ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း (၂)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၈၈)

ဘုရားသခင်ကို ယုံကြည်သောသူများအနေဖြင့်၊ သင်တို့အသီးသီးသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုနှင့် ယနေ့ သင့်အထဲတွင် သူ ပြုသည့် သူ၏ အစီအစဉ်နှင့်ဆိုင်သော အမှုကို လက်ခံခြင်းအားဖြင့် အဆုံးစွန်သော ချီးမြှောက်ခြင်းနှင့် ကယ်တင်ခြင်းတို့အား သင်တို့ အမှန်တကယ် မည်သို့ ရရှိပြီးကြသည်ကို နားလည်သင့်ပေသည်။ ဘုရားသခင်သည် ဤလူစုကို စကြဝဠာတစ်ခွင်လုံးအနှံ့ သူ၏အမှုနှင့်ဆိုင်သည့် တစ်ခုတည်းသော ဗဟိုအချက်အဖြစ် ပြုလုပ်ပြီး ဖြစ်သည်။ သူသည် သင်တို့အတွက် သူ၏နှလုံးသွေးအားလုံးကို စတေးပြီးဖြစ်သည်။ စကြဝဠာအနှံ့အပြားရှိ ဝိညာဉ်တော်၏အမှုအားလုံးကို သူသည် ပြန်သိမ်းပြီးဖြစ်ကာ သင်တို့အား ပေးပြီးဖြစ်သည်။ ယင်းမှာ သင်တို့သည် ကံကောင်းသူများဖြစ်ရခြင်း အကြောင်းအရင်း ဖြစ်သည်။ ထို့အပြင်၊ သူသည် သူ၏ဘုန်းအသရေကို သူ၏ ရွေးချယ်သောလူမျိုး ဣသရေလထံမှ သင်တို့ထံသို့ လွှဲပြောင်းပြီးဖြစ်ကာ၊ သူသည် ဤလူစုမှတစ်ဆင့် သူ၏အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားစေလိမ့်မည်။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏အမွေကို ရရှိမည့်သူများဖြစ်ကြပြီး၊ ဤထက်မကပင် သင်တို့သည် ဘုရားသခင် ဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြသည်။ သင်တို့သည် “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။” ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်— သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာမှ သူ၏ ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံမည့်သူများကို ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏ သန့်စင်စေခြင်းနှင့် သိမ်းပိုက်ခြင်း အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်၊ ၎င်းတို့၏ အရည်အချင်းမှတစ်ဆင့်၊ ပြီးလျှင် ဤညစ်ညူးသောပြည်နှင့်ဆိုင်သော လူတို့၏စာတန်ဆန်သည့် စိတ်သဘောထားအားလုံးမှတစ်ဆင့် ဖြစ်သည်။ ယင်းသည် ဤလူစုအတွက် ဘုရားသခင် ပြုပြီးသော စွန့်လွှတ်မှုအားလုံး၏ အလုံးစုံ အရေးပါမှု ဖြစ်ပေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်သည်မှာ သူ့ကို ဆန့်ကျင်သောသူများမှတစ်ဆင့်ဖြစ်ပြီး၊ ထိုသို့ဖြင့်သာ ဘုရားသခင်၏ ကြီးမားသော တန်ခိုး ထင်ရှားနိုင်ပေသည်။ တစ်နည်းအားဖြင့်၊ မသန့်ရှင်းသော ပြည်၌ရှိသော သူများသည်သာ ဘုရားသခင်၏ဘုန်းအသရေကို အမွေခံထိုက်ကြပြီး၊ ဤအရာကသာ ဘုရားသခင်၏ကြီးမားသော တန်ခိုးကို မီးမောင်းထိုးပြနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဘုန်းအသရေကို ရရှိသည်မှာ မသန့်ရှင်းသော ပြည်နှင့် မသန့်ရှင်းသော ပြည်တွင် အသက်ရှင်သော သူများထံမှ ဖြစ်သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ အလိုမှာ ဤကဲ့သို့ဖြစ်ပေသည်။ ယေရှု၏အမှု အဆင့်သည်လည်း အလားတူ ဖြစ်သည်- သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ဖာရိရှဲများအလယ်တွင်သာ သူသည် ဘုန်းအသရေကို ရရှိနိုင်ခဲ့သည်။ ဖာရိရှဲများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ယုဒ၏သစ္စာဖောက်မှုကြောင့် မဟုတ်ပါက၊ ယေရှုသည် ကားစင်တင်ခံရဖို့ မဆိုထားနှင့်၊ လှောင်ပြောင်ကဲ့ရဲ့ခံရလေမည်မဟုတ်၊ သို့မဟုတ် အသရေပျက်အောင် ပြောဆိုခံခဲ့ရမည်မဟုတ်သဖြင့် ဘုန်းအသရေကို ရရှိနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ခေတ်အသီးသီး၌ ဘုရားသခင် အမှုပြုသည့်နေရာနှင့် လူ့ဇာတိ၌ သူ၏ အမှုပြုသည့်နေရာသည် သူ ဘုန်းအသရေ ရရှိသည့်နေရာနှင့် သူ ရယူရန် ရည်ရွယ်သူများကို ရယူသည့်နေရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှုနှင့်ဆိုင်သော အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၈၉)

နှစ်ထောင်ပေါင်းများစွာကြာသည့် ဘုရားသခင်၏ အစီအစဉ်တွင်၊ အမှု၏ အစိတ်အပိုင်းနှစ်ခုကို လူ့ဇာတိ၌ လုပ်ဆောင်လေသည်- ပထမပိုင်းသည် ကားစင်တင်ခံရခြင်း အမှုဖြစ်ပြီး၊ ယင်းအတွက် သူသည် ဘုန်းအသရေ ရရှိသည်။ အခြားတစ်ခုမှာ နောက်ဆုံးသောကာလ၌ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း အမှုဖြစ်သည်၊ ယင်းအတွက် သူသည် ဘုန်းအသရေ ရရှိ၏။ ဤသည်မှာ ဘုရားသခင်၏စီမံခန့်ခွဲမှု ဖြစ်ပေသည်။ သို့ဖြစ်၍ ဘုရားသခင်၏အမှု သို့မဟုတ် သင်တို့အဖို့ ဘုရားသခင်၏ စေခိုင်းချက်ကို ရိုးရှင်းသော ကိစ္စရပ်တစ်ခုအဖြစ် မမှတ်ယူနှင့်။ သင်တို့အားလုံးသည် ဘုရားသခင်၏ အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြပြီး၊ ဤအရာကို ဘုရားသခင်က အထူး စီမံထားခဲ့ပေသည်။ သူ၏ ဘုန်းအသရေ အစိတ်အပိုင်းနှစ်ခုထဲမှ၊ တစ်ခုသည် သင်တို့၌ ထင်ရှား၏။ ဘုရားသခင်၏ဘုန်းအသရေ အစိတ်အပိုင်းတစ်ခု၏ တစ်ရပ်လုံးကို သင်တို့၏အမွေဥစ္စာ ဖြစ်နိုင်ဖို့အလို့ငှာ သင်တို့အပေါ် အပ်နှင်းထားပြီးဖြစ်သည်။ ဤသည်မှာ သင်တို့ကို ဘုရားသခင် ချီးမြှောက်ခြင်းဖြစ်ပြီး အချိန်ကြာမြင့်စွာက သူ ခွဲခန့်မှတ်သားထားခဲ့သည့် အစီအစဉ်လည်းဖြစ်သည်။ အဆင်းနီသောနဂါးကြီး နေထိုင်ရာပြည်၌ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အမှု၏ ကြီးမြတ်မှုကို ထောက်ဆလျှင်၊ ဤအမှုကို အခြားနေရာသို့ ရွှေ့ပြောင်းခဲ့မည်ဆိုပါက၊ ယင်းသည် အချိန်ကြာမြင့်စွာက ကြီးမားသည့် အကျိုးဖြစ်ထွန်းပြီးခဲ့မည် ဖြစ်သကဲ့သို့၊ လူသားက လိုလိုလားလား လက်ခံပြီးဖြစ်ပေမည်။ ထို့အပြင် ယေရှုလုပ်ဆောင်သည့် အမှု၏ အဆင့်သည် အစဉ်အလာတစ်ခုအဖြစ် အသုံးတော်ခံသည့်အတွက်၊ ဤအမှုသည် ဘုရားသခင်ကို ယုံကြည်သော အနောက်တိုင်း ဘုန်းတော်ကြီးများအတွက် လက်ခံရန် အလွန်လွယ်ကူလွန်းခဲ့ပေမည်။ သို့ဖြစ်၍ ဘုရားသခင်က ဘုန်းအသရေ ရရှိခြင်းအမှု၏ ဤအဆင့်ကို အခြားနေရာ၌ စွမ်းဆောင်မရရှိနိုင်ခြင်း ဖြစ်သည်။ ထိုအမှုသည် လူများ၏ ထောက်ပံ့ပေးခြင်းနှင့် တိုင်းနိုင်ငံများ၏ အသိအမှတ်ပြုခြင်းတို့အားဖြင့် ထောက်ပံ့ခြင်း ခံရသည့်အခါ၊ ဘုရားသခင်၏ ဘုန်းအသရေသည် မတည်မြဲနိုင်ပေ။ ဤသည်မှာ ဤပြည်၌ အမှု၏ ဤအဆင့်က ကိုင်စွဲထားသည့် ထူးခြားသာလွန်သော အရေးပါမှု ဖြစ်သည်။ သင်တို့အကြားတွင် ဥပဒေ၏ အကာအကွယ်ပေးခြင်းခံရသည့် လူတစ်ဦးမျှမရှိပေ- ယင်းအစား၊ သင်တို့သည် ဥပဒေ၏ ဒဏ်ခတ်အရေးယူခြင်းကို ခံကြရ၏။ သာ၍ ခက်ခဲသည်မှာ လူတို့သည် သင်တို့ကို နားမလည်ကြပေ- သင်တို့၏ ဆွေမျိုးများ၊ သင်တို့၏ မိဘများ၊ သင်တို့၏ မိတ်ဆွေများ သို့မဟုတ် သင်တို့၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေ၊ ၎င်းတို့ထဲမှ မည်သူမျှ သင်တို့ကို နားမလည်ကြပေ။ ဘုရားသခင်က သင်တို့ကို “စွန့်ပစ်” သည့်အခါတွင်၊ ကမ္ဘာမြေပေါ်တွင် ဆက်လက် အသက်ရှင်ရန် သင်တို့အတွက် မဖြစ်နိုင်ပေ၊ သို့သော်ငြားလည်း လူတို့သည် ဘုရားသခင်နှင့် ဝေးကွာ၍မနေနိုင်ကြပေ၊ ယင်းမှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်ပြီး၊ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ ယနေ့ သင်တို့ အမွေခံပြီးဖြစ်သည့်အရာသည် ခေတ်ကာလများတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များ အမွေခံခဲ့ရသည့်အရာများထက် သာလွန်သကဲ့သို့၊ မောရှေနှင့် ပေတရုတို့ အမွေခံခဲ့ရသည့်အရာများထက်ပင် သာ၍ကြီးမားပေသည်။ ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို ကြီးမားသော စွန့်လွှတ်ခြင်းမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို သေသည်အထိ မပြောင်းလဲသော ချစ်ခြင်းမေတ္တာ ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ သင်တို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုများ ဖြစ်ပေါ်ရမည်၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ကုစားရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများ အားလုံးကို ညည်းညူခြင်းမပြုဘဲ လက်ခံရမည်ဖြစ်ပြီး၊ သေသည်အထိ သင်တို့ နာခံရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ ရရှိသင့်သည့်အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အမှု နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ ဤလူစုကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သူသည် သင်တို့ကို ပေးအပ်သည့်အတွက်၊ အပြန်အလှန်အားဖြင့် သင်တို့ကို ဧကန်မုချ တောင်းဆိုလိမ့်မည်ဖြစ်ပြီး၊ သင်တို့နှင့်သက်ဆိုင်၍ သင့်တော်သည့် တောင်းဆိုချက်များ ဧကန်မုချ သူ ပြုလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်ပြုသောအမှုတိုင်း၌ အကြောင်းရင်းရှိ၏၊ ယင်းမှာ ဘုရားသခင်သည် မြင့်မားသော စံနှုန်းနှင့် တင်းကျပ်သော လိုလားချက်များ သတ်မှတ်ပေးသည့် အမှုကို အဖန်အဖန် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် ပြည့်သင့်သည်မှာ ဤအရာကြောင့် ဖြစ်သည်။ တိုတိုပြောရလျှင်၊ သင်တို့အနေဖြင့် ဘုရားသခင်၏အမွေဥစ္စာကို ရရှိထိုက်လာနိုင်ကြဖို့အလို့ငှာ ဘုရားသခင်၏အမှုအားလုံးသည် သင်တို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ ဘုန်းအသရေအတွက်ထက် သင်တို့၏ ကယ်တင်ခြင်းအတွက် ဖြစ်ပြီး၊ ညစ်ညူးသောပြည်တွင် အလွန် အကြီးအကျယ် ဖိစီးနှိပ်စက်ခံရပြီးဖြစ်သည့် ဤလူစုကို စုံလင်စေခြင်းအတွက် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အလိုကို နားလည်သင့်ကြပေသည်။ သို့ဖြစ်၍ မည်သည့်ထိုးထွင်းသိမြင်မှု သို့မဟုတ် အသိစိတ်မျှမရှိသည့် မသိနားမလည်သော လူများစွာကို ငါ တိုက်တွန်း၏- ဘုရားသခင်ကို မစမ်းကြနှင့်၊ ပြီးလျှင် နောက်ထပ်မခုခံကြတော့နှင့်။ ဘုရားသခင်သည် မည်သည့်လူသားကမျှ လုံးဝ မခံရပ်ဖူးသည့် ဆင်းရဲဒုက္ခကို ကြုံရနှင့်ပြီးဖြစ်သကဲ့သို့၊ လူသားကိုယ်စား သာ၍ပင် ကြီးမားသော အရှက်ကွဲခြင်းကို အချိန်ကြာမြင့်စွာက ခံရပ်ခဲ့ရပြီး ဖြစ်သည်။ အခြား မည်သည့်အရာကို သင် လက်မလွှတ်နိုင်သနည်း။ ဘုရားသခင်၏အလိုထက် အဘယ်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာထက် အဘယ်အရာသည် သာ၍မြင့်မားနိုင်သနည်း။ ဤမသန့်ရှင်းသောပြည်၌ သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် ခက်ခဲလှပြီဖြစ်သည်။ အကယ်၍ ဤအရာအပြင် လူသားသည် သိလျက်နှင့် တမင်တကာ တစ်ဇွတ်ထိုး အပြစ်လွန်ကျူးပါက၊ ဘုရားသခင်၏အမှုသည် ရှည်ကြာသွားပေလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤအရာသည် မည်သူ့အတွက်မျှ အကျိုးမဖြစ်၊ မည်သူ့ကိုမျှ အကျိုးမပြုပေ။ ဘုရားသခင်သည် အချိန်၏ ဘောင်ခတ်ခြင်း မခံရပေ။ သူ၏အမှုနှင့် သူ၏ဘုန်းအသရေတို့သည် ပထမဦးစားပေးဖြစ်သည်။ ထို့ကြောင့် မည်မျှ ကြာသည်ဖြစ်စေ၊ သူသည် သူ၏အမှုအတွက် မည်သည့်အဖိုးအခကိုမဆို ပေးလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထား ဖြစ်၏။ သူ၏အမှု မပြီးဆုံးမချင်း သူအနားယူလိမ့်မည်မဟုတ်။ သူ၏ဘုန်းအသရေ၏ ဒုတိယအပိုင်းကို သူရရှိသည့်အချိန်မှသာ သူ၏အမှု အဆုံးသတ်လိမ့်မည်။ အကယ်၍ စကြဝဠာတစ်ခွင်လုံး၌ ဘုရားသခင်သည် သူ၏ဘုန်းအသရေ ရရှိခြင်း ဒုတိယအပိုင်းကို မပြီးစီးပါက၊ သူ၏နေ့ရက်သည် မည်သည့်အခါမျှ ရောက်လာလိမ့်မည်မဟုတ်၊ သူ၏လက်သည် သူရွေးချယ်ခဲ့သည့် လူမျိုးများကို မည်သည့်အခါ၌မျှ စွန့်ခွာသွားမည်မဟုတ်၊ သူ၏ဘုန်းအသရေသည် ဣသရေလအပေါ်သို့ မည်သည့်အခါမျှ ဆင်းသက်မည်မဟုတ်သကဲ့သို့၊ သူ၏အစီအစဉ်သည် မည်သည့်အခါမျှ အဆုံးသတ်မည် မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်၏အလိုကို တွေ့မြင်သင့်ကြပြီး၊ ဘုရားသခင်၏အမှုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းလောက် မရိုးရှင်းသည်ကို နားလည်သင့်ကြပေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ယနေ့၏ အမှုသည် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သော သူများ၊ အဆုံးစွန် အတိုင်းအတာအထိ ထုံအနေသောသူများ၏ ပြောင်းလဲခြင်း ဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းသည် ဖန်ဆင်းခြင်းခံခဲ့ရသော်လည်း စာတန်၏စီမံပြုပြင်ခြင်း ခံခဲ့ရသောသူများအား သန့်စင်စေရန်ဖြစ်သည်။ ယင်းသည် အလင်း ဖန်ဆင်းခြင်း သို့မဟုတ် အပင်နှင့် တိရစ္ဆာန်တိုင်းကို ဖန်ဆင်းခြင်း ဖြစ်ဖို့မဆိုထားနှင့်၊ အာဒံ သို့မဟုတ် ဧဝကို ဖန်ဆင်းခြင်း မဟုတ်ပေ။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသော အရာများကို ဘုရားသခင်သည် သန့်စင်စေပြီး ယင်းတို့ကို အသစ် ရယူသည်။ ယင်းတို့သည် သူနှင့် သက်ဆိုင်သော အရာများဖြစ်သွားကြပြီး သူ၏ဘုန်းအသရေ ဖြစ်သွားကြသည်။ ဤအရာသည် လူသားစိတ်ကူးသကဲ့သို့မဟုတ်၊ ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့အထဲရှိ အရာရာတိုင်းကို ဖန်ဆင်းခြင်း သို့မဟုတ် စာတန်ကို အနက်ဆုံးသော တွင်းထဲသို့ ကျိန်ဆဲခြင်း အမှုလောက် မရိုးရှင်းပေ။ ထို့ထက်၊ ယင်းသည် လူသားကို ပြောင်းလဲစေခြင်း အမှု၊ အပျက်သဘော‌ဆောင်ပြီး သူနှင့်မသက်ဆိုင်သော အရာများအား အပြုသဘောဆောင်ပြီး သူနှင့်သက်ဆိုင်သော အရာများအဖြစ်သို့ ပြောင်းလဲစေခြင်းအမှု ဖြစ်သည်။ ဤအရာသည် ဘုရားသခင်အမှု၏ ဤအဆင့် နောက်ကွယ်မှ သမ္မာတရား ဖြစ်ပေသည်။ ဤအရာကို သင်တို့ နားလည်ရမည်ဖြစ်ပြီး ကိစ္စရပ်များကို ပေါ့ပြက်ပြက်လုပ်ခြင်းကို ရှောင်ကြဉ်ရမည်။ ဘုရားသခင်၏အမှုသည် သာမန် မည်သည့်အလုပ်နှင့်မျှ မတူပေ။ ယင်း၏ အံ့ဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာသည် လူသား၏ဉာဏ်ဖြင့် မမီနိုင်ပေ။ ဘုရားသခင်သည် အမှု၏ဤအဆင့်အတွင်းတွင် အရာခပ်သိမ်းကို မဖန်ဆင်းဘဲ၊ ယင်းတို့ကို ဖျက်ဆီးခြင်းလည်း မပြုပေ။ ယင်းအစား၊ သူဖန်ဆင်းခဲ့သော အရာများကို ပြောင်းလဲစေပြီး စာတန်၏ ညစ်ညူးစေခြင်း ခံခဲ့ရသည့် အရာအားလုံးကို သန့်စင်စေ၏။ ဤသို့ဖြင့် ဘုရားသခင်သည် ကြီးမားသော လုပ်ငန်းကို အစပြုလေသည်၊ ယင်းသည် ဘုရားသခင် အမှု၏အရေးပါမှု တစ်ရပ်လုံးဖြစ်သည်။ ဘုရားသခင်၏အမှုသည် အမှန်တကယ် အလွန် ရိုးရှင်းသည်ကို ဤနှုတ်ကပတ်တော်များထဲ၌ သင်မြင်တွေ့ရသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၉၀)

ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှုကို အဆင့်သုံးဆင့် ခွဲခြားထား၏- ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်အားလုံးသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဖြစ်၏၊ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်အနေဖြင့် စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အလို့ငှာလည်း ဖြစ်၏။ ထို့ကြောင့်၊ ကယ်တင်ခြင်း အမှုသည် အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ပင်၊ စာတန်နှင့် တိုက်ပွဲသည်လည်း အဆင့်သုံးဆင့် ခွဲခြားထားသောကြောင့် ဘုရားသခင်၏အမှုနှင့်သက်ဆိုင်သည့် ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက် ဆောင်ရွက်လေသည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားမျိုးနွယ်၏ကယ်တင်ခြင်းအတွက် ဖြစ်ကာ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာ ပြီးဆုံး နိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲသည်လည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထားပြီး၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်း အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲရလေသည်။ လူသား၏ စိတ်ကူးတွင် စစ်တပ်နှစ်တပ် အချင်းချင်းတိုက်ကြသကဲ့သို့၊ ဤတိုက်ပွဲတွင် ဘုရားသခင်က စာတန်ကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်လိမ့်မည်ဟု ယုံကြည်ကောင်း ယုံကြည်လိမ့်မည်။ ဤသည်မှာ လူသား၏အသိဉာဏ်က စိတ်ကူးနိုင်စွမ်း ရှိသည့် အရာမျှသာဖြစ်၏။ ယင်းသည် အလွန့်အလွန် မရေရာသကဲ့သို့၊ လက်တွေ့မကျသော အတွေးအခေါ်တစ်ရပ် ဖြစ်သော်လည်း၊ ယင်းမှာ လူသား ယုံကြည်သည့်အရာဖြစ်၏။ ပြီးလျှင် လူသား၏ ကယ်တင်ခြင်း နည်းလမ်းသည် စာတန်နှင့် တိုက်ပွဲဝင်ခြင်းမှတစ်ဆင့်ဖြစ်သည်ဟု ဤနေရာတွင် ငါပြောသောကြောင့်၊ ဤသည်မှာ တိုက်ပွဲဆင်နွှဲသည့်ပုံဖြစ်သည်ဟု လူသားက စိတ်ကူးမိလေသည်။ လူသား၏ကယ်တင်ခြင်းအမှုအဖို့ အဆင့်သုံးဆင့်ရှိ၏၊ ဆိုလိုသည်မှာ စာတန်ကို တစ်ကြိမ်တည်းနှင့် လုံးဝရှုံးနိမ့်စေဖို့အလို့ငှာ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲထားပေသည်။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ခုလုံး၏ အတွင်းသမ္မာတရားမှာ အမှု၏ လူသားအပေါ် ကျေးဇူးတော် အပ်နှင်းခြင်း၊ လူသား၏ အပြစ်ဖြေရာယဇ် ဖြစ်လာခြင်း၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်း ဟူသော အချို့သောအဆင့်တို့မှတစ်ဆင့် ၎င်း၏ အကျိုးတရားများကို ရရှိပေသည်။ အမှန်စင်စစ်ဆိုရလျှင်၊ စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်အဖို့ သက်သေခံနိုင်ရန်အလို့ငှာ လူသားကို ကယ်တင်ခြင်း၊ လူသား၏အသက်တာအပေါ် အမှုပြုခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းတို့ ဖြစ်၏။ ဤသည်မှာ စာတန် ရှုံးနိမ့်သည့်ပုံဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမှတစ်ဆင့် စာတန်သည် ရှုံးနိမ့်လေ၏။ စာတန် ရှုံးနိမ့်ပြီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ လူသည် လုံးဝ ကယ်တင်ခံရပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလိမ့်မည်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားသည် လုံးဝ ကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်စစ်ပွဲဖြစ်ပြီး၊ ဤစစ်ပွဲသည် အဓိကအားဖြင့် လူသား၏ကယ်တင်ခြင်းတွင် ထင်ဟပ်လေသည်။ လူသားကို သိမ်းပိုက်ရမည့် နောက်ဆုံးသောကာလ အဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့် ဖြစ်ပြီး၊ ယင်းသည် စာတန်၏ အုပ်စိုးမှုမှ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်း အမှုလည်းဖြစ်၏။ လူသားကို သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်မှာ စာတန်၏ပြယုဂ်ဖြစ်သည့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသည့် လူသားကို ၎င်း၏ သိမ်းပိုက်ခံရခြင်းနောက်တွင် ဖန်ဆင်းရှင်ထံ ပြန်ပို့ခြင်းဖြစ်၏၊ ဤမှတစ်ဆင့် သူသည် စာတန်ကိုစွန့်လွှတ်ပြီး ဘုရားသခင်ထံ လုံးဝ ပြန်သွားလိမ့်မည်ဖြစ်၏။ ဤနည်းဖြင့်၊ လူသားသည် လုံးဝကယ်တင်ခံရပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် စာတန်နှင့် တိုက်ပွဲဝင်ရာတွင် နောက်ဆုံးအမှု ဖြစ်ပြီး၊ စာတန်၏ရှုံးနိမ့်မှုအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှု နောက်ဆုံးအဆင့်ဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏ ပြည့်ဝသော ကယ်တင်ခြင်းသည် နောက်ဆုံးတွင် ဖြစ်နိုင်မည် မဟုတ်ပေ၊ စာတန်၏ လုံးဝရှုံးနိမ့်ခြင်းသည်လည်း ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ၊ သို့မဟုတ် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအလို့ငှာ ဖြစ်သည့်အတွက်၊ စာတန်နှင့် တိုက်ပွဲ အဆုံးမသတ်မီတွင် လူသားကို ကယ်တင်ခြင်းအမှုသည် အဆုံးသတ်၍ မရနိုင်ပေ။ အစောဆုံးလူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း၊ စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်း ခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတွင် စာတန်သည် အနိုင်ယူရမည့်သူတစ်ဦး ဖြစ်လာခဲ့၏။ စာတန်သည် လူသားကို ပိုင်ဆိုင်ထားသောကြောင့်၊ ပြီးလျှင် လူသားသည် စီမံခန့်ခွဲမှုအားလုံးကို ဆောင်ရွက်ဖို့ ဘုရားသခင် အသုံးပြုသည့် အရင်းအနှီးဖြစ်သောကြောင့်၊ လူသားအနေဖြင့် ကယ်တင်ခံရဖို့ဆိုပါက၊ သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ စိတ်သဘောထားဟောင်း၌ ပြောင်းလဲမှုများ၊ လူသား၏ မူလ ဆင်ခြင်တုံတရား အသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများမှတစ်ဆင့်၊ စာတန်ကို အနိုင်ယူရမည်ဖြစ်သည်။ ဤနည်းဖြင့် ဖမ်းဆီးခံထားရသော လူသားသည် စာတန်၏လက်ထဲမှ ပြန်လည်လုယူခံရနိုင်ပေသည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် ကျေးကျွန်ဘဝတို့မှ လွတ်မြောက်ပါက၊ စာတန်သည် အရှက်ရလိမ့်မည်၊ လူသားသည် နောက်ဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ပြီး၊ စာတန်သည် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် လူသားသည် စာတန်၏ အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးဖြစ်သောကြောင့်၊ လူသားသည် ဤတိုက်ပွဲ တစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့်တစ်ပြိုင်နက် အပြစ်ပေးခံရမည့်သူ ဖြစ်ပေလိမ့်မည်၊ ယင်းနောက်တွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု တစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၉၁)

ဘုရားသခင်သည် တရုတ်ပြည်မတွင် သို့မဟုတ် ဟောင်ကောင်နှင့် ထိုင်ဝမ်ရှိ တစ်နယ်တည်းသားများ၏ စကားများအရ “ကုန်းတွင်းပိုင်း” တွင် လူ့ဇာတိခံယူ၏။ ဘုရားသခင်သည် အထက်ကောင်းကင်မှ မြေကြီးသို့ ကြွလာခဲ့ချိန်တွင်၊ ဤသည်မှာ ဘုရားသခင်သည် ဖုံးကွယ်ခြင်းအောက်တွင် ပြန်ကြွလာခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည့်အတွက်၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ မည်သူမျှ ဤအရာကို မသိခဲ့ပေ။ သူသည် လူ့ဇာတိ၌ အချိန်ကြာမြင့်စွာ အမှုပြုကာ အသက်ရှင်နေခဲ့ပြီးဖြစ်သော်လည်း၊ မည်သူမျှ မသိကြလေပြီ။ ဤနေ့ထိတိုင်ပင် မည်သူမျှ သတိမပြုမိကြပေ။ ဤသည်မှာ ထာဝရ ပုစ္ဆာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိကောင်း တည်ရှိပေမည်။ ဤအကြိမ် ဘုရားသခင်၏ လူ့ဇာတိခံလာခြင်းသည် မည်သည့်လူကမျှ သိလာနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ဝိညာဉ်တော်၏ အလုပ် သက်ရောက်မှုသည် မည်မျှ ကျယ်ပြန့်ပြီး တန်ခိုးကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်သည် မည်သည့်အရာကိုမျှ လုံးဝ မထုတ်ဖော်ဘဲ၊ အမြဲ မထုံတက်သေး နေလေသည်။ သူ့အမှု၏ ဤအဆင့်သည် ကောင်းကင် နယ်ပယ်တွင် ဖြစ်ပျက်နေခဲ့သည့်အလားဖြစ်သည်ဟု ဆိုနိုင်၏။ ယင်းသည် မျက်လုံးရှိသူတို့အားလုံး မြင်ရန် သိသာထင်ရှား သော်လည်း၊ ၎င်းကို မည်သူမျှသတိမပြုမိပေ။ ဘုရားသခင်သည် သူ့အမှု၏ ဤအဆင့်ကို ပြီးစီးသည့်အခါ၊ လူသားမျိုးနွယ်အားလုံးသည် ၎င်းတို့၏ ပုံမှန်သဘောထားကို ပြောင်းလဲ ပြီး ၎င်းတို့၏ ရှည်လျားသော အိပ်မက်မှ နိုးထကြလိမ့်မည်။ ဘုရားသခင်သည် တစ်ချိန်က၊ “လူ့ဇာတိအဖြစ် ဤတစ်ကြိမ် လာရခြင်းမှာ ကျား၏ သားရဲတွင်းထဲသို့ ကျခြင်းနှင့်အလားတူသည်။” ဟု ပြောသည်ကို ငါမှတ်မိသည်။ ဤအရာက ဆိုလိုသည်မှာ ဘုရားသခင်၏အမှု ဤအချီတွင် ဘုရားသခင် လူ့ဇာတိခံလာသည့်အပြင်၊ အဆင်းနီသော နဂါးကြီး၏ နေထိုင်ရာအရပ်တွင် မွေးဖွားလေသည်၊ ဤအကြိမ် ကမ္ဘာမြေကြီးသို့ လာခြင်းအားဖြင့် သူသည် ပြင်းထန်သော အန္တရာယ်ကို ယခင်ထက် သာ၍ပင် ရင်ဆိုင်ရသည်ဟု ဆိုလိုပေသည်။ သူ ရင်ဆိုင်ရသည့် အရာများမှာ ဓားများ၊ သေနတ်များ၊ တင်းပုတ်များနှင့် အသင်းအဖွဲ့များ ဖြစ်၏။ သူရင်ဆိုင်ရသည်မှာ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်၏၊ သူ ရင်ဆိုင်ရသည်မှာ သတ်ဖြတ်မည့်အကြံဖြင့် ပြည့်နေသည့် မျက်နှာများထားရှိသည့် လူအုပ်များ ဖြစ်ကြ၏။ သူသည် အချိန်မရွေး အသတ်ခံရမည့် အန္တရာယ် ရှိသည်။ ဘုရားသခင်သည် သူနှင့်အတူ အမျက်ဒေါသ ယူဆောင်ရင်း ကြွလာခဲ့၏။ သို့ရာတွင် သူသည် စုံလင်ခြင်းအမှုကို လုပ်ဆောင်ဖို့အလို့ငှာ ကြွလာခဲ့သည်၊ ယင်းမှာ သူသည် ရွေးနုတ်ခြင်းအမှုပြီးနောက် ဆက်လက် လုပ်ဆောင်သည့် သူ၏အမှု ဒုတိယအပိုင်းကို ဆောင်ရွက်ဖို့အလို့ငှာ သူ ကြွလာသည်ဟု ပြောရပေမည်။ သူ့အမှု၏ ဤအဆင့်အတွက် ဘုရားသခင်သည် အစွမ်းကုန်တွေးခေါ်မှုနှင့် ဂရုစိုက်ခြင်းတို့ကို ပေးအပ်မြှုပ်နှံကာ မိမိကိုယ်ကိုယ် နှိမ့်ချစွာ ကွယ်ဝှက်လျက် သူ၏ပင်ကိုလက္ခဏာကို မည်သည့်အခါမျှ ကြွားလုံးထုတ်ခြင်း မရှိဘဲ၊ စုံစမ်းနှောင့်ယှက်ခြင်း၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် စိတ်ကူးကြံစည်၍ရနိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုနေ၏။ လူသားကို လက်ဝါးကပ်တိုင်မှ ကယ်ဆယ်ရာတွင် ယေရှုသည် ရွေးနုတ်ခြင်းအမှုကိုသာ ပြည့်စုံစေခဲ့ခြင်း ဖြစ်သည်။ သူသည် စုံလင်စေခြင်းအမှုကို လုပ်ဆောင်နေခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏အမှု တစ်ဝက်သာ လုပ်ဆောင်လျက်ရှိခဲ့ပြီး ရွေးနုတ်ခြင်းအမှုကို ပြီးစီးခြင်းသည် သူ၏ အစီအစဉ်တစ်ရပ်လုံး၏ ထက်ဝက်သာဖြစ်သည်။ ခေတ်သစ် အစပြုတော့မည်ဖြစ်ပြီး ခေတ်ဟောင်း မှေးမှိန်သွားတော့မည် ဖြစ်သည်နှင့်အမျှ၊ ခမည်းတော် ဘုရားသခင်သည် သူ့အမှု၏ ဒုတိယအပိုင်းကို စတင်စဉ်းစားချင့်ချိန်ပြီး၊ ယင်းအတွက် စတင်ပြင်ဆင်ခဲ့၏။ နောက်ဆုံးသောကာလထဲက ဤလူ့ဇာတိခံယူခြင်းကို အတိတ်တွင် ရှင်းလင်းစွာ ပရောဖက်ပြုခဲ့ခြင်း မရှိခဲ့ပေ၊ ထိုသို့ဖြင့် ဤအကြိမ် ဘုရားသခင်၏ လူ့ဇာတိ၌ကြွလာခြင်း ဝန်းကျင်ကို တိုး၍ လျှို့ဝှက်ထားခြင်းအတွက် အခြေခံအုတ်မြစ်တစ်ခု ချနေခဲ့၏။ မိုးလင်းသည့်အခါ၊ လူသားမျိုးနွယ် အမြောက်အမြားက သတိမထားလိုက်မိဘဲနှင့်၊ ဘုရားသခင်သည် မြေကြီးပေါ်သို့ ကြွလာခဲ့ပြီး၊ လူ့ဇာတိ၌ သူ၏ဘဝကို စတင်ခဲ့၏။ လူတို့သည် ဤအခိုက်အတန့် ရောက်လာခြင်းကို မသိခဲ့ပေ။ ၎င်းတို့အားလုံး အိပ်မောကျကောင်း အိပ်မောကျနေနိုင်သည်။ ဂရုစိုက်လျက် နိုးနေသောသူ အများအပြား စောင့်ခဲ့ကောင်း စောင့်ခဲ့နေနိုင်ပြီး၊ များစွာသောသူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို တိတ်ဆိတ်စွာ ဆုတောင်းခဲ့ကောင်း ဆုတောင်းနေနိုင်သည်။ သို့ရာတွင် ဤလူများအားလုံးထဲတွင် တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင် ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိနှင့်ပြီးဖြစ်သည်ကို မသိခဲ့ကြချေ။ ဘုရားသခင်သည် သူ၏အမှုကို သာ၍ ချောမွေ့စွာ ဆောင်ရွက်ဖို့ အလို့ငှာနှင့် သာ၍ ကောင်းမွန်သော ရလဒ်များကို ရရှိရန်၊ ပြီးလျှင် သာ၍များပြားသော စုံစမ်းနှောင့်ယှက်ခြင်းများကိုလည်း ရှောင်ရှားရန် ဤသို့ အမှုပြုခဲ့ပေသည်။ လူ၏ နွေဦးကာလ အိပ်စက်ခြင်း အဆုံးသတ်သည့်အချိန်တွင်၊ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ် သူ၏ ခြေဦးတည့်ရာသွားခြင်းနှင့် တည်းခိုနေခြင်းဘဝကို အဆုံးသတ်လျက် ဘုရားသခင်၏အမှုသည် အချိန်ကြာမြင့်စွာက ပြီးစီးလိမ့်မည် ဖြစ်ပြီး၊ သူသည် ထွက်ခွာလိမ့်မည်။ ဘုရားသခင်၏အမှုသည် ဘုရားသခင် ကိုယ်တိုင် ပြုမူကာ ပြောဆိုရန် လိုအပ်သောကြောင့်၊ ပြီးလျှင် လူသားအတွက် ကြားဝင်စွက်ဖက်ဖို့ မဖြစ်နိုင်သောကြောင့်၊ ဘုရားသခင်သည် အမှုကို သူကိုယ်တိုင် လုပ်ဆောင်ရန် မြေကြီးပေါ်သို့ကြွလာရန်အလို့ငှာ ပြင်းထန်သော ဆင်းရဲဒုက္ခကို ခံစားခဲ့၏။ ဘုရားသခင်၏ အမှုအတွက် လူသားသည် အစားဝင်မပေးနိုင်ပေ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် သူ၏ စဉ်းစားတွေခေါ်မှုနှင့် ဂရုစိုက်မှုအားလုံးကို အသုံးပြုရင်း၊ ဤဆင်းရဲသောလူတစ်စု၊ နွားချေးပုံတွင် နစ်နေသော ဤလူတစ်စုကို ရွေးနုတ်ဖို့၊ သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်ရန် အဆင်းနီသောနဂါးကြီး နေထိုင်ရာ တိုင်းပြည်သို့ ကြွဆင်းလာဖို့ ကျေးဇူးတော်ခေတ်အတွင်းရှိ အန္တရာယ်များထက် အဆ ထောင်ပေါင်းများစွာ သာ၍ကြီးမားသော အန္တရာယ်များကို ရဲဝံ့စွာ ရင်ဆိုင်ခဲ့သည်။ ဘုရားသခင် တည်ရှိခြင်းကို မည်သူမျှမသိသော်လည်း၊ ဤသည်မှာ သူ၏အမှုကို ကြီစွာ အကျိုးပြုသဖြင့် ဘုရားသခင်သည် သောကမရောက်ပေ။ အယောက်တိုင်းက လွန်လွန်ကဲကဲ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ဆိုးယုတ်သည်ကို ထောက်ဆလျှင်၊ ဘုရားသခင်၏တည်ရှိခြင်းကို ၎င်းတို့ မည်သို့သည်းခံနိုင်မည်နည်း။ ထိုအကြောင်းကြောင့် ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာပြီးသည့်နောက်တွင် သူသည် တိတ်ဆိတ်နေခြင်းဖြစ်သည်။ လူသားသည် အဆိုးရွားဆုံး ရက်စက်မှု လွန်ကဲခြင်းတွင် နှစ်မြှုပ်သည်ဖြစ်စေ၊ ဘုရားသခင်သည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ အလေးအနက်မထားဘဲ၊ ကောင်းကင်ဘုံရှိ ခမည်းတော်က သူ့ကို အပ်နှင်းခဲ့သည့် သာ၍ကြီးမားသော စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းဖို့အလို့ငှာ သူလုပ်ရန် လိုအပ်သည့် အရာကိုသာ လုပ်ဆောင်မြဲလုပ်ဆောင်နေခဲ့သည်။ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းကို သတိပြုမိပြီး ဖြစ်ပါသနည်း။ ခမည်းတော်ဘုရားသခင်၏ ဝန်ထုပ်အတွက် သူ၏သားထက် မည်သူက သာ၍ စာနာထောက်ထားမှုကို ပြပါသနည်း။ ခမည်းတော် ဘုရားသခင်၏အလိုကို မည်သူနားလည်နိုင်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဝိညာဉ်တော်သည် မကြာခဏ စိတ်ဒုက္ခရောက်ကာ မြေကြီးပေါ်ရှိ သူ၏သားသည် သူ့နှလုံးသားများ အစိတ်စိတ်အမွှာမွှာကွဲသည်အထိ ပူပင်သောကရောက်လျက်၊ ခမည်းတော် ဘုရားသခင်၏ အလိုအတွက် စဉ်ဆက်မပြတ် ဆုတောင်းပေးလေသည်။ သူ၏သားအတွက် ခမည်းတော် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိသောသူ တစ်စုံတစ်လေ ရှိသလော။ ချစ်သားသည် ခမည်းတော် ဘုရားသခင်အား လွမ်းဆွတ်သည့် နှလုံးသားကို သိရှိသူ တစ်ဦးတစ်လေ ရှိပါသလော။ ကောင်းကင်နှင့်မြေကြီး နှစ်ခုအကြား ခွဲခွာနေရလျက်၊ နှစ်ဦးသားသည် ဝိညာဉ်တော်၌ တစ်ယောက်နောက်မှ တစ်ယောက် လိုက်လျက်၊ အဝေးမှနေ၍ တစ်ဦးကိုတစ်ဦး စဉ်ဆက်မပြတ် ငေးစိုက်ကြည့်နေကြသည်။ အို လူသားမျိုးနွယ်။ သင်သည် မည်သည့်အခါ ဘုရားသခင်၏ နှလုံးသားကို အရေးထားမည်နည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သင် မည်သည့်အချိန်တွင် နားလည်မည်နည်း။ ခမည်းတော် နှင့်သားတော်တို့သည် တစ်ဦးနှင့်တစ်ဦး အမြဲ မှီခိုကြပြီးဖြစ်သည်။ သို့ဖြစ်လျှင် ၎င်းတို့သည် အထက်ကောင်းကင်၌တစ်ဦး၊ အောက်အရပ်မြေကြီး၌တစ်ဦး အဘယ်ကြောင့် ခွဲခွာရသင့်သနည်း။ ခမည်းတော်သည် သူ့သားတော်ကို ချစ်သကဲ့သို့၊ သားတော်သည်လည်း ခမည်းတော်ကို ချစ်၏။ ထိုသို့ဖြစ်လျှင် ခမည်းတော်သည် ထိုသို့သော နက်ရှိုင်းကာ နာကျင်ရသည့် တောင့်တမှုဖြင့် သားတော်ကို အဘယ်ကြောင့် စောင့်ဆိုင်းရမည်နည်း။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ ခွဲခွာကောင်းခွဲခွာရပြီး မဖြစ်နိုင်သော်လည်း၊ ခမည်းတော်သည် နေ့ပေါင်းညပေါင်း မည်မျှများစွာ နာကျင်သည့် တောင့်တမှုဖြင့် တမ်းတနေခဲ့ပြီး သူ၏ချစ်သား လျင်မြန်စွာ ပြန်ကြွလာခြင်းကို မည်မျှကြာမြင့်စွာ လွမ်းဆွတ်တောင့်တနေပြီးဖြစ်သည်ကို အဘယ်သူ သိသနည်း။ သူသည် စောင့်ကြည့်သည်၊ ငြိမ်ငြိမ်သက်သက် ထိုင်ကာ စောင့်ဆိုင်းသည်။ သူ၏ချစ်သား အလျင်အမြန် ပြန်လာခြင်းအတွက် မဟုတ်သည့်အရာ မည်သည့်အရာကိုမျှ သူ မလုပ်ဆောင်ပေ။ ကမ္ဘာမြေဆုံးတိုင် လှည့်လည် သွားလာပြီးဖြစ်သည့် သားတော် ဖြစ်သည်။ မည်သည့်အချိန်တွင် ၎င်းတို့ ပြန်ပေါင်းစည်းမည်နည်း။ တစ်ချိန်က ပြန်ပေါင်းစည်းခဲ့လျက်၊ ၎င်းတို့သည် ထာဝရကာလ အတူရှိကြမည် ဖြစ်သော်လည်း၊ အထက် ကောင်းကင်ဘုံတွင် တစ်ဦးနှင့် အောက်အရပ်မြေကြီးပေါ်တွင် တစ်ဦးရှိလျက်၊ ထောင်ပေါင်းများစွာသော သီးခြားစီနေရသည့် နေ့ညများကို သူ အဘယ်သို့ ခံနိုင်မည်နည်း။ မြေကြီးပေါ် ဆယ်စုနှစ်များသည် ကောင်းကင်ဘုံ၌ အနှစ်ထောင်ပေါင်း များစွာကဲ့သို့ဖြစ်၏။ ခမည်းတော် ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲရှိနိုင်မည်နည်း။ ကမ္ဘာမြေပေါ်သို့ ဘုရားသခင် ကြွလာချိန်တွင်၊ လူသားကဲ့သို့ပင် လူ့လောက၏ မရေမတွက်နိုင်သည့် လောကဓံတရားတို့ကို ကြုံတွေ့ခံစားရသည်။ ဘုရားသခင်သည် အပြစ်ကင်းစင်သည်၊ ထို့ကြောင့် သူသည် လူသားကဲ့သို့ အလားတူ ဆင်းရဲဒုက္ခကို အဘယ်ကြောင့် ခံစားသင့်သနည်း။ ခမည်းတော် ဘုရားသခင်သည် သူ၏သားတော်ကို လွန်စွာအရေးတကြီး တောင့်တသည်မှာ အံ့သြဖွယ်မရှိပေ။ ဘုရားသခင်၏ နှလုံးသားကို အဘယ်သူ နားလည်နိုင်သနည်း။ ဘုရားသခင်သည် လူသားကို အလွန်များလှစွာ ပေး၏။ လူသားသည် ဘုရားသခင်၏နှလုံးသားကို အဘယ်သို့ အပြည့်အဝ ပြန်ဆပ်ပေးနိုင်မည်နည်း။ သို့သော် လူသားသည် ဘုရားသခင်ကို အလွန်နည်းပါးစွာ ပေးလေသည်။ ထိုအတွက်ကြောင့် ဘုရားသခင်သည် မစိုးရိမ်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)

အောက်ခြေမှတ်စု(များ)-

၁။ “၎င်းတို့၏ ပုံမှန်သဘောထားကို ပြောင်းလဲ” သည် ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် အမြင်များသည် ဘုရားသခင်ကို ၎င်းတို့ သိရှိသည်နှင့် ပြောင်းလဲသွားပုံကို ရည်ညွှန်း၏။


ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၉၂)

လူသားများ၏အရည်အသွေးသည် ညံ့ဖျင်းလွန်းပြီး ၎င်းတို့၏ စိတ်ဝိညာဉ်သည် အတော်ထုံထိုင်းနေသောကြောင့်၊ ဘုရားသခင်၏ စိတ်အခြေအနေထဲက အရေးတကြီးဖြစ်ခြင်းကို လူသားအလယ် မည်သူမျှ နားလည်ခြင်းမရှိပေ၊ ထို့ကြောင့် ၎င်းတို့ အားလုံးသည် ဘုရားသခင် လုပ်ဆောင်နေသည့်အရာကို ဂရုစိုက်ခြင်းမရှိသကဲ့သို့ အရေးစိုက်ခြင်းလည်း မရှိပေ။ ဤအကြောင်းကြောင့်၊ လူသား၏ သားရဲသဘာဝသည် အချိန်မရွေး ပေါ်ပေါက်လာနိုင်ဘိသည့်အလား၊ ဘုရားသခင်သည် လူသားနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် နေမထိထိုင်မသာ ဖြစ်နေပေသည်။ ကမ္ဘမြေပေါ်သို့ ဘုရားသခင်၏ ကြွလာခြင်းနှင့်အတူ ကြီးမားသော စုံစမ်းနှောင့်ယှက်ခြင်းများ လိုက်ပါလာသည်ကို ဤအရာမှ သာ၍ပင် ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သို့သော် လူတစ်စုအား စုံလင်စေခြင်းအတွက်၊ ဘုန်းအသရေနှင့် ပြည့်ဝနေသော ဘုရားသခင်သည် သူ့ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်းမရှိဘဲ၊ လူသားအား သူ၏ရည်ရွယ်ချက်တိုင်းကို ပြောပြခဲ့၏။ ဤလူတစ်စုကို စုံလင်စေရန် သူသည် ခိုင်မာစွာ စိတ်ဆုံးဖြတ်ပြီးဖြစ်သည်၊ ထို့ကြောင့် မည်သည့် အခက်အခဲ သို့မဟုတ် မည်သည့် စုံစမ်းနှောင့်ယှက်ခြင်းလာသည်ဖြစ်စေ၊ သူသည် မျက်နှာလွှဲကာ လုံးဝ လျစ်လျူရှု၏။ ဘုရားသခင်က သူ၏ ဘုန်းအသရေကို ပိုင်ဆိုင်ပြီးဖြစ်သည့် တစ်နေ့တွင် လူသားသည် သူ့ကို သိမည်ဟု ခိုင်မာစွာ ယုံကြည်လျက်၊ လူသားသည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်၏ နှလုံးသားကို အပြည့်အဝနားလည်မည်ဟု ယုံကြည်ရင်း၊ သူသည် သူ၏ ကိုယ်ပိုင် အမှုကိုသာ တိတ်ဆိတ်စွာ လုပ်ဆောင်လေသည်။ ယခု ဘုရားသခင်အား စုံစမ်းနှောင့်ယှက်နေသော လူများ သို့မဟုတ် ဘုရားသခင်ကို နားလည်မှုလွဲနေသော လူများ သို့မဟုတ် ဘုရားသခင်အား အပြစ်တင်နေသောလူများ ရှိကောင်း ရှိနိုင်သည်။ ဘုရားသခင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ အလေးအနက်မထားပေ။ ဘုရားသခင်သည် ဘုန်းအသရေထဲသို့ ကြွဆင်းသည့်အခါတွင်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ အားလုံးသည် လူသားမျိုးနွယ် ပျော်ရွှင်ခြင်းအတွက်ဖြစ်သည်ကို လူများအားလုံးက နားလည်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် လူသားမျိုးနွယ်က သာ၍ ကောင်းမွန်စွာ အသက်ရှင်သန်နိုင်ရန်အလို့ငှာ ဖြစ်သည်ကို ၎င်းတို့ နားလည်ကြလိမ့်မည်။ ဘုရားသခင်သည် စုံစမ်းနှောင့်ယှက်ခြင်းကို ယူဆောင်ရင်း ကြွလာသကဲ့သို့၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို ယူဆောင်ရင်းလည်း ကြွလာလေသည်။ လူသားကို ဘုရားသခင် စွန့်ခွာချိန်တွင်၊ သူသည် အချိန်ကြာမြင့်စွာကတည်းက ဘုန်းအသရေ ပိုင်ဆိုင်လာနှင့်ပြီးဖြစ်ကာ ဘုန်းအသရေ၊ ပြန်ကြွလာခြင်း၏ ဝမ်းမြောက်မှုတို့ဖြင့် အလွန်များစွာ ပြည့်လျက် သူ စွန့်ခွာပေသည်။ ကမ္ဘာမြေပေါ် အမှုပြုသော ဘုရားသခင်သည် လူတို့က သူ့အား မည်သို့ပင်ငြင်းပယ်ကြစေကာမူ၊ အမှုအရာများကို အလေးအနက် မထားပေ။ သူသည် သူ၏အမှုကိုသာ လုပ်ဆောင်မြဲ လုပ်ဆောင် နေသည်။ ဘုရားသခင်၏ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းသည် နှစ်ထောင်ပေါင်းများစွာသို့ ခြေရာကောက် နိုင်ပေသည်။ သူသည် အတိုင်းမသိသော အမှုပမာဏကို လုပ်ဆောင်ရန် ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်ကာ လူ့လောက၏ ငြင်းပယ်မှုနှင့် အသရေဖျက်မှုတို့ကို အပြည့်အဝ တွေ့ကြုံခံစားရပြီးဖြစ်သည်။ ဘုရားသခင် ရောက်ရှိလာခြင်းကို မည်သူမျှ မကြိုဆိုပေ။ သူသည် အေးတိအေးစက် ကြိုဆိုခြင်းခံခဲ့ရသည်။ ဤကြမ်းတမ်းသည့် နှစ်ပေါင်း နှစ်ထောင် သုံးထောင် ကာလအတွင်း လူသား၏ အပြုအမူသည် အချိန်ကြာမြင့်စွာကတည်းက ဘုရားသခင်ကို နက်ရှိုင်းစွာ ထိခိုက်စေပြီးဖြစ်သည်။ သူသည် လူတို့၏ ပုန်ကန်မှုကို အာရုံမစိုက်တော့သကဲ့သို့၊ ယင်းအစား လူသားအား ပြောင်းလဲရန်နှင့် သန့်စင်ရန် နောက်ထပ်အစီအစဉ် ပြုလုပ်ပြီးဖြစ်သည်။ လှောင်ပြောင်ခြင်း၊ အသရေဖျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဆင်းရဲဒုက္ခကြီးစွာခံရခြင်း၊ ကားစင်တင်ခံရခြင်း ဆင်းရဲဒုက္ခ၊ လူသား၏ အပယ်ခံရခြင်း စသည်ဖြင့်၊ လူ့ဇာတိခံယူကတည်းက ဘုရားသခင် ကြုံရပြီးဖြစ်သည့်အရာများ- ဤအရာများကို ဘုရားသခင် အလုံအလောက် မြည်းစမ်းရပြီးဖြစ်သကဲ့သို့၊ လူ့လောက၏ အခက်အခဲများကိုမူ၊ လူ့ဇာတိခံလာပြီးဖြစ်သည့် ဘုရားသခင်သည် ဤအရာအားလုံးကို အပြည့်အဝ ခံစားရပြီးဖြစ်သည်။ ကောင်းကင်ဘုံရှိ ခမည်းတော် ဘုရားသခင်၏ဝိညာဉ်သည် အချိန်ကြာမြင့်စွာကတည်းက ထိုသို့သော မြင်ကွင်းများကို မခံမရပ်နိုင်ဖြစ်ရပြီး ခေါင်းမော့ကာ မိမိ၏ မျက်လုံးများ မှိတ်လျက်၊ သူ၏ချစ်သား ပြန်လာဖို့ စောင့်ဆိုင်းလေသည်။ သူ ဆန္ဒရှိသမျှသည် လူသားမျိုးနွယ်က နားထောင်ကာ နာခံရန်၊ ပြီးလျှင် သူ၏ လူ့ဇာတိရှေ့မှောက်၌ အဆုံးစွန် အရှက်ရလျက်၊ သူ့အား ဆန့်ကျင်ပုန်ကန်မှု ရပ်စဲနိုင်ရန် ဖြစ်၏။ သူ ဆန္ဒရှိသမျှမှာ လူသားမျိုးနွယ်က ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်နိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် မြင့်မားလှသည့် အဖိုးအခတစ်ခုကို ပေးပြီးဖြစ်သော်လည်း၊ လူသားသည် စိတ်အေးသက်သာ နေလျက် ရှိကာ၊ ဘုရားသခင်၏ အမှုကို အနည်းငယ်မျှ အလေးအနက် မထားသောကြောင့်၊ ကာလကြာမြင့်စွာကတည်းက သူသည် လူသားအပေါ် သာ၍ကြီးမားသော တောင်းဆိုမှုများ ပြုလုပ်ခြင်းကို ရပ်တန့်ပြီးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)

အောက်ခြေမှတ်စု(များ)-

၁။ “စိတ်အေးသက်သာ နေလျက်” သည် လူတို့သည် ဘုရားသခင်၏အမှုအကြောင်း ဂရုမစိုက်သကဲ့သို့၊ ယင်းကို အရေးကြီးသည်ဟု မယူမှတ်သည်ကို ဆိုလိုသည်။


ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၉၃)

ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၌ တတိယကောင်းကင်ဘုံသို့ ပြန်ကြွသွားချိန်တွင်၊ ဘုရားသခင်၏ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ခြင်း အမှုသည် ယင်း၏ အဆုံးသတ်ပိုင်းသို့ အမှန်တကယ် ပြောင်းသွားနှင့်ပြီးဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိ ကျန်ရှိသော အရာအားလုံးသည် ယေရှုက သူ၏ ကျောထက် သယ်ဆောင်ခဲ့သော ကားတိုင်၊ ယေရှု ရစ်ပတ်ခြင်းခံခဲ့ရသော ပိတ်ချောနှင့် ယေရှု ဝတ်ဆင်ခဲ့သော ဆူးဦးရစ်နှင့် နီသောဝတ်လုံတို့ ဖြစ်သည် (ဤအရာများသည် ယုဒလူများက သူ့ကို ပြက်ရယ်ပြုရန် အသုံးပြုခဲ့သော အရာဝတ္ထုများဖြစ်သည်)။ ဆိုလိုသည်မှာ ယေရှု၏ ကားစင်တင်ခံရခြင်းသည် ကြီးမားသည့် အုတ်အော်သောင်းတင်း ဖြစ်စေခဲ့ပြီးနောက်တွင် အမှုအရာများက တစ်ဖန် ငြိမ်ကျသွားခဲ့သည်။ ထိုအချိန်မှစ၍ ယေရှု၏ တပည့်တော်များသည် နေရာတိုင်းက အသင်းတော်များကို ထိန်းကျောင်းပေးရင်းနှင့် ရေလောင်း ပေးနေခဲ့ကြရင်း၊ ယေရှု၏ အမှုတော်ကို စတင်၍ ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့ အမှု၏ ပါရှိသည့်အရာများမှာ အောက်ပါအတိုင်းဖြစ်သည်- ၎င်းတို့သည် လူအားလုံး နောင်တရရန်၊ ၎င်းတို့၏ အပြစ်များ ဝန်ခံရန်နှင့် ဗတ္တိဇံခံရန် စေခိုင်းကြသည်။ တမန်တော်များ အားလုံးသည် ယေရှု ကားစင်တင်ခံရခြင်း၏ အတွင်းပိုင်း ဇာတ်လမ်းနှင့် အရှိအတိုင်း အဖြစ်အပျက်ကို ဖြန့်ဝေဖို့ ထွက်သွားကြသည်၊ ထို့ကြောင့် အယောက်တိုင်းသည် မိမိတို့၏ အပြစ်များကို ဝန်ခံရန် ယေရှု ရှေ့မှောက်တွင် မပျပ်ဝပ်ဘဲ မနေနိုင်ဖြစ်ခဲ့ကြသည်။ ထို့အပြင် တမန်တော်များသည် ယေရှု ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို တစ်ဆင့်ပေးပို့ရင်း နေရာတိုင်းသို့ သွားခဲ့ကြသည်။ ထိုအချိန်မှစကာ ကျေးဇူးတော်ခေတ်ထဲက အသင်းတော်များ တည်ဆောက်ခြင်း စတင်ခဲ့သည်။ ထိုခေတ်အတွင်း ယေရှု လုပ်ဆောင်ခဲ့သည့် အရာမှာလည်း လူ၏ အသက်တာနှင့် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုအကြောင်းကို ဆွေးနွေးခြင်း ဖြစ်ခဲ့သည်၊ ခေတ်က ခြားနားခဲ့သောကြောင့်သာ ထိုပြောဆိုမှုများနှင့် လက်တွေ့လုပ်ဆောင်မှုများထဲမှ များစွာသောအရာတို့သည် ယနေ့နှင့် ကြီးမားစွာ ခြားနားခဲ့ပေသည်။ သို့သော် အနှစ်သာရအားဖြင့် ၎င်းတို့ တူညီသည်- ၎င်းတို့ နှစ်ခုလုံးသည် လူ့ဇာတိ၌ ဘုရားသခင် ဝိညာဉ်တော်၏ အမှု အတိအကျဖြစ်သကဲ့သို့၊ အံကိုက်လည်းဖြစ်ပေသည်။ ဤသို့သော အမှုမျိုးနှင့် မိန့်မြွက်ချက်များသည် ယနေ့တိုင် တစ်လျှောက်လုံး ဆက်လက် ဖြစ်ပြီး၊ ထို့ကြောင့် ဤသို့သော အရာမျိုးကို ယနေ့ ဘာသာရေး အဖွဲ့အစည်းများတွင် ဝေမျှဆဲဖြစ်ပြီး၊ လုံးဝကို ပြောင်းလဲခြင်းမရှိပေ။ ယေရှု၏ အမှု အဆုံးသတ်ခဲ့ပြီး အသင်းတော်များသည် ယေရှု ခရစ်တော်၏ လမ်းကြောင်းမှန်ပေါ်သို့ သွားနှင့်ပြီးဖြစ်ချိန်တွင်၊ သို့ပါလျက်နှင့် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိ၌ သူ၏ ကြွလာခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်ဖြစ်သော သူ့အမှု၏ နောက်တစ်ဆင့်အတွက် သူ၏ အစီအစဉ်ကို စတင်ခဲ့သည်။ လူသားတို့ အမြင်အရ၊ ဘုရားသခင်၏ ကားစင်တင်ခံရခြင်းသည် သူ၏ လူ့ဇာတိခံယူခြင်းအမှုကို အဆုံးသတ်နှင့်ပြီးဖြစ်သည်၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နှင့်ပြီးဖြစ်ကာ၊ မရဏနိုင်ငံ၏ သော့ကို သိမ်းပိုက်ရန် သူ့ကို အခွင့်ပေးနှင့်ပြီးဖြစ်သည်။ အယောက်တိုင်းက ဘုရားသခင်၏ အမှုသည် အပြည့်အဝ ပြီးမြောက်ပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ အမှန်တွင် ဘုရားသခင်၏ ရှုထောင့်မှ၊ သူ့အမှု၏ အနည်းငယ်သော အစိတ်အပိုင်းသာ ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ သူလုပ်ဆောင်ခဲ့ပြီးသမျှအားလုံးမှာ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ဖြစ်ခဲ့သည်။ လူသား၏ ဆိုးယုတ်သော မျက်နှာကို ပြောင်းလဲရန် မဆိုထားနှင့်၊ သူသည် လူသားကို သိမ်းပိုက်ခဲ့ခြင်း မရှိသေးပေ။ ယင်းမှာ ဘုရားသခင်က၊ “ငါ၏ လူ့ဇာတိခံ ခန္ဓာသည် သေဆုံးခြင်း၏ နာကျင်မှုကို ဖြတ်သန်းခဲ့ရသော်လည်း၊ ယင်းမှာ ငါ၏ လူ့ဇာတိခံခြင်း ပန်းတိုင်တစ်ခုလုံး မဟုတ်ပေ။ ယေရှုသည် ငါ၏ ချစ်သားဖြစ်ကာ ကားတိုင်တွင် ငါ့အတွက် သံမှိုရိုက်နှက် ခံခဲ့ရသော်လည်း၊ သူသည် ငါ၏ အမှုကို ပြည့်စုံစေ့စပ်စွာ အဆုံးမသတ်ခဲ့ပေ။ သူသည် ယင်း၏ အစိတ်အပိုင်းတစ်ခုကိုသာ လုပ်ဆောင်ခဲ့သည်။” ဟု ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံခြင်း အမှုကို ဆက်လက် လုပ်ဆောင်ရန် အစီအစဉ်များ၏ ဒုတိယအချီကို စတင်ခဲ့သည်။ ဘုရားသခင်၏ အဆုံးစွန် ရည်ရွယ်ချက်မှာ စာတန်၏လက်တွင်းမှ ကယ်တင်ခဲ့သော လူအားလုံးကို စုံလင်စေရန်နှင့် ရရှိရန်ဖြစ်ခဲ့သည်၊ ယင်းမှာ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အန္တရာယ်ကို ရဲဝံ့စွာရင်ဆိုင်ဖို့ နောက်တစ်ဖန် ပြင်ဆင်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ “လူ့ဇာတိခံယူခြင်း” အားဖြင့် ဆိုလိုသည့် အရာမှာ (ဘုရားသခင်၏ အမှုသည် မပြီးဆုံးသေးသောကြောင့်) ဘုန်းအသရေကို ယူဆောင် မလာသော်လည်း၊ ချစ်သား၏ ပင်ကိုလက္ခဏာဖြင့် ပေါ်ထွန်းသောသူတစ်ဦးကို ရည်ညွှန်းပြီး ယင်းမှာ ဘုရားသခင် နှစ်သက်မြတ်နိုးရာ ခရစ်တော် ဖြစ်ပေသည်။ ယင်းမှာ ဤအရာကို “အန္တရာယ်အား ရဲဝံ့စွာ ရင်ဆိုင်ခြင်း” ဟု ဆိုသည့် အကြောင်းရင်း ဖြစ်သည်။ လူ့ဇာတိခံ ခန္ဓာသည် မပြောပလောက်သော အစွမ်းရှိပြီး ကြီးစွာ သတိထား၍ အသုံးပြုရမည် ဖြစ်ကာ သူ၏ တန်ခိုးသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ ဩဇာအာဏာနှင့် အလွန်ကွာခြားပေသည်။ သူသည် အခြားအမှု၌ ဝင်ပါလာခြင်းမရှိဘဲ၊ ခမည်းတော် ဘုရားသခင်၏ အမှုနှင့် စေခိုင်းချက်တာဝန်ကို ပြည့်စုံစေရင်း ဇာတိပကတိ၏ အမှုတော်ကိုသာ ဖြည့်ဆည်းလေသည်၊ ပြီးလျှင် သူသည် အမှုတော်၏ တစ်ပိုင်းကိုသာ ပြည့်စုံစေသည်။ ဤသည်မှာ ဘုရားသခင်က ကမ္ဘာပေါ်သို့ လာလျှင်လာချင်း၊ “ခရစ်တော်” ဟု အမည်ပေးခံခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်- ယင်းမှာ အမည်နာမ၏ မြုပ်နေသော အဓိပ္ပာယ်ဖြစ်သည်။ ကြွလာခြင်းသည် စုံစမ်းနှောင့်ယှက်ခြင်းများ နှင့်အတူပါရှိသည်ဟု ဆိုရသည့်အကြောင်းရင်းမှာ အမှု၏ အစိတ်အပိုင်းတစ်ခုသာ ပြီးပြည့်စုံသောကြောင့် ဖြစ်ပေသည်။ ထို့အပြင်၊ ဖခမည်းတော် ဘုရားသခင်က သူ့ကို “ခရစ်တော်” နှင့် “ချစ်သား” ဟုသာ ခေါ်သော်လည်း သူ့ကို ဘုန်းအသရေအားလုံး မပေးထားရသည့်အကြာင်းရင်းမှာ လူ့ဇာတိခံ ခန္ဓာသည် အမှု၏ အစိတ်အပိုင်းတစ်ခုကို လုပ်ဆောင်ရန် ကြွလာသောကြောင့် အတိအကျဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ ဖခမည်းတော်ကို ကိုယ်စားပြုရန်မဟုတ်ဘဲ၊ ယင်းထက် ချစ် သား၏ သာသနာကို ဖြည့်ဆည်းရန် ဖြစ်သည်။ ချစ် သားသည် သူ၏ပခုံးထက်တွင် လက်ခံထားသည့် စေခိုင်းချက် တစ်ခုလုံးကို ပြီးပြည့်စုံစေပြီးသောအခါတွင်၊ ဖခမည်းတော်သည် သူ့ကို ခမည်းတော်၏ ပင်ကိုလက္ခဏာနှင့်အတူ ပြည့်ဝသော ဘုန်းအသရေကို ပေးလိမ့်မည်။ ဤသည်မှာ “ကောင်းကင် ဥပဒေသ” ဖြစ်သည်ဟု ပြောနိုင်သည်။ လူ့ဇာတိခံ ယူသောသူနှင့် ကောင်းကင်ဘုံရှိ ဖခမည်းတော်သည် မတူကွဲပြားသော ခြားနားသော နယ်ပယ်နှစ်ခုတွင်ရှိသောကြောင့်၊ နှစ်ဦးသည် ဝိညာဉ်တော်၌ အချင်းချင်းအပေါ် ငေးကြည့်ရုံငေးကြည့်ကြသည်၊ ခမည်းတော်သည် ချစ်သားကို စောင့်ကြည့်နေသော်လည်း၊ သားတော်သည် အဝေးမှ ခမည်းတော်ကို မမြင်နိုင်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူ့ဇာတိ တတ်စွမ်းနိုင်သည့် အရာ၏ လုပ်ငန်းတာဝန်များမှာ အလွန် သေးငယ်ပြီး၊ သူသည် အချိန်မရွေး အသတ်ခံရနိုင်သော အလားအလာရှိကြောင့်၊ ဤကြွလာခြင်းသည် အကြီးမားဆုံးသော အန္တရာယ်ဖြင့် အတိပြီးသည်ဟု ပြော၍ ရနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏ ချစ်သားကို စာတန်က အာရုံအစိုက်ဆုံးသော နေရာတွင် ထားရှိရင်း၊ သူ၏အသက်အန္တရာယ်ရှိသည့်နေရာ ကျား၏ ခံတွင်းထဲသို့ နောက်တစ်ကြိမ် စွန့်လွှတ်လိုက်ခြင်းနှင့် သဘောသွား ညီမျှပေသည်။ ဤကြောက်ရွံ့ဖွယ် အခြေအနေများတွင်ပင်၊ ဘုရားသခင်သည် သူ၏ ချစ်သားကို ညစ်ညမ်းမှုနှင့် လိင်မှုကိစ္စထွေပြားမှု ပြည့်နှက်သည့် နေရာတစ်ခုနှင့်သက်ဆိုင်သော လူများထံသို့ သူ့ကို ၎င်းတို့က “အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပေးရန်” အတွက် လွဲအပ်ခဲ့ဆဲဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့ လုပ်ဆောင်ဖို့မှာ ဘုရားသခင်၏ အမှုကို သင့်တင့်လျောက်ပတ်ပြီး သဘာဝကျပုံရစေဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ ယင်းမှာ ခမည်းတော် ဘုရားသခင်၏ ဆန္ဒများအားလုံးကို ဖြည့်ဆည်းရန် နှင့် လူသားမျိုးနွယ်ကြား သူ့အမှု၏ နောက်ဆုံးသော အပိုင်းကို ပြည့်စုံစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သောကြောင့် ဖြစ်သည်။ ယေရှုသည် ခမည်းတော် ဘုရားသခင် အမှု၏ အဆင့်တစ်ခုကိုသာ ပြီးမြောက်ခဲ့သည်။ လူ့ဇာတိခံ ခန္ဓာက ဖြစ်ပေါ်စေသည့် အတားအဆီးနှင့် ပြည့်စုံစေရမည့် အမှုထဲက ခြားနားမှုများကြောင့်၊ ယေရှု ကိုယ်တိုင်သည် ဒုတိယအကြိမ် လူ့ဇာတိ ပြန်လည်ခံယူခြင်း ရှိမည်ကို မသိခဲ့ပေ။ ထို့ကြောင့်၊ မည်သည့်သမ္မာကျမ်းစာ ရှင်းလင်းဖော်ပြသူမျှ သို့မဟုတ် မည်သည့်ပရောဖက်မျှ လူ့ဇာတိ၌ သူ့အမှုတော်၏ ဒုတိယအပိုင်းကို လုပ်ဆောင်ရန် သူသည် တစ်ဖန်လူ့ဇာတိခံမည်၊ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် တစ်ဖန် လူ့ဇာတိခံယူမည်ဟု ရှင်းရှင်းလင်းလင်း ပရောဖက်မပြုဝံ့ခဲ့ကြချေ။ ထို့ကြောင့် ဘုရားသခင်သည် အချိန်ကြာမြင့်စွာကတည်းက လူ့ဇာတိတွင် မိမိကိုယ်ကိုယ် ကွယ်ဝှက်ထားနှင့်ပြီး ဖြစ်သည်ကို မည်သူမျှ နားမလည်ခဲ့ကြပေ။ ယေရှုသည် သူရှင်ပြန် ထမြောက်ကာ ကောင်းကင်သို့ တက်ကြွပြီးနောက်မှသာ ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံခဲ့သောကြောင့်၊ ဘုရားသခင်၏ ဒုတိယကြိမ်မြောက် လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် ရှင်းလင်းသည့် ပရောဖက်ပြုချက် မရှိသကဲ့သို့၊ ယင်းသည် လူ့စိတ်အဖို့ တွေးဆမရနိုင်သည့်အရာ ဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပေ။ သမ္မာကျမ်းစာရှိ များစွာသော အနာဂတ္တိကျမ်းများအာလုံးတွင် ဤအရာကို ရှင်းလင်းစွာ ဖော်ပြသည့် စကားများ မရှိပေ။ သို့သော်လည်း ယေရှုသည် အမှုပြုဖို့ ကြွလာခဲ့ချိန်တွင်၊ အပျိုကညာသည် ကလေးရှိကာ သားတစ်ဦး မွေးဖွားလိမ့်မည်၊ ဆိုလိုသည်မှာ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှတစ်ဆင့် ပဋိသန္ဓေစွဲခဲ့သည်ဆိုသည့် ရှင်းလင်းသော ပရောဖက်ပြုချက်တစ်ခု ရှိခဲ့နှင့်ပြီးဖြစ်သည်။ ထိုသို့ဖြစ်လျက်ပင်၊ ဘုရားသခင်က ဤအရာသည် အသက်အန္တရာယ်ရှိလျက် ဖြစ်ပျက်ခဲ့သည်ဟု ပြောခဲ့ဆဲဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် ယင်းမှာ သာ၍ မည်မျှ အန္တရာယ်ရှိလိမ့်မည်နည်း။ ဘုရားသခင်က ဤလူ့ဇာတိခံယူခြင်းသည် ကျေးဇူးတော် ခေတ်အတွင်းက ကျရောက်ခဲ့သည့်အရာများထက် အဆထောင်ပေါင်းများစွာ သာ၍ ကြီးမားသည့် အန္တရာယ်များ ရှိသည်ဟု ပြောသည်မှာ အံ့သြစရာမရှိပေ။ နေရာများစွာတွင်၊ ဘုရားသခင်သည် သိနိမ်ပြည်တွင် အောင်မြင်သူများ အုပ်စုတစ်စုကို သူရရှိနေလိမ့်မည်ဟု ပရောဖက်ပြုထားပြီးဖြစ်သည်။ အောင်မြင်သူများကို ရရှိမည်မှာ ကမ္ဘာ၏ အရှေ့ပိုင်းဖြစ်သည့်အတွက်၊ သူ၏ ဒုတိယအကြိမ် လူ့ဇာတိခံခြင်းတွင် ဘုရားသခင် ခြေချသည့်နေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်ပြည် ဖြစ်သည်မှာ သေချာပေသည်။ ထိုနေရာတွင်၊ အဆင်းနီသောနဂါးကြီးအနေဖြင့် လုံးလုံးလျားလျား နှိမ်နင်းခံရကာ အရှက်ရစေဖို့၊ ဘုရားသခင်သည် ယင်း၏ သားစဉ်မြေးဆက်များကို ရယူလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် အလွန်အမင်း ဆင်းရဲဒုက္ခခံရသည့် ဤလူများကို နိုးထစေဖို့၊ ၎င်းတို့ကို လုံးလုံး နိုးထစေဖို့၊ မြူထဲမှ ၎င်းတို့ကို ထွက်လျှောက်စေကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေဖို့ အလိုရှိ၏။ ဘုရားသခင်သည် ၎င်းတို့ကို မိမိတို့၏ အိပ်မက်မှ နိုးထစေဖို့၊ အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိစေဖို့၊ ၎င်းတို့၏ နှလုံးသားတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်စေဖို့၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုမှ တိုးထွက်စေဖို့၊ ကမ္ဘာ၏ အရှေ့အရပ်တွင် ထရပ်ကာ၊ ဘုရားသခင် အောင်မြင်ခြင်း သက်သေဖြစ်လာစေဖို့ အလိုရှိပေသည်။ ဤနည်းဖြင့်သာ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။ ဤအကြောင်းရင်း တစ်ခုတည်းကြောင့်၊ ဘုရားသခင်သည် ဣသရေလမြေ၌ အဆုံးသတ်လာခဲ့သော အမှုကို အဆင်းနီသော နဂါးကြီး ခွေလျက် လဲလျောင်းရာ မြေသို့ ယူဆောင်ခဲ့ပြီး၊ ထွက်ခွာပြီးနောက် နှစ်နှစ်ထောင်နီးပါးအကြာတွင် ကျေးဇူးတော်ခေတ်၏ အမှုကို ဆက်လက် လုပ်ဆောင်ရန် လူ့ဇာတိ တစ်ဖန်ခံယူလာပြီးဖြစ်သည်။ လူသား၏ ပကတိ မျက်စိတွင်၊ ဘုရားသခင်သည် လူ့ဇာတိ၌ အမှုသစ်ကို အစပျိုးနေပေသည်။ သို့သော် ဘုရားသခင်၏ အမြင်တွင်၊ သူသည် နှစ်ထောင်ပေါင်း အနည်းငယ် အဆက်ပြတ်သည့်ကာလတစ်ခု နောက်တွင်သာ၊ ပြီးလျှင် သူ့အမှု၏ တည်နေရာနှင့် အစီအစဉ်ထဲက ပြောင်းလဲမှု တစ်ခုဖြင့်သာ၊ ကျေးဇူးတော်ခေတ်၏ အမှုကို ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယနေ့ အမှုတွင် ဇာတိခန္ဓာက ခံယူပြီးဖြစ်သည့် ပုံသဏ္ဌာန်သည် ယေရှုနှင့် လုံးဝ ကွဲပြားခြားနားပုံ ပေါ်သော်လည်း၊ ၎င်းတို့သည် တူညီသော အနှစ်သာရနှင့် ဇာစ်မြစ်မှ ဆင်းသက်ပြီး၊ တူညီသော ရင်းမြစ်မှ လာပေသည်။ ၎င်းတို့အနေဖြင့် အပြင်ပန်းတွင် ကွဲပြားခြားနားမှုများစွာ ရှိကောင်းရှိနိုင်သော်လည်း၊ ၎င်းတို့ အမှု၏ အတွင်းပိုင်း သမ္မာတရားများမှာ လုံးဝ ထပ်တူကျပေသည်။ စင်စစ်အားဖြင့် ခေတ်များသည် နေ့နှင့်ညသဖွယ် ခြားနားသည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုသည် မပြောင်းလဲသည့် ပုံစံတစ်ခုနောက် အဘယ်သို့ လိုက်နိုင်မည်နည်း။ သို့မဟုတ် သူ့အမှု၏ မတူကွဲပြားသော အဆင့်များသည် မည်သို့ အချင်းချင်း နှောင့်ယှက်ဟန့်တားနိုင်ပါသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)

