ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၄၁)

ယနေ့ခေတ်၌ ဘုရားသခင်၏အမှုကို သိရန်မှာ၊ အများအားဖြင့် နောက်ဆုံးသောကာလ၌ လူ့ဇာတိခံ ဘုရားသခင်၏ အဓိကအမှုတော်နှင့် ဘုရားသခင်သည် မည်သည့်အမှုကိုပြုဖို့ ကမ္ဘာမြေသို့ ကြွလာသည်ကို သိရန် ဖြစ်သည်။ ဘုရားသခင်သည် မထွက်ခွာမီ စံနမူနာတစ်ခုပြရန် (နောက်ဆုံးသော ကာလအတွင်းတွင်) ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်သည်ကို ယခင်က ငါ၏ နှုတ်ကပတ်တော်များထဲ၌ ငါဖော်ပြပြီးဖြစ်သည်။ ဘုရားသခင်သည် ဤစံနမူနာကို မည်သို့ ချမှတ်သနည်း။ သူသည် နှုတ်ကပတ်တော်များ ပြောဆိုခြင်း၊ အမှုပြုခြင်းနှင့် နယ်မြေအနှံ့ ပြောဆိုခြင်းတို့အားဖြင့် ထိုသို့ လုပ်ဆောင်ပေသည်။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ အမှုဖြစ်သည်။ လူတိုင်းသည် သူ၏ နှုတ်ကပတ်တော်အားဖြင့် ထောက်ပံ့ခံရကာ အသိဉာဏ်ပွင့်လင်းစေခြင်း ခံရဖို့နှင့် လူ၏ ဝိညာဉ်သည် နိုးထပြီး ရူပါရုံများနှင့် ပတ်သက်၍ ရှင်းလင်းမှု ရရှိဖို့အလို့ငှာ၊ ဤကမ္ဘာမြေကို နှုတ်ကပတ်တော်များ၏ လောကဖြစ်စေရန် သူသည် စကားပြောရုံသာ ပြောလေသည်။ နောက်ဆုံးသောကာလအတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် အဓိကအားဖြင့် နှုတ်ကပတ်တော်များ ပြောဆိုဖို့ ကမ္ဘာမြေသို့ ကြွလာပြီဖြစ်သည်။ ယေရှု ကြွလာခဲ့ချိန်တွင်၊ သူသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခဲ့ပြီး၊ ကားစင်တင်ခံရခြင်းနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်ခဲ့သည်။ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး အိုဟောင်းသော အရာအားလုံးကို ဖျက်သိမ်းခဲ့သည်။ ယေရှု၏ ကြွရောက်ခြင်းသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်၏ ရောက်ရှိခြင်းသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေပြီး ဖြစ်သည်။ သူသည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် အသိဉာဏ်ပွင့်လင်းစေရန်၊ ပြီးလျှင် လူသား၏ နှလုံးသားအတွင်းရှိ မရေရာသော ဘုရားသခင်၏ နေရာကို ဖယ်ရှားရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ ယေရှုက သူ ကြွလာခဲ့ချိန်တွင် လုပ်ဆောင်ခဲ့သည့် အမှု၏ အဆင့် မဟုတ်ပေ။ ယေရှုကြွလာခဲ့ချိန်တွင် သူသည် နိမိတ်လက္ခဏာများစွာကို ပြသခဲ့သည်၊ မကျန်းမာသောသူများကို အနာရောဂါငြိမ်းစေခဲ့ပြီး၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ၊ ကားစင်တင်ခံရခြင်း နှင့်ဆိုင်သည့် ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ လူတို့၏ အယူအဆများတွင် ဤသည်မှာ ဘုရားသခင် ဖြစ်သင့်သည့်ပုံဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အကြောင်းမှာ ယေရှု ကြွလာခဲ့ချိန်တွင်၊ သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ ပုံရိပ်အား ဖယ်ရှားခြင်းအမှုကို မလုပ်ဆောင်ခဲ့ပေ။ သူကြွလာခဲ့ချိန်တွင် သူသည် ကားစင်တင်ခံခဲ့ရသည်၊ မကျန်းမာသောသူများကို အနာငြိမ်းစေခဲ့ပြီး၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိ တရားတော်ကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏ စိတ်နှလုံးထဲတွင် မရေရာသော ဘုရားသခင်၏ ပုံရိပ်မရှိတော့ရန်အလို့ငှာ၊ လူသား၏ အယူအဆများထဲက မရေရာသည့် ဘုရားသခင်က ထိန်းသိမ်းထားသည့် နေရာကို ဖယ်ရှားလေသည်။ သူ၏ တကယ့် နှုတ်ကပတ်တော်များနှင့် တကယ့်အမှု၊ နယ်မြေအနှံ့ သူ၏သွားလာလှုပ်ရှားမှုနှင့် လူသားအလယ် သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး ပုံမှန်ဖြစ်သော အမှုမှတစ်ဆင့်၊ လူသားကို ဘုရားသခင်၏ လက်တွေ့အရှိတရားအား သူသိစေပြီး လူသား၏နှလုံးသားထဲက မရေရာသည့် ဘုရားသခင်၏ နေရာကို ဖယ်ရှားလေသည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာခပ်သိမ်းကို ပြီးမြောက်စေရန် သူ၏ လူ့ဇာတိက ပြောဆိုသော နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်က ပြီးမြောက်စေမည့် အမှုဖြစ်သည်။

သင်တို့သိရမည်မှာ-

၁။ ဘုရားသခင်၏ အမှုသည် သဘာဝလွန်ဖြစ်ရပ် မဟုတ်သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ အယူအဆများ သင်တို့ မသိုထားသင့်ပေ။

၂။ လူ့ဇာတိခံ ဘုရားသခင်က ဤအကြိမ်တွင် လုပ်ဆောင်ရန် ကြွဆင်းလာပြီးဖြစ်သည့် အဓိကအမှုကို သင်တို့နားလည်ရမည်။

ဘုရားသခင်သည် မကျန်းမာသူများကို အနာရောဂါငြိမ်းစေဖို့၊ သို့မဟုတ် နတ်ဆိုးများကို နှင်ထုတ်ဖို့၊ သို့မဟုတ် နိမိတ်လက္ခဏာများကို ပြသဖို့၊ ကြွလာခြင်းမဟုတ်သကဲ့သို့၊ နောင်တတရားနှင့်ဆိုင်သော ဧဝံဂေလိတရားကို ဖြန့်ဝေဖို့၊ သို့မဟုတ် လူသားကို ရွေးနုတ်ခြင်းပေးဖို့ ကြွလာခြင်းမဟုတ်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ယေရှုသည် ဤအမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သကဲ့သို့၊ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မပြုသောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ဖို့နှင့် ကျေးဇူးတော်ခေတ်၏ အလေ့အထများအားလုံးကို စွန့်ပစ်ဖို့ ကြွလာပြီးဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်သည် အဓိကအားဖြင့် သူသည် စစ်မှန်သည်ကို ပြသဖို့ ကြွလာပြီဖြစ်သည်။ ယေရှုကြွလာခဲ့ချိန်တွင်၊ နှုတ်ကပတ်တော် အနည်းငယ် ပြောဆိုခဲ့သည်။ သူသည် အဓိကအားဖြင့် နိမိတ်လက္ခဏာများ ပြသခဲ့သည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခဲ့ပြီး၊ မကျန်းမာသူများကို အနာငြိမ်းစေကာ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည် သို့မဟုတ်ပါက သူသည် အမှန်တကယ် ဘုရားသခင်ဖြစ်ပြီး၊ သူသည် ဘက်မလိုက်သော ဘုရားသခင်ဖြစ်သည်ကို လူတို့အား ယုံကြည်လက်ခံစေရန်နှင့် မြင်စေရန်အလို့ငှာ ပရောဖက်ပြုချက်များကို ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် ကားစင်တင်ခံရခြင်း အမှုကို သူ ပြီးစီးခဲ့သည်။ ယနေ့၏ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသကဲ့သို့၊ မကျန်းမာသူများကိုလည်း အနာမငြိမ်းစေဘဲ၊ နတ်ဆိုးများကိုလည်း မနှင်ထုတ်ပေ။ ယေရှုကြွလာခဲ့ချိန်တွင်၊ သူ လုပ်ဆောင်ခဲ့သောအမှုသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သော်လည်း၊ ဘုရားသခင်သည် တူညီသည့်အမှုကို ထပ်မလုပ်သည့်အတွက် ဤအကြိမ်တွင် ဘုရားသခင်သည် လုပ်ဆောင်ရန် အချိန်ကျပြီဖြစ်သော အမှု၏ အဆင့်ကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်။ သူသည် အမြဲသစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသော ဘုရားသခင် ဖြစ်သည်၊ ထို့ကြောင့် ယနေ့ သင် မြင်သမျှအားလုံးသည် လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၄၂)

နောက်ဆုံးသောကာ၏ လူ့ဇာတိခံ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသား၏ အသက်တာအတွက် လိုအပ်သမျှ အားလုံးကို ရှင်းပြရန်၊ မည်သည့်အရာထဲသို့ လူသား ဝင်ရောက်သင့်သည်ကို ညွှန်ပြရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူသားအားပြသရန်နှင့် ဘုရားသခင်၏ ဉာဏ်ပညာ၊ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့ကို လူသားအား ပြသရန် ကြွလာပြီ ဖြစ်သည်။ ဘုရားသခင်ပြောဆိုသည့် နည်းလမ်းများစွာမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ သာလွန်မှု၊ ဘုရားသခင်၏ ကြီးမြတ်မှုတို့အပြင်၊ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှုတို့ကို ရှုမြင်ရသည်။ ဘုရားသခင်သည် အထွတ်အထိပ် ဖြစ်သော်လည်း၊ သူသည် နှိမ့်ချပြီး၊ ကွယ်ဝှက်သကဲ့သို့၊ အားလုံးထဲမှ အရေးမပါဆုံးသူ ဖြစ်လာနိုင်သည်ကို လူသားက မြင်ရသည်။ သူ၏နှုတ်ကပတ်တော်ထဲမှ အချို့ကို ဝိညာဉ်တော်၏ ရှုထောင့်မှ တိုက်ရိုက် ပြောဆိုခဲ့သည်၊ အချို့ကို လူသား၏ရှုထောင့်မှ တိုက်ရိုက်ပြောဆိုပြီး၊ အချို့ကို ဘေးလူတစ်ဦး၏ရှုထောင့်မှ ပြောဆိုလေသည်။ ဤအရာတွင်၊ ဘုရားသခင်၏ အမှု နည်းဟန်များသည် အလွန် ကွဲပြားပြီး၊ ယင်းကို လူသားအား သူ မြင်တွေ့စေသည်မှာ နှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏အမှုသည် ပုံမှန်ဖြစ်သကဲ့သို့ စစ်လည်း စစ်မှန်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလထဲက လူစုသည် အားလုံးထဲမှ အကြီးမားဆုံးသော စမ်းသပ်မှုကို ခံရလေသည်။ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့်၊ လူအားလုံးသည် ထိုသို့သော စမ်းသပ်မှုများအလယ် ဝင်ရောက်ကြပြီးဖြစ်သည်။ လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုများထဲသို့ သက်ဆင်းရပြီးဖြစ်သည်မှာ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့် ဖြစ်သည်။ ယေရှု၏ခေတ်အတွင်းတွင်၊ အယူအဆများနှင့် စမ်းသပ်မှုများ မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယေရှုပြုခဲ့သည့် အမှုအများစုသည် လူသား၏ အယူအဆများနှင့် ကိုက်ညီခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ လူများက သူ့နောက်လိုက်ခဲ့ကြကာ၊ သူနှင့်ပတ်သက်ပြီး အယူအဆများ မရှိခဲ့ကြချေ။ ယနေ့၏ စမ်းသပ်မှုများသည် လူသားက ရင်ဆိုင်ဖူးသည့် အကြီးမားဆုံးသော စမ်းသပ်မှုဖြစ်ပြီး၊ ဤလူတို့သည် ကြီးမားသော ဆင်းရဲဒုက္ခမှ ထွက်ပေါ်လာကြပြီးဖြစ်သည်ဟု ဆိုသည့်အခါတွင် ဤသည်မှာ ရည်ညွှန်းထားသည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ဆင်းရဲဒုက္ခကို လက်ခံခြင်းနှင့် နာခံခြင်းတို့ကို လူတို့အထဲတွင် ပေါက်ဖွားစေရန် စကားပြောဆိုလေသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များသည် လူသား၏ သဘာဝနှင့် အနှစ်သာရ၊ လူသား၏ အပြုအမူနှင့် ယနေ့ လူသား ဝင်ရောက်သင့်သည့်အရာနှင့်အညီ ပြောဆိုထားခြင်း ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များသည် စစ်မှန်သကဲ့သို့ ပုံမှန်လည်း ဖြစ်သည်။ သူသည် မနက်ဖြန်နှင့်သက်ဆိုင်၍ မပြောဆိုသကဲ့သို့၊ ယမန်နေ့ကိုလည်း ပြန်မလှည့်ကြည့်ပေ။ ယနေ့ ဝင်ရောက်သင့် သည့်အရာ၊ လက်တွေ့လုပ်ဆောင်သင့်သည့်အရာနှင့် နားလည်သင့်သည့် အရာများကိုသာ သူ ပြောဆိုသည်။ မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမအသီးသီးတွင် ထိုခေတ်၏ ဂုဏ်အင်္ဂါကို သရုပ်ဖော်ချက် ပါဝင်လေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထက်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။ ယနေ့ ဘုရားသခင်၏ အမှုသည် အဘယ်ကြောင့် ယေရှု၏ အမှုနှင့် မတူ ကွဲပြားရသနည်း။ ယနေ့ ဘုရားသခင်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသနည်း၊ နတ်ဆိုးများကို မနှင်ထုတ်သနည်း၊ ပြီးလျှင် အဘယ်ကြောင့် မကျန်းမာသောသူများကို အနာမငြိမ်းစေသနည်း။ ယေရှု၏ အမှုသည် ပညတ်တော်ခေတ်အတွင်း လုပ်ဆောင်ခဲ့သော အမှုနှင့် တူညီခဲ့မည်ဆိုပါက၊ သူသည် ကျေးဇူးတော်ခေတ်၏ ဘုရားသခင်ကို ကိုယ်စားပြုပြီး ဖြစ်နိုင်မည်လော။ သူသည် ကားစင်တင်ခံရခြင်း အမှုကို ပြီးစီးပြီး ဖြစ်နိုင်မည်လော။ ပညတ်တော်ခေတ်ထဲကကဲ့သို့ ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်ပြီး ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ပါက၊ သူသည် မည်သူမျှ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရမည် မဟုတ်သကဲ့သို့၊ အားလုံးက ကြိုဆိုလက်ခံခဲ့ကြမည် ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့မည်ဆိုပါက၊ သူသည် ကားစင်တင်ခံရပြီး ဖြစ်နိုင်မည်လော။ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးပြီးဖြစ်နိုင်မည်လော။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် ယေရှုပြုခဲ့သကဲ့သို့ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသမည်ဆိုပါက၊ အဘယ် အဓိပ္ပာယ် ရှိမည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ့အမှု၏ နောက်တစ်ပိုင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းကို ကိုယ်စားပြုသည့် အရာတစ်ခုကို လုပ်မှသာ၊ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သာ၍ နက်ရှိုင်းသော အသိပညာကို ရရှိနိုင်ပြီး ထိုအခါမှသာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးစီးနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၄၃)

နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကိုပြောရန် ကြွလာပြီး ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ရှုထောင့်မှ၊ လူသား၏ရှုထောင့်နှင့် ဘေးလူတစ်ဦး၏ရှုထောင့်မှ စကားပြောသည်။ သူသည် အချိန်ကာလ တစ်ခုအတွက် နည်းလမ်းတစ်ခုကို အသုံးပြုရင်း၊ မတူကွဲပြားသော နည်းလမ်းများဖြင့် စကားပြောဆိုကာ၊ လူသား၏အယူအဆများကို ပြောင်းလဲရန်နှင့် လူသား၏နှလုံးသားထဲက မရေရာသော ဘုရားသခင်၏ ပုံရိပ်ကို ဖယ်ရှားရန် စကားပြောခြင်း နည်းစနစ်ကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သည့် အဓိကအမှုဖြစ်သည်။ ဘုရားသခင်သည် မကျန်းမာသူများကို အနာငြိမ်းစေဖို့၊ နတ်ဆိုးများကို နှင်ထုတ်ဖို့၊ နိမိတ်လက္ခဏာများပြသဖို့နှင့် လူသားအပေါ် ရုပ်ဝတ္ထု ကောင်းချီးမင်္ဂလာများကို အပ်နှင်းရန် ကြွလာပြီးဖြစ်သည်ဟု လူသားက ယုံကြည်သောကြောင့်၊ လူသားက ဘုရားသခင်၏ စစ်မှန်မှုနှင့် ပုံမှန်ဖြစ်ခြင်းနှင့် လူသားက သိနိုင်ဖို့အလို့ငှာနှင့် သူ၏ နှလုံးသားမှ ယေရှု၏ပုံရိပ်ကို ဖယ်ရှားပြီး ဘုရားသခင်၏ ပုံရိပ်အသစ်ဖြင့် အစားထိုးနိုင်ရန်အလို့ငှာ၊ ထိုအမှုအရာများကို လူသား၏ အယူအဆများမှ ဖယ်ရှားဖို့၊ ဘုရားသခင်သည် အမှု၏ဤအဆင့်ကို- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို- ဆောင်ရွက်လေသည်။ လူသား၏အတွင်းရှိ ဘုရားသခင်၏ ပုံရိပ်သည် ဟောင်းလာသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် ရုပ်တုဆင်းတုတစ်ခု ဖြစ်လာလေသည်။ ယေရှုသည် ကြွလာခဲ့ပြီး အမှု၏ အဆင့်ကို ဆောင်ရွက်ခဲ့ချိန်တွင်၊ သူသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားမပြုခဲ့ပေ။ သူသည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်ရာအချို့ကို ပြသခဲ့သည်၊ နှုတ်ကပတ်တော်အချို့ ပြောခဲ့ပြီး နောက်ဆုံးတွင် ကားစင်တင်ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့်ဆိုင်သော အရာအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ဘဲ၊ ယင်းထက် ဘုရားသခင်၏ အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အလွန် ကြီးမြတ်ပြီး၊ အလွန် အံ့ဖွယ်ဖြစ်ကာ သူသည် သိနားလည်၍ မရနိုင်သောကြောင့် ဖြစ်ပြီး၊ ခေတ်တိုင်းတွင် ဘုရားသခင်သည် သူ၏ အမှု၏ တစ်စိတ်တစ်ပိုင်းကိုသာ လုပ်ဆောင်သောကြောင့် ဖြစ်သည်။ ဤခေတ်အတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူသား၏ သဘာဝ အနှစ်သာရ၊ ပြီးလျှင် ၎င်း၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဖော်ထုတ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ၊ မတော်မတရား ရှေးဆန်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်၊ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် သန့်စင်စေရမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို အသုံးမပြုဘဲ၊ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်ခြင်းတို့ကို မြင်လာစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုမြင်ရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ဖော်ထုတ်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။ ပညတ်တော်ခေတ်အတွင်းတွင်၊ ယေဟောဝါသည် သူ၏နှုတ်ကပတ်တော်များဖြင့် မောရှေကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခဲ့ပြီး၊ ဣသရေလလူမျိုးများထံ နှုတ်ကပတ်တော်အချို့ ပြောဆိုခဲ့သည်။ ထိုအချိန်တွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သော်လည်း၊ လူသား၏အရည်အချင်းသည် နည်းပါးခဲ့ပြီး လူသား၏အသိပညာကို မည်သည့်အရာကမျှ မပြည့်စုံစေနိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် ဆက်လက်စကားပြောဆိုကာ အမှုပြုခဲ့ရသည်။ ကျေးဇူးတော်ခေတ်တွင် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းကို နောက်တစ်ကြိမ် မြင်ခဲ့ရသည်။ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြနိုင်ခဲ့သည်၊ မကျန်းမာသူများကို အနာငြိမ်းစေနိုင်ခဲ့ပြီး နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့ကာ ကားစင်တင်ခံနိုင်ခဲ့သည်၊ ယင်းနောက် သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက်ပြီး လူရှေ့တွင် လူ့ဇာတိဖြင့် ပေါ်ထွန်းခဲ့သည်။ ဘုရားသခင်နှင့် ပတ်သက်၍၊ လူသားသည် ဤအရာထက် ပို၍ မသိပေ။ လူသားသည် ဘုရားသခင်က သူ့ကို ဖော်ပြသလောက် သိပြီး၊ အကယ်၍ ဘုရားသခင်သည် လူသားကို နောက်ထပ် မည်သည့်အရာမျှ မပြသခဲ့ပါက၊ ယင်းမှာ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ ဘောင်ခတ်မှု အတိုင်းအတာ ဖြစ်ပေမည်။ ထို့ကြောင့် သူနှင့်ပတ်သက်သည့် လူသား၏အသိပညာ သာ၍ နက်ရှိုင်းလာနိုင်စေဖို့နှင့် ဘုရားသခင်၏ အနှစ်သာရကို လူသားက တဖြည်းဖြည်း သိလာနိုင်စေဖို့အလို့ငှာ ဘုရားသခင်သည် ဆက်လက် အမှုပြုလေသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြပြီး၊ သင်၏ ဘာသာရေး အယူအဆများကို ဘုရားသခင်၏ စစ်မှန်မှုက အစားထိုးလေသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ ကြွလာသည်နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏။” ဟူသည့် နှုတ်ကပတ်တော်များကို ပြည့်စုံစေရန် ကြွလာပြီဖြစ်ကာ၊ ဤအရာနှင့်သက်ဆိုင်သည့် စေ့စပ်သေချာသော အသိပညာတစ်ခု သင့်ထံတွင် မရှိပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလအတောအတွင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် နှုတ်ကပတ်တော်က လူ့ဇာတိ၌ ပေါ်လာသည့် အမှု၏အဆင့်တစ်ခုကို ပြီးမြောက်ရန် ရည်ရွယ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ထို့ကြောင့် သင်တို့၏အသိသည် ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။ ဘုရားသခင် မည်သို့အမှုပြုသည်ဖြစ်စေ၊ ဘုရားသခင်သည် သူ့ကို ဘောင်ခတ်ရန် လူသားကို အခွင့်မပေးပေ။ အကယ်၍ ဘုရားသခင်သည် ဤအမှုကို နောက်ဆုံးသောကာလအတောအတွင်းတွင် မလုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည် နောက်ထပ်ရှေ့ဆက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ကားစင်တင် ခံရနိုင်ပြီး သောဒုံမြို့ကို ဖျက်ဆီးနိုင်သည်၊ ပြီးလျှင် ယေရှုသည် သေရာမှ ရှင်ပြန်ထမြောက်၍ရနိုင်ပြီး ပေတရုထံ ကိုယ်ထင်ပြနိုင်သည်ကိုသာ သင်သိပေမည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို ပြီးမြောက်စေနိုင်သကဲ့သို့၊ လူသားအား သိမ်းပိုက်နိုင်သည်ဟု သင် လုံးဝ ပြောမည် မဟုတ်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခြင်းမှတစ်ဆင့်သာ၊ သင်သည် ထိုသို့သော အသိပညာကို ပြောဆိုနိုင်ပြီး၊ သင် တွေ့ကြုံသည့် ဘုရားသခင်၏ အမှု သာ၍များလေလေ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာသည် သာ၍ နှံ့စပ်လေလေ ဖြစ်လာလိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို သင်၏ အယူအဆများအတွင်း ဘောင်ခတ်လိမ့်မည် မဟုတ်တော့ပေ။ လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းအားဖြင့် ဘုရားသခင်ကို သိရှိလာသည်။ ဘုရားသခင်ကို သိရှိရန် မှန်ကန်သည့် အခြားနည်းလမ်း မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၄၄)

ယနေ့တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင် ပြီးမြောက်သည်မှာ အဓိကအားဖြင့် “နှုတ်ကပတ်တော် လူ့ဇာတိခံယူသည်” ဟူသည့် အချက်ဖြစ်သည်ကို သင်တို့အားလုံးအဖို့ ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပေသည်။ ကမ္ဘာမြေပေါ်က သူ၏ တကယ့်အမှုမှတစ်ဆင့်၊ လူသားက သူ့ကို သိရန်နှင့် သူနှင့် ထိတွေ့ဆက်ဆံရန်၊ ပြီးလျှင် သူ၏ တကယ့် လုပ်ဆောင်ချက်များကို မြင်ရန် သူ လုပ်ဆောင်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်သကဲ့သို့၊ ထိုသို့ သူမလုပ်ဆောင်နိုင်သော အချိန်များလည်း ရှိသည်ကို ဘုရားသခင်သည် လူသားအား ရှင်းရှင်းလင်းလင်း တွေ့မြင်စေသည်။ ဤသည်မှာ ခေတ်အပေါ် မူတည်ပေသည်။ ဤအရာမှ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်စွမ်း မရှိဘဲ၊ ယင်းအစား လုပ်ဆောင်ရမည့် အမှုနှင့် အညီ၊ ပြီးလျှင် ခေတ်နှင့်အညီ သူ၏ အမှုပြုခြင်း နည်းလမ်းအား ပြောင်းလဲသည်ကို သင် မြင်နိုင်ပေသည်။ အမှု၏ လတ်တလောအဆင့်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသပေ။ ယေရှုခေတ်၌ နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်ရာအချို့ကို သူပြသခဲ့သည်မှာ ထိုခေတ်၌ သူ၏အမှုသည် မတူကွဲပြားသောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ထိုအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူအချို့က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူ ပြသနိုင်စွမ်းမရှိဟု ယုံကြည်ကြသည် သို့မဟုတ်ပါက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူမပြလျှင်၊ ဘုရားသခင် မဟုတ်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ယင်းမှာ အတွေးမှားတစ်ခု မဟုတ်လော။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်သော်လည်း၊ သူသည် မတူကွဲပြားသောခေတ်တွင် အမှုပြုနေခြင်းဖြစ်သောကြောင့်၊ ထိုကဲ့သို့သောအမှုကို သူ မလုပ်ဆောင်ပေ။ ဤသည်မှာ မတူကွဲပြားသော ခေတ်ဖြစ်သောကြောင့်၊ ဘုရားသခင်က ပေါ်လွင်စေသည့် လုပ်ဆောင်ချက်သည်လည်း မတူကွဲပြားလေသည်။ ဘုရားသခင်၌ လူသား၏ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌ ယုံခြင်းမဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများ၌လည်း ယုံခြင်းမဟုတ်ဘဲ၊ အသစ်သောခေတ်အတွင်း သူ၏ စစ်မှန်သော အမှုကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုသည့် နည်းဟန်မှတစ်ဆင့် လူသားသည် ဘုရားသခင်ကို သိလာပြီး ဤအသိပညာက လူ၏အထဲ၌ ယုံကြည်မှု၊ ဆိုလိုသည်မှာ ဘုရားသခင်၏အမှုနှင့် လုပ်ဆောင်ချက်များ၌ ယုံကြည်မှုကို ဖြစ်ပေါ်စေသည်။ အမှု၏ဤအဆင့်တွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် စကားပြောဆိုသည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရဖို့ မစောင့်ဆိုင်းနှင့်။ တစ်ခုတစ်လေကိုမျှ သင်တွေ့ရလိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ကျေးဇူးတော်ခေတ်အတွင်းတွင် မွေးဖွားခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သင်‌ မွေးဖွားခဲ့ပါက၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့နိုင်ပြီး ဖြစ်ပေမည်၊ သို့သော် သင်သည် နောက်ဆုံးသောကာလအတွင်း မွေးဖွားခဲ့သောကြောင့်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် ပုံမှန်ဖြစ်မှုတို့ကိုသာ သင် တွေ့နိုင်သည်။ နောက်ဆုံးသောကာလအတွင်းတွင် သဘာဝလွန်ယေရှုကို မြင်တွေ့ရဖို့ မမျှော်လင့်နှင့်။ သင်သည် မည်သည့် ပုံမှန် လူသားနှင့်မျှ မကွဲပြားသည့် လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားသခင်ကိုသာ မြင်နိုင်ပေသည်။ ခေတ်အသီးသီးတွင်၊ ဘုရားသခင်သည် မတူကွဲပြားသော လုပ်ဆောင်ချက်များကို ပေါ်လွင်စေသည်။ ခေတ်အသီးသီးတွင်၊ သူသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ဒေသကို ပေါ်လွင်စေပြီး၊ ခေတ်အသီးသီး၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုလေသည်။ ဘုရားသခင် ပေါ်လွင်စေသည့် လုပ်ဆောင်ချက်သည် သူ အမှုပြုသည့် ခေတ်နှင့်အတူ ခြားနား၏၊ သို့သော် ယင်းတို့အားလုံးသည် လူသားအား သာ၍ နက်ရှိုင်းသည့် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာ၊ သာ၍ စစ်မှန်ကာ လက်တွေ့ကျသော ဘုရားသခင်၌ ယုံကြည်မှုကို ပေးလေသည်။ လူက ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကြောင့်၊ ဘုရားသခင်သည် အလွန်အံ့ဖွယ်၊ အလွန်ကြီးမြတ်သောကြောင့်၊ သူသည် အနန္တတန်ခိုးရှိပြီး နားလည်၍မရနိုင်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ အကယ်၍ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေကာ နတ်ဆိုးများကို နှင်ထုတ်နိုင်သောကြောင့် ဘုရားသခင်ကို သင် ယုံကြည်ပါက၊ သင်၏အမြင်သည် မှားယွင်းပြီး၊ လူအချို့က “ဝိညာဉ်ဆိုးများသည်လည်း ထိုသို့သော အရာများကို လုပ်ဆောင်နိုင်သည် မဟုတ်လော။” ဟု သင့်ကို ပြောကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ပုံရိပ်ကို စာတန်၏ပုံရိပ်နှင့် ရောထွေးခြင်း ဖြစ်သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၌ လူသား၏ ယုံကြည်မှုမှာ သူ၏ များစွာသော လုပ်ဆောင်ချက်များ၊ သူလုပ်ဆောင်သည့် အမှု၏ ကြီးမားသော ပမာဏနှင့် သူပြောဆိုသည့် နည်းလမ်းများစွာကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ရန်နှင့် စုံလင်စေရန် သူ၏မိန့်မြွက်ချက်များကို အသုံးပြုသည်။ လူသားက ဘုရားသခင်ကို သူ၏ လုပ်ဆောင်ချက်များစွာကြောင့် ယုံကြည်ခြင်းဖြစ်ပြီး၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်သောကြောင့် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်ကို သူ၏ လုပ်ဆောင်ချက်များအား မျက်မြင်တွေ့ခြင်းအားဖြင့်သာ သိရှိလေသည်။ ဘုရားသခင်၏ တကယ့် လုပ်ဆောင်ချက်များ၊ သူမည်သို့အမှုပြုသည်၊ မည်သည့် ဉာဏ်ပညာ ရှိသော နည်းစနစ်ကို သူ အသုံးပြုသည်၊ သူမည်သို့စကားပြောဆိုပြီး လူသားကို မည်သို့စုံလင်စေသည်တို့ကို သိရှိခြင်းအားဖြင့်သာ- ဤသွင်ပြင်လက္ခဏာများကို သိရှိခြင်းအားဖြင့်သာ- သင်သည် မည်သည့်အရာကို သူနှစ်သက်သည်၊ မည်သည့်အရာကို သူ စက်ဆုပ်ရွံရှာသည်ဆိုသည်နှင့် လူသားအပေါ် သူမည်သို့အမှုပြုသည် ဆိုသည်တို့ကို သိလျက်၊ ဘုရားသခင်၏ စစ်မှန်မှုကို သဘောပေါက်နိုင်ပြီး သူ၏ စိတ်သဘောထားကို နားလည်နိုင်ပေသည်။ ဘုရားသခင်၏ ကြိုက်သည့်အရာများနှင့် မကြိုက်နှစ်သက်သည့်အရာများကို သိနားလည်ခြင်းအားဖြင့်၊ သင်သည် အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သော အရာတို့အကြား ခွဲခြားနိုင်ကာ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာမှတစ်ဆင့် သင်၏ အသက်တာတွင် တိုးတက်မှုရှိပေသည်။ တိုတိုပြောရလျှင်၊ သင်သည် ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် အသိပညာကို ရရှိရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် သင်၏အမြင်ကို မှန်မှန်ကန်ကန် ထားရှိရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၄၅)

မည်သို့ပင် သင်လိုက်စားနေသည်ဖြစ်စေ၊ သင်သည် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုကို အရာအားလုံးထက်ပို၍ နားလည်ရမည်ဖြစ်ပြီး ဤအမှု၏ အရေးပါမှုကို သိရမည်ဖြစ်သည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင် ကြွလာသောအခါ၊ မည်သည့်အမှုကို သူယူဆောင်လာသည်၊ မည်သည့် စိတ်သဘောထားကို သူယူဆောင်လာသည်၊ လူသား၏အထဲ၌ မည်သည့်အရာကို ပြည့်စုံစေမည်ဆိုသည်တို့ကို နားလည်သဘောပေါက်ကာ သိရှိထားရမည်။ လူ့ဇာတိ၌ သူလုပ်ဆောင်ရန် ကြွလာသည့် အမှုကို သင်မသိရှိ သို့မဟုတ် နားမလည်လျှင်၊ သူ၏အလိုကို သင်အဘယ်သို့ သဘောပေါက် မည်နည်း၊ ထို့အပြင် သင်သည် သူ၏အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်လာနိုင်မည်နည်း။ အမှန်တွင် ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ခြင်းမှာ ရှုပ်ထွေးသည် မဟုတ်၊ သို့သော် ရိုးရှင်းသည်လည်း မဟုတ်ပေ။ လူတို့သည် ယင်းကို အကုန်အစင် နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ယင်းသည် ရိုးစင်းလာပေသည်။ လူတို့သည် ယင်းကို အကုန်အစင် နားမလည်နိုင်ပါက၊ ယင်းမှာ များစွာ ပိုမိုခက်ခဲ၏၊ ထို့ပြင် ၎င်းတို့၏ လိုက်စားမှုက ၎င်းတို့ကို မရေရာမှုထဲသို့ ဦးတည်စေဖို့ အလားအလားရှိလာသည်။ ဘုရားသခင်ကို လိုက်စားခြင်း၌ လူသားသည် ရပ်တည်ရန် မိမိကိုယ်ပိုင် အနေအထားမရှိဘဲ၊ မည်သည့်သမ္မာတရား ဆွဲကိုင်သင့်သည်ကို သူမသိလျှင်၊ သူထံတွင် အခြေခံအုတ်မြစ်မရှိဟု ဆိုလိုပြီး၊ ထို့ကြောင့် သူ့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ဖို့မှာ မလွယ်ကူပေ။ ယနေ့တွင် သမ္မာတရားကို နားမလည်သောသူ၊ အကောင်းနှင့် အဆိုးမခွဲခြားတတ်သောသူ သို့မဟုတ် ချစ်ရမည့်၊ မုန်းရမည့်အရာကို မသိသောသူ များစွာရှိသည်။ ထိုကဲ့သို့သော လူတို့သည် အခိုင်အမာ ရပ်တည်ဖို့ မဖြစ်နိုင်ပေ။ ဘုရားသခင်၌ ယုံကြည်မှုအတွက် အဓိကသော့ချက်မှာ၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး၊ ဘုရားသခင်၏ အလိုတော်ကို ဂရုစိုက်ကာ၊ ဇာတိပကတိ၌ သူကြွလာချိန် လူသားအပေါ် ဘုရားသခင်၏အမှုနှင့် သူပြောဆိုသည့် အခြေခံသဘောတရားများကို သိရှိနိုင်စွမ်းရှိခြင်း ဖြစ်သည်။ လူထုနောက်ကို မလိုက်နှင့်။ သင်ဝင်ရောက်သင့်သည့် အရာအတွက် အခြေခံသဘောတရားများ သင့်မှာရှိရမည်ဖြစ်ပြီး ယင်းတို့ကို စွဲကိုင်ထားရမည်။ ဘုရားသခင်၏ ဉာဏ်အလင်းက ဆောင်ကြဉ်းပေးသော သင့်အတွင်းရှိ ထိုအရာတို့ကို ခိုင်ခိုင်မာမာ စွဲကိုင်ခြင်းသည် သင့်ကို အကူအညီဖြစ်စေသည်။ သင်မစွဲကိုင်လျှင်၊ သင်သည် ယနေ့ လမ်းတစ်ခု ချော်မည်၊ မနက်ဖြန် အခြားတစ်ခု ချော်မည်ဖြစ်ပြီး၊ စစ်မှန်သည့်အရာများကို မည်သည့်အခါမျှ သင်ရလိမ့်မည်မဟုတ်။ ဤသို့ဖြစ်ဖို့ရန်မှာ သင့်ကိုယ်ပိုင် ဘဝအတွက် အကျိုးမရှိပေ။ သမ္မာတရားကို နားမလည်သော သူတို့သည် အခြားသူများနောက် အမြဲလိုက်ကြ၏၊ လူတို့က ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သည် ဟုဆိုလျှင်၊ သင်သည်လည်းပဲ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်၊ လူများက ယင်းမှာ နတ်ဆိုးတစ်ကောင်အလုပ် ဖြစ်သည်ဟုဆိုလျှင်၊ သင်သည်လည်းပဲ သံသယဖြစ်လာသည်၊ သို့မဟုတ် ယင်းမှာ နတ်ဆိုး တစ်ကောင်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် အခြားသူတို့၏စကားကို အမြဲသံယောင်လိုက်ပြီး၊ မိမိကိုယ်တိုင် မည်သည့်အရာမျှ ခွဲခြားနိုင်စွမ်းမရှိ သို့မဟုတ် ကိုယ့်အဖို့ကိုယ် စဉ်းစားနိုင်စွမ်းမရှိပေ။ ဤသည်မှာ ရှုထောင့်တစ်ရပ် မရှိသောသူ၊ ခွဲခြားရန် မတတ်နိုင်သူဖြစ်သည်- ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးမဲ့ ကံဆိုးသူတစ်ဦးဖြစ်၏။ သင်သည် အခြားသူများ၏ စကားများကို လိုက်ပြောတတ်ကြသည်၊ ယနေ့ ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်ဟု ဆို၏၊ သို့သော် တစ်နေ့တွင် တစ်စုံတစ်ယောက်က ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မဟုတ်ဘဲ၊ ယင်းမှာ အမှန်တကယ်တွင် လူသား၏ လုပ်ဆောင်ချက်သာဖြစ်သည်ဟု ပြောမည့် အလားအလာများ ရှိနေသည်- သို့သော် ဤအရာကို သင်ထိုးထွင်းမမြင်နိုင်ဘဲ၊ အခြားသူများမှ ပြောသည်ကို သင်မျက်မြင်ကိုယ်တွေ့ ကြုံသောအခါ၊ သင်လည်း တထေရာတည်း ပြောလေသည်။ ယင်းမှာ အမှန်တကယ် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ဖြစ်သော်လည်း၊ သင်က လူသား၏အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပုတ်ခတ်ပြောဆိုသူတို့ထဲမှ တစ်ဦးဖြစ်လာပြီ မဟုတ်လော။ ဤအရာ၌ သင်သည် မခွဲခြားနိုင်သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီမဟုတ်လော။ တစ်နေ့တွင် “ဤအရာသည် ဆိုးယုတ်သောဝိညာဉ်၏ အလုပ်ဖြစ်သည်။” ဟုဆိုသော မိုက်မဲသူ တစ်ဦး ပေါ်လာကောင်း ပေါ်လာနိုင်ပြီး၊ ထိုစကားများကို သင်ကြားသည့်အခါ၊ သင်သည် ဘာပြောရမှန်းမသိဖြစ်ကာ နောက်တဖန် အခြားသူများ၏ စကားများဖြင့် ချည်နှောင်ခြင်း ခံရနိုင်သည်။ တစ်စုံတစ်ဦးက အာရုံပျက်စေဖို့ ဖြစ်ပေါ်စေတိုင်း၊ သင်၏ အနေအထားမှ ရပ်တည်ခြင်းငှာ သင်မတတ်စွမ်းနိုင်၊ ဤအရာအားလုံး ဖြစ်ရသည်မှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို သိခြင်းကို လိုက်စားခြင်းသည် ရိုးရှင်းသောအရာ မဟုတ်ပေ။ ၎င်းတို့ကို အတူတကွ စည်းရုံးခြင်းနှင့် တရားဟောချက်ကို နားထောင်ခြင်းအားဖြင့်သာ မရရှိနိုင်သလို၊ စိတ်အားထက်သန်မှု တစ်ခုတည်းအားဖြင့် သင်သည် စုံလင်စေခြင်းမခံရနိုင်ပေ။ သင်သည် တွေ့ကြုံခံစားပြီး သိမှတ်ကာ၊ သင်၏ လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရားကောင်း ရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိရမည်။ အတွေ့အကြုံများကို သင် ဖြတ်သန်းပြီးသောအခါ သင်သည် အမှုအရာများစွာကို ခွဲခြားနိုင်လိမ့်မည်- သင်သည် ကောင်းမှုနှင့် မကောင်းမှု၊ ဖြောင့်မတ်ခြင်းနှင့် ဆိုးညစ်မှု၊ သွေးသားနှင့် ဆိုင်သောအရာနှင့် သမ္မာတရားနှင့်စပ်ဆိုင်သော အရာတို့အကြား ခွဲခြားနိုင်လိမ့်မည်။ သင်သည် ဤအရာအားလုံးတို့အကြား ခွဲခြားနိုင်စွမ်းရှိသင့်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ မည်သည့် အခြေအနေများတွင်မဆို၊ သင်သည် မည်သည့်အခါမျှ ပျောက်ဆုံး လိမ့်မည်မဟုတ်။ ဤအရာသည်သာ သင်၏ ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၄၆)

ဘုရားသခင်၏ အမှုကို သိရှိခြင်းသည် ရိုးရှင်းသောအရာ မဟုတ်ပေ။ သင်၏ လိုက်စားခြင်း၌ သင်သည် စံချိန်စံညွှန်းများရှိသင့်ပြီး ရည်ရွယ်ချက်တစ်ခုရှိသင့်သည်၊ သင်သည် စစ်မှန်သောလမ်းခရီး ရှာပုံကိုသိသင့်ပြီး၊ ယင်းမှာ စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ်ကို လည်းကောင်း၊ ဘုရားသခင်၏အမှု ဟုတ် မဟုတ်ကိုလည်းကောင်း အဘယ်သို့ ချင့်ချိန်ရမည်ကို သိသင့်၏။ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊ ဤစကားလုံးများက သမ္မာတရားကို ဖော်ပြခြင်းများ ဖြစ် မဖြစ်၊ ယင်းက အဘယ်သူကို သက်သေခံသည်နှင့် သင့်ကို မည်သည့်အရာ ဆောင်ကြဉ်း ပေးနိုင်သည်တို့ကို ကြည့်ရမည်ဖြစ်သည်။ စစ်မှန်သောလမ်းခရီးနှင့် မှားယွင်းသောလမ်းတို့ကို ခွဲခြားခြင်းတွင် အခြေခံကျသော အသိပညာဆိုင်ရာ ရှုထောင့်အချို့လိုအပ်၏၊ အခြေခံအကျဆုံးသော အရာမှာ ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိ မရှိကို ကြည့်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် လူသား ယုံကြည်မှု၏ အနှစ်သာရမှာ ဘုရားသခင်၏ ဝိညာဉ်တော်အပေါ် ယုံကြည်မှု ဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုသည်ပင်လျှင် ဤဇာတိခန္ဓာမှာ ဘုရားသခင့် ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယင်းမှာ ထိုကဲ့သို့သော ယုံကြည်ခြင်းသည် ဝိညာဉ်တော်အပေါ် ယုံကြည်နေသေး သည်ဟု ဆိုလိုသည်။ ဇာတိခန္ဓာနှင့် ဝိညာဉ်တော်တို့အကြား ခြားနားမှုများရှိ၏၊ သို့သော် ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ထံမှလာပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိခံယူသောကြောင့်၊ လူသားယုံကြည်သော အရာမှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ်ကို ခွဲခြားရာတွင် အရာအားလုံးထက် သန့်ရှင်းသောဝိညာဉ်တော် ရှိ မရှိကို သင်ကြည့်ရမည်၊ ယင်းနောက် ဤလမ်းခရီး၌ သမ္မာတရား ရှိ မရှိကို သင်ကြည့်ရမည်ဖြစ်သည်။ ဤသမ္မာတရားသည် သာမန်လူ့သဘာဝ၏ အသက်တာစိတ်သဘောထားဖြစ်ပြီး၊ ယင်းမှာ အစအဦး၌ ဘုရားသခင်က လူသားကိုဖန်ဆင်းခဲ့ချိန်တွင် သူ့ထံမှတောင်းဆိုသော အရာကို ဆိုလိုသည်၊ အတိအကျ ပြောရသော် သာမန်လူ့သဘာဝနှင့် ဆိုင်သော အရာအားလုံးကို (လူသားအသိစိတ်၊ ထိုးထွင်းသိမြင်မှု၊ ဉာဏ်ပညာနှင့် လူသားဖြစ်ခြင်း၏ အခြေခံအသိပညာတို့ အပါအဝင်) ဆိုလိုသည်။ ယင်းမှာ ဤလမ်းခရီးက လူသားကို သာမန်လူ့သဘာဝ၏ အသက်တာ တစ်ခုထဲသို့ ပို့ဆောင်နိုင်ခြင်း ရှိမရှိ၊ ဟောပြောထားသော သမ္မာတရားကို သာမန်လူ့သဘာဝ၏ စစ်မှန်မှုအရ လိုအပ်မှုရှိမရှိ၊ ဤသမ္မာတရားက လက်တွေ့ကျပြီး စစ်မှန်မှုရှိမရှိနှင့် အချိန်အကိုက်ဆုံး ဖြစ်မဖြစ်တို့ကို ကြည့်ရမည်။ သမ္မာတရားရှိလျှင် ထိုသမ္မာတရားက လူသားကို သာမန်ဖြစ်ပြီး စစ်မှန်သော အတွေ့အကြုံများထဲသို့ ပို့ဆောင်နိုင်၏။ ထို့ပြင် လူများသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး ၎င်းတို့၏ လူ့အသိစိတ်သည် ပို၍ပို၍ စုံလင်လာသည်၊ ဇာတိပကတိနှင့် ဝိညာဉ်အသက်တာ၌ ၎င်းတို့၏ဘဝသည် ပို၍ပို၍ စနစ်ကျလာပြီး၊ ၎င်းတို့၏ စိတ်ခံစားမှုများ ပို၍ပို၍ ပုံမှန်ဖြစ်လာလေသည်။ ဤအရာသည် ဒုတိယနိယာမဖြစ်၏။ လူများသည် ဘုရားသခင်ကို တိုးပွား၍ သိကျွမ်းခြင်း ရှိ မရှိ၊ ထိုကဲ့သို့သော အမှုနှင့် သမ္မာတရားတို့ကို တွေ့ကြုံခြင်းက ၎င်းတို့၏အထဲ၌ ဘုရားသခင်အပေါ် ချစ်သောမေတ္တာကို လှုံ့ဆော်နိုင်ပြီး ၎င်းတို့ကို ဘုရားသခင်နှင့် တိုး၍ ရင်းနှီးလာစေရန် ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိ မရှိဆိုသည့် အခြားသော နိယာမတစ်ခုရှိသည်။ ဤတွင် ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ် တိုင်းတာ၍ ရနိုင်ပေသည်။ အခြေခံအကျဆုံးမှာ ထိုလမ်းခရီးက သဘာဝလွန်ဆိုသည်ထက် လက်တွေ့ကျသောအရာ ဟုတ် မဟုတ်၊ ထိုလမ်းခရီးက လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ခြင်း ရှိ မရှိ ဆိုသည့်အရာ ဖြစ်သည်။ ဤအခြေခံသဘောတရားများနှင့် ကိုက်ညီပါက၊ ထိုလမ်းခရီးသည် မှန်သောလမ်းခရီးဖြစ်သည်ဟု ကောက်ချက်ချ နိုင်ပေသည်။ သင်တို့၏ အနာဂတ်အတွေ့အကြုံများ၌ အခြားသော လမ်းခရီးများကို သင်တို့လက်ခံစေဖို့ ဤနှုတ်ကပတ်တော်များကို ငါပြောခြင်း မဟုတ်သကဲ့သို့၊ အနာဂတ်၌ အခြားသောခေတ်သစ်၏ အမှုရှိလိမ့်မည်ဟု ဟောကိန်းထုတ်ခြင်း တစ်ခုအနေဖြင့် ပြောဆိုခြင်းလည်း မဟုတ်ပေ။ ယနေ့၏အမှုအပေါ် သင်တို့၏ ယုံကြည်ချက်၌ တစ်ဝက်သာသေချာပြီး ထိုအမှုအပေါ် ထိုးထွင်းသိမြင်မှု မရနိုင်ခြင်း မရှိရအောင်နှင့် ယနေ့၏လမ်းခရီးမှာ စစ်မှန်သောလမ်းခရီး ဖြစ်သည်ကို သင်တို့သေချာစေနိုင်ဖို့ ထိုအရာတို့ကို ငါပြောခြင်းဖြစ်သည်။ တိကျသေချာ နေသော်ငြားလည်း၊ စိတ်ရှုပ်ထွေးမှုထဲ လိုက်လျှောက်နေဆဲရှိသူ များစွာရှိ၏၊ ထိုသို့သောသေချာမှု၌ အခြေခံသဘောတရား မရှိ၊ ထို့ပြင် ၎င်းတို့သည် အနှေးနှင့်အမြန် ပယ်ထုတ်ခြင်းကို ခံရကြလိမ့်မည်။ မိမိတို့ လိုက်လျှောက်ခြင်း၌ အထူး တက်ကြွကြသော သူတို့ပင်လျှင် အစိတ်အပိုင်း သုံးပိုင်းသေချာပြီး ငါးပိုင်းမသေချာကြ၊ ယင်းက ၎င်းတို့တွင် အခြေခံအုတ်မြစ် မရှိသည်ကို ပြသနေပေသည်။ သင်တို့၏ အစွမ်းအစက ညံ့ဖျင်းလှပြီး သင်တို့၏ အခြေခံအုတ်မြစ်မှာလည်း တိမ်လွန်းလှသောကြောင့် သင်တို့တွင် ပိုင်းခြားသိမြင်ခြင်းအပေါ် နားလည်သဘောပေါက်ခြင်း မရှိပေ။ ဘုရားသခင်သည် သူ၏အမှုတော်ကို အဖန်ဖန်မပြုလုပ်ပေ၊ လက်တွေ့မကျသော အလုပ်ကို ဘုရားသခင်မလုပ်ဆောင်ပေ၊ သူသည် လူသားကို အလွန်အကျွံ တောင်းဆိုမှုများ မပြုလုပ်သလို၊ လူသား၏ အသိစိတ်ကို ကျော်လွန်သော အလုပ်ကိုလည်း သူမလုပ်ဆောင်ပေ။ သူလုပ်သော အမှုဟူသမျှသည် လူသား၏ သာမန်အသိစိတ် အတိုင်းအတာအတွင်း၌ရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို မကျော်လွန်သည့်အပြင် သူ၏အမှုသည် လူသားမျိုးနွယ်၏ သာမန်လိုအပ်ချက်များနှင့်အညီ ဖြစ်သည်။ ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့ အပေါ် တိုးပွားသော အသိပညာတစ်ခုကို ရရှိပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမို ကြီးထွားလေလေ၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေ ဖြစ်သည်— ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက် ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ လမ်းခရီးတစ်ခုက လူသား၏အနှစ်သာရဖြစ်သော ထိုအရာများကို ထုတ်ဖော်နိုင်စွမ်း မရှိလျှင်၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းမရှိလျှင်၊ ထို့အပြင် ဘုရားသခင်ရှေ့မှောက်သို့ သူ့ကို ခေါ်ဆောင်လာနိုင်စွမ်း မရှိလျှင်၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက် နားလည်မှုကို သူ့အား မပေးနိုင်လျှင်၊ ထို့အပြင် သူ၏လူ့သဘာဝကို ပို၍ပင် နိမ့်ကျစေပြီး သူ၏အသိစိတ်ကို ပို၍ မူမမှန်စေလျှင်၊ ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး မဟုတ်ပေ၊ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ အလုပ်၊ သို့မဟုတ် လမ်းခရီးဟောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တိုတိုပြောရလျှင် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်အလုပ်မဖြစ်နိုင်ပေ။ ဤနှစ်များ တစ်လျှောက်လုံး သင်တို့သည် ဘုရားသခင်၌ ယုံကြည်ခဲ့ကြသော်လည်း၊ မှန်သောလမ်းခရီးနှင့် မှားသောလမ်းခရီးတို့အကြား ခွဲခြားခြင်း သို့မဟုတ် စစ်မှန်သောလမ်းခရီးကို ရှာဖွေခြင်းအတွက် အခြေခံ သဘောတရားများကို အရိပ်အမြွက်မျှပင် မသိကြချေ။ လူအများစုက ဤကိစ္စများကို စိတ်ပါဝင်စားမှုပင် မရှိကြ၊ အများစု သွားရာကိုသာ သူတို့သွားကြပြီး အများစု ပြောသောအရာကို လိုက်ပြောကြသည်။ ဤသည်မှာ စစ်မှန်သောလမ်းခရီးကို ရှာဖွေသော သူတစ်ဦး အဘယ်သို့ ဖြစ်မည်နည်း။ ထိုကဲ့သို့သော သူတို့သည် စစ်မှန်သောလမ်းခရီးကို အဘယ်သို့ ရှာတွေ့နိုင်ကြမည်နည်း။ သင်သည် ဤအခြေခံမူအချို့ကို နားလည် သဘောပေါက်လျှင်၊ မည်သည့်အရာပင် ပေါ်ပေါက်ပါစေ သင် လှည့်စားခံရလိမ့်မည် မဟုတ်ပေ။ ယနေ့ လူများသည် ခွဲခြားနိုင်ဖို့ရန် အရေးကြီး၏၊ ဤအရာသည် သာမန် လူ့သဘာဝမှ ပိုင်ဆိုင်သင့်သည့်အရာဖြစ်ပြီး၊ ၎င်းတို့၏အတွေ့အကြုံတွင် လူများ ပိုင်ဆိုင်ရမည့်အရာ ဖြစ်သည်။ အကယ်၍ ယနေ့ပင်လျှင် လူများသည် ၎င်းတို့၏လိုက်လျှောက်မှု၌ အဘယ်အရာကိုမျှ မပိုင်းခြားသေးဘဲ ၎င်းတို့၏ လူသားအသိစိတ်က ကြီးထွားမှု မရှိသေးလျှင်၊ လူများသည် အလွန်မိုက်မဲသောသူများဖြစ်ပြီး၊ ၎င်းတို့၏ လိုက်စားခြင်းမှာ မှားယွင်းကာ လမ်းလွဲနေပေသည်။ ယနေ့တွင် သင်၏ လိုက်စားခြင်း၌ အနည်းငယ်မျှ ကွဲပြားခြားနားခြင်း မရှိပေ၊ သင်ဆိုသကဲ့သို့ မှန်ကန်သောလမ်းခရီးကို သင်တွေ့သည်မှာ မှန်သော်လည်း ထိုလမ်းခရီးကို သင်ရရှိပြီလော။ သင်သည် အရာတစ်ခုခုကို ခွဲခြားနိုင်ခဲ့ပြီလော။ စစ်မှန်သောလမ်းခရီး၏ အနှစ်သာရမှာ အဘယ်နည်း။ စစ်မှန်သောလမ်းခရီးတွင်၊ သင်သည် စစ်မှန်သောလမ်းခရီးကို ရရှိခဲ့ပြီမဟုတ်၊ သမ္မာတရား၏ အဘယ်အရာကိုမျှ သင်မရရှိခဲ့ရသေး၊ ယင်းမှာ ဘုရားသခင်က သင့်အား တောင်းဆိုသောအရာကို သင်မရရှိသေးဟု ဆိုလိုသည်၊ ထို့ကြောင့် သင်၏ပျက်စီးခြင်းတွင် အပြောင်းအလဲ မရှိသေးပေ။ သင်သည် ဤနည်းဖြင့် ဆက်လက် လိုက်စားလျှင်၊ အဆုံး၌ ပယ်ထုတ်ခြင်းခံရလိမ့်မည်။ ယနေ့အထိ လိုက်လျှောက်ပြီးဖြစ်သဖြင့်၊ သင်လျှောက်ခဲ့ပြီးသော လမ်းကြောင်းမှာ မှန်ကန်သော လမ်းကြောင်းဖြစ်သည်ကို သေချာသင့်ပြီး နောက်ထပ် သံသယများ မထားသင့်ပေ။ လူများစွာတို့သည် သေးငယ်သော အကြောင်းကိစ္စရပ် အချို့ကြောင့် အမြဲ မသေချာမရေရာဖြစ်ကြကာ သမ္မာတရားကို လိုက်စားခြင်းအား ရပ်ဆိုင်းကြလေသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သည့် အသိပညာမရှိကြသူများဖြစ်ပြီး၊ ဘုရားသခင်ကို စိတ်ရှုပ်ထွေးလျက် လိုက်လျှောက်ကြသူများ ဖြစ်သည်။ ဘုရားသခင်၏အမှုကို မသိရှိသော လူတို့သည် သူ၏ အကျွမ်းဝင်သူများ ဖြစ်ခြင်းငှာ မစွမ်းဆောင်နိုင်ကြ၊ သို့မဟုတ် သူ့အဖို့ သက်သေခံခြင်းငှာ မတတ်စွမ်းနိုင်ကြပေ။ ကောင်းချီးမင်္ဂလာကိုသာရှာပြီး စမ်းတဝါးဝါးနှင့် စိတ်ကူးသက်သက် ဖြစ်သောအရာကိုသာ လိုက်စားသောသူတို့အနေဖြင့် ၎င်းတို့ဘဝများ အဓိပ္ပာယ်ရှိစေခြင်းငှာ သမ္မာတရားကို ဖြစ်နိုင်သမျှ ချက်ချင်းလိုက်စားကြဖို့ ငါအကြံပြုသည်။ သင့်ကိုယ်သင် နောက်ထပ်အရူး မလုပ်လေနှင့်တော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၄၇)

အနှစ်ခြောက်ထောင်ကျော်ကြာ ဆောင်ရွက်ခဲ့သည့် အမှုအလုံးစုံသည် မတူညီသော ခေတ်များ ကုန်လွန်သည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲလာပြီးဖြစ်သည်။ ဤအမှုထဲက အပြောင်းအလဲများသည် ကမ္ဘာလောက၏ ယေဘုယျ အခြေအနေများနှင့် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းကြောင်းတို့အပေါ် တစ်ပေါင်းတစ်စည်းတည်း အခြေခံပြီးဖြစ်ပေသည်။ စီမံခန့်ခွဲခြင်း အမှုသည်လည်း တဖြည်းဖြည်းသာ လျော်ညီစွာ ပြောင်းလဲပေပြီ။ ယင်းမှာ ဖန်ဆင်းခြင်းအစမှ အားလုံး စီစဉ်ထားခဲ့သည် မဟုတ်ချေ။ ကမ္ဘာလောကကြီးကို မဖန်ဆင်းမီတွင် သို့မဟုတ် ဖန်ဆင်းပြီးနောက် သိပ်မကြာမီတွင်၊ ယေဟောဝါသည် မောဘ၏ သားစဉ်မြေးဆက်အချို့နှင့် သူ ပထမဦးဆုံး စတင်ပြီး ဤမှတစ်ဆင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်မည် ဖြစ်သည့် ပညတ်တော်နှင့်ဆိုင်သည့် အမှု၏ ပထမအဆင့်၊ ကျေးဇူးတော်နှင့်ဆိုင်သည့် အမှု၏ ဒုတိယအဆင့် သို့မဟုတ် သိမ်းပိုက်ခြင်းနှင့် ဆိုင်သည့် အမှု၏ တတိယအဆင့်တို့ကို မစီစဉ်ထားခဲ့သေးပေ။ ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက်တွင်၊ သူသည် ဤစကားများကို မည်သည့်အခါမျှ မပြောဆိုခဲ့သကဲ့သို့၊ မောဘ ပြီးသည့်နောက်တွင်လည်း ယင်းတို့ကို တစ်ကြိမ်တစ်ခါမျှ မပြောဆိုခဲ့ပေ။ အမှန်စင်စစ် လောတ မတိုင်မီတွင်၊ ယင်းတို့ကို သူ လုံးဝ မမိန့်မြွက်ခဲ့ပေ။ ဘုရားသခင်၏ အမှုအားလုံးကို ကောက်ကာငင်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု တိုးတက်လာပြီးဖြစ်သည့်ပုံ အတိအကျ ဖြစ်သည်။ ကမ္ဘာလောကကို မဖန်ဆင်းမီတွင် သူသည် “လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အနှစ်ချုပ်ဇယား” တစ်ခုကဲ့သို့သော ပုံစံ တစ်ခုဖြင့် ထိုသို့သော အစီအစဉ်တစ်ခုကို သူ လုံးဝ မရေးသားခဲ့ပေ။ ဘုရားသခင်၏ အမှုတွင် သူ၏ ဖြစ်ခြင်းကို သူတိုက်ရိုက် ဖော်ပြသည်။ အစီအစဉ်တစ်ခုကို ဖော်ထုတ်ရန် သူသည် ဦးနှောက်ခြောက်အောင် မစဉ်းစားချေ။ ဟုတ်ပေ၏၊ ပရောဖက် အနည်းငယ်တို့သည် ကြီးမြတ်သည့် ပရောဖက်ပြုချက်များစွာကို ပြောဆိုကြပြီး ဖြစ်သည်၊ သို့သော်လည်း ယင်းမှာ ဘုရားသခင်၏ အမှုသည် အမြဲ ရှင်းလင်းတိကျသည့် စီမံကိန်းတစ်ခု ဖြစ်လေပြီဟု ပြော၍ မရနိုင်ပေ။ ထိုပရောဖက်ပြုချက်များကို ထိုအချိန်က ဘုရားသခင်၏ အမှုနှင့်အညီ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ သူလုပ်ဆောင်သည့် အမှုအားလုံးသည် အစစ်မှန်ဆုံးသော အမှု ဖြစ်သည်။ သူသည် ယင်းကို ခေတ်ကာလ အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ဆောင်ရွက်ပြီး အမှုအရာများ ပြောင်းလဲပုံအပေါ် ယင်းကို အခြေပြုခဲ့သည်။ သူ့အတွက်၊ အမှုကို ဆောင်ရွက်ခြင်းသည် အနာနှင့်ဆေး သင့်တော်အောင်ပေးခြင်းနှင့် ဆင်တူသည်။ သူ၏ အမှုကို လုပ်ဆောင်စဉ်တွင်၊ သူစောင့်ကြည့် လေ့လာပြီး သူ၏ လေ့လာချက်များ အတိုင်း သူ၏ အမှုကို ဆက်လက် လုပ်ဆောင်လေသည်။ သူ့အမှု၏ အဆင့်တိုင်းတွင်၊ ဘုရားသခင်သည် သူ၏ ကြီးမားသည့် ဉာဏ်ပညာနှင့် အစွမ်းအစတို့ကို ဖော်ပြနိုင်စွမ်း ရှိသည်။ သူသည် သီးသန့် မည်သည့် ခေတ်မဆို၏ အမှုအတိုင်း သူ၏ ကြွယ်ဝသော ဉာဏ်ပညာနှင့် ဩဇာအာဏာတို့ကို ထုတ်ဖော်ပြပြီး၊ ထိုခေတ်အတွင်းတွင် သူ ဆောင်ကြဉ်းခဲ့သည့် လူတို့အားလုံးကို သူ၏ စိတ်သဘောထား အလုံးစုံအား တွေ့မြင်ခွင့်ပေးလေသည်။ သူသည် သူ လုပ်သင့်သည့် မည်သည့်အမှုကိုမဆို လုပ်ဆောင်ရင်း၊ ခေတ်အသီးသီးတွင် လုပ်ဆောင်ဖို့ လိုအပ်သည့် အမှုနှင့်အညီ လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးလေသည်။ စာတန်က ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည့် အတိုင်းအတာအပေါ် အခြေခံပြီး ၎င်းတို့ လိုအပ်သည့်အရာကို လူတို့အား သူ ထောက်ပံ့သည်။ ယင်းမှာ ယေဟောဝါက အာဒံနှင့် ဧဝကို ကနဦး ဖန်ဆင်းခဲ့ချိန်တွင်၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်ကို ထင်ရှားစေဖို့ ၎င်းတို့အား တတ်နိုင်စေရန်နှင့် ဖန်ဆင်းခြင်းအလယ်တွင် ဘုရားသခင်၏ သက်သေကို ၎င်းတို့ ခံနိုင်ကြဖို့အလို့ငှာ သူ လုပ်ဆောင်ခဲ့ပုံကဲ့သို့ ဖြစ်သည်။ သို့သော် ဧဝသည် မြွေ၏ သွေးဆောင်ခြင်းကို ခံရပြီးနောက် အပြစ်ပြုခဲ့ပြီး၊ အာဒံက အလားတူ လုပ်ဆောင်ခဲ့သည်။ ဥယျာဉ်ထဲတွင် ၎င်းတို့နှစ်ဦးလုံးသည် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားခဲ့ကြသည်။ ထို့ကြောင့် ယေဟောဝါသည် ၎င်းတို့အပေါ် နောက်ထပ်အလုပ် ဆောင်ရွက်ရန် ရှိခဲ့သည်။ ၎င်းတို့၏ ကိုယ်လုံးတီးဖြစ်မှုကို မြင်သည့်အခါ၊ သူသည် ၎င်းတို့၏ ကိုယ်ခန္ဓာများကို တိရစ္ဆာန်သားရေများဖြင့် ပြုလုပ်ထားသည့် အဝတ်အစားဖြင့် ဖုံးစေခဲ့သည်။ ထို့နောက်တွင် သူက အာဒံကို၊ “ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။...သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်...အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်” ဟု ဆိုခဲ့သည်။ သူက မိန်းမကို၊ “သင်၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန် များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်။” ဟု ပြောခဲ့သည်။ ထိုအချိန်မှစပြီး သူသည် ၎င်းတို့ကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး ခေတ်ပေါ်လူသားက ယခု ကမ္ဘာမြေပေါ်တွင် နေထိုင်သကဲ့သို့ ဥယျာဉ်၏ ပြင်ပတွင် နေထိုင်စေခဲ့သည်။ အစအဦး၌ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ချိန်တွင်၊ ဖန်ဆင်းခံရပြီးနောက် လူသားကို မြွေ၏ သွေးဆောင်ခြင်းကို ခံရစေပြီး၊ ထို့နောက် လူသားနှင့် မြွေကို ကျိန်ဆိုဖို့မှာ သူ၏ အစီအစဉ် မဟုတ်ခဲ့ပေ။ သူသည် ထိုသို့သော အစီအစဉ်တစ်ခု အမှန်တကယ် မရှိခဲ့ပေ။ ယင်းမှာ သူ၏ ဖန်ဆင်းခြင်းအလယ်တွင် လုပ်ဆောင်ဖို့ အမှုသစ်ကို သူ့အား ပေးသည့် အမှုအရာများ ဖြစ်ပေါ်သည့်ပုံစံ သက်သက် ဖြစ်သည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်တွင် ဤအမှုကို အာဒံနှင့် ဧဝတို့အလယ် ဆောင်ရွက်ခဲ့ပြီးသည့်နောက်တွင်၊ လူသားမျိုးနွယ်သည် နှစ်ထောင်ပေါင်းများစွာ ဆက်လက် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ သို့သော်လည်း “မြေကြီးပေါ်တွင် လူ၏ ဒုစရိုက်အပြစ် ကြီးမားပြီး သူ၏ စိတ်နှလုံးအကြံအစည်အားလုံး အစဉ်မပြတ် ဆိုးညစ်ကြောင်းကို ယေဟောဝါ သိမြင်တော်မူ၏။ ယင်းက မြေကြီးပေါ်မှာ လူကို ဖန်ဆင်းသည်ကို ယေဟောဝါအား နောင်တရစေပြီး သူ၏ စိတ်နှလုံးကို ဝမ်းနည်းကြေကွဲ စေသည်။...သို့သော် နောဧသည် ယေဟောဝါ၏ အမြင်တွင် အသရေရှိသောသူ ဖြစ်သည်။” ဤအချိန်တွင် သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် မြွေ၏သွေးဆောင်ခြင်းကို ခံရပြီးသည့်နောက်တွင် အပြစ်အလွန် ကြီးထွားလာသည့်အတွက် ယေဟောဝါသည် နောက်ထပ် လုပ်ဆောင်စရာ အမှုအသစ် ရှိခဲ့သည်။ ဤအခြေအနေများကို ထောက်ဆလျှင်၊ လူသားမျိုးနွယ် အားလုံးထဲတွင် ယေဟောဝါသည် နောဧ၏ မိသားစုကို ချမ်းသာရာရစေဖို့ ရွေးချယ်ခဲ့ပြီး၊ ထို့နောက် ရေလွှမ်းမိုးခြင်းဖြင့် ကမ္ဘာကို ဖျက်ဆီးခြင်းနှင့်ဆိုင်သည့် သူ၏အမှုကို ဆောင်ရွက်ခဲ့သည်။ လူသားမျိုးနွယ်သည် တိုး၍တိုး၍ ဖောက်ပြန်ပျက်စီးလာလျက်၊ ဤနေ့အထိ ဤပုံစံဖြင့် ဆက်လက်ဖွံ့ဖြိုး တိုးတက်ခဲ့ကာ၊ လူသားမျိုးနွယ်၏ တိုးတက်မှုက ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိသည့် အချိန် ရောက်လာသည့်အခါတွင်၊ ယင်းသည် လူသားမျိုးနွယ်၏ အဆုံးသတ် သဘောသက်ရောက်ပေလိမ့်မည်။ အစအဦးမှ ကမ္ဘာလောက၏ အဆုံးသတ်အထိ၊ သူ့အမှု၏ အတွင်း သမ္မာတရားသည် ဤပုံစံ အမြဲ ဖြစ်ပြီးဖြစ်သကဲ့သို့ အမြဲ ဖြစ်လိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတို့သည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရမည့် ပုံကဲ့သို့ပင် ဖြစ်သည်။ ယင်းမှာ လူအယောက်စီတိုင်းသည် အတန်းအစား တစ်ခုခုနှင့် သက်ဆိုင်ဖို့ အစအဦး၌ ခွဲခန့်မှတ်သားထားခံရသည်ဆိုသကဲ့သို့ ဖြစ်ဖို့ ဝေးပါသေးသည်။ ယင်းထက် အယောက်တိုင်းသည် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တစ်ခုကို ကြုံရပြီးသည့်နောက်မှသာ တဖြည်းဖြည်း အမျိုးအစား ခွဲခံရပေသည်။ အဆုံးတွင် ပြီးပြည့်စုံသော ကယ်တင်ခြင်း ဆောင်ကြဉ်းပေး၍ မရသည့်သူ မည်သူမဆိုသည် ၎င်းတို့၏ “ဘိုးဘေးများ”ထံ ပြန်သွားကြရလိမ့်မည်။ လူသားမျိုးနွယ်အလယ် ဘုရားသခင်၏ အမှုထဲမှ မည်သည့်အရာမျှ ကမ္ဘာလောကကို ဖန်ဆင်းခြင်းနှင့်တစ်ပြိုင်နက် ပြင်ဆင်ထားနှင့်ခဲ့ပြီးဖြစ်သည် မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား လူသားမျိုးနွယ်အလယ် သူ၏ အမှုကို တစ်ဆင့်ချင်းနှင့် သာ၍ စစ်မှန်ကာ လက်တွေ့ကျသည့် ပုံစံဖြင့် ဆောင်ရွက်ခွင့်ပေးပြီးဖြစ်သည်မှာ အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။ ဥပမာအားဖြင့် ယေဟောဝါသည် မိန်းမကို သွေးဆောင်ရန် မြွေကို မဖန်ဆင်းခဲ့ပေ။ ယင်းမှာ သူ၏ တိကျသော အစီအစဉ် မဟုတ်သကဲ့သို့၊ သူ တမင်တကာ ခွဲခန့်မှတ်သားထားသည့် အရာတစ်ခုလည်း မဟုတ်ခဲ့ချေ။ ဤသည်မှာ မျှော်လင့်မထားခဲ့သည့် အဖြစ်အပျက် တစ်ခု ဖြစ်ခဲ့သည်ဟု ပြော၍ရနိုင်သည်။ ထို့ကြောင့် ယေဟောဝါသည် အာဒံနှင့်ဧဝကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး လူကို မည်သည့်အခါမျှ တစ်ဖန် မဖန်ဆင်းဖို့ သန္နိဋ္ဌာန်ပြုခဲ့သည်မှာ ဤအရာကြောင့် ဖြစ်သည်။ သို့သော်လည်း လူတို့သည် ဤအခြေခံအုတ်မြစ်အပေါ်တွင် ဘုရားသခင်၏ ဉာဏ်ပညာကိုသာ တွေ့ရှိကြလေသည်။ ယင်းမှာ ယခင်က ငါပြောခဲ့သည့်အတိုင်းသာ ဖြစ်သည်- “ငါသည် ငါ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များပေါ် အခြေခံ၍ ကျင့်သုံးသည်။” လူသားမျိုးနွယ်သည် မည်သို့ တိုး၍ ဖောက်ပြန်ပျက်စီးသည် ဖြစ်စေ သို့မဟုတ် မြွေက ၎င်းတို့ကို မည်သို့ သွေးဆောင်သည် ဖြစ်စေ၊ ယေဟောဝါသည် သူ၏ဉာဏ်ပညာ ရှိနေဆဲ ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုသစ်တွင် ပါဝင်ပတ်သက်ပြီး ဖြစ်သကဲ့သို့၊ ဤအမှု၏ အဆင့်များထဲမှ မည်သည့်အဆင့်ကိုမျှ တစ်ကြိမ်တစ်ခါမျှ ထပ်မလုပ်ဖူးပေ။ စာတန်သည် အကြံအစည်များကို အဆက်မပြတ် အသက်သွင်းလေသည်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အဆက်မပြတ် ခံရပြီးဖြစ်ကာ၊ ယေဟောဝါ ဘုရားသခင်သည် သူ၏ ဉာဏ်ပညာရှိသည့် အမှုကို မရပ်မနား ဆောင်ရွက်ပြီး ဖြစ်သည်။ သူသည် မည်သည့်အခါမျှ မကျရှုံးဖူးသကဲ့သို့၊ ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုပြုခြင်းကို မရပ်တန့်ဖူးပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ် ဖြစ်ခဲ့သည့် ရန်သူ၊ ၎င်းကို အနိုင်ယူဖို့ လူသားမျိုးနွယ်အလယ်တွင် အမှုပြု‌မြဲပြုနေပြီး ဖြစ်သည်။ ဤတိုက်ပွဲသည် အစအဦးကတည်းက သဲကြီးမဲကြီး ဖြစ်ပွားခဲ့ပြီး ကမ္ဘာအဆုံးအထိ ဆက်လက်ဖြစ်ပွားလိမ့်မည် ဖြစ်သည်။ ဤအမှု အားလုံးကို လုပ်ဆောင်ရာတွင်၊ ယေဟောဝါ ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားများကို သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိခွင့် ပေးပြီးသည်သာမက၊ သူ၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် ဩဇာအာဏာတို့ကိုလည်း တွေ့မြင်ခွင့် ပေးပြီးဖြစ်သည်။ ထို့အပြင် အဆုံးတွင် သူသည်- ဆိုးယုတ်သူကို အပြစ်ပေးပြီး ကောင်းမြတ်သည့်သူကို ဆုချီးမြှင့်ရင်း- သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်ခွင့်ပေးမည် ဖြစ်သည်။ သူသည် စာတန်ကို ဤနေ့အထိ တိုက်ခိုက်ပြီးဖြစ်ကာ မရှုံးနိမ့်ဖူးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူသည် ဉာဏ်ပညာ ရှိသည့် ဘုရားသခင် ဖြစ်ပြီး သူ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များအပေါ် အခြေခံကာ ကျင့်သုံးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိသမျှ အရာတိုင်းကို သူ၏ဩဇာအာဏာအား ကျိုးနွံနာခံစေသည်သာမက၊ ကမ္ဘာမြေပေါ်ရှိသည့် အရာတိုင်းကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်တွင် အနားပေးထားကာ၊ အနည်းဆုံးအနေဖြင့် သူသည် လူသားမျိုးနွယ်ကို ကျူးကျော်ကာ နှောင့်ယှက်သည့် ဆိုးယုတ်သူများကို သူ၏ ပြစ်တင်ဆုံးမမှုအတွင်းသို့ ကျရောက်စေသည်။ ဤအမှု၏ အကျိုးရလဒ် အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ကောင်းကင်၊ မြေကြီးပေါ် သို့မဟုတ် စကြဝဠာ တစ်ခုလုံး၌ မည်သည့်နေရာတွင်မဆို ရန်သူ မရှိသကဲ့သို့၊ သဘာဝအလယ်တွင် ကျူးကျော်ဝင်ရောက်သည့် မည်သည့် အမှောင်အင်အားစုများ မရှိခဲ့သည့်အတွက်၊ သူသည် သူ၏ဉာဏ်ပညာကို လူသားမျိုးနွယ် မတည်ရှိမီတွင် လုံးဝ မထုတ်ဖော်ပြခဲ့ဖူးပေ။ ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်ခဲ့သည့်နောက်တွင်၊ သူသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူသည် ကောင်းကင်တမန်မင်း ဖြစ်သည့် စာတန်နှင့် နှစ်ထောင်ချီကြာသည့် သူ၏ စစ်ပွဲကို- ဆက်တိုက်အဆင့်အတိုင်းတွင် တိုး၍ ပြင်းထန်လာသည့် စစ်ပွဲတစ်ခုကို- တရားဝင် စတင်ခဲ့သည်မှာ လူသားမျိုးနွယ်ကြောင့် ဖြစ်သည်။ သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့သည် ဤအဆင့်များ အသီးသီးတွင် ပါရှိသည်။ ထိုအခါမှသာ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် အထူးသဖြင့် ဘုရားသခင်၏ စစ်မှန်မှုကို မျက်မြင်တွေ့ကြရလေသည်။ သူသည် ယနေ့အထိ ဤသူ၏ အမှုကို အလားတူ ဤစစ်မှန်သည့် နည်းဟန်ဖြင့် ဆောင်ရွက်နေဆဲ ဖြစ်သည်။ ထို့အပြင် သူ၏အမှုကို သူ ဆောင်ရွက်သည်နှင့်အမျှ၊ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကိုလည်း သူ ထုတ်ဖော်ပြလေသည်။ သူသည် သင်တို့ကို အမှု၏ အဆင့်အသီးသီးနှင့်ဆိုင်သည့် အတွင်းကျကျ သမ္မာတရားကို မြင်ခွင့်၊ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သို့ရှင်းပြရမည်ဆိုသည်ကို အတိအကျ မြင်ခွင့်အပြင်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့်ဆိုင်သည့် ခိုင်မာသော ရှင်းပြချက် တစ်ခု မြင်ခွင့်ပေးလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၄၈)

