သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၁)

ယနေ့ခေတ်၌ ဘုရားသခင်၏အမှုကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ အဓိကအမှုတော်ကို သိခြင်းနှင့် ဘုရားသခင်သည် မည်သည့်အမှုကိုလုပ်ရန် ကမ္ဘာမြေကြီးသို့ ရောက်လာသနည်းဟူသည့် အချက်တို့ကို သိဖို့ပင်ဖြစ်သည်။ (နောက်ဆုံးသော ကာလ၌) ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာသည်မှာ လောကမှ မထွက်ခွာမီ စံနမူနာကောင်းပြရန် ဖြစ်ကြောင်းကို ငါ၏နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က စံနမူနာကောင်း မည်သို့ပြသနည်း။ နှုတ်ကပတ်တော်များပြောခြင်း၊ အမှုပြုခြင်း၊ နေရာအနှံ့ ပြောဆိုခြင်းတို့အားဖြင့် ပြသည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်ဆောင်သည့် အမှုဖြစ်သည်၊ ဤကမ္ဘာမြေကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်နေသော လောကကြီးဖြစ်လာစေရန်၊ လူတိုင်းကို ဖြည့်ဆည်းပေးရန်၊ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဉာဏ်အလင်းရ စေရန်နှင့် လူ၏ဝိညာဉ် နိုးထပြီး ရူပါရုံများကို ရှင်းရှင်းလင်းလင်း သိစေရန်အတွက် ဘုရားသခင်သည် ပြောဆိုခြင်းသာပြုသည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ လာသည်မှာ အဓိကအားဖြင့် နှုတ်ကပတ်တော်များ ပြောဆိုရန် လာခြင်းဖြစ်သည်။ ယေရှုလောကသို့လာသောအခါ၌ သူသည် ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေပြီး လက်ဝါးကပ်တိုင်ပေါ်၌ အသေခံသည့် ရွေးနှုတ်ခြင်းအမှုကို ပြုခဲ့ပြီးဖြစ်သည်။ ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး အဟောင်းများအားလုံးကို ဖျက်သိမ်း ခဲ့ပြီးဖြစ်သည်။ ယေရှု၏ ရောက်ရှိလာခြင်းသည် ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ရောက်စေခဲ့သည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ ရောက်ရှိလာခြင်းကမူ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ ဘုရားသခင် လောကသို့ ကြွလာခြင်းသည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို စုံလင်အောင်ပြုရန် အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် ဉာဏ်အလင်းပွင့်စေရန်၊ လူသား၏နှလုံးသားထဲ၌ နေရာယူထားသည့် မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် ယေရှုလောကသို့ ကြွလာသောအခါ၌ လုပ်ဆောင်ခဲ့သည့် အမှုအဆင့် မဟုတ်ပါ။ ယေရှုကြွလာခဲ့သောအခါက အံ့သြဖွယ်အမှုများကို များစွာပြုခဲ့သည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ လက်ဝါးကပ်တိုင်ပေါ်၌ ရွေးနှုတ်သည့် အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ထိုသို့ဖြစ်သင့်သည်ဟု လူသားသည် မိမိ၏ အတွေးများထဲ၌ ယုံကြည်နေသည်။ အကြောင်းမှာ ယေရှုကြွလာခဲ့သောအခါက သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ပုံရိပ်အား ဖယ်ရှားသည့် အလုပ်ကို မလုပ်ခဲ့ပါ၊ သူကြွလာခဲ့သော အခါက လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်းကို ခံခဲ့ရသည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏အတွေးများထဲ၌ရှိသော မရေရာသည့် ဘုရားသခင်ကို ဖယ်ရှားနေသည်။ လူသား၏နှလုံးသားထဲ၌ မရေရာသော ဘုရားသခင်၏ပုံရိပ် မရှိတော့စေရန် ထိုသို့လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အစစ်များနှင့် အမှုအစစ်အားဖြင့်၊ နေရာအနှံ့သွားလာလှုပ်ရှားမှု၊ လူသားတို့အကြား၌ သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး သာမန်ဖြစ်သော အလုပ်တို့အားဖြင့် လူသားကို ဘုရားသခင်သည် သူ၏စစ်မှန်မှုကို သိစေပြီး လူသား၏နှလုံးသားထဲမှ မရေရာသည့် ဘုရားသခင်ကိုလည်း ဖယ်ရှားနေသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာအားလုံးကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤအမှုသည် နောက်ဆုံးသောကာလ၌ ဘုရားသခင်က ပြီးပြည့်စုံအောင် လုပ်ဆောင်မည့် အမှုဖြစ်သည်။

သင်တို့သိရမည်မှာ-

၁။ ဘုရားသခင်၏ အမှုသည် သဘာဝလွန်ဖြစ်ရပ် မဟုတ်၊ သင်တို့၌ ယင်းနှင့် ပတ်သက်သော အယူအဆများ မရှိသင့်။

၂။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ယခုအကြိမ်၌ ကြွဆင်းလာ၍ လုပ်ဆောင်သည့် အဓိကအမှုကို သင်တို့နားလည်ရမည်။

ဘုရားသခင်သည် မကျန်းမာသူများကို ကျန်းမာစေဖို့၊ နတ်ဆိုးများကို နှင်ထုတ်ဖို့၊ အံ့သြဖွယ်အမှုများကို လုပ်ဆောင်ဖို့၊ နောင်တတရားနှင့်ဆိုင်သော သတင်းကောင်းကို ဖြန့်ဝေဖို့၊ လူသားကို ရွေးနှုတ်ခြင်းပေးဖို့ ကြွလာခြင်းမဟုတ်ပါ။ အကြောင်းမှာ ထိုအမှုကို ယေရှုက လုပ်ဆောင်ပြီးဖြစ်သလို ဘုရားသခင်သည် ပြုပြီးသား အမှုကို ထပ်မပြုသောကြောင့် ဖြစ်သည်။ ယနေ့ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ဖို့၊ ကျေးဇူးတော်ခေတ်၌ လုပ်ဆောင်နေသော အလေ့အထများအားလုံးကို ဖယ်ရှားဖို့လာခြင်း ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင် ကြွလာသည်မှာ အဓိကအားဖြင့် သူသည် စစ်မှန်ကြောင်းကိုပြသဖို့ လာခြင်းဖြစ်သည်။ ယေရှုကြွလာခဲ့ သောအခါက နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်၊ အဓိကအားဖြင့် တန်ခိုးများ ပြသခဲ့သည်၊ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများကို ပြသခဲ့သည်၊ မကျန်းမာသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ သူသည် ဘုရားသခင်စင်စစ်ဖြစ်ကြောင်း၊ တည်ငြိမ်ပြီး ဘက်မလိုက်သော ဘုရားသခင်ဖြစ်ကြောင်းကို လူများသိမြင်စေရန်အတွက် အနာဂတ္တိစကားများ ပြောကြားခဲ့သည်။ နောက်ဆုံးတွင် လက်ဝါးကပ်တိုင်၌ အသေခံသည့်အမှုကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်။ ယနေ့ကာလ၏ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများကို မပြ၊ မကျန်းမာသူများကိုလည်း ကျန်းမာအောင်မလုပ်၊ နတ်ဆိုးများကိုလည်း မနှင်ထုတ်ပါ။ ယေရှုကြွလာခဲ့ သောအခါက သူပြုခဲ့သောအမှုသည် ဘုရားသခင်၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုခဲ့သော်လည်း ဤတစ်ကြိမ်၌ ဘုရားသခင်သည် လုပ်ဆောင်ရန် အချိန်ကျပြီဖြစ်သော အဆင့်နောက်တစ်ဆင့်ကို လုပ်ဆောင်ရန် ကြွလာခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လုပ်ပြီးသား အလုပ်တစ်ခုကို ထပ်လုပ်လေ့ မရှိသောကြောင့် ဖြစ်သည်။ သူသည် အမြဲသစ်နေပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသော ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် ယနေ့ သင်မြင်သမျှ အရာအားလုံးသည် လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အမှုပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၂)

နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောရန်၊ လူ့အသက်တာ အတွက် လိုအပ်သမျှကို ရှင်းပြရန်၊ လူသည် မည်သည့်နေရာသို့ ဝင်ရောက်သင့်ကြောင်းကို ညွှန်ပြရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူသားအားပြရန်၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် အလွန်ကောင်းမြတ်မှုတို့ကို လူသားအား ပြရန်အတွက် ကြွလာခြင်းဖြစ်သည်။ ဘုရားသခင်ပြောဆိုသည့် နည်းလမ်းများစွာမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ ကြီးစိုးမှု၊ ကြီးမြတ်မှုကိုသာမက ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်နေမှုတို့ကိုလည်း မြင်ရသည်။ အမြင့်မြတ်ဆုံးဖြစ်သော်လည်း ဘုရားသခင်သည် နှိမ့်ချကြောင်းနှင့် ကွယ်ဝှက်နေကြောင်းကို လူသားက မြင်သည့်အပြင် အားလုံးထက် အငယ်ဆုံးသောသူလည်း ဖြစ်နိုင်ကြောင်း မြင်သည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်အချို့ကို ဝိညာဉ်တော်၏ ရှုထောင့်မှ တိုက်ရိုက်ပြောသည်၊ အချို့ကိုမူ လူသား၏ရှုထောင့်မှ တိုက်ရိုက်ပြောပြီး၊ အချို့ကိုမူ ဘေးလူတစ်ယောက်၏ရှုထောင့်မှ ပြောသည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် ဘုရားသခင် အမှုပြုသည့် ပုံစံမျိုးစုံရှိပြီး ဘုရားသခင်သည် သူအမှုပြုပုံကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားကို မြင်ခွင့်ပေးကြောင်း သိနိုင်ပါသည်။ နောက်ဆုံးသောကာလရှိ ဘုရားသခင်၏အမှုသည် သာမန်လည်း ဖြစ်သည့်အပြင် စစ်လည်း စစ်မှန်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ အသက်ရှင်သော လူစုသည် အကြီးမားဆုံးသော စမ်းသပ်စစ်ဆေးမှုနှင့် ကြုံရမည်ဖြစ်သည်။ ဘုရားသခင်၏ သာမန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့် လူသားအားလုံး ထိုသို့သော စမ်းသပ်မှုများနှင့် ကြုံကြရသည်။ လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုများ အလယ်သို့ သက်ဆင်းရခြင်းမှာလည်း ဘုရားသခင်၏ သာမန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့် ဖြစ်သည်။ ယေရှု၏ခေတ်၌ အထက်တွင် ဖော်ပြခဲ့သော အယူအဆများနှင့် စမ်းသပ်မှုများ မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ယေရှုပြုခဲ့သည့် အမှုအများစုသည် လူသားများ၏ အယူအဆများနှင့် ကိုက်ညီ၍ဖြစ်ပြီး၊ လူများက သူ့နောက်လိုက်ခဲ့ကြကာ၊ သူနှင့်ပတ်သက်ပြီး အယူအဆများလည်း မရှိခဲ့ကြသောကြောင့် ဖြစ်သည်။ ယနေ့ခေတ်၌ လူသားတို့ ရင်ဆိုင်ကြုံတွေ့နေရသော စမ်းသပ်မှုများသည် ရင်ဆိုင်ဖူး ခဲ့သမျှတွင် အကြီးမားဆုံးသော စမ်းသပ်မှုဖြစ်သည်။ ဤလူတို့သည် အကြီးမားဆုံးသော စမ်းသပ်မှုကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြသည်ဟု ဆိုသောအခါ၌ ဤစမ်းသပ်မှုကို ရည်ညွှန်း၍ ပြောခြင်းဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းကို လူတို့၌ ရှိစေရန် စကားပြောသည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များသည် လူ့သဘာဝဗီဇအတိုင်း၊ လူသား၏ အကျင့်စရိုက်အတိုင်း၊ ယနေ့ခေတ်၌ လူသားတို့ ဝင်ရောက်သင့်သည့် အရာများအတိုင်းပြောသော နှုတ်ကပတ်တော်များ ဖြစ်သည်။ သူပြောဆိုသည့်နည်းလမ်းက သည် စစ်မှန်သည့်အပြင် ပုံမှန်လည်း ဖြစ်သည်။ ဘုရားသခင်သည် မနက်ဖြန်နေ့အကြောင်းကိုလည်း မပြော၊ လွန်ခဲ့သောနေ့ကိုလည်း ပြန်မလှည့်ကြည့်ပါ၊ လူသားက ဝင်ရောက်သင့် သည့်အရာ၊ လက်တွေ့လုပ်ဆောင်သင့်သည့်အရာနှင့် ယနေ့နားလည် သင့်သည့် အရာများအကြောင်းကိုသာ ပြောသည်။ မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်ကာ၊ တန်ခိုးများကို များစွာပြနိုင်သော လူတစ်ယောက် ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှုဖြစ်သည်ဟုဆိုပါလျှင် ဤသည်မှာ နတ်ဆိုးများ၏ ဟန်ဆောင်တုပမှုနှင့် ယေရှုကို လိုက်လံအတုခိုးခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှတ်ရလော့။ ဘုရားသခင်သည် ပြုပြီးသား အမှုကို ပြန်မပြုပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးမြောက်ပြီးသားဖြစ်၍ ဘုရားသခင်သည် ထိုအဆင့်ကို နောက်တစ်ကြိမ် လုံးဝထပ်လုပ်မည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် မကိုက်ညီသော အမှုဖြစ်သည်။ ဥပမာအားဖြင့် မေရှိယတစ်ဦး လောကသို့ ကြွလာမည့်အကြောင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ပြောထားသည်၊ ဖြစ်သွားသည်မှာက ယေရှုကြွလာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားနေပေလိမ့်မည်။ ယေရှုသည် တစ်ကြိမ်ကြွဆင်းလာပြီးပြီ ဖြစ်သောကြောင့် ဤအကြိမ်၌ ယေရှုနောက်တစ်ကြိမ် ထပ်လာရန်မှာ မှားနေပေလိမ့်မည်။ ခေတ်တိုင်း အတွက် အမည်နာမတစ်ခုရှိပြီး အမည်နာမအသီးသီးကလည်း ခေတ်ကာလ၏ ထူးခြားသော သွင်ပြင်လက္ခဏာကို ဆောင်ပါသည်။ လူသား၏ အယူအဆများထဲ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို အမြဲပြရမည်၊ မကျန်းမာသောသူများကို အစဉ် ကျန်းမာစေရမည်၊ နတ်ဆိုးများကို အစဉ်နှင်ထုတ်ရမည်၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည်ဟု ယူဆကြသည်။ သို့သော်လည်း ဤတစ်ကြိမ်၌ ဘုရားသခင်သည် ထိုကဲ့သို့ လုံးဝမဟုတ်ပါ။ အကယ်၍ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေမည်၊ မကျန်းမာသော သူများကို ဆက်ကျန်းမာစေမည်၊ ယေရှုလုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အမှုသည်လည်း မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် သူ့အမှု၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြသည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းလိုက်သည်။ ဘုရားသခင်က သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသည်နှင့် နတ်ဆိုးများက လိုက်တုလေ့ရှိသည်။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။ ယနေ့ ဘုရားသခင်ပြုသည့် အမှုသည် အဘယ်ကြောင့် ယေရှုလုပ်ခဲ့သည့် အမှုနှင့် မတူသနည်း။ ဘုရားသခင်သည် ယနေ့ခေတ်တွင် အဘယ်ကြောင့် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို မပြသနည်း၊ နတ်ဆိုးများကို မနှင်ထုတ်သနည်း၊ အဘယ်ကြောင့် မကျန်းမာသောသူများကို ကျန်းမာအောင် မလုပ်ပေးသနည်း။ ယေရှုပြုခဲ့သည့် အမှုသည် ပညတ်တရားခေတ်၌ ဘုရားသခင်ပြုခဲ့သည့် အမှုနှင့် ထပ်တူထပ်မျှ တူနေလျှင် ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်ခဲ့သည်ဟု ပြောနိုင်ပါမည်လော။ သူသည် လက်ဝါးကပ်တိုင်၌ ရွေးနှုတ်သည့်အမှုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ပြောနိုင်ပါမည်လော။ ပညတ်တရားခေတ်တုန်းကကဲ့သို့ ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်ပြီး ဥပုသ်နေ့ကို စောင့်ရှောက်ခဲ့လျှင် သူ့ကိုမည်သူကမျှ နှိပ်စက်ညှဉ်းပန်းမည် မဟုတ်၊ လူတိုင်းက သူ့ကို ကြိုဆိုလက်ခံကြမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခြင်းကို ခံရမည်ဟု သင်ထင်သလော။ သူသည် ရွေးနှုတ်သည့်အမှုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ဟု သင်ထင်သလော။ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် ယေရှုပြုခဲ့သကဲ့သို့ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ပြနေလျှင် အဘယ်အဓိပ္ပာယ် ရှိမည်နည်း။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် သူလုပ်ဆောင်မည့် အမှု၏ နောက်အဆင့်တစ်ခုကို လုပ်မှသာ၊ တစ်နည်းအားဖြင့် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုသည့် နောက်ထပ် အဆင့်တစ်ခုကို လုပ်မှသာ လူသားသည် ဘုရားသခင်၏ အကြောင်းကို ပိုသိလာမည်ဖြစ်သည်။ သို့မှသာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည်လည်း ပြည့်စုံမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ထိုအရာသည်။”

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၃)

နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကိုပြောရန် ရောက်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော်၏ရှုထောင့်၊ လူသား၏ရှုထောင့်နှင့် ဘေးလူတစ်ယောက်၏ရှုထောင့်မှ ပြောသည်။ အချိန်ကာလတစ်ခုချင်းစီအတွက် နည်းလမ်းတစ်မျိုးစီကို အသုံးပြုပြီး ကွဲပြားခြားနားသော နည်းလမ်းများဖြင့် စကားပြောလေ့ရှိသည်။ ထို့အပြင် လူသား၏အယူအဆများကို ပြောင်းလဲရန်နှင့် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက်လည်း စကားပြောသော နည်းလမ်းများကို သူအသုံးပြုသည်။ ယင်းသည် ဘုရားသခင် လုပ်ဆောင်သည့် အဓိကအလုပ်ဖြစ်သည်။ ဘုရားသခင် လောကသို့ ကြွလာသည်မှာ မကျန်းမာသူများကို ကျန်းမာစေဖို့ဖြစ်သည်၊ နတ်ဆိုးများကို နှင်ထုတ်ဖို့ဖြစ်သည်၊ တန်ခိုးများကို ပြဖို့ဖြစ်သည်၊ ရုပ်ဝတ္ထုကောင်းချီးမင်္ဂလာများကို လူသားအား ပေးသနားဖို့ဖြစ်သည်ဟု လူသားက ယုံကြည်နေသောကြောင့် ဘုရားသခင်သည် ထိုသို့သောအရာများကို လူသား၏အယူအဆများထဲမှ ဖယ်ရှားရန်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သာမန်ဖြစ်မှုကို လူသားတို့သိစေရန်နှင့် လူ့နှလုံးသားထဲမှ ယေရှု၏ပုံရိပ်ကို ဖယ်ရှားပြီး ဘုရားသခင်၏ ပုံရိပ်အသစ်ဖြင့် အစားထိုးကောင်း ထိုးနိုင်စေရန်အတွက် ပြစ်တင်ဆုံးမသည့်အမှုနှင့် တရားစီရင်သည့်အမှုဖြစ်သည့် အမှု၏ဤအဆင့်ကို လုပ်ဆောင်လျက်ရှိသည်။ လူသား၏အထဲ၌ ဘုရားသခင်၏ ပုံရိပ်ဟောင်းလျှင်ဟောင်းခြင်း ထိုပုံရိပ်သည် ရုပ်တုဆင်းတုတစ်ခု ဖြစ်သွားသည်။ ယေရှုသည် ကြွဆင်းလာပြီး သူလုပ်ရမည့် အမှုအဆင့်ကို လုပ်ဆောင်သောအခါ၌ သူသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားမပြုခဲ့ပါ။ သူသည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်အချို့ကို ပြုခဲ့သည်၊ နှုတ်ကပတ်တော်အချို့လည်းပြောခဲ့ပြီး အဆုံးတွင် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကို ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့်ဆိုင်သော အရာအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့သော်လည်း ဘုရားသခင့်အမှု၏ အစိတ်အပိုင်းတစ်ခုကို လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် အလွန်ပင် ကြီးမြတ်သောကြောင့်၊ အလွန်ကောင်းမြတ်သောကြောင့်၊ မသိနိုင်အောင် နက်နဲသောကြောင့်နှင့် ခေတ်တိုင်းတွင် သူလုပ်ဆောင်သည့် အမှု၏ အဆင့်တစ်ဆင့်ကိုသာ လုပ်ဆောင်ခြင်းတို့ကြောင့်ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် သူ၏နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ့သဘာဝဗီဇ၏ အနှစ်သာရနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ပြခြင်း၊ ဘာသာရေးဆိုင်ရာ အယူအဆများ၊ မြေရှင်ပဒေသရာဇ်စနစ်နှင့်ဆိုင်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်၊ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ထိုအရာများကို ပေါ်ပေါ်ထင်ထင်ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် သန့်စင်ရမည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူသားကို စုံလင်အောင်ပြုရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အသုံးမပြုပါ။ ဘုရားသခင်သည် လူသားကို ထုတ်ဖော်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်အောင်ပြုရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ထိုသို့အားဖြင့် လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်မှုကို မြင်လာစေရန်၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်စေရန်အတွက် ဖြစ်သည်။ ပညတ်တော်ခေတ်၌ ယေဟောဝါသည် သူ၏နှုတ်ကပတ်တော်များဖြင့် မောရှေကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခဲ့သည်၊ ဣသရေလလူမျိုးများကို နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်။ ထိုအချိန်က ဘုရားသခင်သည် သူ၏လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ သို့သော် ထိုအချိန်က လူသား၏အစွမ်းအစမှာ နည်းသေးသောကြောင့် လူသား၏အသိပညာ ပြည့်စုံအောင် မည်သို့မျှလုပ်၍မရသောကြောင့်၊ ဘုရားသခင်သည် ဆက်လက်ပြောဆိုလုပ်ကိုင်ခဲ့သည်။ ကျေးဇူးတော်ခေတ်၌ လူသားသည် ဘုရားသခင်၏ လုပ်ရပ်များထဲမှ နောက်ထပ် အဆင့်တစ်ဆင့်ကို ထပ်မံမြင်တွေ့ခဲ့သည်။ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ ပြနိုင်ခဲ့သည်၊ မကျန်းမာသူများကို ကျန်းမာစေနိုင်ခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့သည်၊ လက်ဝါးကပ်တိုင်၌ အသေခံသည့်အမှုကို လုပ်နိုင်ခဲ့သည်၊ သုံးရက်လွန်လျှင် ရှင်ပြန်ထမြောက်ပြီး လူရှေ့၌ ကိုယ်ထင်ပြခဲ့သည်။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်လျှင် ဤအရာထက်ပိုမသိ။ လူသားသည် ဘုရားသခင် ဖော်ပြသလောက်သာ သိခဲ့သည်။ အကယ်၍ ဘုရားသခင်သည် လူသားကို အဘယ်အရာမျှထပ်မဖော်ပြခဲ့သော် လူသားသည် ယခင်က ဘုရားသခင်ဖော်ပြခဲ့သလောက်သာ သိမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဆက်လက်အလုပ်လုပ်နေသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် လူသား၏အသိပညာသည် ပိုနက်ရှိုင်းကောင်း နက်ရှိုင်းလာနိုင်စေဖို့၊ ဘုရားသခင်၏ အနှစ်သာရကို တဖြည်းဖြည်း နားလည်ကောင်း နားလည်လာနိုင်စေဖို့ ဖြစ်သည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ပြသည်၊ ဘုရားသခင်၏ စစ်မှန်မှုက သင်၏ဘာသာရေးဆိုင်ရာ အယူအဆများကို အစားထိုးသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ ကြွဆင်းလာသည်နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဟူသည့် နှုတ်ကပတ်တော်များကို ပြည့်စုံစေရန်အတွက် ကြွလာခြင်းဖြစ်သည်။ ဤအချက်ကို သင်သေသေချာချာ နားမလည်လျှင် မြဲမြံစွာ ရပ်တည်နိုင်မည် မဟုတ်သေးပေ။ နောက်ဆုံးသောကာလ၌ အဓိကအားဖြင့် ဘုရားသခင်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာမည့် အမှုအဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်လိုသည့် ဆန္ဒရှိပြီး ဤအရာသည် ဘုရားသခင့် စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သို့ဖြစ်၍ သင်တို့၏အသိသည် ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့လိုသည်။ ဘုရားသခင် မည်သို့အမှုပြုသည်ဖြစ်စေ လူသားက သူ့ကို ဘောင်ထဲထည့်ထားစေရန် ဘုရားသခင် မလိုလားပါ။ အကယ်၍ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ဤအမှုကို မလုပ်လျှင် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည်လည်း ထပ်မံတိုးပွားနိုင်မည် မဟုတ်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်း ခံရနိုင်သည်၊ သောဒုံမြို့ကို ဖျက်ဆီးနိုင်သည်၊ ယေရှုသည် သေခြင်းမှ ထမြောက်ပြီး ပေတရုကို ကိုယ်ထင်ပြနိုင်သည်ဟူသည့် အချက်များကိုသာ သင်သိပေလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့်အပြင် လူသားကိုလည်း သိမ်းပိုက်နိုင်သည်ဟုလည်း သင်ပြောမည် မဟုတ်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင်ကြုံတွေ့ခံစားပြီးမှသာ သင်သည် ထိုသို့သောအသိပညာအကြောင်းကို ပြောနိုင်မည်ဖြစ်သည်၊ ကိုယ်တိုင်ကြုံတွေ့ခံစားဖူးသော ဘုရားသခင်၏အမှုမှာ သာ၍များလေလေ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာသည် ပိုပြီးနှံ့စပ်လေလေဖြစ်မည်။ ထိုအခါ၌သာ သင်သည် ဘုရားသခင်ကို သင်၏အယူအဆများအထဲ၌ ဘောင်ခတ်မထားမှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏အမှုကို ကိုယ်တိုင်ကြုံတွေ့ခံစားခြင်းအားဖြင့် ဘုရားသခင်ကို သိလာလေ့ရှိသည်။ ဘုရားသခင်ကိုသိဖို့ အခြားနည်းလမ်းအမှန် မရှိပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၄)

ယနေ့တွင် သင်တို့အားလုံး ရှင်းရှင်းလင်းလင်း သိသင့်သောအချက်မှာ နောက်ဆုံးသောကာလ၌ ဘုရားသခင် ပြီးမြောက်အောင် လုပ်ဆောင်သည့်အရာမှာ အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်” ဟူသည့် အချက်ဖြစ်သည်။ ကမ္ဘာမြေကြီး၌ သူအမှန်တကယ် လုပ်ဆောင်သော အလုပ်မှတစ်ဆင့် သူ့ကို လူသားက သိစေရန်၊ လူသားနှင့် ထိတွေ့ဆက်ဆံရန်နှင့် သူအမှန်တကယ်လုပ်ဆောင်သော အရာများကို လူသားတို့ တွေ့မြင်အောင် လုပ်ဆောင်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်ကြောင်း၊ ခေတ်အပေါ်မူတည်ပြီး ထိုသို့မလုပ်သော အချိန်များလည်း ရှိကြောင်းကို ဘုရားသခင်သည် လူသားအား ရှင်းရှင်းလင်းလင်း သိစေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြနိုင်ခြင်းမဟုတ်၊ ထိုအစား သူလုပ်နေသည့်အမှုနှင့် ခေတ်အပေါ်မူတည်ပြီး အလုပ်လုပ်သော ပုံစံပြောင်းကြောင်းကို သင်သိနိုင်သည်။ ယနေ့ခေတ်တွင် ဘုရားသခင်လုပ်ဆောင်လျက်ရှိသော အလုပ်အဆင့်၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြပါ၊ ယေရှုခေတ်၌ ဘုရားသခင်သည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်အမှုအချို့ကို ပြခဲ့သည်မှာ ထိုခေတ်၌လုပ်ဆောင်သော အမှုသည် ယနေ့ခေတ်၌ လုပ်ဆောင်သော အမှုနှင့် မတူသောကြောင့် ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်သည် ထိုအမှုကို မလုပ်ပါ။ ထို့ကြောင့် လူအချို့က ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်စွမ်းမရှိ၊ သို့မဟုတ် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြလျှင် ဘုရားသခင်သည် ဘုရားသခင်မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့ယုံကြည်ခြင်းသည် အထင်အမြင်မှားခြင်းပင် မဟုတ်ပါလော။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်စွမ်းရှိသည်။ သို့သော် သူသည် ကွဲပြားခြားနားသောခေတ်တွင် အလုပ်လုပ်လျက်ရှိသောကြောင့် ထိုကဲ့သို့သောအလုပ်ကို မလုပ်ဆောင်ခြင်းဖြစ်သည်။ ယနေ့ခေတ်သည် ယခင်ခေတ်နှင့် မတူသောကြောင့်၊ ယနေ့ခေတ်တွင် လုပ်ဆောင်လျက်ရှိသော အမှုအဆင့်သည် ယခင်က လုပ်ဆောင်ခဲ့သော အဆင့်နှင့် မတူသောကြောင့် ရှင်းရှင်းလင်းလင်း ဖော်ပြသော သူ၏လုပ်ရပ်သည်လည်း ယခင်ခေတ်နှင့် မတူခြင်းဖြစ်သည်။ ဘုရားသခင်အပေါ်၌ထားသော လူသား၏ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၌ ယုံခြင်းမဟုတ်၊ တန်ခိုး၌လည်း ယုံခြင်းမဟုတ်၊ အသစ်သောခေတ်၌ လုပ်ဆောင်သော ဘုရားသခင်၏ စစ်မှန်သော အမှုကို ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အမှုပြုပုံအားဖြင့် လူသားသည် ဘုရားသခင်ကို သိလာပြီး ထိုအသိစိတ်သည် လူ၏အထဲ၌ ယုံကြည်ခြင်း၊ တစ်နည်းအားဖြင့် ဘုရားသခင်၏အမှုနှင့် လုပ်ရပ်အပေါ်၌ ယုံကြည်သည့်စိတ်ကို ဖြစ်စေသည်။ အလုပ်၏ဤအဆင့်၌ ဘုရားသခင်သည် အဓိကအားဖြင့် စကားပြောသည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မြင်ရဖို့ စောင့်မနေပါနှင့်။ ထိုအရာများကို သင်တွေ့ရမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ကျေးဇူးတော်ခေတ်အတွင်း၌ မွေးလာသူ မဟုတ်သောကြောင့် ဖြစ်သည်။ ထိုခေတ်တွင် မွေးလာသူဖြစ်ပါက သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မြင်တွေ့နိုင်ခဲ့လိမ့်မည် ဖြစ်သည်။ သို့သော် သင်သည် နောက်ဆုံးသောကာလ၌ မွေးလာသူဖြစ်သောကြောင့် ဘုရားသခင်၏ စစ်မှန်မှုနှင့် သာမန်ဖြစ်မှုကိုသာ တွေ့နိုင်သည်။ နောက်ဆုံးသောကာလ၌ သဘာဝလွန်ယေရှုကို မြင်တွေ့ဖို့ မမျှော်လင့်ပါနှင့်။ သင်သည် လူ့ဇာတိခံယူသော လက်တွေ့ကျသည့် ဘုရားသခင်၊ သာမန်လူတစ်ဦးနှင့် ဘာမျှမခြားနားသော ဘုရားသခင်ကိုသာ မြင်နိုင်မည်။ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင်သည် သူ၏လုပ်ရပ်အမျိုးမျိုးကို ရှင်းရှင်းလင်းလင်း ဖော်ပြလေ့ရှိသည်။ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင်သည် သူ၏လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကို ရှင်းရှင်းလင်းလင်း ဖော်ပြလေ့ရှိပြီး၊ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင်လုပ်ဆောင်သည့် အမှုသည် ဘုရားသခင့် စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသကို ဖော်ပြသည်၊ သူ၏လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကိုလည်း ကိုယ်စားပြုဖော်ပြသည်။ ဘုရားသခင် ရှင်းရှင်းလင်းလင်း ဖော်ပြသော လုပ်ရပ်များသည် တစ်ခေတ်နှင့် တစ်ခေတ် မတူပေ။ သို့သော် ထိုအရာများအားလုံးက လူသားကို ဘုရားသခင်အား ပိုမိုနက်ရှိုင်းစွာ သိသောအသိကို ပေးသည်၊ ဟန်ဆောင်မှုကင်း၍ လက်တွေ့ကျသော၊ ပို၍စစ်မှန်သော ယုံကြည်ခြင်းကို ပေးသည်။ လူက ဘုရားသခင်ကို ယုံကြည်သည်မှာ ဘုရားသခင်၏ လုပ်ရပ်များအားလုံးကြောင့်၊ ဘုရားသခင်သည် အလွန်ကောင်းမြတ်သောကြောင့်၊ အလွန်ကြီးမြတ်သောကြောင့်၊ အနန္တတန်ခိုးရှင် ဖြစ်သောကြောင့်၊ မသိနိုင်အောင် နက်နဲသောကြောင့် ဖြစ်သည်။ အကယ်၍ ဘုရားသခင်ကို သင်ယုံသည်မှာ ဘုရားသခင်က နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ပြနိုင်သောကြောင့်၊ မကျန်းမာသောသူများကို ကျန်းမာစေနိုင်သောကြောင့်၊ နတ်ဆိုးများကို နှင်ထုတ်နိုင်သောကြောင့်ဖြစ်လျှင် သင်၏အမြင်သည် မှားနေသည်။ လူအချို့က သင့်ကို “နတ်ဆိုးများသည်လည်း ထိုအရာများကို လုပ်နိုင်သည် မဟုတ်လော” ဟုမေးမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ပုံရိပ်ကို စာတန်၏ပုံရိပ်နှင့် ရောထွေးစေခြင်းပင် မဟုတ်လော။ ယနေ့တွင် လူသားက ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ လုပ်ရပ်များစွာကြောင့်၊ ဘုရားသခင် လုပ်ကိုင်ပြောဆိုသည့် ပုံစံအမျိုးမျိုးကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ဖို့အတွက်၊ လူသားကို စုံလင်စေဖို့အတွက် သူ၏မိန့်မြွက်ချက်များကို အသုံးပြုလေ့ရှိသည်။ လူသားက ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ လုပ်ရပ်များစွာကြောင့် ဖြစ်သည်။ ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သောကြောင့် မဟုတ်ပါ။ လူသားက ဘုရားသခင်ကို နားလည်သည်မှာလည်း ဘုရားသခင်၏ လုပ်ရပ်များကို မြင်တွေ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လုပ်ရပ်အစစ်အမှန်များအကြောင်း၊ ဘုရားသခင် မည်သို့အလုပ်လုပ်ကြောင်း၊ ဉာဏ်ပညာ အမြော်အမြင်နှင့် ပြည့်စုံသော မည်သည့်နည်းလမ်းများကို ဘုရားသခင် အသုံးပြုလေ့ရှိကြောင်း၊ ဘုရားသခင် မည်သို့စကားပြောလေ့ရှိကြောင်း၊ လူသားကို မည်သို့စုံလင်စေကြောင်း စသည့်အချက်များကို သိမှသာ မည်သည့်အရာကို သူနှစ်သက်သည်၊ မည်သည့်အရာကို သူစက်ဆုပ်ရွံရှာသည်၊ လူ၌ သူမည်ကဲ့သို့အလုပ်လုပ်သည် စသည်တို့ကိုသိလျက် သင်သည် ဘုရားသခင်၏ စစ်မှန်မှုကိုသိပြီး ဘုရားသခင်၏ စိတ်သဘောထားကို နားလည်နိုင်မည်ဖြစ်သည်။ ဘုရားသခင်ကြိုက်သည့်အရာများ၊ မကြိုက်သည့်အရာများကို သိနားလည်လျှင် သင်သည် အပြုသဘောဆောင်သောအရာနှင့် အနှုတ်သဘောဆောင်သောအရာကို ခွဲခြားနိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာမှတစ်ဆင့် သင့်အသက်တာတွင် တိုးတက်မှုရှိမည်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် သင်သည် ဘုရားသခင်၏ အမှုအကြောင်းကို သိရမည်၊ ယုံကြည်ခြင်းနှင့်ပတ်သက်သော သင်၏အမြင်ကို မှန်ကန်အောင် လုပ်ရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၅)

မည်သို့ပင် သင်လိုက်စားနေသည်ဖြစ်စေ၊ အရာခပ်သိမ်းတို့ အထက်တွင်၊ သင်သည် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုကို နားလည်ရမည်ဖြစ်ပြီး ဤအမှု၏ အရေးပါမှုကို သိရမည်ဖြစ်သည်။ သင်သည် နောက်ဆုံးသောကာလ၌ ဘုရားသခင် ကြွလာသောအခါ၊ မည်သည့်အမှုကို သူယူဆောင်လာသည်၊ မည်သည့်စိတ်သဘောထားကို သူယူဆောင်လာသည်၊ လူသား၏အထဲ၌ မည်သည့်အရာကို ပြည့်စုံစေမည်ဆိုသည်တို့ကို နားလည်သဘောပေါက်ကာ သိရှိထားရမည်။ ဇာတိပကတိ၌ သူလုပ်ဆောင်ရန် ကြွလာသည့် အမှုကို သင်မသိရှိ သို့မဟုတ် နားမလည်လျှင်၊ သူ၏အလိုကို သင်အဘယ်သို့ သဘောပေါက်မည်နည်း၊ ထို့အပြင် သင်သည် သူ၏အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်လာနိုင်မည်နည်း။ အမှန်တွင်၊ ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ခြင်းမှာ ရှုပ်ထွေးသည် မဟုတ်၊ သို့သော် ရိုးရှင်းသည်လည်း မဟုတ်ပေ။ လူသားသည် တွေးဆနိုင်လျှင် အကောင်အထည်ဖော်နိုင်၏၊ ထို့ကြောင့်၊ ယင်းမှာ မရှုပ်ထွေးပေ။ လူသားက မတွေးဆနိုင်လျှင်၊ ယင်းမှာ များစွာ ပိုမိုခက်ခဲ၏။ ထို့ပြင်၊ လူသားသည် မရေရာမှုကြား လိုက်စားဖို့ရန် အလားအလာ ရှိလာသည်။ ဘုရားသခင်ကို လိုက်စားခြင်း၌၊ လူသားသည် ရပ်တည်ရန် မိမိကိုယ်ပိုင် အနေအထားမရှိဘဲ၊ မည်သည့်သမ္မာတရား ဆွဲကိုင်သင့်သည်ကို သူမသိလျှင်၊ သူ၌ အခြေခံအုတ်မြစ်မရှိဟု ဆိုလိုပြီး၊ ထို့ကြောင့်၊ သူ့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ဖို့မှာ မလွယ်ကူပေ။ ယနေ့တွင်၊ သမ္မာတရားကို နားမလည်သောသူ၊ အကောင်းနှင့် အဆိုးမခွဲခြားတတ်သောသူ သို့မဟုတ် ချစ်ရမည့်၊ မုန်းရမည့်အရာကို မသိသောသူ များစွာရှိသည်။ ထိုကဲ့သို့သော လူတို့သည် အခိုင်အမာ ရပ်တည်ဖို့ မဖြစ်နိုင်ပေ။ ဘုရားသခင်၌ ယုံကြည်မှုအတွက် အဓိကသော့ချက်မှာ၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး၊ ဘုရားသခင်၏အလိုတော်ကို ပြုစုစောင့်ရှောက်ကာ၊ ဇာတိပကတိ၌ သူကြွလာချိန် လူသားအပေါ် ဘုရားသခင်၏အမှုနှင့် သူပြောဆိုသည့် အခြေခံသဘောတရားများကို သိရှိနိုင်စွမ်းရှိခြင်း ဖြစ်သည်၊ လူထုနောက်ကို မလိုက်နှင့်၊ သင်ဝင်ရောက်သင့်သည့် အရာအတွက် အခြေခံသဘောတရားများ သင့်မှာရှိရမည်ဖြစ်ပြီး ယင်းတို့ကို စွဲကိုင်ထားရမည်။ ဘုရားသခင်မှ အလင်းပေးသော သင့်အတွင်းရှိ ထိုအရာတို့ကို ခိုင်ခိုင်မာမာ စွဲကိုင်ခြင်းသည် သင့်ကို အကူအညီဖြစ်စေသည်။ သင်မစွဲကိုင်လျှင်၊ သင်သည် ယနေ့ လမ်းတစ်ခု ချော်မည်၊ မနက်ဖြန် အခြားတစ်ခု ချော်မည်ဖြစ်ပြီး၊ စစ်မှန်သည့်အရာများကို မည်သည့်အခါမျှ သင်ရလိမ့်မည်မဟုတ်။ ဤသို့ဖြစ်ဖို့ရန်မှာ သင့်ကိုယ်ပိုင်ဘဝအတွက် အကျိုးမရှိပေ။ သမ္မာတရားကို နားမလည်သောသူတို့သည် အခြားသူများနောက် အမြဲလိုက်ကြ၏၊ လူတို့က ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟုဆိုလျှင်၊ သင်သည်လည်းပဲ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်၊ လူများက ယင်းမှာ နတ်ဆိုးတစ်ကောင်အလုပ် ဖြစ်သည်ဟုဆိုလျှင်၊ သင်သည်လည်းပဲ သံသယဖြစ်လာသည်၊ သို့မဟုတ် ယင်းမှာ နတ်ဆိုး တစ်ကောင်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် အခြားသူတို့၏စကားကို အမြဲသံယောင်လိုက်ပြီး၊ မိမိကိုယ်တိုင် မည်သည့်အရာမှ ခွဲခြားနိုင်စွမ်းမရှိ သို့မဟုတ် ကိုယ့်အဖို့ကိုယ် စဉ်းစားနိုင်စွမ်းမရှိပေ။ ဤသည်မှာ သဘောထားတစ်ရပ် မရှိသောသူ၊ ခွဲခြားရန် မတတ်နိုင်သူဖြစ်သည်- ထိုကဲ့သို့သောပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးမဲ့ ကံဆိုးသူတစ်ဦးဖြစ်၏။ သင်သည် အခြားသူများ၏ စကားများကို လိုက်ပြောတတ်ကြသည်၊ ယနေ့၊ ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် ဖြစ်သည်ဟု ဆို၏၊ သို့သော် တစ်နေ့တွင် တစ်စုံတစ်ယောက်က ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် မဟုတ်ဘဲ လူသား၏ လုပ်ဆောင်ချက်သာဖြစ်သည်ဟု ပြောမည့် အလားအလာများ ရှိနေသည်- သို့သော် ဤအရာကို သင်ထိုးထွင်းမမြင်နိုင်ဘဲ အခြားသူများမှ ပြောသည်ကို သင်မျက်မြင်ကိုယ်တွေ့ ကြုံသောအခါ သူတို့ပြောသည့်အတိုင်း သင်ပြောဆိုလေသည်။ ယင်းမှာ အမှန်တကယ် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် ဖြစ်သော်လည်း သင်က လူသား၏အလုပ်ဖြစ်သည်ဟု ဆိုသည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပုတ်ခတ်ပြောဆိုသူတို့ထဲမှ တစ်ဦးဖြစ်လာပြီ မဟုတ်လော။ ဤအရာ၌၊ သင်သည် မခွဲခြားနိုင်သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီမဟုတ်လော။ တစ်နေ့တွင် “ဤအရာသည် နတ်ဆိုးတစ်ကောင်၏ အလုပ်ဖြစ်သည်” ဟုဆိုသော မိုက်မဲသူတစ်ဦး ပေါ်လာသည့်အခါ၊ သင်သည် ဘာပြောရမှန်းမသိဖြစ်ကာ နောက်တဖန် အခြားသူများ၏ စကားများဖြင့် ချည်နှောင်ခြင်းခံရနိုင်သည်။ တစ်စုံတစ်ဦးက အာရုံပျက်စေဖို့ သွေးထိုးသောအခါတိုင်း၊ သင်၏ အနေအထားမှ ရပ်တည်ခြင်းငှာ သင်မတတ်စွမ်းနိုင်၊ ဤအရာအားလုံး ဖြစ်ရသည်မှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို သိခြင်းကို လိုက်စားခြင်းသည် ရိုးရှင်းသောအရာ မဟုတ်ပေ။ ၎င်းတို့ကို အတူတကွ စည်းရုံးခြင်းနှင့် တရားဟောချက်ကို နားထောင်ခြင်းအားဖြင့်သာ မရရှိနိုင်သလို၊ စိတ်အားထက်သန်မှု တစ်ခုတည်းအားဖြင့် သင်သည် စုံလင်စေခြင်းမခံရနိုင်ပေ။ သင်သည် တွေ့ကြုံခံစားပြီး သိမှတ်ကာ၊ သင်၏လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရားကောင်း ရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိရမည်။ အတွေ့အကြုံများကို သင်ဖြတ်သန်းပြီးသောအခါ သင်သည် အမှုအရာများစွာကို ခွဲခြားနိုင်လိမ့်မည်- သင်သည် ကောင်းမှုနှင့် မကောင်းမှု၊ ဖြောင့်မတ်ခြင်းနှင့် ဆိုးညစ်မှု၊ သွေးသားနှင့် ဆိုင်သောအရာနှင့် သမ္မာတရားနှင့်စပ်ဆိုင်သော အရာတို့အကြား ခွဲခြားနိုင်လိမ့်မည်။ သင်သည် ဤအရာအားလုံးတို့အကြား ခွဲခြားနိုင်စွမ်းရှိသင့်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ မည်သည့်အခြေအနေများတွင်မဆို၊ သင်သည် မည်သည့်အခါမျှ ပျောက်ဆုံး လိမ့်မည်မဟုတ်။ ဤအရာသည်သာ သင်၏ ဝိညာဉ်အသက်တာအစစ်အမှန် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၆)

ဘုရားသခင်၏ အမှုကို သိရှိခြင်းသည် ရိုးရှင်းသောအရာ မဟုတ်ပေ။ သင်၏ လိုက်စားခြင်း၌ သင်သည် စံချိန်စံညွှန်းများရှိသင့်ပြီး ရည်ရွယ်ချက်တစ်ခုရှိသင့်သည်၊ သင်သည် စစ်မှန်သောလမ်း ရှာပုံကိုသိသင့်ပြီး၊ ယင်းမှာ မှန်ကန်သောလမ်း ဖြစ်သည် မဖြစ်သည်ကို လည်းကောင်း၊ ဘုရားသခင်၏အမှုဖြစ်သည် မဖြစ်သည်ကိုလည်းကောင်း အဘယ်သို့ ချင့်ချိန်ရမည်ကို သိသင့်၏။ မှန်သောလမ်းကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိမရှိ၊ ဤစကားလုံးများက သမ္မာတရားကို ဖော်ပြခြင်းများ ဖြစ်မဖြစ်၊ ယင်းက အဘယ်သူကို သက်သေခံသည်နှင့် သင့်ကို မည်သည့်အရာ ဆောင်ကြဉ်းပေးနိုင်သည်တို့ကို ကြည့်ရမည်ဖြစ်သည်။ မှန်သောလမ်းနှင့် မှားယွင်းသောလမ်းတို့ကို ခွဲခြားခြင်းတွင် အခြေခံကျသော အသိပညာဆိုင်ရာ ရှုထောင့်အချို့လိုအပ်၏။ အခြေခံအကျဆုံးသော အရာမှာ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် ရှိမရှိကို ကြည့်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် လူသား ယုံကြည်မှု၏ အနှစ်သာရမှာ ဘုရားသခင်၏ဝိညာဉ်တော်အပေါ် ယုံကြည်မှုဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုသည်ပင်လျှင် ဤဇာတိခန္ဓာမှာ ဘုရားသခင့်ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယင်းမှာ ထိုကဲ့သို့သော ယုံကြည်ခြင်းသည် ဝိညာဉ်တော်အပေါ် ယုံကြည်ခြင်း ဖြစ်နေဆဲဖြစ် သည်ဟု ဆိုလိုသည်။ ဇာတိခန္ဓာနှင့် ဝိညာဉ်တော်တို့အကြား ခြားနားမှုများရှိ၏၊ သို့သော် ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ထံမှလာပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိခံယူသောကြောင့်၊ လူသားယုံကြည်သော အရာမှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် မှန်သောလမ်း ဟုတ်မဟုတ်ကို ခွဲခြားရာတွင် အရာအားလုံးထက် သန့်ရှင်းသောဝိညာဉ်တော် ရှိမရှိကို သင်ကြည့်ရမည်၊ ယင်းနောက် ဤလမ်း၌ သမ္မာတရားရှိမရှိကို သင်ကြည့်ရမည်ဖြစ်သည်။ ဤသမ္မာတရားသည် သာမန်လူ့သဘာဝ၏ အသက်တာစိတ်သဘောထားဖြစ်ပြီး၊ ယင်းမှာ အစအဦး၌ ဘုရားသခင်က လူသားကိုဖန်ဆင်းခဲ့ချိန်တွင် သူ့ထံမှတောင်းဆိုသော အရာကို ဆိုလိုသည်၊ အတိအကျပြောရသော် သာမန်လူ့သဘာဝနှင့် ဆိုင်သော အရာအားလုံးကို (လူသားအသိစိတ်၊ ထိုးထွင်းသိမြင်မှု၊ ဉာဏ်ပညာနှင့် လူသားဖြစ်ခြင်း၏ အခြေခံအသိပညာတို့ အပါအဝင်) ဆိုလိုသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဤလမ်းက လူသားကို သာမန်လူ့သဘာဝတစ်ခုထဲသို့ ပို့ဆောင်နိုင်ခြင်း ရှိမရှိ၊ ဟောပြောထားသော သမ္မာတရားကို သာမန်လူ့သဘာဝ၏ စစ်မှန်မှုအရ လိုအပ်မှုရှိမရှိ၊ ဤသမ္မာတရားက လက်တွေ့ကျပြီး စစ်မှန်မှုရှိမရှိနှင့် အချိန်အကိုက်ဆုံး ဖြစ်မဖြစ်တို့ကို ကြည့်ရမည်။ သမ္မာတရားရှိလျှင် ထိုသမ္မာတရားက လူသားကို သာမန်ဖြစ်ပြီး စစ်မှန်သော အတွေ့အကြုံများထဲသို့ ပို့ဆောင်နိုင်၏။ ထို့ပြင် လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး လူသား၏ လူ့အသိစိတ်သည် ပို၍ပို၍ စုံလင်လာသည်၊ ဇာတိပကတိနှင့် ဝိညာဉ်အသက်တာ၌ လူသား၏ဘဝသည် ပို၍ပို၍ စနစ်ကျလာပြီး လူသား၏ စိတ်ခံစားမှုများ ပို၍ပို၍ ပုံမှန်ဖြစ်လာလေသည်။ ဤအရာသည် ဒုတိယနိယာမဖြစ်၏။ လူသားသည် ဘုရားသခင်ကို တိုးပွား၍ သိမသိ၊ ထိုကဲ့သို့သော အမှုနှင့် သမ္မာတရားတို့ကို တွေ့ကြုံခြင်းက သူ၏အထဲ၌ ဘုရားသခင်အပေါ် ချစ်သောမေတ္တာကို လှုံ့ဆော်ပြီး သူ့ကို ဘုရားသခင်နှင့် တိုး၍ရင်းနှီးလာရန် ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိမရှိဆိုသည့် အခြားသော နိယာမတစ်ခုရှိသည်။ ဤအရာသည် မှန်သောလမ်း ဟုတ်မဟုတ် ဤတွင်တိုင်းတာ၍ ရနိုင်ပေသည်။ အခြေခံအကျဆုံးမှာ ထိုလမ်းက သဘာဝလွန်ဆိုသည်ထက် လက်တွေ့ကျသောအရာ ဟုတ်မဟုတ်၊ ထိုလမ်းက လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ခြင်း ရှိမရှိ ဆိုသည့်အရာဖြစ်သည်။ ဤအခြေခံသဘောတရားများနှင့် ကိုက်ညီပါက ထိုလမ်းသည် မှန်သောလမ်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ပေသည်။ သင်တို့၏ အနာဂတ်အတွေ့အကြုံများ၌ အခြားသောလမ်းများကို သင်တို့လက်ခံစေဖို့ ဤနှုတ်ကပတ်တော်များကို ငါပြောခြင်း မဟုတ်သကဲ့သို့ အနာဂတ်၌ အခြားသောခေတ်သစ်၏ အမှုရှိလိမ့်မည်ဟု ဟောကိန်းထုတ်ခြင်း တစ်ခုအနေဖြင့် ပြောဆိုခြင်းလည်း မဟုတ်ပေ။ ယနေ့၏အမှုအပေါ် သင်တို့၏ ယုံကြည်ချက်၌ တစ်ဝက်သာသေချာပြီး ထိုအမှုအပေါ် ထိုးထွင်းသိမြင်မှု မရနိုင်ခြင်း မရှိရအောင်နှင့် ယနေ့၏လမ်းမှာ မှန်သောလမ်းဖြစ်သည်ကို သင်တို့သေချာစေဖို့ ထိုအရာတို့ကို ငါပြောခြင်းဖြစ်သည်။ တိကျသေချာနေသော်ငြားလည်း စိတ်ရှုပ်ထွေးမှုထဲ လိုက်လျှောက်နေဆဲရှိသူ များစွာရှိ၏၊ ထိုသို့သောသေချာမှု၌ အခြေခံသဘောတရား မရှိ၊ ထို့ပြင် ၎င်းတို့သည် အနှေးနှင့်အမြန် ဖယ်ရှားခြင်းကို ခံရကြလိမ့်မည်။ မိမိတို့ လိုက်လျှောက်ခြင်း၌ အထူးတက်ကြွကြသော သူတို့ပင်လျှင် အစိတ်အပိုင်း သုံးပိုင်းသေချာပြီး ငါးပိုင်းမသေချာကြ၊ ယင်းက ၎င်းတို့တွင် အခြေခံအုတ်မြစ် မရှိသည်ကို ပြသနေပေသည်။ သင်တို့၏ အစွမ်းအစက ညံ့ဖျင်းလှပြီး သင်တို့၏အခြေခံအုတ်မြစ်မှာလည်း တိမ်လွန်းလှသောကြောင့် သင်တို့တွင် ပိုင်းခြားသိမြင်ခြင်းအပေါ် နားလည်သဘောပေါက်ခြင်း မရှိပေ။ ဘုရားသခင်သည် သူ၏အမှုတော်ကို အဖန်ဖန်မပြုလုပ်ပေ၊ လက်တွေ့မကျသောအလုပ်ကို ဘုရားသခင်မလုပ်ဆောင်ပေ၊ သူသည် လူသားကို အလွန်အကျွံ တောင်းဆိုမှုများ မပြုလုပ်သလို လူသား၏အသိစိတ်ကို ကျော်လွန်သော အလုပ်ကိုလည်း သူမလုပ်ဆောင်ပေ။ သူလုပ်သော အမှုဟူသမျှသည် လူသား၏ သာမန်အသိစိတ် အတိုင်းအတာအတွင်း၌ရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို မကျော်လွန်သည့်အပြင် သူ၏အမှုသည် လူသားမျိုးနွယ်၏ သာမန်လိုအပ်ချက်များနှင့်အညီ ဖြစ်သည်။ ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူသားသည် သူ၏ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့ အပေါ် အသိပညာတိုးပွားနေပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမိုကြီးထွားလေလေ၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေဖြစ်သည်— ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက်ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ လမ်းတစ်ခုက လူသား၏အနှစ်သာရဖြစ်သော ထိုအရာများကို ထုတ်ဖော်နိုင်စွမ်း မရှိလျှင်၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းမရှိလျှင်၊ ထို့အပြင်၊ ဘုရားသခင်ရှေ့မှောက်သို့ သူ့ကို ခေါ်ဆောင်လာနိုင်စွမ်း မရှိလျှင်၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက်နားလည်မှုကို သူ့အား မပေးနိုင်လျှင်၊ ထို့အပြင် သူ၏လူ့သဘာဝကို ပို၍ပင် နိမ့်ကျစေပြီး သူ၏အသိစိတ်ကို ပို၍ဖောက်ပြန်စေလျှင်၊ ဤလမ်းမှာ စစ်မှန်သောလမ်း မဟုတ်ပေ၊ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ အလုပ်၊ သို့မဟုတ် လမ်းဟောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တိုတိုပြောရလျှင်၊ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်အလုပ်မဖြစ်နိုင်ပေ။ ဤနှစ်များ တစ်လျှောက်လုံး သင်တို့သည် ဘုရားသခင်၌ ယုံကြည်ခဲ့ကြသော်လည်း မှန်သောလမ်းနှင့် မှားသောလမ်းတို့အကြား ခွဲခြားခြင်း သို့မဟုတ် စစ်မှန်သောလမ်းကို ရှာဖွေခြင်းအတွက် အခြေခံသဘောတရားများကို အရိပ်အမြွက်မျှပင် မသိကြချေ။ လူအများစုက ဤကိစ္စများကို စိတ်ပါဝင်စားမှုပင် မရှိကြ၊ အများစုသွားရာကိုသာ သူတို့သွားကြပြီး အများစု ပြောသောအရာကို လိုက်ပြောကြသည်။ ဤသည်မှာ စစ်မှန်သောလမ်းရှာဖွေသော သူတစ်ဦး အဘယ်သို့ ဖြစ်မည်နည်း။ ထိုကဲ့သို့သောသူတို့သည် စစ်မှန်သောလမ်းကို အဘယ်သို့ ရှာတွေ့နိုင်ကြမည်နည်း။ သင်သည် ဤအခြေခံမူအချို့ကို နားလည် သဘောပေါက်လျှင်၊ မည်သည့်အရာပင် ပေါ်ပေါက်ပါစေ သင်လှည့်စားခံရလိမ့်မည် မဟုတ်ပေ။ ယနေ့၊ လူသားသည် ပိုင်းခြားနိုင်ဖို့ရန် အရေးကြီး၏၊ ဤအရာသည် သာမန် လူ့သဘာဝမှ ပိုင်ဆိုင်သင့်သည့် အရာဖြစ်ပြီး၊ သူ၏အတွေ့အကြုံတွင် လူသား ပိုင်ဆိုင်ရမည့်အရာ ဖြစ်သည်။ အကယ်၍၊ ယနေ့ပင်လျှင်၊ လူသားသည် သူ၏လိုက်လျှောက်မှု၌ အဘယ်အရာကိုမျှ မပိုင်းခြားသေးဘဲ သူ၏လူသားအသိစိတ်က ကြီးထွားမှု မရှိသေးလျှင်၊ လူသားသည် အလွန်မိုက်မဲသောသူဖြစ်ပြီး၊ သူ၏ လိုက်စားခြင်းမှာ မှားယွင်းကာ လမ်းလွဲနေပေသည်။ ယနေ့တွင်၊ သင်၏ လိုက်စားခြင်း၌ အနည်းငယ်မျှ ကွဲပြားခြားနားခြင်း မရှိပေ၊ သင်ဆိုသကဲ့သို့ မှန်ကန်သောလမ်းကို သင်တွေ့သည်မှာ မှန်သော်လည်း ထိုလမ်းကို သင်ရရှိပြီလော။ သင်သည် အရာတစ်ခုခုကို ခွဲခြားနိုင်ခဲ့ပြီလော။ စစ်မှန်သောလမ်း၏ အနှစ်သာရမှာ အဘယ်နည်း။ စစ်မှန်သောလမ်းတွင်၊ သင်သည် စစ်မှန်သောလမ်းကို ရရှိခဲ့ပြီမဟုတ်၊ သမ္မာတရား၏ အဘယ်အရာကိုမျှ သင်မရရှိခဲ့ရသေး၊ ယင်းမှာ ဘုရားသခင်က သင့်အား တောင်းဆိုသောအရာကို သင်မရရှိသေးဟု ဆိုလိုသည်၊ ထို့ကြောင့် သင်၏ပျက်စီးခြင်းတွင် အပြောင်းအလဲ မရှိသေးပေ။ သင်သည် ဤနည်းဖြင့် ဆက်လက် လိုက်စားလျှင်၊ အဆုံး၌ ပယ်ရှင်းခြင်းခံရလိမ့်မည်။ ယနေ့အထိ လိုက်လျှောက်ပြီးဖြစ်သဖြင့်၊ သင်လျှောက်ခဲ့ပြီးသော လမ်းမှာ မှန်ကန်သောလမ်းဖြစ်သည်ကို သေချာသင့်ပြီး နောက်ထပ် သံသယများ မထားသင့်ပေ။ လူများစွာတို့သည် သေးငယ်သော အကြောင်းကိစ္စရပ် အချို့ကြောင့် အမြဲ မသေချာမရေရာဖြစ်ကြကာ သမ္မာတရားကို လိုက်စားခြင်းအား ရပ်ဆိုင်းကြလေသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ အမှုတော်အပေါ် အသိပညာမရှိကြသူများဖြစ်ပြီး၊ ဘုရားသခင်ကို စိတ်ရှုပ်ထွေးလျက် လိုက်လျှောက်ကြသူများ ဖြစ်သည်။ ဘုရားသခင်၏အမှုကို မသိရှိသော လူတို့သည် သူ၏ အကျွမ်းဝင်သူများ ဖြစ်ခြင်းငှာ မစွမ်းဆောင်နိုင်ကြ၊ သို့မဟုတ် သူ့အဖို့ သက်သေခံခြင်းငှာ မတတ်စွမ်းနိုင်ကြပေ။ ကောင်းချီးမင်္ဂလာကိုသာရှာပြီး စမ်းတဝါးနှင့် စိတ်ကူးသက်သက် ဖြစ်သောအရာကိုသာ လိုက်စားသောသူတို့အနေဖြင့် ၎င်းတို့ဘဝများ အရေးပါမှုရှိစေခြင်းငှာ သမ္မာတရားကို ဖြစ်နိုင်သမျှ ချက်ချင်းလိုက်စားကြဖို့ ငါအကြံပြုသည်။ မိမိကိုယ်မိမိ နောက်ထပ်အရူး မလုပ်လေနှင့်တော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၇)

နှစ်ပေါင်း ၆၀၀၀ ကျော်ရှိခဲ့သည့် လုပ်ဆောင်ချက်တစ်ခုလုံးသည် အချိန်နှင့်အမျှ တဖြည်းဖြည်းချင်း ပြောင်းလဲ လာခဲ့သည်။ ဤလုပ်ဆောင်ချက်၏ ပြောင်းလဲမှုများသည် လောကကြီး တစ်ခုလုံး၏ အခြေ အနေများ အပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်ခဲ့သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု လုပ်ငန်းများသည် လူသားမျိုးနွယ် တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှု ရေစီးကြောင်းအရ တဖြည်းဖြည်းချင်း အသွင်ပြောင်း ခဲ့သည်။ ဤအရာသည် ဖန်ဆင်းခြင်းအစ၌ စီစဉ်ထားပြီးသား မဟုတ်ချေ။ လောကကြီးကို မဖန်ဆင်းခင် သို့မဟုတ် ဖန်ဆင်း ပြီးပြီးချင်း၌ ယေဟောဝါသည် ပညတ်တော်ဖြစ်သည့် ပထမအဆင့် လုပ်ဆောင်ခြင်း၊ ကျေးဇူးတော် ဖြစ်သည့် ဒုတိယအဆင့် လုပ်ဆောင်ခြင်း၊ သိမ်းပိုက် အောင်နိုင်ခြင်းဖြစ်သည့် တတိယအဆင့် လုပ်ဆောင်ခြင်း စသည့် အလုပ်များကို မစီစဉ်ထားရသေးပေ။ သူသည် မောဘမှ ဆင်းသက်လာသည့် လူမျိုးတစ်ချို့ ပါဝင်သော လူအုပ်စုတစ်စုကြားမှာ ဦးစွာအလုပ်လုပ်ပြီးသည့်အခါ ဤအရာ မှတစ်ဆင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်အောင်နိုင်မည် ဖြစ်သည်။ သူသည် လောကကြီးကို ဖန်ဆင်းပြီးသည့်နောက် ဤစကားများကို ဆိုခဲ့သည် မဟုတ်။ မောဘ ပြီးနောက်မှာ ဤစကားများကို သူပြောခဲ့သည် မဟုတ်ပေ။ လောတ မတိုင်ခင် ပြောခဲ့ခြင်းမှာ သာ၍မဖြစ်နိုင်ပေ။ သူ့အလုပ်များ အားလုံးသည် အလိုအလျောက် ပြီးမြောက်သွားခြင်း ဖြစ်သည်။ ဤအရာသည် သူ၏ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု လုပ်ငန်း တိုးတက်လာသည့် ပုံစံအတိအကျပင်။ လောကကြီးကို မဖန်ဆင်းခင်က လူသားမျိုးနွယ် တိုးတက်ဖို့အတွက် ဤကဲ့သို့ အစီအစဉ်မျိုးကို အနှစ်ချုပ်ဇယားကဲ့သို့ သူမရေးခဲ့ချေ။ ဘုရားသခင်၏ လုပ်ဆောင်မှုထဲမှာ သူ၏ ဖြစ်ခြင်းကို သူတိုက်ရိုက် ဖော်ပြသည်။ အစီအစဉ်တစ်ခုကို ဖော်ထုတ်ဖို့ သူ့ဦးနှောက်ကိုသူ ဒုက္ခမပေးပေ။ ပရောဖက်များ များစွာမူကား ပရောဖက်ပြုချက်များ များစွာကို ပြောခဲ့ပေ၏။ သို့သော်လည်း ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် အမြဲတမ်းပင် တိကျသည့် အစီအစဉ် သတ်မှတ်ထားခြင်းများ ဖြစ်သည်ဟု မပြောနိုင်ပေ။ ပရောဖက်ပြုချက်များသည် ဘုရားသခင်၏ အမှန်တကယ် လုပ်ငန်းများအပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်ခြင်းဖြစ်သည်။ သူ၏ လုပ်ဆောင်ချက် အားလုံးသည် အစစ်မှန်ဆုံး လုပ်ဆောင်ချက်များပင်။ အချိန်၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာ မူတည်ပြီး သူ့အလုပ်များကို လုပ်ဆောင်ခြင်းဖြစ်ပြီး အကြောင်းအရာများ ပြောင်းလဲမှု အပေါ်မှာ မူတည်ပြီး သူ၏အစစ်မှန်ဆုံး အလုပ်များကို လုပ်ဆောင်သည်။ သူ့အတွက်ကား အလုပ်များကို လုပ်ဆောင်ခြင်းသည် ရောဂါအတွက် ဆေးညွှန်ပေးသလိုပင်။ သူ့အလုပ်များကို လုပ်နေရင်းနှင့် သူစောင့်ကြည့် လေ့လာသည်။ သူ၏ စောင့်ကြည့် လေ့လာချက်များအရ သူအလုပ်လုပ်သည်။ သူ့အလုပ်၏ အဆင့်တိုင်းမှာ သူ၏ ကြီးမားသည့် ဉာဏ်ပညာနှင့် ကြီးမားသည့် တန်ခိုးအစွမ်းများကို ဖော်ပြနိုင်သည့် အစွမ်းရှိသည်။ သူသည် ခေတ်ကာလ တစ်ခုအတွင်းမှာရှိသည့် လုပ်ဆောင်ချက် အပေါ်မှာမူတည်ပြီး သူ၏ ကြီးမားသည့် အသိဉာဏ် ပညာနှင့် အခွင့်အာဏာကို ဖွင့်ပြပြီး သူ၏စိတ်သဘောထား အလုံးစုံကို သိမြင်ဖို့ရန်အတွက် ဤခေတ်ကာလများမှာ ဤလူများကို ပြန်လည် ခေါ်ဆောင်ခွင့်ပြုခဲ့သည်။ သူသည် ခေတ်ကာလ တစ်ခုစီတိုင်းမှာ ပြီးမြောက်ရမည့် အမှုများပေါ်မှာ မူတည်ပြီး သူလုပ်ဆောင်သင့်သည့် အလုပ်များကို လုပ်ဆောင်ကာ လူသားများ၏ လိုအပ်ချက်ကို ပံ့ပိုးပေးသည်။ စာတန်က သူတို့ကို ဖျက်ဆီးထားသည့် အခြေအနေ အဆင့်အပေါ်မှာ မူတည်ပြီး လူများ၏ လိုအပ်ချက်များကို သူသည် ဖြည့်ဆည်းသည်။ ဖန်ဆင်းခြင်းများမှာ ဘုရားသခင်၏ သက်သေ ဖြစ်ဖို့နှင့် ကမ္ဘာပေါ်မှာ ဘုရားသခင်ကို ထင်ရှားစေဖို့အတွက် ခွင့်ပြုခဲ့သည့် အာဒံနှင့် ဧဝကို ဦးစွာ ဖန်ဆင်းခဲ့စဉ်တုန်းက ဤနည်းလမ်းပင် ဖြစ်သည်။ သို့သော်လည်း ဧဝသည် မြွေ၏ သွေးဆောင်ခြင်းကို ခံရပြီး အပြစ်လုပ်ခဲ့သည်။ အာဒံသည်လည်း အတူအပြစ်လုပ်ခဲ့ပြီး အကောင်းအဆိုးကို သိစေသည့်သစ်ပင်၏ အသီးကို ဥယျာဉ်ထဲ၌ သူတို့အတူတူ စားခဲ့ကြသည်။ ထို့ကြောင့် ယေဟောဝါသည် သူတို့အကြားမှာ လုပ်ဆောင်ဖို့အတွက် အလုပ်များ ပိုမိုများပြားလာသည်။ အာဒံနှင့် ဧဝတို့၏ ကိုယ်လုံးတီးဖြစ်မှုကို မြင်ပြီး သူတို့ကိုယ်ခန္ဓာများကို တိရစ္ဆာန်သားရေနှင့် လုပ်ထားသည့် အဝတ်များ နှင့် ဖုံးအုပ်စေခဲ့သည်။ ပြီးနောက်မှာ သူအာဒံကိုပြောသည်။ “ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။...သင်ထွက်ရာမြေသို့ မပြန်မှီတိုင်အောင်...အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်။” သူက မိန်းမကို ပြောသည်။ “သင်၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန် များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်” ဤအချိန်မှစပြီး ဘုရားသခင်သည် သူတို့ကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး ယခုခေတ် လူသားများ ကမ္ဘာပေါ်မှာ နေထိုင်သကဲ့သို့ ဥယျာဉ်၏ပြင်ပမှာ နေစေခဲ့သည်။ အစအဦးမှာ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့စဉ်က လူသားကို မြွေ၏ သွေးဆောင်ခြင်းကို ခံစေပြီး လူသားနှင့် မြွေကို ကျိန်ဆိုဖို့ သူမစီစဉ်ခဲ့ချေ။ ဤကဲ့သို့ အစီအစဉ်မျိုးကို သူအမှန်ပင် မရှိခဲ့ပေ။ ဤအရာသည် သူ့ဖန်ဆင်းခြင်းများထဲမှာ သူ့ကို လုပ်ဆောင်ချက် အသစ်များကိုပေးသည့် အရာများ ကြီးထွားလာခြင်း သက်သက်ပင် ဖြစ်သည်။ ယေဟောဝါသည် ကမ္ဘာပေါ်က အာဒံနှင့် ဧဝတို့အတွက် အမှုများကို ဆောင်ရွက်ပြီးသည့်အခါ လူသားမျိုးနွယ်သည် နှစ်ထောင်ပေါင်းများစွာ ဆက်လက် ဖွံ့ဖြိုးတိုးတက်လာသည်။ သို့သော်လည်း “မြေကြီးပေါ်တွင် လူ၏ ဒုစရိုက်အပြစ် ကြီးမားပြီး သူ၏ စိတ်နှလုံးအကြံအစည်အားလုံး အစဉ်မပြတ် ဆိုးညစ်ကြောင်းကို ယေဟောဝါ သိမြင်တော်မူ၏။ ယင်းက မြေကြီးပေါ်မှာ လူကို ဖန်ဆင်းသည်ကို ယေဟောဝါအား နောင်တရစေပြီး သူ၏ စိတ်နှလုံးကို ဝမ်းနည်းကြေကွဲ စေသည်။...သို့သော် နောဧသည် ယေဟောဝါ၏ အမြင်တွင် အသရေရှိသောသူ ဖြစ်သည်။” ဤအချိန်မှာ သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် မြွေ၏သွေးဆောင်ခြင်းကို ခံရပြီးသည့်နောက်မှာ အပြစ်အလွန်ကြီးလာသည့်အတွက် ယေဟောဝါမှာ လုပ်ဆောင်စရာ အသစ်များ ရှိလာခဲ့သည်။ ဤအခြေအနေများအရ ယေဟောဝါသည် ဤလူများထဲမှ နောဧ၏ မိသားစုကို ရွေးချယ်ပြီး လွတ်မြောက်ခွင့် ပေးကာ ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီးဖို့ဖြစ်သည့် သူ၏အလုပ်ကို လုပ်ဆောင်သည်။ လူသားမျိုးနွယ်သည် အကျင့်စရိုက်များ သာ၍ သာ၍ ပျက်စီးလာရင်းနှင့် ယနေ့အထိ ဤပုံစံအတိုင်း ဆက်လက်ဖွံ့ဖြိုး တိုးတက်လာပြီး လူသားမျိုးနွယ်၏ တိုးတက်မှုက ထိပ်ဆုံးအထိ ရောက်သည့်အချိန်သည် လူသားမျိုးနွယ်၏ အဆုံးသတ်ခြင်းလည်း ဖြစ်လာပါမယ်။ ပကတိအစအဦးမှ ကမ္ဘာအဆုံးအထိ သူ့လုပ်ဆောင်ချက်၏ အတွင်းက သမ္မာတရားများသည် ဤကဲ့သို့ အမြဲတမ်း ဖြစ်ခဲ့သည်။ သူတို့၏ ပုံစံပေါ်မူတည်ပြီး လူသားကို အမျိုးအစားခွဲခြားပုံနှင့် အတူတူပင် ဖြစ်သည်။ အစအဦးမှာ သူတို့နှင့်သက်ဆိုင်သည့် အမျိုးအစားအတိုင်း လူတစ်ယောက်စီတိုင်းမှာ ကြိုတင်ခွဲခန့်မှတ်သား ထားသည့်အရာနှင့် အလွန်ဝေးကွာနေသည်။ လူသားများသည် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းပြီး နောက်မှသာ တဖြည်းဖြည်းချင်း အမျိုးအစားခွဲခြားခြင်း ခံရသည်။ အဆုံးမှာတော့ လုံးဝကယ်တင်ခြင်း မခံရသူများသည် သူတို့၏ ဘိုးဘွားများဆီကို ပြန်ရမည်ဖြစ်သည်။ လောကကြီးကို ဖန်ဆင်းခဲ့စဉ်တုန်းက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ မည်သည့်အမှုကိုမျှ ပြင်ဆင်ထားနှင့်ခြင်း မရှိပေ။ လူသားမျိုးနွယ်ကြားမှာ သူ့အလုပ်များကို လက်တွေ့ကျကျ သမ္မာတရားနှင့်အညီ တစ်ဆင့်ချင်း ပြုလုပ်ဖို့အတွက် ဖြစ်လာစေ ခဲ့သည့်အရာများ ကြီးထွားလာခြင်းသာ ဖြစ်သည်။ ဤအရာသည် မိန်းမကို သွေးဆောင်ဖို့အတွက် မြွေကို ယေဟောဝါ ဘုရားသခင်က ဖန်ဆင်းခြင်း မဟုတ်သည့် ပုံစံမျိုးပင်။ သူသေချာ သတ်မှတ်ထားသည့် အစီအစဉ်မဟုတ်သကဲ့သို့ သူတမင်တကာ ခွဲခန့်မှတ်သားထားသည့် အရာလည်း မဟုတ်ချေ။ မျှော်လင့်မထားဘဲ ဖြစ်သည့်အရာဟု ပြောနိုင်သည်။ ထို့ကြောင့် ယေဟောဝါသည် အာဒံနှင့်ဧဝကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး လူကို ထပ်ပြီး မဖန်ဆင်းဖို့ ပိုင်းဖြတ်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ ဉာဏ်ပညာသည် ဤအခြေခံအချက် အပေါ်မှာပင် လူများအားဖြင့် တွေ့ရှိခြင်းသာ ဖြစ်သည်။ ယခင်က ငါပြောခဲ့သည့် အချက်ကဲ့သို့ပင် “ငါ၏ အသိပညာသည် စာတန်၏ လှည့်ကွက်များပေါ်မှာသာ အခြေခံ လှုပ်ရှားသည်။” အကျင့်ပျက်စီးနေသည့် လူသားများသည် မည်ကဲ့သို့ပင် ကြီးထွားလာပါစေ သို့မဟုတ် မြွေက သူတို့ကို မည်ကဲ့သို့ပင် သွေးဆောင်ပါစေ ယေဟောဝါ၌ ဉာဏ်ပညာရှိသည်။ ထို့ကြောင့် သူသည် လောကကြီးကို ဖန်ဆင်းပြီးကတည်းက လုပ်ဆောင်ချက် အသစ်များနှင့် ထိတွေ့မှုရှိနေပြီး ဤအမှုအဆင့် အားလုံးသည် ပြန်လည်လုပ်ဆောင်ရခြင်းမျိုး တစ်ခုမျှမရှိ။ စာတန်သည် သူ၏ လှည့်စားမှု များကို အဆက်မပြတ် လုပ်ဆောင်နေသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို အဆက်မပြတ် ခံနေရပြီး ယေဟောဝါ ဘုရားသခင်သည်လည်း သူ၏ ပညာဉာဏ် ကြီးမားသည့် အလုပ်များကို အစဉ်မပြတ် လုပ်ဆောင်နေသည်။ သူသည် မည်သည့်အခါမျှ မရှုံးပေ။ ပြီးလျှင် သူသည် လောကကြီးကို ဖန်ဆင်းခြင်းမှစပြီး လက်ရှိအချိန်အထိ သူ့အလုပ်ကို မည်သည့်အခါမျှ မရပ်တန့်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးသည့်နောက်၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် သူ၏ရန်သူကို ချေမှုန်းဖို့အတွက် လူသားများကြားမှာ အဆက်မပြတ် လုပ်ဆောင်နေသည်။ ဤတိုက်ပွဲသည် အစအဦးမှ ကမ္ဘာအဆုံးအထိ ဖြစ်ပေါ်နေမည်ဖြစ်သည်။ ဤအလုပ်များ အားလုံးကို လုပ်နေသည့်အချိန်၌ ဘုရားသခင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့် လူသားများကို သူ၏ ဘုန်းတန်ခိုးနှင့် ပြည့်စုံသည့် ကယ်တင်ခြင်းကို ရရှိစေဖို့ အခွင့်ပေးခဲ့ရုံတင်မကဘဲ သူ၏ ဉာဏ်ပညာ၊ ဘုန်းတန်ခိုးနှင့် ပြည့်စုံမှုနှင့် အခွင့်အာဏာတို့ကို တွေ့မြင်စေခဲ့သည်။ အဆုံးမှာတော့ သူသည် ဆိုးသွမ်းသူကို အပြစ်ဒဏ်ပေးပြီး ကောင်းသည့်သူကို ချီးမြှောက်ရင်း သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်စေမည်ဖြစ်သည်။ သူသည် ဉာဏ်ပညာကြီးသည့် ဘုရားသခင်ဖြစ်ပြီး သူ၏ ဉာဏ်ပညာများသည် စာတန်၏ လှည့်ကွက်ပေါ်မှာ မူတည်လှုပ်ရှားသည့်အတွက် သူသည် စာတန်နှင့် ဤနေ့အထိ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ပြီး တစ်ခါမျှ မရှုံးနိမ့်ခဲ့ပေ။ ကောင်းကင်ဘုံ၌ ရှိသမျှ အရာအားလုံးကို သူ၏အခွင့်အာဏာထံ ဆက်ကပ်စေရုံသာမက ကမ္ဘာမှာရှိသည့် အရာအားလုံးကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်မှာ ငြိမ်သက်စေခဲ့သည်။ ဤတင်မကဘဲ သူသည် လူသားမျိုးနွယ်ကို ကျူးကျော် နှောင့်ယှက်သည့် မကောင်းမှု ပြုသူများကို သူ၏ ပြစ်တင်ဆုံးမမှုအောက်၌ ကျဆင်းစေသည်။ ဤလုပ်ဆောင်ချက်၏ အကျိုးရလဒ်အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကောင်းကင်ဘုံ၊ ကမ္ဘာပေါ် သို့မဟုတ် စကြဝဠာတစ်ခုလုံး၌ ရန်သူမရှိဘဲ သဘာဝကို ကျူးကျော်ဝင်ရောက်မည့် အမှောင်စွမ်းအားများ မရှိခဲ့သည့်အတွက် ဘုရားသခင်သည် သူ၏ဉာဏ်ပညာကို လူသားမျိုးနွယ်ရှေ့မှာ တစ်ခါမျှ မဖော်ပြခဲ့ပါဘူး။ ကောင်းကင်တမန်မင်းသည် သူ့ကို သစ္စာဖောက် ခဲ့ပြီးနောက်မှာ သူသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး လူသားမျိုးနွယ်ကြောင့်ပင် ဘုရားသခင်သည် ကောင်းကင်တမန်မင်း ဖြစ်သည့် စာတန်နှင့် အဆင့်တိုင်းမှာ သာ၍ သာ၍ ပြင်းထန်လာသည့် စစ်ပွဲတစ်ခုဖြစ်သည့် နှစ်ထောင်ချီရှည်သည့် စစ်ပွဲရှည်ကြီးကို စတင်ခဲ့ရသည်။ ဤအဆင့်တိုင်းမှာ သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် ဉာဏ်ပညာကို တွေ့မြင်ရသည်။ ဤကဲ့သို့အချိန်မျိုးမှသာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်မှာရှိသည့် အရာအားလုံးသည် ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့်ပြည့်စုံမှုနှင့် ဘုရားသခင်၏ စစ်မှန်မှုကို မြင်နိုင်သည်။ ယနေ့အထိ ဤကဲ့သို့ အကြောင်းတရားမျိုး ကြောင့်သာ ဘုရားသခင်သည် သူ၏အလုပ်များကို လုပ်ဆောင် နေဆဲပင် ဖြစ်သည်။ ထပ်ဆင့်အနေနှင့် သူ၏လုပ်ငန်းများကို လုပ်ဆောင်နေစဉ်မှာ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံမှုကိုလည်း ဖော်ပြသည်။ ဘုရားသခင်သည် သူ၏ အနန္တတန်ခိုး နှင့် ပြည့်စုံမှုကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း ဆိုသည်ကို သိရှိဖို့အတွက်နှင့် ဘုရားသခင်၏ စစ်မှန်မှုကို မည်ကဲ့သို့ ရှင်းပြရမည် ဆိုတာကို သိရှိဖို့အတွက် လုပ်ဆောင်ချက် အဆင့်တိုင်း၏ အတွင်းကျသည့် သမ္မာတရားကို သင်တို့ကို မြင်ခွင့်ပေးသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၈)

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုများသည် အမြဲတမ်းပင် အလိုအလျောက် ပြီးမြောက်သည်။ သူ့အလုပ်ကို စီစဉ်သတ်မှတ်သည့် အချိန်တိုင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် လုပ်ဆောင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် စစ်မှန်သည်ဟု အဘယ်ကြောင့် ငါအမြဲတမ်း ပြောနေရသနည်း။ ထိုအရာသည် အမြဲတမ်းဆန်းသစ်ပြီး ဟောင်းမသွားဘဲ အမြဲတမ်း အသစ်အဆန်း ဖြစ်နေသည်ဟု အဘယ်ကြောင့်ပြောသနည်း။ လောကကြီးကို ဖန်ဆင်းခဲ့စဉ်က သူ၏အလုပ်ကို စီစဉ်သတ်မှတ်ပြီးသား မဟုတ်ပေ။ ဤကဲ့သို့ ဖြစ်ခဲ့ခြင်းမျိုး လုံးဝမဟုတ်ပေ။ လုပ်ဆောင်ချက် အဆင့်တိုင်း၌ သူနှင့်သက်ဆိုင်သည့်အချိန်မှာ ဖြစ်ပေါ်သည့် သက်ရောက်မှုများရှိပြီး ဤအရာများသည် တစ်ခုနှင့်တစ်ခု ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။ သင့်စိတ်ထဲ၌ရှိသည့် အစီအစဉ်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နောက်ဆုံးလုပ်ဆောင်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ဖြစ်ရပ်များ များစွာရှိသည်။ သူ၏ လုပ်ဆောင်ချက်များသည် လူများ၏ စဉ်းစားပုံကဲ့သို့ ရိုးရှင်းခြင်းမျိုး မဟုတ်ဘဲ လူများ၏ စိတ်ကူးပုံများလောက် ရှုပ်ထွေးခြင်းလည်း မရှိပေ။ လူများ၏ လက်ရှိလိုအပ်ချက်များပေါ်မူတည်ပြီး မည်သည့်အချိန် မည်သည့်နေရာမှာမဆို လူများကို ပံ့ပိုးပေးခြင်း ပါဝင်သည်။ လူများ၏ အခြင်းအရာကို သူကဲ့သို့ မည်သူမျှ ရှင်းရှင်းမသိနိုင်ချေ။ ပြီးလျှင် သူ၏ လုပ်ဆောင်ချက်များကဲ့သို့ မည်သည့်အရာမျှ လူသားတို့၏ အမှန်တကယ် လိုအပ်ချက်များကို ကိုက်ညီမှု မရှိဘူးဟူသည့် အချက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် လူသား၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် သူ၏ လုပ်ဆောင်ချက်များသည် နှစ်ထောင် ပေါင်းများစွာ ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။ သင်တို့၏ အခြေအနေ ပေါ်မှာ မူတည်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့ကြားထဲ ယခုအလုပ်လုပ်သည့်အခါ သူသည် အလုပ်လုပ်ရင်းနှင့် နေရာတိုင်း အချိန်တိုင်းမှာ စကားပြောနေသည်။ လူသားများသည် အခြေအနေ တစ်ခု၌ ရောက်နေသည်ဆိုလျှင် သူတို့အတွင်းမှာ အမှန်တကယ် လိုအပ်သည့် စကားလုံးများကို သူပြောသည်။ သူ့အလုပ်၏ ပထမအဆင့်ကဲ့သို့၊ ပြစ်တင်ဆုံးမခြင်းကာလကဲ့သို့ ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်း ကာလအပြီးမှာ လူများသည် အပြုအမူတစ်ချို့ကို ဖော်ပြကြသည်။ ပုန်ကန်သည့်အပြုအမူ ပုံစံမျိုးများ လုပ်ဆောင်သည်။ ကောင်းမွန်သည့် အခြေအနေများ ပေါ်ထွက်လာသည်။ မကောင်းသည့် အခြေအနေများလည်း ပေါ်ထွက်လာသည်။ ပြီးလျှင် ဤမကောင်းမှု၏ အပေါ်မျဉ်းများသည် အဆင့်တစ်ခုကို ရောက်သွားသည်။ ဘုရားသခင်သည် ဤအရာအားလုံးအပေါ်၌ အခြေခံပြီး သူ့အလုပ်ကို လုပ်ဆောင်သည်။ သူ၏လုပ်ဆောင်ချက်မှာ ပိုမို ကောင်းမွန်သည့် သက်ရောက်မှု ရရှိစေဖို့ရန်အတွက် ဤအရာများကို ထိန်းချုပ်သည်။ သူသည် လူများ၏ လက်ရှိ အခြေအနေအရ လူအများကြားမှာ ပံ့ပိုးပေးသည့် အလုပ်များကို လုပ်နေခြင်းသက်သက်ပင် ဖြစ်သည်။ လူသားများ၏ အမှန်တကယ် အခြေအနေများအပေါ်မှာ မူတည်ပြီး သူ၏အလုပ်အဆင့်တိုင်းကို လုပ်ဆောင်သည်။ ဖန်ဆင်းခြင်း အားလုံးသည် သူ့လက်ထဲမှာရှိသည်။ ဤအရာများကို သူမသိနိုင် ပေလော။ လူများ၏ အခြေအနေများကို ကြည့်ပြီး ဘုရားသခင်သည် နေရာတိုင်း အချိန်တိုင်းမှာ ပြီးမြောက်သင့်သည့် နောက်အလုပ် တစ်ခုကို ထပ်ပြီး လုပ်ဆောင်သည်။ ဤအရာသည် နှစ်ထောင်ပေါင်း များစွာကတည်းက ကြိုတင်စီစဉ်ထားခြင်း မဟုတ်ပေ။ ဤအရာသည် လူများ၏ ယူဆချက်ပင်။ သူ့လုပ်ဆောင်ချက်၏ အကျိုးသက်ရောက်မှုကို သူကြည့်ရှုလေ့လာပြီး အလုပ်လုပ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် အဆက်မပြတ် နက်ရှိုင်းလာပြီး တိုးတက်လာသည်။ သူ့အလုပ်၏ ရလဒ်များကို ကြည့်ရှုလေ့လာရင်း သူ့အလုပ်၏ နောက်ထပ်တစ်ဆင့်ကို ထပ်ပြီး လုပ်ဆောင်သည်။ အကြောင်းအရာများကို တဖြည်းဖြည်း ပြောင်းလဲစေဖို့ အချိန်များ ကြာလာသည်နှင့်အမျှ လူများသည် သူ၏ လုပ်ဆောင်ချက် အသစ်များကို မြင်လာစေဖို့ အရာဝတ္ထုများကို အသုံးပြုသည်။ ဘုရားသခင်သည် လူသားများကို ကောင်းကောင်း သိရှိသည့်အတွက် ဤကဲ့သို့ လုပ်ဆောင်ချက်များသည် လူသားများ၏ လိုအပ်ချက်ကို ပံ့ပိုးပေးနိုင်စွမ်း ရှိသည်။ ဤအရာသည် ဘုရားသခင်သည် ကောင်းကင်ဘုံမှ သူ့အလုပ်ကို လုပ်သည့်ပုံစံပင် ဖြစ်သည်။ ဤကဲ့သို့ပင် လူ့ဇာတိခံယူသည့် ဘုရားသခင်သည် ဤနည်းအတိုင်း လက်တွေ့ကျကျ စီစဉ်ဆောင်ရွက်ပြီး လူသားမျိုးနွယ်ကြားမှာ လှုပ်ရှားဆောင်ရွက်သည်။ သူ၏အလုပ်များသည် လောကကြီးကို မဖန်ဆင်းမီ ကတည်းက စီစဉ်ထားခြင်း၊ ယခင်ကတည်းက သေသေချာချာ ကြိုတင်သတ်မှတ်ထားခြင်းမျိုး မရှိပေ။ လောကကြီးကိုဖန်ဆင်းပြီး နှစ်ပေါင်းနှစ်ထောင် ကြာပြီးနောက်၌ လူသားများသည် ဆိုးသွမ်းပျက်စီးလာကြခြင်းကို ယေဟောဝါ မြင်သည့်အခါ သူသည် ပညတ်တော်ခေတ်ပြီးနောက် ကျေးဇူးတော်ခေတ်၌ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ရန်အတွက် သူ့အလုပ်ကို သူဆောင်ရွက်မည်ဆိုသည်ကို ပရောဖက်ဟေရှာယ၏ နှုတ်ကို အသုံးပြုပြီး ပရောဖက်ပြုခဲ့သည်။ ဤအရာသည် ယေဟောဝါ၏ အစီအစဉ်ပင် ဖြစ်သည်။ သို့သော်လည်း ဤအစီအစဉ်သည် လက်ရှိအချိန်၌ သူတွေ့ရှိချက်အပေါ်မှာ မူတည်ပြီး ပြုလုပ်ခြင်းလည်း ဖြစ်သည်။ အာဒံကို ဖန်ဆင်းပြီးပြီးချင်း ဤကဲ့သို့ စဉ်းစားလိုက်ခြင်းမျိုးကား မဟုတ်ပေ။ ဟေရှာယက ပရောဖက်ပြု ခဲ့သည်။ သို့သော်လည်း ယေဟောဝါသည် ဤပညတ်တော်ခေတ် အတွင်းမှာ ဤအရာအတွက် ပြင်ဆင်မှုများ ချက်ချင်းလုပ်ခဲ့ခြင်း မဟုတ်ပေ။ ယောသပ်၏ အိပ်မက်ထဲ၌ တမန်သည် ပေါ်လာပြီး ဘုရားသခင်သည် ဇာတိပကတိ ခံယူမည်ဖြစ်ပြီး၊ ဤအရာကြောင့် သူ၏ လူ့ဇာတိကို ခံယူခြင်းအမှု စတင်ပြီဆိုခြင်းကို ဖွင့်ပြခဲ့ပြီးသည့်အခါ ဘုရားသခင်သည် ကျေးဇူးတော်ခေတ် အစမှာ ဤအလုပ်ကို ပြင်ဆင်ခဲ့သည်။ လူများထင်သကဲ့သို့ ဘုရားသခင်သည် လောကကြီးကို ဖန်ဆင်းပြီး ကတည်းက သူ၏လူ့ဇာတိကို ခံယူခြင်းအလုပ်ကို ကြိုတင် ပြင်ဆင်ထားခဲ့သည် မဟုတ်ပေ။ ဤအရာသည် ဘုရားသခင်နှင့် စာတန်၏ စစ်ပွဲအခြေအနေနှင့် လူသားများ၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာ မူတည်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၉)

ဘုရားသခင်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာသည့်အခါ သူ၏ဝိညာဉ်တော်သည် လူသားတစ်ဦး အပေါ်ကို သက်ဆင်းသည်။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ကမ္ဘာပေါ်၌ သူ့၏လုပ်ဆောင်ချက်များကို လုပ်ပြီး ကန့်သတ်ထားသည့် အဆင့်များကို သူနှင့်ယူဆောင်လာဖို့ထက် ဤလုပ်ဆောင်ခြင်းသည် လုံးဝ အကန့်အသတ်မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များသည် သူ့အလုပ်၏ သက်ရောက်မှုများ အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်သည်။ သူသည် ဇာတိပကတိထဲ ရှိနေစဉ်မှာ အလုပ်များကို လုပ်ဆောင်မည် ဖြစ်သည့်အတွက် ဤအရာများအား အချိန်ကြာရှည်မှုကို သတ်မှတ်ဖို့အတွက် အသုံးပြုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ လုပ်ဆောင်မှု အဆင့်တိုင်းကို တိုက်ရိုက် ဖော်ပြသည်။ သူလှုပ်ရှားနေစဉ်မှာ သူ့အလုပ်များကို ကြည့်ရှု စစ်ဆေးသည်။ လူ၏ စိတ်ကူးကန့်သတ်ချက်ထက်ပိုသည့် သဘာဝလွန်များ မဟုတ်ပေ။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းသည့် ယေဟောဝါ၏ လုပ်ဆောင်ချက်မျိုးပင် ဖြစ်သည်။ သူသည် ဆက်တိုက် စီစဉ်ပြီး လုပ်ဆောင်သည်။ သူသည် အလင်းကို အမှောင်မှ ခွဲထုတ်သည်။ မနက်နှင့် ညကို ဖြစ်ပေါ်စေသည်။ ဤလုပ်ဆောင်ချက်သည် တစ်ရက်ကြာသည်။ ဒုတိယနေ့မှာ မိုးကောင်းကင်ကို ဖန်ဆင်းသည်။ ဤအရာလည်း တစ်ရက်ကြာသည်။ ပြီးနောက်မှာ သူသည် ကမ္ဘာ၊ ပင်လယ်နှင့် ဤအရာများအပေါ်မှာ နေထိုင်သည့် အရာများကို ဖန်ဆင်းသည်။ ဤအရာသည်လည်း တစ်ရက်ကြာသွားသည်။ ဤကဲ့သို့မျိုး ခြောက်ရက်ကြာပြီးသည့်နောက် ခုနှစ်ရက်မြောက် မတိုင်ခင်မှာ ဘုရားသခင်သည် လူသားကိုဖန်ဆင်းပြီး ကမ္ဘာပေါ်က အရာအားလုံးကို စီမံစေပြီးသည့်အခါ၊ ဘုရားသခင်သည် အားလုံးကို ဖန်ဆင်းပြီးသည့်အခါ သူအနားယူခဲ့သည်။ ဘုရားသခင်သည် ခုနှစ်ရက်မြောက်နေ့ကို ကောင်းချီးပေးပြီး သန့်ရှင်းသည့် နေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ သူသည် အရာအားလုံးကို ဖန်ဆင်းပြီးမှသာ ဤသန့်ရှင်းသည့်နေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အရာအားလုံးကို မဖန်ဆင်းခင်က စီစဉ်သတ်မှတ်ပြီး မဟုတ်ပေ။ ဤအလုပ်ကိုလည်း အလိုအလျောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်၊ အရာခပ်သိမ်းကို သူမဖန်ဆင်းခင် သူသည် ကမ္ဘာကို ခြောက်ရက်နှင့် ဖန်ဆင်းပြီး ခုနှစ်ရက်မြောက် နေ့မှာ အနားယူမည်ဟု ဆုံးဖြတ်ထားခြင်းမဟုတ်ပေ။ အချက်အလက်များက လုံးဝ ဤကဲ့သို့မဟုတ်ပေ။ သူဤအရာကို မပြောခဲ့၊ မစီစဉ်ခဲ့ပေ။ အရာအားလုံးကို ဖန်ဆင်းခြင်းသည် ခြောက်ရက်မြောက်နေ့၌ ပြီးဆုံးမည်ဖြစ်ပြီး ခုနှစ်ရက်မြောက်နေ့မှာ သူအနားယူမည်ဟု သူအလျဥ်းမပြောခဲ့ပေ။ သူ့အနေနှင့် ကောင်းမည်ဟု ထင်မြင်သည့် အရာများအပေါ်မှာ မူတည်ပြီး ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ သူအားလုံးကို ဖန်ဆင်းပြီးချိန်မှာ ခြောက်ရက်မြောက်နေ့ ဖြစ်နေပေပြီ။ သူအရာ အားလုံးကို ဖန်ဆင်းပြီးသည့်အချိန်မှာ ငါးရက်မြောက်နေ့ ဖြစ်နေလျှင် သူသည် ခြောက်ရက်မြောက်နေ့ကို သန့်ရှင်းသည့် နေ့အဖြစ် သတ်မှတ်ခဲ့ပါလိမ့်မည်။ သို့သော်လည်း သူသည် အရာအားလုံးကို ခြောက်ရက်မြောက်နေ့မှာ ဖန်ဆင်းပြီးမြောက်ခဲ့သည့်အတွက် ခုနှစ်ရက် မြောက်နေ့သည် ယနေ့ အထိ သတ်မှတ်ပြဌာန်းထားသည့် သန့်ရှင်းသည့် နေ့တစ်နေ့ ဖြစ်လာသည်။ ထို့ကြောင့် သူ၏ လက်ရှိအမှုများသည် ဤနည်းအတိုင်းပင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် သင်တို့၏ အခြေအနေပေါ်မှာ မူတည်ပြီး သင်တို့၏ လိုအပ်ချက်များကို ပြောဆိုပံ့ပိုးပေးသည်။ ဤအရာသည် ဝိညာဉ်တော်မှ လူများ၏ အခြေအနေများအရ ပြောဆို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဝိညာဉ်တော်သည် အားလုံးကို စောင့်ကြည့်နေပြီး အချိန်တိုင်း နေရာတိုင်းမှာ အလုပ်လုပ်သည်။ ပြောမည်ဆိုလျှင်၊ သင်တို့အပေါ် ငါနေရာချပေးသည်နှင့် သင်တို့အပေါ် ငါအပ်နှင်းခြင်းများ သည် ခြွင်းချက်မရှိ သင်တို့ လိုအပ်သည့်အရာပင် ဖြစ်သည်။ ထို့ကြောင့် ငါ၏အလုပ်သည် လက်တွေ့သဘောနှင့် ကင်းကွာခြင်း လုံးဝမရှိ။ “ဘုရားသခင်၏ ဝိညာဉ်တော်သည် အရာခပ်သိမ်းကို စောင့်ကြည့်လျက် ရှိ၏” ဆိုသည်ကို သင်တို့လည်း သိသည့်အတွက် အားလုံးသည် စစ်မှန်၏။ ဤအရာများ အားလုံးသည် ကြိုတင်ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်ခဲ့လျှင်၊ အားလုံးသည် ကြိုတင်ခင်းကျင်းပြီးသား ဖြစ်မနေပေလော။ ဘုရားသခင်သည် နှစ်ပေါင်း ၆၀၀၀ မျှ အလုပ်လုပ်ပြီးလျှင်ပင် လူသားများကို ပုန်ကန်ခြင်း၊ ခုခံခြင်း၊ ကောက်ကျစ်ခြင်း၊ လှည့်စားတတ်ခြင်း၊ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးမှု တည်ရှိခြင်း၊ စာတန်၏ စိတ်သဘောထား၊ မျက်လုံး၏တပ်မက်ခြင်းနှင့် သူတို့၏ ကျူးလွန်ခြင်းတို့ ဖြစ်စေဖို့ ကြိုတင်ခွဲခန့် မှတ်သားထားလိမ့် မည်ဟု သင်ထင်သည်။ ဤအရာမှာ ဘုရားသခင်၏ ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးမှုကြောင့်သာ ဖြစ်သည်။ အချို့က “စာတန်ကလည်း ဘုရားသခင်၏ လက်အောက်မှာ ရှိသည်မဟုတ်လော။ စာတန်သည် လူသားများကို ဤနည်းနှင့် ဖျက်ဆီးမည်ဖြစ်ပြီး ထို့နောက်မှာ ဘုရားသခင်သည် လူသားများ ကြားထဲမှာ သူ၏အလုပ်ကို လုပ်ဆောင်ဖို့အတွက် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားခဲ့ခြင်းပင်” ဟု ပြောကြပါလိမ့်မည်။ စာတန်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ ဘုရားသခင်က အကယ်ပင် ကြိုတင်ခွဲခန့် မှတ်သားပြီးဖြစ်ပါ့မည်လော။ ဘုရားသခင်သည် လူသားများကို သာမန်လူသား သဘောသဘာဝမှာ နေထိုင်ခွင့်ပြုဖို့သာ အလွန် စိတ်ထက်သန်သည်။ သူသည် လူသားမျိုးနွယ်၏ ဘဝများကို နှောင့်ယှက်ပါမည်လော။ ဤကဲ့သို့သာဆိုလျှင် စာတန်ကို ချေမှုန်းပြီး လူသားများကို ကယ်တင်ခြင်းသည် အလဟဿ အဓိပ္ပာယ်မရှိ ဖြစ်မနေပေလော။ လူသားများ၏ ပုန်ကန်ခြင်းသည် မည်ကဲ့သို့ ကြိုတင်ခွဲခန့် မှတ်သားပြီးသား ဖြစ်နိုင်ပါ့မည်နည်း။ အမှန်တွင် စာတန်၏ နှောင့်ယှက်မှုကြောင့်သာ ဖြစ်သည်။ ဤအရာကို ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်သားထားသည်ဆိုသည်မှာ မည်ကဲ့သို့ဖြစ်နိုင်ပါ့မည်နည်း။ ဘုရားသခင် လက်အောက်၌ စာတန်ရှိသည်ဆိုခြင်းကို သင်တို့ နားလည်သည်နှင့် စာတန်သည် ဘုရားသခင်၏ လက်အောက်မှာရှိသည်ဟု ငါပြောသည့် အချက် နှစ်ခုသည် အလွန်ကွဲပြားသည်။ သင်တို့၏ ပြောဆိုချက် ဖြစ်သည့် “ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံပြီး စာတန်သည် သူ့လက်ထဲမှာ ရှိသည်” ဆိုလျှင် စာတန်သည် သူ့ကို သစ္စာဖောက်မည် မဟုတ်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံသည်ဟု သင်ပြောခဲ့သည်မဟုတ်လား။ သင်တို့၏ အသိပညာသည် အပေါ်ယံသက်သက်ဖြစ်ပြီး လက်တွေ့သမ္မာတရားနှင့် မတူညီချေ။ လူသားသည် ဘုရားသခင်၏ အတွေးများကို လုံးဝဉာဏ်မမီနိုင်သကဲ့သို့ ဘုရားသခင်၏ ဉာဏ်ပညာကိုလည်း လုံးဝနားမလည်နိုင်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံသည်။ ဤအရာက လုံးဝ မမှားပေ။ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက် ခဲ့သည့် အကြောင်းက အစအဦးပိုင်းမှာ ဘုရားသခင်က သူ့ကို အခွင့်အာဏာတစ်ချို့ ပေးခဲ့၍ ဖြစ်သည်။ ဤအရာက ဧဝသည် မြွေ၏ သွေးဆောင်မှုကို အရှုံးပေးလိုက်ရ သကဲ့သို့ပင် မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ သို့သော်လည်း စာတန်သည် မည်မျှပင် ပုန်ကန်နေပါစေ ဘုရားသခင်ကဲ့သို့ အနန္တတန်ခိုးနှင့် ပြည့်စုံခြင်း မရှိပေ။ သင်တို့ ပြောခဲ့သကဲ့သို့ပင် စာတန်သည် တန်ခိုးကြီးသည်။ စာတန်က မည်သည့်အရာ လုပ်သည်ဖြစ်စေ ဘုရားသခင်၏ အခွင့်အာဏာသည် အမြဲတမ်း စာတန်ကို ချေမှုန်းပစ်မည်ဖြစ်သည်။ ဤအရာမှာ “ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံ၍ စာတန်သည် သူ၏လက်ထဲတွင်ရှိ၏” ဟူသည့် စကား၏ မှန်ကန်သည့် အဓိပ္ပာယ်ဖြစ်သည်။ ထို့ကြောင့် စာတန်နှင့် သူစစ်ခင်းရာမှာ တစ်ဆင့်ချင်းသွားရသည်။ ဘုရားသခင်သည် စာတန်၏ လှည့်ကွက်များကို ကြည့်ပြီး သူ၏လုပ်ဆောင်ချက်များကို စီစဉ်သည်။ ဆိုလိုသည်မှာ ခေတ်ကာလများအပေါ် မူတည်ပြီး လူများကို ကယ်တင်ကာ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံခြင်းကို လူများကို ဖော်ပြသည်။ ဤကဲ့သို့ပင် နောက်ဆုံးသောကာလ၏ လုပ်ငန်းများသည်လည်း ကျေးဇူးတော်ခေတ်မတိုင်ခင်မှာ ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မရှိချေ။ ဤတစ်ခုကဲ့သို့ အစီအစဉ်တကျ ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မရှိပေ။ ပထမဆုံး လူသား၏ ပြင်ပ စိတ်သဘောထားများကို ပြောင်းလဲစေမည်။ ဒုတိယအနေနှင့် လူသားကို သူ၏ ပြစ်တင်ဆုံးမမှုနှင့် စမ်းသပ်ခြင်းကို လက်ခံစေမည်။ တတိယအနေနှင့် လူသားအား သေခြင်းတရား၏ စမ်းသပ်မှုကို ကြုံတွေ့စေမည်။ စတုတ္ထအနေနှင့် လူသားကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကာလကို ကြုံတွေ့စေပြီး ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ အဓိဋ္ဌာန်ပြုချက်ကို ဖော်ပြမည်။ ပဉ္စမအနေနှင့် လူသားအား ဘုရားသခင်၏ အလိုကိုမြင်စေပြီး ဘုရားသခင်ကို အလုံးစုံ သိကျွမ်းစေမည်။ ပြီးနောက် လူသားကို ပြည့်စုံစေမည်။ ဤအရာများအားလုံးကို ကျေးဇူးတော်ခေတ်မှာ သူစီစဉ်ခဲ့ခြင်း မရှိချေ။ ဤကဲ့သို့မဟုတ်ဘဲ လက်ရှိခေတ်မှာ ဤအရာများကို သူစီစဉ် နေခြင်းသာ ဖြစ်သည်။ စာတန်သည် အလုပ်လုပ်နေသကဲ့သို့ ဘုရားသခင်သည်လည်း အလုပ်လုပ်နေသည်။ စာတန်က သူ၏ ပျက်စီးသည့် စိတ်သဘောထားကို ဖော်ပြပြီး ဘုရားသခင်မူကား တိုက်ရိုက်ပြောဆိုကာ ထိရောက်သည့် အရာတစ်ချို့ကို ဖွင့်ပြသည်။ ဤအရာသည် လက်ရှိ လုပ်ဆောင်နေသည့် အလုပ်ဖြစ်ပြီး လောကကြီးကို ဖန်ဆင်းပြီးနောက်ဖြစ်သည့် ရှေးတုန်းက အချိန်များ ၌လည်း ဤကဲ့သို့ပုံစံမျိုးကိုသာ အသုံးပြုခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၀)

ဘုရားသခင်သည် ရှေးဦးစွာ အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ ဤအရာများ အားလုံးထဲမှာ မြွေသည် အဆိပ်အပြင်းဆုံးဖြစ်သည်။ သူ၏ကိုယ်ခန္ဓာမှာ အဆိပ်ပါဝင်ပြီး စာတန်သည် ဤအဆိပ်ကို ကိုင်တွယ် အသုံးချသည်။ ဧဝကို အပြစ်လုပ်အောင် သွေးဆောင်ခဲ့သည့်သူက မြွေပင်ဖြစ်သည်။ ဧဝက အပြစ်လုပ်ပြီးနောက် အာဒံသည်လည်း အပြစ်လုပ်ခဲ့ပြီး သူတို့နှစ်ယောက်သည် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်စွမ်း ရှိသွားကြသည်။ မြွေက ဧဝကို သွေးဆောင်လိမ့်မည်ဟုသာ ယေဟောဝါက သိခဲ့လျှင် ဧဝက အာဒံကို သွေးဆောင်မည်ဟုသာ ကြိုသိခဲ့လျှင် ဘုရားသခင်သည် သူတို့အားလုံးကို အဘယ်ကြောင့် ဥယျာဉ်တစ်ခုထဲမှာ ထားခဲ့မည်နည်း။ သူသည် ဤအရာများကို ကြိုတင် သိမြင်နိုင်ခဲ့လျှင် မြွေကို အဘယ်ကြောင့်ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲမှာ ထားခဲ့မည်နည်း။ ဧဒင်ဥယျာဉ်ထဲမှာ အဘယ်ကြောင့် အကောင်းနှင့် အဆိုးကို ခွဲခြားသိနိုင်သည့် သစ်ပင်၏ အသီး ရှိနေခဲ့သနည်း။ သူတို့အား အသီးကို စားစေဖို့ ရည်ရွယ်ခဲ့သလော။ ယေဟောဝါ ရောက်လာသည့်အခါ အာဒံနှင့် ဧဝတို့သည် သူနှင့်ရင်မဆိုင်ရဲခဲ့ချေ။ ယေဟောဝါသည် ဤအချိန်ကျမှသာ သူတို့သည် မြွေ၏လှည့်စားမှု၌ ကျဆုံးသွားပြီး အကောင်းနှင့် အဆိုးကို သိစေသည့်အပင်၏ အသီးကို စားခဲ့ကြပြီဆိုသည်ကို သိခဲ့သည်။ အဆုံးမှာတော့ ဘုရားသခင်သည် မြွေကိုကျိန်ပြီး အာဒံနှင့် ဧဝကိုလည်း ကျိန်ခဲ့သည်။ သူတို့နှစ်ယောက်က သစ်ပင်၏အသီးကို စားခဲ့သည့်အချိန်မှာ ယေဟောဝါသည် သတိမပြုမိခဲ့ချေ။ လူသားမျိုးနွယ်သည် ဆိုးသွမ်းခြင်း အဖြစ်ထိ ယိုယွင်းပျက်စီးလာခဲ့ပြီး တဏှာရာဂ တပ်မက်မှုများရှိလာကာ သူတို့နှလုံးသားထဲမှာ ခိုဝင်လာသည့် အရာများ အားလုံးသည် ဆိုးယုတ်မှုနှင့် မဖြောင့်မတ်မှုများ ဖြစ်လာသည်အထိ ယိုယွင်းပျက်စီးလာကြသည်။ သူတို့အားလုံးသည် ညစ်ညမ်းကြသည်။ ထို့ကြောင့် ယေဟောဝါသည် လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့ခြင်းကို နောင်တရခဲ့သည်။ ဤနောက်မှာတော့ သူသည် ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခြင်းအမှုကို လုပ်ဆောင်ခဲ့ပြီး နောဧနှင့် သူ၏သားများသာ လွတ်မြောက်ခဲ့သည်။ အချို့အရာများသည် လူများ စိတ်ကူးသကဲ့သို့ အမှန်တကယ် အဆင့်မြင့်ပြီး သဘာဝလွန်များ ဖြစ်နေခြင်းမျိုး မဟုတ်ကြပေ။ အချို့က “ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်လိမ့်မည် ဆိုသည်ကို သိရက်နှင့် အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း” ဟုမေးသည်။ ဤအချက်များကို ကြည့်ပါ။ ကမ္ဘာမြေကြီး မတည်ရှိခင်တုန်းက ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန်တို့၏ အကြီးမြတ်ဆုံး ဖြစ်သည်။ သူသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန် အားလုံးအပေါ်မှာ တရားစီရင်ပိုင်ခွင့် ရှိသည်။ ဤအရာသည် ဘုရားသခင် ပေးအပ်ထားသည့် အခွင့်အာဏာဖြစ်သည်။ ဘုရားသခင်ကို ခြွင်းချက်ထားလျှင် သူသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန်များ အားလုံးထဲမှာ အကြီးမြတ်ဆုံးဖြစ်သည်။ နောက်ပိုင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ သည့်အခါ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ကြီးမားစွာ သစ္စာဖောက်ခြင်းအမှုကို ပြုခဲ့သည်။ ဘုရားသခင်ကို သစ္စာဖောက်သည်ဟု အဘယ်ကြောင့် ငါပြောရသနည်းဆိုလျှင် သူသည် လူသားမျိုးနွယ်ကို အုပ်ချုပ်လိုပြီး ဘုရားသခင်၏ အခွင့်အာဏာထက် သာလွန်လိုခဲ့သည်။ ဧဝကို အပြစ်လုပ်မိစေဖို့ သွေးဆောင်ခဲ့သူက ကောင်းကင်တမန်မင်းပင်။ ကမ္ဘာမှာ သူ၏နိုင်ငံကို တည်ထောင်လိုပြီး လူသားမျိုးနွယ်သည် ဘုရားသခင်ကို သစ္စာဖောက်ကာ သူ၏ စကားကိုသာ လိုက်နာစေလိုသောကြောင့် ဤကဲ့သို့ လုပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏စကားကို အားလုံးက လိုက်နာသည်ကို သူတွေ့မြင်ခဲ့ရသည်။ ကောင်းကင်တမန်များက လိုက်နာသည်။ ကမ္ဘာမှာရှိသည့် လူများကလည်း လိုက်နာသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာမှာရှိသည့် အရာခပ်သိမ်းသည် အာဒံနှင့် ဧဝတို့ဖြစ်သည့် လူသား၏ လက်အောက်မှာ ရှိနေသည်။ အာဒံနှင့် ဧဝကလည်း လိုက်နာသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို သာလွန်အောင်ပြုလုပ်ဖို့နှင့် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းမှာ သူသည် ကောင်းကင်တမန်အများအပြားကို ဘုရားသခင်အား ပုန်ကန်စေဖို့ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းမှာ ဤကောင်းကင်တမန်များသည် မသန့်ရှင်းသည့် ဝိညာဉ်ဆိုးများ ဖြစ်လာခဲ့သည်။ ယနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုများသည် စာတန်၏ ဖျက်ဆီးမှုကြောင့် ဖြစ်လာသည် မဟုတ်ပေဘူးလား။ ကောင်းကင် တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည့်အတွက် လူသားမျိုးနွယ်သာ တစ်ခုတည်းသော လမ်းခရီးဖြစ်သည်။ ဤတစ်ဆင့်ချင်းဖြစ်သည့် လုပ်ဆောင်မှုသည် လူများ စိတ်ထင်သကဲ့သို့ လုံးဝ အပေါ်ယံရိုးရိုးလေး မဟုတ်ပေ။ စာတန်သည် အကြောင်းရှိ၍ သစ္စာဖောက်ခြင်းအမှုကို ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လူများသည် ဤကဲ့သို့ရိုးရှင်းသည့် အရာတစ်ခုကို နားလည်ဖို့ မတတ်နိုင်ကြချေ။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းပြီး စာတန်ကိုပါ အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ဘုရားသခင်သည် စာတန်ကို အလွန်ရွံရှာပြီး စာတန်သည် သူ၏ရန်သူဖြစ်သော်လည်း အဘယ်ကြောင့် စာတန်ကို ဖန်ဆင်းခဲ့သနည်း။ စာတန်ကို ဖန်ဆင်းလျှင် ရန်သူကို သူဖန်ဆင်းခြင်း ဖြစ်မနေဘူးလော။ ဘုရားသခင်သည် အမှန်တကယ်ပင် ရန်သူကို ဖန်ဆင်းခဲ့တာမျိုး မဟုတ်ချေ။ တကယ်တော့ သူသည် ကောင်းကင်တမန် တစ်ပါးကို ဖန်ဆင်းပြီး ဤကောင်းကင်တမန်သည် နောက်မှာတော့ သူ့ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏အစွမ်းသည် အလွန်ကြီးမားသည့်အတွက် ဘုရားသခင်ကို သစ္စာဖောက်ချင်လာသည်။ ဤအရာသည် တိုက်ဆိုင်မှုတစ်ခုဟု ပြောနိုင်သော်လည်း ရှောင်လွှဲ၍မရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ ဤအရာက လူသည် တချိန်ချိန်မှာ ရှောင်လွှဲ၍မရဘဲ သေဆုံးရသည့် ပုံစံနှင့် ဆင်တူသည်။ အကြောင်းအရာများသည် တိကျသည့် အဆင့်တစ်ခုဆီကို ဖွံ့ဖြိုးရောက်ရှိနေပြီး ဖြစ်သည်။ ဤကဲ့သို့ပြောတတ်သည့် အဓိပ္ပာယ်မရှိသည့် လူများရှိသည်။ “စာတန်က ကိုယ်တော်၏ ရန်သူဖြစ်လျှင် သူ့ကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ကောင်းကင်တမန်မင်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ဆိုခြင်းကို ကိုယ်တော်မသိခဲ့သလော။ ကိုယ်တော်သည် ထာဝရကာလမှ ထာဝရကာလတိုင် သိမြင်နိုင်သည် မဟုတ်လော။ သူ၏သဘောသဘာဝကို ကိုယ်တော်မသိသလော။ သူက ကိုယ်တော့်ကို သစ္စာဖောက်မည်ဆိုခြင်းကို သေသေချာချာ သိနေသော်လည်း အဘယ်ကြောင့် သူ့ကို ကောင်းကင်တမန်မင်း ဖြစ်စေခဲ့သနည်း။ သစ္စာဖောက်ခြင်းကို လျစ်လျူရှုခဲ့လျှင်ပင် စာတန်က ကောင်းကင်တမန် အများအပြားကို ဦးဆောင်ပြီး သေမျိုးများ၏ လောကကြီးကိုဆင်းပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးဦးမည်ပင်။ ဤနေ့အထိ ကိုယ်တော်က ကိုယ်တော့်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ကို မပြီးဆုံးနိုင်သေး” ဟု ပြောကြသည်။ ဤအရာမှန်ကန်ပါသလား။ လိုအပ်သည်ထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်နေသည်နှင့်မတူဘူးလား။ အချို့က ပြောပါသေးသည်။ “လက်ရှိအချိန်၌လည်း စာတန်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည်ပင် မဟုတ်လော။ ဘုရားသခင်က ဤနည်းလမ်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်မည်မဟုတ်။ ဤကဲ့သို့ဆိုလျှင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံမှုသည် မြင်နိုင်မည်မဟုတ်ချေ။ သူ၏ ဉာဏ်ပညာကို မည်သည့်နေရာ၌ သွားပြီး ထင်ရှားပြမည်နည်း။ ဤအရာကြောင့် ဘုရားသခင်သည် စာတန်အတွက် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ အနာဂတ်တွင် ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို ဖော်ပြလိမ့်မည်၊ ဤကဲ့သို့ မဟုတ်လျှင် လူသားသည် မည်ကဲ့သို့ ဘုရားသခင်၏ ဉာဏ်ပညာကို ရှာတွေ့နိုင်မည်နည်း။ လူသားသည် သူ့ကို ပြန်လည်မပုန်ကန်ဘူးဆိုလျှင် သူ၏ပြုမူ ဆောင်ရွက်မှုများကို ထင်ရှားပြဖို့ လိုအပ်မည်မဟုတ်ချေ။ ဖန်ဆင်းခြင်း အားလုံးသည် သူ့ကို ကိုးကွယ်ဖို့နှင့် လိုက်နာမည်ဆိုလျှင် သူ့မှာ ဘာမျှလုပ်စရာရှိမည် မဟုတ်” ဟုပြောသည်။ ဤအရာသည် သမ္မာတရားနှင့် သာ၍ပင် ဝေးသွားသည်။ ဘုရားသခင်နှင့် ပတ်သက်၍ ညစ်ညမ်းခြင်း ဘာမျှ မရှိသည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သူသည် ညစ်ညမ်းမှုကို ဖန်ဆင်းနိုင်မည် မဟုတ်ချေ။ သူသည် သူ၏ ပြုမူဆောင်ရွက်မှုများကို ယခုဖွင့်ပြခြင်းသည် အစအဦးကတည်းက သူ့လက်အောက်မှာရှိခဲ့ပြီး သူ့ကို ပြန်လည်တွန်းလှန်သည့်၊ သစ္စာဖောက်သည့်၊ သူ့ကိုမုန်းသည့် စာတန်နှင့် နတ်ဆိုးများကို ချေမှုန်းပြီး သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သူ၏ရန်သူကို အောင်နိုင်ဖို့အတွက်ဖြစ်သည်။ ဘုရားသခင်သည် ဤနတ်ဆိုးများကို ချေမှုန်းချင်သည်။ ဤကဲ့သို့ လုပ်ဆောင်ရင်းနှင့် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကိုလည်း အားလုံးကို ဖွင့်ပြချင်သည်။ ကမ္ဘာပေါ်မှာရှိသည့် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းသည် စာတန်၏ အရိပ်အောက်မှာရှိပြီး မကောင်းဆိုးဝါးတို့၏ အရိပ်အောက်မှာ ရှိသည်။ လူများသည် သူ့ကို သိကျွမ်းလာစေဖို့အတွက် ဘုရားသခင်သည် အရာအားလုံး အပေါ်မှာ သူ၏လုပ်ရပ်များကို ဖွင့်ပြချင်သည်။ ဤကဲ့သို့နည်းနှင့် စာတန်ကို ချေမှုန်းပြီး သူ၏ရန်သူများကို အကြွင်းမဲ့ နှိမ်နင်းပြီးသား ဖြစ်သွားသည်။ ဤအမှုအားလုံးသည် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြခြင်းမှတစ်ဆင့် ပြီးမြောက်စေသည်။ သူ၏ဖန်ဆင်းခံ သတ္တဝါအားလုံးသည် စာတန်၏ အရိပ်အောက်မှာ ရှိနေသောကြောင့် စာတန်ကို ချေမှုန်းဖို့အတွက် သူသည် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို ဖွင့်ပြချင်သည်။ စာတန်မရှိခဲ့လျှင် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့လိုမည် မဟုတ်ပေ။ စာတန်က မနှောင့်ယှက်ခဲ့လျှင် သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲမှာ နေထိုင်စေခဲ့မည်ဖြစ်သည်။ သူသည် စာတန်က သူ့ကို သစ္စာမဖောက်ခင် ကောင်းကင်တမန်များကို သို့မဟုတ် ကောင်းကင်တမန်မင်းကို သူ၏ ပြုမူဆောင်ရွက်မှုများ အားလုံးကို အဘယ်ကြောင့် မဖွင့်ပြခဲ့သနည်း။ အစဦး၌ ကောင်းကင်တမန်များနှင့် ကောင်းကင်တမန်မင်းသည် သူ့ကိုသိခဲ့ပြီး သူ့စကားကို လိုက်နာခဲ့လျှင် ဤအဓိပ္ပာယ်မရှိသည့် အမှုများကို ဆောင်ရွက်မည် မဟုတ်ပါဘူး။ စာတန်နှင့် နတ်ဆိုးများ တည်ရှိနေသည့်အတွက် လူများသည် သူ့ကို ခုခံတွန်းလှန်ကြပြီး ပုန်ကန်လိုသည့် စိတ်သဘောထားများနှင့် ပြည့်နေကြသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ ပြုမူ ဆောင်ရွက်မှုများကို ဖွင့်ပြချင်သည့် ဆန္ဒရှိသည်။ သူသည် စာတန်နှင့် စစ်ပွဲဆင်နွှဲလိုသည့်အတွက် စာတန်ကို အောင်နိုင်ဖို့အတွက် သူ၏ ကိုယ်ပိုင်အခွင့်အာဏာနှင့် သူ၏ ပြုမူဆောင်ရွက်မှုအားလုံးကို အသုံးပြုရပါမည်။ ဤနည်းလမ်းအားဖြင့် လူသားများကြားမှာ သူလုပ်ဆောင်သည့် သူ၏ ကယ်တင်ခြင်းအမှုသည် လူသားမျိုးနွယ်ကို သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို မြင်စေမည် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏ ဆောက်ရွက်သည့် အလုပ်သည် အဓိပ္ပာယ်နှင့် ပြည့်စုံပြီး အချို့လူများ ဤကဲ့သို့ပြောသကဲ့သို့နှင့် လုံးဝ မဆင်တူပေ။ “ကိုယ်တော် လုပ်သည့်အလုပ်သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်မနေပေလော။ ဤအဆက်မပြတ် လုပ်ဆောင်မှုများသည် ကိုယ်တော့်ကိုယ် ကိုယ်တော် ဒုက္ခပေးခြင်း သက်သက်ပင် မဟုတ်ပေလော။ ကိုယ်တော်က စာတန်ကို ဖန်ဆင်းခဲ့သည်။ ပြီးလျှင် ကိုယ်တော့်ကို သစ္စာဖောက်စေပြီး တွန်းလှန်စေသည်။ ကိုယ်တော်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်။ ပြီးလျှင် စာတန်၏ လက်ထဲကို ထည့်လိုက်သည်။ ပြီးလျှင် ကိုယ်တော်က အာဒံနှင့် ဧဝကို သွေးဆောင်ခြင်း ခံရစေသည်။ ကိုယ်တော်က ဤအရာများကို တမင်သက်သက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်အတွက် အဘယ်ကြောင့် လူသားများကို မုန်းတီးသနည်း။ ကိုယ်တော် အဘယ်ကြောင့် စာတန်ကို မုန်းတီးသနည်း။ ဤအရာများက ကိုယ်တော် ကိုယ်တိုင် ပြုလုပ်သည့်အရာများ မဟုတ်ဘူးလား။ ကိုယ်တော် အဘယ်မုန်းစရာရှိသနည်း။” အဓိပ္ပာယ် မရှိသည့် လူအများအပြားသည် ဤကဲ့သို့ပြောကြသည်။ သူတို့သည် ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိသည်။ သို့သော်လည်း သူတို့၏ နှလုံးသားထဲမှာတော့ ဘုရားသခင်ကို စောဒကတက်ကြသည်။ မည်မျှ ရှေ့နောက်မညီ ဖြစ်နေသနည်း။ သင်သည် သမ္မာတရားကို နားမလည်ပေ။ သင်၌ သဘာဝလွန် အတွေးများ များစွာရှိနေပြီး ဤအရာသည်လည်း ဘုရားသခင်၏ အမှားဟုပင် သင်ပြောဆိုသည်။ အလွန်အမင်း အဓိပ္ပာယ်မရှိခြင်းပင်။ သမ္မာတရားကို လိမ်လည်သူမှာ သင်ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ အမှားမဟုတ်။ အချို့လူများကဆိုလျှင် ထပ်ခါတလဲလဲ စောဒကတက်ကြသည်။ “စာတန်ကို ဖန်ဆင်းသည်မှာ ကိုယ်တော်ပင်ဖြစ်၍ စာတန်ကို လူ့လောကထဲသို့ ပစ်ချလိုက်ပြီး လူသားမျိုးနွယ်ကို သူ့လက်ထဲသို့ ပေးအပ်လိုက်သည်မှာလည်း ကိုယ်တော်ပင်ဖြစ်၏။ လူသားမျိုးနွယ်သည် စာတန်၏ စိတ်သဘောထားများ ရှိနေသည်။ သူတို့ကို ခွင့်လွှတ်ရမည့်အစား ကိုယ်တော်က သူတို့ကို အတိုင်းအတာတစ်ခုအထိ မုန်းတီးသည်။ အစမှာတော့ ကိုယ်တော်သည် လူသားမျိုးနွယ်ကို အတိုင်းအတာတစ်ခုအထိ ချစ်ခဲ့သည်။ ယခုတော့ လူသားမျိုးနွယ်ကို ကိုယ်တော် မုန်းတီးနေပြီ။ လူသားမျိုးနွယ်ကို ချစ်ပြီး မုန်းတီးသည်မှာ ကိုယ်တော်ပင်။ ဤအရာများအတွက် မည်ကဲ့သို့ဖြေရှင်းမည်နည်း။ ဤအရာသည် ရှေ့နောက်မညီ ဖြစ်နေသည် မဟုတ်လော” ဟု စောဒကတက်ကြသည်။ သင်တို့သည် မည်ကဲ့သို့ပင် မြင်သည်ဖြစ်စေ ကောင်းကင်ဘုံ၌ ဤကဲ့သို့ဖြစ်ခဲ့သည်။ ကောင်းကင်တမန်မင်းသည် ဤနည်းလမ်းနှင့် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်။ လူသားမျိုးနွယ်သည်လည်း ဤနည်းလမ်းနှင့်ပင် ပျက်စီးခဲ့ပြီး ဤပုံစံအတိုင်းပင် ယနေ့အထိ ဆက်သွားခဲ့သည်။ သင်တို့မည်ကဲ့သို့ပင်လုပ်ပြီး ပြောပါစေ ဤအရာက ဖြစ်ခဲ့သမျှ အရာအားလုံးပင်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့ကို ကယ်တင်ပြီး စာတန်ကို ချေမှုန်းဖို့အတွက် ယနေ့လုပ်ဆောင်မှုများကို လုပ်သည်ဆိုခြင်းကို သင်တို့ နားလည် ရပါမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၁)

ဘုရားသခင်သည် စာတန်ကို ချေမှုန်းနိုင်ဖို့ သူ၏စီမံခန့်ခွဲထားသည့် လူများကို အသုံးပြုသည်။ လူများကို ဖျက်ဆီးခြင်းအားဖြင့် စာတန်သည် လူသားတို့၏ ကံကြမ္မာကို အဆုံးသတ်စေပြီး ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်သည်။ တစ်ဖက်၌လည်း ဘုရားသခင်၏အလုပ်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ်၏ မည်သည့်အဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ငှာ ရည်ရွယ်ထားခြင်း မဟုတ်သနည်း။ အဘယ်အဆင့်က လူများကို သန့်ရှင်းစေဖို့၊ ဖြောင့်မတ်သည့်အရာကို သူတို့ပြုလုပ်စေဖို့နှင့် ချစ်ခြင်းကို ခံရနိုင်သည့် ပုံရိပ်ကို ဖန်တီးပေးမည့် အပြုအမူနှင့် နေထိုင်ဖို့ မရည်ရွယ်ပါသနည်း။ သို့သော်လည်း စာတန်မူကား ဤကဲ့သို့မလုပ်ခဲ့ပေ။ ၎င်းသည် လူသားမျိုးနွယ်ကို ဖျက်ဆီးသည်။ ၎င်းသည် စကြဝဠာတစ်လျှောက် လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် ၎င်း၏အလုပ်ကို အဆက်မပြတ် လုပ်ဆောင်နေသည်။ ဘုရားသခင်ကလည်း သူ၏အလုပ်ကို သူလုပ်နေသည်။ သူသည် စာတန်ကို အရေးမစိုက်ချေ။ စာတန်၌ အခွင့်အာဏာ မည်မျှပင်ရှိရှိ သူ၏အခွင့်အာဏာက ဘုရားသခင်ထံမှ ရခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အခွင့်အာဏာအားလုံးကို အမှန်တကယ် ပေးလိုက်ခြင်းကား မဟုတ်။ ထို့ကြောင့် စာတန်သည် မည်ကဲ့သို့ပင်လုပ်ပါစေ ဘုရားသခင်ကို မကျော်လွန်နိုင်ပါဘဲ ဘုရားသခင်၏ လက်ထဲ၌သာ အမြဲတမ်းရှိနေသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်မှာ သူ၏ ပြုမူလုပ်ဆောင်မှုများကို ဖွင့်မပြခဲ့ပေ။ ကောင်းကင်တမန်များကို အုပ်ချုပ်ဖို့အတွက် စာတန်ကို အခွင့်အာဏာ တစ်စိတ်တစ်ပိုင်းလောက်သာ ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းမည်သည့်အရာလုပ်လုပ် ဘုရားသခင်၏ အာဏာကို မကျော်လွန်နိုင်ချေ။ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင် ၎င်းကို ပေးခဲ့သည့် အခွင့်အာဏာသည် ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်က အလုပ်လုပ်နေချိန်မှာ စာတန်က နှောင့်ယှက်သည်။ နောက်ဆုံးသောကာလမှာ စာတန်၏ နှောင့်ယှက်မှုသည် ပြီးဆုံးသွား မည်ဖြစ်သည်။ ဤကဲ့သို့ပင် ဘုရားသခင်၏ အလုပ်သည်လည်း ပြီးဆုံးပါလိမ့်မည်။ ဘုရားသခင်က ပြည့်စုံစေချင်သည့် လူမျိုးကလည်း ပြည့်စုံသွားပါလိမ့်မည်။ ဘုရားသခင်သည် လူများကို အပြုသဘောဆောင်ပြီး ညွှန်ကြားသည်။ သူ၏ အသက်သည် အကန့်အသတ်မရှိဖြစ်ပြီး တိုင်းတာ၍မရသည့် သက်စမ်းရေဖြစ်သည်။ စာတန်က လူသားကို အတိုင်းအတာ တစ်ခုအထိ ပျက်စီးစေခဲ့သည်။ အဆုံးမှာတော့ ဘဝ၏ သက်စမ်းရေသည် လူသားကို ပြည့်စုံစေ မှာဖြစ်ပြီး စာတန်အတွက် တားဆီးနှောင့်ယှက်ဖို့နှင့် ၎င်း၏အလုပ်ကို လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်မည် မဟုတ်တော့ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများကို လုံးဝ ယူဆောင်မည်ဖြစ်သည်။ စာတန်သည် ဤအရာကို လက်ခံဖို့ ငြင်းပယ်တုန်းပင်။ ၎င်းသည် ဘုရားသခင်ကို အဆက်မပြတ် ယှဉ်ပြိုင်နေသော်လည်း ဘုရားသခင် မူကား အာရုံမစိုက်ချေ။ ငါသည် စာတန်၏ အမှောင်စွမ်းအားများနှင့် မှောင်မိုက်ခြင်း၏ လွှမ်းမိုးမှုအားလုံးကို အနိုင်ယူမည်ဟု သူပြောခဲ့သည်။ ဤအရာသည် ဇာတိပကတိအထဲမှာ ယခု ပြီးမြောက်စေရမည့် အလုပ်ဖြစ်ပြီး ဤအရာသည် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်လည်း ဖြစ်သည်။ ဤအရာသည် နောက်ဆုံးသောကာလမှာ စာတန်ကို ချေမှုန်းခြင်း အလုပ်၏အဆင့် ပြီးမြောက်စေဖို့ စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးကို ဖယ်ရှားပစ်ဖို့ဖြစ်သည်။ စာတန်ကို ဘုရားသခင် အနိုင်ယူခြင်းသည် ရှောင်လွှဲ၍မရသည့် လမ်းစဉ်တစ်ခုပင် ဖြစ်သည်။ တကယ်တမ်းတော့ စာတန်က ရှုံးနိမ့်ခဲ့သည်မှာ ကြာလှချေပြီ။ လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် အလုပ်ကိုစလုပ်ပြီး စတင် လှုပ်ရှားသည့်အခါ အဆင်းနီသည့် နဂါးကြီး၏ နယ်မြေတစ်လျှောက်မှာ ဘုရားသခင်၏ ဧဝံဂေလိ သတင်းစကား စတင်ပျံ့နှံ့သွားသည့်အချိန်၌ စာတန်သည် အကြွင်းမဲ့ ချေမှုန်းခံရပြီးဖြစ်သည်။ လူ့ဇာတိခံယူခြင်းသည် စာတန်ကို ချေမှုန်းဖို့ ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး သူ့အလုပ်ကိုလည်း စတင် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ကို စာတန်က မြင်ခဲ့ပြီး၊ မည်ကဲ့သို့ အင်အားမျိုးကမှ အလုပ်ကို ရပ်တန့်၍မရနိုင်သည်ကို ၎င်းမြင်ခဲ့သည်။ ထို့ကြောင့် ဤလုပ်ဆောင်ခြင်းကို မြင်ခဲ့သည့်အခါ ၎င်းသည် ကြက်သေသေသွားပြီး နောက်ထပ် လုပ်ဆောင်မှုများကို ဆက်မလုပ် ရဲတော့ချေ။ အစ၌ကား စာတန်သည် သူသည်လည်း များပြားသည့် ဉာဏ်ပညာများကို ပိုင်ဆိုင်သည်ဟု ထင်မြင်ပြီး ဘုရားသခင်၏ အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် လူ့ဇာတိကို နောက်တစ်ကြိမ် ခံယူလိမ့်မည် ဆိုသည်ကို မမျှော်လင့်ထားခဲ့ချေ။ သူ၏အလုပ်မှာ ဘုရားသခင်သည် ၎င်း၏ ပုန်ကန်မှုကို လူသားမျိုးနွယ်အတွက် ဗျာဒိတ်နှင့် တရားစီရင်မှုအနေနှင့် အသုံးပြုခဲ့ပြီး၊ ဤနည်းလမ်းနှင့် လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီး ၎င်းကို ချေမှုန်းမည်ဟု မမျှော်လင့်ခဲ့ပေ။ ဘုရားသခင်သည် ၎င်းထက် ပိုပြီး ဉာဏ်ပညာကြီးမားပြီး သူ၏အလုပ်သည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် အစောပိုင်းမှာ ဤအချက်ကို ငါဖော်ပြခဲ့သည်။ ငါလုပ်သည့် အလုပ်သည် စာတန်၏ လှည့်ကွက်များပေါ်မှာ တုံ့ပြန်သည့်အနေနှင့် လုပ်ဆောင်သည်။ အဆုံးမှာတော့ ငါ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် စာတန်၏ တန်ခိုးအစွမ်းကင်းမဲ့မှုကို ဖွင့်ပြမည်။ ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ဆောင်စဉ်မှာ စာတန်သည် သူ့နောက်မှ အဆုံးမှာ ဖျက်ဆီးခြင်းခံရသည့်အထိ ချောင်းမြောင်းခဲ့သည်။ ၎င်းအဘယ်အရာ ဖြစ်သွားမှန်းပင် ၎င်းသိလိုက်မည် မဟုတ်။ ၎င်းသည် ဖျက်ဆီး ချေမှုန်းခံရပြီးသည့် အချိန်မှသာ သမ္မာတရားကို သိမြင်လာမည် ဖြစ်သည်။ ဤအချိန်မှာဆိုလျှင် ၎င်းသည် မီးကန်ထဲမှာ လောင်နေပြီးဖြစ်နေမည်ဖြစ်သည်။ ဤအရာဆိုလျှင် ၎င်းသည် လုံးဝ ယုံကြည်လက်ခံသွားမည် မဟုတ်လော။ ၎င်းအတွက် နောက်လုပ်စရာ အစီအစဉ် မရှိတော့သည့် အတွက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၂)

လူအများကြား ဘုရားသခင်၏ အလုပ်တွင် လူသည် ဤအလုပ်၏ ပြုလုပ်ခံရသူဖြစ်ပြီး၊ ဘုရားသခင်ကို သက်သေခံနိုင်သည့် ဘုရားသခင် ဖန်ဆင်းထားသည့် တစ်ခုတည်းသော သတ္တဝါ ဖြစ်သောကြောင့် ထိုအလုပ်နှင့် လူသည် ခွဲ၍ မရပေ။ လူ၏ အသက်တာနှင့် လူ၏ လှုပ်ရှားမှုအားလုံးသည် ဘုရားသခင်နှင့် ခွဲ၍မရဘဲ ဘုရားသခင်၏ လက်များက အားလုံးကို ထိန်းချုပ်ထားကာ ဘုရားသခင်နှင့် ကင်းကွာပြီး မည်သည့် ပုဂ္ဂိုလ်မျှ မတည်ရှိနိုင်ဟုပင် ပြောနိုင်သည်။ ယင်းသည် အချက်အလက်အမှန်ဖြစ်၍ မည်သူမျှ ယင်းကိုမငြင်းနိုင်။ ဘုရားသခင်လုပ်ဆောင်သမျှ အလုံးစုံသည် လူသားအကျိုးအတွက် ဖြစ်ပြီး၊ စာတန်၏ အကြံအစည်များကို ဦးတည်သည်။ လူ၏ လိုအပ်ချက်အားလုံးသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်သည် လူသား၏ အသက်တာအတွက် အရင်းအမြစ်ဖြစ်သည်။ သို့ဖြစ်ရာ လူသည် ရိုးရှင်းစွာပင် ဘုရားသခင်မှ ခွဲထွက်နိုင်ခြင်း မရှိပေ။ ထို့အပြင် ဘုရားသခင်တွင်လည်း လူသားနှင့်ခွဲရန် မည်သည့်အခါမျှ ရည်ရွယ်ချက် မရှိခဲ့ပေ။ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် လူသားမျိုးနွယ် အားလုံး အကျိုးအတွက်ဖြစ်ပြီး သူ၏ ကြံစည်ချက်များမှာ အစဉ်အမြဲ ကြင်နာမှုရှိသည်။ လူအတွက် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ အကြံအစည် (ယင်းမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်) နှစ်ခုစလုံးတို့သည် လူတို့သိသင့်သော “ရူပါရုံများ” ဖြစ်သည်။ ယင်းရူပါရုံများသည်လည်း ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်ပြီး လူသားတို့ လုပ်နိုင်စွမ်းမရှိသော အလုပ်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ အလုပ်လုပ်ဆောင်ချိန်တွင် လူသားအပေါ် ဘုရားသခင် ထားရှိသည့် သတ်မှတ်ချက်များကို လူ၏ “လက်တွေ့လုပ်ဆောင်မှု” ဟု ခေါ်သည်။ ရူပါရုံများသည် ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ် သို့မဟုတ် လူသားများအပေါ် သူ၏ အလိုတော် သို့မဟုတ် သူ့အလုပ်၏ ရည်ရွယ်ချက်များနှင့် ထင်ရှားချက်များ ဖြစ်သည်။ ဤစီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အလုပ်ဖြစ်သဖြင့် ရူပါရုံများကို စီမံခန့်ခွဲမှု၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ပြောနိုင်ပြီး ထိုရူပါရုံများသည် လူသားအတွက် ရည်ရွယ်သည်။ ဆိုလိုသည်မှာ ယင်းအလုပ်သည် ဘုရားသခင်က လူအများကြားတွင် လုပ်သော အလုပ်ဖြစ်သည်။ ဤအလုပ်သည် ဘုရားသခင်ကို လူက သိလာသော အထောက်အထား နှင့် လမ်းကြောင်းဖြစ်ပြီး လူအတွက် အရေးအကြီးဆုံးလည်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် အသိပညာကို အာရုံစိုက်မည့်အစား ဘုရားသခင်ကို ယုံကြည်မှုနှင့် ပတ်သက်သည့် အယူဝါဒများ သို့မဟုတ် လုံးဝအရေးမကြီးသော အသေးစိတ်များကိုသာ အာရုံစိုက်ကြမည်ဆိုပါက သူတို့သည် အကယ်ပင် ဘုရားသခင်ကို သိကြမည်မဟုတ်ဘဲ၊ ထိုမျှသာမက ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း ညီညွတ်ကြမည်မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်သည် ဘုရားနှင့်ပတ်သက်သော လူ၏ အသိပညာကို အလွန် အထောက်အကူပြုပေးပြီး ယင်းကို ရူပါရုံများဟု ခေါ်သည်။ ယင်းရူပါရုံများသည် ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင် အလုပ်၏ ရည်မှန်းချက်များနှင့် ထင်ရှားချက်များဖြစ်သည်။ ယင်းတို့ အားလုံးသည် လူကို အကျိုးကျေးဇူး ရှိစေသည်။ လက်တွေ့လုပ်ဆောင်မှုဆိုသည်မှာ လူလုပ်သင့်သောအရာ၊ ဘုရားသခင် နောက်လိုက်သော သတ္တဝါများ လုပ်သင့်သောအရာကို ဆိုလိုသည်။ ယင်းမှာ လူ၏ တာဝန်လည်း ဖြစ်သည်။ လူသား လုပ်သင့်သော အရာသည် အစဦးကတည်းက လူသား နားလည်ခဲ့သော အရာမဟုတ်ဘဲ ဘုရားသခင်က သူ၏အလုပ်အတွင်း လူသားအပေါ် ထားရှိသော သတ်မှတ်ချက်များ ဖြစ်သည်။ ယင်းသတ်မှတ်ချက်များသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး ဘုရားသခင် အလုပ်လုပ်သည်နှင့်အမျှ ပို၍မြင့်မားလာခဲ့သည်။ ဥပမာ၊ ပညတ်တော်ခေတ်တွင် လူသည် ပညတ်တော်ကို လိုက်နာရပြီး ကျေးဇူးတော်ခေတ်တွင် လူသားသည် လက်ဝါးကပ်တိုင်ကို ထမ်းခဲ့ရသည်။ နိုင်ငံတော်ခေတ်တွင်မူ ကွာခြားသည်။ လူသားအပေါ် သတ်မှတ်ချက်များသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်များအတွင်းကထက် ပိုမိုမြင့်မားသည်။ ရူပါရုံများသည် ပိုမို မြင့်မားလာသည်နှင့်အမျှ၊ လူသားအပေါ် သတ်မှတ်ချက်များသည်လည်း ပိုမြင့်လာပြီး ယခင်ကနှင့် မတူအောင်ရှင်းလင်းလာကာ ပို၍စစ်မှန်လာသည်။ အလားတူပင် ရူပါရုံများသည်လည်း တိုး၍ စစ်မှန်လာသည်။ ယင်းစစ်မှန်သော ရူပါရုံ အများအပြားသည် လူသား၏ ဘုရားသခင်အား နာခံခြင်းကို အားဖြည့်ပေးရုံသာမက၊ ဘုရားသခင်နှင့်ပတ်သက်သော သူ၏ အသိပညာကိုလည်း ပိုမို အားဖြည့်ပေးသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၃)