အောက်ခြေမှတ်စု(များ)-

၁။ “မပြောပလောက်သော အစွမ်းရှိပြီး ကြီးစွာ သတိထား၍ အသုံးပြုရမည်” ဆိုသည်ကား ဇာတိပကတိ၏ အခက်အခဲများသည် အလွန်များကာ လုပ်ဆောင်ပြီးမြောက်သည့် အမှုတော်သည် အလွန်အမင်း နည်းပါးသည်ကို ရည်ညွှန်းသည်။


ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၉၄)

လူသားချို့တဲ့သည့်အရာမှာ ဝိညာဉ်ရေးရာအသက်တာ၏ ထောက်ပံ့မှုနှင့် ဘုရားသခင်ကို သိရှိခြင်း အတွေ့အကြုံသာမက- သာ၍ပင် မရှိမဖြစ် အရေးကြီးသည့်အရာမှာ- ၎င်း၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများ ဖြစ်သည်ကို နားလည်ရန် လူသားသည် ယနေ့ထိတိုင် အချိန်ယူခဲ့ရသည်။ မိမိကိုယ်တိုင်၏ မျိုးရိုးနှင့်ဆိုင်သည့် သမိုင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုတို့ကို လူသား၏ လုံးဝ မသိနားမလည်မှုကြောင့် အကျိုးဆက်မှာ လူသားသည် ဘုရားသခင်၏ အမှုနှင့် ပတ်သက်၍ မည်သည့်အရာမျှ လုံးဝ မသိပေ။ လူသားအနေဖြင့် မိမိစိတ်နှလုံး၏ နက်ရှိုင်းသောနေရာတွင် ဘုရားသခင်ကို သံယောဇဉ် ရှိနိုင်ရန် လူသားအားလုံးက မျှော်လင့်သော်လည်း၊ လူသား၏ ဇာတိပကတိသည် လွန်ကဲစွာ ဖောက်ပြန်ပျက်စီးပြီး၊ ထုံထိုင်းကာ အကင်းလည်းမပါးသောကြောင့်၊ ဤအရာက လူသားအနေဖြင့် ဘုရားသခင်နှင့်သက်ဆိုင်၍ မည်သည့်အရာမျှ လုံးဝ မသိဖို့ ဖြစ်စေခဲ့သည်။ ယနေ့ လူသားတို့အလယ် ကြွလာခြင်းတွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နှစ်သန်းပေါင်းများစွာကြာ လူတို့၏ အတွေးများနှင့် စိတ်ဝိညာဉ်များအပြင်၊ ၎င်းတို့ စိတ်နှလုံးများ ထဲ၌ ရှိခဲ့ပြီးဖြစ်သော ဘုရားသခင်၏ ပုံသဏ္ဌာန်ကိုပါ ပြောင်းလဲစေဖို့ထက် အခြားမည်သည့်အရာမျှ မဟုတ်ပေ။ သူသည် လူသားကို စုံလင်စေဖို့ ဤအခွင့်အရေးကို ယူလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ အသိပညာအားဖြင့်၊ ဘုရားသခင်ကို သိရှိလာခြင်းတွင် ထူးထူးကဲကဲ အောင်မြင်သည့် အသစ်သော အစပြုခြင်းကို လူအားပြုလုပ်နိုင်စေရင်း၊ ထိုသို့ဖြင့် လူသား၏ စိတ်ဝိညာဉ် အသစ်ပြုပြင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ရရှိစေလျက်၊ ဘုရားသခင်သည် သူ့ကို လူတို့ သိရှိလာသည့် နည်းလမ်းနှင့် သူ့အပေါ် ၎င်းတို့ ထားရှိသော သဘောထားကို ပြောင်းလဲမည်ဖြစ်သည်။ သိမ်းပိုက်ခြင်းနှင့် အသစ်ပြုပြင်ခြင်းတို့သည် ပန်းတိုင်များ ဖြစ်စဉ်၊ ကိုင်တွယ် ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည် နည်းလမ်းများဖြစ်သည်။ မရေရာသော ဘုရားသခင်နှင့် ပတ်သက်၍ လူသား စွဲကိုင်ထားသော အယူသီးသည့် အတွေးများကို ပပျောက်စေခြင်းသည် ဘုရားသခင်၏ ထာဝရ ရည်ရွယ်ချက် ဖြစ်ပြီး မကြာသေးမီက ဤအရာသည် သူ့အဖို့ အရေးတကြီး ကိစ္စလည်း ဖြစ်လာခဲ့သည်။ လူအားလုံးသည် ဤကိစ္စကို ထည့်တွက် စဉ်းစားရာတွင် ရေရှည်အမြင် ရှိလျှင်ကောင်းလိမ့်မည်။ ဘုရားသခင်၏ ဤအရေးတကြီး ရည်ရွယ်ချက်သည် မကြာမီ အောင်မြင်ခြင်းသို့ ရောက်ရှိဖို့အလို့ငှာနှင့် ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှု၏ နောက်ဆုံးအဆင့်သည် ပြည့်စုံခြင်းသို့ လုံးဝ ရောက်ရှိနိုင်ဖို့အလို့ငှာ၊ လူတစ်ဦးချင်းစီ၏ တွေ့ကြုံသည့်နည်းလမ်းကို ပြောင်းလဲလော့။ သင်တို့ ဘုရားသခင်ကို ပြုအပ်သည့် သစ္စာစောင့်သိခြင်းကို သူ့အား ပေးပြီး နောက်ဆုံးအကြိမ်အနေဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်မှုပေးလော့။ ညီအစ်ကို မောင်နှမများထဲတွင်၊ မည်သူမျှ ဤတာဝန်ဝတ္တရားကို ခေါင်းရှောင်ခြင်း သို့မဟုတ် ဟန်ဆောင်လုပ်ပြဖို့ ဟိတ်ဟန်ထုတ်ရုံမျှ မထုတ်လျှင် ကောင်းလိမ့်မည်။ ဘုရားသခင်သည် ဖိတ်ခေါ်ချက်ကို အဖြေပေးသည့်အနေနှင့် လူသား၏အခြေအနေကို ဗြောင်တုံ့ပြန်မှုအနေဖြင့် ဤအကြိမ်တွင် လူ့ဇာတိဖြင့် ကြွလာပေသည်။ ဆိုလိုသည်မှာ၊ သူသည် လူသား လိုအပ်သော အရာဖြင့် လူသားကို ဖြည့်ဆည်းပေးရန် ကြွလာပေသည်။ လူသား၏ အရည်အချင်း သို့မဟုတ် ကောင်းမွန်သော သွန်သင်ပျိုးထောင်ပေးမှု မည်သို့ပင်ဖြစ်ပါစေ၊ တိုတိုပြောရလျှင် ဘုရားသခင်၏ မူလမျက်နှာသည် လူသား၏ စိတ်နှလုံး အတွင်းနက်ရှိုင်းသော နေရာများတွင် ခိုင်မြဲစွာ အမြစ်တွယ်ဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသား၏အတွေးများနှင့် အယူအဆများကို ပြောင်းလဲလျက်၊ လူသားကို သူ၏ နှုတ်ကပတ်တော်အား မြင်နိုင်စေမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ တည်ရှိခြင်းနှင့် သရုပ်သကန်တို့ကို မြင်နိုင်စေကာ လူသားကို ဘုရားသခင်၏ စုံလင်စေခြင်းအား လက်ခံနိုင်စေမည်ဖြစ်သည်။ ဤသည်မှာ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ တစ်ခုတည်းသော အလိုဆန္ဒ ဖြစ်သည်။ လူသား၏ မွေးရာပါသဘာဝသည် မည်မျှ ကြီးမြတ်ပါစေ၊ သို့မဟုတ် လူသား၏ အနှစ်သာရ မည်မျှညံ့ဖျင်းပါစေ သို့မဟုတ် လူသား၏ အပြုအမူသည် အတိတ်တွင် မည်သည့်အရာနှင့် အမှန်တကယ် တူခဲ့သည်ဖြစ်စေ၊ ဘုရားသခင်သည် ဤအရာများကို အရေးမထားပေ။ လူသားအနေဖြင့် ၎င်း၏ အတွင်းစိတ်နှလုံးထဲတွင် ရှိသည့် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို လုံးလုံးလျားလျား အသစ်ဖြစ်စေဖို့ရန်နှင့် လူသားမျိုးနွယ်၏ အနှစ်သာရကို သိရှိလာဖို့ရန်နှင့်၊ ထိုသို့ဖြင့် လူသား၏ သဘောတရား ဆိုင်ရာ အမြင် ပြောင်းလဲခြင်းသို့ ရောက်ရှိဖို့ရန်နှင့် နက်ရှိုင်းသော နေရာများမှ ဘုရားသခင်ကို တောင့်တပြီး သူနှင့် ထာဝရ တွယ်တာမှုတစ်ခု နိုးကြားစေနိုင်ဖို့ရန်သာ သူ မျှော်လင့်ပေသည်။ ဤသည်မှာ လူသားကို ဘုရားသခင် ပြုသည့်‌ တစ်ခုတည်းသော တောင်းဆိုချက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၉၅)

၎င်းတို့၏ ကြီးမားသည့် စိတ်ဒဏ်ရာ ခံစားရပြီးဖြစ်သော နှလုံးသား ပြုပြင်ခံရပြီး၊ ထိုသို့ဖြင့် မကောင်းမှုဒုစရိုက်၏ အကြီးအကျယ် ထိခိုက်နစ်နာစေခြင်း ခံရပြီးဖြစ်သော ၎င်းတို့၏ ဝိညာဉ်ကို ကယ်နုတ်သည်အထိ လူအသီးသီး၏ စိတ်ဝိညာဉ်ကို ပြုပြင်ရန်၊ လူအသီးသီး၏ စိတ်ဝိညာဉ်ကို ပြောင်းလဲရန်အလို့ငှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ကြိမ်ဖန်များစွာ ငါပြောဆိုပြီးဖြစ်သည်။ ယင်းမှာ လူတို့၏ စိတ်ဝိညာဉ်များကို နိုးထစေရန်၊ ၎င်းတို့၏ အေးစက်သော နှလုံးသားများကို အရည်ပျော် ကျစေရန်နှင့် ၎င်းတို့အား အားသစ်လောင်းခံရခွင့် ပေးရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကြီးမြတ်ဆုံးသော အလို ဖြစ်သည်။ လူသား၏ အသက်တာနှင့် အတွေ့အကြုံများ မည်မျှ မြင့်မားသည်၊ သို့မဟုတ် မည်မျှ နက်နဲသိမ်မွေ့သည်ဆိုသည်ကို ပြောဆိုခြင်းအား ဘေးဖယ်ထားလော့။ လူတို့၏ နှလုံးသားများ နိုးကြားစေခြင်း ခံရပြီးသောအခါ၊ ၎င်းတို့၏ အိပ်မက်များမှ ၎င်းတို့ နိုးထစေခြင်း ခံရပြီး အဆင်းနီသော နဂါးကြီးက ဖြစ်ပေါ်စေသည့် အန္တရာယ်ကို အပြည့်အဝ ကောင်းစွာ သိရှိကြသည့်အခါတွင်၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အမှု ပြီးစီးပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၏အမှု ပြီးဆုံးသည့် နေ့ရက်သည် လူသားက ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ တရားဝင် စတင်သောနေ့ရက်လည်း ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင်၏ အမှုတော်သည် အဆုံးသတ်သို့ ရောက်လာပြီး ဖြစ်လိမ့်မည်- ဘုရားသခင် လူ့ဇာတိခံယူသော အမှုသည် လုံးလုံး ပြီးဆုံးသွားပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး လူသားသည် သူ ဆောင်ရွက်သင့်သည့် တာဝန်ကို တရားဝင် စတင် ဆောင်ရွက်လိမ့်မည်— လူသားသည် သူ၏ အမှုတော်ကို ထမ်းဆောင်လိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင် အမှု၏ အဆင့်များ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဤအရာများကို သိခြင်းနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အပေါ်တွင် အသင်တို့၏ ဝင်ရောက်ရန် လမ်းကြောင်းကို စမ်းတဝါးဝါး ရှာသင့်သည်။ ဤအရာအားလုံးသည် သင်တို့ နားလည်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မကောင်းဆိုးဝါးများ စုစည်းရာ ဤနေရာမှ- ရွေးနုတ်ခံရပြီးဖြစ်သည့်၊ အမှောင်အင်အားစုများ အောက်တွင် အသက်ရှင်ဆဲ ဖြစ်သကဲ့သို့ မိမိကိုယ်ကိုယ် မည်သည့်အခါတွင်မျှ မလှုံ့ဆော်ဖူးသည့်- လူသား၏ ပြည့်စုံသည့် ကယ်တင်ခြင်း ဖြစ်သည့်အတွက်၊ လူသား၏ ဝင်ရောက်ခြင်းသည် သူ၏ နှလုံးသား နက်နက်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ပြီးသည့်အခါမှသာ တိုးတက်ပေလိမ့်မည်။ ယင်းမှာ အဆင်းနီသော နဂါးကြီးကို လုံးလုံး အလဲထိုးရင်း၊ ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ကာ ဘုရားသခင်၏ စိတ်နှလုံးကို ဆောလျင်စွာ အနားယူစေရင်း၊ လူသည် နှစ်ပေါင်းထောင်ချီသည့် အပြစ်မှ လွတ်မြောက်ပြီး ဘုရားသခင်၏ ချစ်မြတ်နိုးခြင်း ခံရရန်အလို့ငှာ ဖြစ်သည်။ ယင်းသည် သင်တို့၏ ရင်ဘတ်ကို ဖောင်းကြွစေသော အမုန်းတရားကို မခြွင်းမချန် ရင်ဖွင့်ရန်၊ ထိုမှိုတက်နေသော ရောဂါပိုးများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်၊ နွားထီး သို့မဟုတ် မြင်းတစ်ကောင်၏ ဘဝနှင့် ခြားနားခြင်းမရှိသည့် ဤဘဝကို သင်တို့အား စွန့်ခွာခွင့်ပေးရန်၊ နောက်ထပ် ကျွန်တစ်ဦး မဖြစ်တော့ရန်၊ အဆင်းနီသော နဂါးကြီး၏ စိတ်ကြိုက် နင်းခြေခြင်းနှင့် အမိန့်ပေး စေခိုင်းခြင်း မခံရတော့ရန် ဖြစ်သည်။ သင်တို့သည် ဤကျရှုံးသော တိုင်းနိုင်ငံနှင့် သက်ဆိုင်တော့မည် မဟုတ်၊ သင်တို့သည် အလွန်ယုတ်မာသည့် အဆင်းနီသော နဂါးကြီးနှင့် သက်ဆိုင်တော့မည် မဟုတ်သကဲ့သို့၊ ယင်း၏ ကျွန်ပြုခြင်းလည်း ခံရတော့မည် မဟုတ်ပေ။ မကောင်းဆိုးဝါးများ၏ အသိုက်သည် ဘုရားသခင်၏ အပိုင်းပိုင်း ဆုတ်ဖြဲခြင်းကို ဧကန်မုချ ခံရလိမ့်မည်ဖြစ်ပြီး သင်တို့သည် ဘုရားသခင်၏ နံဘေးတွင် ရပ်ရကြလိမ့်မည်— သင်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်ကြပြီး ဤကျွန်များ၏ အင်ပါယာနှင့် မသက်ဆိုင်ကြပေ။ ဘုရားသခင်သည် ကြာမြင့်စွာကတည်းက ဤအမှောင် လူမှုအဖွဲ့အစည်းကို သူ၏ အရိုးများထိတိုင် စက်ဆုပ်ရွံရှာပြီး ဖြစ်သည်။ ဘုရားသခင်သည် အံသွားခဲကြိတ်သည်၊ ဤဆိုးယုတ်သည့် အလွန်ယုတ်မာသော မြွေအိုအနေဖြင့် တစ်ဖန် လုံးဝ မထကြွဖို့ရန်နှင့် လူသားကို တစ်ဖန် လုံးဝ မနှိပ်စက်ရန်အလို့ငှာ၊ ယင်းအပေါ် သူ၏ ခြေများကိုချဖို့ စိတ်ထက်သန်လေသည်။ ဘုရားသခင်သည် ယင်း၏ အတိတ်က လုပ်ရပ်များကို ခွင့်လွှတ်မည်မဟုတ်၊ လူသားအား ၎င်း၏ လှည့်ဖြားမှုကို သည်းခံလိမ့်မည် မဟုတ်သကဲ့သို့၊ ခေတ်ကာလများ တစ်လျှောက် ၎င်း၏ အပြစ် တစ်ခုစီတိုင်းအတွက် ဆပ်ပေးစေလိမ့်မည်။ ဘုရားသခင်သည် ဆိုးညစ်မှုအားလုံး၏ ဤခေါင်သူကြီးအား စိုးစဉ်းမျှ အသက်ရှူချောင်ခွင့် ပေးလိမ့်မည်မဟုတ်၊ သူသည် ၎င်းကို လုံးလုံးလျားလျား ဖျက်ဆီးလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)

အောက်ခြေမှတ်စု(များ)-

၁။ “ဆိုးညစ်မှုအားလုံး၏ ခေါင်သူကြီး” သည် နတ်ဆိုးအိုကို ရည်ညွှန်းသည်။ ဤစကားစုသည် အလွန်အမင်း မနှစ်သက်ခြင်းကို ဖော်ပြသည်။


ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၉၆)

လူသား၏အလုပ်အတွက် ဘုရားသခင် ကြံ့ကြံ့ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ ကိုယ်တော်သည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန်၊ လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ ကိုယ်တော်သည် လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ ထို့အပြင် လူသားအား ၎င်း၏နာခံမှု မရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိဘဲ၊ သူ၏အမှုကို သူကိုယ်တိုင် ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံတော်မူ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့ သက်ဆိုင်နိုင်အံ့နည်း။ ကိုယ်တော်သည် ကိုယ်တော်၏ အသက်တာကို ငရဲ၌ အဘယ်သို့ ကုန်ဆုံးနိုင်အံ့သနည်း။ သို့သော် လူသားမျိုးနွယ် တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ ချမ်းသာခြင်းသို့ ရောက်ရန် ကိုယ်တော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့ လာရန် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင်၊ လူသားကို ကယ်တင်ရန် သူကိုယ်တိုင် “ငရဲ” နှင့် “မရဏနိုင်ငံ” အတွင်း၊ ကျားအောင်းဂူအတွင်းသို့ ဝင်ရောက်ခဲ့၏။ လူသားသည် ဘုရားသခင်အား ဆန့်ကျင်ရန် အဘယ်သို့ အရည်အချင်း မီသနည်း။ ဘုရားသခင်အကြောင်း မကျေမနပ်ပြောရန် ၎င်းတွင် မည်သည့်အကြောင်းရင်း ရှိသနည်း။ ဘုရားသခင်ကို ကြည့်ရန် သူသည် အဘယ်သို့ ရဲတင်း၍ အရှက်မရှိ မျက်နှာပြောင်တိုက်နိုင်မည်နည်း။ ကောင်းကင်ဘုံ၏ ဘုရားသခင်သည် အညစ်ပေဆုံးသော ဤဒုစရိုက်ပြည်သို့ လာရောက်ခဲ့ပြီး ကိုယ်တော်၏ မကျေနပ်မှုများကို မည်သည့်အခါမျှ ထွက်ပေါက်ရှာခဲ့ဖူးခြင်း သို့မဟုတ် လူသားအကြောင်း ညည်းညူခဲ့ခြင်း မရှိဘဲ၊ ယင်းအစား လူသား၏ ဒဏ်ရာဒဏ်ချက်များ နှင့် ဖိနှိပ်မှုတို့ကို တိတ်ဆိတ်စွာ လက်ခံ၏။ လူသား၏ မလျော်ကန်သော တောင်းဆိုမှုများကို မည်သည့်အခါမျှ တုံ့ပြန်ထိုးနှက်တိုက်ခိုက်ခြင်း မရှိ၊ လူသားအပေါ် လွန်ကဲသော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုခဲ့ဖူးသလို၊ လူသားအပေါ် မလျော်ကန်သော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးပေ၊ သူသည် သင်ကြားခြင်း၊ အသိဉာဏ် ပွင့်လင်းစေခြင်း၊ အပြစ်တင်ခြင်း၊ နှုတ်ကပတ်တော်များအား စစ်ဆေးခြင်း၊ သတိပေးခြင်း၊ အလေးအနက် တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်း၊ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းစသည့် လူသား လိုအပ်သည့်အလုပ်ကို ညည်းညူမှုမရှိဘဲ၊ လုပ်ဆောင်ရုံသာ လုပ်ဆောင်၏။ ကိုယ်တော်၏ အဆင့်များအနက် အဘယ်အဆင့်သည် လူသား၏ ဘဝအတွက် မဟုတ်သနည်း။ ကိုယ်တော်သည် လူသား၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာကို ဖယ်ရှားခဲ့သော်လည်း၊ ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသား၏ရှင်သန်နိုင်ရေးအတွက် မဟုတ်သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် ဤဒုက္ခဝေဒနာနှင့် ညတမျှ မည်းနက်သော အမှောင်စွမ်းအားများ၏ ဖိနှိပ်ခြင်းတို့မှ လူသားအား လွတ်မြောက်စေရန် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသားအတွက် မဟုတ်သနည်း။ ချစ်ခင်ကြင်နာသော မိခင်၏ နှလုံးသားကဲ့သို့ဖြစ်သည့် ဘုရားသခင်၏ နှလုံးသားကို မည်သူ နားလည်နိုင်သနည်း။ ဘုရားသခင်၏ စိတ်အားထက်သန်သော နှလုံးသားကို မည်သူနားလည်နိုင်သနည်း။ ဘုရားသခင်၏ ပြင်းပြသောနှလုံးသားနှင့် ဇောသန်သော မျှော်လင့်ချက်များသည် အေးစက်သောနှလုံးသားများ၊ အကြင်နာ တရားမဲ့သော ဂရုမစိုက်သည့် မျက်လုံးများ၊ လူသား၏ ကြိမ်ဖန်တလဲ အပြစ်ဖော်ဆုံးမခြင်းများနှင့် စော်ကားမှုများဖြင့် ကျေးဇူးဆပ်ခံခဲ့ရ၏၊ ထိခိုက်နာကျည်းစေသော ဝေဖန်ချက်များ၊ ထေ့လုံးငေါ့လုံးနှင့် သိမ်ငယ်စေမှုများဖြင့် ကျေးဇူးဆပ်ခံခဲ့ရ၏၊ လူသား၏ လှောင်ပြောင် သရော်ခြင်း၊ သူ၏ နင်းခြေစော်ကားခြင်းနှင့် ငြင်းပယ်ခြင်း၊ သူ၏ နားလည်သဘောပေါက်မှုလွဲခြင်းနှင့် ညည်းတွားခြင်း၊ စိတ်ဝမ်းကွဲခြင်းနှင့် ရှောင်ရှားခြင်းတို့ဖြင့် ကျေးဇူးဆပ်ခံခဲ့ရကာ လှည့်ဖြားမှု၊ တိုက်ခိုက်မှုများနှင့် ခါးသီးမှုတို့မှလွဲ၍ မည်သည့်အရာမျှမပါရှိဘဲ ကျေးဇူးဆပ်ခံခဲ့ရ၏။ နွေးထွေးသောစကားများသည် ရက်စက် ကြမ်းကြုတ်သော မျက်ခုံးများနှင့် လှုပ်ယမ်းနေသော လက်ချောင်း တစ်ထောင်တို့၏ အေးစက်သော ပမာမခန့်ပြုမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်သည် စိတ်အလိုကျသော နွားထီးပမာ ခေါင်းငုံ့လျက် လူတို့အား အစေခံကာ သည်းခံရုံသာ တတ်နိုင်၏။ ကိုယ်တော်သည် ကိုယ်တော်၏အဖထံမှ ထွက်ခွာခြင်း၏ နာကျင်မှုထက် အဆတစ်ထောင် ကြီးမားသည့် မချိမဆံ့ဝေဒနာကို အောင့်ခံရင်း၊ လူသား၏တိုက်ခိုက်မှုများနှင့် ချိုးဖျက်မှုများကို အောင့်ခံရင်းအပြင် လူသား၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဟိုဖက်လှိမ့်၊ သည်ဖက်လှိမ့်ဖြင့် အောင့်ခံရင်း ကိုယ်တော်သည် မြောက်မြားစွာသော နေများလများ၊ ကြယ်များနှင့် အကြိမ်ပေါင်း များစွာ ရင်ဆိုင်ခဲ့သည်၊ ကိုယ်တော်သည် အကြိမ်ပေါင်းများစွာ အရုဏ်တက်၌ ထွက်ခွာသွားကာ နေဝင်ဆည်းဆာမှ ပြန်လာခဲ့သည်။ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ဖုံးကွယ်မှုသည် လူသား၏ အခြေအမြစ်မရှိသော အစွဲအလမ်း၊ လူသား၏ မတရားသောအမြင်များ၊ မတရားသော ဆက်ဆံမှုများနှင့် ကျေးဇူးဆပ် ခံရကာ၊ ကိုယ်တော်၏ မထင်မရှား တိတ်ဆိတ်စွာ အလုပ်လုပ်ပုံ၊ ကိုယ်တော်၏ စိတ်ရှည်ခြင်းနှင့် ကိုယ်တော်၏ သည်းခံခြင်းတို့သည် လူသား၏လောဘကြီးသော အကြည့်ဖြင့် ကျေးဇူးဆပ်ခံခဲ့ရသည်၊ လူသားသည် စိတ်မလုံမလဲမဖြစ်ဘဲ၊ ဘုရားသခင် သေသည်အထိ ခြေနှင့်ဆောင့်နင်းရန် ကြိုးစားကာ ဘုရားသခင်အား မြေကြီးအတွင်းသို့ နင်းခြေရန် ကြိုးစား၏။ ဘုရားသခင်အပေါ် ဆက်ဆံခြင်း၌ လူသား၏ သဘောထားသည် “ရှားပါးသော လိမ္မာကျွမ်းကျင်မှု” တစ်ရပ်ဖြစ်ပြီး လူသား၏အနိုင်ကျင့်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ကို ခံရသော ဘုရားသခင်သည် ထောင်သောင်းပေါင်း များစွာသောလူတို့၏ ခြေများ အောက်တွင် ပြားနေအောင် အဖိခံရချိန်၌ လူသားကိုယ်၌သည် အံမတုနိုင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်မည့်အလား၊ အကြွင်းမဲ့အာဏာကို ရယူ လိုသည့်အလား၊ အခြွေအရံများကို ခန်းဆီးနောက်ကွယ်မှ ဦးဆောင်ုရန်၊ ဘုရားသခင်ကို တန်ပြန်တိုက်ခိုက်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်း ပြုခွင့်မရှိသော တာဝန်သိ၍ စည်းကမ်းလိုက်နာသည့် ပရိတ်သတ်မျက်ကွယ်က ညွှန်ကြားရေးမှူးအဖြစ် ပြုလုပ်ရန် မြင့်မားစွာ ရပ်လျက်ရှိ၏။ ဘုရားသခင်သည် နောက်ဆုံးသောဧကရာဇ်မင်း၏ အခန်းမှ ပါဝင်ရမည်၊ သူသည် လွတ်လပ်မှု လုံးဝကင်းမဲ့သည့် ရုပ်သေး ရုပ်တစ်ရုပ် ဖြစ်ရမည်။ လူသား၏ လုပ်ဆောင်ချက်များသည် ပြောပြ၍မရသဖြင့် သူသည် ဘုရားသခင်အား ဤအရာ၊ ထိုအရာ တောင်းဆိုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ၎င်းသည် ဘုရားသခင်အား အကြံပြုချက်များ အဆိုပြုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ဘုရားသခင်သည် သူ၏အားနည်းချက်များကို ထောက်ထားရေးအတွက် တောင်းဆိုရန် အရည်အချင်း မည်သို့ ပြည့်မီသနည်း။ သူသည် ဘုရားသခင်၏ သနားကရုဏာကို လက်ခံရရှိရန် မည်သို့ သင့်တော်သနည်း။ ဘုရားသခင်၏ သဘောထားကြီးမှုကို ထပ်ခါတလဲလဲ လက်ခံရရှိရန် မည်သို့ သင့်တော်သနည်း။ သူသည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ထပ်ခါတလဲလဲ လက်ခံရရှိရန် မည်သို့သင့်တော်သနည်း။ သူ၏ သြတပ္ပစိတ်သည် အဘယ်မှာနည်း။ ၎င်းသည် ရှေးအတိတ်တွင် ဘုရားသခင်၏ အသည်းကို ခွဲခဲ့ပြီး ထိုကြာမြင့်သည့် အချိန်ကတည်းက ဘုရားသခင်၏ နှလုံးသားကို အပိုင်းပိုင်းအစစ ထားခဲ့သည်။ အနည်းငယ်မျှသော နွေးထွေးမှုနှင့်ပင်ဖြစ်စေ လူသား သူ့အပေါ် စိတ်စေတနာရှိရန် မျှော်လင့်လျက် ဘုရားသခင်သည် လူသားအကြားသို့ စိတ်အားထက်သန်စွာ လာရောက်ခဲ့၏။ သို့ရာတွင် ဘုရားသခင်၏ နှလုံးသားသည် လူသား၏ နှစ်သိမ့်ခြင်းခံရရန် နှေးကွေး၏၊ ကိုယ်တော် လက်ခံရရှိသမျှမှာ တစ်မုဟုတ်ချင်း ကြီးထွားပြင်းထန်လာသည့် တိုက်ခိုက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုသာဖြစ်၏၊ လူသား၏ နှလုံးသားသည် လောဘရမ္မက်ကြီးလွန်း၏၊ သူ၏အလိုဆန္ဒသည် ကြီးမားလွန်း၍ သူသည် မည်သည့်အခါမှ အာသာပြေနိုင်မည် မဟုတ်ပေ၊ သူသည် အစဉ်ထိခိုက်နစ်နာစေ၍ မိုက်ရူးရဲဖြစ်၏၊ သူသည် ဘုရားသခင်အား မည်သည့်အခါမျှ လွတ်လပ်ခွင့် သို့မဟုတ် ပြောဆိုခွင့် မပေးဘဲ၊ ဘုရားသခင်အား အရှက်ခွဲခြင်းခံရရန်မှတစ်ပါး အခြားရွေးချယ်စရာ မပေးဘဲ၊ ၎င်းဆန္ဒရှိသည့်အတိုင်း ကိုယ်တော့်အား ခြယ်လှယ်ဖို့ လူသားကို ခွင့်ပေး၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)

အောက်ခြေမှတ်စု(များ)-

၁။ လူသားတို့၏ နာခံမှုမရှိခြင်းကို ဖော်ထုတ်ရန် “ဒဏ်ရာဒဏ်ချက်များ” ကို အသုံးပြုထား၏။

၂။ “ရက်စက် ကြမ်းကြုတ်သော မျက်ခုံးများနှင့် လှုပ်ယမ်းနေသော လက်ချောင်း တစ်ထောင်တို့၏ အေးစက်သော ပမာမခန့်ပြုမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်၊ ဘုရားသခင်သည် စိတ်အလိုကျသော နွားထီးပမာ ခေါင်းငုံ့လျက် လူတို့အား အစေခံကာ သည်းခံရုံသာ တတ်နိုင်၏” သည် မူလက ဝါကျတစ်ကြောင်းသာဖြစ်သော်လည်း၊ ဤနေရာတွင် ပိုရှင်းသွားရန် နှစ်ကြောင်းခွဲထားခြင်းဖြစ်သည်။ ဤဝါကျ၏ ပထမအပိုင်းသည် လူသား၏ပြုမူချက်များကို ရည်ညွှန်း၍ ဒုတိယဝါကျသည် ဘုရားသခင် ကြုံရသည့် ဒုက္ခခံစားမှုကို ညွှန်ပြကာ ဘုရားသခင်သည် နှိမ့်ချ၍ မမြင်ရကြောင်းကို ညွှန်ပြ၏။

၃။ “အခြေအမြစ်မရှိသော အစွဲအလမ်း” သည် လူသားတို့၏ နာခံမှုမရှိသော အပြုအမူကို ရည်ညွှန်း၏။

၄။ “အကြွင်းမဲ့အာဏာကို ရယူ” သည် လူတို့၏ နာခံမှုမရှိသော အပြုအမူကို ရည်ညွှန်း၏။ ၎င်းတို့သည် မိမိကိုယ်ကိုယ် မြှင့်တင်၏၊ အခြားသူများကို ထိပ်တုံးခတ်၏၊ ထိုသူတို့အား ၎င်းတို့နောက်သို့လိုက်စေ၍ ၎င်းတို့အတွက် ဒုက္ခခံစားစေ၏။ ၎င်းတို့သည် ဘုရားသခင်အပေါ် ရန်လိုသည့် အင်အားစုများဖြစ်၏။

၅။ ဘုရားသခင်ကို မသိသူများအား လှောင်ပြောင်ရန် “ရုပ်သေး” ကို အသုံးပြုထား၏။

၆။ လူတို့၏ နိမ့်ကျသောအပြုအမူကို မီးမောင်းထိုးပြရန် “တစ်မုဟုတ်ချင်း ကြီးထွားပြင်းထန်လာသည့်” ကို အသုံးပြုထား၏။


ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၉၇)

ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ဘာသာတရား အားလုံးနှင့် ကဏ္ဍအားလုံးတစ်လျှောက် ဂယက်လှိုင်းပြင်းများ ပို့လွှတ်ပြီးဖြစ်သည်၊ ယင်းသည် ဘာသာရေးအသိုင်းအဝိုင်းများ၏ မူလစနစ်ကျမှုကို “ဖရိုဖရဲ” ဖြစ်စေပြီးဖြစ်ကာ၊ ဘုရားသခင် ပေါ်ထွန်းခြင်းကို တမ်းတသူများ၏ နှလုံးသားများကို တုန်လှုပ်စေပြီးဖြစ်သည်။ အဘယ်သူသည် မချစ်ခင်မကြင်နာသနည်း။ အဘယ်သူသည် ဘုရားသခင်ကိုတွေ့ရန် တောင့်တခြင်း မရှိသနည်း။ ဘုရားသခင်သည် လူသားအလယ် ကိုယ်တိုင်ကိုယ်ကျ နှစ်ပေါင်းများစွာကြာ ရှိပြီးဖြစ်သော်လည်း၊ လူသားသည် ယင်းကို မည်သည့်အခါကမျှ သဘောမပေါက်ဖူးပေ။ ယနေ့တွင် ဘုရားသခင်ကိုယ်တော်တိုင် ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ကိုယ်ပိုင်လက္ခဏာကို လူထုများထံ ပြသပြီးဖြစ်၏- ဤအရာက လူသား၏နှလုံးသားကို ပျော်ရွှင်ဝမ်းမြောက်ခြင်း အဘယ်သို့ မဆောင်ကြဉ်းနိုင်မည်နည်း။ တစ်ခါက ဘုရားသခင်သည် လူသားနှင့် အတူ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို မျှဝေခံစားခဲ့ပြီး၊ ယနေ့ သူသည် လူသားမျိုးနွယ်နှင့် ပြန်လည်ပေါင်းစည်းပြီးဖြစ်ကာ၊ ကုန်လွန်သော အချိန်ကာလများ၏ ဇာတ်ကြောင်းများကို သူနှင့်အတူ မျှဝေခံစားလေသည်။ သူသည် ယုဒပြည်မှ ထွက်သွားပြီးနောက်၊ လူတို့သည် သူ၏အရိပ်အယောင်ကို ရှာမတွေ့နိုင်ခဲ့ကြပေ။ ၎င်းတို့သည် ယနေ့ သူနှင့်တစ်ဖန်ပြန်တွေ့ပြီးကာ သူနှင့်ပြန်လည် ပေါင်းစပ်ပြီးဖြစ်သည် မသိကြဘဲ၊ ဘုရားသခင်အား နောက်တစ်ကြိမ်တွေ့ဆုံရန် တမ်းတကြ၏။ ဤအရာက ယမန်နေ့၏ အတွေးများကို မလှုံ့ဆော်ဘဲ အဘယ်သို့နေနိုင်မည်နည်း။ ယနေ့မှ လွန်ခဲ့သော အနှစ်နှစ်ထောင်တွင်၊ ယုဒလူတို့မှ ဆင်းသက်လာသူ၊ ရှိမုန်ဗာယောနသည် ကယ်တင်ရှင်ယေရှုကို ရှုမြင်ခဲ့သည်၊ သူနှင့်တစ်စားပွဲတည်းတွင် စားခဲ့ပြီး၊ သူ့နောက်နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးနောက် သူ့အတွက် သာ၍ နက်ရှိုင်းသော ချစ်ခင်စိတ် ခံစားခဲ့ရသည်။ သူ့ကို အူထဲအသည်းထဲက ချစ်ခဲ့သည်။ သူသည် သခင်ယေရှုကို လေးလေးနက်နက် ချစ်ခဲ့၏။ အေးစိမ့်သော နွားစားခွက်တွင်မွေးဖွားခဲ့သည့် ရွှေဝါရောင် ဆံပင်ရှိသော ဤကလေးငယ်သည် မည်သို့ လူ့ဇာတိခံဘုရားသခင်၏ ပထမဆုံး ပုံရိပ်ဖြစ်သည်ကို ယုဒလူတို့က မသိခဲ့ကြပေ။ သူသည် ၎င်းတို့ကဲ့သို့ပင် ဖြစ်သည်ဟု ၎င်းတို့အားလုံး ထင်ခဲ့ကြသည်၊ သူသည် ကွဲပြားမှု တစ်ခုတစ်လေရှိသည်ဟု မည်သူမျှ မထင်ခဲ့ကြပေ- လူတို့သည် ဤသာမန်နှင့် ရိုးရိုး ယေရှုကို အဘယ်သို့ သတိပြုနိုင်ခဲ့ကြမည်နည်း။ ယုဒလူတို့သည် သူ့အား ထိုအချိန်ကာလ၏ ယုဒလူမျိုး သားတစ်ဦးအဖြစ် တွေးထင်ခဲ့ကြသည်။ မည်သူမျှ သူ့ကို ချစ်ဖွယ်ကောင်းသော ဘုရားသခင်ဟု မကြည်ညိုခဲ့ကြသကဲ့သို့၊ လူတို့သည် ၎င်းတို့အား ကြွယ်ဝကာ များပြားသော ကျေးဇူးတော်များ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ပေးရန် တောင်းဆိုရင်း၊ သူ့အပေါ် ကျိုးကြောင်းမမြင်ဘဲ တောင်းဆိုမှုများသား ပြုလုပ်ခဲ့ကြသည်။ လူတို့က သူသည် သန်းကြွယ်သူဌေးတစ်ဦးကဲ့သို့၊ တစ်ဦးတစ်ယောက် ဆန္ဒရှိနိုင်သည့်အရာရာတိုင်း သူ့တွင် ရှိခဲ့သည်ဟုသာ သိခဲ့ကြသည်။ သို့ရာတွင် လူတို့သည် သူ့အား ချစ်ခင်မြတ်နိုးခံရသူ တစ်ဦးအဖြစ် မည်သည့်အခါကမျှ မဆက်ဆံခဲ့ပေ။ ထိုအချိန်က လူတို့သည် သူ့ကို မချစ်ခဲ့ကြသကဲ့သို့၊ သူ့ကို ဆန့်ကျင်ကန့်ကွက်ခြင်းကိုသာ ပြုခဲ့ကြပြီး၊ သူ့အပေါ် အကြောင်းမဲ့ တောင်းဆိုမှုများ ပြုခဲ့ကြသည်။ လူသားသည် သူ့ကို မသိသော်လည်း၊ သူသည် မည်သည့်အခါမျှ မခုခံခဲ့ဘဲ လူသားကို ကျေးဇူးတော်များ စဉ်ဆက်မပြတ် ပေးခဲ့၏။ သူသည် လူသားအား နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့ကို တိတ်ဆိတ်စွာပေးသည်မှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သကဲ့သို့၊ ထိုထက်သာ၍ လူသားအား ပညတ်တရား၏ ချုပ်နှောင်မှုများမှ ဦးဆောင်ခေါ်သွားရင်း၊ လူသားကို လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းအသစ်များကို ပေးခဲ့သည်။ လူသားသည် သူ့ကို မချစ်ခဲ့ပေ၊ သူ့ကို အားကျရုံ အားကျပြီး၊ သူ၏ထူးကဲသော ပါရမီတို့ကို အသိအမှတ်ပြုခဲ့ရုံသာ ဖြစ်၏။ လူသားမျိုးနွယ်အလယ် လာခဲ့ချိန် ချစ်မြတ်နိုးဖွယ် ကောင်းသော ကယ်တင်ရှင်ယေရှုက ခံစားခဲ့ရသည့် အရှက်ရခြင်း အဘယ်မျှ ကြီးမားသည်ကို ကျိုးကြောင်းမမြင်သည့် လူသားမျိုးနွယ်သည် အဘယ်သို့သိနိုင်မည်နည်း။ မည်သူမျှ သူ၏ စိတ်သောကကို ထည့်သွင်းမစဉ်းစားခဲ့ပေ၊ ခမည်းတော် ဘုရားသခင်အတွက် သူ၏ချစ်ခြင်းမေတ္တာကို မည်သူမျှ မသိခဲ့သကဲ့သို့၊ သူ၏အထီးကျန်မှုကို မည်သူမျှ မသိနိုင်ခဲ့ပေ။ မာရိသည် သူ၏မွေးမိခင် ဖြစ်သော်လည်း၊ သူမသည် သနားကရုဏာနှင့် ပြည့်စုံသည့် သခင်ယေရှု၏ နှလုံးသားထဲက အတွေးများကို မည်သို့သိနိုင်မည်နည်း။ လူသားက ကြံ့ကြံ့ခံခဲ့သော ပြောမပြနိုင်သည့် ဆင်းရဲဒုက္ခအကြောင်းကို မည်သူသိခဲ့သနည်း။ သူ့အပေါ်တောင်းဆိုချက်များ ပြုပြီးသည့်နောက်၊ ထိုအချိန်က လူတို့သည် သူ့အား စိမ်းကားစွာ ဂရုမပြုတော့ဘဲ အပြင်သို့ စွန့်ပစ်လိုက်ကြ၏။ ထို့ကြောင့် သူသည် တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ကြာရှည်ခြင်းနှင့် တိုတောင်းခြင်း နှစ်ခုလုံး ဖြစ်ခဲ့သည့် ခက်ခဲသော သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်ပြီးသည်အထိ နှစ်ပေါင်းများစွာ လွင့်မျောနေခဲ့ရင်း၊ လမ်းများပေါ်တွင် ဟိုဟိုသည်သည် သွားလာခဲ့ရသည်။ လူတို့သည် သူ့အားလိုအပ်ခဲ့ချိန်တွင်၊ ၎င်းတို့သည် သူ့အပေါ် တောင်းဆိုမှုများပြုရန် ကြိုးစားကြရင်း၊ ပြုံးနေသောမျက်နှာများဖြင့် ၎င်းတို့၏ အိမ်များထဲသို့ သူ့အားဖိတ်ခေါ်ခဲ့ကြသည်- ပြီးလျှင် သူသည် ၎င်းတို့ကို သူ၏ကူညီထောက်ပံ့မှု ပြုခဲ့ပြီးသည့်နောက်တွင်၊ ၎င်းတို့သည် သူ့ကို တံခါးပြင်ပသို့ ချက်ချင်း တွန်းထုတ်ခဲ့ကြ၏။ လူတို့သည် သူ၏နှုတ်မှထောက်ပံ့ပေးခဲ့သည့်အရာကို စားသုံးခဲ့ကြသည်၊ သူ၏သွေးကို သောက်ခဲ့ကြသည်၊ ၎င်းတို့အပေါ် သူ အပ်နှင်းခဲ့သည့် ကျေးဇူးတော်များကို မွေ့လျော်ခဲ့ကြသည်၊ သို့သော် ၎င်းတို့သည် မည်သူက ၎င်းတို့ကို ၎င်းတို့၏ အသက်တာများအား ပေးခဲ့လေပြီကို လုံးဝ မရှိခဲ့ဖူးကြသည့်အတွက်၊ သူ့အား ဆန့်ကျင်လည်း ဆန့်ကျင်ခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် သူ့ကို လက်ဝါးကပ်တိုင်၌ သံမှိုရိုက်ထားခဲ့ကြသော်လည်း၊ သူသည် အသံမထွက်ဘဲနေဆဲ ဖြစ်ခဲ့သည်။ ယနေ့တွင်ပင် သူသည် နှုတ်ဆိတ်နေဆဲဖြစ်၏။ လူတို့သည် သူ၏အသားကို စားသုံးကြသည်၊ သူ၏ အသွေးကို သောက်ကြသည်၊ ၎င်းတို့အတွက် သူ ပြုလုပ်ပေးသည့်အစာကို စားကြပြီး၊ ၎င်းတို့အတွက် သူဖွင့်ပေးပြီး ဖြစ်သည့်လမ်းကို လျှောက်ကြသည်၊ သို့သော် ၎င်းတို့သည် သူ့အားငြင်းပယ်ရန် ရည်ရွယ်ဆဲဖြစ်၏။ ၎င်းတို့သည် ၎င်းတို့အား ၎င်းတို့၏ ဘဝများကို ပေးပြီးဖြစ်သည့် ဘုရားသခင်ကို ရန်သူကဲ့သို့ အမှန်တကယ် ဆက်ဆံကြကာ၊ ထိုအစား ၎င်းတို့ကဲ့သို့ ကျွန်များအား ကောင်းကင်ဘုံရှိ အဘကဲ့သို့ ဆက်ဆံကြ၏။ ဤတွင် ၎င်းတို့သည် သူ့အား တမင်ဆန့်ကျင်ကြသည် မဟုတ်လော။ ယေရှုသည် လက်ဝါးကပ်တိုင်၌ အသေခံရန် အဘယ်သို့ လာခဲ့သနည်း။ သင်တို့သိသလော။ သူသည် သူနှင့် အရင်းနှီးဆုံးဖြစ်ကာ သူ့ကို စားသုံးခဲ့ပြီး သောက်သုံးခဲ့ကာ သူ့အား မွေ့လျော်ခဲ့ပြီးဖြစ်သည့် ယုဒ၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည် မဟုတ်လော။ ယေရှုသည် မထင်ရှားသော ပုံမှန် ဆရာတစ်ပါးထက် ဘာမျှမပိုသောကြောင့်၊ ယုဒသည် ယေရှုကို သစ္စာဖောက်ခဲ့သည် မဟုတ်လော။ ယေရှုသည် သာမန်ထက် ထူးကဲကြောင်းနှင့် ကောင်းကင်ဘုံနှင့် သက်ဆိုင်သူတစ်ဦး ဖြစ်ခဲ့သည်ကို လူတို့ အမှန်တကယ် မြင်တွေ့မြင်ခဲ့ပြီးဖြစ်ပါက၊ ၎င်းတို့သည် သူ၏ခန္ဓာကိုယ်တွင် ထွက်သက်ဝင်သက် မကျန်တော့သည်အထိ၊ နှစ်ဆယ့်လေးနာရီကြာ အရှင်လတ်လတ် လက်ဝါးကပ်တိုင်တွင် အဘယ်သို့ ရိုက်နှက်နိုင်ခဲ့ကြမည်နည်း။ ဘုရားသခင်အား မည်သူသိနိုင်သနည်း။ လူတို့သည် ဘုရားသခင်အား မရောင့်ရဲနိုင်သော လောဘဖြင့် မွေ့လျော်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်ကြဘဲ၊ ၎င်းတို့သည် သူ့အား မည်သည့်အခါမျှ မသိဖူးကြပေ။ ၎င်းတို့ကို အနည်းငယ် အလျော့ပေးပါက ကမ်းတက်တတ်ကြပြီး၊ “ယေရှု” အား ၎င်းတို့၏အမိန့်များ၊ ၎င်းတို့၏ညွှန်ကြားချက်များကို လုံးဝ နာခံစေကြလေသည်။ ခေါင်းချစရာ မည်သည့်နေရာမျှ မရှိသော ဤလူသား အပေါ် သက်ညှာမှုပုံစံ တစ်ခုတစ်လေကို မည်သူ ပြသဖူးပါသနည်း။ ခမည်းတော် ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကို ဖြည့်ဆည်းရန် မည်သူသည် သူနှင့်အင်အားပေါင်းစည်းရန် တွေးတောဖူးပါသနည်း။ မည်သူသည် သူ့အတွက် စဉ်းစားဖူးသနည်း။ မည်သူသည် သူ၏အခက်အခဲများကို စာနာထောက်ထားဖူးသနည်း။ ချစ်ခြင်းမေတ္တာ စိုးစဉ်းမျှ မရှိဘဲနှင့်၊ လူသားသည် သူ့အား ခေါက်တုံ့ခေါက်ပြန် လိမ်ချိုး၏။ လူသားသည် သူ၏အလင်းနှင့်အသက် မည်သည့်နေရာမှ လာသည်ကို မသိသကဲ့သို့၊ လူသားအလယ် နာကျင်မှုကို တွေ့ကြုံခံစားပြီးဖြစ်သည့် လွန်ခဲ့သော အနှစ်နှစ်ထောင်က “ယေရှု” ကို တစ်ဖန်ပြန်၍ မည်သို့ကားစင်တင်ရမည်ကို လျှို့ဝှက်စွာ ကြံစည်သည်မှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်ပေ။ “ယေရှု” သည် ထိုသို့သော မုန်းတီးမှုကို အမှန်တကယ် လှုံ့ဆော်သလော။ သူလုပ်ဆောင်ခဲ့သမျှအားလုံးသည် အချိန်ကြာမြင့်စွာက မေ့လျော့ခံရလေပြီလာ။ နှစ်ထောင်ပေါင်းများစွာ ပေါင်းစည်းခဲ့သော မုန်းတီးမှုသည် အဆုံး၌ ပြင်ပသို့ ထိုးထွက်လိမ့်မည်။ အသင် ယုဒလူတို့နှင့် အတန်းစားတူသူတို့။ သင်တို့သည် “ယေရှု” အား ထိုမျှမုန်းရအောင် သူသည် သင်တို့ကို မည်သည့်အချိန်က ရန်လိုဖူးသနည်း။ သူသည် များစွာဆောင်ရွက်ပြီးဖြစ်ကာ များစွာပြောဆိုပြီးဖြစ်၏- ထိုအရာ တစ်ခုမျှ သင်တို့၏အကျိုးအဖို့ မဟုတ်သလော။ အပြန်အလှန် မည်သည့်အရာမျှ တောင်းဆိုခြင်းမရှိဘဲ၊ သူသည် သင်တို့ကို သူ၏အသက်ပေးပြီးဖြစ်သည်၊ သူ၏ အလုံးစုံကို သင်တို့အား သူ ပေးပြီးဖြစ်သည်- သင်တို့သည် သူ့ကို အမှန်တကယ် အရှင်လတ်လတ် စားသုံလိုသေးသလော။ သူသည် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းမရှိဘဲ၊ လောကီဘုန်းအသရေ၊ လူသားအလယ် နွေးထွေးမှု၊ လူသားအလယ် ချစ်ခြင်းမေတ္တာ သို့မဟုတ် လူသားအလယ် ကောင်းချီးမင်္ဂလာအားလုံးကို တစ်ကြိမ်တစ်ခါမျှ မွေ့လျော်ခြင်းမရှိဘဲ၊ သူ၏အရာအားလုံးကို သင်တို့အားပေးပြီးဖြစ်သည်။ လူတို့သည် သူ့အပေါ် အလွန် ခက်ထန်ကြသည်၊ သူသည် ကမ္ဘာပေါ်ရှိ ကြွယ်ဝချမ်းသာမှုအားလုံးကို လုံးဝ မမွေ့လျော်ဖူးပေ၊ သူသည် သူ၏ စစ်မှန်ကာ၊ ပြင်းပြသော နှလုံးသားတစ်ခုလုံးကို လူသားအဖို့ ဆက်ကပ်မြှုပ်နှံထားသည်၊ သူ၏အလုံးစုံကို လူသားအဖို့ ဆက်ကပ်မြှုပ်နှံထားပြီးဖြစ်သည်- ပြီးလျှင် မည်သူသည် သူ့အား နွေးထွေးမှုပေးဖူးသနည်း။ မည်သူသည် သူ့အား နှစ်သိမ့်မှုပေးဖူးသနည်း။ လူသားသည် သူ့အပေါ် ဖိအားအားလုံး ပုံချပြီးဖြစ်သည်၊ သူ၏ကံမကောင်း အကြောင်းမလှသည့်ဖြစ်ရပ်အားလုံးကို သူ့အား ပေးပြီးဖြစ်သည်၊ လူသားအလယ် အကြောင်းမလှဆုံးသော အတွေ့အကြုံများကို သူ့အပေါ် အတင်းအကျပ်ပေးပြီးဖြစ်သည်၊ လူသားသည် မတရားမှု အားလုံးအတွက် သူ့ကို အပြစ်တင်ပြီး ယင်းကို သူက ဘာမျှမပြောဘဲ လက်ခံပြီးဖြစ်သည်။ သူသည် တစ်ဦးတစ်ယောက်အား ကန့်ကွက်ဖူးသလော။ သူသည် တစ်ဦးတစ်ယောက်ထံမှ နစ်နာကြေး အနည်းငယ် တောင်းခံဖူးသလော။ မည်သူသည် သူ့အပေါ် စာနာမှု တစ်ခုတစ်လေ ပြဖူးသနည်း။ ပုံမှန်လူတို့အနေဖြင့်၊ သင်တို့အနက် အဘယ်သူသည် ကြည်နူးဖွယ်ရာ ကလေးဘဝ မရှိဖူးသနည်း။ အဘယ်သူသည် စိတ်ဝင်စားဖွယ်ကောင်းသော လူငယ်ဘဝ မရှိဖူးသနည်း။ ချစ်မြတ်နိုးသူတို့၏ နွေးထွေးမှုကို မည်သူ မရှိလေသနည်း။ ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ချစ်ခြင်းမေတ္တာ အဘယ်သူ မရှိသနည်း။ မည်သူသည် အခြားသူများ၏ လေးစားမှု မရှိသနည်း။ နွေးထွေးသည့်မိသားစုတစ်ခု အဘယ်သူမရှိသနည်း။ ၎င်းတို့ ယုံကြည်စိတ်ချရသူများ၏ နှစ်သိမ့်မှု အဘယ်သူ မရှိသနည်း။ ပြီးလျှင် သူသည် ဤအရာထဲမှ တစ်ခုတစ်လေကို မွေ့လျော်ဖူးသလော။ အဘယ်သူသည် သူ့ကို နွေးထွေးမှု အနည်းငယ် ပေးဖူးသနည်း။ အဘယ်သူသည် သူ့အား နှစ်သိမ့်မှု အနည်းငယ်မျှ ပေးဖူးသနည်း။ အဘယ်သူသည် သူ့အား လူသား ကိုယ်ကျင့်တရား အနည်းငယ် ပြသဖူးသနည်း။ အဘယ်သူသည် သူ့အပေါ် သည်းခံဖူးသနည်း။ ခဲယဉ်းသည့်ကာလများအတွင်းတွင် အဘယ်သူသည် သူနှင့်အတူ ရှိဖူးသနည်း။ အဘယ်သူသည် ခက်ခဲသောဘဝကို သူနှင့်အတူ ဖြတ်သန်းဖူးသနည်း။ လူသားသည် သူ့အပေါ် တောင်းဆိုချက်များကို မည်သည့်အခါကမျှ လျှော့ပေါ့ခြင်း မရှိဖူးပေ။ လူ့လောကသို့ လာပြီးသည့်နောက်၊ သူသည် လူသား၏နွားထီး သို့မဟုတ် မြင်း၊ သူ၏အကျဉ်းသား ဖြစ်ရမည်ဖြစ်ပြီး သူ၏အလုံးစုံကို လူသားအား ပေးရမည့်အလား၊ လူသားသည် မည်သည့် သိက္ခာစောင့်စည်းမှုမျှ မရှိဘဲ သူ့အပေါ် တောင်းဆိုမှုများ ပြုလုပ်ရုံမျှ ပြုလုပ်လေသည်။ ထိုသို့မဟုတ်ပါက လူသားသည် သူ့အား မည်သည့်အခါမျှ ခွင့်လွှတ်လိမ့်မည် မဟုတ်၊ သူ့အပေါ် မည်သည့်အခါမျှ သက်ညှာမည်မဟုတ်၊ သူ့ကို ဘုရားသခင်ဟု မည်သည့်အခါမျှ ခေါ်လိမ့်မည်မဟုတ်သကဲ့သို့၊ မည်သည့်အခါမျှ သူ့ကို အထင်ကြီးလေးစားမည် မဟုတ်ပေ။ ဘုရားသခင်အား သေသည်အထိ ညှဉ်းဆဲခြင်းငှာ ပြင်ဆင်ထားပြီး၊ ထို့နောက်တွင်မှ ဘုရားသခင်အပေါ် သူ၏ တောင်းဆိုချက်များ ပြေလျှော့ပေးမည့်အလား၊ လူသားသည် ဘုရားသခင်အပေါ် ၎င်း၏သဘောထားနှင့်ပတ်သက်၍ အလွန် ပြင်းထန်လှ၏၊ သို့မဟုတ်ပါက လူသားသည် ဘုရားသခင်အပေါ် ၎င်း၏တောင်းဆိုချက်များနှင့်ဆိုင်သည့် စံနှုန်းများကို လုံးဝ လျှော့လိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူသားသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို မခံရဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ဤသည်မှာ ယနေ့၏ အဖြစ်ဆိုး မဟုတ်သလော။ လူသား၏ အသိတရားကို မည်သည့် နေရာတွင်မျှ မမြင်ရပေ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သူ ပြန်ဆပ်မည်ဟု ပြောမြဲ ပြောနေသော်လည်း၊ သူသည် ဘုရားသခင်အား ခွဲခြမ်းစိတ်ဖြာဆန်းစစ်ကာ သေသည်အထိ ညှဉ်းဆဲလေသည်။ ဤသည်မှာ ဘုရားသခင်နှင့်ဆိုင်သည့် ၎င်း၏ယုံကြည်ခြင်းအဖို့ ၎င်း၏ဘိုးဘေးဘီဘင်တို့မှ လက်ဆင့်ကမ်းခဲ့သည့် “လျှို့ဝှက်နည်းနာ” ဖြစ်သည် မဟုတ်သလော။ “ယုဒလူတို့” အား မတွေ့သည့်နေရာ မရှိသကဲ့သို့၊ ယနေ့တွင် ၎င်းတို့သည် အလားတူအလုပ်ကို လုပ်ဆောင်ကြဆဲ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း အလုပ်တစ်ခုတည်းကို ဆောင်ရွက်နေကြဆဲဖြစ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်အား ကြည်ညိုလေးစားနေကြသည်ဟု ယုံကြည်ကြသည်။ လူသား၏ ကိုယ်ပိုင် အမြင်များသည် ဘုရားသခင်အား မည်သို့သိနိုင်မည်နည်း။ ဇာတိပကတိ၌ အသက်ရှင်သော လူသားသည် ဝိညာဉ်မှလာသော လူ့ဇာတိခံဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သို့ ဆက်ဆံနိုင်မည်နည်း။ လူသားထဲမှ မည်သူသည် သူ့ကိုသိနိုင်မည်နည်း။ လူသားအလယ်တွင် သမ္မာတရားသည် အဘယ်မှာနည်း။ စစ်မှန်သော ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို အဘယ်သူ သိနိုင်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အဘယ်သူ ယှဉ်ပြိုင်နိုင်သနည်း။ သူသည် လူသားအလယ် ကြွလာပြီးချိန်တွင် ဘုရားသခင်ကို မည်သူမျှ မသိကြသေးသကဲ့သို့၊ သူသည် ငြင်းပယ်ခြင်းခံရပြီးဖြစ်သည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ လူသားသည် ဘုရားသခင်တည်ရှိခြင်းကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ လောက၏အမှောင်ကို နှင်ထုတ်ရန် အလင်းကို သူအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဤအရာအားလုံးသည် လူသား၏ ဂုဏ်ပြုအပ်သော ကိုးကွယ်ဆည်းကပ်မှု မဟုတ်သလော။ ဤသည်မှာ လူသား၏ဖြောင့်မတ်သော ဝင်ရောက်မှု မဟုတ်သလော။ ပြီးလျှင် ဘုရားသခင်၏ အမှုသည် လူသား ဝင်ရောက်မှုကို ဗဟိုပြုထားသည် မဟုတ်လော။ ငါသည် သင့်အား ဘုရားသခင်၏အမှုကို လူသားဝင်ရောက်မှုနှင့် ပေါင်းစည်းစေလိုပြီး၊ လူသားနှင့် ဘုရားသခင်အကြား ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် ထူထောင်စေလိုကာ လူသားက ထမ်းဆောင်သင့်သည့်တာဝန်ကို သင်၏ အကောင်းဆုံး အစွမ်းအစများဖြင့် ဆောင်ရွက်စေလိုသည်။ ဤနည်းဖြင့် ဘုရားသခင်၏ အမှုသည် ယင်း၏ ပြီးဆုံးခြင်းနှင့်အညီ၊ သူ၏ ဘုန်းအသရေ ရရှိခြင်းဖြင့်၊ အဆုံးသတ်လိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၉၈)