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အမြဲ ကောက်ကာငင်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ သူသည် အချိန်မရွေး သူ၏ အမှုကို စီစဉ်နိုင်ပြီး၊ အချိန်မရွေး ဆောင်ရွက်နိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် စစ်မှန်ပြီး၊ ယင်းသည် အမြဲ သစ်လွင်သည်၊ မည်သည့်အခါမျှ မအိုဟောင်းသကဲ့သို့ အမြင့်ဆုံး အတိုင်းအတာအထိ အမြဲ လတ်ဆတ်သည်ဟု အဘယ်ကြောင့် ငါအမြဲ ပြောသနည်း။ ကမ္ဘာလောကကို ဖန်ဆင်းခဲ့ချိန်တွင် သူ၏အမှုကို စီစဉ်ခဲ့နှင့်ပြီးသား မဟုတ်ပေ။ ယင်းမှာ ဖြစ်ပျက်ခဲ့သည့်အရာ လုံးဝ မဟုတ်ချေ။ အမှု၏ အဆင့်တိုင်းသည် သူနှင့်သက်ဆိုင်ရာ အချိန်ကာလအတွက် ယင်း၏ သင့်တော်သည့် အကျိုးတရားကို ရရှိပြီး အဆင့်များသည် အချင်းချင်း ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။ အကြိမ်များစွာ သင့်စိတ်ထဲတွင် ရှိကောင်းရှိမည့် အစီအစဉ်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နောက်ဆုံး အလုပ်များနှင့် တကယ့်ကိုကိုက်ညီမှုမရှိပေ။ သူ၏ လုပ်ဆောင်ချက်သည် လူသား တွေးခေါ်မြော်မြင်မှုလောက် မရိုးရှင်းသကဲ့သို့၊ လူသား စိတ်ကူးသလောက် မရှုပ်ထွေးချေ- ယင်းမှာ လူတို့အား ၎င်းတို့၏ လတ်တလော လိုအပ်ချက်များနှင့်အညီ အချိန်မရွေးနှင့် နေရာမရွေး ထောက်ပံ့ခြင်း ပါဝင်သည်။ လူသား၏ အနှစ်သာရနှင့်ပတ်သက်၍ သူ့ထက် မည်သူမျှ သာ၍ မရှင်းလင်းသကဲ့သို့၊ လူတို့၏ စစ်မှန်သော လိုအပ်ချက်များကို သူ၏ အမှု လုပ်ဆောင်သလောက် မည်သည့်အရာကမျှ ကောင်းစွာ မဖြည့်ဆည်းနိုင်သည်မှာ ဤအရာကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသား ရှုထောင့်တစ်ခုမှ၊ သူ၏ အမှုကို ထောင်စုနှစ်အချို့တွင် ကြိုတင် စီစဉ်ထားပြီးဖြစ်သည်ဟု ထင်ရသည်။ ယခု သူသည် သင်တို့အလယ်တွင် အမှုပြုသည်နှင့်အမျှ၊ သင်တို့ ရှိကြသည့် အခြေအနေများကို သူ စောင့်ကြည့်သည်နှင့်အမျှ၊ အမှုပြုကာ စကားပြောနေစဉ်တွင်၊ သူသည် လူတို့ လိုအပ်သည့်အရာ အတိအကျဖြစ်သည့် နှုတ်ကပတ်တော်များကို ပြောဆိုရင်း အခြေအနေ အမျိုးအစားတစ်ခုစီတိုင်းကို တွေ့ကြုံရာတွင် ပြောဖို့ မှန်ကန်သော နှုတ်ကပတ်တော်များ သူ၌ ရှိလေသည်။ သူ၏ အမှု ပထမအဆင့်- ပြစ်တင်ဆုံးမခြင်း အချိန်ကာလကို- ကြည့်လော့။ ယင်းနောက်တွင်၊ ဘုရားသခင်သည် လူများ ထင်ရှားပြသည့်အရာ၊ ၎င်းတို့၏ပုန်ကန်လိုမှု၊ ယင်းတို့မှ ထွက်ပေါ်လာသည့် အပြုသဘောဆောင်သည့်အခြေအနေများနှင့် အပျက်သဘောဆောင်သည့် အခြေအနေများအပြင်၊ ထိုအပျက်သဘောဆောင်သည့် အခြေအနေများက အတိုင်းအတာ တစ်ခုကို ရောက်သည့်အခါတွင် လူများ ကျရှုံးနိုင်သည့် အနိမ့်ဆုံး အတိုင်းအတာတို့ပေါ်တွင် အခြေခံ၍ သူ၏အမှုကို ပြုခဲ့သည်။ ပြီးလျှင် သူ၏အမှုမှ သာ၍ များစွာ ကောင်းမွန်သည့် ရလဒ်တစ်ခု စွမ်းဆောင်ရရှိဖို့ ဤအရာများကို လက်မလွှတ်တမ်း အသုံးချလေသည်။ ဆိုလိုသည်မှာ သူသည် လူများ အလယ်တွင် မည်သည့်အချိန်တွင်မဆို ၎င်းတို့၏ လတ်တလော မည်သည့်အခြေအနေပေါ်တွင်ဖြစ်စေ အခြေခံ၍ အားဖြည့်ပေးခြင်းအမှုကို လုပ်ဆောင်လေသည်။ သူသည် လူတို့၏ တကယ့် အခြေအနေများအတိုင်း သူ့အမှု၏ အဆင့်တိုင်းကို ဆောင်ရွက်လေသည်။ ဖန်ဆင်းခြင်း အားလုံးသည် သူ့လက်ထဲတွင် ရှိသည်။ ယင်းတို့ကို သူ အဘယ်သို့ မသိနိုင်ရမည်နည်း။ သူသည် လူများ၏ အခြေအနေများနှင့်အညီ လုပ်ဆောင်သင့်သည့် အမှု၏ နောက်တစ်ဆင့်ကို အချိန်မရွေး နေရာမရွေး ဆောင်ရွက်သည်။ ဤအမှုကို နှစ်ထောင်ပေါင်းများစွာက ကြိုတင်စီစဉ်ထားခြင်း လုံးဝ မဟုတ်ပေ။ ယင်းမှာ လူသား အယူအဆတစ်ခု ဖြစ်သည်။ သူသည် သူ့အမှု၏ အကျိုးသက်ရောက်မှုကို ကြည့်ရှုလေ့လာသည်နှင့်အမျှ အမှုပြုပြီး၊ သူ၏ အမှုသည် အဆက်မပြတ် နက်သည်ထက်နက်လာပြီး တိုးတက်လေသည်။ အချိန်တိုင်းတွင်၊ သူ့အမှု၏ ရလဒ်များကို ကြည့်ရှုလေ့လာပြီးနောက်၊ သူ့အမှု၏ နောက်ထပ်အဆင့်ကို သူအကောင်အထည် ဖော်လေသည်။ သူသည် ဖြည်းဖြည်းချင်း ကူးပြောင်းဖို့နှင့် အချိန်လွန်သည်နှင့်အမျှ လူတို့အား သူ၏ အမှုသစ်ကို မြင်၍ရနိုင်စေဖို့ အမှုအရာများစွာကို သူ အသုံးပြုလေသည်။ ဘုရားသခင်သည် လူများကို အလွန်ကောင်းစွာ သိရှိသည့်အတွက်၊ ဤအမှုပြုခြင်းပုံစံသည် လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ပေသည်။ ဤသည်မှာ ကောင်းကင်ဘုံမှ သူ၏ အမှုကို သူ ဆောင်ရွက်သည့်ပုံ ဖြစ်သည်။ ထိုနည်းတူ လူ့ဇာတိခံ ဘုရားသခင်သည် တကယ့် အခြေအနေများအတိုင်း အစီအစဉ်များ ပြုလုပ်ရင်းနှင့် လူသားများအလယ် အမှုပြုရင်း၊ အလားတူ နည်းလမ်းဖြင့် သူ၏ အမှုကို လုပ်ဆောင်လေသည်။ သူ၏အမှုထဲမှ မည်သည့်အရာကိုမျှ ကမ္ဘာလောကကို မဖန်ဆင်းမီက စီစဉ်ထားခဲ့ပြီးဖြစ်သည် မဟုတ်သကဲ့သို့၊ အသေးစိတ် ကြိုတင် စီစဉ်ထားခဲ့ပြီးဖြစ်သည်လည်း မဟုတ်ပေ။ ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် အနှစ်နှစ်ထောင်အကြာတွင်၊ လူသားမျိုးနွယ်သည် အလွန် ဖောက်ပြန်ပျက်စီးလာခဲ့ပြီး ဖြစ်သည်ကို ယေဟောဝါ မြင်ခဲ့ပြီး၊ ပညတ်တော်ခေတ် အဆုံးသတ်ခဲ့ပြီးသည့်နောက်၊ ကျေးဇူးတော်ခေတ်၌ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းနှင့်ဆိုင်သည့် သူ့အမှုအား သူဆောင်ရွက်မည်ကို ကြိုတင်ဟောကိန်းထုတ်ဖို့ ပရောဖက် ဟေရှာယ၏ နှုတ်ကို အသုံးပြုခဲ့သည်။ ဟုတ်ပေ၏၊ ဤသည်မှာ ယေဟောဝါ၏ အစီအစဉ် ဖြစ်ခဲ့သည်၊ သို့သော် ဤအစီအစဉ်ကိုလည်း ထိုအချိန်က သူ လေ့လာကြည့်ရှုနေခဲ့သည့် အခြေအနေများအတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အာဒံကို ဖန်ဆင်းပြီးသည့်နောက် ချက်ချင်း သူသည် ယင်းကို သေချာပေါက် မတွေးမိခဲ့ပေ။ ဟေရှာယသည် ပရောဖက်ပြုချက် တစ်ခုကို ဖွင့်ဟရုံမျှ ဖွင့်ဟခဲ့သော်လည်း၊ ယေဟောဝါသည် ပညတ်တော်ခေတ် အတွင်းတွင် ဤအမှုအတွက် ပြင်ဆင်မှုများ ကြိုတင် ပြုလုပ်ခဲ့ပြီးခြင်း မဟုတ်ပေ။ ယင်းထက် ဘုရားသခင်သည် လူ့ဇာတိခံယူမည် ဖြစ်သည်ဆိုသည့် သတင်းစကားဖြင့် သူ့ကို အသိဉာဏ်ပွင့်လင်းစေဖို့ ယောသပ်၏ အိပ်မက်ထဲ၌ စေတမန် ပေါ်လာခဲ့ချိန်၊ ကျေးဇူးတော်ခေတ်၏ အစတွင် ယင်းကို သူ အသက်သွင်းခဲ့ပြီး၊ ထို့နောက်တွင်မှ သူ၏ လူ့ဇာတိခံယူခြင်းအမှု စတင်ခဲ့ပေသည်။ ဘုရားသခင်သည် လူများထင်သကဲ့သို့ ကမ္ဘာလောကကို ဖန်ဆင်းပြီးပြီးချင်း သူ၏လူ့ဇာတိခံယူခြင်းအမှုကို ပြင်ဆင်ထားခဲ့သည် မဟုတ်ပေ။ ယင်းကို လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဖြစ်သည့် အတိုင်းအတာနှင့် စာတန်နှင့် သူ၏ စစ်ပွဲအခြေအနေအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၄၉)

ဘုရားသခင် လူ့ဇာတိခံယူချိန်တွင်၊ သူ၏ဝိညာဉ်တော်သည် လူသားတစ်ဦးအပေါ် သက်ဆင်းသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ယူတင် ဝတ်ဆင်ခြင်း ဖြစ်သည်။ သူသည် အကန့်အသတ်ရှိသည့် အဆင့်အချို့ကို သူနှင့်အတူ ဆောင်ကြဉ်းဖို့ မဟုတ်ဘဲ၊ ကမ္ဘာပေါ်၌ သူ့၏အမှုကို လုပ်ဆောင်ဖို့ ကြွလာပေသည်။ သူ၏ အမှုသည် လုံးဝ အကန့်အသတ်မဲ့ ဖြစ်သည်။ လူ့ဇာတိ၌ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်သည့် အမှုကို သူ့အမှု၏ ရလဒ်များအားဖြင့် သတ်မှတ်ထားခြင်း ဖြစ်နေဆဲ ဖြစ်ပြီး၊ သူသည် လူ့ဇာတိ၌ ရှိစဉ် သူ အမှုပြုမည့် အချိန်ကာလကြာရှည်မှုကို ဆုံးဖြတ်ဖို့ ထိုသို့သော အရာများကို အသုံးပြုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ လိုက်လျောသည်နှင့်အမျှ သူ၏ အမှုကို ဆန်းစစ်ရင်း၊ သူ၏အမှု၏ အဆင့်အသီးသီးကို တိုက်ရိုက် ထုတ်ဖော်ပြသည်။ ဤအမှုသည် လူ၏ စိတ်ကူးစိတ်သန်း အကန့်အသတ်များကို ဆွဲဆန့်ဖို့ကဲ့သို့ အလွန် သဘာဝလွန်ဖြစ်သောအရာ တစ်ခုမျှမရှိပေ။ ဤသည်မှာ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းရာတွင် ယေဟောဝါ၏ အမှုကဲ့သို့ ဖြစ်သည်။ သူသည် တစ်ပြိုင်နက် စီစဉ်ပြီး အမှုပြုခဲ့သည်။ သူသည် အလင်းကို အမှောင်မှ ခွဲထုတ်ပြီး၊ မနက်နှင့် ညတို့ ဖြစ်တည်လာခဲ့သည်- ဤအရာက တစ်ရက်ကြာသည်။ ဒုတိယနေ့တွင် မိုးကောင်းကင်ကို သူ ဖန်ဆင်းပြီး ယင်းသည်လည်း တစ်ရက်ကြာခဲ့သည်။ ထို့နောက် သူသည် ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ယင်းတို့ကို မှီတင်းနေထိုင်သည့် သတ္တဝါအားလုံးကို ဖန်ဆင်းခဲ့သည်၊ ယင်းသည် နောက်ထပ်တစ်ရက် လိုအပ်ခဲ့ပေသေး၏။ ဤသည်မှာ ဘုရားသခင်က လူသားကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေပေါ်ရှိ အရာခပ်သိမ်းကို စီမံခွင့်ပေးသည့်အချိန် ခြောက်ရက်မြောက်နေ့အထိ ဆက်ဖြစ်ခဲ့သည်။ ထို့နောက် အရာခပ်သိမ်းကို ဖန်ဆင်းခြင်း အဆုံးသတ်ခဲ့ပြီးချိန် ခုနှစ်ရက်မြောက်နေ့တွင် သူ အနားယူခဲ့သည်။ ဘုရားသခင်သည် ခုနှစ်ရက်မြောက်နေ့ကို ကောင်းချီးပေးပြီး သန့်ရှင်းသည့် နေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ သူသည် အရာခပ်သိမ်းကို မဖန်ဆင်းမီတွင် မဟုတ်ဘဲ၊ ဖန်ဆင်းခဲ့နှင့်ပြီးသည့်နောက်တွင်သာ ဤသန့်ရှင်းသည့်နေ့ကို ပြဌာန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤအမှုကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အရာခပ်သိမ်းကို မဖန်ဆင်းမီတွင် သူသည် ကမ္ဘာလောကကို ခြောက်ရက်ဖြင့် ဖန်ဆင်းပြီး၊ ထို့နောက် ခုနှစ်ရက်မြောက် နေ့တွင် အနားယူရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည် မဟုတ်ပေ။ ယင်းမှာ အမှန်တရားများနှင့် လုံးဝ မကိုက်ညီပေ။ သူသည် ထိုသို့သော အရာတစ်ခုကို မဖွင့်ဟခဲ့သကဲ့သို့၊ ယင်းကို မစီစဉ်ခဲ့ပေ။ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းသည် ခြောက်ရက်မြောက်နေ့၌ ပြီးစီးမည် ဖြစ်ပြီး ခုနှစ်ရက်မြောက်နေ့တွင် သူအနားယူမည်ဟု လုံးဝ သူ မပြောခဲ့ဖူးပေ။ ထို့ထက် ထိုအချိန်က ကောင်းသည်ဟု သူထင်မြင်သည့် အရာများအတိုင်း ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ အရာရာတိုင်းကို ဖန်ဆင်းခြင်းအား သူ အပြီးသတ်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ခြောက်ရက်မြောက်နေ့ ဖြစ်နှင့်ခဲ့လေသည်။ အရာရာကို ဖန်ဆင်းခြင်းအား သူ အပြီးသတ်ခဲ့ချိန်တွင် ငါးရက်မြောက်နေ့ ဖြစ်ခဲ့မည်ဆိုပါက၊ ထို့ကြောင့် ခြောက်ရက်မြောက်နေ့ကို သန့်ရှင်းသည့် နေ့အဖြစ် သူ သတ်မှတ်ပြီးဖြစ်ပေမည်။ သို့သော်လည်း သူသည် အရာရာကို ဖန်ဆင်းခြင်းအား ခြောက်ရက်မြောက်နေ့တွင် ဧကန်အမှန် အပြီးသတ်ခဲ့ပြီး၊ ထိုသို့ဖြင့် ခုနှစ်ရက် မြောက်နေ့သည် သန့်ရှင်းရာနေ့ ဖြစ်လာခဲ့သည်၊ ယင်းကို ဤနေ့အထိ လက်ဆင့်ကမ်းလာကြပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ လတ်တလော အမှုကို ဤတူညီသည့် နည်းဟန်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ သူသည် သင်တို့၏ အခြေအနေများနှင့်အညီ သင်တို့၏ လိုအပ်ချက်များအတွက် စကားပြောဆိုပြီး ထောက်ပံ့ပေးသည်။ ဆိုလိုသည်မှာ ဝိညာဉ်တော်သည် လူများ၏ အခြေအနေများနှင့်အညီ စကားပြောဆိုပြီး အမှုပြုပေသည်။ သူသည် ခြုံငုံလျက် စောင့်ကြည့်ပြီး အချိန်မရွေးနှင့် နေရာမရွေး အမှုပြုမြဲပြုလေသည်။ သင်တို့အပေါ် ငါ လုပ်ဆောင်၊ ပြောဆို၊ ထားရှိပြီး သင်တို့အပေါ် အပ်နှင်းသည့်အရာသည် ခြွင်းချက်မရှိ သင်တို့ လိုအပ်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် ငါ့အမှု၏ မည်သည့်အရာကမျှ လက်တွေ့အရှိတရားနှင့် ကင်းကွာခြင်း မရှိပေ။ “ဘုရားသခင်၏ ဝိညာဉ်တော်သည် အရာခပ်သိမ်းကို စောင့်ကြည့်လျက် ရှိ၏။” ဆိုသည်ကို သင်တို့ သိကြသည့်အတွက် အားလုံး စစ်မှန်ပေသည်။ ဤအရာအားလုံးကို အချိန်စော၍ ဆုံးဖြတ်ထားခဲ့ပြီးဖြစ်ပါက၊ အားလုံးသည် ကြိုတင်ခင်းကျင်းပြီးသားလည်း ဖြစ်မည်မဟုတ်လော။ ဘုရားသခင်သည် ထောင်စုနှစ်ခြောက်ခုလုံး အသေးစိတ် အစီအစဉ် ရေးဆွဲခဲ့ပြီး၊ ထို့နောက် လူသားမျိုးနွယ်ကို ပုန်ကန်တတ်ဖို့၊ ခုခံတတ်ဖို့၊ မရိုးဖြောင့်ဘဲ၊ လှည့်စားတတ်ဖို့နှင့် ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးမှု၊ ဆိုးယုတ်သော စိတ်သဘောထား၊ မျက်စိ၏တပ်မက်ခြင်းနှင့် တစ်ဦးချင်း စိတ်အလိုလိုက်ခြင်းတို့ကို ပိုင်ဆိုင်ဖို့ ကြိုတင်ခွဲခန့် မှတ်သားထားခဲ့သည်ဟု သင်ထင်သည်။ ယင်းတို့ထဲမှ မည်သည့်အရာကိုမျှ ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားခဲ့ခြင်း မဟုတ်ဘဲ၊ ထို့ထက် စာတန်၏ ဖျက်ဆီးမှု အကျိုးဆက်အနေဖြင့် အားလုံး ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ အချို့က “စာတန်သည်လည်း ဘုရားသခင်၏ လက်အတွင်းတွင် ရှိသည်မဟုတ်လော။ စာတန်က လူသားများကို ဤပုံစံဖြင့် ဖောက်ပြန်ပျက်စီးစေဖို့ ကြိုတင်ခွဲခန့် ထားခဲ့ပြီးဖြစ်ကာ၊ ထို့နောက်တွင် ဘုရားသခင်သည် လူသားအလယ် သူ၏ အမှုကို ဆောင်ရွက်ခဲ့သည်။” ဟု ပြောကောင်း ပြောကြပေမည်။ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေဖို့ ဘုရားသခင် အမှန်တကယ် ကြိုတင်ခွဲခန့်မှတ်သား ထားခဲ့မည်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ပုံမှန် အသက်ရှင်ခွင့်ပေးဖို့သာ အလွန် စိတ်အားထက်သန်လေသည်၊ ထို့ကြောင့် သူသည် ၎င်းတို့၏ အသက်တာများကို အမှန်တကယ် ဝင်ရောက် စွက်ဖက်မည်လော။ ထိုသို့ဖြစ်ပါက စာတန်ကို အနိုင်ယူခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းသည် အချည်းနှီးသော အားထုတ်မှုတစ်ခု ဖြစ်မည် မဟုတ်လော။ လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းကို အဘယ်သို့ ကြိုတင်ခွဲခန့် မှတ်သားထားပြီး ဖြစ်နိုင်မည်နည်း။ ယင်းမှာ စာတန်၏ နှောင့်ယှက်မှုကြောင့် ဖြစ်ပျက်ပြီးဖြစ်သည့် အရာတစ်ခု ဖြစ်သည်၊ ထို့ကြောင့် ယင်းကို ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်သားထားပြီး ဖြစ်နိုင်မည်နည်း။ သင်တို့ စိတ်ကူး၍ရနိုင်သော ဘုရားသခင် လက်တွင်းရှိ စာတန်သည် ငါ ပြောဆိုသည့် ဘုရားသခင်၏ လက်တွင်းရှိ စာတန်နှင့် အလွန် ကွဲပြားသည်။ “ဘုရားသခင်သည် အနန္တတန်ခိုးရှိပြီး စာတန်သည် သူ၏ လက်တွင်းတွင် ရှိသည်။” ဟု သင်တို့ ပြောဆိုချက်များအရ၊ စာတန်သည် သူ့ကို လုံးဝ သစ္စာဖောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်ဟု သင် ပြောခဲ့သည် မဟုတ်လော။ သင်တို့၏ အသိပညာသည် စိတ်ကူးသက်သက် ဖြစ်လွန်းပြီး၊ လက်တွေ့အရှိတရားနှင့် လက်ပွန်းတတီး မရှိပေ။ လူသားသည် ဘုရားသခင်၏ အတွေးများကို လုံးဝ ဉာဏ်မမီနိုင်သကဲ့သို့ သူ၏ ဉာဏ်ပညာကိုလည်း တစ်ကြိမ်တစ်ခါမျှ နားမလည်နိုင်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးရှိ၏။ ဤသည်မှာ မုသားတစ်ခု လုံးဝ မဟုတ်။ ဘုရားသခင်သည် ကနဦးက ဩဇာအာဏာ ဝေစုတစ်ခုကို ပေးခဲ့သောကြောင့်၊ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤသည်မှာ ဧဝသည် မြွေ၏ စုံစမ်းသွေးဆောင်မှုကို မလွန်ဆန်နိုင်ခဲ့သည့်အချိန်ကကဲ့သို့ပင်၊ မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် စာတန်သည် သူ၏ သစ္စာဖောက်ဖျက်မှုကို မည်သို့ ဆောင်ရွက်သည်ဖြစ်စေ၊ ဘုရားသခင်လောက် အနန္တတန်ခိုးနှင့် မပြည့်စုံသေးချေ။ သင်တို့ ပြောပြီးသကဲ့သို့၊ စာတန်သည် တန်ခိုးကြီးရုံမျှကြီးသည်။ သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ ဩဇာအာဏာသည် ၎င်းကို အမြဲ အနိုင်ယူလိမ့်မည်။ ဤသည်မှာ၊ “ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံ၍ စာတန်သည် သူ၏လက်ထဲတွင်ရှိ၏။” ဟူသည့် ပြောဆိုခြင်းနောက်ကွယ်က စစ်မှန်သည့် အဓိပ္ပာယ် ဖြစ်သည်။ ထို့ကြောင့် စာတန်နှင့် စစ်ပွဲကို တစ်ဆင့်ချင်း ဆောင်ရွက်ရပေမည်။ ထို့အပြင် ဘုရားသခင်သည် စာတန်၏ လှည့်ကွက်များကို တုံ့ပြန်ရာတွင် သူ၏အမှုကို စီစဉ်သည်- ဆိုလိုသည်မှာ သူသည် ခေတ်နှင့် သင့်တော်သည့် ပုံစံတစ်ခုဖြင့် လူသားမျိုးနွယ်ထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းပြီး သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကို ထုတ်ဖော်ပြလေသည်။ ထိုနည်းတူ နောက်ဆုံးသောကာလ၏ အမှုကို ကျေးဇူးတော်ခေတ်မတိုင်မီ စောစော ကြိုတင်ခွဲခန့် မှတ်သားထားခဲ့ခြင်း မဟုတ်ပေ။ ကြိုတင်ခွဲခန့် မှတ်သားထားမှုများကို ဤကဲ့သို့ အင်မတန် စနစ်ကျသည့်ပုံစံတစ်ခုဖြင့် ပြုထားသည် မဟုတ်ပေ။ ပထမဦးစွာ လူသား၏ ပြင်ပ စိတ်သဘောထားကို ပြောင်းလဲစေခြင်းဖြစ်သည်။ ဒုတိယအနေနှင့် လူသားကို သူ၏ ပြစ်တင်ဆုံးမမှုနှင့် စမ်းသပ်ခြင်းများကို ခံစေခြင်းဖြစ်သည်။ တတိယအနေနှင့် လူသားအား သေခြင်းတရား၏ စမ်းသပ်မှုကို ကြုံစေခြင်း ဖြစ်သည်။ စတုတ္ထအနေနှင့် လူသားကို ဘုရားသခင်အား ချစ်ခြင်း အချိန်ကာလကို ကြုံတွေ့စေခြင်းနှင့် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ သန္နိဌာန်ကို ဖော်ပြစေခြင်း ဖြစ်သည်။ ပဉ္စမအနေနှင့် လူသားအား ဘုရားသခင်၏ အလိုကို မြင်ခွင့်ပေးခြင်းနှင့် ဘုရားသခင်ကို လုံးဝ သိခွင့်ပေးခြင်း၊ ပြီးလျှင် နောက်ဆုံးတွင် လူကို စုံလင်စေခြင်း ဖြစ်သည်။ သူသည် ဤအရာအားလုံးကို ကျေးဇူးတော်ခေတ် အတွင်းတွင် မစီစဉ်ခဲ့ပေ။ ယင်းထက် သူသည် လက်ရှိခေတ်တွင် ယင်းတို့ကို စတင် စီစဉ်နေခဲ့သည်။ ဘုရားသခင် အလုပ်လုပ်နေသကဲ့သို့၊ စာတန်သည် အလုပ်လုပ်နေ၏။ စာတန်သည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ပြသည်၊ ဘုရားသခင်မူကား ရိုးရိုးစင်းစင်း စကားပြောဆိုကာ ပဓာနကျသော အရာတစ်ချို့ကို ထုတ်ဖော်ပြလေသည်။ ဤသည်မှာ ယနေ့ လုပ်ဆောင်လျက်ရှိသည့် အမှုဖြစ်ပြီး၊ ကမ္ဘာလောကကို ဖန်ဆင်းခြင်းနောက်တွင်၊ အချိန်ကြာမြင့်စွာက အသုံးပြုခဲ့သည့် အလားတူ အမှုပြုခြင်း အခြေခံသဘောတရား ရှိပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၅၀)

ပထမဦးစွာ ဘုရားသခင်သည် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ အရာခပ်သိမ်းထဲတွင် ဤမြွေသည် အဆိပ်အပြင်းဆုံး ဖြစ်ခဲ့သည်။ သူ၏ကိုယ်ခန္ဓာသည် အဆိပ်ပါရှိ၏၊ ယင်းကို စာတန်သည် ကောင်းကောင်း အသုံးချခဲ့သည်။ ဧဝကို အပြစ်သို့ စုံစမ်းသွေးဆောင်ခဲ့သည်မှာ မြွေဖြစ်သည်။ ဧဝက အပြစ်ပြုခဲ့ပြီးနောက် အာဒံသည် အပြစ်လုပ်ခဲ့ပြီး၊ ထို့နောက် ၎င်းတို့နှစ်ဦးသည် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်ခဲ့ကြသည်။ မြွေက ဧဝကို သွေးဆောင်မည်ဖြစ်ပြီး ဧဝက အာဒံကို သွေးဆောင်လိမ့်မည်ဟု ယေဟောဝါက သိခဲ့ပါက၊ သူသည် ၎င်းတို့အားလုံးကို ဥယျာဉ်တစ်ခုထဲမှာ အဘယ်ကြောင့် ထားခဲ့သနည်း။ သူသည် ဤအရာများကို ကြိုတင်သိမြင်နိုင်ခဲ့ပြီးဖြစ်ပါက၊ မြွေကို အဘယ်ကြောင့် ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်အတွင်းတွင် ထားခဲ့သနည်း။ ဧဒင်ဥယျာဉ်သည် အဘယ်ကြောင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီး ပါရှိခဲ့ပါသနည်း။ အသီးကို စားစေဖို့ ၎င်းတို့အတွက် သူ ရည်ရွယ်ခဲ့ပြီးဖြစ်သလော။ ယေဟောဝါ ရောက်လာသည့်အခါတွင်၊ အာဒံဖြစ်စေ ဧဝဖြစ်စေ သူ့ကို ရင်မဆိုင်ဝံ့ခဲ့ပေ၊ ထိုအခါတွင်မှ ၎င်းတို့သည် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားခဲ့ကြပြီးဖြစ်ကာ မြွေ၏လှည့်စားမှု၌ သားကောင် ဖြစ်သွားကြပြီး ဖြစ်သည်ကို ယေဟောဝါ သိခဲ့သည်။ အဆုံးတွင် ဘုရားသခင်သည် မြွေကိုကျိန်ဆဲခဲ့ပြီး၊ အာဒံနှင့် ဧဝကိုလည်း ကျိန်ဆဲခဲ့သည်။ ၎င်းတို့နှစ်ဦးက သစ်ပင်၏အသီးကို စားခဲ့သည့်အချိန်တွင်၊ ၎င်းတို့ ယင်းကို လုပ်ဆောင်နေခဲ့ကြသည်ကို ယေဟောဝါ သတိမပြုမိခဲ့ချေ။ လူသားမျိုးနွယ်သည် ဆိုးယုတ်ကာ ကာမဂုဏ်အာရုံ ဖောက်ပြားသည်အထိ၊ ဖောက်ပြန်ပျက်စီးလာခဲ့ကြသည်မှာ ၎င်းတို့နှလုံးသားများထဲတွင် သိုထားခဲ့ကြသည့် အရာရာတိုင်းက ဆိုးယုတ်ပြီး မဖြောင့်မတ်သည်အထိပင် ဖြစ်သွားခဲ့ကြသည်။ ယင်းမှာ ညစ်ညမ်းမှုချည်းသာ ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်းကို နောင်တရခဲ့သည်။ ထို့နောက်တွင်၊ သူသည် နောဧနှင့် သူ၏ သားများ အသက်ရှင်ကျန်ခဲ့ကြသည့်၊ ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခြင်းနှင့်ဆိုင်သည့် သူ၏ အမှုကို ဆောင်ရွက်ခဲ့သည်။ အချို့အရာများသည် လူများ စိတ်ကူးကြသလောက် အမှန်တကယ် အဆင့်မြင့်ပြီး သဘာဝလွန် မဖြစ်ပေ။ အချို့က “ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်မည်ကို သိရက်နှင့်များ ဘုရားသခင်သည် အဘယ်ကြောင့် ၎င်းအား ဖန်ဆင်းခဲ့သနည်း။” ဟုမေးကြသည်။ ဤအရာများသည် အမှန်တရားများ ဖြစ်သည်- ကမ္ဘာမြေကြီး မတည်ရှိမီတွင်၊ ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်ခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန် အားလုံးအပေါ် တရားစီရင်ပိုင်ခွင့် ရှိခဲ့သည်။ ဤအရာသည် ၎င်းကို ဘုရားသခင် ပေးခဲ့ပြီးဖြစ်သည့် ဩဇာအာဏာ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ ၎င်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ ပြီးသည့်နောက်၊ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ဆန့်ကျင်လျက် သာ၍ပင် ကြီးမားသော သစ္စာဖောက်မှုကို ပြုခဲ့သည်။ ၎င်းသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလိုပြီး ဘုရားသခင်၏ ဩဇာအာဏာထက် သာလွန်လိုခဲ့သောကြောင့်၊ ၎င်းက ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်ဟု ငါ ပြောခြင်း ဖြစ်သည်။ ဧဝကို အပြစ်သို့ သွေးဆောင်ခဲ့သည်မှာ ကောင်းကင်တမန်မင်း ဖြစ်ပြီး၊ ၎င်းသည် ၎င်း၏နိုင်ငံကို ကမ္ဘာမြေပေါ် တည်ထောင်လိုပြီး လူသားများအား ဘုရားသခင်ကို ကျောခိုင်းကာ၊ ယင်းအစား ကောင်းကင်တမန်မင်းကို နာခံစေလိုသောကြောင့် ၎င်းက ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ များစွာသော အရာတို့က သူ့ကို နာခံနိုင်သည်ကို ကောင်းကင်တမန်မင်းက တွေ့မြင်ခဲ့သည်- ကမ္ဘာမြေပေါ်ရှိ လူတို့က နာခံနိုင်သကဲ့သို့၊ ကောင်းကင်တမန်များက နာခံနိုင်ပေသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည်- အာဒံနှင့် ဧဝတို့ဖြစ်သည့်- လူသား၏ စောင့်ရှောက်မှု အောက်တွင် ရှိသော်လည်း၊ အာဒံနှင့်ဧဝတို့က ကောင်းကင်တမန်မင်းကို နာခံခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ ဩဇာအာဏာကို သာလွန်ရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ထို့နောက်တွင်၊ ၎င်းသည် ဘုရားသခင်ကို ပုန်ကန်ရာတွင် နောက်ပိုင်း၌ ဝိညာဉ်ဆိုး အမျိုးမျိုး ဖြစ်လာခဲ့ကြသည့် ကောင်းကင်တမန် အများအပြားကို ဦးဆောင်ခဲ့သည်။ ဤနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းကင်တမန်မင်း၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်သည် မဟုတ်လော။ ကောင်းကင် တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့သောကြောင့်၊ လူသားများသည် ယနေ့ ၎င်းတို့ ဖြစ်သည့်အကျင့်စရိုက်အတိုင်းသာ ဖြစ်ကြပေသည်။ ဤတစ်ဆင့်ချင်းဖြစ်သည့် အမှုသည် လူများ စိတ်ကူးနိုင်သလောက် လုံးဝ စိတ်ကူးသက်သက် မဟုတ်သကဲ့သို့ မရိုးရှင်းပေ။ စာတန်သည် အကြောင်းရင်း တစ်ခုအတွက် ၎င်း၏ သစ္စာဖောက်ခြင်း အမှုကို ပြုခဲ့ခြင်း ဖြစ်သည်၊ သို့သော် လူများသည် ထိုသို့သော ရိုးရှင်းသည့် အချက်ကို နားမလည်နိုင်ကြချေ။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်သည် စာတန်ကိုလည်း အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ဘုရားသခင်သည် စာတန်ကို အလွန် စက်ဆုပ်ရွံရှာပြီး စာတန်သည် သူ၏ရန်သူဖြစ်သည့်အတွက်၊ အဘယ်ကြောင့် စာတန်ကို သူ ဖန်ဆင်းခဲ့သနည်း။ စာတန်ကို ဖန်ဆင်းခြင်းအားဖြင့်၊ သူသည် ရန်သူတစ်ဦးကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် အမှန်တကယ်တွင် ရန်သူတစ်ဦးကို မဖန်ဆင်းခဲ့ပေ။ ထို့ထက် သူသည် ကောင်းကင်တမန်တစ်ပါးကို ဖန်ဆင်းခဲ့ပြီး၊ ထို့နောက် ထိုကောင်းကင်တမန်က သူ့ကို သစ္စာဖောက်ခဲ့ပေသည်။ ၎င်း၏အဆင့်အတန်း တိုး၍ အလွန်ကြီးမြတ်ခဲ့ပြီးဖြစ်သည်မှာ ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ဤသည်မှာ တိုက်ဆိုင်မှု တစ်ခုဟု ပြောနိုင်သော်လည်း၊ ရှောင်လွှဲ၍မရသည့်အရာ တစ်ခုလည်း ဖြစ်သည်။ ယင်းမှာ လူသည် အဆင့်တစ်ခုအထိ အရွယ်ရောက် ပြီးသည့်နောက် မလွဲမသွေ သေဆုံးရမည့်ပုံနှင့် တူညီပေသည်။ အမှုအရာများသည် ထိုအဆင့်ထိသာ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သည်။ အဓိပ္ပာယ်မရှိသည့် မိုက်မဲသူများက၊ “စာတန်က ကိုယ်တော်၏ ရန်သူ ဖြစ်သည့်အတွက်၊ သူ့ကို အဘယ်ကြောင့် ကိုယ်တော် ဖန်ဆင်းခဲ့သနည်း။ ကောင်းကင်တမန်မင်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ကို ကိုယ်တော် မသိခဲ့သလော။ ကိုယ်တော်သည် နေ့ရက်ကာလမဖြစ်မီ မကြည့်နိုင်သလော။ ကောင်းကင်တမန်မင်း၏ သဘာဝကို ကိုယ်တော်မသိခဲ့သလော။ ၎င်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ကို ရှင်းလင်းစွာ ကိုယ်တော် သိသည့်အတွက်၊ အဘယ်ကြောင့် သူ့ကို ကောင်းကင်တမန်မင်း ဖြစ်စေခဲ့သနည်း။ ၎င်းသည် ကိုယ်တော့်ကို သစ္စာဖောက်ခဲ့သည်သာမက၊ ၎င်းနှင့်အတူ အခြားကောင်းကင်တမန် အများအပြားကိုလည်း ဦးဆောင်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေဖို့ သေမျိုးများ၏ ကမ္ဘာလောကသို့ သက်ဆင်းခဲ့သည်၊ သို့သော် ဤနေ့ထိ ကိုယ်တော်သည် ကိုယ်တော်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အစီအစဉ်ကို မပြီးစီးနိုင်သေးပါ။” ဟု ပြောကြသည်။ ထိုစကားများသည် မှန်ကန်ပါသလော။ သင်သည် ဤနည်းဖြင့် တွေးသည့်အခါ၊ မိမိကိုယ်ကိုယ် လိုအပ်သည်ထက် သာ၍ ဒုက္ခ ရောက်နေစေခြင်း ဖြစ်သည် မဟုတ်လော။ “မျက်မှောက်ခေတ်အထိ စာတန်သည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းမရှိသေးပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ် ကယ်တင်ခြင်းကို ဤနည်းဖြင့် ဆောင်ကြဉ်းပြီးဖြစ်မည် မဟုတ်ပေ။ ထိုသို့ဖြင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့သည် မြင်၍ရနိုင်ပြီးဖြစ်မည် မဟုတ်ပေ။ သူ၏ ဉာဏ်ပညာကို မည်သည့်နေရာ၌ ထုတ်ဖော်ပြပြီး ဖြစ်မည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် နောက်ပိုင်းတွင် သူ၏ အနန္တတန်ခိုးကို ထုတ်ဖော်ပြနိုင်ဖို့အလို့ငှာ စာတန်အတွက် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်- ထိုသို့မဟုတ်ပါက လူသားသည် ဘုရားသခင်၏ ဉာဏ်ပညာကို မည်သို့ ရှာတွေ့နိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို မခုခံခဲ့ပါက သို့မဟုတ် သူ့ကို မဆန့်ကျင်မပုန်ကန်ခဲ့ပါက၊ သူ၏ဆောင်ရွက်မှုများကို ထုတ်ဖော်ပြသဖို့ လိုအပ်မည် မဟုတ်ပေ။ ဖန်ဆင်းခြင်း အားလုံးသည် သူ့ကို ကိုးကွယ်ပြီး ကျိုးနွံနာခံခဲ့ကြမည်ဆိုပါက၊ သူသည် လုပ်ဆောင်ရန် အမှုရှိမည်မဟုတ်။” ဟုပြောသည့် အခြားသူများ ရှိလေသည်။ ဘုရားသခင်နှင့် ပတ်သက်၍ ညစ်ညမ်းခြင်း မည်သည့်အရာမျှ မရှိသောကြောင့်၊ သူသည် ညစ်ညမ်းမှုကို ဖန်ဆင်း၍မရသည့်အတွက်၊ ဤသည်မှာ လက်တွေ့အရှိတရားမှ သာ၍ပင် ဝေးကွာပေသည်။ သူသည် သူ၏ ရန်သူကို အနိုင်ယူဖို့၊ သူဖန်ဆင်းခဲ့သည့် လူသားများကို ကယ်တင်ဖို့နှင့်၊ ဘုရားသခင်ကို မုန်းတီးသည့်၊ သစ္စာဖောက်ပြီး ခုခံသကဲ့သို့ အစအဦးမှပင် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိခဲ့ပြီး သူနှင့် သက်ဆိုင်ခဲ့သည့် မကောင်းဆိုးဝါးများနှင့် စာတန်ကို သူ၏ ဆောင်ရွက်ချက်များကို ယခု ထုတ်ဖော်ပြခြင်း ဖြစ်ပေသည်။ ဘုရားသခင်သည် ဤနတ်ဆိုးများကို အနိုင်ယူချင်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏ အနန္တတန်ခိုးကို အရာခပ်သိမ်းထံ ထုတ်ဖော်ပြလေသည်။ ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်နှင့် အရာရာတိုင်းသည် ယခု စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိပြီး၊ ဆိုးယုတ်သူ၏ အုပ်စိုးမှုအောက်တွင် တည်နေသည်။ လူများသည် သူ့ကို သိရှိနိုင်ကြဖို့အလို့ငှာနှင့် ထိုသို့ဖြင့် စာတန်ကို အနိုင်ယူပြီး သူ၏ ရန်သူများကို လုံးလုံးလျားလျား နှိမ်နင်းဖို့အလို့ငှာ၊ ဘုရားသခင်သည် အရာခပ်သိမ်းထံ သူ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြချင်လေသည်။ ဤအမှု၏ အလုံးစုံကို သူ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြခြင်း မှတစ်ဆင့် ပြီးမြောက်လေသည်။ သူ၏ဖန်ဆင်းခြင်းအားလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးကို ၎င်းတို့ထံ ထုတ်ဖော်ပြရန် ဆန္ဒရှိပြီး ထိုသို့ဖြင့် စာတန်ကို အနိုင်ယူရန် ဆန္ဒရှိလေသည်။ စာတန်မရှိခဲ့လျှင် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့လိုမည် မဟုတ်ပေ။ စာတန်၏ နှောင့်ယှက်မှု မရှိခဲ့ပါက၊ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင်ဖို့ ၎င်းတို့ကို ပို့ဆောင်ပြီး ဖြစ်ပေမည်။ စာတန်က သစ္စာဖောက်ခြင်း မတိုင်မီ၊ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို ကောင်းကင်တမန်များထံ သို့မဟုတ် ကောင်းကင်တမန်မင်းထံ အဘယ်ကြောင့် ထုတ်ဖော် မပြခဲ့ပါသနည်း။ အစအဦး၌ ကောင်းကင်တမန်များအားလုံးနှင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သိခဲ့ပြီးဖြစ်ကာ သူ့ကို ကျိုးနွံနာခံခဲ့ပြီး ဖြစ်ပါက၊ ဘုရားသခင်သည် ဤအဓိပ္ပာယ်မဲ့သည့် အမှုနှင့်ဆိုင်သည့် လုပ်ရပ်များကို ဆောင်ရွက်ပြီး ဖြစ်မည် မဟုတ်ပေ။ စာတန်နှင့် မကောင်းဆိုးဝါးများ၏ တည်ရှိခြင်းကြောင့်၊ လူသားများသည်လည်း ဘုရားသခင်ကို ခုခံကြပြီးဖြစ်ကာ ပုန်ကန်လိုသည့် စိတ်သဘောထားများဖြင့် ပြည့်နိုင်သမျှ ပြည့်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ လုပ်ရပ်များကို ထုတ်ဖော်ပြရန် ဆန္ဒရှိလေသည်။ သူသည် စာတန်နှင့် စစ်ပွဲဆင်နွှဲလိုသောကြောင့်၊ စာတန်ကို အနိုင်ယူဖို့ သူသည် သူ၏ ကိုယ်ပိုင် ဩဇာအာဏာနှင့် သူ၏ လုပ်ရပ်များအားလုံးကို အသုံးပြုရပေမည်။ ဤနည်းဖြင့် လူသားများအလယ် သူဆောင်ရွက်သည့် ကယ်တင်ခြင်း အမှုသည် လူသားများကို သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအား တွေ့မြင်ခွင့်ပေးလိမ့်မည် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏ လုပ်ဆောင်နေသည့် အမှုသည် အဓိပ္ပာယ် ရှိပြီး၊ အချို့လူများက “ကိုယ်တော် လုပ်ဆောင်သည့်အမှုသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်သည် မဟုတ်ပါလား။ ဤဆက်တိုက်အမှုသည် ကိုယ်တော်တိုင်အတွက် ဒုက္ခ ဖန်တီးရာတွင် ကျင့်သုံးမှုတစ်ခု ဖြစ်သည် မဟုတ်ပါလား။ ကိုယ်တော်သည် စာတန်ကို ဖန်ဆင်းခဲ့ပြီးနောက် ကိုယ်တော့်ကို သစ္စာဖောက်ကာ ခုခံရန် သူ့ကို အခွင့်ပေးခဲ့သည်။ ကိုယ်တော်သည် လူသားမျိုးနွယ်ကို ဖန်ဆင်း ခဲ့ပြီးနောက်၊ အာဒံနှင့် ဧဝံတို့ သွေးဆောင်ခံရဖို့ အခွင့်ပေးရင်း၊ ၎င်းတို့ကို စာတန်ထံ လွှဲပြောင်းပေးခဲ့သည်။ ကိုယ်တော်က ဤအရာများကို တမင်သက်သက် ပြုလုပ်ခဲ့သည့်အတွက်၊ အဘယ်ကြောင့် လူသားမျိုးနွယ်ကို ကိုယ်တော် စက်ဆုပ်မုန်းတီးရသေးသနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် စာတန်ကို စက်ဆုပ်ရွံရှာရသနည်း။ ဤအရာအားလုံးသည် ကိုယ်တော် ကိုယ်တိုင်၏ ဖန်တီးမှု ဖြစ်သည် မဟုတ်ပါလား။ ကိုယ်တော်အတွက် မုန်းတီးစရာ မည်သည့်အရာ ရှိသနည်း။” ဟု ပြောသည့်အချိန်တွင် ၎င်းတို့ ရည်ညွှန်းသည့်အရာနှင့် လုံးဝ မတူပေ။ အတော်အတန် နည်းပါးသည့် အဓိပ္ပာယ်မရှိသော လူများက ထိုသို့သောအရာများ ပြောကြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိကြသော်လည်း၊ ရင်ထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ် ဖြစ်ကြလေသည်။ ဆန့်ကျင်ဘက် ဖြစ်လိုက်လေချင်း။ သင်တို့သည် သမ္မာတရားကို နားမလည်ကြပေ၊ သင်သည် သဘာဝလွန် အတွေးများ အလွန်များလှပြီး၊ ဘုရားသခင်က အမှားပြုခဲ့သည်ဟုပင် သင် အခိုင်အမာပြောဆိုလေသည်- သင် အဓိပ္ပာယ် မဲ့လှသည်တကား။ သမ္မာတရားဖြင့် အကြံအဖန် လုပ်နေသူမှာ သင် ဖြစ်သည်။ ဘုရားသခင်က အမှားတစ်ခု ပြုခဲ့သည်မှာ မမှန်ပေ။ အချို့လူများက၊ “စာတန်ကို ဖန်ဆင်းခဲ့သည်မှာ ကိုယ်တော်ဖြစ်ပြီး စာတန်ကို လူသားများအလယ် ပစ်ချလိုက်ပြီး လူသားများကို ၎င်းထံ လွှဲပြောင်းပေးခဲ့သည်မှာ ကိုယ်တော် ဖြစ်သည်။ လူသားများက ဆိုးယုတ်သည့် စိတ်သဘောထား ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက်၊ ကိုယ်တော် သူတို့ကို ခွင့်မလွှတ်ခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကို အတိုင်းအတာတစ်ခုအထိ မုန်းတီးခဲ့သည်။ ပထမတွင် ကိုယ်တော်သည် သူတို့ကို အတိုင်းအတာ တစ်ခုအထိ ချစ်ခဲ့သော်လည်း၊ ယခုတွင် သူတို့ကို ကိုယ်တော် မုန်းတီးနေသည်။ လူသားမျိုးနွယ်ကို မုန်းတီးလေပြီမှာ ကိုယ်တော်ဖြစ်သော်လည်း၊ လူသားမျိုးနွယ်ကို ချစ်ဖူးသည်မှာလည်း ကိုယ်တော် ဖြစ်သည်။ ဤနေရာတွင် အတိအကျ မည်သည့်အရာ ဖြစ်နေပါသနည်း။ ဤသည်မှာ ရှေ့နောက်မညီခြင်း ဖြစ်သည် မဟုတ်ပါလား။” ဟု အဖန်တလဲလဲပင် စောဒကတက်ကြသည်။ ယင်းကို သင်တို့ မည်သို့ ကြည့်သည်ဖြစ်စေ၊ ဤသည်မှာ ကောင်းကင်ဘုံ၌ ဖြစ်ပျက်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ကောင်းကင်တမန်မင်းက ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးခဲ့သည့် ပုံစံ ဖြစ်ပြီး၊ ဤသည်မှာ လူသားများက ဤနေ့အထိ ဆက်လက်ဖြစ်ပေါ်သည့်ပုံ ဖြစ်သည်။ ယင်းကို သင်တို့ မည်သို့ဖွဲ့ဆိုသည်ဖြစ်စေ၊ ယင်းမှာ အဖြစ်အပျက် အလုံးစုံ ဖြစ်သည်။ သို့သော် ဘုရားသခင် ယနေ့ လုပ်ဆောင်နေသည့် ဤအမှု နောက်ကွယ်က ရည်ရွယ်ချက်တစ်ခုလုံးမှာ သင်တို့ကို ကယ်တင်ရန်နှင့် စာတန်ကို အနိုင်ယူရန် ဖြစ်သည်မှာ သင်တို့ သိနားလည်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၅၁)

ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် လူသားများနှင့်ဆိုင်သည့် သူ၏စီမံခန့်ခွဲမှုကို အသုံးပြုသည်။ လူများကို ဖောက်ပြန်ပျက်စီးစေခြင်းအားဖြင့်၊ စာတန်သည် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်စေပြီး၊ ဘုရားသခင်၏အမှုကို နှောင့်ယှက်လေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏အမှုသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အမှု၏ မည်သည့်အဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ရည်ရွယ်ထားခြင်း မဟုတ်သနည်း။ မည်သည့်အဆင့်က လူများကို သန့်ရှင်းစေဖို့နှင့် ၎င်းတို့ကို ဖြောင့်မတ်စွာ ပြုမူစေကာ ချစ်ခြင်းကို ခံရနိုင်သည့် သူများ၏ ပုံရိပ်ကို အသက်ရှင်နေထိုင်စေဖို့ မရည်ရွယ်ပါသနည်း။ သို့သော်လည်း စာတန်သည် ဤအရာကို မလုပ်ဆောင်ပေ။ ၎င်းသည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းသည် စကြဝဠာတစ်လျှောက် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းနှင့်ဆိုင်သည့် ၎င်း၏အလုပ်ကို အဆက်မပြတ် ဆောင်ရွက်သည်။ ဟုတ်ပေ၏၊ ဘုရားသခင်သည်လည်း စာတန်ကို အာရုံမစိုက်ဘဲ၊ သူကိုယ်တိုင်၏ အမှုကို သူလုပ်နေသည်။ စာတန်၌ ဩဇာအာဏာ မည်မျှရှိသည်ဖြစ်စေ၊ ထိုဩဇာအာဏာကို ဘုရားသခင်က ပေးထားခြင်း ဖြစ်ဆဲဖြစ်သည်။ ဘုရားသခင်သည် အမှန်တကယ်တွင် ၎င်းကို သူ၏ ဩဇာအာဏာအားလုံး ပေးခဲ့သည် မဟုတ်၊ ထို့ကြောင့် စာတန် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းသည် ဘုရားသခင်ကို လုံးဝ မကျော်လွန်နိုင်သကဲ့သို့၊ ဘုရားသခင်၏ လက်အတွင်းတွင် အမြဲ ရှိလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်တွင် သူ၏ မည်သည့်လုပ်ရပ်ကိုမျှ ထုတ်ဖော်မပြခဲ့ပေ။ သူသည် စာတန်အား ဩဇာအာဏာ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုကိုမျှ ပေးခဲ့ပြီး၊ ယင်းကို အခြားကောင်းကင်တမန်များ အပေါ် ဩဇာအာဏာသုံးခွင့်ပေးခဲ့သည်။ ထို့ကြောင့် မူလက ၎င်းကို ဘုရားသခင်ပေးခဲ့သည့် ဩဇာအာဏာသည် ကန့်သတ်ထားခြင်းကြောင့် စာတန်က မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းသည် ဘုရားသခင်၏ ဩဇာအာဏာကို မကျော်လွန်နိုင်ချေ။ ဘုရားသခင် အမှုပြုသည်နှင့်အမျှ၊ စာတန်သည် နှောင့်ယှက်၏။ နောက်ဆုံးသောကာလတွင် စာတန်၏ နှောင့်ယှက်မှုများ အဆုံးသတ်လိမ့်မည် ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ အမှုသည်လည်း ပြီးစီးလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင် စုံလင်စေလိုသည့် လူမျိုးများသည်လည်း စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်သည် လူများကို ခိုင်မာစွာ ညွှန်ကြားသည်။ သူ၏ အသက်သည် တိုင်းတာ၍မရသကဲ့သို့ အကန့်အသတ်မဲ့ အသက်စမ်းရေ ဖြစ်သည်။ စာတန်က လူသားကို အတိုင်းအတာ တစ်ခုအထိ ဖောက်ပြန်ပျက်စီး စေခဲ့သည်။ အဆုံးတွင် ဘဝ၏ အသက်စမ်းရေသည် လူသားကို စုံလင်စေလိမ့်မည် ဖြစ်ပြီး၊ စာတန်အတွက် ဝင်ရောက်စွက်ဖက်ဖို့ရန်နှင့် ၎င်း၏အလုပ်ကို ဆောင်ရွက်ဖို့ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများကို လုံးဝ ရယူနိုင်လိမ့်မည် ဖြစ်သည်။ ယခုတွင်ပင် စာတန်သည် ဤအရာကို လက်ခံဖို့ ငြင်းဆဲဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို အဆက်မပြတ် ဖက်ပြိုင်အံတုသော်လည်း၊ ဘုရားသခင်က ၎င်းကို အာရုံမစိုက်ချေ။ ဘုရားသခင်က၊ “ငါသည် စာတန်၏ အမှောင် အင်အားစုများနှင့် အမှောင်စွမ်းအား အားလုံးအပေါ် အောင်နိုင်လိမ့်မည်။” ဟု ပြောခဲ့သည်။ ဤသည်မှာ လူ့ဇာတိ၌ လုပ်ဆောင်ရမည့် အမှုဖြစ်ပြီး ယင်းမှာ လူ့ဇာတိခံယူခြင်းအား အရေးပါစေသည့်အရာလည်း ဖြစ်သည်။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် စာတန်ကို အနိုင်ယူခြင်း အမှု၏အဆင့်ကို ပြီးပြည့်စုံစေဖို့နှင့် စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးကို ဖယ်ရှားပစ်ဖို့ ဖြစ်သည်။ စာတန်အပေါ် ဘုရားသခင် အောင်နိုင်ခြင်းသည် ရှောင်လွှဲ၍မရပေ။ အမှန်တွင် စာတန်က အချိန်ကြာမြင့်စွာက ရှုံးနိမ့်နှင့်ပြီးသား ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ တကယ့် ရည်ရွယ်ချက်မှာ စာတန်ကို ချေမှုန်းဖို့ ဖြစ်သည့်အတွက်၊ အဆင်းနီသည့် နဂါးကြီး၏ နယ်မြေတစ်လျှောက်မှာ ဧဝံဂေလိတရားတော် စတင် ပျံ့နှံ့ခဲ့ချိန်တွင်- ဆိုလိုသည်မှာ၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏ အမှုကို စတင်ခဲ့ပြီး ဤအမှု သက်ဝင်လှုပ်ရှားခဲ့ချိန်တွင်- စာတန်သည် လုံးဝ ရှုံးနိမ့်ခဲ့ပေသည်။ ဘုရားသခင်က နောက်တစ်ဖန် လူ့ဇာတိခံယူခဲ့ပြီး မည်သည့် အင်အားစုကမျှ မရပ်တန့်စေနိုင်သည့် သူ၏ အမှုကို စတင်ခဲ့သည်ကို စာတန်က မြင်လျှင်မြင်ချင်း၊ ဤအမှု၏ မြင်ကွင်းတွင် ၎င်းသည် မှင်တက်သွားခဲ့ပြီး နောက်ထပ် မည်သည့်ဒုက္ခပေးခြင်းကိုမျှ မလုပ်ဆောင်ဝံ့ခဲ့ချေ။ ပထမတွင် စာတန်က ၎င်းသည်လည်း များပြားသည့် ဉာဏ်ပညာများကို အပ်နှင်းထားခြင်းခံခဲ့ရသည်ဟု တွေးထင်ခဲ့ပြီး၊ ဘုရားသခင်၏ အမှုကို ကြားဖြတ်ကာ နှောင့်ယှက်ခဲ့သည်။ သို့သော် ဘုရားသခင် နောက်တစ်ဖန် လူ့ဇာတိခံယူလိမ့်မည် သို့မဟုတ် သူ၏ အမှုတွင် ဘုရားသခင်သည် စာတန်၏ ပုန်ကန်မှုကို လူသားမျိုးနွယ်အတွက် ထုတ်ဖော်ပြခြင်းနှင့် တရားစီရင်ခြင်းအဖြစ် အသုံးတော်ခံစေဖို့ အသုံးပြုမည် ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားများကို သိမ်းပိုက်ကာ စာတန်ကို အနိုင်ယူမည်ကို သူ မမျှော်လင့်ထားခဲ့ချေ။ ဘုရားသခင်သည် စာတန်ထက် သာ၍ ဉာဏ်ပညာရှိပြီး သူ၏အမှုသည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် “ငါလုပ်သည့် အမှုသည် စာတန်၏ လှည့်ကွက်များကို တုံ့ပြန်ရာတွင် ဆောင်ရွက်သည်။ အဆုံးတွင် ငါသည် ငါ၏ အနန္တတန်ခိုးနှင့် စာတန်၏ တန်ခိုးအစွမ်းမဲ့ခြင်းကို ထုတ်ဖော်ပြမည်။” ဟု ယခင်က ငါ ဖော်ပြပြီးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်သည် သူ၏အမှုကို ရှေ့တန်းတွင် လုပ်ဆောင်လိမ့်မည် ဖြစ်သော်လည်း၊ အဆုံး၌ စာတန်သည် နောက်ဆုံးတွင် ဖျက်ဆီးခံရသည်အထိ နောက်တွင် တရွတ်တိုက်ဆွဲ လိုက်ပါလိမ့်မည် ဖြစ်သည်- ၎င်းသည် အလွန့်အလွန် ထိတ်လန့်တုန်လှုပ်လိမ့်မည်။ ၎င်းသည် ချေမှုန်းကာ ဖျက်ဆီးခံရနှင့်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်မှသာ အမှန်တရားကို သဘောပေါက်လိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ၎င်းသည် မီးအိုင်ထဲတွင် မီးရှို့ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်။ ထိုအခါ ၎င်းသည် လုံးဝ ယုံကြည်လက်ခံသွားမည် မဟုတ်လော။ ထိုအခါတွင် စာတန်အတွက် အသုံးချစရာ အကြံအစည်များ နောက်ထပ် ရှိတော့မည် မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၅၂)

