ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်ထုဆီသို့ ပျက်စီးခြင်း လမ်းကို နင်းလျှောက် ရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကို ခံရပေလိမ့်မည်။

သင်၏နိုင်ငံသည် လတ်တလောတွင် ချမ်းသာကြွယ်ဝကောင်း ကြွယ်ဝနေနိုင်သည်၊ သို့သော် သင်၏ပြည်သူများကို ဘုရားသခင်ထံမှ လမ်းလွဲသွားရန် သင်ခွင့်ပြုပါက၊ သင်၏နိုင်ငံသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို တိုး၍တိုး၍ ဆုံးရှုံးသည်ကို မိမိဘာသာ တွေ့ရလိမ့်မည်။ သင့်နိုင်ငံ၏ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းသည်လည်း ခြေဖဝါးအောက်တွင် တိုး၍တိုး၍ ချနင်းခံရလိမ့်မည်ဖြစ်ပြီး မကြာမီတွင် လူတို့သည် ဘုရားသခင်ကို ထကြွဆန့်ကျင်ပြီး ကောင်းကင်ဘုံကို ကျိန်ဆဲလာကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမသိလိုက်ဘဲနှင့်၊ နိုင်ငံတစ်ခု၏ ကံကြမ္မာသည် ပျက်စီးဆုံးရှုံးသွားလိမ့်မည်။ ဘုရားသခင်သည် ဘုရားသခင်၏ကျိန်ခြင်းခံထားရသော ထိုနိုင်ငံများကို ကိုင်တွယ်ဖြေရှင်းရန် အင်အားကြီးနိုင်ငံများကို ပေါ်ထွန်းစေလိမ့်မည် ဖြစ်ပြီး ယင်းတို့ကို ကမ္ဘာမြေမျက်နှာပြင်ပေါ်မှ ဖယ်ရှားခြင်းပင် ပြုနိုင်သည်။ နိုင်ငံတစ်ခု သို့မဟုတ် လူမျိုးတစ်မျိုး၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းသည် ထိုနိုင်ငံ၏ အုပ်ချုပ်သူများက ဘုရားသခင်ကို ကိုးကွယ်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ ပြည်သူများကို ဘုရားသခင်နှင့် သာ၍နီးကပ်စေပြီး ဘုရားသခင်ကို ကိုးကွယ်စေခြင်း ရှိမရှိ ဆိုသည့်အပေါ် အခြေခံသည်။ သို့တိုင် ဤနောက်ဆုံးသော ခေတ်တွင် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေပြီး ကိုးကွယ်သော သူများသည် တိုး၍တိုး၍ ရှားပါးလာသောကြောင့်၊ ခရစ်ယာန်ဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများအပေါ် ဘုရားသခင်သည် အထူးမျက်နှာသာ အပ်နှင်းလေသည်။ ဘုရားသခင်သည် ထိုနိုင်ငံများကို အတော်အတန် သမာဓိရှိသော ကမ္ဘာ့စခန်းအဖြစ် ဖွဲ့စည်းရန် အတူတကွ စုစည်းသော်လည်း၊ ဘုရားမဲ့နိုင်ငံများနှင့် စစ်မှန်သောဘုရားသခင်ကို မကိုးကွယ်သော နိုင်ငံများသည် သမာဓိရှိသော စခန်း၏ ရန်ဘက်များ ဖြစ်လာလေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် လူသားတို့ အလယ်တွင် သူ၏ အမှုကို ဦးစီးဦးရွက်ပြုသည့် နေရာတစ်ခု ရှိသည်သာမက၊ သူ့ကို ဆန့်ကျင်သည့် နိုင်ငံများအပေါ် အရေးယူမှုများနှင့် ကန့်သတ်ချက်များ ပြဋ္ဌာန်းခွင့် ပေးလျက်၊ ဖြောင့်မတ်သော ဩဇာအာဏာကို ကျင့်သုံးနိုင်သည့် နိုင်ငံများကိုလည်း ရရှိလေသည်။ ဤသို့ဖြစ်သော်လည်း လူသည် ဘုရားသခင်ထံမှ အလွန်ဝေးကွာစွာ လမ်းလွဲပြီးဖြစ်ကာ ဘုရားသခင်ကို အချိန်ကြာမြင့်လွန်းစွာ မေ့လျော့မိပြီးဖြစ်သောကြောင့်၊ ဘုရားသခင်ကို ကိုးကွယ်ရန် ရှေ့ထွက်လာသည့်လူများ ပိုများမလာသေးပေ။ ကမ္ဘာမြေပေါ်တွင် ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံးပြီး မတရားမှုကို ဆန့်ကျင်သော နိုင်ငံများသာ ဆက်လက်ကျန်ရှိလေသည်။ သို့သော် မည်သည့်နိုင်ငံအုပ်ချုပ်သူကမျှ ဘုရားသခင်ကို ၎င်းတို့၏ ပြည်သူများအပေါ် ဦးဆောင်ခွင့်ပြုမည် မဟုတ်သကဲ့သို့၊ မည်သည့် နိုင်ငံရေးပါတီကမျှ ၎င်းတို့၏လူများကို ဘုရားသခင်အား ကိုးကွယ်ရန် စုရုံးပေးမည် မဟုတ်သည့်အတွက်၊ ဤသည်မှာ ဘုရားသခင်၏ အလိုဆန္ဒများနှင့် ဝေးကွာပေသည်။ ဘုရားသခင်သည် နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ အုပ်ချုပ်နေဆဲ ပါတီတိုင်း၏ နှလုံးသားထဲနှင့် လူတိုင်း၏ နှလုံးသားထဲတွင်ပင် မိမိ၏နေရာမှန်ကို ဆုံးရှုံးပြီးဖြစ်သည်။ ဤကမ္ဘာလောကတွင် ဖြောင့်မတ်သည့် အင်အားစုများ အမှန် တည်ရှိသော်လည်း၊ လူ၏ နှလုံးသားထဲတွင် ဘုရားသခင် ကိုင်စွဲသည့် နေရာမရှိသည့် အုပ်ချုပ်ရေးမှာ မခိုင်ခံ့ပေ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမရှိဘဲနှင့်၊ နိုင်ငံရေးနယ်ပယ်သည် ဖရိုဖရဲဖြစ်လိမ့်မည် ဖြစ်ပြီး ထိုးနှက်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ်အတွက်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမရှိခြင်းသည် နေမရှိခြင်းနှင့် တူပေသည်။ အုပ်ချုပ်သူများအနေဖြင့် ၎င်းတို့၏ ပြည်သူများအတွက် မည်မျှ စေ့စေ့စပ်စပ်နှင့် ကြိုးစားပမ်းစား အလုပ်လုပ်စေကာမူ၊ လူသားမျိုးနွယ်အနေဖြင့် ဖြောင့်မှန်သော ညှိနှိုင်းဆွေးနွေးပွဲများ မည်မျှ အတူတကွ ကျင်းပစေကာမူ၊ ဤအရာထဲမှ ဖြစ်ရပ်များ၏ လမ်းကြောင်းကို ပြောင်းလဲလိမ့်မည်မဟုတ်၊ သို့မဟုတ် လူသားတို့၏ ကံကြမ္မာကို ပြောင်းလဲစေလိမ့်မည်မဟုတ်ပေ။ လူသားသည် ပြည်သူများ စားရေး၊ ဝတ်ရေး ပြေလည်သည့် နိုင်ငံ၊ ၎င်းတို့ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ကြသည့် နိုင်ငံတစ်ခုကို နိုင်ငံကောင်းတစ်ခုနှင့် ကောင်းမွန်သော ခေါင်းဆောင်မှုရှိသည့် နိုင်ငံတစ်ခုဟု ယုံကြည်ကြသည်။ သို့သော် ဘုရားသခင်က ထိုသို့ မတွေးထင်ပေ။ မည်သူမျှ သူ့ကို မကိုးကွယ်သည့် နိုင်ငံသည် သူ သုတ်သင်ဖယ်ရှားမည့်နိုင်ငံဟု သူ ယုံကြည်သည်။ လူသား၏ တွေးခေါ်ပုံသည် ဘုရားသခင်၏တွေးခေါ်ပုံနှင့် အလွန် ဆန့်ကျင်လေသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်သည် ဘုရားသခင်ကို မကိုးကွယ်ပါက၊ ဤနိုင်ငံ၏ ကံကြမ္မာသည် ဝမ်းနည်းဖွယ်ရာ ကံကြမ္မာတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး ထိုနိုင်ငံသည် ခရီးပန်းတိုင် ရှိလိမ့်မည်မဟုတ်ပေ။