ယခုအချိန်တွင် ၎င်းတို့၏ ပုန်ကန်သော စိတ်သဘောထားအားလုံးကို ဖွင့်ချရန်နှင့် ၎င်းတို့၏ အကျည်းတန်မှုအားလုံးကို ဖော်ထုတ်ရန် တရုတ်ပြည်၌ရှိသော ဘုရားသခင် ရွေးကောက်ထားသော လူတို့ထဲတွင် ငါ အမှုပြု၏။ ဤအရာကား ငါပြောရန်လိုအပ်သမျှကို ပြောရန် နောက်ခံအကြောင်းအရာ ဖြစ်သည်။ ထို့နောက် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အလုပ်၏ နောက်တစ်ဆင့်ကို ငါပြုသည့်အခါ စကြဝဠာတစ်ခုလုံးရှိ လူတိုင်း၏ မတရားသောအမှုကို စစ်ကြောစီရင်ရန် သင်တို့အပေါ် ငါ၏ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အသုံးပြုမည်၊ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်ကြားတွင် အသင် လူတို့သည် ပုန်ကန်တတ်သောသူတို့၏ ကိုယ်စားလှယ်များ ဖြစ်ကြခြင်းကြောင့် ဖြစ်သည်။ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသူတို့သည် အဖြည့်ခံများနှင့် အသုံးတော်ခံများသာ ဖြစ်သွားလိမ့်မည်၊ သို့သော် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သော သူတို့မူကား အသုံးပြုခြင်း ခံရကြမည်။ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသူတို့သည် အဖြည့်ခံများ အဖြစ်သာ အသုံးတော်ခံမည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ယင်းသည် ငါ၏ လက်ရှိနှုတ်ကပတ်တော်များနှင့် အလုပ်အားလုံးတို့သည် သင်တို့၏နောက်ခံကို ပစ်မှတ်ထားကြပြီး သင်တို့သည် လူသားမျိုးနွယ်အားလုံး အကြားတွင် ပုန်ကန်တတ်သောသူတို့၏ ကိုယ်စားလှယ်များနှင့် သရုပ်သကန် ဖြစ်လာခဲ့ကြခြင်းကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ငါသည် သင်တို့ကို သိမ်းပိုက်သော ဤနှုတ်ကပတ်တော်များကို ပြည်ပနိုင်ငံများသို့ ယူဆောင်သွားပြီး ထိုအရပ်၌ရှိသော လူတို့ကို သိမ်းပိုက်ရန် အသုံးပြုမည်ဖြစ်သည်။ သို့သော်လည်း သင်သည် သူတို့ကို ရရှိခဲ့လိမ့်မည် မဟုတ်။ ယင်းက သင့်ကို အဖြည့်ခံတစ်ခု ဖြစ်စေသည် မဟုတ်လော။ လူသားမျိုးနွယ်အားလုံး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ လူသား၏ ပုန်ကန်သော လုပ်ရပ်များနှင့် လူသား၏ အကျည်းတန်သော ပုံရိပ်များနှင့် မျက်နှာများ၊ ၎င်းတို့အားလုံးတို့သည် သင်တို့ကို သိမ်းပိုက်ရန် အသုံးပြုသော နှုတ်ကပတ်တော်များထဲ၌ ယနေ့ မှတ်တမ်းတင်ထားသည်။ ထို့နောက်တွင် သင်တို့သည် နမူနာနှင့် သာဓက ဖြစ်ကြခြင်းကြောင့် တိုင်းနိုင်ငံတိုင်း၏ လူများ နှင့် ဘာသာရေးဂိုဏ်းတိုင်းကို သိမ်းပိုက်ဖို့ ဤနှုတ်ကပတ်တော်များကို ငါအသုံးပြုမည်။ သို့သော်လည်း ငါသည် သင်တို့ကို ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ဖို့ အစပြုခဲ့ခြင်း မဟုတ်ပေ၊ သင်၏ လိုက်လျှောက်မှုတွင် သင် ကောင်းစွာ လုပ်ဆောင်ရန် ပျက်ကွက်၍ သင်သည် ကုသ၍မရနိုင်သူအဖြစ် သင်သက်သေပြသောကြောင့် သင်သည် အသုံးတော်ခံတစ်ခုနှင့် အဖြည့်ခံတစ်ခု ဖြစ်ရုံမျှသာ ဖြစ်လိမ့်မည် မဟုတ်လော။ စာတန်၏အကြံအစည်များပေါ် အခြေခံပြီး ငါ၏ဉာဏ်ပညာကို ကျင့်သုံးသည်ဟု တစ်ချိန်က ငါဆိုခဲ့၏။ အဘယ်ကြောင့် ထိုသို့ ငါဆိုသနည်း။ ယင်းက ယခု ငါပြောနေ၊ လုပ်နေသောအရာ၏ နောက်ကွယ်က သမ္မာတရား မဟုတ်လော။ သင်သည် ပိုမိုကောင်းမွန်အောင် မလုပ်ဆောင်နိုင်လျှင်၊ စုံလင်ခြင်းမခံရဘဲ ထိုအစား အပြစ်ပေးခံရလျှင် သင်သည် အဖြည့်ခံတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်လော။ သင်အသက်ရှင်နေစဉ် သင့်အနေဖြင့် ဝေဒနာများစွာ ခံစားခဲ့ပြီးဖြစ်နိုင်သည်၊ သို့သော် ဘာကိုမျှ သင်နားမလည်သေး၊ အသက်အကြောင်း အရာခပ်သိမ်းကို သင်မသိဘဲ ဖြစ်နေသည်။ သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးဖြစ်သော်လည်း သင်သည် လုံးဝ မပြောင်းလဲသေး သကဲ့သို့ သင်၏အတွင်းနက်နဲရာတွင် သင်သည် အသက်ကိုမရရှိသေးပေ။ သင်၏အလုပ်ကို စမ်းသပ်ဖို့ အချိန်ကျရောက်လာသောအခါ မီးတမျှ ပြင်းထန်သော စမ်းသပ်ခြင်းနှင့် သာ၍ပင်ကြီးမားသော ဆင်းရဲဒုက္ခကို သင်ခံစားရမည်။ ဤမီးက သင်၏ဖြစ်တည်ခြင်း တစ်ခုလုံးကို ပြာမှုန်များအဖြစ်သို့ ပြောင်းသွားစေလိမ့်မည်။ အသက်မပိုင်သော သူတစ်ဦး၊ အတွင်း၌ ရွှေစင်တစ်အောင်စမျှ မရှိသော သူတစ်ဦး၊ ဟောင်းနွမ်းပျက်စီးသော စိတ်သဘောထားနှင့် ကပ်ငြိဆဲသူတစ်ဦးနှင့် အဖြည့်ခံအဖြစ်၌ ကောင်းမြတ်သော အလုပ်တစ်ခုကိုပင် မလုပ်နိုင်သောသူတစ်ဦး ဖြစ်သည်နှင့်အညီ သင်သည် အဘယ်သို့ ပယ်ထုတ်ခြင်း မခံရနိုင်မည်နည်း။ တစ်ပြားမတန်သကဲ့သို့ အသက်မပိုင်သောသူ တစ်ဦးသည် သိမ်းပိုက်ခြင်းအမှုအတွက် အသုံးဝင်မှု တစ်စုံတစ်ရာ ရှိနိုင်ပါသလော။ ထိုအချိန်ရောက်လာသောအခါ သင်တို့၏ နေ့ရက်ကာလများသည် နောဧနှင့် သောဒုံတို့၏ နေ့ရက်ကာလများထက် ပိုခက်ခဲလိမ့်မည်ဖြစ်သည်။ သင်၏ ဆုတောင်းချက်များသည် ထိုအခါတွင် သင့်ကို ကောင်းကျိုးပြုလိမ့်မည်မဟုတ်။ ကယ်တင်ခြင်းအလုပ် အဆုံးသတ်ပြီးနှင့်ပြီး ဖြစ်သည့်အခါတွင်၊ သင်သည် နောက်မှပြန်လာ၍ အသစ်တဖန် နောင်တရနိုင်မည်နည်း။ ကယ်တင်ခြင်းအလုပ်အားလုံး ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် နောက်ထပ် ကယ်တင်ခြင်းအလုပ် ရှိတော့မည် မဟုတ်။ ရှိမည့်အရာမှာ ဆိုးယုတ်သောသူကို အပြစ်ပေးခြင်းအလုပ် စတင်ခြင်းဖြစ်သည်။ သင်သည် ခုခံသည်၊ ပုန်ကန်သည်၊ ပြီးလျှင် သင်သည် ဆိုးညစ်မှန်းသိသောအရာများကို လုပ်သည်။ သင်သည် ပြင်းထန်သော ပြစ်ဒဏ်စီရင်ခြင်း၏ ပစ်မှတ် မဟုတ်လော။ ယနေ့ ဤအရာကို သင့်အတွက် ငါရှင်းအောင်ပြောနေသည်။ နားမထောင်ဖို့ သင်ရွေးချယ်လျှင်၊ နောက်ပိုင်းတွင် သင့်အပေါ်သို့ ဘေးဒုက္ခ ကျရောက်သည့်အခါ၊ ထိုအခါမှ သင်စတင်နောင်တရပြီး စတင်ယုံကြည်လျှင် နောက်ကျလွန်းလိမ့်မည် မဟုတ်လော။ ငါသည် သင့်ကို ယနေ့ နောင်တရဖို့အခွင့်အရေး ပေးနေသော်လည်း သင်သည် နောင်တရရန် ဆန္ဒမရှိ။ သင်သည် အဘယ်မျှကြာ စောင့်ဆိုင်းချင်သနည်း။ ပြစ်တင်ဆုံးမခြင်း နေ့ရက်တိုင်အောင်လော။ ယနေ့ ငါသည် သင်၏ အတိတ်က ကျူးလွန်ခြင်းများကို မအောက်မေ့ပေ။ ငါသည် သင်၏ အပြုသဘော ဘက်သို့သာ ကြည့်ဖို့ရန် အပျက်သဘောမှ အဝေးသို့လှည့်ရင်း သင့်ကို အဖန်ဖန် ငါ ခွင့်လွှတ်၏၊ အဘယ့်ကြောင့်ဆိုသော် ငါ၏ လက်ရှိ နှုတ်ကပတ်တော်အားလုံးနှင့် အလုပ်အားလုံးတို့သည် သင့်ကို ကယ်တင်ဖို့ရန်ဖြစ်ပြီး သင့်အပေါ်မကောင်းသော ရည်ရွယ်ချက် ငါ၌မရှိပေ။ သို့သော် သင်သည် ဝင်ရောက်ရန် ငြင်းဆန်၏၊ မကောင်းသောအရာမှ ကောင်းသောအရာကို သင်မခွဲခြားနိုင်သကဲ့သို့ ကြင်နာမှုကို မည်သို့တန်ဖိုးထားရမည်ကို သင်မသိပေ။ ယင်းသို့သောသူတို့သည် ပြစ်ဒဏ်ပေးခြင်းနှင့် ဖြောင့်မတ်သော ဒဏ်ခတ်ခြင်းကိုသာ စောင့်ဆိုင်းနေသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၉၉)

မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ ယင်းမှာ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ ယင်းမှာ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အတွက်ကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကောင်းမြတ်သော သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသား၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာခဲ့သည်ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ကြမ်းတမ်းသော စကားလုံးများဖြင့် ရိုက်ခတ်ခံရသော်လည်း ၎င်းတို့အားဖြင့် နှစ်သိမ့်မှုခံရသောသူတို့နှင့် ကယ်တင်ခံရသောသူတို့အားလုံး— ၎င်းတို့အားလုံး မိမိတို့၏ ယုံကြည်ချက်ကြောင့် ထိုသို့ပြုခဲ့ကြသည် မဟုတ်လော။ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် အမှုအရာများစွာကို ရရှိခဲ့ကြသည်။ ယင်းသည် ကောင်းချီးမင်္ဂလာတစ်ရပ် အမြဲမဟုတ်ပေ။ ဒါဝိဒ် ခံစားခဲ့ရသော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းမျိုးကို မခံစားခဲ့ရဘဲ ရှိချင်ရှိနိုင်သည်၊ သို့မဟုတ် မောရှေပြုသကဲ့သို့ ယေဟောဝါအား ရေပေးကမ်းစေခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ဥပမာအားဖြင့်၊ ယောဘသည် သူ၏ယုံကြည်ခြင်းကြောင့် ယေဟောဝါ၏ ကောင်းကြီးပေးခြင်းခံခဲ့ရသော်လည်း၊ သူသည် ကပ်ဆိုက်မှုကိုလည်း ခံစားခဲ့ရသည်။ သင့်အနေဖြင့် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကပ်ဆိုက်မှု ခံစားရသည်ဖြစ်စေ၊ နှစ်ခုလုံးသည် မင်္ဂလာရှိသော ဖြစ်ရပ်များ ဖြစ်ကြသည်။ ယုံကြည်ခြင်းမရှိလျှင် ယနေ့ သင်တို့မျက်မှောက်၌ ပြသော ယေဟောဝါ၏ လုပ်ဆောင်ချက်များကို မြင်နိုင်ဖို့မဆိုထားနှင့်၊ ဤသိမ်းပိုက်ခြင်းအမှုကိုပင် သင်တို့ ရနိုင်မည် မဟုတ်။ သင်တို့ ရရှိဖို့မဆိုထားနှင့်၊ မြင်ပင်မြင်မည်မဟုတ်ပေ။ ဤကပ်ဆိုက်မှုများ၊ ဤဘေးဒုက္ခများနှင့် တရားစီရင်ခြင်းအားလုံး— ဤအရာများ သင့်အပေါ်သို့ မကျရောက်ခဲ့လျှင် ယနေ့ ယေဟောဝါ၏ လုပ်ဆောင်မှုများကို သင် မြင်နိုင်လိမ့်မည်လော။ ယနေ့ သင်တို့ အသိမ်းပိုက်ခံရဖို့ အခွင့်ပေးသည်မှာ ယုံကြည်ခြင်း ဖြစ်ပြီး၊ သိမ်းပိုက်ခံနေရခြင်းက ယေဟောဝါ၏ လုပ်ဆောင်မှုတိုင်းကို ယုံကြည်ရန် သင့်ကို အခွင့်ပေးခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုးကို ယုံကြည်ခြင်းကြောင့်သာ သင်လက်ခံရရှိခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့် သင်သည် သိမ်းပိုက်ခံရပြီး စုံလင်ခြင်းသို့ရောက်ရှိသည်။ ယနေ့ သင်လက်ခံရရှိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး မရှိလျှင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သိမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် သူ့ကို အဘယ်မျှလောက် ယုံကြည်သည်ဖြစ်စေ သင့်ယုံကြည်ခြင်းသည် စစ်မှန်မှု၌ အခြေခံမထားသော အနှစ်မဲ့ဖော်ပြချက်သာ ဖြစ်နေဦးမည်ဖြစ်သည်။ သင့်ကို လုံးလုံးလျားလျားနာခံစေသော အလုပ်ဖြစ်သည့် ဤသိမ်းပိုက်ခြင်းအလုပ်ကို သင်လက်ခံရရှိပြီးမှသာလျှင် သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လာပြီး ယုံကြည်စိတ်ချရလာကာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ လှည့်ခြင်းဖြစ်သည်။ ဤ “ယုံကြည်ခြင်း” ဟူသော စကားလုံးကြောင့် သင်သည် ကြီးမားသော တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းကိုခံရလျှင်ပင်၊ သင့်မှာ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး အမှန်ကန်ဆုံး၊ အစစ်မှန်ဆုံးနှင့် အဖိုးတန်ဆုံးသောအရာကို သင်လက်ခံရရှိခြင်း ဖြစ်ပေသည်။ ဤသို့ဖြစ်ရသည်မှာ တရားစီရင်ခြင်းဖြစ်စဉ်အထဲ၌သာ ဘုရားသခင်၏ ဖန်ဆင်းခံများ၏ နောက်ဆုံးပန်းတိုင်ကို သင်မြင်ရသောကြောင့် ဖြစ်သည်။ ဖန်ဆင်းရှင်က အချစ်ခံရဖို့ဖြစ်သည်ကို သင်မြင်ရသည်မှာ ဤတရားစီရင်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လက်တော်ကိုမြင်ရသည်မှာ ထိုသို့သော သိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်၊ လူ့အသက်တာကို သင်အပြည့်အဝ နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် လူ့အသက်၏ မှန်ကန်သောလမ်းကို ရပြီး “လူသား” ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။ သင်သည် အနန္တတန်ခိုးရှင်နှင့် သူ၏ လှပပြီး ဘုန်းအသရေရှိသော မျက်နှာတော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖူးတွေ့ရသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌သာ ဖြစ်သည်၊ သင်သည် လူသား၏ ဇာစ်မြစ်ကို သိပြီး လူသားမျိုးနွယ်အားလုံး၏ “ထာဝရရှင်သန်သော သမိုင်း” ကို နားလည်ရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်၌ ဖြစ်သည်။ လူသားမျိုးနွယ်၏ ဘိုးဘေးများနှင့် လူသားမျိုးနွယ်၏ ပျက်စီးခြင်း ဇာစ်မြစ်ကို သင်နားလည်လာရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်။ ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်ခြင်းသာမက အဆုံးမဲ့ ပြစ်တင်ဆုံးမမှု၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဖန်ဆင်းရှင်မှ အဖန်ဆင်းခံ လူသားမျိုးနွယ်အား အပြစ်တင်သည့် နှုတ်ကပတ်တော်များကို သင်လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်ကောင်းချီးမင်္ဂလာများအပြင် လူသားရရှိသင့်သည့် ဘေးဒုက္ခများကိုလည်း လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။...ဤအရာအားလုံးသည် သင်၏ ယုံကြည်ခြင်းအနည်းငယ်ကြောင့် ဖြစ်သည် မဟုတ်လော။ ထို့အပြင် ဤအရာများ ရရှိပြီးနောက် သင်၏ ယုံကြည်ခြင်း ကြီးထွားခဲ့သည် မဟုတ်လော။ သင်သည် ကြီးမားသည့် ပမာဏတစ်ခု ရရှိခဲ့သည် မဟုတ်လော။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီး ဘုရားသခင်၏ ဉာဏ်ပညာကို မြင်တွေ့ခဲ့သည်သာမက သူ့အလုပ်၏ အဆင့်တစ်ခုစီကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရပြီ ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်ခြင်းမရှိခဲ့လျှင် ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤတရားစီရင်ခြင်းမျိုးကို သင်ခံစားရမည်မဟုတ်ဟု သင်ပြောကောင်း ပြောလိမ့်မည်။ သို့သော် သင်သိသင့်သည်မှာ ယုံကြည်ခြင်းမရှိလျှင် အနန္တတန်ခိုးရှင်ထံမှ ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤပြုစုစောင့်ရှောက်မှုမျိုးကို သင်လက်ခံရရှိနိုင်လိမ့်မည် မဟုတ်သည်သာမက ဖန်ဆင်းရှင်ကို မြင်တွေ့ဖို့ အခွင့်အလမ်းကိုလည်း သင်ထာဝရ ဆုံးရှုံးလိမ့်မည် ဖြစ်သည်။ သင်သည် လူသားမျိုးနွယ်၏ မူလအစကို ဘယ်သောအခါမျှ သိလိမ့်မည်မဟုတ်သလို လူ့အသက်တာ၏ အရေးပါမှုကိုလည်း လုံးဝ နားလည်လိမ့်မည် မဟုတ်။ သင့်ကိုယ်ခန္ဓာ သေဆုံးပြီး သင်၏ဝိညာဉ်ထွက်ခွာလျှင်ပင် ဖန်ဆင်းရှင်၏ လုပ်ဆောင်မှုအားလုံးကို သင် နားလည်လိမ့်ဦးမည် မဟုတ်ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ် ဤမျှ ကြီးမားသော အလုပ်ကို လုပ်ဆောင်တော်မူခဲ့သည်ကို သင် သာ၍ပင် သိမည်မဟုတ်ပေ။ သူဖန်ဆင်းသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်သည် မသိနားမလည်စွာဖြင့် မှောင်မိုက်ထဲသို့ ဤသို့လဲကျပြီး ထာဝရ ပြစ်ဒဏ်စီရင်ခြင်းကို ခံစားလိုသလော။ သင်သည် ယနေ့ပြစ်တင်ဆုံးမှုနှင့် တရားစီရင်ခြင်းတို့မှ သင့်ကိုယ်သင် ခွဲခွာမည်ဆိုပါက၊ သင်မည့်သည့်အရာနှင့် တွေ့ဆုံမည်နည်း။ လက်ရှိတရားစီရင်ခြင်းမှ ကွဲကွာသည်နှင့်တပြိုင်နက် ဤခက်ခဲသောဘဝမှ သင်လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်သလော။ “ဤအရပ်” ကို သင်စွန့်ခွာလျှင် သင်ကြုံတွေ့ရမည့်အရာမှာ နတ်ဆိုးပေးသည့် နာကျင်သောညှဉ်းဆဲခြင်း သို့မဟုတ် ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်းများ ဖြစ်သည်မှာ အမှန်မဟုတ်လော။ သည်းမခံနိုင်သော နေ့နှင့်ညများကို သင် ရင်ဆိုင်နိုင်သလော။ ယနေ့ ဤတရားစီရင်ခြင်းမှ သင်လွတ်မြောက်သောကြောင့် အနာဂတ်ညှဉ်းပန်းနှိပ်စက်ခြင်းကို သင်ထာဝရ ရှောင်လွှဲနိုင်သည်ဟု သင်ထင်သလော။ သင့်လမ်း၌ အဘယ်အရာ လာလိမ့်မည်နည်း။ သင်မျှော်လင့်သော ရှန်ဂရီလာ အမှန်ပင် ဖြစ်နိုင်သလော။ သင်သည် ယခုသင်ပြုနေသကဲ့သို့ လက်တွေ့ဘဝမှ အဝေးသို့ ပြေးရုံဖြင့်သာ နောက်နောင် ထာဝရ ပြစ်တင်ဆုံးမမှုမှ သင် လွတ်မြောက်နိုင်သည်ဟု ထင်သလော။ ယနေ့ပြီးနောက် ဤအခွင့်အလမ်းမျိုးနှင့် ဤကောင်းချီးမင်္ဂလာမျိုး နောက်တဖန် သင်ရှာတွေ့နိုင်လိမ့်ဦးမည်လော။ သင့်အပေါ် ဘေးဥပဒ်ကျရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ လူသားမျိုးနွယ်အားလုံး ချမ်းသာထဲသို့ ဝင်ရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ သင်၏ လက်ရှိပျော်ရွှင်သောဘဝနှင့် သဟဇာတဖြစ်သော သင့်မိသားစုငယ်လေး— ၎င်းတို့က သင်၏အနာဂတ် ထာဝရ ပန်းတိုင်ကို အစားထိုးနိုင်သလော။ သင့်အနေဖြင့် စစ်မှန်သော ယုံကြည်ခြင်း ရှိလျှင်၊ သင်၏ ယုံကြည်ခြင်းအားဖြင့် ကြီးစွာ ရရှိလျှင် ထိုအရာအားလုံးသည်— အဖန်ဆင်းခံ သတ္တဝါတစ်ခုဖြစ်သော— သင်ရရှိသင့်သည့် အရာဖြစ်ပြီး ကနဦးကတည်းက သင်၌ ရှိခဲ့သင့်သော အရာလည်း ဖြစ်သည်။ သင်၏ယုံကြည်ခြင်းနှင့်ဘဝအတွက် မည်သည့်အရာမျှ ဤသိမ်းပိုက်ခြင်းမျိုးထက် သာ၍အကျိုးမပြုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၀၀)

ယနေ့တွင် သင့်အနေဖြင့် မည်သို့ သိမ်းပိုက်ခံရမည်ဆိုသည်နှင့် သိမ်းပိုက် ခံရပြီးနောက် လူတို့အနေဖြင့် မည်သို့ ပြုမူနေထိုင်ကြသည်ကို သိသင့်သည်။ သင့်အနေဖြင့် သိမ်းပိုက်ခံရပြီး ဖြစ်သည်ဟု ပြောကောင်း ပြောနိုင်သော်လည်း၊ သေသည်အထိ သင် နာခံနိုင်ပါသလော။ အလားအလာများ တစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ တကယ့်အဆုံးထိ သင် လိုက်နာနိုင်ရမည် ဖြစ်ပြီး ပတ်ဝန်းကျင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို မဆုံးရှုံးရ။ နောက်ဆုံးတွင်၊ သက်သေခံချက်နှင့်ဆိုင်သည့် ရှုထောင့်နှစ်ခုကို သင် စွမ်းဆောင်ရရှိရမည်- ယောဘ၏ သက်သေခံချက်- သေသည်အထိ နာခံခြင်းနှင့်၊ ပေတရု၏ သက်သေခံချက်- ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းတို့ ဖြစ်သည်။ ရှုထောင့် တစ်ခုအနေဖြင့်၊ သင်သည် ယောဘကဲ့သို့ ဖြစ်ရမည်- သူသည် ရုပ်ဝတ္ထုပိုင်ဆိုင်မှု အားလုံးကို ဆုံးရှုံးသွားခဲ့ပြီး၊ အသွေးအသား နာကျင်မှုဖြင့် ဝန်းရံဖိစီးခြင်း ခံခဲ့ရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပေ။ ဤသည်မှာ ယောဘ၏ သက်သေခံချက် ဖြစ်သည်။ ပေတရုသည် ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့သည်။ သူသည် ကားစင်တင်ခံရပြီး သူ၏ သေခြင်းကို ရင်ဆိုင်ခဲ့ရချိန်တွင်၊ ဘုရားသခင်ကို သူ ချစ်ဆဲ ဖြစ်သည်။ သူ၏ကိုယ်ပိုင်ရှေ့ရေးကို မစဉ်းစားခဲ့၊ သို့မဟုတ် နှစ်သက်ဖွယ် မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးများနောက် မလိုက်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ဖို့နှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို လိုက်နာဖို့သာ သူကြိုးစားခဲ့သည်။ ယင်းမှာ သင့်အနေဖြင့် သက်သေခံပြီးဖြစ်သည်ဟု မမှတ်ယူမီ၊ သိမ်းပိုက်ခြင်းခံရပြီးနောက် စုံလင်စေခြင်းခံရပြီး သူတစ်ဦး ဖြစ်မလာမီ၊ သင် စွမ်းဆောင်ရရှိရမည့် စံနှုန်း ဖြစ်သည်။ ယနေ့တွင် လူတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင်၏ အနှစ်သာရနှင့် အဆင့်အတန်းကို အမှန်တကယ် သိခဲ့ကြပါက၊ ၎င်းတို့သည် ရှေ့ရေးနှင့် မျှော်လင့်ချက်များကို ရှာဖွေကြဦးမည်လော။ သင် သိထားသင့်သည်မှာ ဤအရာဖြစ်သည်- ဘုရားသခင်က ကျွန်ုပ်ကို စုံလင်စေသည်ဖြစ်စေ၊ စုံလင်စေခြင်း မပြုသည်ဖြစ်စေ ဘုရားသခင် နောက်ကို ကျွန်ုပ် လိုက်ရမည်။ ယခု ဘုရားသခင် လုပ်ဆောင်သော အရာတိုင်းသည် ကောင်းမြတ်ပြီး ကျွန်ုပ်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကာ ကျွန်ုပ်တို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာနှင့် စာတန်၏ စွမ်းအားမှ မိမိကိုယ်ကိုယ် ဖယ်ရှားနိုင်ဖို့အလို့ငှာ၊ ညစ်ညမ်းသောမြေတွင် ကျွန်ုပ်တို့ မွေးဖွားစေသော်လည်း၊ မစင်ကြယ်မှုမှ မိမိကိုယ်ကိုယ် ဖယ်ရှားခွင့်ပေးဖို့၊ ညစ်ညူးမှုနှင့် စာတန်၏ စွမ်းအားကို ခါချပြီး ချန်ထားစေနိုင်ဖို့ ဖြစ်သည်။ ဟုတ်ပေ၏၊ ဤသည်မှာ သင်နှင့်သက်ဆိုင်၍ လိုအပ်သောအရာ ဖြစ်သော်လည်း ဘုရားသခင်အတွက်မှာ ယင်းသည် သိမ်းပိုက်ခြင်းမျှသာ ဖြစ်ပြီး၊ လူတို့အနေဖြင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု အားလုံးကို လိုက်နာကာ ကျိုးနွံနာခံရန် စိတ်ဆုံးဖြတ်ချက် ရှိကြဖို့အလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် အမှုအရာများ အထမြောက်လိမ့်မည် ဖြစ်သည်။ ယနေ့တွင် လူအများစုသည် သိမ်းပိုက်ခံရနှင့်ပြီး ဖြစ်သော်လည်း၊ ၎င်းတို့အတွင်းတွင် ပုန်ကန်လိုပြီး မနာခံသော အရာများစွာ ရှိနေဆဲဖြစ်၏။ လူတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ဆဲဖြစ်ပြီး၊ မျှော်လင့်ချက်များနှင့် အလားအလာများ ရှိမှသာ ၎င်းတို့သည် အားမာန်အပြည့် ဖြစ်လာနိုင်ကြပေသည်။ မျှော်လင့်ချက်များနှင့် အလားအလာများ ကင်းမဲ့ပါက၊ ၎င်းတို့သည် အပျက်သဘောဆောင်လာကြပြီး ဘုရားသခင်ကို စွန့်ရန်ပင် စဉ်းစားကြ၏။ ထို့အပြင် လူတို့သည် သာမန် လူ့သဘောသဘာဝကို အသက်ရှင်နေထိုင်ဖို့ ကြိုးစားရန် ကြီးမားသည့် ဆန္ဒမရှိကြပေ။ ဤသည်မှာ လက်မခံနိုင်ဖွယ် ဖြစ်သည်။ ထို့ကြောင့် သိမ်းပိုက်ခြင်း အကြောင်းကို ငါပြောဆိုရဦးမည်။ အမှန်တွင် စုံလင်ခြင်းသည် သိမ်းပိုက်ခြင်းနှင့် တစ်ချိန်တည်းတွင် ဖြစ်ပွား၏- သင့်အနေဖြင့် သိမ်းပိုက်ခံရသည်နှင့်အမျှ၊ စုံလင်စေခြင်းခံရခြင်း၏ ပထမဦးဆုံးသော အကျိုးတရားများကိုလည်း စွမ်းဆောင်ရရှိပေသည်။ သိမ်းပိုက်ခံရခြင်းနှင့် စုံလင်စေခြင်းခံရခြင်းတို့ကြား ခြားနားချက် တစ်ခုရှိသည့်နေရာတွင်၊ ယင်းမှာ လူတို့အထဲရှိ ပြောင်းလဲခြင်း အဆင့်နှင့်အညီ ဖြစ်သည်။ သိမ်းပိုက်ခံရခြင်းသည် စုံလင်စေခြင်း ခံရခြင်း၏ ပထမအဆင့်ဖြစ်ပြီး ၎င်းတို့ လုံးဝ စုံလင်စေခြင်း ခံရပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ဘုရားသခင်က လုံးဝ ရယူပြီးဖြစ်သည်ဟုလည်း သက်သေမပြပေ။ လူတို့ သိမ်းပိုက်ခံရပြီးသည့်နောက်တွင်၊ ၎င်းတို့၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှု အချို့ ရှိသော်လည်း၊ ထိုသို့သော ပြောင်းလဲမှုများသည် ဘုရားသခင်က လုံးဝ ရယူပြီးဖြစ်သည့် လူတို့အထဲရှိ ပြောင်းလဲမှုများနှင့် အလွန် အလှမ်းဝေးပေသည်။ ယနေ့တွင် လုပ်ဆောင်ပြီးသည့်အရာမှာ လူတို့ကို စုံလင်စေခြင်း၏ ကနဦး အမှု- ၎င်းတို့ကို သိမ်းပိုက်ခြင်း- ဖြစ်ပြီး၊ သင့်အနေဖြင့် သိမ်းပိုက်ခံရခြင်းကို စွမ်းဆောင်မရရှိနိုင်ပါက၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရခြင်းနှင့် လုံးဝ ရယူခြင်းတို့ကို မည်သည့်နည်းနှင့်မျှ ခံရလိမ့်မည် မဟုတ်ပေ။ သင့်အနေဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော် အနည်းငယ်မျှသာ ရရှိလိမ့်မည်၊ သို့သော် ယင်းတို့သည် သင်၏ စိတ်နှလုံးကို အပြည့်အဝ ပြောင်းလဲနိုင်စွမ်း ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် ပယ်ထုတ်ခံရသူများထဲမှ တစ်ဦး ဖြစ်လိမ့်မည်။ ယင်းမှာ စားပွဲပေါ်က ခမ်းနားသည့် စားတော်ပွဲကိုသာ မြင်ရပြီး မစားမသောက်ရခြင်းနှင့် ခြားနားလိမ့်မည် မဟုတ်ပေ။ ယင်းမှာ သင့်အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခု မဟုတ်လော။ ထို့ကြောင့် သင့်အနေဖြင့် ပြောင်းလဲမှုများကို ရှာဖွေရမည်- သိမ်းပိုက်ခံရခြင်းဖြစ်စေ၊ စုံလင်စေခြင်း ခံရခြင်းဖြစ်စေ၊ နှစ်ခုလုံးသည် သင့်အထဲ၌ ပြောင်းလဲမှုများ ရှိသည် မရှိသည်ဆိုသည်နှင့်၊ သင်သည် နာခံခြင်း ရှိ မရှိဆိုသည်တို့နှင့် ဆက်နွှယ်ပြီး၊ ဤအရာက သင်သည် ဘုရားသခင်၏ ရယူခံရနိုင်ခြင်း ရှိ မရှိဆိုသည်ကို ဆုံးဖြတ် ပေးလေသည်။ “သိမ်းပိုက်ခံရခြင်း” နှင့် “စုံလင်စေခြင်း ခံရခြင်း” တို့သည် ပြောင်းလဲခြင်းနှင့် နာခံမှုတို့၏ အတိုင်းအတာအပြင်၊ ဘုရားသခင်ကို ချစ်သော သင်၏ချစ်ခြင်းမေတ္တာ မည်မျှ ဖြူစင်သည်ဆိုသည့်အပေါ် တကယ်ကို အခြေခံသည်ကို သိလော့။ ယနေ့ လိုအပ်သည်မှာ သင့်အနေဖြင့် လုံးဝ စုံလင်စေခြင်းခံရနိုင်ဖို့ ဖြစ်သော်လည်း၊ အစအဦးတွင် သင့်အနေဖြင့် သိမ်းပိုက်ခံရမည် ဖြစ်သည်- သင်၌ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းနှင့်ဆိုင်သည့် လုံလောက်သော အသိပညာ ရှိရမည်၊ လိုက်လျှောက်ဖို့ ယုံကြည်ခြင်းရှိရမည် ဖြစ်ပြီး၊ ပြောင်းလဲမှုကို ရှာဖွေပြီး ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာကို ရှာဖွေသောသူ ဖြစ်ရမည်။ ထိုအခါမှသာ သင့်အနေဖြင့် စုံလင်စေခြင်းခံရရန် ကြိုးစားသောသူ ဖြစ်လိမ့်မည်။ စုံလင်စေခြင်းခံရသည့် ဖြစ်စဉ်တွင် သင်သည် သိမ်းပိုက်ခံရလိမ့်မည် ဖြစ်ပြီး သိမ်းပိုက်ခံရသည့် ဖြစ်စဉ်တွင် သင်သည် စုံလင်စေခြင်းခံရလိမ့်မည် ဖြစ်သည်ကို သင်တို့ နားလည်သင့်၏။ ယနေ့တွင် သင်သည် စုံလင်စေခြင်းခံရဖို့ ကြိုးစားနိုင်သည်၊ သို့မဟုတ် သင်၏ အပြင်ပန်း လူ့သဘာဝတွင် ပြောင်းလဲမှုများနှင့် သင်၏ အရည်အချင်း၌ တိုးတက်မှုများကို ရှာဖွေနိုင်သော်လည်း၊ အဓိက အရေးကြီးသည်မှာ ယနေ့ ဘုရားသခင် လုပ်ဆောင်သော အရာတိုင်းသည် အဓိပ္ပာယ်ရှိပြီး အကျိုးကျေးဇူးရှိသည်ကို သင် နားလည်နိုင်ဖို့ ဖြစ်သည်- ယင်းက ညစ်ညမ်းသောမြေတွင် မွေးဖွားသော သင့်အား ညစ်ညမ်းမှုမှ လွတ်မြောက်စေနိုင်ပြီး ယင်းကို ဖယ်ရှားစေနိုင်သည်၊ ယင်းက စာတန်၏ စွမ်းအားကို သင့်အား အနိုင်ယူစေနိုင်ပြီး၊ စာတန်၏ မှောင်မိုက်သော စွမ်းအားကို ချန်ထားစေနိုင်လေသည်။ ဤအရာများကို အာရုံစိုက်ခြင်းဖြင့်၊ သင်သည် ဤညစ်ညမ်းသောမြေ၌ ကွယ်ကာခံရပေသည်။ နောက်ဆုံးတွင်၊ သင်သည် မည်သည့်သက်သေကို ပေးရန် တောင်းဆိုခံရလိမ့်မည်နည်း။ သင်သည် ညစ်ညမ်းသော မြေတွင် မွေးဖွားသော်လည်း၊ မည်သည့်အခါမျှ တစ်ဖန် ညစ်ညူးမှုဖြင့် ညစ်ပေခြင်း မရှိဖို့၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သော်လည်း၊ သင့်ကိုယ်သင် စာတန်၏စွမ်းအား ကင်းမဲ့ဖို့၊ စာတန်၏ ပိုင်ဆိုင်ခြင်းမခံရသကဲ့သို့၊ နှောင့်ယှက်ခြင်းလည်း မခံရဖို့ရန်နှင့် အနန္တတန်ခိုးရှင်၏ လက်ထဲတွင် အသက်ရှင်ဖို့၊ သင်သည် သန့်ရှင်းလာနိုင်လေသည်။ ဤသည်မှာ သက်သေခံချက်နှင့် စာတန်နှင့် တိုက်ပွဲတွင် အောင်မြင်ခြင်း သက်သေဖြစ်သည်။ သင်သည် စာတန်ကို စွန့်ပစ်နိုင်သည်၊ သင် အသက်ရှင် နေထိုင်သည့်အရာတွင် စာတန်ဆန်သော စိတ်သဘောထားကို ထုတ်ဖော်မပြတော့ဘဲ၊ ယင်းအစား လူသားကို ဖန်ဆင်းချိန်တွင် ဘုရားသခင်က လူသားအား ရရှိရန် တောင်းဆိုခဲ့သည့်အရာ- ပုံမှန်လူ့သဘောသဘာဝ၊ ပုံမှန် အသိစိတ်၊ ပုံမှန် ထိုးထွင်းသိမြင်မှု၊ ဘုရားသခင်ကိုချစ်ဖို့ ပုံမှန် သန္နိဌာန်နှင့် ဘုရားသခင်အား သစ္စာစောင့်သိခြင်းတို့ကို သင် အသက်ရှင်နေထိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ အဖန်ဆင်းခံ တစ်ဦး၏ ထွက်ဆိုသည့် သက်သေခံချက် ဖြစ်သည်။ သင်က၊ “ကျွန်ုပ်တို့သည် ညစ်ညမ်းသည့်မြေတစ်ခုတွင် မွေးဖွားကြသော်လည်း၊ ဘုရားသခင်၏ ကွယ်ကာမှု၊ သူ၏ ဦးဆောင်မှုကြောင့်၊ ပြီးလျှင် ကျွန်ုပ်တို့ကို သူ သိမ်းပိုက်ပြီး ဖြစ်သောကြောင့် စာတန်၏ စွမ်းအားကို ကျွန်ုပ်တို့ ဖယ်ရှားပြီး ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့ နာခံနိုင်ကြသည်မှာလည်း ဘုရားသခင်၏ သိမ်းပိုက်ခံရခြင်း၏ အကျိုးရလဒ်ဖြစ်ပြီး ယင်းသည် ကျွန်ုပ်တို့ ကောင်းမြတ်သောကြောင့်၊ သို့မဟုတ် ဘုရားသခင်ကို ကျွန်ုပ်တို့ အလိုအလျောက် ချစ်ခဲ့သောကြောင့် မဟုတ်ပေ။ ယနေ့ ငါတို့ သိမ်းပိုက်ခံရသည်မှာ၊ သူ့အဖို့ သက်သေခံနိုင်ပြီး သူ့ကို အစေခံနိုင်သည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ပြီး ရှေးမဆွက ခွဲခန့်မှတ်သား ထားခဲ့သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ ကယ်တင်ခံရပြီး စာတန်၏ အုပ်စိုးမှုမှ ကယ်လွှတ်ခံရပြီးဖြစ်ကာ ညစ်ညူးမှုကို ချန်ရစ်ထားနိုင်ပြီး အဆင်းနီးသော နဂါးကြီး၏ တိုင်းပြည်တွင် သန့်စင်ခံရနိုင်ကြသည်မှာလည်း သူသည် ကျွန်ုပ်တို့ကို ရွေးပြီး ကွယ်ကာခဲ့သောကြောင့် ဖြစ်သည်” ဟု ဆိုပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၀၁)

နောက်ဆုံးသောကာလ၏ အမှုသည် စည်းမျဉ်းအားလုံးကို ချိုးဖောက်ပြီး သင်သည် ကျိန်ခြင်းခံရသည်ဖြစ်စေ အပြစ်ပေးခြင်း ခံရသည်ဖြစ်စေ၊ ငါ၏အမှုကို သင် ကူညီပြီး၊ ယနေ့သိမ်းပိုက်ခြင်း အမှုအတွက် အကျိုးရှိသရွေ့၊ ပြီးလျှင် သင်သည် မောဘ၏ သားစဉ်မြေးဆက်တစ်ဦး သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ သားသမီး ဖြစ်သည်ဖြစ်စေ၊ အမှု၏ ဤအဆင့်တွင် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင် ဆောင်ရွက်ကာ သင် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်သရွေ့၊ ထိုက်သင့်သော အကျိုးကို ရရှိလိမ့်မည် ဖြစ်သည်။ သင်သည် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပြီး မောဘ၏ သားစဉ်မြေးဆက် ဖြစ်၏။ အချုပ်အားဖြင့် အသွေးအသားရှိသူ အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံများဖြစ်ကြပြီး ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်သည်၊ သင်သည် မည်သည့် ရွေးချယ်စရာမျှ မရှိသင့်သကဲ့သို့၊ ဤသည်မှာ သင်၏တာဝန် ဖြစ်သည်။ ဟုတ်ပေ၏၊ ယနေ့တွင် ဖန်ဆင်းရှင်၏ အမှုကို စကြဝဠာတစ်ခွင်လုံးတွင် ညွှန်ကြား ထားပေသည်။ သင်သည် မည်သူ့ထံမှ ဆင်းသက်လာသည်ဖြစ်စေ၊ အားလုံးအထက်တွင် သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံများထဲမှ တစ်ဦးဖြစ်သည်၊ မောဘ၏ သားစဉ်မြေးဆက်များဖြစ်သည့် သင်တို့သည် ဘုရားသခင်၏ အဖန်ဆင်းခံများ၏ အစိတ်အပိုင်း ဖြစ်ပေသည်၊ တစ်ခုတည်းသော ကွာခြားချက်မှာ သင်တို့သည် တန်ဖိုးသာ၍နည်းသည်ဟူသော အချက်သာ ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၏ အမှုသည် ဖန်ဆင်းခံ အားလုံးအလယ်တွင် ဆောင်ရွက်ပြီး စကြဝဠာ တစ်ခွင်လုံးသို့ ရည်ရွယ်ထားသည့်အတွက်၊ ဖန်းဆင်ရှင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် မည်သူတို့ကိုမဆို၊ မည်သည့် ကိစ္စရပ်များကိုမဆို သို့မဟုတ် မည်သည့် အမှုအရာများကိုမဆို လွတ်လပ်စွာ ရွေးချယ်နိုင်ပေသည်။ သင့်အနေဖြင့် မည်သူ့ထံမှ ဆင်းသက်ခဲ့လေ့ရှိသည်ဆိုသည်ကို သူ ဂရုမစိုက်ပေ။ သင်သည် သူ၏ ဖန်ဆင်းခံတစ်ဦးဖြစ်သရွေ့၊ ပြီးလျှင် သင်သည် သူ၏- သိမ်းပိုက်ခြင်းနှင့် သက်သေခံခြင်း- အမှုအဖို့ အကျိုးရှိသရွေ့၊ သူသည် မည်သည့် တုံ့ဆိုင်းခြင်းမျှမရှိဘဲ သူ၏အမှုကို သင့်အထဲ၌ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ ဤအရာက ဘုရားသခင်သည် တစ်ပါးအမျိုးသားအလယ်၊ အထူးသဖြင့် ကျိန်ခြင်းခံရကာ နိမ့်ကျသူများအလယ်တွင် မည်သည့်အခါတွင်မျှ အမှုပြုလိမ့်မည်မဟုတ်၊ ကျိန်ခြင်းခံရပြီးသော သူများအတွက်၊ ၎င်းတို့ထံမှလာသည့် အနာဂတ် မျိုးဆက်အားလုံးသည်လည်း မည်သည့် ကယ်တင်ခြင်း အခွင့်အရေးမျှ လုံးဝ မရှိဘဲနှင့် ထာဝရ ကျိန်ခြင်းခံလိမ့်မည်၊ ဘုရားသခင်သည် တစ်ပါးအမျိုးသား နယ်မြေတွင် မည်သည့်အခါတွင်မျှ ဆင်းကြွကာ အမှုပြုလိမ့်မည် မဟုတ်သကဲ့သို့၊ သူသည် သန့်ရှင်းသည့်အတွက် ညစ်ညမ်းသောမြေတွင် လုံးဝ ခြေချမည် မဟုတ်ဟူသော လူတို့၏ ထုံးတမ်းအစဉ်အလာ အယူအဆများကို ချေဖျက်လေသည်။ ဤအယူအဆများအားလုံးသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုအားဖြင့် ချေဖျက်ခံရပြီးဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းခံသတ္တဝါ အားလုံး၏ ဘုရားသခင် ဖြစ်သည်၊ သူသည် မိုးကောင်ကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အပေါ် အစိုးရပြီး၊ ဣသရေလူမျိုးတို့၏ ဘုရားသခင်မျှသာ မဟုတ်သည်ကို သိလော့။ ထို့ကြောင့် တရုတ်ပြည်ထဲက ဤအမှုသည် အဆုံးစွန် အရေးပါပြီး ယင်းသည် တိုင်းနိုင်ငံအားလုံးအလယ် ပျံ့နှံ့လိမ့်မည် မဟုတ်လော။ အနာဂတ်၏ ကြီးမြတ်သော သက်သေခံချက်ကို တရုတ်ပြည်၌သာ ကန့်သတ်ထားလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် သင်တို့ကိုသာ သိမ်းပိုက်ပါက၊ နတ်ဆိုးတို့သည် လက်ခံယုံကြည်နိုင်ကြမည်လော။ သိမ်းပိုက်မှုခံရခြင်း သို့မဟုတ် ဘုရားသခင်၏ ကြီးမြတ်သည့်တန်ခိုးကို ၎င်းတို့ နားမလည်ကြသကဲ့သို့၊ စကြဝဠာ တစ်ဝှမ်းလုံး ဘုရားသခင် ရွေးချယ်ထားသော လူတို့က ဤအမှု၏ အဆုံးစွန်သော အကျိုးများကို ရှုမြင်သည့်အခါမှသာ ဖန်ဆင်းခံ သတ္တဝါအားလုံး သိမ်းပိုက်ခံရကြလိမ့်မည် ဖြစ်သည်။ မောဘ၏ သားစဉ်မြေးဆက်များထက် ခေတ်နောက်ကျန်သောသူ သို့မဟုတ် ဖောက်ပြန်ပျက်စီးသူ မည်သူမျှ မရှိပေ။ ဤလူများ သိမ်းပိုက်ခံရနိုင်မှသာ- ဖောက်ပြန်အပျက်စီးဆုံးသူများ၊ ဘုရားသခင်ကို အသိအမှတ်မပြုသူ သို့မဟုတ် ဘုရားသခင် တစ်ပါးရှိသည်ကို မယုံကြည်သောသူတို့ သိမ်းပိုက်ခံရပြီး၊ ၎င်းတို့နှုတ်များဖြင့် ဘုရားသခင်ကို အသိအမှတ်ပြုနိုင်မှသာ၊ သူ့ကို ချီးမွမ်းနိုင်ပြီး ချစ်နိုင်မှသာ- ဤသည်မှာ သိမ်းပိုက်ခြင်း၏ သက်သေခံချက် ဖြစ်လိမ့်မည်။ သင်တို့သည် ပေတရု မဟုတ်သော်လည်း၊ ပေတရု၏ အသွင်အတိုင်း အသက်ရှင်နေထိုင်ကြသည်၊ ပေတရုနှင့် ယောဘတို့၏ သက်သေခံချက်ကို ပိုင်ဆိုင်နိုင်ကြပြီး၊ ဤသည်မှာ အကြီးမားဆုံး သက်သေ ဖြစ်ပေသည်။ နောက်ဆုံးတွင် သင်က “ကျွန်ုပ်တို့သည် ဣသရေလအမျိုး မဟုတ်သော်လည်း၊ စွန့်ပစ်ခံရသည့် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြပါသည်၊ ၎င်း၏အရည်အချင်းကို ကျွန်ုပ်တို့ တတ်စွမ်းနိုင်ခြင်း မရှိသည့် ပေတရု မဟုတ်ဘဲ၊ ယောဘလည်း မဟုတ်ပါ၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့နှင့် မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်ဖို့ ပေါလု၏ စိတ်ဆုံးဖြတ်ချက်နှင့်ပင် ကျွန်ုပ်တို့ နှိုင်းယှဉ်၍ မရပါ၊ ပြီးလျှင် ကျွန်ုပ်တို့သည် အလွန် ခေတ်နောက်ကျကြသည်၊ ထို့ကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ဖို့ အရည်အချင်း မပြည့်မီကြပါ။ ယနေ့ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချီမခဲ့ဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ စိတ်ကျေနပ်စေရမည် ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် လုံလောက်သော အရည်အသွေး သို့မဟုတ် အရည်အချင်းများ မရှိသော်လည်း၊ ဘုရားသခင်၏ အလိုကို ဖြည်ဆည်းဖို့ လိုလိုလားလား ရှိနေကြပါသည်- ဤသန္နိဌာန် ကျွန်ုပ်တို့၌ ရှိသည်။ ကျွန်ုပ်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး ကျိန်ခြင်းခံခဲ့ရပါသည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခဲ့ခြင်း ဖြစ်ကာ ကျွန်ုပ်တို့ ပြောင်းလဲနိုင်စွမ်း မရှိပါ၊ သို့သော် ကျွန်ုပ်တို့၏ အသက်ရှင်နေထိုင်ခြင်းနှင့် ကျွန်ုပ်တို့၏ အသိပညာတို့က ပြောင်းလဲနိုင်ပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ ကျွန်ုပ်တို့ သန္နိဋ္ဌာန် ချထားကြပါသည်။” ဟု ဆိုလိမ့်မည်။ သင်၌ ဤသန္နိဋ္ဌာန် ရှိသောအခါ၊ ယင်းက သင်သည် သိမ်းပိုက်ခံခဲ့ခြင်း အဖြစ်ကို သက်သေခံခဲ့ပြီးဖြစ်ကြောင်း သက်သေပြပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၀၂)

သိမ်းပိုက်ခြင်းအလုပ်၏ ရည်ရွယ်ထားသည့် ရလဒ်မှာ အဖြစ်ချင်ဆုံး အနေဖြင့်၊ လူသား၏ ဇာတိပကတိအနေဖြင့် နောက်ထပ် မပုန်ကန်တော့ဖို့ အတွက် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသစ်သော အသိပညာကို လူ့စိတ်က ရရှိရန်အတွက်၊ လူ၏စိတ်နှလုံးက ဘုရားသခင်ကို လုံးလုံးလျားလျား နာခံရန်အတွက် ဖြစ်ပြီး၊ လူသားအနေဖြင့် ဘုရားသခင်အတွက်ဖြစ်ဖို့ ဆန္ဒပြင်းပြရန်အတွက် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ပင်ကိုစရိုက်၊ သို့မဟုတ် ဇာတိပကတိ ပြောင်းလဲသည့်အခါ၊ သိမ်းပိုက်ခံရခြင်းအဖြစ် မယူဆကြပေ။ လူသား၏ အတွေး၊ လူသား၏အသိဉာဏ်နှင့် အသိစိတ်တို့ပြောင်းလဲသောအခါ၊ ဆိုလိုသည်မှာ သင်၏စိတ်ပိုင်းဆိုင်ရာ သဘောထားတစ်ခုလုံး ပြောင်းလဲသည့်အခါ- ယင်းသည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို သင် ခံရပြီးဖြစ်သည့်အချိန် ဖြစ်လိမ့်မည်။ သင်သည် နာခံရန် စိတ်ဆုံးဖြတ်ထားပြီး အသစ်သောစိတ်နေစိတ်ထားကို မွေးပြီးသည့်အခါ၊ သင်၏ကိုယ်ပိုင်အယူအဆများ သို့မဟုတ် ရည်ရွယ်ချက်များ တစ်ခုတစ်လေကိုမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုထံသို့ သင် ယူဆောင်မလာတော့သည့်အခါ၊ ပြီးလျှင် သင်၏ဦးနှောက်က ပုံမှန် စဉ်းစားနိုင်သည့်အခါ- ဆိုလိုသည်မှာ သင်သည် ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ မိမိကိုယ်ကိုယ် အသုံးပြုနိုင်သည့်အခါ- သင်သည် အပြည့်အဝ သိမ်းပိုက်ခံရသည့် လူစားမျိုး ဖြစ်ပေသည်။ ဘာသာတရားတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ဘဝများ တစ်လျှောက် ဆင်းရဲဒုက္ခများစွာ ခံစားကြရ၏- ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်များကို ချိုးနှိမ်ပြီး မိမိတို့၏ကားတိုင်ကို ထမ်းကာ တကယ့်သေခါနီးအချိန်တွင်ပင် ဆက်လက် ဆင်းရဲဒုက္ခခံကာ ကြံ့ကြံ့ခံကြလေသည်။ အချို့သည် ၎င်းတိုသေသည့် မနက်တွင် အစာရှောင်နေကြသေးသည်။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခအပေါ်သာ အာရုံစိုက်ရင်း၊ ကောင်းသောအစာနှင့် ကောင်းသောအဝတ်အစားတို့ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ခန္ဓာကို ချိုးနှိမ်နိုင်ကြပြီး မိမိတို့၏ဇာတိပကတိကို စွန့်လွှတ်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံခြင်းအတွက်ဖြစ်သည့် ၎င်းတို့၏ စိတ်ဓာတ်သည် ချီးကျူးထိုက်ပေသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ ၎င်းတို့၏ အယူအဆများ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ သဘောထားနှင့် ဧကန်အမှန် သဘာဝဟောင်းတို့သည် အနည်းငယ်မျှ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ စစ်မှန်သည့် အသိပညာ တစ်ခုတစ်လေမျှ မရှိပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်သည် မရေရာသော ဘုရားသခင်တစ်ပါး၏ အစဉ်အလာ ပုံရိပ်တစ်ခု ဖြစ်ပေသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏ လူသဘာဝ၏ ထင်ရှားသော ဝိသေသလက္ခဏာကောင်းတို့မှ လာသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြသကဲ့သို့၊ သူ၏အလိုကိုလည်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ရုံမျှလုပ်ပြီး ကျိုးကြောင်းမမြင်ဘဲ ဆင်းရဲဒုက္ခခံကြလေသည်။ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းနှင့်ပတ်သက်၍ မည်သို့မျှ တန်ဖိုးမထားကြပေ၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာကို မည်သို့ ရရှိမည်ကို ၎င်းတို့ သိဖို့မဆိုထားနှင့်၊ ၎င်းတို့၏ အစေခံမှုက ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းပေးသည်ကို မည်သို့ သေချာစေရမည်ဆိုသည်နှင့်ပတ်သက်၍ အနည်းအကျဉ်းသာ ဂရုစိုက်ကြလေသည်။ ၎င်းတို့ အစေခံသည့် ဘုရားသခင်သည် သူ၏ ပင်ကို ပုံရိပ်တွင် ရှိသည့် ဘုရားသခင်မဟုတ်ဘဲ၊ ၎င်းတို့ စိတ်ကူးထားသည့် ဘုရားသခင်တစ်ပါး၊ ၎င်းတို့ ကြားဖူးရုံသာ ကြားဖူးသည့် ဘုရားသခင်တစ်ပါး၊ သို့မဟုတ် စာပေများတွင် ဖတ်ရသည့် ဒဏ္ဍာရီ ဘုရားသခင်တစ်ပါး ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့ မိမိတို့၏ တီထွင်တတ်သော စိတ်ကူးများနှင့် ဘုရားတရားကိုင်းရှိုင်းမှုတို့ကို အသုံးပြုပြီး ဘုရားသခင် လုပ်ဆောင်လိုသည့် အလုပ်ကို တာဝန်ယူဆောင်ရွက်ကြလေသည်။ ၎င်းတို့၏ အစေခံမှုသည် အလွန် မတိကျလွန်းသည်မှာ၊ လက်တွေ့အားဖြင့် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်၏အလိုနှင့်အညီ အမှန်တကယ် အစေမခံနိုင်ကြချေ။ ၎င်းတို့ မည်မျှ ဝမ်းမြောက်ဝမ်းသာ ဆင်းရဲဒုက္ခခံသည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ကို မကြုံရသေးသကဲ့သို့၊ သမ္မာတရားကို အသုံးပြုလျက် မည်သူမျှ ၎င်းတို့ကို လမ်းမပြသေးသောကြောင့်၊ အစေခံခြင်းအပေါ် ၎င်းတို့၏ မူလရှုထောင့်အမြင်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စိတ်ပုံရိပ်တို့သည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြလျှင်ပင်၊ ၎င်းတို့ထဲမှ မည်သူမျှ ကယ်တင်ရှင်ကို မမြင်ဖူးကြချေ။ ၎င်းတို့သည် သူ့ကို ဒဏ္ဍာရီနှင့် တစ်ဆင့်စကားတို့မှတစ်ဆင့်သာ သိကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ အစေခံမှုသည် မျက်စိကန်းသောလူက သူ၏ ဖခင်ကို အစေခံသကဲ့သို့၊ မျက်စိမှိတ်လျက်နှင့် ကြုံရာအစေခံခြင်းသဘော သက်ရောက်သည်ထက် မပိုပေ။ နောက်ဆုံးတွင်၊ ထိုသို့သော အစေခံမှုဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ ပြီးလျှင် မည်သူက ယင်းကို လက်ခံမည်နည်း။ အစမှအဆုံးထိ တစ်လျှောက်လုံး ၎င်းတို့၏ အစေခံမှုသည် တူမြဲတူညီလေသည်။ ၎င်းတို့သည် လူလုပ်သင်ခန်းစာများကိုသာ ရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝကျမှုနှင့် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်သာ အခြေခံကြသည်။ ဤအရာက မည်သည့်ဆုလာဘ်ကို ဆောင်ကြဉ်း နိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သည့် ပေတရုပင် ဘုရားသခင်၏ အလိုနှင့်အညီ မည်သို့ အစေခံရမည်ကို မသိခဲ့ပေ။ သူသည် ဤအရာကို နောက်ဆုံး သူ၏ အိုမင်းသော အသက်အရွယ်၌သာ သိရှိလာခဲ့သည်။ ဤအရာက ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ပြုပြင်ခြင်းကို စိုးစဉ်းမျှ မခံစားဖူးသကဲ့သို့၊ ၎င်းတို့ကို ဦးဆောင်လမ်းပြနေသည့်သူ မည်သူမျှ မရှိကြသည့် ထိုမျက်စိကန်းသော လူများနှင့်ပတ်သက်၍ မည်သည့်အရာကို ပြောဆိုသနည်း။ ယနေ့ သင်တို့ထဲမှ များစွာသောသူတို့၏ အစေခံခြင်းသည် ထိုမျက်စိကန်းသော လူများ၏အစေခံခြင်းနှင့် တူသည် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသော သူများအားလုံး- ၎င်းတို့အားလုံးသည် မစုံလင်သောသိမ်းပိုက်ခြင်း ခံရသည် မဟုတ်လော။ ထိုသို့သော လူတို့သည် မည်သည့်အသုံးဝင်မှု ရှိပါသနည်း။ သင်၏အတွေး၊ သင်၏ ဘဝနှင့်ဆိုင်သော အသိပညာနှင့်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာတို့သည် အသစ်သောပြောင်းလဲခြင်း မပြသကဲ့သို့၊ မည်သည့်အရာကိုမျှ အမှန်တကယ် သင် မရရှိပါက၊ သင်၏အစေခံမှုတွင် ထူးခြားသော မည်သည့်အရာကိုမျှ လုံးဝ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုနှင့် သက်ဆိုင်သော ရူပါရုံနှင့် အသစ်သော အသိပညာ မရှိပါက၊ သင်သည် သိမ်းပိုက်မခံရနိုင်ပေ။ ထိုအခါ သင်၏ ဘုရားသခင်နောက်လိုက်သည့်နည်းလမ်းသည် ဆင်းရဲဒုက္ခခံပြီး အစာရှောင်သော သူများကဲ့သို့ ဖြစ်လိမ့်မည်- တန်ဖိုးအနည်းငယ်မျှသာ ရှိလိမ့်မည်။ သူတို့၏အစေခံခြင်းအမှုသည် အချည်းနှီးဖြစ်သည်ဟု ငါပြောရသည်မှာ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် သက်သေခံချက် အနည်းငယ်သာရှိသောကြောင့် အတိအကျ ဖြစ်သည်။ ၎င်းတို့၏ ဘဝများတစ်လျှောက်တွင်၊ ထိုလူများသည် ထောင်ထဲတွင် ဆင်းရဲဒုက္ခခံစားရင်းနှင့် အချိန်ကုန်လွန်ကြလေသည်။ ၎င်းတို့သည် အစဉ် သည်းခံလျက်ရှိကြသည်၊ ချစ်ခင်လျက်ရှိကြပြီး၊ ကားတိုင်ကို အစဉ်ထမ်းရွက်ကြလေသည်၊ ၎င်းတို့သည် လောက၏ လှောင်ပြောင်မှုခံရကာ ငြင်းပယ်ခြင်း ခံရကြသည်၊ ခက်ခဲမှုမှန်သမျှကို ၎င်းတို့ တွေ့ကြုံကြပြီး အဆုံးတိုင် ၎င်းတို့ နာခံကြသော်လည်း၊ သိမ်းပိုက်မခံကြရသေးသကဲ့သို့၊ သိမ်းပိုက်ခံရခြင်းအဖို့ သက်သေခံချက်ကို မပေးနိုင်ကြပေ။ ၎င်းတို့သည် များစွာ ဆင်းရဲဒုက္ခခံရပြီးဖြစ်သော်လည်း၊ အတွင်းတွင် ဘုရားသခင်ကို ၎င်းတို့ လုံးဝ မသိကြပေ။ ၎င်းတို့၏ အတွေးဟောင်း၊ အယူအဆဟောင်းများ၊ ဘာသာရေး ကျင့်ကြံမှုများ၊ လူလုပ် အသိပညာနှင့် လူသား စိတ်ကူးများထဲမှ မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးပေ။ ၎င်းတို့အထဲတွင် အသစ်သော အသိပညာ၏ အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာသည် စိုးစဉ်းမျှ မမှန်ကန် သို့မဟုတ် မတိကျပေ။ ၎င်းတို့သည် ဘုရားသခင်၏ အလိုကို နားလည်မှုလွဲကြပေပြီ။ ဤအရာက ဘုရားသခင်ကို အစေခံသလော။ အတိတ်တွင် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာ မည်သည့်အရာဖြစ်ပါစေ၊ ယင်းသည် ယနေ့တွင် အလားတူဖြစ်မြဲဖြစ်ပြီး၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်သည် ဖြစ်စေ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာကို သင်၏ ကိုင်ပိုင် အယူအဆများအပေါ် ဆက်လက်အခြေခံပါက၊ ဆိုလိုသည်မှာ၊ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သည် သစ်လွင်၊ စစ်မှန်သော အသိပညာကို မပိုင်ဆိုင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ စစ်မှန်သောပုံသဏ္ဌာန်နှင့် စိတ်သဘောထားတို့ကို သင် သိရှိရန် ပျက်ကွက်ပါက၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် ရှေးရိုးစွဲ၊ အယူသီးသော အတွေး၏ ဦးဆောင်လမ်းပြမှုကို ခံရဆဲဖြစ်ပြီး၊ လူသား၏ စိတ်ကူးနှင့် အယူအဆများမှ ပေါက်ဖွားဆဲဖြစ်ပါက၊ သင်သည် သိမ်းပိုက်မခံရသေးပေ။ ယခု သင်တို့အား ငါပြောသည့် နှုတ်ကပတ်တော်များ အားလုံးကို သင်တို့အနေဖြင့် သိနိုင်ကြဖို့အလို့ငှာ၊ ဤအသိပညာသည် သင်တို့ကို သာ၍သစ်လွင်၊ မှန်ကန်တိကျသော အသိပညာဆီသို့ ဦးဆောင်လမ်းပြနိုင်ဖို့အလို့ငှာ ရည်ရွယ်သည်။ ယင်းတို့သည် သင့်အထဲရှိ အယူအဆဟောင်းများနှင့် အသိပညာ နည်းလမ်းဟောင်းများကို အမြစ်ဖြတ်ဖို့ရန် ရည်ရွယ်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်အမှန်တကယ် စားသောက်ပါက၊ သင်၏ အသိပညာသည် အတော် ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းစိတ်နှလုံးဖြင့် သင် စားသောက်သရွေ့၊ သင်၏ရှုထောင့်အမြင် ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ သင်သည် အထပ်ထပ် ပြစ်တင်ဆုံးမခြင်းများကို လက်ခံနိုင်သရွေ့၊ သင်၏စိတ်နေစိတ်ထား အဟောင်းသည် တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။ သင်၏ စိတ်နေစိတ်ထားအဟောင်းသည် အသစ်သော စိတ်နေစိတ်ထားဖြင့် လုံးလုံးလျားလျား အစားထိုးခံရသရွေ့၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း လျော်ညီစွာ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သင်၏အစေခံခြင်းသည် ရည်ရွယ်သည့်အရာကို တိုး၍ ရရှိလာမည်၊ ဘုရားသခင်၏အလိုကို တိုး၍ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ သင်၏ဘဝ၊ လူ့ဘဝနှင့် သက်ဆိုင်သည့် သင်၏အသိပညာနှင့်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏အယူအဆများစွာတို့ကို သင်ပြောင်းလဲနိုင်ပါက၊ သင်၏သဘာဝကျခြင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဤအရာနှင့် ဤအရာသည်သာ လူတို့ကို ဘုရားသခင် သိမ်းပိုက်သည့်အခါ၊ ရရှိသည့် အကျိုးသက်ရောက်မှုဖြစ်သည်၊ ယင်းသည် လူတို့အထဲတွင် ဖြစ်ပွားသည့် ပြောင်းလဲမှုဖြစ်ပေသည်။ အကယ်၍ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် သင်သိသမျှအကြောင်းသည် သင်၏ ခန္ဓာကိုယ်ကို ချိုးနှိမ်ခြင်း၊ ကြံ့ကြံ့ခံခြင်းနှင့် ဆင်းရဲဒုက္ခခံခြင်းတို့သာ ဖြစ်ပြီး၊ မည်သူ့အတွက် လုပ်ဆောင်သည်ကို မဆိုထားနှင့်၊ ဤအရာ မှန်သည် မှားသည်ကို သင် မသိပါက၊ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် ပြောင်းလဲမှုဆီသို့ မည်သို့ ဦးတည်စေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၀၃)