လူသည် ဘုရားသခင် အမှု၏ ရည်မှန်းချက်ဖြစ်ပြီး ဘုရားသခင်ကို သက်သေခံနိုင်သည့် ဘုရားသခင် ဖန်ဆင်းထားသည့် တစ်ဦးတည်းသော အဖန်ဆင်းခံသတ္တဝါ ဖြစ်သည့်အတွက်၊ လူသားအလယ် ဘုရားသခင်၏ အမှုသည် လူနှင့် ခွဲ၍ မရပေ။ လူ၏ အသက်တာနှင့် လူ၏ လှုပ်ရှားမှုအားလုံးသည် ဘုရားသခင်နှင့် ခွဲ၍မရသကဲ့သို့၊ ဘုရားသခင်၏ လက်များက အားလုံးကို ထိန်းချုပ်ထားပြီး၊ မည်သည့်လူမျှ ဘုရားသခင်နှင့် သီးခြားစီ မတည်ရှိနိုင်ဟုပင် ပြောကောင်းပြောနိုင်သည်။ ယင်းသည် အမှန်တရား ဖြစ်သည့်အတွက်၊ မည်သူမျှ မငြင်းနိုင်ပေ။ ဘုရားသခင် လုပ်ဆောင်သမျှ အားလုံးသည် လူသားမျိုးနွယ် အကျိုးအတွက် ဖြစ်ပြီး၊ စာတန်၏ အကြံအစည်များကို ဦးတည်သည်။ လူ လိုအပ်သမျှအားလုံးသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်သည် လူသား အသက်၏ အရင်းအမြစ်ဖြစ်သည်။ သို့ဖြစ်ရာ လူသည် ဘုရားသခင်မှ ရိုးရှင်းစွာ ခွဲမထွက်နိုင်ပေ။ ထို့အပြင် ဘုရားသခင်သည် လူသားထံမှ ခွဲခွားခြင်းနှင့်ဆိုင်သည့် မည်သည့် ရည်ရွယ်ချက်မျှ လုံးဝ မရှိဖူးပေ။ ဘုရားသခင် ပြုသောအမှုသည် လူသားမျိုးနွယ် အားလုံးအတွက် ဖြစ်ပြီး၊ သူ၏ အကြံအစည်များမှာ အမြဲ ကြင်နာတတ်လေသည်။ ထို့နောက် လူသားအတွက်၊ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ အကြံအစည်များ (ယင်းမှာ ဘုရားသခင်၏ အလိုဖြစ်သည်) နှစ်ခုလုံးသည် လူသား သိထားသင့်သည့် “ရူပါရုံများ” ဖြစ်သည်။ ထိုသို့သော ရူပါရုံများသည်လည်း ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်ပြီး လူသားက လုပ်နိုင်စွမ်း မရှိသော အမှုဖြစ်သည်။ ထိုအချိန်အတောအတွင်း၊ သူ၏ အမှုအတောအတွင်းတွင် လူနှင့်သက်ဆိုင်၍ ဘုရားသခင် ပြုသည့် သတ်မှတ်ချက်များကို လူ၏ “လက်တွေ့လုပ်ဆောင်မှု” ဟု ခေါ်သည်။ ရူပါရုံများသည် ဘုရားသခင် ကိုယ်တိုင်၏အမှု သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ အလို သို့မဟုတ် သူ့အမှု၏ ရည်မှန်းချက်များနှင့် အရေးပါမှု ဖြစ်သည်။ ဤစီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အမှုဖြစ်သည့်အတွက်၊ ရူပါရုံများကို စီမံခန့်ခွဲမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟုလည်း ပြောနိုင်ပြီး ထိုရူပါရုံများသည် လူသားကို ရည်ရွယ်ပေသည်၊ ဆိုလိုသည်မှာ ယင်းသည် လူသားအလယ် ဘုရားသခင် ပြုသောအမှု ဖြစ်ပေသည်။ ဤအမှုသည် ဘုရားသခင်ကို လူက သိရှိလာရာ သက်သေအထောက်အထားနှင့် လမ်းကြောင်း ဖြစ်ပြီး လူသားအတွက် အဆုံးစွန် အရေးပါမှု တစ်ခုလည်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို အာရုံစိုက်မည့်အစား ဘုရားသခင်၌ ယုံကြည်မှုနှင့်ဆိုင်သည့် အယူဝါဒများ သို့မဟုတ် မဖြစ်စလောက် အရေးမကြီးသော အသေးစိတ်များကိုသာ အာရုံစိုက်မည်ဆိုပါက၊ ၎င်းတို့သည် တကယ်ကို ဘုရားသခင်ကို သိကြလိမ့်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း ညီညွတ်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူ၏ အသိပညာအဖို့ အလွန့်အလွန် အထောက်အကူ ပြုသည့် ဘုရားသခင်၏ အမှုကို ရူပါရုံများဟု ခေါ်ပေသည်။ ဤရူပါရုံများသည် ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ အလို၊ ဘုရားသခင် အမှု၏ ရည်မှန်းချက်များနှင့် အရေးပါမှု ဖြစ်သည်- ယင်းတို့သည် လူသားအဖို့ အကျိုးကျေးဇူးသာ ဖြစ်ပေသည်။ လက်တွေ့လုပ်ဆောင်မှုဆိုသည်မှာ လူက လုပ်ဆောင်သင့်သောအရာ၊ ဘုရားသခင် နောက်လိုက်သော အဖန်ဆင်းခံသတ္တဝါများ လုပ်ဆောင်သင့်သောအရာကို ရည်ညွှန်းပြီး၊ ယင်းမှာ လူ၏ တာဝန်လည်း ဖြစ်သည်။ လူသားက လုပ်ဆောင်သင့်သော အရာသည် အစဦးကတည်းက လူသား နားလည်ခဲ့သော အရာမဟုတ်ဘဲ၊ ဘုရားသခင်က သူ၏အမှုအတွင်း လူသားအပေါ် ထားရှိသော သတ်မှတ်ချက်များ ဖြစ်သည်။ ဤသတ်မှတ်ချက်များသည် တဖြည်းဖြည်း နက်နဲလာပြီး ဘုရားသခင် အမှုပြုသည်နှင့်အမျှ ပို၍မြင့်မားလာခဲ့သည်။ ဥပမာအားဖြင့် ပညတ်တော်ခေတ်အတွင်းတွင်၊ လူသည် ပညတ်တော်ကို လိုက်နာဖို့ဖြစ်ခဲ့ပြီး၊ ကျေးဇူးတော်ခေတ်တွင် လူသားသည် ကားတိုင်ကို ထမ်းရွက်ဖို့ ဖြစ်ခဲ့သည်။ နိုင်ငံတော်ခေတ်သည် ကွာခြား၏- လူသားအပေါ် သတ်မှတ်ချက်များသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်များအတွင်းက သတ်မှတ်ချက်များထက် ပိုမို မြင့်မားလေသည်။ ရူပါရုံများက ပိုမို မြင့်မားလာသည်နှင့်အမျှ၊ လူသားအပေါ် သတ်မှတ်ချက်များသည်လည်း ပိုမြင့်မားလာပြီး ယခင်ထက် သာ၍ ရှင်းလင်းလာကာ သာ၍ စစ်မှန်လာသည်။ ထိုနည်းတူ ရူပါရုံများသည်လည်း တိုး၍ စစ်မှန်လာသည်။ ဤစစ်မှန်သော ရူပါရုံများစွာသည် လူသား၏ ဘုရားသခင်အား နာခံခြင်းကို အားဖြည့်ပေးသည်သာမက၊ ထို့အပြင် ဘုရားသခင်နှင့်ဆိုင်သည့် သူ၏ အသိပညာကိုလည်း အားဖြည့်ပေးလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၅၃)

ယခင်ခေတ်များနှင့် နှိုင်းယှဉ်ရာတွင်၊ နိုင်ငံတော်ခေတ်အတွင်း ဘုရားသခင်၏ အမှုသည် သာ၍ လက်တွေ့ကျပြီး၊ လူသား၏ အနှစ်သာရနှင့် သူ၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို သာ၍ ရည်ရွယ်သကဲ့သို့၊ သူ့နောက်လိုက်သူ အားလုံးအတွက်လည်း ဘုရားသခင် ကိုယ်တော်တိုင်ကို သာ၍ သက်သေခံစေနိုင်လေသည်။ တစ်နည်းဆိုသော် နိုင်ငံတော်ခေတ်အတွင်းတွင်၊ သူအမှုပြုသည်နှင့်အမျှ အတိတ်ကာလ မည်သည့်အချိန်ကထက်မဆို ဘုရားသခင်သည် လူသားထံ မိမိကိုယ်ကိုယ် ပြသလေသည်၊ ဆိုလိုသည်မှာ လူသားက သိသင့်သော ရူပါရုံများသည် ယခင် မည်သည့်ခေတ်မဆိုထက် ပိုမို မြင့်မားလေသည်။ လူသားအလယ်ရှိ ဘုရားသခင်၏ အမှုသည် ယခင် မရောက်ဖူးသော နယ်ပယ်ထဲသို့ ဝင်ရောက်ပြီးဖြစ်သောကြောင့်၊ နိုင်ငံတော်ခေတ်အတွင်း လူသားက သိသော ရူပါရုံများသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု အားလုံးတစ်လျှောက် အမြင့်ဆုံးဖြစ်လေသည်။ ဘုရားသခင်၏ အမှုသည် ယခင်က မရောက်ဖူးသေးသော နယ်ပယ်ထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ၊ ထို့ကြောင့် လူသားက သိရှိရမည့် ရူပါရုံများသည် ရူပါရုံများအားလုံးထဲမှ အမြင့်ဆုံး ဖြစ်လာပြီးဖြစ်ကာ၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည် ရူပါရုံများဖြင့် အဆင့်ဆင့် ပြောင်းလဲသည့်အတွက်၊ အကျိုးဆက်ဖြစ်သော လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ယခင်ခေတ်ထက် ပိုမို မြင့်မားပြီး၊ ရူပါရုံများ၏ ပြည့်စုံခြင်းသည်လည်း လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များ ပြည့်စုံခြင်းကို အမှတ်အသား ပြုပေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအားလုံး ရပ်တန့် သွားသည်နှင့်တစ်ပြိုင်နက် လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ရပ်တန့်သွားသည်၊ ပြီးလျှင် ဘုရားသခင်၏ အမှု မရှိဘဲနှင့်၊ လူသည် အတိတ်ကာလများ၏ အယူဝါဒကို ထိန်းသိမ်းရန်မှလွဲ၍ ရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်၊ သို့မဟုတ် တကယ်ကို အားကိုးရာမရှိဘဲ ဖြစ်လိမ့်မည်။ ရူပါရုံအသစ်များ မရှိဘဲနှင့်၊ လူအားဖြင့် အသစ်သော လက်တွေ့ လုပ်ဆောင်မှုများ ရှိလိမ့်မည် မဟုတ်ပေ။ ပြီးပြည့်စုံသော ရူပါရုံများ မရှိဘဲနှင့်၊ လူ၏ စုံလင်သော လက်တွေ့လုပ်ဆောင်မှု ရှိလိမ့်မည် မဟုတ်ပေ။ သာ၍ မြင့်မားသော ရူပါရုံများ မရှိဘဲနှင့်၊ လူ၏ သာ၍ မြင့်မားသော လက်တွေ့လုပ်ဆောင်မှု ရှိလိမ့်မည် မဟုတ်ပေ။ လူ၏ လက်တွေ့ လုပ်ဆောင်မှုသည် ဘုရားသခင်၏ ခြေလှမ်းများနှင့်အတူ ပြောင်းလဲပြီး၊ ထိုနည်းတူ လူ၏ အသိပညာနှင့် အတွေ့အကြုံသည်လည်း ဘုရားသခင်၏ အမှုနှင့်အတူ ပြောင်းလဲသည်။ လူသည် မည်မျှ လုပ်ဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့် ခွဲ၍ မရနိုင်ဆဲ ဖြစ်သကဲ့သို့၊ အကယ်၍ ဘုရားသခင်သည် အမှုပြုခြင်းကို အချိန်အခိုက်အတန့်မျှ ရပ်တန့်ခဲ့မည် ဆိုပါက၊ လူသည် သူ၏ အမျက်ဒေါသကြောင့် ချက်ချင်း သေဆုံးသွားလိမ့်မည်။ ယနေ့ လူ၏ အသိပညာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ သူ၏ အတွေ့အကြုံများ မည်မျှ နက်နဲသည်ဖြစ်စေ၊ လူသည် ဝါကြွားစရာ မည်သည့်အရာမျှ မရှိ၊ သူသည် ဘုရားသခင်၏ အမှုနှင့် ခွဲ၍မရနိုင်ပေ- အကြောင်းမှာ လူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဘုရားသခင်၌ သူ၏ယုံကြည်မှုတွင် သူ ရှာဖွေသင့်သည့်အရာတို့သည် ရူပါရုံများနှင့် ခွဲ၍ မရသည့်အတွက် ဖြစ်သည်။ ဘုရားသခင်၏ အမှု ဖြစ်စဉ်တိုင်းတွင် လူသားသိသင့်သော ရူပါရုံများ ရှိပြီး၊ ဤအရာများနောက်တွင် လူသားနှင့်သက်ဆိုင်သည့် သင့်တော်သော သတ်မှတ်ချက်များကို ပြုလုပ်ထားပေသည်။ ဤရူပါရုံများကို အခြေခံအုတ်မြစ်အဖြစ် မရှိဘဲ၊ လူသည် တကယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိမည် မဟုတ်သကဲ့သို့၊ လူသည် ဘုရားသခင်နောက် မဆုတ်မနစ် လိုက်နိုင်မည်လည်း မဟုတ်ပေ။ အကယ်၍ လူသည် ဘုရားသခင်ကို မသိပါက၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို နားမလည်ပါက၊ လူသား လုပ်ဆောင်သမျှအားလုံး အချည်းနှီး ဖြစ်ပြီး ဘုရားသခင်က လက်ခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။ လူသား၏ ဆုကျေးဇူးများသည် မည်မျှ များပြားသည် ဖြစ်စေ၊ သူသည် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ လမ်းပြမှုမှ ခွဲ၍မရနိုင်ဆဲ ဖြစ်သည်။ လူ၏ လုပ်ရပ်များ မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ မည်မျှ များပြားသည့် လုပ်ရပ်များကို လူက ဆောင်ရွက်သည်ဖြစ်စေ၊ ယင်းတို့သည် ဘုရားသခင်၏ အမှုကို အစားမထိုးနိုင်သေးပေ။ သို့ဖြစ်ရာ မည်သည့် အခြေအနေအောက်တွင်မျှ လူ၏ လက်တွေ့ လုပ်ဆောင်မှုသည် ရူပါရုံများမှ ခွဲထွက်၍ မရနိုင်ပေ။ ရူပါရုံအသစ်များကို လက်မခံသူသည် လက်တွေ့လုပ်ဆောင်မှု အသစ်များ မရှိပေ။ ၎င်းတို့သည် အယူဝါဒကို လိုက်နာပြီး အသက်မဲ့သည့် ပညတ်တရားကို ထိန်းသိမ်းသောကြောင့်၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိပေ။ ၎င်းတို့သည် ရူပါရုံသစ်များ လုံးဝ မရှိသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ခေတ်သစ်မှ မည်သည့်အရာကိုမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ရူပါရုံများ ပျောက်ဆုံးကြပြီးဖြစ်ကာ၊ ထိုသို့လုပ်ဆောင်ခြင်းကြောင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း ဆုံးရှုံးကြပြီးဖြစ်သကဲ့သို့၊ သမ္မာတရားကို ဆုံးရှုံးကြပြီး ဖြစ်သည်။ သမ္မာတရားမရှိသူတို့သည် အဓိပ္ပာယ်မဲ့မှု၏ အစွန်းအမြိတ် ဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ ပြယုဂ်ဖြစ်ကြသည်။ တစ်စုံတစ်ဦးသည် မည်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်ပါစေ၊ ၎င်းတို့သည် ဘုရားသခင် အမှု၏ ရူပါရုံများ မရှိဘဲ မနေနိုင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို ကင်းမဲ့၍ မဖြစ်ပေ။ တစ်ဦးတစ်ယောက်သည် ရူပါရုံများ ဆုံးရှုံးသည်နှင့် တစ်ပြိုင်နက်၊ မရဏနိုင်ငံသို့ ချက်ချင်း သက်ဆင်းရပြီး အမှောင်ထုအလယ်တွင် အသက်ရှင်ကြရသည်။ ရူပါရုံများ မရှိသည့် လူတို့သည် ဘုရားသခင်နောက် မိုက်မဲစွာ လိုက်လျှောက်သူများ ဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့သူများ ဖြစ်ကြပြီး၊ ငရဲတွင် အသက်ရှင်နေကြပေသည်။ ထိုသို့သော လူများသည် သမ္မာတရားကို မလိုက်စားကြဘဲ၊ ယင်းအစား ဘုရားသခင်၏ နာမကို ဆိုင်းဘုတ်တစ်ခုပမာ ချိတ်ဆွဲထားကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသူ၊ လူ့ဇာတိခံ ဘုရားသခင်ကို မသိသူ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးထဲက အမှုအဆင့် သုံးဆင့်ကို မသိသူ- ၎င်းတို့သည် ရူပါရုံများကို မသိကြ၊ ထို့ကြောင့် သမ္မာတရားလည်း မရှိကြပေ။ သမ္မာတရားကို မပိုင်ဆိုင်သူတို့သည် မကောင်းမှုပြုသူများသာ ဖြစ်သည် မဟုတ်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူ၊ ဘုရားသခင်နှင့်ဆိုင်သည့်‌ အသိပညာကို ရှာဖွေရန် လိုလားနေသူနှင့် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းသောသူတို့အတွက် ရူပါရုံများက အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်ပေးသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ပူးပေါင်း လုပ်ဆောင်ကြသောကြောင့် ၎င်းတို့ကို ဘုရားသခင် လက်ခံပြီး၊ လူသားက လက်တွေ့လုပ်ဆောင်သင့်သည်မှာ ဤပူးပေါင်းလုပ်ဆောင်မှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၅၄)

ရူပါရုံများတွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများစွာ ပါရှိသည်။ လူသားသိသင့်သော ဘုရားသခင်၏ အမှုကဲ့သို့၊ လူသားကို ပြုလုပ်ထားသည့် လက်တွေ့ကျသော တောင်းဆိုချက်များသည်လည်း ရူပါရုံများအတွင်းတွင် ပါရှိလေသည်။ အတိတ်တွင် နေရာအမျိုးမျိုးတွင် ပြုလုပ်ခဲ့သည့် အထူးစုဝေးခြင်းများ သို့မဟုတ် ကြီးကျယ်ခမ်းနားသော စုဝေးခြင်းများအတွင်းတွင်၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း၏ ရှုထောင့်တစ်ခုတည်းကိုသာ ပြောဆိုခဲ့ကြသည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုမှာ ကျေးဇူးတော်ခေတ်အတွင်း လက်တွေ့လုပ်ဆောင်ခဲ့သင့်သော အရာဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်၏ ရုပါရုံသည် ယေရှု၏ ကားစင်တင်ခံရခြင်း ရူပါရုံသာ ဖြစ်ခဲ့သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာနှင့် မည်သည့် ဆက်နွှယ်မှုမျှပင် မရှိသကဲ့သို့ သာ၍ ကြီးမားသော ရူပါရုံများ မရှိခဲ့ပေ။ ကားစင်တင်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ်ကို သူ၏ ရွေးနုတ်ခြင်း အမှုထက်ပို၍ လူအနေဖြင့် သိရှိရမည် မဟုတ်ဟု မှတ်ယူထားခဲ့ပြီး၊ ထို့ကြောင့် ကျေးဇူးတော်ခေတ် အတွင်းတွင် လူသားအတွက် သိရှိဖို့ အခြားရူပါရုံများ မရှိခဲ့ပေ။ ဤနည်းဖြင့် လူသည် ဘုရားသခင်နှင့်ဆိုင်သည့် သာမန်ကာလျှံကာ အသိပညာ တစ်ခုသာ ရှိခဲ့ပြီး၊ ယေရှု၏ ချစ်ခြင်းနှင့် သနားကရုဏာနှင့်ဆိုင်သည့် အသိပညာမှလွဲ၍၊ သူ့အတွက် လက်တွေ့လုပ်ဆောင်စရာသည် ယနေ့နှင့် တခြားစီဖြစ်သည့် ရိုးရှင်းပြီး နုံချာသောအရာ အနည်းငယ်သာ ရှိခဲ့သည်။ အတိတ်တွင် သူ၏ အစုအဝေးက မည်သည့်ပုံသဏ္ဌာန်ကို ယူဆောင်ခဲ့သည်ဖြစ်စေ၊ လူသားအတွက် ဝင်ရောက်ဖို့ မည်သည့်အရာက အသင့်တော်ဆုံးသော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းဖြစ်သည်ကို တစ်ဦးတစ်လေက ရှင်းလင်းစွာ ပြောနိုင်ခဲ့ဖို့ မဆိုထားနှင့်၊ လူသည် ဘုရားသခင် အမှုနှင့်ဆိုင်သည့် လက်တွေ့ကျသော အသိပညာတစ်ခုကိုပင် ပြောဆိုနိုင်စွမ်း မရှိခဲ့ပေ။ လူသည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်း၏ အခြေခံအုတ်မြစ်တစ်ခုကို ရိုးရှင်းသည့် အသေးစိတ် အချက်အလက် အနည်းငယ်အား ဖြည့်စွက်မျှရုံ ဖြည့်စွက်ခဲ့သည်။ ဘုရားသခင်သည် တူညီသည့် ခေတ်အတွင်းတွင် သာ၍ သစ်လွင်သော အမှု တစ်ခုတစ်လေကို မပြုခဲ့သကဲ့သို့၊ လူသားအပေါ် သူပြုခဲ့သည့် သတ်မှတ်ချက်များမှာ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်း၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းခြင်းတို့သာ ဖြစ်ခဲ့သည့်အတွက်၊ သူ၏လက်တွေ့လုပ်ဆောင်မှု အနှစ်သာရတွင် တကယ်ကို မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ပေ။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများမှအပ၊ ယေရှု၏ ကားစင်တင်ခံရခြင်းထက် ပိုမြင့်မားသည့် ရူပါရုံများ မရှိခဲ့ပေ။ အတိတ်ကာလတွင် ဘုရားသခင်သည် များလှစွာသော အမှုကို မလုပ်ဆောင်ခဲ့သောကြောင့်၊ ပြီးလျှင် သူသည် လူသားအပေါ် နည်းပါးသော တောင်းဆိုမှုများသာ ပြုခဲ့သောကြောင့်၊ အခြားရူပါရုံများကို ဖော်ပြပြောဆိုမှု မရှိခဲ့ပေ။ ဤနည်းဖြင့် လူက မည်သည့်အရာ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ သူသည် လူသားအတွက် လက်တွေ့လုပ်ဆောင်ရန် ရိုးရှင်းပြီး ပေါ့တန်သော အရာအနည်းငယ် ဖြစ်သည့် ဤအကန့်အသတ် အတိုင်းအတာကို ချိုးဖောက်နိုင်စွမ်း မရှိခဲ့ပေ။ ယနေ့တွင် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ထက် အဆပေါင်းများစွာ ပိုသည့် သာ၍များသော အမှုကို လုပ်ဆောင်ပြီး ဖြစ်သောကြောင့်၊ ယနေ့တွင် အခြားရူပါရုံများ အကြောင်းကို ငါ ပြောပြရပေသည်။ လူနှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များမှာလည်း အတိတ်ခေတ်ကာများထက် အဆပေါင်းများစွာ မြင့်မားလေသည်။ အကယ်၍ လူသည် ထိုသို့သော အမှုကို အပြည့်အဝ သိနိုင်စွမ်း မရှိပါက၊ ယင်းသည် ကြီးမားသည့် အရေးပါမှုကို ပိုင်ဆိုင်မည် မဟုတ်ပေ။ လူသည် တစ်သက်တာ အားထုတ်မှု တစ်ခုလုံးကို ယင်းအား မဆက်ကပ်ပါက၊ ထိုသို့သော အမှုကို အပြည့်အဝ သိရှိရာတွင် အခက်အခဲ ရှိလိမ့်မည်ဟု ပြောနိုင်သည်။ သိမ်းပိုက်ခြင်းအမှုတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကိုသာ ပြောဆိုခြင်းသည် လူသားအား သိမ်းပိုက်ခြင်းကို မဖြစ်နိုင်စရာ ဖြစ်စေပေမည်။ လူနှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များ မပြုဘဲနှင့်၊ ရူပါရုံများကို သာ၍ ပြောဆိုခြင်းသည်လည်း လူသားအား သိမ်းပိုက်ခြင်းကို မဖြစ်နိုင်စရာ ဖြစ်စေပေမည်။ လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းမှလွဲ၍ မည်သည့်အရာကိုမျှ ပြောဆိုခြင်း မရှိပါက၊ လူ၏ပျော့ကွက်ကို တိုက်ခိုက်ရန်၊ သို့မဟုတ် လူ၏အယူအဆများကို ပပျောက်စေရန် ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ ထို့ကြောင့် လူသားကို အပြည့်အဝ သိမ်းပိုက်ရန်လည်း ဖြစ်နိုင်မည် မဟုတ်ပေ။ ရူပါရုံများသည် လူသားကို သိမ်းပိုက်ခြင်း၏ အဓိက တန်ဆာပလာ ဖြစ်သည်၊ သို့သော်လည်း ရူပါရုံများကလွဲ၍ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း မရှိပါက၊ လူသားသည် ဝင်ရောက်မည့် နည်းလမ်းတစ်ခုတစ်လေ ရှိဖို့ မဆိုထားနှင့်၊ လိုက်လျှောက်ရန် နည်းလမ်းပင် ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အစမှ အဆုံးထိတိုင် ဘုရားသခင်အမှု၏ အခြေခံသဘောတရား ဖြစ်ပြီး ဖြစ်သည်- ရူပါရုံများထဲတွင် လက်တွေ့လုပ်ဆောင်နိုင်သည့်အရာ ရှိပြီး၊ လက်တွေ့လုပ်ဆောင်မှု အပြင် ရူပါရုံများလည်း ရှိလေသည်။ လူ့အသက်တာနှင့် သူ၏ စိတ်သဘောထား နှစ်ခုလုံးရှိ ပြောင်းလဲမှု အတိုင်းအတာသည် ရူပါရုံများထဲက ပြောင်းလဲမှုများနှင့်အတူ ပါရှိလေသည်။ လူသည် သူ၏ကိုယ်ပိုင် အားထုတ်မှုကိုသာ အားကိုးခဲ့မည်ဆိုပါက၊ မည်သည့် ကြီးမားသည့် ပြောင်းလဲမှု အတိုင်းအတာကိုမျှ စွမ်းဆောင်ရရှိရန် သူ့အတွက် ဖြစ်နိုင်မည် မဟုတ်ပေ။ ရူပါရုံများက ဘုရားသခင် ကိုယ်တိုင်၏အမှုနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ပြောဆိုသည်။ လက်တွေ့လုပ်ဆောင်မှုသည် လူ၏လုပ်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှင့် လူ၏ဖြစ်တည်မှု နည်းလမ်းကို ရည်ညွှန်းသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အားလုံးတွင် ရူပါရုံများနှင့် လက်တွေ့လုပ်ဆောင်မှုကြားက ဆက်နွှယ်မှုသည် ဘုရားသခင်နှင့် လူကြားက ဆက်နွှယ်မှု ဖြစ်သည်။ ရူပါရုံများကို ဖယ်ရှားခဲ့မည်ဆိုပါက၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုကို မပြောဘဲ ရူပါရုံများကိုသာ ပြောခဲ့မည်ဆိုပါက၊ သို့မဟုတ် ရူပါရုံများသာ ရှိခဲ့ပြီး လူ၏ လက်တွေ့လုပ်ဆောင်မှုများကို အမြစ်ဖြတ်ခဲ့မည်ဆိုပါက၊ ယင်းကို ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောနိုင်ဖို့မဆိုထားနှင့်၊ ထိုသို့သော အရာများကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအဖြစ် မှတ်ယူ၍ ရနိုင်မည် မဟုတ်ပေ။ ဤနည်းဖြင့် လူ၏တာဝန်သည် ဖယ်ရှားခံရမည်သာမက၊ ယင်းသည် ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို ငြင်းပယ်ခြင်း တစ်ခုလည်း ဖြစ်ပေမည်။ အကယ်၍ အစမှအဆုံးတိုင် ဘုရားသခင်၏ အမှုမပါဝင်ဘဲ၊ လူသည် လက်တွေ့ လုပ်ဆောင်ရန်မျှ လိုအပ်ခဲ့မည်ဆိုပါက၊ ထို့အပြင် လူသည် ဘုရားသခင်၏ အမှုကို သိရန် မလိုအပ်ခဲ့ပါက၊ ထိုသို့သော အမှုကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု သာ၍ပင် ခေါ်ဆိုနိုင်မည်မဟုတ်။ လူသည် ဘုရားသခင်ကို မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ အလိုကို မသိ နားမလည်ဘဲ၊ မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို မရေရာ၊ စိတ်ကူးသက်သက် ဖြစ်သည့် နည်းလမ်းဖြင့် ကျိုးကြောင်းမမြင်ဘဲ ဆောင်ရွက်ခဲ့မည်ဆိုပါက၊ သူသည် မည်သည့်အခါတွင်မျှ ပြည့်ဝစွာ အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာမည် မဟုတ်ပေ။ ထို့ကြောင့် ဤအရာနှစ်ခုလုံးသည် မရှိမဖြစ် ဖြစ်သည်။ ဘုရားသခင်၏ အမှုတစ်ခုတည်းသာ ရှိခဲ့မည်ဆိုလျှင်၊ ဆိုလိုသည်မှာ ရူပါရုံများသာ ရှိခဲ့မည်ဆိုပါက၊ ပြီးလျှင် လူ၏ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ ထိုသို့သော အရာများကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု ခေါ်ဆို၍ မရနိုင်ပေ။ လူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုသာ ရှိခဲ့မည် ဆိုပါက၊ မည်မျှမြင့်မားသည့် လမ်းကြောင်းကို လူက ဝင်ရောက်သည်ဖြစ်စေ၊ ဤအရာသည်လည်း လက်ခံနိုင်ဖွယ်ရာ ဖြစ်မည် မဟုတ်။ လူ၏ဝင်ရောက်မှုသည် အမှုနှင့် ရူပါရုံများနှင့်အညီ တဖြည်းဖြည်း ပြောင်းလဲရမည်။ ယင်းသည် စိတ်ကူးပေါက်သည့်အတိုင်း ပြောင်းလဲ၍ မရနိုင်ပေ။ လူ၏ လက်တွေ့လုပ်ဆောင်မှုနှင့်ဆိုင်သည့် အခြေခံသဘောတရားများသည် မလွတ်လပ်သကဲ့သို့၊ ထိန်းမနိုင်သိမ်းမရ မဖြစ်ဘဲ၊ အချို့သော အကန့်အသတ် အတိုင်းအတာအတွင်းတွင် တည်ရှိပေသည်။ ထိုသို့သော အခြေခံသဘောတရားများသည် အမှု၏ ရူပါရုံများနှင့်အညီ ပြောင်းလဲလေသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အမှုနှင့် လူ၏ လက်တွေ့လုပ်ဆောင်မှု ပေါ်တွင်သာ မူတည်လေတော့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၅၅)

လူသားမျိုးနွယ်ကြောင့် စီမံခန့်ခွဲခြင်း အမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ လူသား၏ တည်ရှိခြင်းကြောင့် ယင်းက ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ လူသားမျိုးနွယ် မတိုင်မီတွင် သို့မဟုတ် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန် အစအဦးတွင် စီမံခန့်ခွဲခြင်း မရှိခဲ့ပေ။ ဘုရားသခင်၏ အမှုအားလုံးတွင်၊ လူသားအဖို့ အကျိုးရှိသည့် လက်တွေ့လုပ်ဆောင်မှု မရှိခဲ့ပါက၊ ဆိုလိုသည်မှာ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်အတွက် သင့်တော်သည့် သတ်မှတ်ချက်များကို မပြုလုပ်ခဲ့လျှင် (ဘုရားသခင် လုပ်ဆောင်သည့် အမှုတွင်၊ လူ၏ လက်တွေ့လုပ်ဆောင်မှုအတွက် သင့်တော်သည့် လမ်းကြောင်း မရှိခဲ့လျှင်)၊ ဤအမှုကို ဘုရားသခင်၏ စီမံခံခန့်ခွဲမှုဟု ခေါ်ဆို၍မရနိုင်ပေ။ ဘုရားသခင်၏ အမှုတစ်ခုလုံးသည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အား ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုကို မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ပြောပြခြင်းသာ ပါဝင်ပြီး၊ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် မည်သည့် လုပ်ငန်းကိုမျှ မလုပ်ဆောင်ခဲ့သကဲ့သို့၊ သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း သို့မဟုတ် ဉာဏ်ပညာကို စိုးစဉ်းမျှ ထုတ်ဖော် မပြသခဲ့ပါက၊ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များ မည်မျှ မြင့်မားသည်စေ၊ လူသားအလယ် ဘုရားသခင် မည်မျှကြာ အသက်ရှင်ခဲ့သည်ဖြစ်စေ၊ လူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ သိရှိမည် မဟုတ်ပေ။ ထိုသို့ ဖြစ်ခဲ့မည်ဆိုပါက ဤအလုပ်မျိုးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု အခေါ်ခံရရန် သာ၍ ထိုက်တန်မည် မဟုတ်ပေ။ ရိုးရှင်းစွာပြောရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုသည် ဘုရားသခင် လုပ်ဆောင်သည့် အမှုဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်း ခံရပြီးသူများက ဘုရားသခင်၏ လမ်းပြမှုအောက်တွင် လုပ်ဆောင်သော အလုပ်များ အားလုံး ဖြစ်ပေသည်။ ထိုသို့သောအမှုကို စီမံခန့်ခွဲမှုအဖြစ် အကျဉ်းရုံးနိုင်သည်။ တစ်နည်းအားဖြင့် လူသားအလယ် ဘုရားသခင်၏ အမှုအပြင်၊ သူ့နောက်လိုက်သူများ အားလုံး၏ သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းကို စုပေါင်း၍ စီမံခန့်ခွဲမှုဟု ခေါ်ဆိုပေသည်။ ဤတွင် ဘုရားသခင်၏အမှုကို ရူပါရုံများဟု ခေါ်ပြီး၊ လူ၏ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့လုပ်ဆောင်ခြင်းဟု ခေါ်သည်။ ဘုရားသခင်အမှု သာ၍ မြင့်မားလေ (ဆိုလိုသည်မှာ၊ ရူပါရုံများက သာ၍မြင့်မားလေ)၊ ဘုရားသခင်၏ စိတ်သဘောထားက လူသားများအဖို သာ၍ ပေါ်လွင်လေဖြစ်သည်၊ ယင်းသည် လူသား၏ အယူအဆများနှင့် သာ၍ ကွဲလွဲလေ ဖြစ်ပြီး၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် သာ၍ မြင့်မားလာလေ ဖြစ်သည်။ လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များ သာ၍ မြင့်မားလေ၊ ဘုရားသခင်၏အမှုသည် လူ၏ အယူအဆများနှင့် သာ၍ ကွဲလွဲလေ ဖြစ်သည်၊ ယင်း၏ အကျိုးဆက်အနေဖြင့် လူနှင့်ဆိုင်သည့် စမ်းသပ်မှုများနှင့် သူ ဖြည့်ဆည်းဖို့ လိုအပ်သည့် စံနှုန်းများကလည်း သာ၍ မြင့်မားလာလေ ဖြစ်သည်။ ဤအမှု၏ အဆုံးသတ်တွင်၊ ရူပါရုံများအားလုံး ပြီးပြည့်စုံသွားမည်ဖြစ်ပြီး၊ လူက လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့်အရာများသည်လည်း စုံလင်ခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်လိမ့်မည်။ လူက သိရှိရန် လိုအပ်သည့်အရာကို လူသားထံ ပြသပြီးဖြစ်လိမ့်မည်ဖြစ်သည့်အတွက်၊ ဤသည်မှာ အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားသည့်အချိန်လည်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရူပါရုံများက ယင်းတို့၏အထွတ်အထိပ်သို့ ရောက်ချိန်တွင်၊ အမှုသည် လျော်ညီစွာ ယင်း၏ အဆုံးသတ်သို့ ချဉ်းကပ်လိမ့်မည် ဖြစ်ကာ၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်လိမ့်မည်။ လူ၏လက်တွေ့ လုပ်ဆောင်မှုသည် ဘုရားသခင်၏ အမှုအပေါ် အခြေခံထားပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် လူ၏လက်တွေ့လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့်သာ အပြည့်အဝ ဖော်ပြခြင်းကို ခံရပေသည်။ လူသည် ဘုရားသခင်အမှု၏ ပြရုပ်ဖြစ်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးနှင့်သက်ဆိုင်သည့် အမှု၏ ရည်မှန်းချက်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး၏ ရလဒ်လည်း ဖြစ်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ၏ပူးပေါင်းဆောင်ရွက်မှု မပါဘဲ၊ တစ်ကိုယ်တည်း လုပ်ဆောင်ခဲ့မည်ဆိုပါက၊ သူ့အမှုတစ်ခုလုံး၏ အကောင်အထည် ပေါ်လာသည့်အရာအဖြစ် အသုံးတော်ခံနိုင်မည့်အရာ တစ်ခုတစ်လေမျှ ရှိမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအဖို့ အရေးပါမှု စိုးစဉ်းမျှ ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုအပြင်၊ သူ၏အမှုကို ဖော်ပြရန်နှင့် ယင်း၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာကို သက်သေပြရန် သင့်တော်သည့် အပြုခံအရာများကို ဘုရားသခင်က ရွေးချယ်ခြင်းအားဖြင့်သာ၊ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှု ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်မည် ဖြစ်ပြီး၊ စာတန်ကို လုံးဝ ရှုံးနိမ့်စေဖို့ ဤအမှုအားလုံး အသုံးပြုခြင်း၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်သည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုနှင့်ဆိုင်သည့် မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အကျိုးဖြစ်ထွန်းစေနိုင်ပြီး ယင်း၏အဆုံးစွန်သော ရည်မှန်းချက်ကို စွမ်းဆောင်ရရှိစေနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ လူသားကလွဲ၍ အခြားမည်သည့် သက်ရှိအမျိုးအစားကမျှ ထိုကဲ့သို့သော အခန်းကဏ္ဍကို တာဝန် မယူနိုင်ပါ။ လူသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ စစ်မှန်သည့် အကောင်အထည်ပေါ်ခြင်း ဖြစ်လာဖို့ဆိုပါက၊ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ မနာခံမှုသည် လုံးဝ ပပျောက်သွားရမည်ဖြစ်သည်။ ဤအရာက လူကို မတူညီသည့် အချိန်ကာလများအတွက် သင့်တော်သည့် လက်တွေ့လုပ်ဆောင်မှု ပေးထားရမည်ဖြစ်ပြီး ဘုရားသခင်သည် လူသားအလယ် အလားတူ လိုက်လျောညီထွေသော အမှုကို ဆောင်ရွက်ရန် လိုအပ်ပေသည်။ ဤနည်းဖြင့်သာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု အကောင်အထည်ပေါ်ခြင်းဖြစ်သော လူတစ်စုသည် နောက်ဆုံးတွင် ရယူခြင်းခံရလိမ့်မည် ဖြစ်သည်။ ဘုရားသခင် တစ်ကိုယ်တည်းလုပ်ဆောင်သော အမှုမှတစ်ဆင့်မျှဖြင့် လူများအလယ် ဘုရားသခင်၏အမှုသည် ဘုရားသခင်ကိုယ်တိုင်ကို သက်သေမခံနိုင်ပေ။ ထိုသို့သော သက်သေခံချက်ကို စွမ်းဆောင်ရရှိရန် သူ၏ အမှုအတွက် သင့်တော်သည့် သက်ရှိလူသားများကိုလည်း လိုအပ်ပေသည်။ ပထမဦးစွာ ဘုရားသခင်သည် ဤလူများအပေါ် အမှုပြုလိမ့်မည် ဖြစ်သည်၊ ထို့နောက် ထိုသူများမှတစ်ဆင့် သူ၏ အမှုကို ထုတ်ဖော်ပြလိမ့်မည် ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ ထိုသို့သော သက်သေခံချက်သည် အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် သက်သေခံလိမ့်မည် ဖြစ်ပြီး၊ ဤတွင် ဘုရားသခင်သည် သူ၏ အမှုနှင့်ဆိုင်သည့် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် မိမိကိုယ်ကိုယ် တိုက်ရိုက် သက်သေခံ၍ မရသောကြောင့်၊ သူသည် စာတန်ကို အနိုင်ယူရန် တစ်ကိုယ်တည်း အမှုမပြုပေ။ သူသည် ထိုသို့လုပ်ဆောင်ခဲ့မည်ဆိုပါက၊ လူသားကို လုံးဝ လက်ခံယုံကြည်စေရန် ဖြစ်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်သည် လူကို သိမ်းပိုက်ရန် လူ့အပေါ် အမှုပြုရမည် ဖြစ်ပြီး၊ ထိုအခါမှသာ သူသည် အဖန်ဆင်းခံ သတ္တဝါများ အားလုံးအလယ်တွင် သက်သေခံချက်ကို ရရှိနိုင်မည် ဖြစ်သည်။ လူ၏ ပူးပေါင်းလုပ်ဆောင်မှု မရှိဘဲ၊ အမှုပြုသည်မှာ ဘုရားသခင်သာ ဖြစ်ခဲ့မည်ဆိုပါက၊ သို့မဟုတ် လူသည် ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ခဲ့ပါက၊ လူသည် ဘုရားသခင်၏ စိတ်သဘောထားကို ဘယ်သောအခါမျှ သိနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို အစဉ်အမြဲ သတိပြုမိမည် မဟုတ်ပေ။ ထိုအခါ ဘုရားသခင်၏ အမှုကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုဟု ခေါ်ဆို၍ ရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုကို သိနားလည်ခြင်း မရှိဘဲ၊ လူကသာ ကိုယ်တိုင် ကြိုးပမ်းပြီး၊ ရှာဖွေကာ ကြိုးစား အလုပ်လုပ်ခဲ့ရမည်ဆိုပါက၊ လူသည် နောက်ပြောင် ကျီစယ်နေခြင်း ဖြစ်ပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိဘဲနှင့်၊ လူလုပ်ဆောင်သည့် အရာသည် စာတန်နှင့်သက်ဆိုင်သည်၊ သူသည် ပုန်ကန်တတ်ပြီး မကောင်းမှုပြုသူတစ်ဦး ဖြစ်ပေသည်။ စာတန်သည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် လုပ်ဆောင်သည့်အရာ အားလုံးတွင် ထုတ်ဖော်ပြသခြင်း ခံရပြီး၊ ဘုရားသခင်နှင့် သဟဇာတ ဖြစ်သောအရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ လူလုပ်ဆောင်သည့် အရာအားလုံးသည် စာတန်၏ သရုပ်သကန် ဖြစ်ပေသည်။ ပြောထားပြီးဖြစ်သည့် အရာအားလုံးထဲတွင် မည်သည့်အရာမျှ ရူပါရုံများနှင့် လက်တွေ့လုပ်ဆောင်မှု မပါပေ။ ရူပါရုံများ၏ အခြေခံအုတ်မြစ်ပေါ်တွင် လူသည် သူ၏ အယူအဆများကို ဘေးဖယ်ပြီး အတိတ်က သူ မပိုင်ဆိုင်သေးသည့် အရာများကို ရရှိနိုင်ဖို့အလို့ငှာ၊ လက်တွေ့လုပ်ဆောင်မှုနှင့် နာခံခြင်း လမ်းကြောင်းကို ရှာတွေ့လေသည်။ လူသားက သူနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သူ၏သတ်မှတ်ချက်များကို လူသားက လုံးဝ ကျိုးနွံနာခံရန်နှင့် ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ပြီးသည့်အမှုကို ရှုမြင်ရန်၊ ဘုရားသခင်၏ အနန္တတန်ခိုးကို တွေ့ကြုံရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိရန် လူသားက တောင်းဆိုသည်ကို ဘုရားသခင် လိုအပ်ပေသည်။ အချုပ်အားဖြင့် ဤသည်တို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။ လူသားနှင့်အတူ ဘုရားသခင်၏ ပေါင်းစည်းခြင်းသည် စီမံခန့်ခွဲမှု ဖြစ်ပြီး၊ ယင်းသည် အကြီးမြတ်ဆုံးသော စီမံခန့်ခွဲမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၅၆)

ရူပါရုံများ ပါဝင်သည့်အရာသည် အဓိကအားဖြင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို ရည်ညွှန်းပြီး၊ လက်တွေ့လုပ်ဆောင်မှု ပါဝင်သည့် အရာကို လူက လုပ်ဆောင်သင့်ကာ ဘုရားသခင်နှင့် မည်သို့မျှ ဆက်နွှယ်မှု မရှိချေ။ ဘုရားသခင်၏အမှုကို ဘုရားသခင် ကိုယ်တော်တိုင်က ပြည့်စုံစေပြီး၊ လူ၏လက်တွေ့လုပ်ဆောင်မှုကို လူကိုယ်တိုင်က စွမ်းဆောင်ရရှိပေသည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သင့်သည့် အရာကို လူက လုပ်ဆောင်ရန် မလိုအပ်သကဲ့သို့၊ လူက လက်တွေ့လုပ်ဆောင်သင့်သည့်အရာသည်လည်း ဘုရားသခင်နှင့် မဆက်နွှယ်ပေ။ ဘုရားသခင်၏အမှုသည် သူ၏ကိုယ်ပိုင် အမှုတော် ဖြစ်ပြီး လူနှင့် ဆက်နွှယ်မှု မရှိပေ။ ဤအမှုကို လူက လုပ်ဆောင်ရန် မလိုအပ်သည့်အပြင်၊ ဘုရားသခင်လုပ်ဆောင်ရမည့် အမှုကို လူက လုပ်ဆောင်နိုင်စွမ်း မရှိပေ။ လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် အရာကို လူက ပြီးမြောက်ရမည် ဖြစ်သည်၊ ယင်းသည် သူ၏ အသက်ကို စတေးခြင်း ဖြစ်စေ၊ သို့မဟုတ် သက်သေရပ်တည်ရန် စာတန်ထံသို့ သူ့ကို လွှဲအပ်ခြင်းဖြစ်စေ- ဤအရာအားလုံးကို လူက ပြီးမြောက်ရမည် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်သည် သူလုပ်ဆောင်သင့်သည့် အမှုအားလုံးကို ပြီးစီးပြီး၊ လူက လုပ်ဆောင် ရမည့်အရာကို လူသားထံ ပြသပြီးဖြစ်ကာ၊ ကျန်ရှိသည့် အလုပ်ကို လုပ်ဆောင်ဖို့ လူသားထံ ချန်ထားပေသည်။ ဘုရားသခင်သည် အပိုအလုပ်ကို မလုပ်ဆောင်ပေ။ သူသည် သူ၏အမှုတော်အတွင်း၌ ရှိသော အမှုကိုသာ လုပ်ဆောင်ပြီး၊ လမ်းခရီးကိုသာ လူအား ပြသပြီး၊ လမ်းဖွင့်ပေးခြင်း အလုပ်ကိုသာ လုပ်ဆောင်ကာ၊ လမ်းခင်းပေးခြင်း အလုပ်ကို မလုပ်ဆောင်ပေ။ ဤအရာကို အားလုံး နားလည်ထားသင့်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုပြီး၊ ဤအရာအားလုံးသည် လူသား၏တာဝန်၊ လူက လုပ်ဆောင်သင့်သော အရာဖြစ်ပြီး ဘုရားသခင်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည်လည်း သမ္မာတရား၌ ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းကို လူသားနည်းတူ ခံစားရန် လူက တောင်းဆိုပါက၊ လူသားသည် မနာခံတတ်ခြင်း ဖြစ်ပေသည်။ ဘုရားသခင်၏ အမှုသည် သူ၏အမှုတော်ကို ဆောင်ရွက်ရန် ဖြစ်ပြီး လူ၏တာဝန်မှာ ဘုရားသခင်၏ လမ်းပြမှု အားလုံးကို မည်သည့်အတိုက်အခံမျှ မရှိဘဲ နာခံရန်ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်နည်းဟန်ဖြင့် အမှုပြုသည်ဖြစ်စေ၊ သို့မဟုတ် အသက်ရှင်သည်ဖြစ်စေ၊ လူက ရရှိရမည့်အရာကို သူ ပြီးမြောက်အပ်ပေသည်။ ဘုရားသခင် ကိုယ်တိုင်သည်သာ လူသားအပေါ် သတ်မှတ်ချက်များ ပြုလုပ်နိုင်သည်၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သာ လူသားအပေါ် သတ်မှတ်ချက်များ ပြုလုပ်ရန် သင့်တော်ပေသည်။ လူသားသည် မည်သည့်ရွေးချယ်မှုမျှ မရှိသင့်သကဲ့သို့၊ အပြည့်အဝ ကျိုးနွံနာခံကာ လက်တွေ့လုပ်ဆောင်သည်မှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်သင့်ပေ။ ဤသည်မှာ လူသားအနေဖြင့် ပိုင်ဆိုင်ထားသင့်သည့် အသိစိတ် ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သင့်သည့် အမှု ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ လူသည် ယင်းကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရန် လိုအပ်သည်။ အကယ်၍ အဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ပြီးစီးသည့်အချိန်တွင်၊ ဘုရားသခင် တောင်းဆိုသည့်အရာကို လူသားက မလုပ်ဆောင်ပြီးသေးပါက၊ လူသားသည် အပြစ်ပေးခံသင့်ပေသည်။ လူသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းပါက၊ ဤသည်မှာ လူ၏ မနာခံမှုကြောင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လုံလောက်အောင် မစေ့စပ်မသေချာလေပြီဟု မဆိုလိုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်သူအားလုံး၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းနိုင်သူအားလုံးနှင့်၊ မိမိတို့၏ သစ္စာစောင့်သိမှုကို မပေးနိုင်သကဲ့သို့ မိမိတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်သူအားလုံးသည် အပြစ်ပေးခံရလိမ့်မည်။ ယနေ့တွင် သင် စွမ်းဆောင်ရရှိရန် လိုအပ်သည်မှာ နောက်ထပ်တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူ၏ တာဝန်နှင့် လူအားလုံးက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်တို့ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သို့မဟုတ် ယင်းကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ သင်တို့သည် မိမိကိုယ်ကိုယ် ဒုက္ခရောက်စေခြင်း မဟုတ်လော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများရှိဖို့ သင်သည် အဘယ်သို့ မျှော်လင့်နိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။ သင်တို့ကိုပြောဆိုထားသည့် နှုတ်ကပတ်တော်များသည် သင်တို့၏ အနှစ်သာရ၏ တကယ့်ဗဟိုချက်သို့ ရောက်ရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ အမှုသည် တစ်ခါမျှမရောက်ဖူးသည့် နယ်ပယ်ထဲသို့ ဝင်ရောက်ပြီး ဖြစ်သည်။ လူများစွာတို့သည် ဤလမ်းခရီး၏ အမှန်တရား သို့မဟုတ် မုသားကို နားမလည်ကြသေးချေ။ ၎င်းတို့သည် စောင့်နေဆဲဖြစ်ပြီး မြင်နေဆဲဖြစ်ကာ၊ ၎င်းတို့၏တာဝန်ကို ဆောင်ရွက်မနေကြသေးချေ။ ယင်းအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်တိုင်းကို ဆန်းစစ်ကြပြီး၊ သူ စားသည့်အရာနှင့် ဝတ်သည့်အရာကို အာရုံစိုက်ကြကာ၊ ၎င်းတို့၏ အယူအဆများက ယခင်ထက် ပို၍ပင် ဆိုးရွားလာသည်။ ထိုသို့သော လူများသည် ဘာမျှမဟုတ်သည်ကို ရေးကြီးခွင်ကျယ် လုပ်နေကြခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများသည် ဘုရားသခင်ကို ရှာဖွေသူများ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရည်ရွယ်ချက် ရှိသူများ မည်သို့ ဖြစ်နိုင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့် တာဝန်ကို လျစ်လျူရှုထားကြပြီး၊ ယင်းအစား ဘုရားသခင် ရှိသည့်နေရာများကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် ရက်စက်ရမ်းကားသူတစ်ဦး ပါတကား။ အကယ်၍ လူသည် သူ နားလည်သင့်သည့်အရာ အားလုံးကို နားလည်ပြီးဖြစ်ကာ၊ သူ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ အားလုံးကို လက်တွေ့လုပ်ဆောင်ပြီး ဖြစ်ပါက၊ လူကို ဘုရားသခင် တောင်းဆိုသည်မှာ လူ၏ တာဝန်နှင့် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် သူ၏ ကောင်းချီးမင်္ဂလာများကို လူသားအပေါ်သို့ ဧကန်မုချ အပ်နှင်းမည် ဖြစ်လိမ့်မည် ဖြစ်သည်။ အကယ်၍ လူသည် သူနားလည်သင့်သည့်အရာကို နားလည်နိုင်စွမ်း မရှိသကဲ့သို့၊ သူလက်တွေ့လုပ်ဆောင်သင့်သည်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ အပြစ်ပေးခံရလိမ့်မည်။ ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်သည့် သူများသည် ဘုရားသခင်ကို ရန်လိုမှုတွင် ရှိကြပြီး၊ အမှုသစ်ကို လက်မခံသူများသည် ဆန့်ကျင်ရာတွင် သိသာထင်ရှားစွာ မရှိလျှင်ပင်၊ ယင်းကို ဆန့်ကျင်ကြပေသည်။ ဘုရားသခင်က တောင်းဆိုသည့် သမ္မာတရားအား လက်တွေ့မလုပ်ဆောင်သူ အားလုံးသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို အထူး အာရုံစိုက်ကြလျှင်ပင်၊ ထိုသို့သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တမင်တကာ ဆန့်ကျင်ကာ မနာခံကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံသကဲ့သို့၊ ဘုရားသခင်ကို မကျိုးနွံမနာခံသူများသည် ပုန်ကန်တတ်သူများ ဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရှိကြပေသည်။ မိမိတို့၏ တာဝန်ကို မထမ်းဆောင်သူများသည် ဘုရားသခင်နှင့် မပူးပေါင်းမဆောင်ရွက်သူများ ဖြစ်ပြီး၊ ဘုရားသခင်နှင့် မပူးပေါင်းမဆောင်ရွက်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို လက်မခံသူများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၅၇)

ဘုရားသခင်၏ အမှုနှင့် သူ၏ စီမံခန့်ခွဲမှုတို့ အဆင့်တစ်ခုထိ ရောက်ရှိသည့်အခါ၊ သူ၏စိတ်နှလုံးနှင့် ညီညွတ်သော သူအားလုံးသည် သူ၏သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း ရှိကြလေသည်။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် စံနှုန်းများနှင့်အညီ၊ ပြီးလျှင် လူက စွမ်းဆောင်ရရှိနိုင်စွမ်း ရှိသည့်အရာနှင့်အညီ လူနှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များ ပြုလုပ်သည်။ သူ့စီမံခန့်ခွဲမှု အကြောင်းကို ပြောနေစဉ်တွင်၊ သူသည် လူအတွက် လမ်းခရီးကိုလည်း ညွှန်ပြပေးပြီး အသက်ရှင်မှုအတွက် လမ်းကြောင်းကို လူသားအား ပေးလေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု နှစ်ခုလုံးသည် အမှု၏ တူညီသည့် အဆင့်ဖြစ်ပြီး၊ တစ်ပြိုင်နက်တည်း ဆောင်ရွက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအကြောင်း ပြောဆိုခြင်းသည် လူ၏စိတ်သဘောထားရှိ ပြောင်းလဲမှုများနှင့် ဆက်နွှယ်ပြီး၊ လူသားက လုပ်ဆောင်သင့်သည့်အရာနှင့် လူသား၏ စိတ်သဘောထားရှိ ပြောင်းလဲမှုများ အကြောင်းကို ပြောဆိုခြင်းသည် ဘုရားသခင်၏ အမှုနှင့် ဆက်နွှယ်ပေသည်။ ဤနှစ်ခု ခွဲခြားခံရနိုင်သည့် အချိန် မရှိပေ။ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည် တစ်ဆင့်ချင်း ပြောင်းလဲနေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူနှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များလည်း ပြောင်းလဲနေသောကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသည် အမြဲတမ်း ပြောင်းလဲနေကာ တိုးတက်နေသောကြောင့် ဖြစ်သည်။ အကယ်၍ လူသား၏ လုပ်ဆောင်မှုသည် အယူဝါဒ၌ ပိတ်မိနေဆဲ ဖြစ်ပါက၊ ဤအရာက သူသည် ဘုရားသခင်၏ အမှုနှင့် လမ်းပြမှု ကင်းမဲ့သည်ဟု သက်သေပြပေသည်။ အကယ်၍ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည် ဘယ်သောအခါမျှ မပြောင်းလဲ သို့မဟုတ် သာ၍ နက်ရှိုင်းမလာပါက၊ ဤသည်မှာ လူ၏လက်တွေ့လုပ်ဆောင်မှုသည် လူ၏ အလိုအတိုင်း ဆောင်ရွက်ထားခြင်း ဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်သည်ကို သက်သေပြပေသည်။ အကယ်၍ လူသည် နင်းလျှောက်ရန် လမ်းကြောင်း မရှိပါက၊ သူသည် စာတန်၏ လက်အတွင်းသို့ ကျရောက်နှင့်ပြီးဖြစ်ကာ၊ စာတန်၏ ထိန်းချုပ်မှုကို ခံရပေသည်၊ ဆိုလိုသည်မှာ သူသည် ဆိုးယုတ်သော ဝိညာဉ်များ၏ ထိန်းချုပ်ခြင်းကို ခံရပေသည်။ အကယ်၍ လူ၏ လက်တွေ့လုပ်ဆောင်မှုသည် သာ၍ နက်ရှိုင်းမသွားပါက၊ ဘုရားသခင်၏ အမှု တိုးတက်ဖွံ့ဖြိုးလိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် ဘုရားသခင်၏ အမှုတွင် ပြောင်းလဲမှု မရှိပါက၊ လူ၏ဝင်ရောက်မှုသည် ရပ်တန့်သွားပေလိမ့်မည်။ ဤသည်မှာ ရှောင်လွှဲ၍ မရပေ။ ဘုရားသခင်၏ အမှုအားလုံး တစ်လျှောက်တွင်၊ လူသည် ယေဟောဝါ၏ ပညတ်တရားကို အမြဲလိုက်နာရမည် ဆိုပါက၊ ခေတ်တစ်ခုလုံးကို အဆုံးသို့ ဆောင်ကြဉ်းဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုသည် တိုးတက်နိုင်မည်မဟုတ်ပေ။ အကယ်၍ လူသည် ကားတိုင်ကို အမြဲစွဲကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းကို အမြဲလက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏ အမှု ဆက်လက် တိုးတက်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ပညတ်တရားများကိုသာ လိုက်နာသည့် လူတို့အလယ်တွင်၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကိုသာ စွဲကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းတို့ကို အမြဲလက်တွေ့လုပ်ဆောင်သော လူသားများအလယ်တွင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအား တကယ်ကို အဆုံးမသတ်နိုင်ပေ။ ယင်းအစား ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးကို ဘုရားသခင်ကို သိရှိသူ၊ စာတန်၏ လက်တွင်းမှ ပြန်လည်ရယူခြင်း ခံရသူနှင့် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် အပြည့်အဝ ကင်းမဲ့စေပြီးသူများ ဖြစ်သည့် နောက်ဆုံးသော ကာလနှင့်သက်ဆိုင်သူများအလယ်တွင် အဆုံးသတ်ပေသည်။ ဤသည်မှာ ဘုရားသခင်အမှု၏ လွှဲရှောင်၍မရသော ဦးတည်ရာဖြစ်သည်။ ဘာသာရေး အသင်းတော်များ၌ ရှိသူတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ခေတ်နောက်ကျသည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ လက်တွေ့လုပ်ဆောင်သော အရာသည် ယနေ့အမှုမှ ကွဲကွာသောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်ခဲ့သောအရာက မှန်ကန်ခဲ့သော်လည်း၊ ခေတ်ကုန်ဆုံးပြီးဖြစ်ကာ ဘုရားသခင်၏ အမှု ပြောင်းလဲပြီး ဖြစ်သည်နှင့်အမျှ၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် တဖြည်းဖြည်း ခေတ်နောက်ကျလာပြီးဖြစ်သည်။ ယင်းကို အမှုသစ်နှင့် အလင်းသစ်တို့က နောက်ချန်ထားရစ်ပြီးဖြစ်သည်။ ထိုအမှု၏ မူလ အခြေခံအုတ်မြစ်ကို အခြေပြုလျက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် သာ၍နက်နဲစွာ အဆင့်အချို့သို့ တိုးတက်ပြီး ဖြစ်သည်။ သို့သော် ထိုလူတို့သည် ဘုရားသခင်အမှု၏ မူလအဆင့်တွင် သောင်တင်ဆဲဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်မှု အဟောင်းများနှင့် အလင်းဟောင်းကို ဖက်တွယ်ထားဆဲ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်အတွင်း ကြီးမားစွာ ပြောင်းလဲနိုင်သည်၊ သို့ဖြစ်၍ အနှစ် ၂၀၀၀ ကာလအတွင်းတွင် ပိုမို ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်လာမည် မဟုတ်လော။ အကယ်၍ လူသားသည် အသစ်သောအလင်း၊ သို့မဟုတ် အသစ်သော လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ ယင်းမှာ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မီအောင်လိုက်ခြင်း မရှိလေပြီဟု ဆိုလိုပေသည်။ ဤသည်မှာ လူ၏ချွတ်ယွင်းချက် ဖြစ်သည်။ ယနေ့တွင် ယခင်က သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိခဲ့သူများသည် ခေတ်နောက်ကျသည့် လက်တွေ့လုပ်ဆောင်မှုများကို လိုက်နာနေကြဆဲ ဖြစ်သောကြောင့်၊ ဘုရားသခင်၏ အသစ်သော အမှု တည်ရှိခြင်းကို ငြင်းမရနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အမြဲ ရှေ့ဆက်နေပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသူအားလုံးသည်လည်း တစ်ဆင့်ပြီးတစ်ဆင့်၊ သာ၍နက်နဲစွာ တိုးတက်ပြီး ပြောင်းလဲနေသင့်ပေသည်။ ၎င်းတို့သည် အဆင့်တစ်ဆင့်တွင် မရပ်တန့်နေသင့်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသူများသာ သူ၏မူလအလုပ်တွင် ရှိမြဲရှိနေကြမည် ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် အသစ်ကို လက်ခံကြမည် မဟုတ်ပေ။ နာခံခြင်းမရှိသူများသာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိနိုင်စွမ်း မရှိဘဲ ဖြစ်မည်။ လူ၏လက်တွေ့ လုပ်ဆောင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော လုပ်ဆောင်ချက်ကို အမီမလိုက်နိုင်ပါက၊ လူ၏လက်တွေ့လုပ်ဆောင်မှုသည် ယနေ့အမှုနှင့် ဧကန်မုချ ပြတ်တောက်ပြီး၊ ယနေ့အမှုနှင့် ဧကန်မုချ သဟဇာတ မဖြစ်ပေ။ ဤကဲ့သို့သော ခေတ်နောက်ကျသည့် လူများသည် ဘုရားသခင်အဖို့ နောက်ဆုံးတွင် သက်သေခံရပ်တည်မည့်လူများ ဖြစ်လာရန် မဆိုထားနှင့်၊ ဘုရားသခင်၏ အလိုကို အကယ်ပင် ဖြည့်ဆည်းနိုင်စွမ်း မရှိကြချေ။ ထို့အပြင် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးကို ထိုသို့သော လူတစ်စုအလယ်တွင် အဆုံးသတ်၍ မရနိုင်ပေ။ ယေဟောဝါ၏ ပညတ်တရားကို တစ်ချိန်က ကိုင်စွဲခဲ့သူများနှင့် ကားတိုင်အတွက် တစ်ချိန်က ဒုက္ခဆင်းရဲ ခံခဲ့ရသောသူတို့သည်၊ နောက်ဆုံးသောကာလ အမှု၏ အဆင့်ကို လက်မခံနိုင်ပါက၊ ၎င်းတို့လုပ်ဆောင်ခဲ့သမျှ အားလုံးသည် အချည်းနှီးနှင့် အလဟဿ ဖြစ်ပြီးဖြစ်ပေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်ဆိုင်သည့် အရှင်းဆုံးသော ဖော်ပြချက်မှာ အတိတ်ကို မဖက်တွယ်ဘဲ၊ ဤနေရာနှင့် ယခုအချိန်ကို လက်ခံယုံကြည်ခြင်းတွင် ရှိပေသည်။ ယနေ့အမှုကို အမီမလိုက်သူများနှင့် ယနေ့လက်တွေ့လုပ်ဆောင်မှုမှ ခွဲထွက်လားပြီး ဖြစ်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆန့်ကျင်ကာ လက်မခံသောသူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ လက်ရှိအမှုကို အာခံကြသည်။ ၎င်းတို့သည် အတိတ်၏ အလင်းကို ဆုပ်ကိုင်ကြသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မသိကြသည်မှာ ငြင်းမရနိုင်ပေ။ လူ၏လက်တွေ့လုပ်ဆောင်မှု၌ ပြောင်းလဲမှုများ အကြောင်း၊ အတိတ်နှင့် ယနေ့အကြား လက်တွေ့လုပ်ဆောင်မှုရှိ မတူညီကွဲပြားမှုများအကြောင်း၊ ယခင်ခေတ်အတောအတွင်းတွင် လက်တွေ့လုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့သည့်ပုံနှင့် ယနေ့တွင် ယင်းကို လုပ်ဆောင်သည့်ပုံတို့နှင့်ဆိုင်သည့် ဤပြောဆိုဆွေးနွေးမှုသာ အဘယ့်ကြောင့် ပြောဆိုရလေပြီနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့ဆက်နေပြီး၊ ထိုသို့ဖြင့် လူသား၏ လက်တွေ့ လုပ်ဆောင်မှုသည် စဉ်ဆက်မပြတ် ပြောင်းလဲဖို့ လိုအပ်သောကြောင့်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုထဲက ထိုသို့သော အပိုင်းအခြားများ အကြောင်းကို အမြဲပြောဆိုရခြင်း ဖြစ်ပေသည်။ လူသည် အဆင့် တစ်ခုတွင် သောင်တင်နေပါက၊ ဤသည်မှာ သူသည် ဘုရားသခင်၏ အသစ်သော အမှုနှင့် အသစ်သောအလင်းကို အမီလိုက်နိုင်စွမ်း မရှိသည်ကို သက်သေပြပေသည်။ ယင်းက ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် မပြောင်းလဲလေပြီဟု သက်သေမပြပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိသူများက ၎င်းတို့ မှန်ကန်သည်ဟု အမြဲတမ်း တွေးထင်ကြသော်ငြားလည်း၊ အမှန်တွင် ၎င်းတို့ထဲက ဘုရားသခင်၏အမှုသည် အချိန်ကြာမြင့်စွာက ရပ်တန့်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ထံတွင် မရှိပေ။ ဘုရားသခင်၏ အမှုသည် ကြာမြင့်စွာကတည်းက အခြားလူတစ်စုဆီသို့၊ သူ၏အမှုသစ်ကို ပြည့်စုံစေရန် သူရည်ရွယ်ထားသည့် လူတစ်စုဆီသို့ လွှဲပြောင်းသွားခဲ့ပေသည်။ ဘာသာတရားထဲ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံနိုင်စွမ်း မရှိကြသကဲ့သို့၊ အတိတ်က အမှုဟောင်းကိုသာ စွဲကိုင်ထားကြသောကြောင့်၊ ဘုရားသခင်သည် ဤလူတို့ကို စွန့်လွှတ်ပြီးဖြစ်ကာ၊ ဤအမှုသစ်ကို လက်ခံသည့် သူများအပေါ် သူ၏အမှုသစ်ကို လုပ်ဆောင်ပေသည်။ ဤသည်တို့မှာ သူ၏အမှုသစ်၌ ပူးပေါင်းဆောင်ရွက်သည့် လူများဖြစ်ပြီး၊ ဤနည်းဖြင့်သာ သူ၏စီမံခန့်ခွဲမှုက ပြီးမြောက်နိုင်ပေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အမြဲတမ်း ရှေ့ဆက်နေပြီး၊ လူ၏ လက်တွေ့လုပ်ဆောင်မှုသည် အမြဲ သာ၍ မြင့်မားစွာ တက်နေသည်။ ဘုရားသခင်သည် အမြဲ အမှုပြုနေပြီး၊ လူသည် အမြဲ လိုအပ်နေသည်မှာ နှစ်ဦးလုံးသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ဘုရားသခင်နှင့် လူသည် ပြည့်စုံသည့် ပေါင်းစည်းမှုကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှု ပြီးမြောက်အောင်မြင်ခြင်း၏ ဖော်ပြချက်ဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ နောက်ဆုံးရလဒ်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၅၈)

ဘုရားသခင်၏ အမှု အဆင့်အသီးသီးတွင်၊ လူသားနှင့်ဆိုင်သော လိုက်လျောညီထွေသည့် သတ်မှတ်ချက်များလည်း ရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ပိုင်ဆိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူများသည် စာတန်၏ ကွပ်ကဲမှုအောက်တွင်ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် လုပ်ဆောင်မှုမျှမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း၌ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံသူများ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်တွင် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိသူများသည် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ဤအချိန်အတောအတွင်း ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံကြရကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံရပြီး၊ အပြစ်ပေးခြင်းကိုပင် ခံရကောင်းခံရနိုင်သည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ၎င်းတို့ရှိမှသာ၊ ဘုရားသခင်သည် သူ၏အမှုသစ် လက်ခံသည့်သူအားလုံးကို သူ၏ နာမအတွက် တာဝန်ယူလိမ့်မည်။ သူ၏နာမကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ သူ့ကိုမနာခံသကဲ့သို့ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်သူများသည် သူ၏အပြစ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသည့် လူများသည် အမှုသစ်ကို လက်ခံသူများဖြစ်ပြီး၊ အမှုသစ်ကို ၎င်းတို့ လက်ခဲ့ပြီးဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သင့်တင့်လျောက်ပတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မပြုမူသင့်ပေ။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အမှုသစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ- ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့သည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ အသက်ရှင်ကြသည်၊ ၎င်းတို့၏ စိတ်အတွင်း၌ အသက်ရှင်ကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှအားလုံးသည် ၎င်းတို့ကိုယ်ပိုင် ဦးနှောက်များ၏ စိစစ်မှုနှင့် သုတေသနပြုခြင်းမှ ထွက်ပေါ်သည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသစ်က တောင်းဆိုသည့်အရာပင် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူအားလုံးသည် အသက်မဲ့သည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိအလိုတို့ကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏ အစီအစဉ်များကို ထိခိုက်နိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မည်သို့မျှ မဆက်စပ်ပေ။ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်၊ အလွန် သနားဖွယ်ကောင်းလှပြီး၊ ဖော်ပြပြောဆိုရန် တကယ်ကို မထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ဤအရာကြောင့် ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့အားလုံးသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိကြသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရပြီးသည့်သူများ ဖြစ်သည့်အတွက်ဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ၌ လျှောက်လှမ်းကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် ၎င်းတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့်၊ ၎င်းတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အမှုပြုစဉ်တွင်၊ ၎င်းတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြလေသည်။ လူသားသည် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းမှာ အဆုံးစွန် ပုန်ကန်ခြင်း သက်သက်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာ ပြေးကြသောသူတို့သည် အထူးသဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြလိမ့်မည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၅၉)