ယခင်ခေတ်များနှင့် နှိုင်းယှဉ်ပါက နိုင်ငံတော်ခေတ်အတွင်း ဘုရားသခင်၏ အလုပ်သည် ပို၍လက်တွေ့ကျပြီး၊ လူသားဖြစ်တည်မှုနှင့် သူ၏ စိတ်သဘောထား ပြောင်းလဲမှုများကို ပိုမိုရည်မှန်းပြီး၊ သူ့ကို လိုက်လျှောက်သူတို့ အားလုံးအတွက် ဘုရားသခင်ကိုယ်တော်တိုင်ကို ပိုမိုသက်သေခံစေနိုင်သည်။ တစ်နည်းဆိုသော် နိုင်ငံတော်ခေတ်တွင် သူအလုပ်လုပ်သည် နှင့်အမျှ၊ အတိတ်ကာလ မည်သည့်အချိန်က ထက်မဆို ပိုမိုပြီး ဘုရားသခင်သည် သူ့အကြောင်းကို ပြသတော်မူသည်။ ဆိုလိုသည်မှာ လူသားက သိသင့်သော ရူပါရုံများသည် ယခင်ခေတ်များထက် ပိုမို မြင့်မားသည်။ လူတို့အကြားရှိ ဘုရားသခင်၏ အလုပ်သည် ယခင်မရောက်ဖူးသေးသော နယ်ပယ်ကို ဝင်ရောက် ခဲ့သည့်အတွက်၊ နိုင်ငံတော်ခေတ်တွင် လူသားက သိသော ရူပါရုံများသည် စီမံခန့်ခွဲမှုအလုပ်များ အားလုံးတွင် အမြင့်ဆုံးဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် ယခင်က မရောက်ဖူးသေးသော နယ်ပယ်ကို ဝင်ရောက်ခဲ့ပြီး၊ လူသားက သိမြင်ရမည့် ရူပါရုံများသည် ရူပါရုံများ အားလုံးတွင် အမြင့်ဆုံးဖြစ်ပြီး၊ ရလဒ်ဖြစ်သော လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ယခင်ခေတ်များထက် ပိုမိုမြင့်မား သည်။ အကြောင်းမှာ ရူပါရုံများနှင့်အတူ လူ၏လက်တွေ့ လုပ်ဆောင်မှုများသည် အဆင့်လိုက် ပြောင်းလဲမှုများရှိပြီး ရူပါရုံများ၏ ပြည့်စုံခြင်းသည်လည်း လူ့သတ်မှတ်ချက်၏ ပြည့်စုံခြင်းကို အမှတ်အသားပြုသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အားလုံး ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ရပ်တန့်သွားသည်၊ ထို့အပြင် ဘုရားသခင်၏ အလုပ်မရှိပါက လူသည် အတိတ်ကာလများ၏ အယူဝါဒကို ထိန်းသိမ်းရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိဘဲ ဖြစ်လိမ့်မည်၊ သို့တည်းမဟုတ် အကယ်ပင် အားကိုးရာမရှိဘဲ ဖြစ်လိမ့်မည်။ ရူပါရုံအသစ်များမရှိဘဲ လူ၏ လက်တွေ့ လုပ်ဆောင်မှု အသစ်များ ရှိမည်မဟုတ်၊ ပြီးပြည့်စုံသော ရူပါရုံများမရှိဘဲ လူ၏ စုံလင်သော လက်တွေ့ လုပ်ဆောင်မှု ရှိလိမ့်မည် မဟုတ်ပေ။ ပိုမို မြင့်မားသော ရူပါရုံများ မရှိဘဲ လူ၏ ပိုမို မြင့်မားသော လက်တွေ့လုပ်ဆောင်မှုလည်း ရှိမည်မဟုတ်ပေ။ လူ၏ လက်တွေ့ လုပ်ဆောင်မှုသည် ဘုရားသခင်၏ ခြေလှမ်းများနှင့်အတူ ပြောင်းလဲသည်၊ အလားတူပင် လူ၏ အသိပညာနှင့် အတွေ့အကြုံ သည်လည်း ဘုရားသခင်၏ အလုပ်နှင့်အတူ ပြောင်းလဲသည်။ လူသည် မည်မျှ လုပ်ဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့် ခွဲ၍ မရနိုင်ဆဲပင် ဖြစ်သည်၊ အကယ်၍ ဘုရားသခင်သည် အချိန် အခိုက်အတန့်မျှ အလုပ်လုပ်ခြင်းကို ရပ်လိုက်ပါက လူသည် သူ၏ ဒေါသကြောင့် ချက်ချင်း သေဆုံးသွားလိမ့်မည်။ ယနေ့တွင် လူ၏ အသိပညာသည် မည်မျှ မြင့်သည်ဖြစ်စေ၊ သူ၏ အတွေ့အကြုံများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သူသည် ဘုရားသခင်၏ အလုပ်နှင့် ခွဲနိုင်ခြင်း မရှိသဖြင့် လူ၌ ကြွားဝါစရာ ဘာမျှမရှိ၊ အဘယ်ကြောင့်ဆိုသော် လူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် ထိုလုပ်ဆောင်မှုမှတစ်ဆင့် သူ့အနေဖြင့် ဘုရားသခင်အပေါ် သူ၏ယုံကြည်မှုကို ရှာဖွေရန်တို့မှာ ရူပါရုံများနှင့် ခွဲခြား၍ မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်အလုပ်၏ ဖြစ်စဉ်တိုင်းသည် လူသားသိသင့်သော ရူပါရုံများဖြစ်သည်၊ လူအပေါ်ထားသော သင့်တင့်လျောက်ပတ်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များ ဆက်လိုက်လာသော ရူပါရုံများဖြစ်သည်။ ယင်းရူပါရုံများကို အခြေခံအဖြစ်မပါရှိဘဲ လူသည် လက်တွေ့လုပ်ဆောင်မှုကို ဧကန်စင်စစ် မတတ်နိုင်သကဲ့သို့၊ လူသည် ဘုရားသခင်ကို မဆုတ်မနစ် လိုက်လျှောက်နိုင်မည်လည်း မဟုတ်ပေ။ အကယ်၍ လူသည် ဘုရားသခင်ကို မသိပါက၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို နားမလည်ပါက လူသား လုပ်ဆောင်သမျှ အလုံးစုံသည် အချည်းနှီးသာဖြစ်ပြီး ဘုရားသခင်၏ အတည်ပြုမှုကို ရနိုင်မည် မဟုတ်ပေ။ လူသား၏ ဆုကျေးဇူးများသည် မည်မျှပင် များပြားသည် ဖြစ်စေ၊ သူသည် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုမှ ခွဲမရနိုင်ဘဲ ရှိသေးသည်။ လူ၏ လုပ်ဆောင်မှုများသည် မည်မျှ ကောင်းသည်ဖြစ်စေ၊ မည်မျှ များပြားသည်ဖြစ်စေ၊ ယင်းတို့သည် ဘုရားသခင်၏ အလုပ်ကို အစားထိုးနိုင်ခြင်း မရှိသေးပေ။ သို့ဖြစ်ရာ မည်သည့် အခြေအနေအောက်တွင်မျှ လူ၏ လက်တွေ့ လုပ်ဆောင်မှုသည် ရူပါရုံများမှ ခွဲထွက်၍မရနိုင်ပေ။ ရူပါရုံအသစ်များကို လက်မခံသူသည် လက်တွေ့ လုပ်ဆောင်မှုအသစ်များ ရှိမည်မဟုတ်ပေ။ ထိုသူတို့၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ဆက်နွယ်မှု မရှိ၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် အယူဝါဒများကို လိုက်နာပြီး အသက်မရှင်သော ပညတ်တော်များကိုသာ ထိန်းသိမ်းထား၍ ဖြစ်သည်။ သူတို့တွင် ရူပါရုံသစ်များ လုံးဝမရှိ၊ ရလဒ်အဖြစ် သူတို့သည် ခေတ်သစ်တွင် မည်သည့်အရာကိုမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ သူတို့သည် ရူပါရုံများ ပျောက်ဆုံးနေခဲ့ပြီး၊ ထိုသို့ဖြစ်သည့်အတွက် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုလည်း ဆုံးရှုံးကာ၊ သမ္မာတရားကိုလည်း ဆုံးရှုံးရသည်။ သမ္မာတရားမရှိသူတို့သည် အဓိပ္ပာယ်မဲ့မှု၏ အနွှယ်များသာ ဖြစ်သည်။ သူတို့သည် စာတန်၏ ပြယုဂ်ဖြစ်ကြသည်။ တစ်ဦးတစ်ယောက်သည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်စေကာမူ၊ ဘုရားသခင်အလုပ်၏ ရူပါရုံများမရှိဘဲ မရပ်တည်နိုင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်ကို ဆုံးရှုံး၍လည်း မရပေ။ တစ်စုံတစ်ယောက်သည် ရူပါရုံဆုံးရှုံးသည်နှင့် တစ်ပြိုင်နက်တည်းတွင် သူတို့သည် မရဏနိုင်ငံသို့ သက်ဆင်းရပြီး အမှောင်ထုတွင် နေထိုင်ကြသည်။ ရူပါရုံများ မရှိသူတို့သည် ဘုရားသခင်ကို မိုက်မဲစွာ လိုက်လျှောက်သူတို့ဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ကင်းမဲ့သူများ ဖြစ်ကြပြီး သူတို့သည် ငရဲတွင် နေထိုင်နေကြသည်။ ထိုသို့သော လူများသည် သမ္မာတရားကို မီအောင် မလိုက်လျှောက်ဘဲ ဘုရားသခင်၏ နာမတော်ကို ဆိုင်းဘုတ်တစ်ခု ကဲ့သို့သာ ချိတ်ဆွဲသူများဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိသူ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို မသိသူ၊ ဘုရားသခင် စီမံခန့်ခွဲမှု တစ်ခုလုံးတွင် အလုပ်အဆင့် သုံးဆင့်ကို မသိသူ၊ ထိုသူတို့သည် ရူပါရုံများကို မသိကြ၊ ထို့ကြောင့် သမ္မာတရား မရှိကြပေ။ သမ္မာတရားကို မပိုင်ဆိုင်သူတို့သည် မကောင်းမှုလုပ်သူများ မဟုတ်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသူ၊ ဘုရားသခင်အား သိရှိနားလည်ခြင်းကို ရှာဖွေလိုသူနှင့် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းလိုသူတို့အတွက်၊ ရူပါရုံများသည် အခြေခံအုတ်မြစ်ဖြစ်ကြသည်။ သူတို့ကို ဘုရားသခင်က လက်ခံသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်နှင့် ပူးပေါင်း သောကြောင့် ဖြစ်သည်။ ယင်းပူးပေါင်းဆောင်ရွက်မှုမှာ လူတို့ လက်တွေ့လုပ်ဆောင်သင့်သော အရာဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၄)

ရူပါရုံများတွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများ များစွာပါဝင်သည်။ လူသားတောင်းဆိုသော လက်တွေ့ကျသည့် တောင်းဆိုချက်များသည် လူသားသိသင့်သော ဘုရားသခင်၏ အလုပ်ဖြစ်ရာ ယင်းတို့သည် ရူပါရုံများအတွင်းတွင် ပါဝင်သည်။ ယခင်က နေရာအမျိုးမျိုးတွင် ပြုလုပ်သော အထူးစုဝေးခြင်းများ သို့မဟုတ် ကြီးမားသော စုဝေးခြင်းများအတွင်း လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း၏ ရှုထောင့်တစ်ခုတည်းကိုသာ ပြောခဲ့သည်။ ထိုလက်တွေ့လုပ်ဆောင်မှုမှာ ကျေးဇူးတော်ခေတ်အတွင်း လက်တွေ့လုပ်ဆောင်ခဲ့သင့်သော အရာဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်၏ ရူပါရုံမှာ ယေရှု လက်ဝါးကပ်တိုင်တွင်အသေခံခြင်း ရူပါရုံသာ ဖြစ်ပြီး၊ ပိုမိုကြီးမားသော ရူပါရုံမရှိသဖြင့် ဘုရားသခင်အား သိနားလည်မှုနှင့် ပတ်သက်ဆက်နွှယ်မှု အနည်းငယ်မျှသာ ရှိခဲ့သည်။ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် လူသားမျိုးနွယ်ကို ကယ်နှုတ်သည့် အလုပ်ထက်ပိုပြီး လူအနေဖြင့် သိရှိရန် မလိုပါ၊ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင်လည်း လူကသိရမည့် အခြားရူပါရုံများ မရှိခဲ့ပါ။ ဤနည်းလမ်းဖြင့်၊ လူသည် ဘုရားကို သာမန်ကာလျှံကာသာသိပြီး၊ ယေရှု၏ ချစ်ခြင်းနှင့် ကရုဏာမှလွဲ၍၊ သူ့အတွက်မှာ လက်တွေ့လုပ်ဆောင်စရာမှာ အခြားရိုးရှင်းပြီး နုံချာသည့် အရာများ အနည်းငယ်သာ ရှိသည်၊ ထိုအရာများသည် ယနေ့အရာများနှင့် တခြားစီပင် ဖြစ်သည်။ ယခင်က၊ မည်သည့်အရာက စုဝေးခြင်းကို ဖြစ်ပေါ်စေသည်ဖြစ်စေ၊ လူသည် ဘုရားသခင်အလုပ်၏ လက်တွေ့ကျသော အသိပညာကို မပြောဆိုနိုင်ပေ၊ အဘယ်အရာက လူသားဝင်ရောက်နိုင်သည့် လက်တွေ့လုပ်ဆောင်ရန် အသင့်တော်ဆုံး လမ်းကြောင်းဖြစ်သည်ကို ရှင်းလင်းစွာ ပြောပြနိုင်ရန် သာ၍ပင် ဝေးနေသေးသည်။ သူသည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းအခြေခံတွင် ရိုးရှင်းသည့် အသေးစိတ် အချက်အနည်းငယ်ကို ဖြည့်စွက်မျှရုံသာ ဖြစ်သည်။ သူ၏လက်တွေ့လုပ်ဆောင်မှု အနှစ်သာရတွင် အမှန်ပင် ပြောင်းလဲမှုမရှိပါ၊ အကြောင်းမှာ တူညီသည့်ခေတ်အတွင်း ဘုရားသခင်က မည်သည့်အလုပ်သစ်ကိုမျှ မလုပ်ဘဲ၊ လူ့အပေါ် သူထားရှိသည့် သတ်မှတ်ချက်များမှာ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်း၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းခြင်းတို့သာ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်ခြင်းများမှလွဲ၍၊ ယေရှု လက်ဝါးကပ်တိုင်တွင် အသေခံခြင်းထက် ပိုမြင့်မားသည့် ရူပါရုံများ မရှိတော့ပါ။ ယခင်က၊ ဘုရားသခင်သည် များလှစွာသော အလုပ်ကို မလုပ်ဆောင်ခဲ့ဘဲ လူ့ထံမှ အကန့်အသတ်ဖြင့်သာ တောင်းဆိုမှုများ ပြုခဲ့သဖြင့် အခြားရူပါရုံများကို ပြောဆိုခြင်းများမရှိခဲ့ပါ။ ဤနည်းလမ်းအားဖြင့်၊ လူက အဘယ်အရာပင် လုပ်ခဲ့သည်ဖြစ်စေ၊ သူသည် လူ့အနေဖြင့် လက်တွေ့လုပ်ဆောင်ရန် ရိုးရှင်းပြီး ပေါ့တန်သော အရာအနည်းငယ်ဖြစ်သည့် ဤနှောင်ဖွဲ့မှုများကို မချိုးဖျက်နိုင်ပေ။ ယနေ့တွင် အခြားရူပါရုံများကို ငါပြောသည်၊ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် သာ၍များသော အလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ ယင်းအလုပ်သည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ထက် အဆပေါင်းများစွာ ပိုများသည်။ လူသားများ၏ လိုအပ်ချက်များကလည်း ပြီးခဲ့သည့် ခေတ်များထက် အဆပေါင်းများစွာ မြင့်မားသည်။ အကယ်၍ လူအနေဖြင့် ထိုသို့သော အလုပ်ကို အပြည့်အဝ မသိနိုင်ပါက၊ ထင်ရှားကြီးမြတ်သည်များကို ပိုင်ဆိုင်မည်မဟုတ်ပါ။ လူသည် အသက်တာ တစ်ခုလုံး ဆက်ကပ်ပြီး မကြိုးစားပါက၊ ထိုသို့သော အလုပ်ကို အပြည့်အဝသိရန် ခက်ခဲလိမ့်မည်ဟု ပြောနိုင်သည်။ သိမ်းပိုက်ခြင်းအလုပ်တွင်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ကိုသာ ပြောဆိုခြင်းက လူသားအား သိမ်းပိုက်ခြင်းကို မဖြစ်နိုင်အောင် ပြုလိမ့်မည်။ ရူပါရုံများကို ပြောဆိုရုံမျှသာဖြစ်ပြီး လူသား၏ လိုအပ်ချက် အနည်းငယ်မျှ မပါရှိပါကလည်း လူသားအားသိမ်းပိုက်ခြင်းကို မဖြစ်နိုင်စေပါ။ လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းမှလွဲ၍ ဘာကိုမျှ ပြောဆိုခြင်းမရှိပါက၊ လူ၏ပျော့ကွက်ကို တိုက်ခိုက်ရန်၊ သို့မဟုတ် လူ၏အယူအဆများကို လွင့်ပျောက်စေရန် ဖြစ်နိုင်လိမ့်မည် မဟုတ်။ လူသားကို အပြည့်အဝ သိမ်းပိုက်ရန်လည်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ရူပါရုံများသည် လူသားကို သိမ်းပိုက်ရန်အတွက် အဓိကကိရိယာ ဖြစ်သည်။ သို့သော်လည်း ရူပါရုံများကလွဲ၍ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမရှိလျှင်၊ လူသားများ ဝင်ရောက်မည့် နည်းလမ်းများရှိရန် မဆိုထားနှင့်၊ လိုက်လျှောက်ရန် လမ်းကြောင်းပင် ရှိလိမ့်မည်မဟုတ်။ ဤကား အစမှ အဆုံးထိတိုင် ဘုရားသခင်အလုပ်၏ နိယာမဖြစ်နေသည်။ ရူပါရုံများထဲတွင် လက်တွေ့လုပ်ဆောင်နိုင်သည်များ ပါဝင်ပြီး၊ လက်တွေ့လုပ်ဆောင်မှု အပြင် ရူပါရုံများလည်း ရှိသည်။ လူ့အသက်တာနှင့် သူ၏ စိတ်သဘောထားထဲရှိ ပြောင်းလဲမှုပမာဏသည် ရူပါရုံများထဲရှိ ပြောင်းလဲမှုများနှင့် ဒွန်တွဲနေသည်။ လူသည် သူ၏ကိုယ်ပိုင် အားထုတ်မှု ကိုသာ အားကိုးနေခဲ့မည်ဆိုလျှင်၊ ကြီးမားသည့် ပမာဏရှိသော ပြောင်းလဲမှုကို စွမ်းဆောင်ရရှိရန် သူ့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ရူပါရုံများက ဘုရားသခင် ကိုယ်တိုင်၏အလုပ်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ပြောပြသည်။ လက်တွေ့လုပ်ဆောင်မှုသည် လူ၏လုပ်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှင့် လူ၏ဖြစ်တည်မှု ပုံစံကို ရည်ညွှန်းသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အားလုံးအတွင်းတွင် ရူပါရုံများနှင့် လက်တွေ့လုပ်ဆောင်မှု၏ ဆက်နွှယ်မှုမှာ ဘုရားသခင်နှင့် လူတို့အကြားရှိ ဆက်နွှယ်မှုဖြစ်သည်။ ရူပါရုံများကို ဖယ်ရှားခဲ့မည်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုကို မပြောဘဲ ရူပါရုံများကိုသာ ပြောခဲ့မည်ဆိုလျှင်၊ သို့မဟုတ် ရူပါရုံများသာရှိခဲ့ပြီး လူ၏ လက်တွေ့လုပ်ဆောင်မှုများကို ချေဖျက်ခဲ့မည်ဆိုလျှင်၊ ဘုရားသခင်၏ အလုပ်သည် လူသားမျိုးနွယ်အတွက် ဖြစ်သည်ဟု ပြောရန်မဆိုထားနှင့် ထိုသို့သော အရာများကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအဖြစ် မှတ်ယူ၍ ရတော့မည်မဟုတ်။ ဤနည်းအားဖြင့်၊ လူ၏တာဝန်သည် ဖယ်ရှားခံရမည်သာမက၊ ယင်းသည် ဘုရားသခင်အလုပ်၏ ရည်ရွယ်ချက်ကို ငြင်းပယ်ရာ ကျလိမ့်မည်။ အကယ်၍ အစမှအဆုံးတိုင် ဘုရားသခင်၏ အလုပ်မပါဝင်ဘဲ လူ့အနေဖြင့် လက်တွေ့ လုပ်ဆောင်ရန်သာ လိုအပ်ခဲ့မည် ဆိုပါက၊ ထို့အပြင် လူသည် ဘုရားသခင်၏ အလုပ်ကို သိရန် မလိုအပ်ခဲ့ပါက၊ ထိုသို့သော အလုပ်ကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု သာ၍ပင် မခေါ်ဆိုနိုင်ပေ။ လူသည် ဘုရားသခင်ကို မသိရှိခဲ့ဘဲ ဘုရားသခင်၏ အလိုတော်ကို မသိ နားမလည်ဘဲ၊ မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို မရေရာသည့် စိတ်ကူး သက်သက်ပုံစံဖြင့် အမြင်ကန်းစွာ လုပ်ဆောင်ခဲ့မည်ဆိုလျှင်၊ သူသည် ဘယ်သောအခါမှ ပြည့်ဝစွာ အရည်အချင်းမီသည့် သတ္တဝါတစ်ဦး ဖြစ်လာမည် မဟုတ်ပေ။ ထို့အတွက်ကြောင့်၊ ဤအရာနှစ်ခုစလုံးတို့သည် မရှိမဖြစ် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်တစ်ခုတည်းသာ ရှိမည်ဆိုလျှင်၊ ဆိုလိုသည်မှာ၊ ရူပါရုံများသာ ရှိပြီး လူ၏ပူးပေါင်း ဆောင်ရွက်မှု သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ ထိုသို့သော အရာများကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု မခေါ်ဆိုနိုင်ပါ။ လူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုသာရှိပါက၊ မည်မျှမြင့်မားသည့် လမ်းကြောင်းကို လူကဝင်ရောက်ပါစေ၊ ဤအရာသည်လည်း လက်ခံနိုင်ဖွယ်ရာ ဖြစ်လိမ့်မည် မဟုတ်ပါ။ လူ၏ဝင်ရောက်မှုကို အလုပ်နှင့် ရူပါရုံများနှင့်အညီ တဖြည်းဖြည်း ပြောင်းလဲရမည်။ စိတ်ကူးပေါက်သည့်အတိုင်း ပြောင်းလဲ၍ မရနိုင်ပါ။ လူ့လက်တွေ့လုပ်ဆောင်မှု၏ နိယာမများသည် လွပ်လပ်နေခြင်းနှင့် ထိန်းမနိုင်သိမ်းမရ မဟုတ်သော်လည်း ချည်နှောင်မှု အချို့အတွင်း၌ ရှိသည်။ ထိုသို့သော နိယာမများသည် အလုပ်၏ ရူပါရုံများနှင့်အညီ ပြောင်းလဲသည်။ ထို့အတွက်ကြောင့် နောက်ဆုံးတွင်မူ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အလုပ်နှင့် လူ၏ လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်တော့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၅)

လူသားမျိုးနွယ်ကြောင့်သာ စီမံခန့်ခွဲမှုအလုပ် ဖြစ်လာခြင်းဖြစ်သည်၊ လူသား၏ဖြစ်တည်ခြင်းအားဖြင့်သာ ထိုအလုပ် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ လူသားမျိုးနွယ်မရှိခင်က၊ သို့မဟုတ် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် အစအဦးတွင် စီမံခန့်ခွဲမှု မရှိခဲ့ပေ။ ဘုရားသခင်၏ အလုပ်အားလုံးတွင်၊ လူအတွက် အကျိုးရှိသည့် လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ တစ်နည်းအားဖြင့်၊ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်အတွက် သင့်လျော်သည့် သတ်မှတ်ချက်များကို ဘုရားသခင်က မပြုလုပ်ခဲ့လျှင် (ဘုရားသခင် လုပ်ဆောင်သည့် အလုပ်ထဲတွင်၊ လူ့အနေဖြင့် လက်တွေ့လုပ်ဆောင်ရန် သင့်တော်သည့် လမ်းကြောင်းများ မရှိခဲ့လျှင်)၊ ဤအလုပ်ကို ဘုရားသခင်၏ စီမံခံခန့်ခွဲမှုဟု မခေါ်ဆိုနိုင်ပါ။ ဘုရားသခင်၏ အလုပ်တစ်ခုလုံး၌ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်အား သူတို့၏ လက်တွေ့လုပ်ဆောင်မှုကို မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ပြောပြခြင်းသာ ပါဝင်မည်ဆိုပါက၊ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် လုပ်ငန်းတစ်ခုကိုမျှ မလုပ်ဆောင်ခဲ့ပါက၊ သူ၏အတိုင်းအဆမရှိသည့် တန်ခိုးနှင့် ဉာဏ်ပညာကိုလည်း စိုးစဉ်းမျှ မထုတ်ဖော် မပြသခဲ့ပါက၊ ဘုရားသခင်၏ လူသားအပေါ်ထားရှိသော သတ်မှတ်ချက်များသည် မည်မျှပင် မြင့်မားပါစေ၊ ဘုရားသခင်သည် လူသားများအကြား မည်မျှကြာအောင် နေထိုင်ခဲ့ပါစေ၊ လူသားအနေဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို လုံးဝသိရှိမည် မဟုတ်ပေ။ ထိုသို့သာဆိုလျှင်၊ ထိုသို့သောအလုပ်မျိုးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု အခေါ်ခံရရန်ပင် မထိုက်တန်ပါ။ ရိုးရှင်းစွာပြောရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အလုပ်သည် ဘုရားသခင်က လုပ်သည့်အလုပ်ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို ခံထားရသည့် ထိုသူများက ဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် လုပ်ဆောင်သော အလုပ်များအားလုံးပင် ဖြစ်သည်။ ထိုသို့သောအလုပ်ကို စီမံခန့်ခွဲမှုအဖြစ် အတိုချုံးနိုင်သည်။ တစ်နည်းအားဖြင့် လူသားများအကြားရှိ ဘုရားသခင်၏ အလုပ်ကိုလည်းကောင်း၊ သူ့နောက်လိုက်သူများ အားလုံးနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကိုလည်းကောင်း စုပေါင်းပြီး စီမံခန့်ခွဲမှုဟု ခေါ်သည်။ ဤတွင် ဘုရားသခင်၏အလုပ်ကို ရူပါရုံများဟု ခေါ်ပြီး၊ လူ၏ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့လုပ်ဆောင်ခြင်းဟု ခေါ်သည်။ ဘုရားသခင်အလုပ်က မြင့်မားလေ (ဆိုလိုသည်မှာ၊ ရူပါရုံများက မြင့်မားလေ)၊ ဘုရားသခင်၏ စိတ်သဘောထားက လူသားများအတွက် ပို၍ပေါ်လွင်လေဖြစ်ကာ၊ ထိုစိတ်သဘောထားသည် လူသား၏ အယူအဆများနှင့် ပို၍ကွဲလွဲလေ၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပို၍မြင့်မားလေဖြစ်သည်။ လူသား၏ လိုအပ်ချက်များက မြင့်မားလေ၊ ဘုရားသခင်၏အလုပ်က လူ့အယူအဆများနှင့် ပို၍ကွဲလွဲလေဖြစ်ရကား၊ ရလဒ်အနေနှင့် လူကို စမ်းသပ်မှုများနှင့် လူ့ဘက်မှ ပြည့်မီရန် လိုအပ်သည့် စံနှုန်းများက ပို၍မြင့်မားလာသည်။ ဤအလုပ်၏ အဆုံးသတ်တွင်၊ ရူပါရုံများအားလုံး ပြီးမြောက်သွားမည်ဖြစ်ပြီး၊ လူသားအနေဖြင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်များကလည်း စုံလင်ခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်လိမ့်မည်။ ထိုအချိန်သည် လူအသီးသီးကို အမျိုးအစားအလိုက် ခွဲခြားမည့်အချိန်လည်း ဖြစ်သည်။ အကြောင်းမှာ လူသားက သိသင့်သည်ကို လူသားအား ပြသပြီးဖြစ်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့်၊ ရူပါရုံများက ၎င်းတို့၏အထွတ်အထိပ်သို့ ရောက်ချိန်တွင်၊ အလုပ်သည်လည်း ယင်းနှင့်အညီ အဆုံးသတ်သို့ ချဉ်းကပ်လာမည်ဖြစ်ကာ၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည် ဖြစ်သည်။ လူ၏လက်တွေ့ လုပ်ဆောင်မှုက ဘုရားသခင်၏ အလုပ်အပေါ်တွင် အခြေခံထားပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုက လူ၏လက်တွေ့လုပ်ဆောင်မှုနှင့် လူ၏ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့်သာ အပြည့်အဝ ဖော်ပြခြင်းကို ခံရသည်။ လူသည် ဘုရားသခင်အလုပ်၏ ပြရုပ်ဖြစ်ပြီး၊ ဘုရားသခင် အလုပ်နှင့်ဆိုင်သည့် စီမံခန့်ခွဲမှုအားလုံး၏ အပြုခံအရာနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးဆိုင်ရာ ထုတ်ကုန်လည်းဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူ၏ပူးပေါင်းဆောင်ရွက်မှု မပါဝင်ဘဲ တစ်ပါးတည်း လုပ်ဆောင်ခဲ့ပါက၊ သူ့အလုပ်တစ်ခုလုံး၏ အကောင်အထည် ပေါ်လာသည့်အရာအဖြစ် အစေခံမည့်အရာ ဘာမျှရှိလိမ့်မည် မဟုတ်ပေ။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အနည်းငယ်မျှပင် အရေးပါမှု ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်အပြင် သူ၏အလုပ်ကို ဖော်ပြရန်နှင့် ယင်း၏ အတိုင်းအဆမရှိသည့်တန်ခိုးနှင့် ဉာဏ်ပညာကို သက်သေပြရန် အံကိုက်ဖြစ်မည့် အပြုခံအရာများကို ရွေးချယ်ခြင်းအားဖြင့်သာ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်မည် ဖြစ်ပြီး၊ ဤအလုပ်အားလုံးကို အသုံးပြုခြင်းဖြင့် စာတန်ကို အပြည့်အဝ အနိုင်ယူရန် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်သည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့်ဆိုင်သည့် မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်ပြီး၊ လူသားတစ်ဦးတည်းကသာလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အသီးသီးစေရန်နှင့် ယင်း၏အဆုံးစွန်သော ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ပြုလုပ်ပေးနိုင်သည်။ လူသားကလွဲ၍ အခြားမည်သည့် သက်ရှိအမျိုးအစားကမျှ ထိုကဲ့သို့သော အခန်းကဏ္ဍကို တာဝန် မယူနိုင်ပါ။ လူသားသည် စီမံခန့်ခွဲမှုအလုပ်၏ စစ်မှန်သည့် အကောင်အထည် ပေါ်လာသည့်အရာ ဖြစ်လာဖို့ဆိုလျှင်၊ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်၏ မနာခံမှု အလုံးစုံသည် ပပျောက်သွားရမည်ဖြစ်သည်။ ထိုအတွက် လိုအပ်သည်များမှာ မတူညီသည့် အချိန်များအတွက် လူကို သင့်တော်သည့် လက်တွေ့လုပ်ဆောင်မှုပေးရန်နှင့်၊ ဘုရားသခင်က လူသားများအကြား ကိုက်ညီသည့်အလုပ်ကို လုပ်ဆောင်သွားရန်ဖြစ်သည်။ ဤနည်းလမ်း အားဖြင့်သာ စီမံခန့်ခွဲမှုအလုပ်၏ အကောင်အထည်ပေါ်လာသည့် အရာဖြစ်သော လူတစ်စုသည် နောက်ဆုံးတွင် ရယူခြင်းခံရမည် ဖြစ်သည်။ လူများအကြားရှိ ဘုရားသခင်၏အလုပ်ကို ဘုရားသခင် တစ်ပါးတည်းလုပ်သော အလုပ်ဖြင့်သာ ဘုရားသခင်ကိုယ်တိုင်က သက်သေခံပေး၍ မရနိုင်ပါ။ အောင်မြင်မှု ရရှိရန်အတွက် ထိုကဲ့သို့သော သက်သေခံချက်က ဘုရားသခင်၏ အလုပ်အတွက် သင့်တော်သည့် သက်ရှိလူသားများကို လိုအပ်သည်။ ပထမဦးစွာ ဘုရားသခင်က ထိုသူများအပေါ် လုပ်ဆောင်ပြီး၊ ထိုသူများအားဖြင့် သူ့အလုပ်ကို ဖော်ပြလိမ့်မည်၊ ဤနည်းအားဖြင့် ဘုရားသခင်၏ ထိုသို့သော သက်သေခံချက်သည် သတ္တဝါများအကြားတွင် ပြုခြင်းခံရလိမ့်မည်။ ဤတွင် ဘုရားသခင်က သူ့အလုပ်၏ ရည်မှန်းချက်ကို ရရှိအောင်မြင်ပြီး ဖြစ်ပေလိမ့်မည်။ ဘုရားသခင်သည် သတ္တဝါများအကြားတွင် သူ့ကိုယ်သူ တိုက်ရိုက်သက်သေခံ၍ မရသောကြောင့်၊ သူသည် စာတန်ကို အောင်နိုင်ရန်အတွက် တစ်ပါးတည်း မလုပ်ဆောင်ပေ။ သူသာ ထိုသို့လုပ်ဆောင်မည်ဆိုလျှင်၊ လူသားကို အကြွင်းမဲ့ လက်ခံယုံကြည် လာစေရန် ပြုနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူကို သိမ်းပိုက်ရန်အတွက် ဘုရားသခင်က လူ့အပေါ် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ သို့မှသာလျှင် သူသည် သတ္တဝါများ အားလုံးအကြားတွင် သက်သေခံမှုကို ရရှိနိုင်မည်ဖြစ်သည်။ ဘုရားသခင်တစ်ပါးတည်းကသာ လုပ်ဆောင်မည် ဆိုလျှင်၊ လူ၏ပူးပေါင်းလုပ်ဆောင်မှု မရှိဘူးဆိုလျှင်၊ သို့မဟုတ် လူ့ဘက်မှ ပူးပေါင်းလုပ်ဆောင်ရန် မလိုဘူးဆိုလျှင်၊ လူ့အနေဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို ဘယ်သောအခါမျှ သိနိုင်မည် မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်ကိုလည်း ထာဝစဉ် သတိပြုမိလိမ့်မည် မဟုတ်ပေ။ ဤနည်းလမ်းနှင့်ဆိုလျှင်၊ ယင်းကို ဘုရားသခင်အလုပ်၏ စီမံခန့်ခွဲမှုဟုခေါ်ဆို၍ မရနိုင်ပါ။ လူကပင် သူကိုယ်တိုင် ရုန်းကန်ရ၊ ရှာဖွေရပြီး ကြိုးစားလုပ်ကိုင်ရပါသော်လည်း၊ ဘုရားသခင်၏ အလုပ်ကို နားမလည်ခဲ့ပါက၊ လူအနေဖြင့် နောက်ပြောင် ကျီစယ်နေသကဲ့သို့ ဖြစ်ချေမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မပါဝင်ပါက၊ လူလုပ်ဆောင်သည့် အလုပ်မှာ စာတန်၏ အလုပ်ပင်ဖြစ်ပြီး၊ လူသည် ပုန်ကန်သူဖြစ်ကာ မကောင်းမှုကို လုပ်ဆောင်သူ တစ်ဦးဖြစ်သည်။ ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်၏ လုပ်ဆောင်မှု အားလုံးတွင် စာတန်က ထုတ်ဖော်ပြသခြင်း ခံရသည်။ ထိုအထဲတွင် ဘုရားသခင်နှင့် သဟဇာတဖြစ်သောအရာ တစ်ခုမျှမရှိဘဲ၊ အားလုံးက စာတန်၏ သရုပ်သကန်ပင် ဖြစ်သည်။ ရူပါရုံများနှင့် လက်တွေ့လုပ်ဆောင်မှု မပါသည့် မည်သည့်အရာကိုမျှ မပြောခဲ့ပေ။ ရူပါရုံများ၏ အခြေခံပေါ်တွင် လူ့အနေဖြင့် လက်တွေ့လုပ်ဆောင်မှုနှင့် နာခံခြင်း လမ်းကြောင်းကို ရှာတွေ့သည်၊ ထိုသို့အားဖြင့် လူသည် သူ၏ အယူအဆများကို ဘေးဖယ်ထားပြီး ယခင်က သူမပိုင်ဆိုင်ဖူးသည့် အရာများကို ရရှိစိမ့်သောငှာဖြစ်သည်။ လူသားက သူနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သူ၏သတ်မှတ်ချက်များကို လူသားက အပြည့်အဝနာခံရန်နှင့် ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အလုပ်ကို ရှုမြင်ခြင်းငှာ လူသားက တောင်းဆိုရန်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏တန်ခိုးကို ကြုံတွေ့ရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကိုသိရန် ဘုရားသခင် အလိုရှိသည်။ အချုပ်အားဖြင့် ထိုအရာများသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။ ဘုရားသခင်၏ လူသားနှင့် ပေါင်းစည်းခြင်းက စီမံခန့်ခွဲမှုဖြစ်သည်၊ အကြီးမြတ်ဆုံးသော စီမံခန့်ခွဲမှုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၆)

ယင်းတွင် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို အဓိကအားဖြင့် ရည်ညွှန်းသည့် ရူပါရုံများပါဝင်ပြီး၊ ယင်းတွင် လူက လုပ်ဆောင်သင့်သည့် လက်တွေ့လုပ်ဆောင်မှုပါဝင်ကာ၊ ဘုရားသခင်နှင့် ဆက်နွှယ်မှု မရှိချေ။ ဘုရားသခင်၏အလုပ်ကို ဘုရားသခင် ကိုယ်တိုင်က ပြီးမြောက်စေခဲ့ခြင်း ဖြစ်ပြီး၊ လူ၏လက်တွေ့လုပ်ဆောင်မှုကို လူကိုယ်တိုင်မှ စွမ်းဆောင်ရမည် ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်က လုပ်ဆောင်သင့်သည်ကို လူက လုပ်ဆောင်ပေးရန် မလိုအပ်သကဲ့သို့၊ လူက လက်တွေ့လုပ်ဆောင် သင့်သည့်အရာကလည်း ဘုရားသခင်နှင့် ဆက်နွှယ်မှု မရှိပေ။ ဘုရားသခင်၏အလုပ်သည် သူ၏ကိုယ်ပိုင် အမှုတော်ဖြစ်ပြီး လူနှင့် သက်ဆိုင်မှု မရှိပေ။ ဤအလုပ်ကို လူကလုပ်ဆောင်ပေးရန် မလိုချေ၊ ထို့ပြင်၊ ထပ်ပြောရမည်ဆိုလျှင်၊ ဘုရားသခင်လုပ်ရမည့် အလုပ်ကို လူအနေဖြင့် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ လက်တွေ့ လုပ်ဆောင်ရန် လိုအပ်သည့် အရာကိုသာ လူ့အနေဖြင့် ဖြစ်မြောက် စေရမည်ဖြစ်သည်၊ ထိုသို့လုပ်ဆောင်ခြင်းသည် သူ့အသက်တာကို ဆက်ကပ်ခြင်း ဖြစ်စေ၊ သို့မဟုတ် သက်သေခံရန်အလို့ငှာ စာတန်ထံသို့ သူ့ကို ပေးပို့ခြင်းဖြစ်စေ၊ ဤအရာအားလုံးကို လူမှ ဖြစ်မြောက်စေရမည် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် သူလုပ်ဆောင်သင့်သည့် အလုပ်များအားလုံးကို လုပ်ဆောင် ပြီးစီးသည်၊ လူက လုပ်ဆောင် ရမည့်အရာကို လူအား ပြသပြီးဖြစ်သည်၊ ကျန်ရှိသည့် အလုပ်ကို လူသားအတွက် ချန်ထားခဲ့သည်။ ဘုရားသခင်သည် အပိုအလုပ် မလုပ်ပါ။ သူ့အမှုတော်အတွင်း၌ရှိသော အလုပ်ကိုသာ သူလုပ်ဆောင် သည်။ လမ်းခရီးကိုသာ လူအားပြသပြီးနောက်၊ လမ်းဖွင့်ပေးသည့် အလုပ်ကို လုပ်ဆောင်ကာ၊ လမ်းခင်းပေးသည့် အလုပ်ကို မလုပ်ဆောင်ပေ။ ဤအရာကို လူသားအနေဖြင့် နားလည်ထားသင့်သည်။ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ ကျင့်ဆောင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့အပြင် ဤအရာအားလုံးသည် လူသား၏တာဝန်၊ လူက လုပ်ဆောင်သင့်သော အရာဖြစ်ပြီး ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ ဘုရားသခင်သည် ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းကို သမ္မာတရားထဲတွင် လူသားနည်းတူ ခံစားရန် လူကတောင်းဆိုပါက၊ လူသားသည် မနာခံသူ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလုပ်သည် သူ၏အမှုတော်ကို လုပ်ဆောင်ရန်နှင့် လူ၏တာဝန်မှာ ဘုရားသခင်၏ လမ်းညွှန်မှု အားလုံးကို အတိုက်အခံ တစ်ခုမျှမလုပ်ဘဲ နာခံရန်ဖြစ်သည်။ ယင်းကား ဘုရားသခင်သည် မည်သည့်နည်းဟန်ဖြင့် လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် နေထိုင်သည်ဖြစ်စေ၊ လူသည် ဖြစ်မြောက်အောင် ပြုလုပ်ထိုက်သည်ကို ကြိုးပမ်းရရှိရမည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်သည်သာလျှင် လူသားအပေါ် သတ်မှတ်ချက်များကို ပြဋ္ဌာန်းနိုင်သည်၊ ပြောရမည်ဆိုလျှင်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင် လူသားအပေါ် သတ်မှတ်ချက်များကို ပြဋ္ဌာန်းရန် သင့်လျော်သည်။ လူသားသည် ရွေးချယ်စရာမရှိသင့်၊ ဘာကိုမျှ မလုပ်သင့်ဘဲ အပြည့်အဝ ဆက်ကပ်ကာ လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာက လူအနေဖြင့် လက်ဝယ်ထားရှိသင့်သည့် အသိစိတ်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်က လုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ဆောင်ပြီးပါက၊ လူအနေဖြင့် ယင်းကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရန် လိုအပ်သည်။ အကယ်၍ အဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ပြီးမြောက်သည့်အချိန်၌၊ ဘုရားသခင်က အလိုရှိသည်ကို လူအနေဖြင့် မလုပ်ဆောင်ရသေးပါက၊ လူသားသည် အပြစ်ဒဏ်ပေးခြင်း ခံရပေမည်။ ဘုရားသခင် သတ်မှတ်ချက်များကို လူအနေဖြင့် မဖြည့်စွမ်းနိုင်ပါက၊ ယင်းသည် လူ၏ မနာခံမှုကြောင့်ဖြစ်သည်။ ဘုရားသခင်အနေဖြင့် သူ၏အလုပ်ကို မခြွင်းမချန်ပြည့်ဝစွာ မလုပ်ဆောင်ဟု မဆိုလိုချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင် နိုင်သည့် ထိုသူများအားလုံး၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်စွမ်းနိုင်သူများအားလုံးနှင့်၊ မိမိတို့၏ တာဝန်ကို သစ္စာမစောင့်သိ၊ မဖြည့်စွမ်းနိုင်သူများ အားလုံးသည် အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်။ ယနေ့ သင်ပြီးမြောက်ရန် လိုအပ်သည်မှာ ထပ်ဆောင်း တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူအားလုံးက လုပ်ဆောင်သင့်သည့် လူ၏တာဝန်သာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်မလုပ်ဆောင်နိုင်ဘူး ဆိုပါက၊ သို့မဟုတ် ထိုတာဝန်ကို ကောင်းစွာ သင်မလုပ်ဆောင်နိုင်ပါက၊ သင်သည် မိမိကိုယ်တိုင်အပေါ်သို့ ပြဿနာများ ယူဆောင်လာခြင်းပင် မဟုတ်ပေလော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများကို သင်သည် အဘယ်သို့လျှင် မျှော်လင့်နေနိုင်သေးသနည်း။ ဘုရားသခင်၏ အလုပ်သည် လူအတွက်ဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုက ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ဘုရားသခင်က သူလုပ်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်၊ လူအနေဖြင့် သူ၏လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်းမရှိဘဲ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ဘုရားသခင်၏အလုပ်ထဲတွင် လူက လုံ့လစိုက်ထုတ်ရန် မသင့်ဘဲ မိမိ၏သစ္စာရှိမှုကို ဆက်ကပ်ရန် လိုအပ်ကာ၊ အယူအဆအမျိုးမျိုးတွင် မွေ့လျော်မနေသင့်၊ သို့မဟုတ် သေခြင်းကိုသာ မလှုပ်မယှက် ထိုင်စောင့်မနေသင့်ပါ။ ဘုရားသခင်သည် သူ့ကိုယ်သူ လူသားအတွက် အနစ်နာခံနိုင်သည်၊ သို့ပြုလျှင် လူက မိမိ၏သစ္စာခံခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင် သနည်း။ လူသားအပေါ်တွင် ဘုရားသခင်သည် တစ်စိတ်တစ်ဝမ်းတည်း ထားရှိရာ၊ လူက အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်မျှကိုပင် မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် လုပ်ဆောင်သည်၊ သို့ပြုလျှင် လူက ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မလုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်၏ အလုပ်သည် ဤအထိရောက်ရှိလာပြီ၊ သို့သော်လည်း သင်မြင်နေရသော်ငြား မလုပ်ဆောင်သေး၊ ကြားပါသော်ငြား သင်မရွေ့။ ထိုသို့သော လူများသည် ထာဝရပြစ်ဒဏ်ခံရသူများ မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူအတွက် ပေးအပ်မြှုပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် မိမိ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာဖြင့် မလုပ်ဆောင်နိုင်ရသနည်း။ ဘုရားသခင် အတွက် သူ၏အလုပ်သည် ပထမဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲမှု အလုပ်က အရေးအကြီးဆုံးဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်စွမ်းခြင်းက ပထမဦးစားပေးကိစ္စဖြစ်သည်။ ထိုအရာကို သင်တို့အားလုံး နားလည်သင့်သည်။ သင့်ကိုပြောသည့် နှုတ်ကပတ်တော်များသည် သင့်အနှစ်သာရ၏ ဗဟိုချက်ကို ရောက်ရှိ နေပြီး၊ ဘုရားသခင်၏အလုပ်သည် တစ်ခါမျှ မရောက်ဖူးသည့် ပိုင်နက် နယ်မြေသို့ ဝင်ရောက်နေပြီဖြစ်သည်။ လူအများတို့သည် ဤနည်းလမ်း၏ သမ္မာတရား သို့မဟုတ် မုသားကို နားမလည်ဆဲဖြစ်နေသည်။ သူတို့သည် စောင့်နေဆဲနှင့် မြင်နေဆဲဖြစ်ကာ၊ သူတို့၏တာဝန်ကို မလုပ်ဆောင် ကြပေ။ ယင်းအစား၊ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တစ်လုံးစီနှင့် လုပ်ဆောင်မှု တစ်ရပ်စီကို စစ်ဆေးကြပြီး၊ သူအဘယ်အရာကို စားသည်နှင့် အဘယ်အရာအား ဝတ်သည်ကိုသာ အာရုံစိုက်ကာ၊ သူတို့၏ အယူအဆများက ပို၍ပင်ဆိုးရွားလာသည်။ ထိုသို့သော လူများသည် ဘာမျှမဟုတ်သည်ကို ရေးကြီးခွင်ကျယ် လုပ်နေကြခြင်းပင် မဟုတ်လော။ ထိုလူများက မည်သို့လျှင် ဘုရားသခင်ကို ရှာဖွေသူများ ဖြစ်နိုင်မည်နည်း။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်ကို ဆက်ကပ်ရန် ရည်ရွယ်ချက်ရှိသူများ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။ သူတို့၏သစ္စာခံမှုနှင့် တာဝန်ကို သူတို့စိတ်များ၏ နောက်သို့ပို့ထားပြီး၊ ဘုရားသခင် ဘယ်ဆီဘယ်ဝယ် ရောက်နေသည်ကိုသာ အာရုံစိုက်ကြသည်။ သူတို့သည် ရက်စက်ရမ်းကားသူပင် ဖြစ်တော့သည်တကား။ အကယ်၍ လူအနေဖြင့် မိမိနားလည်သင့်သည်များ အားလုံးကို နားလည်ခဲ့ပြီး၊ မိမိလက်တွေ့လုပ်ဆောင်သင့်သည်များ အားလုံးကို လက်တွေ့ လုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်မှ သူ၏ ကောင်းချီးမင်္ဂလာများကို လူအပေါ်သို့ ချပေးမည်မှာ သေချာလှပါသည်။ အကြောင်းမှာ လူထံမှ သူအလိုရှိသည်မှာ လူ၏တာဝန်ဖြစ်ပြီး၊ ယင်းတာဝန်မှာ လူလုပ်ဆောင်သင့်သည့် အရာပင် ဖြစ်သည်။ အကယ်၍ လူသည် မိမိနားလည်သင့်သည်ကို နားမလည်နိုင်၊ မိမိလက်တွေ့ လုပ်ဆောင်သင့် သည်ကို လက်တွေ့မလုပ်ဆောင်နိုင်ပါက၊ အပြစ်ဒဏ်ပေးခြင်း ခံရမည်။ ထင်ရှားစွာ ဆန့်ကျင်သည့် အဘယ်အရာကိုမျှ မလုပ်ဆောင်လျှင်ပင် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်သည့် ထိုသူများသည် ဘုရားသခင်ကို ရန်လိုသူများဖြစ်သည်၊ အလုပ်သစ်ကို လက်မခံသည့် ထိုသူများသည် ယင်းကို ဆန့်ကျင်သူများဖြစ်သည်။ ဘုရားသခင်က အလိုရှိသည့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို မလုပ်ဆောင်သည့် ထိုသူများ အားလုံးသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အထူးတလှယ် အလေးထားသည့်တိုင်အာင်၊ ထိုသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံမှုမရှိဘဲ တမင်တကာ ဆန့်ကျင်နေသူများဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံ၊ ဘုရားသခင်ကို မဆက်ကပ် မအပ်နှံသူများသည် ပုန်ကန်သူများ၊ ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြသည်။ မိမိတို့၏ တာဝန်ကို မလုပ်ဆောင်သူများသည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသူများဖြစ်ပြီး၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်မခံသူများဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၇)

ဘုရားသခင်၏ အလုပ်နှင့် သူ၏ စီမံခန့်ခွဲမှုတို့သည် နေရာတစ်ခုသို့ ရောက်ရှိပါက၊ သူ့စိတ်နှလုံးနှင့် ညီညွတ်သော သူအားလုံးတို့သည် သူ၏သတ်မှတ်ချက်များ အားလုံးကို ဖြည့်စွမ်းနိုင်ပြီ ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ရရှိအောင်မြင်နိုင်မှုအရနှင့် သူ၏စံနှုန်းများအရ လူတို့အပေါ် သတ်မှတ်ချက်များကို ပြဋ္ဌာန်းသည်။ သူ့စီမံခန့်ခွဲမှု အကြောင်းကို ပြောနေစဉ်တွင်၊ လူအတွက် နည်းလမ်းကိုလည်း ညွှန်ပြပေးပြီး အသက်ရှင်နိုင်ရန် လမ်းကြောင်းကို ထောက်ပံ့ပေးသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူ၏လက်တွေ့ကျင့်ဆောင်မှုတို့သည် တူညီသည့် အလုပ်အဆင့်ဖြစ်ပြီး၊ တစ်ပြိုင်နက်တည်း လုပ်ဆောင် ကြသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအကြောင်း ပြောဆိုခြင်းတွင် လူ၏စိတ်သဘောထား ပြောင်းလဲမှုများ အကြောင်း ပါဝင်သည်၊ ထို့အပြင် လူသားက အဘယ်အရာကို လုပ်ဆောင်သင့်သည့် အကြောင်းနှင့် လူသား၏ စိတ်သဘောထားရှိ ပြောင်းလဲမှုများ အကြောင်းကို ပြောဆိုခြင်းတွင် ဘုရားသခင်၏ အလုပ်အကြောင်း ပါဝင်သည်။ ထိုနှစ်ခု ခွဲခြားခြင်းခံရသည့် အချိန်သည် မရှိပေ။ လူသား၏ လက်တွေ့လုပ်ဆောင်မှုက တစ်ဆင့်ချင်းစီ ပြောင်းလဲနေသည်။ ဤသို့ဖြစ်ရခြင်းမှာ လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ သည်လည်း ပြောင်းလဲနေသောကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်သည် အမြဲတမ်း ပြောင်းလဲနေပြီး တိုးတက်နေသောကြောင့် ဖြစ်သည်။ အကယ်၍ လူသားများ၏ လုပ်ဆောင်မှုသည် အယူဝါဒ အထဲတွင် မိနေမည်ဆိုလျှင်၊ ဤအရာက သူသည် ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လမ်းညွှန်မှုတို့ ကင်းမဲ့နေပြီဟု သက်သေပြနေခြင်းပင် ဖြစ်သည်။ အကယ်၍ လူသား၏ ကျင့်ဆောင်မှုသည် ဘယ်သောအခါမျှ မပြောင်းလဲ သို့မဟုတ် သာ၍ မနက်နဲလာဘူးဆိုလျှင်၊ ဤအရာမှာ လူ၏ကျင့်ဆောင်မှုသည် လူ၏ ဆန္ဒအတိုင်းသာ လုပ်ဆောင်နေကြောင်း သက်သေပြနေပြီး၊ ယင်းသည် သမ္မာတရားကို ကျင့်ဆောင်ခြင်း မဟုတ်ပေ။ အကယ်၍ လူတွင် နင်းလျှောက်ရန် လမ်းကြောင်းမရှိပါက၊ သူသည် စာတန်၏ လက်အတွင်းသို့ ကျရောက်ပြီးသား ဖြစ်ပြီး၊ စာတန်၏ ချုပ်ကိုင်မှုကို ခံနေရပြီး ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် ဆိုးသော ဝိညာဉ်၏ ချုပ်ကိုင်မှုကို ခံနေရသည်။ အကယ်၍ လူ၏ကျင့်ဆောင်မှုက ပိုမိုနက်နဲမသွားဘူးဆိုလျှင်၊ ဘုရားသခင်၏ အလုပ်သည် ဖွံ့ဖြိုးလာမည် မဟုတ်ပေ။ ထို့ပြင် ဘုရားသခင်၏ အလုပ်က ပြောင်းလဲမှုမရှိလျှင်၊ လူ၏ဝင်ရောက်မှုသည်လည်း ရပ်နားသွားလိမ့်မည်။ ဤအရာက ရှောင်လွှဲ၍မရပေ။ ဘုရားသခင်၏ အလုပ်များအားလုံး တစ်လျှောက်တွင်၊ လူသည် ယေဟောဝါ၏ ဥပဒေသကို အမြဲလိုက်နာရမည် ဆိုပါက၊ ဘုရားသခင်၏ အလုပ်သည် တိုးတက်နိုင်မည်မဟုတ်ပေ၊ ခေတ်တစ်ခုလုံးကို အဆုံးသတ်နိုင်ရန် သာ၍ပင် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ လူသည် လက်ဝါးကပ်တိုင်ကို ဆုပ်ကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းကို အမြဲကျင့်ဆောင်နေရမည် ဆိုပါက၊ ဘုရားသခင်၏ အလုပ်ကို ဆက်လက်တိုးတက်စေရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ဥပဒေသများကိုသာ လိုက်နာနေသည့် လူသားများအကြား၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကိုသာ ဆုပ်ကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းကို အမြဲကျင့်ဆောင်နေသော လူသားများအကြားသို့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုကို အကယ်ပင် အဆုံးသတ်နိုင်မည် မဟုတ်ပေ။ ယင်းအစား၊ နောက်ဆုံးသော ကာလမှ ဘုရားသခင်ကို သိပြီး စာတန်၏ လက်တွင်းမှ ပြန်လည်ရယူခြင်း ခံရကာ စာတန်၏ အုပ်စိုးမှုမှ မိမိတို့ကိုယ်မိမိ အပြည့်အဝ ကင်းလွှတ်စေပြီး ဖြစ်သည့် သူတို့အကြားတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆုံးသတ်သည်။ ဤကား ဘုရားသခင်အလုပ်၏ လွှဲရှောင်၍မရသော ဦးတည်ရာဖြစ်သည်။ ဘာသာရေး အသင်းတော်များမှ လက်တွေ့ လုပ်ဆောင်မှုသည် ခေတ်နောက်ကျနေသည်ဟု အဘယ်ကြောင့် ဆိုသနည်း။ ယင်းသို့ဖြစ်ရခြင်းမှာ သူတို့လက်တွေ့လုပ်ဆောင်သောအရာ သည် ယနေ့အလုပ်နှင့် ကွဲပြားနေသောကြောင့်ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင်၊ သူတို့လက်တွေ့လုပ်ဆောင်သောအရာက မှန်ကန်ခဲ့သည်၊ သို့သော် ထိုခေတ်သည် ကုန်ဆုံးသွားပြီဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကလည်း ပြောင်းလဲသွားပြီဖြစ်သည်၊ ထို့ကြောင့် သူတို့၏ လက်တွေ့လုပ်ဆောင်မှုက တဖြည်းဖြည်းနှင့် ခေတ်နောက်ကျ သွားသည်။ အလုပ်သစ်နှင့် အလင်းသစ်တို့က ယင်းကို စွန့်ပစ်ထား ခဲ့ပြီးဖြစ်သည်။ ထိုအလုပ်၏ မူလအခြေခံအုတ်မြစ်ကို အခြေပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က သာ၍နက်နဲသော အဆင့်အချို့သို့ တိုးတက်လာပြီးဖြစ်သည်။ သို့သော်လည်း ထိုသူတို့သည် ဘုရားသခင်အလုပ်၏ မူလအဆင့်တွင် တည်ရှိသောင်တင်နေဆဲဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်မှု အဟောင်းများနှင့် အလင်းဟောင်းကို ဖက်တွယ်ထားဆဲဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်အတွင်း ကြီးမားစွာ ပြောင်းလဲနိုင်သည်၊ သို့ဖြစ်၍ အနှစ် ၂၀၀၀ ကာလအတွင်း ပိုမိုကြီးမားသည့် ပြောင်းလဲမှုများ မဖြစ်လာနိုင်ပေလော။ အကယ်၍ လူသား၌ အသစ်သောအလင်း၊ သို့မဟုတ် အသစ်သော လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို မီအောင်လိုက်ခြင်း မရှိခဲ့ဟု အဓိပ္ပာယ်သက်ရောက်သည်။ ဤကား လူ၏ချွတ်ယွင်းချက်ပင် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သစ်တည်ရှိခြင်းကို ငြင်းဆန်၍မရပါ၊ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ယခင်ကရှိခဲ့သည့် ထိုသူများသည် ခေတ်နောက်ကျသည့် လက်တွေ့လုပ်ဆောင်မှုများကို လိုက်နာနေကြဆဲဖြစ် သောကြောင့် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း ထဲတွင် ရှိနေသည့် လူအားလုံးတို့သည် တစ်ဆင့်ပြီးတစ်ဆင့်၊ ပိုနက်နဲစွာ တိုးတက်ပြီး ပြောင်းလဲနေရမည်ဖြစ်သည်။ သူတို့သည် အဆင့် တစ်ဆင့်တွင် မရပ်တန့်နေသင့်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မသိသူများသာ သူ၏မူလအလုပ်တွင် ရှိနေလိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သစ်ကို လက်ခံလိမ့်မည် မဟုတ်ပေ။ နာခံခြင်းမရှိသူများသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ လူ၏လက်တွေ့ လုပ်ဆောင်မှုသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သစ်ကို အမီမလိုက်နိုင်ပါက၊ လူ၏လက်တွေ့လုပ်ဆောင်မှုသည် ယနေ့အလုပ်နှင့် ပိုင်းပြတ်နေမည်မှာ သေချာပြီး၊ ယနေ့အလုပ်နှင့် သဟဇာတဖြစ်မည် မဟုတ်ကြောင်း သေချာနေသည်။ ထိုသို့သော ခေတ်နောက်ကျသည့် လူများသည် ဘုရားသခင်ကို အဆုံးသတ်တွင် သက်သေခံမည့်လူများ ဖြစ်လာရန် မဆိုထားနှင့်၊ ဘုရားသခင်၏ အလိုတော်ကို အကယ်ပင် မဖြည့်ဆည်းနိုင်ချေ။ ထို့အပြင် စီမံခန့်ခွဲမှုအလုပ် တစ်ခုလုံးကို ထိုသို့သော လူစုအကြားတွင် အဆုံးမသတ်နိုင်ပေ။ ယေဟောဝါ၏ ပညတ်ချက်ကို တစ်ချိန်က ကိုင်စွဲခဲ့သူများနှင့် လက်ဝါးကပ်တိုင်အတွက် တစ်ချိန်က ဒုက္ခဆင်းရဲခံရသောသူတို့သည်၊ နောက်ဆုံးသောကာလ၏ အလုပ် အဆင့်ကို လက်မခံနိုင်ပါက၊ သူတို့လုပ်ဆောင်ခဲ့သည်များ အားလုံးက အနှစ်မဲ့ပြီး အလဟဿ ဖြစ်သွားလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အရှင်းဆုံးသော ဖော်ပြချက်မှာ ယခုအချိန်နှင့် ယခုနေရာအတွက် အကျုံးဝင်နေပြီး၊ ယခင်အတိတ်ကို ဖက်တွယ်မနေခြင်းဖြစ်သည်။ ယနေ့အလုပ်ကို လိုက်မမီသည့် ထိုသူများနှင့် ယနေ့လက်တွေ့လုပ်ဆောင်မှုမှ ခွဲထွက်သွားသည့် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆန့်ကျင်ကာ လက်မခံသောသူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ လက်ရှိအလုပ်ကို ဖီဆန်ကြသည်။ သူတို့သည် အတိတ်က အလင်းကို ဆုပ်ကိုင်သော်လည်း၊ ထိုသို့ပြုခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိဟု ငြင်းပယ်ရန် ဖြစ်နိုင်သည်ဟု မဆိုလိုပါ။ လူ၏လက်တွေ့လုပ်ဆောင်မှု ပြောင်းလဲခြင်း အကြောင်း၊ ယခင်နှင့် ယနေ့အကြား လက်တွေ့လုပ်ဆောင်မှု မတူညီပုံများ၊ ပြီးခဲ့သည့်ခေတ်က လက်တွေ့လုပ်ဆောင်မှု မည်သို့ လုပ်ဆောင် ခဲ့သည်နှင့် ယနေ့တွင် မည်သို့လုပ်ဆောင်သည်ကို အဘယ်ကြောင့် အားလုံးက ပြောဆိုနေသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က အစဉ်မပြတ် ရှေ့သို့ရွေ့လျားနေသည့်အတွက် လူသား၏ လက်တွေ့ လုပ်ဆောင်မှု အပိုင်းအခြားများသည် အမြဲပြောဆိုခြင်း ခံရပြီး၊ ထို့အတွက်ကြောင့် လူသား၏ လက်တွေ့လုပ်ဆောင်မှုက အစဉ်မပြတ် ပြောင်းလဲမှုရှိရန် လိုအပ်သည်။ လူသည် အဆင့်တစ်ခုတွင် ရပ်တန့်ကျန်ရစ်နေပါက၊ ဤကား သူသည် ဘုရားသခင်၏ အသစ်သော အလုပ်နှင့် အသစ်သောအလင်းကို အမီလိုက်ရန် မတတ်နိုင်ကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် ပြောင်းလဲခြင်း မရှိခဲ့ဟု သက်သေပြခြင်း မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိနေသည့် ထိုသူများက မိမိတို့မှန်ကန်သည်ဟု အမြဲတမ်း တွေးထင်သော်ငြားလည်း၊ အမှန်တကယ်မှာ၊ သူတို့အတွင်းမှ ဘုရားသခင်၏အလုပ်သည် ကြာမြင့်စွာကတည်းကပင် ရပ်တန့်သွားပြီး၊ သူတို့ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လည်း ကင်းမဲ့နေပြီဖြစ်သည်။ ကြာမြင့်စွာ ကတည်းကပင် ဘုရားသခင်၏ အလုပ်သည် အခြားလူတစ်စုဆီသို့၊ သူ၏အလုပ်သစ်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် သူရည်ရွယ်သည့် လူတစ်စုဆီသို့ လွှဲပြောင်းသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအတွင်း ရှိနေသည့် ထိုသူများသည် ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံနိုင်ကြဘဲ၊ ယခင်က အလုပ်ဟောင်းကိုသာ စွဲကိုင်ထားကြသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်က ထိုသူများကို စွန့်ပစ်ခဲ့ပြီး၊ ဤအလုပ်သစ်ကို လက်ခံသည့် သူများအပေါ် သူ၏အလုပ်သစ်ကို လုပ်ဆောင်သည်။ ထိုလူတို့သည် သူ၏အလုပ်သစ်၌ ပူးပေါင်းဆောင်ရွက်သည့်သူများဖြစ်ပြီး၊ ဤနည်းလမ်း အားဖြင့်သာ သူ၏စီမံခန့်ခွဲမှုက အောင်မြင်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ လူ၏လက်တွေ့လုပ်ဆောင်မှုကလည်း အမြဲတမ်း မြင့်မားလာသည်။ ဘုရားသခင်သည် အစဉ်အမြဲ အလုပ်လုပ်နေပြီး၊ လူသည် အမြဲတမ်း လိုအပ်နေသည်။ ဤသို့ဖြင့် နှစ်ဦးနှစ်ဖက်လုံး အထွတ်အထိပ်သို့ ရောက်ကာ၊ ဘုရားသခင်နှင့် လူသည် ပြည့်ဝစွာ ပေါင်းစည်းသည်။ ဤကား ဘုရားသခင်အလုပ် အောင်မြင်မှု၏ ဖော်ပြမှုဖြစ်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ နောက်ဆုံးရလဒ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၈)

ဘုရားသခင်အလုပ်၏ အဆင့်အသီးသီး၌လည်း လူသားနှင့် လိုက်လျောညီထွေသော သတ်မှတ်ချက်များရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိနေသူများအားလုံး၌ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိမနေသူများ၌မူ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် လုပ်ဆောင်မှုမျှမရှိပေ၊ ထိုသူတို့သည် စာတန်၏ ကွပ်ကဲမှုအောက်တွင် ရှိနေကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိနေသူများက ဘုရားသခင်၏ အလုပ်သစ်ကို လက်ခံသူများဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်သစ်တွင် ပူးပေါင်းဆောင်ရွက်သူများဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိနေသူများက ပူးပေါင်းဆောင်ရွက်ခြင်းငှာ မတတ်စွမ်းနိုင်ဘဲ၊ ယခုအချိန်တွင် ဘုရားသခင်အလိုရှိသည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အသစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် နေထိုင်နေမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒ ရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းကို ခံရမည်ဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒ မရှိသူများကမူ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကိုခံရပြီး၊ အပြစ်ဒဏ်ပေးခြင်းကိုပင် ခံရကောင်းခံရမည်။ သူတို့သည် မည်သို့သော လူမျိုးဖြစ်နေပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း သူတို့ရှိနေပါက၊ သူ၏နာမတော်အလို့ငှာ သူ့အလုပ်ကို လက်ခံသည့်သူများ အားလုံးကို ဘုရားသခင်က တာဝန်ယူလိမ့်မည်။ သူ၏နာမတော်ကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူများသည် သူ၏ကောင်းချီးများကို ရရှိလိမ့်မည်။ သူ့ကိုမနာခံဘဲ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်သူများကမူ သူ၏အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိနေသည့် လူများသည် အလုပ်သစ်ကို လက်ခံသူများဖြစ်သည်။ ထို့ပြင် သူတို့သည် အလုပ်သစ်ကို လက်ခံသူများ ဖြစ်သည့်အတွက် သူတို့၌ ဘုရားသခင်နှင့် သင့်လျော်သည့် ပူးပေါင်းဆောင်ရွက်မှု ရှိသင့်ပြီး၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မလုပ်ဆောင်သင့်ပေ။ ဤကား လူသားအပေါ်ထားရှိသည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အလုပ်သစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့က သူတို့အပေါ် သက်ရောက်မှု မရှိပေ။ ထိုသူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ နေသည်၊ မိမိတို့၏ စိတ်အတွင်း၌နေပြီး၊ သူတို့လုပ်သမျှသည် သူတို့ကိုယ်ပိုင် ဦးနှောက်များနှင့် ခွဲခြမ်းစိတ်ဖြာ သုတေသနပြုပြီး ထွက်လာသည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်သစ်၏ သတ်မှတ်ချက်များပင် မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံသူများ၌ ဘုရားသခင်၏ မျက်မှောက်တော် ကင်းမဲ့သည့်အပြင် သူတို့၌ ဘုရားသခင်၏ ကောင်းချီးများနှင့် ကာကွယ်ခြင်းတို့ လုံးဝမရှိပေ။ သူတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ယခင်က သတ်မှတ်ချက်များကို ထိန်းသိမ်းထားသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရားမဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်း တို့သည် ဤလူတို့၏ အတူတကွ စုစည်းခြင်းမှာ ဘာသာတရားမျှသာ ဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ထိုသူတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင် အလုပ်၏ အပြုခံအရာများ မဟုတ်ကြပါ။ ထိုသူတို့အားလုံးကြားမှ စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော် တစ်ခုအဖြစ် မခေါ်ဆိုနိုင်ပါ။ ယင်းသည် ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်မရှိ၊ သူတို့လုပ်ဆောင်သည့်အရာက ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံ ပေါ်နေသည်၊ သူတို့အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာရေးနှင့် ပြည့်နှက်သည့်ပုံ ပေါ်နေသည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် ဉာဏ်ဖွင့်ပေးခြင်းကို ရရှိစိမ့်သောငှာ သင့်လျော်ရန် မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် အမှုကိုပင် မပိုင်ဆိုင်ကြပေ။ ထိုလူအားလုံးတို့သည် အသက်မရှိသည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏အလုပ်နှင့် ဘုရားသခင်၏ လက်ရှိအလိုတော်တို့ကို သိရန်မဆိုထားနှင့် လူသား၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုကို သိနားလည်ခြင်းမရှိ၊ လူသား၏ မကောင်းမှုပြုခြင်းကို သိနားလည်ခြင်းမရှိ။ သူတို့အားလုံးသည် ပညာမဲ့သော၊ အသုံးမကျသောလူများ ဖြစ်ကြသည်၊ သူတို့သည် ယုံကြည်သူများဟုပင် ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများပင် ဖြစ်တော့သည်။ သူတို့လုပ်သမျှတွင် ဘုရားသခင်၏ အစီအစဉ်များကို နှောင့်ယှက်နိုင်ရန် မဆိုထားနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် ဆက်စပ်သည့်အရာ ဘာတစ်ခုမျှ မရှိပေ။ သူတို့၏စကားများနှင့် လုပ်ရပ်များက စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်၊ သနားစရာကောင်းလွန်းပြီး ရှင်းပြရလောက်အောင်ပင် လုံးဝမထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိမနေသည့် ထိုသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်နှင့် မည်သို့မျှသက်ဆိုင်မှုမရှိချေ။ ထို့အတွက်ကြောင့် သူတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးမှုလည်း မရှိပေ။ အကြောင်းမှာ သူတို့အားလုံးသည် သမ္မာတရားကို ချစ်သည့်သူများ မဟုတ်ကြဘဲ သန့်ရှင်းသော ဝိညာဉ်တော်က မုန်းတီးပြီး ငြင်းပယ်ခြင်းကို ခံရသည့်သူများ ဖြစ်နေသည့်အတွက်ကြောင့် ဖြစ်သည်။ သူတို့သည် ဇာတိပကတိထဲတွင် လျှောက်နေကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် သူတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင် နေကြသည့်အတွက် သူတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အလုပ်လုပ်နေစဉ်တွင် သူတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြသည်။ လူသားက ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကျရှုံးခြင်းကိုယ်၌ကပင်လျှင် အဆုံးစွန် ပုန်ကန်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာပြေးကြသောသူတို့သည် အထူးသဖြင့် သူတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြမည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၉)