စုံလင်စေခြင်းခံရဖို့ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သိမ်းပိုက်ခြင်း ခံရဖို့ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့အနေဖြင့် သိမ်းပိုက်ခြင်းခံရဖို့အတွက် မည်သည့်စံများကို ပြည့်မီရမည်နည်း။ ပြီးလျှင် ၎င်းတို့သည် စုံလင်စေခြင်း ခံရဖို့အတွက် မည်သည့် စံများကို ပြည့်မီရမည်နည်း။ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း နှစ်ခုလုံးမှာ လူသားကို ၎င်း၏မူလပုံသဏ္ဌာန်သို့ ပြန်လည် ဖြစ်သွားစေနိုင်ဖို့နှင့် ၎င်း၏ ဖောက်ပြန်ပျက်စီးကာ စာတန်ဆန်သော စိတ်သဘောထားနှင့် စာတန်၏လွှမ်းမိုးမှုမှ ၎င်းကို လွတ်မြောက်စေနိုင်ဖို့အလို့ငှာ၊ လူသားကို စုံလင်စေခြင်း ရည်ရွယ်ချက်အတွက် ဖြစ်သည်။ ဤသိမ်းပိုက်ခြင်းသည် လူသား၌ အမှုပြုခြင်း ဖြစ်စဉ်တွင် စောစီးစွာ ဖြစ်ပေသည်။ စင်စစ်၊ ယင်းသည် အမှု၏ ပထမအဆင့် ဖြစ်သည်။ စုံလင်စေခြင်းသည် ဒုတိယအဆင့် ဖြစ်ပြီး အဆုံးသတ်သည့်အမှု ဖြစ်သည်။ လူသားတိုင်းသည် သိမ်းပိုက်ခြင်း ဖြစ်စဉ်ကို ကြုံရမည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဘုရားသခင်ကို သိရှိရန် နည်းလမ်း ရှိမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်တစ်ပါး ရှိသည်ကိုလည်း သိမည် မဟုတ်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်ကို အသိအမှတ်ပြုဖို့ ၎င်းတို့အတွက် ဖြစ်နိုင်မည်မဟုတ်ပေ။ ပြီးလျှင် လူများသည် ဘုရားသခင်ကို အသိအမှတ်မပြုပါက၊ သင်သည် စုံလင်စေခြင်းအတွက် စံများကို မပြည့်မီကြသည့်အတွက်၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရရန်လည်း ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ သင်သည် ဘုရားသခင်ကို အသိအမှတ်ပင် မပြုပါက၊ သူ့ကို သင် မည်သို့ သိရှိနိုင်မည်နည်း။ သူ့နောက်ကို သင် မည်သို့ လိုက်နိုင်မည်နည်း။ သင်သည် သူ့ကို စိတ်ကျေနပ်စေရန် ယုံကြည်ခြင်းရှိဖို့ မဆိုထားနှင့်၊ သူ့အဖို့ သက်သေခံနိုင်မည်လည်း မဟုတ်ပေ။ ထို့ကြောင့် စုံလင်စေခြင်း ခံလိုသောသူ မည်သူမဆိုအတွက်၊ ပထမအဆင့်မှာ သိမ်းပိုက်ခြင်းအမှုကို ကြုံဖို့ ဖြစ်သည်။ ဤသည်မှာ ပထမဦးဆုံး သတ်မှတ်ချက် ဖြစ်သည်။ သို့သော် သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း နှစ်ခုလုံးသည် လူတို့၌ အမှုပြုဖို့နှင့် ၎င်းတို့ကို ပြောင်းလဲစေဖို့ဖြစ်သကဲ့သို့၊ အသီးသီးသည် လူသားကို စီမံခန့်ခွဲခြင်းအမှု၏ အစိတ်အပိုင်း ဖြစ်ပေသည်။ အဆင့်နှစ်ဆင့်လုံးသည် တစ်စုံတစ်ဦးကို ပြည့်စုံစေဖို့ လိုအပ်ပြီး၊ တစ်ခုကိုမျှ လျစ်လျူရှု၍ မရပေ။ “သိမ်းပိုက်ခံရခြင်း” သည် ကြားရသည်မှာ သိပ်နားထောင်မကောင်းသည်မှာ မှန်သော်လည်း၊ အမှန်တွင် တစ်စုံတစ်ဦးကို သိမ်းပိုက်ခြင်း ဖြစ်စဉ်သည် ၎င်းတို့ကို ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်သည်။ သင်သည် သိမ်းပိုက်ခြင်းခံရပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးဝ အမြစ်ဖြတ်ကောင်း မဖြတ်ရနိုင်သေးပေ၊ သို့သော် ထိုအရာကို သင် သိရှိပြီး ဖြစ်လိမ့်မည်။ သိမ်းပိုက်ခြင်း အမှုမှတစ်ဆင့်၊ သင်သည် သင်၏ နိမ့်ကျသော လူ့သဘာဝအပြင်၊ သင်ကိုယ်တိုင်၏ မနာခံမှု အများစုကို သိရှိလာပြီး ဖြစ်လိမ့်မည်။ သင်သည် ဤအရာများကို သိမ်းပိုက်ခြင်း အမှု၏ တိုတောင်းသော အချိန်ကာလအတွင်းတွင် စွန့်ပစ်နိုင်မည် မဟုတ်သော်လည်း သို့မဟုတ် ပြောင်းလဲနိုင်မည်မဟုတ်သော်လည်း၊ ထိုအရာများကို သင်သိလာလိမ့်မည်ဖြစ်ပြီး၊ ဤအရာက သင်၏ စုံလင်ခြင်းအတွက် အခြေခံအုတ်မြစ်ကို ချပေးလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံ အပြည့်အဝ ပေးအပ်နိုင်ဖို့အလို့ငှာ လူတို့ကို ပြောင်းလဲဖို့၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားကို ဖယ်ရှားဖို့ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်းနှစ်ခုလုံးကို လုပ်ဆောင်ခြင်း ဖြစ်သည်။ သိမ်းပိုက်ခံရခြင်းသည် လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရာတွင် ပထမအဆင့်မျှသာ ဖြစ်သည့်အပြင် လူတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံ အပြည့်အဝ ပေးအပ်ရာတွင်လည်း ပထမအဆင့် ဖြစ်ပြီး၊ ယင်းသည် စုံလင်စေခြင်းအဆင့်ထက် သာ၍ နိမ့်ကျပေသည်။ သိမ်းပိုက်ခံရသည့် လူတစ်ဦး၏ အသက်စိတ်သဘောထားသည် စုံလင်ခံရသော လူတစ်ဦး၏ အသက်စိတ်သဘောထားထက် ပြောင်းလဲမှု များစွာသာ၍ လျော့နည်းပေသည်။ သိမ်းပိုက်ခံရခြင်းနှင့် စုံလင်စေခြင်း ခံရခြင်းသည် သဘောတရားအရ အချင်းချင်း ကွဲပြားခြားနားပေသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမှု၏ မတူညီသော အဆင့်များဖြစ်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် လူများကို ကွဲပြားသော စံများ ထိန်းသိမ်းစေသောကြောင့်လည်းကောင်း ဖြစ်သည်၊ သိမ်းပိုက်ခြင်းသည် လူတို့အား သာ၍နိမ့်သော စံများကို ထိန်းသိမ်းစေသော်လည်း၊ စုံလင်စေခြင်းကမူ လူတို့ကို သာ၍ မြင့်မားသော စံများ ထိန်းသိမ်းစေသောကြောင့် ဖြစ်သည်။ စုံလင်စေခြင်း ခံရသူများသည် ဖြောင့်မတ်သောလူများ၊ သန့်ရှင်းစေခြင်းခံရသူများ ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု၏ ပုံပေါ်လာခြင်းများ သို့မဟုတ် နောက်ဆုံး ရလဒ်များ ဖြစ်သည်။ ၎င်းတို့သည် စုံလင်သော လူသားများ မဟုတ်သော်လည်း၊ အဓိပ္ပာယ်ရှိသော အသက်တာများကို အသက်ရှင်ရန် ကြိုးစားကြသည့် လူများ ဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင်၊ သိမ်းပိုက်ခြင်း ခံရသူများသည် ဘုရားသခင်၏ တည်ရှိခြင်းကို စကားဖြင့်သာ အသိအမှတ်ပြုကြ၏။ ဘုရားသခင်သည် လူ့ဇာတိခံယူပြီး ဖြစ်သည်၊ နှုတ်ကပတ်တော်သည် လူဇာတိ၌ ပေါ်လာပြီးဖြစ်ကာ၊ ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကို ပြုဖို့ ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်သည်ကို ၎င်းတို့ အသိအမှတ်ပြုကြသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှု၊ သူ၏ ဒဏ်ခတ်ခြင်းနှင့် စစ်ဆေးမှု အားလုံးသည် လူသားအဖို့ အကျိုးရှိသည်ကိုလည်း ၎င်းတို့ အသိအမှတ်ပြုကြသည်။ ၎င်းတို့သည် မကြာသေးခင်ကမှသာ အတော်အတန် လူသားပုံသဏ္ဌာန် စတင်ရှိကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘဝနှင့် ပတ်သက်၍ ထိုးထွင်းသိမြင်မှုအချို့ ရှိကြသော်လည်း၊ ယင်းသည် ၎င်းတို့အဖို့ မထင်မရှားဖြစ်နေဆဲ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ၎င်းတို့သည် လူ့သဘာဝကို ခုတင် စတင်ပိုင်ဆိုင်နေကြခြင်းသာ ဖြစ်သည်။ ယင်းမှာ သိမ်းပိုက်ခံရခြင်း၏ အကျိုးတရားများ ဖြစ်သည်။ လူတို့သည် စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ ခြေချသောအခါတွင်၊ ၎င်းတို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲနိုင်စွမ်းရှိလာသည်။ ထို့အပြင်၊ ၎င်းတို့၏ အသက်တာသည် ဆက်လက်ကြီးထွားပြီး၊ သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ ၎င်းတို့ တဖြည်းဖြည်း ဝင်ရောက်ကြလေသည်။ ၎င်းတို့သည် လောကနှင့် သမ္မာတရားကို မလိုက်စားသောသူ အားလုံးအား စက်ဆုပ်ရွံရှာ နိုင်ကြ၏။ အထူးသဖြင့် မိမိတို့ကိုယ်ကိုယ် စက်ဆုပ် ရွံရှာကြသည်၊ သို့သော် ထို့ထက်ပို၍၊ မိမိတို့ကိုယ်ကိုယ် ရှင်းလင်းစွာ သိရှိကြလေသည်။ ၎င်းတို့သည် သမ္မာတရားဖြင့် အသက်ရှင်ရန် လိုလားနေကြပြီး၊ သမ္မာတရားကို လိုက်စားဖို့ကို မိမိတို့၏ ရည်မှန်းချက် ဖြစ်စေကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဦးနှောက်မှ ဖြစ်ပေါ်သော အတွေးများအတွင်းတွင် အသက်ရှင်ဖို့ လိုလားလျက် မရှိကြသကဲ့သို့၊ လူသား၏ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မှတ်ယူခြင်း၊ မောက်မာခြင်းနှင့် မိမိကိုယ်ကိုယ် စိတ်ကြီးဝင်ခြင်းတို့ကို စက်ဆုပ်ရွံရှာမှု ခံစားရလေသည်။ ၎င်းတို့သည် အားကောင်းသည့် ရည်မွန်သော အသိစိတ်ဖြင့် စကားပြောဆိုကြသည်၊ ချင့်ချိန်နိုင်စွမ်းနှင့် ဉာဏ်ပညာဖြင့် အမှုအရာများကို ကိုင်တွယ်ကြပြီး၊ ဘုရားသခင်ကို သစ္စာစောင့်သိကာ နာခံကြလေသည်။ ၎င်းတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်း ဖြစ်စဉ်တစ်ခုကို တွေ့ကြုံရပါက၊ ၎င်းတို့သည် မတုန်မလှုပ် ဖြစ်ခြင်း သို့မဟုတ် အားနည်းခြင်း ဖြစ်လာကြရုံသာမက၊ ဘုရားသခင်ထံမှလာသော ဤပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအတွက် ကျေးဇူးတင်ရှိတတ်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်း မပါဘဲ၊ မဖြစ်နိုင်သကဲ့သို့ ယင်းသည် ၎င်းတို့အား ကွယ်ကာသည်ကို ၎င်းတို့ ယုံကြည်ကြလေသည်။ ၎င်းတို့သည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ဆာလောင်မှုကို ဖြည့်ဆည်းရန် မုန့်ကိုရှာဖွေခြင်းတို့နှင့်ဆိုင်သည့် ယုံကြည်ခြင်းကို မလိုက်စားကြပေ။ ဇာတိပကတိနှင့်ဆိုင်သော တစ်ခဏတာ ပျော်ရွှင်မှုများကိုလည်း ၎င်းတို့ မလိုက်စားကြချေ။ ဤသည်မှာ စုံလင်စေခြင်းခံရသူတို့၌ ဖြစ်ပေါ်သည့်အရာ ဖြစ်သည်။ လူတို့သည် သိမ်းပိုက်ခံရပြီးနောက်တွင်၊ ဘုရားသခင်တစ်ပါး ရှိသည်ကို အသိအမှတ် ပြုကြသော်လည်း၊ ထိုအသိအမှတ်ပြုခြင်းသည် ၎င်းတို့၌ ကန့်သတ်ထားသော နည်းလမ်းများစွာဖြင့် ပေါ်လွင်ထင်ရှားလေသည်။ နှုတ်ကပတ်တော် လူ့ဇာတိတွင် ပေါ်ထွန်းခြင်းသည် အမှန်တကယ် မည်သည့်အရာကို ဆိုလိုပါသနည်း။ လူ့ဇာတိခံယူခြင်းသည် မည်သည့်အရာကို ဆိုလိုပါသနည်း။ လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်ပြီးဖြစ်သနည်း။ သူ့အမှု၏ ရည်မှန်းချက်နှင့် အရေးပါမှုမှာ မည်သည့်အရာ ဖြစ်သနည်း။ သူ၏ အမှုများစွာကို တွေ့ကြုံပြီးနောက်တွင်၊ လူ့ဇာတိ၌ သူ၏ လုပ်ဆောင်ချက်များကို တွေ့ကြုံပြီးနောက်တွင် သင်သည် မည်သည့်အရာကို ရရှိပြီးဖြစ်သနည်း။ ဤအရာများအားလုံးကို နားလည်ပြီးနောက်တွင်သာ သင်သည် သိမ်းပိုက်ခြင်းခံရသည့် သူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်တစ်ပါး ရှိသည်ကို အသိအမှတ်ပြုသည်ဟု သင်သည် ပြောရုံမျှပြောသော်လည်း၊ သင် ပစ်ပယ်သင့်သည့် အရာကို မပစ်ပယ်ပါက၊ ပြီးလျှင် သင်စွန့်လွှတ်သင့်သည့် ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှုများကို မစွန့်လွှတ်ဘဲ၊ ယင်းအစား၊ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာ ဖြစ်မှုများကို သင် အမြဲတပ်မက်ခဲ့သည့်အတိုင်း ဆက်လက် တပ်မက်နေပါက၊ ပြီးလျှင် ညီအစ်ကို မောင်နှမများအပေါ် မည်သည့် မလိုမုန်းထားမှုကိုမျှ လက်မလွှတ်နိုင်သကဲ့သို့၊ ရိုးရှင်းသော လက်တွေ့လုပ်ဆောင်မှုများစွာကို ဆောင်ရွက်ရာတွင် မည်သည့် အဖိုးအခမျှ မပေးပါက၊ ဤအရာက သင်သည် သိမ်းပိုက်ခြင်း မခံရသေးသည်ကို သက်သေပြပေသည်။ ထိုအခြေအနေတွင်၊ သင်နားလည်သော အရာများစွာ ရှိလျှင်ပင်၊ အားလုံးသည် အချည်းနှီး ဖြစ်လိမ့်မည်။ သိမ်းပိုက်ခြင်း ခံရသောသူများသည် ကနဦး ပြောင်းလဲမှုအချို့နှင့် ကနဦး ဝင်ရောက်မှုတို့ကို ရရှိသည့် လူများ ဖြစ်ကြလေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံတွေ့ခံစားခြင်းသည် လူတို့ကို ဘုရားသခင်နှင့်သက်ဆိုင်သော အသိပညာနှင့် သမ္မာတရားအား ကနဦး သိနားလည်ခြင်းတို့ကို ပေး၏။ သာ၍နက်ရှိုင်းသည့်၊ သာ၍ အသေးစိတ်ကျသော သမ္မာတရားများ၏ လက်တွေ့အရှိတရားထဲသို့ အပြည့်အဝ ဝင်ရောက်ခြင်းငှာ သင် မတတ်စွမ်းနိုင်သော်လည်း၊ သင်၏ တကယ့်အသက်တာထဲတွင် သင်၏ ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှုများ သို့မဟုတ် သင်၏ ပုဂ္ဂိုလ်ရေး အဆင့်အတန်းတွင် ပါဝင်ခြင်းကဲ့သို့သော အခြေခံမျှသာဖြစ်သည့် သမ္မာတရားများစွာကို သင် လက်တွေ့ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။ ဤအရာအားလုံးသည် သိမ်းပိုက်ခြင်း ဖြစ်စဉ်အတွင်းတွင် လူတို့၌ ရရှိသည့် အကျိုးတရား ဖြစ်ပေသည်။ စိတ်သဘောထား၌ ပြောင်းလဲခြင်းများကိုလည်း သိမ်းပိုက်ခံရသော သူတို့တွင် တွေ့မြင်ရလေသည်။ ဥပမာအားဖြင့်၊ ၎င်းတို့ ဝတ်ဆင်ကာ မိမိတို့ကိုယ်ကိုယ် အသွင်ဆောင်သည့်ပုံနှင့် ၎င်းတို့ အသက်ရှင်ပုံ- ဤအရာများအားလုံး ပြောင်းလဲနိုင်ပေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ ရှုထောင့်အမြင် ပြောင်းလဲသည်၊ ၎င်းတို့၏ လိုက်စားရှာဖွေမှု ရည်မှန်းချက်များနှင့် ပတ်သက်၍ ၎င်းတို့ ရှင်းလင်းကြပြီး၊ သာ၍ မြင့်မားသည့် ရည်မှန်းချက်များ ၎င်းတို့ရှိကြလေသည်။ သိမ်းပိုက်ခြင်း အမှုအတွင်းတွင်၊ အလားတူ လိုက်လျောညီထွေသော ပြောင်းလဲမှုများလည်း ၎င်းတို့၏ အသက်စိတ်သဘောထား၌ ဖြစ်ပေါ်၏။ ပြောင်းလဲမှုများရှိသော်လည်း၊ ယင်းတို့သည် ပေါ့တန်သည်၊ ပဏာမဖြစ်ပြီး စိတ်သဘောထား၌ ပြောင်းလဲမှုများနှင့် စုံလင်စေခြင်းခံရပြီးသူတို့၏ လိုက်စားရှာဖွေမှု ရည်မှန်းချက်များထက် သာ၍ နိမ့်ကျလေသည်။ စုံလင်ခံရခြင်း ဖြစ်စဉ်တွင်၊ လူတစ်ဦး၏ စိတ်သဘောထား လုံးဝ မပြောင်းလဲသကဲ့သို့ မည်သည့်သမ္မာတရားကိုမျှ ၎င်းတို့ မရရှိပါက၊ ဤလူသည် အမှိုက်ဖြစ်ပြီး လုံးဝ အသုံးမဝင်ပေ။ သိမ်းပိုက်ခြင်း မခံရသေးသောလူများသည် စုံလင်စေခြင်း မခံရနိုင်။ လူတစ်ဦးသည် သိမ်းပိုက်ခံရဖို့သာ ကြိုးစားပါက၊ ၎င်း၏ စိတ်သဘောထားများသည် အလားတူ လိုက်လျောညီထွေသော ပြောင်းလဲမှုအချို့ကို သိမ်းပိုက်ခြင်းအမှုအတွင်းတွင် ထုတ်ဖော်ပြလျှင်ပင်၊ ၎င်းတို့သည် အပြည့်အဝ စုံလင်စေခြင်း မခံရနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ ရရှိခဲ့သည့် ကနဦး သမ္မာတရားများကိုလည်း ဆုံးရှုံးကြလိမ့်မည်။ သိမ်းပိုက်ခံရသူများနှင့် စုံလင်စေခြင်းခံရသူများ၌ရှိသည့် စိတ်သဘောထားများထဲက ပြောင်းလဲမှုတွင် ကြီးမားသော ကွာခြားမှုတစ်ခု ရှိ၏။ သို့သော် သိမ်းပိုက်ခံရခြင်းသည် ပြောင်းလဲမှု၌ ပထမအဆင့် ဖြစ်သည်။ ယင်းသည် အခြေခံအုတ်မြစ် ဖြစ်သည်။ ဤအသိပညာသည် တရားစီရင်ခြင်းမှလာပြီး ထိုသို့သော တရားစီရင်ခြင်းသည် သိမ်းပိုက်ခြင်းအမှု၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အတွက်၊ ဤကနဦးပြောင်းလဲမှု မရှိခြင်းသည် လူတစ်ဦးက ဘုရားသခင်ကို အမှန်တကယ် လုံးဝ မသိသည့် သက်သေ ဖြစ်ပေသည်။ ထိုသို့ဖြစ်သဖြင့်၊ စုံလင်စေခြင်းခံရသူအားလုံးသည် ပထမဦးစွာ သိမ်းပိုက်ခြင်းခံရမည်ဖြစ်သည်။ သို့မဟုတ်ပါက၊ ၎င်းတို့ စုံလင်စေခြင်း ခံရဖို့ မဖြစ်နိုင်ချေိ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၀၄)

ယနေ့တွင် တိုင်းပြည်များနှင့် တိုင်းနိုင်ငံများအားလုံးရှိ လူများထံသို့ ငါ၏ နှုတ်ကပတ်တော်များ၊ ဩဇာအာဏာ၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့ကို ထုတ်ဖော်ပြရင်း၊ ငါ၏ အမှု ချောမွေ့စွာ တိုးတက်ရန်အတွက်အလို့ငှာ၊ ပြီးလျှင် စကြဝဠာတစ်ခွင်လုံးအနှံ့ ငါ၏ အစပြုသည့်အမှုသည် သာ၍ သင့်လျော်စွာနှင့် စုံလင်စွာ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်တို့ကိုယ်တိုင်၏ ရှင်သန်မှုအတွက် သင်တို့ကို ငါ ဤသို့ သတိပေးသည်။ သင်တို့အလယ် ငါလုပ်ဆောင်သော အမှုသည် စကြဝဠာတစ်ခွင်လုံးအနှံ့ ငါ၏ အမှု အစဖြစ်သည်။ ယခုသည် နောက်ဆုံးသောကာလ ဖြစ်နှင့်သော်လည်း၊ “နောက်ဆုံးသော ကာလ” သည် ခေတ်တစ်ခု၏ အမည်သာ ဖြစ်သည်ကို သိလော့။ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ကဲ့သို့ပင်၊ ယင်းသည် ခေတ်တစ်ခုကို ရည်ညွှန်းပြီး၊ နောက်ဆုံးနှစ်အနည်းငယ် သို့မဟုတ် လအနည်းငယ်တို့ထက်၊ ခေတ်တစ်ခုလုံးကို ညွှန်းပြပေသည်။ သို့သော်လည်း နောက်ဆုံးသော ကာလသည် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်တို့နှင့် သိပ်မတူချေ။ နောက်ဆုံးသောကာလ၏ အမှုကို ဣသရေလနိုင်ငံတွင် မဆောင်ရွက်ဘဲ၊ တစ်ပါးအမျိုးသားများအလယ်တွင် ဆောင်ရွက်ပေသည်။ စကြဝဠာ တစ်လျှောက်လုံး ငါ၏ ဘုန်းအသရေသည် အာကာသနှင့် မိုးမျက်နှာကြက်တို့ကို ပြည့်စေနိုင်ဖို့အလို့ငှာ၊ ယင်းသည် ဣသရေလ ပြင်ပရှိ တိုင်းနိုင်ငံများနှင့် လူမျိုးစုများမှ လူတို့ကို ငါ၏ပလ္လင်ရှေ့တွင် သိမ်းပိုက်ခြင်း ဖြစ်သည်။ ယင်းမှာ ပိုမိုကြီးမားသော ဘုန်းအသရေကို ငါရရှိဖို့အလို့ငှာ၊ ကမ္ဘာမြေပေါ်ရှိ သတ္တဝါအားလုံးသည် တိုင်းနိုင်ငံတိုင်းသို့ ငါ၏ ဘုန်းအသရေကို လက်ဆင့်ကမ်းနိုင်ဖို့ အလို့ငှာ၊ ကမ္ဘာမြေပေါ်၌ ငါရယူပြီးဖြစ်သည့် ဘုန်းအသရေအားလုံးကို ထာဝရကာလမှသည် မျိုးဆက်အားလုံး၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ သတ္တဝါအားလုံးက မြင်တွေ့နိုင်ဖို့ရန် ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်း ဆောင်ရွက်သော အမှုသည် သိမ်းပိုက်ခြင်း အမှု ဖြစ်သည်။ ယင်းသည် ကမ္ဘာမြေပေါ်ရှိ လူအားလုံး၏ ဘဝများကို လမ်းပြခြင်း မဟုတ်ဘဲ၊ ကမ္ဘာမြေပေါ်၌ လူသားမျိုးနွယ်၏ မပျက်စီး မပျောက်ပျက်နိုင်သော နှစ်ထောင်ချီကြာ ဆင်းရဲဒုက္ခခံစားရခြင်း ဘဝ၏ အဆုံးသတ် ဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့်၊ နောက်ဆုံးသော ကာလ၏အမှုသည် ဣသရေလ၌ နှစ်ထောင်ပေါင်း အချို့ကြာသည့် အမှုနှင့် မတူနိုင်သကဲ့သို့၊ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းအထိ ထောင်စုနှစ်နှစ်ခုကြာ ဆက်လက် လုပ်ဆောင်သည့် ယုဒပြည်တွင် နှစ်အချို့မျှကြာခဲ့သော အမှုနှင့်လည်း မတူနိုင်ပေ။ နောက်ဆုံးသောကာလ၏ လူတို့သည် လူ့ဇာတိ၌ ရွေးနုတ်သူ၏ ပြန်လည်ပေါ်ထွန်းခြင်းကိုသာ ကြုံကြရပြီး ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ အမှုနှင့် နှုတ်ကပတ်တော်များကို ရရှိကြလေသည်။ နောက်ဆုံးသောကာလ အဆုံးသတ်သို့ မရောက်မီအထိ၊ နှစ်ပေါင်းနှစ်ထောင် ကြာလိမ့်မည် မဟုတ်ပေ။ ထိုအချိန်များသည် ယုဒပြည်၌ ကျေးဇူးတော်ခေတ်၏ အမှုကို ယေရှု ဆောင်ကြဉ်းခဲ့သည့် အချိန်ကာလကဲ့သို့၊ တိုတောင်းပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသော ကာလသည် ခေတ်ကာလ တစ်ခုလုံး၏ အဆုံးသတ် ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် ပြည့်စုံခြင်းနှင့် အဆုံးသတ် ဖြစ်ပြီး၊ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခခံစားရခြင်း ဘဝခရီးကို အဆုံးသတ်လေသည်။ ယင်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ခေါ်ဆောင်မသွားပေ သို့မဟုတ် လူသားမျိုးနွယ်၏ အသက်တာကို ဆက်လက် အသက်ရှင်ခွင့်မပေးပေ။ ယင်းသည် ငါ၏ စီမံခန့်ခွဲခြင်း အစီအစဉ် သို့မဟုတ် လူသား၏ ဖြစ်တည်မှုအတွက် အရေးပါမှု မရှိပေ။ လူသားမျိုးနွယ်သည် ဤကဲ့သို ဆက်လက် အသက်ရှင်သွားပါက၊ အနှေးနှင့်အမြန် နတ်ဆိုး၏ လုံးဝ ဝါးမျိုခြင်း ခံရမည် ဖြစ်ပြီး၊ ငါနှင့်သက်ဆိုင်သော ဝိညာဉ်များသည် နောက်ဆုံးတွင် ၎င်း၏လက်ဖြင့် ပျက်စီးကြရပေမည်။ ငါ၏ အမှုသည် အနှစ်ခြောက်ထောင်သာ ကြာညောင်းပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဆိုးယုတ်သူ၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်းခြောက်ထောင်ထက် ကြာမည် မဟုတ်ဟု ငါကတိပြုခဲ့သည်။ ထို့ကြောင့် ယခု အချိန်ကျပြီ ဖြစ်သည်။ ငါသည် ဆက်လက် လုပ်ဆောင်မည် မဟုတ်သကဲ့သို့၊ နောက်ထပ် နှောင့်နှေးတော့မည် မဟုတ်။ နောက်ဆုံးသောကာလ အတွင်းတွင်၊ စာတန်ကို ငါ နှိမ်နင်းမည်၊ ငါ၏ဘုန်းအသရေ အားလုံးကို ပြန်သိမ်းယူမည် ဖြစ်ပြီး၊ ဤသောကရောက်နေသည့် ဝိညာဉ်အားလုံး ဒုက္ခပင်လယ်မှ လွတ်မြောက်နိုင်စေဖို့အလို့ငှာ၊ ကမ္ဘာမြေပေါ်ရှိ ငါနှင့် သက်ဆိုင်သော ဝိညာဉ်အားလုံးကို ပြန်သိမ်းမည်၊ ထိုသို့ဖြင့် ကမ္ဘာမြေပေါ်ရှိ ငါ၏ အမှုတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ဤနေ့မှစ၍ ငါသည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် လူ့ဇာတိခံလိမ့်မည် မဟုတ်သကဲ့သို့၊ အရာခပ်သိမ်းကို ထိန်းချုပ်သည့် ငါ၏ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် အမှုပြုလိမ့်မည် မဟုတ်ပေ။ ကမ္ဘာမြေပေါ်တွင် အမှုအရာ တစ်ခုသာ ငါ လုပ်ဆောင်မည်- လူသားမျိုးနွယ်၊ သန့်ရှင်းကာ ကမ္ဘာမြေပေါ်ရှိ ငါ၏သစ္စာရှိသောမြို့ ဖြစ်မည့် လူသားမျိုးနွယ်ကို ငါ အသစ်ပြုပြင်မည်။ သို့သော် တစ်လောကလုံးကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သည်ကို သိလော့။ ကျန်ရှိသည့် သုံးပုံတစ်ပုံ- ငါ့ကိုချစ်ပြီး ငါက လုံးလုံးလျားလျား သိမ်းပိုက်ထားသော လူသားမျိုးနွယ်သုံးပုံတစ်ပုံကို ငါ ထိန်းသိမ်းမည် ဖြစ်ပြီး၊ ပေါများစွာသော သိုးများ၊ ကျွဲနွားတိရစ္ဆာန်များနှင့် ကမ္ဘာမြေ၏ ကြွယ်ဝမှုများအားလုံးဖြင့် အာဟာရဖြည့်တင်းပေးလျက်၊ ပညတ်တော်အောက်တွင် ဣသရေလလူမျိုးများ မျိုးပွားဖြစ်ထွန်းကာ ပွားများခဲ့ကြသည့်အတိုင်းပင် ဤလူသားမျိုးနွယ် သုံးပုံတစ်ပုံကိုလည်း ကမ္ဘာပေါ်တွင် ငါ မျိုးပွားဖြစ်ထွန်းစေကာ ပွားများစေမည်။ ဤလူသားမျိုးနွယ်သည် ငါနှင့်အတူ ထာဝရ ကျန်ရှိလိမ့်မည်၊ သို့သော် ယင်းသည် မနှစ်မြို့ဖွယ် ညစ်ညူးသော ယနေ့၏ လူသားမျိုးနွယ်ကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ ငါ၏ရယူခြင်းကို ခံရပြီးသောသူ အားလုံး၏ အစုအဝေး ဖြစ်သည့် လူသားမျိုးနွယ် တစ်ခု ဖြစ်လိမ့်မည်။ ထိုသို့သော လူသားမျိုးနွယ်သည် စာတန်၏ ပျက်စီးစေခြင်း၊ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဝိုင်းထားခြင်း ခံရလိမ့်မည် မဟုတ်သကဲ့သို့၊ စာတန်အပေါ် ငါ အောင်နိုင်ပြီးနောက် ကမ္ဘာပေါ်တွင် တည်ရှိသည့် တစ်ခုတည်းသော လူသားမျိုးနွယ် ဖြစ်လိမ့်မည်။ ယင်းသည် ယနေ့တွင် ငါသိမ်းပိုက်ပြီးဖြစ်ကာ ငါ၏ကတိကို ရရှိပြီးသော လူသားမျိုးနွယ် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလအတွင်း သိမ်းပိုက်ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ချမ်းသာပေးခြင်း ခံရပြီး ငါ၏ ထာဝရ ကောင်းချီးမင်္ဂလာများကို ရရှိမည့် လူသားမျိုးနွယ်လည်း ဖြစ်လိမ့်မည်။ ယင်းသည် စာတန်အပေါ် ငါ၏အောင်နိုင်ခြင်းနှင့်ဆိုင်သည့် တစ်ခုတည်းသော သက်သေအထောက်အထားနှင့် စာတန်နှင့် ငါ၏တိုက်ပွဲမှ တစ်ခုတည်းသော လက်ရပစ္စည်းများ ဖြစ်လိမ့်မည်။ စစ်ပွဲ၏ ဤလက်ရပစ္စည်းများသည် စာတန်အုပ်စိုးခြင်းမှ ငါ၏ ကယ်တင်ခြင်း ခံရပြီး၊ ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်ခုတည်းသော ပုံပေါ်လာခြင်းနှင့် အသီးအပွင့် ဖြစ်သည်။ ၎င်းတို့သည် တိုင်းနိုင်ငံနှင့် အသင်းတော်ဂိုဏ်းဂဏတိုင်း၊ နေရာတိုင်းနှင့် စကြဝဠာ တစ်လျှောက်လုံးရှိ တိုင်းပြည်တိုင်းမှ လာကြပေသည်။ ၎င်းတို့သည် မတူကွဲပြားသော မျိုးနွယ်စုများမှ ဖြစ်သည်၊ မတူကွဲပြားသော ဘာသာစကားများ၊ ဓလေ့များနှင့် အသားအရောင်များ ရှိကြပြီး၊ ကမ္ဘာလုံး၏ တိုင်းနိုင်ငံတိုင်း၊ အသင်းတော်ဂိုဏ်းဂဏတိုင်းနှင့် ကမ္ဘာ့အရပ်လေးမျက်နှာသို့ပင် အနှံ့အပြား ပျံ့နှံ့ကြလေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် စာတန်၏ အင်အားစုများ လက်လှမ်း မမီနိုင်သော လူသားအစုအဝေးတစ်ခု၊ ပြီးပြည့်စုံသော လူသားမျိုးနွယ် တစ်ခုကို ဖွဲ့စည်းရန် အတူတကွ ရောက်လာကြလိမ့်မည်။ လူသားမျိုးနွယ်ထဲမှ ငါ၏ကယ်တင်ခြင်းမခံရသကဲ့သို့ သိမ်းပိုက်ခြင်း မခံရသေးသူများသည် ပင်လယ်၏ နက်ရှိုင်းသော နေရာများသို့ တိတ်တဆိတ် နစ်မြုပ်သွားကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏ လောင်မြိုက်နေသည့် မီးလျှံများအားဖြင့် ထာဝရကာလကြာ လောင်ကျွမ်းခြင်းကို ခံရကြလိမ့်မည် ဖြစ်သည်။ သိုးသငယ်၏ အသားကိုစား၊ သိုးသငယ်၏ အသွေးကိုသောက်ကာ‌ ၎င်းတို့၏ တံခါးထုပ်များကို သိုးသငယ်၏ အသွေးဖြင့် အမှတ်အသား ပြုခဲ့ကြသော ဣသရေလလူမျိုးများကိုသာ ချန်ရစ်လျက်၊ အဲဂုတ္တုပြည်၏ သားဦးနှင့် ကျွဲနွားတိရစ္ဆာန်များကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်း ခဲ့သကဲ့သို့ပင်၊ ဤအိုဟောင်းသည့်၊ အလွန့်အလွန် ညစ်ညမ်းသော လူသားမျိုးနွယ်ကို ငါအမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည်။ ငါ သိမ်းပိုက်ထားပြီးဖြစ်သည့် လူများနှင့် ငါ၏မိသားစုဝင်များသည် သိုးသငယ်ဖြစ်သည့် ငါ့အသားကိုစား၊ သိုးသငယ်ဖြစ်သည့် ငါ၏ အသွေးကို သောက်သောသူများ ဖြစ်ကြပြီး၊ ငါ၏ ရွေးနုတ်ခြင်း ခံရပြီးသောသူများနှင့် ငါ့ကို ကိုးကွယ်သောသူများ ဖြစ်ကြသည် မဟုတ်လော။ ထိုသို့သော လူတို့သည် ငါ၏ ဘုန်းအသရေနှင့်အတူ အမြဲ ပါရှိကြသည် မဟုတ်သလော။ သိုးသငယ်ဖြစ်သည့် ငါ၏အသားမပါသော သူများသည် ပင်လယ်၏ နက်ရှိုင်းသော နေရာများထဲသို့ တိတ်တဆိတ် နှစ်မြုပ်သွားကြနှင့်ပြီး ဖြစ်သည် မဟုတ်လော။ ယနေ့တွင် သင်တို့သည် ငါ့ကို ဆန့်ကျင်ပြီး၊ ယနေ့တွင် ငါ၏စကားများသည် ဣသရေလ၏ သားများနှင့် မြေးများထံ ယေဟောဝါ ပြောခဲ့သည့် စကားကဲ့သို့သာ ဖြစ်သည်။ သို့သော်လည်း သင်တို့ နှလုံးသားများ၏ နက်ရှိုင်းသော နေရာများရှိ မာကျောမှုသည် သင်တို့၏ ကိုယ်ခန္ဓာအပေါ် ဆင်းရဲဒုက္ခကို ပိုမို ယူဆောင်လာလျက်၊ သင်တို့၏ အပြစ်များအပေါ် တရားစီရင်မှု ပိုမို ယူဆောင်လာပြီး၊ သင်တို့၏ မဖြောင့်မတ်ခြင်းအပေါ် အမျက်ဒေါသကို ပိုမိုယူဆောင်လာကာ၊ ငါ၏အမျက်ဒေါသကို စုပုံလာနေစေသည်။ ယနေ့ ငါ့ကို သင်တို့ ဤသို့ ဆက်ဆံချိန်တွင်၊ ငါ၏အမျက်ဒေါသနေ့တွင် အဘယ်သူ လွတ်ကင်းနိုင်မည်နည်း။ ငါ၏ ပြစ်တင်ဆုံးမခြင်း မျက်စိများကို အဘယ်သူ၏ ဖြောင့်မတ်ခြင်းက လွတ်မြောက်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ၏လက်များမှ အဘယ်သူ၏ အပြစ်များသည် လွတ်မြောက်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ၏တရားစီရင်ခြင်းမှ အဘယ်သူ၏ အာခံခြင်းသည် လွတ်မြောက်နိုင်မည်နည်း။ ငါ ယေဟောဝါသည် တစ်ပါးအမျိုးသား မိသားစု၏ သားစဉ်မြေးဆက်များဖြစ်သည့် သင်တို့ကို ဤသို့ ပြောပြီး၊ သင်တို့ကို ငါ ပြောသော စကားများသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်၏ မိန့်မြွက်ချက်များ အားလုံးကို ကျော်လွန်ပေသည်၊ သို့သော် သင်တို့သည် အဲဂုတ္တုလူမျိုးများ အားလုံးထက် သာ၍ မာကျော ကြပေသည်။ ငါသည် ငါ၏အမှုကို ငြိမ်းချမ်းစွာ လုပ်ဆောင်သည်နှင့်အမျှ၊ ငါ၏ အမျက်ဒေါသကို သင်တို့ သိုထားကြသည် မဟုတ်လော။ အနန္တတန်ခိုးရှင် ငါ၏နေ့ရက်မှ သင်တို့သည် အထိအခိုက်မရှိဘဲ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၀၅)

သင်တို့သည် ငါ၏အမှုအဖို့ သင်တို့တတ်နိုင်သမျှ အားလုံးကို ဆက်ကပ်အပ်နှံသင့်သည်။ ငါ့ကို အကျိုးပြုသည့် အမှုကို သင်တို့ လုပ်ဆောင်သင့်သည်။ သင်တို့ ချို့တဲ့သည့်အရာအားလုံးကို ငါ့ထံမှ သင်တို့ ရရှိနိုင်ကြဖို့အလို့ငှာ သင်တို့ နားမလည်ကြသည့်အရာတိုင်းကို သင်တို့အား ရှင်းပြရန် ငါ လိုလိုလားလား ရှိပေသည်။ သင်တို့၏ ချွတ်ယွင်းချက်များမှာ မရေမတွက်နိုင်လောက်အောင် များပြားလွန်းသော်လည်း သင်တို့သည် ငါ့ထံမှ အကျိုးခံစားနိုင်ပြီး၊ သင်တို့အထဲ၍ မရှိသကဲ့သို့ ကမ္ဘာလောကက မည်သည့်အခါတွင်မျှ မမြင်ဖူးသည့် ဘုန်းအသရေကို သင်တို့ ရရှိနိုင်ကြဖို့အလို့ငှာ ငါ၏နောက်ဆုံးသော ကရုဏာကို သင်တို့အား ပေးလျက် သင်တို့အပေါ် ငါလုပ်ဆောင်နေသင့်သည့် အမှုကို လုပ်ဆောင်မြဲလုပ်ဆောင်ရန် ငါ လိုလိုလားလား ရှိ၏။ ငါသည် နှစ်ပေါင်းများစွာ အမှုပြုခဲ့ပြီး ဖြစ်သော်လည်း၊ မည်သည့် လူသားကမျှ တစ်ကြိမ်တစ်ခါမျှ မသိကြဖူးပေ။ အခြားမည်သူကိုမျှ ငါ လုံးဝ မပြောဖူးသည့် လျှို့ဝှက်ချက်များကို သင်တို့အား ငါပြောပြလို၏။

လူသားများအကြားတွင်၊ ငါသည် ၎င်းတို့ မမြင်နိုင်သော ဝိညာဉ်၊ ၎င်းတို့ မည်သည့်အခါမျှ ထိတွေ့နိုင်ခြင်းမရှိသော ဝိညာဉ်ဖြစ်၏။ ကမ္ဘာမြေပေါ်က (လောကကို ဖန်ဆင်းခြင်း၊ ရွေးနုတ်ခြင်းနှင့် ဖျက်ဆီးခြင်း) ငါ၏အမှု အဆင့်သုံးဆင့်ကြောင့်၊ ငါသည် ၎င်းတို့အကြား ငါ၏အမှုကို လုပ်ဆောင်ရန် မတူညီသော အချိန်များတွင် (မည်သည့်အခါမျှ လူသိရှင်ကြားမဟုတ်ဘဲ) ၎င်းတို့အလယ် ပေါ်ထွန်း၏။ လူသားများအကြား ငါ ကြွလာခဲ့သည့် ပထမဦးဆုံးအကြိမ်သည် ရွေးနုတ်ခြင်းခေတ်အတွင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ငါသည် ယုဒလူမျိုးမိသားစုတစ်ခုထဲသို့ ကြွလာခဲ့သည်။ ထို့သို့ဖြစ်သဖြင့်၊ ဘုရားသခင် ကမ္ဘာမြေပေါ်သို့ ကြွလာသည်ကို ပထမဦးဆုံး မြင်ရသူတို့မှာ ယုဒလူမျိုးများ ဖြစ်ကြ၏။ ဤအမှုကို ငါကိုယ်တိုင်ကိုယ်ကျ ပြုရသည့်အကြောင်းရင်းမှာ ငါသည် ငါ၏ရွေးနုတ်ခြင်းအမှု၌ ငါ၏ လူ့ဇာတိကို အပြစ်ဖြေရာယဇ်တစ်ခုအဖြစ် အသုံးပြုလိုခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ငါ့ကို ပထမဆုံး တွေ့ရသူများသည် ကျေးဇူးတော်ခေတ်ထဲက ယုဒလူမျိုးများ ဖြစ်ကြသည်။ ယင်းမှာ လူ့ဇာတိ၌ ငါ အမှုပြုသည့် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင်၊ ငါ၏အမှုသည် သိမ်းပိုက်ရန်နှင့် စုံလင်စေရန် ဖြစ်သည်၊ ထို့ကြောင့် ငါသည် ငါ၏ ထိန်းကျောင်းခြင်းအမှုကို လူ့ဇာတိ၌ တစ်ဖန် လုပ်ဆောင်ပေသည်။ ဤသည်မှာ ငါ ဒုတိယအကြိမ် လူ့ဇာတိ၌ အမှုပြုခြင်း ဖြစ်သည်။ အမှု၏ နောက်ဆုံး နှစ်ဆင့်တွင်၊ လူတို့ ထိတွေ့သည့်အရာမှာ မမြင်နိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင်ပြ၍ မရသည့် ဝိညာဉ်တော် မဟုတ်တော့ဘဲ၊ လူ့ဇာတိအဖြစ် အမှန်တကယ် ဖြစ်ပေါ်သည့် ဝိညာဉ်တော်ဖြစ်သော လူတစ်ဦး ဖြစ်သည်။ ထို့ကြောင့်၊ လူသား၏ အမြင်တွင်၊ ငါသည် ဘုရားသခင်၏ အသွင်နှင့် ခံစားချက် မရှိသည့် လူသားတစ်ဦး တစ်ဖန် ဖြစ်လာသည်။ ထို့အပြင်၊ လူတို့မြင်သည့် ဘုရားသခင်သည် အမျိုးသားဖြစ်သည်သာမက အမျိုးသမီးလည်း ဖြစ်သည်၊ ယင်းသည် ၎င်းတို့အဖို့ အလွန်အံ့အားသင့်ဖွယ်ကောင်းဆုံးနှင့် အတွေးရအခက်ဆုံး ဖြစ်သည်။ အကြိမ်အကြိမ် အဖန်အဖန် ငါ၏ ထူးခြားသော အမှုသည် နှစ်ပေါင်းများစွာကြာ ကိုင်စွဲထားသော ယုံကြည်မှုဟောင်းများကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေစေပြီးဖြစ်သည်။ လူတို့သည် ရင်သပ်ရှုမောဖြစ်ကြရသည်။ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်၊ ဝိညာဉ်တော်၊ ခုနစ်ဆ ပြင်းထန်သည့် ဝိညာဉ်တော်၊ သို့မဟုတ် အရာခပ်သိမ်းကို လွှမ်းခြုံသော ဝိညာဉ်တော်ဖြစ်ရုံမျှမက၊ လူသားတစ်ဦး- သာမန်လူတစ်ဦး၊ အထူးပင် သာမညဖြစ်သော လူသားတစ်ဦးလည်း ဖြစ်၏။ သူသည် အမျိုးသားဖြစ်သည်သာမက၊ အမျိုးသမီးလည်း ဖြစ်၏။ ၎င်းတို့သည် လူသားများထံ မွေးဖွားကြရာတွင် တူညီကြပြီး၊ တစ်ဦးက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူပြီး တခြားတစ်ဦးသည် ဝိညာဉ်တော်ထံမှ တိုက်ရိုက် ဆင်းသက်သော်လည်း၊ လူသားတစ်ဦးထံ မွေးဖွားသည်ဆိုရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်၏အမှုကို ဘုရားသခင်၏လူ့ဇာတိက ဆောင်ရွက်ရာတွင် ဆင်တူကြပြီး၊ တစ်ဦးက ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်သော်လည်း အခြားတစ်ဦးက သိမ်းပိုက်ခြင်း အမှုကို ဆောင်ရွက်ရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်ကို ကိုယ်စားပြုသော်လည်း တစ်ဦးသည် မေတ္တာနှင့် ကရုဏာတို့ဖြင့် ပြည့်နေသော ရွေးနုတ်ရှင်ဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျက်ဒေါသနှင့် တရားစီရင်ခြင်းတို့ဖြင့် ပြည့်နေသည့် ဖြောင့်မတ်ခြင်း၏ ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည့် ဦးစီးချုပ်ဖြစ်သော်လည်း၊ အခြားတစ်ဦးသည် သိမ်းပိုက်ခြင်း အမှုကို ပြီးမြောက်သည့် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် အစဖြစ်ကာ အခြားတစ်ဦးသည် အဆုံးဖြစ်၏။ တစ်ဦးသည် အပြစ်မဲ့သော လူ့ဇာတိဖြစ်သော်လည်း၊ အခြားတစ်ဦးသည် ရွေးနုတ်ခြင်းကို ပြီးစီးစေပြီး အမှုကို ဆက်လက် ဆောင်ရွက်ကာ မည်သည့်အခါမျှ အပြစ်မရှိသည့် လူ့ဇာတိဖြစ်သည်။ နှစ်ဦးလုံးသည် ဝိညာဉ်တော်တစ်ခုတည်း ဖြစ်သော်လည်း၊ ကွဲပြားသော လူ့ဇာတိများတွင် နေထိုင်ကာ ကွဲပြားသော နေရာများတွင် မွေးဖွားခဲ့ကြပြီး၊ ၎င်းတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ခြား၏။ သို့သော်၊ ၎င်းတို့၏အမှုအားလုံးသည် မည်သည့်အခါမျှ ကွဲလွဲခြင်းမရှိဘဲ၊ နှစ်ဦးနှစ်ဖက် လိုက်ဖက်ကြပြီး၊ တစ်ချိန်တည်း ပြောဆို၍ရသည်။ နှစ်ဦးလုံးသည် လူများဖြစ်သော်လည်း၊ တစ်ဦးသည် သားယောက်ျားလေး ဖြစ်ကာ အခြားတစ်ဦးသည် မွေးကင်းစ မိန်းကလေးဖြစ်၏။ ဤနှစ်များစွာကြာ၊ လူတို့ မြင်ထားသည့်အရာမှာ ဝိညာဉ်တော်ဖြစ်သည်သာမက၊ လူယောက်ျား လူသားတစ်ဦး ဖြစ်သည်သာမက၊ လူ့အယူအဆများနှင့် မကိုက်ညီသည့် အရာများစွာလည်း ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် ငါ့ကို မည်သည့်အခါတွင်မျှ အပြည့်အဝ နားမလည်နိုင်ကြပေ။ ၎င်းတို့သည် ငါ တည်ရှိသော်လည်း အရိပ်ပမာ အိပ်မက်တစ်ခုလည်း ဖြစ်သည့်အလား ငါ့ကို ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်မြဲ ဖြစ်နေကြသည်၊ ယင်းမှာ ယနေ့ထက်ထိ၊ လူတို့က ဘုရားသခင် အဘယ်အရာဖြစ်သည်ကို မသိကြသေးသည့် အကြောင်းရင်း ဖြစ်သည်။ သင်သည် ငါ့ကို ရိုးရှင်းသည့် ဝါကျတစ်ကြောင်းတည်းဖြင့် အမှန်တကယ် အကျဉ်းရုံးဖော်ပြနိုင်သလော။ “ယေရှုသည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်သကဲ့သို့၊ ဘုရားသခင်သည်လည်း ယေရှုမှလွဲ၍ အခြားမဟုတ်” ဟု သင် အမှန်တကယ် ဆိုဝံ့သလော။ “ဘုရားသခင်သည် ဝိညာဉ်တော်မှလွဲ၍ အခြားမဟုတ်သကဲ့သို့၊ ဝိညာဉ်တော်သည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်” ဟု သင်သည် ဆိုဝံ့သလောက် အမှန်တကယ် အလွန်ရဲဝံ့သလော။ “ဘုရားသခင်သည် လူ့ဇာတိကို ဆင်မြန်းထားသည့် လူသားတစ်ဦးသာ ဖြစ်သည်” ဟု ဆိုရန် စိတ်သက်သောင့်သက်သာရှိသလော။ “ယေရှု၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ကြီးမြတ်သော ပုံသဏ္ဌာန်ဖြစ်သည်” ဟု အခိုင်အမာဆိုရန် သတ္တိ သင်၌ အမှန်တကယ် ရှိသလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ပုံသဏ္ဌာန်ကို စေ့စပ်သေချာစွာ ရှင်းပြရန် သင်၏ စကားပြောကောင်းခြင်းကို သင် အသုံးပြုနိုင်သလော။ “ဘုရားသခင်သည် သူ၏ သဏ္ဌာန်နှင့်အညီ အမျိုးသမီးများ မဟုတ်ဘဲ အမျိုးသားကိုသာ ဖန်ဆင်းခဲ့သည်” ဟု သင် အမှန်တကယ် ပြောဝံ့သလော။ သင်သည် ဤသို့ပြောပါက၊ ငါရွေးချယ်သည့်အထဲတွင် အမျိုးသမီး ရှိမည်မဟုတ်ဘဲ၊ အမျိုးသမီးများသည် လူသားမျိုးနွယ်၏ အတန်းအစားတစ်ခု သာ၍ပင် ဖြစ်မည် မဟုတ်ပေ။ ယခုတွင် ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင် အမှန်တကယ် သိပြီလော။ ဘုရားသခင်သည် လူသားတစ်ဦးလော။ ဘုရားသခင်သည် ဝိညာဉ်တစ်ပါးလော။ ဘုရားသခင်သည် အမှန်တကယ် အမျိုးသား တစ်ဦးလော။ ငါ လုပ်ဆောင်ရမည့် အမှုကို ယေရှုသာ ပြီးစီးစေနိုင်သလော။ ငါ၏အနှစ်သာရကို အချုပ်ဖော်ပြရန် အထက်ပါအနက် တစ်ခုကိုသာ သင်ရွေးချယ်ပါက၊ သင်သည် အလွန့်အလွန် မသိနားမလည်သည့် သစ္စာစောင့်သည့် ယုံကြည်သူတစ်ဦး ဖြစ်ပေလိမ့်မည်။ ငါသည် တစ်ကြိမ် တစ်ခါတည်းသာ လူ့ဇာတိခံ ခန္ဓာအဖြစ် အမှုပြုခဲ့ပါက၊ သင်သည် ငါ့ကို ဘောင်ခတ်မည်လော။ ငါ့ကို အကြည့်တစ်ချက်ဖြင့် သင်သည် အမှန်တကယ် လုံးလုံးလျားလျား နားလည်နိုင်မည်လော။ သင်၏ တစ်သက်တာအတွင်း သင်နှင့် ထိတွေ့ခဲ့သည့် အရာအပေါ် အခြေခံ၍ ငါ့ကို သင် အမှန်တကယ် လုံးဝ အကျဉ်းရုံးဖော်ပြနိုင်သလော။ ငါသည် ငါ၏ လူ့ဇာတိခံခြင်းနှစ်ခုလုံးတွင် တူညီသည့် အမှုကို ပြုခဲ့ပါက၊ သင်တို့သည် ငါ့ကို မည်သို့ သဘောပေါက်မည်နည်း။ သင်တို့သည် ငါ့ကို ကားတိုင်ပေါ် အစဉ်အမြဲ သံမှိုရိုက်လျက် ထားရစ်မည်လော။ ဘုရားသခင်သည် သင် အခိုင်အမာဆိုသလောက် ရိုးရှင်းသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၀၆)

လွန်ခဲ့သော ခေတ်နှစ်ခေတ်၏ အလုပ်အဆင့်တစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကျန်တစ်ဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ထိုအလုပ်၏ မည်သည့်အဆင့်ကမျှ ဣသရေလပြည်မှ ထွက်သွားခဲ့ခြင်း မရှိဘဲ အလုပ်တစ်ခုစီကို ပထမဆုံး ရွေးကောက်ခံထားရသော လူများအပေါ် လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ အကျိုးဆက်အနေဖြင့် ဣသရေလ လူမျိုးတို့က ယေဟောဝါဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ ဘုရားသခင်သာဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ယေရှုသည် ကားစင်တင်သတ်ခံရခြင်းဟူသည့် အလုပ်ကို ဆောင်ရွက်ခဲ့သည့် နေရာဖြစ်သော ယုဒပြည်၌ အလုပ်လုပ်ခဲ့သောကြောင့် ယုဒလူမျိုးတို့က သူ့ကို ယုဒလူမျိုးတို့၏ ရွေးနုတ်ရှင်အဖြစ် မြင်ကြသည်။ ယေရှုသည် ယုဒလူမျိုးတစ်မျိုးတည်း၏ ရှင်ဘုရင်သာဖြစ်ပြီး အခြားလူမျိုးတို့၏ ရှင်ဘုရင်မဟုတ်ဟု သူတို့ထင်မှတ်ကြသည်။ ယေရှုသည် အင်္ဂလိပ်လူမျိုးကို ရွေးနုတ်ပေးသည့် သခင်မဟုတ်သကဲ့သို့ အမေရိကန်လူမျိုးတို့ကို ရွေးနုတ်ပေးသည့် သခင်လည်း မဟုတ်ဘဲ ဣသရေလ အမျိုးသားတို့ကို ရွေးနုတ်ပေးသည့် သခင်ဖြစ်သည်၊ ထို့အပြင် သူကယ်နုတ်ခဲ့သူတို့သည် ဣသရေလပြည်ရှိ ယုဒလူမျိုးတို့ ဖြစ်သည်ဟု သူတို့ထင်မှတ်ကြလေ၏။ စင်စစ်အားဖြင့် ဘုရားသခင်သည် အရာအားလုံး၏ အရှင်သခင်ဖြစ်၏။ သူသည် ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်သည်။ သူသည် ဣသရေလအမျိုးသားနှင့် ယုဒလူမျိုးတို့၏ ဘုရားသခင်ဖြစ်သည် သာမကဘဲ ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်၏။ လူတို့ထံ၌ အယူအဆအချို့ကို ဖြစ်ပေါ်စေခဲ့သည့် သူ့အလုပ်၏ ယခင်အဆင့်နှစ်ဆင့်သည် ဣသရေလပြည်၌ ဖြစ်ပျက်ခဲ့သည်။ ယေဟောဝါသည် သူ၏အလုပ်ကို ဣသရေလပြည်၌ လုပ်ခဲ့သည်၊ ယေရှုကိုယ်တိုင်သည် ယုဒပြည်၌ သူ၏အလုပ်ကို ဆောင်ရွက်ခဲ့သည်၊ ထို့အပြင် အလုပ်လုပ်ရန်အတွက် လူ့ဇာတိကို ယေရှုခံယူခဲ့ပြီး၊ မည်သို့ပင်ဖြစ်စေကာမူ ထိုအလုပ်သည် ဣသရေလပြည်ကို မကျော်လွန်ခဲ့ချေဟူ၍ သူတို့က ယုံကြည်ကြသည်။ ဘုရားသခင်သည် အဲဂုတ္တုလူမျိုး၊ သို့မဟုတ် အိန္ဒိယလူမျိုးတို့ထံတွင် အလုပ်မလုပ်ခဲ့ပေ။ ဣသရေလအမျိုးသားတို့ထံ၌သာ သူအလုပ်လုပ် ခဲ့၏။ ထို့ကြောင့် လူတို့သည် အမျိုးမျိုးသော အယူအဆများကို ပုံဖော်ကြပြီး ဘုရားသခင်၏အလုပ်ကို အတိုင်းအတာတစ်ခုအတွင်း အသေးစိတ် ရုပ်လုံးဖော်ကြလေသည်။ ဘုရားသခင် အလုပ်လုပ်သောအခါ သူ့အနေဖြင့် ရွေးကောက်ခံထားရသော လူများအကြား၌နှင့် ဣသရေလပြည်၌ လုပ်ရမည်ဖြစ်သည်ဟု သူတို့ပြောကြသည်။ ဣသရေလအမျိုးသားများမှလွဲ၍ ဘုရားသခင်သည် အခြားမည်သူ့အပေါ်၌မျှ အလုပ်မလုပ်သကဲ့သို့ သူ၏အလုပ်နှင့်ပတ်သက်ပြီး ပို၍ကြီးမားသော အတိုင်းအတာလည်း မရှိဟု သူတို့ပြောကြ၏။ လူ့ဇာတိခံ ဘုရားသခင်ကို ထိန်းချုပ်သည့်အရေးနှင့်ပတ်သက်လာလျှင် သူတို့သည် အထူးသဖြင့် တိကျကြပြီး ဣသရေလပြည်၏ နယ်နိမိတ်ကိုလွန်၍ သူ့အား လှုပ်ရှားခွင့် မပြုကြပေ။ ဤအရာအားလုံးမှာ လူသားတို့၏ အယူအဆများသာ ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့၏၊ ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့အတွက်ကြောင့် သူ့အနေဖြင့် သူ၏အလုပ်ကို မည်သို့လျှင် ဣသရေလပြည်၌သာ ကန့်သတ်ထား၍ ရနိုင်မည်နည်း။ ထိုအတိုင်းသာဖြစ်နေပါက ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခြင်းမှာ အဘယ်အကျိုးရှိ လိမ့်မည်နည်း။ တစ်လောကလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့ပြင် သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို ဣသရေလပြည်၌ သာ မဟုတ်ဘဲ စကြဝဠာရှိ လူပုဂ္ဂိုလ်အယောက်ချင်းစီတိုင်းအပေါ်၌ သူဆောင်ရွက်ခဲ့လေ၏။ ထိုသူတို့အနေဖြင့် တရုတ်ပြည်၌ နေကြသည်ဖြစ်စေ၊ အမေရိကန်ပြည်ထောင်စု၌ နေကြသည်ဖြစ်စေ၊ ဗြိတိသျှ၊ သို့မဟုတ် ရုရှားနိုင်ငံ၌ နေကြသည်ဖြစ်စေ လူတိုင်းသည် အာဒံ၏ သားစဉ်မြေးဆက်များ ဖြစ်ကြ၏။ သူတို့အားလုံးကို ဘုရားသခင်က ဖန်ဆင်းထားခြင်းဖြစ်သည်။ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဖန်ဆင်းခြင်း၏နယ်နိမိတ်များကို မရှောင်တိမ်းနိုင်ကြ၊ ထို့ပြင် သူတို့ထဲမှ မည်သူတစ်ဦး တစ်ယောက်ကမျှ “အာဒံ၏ သားစဉ်မြေးဆက်” ဟူသည့် အမှတ်သညာမှ မိမိတို့ကိုယ်ကို မခွဲနိုင်ကြ။ သူတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြသည်၊ သူတို့ အားလုံးသည် အာဒံ၏ ဆွေစဉ်မျိုးဆက်ဖြစ်ကြသည်၊ ထို့အပြင် သူတို့အားလုံးသည် အာဒံနှင့် ဧဝတို့၏ ဖောက်ပြန်ပျက်စီးနေသော သားစဉ်မြေးဆက်များလည်း ဖြစ်ကြ၏။ ဘုရားသခင်၏ ဖန်ဆင်းရာမှာ ဣသရေလတစ်မျိုးတည်းသာ မဟုတ်ဘဲ လူမျိုးအားလုံးဖြစ်သည်။ အချို့က ကျိန်ဆဲခံထားရပြီး အချို့က ကောင်းချီးပေးခံထားရခြင်းသာ ဖြစ်၏။ ဣသရေလအမျိုးသားနှင့် ပတ်သက်၍ နှစ်လိုဖွယ်ကောင်းသော အရာများ များစွာရှိသည်၊ သူတို့သည် အနည်းဆုံး ဖောက်ပြန်သောလူများ ဖြစ်ကြသောကြောင့် ဘုရားသခင်က အစအဦး၌ သူတို့အပေါ်တွင် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်လူမျိုးတို့ကို သူတို့နှင့် သွားယှဉ်၍မရပေ၊ တရုတ်လူမျိုးတို့က များစွာ ပို၍နိမ့်ကျ၏။ ထို့ကြောင့် ဘုရားသခင်သည် ကနဦးတွင် ဣသရေလပြည်ရှိ လူတို့အကြား၌ အလုပ်လုပ်ခဲ့ခြင်းဖြစ်ပြီး သူ့အလုပ်၏ ဒုတိယအဆင့်ကို ယုဒပြည်၌သာ ဆောင်ရွက်ခဲ့၏၊ ယင်းက လူတို့အကြား၌ အယူအဆ များစွာနှင့် စည်းမျဉ်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။ စင်စစ်အားဖြင့် ဘုရားသခင်သည် လူသားတို့၏အယူအဆများအတိုင်း လုပ်မည် ဆိုပါက သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်၍ သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံ ချဲ့ထွင်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ချေ၊ အကြောင်းမှာ သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်နေမည် မဟုတ်သောကြောင့်ဖြစ်သည်။ ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ပရောဖက်ပြုချက်များက ဆိုထားသည်။ အဘယ်ကြောင့် ထိုအရာကို ပရောဖက်ပြုထားသနည်း။ အကယ်၍ ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေခဲ့ပါက သူသည် ဣသရေလပြည်၌သာ အမှုပြုခဲ့ပေလိမ့်မည်။ ထို့အပြင် ဤအလုပ်ကို သူဖြန့်ကြက်လိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့သော ပရောဖက်ပြုချက်ကိုလည်း သူပြုခဲ့မည် မဟုတ်ချေ။ ထိုပရောဖက်ပြုချက်ကို သူပြုခဲ့သောကြောင့် သူသည် သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၊ တိုင်းနိုင်ငံအားလုံးနှင့် ကုန်းမြေအားလုံးအကြား ဧကန်အမှန် ချဲ့ထွင်လိမ့်မည် ဖြစ်သည်။ ထိုသို့သူပြောခဲ့သောကြောင့် ထိုအရာကို သူလုပ်ရပေလိမ့်မည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်သည်၊ အကြောင်းမှာ သူသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော သခင်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဣသရေလအမျိုးသားတို့အကြား၌ သူအလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ယုဒပြည်တစ်ဝှမ်းလုံး၌ သူအလုပ်လုပ်သည်ဖြစ်စေ သူလုပ်သော အလုပ်သည် စကြဝဠာ တစ်ခွင်လုံး၏ အလုပ်ဖြစ်ပြီး လူသားအားလုံး၏ အလုပ်ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံဖြစ်သော အဆင်းနီသည့် နဂါးကြီး၏ တိုင်းနိုင်ငံ၌ ယနေ့သူလုပ်သော အလုပ်သည် လူသားအားလုံး၏ အလုပ်ဖြစ်နေဆဲပင်ဖြစ်သည်။ ဣသရေလပြည်သည် မြေကြီးပေါ်ရှိ သူ၏အလုပ်အတွက် အခြေစိုက်စခန်း ဖြစ်နိုင်ခဲ့၏၊ တရုတ်နိုင်ငံ သည်လည်း တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားရှိ သူ၏အလုပ် အတွက် အခြေစိုက်စခန်း ဖြစ်နိုင်သည်။ “ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်” ဟူသော ပရောဖက်ပြုချက်ကို သူယခု ပြည့်စုံစေခဲ့ပြီ မဟုတ်လော။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြားရှိ သူ့အလုပ်၏ ပထမအဆင့်မှာ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၌ သူလုပ်သော အလုပ်ဖြစ်သည့် ဤအလုပ်ပင်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဤတိုင်းပြည်၌ အလုပ်လုပ်ပြီး ကျိန်ဆဲခံထားရသော ဤလူတို့အကြား၌ အလုပ်လုပ်သည် ဟူသည်မှာ လူသားတို့၏ အယူအဆများနှင့် အထူးသဖြင့် ဆန့်ကျင် ကွဲလွဲနေသည်။ ထိုလူတို့မှာ အားလုံးအထဲတွင် အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည်၊ သူတို့၌ ဘာတန်ဖိုးမျှ မရှိကြ၊ ထို့အပြင် သူတို့သည် ကနဦး၌ ယေဟောဝါ၏ စွန့်ပစ်ထားခြင်းကို ခံခဲ့ရသူများ ဖြစ်ကြသည်။ လူတို့သည် အခြားလူများ၏ ပစ်ပယ်ခြင်းကို ခံနိုင်သော်လည်း ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရလျှင်မူ ထိုသူတို့ထက် အဆင့်အတန်း ပို၍မဲ့သောသူ၊ တန်ဖိုးပို၍နိမ့်ကျသောသူ မရှိတော့ပေ။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအတွက် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံရခြင်း၊ သို့မဟုတ် လူတို့၏ ပစ်ပယ်ခြင်းကို ခံရခြင်းသည် အလွန်နာကျင်ခံစားရသော အရာဖြစ်၏၊ သို့သော်လည်း ဖန်ဆင်းရှင်၏ စွန့်ပစ်ခြင်းကို ခံရသော ဖန်ဆင်းခံသတ္တဝါတစ်ဦးအတွက်မူ ပို၍နိမ့်ကျသော အဆင့်အတန်း မရှိနိုင်တော့ချေ။ မောဘ၏ သားစဉ်မြေးဆက်တို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် သူတို့သည် ခေတ်နောက်ကျန်သော ဤနိုင်ငံ၌ မွေးဖွားလာခဲ့ကြသည်။ အမှောင်ထု၏ လွှမ်းမိုးမှုအောက်တွင် ရှိကြကုန်သော လူအားလုံးထဲတွင် မောဘ၏ သားစဉ်မြေးဆက်တို့သည် အဆင့်အတန်းအနိမ့်ဆုံးဖြစ်ကြသည်မှာ သံသယဝင်ဖွယ်ရာ မရှိပေ။ ဤလူတို့သည် ယခင်က အနိမ့်ကျဆုံးသော အဆင့်အတန်း ရှိခဲ့ဖူးသူများဖြစ်ကြသောကြောင့် သူတို့အပေါ်၌ လုပ်သော အလုပ်သည် လူသားတို့၏ အယူအဆများကို အကောင်းဆုံးချေဖျက်နိုင်စွမ်းရှိပြီး ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအတွက်လည်း အကျိုးအရှိဆုံးဖြစ်၏။ ဤလူတို့အကြား၌ ထိုသို့သောအလုပ်ကို လုပ်ခြင်းသည် လူသားတို့၏ အယူအဆများကို အကောင်းဆုံးချေဖျက်သည့် နည်းလမ်းဖြစ်ပြီး ထိုအလုပ်နှင့် ဘုရားသခင်သည် ခေတ်တစ်ခေတ်ကို အစပျိုး၏။ ထိုအလုပ်နှင့် သူသည် လူသားတို့၏ အယူအဆအားလုံးကို ချေဖျက်၏။ ထိုအလုပ်နှင့် ကျေးဇူးတော်ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို အဆုံးသတ်လေသည်။ သူ၏ပထမအလုပ်ကို ဣသရေလပြည်၏ နယ်နိမိတ်အတွင်းရှိ ယုဒပြည်၌ ဆောက်ရွက်ခဲ့သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် သူသည် ခေတ်သစ်ကို အစပျိုးရန်အလို့ငှာ မည်သည့်အလုပ်ကိုမျှ မလုပ်ခဲ့ပေ။ အလုပ်၏ နောက်ဆုံးအဆင့်ကို တစ်ပါးအမျိုးသားတို့အကြားတွင် ဆောင်ရွက်သည်သာမကသေးဘဲ ကျိန်ဆဲခြင်းခံထားရသော သူများအကြားတွင် ပို၍ဆောင်ရွက်၏။ ဤအချက်တစ်ချက်က စာတန်ကို အရှက်အခွဲနိုင်ဆုံးသော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် စကြဝဠာထဲရှိ ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်၊ အရာခပ်သိမ်း၏ သခင်၊ အသက်ရှိသမျှတို့ ကိုးကွယ်ရသည့်အရာ “ဖြစ်လာ” လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၀၇)