သင်တို့သည် ဘုရားသခင့် အမှု၏ ရူပါရုံကို သိလာရမည်ဖြစ်ပြီး သူ့အမှု၏ ယေဘုယျ ဦးတည်ချက်ကို သဘောပေါက်လာရမည်။ ဤသည်မှာ အပြုသဘောဆောင်သော ဝင်ရောက်ခြင်း ဖြစ်သည်။ ရူပါရုံ၏ သမ္မာတရားကို သင် မလွဲမသွေ ကျွမ်းကျင်ပိုင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဝင်ရောက်ခြင်းမှာ လုံခြုံစိတ်ချရလိမ့်မည်။ ဘုရားသခင် အမှု မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ၊ သင်သည် မိမိ၏စိတ်နှလုံး၌ တည်ကြည်မြဲ တည်ကြည်နေမည်၊ ရူပါရုံနှင့်ပတ်သက်၍ ရှင်းလင်းလိမ့်မည် ဖြစ်ပြီး သင်၏ ဝင်ရောက်ခြင်းနှင့် အားထုတ်ခြင်းအတွက် ရည်မှန်းချက် တစ်ခု ရှိလိမ့်မည်။ ဤနည်းဖြင့် သင့်အတွင်းရှိ အတွေ့အကြုံနှင့် အသိပညာ အားလုံးသည် ပို၍ နက်ရှိုင်းစွာ ကြီးထွားကာ စေ့စပ်လာလိမ့်မည် ဖြစ်သည်။ ယင်း၏ အလုံးစုံ၌ သာ၍ ကြီးမားသည့် အခြေအနေကို သဘောပေါက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘဝတွင် မည်သည့် ဆုံးရှုံးမှုမျှ သင် ခံစားရမည် မဟုတ်သကဲ့သို့၊ သွေဖည်သွားလိမ့်မည်လည်း မဟုတ်ပေ။ အမှု၏ ဤအဆင့်များကို သင် သိရှိမလာပါက၊ အဆင့်အသီးသီးတွင် ဆုံးရှုံးမှု ခံစားရလိမ့်မည် ဖြစ်ပြီး၊ အမှုအရာများကို ပြောင်းလဲဖို့ သင်သည် ရက်အနည်းထက် ပိုကြာလိမ့်မည် ဖြစ်သကဲ့သို့၊ ရက်သတ္တပတ် တစ်ပတ်နှစ်ပတ်အကြာတွင်ပင် သင်သည် မှန်သောလမ်းကြောင်းပေါ်သို့ စတင်ရန် စိတ်ပိုင်းဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအရာက နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်လော။ အပြုသဘောဆောင်သည့် ဝင်ရောက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းတွင် သင်တို့ ကျွမ်းကျင်ပိုင်နိုင်ရမည့် အရာများစွာ ရှိသည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ရူပါရုံများအတွက်မူ၊ အောက်ပါ အချက်များကို သင် သဘောပေါက်ရမည်- သူ၏ သိမ်းပိုက်ခြင်း အမှု၏ အရေးပါပုံ၊ စုံလင်ခံရခြင်းဆီသို့ သွားသည့် အနာဂတ် လမ်းကြောင်း၊ စမ်းသပ်မှုများနှင့် ဘေးဒုက္ခများကို ကြုံတွေ့ခြင်းမှတစ်ဆင့် ရရှိရမည့်အရာ၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ အရေးပါမှု၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်ကွယ်ရှိ အခြေခံသဘောတရားများ၊ စုံလင်စေခြင်းနှင့် သိမ်းပိုက်ခြင်း နောက်ကွယ်ရှိ အခြေခံသဘောတရားများ ဖြစ်သည်။ ဤအရာအားလုံးသည် ရူပါရုံ၏ သမ္မာတရားနှင့် သက်ဆိုင်ပေသည်။ ကျန်သည့်အရာများမှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲက အမှု၏ အဆင့်သုံးဆင့်အပြင် အနာဂတ် သက်သေခံချက်လည်း ဖြစ်သည်။ ဤအရာများသည်လည်း ရူပါရုံနှင့်သက်ဆိုင်သော သမ္မာတရားများ ဖြစ်ကြပြီး ယင်းတို့သည် အခြေခံအကျဆုံးအပြင် အရေးပါဆုံးလည်း ဖြစ်ပေသည်။ လက်ရှိအချိန်တွင် သင်တို့ ဝင်ရောက်သင့်ပြီး လက်တွေ့ လုပ်ဆောင်သင့်သောအရာ အလွန် များစွာရှိပြီး ယင်းသည် ယခုတွင် ပို၍ အဆင့်ဆင့်ပြုလုပ်ထားပြီး သာ၍ အသေးစိတ်ကျလေသည်။ အကယ်၍ သင်သည် ဤသမ္မာတရားများနှင့်သက်ဆိုင်သည့် အသိပညာမရှိပါက၊ ဤအရာက သင်သည် ဝင်ရောက်ခြင်း မရရှိသေးသည်ကို သက်သေပြပေသည်။ များသောအားဖြင့် သမ္မာတရားနှင့်သက်ဆိုင်သည့် လူတို့၏ အသိပညာသည် အလွန်တိမ်၏။ ၎င်းတို့သည် အချို့သော အခြေခံကျသည့် သမ္မာတရားအချို့ကို လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့၊ အသေးအမွှား ကိစ္စများကိုပင် မည်သို့ ကိုင်တွယ်ရမည်ကို မသိကြချေ။ လူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သည့် အကြောင်းရင်းမှာ ၎င်းတို့၏ စိတ်သဘောထားသည် ပုန်ကန်တတ်သောကြောင့်ဖြစ်ပြီး ယနေ့၏ အမှုနှင့်သက်ဆိုင်သော ၎င်းတို့၏အသိပညာသည် အလွန်ပေါ့တန်ကာ တစ်ဖက်သတ် ဆန်လွန်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် စုံလင်စေခြင်းခံရဖို့မှာ လူတို့အတွက် လွယ်ကူသည့် အလုပ် မဟုတ်ပေ။ သင်သည် အလွန်ပုန်ကန်တတ်လွန်းပြီး၊ သင်၏ဇာတိဟောင်းကို သင် များစွာ ထိန်းသိမ်းလွန်း၏။ သင်သည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သကဲ့သို့၊ ပကတိအတိုင်း အထင်ရှားဆုံး ဖြစ်ပြီးသော သမ္မာတရားများကိုပင် လက်တွေ့လုပ်ဆောင်နိုင်ချေ။ ထိုသို့သော လူများသည် ကယ်တင်၍ မရနိုင်သကဲ့သို့၊ သိမ်းပိုက်ခြင်း မခံရသေးသူများ ဖြစ်သည်။ သင်၏ဝင်ရောက်ခြင်းသည် စေ့စပ်ခြင်း မရှိသကဲ့သို့၊ ဓမ္မဓိဌာန်လည်း မကျပါက၊ သင့်အဖို့ ကြီးထွားမှု နှေးကွေးလာပေမည်။ သင်၏ဝင်ရောက်ခြင်းတွင် လက်တွေ့အရှိတရား စိုးစဉ်းမျှ မရှိပါက၊ သင်၏အားထုတ်မှု အချည်းနှီး ဖြစ်လိမ့်မည်။ သင်သည် သမ္မာတရား၏အနှစ်သာရကို သတိမပြုမိပါက၊ မပြောင်းလဲဘဲ ဆက်ရှိနေမည်။ လူ၏ အသက်တာ၌ ကြီးထွားခြင်းနှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းအားဖြင့်အပြင်၊ စေ့စပ်သည့် အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သင်၏ ဝင်ရောက်မှု အတောအတွင်းတွင် သင်သည် စေ့စပ်သည့် အတွေ့အကြုံ များစွာ ရှိပြီး၊ တကယ့်‌ အသိပညာနှင့် ဝင်ရောက်မှု များစွာ ရှိပါက၊ သင်၏စိတ်သဘောထား အလျင်အမြန် ပြောင်းလဲလိမ့်မည်။ လက်ရှိတွင် လက်တွေ့လုပ်ဆောင်မှု အကြောင်းကို လုံးဝ မရှင်းလင်းလျှင်ပင်၊ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ရူပါရုံများ အကြောင်းကို ရှင်းလင်းရပေမည်။ သို့မဟုတ်ပါက သင်သည် ဝင်ရောက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ သင်သည် သမ္မာတရားနှင့်သက်ဆိုင်သည့် အသိပညာ ရှိသည့်အခါမှသာ၊ ဝင်ရောက်မှု ဖြစ်နိုင်ပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အတွေ့အကြုံတွင် သင့်ကို အသိဉာဏ်ပွင့်လင်းစေလျှင်သာ၊ သမ္မာတရားနှင့်သက်ဆိုင်သည့် သာ၍ နက်နဲသည့် သိနားလည်မှုနှင့် သာ၍ နက်ရှိုင်းသည့် ဝင်ရောက်မှု တစ်ခုကို ရရှိလိမ့်မည်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ အမှုကို သိရှိလာရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၆၀)

အစအဦး၌ လူသားမျိုးနွယ်၏ ဖန်ဆင်းခြင်းနောက်တွင်၊ ဘုရားသခင်၏ အမှု အခြေခံအကြောင်းရင်းအဖြစ် အစေခံသူများမှာ ဣသရေလလူများ ဖြစ်ခဲ့သည်။ ဣသရေလမျိုးနွယ် တစ်ခုလုံးသည် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ၏အမှု အခြေခံ ဖြစ်ခဲ့သည်။ ယေဟောဝါ၏အမှုမှာ လူသားအနေဖြင့် ပုံမှန် အသက်တာကို အသက်ရှင်နိုင်ပြီး ကမ္ဘာမြေပေါ်တွင် ယေဟောဝါကို ပုံမှန်နည်းဟန်ဖြင့် ကိုးကွယ်နိုင်ဖို့အလို့ငှာ၊ ပညတ်တရားများ ချမှတ်ခြင်းအားဖြင့် လူသားကို တိုက်ရိုက် ဦးဆောင်ပြီး ထိန်းကျောင်းဖို့ ဖြစ်ခဲ့သည်။ ပညတ်တော်ခေတ်ထဲက ဘုရားသခင်ကို လူသားက တွေ့မြင်နိုင်သကဲ့သို့၊ ထိလည်းမထိတွေ့နိုင်ခဲ့ပေ။ သူ လုပ်ဆောင်ခဲ့သမျှ အားလုံးမှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသော အစောဆုံး လူတို့ကို သွန်သင်ရင်းနှင့် ထိန်းကျောင်းရင်း လမ်းပြခြင်းသာ ဖြစ်ခဲ့ပြီး၊ သူ၏နှုတ်ကပတ်တော်များသည် ပညတ်တရားများ၊ စီရင်ထုံးဖွဲ့ချက်များနှင့် လူသား အပြုအမူ၏ စံများသာ ပါရှိပြီး၊ ၎င်းတို့ကို အသက်တာနှင့်ဆိုင်သည့် သမ္မာတရားများ မပေးခဲ့ပေ။ သူ၏ ဦးဆောင်မှုအောက်က ဣသရေလလူများသည် စာတန်အားဖြင့် နက်နက်နဲနဲ ဖောက်ပြန်ပျက်စီးခြင်း မရှိခဲ့ကြပေ။ ပညတ်တော်နှင့်ဆိုင်သည့် သူ၏အမှုသည် ကယ်တင်ခြင်းအမှုတွင် ပထမဦးဆုံးသော အဆင့်၊ ကယ်တင်ခြင်းအမှု၏ တကယ့် အစအဦး ဖြစ်ပြီး၊ လူ၏ အသက်စိတ်သဘောထားရှိ ပြောင်းလဲမှုများနှင့် ဘာမျှ မပတ်သက်လုနီးနီး ဖြစ်သည်။ ထို့ကြောင့် ကယ်တင်ခြင်းအမှု၏ အစအဦးတွင် ဣသရေလပြည်၌ သူ၏အမှုအတွက် သူ့အနေဖြင့် လူ့ဇာတိခံယူရန် မလိုအပ်ခဲ့ချေ။ ဤသည်မှာ သူသည် လူသားနှင့် ထိတွေ့ဆက်ဆံရန်- တန်ဆာပလာတစ်ခု- ကြားခံတစ်ခု လိုအပ်ခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းခံသတ္တဝါများထဲမှ ယေဟောဝါ၏ကိုယ်စား စကားပြောကာ အမှုပြုမည့်သူများ ထွက်ပေါ်ခဲ့ပြီး၊ ယင်းမှာ လူ့အလယ်တွင် အမှုပြုဖို့ လူသားများနှင့် ပရောဖက်များ ရောက်လာခဲ့ကြပုံ ဖြစ်သည်။ လူသားများသည် လူတို့အလယ်တွင် ယေဟောဝါ၏ကိုယ်စား အမှုပြုခဲ့ကြသည်။ ယေဟောဝါအားဖြင့် “လူသားများ” ဟု အခေါ်ခံရဖို့ဆိုသည်မှာ ထိုသို့သော လူများသည် ယေဟောဝါ၏ကိုယ်စား ပညတ်တရားများကို ကြေညာသည်ဟု ဆိုလိုပေသည်။ ၎င်းတို့သည် ဣသရေလလူမျိုးများ အလယ်တွင် ယေဟောဝါ၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်း ခံခဲ့ရပြီး၊ ၎င်းတို့အထဲတွင် ယေဟောဝါ၏ ဝိညာဉ် အမှုပြုခဲ့သည့် ယဇ်ပရောဟိတ်များလည်း ဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် လူတို့အလယ်တွင် ခေါင်းဆောင်များ ဖြစ်ကြပြီး ယေဟောဝါကို တိုက်ရိုက် အစေခံခဲ့ကြသည်။ တစ်နည်းအားဖြင့် ပရောဖက်များသည် နယ်မြေများနှင့် လူမျိုးစုအားလုံး၏ လူများကို ယေဟောဝါ၏ကိုယ်စား စကားပြောခြင်းငှာ ဆက်ကပ်ထားခဲ့ကြပေသည်။ ၎င်းတို့သည် ယေဟောဝါ၏အမှုကိုလည်း ပရောဖက်ပြုခဲ့ကြသည်။ ၎င်းတို့သည် လူသားများဖြစ်စေ ပရောဖက်များ ဖြစ်စေ၊ အားလုံးကို ယေဟောဝါကိုယ်တိုင်၏ ဝိညာဉ်တော်က ပေါ်ထွန်းစေခဲ့ပြီး၊ ၎င်းတို့အထဲတွင် ယေဟောဝါ၏အမှု ရှိစေခဲ့ခြင်း ဖြစ်သည်။ လူတို့အလယ်တွင်၊ ၎င်းတို့သည် ယေဟောဝါကို တိုက်ရိုက် ကိုယ်စားပြုခဲ့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အလုပ်ကို လုပ်ဆောင်ခဲ့သည်မှာ ယေဟောဝါက ၎င်းတို့ကို ပေါ်ထွန်းစေခဲ့သောကြောင့်သာ ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်တိုင်က ၎င်းတို့၏ ဇာတိခန္ဓာအထဲတွင် လူ့ဇာတိခံယူခြင်း ကြောင့် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဘုရားသခင်၏ကိုယ်စား ထပ်တူထပ်မျှ စကားပြောပြီး အမှုပြုခဲ့ကြသော်လည်း၊ ပညတ်တော်ခေတ်ထဲက လူသားများနှင့် ပရောဖက်များသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာ မဟုတ်ခဲ့ကြပေ။ ကယ်တင်ခြင်းအမှုနှင့် လူကို တရားစီရင်ခြင်းအမှု နှစ်ခုလုံးကို လူ့ဇာတိခံ ဘုရားသခင် ကိုယ်တိုင် ပြုခဲ့ခြင်းဖြစ်ပြီး၊ ထို့ကြောင့် သူ၏ကိုယ်စား အမှုပြုရန် ပရောဖက်များနှင့် လူသားများကို နောက်တစ်ဖန် ပေါ်ထွန်းစေရန် တကယ်ကို မလိုအပ်သည့်အတွက်၊ ကျေးဇူးတော်ခေတ်ထဲက ဘုရားသခင်၏ အမှုနှင့် နောက်ဆုံးအဆင့်သည် အတိအကျ ဆန့်ကျင်လေသည်။ လူ၏ အမြင်တွင် ၎င်းတို့ အလုပ်၏ အနှစ်သာရနှင့် နည်းစနစ်ကြားတွင် ပဓာနကျသော ကွာခြားမှုများ မရှိပေ။ ဤအကြောင်းရင်းကြောင့် လူတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုကို ပရောဖက်များနှင့် လူသားများ၏ အမှုနှင့် စဉ်ဆက်မပြတ် ရောထွေးမိကြခြင်း ဖြစ်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်၏ သွင်ပြင်သည် အခြေခံအားဖြင့် ပရောဖက်များနှင့် လူသားများ၏ သွင်ပြင်နှင့် တူညီသည်။ ပြီးလျှင် လူ့ဇာတိခံ ဘုရားသခင်သည် ပရောဖက်များထက် သာ၍ပင် ပုံမှန်ဖြစ်ပြီး စစ်မှန်လေသည်။ ထိုကြောင့် လူသည် ၎င်းတို့ကြား ခွဲခြားနိုင်စွမ်း မရှိပေ။ နှစ်ဦးက အမှုပြုခြင်းနှင့် စကားပြောခြင်းတွင် ညီတူညီမျှ ဖြစ်ကြသော်လည်း၊ ၎င်းတို့ကြားတွင် ပဓာနကျသည့် ခြားနားချက် တစ်ခုရှိသည်ကို လုံးဝ သတိမမူမိဘဲ၊ လူသည် သွင်ပြင်လက္ခဏာများအပေါ် လုံးဝဥဿုံ အာရုံစိုက်လေသည်။ လူ၏ အမှုအရာများကို ခွဲခြားသိမြင်နိုင်စွမ်းသည် အလွန် ညံ့ဖျင်းသောကြောင့်၊ သူသည် အလွန် ရှုပ်ထွေးသည့်အရာ တစ်ခုကို မဆိုထားနှင့်၊ ရိုးရှင်းသည့်ကိစ္စရပ်များကိုပင် မခွဲခြားနိုင်ပေ။ ပရောဖက်များနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်း ခံရသည့် လူများ အလုပ်လုပ်ပြီး စကားပြောခဲ့ချိန်တွင်၊ ဤသည်မှာ လူ၏တာဝန်များကို ဆောင်ရွက်ခြင်း ဖြစ်ခဲ့သည်၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အလုပ်တာဝန်ကို အစေခံခြင်း ဖြစ်ခဲ့ပြီး၊ ယင်းမှာ လူက လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်ခဲ့သည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုသည် သူ၏အမှုတော်ကို ဆောင်ရွက်ရန် ဖြစ်ခဲ့သည်။ သူ၏ အပြင်ပန်း အသွင်သဏ္ဌာန်သည် ဖန်ဆင်းခံတစ်ဦး၏ အသွင်သဏ္ဌာန် ဖြစ်ခဲ့သော်လည်း၊ သူ၏အမှုမှာ သူ၏အလုပ်တာဝန်ကို မဟုတ်ဘဲ၊ သူ၏အမှုတော်ကို ဆောင်ရွက်ရန်ဖြစ်ခဲ့သည်။ “တာဝန်” ဟူသော ဝေါဟာရကို ဖန်ဆင်းခံသတ္တဝါများနှင့်စပ်လျဉ်း၍ အသုံးပြုသော်လည်း၊ “အမှုတော်” ဟူသော ဝေါဟာရကိုမူ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာနှင့်စပ်လျဉ်း၍ အသုံးပြုပေသည်။ ထိုဝေါဟာရ နှစ်ခုကြားတွင် ခြေခြေမြစ်မြစ်ရှိသော ကွာခြားမှု တစ်ခုရှိ၏- ယင်းတို့သည် အချင်းချင်း ဖလှယ်၍ မရနိုင်ပေ။ လူ၏အလုပ်မှာ သူ၏တာဝန်ကို လုပ်ဆောင်ရန်သာ ဖြစ်သည်၊ ဘုရားသခင်၏အမှုမှာမူ သူ၏အမှုတော်ကို စီမံခန့်ခွဲရန်နှင့် ဆောင်ရွက်ရန် ဖြစ်သည်။ ထို့ကြောင့် တမန်တော်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံခဲ့ရပြီး ပရောဖက်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝခဲ့ကြသော်လည်း၊ ၎င်းတို့၏ အမှုနှင့် စကားများသည် ၎င်းတို့၏တာဝန်ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ဆောင်ရွက်ရုံမျှ ဆောင်ရွက်ဖို့သာ ဖြစ်ခဲ့သည်။ ၎င်းတို့၏ ပရောဖက်ပြုချက်များသည် လူ့ဇာတိခံ ဘုရားသခင် ပြောဆိုသည့် အသက်လမ်းခရီးထက် သာလွန်ပြီး ဖြစ်ကောင်းဖြစ်နိုင်ကာ ၎င်းတို့၏ လူ့သဘာဝသည် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝကို ကျော်လွန်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်နေခြင်းသာ ဖြစ်ပြီး အမှုတော်ကို ဖြည့်ဆည်းနေခြင်း မဟုတ်ခဲ့ပေ။ လူ၏တာဝန်သည် လူ၏ အလုပ်တာဝန်ကို ရည်ညွှန်းသည်။ ယင်းသည် လူက ရယူနိုင်သောအရာ ဖြစ်သည်။ သို့သော်လည်း လူ့ဇာတိခံ ဘုရားသခင် ထမ်းရွက်သောအမှုတော်သည် သူ၏စီမံခန့်ခွဲမှုနှင့် ဆက်နွှယ်ပြီး ဤသည်မှာ လူက မရယူနိုင်ပေ။ လူ့ဇာတိခံ ဘုရားသခင် စကားပြောသည်ဖြစ်စေ၊ အမှုပြုသည်ဖြစ်စေ သို့မဟုတ် အံ့သြဖွယ်ရာများ ထင်ရှားစေသည် ဖြစ်စေ၊ သူသည် သူ၏စီမံခန့်ခွဲမှု အလယ်တွင် ကြီးမြတ်သောအမှုကို ပြုနေခြင်း ဖြစ်ပြီး ထိုသို့သောအမှုကို လူက သူ၏ကိုယ်စား လုပ်ဆောင်၍ မရနိုင်ပေ။ လူသားများ၏အလုပ်မှာ သတ်မှတ်ထားသည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ သတ်မှတ်ထားသည့် အဆင့်တစ်ဆင့်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကိုသာ လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု မရှိဘဲ၊ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော် ဆုံးရှုံးခြင်းသို့ ရောက်ခဲ့မည်ဆိုပါက၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်သည်လည်း ဆုံးရှုံးခြင်းသို့ရောက်မည် ဖြစ်သည်။ သူ၏အမှုတော်ကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ အမှုမှာ လူသားကို စီမံခန့်ခွဲရန် ဖြစ်သည်၊ ၎င်း၏ တာဝန်နှင့်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုမှာမူ ဖန်ဆင်းရှင်၏ တောင်းဆိုချက်များကို စွမ်းဆောင်ဖို့ ၎င်း၏ကိုယ်ပိုင် ဝတ္တရားကို ဖြည့်ဆည်းခြင်း ဖြစ်ပြီး၊ မိမိ၏ အမှုတော်ကို ဆောင်ရွက်နေသည်ဟု ယူဆ၍မရနိုင်ပေ။ ဘုရားသခင်၏ ပင်ကိုအနှစ်သာရအဖို့- သူ၏ဝိညာဉ်တော်အဖို့- ဘုရားသခင် အမှုမှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သော်လည်း၊ ဖန်ဆင်းခံ တစ်ဦး၏ အပြင်ပန်း အသွင်သဏ္ဌာန်ကို ယူတင်ဝတ်ဆင်သည့် လူ့ဇာတိခံ ဘုရားသခင်အဖို့မှာမူ သူ၏အမှုမှာ သူ၏အမှုတော်ကို ဆောင်ရွက်ခြင်း ဖြစ်သည်။ သူပြုသော မည်သည့်အမှုမဆိုသည် သူ၏အမှုတော်ကို ထမ်းရွက်ရန် ဖြစ်သည်။ လူသား လုပ်ဆောင်နိုင်သောအရာအားလုံးမှာ ဘုရားသခင်၏စီမံခန့်ခွဲမှု အတိုင်းအတာအတွင်းနှင့် သူ၏ လမ်းပြမှုအောက်တွင် အစွမ်းကုန် ကြိုးစား ဆောင်ရွက်ဖို့ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၆၁)

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး အမှုများစွာ ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ပရောဖက်တစ်ပါး ဖြစ်သလော။ သူသည် ခရစ်တော် ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ၎င်းတို့ကြားတွင် ကွာခြားမှုများမှာ အဘယ်နည်း။ ၎င်းတို့အားလုံးသည် နှုတ်ကပတ်တော်များ ပြောဆိုခဲ့သည့် လူသားများ ဖြစ်ကြပြီး ၎င်းတို့၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ အနည်းနှင့်အများ တူညီလေသည်။ ၎င်းတို့အားလုံးသည် နှုတ်ကပတ်တော်များ ပြောဆိုခဲ့ကြပြီး အမှု ပြုခဲ့ကြသည်။ ဓမ္မဟောင်းကျမ်း၏ ပရောဖက်များသည် ပရောဖက်ပြုချက်များကို ပြောဆိုခဲ့ကြပြီး၊ ထိုနည်းတူ ယေရှုသည်လည်း ပြောဆိုနိုင်ခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ကွဲပြားခြားနားချက်မှာ အမှု၏သဘောသဘာဝအပေါ် အခြေခံပေသည်။ ဤကိစ္စရပ်ကို ပိုင်းခြားသိမြင်ရန်၊ သင်သည် ဇာတိပကတိ၏ သဘောသဘာဝကို ထည့်သွင်းစဉ်းစားရမည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ နှုတ်ကပတ်တော်များ၏ အတိမ်အနက် သို့မဟုတ် ပေါ့ပြက်မှုကို ထည့်သွင်းစဉ်းစားရမည် မဟုတ်။ ၎င်းတို့၏ အမှုနှင့် လူ့အထဲတွင် ၎င်းတို့အမှု စွမ်းဆောင်ရရှိသည့် အကျိုးသက်ရောက်မှုများကို ဦးစွာပထမ အမြဲ သင် ထည့်သွင်းစဉ်းစားရမည်။ ထိုအချိန်က ပရောဖက်များ ပြောဆိုခဲ့ကြသည့် ပရောဖက်ပြုချက်များသည် လူ၏အသက်တာကို မထောက်ပံ့ပေးခဲ့သကဲ့သို့၊ ဟေရှာယ နှင့် ဒံယေလ ကဲ့သို့သောသူများက ရရှိခဲ့သည့် လှုံ့ဆော်မှုများမှာ ပရောဖက်ပြုချက်များမျှသာ ဖြစ်ပြီး၊ အသက်လမ်းခရီး မဟုတ်ခဲ့ပေ။ ယေဟောဝါ၏ တိုက်ရိုက် ဖွင့်ပြခြင်းကြောင့်သာ မဟုတ်ပါက၊ သေမျိုးများအတွက် မဖြစ်နိုင်သည့် ထိုအမှုကို မည်သူမျှ လုပ်ဆောင်နိုင်ပြီး ဖြစ်ခဲ့မည် မဟုတ်ပေ။ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်၊ သို့သော် ထိုသို့သော နှုတ်ကပတ်တော်များသည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို လူသားက ရှာတွေ့နိုင်သည့် အသက်လမ်းခရီး ဖြစ်ခဲ့ပေသည်။ ဆိုလိုသည်မှာ ပထမအနေဖြင့် ယေရှုသည် အသက်ဖြစ်သည့်အတွက် လူသား၏ အသက်ကို သူ ထောက်ပံ့နိုင်ခဲ့သည်။ ဒုတိယအနေဖြင့် သူသည် လူသား၏ သွေဖည်မှုများကို ပြောင်းပြန် ဖြစ်စေနိုင်ခဲ့သည်။ တတိယအနေဖြင့် ခေတ်နှင့်ပတ်သက်၍ ဆောင်ရွက်ရန်အလို့ငှာ သူ၏ အမှုသည် ယေဟောဝါ၏ အမှုကို ဆက်ခံနိုင်ခဲ့သည်။ စတုတ္ထအချက်အနေဖြင့် သူသည် လူသားအတွင်းရှိ လိုအပ်ချက်များကို သဘောပေါက်နိုင်ပြီး လူသား ချို့တဲ့သည့်အရာကို နားလည်နိုင်ခဲ့သည်။ ပဉ္စမအနေဖြင့် သူသည် ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး ခေတ်ဟောင်းကို နိဂုံးချုပ်နိုင်ခဲ့သည်။ ယင်းမှာ သူ့ကို ဘုရားသခင်နှင့် ခရစ်တော်ဟု ခေါ်ဆိုခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။ သူသည် ဟေရှာယနှင့် သာမက အခြားသော ပရောဖက်များအားလုံးနှင့် ကွာခြားသည်။ ပရောက်ဖက်များ၏ အမှုအတွက် ဟေရှာယကို နှိုင်းယှဉ်ပြချက် တစ်ခုအဖြစ် ကြည့်လော့။ ပထမအနေဖြင့် သူသည် လူသား၏အသက်ကို မထောက်ပံ့နိုင်ခဲ့ပေ။ ဒုတိယအနေဖြင့် သူသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အမှုပြုခဲ့ခြင်းဖြစ်ပြီး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ရန် မဟုတ်ခဲ့ပေ။ တတိယအနေဖြင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သူ ဉာဏ်မမီနိုင်ခဲ့ပေ။ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်ထံမှ ဖွင့်ပြချက်များကို တိုက်ရိုက် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းတို့ကို နားထောင်ပြီးလျက်ပင်၊ အခြားသူများက နားလည်မည် မဟုတ်ပေ။ ထိုအနည်းငယ်သော အရာများသည်ပင် သူ၏ နှုတ်ကပတ်တော်များက ပရောဖက်ပြုချက်များထက် မပို၊ ယေဟောဝါ၏ ကိုယ်စား လုပ်ဆောင်ပြီးသည့် အမှု၏ ရှုထောင့်တစ်ခုထက် မပိုခဲ့သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ သို့သော် သူသည် ယေဟောဝါကို အပြည့်အဝ ကိုယ်စားမပြုနိုင်ခဲ့ပေ။ သူသည် ယေဟောဝါ၏ အစေခံ၊ ယေဟောဝါ၏ အမှုထဲက တန်ဆာပလာတစ်ခု ဖြစ်ခဲ့သည်။ သူသည် ပညတ်တော်ခေတ်အတွင်းနှင့် ယေဟောဝါ၏ အမှု နယ်ပယ်အတွင်း၌သာ အမှုပြုခဲ့ခြင်းဖြစ်သည်။ သူသည် ပညတ်တော်ခေတ်ကို ကျော်လွန်၍ အမှုမပြုခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယေရှု၏အမှုသည် ကွာခြား၏။ သူသည် ယေဟောဝါ၏ အမှု နယ်ပယ်ကို ကျော်လွန်ခဲ့သည်။ သူသည် လူ့ဇာတိခံ ဘုရားသခင်အဖြစ် အမှုပြုခဲ့ပြီး၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ရန် ကားစင်တင်ခြင်းကို ခံခဲ့ရသည်။ ယင်းမှာ သူသည် ယေဟောဝါပြုခဲ့သော အမှု၏အပြင်မှ အမှုအသစ်ကို ပြုခဲ့သည်ဟု ဆိုရပေမည်။ ဤသည်မှာ ခေတ်အသစ်တစ်ခုကို ဖွင့်လှစ်ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် လူသားက စွမ်းဆောင်မရရှိနိုင်သည့် အရာကို ပြောဆိုနိုင်ခဲ့သည်။ သူ၏အမှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းရှိ အမှုဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံး ပါဝင်ပတ်သက်သည်။ သူသည် လူအနည်းငယ်အထဲ၌သာ အမှုမပြုခဲ့သကဲ့သို့ သူ၏အမှုသည် အရေအတွက် ကန့်သတ်ထားသည့် လူများကို ဦးဆောင်ရန်လည်း ရည်ရွယ်ခဲ့သည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားတစ်ဦးအဖြစ် မည်သို့လူ့ဇာတိခံခဲ့သည်၊ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော်သည် ဗျာဒိတ်များကို မည်သို့ပေးခဲ့ပြီး၊ အမှုပြုရန် ဝိညာဉ်တော်သည် လူသားတစ်ဦးအပေါ် မည်သို့ဆင်းသက်ခဲ့သည် ဆိုသည်တို့အတွက်မူ- ဤအရာများသည် လူက မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။ သူသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ဟူသော သက်သေအဖြစ် ဤသမ္မာတရားများက အသုံးတော် ခံဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထိုသို့ဖြင့် လူအဖို့ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအလယ်တွင်သာ ပိုင်းခြားခြင်းကို ပြု၍ရနိုင်ပေသည်။ ဤအရာသည်သာ စစ်မှန်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်တော်နှင့်ဆိုင်သော ကိစ္စရပ်များသည် သင့်အဖို့ မြင်၍မရနိုင်သကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင်သာ ရှင်းရှင်းလင်းလင်း သိနိုင်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိခန္ဓာသည်ပင် အလုံးစုံ မသိနိုင်သောကြောင့်‌ ဖြစ်သည်။ သင်သည် သူလုပ်ဆောင်ပြီးဖြစ်သည့် အမှုမှသာ သူ ဘုရားသခင် ဖြစ်သည်၊ မဖြစ်သည်ကို အတည်ပြု စစ်ဆေးနိုင်သည်။ ပထမအနေဖြင့် သူ၏အမှုမှ သူသည် ခေတ်သစ်တစ်ခု ဖွင့်လှစ်ပေးနိုင်သည်။ ဒုတိယအနေဖြင့် သူသည် လူသား၏ အသက်ကို ထောက်ပံ့ပေးနိုင်ပြီး လိုက်လျှောက်ရမည့် လမ်းကို လူသားအား ပြသနိုင်သည်ကို မြင်နိုင်ပေသည်။ ဤသည်မှာ သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို အခိုင်အမာ သက်သေထူရန် လုံလောက်ပေသည်။ အနည်းဆုံးအနေဖြင့် သူပြုသောအမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ထို့သို့သောအမှုမှ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏အတွင်း၌ ရှိသည်ကို မြင်နိုင်သည်။ လူ့ဇာတိခံ ဘုရားသခင် ပြုခဲ့သည့်အမှုသည် အဓိကအားဖြင့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးရန်၊ အမှုသစ်ကို ဦးဆောင်ရန်နှင့် နယ်ပယ်သစ် တစ်ခုကို ဖွင့်လှစ်ရန် ဖြစ်ခဲ့သည်နှင့်အားလျော်စွာ၊ ဤအရာများကသာလျှင် သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို အခိုင်အမာ သက်သေထူရန် လုံလောက်ပေသည်။ ထို့ကြောင့် ဤအရာသည် သူ့အား ဟေရှာယ၊ ဒံယေလနှင့် ကြီးမြတ်သော အခြားပရောဖက်များမှ ကွဲပြားခြားနားစေသည်။ ဟေရှာယ၊ ဒံယေလနှင့် အခြားသူများ အားလုံးသည် အလွန်ပညာတတ်ကာ ပညာဗဟုသုတ ကြွယ်ဝသောလူများ ဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် သာမန်ထက် ထူးခြားသူများ ဖြစ်ခဲ့သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာသည်လည်း ဗဟုသုတ နှံ့စပ်ခဲ့သကဲ့သို့ အသိစိတ် မကင်းမဲ့ခဲ့ပေ၊ သို့သော် သူ၏ လူ့သဘာဝသည် အထူးသဖြင့် ပုံမှန် ဖြစ်ခဲ့သည်။ သူသည် သာမန်လူ တစ်ဦးဖြစ်ခဲ့ပြီး၊ သူနှင့်ပတ်သက်၍ မည်သည့် အထူး လူ့သဘာဝကိုမျှ ပကတိမျက်စိက မသိမြင်နိုင်ပေ သို့မဟုတ် အခြားသူများ၏ လူ့သဘာဝနှင့်မတူသည့် အရာတစ်ခုတစ်လေကို သူ၏ လူ့သဘာဝထဲတွင် သတိမပြုမနိုင်ပေ။ သူသည် လုံးဝ သဘာဝလွန်မဟုတ် သို့မဟုတ် တစ်မူမထူးခြားခဲ့သကဲ့သို့ သူသည် ပို၍အဆင့်မြင့်သော ပညာရေး၊ အသိပညာ သို့မဟုတ် သဘောတရား တစ်ခုတစ်လေမျှ မပိုင်ဆိုင်ခဲ့ပေ။ သူပြောခဲ့သော အသက်နှင့် သူဦးဆောင်ခဲ့သော လမ်းကြောင်းသည် သဘောတရားမှတစ်ဆင့်၊ အသိပညာမှတစ်ဆင့်၊ ဘဝအတွေ့အကြုံမှတစ်ဆင့် သို့မဟုတ် မိသားစုက ပြုစုပျိုးထောင်ခြင်းမှတစ်ဆင့် ရရှိခဲ့သည် မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် လူ့ဇာတိခံ ဇာတိခန္ဓာ၏ အမှုဖြစ်သည့် ဝိညာဉ်တော်၏ တိုက်ရိုက်အမှု ဖြစ်ခဲ့ပေသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် လူသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် ကြီးမားသော အယူအဆများ ရှိခဲ့သောကြောင့် ဖြစ်ပြီး၊ အထူးသဖြင့် ဤအယူအဆများက မရေရာမှုနှင့် သဘာဝလွန် အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသောကြောင့်၊ လူ၏အမြင်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြုနိုင်သည့် လူ၏အားနည်းချက်များရှိသည့် ပုံမှန်ဘုရားသခင်သည် သေချာပေါက် ဘုရားသခင် မဟုတ်ဟု မြင်ကြလေသည်။ ဤသည်တို့သည် လူသားများ၏ မှားယွင်းသောအယူအဆများ မဟုတ်လော။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာသည် ပုံမှန်လူတစ်ဦး မဟုတ်ခဲ့ပါက၊ သူသည် လူ့ဇာတိကို ခံယူခဲ့သည်ဟု အဘယ်သို့ ဆိုနိုင်မည်နည်း။ လူ့ဇာတိ ရှိဖို့ဆိုသည်မှာ သာမန်၊ ပုံမှန်လူတစ်ဦး ဖြစ်ဖို့ ဖြစ်သည်။ အကယ်၍ သူသည် သာမန်ထက်လွန်ကဲသော သက်ရှိတစ်ဦးဖြစ်ခဲ့ပါက၊ သူသည် လူ့ဇာတိ ရှိပြီးလေမည် မဟုတ်ပေ။ သူ လူ့ဇာတိ ရှိသည်ကို သက်သေပြရန်၊ လူ့ဇာတိခံ ဘုရားသခင်သည် ပုံမှန် ဇာတိခန္ဓာတစ်ခုကို ပိုင်ဆိုင်ရန် လိုအပ်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်း၏အရေးပါမှုကို ပြည့်စုံစေရန် သက်သက် ဖြစ်သည်။ သို့သော် ဤသည်မှာ ပရောဖက်များ၊ လူသားများနှင့် မသက်ဆိုင်ခဲ့ပေ။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်း ခံခဲ့ရသည့် ဆုကျေးဇူးရှိကြသည့် လူများဖြစ်ခဲ့ကြသည်။ လူ၏အမြင်တွင် ၎င်းတို့၏ လူ့သဘာဝသည် အထူးသဖြင့် ကြီးမြတ်ပြီး ပုံမှန် လူ့သဘာဝထက် ကျော်လွန်သော ဆောင်ရွက်ချက်များစွာကို ၎င်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ဤအကြောင်းကြောင့် လူသားသည် ၎င်းတို့အား ဘုရားသခင်အဖြစ် မှတ်ယူခဲ့ကြသည်။ ယင်းသည် အတိတ်ခေတ်ကာလများထဲက လူအားလုံးကို အလွယ်တကူ မရှင်းမလင်း အဖြစ်စေဆုံးသော ပြဿနာဖြစ်သည့်အတွက်၊ ယခု သင်တို့အားလုံး ဤအရာကို ရှင်းလင်းစွာ နားလည်ရမည်ဖြစ်သည်။ ထို့အပြင် လူ့ဇာတိခံယူခြင်းသည် အရာအားလုံးထဲမှ အနက်နဲဆုံးဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်သည် လူသားအတွက် လက်ခံရန် အခက်အခဲဆုံး ဖြစ်သည်။ ငါပြောသောအရာမှာ သင်တို့၏ အလုပ်တာဝန်ကို ဖြည့်ဆည်းခြင်းနှင့် လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို သင်၏ သိနားလည်ခြင်းအဖို့ အထောက်အကူ ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု၊ ရူပါရုံများနှင့်သာ သက်ဆိုင်သည်။ ဤအရာနှင့်သက်ဆိုင်သည့် သင်တို့၏သိနားလည်ခြင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုဖြစ်သည့်၊ ရူပါရုံများနှင့်သက်ဆိုင်သည့် အသိပညာကို ရရှိဖို့ သာ၍ အကျိုးပြုပေလိမ့်မည်။ ဤနည်းဖြင့် သင်တို့သည် မတူညီသော လူအမျိုးအစားများက ထမ်းဆောင်သင့်သော တာဝန်နှင့်သက်ဆိုင်သည့် သိနားလည်မှုများစွာကိုလည်း ရရှိကြလိမ့်မည်ဖြစ်သည်။ ဤစကားများသည် သင်တို့ကို လမ်းခရီးကို တိုက်ရိုက် မပြသော်လည်း၊ သင်တို့၏ လက်ရှိ အသက်တာများသည် ရူပါရုံများ အလွန်ချို့တဲ့နေသကဲ့သို့၊ ဤသည်မှာ သင်တို့၏ ဝင်ရောက်ခြင်းကို ဟန့်တားနေသည့် သိသာထင်ရှားသော အတားအဆီးတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည့်အတွက်၊ ထိုစကားများသည် သင်တို့၏ဝင်ရောက်ခြင်းအဖို့ များစွာ အကူအညီ ဖြစ်ဆဲဖြစ်သည်။ အကယ်၍ သင်တို့သည် ဤကိစ္စရပ်များကို နားမလည်နိုင်ကြသေးပါက၊ သင်တို့၏ ဝင်ရောက်ခြင်းကို တိုက်တွန်းနေသည့် အရင်းခံအကြောင်းရင်း ရှိလိမ့်မည် မဟုတ်။ ပြီးလျှင် ထိုသို့သော အားထုတ်ခြင်းတစ်ခုသည် သင်တို့၏တာဝန်ကို အဘယ်သို့ သင့်အား အကောင်းဆုံး ဖြည့်ဆည်းနိုင်စေမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၆၂)

လူအချို့က၊ “လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုနှင့် လွန်ခဲ့သောကာလများက ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်တို့အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဒါဝိဒ်သည်လည်း သခင်ဟု အခေါ်ခံခဲ့ရသကဲ့သို့၊ ထို့အတူ ယေရှုသည်လည်း အခေါ်ခံခဲ့ရသည်။ ၎င်းတို့လုပ်ဆောင်သော အလုပ်များ ကွာခြားကြသော်လည်း၊ ၎င်းတို့သည် တူညီစွာ အခေါ်ခံခဲ့ကြရသည်။ ငါ့ကိုပြောလော့၊ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများ အဘယ်ကြောင့် မတူခဲ့ကြသနည်း။ ယောဟန် မျက်မြင်ကြုံတွေ့ခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ထံကပါ လာသော ရူပါရုံတစ်ခု ဖြစ်ပြီး၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောရန်ရည်ရွယ်သည့် နှုတ်ကပတ်တော်များကိုလည်း ပြောဆိုနိုင်ခဲ့သည်။ ယောဟန်၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှု၏ ကိုယ်ပိုင်လက္ခဏာနှင့် အဘယ်ကြောင့် ကွာခြားသနည်း။” ဟု မေးကြလိမ့်မည်။ ယေရှုပြောသော နှုတ်ကပတ်တော်များသည် ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး၊ ဘုရားသခင်၏ အမှုကို အပြည့်အဝ ကိုယ်စားပြုခဲ့သည်။ ယောဟန်မြင်ခဲ့သည်မှာ ရူပါရုံတစ်ခုဖြစ်ပြီး သူသည် ဘုရားသခင်၏ အမှုကို အပြည့်အဝ ကိုယ်စားပြုနိုင်စွမ်း မရှိခဲ့ပေ။ ယောဟန်၊ ပေတရုနှင့် ပေါလုတို့သည် ယေရှုပြောခဲ့သကဲ့သို့ စကားများစွာ ပြောဆိုခဲ့ကြသော်လည်း၊ ယေရှုနှင့် တူညီသော ကိုယ်ပိုင်လက္ခဏာ အဘယ်ကြောင့် မရှိခဲ့ကြသနည်း။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အလုပ်သည် ကွဲပြားခြားနားသောကြောင့် ဖြစ်ပေသည်။ ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုခဲ့ပြီး တိုက်ရိုက် အမှုပြုနေသည့် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သူသည် ခေတ်သစ်နှင့်သက်ဆိုင်သည့် အမှု၊ ယခင်က မည်သူမျှ မလုပ်ဆောင်ခဲ့သေးသည့် အမှုကို လုပ်ဆောင်ခဲ့သည်။ သူသည် အသစ်သောလမ်းကို ဖွင့်ပေးခဲ့သည်၊ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်၊ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့မှာမူ သူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာကိုသာ ကိုယ်စားပြုခဲ့ကြသကဲ့သို့၊ ၎င်းတို့သည် ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အလုပ်မည်မျှလုပ်ဆောင်ခဲ့ကြပါစေ၊ ၎င်းတို့ ဆောင်ရွက်ခဲ့သည့် အံ့သြဖွယ်ရာများ မည်မျှ ကြီးမားခဲ့ပါစေ၊ ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံများသာ ဖြစ်ကြဆဲဖြစ်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နာမဖြင့် အမှုပြုခဲ့ကြသည်၊ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း ခံရပြီးနောက် အလုပ်လုပ်ခဲ့ကြပေသည်။ ထို့အပြင် ၎င်းတို့သည် ယေရှု သို့မဟုတ် ယေဟောဝါ စတင်ခဲ့သည့် ခေတ်များတွင် အလုပ်လုပ်ခဲ့ကြပြီး၊ အခြား မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ကြချေ။ အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံများမျှသာ ဖြစ်ခဲ့ကြပေသည်။ ဓမ္မဟောင်းကျမ်းတွင် ပရောဖက်များစွာသည် ဟောကိန်းများ ပြောဆိုခဲ့ကြသည်၊ သို့မဟုတ် အနာဂတ္တိကျမ်းများ ရေးသားခဲ့ကြလေသည်။ မည်သူကမျှ ၎င်းတို့သည် ဘုရားသခင်ဖြစ်သည်ဟု မပြောခဲ့သော်လည်း၊ ယေရှု စတင်အမှုပြုလျှင်ပြုချင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့ကို ဘုရားသခင်အဖြစ် သက်သေခံခဲ့သည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ဤအချိန်တွင် သင်သည် သိထားနှင့်ပြီး ဖြစ်သင့်သည်။ ယခင်က၊ တမန်တော်များနှင့် ပရောဖက်များသည် သြဝါဒစာအမျိုးမျိုးကို ရေးသားခဲ့ကြပြီး၊ ပရောဖက်ပြုချက်များစွာ ပြုလုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် လူတို့သည် ယင်းတို့ထဲမှအချို့ကို သမ္မာကျမ်းစာထဲတွင် ထည့်ဖို့ ရွေးချယ်ခဲ့ကြပြီး၊ အချို့မှာ ပျောက်ဆုံးသွားခဲ့သည်။ ၎င်းတို့ပြောသမျှ အရာရာတိုင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောကြသည့် လူများရှိသည့်အတွက်၊ အဘယ်ကြောင့် ထိုအရာထဲမှ အချို့သည် ကောင်းသည်ဟု မှတ်ယူခံရပြီး၊ အချို့သည် မကောင်းဟု မှတ်ယူခံရသနည်း။ ပြီးလျှင် အဘယ်ကြောင့် အချို့မှာ ရွေးချယ်ခံရပြီး အခြားအရာများက အရွေးချယ်မခံရသနည်း။ ထိုအရာတို့သည် သန့်ရှင်းသောဝိညာဉ်တော်က အမှန်တကယ် ပြောဆိုထားသော နှုတ်ကပတ်တော်များဖြစ်ပါက၊ လူတို့အနေဖြင့် ယင်းတို့ကို ရွေးချယ်ရန် လိုအပ်မည်လော။ အဘယ်ကြောင့် ခရစ်ဝင်ကျမ်းလေးကျမ်း အသီးသီးတွင် ယေရှု၏ပြောခဲ့သည့် နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ခဲ့သည့် အမှုနှင့် သက်ဆိုင်သည့် ဖြစ်စဉ်များ ကွဲပြားရသနည်း။ ဤသည်မှာ ထိုအရာများကို မှတ်တမ်းတင်ခဲ့သူတို့၏ အမှားဖြစ်သည် မဟုတ်လော။ လူအချို့က၊ “ပေါလုနှင့် ဓမ္မသစ်ကျမ်း၏ အခြား စာရေးသူများ ရေးသားခဲ့သည့် သြဝါဒစာများနှင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အလုပ်သည် လူသား၏အလိုဆန္ဒမှ တစ်စိတ်တစ်ပိုင်း ထွက်ပေါ်လာခဲ့ပြီး၊ လူသား၏အယူအဆများနှင့် ရောယှက်ခဲ့သည့်အတွက်၊ ယနေ့တွင် ကိုယ်တော် (ဘုရားသခင်) ပြောဆိုသော နှုတ်ကပတ်တော်များတွင် လူသား၏ မစင်ကြယ်မှုများ မတည်ရှိပါသလော။ ၎င်းတို့သည် လူသား၏ အယူအဆများ တစ်ခုမျှ အမှန်တကယ် မပါရှိပါသလော” ဟု မေးကြလိမ့်မည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှု၏ဤအဆင့်သည် ပေါလုနှင့် များစွာသော တမန်တော်များနှင့် ပရောဖက်များ လုပ်ဆောင်ခဲ့သော အလုပ်နှင့် လုံးဝခြားနားပေသည်။ ကိုယ်ပိုင်လက္ခဏာတွင်သာ ကွဲပြားခြားနားရုံသာမက၊ အဓိကအားဖြင့် ဆောင်ရွက်ခဲ့ကြသည့် အလုပ်တွင်လည်း ခြားနားမှုရှိလေသည်။ သခင်၏ရှေ့မှောက်တွင် ပေါလုသည် ထိုးလှဲခံရပြီးနောက်၊ သူသည် အလုပ်လုပ်ဖို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်လမ်းပြခြင်းကို ခံခဲ့ရကာ စေလွှတ်ခံရသူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အသင်းတော်များထံသို့ သြဝါဒစာများ ရေးသားခဲ့ပြီး ဤသြဝါဒစာများ အားလုံးသည် ယေရှု၏သွန်သင်မှုများအတိုင်း လိုက်ခဲ့သည်။ ပေါလုသည် သခင်ယေရှု၏ နာမဖြင့် အလုပ်လုပ်ဖို့ စေလွှတ်ခံခဲ့ရသော်လည်း၊ ဘုရားသခင်ကိုယ်တိုင် ကြွလာခဲ့ချိန်တွင်၊ သူသည် မည်သည့်အမည်နာမဖြင့်မျှ အလုပ်မလုပ်ခဲ့သကဲ့သို့ သူ၏ အမှုတွင် ဘုရားသခင်၏ ဝိညာဉ်တော်ကိုသာ ကိုယ်စားပြုခဲ့သည်။ ဘုရားသခင်သည် သူ၏အမှုကို တိုက်ရိုက်လုပ်ဆောင်ရန် လာခဲ့သည်- သူသည် လူသားအားဖြင့် စုံလင်စေခြင်း မခံခဲ့ရသကဲ့သို့၊ သူ၏အမှုသည် မည်သူတစ်ဦးတစ်ယောက်မျှ၏ သွန်သင်မှုများအရ ဆောင်ရွက်ခဲ့သည် မဟုတ်ပေ။ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများနှင့်သက်ဆိုင်၍ ပြောဆိုခြင်းဖြင့် ဦးဆောင်သည်မဟုတ်ဘဲ၊ ယင်းအစား သူရှိသည့်အရာနှင့်အညီ သူ၏အမှုကို တိုက်ရိုက် ဆောင်ရွက်ခဲ့သည်။ ဥပမာအားဖြင့်၊ အစေခံသူများ၏ စမ်းသပ်မှု၊ ပြစ်တင်ဆုံးမခြင်း အချိန်အခါ၊ သေခြင်းတရား၏ စမ်းသပ်မှု၊ ဘုရားသခင်ကို ချစ်ခြင်း အချိန်အခါ။...ဤအရာအားလုံးသည် ယခင်က လုံးဝ မလုပ်ဆောင်ဖူးသော အလုပ်ဖြစ်ပြီး၊ လူသား၏ အတွေ့အကြုံများထက် မျက်မှောက်ခေတ်၏ အလုပ် ဖြစ်သည်။ ငါပြောဆိုပြီးသော နှုတ်ကပတ်တော်များတွင် မည်သည့်အရာများသည် လူသား၏အတွေ့အကြုံများ ဖြစ်သနည်း။ ယင်းတို့အားလုံးသည် ဝိညာဉ်တော်မှ တိုက်ရိုက်လာသည် မဟုတ်လော၊ ပြီးလျှင် ယင်းတို့ကို ဝိညာဉ်တော်က ထုတ်ပြန်သည် မဟုတ်လော။ သမ္မာတရားကို သင်တို့ မရိပ်စားမိနိုင်သည်မှာ သင်၏အရည်အချင်း ညံ့ဖျင်းလွန်းသောကြောင့်သာ ဖြစ်သည်။ ငါပြောသော အသက်၏ လက်တွေ့ကျသည့် လမ်းခရီးသည် လမ်းကြောင်းကို လမ်းညွှန်ပေးဖို့ဖြစ်ပြီး၊ ယခင်က မည်သူ တစ်ဦးတစ်ယောက်ကမျှ လုံးဝ မပြောဆိုခဲ့ဖူးသကဲ့သို့၊ ဤလမ်းကြောင်းကို မည်သူကမျှ တွေ့ကြုံဖူးခြင်းလည်း မရှိပေ၊ သို့မဟုတ် ဤလက်တွေ့အရှိတရားကို သိရှိဖူးခြင်းမရှိခဲ့ပေ။ ဤနှုတ်ကပတ်တော်များကို ငါမမြွက်ဆိုမီ၊ ၎င်းတို့ကို မည်သူကမျှ မပြောခဲ့ဖူးပေ။ ထိုသို့သော အတွေ့အကြုံများကို မည်သူကမျှ မပြောဆိုခဲ့ဖူးသကဲ့သို့၊ ထိုသို့သော အသေးစိတ်များကိုလည်း မည်သည့်အခါကမျှ မပြောခဲ့ဖူးပေ၊ ထို့အပြင် မည်သူကမျှ ဤအရာများကို ထုတ်ဖော်ပြရန် ထိုသို့သောအခြေအနေများကို မည်သည့်အခါကမျှ မထောက်ပြခဲ့ဖူးချေ။ ယနေ့ ငါဦးဆောင်သော လမ်းကို မည်သူမျှ မဦးဆောင်ခဲ့ဖူးသကဲ့သို့၊ လူသားက ဦးဆောင်ခဲ့ပါကလည်း၊ ယင်းသည် အသစ်သောလမ်းဖြစ်မည် မဟုတ်ပေ။ ဥပမာအားဖြင့်၊ ပေတရုနှင့် ပေါလုတို့ကို ကြည့်လော့။ ယေရှုက လမ်းကြောင်းကို ဦးမဆောင်မီတွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများ မရှိခဲ့ကြပေ။ ယေရှုပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှု ဦးဆောင်ခဲ့သည့် လမ်းကြောင်းကို ၎င်းတို့ တွေ့ကြုံခဲ့ကြသည်မှာ ယေရှုက လမ်းကြောင်းကို ဦးဆောင်ပြီးမှသာလျှင် ဖြစ်ခဲ့ပေသည်။ ဤအရာမှ၊ ၎င်းတို့သည် အတွေ့အကြုံများစွာ ရရှိခဲ့ကြပြီး၊ သြဝါဒစာများ ရေးသားခဲ့ကြသည်။ ထို့ကြောင့်၊ လူသား၏ အတွေ့အကြုံများသည် ဘုရားသခင်၏အမှုနှင့် မတူသကဲ့သို့၊ ဘုရားသခင်၏အမှုသည် လူသား၏အယူအဆများနှင့် အတွေ့အကြုံများက ဖော်ပြသည့် အသိပညာနှင့် မတူပေ။ ယနေ့တွင် ငါသည် အသစ်သောလမ်းကြောင်းကို ဦးဆောင်နေပြီး အမှုသစ်ကို လုပ်ဆောင်နေသည်ဟု အဖန်ဖန် ငါပြောပြီးဖြစ်ကာ၊ ငါ၏အမှုနှင့် ငါ၏ မိန့်မြွက်ချက်များသည် ယောဟန်နှင့်၊ အခြားပရောဖက်များ၏ အမှုအရာများနှင့် ခြားနားပေသည်။ ငါသည် ပထမဦးစွာ အတွေ့အကြုံများရပြီး၊ ထို့နောက် ယင်းတို့ကို သင်တို့အား ပြောခြင်း လုံးဝမဟုတ်ပေ- ယင်းသည် စစ်မှန်သော ကိစ္စတစ်ရပ် လုံးဝ မဟုတ်ပေ။ ထိုသို့သာဖြစ်ခဲ့ပါက၊ ယင်းက သင်တို့ကို အချိန်ကြာမြင့်စွာကပင် နှောင့်နှေးစေပြီးဖြစ်မည် မဟုတ်လော။ အတိတ်ကာလတွင်၊ လူများစွာ ပြောဆိုခဲ့သော အသိပညာသည်လည်း ချီးမြှောက်ခြင်း ခံခဲ့ရသော်ငြား၊ ၎င်းတို့၏ စကားအားလုံးသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များဟုခေါ်သော လူများ၏ စကားများပေါ် အခြေခံပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။ ထိုစကားများသည် လမ်းခရီးကို မညွှန်ပြခဲ့ဘဲ ၎င်းတို့၏ အတွေ့အကြုံများမှ လာခဲ့ပေသည်၊ ၎င်းတို့တွေ့မြင်ခဲ့သည်များနှင့် ၎င်းတို့၏ အသိပညာတို့မှ လာခဲ့ပေသည်။ အချို့မှာ ၎င်းတို့၏ အယူအဆများဖြစ်ပြီး၊ အချို့မှာ ၎င်းတို့ အကျဉ်းချုပ်ထားသော ၎င်းတို့၏ အတွေ့အကြုံများ ပါဝင်ပေသည်။ ယနေ့တွင်၊ ငါ့အမှု၏သဘာဝသည် ၎င်းတို့ အလုပ်သဘာဝနှင့် လုံးဝကွာခြားသည်။ ငါသည် အခြားသူများ၏ ဦးဆောင်ခြင်းခံရသည့် အဖြစ်ကို မတွေ့ကြုံဖူးသကဲ့သို့၊ ငါသည် အခြားသူများ၏ စုံလင်စေခြင်းကို လက်မခံခဲ့ပေ။ ထို့အပြင် ငါပြောဆိုကာ မိတ်သဟာယပြုပြီးဖြစ်သည့် အရာအားလုံးသည် အခြားမည်သူနှင့်မျှ မတူသကဲ့သို့၊ အခြားမည်သူမျှကလည်း လုံးဝ မပြောဆိုဖူးပေ။ ယနေ့တွင်၊ သင်တို့ မည်သူဖြစ်သည်ဖြစ်စေ၊ သင်တို့၏အလုပ်သည် ငါပြောဆိုသော နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်သည်။ ဤမိန့်မြွက်ချက်များနှင့် အမှုတို့မရှိဘဲ၊ ဤအရာများ (အစေခံသူများ၏ စမ်းသပ်ခံရခြင်း၊ ပြစ်တင်ဆုံးမခြင်း အချိန်များ...) ကို မည်သူ တွေ့ကြုံနိုင်စွမ်း ရှိမည်နည်း၊ ပြီးလျှင် ထိုသို့သော အသိပညာကို မည်သူသည် ပြောဆိုနိုင်စွမ်း ရှိမည်နည်း။ သင်သည် ဤအရာကို အမှန်တကယ် မြင်နိုင်စွမ်းမရှိသလော။ အမှု၏ အဆင့်ကို ပဓာနမထားဘဲ၊ ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များနှင့်အညီ စတင်မိတ်သဟာယ ပြုကြပြီး ယင်းတို့နှင့်အညီ အလုပ်လုပ်ကြကာ၊ ထိုအရာမှာ သင်တို့ထဲမှ မည်သူမျှ တွေးဖူးသည့် လမ်းခရီးမဟုတ်ပေ။ ဤနေရာအထိ ရောက်လာပြီးနောက်၊ သင်သည် ထိုသို့သော ရှင်းလင်းပြီး ရိုးရှင်းသည့် မေးခွန်းကို မြင်နိုင်စွမ်းမရှိသလော။ ယင်းမှာ တစ်စုံတစ်ဦး အကြံထုတ်ဖူးသည့် လမ်းခရီးမဟုတ်သကဲ့သို့၊ မည်သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်အပေါ်တွင်မျှလည်း အခြေခံထားခြင်း မဟုတ်ပေ။ ယင်းမှာ လမ်းကြောင်းသစ်ဖြစ်ပြီး တစ်ချိန်က ယေရှုပြောခဲ့သော နှုတ်ကပတ်တော်အများအပြားပင် သက်ဆိုင်ခြင်း မရှိတော့ပေ။ ငါပြောသည်မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည့် အမှုဖြစ်ပြီး၊ ယင်းသည် တစ်ခုတည်း တည်တံ့သည့် အမှုဖြစ်သည်။ ငါလုပ်ဆောင်သော အမှုနှင့် ငါပြောသောနှုတ်ကပတ်တော်များ အားလုံးသည် အသစ်ဖြစ်၏။ ဤသည်မှာ ယနေ့၏ အမှုသစ် မဟုတ်လော။ ယေရှု၏ အမှုသည်လည်း ဤကဲ့သို့ဖြစ်၏။ သူ၏အမှုသည်လည်း ဗိမာန်တော်အထဲရှိ လူများ၏အလုပ်နှင့် ကွဲပြားခြားနားပြီး၊ ယင်းသည် ဖာရိရှဲတို့၏အလုပ်နှင့်လည်း ခြားနားခဲ့သကဲ့သို့၊ ဣသရေလလူမျိုးအားလုံး လုပ်ခဲ့သော အလုပ်နှင့်လည်း မည်သည့်ဆင်တူခြင်းမျှ မရှိပေ။ ယင်းကို မျက်မြင်ကိုယ်တွေ့ကြုံပြီးနောက်၊ လူတို့သည် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြပေ- “ယင်းကို ဘုရားသခင်က အမှန်တကယ် လုပ်ဆောင်ခဲ့သလော။” ယေရှုသည် ယေဟောဝါ၏ ပညတ်တရားကို မကိုင်စွဲခဲ့ပေ။ လူသားကို သွန်သင်ရန် သူကြွလာချိန်တွင်၊ သူပြောဆိုခဲ့သမျှအားလုံးသည် အသစ်ဖြစ်ပြီး ဓမ္မဟောင်းကျမ်းမှ ရှေးသန့်ရှင်းသူများနှင့်ပရောဖက်များ ပြောဆိုခဲ့သောအရာနှင့် ခြားနားလေသည်၊ ဤအရာကြောင့် လူတို့သည် မရေမရာဖြစ်မြဲ ဖြစ်ခဲ့ကြသည်။ ဤသည်မှာ လူသားကို ကိုင်တွယ်ဖြေရှင်းဖို့ အလွန်ခက်ခဲစေသည့်အရာ ဖြစ်သည်။ အမှု၏ ဤအဆင့်သစ်ကို လက်ခံခြင်းမပြုမီတွင်၊ သင်တို့ အများစုလျှောက်လှမ်းသော လမ်းကြောင်းမှာ ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များ၏ အခြေခံအုတ်မြစ်ကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဝင်ရောက်ရန် ဖြစ်ခဲ့သည်။ သို့သော် ယနေ့တွင်၊ ငါလုပ်ဆောင်သောအလုပ်သည် အလွန် ခြားနားသောကြောင့် သင်တို့အနေဖြင့် ထိုအရာ မှန်သည်၊ မှားသည်ကို မခွဲခြားနိုင်ကြပေ။ ယခင်က သင်မည်သည့် လမ်းကြောင်း လျှောက်ခဲ့သည်ကို ငါဂရုမစိုက်သကဲ့သို့၊ ငါသည် မည်သူ၏ “အစာ” ကို သင်စားခဲ့သည် သို့မဟုတ် မည်သူ့ကို သင်၏ “ဖခင်” အဖြစ် သဘောထားခဲ့သည်ကိုလည်း စိတ်မဝင်စားပေ။ ငါသည် လူကို လမ်းပြရန် ကြွလာပြီး အမှုသစ်ကို ယူဆောင်လာခဲ့သည့်အတွက်၊ ငါ့နောက်လိုက်သူအားလုံးသည် ငါပြောသည့်အရာနှင့်အညီ ပြုမူလုပ်ဆောင်ကြရမည် ဖြစ်သည်။ သင် မွေးဖွားသည့် “မိသားစု” သည် မည်မျှအာဏာရှိသည် ဖြစ်စေ၊ သင်သည် ငါ့နောက်သို့လိုက်ရမည်၊ သင်သည် သင်၏ ယခင် အလေ့အထများနှင့်အညီ မပြုမူရ၊ သင်၏ “အုပ်ထိန်းသော ဖခင်” သည် ဖယ်ပေးသင့်ပြီး သင်သည် သင်၏ပိုင်ထိုက်သောဝေစုကို ရယူရန် သင်၏ဘုရားသခင်ရှေ့မှောက်သို့ လာသင့်သည်။ သင်၏အလုံးစုံသည် ငါ့လက်ထဲတွင်ရှိပြီး သင်သည် သင်၏အုပ်ထိန်းသူဖခင်အား ကျိုးကြောင်းမမြင်သည့် ယုံကြည်မှုကို အလွန်အမင်း မဆက်ကပ်သင့်ပေ။ သူသည် သင့်ကို လုံးလုံးလျားလျား မထိန်းချုပ်နိုင်ပေ။ ယနေ့၏အမှုသည် ထီးထီးမားမား တည်နေသည်။ ယနေ့ ငါပြောသမျှအားလုံးသည် အတိတ်က အခြေခံအုတ်မြစ်ပေါ်တွင် အခြေမပြုထားသည်မှာ သိသာပေသည်။ ယင်းသည် အသစ်သော စတင်မှုဖြစ်ပြီး ယင်းသည် လူသား၏လက်ဖြင့် ဖန်ဆင်းထားသည်ဟု သင်ပြောဆိုပါက၊ သင်သည် ကယ်တင်၍မရနိုင်လောက်အောင် မျက်စိကန်းနေသူ တစ်ဦး ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၆၃)