သင်တို့သည် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံကို သိလာရမည်ဖြစ်ပြီး သူပြုသောအမှု၏ အထွေထွေ ဦးတည်ချက်ကို နားလည်သဘောပေါက် လာရမည်။ ဤသည်မှာ အပြုသဘောဆောင်သော နည်းလမ်းဖြင့် ဝင်ရောက်ခြင်းဖြစ်သည်။ ထိုရူပါရုံ၏ သမ္မာတရားများကို သင်တို့ မလွဲမသွေ ကျင့်ကြံပိုင်နိုင်သည့်အခါ သင်၏ ဝင်ရောက်ခြင်းမှာ လုံခြုံစိတ်ချရလိမ့်မည်၊ ဘုရားသခင် ပြုသောအမှု မည်သို့ပင်ပြောင်းလဲပါစေ၊ သင်သည် မိမိ၏စိတ်နှလုံး၌ တည်ကြည်မြဲ တည်ကြည်နေမည်၊ ရူပါရုံကို ရှင်းရှင်းလင်းလင်းသိပြီး သင်ဝင်ရောက်ရန်နှင့် လိုက်လျှောက်အသက်ရှင်ရန် သင်၌ ရည်မှန်းချက် ရှိနေမည်။ ထိုနည်းအားဖြင့် သင့်အထဲရှိ အတွေ့အကြုံနှင့် အသိပညာ အလုံးစုံသည် ပို၍နက်ရှိုင်းပြီး ပိုမိုပိုင်းခြားဝေဖန်တတ်လာမည်။ အခြေအနေတစ်ရပ်လုံးကို လုံးလုံးလျားလျား သင်နားလည်သဘောပေါက် လာသည့်အခါ ဘဝတွင် ဆုံးရှုံးမှုများကို ကြုံရမည်မဟုတ်သကဲ့သို့ ပျောက်ဆုံးခြင်းသို့လည်း ရောက်မည်မဟုတ်။ အကယ်၍ အဆိုပါအမှု၏ အဆင့်များကို သင်မသိပါက တစ်ဆင့်ချင်းစီတွင် ဆုံးရှုံးမှုကို ကြုံရမည်။ ရက်အနည်းငယ်အတွင်း သင်ပြန်လှည့်နိုင်မည် မဟုတ်သည့်အပြင် ရက်သတ္တပတ် တစ်ပတ်နှစ်ပတ်အတွင်း၌ပင် သင်သည် မှန်သောလမ်းကြောင်းပေါ်သို့ တည့်မတ် ရောက်ရှိနိုင်မည်မဟုတ်။ ဤအရာက နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်ပေါ်စေလိမ့်မည်မဟုတ်လော။ အပြုသဘောဆောင်သော နည်းဖြင့် ဝင်ရောက်နည်း မြောက်များစွာရှိပြီး သင်တို့ ကျွမ်းကျင်ပိုင်နိုင်ရမည့် လက်တွေ့လုပ်ဆောင်ချက်များ ရှိနေသဖြင့် သင်သည်လည်း ဘုရားသခင်ပြုသော သိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံ၊ အနာဂတ်တွင် ပြီးပြည့်စုံခြင်းသို့ရောက်မည့်လမ်း၊ စမ်းသပ်မှုများနှင့် ဘေးဒုက္ခများကို ကြုံတွေ့ခြင်းမှတစ်ဆင့် မည်သည့်အရာတို့ကို ရရှိရမည်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ အရေးပါမှု၊ သန့်ရှင်းသော ဝိညာဉ်တော်ပြုသောအမှု၏ နိယာမများနှင့် ပြည့်စုံခြင်းအဖြစ်သို့ ရောက်ခြင်းနှင့် သိမ်းပိုက်ခြင်း၏ နိယာမများစသဖြင့် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံနှင့်ပတ်သက်သော အချက်အချို့ကို နားလည်သဘောပေါက်ရန်လိုအပ်သည်။ ၎င်းတို့မှာ ရူပါရုံ၏ သမ္မာတရား အလုံးစုံဖြစ်သည်။ ကျန်အရာများမှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်တွင် ပြုသောအမှု၏ အဆင့်သုံးဆင့် ဖြစ်သည်သာမက အနာဂတ်သက်သေလည်းဖြစ်သည်။ ၎င်းတို့သည်လည်း ရူပါရုံနှင့်သက်ဆိုင်သော အမှန်တရားများ ဖြစ်ကြပြီး အခြေခံအကျဆုံးနှင့် အရေးပါဆုံးဖြစ်သည်။ လောလောဆယ် သင်တို့ ဝင်ရောက်သင့်ကာ လက်တွေ့ လုပ်ဆောင်သင့်သောအရာ မြောက်မြားစွာရှိနေပြီး ၎င်းကို ယခုအခါ ပို၍ အသေးစိတ်ကျကျ အဆင့်ခွဲထားသည်။ အကယ်၍ သင်၌ အဆိုပါ သမ္မာတရားများနှင့် ပတ်သက်သော အသိပညာမရှိပါက သင်သည် မဝင်ရောက်ရသေးကြောင်း သက်သေပြနေခြင်းဖြစ်သည်။ အချိန်အများစုတွင် သမ္မာတရားနှင့်ပတ်သက်သော လူ၏အသိပညာသည် အလွန်တိမ်သည်၊ လူသည် အခြေခံကျသည့် သမ္မာတရားအချို့ကိုပင် လက်တွေ့ကျင့် နိုင်စွမ်းမရှိဘဲ အသေးအမွှားကိစ္စများကိုပင်လျှင် မည်သို့ ကိုင်တွယ်ဖြေရှင်း ရမှန်း မသိ။ လူသည် သမ္မာတရားနှင့်အညီ လက်တွေ့မကျင့်ကြံနိုင်ခြင်းမှာ သူ၏ဆန့်ကျင် ပုန်ကန်တတ်သော စိတ်သဘောထားကြောင့်ဖြစ်ပြီး ယနေ့ခေတ်တွင်ပြုသောအမှုအကြောင်းကို သိသော သူ၏အသိပညာမှာ အပေါ်ယံဆန်လွန်းပြီး တစ်ဖက်သတ်ဆန်လွန်းခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် လူကို ပြီးပြည့်စုံခြင်းသို့ ရောက်စေသောအမှုမှာ မလွယ်ပါ။ သင်၏ ဆန့်ကျင်ပုန်ကန်မှုမှာ အလွန်ကြီးမားပြီး သင်သည် သင်၏လူဟောင်းကို မလွှတ်တမ်းဆုပ်ကိုင်ကာအသက်ရှင်သည်၊ သင်သည် သမ္မာတရားဘက်တွင် ရပ်တည်နိုင်ခြင်း မရှိသည့်အပြင် သင်သည် အထင်ရှားမြင်သာဆုံးဖြစ်သည့် အမှန်တရားများကိုပင် လက်တွေ့ကျင့်ကြံနိုင်ခြင်းမရှိ။ ထိုသို့သောသူများကို ကယ်တင်၍ မရနိုင်သည့်အပြင် ၎င်းတို့သည် သိမ်းပိုက်ခြင်း မခံရသေးသောသူများဖြစ်သည်။ အကယ်၍ သင်၏ဝင်ရောက်ခြင်းမှာ အသေးစိတ်လည်းမကျ၊ ဓမ္မဓိဌာန်လည်းမကျပါက သင့်အတွက် ကြီးထွားရင့်ကျက်ခြင်းမှာ နှေးကွေးနေမည်။ အကယ်၍ သင်၏ဝင်ရောက်ခြင်းမှာ အနည်းငယ်မျှပင် လက်တွေ့မကျပါက သင်၏လိုက်လျှောက်အသက်ရှင်မှုမှာ အချည်းနှီးပင်ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား၏အနှစ်သာရကို မသိပါက မပြောင်းလဲဘဲ သင်ဆက်ရှိနေမည်။ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းအားဖြင့်သာမက အသေးစိတ်ကျသော အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းအားဖြင့်သာ လူတစ်ဦး၏ အသက်တာ ကြီးထွားရင့်ကျက်ပြီး သူ၏စိတ်သဘောထားများ အားလုံးပြောင်းလဲလာမည်။ အကယ်၍ သင်ဝင်ရောက်စဉ် သင်၌ အသေးစိတ်ကျသော အတွေ့အကြုံများစွာရှိပါက သင်၌ မှန်သောအသိပညာနှင့် မှန်သောဝင်ရောက်ခြင်း ရှိသည်၊ သင်၏စိတ်သဘောထား အလျင်အမြန် ပြောင်းလဲလိမ့်မည်။ အကယ်၍ သင်သည် လက်တွေ့လုပ်ဆောင်မှုအကြောင်းကို လောလောဆယ် လုံးလုံးလျားလျား မရှင်းလင်းပါက အနည်းဆုံးအနေဖြင့် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံအကြောင်း ရှင်းလင်းရန်လိုအပ်သည်။ ထိုသို့မခံရပါက သင်၌ သမ္မာတရားကို သိသော အသိပညာ ဦးစွာ မရှိပါလျှင် သင်မဝင်ရောက်ရသည့်အပြင် ဝင်ရောက်နိုင်စွမ်းလည်းရှိမည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အတွေ့အကြုံထဲမှ သင့်အား ဉာဏ်အလင်းဖွင့်ပြမှသာလျှင် သမ္မာတရားကို ပို၍နက်နဲစွာ သိမြင်လာကာ သာ၍နက်ရှိုင်းစွာ ဝင်ရောက်နိုင်မည်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ပြုသောအမှုကို သိလာရန် လိုအပ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၀)

အစဦး၌ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်ပိုင်းတွင် ဣသရေလလူများသည် ယေဟောဝါ ပြုသောအမှု၏ အခြေခံအကြောင်းရင်းအဖြစ် အစေခံခဲ့ကြပြီး ဣသရေလမျိုးနွယ် တစ်မျိုးနွယ်လုံးသည် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ ပြုသောအမှု၏ အရင်းခံဖြစ်ခဲ့သည်။ ယေဟောဝါပြုခဲ့သောအမှုမှာ လူသားများ သာမန်အသက်တာဖြင့် အသက်ရှင်နေထိုင်နိုင်ကာ ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါကို သာမန်ပုံစံအတိုင်း ကိုးကွယ်နိုင်စေရန်အတွက် ပညတ်များချမှတ်ကာ လူသားများကို တိုက်ရိုက်ဦးဆောင် လမ်းပြရန်ဖြစ်သည်။ ပညတ်တော်ခေတ်မှ ဘုရားသခင်သည် လူသားများ တွေ့မြင်နိုင်ခဲ့ခြင်းနှင့် ထိတွေ့နိုင်ခဲ့ခြင်းမရှိသော ဘုရားသခင်ဖြစ်သည်။ သူသည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခဲ့သော လူသားတို့ကို ဦးဆောင်ရုံမျှသာဖြစ်ပြီး သူသည် ယင်းလူတို့ကို ညွှန်ကြားရန်နှင့် လမ်းပြရန် ဖြစ်သည်၊ ထို့ကြောင့် သူပြောသောနှုတ်ကပတ်တော်သည် ပညတ်ချက်များ၊ အမိန့်ပြန်တမ်းများနှင့် လူသားတစ်ဦးအနေဖြင့် ဘဝတွင်အသက်ရှင်နေထိုင် ရာတွင် သိသင့်သော ဘုံအသိပညာများသာဖြစ်ပြီး လူသားတို့အား အသက်ကိုပေးသော သမ္မာတရားများ လုံးလုံးမဟုတ်ချေ။ သူ၏ ဦးဆောင်မှုအောက်တွင် ရှိခဲ့သော ဣသရေလလူများသည် စာတန် အတွင်းကျကျ ဖောက်ပြန်ပျက်စီးစေခဲ့သောသူများ မဟုတ်ပေ။ ပညတ်တော်အားဖြင့် သူပြုသောအမှုသည် ကယ်တင်ခြင်းအမှု၏ ပထမဦးဆုံး အဆင့်သာဖြစ်သည်၊ ကယ်တင်ခြင်းအမှု၏ အစအဦးဆုံးသာဖြစ်ပြီး ထိုအမှုသည် လူသားတို့၏ အသက်တာထဲမှ စိတ်သဘောထား ပြောင်းလဲမှုများနှင့် အမှန်တကယ် မသက်ဆိုင်ပေ။ ထိုအတွက်ကြောင့် ကယ်တင်ခြင်းအမှု၏ အစအဦးတွင် ဣသရေလပြည်၌ သူ၏အမှုကိုပြုရန် သူ့အနေဖြင့် လူ့ဇာတိခံယူရန် မလိုအပ်ခဲ့ချေ။ ဤအကြောင်းကြောင့် သူသည် လူသားတို့နှင့် ဆက်သွယ်ရန်အတွက် တန်ဆာပလာအဖြစ် အသုံးတော်ခံမည့် ကြားခံလူကို လိုအပ်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါ၏ကိုယ်စား စကားပြောရန်နှင့် အမှုပြုရန် ဖန်ဆင်းခံသတ္တဝါများထဲမှ လူသားများနှင့် ပရောဖက်များ ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး ထိုသူများသည် ဤသို့ဖြင့် လူတို့အကြားထဲ ရောက်လာကာ အမှုပြုခဲ့ကြခြင်းဖြစ်သည်။ လူသားများသည် လူတို့အကြားတွင် ယေဟောဝါ၏ကိုယ်စား အမှုပြုခဲ့ကြသည်။ ယင်းကဲ့သို့ ယေဟောဝါ၏ ခေါ်တော်မူခြင်းကို ခံရခြင်းဆိုသည်မှာ ထိုလူသားများသည် ယေဟောဝါ၏ကိုယ်စား ပညတ်ချက်များကို ချမှတ်ပေးခြင်းဖြစ်ပြီး ၎င်းတို့သည် ဣသရေလလူမျိုးအကြားထဲမှ ယဇ်ပရောဟိတ်များလည်း ဖြစ်သည်၊ ထိုလူသားများသည် ယေဟောဝါ၏ ဝိညာဉ်တော်အားဖြင့် အမှုပြုခဲ့ကြပြီး ယေဟောဝါ၏ ကြည့်ရှုစောင့်မခြင်းနှင့် ကာကွယ်ခြင်းကို ခံခဲ့ကြရသည်၊ ၎င်းတို့သည် ဣသရေလလူမျိုးအကြားထဲတွင် ခေါင်းဆောင်များ ဖြစ်ကြပြီး ယေဟောဝါကို တိုက်ရိုက် အစေခံခဲ့ကြသည်။ သို့သော်လည်း ပရောဖက်များမှာ တိုင်းနိုင်ငံအားလုံးနှင့် မျိုးနွယ်စုအားလုံးကို ယေဟောဝါ၏ကိုယ်စား စကားပြောရန်အတွက် သီးသန့် အသုံးပြုခံရသောသူများဖြစ်ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏အမှုကို ပရောဖက်ပြုသောသူများလည်း ဖြစ်ကြသည်။ လူသားများဖြစ်စေ ပရောဖက်များဖြစ်စေ၊ အားလုံးကို ယေဟောဝါ၏ ဝိညာဉ်တော် ပေါ်ထွန်းစေပြီး ၎င်းတို့အထဲတွင် ယေဟောဝါ၏အမှု တည်ရှိခဲ့ကြသည်။ လူတို့အကြားတွင် ၎င်းတို့သည် ယေဟောဝါကို တိုက်ရိုက် ကိုယ်စားပြုခဲ့သောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ယေဟောဝါ ပေါ်ထွန်းစေသည့်အတွက်ကြောင့်သာ အမှုပြုခဲ့ကြခြင်းဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော် ကိုယ်တိုင် ၎င်းတို့ထဲတွင် လူ့ဇာတိခံယူကာ အမှုပြုသော ဇာတိခန္ဓာများဖြစ်ခြင်းကြောင့် မဟုတ်ပေ။ ထို့ကြောင့် ပညတ်တော်ခေတ်မှ လူသားများနှင့် ပရောဖက်များသည် ဘုရားသခင်၏ကိုယ်စား တညီတညွတ်တည်း စကားပြောပြီး အမှုပြုခဲ့ကြသော်လည်း ၎င်းတို့သည် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ဇာတိခန္ဓာများမဟုတ်ပါ။ ဤအရာသည် ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးအဆင့်တွင် ပြောင်းပြန်ဖြစ်ကြောင်း ရှင်းလင်းစွာသိနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် လူသားတို့အား ကယ်တင်ခြင်းအမှုနှင့် တရားစီရင်ခြင်းအမှုနှစ်မျိုးစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင် ပြုခဲ့ခြင်းဖြစ်ပြီး ထို့အတွက်ကြောင့် သူ၏ကိုယ်စား အမှုပြုရန်အတွက် ပရောဖက်များနှင့် လူသားများကို ပေါ်ထွန်းစေရန် မလိုအပ်တော့ပေ။ လူသားများ၏ အမြင်တွင် ၎င်းတို့ အလုပ်၏ အနှစ်သာရနှင့် ပြုပုံပြုနည်းများအကြားတွင် မည်မည်ရရ ကွာခြားချက်များမရှိဟု မြင်တတ်ကြသည်။ ဤအကြောင်းရင်းကြောင့် လူတို့သည် လူ့ဇာတိခံယူသောဘုရားသခင် ပြုသောအမှုနှင့် ပရောဖက်များနှင့် လူသားများ ပြုသောအမှုတို့ကို အမြဲတမ်းရောထွေးကြခြင်းဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ပုံသဏ္ဌာန်သည် အခြေခံအားဖြင့် ပရောဖက်များနှင့် လူ၏သားများ၏ ပုံသဏ္ဌာန်နှင့်တူညီသည်။ ထို့အပြင် လူ့ဇာတိခံယူသော ဘုရားသခင်သည် ပရောဖက်များထက်ပင် ပို၍သာမန်ဖြစ်ပြီး ပို၍စစ်မှန်သည်။ ထိုအကြောင်းကြောင့် လူသားတို့သည် ၎င်းတို့အား လုံးဝ ခွဲခြားသိမြင်နိုင်ခြင်းမရှိ။ လူသားတို့သည် ပုံသဏ္ဌာန်များကိုသာ အာရုံစိုက်တတ်ကြပြီး ၎င်းတို့ပြုသောအမှုနှင့် ပြောသောစကားနှစ်မျိုးစလုံးမှာ အနှစ်သာရအားဖြင့် ကွဲခြားခြင်းရှိကြောင်း လုံးဝမသိကြ။ လူသားများ၏ ပိုင်းခြားသိမြင်နိုင်စွမ်းမှာ နည်းပါးလွန်းသဖြင့် လူသားများသည် သာမန်ကိစ္စများကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြဘဲ အလွန်ခက်ခဲရှုပ်ထွေးသောအရာ တစ်စုံတစ်ခုဆိုပါက ပို၍ပင် ခွဲခြားသိမြင်နိုင်စွမ်းမရှိကြ။ ပရောဖက်များ ပြောသောစကားများနှင့် ပြုသောအမှုများသာမက သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသော သူများ၏ ပြောသောစကားများနှင့် ပြုသောအမှုများသည် လူသားတို့၏တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါအနေဖြင့် မိမိ၏အလုပ်ကို ဆောင်ရွက်နေခြင်းဖြစ်ပြီး လူသားတို့ လုပ်သင့်သောအမှုတို့ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်ပြုသော အမှုနှင့် နှုတ်ကပတ်တော်သည် သူ၏အမှုတော်ကို ထမ်းရွက်ရန်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အပြင်ပန်းအသွင်သဏ္ဌာန်သည် ဖန်ဆင်းခံသတ္တဝါ၏ အသွင်သဏ္ဌာန်ရှိသော်လည်း သူ၏အမှုမှာ သူ၏အလုပ်တာဝန်ကို လုပ်ဆောင်ရန်မဟုတ်ဘဲ သူ၏အမှုတော်ကို ထမ်းရွက်ရန်ဖြစ်သည်။ “တာဝန်” ဟူသော ဝေါဟာရကို ဖန်ဆင်းခံသတ္တဝါများနှင့်စပ်လျဉ်း၍ အသုံးပြုသော်လည်း “အမှုတော်” ဟူသော ဝေါဟာရကိုမူ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာနှင့်စပ်လျဉ်း၍ အသုံးပြုသည်။ ထိုဝေါဟာရနှစ်လုံးအကြားတွင် အခြေခံအားဖြင့် ကွာခြားမှုရှိပြီး ၎င်းတို့မှာ အပြန်အလှန်အဓိပ္ပာယ်ရှိသော ဝေါဟာရများ မဟုတ်ပေ။ လူ၏အမှုမှာ သူ၏တာဝန်ကို လုပ်ဆောင်ရန်သာ ဖြစ်သော်လည်း ဘုရားသခင်၏အမှုမှာ သူ၏အမှုတော်ကို စီမံခန့်ခွဲရန်နှင့် ဆောင်ရွက်ရန်ဖြစ်သည်။ ထို့ကြောင့် တမန်တော်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံခဲ့ရပြီး ပရောဖက်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝကြသော်လည်း ၎င်းတို့ပြုသော အမှုနှင့် ပြောသောစကားများသည် ၎င်းတို့၏တာဝန်ကို ဖန်ဆင်းခံသတ္တဝါအနေဖြင့် လုပ်ဆောင်ရုံမျှသာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ပရောဖက်ပြုချက်များသည် လူ့ဇာတိခံယူသော ဘုရားသခင်မြွက်ဆိုသည့် အသက်လမ်းခရီးထက် သာ၍ကြီးမြတ်ကောင်း ကြီးမြတ်နိုင်သည့်အပြင် ၎င်းတို့၏ လူ့သဘာဝသည်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝထက် သာ၍ကျော်လွန်ခဲ့သော်လည်း ၎င်းတို့သည် ၎င်းတို့၏တာဝန်ကိုသာ ဆက်လက် ထမ်းဆောင်နေကြခြင်း ဖြစ်ပြီး ၎င်းတို့၏အမှုတော်ကို ကျေပွန်အောင်ဆောင်ရွက်နေခဲ့ကြခြင်း မဟုတ်ပါ။ လူသားများ၏တာဝန်သည် လူသားများ၏အလုပ်ကို ရည်ညွှန်းပြီး လူသားများ ကြိုးပမ်းလုပ်ဆောင် နိုင်သောအရာ တစ်စုံတစ်ခုဖြစ်သည်။ သို့သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင် ထမ်းရွက်သောအမှုတော်သည် သူ၏စီမံခန့်ခွဲမှုနှင့်သက်ဆိုင်ပြီး ထိုအရာကို လူသားများ ကြိုးပမ်းလုပ်ဆောင်၍မရပေ။ လူ့ဇာတိခံယူသော ဘုရားသခင် မြွက်ဆိုသည်ဖြစ်စေ၊ အမှုပြုသည်ဖြစ်စေ သို့မဟုတ် အံ့သြဖွယ်ရာများ ပြသည်ဖြစ်စေ၊ သူသည် သူ၏စီမံခန့်ခွဲမှုအတွင်းရှိ ကြီးမားသောအမှုကို ပြုနေခြင်းပင်ဖြစ်၍ ထိုသို့သောအမှုကို လူသားများက သူ၏ကိုယ်စား ဝင်ရောက်လုပ်ဆောင်၍ မရနိုင်ပါ။ လူသားများ၏အလုပ်မှာ ဘုရားသခင် စီမံခန့်ခွဲသောအမှုထဲမှ ပေးထားသောအဆင့်ထဲတွင် ဖန်ဆင်းခံသတ္တဝါအနေဖြင့် မိမိ၏တာဝန်ကိုသာ လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု မရှိဘဲ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်သည် ဆုံးရှုံးခြင်းသို့ ရောက်ခဲ့မည်ဆိုပါက ဖန်ဆင်းခံသတ္တဝါ၏ တာဝန်သည်လည်း ဆုံးရှုံးခြင်းသို့ရောက်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုတော်ကို ထမ်းရွက်စဉ်ပြုသောအမှုမှာ လူသားတို့ကို စီမံခန့်ခွဲရန်ဖြစ်သည်၊ တစ်ဖက်တွင် လူသားတို့သည် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ခြင်းမှာ ဖန်ဆင်းရှင်၏ တောင်းဆိုချက်များ ပြည့်မီစေရန်အတွက် ၎င်းတို့၏ကိုယ်ပိုင် ဝတ္တရားများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်၏ အမှုတော်ကို ထမ်းရွက်နေသည်ဟု ယူဆ၍မရနိုင်ပါ။ ဘုရားသခင်၏ရှိရင်းစွဲ အနှစ်သာရ၊ တစ်နည်းအားဖြင့်ဆိုသော် သူ၏ဝိညာဉ်တော်အတွက် ဘုရားသခင် ပြုသောအမှုဆိုသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သော်လည်း ဖန်ဆင်းခံသတ္တဝါ၏ အသွင်သဏ္ဌာန်ကိုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်အတွက်မူ သူ၏အမှုမှာ မိမိ၏အမှုတော်ကို ထမ်းရွက်ရန်ပင်ဖြစ်သည်။ သူပြုသော အမှုမှန်သမျှသည် သူ၏အမှုတော်ကို ထမ်းရွက်ရန်ပင်ဖြစ်ပြီး လူသားများအနေဖြင့် လုပ်ဆောင်နိုင်သောအရာ တစ်ခုတည်းမှာ သူ၏စီမံခန့်ခွဲမှုအတိုင်းအတာအတွင်း၊ သူ၏ဦးဆောင်မှုအောက်တွင် ၎င်းတို့၏ အကောင်းဆုံးသော အရာများကို ဆက်ကပ်ပေးအပ်ခြင်းပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၁)

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း များစွာ ပြောဆိုခဲ့ပြီး အမှုများစွာကို ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ပရောဖက်တစ်ပါး ဖြစ်သလော။ သူသည် ခရစ်တော် ဖြစ်ကြောင်း အဘယ်ကြောင့် ဆိုသနည်း။ ၎င်းတို့အကြားရှိ ကွာခြားမှုများမှာ အဘယ်နည်း။ ၎င်းတို့အားလုံးသည် စကားပြောသော လူသားများ ဖြစ်ကြပြီး ၎င်းတို့ပြောသော စကားများသည် လူတို့ ပြောသော စကားနှင့် အနည်းနှင့်အများ တူညီကြောင်း မြင်ရသည်။ ၎င်းတို့အားလုံးသည် စကားလည်းပြော အလုပ်လည်း လုပ်ခဲ့ကြသည်။ ဓမ္မဟောင်းကျမ်းထဲမှ ပရောဖက်များသည် ပရောဖက်ပြုချက်များကို ဟောပြောခဲ့သည့်နည်းတူ ယေရှုသည်လည်း ပရောဖက်ပြုချက်များကို ဟောပြောနိုင်ခဲ့သည်။ ဤအရာမှာ အဘယ်ကြောင့် ဖြစ်သနည်း။ ဤနေရာတွင် ကွဲပြားခြားနားချက်သည် အမှု၏သဘောသဘာဝအပေါ် အခြေခံထားခြင်းဖြစ်သည်။ ဤအကြောင်းအရာကို သိမြင်နိုင်ရန်အတွက် သင်သည် ဇာတိခန္ဓာ၏သဘောသဘာဝကို ထည့်သွင်းစဉ်းစား၍ မရသည့်အပြင် သင်သည် သူတို့စကားများ၏ နက်ရှိုင်းမှု သို့မဟုတ် ပေါ့ပြက်မှုကို ထည့်သွင်းစဉ်းစား၍ မရနိုင်ပေ။ သူတို့၏ ပြုသောအမှုနှင့် လူသားတို့ထဲတွင် သူတို့အမှုက ဖန်တီးသည့် အကျိုးသက်ရောက်မှုများကို ဦးစွာပထမ အမြဲတမ်း သင်ထည့်သွင်းစဉ်းစားရမည်။ ထိုအချိန်က ပရောဖက် ဟောပြောသော ပရောဖက်ပြုချက်များသည် လူ၏အသက်တာကို ထောက်ပံ့ပေးခြင်း မရှိပါ၊ ထို့အပြင် ဟေရှာယ နှင့် ဒံယေလ အစရှိသူများ ရရှိခဲ့သော သတင်းစကားများမှာ ပရောဖက်ပြုချက်များ သက်သက်သာဖြစ်ပြီး အသက်လမ်း မဟုတ်ပါ။ ယေဟောဝါ၏ တိုက်ရိုက် ဗျာဒိတ်တော်ဖွင့်ပြခြင်းကို မခံရပါက မည်သူမျှ ထိုအမှုကို ပြုနိုင်ခဲ့မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ယင်းကို သေမျိုးဖြစ်သော လူသားများ တတ်စွမ်းနိုင်ခြေမရှိ။ ယေရှုသည်လည်း စကားများစွာကို ပြောခဲ့သော်လည်း ယင်းစကားများမှာ အသက်လမ်းဖြစ်ပြီး ထိုအသက်လမ်းမှတစ်ဆင့် လူသားများ လက်တွေ့လိုက်လျှောက်ရန် ရှာတွေ့နိုင်သော လမ်းလည်းဖြစ်သည်။ အခြားတစ်နည်းအားဖြင့်ဆိုပါက၊ ပထမချက်အနေဖြင့် သူသည် လူသားများအား အသက်ကိုပေးနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ယေရှုသည် အသက်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် သူသည် လူသားများ၏ လမ်းလွှဲဖေါက်ပြန်မှုများကို ပြန်လည် တည့်မတ်ပေးနိုင်သည်။ တတိယအချက်အနေဖြင့် ခေတ်ကို ရှေ့ဆက်စေရန်အတွက် သူပြုသောအမှုသည် ယေဟောဝါပြုသောအမှုထက် ကျော်လွန်နိုင်ခဲ့သည်။ စတုတ္ထအချက်အနေဖြင့် သူသည် လူသားတို့၏အတွင်းထဲမှ လိုအပ်ချက်များကို နားလည်သဘောပေါက်ပြီး လူသားတို့တွင် ကင်းမဲ့သည့်အရာများကို သိသည်။ ပဉ္စမအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး ခေတ်ကာလအဟောင်းကို နိဂုံးချုပ်နိုင်ခဲ့သည်။ ထိုအတွက်ကြောင့် သူ့ကို ဘုရားသခင်ဟုလည်းကောင်း ခရစ်တော်ဟုလည်းကောင်း ခေါ်ခြင်းဖြစ်သည်။ သူသည် ဟေရှာယနှင့် သာမက အခြားသောပရောဖက်များအားလုံးနှင့် ကွာခြားသည်။ ပရောက်ဖက်များပြုသောအမှုအတွက် ဟေရှာယကို နှိုင်းယှဉ်ပြချက်တစ်ခု အဖြစ် ကြည့်ပါ။ ပထမအချက်အနေဖြင့် သူသည် လူသားတို့အား အသက်ကို မပေးနိုင်။ ဒုတိယအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်း မရှိ။ သူသည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အမှုပြုခဲ့ခြင်းဖြစ်ပြီး ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ရန် အမှုပြုခဲ့ခြင်း မဟုတ်။ တတိယအချက်အနေဖြင့် သူကိုယ်တိုင် ပြောခဲ့သောအရာများသည် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ထံမှ ဗျာဒိတ်ဖွင့်ပြချက်များကို သူသည် တိုက်ရိုက် လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး ထိုဖွင့်ပြချက်များကို အခြားသူများ နားထောင်လျှင်လည်း နားလည်နိုင်မည် မဟုတ်။ ထိုအနည်းငယ်မျှသော အရာများကိုသာ ကြည့်ခြင်းအားဖြင့် သူပြောသောစကားများမှာ ပရောဖက်ပြုချက်များထက် မပိုကြောင်း၊ ယေဟောဝါ၏ ကိုယ်စားပြုသော အမှု၏ရှုထောင့်တစ်ခုထက် မပိုကြောင်း သက်သေပြရန် လုံလောက်ပါသည်။ သို့သော်လည်း သူသည် ယေဟောဝါကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ခြင်း မရှိ။ သူသည် ယေဟောဝါ၏ အစေခံဖြစ်ပြီး ယေဟောဝါ၏ အမှုထဲမှ တန်ဆာပလာတစ်ခု ဖြစ်သည်။ သူသည် ပညတ်တော်ခေတ်အတွင်းနှင့် ယေဟောဝါပြုသောအမှု၏ အတိုင်းအတာအတွင်း၌သာ အမှုပြုခဲ့ခြင်းဖြစ်ပြီး သူသည် ပညတ်တော်ခေတ်ထက်ကျော်လွန်၍ အမှုပြုခဲ့ခြင်းမရှိ။ ပြောင်းပြန်အနေဖြင့်ဆိုပါက ယေရှုပြုသောအမှုမှာ ကွာခြားသည်။ သူသည် ယေဟောဝါပြုသော အမှု၏ အတိုင်းအတာထက် ကျော်လွန်ခဲ့သည်၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်အဖြစ် အမှုပြုခဲ့ပြီး လူသားမျိုးနွယ် အားလုံးကို ရွေးနှုတ်ကယ်တင်ရန်အတွက် ကားစင်တင်သတ်ခြင်းကို ခံခဲ့သည်။ တစ်နည်းအားဖြင့်ဆိုပါက သူသည် ယေဟောဝါပြုခဲ့သော အမှုမှအပ အမှုအသစ်ကို ပြုခဲ့သည်။ ဤအရာမှာ ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။ အခြားအခြေအနေတစ်ရပ်မှာ သူသည် လူသားများ မစွမ်းဆောင်နိုင်ခဲ့သည့်အရာကို ပြောနိုင်ခဲ့ခြင်းဖြစ်သည်။ သူပြုခဲ့သောအမှုမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းရှိသော အမှုဖြစ်ပြီး ထိုအမှုမှာ လူသားမျိုးနွယ်တစ်စုလုံးနှင့် သက်ဆိုင်သည်။ သူသည် လူအနည်းငယ်အထဲ၌သာ အမှုပြုခဲ့ခြင်း မဟုတ်သကဲ့သို့ သူ၏အမှုမှာ အရေအတွက် အကန့်အသတ်ရှိသော လူများကို ဦးဆောင်ရန်မဟုတ်ပါ။ ဘုရားသခင်သည် လူသားတစ်ဦးအဖြစ် မည်ကဲ့သို့လူ့ဇာတိခံယူခဲ့ပုံ၊ ဝိညာဉ်တော်သည် ထိုအချိန်က ဗျာဒိတ်များကို မည်ကဲ့သို့ပေးခဲ့ပုံ၊ ထို့ပြင် အမှုပြုရန်အတွက် ဝိညာဉ်တော်သည် လူသားတစ်ဦးအပေါ်သို့ မည်ကဲ့သို့ဆင်းသက်ပုံ စသည့်အကြောင်းအရာများမှာ လူသားတို့ မမြင်နိုင်သည့်၊ သို့မဟုတ် ထိတွေ့မရနိုင်သည့် အကြောင်းအရာများဖြစ်သည်။ ယင်းအမှန်တရားများဖြင့် သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ကြောင်း သက်သေပြရန်အတွက် လုံးဝ ဖြစ်နိုင်ခြေမရှိပါ။ ထိုအတွက်ကြောင့် လူသားတို့အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များအားဖြင့်သာ ပိုင်းခြားခြင်းကို ပြုနိုင်သည်။ ဤအရာသည်သာလျှင် အစစ်အမှန်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ဝိညာဉ်တော်နှင့်ဆိုင်သော အမှုအရာများကို သင့်အနေဖြင့် မြင်နိုင်ခြင်းမရှိဘဲ ၎င်းတို့ကို ဘုရားသခင်ကိုယ်တိုင်သာ ရှင်းရှင်းလင်းလင်း သိနိုင်သောကြောင့် ဖြစ်သည်၊ ထို့ပြင် ဘုရားသခင်ခံယူထားသော ဇာတိခန္ဓာသည်ပင်လျှင် အလုံးစုံကို မသိနိုင်ပေ။ သူသည် ဘုရားသခင်က ဖြစ်ကြောင်းကို သူပြုထားသော အမှုများအားဖြင့်သာ အတည်ပြုစစ်ဆေးနိုင်သည်။ သူ၏အမှုမှ ပထမအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ကြောင်းကို မြင်နိုင်ပြီး၊ ဒုတိယအချက်အနေဖြင့် သူသည် လူတို့အား အသက်ကို ထောက်ပံ့ပေးနိုင်ပြီး လူတို့လိုက်လျှောက်ရန် လမ်းခရီးကို ပြနိုင်ကြောင်းကို မြင်နိုင်သည်။ ဤအရာက သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်းကို အခိုင်အမာသက်သေထူရန် လုံလောက်သည်။ အနည်းဆုံးအနေဖြင့်ဆိုပါက သူပြုသောအမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ယင်းကဲ့သို့အမှုမှ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အထဲ၌ရှိကြောင်းကို မြင်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်ပြုခဲ့သည့်အမှုမှာ အဓိကအားဖြင့် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးရန်၊ အမှုအသစ်ကို ဦးဆောင်ရန်နှင့် လောကသစ်တစ်ခုကို ဖွင့်လှစ်ရန် ဖြစ်ခဲ့သည်နှင့်အားလျော်စွာ ယင်းအခြေအနေ အနည်းငယ်က သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို အခိုင်အမာသက်သေထူရန် လုံလောက်သည်။ ထို့ကြောင့် ဤအရာသည် သူ့အား ဟေရှာယ၊ ဒံယေလနှင့် ကြီးမြတ်သော အခြားပရောဖက်များနှင့် ကွဲပြားခြားနားစေသည်။ ဟေရှာယ၊ ဒံယေလနှင့် အခြားသူများ အားလုံးသည် အလွန်ပညာတတ်သော လူတန်းစားထဲမှဖြစ်ပြီး ပညာဗဟုသုတ ကြွယ်ဝသောလူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ယေဟောဝါ၏ ဦးဆောင်မှုအောက်မှ သာမန်ထက်ထူးခြားသူများ ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည်လည်း ဗဟုသုတ ကြွယ်ဝသည်သာမက အသိစိတ်မကင်းမဲ့ခဲ့သော်လည်း သူ၏ လူ့သဘာဝမှာ အထူးသဖြင့် သာမန် ဖြစ်ခဲ့သည်။ သူသည် သူလိုငါလို လူသားတစ်ဦး ဖြစ်ခဲ့ပြီး သာမန်မျက်စိဖြင့် သူနှင့်ပတ်သက်သော အထူးလူ့သဘာဝ တစ်စုံတစ်ရာကိုမျှ သိမြင်နိုင်မည်မဟုတ်၊ သို့မဟုတ်ပါကလည်း အခြားသူများနှင့် မတူသော သူ၏ လူ့သဘာဝ တစ်စုံတစ်ရာကိုမျှ သတိပြုနိုင်မည်မဟုတ်။ သူသည် သဘာဝလွန်လူသား သို့မဟုတ် တမူထူးခြားသောလူသား လုံးဝ မဟုတ်ခဲ့သည့်အပြင် သူသည် ပို၍အဆင့်မြင့်သော ပညာရေး၊ အသိပညာ သို့မဟုတ် အယူအဆ တစ်စုံတစ်ရာကို ပိုင်ဆိုင်ခဲ့ခြင်း မရှိ။ သူပြောခဲ့သောအသက်တာနှင့် သူဦးဆောင် လျှောက်လှမ်းခဲ့သော လမ်းသည် အယူအဆအားဖြင့်၊ အသိပညာအားဖြင့်၊ ဘဝအတွေ့အကြုံအားဖြင့် သို့မဟုတ် မိသားစုက ပြုစုပျိုးထောင်ခြင်းအားဖြင့် ရရှိခဲ့ခြင်းမဟုတ်။ စင်စစ်အားဖြင့် ၎င်းတို့သည် လူ့ဇာတိခံယူသော ဇာတိခန္ဓာ၏ အမှုဖြစ်သည့် ဝိညာဉ်တော်က တိုက်ရိုက်ပြုသောအမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ ကြီးမားသော အယူအဆများ ရှိကြပြီး အထူးသဖြင့် ထိုအယူအဆများမှာ မရေမရာဖြစ်ခြင်းနှင့် သဘာဝလွန်ဖြစ်ခြင်း စသည့် အလွန်များသော အပိုင်းအစများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် လူသားတို့၏အမြင်တွင် လူသား အားနည်းချက်ရှိပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြုနိုင်သော သာမန်ဘုရားသခင်မှာ ဘုရားသခင် သေချာပေါက် မဟုတ်ဟူ၍ မြင်ကြသည်။ ၎င်းတို့မှာ လူသားများ၏ မှားယွင်းသောအယူအဆများ မဟုတ်သလော။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် သာမန် လူသားတစ်ဦး မဟုတ်ခဲ့ပါက သူသည် လူ့ဇာတိကို ခံယူခဲ့သည်ဟု အဘယ်သို့ ဆိုနိုင်မည်နည်း။ ဇာတိခန္ဓာရှိသောလူ ဖြစ်ရန်ဆိုသည်မှာ သူလိုငါလို သာမန် လူသားတစ်ဦး ဖြစ်ခြင်းကို ဆိုလိုသည်၊ အကယ်၍ သူသည် သာမန်ထက်လွန်ကဲသော သက်ရှိတစ်ဦးဖြစ်ခဲ့ပါက သူသည် ဇာတိခန္ဓာရှိသောသူ ဖြစ်ခဲ့မည်မဟုတ်။ သူသည် ဇာတိခန္ဓာရှိသောလူ ဖြစ်ကြောင်းကို သက်သေပြရန်အတွက် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် ဇာတိခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ရန် လိုအပ်သည်။ ဤအရာမှာ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ရိုးရှင်းစွာပြည့်စုံစေရန် ဖြစ်သည်။ သို့သော်လည်း ဤအချက်သည် ပရောဖက်များနှင့် လူသားများနှင့် မသက်ဆိုင်။ ၎င်းတို့မှာ ဆုကျေးဇူးရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံခဲ့ရသော လူများဖြစ်ကြသည်၊ လူသားတို့၏အမြင်တွင် ထိုသူတို့၏ လူ့သဘာဝမှာ အထူးသဖြင့် ကြီးမြတ်ပြီး ထိုသူတို့သည် သာမန် လူ့သဘာဝထက် ကျော်လွန်သော အမှုအရာများစွာကို လုပ်ဆောင်နိုင်ခဲ့ကြသည်။ ဤအကြောင်းကြောင့် လူသားများသည် ၎င်းတို့အား ဘုရားသခင်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ယခု သင်တို့အားလုံး ဤအချက်ကို ရှင်းလင်းစွာ နားလည်ရန်လိုသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အတိတ်ခေတ်ကာလများမှ လူသားများအားလုံးကို အလွန်အလွယ်တကူ ရှုပ်ထွေးစေခဲ့သော အချက်ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ထိုမျှမက လူ့ဇာတိခံယူခြင်းဆိုသည်မှာ အရာခပ်သိမ်းထဲတွင် လျှို့ဝှက်နက်နဲမှုနှင့်အပြည့်နက်ဆုံးသောအရာ ဖြစ်ပြီး လူ့ဇာတိခံယူသော ဘုရားသခင်သည် လူသားများ လက်ခံရန်အတွက် အလွန်အခက်အခဲဆုံး ဖြစ်သည်။ ငါပြောသောအရာမှာ သင်တို့၏ အလုပ်ကို ကျေပွန်အောင်ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် လူ့ဇာတိခံယူခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုအကြောင်း သင်တို့၏ သိနားလည်ခြင်းကို အထောက်အကူဖြစ်စေရန် ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု၊ ရူပါရုံနှင့်သာ သက်ဆိုင်သည်။ ဤအရာအကြောင်း သင်တို့၏သိနားလည်ခြင်းသည် ရူပါရုံအကြောင်း၊ ဆိုလိုသည်မှာ စီမံခန့်ခွဲသောအမှုအကြောင်း သိရှိလာစေရန် ပို၍အထောက်အကူပြုမည်။ ဤနည်းဖြင့် သင်တို့သည် မတူညီသောလူသား အမျိုးအစားတို့ ထမ်းဆောင်သင့်သော တာဝန်အကြောင်းကို များစွာ သိနားလည်လာမည်။ ဤစကားများသည် သင်တို့ကို တိုက်ရိုက် လမ်းပြပေးခြင်း မရှိသော်လည်း ၎င်းတို့သည် သင်တို့၏ဝင်ရောက်ခြင်းအတွက် အကူအညီ အလွန်ဖြစ်စေသည်၊ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် သင်တို့၏အသက်တာများမှာ ရူပါရုံ ကင်းမဲ့နေပြီး ဤအရာသည် သင်တို့၏ ဝင်ရောက်ခြင်းကို သိသိသာသာ ဟန့်တားနေသောအရာ ဖြစ်လာလိမ့်မည်။ အကယ်၍ သင်တို့သည် ဤအကြောင်းအရာများကို နားလည်နိုင်စွမ်းမရှိသေးပါက သင်တို့၏ ဝင်ရောက်ခြင်းကို တွန်းအားပေး လှုံ့ဆော်ပေးသော အရာ ရှိလိမ့်မည်မဟုတ်။ ထို့အပြင် ယင်းကဲ့သို့ လိုက်လျှောက်အသက်ရှင်မှုသည် သင်တို့၏တာဝန်ကို အဘယ်သို့ အကောင်းဆုံး ကျေပွန်အောင် ထမ်းဆောင်နိုင်စေနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “သူသည် ဘုရားသခင်” ဆိုသည့် စကားစု မပါဝင်ပါ။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၂)

အချို့သူများက မေးလိမ့်မည်၊ “လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ခဲ့သော အလုပ်နှင့် လွန်ခဲ့သောကာလများက ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်တို့အကြား မည်သို့ကွာခြားသနည်း။” ဒါဝိဒ်ကိုလည်း သခင်ဟု ခေါ်ခဲ့သလို ယေရှုကိုလည်း အလားတူခေါ်ခဲ့သည်။ သူတို့လုပ်သော အလုပ်များ ကွာခြားကြသော်လည်း ယင်းတို့ကို အတူတူဟု ခေါ်ကြသည်။ သင်ပြောမည်မှာ၊ သူတို့၏သွင်ပြင်လက္ခဏာများ အဘယ်ကြောင့် မတူသနည်း။ ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော်မှလာသော ရူပါရုံတစ်ခုကို မျက်မြင်တွေ့ခဲ့ပြီး သူသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောကြားလိုသော နှုတ်ကပတ်တော်များ ကိုလည်း ပြောနိုင်ခဲ့သည်။ ယောဟန်နှင့် ယေရှုတို့၏ သွင်ပြင်လက္ခဏာ အဘယ်ကြောင့်ကွာခြားသနည်း။ ယေရှုပြောသော နှုတ်ကပတ်တော်များ သည် ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ဘုရားသခင်၏ အမှုတော်ကို အပြည့်အဝ ကိုယ်စားပြုခဲ့သည်။ ယောဟန်မြင်သည်မှာ ရူပါရုံတစ်ခုဖြစ်ပြီး သူသည် ဘုရားသခင်၏ အမှုတော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ခြင်း မရှိခဲ့ပေ။ သို့ဖြစ်လျှင် ယောဟန်၊ ပေတရုနှင့် ပေါလုတို့သည် ယေရှုနှင့် တူညီသော သွင်ပြင်လက္ခဏာ မရှိခဲ့သော်လည်း နှုတ်ကပတ်တော်များကို အဘယ်ကြောင့် ယေရှုပြောခဲ့သလို ပြောခဲ့ကြသနည်း။ ယင်းမှာ ယေဘုယျအားဖြင့် ဆိုရသော် သူတို့လုပ်ဆောင်ခဲ့သော အလုပ်မှာ မတူညီသောကြောင့် ဖြစ်သည်။ ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်အလုပ်လုပ်ခဲ့သည်။ သူသည် ခေတ်သစ်၏အလုပ်ကို လုပ်ခဲ့သည်၊ ယင်းအလုပ်များကို ယခင်က မည်သူမျှ မလုပ်ခဲ့ဖူးသေးပေ။ သူသည် အသစ်သောလမ်းကို ဖွင့်ခဲ့သည်။ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်။ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့သည် သူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ သူတို့သည် ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါတစ်ခု၏ သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်၊ ထို့ပြင် သူတို့ကို ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်သည်။ ထို့ကြောင့် သူတို့သည် မည်မျှအလုပ်လုပ်သည် ဖြစ်စေ၊ သူတို့သည် မည်မျှသော တန်ခိုးများကို ပြသခဲ့သည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်ဖန်ဆင်းသော သတ္တဝါများသာဖြစ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ကြပေ။ သူတို့သည် ဘုရားသခင်၏ နာမတော်၌ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း၌ အလုပ်လုပ်ကြသည်။ ထို့အပြင် သူတို့သည် ယေရှု သို့မဟုတ် ယေဟောဝါစတင်ခဲ့သောခေတ်တွင် အလုပ်လုပ်ပြီး သူတို့လုပ်သော အလုပ်သည် သီးခြားမဟုတ်ပေ။ အဆုံးတွင် သူတို့သည် ဘုရားသခင်က ဖန်ဆင်းသော သတ္တဝါများသာဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ပရောဖက် အများအပြားသည် ရှေ့ဖြစ်များဟောခဲ့သည် သို့မဟုတ် အနာဂတ္တိကျမ်းများ ရေးခဲ့သည်။ မည်သူကမျှ သူတို့သည် ဘုရားသခင်ဖြစ်သည်ဟု မပြောခဲ့သော်လည်း ယေရှုစတင်အလုပ်လုပ် ခဲ့သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့ကို ဘုရားသခင်အဖြစ် သက်သေခံခဲ့သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ယခုအချိန်တွင် သင်သည် သိထားပြီးဖြစ်သင့်သည်။ တမန်တော်များနှင့် ပရောဖက်များက သြဝါဒစာအမျိုးမျိုးကို မရေးသားမီတွင် ပရောဖက်ပြုချက် အများအပြားကို ပြုခဲ့ကြသည်။ နောက်ပိုင်းတွင် လူတို့သည် ယင်းတို့ထဲမှအချို့ကို ရွေးထုတ်၍ သမ္မာကျမ်းစာထဲတွင် ထည့်သွင်းကြသည်၊ အချို့မှာ ပျောက်ဆုံးသွား ခဲ့သည်။ သူတို့ပြောသမျှ အရာရာတိုင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသောအရာများ ဖြစ်သည်ဟု ပြောကြသူများရှိ ခဲ့သည့်အတွက် အဘယ်ကြောင့် ယင်း၏အချို့အရာများမှာ ကောင်းပြီး၊ ယင်း၏ အချို့အရာများမှာ မကောင်းဟု မှတ်ယူရသနည်း။ အချို့မှာ ရွေးချယ်ခံရပြီး အချို့မှာ အဘယ်ကြောင့် မရွေးချယ်ခံရသနည်း။ ယင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်က အမှန်တကယ် ပြောကြားသော နှုတ်ကပတ်တော်များဖြစ်လျှင် လူတို့အနေဖြင့် ယင်းတို့ကို ရွေးချယ်ရန် လိုအပ်ပါသေးသလော။ အဘယ်ကြောင့် ခရစ်ဝင်ကျမ်းလေးကျမ်းတွင်ပါဝင်သော ယေရှု၏ပြောခဲ့သည့် နှုတ်ကပတ်တော်များနှင့် အလုပ်များကို ရေးသားချက်များသည် ကွဲပြားနေခဲ့ပါသနည်း။ ထိုသို့ဖြစ်ရခြင်းသည် ယင်းတို့ကို မှတ်တမ်းတင်သူတို့၏ အားနည်းချက် မဟုတ်ပါလော။ “ပေါလုနှင့် ဓမ္မသစ်ကျမ်း၏ အခြားသော ရေးသားသူများ ရေးသားခဲ့သော သြဝါဒစာများနှင့် သူတို့လုပ်ခဲ့သော အလုပ်များသည် လူ၏ဆန္ဒမှ တစ်စိတ်တစ်ပိုင်း လာခဲ့ခြင်းဖြစ်ပြီး လူ၏အယူအဆများနှင့် ရောယှက်လျက်ရှိရာ ယနေ့တွင် ကိုယ်တော် (ဘုရားသခင်) ပြောဆိုသော နှုတ်ကပတ်တော်များတွင် လူသား၏ မသန့်စင်မှုများ မရှိနိုင်ဘူးလော။ ယင်းတို့တွင် လူသားတို့၏ အယူအဆများ အမှန်တကယ် မပါရှိနိုင်ဘူးလော” ဟုအချို့လူများက မေးကြလိမ့်မည်။ ဤအဆင့်ရှိ ဘုရားသခင် လုပ်ခဲ့သော အလုပ်သည် ပေါလုနှင့် အခြားသောတမန်တော်များနှင့် ပရောဖက်များ လုပ်ခဲ့သော အလုပ်နှင့် လုံးဝခြားနားသည်။ သွင်ပြင်လက္ခဏာတွင်သာ ကွဲပြားခြားနားသည် မဟုတ်သေး၊ အခြေခံအားဖြင့်လည်း လုပ်ဆောင်ခဲ့သော အလုပ်များတွင် ခြားနားမှုရှိသည်။ သခင့်ရှေ့မှောက်တွင် ပေါလုသည် ဒဏ်ခတ်ခံရကာ လဲကျပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို အလုပ်တွင် ဦးဆောင်ပြီး သူသည် စေလွှတ်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အသင်းတော်များထံသို့ သြဝါဒစာများ ရေးသားခဲ့ပြီး ယင်းသြဝါဒစာများ အားလုံးသည် ယေရှု၏သင်ကြားမှုများကို လိုက်နာခဲ့သည်။ ပေါလုကို သခင်က စေလွှတ်ခဲ့ပြီး သခင်ယေရှု၏ နာမတော်ဖြင့် အလုပ်လုပ်စေခဲ့သည်။ သို့သော်လည်း ဘုရားသခင် ကိုယ်တိုင် ကြွလာသောအခါ သူသည် မည်သည့်အမည်ဖြင့်မျှ အလုပ်မလုပ်ဘဲ မည်သူ့ကိုမျှ ကိုယ်စားမပြုဘဲ သူ့အလုပ်တွင် ဘုရားသခင်၏ ဝိညာဉ်တော်ကိုသာ ကိုယ်စားပြုခဲ့သည်။ ဘုရားသခင်သည် သူ၏အလုပ်ကို တိုက်ရိုက်လုပ်ရန် လာခဲ့သည်။ သူသည် မည်သည့်လူအားဖြင့်မျှ စုံလင်စေခြင်း မခံခဲ့ရ၊ သူ၏အလုပ်သည် မည်သူတစ်ဦးတစ်ယောက်၏ သင်ကြားမှုအပေါ် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဤအလုပ်အဆင့်တွင် ဘုရားသခင်သည် သူ၏ကိုယ်ပိုင် အတွေ့အကြုံများအပေါ် ပြောဆိုခြင်းဖြင့် ဦးဆောင်သည်မဟုတ်၊ သို့ရာတွင် သူ၏ဖြစ်ခြင်းနှင့်အညီ သူ၏အလုပ်ကို တိုက်ရိုက် လုပ်ဆောင်သည်။ ဥပမာ အစေခံသူများ၏ စမ်းသပ်မှု၊ ပြစ်တင်ဆုံးမခြင်း၏ အချိန်အခါများ၊ သေခြင်းတရား၏ စမ်းသပ်မှု၊ မေတ္တာရှင် ဘုရားသခင်၏ အချိန်အခါများ...ယင်းတို့အားလုံးသည် ယခင်မည်သည့်အခါကမျှ မလုပ်ခဲ့ဖူးသော အလုပ်များဖြစ်ပြီး လူသား၏ အတွေ့အကြုံများထက် ယင်းသည် မျက်မှောက်ခေတ်၏ အလုပ်ဖြစ်သည်။ ငါပြောဆိုခဲ့သော နှုတ်ကပတ်တော်များတွင် မည်သည်တို့သည် လူသား၏အတွေ့အကြုံများ ဖြစ်သနည်း။ ယင်းတို့အားလုံးသည် ဝိညာဉ်တော်မှ တိုက်ရိုက်လာသည် မဟုတ်လော။ ယင်းတို့သည် ဝိညာဉ်တော်က စေခိုင်းသည် မဟုတ်လော။ ယင်းမှာ သင်၏စွမ်းရည်သည် အလွန်နည်းပါးသောကြောင့် သင်သည် သမ္မာတရားကို ထွင်းဖောက်၍ မမြင်နိုင်သောကြောင့်သာ ဖြစ်သည်။ ငါပြောသော လက်တွေ့အသက်တာ၏ လမ်းခရီးသည် လမ်းကြောင်းကို ညွှန်ပြပြီး ယခင်က မည်သူတစ်ဦးတစ်ယောက်ကမျှ မည်သည့်အခါကမျှ မပြောဆိုခဲ့ဖူးသကဲ့သို့ ဤလမ်းကြောင်းကိုလည်း မည်သူတစ်ဦး တစ်ယောက်ကမျှ အတွေ့အကြုံမရှိ သို့မဟုတ် ဤလက်တွေ့သဘောကို သိရှိခြင်းမရှိခဲ့ပေ။ ဤနှုတ်ကပတ်တော်များကို ငါမမြွက်ဆိုမီ မည်သူတစ်ဦးတစ်ယောက်ကမျှ မပြောခဲ့ဖူးပေ။ မည်သူတစ်ဦး တစ်ယောက်မျှ ယင်းအတွေ့အကြုံများကို မပြောဆိုခဲ့ဖူးသလို ယင်းအသေးစိတ်များကိုလည်း မည်သည့်အခါကမျှ သူတို့မပြောခဲ့ဖူးပေ။ ထို့အပြင် မည်သူတစ်ဦးတစ်ယောက်မျှ ယင်းအရာများကို ဖော်ထုတ်ရန် ယင်းအခြေအနေများကို မည်သည့်အခါကမျှ မထောက်ပြခဲ့ဖူးချေ။ ယနေ့ ငါဦးဆောင်သောလမ်းကို မည်သူတစ်ဦးတစ်ယောက်မျှ မဦးဆောင်ခဲ့ဖူးပေ။ လူသားက ဦးဆောင်ခဲ့ပါက ယင်းသည် အသစ်သောလမ်းဖြစ်မည် မဟုတ်တော့ပေ။ ပေတရုနှင့် ပေါလုတို့ကို ဥပမာယူပါ။ ယေရှုက လမ်းကြောင်းကို ဦးမဆောင်မီက သူတို့တွင် သူတို့ကိုယ်ပိုင် အတွေ့အကြုံမရှိခဲ့ကြပေ။ ယေရှုက လမ်းကြောင်းကို ဦးဆောင်ပြီးမှသာလျှင် ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များနှင့် သူဦးဆောင်သောလမ်းကြောင်းကို သူတို့အတွေ့အကြုံရခဲ့သည်။ ထိုမှလျှင် သူတို့သည် အတွေ့အကြုံအများအပြားရရှိလာပြီး သြဝါဒစာများ ရေးခဲ့ကြသည်။ ထို့ကြောင့် လူသား၏ အတွေ့အကြုံများ သည် ဘုရားသခင်၏အလုပ်နှင့်မတူဘဲ ဘုရားသခင်၏အလုပ်သည် လူသား၏အယူအဆများနှင့် အတွေ့အကြုံများဖြင့် ဖော်ပြသော အသိပညာများနှင့် မတူပေ။ ထပ်တလဲလဲ ငါပြောခဲ့သည့်အတိုင်း ယနေ့တွင် ငါသည် အသစ်သောလမ်းကြောင်းကို ဦးဆောင်နေပြီး အလုပ်သစ်ကို လုပ်နေသည်။ ငါ၏အလုပ်နှင့် ပြောစကားများသည် ယောဟန်နှင့်၊ အခြားသောပရောဖက်များနှင့် ခြားနားသည်။ ငါသည် ပထမဦးစွာ အတွေ့အကြုံရပြီး ယင်းတို့ကို သင်တို့အား ပြန်ပြောခြင်းကို မည်သည့်အခါမျှ မလုပ်ခဲ့။ အလုံးစုံသည် ယင်းကဲ့သို့ မဟုတ်ပေ။ ထိုသို့သာဖြစ်ခဲ့ပါက သင်တို့ကို အချိန်ကြာမြင့်စွာကပင် နှောင့်နှေး စေခဲ့ပြီးဖြစ်လိမ့်မည် မဟုတ်လော။ အတိတ်အခါက လူအများအပြား ပြောဆိုခဲ့သော အသိပညာများသည် ချီးမြှောက်ခြင်းခံကြရသော်လည်း သူတို့၏ စကားအားလုံးတို့သည် ဘာသာရေးပုဂ္ဂိုလ်များဟုခေါ်သော လူများ၏ စကားများအပေါ်တွင် အခြေခံပြောဆိုခဲ့ခြင်းသာဖြစ်သည်။ သူတို့သည် လမ်းခရီးကို မညွှန်ပြခဲ့ဘဲ သူတို့၏ အတွေ့အကြုံများမှ လာသည်။ သူတို့တွေ့မြင်ခဲ့သည်များမှ လာသည်၊ ထို့ပြင် သူတို့၏ အသိပညာမှ လာသည်။ အချို့မှာ သူတို့၏ အယူအဆများဖြစ်ပြီး အချို့မှာ သူတို့ အကျဉ်းချုံးထားသော သူတို့၏ အတွေ့အကြုံများ ဖြစ်သည်။ ယနေ့ ငါ့အလုပ်၏သဘာဝသည် သူတို့နှင့် လုံးဝကွာခြား သည်။ ငါသည် အခြားသူများ ဦးဆောင်သည့်နောက်သို့လိုက်သည့် အတွေ့အကြုံမရှိခဲ့သလို ငါသည် အခြားသူများကြောင့် ပြည့်စုံခြင်းကို ခံယူခဲ့ခြင်းမဟုတ်ပေ။ ထို့အပြင် ငါပြောခဲ့သောအရာအားလုံးနှင့် စည်းရုံး ဟောပြောချက်များသည် အခြားမည်သူနှင့်မျှ မတူဘဲ အခြား မည်သူမျှလည်း မည်သည့်အခါကမျှ မပြောခဲ့ဖူးပေ။ ယနေ့တွင် သင်တို့သည် မည်သူဖြစ်သည်ဖြစ်စေ၊ သင်တို့၏အလုပ်သည် ငါပြောသော နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ လုပ်ဆောင်ကြ သည်။ ယင်းဖွင့်ဆိုချက်များနှင့် အလုပ်မပါဘဲ ယင်းအရာများ (အစေခံသူများ၏စမ်းသပ်မှု၊ ပြစ်တင်ဆုံးမခြင်း၏ အချိန်အခါများ...) ကို မည်သူသည် တွေ့ကြုံရန် တတ်စွမ်းနိုင်မည်နည်း။ ယင်းအသိပညာများကို မည်သူသည် ပြောဆိုနိုင်စွမ်းရှိမည်နည်း။ သင်သည် ယင်းကို အမှန်တကယ်ပင် မြင်နိုင်စွမ်းမရှိသလော။ အလုပ်၏ မည်သည့်အဆင့်ပင်ဖြစ်စေ ငါ၏နှုတ်ကပတ်တော်များ ပြောပြီးသည်နှင့် ငါ၏နှုတ်ကပတ်တော်များနှင့်အညီ သင်တို့သည် စတင်၍ မိတ်သဟာယဖွဲ့လာကြပြီး ယင်းတို့နှင့်အညီ အလုပ်လုပ်ကြရသည်။ ယင်းမှာ သင်တို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ စဉ်းစားခဲ့သည့် နည်းလမ်းမဟုတ်ပေ။ ဤနေရာအထိ ရောက်ခဲ့ပြီဖြစ်ရာ သင်သည် ယင်းသို့ ရှင်းလင်းပြီး ရိုးစင်းသော မေးခွန်းကို မြင်နိုင်စွမ်းရှိပြီလား။ ယင်းမှာ တစ်စုံတစ်ဦး စဉ်းစားခဲ့ပြီးသည့် နည်းလမ်းမဟုတ်သလို မည်သည့် ဘာသာရေးပုဂ္ဂိုလ်အပေါ်တွင်မျှလည်း အခြေခံထားခြင်း မဟုတ်ပေ။ ယင်းမှာ လမ်းကြောင်းသစ်ဖြစ်ပြီး ယေရှုတစ်ချိန်က ပြောခဲ့သော နှုတ်ကပတ်တော်အများအပြားပင် သက်ဆိုင်ခြင်း မရှိတော့ပေ။ ငါပြောသည်မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည့် အလုပ်ဖြစ်ပြီး ယင်းအလုပ်သည် သီးခြားရပ်တည်သည်။ ငါလုပ်သော အလုပ်နှင့် ငါပြောသောနှုတ်ကပတ်တော်များအားလုံးသည် အသစ် ဖြစ်သည်။ ယင်းသည် ယနေ့၏ အလုပ်သစ် မဟုတ်ပါလော။ ယေရှု၏ အလုပ်သည်လည်း ယင်းကဲ့သို့ပင်ဖြစ်သည်။ သူ၏အလုပ်သည်လည်း ဗိမာန်တော်အတွင်းရှိ လူများ၏အလုပ်နှင့် ကွဲပြားခြားနားပြီး ဖာရိရှဲတို့၏အလုပ်နှင့်လည်း ခြားနားကာ ဣသရေလလူအားလုံး လုပ်ခဲ့သော အလုပ်များနှင့်လည်း နည်းနည်းမျှ မတူပေ။ ယင်းကို ကိုယ်တိုင် မြင်တွေ့ပြီးသည့်အခါ လူတို့သည် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြပေ။ ယင်းကို ဘုရားသခင်က အမှန်တကယ် လုပ်ဆောင်ခဲ့သလော။ ယေရှုသည် ယေဟောဝါ၏ ဥပဒေကို မဆုပ်ကိုင်ခဲ့ပါ။ သူသည် လူတို့ကို သင်ကြားရန် ရောက်လာချိန်တွင် သူပြောခဲ့သမျှတို့သည် အသစ်ဖြစ်ပြီး ဓမ္မဟောင်းကျမ်းမှ ရှေးဟောင်းသန့်ရှင်းသူများနှင့် ပရောဖက်များ ပြောခဲ့သောအရာများနှင့် ခြားနားသည်။ ယင်းသို့ဖြစ်သောကြောင့်ပင် လူအများသည် မရေမရာ ဖြစ်ကြသည်။ လူသားအနေဖြင့် ရင်ဆိုင်ရန် အလွန်ခက်ခဲစေသည်မှာ ယင်းပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သစ်ကို လက်ခံခြင်းမပြုမီက သင်တို့ အများစုလျှောက်လှမ်းသော လမ်းကြောင်းမှာ ဘာသာရေး ပုဂ္ဂိုလ်များ တည်ထောင်ခဲ့သည့် အခြေခံအပေါ်တွင် လေ့ကျင့်ခြင်းနှင့် ဝင်ရောက်ခြင်းဖြစ်သည်။ သို့သော် ယနေ့တွင် ငါလုပ်သောအလုပ်သည် ကြီးစွာခြားနားပြီး သင်တို့သည် ယင်းမှာ မှန်သည်၊ မှားသည်ကို ခွဲခြားနိုင်စွမ်း မရှိပေ။ ယခင်က သင်မည်သည့် လမ်းကြောင်း လျှောက်ခဲ့သည်ကို ငါဂရုမစိုက်ပါ။ ငါသည် သင်မည်သူ၏ အစားစားသည် သို့မဟုတ် မည်သူ့ကို သင့် “အဖေ” အဖြစ် ရွေးချယ်ခဲ့သည်တို့ကို

စိတ်မဝင်စားပါ။ ငါသည် လူသားကို လမ်းညွှန်ရန် အလုပ်သစ်များကို ဆောင်ယူလာကာ လာရောက်ခြင်းဖြစ်ရာ ငါ့နောက်လိုက်သူ အားလုံးသည် ငါပြောကြားသည်နှင့်အညီ ပြုမူလုပ်ဆောင်ရမည်။ သင်သည် မည်မျှအာဏာရှိသော “မိသားစု” မှ လာသည်ဖြစ်စေ၊ သင်သည် ငါ့နောက်ကိုလိုက်ရမည်၊ သင်သည် သင်၏ ယခင်အလေ့အထများနှင့်အညီ ပြုမူကျင့်ကြံခြင်း မပြုရတော့။ သင်၏ “အုပ်ထိန်းသော ဖခင်” သည် နှုတ်ထွက်သင့်ပြီး သင်သည် သင်၏ပိုင်ထိုက်သောဝေစုကို ရှာဖွေရန် သင်၏ဘုရားသခင်ရှေ့မှောက်သို့ လာသင့်သည်။ သင်၏အလုံးစုံသည် ငါ့လက်ထဲတွင်ရှိပြီး သင်သည် သင်၏အုပ်ထိန်းသူဖခင်ကို မျက်စိမှိတ်၍ အလွန်အမင်း ယုံကြည်ခြင်း မပြုသင့်ပေ။ သူသည် သင့်ကို အပြည့်အဝ မထိန်းချုပ်နိုင်ပါ။ ယနေ့ အလုပ်သည် သီးခြားရပ်တည်သည်။ ယနေ့ ငါပြောသမျှအားလုံးသည် ယခင်က အခြေခံပေါ်တွင် အခြေတည်ထားခြင်း မဟုတ်သည်မှာ ထင်ရှားသည်၊ အသစ်သော စတင်မှုဖြစ်ပြီး ယင်းသည် လူ၏လက်ဖြင့် ဖန်ဆင်းထားသည်ဟု သင်ပြောမည်ဆိုပါက သင်သည် ကယ်တင်၍မရနိုင်လောက်အောင် မျက်လုံးကန်းနေသူ တစ်ဦး ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၃)