ယနေ့တွင် ဘုရားသခင် မည်သည့်အလုပ်သစ်ကို အစပြုပြီးဖြစ်သည်ကို နားမလည်ကြသေးသောသူများရှိသည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ဘုရားသခင်သည် အသစ်သော အစအဦးတစ်ခုကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို သူစတင်ခဲ့ပြီး အလုပ်သစ်ကို သူအစပြုခဲ့၏၊ ထို့အပြင် သူသည် ဤအလုပ်ကို မောဘ၏ သားစဉ် မြေးဆက်များအပေါ် လုပ်ဆောင်သည်။ ယင်းသည် သူ၏ အသစ်ဆုံးသော အလုပ်ပင်ဖြစ်သည် မဟုတ်လော။ သမိုင်းတစ်လျှောက် မည်သူကမျှ ဤအလုပ်ကို မတွေ့ကြုံဖူးကြပေ။ ဤအလုပ်ကို နားလည်ဖို့ မဆိုထားနှင့် မည်သူကမျှ မကြားဖူးကြပေ။ ဘုရားသခင်၏ဉာဏ်ပညာ၊ ဘုရားသခင်၏အံ့သြဖွယ်ရာ၊ ဘုရားသခင်၏ဉာဏ်မမီနိုင်မှု၊ ဘုရားသခင်၏ကြီးမြတ်မှု၊ ထို့ပြင် ဘုရားသခင်၏သန့်ရှင်းမှု အားလုံးတို့သည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်သည့် အလုပ်၏ဤအဆင့်မှတစ်ဆင့် ထင်ရှားစေခြင်းကို ခံကြရသည်။ ဤသည်မှာ လူသားတို့၏ အယူအဆများကို ချေဖျက်သည့် အလုပ်ဖြစ်သော အသစ်သောအလုပ်ပင်ဖြစ်သည် မဟုတ်လော။ “ဘုရားသခင်သည် မောဘကို ကျိန်ဆဲခဲ့ပြီး မောဘ၏သားစဉ်မြေးဆက်များကို ပစ်ပယ်မည်ဟု ဆိုခဲ့သည့်အတွက် သူသည် ယခု သူတို့ကို မည်ကဲ့သို့ ကယ်တင်နိုင်မည်နည်း” ဟူ၍ တွေးကြသောသူများ ရှိကြသည်။ ထိုသူတို့မှာ ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံခဲ့ရပြီး ဣသရေလပြည်မှ မောင်းထုတ်ခံခဲ့ရသည့် တစ်ပါးအမျိုးသားများ ဖြစ်ကြ၏၊ ဣသရေလအမျိုးသားတို့က ထိုသူတို့ကို “တစ်ပါးအမျိုးသားခွေးများ” ဟုခေါ်ခဲ့ကြသည်။ လူတိုင်း၏ အမြင်တွင် သူတို့သည် တစ်ပါးအမျိုးသားခွေးများ ဖြစ်ကြသည် သာမကဘဲ ပို၍ဆိုးသည်မှာ သူတို့သည် ဖျက်ဆီးခြင်း၏ သားများဖြစ်နေကြသည်၊ တစ်နည်းဆိုရလျှင် သူတို့သည် ဘုရားသခင်၏ ရွေးကောက်ခံလူများ မဟုတ်ကြပေ။ သူတို့သည် ဣသရေလနိုင်ငံ၏နယ်နိမိတ်အတွင်း၌ မွေးဖွားလာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့သည် ဣသရေလ အမျိုးသားများနှင့် မသက်ဆိုင်ကြဘဲ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ နှင်ထုတ်ခြင်းခံထားရသူများ ဖြစ်ကြသည်။ သူတို့သည် လူအားလုံးအထဲ၌ အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည်။ လူတို့အထဲတွင် သူတို့သည် အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည့် အကြောင်းရင်းအတိအကျကြောင့်ပင် ဘုရားသခင်သည် ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် သူ၏အလုပ်ကို သူတို့အကြားတွင် ဆောင်ရွက်ခြင်းဖြစ်၏၊ အကြောင်းမှာ သူတို့သည် ဖောက်ပြန်သော လူသားတို့ကို ကိုယ်စားပြုသောကြောင့် ဖြစ်လေသည်။ ဘုရားသခင်၏ အလုပ်သည် သီးသန့်ဖြစ်ပြီး သတ်သတ်မှတ်မှတ်ရှိ၏။ ဤလူတို့၌ ယနေ့သူလုပ်သောအလုပ်သည် ဖန်ဆင်းရာအပေါ်၌ သူဆောင်ရွက်ခဲ့သော အလုပ်လည်းဖြစ်သည်။ နောဧသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်ခဲ့သည်၊ နောဧ၏ သားစဉ်မြေးဆက်များသည်လည်း ထို့အတူပင် ဖြစ်သည်။ လောကကြီးထဲ၌ အသွေးနှင့် အသားရှိကြကုန်သော မည်သူမဆိုသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြ၏။ ဘုရားသခင်၏ အလုပ်သည် ဖန်ဆင်းရာအားလုံးအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ တစ်စုံတစ်ဦးအနေဖြင့် ဖန်ဆင်းခံရပြီးနောက်တွင် ကျိန်ဆဲခြင်းကို ခံခဲ့ရ၏၊ မခံခဲ့ရ၏အပေါ်တွင် ထိုအရာက မူတည်သည်မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှု အလုပ်သည် ဖန်ဆင်းရာအားလုံးတို့အတွက် ရည်ရွယ်ထားခြင်းဖြစ်၏၊ ကျိန်ဆဲခြင်းကို မခံထားရသည့် ရွေးကောက်ခံလူတို့အတွက် ရည်ရွယ်ထားခြင်း မဟုတ်ချေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူ၏ဖန်ဆင်းရာအကြား၌ ဆောင်ရွက်လိုသည့်အတွက် ထိုအလုပ်ကို သူသည် အောင်အောင်မြင်မြင် ပြီးမြောက်သွားသည်အထိ မလွဲဧကန် လုပ်လိမ့်မည်ဖြစ်ပြီး သူ၏အလုပ်အတွက် အကျိုးရှိသော ထိုလူတို့အကြားတွင် သူအလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် လူသားတို့အကြားတွင် အလုပ်လုပ်သောအခါ အစဉ်အလာများ အားလုံးကို ချေဖျက်လိုက်၏၊ သူ့အတွက် “ကျိန်ဆဲခံရသည်”၊ “ပြစ်တင်ဆုံးမခံရသည်” နှင့် “ကောင်းချီးပေးခံရသည်” ဟူသော စကားလုံးတို့သည် အဓိပ္ပာယ်မရှိသော စကားလုံးများဖြစ်သည်။ ယုဒလူမျိုးတို့သည် ကောင်းမွန်ကြပြီး ဣသရေလပြည်ရှိ ရွေးကောက်ခံ လူတို့မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ သူတို့သည် ကောင်းသော အစွမ်းအစနှင့် လူ့သဘာဝတို့ ရှိကြသောသူများဖြစ်သည်။ အစအဦးတွင် ယေဟောဝါ သူ၏အလုပ်ကို အစပျိုးခဲ့ပြီး သူ၏အစောဆုံးအလုပ်ကို လုပ်ဆောင်ခဲ့သည်မှာ ထိုသူတို့အကြားတွင်ဖြစ်သည်၊ သို့သော်လည်း ထိုသူတို့အပေါ်၌ သိမ်းပိုက်ခြင်းအလုပ်ကို ယနေ့လုပ်ဆောင်မည်ဆိုပါက အဓိပ္ပာယ်မရှိ ဖြစ်နေပေလိမ့်မည်။ ထိုသူတို့သည်လည်း ဖန်ဆင်းရာ၏ တစ်စိတ်တစ်ဒေသ ဖြစ်နေနိုင်ပြီး ထိုသူတို့နှင့် ပတ်သက်၍ အပြုသဘောဆောင်သောအရာ များစွာရှိနေနိုင်သော်လည်း အလုပ်၏ဤအဆင့်ကို သူတို့အကြား၌ လုပ်ဆောင်မည်ဆိုပါက အကျိုးမရှိ ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဖန်ဆင်းရာအားလုံးကိုလည်း သိမ်းသွင်းစည်းရုံးနိုင်မည် မဟုတ်ချေ။ ဘုရားသခင်သည် သူ၏အလုပ်ကို အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ ဤလူတို့ထံ လှည့်ပြောင်းလိုက်ခြင်းမှာ ထိုအကြောင်းရင်းအတိအကျကြောင့်ပင် ဖြစ်သည်။ ဤနေရာ၌ အဓိပ္ပာယ်အရှိဆုံးသောအရာမှာ ခေတ်တစ်ခုကို ဘုရားသခင်အစပျိုးခြင်း၊ စည်းမျဉ်းများအားလုံးနှင့် လူသားတို့၏ အယူအဆများအားလုံးကို သူချေဖျက်ခြင်းနှင့် ကျေးဇူးတော်ခေတ် တစ်ခေတ်လုံး၏ အလုပ်ကို သူအဆုံးသတ်ခြင်း တို့ဖြစ်သည်။ အကယ်၍ သူ၏လက်ရှိအလုပ်ကို ဣသရေလ အမျိုးသားတို့အကြားတွင် ဆောင်ရွက်မည်ဆိုပါက သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်က အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် ဘုရားသခင်သည် ဣသရေလ အမျိုးသားတို့၏ ဘုရားသခင်သာဖြစ်သည်၊ ဣသရေလအမျိုးသားတို့ သာလျှင် ဘုရားသခင်၏ ရွေးကောက်ခံရသော လူတို့ဖြစ်ကြသည်၊ ဣသရေလအမျိုးသားတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ နှင့် ကတိတော်ကို အမွေခံထိုက်သည်ဟု ယုံကြည်သွားကြ ပေလိမ့်မည်။ နောက်ဆုံးသောကာလအတောအတွင်း အဆင်းနီသော နဂါးကြီး၏နိုင်ငံဖြစ်သည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံ၌ ဘုရားသခင်လူ့ဇာတိခံယူခြင်းသည် ဖန်ဆင်းရာအားလုံး၏ ဘုရားဟူသည့် ဘုရားသခင်၏ အလုပ်ကို အထမြောက်စေ၏။ သူ၏ စီမံခန့်ခွဲမှုအလုပ် အလုံးစုံကို သူအပြီးသတ်၏၊ ထို့ပြင် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ သူ့အလုပ်၏ အချက်အချာကျသော အပိုင်းကို သူအဆုံးသတ်၏။ ဤအလုပ်အဆင့်သုံးဆင့်၏ အဓိကအချက်မှာ လူသားကို ကယ်တင်ခြင်းဖြစ်သည်၊ အတိအကျဆိုရလျှင် ဖန်ဆင်းရှင်အား ဖန်ဆင်းရာအားလုံးက ဝတ်ပြုလာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်၏ အဆင့်တစ်ဆင့်စီ၌ ကြီးမားသော အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်၊ သို့မဟုတ် တန်ဖိုးတို့ မရှိဘဲနှင့် မည်သည့်အရာကိုမျှ မလုပ်ပေ။ တစ်ဖက်တွင် အလုပ်၏ ဤအဆင့်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးပြီး လွန်လေပြီးသော ခေတ်နှစ်ခေတ်ကို အဆုံးသတ်ပေး၏။ အခြားတစ်ဖက်တွင်မူ ယင်းသည် လူသားတို့၏ အယူအဆအားလုံးကို ချေဖျက်ပြီး၊ လူသားတို့၏ယုံကြည်မှုနှင့် အသိပညာတို့၏ နည်းလမ်းဟောင်း အားလုံးကို ချေဖျက်လေသည်။ ယခင်ခေတ်နှစ်ခေတ်၏ အလုပ်ကို လူသားတို့၏ ကွဲပြားသော အယူအဆများအတိုင်း ဆောင်ရွက်ခဲ့၏။ သို့သော်လည်း ဤအဆင့်ကမူ လူသားတို့၏ အယူအဆများကို လုံးဝဥဿုံ ဖယ်ထုတ်ပစ်ပြီး ထိုသို့အားဖြင့် လူတို့ကို လုံးလုံးလျားလျား သိမ်းပိုက်၏။ မောဘ၏ သားစဉ်မြေးဆက်တို့ကို သိမ်းပိုက်ခြင်းအားဖြင့်၊ မောဘ၏ သားစဉ်မြေးဆက်တို့အကြားတွင် ဆောင်ရွက်သော အလုပ်အားဖြင့် ဘုရားသခင်သည် စကြဝဠာတစ်ခွင်ရှိ လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ ဤသည်မှာ သူ့အလုပ်၏ ဤအဆင့်ရှိ အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်ဖြစ်၏၊ ထို့အပြင် သူ့အလုပ်၏ ဤအဆင့်နှင့်ဆိုင်သည့် အဖိုးအတန်ဆုံးသော ရှုထောင့်လည်းဖြစ်သည်။ အကယ်၍ သင်ကိုယ်တိုင်၏ အဆင့်အတန်း နိမ့်ကျနေသည်ကို သင်ယခုသိပြီး မိမိတန်ဖိုးနိမ့်ကျသည်ကို သိသော်လည်း- သင်သည် ကြီးစွာသော ကောင်းချီးမင်္ဂလာကို အမွေခံထားရပြီး ကြီးစွာသော ကတိတော်ကို ရရှိထားသည်၊ ထို့ပြင် ဘုရားသခင်၏ ကြီးမြတ်သော ဤအလုပ် အထမြောက်အောင် သင်ကူညီနိုင်၏ဟူသော ဝမ်းမြောက်ဖွယ် အကောင်းဆုံးသောအရာနှင့် ကြုံတွေ့ခဲ့ရသည်ဟု ခံစားရဦးမည် ဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သော ရုပ်သွင်ကို သင်ဖူးမြင်ခဲ့ရပြီ၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သင်သိ၏၊ ထို့ပြင် ဘုရားသခင်၏ အလိုတော်ကို သင်လုပ်ဆောင်သည်။ ဘုရားသခင်၏အလုပ်၏ ယခင်အဆင့်နှစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့သည်။ အကယ်၍ နောက်ဆုံးသောကာလ အတောအတွင်း သူ့အလုပ်၏ ဤအဆင့်ကိုလည်း ဣသရေလ အမျိုးသားတို့အကြားတွင် ဆောင်ရွက်မည်ဆိုပါက ဣသရေလ အမျိုးသားတို့ သာလျှင် ဘုရားသခင်၏ ရွေးကောက်ခံလူများ ဖြစ်ကြသည်ဟု ဖန်ဆင်းရာအားလုံးက ယုံကြည်သွားကြမည် သာမကဘဲ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံး သည်လည်း လိုချင်သော အကျိုးရလဒ်ကို ရနိုင်လိမ့်မည် မဟုတ်ပေ။ သူ့အလုပ်၏ အဆင့်နှစ်ဆင့်ကို ဣသရေလပြည်၌ သူလုပ်ဆောင်ခဲ့သည့် အချိန်အတောအတွင်းတွင် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အလုပ်အသစ်ကိုသော်လည်းကောင်း၊ ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် အလုပ်ကိုသော်လည်းကောင်း မဆောင်ရွက်ခဲ့ပေ။ ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် အလုပ်ဖြစ်သော အလုပ်၏ ယနေ့အဆင့်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ဦးစွာဆောင်ရွက်နေသည့်အပြင် မောဘ၏ သားစဉ်မြေးဆက်တို့အကြားတွင် ကနဦးဆောင်ရွက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ခေတ်တစ်ခုလုံးကို အစပျိုးလျက်ရှိသည်။ လူသားတို့၏ အယူအဆများအတွင်း၌ ရှိနေသော အသိပညာ အားလုံးကို တစ်ခုတလေမျှ ကြွင်းကျန်ခွင့်မပေးဘဲ ဘုရားသခင်သည် ချေဖျက်ခဲ့၏။ သူ၏သိမ်းပိုက်ခြင်းအလုပ်တွင် သူသည် လူသားတို့၏ အယူအဆများ၊ ဟောင်းနေသည့် ထိုကနဦးလူတို့၏ အသိပညာနည်းလမ်းတို့ကို ချေဖျက်ခဲ့သည်။ ဘုရားသခင်ထံတွင် မည်သည့်စည်းမျဉ်းများမျှ မရှိကြောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ ဟောင်းသည့်အရာ ဘာမျှမရှိကြောင်း၊ သူလုပ်သော အလုပ်သည် လုံးဝချုပ်ချယ်မှုကင်းပြီး လုံးဝလွတ်လပ်ကြောင်း၊ ထို့အပြင် သူသည် လုပ်လေရာရာ၌ မှန်ကန်ကြောင်း လူတို့ကို သူမြင်စေသည်။ ဖန်ဆင်းရာအကြား၌ သူလုပ်သော မည်သည့်အလုပ်ကိုမဆို သင်သည် အပြည့်အဝနာခံရမည်။ သူလုပ်သော အလုပ်အားလုံး၌ အဓိပ္ပာယ်ရှိပြီး ထိုအလုပ်ကို သူ၏ကိုယ်ပိုင်အလိုတော်၊ သူ၏ကိုယ်ပိုင်ဉာဏ်ပညာနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကာ လူသားတို့၏ ရွေးချယ်ချက်များ၊ အယူအဆများနှင့်အညီ ဆောင်ရွက်ခြင်း မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ခုသည် သူ၏အလုပ်အတွက် အကျိုးရှိပါက ထိုအရာကို သူလုပ်၏။ ထို့ပြင် အကယ်၍ တစ်စုံတစ်ခုသည် သူ၏အလုပ်အတွက် အကျိုးမရှိပါက ထိုအရာသည် မည်မျှပင် ကောင်းနေသည်ဖြစ်စေ သူမလုပ်ချေ။ သူ၏အလုပ်ကို လက်ခံရရှိမည့်သူများနှင့် သူ့အလုပ်၏ တည်နေရာကို သူ့အလုပ်၏ အဓိပ္ပာယ်၊ ရည်ရွယ်ချက်တို့နှင့်အညီ ရွေးချယ်ပြီး သူအလုပ်လုပ်သည်။ သူအလုပ်လုပ်သောအခါ အတိတ်က စည်းမျဉ်းများကို သူမလိုက်နာသကဲ့သို့ ပုံသေနည်း အဟောင်းများကိုလည်း သူမလိုက်နာပေ။ ထိုသို့ပြုမည့်အစား သူ၏အလုပ်ကို အလုပ်၏အဓိပ္ပာယ်နှင့်အညီ သူစီစဉ်သည်။ နောက်ဆုံးတွင် သူသည် စစ်မှန်သော အကျိုးရလဒ်နှင့် မျှော်လင့်ထားသော ပန်းတိုင်ကို ရရှိပေလိမ့်မည်။ ဤအရာများကို ယနေ့ သင်နားမလည်ပါက ဤအလုပ်သည် သင့်အပေါ် အကျိုးသက်ရောက်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၀၈)

ဘုရားသခင်၏ အမှုအဖို့ အတားအဆီးများမှာ မည်မျှ ကြီးမားသနည်း။ တစ်ဦးတစ်လေက သိဖူးပါသလော။ အရိုးစွဲနေသည့် အယူသီးသော အသားအရောင်ခွဲခြားမှုဖြင့် ပိတ်လှောင်ခံထားရသည့် လူများကြောင့်၊ အဘယ်သူသည် ဘုရားသခင်၏ စစ်မှန်သော စရိုက်ကို သိကျွမ်းနိုင်စွမ်းရှိသနည်း။ အလွန်တိမ်ပြီး အဓိပ္ပာယ် မရှိသည့် ဤခေတ်နောက်ကျော့သော ယဉ်ကျေးမှုဆိုင်ရာ အသိပညာကြောင့်၊ ၎င်းတို့သည် ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ အပြည့်အဝ နားလည်နိုင်ကြမည်နည်း။ ၎င်းတို့အား မျက်နှာချင်းဆိုင် ပြောဆိုပြီး၊ ပါးစပ်ချင်းတေ့ကာ အားဖြည့်ပေးချိန်တွင်ပင်၊ ၎င်းတို့ မည်သို့ နားလည်နိုင်ကြမည်နည်း။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လျစ်လျူရှုခံရပြီးဖြစ်သည့်အလား ဖြစ်သည်။ လူများသည် တုံ့ပြန်မှု စိုးစဉ်းမျှ မရှိကြပေ၊ ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းကြပြီး မည်သည့်အရာကိုမျှ နားမလည်ကြချေ။ ဤအရာသည် အဘယ်သို့ စိတ်ပူစရာ မဖြစ်ဘဲ ရှိနိုင်မည်နည်း။ ဤ “အလှမ်းဝေး သည့်၊ ရှေးကျသော ယဉ်ကျေးမှုဆိုင်ရာ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာ” သည် ထိုသို့သော အသုံးမကျသည့် လူတစ်စုကို ပြုစုပျိုးထောင်ပြီးဖြစ်သည်။ ဤရှေးကျသော ယဉ်ကျေးမှု— အဖိုးတန်သော အမွေအနှစ်— ဆိုသည်မှာ အမှိုက်ပုံတစ်ခုပါတကား။ ယင်းသည် အမြဲ တည်တံ့သော အရှက်တရား တစ်ခု ဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်ပြီး ထုတ်ပြောပြရန် မထိုက်သင့်ပါတကား။ ယင်းသည် လူတို့ကို ဘုရားသခင်အား ဆန့်ကျင်ခြင်းနှင့်ဆိုင်သည့် လှည့်ကွက်များနှင့် နည်းနိဿယများကို သင်ပေးပြီးဖြစ်ကာ၊ အမျိုးသား ပညာရေး၏ “နည်းစနစ်ကျ၍ နူးညံ့သိမ်မွေ့သော လမ်းပြမှု” သည် လူများကို ဘုရားသခင်အား သာ၍ပင် မနာခံစေပြီး ဖြစ်သည်။ ဘုရားသခင်၏ အမှု အစိတ်အပိုင်း အသီးသီးသည် အလွန့်အလွန် ခက်ခဲလှပြီး ကမ္ဘာပေါ်က သူ့အမှု၏ အဆင့်အသီးသီးသည် ဘုရားသခင်အား စိတ်သောက ရောက်နေစေပြီးဖြစ်သည်။ ကမ္ဘာပေါ်တွင် သူ၏ အမှုသည် ခက်ခဲလှသည်တကား။ ကမ္ဘာပေါ်ရှိ ဘုရားသခင်၏ အမှုအဆင့်များတွင် ကြီးစွာသော ဆင်းရဲဒုက္ခတို့ ပါဝင်သည်— လူသား၏ အားနည်းချက်၊ ချို့ယွင်းချက်များ၊ ကလေးဆန်မှု၊ မသိနားမလည်မှုနှင့် လူသားနှင့် သက်ဆိုင်သည့် အရာရာတိုင်းအတွက် ဘုရားသခင်သည် စေ့စပ်သေချာသော အစီအစဉ်များနှင့် စဉ်းစဉ်းစားစားလုပ်တတ်သော ထည့်သွင်းစဉ်းစားခြင်းတို့ကို ပြုလုပ်သည်။ လူသားသည် တစ်ဦးတစ်ယောက်က မခံချိမခံသာဖြစ်အောင် မလုပ်ဝံ့ သို့မဟုတ် ရန်မစဝံ့သော စက္ကူကျား တစ်ကောင်ကဲ့သို့ ဖြစ်သည်။ ထိလိုက်ရုံမျှဖြင့် သူသည် ပြန်ကိုက်လေသည်၊ သို့မဟုတ်ပါက လဲကျပြီး မိမိလမ်းကို ပျောက်တော့သည်၊ ယင်းမှာ အာရုံစူးစိုက်မှု အနည်းငယ်မျှ ဆုံးရှုံးလိုက်သည်နှင့် ဒုံရင်း အခြေအနေသို့ ပြန်ရောက်သည့်အလား၊ သို့မဟုတ်ပါက ဘုရားသခင်အား လျစ်လျူရှုသည့်အလား၊ သို့မဟုတ် သူ၏ ဝက်များ၊ ခွေးများနှင့်တူသည့် မိဘများထံသို့ ၎င်းတို့ ခန္ဓာကိုယ်များ၏ မစင်ကြယ်သော အရာများတွင် မွေ့လျော်ရန် ပြေးသွားသည့်အလား ဖြစ်လေသည်။ ကြီးမားသည့် အဟန့်အတားတစ်ခုပါတကား။ သူ၏ အမှု အဆင့်တိုင်းနီးပါးတွင်၊ ဘုရားသခင်သည် သွေးဆောင်ဖြားယောင်းခြင်း ခံရပြီး၊ အဆင့်တိုင်း နီးပါး၌ ကြီးစွာသော အန္တရာယ်ကို ဘုရားသခင် စွန့်စားရင်ဆိုင်ရသည်။ သူ၏ နှုတ်ကပတ်တော်များသည် စစ်မှန်ပြီး၊ ရိုးသားကာ မလိုတမာစိတ် မရှိပေ၊ သို့သော် မည်သူသည် ယင်းတို့ကို လက်ခံရန် လိုလားနေပါသနည်း။ မည်သူသည် အပြည့်အဝ ကျိုးနွံနာခံရန် လိုလားနေပါသနည်း။ ယင်းသည် ဘုရားသခင်၏ နှလုံးသားအား ကြေကွဲစေသည်။ သူသည် လူသားအတွက် နေ့ရောညပါ ပင်ပင်ပန်းပန်းလုပ်ဆောင်သည်၊ လူသား၏ အသက်တာအတွက် သူသည် ပူပန်သောကဖြင့် ပတ်ချာဝိုင်း ခံရပြီး၊ လူသား၏ အားနည်းချက်ကို သူ စာနာလေသည်။ သူ၏ အမှုအဆင့်အတိုင်းတွင် သူသည် သူပြောသော နှုတ်ကပတ်တော်တိုင်းအတွက် များစွာသော အလှည့်အပြောင်းများကို ကြံ့ကြံ့ခံရပြီးဖြစ်သည်။ သူသည် ဆုပ်လည်းဆူး၊ စားလည်းရူးသော အခြေအနေတွင် အမြဲရောက်ရပြီး၊ လူသား၏ အားနည်းမှု၊ မနာခံမှု၊ ကလေးဆန်မှုနှင့် ခုခံနိုင်မှု အားနည်းခြင်းတို့ကို...နေ့ရောညပါ အဖန်တလဲလဲ တွေးလေသည်။ ဤအရာကို မည်သူသည် သိဖူးသနည်း။ မည်သူ့ကို သူ ယုံကြည်စိတ်ချနိုင်သနည်း။ မည်သူသည် နားလည်နိုင်မည်နည်း။ သူသည် လူသား၏ အပြစ်များနှင့် လူသား၏ သတ္တိမရှိမှု၊ သူရဲဘောနည်းခြင်းကို အမြဲတစေ စက်ဆုပ်ရွံရှာပြီး၊ သူသည် လူသား၏ ခုခံနိုင်မှုမရှိခြင်းအတွက် အမြဲတစေ စိုးရိမ်ပူပန်ကာ လူသား၏ အရှေ့တွင်ရှိသည့် လမ်းကြောင်းအား ချင့်ချိန် စဉ်းစားလေသည်။ သူသည် လူသား၏ စကားများနှင့် လုပ်ဆောင်ချက်ကို လေ့လာသည်နှင့်အမျှ၊ သူသည် သနားကရုဏာနှင့် အမျက်ဒေါသတို့ဖြင့် အမြဲပြည့်ကာ ဤအရာများ၏ မြင်ကွင်းက သူ့နှလုံးသားထံ နာကျင်မှု အမြဲဆောင်ကြဉ်းလေသည်။ အဆုံးတွင်တော့၊ အပြစ်မဲ့သော သူတို့သည် တိုး၍ ထုံထိုင်းကြပြီးဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အတွက် အမှုအရာများကို အဘယ်ကြောင့် ခက်ခဲအောင် အမြဲပြုရမည်နည်း။ ချည့်နဲ့သော လူသားသည် ဇွဲလုံ့လ လုံးဝ ကင်းမဲ့လေသည်။ ဘုရားသခင်သည် သူ့အပေါ် ထိုသို့သော မရပ်စဲသော အမျက်ဒေါသ အဘယ်ကြောင့် အမြဲ ရှိသင့်သနည်း။ အားနည်းကာ အစွမ်းမဲ့သော လူသားသည် အသက်ပါခြင်း စိုးစဉ်းမျှ မရှိကြတော့ပေ။ အဘယ်ကြောင့် ဘုရားသခင်သည် သူ၏ မနာခံမှုအတွက် သူ့ကို အမြဲ အပြစ်ဆိုသင့်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ခြိမ်းခြောက်မှုများကို မည်သူသည် ခံရပ်နိုင်သနည်း။ အဆုံးတွင် လူသားသည် အကြမ်းမခံသကဲ့သို့၊ လူသားအနေဖြင့် မိမိကိုယ်မိမိ ဖြည်းညှင်းစွာ ဆင်ခြင် သုံးသပ်နိုင်ရန်အလို့ငှာ၊ အသည်းအသန် ဘေးကျပ်နံကျပ် အခြေအနေများ့်ကို ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို သူ့နှလုံးသား နက်နက်ထဲသို့ မြိုသိပ်ထားလိုက်ပြီဖြစ်သည်။ သို့တိုင် စိုးရိမ်ဖွယ်ဖြစ်သည့် ဒုက္ခ၌ရှိသော လူသားသည် ဘုရားသခင်၏ အလိုကို တန်ဖိုးထားလေးမြတ်မှု စိုးစဉ်းမျှ မရှိချေ။ လူသားသည် နတ်ဆိုးတို့၏ ဘုရင်အို၏ နင်းခြေခြင်းကို ခံရပြီးဖြစ်သည်၊ သို့သော် သူသည် လုံးဝ သတိမူမိပေ၊ သူသည် ဘုရားသခင်ကို အမြဲ ဆန့်ကျင်သည်၊ သို့မဟုတ်ပါက သူသည် ဘုရားသခင်အပေါ် ပူလည်းမပူသကဲ့သို့ အေးလည်းမအေးပေ။ ဘုရားသခင်သည် အလွန် များစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်သော်လည်း၊ မည်သူသည် ယင်းတို့ကို လေးလေးနက်နက် ခံယူဖူးသနည်း။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ပေ၊ သို့သော် သူသည် စိုးရိမ်ခြင်း မရှိသကဲ့သို့၊ တမ်းတခြင်းမရှိဘဲဖြစ်ကာ နတ်ဆိုးအို၏ အနှစ်သာရကို အမှန်တကယ် မသိရှိဖူးပေ။ လူတို့သည် မရဏနိုင်ငံ၊ ငရဲထဲတွင် အသက်ရှင်ကြသော်လည်း၊ မိမိတို့ကိုယ်မိမိ ပင်လယ်ကြမ်းပြင်၏ နန်းတော်ထဲတွင် နေကြရသည်ဟု ယုံကြည်ကြလေသည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရသော်လည်း၊ မိမိတို့ကိုယ်ကိုယ် တိုင်းပြည်၏ “မျက်နှာသာပေးခြင်း” ခံရသည် ဟု တွေးထင်ကြလေသည်။ ၎င်းတို့သည် နတ်ဆိုး၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံကြရသော်လည်း၊ မိမိတို့ကိုယ်ကိုယ် ဇာတိပကတိ၏ အသာလွန်ဆုံးသော ပညာသားပါမှုကို ပျော်မွေ့ကြရသည်ဟု တွေးထင်ကြသည်။ ညစ်ပတ်ကာ အောက်တန်းကျသော ယုတ်ညံ့သူတစ်သိုက် ဖြစ်ကြသည်တကား။ လူသားသည် ကံမကောင်း အကြောင်းမလှမှုဖြင့် ကြုံရပြီး ဖြစ်သော်လည်း၊ သူသည် ယင်းကို မသိသကဲ့သို့၊ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းထဲတွင် ကံခေခြင်း တစ်ခုပြီးနောက်တစ်ခု ခံစားရ လေသည်၊ သို့သော် သူသည် ယင်းကို လုံးဝ သတိမပြုမိသေးပေ။ သူသည် ကိုယ့်ကိုယ်ကိုယ် ညှာတာခြင်းနှင့် ကျွန်သဘောဆန်သော စိတ်သဘောထားမှ မိမိကိုယ်ကိုယ် မည်သည့်အချိန်တွင် ဖယ်ရှားလိမ့်မည်နည်း။ အဘယ်ကြောင့် သူသည် ဘုရားသခင်၏ နှလုံးသားအား အလွန် ဂရုမစိုက်ရသနည်း။ သူသည် ဤဖိနှိပ်မှုနှင့် ဒုက္ခဆင်းရဲကို တိတ်တဆိတ် လျစ်လျူရှုသလော။ အမှောင်မှ အလင်းသို့ သူပြောင်းလဲနိုင်သည့် နေ့ရက်ကို သူသည် မတောင့်တသလော။ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားတို့အပေါ် မတရားမှုများကို နောက်တစ်ဖန် ကုစားရန် သူသည် ဆန္ဒမရှိသလော။ လူတို့သည် သမ္မာတရားအား စွန့်ပယ်ကာ အမှန်တရားများအား ပြောင်းလဲပစ်သည်ကို သူသည် ကြည့်ရှုပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဖို့ လိုလားနေသလော။ ဤညှဉ်းပန်းနှိပ်စက်မှုကို ကြံ့ကြံ့ခံမြဲ ကြံ့ကြံ့ခံရသည်ကို သူပျော်လေသလော။ သူသည် ကျွန်ဖြစ်ရန် လိုလားနေသလော။ သူသည် ဤကျရှုံးသော ပြည်ကြီး၏ ကျွန်များနှင့် အတူတကွ ဘုရားသခင်၏ လက်ထဲတွင် ပျက်စီးဆုံးရှုံးရန် လိုလားနေသလော။ သင်၏ စိတ်ဆုံးဖြတ်ချက်ကား အဘယ်မှာနည်း။ သင်၏ ရည်မှန်းချက်ကား အဘယ်မှာနည်း။ သင်၏ ဂုဏ်သိက္ခာကား အဘယ်မှာနည်း။ သင်၏ သမာဓိကား အဘယ်မှာနည်း။ သင်၏ လွတ်လပ်ခြင်းကား အဘယ်မှာနည်း။ သင်သည် နတ်ဆိုးတို့၏ ရှင်ဘုရင်၊ အဆင်းနီသော နဂါးကြီးအဖို့ သင်၏ဘဝ တစ်ခုလုံးကို စွန့်လွှတ်ရန် သင် လိုလားနေသလော။ ၎င်းအား သင့်ကို သေသည်တိုင်အောင် ညှဉ်းဆဲခွင့်ပေးရသည်ကို သင် ပျော်ရွှင်သလော။ နက်နဲရာ၏ မျက်နှာပြင်သည် ပရမ်းပတာဖြစ်ကာ မှောင်မိုက်စဉ်တွင်၊ ထိုသို့သော ဒုက္ခဝေဒနာကို ခံစားနေရသော အများပြည်သူများသည် ကောင်းကင်ဘုံသို့ ဟစ်ကြွေးကြကာ ကမ္ဘာမြေကြီးကို တိုင်တန်းကြလေသည်။ မည်သည့်အချိန်တွင် လူသားသည် သူ၏ ဦးခေါင်းကို မြင့်မြင့် မော့နိုင်လိမ့်မည်နည်း။ လူသားသည် ပိန်လှီကာ ပိန်ချုံးချည့်နဲ့လေသည်၊ သူသည် ဤရက်စက်ပြီး ဖိနှိပ်ညှဉ်းပန်းသော နတ်ဆိုးနှင့် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ သူသည် တတ်နိုင်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အား အဘယ်ကြောင့် သူ၏ အသက်တာကို မပေးရသနည်း။ အဘယ်ကြောင့် လူသားသည် ချီတုံချတုံဖြစ်သေးသနည်း။ ဘုရားသခင်၏ အမှုကို သူသည် မည်သည့် အချိန်တွင် ပြီးစီးနိုင်မည်နည်း။ ထိုသို့ဖြင့် ရောက်တတ်ရာရာ နှိပ်စက်ခံရာ ဖိနှိပ်ခံရလျက်၊ သူ၏ ဘဝ တစ်ခုလုံးသည် နောက်ဆုံးတွင် အချည်းနှီး ကုန်ဆုံးပြီးဖြစ်လိမ့်မည်။ အဘယ်ကြောင့် သူသည် ရောက်လာရန် ထိုသို့ အလောတကြီး ဖြစ်ပြီး၊ ထွက်ခွာသွားရန် ထိုသို့ အလျင်လိုရသနည်း။ ဘုရားသခင်အား ပေးရန် သူသည် အဘယ်ကြောင့် တန်ဖိုးရှိသောအရာ တစ်စုံတစ်ခုကို မသိမ်းထားရသနည်း။ နှစ်ထောင်ချီ မုန်းတီးခြင်းကို သူသည် မေ့လျော့လေပြီလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)

အောက်ခြေမှတ်စု(များ)-

၁။ “အလှမ်းဝေး” ဆိုသည်ကို ပြောင်လှောင်သရော်သည့် သဘောနှင့် သုံးထားခြင်းဖြစ်သည်။

၂။ “နည်းစနစ်ကျ၍ နူးညံ့သိမ်မွေ့သော လမ်းပြမှု” ဆိုသည်ကို လှောင်ပြောင်သရော်သည့်သဘောဖြင့် သုံးထားခြင်း ဖြစ်သည်။

၃။ “‘မျက်နှာသာပေးခြင်း’ ခံရသည်” ဆိုသည်ကို ထုံထိုင်းပုံရပြီး ကိုယ့်ကိုယ်ကိုယ် သိခြင်းမရှိသော လူများကို သရော်လှောင်ပြောင်ရန် သုံးထားခြင်း ဖြစ်သည်။

၄။ “ကံခေခြင်း တစ်ခုပြီးနောက်တစ်ခု ခံစားရ” ဆိုသည်မှာ လူများသည် အဆင်းနီသော နဂါးကြီး၏ တိုင်ပြည်တွင် မွေးဖွားခဲ့ကြပြီး ၎င်းတို့သည် မိမိတို့၏ ဦးခေါင်းများကို မြင့်မြင့် မမော့နိုင်ကြခြင်းကို ညွှန်ပြသည်။

၅။ “သင်၏ဘဝ တစ်ခုလုံးကို စွန့်လွှတ်ရန်” ဆိုသည်မှာ ယုတ်ညံ့သော အဓိပ္ပာယ်တစ်ခုဖြင့် ဆိုလိုခြင်း ဖြစ်သည်။


ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၀၉)

ယနေ့၏ လမ်းကြောင်းသည် လျှောက်လှမ်းရန် မလွယ်ကူပေ။ ရရှိရန် အတော်အတန် ခက်ခဲသည်ဟု ဆိုနိုင်ပြီး ခေတ်များ တစ်လျှောက်လုံးတွင် ၎င်းသည် အလွန်အမင်း ရှားပါးခဲ့သည်။ သို့ရာတွင် လူ့ဇာတိပကတိ တစ်ခုတည်းက သူ့ကို ပျက်စီးစေနိုင်ရန် လုံလောက်လိမ့်မည်ဟု မည်သူ ထင်ခဲ့လိမ့်မည်နည်း။ ယနေ့၏ အမှုသည် နွေဦးမိုးပမာ သေချာပေါက် အဖိုးထိုက်ပြီး လူသားအပေါ် ဘုရားသခင်၏ ကြင်နာမှုပမာ တန်ဖိုးကြီးသည်။ သို့ရာတွင် အကယ်၍ လူသားသည် ကိုယ်တော်၏ လက်ရှိအမှု၏ ရည်ရွယ်ချက်ကို မသိလျှင် သို့မဟုတ် လူသားမျိုးနွယ်၏ အနှစ်သာရကို နားမလည်လျှင်၊ ၎င်း၏ အဖိုးထိုက်မှုနှင့် တန်ဖိုးကြီးမှုအကြောင်းကို အဘယ်သို့ ပြောဆိုနိုင်မည်နည်း။ ဇာတိပကတိကို လူသားတို့ကိုယ်တိုင် မပိုင်ပေ၊ ထို့ကြောင့် ၎င်း၏ ပန်းတိုင်သည် အမှန်တကယ် မည်သည့်နေရာ ဖြစ်လိမ့်မည်ကို မည်သူမျှ ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့သော်လည်း ဖန်ဆင်းခြင်း၏ အရှင်သည် ဖန်ဆင်းခြင်းခံရသော လူသားမျိုးနွယ်ကို ၎င်းတို့၏ နဂိုမူလနေရာသို့ ပြန်ပို့ကာ ဖန်ဆင်းသည့် အချိန်ကာလမှ ၎င်းတို့၏ မူလပုံသဏ္ဌာန်ကို ပြန်လည် ရရှိစေလိမ့်မည်ကို သင်ကောင်းစွာသိသင့်သည်။ လူသား၏ အရိုးများနှင့် ခန္ဓာကို ပြန်သိမ်းပြီး အားလုံးကို ဖန်ဆင်းခြင်း အရှင်ထံ ပြန်ပို့ရင်း၊ ဘုရားသခင်သည် လူသားထဲသို့ မှုတ်သွင်းခဲ့သော ဇီဝအသက်ကို လုံးဝ ပြန်ယူလိမ့်မည်ဖြစ်သည်။ ကိုယ်တော်သည် လူသားမျိုးနွယ်ကို လုံးဝ အသွင်ပြောင်းလဲစေပြီး အသစ်ဖြစ်စေကာ လူသားမျိုးနွယ်က မပိုင်ဘဲ ဘုရားသခင်ကပိုင်သော အလုံးစုံသောအမွေကို လူသားထံမှ ပြန်ယူလိမ့်မည်ဖြစ်ပြီး၊ ယင်းကို လူသားထံသို့ မည်သည့်အခါတွင်မျှ တဖန်လွှဲအပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အစကတည်းက ထိုအရာများထဲမှ မည်သည်အရာမျှ လူသားမျိုးနွယ်နှင့် မသက်ဆိုင်သောကြောင့် ဖြစ်သည်။ ကိုယ်တော်သည် ထိုအရာအားလုံးကို ပြန်ယူလိမ့်မည်ဖြစ်သည်- ဤသည်မှာ မတရားသော အဓမ္မလုယက်ခြင်း မဟုတ်ပေ။ တကယ်တမ်းတွင်မူ ယင်းသည် ကောင်းကင်နှင့် မြေကြီးကို ၎င်းတို့၏ နဂိုမူလ အခြေအနေများသို့ ပြန်ရောက်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည့်အပြင်၊ လူသားကို အသွင်ပြောင်းလဲစေပြီး အသစ်ပြန်ဖြစ်စေရန်လည်း ဖြစ်သည်။ ယင်းသည် လူတို့ စိတ်ကူးနိုင်သကဲ့သို့ ပြစ်တင်ဆုံးမခြင်း ခံရပြီးနောက် ခန္ဓာကို ပြန်လည်ရယူခြင်း ဖြစ်ကောင်းဖြစ်မည် မဟုတ်သော်လည်း၊ ဤသည်မှာ လူသားအတွက် ကျိုးကြောင်းဆီလျော်သော ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်သည် ခန္ဓာ၏ အရိုးစုများကို ၎င်းဖျက်ဆီးခံရပြီးနောက်တွင် ယင်းတို့ကို အလိုမရှိပေ။ သူသည် အစအဦး၌ ဘုရားသခင် ပိုင်ဆိုင်ခဲ့သော လူသားထဲက မူလအခြေခံအရာတို့ကို အလိုရှိပေသည်။ ထို့ကြောင့် လူသား၏ ခန္ဓာသည် ၎င်း၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုမဟုတ်သည့်အတွက်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အမြစ်ဖြတ်သုတ်သင်လိမ့်မည် မဟုတ်၊ သို့မဟုတ် လူသား၏ ခန္ဓာကို လုံးဝ ချေမှုန်းသုတ်သင်လိမ့်မည် မဟုတ်ပေ။ တကယ်တမ်းတွင်မူ ယင်းသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသော ဘုရားသခင်၏ အဖြည့်ဖြစ်သည်။ ကိုယ်တော်သည် လူသား၏ ခန္ဓာကို သူ၏ “ပျော်ရွှင်မှု” အတွက် မည်သို့ အမြစ်ဖြတ်သုတ်သင်နိုင်မည်နည်း။ ယခုအချိန်တွင် သင်သည် တစ်ပဲနိမျှပင် မတန်သော သင်၏ ခန္ဓာနှင့်သက်ဆိုင်သည့် အလုံးစုံကို အမှန်တကယ် လက်လွှတ်ပြီး ဖြစ်သလော။ အကယ်၍ သင်သည် နောက်ဆုံး‌သောကာလအမှု၏ သုံးဆယ်ရာခိုင်နှုန်းကို သဘောပေါက် နားလည်နိုင်လျှင်၊ (ဤသုံးဆယ် ရာခိုင်နှုန်းမျှသည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအပြင် ဘုရားသခင်၏ နောက်ဆုံးသောကာလ နှုတ်ကပတ်တော်၏ အမှုကို သဘောပေါက်နားလည်ခြင်းကို ဆိုလိုသည်)၊ သင်သည် နှစ်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးပြီးဖြစ်သော သင်၏ဇာတိပကတိကို- ယနေ့ကဲ့သို့- ဆက်လက် “အစေခံ” မည်မဟုတ်ပေ သို့မဟုတ် “သားသမီးဝတ်” ကို ဆက်လက် လုပ်ဆောင်မည်မဟုတ်ပေ။ လူသားတို့သည် မကြုံစဖူးသော အခြေအနေတစ်ခုသို့ ယခုအခါ တက်လှမ်းခဲ့ကြပြီးဖြစ်ကာ၊ သမိုင်းဘီးများပမာ ရှေ့သို့ဆက်လက်၍ လိမ့်တော့မည် မဟုတ်သည်ကို သင်ရှင်းလင်းစွာ မြင်သင့်သည်။ သင်၏ ဟောင်းနွမ်းဆွေးမြေ့သော ခန္ဓာသည် အချိန်ကြာမြင့်စွာ ယင်ကောင်များဖြင့် ဖုံးလွှမ်းခံရပြီးဖြစ်သည်၊ ထို့ကြောင့် ယင်းသည် ဘုရားသခင်က ဤနေ့အထိ ဆက်လက်သွားနိုင်စေသည့် သမိုင်းဘီးများကို ပြောင်းပြန်လည်စေရန် တန်ခိုးအာဏာ မည်သို့ရှိနိုင်သနည်း။ နောက်ဆုံးသောကာလ၏ အသံတိတ်ဆိတ်စွာ လည်ပတ်နေသော နာရီကို နာရီသံတချက်ချက် တဖန်ပြန်မြည်စေရန်နှင့် ၎င်း၏လက်တံများကို လက်ယာရစ် ဆက်လက် ရွေ့လျားနေစေရန် ယင်းက မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ထူထပ်သော မြူထဲတွင် အုပ်ဆိုင်းပိတ်ဆို့နေခဲ့ဟန် ရှိသော ကမ္ဘာလောကကို ယင်းက မည်သို့ အသွင်ပြန်လဲစေနိုင်မည်နည်း။ သင်၏ ခန္ဓာသည် တောင်များနှင့် မြစ်များကို ပြန်လည်ရှင်သန်စေနိုင်သလော။ အနည်းငယ် အသုံးဝင်မှုသာရှိသော သင်၏ ခန္ဓာသည် သင်တမ်းတဖူးသည့် လူ့လောကအမျိုးအစားကို အမှန်တကယ် နဂိုအတိုင်းပြန်ဖြစ်စေနိုင်သလော။ သင်၏ သားစဉ်မြေးဆက်တို့ကို “လူသားများ” ဖြစ်လာရန် သင်အမှန်တကယ် သင်ကြားပေးနိုင်သလော။ သင် ယခု နားလည်သလော။ သင်၏ ခန္ဓာသည် မည်သည့်အရာနှင့် အတိအကျ သက်ဆိုင်သနည်း။ လူသားကို ကယ်တင်ခြင်း အတွက်၊ လူသားကို စုံလင်စေခြင်းအတွက်နှင့် လူသားကို ပြောင်းလဲစေခြင်း အတွက် ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ သင့်ကို လှပသော ဇာတိမြေ တစ်ခုပေးရန် သို့မဟုတ် လူသား၏ ခန္ဓာကို ငြိမ်းချမ်းသော ငြိမ်သက်ခြင်းချမ်းသာကို ယူဆောင်လာရန် မဟုတ်ခဲ့ပေ။ ယင်းသည် ကိုယ်တော်၏ ဘုန်းအသရေနှင့် သူ၏ သက်သေခံချက်တို့အတွက်၊ အနာဂတ်တွင် လူသားမျိုးနွယ်၏ သာ၍ ကောင်းမွန်သော ပျော်ရွှင်မှုအတွက် ဖြစ်ခဲ့သည်၊ သို့မှသာ ၎င်းတို့သည် မကြာမီ အနားယူနိုင်ကြပေမည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု၏ အရင်းအနှီးဖြစ်ပြီး လူသား၏ ခန္ဓာသည် အဖြည့်တစ်ခုမျှသာ ဖြစ်သည့်အတွက် ယင်းသည် သင်၏ ခန္ဓာအတွက် မဟုတ်ခဲ့သေးပေ။ (လူတစ်ဦးသည် ဝိညာဉ်ရောခန္ဓာကိုယ်ပါ ရှိသည့် အရာဝတ္ထု တစ်ခုဖြစ်ပြီး ဇာတိခန္ဓာမှာမူ ယိုယွင်းပျက်စီးသော အရာတစ်ခုမျှသာ ဖြစ်သည်။ ဤအရာက ခန္ဓာသည် စီမံခန့်ခွဲမှု အစီအစဉ်တွင် အသုံးပြုဖို့အတွက် တန်ဆာပလာတစ်ခုဖြစ်သည်ဟု ဆိုလိုပေသည်)။ ဘုရားသခင်၏ စုံလင်ခြင်း၊ ပြည့်စုံခြင်းနှင့် လူသားတို့ကို ရယူခြင်းတို့သည် ဓားများနှင့် ၎င်းတို့၏ ခန္ဓာပေါ် ရိုက်နှက်ခုတ်ထစ်ခြင်းများနှင့် အဆုံးမရှိသော ဆင်းရဲဒုက္ခခံစားရခြင်း၊ မီးပြင်းစွာလောင်ခြင်း၊ သနားကရုဏာ ကင်းမဲ့သော တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းများနှင့် အကန့်အသတ်မဲ့ စမ်းသပ်မှုများသာ ဆောင်ကြဉ်းလာသည်ကို သင်သိသင့်သည်။ ယင်းမှာ လူသားကို စီမံခန့်ခွဲခြင်းအမှု၏ အတွင်းဇာတ်လမ်းနှင့် သမ္မာတရား ဖြစ်သည်။ သို့သော်၊ ဤအရာများအားလုံးသည် လူသား၏ခန္ဓာကို ဦးတည်ခြင်း ဖြစ်ပြီး၊ ရန်လိုမှုမြှားများအားလုံးသည် လူသား၏ခန္ဓာဆီသို့ သနားကရုဏာ ကင်းမဲ့စွာ ချိန်ရွယ်ထားပေသည် (လူသားသည် အပြစ်မဲ့သည့်အတွက် ဖြစ်၏)။ ဤအရာ အားလုံးသည် ကိုယ်တော်၏ ဘုန်းအသရေနှင့် သက်သေခံချက်တို့ အတွက်ဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှုအတွက် ဖြစ်လေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် လူသားမျိုးနွယ်တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ၊ အစီအစဉ် တစ်ခုလုံး အတွက်လည်း ဖြစ်သည့်အပြင် လူသားမျိုးနွယ်ကို သူ ဖန်ဆင်းခဲ့စဉ်က သူ၏မူလအလိုကို ဖြည့်ဆည်းရန်လည်း ဖြစ်ပေသည်။ ထို့ကြောင့်၊ လူသားတွေ့ကြုံခံစားရသည့်အရာ၏ ကိုးဆယ် ရာခိုင်နှုန်းသည် ဆင်းရဲဒုက္ခ ခံစားရခြင်းများနှင့် မီးဖြင့်စမ်းသပ်မှုများ ပါဝင်ကောင်းပါဝင်နိုင်ပြီး၊ လူသား၏ခန္ဓာက တမ်းတဖူးသော ချိုမြိန်ကာ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များမှာ အလွန်နည်းပါး၏၊ သို့မဟုတ် တစ်ခုမျှပင် မရှိပေ။ လူသားအဖို့ ဘုရားသခင်နှင့်အတူ နှစ်သက်ဖွယ် အချိန်များကို ကုန်လွန်ရင်း၊ ခန္ဓာ၌ ပျော်စရာအခိုက်အတန့်များကို မွေ့လျော်ခံစားနိုင်သည်မှာ များစွာသာ၍ နည်းပါး၏။ ခန္ဓာသည် ညစ်ညူးသည်၊ ထို့ကြောင့် လူ၏ခန္ဓာက မြင်သည့်အရာ သို့မဟုတ် မွေ့လျော်သည့်အရာမှာ ပုံမှန်အသိစိတ် ကင်းမဲ့နေသည့်အလား၊ လူသားက မနှစ်သက်သည့် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း တစ်ခုတည်းသာ ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လူသား၏သဘောကျခြင်း မခံရသော လူသား၏ ပုန်ကန်ပြစ်မှားခြင်းများကို သည်းညည်းမခံသကဲ့သို့ ရန်သူများကို စက်ဆုပ်ရွံရှာသော သူ၏ စိတ်သဘောထားကို ပေါ်လွင်ထင်ရှားစေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထား အလုံးစုံကို လိုအပ်သည့် မည်သည့်နည်းလမ်းနှင့်မဆို ပွင့်လင်းစွာ ထုတ်ဖော်ကာ၊ ထိုသို့ဖြင့် လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းအမှုနှင့် ရှေးစာတန်ကို ဖျက်ဆီးခြင်းအမှုဖြစ်သည့် သူ၏ စာတန်နှင့် အနှစ်ခြောက်ထောင် တိုက်ပွဲနှင့် သက်ဆိုင်သော အမှုကို အဆုံးသတ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၁၀)

နောက်ဆုံးသောကာလသည် ရောက်ရှိလာပြီဖြစ်ပြီး ကမ္ဘာအနှံ့ရှိ နိုင်ငံများသည် ဝရုန်းသုန်းကား အခြေအနေတွင် ရှိနေသည်။ နိုင်ငံရေး ကစဉ့်ကလျားဖြစ်ခြင်း ရှိသည်၊ အစာခေါင်းပါးမှုများ၊ ကပ်ရောဂါများ၊ ရေလွှမ်းမိုးမှုများနှင့် မိုးခေါင်မှုများသည် နေရာအနှံ့ ဖြစ်ပေါ်လျက် ရှိသည်။ လူသား၏ကမ္ဘာ၌ ရုတ်တရက်ဖြစ်ပွားသည့်ကပ်ဘေး ရှိသည်။ ကောင်းကင်ဘုံသည်လည်း ဘေးဒုက္ခကို စေလွှတ်ပြီးဖြစ်သည်။ ဤအရာများသည် နောက်ဆုံးသောကာလ၏ လက္ခဏာရပ်များ ဖြစ်သည်။ သို့သော်လည်း လူများအဖို့ ယင်းသည် ပျော်ရွှင်မြူးထူးခြင်းနှင့် ခမ်းနားထည်ဝါခြင်း လောကတစ်ခုနှင့်တူပုံရ၍၊ ယင်းမှာ သာ၍ သာ၍ ဖြစ်လာနေသည်။ လူတို့၏ စိတ်နှလုံးအားလုံးသည် ထိုအရာထံ ဆွဲဆောင်ခံရကာ များစွာသော လူတို့သည် ပိတ်မိနေကြပြီး ထိုအရာမှ သူတို့ကိုယ်သူတို့ မလွတ်မြောက်စေနိုင်ကြပေ။ လူမြောက်မြားစွာတို့သည် လှည့်စားမှုနှင့် မှော်အတတ်၌ ပါဝင်သောသူတို့၏ လှည့်ဖြားခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ အကယ်၍ သင်သည် တိုးတက်ဖို့အတွက် မကြိုးပမ်းဘဲ၊ စံနမူနာများ မရှိသကဲ့သို့ မှန်ကန်သောလမ်းပေါ် မိမိကိုယ်ကိုယ် အမြစ်တွယ်မထားပါက၊ အပြစ်၏ လှိုင်းတံပိုးထခြင်းဖြင့် သင် ဖယ်ရှားခံရလိမ့်မည် ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံများအားလုံးအနက် ခေတ်နောက်အကျဆုံး ဖြစ်သည်။ ယင်းသည် အဆင်းနီသောနဂါးကြီး ရစ်ခွေလျက် လဲလျောင်းသော မြေဖြစ်သည်၊ ယင်းသည် ရုပ်တုများကို ကိုးကွယ်သောသူများနှင့် မှော်အတတ်တွင် ပါဝင်သောသူများ အများဆုံးရှိပြီး၊ ဘုံကျောင်းများ အများဆုံးရှိကာ၊ ညစ်ညူးသော မကောင်းဆိုးရွားများ နေထိုင်သော နေရာတစ်ခု ဖြစ်သည်။ သင်သည် ထိုနေရာ၌ မွေးခဲ့၏၊ ထိုနေရာအားဖြင့် သင်သည် ပညာတတ်မြောက်ခဲ့ပြီး၊ ယင်း၏ လွှမ်းမိုးမှုဖြင့် ပြည့်နှက်ခဲ့သည်။ သင်သည် ယင်း၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်၊ သို့သော် နိုးထစေခြင်း ခံရပြီးနောက်တွင် သင်သည် ထိုအရာကို စွန့်လွှတ်ပြီး၊ ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ဘုန်းအသရေဖြစ်ပြီး၊ ဤသည်မှာ အမှု၏ ဤအဆင့်က ကြီးမားသော အရေးပါမှုရှိသည့် အကြောင်းရင်းဖြစ်သည်။ ဘုရားသခင်သည် ဤမျှကြီးမားသော အတိုင်းအတာရှိသည့် အမှုကို လုပ်ဆောင်ပြီး ဖြစ်သည်၊ နှုတ်ကပတ်တော်များစွာ ပြောဆိုပြီးဖြစ်ကာ၊ သူသည် သင်တို့ကို နောက်ဆုံးတွင် လုံးဝ ရယူလိမ့်မည်ဖြစ်သည်- ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် အမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သင်တို့သည် ဘုရားသခင်နှင့် စာတန် စစ်ပွဲ၏ “အောင်ပွဲလက်ရပစ္စည်းများ” ဖြစ်သည်။ သမ္မာတရားကို သင် သာ၍နားလည်ပြီး သင်၏ အသင်းတော်အသက်တာ ပို၍ ကောင်းမွန်လေလေ၊ အဆင်းနီသော နဂါးကြီးသည် ရှုံးနိမ့်ရလေလေ ဖြစ်သည်။ ဤအရာများအားလုံးသည် ဝိညာဉ်လောက၏ ကိစ္စရပ်များဖြစ်သည်- ယင်းတို့သည် ဝိညာဉ်လောက၏ တိုက်ပွဲများဖြစ်ပြီး၊ ဘုရားသခင် အောင်နိုင်သည့်အခါ စာတန်သည် အရှက်ရပြီး လဲကျလိမ့်မည်။ ဘုရားသခင်၏အမှု၏ ဤအဆင့်သည် ကြီးမားသော အရေးပါမှုရှိသည်။ သင်တို့အနေဖြင့် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်ကြဖို့၊ သန့်ရှင်းသော မြေတွင် အသက်ရှင်နိုင်ကြဖို့၊ ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ကြဖို့နှင့် အလင်း၏ ဦးဆောင်မှုနှင့် လမ်းပြမှုတို့ ရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်သည် ထိုသို့သော ဧရာမအတိုင်းအတာဖြင့် အမှုကို လုပ်ဆောင်ပြီး ဤလူစုကို လုံးဝ ကယ်တင်လေသည်။ ထို့နောက် သင်၏ အသက်တာအဖို့ အဓိပ္ပါယ်ရှိသည်။ သင်တို့စားသည့်အရာနှင့် ဝတ်သည့်အရာသည် မယုံကြည်သူများနှင့် ခြားနားသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို နေထိုင်သည်- ပြီးလျှင် ၎င်းတို့သည် မည်သည့်အရာကို မွေ့လျော်ကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏ “ဘိုးဘေးပိုင် အမွေအနှစ်” နှင့် သူတို့၏ “အမျိုးသားရေးစိတ်ဓာတ်” တို့ကိုသာ မွေ့လျော်ကြသည်။ ၎င်းတို့သည် လူ့သဘာဝ စိုးစဉ်းကလေးမျှပင် မရှိကြလေပြီ။ သင်တို့၏ အဝတ်အစားများ၊ စကားများနှင့် အပြုအမူများသည် ၎င်းတို့နှင့် လုံးဝခြားနားသည်။ နောက်ဆုံးတွင်၊ သင်တို့သည် ညစ်ညူးခြင်းမှ လုံးဝ လွတ်မြောက်ကြလိမ့်မည်၊ စာတန်၏ သွေးဆောင်ခြင်းတွင် နောက်ထပ် အမိခံရတော့မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နေ့စဉ်ထောက်ပံ့မှုကို ရရှိကြလိမ့်မည် ဖြစ်သည်။ သင်တို့သည် အစဉ်မပြတ် သတိထားသင့်သည်။ သင်တို့သည် ညစ်ညမ်းသောနေရာ၌ အသက်ရှင်ကြသော်လည်း၊ ညစ်ညမ်းမှုနှင့် မစွန်းထင်းကြသကဲ့သို့၊ ဘုရားသခင်၏ ကြီးမားသော ကွယ်ကာမှုကို ရရှိလျက် ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်ကြလေသည်။ ဘုရားသခင်သည် သင်တို့ကို ဤအဝါရောင်မြေ ပေါ်တွင် အားလုံးထဲမှ ရွေးချယ်ထားလေသည်။ သင်တို့သည် ကောင်းချီး အခံစားရဆုံးလူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ ယင်း၏ ညစ်ညမ်းခြင်း၌ လုံးလုံးလျားလျား နင်းချေခြင်းခံလာရလျက်၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၁၁)

ယနေ့တွင်၊ သင်တို့အထဲ၌ ငါပြုသောအမှုမှာ သင့်ကို ပုံမှန် လူ့သဘာဝနှင့်ဆိုင်သော အသက်တာတစ်ခုထဲသို့ ဦးတည်ခေါ်ဆောင်ဖို့ ရည်ရွယ်ပေသည်။ ယင်းသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခြင်း နှင့် ခေတ်သစ်၏ အသက်တာထဲသို့ လူသားမျိုးနွယ်ကို ဦးဆောင်ခြင်း အမှု ဖြစ်သည်။ တစ်ဆင့်ပြီးတစ်ဆင့်၊ ဤအမှုကို သင်တို့အလယ်တွင် ဆောင်ရွက်ပြီး ယင်းသည် သင်တို့အလယ်တွင် တိုက်ရိုက် ဖြစ်ပေါ်လေသည်။ ငါသည် သင်တို့ကို မျက်နှာချင်းဆိုင် သွန်သင်သည်။ ငါသည် သင်တို့ကို လက်ဆွဲခေါ်ယူသည်။ သင်တို့ နားမလည်သည့်အရာ မည်သည့်အရာကိုမဆို သင်တို့ကို ငါ ပြောပြသည်၊ သင်တို့ ချို့တဲ့သည့်အရာ မည်သည့်အရာကိုမဆို သင်တို့အပေါ် ငါ ပေးသနားခဲ့သည်။ သင်တို့အတွက် ဤအမှုအားလုံးသည် အသက်တာအတွက် သင်တို့၏ ထောက်ပံ့ခြင်း၊ ပုံမှန် လူ့သဘာဝ၏ အသက်တာတစ်ခုထဲသို့လည်း သင်တို့ကို လမ်းပြခြင်းဟု ဆိုနိုင်ပေသည်။ ယင်းသည် နောက်ဆုံးသော ကာလအတွင်း ဤလူစု၏ အသက်တာ အတွက် အာဟာရကို ထောက်ပံ့ပေးဖို့ အထူးသဖြင့် ရည်ရွယ်ပေသည်။ ငါ့အတွက်၊ ဤအမှုအားလုံးသည် ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ဖို့ ရည်ရွယ်ပေသည်။ စာတန်အတွက်မူ၊ သူ့ကို အနိုင်ယူဖို့ အတိအကျအတွက် ငါသည် လူ့ဇာတိခံလာခဲ့ပေသည်။ ယခု သင်တို့အလယ် ငါ ပြုသော အမှုသည် ယနေ့အတွက် သင်တို့၏ အာဟာရနှင့် သင်တို့၏ ချိန်ကိုက် ကယ်တင်ခြင်း ဖြစ်သော်လည်း၊ ဤတိုတောင်းသော နှစ်အနည်းငယ် အတွင်းတွင်၊ ငါသည် သင်တို့ကို သမ္မာတရားအားလုံး၊ အသက်၏ လမ်းခရီးတစ်ခုလုံးနှင့် အနာဂတ် နှင့်ဆိုင်သော အမှုကိုပင် ပြောပြမည်။ ဤအရာသည် အနာဂတ်တွင် အမှုအရာများကို ပုံမှန် သင်တို့ တွေ့ကြုံနိုင်စေဖို့ လုံလောက်ပေလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်အားလုံး တစ်ခုတည်းသည် သင်တို့ကို ငါ အပ်နှံပြီးလေသည့် အရာဖြစ်သည်။ အခြားသော တိုက်တွန်းမှုကို ငါ မပြု။ ယနေ့တွင်၊ သင်တို့သည် ငါပြောသော နှုတ်ကပတ်တော်များစွာ နှင့်ဆိုင်သည့် အတွေ့အကြုံ မရှိကြသကဲ့သို့ ၎င်းတို့၏ ပိုမို အတွင်းကျသော အဓိပ္ပါယ်ကို နားမလည်ကြ သောကြောင့် ယနေ့ သင်တို့ကို ငါ ပြောဆိုသည့် နှုတ်ကပတ်တော်များ အားလုံးသည် သင်တို့နှင့်ဆိုင်သည့် ငါ၏ တိုက်တွန်းခြင်းဖြစ်သည်။ တစ်နေ့တွင်၊ သင်တို့၏ အတွေ့အကြုံများသည် ယနေ့ ငါ ပြောပြီးသည့်အတိုင်းပင် အောင်မြင်ခြင်းသို့ ရောက်လာလိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် ယနေ့နှင့်ဆိုင်သော သင်တို့၏ ရူပါရုံများ ဖြစ်ကြပြီး၊ အနာဂတ်တွင် သင်တို့ အားထားရမည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ယနေ့ အသက်တာအတွက် အာဟာရဖြစ်ပြီး အနာဂတ်အတွက် တိုက်တွန်းချက်တစ်ခုဖြစ်ကာ မည်သည့် တိုက်တွန်းချက်မျှ ပိုမိုကောင်းမွန်ခြင်း မရှိနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာမြေပေါ်တွင် ငါ အမှုပြုရမည့် အချိန်ကာလသည် ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ကြုံတွေ့ရမည့် အချိန်ကာလကဲ့သို့ ရှည်ကြာခြင်း မရှိသောကြောင့် ဖြစ်သည်။ ငါသည် ငါ၏ အမှုကို ပြီးစီးအောင်လုပ်ရုံမျှ လုပ်လျက်နေ၏၊ သင်တို့မှာမူ အသက်ကို ဖြတ်သန်း၍ ရှည်လျားသည့် ခရီးတစ်ခုပါဝင်သော ဖြစ်စဉ်တစ်ခုဖြစ်သည့် အသက်ကို ရှာဖွေလိုက်စားနေကြပေသည်။ အမှုအရာများစွာကို ကြုံတွေ့ပြီးနောက်တွင်သာ အသက်၏ လမ်းခရီးကို သင်တို့ လုံးဝ ရရှိနိုင်ပေလိမ့်မည်။ ထိုအခါတွင်မှ ယနေ့ ငါ ပြောဆိုသည့် နှုတ်ကပတ်တော်များ၏ အတွင်းပိုင်း အဓိပ္ပါယ်ကို သင်တို့ ရိပ်စား မိနိုင်ပေလိမ့်မည်။ သင်တို့ လက်ထဲတွင် ငါ၏ နှုတ်ကပတ်တော် ရှိထားသည့်အခါတွင်၊ ငါ၏ တာဝန်အားလုံးကို သင်တို့ အသီးသီး ရရှိပြီးသည့်အချိန်တွင်၊ ငါ စေခိုင်းသင့်သည့် အရာအားလုံးကို သင်တို့အား ငါ တာဝန်ပေးပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် နှုတ်ကပတ်တော်များ၏ အမှု အဆုံးသတ်သည့်အချိန်တွင်၊ မည်သို့သော ကြီးမားသည့် သက်ရောက်မှု ရရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော် အကောင်အထည်ဖော်ခြင်းသည်လည်း ဖြစ်မြောက်ပြီး ဖြစ်လိမ့်မည်။ ယင်းသည် သင် စိတ်ကူးသကဲ့သို့ အတိုင်းအတာတစ်ခုအထိ သင် ပြောင်းလဲရမည်ဟူ၍ မဟုတ်။ ဘုရားသခင်သည် သင်၏ အယူအဆများ အတိုင်း မပြုမူပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၁၂)