ဘုရားသခင်သည် လူသား၏နိုင်ငံရေးတွင် မပါဝင်သော်လည်း၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ထားလေသည်။ ဘုရားသခင်သည် ဤကမ္ဘာလောကနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်၏။ လူသား၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်သည် အတွင်းကျကျ ဆက်နွှယ်ပြီး၊ မည်သည့်လူ၊ မည်သည့်နိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ မကင်းလွတ်ကင်းပေ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက၊ ဘုရားသခင်၏ရှေ့သို့ လာရပေမည်။ ဘုရားသခင်သည် သူ၏ နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို အောင်မြင်ကြီးပွားစေပြီး၊ သူ့ကို ဆန့်ကျင်ကာ ငြင်းပယ်သောသူများ အပေါ် ကျဆင်းမှုနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်း ဆောင်ကြဉ်းလိမ့်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၆၄)

စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ထပ်တလဲလဲ ဖြစ်နေသော ဘဝနိယာမကို လိုက်လျှောက်ကာ ပုံသေစည်းမျဉ်းတစ်ရပ်ကို လိုက်နာစောင့်ထိန်းကြသည်။ သေသူများသည် ရှင်သူများ၏ အဖြစ်အပျက်များကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြပြီး ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ်- ငါတို့သည် အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ အဘယ်ကြောင့် သေကြရသနည်း။ ဤကမ္ဘာလောကကို မည်သူ ကွပ်ကဲ အုပ်ချုပ်သနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်ကို သဘာဝတရားမိခင်က အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်သလော...ဟု မမေးဘဲ မနေနိုင်ပေ။ နှစ်ပေါင်းထောင်ပေါင်းများစွာကြာ လူသားမျိုးနွယ်က မရပ်မနား မေးကြပြီးဖြစ်သည့် မေးခွန်းများ ရှိလေသည်။ အကြောင်းအပေါင်း မသင့်၍၊ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို သာ၍ စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ဆာငတ်မှုတစ်ခု သာ၍ဖြစ်ပေါ်လေ ဖြစ်သည်။ သိပ္ပံပညာသည် ခဏတာ ကျေနပ်အားရခြင်းနှင့် အသွေးအသား၏ ယာယီပျော်ရွှင်မှုကို ပေးသော်လည်း၊ လူသားကို အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်းနှင့် သူ၏ စိတ်ဝိညာဉ်အတွင်းနက်နက်ရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်မြောက်စေဖို့ လုံလောက်ရန် ဝေးပါသေးသည်။ လူသားမျိုးနွယ်သည် ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး သူ၏ ဦးနှောက်ဖြင့် နားလည်နိုင်သည့် သိပ္ပံပညာအသိကို မိမိ၏နှလုံးသားအား ထုံစေရန်အလို့ငှာ သုံးရုံမျှ အသုံးပြုလေသည်။ သို့ရာတွင် ထိုသို့သော သိပ္ပံပညာအသိသည် လူသားမျိုးနွယ်အား နက်နဲမှုများကို စူးစမ်းလေ့လာခြင်းမှ ရပ်တန့်စေဖို့ မလုံလောက်ပေ။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏အစနှင့် အနာဂတ်တို့ကို မဆိုထားနှင့်၊ စကြဝဠာနှင့် အရာခပ်သိမ်း၏ အချုပ်အခြာ အာဏာရှင် မည်သူဖြစ်သည်ကိုပင် တကယ်ကို မသိပေ။ လူသားမျိုးနွယ်သည် ဤနိယာမအလယ်တွင် မတတ်သာ၍ အသက်ရှင်ရုံမျှ ရှင်လေသည်။ အရာခပ်သိမ်းအလယ်နှင့် ကောင်းကင်တွင် ကမ္ဘာအဆက်ဆက် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောသူ တစ်ဦးသာ ရှိသည့်အတွက်၊ မည်သူမျှ ယင်းကို မလွတ်မြောက်နိုင်သကဲ့သို့ မည်သူမျှ မပြောင်းလဲနိုင်ပေ။ သူသည် လူသားက မည်သည့်အခါမျှ မရှုမြင်ဖူးသောသူ၊ လူသားမျိုးနွယ်က မည်သည့်အခါမျှ မသိဖူးသူ၊ ၎င်းတည်ရှိခြင်းကို လူသားမျိုးနွယ်က မည်သည့်အခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်- သို့ရာတွင် သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားမျိုးနွယ်ကို အသက်ပေးခဲ့သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို တည်ရှိခွင့်ပေးလျက်၊ ထောက်ပံ့ကာ အားဖြည့်ပေးသူ ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်အထိ လမ်းပြပြီးသူ ဖြစ်သည်။ ထို့အပြင် သူတစ်ပါးတည်းသာ လူသားမျိုးနွယ်က ရှင်သန်နေခြင်းအတွက် အားထားသည့်သူ ဖြစ်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ စွဲကိုင်ပြီး၊ စကြဝဠာထဲရှိ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးလေသည်။ သူသည် ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်ပြီး လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူမှာ သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ထံ နေရောင် ဆောင်ကြဉ်းပေးပြီး၊ ညကို ဖွင့်လှစ် ပေးလေသည်။ သူသည် လူသားကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ထောက်ပံ့ပေးရင်း၊ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းအသီးသီးသည် သူ၏ လုပ်ဆောင်ချက်များ၏ ပြယုဂ်ဖြစ်ပြီး အသီးသီးသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ အဘယ်သူသည် သူ၏ အချုပ်အခြာအာဏာမှ ကင်းလွတ်နိုင်သနည်း။ ပြီးလျှင် သူ၏ အကြံအစည်များမှ အဘယ်သူသည် မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်သနည်း။ သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။ သူ၏ လုပ်ဆောင်ချက်များနှင့် တန်ခိုးတို့က လူသားမျိုးနွယ်အား သူသည် အမှန်တကယ် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ကို အသိအမှတ်ပြုရုံကလွဲ၍ အခြား ရွေးချယ်စရာမရှိဘဲ ဖြစ်ရစ်စေလေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားမျိုးနွယ်ကို မပြီးနိုင်မဆုံးနိုင် ထောက်ပံ့ပေးဖို့ မဆိုထားနှင့်၊ စကြဝဠာကိုပင် မကွပ်ကဲမအုပ်ချုပ်နိုင်ပေ။ သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သတိပြုနိုင်သည်ဖြစ်စေ၊ သတိမပြုနိုင်သည် ဖြစ်စေ၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သင်၏ ကံကြမ္မာကို ဘုရားသခင် ပိုင်းဖြတ်သည်မှာ သေချာပြီး၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမြဲ စွဲကိုင်ထားမည်မှာ သေချာပေသည်။ သူ၏ တည်ရှိခြင်းနှင့် ဩဇာအာဏာတို့သည် လူသား၏ သတိပြုခံရကာ နားလည်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေမခံပေ။ သူသာလျှင် လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သိပြီး၊ သူသာလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားမျိုးနွယ်က မိမိ၏မျက်စိဖြင့် မျက်မြင်ကြုံရမည့် အချိန်သည် ကြာမြင့်လိမ့်မည်မဟုတ်သကဲ့သို့၊ ဤသည်မှာ ဘုရားသခင်က မကြာမီ ကျရောက်စေမည့်အချက် ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားမျိုးနွယ်သည် အသက်ရှင်ကာ သေဆုံးကြရသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်ဖြစ်ပြီး နောက်ဆုံးအကြိမ် ၎င်းတို့မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှု အတွက်ပင် ၎င်းတို့ မှိတ်ကြခြင်း ဖြစ်သည်။ လူသားသည် ထပ်ခါတလဲလဲ ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ဖြစ်သည်။ ထိုအရာအားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အကြံအစည်တို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် မည်သည့်အခါတွင်မျှ မရပ်တန့်ပေ။ ယင်းသည် မရပ်မနား တိုးတက်နေသည်။ သူသည် လူသားမျိုးနွယ်အား သူ၏ တည်ရှိခြင်းကို သိစေလိမ့်မည်၊ သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ကိုးစားစေလိမ့်မည်၊ သူ၏လုပ်ဆောင်ချက်များကို ရှုမြင်စေလိမ့်မည်ဖြစ်ပြီး သူ၏နိုင်ငံတော်သို့ ပြန်လာစေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်ပြီး နှစ်ထောင်ချီကြာ သူ စီမံခန့်ခွဲနေပြီးဖြစ်သည့် အမှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

အရှေ့သို့- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း (၂)

နောက်တစ်ခုသို့- ၇။ သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။

လက်ရှိအချိန်တွင် စိတ်ရှုပ်ထွေးသည့်ပုံစံဖြင့် ယုံကြည်သောလူ များစွာ ရှိသည်။ သင်တို့သည် စူးစမ်းလိုစိတ် များလွန်းကြသည်၊ ကောင်းချီး...

လမ်းကြောင်း… (၅)

အတိတ်ကာလတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မည်သူမျှ မသိခဲ့ကြချေ၊ သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သည့် လမ်းကြောင်းကို သာ၍ပင် သတိမမူမိကြပေ။...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။