ဟေရှာယ၊ ယေဇကျေလ၊ မောရှေ၊ ဒါဝိဒ်၊ အာဗြဟံနှင့် ဒံယေလတို့သည် ဣသရေလလူများထဲမှ ရွေးချယ်ထားသော ခေါင်းဆောင်များ သို့မဟုတ် ပရောဖက်များဖြစ်သည်။ သူတို့ကို ဘုရားသခင်ဟူ၍ အဘယ်ကြောင့် မခေါ်ကြသနည်း။ အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို သက်သေခံခြင်း မပြုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုက သူ၏အလုပ်ကို စတင်လျှင် စတင်ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များကို စတင်ပြောဆိုသည်နှင့် တစ်ပြိုင်နက် ယေရှုကို အဘယ်ကြောင့် သက်သေခံသနည်း။ အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသူများကို သက်သေခံခြင်း မပြုခဲ့သနည်း။ ဇာတိပကတိ၏ လူများဖြစ်ကြသော သူတို့အားလုံးကို “သခင်” ဟု ခေါ်ကြသည်။ သူတို့ကို မည်သို့ခေါ်သည် ဖြစ်စေ၊ သူတို့၏ အလုပ်သည် သူတို့၏ ဖြစ်တည်မှုနှင့် သူတို့၏ အနှစ်သာရကို ကိုယ်စားပြုပြီး သူတို့၏ ဖြစ်တည်မှုနှင့် သူတို့၏ အနှစ်သာရသည် သူတို့မည်သူမည်ဝါ ဖြစ်သည်ကို ကိုယ်စားပြုကြသည်။ သူတို့၏ အနှစ်သာရများသည် သူတို့၏ အမည်နာမများနှင့် မသက်ဆိုင်ပေ။ ယင်းသည် သူတို့ အဘယ်အရာကို ဖော်ပြသည်ဆိုခြင်းနှင့် သူတို့ မည်သို့နေထိုင်သည် ဆိုသည်ကို ကိုယ်စားပြုသည်။ ဓမ္မဟောင်းကျမ်းတွင် သခင်ဟု အခေါ်ခံရခြင်းတွင် တစ်မူထူးခြားနေခြင်းမျိုး မရှိဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် မည်သို့ ခေါ်ဆိုသည်ဖြစ်စေ သူ့အနှစ်သာရနှင့် ပင်ကိုသွင်ပြင်လက္ခဏာသည် ပြောင်းလဲ၍မရပေ။ ခရစ်တော်၏ အယောင်ကို ဆောင်သောသူများ၊ ပရောဖက်အတုအယောင်များနှင့် လှည့်ဖြားသူများအကြားတွင် “ဘုရားသခင်” ဟု အခေါ်ခံရသူများလည်း မရှိသလော။ သူတို့သည် အဘယ်ကြောင့် ဘုရားသခင် မဟုတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ အမှုကို လုပ်နိုင်စွမ်းမရှိသောကြောင့်ဖြစ်သည်။ အရင်းအမြစ်အရ သူတို့သည် လူသားများဖြစ်ကြပြီး လူတို့ကို လှည့်စားသူများ ဖြစ်ကြသည်၊ ဘုရားသခင် မဟုတ်ကြပေ။ ထို့ကြောင့် သူတို့၌ ဘုရားသခင်၏ သွင်ပြင်လက္ခဏာမရှိကြပေ။ မျိုးနွယ်စု ၁၂ စု အတွင်းတွင် ဒါဝိဒ်ကို သခင်ဟု ခေါ်ဆိုကြသည် မဟုတ်လော။ ယေရှုကိုလည်း သခင်ဟုခေါ်သည်၊ အဘယ်ကြောင့် ယေရှု တစ်ဦးတည်းကိုသာ လူ့ဇာတိခံယူသော ဘုရားသခင်ဟု ခေါ်သနည်း။ ယေရမိကိုလည်း လူသားတော်ဟု သိကြသည် မဟုတ်သလော။ ယေရှုကိုလည်း လူသားတော်ဟု သိကြသည်ပင် မဟုတ်လော။ ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်ကိုယ်စား လက်ဝါးကပ်တိုင် တွင် အသေခံခဲ့သနည်း။ ယင်းမှာ သူ၏ အနှစ်သာရသည် မတူညီသောကြောင့် မဟုတ်ပါသလော။ ယင်းမှာ သူလုပ်ဆောင်သော အလုပ်သည် မတူညီသောကြောင့် မဟုတ်ပါသလော။ အမည်နာမသည် အရေးပါသလော။ ယေရှုသည် လူသားတော်ဟုလည်း ခေါ်ခံ ရသော်လည်း သူသည် ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်း ဖြစ်သည်။ သူသည် တန်ခိုးကို ပြန်လည်ရယူရန်လာခဲ့ပြီး ရွေးနှုတ်ခြင်းအလုပ်ကို ပြီးမြောက်စေခဲ့သည်။ ယင်းသည် ယေရှု၏ သွင်ပြင်လက္ခဏာနှင့် အနှစ်သာရသည် အခြားသော လူသားတော်ဟု ခေါ်ခံရသူများနှင့် ကွဲပြားခြားနားကြောင်း သက်သေဖြစ်သည်။ ယနေ့တွင် သင်တို့အနက် မည်သူသည် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောရဲသနည်း။ တစ်စုံတစ်ယောက်က ထိုသို့ပြောဝံ့သလော။ သင်သည် ထိုသို့ပြောသည် ဆိုလျှင် ဧဇရအနာဂတ္တိကျမ်းကို အဘယ်ကြောင့် ပယ်ဖျက်ရသနည်း၊ ရှေးဟောင်းသန့်ရှင်းသူများနှင့် ပရောဖက်များ ပြောကြားသော မှတ်စာများကိုလည်း အဘယ်ကြောင့် အလားတူလုပ်ရသနည်း။ သူတို့အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ယင်းသို့မခန့်မှန်းနိုင်သော ရွေးချယ်မှုများကို လုပ်ဝံ့ကြသနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရွေးချယ်ရန် အရည်အချင်းရှိသလော။ ဣသရေလမှ အဖြစ်အပျက်အများအပြားသည်လည်း ပယ်ဖျက်ခြင်း ခံရသည်။ အတိတ်က ဤရေးသားချက်များအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာခြင်းဖြစ်သည်ဟု သင်ယုံကြည်လျှင် အချို့သော မှတ်စာများကို အဘယ်ကြောင့် ပယ်ဖျက်သနည်း။ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာပါက ယင်းတို့အားလုံးကို ထားရှိသင့်ပြီး အသင်းတော်များရှိ ညီအစ်ကိုမောင်နှမများဖတ်ရန် ပေးသင့်သည်။ ယင်းတို့ကို လူတို့သဘောဖြင့် ရွေးချယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မလုပ်သင့်ပေ။ ယင်းသို့လုပ်ခြင်းမှာ မှားယွင်းသည်။ ပေါလုနှင့် ယောဟန်တို့၏ အတွေ့အကြုံများသည် သူတို့၏ ပုဂ္ဂလိက အမြင်များနှင့် ရောထွေးသည်ဟု ပြောဆိုခြင်းမှာ သူတို့၏ အတွေ့အကြုံများနှင့် အသိပညာများမှာ စာတန်ထံမှ လာသည်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း သူတို့တွင် သူတို့၏ ကိုယ်ပိုင် အတွေ့အကြုံများနှင့် အမြင်များမှ လာသည့်အရာများ ပါရှိနေသည်။ သူတို့၏အသိပညာသည် ထိုအချိန်က အမှန်တကယ် အတွေ့အကြုံများ၏ နောက်ခံနှင့်အညီဖြစ်ပြီး ယင်းတို့အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှလာသည်ဟု မည်သူက ယုံကြည်စွာ ပြောနိုင်သနည်း။ ခရစ်ဝင်ကျမ်းလေးကျမ်းစလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုပါက ယေရှု၏အလုပ်နှင့် ပတ်သက်၍ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့ တစ်ဦးချင်းစီ၏ ပြောဆိုမှုများသည် အချို့တွင် အဘယ်ကြောင့် ကွဲလွဲနေကြရသနည်း။ သင်တို့ ယင်းကို မယုံကြည်ပါက ကျမ်းစာတွင် ဖော်ပြထားသည့် ပေတရုက သခင်ကို သုံးကြိမ်ငြင်းဆိုသည့် အချက်များကို ကြည့်ပါ။ ယင်းတို့ အားလုံးခြားနားနေပြီး ယင်းတို့အားလုံးတွင် ထူးခြားသော လက္ခဏာများရှိကြသည်။ မသိမိုက်မဲသောသူ အများအပြားက ပြောကြသည်မှာ “လူ့ဇာတိခံယူသော ဘုရားသခင်သည်လည်း လူသား ဖြစ်သည်။ သို့ဆိုလျှင် သူပြောဆိုသော စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လုံးလုံးလျားလျားလာခဲ့ခြင်း ဖြစ်နိုင်သလော။ ပေါလုနှင့် ယောဟန်တို့၏ စကားများသည် လူသားဆန္ဒစွဲများ ရောနှောနေပါက သူပြောဆိုသော စကားများသည် လူသားဆန္ဒစွဲများ အမှန်တကယ် ရောနှောမနေဘူးလော။” ယင်းသို့သော အရာများကို ပြောသူများသည် မျက်ကန်းများဖြစ်ပြီး မသိမိုက်မဲသောသူများ ဖြစ်ကြသည်။ ခရစ်ဝင်ကျမ်းလေးကျမ်းကို သေချာစွာ ဖတ်ကြည့်ပါ။ ယေရှု လုပ်ဆောင်ခဲ့သောအရာများကို သူတို့မှတ်တမ်းတင်ထားသည်များနှင့် သူပြောသောစကားများအား မှတ်တမ်းတင်ထားသည်ကို ဖတ်ပါ။ တစ်ခုချင်းသည် အကယ်ပင် ကွဲလွဲနေပြီး တစ်ခုချင်းအလိုက် ကိုယ်ပိုင်ရှုထောင့်များရှိသည်။ ယင်းစာအုပ်များရှိ စာရေးသူများ၏ ရေးသားချက်များ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဆိုလျှင် အားလုံးသည် ရှေ့နောက်ညီပြီး တူညီမနေသင့် ဘူးလော။ အဘယ်ကြောင့် ကွာဟချက်များ ရှိနေရပါသနည်း။ ဤအချက်ကို မမြင်နိုင်ရခြင်းမှာ လူသည် အလွန်အကျွံတုံးအနေ၍ မဟုတ်ပေလော။ ဘုရားသခင်ကို သက်သေခံရန် သင်သည် တောင်းဆိုခြင်းခံရပါက မည်သို့သော သက်သေခံချက်ကို သင်ပေးနိုင် သနည်း။ ဘုရားသခင်ကို ထိုသို့သော နည်းလမ်းဖြင့် သိခြင်းသည် သူ့ကိုသက်သေခံနိုင်သလော။ အခြားသူများက သင့်ကို “ရှင်ယောဟန် နှင့် ရှင်လုကာတို့၏ မှတ်တမ်းများသည် လူသားဆန္ဒစွဲများရောနေလျှင် သင်တို့၏ ဘုရားသခင်ပြောခဲ့သော စကားများသည်လည်း လူသားဆန္ဒစွဲများ ရောမနေဘူးလော” ဟု မေးလျှင် ရှင်းလင်းသောအဖြေကို သင်ပေးနိုင်ပါမည်လော။ လုကာနှင့် မဿဲတို့သည် ယေရှု၏နှုတ်ကပတ်တော်များကို ကြားပြီးနောက်၊ ယေရှု၏ အလုပ်များကို မြင်ပြီးနောက်တွင် သူတို့သည် သူတို့၏ ကိုယ်ပိုင်အသိပညာကို ယေရှုလုပ်ဆောင်ခဲ့သော အချက်အလက် အချို့ကို အသေးစိတ် ပြန်လည်ပြောပြသောပုံစံဖြင့် ပြောပြခဲ့ကြသည်။ သူတို့၏ အသိပညာမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အပြည့်အဝ ဖွင့်ပြပေးထားခြင်းဖြစ်သည်ဟု သင်ပြောနိုင်သလော။ သမ္မာကျမ်းစာ ပြင်ပတွင် သူတို့ထက် အသိပညာကြွယ်ဝသော ဘာသာရေး ခေါင်းဆောင်များ အများအပြား ရှိနေကြသေးသည်။ အဘယ်ကြောင့် သူတို့၏စကားများကို နောက်မျိုးဆက်သစ်များက မယူကြသနည်း။ သူတို့ကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်က အသုံးမပြုခဲ့သလော။ ယနေ့ကာလ၏အလုပ်တွင် ငါသည် ယေရှု၏အလုပ်အုတ်မြစ်ပေါ်တွင် အခြေခံလျက် ငါကိုယ်တိုင်မြင်သည်များကို ပြောနေခြင်းမဟုတ်သလို ယေရှု၏အလုပ်နောက်ခံကို ဆန့်ကျင်လျက် ငါ၏ကိုယ်ပိုင်အသိပညာကို ပြောနေခြင်းလည်း မဟုတ်သည်ကို သိမှတ်ပါ။ ထိုအချိန်က ယေရှုသည် မည်သည့်အလုပ်ကို လုပ်ခဲ့သနည်း။ ယနေ့ ငါသည် မည်သည့်အလုပ်ကို လုပ်နေသနည်း။ ငါ၏လုပ်ကိုင်ပြောဆိုမှုများတွင် ဥပမာများ မရှိပါ။ ယနေ့ ငါလျှောက်သောလမ်းသည် ယခင်က မည်သူမျှ မလျှောက်ဖူးဘဲ ခေတ်အဆက်ဆက်က လူများနှင့် ယခင်က မျိုးဆက်များ မည်သည့်အခါကမျှ မလျှောက်ဖူးကြပါ။ ယနေ့ ယင်းကို ဖွင့်လိုက်ပါပြီ၊ ယင်းမှာ ဝိညာဉ်တော်၏ အလုပ်မဟုတ်သလော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ခဲ့သော်ငြားလည်း အတိတ်က ခေါင်းဆောင်များသည် အခြားသူများ တည်ဆောက်ခဲ့သော အခြေခံပေါ်တွင် သူတို့၏ အလုပ်များကို လုပ်ခဲ့ကြသည်၊ သို့သော်လည်း ဘုရားသခင် ကိုယ်တိုင်၏ အလုပ်သည် ခြားနားသည်။ ယေရှု၏ အလုပ်အဆင့်သည်လည်း အတူတူပင်ဖြစ်ခဲ့သည်၊ သူသည် လမ်းသစ်ကို ဖွင့်လှစ်ခဲ့သည်။ သူလာခဲ့သောအခါ သူသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဟောပြောခဲ့ပြီး လူသားသည် နောင်တရရမည်၊ ဝန်ခံရမည်ဟု ပြောခဲ့သည်။ ယေရှုက သူ၏အလုပ်ကို ပြီးဆုံးစေပြီးသည့်နောက်တွင် ပေတရုနှင့် ပေါလုနှင့် အခြားသူများသည် ယေရှု၏အလုပ်ကို စတင်၍ ဆက်လုပ်ကြသည်။ ယေရှုသည် လက်ဝါးကပ်တိုင်တွင် သံမှိုနှင့်ရိုက်ခံရပြီး ကောင်းကင်ဘုံသို့ ကြွသွားပြီးနောက်တွင် သူတို့ကို ဝိညာဉ်တော်က လက်ဝါးကပ်တိုင်၏လမ်းကို ဖြန့်ဝေရန် စေလွှတ်ခဲ့သည်။ ပေါလု၏ စကားများသည် ချီးမြှောက်ခြင်း ခံခဲ့ရသော်လည်း ယင်းတို့သည် ယေရှုပြောဆိုခဲ့သော အရာအားဖြင့် ချထားခဲ့သော အုတ်မြစ်ဖြစ်သည့် သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာ၊ ခံစားခြင်း၊ ဦးခေါင်းအုပ်ခြင်း၊ ဗတ္တိဇံခံခြင်း၊ သို့မဟုတ် လိုက်နာရမည့် အခြားအယူဝါဒများအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ထိုအရာအားလုံးတို့သည် ယေရှု၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် ဖြစ်သည်။ သူတို့သည် ဘုရားသခင်က အသုံးပြုထားသော လူသားများသာ ဖြစ်ကြသဖြင့် သူတို့သည် လမ်းအသစ်ကို ဖွင့်လှစ်နိုင်ခြင်း မရှိကြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၄)

ထိုအချိန်က ယေရှု၏ ဖွင့်ဆိုချက်များနှင့် အလုပ်သည် အယူဝါဒများကို စွဲကိုင်ထားခြင်းမရှိဘဲ သူသည် သူ၏အလုပ်ကို ဓမ္မဟောင်းနည်းဥပဒေသ၏ အလုပ်နှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်သင့်သည့် အလုပ်များအတိုင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူသည် သူလုပ်ဆောင်လာသည့် အလုပ်အတိုင်း၊ သူ၏ ကိုယ်ပိုင်အစီအစဉ်အတိုင်းနှင့် သူ၏ အမှုတော်အတိုင်း လုပ်ဆောင်သည်။ သူသည် ဓမ္မဟောင်းကျမ်း၏ နည်းဥပဒေသအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ သူလုပ်သည့် မည်သည့် အရာမျှ ဓမ္မဟောင်းကျမ်းနည်းဥပဒေသနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ သူသည် ပရောဖက်များ၏ စကားများပြည့်စုံအောင် လာခဲ့ခြင်းလည်း မဟုတ်ပေ။ ဘုရားသခင်အလုပ်၏ အဆင့်တစ်ခုစီသည် ရှေးပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ပြည့်စုံအောင် ဖော်ထုတ်ခြင်းမဟုတ်၊ သူသည် ရှေးပရောဖက်များ ကြိုတင် ဟောကြားချက်များ အကောင်အထည်ပေါ်စေရန် တမင်သက်သက် သို့မဟုတ် အယူဝါဒများကို လိုက်နာရန် လာခဲ့ခြင်းမဟုတ်ပေ။ သို့ရာတွင် သူ၏လုပ်ဆောင်မှုများသည် ရှေးပရောဖက်များ ဟောကြားချက်များကို နှောင့်ယှက်ဖျက်ဆီးခြင်းမရှိသလို သူယခင်က လုပ်ဆောင်ခဲ့သော အလုပ်များကိုလည်း နှောင့်ယှက်ဖျက်ဆီးခြင်း မရှိပေ။ သူ့အလုပ်၏ သိသာထင်ရှားသောအချက်မှာ မည်သည့်အယူဝါဒကိုမျှ လိုက်နာခြင်း မရှိဘဲ သူကိုယ်တိုင် လုပ်သင့်သောအလုပ်များကို လုပ်ခြင်းဖြစ်သည်။ သူသည် ပရောဖက်မဟုတ်သလို မြင်သောသူလည်း မဟုတ်ပေ။ လုပ်ဆောင်သူသာဖြစ်ပြီး သူလုပ်ဆောင်ရန် လိုအပ်သော အလုပ်များကို အမှန်တကယ်အားဖြင့် လာရောက်လုပ်ဆောင်သူသာဖြစ်ပြီး သူ၏အသစ်သောခေတ်ကို ဖွင့်လှစ်ရန် လာရောက်ခဲ့ပြီး သူ၏အသစ်သောအလုပ်ကို လုပ်ဆောင်သည်။ အမှန်အားဖြင့် ယေရှုသည် သူ၏ အလုပ်များကို လုပ်ဆောင်ရန် ကြွလာသောအခါ သူသည် ဓမ္မဟောင်းကျမ်းအတွင်း ရှေးပရောဖက်များ ပြောကြားခဲ့သော စကားအများအပြားကိုလည်း ပြည့်စုံစေခဲ့သည်။ ယနေ့ အလုပ်သည်လည်း ဓမ္မဟောင်းကျမ်းပါ ရှေးပရောဖက်များ၏ ကြိုတင်ပြောကြားချက်များကို ပြည့်စုံစေသည်။ ငါသည် “အဝါရောင်သမ်းနေသည့် နှစ်ချုပ်စာအုပ်ဟောင်း” ကို မဆုပ်ကိုင်ထားရုံသာ ဖြစ်သည်။ ဤသည်မှာ အကုန်အစင်ပင်။ ငါလုပ်ဆောင်ရမည့် အလုပ်များ အများအပြား ရှိသေးသည်ဖြစ်ရာ သင်တို့ကို ငါပြောရမည့် နှုတ်ကပတ်တော်များလည်း အများအပြားရှိသေးသည်၊ ဤအလုပ်နှင့် နှုတ်ကပတ်တော်များသည် သမ္မာကျမ်းစာပါ စာပိုဒ်များကို ရှင်းပြခြင်းထက် အလွန်ပို၍ အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အလုပ်သည် သင်တို့အတွက် ကြီးမားသော အရေးပါမှု သို့မဟုတ် တန်ဖိုးမရှိ၊ သင်တို့ကို မကူညီနိုင် သို့မဟုတ် သင်တို့ကို မပြောင်းလဲနိုင်။ ငါသည် အသစ်သော အလုပ်ကို သမ္မာကျမ်းစာ၏ မည်သည့် စာပိုဒ်ကိုမှ ပြည့်စုံစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရန် မရှိပါ။ ဘုရားသခင်သည် သမ္မာကျမ်းစာပါ ရှေးပရောဖက်များ၏ စကားများကို ပြည့်စုံစေရန်သာ ကမ္ဘာမြေကြီးသို့ လာခဲ့ပါက မည်သူသည် ပို၍ ကြီးမြတ်မည်နည်း၊ လူ့ဇာတိကိုခံယူသော ဘုရားသခင်လော၊ သို့တည်းမဟုတ် ထိုရှေးပရောဖက်များလော။ အဆုံးတွင်မူ ပရောဖက်များသည် ဘုရားသခင်ကို ကြီးကြပ်သလော၊ သို့မဟုတ် ဘုရားသခင်သည် ပရောဖက်များကို ကြီးကြပ်သလော။ ယင်းစကားများကို သင်မည်သို့ ရှင်းပြမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၅)

ဘုရားသခင်၏ အလုပ်အဆင့် တစ်ခုစီတိုင်းသည် တစ်ခုတည်းသော တူညီသည့် ရေစီးကြောင်းကို လိုက်ပြီး၊ ထိုကဲ့သို့ပင် ဘုရားသခင်၏ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် ကမ္ဘာမြေကြီးကို တည်ထောင်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ အဆင့်တစ်ခုစီကို နောက်အဆင့်တစ်ခုက ကပ်၍ လိုက်လာသည်။ လမ်းဖောက်ရန် တစ်စုံတစ်ယောက် မရှိပါက နောက်တစ်ယောက်သည် လိုက်လာရန် ရှိမည်မဟုတ်ပေ။ နောက်ကလိုက်လာသောလူသည် ရှိသောကြောင့် လမ်းဖောက်သော သူတို့သည်လည်း ရှိကြသည်။ ဤနည်းလမ်းအားဖြင့် အလုပ်ကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်း ခဲ့သည်။ အဆင့်တစ်ခုသည် အခြားတစ်ခုနောက်က လိုက်လာပြီး လမ်းဖွင့်ပေးသူမရှိပါက အလုပ်ကိုစတင်ရန် ဖြစ်နိုင်မည် မဟုတ်ဘဲ ဘုရားသခင်သည် သူ၏အလုပ်ကို ရှေ့သို့ရာက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ မည်သည့်အဆင့်ကမျှ အခြားတစ်ခုကို ဆန့်ကျင်ခြင်းမရှိဘဲ တစ်ခုခြင်းသည် နောက်တစ်ခုနောက်သို့ အစဉ်လိုက် လိုက်လာခြင်းဖြင့် ရေစီးကြောင်းကို ဖြစ်ပေါ်စေသည်။ ယင်းအရာအလုံးစုံကို တူညီသော ဝိညာဉ်တော်က လုပ်ဆောင်သည်။ သို့ရာတွင် မည်သူက လမ်းဖွင့်သည်သို့မဟုတ် အခြားသူ၏အလုပ်ကို ဆက်လုပ်သည် ဆိုသည်နှင့် မသက်ဆိုင်ဘဲ ယင်းသည် သူတို့မည်သူမည်ဝါဖြစ်သည်ကို သတ်မှတ်မပေးပေ။ ဤအရာမှာ မမှန်ပေလော။ ယောဟန်သည် လမ်းဖွင့်ပေးခဲ့ပြီး ယေရှုက သူ့အလုပ်ကို ဆက်လုပ်ခြင်းဖြင့် ယင်းသည် ယေရှုမည်သူမည်ဝါ ဖြစ်ခြင်းသည် ယောဟန်ဖြစ်ခြင်းထက် နိမ့်ကြောင်း သက်သေပြနေပါသလား။ ယေဟောဝါက သူ၏အလုပ်ကို ယေရှုမတိုင်မီ လုပ်ခဲ့သည်။ သို့ဖြစ်ရာ ယေဟောဝါသည် ယေရှုထက် ကြီးမြတ်သည်ဟု သင်ပြောနိုင်သလော။ သူတို့ လမ်းဖွင့်သည် သို့မဟုတ် အခြားသူများ၏ အလုပ်ကို ဆက်လုပ်သည် ဆိုသည်တို့မှာ အရေးမကြီးပေ။ အရေးအကြီးဆုံးမှာ သူတို့အလုပ်၏ အနှစ်သာရဖြစ်ပြီး ယင်းက ကိုယ်စားပြုသော သွင်ပြင်လက္ခဏာဖြစ်သည်။ ဤအရာသည် မမှန်သလော။ ဘုရားသခင်သည် လူအများကြားတွင် အလုပ်လုပ်ရန် ရည်မှန်းထား သောကြောင့် သူသည် လမ်းဖွင့်ခြင်းအလုပ်ကို လုပ်မည့်သူများကို ပြုစုပျိုးထောင်ရသည်။ ယောဟန်သည် စတင်၍ တရားဟောသည့်အခါ “သခင် ကြွတော်မူရာ လမ်းကို ပြင်ကြလော့၊ သူ၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့။” “နောင်တရကြလော့ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟုသူပြောခဲ့သည်။ သူသည် အစောပိုင်းကတည်းက ယင်းသို့ပြောခဲ့သည်၊ သူသည် ယင်းစကားများကို အဘယ်ကြောင့် ပြောနိုင်သနည်း။ ဤစကားများကို ပြောခဲ့သည့် အစီအစဉ်အရ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ပထမဆုံးပြောသူမှာ ယောဟန်ဖြစ်ပြီး ယေရှုသည် သူ့နောက်မှ ပြောခဲ့သည်။ လူ၏အယူအဆများအရ ယောဟန်သည် အသစ်သောလမ်းကို ဖွင့်ခဲ့ပြီး သေချာသည်မှာ ယောဟန်သည် ယေရှုထက် ကြီးမြတ်သည်ဟု ဖြစ်သည်။ သို့ရာတွင် ယောဟန်သည် သူ့ကိုယ်သူ ခရစ်တော်ဖြစ်သည်ဟု မပြောခဲ့ဘဲ ဘုရားသခင်သည် သူ့ကို ဘုရားသခင်၏ ချစ်လှစွာသော သားတော်အဖြစ် သက်သေခံခြင်း မပြုခဲ့ပေ။ သို့ရာတွင် သူ့ကို သခင်အတွက် လမ်းဖွင့်ရန်နှင့် လမ်းကိုပြင်ဆင်ပေးရန်သာ အသုံးပြု ခဲ့သည်။ သူသည် ယေရှုအတွက် လမ်းခင်းပေးခဲ့သော်လည်း ယေရှုကိုယ်စား အလုပ်မလုပ်နိုင်ပေ။ လူ၏ အလုပ်များ အားလုံးကို သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ထိန်းသိမ်းထားသည်။

ဓမ္မဟောင်းကျမ်းကာလတွင် ယေဟောဝါသည် လမ်းကြောင်းကို ဦးဆောင်ခဲ့ပြီး ယေဟောဝါ၏ အလုပ်သည် ဓမ္မဟောင်းကျမ်း ခေတ်တစ်ခုလုံးကို ကိုယ်စားပြုကာ အလုပ်အားလုံးကို ဣသရေလတွင် လုပ်ခဲ့သည်။ မောရှေသည် ကမ္ဘာမြေကြီးပေါ်တွင် ဤအလုပ်ကို ထောက်မထားရုံသာရှိပြီး သူ၏ အလုပ်များသည် လူမှ ပံ့ပိုးပေးသော ပူးပေါင်းပေးမှုအဖြစ် သတ်မှတ်ခံရသည်။ ထိုအချိန်က မောရှေကို ခေါ်လျက်၊ စကားပြောသူမှာ ယေဟောဝါဖြစ် ပြီး၊ ဣသရေလ လူမျိုးတို့အကြားတွင် ပြုစုပျိုးထောင်ပေးခဲ့ကာ မောရှေအား သူတို့ကို တောထဲမှ ခါနာန်ပြည်သို့ ဦးဆောင်စေခဲ့သည်။ ယင်းမှာ မောရှေ ကိုယ်တိုင်လုပ်သော အလုပ်မဟုတ်ပေ။ ယင်းမှာ ယေဟောဝါက ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားခဲ့သဖြင့် မောရှေကို ဘုရားသခင်ဟု မခေါ်နိုင်ပေ။ မောရှေသည်လည်း ဥပဒေသကိုလည်း ချမှတ်ခဲ့သည်၊ သို့ရာတွင် ဤဥပဒေမှာ ယေဟောဝါက ကိုယ်တိုင် ပြဌာန်းပေးခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် မောရှေအား ယင်းကို ဖော်ပြစေခဲ့ခြင်းသာဖြစ်သည်။ ယေရှုသည်လည်း ပညတ်တော်များကို လုပ်ခဲ့ပြီး ဓမ္မဟောင်းကျမ်းမှ ဥပဒေသများကို ပယ်ဖျက်ကာ ခေတ်သစ်အတွက် ပညတ်တော်များကို ချမှတ်ခဲ့သည်။ ယေရှုကိုယ်တိုင် အဘယ်ကြောင့် ဘုရားသခင်ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့မှာ မတူသောအရာများ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအချိန်က မောရှေလုပ်ဆောင်ခဲ့သော အလုပ်သည် ခေတ်ကိုကိုယ်စားမပြုခဲ့သလို လမ်းအသစ်ကို ဖွင့်လှစ်ခဲ့ခြင်းမရှိပေ။ သူ့ကို ယေဟောဝါက ရှေ့မှလမ်းညွှန်ခဲ့ပြီး သူသည် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသူသာ ဖြစ်သည်။ ယေရှုလာသောအခါ ယောဟန်သည် လမ်းခင်းပေးသည့် အလုပ်အဆင့်တစ်ခုကို လုပ်ဆောင်ခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို စတင်ဖြန့်ဝေခဲ့သည်။ (သန့်ရှင်းသော ဝိညာဉ်တော်က ယင်းကို စတင်ခဲ့ပြီဖြစ်သည်။) ယေရှုကြွလာခဲ့သောအခါ သူ၏ကိုယ်ပိုင်အလုပ်ကို သူသည် တိုက်ရိုက်လုပ်ဆောင်သည်၊ သို့ရာတွင် သူ၏အလုပ်နှင့် မောရှေ၏ အလုပ်တို့အကြား ကြီးစွာကွာခြားသည်။ ဟေရှာယသည်လည်း ပရောဖက်ပြုချက် အများအပြားကို ပြောခဲ့သည့် တိုင်အောင်ပင် သူသည် ဘုရားသခင် ကိုယ်တိုင် အဘယ်ကြောင့် မဟုတ်ရသနည်း။ ယေရှုသည် ထိုမျှလောက်သော ပရောဖက် ပြုချက်များကို မပြောခဲ့သည့်တိုင်အောင် သူသည် ဘုရားသခင်ကိုယ်တိုင် အဘယ်ကြောင့် ဖြစ်ရပါသနည်း။ ထိုအချိန်က ယေရှု၏အလုပ် အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူကမျှ မပြောဝံ့ခဲ့ကြသလို အားလုံးသည် လူ၏ ဆန္ဒမှ လာသည် သို့မဟုတ် အလုံးစုံသည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ဖြစ်သည်ဟုလည်း မပြောဝံ့ခဲ့ကြပေ။ လူတွင် ယင်းအရာများကို ခွဲခြမ်းစိတ်ဖြာရန် နည်းလမ်းမရှိခဲ့ပေ။ ယင်းသို့သော အလုပ်ကို ဟေရှာယက လုပ်ခဲ့သည်၊ ယင်းသို့သော ပရောဖက်ပြုချက်များကို ပြောခဲ့သည်ဟု ပြောနိုင်ပြီး ယင်းတို့ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟုလည်း ပြောနိုင်သည်။ ယင်းတို့သည် ဟေရှာယ ကိုယ်တိုင်ထံမှ တိုက်ရိုက်လာခြင်း မဟုတ်ဘဲ ယေဟောဝါထံမှ ဖွင့်ပြချက်များ ဖြစ်သည်။ ယေရှုသည် ကြီးမားသောအလုပ်ပမာဏကို လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ နှုတ်ကပတ်တော်အများအပြားကိုလည်း မပြောခဲ့သလို ပရောဖက်ပြုချက် အများအပြားကိုလည်း မပြောခဲ့ပေ။ သူ၏ ဟောကြားချက်များသည် လူအတွက် အထူးချီးမြှောက်စရာ မရှိသည့်တိုင်အောင် သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး ယင်းသည် လူသားတို့အတွက် နက်နဲရာ အချက်ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယောဟန် သို့မဟုတ် ဟေရှာယ သို့မဟုတ် ဒါဝိဒ်ကို မည်သည့်အခါကမျှ ယုံကြည်ခြင်း မရှိခဲ့သလို သူတို့ကို ဘုရားသခင် သို့မဟုတ် ဘုရားသခင်ဒါဝိဒ် သို့မဟုတ် ဘုရားသခင် ယောဟန်ဟုလည်း မည်သူကမျှ မည်သည့်အခါကမျှ မခေါ်ခဲ့ကြပေ။ ယင်းကို မည်သူကမျှ ပြောကြားခြင်းမရှိဘဲ ယေရှုကိုသာ ခရစ်တော်ဟု ခေါ်ဆိုခဲ့ကြသည်။ ယင်းခွဲခြား သတ်မှတ်ချက်မှာ ဘုရားသခင်၏ သက်သေခံခြင်းအရဖြစ်သည်၊ သူလုပ်ဆောင်သော အလုပ်အရ ဖြစ်သည်။ သူထမ်းဆောင်သော လုပ်ငန်းစဉ်အရ ဖြစ်သည်။ အာဗြဟံ၊ ဒါဝိဒ်၊ ယောရှု၊ ဒံယေလ၊ ဟေရှာယ၊ ယောဟန်နှင့် ယေရှုကဲ့သို့သော သမ္မာကျမ်းစာ၏ ကြီးမြတ်သော လူများနှင့် ပတ်သက်၍ သူတို့ လုပ်ခဲ့သော အလုပ်မှတစ်ဆင့် မည်သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်၊ မည်သို့သော သူများသည် ပရောဖက်များဖြစ်ပြီး မည်သူတို့သည် တမန်တော်များ ဖြစ်သည်ကို သင်ပြောနိုင်သည်။ မည်သူကို ဘုရားသခင် အသုံးပြုခဲ့ပြီး၊ မည်သူက ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်မှာ သူတို့လုပ်ကိုင်သော အလုပ်၏ အနှစ်သာရ နှင့် အမျိုးအစားအားဖြင့် ကွဲခြားသတ်မှတ်ထားသည်။ သင်သည် ခြားနားချက်ကို မပြောနိုင်ပါက ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်ကို သင်မသိကြောင်း သက်သေပြနေသည်။ ယေရှုသည် ဘုရားသခင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် နှုတ်ကပတ်တော် အများအပြားပြောခဲ့ပြီး အလုပ်အများအပြား လုပ်ခဲ့သည်။ အထူးသဖြင့် သူ၏များစွာသော တန်ခိုးများကို ပြသခဲ့ခြင်းပင်ဖြစ်သည်။ အလားတူပင် ယောဟန်သည်လည်း အလုပ်အများအပြားလုပ်ခဲ့ပြီး စကားအများအပြား ပြောခဲ့သည်။ မောရှေသည်လည်း အလားတူပင် ဖြစ်သည်။ သူတို့ကို ဘုရားသခင်ဟု အဘယ်ကြောင့် မခေါ်သနည်း။ အာဒံကို ဘုရားသခင်က တိုက်ရိုက်ဖန်ဆင်းခဲ့သည်။ သူ့ကို ဖန်ဆင်းခံသတ္တဝါဟု ခေါ်မည့်အစား အဘယ်ကြောင့် ဘုရားသခင်ဟု မခေါ်သနည်း။ အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို “ယနေ့တွင် ဘုရားသခင်သည် အလုပ်အများအပြားကိုလုပ်ပြီး နှုတ်ကပတ်တော် အများအပြားကို ပြောခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ သို့ဆိုလျှင် မောရှေသည် စကားအများအပြား ပြောခဲ့ရာ သူသည်လည်း ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ရမည်” ဟု ပြောခဲ့လျှင် သင်သည် “ထိုအချိန်က ဘုရားသခင်က ယေရှုကို အဘယ်ကြောင့် သက်သေခံတော်မူပြီး ယောဟန်ကို ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် သက်သေမခံခဲ့သနည်း။ ယောဟန်သည် ယေရှုရှေ့က အရင်လာသည် မဟုတ်သလော၊ ယောဟန် သို့မဟုတ် ယေရှု၏အလုပ်၊ မည်သည်က ကြီးမြတ်သနည်း။ လူအတွက် ယောဟန်၏အလုပ်သည် ယေရှု၏အလုပ်ထက် ပိုမိုကြီးမြတ်သည်ဟု ထင်ရသော်လည်း အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ယောဟန်ကို သက်သေမခံဘဲ ယေရှုကို သက်သေခံသနည်း” ဟု သူတို့ကို ပြန်မေးသင့်သည်။ ယနေ့တွင် အလားတူအရာသည် ဖြစ်ပျက်နေသည်။ အစတွင် ဣသရေလ လူမျိုးတို့ကို မောရှေ ဦးဆောင်သောအခါ ယေဟောဝါသည် တိမ်တိုက်များအတွင်းမှ သူ့ကို စကားပြောခဲ့သည်။ မောရှေသည် တိုက်ရိုက် စကားမပြောခဲ့သော်လည်း ယင်းအစား ယေဟောဝါ၏ တိုက်ရိုက်လမ်းညွှန်မှုကို ခံယူခဲ့သည်။ ယင်းသည် ဓမ္မဟောင်းကျမ်းစာရှိ ဣသရေလတို့၏ အလုပ်ဖြစ်သည်။ မောရှေအတွင်းတွင် ဝိညာဉ်တော် သို့မဟုတ် ဘုရားသခင်၏ဖြစ်ခြင်း မရှိပေ။ ထိုအလုပ်ကို သူမလုပ်နိုင်၊ သို့ဖြစ်ရာ သူနှင့် ယေရှုလုပ်သော အလုပ်အကြားတွင် ကြီးစွာသော ခြားနားမှုရှိသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ သူတို့လုပ်သော အလုပ်များ ကွာခြားသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်ကို ဘုရားသခင်က အသုံးပြုခြင်း သို့မဟုတ် ပရောဖက်တစ်ဦး၊ တမန်တော်တစ်ဦး သို့မဟုတ် ဘုရားသခင်ကိုယ်တိုင် ဖြစ်ခြင်း၊ မဖြစ်ခြင်းကို သူ၏ အလုပ်သဘာဝ အပေါ်တွင် ခွဲခြားနိုင်ပြီး ယင်းသည် သင်၏ သံသယများကို အဆုံးသတ်စေလိမ့်မည်။ သမ္မာကျမ်းစာထဲတွင် သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ဖွင့်နိုင်သည်ဟု ရေးထားသည်။ ခေတ်များ တစ်လျှောက် ကြီးကျယ်သော လူပုဂ္ဂိုလ်များအကြားတွင် သမ္မာကျမ်းစာလာ အချက်များကို ရှင်းပြပေးသူ အများအပြားရှိခဲ့သည်။ သို့ဆိုလျှင် ထိုသူတို့အားလုံးသည် သိုးသငယ်ဖြစ်သည်ဟု သင်ပြောနိုင် သလော။ သူတို့၏ရှင်းပြချက်များအားလုံးသည် ဘုရားသခင်ထံမှ လာသည်ဟု သင်ပြောနိုင်သလော။ သူတို့သည် အနက်ဖွင့်သူများသာ ဖြစ်သည်။ သူတို့တွင် သိုးသငယ်၏ သွင်ပြင်လက္ခဏာမရှိ။ သူတို့သည် မည်သို့လျှင် တံဆိပ်ခုနှစ်ချက်ကိုဖွင့်ရန် ထိုက်တန်နိုင်မည်နည်း။ “သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ဖွင့်နိုင်သည်” ဆိုသည်မှာ မှန်သည်။ သို့သော်လည်း သူသည် တံဆိပ်ခုနှစ်ချက်ကိုဖွင့်ရုံသာ လာသည်မဟုတ်ပေ။ ဤအလုပ်အတွက် လိုအပ်ချက် မရှိပေ။ ယင်းမှာ သူ့အလိုလို ပြီးစီးသွားသည်။ သူသည် သူ၏ကိုယ်ပိုင်အလုပ်ကို လုံးဝ ရှင်းလင်းသည်။ သူသည် သမ္မာကျမ်းစာလာ အချက်များကို အနက်ဖွင့်ရန်အတွက် အချိန်များစွာယူရန် လိုအပ်ပါသလော။ “သမ္မာကျမ်းစာလာ အချက်များကို အနက်ဖွင့်သော သိုးသငယ်ခေတ်” ကို အနှစ်ခြောက်ထောင် အလုပ်တွင် ထည့်သွင်းရန် လိုအပ်မည်လော။ သူသည် အသစ်သော အလုပ်ကို လုပ်ရန်လာသည်။ သို့သော်လည်း သူသည် အတိတ်ကာလက အလုပ်အကြောင်း ဖွင့်ပြချက်အချို့ကို ပေးခဲ့သည်။ နှစ်ခြောက်ထောင် အလုပ်၏ သမ္မာတရားကို လူများ နားလည်အောင် လုပ်ခဲ့သည်။ သမ္မာကျမ်းစာမှ စာပိုဒ် အများအပြားကို ရှင်းပြရန် မလိုအပ်ပေ။ အရေးပါသည့်အရာ၊ သော့ချက်ဖြစ်သည့်အရာမှာ ယနေ့၏ အလုပ်ဖြစ်သည်။ ထိုအရာသည် အရေးကြီးသည်။ ဘုရားသခင်သည် အထူးသဖြင့် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်ရန် လာသည် မဟုတ်ဘဲ၊ ကယ်တင်ခြင်းအလုပ်ကို လုပ်ရန် လာသည်ကို သင်သိသင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၆)

ကျေးဇူးတော်ခေတ်တွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို မလုပ်နိုင်ခဲ့ဘဲ လူသား၏ တာဝန်ကို ဖြည့်ဆည်းရုံမျှ ဖြည့်ဆည်းခဲ့သည်။ ယောဟန်သည် သခင်၏ရှေ့ပြေး ဖြစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ခဲ့ပေ။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော လူသားတစ်ဦးသာ ဖြစ်သည်။ ယေရှု ဗတ္တိဇံခံပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ သူ့အပေါ်သို့ ဆင်းသက်ခဲ့သည်။ ထို့နောက် ယေရှုသည် သူ၏ အလုပ်ကို စတင်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ခရစ်တော်၏ အမှုတော်ကို စတင်ခဲ့လေသည်။ သူကြွလာခဲ့သည်မှာ ဘုရားသခင်ထံမှ ဖြစ်သောကြောင့် သူသည် ဘုရားသခင်၏ သွင်ပြင်လက္ခဏာ ဆောင်ခဲ့သည်။ ဤမတိုင်မီ သူ၏ယုံကြည်ခြင်းသည် မည်ကဲ့သို့ပင် ဖြစ်နေခဲ့ပါစေ- သူ၏ယုံကြည်ခြင်းသည် တစ်ခါတစ်ရံ အားနည်းကောင်း အားနည်းမည်၊ သို့မဟုတ် တစ်ခါတစ်ရံ ခိုင်မာကောင်း ခိုင်မာမည်— အားလုံးသည် ယေရှု သူ၏သာသနာကို မဆောင်ရွက်မီ သူ အသက်ရှင်ခဲ့သည့် သာမန် လူသားအသက်တာနှင့် သက်ဆိုင်ပေသည်။ သူ ဗတ္တိဇံ ခံပြီးနောက် (ယင်းမှာ ဘိသိက်ခံပြီးနောက်ဖြစ်သည်)၊ ဘုရားသခင်၏ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် သူနှင့်အတူ ချက်ချင်း ရှိကြပြီး၊ ထို့ကြောင့် သူသည် သူ၏ သာသနာကို စတင်ခဲ့လေသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို လုပ်ဆောင်နိုင်ခဲ့သည်၊ အံ့သြဖွယ်ရာများကို ဆောင်ရွက်နိုင်ခဲ့ပြီး၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်စား တိုက်ရိုက် လုပ်ဆောင်နေခဲ့သောကြောင့် တန်ခိုးနှင့် ဩဇာအာဏာတို့ ရှိခဲ့လေသည်။ ဝိညာဉ်တော်၏ အလုပ်ကို သူသည် ကိုယ်စားလုပ်ဆောင်နေခဲ့ပြီး၊ ဝိညာဉ်တော်၏ အသံကို ဖော်ပြနေခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်ခဲ့လေသည်။ ဤကား ငြင်းဆန်၍မရသော အရာဖြစ်သည်။ ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် သူတစ်ဦး ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ဘုရားသခင်ကို ကိုယ်စားပြုရန်လည်း မဖြစ်နိုင်ပေ။ သူသည် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိခဲ့ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အား လုပ်ဆောင်ခွင့်ပြုမည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင် ပြီးမြောက်ရန် ရည်ရွယ်ထားသည့် အမှုကို သူမဆောင်ရွက်နိုင်သည့်အတွက် ဖြစ်သည်။ သူ့အထဲတွင် လူသား၏ဆန္ဒများစွာ သို့မဟုတ် သွေဖည်သောအရာတစ်ခုခု ရှိကောင်းရှိလိမ့်မည်၊ မည်သည့် အခြေအနေတွင်မျှ သူသည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား ပြုနိုင်မည် မဟုတ်။ သူ၏ အမှားများနှင့် မမှန်ကန်မှုများက သူ့ကိုသာ ကိုယ်စားပြုနေသော်လည်း၊ သူ၏အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ကိုယ်စားပြုခဲ့ပေသည်။ သို့သော်၊ သူ၏ အရာအားလုံးသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု သင်ပြော၍မရပေ။ သူ၏ သွေဖည်မှုနှင့် မမှန်ကန်မှုတို့ကလည်း ဘုရားသခင်ကို ကိုယ်စားပြုနိုင်မည်လော။ လူသားကို ကိုယ်စားပြုရာတွင် မမှန်ကန်ခြင်းမှာ ပုံမှန်ဖြစ်သည်၊ သို့သော် ဘုရားသခင်ကို ကိုယ်စား ပြုရာတွင် သွေဖည်ပါက၊ ယင်းသည် ဘုရားသခင်ကို အရှက်ရစေခြင်း ဖြစ်လိမ့်မည် မဟုတ်လော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း ဖြစ်လိမ့်မည်မဟုတ်လော။ လူသည် အခြားသူများ၏ ချီးမြှောက်ခြင်းခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို ဘုရားသခင်နေရာတွင် ရပ်တည်ရန် တော်ရုံတန်ရုံ ခွင့်မပြုပေ။ သူသည် ဘုရားသခင် မဟုတ်ပါက၊ အဆုံးတွင် ခိုင်မြဲစွာ ရပ်တည်နိုင်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားကို သူနှစ်သက်သည်အတိုင်း ဘုရားသခင်ကို ကိုယ်စားပြုရန် ခွင့်မပြုပေ။ ဥပမာအားဖြင့်၊ ယောဟန်ကို သက်သေခံခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး ယေရှုကို လမ်းကြောင်းခင်းပေးသူတစ်ဦးအဖြစ် သူ့ကို ထုတ်ဖော်ပြခဲ့သည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်၊ သို့သော် သူ့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ခဲ့သည့် အမှုကို ကောင်းစွာ ချင့်ချိန်ထားခဲ့၏။ ယောဟန်ကို စေခိုင်းခဲ့သမျှမှာ ယေရှုအတွက် လမ်းခင်းပေးသူဖြစ်ရန်၊ သူ့အတွက် လမ်းခရီးကို ပြင်ဆင်ပေးရန် ဖြစ်သည်။ ဆိုလိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် လမ်းခင်းပေးရာတွင်သာ ယောဟန်၏ အလုပ်ကိုအတည်ပြုခဲ့ပြီး၊ ထိုသို့သော အလုပ်ကို လုပ်ဆောင်ဖို့သာ သူ့ကို ခွင့်ပြုခဲ့ပေသည်- အခြားသော အလုပ်ကိုလုပ်ဖို့ ခွင့်မပြုခဲ့ပေ။ ယောဟန်သည် ဧလိယကို ကိုယ်စားပြုခဲ့ပြီး လမ်းခင်းပေးခဲ့သည့် ပရောဖက်တစ်ဦးကို ကိုယ်စားပြုခဲ့သည်။ ဤအရာတွင်သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို အတည်ပြုခဲ့သည်။ သူ၏ အလုပ်သည် လမ်းခင်းပေးဖို့ ဖြစ်နေသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို အတည်ပြုခဲ့သည်။ သို့သော်၊ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ကြောင်း အခိုင်အမာဆိုခဲ့ပြီး ရွေးနုတ်ခြင်းအမှုကို အပြီးသတ်ဖို့ လာခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို ဆုံးမပဲ့ပြင်ခဲ့ရပေမည်။ ယောဟန်၏ အလုပ်သည် မည်မျှပင် ကြီးမြတ်ပါစေ၊ ပြီးလျှင် ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အတည်ပြုခြင်းကို ရလင့်ကစား၊ သူ၏ အလုပ်သည် နယ်နိမိတ် ကင်းမဲ့သည် မဟုတ်ချေ။ သူ၏လုပ်ဆောင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က ဧကန်အမှန် အတည်ပြုခဲ့သည်မှာ မှန်ပါ၏၊ သို့သော်၊ ထိုအချိန်တွင် သူ့ကိုပေးခဲ့သည့် တန်ခိုးမှာ သူ၏လမ်းခင်းပေးခြင်း အထိသာ ကန့်သတ်ထားခဲ့ပေသည်။ သူသည် လမ်းခင်းပေးသည့် ယောဟန်သာ ဖြစ်ပြီး ယေရှုမဟုတ်သည့်အတွက် အခြား မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်မှာ အဓိကသော့ချက် ဖြစ်သည်၊ သို့သော်လည်း လူသား လုပ်ဆောင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော် အခွင့်ပေးသည့် အလုပ်မှာ ပို၍ပင် အရေးပါလှပေသည်။ ယောဟန်သည် ထိုအချိန်က ထူးကဲသော သက်သေကို ရရှိခဲ့ပြီးဖြစ်သည် မဟုတ်လော။ သူ၏ အလုပ်သည်လည်း ကြီးမြတ်ခဲ့သည် မဟုတ်သလော။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူသားတစ်ဦးမျှသာ ဖြစ်ပြီး ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့သောကြောင့် သူလုပ်ဆောင်ခဲ့သည့် အလုပ်သည် အကန့်အသတ်ရှိခဲ့သည့်အတွက် ယေရှု၏ အလုပ်ကို မကျော်လွန်နိုင်ခဲ့ပေ။ သူလမ်းခင်းသည့် အလုပ် ပြီးစီးပြီးနောက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ သက်သေခံချက်ကို အတည်မပြုပေးတော့ပေ၊ မည်သည့် အလုပ်သစ်မျှသူ့နောက် လိုက်မလာတော့သကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင်၏အမှု စတင်ခဲ့ချိန်တွင် သူထွက်ခွာသွားခဲ့သည်။

ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပေ။ သို့သော် ငါပြုသည့်အမှုသည် ဘုရားသခင်၏ အမှုဖြစ်၏။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ခြင်း မလိုအပ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို အဆင့်အတန်းတစ်ခု နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ဂုဏ်ပုဒ်တစ်ခုပေးရန် မလိုအပ်ပေ။ သူ၏ အမှုက သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေကို ရရှိပြီးနောက်မှသာ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ဖြစ်လာခဲ့သည်ဟု ပြော၍မရနိုင်သည်ကား ဧကန်မုချ ဖြစ်၏။ သူသည် မိမိ၏အမှုကို မစတင်မီ အချိန်ကြာမြင့်စွာကတည်းက၊ ယေရှုဟု အမည်တွင်သည့် လူတစ်ဦး ရှိခဲ့သည် မဟုတ်လော။ သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟုခေါ်သည်ဖြစ်စေ ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟုခေါ်သည်ဖြစ်စေ ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပေ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် အမည်နာမကို သူဂရုမစိုက်ပေ။ ထိုအမည်နာမသည် သူ၏အလုပ်ကို အဆုံးအဖြတ်ပေးနိုင်သလော။ သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၇)

သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူသားတစ်ဦးကပင် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စား မပြုနိုင်ချေ။ ထိုသို့သောလူသားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဟု ဆိုလိုသည်သာမက၊ သူလုပ်ဆောင်သည့် အလုပ်သည်လည်း ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ လူသား၏ အတွေ့အကြုံကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းတွင် တိုက်ရိုက်နေရာပေး၍ မရသကဲ့သို့၊ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အလုပ်သည်၊ သူကိုယ်တိုင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် လုပ်ဆောင်ရန် သူရည်ရွယ်ထားသည့် အလုပ်ဖြစ်ပြီး ကြီးမြတ်သည့် စီမံခန့်ခွဲမှုနှင့် ဆက်စပ်ပေသည်။ လူသားက ဆောင်ရွက်သည့် အလုပ်သည် ၎င်းတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံကို ထောက်ပံ့ပေးခြင်း ပါဝင်သည်။ သူ့ရှေ့တွင် သွားပြီးသူများ လျှောက်ခဲ့ကြသည့်အတွေ့အကြုံ လမ်းကြောင်းကို ကျော်လွန်၍ အသစ်သော လမ်းကြောင်းကို ရှာတွေ့ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင်ရှိစဉ်တွင် ၎င်းတို့၏ညီအစ်ကို မောင်နှမများကို လမ်းပြခြင်းတို့ ပါဝင်သည်။ ဤလူများ ထောက်ပံ့ပေးသည့်အရာမှာ ၎င်းတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံ၊ သို့မဟုတ် ဝိညာဉ်ရေးရာ လူတို့၏ ဝိညာဉ်ရေးရာ အရေးအသားများ ဖြစ်သည်။ ဤလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော်လည်း၊ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်သည် အနှစ်ခြောက်ထောင် အစီအစဉ်ထဲက ကြီးမြတ်သည့် စီမံခန့်ခွဲမှုအမှုနှင့် ဆက်နွှယ်မှုမရှိပေ။ ၎င်းတို့သည် ၎င်းတို့ ဆောင်ရွက်နိုင်သည့် လုပ်ငန်းတာဝန်များ ဆုံးခန်းတိုင်သွားသည်အထိ၊ သို့မဟုတ် ၎င်းတို့၏ အသက်တာများ အဆုံးသတ်သည်အထိ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် လူတို့ကို ဦးဆောင်ရန် မတူညီသည့် ခေတ်ကာလများ၌ သန့်ရှင်းသော ဝိညာဉ်တော်က မြှင့်တင်ခဲ့သည့် သူများသာ ဖြစ်ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် အလုပ်မှာ ဘုရားသခင်ကိုယ်တော်တိုင်အတွက် သင့်တော်သည့် လမ်းကြောင်းကို ပြင်ဆင်ပေးရန်၊ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကိုယ်တော်တိုင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သော ကဏ္ဍတစ်ခုခုကို ဆက်လက်လုပ်ဆောင်ရန်သာ ဖြစ်သည်။ ဤလူများသည် မိမိတို့ကိုယ်၌အားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် သာ၍ကြီးမားသော အလုပ်ကို မလုပ်နိုင်ကြသကဲ့သို့၊ အသစ်သော ထွက်ပေါက်များကိုပင် မဖွင့်နိုင်ကြသည့်အပြင်၊ ၎င်းတို့ထဲမှ မည်သူမျှသည် ယခင်ခေတ်ကာလမှ ဘုရားသခင်၏ အမှုအားလုံးကို အဆုံးသတ်စေရန် သာ၍ပင် မလုပ်နိုင်ချေ။ ထို့ကြောင့် ၎င်းတို့လုပ်သည့် အလုပ်သည် ဖန်ဆင်းခံ သတ္တဝါက မိမိ၏လုပ်ငန်းဆောင်တာကို ဆောင်ရွက်ခြင်းကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တိုင်က သူ၏အမှုတော်ကို ဆောင်ရွက်ခြင်းအား ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့လုပ်ဆောင်သော အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ခဲ့သည့် အမှုနှင့် မတူသောကြောင့် ဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို ဖွင့်လှစ်ပေးသည့် အလုပ်သည် ဘုရားသခင်ကိုယ်စား လူသားက ပြုလုပ်နိုင်သော အရာတစ်ခု မဟုတ်ချေ။ ယင်းကို ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍ အခြားမည်သူမျှ မပြုလုပ်နိုင်ပေ။ လူသား လုပ်ဆောင်သည့် အလုပ်အားလုံးသည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဆောင်ရွက်ခြင်း ပါဝင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို တို့ထိသည့်အခါ၊ သို့မဟုတ် ဉာဏ်အလင်းပေးသည့်အခါ လုပ်ဆောင်ခြင်းဖြစ်သည်။ ဤ လူများက ထောက်ပံ့ပေးသည့် လမ်းပြမှုမှာ နေ့စဉ်အသက်တာ၌ လူကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ပြုမူသင့်သည်တို့ကို ပြပေးခြင်း လုံးလုံးလျားလျား ပါဝင်လေသည်။ လူသား၏အလုပ်၌ ဘုရားသခင်၏ စီမံခန့်ခွဲမှု မပါဝင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကိုလည်း ကိုယ်စားမပြုပေ။ ဥပမာတစ်ခုအနေဖြင့်၊ မျက်မြင်သက်သေ လီ (Lee) နှင့် စောင့်ကြပ်ကြည့်ရှုသူ နီ (Nee) တို့၏အလုပ်မှာ လမ်းပြရန်ဖြစ်သည်။ လမ်းသစ်ဖြစ်စေ လမ်းဟောင်းဖြစ်စေ၊ အလုပ်သည် သမ္မာကျမ်းစာအတွင်းတွင် ရှိနေခြင်း သဘောတရားအပေါ် အခြေခံခဲ့လေသည်။ ဒေသခံအသင်းတော်ကို ပြန်လည်ပြုပြင်ဖို့ဖြစ်စေ၊ ဒေသခံအသင်းတော်ကို တည်ဆောက်ဖို့ဖြစ်စေ၊ ၎င်းတို့၏အလုပ်မှာ အသင်းတော်များကို တည်ထောင်ခြင်းနှင့် သက်ဆိုင်လေသည်။ သူတို့လုပ်ဆောင်သည့် အလုပ်သည် ယေရှုနှင့် သူ၏တမန်တော်များက မပြီးပြတ်ဘဲ ကျန်ခဲ့သည့် အလုပ်၊ သို့မဟုတ် ကျေးဇူးတော်ခေတ်တွင် ဆက်လက် မဖြစ်ပေါ်ခဲ့သည့် အလုပ်ကို ဆက်လုပ်ခြင်း ဖြစ်သည်။ သူတို့အလုပ်၌ သူတို့လုပ်ဆောင်ခဲ့သည့်အရာမှာ ယေရှုက သူ၏နောင်လာမျိုးဆက်များကို သူ၏ကနဦးအမှုတွင် တောင်းဆိုခဲ့သည့် ခေါင်းဖုံးခြင်း၊ ဗတ္တိဇံခံခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်း၊ သို့မဟုတ် စပျစ်ရည်သောက်ခြင်း စသည်တို့ကို ပြန်လည်ဖော်ထုတ်ရန် ဖြစ်သည်။ ၎င်းတို့၏အလုပ်သည် ကျမ်းစာကို ထိန်းသိမ်းရန်နှင့် ကျမ်းစာအတွင်းရှိ လမ်းကြောင်းများကို ရှာဖွေရန်ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် အသစ်ဖြစ်သော မည်သည့်တိုးတက်မှုကိုမျှ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့၏အလုပ်တွင် ကျမ်းစာအတွင်းရှိ လမ်းသစ်များအပြင် သာ၍ ကောင်းမွန်ပြီး သာ၍ လက်တွေ့ကျသည့် ကျင့်ကြံမှုများကို ရှာဖွေတွေ့ရှိခြင်းကိုသာ မြင်တွေ့နိုင်သည်။ သို့သော် ၎င်းတို့၏အလုပ်ထဲတွင် ဘုရားသခင်၏ လက်ရှိအလိုတော်ကို မမြင်တွေ့နိုင်ဘဲ၊ နောက်ဆုံးသောကာလ၌ ဘုရားသခင် လုပ်ဆောင်ရန် စီစဉ်ထားသည့် အသစ်သော အမှုကို သာ၍ပင် မတွေ့နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူတို့လျှောက်သည့် လမ်းကြောင်းသည် လမ်းဟောင်းတစ်ခု ဖြစ်နေဆဲဖြစ်သောကြောင့် ဖြစ်သည်- အသစ်ပြုပြင်ခြင်းနှင့် တိုးတက်မှုတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် ယေရှု၏ ကားစင်တင်ခံရခြင်း အချက်ကို ဆက်လက်စွဲကိုင်ထားကြသည်၊ လူများကို နောင်တရ၍ မိမိတို့၏ အပြစ်များကိုဝန်ခံရန် တောင်းဆိုသည့် ကျင့်ကြံမှုကို ဆက်လက်လိုက်နာကြသည်၊ အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်ဟူသည့် ဆိုရိုးစကားများနှင့် ယောက်ျားသည် မိန်းမ၏ ဦးခေါင်းဖြစ်ပြီး၊ မိန်းမသည် မိမိခင်ပွန်းကို နာခံရမည်ဟူသည့် ဆိုရိုးစကားများနှင့် ညီအစ်မများသည် တရားမဟောရဘဲ နာခံရုံ နာခံရမည်ဆိုသည့် ရိုးရာ အယူအဆကို ဆက်လက်စောင့်ထိန်းကြလေသည်။ အကယ်၍ ထိုသို့သော ဦးဆောင်မှုပုံစံကို ဆက်လက်လိုက်နာမည်ဆိုပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုသစ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်၊ လူတို့ကို အယူဝါဒများထဲမှ လွတ်မြောက်စေနိုင်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို လွတ်လပ်မှုနှင့် လှပမှု နယ်ပယ်ထဲသို့ ဦးဆောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ခေတ်ကို ပြောင်းလဲစေသည့် ဤအမှုအဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး ပြောဆိုရမည် ဖြစ်သည်၊ သို့မဟုတ်ပါက မည်သည့်လူသားကမျှ သူ့ကိုယ်စား မလုပ်ဆောင်နိုင်ပေ။ ဤအထိ၊ ဤရေစီးကြောင်းပြင်ပရှိ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အားလုံးသည် လုံးဝဥဿုံ ရပ်တန့်သွားပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော သူများသည် မိမိတို့၏ ရပ်တည်ရာများ ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူတို့၏ အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သည့် အလုပ်နှင့် တူညီမှုမရှိသည့်အတွက်၊ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများနှင့် မည်သူ၏ကိုယ်စား သူတို့လုပ်ကိုင်သည်ဟူသည့် အကြောင်းအရာများသည်လည်း ထိုကဲ့သို့ပင် ကွဲပြားမှုရှိကြသည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ရန် ရည်ရွယ်သောအမှုသည် ကွဲပြားသောကြောင့် ဖြစ်ပြီး၊ သို့ဖြစ်၍ အလားတူလုပ်ဆောင်သူများသည် မတူညီသည့် ကိုယ်ပိုင်လက္ခဏာများနှင့် အဆင့်အတန်းများ အပ်နှင်းခြင်းခံရလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူတို့သည် ဆန်းသစ်သည့် အလုပ်အချို့ကိုလည်း လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပြီး၊ ယခင်ခေတ်က လုပ်ဆောင်ခဲ့သည့် အလုပ်အချို့ကိုလည်း ဖယ်ရှားကောင်းဖယ်ရှားနိုင်၏၊ သို့သော်လည်း ၎င်းတို့လုပ်ဆောင်သည့် အရာသည် အသစ်သော ခေတ်ထဲရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် အလိုတော်ကို ဖော်ပြနိုင်ခြင်း မရှိပေ။ ယခင်ခေတ်က အလုပ်ကို ဖယ်ရှားရန်သာ ၎င်းတို့လုပ်ဆောင်ကြပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားကို တိုက်ရိုက်ကိုယ်စားပြုရန် ရည်ရွယ်သည့် အသစ်သောအလုပ်ကို လုပ်ဆောင်ရန် မဟုတ်ပေ။ ထို့ကြောင့်၊ ၎င်းတို့သည် ခေတ်မမီတော့သည့် လက်တွေ့လုပ်ဆောင်မှုမည်မျှကို ပယ်ဖျက်သည်ဖြစ်စေ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအသစ် မည်မျှကို ၎င်းတို့ စတင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် လူသားနှင့် ဖန်ဆင်းခံသတ္တဝါများကိုသာ ကိုယ်စားပြုဆဲဖြစ်သည်။ သို့သော် ဘုရားသခင်ကိုယ်တော်တိုင် အမှုကို ဆောင်ရွက်သည့်အခါ၊ သူသည် ခေတ်ဟောင်း၏ လက်တွေ့လုပ်ဆောင်မှုများအား ပယ်ဖျက်ခြင်းကို ပွင့်လင်းစွာ မကြေညာပေ၊ သို့မဟုတ် ခေတ်သစ်တစ်ခု၏ စတင်မှုကို တိုက်ရိုက် မကြေညာချေ။ သူသည် မိမိ၏အမှုတွင် ပွင့်လင်းကာ ဖြောင့်မတ်လေသည်။ သူရည်ရွယ်သည့် အလုပ်ကို ဆောင်ရွက်ရာ၌ သူသည် ပွင့်လင်း၏။ ဆိုလိုသည်မှာ၊ သူ ဆောင်ကြဉ်းပြီးဖြစ်သည့် အမှုကို သူ တိုက်ရိုက်ဖော်ပြသည်၊ သူ၏ ဖြစ်တည်ခြင်းနှင့် စိတ်သဘောထားကို ဖော်ပြလျက် နဂိုမူလ ရည်ရွယ်ထားသည့်အတိုင်း သူ၏အမှုကို တိုက်ရိုက် လုပ်ဆောင်လေသည်။ လူသား၏ အမြင်အရ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အလုပ်တို့သည်လည်း ယခင်ခေတ်များထဲက အမှုများနှင့် ကွာခြားပေသည်။ သို့သော်၊ ဘုရားသခင် ကိုယ်တိုင်၏ ရှုထောင့်မှ၊ ဤသည်မှာ သူ့အမှု၏အဆက်နှင့် ရှေ့ဆက်တိုးတက်မှု တစ်ခုမျှသာ ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် အမှုပြုသည့်အခါ၊ သူသည် မိမိ၏နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြပြီး၊ အသစ်သော အမှုကို တိုက်ရိုက် ယူဆောင်လာလေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူသား လုပ်ဆောင်သည့်အခါတွင်၊ ယင်းသည် စဉ်းစားချင့်ချိန်မှုနှင့် လေ့လာမှုမှတဆင့် ဖြစ်သည်၊ သို့မဟုတ် ယင်းသည် အခြားသူများ၏ လုပ်ဆောင်မှုအပေါ် တည်ဆောက်ထားသည့် လက်တွေ့လုပ်ဆောင်မှုနှင့် ဆိုင်သည့် အသိပညာနှင့် စနစ်တကျရှိစေခြင်းတို့ကို တိုးချဲ့ခြင်းတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ၊ လူသား လုပ်ဆောင်သည့် အလုပ်၏အနှစ်သာရသည် အခြေခိုင်သောအမိန့်ကို နာခံရန်နှင့် “လမ်းဟောင်းများကို ဖိနပ်အသစ်များဖြင့် လျှောက်လမ်းရန်” ဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူသားများ လျှောက်သည့်လမ်းကြောင်းပင်လျင်၊ ဘုရားသခင်ကိုယ်တော်တိုင် အစပျိုးခဲ့သည့် အရာအပေါ် တည်ဆောက်ထားသည်ဟု ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးအနှစ်ချုပ်လိုက်က၊ လူသားသည် လူသားသာဖြစ်ပြီး၊ ဘုရားသခင်က ဘုရားသခင် ဖြစ်ဆဲဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၈)

ဣဇာက်သည် အာဗြဟံမှ မွေးဖွားလာသကဲ့သို့ ယောဟန်သည်လည်း ကတိတော်အားဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူသည် ယေရှုအတွက် လမ်းခင်းပေးခဲ့ပြီး များစွာသောအလုပ်ကို လုပ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင် မဟုတ်ပေ။ ယင်းထက်၊ သူသည် ယေရှုအတွက် လမ်းသာခင်းပေးခဲ့သောကြောင့်၊ ပရောဖက်များထဲမှ တစ်ဦး ဖြစ်ခဲ့ပေသည်။ သူ၏အလုပ်သည်လည်း ကြီးမြတ်ခဲ့ပြီး၊ ယေရှုသည် သူ၏အမှုကို တရားဝင် စတင်ခဲ့သည်မှာ ယောဟန်က လမ်းခင်းပေးခဲ့ပြီးသည့် နောက်မှသာ ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ သူသည် ယေရှုအတွက်သက်သက် လုပ်ကိုင်ပေးခဲ့ခြင်းဖြစ်ပြီး၊ သူလုပ်ခဲ့သည့် အလုပ်သည် ယေရှု၏အမှုကို အစေခံခြင်းဖြစ်သည်။ လမ်းခင်းပေးခြင်းကို သူ ပြီးဆုံးခဲ့သည့်နောက်၊ ယေရှုသည် သာ၍ သစ်လွင်သည့်၊ သာ၍ ခိုင်ခံ့ပြီး သာ၍အသေးစိတ်ကျသည့် သူ၏အမှုကို စတင်ခဲ့လေသည်။ ယောဟန်သည် အမှု၏အစပိုင်းကိုသာ လုပ်ဆောင်ခဲ့သည်။ အသစ်သောအမှု၏ သာ၍ကြီးမြတ်သည့် အပိုင်းကို ယေရှုက လုပ်ဆောင်ခဲ့လေသည်။ ယောဟန်သည် အမှုသစ်ကိုလည်း လုပ်ဆောင်ခဲ့၏၊ သို့သော် သူသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သူ မဟုတ်ခဲ့ပေ။ ယောဟန်သည် ကတိတော်အားဖြင့် မွေးဖွားခဲ့ပြီး သူ့အမည်ကို ကောင်းကင်တမန်က ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က အချို့သည် သူ့ဖခင်အမည် ဇာခရိကို အစွဲပြုပြီး သူ့ကိုအမည်ပေးလို ခဲ့ကြသော်လည်း၊ သူ၏မိခင်က “ဤကလေးကို ထိုအမည် ခေါ်၍မရပါ။ သူ့ကို ယောဟန်ဟု ခေါ်ရမည်” ဟု ထုတ်ပြောခဲ့သည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမိန့်အရ ဖြစ်ခဲ့သည်။ ယေရှုကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမိန့်အရ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှ မွေးဖွားခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သူသည် ကတိတော်ရှိထားခဲ့လေသည်။ ယေရှုသည် ဘုရားသခင်၊ ခရစ်တော်နှင့် လူသား ဖြစ်ခဲ့သည်။ သို့သော် ယောဟန်၏ အလုပ်သည်လည်း ကြီးမြတ်ပါလျက် သူ့ကို ဘုရားသခင်ဟု အဘယ်ကြောင့် မခေါ်သနည်း။ ယေရှုပြုခဲ့သည့် အလုပ်နှင့် ယောဟန် ပြုခဲ့သည့် အလုပ်နှစ်ခုအကြား ခြားနားမှု အတိအကျမှာ အဘယ်နည်း။ ယောဟန်သည် ယေရှုအတွက် လမ်းခင်းပေးခဲ့သူတစ်ဦး ဖြစ်သည်မှာ တစ်ခုတည်းသော အကြောင်းပြချက်လော။ သို့မဟုတ် ဘုရားသခင်က ဤအရာကို ရှေးမဆွက ခွဲခန့်မှတ်သားထား၍လော။ ယောဟန်သည်လည်း၊ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟု ပြောခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို ဟောကြားခဲ့သော်လည်း၊ သူ၏ အလုပ်သည် နောက်ထပ် တိုးတက်ခြင်းမရှိခဲ့သကဲ့သို့ စတင်ရုံမျှ ဖြစ်ခဲ့လေသည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ယေရှုသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သည့်အပြင် ခေတ်ဟောင်းကို အဆုံးသတ်ခဲ့၏၊ သို့သော် သူသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားကိုလည်း ပြည့်စုံစေခဲ့သည်။ သူပြုခဲ့သည့် အမှုသည် ယောဟန်၏ အမှုထက် သာ၍ကြီးမြတ်သည့်အပြင်၊ သူသည် လူသားမျိုးနွယ်အားလုံးကို ရွေးနှုတ်ရန် ကြွလာခဲ့ခြင်းဖြစ်သည်— သူသည် ထိုအမှုအဆင့်ကို ပြီးမြောက်ခဲ့သည်။ ယောဟန်အတွက်မူ၊ သူသည် လမ်းခရီးသက်သက် ပြင်ဆင်ပေးခဲ့သည်။ သူ၏ အလုပ်သည် ကြီးမြတ်သော်လည်း၊ သူပြောခဲ့သည့် စကားလုံးများပြား၍၊ သူ့နောက်သို့လိုက်သည့် တပည့်များစွာ ရှိခဲ့သော်လည်း၊ သူ၏အလုပ်သည် လူသားထံ အသစ်သောစတင်ခြင်းကို ယူဆောင်ပေးခြင်းထက် မပိုပေ။ လူသားသည် သူ့ထံမှ အသက်၊ လမ်းခရီး သို့မဟုတ် သာ၍ နက်ရှိုင်းသော သမ္မာတရားများကို ဘယ်သောအခါမျှ မရခဲ့သကဲ့သို့၊ သူမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို သိနားလည်ခြင်း မရရှိခဲ့ပေ။ ယောဟန်သည် ယေရှု၏အမှုအတွက် အသစ်သောနယ်ပယ်ကို ဖွင့်ပေးခဲ့ပြီး ရွေးချယ်ခြင်းခံရသူကို ပြင်ဆင်ပေးခဲ့သည့် ကြီးမြတ်သည့် ပရောဖက် (ဧလိယ) ဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်၏ ရှေ့ပြေးတစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သောအကြောင်းအရာများကို ၎င်းတို့၏ သာမန်လူသားဟန်ပန်များကို လေ့လာရုံဖြင့် မသိမမြင်နိုင်ပေ။ ယောဟန်သည် အတော်အတန် ကြီးမားသည့် အလုပ်ကို ဆောင်ရွက်ခဲ့ပြီး၊ ထို့ပြင် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်ရှိထားခဲ့ကာ သူ၏လုပ်ဆောင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က ထိန်းသိမ်းခဲ့သည့်အတွက် ဤသည်မှာ သာ၍ လျော်ကန်ပေသည်။ ဤသို့ဖြစ်ခြင်းကြောင့်၊ လူတစ်ဦး၏ အပြင်ပန်း သွင်ပြင်များမှ သူ၏အနှစ်သာရကို မပြောနိုင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သည့် သက်သေခံချက်က မည်သည့်အရာဖြစ်သည်ကို သေချာစေရန် လေ့လာစိစစ်ဖို့ နည်းလမ်းတစ်ခုတစ်လေ မရှိသည့်အတွက်၊ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်မှတဆင့်သာ ၎င်းတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများကို ခွဲခြားနိုင်ပေသည်။ ယောဟန် လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ယေရှုပြုခဲ့သည့် အမှုတို့သည် တူညီမှုမရှိသကဲ့သို့၊ သဘာဝခြင်းလည်း ခြားနားပေသည်။ ဤအရာမှ ယောဟန်သည် ဘုရားသခင် ဟုတ်၊ မဟုတ်ဆိုသည်ကို ဆုံးဖြတ်နိုင်ပေသည်။ ယေရှု၏အမှုသည် စတင်ရန်၊ ဆက်လက်လုပ်ဆောင်ရန်၊ အဆုံးသတ်ရန်နှင့် ဖြစ်ထွန်းစေရန် ဖြစ်သည်။ ဤအဆင့်တစ်ဆင့်ချင်းစီကို သူ ဆောင်ရွက်ခဲ့သည်၊ ယောဟန်၏ အလုပ်မှာမူ အစပြုခြင်းထက် ဘာမျှမပိုခဲ့ပေ။ အစတွင် ယေရှုသည် ဧဝံဂေလိတရားကို ဖြန့်ဝေပြီး၊ နောင်တတရား လမ်းခရီးကို ဟောပြောခဲ့သည်၊ ထို့နောက် ဆက်လက်၍ လူသားကို ရေနှစ်ခြင်းပေးခဲ့သည်၊ နာမကျန်းဖြစ်သူများကို ကုသပျောက်ကင်းစေပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်။ အဆုံးတွင်၊ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ခဲ့ပြီး ခေတ်တစ်ခုလုံးအတွက် သူ၏အမှုကို အဆုံးသတ်ခဲ့သည်။ သူသည် လူသားကို တရားဟောကြားခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေရင်း နေရာတိုင်းကိုလည်း သွားခဲ့သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ သူနှင့် ယောဟန်သည် တူညီကြ၏၊ မတူညီခြင်းမှာ ယေရှုသည် ခေတ်သစ်ကို ဖွင့်ပေးခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို လူသားထံ ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် လူသား လက်တွေ့လုပ်ဆောင်သင့်သည့် အရာနှင့် လိုက်လျှောက်သင့်သည့် လမ်းခရီးနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်သည် သူ၏နှုတ်မှ ထွက်လာခဲ့ပြီး၊ အဆုံးတွင် ရွေးနုတ်ခြင်းအမှုကို သူအဆုံးသတ်ခဲ့သည်။ ယောဟန်သည် ဤအလုပ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လုပ်ဆောင်ခဲ့သူမှာ ယေရှုဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုသူမှာ သူ ဖြစ်လေသည်။ ကတိတော်အားဖြင့် မွေးဖွားခဲ့သူများ၊ ဝိညာဉ်တော်အားဖြင့် မွေးဖွားခဲ့သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အတည်ပြုခြင်းခံရသူများနှင့် လမ်းသစ်များ ဖွင့်ပေးသောသူများ အားလုံးတို့သည် ဘုရားသခင်ပင်ဖြစ်သည်ဟု လူသား၏ အယူအဆများက ဆိုကြသည်။ ဤသုံးသပ်ဆင်ခြင်မှုအရ၊ ယောဟန်သည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်ဖြစ်ပြီး မောရှေ၊ အာဗြဟံနှင့် ဒါဝိဒ်...သူတို့အားလုံးသည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်။ ဤအရာသည် ပြောင်မြောက်သော ပြက်လုံးတစ်ခု မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၉)