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် မိမိလုပ်ဆောင်အပ်သည့် အမှုကို လုပ်ဆောင်ရန်နှင့် သူ၏နှုတ်ကပတ်တော်၏ သာသနာလုပ်ငန်းကို ထမ်းဆောင်ရန် လူ့ဇာတိခံယူခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသောသူများကို စုံလင်စေဖို့ရန်အလို့ငှာ လူသားများကြားတွင် အလုပ်လုပ်ရန် သူကိုယ်တိုင် ဆင်းသက်လာခဲ့သည်။ ဖန်းဆင်းခြင်းကာလမှသည် ယနေ့ထိတိုင်အောင် ထိုကဲ့သို့သော အမှုတော်ကို နောက်ဆုံးသောကာလတွင်သာ လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးသောကာလတွင်သာ ဘုရားသခင်သည် ထိုကဲ့သို့ ကြီးမားသည့် အမှုတော်ကို လုပ်ဆောင်ရန် လူ့ဇာတိခံယူခဲ့သည်။ သူသည် လူ့အမြင်တွင် လွန်စွာခက်ခဲမည်ဟုထင်ရသည့် အခက်အခဲများကို ကြံ့ကြံ့ခံသော်လည်း၊ ကြီးမြတ်သည့် ဘုရားသခင်အနေနှင့် သာမန်လူသားတစ်ယောက် ဖြစ်သည်အထိ နှိမ့်ချမှုရှိသော်လည်း၊ သူ့အလုပ်၏ မည်သည့်ရှုထောင့်ကမျှ နှောင့်နှေးသွားခြင်းမရှိပေ။ ထို့အပြင် သူ၏အစီအစဉ်များလည်း အနည်းငယ်မျှ ပရမ်းပတာ မဖြစ်ခဲ့ပေ။ သူသည် မိမိ၏ မူရင်းအစီအစဉ်အတိုင်း အလုပ်လုပ်နေသည်။ ဤလူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ လူသားများကို သိမ်းပိုက်ရန်ဖြစ်သည်။ နောက်ရည်ရွယ်ချက် တစ်ခုမှာမူ သူချစ်သောလူတို့ကို စုံလင်စေရန်ဖြစ်သည်။ သူစုံလင်စေသော လူများကို သူ၏မျက်စိနှင့် တပ်အပ်မြင်လိုသည့် စိတ်ဆန္ဒရှိသည်။ ပြီးလျှင် သူစုံလင်စေခဲ့သော လူများသည် သူ့အတွက် မည်ကဲ့သို့ သက်သေခံကြသည်ကိုလည်း သူကိုယ်တိုင် တွေ့မြင်လိုသည်။ စုံလင်စေခြင်းခံရသည်မှာ တစ်ယောက်နှစ်ယောက် မဟုတ်ပေ။ ယင်းအစား၊ ဤသည်မှာ လူအနည်းငယ်ပါသည့် လူတစ်စုဖြစ်သည်။ ဤအုပ်စုတွင်ရှိသူများသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ လာကြပြီး ကမ္ဘာ့နိုင်ငံသားအသီသီး ဖြစ်ကြသည်။ ဤမျှများပြားသော အလုပ်ကိုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဤလူစုကို ရရှိဖို့ရန်၊ ဤလူစုမှ ဘုရားသခင်အတွက် သက်သေခံဖို့ရန်နှင့် ဤလူစုအားဖြင့် ဘုရားသခင်၏ဘုန်းတော် ထင်ရှားဖို့ရန်အတွက် ဖြစ်သည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသော အလုပ်ကို မလုပ်၊ တန်ဖိုးမရှိသည့် အလုပ်ကိုလည်း မလုပ်ပေ။ ဘုရားသခင်သည် များစွာသော အလုပ်ကို လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ သူစုံလင်စေလိုသော သူများကို စုံလင်စေရန် ဖြစ်သည်ဟု ဆိုနိုင်သည်။ သည့်အပြင်ရှိသည့် အချိန်ပိုတွင် ဘုရားသခင်သည် ဆိုးယုတ်သောသူများကို စွန့်ပစ်မည်ဖြစ်သည်။ ဆိုးယုတ်သောသူများကြောင့် သူသည် ဤကြီးမားသောအလုပ်ကို လုပ်ဆောင်နေခြင်း မဟုတ်ကြောင်းကို သိလော့။ ယင်းအစား သူ စုံလင်စေရမည့် ထိုလူအနည်းငယ်အတွက် သူအစွမ်းကုန် လုပ်ဆောင်နေခြင်း ဖြစ်၏။ သူလုပ်ဆောင်သည့်အရာများ၊ သူမြွက်ဆိုသည့် နှုတ်ကပတ်တော်များ၊ သူဖွင့်ပြသည့် လျှို့ဝှက်ဆန်းကြယ်သည့် အရာများနှင့် သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများ အားလုံးသည် ထိုလူနည်းစုအတွက်သာ ဖြစ်သည်။ ဆိုးယုတ်သော သူများကြောင့် သူလူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ ဆိုးယုတ်သူများသည် ဘုရားသခင်၏ ကြီးမားသော အမျက်ဒေါသကို သာ၍ပင် မဆွပေ။ ဘုရားသခင်သည် စုံလင်စေခြင်း ခံရမည့် ထိုလူနည်းစုကြောင့် သမ္မာတရားနှင့် ဝင်ရောက်ခြင်း အကြောင်းများကို ပြောကြားခြင်း ဖြစ်သည်။ ထိုလူများကြောင့် လူ့ဇာတိကို ခံယူခဲ့သည်။ ထို့အပြင် မိမိ၏ ကတိတော်နှင့် ကောင်းချီးမင်္ဂလာများကိုလည်း ထိုလူများကြောင့် နှင်းအပ်ခြင်း ဖြစ်သည်။ သူပြောသည့် သမ္မာတရား၊ ဝင်ရောက်ခြင်းနှင့် လူ့သဘာဝထဲမှ အသက်တို့သည် ဆိုးယုတ်သော သူများအတွက် လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူသည် ဆိုးယုတ်သောသူများနှင့် စကားပြောခြင်းကို ရှောင်ကြဉ်လို၍ စုံလင်စေခြင်းခံရမည့် သူများကို သမ္မာတရား အားလုံး အပ်နှင်းလိုသည်။ သို့သော် လက်ရှိအခိုက်အတန့်တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်တွင် ဆိုးယုတ်သောသူများအား ဘုရားသခင်၏ ကြွယ်၀ခြင်း အချို့ကို ခံစားခွင့်ပြုရန် သတ်မှတ်ထားသည်။ သမ္မာတရားကို ဆောင်ရွက်ခြင်းမရှိသူ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း မပြုသူနှင့်၊ သူ၏အမှုတော်ကို နှောင့်ယှက်နေသော သူများအားလုံးသည် ဆိုးယုတ်သောသူများ ဖြစ်၏။ ထိုသူများသည် စုံလင်စေခြင်းမခံရနိုင်ဘဲ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကြ၏။ အပြန်အလှန်အားဖြင့်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သူများ၊ ဘုရားသခင်အား ကျေနပ်စေနိုင်ပြီး ဘုရားသခင်၏ အမှုတော်အတွက် မိမိတို့တစ်ရပ်လုံးကို အသုံးပြုသောသူများသည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရမည့်သူများ ဖြစ်ကြသည်။ ဘုရားသခင် စုံလင်စေလိုသောသူများမှာ ဤလူစုမှလွဲ၍ အခြားသူများမရှိပေ၊ ထို့အပြင် ဘုရားသခင် လုပ်ဆောင်သော အလုပ်မှာလည်း ထိုသူများအတွက်သာ ဖြစ်သည်။ သူဟောကြားသည့် သမ္မာတရားမှာလည်း ယင်းကို လက်တွေ့လုပ်ဆောင်လိုသော သူများကို ရည်စူးပြောကြားခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှု မရှိသောသူများကို သူစကားမပြောပေ။ သူပြောသည့် ထိုးထွင်းဉာဏ် တိုးမြင့်လာခြင်းနှင့် အမြော်အမြင် ကြီးထွားလာခြင်းတို့သည် သမ္မာတရားကို လုပ်ဆောင်နိုင်သော သူများကို ရည်စူးပြောဆို နေခြင်းဖြစ်သည်။ စုံလင်စေခြင်းခံရမည့် သူများအကြောင်း သူပြောသောအခါ ထိုသူများအကြောင်းကို သူပြောနေခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးလိုသော သူများကို ဦးတည်ထားသည်။ ဉာဏ်ပညာနှင့် လူ့သဘာဝတို့ ပိုင်ဆိုင်ခြင်းကဲ့သို့ အရာများသည်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများကို ဦးတည်ထားသည်။ သမ္မာတရားကို လုပ်ဆောင်ခြင်း မရှိသည့်သူများသည် သမ္မာတရား၏ နှုတ်ကပတ်တော်များစွာကို ကြားနိုင်သော်လည်း ၎င်းတို့သည် သဘာ၀ဗီဇအားဖြင့် အလွန်ဆိုးယုတ်ပြီး သမ္မာတရားကို စိတ်မ၀င်စားသဖြင့်၊ ၎င်းတို့နားလည်သည့်အရာသည် အယူဝါဒနှင့် စကားလုံးများနှင့် အဓိပ္ပာယ်ကင်းမဲ့သော အယူအဆများသာ ဖြစ်ကြပြီး၊ ၎င်းတို့၏ အသက်တာ၀င်ရောက်ခြင်းအတွက် တန်ဖိုး အနည်းငယ်မျှပင် မရှိပေ။ ၎င်းတို့တစ်ဦးမျှ ဘုရားသခင်အပေါ် သစ္စာမရှိပေ၊ ထိုသူတို့ အားလုံးသည် ဘုရားသခင်ကို တွေ့သော်လည်း သူ့ကိုမရရှိနိုင်ကြသည့်သူများ ဖြစ်သည်၊ ထိုသူတို့ အားလုံးသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းခံရသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၁၃)

သိမ်းပိုက်ခြင်းအမှု၏ အဓိကပန်းတိုင်မှာ သမ္မာတရားကို လူသား ပိုင်ဆိုင်နိုင်ရန်အတွက် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် သမ္မာတရားကို နားလည်သည်မှာ နည်းလွန်းခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့သော လူတို့အပေါ် သိမ်းပိုက်သော အမှုကို လုပ်ဆောင်ရန်မှာ အကြီးမားဆုံးသော အရေးပါမှုဖြစ်သည်။ သင်တို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်သို့ ကျရောက်ခဲ့ပြီး အလွန်အမင်း ထိခိုက်ခံခဲ့ရသည်။ ထို့ကြောင့် ဤအမှု၏ ပန်းတိုင်မှာ လူ့သဘာဝဗီဇကို သင်တို့သိစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ထိုသို့ဖြင့် သမ္မာတရားဖြင့် အသက်ရှင်နေထိုင်နိုင်စေရန် ဖြစ်သည်။ စုံလင်စေခြင်းခံရခြင်းသည် ဖန်ဆင်းခံသတ္တဝါအားလုံး လက်ခံသင့်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ ဤအဆင့်၏အမှုတွင် လူတို့အား စုံလင်စေခြင်း တစ်ခုတည်းသာ ပါဝင်ပါက၊ ၎င်းကို ဗြိတိန် သို့မဟုတ် အမေရိက သို့မဟုတ် အစ္စရေးတွင် လုပ်ဆောင်နိုင်ခဲ့လိမ့်မည်။ ၎င်းကို မည်သည့်တိုင်းနိုင်ငံမဆို၏ လူတို့အပေါ်တွင် လုပ်ဆောင်နိုင်ခဲ့လိမ့်မည်။ သို့သော်လည်း သိမ်းပိုက်ခြင်းအမှုမှာ သီးသန့်ရွေးချယ်ပြီး လုပ်သောအမှုဖြစ်သည်။ သိမ်းပိုက်ခြင်း အမှု၏ ပထမအဆင့်မှာ ရေတိုဖြစ်သည်၊ ထို့အပြင် စာတန်အား အရှက်ရစေရန်နှင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ရန် ယင်းကို အသုံးပြုပေလိမ့်မည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ ကနဦးအမှုတည်း။ စုံလင်စေခြင်းခံရဆိုသည်မှာ ရေရှည်အပြောင်းအလဲပြီးမှသာ ရနိုင်သည့်အရာ ဖြစ်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်သော မည်သည့်ဖန်ဆင်းခံမဆို စုံလင်စေခြင်းခံရနိုင်သည်ဟု ဆိုနိုင်၏။ သို့သော်လည်း အသိမ်းပိုက်ခံရရန်မှာမူ ကွဲပြားသည်။ သိမ်းပိုက်ရန်အတွက် နမူနာနှင့် စံပြပုံစံမှာ အဝေးဆုံးတွင် နောက်ကျ ကျန်ရစ်နေသောသူ၊ အနက်ဆုံးသော အမှောင်ထဲတွင် အသက်ရှင်သောသူ ဖြစ်ရမည်။ ၎င်းတို့သည် အဆင့်အတန်း အနိမ့်ကျဆုံးသောသူ၊ ဘုရားသခင်ကို အသိအမှတ်ပြုရန် မလိုလားဆုံးသောသူနှင့် ဘုရားသခင်အား နာခံခြင်း မရှိဆုံးသောသူများ ဖြစ်ရမည်။ ဤသည်မှာ လူသည် သိမ်းပိုက်ခံရကြောင်းကို သက်သေခံနိုင်သော လူအမျိုးအစား အတိအကျ ဖြစ်သည်။ သိမ်းပိုက်ခြင်းအမှု၏ အဓိကရည်မှန်းချက်ပန်းတိုင်မှာ စာတန်ကို အနိုင်ယူရန် ဖြစ်သော်လည်း၊ လူတို့ကို စုံလင်စေခြင်း၏ အဓိကရည်မှန်းချက်ပန်းတိုင်မှာ လူတို့ကို ရယူရန် ဖြစ်သည်။ ယင်းမှာ အသိမ်းပိုက်ခံရပြီးသည့် နောက်ပိုင်းတွင် ဤသိမ်းပိုက်ခြင်း အမှုကို ဤနေရာ၌၊ သင်တို့ကဲ့သို့သော လူများအပေါ်၌ ဆောင်ရွက်ပြီး ဖြစ်ကြောင်းကို လူတို့ သက်သေခံနိုင်စေရန် ဖြစ်သည်။ ရည်ရွယ်ချက်မှာ အသိမ်းပိုက်ခံရပြီးသည့်နောက်တွင် လူတို့ကို သက်သေခံစေရန် ဖြစ်သည်။ စာတန်အား အရှက်ရစေခြင်း ရည်မှန်းချက်ပန်းတိုင်ကို အထမြောက်စေရန် ဤအသိမ်းပိုက်ခံရသော လူတို့ကို အသုံးပြုမည်။ ထိုသို့ဖြစ်လျှင် သိမ်းပိုက်ခြင်း၏ အဓိကနည်းလမ်းမှာ အဘယ်နည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့်၊ လူတို့အကြွင်းမဲ့ လက်ခံယုံကြည်လာကြစေရန်အလို့ငှာ- ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်မှု၊ ကျိန်ဆဲခြင်းနှင့် ထုတ်ဖော်ခြင်းတို့ဖြစ်သည့်- ဖြောင့်မတ်သော စိတ်သဘောထားကို အသုံးပြုလျက် လူတို့ကို သိမ်းပိုက်ခြင်း ဖြစ်သည်။ လူတို့ကို သိမ်းပိုက်ရန်နှင့် ၎င်းတို့ကို အပြည့်အဝ လက်ခံယုံကြည်လာကြစေရန်အတွက် နှုတ်ကပတ်တော်၏ လက်တွေ့ကျခြင်းနှင့် သြဇာအာဏာကို အသုံးပြုခြင်း- ဤသည်မှာ သိမ်းပိုက်ခံရခြင်းသည် မည်သည့်အရာဖြစ်သည်ကို ဆိုလိုခြင်းဖြစ်၏။ စုံလင်စေခြင်းခံရပြီးသူများသည် သိမ်းပိုက်ခံရပြီးသည့်နောက်တွင်၊ နာခံခြင်း ရရှိနိုင်ကြသည်သာမက၊ တရားစီရင်ခြင်းအမှုနှင့်သက်ဆိုင်သည့် အသိပညာကိုလည်း ရနိုင်ကြကာ ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်း ရှိကြပြီး ဘုရားသခင်ကိုလည်း သိလာနိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်မြတ်နိုးသောလမ်းကြောင်းကို တွေ့ကြုံခံစားပြီး သမ္မာတရားနှင့်လည်း ပြည့်ဝလာကြ၏။ ဘုရားသခင်၏အမှုကို မည်ကဲ့သို့ တွေ့ကြုံခံစားရမည်ကို ၎င်းတို့ သင်ယူကြပြီး ဘုရားသခင်အတွက် ဒုက္ခဆင်းရဲ ခံနိုင်စွမ်းရှိလာနိုင်ကာ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒများ ရှိလာနိုင်ကြသည်။ စုံလင်စေခြင်း ခံရပြီးသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခံစားခဲ့ကြရသည့်ကျေးဇူးကြောင့်၊ သမ္မာတရားကို အမှန်တကယ် သိနားလည်မှုရှိသူများ ဖြစ်ကြသည်။ သိမ်းပိုက်ခံရသူများသည် သမ္မာတရားကို သိသော်လည်း၊ သမ္မာတရား၏ အဓိပ္ပာယ်အစစ်အမှန်ကို လက်မခံကြသူများ ဖြစ်သည်။ သိမ်းပိုက်ခံရပြီးနောက်တွင် ၎င်းတို့ နာခံကြသည်၊ သို့သော်လည်း ၎င်းတို့၏ နာခံခြင်းမှာ ၎င်းတို့ လက်ခံရရှိခဲ့သော တရားစီရင်မှု၏ ရလဒ်ကြောင့်သာ လုံးလုံးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားများစွာ၏ အဓိပ္ပာယ်အစစ်အမှန်ကို သိနားလည်ခြင်း လုံးဝမရှိကြ။ ၎င်းတို့သည် သမ္မာတရားကို နှုတ်ဖြင့် အသိအမှတ်ပြုကြသော်လည်း၊ သမ္မာတရားထဲ ဝင်ရောက်ခြင်း မရှိသေးပေ။ ၎င်းတို့သည် သမ္မာတရားကို နားလည်သဘောပေါက်သော်လည်း သမ္မာတရားကို အမှန်တကယ် တွေ့ကြုံမခံစားကြရသေးချေ။ စုံလင်စေခြင်းခံနေခံရသူတို့အပေါ် ပြုသောအမှုတွင် အသက်အထောက်အမနှင့်အတူ ပြစ်တင်ဆုံးမခြင်းများ၊ တရားစီရင်မှုများ ပါဝင်သည်။ သမ္မာတရားထဲ ဝင်ရောက်ခြင်းကို တန်ဖိုးထားသူတစ်ဦးသည် စုံလင်စေခြင်းခံရမည့်သူ တစ်ဦးဖြစ်သည်။ စုံလင်စေခြင်းခံရမည့်သူနှင့် သိမ်းပိုက်ခံရမည့်သူတို့အကြား ကွာခြားချက်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်း ရှိ မရှိတွင် တည်၏။ စုံလင်စေခြင်းခံရပြီး သူများသည် သမ္မာတရားကို နားလည်သဘောပေါက်သူ၊ သမ္မာတရားထဲ ဝင်ရောက်ပြီးသူနှင့် သမ္မာတရားဖြင့် အသက်ရှင်သူများ ဖြစ်ကြသည်။ စုံလင်စေခြင်းကို မခံရနိုင်သူများသည် သမ္မာတရားကို နားလည်သဘောပေါက်ခြင်း မရှိသူနှင့် သမ္မာတရားထဲ မဝင်ရောက်သူ၊ ဆိုလိုသည်မှာ သမ္မာတရားဖြင့် အသက်မရှင်သောသူများ ဖြစ်ကြသည်။ အကယ်၍ ယင်းသို့သော လူများသည် ယခုအခါ အကြွင်းမဲ့ နာခံနိုင်စွမ်း ရှိပါက၊ ၎င်းတို့သည် သိမ်းပိုက်ခြင်းကို ခံကြရမည် ဖြစ်သည်။ အကယ်၍ သိမ်းပိုက်ခံရသောသူများသည် သမ္မာတရားကို မရှာဖွေပါက၊ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်နာသော်လည်း သမ္မာတရားဖြင့် အသက်ရှင်နေထိုင်ခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို ရိပ်ခနဲမြင်ကာ ကြားသော်လည်း၊ သမ္မာတရားဖြင့် အသက်ရှင်နေထိုင်ခြင်းကို တန်ဖိုးမထားပါက၊ ၎င်းတို့သည် စုံလင်စေခြင်းကို မခံရနိုင်ပေ။ စုံလင်စေခြင်းခံရမည့် လူတို့သည် စုံလင်ခြင်းသို့သွားရာ လမ်းကြောင်းတစ်လျှောက် ဘုရားသခင်၏ ပြဌာန်းချက်များအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြလေသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေကြပြီး ၎င်းတို့သည် စုံလင်စေခြင်းကို ခံကြရသည်။ သိမ်းပိုက်ခြင်းအမှု မပြီးဆုံးမီအထိ အဆုံးတိုင် လိုက်သောသူ မည်သူမဆိုသည် သိမ်းပိုက်ခံရသောသူ ဖြစ်သော်လည်း၊ စုံလင်စေခြင်းခံရသူတစ်ဦးဟု ထိုသူအား မဆိုနိုင်ပေ။ “စုံလင်စေခြင်း ခံရသူများ” ဟုဆိုရာ၌ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသည့်နောက်တွင် သမ္မာတရားအား လေ့လာလိုက်စားနိုင်ပြီး ဘုရားသခင်၏ရယူခြင်းကို ခံရနိုင်သောသူများကို ရည်ညွှန်းသည်။ ယင်းသည် သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသည့်နောက် အတိဒုက္ခထဲတွင် ခိုင်ခံ့စွာ ရပ်တည်ပြီး သမ္မာတရားဖြင့် အသက်ရှင်နေထိုင်သူများကို ရည်ညွှန်းသည်။ သိမ်းပိုက်ခံရခြင်းအဖြစ်နှင့် စုံလင်စေခြင်းခံရခြင်းအဖြစ်တို့ကို ကွဲပြားစေသည့် အရာသည် အမှု၏အဆင့်များ၌ ကွာခြားမှုများနှင့် လူများ သမ္မာတရားကို နားလည်ပြီး သမ္မာတရားထဲသို့ ဝင်ရောက်သည့်အတိုင်းအတာ ကွာခြားမှုများ ဖြစ်သည်။ စုံလင်စေခြင်း လမ်းကြောင်းပေါ် တက်ရောက်ခြင်း မရှိသေးသောသူအားလုံး၊ ဆိုလိုသည်မှာ သမ္မာတရားကို မပိုင်ဆိုင်သူတို့သည် အဆုံးတွင် ပယ်ထုတ်ခြင်းကို ခံရဦးမည် ဖြစ်သည်။ သမ္မာတရားကို ပိုင်ဆိုင်ပြီး သမ္မာတရားဖြင့် အသက်ရှင်နေထိုင်သော သူများသာလျှင် ဘုရားသခင်၏ လုံးလုံးလျားလျား ရယူခြင်းကို ခံရနိုင်သည်။ ဆိုလိုသည်မှာ ပေတရု၏ ပုံသဏ္ဌာန် ဖြင့် အသက်ရှင်နေထိုင်သော သူများသည် စုံလင်စေခြင်းခံရသောသူများ ဖြစ်ကြပြီး အခြားသူအားလုံးမှာ သိမ်းပိုက်ခံရသောသူများ ဖြစ်ကြသည်။ သိမ်းပိုက်ခံရသောသူ အားလုံးအပေါ် ပြုသောအမှုတွင် ကျိန်ဆဲခြင်းများ ချမှတ်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အမျက်ဒေါသပြခြင်းတို့ ပါဝင်ပြီး ၎င်းတို့ထံသို့ ရောက်လာသောအရာမှာ ဖြောင့်မတ်ခြင်းနှင့် ကျိန်ဆဲခြင်းများ ဖြစ်သည်။ ထိုသို့သောလူအပေါ် အမှုပြုခြင်းသည် ဟိတ်ဟန်မရှိဘဲ သို့မဟုတ် ယဉ်ကျေးသိမ်မွေ့မှု မရှိဘဲ ထုတ်ဖော်ခြင်း ဖြစ်သည်- ၎င်းတို့အနေဖြင့် ၎င်းတို့၏အတွင်းမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ကိုယ်တိုင် သိမြင်ပြီး အပြည့်အဝ လက်ခံယုံကြည်ရန်အလို့ငှာ ၎င်းတို့၏အတွင်းမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ရန် ဖြစ်သည်။ လူသားသည် အကြွင်းမဲ့ ကျိုးနွံနာခံလာသည့်အခါ၊ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသည်။ လူအများစုသည် သမ္မာတရားကို နားလည်ရန် မရှာဖွေကြသေးလျှင်ပင် သိမ်းပိုက်ခြင်းအမှုသည် ပြီးဆုံးသွားပြီး ဖြစ်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၁၄)

ဘုရားသခင်သည် လူကို မည်သို့စုံလင်စေသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် အဘယ်အရာနည်း။ သူ၏ စိတ်သဘောထားထဲတွင် မည်သည့်အရာ ပါဝင်သနည်း။ ဤအရာအားလုံးကို ရှင်းလင်းရမည်ဆိုလျှင်၊ တစ်ဦးက ယင်းကို ဘုရားသခင်၏နာမကို ဖြန့်ဝေခြင်းဟုခေါ်သည်၊ တစ်ဦးက ဘုရားသခင်အား သက်သေခံခြင်းဟုခေါ်ကာ၊ တစ်ဦးက ဘုရားသခင်ကို ချီးမြှောက်ခြင်းဟု ခေါ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်း အခြေခံအုတ်မြစ်ပေါ် အခြေပြုလျက်၊ လူသားသည် နောက်ဆုံးတွင် သူ၏အသက်စိတ်သဘောထား၌ အသွင်ပြောင်းလဲလာလိမ့်မည် ဖြစ်သည်။ လူသားသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စစ်ဆေးခြင်းတို့ကို သာ၍ကြုံရလေ၊ သူသည် သာ၍အားတိုးလေဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သော အဆင့်များ သာ၍များပြားလေ၊ လူသည် သာ၍ စုံလင်စေခြင်း ခံရလေဖြစ်သည်။ ယနေ့တွင်၊ လူ၏ အတွေ့အကြုံတွင်၊ ဘုရားသခင်၏ အမှုအဆင့်တစ်ခုစီတိုင်းသည် သူ၏အယူအဆများကို တန်ပြန်တိုက်ခိုက်ပြီး၊ အားလုံးက လူသား၏ဉာဏ်စွမ်းကို ကျော်လွန်ကာ သူ့မျှော်မှန်းချက်များ၏ ပြင်ပတွင် ရှိလေသည်။ ဘုရားသခင်သည် လူသားလိုအပ်သော အရာရာတိုင်းကို ထောက်ပံ့ပေးပြီး ယင်းသည် အဖက်ဖက်မှ လူသား၏ အယူအဆများနှင့် ကွဲလွဲနေသည်။ သင်၏ အားနည်းနေချိန်တွင် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်၏။ ဤနည်းအားဖြင့်သာ သူသည် သင့်အသက်တာကို ထောက်ပံ့ ပေးနိုင်သည်။ သင်၏ အယူအဆများကို တန်ပြန်တိုက်ခိုက်ခြင်းအားဖြင့်၊ သင့်အား ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းမှုကို လက်ခံစေသည်။ ဤနည်းဖြင့်သာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို သင်ကိုယ်တိုင် ဖယ်ရှားနိုင်ပေသည်။ ယနေ့တွင်၊ တစ်ဖက်တွင် လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏ အခြေအနေအတွင်း၌ အမှုပြုသော်လည်း၊ အခြားတစ်ဖက်တွင် သူသည် ပုံမှန်လူ့သဘာဝ၏ အခြေအနေ၌ အမှုပြုသည်။ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သင် မငြင်းနိုင်တော့သည့်အခါတွင်၊ ပုံမှန်လူ့သဘာဝ အခြေအနေအတွင်း၌ ဘုရားသခင် မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ သင် ကျိုးနွံနာခံနိုင်သောအခါတွင်၊ မည်သည့် သာမန်ဖြစ်မှုမျိုးကိုမဆို သူထင်ရှားပြသသည်ဖြစ်ပါစေ သင် ကျိုးနွံနာခံနိုင်ပြီး နားလည်နိုင်သောအခါနှင့် တကယ့်အတွေ့အကြုံကို သင်ရရှိပြီးဖြစ်သည့်အချိန်၊ ထိုအခါမှသာလျှင် သူ ဘုရားသခင်ဖြစ်သည်ကို သင်စိတ်ချနိုင်သည်၊ ထိုအခါမှသာလျှင် သင်သည် အယူအဆများ ဖြစ်ပေါ်စေခြင်းကို ရပ်တန့်နိုင်ပြီး၊ ထိုအခါမှသာလျှင် သင်သည် အဆုံးထိတိုင် သူ့နောက်လိုက်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏အမှုတွင် ဉာဏ်ပညာရှိသကဲ့သို့၊ လူသားက သူ့အဖို့ သက်သေခံချက်တွင် မည်သို့ ခိုင်မာစွာရပ်တည်နိုင်သည်ကို သူသိသည်။ လူသား၏ ပဓာနကျသော အားနည်းချက် မည်သည့် နေရာတွင် တည်ရှိသည်ကို သူသိသကဲ့သို့၊ သူပြောဆိုသော နှုတ်ကပတ်တော်များသည် သင်၏ပဓာနကျသော အားနည်းချက်ကို ထိုးနှက်တိုက်ခိုက်နိုင်သည်၊ သို့သော် သူ့အဖို့ သက်သေခံချက်တွင် သင့်ကို ခိုင်မာစွာ ရပ်တည်စေရန် ခံ့ညားထည်ဝါပြီး ဉာဏ်ပညာရှိသော နှုတ်ကပတ်တော်များကိုလည်း သူအသုံးပြုလေသည်။ ယင်းမှာ ဘုရားသခင်၏ အံ့ဩလောက်သော လုပ်ဆောင်ချက်များဖြစ်သည်။ ဘုရားသခင်ပြုသော အမှုသည် လူသား၏အသိဉာဏ်အဖို့ မတွေးတတ်အောင် ဖြစ်သည်။ ဇာတိပကတိဖြစ်လျက် လူသားသည် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းမျိုး ပိုင်ဆိုင်သည်၊ ပြီးလျှင် လူသား၏ အနှစ်သာရတွင် မည်သည့်အရာ ဖွဲ့စည်းပါဝင်သည်- ဤအားလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းမှတစ်ဆင့် ထုတ်ဖော်ပြခံရသည်၊ ယင်းက လူသားကို သူ၏အရှက်တရားမှ ပုန်းကွယ်ရန် နေရာမရှိ ဖြစ်ကျန်ရစ်စေလေသည်။

ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို နာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို သက်သေခံရန် သူတောင်းဆို လေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး စစ်မှန်ကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၁၅)

သောဒုံမြို့ကို ဘုရားသခင်က ဖျက်ဆီးခြင်း ဖြစ်ပေါ်ခဲ့ချိန် သမ္မာကျမ်းစာထဲက အဖြစ်အပျက်ကို ပြန်လည်သတိရလော့၊ ပြီးလျှင် လောတ၏မိန်းမသည် မည်ကဲ့သို့ဆားတိုင်ဖြစ်လာခဲ့သည်ကိုလည်း စဉ်းစားကြည့်လော့။ နိနေဝေမြို့သားများသည် လျှော်တေအဝတ်နှင့် ပြာများဖြင့် မိမိတို့၏အပြစ်များအား မည်သို့နောင်တရခဲ့သည်ကို ပြန်စဉ်းစားပြီး၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ က ယေရှုကို ယုဒလူမျိုးများ ကားတိုင်ပေါ်တွင် သံမှိုရိုက်ထားပြီးနောက် မည်သည့်အရာဖြစ်ခဲ့သည်ကို ပြန်သတိရလော့။ ယုဒလူမျိုးများသည် ဣသရေလနိုင်ငံမှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ထွက်ပြေး သွားခဲ့ကြသည်။ များစွာတို့သည် အသတ်ခံခဲ့ရပြီး ယုဒလူမျိုး တစ်မျိုးလုံးသည် ၎င်းတို့နိုင်ငံ၏ ပျက်သုဉ်းခြင်းနှင့်ပတ်သက်သည့် မကြုံစဖူးသော နာကျင်မှုကို ခံခဲ့ရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် သံမှိုရိုက်ခဲ့ကြပြီး- စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်တစ်ခုကို ကျူးလွန်ခဲ့ကြပြီး- ဘုရားသခင်၏ စိတ်သဘောထားကို ရန်စခဲ့ကြသည်။ ၎င်းတို့လုပ်ခဲ့သည့် အရာအတွက် ၎င်းတို့ပေးဆပ်ခဲ့ရပြီး ၎င်းတို့လုပ်ရပ်များ၏ အကျိုးဆက်များ အားလုံးကို ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့ကြသည်၊ ငြင်းပယ်ခဲ့ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ကံကြမ္မာတစ်ခုသာ ရှိခဲ့သည်- ဘုရားသခင်၏ အပြစ်ပေးခံရခြင်းခံရဖို့ ဖြစ်ပေသည်။ ဤသည်မှာ ၎င်းတို့၏ အုပ်စိုးသူများက မိမိတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ယူဆောင်ခဲ့ကြသည့် ခါးသီးသော အကျိုးဆက်နှင့် ဘေးဒုက္ခ ဖြစ်ခဲ့ပေသည်။

ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် ကမ္ဘာလောကသို့ ပြန်ကြွလာပြီးဖြစ်သည်။ သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၏ စံပြဖြစ်သည်- ဘာသာမဲ့ အယူဝါဒ၏ ခိုင်မာသော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူပြီးဖြစ်သည်။ ဤကာလအတွင်းတွင်၊ ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ ခေါင်းချစရာနေရာမရှိ၊ အကွယ်အကာ ရှာမတွေ့နိုင်ဘဲ၊ ကြီးမားသော ဆင်းရဲဒုက္ခကို ခံရပြီးဖြစ်သည်။ ဤသို့ဖြစ်စေကာမူ၊ ဘုရားသခင်သည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်- သူသည် သူ၏အသံကို မိန့်မြွက်ပြီး ဧဝံဂေလိတရားကို ဖြန့်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူမျှ နားလည် သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်၊ ဘုရားသခင်သည် သူ၏ အမှုကို လုံးဝ မရပ်တန့်ဖူးပေ။ ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို တတ်နိုင်သမျှ အစွမ်းကုန်ကယ်တင်သည့် အတွက်၊ သာ၍ များသောလူတို့သည် သူ၏ အမှုနှင့် နှုတ်ကပတ်တော်ကို လက်ခံကြပြီး ဖြစ်သည်။ ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။ လူမျိုးအားလုံး၊ နိုင်ငံအားလုံးနှင့် စက်မှုလုပ်ငန်း အားလုံး၏ လူများကို ဘုရားသခင်၏ အသံအား နားထောင်ရန်၊ ဘုရားသခင်၏ အမှုကို ရှုစားရန်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို အာရုံစိုက်ရန်၊ ဘုရားသခင်ကို အသန့်ရှင်းဆုံး၊ ဂုဏ်အသရေ အရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားမျိုးနွယ်အလယ် တစ်ခုတည်းသော ကိုးကွယ်ဆည်းကပ်ရာ ဖြစ်စေဖို့အလို့ငှာနှင့် အာဗြဟံ၏ သားစဉ်မြေးဆက်များက ယေဟောဝါ၏ ကတိတော်များအောက်၌ အသက်ရှင်ခဲ့ကြသကဲ့သို့ပင်၊ ပြီးလျှင် ပထမဦးစွာ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့်ဧဝတို့က ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင် ခဲ့သကဲ့သို့ပင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်ခွင့်ပေးရန် ငါ တိုက်တွန်း၏။

ဘုရားသခင်၏အမှုသည် ကြီးမားသော လှိုင်းလုံးတစ်ခုကဲ့သို့ ရှေ့သို့ တစ်ဟုန်ထိုးတက်လေသည်။ မည်သူကမျှ သူ့ကို မထိန်းနိုင်သကဲ့သို့ မည်သူကမျှ သူ၏ ချီတက်ခြင်းကို မရပ်တန့်စေနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ရှာဖွေကာ ဆာငတ်သောသူတို့သာ ဘုရားသခင်၏ ခြေလှမ်းများနောက်လိုက်နိုင်ပြီး၊ သူ၏ကတိကို ရရှိနိုင်ပေသည်။ ထိုသို့မဟုတ်သူများသည် ပြင်းထန်သော ဘေးဒုက္ခနှင့် အလွန် ထိုက်တန်သည့် အပြစ်ပေးခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၁၆)

ဘုရားသခင်၏စီမံခန့်ခွဲခြင်း အမှုသည် ကမ္ဘာလောကို ဖန်ဆင်းခြင်းတွင် စတင်ခဲ့ပြီး၊ လူသားသည် ဤအမှု၏ ဗဟိုအချက်အချာတွင် ရှိလေသည်။ ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်းသည် လူသားအတွက်ဖြစ်သည်ဟု ပြော၍ရပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုသည် နှစ်ထောင်ချီ လွှမ်းခြုံပြီး၊ မိနစ် သို့မဟုတ် စက္ကန့်မျှ အချိန်အတွင်း၊ သို့မဟုတ် မျက်စိတစ်မှိတ် သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပေ၊ သူသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် လိုအပ်သည့် နေ၊ လ၊ သက်ရှိ သတ္တဝါမျိုးစုံ၊ အစားအစာနှင့် သာတောင့်သာယာရှိသော ပတ်ဝန်းကျင်ကဲ့သို့သော နောက်ထပ် အမှုအရာများကို ဖန်ဆင်းခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏စီမံခန့်ခွဲမှု အစ ဖြစ်ပေသည်။

ထို့နောက်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စာတန်ထံ လွှဲအပ်နှံခဲ့ပြီး၊ လူသားသည် စာတန်၏ ပိုင်နက်အောက် အသက်ရှင်ခဲ့ရသည်၊ ယင်းက ဘုရားသခင်အမှု၏ ပထမဆုံးခေတ်- ပညတ်တော်ခေတ်၏ အဖြစ်အပျက်သို့ ဖြည်းဖြည်းချင်း ဆိုက်ရောက်သွားစေခဲ့သည်။ ပညတ်တော်ခေတ် အတောအတွင်း နှစ် နှစ်ထောင် သုံးထောင် တစ်လျှောက်အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် ပညတ်တော်ခေတ်၏ လမ်းပြမှုဖြင့် ကျင့်သားရလာခဲ့ပြီး၊ ယင်းကို အလေးမမူခဲ့ပေ။ လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုကို တဖြည်းဖြည်းနှင့် စွန့်ခွာခဲ့သည်။ ထို့ကြောင့် ပညတ်တော်ကို လိုက်လျှောက်နေစဉ်တွင်၊ ၎င်းတို့သည် ရုပ်တုဆင်းတုများကိုလည်း ကိုးကွယ်ခဲ့ကြပြီး၊ မကောင်းမှုများကိုလည်း ကျူးလွန်ခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏ ကွယ်ကာမှု မရှိခဲ့ကြသကဲ့သို့၊ ၎င်းတို့၏ အသက်တာများကို ဗိမာန်တော်ထဲက ယဇ်ပလ္လင်ရှေ့တွင် အသက်ရှင်ရုံမျှ ရှင်ခဲ့ကြသည်။ အမှန်တွင် ဘုရားသခင်၏ အမှုသည် ၎င်းတို့ကို အချိန်ကြာမြင့်စွာက စွန့်ခွာခဲ့ပြီးဖြစ်ကာ၊ ဣသရေလတို့သည် ပညတ်တော်ကို ဆက်လက် ဖက်တွယ်ဆဲဖြစ်ပြီး ယေဟောဝါ၏ အမည်ကို ပြောဆိုကာ ၎င်းတို့သာလျှင် ယေဟောဝါ၏ လူများဖြစ်ပြီး ယေဟောဝါ၏ ရွေးချယ်ခံရသည့် လူများဖြစ်သည်ဟုပင် ဂုဏ်ယူစွာ ယုံကြည်ကြသော်လည်း၊ ဘုရားသခင်၏ ဘုန်းအသရေသည် ၎င်းတို့ကို တိတ်တဆိတ် စွန့်ပစ်ခဲ့ပြီးဖြစ်သည်...

ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်သည့်အခါ၊ သူသည် တစ်နေရာကို အမြဲ တိတ်တဆိတ် စွန့်ခွာပြီး၊ နောက်တစ်နေရာတွင် သူ စတင်သည့် အမှုသစ်ကို ညင်သာစွာ ဆောင်ရွက်လေသည်။ ဤသည်မှာ ထုံထိုင်းနေသော လူတို့အတွက် မယုံကြည်နိုင်စရာဖြစ်နေသည်။ လူတို့သည် ဟောင်းသော အရာကို အမြဲ တန်ဖိုးထားပြီး၊ ရင်းနှီးမှုမရှိသည့် အသစ်သောအရာအပေါ် မလိုမုန်းထားစိတ်ဖြင့် စောင့်ကြည့်ကြသည်၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာအဖြစ် မြင်ကြသည်။ ထို့ကြောင့် ဘုရားသခင်က မည်သည့်အမှုသစ်ကို လုပ်ဆောင်သည် ဖြစ်စေ အစမှအဆုံးထိ လူသားသည် အရာခပ်သိမ်းထဲတွင် ယင်းကို နောက်ဆုံးမှ သိရှိရလေသည်။

အမြဲဖြစ်ရိုးဖြစ်စဉ်အတိုင်း၊ ပညတ်တော်ခေတ်ထဲက ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ဒုတိယအဆင့်နှင့်ဆိုင်သည့် သူ၏အမှုကို စတင်ခဲ့သည်- လူ့ဇာတိကို ခံယူခြင်း- ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာ လူသားအဖြစ် လူ့ဇာတိခံယူခြင်းနှင့်- ယုံကြည်သူများအလယ် စကားပြောခြင်းနှင့် သူ၏ အမှုကို လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ သို့ရာတွင် ခြွင်းချက်မရှိ၊ ယင်းကို မည်သူမျှမသိခဲ့သကဲ့သို့၊ သခင်ယေရှုက ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရကာ ရှင်ပြန်ထမြောက် ပြီးနောက်တွင် သူသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ခဲ့သည်ကို လူအရေအတွက် အနည်းငယ်ကသာ အသိအမှတ်ပြုခဲ့ကြသည်။...ဘုရားသခင်၏ အမှု ဒုတိယအဆင့် ပြည့်စုံခဲ့သည်နှင့်တစ်ပြိုင်နက်- ကားစင်တင်ခံရခြင်းနောက်တွင်- လူသားကို အပြစ်မှ ပြန်ကယ်သည့် ဘုရားသခင်၏အမှု (ဆိုလိုသည်မှာ စာတန်၏ လက်မှ လူသားကို ကယ်ယူခြင်းဖြစ်သည်) ပြီးမြောက်သွားခဲ့သည်။ ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားမျိုးနွယ်သည် ၎င်း၏ အပြစ်များ ခွင့်လွှတ်ခံရရန် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရန်သာ ရှိခဲ့သည်။ သဘောပြောရလျှင်၊ လူသား၏ အပြစ်များသည် သူ၏ ကယ်တင်ခြင်းရရှိခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်လာရာတွင် အတားအဆီးတစ်ခု မဟုတ်တော့သကဲ့သို့၊ စာတန်က လူသားကို စွပ်စွဲရန် အသုံးပြုသည့် ဩဇာလည်း မဟုတ်တော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် စစ်မှန်သည့် အမှုကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်၊ အပြစ်နှင့်ပြည့်သည့် လူ့ဇာတိ သဏ္ဌာန်နှင့် နမူနာ ဖြစ်လာခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင် ကိုယ်တိုင်သည် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် လူသားသည် ကားတိုင်မှ သက်ဆင်းပြီး ဘုရားသခင် လူ့ဇာတိ- အပြစ်နှင့်ပြည့်သည့် ဤလူ့ဇာတိ ပုံသဏ္ဌာန်- မှတစ်ဆင့် ရွေးနုတ်ခံခဲ့ရကာ ကယ်တင်ခံခဲ့ရပေသည်။ ထို့ကြောင့် စာတန်၏ဖမ်းဆီးခြင်းခံရပြီးနောက်၊ လူသားသည် ဘုရားသခင် ရှေ့တွင် သူ၏ကယ်တင်ခြင်းကို လက်ခံခြင်းသို့ ခြေတစ်လှမ်း သာ၍နီးကပ်လာခဲ့သည်။ ဟုတ်ပေ၏၊ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်အတောအတွင်း ဘုရားသခင်၏ စီမံခန့်ခွဲမှုထက် သာ၍ နက်ရှိုင်းကာ သာ၍ တိုးတက်လေသည်။

ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းကို မသိသော၊ ဖန်ဆင်းရှင်၏ဖြစ်ခြင်းကို မသိသော၊ ဘုရားသခင်ကို မည်သို့ကိုးကွယ်ရမည်ကို မသိသော၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံရန် အဘယ်ကြောင့် လိုအပ်သည်ကို မသိသော လူသားမျိုးနွယ်ကို စာတန်လက်သို့ လွှဲအပ်ပြီး စာတန်အား သူ့ကို ဖောက်ပြန်ပျက်စီးစေခွင့်ပေးခြင်း ဖြစ်သည်။ ထို့နောက် လူသားက ဘုရားသခင်ကို အပြည့်အဝ ကိုးကွယ်ပြီး စာတန်ကို ငြင်းပယ်သည်အထိ ဘုရားသခင်သည် တစ်ဆင့်ပြီးတစ်ဆင့် လူသားကို စာတန်လက်မှ ပြန်ယူလေသည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ဤသည်မှာ ဒဏ္ဍာရီ ပုံပြင်ဆန်သကဲ့သို့ ထင်ရပြီး၊ စိတ်ရှုပ်ဖွယ် ဖြစ်ပုံရလေသည်။ ၎င်းတို့သည် စကြဝဠာနှင့် အာကာသထဲတွင် အဖြစ်အပျက်ပေါင်း မည်မျှဖြစ်ပွားပြီးဖြစ်သည်ကို သိရန်မဆိုထားနှင့်၊ လွန်ခဲ့သည့် နှစ်ထောင်ချီအချို့အတွင်း လူသားထံ မည်မျှဖြစ်ပျက်ပြီး ဖြစ်သည်ကို အရိပ်အမြွက် မသိလေသောကြောင့်၊ လူတို့က ဤအရာကို ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ကဲ့သို့ ထင်ကြလေသည်။ ထို့အပြင် ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ရုပ်ဝတ္ထု လောကကို ကျော်လွန်၍ တည်ရှိသော်လည်း၊ ၎င်းတို့၏ သေမျိုးဖြစ်သည့် မျက်လုံးများက မမြင်အောင် တားဆီးထားသည့် သာ၍ အံ့အားသင့်ဖွယ်၊ သာ၍ ကြောက်ရွံ့ဖွယ်ဖြစ်စေသော ကမ္ဘာလောကကို နားမလည်နိုင်ကြသောကြောင့် ဖြစ်သည်။ လူသည် လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်း၏ အရေးပါမှု သို့မဟုတ် သူ၏ စီမံခန့်ခွဲခြင်း အမှု၏ အရေးပါမှုနှင့်ဆိုင်သည့် သိနားလည်မှု မရှိသကဲ့သို့၊ ဘုရားသခင်က နောက်ဆုံးတွင် လူသားမျိုးနွယ်ကို မည်သို့ဖြစ်စေချင်သည်ကို နားမလည်သောကြောင့်၊ ယင်းမှာ လူသားဖို့ နားမလည်နိုင်စရာဟု ထင်ရပေသည်။ ယင်းသည် အာဒံနှင့် ဧဝတို့ ဖြစ်ခဲ့ကြသကဲ့သို့၊ စာတန်အားဖြင့် လုံးဝ ဖောက်ပြန်ပျက်စီးဖို့ ဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ကိုးကွယ်ပြီး သူ့ကို ကျိုးနွံနာခံသည့် လူတစ်စုကို ရရှိရန်ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးသော်လည်း၊ ၎င်းတို့သည် စာတန်ကို ၎င်းတို့၏ဖခင်ဟု မမြင်တော့ပေ။ စာတန်၏ ရွံရှာဖွယ် မျက်နှာကို ၎င်းတို့ သတိပြုမိကြပြီး ၎င်းကို ငြင်းပယ်ကြကာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံရန် ဘုရားသခင်ရှေ့သို့ လာကြလေသည်။ ၎င်းတို့သည် မည်သည့်အရာက အကျည်းတန်သည် ဆိုသည်နှင့် ယင်းသည် သန့်ရှင်းသည့်အရာနှင့် မည်သို့ ဆန့်ကျင်သည် ဆိုသည်တို့ကို သိရှိလာကြပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ ဆိုးယုတ်မှုတို့ကို သတိပြုမိလာကြလေသည်။ ဤသို့သော လူသားမျိုးနွယ်သည် စာတန်အတွက် အလုပ်မလုပ်တော့ပေ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်ကြတော့ပေ၊ သို့မဟုတ် စာတန်ကို အမြတ်တနိုး မရှိကြတော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရယူပြီးဖြစ်သည့် လူတစ်စုဖြစ်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု၏ အရေးပါမှုဖြစ်သည်။ ဤအချိန်ကာလနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းနှစ်ခုလုံးကို ခံရသူတစ်ဦးဖြစ်ပြီး၊ လူသားသည် ဘုရားသခင်နှင့် စာတန်တို့ တိုက်ခိုက်ကြရသည့် အကျိုးဖြစ်ပေသည်။ ဘုရားသခင်က သူ၏ အမှုကို ဆောင်ရွက်သည်နှင့်အမျှ၊ သူသည် လူသားကို စာတန်လက်မှ တဖြည်းဖြည်း ပြန်ယူနေပြီး၊ ထို့ကြောင့် လူသားသည် ဘုရားသခင်နှင့် ယခင်ထက် သာ၍ နီးကပ်လာပေသည်...

ထို့နောက် ကောင်းကင်နိုင်ငံတော်ခေတ် ရောက်လာသည်၊ ယင်းသည် အမှု၏ သာ၍ လက်တွေ့ကျသော အဆင့်ဖြစ်သော်လည်း၊ လူသားအတွက် လက်ခံရန် အခက်ခဲဆုံးလည်း ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်နှင့် သာ၍ နီးကပ်လေလေ၊ ဘုရားသခင်၏ လှံတံသည် လူသားထံ သာ၍ ချဉ်းကပ်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏မျက်နှာကို လူသားထံ ရှင်းလင်းစွာ သာ၍ ထုတ်ဖော်ပြလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းနောက်တွင်၊ လူသားသည် ဘုရားသခင်၏ မိသားစုထံ တရားဝင် ပြန်သွားလေသည်။ လူသားက ယခုသည် ပျော်ရွှင်ခြင်း အချိန်ကာလဖြစ်သည်ဟု ထင်ခဲ့သော်လည်း၊ သူသည် မည်သူကမျှ ကြိုတင်မသိခဲ့သော ဘုရားသခင်၏ အပြည့်အဝ ထိပ်တိုက် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ခံရလေသည်။ အမှန်တွင်တော့၊ ဤသည်မှာ ဘုရားသခင်၏လူတို့ “ပျော်မွေ့ရန်” ရှိသည့် ဗတ္တိဇံတစ်ရပ် ဖြစ်သည်။ ထိုသို့သော ဆက်ဆံမှုအောက်တွင် လူတို့သည် ရပ်တန့်ကာ၊ “ငါသည် ဘုရားသခင်က ပြန်ဝယ်ယူရန် များလှစွာ အကုန်အကျခံခဲ့သည့် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော သိုးသငယ်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်သည် ငါ့ကို အဘယ်ကြောင့် ဤသို့ဆက်ဆံသနည်း။ ယင်းမှာ ငါ့ကို ဘုရားသခင် လှောင်ပြောင်ခြင်းနှင့် ငါ့ကို ထုတ်ဖော်ခြင်း နည်းလမ်းဖြစ်သလော။...” ဟု မိမိဘာသာ စဉ်းစားဖို့မှအပ အခြား ရွေးချယ်စရာ မရှိပေ။ နှစ်ကာလများစွာ ကျော်လွန်ပြီးနောက် လူသားသည် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အခက်အခဲကို တွေ့ကြုံရလျက်၊ ရာသီဥတု ဒဏ်မပြတ်ခံထားလာရပြီး ဖြစ်သည်။ လူသည် အတိတ်အချိန်ကာလများ၏ “ဘုန်းအသရေ”နှင့် “ကြည်နူးဆွတ်ပျံ့ဖွယ်ရာ” တို့ ပျောက်ဆုံးသွားပြီး ဖြစ်သော်လည်း၊ သူသည် မသိလိုက်ဘဲနှင့် လူသား အပြုအမူနှင့်ဆိုင်သည့် အခြေခံသဘောတရားများကို နားလည်လာပြီး ဖြစ်ကာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအဖို့ ဘုရားသခင်၏ နှစ်ပေါင်းများစွာ ဆက်ကပ်မြှုပ်နှံမှုကို အသိအမှတ်ပြုလာရပြီးဖြစ်သည်။ လူသားသည် တဖြည်းဖြည်းနှင့် ၎င်းကိုယ်တိုင်၏ ရိုင်းစိုင်းမှုကို စတင် စက်ဆုပ်ရွံရှာလေသည်။ သူ မည်မျှရိုင်းစိုင်းသည်၊ ဘုရားသခင်အပေါ် သူ၏ အထင်လွဲမှားမှုများအားလုံးနှင့် ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလေသည်။ အချိန်သည် နောက်ပြန်လှည့်၍မရပေ။ အတိတ်က အဖြစ်အပျက်များသည် လူသား၏ နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ချစ်ခြင်းမေတ္တာတို့သည် လူသား၏ဘဝသစ်တွင် တွန်းအား ဖြစ်လာလေသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းသည်၊ သူ၏ ခွန်အားပြန်ရှိလာပြီး သူသည် မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာကို ဖူးမျှော်လေသည်...သူသည် မိမိ၏နံဘေးတွင် အမြဲရှိကြောင်းနှင့် သူ၏အပြုံးနှင့် သူ၏ လှပသောမျက်နှာတို့သည် လွန်စွာ လှုပ်ရှားစေနိုင်ဆဲ ဖြစ်ကြောင်းတို့ကိုသာ တွေ့ရပေသည်။ သူ၏စိတ်နှလုံးသည် သူ ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ပူပန်မှုများ ပွေ့ပိုက်ဆဲဖြစ်ပြီး သူ၏လက်များသည် အစအဦးကကဲ့သို့ နွေးထွေးပြီး တန်ခိုးရှိနေဆဲဖြစ်သည်။ ယင်းမှာ လူသားက ဧဒင်ဥယျာဉ်သို့ ပြန်သွားခဲ့သည့်အလား ဖြစ်သည်၊ သို့သော် ဤအကြိမ်တွင် မြွေ၏ ဖြားယောင်းသွေးဆောင်မှုများကို လူသားက နားမထောင်တော့ သကဲ့သို့၊ ယေဟောဝါ၏ မျက်နှာမှ လှည့်ထွက် မသွားတော့ပေ။ လူသည် ဘုရားသခင် ရှေ့မှောက်တွင် ဒူးထောက်၏၊ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး သူ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်လေသည်- အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသည် သူ့စီမံခန့်ခွဲခြင်း အမှု၏ အသေးစိတ်တစ်ခုစီတိုင်းကို စိမ့်ဝင်ပျံ့နှံ့ပြီး လူတို့အနေဖြင့် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို နားလည်နိုင်သည် ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်သည် ပြီးမြောက်ရန် စီစဉ်ထားသည့် အမှုကို မမောနိုင်မပန်းနိုင် လုပ်ဆောင်နေဆဲဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှုကို လူတို့ မည်မျှနားလည်သည်ဖြစ်စေ၊ ဘုရားသခင်၏ အမှုက လူသားထံ ဆောင်ကြဉ်းခဲ့သည့် အကူအညီနှင့် အကျိုးကျေးဇူးများကို အယောက်တိုင်း နားလည်နိုင်ပေသည်။ ဤနေ့တွင်၊ သင်သည် ဘုရားသခင် ပေးထားသော မည်သည့် ချစ်ခြင်းမေတ္တာနှင့် အသက်ကိုမျှ ခံစားရကောင်း ခံစားရမည်မဟုတ်သော်လည်း၊ ဘုရားသခင်ကို သင် မစွန့်လွှတ်သကဲ့သို့ သမ္မာတရားကို လိုက်စားရန် သင်၏ ဆုံးဖြတ်ချက်အပေါ် လက်မလျှော့သရွေ့၊ ဘုရားသခင်၏အပြုံး သင့်ထံ ပေါ်ထွက်လာသည့် တစ်နေ့ ရှိလာလိမ့်မည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ ရည်မှန်းချက်မှာ စာတန်၏ အုပ်စိုးမှုအောက်ရှိသည့် လူတို့ကို ပြန်ယူရန်ဖြစ်ပြီး၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရပြီးဖြစ်ကာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူတို့ကို စွန့်ပစ်ဖို့ မဟုတ်သည့်အတွက် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၁၇)

လောက၌ရှိသည့် ငါ့အလုပ်၏ရည်ရွယ်ချက်များကို လူအားလုံး သိဖို့လိုသည်၊ တစ်နည်းအားဖြင့်ဆိုလျှင် ငါ့အလုပ်ကို ပြီးဆုံးအောင် မလုပ်နိုင်သေးချိန်၌ အဆုံးတွင် ငါရယူလိုသည့်အရာနှင့် ဤအလုပ်တွင် မည်သည့်အဆင့်အထိ အောင်မြင်အောင် လုပ်ဆောင်ရမည်ကို လူအားလုံး နားလည်ဖို့လိုသည်။ လူတို့သည် ငါနှင့်အတူ ယနေ့တိုင် လျှောက်လှမ်းလာခဲ့ပြီးနောက် ငါ့အလုပ်မှာ အဘယ်အရာဖြစ်သည်ကို နားမလည်လျှင် ၎င်းတို့သည် ငါနှင့်အတူ အချည်းနှီး လျှောက်လှမ်း နေခဲ့ကြခြင်းပင်ဖြစ်သည် မဟုတ်လော။ လူတို့သည် ငါ့နောက်သို့ လိုက်လျှင် ငါ့အလိုကို သိသင့်သည်။ ငါသည် မြေကြီးပေါ်၌ အလုပ်လုပ်လျက် ရှိသည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်ပြီး၊ ယနေ့ထက်ထိတိုင်အောင် ငါသည် ဤနည်းလမ်းအတိုင်း ငါ၏အမှုကို ဆက်လက်လုပ်ဆောင်နေသေးသည်။ ငါ့အမှုထဲတွင် ပါဝင်သည့် စီမံကိန်းများမှာ များပြားလှသော်လည်း ယင်း၏ ရည်ရွယ်ချက်သည် မပြောင်းမလဲ ရှိနေသေး၏။ ငါသည် လူသားကို တရားစီရင်လိုစိတ်၊ ပြစ်တင်ဆုံးမလိုစိတ်တို့နှင့် ပြည့်နေသော်လည်း၊ ဥပမာအားဖြင့် ငါပြုသမျှမှာ လူသားကို စုံလင်စေပြီးသောအခါ၌ သူ့ကိုငါ ကယ်တင်ဖို့နှင့် ငါ၏သတင်းကောင်းကို ပိုမိုဖြန့်ဝေနိုင်ဖို့နှင့် ငါ၏အမှုကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံးအကြား၌ ချဲ့ထွင်ဖို့အတွက် ဖြစ်နေသေးသည်။ ထို့ကြောင့် လူများစွာ ပိုမိုတုန်လှုပ် ချောက်ချားလျက်ရှိသည်မှာ အချိန်အတန်ကြာပြီဖြစ်သည့် ယနေ့ခေတ် အချိန်တွင် ငါသည် ငါ၏အမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ လူသားကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်အတွက် လုပ်ရမည့် အမှုကို ငါသည် ဆက်လုပ်လျက်ရှိသည်။ လူသားသည် ငါပြောသည့် အရာကို စိတ်ကုန်နေပြီဖြစ်သော်လည်း၊ ငါ၏အမှု၌ ပါဝင်ပတ်သက် လိုစိတ် သူ့တွင် လုံးဝမရှိသော်လည်း၊ ငါသည် ငါ၏တာဝန်ကို ဆက်လက်လုပ်ဆောင်လျက်ပင် ရှိသေးသည်။ အဘယ်ကြောင့်ဆိုသော် ငါ့အမှု၏ရည်ရွယ်ချက်သည် မပြောင်းလဲသည့်အပြင် ငါ၏မူလ အစီအစဉ်သည်လည်း ပျက်စီးမည် မဟုတ်သောကြောင့်ဖြစ်သည်။ ငါ၏တရားစီရင်ခြင်း၏အလုပ်သည် လူသားအား ငါ့အပေါ်၌ ပိုမို နာခံလာအောင် ထောက်ကူပေးဖို့အတွက်ဖြစ်ပြီး ငါ၏ ပြစ်တင် ဆုံးမမှု၏အလုပ်သည် လူသားအနေနှင့် ပို၍ ထိထိရောက်ရောက် ပြောင်းလဲစေနိုင်ဖို့ဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာမှာ ငါ၏ စီမံခန့်ခွဲမှုအတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့် အရာတစ်ခုကိုမျှ ငါမလုပ်ဖူးပေ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံပြင်ပမှ လူမျိုးအားလုံးကို ဣသရေလလူမျိုးများ ကဲ့သို့ပင် နာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ ယင်းတို့ကို လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်သည်၊ ထိုသို့အားဖြင့် ဣသရေလနိုင်ငံပြင်ပရှိ နယ်မြေများ၌ ငါခြေကုပ်ယူနိုင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှုဖြစ်သည်၊ ယင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အောင်မြင်အောင် ငါလုပ်ဆောင်နေသော အမှုဖြစ်သည်။ ယခုသော်မှ လူများစွာက ငါ၏စီမံခန့်ခွဲမှုကို နားမလည် ကြသေးပေ။ ဤကဲ့သို့သောအရာများကို သူတို့စိတ်မဝင်စားကြဘဲ၊ သူတို့၏အနာဂတ်နှင့် သူတို့၏ပန်းတိုင်များကိုသာ အရေးစိုက်ကြ သောကြောင့် ဖြစ်သည်။ ငါအဘယ်အရာပြောသည်ဖြစ်စေ သူတို့သည် ငါလုပ်သည့်အမှုကို စိတ်ဝင်စားခြင်း မရှိကြဆဲပင်ဖြစ်သည်။ စိတ်ဝင်စားမည့်အစား သူတို့၏ အနာဂတ်ပန်းတိုင်များကိုသာ အထူးသီးသန့်အာရုံစိုက်နေကြသည်။ ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ငါ၏အမှုကို မည်သို့ချဲ့ထွင်နိုင်မည်နည်း။ ငါ၏သတင်းကောင်းသည် ကမ္ဘာအနှံ့ မည်သို့ပျံ့နှံ့နိုင်မည်နည်း။ ငါ၏အမှုကို ချဲ့သောအခါ၌ ငါသည် သင်တို့ကို ကွဲပြားစေမည်ဖြစ်ပြီး၊ ဣသရေလလူမျိုးထဲမှ မျိုးနွယ်စုတိုင်းကို ယေဟောဝါက ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်ဖြစ်ကြောင်းကို သင်တို့သိသင့်သည်။ ကမ္ဘာအနှံ့၌ ငါ၏သတင်းကောင်း ပျံ့နှံ့စေဖို့အတွက်၊ ငါ၏ အမှုတော်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအထိ ကျယ်ပြန့်နိုင်ဖို့အတွက်၊ လူကြီးများနှင့်ကလေးများတို့ တူညီစွာ ငါ၏နာမတော်ကို ထင်ရှားစေဖို့နှင့် လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအားလုံးမှ လူများ၏နှုတ်များက ငါ၏သန့်ရှင်းသော နာမတော်ကို ချီးမြှောက်ကြစေဖို့ဖြစ်သည်။ ဤနောက်ဆုံးသော ခေတ်တွင် ငါ၏နာမတော်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြား၌ ထင်ရှားခြင်းရှိစေရန်၊ ငါ၏လုပ်ဆောင်ချက်များကိုလည်း တစ်ပါးအမျိုးသားများ မြင်ကြစေရန်၊ ထို့ပြင် ငါ၏ လုပ်ဆောင်ချက်များကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်ကြစေရန်ဖြစ်ပြီး၊ ငါ၏နှုတ်ကပတ်တော်များသည် မကြာမီ အမှန်တကယ် ဖြစ်လာစေရန်ဖြစ်သည်။ ငါသည် ဣသရေလ လူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်လည်းဖြစ်ပြီး၊ ငါကျိန်ဆဲ ခဲ့ဖူးသည့် လူမျိုးများ၏ ဘုရားသခင်ပင် ဖြစ်ကြောင်းကို လူအားလုံးကို ငါသိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူအားလုံးကို မြင်စေမည်။ ဤသည်မှာ ငါ၏အကြီးမြတ်ဆုံးသော အမှုဖြစ်သည်။ နောက်ဆုံးသော ကာလအတွက် ငါ့အမှုအစီအစဉ်၏ ရည်ရွယ်ချက်ဖြစ်သည်။ ထို့အပြင် နောက်ဆုံးသောကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အမှုလည်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၁၈)