ဟေရှာယ၊ ယေဇကျေလ၊ မောရှေ၊ ဒါဝိဒ်၊ အာဗြဟံနှင့် ဒံယေလတို့သည် ရွေးချယ်ခံထားရသည့် ဣသရေလလူမျိုးများထဲမှ ခေါင်းဆောင်များ သို့မဟုတ် ပရောဖက်များဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ဟူ၍ အဘယ်ကြောင့် အခေါ် မခံခဲ့ကြရသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အဘယ်ကြောင့် သက်သေမခံခဲ့သနည်း။ ယေရှုက သူ၏အမှုကို စတင်ပြီး သူ၏ နှုတ်ကပတ်တော်များကို စတင်ပြောဆိုသည်နှင့် တစ်ပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုကို အဘယ်ကြောင့် သက်သေခံခဲ့သနည်း။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသူများကို အဘယ်ကြောင့် သက်သေ မခံခဲ့သနည်း။ ဇာတိပကတိနှင့် သက်ဆိုင်သည့် လူများဖြစ်ကြသော ၎င်းတို့သည် “သခင်” ဟု အခေါ်ခံခဲ့ကြရသည်။ ထိုသူတို့ မည်သို့ အခေါ်ခံခဲ့ကြရသည် ဖြစ်စေ၊ ၎င်းတို့၏ အလုပ်သည် ၎င်းတို့၏ ဖြစ်တည်မှုနှင့် ၎င်းတို့၏ အနှစ်သာရကို ကိုယ်စားပြုပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုနှင့် ၎င်းတို့၏ အနှစ်သာရသည် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုကြလေသည်။ ၎င်းတို့၏ အနှစ်သာရသည် ၎င်းတို့၏ အမည်နာမများနှင့် ဆက်နွှယ်မှုမရှိပေ။ ယင်းကို ၎င်းတို့ ဖော်ပြသည့်အရာနှင့် ၎င်းတို့ အသက်ရှင် နေထိုင်သည့်အရာက ကိုယ်စားပြုပေသည်။ ဓမ္မဟောင်းကျမ်းတွင်၊ သခင်ဟု အခေါ်ခံရခြင်းတွင် ထူးခြားသည့်အရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ လူတစ်ဦးသည် မည်သည့်နည်းဖြင့်မဆို အခေါ်ခံရကောင်း ခံရမည် ဖြစ်သော်လည်း၊ ၎င်း၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာသည် ပြောင်းလဲ၍မရနိုင်ပေ။ ခရစ်တော် အတုအယောင်များ၊ ပရောဖက် အတုအယောင်များနှင့် လှည့်ဖြားသူများအကြားတွင် “ဘုရားသခင်” ဟု အခေါ်ခံရသူများလည်း ရှိသည် မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင် မဟုတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။ အရင်းအမြစ်၌ ၎င်းတို့သည် လူတို့ကို လှည့်စားသူများ၊ လူသားများဖြစ်ကြပြီး၊ ဘုရားသခင်မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ မရှိကြချေ။ မျိုးနွယ်စု ၁၂ စု ထဲတွင် ဒါဝိဒ်သည်လည်း သခင်ဟု အခေါ်ခံခဲ့ရသည် မဟုတ်လော။ ယေရှုသည်လည်း သခင်ဟု အခေါ်ခံခဲ့ရသည်- ယေရှုတစ်ဦးတည်းသာ လူ့ဇာတိခံ ဘုရားသခင်ဟု အဘယ်ကြောင့် အခေါ်ခံခဲ့ရသနည်း။ ယေရမိကိုလည်း လူသားဟု သိခဲ့ကြသည် မဟုတ်လော။ ပြီးလျှင် ယေရှုကို လူသားဟု သိကြသည် မဟုတ်လော။ ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်ကိုယ်စား ကားစင်တင်ခံခဲ့ရသနည်း။ ယင်းမှာ ၎င်း၏ အနှစ်သာရသည် ကွဲပြားသောကြောင့် ဖြစ်သည်မဟုတ်လော။ ယင်းမှာ သူလုပ်ဆောင်ခဲ့သည့် အမှုသည် ကွဲပြားသောကြောင့် ဖြစ်သည်မဟုတ်လော။ အမည်နာမသည် အရေးပါသလော။ ယေရှုသည်လည်း လူသားဟုလည်း အခေါ်ခံခဲ့ရသော်လည်း၊ သူသည် ဘုရားသခင်၏ ပထမဦးဆုံး လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သည်၊ သူသည် တန်ခိုးအာဏာကို လက်ခံရန်နှင့် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်အောင်ဆောင်ရွက်ရန် ကြွလာခဲ့ပြီးဖြစ်သည်။ ဤအရာက ယေရှု၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရသည် လူသားဟု အခေါ်ခံခဲ့ရသော အခြားသူများနှင့် ကွဲပြားခြားနားသည်ကို သက်သေပြပေသည်။ ယနေ့တွင် သင်တို့ထဲမှ မည်သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောဝံ့သနည်း။ မည်သူမဆိုသည် ထိုသို့သောအရာများကို ပြောဝံ့သလော။ သင်သည် ထိုသို့သောအရာများကို ပြောဆိုပါက၊ ဧဇရအနာဂတ္တိကျမ်းသည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရသနည်း၊ ပြီးလျှင် ရှေးသန့်ရှင်းသူများနှင့် ပရောဖက်များ၏ ကျမ်းများကိုလည်း အလားတူ အဘယ်ကြောင့် ပြုခဲ့သနည်း။ ၎င်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုပါက၊ သင်တို့သည် အဘယ်ကြောင့် ထိုသို့ပြောင်းလဲလွယ်သော ရွေးချယ်မှုများကို လုပ်ဝံ့ကြသနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရွေးချယ်ရန် အရည်အချင်းပြည့်မီသလော။ ဣသရေလမှ အဖြစ်အပျက် အများအပြားသည်လည်း ပယ်ဖျက်ခြင်း ခံခဲ့ရသည်။ ပြီးလျှင် သင့်အနေဖြင့် အတိတ်က ဤရေးသားချက်များအားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ယုံကြည်ပါက၊ ကျမ်းများထဲမှ အချို့သည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရပါသနည်း။ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပါက၊ ယင်းတို့အားလုံးကို ထားရှိသင့်ပြီး၊ အသင်းတော်များရှိ ညီအစ်ကို မောင်နှမများထံသို့ ဖတ်ရှုရန် ပေးပို့သင့်ပေသည်။ ယင်းတို့ကို လူ့သဘောဖြင့် ရွေးချယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မပြုသင့်ပေ။ ထိုသို့လုပ်ခြင်းသည် မှားယွင်း၏။ ပေါလုနှင့် ယောဟန်တို့၏ အတွေ့အကြုံများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အမြင်များနှင့် ရောထွေးသည်ဟု ပြောဆိုခြင်းသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် အသိပညာသည် စာတန်ထံမှ လာသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုများမှ လာသည့်အရာများ ရှိခဲ့ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏အသိပညာသည် ထိုအချိန်က ၎င်းတို့၏ တကယ့်အတွေ့အကြုံများ၏ နောက်ခံအကြောင်းအရာ နှင့်အညီ ဖြစ်ပြီး၊ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူက ယုံကြည်စိတ်ချစွာ ပြောနိုင်မည်နည်း။ ခရစ်ဝင်ကျမ်းလေးကျမ်းလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာပါက၊ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့သည် ယေရှု၏အမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာကွဲပြား၍ အဘယ်ကြောင့် အသီးသီး ပြောဆိုခဲ့ကြသနည်း။ ဤအရာကို သင်တို့ မယုံကြည်ပါက၊ ပေတရုက သခင်ကို သုံးကြိမ်ငြင်းဆိုခဲ့ပုံနှင့်ပတ်သက်သည့် ကျမ်းစာထဲက ဖြစ်စဉ်များကို ကြည့်လော့- ယင်းတို့ အားလုံး ကွဲပြားခြားနားနေပြီး ၎င်းတို့အသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်ထူးခြားသော လက္ခဏာရပ်များ ရှိကြသည်။ မသိနားမလည်သောသူများစွာက၊ “လူ့ဇာတိခံ ဘုရားသခင်သည်လည်း လူသားတစ်ဦး ဖြစ်သည်။ သို့ဆိုလျှင် သူပြောဆိုသော စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လုံးဝ လာနိုင်ပါသလော။ ပေါလုနှင့် ယောဟန်တို့၏ စကားများသည် လူ့အလိုဆန္ဒဖြင့် ရောနှောခဲ့ပါက၊ ကိုယ်တော်ပြောဆိုသော စကားများသည် လူ့အလိုဆန္ဒဖြင့် အကယ်ပင် ရောနှောမနေပါသလော။” ဟု မေးကြသည်။ ထိုသို့သော အရာများကို ပြောဆိုသောလူများသည် မျက်ကန်း၍ မသိမိုက်မဲ ကြလေတကား။ ခရစ်ဝင်ကျမ်းလေးကျမ်းကို သေချာစွာ ဖတ်လော့။ ယေရှု လုပ်ဆောင်ခဲ့သောအရာများနှင့် သူ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ၎င်းတို့မှတ်တမ်းတင်ခဲ့သည့် အရာကို ဖတ်လော့။ ဖြစ်စဉ်အသီးသီးသည် အကယ်ပင် အတော်အတန်ကွဲပြားသကဲ့သို့၊ အသီးသီး၌ မိမိကိုယ်ပိုင် ရှုထောင့် ရှိလေသည်။ ဤကျမ်းများ၏ စာရေးသူများက ရေးသားခဲ့သည့် အရာ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဆိုပါက၊ အားလုံးသည် တူညီပြီး တစ်သမတ်တည်း ဖြစ်သင့်ပေသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ကွာဟချက်များ ရှိရသနည်း။ ဤအရာကို မမြင်နိုင်ရန်မှာ၊ လူသားသည် အလွန့်အလွန် မိုက်မဲသည် မဟုတ်လော။ ဘုရားသခင်ကို သက်သေခံရန် သင် စေခိုင်းခြင်း ခံရပါက၊ မည်သည့် သက်သေခံချက်မျိုးကို သင်ပေးနိုင်သနည်း။ ဘုရားသခင်ကို ထိုသို့သိရှိခြင်းနည်းလမ်းသည် သူ့ကို သက်သေခံနိုင်သလော။ အခြားသူများက သင့်ကို၊ “ယောဟန်နှင့် လုကာတို့၏ မှတ်တမ်းများသည် လူ့အလိုဆန္ဒများ ရောနှောနေခဲ့ပါက၊ သင်တို့၏ ဘုရားသခင်ပြောဆိုခဲ့သော နှုတ်ကပတ်တော်များသည် လူ့အလိုဆန္ဒနှင့် ရောနှောနေသည် မဟုတ်လော။” ဟု မေးပါက၊ ရှင်းလင်းသောအဖြေကို သင်ပေးနိုင်မည်လော။ လုကာနှင့် မဿဲတို့သည် ယေရှု၏နှုတ်ကပတ်တော်များကို ကြားခဲ့ကာ ယေရှု၏ အမှုကို မြင်ပြီးနောက်တွင်၊ ၎င်းတို့သည် ယေရှုလုပ်ဆောင်ခဲ့သော အမှုနှင့် သက်ဆိုင်သည့် အချက်အလက် အချို့ကို အသေးစိတ် ပြန်လည်ပြောပြသောပုံစံဖြင့် မိမိတို့၏ ကိုယ်ပိုင်အသိပညာကို ပြောပြခဲ့ကြသည်။ ၎င်းတို့၏ အသိပညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြည့်အဝ ထုတ်ဖော်ပြခံရခြင်း ဖြစ်သည်ဟု သင်ပြောနိုင်သလော။ သမ္မာကျမ်းစာ ပြင်ပတွင်၊ ၎င်းတို့ထက် သာ၍ မြင့်မားသည့် အသိပညာတစ်ခုရှိသည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များစွာ ရှိခဲ့ကြပေသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့၏စကားများကို နောက်မျိုးဆက်များက လက်မခံခဲ့ကြသနည်း။ ၎င်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်း ခံခဲ့ကြရသည် မဟုတ်လော။ ယနေ့၏အမှုတွင် ငါသည် ယေရှု၏အမှု၏ အခြေခံအုတ်မြစ်ပေါ်တွင် အခြေခံ၍ ငါ၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုများကို ပြောဆိုနေခြင်းမဟုတ်သကဲ့သို့၊ ယေရှု၏ အမှု၏ နောက်ခံအကြောင်းအရာနှင့်ယှဉ်၍ ငါ၏ကိုယ်ပိုင် အသိပညာကို ပြောနေခြင်းလည်း မဟုတ်သည်ကို သိလော့။ ထိုအချိန်က ယေရှုသည် မည်သည့်အမှုကို လုပ်ဆောင်ခဲ့သနည်း။ ထို့အပြင် ယနေ့ ငါသည် မည်သည့်အမှုကို လုပ်ဆောင်နေသနည်း။ ငါ လုပ်ဆောင်ကာ ပြောဆိုသည့်အရာသည် အစဉ်အလာ မရှိပေ။ ယနေ့ ငါလျှောက်သောလမ်းသည် ယခင်က လုံးဝ မနင်းလျှောက်ဖူးပေ၊ အတိတ်က ခေတ်များနှင့်သက်ဆိုင်သည့် လူများနှင့် မျိုးဆက်များက မည်သည့်အခါတွင်မျှ မလျှောက်ဖူးကြပေ။ ယနေ့တွင်၊ ယင်းကို စတင်ဆောင်ရွက်ပြီဖြစ်ကာ ဤသည်မှာ ဝိညာဉ်တော်၏ အမှု မဟုတ်သလော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်ခဲ့သော်ငြားလည်း၊ အတိတ်က ခေါင်းဆောင်များအားလုံးသည် ၎င်းတို့၏ အလုပ်ကို အခြားသူများ၏ အခြေခံအုတ်မြစ်ပေါ်တွင် ဆောင်ရွက်ခဲ့ကြသည်။ သို့သော်၊ ဘုရားသခင်ကိုယ်တိုင်၏အမှုသည် ကွဲပြားခြားနား၏။ ယေရှု၏ အမှုအဆင့်သည်လည်း အလားတူ ဖြစ်ခဲ့ပေသည်- သူသည် လမ်းခရီးသစ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ သူကြွလာခဲ့ချိန်တွင်၊ သူသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဟောပြောခဲ့ပြီး လူသားသည် နောင်တရပြီး ဝန်ချရမည်ဟု ပြောဆိုခဲ့သည်။ ယေရှုသည် သူ၏အမှုကို ပြည့်စုံစေခဲ့သည့်နောက်တွင်၊ ပေတရု၊ ပေါလုနှင့် အခြားသူများသည် ယေရှု၏အမှုကို စတင်၍ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ယေရှုသည် လက်ဝါးကပ်တိုင်တွင် သံမှိုနှင့်ရိုက်ခံခဲ့ရပြီး၊ ကောင်းကင်သို့ တက်ကြွသွားခဲ့သည့်နောက်တွင်၊ ၎င်းတို့သည် ကားတိုင်၏ လမ်းခရီးကို ဖြန့်ဝေဖို့ ဝိညာဉ်တော်၏ စေလွှတ်ခြင်း ခံခဲ့ရသည်။ ပေါလု၏ စကားများသည် ချီးမြှောက်ခြင်း ခံခဲ့ရသော်လည်း၊ ယင်းတို့သည်လည်း သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာ၊ ဒုက္ခခံစားခြင်း၊ ဦးခေါင်းအုပ်ခြင်း၊ ဗတ္တိဇံခံယူခြင်း၊ သို့မဟုတ် လိုက်လျှောက်ရမည့် အခြားအယူဝါဒများကဲ့သို့သော ယေရှု ပြောဆိုပြီးခဲ့သည့် အရာအားဖြင့် ချထားခဲ့သော အခြေခံအုတ်မြစ် အပေါ်တွင် အခြေခံထားခဲ့ပေသည်။ ဤအရာအားလုံးကို ယေရှု၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် ပြောဆို ထားခဲ့ပေသည်။ ၎င်းတို့သည် ဘုရားသခင် အသုံးပြုခဲ့သော လူများသာ ဖြစ်ခဲ့ကြသည့်အတွက်၊ အသစ်သော လမ်းခရီးကို ဖွင့်လှစ်နိုင်စွမ်း မရှိခဲ့ကြချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၆၄)

ထိုအချိန်က ယေရှု၏မိန့်မြွက်ချက်များနှင့် အမှုသည် အယူဝါဒကို စွဲကိုင်မထားခဲ့သကဲ့သို့၊ သူသည် သူ၏အမှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တရားနှင့်သက်ဆိုင်သည့် အမှုနှင့်အညီ မဆောင်ရွက်ခဲ့ပေ။ ယင်းသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်သင့်သည့် အမှုအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သူသည် သူထုတ်ဆောင်လာသည့် အမှုအတိုင်း၊ သူ၏ ကိုယ်ပိုင်အစီအစဉ်အတိုင်းနှင့် သူ၏ အမှုတော်အတိုင်း ကြိုးပမ်း လုပ်ဆောင်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားအတိုင်း အမှုမပြုခဲ့ပေ။ သူလုပ်ဆောင်ခဲ့သည့် မည်သည့် အရာမျှ ဓမ္မဟောင်းကျမ်း၏ ပညတ်တရားနှင့်အညီ မဟုတ်ခဲ့သကဲ့သို့၊ သူသည် ပရောဖက်များ၏ စကားများကို ပြည့်စုံစေရန် အမှုပြုဖို့ ကြွလာခဲ့သည်လည်း မဟုတ်ပေ။ ဘုရားသခင်၏အမှု၏ အဆင့်အသီးသီးသည် ရှေးပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ပြည့်စုံစေဖို့အလို့ငှာ အသေအချာ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သကဲ့သို့၊ သူသည် အယူဝါဒကို လိုက်နာဖို့ သို့မဟုတ် ရှေးပရောဖက်များ၏ ကြိုတင် ဟောကြားချက်များကို တမင်သက်သက် အကောင်အထည်ဖော်ရန် လာခဲ့ခြင်း မဟုတ်ပေ။ သို့ရာတွင် သူ၏လုပ်ဆောင်ချက်များသည် ရှေးပရောဖက်များ၏ ဟောကြားချက်များကို မနှောင့်ယှက်ခဲ့သကဲ့သို့၊ ယခင်က သူလုပ်ဆောင်ပြီးခဲ့သော အမှုကိုလည်း မနှောင့်ယှက်ခဲ့ပေ။ သူ့အမှု၏ အဓိကအချက်မှာ မည်သည်အယူဝါဒကိုမျှ လိုက်နာခြင်း မဟုတ်ဘဲ၊ ယင်းအစား သူကိုယ်တိုင် လုပ်ဆောင်သင့်သောအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် ပရောဖက်မဟုတ်သကဲ့သို့ ရှေ့ဖြစ်ဟောသူလည်း မဟုတ်ခဲ့ဘဲ၊ သူ လုပ်ဆောင်သင့်သည့် အမှုကို လုပ်ဆောင်ဖို့ အမှန်တကယ် ကြွလာခဲ့သည့် လုပ်ဆောင်သူတစ်ဦးဖြစ်ပြီး သူသည် သူ၏အသစ်သောခေတ်ကို စတင် ဖွင့်လှစ်ရန်နှင့် သူ၏ အသစ်သော အမှုကို ဆောင်ရွက်ရန် ကြွလာခဲ့ပေသည်။ ဟုတ်ပေ၏၊ ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်ရန် ကြွလာခဲ့ချိန်က၊ သူသည် ဓမ္မဟောင်းကျမ်းထဲက ရှေးပရောဖက်များ ပြောကြားခဲ့သော စကားများစွာကိုလည်း ပြည့်စုံစေခဲ့ပေသည်။ ထို့အတူ ယနေ့၏ အမှုသည်လည်း ဓမ္မဟောင်းကျမ်း ထဲက ရှေးပရောဖက်များ၏ ကြိုတင်ပြောကြားချက်များကို ပြည့်စုံစေခဲ့သည်။ ငါသည် “နှစ်ချုပ် စာအုပ်ဟောင်း” ကို မကိုင်စွဲထားရုံသာ ဖြစ်၏၊ ထိုမျှသာ ဖြစ်ပေသည်။ ငါလုပ်ဆောင်ရမည့် သာ၍ များသော အမှုရှိသည့်အတွက်၊ သင်တို့ကို ငါပြောဆိုရမည့် သာ၍များသော နှုတ်ကပတ်တော်များ ရှိသကဲ့သို့၊ ဤအမှုနှင့် ဤနှုတ်ကပတ်တော်များသည် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို ရှင်းပြခြင်းထက် သာ၍များစွာ အရေးပါလှပေသည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့သော အလုပ်သည် သင်တို့အတွက် ကြီးမားသော အရေးပါမှု သို့မဟုတ် တန်ဖိုးမရှိသကဲ့သို့၊ သင်တို့ကို မကူညီနိုင် သို့မဟုတ် မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ ငါသည် အသစ်သော အမှုကို လုပ်ဆောင်ဖို့ ရည်ရွယ်သည်မှာ သမ္မာကျမ်းစာ၏ မည်သည့် ကျမ်းပိုဒ်ကိုမှ ပြည့်စုံစေခြင်းအတွက် မဟုတ်ပေ။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ ရှေးပရောဖက်များ၏ စကားများကို ပြည့်စုံစေရန်သာ ကမ္ဘာမြေသို့ ကြွလာခဲ့ပါက၊ မည်သူသည် ပို၍ ကြီးမြတ်သနည်း၊ လူ့ဇာတိကိုခံယူသော ဘုရားသခင်လော၊ သို့တည်းမဟုတ် ထိုရှေးပရောဖက်များလော။ အဆုံးတွင်၊ ပရောဖက်များသည် ဘုရားသခင်ကို စီမံကွပ်ကဲသလော၊ သို့မဟုတ် ဘုရားသခင်သည် ပရောဖက်များကို စီမံကွပ်ကဲသလော။ ဤစကားများကို သင်မည်သို့ ရှင်းပြသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၆၅)

ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အဆင့်တိုင်းသည် တစ်ခုတည်းသော ရေစီးကြောင်းနောက်လိုက်ပြီး၊ ထို့ကြောင့် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်မှသည် ယနေ့အချိန်အထိ အဆင့်တစ်ခုစီကို နောက်အဆင့်တစ်ခုက နီးကပ်စွာ လိုက်လာပြီး ဖြစ်သည်။ လမ်းခင်းပေးရန် မည်သူမျှ မရှိခဲ့ပါက၊ နောက်က လိုက်မည့်သူ မည်သူမျှရှိမည်မဟုတ်ပေ။ နောက်ကလိုက်လာသော သူများ ရှိသည့်အတွက်၊ လမ်းဖောက်သော သူများ ရှိကြပေသည်။ ဤနည်းဖြင့် အမှုကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းလာပြီး ဖြစ်သည်။ အဆင့်တစ်ခုသည် အခြားတစ်ခုနောက် လိုက်လာပြီး၊ လမ်းဖွင့်ပေးသူမရှိဘဲနှင့်၊ အမှုကိုစတင်ရန် ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်သည် သူ၏အမှုကို ရှေ့သို့ယူဆောင်ရန် နည်းလမ်းရှိမည်မဟုတ်ပေ။ မည်သည့်အဆင့်ကမျှ အခြားတစ်ခုကို ဆန့်ကျင်ခြင်းမရှိသကဲ့သို့၊ ရေစီးကြောင်းတစ်ခုကို ပုံဖော်ဖို့ အသီးသီးသည် အခြားတစ်ခုနောက်သို့ အစဉ်လိုက် လိုက်လာလေသည်။ ဤအရာအားလုံးကို ဝိညာဉ်တစ်ခုတည်းက လုပ်ဆောင်သည်။ သို့ရာတွင် တစ်စုံတစ်ဦးက လမ်းဖွင့်သည်ဖြစ်စေ၊ နောက်တစ်ဦး၏အလုပ်ကို ဆက်လုပ်သည်ဖြစ်စေ၊ ဤအရာက ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို မသတ်မှတ်ပေ။ ယင်းမှာ မှန်သည်မဟုတ်လော။ ယောဟန်သည် လမ်းဖွင့်ပေးခဲ့ပြီး ယေရှုက သူ၏အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်၊ ထို့ကြောင့် ဤအရာက ယေရှု၏ ကိုယ်ပိုင်လက္ခဏာသည် ယောဟန်ထက် နိမ့်ကျသည်ကို သက်သေပြပါသလော။ ယေဟောဝါသည် သူ၏အမှုကို ယေရှုမတိုင်မီ ဆောင်ရွက်ခဲ့သည်၊ သို့ဖြစ်ရာ ယေဟောဝါသည် ယေရှုထက် ကြီးမြတ်သည်ဟု သင်ပြောနိုင်သလော။ ၎င်းတို့အနေဖြင့် လမ်းဖွင့်သည်ဖြစ်စေ၊ အခြားသူများ၏အလုပ်ကို ဆက်လုပ်သည် ဖြစ်စေ အရေးမကြီးပေ။ အရေးအကြီးဆုံးမှာ ၎င်းတို့အလုပ်၏ အနှစ်သာရဖြစ်ပြီး ယင်းက ကိုယ်စားပြုသော ကိုယ်ပိုင်လက္ခဏာ ဖြစ်သည်။ ဤအရာသည် မမှန်သလော။ ဘုရားသခင်သည် လူများအလယ်တွင် အမှုပြုရန် ရည်ရွယ်ထားသည့်အတွက် သူသည် လမ်းခင်းပေးသည့်အလုပ်ကို လုပ်ဆောင်နိုင်မည့်သူများကို ပြုစုပျိုးထောင်ခဲ့ရပေသည်။ ယောဟန်သည် စတင်၍ တရားဟောသည့်အခါ၊ “သခင် ကြွတော်မူရာ လမ်းကို ပြင်ကြလော့၊ သူ၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့။” “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟုသူပြောခဲ့သည်။ သူသည် တကယ့်အစမှ ထိုသို့ပြောဆိုခဲ့ပြီး၊ ဤစကားများကို သူအဘယ်ကြောင့် ပြောနိုင်ခဲ့သနည်း။ ဤစကားများကို ပြောထားသည့် အစီအစဉ်အရ၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ပထမဆုံးပြောခဲ့သူမှာ ယောဟန်ဖြစ်ပြီး ယေရှုသည် နောက်ပိုင်းတွင် ပြောခဲ့သူ ဖြစ်သည်။ လူ၏ အယူအဆများအရ၊ အသစ်သောလမ်းကို ဖွင့်ခဲ့သူမှာ ယောဟန်ဖြစ်ပြီး၊ ထို့ကြောင့် ယောဟန်သည် ယေရှုထက် ကြီးမြတ်သည်မှာ အမှန် ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ သို့ရာတွင် ယောဟန်သည် သူ ခရစ်တော်ဖြစ်သည်ဟု မပြောခဲ့သကဲ့သို့၊ ဘုရားသခင်သည် သူ့ကို ဘုရားသခင်၏ ချစ်လှစွာသော သားတော်အဖြစ် သက်သေခံခြင်း မရှိခဲ့ပေ၊ သို့ရာတွင် သူ့ကို သခင့်အတွက် လမ်းဖွင့်ရန်နှင့် လမ်းကိုပြင်ဆင်ပေးရန်သာ အသုံးပြုခဲ့သည်။ သူသည် ယေရှုအတွက် လမ်းခင်းပေးခဲ့သော်လည်း၊ ယေရှုကိုယ်စား အလုပ်မလုပ်နိုင်ခဲ့ပေ။ လူ၏ အလုပ်များအားလုံးကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်က ထိန်းသိမ်းထားခဲ့ပေသည်။

ဓမ္မဟောင်းကျမ်းခေတ်တွင် လမ်းခရီးကို ဦးဆောင်လမ်းပြခဲ့သူမှာ ယေဟောဝါ ဖြစ်ခဲ့ပြီး၊ ယေဟောဝါ၏ အမှုသည် ဓမ္မဟောင်းကျမ်း ခေတ်တစ်ခုလုံးနှင့် ဣသရေလတွင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို ကိုယ်စားပြုခဲ့ပေသည်။ မောရှေသည် ကမ္ဘာမြေပေါ်တွင် ဤအမှုကို ထိန်းသိမ်းခဲ့ရုံသာရှိပြီး သူ၏ အားထုတ်မှုများကို လူမှ ပံ့ပိုးပေးသော ပူးပေါင်းလုပ်ဆောင်မှုအဖြစ် ယူမှတ်ထားပေသည်။ ထိုအချိန်က မောရှေကို ခေါ်လျက်၊ စကားပြောဆိုခဲ့သူမှာ ယေဟောဝါဖြစ်ပြီး၊ ဣသရေလ လူမျိုးတို့ အကြားတွင် ပြုစုပျိုးထောင်ပေးခဲ့ကာ မောရှေအား သူတို့ကို တောထဲနှင့် ခါနာန်ပြည်သို့ ဦးဆောင်စေခဲ့သည်။ ဤသည်မှာ မောရှေ ကိုယ်တိုင်၏ အလုပ်မဟုတ်ခဲ့ဘဲ၊ ယေဟောဝါက ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားခဲ့သည့်အရာဖြစ်ပြီး မောရှေကို ဘုရားသခင်ဟု ခေါ်ဆို၍မရနိုင်ပေ။ မောရှေသည်လည်း ပညတ်တရားကို ချမှတ်ခဲ့သော်လည်း၊ ဤပညတ်တရားကို ယေဟောဝါက ကိုယ်တိုင်ကိုယ်ကျ ပြဌာန်းပေးခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် မောရှေအား ဖော်ပြစေခဲ့ခြင်းသာဖြစ်သည်။ ယေရှုသည်လည်း ပညတ်တော်များကို ပြုလုပ်ခဲ့ပြီး ဓမ္မဟောင်းကျမ်းမှ ပညတ်တရားများကို ပယ်ဖျက်ကာ ခေတ်သစ်အတွက် ပညတ်ချက်များကို ချမှတ်ခဲ့သည်။ ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်ကိုယ်တိုင် ဖြစ်ပါသနည်း။ အဘယ်ကြောင့်ဆိုသော် ကွဲပြားခြားနားမှုတစ်ခုရှိသောကြောင့် ဖြစ်သည်။ ထိုအချိန်က မောရှေလုပ်ဆောင်ခဲ့သော အလုပ်သည် ခေတ်ကိုကိုယ်စား မပြုခဲ့သကဲ့သို့၊ လမ်းသစ်ကိုလည်း မဖွင့်လှစ်ခဲ့ပေ။ သူ့ကို ယေဟောဝါက ကြိုတင်လမ်းညွှန်ခဲ့ခြင်းဖြစ်ပြီး၊ သူသည် ဘုရားသခင် အသုံးပြုခဲ့သည့် သူတစ်ဦးသာ ဖြစ်သည်။ ယေရှု ကြွလာခဲ့သောအခါတွင်၊ ယောဟန်သည် လမ်းခင်းပေးသည့် အလုပ် အဆင့်တစ်ခုကို ဆောင်ရွက်ခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို စတင်ဖြန့်ဝေခဲ့သည်။ (သန့်ရှင်းသော ဝိညာဉ်တော်က ဤအရာကို စတင်ခဲ့ပြီဖြစ်သည်။) ယေရှုကြွလာခဲ့ချိန်တွင်၊ သူသည် သူ၏ကိုယ်ပိုင်အလုပ်ကို တိုက်ရိုက် လုပ်ဆောင်ခဲ့သော်လည်း၊ သူ၏အလုပ်နှင့် မောရှေ၏ အလုပ်တို့ ကြားတွင် ကြီးမားသော ခြားနားမှုတစ်ခု ရှိပေသည်။ ဟေရှာယသည်လည်း ပရောဖက်ပြုချက် အများအပြားကို ပြောဆိုခဲ့သော်လည်း၊ သူသည် အဘယ်ကြောင့် ဘုရားသခင် ကိုယ်တိုင် မဖြစ်ခဲ့ပါသနည်း။ ယေရှုသည် ပရောဖက် ပြုချက်များစွာကို မပြောဆိုခဲ့သော်လည်း၊ သူသည် အဘယ်ကြောင့် ဘုရားသခင် ကိုယ်တိုင် ဖြစ်ခဲ့ရပါသနည်း။ ထိုအချိန်က ယေရှု၏အမှုအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူမျှ မပြောဝံ့ခဲ့ကြသကဲ့သို့၊ အားလုံးသည် လူ၏ ဆန္ဒမှလာသည် သို့မဟုတ် ယင်းသည် လုံးဝ ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ဖြစ်သည်ဟုလည်း မပြောဝံ့ခဲ့ကြပေ။ လူသည် ထိုသို့သောအရာများကို ခွဲခြမ်းစိတ်ဖြာရန် မဖြစ်နိုင်ခဲ့ပေ။ ယင်းမှာ ယေရှာယသည် ထိုသို့သော အလုပ်ကို လုပ်ဆောင်ခဲ့ပြီး ထိုသို့သော ပရောဖက်ပြုချက်များကို ပြောဆိုခဲ့ကာ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် ဟေရှာယ ကိုယ်တိုင်ထံမှ တိုက်ရိုက်လာခြင်း မဟုတ်ဘဲ၊ ယေဟောဝါထံမှ ဖွင့်ပြချက်များ ဖြစ်သည်။ ယေရှုသည် ကြီးမားသောအလုပ်ပမာဏကို လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ၊ ပြီးလျှင် နှုတ်ကပတ်တော်အများအပြားကို မပြောခဲ့သကဲ့သို့၊ ပရောဖက်ပြုချက် အများအပြားကိုလည်း မပြောဆိုခဲ့ပေ။ လူအဖို့၊ သူ၏ ဟောကြားချက်များသည် အထူး ချီးမြှောက်ခံခဲ့ရပုံမရခဲ့သော်လည်း၊ သူသည် ဘုရားသခင် ကိုယ်တိုင် ဖြစ်ပြီး ဤသည်မှာ လူသားအားဖြင့် နားလည်ရခက်သည့်အရာ ဖြစ်သည်။ မည်သူမျှ ယောဟန် သို့မဟုတ် ဟေရှာယ သို့မဟုတ် ဒါဝိဒ်ကို ယုံကြည်ခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းတို့ကို ဘုရားသခင် သို့မဟုတ် ဘုရားသခင်ဒါဝိဒ် သို့မဟုတ် ဘုရားသခင် ယောဟန်ဟုလည်း မည်သူမျှ မခေါ်ဖူးကြပေ။ မည်သူကမျှ ထိုသို့ မပြောဆိုဖူးသကဲ့သို့၊ ယေရှုသည်သာ ခရစ်တော်ဟု အခေါ်ခံရဖူးပေသည်။ ဤခွဲခြား သတ်မှတ်ချက်ကို ဘုရားသခင်၏ သက်သေခံခြင်း၊ သူတာဝန်ယူခဲ့သော အလုပ် နှင့် သူ ဆောင်ရွက်ခဲ့သော အမှုတော်အရ ပြုလုပ်ထားခြင်း ဖြစ်သည်။ အာဗြဟံ၊ ဒါဝိဒ်၊ ယောရှု၊ ဒံယေလ၊ ဟေရှာယ၊ ယောဟန်နှင့် ယေရှုကဲ့သို့သော သမ္မာကျမ်းစာ၏ ကြီးမြတ်သော လူများနှင့် စပ်လျဉ်း၍- ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်မှတစ်ဆင့်၊ မည်သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး၊ မည်သို့သော သူစားမျိုးသည် ပရောဖက်များဖြစ်ပြီး မည်သူတို့သည် တမန်တော်များ ဖြစ်သည်ကို သင်ပြောနိုင်ပေသည်။ မည်သူသည် ဘုရားသခင်၏ အသုံးပြုခြင်းခံခဲ့ရပြီး၊ မည်သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ခဲ့သည်ဆိုသည်ကို ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်၏ အနှစ်သာရ နှင့် အမျိုးအစားအားဖြင့် ခွဲခြားကာ သတ်မှတ်ထားခြင်း ဖြစ်သည်။ သင်သည် ခြားနားချက်ကို မပြောနိုင်ပါက၊ ဤအရာက ဘုရားသခင်၌ ယုံကြည်ဖို့မှာ မည်သည့်အရာဆိုလိုသည်ကို သင် မသိကြောင်း သက်သေပြပေသည်။ ယေရှုသည် နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး အမှုများစွာ ပြုခဲ့သောကြောင့်၊ အထူးသဖြင့် သူ၏ နိမိလက္ခဏာများ ပြသခြင်းကြောင့် ဘုရားသခင် ဖြစ်သည်။ အလားတူပင်၊ ယောဟန်သည်လည်း မောရှေ လုပ်ဆောင်ခဲ့သကဲ့သို့၊ အလုပ်များစွာ လုပ်ခဲ့ပြီး နှုတ်ကပတ်တော် အများအပြား ပြောဆိုခဲ့သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ဟု အခေါ်မခံခဲ့ရသနည်း။ အာဒံကို ဘုရားသခင်က တိုက်ရိုက်ဖန်ဆင်းခဲ့သည်။ သူ့ကို ဖန်ဆင်းခံသတ္တဝါဟု ခေါ်မည့်အစား အဘယ်ကြောင့် ဘုရားသခင်ဟု မခေါ်ခဲ့သနည်း။ အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို “ယနေ့တွင် ဘုရားသခင်သည် အလုပ်အများအပြားကိုလုပ်ဆောင်ပြီးဖြစ်ကာ နှုတ်ကပတ်တော် အများအပြားကို ပြောဆိုပြီးဖြစ်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ သို့ဆိုလျှင် မောရှေသည် စကားအများအပြား ပြောဆိုခဲ့သည့်အတွက်၊ သူသည်လည်း ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ရပေမည်။” ဟု ပြောခဲ့လျှင်၊ သင်က၊ “ထိုအချိန်က၊ ဘုရားသခင်သည် ယောဟန်ကို မဟုတ်ဘဲ၊ ယေရှုကို အဘယ်ကြောင့် ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် သက်သေခံခဲ့သနည်း။ ယောဟန်သည် ယေရှုမတိုင်မီ ကြွလာခဲ့သည် မဟုတ်သလော၊ မည်သည့်အရာ သာ၍ ကြီးမြတ်သနည်း၊ ယောဟန်၏ အလုပ်လော သို့မဟုတ် ယေရှု၏အလုပ်လော။ လူအဖို့၊ ယောဟန်၏ အလုပ်သည် ယေရှု၏အလုပ်ထက် ပိုမိုကြီးမြတ်သည်ဟု ထင်ရသော်လည်း၊ အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ယောဟန်ကို သက်သေမခံဘဲ ယေရှုကို သက်သေခံခဲ့သနည်း။” ဟု သူတို့ကို ပြန်လည်မေးသင့်သည်။ အလားတူအရာသည် ယနေ့ ဖြစ်ပျက်နေသည်။ ထိုအချိန်တုန်းက မောရှေသည် ဣသရေလ လူမျိုးတို့ကို ဦးဆောင်သောအခါ၊ ယေဟောဝါသည် တိမ်တိုက်များ အတွင်းမှ သူ့ကို စကားပြောခဲ့သည်။ မောရှေသည် တိုက်ရိုက် စကားမပြောခဲ့သော်လည်း၊ ယင်းအစား ယေဟောဝါ၏ တိုက်ရိုက် လမ်းညွှန်ခြင်း ခံခဲ့ရသည်။ ဤသည်မှာ ဓမ္မဟောင်းကျမ်းနှင့် သက်ဆိုင်သည့် ဣသရေလတို့၏ အလုပ်ဖြစ်သည်။ မောရှေ အတွင်းတွင် ဝိညာဉ်တော်မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ဖြစ်ခြင်းလည်း မရှိခဲ့ပေ။ သူသည် ယင်းအလုပ်ကို လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်သောကြောင့်၊ သူလုပ်ဆောင်သည့် အလုပ်နှင့် ယေရှု လုပ်ဆောင်သည့် အလုပ်ကြားတွင် ကြီးမားသော ခြားနားမှုတစ်ခု ရှိပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်သည် မတူကွဲပြားခဲ့သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသည် သို့မဟုတ် ပရောဖက်တစ်ဦး၊ တမန်တော်တစ်ဦး သို့မဟုတ် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်၊ မဖြစ်သည်ကို သူ၏ အလုပ်သဘာဝအားဖြင့် သိမြင်နိုင်ပြီး ဤအရာက သင်၏ သံသယများကို အဆုံးသတ်စေလိမ့်မည်။ သမ္မာကျမ်းစာထဲတွင် သိုးသငယ်သည်သာ တံဆိပ်ခုနှစ်ချက်ကို ဖွင့်နိုင်သည်ဟု ရေးသား ထားသည်။ ခေတ်များ တစ်လျှောက်လုံးတွင်၊ ထိုကြီးမြတ်သော လူပုဂ္ဂိုလ်များထဲတွင် သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူများစွာ ရှိခဲ့၏၊ သို့ဆိုလျှင် ၎င်းတို့အားလုံးသည် သိုးသငယ်ဖြစ်သည်ဟု သင်ပြောနိုင်သလော။ ၎င်းတို့၏ ရှင်းပြချက်များအားလုံး ဘုရားသခင် ထံမှ လာသည်ဟု သင်ပြောနိုင်သလော။ ၎င်းတို့သည် ရှင်းလင်းဖော်ပြသူများသာ ဖြစ်သည်။ သိုးသငယ်၏ ကိုယ်ပိုင်လက္ခဏာ ၎င်းတို့ မရှိကြချေ။ ၎င်းတို့အနေဖြင့် တံဆိပ်ခုနှစ်ချက်ကိုဖွင့်ရန် အဘယ်သို့ ထိုက်တန်နိုင်မည်နည်း။ “သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ဖွင့်နိုင်သည်။” ဆိုသည်မှာ မှန်ပေသည်၊ သို့သော် သူသည် တံဆိပ်ခုနှစ်ချက်ကို ဖွင့်ဖို့သာ လာသည်မဟုတ်ပေ။ ဤအလုပ်အဖို့ လိုအပ်ချက် မရှိပေ၊ ယင်းကို အမှတ်မထင် လုပ်ဆောင်ပေသည်။ သူသည် သူ၏ ကိုယ်ပိုင်အလုပ်နှင့်ပတ်သက်၍ လုံးဝ ရှင်းလင်းသည်။ သူ့အတွက် သမ္မာကျမ်းစာကို အနက်ဖွင့်ရန် အချိန်များစွာကုန်လွန်ဖို့ လိုအပ်ပါသလော။ “သမ္မာကျမ်းစာကို အနက်ဖွင့်သော သိုးသငယ်ခေတ်” ကို အနှစ်ခြောက်ထောင် အလုပ်တွင် ထည့်သွင်းရန် လိုအပ်မည်လော။ သူသည် အသစ်သော အမှုကို လုပ်ဆောင်ရန် ကြွလာသော်လည်း၊ နှစ်ခြောက်ထောင် အမှု၏ သမ္မာတရားကို လူတို့အား နားလည်စေရင်း အတိတ်ကာလက အမှုနှင့်ပတ်သက်သည့် ဖွင့်ပြချက်အချို့ကိုလည်း သူပေးလေသည်။ သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များစွာကို ရှင်းပြရန် မလိုအပ်ပေ။ အဓိကသော့ချက် ဖြစ်သည့်အရာ၊ အရေးကြီးသည့်အရာမှာ ယနေ့၏ အလုပ်ဖြစ်သည်။ ဘုရားသခင်သည် အထူးသဖြင့် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်ရန် လာသည် မဟုတ်ဘဲ၊ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာသည်ကို သင်သိသင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၆၆)

ကျေးဇူးတော်ခေတ်တွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို မလုပ်နိုင်ခဲ့ဘဲ လူသား၏ တာဝန်ကို ဖြည့်ဆည်းရုံမျှ ဖြည့်ဆည်းခဲ့သည်။ ယောဟန်သည် သခင်၏ရှေ့ပြေး ဖြစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ခဲ့ပေ။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော လူသားတစ်ဦးသာ ဖြစ်သည်။ ယေရှု ဗတ္တိဇံခံပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ သူ့အပေါ်သို့ ဆင်းသက်ခဲ့သည်။ ထို့နောက် ယေရှုသည် သူ၏ အလုပ်ကို စတင်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ခရစ်တော်၏ အမှုတော်ကို စတင်ခဲ့လေသည်။ သူကြွလာခဲ့သည်မှာ ဘုရားသခင်ထံမှ ဖြစ်သောကြောင့် သူသည် ဘုရားသခင်၏ သွင်ပြင်လက္ခဏာ ဆောင်ခဲ့သည်။ ဤမတိုင်မီ သူ၏ယုံကြည်ခြင်းသည် မည်ကဲ့သို့ပင် ဖြစ်နေခဲ့ပါစေ- သူ၏ယုံကြည်ခြင်းသည် တစ်ခါတစ်ရံ အားနည်းကောင်း အားနည်းမည်၊ သို့မဟုတ် တစ်ခါတစ်ရံ ခိုင်မာကောင်း ခိုင်မာမည်— အားလုံးသည် ယေရှု သူ၏သာသနာကို မဆောင်ရွက်မီ သူ အသက်ရှင်ခဲ့သည့် သာမန် လူသားအသက်တာနှင့် သက်ဆိုင်ပေသည်။ သူ ဗတ္တိဇံ ခံပြီးနောက် (ယင်းမှာ ဘိသိက်ခံပြီးနောက်ဖြစ်သည်)၊ ဘုရားသခင်၏ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် သူနှင့်အတူ ချက်ချင်း ရှိကြပြီး၊ ထို့ကြောင့် သူသည် သူ၏ သာသနာကို စတင်ခဲ့လေသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို လုပ်ဆောင်နိုင်ခဲ့သည်၊ အံ့သြဖွယ်ရာများကို ဆောင်ရွက်နိုင်ခဲ့ပြီး၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်စား တိုက်ရိုက် လုပ်ဆောင်နေခဲ့သောကြောင့် တန်ခိုးနှင့် ဩဇာအာဏာတို့ ရှိခဲ့လေသည်။ ဝိညာဉ်တော်၏ အလုပ်ကို သူသည် ကိုယ်စားလုပ်ဆောင်နေခဲ့ပြီး၊ ဝိညာဉ်တော်၏ အသံကို ဖော်ပြနေခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်ခဲ့လေသည်။ ဤကား ငြင်းဆန်၍မရသော အရာဖြစ်သည်။ ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် သူတစ်ဦး ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ဘုရားသခင်ကို ကိုယ်စားပြုရန်လည်း မဖြစ်နိုင်ပေ။ သူသည် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိခဲ့ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အား လုပ်ဆောင်ခွင့်ပြုမည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင် ပြီးမြောက်ရန် ရည်ရွယ်ထားသည့် အမှုကို သူမဆောင်ရွက်နိုင်သည့်အတွက် ဖြစ်သည်။ သူ့အထဲတွင် လူသား၏ဆန္ဒများစွာ သို့မဟုတ် သွေဖည်သောအရာတစ်ခုခု ရှိကောင်းရှိလိမ့်မည်၊ မည်သည့် အခြေအနေတွင်မျှ သူသည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား ပြုနိုင်မည် မဟုတ်။ သူ၏ အမှားများနှင့် အဓိပ္ပာယ်မဲ့ခြင်းများက သူ့ကိုသာ ကိုယ်စားပြုနေသော်လည်း၊ သူ၏အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ကိုယ်စားပြုခဲ့ပေသည်။ သို့သော်၊ သူ၏ အရာအားလုံးသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု သင်ပြော၍မရပေ။ သူ၏ သွေဖည်မှုနှင့် မမှန်ကန်မှုတို့ကလည်း ဘုရားသခင်ကို ကိုယ်စားပြုနိုင်မည်လော။ လူသားကို ကိုယ်စားပြုရာတွင် မမှန်ကန်ခြင်းမှာ ပုံမှန်ဖြစ်သည်၊ သို့သော် ဘုရားသခင်ကို ကိုယ်စား ပြုရာတွင် သွေဖည်ပါက၊ ယင်းသည် ဘုရားသခင်ကို အရှက်ရစေခြင်း ဖြစ်လိမ့်မည် မဟုတ်လော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း ဖြစ်လိမ့်မည်မဟုတ်လော။ လူသည် အခြားသူများ၏ ချီးမြှောက်ခြင်းခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို ဘုရားသခင်နေရာတွင် ရပ်တည်ရန် တော်ရုံတန်ရုံ ခွင့်မပြုပေ။ သူသည် ဘုရားသခင် မဟုတ်ပါက၊ အဆုံးတွင် ခိုင်မြဲစွာ ရပ်တည်နိုင်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားကို သူနှစ်သက်သည်အတိုင်း ဘုရားသခင်ကို ကိုယ်စားပြုရန် ခွင့်မပြုပေ။ ဥပမာအားဖြင့်၊ ယောဟန်ကို သက်သေခံခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး ယေရှုကို လမ်းကြောင်းခင်းပေးသူတစ်ဦးအဖြစ် သူ့ကို ထုတ်ဖော်ပြခဲ့သည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်၊ သို့သော် သူ့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ခဲ့သည့် အမှုကို ကောင်းစွာ ချင့်ချိန်ထားခဲ့၏။ ယောဟန်ကို စေခိုင်းခဲ့သမျှမှာ ယေရှုအတွက် လမ်းခင်းပေးသူဖြစ်ရန်၊ သူ့အတွက် လမ်းခရီးကို ပြင်ဆင်ပေးရန် ဖြစ်သည်။ ဆိုလိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် လမ်းခင်းပေးရာတွင်သာ ယောဟန်၏ အလုပ်ကိုအတည်ပြုခဲ့ပြီး၊ ထိုသို့သော အလုပ်ကို လုပ်ဆောင်ဖို့သာ သူ့ကို ခွင့်ပြုခဲ့ပေသည်- အခြားသော အလုပ်ကိုလုပ်ဖို့ ခွင့်မပြုခဲ့ပေ။ ယောဟန်သည် ဧလိယကို ကိုယ်စားပြုခဲ့ပြီး လမ်းခင်းပေးခဲ့သည့် ပရောဖက်တစ်ဦးကို ကိုယ်စားပြုခဲ့သည်။ ဤအရာတွင်သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို အတည်ပြုခဲ့သည်။ သူ၏ အလုပ်သည် လမ်းခင်းပေးဖို့ ဖြစ်နေသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို အတည်ပြုခဲ့သည်။ သို့သော်၊ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ကြောင်း အခိုင်အမာဆိုခဲ့ပြီး ရွေးနုတ်ခြင်းအမှုကို အပြီးသတ်ဖို့ လာခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို ဆုံးမပဲ့ပြင်ခဲ့ရပေမည်။ ယောဟန်၏ အလုပ်သည် မည်မျှပင် ကြီးမြတ်ပါစေ၊ ပြီးလျှင် ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အတည်ပြုခြင်းကို ရလင့်ကစား၊ သူ၏ အလုပ်သည် နယ်နိမိတ် ကင်းမဲ့သည် မဟုတ်ချေ။ သူ၏လုပ်ဆောင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က ဧကန်အမှန် အတည်ပြုခဲ့သည်မှာ မှန်ပါ၏၊ သို့သော်၊ ထိုအချိန်တွင် သူ့ကိုပေးခဲ့သည့် တန်ခိုးမှာ သူ၏လမ်းခင်းပေးခြင်း အထိသာ ကန့်သတ်ထားခဲ့ပေသည်။ သူသည် လမ်းခင်းပေးသည့် ယောဟန်သာ ဖြစ်ပြီး ယေရှုမဟုတ်သည့်အတွက် အခြား မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်မှာ အဓိကသော့ချက် ဖြစ်သည်၊ သို့သော်လည်း လူသား လုပ်ဆောင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော် အခွင့်ပေးသည့် အလုပ်မှာ ပို၍ပင် အရေးပါလှပေသည်။ ယောဟန်သည် ထိုအချိန်က ထူးကဲသော သက်သေကို ရရှိခဲ့ပြီးဖြစ်သည် မဟုတ်လော။ သူ၏ အလုပ်သည်လည်း ကြီးမြတ်ခဲ့သည် မဟုတ်သလော။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူသားတစ်ဦးမျှသာ ဖြစ်ပြီး ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့သောကြောင့် သူလုပ်ဆောင်ခဲ့သည့် အလုပ်သည် အကန့်အသတ်ရှိခဲ့သည့်အတွက် ယေရှု၏ အလုပ်ကို မကျော်လွန်နိုင်ခဲ့ပေ။ သူလမ်းခင်းသည့် အလုပ် ပြီးစီးပြီးနောက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ သက်သေခံချက်ကို အတည်မပြုပေးတော့ပေ၊ မည်သည့် အလုပ်သစ်မျှသူ့နောက် လိုက်မလာတော့သကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင်၏အမှု စတင်ခဲ့ချိန်တွင် သူထွက်ခွာသွားခဲ့သည်။

ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပေ။ သို့သော် ငါပြုသည့်အမှုသည် ဘုရားသခင်၏ အမှုဖြစ်၏။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ခြင်း မလိုအပ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို အဆင့်အတန်းတစ်ခု နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ဂုဏ်ပုဒ်တစ်ခုပေးရန် မလိုအပ်ပေ။ သူ၏ အမှုက သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေကို ရရှိပြီးနောက်မှသာ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ဖြစ်လာခဲ့သည်ဟု ပြော၍မရနိုင်သည်ကား ဧကန်မုချ ဖြစ်၏။ သူသည် မိမိ၏အမှုကို မစတင်မီ အချိန်ကြာမြင့်စွာကတည်းက၊ ယေရှုဟု အမည်တွင်သည့် လူတစ်ဦး ရှိခဲ့သည် မဟုတ်လော။ သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟုခေါ်သည်ဖြစ်စေ ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟုခေါ်သည်ဖြစ်စေ ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပေ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် အမည်နာမကို သူဂရုမစိုက်ပေ။ ထိုအမည်နာမသည် သူ၏အလုပ်ကို အဆုံးအဖြတ်ပေးနိုင်သလော။ သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၆၇)

သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူသားတစ်ဦးကပင် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စား မပြုနိုင်ချေ။ ထိုသို့သောလူသားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဟု ဆိုလိုသည်သာမက၊ သူလုပ်ဆောင်သည့် အလုပ်သည်လည်း ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ လူသား၏ အတွေ့အကြုံကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းတွင် တိုက်ရိုက်နေရာပေး၍ မရသကဲ့သို့၊ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အလုပ်သည်၊ သူကိုယ်တိုင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် လုပ်ဆောင်ရန် သူရည်ရွယ်ထားသည့် အလုပ်ဖြစ်ပြီး ကြီးမြတ်သည့် စီမံခန့်ခွဲမှုနှင့် ဆက်စပ်ပေသည်။ လူသားက ဆောင်ရွက်သည့် အလုပ်သည် ၎င်းတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံကို ထောက်ပံ့ပေးခြင်း ပါဝင်သည်။ သူ့ရှေ့တွင် သွားပြီးသူများ လျှောက်ခဲ့ကြသည့်အတွေ့အကြုံ လမ်းကြောင်းကို ကျော်လွန်၍ အသစ်သော လမ်းကြောင်းကို ရှာတွေ့ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင်ရှိစဉ်တွင် ၎င်းတို့၏ညီအစ်ကို မောင်နှမများကို လမ်းပြခြင်းတို့ ပါဝင်သည်။ ဤလူများ ထောက်ပံ့ပေးသည့်အရာမှာ ၎င်းတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံ၊ သို့မဟုတ် ဝိညာဉ်ရေးရာ လူတို့၏ ဝိညာဉ်ရေးရာ အရေးအသားများ ဖြစ်သည်။ ဤလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော်လည်း၊ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်သည် အနှစ်ခြောက်ထောင် အစီအစဉ်ထဲက ကြီးမြတ်သည့် စီမံခန့်ခွဲမှုအမှုနှင့် ဆက်နွှယ်မှုမရှိပေ။ ၎င်းတို့သည် ၎င်းတို့ ဆောင်ရွက်နိုင်သည့် လုပ်ငန်းတာဝန်များ ဆုံးခန်းတိုင်သွားသည်အထိ၊ သို့မဟုတ် ၎င်းတို့၏ အသက်တာများ အဆုံးသတ်သည်အထိ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် လူတို့ကို ဦးဆောင်ရန် မတူညီသည့် ခေတ်ကာလများ၌ သန့်ရှင်းသော ဝိညာဉ်တော်က မြှင့်တင်ခဲ့သည့် သူများသာ ဖြစ်ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် အလုပ်မှာ ဘုရားသခင်ကိုယ်တော်တိုင်အတွက် သင့်တော်သည့် လမ်းကြောင်းကို ပြင်ဆင်ပေးရန်၊ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကိုယ်တော်တိုင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သော ကဏ္ဍတစ်ခုခုကို ဆက်လက်လုပ်ဆောင်ရန်သာ ဖြစ်သည်။ ဤလူများသည် မိမိတို့ကိုယ်၌အားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် သာ၍ကြီးမားသော အလုပ်ကို မလုပ်နိုင်ကြသကဲ့သို့၊ အသစ်သော ထွက်ပေါက်များကိုပင် မဖွင့်နိုင်ကြသည့်အပြင်၊ ၎င်းတို့ထဲမှ မည်သူမျှသည် ယခင်ခေတ်ကာလမှ ဘုရားသခင်၏ အမှုအားလုံးကို အဆုံးသတ်စေရန် သာ၍ပင် မလုပ်နိုင်ချေ။ ထို့ကြောင့် ၎င်းတို့လုပ်သည့် အလုပ်သည် ဖန်ဆင်းခံ သတ္တဝါက မိမိ၏လုပ်ငန်းဆောင်တာကို ဆောင်ရွက်ခြင်းကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တိုင်က သူ၏အမှုတော်ကို ဆောင်ရွက်ခြင်းအား ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့လုပ်ဆောင်သော အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ခဲ့သည့် အမှုနှင့် မတူသောကြောင့် ဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို ဖွင့်လှစ်ပေးသည့် အလုပ်သည် ဘုရားသခင်ကိုယ်စား လူသားက ပြုလုပ်နိုင်သော အရာတစ်ခု မဟုတ်ချေ။ ယင်းကို ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍ အခြားမည်သူမျှ မပြုလုပ်နိုင်ပေ။ လူသား လုပ်ဆောင်သည့် အလုပ်အားလုံးသည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဆောင်ရွက်ခြင်း ပါဝင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို တို့ထိသည့်အခါ၊ သို့မဟုတ် ဉာဏ်အလင်းပေးသည့်အခါ လုပ်ဆောင်ခြင်းဖြစ်သည်။ ဤ လူများက ထောက်ပံ့ပေးသည့် လမ်းပြမှုမှာ နေ့စဉ်အသက်တာ၌ လူကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ပြုမူသင့်သည်တို့ကို ပြပေးခြင်း လုံးလုံးလျားလျား ပါဝင်လေသည်။ လူသား၏အလုပ်၌ ဘုရားသခင်၏ စီမံခန့်ခွဲမှု မပါဝင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကိုလည်း ကိုယ်စားမပြုပေ။ ဥပမာတစ်ခုအနေဖြင့်၊ မျက်မြင်သက်သေ လီ (Lee) နှင့် စောင့်ကြပ်ကြည့်ရှုသူ နီ (Nee) တို့၏အလုပ်မှာ လမ်းပြရန်ဖြစ်သည်။ လမ်းသစ်ဖြစ်စေ လမ်းဟောင်းဖြစ်စေ၊ အလုပ်သည် သမ္မာကျမ်းစာအတွင်းတွင် ရှိနေခြင်း သဘောတရားအပေါ် အခြေခံခဲ့လေသည်။ ဒေသခံအသင်းတော်ကို ပြန်လည်ပြုပြင်ဖို့ဖြစ်စေ၊ ဒေသခံအသင်းတော်ကို တည်ဆောက်ဖို့ဖြစ်စေ၊ ၎င်းတို့၏အလုပ်မှာ အသင်းတော်များကို တည်ထောင်ခြင်းနှင့် သက်ဆိုင်လေသည်။ သူတို့လုပ်ဆောင်သည့် အလုပ်သည် ယေရှုနှင့် သူ၏တမန်တော်များက မပြီးပြတ်ဘဲ ကျန်ခဲ့သည့် အလုပ်၊ သို့မဟုတ် ကျေးဇူးတော်ခေတ်တွင် ဆက်လက် မဖြစ်ပေါ်ခဲ့သည့် အလုပ်ကို ဆက်လုပ်ခြင်း ဖြစ်သည်။ သူတို့အလုပ်၌ သူတို့လုပ်ဆောင်ခဲ့သည့်အရာမှာ ယေရှုက သူ၏နောင်လာမျိုးဆက်များကို ထိုအချိန်က သူ၏အမှုတွင် တောင်းဆိုခဲ့သည့် ခေါင်းဖုံးခြင်း၊ ဗတ္တိဇံခံခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်း၊ သို့မဟုတ် စပျစ်ရည်သောက်ခြင်း စသည်တို့ကို ပြန်လည်ဖော်ထုတ်ရန် ဖြစ်သည်။ ၎င်းတို့၏အလုပ်သည် ကျမ်းစာကို ထိန်းသိမ်းရန်နှင့် ကျမ်းစာအတွင်းရှိ လမ်းကြောင်းများကို ရှာဖွေရန်ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် အသစ်ဖြစ်သော မည်သည့်တိုးတက်မှုကိုမျှ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့၏အလုပ်တွင် ကျမ်းစာအတွင်းရှိ လမ်းသစ်များအပြင် သာ၍ ကောင်းမွန်ပြီး သာ၍ လက်တွေ့ကျသည့် ကျင့်ကြံမှုများကို ရှာဖွေတွေ့ရှိခြင်းကိုသာ မြင်တွေ့နိုင်သည်။ သို့သော် ၎င်းတို့၏အလုပ်ထဲတွင် ဘုရားသခင်၏ လက်ရှိအလိုတော်ကို မမြင်တွေ့နိုင်ဘဲ၊ နောက်ဆုံးသောကာလ၌ ဘုရားသခင် လုပ်ဆောင်ရန် စီစဉ်ထားသည့် အသစ်သော အမှုကို သာ၍ပင် မတွေ့နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူတို့လျှောက်သည့် လမ်းကြောင်းသည် လမ်းဟောင်းတစ်ခု ဖြစ်နေဆဲဖြစ်သောကြောင့် ဖြစ်သည်- အသစ်ပြုပြင်ခြင်းနှင့် တိုးတက်မှုတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် ယေရှု၏ ကားစင်တင်ခံရခြင်း အချက်ကို ဆက်လက်စွဲကိုင်ထားကြသည်၊ လူများကို နောင်တရ၍ မိမိတို့၏ အပြစ်များကိုဝန်ခံရန် တောင်းဆိုသည့် ကျင့်ကြံမှုကို ဆက်လက်လိုက်နာကြသည်၊ အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်ဟူသည့် ဆိုရိုးစကားများနှင့် ယောက်ျားသည် မိန်းမ၏ ဦးခေါင်းဖြစ်ပြီး၊ မိန်းမသည် မိမိခင်ပွန်းကို နာခံရမည်ဟူသည့် ဆိုရိုးစကားများနှင့် ညီအစ်မများသည် တရားမဟောရဘဲ နာခံရုံ နာခံရမည်ဆိုသည့် ရိုးရာ အယူအဆကို ဆက်လက်စောင့်ထိန်းကြလေသည်။ အကယ်၍ ထိုသို့သော ဦးဆောင်မှုပုံစံကို ဆက်လက်လိုက်နာမည်ဆိုပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုသစ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်၊ လူတို့ကို စည်းမျဉ်းများထဲမှ လွတ်မြောက်စေနိုင်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို လွတ်လပ်မှုနှင့် လှပမှု နယ်ပယ်ထဲသို့ ဦးဆောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ခေတ်ကို ပြောင်းလဲစေသည့် ဤအမှုအဆင့်ကို ဘုရားသခင် ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး ပြောဆိုဖို့ လိုအပ်သည်၊ သို့မဟုတ်ပါက မည်သည့်လူသားကမျှ သူ့ကိုယ်စား မလုပ်ဆောင်နိုင်ပေ။ ဤအထိ၊ ဤရေစီးကြောင်းပြင်ပရှိ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အားလုံးသည် လုံးဝဥဿုံ ရပ်တန့်သွားပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော သူများသည် မိမိတို့၏ ရပ်တည်ရာများ ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူတို့၏ အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သည့် အလုပ်နှင့် တူညီမှုမရှိသည့်အတွက်၊ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများနှင့် မည်သူ၏ကိုယ်စား သူတို့လုပ်ကိုင်သည်ဟူသည့် အကြောင်းအရာများသည်လည်း ထိုကဲ့သို့ပင် ကွဲပြားမှုရှိကြသည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ရန် ရည်ရွယ်သောအမှုသည် ကွဲပြားသောကြောင့် ဖြစ်ပြီး၊ သို့ဖြစ်၍ အလားတူလုပ်ဆောင်သူများသည် မတူညီသည့် ကိုယ်ပိုင်လက္ခဏာများနှင့် အဆင့်အတန်းများ အပ်နှင်းခြင်းခံရလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူတို့သည် ဆန်းသစ်သည့် အလုပ်အချို့ကိုလည်း လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပြီး၊ ယခင်ခေတ်က လုပ်ဆောင်ခဲ့သည့် အလုပ်အချို့ကိုလည်း ဖယ်ရှားကောင်းဖယ်ရှားနိုင်၏၊ သို့သော်လည်း ၎င်းတို့လုပ်ဆောင်သည့် အရာသည် အသစ်သော ခေတ်ထဲရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် အလိုတော်ကို ဖော်ပြနိုင်ခြင်း မရှိပေ။ ယခင်ခေတ်က အလုပ်ကို ဖယ်ရှားရန်သာ ၎င်းတို့လုပ်ဆောင်ကြပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားကို တိုက်ရိုက်ကိုယ်စားပြုရန် ရည်ရွယ်သည့် အသစ်သောအလုပ်ကို လုပ်ဆောင်ရန် မဟုတ်ပေ။ ထို့ကြောင့်၊ ၎င်းတို့သည် ခေတ်မမီတော့သည့် လက်တွေ့လုပ်ဆောင်မှုမည်မျှကို ပယ်ဖျက်သည်ဖြစ်စေ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအသစ် မည်မျှကို ၎င်းတို့ စတင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် လူသားနှင့် ဖန်ဆင်းခံသတ္တဝါများကိုသာ ကိုယ်စားပြုဆဲဖြစ်သည်။ သို့သော် ဘုရားသခင်ကိုယ်တော်တိုင် အမှုကို ဆောင်ရွက်သည့်အခါ၊ သူသည် ခေတ်ဟောင်း၏ လက်တွေ့လုပ်ဆောင်မှုများအား ပယ်ဖျက်ခြင်းကို ပွင့်လင်းစွာ မကြေညာပေ၊ သို့မဟုတ် ခေတ်သစ်တစ်ခု၏ စတင်မှုကို တိုက်ရိုက် မကြေညာချေ။ သူသည် မိမိ၏အမှုတွင် ပွင့်လင်းကာ ဖြောင့်မတ်လေသည်။ သူရည်ရွယ်သည့် အလုပ်ကို ဆောင်ရွက်ရာ၌ သူသည် ပွင့်လင်း၏။ ဆိုလိုသည်မှာ၊ သူ ဆောင်ကြဉ်းပြီးဖြစ်သည့် အမှုကို သူ တိုက်ရိုက်ဖော်ပြသည်၊ သူ၏ ဖြစ်တည်ခြင်းနှင့် စိတ်သဘောထားကို ဖော်ပြလျက် နဂိုမူလ ရည်ရွယ်ထားသည့်အတိုင်း သူ၏အမှုကို တိုက်ရိုက် လုပ်ဆောင်လေသည်။ လူသား၏ အမြင်အရ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အလုပ်တို့သည်လည်း ယခင်ခေတ်များထဲက အမှုများနှင့် ကွာခြားပေသည်။ သို့သော်၊ ဘုရားသခင် ကိုယ်တိုင်၏ ရှုထောင့်မှ၊ ဤသည်မှာ သူ့အမှု၏အဆက်နှင့် ရှေ့ဆက်တိုးတက်မှု တစ်ခုမျှသာ ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် အမှုပြုသည့်အခါ၊ သူသည် မိမိ၏နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြပြီး၊ အသစ်သော အမှုကို တိုက်ရိုက် ယူဆောင်လာလေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူသား လုပ်ဆောင်သည့်အခါတွင်၊ ယင်းသည် စဉ်းစားချင့်ချိန်မှုနှင့် လေ့လာမှုမှတဆင့် ဖြစ်သည်၊ သို့မဟုတ် ယင်းသည် အခြားသူများ၏ လုပ်ဆောင်မှုအပေါ် တည်ဆောက်ထားသည့် လက်တွေ့လုပ်ဆောင်မှုနှင့် ဆိုင်သည့် အသိပညာနှင့် စနစ်တကျရှိစေခြင်းတို့ကို တိုးချဲ့ခြင်းတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ၊ လူသား လုပ်ဆောင်သည့် အလုပ်၏အနှစ်သာရသည် အခြေခိုင်သောအမိန့်ကို နာခံရန်နှင့် “လမ်းဟောင်းများကို ဖိနပ်အသစ်များဖြင့် လျှောက်လမ်းရန်” ဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူသားများ လျှောက်သည့်လမ်းကြောင်းပင်လျင်၊ ဘုရားသခင်ကိုယ်တော်တိုင် အစပျိုးခဲ့သည့် အရာအပေါ် တည်ဆောက်ထားသည်ဟု ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးအနှစ်ချုပ်လိုက်က၊ လူသားသည် လူသားသာဖြစ်ပြီး၊ ဘုရားသခင်က ဘုရားသခင် ဖြစ်ဆဲဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၆၈)