အချို့က၊ “ခေတ်ကာလကို ဘုရားသခင် ကိုယ်တော်တိုင်က အဘယ်ကြောင့် ဖွင့်ပေးရမည်နည်း။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသူတစ်ဦးက မရပ်တည်ပေးနိုင်သလော။” ဟု စဉ်းစားကောင်း စဉ်းစားမည်။ ဘုရားသခင်သည် ခေတ်သစ်ကို ဖွင့်ပေးခြင်း ရည်ရွယ်ချက်ကို ဖော်ပြရန်အတွက် လူ့ဇာတိခံယူလာခဲ့သည်ကို သင်တို့အားလုံး သတိပြုမိကြပြီး၊ ခေတ်သစ်ကို သူဖွင့်ပေးသည့်အချိန်တွင် သူသည် တစ်ချိန်တည်းတွင် ခေတ်ဟောင်းကို အဆုံးသတ်လိမ့်မည်မှာ မှန်ပေ၏။ ဘုရားသခင်သည် အစနှင့်အဆုံး ဖြစ်သည်။ သူ၏ အမှုကို စတင်လှုပ်ရှားစေသည်မှာ သူကိုယ်တိုင်ဖြစ်ပြီး၊ ထို့ကြောင့် အရင်ခေတ်ကို အဆုံးသတ်သူမှာလည်း သူကိုယ်တိုင်ဖြစ်ရပေမည်။ ယင်းသည် စာတန်ကို သူ အောင်နိုင်ခြင်းနှင့် ကမ္ဘာမြေကြီးကို သူ၏သိမ်းပိုက်ခြင်း၏ သက်သေဖြစ်သည်။ အချိန်တိုင်းတွင် သူကိုယ်တိုင် လူသားအကြား အမှုပြုလေသည်၊ ယင်းသည် အသစ်သော စစ်ပွဲတစ်ခု၏ အစဖြစ်ပေသည်။ အသစ်သော အမှု၏အစ မရှိဘဲနှင့်၊ အမှုဟောင်း၏ နိဂုံးသည် အလိုအလျောက်ပင် ရှိလိမ့်မည် မဟုတ်ပေ။ အမှုဟောင်း၏ နိဂုံးမရှိသည့်အခါ၊ စာတန်နှင့် တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်မလာသေးကြောင်း သက်သေဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်လာပြီး လူသားကြားတွင် အမှုသစ်ပြုမှသာလျှင်၊ လူသားသည် စာတန်၏အုပ်စိုးမှုကို လုံးဝချိုးဖောက်ပြီး အသက်တာသစ်နှင့် စတင်မှု အသစ်ကို ရရှိနိုင်ပေသည်။ သို့မဟုတ်ပါက၊ လူသားသည် ခေတ်ဟောင်းတွင် ထာဝရအသက်ရှင်နေထိုင်နေပြီး စာတန်၏ လွှမ်းမိုးမှုဟောင်း အောက်၌သာ ထာဝရနေရလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ဦးဆောင်ခဲ့သည့် ခေတ်ကာလတိုင်းနှင့်အတူ၊ လူသားအချို့က လွတ်မြောက်သွားပြီး ထို့သို့ဖြင့်၊ လူသားသည် ခေတ်သစ်ဆီသို့ ဘုရားသခင်၏ အမှုနှင့်အတူ တက်လှမ်းလေသည်။ ဘုရားသခင်၏ အောင်မြင်မှုဟူသည်မှာ သူ့နောက် လိုက်လျှောက်သည့် သူအားလုံး၏ အောင်မြင်မှုဟု ဆိုလိုပေသည်။ အဖန်ဆင်းခံ လူသားမျိုးနွယ်အား ခေတ်ကာလကို အဆုံးသတ်ခြင်းတာဝန် ပေးမည်ဆိုလျှင်၊ လူသား၏ ရှုထောင့်အမြင်မှဖြစ်စေ သို့မဟုတ် စာတန်၏ ရှုထောင့်အမြင်မှ ဖြစ်စေ၊ ဤအရာသည် ဘုရားသခင်ကို နာခံသည့် လုပ်ရပ်တစ်ခု မဟုတ်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် လုပ်ရပ် သို့မဟုတ် သစ္စာဖောက်သည့် လုပ်ရပ်တစ်ခုသာ ဖြစ်လိမ့်မည်၊ ပြီးလျှင် လူသား၏ အလုပ်သည် စာတန်အတွက် တန်ဆာပလာတစ်ခု ဖြစ်သွားပေလိမ့်မည်။ လူသားအနေဖြင့် ဘုရားသခင်ကိုယ်တော်တိုင် ဖွင့်လှစ်သည့် ခေတ်တစ်ခုထဲတွင် ဘုရားသခင်ကို နာခံမှုရှိပြီး လိုက်လျှောက်မှသာ၊ စာတန်က အပြည့်အဝ ယုံကြည်လက်ခံနိုင်ပေမည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ဖြစ်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သင်တို့အနေဖြင့် လိုက်လျှောက်ရန်နှင့် နာခံရန်သာ လိုအပ်ပြီး နောက်ထပ် ဘာကိုမျှ သင်တို့ကို တောင်းဆိုခြင်းမရှိဟု ငါဆိုခြင်း ဖြစ်၏။ ဤသည်မှာ အသီးသီးက မိမိ၏တာဝန်ကို ထိန်းသိမ်းထားခြင်းနှင့် အသီးသီးက မိမိ၏ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာကို ဆောင်ရွက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူကိုယ်တိုင်၏ အလုပ်ကိုလုပ်ပြီး၊ လူသားက သူ့ကိုယ်စား လုပ်ပေးရန် မလိုအပ်သကဲ့သို့၊ ဖန်ဆင်းခံများ၏ အလုပ်တွင်လည်း သူပါဝင်ပတ်သက်ခြင်း မရှိပေ။ လူသားသည် မိမိကိုယ်တိုင်၏ တာဝန်ကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိ။ ဤအရာသည်သာ စစ်မှန်သည့် နာခံခြင်းဖြစ်ပြီး၊ စာတန်ကို အနိုင်ယူခြင်းသက်သေ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် ခေတ်သစ်ကို ဖွင့်လှစ်ပေး ပြီးနောက်၊ သူကိုယ်တိုင်သည် လူသားများအကြားတွင် အမှုပြုရန် ကြွဆင်းလာခြင်း မရှိတော့ချေ။ ထိုအခါမှသာ လူသားသည် မိမိ၏တာဝန်ကို ဆောင်ရွက်ရန်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ထမ်းရွက်ရန် ခေတ်သစ်ထဲသို့ တရားဝင် လှမ်းလာခြင်း ဖြစ်သည်။ ဤအရာများသည် မည်သူမျှ မချိုးဖောက်ရသော ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများဖြစ်သည်။ ဤနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည်သာလျှင် သင့်တင့်လျောက်ပတ်မှုရှိပြီး လျော်ကန်ပေသည်။ ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ရမည်ဖြစ်သည်။ သူ၏အမှုကို စတင်လှုပ်ရှားစေသူမှာ သူဖြစ်ပြီး သူ၏ အမှုကို အဆုံးသတ်သူမှာ သူဖြစ်၏။ အမှုကို စီစဉ်သူမှာ သူဖြစ်ပြီး၊ ယင်းအား စီမံခန့်ခွဲသူမှာ သူ ဖြစ်သည်၊ ထို့ထက်မက အမှုကို အောင်မြင်စေသူမှာ သူပင် ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲတွင် “ငါသည်အစနှင့် အဆုံးဖြစ်သည်၊ ငါသည် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူဖြစ်သည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။ သူ၏ စီမံခန့်ခွဲခြင်းနှင့်ဆိုင်သည့် အမှုနှင့် ဆက်စပ်သမျှကို ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်လေသည်။ သူသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အုပ်ချုပ်သူဖြစ်သည်။ အရာအားလုံးကို ထိန်းချုပ်ထားသူမှာ သူ ဖြစ်သည့်အတွက်၊ မည်သူမျှ ဘုရားသခင်ကိုယ်စား သူ၏အမှုကို မလုပ်ဆောင်နိုင်သကဲ့သို့ သူ၏ အမှုကို မည်သူမျှ အဆုံးမသတ်စေနိုင်ပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းပြီးနောက်၊ သူသည် ကမ္ဘာလောကတစ်ခုလုံးကို သူ၏အလင်းထဲတွင် အသက်ရှင်ဖို့ ဦးဆောင်မည်ဖြစ်ပြီး၊ ခေတ်တစ်ခုလုံးကိုလည်း အဆုံးသတ်လိမ့်မည်၊ ထိုသို့ဖြင့် သူ၏ အစီအစဉ်တစ်ခုလုံးကို အောင်မြင်စေလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၀)

ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံသည် နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်လျှောက်တွင် ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ယင်းတို့ကို ပညတ်တော်ခေတ်တွင်သာ၊ ကျေးဇူးတော်ခေတ်တွင်သာ သို့မဟုတ် ထို့ထက်ပို၍ နည်းပါးကာ နောက်ဆုံးသော ခေတ်၏ ဤကာလအပိုင်းအခြားတွင်သာ ဖော်ထုတ် ခဲ့သည် မဟုတ်ပေ။ နောက်ဆုံးကာလတွင် လုပ်ဆောင်သော အလုပ်သည် တရားစီရင်ခြင်း၊ အမျက်ဒေါသနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလတွင် လုပ်ဆောင်သော အလုပ်ကို ပညတ်တော်ခေတ်၊ သို့မဟုတ် ကျေးဇူးတော်ခေတ်တို့၏ အလုပ်နှင့် အစားထိုးခြင်း မပြုနိုင်ပေ။ သို့ရာတွင် အဆင့်သုံးဆင့်သည် တစ်ခုတည်းအဖြစ် အပြန်အလှန် ဆက်စပ်နေပြီး ဘုရားသခင် တစ်ပါးတည်းက လုပ်ဆောင်သည့် အလုံးစုံသော အလုပ်ဖြစ်သည်။ ပင်ကိုအားဖြင့် ယင်းအလုပ်အား အကောင်အထည်ဖော်မှုကို သီးခြားခေတ်များအဖြစ်သို့ ပိုင်းခြားထားခြင်းဖြစ်သည်။ နောက်ဆုံးသောကာလတွင် လုပ်ဆောင်သောအလုပ်သည် အလုံးစုံကို အဆုံးသတ်စေသည်၊ ပညတ်တော်ခေတ်တွင် လုပ်သောအလုပ်သည် အစပျိုးခြင်းအလုပ်ဖြစ်ပြီး ကျေးဇူးတော်ခေတ်တွင် လုပ်သောအလုပ်သည် ရွေးနှုတ်ခြင်းအလုပ်ဖြစ်သည်။ ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးရှိ အလုပ်၏ ရူပါရုံများနှင့်စပ်လျဉ်း၍မူ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုးထွင်းသိမြင်နိုင်ခြင်း၊ သို့မဟုတ် နားလည်နိုင်ခြင်းတို့ မရှိနိုင်ပေ၊ ထို့အပြင် ယင်းရူပါရုံများသည် ပဟေဠိများအဖြစ် ဆက်လက်တည်ရှိနေသည်။ နောက်ဆုံးသော ကာလတွင် နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးရန် နှုတ်ကပတ်တော်၏ အလုပ်ကိုသာလျှင် လုပ်ဆောင်ခြင်းဖြစ်သော်လည်း ယင်းသည် ခေတ်အားလုံးကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလသည် နောက်ဆုံးသောကာလထက် မကျော်လွန်သကဲ့သို့ နိုင်ငံတော်ခေတ် ကိုလည်း မကျော်လွန်ပေ၊ ယင်းသည် ကျေးဇူးတော်ခေတ်၊ သို့မဟုတ် ပညတ်တော်ခေတ်ကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလ အတောအတွင်း အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရှိ အလုပ်အလုံးစုံကို သင်တို့အား ဖော်ပြခြင်းသာ ဖြစ်သည်။ ယင်းမှာ နက်နဲမှုကို ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ယင်းသို့သော နက်နဲခြင်းကို မည်သည့် လူတစ်ဦးတစ်ယောက်ကမျှ မဖော်ထုတ်နိုင်။ လူတစ်ဦး တစ်ယောက်သည် မည်မျှပင် သမ္မာကျမ်းစာကို နားလည်သည်ဆိုစေကာမူ လူသားသည် သမ္မာကျမ်းစာ၏ အခြင်းအရာကို နားမလည်သောကြောင့် ယင်းသည် စကားလုံးများထက်မပိုပေ။ လူက သမ္မာကျမ်းစာကို ဖတ်သည့်အခါ သမ္မာတရား အချို့ကို သူရနိုင်သည်၊ စကားလုံး အချို့ကို ရှင်းပြနိုင်မည် သို့မဟုတ် ကျော်ကြားသော အဆိုများနှင့် ကိုးကားချက်များကို လေ့လာဆန်းစစ်နိုင်မည်။ သို့သော်လည်း လူအားလုံး မြင်သည်မှာ အသက် မရှိသော စကားလုံးများသာ ဖြစ်ပြီး ယေဟောဝါနှင့် ယေရှုတို့ အလုပ်၏ ရှုခင်းများ မဟုတ်သည့်အတွက် ယင်းစကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်များကိုမူ သူသည် မည်သည့်အခါမျှ ထုတ်နှုတ်နိုင်မည် မဟုတ်ဘဲ လူသားသည် ယင်းအလုပ်၏ နက်နဲခြင်းကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲခြင်းသည် အကြီးမားဆုံး နက်နဲခြင်း ဖြစ်ပြီး လူသားတို့အတွက် အကြီးမားဆုံး ဖုံးကွယ်ထားမှု ဖြစ်ကာ လူသားတို့ မည်သို့မျှ မဖော်ထုတ်နိုင်ပေ။ ဘုရားသခင်၏ အလိုကို သူကိုယ်တိုင်က ရှင်းပြပြီး လူသားအား ဖွင့်ပေးခြင်း မပြုပါက မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက် နားလည်နိုင်မည် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် ယင်းတို့သည် လူသားအတွက် အစဉ်အမြဲ ပဟေဠိဖြစ်နေပြီး ချိတ်ပိတ်ထားသော နက်နဲရာများအဖြစ် အစဉ်အမြဲ ရှိနေမည်ဖြစ်သည်။ ယနေ့တွင် သင့်ကို ပြောပြခဲ့ပြီးမဟုတ်ပါက၊ ဘာသာရေးအသိုင်းအဝိုင်းမှ လူများကို မဆိုထားနှင့်၊ သင်သည်လည်း နားလည်ပြီးဖြစ်လိမ့်မည်မဟုတ်ပေ။ ဤနှစ်ပေါင်း ခြောက်ထောင် အလုပ်သည် ပရောဖက်များ ဟောကြားချက်အားလုံးထက် ပိုမို၍ နက်နဲရှုပ်ထွေးသည်။ ယင်းသည် ဖန်ဆင်းသည့် အချိန်မှစ၍ အနက်နဲဆုံးဖြစ်ပြီး ယခင်က ဖော်ထုတ်ခဲ့ခြင်း မရှိဘဲ နောက်ဆုံးခေတ်တွင်မှသာ ဖော်ထုတ်မည် ဖြစ်သောကြောင့် ဤနက်နဲခြင်းကို မည်သည့် ယခင်က ပရောဖက်မှ နားမလည်နိုင်သေးပေ။ သင်တို့သည် ဤနက်နဲခြင်းကို နားလည်ပြီး အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့လျှင် ယင်းဘာသာရေး ပုဂ္ဂိုလ်များသည် ဤနက်နဲခြင်း၏ သိမ်းပိုက် အောင်မြင်ခြင်းကို ခံကြရလိမ့်မည်။ ဤအရာသည်သာလျှင် အကြီးကျယ်ဆုံး ရူပါရုံ ဖြစ်ပြီး လူသားတို့ နားအလည်ချင်ဆုံး အရာဖြစ်သော်လည်း သူ့အတွက် မရှင်းလင်းဆုံး အရာလည်း ဖြစ်သည်။ သင်တို့သည် ကျေးဇူးတော်ခေတ်တွင် ရှိသောအခါ သင်တို့သည် ယေရှု သို့မဟုတ် ယေဟောဝါ လုပ်ဆောင်သော အလုပ်တို့ကို သင်တို့ သိခဲ့ကြသည် မဟုတ်ပေ။ ယေဟောဝါသည် အဘယ်ကြောင့် ပညတ်တော်များကို ချမှတ်သည်၊ သူက အဘယ်ကြောင့် လူများကို ပညတ်တော်များကို စောင့်ထိန်းရန် ပြောကြားသည်၊ သို့မဟုတ် ဗိမာန်တော်ကို အဘယ်ကြောင့် ဆောက်လုပ်ခဲ့ရသည်တို့နှင့် ပတ်သက်၍ မည်သည်ကိုမျှ လူအများ နားမလည်ခဲ့ဘဲ ဣသရေလ လူမျိုးတို့ကို အဲဂုတ္တုပြည်မှ တောထဲသို့ ခေါ်သွားပြီး ခါနာန်ပြည်သို့ အဘယ်ကြောင့် ခေါ်ဆောင် သွားခဲ့သည်ကို လူများနားလည်ရန် ပိုမိုခက်ခဲသည်။ ဤနေ့သို့ မရောက်မီအထိ ယင်းကိစ္စများကို ဖော်ထုတ်ခြင်း မခံရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၁)

သန့်ရှင်းသောဝိညာဉ်တော်၏ အထူးလမ်းပြပို့ဆောင်ခြင်းကို ခံရသောသူများမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်ကိုယ်တည်း သီးခြား ရှင်သန်မရပ်တည်နိုင်ပေ။ အကြောင်းရင်းမှာ ထိုသူများသည် ဘုရားသခင်အသုံးပြုသောသူများ၏ သာသနာအဆုံးအမနှင့် သိုးထိန်းလမ်းပြမှုကို လိုအပ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ခေတ်အသီးသီးတွင် ဘုရားသခင်သည် သူ၏အမှုတော်အဖို့အလို့ငှာ အသင်းတော်များအား သိုးထိန်းလမ်းပြခြင်းကို ဝန်တာထားကာ ထမ်းရွက်နိုင်မည့်သူများကို ရွေးချယ်ခန့်ထားခဲ့သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ဘုရားသခင်၏ အမှုတော်ကို သူသဘောကျနှစ်သက်ကာ မျက်နှာသာပေးခြင်း ခံရသောသူများမှတစ်ဆင့် ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ အလုပ်ဖြစ်ဖို့ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသူများအထဲရှိ အသုံးပြုခြင်းခံထိုက်သည့် အစိတ်အပိုင်းကို အသုံးပြုရမည် ဖြစ်သည်၊ ထို့ပြင် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းအားဖြင့် ဘုရားသခင်၏ အသုံးပြုခြင်းခံရရန်အတွက် သင့်လျော်သောသူများဖြစ်လာစေရန် ပြုပြင်ခြင်းခံရသည်။ လူသား၏ နားလည်နိုင်စွမ်းသည် အလွန်ပင် ချို့တဲ့သည့်အကြောင်းကြောင့် သူ့အနေဖြင့် ဘုရားသခင်၏အသုံးပြုခြင်း ခံရသောသူများ၏ သိုးထိန်းလမ်းပြမှုကို လိုအပ်သည်။ မောရှေကို ဘုရားသခင်အသုံးပြုပုံမှာလည်း ဤနည်းနှင့်ပင်ဖြစ်ပါသည်။ ဘုရားသခင်သည် မောရှေအထဲ၌ ထိုအချိန်က အသုံးပြုရန် သင့်လျော်မည့်အရာများကို တွေ့ခဲ့ပြီး ထိုအဆင့်အတွင်းရှိ ဘုရားအမှုတော်ကို ထမ်းဆောင်ရန် ထိုအရာများကို အသုံးပြုခဲ့သည်။ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို အသုံးပြုသည်သာမက အလုပ်ဖြစ်ရန်အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်မှ အသုံးပြုနိုင်သော လူသား၏အစိတ်အပိုင်းကိုလည်း အကျိုးရှိရှိ သူအသုံးချသည်၊ ထို့ပြင် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ထိုသူကို လမ်းပြပို့ဆောင်ပေးပြီး တစ်ဆက်တည်းပင် ကျန်ရှိနေသေးသည့် အသုံးပြု၍မရသော အစိတ်အပိုင်းကို စုံလင်စေသည်။

ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူမှ ဆောင်ရွက်သည့် အလုပ်သည် ခရစ်တော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ ဤသူမှာ လူသားတို့အကြား ဘုရားသခင်၏ ချီးမြှောက်ခြင်း ခံထားရသူဖြစ်သည်၊ ဘုရားသခင်၏ ရွေးကောက်ခံထားရသူများ အားလုံးကို ဦးဆောင်ရန် သူရှိနေသည်၊ ထို့ပြင် သူသည် လူသားဖက်မှ ပူးပေါင်းဆောင်ရွက်မှု အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း ခံထားရသူလည်းဖြစ်သည်။ လူသားဖက်မှ ပူးပေါင်းဆောင်ရွက်မှု အလုပ်ကို လုပ်ဆောင်နိုင်သည့် ဤကဲ့သို့သော သူတစ်ယောက်နှင့်ဆိုလျှင် လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်မှ လူသားများအကြား လုပ်ဆောင်ရမည့် အမှုတို့ကို ထိုသူမှတစ်ဆင့် ပို၍များပြားစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ယင်းကို အခြားတစ်နည်းဖြင့်ဆိုရသော် ဤလူကို ဘုရားသခင်အသုံးပြုရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ နောက်ကိုလိုက်သည့်သူများအားလုံး ဘုရားသခင်၏အလိုတော်ကို ပိုမိုနားလည်လာနိုင်ရန်နှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ပို၍ ကြိုးပမ်းရရှိနိုင်စေရန်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို တိုက်ရိုက်နားလည်နိုင်စွမ်း မရှိသည့်အတွက် ထိုသို့သောအမှုမျိုးကို ထမ်းဆောင်နေကျဖြစ်သောသူ တစ်စုံတစ်ယောက်ကို ဘုရားသခင်ချီးမြှောက်သည်။ ဘုရားသခင်၏ အသုံးပြုခြင်း ခံရသော ဤပုဂ္ဂိုလ်ကို ဘုရားသခင်မှ လူသားများကို လမ်းပြရာတွင်သုံးသော ကြားခံတန်ဆာပလာအဖြစ်၊ ဘုရားသခင်နှင့် လူတို့အကြား ဆက်သွယ်ပေးသော “ဘာသာပြန်” အဖြစ် ဖော်ပြနိုင်သည်။ ထို့ကြောင့် ဤကဲ့သို့သောသူမှာ ဘုရားသခင်၏အိမ်တော်၌ အလုပ်လုပ် နေကြသည့်သူများ သို့မဟုတ် ဘုရားသခင်၏ တမန်တော်များနှင့် မတူညီပါ။ ထိုသူများကဲ့သို့ သူ့အား ဘုရားသခင်ကို အစေခံသူဟု ပြော၍ရသော်ငြားလည်း သူ့အလုပ်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အသုံးပြုခံရခြင်း နောက်ခံအရဆိုလျှင် အခြားအမှုတော်ဆောင်များ၊ တမန်တော်များနှင့် အလွန်ပင် ကွဲပြားခြားနားလှသည်။ သူ့အလုပ်၏ အနှစ်သာရနှင့် သူအသုံးပြုခံရခြင်း နောက်ခံအရ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသောသူသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို ခံရသည်၊ ဘုရား၏အမှုအတွက် ဘုရားသခင်က သူ့ကိုပြင်ဆင်ပေးပြီး သူသည်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုတော်ထဲ၌ ပူးပေါင်း လုပ်ဆောင်သည်။ မည်သူကမျှ ဤသူ၏အလုပ်ကို အစားထိုး မလုပ်ဆောင်နိုင်ပါ၊ ဘုရားသဘောသဘာဝအမှုအတွက် လူသားဖက်မှ ပူးပေါင်းဆောင်ရွက်မှုသည် သီးခြားခွဲထုတ်၍မရသော အရာဖြစ်သည်။ သို့သော်ငြားလည်း အခြားအမှုတော်ဆောင်များ သို့မဟုတ် တမန်တော်များမှ ဆောင်ရွက်သည့် အလုပ်မှာမူ ခေတ်ကာလ အသီးသီးတစ်လျှောက် အသင်းတော်များအတွက် ရှုထောင့်များစွာမှ စီစဉ်ပေးမှုများကို ပို့ဆောင်ပေးခြင်းနှင့် အကောင်အထည်ဖော်ခြင်းသာ ဖြစ်သည်၊ သို့မဟုတ်ပါက အသင်းတော်အသက်တာကို ထိန်းသိမ်းရန်အလို့ငှာ အသက်တာကို ရိုးရိုးစင်းစင်း ထောက်ပံ့သည့် အလုပ်သာဖြစ်သည်။ ဤအမှုတော်ဆောင်များနှင့် တမန်တော်များကို ဘုရားသခင်၏ ခန့်အပ်ထားခြင်း ခံရသောသူများ မဟုတ်ကြပါ၊ သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုသည့်သူများဟု သာ၍ပင် မခေါ်နိုင်ပါ။ ၎င်းတို့သည် အသင်းတော်များထဲမှ ရွေးချယ် ခံထားရသောသူများဖြစ်ကာ၊ အချိန်ကာလတစ်ခုကြာ သွန်သင် လေ့ကျင့်ကာ ပြုစုပျိုးထောင်ပေးပြီးသည့်နောက်၊ သင့်လျော် စံမီသောသူများက ရှေ့ဆက်ကြပြီး မသင့်လျော် စံမမီသောသူများမှာမူ သူတို့လာခဲ့သောအရပ်များဆီသို့ ပြန်စေလွှတ်ခြင်းခံရသည်။ ဤသူများသည် အသင်းတော်များထဲမှ ရွေးချယ်ခံထားရသည့်သူများ ဖြစ်သောကြောင့် အချို့တို့မှာ ခေါင်းဆောင်များဖြစ်လာပြီးနောက်တွင် သူတို့၏စရိုက်အမှန်များကို ပြလာကြသည်၊ ထို့ပြင် အချို့သူများမှာ မကောင်းသောအရာ အများအပြားကိုပင် ပြုကြသည့်အတွက် ဖယ်ရှားသုတ်သင်ခံလိုက်ရသည်။ သို့သော်ငြားလည်း ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသည့်သူမှာမူ ဘုရားသခင်၏ ပြင်ဆင်ပေးခြင်းကို ခံထားရသည့်သူဖြစ်ပြီး အစွမ်းအစအချို့ ပိုင်ဆိုင်ကာ လူ့သဘာဝရှိသောသူ ဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကြိုတင်၍ ပြင်ဆင်ပေးခြင်းနှင့် စုံလင်အောင်ပြုပေးခြင်းကို ခံထားရသူဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အပြည့်အဝ ဦးဆောင်ခြင်းကို ခံရသည်၊ ထို့ပြင် အထူးသဖြင့် သူ၏အလုပ်နှင့် ပတ်သက်လာလျှင် သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်ပေးခြင်းနှင့် ဦးစီးကွပ်ကဲခြင်းကို ခံရသည်၊ ယင်းအကြောင်းကြောင့် ဘုရားသခင်၏ ရွေးကောက် ခံထားရသောသူများကို ဦးဆောင်ခြင်းလမ်းကြောင်းတွင် တိမ်းစောင်း သွေဖည်မှုများ မရှိတော့ပါ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏အမှုတော်ကို ဧကန်မုချ တာဝန်ယူလေ့ရှိပြီး သူကိုယ်တိုင်ပင် အမြဲတမ်း လုပ်ဆောင်၍ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားများကို ဘုရားသခင်အသုံးပြုခြင်းနှင့် ပတ်သက်၍” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၂)

သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲမှ အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်ဖြစ်စေ၊ အသုံးပြုခံရသော လူသားများ၏အလုပ်ဖြစ်စေ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရသည် သန့်ရှင်း သော ဝိညာဉ်တော် သို့မဟုတ် ခုနှစ်ဆပြင်းထန်သော ဝိညာဉ်တော်ဟု ခေါ်ဆိုနိုင်သော ဝိညာဉ်တော်ဖြစ်သည်။ အားလုံးခြုံကြည့်လျှင် ယင်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ ယင်းတို့မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို မတူညီသော ခေတ်ကာလများအတွင်း မတူညီသည့် ခေါ်ဆိုမှုများသာဖြစ်သည်။ သို့ရာတွင် သူတို့၏ အနှစ်သာရသည် တစ်ခုတည်းသာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်နေသော အလုပ်ထက် လျော့နည်းခြင်းမရှိပေ။ အသုံးပြုခြင်း ခံရသော လူသားတို့၏ အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော ဖော်ပြချက်သာဖြစ်ပြီး ကွဲပြားခြားနားမှု မရှိပေ။ တစ်ဖက်တွင် အသုံးပြုခြင်းခံရသော လူသားတို့၏ အလုပ်သည် လူ့အမှုအရာများစွာနှင့် ရောနှောနေပြီး ပြီးပြည့်စုံသော ဖော်ပြချက်ကို မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ပင် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ကွဲပြားခြားနားပြီး မည်သည့် အခြေအနေများနှင့်မျှ ကန့်သတ်ထားခြင်းမရှိပေ။ အလုပ်သည် မတူညီသော လူတို့အလိုက် ကွဲပြားခြားနားပြီး၊ မတူညီသော အလုပ်လုပ်ခြင်း အနှစ်သာရကို ဖော်ဆောင်သည်။ မတူညီသော ခေတ်များထဲရှိ အလုပ်သည်လည်း မတူညီသော တိုင်းပြည်များမှ အလုပ်ကဲ့သို့ ကွဲပြားသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မတူညီသော နည်းလမ်းများစွာနှင့် နိယာမများစွာအရ အလုပ်လုပ် သော်လည်း၊ အလုပ်ကို မည်သို့လုပ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်လူအမျိုးအစားတို့အပေါ်တွင် လုပ်ဆောင်သည် ဖြစ်စေ အနှစ်သာရသည် အမြဲတမ်း ကွဲပြားနေသည်၊ ပြီးလျှင် မတူညီသော လူများအပေါ်တွင် သူပြုသော အလုပ်အားလုံးသည် နိယာမများရှိပြီး အားလုံးသည် အလုပ်ရည်ရွယ်ချက်၏ အနှစ်သာရကို ကိုယ်စားပြု နိုင်သည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်သည် နယ်ပယ်အားဖြင့် အတော်ပင်တိကျပြီး အတန်ငယ် ဖြည်းဖြည်းနှင့်မှန်မှန် ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ခံယူထားသော လူ့ဇာတိထဲတွင် ပြုသော အလုပ်သည် လူတို့အပေါ်တွင် ပြုလုပ်သောအလုပ်နှင့် မတူညီပေ။ အလုပ်သည်လည်း လူတို့၏ မတူညီသော အရည်အချင်းပေါ်တွင် မူတည်ပြီး ကွဲပြားမှု အမျိုးမျိုးရှိသည်။ ခံယူထားသော လူ့ဇာတိထဲတွင် ပြုလုပ်သော အလုပ်ကို လူတို့တွင် မပြုလုပ်ပေ။ လူတို့တွင် ပြုလုပ်သည့် အလုပ်နှင့် တူညီသည့် အလုပ်ကို ခံယူထားသော လူ့ဇာတိထဲတွင် သူမပြုပေ။ စကားတစ်ခွန်း ဖြင့်ဆိုရသော် သူသည်မည်သို့ အလုပ်လုပ်သည်ဖြစ်စေ၊ ကွဲပြားခြားနားသော ရည်ရွယ်ချက်များဖြင့် ပြုသော အလုပ်သည် မည်သည့်အခါမျှ တူညီမှုမရှိဘဲ သူလုပ်သည့် နိယာမများသည်လည်း မတူညီသော လူတို့၏ အခြေအနေနှင့် သဘာဝတို့နှင့်အညီ ကွဲပြားမှုရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ရှိရင်းစွဲ အနှစ်သာရအပေါ် အခြေခံကာ မတူညီသော လူတို့တွင် အလုပ်လုပ်ပြီး သူတို့၏ရှိရင်းစွဲ အနှစ်သာရထက် ကျော်လွန်၍ တောင်းဆိုမှုများကို မပြု၊ သူတို့၏ အရည်အချင်း အစစ်အမှန်ကို ကျော်လွန်ကာ လုပ်ဆောင်မှု ကိုလည်း သူမပြုပေ။ သို့ဖြစ်၍ လူတို့အပေါ်တွင်ပြုသော သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် အလုပ် ရည်ရွယ်ချက်၏ အနှစ်သာရကို လူတို့တွေ့မြင်ရန် ခွင့်ပြုလေသည်။ လူသား၏ ရှိရင်းစွဲအနှစ်သာရသည် ပြောင်းလဲခြင်းမရှိပေ။ လူသား၏ အရည်အချင်း အစစ်အမှန်သည် အကန့်အသတ်ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ကို အသုံးပြုသည်ဖြစ်စေ၊ လူတို့အပေါ်တွင် အလုပ်လုပ်သည်ဖြစ်စေ၊ ထိုအလုပ်သည် လူတို့ အရည်အချင်း၏ အကန့်အသတ်များနှင့်အညီ အမြဲဖြစ်လေသည်။ သို့မှသာ သူတို့သည် ယင်းမှတစ်ဆင့် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အသုံးပြုခြင်းခံရသော လူတို့အပေါ် အလုပ်လုပ်စဉ်တွင် သူတို့၏ပါရမီများနှင့် သူတို့၏ အရည်အချင်းအစစ်အမှန် နှစ်ခုစလုံးသည် ချန်လှပ်ထားခြင်းမခံရဘဲ ပေါ်လွင်လာသည်။ သူတို့၏ အရည်အချင်း အစစ်အမှန်အားလုံးသည် အလုပ်ကို ထောက်မစိမ့်သောငှာ အသုံးပြုခြင်းခံရသည်။ လက်တွေ့ကျသော ရလဒ်များကိုရရှိရန်အလို့ငှာ လူသားတွင်ရှိသော သုံးနိုင်သည့် အစိတ်အပိုင်းများ အားလုံးကို အသုံးပြုခြင်းဖြင့် သူအလုပ်လုပ်သည်ဟု ဆိုနိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ခံယူထားသော လူ့ဇာတိထဲတွင် ပြုလုပ်သောအလုပ်သည် ဝိညာဉ်တော်၏ အလုပ်ကို တိုက်ရိုက်ဖော်ပြရန် ဖြစ်ပြီး၊ ထိုအလုပ်သည် လူသား၏စိတ်၊ အတွေးများနှင့် ရောနှောခြင်းမရှိ၊ လူသား၏ပါရမီများ၊ လူသား၏ အတွေ့အကြုံ သို့မဟုတ် လူသား၏ မွေးရာပါအခြေအနေများဖြင့် လက်လှမ်း မီနိုင်ခြင်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသင်္ချေများလှသော အလုပ်အားလုံးသည် လူသားကို အကျိုးပြုရန်နှင့် တည်ဆောက်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။ သို့ရာတွင် လူအချို့သည် စုံလင်အောင်ပြု ခံနိုင်ချိန်တွင် အခြားသူများသည် စုံလင်အောင်ပြုခြင်း ခံရရန်အတွက် အခြေအနေများကို ပိုင်ဆိုင်ထားခြင်း မရှိပေ။ ဆိုလိုသည်မှာ သူတို့ကို စုံလင်အောင်မပြုနိုင် သကဲ့သို့ ကယ်တင်ရန် အလွန်ပင်ခက်ခဲနိုင်ပေသည်။ သူတို့ထံတွင် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိကောင်းရှိနေစေကာမူ သူတို့သည် နောက်ဆုံးတွင် ပယ်ရှားခြင်းခံရလိမ့်မည်။ ဆိုလိုရင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် လူတို့ကို တည်ဆောက်ရန် ဖြစ်သော်လည်း ယင်းက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိသည့် လူတိုင်းကို အပြည့်အဝ စုံလင်အောင် ပြုလုပ်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အဘယ့်ကြောင့် ဆိုသော် များစွာသောလူတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် စုံလင်အောင် ပြုခြင်းခံရမည့် လမ်းကြောင်းမဟုတ်ပေ။ သူတို့ထံတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ တစ်ဖက်သတ် အလုပ် သာရှိပြီး၊ လူသား၏ ကိုယ်ပိုင်ပူးပေါင်းမှု သို့မဟုတ် မှန်ကန်သော လူသား၏ လိုက်လျှောက်မှု မရှိပေ။ ဤနည်းဖြင့် ဤလူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် စုံလင်အောင်ပြုခြင်းခံရသော သူတို့ကို အစေခံသောအလုပ် ဖြစ်လာလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူတို့က တိုက်ရိုက်မြင်နိုင်ခြင်းမရှိ၊ သို့မဟုတ် လူတို့ကိုယ်တိုင်မှ တိုက်ရိုက်ထိတွေ့နိုင်ခြင်း မရှိပေ။ ယင်းကို အလုပ်လုပ်ခြင်း၏ပါရမီနှင့် လူသားတို့၏ အကူအညီမှတစ်ဆင့်သာ ဖော်ပြနိုင်သည်။ အဓိပ္ပာယ်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် လူသားတို့၏ ဖော်ပြချက်မှတစ်ဆင့် နောက်လိုက်များ ထံသို့ ထောက်မပေးခြင်း ခံရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၃)

သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် လူအမျိုးအစား များစွာနှင့် မတူညီသော အခြေအနေများစွာ မှတစ်ဆင့် ပြီးမြောက်ကာ ပြည့်စုံလေသည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်သည် ခေတ်တစ်ခုလုံး၏ အလုပ်ကို ကိုယ်စားပြုပြီး ခေတ်တစ်ခုလုံးအတွင်းမှ လူတို့၏ဝင်ရောက်မှုကို ကိုယ်စားပြုနိုင်သော်လည်း လူတို့၏ အသေးစိတ် ဝင်ရောက်မှုအပေါ် လုပ်ဆောင်ခြင်းကို လူ့ဇာတိခံယူသော ဘုရားသခင်ကမဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသော လူသားတို့က လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အလုပ် သို့မဟုတ် ဘုရားသခင်၏ ကိုယ်ပိုင်သာသနာသည် ဘုရားသခင် ခံယူထားသော လူ့ဇာတိ၏ အလုပ်ဖြစ်ပြီး သူ့အစား မည်သည့်လူသားကမျှ မလုပ်ဆောင်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် မတူညီသည့် လူအမျိုးအစားများစွာမှတစ်ဆင့် လုပ်ဆောင် ပြီးစီးသည်၊ ဤအလုပ်ကို သီးခြားလူပုဂ္ဂိုလ်တစ်ဦးတည်းက ပြည့်ဝအောင် မပြုနိုင်ပေ သို့မဟုတ် သီးခြား လူပုဂ္ဂိုလ်တစ်ဦးမှတစ်ဆင့် အပြည့်အဝ ရှင်းလင်းစေနိုင်ခြင်းမရှိပေ။ အသင်းတော်ကို ဦးဆောင်သော သူများသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ခြင်း မရှိပေ။ သူတို့သည် ဦးဆောင်သည့် အလုပ်အချို့ကိုသာ ပြုနိုင်သည်။ ဤနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်၊ အသုံးပြုခြင်းခံရသော လူတို့၏အလုပ်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း၌ရှိသော သူအားလုံးအပေါ်ရှိ အလုပ်ဟူ၍ သုံးပိုင်းခွဲခြားနိုင်ပါသည်။ ဤသုံးခုအတွင်းတွင် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် ခေတ်တစ်ခုလုံးကို ဦးဆောင်ရန်ဖြစ်သည်။ အသုံးပြုခြင်းခံရသော လူသားတို့ အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင် အလုပ်ပြီးနောက် တာဝန်ပေး စေခိုင်းချက်များကို ပို့ဆောင်ခြင်း သို့မဟုတ် လက်ခံခြင်းအားဖြင့် ဘုရားသခင်၏ နောက်လိုက် အားလုံးကို ဦးဆောင်ရန်ဖြစ်ပြီး ဤသူတို့သည် ဘုရားသခင်၏အလုပ်နှင့် ပူးပေါင်းဆောင်ရွက်ကြသူများ ဖြစ်ကြသည်။ ဤရေစီးကြောင်း ထဲတွင်ရှိသော သူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်ပြုသော အလုပ်မှာ သူ၏ ကိုယ်ပိုင်အလုပ်အားလုံးကို ထိန်းသိမ်းရန် ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ သက်သေခံချက်ကို ထိန်းသိမ်းရန်နှင့် စီမံခန့်ခွဲမှု အလုံးစုံကို ထိန်းသိမ်းရန် ဖြစ်ပြီး တစ်ဖက်တွင် တစ်ချိန်တည်း၌ စုံလင်အောင် ပြုနိုင်သောသူများကို စုံလင်စေခြင်းဖြစ်သည်။ ဤသုံးပိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ပြည့်စုံသော အလုပ်ဖြစ်သော်လည်း ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်မရှိပါက စီမံခန့်ခွဲမှုအလုံးစုံသည် ရပ်တန့်နေလိမ့်မည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်တွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်ကာလ တစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြုသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်အားလုံး၏ လှုပ်ရှားမှုနှင့် လားရာကို ကိုယ်စားပြုချိန်တွင် တမန်တော်များ၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်နောက်သို့လိုက်ပြီး ခေတ်ကာလကို မဦးဆောင်သကဲ့သို့ ခေတ်တစ်ခေတ်လုံးမှ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လားရာကိုလည်း ကိုယ်စားမပြုပေ။ သူတို့သည် စီမံခန့်ခွဲမှုအလုပ် လုံးဝမပါဝင်သော လူတို့လုပ်သင့်သည့် အလုပ်ကိုသာ လုပ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင် အလုပ်သည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းဖြစ်သည်။ လူသား၏ အလုပ်သည် အသုံးပြုခြင်းခံရသော လူသားတို့၏ တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်ပတ်သက်မှု မရှိပေ။ အထက်ပါ အလုပ်နှစ်ခုစလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သော်လည်း အလုပ်၏ မတူညီသော ကိုယ်ပိုင် လက္ခဏာများနှင့် ကိုယ်စားပြုမှုများကြောင့် ဘုရားသခင်၏ ကိုယ်ပိုင် အလုပ်နှင့် လူသား၏ ကိုယ်ပိုင်အလုပ်ကြားတွင် ရှင်းလင်းပြီး ခြေခြေမြစ်မြစ်ရှိသော ကွဲပြားမှုများရှိ လေသည်။ ထို့အပြင် မတူညီသော ကိုယ်ပိုင်လက္ခဏာများ ရှိသည့် အလုပ်ရည်ရွယ်ချက်များအပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သော အလုပ်၏ အတိုင်းအတာ သည်လည်း ကွဲပြားသေးသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၄)

လူသား၏အလုပ်သည် သူ၏အတွေ့အကြုံနှင့် သူ၏ လူ့သဘာဝတို့ကို ကိုယ်စားပြုသည်။ လူသားပေးအပ်သည့် အရာနှင့် လူသားလုပ်ဆောင်သည့်အလုပ်သည် သူ့ကို ကိုယ်စားပြုသည်။ လူသား၏ တွေ့မြင်ခြင်း၊ လူသား၏ စဉ်းစားနိုင်မှု၊ လူသား၏ ဆင်ခြင်တွေးခေါ်မှုနှင့် သူ၏ ကြွယ်ဝသော တွေးခေါ်မှု အားလုံးသည် သူ၏ အလုပ်ထဲတွင် ပါဝင်သည်။ အထူးသဖြင့် လူသား၏ အတွေ့အကြုံသည် သူ၏အလုပ်ကို ကိုယ်စားပြုရန် ပိုဖြစ်နိုင်ပြီး လူသားတစ်ဦး တွေ့ကြုံခဲ့သည့်အရာသည် သူ့အလုပ်၏ အစိတ်အပိုင်းများ ဖြစ်လိမ့်မည်။ လူသား၏ အလုပ်သည် သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်သည်။ လူအချို့သည် မကောင်းသော အခြေအနေတစ်ခုတွင် တွေ့ကြုံနေချိန်တွင် သူတို့၏ မိတ်သဟာယအများစုသည် မကောင်းသော အစိတ်အပိုင်းများ ပါဝင်သည်။ အကယ်၍ သူတို့၏ အတွေ့အကြုံသည် ကာလအပိုင်းအခြား တစ်ခုတွင် အပြုသဘောဆောင်ပြီး သူတို့သည် အထူးသဖြင့် အပြုသဘောဆောင်သောဘက်မှ လမ်းကြောင်းများ ရှိပါက သူတို့ မိတ်သဟာယပြုသော အရာသည် အလွန်အားပေးသည့်အရာဖြစ်ပြီး လူတို့သည် သူတို့ထံမှ အပြုသဘောဆောင်သော ထောက်ပံ့မှုကို ရရှိနိုင်ပေလိမ့်မည်။ အကယ်၍ လုပ်သားတစ်ဦးသည် ကာလအပိုင်းအခြားတစ်ခုတွင် မကောင်းသည့် အခြင်းအရာ ဖြစ်ပေါ်လာပါက သူ၏မိတ်သဟာရသည် အမြဲလိုလို မကောင်းသော အစိတ်အပိုင်းများကို သယ်ဆောင်ပါလိမ့်မည်။ ဤသို့သော မိတ်သဟာရသည် စိတ်ဓာတ်ကျဖွယ်ရာဖြစ်ပြီး အခြားသူတို့သည် သူ၏ မိတ်သဟာယနောက် လိုက်လျှောက်ရာတွင် သတိမထားမိဘဲ စိတ်ဓာတ်ကျကြလိမ့်မည်။ နောက်လိုက်သူများ ၏ အခြေအနေသည် ခေါင်းဆောင်၏ အခြေအနေပေါ်မူတည်၍ ပြောင်းလဲသည်။ လုပ်သားတစ်ဦး၏အတွင်းတွင် မည်သို့ရှိသည်ဆိုသည်မှာ သူဖော်ပြသည့်အရာပင်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် တစ်ခါတစ်ရံတွင် လူသား၏အခြေအနေနှင့် အတူပြောင်းလဲသည်။ သူသည် လူသား၏အတွေ့အကြုံနှင့်အညီ အလုပ်လုပ်ဆောင်ပြီး လူသားကို တွန်းအားပေးခြင်းမရှိပေ။ သို့ရာတွင် လူသားတို့ကို လူ့အတွေ့အကြုံ၏ ပုံမှန်လမ်းကြောင်း နှင့်အညီ တောင်းဆိုမှုကို လုပ်ဆောင်သည်။ ဆိုလိုသည်မှာ လူသား၏မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ကွဲပြားသည်။ လူသားတို့ မိတ်သဟာယဖွဲ့သည့်အရာသည် သူတို့၏တစ်ဦးချင်း တွေ့မြင်ခြင်းနှင့် အတွေ့အကြုံတို့ကို လွှဲပြောင်းပေးပြီး ဘုရားသခင့်အလုပ်၏ အခြေခံအုတ်မြစ်ပေါ်တွင် သူတို့တွေ့မြင်ကာ ကြုံတွေ့ခဲ့ရသည့်အရာတို့ကို ဖော်ပြသည်။ သူတို့၏တာဝန်မှာ ဘုရားသခင် အလုပ်လုပ်ခြင်း သို့မဟုတ် ပြောကြားခြင်းပြီးနောက်တွင် သူတို့ ကျင့်ဆောင်သင့်သော သို့မဟုတ် ဝင်ရောက် သင့်သည့်အရာကို ရှာဖွေကာ နောက်လိုက်များထံသို့ ဝေမျှရန်ဖြစ်သည်။ ထို့ကြောင့် လူသား၏အလုပ်သည် သူ၏ဝင်ရောက်မှုနှင့် ကျင့်ဆောင်မှုကို ကိုယ်စားပြုသည်။ ထိုသို့သောအလုပ်သည် လူသား၏ သင်ခန်းစာများနှင့် အတွေ့အကြုံ သို့မဟုတ် လူသား၏ အချို့အတွေးများနှင့် ရောနှောနေသည်မှာ ဟုတ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့အလုပ်လုပ်နေသည်ဖြစ်စေ၊ သူသည် လူသားပေါ် သို့မဟုတ် လူ့ဇာတိခံယူသော ဘုရားသခင်အထဲတွင် အလုပ်လုပ်သည်ဖြစ်စေ၊ ယင်းသည် လုပ်သားများက သူတို့မည်သည့်အရာဖြစ်ကြောင်းကို အမြဲတမ်း ဖော်ပြနေခြင်းသာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်နေခြင်း ဖြစ်သော်လည်း အလုပ်သည် လူသား၏ ရှိရင်းစွဲဖြစ်ခြင်းအပေါ်တွင် အခြေခံထားသည်။ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြေခံအုတ်မြစ်မရှိဘဲ အလုပ် လုပ်ဆောင်ခြင်းမရှိပေ။ တစ်နည်းဆိုရသော် ဘာမျှမရှိဘဲ အလုပ်ကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ထိုအစား အလုပ်သည် အမြဲလိုပင် မှန်ကန်သော အခြေအနေများနှင့် စစ်မှန်သော အနေအထားများနှင့်အညီ ဖြစ်လေသည်။ ဤနည်းအားဖြင့်သာ လူသား၏ အယူအဆဟောင်းများနှင့် အတွေးဟောင်းများကို ပြောင်းလဲနိုင်ပေမည်၊ လူသား၏ စိတ်သဘောထားကို အသွင်သဏ္ဌာန် ပြောင်းလဲနိုင် ပေမည်။ လူတို့ဖော်ပြသည့်အရာသည် သူမြင်သော၊ တွေ့ကြုံရသောအရာနှင့် စိတ်ကူးနိုင်သောအရာများ ဖြစ်သည်။ ယင်းသည် အယူဝါဒများ သို့မဟုတ် အယူအဆများ ဖြစ်နေလျှင်ပင် အားလုံးသည် လူသား၏ တွေးခေါ်မှုမှ လက်လှမ်းမီနိုင်ပေသည်။ လူသား၏ အလုပ်အရွယ်အစား မည်သို့ပင် ဖြစ်လင့်ကစား ထိုအလုပ်သည် လူသား၏အတွေ့အကြုံ၊ သူမြင်တွေ့ သည့်အရာ သို့မဟုတ် လူသား စိတ်ကူးထားသည့် သို့မဟုတ် တွေးထင်ထားနိုင်သည်ထက် ပိုလွန်နိုင်ခြင်း မရှိပေ။ ဘုရားသခင်ဖော်ပြသည့် အရာသည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းဖြစ်ပြီး ထိုအရာသည် လူတို့လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်သည်။ ထိုအရာသည် လူသားတို့၏ စဉ်းစားနိုင်မှုထက် ကျော်လွန်သည်။ သူသည် လူသားအားလုံးကို ဦးဆောင်သည့် သူ့အလုပ်ကိုဖော်ပြပြီး ထိုအလုပ်သည် လူသားအတွေ့အကြုံနှင့်ပတ်သက်သော အချက်အလက် အတိအကျများနှင့် သင့်လျော်မှု မရှိပေ။ ထိုအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသားသည် သူ၏အတွေ့အကြုံကို ဖော်ပြနေသော်လည်း ဘုရားသခင်သည် သူ၏ဖြစ်တည်မှုကို ဖော်ပြလေသည်။ ဤဖြစ်တည်မှုသည် သူ၏ပင်ကိုစိတ်သဘောထားဖြစ်ပြီး လူသား လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်လေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်က သူ၏ဖြစ်တည်မှုကို ဖော်ပြသည့် အပေါ်တွင်အခြေခံပြီး ရလာသည့် သူတွေ့မြင်သည့်အရာနှင့် အသိပညာတို့ ဖြစ်သည်။ ထိုတွေ့မြင်ခြင်းနှင့် အသိပညာကို လူသား၏ ဖြစ်တည်မှုဟု ခေါ်သည်။ ယင်းတို့ကို လူသား၏ ပင်ကိုစိတ်သဘောထားနှင့် သူ၏ အရည်အချင်းမှန်တို့၏ အခြေခံပေါ်တွင် ဖော်ပြခြင်းခံရသည်။ သို့ဖြစ်၍ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်းခေါ်သည်။ လူသားသည် သူတွေ့ကြုံပြီး မြင်ရသောအရာကို မိတ်သဟာယ ဖွဲ့နိုင်သည်။ သူမတွေ့ကြုံခဲ့ရသော သို့မဟုတ် မတွေ့မြင်ရသော သို့မဟုတ် သူ၏စိတ် လက်လှမ်းမမီ နိုင်သောအရာ တစ်နည်းအားဖြင့် သူ၏အတွင်းတွင် မရှိသောအရာများကို သူသည် မိတ်သဟာယမဖွဲ့နိုင်ပေ။ အကယ်၍ လူသားဖော်ပြသောအရာသည် သူ၏တွေ့ကြုံမှု မဟုတ်ပါက ယင်းသည် သူ၏ စိတ်ကူးယဉ်ခြင်း သို့မဟုတ် အယူဝါဒသာဖြစ်သည်။ တစ်နည်းဆိုသော် သူ၏စကားလုံးများထဲတွင် မည်သည့် စစ်မှန်မှုမှမရှိပေ။ အကယ်၍ သင်သည် အသိုင်းအဝိုင်း၏အရာများနှင့် တစ်ခါမျှ ဆက်စပ်ခဲ့ခြင်းမရှိပါက သင်သည် အသိုင်းအဝိုင်းအတွင်းမှ ရှုပ်ထွေးသော ပတ်သက် ဆက်နွှယ်မှုများကို ရှင်းလင်းစွာမိတ်သဟာရ ဖွဲ့နိုင်မည် မဟုတ်ပေ။ အကယ်၍ မိသားစုမရှိပါက အခြားသူများက မိသားစုနှင့်ပတ်သက်သော ပြဿနာအကြောင်းပြောလျှင် သူတို့ပြောနေသည့်အရာအများစုကို သင်နားလည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူတို့ မိတ်သဟာယ ဖွဲ့သောအရာနှင့် သူပြုသောအလုပ်တို့သည် သူ၏ အတွင်းပိုင်းမှ ဖြစ်ခြင်းကို ကိုယ်စားပြုခြင်း မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် သူ၏ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပေါ် နားလည်မှုနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့လိုသော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ တစ်ရာရာခိုင်နှုန်းသေချာဖို့ မဆိုထားနှင့်၊ သင့်ထံတွင် ယင်းနှင့်ပတ်သက်၍ အတွေ့အကြုံပင်မရှိပါက သင်သည် သူ၏သိရှိမှုကို ငြင်းဆန်ရဲမည်မဟုတ်ပေ။ ဤသို့ဖြစ်ရခြင်းမှာ သူမိတ်သဟာရဖွဲ့သောအရာသည် သင်တစ်ခါမျှ မတွေ့ကြုံခဲ့ဖူးသော၊ မသိခဲ့ဖူးသော သင့်စိတ်ဖြင့် မတွေးထင်ခဲ့ဖူးသော တစ်စုံတစ်ရာ ဖြစ်သောကြောင့်တည်း။ သင်သည် သူ၏အသိမှ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုနှင့် ပတ်သက်သော အနာဂတ်လမ်းတစ်ခုကိုသာ ယူနိုင်မည်ဖြစ်သည်။ သို့သော် ဤလမ်းသည် အယူဝါဒ အပေါ်အခြေခံသော နားလည်မှု အဖြစ်သာ အသုံးခံနိုင်ပြီး သင့်ကိုယ်ပိုင်နားလည်မှုကို အစားမထိုးနိုင်ပေ။ သင်၏အတွေ့အကြုံကို ပို၍ပင်အစား မထိုးနိုင်ပေ။ သူပြောသောအရာသည် အတော်လေး မှန်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ သို့သော် သင်တွေ့ကြုံချိန်တွင် အရာများစွာ၌ လက်တွေ့ကျခြင်း မရှိဟု သင်တွေ့သည်။ သင်က ကြားသော အသိပညာအချို့သည် အပြည့်အဝ လက်တွေ့ကျမှုမရှိဟု သင်ခံစားရကောင်း ခံစားရနိုင်သည်။ ထိုအချိန်တွင် ထိုအရာနှင့် ပတ်သက်၍ သင့်အယူအဆကို သိုထားသည်။ သင်သည် ထိုအသိပညာကိုလက်ခံသော်လည်း ထိုအရာကို စိတ်မပါစွာဖြင့်သာ ပြုလေသည်။ သို့ရာတွင် သင်တွေ့ကြုံချိန်၌ သင့်ကို အယူအဆများပေးသော အသိပညာသည် သင်၏လေ့ကျင့်မှုနည်းလမ်းကို ဖြစ်လာလေသည်။ သင်ကျင့်ဆောင်လေလေ သူ့စကားလုံးများ၏ စစ်မှန်သောတန်ဖိုးနှင့် အဓိပ္ပာယ်ကို သင်နားလည်လေလေဖြစ်သည်။ သင့်ထံတွင် အတွေ့အကြုံရှိပြီးသည့်နောက်တွင် သင်တွေ့ကြုံရသော အရာများနှင့်ပတ်သက်၍ သင်ရှိသင့်သော အသိပညာ အကြောင်းကို သင်ပြောနိုင်သည်။ ထို့အပြင် သင်သည် အသိပညာစစ်မှန်ပြီး လက်တွေ့ကျသော သူများနှင့် အသိပညာသည် အယူဝါဒအပေါ်အခြေခံပြီး သုံးမရသည့် သူတို့ကိုလည်း ခွဲခြားနိုင်ပါလိမ့်မည်။ ထို့ကြောင့် သင်ပြောသော အသိပညာသည် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိသည် သင့်ထံတွင် လက်တွေ့ အတွေ့အကြုံ ရှိမရှိအပေါ်တွင် ကြီးစွာမူတည်လေသည်။ သင့်အတွေ့အကြုံ ထဲတွင် သမ္မာတရားရှိပါက သင့်အသိပညာသည် လက်တွေ့ကျပြီး တန်ဖိုးရှိလိမ့်မည်။ သင့်အတွေ့အကြုံအားဖြင့် သင်သည် ချင့်ချိန်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်မှုကိုလည်း ရရှိနိုင်ပြီး၊ သင်၏အသိပညာ နက်နဲလာကာ သင့်ဉာဏ်ပညာ တိုးပွားလာပြီး သင့်ကိုယ်သင်ပြုမူရာတွင် ကိုယ်ပိုင်တွေးအခေါ် တိုးမြင့်လာမည်။ သမ္မာတရားကို မပိုင်ဆိုင်သော သူတို့ပြောသော အသိပညာသည် မည်မျှပင်မြင့် နေစေကာမူ အယူဝါဒပင်ဖြစ်သည်။ ဤသို့သော သူမျိုးတို့သည် ဇာတိပကတိကိစ္စများနှင့် ပတ်သက် လာလျှင် အလွန်ပင် တော်ကောင်းတော်နိုင်သော်လည်း ဝိညာဉ်ရေးရာကိစ္စများနှင့် ပတ်သက်လာလျှင် ခွဲခြားမှုမပြုနိုင်ကြပေ။ ထိုသို့ဖြစ်ရသည်မှာ ထိုသို့သော သူများသည် ဝိညာဉ်ရေးရာ ကိစ္စများတွင် အတွေ့အကြုံ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ဤသူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများတွင် ဉာဏ်အလင်း မရသောသူများဖြစ်ပြီး ဝိညာဉ်တော်ကို နားမလည်ကြပေ။ သင်သည် မည်သည့်အသိပညာရှုထောင့်နှင့် ပတ်သက်ကာ ပြောသည်ဖြစ်စေ သင့်ကိုယ်ပိုင် ဖြစ်တည်မှုသာ ဖြစ်နေသရွေ့ ထိုအရာသည် သင့်ကိုယ်ပိုင်အတွေ့အကြုံနှင့် သင့်အသိပညာအစစ်အမှန်ဖြစ်သည်။ အယူဝါဒကိုသာ ပြောသူများ တစ်နည်းအားဖြင့် သမ္မာတရား သို့မဟုတ် စစ်မှန်မှုကို မပိုင်ဆိုင်သူများက ပြောနိုင်သောအရာသည် သူတို့၏ဖြစ်ခြင်းသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ သူတို့၏အယူဝါဒသည် နက်ရှိုင်းသော ဆင်ခြင်သုံးသပ်ခြင်းမှသာ ရောက်လာနိုင်ပြီး သူတို့၏စိတ်မှ နက်ရှိုင်းစွာ စဉ်းစားထားသော ရလဒ်ဖြစ်သည်။ သို့ရာတွင် ယင်းသည် အယူဝါဒသာဖြစ်ပြီး၊ စိတ်ကူးယဉ်ထက် မပိုလွန်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၅)

မတူညီသော သူများ၏ အတွေ့အကြုံများ သည် သူတို့အတွင်းမှ အရာများကိုကိုယ်စားပြုသည်။ ဝိညာဉ်ရေးရာ အတွေ့အကြုံ မရှိသောသူအားလုံးသည် သမ္မာတရား၏အကြောင်းနှင့် ပတ်သက်သည့် အသိပညာကို မပြောနိုင်ပေ၊ သို့မဟုတ် ဝိညာဉ်ရေးရာများ၏ မတူညီသော အမျိုးအစားများနှင့် ပတ်သက်၍ အသိပညာကို အမှန်ပြင်နိုင်မည် မဟုတ်ပေ။ လူတို့ဖော်ပြသော အရာသည် သူ၏အတွင်းမှအရာ ဖြစ်သည်။ ဤသည်မှာသေချာ လေသည်။ အကယ်၍ လူတစ်ဦးသည် ဝိညာဉ်ရေးရာများနှင့် သမ္မာတရား၏ အသိပညာကိုရရန် ဆန္ဒရှိပါက သူ့ထံတွင် စစ်မှန်သော အတွေ့အကြုံ ရှိသင့်သည်။ အကယ်၍ သင်သည် လူ့အသက်နှင့် သက်ဆိုင်သော အသိစိတ်နှင့်ပတ်သက်၍ ရှင်းလင်းစွာ မပြောနိုင်ပါက ဝိညာဉ်ရေးရာများနှင့် ပတ်သက်၍ ပို၍ပင်နည်းပါးစွာ မည်သို့ပြောကြား နိုင်မည်နည်း။ အသင်းတော်များကို ဦးဆောင်ကာ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပြီး လူတို့အတွက် တမန်တော် တစ်ဦး ဖြစ်နိုင်သူသည် စစ်မှန်သော အတွေ့အကြုံများ ရှိရမည်။ ဝိညာဉ်ရေးရာများနှင့် ပတ်သက်၍ မှန်ကန်သော နားလည်မှု၊ မှန်ကန်သော အသိအမှတ်ပြုမှုနှင့် သမ္မာတရားနှင့် ပတ်သက်သော အတွေ့အကြုံရှိရမည်။ ထိုသို့သောလူများသာလျှင် အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်းရှိပါသည်။ သို့မဟုတ်ပါက သူတို့သည် အနည်းဆုံး နောက်လိုက် လျှောက်သူများသာဖြစ်နိုင်ပြီး ဦးဆောင်ခြင်းမပြုနိုင်ပေ။ လူတို့ကို အသက်ဖြင့် ထောက်ပံ့သော တမန်တော်များ သာ၍မဖြစ်နိုင်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ တမန်တော်များ၏ လုပ်ငန်းသည် ပြေးလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပေ။ လူသားတို့၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းသို့ ဦးဆောင်ရန်နှင့် အသက်တာတို့ကို ပြုစုရန်ဖြစ်သည်။ ယင်းသည် လေးလံသောဝန်တာကို လွယ်ပိုးထားရန် တာဝန်ပေးအပ်ခြင်း ခံရသောသူများက လုပ်ဆောင်ရသော လုပ်ငန်းတစ်ရပ်ဖြစ်ပြီး လူတိုင်းပြုလုပ်နိုင်သော အရာတစ်ခုမဟုတ်ပေ။ ဤသို့သော အလုပ်ကို အသက်တာ ရှင်သန်သောသူ တစ်နည်းအားဖြင့် သမ္မာတရားနှင့်ပတ်သက်သော အတွေ့အကြုံ ရှိသောသူများ ကသာ ပြုလုပ်နိုင်သည်။ လက်မြှောက် အရှုံးပေးနိုင်သူ၊ ပြေးလွှားနိုင်သူ သို့မဟုတ် သုံးစွဲရန် ဆန္ဒရှိသောသူတိုင်း လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ သမ္မာတရားနှင့် ပတ်သက်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော သူတို့သည် ဤသို့သော လုပ်ငန်းအမျိုးအစားကို လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အတွေ့အကြုံ မရှိသောသူ တစ်နည်းအားဖြင့် သမ္မာတရား မရှိသူများသည် လက်တွေ့ကျမှုကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ အကြောင်းမှာ သူတို့ကိုယ်တိုင်သည် ဤရှုထောင့်တွင် ဖြစ်တည်မှုကို မပိုင်ဆိုင်ကြသောကြောင့်တည်း။ သို့ဖြစ်၍ ဤလူမျိုးတို့သည် ခေါင်းဆောင်မှုလုပ်ငန်းကို မလုပ်နိုင်ရုံ သာမက ကြာရှည်သော ကာလအချိန်တစ်ခုတွင်မှ သူတို့ထံ၌ သမ္မာတရားမရှိပါက ရှင်းလင်းသုတ်သင်ခြင်း ခံရသောအရာ ဖြစ်လာပါလိမ့်မည်။ သင်ပြောသော တွေ့မြင်သည့်အရာသည် အသက်တာတွင်းမှ သင်တွေ့ကြုံရသော အခက်အခဲများ၊ မည်သည့် ကိစ္စများတွင် သင့်ကို ပြစ်တင်ဆုံးမခြင်းခံခဲ့ရပြီး၊ မည်သည့် ပြဿနာများအပေါ်တွင် သင်သည် တရားစီရင်ခြင်း ခံခဲ့ရသည်ကို သက်သေပြနိုင်သည်။ ဤအရာသည်လည်း စမ်းသပ်မှုများအတွင်းတွင် မှန်ကန်ပေသည်။ တစ်စုံတစ်ယောက်ကို စစ်ဆေးခြင်းခံရသောအရာများ၊ တစ်စုံတစ်ယောက် အားနည်းသော အရာများ၊ ဤအရာများသည် လူတစ်ဦး ကြုံတွေ့ခဲ့ရသော အရာများဖြစ်ပြီး လူတစ်ဦးကို နည်းလမ်းများ ရှိစေသော အရာများဖြစ်သည်။ ဥပမာအားဖြင့် အကယ်၍ လူတစ်ဦးသည် အိမ်ထောင်နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးမှုကို ခံစားရလျှင် သူသည်အများအားဖြင့် “ဘုရားသခင် ကျေးဇူးတင် ပါတယ်။ ဘုရားသခင် ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျွန်တော်ဟာ ဘုရားသခင့် နှလုံးသားရဲ့ ဆန္ဒကို ကျေနပ်နှစ်သိမ့်စေရပါမယ်။ ကျွန်တော့် အသက်တာတစ်ခုလုံးကို အပ်နှံရပါမယ်။ ကျွန်တော့် အိမ်ထောင်ရေးကို ဘုရားသခင့် လက်တော်တွင်းမှာ အပ်နှံပါတယ်။ ကျွန်တော့်တစ်ဘဝလုံး ဘုရားသခင့်လက်ထဲကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်” ဟု မိတ်သဟာယပြုလုပ်လိမ့်မည်။ မိတ်သဟာယ ဖွဲ့ခြင်းအားဖြင့် လူထဲမှအရာအားလုံး၊ သူဖြစ်သည့် အရာတို့ကို ကိုယ်စားပြုနိုင်မည်ဖြစ်သည်။ လူတစ်ဦး ပြောသော စကား၏အရှိန်၊ စကား ကျယ်ကျယ် သို့မဟုတ် တိုးတိုး ပြောသည်၊ ထိုသို့သော ကိစ္စများသည် အတွေ့အကြုံနှင့်ပတ်သက်သော ကိစ္စများ မဟုတ်သည့်အတွက် သူ၏ဖြစ်ခြင်းနှင့် သူ့တွင်ရှိသည့် အရာကို ကိုယ်စားပြုနိုင်ခြင်းမရှိပေ။ ယင်းတို့သည် သူ၏အကျင့်စာရိတ္တ အကောင်းအဆိုးကိုသာ ပြောပြ နိုင်သည်၊ သို့မဟုတ် သူ၏ သဘောသဘာဝ အကောင်းအဆိုးကို ပြောပြနိုင်ပြီး သူ့တွင် အတွေ့အကြုံ ရှိမရှိနှင့် တန်းတူထား၍မရနိုင်ပေ။ စကားပြောစဉ်တွင် မိမိကိုယ်ကို ဖော်ပြရန်စွမ်းရည် သို့မဟုတ် စကားပြောဆို ကျွမ်းကျင်မှု သို့မဟုတ် အမြန်နှုန်းတို့သည် အလေ့အကျင့် တို့မျှသာဖြစ်ပြီး သူ၏အတွေ့အကြုံကို အစားမထိုးနိုင်ပေ။ သင့်တစ်ဦးချင်း အတွေ့အကြုံများနှင့်ပတ်သက်၍ သင်ပြောချိန်တွင် သင်အရေးကြီးသည်ဟု ထင်မြင်သော အရာနှင့် သင့်အတွင်းမှ အရာအားလုံးကို သင်မိတ်သဟာယပြုလေသည်။ ငါ့စကားသည် ငါ၏ဖြစ်ခြင်းကို ကိုယ်စားပြုသော်လည်း ငါပြောသော အရာတို့သည် လူသားတို့ လက်လှမ်းမီသည်ထက် ကျော်လွန်လေသည်။ ငါပြောသောအရာသည် လူတို့ တွေ့ကြုံသည့် အရာမဟုတ်ပေ။ ယင်းသည်လူသားတို့ တွေ့မြင်နိုင်သောအရာ၊ လူသားတို့ ထိတွေ့နိုင်သောအရာ မဟုတ်ပေ။ သို့ရာတွင် ယင်းသည် ငါ၏ဖြစ်ခြင်းတည်း။ လူအချို့တို့သည် ငါမိတ်သဟာယဖွဲ့သောအရာမှာ ငါတွေ့ကြုံခဲ့ရသော အရာများဖြစ်သည်ဟု သိကြသော်လည်း ယင်းသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်သည်ကို သူတို့ သတိမထားမိ ကြပေ။ မှန်ပေ၏၊ ငါပြောသောအရာသည် ငါတွေ့ကြုံ ခဲ့ရသောအရာသာ ဖြစ်သည်။ နှစ်ပေါင်း ခြောက်ထောင်ကျော် စီမံခန့်ခွဲရေးအလုပ်ကိုလုပ်ခဲ့သူမှာ ငါဖြစ်သည်။ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အစမှ ယခုတိုင်အောင် အရာအားလုံးကို တွေ့ကြုံခဲ့သည်။ ထိုအရာနှင့်ပတ်သက်၍ ငါမပြောနိုင်ဘဲ ရှိလိမ့်မည်လော။ လူသား၏သဘာဝနှင့် ပတ်သက်လာလျှင် ယင်းကို ငါရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်ကာ ယင်းကို ငါစောင့်ကြည့်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ ရှင်းလင်းစွာ ငါမပြောနိုင်ဘဲ ရှိလိမ့်မည်လော။ ငါသည် လူသား၏အနှစ်သာရကို ရှင်းလင်းစွာ တွေ့မြင်ချိန်မှစကာ လူသားကို ပြစ်တင်ဆုံးမရန်နှင့် တရားစီရင်ရန် အရည်အချင်း ပြည့်မီသည်။ အကြောင်းမှာ လူသားအားလုံးသည် ငါ့ထံမှလာပြီး စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ မှန်ပေ၏၊ ငါလုပ်သောအလုပ်ကိုလည်း ဆန်းစစ်ရန် ငါသည် အရည်အချင်းပြည့်မီသည်။ ဤအလုပ်ကို ငါ့ဇာတိခန္ဓာဖြင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း ထိုအလုပ်သည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ယင်းသည် ငါ၏အရာအားလုံးနှင့် ငါ၏ဖြစ်ခြင်းပင်တည်း။ ထို့ကြောင့် ငါသည် ယင်းကိုဖော်ပြရန်နှင့် ငါလုပ်သင့်သောအရာကို လုပ်ဆောင်ရန် အရည်အချင်းရှိပေသည်။ လူတို့ပြောသော အရာသည် လူတို့ တွေ့ကြုံသောအရာဖြစ်သည်။ ယင်းသည် သူတို့တွေ့မြင်ခဲ့ရသောအရာ၊ သူတို့၏စိတ်များ လက်လှမ်းမီနိုင်သောအရာနှင့် သူတို့အာရုံများထဲတွင် ခံစားနိုင် သောအရာဖြစ်သည်။ ယင်းသည် သူတို့မိတ်သဟာယပြုနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ ခံယူထားသော လူ့ဇာတိဖြင့်ပြောသော စကားလုံးများသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြမှုဖြစ်ပြီး ဝိညာဉ်တော်က ပြုခဲ့သော အလုပ်ကို ဖော်ပြသည်။ ဇာတိခန္ဓာသည် ယင်းကို မတွေ့ကြုံခဲ့ရ သို့မဟုတ် မတွေ့မြင်ခဲ့ရပေ။ သို့ရာတွင် သူ၏ဖြစ်ခြင်းကို ဖော်ပြနိုင်သေးသည်။ အကြောင်းမှာ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်ဖြစ်ပြီး သူသည် ဝိညာဉ်တော်အလုပ်ကို ဖော်ပြနိုင်သည်။ ဇာတိခန္ဓာသည် ယင်းကို မရောက်ရှိနိုင်သော်လည်း ယင်းသည် ဝိညာဉ်တော်မှ ပြုလုပ်နှင့်ပြီးသောအလုပ်ဖြစ်သည်။ လူ့ဇာတိ ခံယူပြီးနောက်တွင် ဇာတိခန္ဓာ၏ ဖော်ပြချက်မှတစ်ဆင့် သူသည် လူတို့ကို ဘုရားသခင်၏ဖြစ်ခြင်းကို သိခွင့်ပေးပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် သူပြုခဲ့သောအလုပ်တို့ကို မြင်တွေ့ ခွင့်ပေးသည်။ လူသားအလုပ်သည် လူသားတို့ကို သူတို့ ဝင်ရောက်သင့်သော၊ သူတို့နားလည်သင့်သော အရာတို့နှင့် ပတ်သက်၍ ပိုရှင်းလင်းစေခွင့်ပေးသည်။ ထိုအထဲတွင် လူတို့ကို သမ္မာတရားအား နားလည်မှုနှင့် တွေ့ကြုံခြင်းထံသို့ ဦးဆောင်သွားသည်။ လူသား၏ အလုပ်သည် လူတို့ကို အဓွန့်ရှည်စေရန်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် လမ်းသစ်များကို ဖွင့်ပေးရန်၊ လူသားမျိုးနွယ်အတွက် ကာလသစ်များကို ဖွင့်လှစ်ပေးရန်နှင့် သေမျိုးသေနွယ်များက မသိထားသည့်အရာတို့ကို လူတို့ထံသို့ပြသရန်ဖြစ်သည်။ သူတို့ကို ဘုရားသခင်၏ စိတ်သဘောထားကို သိခွင့်ပေးလေသည်။ ဘုရားသခင်၏ အလုပ်သည် လူသားမျိုးနွယ် အားလုံးကို ဦးဆောင်ရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၆)