ငါနှစ်ပေါင်းထောင်နှင့်ချီ စီမံခန့်ခွဲ လုပ်ဆောင်လာနေခဲ့သော အလုပ်ကို နောက်ဆုံးသော ကာလ၌သာ လူသားကို အပြည့်အစုံ ဖော်ပြသည်။ ယခုမှသာ ငါသည် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ လျှို့ဝှက်နက်နဲမှု အစုံအလင်ကို လူသားအား ဖွင့်ပြပြီး၊ ငါ့အလုပ်၏ ရည်ရွယ်ချက်ကို လူသားက သိခဲ့ပြီဖြစ်သည့်အပြင် ငါ၏ လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း နားလည်ပြီဖြစ်သည်။ သူစိုးရိမ်နေသည့် ခရီးပန်းတိုင် အကြောင်းကိုလည်း ငါက လူသားကို အားလုံးပြောပြပြီး ဖြစ်သည်။ နှစ်ပေါင်း ၅၉၀၀ ကျော် ဖုံးကွယ်ထားသည့် ငါ၏လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း လူသားအတွက် ဖော်ပြပြီးဖြစ်သည်။ ယေဟောဝါက မည်သူနည်း။ မေရှိယက မည်သူနည်း။ ယေရှုက မည်သူနည်း။ ဤအရာအားလုံးကို သင်တို့ သိသင့်သည်။ ငါ၏အလုပ်သည် ဤနာမတော်များနှင့် ပတ်သက်သော အလုပ်ဖြစ်သည်။ ထိုအရာကို သင်တို့ နားလည်ပြီလော။ ငါ၏ သန့်ရှင်းသော နာမတော်ကို မည်သို့မည်ပုံ ကြေညာသင့်သနည်း။ ငါ၏ နာမတော်တစ်ခုခုအားဖြင့် ငါ့ကို ခေါ်သည့် တိုင်းနိုင်ငံများအကြား၌ ငါ၏ နာမတော်ကို မည်သို့မည်ပုံ ပျံ့နှံ့စေသင့်သနည်း။ ငါ၏အလုပ်ကို ချဲ့ထွင်နေပြီ ဖြစ်သည့်အပြင် ဤအလုပ်ကို ငါသည် တိုင်းနိုင်ငံများအားလုံး အကြား၌ အပြည့်အဝ ပျံ့နှံ့စေမည်ဖြစ်သည်။ သင်တို့၌ ငါ့အလုပ်ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သောကြောင့် ငါသည် သင်တို့ကို နိုင်ငံတိုင်း နိုင်ငံတိုင်းသို့ ပျံ့နှံ့စေရန်အတွက် ယေဟောဝါက ဣသရေလနိုင်ငံ၌ ဒါဝိဒ်၏ အမျိုးမှ သိုးထိန်းများကို ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်။ အကြောင်းမှာ နောက်ဆုံးသော ကာလ၌ ငါသည် နိုင်ငံအားလုံးကို တစ်စစီ ဖြစ်စေပြီး လူတို့ကို အသစ်တဖန် ပျံ့နှံ့စေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ငါတဖန်ပြန်လာသောအခါ၌ တိုင်းနိုင်ငံများသည် ငါ၏မီးတောက်များဖြင့် သတ်မှတ်ထားသည့် နယ်နိမိတ်များတစ်လျှောက် ပိုင်းခြားထားပြီး ဖြစ်လိမ့်မည်။ ထိုအချိန်၌ လူသားများအား ငါသည် ခြစ်ခြစ်တောက်ပူသော နေအဖြစ် ငါ့ကိုယ်ငါ အသစ်တဖန် ဖော်ပြမည်၊ သူတို့ အရင်က တစ်ခါမျှ မမြင်ဖူးသည့် သန့်ရှင်းသူအဖြစ် ငါ့ကိုယ်ငါ ထင်ထင်ရှားရှား ဖော်ပြမည်၊ ငါယေဟောဝါက ယုဒမျိုးနွယ်များ အကြား၌ တစ်ချိန်က လမ်းလျှောက်ခဲ့သလို များစွာသောတိုင်းနိုင်ငံများအကြား၌ ငါလျှောက်မည်။ ထိုအချိန်မှစ၍ ငါသည် ကမ္ဘာပေါ်၌ လူသားများ၏ အသက်တာကို ဦးဆောင်လမ်းပြမည်။ ထိုနေရာ၌ သူတို့သည် ငါ၏ ဘုန်းအသရေကို သေချာပေါက် မြင်လိမ့်မည်ဖြစ်ပြီး၊ သူတို့၏ အသက်တာ၌ လမ်းပြမည့် လေထုထဲမှ မိုးတိမ်တိုင်ကိုလည်း သေချာပေါက် မြင်လိမ့်မည်။ အကြောင်းမှာ သန့်ရှင်းသော နေရာများသို့ ငါသွားမည် ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် ငါ၏ ဖြောင့်မတ်ခြင်း နေ့ရက်ကို မြင်တွေ့လိမ့်မည်။ ထို့အပြင် ဘုန်းကြီးသော ငါ၏အသွင်သဏ္ဌာန်ကိုလည်း မြင်လိမ့်မည်။ တစ်လောကလုံးကို ငါအုပ်စိုးပြီး ငါ့သားများကို ဘုန်းအသရေထဲသို့ ခေါ်ဆောင်လာသည့် အချိန်၌ ထိုသို့ ဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိ နေရာတိုင်း၌ လူသားတို့သည် ပျပ်ဝပ်ကြလိမ့်မည်ဖြစ်ပြီး ယနေ့ ငါလုပ်ဆောင်နေသော အလုပ်၏ ကျောက်ပေါ်တွင် ငါ၏ တဲတော်ကို လူသားများအကြား၌ ခိုင်မြဲစွာ တည်ထားမည်။ လူတို့သည်လည်း ငါ့ကို ဗိမ္မာန်တော်၌ အစေခံကြလိမ့်မည်။ ညစ်ညမ်းပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းသည့် အရာများနှင့် ပြည့်နေသည့် ယဇ်ပလ္လင်ကိုလည်း ငါသည် တစ်စစီဖြစ်အောင် ဖျက်ဆီးပြီး အသစ်ပြန်လည် တည်ဆောက်မည်။ သိုးသားပေါက်များနှင့် နွားသားပေါက်များသည် မြင့်မြတ် သန့်ရှင်းသော ယဇ်ပလ္လင်ပေါ်၌ ပုံနေလိမ့်မည်။ ငါသည် ယနေ့ခေတ် ဗိမ္မာန်တော်ကို ဖြိုချပြီး အသစ်တစ်ခု တည်ဆောက်မည်။ စက်ဆုပ်ဖွယ်ကောင်းသည့်လူများနှင့် ပြည့်နေသော ယနေ့ တည်ရှိနေသည့် ဗိမ္မာန်တော်သည် ပြိုလိမ့်မည်ဖြစ်ပြီး ငါတည်ဆောက်သောဗိမ္မာန်တော်သစ်သည် ငါ့အပေါ်သစ္စာရှိသော အစေခံများနှင့် ပြည့်နေလိမ့်မည်။ ငါ၏ ဗိမ္မာန်တော်၏ ဘုန်းအသရေအတွက် သူတို့သည် တစ်ဖန်ထပြီး ငါ့ကို အစေခံကြလိမ့်မည်။ ကြီးမားသော ဘုန်းအသရေကို ငါလက်ခံရရှိသော နေ့ကို သင်တို့ သေချာပေါက် မြင်လိမ့်မည်ဖြစ်ပြီး ဗိမ္မာန်တော်ကို ဖြိုချပြီး အသစ်ပြန်လည် တည်ဆောက်သည့် နေ့ကိုလည်း သင်တို့ သေချာပေါက် မြင်လိမ့်မည်။ ထို့အပြင် လူသားတို့၏ ကမ္ဘာသို့ ငါ၏တဲတော် ရောက်လာသည်ကိုလည်း သင်တို့ သေချာပေါက် မြင်တွေ့ကြလိမ့်မည်။ ငါသည် ဗိမ္မာန်တော်ကို ဖြိုသောအချိန်၌ လူသားတို့၏ ကမ္ဘာသို့ ငါ၏ တဲတော်ကိုလည်း ယူဆောင်လာမည်၊ ငါ၏ကြွဆင်းလာခြင်းကို သူတို့ မြင်ရချိန်၌ပင် ဖြစ်မည်။ ငါသည် တိုင်းနိုင်ငံအားလုံးကို ဖျက်ဆီးပြီးနောက် ယင်းတို့ကို အသစ်တဖန် အတူတကွ စုစည်းပြီးနောက် ငါ၏ဗိမ္မာန်တော်ကို တည်ဆောက်ပြီး ငါ၏ ယဇ်ပလ္လင်ကို တည်မည်။ လူသားများအားလုံး ငါ့ထံ ပူဇော်သက္ကာများကို ဆက်ကပ်နိုင်ဖို့၊ ငါ၏ ဗိမ္မာန်တော်၌ ငါ့ကို အစေခံနိုင်ဖို့နှင့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ၌ ငါ၏အလုပ်အတွက် သူတို့ကိုယ်သူတို့ သစ္စာရှိစွာ ဆက်ကပ်နိုင်စေဖို့ ဖြစ်သည်။ သူတို့သည် ယနေ့ခေတ် ဣသရေလ လူမျိုးများကဲ့သို့ ဖြစ်လိမ့်မည်၊ ယဇ်ပုရောဟိတ် ဝတ်ရုံကို ဝတ်ပြီး သရဖူကို ဆောင်းထားလိမ့်မည်၊ သူတို့အကြား၌ ငါ ယေဟောဝါ၏ ဘုန်းတန်ခိုးသည်လည်း ရှိနေလိမ့်မည်ဖြစ်ပြီး ငါ၏ ကြီးမြတ်သော ဘုန်းအာနုဘော်သည် သူတို့အပေါ်၌သာမက သူတို့ အကြား၌လည်း ရှိနေလိမ့်မည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများရှိ ငါ၏ အလုပ်ကိုလည်း ငါသည် ဤသို့ လုပ်ဆောင်မည် ဖြစ်သည်။ ဣသရေလနိုင်ငံအကြား၌ ငါ၏အလုပ်ကဲ့သို့၊ ငါ၏အလုပ်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌လည်း ဖြစ်လိမ့်မည်။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံ၌ ငါ၏အလုပ်ကို ချဲ့ထွင်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံ ပျံ့နှံ့စေမည့်အတွက်ကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၁၉)

ဤအချိန်သည် ကြီးမားသော အမှုများကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်ချိန် ဖြစ်သည်။ ထိုထက်ပို၍ပင် ဤအချိန်သည် ဖန်ဆင်းခံအားလုံးကို တစ်ဦးချင်း ယင်းတို့သက်ဆိုင်ရာ အုပ်စုအလိုက် ငါခွဲခြားချိန် ဖြစ်သည်။ ငါ၏ အလုပ် သာ၍ လျင်မြန်ထိရောက်စွာ ရှေ့ဆက်နိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်၏ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဆက်ကပ်ရန်အပြင် သင်၌ ငါလုပ်ဆောင်ခဲ့သမျှကို သင်သည် ရှင်းရှင်းလင်းလင်း ထိုးထွင်းနားလည်ကာ သေသေချာချာ သိရန်နှင့် ငါ့အလုပ် ပိုမိုထိရောက်စေရန်အတွက် သင့်ခွန်အား အားလုံးကို အသုံးပြုရန် ဖြစ်ဆဲဖြစ်သည်။ သင်နားလည်ရမည်ကား ဤအချက် ဖြစ်သည်။ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကို ရှာဖွေခြင်း၊ သို့မဟုတ် ဇာတိဆိုင်ရာ သက်သာမှုများ ရှာဖွေခြင်းကို ရပ်တန့်လော့။ ယင်းတို့သည် ငါ၏အလုပ်ကို နှောင့်နှေးစေမည့်အပြင် သင်၏ အံ့သြဖွယ် အနာဂတ်ကို နှောင့်နှေး စေမည့် အရာများဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် သင့်ကို အကာအကွယ် လုံးဝမပေးနိုင်သည့်အပြင် သင့်ကို ပျက်စီးစေမည် ဖြစ်သည်။ ယင်းသည် သင်မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင်လောဘတကြီး မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး၊ ယနေ့သင် ခံစားနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိရမည်၊ ယင်းသည် သင့်ကိုယ်သင် လွတ်မြောက်စေရာ၌ အခက်တွေ့မည့် ဖြားယောင်းသွေးဆောင်မှုများ၏ သားကောင် ဖြစ်ခြင်းမှ ရှောင်ရှားရန်နှင့် ထူထပ်သည့်မြူထဲ၌ စမ်းတဝါးဝါးဖြစ်ပြီး နေကို မမြင်နိုင်ခြင်းအား ရှောင်ရှားရန်အလို့ငှာ ဖြစ်သည်။ ထူထပ်သည့်မြူ ရှင်းသွားသောအခါမှ ကြီးမြတ်သည့်နေ့၏ တရားစီရင်ခြင်း အလယ်၌ သင်ရောက်နေသည်ကို သင်တွေ့မည် ဖြစ်သည်။ ထိုအချိန်အရောက်တွင် ငါ၏ နေ့ရက်သည် လူသားမျိုးနွယ်ထံ ချဉ်းကပ်နေလိမ့်မည်။ ငါ၏တရားစီရင်မှုမှ သင်မည်သို့ လွတ်မြောက်မည်နည်း။ ခြစ်ခြစ်တောက်ပူသည့် နေ၏ဒဏ်ကို သင်မည်သို့ ခံနိုင်မည်နည်း။ ငါ၏ အလျှံပယ် ကြွယ်ဝခြင်းအား လူသားကို ပေးသောအခါ၌ သူသည် ယင်းကို မြတ်မြတ်နိုးနိုး ရင်ဝယ်ပိုက်ထားခြင်း မရှိဘဲ၊ မည်သူမျှ သတိမထားမိမည့် နေရာသို့ စွန့်ပစ်လိုက်သည်။ လူသားအပေါ် ငါ၏ နေ့ရက် ကျရောက်သော အခါ၌ သူသည် ငါ၏ အလျှံပယ် ကြွယ်ဝခြင်းကို တွေ့ရနိုင်တော့မည် မဟုတ်ပေ၊ သို့တည်းမဟုတ် တစ်ချိန်က သူ့ကို ငါပြောခဲ့သည့် ခါးသီးဖွယ် သမ္မာတရား စကားများကို တွေ့ရှိနိုင်တော့မည် မဟုတ်ပေ။ သူသည် အလင်း၏ တောက်ပမှုကို ဆုံးရှုံးပြီး အမှောင်ထဲသို့ ကျခဲ့သောကြောင့် ငိုကြွေး မြည်တမ်းလိမ့်မည်။ သင်တို့ ယနေ့တွေ့ရသော အရာသည် ငါ၏နှုတ်မှ ထက်သော ဓားသာ ဖြစ်သည်။ ငါ၏လက်ထဲ၌ရှိသော တုတ်ကို သော်လည်းကောင်း လူသားကို ငါလောင်ကျွမ်းစေသည့် မီးကို သော်လည်းကောင်း သင်တို့ မမြင်ရသေးပေ။ ထို့ကြောင့် သင်တို့သည် ငါ၏ ရှေ့မှောက်၌ မောက်မာနေဆဲ၊ စောင့်စည်းမှု မရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ငါ၏ အိမ်တော်၌ သင်တို့သည် ငါ့နှုတ်ဖြင့် မြွက်ခဲ့သည့်အရာကို လူသား၏လျှာကိုသုံးပြီး အငြင်းပွားလျက် ငါနှင့် တိုက်ခိုက်နေဆဲဖြစ်သည်။ လူသားသည် ငါ့ကို ကြောက်ရွံ့ခြင်းမရှိ၊ ယနေ့တိုင်ငါ့ကို ရန်တွေ့နေသော်လည်း သူသည် ကြောက်ရွံ့ခြင်း လုံးဝမရှိပေ။ သင်တို့၏ နှုတ်များ၌ မဖြောင့်မတ်သော လျှာများ၊ သွားများ ရှိကြသည်။ သင်တို့၏ စကားများနှင့် လုပ်ဆောင်သော အရာများသည် ဧဝကို အပြစ်လုပ်အောင် သွေးဆောင်ခဲ့သည့် မြွေ၏ လုပ်ရပ်များကဲ့သို့ ဖြစ်သည်။ သင်တို့သည် တစ်ယောက်ကို တစ်ယောက် မျက်လုံးတစ်လုံးဖျက်လျှင် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းချိုးလျှင် သွားတစ်ချောင်းဆိုပြီး တောင်းဆိုပြီး၊ ငါ၏ မျက်မှောက်၌ နေရာရဖို့၊ ကျော်ကြားဖို့၊ အမြတ်ရဖို့အတွက် သင်တို့သည် တစ်ယောက်ထံမှ တစ်ယောက် လုယူရန် အပြင်းအထန် ကြိုးပမ်းကြသည်။ သို့သော် သင်တို့ ပြောသောစကားများနှင့် သင်တို့၏ လုပ်ရပ်များကို ငါတိတ်တဆိတ် စောင့်ကြည့်နေကြောင်းကို သင်တို့ မသိကြ။ သင်တို့ ငါ့မျက်မှောက်သို့ မလာခင်၌ပင် ငါသည် သင်တို့နှလုံးသားများကို အောက်ခြေအထိတိုင်အောင် ကောင်းစွာ နားလည်ပြီး ဖြစ်သည်။ လူသားသည် အစဉ်သဖြင့် ငါ့လက်၏ ဆုပ်ကိုင်ခြင်းမှ ရုန်းထွက်လိုကြပြီး ငါ့ မျက်စိ၏ စောင့်ကြည့်ခြင်း မှလည်း ရှောင်ထွက်လိုကြသည်။ သို့သော် ငါမူကား သူပြောသော စကားများနှင့် သူလုပ်သော အရာများကို တစ်ကြိမ်တစ်ခါမျှ မရှောင်ခဲ့ပေ။ ထိုသို့ရှောင်မည့်အစား လူသား၏ မဖြောင့်မတ်မှုကို ပြစ်တင်ဆုံးမပြီး သူ၏ပုန်ကန်ခြင်းကို တရားစီရင်ရန်အတွက် သူပြောသောစကားများနှင့် သူလုပ်သော အရာများကို ငါ့မျက်စိအတွင်း ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စေခဲ့သည်။ ထို့ကြောင့် သူလျှို့ဝှက်စွာ ပြောဆိုခဲ့သည့် စကားနှင့် လျှို့ဝှက်စွာ လုပ်ခဲ့သည့် အရာများသည် ငါ၏ တရားစီရင်သည့် ပလ္လင်ရှေ့၌ အစဉ် ရှိနေပြီး၊ လူသား၏ ပုန်ကန်မှုသည် လွန်ကဲလှသောကြောင့် ငါ၏ တရားစီရင်ခြင်းသည် လူသားထံမှ မည်သည့်အခါမျှ ထွက်ခွာသွားခြင်း မရှိပေ။ ငါ၏အလုပ်သည် ငါ၏ ဝိညာဉ်ရှေ့၌ လူသား ပြောဆိုခဲ့သည့်စကားများ၊ လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များကို လောင်ကျွမ်းစေပြီး သန့်ရှင်းစေဖို့ ဖြစ်သည်။ ဤနည်းအားဖြင့်က ဤကမ္ဘာမှ ငါထွက်ခွာသောအခါ လူတို့သည် ငါ့အပေါ် ဆက်လက် သစ္စာရှိနေမည် ဖြစ်သည်။ ငါ၏အလုပ်အတွက် ငါ၏ သန့်ရှင်းသော အစေခံများအဖြစ် ငါ့ကို ဆက်လက် အစေခံဦးမည်ဖြစ်ပြီး ဤကမ္ဘာရှိ ငါ၏အလုပ် ပြီးသည့်နေ့ အထိ ဆက်လုပ်စေမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဤနည်းအားဖြင့်” ဆိုသည့် စကားစု မပါဝင်ပါ။


ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၂၀)

ဘုရားသခင်သည် ဤလူစုတွင် မည်သည့်အမှု ပြီးမြောက်စေမည်ကို သင်တို့ တွေ့မြင်ပြီးကြပြီလော။ အနှစ်တစ်ထောင် နိုင်ငံတော်ထဲ၌တွင်ပင် လူများသည် သူ၏ မိန့်မြွက်ချက်များကို ရှေ့ဆက်လိုက်လျှောက်ကြရဦးမည်ဖြစ်ပြီး၊ အနာဂတ်တွင် ဘုရားသခင်၏ မိန့်မြွက်ချက်များသည် ကောင်းသော ခါနန်ပြည်ထဲတွင် လူ့အသက်တာကို တိုက်ရိုက် လမ်းပြလိမ့်ဦးမည်ဖြစ်သည်ဟု ဘုရားသခင်သည် တစ်ခါက ပြောဆိုခဲ့သည်။ မောရှေသည် တောထဲ၌ ရှိခဲ့ချိန်တွင်၊ ဘုရားသခင်က သူ့ကို တိုက်ရိုက်လမ်းညွှန်ပြီး စကားပြောခဲ့သည်။ ဘုရားသခင်သည် လူတို့ မွေ့လျော်ဖို့ အစားအစာ၊ ရေနှင့် မန္နမုန့်များကို ကောင်းကင်မှ ပို့ပေးခဲ့ပြီး၊ ယနေ့တွင် ထိုသို့ ဖြစ်နေဆဲဖြစ်သည်- ဘုရားသခင်သည် လူတို့ မွေ့လျော်ရန် စားဖို့၊ သောက်ဖို့ အရာများကို ကိုယ်တိုင်ကိုယ်ကျ ချပေးဆဲဖြစ်ပြီး၊ လူတို့ကို ပြစ်တင်ဆုံးမရန် ကျိန်ခြင်းအမင်္ဂလာများကို ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ပြီးဖြစ်သည်။ ထို့ကြောင့် သူ့အမှု၏ အဆင့်တိုင်းသည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ယနေ့တွင် လူများသည် ဖြစ်ရပ်မှန်များ၏ အဖြစ်အပျက်ကို ရှာဖွေကြသည်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို ၎င်းတို့ ရှာဖွေကြပြီး၊ ဘုရားသခင်၏အမှုသည် တိုး၍တိုး၍ လက်တွေ့ကျလာနေသည့်အတွက်၊ ထိုသို့သောလူများ အားလုံး ပစ်ပယ်ခံရဖို့ ဖြစ်နိုင်ပေသည်။ ဘုရားသခင်သည် ကောင်းကင်မှ ဆင်းကြွပြီး ဖြစ်သည်ကို မည်သူမျှ မသိကြပေ၊ ဘုရားသခင်သည် အစားအစာနှင့် အားဆေးများကို ကောင်းကင်မှ ချပေးပြီးသည်ကိုလည်း ၎င်းတို့ မသိကြပေ- သို့သော် ဘုရားသခင် အမှန်တကယ် တည်ရှိပြီး၊ လူများ စိတ်ကူးကြသည့် အနှစ်တစ်ထောင် နိုင်ငံတော်နှင့် ပတ်သက်သည့် စေ့ဆော်သော မြင်ကွင်းများသည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ချက်များ ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး ဤအရာကိုသာလျှင် ကမ္ဘာမြေပေါ်၌ ဘုရားသခင်နှင့် အတူ အုပ်စိုးခြင်းဟု ခေါ်ပေသည်။ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်နှင့် အတူ အုပ်စိုးခြင်းသည် လူ့ဇာတိကို ရည်ညွှန်းပေသည်။ လူ့ဇာတိနှင့် မသက်ဆိုင်သောအရာသည် ကမ္ဘာမြေပေါ်တွင် မတည်ရှိပေ၊ ထို့ကြောင့် တတိယ ကောင်းကင်ဘုံသို့ သွားခြင်းအပေါ် အာရုံစိုက်သော သူအားလုံးသည် အချည်းနှီး ထိုသို့ လုပ်ဆောင်ကြပေသည်။ တစ်နေ့တွင်၊ စကြဝဠာတစ်ခုလုံး ဘုရားသခင်ထံ ပြန်လာသောအခါတွင်၊ အာကာသတစ်လျှောက်လုံး သူ၏ အမှု ဗဟိုသည် သူ၏ မိန့်မြွက်ချက်များနောက်ကို လိုက်လိမ့်မည်။ အခြားတစ်နေရာရာတွင်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ရရှိဖို့ အချို့လူများက ဖုန်းကို အသုံးပြုကြလိမ့်မည်၊ အချို့က လေယာဉ်ပျံ စီးကြလိမ့်မည်၊ အချို့က ပင်လယ်ဖြတ်ကာ လှေစီးကြလိမ့်မည်ဖြစ်ပြီး၊ အချို့သည် လေဆာကို အသုံးပြုကြလိမ့်မည်။ အယောက်တိုင်းသည် ချစ်ခင်ကြင်နာ ကြလိမ့်မည်ဖြစ်ပြီး၊ တမ်းတခြင်းနှင့် ပြည့်ကြလိမ့်မည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ဆီသို့ တိုးဝင်ချဉ်းကပ်လာကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ဆီသို့ စုရုံးကြလိမ့်မည်ဖြစ်ကာ အားလုံးသည် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်- ပြီးလျှင် ဤအရာ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်လိမ့်မည်။ ဤအရာကို အောက်မေ့လော့။ ဘုရားသခင်သည် အခြား တစ်နေရာရာ၌ နောက်တစ်ဖန် ဧကန်မုချ မည်သည့်အခါတွင်မျှ စတင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအချက်အား ပြီးမြောက်စေမည် ဖြစ်သည်- သူသည် စကြဝဠာ တစ်လျှောက်လုံးရှိ လူအားလုံးကို သူ့ရှေ့မှောက်သို့ လာစေကာ ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေလိမ့်မည်ဖြစ်ပြီး၊ အခြားနေရာများရှိ သူ၏ အမှုသည် ရပ်စဲလိမ့်မည်ဖြစ်ကာ လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ယင်းသည် ယောသပ်ကဲ့သို့ ဖြစ်လိမ့်မည်- သူ့ထံ၌ စားစရာများ ရှိသည့်အတွက်၊ အယောက်တိုင်းသည် အစားအစာအတွက် သူ့ထံလာကြပြီး သူ့ရှေ့၌ ဦးညွှတ်ကြသည်။ ငတ်မွတ်ခေါင်းပါးခြင်းကို ရှောင်ရှားဖို့ရန်အလို့ငှာ၊ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင် တစ်ပါးတည်းသာ အသက်စမ်းရေတွင်း ဖြစ်သည်၊ လူ၏ မွေ့လျော်မှုအတွက် ထောက်ပံ့သည့် အစဉ်စီးဆင်းသော စမ်းရေတွင်းကို ပိုင်ဆိုင်ကာ လူများသည် သူ့ထံလာပြီး မှီခိုကြလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ထုတ်ဖော်ပြခံရကာ ဘုရားသခင် ဘုန်းအသရေရရှိသည့် အချိန် ဖြစ်လိမ့်မည်။ စကြဝဠာ တစ်လျှောက်ရှိ လူအားလုံးသည် ဤသာမည “လူသား” ကို ကိုးကွယ် ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက် ဖြစ်လိမ့်မည် မဟုတ်ပေလော။ တစ်နေ့တွင်၊ အသက်ကြီးသော သင်းအုပ်ဆရာများသည် အသက်စမ်းရေတွင်းမှ ရေကိုရှာဖွေရင်း ကြေးနန်းများ ပေးပို့ကြလိမ့်မည်။ ၎င်းတို့သည် အသက်အရွယ်ကြီးရင့် ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့ အထင်အမြင်သေးခဲ့ကြသည့် ဤလူကို ကိုးကွယ်ဖို့ လာကြလိမ့်ဦးမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ နှုတ်များဖြင့် သူ့ကို ဝန်ခံကြလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ စိတ်နှလုံးများဖြင့် သူ့ကို ကိုးစားကြလိမ့်မည်ဖြစ်သည်- ဤသည်မှာ နိမိတ်လက္ခဏာတစ်ခုနှင့် အဖွယ်ရာတစ်ခု ဖြစ်သည် မဟုတ်လော။ နိုင်ငံတော်တစ်ခုလုံး ဝမ်းမြောက်သည့် အချိန်သည် ဘုရားသခင် ဘုန်းအသရေနေ့ရက် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်တို့ထံလာပြီး ဘုရားသခင်၏ သတင်းကောင်းကို ရရှိသူမည်သူမဆို ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည်။ ပြီးလျှင် ထိုသို့လုပ်ဆောင်သော နိုင်ငံများနှင့် လူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းနှင့် ဂရုစိုက်ခြင်းကို ခံရကြလိမ့်မည်။ အနာဂတ် ဦးတည်ချက်များက ထိုသို့ ဖြစ်လိမ့်မည်- ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို ရရှိသူများသည် ကမ္ဘာမြေပေါ်၌ လျှောက်လှမ်းဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး စီးပွားရေးသမားများဖြစ်စေ၊ သိပ္ပံပညာရှင်များဖြစ်စေ၊ ပညာသင်ကြားပေးသူများဖြစ်စေ၊ စက်မှုလုပ်ငန်းရှင်များဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိသောသူတို့သည် ခြေလှမ်းတစ်လှမ်း လှမ်းဖို့ပင် ခက်ခဲသည့်အချိန် ရှိလိမ့်မည်ဖြစ်ပြီး၊ မှန်ကန်သော လမ်းခရီးကို ရှာဖွေဖို့ တွန်းအားပေးခံရလိမ့်မည်။ ဤသည်မှာ၊ “သမ္မာတရားနှင့်အတူ လောကတစ်ခွင်လုံးကို သင် လျှောက်လှမ်းလိမ့်မည်၊ သမ္မာတရား မရှိပါက၊ မည်သည့်နေရာကိုမျှ ရောက်မည်မဟုတ်။” ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အမှန်တရားများမှာ ဤသို့ဖြစ်သည်- ဘုရားသခင်မှာ စကြဝဠာ တစ်ဝှမ်းလုံးကို ကွပ်ကဲဖို့နှင့် လူသားမျိုးနွယ်ကို အုပ်စိုးကာ သိမ်းပိုက်ဖို့ရန် လမ်းခရီးကို (သူ၏နှုတ်ကပတ်တော် အားလုံးကို ဆိုလိုသည်) အသုံးပြုမည် ဖြစ်သည်။ လူသားများသည် ဘုရားသခင်၏ အမှုပြုခြင်း နည်းလမ်းများဖြင့် ကြီးမားသော အလှည့်အပြောင်းတစ်ခုကို အမြဲမျှော်လင့်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင်၊ လူတို့ကို ဘုရားသခင် ထိန်းချုပ်သည်မှာ နှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်ပြီး၊ သင်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူပြောသည့်အရာကို သင်လုပ်ဆောင်ရမည် ဖြစ်သည်။ ဤသည်မှာ ဓမ္မဓိဌာန်ကျသော အချက်တစ်ချက်ဖြစ်ပြီး အားလုံး နာခံရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည်လည်း အားလုံးက ရှောင်လွဲ၍မရသကဲ့သို့ သိရှိထားသည့်အရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၂၁)

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မရေမတွက်နိုင်သော အိမ်များအလယ် ပျံ့နှံ့လိမ့်မည်၊ ၎င်းတို့ကို အားလုံးက သိရှိလာကြလိမ့်မည်၊ ထိုအခါမှသာ သူ၏ အမှုသည် စကြဝဠာတစ်လျှောက်လုံးသို့ ပျံ့နှံ့သွားလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမှုသည် စကြဝဠာတစ်ခွင်လုံးတစ်လျှောက် ပျံ့နှံ့ဖို့ရန်ဆိုပါက၊ သူ၏ နှုတ်ကပတ်တော်များ ပျံ့နှံ့ရမည် ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မိမိတို့၏တန်ခိုးနှင့် ဩဇာအာဏာကို ပြသလိမ့်မည်။ ရှေးအတီတေမှ ယနေ့တိုင် သူ၏ နှုတ်ကပတ်တော် တစ်ခွန်းစီတိုင်းသည် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး အမှန်တကယ် ဖြစ်လာလိမ့်မည်။ ဤနည်းဖြင့်၊ ဘုန်းအသရေသည် ကမ္ဘာမြေပေါ်တွင် ဘုရားသခင်အဖို့ ဖြစ်လိမ့်မည်- ယင်းမှာ သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာမြေပေါ် အုပ်စိုးလိမ့်မည်ဟု ဆိုရပေမည်။ ဆိုးယုတ်သောသူ အားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ခံရကြလိမ့်မည်၊ ဖြောင့်မတ်သော သူအားလုံးသည် သူ၏နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များအားဖြင့် တည်ထောင်ခြင်းကို ခံရပြီး၊ ပြည့်စုံစေခြင်း ခံရလိမ့်မည်။ သူသည် မည်သည့် နိမိတ်လက္ခဏာ သို့မဟုတ် မည်သည့်အံ့ဖွယ်ရာကိုမျှ ထင်ရှားစေမည်မဟုတ်။ အရာအားလုံးသည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များသည် အမှန်တရားများကို ဖြစ်ပေါ်စေလိမ့်မည်။ ကမ္ဘာပေါ်ရှိ အယောက်တိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချီးကျူးဂုဏ်ပြုကြလိမ့်မည်၊ လူကြီးဖြစ်စေ၊ ကလေးများဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ အသက်ကြီးသူဖြစ်စေ၊ အသက်ငယ်သူဖြစ်စေ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မြေကြီးပေါ်၌ လူတို့ကို ထင်ရှားစွာနှင့် အသက်ပါပါ မြင်ခွင့်ပေးရင်း လူ့ဇာတိ၌ ပေါ်ထွန်း၏။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် လူ့ဇာတိခံယူခြင်းအတွက် ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်” ဟူသောအချက်ကို အဓိကအားဖြင့် ပြည့်စုံစေဖို့ ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို (ဘုရားသခင်၏ အသံသည် ကောင်းကင်မှ တိုက်ရိုက် ထုတ်ပြန်သည့်အချိန် ဓမ္မဟောင်းကျမ်းထဲက မောရှေ၏ အချိန်ကာလကဲ့သို့ မဟုတ်ဘဲ) လူ့ဇာတိမှ ထုတ်ပြန်နိုင်ဖို့အလို့ငှာ သူ ကြွလာပြီးဖြစ်သည်။ ထို့နောက်တွင်၊ သူ၏ နှုတ်ကပတ်တော်အားလုံးသည် နှစ်တစ်ထောင် နိုင်ငံတော်ကာလအတွင်းတွင် ပြည့်စုံလိမ့်မည်၊ ထိုနှုတ်ကပတ်တော်များသည် လူများ၏ မျက်စိရှေ့တွင် မြင်တွေ့နိုင်သော အမှန်တရားများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ လူများသည် ခြားနားချက် စိုးစဉ်းမျှမရှိဘဲ မိမိတို့၏ ကိုယ်ပိုင် မျက်လုံးများကို အသုံးပြုရင်း ထိုနှုတ်ကပတ်တော်များကို ရှုမြင်ရကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူ့ဇာတိကို ခံယူခြင်းနှင့်သက်ဆိုင်သည့် အဆုံးစွန် အဓိပ္ပာယ်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် လူ့ဇာတိမှတစ်ဆင့်နှင့် နှုတ်ကပတ်တော်များ မှတစ်ဆင့် ပြီးမြောက်ခြင်းဖြစ်သည်။ ဤသည်မှာ “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်” နှင့် “လူ့ဇာတိ၌ နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်း” တို့၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာ ဝိညာဉ်တော်၏ အလိုကို ပြောနိုင်ပြီး လူ့ဇာတိ၌ရှိသော ဘုရားသခင်ကသာ ဝိညာဉ်တော် ကိုယ်စား ပြောနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ့ဇာတိခံ ဘုရားသခင်၌ ပေါ်လွင်ထင်ရှားပြီး အယောက်တိုင်းသည် ထိုနှုတ်ကပတ်တော်များ၏ လမ်းပြခြင်းခံရလေသည်။ မည်သူမျှ ကင်းလွတ်ခြင်းမရှိ၊ ၎င်းတို့အားလုံး ဤနယ်ပယ်အတွင်းတွင် တည်ရှိ၏။ ဤမိန့်မြွက်ချက်များမှသာ လူများသည် သိလာနိုင်သည်။ ဤနည်းလမ်းဖြင့် မရရှိသောသူများသည် ကောင်းကင်မှ မိန့်မြွက်ချက်များ ရရှိနိုင်သည်ဟု ၎င်းတို့ ထင်ပါက၊ စိတ်ကူးယဉ်အိပ်မက်မက်နေကြခြင်း ဖြစ်သည်။ ယင်းမှာ အားလုံးကို ယင်းအား လုံးလုံး ယုံကြည်လောက်ဖွယ် အနှစ်သာရဖြင့် ယုံကြည်စေရင်း၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ၌ ဖော်ပြထားသော ဩဇာအာဏာ ဖြစ်သည်။ ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ ကျွမ်းကျင်သူများနှင့် ဘာသာရေး သင်းအုပ်ဆရာများပင်လျှင် ဤနှုတ်ကပတ်တော်များကို မပြောဆိုနိုင်ကြပေ။ ၎င်းတို့အားလုံးသည် ထိုနှုတ်ကပတ်တော်များအောက်၌ ကျိုးနွံနာခံရမည်ဖြစ်ပြီး၊ မည်သူမျှ အခြားသော အစပြုခြင်းကို ပြုလုပ်နိုင်မည် မဟုတ်။ ဘုရားသခင်သည် စကြဝဠာကို သိမ်းပိုက်ဖို့ နှုတ်ကပတ်တော်များကို အသုံးပြုလိမ့်မည်။ သူသည် ဤအရာများကို သူ၏ လူ့ဇာတိခံ ခန္ဓာဖြင့် လုပ်ဆောင်လိမ့်မည်မဟုတ်ဘဲ၊ စကြဝဠာ တစ်ခုလုံးရှိ လူအားလုံးကို သိမ်းပိုက်ရန် လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို အသုံးပြုခြင်းမှတစ်ဆင့် လုပ်ဆောင်မည်ဖြစ်သည်။ ဤအရာသည်သာ နှုတ်ကပတ်တော် လူ့ဇာတိကို ခံယူခြင်းဖြစ်ပြီး ဤအရာသည်သာ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်ခြင်း ဖြစ်သည်။ လူသားများအဖို့ ဘုရားသခင်သည် အမှုများစွာ မလုပ်ဆောင်သေးသည့်အလား ထင်ရသော်လည်း- ဘုရားသခင်၏ သူ၏နှုတ်ကပတ်တော်များကိုသာ မိန့်မြွက်ရမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် လုံးလုံးလျားလျား ယုံကြည်လက်ခံကြလိမ့်မည် ဖြစ်ကာ အံ့ဩကြလိမ့်မည်ဖြစ်သည်။ အမှန်တရားများ မရှိဘဲနှင့်၊ လူများသည် အော်ဟစ်ကာ ပွတ်လောရိုက်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အတူ ၎င်းတို့ ဆိတ်ငြိမ်ကျသွားကြသည်။ ဤသည်မှာ ကမ္ဘာမြေပေါ်သို့ နှုတ်ကပတ်တော်၏ ရောက်ရှိခြင်း အမှန်တရားကို ပြီးမြောက်စေခြင်း ဖြစ်သည့် ဘုရားသခင်၏ ကြာရှည်တည်ဆောက်ထားသည့် အစီအစဉ်ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် ဤအမှန်တရားကို ဧကန်မုချ ပြီးမြောက်စေလိမ့်မည်။ အမှန်တွင်၊ ငါ့အတွက် ရှင်းပြန်ရန် မလိုပေ- ကမ္ဘာမြေပေါ်သို့ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာမြေပေါ်သို့ ရောက်ရှိခြင်း ဖြစ်သည်။ ကောင်းကင်မှ ဆင်းသက်သော ယေရုရှလင်မြို့သစ် ဆိုသည်မှာ လူသားအလယ် အသက်ရှင်ဖို့၊ လူ၏ လုပ်ရပ်တိုင်းနှင့် သူ၏ အတွင်းကျကျ အတွေးများအားလုံးကို အဖော်ပြုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရောက်ရှိလာခြင်း ဖြစ်သည်။ ဤသည်မှာလည်း ဘုရားသခင် ပြီးမြောက်စေမည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤသည်မှာ အနှစ်တစ်ထောင် နိုင်ငံတော်၏အလှတရား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ချမှတ်ထားသော အစီအစဉ် ဖြစ်သည်- သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာပေါ်တွင် နှစ်တစ်ထောင်ကြာ ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သူ၏ လုပ်ဆောင်ချက်များ အားလုံးကို ထင်ရှားစေမည်ဖြစ်ကာ သူ၏ အမှုအားလုံးကို ပြည့်စုံစေမည်ဖြစ်သည်၊ ထို့နောက်တွင် လူသားမျိုးနွယ်၏ ဤအဆင့်သည် အဆုံးသတ်ဖို့ ရောက်လာလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၂၂)

သိနိမ်ပြည်သည် မြေကြီးပေါ်၌ အကောင်အထည် ပေါ်လာသည့်အခါတွင်- နိုင်ငံတော် အကောင်အထည် ပေါ်လာသည့်အခါတွင်- ကမ္ဘာမြေပေါ်တွင် စစ်မက်ရှိတော့မည် မဟုတ်။ ငတ်မွတ်ခြင်း၊ ကပ်ဆိုးများနှင့် မြေငလျင်များ နောက်ထပ် မည်သည့်အခါမျှ ရှိတော့မည် မဟုတ်ပေ။ လူတို့သည် လက်နက်များထုတ်လုပ်မှုကို ရပ်စဲကြလိမ့်မည် ဖြစ်သည်။ အားလုံးသည် ငြိမ်းချမ်းခြင်းနှင့် တည်ငြိမ်ခြင်းတွင် အသက်ရှင်ကြလိမ့်မည်။ ပြီးလျှင် လူတို့ကြားတွင် ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည် ဖြစ်ပြီး၊ နိုင်ငံများကြားတွင် ပုံမှန်ဆက်ဆံရေးများ ရှိကြလိမ့်မည်။ သို့ရာတွင် ပစ္စုပ္ပန်သည် ဤအရာနှင့် နှိုင်းယှဉ်၍မရပေ။ ကောင်းကင်အောက် အရာခပ်သိမ်းသည် ပရမ်းပတာ ဖြစ်နေပြီး၊ နိုင်ငံအသီးသီးတွင် အာဏာသိမ်းမှုများ တဖြည်းဖြည်း စတင် ပေါ်ပေါက်နေကြ၏။ ဘုရားသခင်၏ မိန့်မြွက်ချက်များ နောက်ပိုင်းတွင်၊ လူတို့သည် တဖြည်းဖြည်း ပြောင်းလဲနေပြီး၊ နိုင်ငံတိုင်းသည် အတွင်းတွင် တဖြည်းဖြည်း အစိတ်စိတ်အမွှာမွှာ ခွဲခြင်းခံနေရ၏။ ဗာဗုလုန်၏ ခိုင်မြဲသော အုတ်မြစ်များသည် သဲပေါ်က ရဲတိုက်တစ်ခုကဲ့သို့ စတင်လှုပ်ခတ်ကာ ဘုရားသခင်၏ အလို ပြောင်းလဲသည်နှင့်အမျှ လောကတွင် သတိမထားမိသည့် မြောက်မြားစွာသော အပြောင်းအလဲများ ဖြစ်ပွားပြီး၊ နိမိတ်လက္ခဏာမျိုးစုံတို့သည် ကမ္ဘာလောက၏ နောက်ဆုံးသော နေ့ရက် ရောက်ရှိပြီဖြစ်သည်ကို ပြသလျက် အချိန်မရွေး ထွက်ပေါ်လေသည်။ ဤသည်မှာ ဘုရားသခင်၏အစီအစဉ်ဖြစ်၏၊ ဤသည်တို့သည် သူအမှုပြုသည့် အဆင့်များဖြစ်ပြီး၊ နိုင်ငံအသီးသီးသည် အစိတ်စိတ်အပိုင်းပိုင်း ခွဲခံရမည်မှာ သေချာ၏၊ အိုဟောင်းသော သောဒုံမြို့သည် ဒုတိယအကြိမ် အမြစ်ပြတ်ချေမှုန်းခံရမည်ဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်က၊ “ကမ္ဘာလောကသည် ပြိုလဲနေပေပြီ။ ဗာဗုလုန်သည် တုံ့ဆိုင်းခြင်းတွင် ရှိ၏။” ဟု ပြောခြင်းဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍ မည်သူမျှ ဤအရာကို အပြည့်အဝ နားလည်နိုင်စွမ်း မရှိပေ။ စင်စစ်အားဖြင့်၊ လူတို့၏အသိတွင် အကန့်အသတ် ရှိပေ၏။ ဥပမာအားဖြင့်၊ ပြည်ထဲရေးဝန်ကြီးများသည် လက်ရှိအခြေအနေများမှာ မတည်ငြိမ်သကဲ့သို့၊ ပရမ်းပတာဖြစ်နေသည်ကို သိနိုင်မည်ဖြစ်သော်လည်း၊ ၎င်းတို့ကို ဖော်ထုတ်ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့ ဂုဏ်ယူဝင့်ကြွားနိုင်မည့်နေ့ရက်၊ မြေတစ်ပြင်လုံးကို ထွန်းလင်းကာ ဤအရေးကိစ္စများ၏ စိတ်ပျက်စရာကောင်းသည့် အခြေအနေများကို ပြောင်းလဲပေးရင်း၊ အရှေ့အရပ်မှ နောက်တစ်ဖန် နေထွက်လာမည့် နေ့ရက်ကို ၎င်းတို့၏စိတ်နှလုံးတွင် မျှော်လင့်နေလျက်၊ ရေစီးအတိုင်းသာ လိုက်သွားနိုင်ကြ၏။ သို့ရာတွင် ဒုတိယအကြိမ် နေထွက်လာသည့်အခါ၊ ယင်း၏ ပေါ်ထွက်မှုသည် စနစ်ဟောင်းကို ပြန်လည်ဖော်ထုတ်ရန် မရည်ရွယ်သည်ကို ၎င်းတို့ မသိကြပေ- ယင်းသည် နိုးထလာခြင်း၊ မခြွင်းမချန်ပြောင်းလဲမှု ဖြစ်ပေသည်။ ယင်းမှာ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ အစီအစဉ် ဖြစ်၏။ သူသည် ကမ္ဘာသစ်တစ်ခုကို ဖြစ်ပေါ်စေမည်ဖြစ်သည်၊ သို့သော် အရေးအကြီးဆုံးအနေဖြင့် သူသည် ပထမဦးစွာ လူသားကို အသစ်ပြုပြင်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၂) နှင့် (၂၃)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၂၃)

ကမ္ဘာလောကတွင်၊ မြေငလျင်များသည် ကပ်ဘေး၏ အစအဦး ဖြစ်သည်။ ပထမဦးစွာ ငါသည် ကမ္ဘာလောကကို- ဆိုလိုသည်မှာ ကမ္ဘာမြေကြီးကို- ပြောင်းလဲစေပြီး၊ ထို့နောက်တွင် ကပ်ရောဂါများ နှင့် ငတ်မွတ်ခေါင်းပါးမှုများ လာသည်။ ဤသည်မှာ ငါ၏ အစီအစဉ်ဖြစ်ပြီး ဤအရာများမှာ ငါ၏ ခြေလှမ်းများ ဖြစ်ကာ၊ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ကို ပြည့်စုံစေဖို့ရန်အလို့ငှာ ငါ့အား အစေခံစေဖို့ အရာရာကို ငါ စည်းရုံးမည်။ ဤအကြောင်းကြောင့်၊ စကြဝဠာလောကတစ်ခုလုံးသည် ငါ၏ တိုက်ရိုက် စွက်ဖက်မှုပင် မရှိဘဲ၊ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ပထမအကြိမ် ငါ လူ့ဇာတိခံယူပြီး ကားတိုင်တွင် သံမှိုရိုက်ခြင်း ခံရသည့်အချိန်တွင်၊ ကမ္ဘာမြေကြီးသည် အလွန်တရာ တုန်လှုပ်ခဲ့ပြီး၊ ကမ္ဘာကုန်သည့်အခါတွင် အလားတူ ဖြစ်လိမ့်မည်။ ငါသည် လူ့ဇာတိမှ ဝိညာဉ်ရေးရာ နယ်ပယ်ထဲသို့ ဝင်ရောက်သည့် တကယ့်အခိုက်အတန့်တွင် မြေငလျင်များ စတင်လိမ့်မည်။ ဤအကြောင်းကြောင့် သားဦးများသည် ကပ်ဘေးများမှ ဆင်းရဲဒုက္ခ လုံးဝခံစားရလိမ့်မည် မဟုတ်၊ သားဦးမဟုတ်သော သူများမှာမူ ကပ်ဘေးများအလယ် ဆင်းရဲဒုက္ခ ခံစားဖို့ ချန်ရစ်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် လူသားရှုထောင့်မှ အယောက်တိုင်းသည် သားဦးများ ဖြစ်ဖို့ လိုလားလျက်ရှိပေသည်။ လူတို့၏ စိတ်ထင့်ခြင်းများတွင်၊ ဤသည်မှာ ကောင်းချီးမင်္ဂလာများ ခံစားရန်မဟုတ်ပဲ၊ ဆင်းရဲဒုက္ခကို လွတ်မြောက်ဖို့ ဖြစ်သည်။ ဤသည်မှာ အဆင်းနီသော နဂါးကြီး၏ အကြံအစည်ဖြစ်သည်။ သို့ရာတွင် ငါသည် မည်သည့်အခါမျှ သူ့ကို လွတ်မြောက်ခွင့် ပေးမည်မဟုတ်။ ငါသည် ၎င်းကို ၎င်း၏ ကိုယ်ပိုင် အကြံအစည်များဖြင့် ထာဝရ အလှည့်စားခံရဖို့၊ ငါ၏ တရားစီရင်ခြင်းကို ထာဝရ လက်ခံဖို့နှင့် ငါ၏ ကျွမ်းလောင်စေခြင်းကို ထာဝရခံရဖို့ဖြစ်စေရင်း၊ ငါ၏ ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်းကို ၎င်းအား ခံစားစေပြီးနောက် မတ်တပ်ရပ်ကာ ငါ့အား အစေခံစေမည်။ (ဤအရာက ငါ၏ သားများနှင့် ငါ၏ လူတို့ကို စုံလင်စေခြင်းအား ရည်ညွှန်းသည်။) ဤသည်မှာ အစေခံသူတို့ကို ငါ့အား ချီးမွမ်းစေခြင်း၏ စစ်မှန်သော အဓိပ္ပါယ် ဖြစ်သည်။ (ဆိုလိုသည်မှာ ငါ၏ ကြီးမြတ်သော တန်ခိုးကို ထုတ်ဖော်ဖို့ ၎င်းတို့ကို အသုံးပြုခြင်းဖြစ်သည်)။ ငါသည် အဆင်းနီသော နဂါးကြီးအား ငါ၏ နိုင်ငံတော်အတွင်း ခိုးဝင်ခွင့်ပြုလိမ့်မည် မဟုတ်သကဲ့သို့၊ ငါ့ကို ချီးမွမ်းပိုင်ခွင့် ပေးမည်မဟုတ်။ (အဘယ်ကြောင့်ဆိုသော် ၎င်းသည် မထိုက်တန်ပေ။ ဘယ်သောအခါမျှ ထိုက်တန်လိမ့်မည်မဟုတ်။) ငါသည် အဆင်းနီသော နဂါးကြီးအား ငါ့ကို ထာဝရ အစေခံစေရန်သာ လုပ်ဆောင်မည်။ ငါသည် ၎င်းကို ငါ၏ ရှေ့မှောက်တွင် ပျပ်ဝပ်ခွင့်သာပြုမည်။ (ဖျက်ဆီးခံရသောသူတို့သည် ထာဝရပြစ်ဒဏ်ခံရသော အဖြစ်တွင် ရှိသောသူတို့ထက် သာ၍ ကောင်းပေသည်။ ဖျက်ဆီးခြင်းသည် ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်း၏ ယာယီပုံစံတစ်ခုသာ ဖြစ်သော်လည်း၊ ထာဝရ ပြစ်ဒဏ်ခံရသော အဖြစ်၌ရှိသည့် လူတို့သည် ပြင်းထန်သော အပြစ်ပေးမှုများကို ထာဝရခံကြရလိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့် “ပျပ်ဝပ်သည်” ဟူသည့် စကားကို ငါအသုံးပြုပေသည်။ ဤလူတို့သည် ငါ၏ အိမ်ထဲသို့ ခိုးဝင်ပြီး ငါ၏ ကျေးဇူးတော်များစွာကို မွေ့လျော်ခံစားကြကာ၊ ငါနှင့်သက်ဆိုင်သည့် အသိပညာတစ်ချို့ကို ပိုင်ဆိုင်ကြသောကြောင့်၊ ငါသည် ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်းများကို အသုံးပြုရပေသည်။ ငါ၏ အိမ်အပြင်တွင် ရှိကြသူတို့အတွက်မူ၊ မသိနားမလည်သော သူသည် ဆင်းရဲဒုက္ခခံစားရလိမ့်မည် မဟုတ်ဟု သင် ပြောနိုင်သည်။) လူတို့၏ အယူအဆများတွင်၊ ဖျက်ဆီးခံရသော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသော အဖြစ်၌ ရှိသူများထက် ပိုဆိုးသည်ဟု ထင်ကြသော်လည်း၊ ဆန့်ကျင်ဘက်အနေဖြင့် ထာဝရ ပြစ်ဒဏ် ခံရသော အဖြစ်၌ရှိသူများသည် အစဉ်ထာဝရ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဖြစ်ပြီး ဖျက်ဆီးခံရသူတို့မှာ ဘာမျှမရှိခြင်း အဖြစ်သို့ ထာဝရ ပြန်သွားရကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၈)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၂၄)

မိုးချုန်းသံခုနစ်ချက် မြည်ဟီးသည့် အချိန်လည်းဖြစ်သည့် နိုင်ငံတော်ကိုအလေးပြုသံ မြည်ဟီးလေသောအခါ ဤအသံသည် ကောင်းကင်နှင့်မြေကြီးကို ပြင်းစွာတုန်လှုပ်စေပြီး အမြင့်ဆုံးသော ကောင်းကင်ဘုံကို လှုပ်ခါကာ လူတိုင်း၏ အသည်းညှာကို တုန်ခါစေသည်။ နိုင်ငံတော်အတွက် နိုင်ငံတော်သီချင်းသည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် တခမ်းတနား ထွက်ပေါ်လာပြီး၊ ငါသည် ထိုတိုင်းနိုင်ငံကို ဖျက်ဆီးခဲ့ပြီးနောက် ငါ၏နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီးဖြစ်ကြောင်းကို သက်သေပြသည်။ သာ၍ အရေးကြီးသည်မှာ ငါ၏နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်၌ တည်ထောင်ထားခြင်း ဖြစ်သည်။ ဤအခိုက်အတန့်တွင် ငါ၏သားများ၊ ငါ၏လူများကို ထိန်းကျောင်းစေခြင်းငှာ ငါ၏ကောင်းကင်တမန်များကို ကမ္ဘာလောကကြီး၏ တိုင်းနိုင်ငံတိုင်းဆီသို့ ငါသည် စတင်၍ စေလွှတ်နေသည်၊ ဤသည်မှာ ငါ့အမှုနောက်တစ်ဆင့်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်လည်း ဖြစ်သည်။ သို့သော်လည်း ငါသည်ကား အဆင်းနီသောနဂါးကြီး ခွေလျက် လဲလျောင်းနေရာအရပ်သို့ ကိုယ်တိုင်ကိုယ်ကျသွား၍ တိုက်ပွဲဆင်နွှဲ၏။ လူသားမျိုးနွယ်အားလုံးသည် ဇာတိပကတိ၌ရှိနေသောငါ့ကို သိလာသောအခါနှင့်‌ ဇာတိပကတိ၌ပြုသော ငါ၏လုပ်ဆောင်ချက်များကို မြင်တွေ့လာနိုင်သောအခါ အဆင်းနီသောနဂါးကြီး၏ သားရဲတွင်းသည် ပြာအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကာ ခြေရာလက်ရာ မကျန်ဘဲ ပျောက်ကွယ်သွားလိမ့်မည်။ ငါ့နိုင်ငံတော်၏ လူများအနေဖြင့် သင်တို့သည် အဆင်းနီသောနဂါးကြီးကို သင်တို့၏ အရိုးထဲမှပင် စက်ဆုပ်ရွံရှာကြသောကြောင့် သင်တို့သည် ငါ၏နှလုံးသားကို သင်တို့၏လုပ်ရပ်များဖြင့် ကျေနပ်စေရမည်ဖြစ်ပြီး ဤနည်းလမ်းအားဖြင့် နဂါးအား အရှက်ရစေရမည်။ အဆင်းနီသော နဂါးကြီးသည် မုန်းဖွယ်ကောင်းသည်ဟု သင်တို့သည် အမှန်တကယ် ခံစားရသလော။ ၎င်းမှာ နိုင်ငံတော်၏ရှင်ဘုရင်၏ ရန်သူဖြစ်သည်ဟု သင်တို့သည် အမှန်တကယ် ခံစားရသလော။ သင်တို့သည် ငါ့အတွက် ပြောင်မြောက်သော သက်သေခံချက် ပေးနိုင်သည်ဟု အမှန်တကယ် ယုံကြည်ချက် ရှိသလော။ အဆင်းနီသော နဂါးကြီးကို အနိုင်ယူနိုင်သည်ဟု သင်တို့၌ အမှန်တကယ် မိမိကိုယ်ကိုယ်ယုံကြည်ချက် ရှိသလော။ ဤသည်မှာ သင်တို့အား ငါတောင်းဆိုသော အရာပင်ဖြစ်သည်။ ငါလိုအပ်သမျှမှာ သင်တို့သည် ဤအဆင့်ကို ရောက်ရှိရန် ဖြစ်သည်၊ သင်တို့သည် ဤအရာကို လုပ်ဆောင်နိုင်မည်လော။ ဤအရာကို သင်တို့သည် စွမ်းဆောင်ရရှိနိုင်သည်ဟု သင်တို့၌ ယုံကြည်ချက် ရှိသလော။ လူတို့ လုပ်ဆောင်နိုင်စွမ်းရှိသည်မှာ အတိအကျအားဖြင့် အဘယ်အရာနည်း။ ငါကိုယ်တိုင် ယင်းအရာကို လုပ်ဆောင်လျှင် ပိုကောင်းသည် မဟုတ်လော။ အဘယ်ကြောင့် ငါသည် တိုက်ပွဲဖြစ်ပွားသော အရပ်သို့ ကိုယ်တိုင်ကိုယ်ကျ ဆင်းကြွလာသည်ဟု ငါပြောသနည်း။ ငါလိုချင်သောအရာမှာ သင်တို့၏ယုံကြည်ခြင်း ဖြစ်သည်၊ သင်တို့၏ လုပ်ဆောင်ခြင်းများ မဟုတ်။ လူတို့သည် ငါ၏နှုတ်ကပတ်တော်များကို တိုက်ရိုက်နည်းလမ်းဖြင့် လက်ခံရန် မစွမ်းနိုင်ကြဘဲ ယင်းအစား မျက်စောင်းထိုး၍သာ ကြည့်ရှုနိုင်ကြသည်။ ဤသည်က သင်တို့အား ရည်မှန်းချက်ပန်းတိုင်ကို ရရှိရန် အထောက်အကူပြုခဲ့ပြီလော။ ဤနည်းအားဖြင့် သင်တို့သည် ငါ့ကို သိကျွမ်းလာခဲ့ကြလေသလော။ အမှန်အတိုင်း ပြောရပါလျှင် ကမ္ဘာမြေကြီးပေါ်ရှိ လူသားတို့တွင် မည်သူတစ်ဦးကမျှ ငါ၏မျက်နှာကို တည့်တည့်မကြည့်နိုင်ကြ၊ မည်သူတစ်ဦးကမျှ ငါ့နှုတ်ကပတ်တော်၏ သန့်စင်၍ စစ်မှန်သော အဓိပ္ပာယ်ကို လက်ခံမရရှိနိုင်ကြ။ ထို့ကြောင့် ငါသည် ငါ၏ရည်မှန်းချက်ပန်းတိုင်များကို ရရှိရန်နှင့် လူတို့၏ နှလုံးသားများထဲတွင် ငါကိုယ်တော်တိုင်၏ စစ်မှန်သောပုံရိပ် မြဲမြံစေရန် ယခင်တစ်ခါမျှ မကြုံစဖူးသည့် စီမံကိန်းကို ကမ္ဘာမြေကြီးပေါ်၌ စတင်လုပ်ဆောင် ပြီဖြစ်သည်၊ ဤနည်းလမ်းအားဖြင့် လူတို့အပေါ် အယူအဆတို့ သြဇာညောင်းသည့် ခေတ်ကာလကို အဆုံးသတ်စေမည် ဖြစ်သည်။

ယနေ့တွင် ငါသည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံအပေါ်သို့ ဆင်းကြွလာနေသည်သာမကဘဲ၊ အမြင့်ဆုံးသော ကောင်းကင်ဘုံ တစ်ခုလုံး တုန်ခါစေလျက်၊ စကြဝဠာတစ်ခုလုံးကို မျက်နှာချင်းဆိုင်ရန်လည်း လှည့်နေ၏။ ငါ၏တရားစီရင်မှုကို မခံရသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွန်းချလိုက်သော ဘေးဒုက္ခများအောက်တွင် မတည်ရှိသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွားလေရာရာ အရပ်တိုင်းတွင် ငါသည် အမျိုးမျိုးသော “ဘေးအန္တရာယ်၏ မျိုးစေ့များ” ကို ကြဲချခဲ့သည်။ ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားကို ကယ်တင်ရန်အတွက် လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိသည့်အပြင် ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေသေးသည်။ ငါ့ကို ပို၍ပင် များပြားသောလူတို့ သိလာစေခွင့်၊ မြင်တွေ့နိုင်စေခွင့်ပြုပြီး ဤနည်းအားဖြင့် သူတို့သည် နှစ်ပေါင်းများစွာ မတွေ့မြင်နိုင်ခဲ့သော်လည်း ယခုတွင် စစ်မှန်သော ဘုရားသခင်ကို ချစ်ကြောက်လာစေရန် ငါပြုလိုသည်။ အဘယ်အကြောင်းကြောင့် ငါသည် လောကကြီးကို ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးလာပြီးနောက် အဘယ်အကြောင်းကြောင့် ငါသည် သူတို့ကို လုံးလုံးလျားလျား မသုတ်သင်ခဲ့သနည်း။ အဘယ်အကြောင်းကြောင့် လူသားမျိုးနွယ်စု တစ်ရပ်လုံးသည် ဘေးဒဏ်များအကြားတွင် နေရသနည်း။ ငါသည် လူ့ဇာတိခန္ဓာကို ယူတင်ဝတ်ဆောင်ထားခဲ့သည့် ရည်ရွယ်ချက်ကား အဘယ်နည်း။ ငါ၏အမှုကို ငါထမ်းဆောင်နေသောအခါ လူသားမျိုးနွယ်သည် ခါးသီးခြင်းအရသာကိုသာမက ချိုမြိန်ခြင်းအရသာကိုလည်း သိခဲ့ကြရသည်။ လောကကမ္ဘာကြီးပေါ်ရှိ လူများအားလုံးအနက် မည်သူသည် ငါ၏ကျေးဇူးတော်အတွင်း၌ မနေထိုင်ကြသနည်း။ အကယ်၍ လူတို့ကို ငါသည် ရုပ်ပိုင်းဆိုင်ရာကောင်းချီးများကို မအပ်နှင်းခဲ့ပါက မည်သူသည် လောကကြီးထဲတွင် အလျှံပယ် ခံစားနိုင်ခဲ့လိမ့်မည်နည်း။ ငါ၏လူများအဖြစ် သင်တို့အား နေရာယူရန် အခွင့်ပေးခြင်းမှာ ကောင်းချီးတစ်ခုများ ဖြစ်နိုင်သလော။ သင်တို့သည် ငါ၏လူများမဟုတ်ဘဲ အစေခံများသာ ဖြစ်ခဲ့သည်ဆိုပါလျှင် သင်တို့သည် ငါ၏ကောင်းချီးများအတွင်းတွင် တည်ရှိနေမည် မဟုတ်လော။ ငါ့နှုတ်ကပတ်တော်များ၏ မူလအစကို သင်တို့ထဲက မည်သူတစ်ဦးကမျှ နားလည်သဘောပေါက်ခြင်းငှာ မတတ်စွမ်းနိုင်ကြ။ လူသားမျိုးနွယ်သည် ၎င်းတို့အပေါ် ငါအပ်နှင်းခဲ့သော အမည်နာမများကို တန်ဖိုးထားရန်ဝေးစွ၊ ၎င်းတို့အထဲမှ များစွာတို့သည် “အစေခံသူများ” ဟူသော ဂုဏ်ပုဒ်ကြောင့် သူတို့၏ နှလုံးသားများထဲ၌ မကျေမချမ်းစိတ် သိုထားကြပြီး၊ များစွာတို့သည် “ငါ၏လူများ” ဟူသော ဂုဏ်ပုဒ်ကြောင့် ၎င်းတို့၏ နှလုံးသားများထဲ၌ ငါ့အတွက် ချစ်ခြင်းမေတ္တာကို ပေါက်ဖွားစေကြသည်။ ငါ့အားလှည့်ဖြားရန် မည်သူမျှ မကြိုးစားသင့်ပေ၊ ငါ၏မျက်လုံးများသည် အရာအားလုံးကို မြင်တွေ့သည်။ သင်တို့အထဲမှ မည်သူသည် လိုလားစွာနှင့် လက်ခံသနည်း၊ သင်တို့အထဲမှ မည်သူသည် နာခံခြင်းအပြည့်အဝ ရှိသနည်း။ အကယ်၍ နိုင်ငံတော်အား အလေးပြုသံ မြည်ဟီးခြင်း မရှိခဲ့ပါက သင်တို့သည် အဆုံးတိုင်အောင် နာခံခြင်းငှာ တကယ်ပင် တတ်စွမ်းနိုင်မည်လော။ လူတို့သည် အဘယ်အရာကို လုပ်နိုင်စွမ်းသည်၊ တွေးနိုင်စွမ်းသည်၊ ၎င်းတို့သည် အဘယ်ထိတိုင်အောင် သွားနိုင်သည်၊ ဤအရာအားလုံးတို့ကို ရှေးကတည်းကပင် ငါ ခွဲခန့်မှတ်သားထားခဲ့၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၂၅)

နိုင်ငံတော်အား တည်ဆောက်ခြင်းသည် တရားဝင်စတင်ပြီး ဖြစ်သည် ဆိုသည့်အချက်ရှိသော်ငြားလည်း၊ နိုင်ငံတော်အား ဂုဏ်ပြုခြင်းသည် တရားဝင် ထွက်ပေါ်ရန် လိုသေး၏။ ယခုတွင် ယင်းသည် ဖြစ်လာမည့် အရာနှင့်ဆိုင်သည့် ပရောဖက်ပြုချက် တစ်ခုသာ ဖြစ်သည်။ လူအားလုံးသည် စုံလင်စေခြင်းခံရပြီး ကမ္ဘာမြေ၏ တိုင်းနိုင်ငံအားလုံး ခရစ်တော်၏ နိုင်ငံများဖြစ်လာသောအခါ၊ ယင်းသည် မိုးချုန်းသံ ခုနှစ်ချက် မြည်ဟီးချိန် ဖြစ်လိမ့်မည်။ မျက်မှောက်ခေတ်သည် ယင်းအဆင့်ဆီသို့ ခြေလှမ်းတစ်ခု ဖြစ်သည်။ ထိုနေ့ရက်ဆီသို့ ညွှန်ကြားချက်တစ်ခုကို စေလွှတ်လိုက်ပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်ပြီး၊ မဝေးသည့် အနာဂတ်တွင် ယင်းသည် အကောင်အထည်ဖော်ခြင်း ခံရလိမ့်မည်။ သို့ရာတွင်၊ ဘုရားသခင်သည် သူမိန့်မြွက်ပြီးသော အရာအားလုံးကို ပြီးမြောက်ပြီး ဖြစ်သည်။ ထို့ကြောင့်၊ ကမ္ဘာမြေ၏ တိုင်းနိုင်ငံများသည် မြင့်မားသော ရေလှိုင်းများ နီးလာသည်နှင့်အညီ တုန်ခါနေသည့် သဲဖြင့်လုပ်ထားသော ရဲတိုက်များသာ ဖြစ်ကြသည်မှာ ရှင်းပေသည်။ နောက်ဆုံးသောနေ့ရက်သည် ကျရောက်အံ့ဆဲဆဲရှိပြီး အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အောက်တွင် လဲပြိုကျလိမ့်မည်။ သူ၏ အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ထားသည်ကို သေချာစေရန် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များသည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ အစွမ်းကုန် လုပ်ဆောင်ရင်း၊ ကမ္ဘာပေါ်သို့ သက်ဆင်းလာကြလေသည်။ လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင်သည် ရန်သူနှင့် စစ်ဆင်နွှဲရန် စစ်မြေပြင်သို့ တပ်ဖြန့်ထားပြီးဖြစ်၏။ လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းသည် ရန်သူ မျိုးဖြုတ်ခံရသည့် နေရာတစ်ခုမှ ဖြစ်သည်။ တရုတ်ပြည်သည် ဦးစွာပထမ အမြစ်ဖြတ်ချေမှုန်းခံရမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ လက်ဖြင့် သုံးမရအောင် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဘုရားသခင်သည် တရုတ်ပြည်အား လုံးဝ သနားညှာတာမည် မဟုတ်။ အဆင်းနီသော နဂါးကြီး၏ အဆင့်ဆင့် ပြိုလဲမှုသက်သေကို လူတို့၏ ဆက်လက်ရင့်ကျက်လာမှု၌ တွေ့မြင်နိုင်သည်။ ဤသည်မှာ မည်သူမဆိုအဖို့ သိသာကာ မြင်တွေ့နိုင်ပေသည်။ လူတို့၏ ရင့်ကျက်မှုသည် ရန်သူ၏ ကျဆုံးခြင်း လက္ခဏာဖြစ်သည်။ ဤသည်က “တိုက်ပွဲဆင်နွှဲသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း ရှင်းပြချက် အနည်းငယ် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏ အကျည်းတန်မှု ဖြစ်သည့် လူသားများ၏ စိတ်နှလုံးများထဲက အယူအဆများက ကိုင်စွဲသည့် အဆင့်အတန်းကို ပျက်ပြယ်စေရန်၊ ဘုရားသခင်အတွက် လှပသော သက်သေများ ခံကြရန် အချိန် အတော်များများတွင် လူတို့ကို သတိပေးပြီးဖြစ်သည်။ ဘုရားသခင်သည် လူသား၏ ယုံကြည်ခြင်းကို သက်ဝင်လှုပ်ရှားစေရန် ထိုသို့သော သတိပေးချက်များကို အသုံးပြုပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏ အမှု၌ အောင်မြင်မှုများကို စွမ်းဆောင်ရရှိသည်။ ဤသည်မှာ ဘုရားသခင်က၊ “လူတို့ လုပ်ဆောင်နိုင်စွမ်းရှိသည်မှာ အတိအကျအားဖြင့် အဘယ်အရာနည်း။ ငါကိုယ်တိုင် ယင်းအရာကို လုပ်ဆောင်လျှင် ပိုကောင်းသည် မဟုတ်လော။”ဟု ပြောပြီးသည့် အကြောင်းရင်း ဖြစ်သည်။ လူသားအားလုံးသည် ဤကဲ့သို့ ဖြစ်ကြပေသည်။ ၎င်းတို့သည် မတတ်စွမ်းနိုင်သည်သာမက၊ အလွယ်တကူလည်း စိတ်ဓာတ်ကျ့ကာ စိတ်ပျက်တတ်ကြသည်။ ဤအကြောင်းကြောင့်၊ ၎င်းတို့သည် ဘုရားသခင်ကို မသိနိုင်ကြပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းကို နိုးထစေရုံသာမက၊ သူသည် လူတို့ကို လျှို့ဝှက်စွာနှင့် စဉ်ဆက်မပြတ် ခွန်အားဖြင့်လည်း ပြည့်လျှမ်းနေစေသည်။