ဣဇာက်သည် အာဗြဟံမှ မွေးဖွားလာသကဲ့သို့ ယောဟန်သည်လည်း ကတိတော်အားဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူသည် ယေရှုအတွက် လမ်းခင်းပေးခဲ့ပြီး များစွာသောအလုပ်ကို လုပ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင် မဟုတ်ပေ။ ယင်းထက်၊ သူသည် ယေရှုအတွက် လမ်းသာခင်းပေးခဲ့သောကြောင့်၊ ပရောဖက်များထဲမှ တစ်ဦး ဖြစ်ခဲ့ပေသည်။ သူ၏အလုပ်သည်လည်း ကြီးမြတ်ခဲ့ပြီး၊ ယေရှုသည် သူ၏အမှုကို တရားဝင် စတင်ခဲ့သည်မှာ ယောဟန်က လမ်းခင်းပေးခဲ့ပြီးသည့် နောက်မှသာ ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ သူသည် ယေရှုအတွက်သက်သက် လုပ်ကိုင်ပေးခဲ့ခြင်းဖြစ်ပြီး၊ သူလုပ်ခဲ့သည့် အလုပ်သည် ယေရှု၏အမှုကို အစေခံခြင်းဖြစ်သည်။ လမ်းခင်းပေးခြင်းကို သူ ပြီးဆုံးခဲ့သည့်နောက်၊ ယေရှုသည် သာ၍ သစ်လွင်သည့်၊ သာ၍ ခိုင်ခံ့ပြီး သာ၍အသေးစိတ်ကျသည့် သူ၏အမှုကို စတင်ခဲ့လေသည်။ ယောဟန်သည် အမှု၏အစပိုင်းကိုသာ လုပ်ဆောင်ခဲ့သည်။ အသစ်သောအမှု၏ သာ၍ကြီးမြတ်သည့် အပိုင်းကို ယေရှုက လုပ်ဆောင်ခဲ့လေသည်။ ယောဟန်သည် အမှုသစ်ကိုလည်း လုပ်ဆောင်ခဲ့၏၊ သို့သော် သူသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သူ မဟုတ်ခဲ့ပေ။ ယောဟန်သည် ကတိတော်အားဖြင့် မွေးဖွားခဲ့ပြီး သူ့အမည်ကို ကောင်းကင်တမန်က ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က အချို့သည် သူ့ဖခင်အမည် ဇာခရိကို အစွဲပြုပြီး သူ့ကိုအမည်ပေးလို ခဲ့ကြသော်လည်း၊ သူ၏မိခင်က “ဤကလေးကို ထိုအမည် ခေါ်၍မရပါ။ သူ့ကို ယောဟန်ဟု ခေါ်ရမည်” ဟု ထုတ်ပြောခဲ့သည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမိန့်အရ ဖြစ်ခဲ့သည်။ ယေရှုကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမိန့်အရ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှ မွေးဖွားခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သူသည် ကတိတော်ရှိထားခဲ့လေသည်။ ယေရှုသည် ဘုရားသခင်၊ ခရစ်တော်နှင့် လူသား ဖြစ်ခဲ့သည်။ သို့သော် ယောဟန်၏ အလုပ်သည်လည်း ကြီးမြတ်ပါလျက် သူ့ကို ဘုရားသခင်ဟု အဘယ်ကြောင့် မခေါ်သနည်း။ ယေရှုပြုခဲ့သည့် အလုပ်နှင့် ယောဟန် ပြုခဲ့သည့် အလုပ်နှစ်ခုအကြား ခြားနားမှု အတိအကျမှာ အဘယ်နည်း။ ယောဟန်သည် ယေရှုအတွက် လမ်းခင်းပေးခဲ့သူတစ်ဦး ဖြစ်သည်မှာ တစ်ခုတည်းသော အကြောင်းပြချက်လော။ သို့မဟုတ် ဘုရားသခင်က ဤအရာကို ရှေးမဆွက ခွဲခန့်မှတ်သားထား၍လော။ ယောဟန်သည်လည်း၊ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟု ပြောခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို ဟောကြားခဲ့သော်လည်း၊ သူ၏ အလုပ်သည် နောက်ထပ် တိုးတက်ခြင်းမရှိခဲ့သကဲ့သို့ စတင်ရုံမျှ ဖြစ်ခဲ့လေသည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ယေရှုသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သည့်အပြင် ခေတ်ဟောင်းကို အဆုံးသတ်ခဲ့၏၊ သို့သော် သူသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားကိုလည်း ပြည့်စုံစေခဲ့သည်။ သူပြုခဲ့သည့် အမှုသည် ယောဟန်၏ အမှုထက် သာ၍ကြီးမြတ်သည့်အပြင်၊ သူသည် လူသားမျိုးနွယ်အားလုံးကို ရွေးနှုတ်ရန် ကြွလာခဲ့ခြင်းဖြစ်သည်— သူသည် ထိုအမှုအဆင့်ကို ပြီးမြောက်ခဲ့သည်။ ယောဟန်အတွက်မူ၊ သူသည် လမ်းခရီးသက်သက် ပြင်ဆင်ပေးခဲ့သည်။ သူ၏ အလုပ်သည် ကြီးမြတ်သော်လည်း၊ သူပြောခဲ့သည့် စကားလုံးများပြား၍၊ သူ့နောက်သို့လိုက်သည့် တပည့်များစွာ ရှိခဲ့သော်လည်း၊ သူ၏အလုပ်သည် လူသားထံ အသစ်သောစတင်ခြင်းကို ယူဆောင်ပေးခြင်းထက် မပိုပေ။ လူသားသည် သူ့ထံမှ အသက်၊ လမ်းခရီး သို့မဟုတ် သာ၍ နက်ရှိုင်းသော သမ္မာတရားများကို ဘယ်သောအခါမျှ မရခဲ့သကဲ့သို့၊ သူမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို သိနားလည်ခြင်း မရရှိခဲ့ပေ။ ယောဟန်သည် ယေရှု၏အမှုအတွက် အသစ်သောနယ်ပယ်ကို ဖွင့်ပေးခဲ့ပြီး ရွေးချယ်ခြင်းခံရသူကို ပြင်ဆင်ပေးခဲ့သည့် ကြီးမြတ်သည့် ပရောဖက် (ဧလိယ) ဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်၏ ရှေ့ပြေးတစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သောအကြောင်းအရာများကို ၎င်းတို့၏ သာမန်လူသားဟန်ပန်များကို လေ့လာရုံဖြင့် မသိမမြင်နိုင်ပေ။ ယောဟန်သည် အတော်အတန် ကြီးမားသည့် အလုပ်ကို ဆောင်ရွက်ခဲ့ပြီး၊ ထို့ပြင် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်ရှိထားခဲ့ကာ သူ၏လုပ်ဆောင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က ထိန်းသိမ်းခဲ့သည့်အတွက် ဤသည်မှာ သာ၍ လျော်ကန်ပေသည်။ ဤသို့ဖြစ်ခြင်းကြောင့်၊ လူတစ်ဦး၏ အပြင်ပန်း သွင်ပြင်များမှ သူ၏အနှစ်သာရကို မပြောနိုင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သည့် သက်သေခံချက်က မည်သည့်အရာဖြစ်သည်ကို သေချာစေရန် လေ့လာစိစစ်ဖို့ နည်းလမ်းတစ်ခုတစ်လေ မရှိသည့်အတွက်၊ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်မှတဆင့်သာ ၎င်းတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများကို ခွဲခြားနိုင်ပေသည်။ ယောဟန် လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ယေရှုပြုခဲ့သည့် အမှုတို့သည် တူညီမှုမရှိသကဲ့သို့၊ သဘာဝခြင်းလည်း ခြားနားပေသည်။ ဤအရာမှ ယောဟန်သည် ဘုရားသခင် ဟုတ်၊ မဟုတ်ဆိုသည်ကို ဆုံးဖြတ်နိုင်ပေသည်။ ယေရှု၏အမှုသည် စတင်ရန်၊ ဆက်လက်လုပ်ဆောင်ရန်၊ အဆုံးသတ်ရန်နှင့် ဖြစ်ထွန်းစေရန် ဖြစ်သည်။ ဤအဆင့်တစ်ဆင့်ချင်းစီကို သူ ဆောင်ရွက်ခဲ့သည်၊ ယောဟန်၏ အလုပ်မှာမူ အစပြုခြင်းထက် ဘာမျှမပိုခဲ့ပေ။ အစတွင် ယေရှုသည် ဧဝံဂေလိတရားကို ဖြန့်ဝေပြီး၊ နောင်တတရား လမ်းခရီးကို ဟောပြောခဲ့သည်၊ ထို့နောက် ဆက်လက်၍ လူသားကို ရေနှစ်ခြင်းပေးခဲ့သည်၊ နာမကျန်းဖြစ်သူများကို ကုသပျောက်ကင်းစေပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်။ အဆုံးတွင်၊ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ခဲ့ပြီး ခေတ်တစ်ခုလုံးအတွက် သူ၏အမှုကို အဆုံးသတ်ခဲ့သည်။ သူသည် လူသားကို တရားဟောကြားခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေရင်း နေရာတိုင်းကိုလည်း သွားခဲ့သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ သူနှင့် ယောဟန်သည် တူညီကြ၏၊ မတူညီခြင်းမှာ ယေရှုသည် ခေတ်သစ်ကို ဖွင့်ပေးခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို လူသားထံ ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် လူသား လက်တွေ့လုပ်ဆောင်သင့်သည့် အရာနှင့် လိုက်လျှောက်သင့်သည့် လမ်းခရီးနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်သည် သူ၏နှုတ်မှ ထွက်လာခဲ့ပြီး၊ အဆုံးတွင် ရွေးနုတ်ခြင်းအမှုကို သူအဆုံးသတ်ခဲ့သည်။ ယောဟန်သည် ဤအလုပ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လုပ်ဆောင်ခဲ့သူမှာ ယေရှုဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုသူမှာ သူ ဖြစ်လေသည်။ ကတိတော်အားဖြင့် မွေးဖွားခဲ့သူများ၊ ဝိညာဉ်တော်အားဖြင့် မွေးဖွားခဲ့သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အတည်ပြုခြင်းခံရသူများနှင့် လမ်းသစ်များ ဖွင့်ပေးသောသူများ အားလုံးတို့သည် ဘုရားသခင်ပင်ဖြစ်သည်ဟု လူသား၏ အယူအဆများက ဆိုကြသည်။ ဤသုံးသပ်ဆင်ခြင်မှုအရ၊ ယောဟန်သည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်ဖြစ်ပြီး မောရှေ၊ အာဗြဟံနှင့် ဒါဝိဒ်...သူတို့အားလုံးသည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်။ ဤအရာသည် ပြောင်မြောက်သော ပြက်လုံးတစ်ခု မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၆၉)

အချို့က၊ “ခေတ်ကာလကို ဘုရားသခင် ကိုယ်တော်တိုင်က အဘယ်ကြောင့် ဖွင့်ပေးရမည်နည်း။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသူတစ်ဦးက မရပ်တည်ပေးနိုင်သလော။” ဟု စဉ်းစားကောင်း စဉ်းစားမည်။ ဘုရားသခင်သည် ခေတ်သစ်ကို ဖွင့်ပေးခြင်း ရည်ရွယ်ချက်ကို ဖော်ပြရန်အတွက် လူ့ဇာတိခံယူလာခဲ့သည်ကို သင်တို့အားလုံး သတိပြုမိကြပြီး၊ ခေတ်သစ်ကို သူဖွင့်ပေးသည့်အချိန်တွင် သူသည် တစ်ချိန်တည်းတွင် ခေတ်ဟောင်းကို အဆုံးသတ်လိမ့်မည်မှာ မှန်ပေ၏။ ဘုရားသခင်သည် အစနှင့်အဆုံး ဖြစ်သည်။ သူ၏ အမှုကို စတင်လှုပ်ရှားစေသည်မှာ သူကိုယ်တိုင်ဖြစ်ပြီး၊ ထို့ကြောင့် အရင်ခေတ်ကို အဆုံးသတ်သူမှာလည်း သူကိုယ်တိုင်ဖြစ်ရပေမည်။ ယင်းသည် စာတန်ကို သူ အောင်နိုင်ခြင်းနှင့် ကမ္ဘာမြေကြီးကို သူ၏သိမ်းပိုက်ခြင်း၏ သက်သေဖြစ်သည်။ အချိန်တိုင်းတွင် သူကိုယ်တိုင် လူသားအကြား အမှုပြုလေသည်၊ ယင်းသည် အသစ်သော စစ်ပွဲတစ်ခု၏ အစဖြစ်ပေသည်။ အသစ်သော အမှု၏အစ မရှိဘဲနှင့်၊ အမှုဟောင်း၏ နိဂုံးသည် အလိုအလျောက်ပင် ရှိလိမ့်မည် မဟုတ်ပေ။ အမှုဟောင်း၏ နိဂုံးမရှိသည့်အခါ၊ စာတန်နှင့် တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်မလာသေးကြောင်း သက်သေဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်လာပြီး လူသားကြားတွင် အမှုသစ်ပြုမှသာလျှင်၊ လူသားသည် စာတန်၏အုပ်စိုးမှုကို လုံးဝချိုးဖောက်ပြီး အသက်တာသစ်နှင့် စတင်မှု အသစ်ကို ရရှိနိုင်ပေသည်။ သို့မဟုတ်ပါက၊ လူသားသည် ခေတ်ဟောင်းတွင် ထာဝရအသက်ရှင်နေထိုင်နေပြီး စာတန်၏ လွှမ်းမိုးမှုဟောင်း အောက်၌သာ ထာဝရနေရလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ဦးဆောင်ခဲ့သည့် ခေတ်ကာလတိုင်းနှင့်အတူ၊ လူသားအချို့က လွတ်မြောက်သွားပြီး ထိုသို့ဖြင့်၊ လူသားသည် ခေတ်သစ်ဆီသို့ ဘုရားသခင်၏ အမှုနှင့်အတူ တက်လှမ်းလေသည်။ ဘုရားသခင်၏ အောင်မြင်မှုဟူသည်မှာ သူ့နောက် လိုက်လျှောက်သည့် သူအားလုံး၏ အောင်မြင်မှုဟု ဆိုလိုပေသည်။ အဖန်ဆင်းခံ လူသားမျိုးနွယ်အား ခေတ်ကာလကို အဆုံးသတ်ခြင်းတာဝန် ပေးမည်ဆိုလျှင်၊ လူသား၏ ရှုထောင့်အမြင်မှဖြစ်စေ သို့မဟုတ် စာတန်၏ ရှုထောင့်အမြင်မှ ဖြစ်စေ၊ ဤအရာသည် ဘုရားသခင်ကို နာခံသည့် လုပ်ရပ်တစ်ခု မဟုတ်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် လုပ်ရပ် သို့မဟုတ် သစ္စာဖောက်သည့် လုပ်ရပ်တစ်ခုသာ ဖြစ်လိမ့်မည်၊ ပြီးလျှင် လူသား၏ အလုပ်သည် စာတန်အတွက် တန်ဆာပလာတစ်ခု ဖြစ်သွားပေလိမ့်မည်။ လူသားအနေဖြင့် ဘုရားသခင်ကိုယ်တော်တိုင် ဖွင့်လှစ်သည့် ခေတ်တစ်ခုထဲတွင် ဘုရားသခင်ကို နာခံမှုရှိပြီး လိုက်လျှောက်မှသာ၊ စာတန်က အပြည့်အဝ ယုံကြည်လက်ခံနိုင်ပေမည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ဖြစ်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သင်တို့အနေဖြင့် လိုက်လျှောက်ရန်နှင့် နာခံရန်သာ လိုအပ်ပြီး နောက်ထပ် ဘာကိုမျှ သင်တို့ကို တောင်းဆိုခြင်းမရှိဟု ငါဆိုခြင်း ဖြစ်၏။ ဤသည်မှာ အသီးသီးက မိမိ၏တာဝန်ကို ထိန်းသိမ်းထားခြင်းနှင့် အသီးသီးက မိမိ၏ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာကို ဆောင်ရွက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူကိုယ်တိုင်၏ အလုပ်ကိုလုပ်ပြီး၊ လူသားက သူ့ကိုယ်စား လုပ်ပေးရန် မလိုအပ်သကဲ့သို့၊ ဖန်ဆင်းခံများ၏ အလုပ်တွင်လည်း သူပါဝင်ပတ်သက်ခြင်း မရှိပေ။ လူသားသည် မိမိကိုယ်တိုင်၏ တာဝန်ကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိ။ ဤအရာသည်သာ စစ်မှန်သည့် နာခံခြင်းဖြစ်ပြီး၊ စာတန်ကို အနိုင်ယူခြင်းသက်သေ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် ခေတ်သစ်ကို ဖွင့်လှစ်ပေး ပြီးနောက်၊ သူကိုယ်တိုင်သည် လူသားများအကြားတွင် အမှုပြုရန် ကြွဆင်းလာခြင်း မရှိတော့ချေ။ ထိုအခါမှသာ လူသားသည် မိမိ၏တာဝန်ကို ဆောင်ရွက်ရန်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ထမ်းရွက်ရန် ခေတ်သစ်ထဲသို့ တရားဝင် လှမ်းလာခြင်း ဖြစ်သည်။ ဤအရာများသည် မည်သူမျှ မချိုးဖောက်ရသော ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများဖြစ်သည်။ ဤနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည်သာလျှင် သင့်တင့်လျောက်ပတ်မှုရှိပြီး လျော်ကန်ပေသည်။ ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ရမည်ဖြစ်သည်။ သူ၏အမှုကို စတင်လှုပ်ရှားစေသူမှာ သူဖြစ်ပြီး သူ၏ အမှုကို အဆုံးသတ်သူမှာ သူဖြစ်၏။ အမှုကို စီစဉ်သူမှာ သူဖြစ်ပြီး၊ ယင်းအား စီမံခန့်ခွဲသူမှာ သူ ဖြစ်သည်၊ ထို့ထက်မက အမှုကို အောင်မြင်စေသူမှာ သူပင် ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲတွင် “ငါသည်အစနှင့် အဆုံးဖြစ်သည်၊ ငါသည် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူဖြစ်သည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။ သူ၏ စီမံခန့်ခွဲခြင်းနှင့်ဆိုင်သည့် အမှုနှင့် ဆက်စပ်သမျှကို ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်လေသည်။ သူသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အုပ်ချုပ်သူဖြစ်သည်။ အရာအားလုံးကို ထိန်းချုပ်ထားသူမှာ သူ ဖြစ်သည့်အတွက်၊ မည်သူမျှ ဘုရားသခင်ကိုယ်စား သူ၏အမှုကို မလုပ်ဆောင်နိုင်သကဲ့သို့ သူ၏ အမှုကို မည်သူမျှ အဆုံးမသတ်စေနိုင်ပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းပြီးနောက်၊ သူသည် ကမ္ဘာလောကတစ်ခုလုံးကို သူ၏အလင်းထဲတွင် အသက်ရှင်ဖို့ ဦးဆောင်မည်ဖြစ်ပြီး၊ ခေတ်တစ်ခုလုံးကိုလည်း အဆုံးသတ်လိမ့်မည်၊ ထိုသို့ဖြင့် သူ၏ အစီအစဉ်တစ်ခုလုံးကို အောင်မြင်စေလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၇၀)

ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်လျှောက်တွင် ထုတ်ဖော်ပြပြီးဖြစ်သည်။ ယင်းကို နောက်ဆုံးသော ခေတ်၏ ဤကာလတွင် မဆိုထားနှင့်၊ ကျေးဇူးတော်ခေတ်တွင်သာ ထုတ်ဖော်ပြထားခြင်း မဟုတ်သကဲ့သို့၊ ပညတ်တော်ခေတ်တွင်သာလည်း ထုတ်ဖော်ပြထားခြင်း မဟုတ်ပေ။ နောက်ဆုံးကာလတွင် ဆောင်ရွက်သော အမှုသည် တရားစီရင်ခြင်း၊ အမျက်ဒေါသနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလတွင် ဆောင်ရွက်သော အမှုသည် ပညတ်တော်ခေတ်၏ အမှု သို့မဟုတ် ကျေးဇူးတော်ခေတ်၏ အမှုကို အစားမထိုးနိုင်ပေ။ သို့ရာတွင် အဆင့်သုံးဆင့်သည် ဆက်သွယ်လျက် တစ်ခုတည်းအဖြစ် ပုံဖော်ပြီး၊ အားလုံးသည် ဘုရားသခင် တစ်ပါးတည်း၏ အမှု ဖြစ်သည်။ ပင်ကိုအားဖြင့် ဤအမှု၏ အကောင်အထည်ဖော်မှုကို သီးခြားခေတ်များအဖြစ်သို့ ပိုင်းခြား ထားပေသည်။ နောက်ဆုံးသောကာလတွင် လုပ်ဆောင်သောအမှုသည် အရာခပ်သိမ်းကို အဆုံးတစ်ခုသို့ ဆောင်ကြဉ်း၏။ ပညတ်တော်ခေတ်တွင် လုပ်ဆောင်သော အရာသည် အစပြုခြင်း အမှုဖြစ်သည်။ ပြီးလျှင် ကျေးဇူးတော်ခေတ်၌ လုပ်ဆောင်သော အရာသည် ရွေးနုတ်ခြင်းအမှု ဖြစ်သည်။ ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးရှိ အမှု၏ ရူပါရုံများအတွက်မူ၊ မည်သူမျှ ထိုးထွင်းသိမြင်မှု သို့မဟုတ် သိနားလည်ခြင်းတို့ မရရှိနိုင်သကဲ့သို့၊ ဤရူပါရုံများသည် ပဟေဠိများအဖြစ် ဆက်ရှိနေသည်။ နောက်ဆုံးသော ကာလတွင် နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးရန် အလို့ငှာ နှုတ်ကပတ်တော်နှင့်ဆိုင်သော အမှုကိုသာ ဆောင်ရွက်ခြင်း ဖြစ်သော်လည်း၊ ယင်းသည် ခေတ်အားလုံးကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလသည် နောက်ဆုံးသောကာလထက် မပိုသကဲ့သို့ နိုင်ငံတော်ခေတ်ထက်လည်း မပိုပေ၊ ပြီးလျှင် ယင်းတို့သည် ကျေးဇူးတော်ခေတ် သို့မဟုတ် ပညတ်တော်ခေတ်တို့ကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလ အတွင်းတွင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ထဲက အမှုအားလုံးကို သင်တို့ထံ ထုတ်ဖော်ပြသလေသည်။ ဤသည်မှာ နက်နဲမှုကို ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ဤနက်နဲမှုမျိုးသည် မည်သည့် လူကမျှ ထုတ်ဖော်မပြနိုင်သည့် အရာတစ်ခု ဖြစ်သည်။ လူသားသည် သမ္မာကျမ်းစာနှင့်ဆိုင်သည့် မည်မျှ ကြီးမားသော သိနားလည်မှုရှိပါစေ၊ လူသားသည် သမ္မာကျမ်းစာ၏ အနှစ်သာရကို နားမလည်သည့်အတွက် ယင်းသည် စကားလုံးများထက် ဘာမျှမပိုပေ။ သမ္မာကျမ်းစာကို ဖတ်ရှုရာတွင်၊ လူသည် သမ္မာတရား အချို့ကို နားလည်ကောင်း နားလည်နိုင်သည်၊ စကားလုံးအချို့ကို ရှင်းပြကောင်း ရှင်းပြနိုင်သည် သို့မဟုတ် ကျော်ကြားသော ကျမ်းပိုဒ်အချို့နှင့် အခန်းကြီးအချို့ကို ကောင်းကောင်း လေ့လာဆန်းစစ်နိုင်သည်၊ သို့သော်လည်း လူအားလုံး မြင်သည်မှာ အသက်မရှိသော စကားလုံးများသာ ဖြစ်ပြီး ယေဟောဝါနှင့် ယေရှုတို့ အမှု၏ မြင်ကွင်းများ မဟုတ်သည့်အတွက် ထိုစကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်ကိုမူ သူသည် မည်သည့်အခါမျှ ထုတ်ယူနိုင်မည် မဟုတ်သကဲ့သို့၊ လူသားသည် ဤအမှု၏ နက်နဲမှုကို ဖြေရှင်းခြင်းငှာ နည်းလမ်းမရှိပေ။ သို့ဖြစ်ရာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုသည် အကြီးမားဆုံး နက်နဲမှု ဖြစ်သည်၊ လူသားအဖို့ အနက်နဲဆုံး ကွယ်ဝှက်ထားပြီး လုံးလုံးလျားလျား နားမလည်နိုင်သည့်အရာ ဖြစ်သည်။ ဘုရားသခင်က လူသားကို ကိုယ်တိုင် ရှင်းပြပြီး ထုတ်ဖော်မပြပါက၊ မည်သူမျှ ဘုရားသခင်၏ အလိုကို သဘောမပေါက်နိုင်ပေ။ သို့မဟုတ်ပါက၊ ဤအရာတို့သည် အလုံပိတ်ထားသော နက်နဲရာများအဖြစ် အစဉ်အမြဲ ကျန်ရှိလျက်၊ လူသားအဖို့ အစဉ်အမြဲ ပဟေဠိ ဖြစ်ကျန်လိမ့်မည် ဖြစ်သည်။ ဘာသာရေးလောကထဲ လူတိုကို မဆိုထားနှင့်။ ယနေ့ သင်တို့ကို ပြောပြထားပြီး မဟုတ်ပါက၊ ယင်းကို သင်တို့လည်း သဘောပေါက်ပြီးဖြစ်မည် မဟုတ်။ ဤအနှစ်ခြောက်ထောင် အမှုသည် ပရောဖက်များ၏ ပရောဖက်ပြုချက် အားလုံးထက် သာ၍ နက်နဲသည်။ ဤနက်နဲမှုကို နောက်ဆုံးသောခတ်တွင်သာ ဖွင့်ဟထားပြီး ယခင်က လုံးဝ ထုတ်ဖော်မပြဖူးသည့်အတွက်၊ ယင်းသည် ဖန်ဆင်းခြင်းမှသည် လက်ရှိအထိ အကြီးမားဆုံးသော နက်နဲမှု ဖြစ်ပြီး၊ ခေတ်များတစ်လျှောက် ပရောဖက်များထဲမှ မည်သူမျှ ယင်းကို တစ်ကြိမ်တစ်ခါမျှ သဘောမပေါက်နိုင်ဖူးကြချေ။ သင်တို့သည် ဤနက်နဲမှုကို သဘောပေါက်နိုင်ပါက၊ ပြီးလျှင် ယင်းကို အလုံးစုံဖြင့် ရရှိနိုင်ပါက၊ ဘာသာရေး ပုဂ္ဂိုလ်များအားလုံးသည် ဤနက်နဲမှုအားဖြင့် နှိမ်နင်းခံရကြလိမ့်မည် ဖြစ်သည်။ ဤအရာသည်သာလျှင် ရူပါရုံများထဲမှ အကြီးမြတ်ဆုံး ဖြစ်သည်။ ယင်းသည် လူသားက သဘောပေါက်ဖို့ အပြင်းပြဆုံး တောင့်တသည့်အရာ ဖြစ်သော်လည်း၊ သူ့အဖို့ မရှင်းလင်းဆုံးသောအရာလည်း ဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့သည် ကျေးဇူးတော်ခေတ်တွင် ရှိသောအခါ၊ သင်တို့သည် ယေရှု သို့မဟုတ် ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုက မည်သည့်အရာ ဖြစ်သည်ကို သင်တို့ မသိခဲ့ကြပေ။ ယေဟောဝါသည် အဘယ်ကြောင့် ပညတ်တော်များကို ချမှတ်သည်၊ သူက အဘယ်ကြောင့် လူထုကို ပညတ်တော်များအား စောင့်ထိန်းရန် စေခိုင်းခဲ့သည်၊ သို့မဟုတ် ဗိမာန်တော်ကို အဘယ်ကြောင့် တည်ဆောက်ခဲ့ရမည်တို့ကို နားမလည်ခဲ့ကြသကဲ့သို့၊ ဣသရေလ လူမျိုးတို့ကို အဲဂုတ္တုပြည်မှ တောထဲသို့ ခေါ်သွားခံခဲ့ရပြီးနောက် ခါနာန်ပြည်သို့ အဘယ်ကြောင့် ခေါ်ဆောင် သွားခံခဲ့ရသည်ကို သာ၍ နားမလည်နိုင်သေးချေ။ ဤနေ့သို့ မရောက်မီအထိ ဤကိစ္စများကို ထုတ်ဖော်ပြမထားလေပြီ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၇၁)

ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများ၏ သာသနာပြုခြင်းနှင့် ထိန်းကျောင်းပေးခြင်း လိုအပ်သည့်အတွက်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အထူး လမ်းညွှန်ခြင်းနှင့် လမ်းပြခြင်းခံရသောသူများမှလွဲ၍ မည်သူမျှ အမှီအခိုကင်းစွာ ရှင်သန်နိုင်စွမ်း မရှိချေ။ ထို့ကြောင့် ခေတ်အသီးသီးတွင် ဘုရားသခင်သည် သူ၏အမှုအဖို့အလို့ငှာ အသင်းတော်များအား သိုးထိန်းကျောင်းခြင်းနှင့်ပတ်သက်၍ မအားမလပ်အောင် ပြေးလွှားလုပ်ဆောင်မည့်သူ အမျိုးမျိုးကို ပေါ်ထွန်းစေခဲ့သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် သူ မျက်နှာသာပေးကာ လက်ခံသောသူများမှတစ်ဆင့် လုပ်ဆောင်ရမည်ဟု ဆိုရပေမည်။ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်းရှိ အသုံးပြုထိုက်သည့် အစိတ်အပိုင်းကို အသုံးပြုရမည် ဖြစ်ပြီး၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းမှတစ်ဆင့် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်လျော်စေခြင်း ခံရကြလေသည်။ လူသား၏ နားလည်နိုင်စွမ်းသည် အလွန် ချို့တဲ့သောကြောင့်၊ သူသည် ဘုရားသခင်၏အသုံးပြုခြင်း ခံရသောသူများ၏ ထိန်းကျောင်းပေးမှုကို ခံရပေမည်။ ယင်းသည် မောရှေကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့်တူပေသည်၊ မောရှေထံတွင် ထိုအချိန်က အသုံးပြုဖို့အတွက် သင့်လျော်သည့် အရာများစွာကို ဘုရားသခင် ရှာတွေ့ခဲ့ပြီး၊ ယင်းမှာ ထိုအဆင့်အတွင်းရှိ ဘုရားသခင်၏ အမှုအတွက် ဘုရားသခင် ဆောင်ရွက်ခဲ့ဖူးသည့် အရာများဖြစ်သည်။ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို အသုံးပြုခိုက်တွင် အမှုပြုဖို့ရန် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြု၍ ရနိုင်သည့် လူသား၏ အစိတ်အပိုင်းကိုလည်း ကောင်းကောင်း အသုံးချကာ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း လူသားကို လမ်းညွှန်ပေးပြီး၊ တစ်ပြိုင်နက် ကျန်ရှိနေသည့် အသုံးပြု၍ မရသော အစိတ်အပိုင်းကို စုံလင်စေလေသည်။

ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူက ဆောင်ရွက်ခဲ့သည့် အလုပ်သည် ခရစ်တော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ ဖြစ်သည်။ ဤလူသည် လူသားအလယ်တွင် ဘုရားသခင်၏ ပျိုးထောင်ပေးခြင်းခံရသည်၊ သူသည် ဘုရားသခင် ရွေးချယ်ထားသူများ အားလုံးကို ဦးဆောင်ရန် ရှိနေခြင်း ဖြစ်ပြီး၊ သူသည် လူသား ပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ဘုရားသခင်၏ ပျိုးထောင်ပေးခြင်းခံရသူလည်း ဖြစ်သည်။ လူသား ပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ကို လုပ်ဆောင်နိုင်သည့် ဤသို့သော သူတစ်ဦးဖြင့်၊ လူသားအပေါ် ပို၍များသော ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လူသားအလယ် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ရမည့် အမှုတို့ကို ထိုသူမှတစ်ဆင့် သာ၍ စွမ်းဆောင်ရရှိနိုင်ပေသည်။ ယင်းကို အခြားနည်းဖြင့်ဆိုရသော် ဤသို့ဖြစ်သည်- ဤလူကို အသုံးပြုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ ဘုရားသခင် နောက်လိုက်သူများ အားလုံးသည် ဘုရားသခင်၏အလိုကို သာ၍ကောင်းစွာ နားလည်လာနိုင်ရန်အလို့ငှာနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သာ၍ ကြိုးပမ်းရရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ အလိုကို တိုက်ရိုက် နားလည်နိုင်စွမ်း မရှိကြသောကြောင့် ထိုသို့သောအမှုကို ဆောင်ရွက်လေ့ရှိသူ တစ်စုံတစ်ဦးကို ဘုရားသခင်က ပျိုးထောင်ပြီးဖြစ်သည်။ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော ဤလူကို ဘုရားသခင်က လူတို့ကို တစ်ဆင့်လမ်းပြသည့် ကြားခံ တစ်ခုအဖြစ်၊ ဘုရားသခင်နှင့် လူသားကြား ဆက်သွယ်ပြောဆိုပေးသော “ဘာသာပြန်” အဖြစ် ဖော်ပြနိုင်သည်။ ထို့ကြောင့် ဤသို့သောလူသည် ဘုရားသခင်၏ အိမ်ထောင်စု၌ အလုပ်လုပ်ကြသည့်သူများ သို့မဟုတ် ဘုရားသခင်၏ တမန်တော်များထဲမှ မည်သူနှင့်မျှ မတူပေ။ ၎င်းတို့နည်းတူ သူ့ကို ဘုရားသခင်အား အစေခံသူ တစ်ဦးအဖြစ် ပြော၍ရသည်၊ သို့တိုင် သူ၏အလုပ် အနှစ်သာရနှင့် ဘုရားသခင်၏ အသုံးပြုခံရခြင်း နောက်ခံအရ၊ သူသည် အခြားအမှုတော်ဆောင်များ၊ တမန်တော်များနှင့် အလွန် ကွဲပြားခြားနားသည်။ သူ၏ အလုပ် အနှစ်သာရနှင့် သူ၏အသုံးပြုခံရခြင်း နောက်ခံအရ၊ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသောလူသည် ဘုရားသခင်၏ ပျိုးထောင်ပေးခြင်း ခံရပေသည်၊ ဘုရား၏အမှုအတွက် ဘုရားသခင်က သူ့ကို ပြင်ဆင်ထားခြင်း ဖြစ်ပြီး၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုတွင် ပူးပေါင်းလုပ်ဆောင်လေသည်။ မည်သူမျှ သူ၏ကိုယ်စား သူ၏အလုပ်ကို လုံးဝ မလုပ်ဆောင်နိုင်ပေ- ဤသည်မှာ ဘုရားသခင်၏ အမှုနှင့်အတူ မရှိမဖြစ်သော လူသားပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ထိုစဉ်အတောအတွင်းတွင် အခြားအမှုတော်ဆောင်များ သို့မဟုတ် တမန်တော်များက ဆောင်ရွက်သည့် အလုပ်မှာ ခေတ်အသီးသီးအတွင်း အသင်းတော်များအတွက် အစီအစဉ်များနှင့်ဆိုင်သည့် ရှုထောင့်များစွာကို ပို့ဆောင်ပေးခြင်းနှင့် အကောင်အထည်ဖော်ခြင်းသာ ဖြစ်သည်၊ သို့မဟုတ်ပါက အသင်းတော်အသက်တာကို ထိန်းသိမ်းရန်အလို့ငှာ အသက်တာကို အချို့သော ရိုးရှင်းသည့် ထောက်ပံ့ခြင်း အလုပ်သာဖြစ်သည်။ ဤအမှုတော်ဆောင်များနှင့် တမန်တော်များကို သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသူများဟု ခေါ်ဆိုနိုင်ဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ ခန့်အပ်ထားခြင်းပင် မဟုတ်ကြချေ။ ၎င်းတို့ကို အသင်းတော်များထဲမှ ရွေးချယ်ထားခြင်း ဖြစ်သည်၊ အချိန်ကာလတစ်ခုကြာ လေ့ကျင့်ပေးပြီး ပြုစုပျိုးထောင်ပေးပြီးသည့်နောက်၊ အံဝင်သူများသည် ဆက်လက် ထိန်းသိမ်းခံရကြပြီး၊ အံမဝင်သူများမှာ ၎င်းတို့လာခဲ့ကြသည့် အရပ်ဆီသို့ ပြန်စေလွှတ်ခြင်းခံရသည်။ ဤလူတို့ကို အသင်းတော်များထဲမှ ရွေးချယ်ထားခြင်း ဖြစ်သောကြောင့်၊ အချို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက်တွင် ၎င်းတို့၏စရိုက်အမှန်များကို ပြသကြပြီး၊ အချို့မှာ မကောင်းသောအရာ များစွာကိုပင် လုပ်ဆောင်ကြကာ ပယ်ထုတ်ခံရခြင်းဖြင့် အဆုံးသတ်ကြလေသည်။ သို့သော်ငြားလည်း ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသည့် လူမှာ၊ ဘုရားသခင်၏ ပြင်ဆင်ပေးခြင်း ခံရပြီးဖြစ်သူနှင့် အရည်အချင်းအချို့ ပိုင်ဆိုင်ပြီး လူ့သဘာဝရှိသောသူ တစ်ဦး ဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကြိုတင် ပြင်ဆင်ပေးခြင်းခံပြီး စုံလင်စေခြင်းခံရပြီး ဖြစ်ကာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လုံးဝ ဦးဆောင်ခြင်းခံရလေသည်၊ အထူးသဖြင့် သူ၏အလုပ်နှင့် ပတ်သက်လာသည့်အခါ၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်ပေးခြင်းနှင့် ကွပ်ကဲခြင်းကို ခံရသည်- ဤအရာ၏ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်သည် သူကိုယ်တိုင်၏ အမှုအတွက် ဧကန်မုချ တာဝန်ယူပြီး၊ သူကိုယ်တိုင်၏ အမှုကို အချိန်တိုင်း လုပ်ဆောင်သည့်အတွက်၊ ဘုရားသခင် ရွေးချယ်ထားသူများကို ဦးဆောင်ခြင်းလမ်းကြောင်းပေါ်တွင် သွေဖည်မှုမရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၇၂)

ဘုရားသခင်ကိုယ်တိုင်၏အမှုဖြစ်စေ၊ အသုံးပြုခြင်းခံရသော လူများ၏ အလုပ်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင်ရှိသော အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော် သို့မဟုတ် ခုနှစ်ဆပြင်းထန်သော ဝိညာဉ်တော်ဟု ခေါ်ဆိုနိုင်သော ဝိညာဉ်တော်ဖြစ်သည်။ အားလုံးခြုံကြည့်လျှင်၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို မတူညီသော ခေတ်များတွင် မတူညီသည့် အမည်နာမများဖြင့် ခေါ်ဆိုသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရသည် တစ်ခုတည်း ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ကိုယ်တိုင်၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် အလုပ်လုပ်နေသည့် သန့်ရှင်းသော ဝိညာဉ်တော်ထက် တစ်ပြားသားမျှ မလျော့ပေ။ အသုံးပြုခြင်း ခံရသော လူတို့၏ အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော လုံးဝ မှန်ကန်သည့် ဖော်ပြချက် ဖြစ်သည်၊ အသုံးပြုခြင်းခံရသော လူတို့၏ အလုပ်မှာမူ လူသား၏ အမှုအရာများစွာနှင့် ရောနှောနေပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော ဖော်ပြချက်ဖြစ်ဖို့ မဆိုထားနှင့် သူ၏ တိုက်ရိုက်ဖော်ပြချက်ပင် မဟုတ်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ကွဲပြားခြားနားပြီး မည်သည့် အခြေအနေများနှင့်မျှ ကန့်သတ်မထားပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ကွဲပြားသော လူများတွင် ကွဲပြားခြားနားသည်၊ ယင်းသည် ကွဲပြားသော အနှစ်သာရများကို ထင်ရှားစေပြီး၊ ခေတ်အပြင် နိုင်ငံများအားဖြင့် ကွဲပြားလေသည်။ ဟုတ်ပေ၏၊ သန့်ရှင်းသောဝိညာဉ်တော်သည် မတူညီသော နည်းလမ်း များစွာဖြင့် အလုပ်လုပ်ပြီး အခြေခံသဘောတရား များစွာအတိုင်း အလုပ်လုပ်သော်လည်း၊ အလုပ်ကို မည်သို့ လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် လူအမျိုးအစားတို့အပေါ် လုပ်ဆောင်သည် ဖြစ်စေ ယင်း၏ အနှစ်သာရသည် အမြဲ ကွဲပြားခြားနားပေသည်။ မတူညီသော လူများအပေါ် လုပ်ဆောင်သော အလုပ်အားလုံးသည် ၎င်း၏ အခြေခံသဘောတရားများ ရှိပြီး၊ ထိုအလုပ်တစ်ခုလုံးသည် အပြုခံအရာများ၏ အနှစ်သာရကို ကိုယ်စားပြုနိုင်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် နယ်ပယ်အားဖြင့် အတော်အတန် တိကျပြီး အတော်အတန် ချင့်ချင့်ချိန်ချိန် ဖြစ်သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံ ခန္ဓာ၌ လုပ်ဆောင်သည့် အမှုသည် လူတို့အပေါ် ဦးစီးဦးရွက်ပြုသော အလုပ်နှင့် မတူညီသကဲ့သို့၊ ထိုအလုပ်သည် ဦးစီးဦးရွက်ပြုခံရသော လူ၏ အရည်အချင်းနှင့်အညီလည်း ကွဲပြားလေသည်။ လူ့ဇာတိခံ ခန္ဓာတွင် လုပ်ဆောင်သော အလုပ်ကို လူတို့အပေါ် မလုပ်ဆောင်သကဲ့သို့ ယင်းသည် လူတို့အပေါ် လုပ်ဆောင်သော အလုပ်နှင့် မတူညီပေ။ အတိုချုပ်အားဖြင့်၊ ယင်းကို မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ကွဲပြားသော အရာများအပေါ် ဆောင်ရွက်သော အမှုသည် လုံးဝ မတူညီသကဲ့သို့၊ သူလုပ်ဆောင်သည့် အခြေခံသဘောတရားများသည် သူအမှုပြုသော ကွဲပြားသည့် လူများ၏ အခြေအနေနှင့် သဘာဝဗီဇများနှင့်အညီ ကွဲပြားလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မတူညီသော လူတို့၏ ရှိရင်းစွဲ အနှစ်သာရအပေါ် အခြေခံ၍ ၎င်းတို့အပေါ် အလုပ်လုပ်ပြီး၊ ယင်းအနှစ်သာရကို ကျော်လွန်သည့် တောင်းဆိုမှုများကို ၎င်းတို့အပေါ် မပြုသကဲ့သို့၊ ၎င်းတို့၏ မွေးရာပါ အရည်အချင်းကို ကျော်လွန်သည့် အမှုကိုလည်း ၎င်းတို့အပေါ် မလုပ်ဆောင်ချေ။ သို့ဖြစ်၍၊ လူသားအပေါ်တွင်ပြုသော သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် ယင်းအလုပ်၏ အပြုခံအရာ၏ အနှစ်သာရကို လူတို့အား တွေ့မြင်ခွင့်ပေးလေသည်။ လူသား၏ ရှိရင်းစွဲ အနှစ်သာရသည် မပြောင်းလဲပေ။ သူ၏ မွေးရာပါ အရည်အချင်းသည် အကန့်အသတ်ရှိ၏။ ယင်းမှ လူတို့ အကျိုးရရှိနိုင်ဖို့အလို့ငှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့၏ အရည်အချင်း ကန့်သတ်ချက်များနှင့်အညီ လူတို့ကို အသုံးပြုသည် သို့မဟုတ် လူတို့အပေါ် အလုပ်လုပ်လေသည်။ အသုံးပြုခြင်း ခံရသည့် လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါတွင်၊ ထိုလူတို့၏ ပါရမီများနှင့် မွေးရာပါ အရည်အချင်းသည် ထိန်ချန်မထားဘဲ ပွင့်အန်ထွက် လာလေသည်။ ၎င်းတို့၏ မွေးရာပါ အရည်အချင်းသည် အမှုနှင့်သက်ဆိုင်သော ဝန်ဆောင်မှုတွင် အသုံးပြုခံရလေသည်။ သူသည် ယင်းအမှုတွင် ရလဒ်များ ရရှိဖို့အလို့ငှာ၊ လူများ၏ အသုံးပြု၍ရသော အစိတ်အပိုင်းများကို သူ၏ အမှုတွင် အသုံးပြုသည်ဟု ဆိုကောင်းဆိုနိုင်ပေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူ့ဇာတိခံ ခန္ဓာ၌ လုပ်ဆောင်သော အမှုသည် ဝိညာဉ်တော်၏ အလုပ်ကို တိုက်ရိုက်ဖော်ပြပြီး၊ လူ၏စိတ်နှင့် အတွေးများဖြင့် ရောနှောခြင်းမရှိပေ။ လူသား၏ ပါရမီများဖြစ်စေ၊ လူ၏ အတွေ့အကြုံဖြစ်စေ၊ လူသား၏ မွေးရာပါအခြေအနေဖြစ်စေ ယင်းကို လက်လှမ်း မမီနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ မရေမတွက်နိုင်သော အလုပ်အားလုံးသည် လူသားကို အကျိုးပြုရန်နှင့် စိတ်ဓာတ်မြှင့်တင်ပေးရန် ရည်ရွယ်ပေသည်။ သို့ရာတွင် လူအချို့သည် စုံလင်စေခြင်း ခံရနိုင်သော်လည်း၊ အခြားသူများသည် စုံလင်စေခြင်းအတွက် သတ်မှတ်ချက်များ မပိုင်ဆိုင်ပေ၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်း မခံရနိုင်သကဲ့သို့၊ နည်းနည်းမျှ ကယ်တင်မခံရနိုင်ဟု ဆိုလိုပြီး၊ ၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိခဲ့ကောင်း ရှိခဲ့နိုင်သော်လည်း၊ အဆုံး၌ ပယ်ထုတ်ခံကြရပေသည်။ ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် လူတို့ကို စိတ်ဓာတ်မြှင့်တင်ရန် ဖြစ်သော်လည်း၊ ၎င်းတို့၏ လိုက်စားရှာဖွေမှုတွင် လူများစွာ လိုက်လျှောက်သော လမ်းကြောင်းသည် စုံလင်စေခြင်းဆီသို့သွားသည့် လမ်းကြောင်း မဟုတ်သောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရရှိခဲ့ပြီးဖြစ်သည့် လူတိုင်း လုံးဝ စုံလင်စေခြင်း ခံရလိမ့်မည်ဟု ပြော၍မရနိုင်ဟု ဆိုခြင်းဖြစ်သည်။ ၎င်းတို့သည် ခံစားချက်အရဖြစ်သော လူသား၏ ပူးပေါင်းလုပ်ဆောင်မှု မရှိသကဲ့သို့၊ လူသား၏ မှန်ကန်သော အားထုတ်မှု မရှိဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တစ်ဖက်သတ် လုပ်ဆောင်မှုသာ ရှိလေသည်။ ဤအကြောင်းကြောင့်၊ ဤလူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် စုံလင်စေခြင်းခံရသော သူတို့ကို အစေခံရန် ဖြစ်လာလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူတို့က တိုက်ရိုက် မမြင်နိုင်သကဲ့သို့၊ လူတို့ကိုယ်တိုင် တိုက်ရိုက် မထိတွေ့နိုင်ပေ။ ယင်းသည် အမှုနှင့်သက်ဆိုင်သော ပါရမီရှိသူတို့ အားဖြင့်သာ ဖော်ပြခံရနိုင်လေသည်၊ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူတို့ ပြုလုပ်သော ဖော်ပြချက်များမှတစ်ဆင့် နောက်လိုက်များအား ထောက်ပံ့ ပေးထားခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၇၃)

သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် လူအမျိုးအစား များစွာနှင့် မတူညီသော အခြေအနေများစွာမှတစ်ဆင့် ပြီးမြောက်ကာ ပြည့်စုံလေသည်။ လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် ခေတ်တစ်ခုလုံး၏ အမှုကို ကိုယ်စားပြုနိုင်ပြီး ခေတ်တစ်ခုလုံးထဲက လူတို့၏ဝင်ရောက်မှုကို ကိုယ်စားပြုနိုင်သော်လည်း၊ လူတို့၏ ဝင်ရောက်မှု အသေးစိတ်နှင့် ပတ်သက်သော အမှုကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသော လူတို့အားဖြင့် လုပ်ဆောင်ဖို့ လိုအပ်ဆဲ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏အမှု သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ သာသနာသည် လူက ဘုရားသခင်ကိုယ်စား မလုပ်ဆောင်နိုင်သည့် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ၏ အမှု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မတူညီသည့် လူအမျိုးအစားများစွာမှတစ်ဆင့် ပြည့်စုံလေသည်။ ယင်းကို မည်သည့် လူတစ်ဦးတစ်ယောက်တည်းကမျှ လုံးဝ မရရှိနိုင်သကဲ့သို့၊ လူတစ်ဦး တစ်ယောက်တည်းကလည်း လုံးလုံးလျားလျား မဖော်ပြနိုင်ပေ။ အသင်းတော်ကို ဦးဆောင်သော သူများသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လုံးလုံးလျားလျား ကိုယ်စားမပြုနိုင်ပေ။ ၎င်းတို့သည် ဦးဆောင်သည့် အလုပ်အချို့ကိုသာ လုပ်ဆောင်နိုင်သည်။ ဤအကြောင်းကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သုံးပိုင်းခွဲခြားနိုင်၏- ဘုရားသခင် ကိုယ်တိုင်၏အလုပ်၊ အသုံးပြုခြင်းခံရသော လူတို့၏အလုပ်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း၌ ရှိသော သူအားလုံးနှင့် ပတ်သက်သည့် အလုပ်ဟူ၍ ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်သည် ခေတ်တစ်ခုလုံးကို ဦးဆောင်ရန်ဖြစ်သည်။ အသုံးပြုခြင်းခံရသော သူတို့၏ အလုပ်သည်၊ စေလွှတ် ခံရခြင်းဖြင့် သို့မဟုတ် ဘုရားသခင်က သူကိုယ်တိုင်၏ အလုပ် လုပ်ဆောင်ပြီးနောက် ပေးသည့် စေခိုင်းချက်တာဝန်များကို ရရှိခြင်းဖြင့်၊ ဘုရားသခင်၏ နောက်လိုက် အားလုံးကို ဦးဆောင်ရန်ဖြစ်ပြီး၊ ဤသူတို့သည် ဘုရားသခင်၏အမှုနှင့် ပူးပေါင်းဆောင်ရွက်ကြသူများ ဖြစ်သည်။ ရေစီးကြောင်းထဲတွင် ရှိသော သူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် လုပ်ဆောင်သော အလုပ်သည် သူကိုယ်တိုင်၏ အလုပ်အားလုံးကို ထိန်းသိမ်းရန် ဖြစ်ပြီး၊ ယင်းမှာ သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံးနှင့် သက်သေခံချက်ကို ထိန်းသိမ်းရန် ဖြစ်သော်လည်း၊ တစ်ချိန်တည်းတွင် စုံလင်စေခြင်းခံရနိုင်သူများကို စုံလင်စေခြင်း ဖြစ်ပေသည်။ ဤသုံးပိုင်းသည် အတူတကွ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် အစုံအလင်ဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တိုင်၏ အမှုမရှိဘဲနှင့်၊ စီမံခန့်ခွဲမှု အလုပ်သည် အလုံးစုံ တန့်သွားပေမည်။ ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်တစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြု၏၊ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အင်အားနှင့် လားရာတိုင်းကို ကိုယ်စားပြုပြီး၊ တမန်တော်များ၏ အလုပ်မှာမူ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်နောက်တွင် ဖြစ်လာပြီး ယင်းမှ လိုက်လုပ်ခြင်းဖြစ်ကာ ခေတ်ကို မဦးဆောင်သကဲ့သို့၊ ခေတ်တစ်ခေတ်လုံးထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လားရာကိုလည်း ကိုယ်စားမပြုပေ။ ၎င်းတို့သည် စီမံခန့်ခွဲမှုအလုပ်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည့် လူလုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အမှုသည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းတစ်ခု ဖြစ်သည်။ လူသား၏ အလုပ်မှာ အသုံးပြုခြင်းခံရသော လူတို့ ဖြည့်ဆည်းသည့် တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်မှု မရှိပေ။ ၎င်းတို့နှစ်ခုလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အလုပ်၏ ပင်ကိုလက္ခဏာများနှင့် ကိုယ်စားပြုမှုများထဲက ကွဲပြားမှုများကြောင့်၊ ဘုရားသခင် ကိုယ်တိုင်၏ အလုပ်နှင့် လူသား၏ အလုပ်ကြားတွင် ရှင်းလင်းပြီး ပဓာနကျသော ကွဲပြားမှုများရှိလေသည်။ ထို့အပြင် မတူညီသော ပင်ကိုလက္ခဏာများရှိသည့် အပြုခံအရာများအပေါ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အတိုင်းအတာ ကွဲပြားလေသည်။ ဤအရာများသည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘောတရားများနှင့် နယ်ပယ် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၇၄)

လူသား၏အလုပ်သည် သူ၏အတွေ့အကြုံနှင့် သူ၏ လူ့သဘာဝတို့၏ လက္ခဏာပြသည်။ လူသားပေးသည့်အရာနှင့် သူလုပ်ဆောင်သည့်အလုပ်သည် သူ့ကို ကိုယ်စားပြု၏။ လူသား၏ ထိုးထွင်းသိမြင်မှု၊ လူသား၏ ဆင်ခြင်တုံတရား၊ လူသား၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် သူ၏ ကြွယ်ဝသော စိတ်ကူးစိတ်သန်း အားလုံးသည် သူ၏ အလုပ်တွင် ပါဝင်သည်။ အထူးသဖြင့် လူသား၏ အတွေ့အကြုံသည် သူ့အလုပ်၏လက္ခဏာကို ပြနိုင်ပြီး၊ လူတစ်ဦး အတွေ့အကြုံများသည် သူ့အလုပ်၏ အစိတ်အပိုင်းများ ဖြစ်လာလေသည်။ လူသား၏ အလုပ်သည် သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်သည်။ လူအချို့သည် အပျက်သဘောဆောင်စွာ တွေ့ကြုံရချိန်တွင်၊ ၎င်းတို့ မိတ်သဟာယ၏ စကားအသုံးအနှုန်း အများစုသည် အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ ပါရှိပေလိမ့်မည်။ ၎င်းတို့၏ အတွေ့အကြုံသည် အချိန်ကာလ တစ်ခုကြာ အပြုသဘောဆောင်ပြီး ၎င်းတို့သည် အထူးသဖြင့် အပြုသဘောဆောင်သည့် ရှုထောင့်ဖြင့် လမ်းကြောင်းတစ်ခု ပိုင်ဆိုင်ပါက၊ ၎င်းတို့၏ မိတ်သဟာယသည် အလွန် ခွန်အားရစရာဖြစ်ကာ လူတို့သည် ၎င်းတို့ထံမှ အပြုသဘောဆောင်သော ထောက်ပံ့မှုများကို ရရှိနိုင်ကြပေသည်။ အကယ်၍ လုပ်သားတစ်ဦးသည် အချိန်ကာလတစ်ခုကြာ အပျက်သဘောဆောင်လာပါက၊ သူ၏မိတ်သဟာယသည် အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ အမြဲ သယ်ဆောင်လိမ့်မည်။ ဤမိတ်သဟာယမျိုးသည် ဝမ်းနည်းညိုးငယ်စေပြီး အခြားသူတို့သည် သူ၏ မိတ်သဟာယပြီးနောက် သတိမထားမိဘဲ၊ စိတ်မချမ်းမသာ ဖြစ်လာကြလိမ့်မည်။ နောက်လိုက်များ၏ အခြေအနေသည် ခေါင်းဆောင်၏ အခြေအနေပေါ်မူတည်၍ ပြောင်းလဲသည်။ လုပ်သားတစ်ဦးသည် အတွင်းတွင် မည်သည့်အရာနှင့် တူသည်ဖြစ်စေ၊ ယင်းသည် သူဖော်ပြသည့်အရာဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် တစ်ခါတစ်ရံ လူသား၏ အခြေအနေနှင့်အညီ ပြောင်းလဲလေသည်။ သူသည် လူသား၏အတွေ့အကြုံနှင့်အညီ အလုပ်လုပ်ပြီး ၎င်းတို့ကို အတင်းအကျပ် မလုပ်စေဘဲ၊ ၎င်းတို့အတွေ့အကြုံ၏ ပုံမှန်လမ်းကြောင်းနှင့်အညီ လူတို့ကို တောင်းဆိုမှုများ ပြုလုပ်လေသည်။ ဤသည်မှာ လူသား၏မိတ်သဟာယသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ကွဲပြားသည်ဟု ဆိုလိုပေသည်။ လူတို့ မိတ်သဟာယပြုသည့်အရာသည် ဘုရားသခင်၏ အမှုအရ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုများနှင့် အတွေ့အကြုံတို့ကို ဖော်ပြရင်း၊ ၎င်းတို့တစ်ဦးချင်း၏ ထိုးထွင်းသိမြင်မှုများနှင့် အတွေ့အကြုံကို သိရှိစေသည်။ သူတို့၏တာဝန်မှာ ဘုရားသခင် အလုပ်လုပ်ပြီးနောက် သို့မဟုတ် စကားပြောဆိုပြီးနောက်တွင် ၎င်းတို့ လက်တွေ့ဆောင်သင့်သောအရာ သို့မဟုတ် ဝင်ရောက်သင့်သည့်အရာ မည်သည့်အရာဖြစ်သည်ကို သိရှိအောင်ပြုလုပ်ပြီး၊ ထို့နောက် နောက်လိုက်များထံသို့ ပေးပို့ရန်ဖြစ်သည်။ ထို့ကြောင့် လူသား၏အလုပ်သည် သူ၏ဝင်ရောက်မှုနှင့် လက်တွေ့လုပ်ဆောင်မှုတို့ကို ကိုယ်စားပြုသည်။ ဟုတ်ပေ၏၊ ထိုသို့သောအလုပ်သည် လူသား သင်ခန်းစာများနှင့် အတွေ့အကြုံ သို့မဟုတ် လူသား အတွေးများ အချို့နှင့် ရောနှောနေပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့အလုပ်လုပ်သည်ဖြစ်စေ၊ လူသားပေါ် အလုပ်လုပ်သည်ဖြစ်စေ လူ့ဇာတိခံ ဘုရားသခင်၌ အလုပ်လုပ်သည်ဖြစ်စေ၊ လုပ်သားများက ၎င်းတို့မည်သည့်အရာ ဖြစ်သည်ကို အမြဲဖော်ပြကြ၏။ အလုပ်လုပ်သူမှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြေခံအုတ်မြစ် မရှိဘဲ အလုပ်မလုပ်သောကြောင့်၊ အလုပ်သည် လူသား ပင်ကိုအားဖြင့် ဖြစ်သည့်အရာအပေါ် အခြေခံလေသည်။ တစ်နည်းဆိုရသော်၊ အလုပ်သည် ဘာမျှမရှိခြင်းမှ မလာဘဲ၊ တကယ့်အခြေအနေများနှင့် စစ်မှန်သော အနေအထားများနှင့်အညီ အမြဲ လုပ်ဆောင်ရလေသည်။ ဤနည်းဖြင့်သာ လူသား၏ စိတ်သဘောထား ပြောင်းလဲနိုင်ပြီး သူ၏ အယူအဆဟောင်းများနှင့် အတွေးဟောင်းများ ပြောင်းလဲနိုင်ပေသည်။ လူသားက ဖော်ပြသည့်အရာသည် သူမြင်သော အရာ၊ တွေ့ကြုံရသောအရာနှင့် သူစိတ်ကူးနိုင်သောအရာ ဖြစ်ပြီး၊ ယင်းသည် အယူဝါဒများ သို့မဟုတ် အယူအဆများ ဖြစ်လျှင်ပင်၊ လူသား၏ တွေးခေါ်မှုအားဖြင့် ရရှိနိုင်ပေသည်။ လူသား၏ အလုပ်သည် ယင်းအလုပ်၏ အရွယ်အစားကို ပဓာနမထားဘဲ၊ လူသား၏ အတွေ့အကြုံဖြစ်စေ၊ လူသား မြင်သည့်အရာဖြစ်စေ လူသား စိတ်ကူးနိုင်သည့်အရာ သို့မဟုတ် စိတ်ကူးကြံစည်နိုင်သည့်အရာ၏ အတိုင်းအတာကို မကျော်လွန်နိုင်ပေ။ ဘုရားသခင် ဖော်ပြသည့် အရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည့်အရာဖြစ်ပြီး၊ ဤအရာကို လူသားက မရယူနိုင်ပေ- ဆိုလိုသည်မှာ ယင်းကို လူသား၏ တွေးခေါ်မှုက လက်လှမ်းမမီပေ။ သူသည် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်ခြင်း အလုပ်အား ဖော်ပြပြီး ဤသည်မှာ လူသားအတွေ့အကြုံ၏ အသေးစိတ် အချက်အလက်များနှင့် ဆက်နွှယ်မှုမရှိဘဲ၊ ယင်းအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသား ဖော်ပြသည့်အရာသည် သူ၏အတွေ့အကြုံ ဖြစ်သော်လည်း၊ ဘုရားသခင် ဖော်ပြသည်မှာ လူသား လက်လှမ်းမမီသည့် သူ၏ ရှိရင်းစွဲ စိတ်သဘောထားဖြစ်သော သူ၏ဖြစ်တည်မှု‌ ဖြစ်ပေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်၏ဖြစ်တည်မှုနှင့် သက်ဆိုင်၍ ဘုရားသခင်၏ဖော်ပြခြင်းအရ ဆည်းပူးရရှိသည့် ၎င်း၏ ထိုးထွင်းသိမြင်မှုနှင့် အသိပညာ ဖြစ်ပေသည်။ ထိုသို့သော ထိုးထွင်းသိမြင်မှုနှင့် အသိပညာတို့ကို လူသား၏ ဖြစ်တည်မှုဟု ခေါ်ပြီး၊ ၎င်းတို့၏ ဖော်ပြခြင်းနှင့် သက်ဆိုင်သည့် အခြေခံအကြောင်းရင်းမှာ၊ လူသား၏ မွေးရာပါ စိတ်သဘောထားနှင့် အရည်အချင်းတို့ ဖြစ်သည်- ဤသည်မှာ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်း ခေါ်ဆိုရသည့် အကြောင်းရင်း ဖြစ်ပေသည်။ လူသားသည် သူတွေ့ကြုံပြီး မြင်ရသောအရာကို မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့ မတွေ့ကြုံဖူးသည့်အရာ၊ မမြင်ဖူးသည့်အရာ သို့မဟုတ် ၎င်းတို့၏ တွေးခေါ်မှုက လက်လှမ်းမမီနိုင်သောအရာ၊ ထိုအရာများသည် ၎င်းတို့၏အတွင်းတွင် မရှိသောအရာများဖြစ်သဖြင့် ၎င်းတို့ကို မည်သူမျှ မိတ်သဟာယ မပြုနိုင်ပေ။ အကယ်၍ လူသားဖော်ပြသောအရာသည် သူ၏တွေ့ကြုံမှုမှ မဟုတ်ပါက၊ ယင်းသည် သူ၏ စိတ်ကူးစိတ်သန်း သို့မဟုတ် အယူဝါဒ ဖြစ်ပေသည်။ ရှင်းရှင်းပြောရလျှင်၊ သူ၏စကားများတွင် မည်သည့် လက်တွေ့အရှိတရားမျှ မရှိပေ။ သင်သည် လူ့အဖွဲ့အစည်း၏ အရာများနှင့် မည်သည့်အခါမျှ ထိတွေ့မှုရှိမလာခဲ့ပါက၊ သင်သည် လူ့အဖွဲ့အစည်း၏ ရှုပ်ထွေးသော ဆက်ဆံရေးများကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်မည် မဟုတ်ပေ။ သင်သည် မိသားစုမရှိလျှင်၊ အခြားသူများသည် မိသားစု အရေးကိစ္စများအကြောင်း ဆွေးနွေးကြမည်ဆိုပါက၊ ၎င်းတို့ပြောနေသည့်အရာ အများစုကို သင်နားလည်မည် မဟုတ်ပေ။ ထို့ကြောင့် လူသား မိတ်သဟာယ ပြုသောအရာနှင့် သူ လုပ်ဆောင်သောအလုပ်သည် သူ၏ အတွင်းဖြစ်တည်မှုကို ကိုယ်စားပြုပေသည်။ အကယ်၍ လူတစ်ယောက်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ၎င်း၏ သိနားလည်မှုကို မိတ်သဟာယ ပြုသော်လည်း၊ ယင်းနှင့်သက်ဆိုင်သည့် အတွေ့အ‌ကြုံ သင်၌ မရှိခဲ့ပါက၊ သင်သည် ထိုအရာ၌ တစ်ရာ ရာခိုင်နှုန်း သေချာဖို့ မဆိုထားနှင့်၊ သူ၏ အသိပညာကို သင်ငြင်းဝံ့မည် မဟုတ်ချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ မိတ်သဟာယသည် သင် လုံးဝ မတွေ့ကြုံဖူးသော အရာတစ်ခု၊ သင် လုံးဝ မသိဖူးသကဲ့သို့၊ သင်၏စိတ်က စိတ်မကူးနိုင်သည့် အရာတစ်ခု ဖြစ်သောကြောင့်တည်း။ ၎င်းတို့၏ အသိပညာမှ၊ သင် ရယူနိုင်သမျှမှာ အနာဂတ်တွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံဖို့ လမ်းကြောင်းတစ်ခု ဖြစ်ပေသည်။ သို့သော် ဤလမ်းကြောင်းသည် အယူဝါဒဆိုင်ရာ အသိပညာထဲမှ တစ်ခုသာ ဖြစ်နိုင်၏။ ယင်းသည် သင်ကိုယ်တိုင်၏ အတွေ့အကြုံကို အစားထိုးနိုင်ဖို့မဆိုထားနှင့်၊ သင်ကိုယ်တိုင်၏သိနားလည်မှုကို အစားမထိုးနိုင်ပေ။ ၎င်းတို့ပြောသောအရာသည် အတော် မှန်သည်ဟု သင်ထင်ကောင်းထင်မည် ဖြစ်သော်လည်း၊ သင်၏ အတွေ့အကြုံတွင် ယင်းသည် နည်းလမ်းများစွာ လက်တွေ့မကျသည်ကို သင် တွေ့ရပေသည်။ သင် ကြားသောအရာထဲမှ အချို့သည် လုံးဝ လက်တွေ့မကျသည်ကို သင် ခံစားရကောင်း ခံစားရပေမည်။ ထိုအချိန်တွင် သင့်အနေဖြင့် ထိုအရာနှင့် ပတ်သက်၍ အယူအဆများ သိုထားပြီး၊ ယင်းကို သင် လက်ခံသော်လည်း အလွန် အင်တင်တင်ဖြင့်သာ လုပ်ဆောင်ပေသည်။ သို့ရာတွင် သင်ကိုယ်တိုင်၏ အတွေ့အကြုံတွင်၊ သင့်ကို အယူအဆများ ရရှိစေသည့် အသိပညာသည် သင်၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်း ဖြစ်လာပြီး၊ သင် လက်တွေ့လုပ်ဆောင်လေလေ သင်ကြားသည့် နှုတ်ကပတ်တော်များ၏ စစ်မှန်သော တန်ဖိုးနှင့် အဓိပ္ပာယ်ကို သင်နားလည်လေလေ ဖြစ်သည်။ သင်ကိုယ်တိုင်၏ အတွေ့အကြုံ ရှိပြီးသည့်နောက်တွင်၊ သင်သည် တွေ့ကြုံခဲ့သည့်အရာမှ သင် ရှိသင့်သည့် အသိပညာနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ပေသည်။ ထို့အပြင်၊ သင်သည် မိမိတို့၏ အသိပညာစစ်မှန်ပြီး လက်တွေ့ကျသော သူများနှင့် မိမိတို့၏အသိပညာက သုံးမရဘဲ၊ အယူဝါဒအပေါ်အခြေခံထား သူတို့ကြားလည်း ခွဲခြားနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင်ပြောဆိုသော အသိပညာသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိသည် သင်၌ ယင်းနှင့်သက်ဆိုင်သည့် လက်တွေ့ကျသော အတွေ့အကြုံ ရှိမရှိဆိုသည့်အပေါ် ကြီးစွာ မူတည်လေသည်။ သင့်အတွေ့အကြုံတွင် သမ္မာတရားရှိပါက၊ သင်၏အသိပညာသည် လက်တွေ့ကျပြီး တန်ဖိုးရှိလိမ့်မည်။ သင်၏ အတွေ့အကြုံမှတစ်ဆင့်၊ သင်သည် ချင့်ချိန်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်မှုကိုလည်း ရရှိနိုင်ပြီး၊ သင်၏ အသိပညာ နက်သထက်နက်လာနိုင်ကာ၊ မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင် ရမည်ဆိုသည်နှင့်ပတ်သက်၍ သင်၏ဉာဏ်ပညာနှင့် သာမန်အသိတို့ တိုးပွားနိုင်ပေသည်။ သမ္မာတရားကို မပိုင်ဆိုင်သော လူတို့ ဖော်ပြသည့် အသိပညာသည် မည်မျှပင် မြင့်မားကောင်း မြင့်မားပါစေ၊ အယူဝါဒ ဖြစ်ပေသည်။ ဤလူစားမျိုးသည် ဇာတိပကတိနှင့်ဆိုင်သည့် ကိစ္စများနှင့် ပတ်သက်လာသည့်အခါ၊ အလွန် ဉာဏ်ရည်ဉာဏ်စွမ်း ကောင်းနိုင်သော်လည်း၊ ဝိညာဉ်ရေးရာကိစ္စများနှင့် ပတ်သက်လာသည့်အခါ၊ ခွဲခြားခြင်း မပြုနိုင်ကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများအားလုံးတွင် အတွေ့အကြုံမရှိသောကြောင့် ဖြစ်သည်။ ဤသူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများတွင် ဉာဏ်အလင်း မရသောသူများဖြစ်ပြီး ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြပေ။ သင်သည် မည်သည့်အသိပညာမျိုးကို ဖော်ပြသည်ဖြစ်စေ၊ သင်၏ ဖြစ်တည်မှု ဖြစ်နေသရွေ့ ယင်းသည် သင်၏ ပုဂ္ဂိုလ်ရေးအတွေ့အကြုံ၊ သင်၏ စစ်မှန်သော အသိပညာ ဖြစ်သည်။ အယူဝါဒကိုသာ ပြောဆိုသူများ- သမ္မာတရားကိုဖြစ်စေ လက်တွေ့အရှိတရားကိုဖြစ်စေ မပိုင်ဆိုင်သူများ- သည် နက်ရှိုင်းသည့် ဆင်ခြင်ခြင်းမှတစ်ဆင့် ၎င်းတို့၏ အယူဝါဒကို ရရှိပြီး၊ ယင်းသည် ၎င်းတို့၏ နက်ရှိုင်းသော ပြန်လည်တွေးဆခြင်း အကျိုးဆက်ဖြစ်သောကြောင့်၊ ၎င်းတို့ ဆွေးနွေးသောအရာကိုလည်း ၎င်းတို့၏ဖြစ်တည်မှုဟု ခေါ်ဆိုနိုင်ပေသည်။ သို့ရာတွင် ယင်းသည် အယူဝါဒသာဖြစ်ပြီး၊ စိတ်ကူးစိတ်သန်းထက် မပိုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၇၅)