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် လူသားတို့ကို အကျိုးအမြတ်ရရှိရန် ခွင့်ပြုခြင်းနှင့် ပတ်သက်သော အရာအားလုံးဖြစ်သည်။ ယင်းသည် လူသားတို့ကို တည်ဆောက် စေခြင်းအားလုံးနှင့် ပတ်သက်သည်။ လူသားကို အကျိုးမပြုသောအလုပ် မရှိပေ။ သမ္မာတရားသည် နက်သည်ဖြစ်စေ၊ တိမ်သည်ဖြစ်စေ၊ သမ္မာတရားကို လက်ခံသောသူတို့၏ အစွမ်းအစသည် မည်သို့ရှိနေသည်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းတို့အားလုံးသည် လူသားကို အကျိုးပြုသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် တိုက်ရိုက် လုပ်ဆောင်နိုင်ခြင်းမရှိပေ။ ထိုအလုပ်သည် သူနှင့်ပူးပေါင်း လုပ်ဆောင်သော လူသားများမှတစ်ဆင့် သွားရသည်။ ဤနည်းအားဖြင့်သာ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ရလဒ်များကို ရရှိနိုင်မည်ဖြစ်သည်။ မှန်ပေ၏၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက်အလုပ်ဖြစ်ပါက မသန့်ရှင်းခြင်း လုံးဝမရှိပေ။ သို့ရာတွင် လူသားကို ကြားခံအဖြစ် အသုံးပြုချိန်တွင် အလွန်တရာ ရောနှောသွားပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မူလအလုပ် မဟုတ်တော့ပေ။ ဤနည်းဖြင့် သမ္မာတရားသည် မတူညီသော အဆင့်များသို့ ပြောင်းလဲသွားသည်။ နောက်လိုက်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မူလအဓိပ္ပာယ်ကို မရရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်နှင့် လူသား၏အတွေ့အကြုံ၊ အသိပညာတို့ ပေါင်းနေသည့်အရာကို ရရှိကြသည်။ နောက်လိုက်သူများမှရရှိသော သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏အပိုင်းသည် မှန်ကန်သည်။ လူသားရရှိသော အတွေ့အကြုံနှင့် အသိပညာသည် ကွဲပြားမှုရှိသည်။ အကြောင်းမှာ လုပ်သားများသည် မတူညီသောကြောင့် ဖြစ်သည်။ လုပ်သားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် လမ်းညွှန်မှုကို ရရှိသည်နှင့်တစ်ပြိုင်နက် သူတို့သည် တစ်ဆက်တည်းတွင် ဤဉာဏ်အလင်းနှင့် လမ်းညွှန်မှုပေါ်တွင် အခြေခံ၍ အတွေ့အကြုံ ရကြသည်။ ဤအတွေ့ အကြုံများအတွင်းတွင် လူသား၏စိတ်နှင့် အတွေ့အကြုံအပြင် လူ့သဘာဝဖြစ်ခြင်းလည်း ပေါင်းစပ်ပါဝင် နေသည်။ ထို့နောက်တွင် သူတို့သည် သူတို့ရသင့်သော အသိပညာသို့မဟုတ် တွေ့မြင်ရသည့်အရာများကို ရရှိကြသည်။ ယင်းသည် လူသားအနေဖြင့် သမ္မာတရားကို တွေ့ကြုံပြီးနောက်တွင် ကျင့်ကြံသော လမ်းကြောင်းဖြစ်သည်။ ဤကျင့်ကြံသည့် နည်းလမ်းသည် အမြဲတမ်းအတူတူပင် မဟုတ်ပေ။ အကြောင်းမှာ လူတို့သည် မတူညီသော အတွေ့အကြုံများ ရှိပြီး လူတို့တွေ့ကြုံသော အရာများသည် ကွဲပြားလေသည်။ ဤနည်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တူညီသော ဉာဏ်အလင်းပေးမှုသည် မတူညီသော အသိပညာနှင့် ကျင့်ကြံမှုတွင် အဆုံးသတ်ရလဒ်များကို ရကြသည်။ အကြောင်းမှာ ဉာဏ်အလင်းကို လက်ခံရရှိသူများသည် ကွဲပြားသောကြောင့် ဖြစ်သည်။ လူအချို့တို့သည် ကျင့်ကြံစဉ်တွင် သေးငယ်သောအမှားများကို ပြုကြသည်။ အချို့တို့က ကြီးမားသော အမှားများ ပြုကြသည်။ အချို့တို့က အမှားမှလွဲ၍ ပြုသောအရာမရှိကြပေ။ ယင်းမှာ လူသားတို့၏ နားလည်နိုင်သော စွမ်းရည်များသည် ကွဲပြားပြီး သူတို့၏ အရည်အချင်းအမှန်သည်လည်း ကွဲပြားသောကြောင့် ဖြစ်သည်။ လူအချို့တို့သည် သတင်းစကား တစ်ခုကို ကြားပြီးသည့်နောက်တွင် ဤသို့နားလည်ကြပြီး အချို့တို့က သမ္မာတရားတစ်ခုကို ကြားနာပြီးသည်နောက်တွင် ထိုသို့နားလည် ကြသည်။ လူအချို့တို့သည် အနည်းငယ်လမ်းလွဲကြသည်။ အချို့တို့သည် သမ္မာတရား၏ စစ်မှန်သောအဓိပ္ပာယ်ကို လုံးဝ နားမလည်ကြပေ။ ထို့ကြောင့် လူတစ်ဦးသည် ယင်းကိုမည်မျှ နားလည်သည်မှာ သူအခြားသူများကို ဦးဆောင်မည့် ပုံစံပင်ဖြစ်သည်။ ယင်းသည် တိကျမှန်ကန်ပါသည်။ အကြောင်းမှာ သူ၏အလုပ်သည် သူ၏ဖြစ်ခြင်းကိုသာ ဖော်ပြနေခြင်း ဖြစ်သည်။ သမ္မာတရားနှင့် ပတ်သက်သော မှန်ကန်သည့်နားလည်မှုရှိသောသူများ၏ ဦးဆောင်ခြင်း ခံရသောသူများသည် သမ္မာတရားနှင့်ပတ်သက်သော မှန်ကန်သည့် နားလည်မှုတစ်ခုကိုလည်း ရရှိပါလိမ့်မည်။ နားလည်မှုတွင် မှားယွင်းမှုများရှိသောသူများ ရှိနေလျှင်ပင် လူတိုင်းတွင် အမှားရှိမည်မဟုတ်ပေ။ လူတစ်ယောက်သည် သမ္မာတရားနှင့်ပတ်သက်သော နားလည်မှုတွင် မှားယွင်းမှုများရှိပါက၊ သူ့နောက်သို့ လိုက်သူများ သည်လည်း မှားယွင်းနေမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။ ဤလူများသည် စကားလုံး၏ အဓိပ္ပာယ်တိုင်းတွင် မှားယွင်းနေလိမ့်မည်ဖြစ်သည်။ နောက်လိုက်များအကြား သမ္မာတရားကို နားလည်မှုအဆင့်သည် လုပ်သားများအပေါ်တွင် ကြီးစွာမူတည်လေသည်။ ဘုရားသခင်ထံမှ သမ္မာတရားသည် မှန်ကန်ကာ၊ အမှားမရှိဘဲ၊ လုံးဝသေချာသည်မှာ မလွဲဧကန်ပေတည်း။ သို့ရာတွင် လုပ်သားများသည် အပြည့်အဝမှန်ကန်မှုမရှိပေ။ သူတို့ကို အပြည့်အဝ ယုံကြည်နိုင်သည်ဟု မပြောနိုင်ပေ။ အကယ်၍ လုပ်သားများသည် အလွန်လက်တွေ့ကျသော သမ္မာတရားကို ကျင့်ဆောင်သည့်နည်းတစ်ခု ရှိသည်ဆိုပါက နောက်လိုက်သူများ သည်လည်း ကျင့်ကြံရန် နည်းတစ်ခုကို ရရှိပါလိမ့်မည်။ အကယ်၍ လုပ်သားများသည် သမ္မာတရားကို ကျင့်ကြံရန် နည်းလမ်းတစ်ခုမရှိဘဲ အယူဝါဒသာရှိပါက နောက်လိုက်သူများသည် မည်သည့်စစ်မှန်မှုကိုမျှ ရရှိနိုင် မည်မဟုတ်ပေ။ နောက်လိုက်များ၏ အရည်အချင်းနှင့် သဘာဝသည် သူတို့၏မွေးရာပါဖြင့် သတ်မှတ်ပြီး လုပ်သားများနှင့် သက်ဆိုင်မှုမရှိပေ။ သို့ရာတွင် နောက်လိုက်သူများ (ယင်းသည် လူအချို့အတွက်သာ ဖြစ်သည်) အနေဖြင့် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကိုသိခြင်း၏ အဆင့်သည် လုပ်သားများအပေါ်တွင် မူတည်သည်။ လုပ်သားသည် မည်သည့်အရာနှင့် တူညီသည်ဖြစ်စေ ယင်းသည် သူဦးဆောင်သော နောက်လိုက်များ တူညီမည့်အရာ ဖြစ်ပေသည်။ လုပ်သားတစ်ဦးက ဖော်ပြသည့်အရာသည် သူ၏ကိုယ်ပိုင်ဖြစ်တည်မှုဖြစ်ပြီး ချန်လှပ်ထား၍မရပေ။ သူ၏ နောက်လိုက်များအပေါ်တွင် သူထားသော တောင်းဆိုချက်များသည် သူကိုယ်တိုင်ရရှိရန် ဆန္ဒရှိသောအရာ သို့မဟုတ် သူရရှိနိုင်သောအရာ ဖြစ်လေသည်။ လုပ်သားအများစုသည် လူများစွာ လုံးဝမရရှိနိုင်သော ဖြစ်တည်မှုများ ရှိသော်လည်း သူတို့ကိုယ်တိုင် လုပ်ဆောင်သော အရာပေါ် အခြေခံ၍ နောက်လိုက်များကို တောင်းဆိုမှုများ ပြုကြသည်။ လူတို့ စွမ်းဆောင်မရရှိနိုင်သော အရာသည် သူတို့၏ ဝင်ရောက်မှုအတွက် အတားအဆီးတစ်ခု ဖြစ်လာ လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၇)

ပြုပြင်ခြင်းနှင့် တရားစီရင်ခြင်းကို ဖြတ်ကျော် ခဲ့ရသောသူများ၏ အလုပ်တွင် မှားယွင်းမှု အတော် နည်းပါးသည်။ ထို့ပြင် သူတို့အလုပ်၏ ဖော်ပြချက်သည် ပို၍တိကျမှုရှိသည်။ အလုပ်လုပ်ရန် သူတို့၏ သဘာဝကျမှုအပေါ်တွင် မူတည်သောသူများသည် အဓိကအမှားများကို ပြုလုပ်ကြသည်။ ပြည့်စုံမှုမရှိသော သူတို့၏အလုပ်တွင် သဘာဝကျမှု အတော်များသည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အတွက် အဓိကအတားအဆီးကို ဖြစ်ပေါ်စေသည်။ လူတစ်ယောက်၏ အစွမ်းအစသည် မည်မျှ ကောင်းပါစေ၊ သူတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ပတ်သက်သော အလုပ်ကို မလုပ်ဆောင်မီ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း နှင့် တရားစီရင်ခြင်းကိုလည်း ကြုံတွေ့ရမည်။ အကယ်၍ သူတို့သည် ထိုသို့သော တရားစီရင်မှုကို မကြုံရပါက၊ သူတို့၏ အလုပ်သည် မည်မျှပင်ကောင်းအောင် ဆောင်ရွက်ထားသည်ဖြစ်စေ၊ သမ္မာတရား၏ နိယာမများနှင့်အညီ မဖြစ်နိုင်ဘဲ အလုံးစုံသည် သဘာဝကျမှုနှင့် လူသား၏ကောင်းမှုသာလျှင် ဖြစ်ပေမည်။ ပြုပြင်ခြင်းနှင့် တရားစီရင်ခြင်းကို ကြုံခဲ့ရသူများ၏ အလုပ်သည် ပြုပြင်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို မခံခဲ့ရသောသူများ၏ အလုပ်ထက် များစွာသာ၍ ပိုတိကျသည်။ တရားစီရင်မှုကို မဖြတ်ကျော်ခဲ့ရသော သူများသည် လူသား၏ အသိဉာဏ်နှင့် မွေးရာပါ စွမ်းရည်များစွာ ပေါင်းစပ်နေသည့် လူသား၏ဇာတိပကတိနှင့် အတွေးများမှလွဲ၍ မည်သည့် အရာကိုမျှ ဖော်ပြနိုင်မည်မဟုတ်ပေ။ ယင်းသည် လူသား၏ ဘုရားသခင်အလုပ်ကို တိကျသောဖော်ပြချက်မဟုတ်ပေ။ သူတို့နောက်လိုက်သော သူများသည် သူတို့၏ မွေးရာပါစွမ်းရည်ဖြင့်သာ သူတို့ရှေ့သို့ ခေါ်ဆောင်ခံရခြင်း ဖြစ်သည်။ သူတို့သည် လူသား၏ များစွာသော တွေ့မြင်မှုနှင့် အတွေ့အကြုံများကို ဖော်ပြပြီး၊ ယင်းတို့သည် ဘုရားသခင်၏ မူလအဓိပ္ပာယ်နှင့် လုံးဝနီးပါး ဆက်စပ်မှုမရှိဘဲ ထိုအရာမှ အလွန်ကွဲလွဲနေသဖြင့် ဤလူစားမျိုး၏အလုပ်သည် လူတို့ကို ဘုရားသခင်ရှေ့သို့ မယူပေးနိုင်ဘဲ လူတို့ရှေ့သို့သာ ယူဆောင်လာ ပေးနိုင်သည်။ ထို့ကြောင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးသောသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လုပ်ဆောင်ရန် အရည်အချင်း မရှိပေ။ အရည်အချင်းရှိသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ယူဆောင်လာပေးပြီး သမ္မာတရားအတွင်းသို့ ပိုနက်ရှိုင်းအောင် သွားခွင့်ပြုလေသည်။ သူလုပ်ဆောင်သော အလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့တော်သို့ ပို့ဆောင်ပေးသည်။ ထို့အပြင် သူလုပ်သော အလုပ်သည် လူတစ်ဦးနှင့်တစ်ဦးကြား ကွဲပြားမှုရှိပြီး စည်းမျဉ်းများဖြင့် ကန့်သတ်ထားခြင်း မရှိဘဲ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်း တို့ကို ခွင့်ပြုသည်။ ထို့အပြင် သူတို့သည် အသက်တာတွင် တဖြည်းဖြည်း ကြီးထွားလာနိုင်ပြီး သမ္မာတရားအတွင်းသို့ ပိုနက်ရှိုင်းစွာ တဖြည်းဖြည်း တိုးဝင်သွားနိုင်သည်။ အရည်အချင်း မရှိသော လုပ်သား၏အလုပ်သည် တိုတောင်းပျက်စီးသည်၊ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများအတွင်းသို့သာ ပို့ဆောင်နိုင် လေသည်၊ လူတို့ကို သူတောင်းဆိုသော အရာသည် လူတစ်ဦးနှင့်တစ်ဦး မကွာခြားပေ၊ သူသည် လူတို့အမှန်တကယ် လိုအပ်နေသော အရာများနှင့်အညီ အလုပ်မလုပ်ပေ။ ဤသို့သောအလုပ်အမျိုးအစားတွင် စည်းမျဉ်း စည်းကမ်းများစွာနှင့် အယူအဆများစွာရှိပြီး၊ လူတို့ကို အရှိတရား အတွင်းသို့၊ သို့မဟုတ် အသက်တာတွင် ပုံမှန်ကြီးထွားမှုအတွက် ကျင့်ကြံမှု အတွင်းသို့ မပို့ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ အပေါ်တွင် ရပ်တည်နိုင်ခွင့်ကိုသာ ပေးသည်။ ဤသို့သော လမ်းညွှန်မှုမျိုးသည် လူတို့ကို လမ်းလွဲသို့သာ ဦးဆောင်သည်။ သူသည် သင့်ကို သူနှင့်တူသည့်အရာ ဖြစ်လာစေရန် ဦးဆောင်သည်၊ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်းအတွင်းသို့သာ သင့်ကိုပို့ဆောင် ပေးနိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များသည် အရည်အချင်းရှိမရှိကို သိနိုင်ရန် အဓိကသော့ချက်မှာ သူတို့ဦးဆောင်သော လမ်းကြောင်းနှင့် သူတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များသည် သမ္မာတရားနှင့်အညီ နိယာမများကို လက်ခံရရှိခြင်း ရှိမရှိနှင့် သူတို့အနေဖြင့် ပုံသဏ္ဌာန် ပြောင်းလဲနိုင်ရန် အတွက် သင့်တော်သော ကျင့်ကြံမှုနည်းလမ်းများကို လက်ခံရရှိမှု ရှိမရှိတို့ကိုကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ပိုင်းခြားသိမြင်သင့်သည်။ မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ယင်းသည် သင်၏ဝင်ရောက်မှုကိစ္စကို ထိခိုက်စေသည်။ အကယ်၍ မည်သူ့ဦးဆောင်မှုတွင် လမ်းကြောင်းရှိပြီး၊ မည်သူ့ ဦးဆောင်မှု၌ မရှိသည်ကို သင်မခွဲခြားမသိမြင်နိုင်ပါက သင်သည် လွယ်ကူစွာ လှည့်စားခြင်းခံရနိုင်သည်။ ဤအရာအားလုံးသည် သင့်ကိုယ်ပိုင် အသက်တာ အပေါ်တွင် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသည်။ မစုံလင်သောသူများ၏ အလုပ်တွင် သဘာဝ အလွန်ကျသော အရာများ ရှိသည်။ လူသား၏များစွာသော ဆန္ဒသည် ထိုအထဲတွင် ရောနှောနေသည်။ သူတို့၏ ဖြစ်ခြင်းသည် သဘာဝကျခြင်း၊ သူတို့မွေးဖွားစဉ် ပါလာသော အရာတို့ဖြစ်ပြီး၊ ကိုင်တွယ်ခြင်းကို ကျော်ဖြတ်ပြီးသော အသက်တာ သို့မဟုတ် အသွင်သဏ္ဌာန် ပြောင်းလဲခြင်းခံရပြီးနောက် မှန်ကန်မှုတို့ မဟုတ်ပေ။ ဤသို့သော လူစားမျိုးတို့သည် အသက်တာနောက် ရှာဖွေသောသူများကို မည်သို့ ထောက်ပံ့နိုင်မည်နည်း။ လူသား၏မူလ အသက်တာသည် သူ၏ရှိရင်းစွဲ ဉာဏ်စွမ်းရည် သို့မဟုတ် ပင်ကိုစွမ်းရည်ဖြစ်သည်။ ဤသို့သော ဉာဏ်စွမ်းရည် သို့မဟုတ် ပင်ကိုစွမ်းရည်သည် လူသားအတွက် ဘုရားသခင်၏ တိကျသော တောင်းဆိုချက်များနှင့် အတော်လေး ဝေးကွာလေသည်။ အကယ်၍ လူတစ်ဦးသည် စုံလင်အောင်ပြုခြင်းမခံရ၊ သူ၏ ပျက်စီးသော စိတ်သဘောထားကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ခြင်းမခံရပါက သူဖော်ပြသောအရာနှင့် သမ္မာတရားတို့ကြားတွင် ကြီးမားသောကွက်လပ်တစ်ခု ရှိနေလိမ့်မည်။ ယင်းသည် သူ၏စိတ်ကူးယဉ်မှုနှင့် တစ်ဖက်သက် အတွေ့အကြုံ အစရှိသည့် ဝေဝါးသောအရာများနှင့် ရောနှောနေလိမ့်မည်။ ထို့အပြင် သူမည်သို့ အလုပ်လုပ်သည်ဖြစ်စေ လူအားလုံးတို့၏ ဝင်ရောက်မှု အတွက် သင့်တော်သော ယေဘုယျ ပန်းတိုင်နှင့် သမ္မာတရားမရှိဟု ခံစားရသည်။ လူတို့အပေါ်တွင် ထားသော တောင်းဆိုမှုအများစုသည် ဘဲတစ်ကောင်ကို အိပ်တန်းပေါ်သို့ မောင်းသကဲ့သို့ သူတို့နှင့် လက်လှမ်းမမီနိုင်သောအရာများကို လုပ်စေသည်။ ယင်းသည် လူသားဆန္ဒ၏ အလုပ်ဖြစ်သည်။ လူသား၏ ပျက်စီးသော စိတ်သဘောထား၊ သူ၏အတွေးများနှင့် အယူအဆများသည် သူ့ကိုယ်ခန္ဓာ၏ အပိုင်းအားလုံးကို သက်ရောက်သည်။ လူသားသည် သမ္မာတရားကိုလေ့ကျင့်ရန် ပင်ကိုစိတ်ဖြင့် မွေးလာခြင်း မဟုတ်ပေ။ သမ္မာတရားကို တိုက်ရိုက်နားလည်ရန် ပင်ကိုစိတ်လည်းမရှိပေ။ လူသား၏ ပျက်စီးသော စိတ်သဘောထားနှင့်အတူပေါင်းလျှင် ဤသို့သော သဘာဝလူပုဂ္ဂိုလ်မျိုးသည် အလုပ်လုပ်သောအခါတွင် ယင်းလုပ်ဆောင်ခြင်းသည် နှောင့်ယှက်ခြင်းတစ်ခုပင် မဟုတ်ပါလော။ သို့ရာတွင် စုံလင်အောင်ပြုခြင်း ခံရသောလူတစ်ဦးသည် လူတို့ နားလည်သင့်သော သမ္မာတရား၏ အတွေ့အကြုံနှင့် သူတို့၏ပျက်စီးသော စိတ်သဘောထားနှင့် ပတ်သက်သည့် ဗဟုသုတတို့ရှိသည်။ ထို့ကြောင့် သူ၏အလုပ်အတွင်းမှ ဝေဝါးပြီး အစစ်အမှန်မဟုတ်သော အရာများသည် တဖြည်းဖြည်း မှေးမှိန်သွားသည်။ လူသား၏ ဆိုးသွမ်းခြင်းများသည် ပိုနည်းလာပြီး၊ သူ့အလုပ် နှင့် အစေခံမှုတို့က ဘုရားသခင် သတ်မှတ်ထားသည့် စံနှုန်းများနှင့် ယခင်ကထက် ပို၍ နီးစပ်လာည်။ ထို့ကြောင့် သူ့အလုပ်သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီဖြစ်ပြီး၊ လက်တွေ့လည်း ကျသွားလေသည်။ လူသား၏စိတ်ထဲမှ စိတ်ကူးများသည် အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိတ်ဆို့သည်။ လူသားသည် ကိစ္စရပ်များနှင့်ပတ်သက်ရာတွင် ကြွယ်ဝသော စိတ်ကူး၊ ကျိုးသင့်ကြောင်းသင့်ဆက်စပ်မှုနှင့် အတွေ့အကြုံ ဟောင်းများရှိသည်။ အကယ်၍ ဤအရာများသည် ပြုပြင်ခြင်းနှင့် မှန်ကန်အောင် ပြင်ဆင်ခြင်းကို ဖြတ်ကျော်ခဲ့ခြင်း မရှိပါက ယင်းတို့အားလုံးသည် အလုပ်အတွက် အတားအဆီးများပင် ဖြစ်သည်။ ထို့ကြောင့် လူသား၏အလုပ် အထူးသဖြင့် မစုံလင်သော သူတို့၏ အလုပ်သည် အတိကျဆုံးသော အဆင့်သို့မရောက်ရှိနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၈)

လူသား၏အလုပ်သည် အတိုင်းအတာနှင့် အကန့်အသတ်များ ရှိသည်။ လူတစ်ဦးသည် တိကျသော အဆင့်တစ်ခု၏ အလုပ်ကိုသာ လုပ်နိုင်ပြီး ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို မလုပ်နိုင်ပေ၊ သို့မဟုတ်ပါက သူသည် လူတို့ကို စည်းမျဉ်းစည်းကမ်းများဖြင့် ဦးဆောင်လိမ့်မည် ဖြစ်သည်။ လူသား၏အလုပ်သည် အချိန်တစ်ခု၊ သို့မဟုတ် အဆင့်တစ်ဆင့်တွင်သာ သင့်လျော်နိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ လူသား၏ အတွေ့အကြုံသည် အတိုင်းအတာတစ်ခု ရှိသောကြောင့် ဖြစ်သည်။ တစ်ယောက်သောသူသည် လူသား၏အလုပ်ကို ဘုရားသခင်၏အလုပ်နှင့် နှိုင်းယှဉ်ခြင်းမပြုနိုင်ပေ။ လူသား၏ကျင့်ကြံမှု နည်းလမ်းများနှင့် သမ္မာတရားနှင့်ပတ်သက်သော သူ၏အသိပညာသည် တိကျသော အတိုင်းအတာတစ်ခုအတွက်သာ အားလုံး သင့်လျော်လေသည်။ လူသားတို့ နင်းလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလိုတော် အပြည့်အဝဖြစ်သည်ဟု သင်မပြောနိုင်ပေ၊ အကြောင်းမှာ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေးခြင်းကိုသာ ခံရနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် အလုံးစုံ ပြည့်ဝခြင်း မခံရနိုင်သောကြောင့်ဖြစ်သည်။ လူသားတို့ တွေ့ကြုံနိုင်သည့် အရာများအားလုံးသည် သာမန်လူ့သဘာဝ၏ အတိုင်းအတာ အတွင်းတွင်သာရှိပြီး သာမန်လူသား၏စိတ်အတွင်းမှ အတွေးများ၏ အပိုင်းအခြားထက် မကျော်လွန်နိုင်ပေ။ လက်တွေ့ကျသော ဖော်ပြချက်များနှင့် လူအားလုံးသည် ဤအပိုင်းအခြား အတွင်း တွေ့ကြုံကြသည်။ သူတို့သည် သမ္မာတရားကို တွေ့ကြုံချိန်တွင် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်မှ သာမန်လူသား အသက်တာဖြင့် အတွေ့အကြုံတစ်ခုသာ အမြဲဖြစ်ပြီး၊ သာမန်လူသားအသက်တာမှ ကွဲလွဲသောနည်းလမ်း တစ်ခုဖြင့် တွေ့ကြုံခြင်းမဟုတ်ပေ။ သူတို့၏ လူသား အသက်တာ၌ နေထိုင်ခြင်း အခြေခံပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးသော သမ္မာတရားကို သူတို့သည် တွေ့ကြုံကြသည်။ ထို့အပြင် ဤသမ္မာတရားသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားပြီး၊ ထိုအရာ၏အတိမ်အနက်သည် လူတစ်ဦး၏ အခြေအနေနှင့် ဆက်နွှယ်သည်။ လူတစ်ယောက်က သူတို့လျှောက်သော လမ်းကြောင်းသည် သမ္မာတရားကို လိုက်လျှောက်သော လူသားတစ်ဦး၏ သာမန်လူ့အသက်တာဖြစ်ပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ရှိသော သာမန်လူသားတစ်ဦးကလျှောက်သော လမ်းကြောင်းဖြစ်သည်ဟုသာ ဆိုနိုင်ပါသည်။ လူတစ်ယောက်က သူတို့နင်းလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်သုံးသော လမ်းကြောင်းမဟုတ်ဟု သင်မဆိုနိုင်ပေ။ သာမန်လူသား အတွေ့အကြုံတွင် လိုက်လျှောက်သော လူတို့သည် မတူညီသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည်လည်း တူညီမှုမရှိပေ။ ထို့အပြင် သူတို့တွေ့ကြုံသော ပတ်ဝန်းကျင်များနှင့် သူတို့ အတွေ့အကြုံ၏ အပိုင်းအခြားများသည် မတူညီခြင်း ကြောင့်၊ သူတို့၏စိတ်နှင့်အတွေးများ ရောနှောနေခြင်း ကြောင့်၊ သူတို့၏ အတွေ့အကြုံသည် မတူညီသော အဆင့်များဖြင့် ရောနှောနေပါသည်။ လူတစ်ဦးစီသည် သူတို့တစ်ဦးစီ၏ မတူညီသောအခြအနေများနှင့်အညီ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရား၏ စစ်မှန်သော အဓိပ္ပာယ်အပေါ် သူတို့၏နားလည်မှုသည် မပြည့်စုံဘဲ ယင်း၏ ရှုထောင့်တစ်ခု၊ သို့မဟုတ် ရှုထောင့်အနည်းငယ်သာ ဖြစ်လေသည်။ လူသားတွေ့ကြုံသော သမ္မာတရား၏ အတိုင်းအတာသည် လူတစ်ဦးစီ၏ မတူညီသောအခြေအနေများပေါ်တွင် အခြေခံသောကြောင့် တူညီမှုမရှိကြပေ။ ဤနည်းအားဖြင့် မတူညီသောသူများက တူညီသောသမ္မာတရားကို ဖော်ပြသည့် အသိပညာသည် ကွဲပြားလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အတွေ့အကြုံသည် အမြဲတမ်း အကန့်အသတ်များရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ခြင်းမရှိပေ၊ ထို့ပြင် လူသားဖော်ပြသော အရာသည် ဘုရားသခင်၏ အလိုတော်နှင့် အလွန်နီးစပ်စွာ ဆက်စပ်နေလျှင်ပင်ဖြစ်စေ၊ လူသား၏ အတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော်က လုပ်ဆောင်သော စုံလင်စေခြင်း အလုပ်နှင့် အလွန်နီးစပ်နေလျှင်ပင်ဖြစ်စေ၊ လူသားအလုပ်ကို ဘုရားသခင်၏အလုပ်ကဲ့သို့ ရှုမြင်၍ မရနိုင်ပေ။ လူသားသည် ဘုရားသခင်က သူ့အပေါ် တာဝန်ပေးစေခိုင်းထားသောအလုပ်ကို လုပ်ဆောင်လျက် ဘုရားသခင်၏ငယ်သားသာ ဖြစ်နိုင်ပါသည်။ လူသားသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု အောက်မှ အသိပညာနှင့် သူ၏ကိုယ်ပိုင် အတွေ့အကြုံများထံမှရရှိသော သမ္မာတရားများကိုသာ ဖော်ပြနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထွက်ပေါက်ဖြစ်ရန် လူသားသည် အရည်အချင်းမပြည့်မီ၊ အခြေအနေများမရှိပေ။ လူသား၏အလုပ်သည် ဘုရားသခင်၏ အလုပ်ဖြစ်သည်ဟု သူဆိုနိုင်ခွင့်မရှိပေ။ လူသားတွင် လူသား၏ အလုပ်လုပ်သည့် နည်းဥပဒေသများရှိပြီး၊ လူသားအားလုံးသည် ကွဲပြားသော အတွေ့အကြုံများရှိကာ မတူညီသော အခြေအနေများကို ပိုင်ဆိုင်သည်။ လူသားအလုပ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်မှ သူ၏ အတွေ့အကြုံအားလုံး ပါဝင်သည်။ ဤအတွေ့အကြုံများသည် လူသား၏ဖြစ်ခြင်းကိုသာ ကိုယ်စားပြု နိုင်ပြီး ဘုရားသခင်၏ဖြစ်ခြင်း၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်ကို ကိုယ်စားပြုနိုင်ခြင်းမရှိပေ။ ထို့ကြောင့် လူသားလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်လျှောက်သော လမ်းဖြစ်သည်ဟု မဆိုနိုင်ပေ၊ အကြောင်းမှာ လူသား၏အလုပ်သည် ဘုရားသခင်၏ အလုပ်ကို ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး၊ လူသား၏အလုပ်နှင့် လူသား၏ အတွေ့အကြုံသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော် အပြည့်အဝ မဟုတ်သောကြောင့်ဖြစ်သည်။ လူသား၏အလုပ်သည် စည်းမျဉ်းတစ်ခုအတွင်းသို့ ကျရောက်လေ့ရှိပြီး၊ သူ့အလုပ်၏ နည်းလမ်းသည် အကန့်အသတ်ရှိသော နယ်ပယ်တစ်ခုအတွင်းတွင် လွယ်လင့်တကူ ဘောင်ခတ် ထားခြင်းခံရကာ၊ လူသားတို့ကို လွတ်မြောက်ခြင်းလမ်းသို့ ဦးဆောင်နိုင်ခြင်းမရှိပေ။ နောက်လိုက် အများစုသည် အကန့်အသတ်ရှိသော နယ်ပယ်တစ်ခုအတွင်းတွင် နေထိုင်ပြီး၊ သူတို့၏တွေ့ကြုံမှုနည်းလမ်းသည်လည်း ထိုနယ်ပယ် အတွင်းတွင် ကန့်သတ်ခြင်းခံထားရလေသည်။ လူသား၏ အတွေ့အကြုံသည် အမြဲတမ်း အကန့်အသတ်ရှိသည်။ သူ့အလုပ်၏ နည်းလမ်း သည်လည်း အမျိုးအစား အနည်းငယ်အတွင်းတွင် ကန့်သတ်ထားခြင်းခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၊ သို့မဟုတ် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်နှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိပေ၊ ယင်းသို့ဖြစ်ရခြင်းမှာ နောက်ဆုံး၌ လူသား၏ အတွေ့အကြုံသည် အကန့်အသတ်ရှိခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ၏အလုပ်ကို မည်သို့ပင်လုပ်သည်ဖြစ်စေ၊ ထိုအထဲတွင် စည်းမျဉ်းများ မပါဝင်ပေ၊ ထိုအလုပ်ကို မည်သို့ပင်ပြုလုပ် ပြီးစီးသည်ဖြစ်စေ၊ ယင်းကို နည်းလမ်းတစ်ခုတည်းဖြင့် ကန့်သတ်ထားခြင်းမဟုတ်ပေ။ ဘုရားသခင်၏ အလုပ် အတွက် စည်းမျဉ်းစည်းကမ်းများ လုံးဝမရှိပေ၊ သူ၏အလုပ်အားလုံးကို လွတ်လပ်စွာ လုပ်ဆောင် လေသည်။ လူသားသည် ဘုရားသခင် နောက်လိုက်ပြီး အချိန်မည်မျှကုန်ဆုံးခဲ့စေကာမူ သူ့အလုပ်၏ နည်းလမ်းများအတွက် ဥပဒေများကို အကျဉ်းချုံး ဖော်ပြနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ အလုပ်သည် စည်းကမ်းရှိသော်လည်း ယင်းကို အမြဲတမ်း နည်းလမ်းသစ်များဖြင့် ပြုလုပ်ပြီး၊ ယင်းသည် လူသားတို့ လက်လှမ်းမီနိုင်မှုမှကျော်လွန်သည့် အသစ်သော တိုးတက်မှုများ အစဉ်အမြဲရှိသည်။ အချိန်ကာလ တစ်ခုအတွင်းတွင် ဘုရားသခင်သည် ကွဲပြားသော အလုပ်အမျိုးအစားများနှင့် ကွဲပြားသော ဦးဆောင်မှု နည်းလမ်းများရှိနိုင်ကာ လူသားတို့ကို အသစ်သော ဝင်ရောက်မှုများနှင့် အသစ်သော ပြောင်းလဲမှုများရှိရန် ခွင့်ပြုလေသည်။ သင်သည် ဘုရားသခင်အလုပ်၏ ဥပဒေသများကို ရှာဖွေနိုင်ခြင်းမရှိပေ၊ အကြောင်းမှာ သူသည် အမြဲတမ်း အသစ်သော နည်းလမ်းများဖြင့် အလုပ်လုပ်ကိုင်သောကြောင့် ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်၏ နောက်လိုက်များသည် စည်းမျဉ်းများထဲသို့ မကျရောက် နိုင်မည် ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ်သည် လူတို့၏အယူအဆများကို ရှောင်ရှားပြီး သူတို့၏ အယူအဆများကို ဆန့်ကျင်သည်။ စစ်မှန်သော နှလုံးသားတစ်ခုနှင့် ဘုရားသခင် နောက်သို့လိုက်ပြီး ရှာမှီးသောသူများသာလျှင် သူတို့၏ စိတ်သဘောထားများ အသွင်သဏ္ဌာန်ပြောင်းလဲမှုရှိနိုင်ပြီး၊ မည်သည့် စည်းမျဉ်းအောက်တွင်မျှမရှိဘဲ၊ သို့မဟုတ် မည်သည့် ဘာသာတရား အယူအဆများဖြင့် ချုပ်နှောင်ထားခြင်းမရှိဘဲ လွတ်လပ်စွာ နေနိုင်လေသည်။ လူသား၏အလုပ်က လူတို့ကို တောင်းဆိုသည့် အရာသည် သူ၏ကိုယ်ပိုင်အတွေ့အကြုံနှင့် သူကိုယ်တိုင် စွမ်းဆောင်နိုင်သော အရာပေါ်တွင် အခြေခံသည်။ ဤသတ်မှတ်ချက်များ၏ အဆင့်အတန်းသည် တိကျသော နယ်ပယ်တစ်ခုအတွင်းတွင် ကန့်သတ်ထားပြီး ကျင့်ဆောင်သည့် နည်းလမ်းများသည်လည်း အလွန် အကန့်အသတ်ရှိသည်။ ဤသို့ဖြင့် နောက်လိုက် သူများသည် ဤကန့်သတ်သော နယ်ပယ်အတွင်းတွင် မရည်ရွယ်ဘဲနှင့် အသက်ရှင်ကြသည်။ အချိန်ကုန်လွန် လာသည်နှင့် အမျှ ၎င်းတို့သည် စည်းမျဉ်းများနှင့် ရိုးရာဓလေ့များဖြစ်လာသည်။ အကယ်၍ ကာလတစ်ခု၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ စုံလင်အောင်ပြုခြင်းကို မဖြတ်ကျော်ခဲ့ဘဲ တရားစီရင်ခြင်းကို မရခဲ့သော သူတစ်ဦးမှ ဦးဆောင်ခြင်းခံရလျှင် သူ၏နောက်လိုက်များအားလုံးသည် ဘာသာရေးသမားများနှင့် ဘုရားသခင်ကို ခုခံဆန့်ကျင်ခြင်းတွင် ကျွမ်းကျင်ပညာရှင်များ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် အကယ်၍ တစ်စုံတစ်ယောက်သည် အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦးဖြစ်ပါက ထိုသူသည် တရားစီရင်ခြင်းကို ကြုံရမည်ဖြစ်ပြီး စုံလင်အောင် ပြုခြင်းကို လက်ခံရမည်။ တရားစီရင်မှုကို ကြုံတွေ့ခြင်း မရှိသောသူများသည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် သူတို့၌ရှိနေနိုင်သော်လည်း သူတို့သည် ဝေဝါးပြီး မစစ်မှန်သော အရာများကိုသာ ဖော်ပြသည်။ အချိန်နှင့်အမျှ သူတို့သည် လူတို့ကို ဝေဝါးပြီး သဘာဝလွန်သော စည်းမျဉ်းများအတွင်းသို့ ဦးဆောင်လိမ့်မည်။ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် လူသား၏ ဇာတိပကတိနှင့် ကိုက်ညီခြင်းမရှိပေ။ ယင်းသည် လူသား၏ အတွေးနှင့်အညီမဟုတ်ဘဲ လူသား၏ အယူအဆများနှင့် ဆန့်ကျင်လေသည်။ ယင်းသည် ဝေဝါးသောဘာသာတရား အရောင်နှင့် ရောနှောခြင်းမရှိပေ။ ဘုရားသခင်အလုပ်၏ ရလဒ်များကို ဘုရားသခင်က စုံလင်အောင် ပြုပေးခြင်းမခံရသော လူသားတစ်ဦးက မရရှိနိုင်ဘဲ ယင်းသည် လူသား၏အတွေးရောက်နိုင်သည့် အရာထက် ကျော်လွန်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၉)

လူသား၏စိတ်ထဲရှိအလုပ်ကို လူသားက အလွန် လွယ်ကူစွာ စွမ်းဆောင်ရရှိနိုင်ပေသည်။ ဥပမာအားဖြင့် ဘာသာရေး လောကအတွင်းရှိ သင်းအုပ်များနှင့် ခေါင်းဆောင်များသည် သူတို့၏ အလုပ်ကိုလုပ်ရန် သူတို့၏ ပါရမီများနှင့် အဆင့်အတန်းများအပေါ် အမှီပြုသည်။ အချိန်ကြာမြင့်စွာ သူတို့နောက်သို့လိုက်သောသူများသည် သူတို့ပါရမီများ၏ ဓာတ်ကူးခြင်းကိုခံရကာ သူတို့ဖြစ်တည်မှု အချို့တို့၏ လွှမ်းမိုးမှုကို ခံရလိမ့်မည်။ သူတို့သည် လူသား၏ ပါရမီများ၊ စွမ်းရည်များနှင့် အသိပညာတို့အပေါ်တွင် အာရုံထား၍ သဘာဝလွန်သည့်အရာ အချို့တို့နှင့် အလွန်နက်ရှိုင်းပြီး မစစ်မှန်သော အယူဝါဒများ (ဤနက်ရှိုင်းသော အယူဝါဒများကို မရယူနိုင်သည်မှာ သေချာပါသည်) အပေါ်တွင် သူတို့အာရုံစိုက်ကြသည်။ သူတို့သည် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်းများ အပေါ်တွင် အာရုံမထားဘဲ လူတို့၏ တရားဟောကြားခြင်းနှင့် လုပ်ဆောင်မှု စွမ်းရည်များကို လေ့ကျင့်ပေးခြင်း၊ လူသား၏အသိပညာနှင့် ကြွယ်ဝသော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့ကိုသာ အာရုံထားလေသည်။ သူတို့သည် လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်၊ သို့မဟုတ် လူသားသည် သမ္မာတရားကို မည်မျှနားလည်သည် တို့အပေါ်တွင် အာရုံမထားပေ။ သူတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို သိအောင် ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရနှင့် ပတ်သက်၍ စိတ်ပင်မဝင်စားပေ။ သူတို့သည် လူသား၏ အားနည်းချက်များ၊ သို့မဟုတ် ဖောက်ပြန်မှုများကို ပြုပြင်ရန်မဆိုထားနှင့်၊ လူသား၏ အယူအဆများကို တွေ့ကြုံခြင်း၊ သို့မဟုတ် သူတို့၏အယူအဆများကို ဖော်ပြခြင်းပင်မရှိပေ။ သူတို့နောက်သို့လိုက်သော သူအများစုသည် သူတို့၏ ပါရမီများဖြင့် အစေခံပြီး၊ သူတို့ထုတ်ဖော်ပြသမျှအရာ အားလုံးသည် ဘာသာရေး အယူအဆများနှင့် ဓမ္မပညာဆိုင်ရာ အယူအဆများဖြစ်ပြီး၊ ယင်းတို့သည် လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အပေါ် အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိပေ။ အမှန်တွင်မူ သူတို့အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသော သူတစ်ဦးကို နောက်ပိုင်းတွင် အလုပ်လုပ်၍ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာသင်ကျောင်း ဘွဲ့ရတစ်ဦးဖြစ်ရန် ပျိုးထောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှစ်ပေါင်း ခြောက်ထောင်ကျော် အလုပ်နှင့်အတူ နည်းဥပဒေသတစ်စုံတစ်ရာကို သင်ရှာဖွေတွေ့ရှိနိုင် ပါသလော။ လူလုပ်သောအလုပ်တွင် စည်းမျဉ်းများနှင့် အတားအဆီးများစွာရှိပြီး လူသား ဦးနှောက်သည် အလွန်တယူသန်ဆန်သည်။ ထို့ကြောင့် လူသားဖော်ပြသောအရာသည် သူ၏အတွေ့အကြုံ အားလုံးအတွင်းမှ အသိပညာအချို့နှင့် သဘောပေါက်မိခြင်းတို့ဖြစ်သည်။ လူသားသည် ယင်းအရာတို့မှလွဲ၍ မည်သည့်အရာကိုမျှ ဖော်ပြနိုင်ခြင်းမရှိပေ။ လူသား၏ အတွေ့အကြုံ သို့မဟုတ် အသိတရားသည် သူ၏မွေးရာပါ ပါရမီများ သို့မဟုတ် သူ၏ပင်ကိုစိတ်မှ ပေါ်လာခြင်းမဟုတ်ပေ။ ယင်းတို့ပေါ်လာခြင်းမှာ ဘုရားသခင်၏ လမ်းညွှန်မှုနှင့် ဘုရားသခင်၏ တိုက်ရိုက်လမ်းပြမှုတို့ကြောင့် ဖြစ်သည်။ လူသားသည် ဤလမ်းညွှန်မှုကို လက်ခံရသည့် အင်္ဂါသာရှိပြီး ဘုရား သဘောသဘာဝသည် အဘယ်အရာဖြစ်သည်ကို တိုက်ရိုက်ဖော်ပြရန် အင်္ဂါမရှိပေ။ လူသားသည် အရင်းအမြစ်မဖြစ်နိုင်ဘဲ အရင်းအမြစ်မှ ရေကိုလက်ခံသော အိုးတစ်ခုသာ ဖြစ်နိုင်သည်။ ယင်းသည် လူသား၏ပင်ကိုအသိစိတ်ဖြစ်သည်။ လူသားတစ်ဦးအနေဖြင့် ရှိသင့်သော အင်္ဂါလည်း ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရန် အင်္ဂါကိုဆုံးရှုံး၍ လူသား၏ ပင်ကိုအသိစိတ်ကို ဆုံးရှုံးပါက ထိုလူသည် တန်ဖိုးအရှိဆုံးသော အရာကိုလည်း ဆုံးရှုံးကာ ဖန်ဆင်းခံရသော လူသား၏ တာဝန်ကို ဆုံးရှုံးသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော် သို့မဟုတ် သူ၏အလုပ်နှင့် ပတ်သက်သော အတွေ့အကြုံ သို့မဟုတ် အသိပညာမရှိပါက ထိုလူသည် သူ၏တာဝန်ကို ဆုံးရှုံးကာ ဖန်ဆင်းခံ လူသားတစ်ဦးအနေဖြင့် သူဆောင်ရွက်သင့်သော သူ၏တာဝန်ကို ဆုံးရှုံး၍ ဖန်ဆင်းခံ လူသားတစ်ဦး၏ ဂုဏ်သိက္ခာကို ဆုံးရှုံးမည်ဖြစ်သည်။ ဘုရားသဘောသဘာဝမှာ မည်သည်ဖြစ်သည်ကို ဖော်ပြရန်၊ ယင်းကို လူ့ဇာတိဖြင့် သို့မဟုတ် ဝိညာဉ်တော်က တိုက်ရိုက်ဖော်ပြခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုအသိ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ သာသနာဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အလုပ်အတွင်း သို့မဟုတ် အလုပ်ပြီးနောက်တွင် သူ၏ကိုယ်ပိုင်အတွေ့အကြုံ သို့မဟုတ် အသိပညာ (သူ့ဖြစ်ခြင်းကို ဖော်ပြသည်ကို ဆိုလိုသည်) ကိုဖော်ပြသည်။ ယင်းသည် လူသား၏ ပင်ကိုစိတ်နှင့် လူသား၏ တာဝန်ဖြစ်သည်။ ယင်းသည် လူသားက စွမ်းဆောင်ရရှိသင့်သော အရာဖြစ်သည်။ လူသား၏ ဖော်ပြချက်သည် ဘုရားသခင်၏ ဖော်ပြချက်နောက်ကောက်ကျန်ခဲ့သော်လည်း လူသားဖော်ပြသည့် အရာတွင် စည်းမျဉ်းများစွာပါရှိပြီး၊ လူသားသည် သူဖြည့်ဆည်းသင့်သောတာဝန်ကို ဖြည့်ဆည်းကာ သူလုပ်သင့်သည့် အရာကိုလုပ်ရပါမည်။ လူသားသည် သူ၏တာဝန်ကိုဖြည့်ဆည်းရန် လူသားအနေဖြင့် လုပ်နိုင်သမျှသော အရာအားလုံးကို လုပ်သင့်ပြီး ယင်းအတွက် အနည်းငယ် ထိန်ချန်သိုမှီးထားခြင်းပင် မရှိသင့်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၀)

သင်တို့သည် ဘုရားသခင်၏အလုပ်ကို လူသား၏ အလုပ်နှင့် မည်သို့ခွဲခြားရမည်ဆိုသည်ကို သိရမည်။ လူသား၏အလုပ်မှ မည်သည့်အရာကို သင်မြင်နိုင်သနည်း။ လူသား၏အလုပ်တွင် လူသားအတွေ့အကြုံ၏ အရိပ်လက္ခဏာများစွာရှိသည်။ လူသား ဖော်ပြသည့် အရာသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည်လည်း သူ၏ဖြစ်ခြင်းကိုသာ ဖော်ပြသည်၊ သို့ရာတွင် ဘုရားသခင်၏ ဖြစ်ခြင်းသည် လူသား၏ဖြစ်ခြင်းနှင့် ကွာခြားသည်။ လူသား၏ ဖြစ်ခြင်းသည် လူသား၏အတွေ့အကြုံနှင့် အသက်တာ တို့ကို (လူသား၏ အသက်တာတွင် လူသား တွေ့ကြုံသည့်အရာ၊ သို့မဟုတ် ကြုံဆုံသည့်အရာ၊ သို့မဟုတ် သူ့တွင်ရှိသော အသက်တာဒဿနိကများ) ကိုယ်စားပြုခြင်းဖြစ်ပြီး ကွဲပြားသော ပတ်ဝန်းကျင်များတွင် နေထိုင်သည့် သူများသည် ကွဲပြားသော ဖြစ်ခြင်းများကို ဖော်ပြသည်။ သင့်ထံတွင် လူမှုရေးအတွေ့အကြုံများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် သင့်မိသားစုအတွင်းတွင် မည်သို့အမှန်တကယ်အသက်ရှင်ပြီး တွေ့ကြုံသည်ကို သင်ဖော်ပြသောအရာတွင် တွေ့နိုင်သည်၊ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်ကိုမူ ဘုရားသခင်ထံတွင် လူမှုရေးအတွေ့အကြုံများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည်မမြင်နိုင်ပေ။ သူသည် လူသားအနှစ်သာရကို ကောင်းမွန်စွာ သတိပြုမိပြီး၊ လူအမျိုးအစားအားလုံးထံသို့ သက်ဆိုင်ရာ အလေ့အကျင့် အမျိုးအစားအားလုံးကို သူဖော်ပြနိုင်သည်။ သူသည် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကို ဖော်ပြရာတွင် ပို၍တော်လေသည်။ သူသည် လောကီနှင့် ဆိုင်သော လူများအကြားတွင် နေထိုင်ခြင်းမရှိပေ၊ သို့ရာတွင် သူသည် သေမျိုးများ၏သဘာဝနှင့် လောကီနှင့်ဆိုင်သော လူများ၏ ဖောက်ပြန်မှုအားလုံးကို သတိပြုမိသည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ သူသည် လောကနှင့် ဆက်ဆံမှုမရှိသော်လည်း ကမ္ဘာကြီးနှင့်ဆက်ဆံသည့် စည်းမျဉ်းများကို သူသိသည်၊ အကြောင်းမှာ သူသည် လူသား၏သဘာဝကို အပြည့်အဝ နားလည်သောကြောင့်ဖြစ်သည်။ သူသည် လူသားမျက်လုံးဖြင့် မမြင်နိုင်သော၊ လူသားနားဖြင့် မကြားနိုင်သော၊ ယနေ့နှင့် အတိတ်နှစ်ခုစလုံးမှ ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိသည်။ ထိုအထဲတွင် ဘဝဒဿနိက မဟုတ်သော အသိဉာဏ်နှင့် လူတို့နားလည်ရန် ခက်ခဲသော အံ့ဖွယ်ရာတို့ပါဝင်သည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး၊ လူတို့ကိုသိအောင်ပြုပြီး လူတို့ထံမှလည်း ဖုံးကွယ်ထားလေသည်။ သူဖော်ပြသည့်အရာသည် သာမန်မဟုတ်သော သူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ပင်ဖြစ်သည်။ သူသည် ကမ္ဘာပတ်ခရီး မထွက်သော်လည်း အရာအားလုံးကိုသိသည်။ သူသည် အသိတရား၊ သို့မဟုတ် ထိုးထွင်းအသိဉာဏ်မရှိသော “လူမျောက်ဝံများ” ကိုဆက်သွယ်သော်လည်း အသိတရား ထက်မြင့်သော စကားလုံးများနှင့် ကြီးမြတ်သော လူသားများအထက်မှ စကားလုံးများကို ဖော်ပြသည်။ သူသည် လူ့သဘာဝမရှိသော၊ လူသား၏ အစဉ်အလာများနှင့် အသက်တာများကို နားမလည်သော၊ အကင်းမပါးဘဲ ထုံအသော လူအုပ်စုတစ်စုအကြားတွင် နေထိုင်သည်။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝဖြင့် နေထိုင်အောင်စေခိုင်းနိုင်ပြီး တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ အခြေကျပြီး နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် သူ၏ဖြစ်ခြင်း ဖြစ်ပြီး အသွေးအသားရှိသည့် မည်သည့်လူသားမဆို၏ ဖြစ်ခြင်းထက် မြင့်မားလေသည်။ သူ့အတွက်ဆိုလျှင် သူလုပ်ရန်လိုသော အလုပ်ကိုလုပ်ရန် ရှုပ်ထွေးသော၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန်နှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်မှု၏ အနှစ်သာရကို နှံ့စပ်စွာဖော်ပြရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေး အသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေ။ သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး၊ လူသားကို လောကနှင့်ဆက်စပ်ရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများပေးအပ်ခြင်း မပြုပေ။ လူသားတို့ကို အသက်ဖြင့် ထောက်ပံ့စဉ်တွင် လူ့အသိုင်းအဝိုင်း၊ သို့မဟုတ် လူသား၏မိသားစုကို စုံစမ်းရန် သူမလိုအပ်ပေ။ လူသားကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ ဇာတိခန္ဓာနှင့် ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူသား၏မနာခံမှုနှင့် လူသားမျိုးနွယ်၏ စက်ဆုပ်ရွံရှာကောင်းသော ဖောက်ပြန်မှုကို ကြာမြင့်စွာ သိရှိထားပြီးနောက်တွင် လူသား၏မဖြောင့်မတ်မှုကို ဖော်ထုတ်ရန် ဖြစ်သည်။ သူပြုသော အမှုအားလုံးသည် လူသားထံသို့ သူ၏စိတ်သဘောထားကို ပြသရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန်အတွက် ဖြစ်သည်။ သူသာလျှင် ဤအလုပ်ကို လုပ်ဆောင်နိုင်ပြီး၊ ယင်းသည် အသွေးအသားနှင့် လူသားက စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၁)

ဘုရားသခင်လုပ်သော အလုပ်သည် သူ့ဇာတိခန္ဓာ၏ အတွေ့အကြုံကို ကိုယ်စားမပြုပေ။ လူသားလုပ်သော အလုပ်မှာမူ လူသား၏အတွေ့အကြုံကို ကိုယ်စားပြုသည်။ လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ပတ်သက်၍ ပြောဆိုကြသည်။ ဘုရားသခင်သည် သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်ချိန်တွင် လူသားသည် သမ္မာတရားကို တွေ့ကြုံပြီးနောက် သက်ဆိုင်သော အတွေ့အကြုံကိုသာ ဖော်ပြနိုင်လေသည်။ ဘုရားသခင်၏အလုပ်၌ စည်းမျဉ်းများ မရှိပေ၊ ထို့ပြင် ထိုအလုပ်ကို အချိန်၊ သို့မဟုတ် တည်နေရာ နယ်နိမိတ်များဖြင့် ပိုင်းခြားထားခြင်းမရှိပေ။ ဘုရားသခင်သည် သူ၏ဖြစ်ခြင်းကို အချိန်မရွေး၊ နေရာမရွေးတွင် ဖော်ပြနိုင်သည်။ သူစိတ်ရှိသည့်အတိုင်း သူအလုပ်လုပ်လေသည်။ လူသား၏အလုပ်၌ အခြေအနေများနှင့် နောက်ခံအကြောင်းအရာများ ရှိသည်၊ သို့မဟုတ်လျှင် သူသည် သူ၏အလုပ်ကို လုပ်နိုင်ခြင်းမရှိဘဲ ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိပညာကို ဖော်ပြနိုင်ခြင်း၊ သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်သော သူ၏အတွေ့အကြုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သင့်အနေဖြင့် ထိုအလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်လော၊ သို့မဟုတ် လူသား၏အလုပ်လောဆိုသည်ကို ပြောရန် သူတို့ကြားမှ မတူညီသည့်အရာများကို နှိုင်းယှဉ်ရုံသာ ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်ပြုသော အလုပ်မရှိဘဲ လူသား၏အလုပ်သာရှိလျှင် လူသားတို့၏ သွန်သင်ချက်များသည် အဆင့်မြင့်ကာ လူတိုင်း၏ တတ်ကျွမ်းမှုစွမ်းရည်ထက် ကျော်လွန်နေသည်ကို သင် အလွယ်တကူ သိလိမ့်မည်။ သူတို့၏ စကားပြောသည့် အသံနေအသံထား၊ သူတို့၏ အရာရာတို့ကို ကိုင်တွယ်သည့် နိယာမများနှင့် အလုပ်လုပ်ခြင်းတွင် သူတို့၏ အတွေ့အကြုံများနှင့် တည်ငြိမ်သည့်ပုံစံများသည် အခြားသူတို့ လက်လှမ်းနိုင်သည်ထက် ကျော်လွန်နေမည်။ သင်တို့အားလုံးသည် မြင့်မားသော လူ့သဘာဝနှင့် ဤသို့သောသူများကို အားကျ နှစ်ခြိုက်ကြသည်။ သို့ရာတွင် ဘုရားသခင်၏အလုပ်နှင့် နှုတ်ကပတ်တော်များ ထံမှ ဘုရားသခင်၏ လူ့သဘာဝ မည်မျှမြင့်မားသည်ကို သင်တို့မတွေ့မြင်နိုင်ပေ။ ထို့အစား သူသည် ရိုးရိုးသာဖြစ်ပြီး သူအလုပ်လုပ်ချိန်တွင် သူသည်သာမန် ဖြစ်၍ စစ်မှန်မှုရှိသော်လည်း သေမျိုးသေနွယ်များအနေဖြင့် တိုင်းတာ၍ မရနိုင်ပေ။ ထို့ကြောင့် လူသားတို့အား သူ့ကို ရိုသေလေးမြတ်ခြင်း တစ်မျိုးကို ခံစားရစေသည်။ လူသားတစ်ဦး၏အလုပ်မှ အတွေ့အကြုံသည် မြင့်မားကောင်း မြင့်မားနေမည် သို့မဟုတ် သူ၏အတွေးအထင်နှင့် ဆင်ခြင်နိုင်စွမ်းတို့သည် အထူးသဖြင့် မြင့်မားနေပြီး သူ၏ လူ့သဘောသဘာဝသည် အထူးသဖြင့် ကောင်းမွန်နေမည်။ ဤအရာအားလုံးသည် လူသား၏ ချစ်ခင်မြတ်နိုးမှုကိုသာ ရရှိစေနိုင်သော်လည်း သူတို့၏ လေးစားမှုနှင့် ကြောက်ရွံ့မှုကို မထွက်ပေါ်လာစေနိုင်ပေ။ လူတို့သည် အလုပ်လုပ်နိုင်သော စွမ်းရည်ရှိသူများ၊ အထူးသဖြင့် လေးနက်သော အတွေ့အကြုံရှိသူများနှင့် သမ္မာတရားကို ကျင့်ကြံနိုင်သော သူများကို အားလုံးလေးစား ကြသော်လည်း သူတို့သည် လေးစားခြင်းနှင့် မနာလိုမှုမျှသာဖြစ်ပြီး၊ အံ့သြမှုကို သူတို့သည် မည်သည့်အခါမျှ မထုတ်ဖော်နိုင်ကြပေ။ သို့ရာတွင် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခဲ့ရသော လူများသည် ဘုရားသခင်ကို လေးစားမှုမရှိကြပေ။ ထို့အစား ဘုရားသခင်၏အလုပ်သည် လူသားတို့ လက်လှမ်းမီ သည်ထက် ကျော်လွန်သည်၊ လူသားတို့နားမလည်နိုင်၊ ယင်းသည် လတ်ဆတ်ပြီး အံ့ဖွယ်ဖြစ်သည်ဟု ခံစားကြသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ရချိန်တွင် သူနှင့်ပတ်သက်သော သူတို့၏ ပထမအသိပညာမှာ ဘုရားသခင်သည် နားလည်ရန် ခက်ခဲလှသည်၊ ဉာဏ်ပညာရှိပြီး အံ့ဖွယ်ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူတို့သည် မသိလိုက်ဘဲ ဘုရားသခင်ကို ရိုသေလေးမြတ်နေပြီး သူပြုသောအလုပ်သည် လူသားတို့စိတ်က လက်လှမ်းမမီနိုင်သည့် လျှို့ဝှက်ဆန်းကြယ် ဖြစ်သည်ဟု ခံစားရသည်။ လူသားသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင်၊ ဘုရားသခင် စိတ်ကျေနပ်မှုရှိအောင်သာ အလိုရှိပြီး၊ ဘုရားသခင်ထက် ကျော်လွန်လိုသော ဆန္ဒမရှိပေ။ အကြောင်းမှာ ဘုရားသခင် ပြုသောအမှုသည် လူသားတို့ တွေးထင်ထားမှုနှင့် စိတ်ကူးတို့ထက် ကျော်လွန်ပြီး လူသားက အစားထိုး မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။ လူသားကိုယ်တိုင် ပင်လျှင် သူ၏ကိုယ်ပိုင်မပြည့်စုံမှုများကို မသိပေ။ တစ်ဖက်တွင် ဘုရားသခင်သည် လမ်းအသစ်တစ်ခုကို ဖွင့်ထားပြီး လူသားတို့ကို ပို၍သစ်သော ပို၍လှပသော ကမ္ဘာတစ်ခုသို့ ယူဆောင်ရန် လာလေသည်။ သို့မှသာ လူသားမျိုးနွယ်သည် အသစ်သောတိုးတက်မှုကို ပြုလုပ်နိုင်ကာ အသစ်သော စတင်မှုရှိပေမည်။ ဘုရားသခင်အပေါ် လူသားခံစားသည့်အရာသည် လေးစားမှုမဟုတ်ပေ။ လေးစားမှုတစ်ခုတည်းလည်း မဟုတ်ပေ။ သူတို့၏အလေးနက်ဆုံး အတွေ့အကြုံသည် ရိုသေခံ့ညားခြင်းနှင့် ချစ်ခြင်းမေတ္တာဖြစ်ပြီး သူတို့၏ ခံစားချက်မှာ ဘုရားသခင်သည် အမှန်ပင် အံ့ဖွယ်ဖြစ်သည်ဆိုခြင်းတည်း။ ဘုရားသခင်သည် လူသားတို့ မလုပ်နိုင်သောအရာကို လုပ်သည်၊ မပြောနိုင်သောအရာကို ပြောသည်။ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံဖူးသောသူများသည် အမြဲတမ်း ဖော်မပြနိုင်သော ခံစားချက်တစ်ခုကို ကြုံတွေ့ရသည်။ ပို၍ လေးနက်သော အတွေ့အကြုံနှင့်လူများသည် အထူးသဖြင့် ဘုရားသခင်ကို ချစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို အမြဲတမ်းခံစားရပြီး ဘုရားသခင်၏ အလုပ်သည် အလွန်ပင် ဉာဏ်ပညာရှိသည်၊ အလွန်ပင် အံ့ဖွယ် ဖြစ်သည်ဟု ခံစားမိကာ၊ ထို့ကြောင့် ယင်းသည် သူတို့ကြားတွင် အဆုံးမရှိသောစွမ်းအင်ကို ထုတ်ပေး သည်ဟု ခံစားမိကြသည်။ ယင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရံဖန်ရံခါ ချစ်ခြင်းမေတ္တာနှင့် လေးစားမှု မဟုတ်ဘဲ ဘုရားသခင်၏ လူသားအပေါ်ချစ်ခြင်းမေတ္တာနှင့် သည်းခံမှုကို နက်နဲစွာခံစားခြင်းဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို တွေ့ကြုံခဲ့ရသောသူများက ဘုရားသခင်သည် ဘုန်းအာနုဘော်ကြီးပြီး လွန်ကျူးစော်ကား၍မရဟု ခံစားကြရသည်။ ဘုရားသခင်၏အလုပ်များစွာကို ကြုံတွေ့ခဲ့ရသော လူများပင်လျှင် ဘုရားသခင်ကို နားလည်နိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏အလုပ်သည် လူသားတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ အမြဲတမ်းပင် သူတို့၏အယူအဆများနှင့် ဆန့်ကျင် နေကြောင်းကို ဘုရားသခင်ကို အမှန်တကယ် ရိုသေလေးမြတ်သော သူအားလုံးတို့သည် သိကြသည်။ ဘုရားသခင်သည် လူတို့အား လေးစားမှုအပြည့်ရှိရန် သို့မဟုတ် သူ့ကို ဆပ်ကပ်မှုပုံစံကိုပေးရန် မလိုအပ်ဘဲ စစ်မှန်သော ရိုသေလေးမြတ်မှုနှင့် စစ်မှန်သော ဆပ်ကပ်မှုရှိရန်သာ လိုလေသည်။ ဘုရားသခင်၏ များစွာသော အလုပ်တို့ထဲတွင် စစ်မှန်သော အတွေ့အကြုံနှင့် သူတို့သည် ဘုရားသခင်ကို လေးစားမှုထက် ပို၍မြင့်သော ရိုသေလေးမြတ်မှုကို ခံစားရသည်။ လူသားတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့် သူ၏စိတ်သဘောထားကို တွေ့မြင်ခဲ့ပြီး သူတို့သည် ထို့ကြောင့် ဘုရားသခင်ကို သူတို့၏နှလုံးသားများထဲတွင် ရိုသေလေးမြတ်ကြခြင်း ဖြစ်သည်။ ဘုရားသခင်ကို ရိုသေလေးမြတ်ရန် နှင့် နာခံရန်ဖြစ်သည်။ အကြောင်းမှာ သူ၏ဖြစ်ခြင်းနှင့် သူ၏ စိတ်သဘောထားသည် ဖန်ဆင်းခံတစ်ဦးနှင့် အတူတူမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦး၏ အထက်၌ ရှိလေသည်။ ဘုရားသခင်သည် မိမိဘာသာတည်ရှိပြီး၊ အမြဲတည်တံ့ကာ၊ ဖန်ဆင်းခံတစ်ဦးမဟုတ်ပေ၊ သူသာလျှင် ရိုသေလေးမြတ်မှု နှင့် ဆပ်ကပ်မှုကို ခံရရန် ထိုက်တန်သည်။ လူသားသည် ဤအခြင်းအရာ အတွက် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခဲ့သော ဘုရားသခင်ကို စစ်မှန်စွာသိသောသူ အားလုံးသည် ဘုရားသခင်အား ရိုသေလေးမြတ်မှုကို ခံစားကြရသည်။ သို့ရာတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို လက်မလွှတ်သောသူများ၊ ဆိုလိုသည်မှာ ဘုရားသခင်ကို ဘုရားသခင်ဟု မသတ်မှတ်နိုင် ကြသူများသည် ဘုရားသခင်ကို ရိုသေလေးမြတ်မှု မရှိသူများဖြစ်သည်။ သူတို့သည် ဘုရားသခင် နောက်သို့ လိုက်ကြသော်လည်း သူတို့သည် သိမ်းပိုက်ခြင်းကို မခံရပေ။ သူတို့သည် သဘာဝအရ မနာခံတတ်သူများဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကိုပြုရခြင်းမှာ ဖန်ဆင်းခံသော အရာများအားလုံး ဖန်ဆင်းရှင်ကို ရိုသေလေးမြတ်ရန်၊ ကိုးကွယ်ရန်နှင့် သူ၏အုပ်စိုးမှုအောက်သို့ လုံးလုံးလျားလျား ဆပ်ကပ်အပ်နှံရန် အစရှိသည့်ရလဒ်တို့ကို ရရှိရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အားလုံးသောအလုပ်မှ ရယူလိုသော နောက်ဆုံးရလဒ်ဖြစ်သည်။ ထိုသို့သောအလုပ်ကို တွေ့ကြုံခဲ့သော လူတို့သည် ဘုရားသခင်ကို အနည်းငယ်လေးပင် ရိုသေလေးမြတ်မှု မရှိပါက၊ အကယ်၍ သူတို့၏ယခင်က မနာခံမှုသည် ပြောင်းလဲခြင်းလုံးဝမရှိပါက ထိုသို့သောသူတို့သည် အမှန်ပင်ပယ်ရှားခြင်း ခံရလိမ့်မည်။ ဘုရားသခင်အပေါ်ထားသော လူတစ်ယောက်၏ သဘောထားသည် အကွာအဝေးတစ်ခုမှ လေးစားရန် သို့မဟုတ် ရိုသေမှုကို ပြသရန်သာဖြစ်ပြီး အနည်းငယ်ပင် ချစ်ခင်ရန်မဟုတ်ပါက ယင်းသည် ဘုရားသခင်ကိုချစ်သည့် နှလုံးသားမရှိသောသူတစ်ဦးမှ လက်လှမ်း မီသည့်အရာဖြစ်ပြီး ထိုသူသည် စုံလင်ခြင်းခံရမည့် အခြေအနေများ ကင်းမဲ့လေသည်။ အကယ်၍ များစွာသော အလုပ်တို့သည် လူတစ်ဦး၏ စစ်မှန်သောချစ်ခြင်းမေတ္တာကို ရယူရန်မဖြစ်နိုင်ပါက ယင်း၏ အဓိပ္ပာယ်မှာ လူတစ်ဦးသည် ဘုရားသခင်ကို မရရှိသေးခြင်း၊ သမ္မာတရားကို စစ်မှန်စွာ မလိုက်လျှောက်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို မချစ်သော သူတစ်ဦးသည် သမ္မာတရားကို မချစ်ပေ။ သို့ဖြစ်ရာ သူသည် ဘုရားသခင်ကို ရရန်မဆိုထားနှင့် ဘုရားသခင်၏ နှစ်သက်မှုကိုပင် မရနိုင်ပေ။ ထိုသို့သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို မည်သို့ တွေ့ကြုံသည်ဖြစ်စေ၊ တရားစီရင်မှုကို သူတို့သည် မည်သို့တွေ့ကြုံခဲ့သည်ဖြစ်စေ သူတို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်မှု မရှိဆဲပင်ဖြစ်သည်။ ဤသို့သောသူများသည် သဘာဝအရ ပြောင်းလဲခြင်း မပြုနိုင်သော၊ အလွန်ပင် ကောက်ကျစ်သော စိတ်သဘောထားရှိသူများ ဖြစ်ကြသည်။ ဘုရားသခင်ကို မရိုသေမလေးမြတ်သောသူအားလုံးတို့သည် ပယ်ရှားခြင်းခံရမည်။ မဖြောင့်မတ်သောအရာများကို ပြုလုပ် ခဲ့သောသူတို့ထက် နာကျင်ခံစားရကာ အပြစ်ဒဏ်ခံရသည့်အရာအဖြစ် မကောင်းမှုပြုသော သူတို့နည်းတူ အပြစ်ပေးခြင်းခံရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၂)