ဆက်လက်၍၊ ဘုရားသခင်သည် စကြဝဠာတစ်ခွင်လုံးကို စတင် စကားပြောသည်။ ဘုရားသခင်သည် သူ၏အမှုတော်အသစ်ကို တရုတ်ပြည်တွင် စတင်ပြီးဖြစ်သည်သာမက စကြဝဠာ အနှံ့အပြားတွင်လည်း သူသည် ယနေ့၏ အသစ်သောအမှုကို စတင်လုပ်ဆောင်ပြီးဖြစ်သည်။ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် သူ့အား သစ္စာဖောက်ပြီးသော လူသားများအားလုံး သူ၏ပလ္လင်ရှေ့မှောက်တွင် ကျိုးနွံနာခံဖို့ တစ်ဖန် လာကြဖို့အလို့ငှာ သူ၏ လုပ်ဆောင်ချက်များကို ကမ္ဘာလောက တစ်လျှောက် ထုတ်ဖော်ပြရန် ဆန္ဒရှိသောကြောင့်၊ ဘုရားသခင်၏ တရားစီရင်မှုသည် ဘုရားသခင်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ ပါရှိဆဲ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူသားတို့အနေဖြင့် ဘုရားသခင်၏ ရှေ့မှောက်၌ရှိဖို့ ပြန်လည်တစ်လိမ့်လိမ့် ဝင်လာနိုင်ဖို့အလို့ငှာ ဘုရားသခင်ကို ဖွေရှာဖို့ ၎င်းတို့အား လှုံ့ဆော်ရင်း၊ လူသားများကို အထိတ်တလန့်ဖြစ်စေရန်၊ ကမ္ဘာလောကတစ်လျှောက် လတ်တလော အဖြစ်အပျက်များကို အခွင့်အလမ်းများအဖြစ် အသုံးပြုလေသည်။ ထို့ကြောင့်၊ ဘုရားသခင်က၊ “ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားကို ကယ်တင်ရန်အတွက် လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိသည့်အပြင် ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေသေးသည်” ဟု ပြောပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၀)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၂၆)

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် ငါ၏အမှုကို အလုံးစုံ ဖွင့်ဟလျက် ငါ၏သြဇာအာဏာကို စွဲကိုင်သည်။ ငါ့အမှု၌ ရှိသမျှအားလုံးသည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ် ထင်ဟပ်နေသည်။ ကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်သည် ကောင်းကင်ဘုံရှိ ငါ၏လှုပ်ရှားမှုများကို မည်သည့်အခါတွင်မျှ သဘောမပေါက်နိုင်ကြသကဲ့သို့၊ ငါ့ဝိညာဉ်တော်၏ နယ်ပယ်များနှင့် လမ်းကြောင်းများကို ပြည့်စုံစေ့စပ်စွာ မတွေးဆနိုင်ကြဖူးပေ။ လူသားများ အများစုသည် ဝိညာဉ်၏ တကယ့် အခြေအနေကို နားမလည်နိုင်ဘဲ၊ ဝိညာဉ်ပြင်ပ၌ တည်ရှိသည့် အသေးအဖွဲ အချက်အလက်များကိုသာ သဘောပေါက်ကြသည်။ လူသားမျိုးနွယ်အား ငါပြုသော တောင်းဆိုမှုများသည် ကောင်းကင်ဘုံ၌ရှိသော မရေရာသည့် ငါကိုယ်တိုင်က ထုတ်ပြန်သည်မဟုတ်၊ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်၌ရှိသည့် မမှန်းဆနိုင်သော ငါကိုယ်တိုင်မှလည်း မဟုတ်ပေ။ ကမ္ဘာမြေကြီးပေါ်ရှိ လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ ငါသည် သင့်တင့်လျောက်ပတ်သော တောင်းဆိုမှုများကို ပြုသည်။ ငါသည် မည်သည့်အခါမျှ လုံးဝ အခက်အခဲ မဖြစ်စေဖူးသကဲ့သို့၊ ငါ၏ ပျော်ရွှင်မှုအတွက်နှင့် “မိမိ၏သွေးကို ညှစ်ထုတ်ခြင်း” ငှာ မည်သူကိုမျှ ငါမတောင်းဆိုဖူးပေ- ငါ၏တောင်းဆိုချက်များသည် ထိုသို့သော အခြေအနေများအထိသာ ကန့်သတ်ထားနိုင်မည်လော။ ကမ္ဘာမြေကြီးပေါ်ရှိ ဖန်ဆင်းခံသတ္တဝါ အသင်္ချေထဲတွင်၊ မည်သည့်အရာသည် ငါ၏နှုတ်၌ရှိသော နှုတ်ကပတ်တော်များ၏ စိတ်သဘောထားများကို မကျိုးနွံမနာခံသနည်း။ ဤဖန်ဆင်းခံ သတ္တဝါများထဲမှ မည်သူသည် ငါ့ရှေ့မှောက်သို့ ရောက်လာလျက် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏လောင်သော မီးတို့ဖြင့် လုံးလုံးပြာချခြင်းကို မခံရသနည်း။ ဤဖန်ဆင်းခံသတ္တဝါများထဲမှ မည်သူသည် ငါ၏ရှေ့မှောက်၌ ပလွှားသော ပီတိအဟုန်နှင့် ဝံ့ဝံ့ကြွားကြွား လျှောက်ဝံ့သနည်း။ ဤဖန်ဆင်းခံသတ္တဝါများထဲမှ မည်သူသည် ငါ့ရှေ့မှောက်တွင် ပျပ်ဝပ်ခြင်း မရှိသနည်း။ ငါသည် ဖန်ဆင်းခြင်းအပေါ် ဆိတ်ဆိတ်နေခြင်းကို ချမှတ်သော ဘုရားသခင်လော။ ဖန်ဆင်းခြင်းထဲက အသင်္ချေလှသောအရာများထဲမှ ငါ၏ရည်ရွယ်ချက်ကို ဖြည့်ဆည်းသော သူများကို ငါရွေးချယ်သည်။ လူသားမျိုးနွယ်၏ အသင်္ချေလှသော လူသားများထဲမှ၊ ငါ၏နှလုံးသားကို ဂရုစိုက်သော သူများကို ငါရွေးချယ်သည်။ ငါသည် ကြယ်များအားလုံးထဲမှ အကောင်းဆုံးကို ရွေးချယ်သည်၊ ထိုသို့ဖြင့် ငါ၏နိုင်ငံတော်သို့ မှေးမှိန်သော ဖျော့တော့တော့ အလင်းကို ထည့်လိုက်သည်။ ငါ၏ရနံ့ကို နေရာအနှံ့ ပျံ့နှံ့စေရင်း၊ ကမ္ဘာမြေပေါ် ငါ လျှောက်လှမ်းသွားပြီး၊ နေရာတိုင်းတွင် ငါ၏ပုံသဏ္ဌာန်ကို ငါ နောက်ချန်ထားရစ်သည်။ နေရာအသီးသီးသည် ငါ့အသံ၏ မြည်သံဖြင့် ပဲ့တင်ထပ်နေသည်။ လူသားမျိုးနွယ်အားလုံးသည် အတိတ်ကို အောက်မေ့ သတိရနေကြသည့်အတွက်၊ နေရာတကာရှိ လူတို့သည် ယမန်နေ့၏ လှပသောမြင်ကွင်းများအပေါ် မခွဲနိုင်မခွာရက် ဖြစ်ကြလေသည်။

လူသားမျိုးနွယ်အပေါင်းတို့သည် ငါ၏မျက်နှာကို တွေ့မြင်ရန် တောင့်တကြသော်လည်း၊ ငါသည် လူကိုယ်တိုင် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်လာသောအခါ၊ ၎င်းတို့အားလုံးသည် ငါ၏ကြွလာခြင်းကို မကြိုက်ကြသကဲ့သို့၊ ငါသည် ကောင်းကင်ဘုံရှိ လူသား၏ရန်သူ ဖြစ်ခဲ့လေသည့်အလား ၎င်းတို့အားလုံးသည် အလင်းရောက်ရှိခြင်းကို မောင်းထုတ်ကြသည်။ လူသားသည် သူ၏မျက်လုံးများထဲ၌ ခုခံကာကွယ်သော အလင်းရောင်ဖြင့် ငါ့ကိုဆီးကြိုကြသည်၊ ပြီးလျှင် ငါသည် သူ့အတွက် အခြားသော အစီအစဉ်များ ရှိမည်ကို အလွန်အမင်း ကြောက်ရွံ့လျက်၊ စဉ်ဆက်မပြတ် သတိရှိမြဲရှိနေကြလေသည်။ လူသားများသည် ငါ့ကို မရင်းနှီးသော မိတ်ဆွေအဖြစ် မှတ်ယူကြသောကြောင့်၊ ငါသည် ၎င်းတို့ကို လက်လွတ်စပယ် သတ်ပစ်ခြင်းငှာ အကြံ သိုထားသည့်အလား ခံစားကြသည်။ လူသား၏ အမြင်တွင်၊ ငါသည် သေစေနိုင်လောက်သော ရန်ဘက်တစ်ဦး ဖြစ်သည်။ ဘေးဒုက္ခအလယ်တွင် ငါ၏နွေးထွေးမှုကို မြည်းစမ်းကြရပြီး ဖြစ်သော်ငြားလည်း၊ မည်သို့ပင်ဆိုစေ လူသားသည် ငါ၏ချစ်ခြင်းမေတ္တာကို သတိမမူဘဲရှိနေပြီး ငါ့ကို တိုက်ခိုက်ခြင်းအားဖြင့် ရှောင်ခြင်းနှင့် အာခံဖီဆန်ခြင်းတို့အပေါ် အထုံဝါသနာပါဆဲ ဖြစ်သည်။ လူသားကို အရေးယူစိမ့်သောငှာ သူ၏ အခြေအနေကို အခွင့်ကောင်းယူရန် ဝေးစွ၊ ငါသည် လူသားကို ပွေ့ဖက်ခြင်း၏ နွေးထွေးမှုထဲ၌ ပွေ့ပိုက်ထားသည်၊ သူ၏နှုတ်ကို ချိုမြိန်ခြင်းဖြင့် ဖြည့်ပေးပြီး၊ သူ၏ဝမ်းဗိုက်ထဲသို့ လိုအပ်သောအစာကို ထားရှိပေး၏။ သို့သော်လည်း ငါ၏ဒေါသနှင့်ပြည့်သော အမျက်သည် တောင်များနှင့် မြစ်များကို လှုပ်ခါသောအခါ၊ လူသား၏ သူရဲဘောကြောင်မှုကြောင့် ငါသည် ဤအမျိုးမျိုးသော စောင်မမှုများကို သူ့အပေါ် အပ်နှင်းတော့မည် မဟုတ်ပေ။ ဤအချိန်တွင်၊ ငါသည် သက်ရှိအရာအားလုံးကို နောင်တရရန် အခွင့်ကို ငြင်းပယ်လျက် အမျက်ဒေါသ တိုးမည်ဖြစ်ပြီး၊ လူသားအတွက် ငါ၏ မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်ရင်း၊ သူ လုံးလုံးလျားလျား ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ငါစီရင်မည်။ ဤအချိန်တွင်၊ ဒေါသဖြင့် ပြင်းထန်သော သမုဒ္ဒရာလှိုင်းလုံးများကဲ့သို့၊ ထောင်သောင်းမျှသော တောင်များ ပြိုကျသကဲ့သို့၊ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းသည် ပြိုးပြက်ကာ မြည်ဟိန်း၏။ သူ၏ ပုန်ကန်ခြင်းအတွက်၊ လူသားသည် မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအားဖြင့် ထိုးလှဲခံရပြီး အခြားသော ဖန်ဆင်းခံ သတ္တဝါများသည် မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်း၏ ပေါက်ကွဲမှုများ၌ သုတ်သင်ပယ်ရှင်းခြင်း ခံကြရသည်၊ ပြီးလျှင် စကြဝဠာတစ်ခုလုံးသည် ပရမ်းပတာအဖြစ်သို့ ရုတ်ခြည်းဆင်းသက်သွားပြီး ဖန်ဆင်းခြင်းသည် မူလဘူတ ဇီဝအသက်ကို ပြန်လည်ရယူခြင်းငှာ မတတ်စွမ်းနိုင်။ လူသားမျိုးနွယ် အသင်္ချေ တစ်ပြုံတစ်ခေါင်းသည် မိုးချုန်းသံ၏ မြည်ဟိန်းခြင်းကို မလွတ်မြောက်နိုင်ကြပေ။ လျှပ်ပြက်ခြင်း၏ ပြိုးပြက်မှုများအလယ်၌ လူသားများသည် တောင်များမှ သွယ်ဖြာဆင်းကျလာသည့် ပြင်းထန်သည့် ရေစီးများအားဖြင့် ဖယ်ရှားခံရရန် မြန်ဆန်သော ရေစီးထဲသို့ တစ်အုပ်ပြီးတစ်အုပ် ပြိုလဲကျကုန်သည်။ ရုတ်ခနဲ “လူသားများ”၏ လောကသည် လူသား၏ “ပန်းတိုင်” နှင့်ဆိုင်သော နေရာထဲသို့ အကျုံးဝင်သွားသည်။ အလောင်းကောင်များသည် သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်တွင် ဟိုဟိုသည်သည် မျောနေကြ၏။ လူသားသည် ငါ့ဝိညာဉ်တော်၏ အနှစ်သာရကို ဆန့်ကျင်ပြစ်မှားပြီးဖြစ်ကာ သူ၏ပုန်ကန်မှုသည် ငါ့ကို ပုန်ကန်ပြစ်မှားပြီးဖြစ်သည့်အတွက်၊ လူသားမျိုးနွယ်အပေါင်းတို့သည် ငါ၏အမျက်ဒေါသကြောင့် ငါနှင့်ဝေးရာ သွားကြသည်။ သို့သော် ရေကင်းမဲ့သော အရပ်များတွင်၊ အခြားလူသားတို့သည် ရယ်မောခြင်းနှင့် သီဆိုခြင်းတို့အလယ်၌ ၎င်းတို့ကို ငါပေးသနားပြီးဖြစ်သည့် ကတိတော်များကို ပျော်မွေ့ကြဆဲဖြစ်သည်။

လူအပေါင်းတို့ တိတ်ဆိတ်သွားချိန်တွင်၊ ငါသည် ၎င်းတို့၏ မျက်စိများရှေ့တွင် ဖျော့တော့တော့ အလင်းတစ်ခုကို ထုတ်လွှတ်သည်။ ထို့နောက် ချက်ချင်း၊ လူသားများသည် စိတ်ရှင်းလာကြပြီး မျက်လုံး တောက်လာကြကာ ဆိတ်ဆိတ်နေမြဲနေဖို့ လိုလားခြင်း မရှိကြတော့ချေ။ ထို့ကြောင့် ဝိညာဉ်ရေးရာ ခံစားချက်သည် ၎င်းတို့၏ နှလုံးသားများထဲ၌ ရုတ်တရက် နှိုးဆွသွားသည်။ ဤအရာ ဖြစ်ပျက်သည်နှင့်အမျှ၊ လူသားမျိုးနွယ်အပေါင်းတို့သည် ရှင်ပြန်ထမြောက်ကြလေသည်။ ၎င်းတို့၏ ပြောမထားသည့် နာကြည်းချက်များကို ဘေးဖယ်ထားလျက်၊ လူသားအားလုံးသည် ငါကြွေးကြော်သော နှုတ်ကပတ်တော်များမှတစ်ဆင့် နောက်ထပ် ရှင်သန်ခြင်းအခွင့် ရရှိခဲ့ကြလျက်၊ ငါ့ရှေ့မှောက်သို့ လာကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားအားလုံးသည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ်တွင် နေထိုင်ရန် ဆန္ဒရှိကြသောကြောင့် ဖြစ်သည်။ သို့သော် ၎င်းတို့ထဲမှ မည်သူသည် ငါ့အတွက် အသက်ရှင်ခြင်းငှာ ရည်ရွယ်ချက် ရှိကြဖူးသနည်း။ ငါ၏ ပျော်မွေ့ခြင်းအတွက် သူပေးသည့် သူကိုယ်တိုင်ထဲက ခမ်းနားသော အရာများကို ၎င်းတို့ထဲမှ မည်သူက ဖော်ထုတ်ဖူးသနည်း။ ၎င်းတို့ထဲမှ မည်သူက ငါ၏ စွဲမက်ဖွယ် သင်းရနံ့ကို သတိပြုမိဖူးသနည်း။ လူသားများအားလုံးသည် ရိုင်းပျပြီး ယဉ်ကျေးဖွယ်ရာမရှိသော အရာများ ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် အမြင်များကို ဖမ်းစားပုံရသော်လည်း၊ လူ့စိတ်နှလုံး၏ နက်ရှိုင်းသော နေရာများတွင် ငါနှင့်သက်ဆိုင်သည့် မည်သည့် အရိပ်လက္ခဏာမျှ လုံးဝ မရှိဖူးသောကြောင့်၊ ၎င်းတို့၏ အနှစ်သာရသည် ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်ဖို့ မဟုတ်ပေ၊ လူသားသည် အလွန် ချို့တဲ့နေသည်- သူ့ကို ငါနှင့် နှိုင်းယှဉ်ခြင်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားလောက် ကြီးမားသည့် ကွာဟခက်ကို ထုတ်ဖော်ပြပုံရပေသည်။ ထိုသို့ဖြစ်လျက်ပင်၊ ငါသည် လူသား၏ အားနည်းပြီး ခုခံနိုင်စွမ်းမရှိသော နေရာများကို မတိုက်ခိုက်သကဲ့သို့၊ သူ၏ ချို့တဲ့ခြင်းများကြောင့် သူ့ကို ပြက်ရယ်လည်း မပြုပေ။ ငါ၏ လက်များသည် ကမ္ဘာမြေကြီးပေါ်၌ နှစ်များထောင်ချီ အမှုပြုပြီးဖြစ်ကာ ထိုအချိန် အတောအတွင်းတွင် ငါ၏မျက်လုံးများသည် လူသားမျိုးနွယ်အားလုံးအပေါ် စောင့်ကြည့်မြဲ စောင့်ကြည့်ပြီးဖြစ်သည်။ သို့သော် ငါသည် ကစားစရာ တစ်ခုအလား ကစားရန် လူသားတစ်ဦးတစ်ယောက်၏ အသက်ကို မည်သည့်အခါကမျှ သာမန်ကာလျှံကာ မရုပ်သိမ်းဖူးပေ။ ငါသည် လူသားခံယူပြီး ဖြစ်သည့် နာကျင်မှုများကို လေ့လာစောင့်ကြည့်ပြီး သူပေးဆပ်ပြီးဖြစ်သော အဖိုးအခကို နားလည်သည်။ သူသည် ငါ့ရှေ့၌ ရပ်သည်နှင့်အမျှ၊ ငါသည် လူသားကို ပြစ်တင်ဆုံးမရန်အလို့ငှာ သူ့ကို အံ့အားသင့်စေရန် ဆန္ဒမရှိသကဲ့သို့၊ သူ့အပေါ် မနှစ်မြို့ဖွယ်သော အရာများကို အပ်နှင်းရန်လည်း ဆန္ဒမရှိပေ။ ထိုအစား၊ ငါသည် ဤတစ်ချိန်လုံးတွင် လူသားကို ထောက်ပံ့ရုံ ထောက်ပံ့ပေးပြီးဖြစ်ကာ သူ့ကို ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် လူသား မွေ့လျော်ခံစားသော အရာအားလုံးသည် ငါ၏ကျေးဇူးတော် ဖြစ်သည်၊ ယင်းသည် ငါ၏ လက်မှလာသည့် ကြွယ်ဝခြင်းသာ ဖြစ်သည်။ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိသောကြောင့်၊ လူသားသည် ဆာလောင်မွတ်သိပ်ခြင်း၏ ညှဉ်းပန်းမှု ဒဏ်များကို မည်သည့်အခါမျှ မခံစားဖူးချေ။ ယင်းထက် ငါသည် လူသားအား သူ မွေ့လျော်ဖို့ ငါ၏လက်များထဲမှ အမှုအရာများကို လက်ခံခွင့်ပြုပြီး လူသားမျိုးနွယ်ကို ငါ၏ကောင်းချီးမင်္ဂလာများအတွင်း၌ နေထိုင်ရန် ခွင့်ပြုပေးသည်။ လူသားမျိုးနွယ်အပေါင်းတို့သည် ငါ၏ပြစ်တင်ဆုံးမမှု အောက်၌ အသက်ရှင်ကြသည် မဟုတ်လော။ တောင်များ၏ နက်ရှိုင်းရာများ၌ အလျှံပယ်ရှိပြီး ရေထုထဲတွင် မွေ့လျော်စရာ အမှုအရာများ တစ်ပုံတစ်ခေါင်းရှိသကဲ့သို့ပင်၊ ယနေ့ ငါ၏နှုတ်ကပတ်တော်များ အတွင်း၌ အသက်ရှင်နေကြသည့် လူတို့သည် အရသာခံစားနိုင်ပြီး မြည်းစမ်းဖို့ အစားအစာ သာ၍ပင် ရှိကြသည် မဟုတ်လော။ ငါသည် ကမ္ဘာမြေပေါ်တွင် ရှိပြီး လူသားမျိုးနွယ်သည် ငါ၏ ကောင်းချီးမင်္ဂလာများကို ကမ္ဘာမြေပေါ်၌ ခံစားကြရသည်။ ငါ၏ အမှု ပြီးစီးသည့် အချိန်လည်း ဖြစ်သည့် ကမ္ဘာမြေကြီးကို ငါနောက်ချန် ထားရစ်ချိန်တွင်၊ လူသားမျိုးနွယ်သည် ၎င်းတို့၏ အားနည်းခြင်းကြောင့်၊ ငါ၏အလိုလိုက်ခံရခြင်းကို ရရှိကြတော့မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၇)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၂၇)

သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်တကယ် မုန်းတီးသလော။ သင်တို့သည် အမှန်တကယ်၊ ရိုးသားစစ်မှန်စွာ ယင်းကို မုန်းတီးသလော။ ငါသည် ကြိမ်ဖန်များစွာ သင်တို့ကို အဘယ်ကြောင့် မေးလေပြီနည်း။ ငါသည် အဘယ်ကြောင့် ဤမေးခွန်းကို သင်တို့အား အဖန်ဖန် မေးမြဲမေးနေရသနည်း။ သင်တို့၏ နှလုံးသားထဲတွင် အဆင်းနီသောနဂါးကြီး၏ မည်သည့်ပုံရိပ် ရှိသနည်း။ ယင်းကို အမှန်တကယ် ဖယ်ရှားပြီးပြီလော။ ၎င်းကို သင်တို့၏ဖခင်အဖြစ် သင်တို့ အမှန်ပင် မမှတ်ယူပေဘူးလော။ ငါ၏မေးခွန်းများထဲက ငါ၏ရည်ရွယ်ချက်ကို လူအပေါင်းတို့ သိမြင်သင့်သည်။ ယင်းမှာ လူတို့၏ ဒေါသကို ဆွပေးရန်မဟုတ်သကဲ့သို့၊ လူသားတို့အလယ် ပုန်ကန်မှုကို လှုံ့ဆော်ရန် မဟုတ်၊ လူသားသည် မိမိ၏ ကိုယ်ပိုင် ထွက်ပေါက်ကို ရှာတွေ့နိုင်ရန် မဟုတ်ဘဲ၊ လူအားလုံးကို အဆင်းနီသောနဂါးကြီး၏ ကျေးကျွန်ဘဝမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေခွင့်ပေးရန် ဖြစ်သည်။ သို့သော် မည်သူမျှ မပူပန်သင့်ပေ။ အားလုံးသည် ငါ၏စကားများဖြင့် ပြီးမြောက်ရလိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်နိုင်သကဲ့သို့၊ ငါ ဆောင်ရွက်မည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်။ ငါသည် နယ်မြေအားလုံး၏ လေထုကို သန့်စင်စေမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် နတ်ဆိုးတို့ကို အရိပ်အယောင် အားလုံးကို အမြစ်ဖြတ်မည်။ ငါသည် စတင်နှင့်ပြီဖြစ်ကာ၊ အဆင်းနီသောနဂါးကြီး၏ နေထိုင်ရာနေရာတွင် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ငါ့အမှု၏ ပထမအဆင့်ကို စတင်မည်။ ထို့ကြောင့် ငါသည် နယ်မြေအားလုံးကို ကြည့်ရှုသည့်အတွက်၊ စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏ ပြစ်တင်ဆုံးမခြင်း ကျရောက်ပြီးဖြစ်ကာ အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသော ဝိညာဉ်မျိုးစုံတို့သည် ငါ၏ ပြစ်တင်ဆုံးမမှုမှ လွတ်မြောက်နိုင်စွမ်း မရှိသည်ကို တွေ့နိုင်ပေသည်။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးစီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါတွင်၊ ငါသည် အဆင်းနီသောနဂါးကြီးကို တရားဝင် ပြစ်တင်ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ပြစ်တင်ဆုံးမမှုကို တွေ့ကြရလိမ့်မည်၊ ငါ၏ဖြောင့်မတ်မှုကြောင့် ချီးမွမ်းခြင်းကို ဧကန်မုချ သွန်းလောင်းကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏ သန့်ရှင်းသော နာမကို ဧကန်မုချ အစဉ်ချီးကျူးထောမနာ ပြုကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို တရားဝင် ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ နယ်မြေတစ်လျှောက်လုံးတွင် ငါ့ကို ကာလအစဉ်အဆက် တရားဝင် ချီးမွမ်းကြလိမ့်မည်။

တရားစီရင်ခြင်း ကာလသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်သောအခါ၊ ငါ၏အမှုကို အဆုံးသတ်ဖို့ ငါအလျင်အမြန် ဆောင်ရွက်မည် မဟုတ်ဘဲ၊ ယင်းထဲသို့ ပြစ်တင်ဆုံးမခြင်း ကာလ၏ သက်သေအထောက်အထားကို ပေါင်းစပ်လိမ့်မည်ဖြစ်ပြီး၊ ဤသက်သေအထောက်အထားကို ငါ၏လူအပေါင်းတို့အား တွေ့မြင်ခွင့်ပေးမည်။ ဤအရာတွင် သာ၍ကြီးမားသော အကျိုးအမြတ် ဖြစ်ထွန်းလိမ့်မည်။ ဤသက်သေအထောက်အထားသည် အဆင်းနီသောနဂါးကြီးအား ငါ၏ ပြစ်တင်ဆုံးမသည့် နည်းလမ်းဖြစ်ပြီး၊ ငါ၏လူများသည် ငါ၏စိတ်သဘောထားကို ပို၍ သိကြစေဖို့အလို့ငှာ၊ ၎င်းတို့၏ကိုယ်ပိုင် မျက်စိများဖြင့် ယင်းကို ငါရှုမြင်စေမည်။ ငါ၏ လူများက ငါ့ကို မွေ့လျော်ကြချိန်သည် အဆင်းနီသောနဂါးကြီး ပြစ်တင်ဆုံးမခံရသည့်အချိန် ဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏လူများကို ထကြွစေပြီး ၎င်းကို တော်လှန်စေခြင်းသည် ငါ၏အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ငါ၏လူများကို ငါစုံလင်စေသည့်နည်းစနစ်ဖြစ်ကာ ငါ၏ လူအားလုံးအတွက် ယင်းသည် အသက်တာ၌ ကြီးထွားဖို့ ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၂၈)

တောက်ပသည့်လရောင် ထွက်ပေါ်သောအခါ၊ ဆိတ်ငြိမ်သောညသည် ချက်ချင်း ပြိုကွဲသွား၏။ လသည် စုတ်ပြတ်နေသော်လည်း၊ လူသားသည် ကောင်းမွန်သည့် စိတ်ဝိညာဉ်၌ ရှိနေပြီး၊ လရောင်အားဖြင့် လှပသော မြင်ကွင်းကို ချီးမွမ်းလျက်၊ လရောင်အောက်တွင် ငြိမ်းချမ်းစွာ ထိုင်နေ၏။ လူသားသည် သူ၏ခံစားချက်များကို မဖော်ပြနိုင်ပေ။ ယင်းမှာ သူသည် အတိတ်သို့ ပြန်ပြောင်းစဉ်းစားရန် ဆန္ဒရှိသည့်အလား၊ အနာဂတ်သို့ ရှေးရှုကြည့်လိုသည့်အလား၊ ပစ္စုပ္ပန်ကာလကို သူ မွေ့လျော်နေသည့်အလား ဖြစ်၏။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး သာယာသည့် လေများကြားတွင် လတ်ဆတ်သည့် ရနံ့တစ်ခု စိမ့်ဝင်ပျံ့နှံ့သွား၏၊ နူးညံ့သော လေပြေလေညင်းတစ်ခု စတင်တိုက်ခတ်လာသည်နှင့်အညီ၊့ လူသားသည် မွှေးထုံကြိုင်လှိုင်သော မွှေးရနံ့ကို သတိပြုမိပြီး ထိုရနံ့အားဖြင့် ယစ်မူးကာ၊ မိမိကိုယ်ကိုယ် မနိုးကြွစေနိုင်သည့်ပုံ ရလေသည်။ ဤသည်မှာ လူသားများအလယ် ကိုယ်တိုင်ကိုယ်ကျ ငါ ကြွလာသည့် အချိန်ကာလစင်စစ်ဖြစ်ပြီး လူသားသည် ဤမွှေးထုံကြိုင်လှိုင်သော ရနံ့နှင့်ဆိုင်သည့် အရှိန်မြှင့်သော ခံစားမှုအာရုံတစ်ခု ရှိကာ၊ ထိုသို့ဖြင့် လူသားအားလုံးသည် ဤအမွှေးနံ့အလယ်တွင် နေထိုင်ကြလေသည်။ ငါသည် လူသားနှင့် ပြေလည်ပြီး လူသားသည် ငါနှင့် သဟဇာတဖြစ်ခြင်းဖြင့် အသက်ရှင်သည်၊ ငါနှင့် စပ်လျဉ်း၍ သူသည် သွေဖီခြင်းမရှိတော့ပေ၊ ငါသည် လူသား၏ ချွတ်ယွင်းချက်များကို မပြုပြင်တော့ပေ၊ လူသား၏မျက်နှာပေါ်တွင် သောကရောက်နေသည့်အသွင် မရှိတော့သကဲ့သို့၊ သေခြင်းသည် လူသားတစ်ရပ်လုံး အပေါ် ခြိမ်းခြောက်ခြင်း မရှိတော့ပေ။ ယနေ့တွင် ငါသည် လူသားနှင့် ဘေးချင်းယှဉ်လျက် ရှေ့သို့သွားရင်း၊ ပြစ်တင်ဆုံးမခြင်းကာလထဲသို့ လူသားနှင့်အတူ တက်လှမ်းသည်။ ငါသည် ငါ၏အမှုကို လုပ်ဆောင်လျက်ရှိ၏၊ ဆိုလိုသည်မှာ ငါသည် ငါ၏လှံတံကို လူသားများအလယ် ရိုက်ချပြီး ယင်းသည် လူသားအထဲက ပုန်ကန်တတ်သောအရာပေါ်သို့ ကျရောက်၏။ လူသား၏ အမြင်တွင်၊ ငါ၏လှံတံသည် အထူးတန်ခိုးများ ရှိပုံရလေသည်။ ယင်းသည် ငါ့ရန်သူဖြစ်သော သူအားလုံးအပေါ်သို့ ကျရောက်လာပြီး ၎င်းတို့ကို အလွယ်တကူ ချမ်းသာမပေးပေ။ ငါ့ကို ဆန့်ကျင်သူအားလုံးအလယ်တွင်၊ လှံတံသည် ၎င်း၏ ရှိရင်းစွဲ လုပ်ငန်းဆောင်တာကို ထမ်းဆောင်သည်။ ငါ့လက်ထဲတွင် ရှိသူအားလုံးသည် ငါ၏ရည်ရွယ်ချက်နှင့်အညီ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြပြီး၊ ငါ၏ဆန္ဒများကို ၎င်းတို့ လုံးဝ ဖီဆန်ဖူးခြင်းမရှိ၊ သို့မဟုတ် ၎င်းတို့၏အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲဖူးခြင်း မရှိကြချေ။ အကျိုးဆက်အနေဖြင့် ရေများသည် ဟုန်းဟုန်းမြည်ကြလိမ့်မည်၊ တောင်များ ပြိုလဲကြလိမ့်မည်၊ မြစ်ကြီးများ ပြိုကွဲကြလိမ့်မည်၊ လူသားသည် အစဉ် ပြောင်းလဲသွားလိမ့်မည်၊ နေသည် တိုး၍ မှိန်သွားလိမ့်မည်၊ လသည် မှောင်သွားမည်၊ လူသားသည် အေးချမ်းမှုဖြင့် အသက်ရှင်ခြင်း နေ့ရက်များ နောက်ထပ် ရှိတော့မည်မဟုတ်၊ မြေပေါ်တွင် ငြိမ်သက်အေးချမ်းသည့်အချိန်များ ရှိတော့မည် မဟုတ်၊ ကောင်းကင်တို့သည် တစ်ဖန် မည်သည့်အခါမျှ တည်ကြည်ကာ ဆိတ်ငြိမ်လိမ့်မည် မဟုတ်သကဲ့သို့ အဓွန့်ရှည်စွာ တည်တံတော့မည် မဟုတ်ပေ။ အရာခပ်သိမ်းသည် အသစ်ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ မူလအသွင်ကို ပြန်ရကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိ အိမ်ထောင်စုအပေါင်းသည် တစ်ကွဲတစ်ပြားစီဖြစ်လိမ့်မည်ဖြစ်ပြီး၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲလိမ့်မည်။ ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစည်းသည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ မြေကြီးပေါ် ရှိဖူးသော အရာအားလုံးကို ငါ ချေမှုန်းမည်။ ငါသည် ခံစားချက် မရှိသည့်အတွက်၊ လူများကို ၎င်းတို့၏ ခံစားချက်များအား ထုတ်လွှတ်ခွင့် ငါမပေးသကဲ့သို့၊ လွန်ကဲသောအတိုင်းအတာ တစ်ခုအထိ လူတို့၏ စိတ်ခံစားချက်များကို ငါ တိုး၍ မုန်းတီးမိပြီဖြစ်သည်။ ငါသည် ဘေးဖယ်ခံခဲ့ရကာ ထိုသို့ဖြင့် ၎င်းတို့၏အမြင်ထဲတွင် ငါသည် “အခြားသူ” ဖြစ်သွားခဲ့သည်မှာ လူသားတို့အကြားက ခံစားချက်များကြောင့် ဖြစ်သည်။ ငါသည် မေ့လျော့ခြင်းခံရပြီးဖြစ်သည်မှာ လူသားတို့အကြားရှိ ခံစားချက်များကြောင့် ဖြစ်သည်။ သူ၏ “အသိစိတ်”ကို ရယူရန် အခွင့်ကောင်းကို မလွတ်တမ်းအသုံးချသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ သူသည် ငါ၏ပြစ်တင်ဆုံးမမှုကို အစဉ်ငြီးငွေ့သည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ ငါ့ကို မျှတမှုမရှိသကဲ့သို့ မတရားဟု ဆိုကာ ငါ၏အမှုအရာများကို ကိုင်တွယ်ရာတွင် လူသား၏ ခံစားချက်များကို ငါ အလေးဂရုမပြုဟု သူဆိုသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်ပေသည်။ ငါသည် မြေကြီးပေါ်တွင် ဆွေမျိုးသားချင်းများလည်း ရှိပါသလော။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးအတွက်၊ အစားအစာ သို့မဟုတ် အိပ်စက်ခြင်းကို မစဉ်းစားဘဲ နေ့ရောညပါ ငါကဲ့သို့ မည်သူ အလုပ်လုပ်ဖူးသနည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ နှိုင်းယှဉ်၍ရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ သဟဇာတ ဖြစ်နိုင်မည်နည်း။ ဖန်ဆင်းသော ဘုရားသခင်သည် ဖန်ဆင်းခံရသော လူသားနှင့် အဘယ်သို့ အမျိုးအစား တူနိုင်မည်နည်း။ ငါသည် မြေကြီးပေါ်တွင် လူသားနှင့်အတူတကွ မည်သို့ အစဉ်နေပြီး ဆောင်ရွက်နိုင်မည်နည်း။ ငါ၏ စိတ်နှလုံးအတွက် အဘယ်သူ ပူပန်နိုင်သနည်း။ လူသား၏ ဆုတောင်းချက်များလော။ တစ်ချိန်က ငါသည် လူသားနှင့်ပူးပေါင်းကာ သူနှင့်အတူ လျှောက်လှမ်းရန် သဘောတူခဲ့သည်- ဟုတ်ပေသည်၊ ယနေ့တိုင် လူသားသည် ငါ၏စောင့်ရှောက်မှုနှင့် ကွယ်ကာမှုအောက်တွင် အသက်ရှင်ပြီးဖြစ်သည်၊ သို့သော် လူသားသည် ငါ၏စောင့်ရှောက်မှုမှ မိမိကိုယ်ကိုယ် ခွဲထွက်နိုင်မည့်နေ့ ရောက်လာလိမ့်ဦးမည်လော။ လူသားသည် ငါ၏ စိတ်နှလုံးအတွက် ပူပန်မှုဖြင့် မိမိကိုယ်ကိုယ် မည်သည့်အခါတွင်မျှ ဝန်မလေးစေဖူးသော်လည်း၊ မည်သူသည် အလင်းမရှိဘဲ နယ်မြေတစ်ခုတွင် အသက်ရှင်မြဲ ရှင်နိုင်မည်နည်း။ လူသားသည် ယနေ့ထိတိုင် အသက်ရှင်ပြီး ဖြစ်သည်မှာ ငါ၏ ကောင်းကြီးမင်္ဂလာများကြောင့်သာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၂၉)

ဘုရားသခင်၏ လှံတံသည် ကမ္ဘာမြေကြီးပေါ်၌ ၎င်း၏ အခန်းကဏ္ဍကို စတင် လုပ်ဆောင်ပြီ ဖြစ်သောကြောင့် နိုင်ငံများသည် ကြီးမားသည့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတွင် ရှိလေသည်။ ဘုရားသခင်၏အမှုတော်ကို ကမ္ဘာမြေကြီး၏ အခြေအနေ၌ မြင်နိုင်သည်။ ဘုရားသခင်က “ရေများသည် ဟုန်းဟုန်းမြည်ကြလိမ့်မည်၊ တောင်များ ပြိုလဲကြလိမ့်မည်၊ မြစ်ကြီးများ ပြိုကွဲကြလိမ့်မည်၊” ဟု ပြောသောအခါ၊ ဤသည်မှာ “ကမ္ဘာမြေပေါ်ရှိ အိမ်ထောင်စုအပေါင်းသည် တစ်ကွဲတစ်ပြားစီဖြစ်လိမ့်မည်ဖြစ်ပြီး၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲလိမ့်မည်။ ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစည်းသည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ မြေကြီးပေါ် ရှိဖူးသော အရာအားလုံးကို ငါ ချေမှုန်းမည်” ဟူသော ရလဒ်ဖြင့် ကမ္ဘာမြေကြီးပေါ်တွင် လှံတံ၏ ကနဦး အလုပ်ဖြစ်သည်။ ယင်းမှာ ကမ္ဘာမြေကြီးပေါ်ရှိ မိသားစုများ၏ ယေဘုယျ အခြေအနေ ဖြစ်လိမ့်မည်။ သဘာဝအားဖြင့် ယင်းသည် ၎င်းတို့အားလုံး၏ အခြေအနေ ဖြစ်နိုင်ခြေ မရှိနိုင်သော်လည်း၊ ယင်းမှာ ၎င်းတို့အများစု၏ အခြေအနေ ဖြစ်သည်။ သို့သော်လည်း ယင်းသည် ဤရေစီးကြောင်း၏ လူများက အနာဂတ်တွင် တွေ့ကြုံရသည့် အခြေအနေများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ယင်းက ၎င်းတို့သည် နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ကြုံရပြီး၊ မယုံကြည်သူများသည် ကပ်ဘေးကို ခံရပြီးသည်နှင့် တစ်ပြိုင်နက်၊ ကမ္ဘာမြေကြီးပေါ်တွင် လူတို့အကြား မိသားစု ဆက်ဆံရေးများ ရှိတော့မည် မဟုတ်သည်ကို ၎င်းက ကြိုတင်ဟောကိန်း ထုတ်ပေသည်။ ၎င်းတို့အားလုံးသည် သိနိမ်ပြည်၏ လူများ ဖြစ်ကြလိမ့်မည် ဖြစ်ပြီး၊ အားလုံးသည် ဘုရားသခင်၏ နိုင်ငံတော်၌ သစ္စာရှိကြလိမ့်မည်။ ထို့ကြောင့် ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစည်းသည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်ရှိ လူတို့၏ မိသားစုများသည် ဖြိုခွဲခံရလိမ့်မည်၊ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ လူသား၌ ဘုရားသခင် ပြုသော နောက်ဆုံးအမှုတော် ဖြစ်လိမ့်မည်။ ပြီးလျှင် ဘုရားသခင်သည် ဤအမှုတော်ကို စကြဝဠာတစ်ခုလုံးအနှံ့ ပျံ့နှံ့စေမည် ဖြစ်သောကြောင့်၊ သူသည် “စိတ်ခံစားချက်” ဟူသော စကားလုံးကို လူတို့အား ရှင်းလင်းပြရန် အခွင့်အရေးကို အသုံးချကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ အလိုမှာ လူအပေါင်း၏ မိသားစုများကို ဖြိုခွဲရန် ဖြစ်ကြောင်းကို ၎င်းတို့အား မြင်ခွင့်ပေးပြီး ဘုရားသခင်သည် လူသားမျိုးနွယ်ထဲက “မိသားစု အငြင်းပွားမှုများ” အားလုံးကို ဖြေရှင်းရန် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုကြောင်း ပြသလေသည်။ အကယ်၍ ထိုသို့မဟုတ်ပါက၊ ဘုရားသခင်၏အမှုတော်၏ နောက်ဆုံး အပိုင်းကို ကမ္ဘာမြေကြီးပေါ်၌ အဆုံးသတ်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များ၏ နောက်ဆုံးအပိုင်းသည် လူသားမျိုးနွယ်၏ အကြီးမားဆုံးသော အားနည်းချက်ကို ဖွင့်ချသည်- ၎င်းတို့အားလုံးသည် စိတ်ခံစားချက်ဖြင့် အသက်ရှင်ကြ၏- ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မရှောင်ဘဲ၊ လူသားမျိုးနွယ် အားလုံး၏ စိတ်နှလုံးများထဲ၌ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်လေသည်။ လူတို့အတွက် ၎င်းတို့ကိုယ်ကိုယ် စိတ်ခံစားချက်မှ သီးခြားခွဲရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းသည် အသိတရား၏ စံနှုန်းများကို ကျော်လွန်သလော။ အသိတရားသည် ဘုရားသခင်၏ အလိုကို ပြီးမြောက်စေနိုင်သလော။ စိတ်ခံစားချက်သည် ဘေးအန္တရာယ်တစ်လျှောက် လူတို့ကို ကူညီနိုင်သလော။ ဘုရားသခင်၏ အမြင်တွင် စိတ်ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်- ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ရှင်းလင်းစွာ ဖော်ပြပြီးပြီ မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၈)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၃၀)

ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံးတွင် သူ့စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို နှုတ်ကပတ်တော်များဖြင့် အပြည့်အစုံဖော်ပြနိုင်ခြင်း မရှိပေ၊ ဤအချက်က သူ့တွင် ထူးကဲကြွယ်ဝမှု မည်မျှရှိသည်ကို ပြ၏။ လူတို့မြင်နိုင်၊ ကိုင်နိုင်သည့် အရာများမှာ စင်စစ်အားဖြင့် လူတို့၏စွမ်းရည်ကဲ့သို့ပင် အကန့်အသတ်ရှိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ရှင်းလင်းသော်လည်း လူတို့သည် အပြည့်အစုံနားလည်နိုင်စွမ်း မရှိကြပေ။ ဤနှုတ်ကပတ်တော်များကို ဥပမာကြည့်လော့- “လျှပ်ပြက်ခြင်း၏ ပြိုးပြိုးပြက်ပြက် အလင်းရောင်၌ တိရစ္ဆာန်တိုင်းသည် ၎င်းတို့၏စစ်မှန်သောအသွင်အတိုင်း ဖော်ထုတ်ခြင်းခံရ၏။ ထိုနည်းတူပင် ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော လူသားသည်လည်း တစ်ချိန်တစ်ခါက သူပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခဲ့ပြီးဖြစ်၏။ အို၊ ဖောက်ပြန်ပျက်စီးသော လောကဟောင်း။ အဆုံး၌ ၎င်းသည် ညစ်ညူးသော ရေအတွင်းသို့ ဇောက်ထိုးကျ၍ မျက်နှာပြင်အောက်သို့ နစ်မြုပ်သွားကာ ရွှံ့အတွင်း ပျော်ဝင်သွားခဲ့လေပြီ။” ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံးတွင် သူ၏ဖြစ်ခြင်း ပါရှိ၏၊ လူအားလုံးသည် ဤနှုတ်ကပတ်တော်တို့ကို သတိမူမိကြသော်လည်း ၎င်းတို့၏အဓိပ္ပာယ်များကို မည်သည့်အခါကမျှ မသိခဲ့ကြပေ။ ဘုရားသခင်၏အမြင်တွင် သူ့ကိုခုခံသူအားလုံးသည် သူ၏ရန်သူများဖြစ်၏။ ဆိုလိုသည်မှာ နတ်ဆိုးများနှင့် သက်ဆိုင်သူတို့သည် တိရစ္ဆာန်များဖြစ်ကြ၏။ ဤအချက်မှ အသင်းတော်၏စစ်မှန်သောအခြေအနေကို တွေ့နိုင်ပေသည်။ လူအပေါင်းတို့သည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အလင်းပေးခြင်းကို ခံကြရပြီး၊ ဤအလင်းထဲတွင် အခြားသူများ၏ သြဝါဒပေးခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သို့မဟုတ် တိုက်ရိုက်ငြင်းပယ်ခြင်းတို့ကို မခံရဘဲ၊ အခြားသော လူ့လုပ်နည်းလုပ်ဟန်များကို မခံရဘဲ၊ ထို့ပြင် အခြားသူများ၏ ထောက်ပြခြင်းကို မခံရဘဲ ၎င်းတို့သည် မိမိတို့ကိုယ်ကို စစ်ကြောကြ၏။ “အနုစိတ်ရှုထောင့်” မှကြည့်လျှင် ၎င်းတို့သည် မိမိတို့အထဲ၌ အနာရောဂါမည်မျှရှိနေသည်ကို ကွက်ကွက်ကွင်းကွင်း မြင်ကြ၏။ ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် ဝိညာဉ်အမျိုးအစားတိုင်းသည် အမျိုးအစားသတ်မှတ်ခံရပြီး ၎င်းတို့၏ မူရင်းပုံစံအတိုင်း ဖော်ထုတ်ခြင်း ခံရ၏။ ကောင်းကင်တမန်တို့၏ ဝိညာဉ်များရှိသူတို့သည် တိုး၍အလင်းပေးခြင်းခံရပြီး တိုး၍ဉာဏ်အလင်းရကြသဖြင့် ဘုရားသခင်က “တစ်ချိန်တစ်ခါက ၎င်းတို့ပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခြင်း” ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ဘုရားသခင်ရရှိခဲ့သော နောက်ဆုံးရလဒ်အပေါ် အခြေခံထားခြင်းဖြစ်၏။ လတ်တလောတွင် ထိုရလဒ်ကို အပြည့်အဝ မရယူနိုင်သေးသည်မှာ အမှန်ပင်ဖြစ်၏— ယင်းမှာ နမူနာအမြည်းသာဖြစ်ပြီး ထိုအရာမှတစ်ဆင့် ဘုရားသခင်၏အလိုတော်ကို မြင်နိုင်ပေလိမ့်မည်။ များလှစွာသော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ပြိုလဲကြလိမ့်မည်ဖြစ်ကာ လူအားလုံးကို တဖြည်းဖြည်း သန့်ရှင်းစေသည့် ဖြစ်စဉ်၏ အနိုင်ယူခြင်းကို ခံကြရလိမ့်မည်။ ဤနေရာ၌ “ရွှံ့အတွင်း ပျော်ဝင်သွားခြင်း” ဆိုသည်မှာ လောကကို မီးဖြင့် ဘုရားသခင်ဖျက်ဆီးခြင်းနှင့် ကွဲလွဲဆန့်ကျင်ခြင်းမရှိပေ၊ ထို့ပြင် “လျှပ်ပြက်ခြင်း” သည် ဘုရားသခင်၏ အမျက်ဒေါသကို ရည်ညွှန်း၏။ ဘုရားသခင်သည် သူ၏မဟာအမျက်ဒေါသကို လွှတ်လိုက်သည့်အခါ အကျိုးဆက်အနေဖြင့် လောကတစ်ခုလုံးသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ကပ်ဘေးမျိုးစုံနှင့် ကြုံတွေ့ရလိမ့်မည်။ မြင့်မားသော မိုးကောင်းကင်အထက် ရပ်နေသည့်အခါ မြေကြီးပေါ်၌ ဘေးဒုက္ခမျိုးစုံသည် လူသားမျိုးနွယ်အားလုံးအပေါ် တစ်နေ့တခြား တိုး၍ချဉ်းကပ်လာနေသည်ကို တွေ့နိုင်၏။ အထက်အရပ်မှ အောက်သို့ကြည့်သည့်အခါ ကမ္ဘာမြေကြီးသည် ငလျင်မလှုပ်မီတွေ့ရသော မြင်ကွင်းများနှင့်တူသည့် မြင်ကွင်းအမျိုးမျိုးကို တင်ဆက်ပြနေ၏။ မီးလောင်လွယ်သော ရေဆီတို့သည် အတားအဆီးမရှိ တစ်ဟုန်ထိုးစီးထွက်နေ၏၊ ချော်ရည်သည် ဒလဟောစီးဆင်းနေ၏၊ တောင်များသည် ရွေ့လျားနေကြကာ အလင်းအေးသည် အားလုံးအပေါ် တလက်လက်တောက်ပနေ၏။ တစ်ကမ္ဘာလုံးသည် မီးထဲသို့ စုန်းစုန်းမြုပ်သွားလေပြီ။ ဤသည်မှာ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့် မြင်ကွင်းဖြစ်ကာ ဤသည်မှာ သူ၏တရားစီရင်ရာ အချိန်ဖြစ်သည်။ အသွေးအသားရှိသူအားလုံးသည် လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် တစ်ကမ္ဘာလုံးကို ဖျက်ဆီးရန်အလို့ငှာ နိုင်ငံအချင်းချင်း စစ်တိုက်ရန်နှင့် လူမျိုးအချင်းချင်း ပဋိပက္ခများ ဖြစ်ပွားရန် လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထိုအစား ကမ္ဘာကြီးသည် ဘုရားသခင်၏ပြစ်တင်ဆုံးမမှု ဆောင်ပန်းအတွင်း “အသိနိုးကြားစွာဖြင့် မွေ့လျော်ခံစား” လိမ့်မည်ဖြစ်၏။ မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်၊ အယောက်စီတိုင်းသည် ဤတုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်သန်းသွားရလိမ့်မည်။ ထို့နောက်တွင် စကြဝဠာတစ်ခုလုံးသည် သန့်ရှင်းသော ထွန်းလင်းဝင်းပမှုဖြင့် တစ်ဖန်ပြန်၍တောက်ပလာကာ လူသားမျိုးနွယ်တစ်ရပ်လုံးသည် အသစ်သောအသက်တာကို နောက်တစ်ဖန် စတင်ကြလိမ့်မည်။ ပြီးလျှင် ဘုရားသခင်သည် စကြဝဠာအထက်၌ အနားယူလျက် လူသားမျိုးနွယ်အားလုံးကို နေ့စဉ်ကောင်းချီးပေးလိမ့်မည်။ ကောင်းကင်သည် မခံမရပ်နိုင်အောင် တိတ်ဆိတ်ခြောက်ကပ်နေမည် မဟုတ်ဘဲ၊ လောကကို ဖန်ဆင်းချိန်ကတည်းက မရှိခဲ့သည့် ရှင်သန်တက်ကြွမှုကို ပြန်လည်ရရှိလိမ့်မည်ဖြစ်သည်။ ထို့အပြင် “ဆဋ္ဌမမြောက်နေ့” ရောက်လာသည့်အချိန်သည် အသစ်သောအသက်တာကို ဘုရားသခင်စတင်သည့်အချိန် ဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့သည် ချမ်းသာထဲသို့ ဝင်စားကြကာ စကြဝဠာသည် နောက်ကျိခြင်း၊ သို့မဟုတ် ညစ်ညူးခြင်းတို့ မရှိတော့ဘဲ အသစ်တစ်ဖန် ပြုပြင်ခြင်းကို ခံရလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က- “မြေကြီးသည် သုသာန်တစပြင်ပမာ ငြိမ်သက်လျက် တိတ်ဆိတ်နေခြင်း မရှိတော့ပေ၊ ကောင်းကင်သည် တိတ်ဆိတ်ခြောက်ကပ်လျက် ဝမ်းနည်းနေခြင်း မရှိတော့ပေ” ဟုပြောခဲ့ခြင်းဖြစ်သည်။ ကောင်းကင်နိုင်ငံတော်တွင် မဖြောင့်မတ်မှုသော်လည်းကောင်း၊ လူ့ခံစားချက်များသော်လည်းကောင်း၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသော်လည်းကောင်း မည်သည့်အခါကမျှ မရှိခဲ့ဖူးချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ စာတန်၏နှောင့်ယှက်ခြင်း မရှိသောကြောင့်ဖြစ်သည်။ “လူ” အားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်နိုင်ကြ၏၊ ထို့ပြင် ကောင်းကင်အသက်တာသည် ဝမ်းမြောက်ခြင်းပြည့်ဝသော အသက်တာဖြစ်လေသည်။ ကောင်းကင်တွင်ရှိသောသူအားလုံး၌ ဘုရားသခင်၏ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာတို့ရှိကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၈)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၂၃၁)

ယနေ့ကာလ၏ မိန့်မြွက်ချက်များအားလုံးသည် အနာဂတ်အခြေအနေများကို ပရောဖက်ပြုသည်ဟု ဆိုနိုင်သည်၊ ဤမိန့်မြွက်ချက်များက သူ့အမှု၏ နောက်တစ်ဆင့်အတွက် တင်ကြိုပြင်ဆင်မှုများကို ဘုရားသခင် လုပ်နေပုံဖြစ်သည်။ ဘုရားသခင်သည် အသင်းတော်၏ လူများထဲ၌ သူ၏အမှုကို အဆုံးသတ်လုနီးပြီဖြစ်၏၊ ထို့နောက်တွင် လူအပေါင်းတို့ရှေ့၌ ဒေါသအမျက်ခြောင်းခြောင်းထွက်လျက် သူပေါ်ထွန်းလာမည် ဖြစ်သည်။ “ငါ၏လုပ်ရပ်များကို ကမ္ဘာမြေကြီးပေါ်ရှိ လူများအသိအမှတ်ပြုစေရန် ငါပြုမည်၊ ထို့ပြင် ၎င်းတို့ကို ကမ္ဘာမြေတစ်ဝှမ်းရှိ အလျှော့ပေးကြရမည့် လူအပေါင်းတို့က အသိအမှတ်ပြုကြစေရန် ငါသည် ‘တရားပလ္လင်’ ရှေ့တွင် ငါ၏လုပ်ဆောင်ချက်များကို သက်သေပြမည်” ဟု ဘုရားသခင် ဆိုသကဲ့သို့ပင် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် တစ်စုံတစ်ရာကို သင်တို့မြင်ကြသလော။ ဤအထဲ၌ ဘုရားသခင့်အမှု၏ နောက်တစ်ပိုင်းအကြောင်း အကျဉ်းချုပ်ပါရှိသည်။ ပထမဦးစွာ ဘုရားသခင်သည် နိုင်ငံရေးအာဏာကို ကိုင်စွဲထားသော အစောင့်ခွေးများ အားလုံးကို စိတ်ရင်းမှန်ဖြင့် လက်ခံယုံကြည်လာကြစေရန် ပြုမည်ဖြစ်ပြီး ၎င်းတို့ကို သမိုင်းဇာတ်စင်ပေါ်မှ ဆန္ဒအလျောက် ဆင်းသွားကြစေရန်၊ ရာထူးဂုဏ်သိမ်အတွက် နောက်ထပ်လုံးဝ မတိုက်ခိုက်ကြစေရန်၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများကို နောက်ထပ်လုံးဝ မလုပ်ကြစေရန် ပြုမည်ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် အမျိုးမျိုးသော ဘေးဒုက္ခများကို ဖြစ်ပွားစေခြင်းအားဖြင့် ဤအမှုကို လုပ်ဆောင်မည်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်ပေါ်ထွန်းလာမည်ကား လုံးဝမဟုတ်ပေ။ ဤအချိန်တွင် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံသည် ညစ်ညူးသောပြည် ဖြစ်နေဦးမည်ဖြစ်၍ ဘုရားသခင်သည် ပေါ်ထွန်းလာမည် မဟုတ်ဘဲ ပြစ်တင်ဆုံးမခြင်းအားဖြင့် ထွက်ပေါ်လာရုံမျှသာဖြစ်မည်။ ယင်းမှာ မည်သူမျှ မလွှဲရှောင်နိုင်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်သည်။ ဤအချိန်အတောအတွင်း အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံတွင် မှီတင်းနေထိုင်သူမှန်သမျှသည် ကပ်ဘေးကို ခံစားကြရလိမ့်မည်ဖြစ်ပြီး ယင်းထဲတွင် ကမ္ဘာမြေကြီးပေါ်မှ နိုင်ငံတော် (အသင်းတော်) လည်း အလိုလိုပါဝင်မည်ဖြစ်သည်။ ဤအချိန်သည် အမှန်တရားများ ပေါ်ထွက်လာသောအချိန်ပင်ဖြစ်၍ ၎င်းကို လူအပေါင်းတို့က တွေ့ကြုံခံစားကြရမည်ဖြစ်ပြီး မည်သူမျှ ရှောင်တိမ်းနိုင်ကြမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာကို ကြိုတင်ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ အမှု၏ဤအဆင့်ကြောင့်သာ ဘုရားသခင်က “ယခုအချိန်မှာ ကြီးမားသော အစီအစဉ်များကို လုပ်ဆောင်ရန် အချိန်ဖြစ်သည်” ဟု ဆိုခြင်းပင် ဖြစ်သည်။ အနာဂတ်တွင် ကမ္ဘာမြေကြီးပေါ်၌ အသင်းတော်ရှိတော့မည် မဟုတ်သောကြောင့်၊ ထို့ပြင် ကြီးမားသောကပ်ဘေး ပေါ်ထွန်းခြင်းကြောင့် လူတို့သည် သူတို့ရှေ့၌ရှိသောအရာကိုသာ တွေးတောနိုင်ကြမည်ဖြစ်ပြီး အခြားအရာအားလုံးကို လျစ်လျူရှုကြမည်ဖြစ်သည်၊ ထို့ပြင် ကြီးမားသော ကပ်ဘေးအလယ်တွင် ဘုရားသခင်ကို ၎င်းတို့မွေ့လျော်ရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် လူတို့အနေဖြင့် အခွင့်အရေးကို မရှုံးဆုံးကြစေရန် ဝမ်းမြောက်ဖွယ်ကောင်းသော ဤအချိန်အတောအတွင်း စိတ်နှလုံး အကြွင်းမဲ့ဖြင့် ဘုရားသခင်အား ချစ်ကြရန် လူတို့ကို တောင်းဆိုနေခြင်း ဖြစ်သည်။ ဤအမှန်တရား ဖြစ်ပျက်သည့်အခါ ဘုရားသခင်သည် အဆင်းနီသောနဂါးကြီးကို လုံးလုံးလျားလျား အနိုင်ယူပြီးလိမ့်မည် ဖြစ်သောကြောင့် ဘုရားသခင့်လူတို့၏ သက်သေခံခြင်းအမှုသည် ဆုံးခန်းတိုင်သွားပြီးဖြစ်လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်သည် အဆင်းနီသောနဂါးကြီး၏နိုင်ငံကို ရှင်းရှင်းဖျက်ဆီးကာ နောက်ဆုံးတွင် စကြဝဠာအနှံ့အပြား၌ ရှိကြကုန်သော လူတို့ကို လက်ဝါးကပ်တိုင်ပေါ်တွင် ဇောက်ထိုးအနေအထားနှင့် သံဖြင့်ရိုက်ထားလျက် အမှု၏နောက်ထပ် တစ်ဆင့်ကို စတင်မည်ဖြစ်၏၊ ထို့နောက်တွင် သူသည် လူသားမျိုးနွယ် အားလုံးကို အမြစ်ဖြတ်သုတ်သင်လေမည်၊ ဤသည်တို့မှာ ဘုရားသခင့်အမှု၏ အနာဂတ်အဆင့်များပင်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ငြိမ်းချမ်းသော ဤပတ်ဝန်းကျင်တွင် ဘုရားသခင်ကို အစွမ်းကုန်ကြိုးစား၍ ချစ်သင့်၏။ အနာဂတ်တွင် သင်တို့သည် ဘုရားသခင်ကိုချစ်ရန် နောက်ထပ် အခွင့်အရေးများ ရတော့မည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဇာတိပကတိ၌သာ ဘုရားသခင်ကို ချစ်ရန် အခွင့်အရေးရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် အခြားသော ကမ္ဘာတွင် နေထိုင်သည့်အခါ ဘုရားသခင်အား ချစ်ခြင်းအကြောင်းကို မည်သူမျှ ပြောလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ပင် ဖြစ်သည်မဟုတ်လော။ ထို့ကြောင့် သင်တို့သည် မိမိတို့အသက်တည်သည့်ကာလပတ်လုံး ဘုရားသခင်ကို မည်ကဲ့သို့ချစ်သင့်သနည်း။ ဤအရာကို သင်တွေးဖူးသလော။ ဘုရားသခင်ကိုချစ်ရန် သင်သေဆုံးပြီးသည့်အချိန်အထိ စောင့်နေသလော။ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည် မဟုတ်လော။ ယနေ့ သင်သည် ဘုရားသခင်အား ချစ်ခြင်းအရာကို အဘယ်ကြောင့် မလိုက်စားသနည်း။ အလုပ်များနေစဉ် ဘုရားသခင်ကို ချစ်ခြင်းမှာ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ဖြစ်နိုင်သလော။ ဘုရားသခင့်အမှု၏ ဤအဆင့်သည် မကြာမီ ဆုံးခန်းတိုင်လိမ့်မည်ဟု ဆိုထားရသည့်အကြောင်းရင်းမှာ ဘုရားသခင်သည် စာတန်ရှေ့တွင် သက်သေခံချက် ရှိနှင့်ပြီဖြစ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် လူသားအနေဖြင့် ဘာတစ်ခုကိုမျှ လုပ်စရာမလိုပေ၊ သူအသက်ရှင်သော နှစ်ကာလများအတွင်း ဘုရားသခင်အား ချစ်ခြင်းအရာကို လိုက်စားရန် လူသားကို တောင်းဆိုရုံမျှသာဖြစ်သည်၊ ဤအရာမှာ အဓိကသော့ချက်ဖြစ်၏။ ဘုရားသခင်၏ သတ်မှတ်ချက်များမှာ မြင့်မားခြင်းမရှိသည့်အပြင် သူ၏စိတ်နှလုံးထဲတွင် ပြင်းပြင်းပြပြ ဆန္ဒစောနေသောကြောင့် အမှု၏ဤအဆင့် မပြီးဆုံးမီ အမှု၏နောက်တစ်ဆင့်အကြောင်း အကျဉ်းချုပ်ကို သူဖော်ပြထားခြင်း ဖြစ်သည်၊ ထိုအချက်က အချိန်မည်မျှ ကျန်ကြောင်းကို ရှင်းလင်းစွာ ပြနေ၏၊ အကယ်၍ ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ ဆန္ဒမစောပါက ဤနှုတ်ကပတ်တော်များကို အလွန်စောစီးစွာ သူပြောလိမ့်မည်လော။ အချိန်တိုတောင်းသောကြောင့် ဘုရားသခင်သည် ဤနည်းဖြင့် အမှုပြုခြင်းဖြစ်သည်။ သင်တို့သည် သင်တို့၏အသက်ကို မြတ်နိုးသကဲ့သို့ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှဖြင့် ချစ်နိုင်ကြမည်ဟု မျှော်လင့်ရသည်။ ဤသည်မှာ အဆုံးစွန် အဓိပ္ပာယ်ရှိသော အသက်တာ ဖြစ်သည်မဟုတ်လော။ ဘဝ၏အဓိပ္ပာယ်ကို အခြားမည်သည့်နေရာတွင် ရှာဖွေနိုင်မည်နည်း။ သင်သည် မျက်စိကန်းလွန်းနေသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလိုလားလားရှိသလော။ ဘုရားသခင်သည် လူသား၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သလော။ လူတို့သည် လူသား၏ ကြင်နာမြတ်နိုးခြင်းနှင့် ထိုက်တန်သလော။ ထို့ကြောင့် အဘယ်အရာကို သင်ပြုသင့်သနည်း။ သံသယများမရှိဘဲ ဘုရားသခင်ကို ရဲဝံ့စွာ ချစ်လော့၊ ထိုအခါ ဘုရားသခင်သည် သင့်အား အဘယ်အရာပြုလိမ့်မည်ကို ကြည့်လော့။ သူသည် သင့်ကို သတ်ဖြတ်မည်၊ မသတ်ဖြတ်မည်ကို ကြည့်လော့။ အချုပ်အားဖြင့် ဘုရားသခင်ကို ချစ်သောအလုပ်သည် ဘုရားသခင်အတွက် အကြောင်းအရာများကို မိတ္တူကူး၍ ရေးချပေးခြင်းထက် ပို၍အရေးကြီးသည်။ သင်၏အသက်တာသည် ပို၍တန်ဖိုးရှိပြီး ပျော်ရွှင်မှုဖြင့်ပြည့်နိုင်ရန်အတွက် သင့်အနေဖြင့် အရေးကြီးဆုံးသောအရာကို ပထမနေရာတွင် ထားသင့်သည်၊ ထို့နောက် သင့်အတွက် ဘုရားသခင်၏ “စီရင်ချက်” ကို သင်စောင့်ဆိုင်းသင့်သည်။ သင်၏အကြံအစည်ထဲတွင် ဘုရားသခင်ကို ချစ်ခြင်းအရာ ပါဝင်မည်လောဟု ငါသိချင်မိသည်။ လူတိုင်း၏ အကြံအစည်များသည် ဘုရားသခင်၏ ပြည့်စုံစေခြင်းကိုခံရသော အကြံအစည်များ ဖြစ်လာကြရန်နှင့် ထိုအကြံအစည်အားလုံးသည် လက်တွေ့အရှိတရားဖြစ်လာကြရန် ငါဆန္ဒပြုပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၄၂)

အရှေ့သို့- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း (၁)

နောက်တစ်ခုသို့- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။