လူအမျိုးအစားမျိုးစုံ၏ အတွေ့အကြုံများသည် ၎င်းတို့အတွင်းရှိ အရာများကို ကိုယ်စားပြုသည်။ ဝိညာဉ်ရေးရာ အတွေ့အကြုံ တစ်ခုတစ်လေမျှ မရှိသည့် မည်သူမဆိုသည် သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာကို မပြောနိုင်သကဲ့သို့၊ အမျိုးမျိုးသော ဝိညာဉ်ရေးရာ အမှုအရာများအကြောင်း မှန်ကန်သော အသိပညာကို မပြောဆို နိုင်ပေ။ လူသားဖော်ပြသောအရာသည် အတွင်းတွင် သူ ဖြစ်သည့်အရာ ဖြစ်သည်- ဤသည်မှာ သေချာ၏။ အကယ်၍ လူတစ်ဦးသည် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သော အသိပညာနှင့် သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာ ရှိရန် ဆန္ဒရှိပါက၊ စစ်မှန်သော အတွေ့အကြုံ ရှိရပေမည်။ အကယ်၍ သင်သည် လူ့ဘဝနှင့် သက်ဆိုင်သော သာမန်အသိစိတ်အကြောင်း ရှင်းလင်းစွာ မပြောဆိုနိုင်ပါက၊ ဝိညာဉ်ရေးရာများ အမှုအရာများနှင့် ပတ်သက်၍ သင်သည် မည်မျှသာ၍ နည်းပါးစွာ ဆွေးနွေးနိုင်မည်နည်း။ အသင်းတော်များကို ဦးဆောင်နိုင်သူများ၊ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်ပြီး၊ လူတို့အဖို့ တမန်တော်များ ဖြစ်နိုင်သူများသည် တကယ့်အတွေ့အကြုံများ ရှိရပေမည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှု၊ သမ္မာတရားနှင့် သက်ဆိုင်သော မှန်ကန်သည့် တန်ဖိုးထားခြင်းနှင့် အတွေ့အကြုံတို့ ရှိရပေမည်။ ထိုသို့သောလူများသာ အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် လူတို့ကို အသက်ဖြင့် ထောက်ပံ့ ပေးနိုင်သည့် တမန်တော်များ ဖြစ်ဖို့ မဆိုထားနှင့်၊ အနည်းဆုံးအနေဖြင့် နောက်လိုက်ရုံသာ နောက်လိုက်နိုင်ပြီး ဦးမဆောင်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တမန်တော်များ၏ လုပ်ငန်းတာဝန်သည် ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပေ။ ယင်းမှာ အသက်တာကို ပြုစုခြင်း အလုပ်ကို လုပ်ဆောင်ဖို့နှင့် အခြားသူတို့ကို ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း၌ ဦးဆောင်ရန် ဖြစ်သည်။ ဤအလုပ်တာဝန်ကို ဆောင်ရွက်သောသူတို့သည် မည်သူမဆို ထမ်းရွက်နိုင်သည် မဟုတ်သည့် လေးလံသောတာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရကြလေသည်။ ဤအလုပ်မျိုးကို သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံရှိသူများဖြစ်သည့် အသက်၏ ဖြစ်တည်မှု ရှိသူတို့ကသာ တာဝန်ယူနိုင်ပေသည်။ ယင်းကို စွန့်လွှတ်နိုင်သူ၊ ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်နိုင်သူ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားလျက်ရှိသူ မည်သူမဆိုက တာဝန်ယူနိုင်သည် မဟုတ်ပေ။ သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော လူတို့သည် ဤအလုပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့အရှိတရား မရှိသည့် လူများဖြစ်သည့် အတွေ့အကြုံမရှိသောသူ လူများသည် ၎င်းတို့ကိုယ်တိုင်သည် ဤဖြစ်တည်မှုမျိုး မရှိကြသောကြောင့် လက်တွေ့အရှိတရားကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့ဖြစ်၍ ဤလူစားမျိုးသည် ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သည်သာမက၊ အချိန်အတော်ကြာ သမ္မာတရားမရှိဘဲနေပါက၊ ပယ်ထုတ်ခြင်း ခံရလိမ့်မည်။ သင်ဖော်ပြသော ထိုးထွင်းသိမြင်မှုသည် အသက်တာ၌ သင်တွေ့ကြုံပြီးဖြစ်သည့် အခက်အခဲများ၊ သင် ပြစ်တင်ဆုံးမခံခဲ့ရသည့် အရာများနှင့် သင် တရားစီရင်ခံခဲ့ရသည့် ပြဿနာများ၏ သက်သေအဖြစ် ရပ်တည်နိုင်ပေသည်။ ဤအရာသည် စမ်းသပ်မှုများနှင့် ပတ်သက်၍လည်း မှန်ကန်ပေသည်- လူတစ်ဦး စစ်ဆေးခံရသည့် နေရာသည်၊ လူတစ်ဦး အားနည်းသည့်နေရာဖြစ်၏- ဤအရာများသည် လူတစ်ဦး ကြုံတွေ့ဖူးသည့်၊ လူတစ်ဦး လမ်းကြောင်းတစ်ခုရှိသည့် နယ်ပယ်များ ဖြစ်သည်။ ဥပမာအားဖြင့်၊ အကယ်၍ တစ်စုံတစ်ဦးသည် အိမ်ထောင်၌ စိတ်ပျက်စရာများ ခံစားရပါက၊ “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်၊ ဘုရားသခင်ကို ချီးမွမ်းပါသည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံး ဆန္ဒကို ကျေနပ်စေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ အသက်တာတစ်ခုလုံးကို ဆက်ကပ်ရပါမည်၊ ပြီးလျှင် ကျွန်ုပ်၏ အိမ်ထောင်ကို ဘုရားသခင်၏ လက်တွင် ကျွန်ုပ် လုံးလုံးလျားလျား ထားရှိရပါမည်။ ကျွန်ုပ်၏ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်ရန် ကတိပြုဖို့ ကျွန်ုပ် လိုလားလျက် ရှိပါသည်။” ဟု ၎င်းတို့ မကြာခဏ မိတ်သဟာယပြုကြလိမ့်မည်။ မိတ်သဟာယမှတစ်ဆင့် လူ့အတွင်းရှိ အရာခပ်သိမ်းသည် သူ၏ ဖြစ်ခြင်းကို ပြသနိုင်ပေသည်။ လူတစ်ဦး၏ စကားအမြန်နှုန်း၊ ကျယ်ကျယ် ပြောသည်ဖြစ်စေ ညင်ညင်သာသာ ပြောသည်ဖြစ်စေ- ထိုသို့သော ကိစ္စများသည် အတွေ့အကြုံနှင့် သက်ဆိုင်သော ကိစ္စများ မဟုတ်သကဲ့သို့၊ ၎င်းတို့ ရှိသည့်အရာနှင့် ဖြစ်သည့်အရာကို ကိုယ်စားမပြုနိုင်ပေ။ ဤအရာများသည် လူတစ်ဦး၏ အကျင့်စရိုက် ကောင်းသည် သို့မဟုတ် ဆိုးသည်ကိုသာ ပြောပြနိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ သဘာဝ ကောင်းသည် သို့မဟုတ် ဆိုးသည်ကို ပြောပြနိုင်သော်လည်း၊ ယင်းတို့ကို လူတစ်ဦး၌ အတွေ့အကြုံ ရှိမရှိဆိုသည်နှင့် တန်းတူထား၍မရနိုင်ပေ။ စကားပြောချိန်တွင် မိမိကိုယ်ကိုယ် ဖော်ပြနိုင်စွမ်း သို့မဟုတ် ကျွမ်းကျင်မှု သို့မဟုတ် စကားအမြန်နှုန်းသည် အလေ့အကျင့်နှင့်သာ သက်ဆိုင်သော အရာဖြစ်ပြီး လူတစ်ဦး၏အတွေ့အကြုံကို အစားမထိုးနိုင်ပေ။ သင်၏တစ်ဦးချင်း အတွေ့အကြုံများအကြောင်း သင်ပြောပြချိန်တွင်၊ အရေးကြီးသည်ဟု သင်မြင်သော အရာနှင့် သင့်အတွင်းရှိ အရာအားလုံးကို သင်မိတ်သဟာယပြုလေသည်။ ငါ၏စကားသည် ငါ၏ဖြစ်တည်မှုကို ကိုယ်စားပြုသော်လည်း၊ ငါပြောသော အရာကို လူသားက လက်လှမ်းမမီနိုင်ပေ။ ငါပြောသောအရာသည် လူသားတွေ့ကြုံသည့် အရာမဟုတ်သကဲ့သို့၊ လူသားက မြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ယင်းသည် လူသားက တွေ့ထိနိုင်သည့် အရာလည်း မဟုတ်ဘဲ၊ ငါ၏ဖြစ်တည်မှု ဖြစ်ပေသည်။ ငါမိတ်သဟာယဖွဲ့သော အရာသည် ငါတွေ့ကြုံဖူးသော အရာဖြစ်သည်ဟုသာ လူအချို့က အသိအမှတ်ပြု ကြသော်လည်း၊ ယင်းသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်သည်ကို ၎င်းတို့ သတိမပြုမိကြချေ။ မှန်ပေ၏၊ ငါပြောသောအရာသည် ငါတွေ့ကြုံဖူးသောအရာ ဖြစ်သည်။ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ စီမံခန့်ခွဲမှု အလုပ်ကို လုပ်ဆောင်ပြီးသည့်သူမှာ ငါဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း အစအဦးမှ ယခုတိုင်အောင် အရာရာကို တွေ့ကြုံပြီးဖြစ်သည်။ ယင်းကို ငါ မည်သို့ မဆွေးနွေးနိုင်ဘဲ ရှိလိမ့်မည်နည်း။ လူသား၏သဘာဝနှင့် ပတ်သက်လာသည့်အခါ၊ ငါသည် ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်သည်။ ယင်းကို ငါ အချိန်ကြာမြင့်စွာက စောင့်ကြည့်ခဲ့ပေသည်။ ထိုအရာနှင့်ပတ်သက်၍ ငါသည် အဘယ်သို့ ရှင်းလင်းစွာ မပြောနိုင်ဘဲ ရှိလိမ့်မည်နည်း။ ငါသည် လူသား၏အနှစ်သာရကို ရှင်းလင်းစွာ တွေ့မြင်ပြီးဖြစ်သည့်အတွက်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် တရားစီရင်ရန် ငါသည် အရည်အချင်းပြည့်မီ၏၊ အဘယ်ကြောင့်ဆိုသော် လူသား၏ အရာခပ်သိမ်းသည် ငါ့ထံမှ လာသော်လည်း၊ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်သောကြောင့် ဖြစ်သည်။ မှန်ပေ၏၊ ငါသည် ငါပြုသောအမှုကိုလည်း အကဲဖြတ်ရန် အရည်အချင်းပြည့်မီပေသည်။ ဤအမှုသည် ငါ၏ လူ့ဇာတိဖြင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း၊ ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ဤသည်မှာ ငါ၏အရာအားလုံးနှင့် ငါ၏ဖြစ်ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ငါသည် ယင်းကိုဖော်ပြရန်နှင့် ငါလုပ်သင့်သောအလုပ်ကို လုပ်ဆောင်ရန် အရည်အချင်း ပြည့်မီပေသည်။ လူတို့ပြောသော အရာသည် ၎င်းတို့ တွေ့ကြုံပြီးသောအရာဖြစ်သည်။ ယင်းသည် ၎င်းတို့တွေ့မြင်ပြီးသောအရာ၊ ၎င်းတို့၏ စိတ်များ အလှမ်းမီနိုင်သောအရာနှင့် ၎င်းတို့အာရုံများက သတိပြုမိနိုင် သောအရာ ဖြစ်သည်။ ယင်းသည် ၎င်းတို့ မိတ်သဟာယပြုနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကပြောဆိုသော နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ယင်းတို့သည် ဝိညာဉ်တော် လုပ်ဆောင်ပြီးသော အမှုကို ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက မတွေ့ကြုံဖူး သို့မဟုတ် မမြင်ဖူးသော်လည်း၊ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်သည့်အတွက် သူသည် သူ၏ဖြစ်ခြင်းကို ဖော်ပြဆဲဖြစ်ပြီး ဝိညာဉ်တော်၏ အလုပ်ကို သူ ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက လက်လှမ်းမမီနိုင်သော်လည်း၊ ဝိညာဉ်တော် လုပ်ဆောင်နှင့်ပြီးသော အလုပ်ဖြစ်သည်။ လူ့ဇာတိခံယူခြင်းနောက်တွင်၊ ဇာတိခန္ဓာ၏ ဖော်ပြချက်မှတစ်ဆင့် သူသည် လူတို့ကို ဘုရားသခင်၏ဖြစ်တည်ခြင်းအား သိရှိနိုင်စေပြီး၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူပြုခဲ့သောအမှုတို့ကို မြင်တွေ့ ခွင့်ပေးလေသည်။ လူသား၏အလုပ်သည် လူတို့ကို ၎င်းတို့ ဝင်ရောက်သင့်သော အရာနှင့် ၎င်းတို့နားလည်သင့်သော အရာတို့နှင့် ပတ်သက်သည့် သာ၍ ရှင်းလင်းပြတ်သားမှုကို ပေးလေသည်။ ယင်းတွင် လူတို့ကို သမ္မာတရားကို သိနားလည်ခြင်းနှင့် တွေ့ကြုံခြင်းဆီသို့ ဦးဆောင်ခြင်း ပါဝင်လေသည်။ လူသား၏ အလုပ်သည် လူတို့ကို အားဖြည့်ရန်ဖြစ်သည်၊ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လမ်းကြောင်းသစ်များနှင့် ခေတ်သစ်များကို ဖွင့်လှစ်ပေးရန် ဖြစ်ပြီး၊ လူတို့ကို သူ၏ စိတ်သဘောထားအား သိရှိနိုင်စေရင်း၊ သေမျိုးများ မသိထားကြသည့် အရာကို လူများအား ထုတ်ဖော်ပြဖို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ် အားလုံးကို ဦးဆောင်ရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၇၆)

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားလုံးမှာ လူတို့ကို အကျိုးပြုရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းသည် လူတို့ကို စိတ်ဓာတ်မြှင့်တင်စေခြင်း အကြောင်းသာ ဖြစ်ပေသည်။ လူတို့ကို အကျိုးမပြုသောအလုပ် မရှိပေ။ သမ္မာတရားသည် နက်သည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ၊ ပြီးလျှင် သမ္မာတရားကို လက်ခံသောသူတို့၏ အရည်အချင်း မည်သို့ရှိပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် လူတို့ကို အကျိုးပြုပေသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို တိုက်ရိုက် မလုပ်ဆောင်နိုင်ပေ။ ယင်းကို သူနှင့်အတူ ပူးပေါင်း လုပ်ဆောင်သော လူတို့မှတစ်ဆင့် ဖော်ပြရမည် ဖြစ်သည်။ ဤသို့အားဖြင့်သာ၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ရလဒ်များကို ရရှိနိုင်ပေသည်။ မှန်ပေ၏၊ သန့်ရှင်းသော ဝိညာဉ်တော်သည် တိုက်ရိုက် အလုပ်လုပ်သည့်အခါ၊ ယင်းသည် လုံးဝ ရောနှောခြင်းမရှိပေ၊ သို့ရာတွင် လူမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါတွင်၊ ယင်းသည် အလွန် စွန်းထင်းလာပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ မူလအလုပ် မဟုတ်တော့ပေ။ ထိုသို့ဖြစ်သဖြင့်၊ သမ္မာတရားသည် မတူညီသော အတိုင်းအတာများအထိ ပြောင်းလဲလေသည်။ နောက်လိုက်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မူလ ရည်ရွယ်ချက်ကို မရရှိကြဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်နှင့် လူသား၏အတွေ့အကြုံနှင့် အသိပညာတို့ ပေါင်းစပ်မှုတစ်ခုကို ရရှိကြလေသည်။ နောက်လိုက်သူများရရှိသည့် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်အစိတ်အပိုင်းသည် မှန်ကန်၏၊ ၎င်းတို့ ရရှိသည့် လူသား၏ အတွေ့အကြုံနှင့် အသိပညာမှာမူ လုပ်သားများ ကွဲပြားကြသောကြောင့် ခြားနားလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် လမ်းပြမှုရှိသည့် လုပ်သားများသည် ဤဉာဏ်အလင်းပေးခံရခြင်းနှင့် လမ်းပြမှုပေါ်တွင် အခြေခံ၍ ဆက်လက်တွေ့ကြုံခံစားကြလိမ့်မည် ဖြစ်သည်။ ဤအတွေ့အကြုံများ အတွင်းတွင် လူသား၏စိတ်နှင့် အတွေ့အကြုံအပြင် လူ့သဘာဝဖြစ်ခြင်းတို့ ပေါင်းစပ်ထားပြီး၊ ထို့နောက်တွင် ၎င်းတို့၌ရှိသင့်သည့် အသိပညာသို့မဟုတ် ထိုးထွင်းသိမြင်မှုကို ၎င်းတို့ရရှိကြသည်။ ဤသည်မှာ သမ္မာတရားကို တွေ့ကြုံပြီးနောက် လူသား၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်း ဖြစ်သည်။ လူတို့သည် ကွဲပြားစွာ တွေ့ကြုံကြပြီး လူတို့ တွေ့ကြုံရသော အရာများ ကွဲပြားကြသောကြောင့်၊ ဤလက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းသည် အမြဲ တူညီသည် မဟုတ်ပေ။ ဤနည်းဖြင့်၊ အသိဉာဏ်ပွင့်လင်းခြင်းကို ရရှိသောသူတို့သည် ကွဲပြားကြသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလားတူ အသိဉာဏ် ပွင့်လင်းစေခြင်းသည် ကွဲပြားသောအသိပညာနှင့် လက်တွေ့လုပ်ဆောင်မှုများဖြင့် အကျိုးဆက်ဖြစ်ပေါ်လေသည်။ လူအချို့သည် လက်တွေ့လုပ်ဆောင်သည့် အတောအတွင်းတွင် သေးငယ်သော အမှားများကို ပြုကြသော်လည်း၊ အချို့သည် ကြီးမားသော အမှားများ ပြုမိကြကာ၊ အချို့မှာ အမှားများသာ ပြုမိကြလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် နားလည်နိုင်သောစွမ်းရည်များ ကွဲပြားသောကြောင့် ဖြစ်ပြီး၊ ၎င်းတို့၏ မွေးရာပါအရည်အချင်း ကွဲပြားသောကြောင့်လည်း ဖြစ်သည်။ လူအချို့သည် သတင်းစကားတစ်ခုကို ကြားသည့်နောက်တွင် သိနားလည်မှုတစ်မျိုး ရှိကြပြီး၊ အချို့မှာ သမ္မာတရားတစ်ခုကို ကြားသည့်နောက်တွင် သိနားလည်မှုမျိုး နောက်တစ်မျိုး ရှိကြလေသည်။ လူအချို့သည် အနည်းငယ် လမ်းလွဲကြသော်လည်း၊ အချို့မှာ သမ္မာတရား၏ စစ်မှန်သောအဓိပ္ပာယ်ကို လုံးဝ နားမလည်ကြပေ။ ထို့ကြောင့်၊ လူတစ်ဦး၏ သိနားလည်မှုသည် အခြားသူများကို မည်သို့ဦးဆောင်မည်ဆိုသည်ကို ဆုံးဖြတ်ပေးလေသည်။ လူတစ်ဦး၏ အလုပ်သည် မိမိ၏ ဖြစ်တည်မှုနှင့်ဆိုင်သည့် ဖော်ပြချက်တစ်ခုသက်သက် ဖြစ်သောကြောင့် ဤသည်မှာ အတိအကျ မှန်ကန်ပေသည်။ သမ္မာတရားနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှုရှိသူများ၏ ဦးဆောင်ခြင်း ခံရသောလူများသည် သမ္မာတရားနှင့်သက်ဆိုင်သော မှန်ကန်သည့် သိနားလည်မှုတစ်ခုလည်း ရှိကြပေလိမ့်မည်။ ၎င်းတို့၏ သိနားလည်မှုတွင် မှားယွင်းမှုများရှိသောသူများ ရှိလျှင်ပင်၊ ၎င်းတို့ အလွန်နည်းပါးလိမ့်မည်ဖြစ်ပြီး အယောက်တိုင်း အမှားများ ရှိကြလိမ့်မည်မဟုတ်။ လူတစ်ဦးသည် သမ္မာတရားနှင့်သက်ဆိုင်သော ၎င်း၏ သိနားလည်မှုတွင် အမှားများရှိပါက၊ ၎င်း၏ နောက်သို့လိုက်သူများသည်လည်း ဧကန်မုချ မှားယွင်းကြလိမ့်မည်ဖြစ်ပြီး၊ ဤလူများသည် ဤစကားလုံး၏ အဓိပ္ပာယ်တိုင်းတွင် မှားယွင်းကြလိမ့်မည် ဖြစ်သည်။ သမ္မာတရားကို နောက်လိုက်သူများ နားလည်သည့် အတိုင်းအတာသည် လုပ်သားများအပေါ်တွင် ကြီးစွာမူတည်လေသည်။ ဟုတ်ပေ၏၊ ဘုရားသခင်ထံမှ သမ္မာတရားသည် မှန်ကန်ပြီး၊ အမှားမရှိသကဲ့သို့၊ လုံးဝသေချာပေသည်။ သို့ရာတွင် လုပ်သားများသည် လုံးလုံးလျားလျား မမှန်ကန်သကဲ့သို့၊ လုံးဝ ယုံကြည်စိတ်ချ၍ရနိုင်သည်ဟု မဆိုနိုင်ပေ။ လုပ်သားများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အလွန် လက်တွေ့ကျသည့် နည်းလမ်းတစ်ခု ရှိကြပါက၊ နောက်လိုက်သူများသည်လည်း လက်တွေ့လုပ်ဆောင်ရမည့် နည်းလမ်းတစ်ခု ရှိကြပေလိမ့်မည်။ အကယ်၍ လုပ်သားများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းတစ်ခုမရှိဘဲ အယူဝါဒသာရှိပါက၊ နောက်လိုက်သူများသည် လက်တွေ့အရှိတရား ရှိကြလိမ့်မည် မဟုတ်ပေ။ နောက်လိုက်များ၏ အရည်အချင်းနှင့် သဘာဝသည် မွေးဖွားစဉ် သတ်မှတ်ထားပြီး၊ လုပ်သားများနှင့် ဆက်နွှယ်မှု မရှိသော်လည်း၊ သမ္မာတရားကို နောက်လိုက်သူများ နားလည်ပြီး ဘုရားသခင်ကို သိရှိသည့် အတိုင်းအတာသည် လုပ်သားများအပေါ် မူတည်ပေသည် (ဤသည်မှာ လူအချို့အတွက်သာ ဖြစ်သည်)။ လုပ်သားတစ်ဦးသည် မည်သည့်အရာနှင့် တူညီသည်ဖြစ်စေ၊ သူဦးဆောင်သော နောက်လိုက်များလည်း ထိုသို့ဖြစ်ကြလိမ့်မည်။ လုပ်သားတစ်ဦး ဖော်ပြသည့်အရာသည် သံသယမရှိဘဲ၊ သူကိုယ်တိုင်၏ ဖြစ်တည်မှုဖြစ်သည်။ သူ့နောက်လိုက်သော သူများအပေါ် သူပြုသော တောင်းဆိုချက်များသည် သူကိုယ်တိုင်ရရှိရန် လိုလားနေသောအရာ သို့မဟုတ် ရရှိနိုင်သောအရာ ဖြစ်လေသည်။ ၎င်းတို့၏ နောက်လိုက်များ လုံးဝ မရရှိနိုင်သည့်အရာများစွာ ရှိသကဲ့သို့- လူတစ်ဦး မရရှိနိုင်သည့်အရာသည် လူတစ်ဦး၏ ဝင်ရောက်မှုအတွက် အတားအဆီးတစ်ခု ဖြစ်လာသော်လည်း၊ လုပ်သားအများစုသည် မိမိတို့ကိုယ်တိုင် လုပ်ဆောင်သော အရာများကို ၎င်းတို့၏ နောက်လိုက်များအပေါ် ပြုသော တောင်းဆိုချက်များအတွက် အခြေခံအကြောင်းရင်းတစ်ခုအဖြစ် အသုံးပြုကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၇၇)

ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံပြီးသောသူများ၏ အလုပ်တွင် သွေဖည်မှု အလွန်နည်းပါးပြီး ၎င်းတို့အလုပ်၏ ဖော်ပြချက်သည် သာ၍များစွာ တိကျလေသည်။ အလုပ်လုပ်ရန် မိမိတို့၏ သဘာဝကျမှုအပေါ် အားထားသောသူများသည် အတော်အတန် အဓိကကျသော အမှားများကို ပြုမိကြသည်။ စုံလင်ခြင်း မခံရသော သူတို့၏အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အဓိကအတားအဆီး ဖြစ်ပေါ်စေသည့် ၎င်းတို့ကိုယ်တိုင်၏ သဘာဝကျမှုကို အလွန်များလှစွာ ဖော်ပြလေသည်။ လူတစ်ဦး၏ အရည်အချင်း မည်မျှ ကောင်းသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အလုပ်ကို မလုပ်ဆောင်နိုင်မီတွင် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် တရားစီရင်ခြင်းတို့ကိုလည်း ကြုံကြရမည်ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော တရားစီရင်မှုကို မကြုံရသေးပါက၊ ၎င်းတို့၏ အလုပ်သည် မည်မျှကောင်းစွာ လုပ်ဆောင်ထားသည်ဖြစ်စေ၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့် မကိုက်ညီနိုင်သကဲ့သို့၊ ၎င်းတို့ကိုယ်တိုင်၏ သဘာဝကျမှုနှင့် လူသား ကောင်းမြတ်မှု၏ ရလဒ်တစ်ခု အမြဲ ဖြစ်ပေလိမ့်မည်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးသူများ၏ အလုပ်သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် တရားစီရင်ခြင်းတို့ကို မခံရသေးသောသူများ၏ အလုပ်ထက် များစွာသာ၍ မှန်ကန်တိကျလေသည်။ တရားစီရင်မှုကို မကြုံရသေးသော သူများသည် လူ့အသိဉာဏ်နှင့် မွေးရာပါ ပါရမီများဖြင့် ရောနှောထားသည့် လူ့ဇာတိပကတိနှင့် အတွေးများကိုသာ ဖော်ပြပေသည်။ ဤသည်မှာ ဘုရားသခင်၏ အလုပ်နှင့် သက်ဆိုင်သည့် လူသား၏ တိကျသော ဖော်ပြချက် မဟုတ်ပေ။ ထိုသို့သော လူတို့နောက်လိုက်သူများသည် ၎င်းတို့၏ မွေးရာပါ အရည်အချင်းဖြင့် ၎င်းတို့ရှေ့သို့ ခေါ်ဆောင်ခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ မူလရည်ရွယ်ချက်နှင့် ဆက်စပ်မှု မရှိလုနီးပါးဖြစ်သကဲ့သို့၊ ယင်းမှ အလွန်သွေဖည်လွန်းသည့် လူသား၏ များလွန်းလှသော ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံတို့ကို ဖော်ပြသောကြောင့်၊ ဤလူစားမျိုး၏ အလုပ်သည် လူတို့ကို ဘုရားသခင်ရှေ့သို့ မခေါ်ဆောင်နိုင်ဘဲ၊ လူရှေ့သို့သာ ပြန်လည်ခေါ်ဆောင်နိုင်သည်။ ထို့ကြောင့်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မကြုံရသေးသောသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အလုပ်ကို လုပ်ဆောင်ရန် အရည်အချင်းမပြည့်မီပေ။ အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ခေါ်ဆောင်နိုင်ပြီး ၎င်းတို့ကို သမ္မာတရားထဲသို့ သာ၍ ကြီးမားသည့် ဝင်ရောက်မှု ပေးနိုင်လေသည်။ သူ့အလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့သို့ ခေါ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူလုပ်ဆောင်သော အလုပ်သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပြီး၊ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ ရှိစေရင်း၊ စည်းမျဉ်းများဖြင့် ကန့်သတ်မထားသကဲ့သို့၊ အသက်တာတွင် လုပ်နိုင်စွမ်း တဖြည်းဖြည်း ကြီးထွားနိုင်ပြီး သမ္မာတရားထဲသို့ သာ၍နက်နဲသော ဝင်ရောက်မှုတစ်ခုကို ရရှိစေနိုင်သည်။ အရည်အချင်းမပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် အလွန်အဆင့်မမီပေ။ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများထဲသို့သာ ပို့ဆောင်နိုင်ပြီး၊ လူတို့ကို သူတောင်းဆိုသော အရာသည် တစ်ဦးနှင့်တစ်ဦး မကွာခြားပေ။ သူသည် လူတို့၏ တကယ့် လိုအပ်ချက်များနှင့်အညီ အလုပ်မလုပ်ပေ။ ဤအလုပ်အမျိုးအစားတွင်၊ စည်းမျဉ်းစည်းကမ်း အလွန်များလှပြီး အယူဝါဒ အလွန်များလှကာ၊ လူတို့ကို လက်တွေ့အရှိတရားထဲသို့၊ သို့မဟုတ် အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ပုံမှန်လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ မခေါ်ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ကိုသာ လိုက်နာနိုင်စေသည်။ ထိုသို့သော လမ်းပြမှုမျိုးသည် လူတို့ကို လမ်းလွဲရုံသာ လမ်းလွဲစေနိုင်သည်။ သူသည် သင့်ကို သူနှင့်တူစေဖို့ ဦးဆောင်သည်။ သူသည် သင့်ကို သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲသို့ ခေါ်ဆောင်နိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ရိပ်စားမိရန်၊ အဓိကသော့ချက်မှာ ၎င်းတို့ဦးဆောင်သော လမ်းကြောင်းနှင့် ၎င်းတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များက သမ္မာတရားနှင့်အညီ အခြေခံသဘောတရားများကို ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ၎င်းတို့၏ ပြောင်းလဲခြင်းအတွက် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ ရရှိခြင်း ရှိ မရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ခွဲခြားသိမြင်သင့်သည်။ သင်သည် မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ဤသည်မှာ လူတို့၏ဝင်ရောက်မှု ကိစ္စနှင့် သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် မည်သည့် လူ၏ဦးဆောင်မှုသည် လမ်းကြောင်းရှိပြီး၊ မည်သည့်လူ၏ ဦးဆောင်မှုက လမ်းကြောင်းမရှိသည်ကို မခွဲခြားမသိမြင်နိုင်ပါက၊ သင်သည် လွယ်ကူစွာ လှည့်စားခြင်းခံရလိမ့်မည်။ ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အသက်တာနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။ စုံလင်ခြင်းမခံရသောလူများ၏ အလုပ်တွင် သဘာဝကျမှု အလွန်များလှ၏။ ယင်းသည် အလွန်များလှစွာသော လူ၏လိုအင်ဆန္ဒဖြင့် ရောနှောထားသည်။ ၎င်းတို့၏ ဖြစ်တည်ခြင်းသည် သဘာဝကျမှု ဖြစ်သည်- ၎င်းတို့ မွေးကတည်းက ပါလာသည့်အရာ ဖြစ်သည်။ ယင်းသည် ကိုင်တွယ်ဖြေရှင်း ခံရပြီးနောက် အသက်တာ သို့မဟုတ် ပြောင်းလဲခြင်းခံရပြီးနောက် လက်တွေ့အရှိတရား မဟုတ်ပေ။ ထိုသို့သော လူစားမျိုးတို့သည် အသက်ကို လိုက်စားရှာဖွေသော သူတို့ကို မည်သို့ ထောက်ပံ့ပေးနိုင်မည်နည်း။ ထိုလူ၏ အသက်သည် မူလအားဖြင့် သူ၏ မွေးရာပါ ဉာဏ်ပညာ သို့မဟုတ် ပါရမီဖြစ်သည်။ ဤဉာဏ်ပညာ သို့မဟုတ် ပါရမီမျိုးသည် လူသားအတွက် ဘုရားသခင်၏ တိကျသော တောင်းဆိုချက်များနှင့် အတော်အတန် ဝေးကွာလေသည်။ အကယ်၍ လူတစ်ဦးသည် စုံလင်စေခြင်း မခံရသေးသကဲ့သို့၊ ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ခြင်းမခံရသေးပါက သူဖော်ပြသောအရာနှင့် သမ္မာတရားတို့ကြားတွင် ကြီးမားသောကွာဟမှုတစ်ခု ရှိလိမ့်မည်ဖြစ်သည်။ ၎င်းဖော်ပြသော အရာသည် ၎င်း၏စိတ်ကူးစိတ်သန်းနှင့် တစ်ဖက်သတ် အတွေ့အကြုံ ကဲ့သို့သော မရေရာသည့် အရာများဖြင့် ရောနှော နေပေလိမ့်မည်။ ထို့အပြင်၊ သူမည်သို့ အလုပ်လုပ်သည်ဖြစ်စေ၊ လူအားလုံး၏ ဝင်ရောက်မှုအတွက် သင့်တော်သည့် ယေဘုယျ ပန်းတိုင်နှင့် သမ္မာတရားမရှိဟု လူတို့ ခံစားရသည်။ လူတို့အပေါ် တောင်းဆိုထားသည့် အရာအများစုသည် ၎င်းတို့အနေဖြင့် ငှက်နားရာအိပ်တန်းများပေါ်သို့ နားစေခြင်းခံနေရလျက်ရှိသည့် ဘဲများအလား ၎င်းတို့၏ အစွမ်းအစကို ကျော်လွန်ပေသည်။ ဤသည်မှာ လူ့အလိုဆန္ဒ၏ အလုပ်ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ၎င်း၏အတွေးများနှင့် အယူအဆများသည် ၎င်း၏ကိုယ်ခန္ဓာအစိတ်အပိုင်းများ အားလုံးကို ပျံ့နှံ့ဝင်ရောက်လေသည်။ လူသားသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဗီဇဖြင့် မွေးဖွားခြင်း မဟုတ်သကဲ့သို့၊ သမ္မာတရားကို တိုက်ရိုက်နားလည်ရန် ဗီဇလည်း မရှိပေ။ ယင်း၌ ထိုလူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါင်းထည့်ပါက- ဤသဘာဝကျသည့် လူပုဂ္ဂိုလ်မျိုး အလုပ်လုပ်သောအခါတွင်၊ အနှောင့်အယှက်များ ဖြစ်ပေါ်စေသည် မဟုတ်လော။ သို့ရာတွင် စုံလင်စေခြင်း ခံရပြီးသော လူသားတစ်ဦးသည် သူ၏အလုပ်ထဲက မရေမရာနှင့် မစစ်မှန်သော အရာများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားဖို့အလို့ငှာ၊ လူသား၏ အရောအနှောများ ပိုနည်းလာပြီး၊ သူ့အလုပ် နှင့် အစေခံမှုတို့သည် ဘုရားသခင် သတ်မှတ်ထားသည့် စံနှုန်းများနှင့် ယခင်ထက် သာ၍ နီးစပ်လာဖို့အလို့ငှာ၊ လူတို့ နားလည်သင့်သော သမ္မာတရား၏ အတွေ့အကြုံနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည့် အသိပညာတို့ ရှိကြလေသည်။ ထို့ကြောင့်၊ ၎င်း၏အလုပ်သည် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ၊ လက်တွေ့လည်း ကျလာပြီ ဖြစ်လေသည်။ လူသား၏စိတ်ထဲက အတွေးများသည် အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိတ်ဆို့သည်။ လူသားသည် ကြွယ်ဝသော စိတ်ကူးစိတ်သန်းနှင့် ယုတ္တိတန်သော ဆင်ခြင်တွေးခေါ်မှုစနစ် ရှိပြီး၊ အရေးကိစ္စများကို ကိုင်တွယ်ခြင်း၌ ရှည်ကြာသော အတွေ့အကြုံ ရှိခဲ့ပြီးဖြစ်သည်။ အကယ်၍ လူသား၏ ဤသွင်ပြင်လက္ခဏာများသည် ပြုပြင်ခြင်းနှင့် မှန်အောင်ပြင်ဆင်ခြင်းတို့ကို မကြုံရပါက၊ ယင်းတို့အားလုံးသည် အလုပ်အဖို့ အတားအဆီးများ ဖြစ်ပေသည်။ ထို့ကြောင့် လူသား၏အလုပ်၊ အထူးသဖြင့် စုံလင်စေခြင်းမခံရသော သူတို့၏ အလုပ်သည် တိကျမှန်ကန်မှု၏ အကြီးမားဆုံးသော အတိုင်းအတာကို မစွမ်းဆောင်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၇၈)

လူသား၏အလုပ်သည် အပိုင်းအခြားတစ်ခုအတွင်း ရှိနေပြီး အကန့်အသတ် ရှိ၏။ လူတစ်ဦးသည် အဆင့်တစ်ခုခု၏ အလုပ်ကိုသာ လုပ်နိုင်ပြီး ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို မလုပ်နိုင်ပေ၊ သို့မဟုတ်ပါက သူသည် လူတို့ကို စည်းမျဉ်းစည်းကမ်းများ အလယ်သို့ ဦးဆောင်လိမ့်မည် ဖြစ်သည်။ လူသား၏အလုပ်သည် သီးခြား အချိန်တစ်ခု၊ သို့မဟုတ် အဆင့်တစ်ဆင့်နှင့်သာ သက်ဆိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသား၏ အတွေ့အကြုံသည် ယင်း၏ အတိုင်းအတာ တစ်ခုရှိသောကြောင့် ဖြစ်သည်။ လူ၏အလုပ်ကို ဘုရားသခင်၏အမှုနှင့် နှိုင်းယှဉ်၍ မရပေ။ လူ၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများနှင့် သမ္မာတရားနှင့် သက်ဆိုင်သော သူ၏အသိပညာသည် သီးသန့် အတိုင်းအတာတစ်ခုအတွက်သာ သက်ဆိုင်ပေသည်။ လူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်သာ ဉာဏ်အလင်းပေးခံရနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် လုံးဝ မပြည့်ဝနိုင်သောကြောင့်၊ လူ လျှောက်သော လမ်းကြောင်းသည် လုံးဝ သန့်ရှင်းသော ဝိညာဉ်တော်၏ အလို ဖြစ်သည်ဟု သင်ပြော၍မရပေ။ လူ တွေ့ကြုံနိုင်သည့် အရာအားလုံးသည် ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာ အတွင်းတွင်ရှိပြီး ပုံမှန်လူသား၏စိတ်ထဲက အတွေးများ၏ အပိုင်းအခြားကို မကျော်လွန်နိုင်ပေ။ သမ္မာတရား လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်နိုင်သူအားလုံးသည် ဤအပိုင်းအခြားအတွင်းတွင် တွေ့ကြုံကြရလေသည်။ သမ္မာတရားကို ၎င်းတို့ တွေ့ကြုံချိန်တွင် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူသား အသက်တာ၏ အတွေ့အကြုံတစ်ခု အမြဲဖြစ်၏။ ယင်းသည် ပုံမှန်လူသားအသက်တာမှ သွေဖည်သော တွေ့ကြုံခြင်းနည်းလမ်းတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ လူသား အသက်တာများ အသက်ရှင်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းခံရလျက် သမ္မာတရားကို ၎င်းတို့ တွေ့ကြုံကြရသည်။ ထို့အပြင် ဤသမ္မာတရားသည် လူတစ်ဦးမှတစ်ဦး ကွဲပြားပြီး၊ ယင်း၏နက်ရှိုင်းမှုသည် လူ၏ အခြေအနေနှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားရှာဖွေသူတစ်ဦး၏ ပုံမှန်လူ့အသက်တာဖြစ်ပြီး၊ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူတစ်ဦး လျှောက်သော လမ်းကြောင်းဟု ခေါ်ကောင်းခေါ်ဆိုနိုင်သည်ဟုသာ ဆိုနိုင်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သော လမ်းကြောင်း ဖြစ်သည်ဟု မဆိုနိုင်ပေ။ ပုံမှန်လူသား အတွေ့အကြုံတွင်၊ လိုက်စားရှာဖွေသော လူတို့သည် မတူညီသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည်လည်း တူညီမှုမရှိပေ။ ထို့အပြင် လူတို့တွေ့ကြုံသော ပတ်ဝန်းကျင်များနှင့် ၎င်းတို့ အတွေ့အကြုံ၏ အပိုင်းအခြားများသည် မတူညီသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏စိတ်နှင့်အတွေးများ ရောနှောခြင်းကြောင့်၊ ၎င်းတို့၏ အတွေ့အကြုံသည် မတူညီသော အတိုင်းအတာများထိ ရောနှောလျက်ရှိလေသည်။ လူအသီးသီးသည် ၎င်းတို့၏ ကွဲပြားခြားနားသည့်၊ တစ်ဦးချင်း အခြေအနေများနှင့်အညီ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရား၏ စစ်မှန်သော အဓိပ္ပာယ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏နားလည်မှုသည် မပြည့်စုံသကဲ့သို့၊ ယင်း၏ ရှုထောင့်တစ်ခု သို့မဟုတ် ရှုထောင့်အချို့သာ ဖြစ်လေသည်။ လူတွေ့ကြုံသော သမ္မာတရား၏ နယ်ပယ်သည် လူအသီးသီး၏ အခြေအနေများနှင့် တစ်ပြေးညီ တစ်ဦးမှတစ်ဦး ကွဲပြားခြားနားလေသည်။ ဤနည်းဖြင့် တူညီသော သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာကို မတူကွဲပြားသော လူများက ဖော်ပြသည့်အခါ ခြားနားကုန်ကြလေသည်။ ဆိုလိုသည်မှာ၊ လူ၏အတွေ့အကြုံသည် အမြဲ အကန့်အသတ်များရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို လုံးဝ ကိုယ်စားမပြုနိုင်သကဲ့သို့၊ လူဖော်ပြသောအရာသည် ဘုရားသခင်၏ အလိုနှင့် အလွန်နီးကပ်စွာ ကိုက်ညီပြီး၊ လူ၏ အတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သော စုံလင်စေခြင်းနှင့် အလွန်နီးကပ်နေလျှင်ပင်၊ လူ၏အလုပ်ကို ဘုရားသခင်၏အမှုအဖြစ် မြင်၍ မရနိုင်ပေ။ လူသည် ဘုရားသခင် သူ့ကို ပေးအပ်ထားသည့် အလုပ်ကို လုပ်ဆောင်လျက် ဘုရားသခင်၏အစေခံသာ ဖြစ်နိုင်သည်။ လူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသည့် အသိပညာနှင့် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများမှရရှိသော သမ္မာတရားများကိုသာ ဖော်ပြနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထွက်ပေါက်ဖြစ်ရန် လူသည် အရည်အချင်းမပြည့်မီသကဲ့သို့ သတ်မှတ်ချက်များကို မပြည့်မီပေ။ သူ၏အလုပ်သည် ဘုရားသခင်၏ အမှုဖြစ်သည်ဟု သူ ဆိုပိုင်ခွင့်မရှိပေ။ လူတွင် လူ၏ အလုပ်လုပ်သည့် အခြေခံသဘောတရားများရှိပြီး၊ လူအားလုံးသည် ကွဲပြားသော အတွေ့အကြုံများရှိကာ မတူညီသော အခြေအနေများ ပိုင်ဆိုင်ကြသည်။ လူ၏အလုပ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်တွင်ရှိသည့် သူ၏ အတွေ့အကြုံအားလုံး ပါဝင်သည်။ ဤအတွေ့အကြုံများသည် လူ၏ဖြစ်တည်ခြင်းကိုသာ ကိုယ်စားပြုနိုင်ပြီး ဘုရားသခင်၏ဖြစ်တည်ခြင်း၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို ကိုယ်စားမပြုနိုင်ပေ။ ထို့ကြောင့် လူ၏အလုပ်သည် ဘုရားသခင်၏ အမှုကို ကိုယ်စားမပြုနိုင်သကဲ့သို့၊ လူ၏အလုပ်နှင့် လူ၏ အတွေ့အကြုံသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြည့်စုံသော အလိုတော် မဟုတ်သောကြောင့် လူလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သော လမ်းကြောင်း ဖြစ်သည်ဟု ဆို၍မရပေ။ လူ၏အလုပ်သည် စည်းမျဉ်းများထဲသို့ ကျဆင်းလွယ်ပြီး၊ သူ့အလုပ်၏ နည်းစနစ်သည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုသို့ လွယ်လင့်တကူ ဘောင်ခတ်ခံရကာ၊ လူတို့ကို အချုပ်အချယ်ကင်းသော လမ်းတစ်ခုသို့ ဦးဆောင်နိုင်ခြင်းမရှိပေ။ နောက်လိုက်အများစုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွင်းတွင် အသက်ရှင်ကြပြီး၊ ၎င်းတို့၏တွေ့ကြုံမှု နည်းလမ်းသည်လည်း ယင်း၏နယ်ပယ်ထဲတွင် ကန့်သတ်ခံရလေသည်။ လူ၏ အတွေ့အကြုံသည် အမြဲ အကန့်အသတ်ရှိ၏။ သူ၏အလုပ်နှင့်ဆိုင်သော နည်းစနစ်သည်လည်း အမျိုးအစား အနည်းငယ်ထိ ကန့်သတ်ခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၊ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်၏ အမှုနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ နောက်ဆုံးတွင် လူ၏ အတွေ့အကြုံသည် အကန့်အသတ်ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် စည်းမျဉ်းများအားဖြင့် ပိတ်ဆီးမခံရပေ။ ယင်းကို မည်သို့လုပ်ဆောင်ပြီးစီးသည်ဖြစ်စေ၊ နည်းစနစ် တစ်ခုတစ်လေမျှထိ ကန့်သတ်မထားပေ။ ဘုရားသခင်၏ အမှုအတွက် မည်သည့် စည်းမျဉ်းစည်းကမ်းမျှ မရှိပေ- သူ၏အမှုအားလုံးသည် လွတ်ငြိမ်းပြီး အချုပ်အနှောင် ကင်းလေသည်။ လူသည် သူ့နောက်လိုက်ရင်း အချိန်မည်မျှကုန်ဆုံးပါစေ၊ သူသည် ဘုရားသခင်၏ အမှုပြုသည့်နည်းလမ်းများကို စိုးမိုးသည့် မည်သည့်ဥပဒေသကိုမျှ အနှစ်မချုပ်နိုင်ပေ။ ဘုရားသခင်၏ အမှုသည် မူအရဖြစ်သော်လည်း၊ ယင်းကို နည်းလမ်းသစ်များဖြင့် အမြဲလုပ်ဆောင်ကာ အသစ်သော တိုးတက်မှုများ အမြဲရှိပြီး ယင်းကို လူက လက်လှမ်းမမီနိုင်ပေ။ အချိန်ကာလတစ်ခုတည်းတွင်၊ ဘုရားသခင်သည် မတူကွဲပြားသော အလုပ်အမျိုးအစား အချို့နှင့် လူတို့ကို မတူကွဲပြားသော ဦးဆောင်ခြင်း နည်းလမ်းများရှိနိုင်ကာ၊ ထိုသို့ပြုလုပ်ခြင်းဖြင့် လူတို့သည် အသစ်သော ဝင်ရောက်မှုများနှင့် ပြောင်းလဲမှုများ အမြဲရှိလေသည်။ သူသည် အသစ်သော နည်းလမ်းများဖြင့် အမြဲ အမှုပြုသောကြောင့်၊ သင်သည် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သော ဥပဒေသများကို မသိမြင်နိုင်ပေ၊ ပြီးလျှင် ထိုသို့ဖြင့်သာ ဘုရားသခင်၏ နောက်လိုက်များသည် စည်းမျဉ်းများအားဖြင့် ကန့်သတ်ခံလာရခြင်း မရှိပေ။ ဘုရားသခင် ကိုယ်တိုင်၏အမှုသည် လူတို့၏အယူအဆများကို အမြဲရှောင်ရှားပြီး ထိုအယူအဆများကို ဆန့်ကျင်လေသည်။ စစ်မှန်သော နှလုံးသားတစ်ခုဖြင့် ဘုရားသခင် နောက်သို့လိုက်ပြီး သူ့ကို လိုက်စားရှာဖွေသော သူတို့သာ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းခံရမည်ဖြစ်ပြီး မည်သည့် စည်းမျဉ်းအောက်တွင်မျှ မရှိဘဲ၊ သို့မဟုတ် မည်သည့် ဘာသာတရား အယူအဆများဖြင့်မျှ ချုပ်ထိန်းမခံရဘဲ၊ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပေသည်။ လူ၏အလုပ်သည် ၎င်း၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ၎င်းကိုယ်တိုင် စွမ်းဆောင်ရရှိနိုင်သည့်အရာပေါ် အခြေခံ၍ လူတို့ကို တောင်းဆိုမှုများ ပြုလေသည်။ ဤသတ်မှတ်ချက်များ၏ စံနှုန်းများသည် တိကျသည့် နယ်ပယ်တစ်ခုအတွင်းတွင် ကန့်သတ်ထားပြီး၊ လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းများသည်လည်း အလွန် ကန့်သတ်မှုရှိလေသည်။ ဤသို့ဖြင့်၊ နောက်လိုက်များသည် ဤကန့်သတ်ထားသော နယ်ပယ်အတွင်းတွင် မရည်ရွယ်ဘဲနှင့် အသက်ရှင်မိကြသည်။ အချိန်ကုန်လွန် လာသည်နှင့်အမျှ ဤအရာများသည် စည်းမျဉ်းများနှင့် ရိုးရာဓလေ့များဖြစ်လာသည်။ အကယ်၍ ကာလတစ်ခု၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ စုံလင်စေခြင်းကို မကြုံရသေးသကဲ့သို့၊ တရားစီရင်ခြင်းကို မရရှိသေးသည့် သူတစ်ဦး၏ ဦးဆောင်ခြင်းခံရပါက၊ ၎င်း၏နောက်လိုက်များအားလုံးသည် ဘာသာရေးသမားများနှင့် ဘုရားသခင်ကို ခုခံဆန့်ကျင်ရာတွင် ကျွမ်းကျင်သူများ ဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့်၊ အကယ်၍ တစ်စုံတစ်ယောက်သည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်တစ်ဦးဖြစ်ပါက၊ ထိုလူသည် တရားစီရင်ခြင်းကို ကြုံရမည်ဖြစ်ပြီး စုံလင်စေခြင်းကို လက်ခံရပေမည်။ တရားစီရင်မှုကို မကြုံတွေ့သေးသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိကောင်းရှိနေနိုင်သော်လည်း၊ မရေရာသကဲ့သို့ မစစ်မှန်သော အရာများကိုသာ ဖော်ပြလေသည်။ အချိန်နှင့်အမျှ၊ ၎င်းတို့သည် လူတို့ကို မရေရာသကဲ့သို့ သဘာဝလွန်သော စည်းမျဉ်းများထဲသို့ ဦးဆောင်လိမ့်မည်။ ဘုရားသခင် လုပ်ဆောင်သော အမှုသည် လူ၏ ဇာတိပကတိနှင့် မကိုက်ညီပေ။ ယင်းသည် လူ၏ အတွေးများနှင့် မကိုက်ညီဘဲ၊ လူ၏ အယူအဆများကို ဆန့်ကျင်လေသည်။ ယင်းသည် မရေရာသော ဘာသာရေး အသွေးအရောင်များနှင့် မစွန်းထင်းပေ။ ဘုရားသခင်၏ အမှုရလဒ်များကို ဘုရားသခင်၏ စုံလင်စေခြင်းမခံရသေးသည့် သူတစ်ဦးဦးက မရရှိနိုင်ပေ။ ထိုရလဒ်များကို လူ၏အတွေးများက လက်လှမ်းမမီနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၇၉)

လူ၏စိတ်ထဲရှိအလုပ်သည် ရရှိဖို့ လူသားအတွက် အလွန်လွယ်ကူလွန်းလှ ပေသည်။ ဥပမာအားဖြင့်၊ ဘာသာရေး လောကထဲက သင်းအုပ်များနှင့် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ရာထူးများအပေါ် အမှီပြုကြသည်။ အချိန်ကြာမြင့်စွာ ၎င်းတို့နောက်လိုက်သော သူများသည် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် ကူးစက်ခံရပြီး ၎င်းတို့၏ဖြစ်တည်မှု အချို့ဖြင့် လွှမ်းမိုးမှုခံရကြလိမ့်မည်။ ၎င်းတို့သည် လူတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများနှင့် အသိပညာတို့အပေါ် အာရုံစိုက်ပြီး၊ သဘာဝလွန်သည့်အရာများနှင့် နက်နဲပြီး လက်တွေ့မကျသော အယူဝါဒများကို (ဟုတ်ပေ၏၊ ဤနက်နဲသော အယူဝါဒများကို မရယူနိုင်ပေ။) အာရုံစိုက်ကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်သဘောထားများထဲက ပြောင်းလဲမှုများအပေါ် အာရုံမစိုက်ဘဲ၊ ယင်းထက် တရားဟောဖို့နှင့် အလုပ်လုပ်ဖို့ လူတို့ကို လေ့ကျင့်ပေးခြင်း၊ လူတို့၏အသိပညာနှင့် ၎င်းတို့၏ အလျှံပယ်ဖြစ်သော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့အပေါ် အာရုံစိုက်ကြလေသည်။ လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်ဆိုသည့်အပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့၊ သမ္မာတရားကို လူတို့ မည်မျှနားလည်သည်ဆိုသည့်အပေါ်လည်း အာရုံမစိုက်ပေ။ ၎င်းတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို ရရှိဖို့ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရကိုပင် စိတ်ပင်မဝင်စားကြပေ။ ၎င်းတို့သည် လူတို့၏ မပြည့်စုံမှုများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းများအတွက် လူတို့ကို ပြုပြင်ရန်မဆိုထားနှင့်၊ ၎င်းတို့၏ အယူအဆများကို မဆန့်ကျင်ကြသကဲ့သို့၊ ၎င်းတို့၏အယူအဆများကို ထုတ်ဖော်ပြခြင်းမရှိပေ။ ၎င်းတို့နောက်လိုက်သောသူ အများစုသည် မိမိတို့၏ ဆုကျေးဇူးများဖြင့် အစေခံကြပြီး၊ သူတို့ထုတ်ဖော်ပြသမျှအားလုံးမှာ လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အပေါ် အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိသည့် ဘာသာရေး အယူအဆများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့ အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသည့် လူတစ်ဦးမှ နောက်ပိုင်းတွင် အလုပ်လုပ်ကာ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာကျောင်း ဘွဲ့ရတစ်ဦးအဖြစ်သို့ ပျိုးထောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် အမှုထဲက နည်းဥပဒေသ တစ်ခုတစ်လေကို သင် သိမြင်နိုင်ပါသလော။ လူလုပ်ဆောင်သောအလုပ်တွင် စည်းမျဉ်းများနှင့် ကန့်သတ်ချက်များစွာရှိပြီး လူသား ဦးနှောက်သည် အလွန် တစ်ယူသန်ဖြစ်လွန်းလှ၏။ ထို့ကြောင့် လူက ဖော်ပြသောအရာသည် သူ၏အတွေ့အကြုံ နယ်ပယ်အတွင်းရှိ အသိပညာနှင့် သဘောပေါက်မိခြင်းတို့ဖြစ်သည်။ လူသည် ဤအရာမှလွဲ၍ မည်သည့်အရာကိုမျှ မဖော်ပြနိုင်ပေ။ လူ၏ အတွေ့အကြုံ သို့မဟုတ် အသိပညာသည် ၎င်း၏မွေးရာပါ ဆုကျေးဇူးများ သို့မဟုတ် ၎င်း၏ ဗီဇမှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ယင်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် တိုက်ရိုက်ထိန်းကျောင်းမှုတို့ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ လူသည် ဤထိန်းကျောင်းမှုကို လက်ခံနိုင်စွမ်းသာရှိပြီး၊ ဘုရား၏သဘောသဘာဝသည် အဘယ်အရာဖြစ်သည်ကို တိုက်ရိုက်ဖော်ပြရန် အစွမ်းအစမရှိချေ။ လူသည် အရင်းအမြစ်မဖြစ်နိုင်ပေ။ သူသည် အရင်းအမြစ်မှ လာသော ရေကိုလက်ခံသည့် အိုးတစ်ခုသာ ဖြစ်နိုင်သည်။ ဤသည်မှာ လူသား ဗီဇ၊ လူသားတစ်ဦးအနေဖြင့် ရှိသင့်သော အစွမ်းအစ ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံသည့် စွမ်းရည်ဆုံးရှုံးပြီး၊ လူသား ဗီဇကို ဆုံးရှုံးပါက၊ ထိုလူသည် တန်ဖိုးအရှိဆုံးသော အရာကိုလည်း ဆုံးရှုံးကာ ဖန်ဆင်းခံ လူသား၏ တာဝန်ကို ဆုံးရှုံးပေသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော် သို့မဟုတ် သူ၏အမှုနှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် အတွေ့အကြုံမရှိပါက ထိုလူသည် သူ၏တာဝန်၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် သူဆောင်ရွက်သင့်သော တာဝန်ကို ဆုံးရှုံးပြီး၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ဂုဏ်သိက္ခာကို ဆုံးရှုံးပေသည်။ လူ့ဇာတိ၌ ဖော်ပြသည်ဖြစ်စေ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်ဖော်ပြသည်ဖြစ်စေ၊ ဘုရားသဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်ကို ဖော်ပြရန်မှာ ဘုရားသခင်၏ ပင်ကိုစရိုက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သာသနာဖြစ်သည်။ လူသည် ဘုရားသခင်၏ အမှုအတွင်း သို့မဟုတ် အမှုပြီးနောက်တွင် သူ၏ကိုယ်ပိုင်အတွေ့အကြုံများ သို့မဟုတ် အသိပညာကို ဖော်ပြလေသည် (ယင်းမှာ သူ၏ဖြစ်ခြင်းကို ဖော်ပြသည်ကို ဆိုလိုသည်)။ ဤသည်မှာ လူ၏ ပင်ကိုစရိုက်နှင့် လူ၏ တာဝန်ဖြစ်ပြီး၊ ယင်းသည် လူက စွမ်းဆောင်ရရှိသင့်သော အရာဖြစ်သည်။ လူ၏ ဖော်ပြချက်သည် ဘုရားသခင် ဖော်ပြသည့်အရာကို မမီသော်လည်း၊ လူဖော်ပြသည့် အရာသည် စည်းမျဉ်းများစွာဖြင့် ကန့်သတ်ခံရသော်လည်း၊ လူသည် သူဖြည့်ဆည်းသင့်သောတာဝန်ကို ဖြည့်ဆည်းရမည်ဖြစ်ပြီး၊ သူလုပ်သင့်သည့် အရာကိုလုပ်ရမည်ဖြစ်သည်။ လူသည် သူ၏တာဝန်ကိုဖြည့်ဆည်းရန် တတ်စွမ်းသမျှ ဖြစ်နိုင်သည့်အရာအားလုံးကို လုပ်ဆောင်သင့်ပြီး၊ သံသယ နည်းနည်းမျှပင် မရှိသင့်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၈၀)

သင်တို့သည် ဘုရားသခင်၏အမှုကို လူ၏ အလုပ်မှ မည်သို့ခွဲခြားရမည်ဆိုသည်ကို သိရမည်။ လူ၏အလုပ်တွင် မည်သည့်အရာကို သင် မြင်နိုင်သနည်း။ လူ၏အလုပ်တွင် သူ့အတွေ့အကြုံ၏ အရိပ်လက္ခဏာများစွာ ရှိသည်။ လူ ဖော်ပြသည့် အရာသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည်လည်း သူ၏ဖြစ်ခြင်းကို ဖော်ပြသည်၊ သို့ရာတွင် သူ၏ ဖြစ်ခြင်းသည် လူ၏ဖြစ်ခြင်းနှင့် ကွာခြားသည်။ လူ၏ ဖြစ်ခြင်းသည် လူ၏အတွေ့အကြုံနှင့် အသက်တာတို့ကို (လူ၏ အသက်တာတွင် သူတွေ့ကြုံသည့်အရာ၊ သို့မဟုတ် ကြုံဆုံရသည့်အရာ၊ သို့မဟုတ် သူ့တွင်ရှိသော အသက်ရှင်သန်မှုအတွက် ဒဿနများ) ကိုယ်စားပြုပြီး မတူကွဲပြားသော ပတ်ဝန်းကျင်များတွင် နေထိုင်သည့် လူများသည် မတူကွဲပြားသော ဖြစ်တည်မှုများကို ဖော်ပြလေသည်။ သင်သည် လူမှုအဖွဲ့အစည်းနှင့်သက်ဆိုင်သော အတွေ့အကြုံများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် သင်၏မိသားစုအတွင်း သင် အမှန်တကယ်အသက်ရှင်ပြီး တွေ့ကြုံပုံကို သင်ဖော်ပြသောအရာတွင် တွေ့နိုင်သည်၊ လူ့ဇာတိခံ ဘုရားသခင်က လူမှုရေး အတွေ့အကြုံများ ရှိ၊ မရှိဆိုသည်ကိုမူ သူ၏အမှုတွင် သင် မတွေ့နိုင်ပေ။ သူသည် လူ၏အနှစ်သာရကို ကောင်းမွန်စွာ သိရှိပြီး၊ လူအမျိုးအစားအားလုံးနှင့် သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှု အမျိုးအစားအားလုံးကို သူ ထုတ်ဖော်ပြနိုင်သည်။ သူသည် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကို ဖော်ပြရာတွင် သာ၍ပင် တော်လေသည်။ သူသည် လောကီဆန်သော လူများအလယ်တွင် အသက်မရှင်ဘဲ၊ သူသည် သေမျိုးများ၏သဘာဝနှင့် လောကီဆန်သော လူများ၏ ဖောက်ပြန်ပျက်စီးမှုအားလုံးကို သိရှိလေသည်။ ဤသည်မှာ သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူသည် လူသား သဘာဝကို အပြည့်အဝ နားလည်သောကြောင့်၊ လောကနှင့် ဆက်ဆံမှုမရှိသော်လည်း၊ ကမ္ဘာကြီးနှင့် ဆက်ဆံသည့် စည်းမျဉ်းများကို သူသိ၏။ သူသည် လူ့မျက်လုံးက မမြင်နိုင်သကဲ့သို့၊ လူ့နားများက မကြားနိုင်သည့် ယနေ့နှင့် အတိတ်နှစ်ခုလုံးထဲက ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိလေသည်။ ဤအရာတွင် အသက်ရှင်သန်မှုအတွက် အတွေးအခေါ်မဟုတ်သော ဉာဏ်ပညာနှင့် လူတို့ နားလည်သဘောပေါက်ရန် ခက်ခဲသော အံ့ဖွယ်ရာများပါဝင်သည်။ ဤသည်မှာ လူတို့ထံ ဖွင့်ဟလျက်ရှိပြီး လူတို့ထံမှလည်း ကွယ်ဝှက်လျက်ရှိသည့် သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူဖော်ပြသည့်အရာသည် သာမန်ထက်လွန်ကဲသော လူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ၊ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ ဖြစ်သည်။ သူသည် ကမ္ဘာလောကသို့ ခရီးမထွက်သော်လည်း၊ ယင်းနှင့်သက်ဆိုင်သည့် အရာရာတိုင်းကို သိသည်။ သူသည် အသိပညာ သို့မဟုတ် ထိုးထွင်းသိမြင်မှုမရှိသည့် “လူမျောက်ဝံများ” နှင့် အဆက်အသွယ်ရှိသော်လည်း၊ အသိပညာထက်မြင့်သကဲ့သို့ ကြီးမြတ်သော လူသားများအထက်တွင်ရှိသည့် စကားများကို ဖော်ပြလေသည်။ သူသည် လူ့သဘာဝမရှိသကဲ့သို့၊ လူသားမျိုးနွယ်၏ အစဉ်အလာများနှင့် အသက်ကို နားမလည်သည့် ထူကာ ထုံအသော လူတစ်စုအတွင်းတွင် အသက်ရှင်သော်လည်း၊ သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ရန် စေခိုင်းနိုင်သကဲ့သို့၊ တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ ယုတ်ညံ့ကာ နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် အသွေးအသားရှိသည့် မည်သည့်လူမဆို၏ ဖြစ်ခြင်းထက် မြင့်မားသည့် သူ၏ ဖြစ်ခြင်း ဖြစ်ပေသည်။ သူ့အတွက် သူလုပ်ဆောင်ရန်လိုအပ်သော အလုပ်ကိုလုပ်ရန်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို အကုန်အစင် ထုတ်ဖော်ပြရန် ရှုပ်ထွေးကာ၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေး အသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေးချေ။ သူ၏အမှုနှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး၊ လူကို လောကနှင့်ဆက်ဆံရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများကို မထောက်ပံ့ပေးချေ။ သူသည် လူကို အသက်ဖြင့် ထောက်ပံ့ချိန်တွင်၊ လူ့အဖွဲ့အစည်း သို့မဟုတ် လူ၏မိသားစုကို လေ့လာစုံစမ်းရန် မလိုအပ်ပေ။ လူကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် သူ၏ ဇာတိခန္ဓာနှင့် သက်ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူ၏မနာခံမှုကို အချိန်ကြာမြင့်စွာ သိရှိကာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို စက်ဆုပ်ပြီးနောက် လူ၏မဖြောင့်မတ်မှုနှင့်သက်ဆိုင်သည့် သူ၏ ထုတ်ဖော်ပြခြင်း ဖြစ်ပေသည်။ သူပြုသော အမှုအားလုံးသည် လူ့ထံသို့ သူ၏စိတ်သဘောထားကို ထုတ်ဖော်ပြရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန် ရည်ရွယ်ပေသည်။ သူသာလျှင် ဤအမှုကို လုပ်ဆောင်နိုင်၏။ ယင်းသည် အသွေးအသားနှင့် လူတစ်ဦးက စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၈၁)