တကယ်တမ်းတွင်၊ ဘုရားသခင်၏ အမှုသည် လူ၏ အလုပ်နှင့် မတူကွဲပြား၏၊ ထို့အပြင် သူ၏ ဖော်ပြချက်များသည် အဘယ်သို့ ၎င်းတို့၏ ဖော်ပြချက်များနှင့် တူနိုင်မည်နည်း။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် သီးသန့် စိတ်သဘောထား ရှိသော်လည်း၊ လူ၌ မိမိတို့ ဖြည့်ဆည်းသင့်သည့် တာဝန်များ ရှိ၏။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ အမှုတွင် ဖော်ပြခံရလေသည်၊ သို့သော် လူသား၏ တာဝန်သည် လူ၏ အတွေ့အကြုံများထဲတွင် သရုပ်ထင်ပြီး လူသား၏ လိုက်စားမှုများ ထဲတွင် ဖော်ပြခံရ၏။ ထို့ကြောင့် တစ်စုံတစ်ရာသည် ဘုရားသခင်၏ ဖော်ပြချက်ဟုတ် မဟုတ် သို့မဟုတ် လူသား၏ ဖော်ပြချက် ဟုတ် မဟုတ် ဆိုသည်မှာ လုပ်ဆောင်ခဲ့သည့် အလုပ်မှတဆင့် သိသာထင်ရှား လာလေသည်။ ဘုရားသခင် ကိုယ်တော်တိုင် ရှင်းပြဖို့ မလိုအပ်သကဲ့သို့ လူသားက သက်သေခံရန် ကြိုးပမ်းဖို့လည်း မလိုအပ်ပေ။ ထို့အပြင်၊ ဘုရားသခင်ကိုယ်တော်တိုင် မည်သည့် လူကိုမဆို ဖိနှိပ်ဖို့ မလိုအပ်ပေ။ ဤအရာအားလုံးသည် အလိုအလျောက် ထုတ်ဖော်ပြချက်တစ်ခု ဖြစ်သည်။ ယင်းသည် အတင်းအကျပ် လုပ်ဆောင်စေခြင်း မဟုတ်သကဲ့သို့ လူက ကြားဝင်နှောင့်ယှက်၍ရသည့် အရာတစ်ခုလည်း မဟုတ်ပေ။ လူသား၏ တာဝန်ကို ၎င်းတို့၏ အတွေ့အကြုံများမှတဆင့် သိနိုင်ပြီး အတွေ့အကြုံဆိုင်ရာ အလုပ်အပို တစ်ခုတစ်လေကိုမျှ လူတို့က လုပ်ဆောင်ဖို့ မလိုအပ်ပေ။ လူသား၏ အနှစ်သာရအားလုံးသည် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ ဆောင်ရွက်စဉ် ထုတ်ဖော်ပြခံရနိုင်၏၊ ဘုရားသခင်မှာမူ မိမိ၏ ရှိရင်းစွဲ စိတ်သဘောထားကို သူ၏ အမှု ဆောင်ရွက်နေစဉ်တွင် ဖော်ပြနိုင်ပေသည်။ လူသား၏ အလုပ်ဖြစ်ပါက ယင်းကို ဖုံးကွယ်၍ မရနိုင်ပေ။ ဘုရားသခင်၏ အမှုဖြစ်ပါက၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူသား၏ ထိန်းချုပ်ခံရဖို့ မဆိုနှင့်၊ မည်သူမဆို၏ ဖုံးကွယ်ထားဖို့ သာ၍ပင် မဖြစ်နိုင်ပေ။ မည်သည့်လူသားကိုမျှ ဘုရားသခင်အဖြစ် ပြော၍မရနိုင်သကဲ့သို့၊ ၎င်းတို့၏ အလုပ်နှင့် စကားများကို သန့်ရှင်းသည် သို့မဟုတ် ပြောင်းလဲ၍မရဟု မှတ်ယူ၍လည်း မရပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် ဇာတိပကတိဖြင့် ဆင်ထားခဲ့သောကြောင့် လူသားဟု ပြောဆိုနိုင်သော်လည်း၊ သူ၏ အမှုကို လူသား၏ အလုပ် သို့မဟုတ် လူသား၏ တာဝန်အဖြစ် ယူဆ၍ မရပေ။ ထို့အပြင်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် ပေါလု၏ စာစောင်များကို တန်းတူထား၍ မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် လူသား၏ ပညာပေးစကားများကို တန်းတူဟု ပြောဆို၍ မရပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုနှင့် လူသားအလုပ်ကို ခွဲခြားသိမြင်စေသည့် အခြေခံသဘောတရားများ ရှိလေသည်။ ဤအရာများကို အလုပ်၏ အတိုင်းအတာ သို့မဟုတ် ယင်း၏ ယာယီ ခရီးပေါက်မှုတို့ဖြင့် မဟုတ်ဘဲ ၎င်းတို့၏ အနှစ်သာရများနှင့်အညီ ခွဲခြားထားခြင်း ဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍၊ လူအများစုက အခြေခံသဘောတရားနှင့်ဆိုင်သော အမှားများ ပြုမိကြသည်။ ဤသည်မှာ လူသားသည် ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့် အပြင်ပန်းအရာများကိုသာ ကြည့်သော်လည်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပကတိ မျက်လုံးများဖြင့် သတိမပြုမိနိုင်သည့် အနှစ်သာရကို ကြည့်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုကို သာမန်လူသားတစ်ဦး၏ တာဝန်များအဖြစ် မှတ်ယူပြီး၊ လူသား၏ ကြီးမားသည့် အလုပ်ပမာဏကို လူသား ဖြည့်ဆည်းသည့် တာဝန်ထက် လူ့ဇာတိ ဝတ်ဆင်ထားသည့် ဘုရားသခင်၏ အမှုအဖြစ် ရှုမြင်ပါက၊ သင်သည် အခြေခံသဘောတရား၌ မှားမိသည် မဟုတ်လော။ လူသား၏ စာစောင်များနှင့် အတ္ထုပ္ပတ္တိတို့ကို အလွယ်တကူ ရေးသား၍ ရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် အခြေခံအုတ်မြစ်အပေါ်တွင်သာ ရေးသားနိုင်၏။ သို့သော်၊ ဘုရားသခင်၏မိန့်မြွက်ချက်များနှင့် အမှုတို့ကို လူသားက အလွယ်တကူ မလုပ်ဆောင်နိုင် သို့မဟုတ် လူသား၏ ဉာဏ်ပညာနှင့် တွေးခေါ်မှုတို့ အားဖြင့် မရရှိနိုင်သကဲ့သို့၊ ယင်းတို့ကို လေ့လာစူးစမ်းပြီးနောက် လူတို့က အကုန်အစင် မရှင်းပြနိုင်ပေ။ ဤအခြေခံသဘောတရားနှင့် သက်ဆိုင်သော ကိစ္စရပ်များက သင်တို့၌ မည်သည့်တုန့်ပြန်မှုကိုမျှ မဖြစ်ပေါ်စေပါက၊ သင်တို့၏ ယုံကြည်ခြင်းသည် သိပ်မမှန်ကန် သို့မဟုတ် မသန့်စင်သည်ကား သိသာပေသည်။ သင်၏ ယုံကြည်ခြင်းသည် မရေရာမှုဖြင့် ပြည့်ပြီး၊ ရှုပ်ထွေးနေသကဲ့သို့ မူလည်းမရှိဟုသာ ဆိုနိုင်ပေသည်။ ဘုရားသခင်နှင့် လူသား၏ အခြေခံအကျဆုံးသော ပဓာနကျသည့် ကိစ္စရပ်များကို သိနားလည်ခြင်းပင် မရှိဘဲ၊ ဤယုံကြည်ခြင်းမျိုးသည် အမြော်အမြင် ရှိခြင်း လုံးဝ ကင်းမဲ့သော အရာတစ်ခု ဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဩဝါဒစာစောင် ဆယ့်သုံးစောင်နှင့် ပတ်သက်၍ သင် မည်သည့်နေရာတွင် ရပ်တည်သနည်း။” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၃)

ယေရှုသည် ဤကမ္ဘာပေါ်တွင် ၃၃ နှစ်ခွဲ နေထိုင်သွားခဲ့သည်။ သူသည် ကားစင်တင်သတ်ခံရခြင်း အမှုကိုပြုရန် လာရောက်ခဲ့ပြီး၊ ၎င်းကားစင်တင် သတ်ခံရခြင်း မှတဆင့် ဘုရားသခင်သည် ဘုန်းတော် အစိတ်အပိုင်းတစ်ခုကို ရရှိခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံယူသောအခါတွင် သူသည် နှိမ့်ချပြီး ကွယ်ဝှက်နေနိုင်ခဲ့ကာ ကြီးမားသော ဆင်းရဲဒုက္ခကိုလည်း သည်းခံနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သော်လည်း၊ သူသည် အလုံးစုံသော အရှက်ခွဲမှုတိုင်းနှင့် ပုတ်ခတ်ဝေဖန်မှုတိုင်းကို သည်းခံခဲ့ဆဲဖြစ်ပြီး၊ ရွေးနှုတ်ခြင်း အမှုကို ပြည့်စုံစေရန်အတွက် လက်ဝါးကပ်တိုင်တွင် သံမှိုဆွဲနှက်ခံရခြင်း ဟူသည့် ပြင်းစွာသော နာကျင်မှုကိုလည်း သူသည်းခံခဲ့သည်။ ဤအဆင့်ရှိ အမှု အဆုံးသတ်သွားသောအခါ၊ ဘုရားသခင်က ကြီးစွားသော ဘုန်းတော်ကို ရရှိခဲ့သည်ဟု လူသားများက မြင်ခဲ့ကြသော်လည်း၊ ဤမှာ သူ့ဘုန်းတော်အလုံးစုံ မဟုတ်သေးပေ။ ၎င်းသည် ယေရှုထံမှ သူရရှိခဲ့သော သူ့ဘုန်းတော်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ ယေရှုသည် ဆင်းရဲဒုက္ခတိုင်းကို သည်းခံနိုင်ခဲ့ပြီး၊ နှိမ့်ချ၍ ကွယ်ဝှက်ကာ၊ ဘုရားသခင်အတွက် ကားစင်တင်သတ်ခံရခြင်းအမှုကို ပြုနိုင်ခဲ့သော်လည်း ဘုရားသခင်သည် သူ၏ ဘုန်းတော် အစိတ်အပိုင်းတစ်ခုကိုသာရရှိခဲ့ကာ သူ၏ ဘုန်းတော်ကို ဣသရေလထဲတွင် ရရှိခဲ့သည်။ ဘုရားသခင်တွင် ဘုန်းတော်၏ အခြားအပိုင်းတစ်ခု ရှိနေသေးသည်။ ကမ္ဘာမြေသို့လာရောက်ကာ အမှန်တကယ်အလုပ်လုပ်၍ လူအုပ်စုတစ်ခုကို စုံလင်အောင်ပြုပေးရန်ဖြစ်သည်။ ယေရှု၏ အမှုအဆင့်အတွင်းတွင်၊ သူသည် သဘာဝလွန်အရာအချို့ကို လုပ်ဆောင်ခဲ့သော်လည်း၊ ၎င်းအမှုအဆင့်သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာများကို ပြသရန်အတွက်သာ လုံးဝမဟုတ်ပေ။ ၎င်းသည် အဓိကအားဖြင့် ဘုရားသခင်အတွက် ယေရှုက ဆင်းရဲဒုက္ခခံစားပြီး ကားစင်တင်သတ်ခံရခြင်းအမှုများကို ပြုလုပ်နိုင်ခဲ့သည်ကို ပြသရန်၊ ယေရှုသည် ဘုရားသခင်ကို ချစ်သည့်အတွက်ကြောင့် ကြီးစွာသောဆင်းရဲဒုက္ခကို ခံစားနိုင်ခဲ့သည်ကို ပြသရန်နှင့် ဘုရားသခင်က သူ့ကို စွန့်ပစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်၏အလိုတော် အတွက် သူ၏အသက်ကို စတေးရန် ဆန္ဒရှိခဲ့သေးသည်ကို ပြသရန်ဖြစ်သည်။ ဣသရေလ၌ ဘုရားသခင်က သူ၏ အမှုကို ပြီးမြောက်ခဲ့ပြီး၊ ယေရှုခရစ်သည် လက်ဝါးကပ်တိုင်တွင် သံမှိုဆွဲနှက်ခံရပြီးနောက်တွင်မူ၊ ဘုရားသခင်သည် ဘုန်းထင်ရှားခဲ့ပြီး၊ ဘုရားသခင်သည် စာတန်ရှေ့တွင် သက်သေခံခဲ့ပြီးလေပြီ။ ဘုရားသခင်သည် တရုတ်နိုင်ငံတွင် မည်သို့လူ့ဇာတိခံခဲ့သည်ကို သင်သိလည်း မသိ၊ မြင်လည်းမမြင်သောကြောင့်၊ ဘုရားသခင်က ဘုန်းထင်ရှားခဲ့ခြင်းကို သင်မည်သို့လျှင် မြင်နိုင်မည်နည်း။ ဘုရားသခင်က သင့်ထဲတွင် သိမ်းပိုက်ခြင်းအမှုကို များစွာပြုပြီး၊ သင်သည်လည်း မြဲမြံစွာရပ်တည်သောအခါ တွင်မူ၊ ဘုရားသခင့်အမှု၏ ဤအဆင့်သည် ထမြောက်အောင်မြင်ပြီး၊ ၎င်းသည် ဘုရားသခင်၏ ဘုန်းတော် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤအရာကိုသာ သင်မြင်ပြီး၊ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို မခံရသေးပေ။ သင်သည် သင်၏နှလုံးသားကို ဘုရားသခင်ထံသို့ အလုံးစုံပေးအပ်ခြင်း မပြုရသေးပေ။ သင်သည် ဤဘုန်းတော်ကို အလုံးစုံမမြင် တွေ့ရသေးပေ။ ဘုရားသခင်က သင်၏နှလုံးသားကို သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ သင်သည် သူ့ကို ဘယ်သော အခါမျှ ခွဲခွာခြင်း မပြုနိုင်ကြောင်း၊ ဘုရားသခင်နောက် အဆုံးထိလိုက်ပါကာ သင်၏နှလုံးသား ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်းနှင့်၊ ဤသည်မှာ ဘုရားသခင်၏ ဘုန်းတော်ဖြစ်ကြောင်းကိုသာ သင်မြင်ရသည်။ ဘုရားသခင်၏ ဘုန်းတော်ကို မည်သည့်အရာထဲတွင် သင်မြင်သနည်း။ လူတို့အပေါ် သူ့အမှု၏ သက်ရောက်မှုများထဲတွင် ဖြစ်သည်။ ဘုရားသခင်သည် လွန်စွာချစ်ဖွယ်ဖြစ်သည်ဟု လူများက မြင်ကြသည်၊ ၎င်းတို့၏နှလုံးသားထဲတွင် ဘုရားသခင်ရှိပြီး သူ့ကိုခွဲခွာရန် လိုလိုလားလား မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ အသင်းတော်များ၏ ညီအစ်ကို မောင်နှမများ၏ ခွန်အားထွက်ပေါ်လာသောအခါနှင့် ထိုသူတို့သည် ၎င်းတို့၏ နှလုံးသားထဲမှ ဘုရားသခင်ကို ချစ်နိုင်ပြီး၊ ဘုရားသခင်ပြုသောအမှု၏ အထွတ်အထိပ် အင်အား၊ သူ့နှုတ်ကပတ်တော်များ၏ တုနှိုင်းမရသော အင်အားကို မြင်နိုင်သောအခါ၊ သူ၏ နှုတ်ကပတ်တော်များသည် သြဇာအာဏာရှိပြီး၊ သူသည် တရုတ်ပြည်မကြီးရှိ လူမနေသော မြို့ပျက်တစ်ခု၌၊ သူ၏အမှုကို စတင်လုပ်ဆောင်နိုင်ကြောင်း ၎င်းတို့ တွေ့သောအခါ၊ လူတို့သည် အားနည်းကြသော်လည်း၊ ၎င်းတို့၏ နှလုံးသားများသည် ဘုရားသခင်ရှေ့မှောက်တွင် ဦးညွှတ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန်ဆန္ဒရှိကြသောအခါ၊ ၎င်းတို့သည် အားနည်းပြီး နာဖျားနေစဉ်တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်ချစ်ခင်ဖွယ်ဖြစ်ကြောင်း ၎င်းတို့မှ လွန်စွာချစ်မြတ်နိုးထိုက်သည့်အကြောင်းကို မြင်လာနိုင်ကြသောအခါ၊ ထိုသို့ဖြစ်လျှင် ဤသည်မှာ ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ လူသားများသည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရပြီး ၎င်းတို့သည် သူ့ရှေ့တွင် စွန့်လွှတ်အပ်နှံနိုင်ကြကာ၊ ဘုရားသခင်ကို အလုံးစုံနာခံ၍ ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာကို ဘုရားသခင်လက်တော်အတွင်း ထားနိုင် သည့်နေ့သို့ ရောက်သောအခါ ဘုရားသခင်၏ ဘုန်းတော် ဒုတိယပိုင်းကို အလုံးစုံရရှိပြီး ဖြစ်ပေလိမ့်မည်။ ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်၏ အမှုသည် အလုံးစုံပြီးမြောက်သွားသောအခါတွင်၊ တရုတ်ပြည်မကြီးရှိ သူ၏အမှုသည် အဆုံးသတ်သွား မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ တစ်နည်းဆိုသော်၊ ရှေ့မဆွက ခွဲခန့်မှတ်သား ခံထားရပြီး၊ ဘုရားသခင်၏ ရွေးချယ်ခံထားရသူများသည် စုံလင်အောင်ပြုခံရပြီးသောအခါတွင်၊ ဘုရားသခင်သည် ဘုန်းထင်ရှားပေမည်။ သူ၏ ဘုန်းတော်ဒုတိယပိုင်းကို အရှေ့ဘက်သို့ယူဆောင်လာပြီဟု ဘုရားသခင် ပြောကြားခဲ့ သော်လည်း ၎င်းကို ပကတိမျက်စိဖြင့် မမြင်နိုင်ပေ။ ဘုရားသခင်သည် သူ၏ အမှုကို အရှေ့ဘက်သို့ ယူဆောင်လာခဲ့ပြီ၊ သူသည် အရှေ့ဘက်သို့ လာရောက်ရှိနှင့် ပြီဖြစ်ပြီး ၎င်းသည် ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ ယနေ့တွင် သူ၏ အမှုသည် ပြီးမြောက်ခြင်း မရှိသေးသော်လည်း၊ ဘုရားသခင်သည် အမှုပြုရန် ဆုံးဖြတ်ပြီးသောကြောင့် မုချပြီးမြောက်အောင်မြင်ပေမည်။ ဘုရားသခင်သည် ဤအမှုကို တရုတ်ပြည်တွင် ပြီးမြောက်အောင်မြင်အောင်ပြုရန် ဆုံးဖြတ်ပြီးဖြစ်ကာ၊ သင်တို့ကို စုံလင်စေရန် ဆုံးဖြတ်ပြီးဖြစ်ပေသည်။ ထို့ကြောင့် သူသည် သင်တို့အတွက်လွတ်လမ်း မပေးထားပေ။ သူသည် သင်တို့၏ နှလုံးသားများကို သိမ်းပိုက်ပြီးဖြစ်ကာ၊ သင်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ သင်ဆက်လက်လျှောက်လှမ်း ရမည်ဖြစ်ကာ၊ သင်တို့သည် ဘုရားသခင်၏ ရယူခြင်းခံရသည့်အခါတွင်၊ ဘုရားသခင်သည် ဘုန်းထင်ရှားပေမည်။ သင်တို့သည် စုံလင်အောင်ပြုခြင်း မခံရသေးသောကြောင့်၊ ယနေ့တွင် ဘုရားသခင်သည် အလုံးစုံဘုန်းထင်ရှားခြင်း မရှိသေးပေ။ ထို့အပြင် သင်တို့၏ နှလုံးသားများသည် ဘုရားသခင်ထံ လှည့်ပြန်ခဲ့ပြီး ဖြစ်သော်လည်း သင်၏ဇာတိပကတိတွင် အားနည်းချက်များစွာ ကျန်သေးသည်။ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် မစွမ်းဆောင်နိုင်သေးပေ။ သင်သည် ဘုရားသခင်၏ အလိုတော်ကို သတိမပြုနိုင်ဘဲ၊ သင့်ထံမှ ဖယ်ရှားရမည့် အပျက်သဘောဆောင်သော အရာများ များစွာကျန်သေးသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “‘နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ’ အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၄)

ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်က ယေရှုသည် သူ၏တပည့်များ နားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို လုပ်ဆောင်ခဲ့ပြီး၊ လူများ နားမလည်သည့် အရာများစွာက မိန့်ကြားခဲ့သည်။ ယင်းသည် ထိုစဉ်တုန်းက သူသည် မည်သည့် ရှင်းပြချက်မျှ မပေးခဲ့၍ ထိုသို့ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူခွဲခွာသွားခဲ့သည့်နောက် နှစ်အချို့အကြာတွင် မဿဲက သူ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ပြုစုခဲ့ပြီး အခြားသူများကလည်း လူသား၏ဆန္ဒအလျောက် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြသည်။ ယေရှုသည် လူသားကို စုံလင်စေရန်နှင့် ရယူရန် လာခဲ့ခြင်းမဟုတ်ဘဲ၊ အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ရန် လာခဲ့ခြင်းဖြစ်သည်- ယင်းသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ယူဆောင်လာရန်နှင့် လက်ဝါးကပ်တိုင်ပေါ် အသက်စွန်သည့်အမှုကို ပြီးဆုံးအောင်လုပ်ဆောင်ရန် ဖြစ်သည်။ ထို့ကြောင့် ယေရှု ကားစင်တင်သတ်ခြင်းခံခဲ့ရပြီးသည်နှင့် သူ၏အမှုမှာ လုံး၀ အဆုံးသတ်သွားခဲ့သည်။ သို့သော် လက်ရှိအဆင့်ဖြစ်သည့် သိမ်းပိုက်ခြင်းအလုပ်တွင် သာ၍များသော နှုတ်ကပတ်တော်များကို ပြောကြားရပေမည်၊ သာ၍များသော အလုပ်ကို လုပ်ကိုင်ရပေမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ မြောက်မြားစွာ ရှိရမည်ဖြစ်သည်။ ယေရှုနှင့် ယေဟောဝါတို့၏ အမှု၏ နက်နဲရာများကိုလည်း ထုတ်ဖော်ရပေမည်၊ သို့မှသာ လူသားအားလုံးတို့သည် သူတို့၏ ယုံကြည်မှုတွင် နားလည်မှုနှင့် ရှင်းလင်းမှု ရှိနိုင်ကြမည်ဖြစ်သည်၊ အကြောင်းမှာ ဤအရာသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်ပြီး နောက်ဆုံးသောကာလသည် ဘုရားသခင်၏အလုပ်၏အဆုံး၊ ဤအလုပ်၏ နိဂုံးကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အမှု၏ ဤအဆင့်က သင့်အား ယေဟောဝါ၏ ပညတ်တရားနှင့် ယေရှု၏ ရွေးနှုတ်ခြင်းတို့ကို ရှင်းပြပေးမည်ဖြစ်ပြီး၊ အဓိကအားဖြင့် သင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်းတစ်ခုလုံးကို နားလည်လျက် ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အရေးပါမှုနှင့် အနှစ်သာရအလုံးစုံကို တန်ဖိုးထားရန်၊ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုနှင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံး၏ ရည်ရွယ်ချက်ကို နားလည်ရန်နှင့် သင်၏ သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်လက်ခံမှုနှင့် ကြည်ညိုမှုကိုပင်လျှင် နားလည်ရန် ဖြစ်သည်။ ၎င်းက သင့်အား ထိုအချက်များ အားလုံးကိုစေ့စပ်သေချာစွာ နားလည်လာစေလိမ့်မည်။ သင်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ အလုပ်ကိုပါ နားလည်လာလိမ့်မည်ဖြစ်သည်၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးတို့ကို သိနားလည်လျက် မြင်လိမ့်မည် ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်အဆင့်တွင် ယေရှုသည် အဘယ်ကြောင့် အဆုံးသတ်သည့် အလုပ်ကို မလုပ်ဘဲ ထွက်ခွာသွားခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယေရှုအလုပ်၏အဆင့်သည် အဆုံးသတ်ခြင်းအလုပ် မဟုတ်ခဲ့၍ ဖြစ်သည်။ သူသည် ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရသည့်အချိန်တွင် သူ၏ နှုတ်ကပတ်တော်များသည်လည်း အဆုံးသတ်ခဲ့သည်၊ ကားတိုင်ပေါ် အသက်စွန့်ခဲ့ပြီးသည့်နောက် သူ၏ အလုပ်မှာ လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့သည်။ လက်ရှိအဆင့်မှာ ကွဲပြားခြားနားသည်- နှုတ်ကပတ်တော်များကို အဆုံးတိုင်အောင် မိန့်ကြားပြီးသွားလျက် ဘုရားသခင်၏ လုပ်ဆောင်ချက် တစ်ရပ်လုံး ပြီးဆုံးသွားမှသာ သူ၏အလုပ်သည် ပြီးဆုံးလိမ့်မည်ဖြစ်သည်။ ယေရှု၏ လုပ်ဆောင်ချက်အဆင့်တွင် ထုတ်မပြောခဲ့သည့် သို့မဟုတ် အပြည့်အဝ မမိန့်ကြားခဲ့ဘဲ ကျန်ရစ်ခဲ့သည့် နှုတ်ကပတ်တော်များ မြောက်မြားစွာ ရှိခဲ့သည်။ သို့သော် ယေရှု၏ သာသနာမှာ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့်သာသနာ မဟုတ်သည့်အတွက် သူသည် မိန့်ကြားပြီးခဲ့သည့်အရာများ သို့မဟုတ် မမိန့်ကြားခဲ့သည့်အရာများကို အမှုမထားဘဲ၊ ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရပြီးနောက်တွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အမှု၏ ထိုအဆင့်မှာ အဓိကအားဖြင့် ကားတိုင်ပေါ် အသက်စွန့်ဖို့ရန်အတွက်စ်ပြီး ယနေ့အဆင့်နှင့် မတူချေ။ အလုပ်၏ လက်ရှိဤအဆင့်မှာ အဓိကအားဖြင့် ပြီးဆုံးစေရန်၊ အားလုံး ဖြေရှင်းရန်နှင့် အလုပ်အားလုံးကို နိဂုံးချုပ်ရန် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ အလုပ်အားလုံးကို အဆုံးသတ်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုခြင်းဖြင့် အထမြောက်ပြီး ဖြစ်သည့်အတွက်၊ နှုတ်ကပတ်တော်များကို ၎င်းတို့၏အဆုံးထိ မြွက်ကြားမပေးလျှင် ဤအမှုနိဂုံးချုပ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်က ယေရှုသည် လူသားနားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို ဆောင်ရွက်ခဲ့သည်။ သူသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး ယနေ့တွင် သူ၏ နှုတ်ကပတ်တော်များကို နားမလည်ကြသူ၊ သူတို့၏ နားလည်ခြင်းသည် မှားနေသော်ငြားလည်း သူတို့က မှန်ကန်သည်ဟု ယုံကြည်နေကြပြီး သူတို့ မှားနေကြောင်းကို မသိရှိကြသောသူ အများအပြား ရှိနေကြဆဲပင် ဖြစ်သည်။ နောက်ဆုံးတွင် ဤလက်ရှိအဆင့်သည် ဘုရားသခင်၏ အလုပ်ကို လုံး၀ အဆုံးသတ်၍ ၎င်း၏နိဂုံးကို စီစဥ်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လျက် သိရှိလာလိမ့်မည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ သူ၏ ရည်မှန်းချက်များ၊ သူ၏ လွဲမှားနေသည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုအပေါ် သူ၏အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် သူ၏ အမြင်များနှင့် သူ၏ အခြားလွဲချော်မှုများနှင့် အမှားများမှာ အမှားပြင်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် လူသားသည် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းများအားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရားတစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထို့သို့ဖြစ်သည့်အခါ အမှု၏ လက်ရှိအဆင့်မှာ အဆုံးသတ်လိမ့်မည်။ ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာ၌ ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားတို့နှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင့်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှု ပြုသူများဖြစ်ပြီး၊ သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ နမူနာပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံးအတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အရည်အသွေးကောင်းသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရပေမည်။ ဂျူးလူမျိုးများသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုကို အဘယ့်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ ထိုစဉ်က တပည့်တော်အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပေ။ ယေရှုသည် အဆုံးစီရင်ခံရပြီး ပြန်လည်ထမြောက်ခဲ့သည့် နောက်တွင် လူများသည် သူ့ကို မယုံကြည်ခဲ့ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်လော။ တရုတ်ပြည်သူတို့ကို သာဓကတစ်ခုအဖြစ် ယူလိုက်ခြင်းမျှသာဖြစ်ပြီး၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် စိတ်ဓာတ်မှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ ဤစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် ဘုရားသခင်၏ နောက်ဆက်တွဲအလုပ်သည် များစွာ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို အထမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူပြီးလျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၅)

မောဘ၏အမျိုးအနွယ်တို့အပေါ် ယခုအမှုပြုနေခြင်းသည် အမှောင်မိုက်ဆုံး အရပ်များထဲသို့ ကျဆင်းခဲ့သောသူများကို ကယ်တင်ခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသော်လည်း ဘုရားသခင်သည် သူတို့ထံမှ ဘုန်းအသရေကိုရရန် အလိုတော်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အစကတည်းက ဘုရားသခင် မရှိသောသူများ ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်သည်၊ ကိုယ်တော်ကိုနာခံပြီး ချစ်သောသူများဖြစ်စေခြင်းသာလျှင် စစ်မှန်သော သိမ်းပိုက်ခြင်းဖြစ်ပြီး ယင်းကဲ့သို့သော အမှု၏အသီးအပွင့်မှာ တန်ဖိုးအရှိဆုံးနှင့် အယုံကြည်ရဆုံး ဖြစ်သည်။ ဤအရာသည်သာလျှင် ဘုန်းအသရေ ရရှိခြင်းဖြစ်သည်၊ ဤသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင် အလိုရှိသည့် ဘုန်းအသရေ ဖြစ်သည်။ ဤလူတို့သည် အဆင့်အတန်း နိမ့်ကျသော်လည်း ၎င်းတို့သည် ယခုအခါ ထိုကဲ့သို့သော ကြီးမားသည့် ကယ်တင်ခြင်းကို ရရှိနိုင်ကြပြီး ၎င်းမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း အစစ်အမှန် ဖြစ်သည်။ ဤအမှုမှာ အလွန်အဓိပ္ပာယ်ရှိပြီး ကိုယ်တော်သည် တရားစီရင်ခြင်းအားဖြင့် ဤလူတို့ကို ရယူခြင်း ဖြစ်သည်။ ကိုယ်တော်သည် ၎င်းတို့ကို တမင်တကာ အပြစ်ပေးနေခြင်း မဟုတ်ဘဲ ၎င်းတို့ကို ကယ်တင်ရန် ကြွလာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ နောက်ဆုံးသောကာလအတွင်း ကိုယ်တော်သည် ဣသရေလနိုင်ငံ၌ သိမ်းပိုက်ခြင်းအမှုကို ဆက်၍ လုပ်ဆောင်နေခဲ့သေးမည်ဆိုပါက ၎င်းမှာ တန်ဖိုးရှိလိမ့်မည် မဟုတ်ပေ၊ အကယ်၍ အသီးအပွင့် ဖြစ်ထွန်းခဲ့လျှင်လည်း ၎င်းမှာ တန်ဖိုး သို့မဟုတ် ကြီးမားသော ရည်ရွယ်ချက် တစ်စုံတစ်ခု ရှိလိမ့်မည် မဟုတ်ဘဲ ကိုယ်တော်သည် ဘုန်းအသရေအားလုံးကို ရနိုင်လိမ့်မည် မဟုတ်ပေ။ ကိုယ်တော်သည် အမှောက်မိုက်ဆုံး အရပ်များထဲသို့ ကျဆင်းခဲ့သော၊ အလွန်နောက်ကျကျန်သောသူများ ဖြစ်ကြသည့် သင်တို့အပေါ်၌ အမှုပြုနေသည်။ ဤလူတို့သည် ဘုရားသခင်တစ်ဆူ ရှိကြောင်းကို အသိအမှတ်ပြုခြင်း မရှိဘဲ ဘုရားသခင်တစ်ဆူ ရှိကြောင်းကိုလည်း မည်သည့်အခါကမျှ မသိခဲ့ကြပေ။ ဤ ဖန်ဆင်းခံဆက်ရှိများသည် ဘုရားသခင်ကို မေ့လျော့သွားသည့် အခြေအနေအထိ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ကြရသည်။ ၎င်းတို့သည် စာတန်၏ မျက်စိအမှောင်ချထားခြင်းကို ခံခဲ့ကြရပြီး ၎င်းတို့သည် ကောင်းကင်ဘုံ၌ ဘုရားသခင်တစ်ဆူ ရှိကြောင်းကို လုံးလုံးလျားလျား မသိကြပေ။ သင်တို့အားလုံးသည် သင်တို့၏ စိတ်နှလုံးများထဲတွင် ရုပ်တုဆင်းတုများကို ကိုးကွယ်ကြသည်၊ စာတန်ကို ကိုးကွယ်ကြသည်၊ သင်တို့သည် အနိမ့်ကျဆုံး၊ အလွန်နောက်ကျကျန်သောလူများ မဟုတ်သလော။ သင်တို့သည် ဇာတိပကတိထဲတွင် အနိမ့်ကျဆုံး၊ ကိုယ်ပိုင် လွတ်လပ်မှု တစ်စုံတစ်ရာ ကင်းမဲ့သောသူများဖြစ်ကြပြီး သင်တို့သည် အခက်အခဲများကိုလည်း ကြုံတွေ့ကြရသည်။ သင်တို့သည် ဤလူ့အဖွဲ့အစည်းထဲတွင် လွတ်လပ်စွာ ယုံကြည်နိုင်မှုပင်လျှင် မရှိသော အနိမ့်ကျဆုံး အဆင့်၌ ရှိသောလူများလည်း ဖြစ်ကြသည်။ ဤသည်မှာ သင်တို့အပေါ်၌ အမှုပြုနေခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။ မောဘ၏အမျိုးအနွယ်များဖြစ်သည့် သင်တို့အပေါ်၌ ယခုအမှုပြုနေခြင်းမှာ သင်တို့အား တမင်တကာ အရှက်ရစေရန် မဟုတ်ဘဲ ယင်းအမှု၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ရန် ဖြစ်သည်။ ၎င်းမှာ သင်တို့အတွက် ကြီးမားသော ချီးမြှောက်မှုတစ်ခု ဖြစ်သည်။ အကယ်၍ လူတစ်ဦး၌ အသိစိတ်နှင့် ထိုးထွင်းသိမြင်သောဉာဏ်ရှိပါက၊ ၎င်းတို့က ဤသို့ဆိုကြလိမ့်မည်၊ “ကျွန်ုပ်သည် မောဘ၏အမျိုးအနွယ်တစ်ဦး ဖြစ်သည်။ ကျွန်ုပ်သည် ယခု လက်ခံရရှိခဲ့သော ဘုရားသခင်၏ ဤကဲ့သို့ ကြီးမားသော ချီးမြှောက်ခြင်း သို့မဟုတ် ယင်းကဲ့သို့ ကြီးမားသော ကောင်းချီးမင်္ဂလာများကို ခံရန် အမှန်တကယ် မထိုက်တန်ပါ။ ကျွန်ုပ် လုပ်သည့်အရာနှင့် ပြောသည့်အရာများနှင့် ကျွန်ုပ်၏ အဆင့်အတန်းနှင့် တန်ဖိုးတို့ကို ကြည့်ပါက၊ ကျွန်ုပ်သည် ဘုရားသခင်ထံမှ ယင်းကဲ့သို့ ကြီးမားသော ကောင်းချီးမင်္ဂလာများနှင့် လုံးဝ မထိုက်တန်ပါ။ ဣသရေလလူမျိုးများသည် ဘုရားသခင်ကို အလွန်ချစ်ကြပြီး ၎င်းတို့ ယခုခံစားရသော ကျေးဇူးတော်မှာ ၎င်းတို့အပေါ် ကိုယ်တော် ပေးသနားတော်မူခြင်း ဖြစ်သည်၊ သို့သော် ၎င်းတို့၏ အဆင့်အတန်းမှာ ကျွန်တို့ထက် များစွာမြင့်မားသည်။ အာဗြဟံသည် ယေဟောဝါကို အလွန်ဆက်ကပ်ခဲ့သူ ဖြစ်ပြီး ပေတရုသည် ယေရှုကို အလွန်ဆက်ကပ်ခဲ့သူ ဖြစ်ခဲ့ပါသည်၊ ၎င်းတို့၏ ဆက်ကပ်မှုမှာ ကျွန်ုပ်တို့ထက် အဆတစ်ရာ သာလွန်ခဲ့ပါသည်၊ ထို့အပြင် ကျွန်ုပ်တို့၏ အပြုအမူများအပေါ် အခြေခံပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရန် လုံးဝထိုက်တန်ခြင်း မရှိပါ။” တရုတ်နိုင်ငံရှိ ဤလူတို့၏ အစေခံမှုကို ဘုရားသခင်၏ ရှေ့တော်သို့ လုံးဝ ယူဆောင်လာနိုင်ခြင်း မရှိပါ။ ၎င်းမှာ လုံးလုံးလျားလျား အရှုပ်အထွေးတစ်ခုမျှသာလျှင်ဖြစ်ပြီး သင်တို့ ယခု ဘုရားသခင်၏ ကျေးဇူးတော်ကို အလွန်ခံစားရခြင်းမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း သက်သက်ကြောင့်သာ ဖြစ်သည်။ သင်တို့သည် မည်သည့်အချိန်က ဘုရားသခင်၏အမှုကို ရှာဖွေခဲ့ကြပြီနည်း။ သင်တို့သည် မည်သည့်အချိန်က သင်တို့၏အသက်ကို ဘုရားသခင်အတွက် စွန့်လွှတ်ခဲ့ကြပြီနည်း။ သင်တို့သည် မည်သည့်အချိန်က သင်တို့၏ မိသားစု၊ သင်တို့၏ မိဘများနှင့် သင်တို့၏ သားသမီးများကို အလွယ်တကူ စွန့်ခဲ့ကြပြီနည်း။ သင်တို့ တစ်ဦးတစ်ယောက်မျှ ကြီးမားသော အဖိုးအခတစ်ခုကို မပေးရသေး။ အကယ်၍ သင့်ကို သန့်ရှင်းသောဝိညာဉ်တော် ခေါ်ထုတ်ခဲ့ခြင်း မဟုတ်ခဲ့ပါက သင်တို့ထဲမှ ဘယ်နှစ်ဦးသည် အရာခပ်သိမ်းကို စွန့်လွှတ်နိုင်ခဲ့ကြလိမ့်မည်နည်း။ သင်တို့ကို ဖိအားပေး၍ အတင်းအကျပ် လုပ်စေခြင်းကြောင့်သာလျှင် ယနေ့တိုင်အောင် သင်တို့ နောက်လိုက်ခဲ့ကြခြင်း ဖြစ်သည်။ သင်တို့၏ ဆက်ကပ်မှုမှာ အဘယ်မှာနည်း။ သင်တို့၏ နာခံမှုမှာ အဘယ်မှာသနည်း။ သင်တို့၏ အပြုအမူများအပေါ် အခြေခံပါက သင်တို့သည် ဖျက်ဆီးခြင်းကို ခံသင့်သည်မှာ ကြာပြီဖြစ်သည်၊ သုတ်သင်ရှင်းလင်းခြင်းတစ်ခုသည် သင်တို့အတွက် ဖြစ်သင့်ခဲ့သည်။ ယင်းကဲ့သို့ ကြီးမားသော ကောင်းချီးမင်္ဂလာများကို ခံစားရရန် သင်တို့၌ မည်သည့် အခွင့်အရေးရှိသနည်း၊ သင်တို့သည် လုံးဝ မထိုက်တန်သူများ ဖြစ်ကြသည်။ သင်တို့ထဲမှ မည်သူသည် သူ၏ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ထွင်ခဲ့သနည်း။ သင်တို့ထဲမှ မည်သူသည် မှန်သောလမ်းကို ကိုယ်တိုင် ရှာတွေ့ခဲ့သနည်း။ သင်တို့ အားလုံးသည် ပျင်းရိပြီး လောဘကြီးသူများ၊ သက်တောင့်သက်သာရှိမှုကို အငမ်းမရ အကြိုက်တွေ့နေသော အသုံးမကျသည့် ငြိုငြင်သူများ ဖြစ်သည်။ သင်တို့သည် အလွန်ကြီးမြတ်ကြသည်ဟု ထင်သလော။ သင်တို့၌ ဝါကြွားစရာ မည်သည့်အရာ ရှိသနည်း။ အကယ်၍ သင်တို့သည် မောဘ၏အမျိုးအနွယ်များ ဖြစ်သည်ဟု ငါမဆိုခဲ့လျှင်လည်း သင်တို့၏ဗီဇ၊ သင်တို့၏ မွေးရပ်မြေသည် အလွန်မြင့်မြတ်သလော။ သင်တို့သည် မောဘ၏အမျိုးအနွယ်များ ဖြစ်သည်ဟု ငါမဆိုခဲ့လျှင်လည်း သင်တို့အားလုံးသည် သူ၏သားသမီးများ အစစ်အမှန် ဖြစ်ကြသည် မဟုတ်သလော။ ဖြစ်ရပ်မှန်များ၏ အမှန်တရားကို ပြောင်းလဲနိုင်သလော။ သင်တို့၏ ဗီဇကို ယခုဖော်ထုတ်ခြင်းသည် ဖြစ်ရပ်မှန်များ၏ အမှန်တရားနှင့် ဆန့်ကျင်သလော။ သင်တို့၏ အသက်တာများ၊ သင်တို့၏ အကျင့်စရိုက်များနှင့် သင်တို့သည် မည်မျှဖော်လံဖား ဖြစ်ကြကြောင်းကို ကြည့်ပါလေ၊ သင်တို့သည် လူသားမျိုးနွယ်အကြား နိမ့်ကျသောသူများထဲမှ အနိမ့်ကျဆုံး ဖြစ်ကြောင်းကို မသိကြသလော။ သင်တို့၌ ဝါကြွားစရာ မည်သည့်အရာ ရှိသနည်း။ လူ့အဖွဲ့အစည်းထဲတွင် သင်တို့၏ အဆင့်အတန်းကို ကြည့်လော့။ သင်တို့သည် အနိမ့်ကျဆုံး အဆင့်၌ ရှိသည် မဟုတ်လော။ ငါသည် မမှန်မကန် ပြောသည်ဟု သင်တို့ ထင်သလော။ အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်။ သင်တို့သည် မည်သည့်အရာကို ပူဇော်ခဲ့ပြီးပြီနည်း။ ယောဘသည် ရှိသမျှကို ပူဇော်ခဲ့သည်။ သင်တို့သည် မည်သည့်အရာကို ပူဇော်ခဲ့ပြီးပြီနည်း။ လူမြောက်မြားစွာတို့သည် မှန်သောလမ်းကို ရှာဖွေရန်အတွက် ၎င်းတို့၏ အသက်များကို ပေးခဲ့ကြသည်၊ လည်စင်းခံခဲ့ကြပြီး အသွေးသွန်းခဲ့ကြသည်။ သင်တို့သည် ထိုအဖိုးအခကို ပေးခဲ့ဖူးသလော။ နှိုင်းယှဉ်ကြည့်ပါက သင်တို့အားလုံးသည် ထိုကဲ့သို့ ကြီးမားသော ကျေးဇူးတော်ကို ခံစားရရန် အရည်အချင်း မပြည့်မီသောကြောင့် သင်တို့သည် မောဘ၏အမျိုးအနွယ်များ ဖြစ်သည်ဟု ယနေ့ဆိုခြင်းမှာ မှားသလော။ သင့်ကိုယ်သင် အလွန်အမင်း အထင်တကြီး မြင်မနေနှင့်။ သင်၌ ဝါကြွားစရာ တစ်စုံတစ်ခုမျှ မရှိ။ ထိုကဲ့သို့ ကြီးမားသော ကယ်တင်ခြင်း၊ ထိုကဲ့သို့ ကြီးမားသော ကျေးဇူးတော်ကို သင့်အား အခမဲ့ပေးခြင်း ဖြစ်သည်။ သင်တို့သည် မည်သည့်အရာကိုမျှ စွန့်လွှတ်ရခြင်း မရှိခဲ့သော်လည်း သင်တို့သည် ကျေးဇူးတော်ကို အခမဲ့ ခံစားခဲ့ရခြင်းသာ ဖြစ်သည်။ သင်တို့ မရှက်သလော။ ဤလမ်းမှန်မှာ သင်တို့ကိုယ်တိုင် ရှာဖွေခြင်းဖြင့် ရှာတွေ့ခဲ့သော အရာတစ်စုံတစ်ခု ဖြစ်သလော။ ထိုလမ်းကို လက်ခံရန် သင်တို့ကို ဖိအားပေးတိုက်တွန်းခဲ့သည်မှာ သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ခဲ့သလော။ သင်တို့၌ ရှာဖွေတတ်သော စိတ်နှလုံးတစ်ခု မည်သည့်အခါကမျှ မရှိခဲ့ဘဲ အထူးသဖြင့် သင်တို့သည် သမ္မာတရားကို ရှာဖွေတတ်သော၊ သမ္မာတရားကို တောင့်တတတ်သော စိတ်နှလုံးများ မရှိကြပေ။ သင်တို့သည် အခံ့သားထိုင်နေကာ ၎င်းကို ခံစားနေခဲ့ကြခြင်းဖြစ်ပြီး ဤသမ္မာတရားကို သင်တို့ဘက်မှ အားထုတ်ကြိုးပမ်းမှု မပါဘဲ သင်တို့ ရရှိခဲ့ခြင်းဖြစ်သည်။ သင်တို့၌ စောဒကတက်ရန် မည်သည့် အခွင့်အရေး ရှိသနည်း။ သင်သည် အလွန့်အလွန် ထိုက်တန်သောသူ ဖြစ်သည်ဟု သင်ထင်သလော။ မိမိတို့၏ အသက်များကို စွန့်ခဲ့ပြီး မိမိတို့၏ အသွေးကိုသွန်းခဲ့သော သူများနှင့် နှိုင်းယှဉ်ပါက သင်တို့၌ စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်တို့ကို ယခုချက်ချင်း ဖျက်ဆီးပစ်ခြင်းမှာ ထုံးစံအတိုင်း လုပ်ရမည့် အရာတစ်ခုသာ ဖြစ်သည်။ နာခံခြင်းနှင့် လိုက်လျှောက်ခြင်းမှအပ သင်တို့၌ အခြားသောရွေးချယ်စရာများ မရှိ။ သင်တို့သည် အမှန်တကယ်ပင် မထိုက်တန်သောသူများ ဖြစ်ကြသည်။ သင်တို့ထဲမှ အများစုတို့သည် ခေါ်တော်မူခြင်းကို ခံခဲ့ရခြင်းဖြစ်သော်လည်း အကယ်၍ ပတ်ဝန်းကျင်အခြေအနေသည် သင်တို့ကို အတင်းအကျပ်ဖိအားပေးခြင်း သို့မဟုတ် အကယ်၍ သင်တို့သည် ခေါ်တော်မူခြင်းကို မခံခဲ့ရပါက သင်တို့သည် ထွက်လာရန် လုံးလုံးလျားလျား အလိုရှိကြမည် မဟုတ်ပေ။ မည်သူသည် ဤနည်းဖြင့် ပစ္စည်းဥစ္စာများကို စွန့်ပစ်ရန် အလိုရှိသနည်း။ မည်သူသည် ဇာတိပကတိ၏ သာယာမှုများကို လက်လွှတ်ရန် အလိုရှိသနည်း။ သင်တို့အားလုံးသည် သက်တောင့်သက်သာရှိမှုကို အငမ်းမရ အကြိုက်တွေ့နေပြီး စည်းဇိမ်ခံသော အသက်တာတစ်ခုကို ရှာဖွေနေကြသောသူများဖြစ်သည်။ သင်တို့သည် ယင်းကဲ့သို့ ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိခဲ့ပြီး ဖြစ်သည်၊ သင်တို့၌ပြောရန် အခြားမည်သည့်အရာ ရှိသနည်း။ သင်တို့၌ မည်သည့် မကျေနပ်မှုများ ရှိသနည်း။ သင်တို့သည် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများနှင့် ကောင်းကင်ဘုံ၌ အကြီးမားဆုံးသော ကျေးဇူးတော်ကို ခံစားခဲ့ကြရပြီး မြေကြီးပေါ်တွင် ယခင်က မည်သည့်အခါကမျှ ပြုခဲ့ခြင်းမရှိသော အမှုကို ယခုအခါ သင်တို့အား ထုတ်ဖော်ပေးပြီ ဖြစ်သည်။ ဤသည်မှာ ကောင်းချီးမင်္ဂလာတစ်ခုပင် မဟုတ်သလော။ သင်တို့သည် ဘုရားသခင်ကို အတိုက်အခံပြုခဲ့ပြီး ဆန့်ကျင်ပုန်ကန်ခဲ့ကြသောကြောင့် ယခု သင်တို့သည် ဤမျှလောက်သော ပြစ်တင်ဆုံးမခြင်းကို ခံခဲ့ကြရခြင်း ဖြစ်သည်။ ဤပြစ်တင်ဆုံးမမှုကြောင့် သင်တို့သည် ဘုရားသခင်၏ သနားခြင်းကရုဏာတော်နှင့် ချစ်ခြင်းမေတ္တာကို မြင်တွေ့ခဲ့ရပြီး ထိုမျှမက ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ဤပြစ်တင်ဆုံးမမှုနှင့် လူသားမျိုးနွယ်တို့၏ ညစ်ညူးခြင်းတို့ကြောင့် သင်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးတော်ကို မြင်တွေ့ခဲ့ရပြီး ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် ကြီးမြတ်ခြင်းကို သင်တို့ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ဤသည်မှာ အရှားပါးဆုံးသော သမ္မာတရားများပင် မဟုတ်သလော။ ဤသည်မှာ အဓိပ္ပာယ်ရှိသော အသက်တာတစ်ခု မဟုတ်သလော။ ဘုရားသခင်ပြုသောအမှုမှာ အဓိပ္ပာယ်အပြည့်ရှိသည်။ ထို့ကြောင့် သင်တို့၏ အဆင့်အတန်း နိမ့်ကျလေ၊ ဘုရားသခင်၏ ချီးမြှောက်ခြင်းကို ပို၍ပြသလေဖြစ်ပြီး သင်တို့အပေါ် ယနေ့ပြုသော ကိုယ်တော်၏အမှုမှာ မည်မျှတန်ဖိုးရှိသည်ကို ပို၍သက်သေပြလေ ဖြစ်သည်။ ၎င်းသည် အဖိုးမဖြတ်နိုင်လောက်သော ရတနာတစ်ပါးပင် အမှန်ဖြစ်သည်။ ၎င်းကို အခြားမည်သည့်နေရာ၌မျှ ရနိုင်မည်မဟုတ်။ ခေတ်အဆက်ဆက်တစ်လျှောက်တွင် မည်သူမျှ ထိုကဲ့သို့ ကြီးမားသော ကယ်တင်ခြင်းကို ခံစားရခြင်း မရှိခဲ့ပါ။ သင်တို့၏ အဆင့်အတန်း နိမ့်ကျခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်း မည်မျှလောက် ကြီးမားကြောင်းကို ပြသခြင်းနှင့် ဘုရားသခင်သည် လူသားတို့အပေါ် သစ္စာရှိကြောင်းကို ပြသခြင်း ဖြစ်သည်၊ ကိုယ်တော်သည် ဖျက်ဆီးတော်မမူဘဲ ကယ်တင်တော်မူသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘအမျိုးအနွယ်တို့အား ကယ်တင်ခြင်း၏ ရည်ရွယ်ချက်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၆)

ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခဲ့စဉ်က သူသည် လောကနှင့် မစပ်ဆိုင်ခဲ့သည့်အပြင် ကာမဂုဏ် ခံစားရန်အတွက် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ သူ၏ စိတ်သဘောထားကို အကောင်းဆုံး ထုတ်ဖော်ပြီး အဓိပ္ပာယ်အရှိဆုံး ဖြစ်မည့် အမှုကိုပြုမည့်နေရာမှာ သူမွေးဖွားခဲ့သော နေရာပင်ဖြစ်သည်။ ထိုတိုင်းပြည်မှာ သန့်ရှင်းသောတိုင်းပြည် သို့မဟုတ် ညစ်ညူးသောတိုင်းပြည် ဖြစ်ပါစေ၊ မည်သည့်နေရာ၌မဆို သူအမှုပြုပါစေ သူသည် သန့်ရှင်းသည်။ လောကထဲတွင်ရှိသမျှကို သူဖန်ဆင်းခဲ့ခြင်းဖြစ်သည်၊ အရာခပ်သိမ်းမှာ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရခြင်းသာ ဖြစ်သည်။ သို့သော်လည်း အရာအားလုံးကို သူဆက်၍ ပိုင်ဆိုင်သေးသည်၊ ၎င်းတို့အားလုံးသည် သူ၏ လက်တော်ထဲတွင် ရှိကြသည်။ အမှုပြုရန်အတွက် ညစ်ညူးသောတိုင်းပြည်သို့ သူကြွလာခြင်းမှာ သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ရန် ဖြစ်သည်၊ သူသည် ဤအရာကို သူ၏အမှုအတွက် ပြုခြင်းဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော် ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အတွက် သူသည် ဤနည်းဖြင့် အမှုပြုရန် ကြီးစွာသော မျက်နှာပျက်ရခြင်းကို သည်းခံတော်မူသည်။ ဤသည်မှာ သက်သေခံများအတွက် ဖြစ်ပြီး လူသားအားလုံးအတွက်လည်း ဖြစ်သည်။ ဤကဲ့သို့ အမှုမျိုးသည် လူတို့ကို မြင်စေသောအရာမှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး ၎င်းသည် ဘုရားသခင်၏ ထူးမြတ်ခြင်းကို ပို၍ပြသနိုင်သည်။ မည်သူမျှ အလွန် ထည့်စဉ်းစားခြင်း မရှိသည့် အရေးမပါသော လူတစ်စုကို ကယ်တင်ခြင်းအားဖြင့် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းကို ပြခြင်းဖြစ်သည်။ ညစ်ညူးသောတိုင်းပြည်တစ်ခုတွင် မွေးဖွားခဲ့ခြင်းမှာ သူသည် အရေးမပါကြောင်း သက်သေပြခြင်း လုံးဝ မဟုတ်ပါ၊ ၎င်းမှာ သူ၏ ကြီးမြတ်ခြင်းနှင့် လူသားများအတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းခံအားလုံး မြင်တွေ့စေရန်သာ ဖြစ်သည်။ ဤနည်းဖြင့် သူအမှုပြုလေ လူသားများအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ချို့ယွင်းချက်မရှိသော ချစ်ခြင်းမေတ္တာကို ပို၍ ထုတ်ဖော်လေဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်သည်။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး ညစ်ညူးမှုနှင့် ပြည့်နှက်နေသော သူတို့နှင့်အတူ နေသော်လည်း ကျေးဇူးတော်ခေတ်တွင် ယေရှုသည် အပြစ်သားများနှင့်အတူ နေခဲ့သည့်နည်းတူ သူ၏အမှုအားလုံးမှာ လူသားမျိုးနွယ်အားလုံး ဆက်လက်ရှင်သန်နိုင်ရေးအတွက်ပင်ဖြစ်သည် မဟုတ်သလော။ လူသားများ ကြီးမားသော ကယ်တင်ခြင်းကို ရနိုင်ရန်အတွက်ပင် ဖြစ်သည်မဟုတ်သလော။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က သူသည် အပြစ်သားများနှင့်အတူ နှစ်အနည်းငယ် နေထိုင်ခဲ့သည်။ ထိုအရာမှာ ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့သည်။ ယနေ့တွင် သူသည် ညစ်ညူးသော လူတစ်စု၊ အရေးမပါသော လူတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ ဤသည်မှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သူ၏အမှုအားလုံးမှာ ဤလူသားများဖြစ်သော သင်တို့အတွက် ဖြစ်သည် မဟုတ်လော။ အကယ်၍ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက အဘယ်ကြောင့် သူသည် နွားစားခွက်ထဲတွင် မွေးဖွားခဲ့ပြီးနောက် အပြစ်သားများနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ဒုက္ခဆင်းရဲခံခဲ့မည်နည်း။ ထို့အပြင် လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် မဟုတ်ခဲ့ပါက အဘယ်ကြောင့် သူသည် လူ့ဇာတိခံယူ၍ ဒုတိယအကြိမ် ပြန်ကြွလာကာ၊ နတ်ဆိုးများ စုဝေးရာ ဤတိုင်းပြည်တွင် မွေးဖွားလာခဲ့ပြီး စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်းကို ခံခဲ့ရသော ဤလူတို့နှင့်အတူ နေထိုင်လိမ့်မည်နည်း။ ဘုရားသခင်သည် သစ္စာရှိသည် မဟုတ်လော။ သူ၏အမှု မည်သည့် အမျိုးအစားသည် လူသားများအတွက် မဟုတ်ခဲ့သနည်း။ မည်သည့် အမျိုးအစားသည် သင်တို့၏ ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ ဤသည်မှာ ပြောင်းလဲ၍မရသောအရာ ဖြစ်သည်။ သူသည် ညစ်ညူးသောတိုင်းပြည်တစ်ပြည်သို့ ကြွလာခဲ့သော်လည်း သူသည် ညစ်ညူးခြင်း မရှိပါ၊ ဤအရာအားလုံးမှာ လူသားများအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အလွန် တစ်ကိုယ်ကောင်းမဆန်ကြောင်း၊ သူသည်းခံတော်မူသော ဒုက္ခဆင်းရဲနှင့် မျက်နှာပျက်ရခြင်းမှာ အလွန် ကြီးမားကြောင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ သင်တို့အားလုံးနှင့် သင်တို့၏ ကံကြမ္မာအတွက် ယင်းကဲ့သို့ ကြီးစွာသော မျက်နှာပျက်ရခြင်းကို သူခံရခြင်းဖြစ်သည်ကို သင်မသိသလော။ ကြီးမြတ်သောလူများ သို့မဟုတ် သူဌေးသူကြွယ်တို့၏ သားများနှင့် သြဇာကြီးသော မိသားစုများကို သူမကယ်တင်သော်လည်း အရေးမပါသောသူများနှင့် အခြားသူများ၏ အထင်အမြင်သေးခြင်းကို ခံရသောသူများကိုသာ အထူးသဖြင့် ကယ်တင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ သူ၏သန့်ရှင်းခြင်းပင် ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးမှာ သူ၏ဖြောင့်မတ်ခြင်းပင် ဖြစ်သည် မဟုတ်လော။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားကာ လူသားမျိုးနွယ်အားလုံး ဆက်လက်ရှင်သန်ရေးအတွက် မျက်နှာပျက်ရခြင်း အလုံးစုံကိုခံရန် လိုလားသည်။ ဘုရားသခင်သည် အလွန် သဘာဝကျသည်၊ သူသည် မမှန်သောအမှုကို မပြုပေ။ သူ၏အမှု တစ်ဆင့်ချင်းစီသည် ဤအရာကို လက်တွေ့ကျကျ ပြုခဲ့ခြင်း မဟုတ်သလော။ လူအားလုံးသည် သူ့ကို မကောင်းပြောကြပြီး သူသည် အပြစ်သားများနှင့် စားပွဲတွင် အတူထိုင်သည်ဟု ဆိုကြသော်လည်း၊ လူတို့သည် သူ့ကို ကဲ့ရဲ့ကြပြီး သူသည် ညစ်ညူးခြင်း၏သားများ၊ လူတို့ထဲတွင် အနိမ့်ကျဆုံးဖြစ်သောသူများနှင့်အတူ နေထိုင်ပြီဟု ဆိုကြသော်လည်း သူသည် သူ့ကိုယ်သူ ကိုယ်ကျိုးမငဲ့ဘဲ ဆက်၍ဆက်ကပ်ပြီး သူသည် လူသားတို့အကြာတွင် ဤနည်းဖြင့် ငြင်းပယ်ခြင်းကို ဆက်၍ ခံရသည်။ သူသည်းခံတော်မူသော ဒုက္ခဆင်းရဲသည် သင်တို့ ခံရသည်ထက် ပို၍ကြီးမားသည် မဟုတ်သလော။ သူ၏အမှုသည် သင်ပေးခဲ့သောအဖိုးအခထက် ပိုများသည် မဟုတ်သလော။ သင်တို့သည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့သော်လည်း ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်တို့ရရှိခဲ့ကြသည်။ သင်တို့သည် နတ်ဆိုးများ စုဝေးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့သော်လည်း သင်တို့သည် ကြီးစွာသော အကာအကွယ်ကို လက်ခံရရှိခဲ့ကြသည်။ သင်တို့၌ အခြားသော ရွေးချယ်စရာ မည်သည့်အရာ ရှိသနည်း။ သင်တို့၌ မည်သည့် မကျေနပ်မှုများရှိသနည်း။ သူသည်းခံတော်မူခဲ့သော ဒုက္ခဆင်းရဲသည် သင်တို့ သည်းခံခဲ့သော ဒုက္ခဆင်းရဲထက် ပို၍ကြီးမားသည် မဟုတ်သလော။ သူသည် ကမ္ဘာမြေကြီးပေါ်သို့ ကြွာလာခဲ့ပြီး လူ့လောက၏ သာယာကြည်နူးမှုများကို မည်သည့်အခါကမျှ မခံစားခဲ့ပေ။ ထိုအရာများကို သူရွံ့မုန်းသည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းမှာ လူတို့ထံမှ ရုပ်ဝတ္ထု အကျိုးအမြတ်များကို ခံစားရန် မဟုတ်သည့်အပြင် လူသားတို့၏ စားခြင်း၊ ဝတ်ခြင်းနှင့် ဆင်မြန်းခြင်းစသည့် ကောင်းသောအရာတို့ကို ခံစားရန် မဟုတ်ပေ။ ထိုအရာများကို သူဂရုမစိုက်ချေ၊ ကမ္ဘာမြေကြီးပေါ်သို့ သူကြွလာခဲ့ခြင်းမှာ လူသားတို့အတွက် ဒုက္ခဆင်းရဲခံရန်ဖြစ်သည်၊ လောကနှင့်ဆိုင်သည့် ကောင်းသောအရာတို့ကိုခံစားရန် မဟုတ်ပေ။ ဒုက္ခဆင်းရဲခံရန်၊ အမှုပြုရန်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးပြည့်စုံစေရန် သူကြွလာခဲ့ခြင်း ဖြစ်သည်။ သူသည် ကောင်းမွန်သော နေရာတစ်ခုကို မရွေးချယ်ခဲ့ပါ၊ သံရုံးတစ်ရုံး သို့မဟုတ် ကြီးကျယ်သော ဟိုတယ်တစ်လုံးတွင် မနေထိုင်ခဲ့သည့်အပြင် သူ့ကို လိုလေသေးမရှိပြုစုပေးမည့် အစေခံများစွာလည်း သူ၌မရှိပါ။ သင်တို့ မြင်တွေ့ရသည့်အရာကို ကြည့်ပါက သူသည် အမှုပြုရန် ကြွလာခြင်း သို့မဟုတ် အကျိုးခံစားရန် ကြွလာခြင်း ဟုတ်မဟုတ်ကို သင်တို့ မသိကြသလော။ သင်တို့၏ မျက်လုံးများမှာ အလုပ်မလုပ်သလော။ သင်တို့ကို သူမည်မျှ ပေးခဲ့ပြီးပြီနည်း။ အကယ်၍ သူသည် သက်သောင့်သက်သာရှိသော နေရာတစ်ခုတွင် မွေးဖွားခဲ့ပါက သူသည် ဘုန်းအသရေကို ရနိုင်ဦးမည်လော။ သူသည် အမှုပြုနိုင်ဦးမည်လော။ ထိုအရာမှာ ရည်ရွယ်ချက် တစ်စုံတစ်ခု ရှိဦးမည်လော။ သူသည် လူသားတို့ကို အကြွင်းမဲ့ သိမ်းပိုက်နိုင်ဦးမည်လော။ သူသည် ညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်ချွတ်နိုင်ဦးမည်လော။ လူသားတို့၏ အယူအဆများအရဆိုပါက၊ “ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းတော်မူသည်ဖြစ်၍ အဘယ်ကြောင့် ယင်းကဲ့သို့ ညစ်ညူးသောနေရာတစ်ခုတွင် မွေးဖွားခဲ့သနည်း။ ကိုယ်တော်သည် ညစ်ညူးသောလူသားများဖြစ်သည့် ကျွန်ုပ်တို့ကို မုန်းတီးပြီး စက်ဆုပ်ပါသည်၊ ကျွန်ုပ်တို့ အတိုက်အခံပြုခြင်းနှင့် ကျွန်ုပ်တို့ ဆန့်ကျင်ပုန်ကန်ခြင်းတို့ကို စက်ဆုပ်တော်မူသည်ဖြစ်၍ အဘယ်ကြောင့် ကျွန်ုပ်တို့နှင့်အတူ နေထိုင်သနည်း။ ကိုယ်တော်သည် အလွန်ကြီးမြတ်သော ဘုရားသခင် ဖြစ်တော်မူ၏၊ ကိုယ်တော်သည် မည်သည့်နေရာတွင်မဆို မွေးဖွားနိုင်ခဲ့မည် မဟုတ်ပေ၊ သို့သော်လည်း ညစ်ညူးသော ဤတိုင်းပြည်တွင် မွေးဖွားခဲ့ရသလော။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နေ့စဉ် ပြစ်တင်ဆုံးမပြီး တရားစီရင်ကာ ကျွန်ုပ်တို့သည် မောဘ၏အမျိုးအနွယ်များ ဖြစ်ကြောင်းကို ကိုယ်တော် ရှင်းလင်းစွာ သိပါက ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အကြားတွင် ဆက်၍နေထိုင်သနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် မောဘ၏အမျိုးအနွယ်များထဲမှ မိသားစုတစ်စုအတွင်း မွေးဖွားလာခဲ့သနည်း။ ကိုယ်တော် အဘယ်ကြောင့် ထိုသို့ ပြုခဲ့သနည်း။” သင်တို့၏ ဤကဲ့သို့ နားလည်သဘောပေါက်ခြင်းမှာ အသိစိတ် အလွန်ကင်းမဲ့လွန်းခြင်း ဖြစ်သည်။ ဤကဲ့သို့ အမှုအမျိုးအစားသာလျှင် ကိုယ်တော်၏ ကြီးမြတ်ခြင်း၊ နှိမ့်ချခြင်းနှင့် ဇာတ်မြှပ်ခြင်းကို လူတို့ကို မြင်တွေ့စေသည်။ သူ၏အမှုအတွက် အရာခပ်သိမ်းကို သူစွန့်လွှတ်ရန် အလိုတော်ရှိပြီး သူ၏အမှုအတွက် ဒုက္ခဆင်းရဲအလုံးစုံကို သည်းခံခဲ့သည်။ ကိုယ်တော်သည် လူသားမျိုးနွယ်အတွက် အမှုပြုခြင်း ဖြစ်ပြီး ထိုမျှမက စာတန်ကို အနိုင်ယူကာ ဖန်ဆင်းခံသက်ရှိသက်မဲ့အားလုံး ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် ဝန်ခံကြစေရန် ဖြစ်သည်။ ဤအရာသည်သာလျှင် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသောအမှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘအမျိုးအနွယ်တို့အား ကယ်တင်ခြင်း၏ ရည်ရွယ်ချက်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၇)

ယုဒပြည်၌ ယေရှုအမှုထမ်းခဲ့ချိန်တွင် ပွင့်လင်းစွာ သူပြုခဲ့သည်၊ သို့သော် ယခုမူ ငါသည် သင်တို့ကြားထဲတွင် လျှို့ဝှက်စွာ အလုပ်လုပ်၍ စကားပြောသည်။ မယုံကြည်သူများသည် ၎င်းကို လုံးလုံးသတိမထားမိပါ။ သင်တို့ကြားထဲတွင် ငါလုပ်သောအလုပ်သည် အပြင်ဘက်၌ရှိသောသူများအတွက် ပိတ်ထားလျက်ရှိသည်။ ဤနှုတ်ကပတ်တော်များ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်မှုများကို သင်တို့ကသာ သိကြပြီး အခြားသောသူများက မသိကြပါ။ ဤအမှုအလုံးစုံတို့ကို သင်တို့အလယ်တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး သင်တို့အတွက်သာ ဖွင့်ထားလျက်ရှိသည်၊ အချိန်မကျသေးသောကြောင့် ၎င်းကို မယုံကြည်သူမည်သူမျှ မသိကြ။ ဤနေရာ၌ရှိသောသူများသည် ပြစ်တင်ဆုံးမခြင်းများကို ခံပြီးနောက် စုံလင်စေခြင်းခံရရန် နီးစပ်သည်၊ သို့သော် ၎င်းကို အပြင်လူများက မသိပါ။ ဤအမှုသည် အလွန်လျှို့ဝှက်သည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူ၏ဟူသည်မှာ သူတို့အတွက် ဖုံးကွယ်ထားလျက်ရှိသည်၊ သို့သော် ဤရေစီးကြောင်းအတွင်း၌ရှိသောသူများအတွက်မူ သူသည်ဖွင့်ထားလျက်ရှိသည်ဟု ပြော၍ရသည်။ ဘုရားသခင်၌ အရာအားလုံးသည် ဖွင့်ထားလျက်၊ ထုတ်ဖော်ထားလျက်၊ လွတ်လပ်လျက် ရှိကြသော်လည်း၊ သူ့ကိုယုံကြည်သောသူများအတွက်သာ ဤအရာမှန်ကန်သည်၊ ကျန်သောသူများဖြစ်သည့် မယုံကြည်သူများနှင့် ပတ်သက်၍ မည်သည့်အရာမျှ သိစေခြင်းမရှိပါ။ ဤနေရာတွင် ယခုလုပ်ဆောင်နေသောအလုပ်သည် သူတို့မသိနိုင်အောင် တင်းတင်းကြပ်ကြပ် ပိတ်ထားလျက်ရှိသည်။ ဤအလုပ်ကို သူတို့သတိထားမိခဲ့ပါလျှင်လည်း ၎င်းကို ပြစ်တင်ရှုတ်ချခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းအောက် အပ်နှံခြင်းကိုသာ သူတို့ပြုလုပ်ကြမည်ဖြစ်သည်။ ၎င်းကို သူတို့ယုံကြည်ကြမည် မဟုတ်ပါ။ ခေတ်နောက်ပြန်ဆုံးနေရာဖြစ်သော အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်မှာ လွယ်ကူသည့်အရာ မဟုတ်ပေ။ ဤအလုပ်ကို လူမြင်ကွင်းတွင် ထားမည်ဆိုပါက ဆက်လက်လုပ်ဆောင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ ဤအလုပ်အဆင့်ကို ဤနေရာတွင် အကယ်ပင် လုပ်ဆောင်၍မရပေ။ ဤအလုပ်ကို လူမြင်ကွင်းတွင် လုပ်ဆောင်မည်ဆိုပါက ၎င်းကို ရှေ့ဆက်လုပ်ဆောင်ရန် သူတို့မည်သို့ခွင့်ပြုနိုင်မည်နည်း။ ဤအလုပ်ကို ပိုကြီးမားသည့်အန္တရာယ်အောက်သို့ ပို့မည်မဟုတ်လော။ ဤအလုပ်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ မကျန်းမာသူများကို ခမ်းနားကြီးကျယ်စွာ ကျန်းမာစေပြီး နတ်ဆိုးများကိုလည်း နှင်ထုတ်ခဲ့သည့် ယေရှု၏ခေတ်ကာလကဲ့သို့ လုပ်ဆောင်မည်ဆိုလျှင် ဤအလုပ်သည် နတ်ဆိုးများ၏ “အကျဉ်းသား” ဖြစ်ခဲ့သည်မှာ ကြာညောင်းခဲ့ပြီး ဖြစ်လိမ့်မည်မဟုတ်လော။ ဘုရားသခင်၏တည်ရှိမှုကို သူတို့သည်းခံနိုင်ပါမည်လော။ ယခုတွင် တရားဟောရန်နှင့် သွန်သင်ပြသရန် ခန်းမကြီးထဲသို့ ငါဝင်ခဲ့ပါက ငါသည် အစိတ်စိတ်အမြွှာအမြွှာဖြစ်ခဲ့မည်မှာ ကြာညောင်းခဲ့ပြီး ဖြစ်လိမ့်မည်မဟုတ်လော။ ဤကဲ့သို့ဖြစ်ခဲ့ပါက ငါ့အလုပ်ကို မည်သို့ ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပွင့်လင်းစွာ မပေါ်လွင်စေရခြင်းမှာ ဖုံးကွယ်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့်၊ မယုံကြည်သူများအတွက် ငါ့အလုပ်သည် မြင်၍မရ၊ သိ၍မရ၊ ရှာဖွေတွေ့ရှိ၍လည်း မရပေ။ ဤအလုပ်အဆင့်ကို ကျေးဇူးတော်ခေတ်တွင် ယေရှုလုပ်ခဲ့သည်နည်းတူ လုပ်မည်ဆိုပါလျှင် ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့်၊ ဤကဲ့သို့လျှို့ဝှက်စွာ အလုပ်လုပ်ခြင်းသည် သင်တို့အကျိုးအတွက်နှင့် ယေဘုယျအားဖြင့် အလုပ်အကျိုးအတွက်လည်း ဖြစ်သည်။ လောကတွင် ဘုရားသခင်၏အလုပ် အဆုံးသတ်သည့်အခါ၊ တစ်နည်းအားဖြင့် ဤလျှိုဝှက်သောအလုပ် နိဂုံးချုပ်သည့် အချိန်တွင်၊ ဤအလုပ်သည် လူမြင်ကွင်းသို့ ပွင့်ထွက်သွားမည် ဖြစ်သည်။ တရုတ်ပြည်တွင် အောင်မြင်သူလူတစ်စုရှိကြောင်းကို အားလုံးသိကြမည် ဖြစ်သည်၊ ဘုရားသခင်သည် တရုတ်ပြည်တွင် လူ့ဇာတိခံယူကြောင်းကို အားလုံးက သိကြမည်ဖြစ်ပြီး သူ၏အလုပ်သည် ဆုံးခန်းတိုင်သို့ ရောက်ကြောင်းကိုလည်း သိကြမည် ဖြစ်သည်။ ထိုအခါမှသာ တရုတ်ပြည်က အဘယ်ကြောင့် ကျဆုံးခြင်း၊ သို့မဟုတ် ပြိုလဲခြင်း မရှိသေးသည့်အကြောင်းကို လူသားတို့ သဘောပေါက်လာမည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အလုပ်ကို တရုတ်ပြည်တွင် ကိုယ်တိုင်လုပ်ဆောင်လျက်ရှိနေပြီး လူတစ်စုကို အောင်မြင်သူများအဖြစ် စုံလင်စေခဲ့ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)” မှ

ယခင်က:၅။ ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း

နောက်တစ်ခုသို့:ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း (၂)

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