ဘုရားသခင်လုပ်ဆောင်သော အမှုသည် သူ၏ ဇာတိခန္ဓာ၏ အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ မဟုတ်ပေ။ လူလုပ်သော အလုပ်မှာ သူ၏အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ ဖြစ်သည်။ အယောက်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ပတ်သက်၍ ပြောဆိုကြ၏။ ဘုရားသခင်သည် သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်သော်လည်း၊ လူသည် သမ္မာတရားကို သူ၏ တွေ့ကြုံခြင်းနှင့် ကိုက်ညီသည့် အတွေ့အကြုံကိုသာ ဖော်ပြနိုင်လေသည်။ ဘုရားသခင်၏အမှုသည် စည်းမျဉ်းများ မရှိသကဲ့သို့၊ အချိန် သို့မဟုတ် ပထဝီဝင် အကန့်အသတ်များအောက်တွင် မရှိပေ။ သူသည် သူ၏ဖြစ်ခြင်းကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်သည်။ သူ နှစ်သက်သည့်အတိုင်း သူအလုပ်လုပ်လေသည်။ လူ၏အလုပ်သည် သတ်မှတ်ချက်များနှင့် ဆက်စပ် စဉ်းစားရမည့် အခြေအနေများ ရှိ၏။ ထိုအရာများ မရှိပါက၊ သူသည် အလုပ်လုပ်နိုင်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့်သက်ဆိုင်သော သူ၏အသိပညာ သို့မဟုတ် သမ္မာတရားနှင့်သက်ဆိုင်သော သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်မည်မဟုတ်ပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သည်၊ သို့မဟုတ် လူ၏အလုပ်ဖြစ်သည်ဆိုသည်ကို ပြောရန်၊ သင့်အနေဖြင့် ထိုနှစ်ခုကြားက ကွာခြားချက်များကို နှိုင်းယှဉ်ရုံနှိုင်းယှဉ်ရမည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် ပြုသော အမှုမရှိဘဲ လူ၏အလုပ်သာရှိပါက၊ လူ၏ သွန်သင်ချက်များသည် မြင့်မားကာ အခြားမည်သူမဆို၏ တတ်စွမ်းနိုင်မှုကို ကျော်လွန်သည်ဟု သင် အလွယ်တကူသိရှိလိမ့်မည်။ ၎င်းတို့၏ စကားပြောသည့် အသံနေအသံထား၊ အမှုအရာတို့ကို ကိုင်တွယ်ရာတွင် ၎င်းတို့၏ အခြေခံသဘောတရားများနှင့် အလုပ်လုပ်ရာတွင် ၎င်းတို့၏ အတွေ့အကြုံရင့်ကျက်ပြီး တည်ငြိမ်သည့်ပုံစံကို အခြားသူများ လက်လှမ်းမမီနိုင်ပေ။ သင်တို့အားလုံးသည် ကောင်းမွန်သော အရည်အချင်းနှင့် မြင့်မားသော အသိပညာရှိသည့် ဤလူများကို လေးစားအားကျကြသည်၊ သို့ရာတွင် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ လူ့သဘာဝ မည်မျှမြင့်မားသည်ကို သင်တို့မတွေ့မြင်နိုင်ပေ။ ထို့အစား၊ သူသည် သာမန်ဖြစ်ပြီး အလုပ်လုပ်နေသည့်အချိန်တွင် သူသည် ပုံမှန် ဖြစ်ကာ စစ်မှန်သော်လည်း၊ သေမျိုးများအနေဖြင့် တိုင်းတာ၍ မရနိုင်ပေ၊ ထို့ကြောင့် ယင်းသည် လူတို့အား သူ့ကို ကြည်ညိုမှုတစ်မျိုး ခံစားရစေလေသည်။ မိမိ၏ အလုပ်၌ရှိသည့် လူတစ်ဦး၏အတွေ့အကြုံသည် အထူးသဖြင့် တိုးတက်ကောင်းတိုးတက်မည် သို့မဟုတ် သူ၏ စိတ်ကူးစိတ်သန်းနှင့် ဆင်ခြင်တုံတရားတို့သည် အသိပညာအကြောင်းကို သာ၍ပင် လေ့လာသင်ယူခြင်းဆီသို့၊ သူ၏ လူ့သဘာဝသည် အထူးသဖြင့် ကောင်းမွန်ကောင်း ကောင်းမွန်နိုင်ပေသည်။ ထိုသို့သော အရည်အသွေးများ အားလုံးသည် လူတို့၏ လေးစားမှုကိုသာ ရရှိစေနိုင်သော်လည်း၊ ၎င်းတို့၏ အံ့ဩခြင်းနှင့် ကြောက်ရွံ့မှုတို့ကို မနိုးကြွစေနိုင်ပေ။ လူအားလုံးတို့သည် ကောင်းမွန်စွာ အလုပ်လုပ်နိုင်သောသူများ၊ အထူးသဖြင့် နက်ရှိုင်းသော အတွေ့အကြုံရှိသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူများကို လေးစားကြသော်လည်း၊ ထိုသို့သောလူတို့သည် အံ့ဩမှုကို မထုတ်ဖော်နိုင်ဘဲ၊ လေးစားခြင်းနှင့် မနာလိုမှုတို့သာ ဖြစ်ပေသည်။ သို့ရာတွင် ဘုရားသခင်၏အမှုကို ကြုံတွေ့ပြီးဖြစ်သော လူများသည် ဘုရားသခင်ကို လေးစားမှုမရှိကြပေ။ ထို့အစား ဘုရားသခင်၏အမှုသည် လူ့အဖို့ လက်လှမ်းမမီနိုင်ဖြစ်ပြီး နားလည် သဘောမပေါက်နိုင်သည့်အရာဖြစ်သည်၊ ယင်းသည် လတ်ဆတ်ပြီး အံ့ဩဖွယ် ဖြစ်သည်ဟု ၎င်းတို့ ခံစားကြရလေသည်။ ဘုရားသခင်၏အမှုကို လူတို့ကြုံတွေ့ ရချိန်တွင်၊ သူနှင့်သက်ဆိုင်သည့် ၎င်းတို့၏ ပထမဦးဆုံးသော အသိမှာ ဘုရားသခင်သည် နားလည်သဘောပေါက်၍မရနိုင်သောသူ၊ ဉာဏ်ပညာရှိပြီး အံ့ဩဖွယ်ကောင်းသူဟူ၍ ဖြစ်ပြီး၊ ၎င်းတို့သည် မသိလိုက်ဘဲ သူ့ကို ကြည်ညိုကာ လူသားတို့စိတ်က ဉာဏ်မမီနိုင်သည့်အရာ ဖြစ်သည့် သူပြုသောအမှု၏ နက်နဲမှုကို ခံစားကြရသည်။ လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ သူ၏ စိတ်ဆန္ဒများကို ကျေနပ်စေရန်သာ အလိုရှိကြသည်။ ဘုရားသခင် ပြုသည့် အမှုသည် လူ၏ အတွေးနှင့် စိတ်ကူးများကို ကျော်လွန်ပြီး သူ့ကိုယ်စား လူက မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ကျော်လွန်လိုသော ဆန္ဒမရှိပေ။ လူကိုယ်တိုင်ပင်လျှင် သူ၏ကိုယ်ပိုင်မပြည့်စုံမှုများကို မသိပေ၊ သို့ရာတွင် ဘုရားသခင်သည် လမ်းကြောင်းသစ်တစ်ခုကို ရှေ့ဆက်ပြီး လူကို သာ၍သစ်လွင်ကာ သာ၍လှပသော ကမ္ဘာတစ်ခုထဲသို့ ခေါ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ထိုသို့လျှင် လူသားမျိုးနွယ်သည် အသစ်သောတိုးတက်မှုကို ပြုပြီးဖြစ်ကာ အသစ်သော စတင်မှု ရှိခဲ့ကြပြီးဖြစ်သည်။ ဘုရားသခင်အတွက် လူတို့ ခံစားရသည့်အရာမှာ လေးစားမှုမဟုတ်ပေ၊ သို့မဟုတ် ယင်းထက် လေးစားမှုတစ်ခုတည်း မဟုတ်ပေ။ ၎င်းတို့၏အနက်ရှိုင်းဆုံး အတွေ့အကြုံသည် ရိုသေခန့်ညားခြင်းနှင့် ချစ်ခြင်းမေတ္တာ ဖြစ်၏။ ၎င်းတို့၏ ခံစားချက်မှာ ဘုရားသခင်သည် အမှန်ပင် အံ့ဖွယ်ဖြစ်သည်ဟူ၏။ သူသည် လူ မလုပ်ဆောင်နိုင်သောအမှုကို လုပ်ဆောင်ပြီး၊ လူ မပြောနိုင်သောအရာကို ပြောလေသည်။ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးသောလူတို့သည် ဖော်မပြနိုင်သော ခံစားချက်တစ်ခု အမြဲရှိကြသည်။ အတော်နက်ရှိုင်းသော အတွေ့အကြုံရှိသည့် လူတို့သည် ဘုရားသခင်ကို ချစ်ခြင်းအား နားလည်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို ခံစားနိုင်ကြသည်၊ ဘုရားသခင်၏ အမှုသည် အလွန် အမြော်အမြင်ရှိသည်၊ အလွန် အံ့ဖွယ်ဖြစ်သည်ဟု ခံစားရပြီး၊ ထိုသို့ဖြင့် ၎င်းတို့ကြားတွင် အဆုံးမရှိသော တန်ခိုး ဖြစ်ပေါ်စေလေသည်။ ယင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရံဖန်ရံခါ ချစ်ခြင်းနှင့် လေးစားမှု မဟုတ်ဘဲ လူ့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကို သည်းခံခြင်းနှင့်သက်ဆိုင်သည့် နက်ရှိုင်းသော အသိစိတ်တစ်ခု ဖြစ်သည်။ သို့ရာတွင်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံပြီးသောသူများသည် သူ၏ ဘုန်းအာနုဘော်နှင့် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သူ သည်းမခံသည်ကို အာရုံခံစားရကြသည်။ ဘုရားသခင်၏အမှုများစွာကို ကြုံတွေ့ပြီးသော လူများပင်လျှင် သူ့ကို နားလည်သဘောပေါက်ရန် မတတ်နိုင်ကြပေ။ သူ့ကို အမှန်တကယ် ကြည်ညိုသောသူ အားလုံးက ဘုရားသခင်၏အလုပ်သည် လူတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ၊ ၎င်းတို့၏အယူအဆများနှင့် အမြဲဆန့်ကျင်သည်ကို သိကြသည်။ ဘုရားသခင်သည် သူ့ကို အပြည့်အဝ လေးစားရန် သို့မဟုတ် သူ့ကို ကျိုးနွံနာခံမှု ပုံပန်းပြရန် လူတို့ကို မလိုအပ်ပေ။ ယင်းထက်၊ ၎င်းတို့အနေဖြင့် မှန်ကန်သော ကြည်ညိုမှုနှင့် မှန်ကန်သော ကျိုးနွံနာခံမှုတို့ ရရှိသင့်ပေသည်။ ဘုရားသခင်၏ များစွာသော အမှုတွင် စစ်မှန်သော အတွေ့အကြုံရှိသူတို့သည် သူ့ကို လေးစားမှုထက် ပို၍မြင့်မားသော ကြည်ညိုမှု ခံစားကြရလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့် သူ၏စိတ်သဘောထားကို တွေ့မြင်ကြရပြီးဖြစ်ကာ၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏စိတ်နှလုံးများထဲတွင် ကြည်ညိုကြလေသည်။ ဘုရားသခင်၏ ဖြစ်တည်ခြင်းနှင့် သူ၏ စိတ်သဘောထားတို့သည် အဖန်ဆင်းခံ တစ်ဦးနှင့် မတူသကဲ့သို့ အဖန်ဆင်းခံတစ်ဦး အထက်တွင် ရှိသောကြောင့်၊ ဘုရားသခင်ဆိုသည်မှာ ကြည်ညိုခံရရန်နှင့် နာခံခြင်း ခံရရန် ဖြစ်သည်။ ဘုရားသခင်သည် မိမိဘာသာတည်ရှိကာ ထာဝရဖြစ်သည်၊ သူသည် ဖန်ဆင်းခံတစ်ဦးမဟုတ်သကဲ့သို့၊ ဘုရားသခင်တစ်ပါးတည်းသာ ကြောက်ရွံ့မှုနှင့် နာခံမှုတို့ဖြင့် ထိုက်တန်ပေသည်။ လူသည် ဤအရာအတွက် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးဖြစ်ကာ သူ့ကို အမှန်တကယ် သိသောသူ အားလုံးသည် ဘုရားသခင်အပေါ် ကြည်ညိုမှု ခံစားကြရလေသည်။ သို့ရာတွင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လက်မလွှတ်သော သူများသည်- သူ့ကို ဘုရားသခင်ဟု သက်သက် မယူမှတ်သောသူများသည်- သူ့အပေါ် ကြည်ညိုမှု မရှိကြသကဲ့သို့၊ ၎င်းတို့သည် သူ့နောက်သို့ လိုက်ကြသော်လည်း၊ သိမ်းပိုက်ခြင်း မခံကြရပေ။ ၎င်းတို့သည် သဘာဝအားဖြင့် မနာခံသော လူများ ဖြစ်သည်။ ထိုသို့အမှုပြုခြင်းဖြင့် ဘုရားသခင် ရရှိဖို့ ရည်ရွယ်သည့်အရာမှာ ဖန်ဆင်းခံ သတ္တဝါများအားလုံးအနေဖြင့် ဖန်ဆင်းရှင်အတွက် ကြည်ညိုမှု စိတ်နှလုံးများ ရှိကြရန်၊ သူ့ကို ကိုးကွယ်ရန်နှင့် သူ၏အုပ်စိုးမှုကို ခြွင်းချက်မရှိ ကျိုးနွံနာခံရန်အတွက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံးက ရရှိဖို့ ရည်ရွယ်သော နောက်ဆုံးရလဒ်များ ဖြစ်သည်။ ထိုသို့သောအမှုကို တွေ့ကြုံပြီးဖြစ်သော လူတို့သည် အနည်းငယ်မျှပင် ဘုရားသခင်ကို ကြည်ညိုမှုမရှိပါက၊ ပြီးလျှင် ၎င်းတို့၏အတိတ်က မနာခံမှုသည် ပြောင်းလဲခြင်း လုံးဝမရှိပါက၊ ၎င်းတို့ ပယ်ထုတ်ခံကြရဖို့ သေချာပေသည်။ ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထားသည် အဝေးမှ သူ့ကို လေးစားဖို့ သို့မဟုတ် ရိုသေမှုကို ပြသရန်သာဖြစ်ပြီး၊ နည်းနည်းကလေးမျှ သူ့ကို ချစ်ရန်မဟုတ်ပါက၊ ဤသည်မှာ ဘုရားသခင်ကိုချစ်သည့် နှလုံးသားမရှိသောလူတစ်ဦး ဆိုက်ရောက်သည့် အကျိုးဆက်ဖြစ်ပြီး၊ ထိုလူသည် စုံလင်စေခြင်းခံရဖို့ သတ်မှတ်ချက်များ ကင်းမဲ့ပေသည်။ အကယ်၍ များစွာသော အမှုတို့သည် လူတစ်ဦး၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို မရရှိနိုင်ပါက၊ ထိုလူသည် ဘုရားသခင်ကို မရရှိသေးသကဲ့သို့၊ သမ္မာတရားကို စစ်မှန်စွာ လိုက်လျှောက်ခြင်းမရှိပေ။ ဘုရားသခင်ကို မချစ်သော လူတစ်ဦးသည် သမ္မာတရားကို မချစ်ပေ၊ သို့ဖြစ်ရာ သူသည် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန်မဆိုထားနှင့်၊ ဘုရားသခင်ကို မရရှိနိုင်ပေ။ ထိုသို့သောလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက်ကို မည်သို့ တွေ့ကြုံသည်ဖြစ်စေ၊ တရားစီရင်မှုကို ၎င်းတို့ မည်သို့တွေ့ကြုံသည်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ မကြောက်ရွံ့နိုင်ကြပေ။ ဤသည်တို့မှာ မိမိတို့၏ သဘာဝအရ မပြောင်းလဲနိုင်သည့် လူများနှင့် အလွန့်အလွန် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသူများ ဖြစ်သည်။ ဘုရားသခင်ကို မကြောက်ရွံ့သောသူအားလုံးသည် ပယ်ထုတ်ခြင်းခံကြရမည်၊ အပြစ်ပေးခြင်း ခံရမည့်သူများဖြစ်မည်ဖြစ်ပြီး မတရားသောအရာများကို ပြုသောသူတို့ထက် ဆင်းရဲဒုက္ခခံစားဖို့၊ မကောင်းမှုပြုသူများကဲ့သို့ အပြစ်ပေးခံရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၈၂)

တကယ်တမ်းတွင်၊ ဘုရားသခင်၏ အမှုသည် လူ၏ အလုပ်နှင့် မတူကွဲပြား၏၊ ထို့အပြင် သူ၏ ဖော်ပြချက်များသည် အဘယ်သို့ ၎င်းတို့၏ ဖော်ပြချက်များနှင့် တူနိုင်မည်နည်း။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် သီးသန့် စိတ်သဘောထား ရှိသော်လည်း၊ လူ၌ မိမိတို့ ဖြည့်ဆည်းသင့်သည့် တာဝန်များ ရှိ၏။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ အမှုတွင် ဖော်ပြခံရလေသည်၊ သို့သော် လူသား၏ တာဝန်သည် လူ၏ အတွေ့အကြုံများထဲတွင် သရုပ်ထင်ပြီး လူသား၏ လိုက်စားမှုများ ထဲတွင် ဖော်ပြခံရ၏။ ထို့ကြောင့် တစ်စုံတစ်ရာသည် ဘုရားသခင်၏ ဖော်ပြချက်ဟုတ် မဟုတ် သို့မဟုတ် လူသား၏ ဖော်ပြချက် ဟုတ် မဟုတ် ဆိုသည်မှာ လုပ်ဆောင်ခဲ့သည့် အလုပ်မှတဆင့် သိသာထင်ရှား လာလေသည်။ ဘုရားသခင် ကိုယ်တော်တိုင် ရှင်းပြဖို့ မလိုအပ်သကဲ့သို့ လူသားက သက်သေခံရန် ကြိုးပမ်းဖို့လည်း မလိုအပ်ပေ။ ထို့အပြင်၊ ဘုရားသခင်ကိုယ်တော်တိုင် မည်သည့် လူကိုမဆို ဖိနှိပ်ဖို့ မလိုအပ်ပေ။ ဤအရာအားလုံးသည် အလိုအလျောက် ထုတ်ဖော်ပြချက်တစ်ခု ဖြစ်သည်။ ယင်းသည် အတင်းအကျပ် လုပ်ဆောင်စေခြင်း မဟုတ်သကဲ့သို့ လူက ကြားဝင်နှောင့်ယှက်၍ရသည့် အရာတစ်ခုလည်း မဟုတ်ပေ။ လူသား၏ တာဝန်ကို ၎င်းတို့၏ အတွေ့အကြုံများမှတဆင့် သိနိုင်ပြီး အတွေ့အကြုံဆိုင်ရာ အလုပ်အပို တစ်ခုတစ်လေကိုမျှ လူတို့က လုပ်ဆောင်ဖို့ မလိုအပ်ပေ။ လူသား၏ အနှစ်သာရအားလုံးသည် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ ဆောင်ရွက်စဉ် ထုတ်ဖော်ပြခံရနိုင်၏၊ ဘုရားသခင်မှာမူ မိမိ၏ ရှိရင်းစွဲ စိတ်သဘောထားကို သူ၏ အမှု ဆောင်ရွက်နေစဉ်တွင် ဖော်ပြနိုင်ပေသည်။ လူသား၏ အလုပ်ဖြစ်ပါက ယင်းကို ဖုံးကွယ်၍ မရနိုင်ပေ။ ဘုရားသခင်၏ အမှုဖြစ်ပါက၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူသား၏ ထိန်းချုပ်ခံရဖို့ မဆိုနှင့်၊ မည်သူမဆို၏ ဖုံးကွယ်ထားဖို့ သာ၍ပင် မဖြစ်နိုင်ပေ။ မည်သည့်လူသားကိုမျှ ဘုရားသခင်အဖြစ် ပြော၍မရနိုင်သကဲ့သို့၊ ၎င်းတို့၏ အလုပ်နှင့် စကားများကို သန့်ရှင်းသည် သို့မဟုတ် ပြောင်းလဲ၍မရဟု မှတ်ယူ၍လည်း မရပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် ဇာတိပကတိဖြင့် ဆင်ထားခဲ့သောကြောင့် လူသားဟု ပြောဆိုနိုင်သော်လည်း၊ သူ၏ အမှုကို လူသား၏ အလုပ် သို့မဟုတ် လူသား၏ တာဝန်အဖြစ် ယူဆ၍ မရပေ။ ထို့အပြင်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် ပေါလု၏ စာစောင်များကို တန်းတူထား၍ မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် လူသား၏ ပညာပေးစကားများကို တန်းတူဟု ပြောဆို၍ မရပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုနှင့် လူသားအလုပ်ကို ခွဲခြားသိမြင်စေသည့် အခြေခံသဘောတရားများ ရှိလေသည်။ ဤအရာများကို အလုပ်၏ အတိုင်းအတာ သို့မဟုတ် ယင်း၏ ယာယီ ခရီးပေါက်မှုတို့ဖြင့် မဟုတ်ဘဲ ၎င်းတို့၏ အနှစ်သာရများနှင့်အညီ ခွဲခြားထားခြင်း ဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍၊ လူအများစုက အခြေခံသဘောတရားနှင့်ဆိုင်သော အမှားများ ပြုမိကြသည်။ ဤသည်မှာ လူသားသည် ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့် အပြင်ပန်းအရာများကိုသာ ကြည့်သော်လည်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပကတိ မျက်လုံးများဖြင့် သတိမပြုမိနိုင်သည့် အနှစ်သာရကို ကြည့်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုကို သာမန်လူသားတစ်ဦး၏ တာဝန်များအဖြစ် မှတ်ယူပြီး၊ လူသား၏ ကြီးမားသည့် အလုပ်ပမာဏကို လူသား ဖြည့်ဆည်းသည့် တာဝန်ထက် လူ့ဇာတိ ဝတ်ဆင်ထားသည့် ဘုရားသခင်၏ အမှုအဖြစ် ရှုမြင်ပါက၊ သင်သည် အခြေခံသဘောတရား၌ မှားမိသည် မဟုတ်လော။ လူသား၏ စာစောင်များနှင့် အတ္ထုပ္ပတ္တိတို့ကို အလွယ်တကူ ရေးသား၍ ရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် အခြေခံအုတ်မြစ်အပေါ်တွင်သာ ရေးသားနိုင်၏။ သို့သော်၊ ဘုရားသခင်၏မိန့်မြွက်ချက်များနှင့် အမှုတို့ကို လူသားက အလွယ်တကူ မလုပ်ဆောင်နိုင် သို့မဟုတ် လူသား၏ ဉာဏ်ပညာနှင့် တွေးခေါ်မှုတို့ အားဖြင့် မရရှိနိုင်သကဲ့သို့၊ ယင်းတို့ကို လေ့လာစူးစမ်းပြီးနောက် လူတို့က အကုန်အစင် မရှင်းပြနိုင်ပေ။ ဤအခြေခံသဘောတရားနှင့် သက်ဆိုင်သော ကိစ္စရပ်များက သင်တို့၌ မည်သည့်တုန့်ပြန်မှုကိုမျှ မဖြစ်ပေါ်စေပါက၊ သင်တို့၏ ယုံကြည်ခြင်းသည် သိပ်မမှန်ကန် သို့မဟုတ် မသန့်စင်သည်ကား သိသာပေသည်။ သင်၏ ယုံကြည်ခြင်းသည် မရေရာမှုဖြင့် ပြည့်ပြီး၊ ရှုပ်ထွေးနေသကဲ့သို့ မူလည်းမရှိဟုသာ ဆိုနိုင်ပေသည်။ ဘုရားသခင်နှင့် လူသား၏ အခြေခံအကျဆုံးသော ပဓာနကျသည့် ကိစ္စရပ်များကို သိနားလည်ခြင်းပင် မရှိဘဲ၊ ဤယုံကြည်ခြင်းမျိုးသည် အမြော်အမြင် ရှိခြင်း လုံးဝ ကင်းမဲ့သော အရာတစ်ခု ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဩဝါဒစာစောင် ဆယ့်သုံးစောင်နှင့် ပတ်သက်၍ သင် မည်သည့်နေရာတွင် ရပ်တည်သနည်း။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၈၃)

ယေရှုသည် ကမ္ဘာမြေပေါ်တွင် သုံးဆယ်သုံးနှစ်ခွဲကြာ ရှိခဲ့သည်၊ သူသည် ကားစင်တင်ခံရခြင်း အမှုကိုပြုရန် ကြွလာခဲ့ပြီး၊ ကားစင်တင်ခံရခြင်းမှတဆင့် ဘုရားသခင်သည် သူ၏ ဘုန်းအသရေ တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံသောအခါတွင်၊ သူသည် နှိမ့်ချပြီး ကွယ်ဝှက်နေနိုင်ခဲ့ကာ ကြီးမားသော ဆင်းရဲဒုက္ခကို သည်းခံနိုင်ခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ခဲ့သော်လည်း၊ အရှက်ရမှုတိုင်းနှင့် ပုတ်ခတ်ဝေဖန်မှုတိုင်းကို ကြံ့ကြံ့ခံခဲ့ရဆဲဖြစ်ပြီး၊ ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေရန်အလို့ငှာ လက်ဝါးကားတိုင်တွင် သံမှိုနှက်ခံရခြင်းဖြင့် ပြင်းစွာသော နာကျင်မှုကို သူ သည်းခံခဲ့သည်။ အမှု၏ ဤအဆင့်ရှိ အဆုံးသတ်သွားသောအခါ၊ ဘုရားသခင်သည် ကြီးစွားသော ဘုန်းအသရေကို ရရှိခဲ့ပြီးဖြစ်သည်ကို လူတို့က မြင်ခဲ့ကြသော်လည်း၊ ဤသည်မှာ သူ၏ ဘုန်းအသရေအလုံးစုံ မဟုတ်ခဲ့ပေ။ ယင်းသည် ယေရှုထံမှ သူရရှိခဲ့သော သူ၏ ဘုန်းအသရေ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ ယေရှုသည် ဆင်းရဲဒုက္ခတိုင်းကို သည်းခံနိုင်ခဲ့သော်လည်း၊ နှိမ့်ချကာ ကွယ်ဝှက်နိုင်ခဲ့သော်လည်း၊ ဘုရားသခင်အတွက် ကားစင်တင် ခံနိုင်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူ၏ ဘုန်းအသရေ အစိတ်အပိုင်း တစ်ခုကိုသာ ရရှိခဲ့ပြီး၊ သူ၏ ဘုန်းအသရေကို ဣသရေလတွင် ရရှိခဲ့သည်။ ဘုရားသခင်သည် ဘုန်းအသရေ၏ အခြား အစိတ်အပိုင်းတစ်ခု ရှိနေဆဲဖြစ်သည်- လက်တွေ့ကျကျ အမှုပြုရန်နှင့် လူတစ်စုကို စုံလင်စေရန် ကမ္ဘာမြေသို့ ကြွလာခြင်း ဖြစ်သည်။ ယေရှု၏ အမှုအဆင့်အတွင်းတွင်၊ သူသည် သဘာဝလွန်အရာအချို့ကို လုပ်ဆောင်ခဲ့သော်လည်း၊ ယင်းအမှုအဆင့်သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာများကို ပြသရန်အတွက်သာ လုံးဝမဟုတ်ခဲ့ပေ။ ယင်းသည် အဓိကအားဖြင့် ဘုရားသခင်အတွက် ယေရှုသည် ဆင်းရဲဒုက္ခခံနိုင်ပြီး ကားစင်တင်ခံနိုင်ကြောင်း၊ ယေရှုသည် ဘုရားသခင်ကို ချစ်သောကြောင့် ကြီးစွာသောဆင်းရဲဒုက္ခကို ခံစားနိုင်ခဲ့ကြောင်းနှင့် ဘုရားသခင်က သူ့ကို စွန့်ပစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်၏ အလိုအတွက် သူ၏အသက်ကို စတေးရန် လိုလားနေဆဲဖြစ်ခဲ့သည်ကို ပြသရန် ဖြစ်သည်။ ဣသရေလ၌ ဘုရားသခင်သည် သူ၏ အမှုကို ပြီးစီးခဲ့ပြီး၊ ယေရှုသည် လက်ဝါးကားတိုင်တွင် သံမှိုရိုက်နှက်ခံခဲ့ရပြီးနောက်တွင်၊ ဘုရားသခင်သည် ဘုန်းအသရေ ရခဲ့ပြီး၊ စာတန်ရှေ့တွင် သူ သက်သေခံခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် တရုတ်နိုင်ငံတွင် မည်သို့လူ့ဇာတိခံပြီးဖြစ်သည်ကို သင်တို့ မသိသကဲ့သို့၊ မြင်လည်းမမြင်ဖူးပေ၊ သို့ဆိုလျှင် ဘုရားသခင်သည် ဘုန်းအသရေရပြီး ဖြစ်သည်ကို သင်တို့ မည်သို့ မြင်နိုင်သနည်း။ ဘုရားသခင်က သင်တို့ အထဲတွင် သိမ်းပိုက်ခြင်းအမှုကို များစွာပြုပြီး၊ သင်တို့သည် မြဲမြံစွာရပ်တည်ချိန်တွင်၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ဤအဆင့်သည် အောင်မြင်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဤအရာကိုသာ သင်တို့ မြင်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရသေး၊ သင်တို့သည် သင်တို့၏နှလုံးသားကို ဘုရားသခင်ထံသို့ လုံးဝ မပေးအပ်ရသေးပေ။ သင်တို့သည် ဤဘုန်းအသရေကို လုံးဝ မမြင်ရသေးပေ။ ဘုရားသခင်က သင်တို့၏နှလုံးသားကို သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ သင်တို့သည် သူ့ကို မည်သည့်အခါမျှ မခွဲခွာနိုင်ကြောင်းနှင့် ဘုရားသခင်နောက် အဆုံးထိလိုက်လိမ့်မည် ဖြစ်ကာ၊ သင်တို့၏နှလုံးသား ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း၊ ပြီးလျှင် ဤသည်မှာ ဘုရားသခင်၏ ဘုန်းတော် ဖြစ်ကြောင်းတို့ကိုသာ သင်တို့မြင်ရသည်။ မည်သည့်အရာ၌ ဘုရားသခင်၏ ဘုန်းအသရေကို သင်မြင်ရသနည်း။ လူတို့အထဲရှိ သူ၏ အမှုနှင့်ဆိုင်သော အကျိုးတရားများ၌ ဖြစ်သည်။ ဘုရားသခင်သည် လွန်စွာချစ်ခင်ဖွယ် ဖြစ်သည်ကို လူတို့ မြင်ကြသည်၊ ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်ရှိပြီး သူ့ကို ခွဲခွာရန် လိုလားနေခြင်း မရှိကြပေ၊ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေဖြစ်သည်။ အသင်းတော်များမှ ညီအစ်ကို မောင်နှမများ၏ ခွန်အားထွက်ပေါ်လာပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ နှလုံးသားများမှ ချစ်နိုင်ကြသည့်အခါ၊ ဘုရားသခင် ပြုသောအမှု၏ အထွတ်အထိပ် အင်အား၊ သူ၏နှုတ်ကပတ်တော်များ၏ တုနှိုင်းမရသော အင်အားကို မြင်ကြသောအခါ၊ သူ၏ နှုတ်ကပတ်တော်များသည် သြဇာအာဏာ ရှိပြီး၊ သူသည် တရုတ်ပြည်မ၏ လူမနေသော မြို့ပျက်တစ်ခု၌ သူ၏အမှုကို အစပြုနိုင်သည်ကို ၎င်းတို့ မြင်သောအခါ၊ လူတို့သည် အားနည်းကြသော်လည်း၊ ၎င်းတို့၏ နှလုံးသားများသည် ဘုရားသခင်ရှေ့မှောက်တွင် ဦးညွှတ်ကြကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန် လိုလားနေကြသောအခါ၊ ၎င်းတို့သည် အားနည်းပြီး မထိုက်တန်ကြသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်ချစ်ခင်ဖွယ်ဖြစ်ကာ ၎င်းတို့၏ ချစ်မြတ်နိုးမှုနှင့် အလွန် ထိုက်တန်သည်ကို ၎င်းတို့ မြင်နိုင်ကြသောအခါ၊ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ လူများသည် ဘုရားသခင်၏ စုံလင်စေခြင်းခံရပြီး သူ၏ ရှေ့မှောက်တွင် စွန့်လွှတ်အပ်နှံနိုင်ကြကာ၊ ဘုရားသခင်ကို လုံးဝ နာခံနိုင်ပြီး၊ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာကို ဘုရားသခင်လက်ထဲသို့ ချန်ထားနိုင် သည့်နေ့ရက် ရောက်သောအခါတွင်၊ ဘုရားသခင်၏ ဘုန်းအသရေ ဒုတိယပိုင်းကို လုံးဝ ရရှိပြီးဖြစ်လိမ့်မည်။ ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်၏ အမှု လုံးဝ ပြီးစီးပြီးချိန်တွင်၊ တရုတ်ပြည်မကြီးရှိ သူ၏အမှုသည် အဆုံးသတ်သို့ ရောက်လာလိမ့်မည်ဟု ဆိုရပေမည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားခံထားရပြီး၊ ရွေးချယ်ခံထားရသူများသည် စုံလင်စေခြင်းခံရပြီးချိန်တွင်၊ ဘုရားသခင် ဘုန်းအသရေ ရပြီးဖြစ်လိမ့်မည်။ ဘုရားသခင်က သူသည် သူ၏ ဘုန်းအသရေ ဒုတိယပိုင်းကို အရှေ့အရပ်သို့ ဆောင်ကြဉ်းပြီး ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း၊ ဤအရာကို ပကတိမျက်စိဖြင့် မမြင်နိုင်ပေ။ ဘုရားသခင်သည် သူ၏ အမှုကို အရှေ့ရပ်သို့ ဆောင်ကြဉ်းပြီးဖြစ်သည်- သူသည် အရှေ့အရပ်သို့ ကြွလာနှင့်ပြီးဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ ယနေ့တွင်၊ သူ၏ အမှုသည် ပြီးစီးခြင်း မရှိသေးသော်လည်း၊ ဘုရားသခင်သည် အမှုပြုရန် ဆုံးဖြတ်ပြီးဖြစ်သောကြောင့် ယင်းသည် ဧကန်မုချ ပြီးမြောက်ရပေမည်။ ဘုရားသခင်သည် ဤအမှုကို တရုတ်ပြည်တွင် ပြီးမြောက်ရန် ဆုံးဖြတ်ပြီးဖြစ်ကာ၊ သင်တို့ကို စုံလင်စေရန် စိတ်ဆုံးဖြတ်ပြီးဖြစ်သည်။ ထို့ကြောင့်၊ သူသည် သင်တို့ကို လွတ်လမ်း မပေးပေ- သူသည် သင်တို့၏ နှလုံးသားများကို သိမ်းပိုက်နှင့်ပြီးဖြစ်ကာ၊ သင်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ သင်ဆက်သွားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို သင်တို့ခံရသည့်အခါတွင်၊ ဘုရားသခင် ဘုန်းအသရေ ရရှိပေသည်။ ယနေ့တွင်၊ သင်တို့သည် စုံလင်စေခြင်း မခံကြရသေးသောကြောင့်၊ ဘုရားသခင်သည် ဘုန်းအသရေ အပြည့်အဝ မရှိသေးပေ။ သင်တို့၏ နှလုံးသားများသည် ဘုရားသခင်ထံ လှည့်ပြန်ပြီး ဖြစ်သော်လည်း၊ သင်တို့၏ဇာတိပကတိတွင် အားနည်းချက်များစွာ ရှိသေး၏၊ သင်တို့သည် ဘုရားသခင်ကို ကျေနပ်စေနိုင်စွမ်း မရှိကြ၊ သင်တို့သည် ဘုရားသခင်၏ အလိုကို သတိမပြုနိုင်ကြသကဲ့သို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ဖယ်ရှားရမည့် အပျက်သဘောဆောင်သော အရာများစွာ ပိုင်ဆိုင်ကြသေးသကဲ့သို့၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများစွာကို သင်တို့ ကြုံရဦးမည်ဖြစ်သည်။ ထိုနည်းဖြင့်သာ သင်တို့၏ အသက်စိတ်သဘောထားများ ပြောင်းလဲနိုင်ပြီး ဘုရားသခင်၏ ရယူခြင်း ခံရနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” နှင့်ပတ်သက်၍ အကျဉ်းချုပ်ဆွေးနွေးချက်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၈၄)

ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်နှင့်မသက်ဆိုင်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်က ယေရှုသည် သူ၏တပည့်များ နားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို လုပ်ဆောင်ခဲ့ပြီး၊ လူများ နားမလည်သည့် အရာများစွာက မိန့်ကြားခဲ့သည်။ ယင်းသည် ထိုစဉ်တုန်းက သူသည် မည်သည့် ရှင်းပြချက်မျှ မပေးခဲ့၍ ထိုသို့ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူခွဲခွာသွားခဲ့သည့်နောက် နှစ်အချို့အကြာတွင် မဿဲက သူ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ပြုစုခဲ့ပြီး အခြားသူများကလည်း လူသား၏ဆန္ဒအလျောက် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြသည်။ ယေရှုသည် လူသားကို စုံလင်စေရန်နှင့် ရယူရန် လာခဲ့ခြင်းမဟုတ်ဘဲ၊ အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ရန် လာခဲ့ခြင်းဖြစ်သည်- ယင်းသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ယူဆောင်လာရန်နှင့် လက်ဝါးကပ်တိုင်ပေါ် အသက်စွန်သည့်အမှုကို ပြီးဆုံးအောင်လုပ်ဆောင်ရန် ဖြစ်သည်။ ထို့ကြောင့် ယေရှု ကားစင်တင်သတ်ခြင်းခံခဲ့ရပြီးသည်နှင့် သူ၏အမှုမှာ လုံးဝ အဆုံးသတ်သွားခဲ့သည်။ သို့သော် လက်ရှိအဆင့်ဖြစ်သည့် သိမ်းပိုက်ခြင်းအလုပ်တွင် သာ၍များသော နှုတ်ကပတ်တော်များကို ပြောကြားရပေမည်၊ သာ၍များသော အလုပ်ကို လုပ်ကိုင်ရပေမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ မြောက်မြားစွာ ရှိရမည်ဖြစ်သည်။ ယေရှုနှင့် ယေဟောဝါတို့၏ အမှု၏ နက်နဲရာများကိုလည်း ထုတ်ဖော်ရပေမည်၊ သို့မှသာ လူသားအားလုံးတို့သည် သူတို့၏ ယုံကြည်မှုတွင် နားလည်မှုနှင့် ရှင်းလင်းမှု ရှိနိုင်ကြမည်ဖြစ်သည်၊ အကြောင်းမှာ ဤအရာသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်ပြီး နောက်ဆုံးသောကာလသည် ဘုရားသခင်၏အလုပ်၏အဆုံး၊ ဤအလုပ်၏ နိဂုံးကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အမှု၏ ဤအဆင့်က သင့်အား ယေဟောဝါ၏ ပညတ်တရားနှင့် ယေရှု၏ ရွေးနှုတ်ခြင်းတို့ကို ရှင်းပြပေးမည်ဖြစ်ပြီး၊ အဓိကအားဖြင့် သင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်းတစ်ခုလုံးကို နားလည်လျက် ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အရေးပါမှုနှင့် အနှစ်သာရအလုံးစုံကို တန်ဖိုးထားရန်၊ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုနှင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံး၏ ရည်ရွယ်ချက်ကို နားလည်ရန်နှင့် သင်၏ သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်လက်ခံမှုနှင့် ကြည်ညိုမှုကိုပင်လျှင် နားလည်ရန် ဖြစ်သည်။ ၎င်းက သင့်အား ထိုအချက်များ အားလုံးကိုစေ့စပ်သေချာစွာ နားလည်လာစေလိမ့်မည်။ သင်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ အလုပ်ကိုပါ နားလည်လာလိမ့်မည်ဖြစ်သည်၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးတို့ကို သိနားလည်လျက် မြင်လိမ့်မည် ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်အဆင့်တွင် ယေရှုသည် အဘယ်ကြောင့် အဆုံးသတ်သည့် အလုပ်ကို မလုပ်ဘဲ ထွက်ခွာသွားခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယေရှုအလုပ်၏အဆင့်သည် အဆုံးသတ်ခြင်းအလုပ် မဟုတ်ခဲ့၍ ဖြစ်သည်။ သူသည် ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရသည့်အချိန်တွင် သူ၏ နှုတ်ကပတ်တော်များသည်လည်း အဆုံးသတ်ခဲ့သည်၊ ကားတိုင်ပေါ် အသက်စွန့်ခဲ့ပြီးသည့်နောက် သူ၏ အလုပ်မှာ လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့သည်။ လက်ရှိအဆင့်မှာ ကွဲပြားခြားနားသည်- နှုတ်ကပတ်တော်များကို အဆုံးတိုင်အောင် မိန့်ကြားပြီးသွားလျက် ဘုရားသခင်၏ လုပ်ဆောင်ချက် တစ်ရပ်လုံး ပြီးဆုံးသွားမှသာ သူ၏အလုပ်သည် ပြီးဆုံးလိမ့်မည်ဖြစ်သည်။ ယေရှု၏ လုပ်ဆောင်ချက်အဆင့်တွင် ထုတ်မပြောခဲ့သည့် သို့မဟုတ် အပြည့်အဝ မမိန့်ကြားခဲ့ဘဲ ကျန်ရစ်ခဲ့သည့် နှုတ်ကပတ်တော်များ မြောက်မြားစွာ ရှိခဲ့သည်။ သို့သော် ယေရှု၏ သာသနာမှာ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့်သာသနာ မဟုတ်သည့်အတွက် သူသည် မိန့်ကြားပြီးခဲ့သည့်အရာများ သို့မဟုတ် မမိန့်ကြားခဲ့သည့်အရာများကို အမှုမထားဘဲ၊ ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရပြီးနောက်တွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အမှု၏ ထိုအဆင့်မှာ အဓိကအားဖြင့် ကားတိုင်ပေါ် အသက်စွန့်ဖို့ရန်အတွက်ဖြစ်ပြီး ယနေ့အဆင့်နှင့် မတူချေ။ အလုပ်၏ လက်ရှိဤအဆင့်မှာ အဓိကအားဖြင့် ပြီးဆုံးစေရန်၊ အားလုံး ဖြေရှင်းရန်နှင့် အလုပ်အားလုံးကို နိဂုံးချုပ်ရန် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ အလုပ်အားလုံးကို အဆုံးသတ်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုခြင်းဖြင့် အထမြောက်ပြီး ဖြစ်သည့်အတွက်၊ နှုတ်ကပတ်တော်များကို ၎င်းတို့၏အဆုံးထိ မြွက်ကြားမပေးလျှင် ဤအမှုနိဂုံးချုပ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်က ယေရှုသည် လူသားနားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို ဆောင်ရွက်ခဲ့သည်။ သူသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး ယနေ့တွင် သူ၏ နှုတ်ကပတ်တော်များကို နားမလည်ကြသူ၊ သူတို့၏ နားလည်ခြင်းသည် မှားနေသော်ငြားလည်း သူတို့က မှန်ကန်သည်ဟု ယုံကြည်နေကြပြီး သူတို့ မှားနေကြောင်းကို မသိရှိကြသောသူ အများအပြား ရှိနေကြဆဲပင် ဖြစ်သည်။ နောက်ဆုံးအဆင့်သည် ဘုရားသခင်၏ အမှုကို စုံလင်သော အဆုံးသတ်တစ်ခုသို့ ဆောင်ကြဉ်းပေးမည် ဖြစ်ပြီး ယင်း၏နိဂုံးကို စီစဉ်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လျက် သိရှိလာလိမ့်မည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ ယွင်းမှားပြီး အဓိပ္ပာယ်မဲ့သည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုအပေါ် သူ၏အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် သူ၏ အမြင်များနှင့် သူ၏ အခြားလွဲချော်မှုများနှင့် အမှားများမှာ အမှားပြင်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် လူသားသည် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းများအားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရားတစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထို့သို့ဖြစ်သည့်အခါ အမှု၏ လက်ရှိအဆင့်မှာ အဆုံးသတ်လိမ့်မည်။ ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀၀၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံးဝ အဆုံးသတ်လိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာ၌ ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားတို့နှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှု ပြုသူများဖြစ်ပြီး၊ သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ နမူနာပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံးအတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အရည်အသွေးကောင်းသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရပေမည်။ ဂျူးလူမျိုးများသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုကို အဘယ့်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ ထိုစဉ်က တပည့်တော်အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပေ။ ယေရှုသည် အဆုံးစီရင်ခံရပြီး ပြန်လည်ထမြောက်ခဲ့သည့် နောက်တွင် လူများသည် သူ့ကို မယုံကြည်ခဲ့ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်လော။ တရုတ်ပြည်သူတို့ကို သာဓကတစ်ခုအဖြစ် ယူလိုက်ခြင်းမျှသာဖြစ်ပြီး၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် စိတ်ဓာတ်မှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ ဤစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် ဘုရားသခင်၏ နောက်ဆက်တွဲ အမှုသည် များစွာ ပိုမို လွယ်ကူလာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို အထမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူပြီးလျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် လုံးဝ အဆုံးသတ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၈၅)

မောဘ၏ သားစဉ်မြေးဆက်များအပေါ် ယခု အမှုပြုရန်မှာ အကြီးမားဆုံးသော အမှောင်ထဲသို့ ကျဆင်း သွားကြပြီးဖြစ်သူများကို ကယ်တင်ရန် ဖြစ်သည်။ ၎င်းတို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသော်လည်း၊ ၎င်းတို့အားလုံးသည် အစကတည်းက မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိခဲ့ကြသည့် လူများဖြစ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့ထံမှ ဘုန်းအသရေကိုရရန် လိုလားလျက်ရှိသည်။ မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိသောသူတို့ကို သူ့အား နာခံစေပြီး ချစ်စေခြင်းသည်သာ စစ်မှန်သော သိမ်းပိုက်ခြင်း ဖြစ်ကာ၊ ထိုသို့သော အမှု၏အသီးအပွင့်သည် တန်ဖိုးအရှိဆုံးနှင့် ယုံကြည်လက်ခံနိုင်ဖွယ် အဖြစ်ဆုံး ဖြစ်သည်။ ဤအရာသည်သာ ဘုန်းအသရေ ရရှိခြင်းဖြစ်သည်- ဤသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင် ရရှိလိုသည့် ဘုန်းအသရေ ဖြစ်သည်။ ဤလူတို့သည် အဆင့်အတန်း နိမ့်ကျသော်လည်း၊ ၎င်းတို့ ယခုအခါ ထိုသို့ ကြီးမားသည့် ကယ်တင်ခြင်းကို ရရှိနိုင်ကြသည်မှာ အမှန်တကယ် ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်သည်။ ဤအမှုသည် အလွန် အဓိပ္ပာယ်ရှိပြီး ဤလူတို့ကို သူ ရယူခြင်းမှာ တရားစီရင်ခြင်း မှတစ်ဆင့် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ဤလူတို့ကို အပြစ်ပေးဖို့မဟုတ်ဘဲ၊ ၎င်းတို့ကို ကယ်တင်ဖို့ ဖြစ်သည်။ အကယ်၍ နောက်ဆုံးသောကာလ အတွင်းတွင် သူသည် ဣသရေလနိုင်ငံ၌ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်နေဆဲ ဖြစ်ပါက၊ ယင်းမှာ တန်ဖိုးရှိလိမ့်မည် မဟုတ်ပေ။ ယင်းက အကျိုးအမြတ် ဖြစ်ထွန်းခဲ့လျှင်ပင်၊ ယင်းသည် တန်ဖိုး သို့မဟုတ် ကြီးမားသော အရေးပါမှု တစ်ခုတလေ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုန်းအသရေအားလုံးကို သူရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် အမှောက်မိုက်ဆုံး အရပ်များထဲသို့ ကျဆင်းခဲ့သူများ၊ နောက်ကျကျန်ရစ်ဆုံးသောသူများ ဖြစ်သည့် သင်တို့အပေါ် အမှုပြုနေသည်။ ဤလူတို့သည် ဘုရားသခင်တစ်ဆူ ရှိသည်ကို အသိအမှတ်ပြုခြင်း မရှိသကဲ့သို့၊ ဘုရားသခင် တစ်ဆူရှိသည်ကို မည်သည့်အခါမျှ မသိခဲ့ကြပေ။ ဤဖန်ဆင်းခံ သတ္တဝါများသည် ဘုရားသခင်ကို မေ့လျာ့ကြပြီးဖြစ်သည်အထိ စာတန်၏အလွန် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ကြရသည်။ ၎င်းတို့သည် စာတန်၏ မျက်စိကန်းစေခြင်းကို ခံရပြီးဖြစ်ကာ၊ ကောင်းကင်ဘုံ၌ ဘုရားသခင်တစ်ဆူရှိသည်ကို လုံးဝမသိကြပေ။ သင်တို့၏ စိတ်နှလုံးများထဲတွင်၊ သင်တို့အားလုံးသည် ရုပ်တုဆင်းတုများကို ကိုးကွယ်ကြပြီး၊ စာတန်ကို ကိုးကွယ်ကြသည်- သင်တို့သည် အနိမ့်ကျဆုံး၊ ခေတ်နောက်ကျ အကျန်ရစ်ဆုံးသောလူများ မဟုတ်သလော။ သင်တို့သည် မည်သည့်ကိုယ်ပိုင်လွတ်လပ်မှုမျှ မရှိဘဲ၊ ဇာတိပကတိထဲတွင် အနိမ့်ကျဆုံးဖြစ်ပြီး၊ အခက်အခဲများကိုလည်း သင်တို့ ခံစားကြရ၏။ သင်တို့သည် လွတ်လပ်စွာ ယုံကြည်ခွင့်ပင် မရှိဘဲ၊ ဤလူ့အဖွဲ့အစည်းထဲက အနိမ့်ကျဆုံးအဆင့်၌ ရှိကြသည့် လူများလည်း ဖြစ်ကြသည်။ ဤတွင် သင်တို့အပေါ် အမှုပြုခြင်း၏ ရည်ရွယ်ချက် တည်ရှိ၏။ မောဘ၏သားစဉ်မြေးဆက်များဖြစ်သည့် သင်တို့အပေါ်၌ ယနေ့အမှုပြုခြင်းသည် သင်တို့ကိုအရှက်ရစေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ၊ အမှု၏ အဓိပ္ပာယ်ကို ထုတ်ဖော်ပြရန် ဖြစ်သည်။ သင်တို့အတွက် ယင်းမှာ ကြီးမားသော ချီးမြှောက်မှုတစ်ခု ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဆင်ခြင်တုံတရားနှင့် ထိုးထွင်းသိမြင်မှု ရှိပါက၊ ၎င်းတို့က၊ “ကျွန်ုပ်သည် မောဘ၏သားစဉ်မြေးဆက်တစ်ဦး ဖြစ်သည်၊ ယနေ့ ထိုသို့သော ဘုရားသခင်၏ ကြီးမားသည့် ချီးမြှောက်ခြင်း သို့မဟုတ် ထိုသို့ကြီးမားသည့် ကောင်းချီးမင်္ဂလာများကို ရရှိခြင်းငှာ အမှန်တကယ် မထိုက်တန်ပါ။ ကျွန်ုပ် လုပ်ဆောင်ကာ ပြောဆိုသည့် အရာအားလုံး၌၊ ပြီးလျှင် ကျွန်ုပ်၏ အဆင့်အတန်းနှင့် တန်ဖိုးအရ၊ ကျွန်ုပ်သည် ဘုရားသခင်ထံမှ ထိုသို့ကြီးမားသော ကောင်းချီးမင်္ဂလာများနှင့် လုံးဝ မထိုက်တန်ပါ။ ဣသရေလလူမျိုးများသည် ဘုရားသခင်အတွက် ကြီးမားသော ချစ်ခြင်းမေတ္တာရှိကြပြီး၊ ၎င်းတို့ မွေ့လျော် ခံစားသော ကျေးဇူးတော်မှာ ၎င်းတို့အပေါ် ဘုရားသခင် အပ်နှင်းထားခြင်း ဖြစ်သော်လည်း၊ ၎င်းတို့၏ အဆင့်အတန်းသည် ကျွန်ုပ်တို့ထက် များစွာမြင့်မားသည်။ အာဗြဟံသည် ယေဟောဝါကို အလွန်ဆက်ကပ်ခဲ့ပြီး၊ ပေတရုသည် ယေရှုကို အလွန်ဆက်ကပ်ခဲ့ပါသည်- ၎င်းတို့၏ ဆက်ကပ်မှုမှာ ကျွန်ုပ်တို့ထက် အဆတစ်ရာ ကြီးမားခဲ့သည်။ ကျွန်ုပ်တို့၏ လုပ်ရပ်များပေါ်အခြေခံ၍၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော် ခံစားခြင်းငှာ လုံးဝထိုက်တန်ခြင်း မရှိပါ” ဟု ဆိုကြလိမ့်မည်။ တရုတ်နိုင်ငံရှိ ဤလူတို့၏ အစေခံမှုကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်၍ လုံးဝ မရနိုင်ပေ။ ယင်းသည် လုံးဝ ကမောက်ကမတစ်ခု ဖြစ်၏။ သင်တို့သည် ယခု ဘုရားသခင်၏ ကျေးဇူးတော်ကို အလွန်များစွာ ခံစားရသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း သက်သက် ဖြစ်သည်။ သင်တို့သည် မည်သည့်အချိန်က ဘုရားသခင်၏အမှုကို ရှာဖွေဖူးသနည်း။ သင်တို့သည် မည်သည့်အချိန်က သင်တို့၏အသက်ကို ဘုရားသခင်အတွက် စတေးဖူးသနည်း။ သင်တို့သည် မည်သည့်အချိန်က သင်တို့၏ မိသားစု၊ သင်တို့၏ မိဘများနှင့် သင်တို့၏ သားသမီးများကို လိုလိုလားလား စွန့်လွှတ်ဖူးသနည်း။ သင်တို့ တစ်ဦးတစ်ယောက်မျှ ကြီးမားသော အဖိုးအခတစ်ခုကို မပေးသေးပေ။ သင့်ကို သန့်ရှင်းသော ဝိညာဉ်တော် ခေါ်ထုတ်ခဲ့ခြင်း မပြုခဲ့ပါက၊ သင်တို့ထဲမှ မည်မျှသည် အရာရာကို စတေးနိုင်ခဲ့ကြလိမ့်မည်နည်း။ သင်တို့သည် ဖိအားပေးကာ အနိုင်အထက်ပြုခံရခြင်းဖြင့်သာ ယနေ့ထိ နောက်လိုက်ခဲ့ကြခြင်း ဖြစ်သည်။ သင်တို့၏ ဆက်ကပ်မှုမှာ အဘယ်မှာနည်း။ သင်တို့၏ နာခံမှုမှာ အဘယ်မှာနည်း။ သင်တို့၏ လုပ်ရပ်များပေါ် အခြေခံ၍၊ သင်တို့သည် အချိန်ကြာမြင့်စွာကတည်းက ဖျက်ဆီးခြင်း ခံရပြီး ဖြစ်သင့်သည်- သင်တို့အားလုံး ရှင်းရှင်း ပယ်ရှင်းခံခဲ့ရသင့်သည်။ ထိုသို့ ကြီးမားသော ကောင်းချီးမင်္ဂလာများကို ခံစားရရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းပြည့်မီစေသနည်း။ သင်တို့သည် အနည်းငယ်မျှ မထိုက်တန်ပေ။ သင်တို့ထဲမှ မည်သူသည် မိမိတို့ကိုယ်တိုင်၏ လမ်းကြောင်းကို အားထုတ်ကာ ဖန်တီးဖူးသနည်း။ သင်တို့ထဲမှ မည်သူသည် မှန်သောလမ်းခရီးကို ကိုယ်တိုင် ရှာတွေ့ပြီနည်း။ သင်တို့ အားလုံးသည် ပျင်းရိကြသည်၊ အစားကျူးကြသည်၊ သက်သောင့်သက်သာရှိမှုကို ရှာဖွေသော လူဆိုးလူယုတ်များ ဖြစ်သည်။ သင်တို့ အလွန်ကြီးမြတ်ကြသည်ဟု ထင်သလော။ သင်တို့၌ ကြွားစရာ မည်သည့်အရာ ရှိသနည်း။ သင်တို့သည် မောဘ၏သားစဉ်မြေးဆက်များ ဖြစ်ကြသည်ကို မသိကျိုးကျွန်ပြုလျက်ပင်၊ သင်တို့၏သဘာဝဗီဇ၊ သို့မဟုတ် သင်တို့၏ မွေးရပ်မြေသည် အမြင့်မြတ်ဆုံး အမျိုးအစားလော။ သင်တို့သည် သူ၏သားစဉ်မြေးဆက်များ ဖြစ်ကြသည်ကို မသိကျိုးကျွန်ပြုလျက်ပင်၊ သင်တို့အားလုံးသည် မောဘ၏ သားစဉ်မြေးဆက်များ စစ်စစ် ဖြစ်ကြသည် မဟုတ်လော။ အချက်အလက်များနှင့်ဆိုင်သည့် အမှန်တရားသည် ပြောင်းလဲနိုင်သလော။ သင်တို့၏ သဘာဝကို ယခု ဖော်ထုတ်ခြင်းသည် အချက်အလက်များနှင့်ဆိုင်သော အမှန်တရားကို မှားယွင်းစွာဖော်ပြသလော။ သင်တို့၏ ခယဝယလုပ်ခြင်း၊ သင်တို့၏အသက်တာများနှင့် သင်တို့၏ အကျင့်စရိုက်များကို ကြည့်လော့- သင်တို့သည် လူသားမျိုးနွယ်ကြား နိမ့်ကျသူများထဲမှ အနိမ့်ကျဆုံး ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် ကြွားစရာ မည်သည့်အရာ ရှိသနည်း။ လူ့အဖွဲ့အစည်းထဲရှိ သင်တို့၏ အဆင့်အတန်းကို ကြည့်လော့။ သင်တို့သည် အနိမ့်ကျဆုံး အဆင့်၌ ရှိသည် မဟုတ်လော။ ငါသည် မမှန်မကန် ပြောလေပြီဟု သင်တို့ ထင်သလော။ အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို ပေးကြပြီးဖြစ်သည်၊ လည်စင်းခံကြပြီးဖြစ်ကာ မိမိတို့အသွေးကို သွန်းကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။ နှိုင်းယှဉ်ခြင်းအရ၊ သင်တို့သည် ထိုသို့ ကြီးမားသော ကျေးဇူးတော်ကို မွေ့လျော်ခံစားရန် အရည်အချင်း လုံးဝ မပြည့်မီကြပေ။ သင်တို့သည် မောဘ၏သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ယနေ့ဆိုခြင်းသည် မတရားသလော။ သင်တို့ကိုယ်သင်တို့ အထင်မကြီးကြလွန်းနှင့်။ သင်၌ ဝါကြွားစရာ မည်သည့်အရာမျှ မရှိပေ။ ထိုသို့သော ကြီးမားသည့် ကယ်တင်ခြင်း၊ ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို သင်တို့အား အခမဲ့ပေးထားခြင်းဖြစ်သည်။ သင်တို့သည် မည်သည့်အရာကိုမျှ စွန့်လွှတ်ရခြင်း မရှိသော်လည်း၊ ကျေးဇူးတော်ကို အခမဲ့ မွေ့လျော်ခံစားကြသည်။ သင်တို့ မရှက်ကြသလော။ ဤမှန်သော လမ်းခရီးသည် သင်တို့ဘာသာ ရှာဖွေကာ တွေ့ရှိခဲ့သည့် အရာတစ်စုံတစ်ခု ဖြစ်သလော။ ထိုလမ်းခရီးကို လက်ခံရန် သင်တို့ကို လှုံ့ဆော်ခဲ့သည်မှာ သန့်ရှင်းသောဝိညာဉ်တော် မဟုတ်လော။ သင်တို့သည် သမ္မာတရားကို ရှာဖွေကာ တောင့်တသော စိတ်နှလုံးများ ရှိဖို့မပြောနှင့်၊ ရှာဖွေသော စိတ်နှလုံးများပင် မည်သည့်အခါမျှ မရှိခဲ့ပေ။ သင်တို့သည် အခံ့သားထိုင်နေခဲ့ကာ ထိုအရာကို မွေ့လျော်ခံစားနေခဲ့သည်။ သင်တို့သည် အနည်းငယ်မျှ အားထုတ်ခြင်းမရှိဘဲ ဤသမ္မာတရားကို ရရှိထားကြသည်။ သင်တို့သည် စောဒကတက်ရန် မည်သည့် အခွင့်အရေး ရှိသနည်း။ သင်သည် အထိုက်တန်ဆုံးသောသူ ဖြစ်သည်ဟု ထင်သလော။ မိမိတို့၏ အသက်များကို စွန့်ခဲ့ပြီး မိမိတို့၏ အသွေးကိုသွန်းခဲ့သော သူများနှင့် နှိုင်းယှဉ်ပါက၊ သင်တို့သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်တို့ကို ယခု ဖျက်ဆီးခြင်းသည် မှန်ကန်ပြီး သဘာဝကျသည့်အရာ ဖြစ်ပေမည်။ သင်တို့သည် နာခံကာ လိုက်လျှောက်ဖို့မှအပ ရွေးချယ်စရာမရှိပေ။ သင်တို့သည် တကယ်ကို ထိုက်တန်ခြင်း မရှိကြပေ။ သင်တို့ထဲမှ အများစုတို့သည် ခေါ်ခြင်းခံခဲ့ရသော်လည်း၊ သင်၏ ပတ်ဝန်းကျင်သည် သင်တို့ကို အတင်းအကျပ်မခိုင်းပါက၊ သို့မဟုတ် သင်တို့သည် ခေါ်ခြင်းမခံခဲ့ရပါက၊ သင်တို့သည် ထွက်လာရန် လုံးဝ လိုလားလျက် ရှိခဲ့ကြမည် မဟုတ်ပေ။ မည်သူသည် ထိုသို့စွန့်လွှတ်ခြင်းကို လက်ခံရန် လိုလားလျက် ရှိသနည်း။ မည်သူသည် ဇာတိပကတိ၏ သာယာမှုများကို လက်လွှတ်ရန် လိုလားလျက်ရှိသနည်း။ သင်တို့အားလုံးသည် သက်သောင့်သက်သာရှိမှုကို လောဘတကြီး အကြိုက်တွေ့ကာ၊ ဇိမ်ခံသော အသက်တာတစ်ခုကို ရှာဖွေကြသည့်လူများ ဖြစ်သည်။ သင်တို့သည် ထိုသို့ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိကြပြီးဖြစ်သည်- သင်တို့၌ အခြားမည်သည့်အရာ ပြောစရာ ရှိသနည်း။ မည်သည့် မကျေနပ်ရခြင်းအကြောင်းများ သင်တို့၌ ရှိကြသနည်း။ သင်တို့သည် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများနှင့် ကောင်းကင်ဘုံ၌ အကြီးမားဆုံးသော ကျေးဇူးတော်ကို မွေ့လျော်ခံစားခွင့် ရကြပြီးဖြစ်ကာ၊ မြေကြီးပေါ်တွင် ယခင်က လုံးဝ မလုပ်ဆောင်ဖူးသည့် အမှုကို ယနေ့တွင် သင်တို့အား ထုတ်ဖော်ပြပြီး ဖြစ်သည်။ ဤသည်မှာ ကောင်းချီးမင်္ဂလာတစ်ခု မဟုတ်လော။ သင်တို့သည် ဘုရားသခင်ကို ခုခံကာ ပုန်ကန်ကြခဲ့သောကြောင့်၊ ယနေ့တွင် ထိုသို့ ပြစ်တင်ဆုံးမခြင်းကို ခံကြရခြင်း ဖြစ်သည်။ ဤပြစ်တင်ဆုံးမမှုကြောင့်၊ သင်တို့သည် ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာကို မြင်တွေ့ကြပြီး ဖြစ်ကာ၊ ထိုမျှမက ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို မြင်တွေ့ကြရပြီး ဖြစ်သည်။ ဤပြစ်တင်ဆုံးမမှုနှင့် လူသားမျိုးနွယ်တို့၏ ညစ်ညူးခြင်းတို့ကြောင့်၊ သင်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို မြင်တွေ့ကြရပြီးဖြစ်ကာ၊ သူ၏ သန့်ရှင်းခြင်းနှင့် ကြီးမြတ်ခြင်းကို မြင်တွေ့ကြရပြီး ဖြစ်သည်။ ဤသည်မှာ အရှားပါးဆုံးသော သမ္မာတရားများ မဟုတ်သလော။ ဤသည်မှာ အဓိပ္ပာယ်ရှိသော အသက်တာတစ်ခု မဟုတ်သလော။ ဘုရားသခင် ပြုသောအမှုသည် အဓိပ္ပာယ် ပြည့်ဝ၏။ ထို့ကြောင့် သင်တို့၏ အဆင့်အတန်း နိမ့်ကျလေလေ၊ ဘုရားသခင်၏ ချီးမြှောက်ခြင်း သင်တို့ ခံရသည်ကို သက်သေပြလေလေဖြစ်ပြီး သင်တို့အပေါ် ယနေ့ပြုသော သူ့အမှု၏ ကြီးမားသော တန်ဖိုးကို သက်သေပြလေလေ ဖြစ်သည်။ ယင်းသည် အခြား မည်သည့်နေရာတွင်မျှ မရရှိနိုင်သည့် တကယ်ကို အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်သည်။ ခေတ်များတစ်လျှောက်တွင်၊ မည်သူမျှ ထိုသို့ ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ခံစားရခြင်း မရှိလေပြီ။ သင်တို့၏ အဆင့်အတန်း နိမ့်ကျသည့်အချက်က ဘုရားသခင်၏ ကယ်တင်ခြင်း မည်မျှကြီးမားသည်ကို ပြသပြီး၊ ဘုရားသခင်သည် လူသားမျိုးနွယ်အား သစ္စာရှိသည်ကို ပြသပေသည်- သူသည် ကယ်တင်၏၊ မဖျက်ဆီးပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၈၆)

ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခဲ့ချိန်တွင်၊ သူသည် လောကနှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ လောကကို ပျော်မွေ့ရန် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ အမှုပြုခြင်းက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ပြပြီး အဓိပ္ပါယ်အရှိဆုံး ဖြစ်မည့်နေရာမှာ သူမွေးဖွားခဲ့သော နေရာဖြစ်သည်။ ယင်းမှာ သန့်ရှင်းသော တိုင်းပြည်ဖြစ်စေ၊ ညစ်ညူးသော တိုင်းပြည် တစ်ပြည်ဖြစ်စေ၊ မည်သည့်နေရာတွင် သူအမှုပြုပါစေ၊ သူသည် သန့်ရှင်း၏။ အရာအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သော်လည်း၊ လောကထဲရှိ အရာရာတိုင်းကို သူ ဖန်ဆင်းထားခြင်းဖြစ်၏။ သို့သော်လည်း အရာအားလုံးသည် သူနှင့် သက်ဆိုင်ဆဲဖြစ်၏။ ၎င်းတို့ အားလုံးသည် သူ၏ လက်ထဲတွင် ရှိကြသည်။ သူသည် သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ပြဖို့အလို့ငှာ ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာပြီး ထိုနေရာတွင် အမှုပြုလေသည်။ သူသည် ဤအရာကို သူ၏အမှုအတွက်သာ ပြုခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အလို့ငှာ၊ သူသည် ထိုသို့သော အမှုကိုပြုဖို့ ကြီးစွာသော အရှက်ရခြင်းကို ခံရပ်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးအတွက် သက်သေခံဖို့ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သော အမှုက လူတို့ကို ပြသသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ကြီးစိုးမှုကို ပို၍ကောင်းစွာ ပြသနိုင်သည်။ အခြားသူများက အထင်အမြင်သေးသည့် အောက်တန်းကျသော လူစုတစ်စုကို ကယ်တင်ခြင်းတွင် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့ ထင်ရှားပေသည်။ ညစ်ညူးသော တိုင်းပြည်တစ်ခုတွင် မွေးဖွားခြင်းက သူသည် အရေးမပါသည်ကို သက်သေပြခြင်း လုံးဝ မဟုတ်ပေ။ ယင်းက သူ၏ ကြီးမြတ်ခြင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းထားသောအရာအားလုံးအား မြင်ခွင့်ပေးခြင်း သက်သက် ဖြစ်သည်။ ထိုသို့ သူလုပ်ဆောင်လေလေ၊ လူသားအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ အပြစ်အနာအဆာ မရှိသော ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြလေလေ ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်၏။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး၊ ညစ်ညူးမှုနှင့် ပြည့်နှက်နေသော လူတို့နှင့်အတူ အသက်ရှင်သော်လည်း၊ ကျေးဇူးတော်ခေတ်တွင် အပြစ်သားများ နှင့်အတူ ယေရှု အသက်ရှင်ခဲ့သည့်အတိုင်း သူ၏အမှုအားလုံးသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်လော။ လူသားမျိုးနွယ်အနေဖြင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာသာ ဖြစ်သည်မဟုတ်သလော။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က၊ သူသည် အပြစ်သားများ နှင့်အတူ နှစ်အနည်းငယ် အသက်ရှင်ခဲ့သည်။ ယင်းမှာ ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့သည်။ ယနေ့တွင် သူသည် ညစ်ညူးကာ အရေးမပါသော လူတစ်စုနှင့်အတူ နေထိုင်လျက် ရှိသည်။ ဤသည်မှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သူ၏အမှုအားလုံးသည် သင်တို့လူသားများ အတွက် မဟုတ်လော။ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် နွားစားခွက်ထဲတွင် မွေးဖွားခဲ့ပြီးနောက် အဘယ်ကြောင့် အပြစ်သားများနှင့်အတူ နှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဒုက္ခဆင်းရဲခံခဲ့မည်နည်း။ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် အဘယ်ကြောင့် ဒုတိယအကြိမ် လူ့ဇာတိပြန်လည်ခံယူကာ၊ နတ်ဆိုးများ စုဝေးရာ ဤတိုင်းပြည်တွင် မွေးဖွားပြီး စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသော ဤလူတို့နှင့်အတူ အသက်ရှင်လိမ့်မည်နည်း။ ဘုရားသခင်သည် သစ္စာရှိသည် မဟုတ်လော။ သူ့အမှု၏ မည်သည့်အပိုင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ခဲ့သနည်း။ မည်သည့် အပိုင်းသည် သင်တို့၏ ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏- ဤသည်မှာ ပြောင်းလဲ၍ မရနိုင်ပေ။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာခဲ့သော်လည်း၊ အညစ်အကြေးများဖြင့် ညစ်ညမ်းမသွားခဲ့ပေ။ ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊ သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။ သင်တို့အားလုံးနှင့် သင်တို့၏ ကံကြမ္မာအတွက် သူ ခံစားသည့် အရှက်ရခြင်း မည်မျှ ကြီးမားသည်ကို သင်တို့ မသိကြသလော။ ကြီးမြတ်သောလူများ သို့မဟုတ် ကြွယ်ဝချမ်းသာပြီး သြဇာကြီးသော မိသားစုများ၏ သားများကို ကယ်တင်ခြင်းထက်၊ အရေးမပါသကဲ့သို့ အထင်အမြင်သေးခြင်း ခံရသောသူများကို ကယ်တင်ခြင်းအား သူ မပျက်မကွက် လုပ်လေသည်။ ဤအရာအားလုံးသည် သူ၏သန့်ရှင်းခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးသည် သူ၏ ဖြောင့်မတ်ခြင်း ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် အားလုံး၏ ရှင်သန်ခြင်းအတွက် သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားကာ အရှက်ရခြင်းအားလုံးကို ခံစားရန် သာ၍လိုလားခဲ့သည်။ ဘုရားသခင်သည် အလွန် စစ်မှန်၏- သူသည် မမှန်သောအမှုကို မပြုပေ။ အမှု၏ အဆင့်တိုင်းသည် အင်မတန် လက်တွေ့ကျသည့် နည်းလမ်းဖြင့် လုပ်ဆောင်ထားသည် မဟုတ်လော။ လူအားလုံးက သူ့ကို မကောင်းပြောကြပြီး သူသည် အပြစ်သားများနှင့် စားပွဲတွင် အတူထိုင်သည်ဟု ဆိုကြသော်လည်း၊ လူအားလုံးက သူ့ကို သရော်ကြပြီး သူသည် ညစ်ညူးမှု၏သားများနှင့်အတူ အသက်ရှင်သည်၊ လူတို့ထဲတွင် အနိမ့်ကျဆုံးဖြစ်သော သူများနှင့်အတူ အသက်ရှင်သည်ဟု ဆိုကြသော်လည်း၊ သူသည် ကိုယ်ကျိုးမငဲ့ဘဲ မိမိကိုယ်ကိုယ် ပေးအပ်နေဆဲဖြစ်ပြီး၊ ထိုကဲ့သို့ လူသားမျိုးနွယ်ကြားတွင် ငြင်းပယ်ခံရဆဲ ဖြစ်သည်။ သူခံရပ်ရသော ဒုက္ခဆင်းရဲသည် သင်တို့၏ ဒုက္ခဆင်းရဲထက် ပို၍ကြီးမားသည် မဟုတ်သလော။ သူ ပြုသောအမှုသည် သင်ပေးခဲ့သော အဖိုးအခထက် ပိုများသည် မဟုတ်သလော။ သင်တို့သည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့သော်လည်း၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်တို့ ရရှိကြပြီး ဖြစ်သည်။ သင်တို့သည် နတ်ဆိုးများ စုဝေးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့သော်လည်း၊ ကြီးမားသော ကွယ်ကာမှုကို ရရှိကြပြီးဖြစ်သည်။ သင်တို့တွင် ရွေးချယ်စရာ မည်သည့်အရာ ရှိသနည်း။ သင်တို့တွင် မည်သည့် မကျေနပ်မှုများ ရှိသနည်း။ သူခံရပ်ခဲ့သည့် ဒုက္ခဆင်းရဲသည် သင်တို့ ခံရပ်ခဲ့သော ဒုက္ခဆင်းရဲထက် ပို၍ကြီးမားသည် မဟုတ်သလော။ သူသည် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်ကာ၊ လူ့လောက၏ သာယာကြည်နူးဖွယ်ရာများကို လုံးဝ မမွေ့လျော်ခဲ့ပေ။ ထိုသို့သော အရာများကို သူရွံမုန်း၏။ ဘုရားသခင်သည် လူသားက သူ့အား ရုပ်ဝတ္ထု ပစ္စည်းများကို ပေးစေရန် ကမ္ဘာမြေသို့ ကြွလာခဲ့ခြင်း မဟုတ်သကဲ့သို့၊ လူသား၏ အစားအစာ၊ အဝတ်အစားများနှင့် အဆင်တန်ဆာတို့ကို မွေ့လျော်ခံစားဖို့ ကြွလာခဲ့ခြင်း မဟုတ်ပေ။ ဤအရာများကို သူဂရုမစိုက်ချေ။ သူသည် လောကီ ဥစ္စာပစ္စည်းများကို မွေ့လျော်ဖို့မဟုတ်ဘဲ၊ လူသားအတွက် ဒုက္ခဆင်းရဲခံရန် ကမ္ဘာမြေသို့ ကြွလာခဲ့ခြင်း ဖြစ်သည်။ သူသည် ဒုက္ခဆင်းရဲခံရန်၊ အမှုပြုရန်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးပြည့်စုံစေရန် ကြွလာခဲ့သည်။ ကောင်းမွန်သော နေရာတစ်ခု၊ သံရုံးတစ်ရုံး သို့မဟုတ် ကြီးကျယ်သော ဟိုတယ်တစ်လုံးတွင် နေထိုင်ဖို့ သူ မရွေးချယ်ခဲ့သကဲ့သို့၊ သူ့ကို လိုလေသေးမရှိပြုစုရန် အစေခံများစွာလည်း သူ၌ မရှိပေ။ သင်တို့ မြင်တွေ့ပြီးဖြစ်သည့် အရာအပေါ် အခြေခံ၍၊ သူသည် အမှုပြုရန် ကြွလာခြင်းလော သို့မဟုတ် ပျော်ရွှင်မှုအတွက် ကြွလာခြင်းလော ဆိုသည်ကို သင်တို့ မသိကြသလော။ သင်တို့၏ မျက်လုံးများက မမြင်ကြသလော။ သင်တို့ကို သူမည်မျှ ပေးပြီးပြီနည်း။ သက်သောင့်သက်သာရှိသော နေရာတစ်ခုတွင် သူမွေးဖွားခဲ့ပါက၊ သူသည် ဘုန်းအသရေကို ရရှိနိုင်ခဲ့လိမ့်မည်လော။ သူသည် အမှုပြုနိုင်ခဲ့လိမ့်မည်လော။ ထိုသို့ သူ၏ လုပ်ဆောင်ခြင်းသည် အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိခဲ့လိမ့်မည်လော။ သူသည် လူသားမျိုးနွယ်ကို လုံးဝ သိမ်းပိုက်နိုင်ခဲ့လိမ့်မည်လော။ သူသည် ညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်နုတ်နိုင်ခဲ့လိမ့်မည်လော။ လူတို့သည် မိမိတို့၏ အယူအဆများအရ၊ “ဘုရားသခင်သည် သန့်ရှင်းတော်မူ သည့်အတွက်၊ အဘယ်ကြောင့် ကျွန်ုပ်တို့၏ ဤညစ်ညူးသော နေရာတွင် မွေးဖွားခဲ့သနည်း။ ကိုယ်တော်သည် ညစ်ညူးသော လူသားများ ဖြစ်သည့် ကျွန်ုပ်တို့ကို မုန်းတီးပြီး စက်ဆုပ်ပါသည်။ ကျွန်ုပ်တို့၏ အတိုက်အခံပြုခြင်းနှင့် ကျွန်ုပ်တို့ ပုန်ကန်ခြင်းတို့ကို ကိုယ်တော် စက်ဆုပ်တော်မူ၏၊ ထိုသို့ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်တို့နှင့်အတူ အသက်ရှင်ပါသနည်း။ ကိုယ်တော်သည် အမြင့်ဆုံးသော ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မည်သည့်နေရာတွင်မဆို မွေးဖွားနိုင်ခဲ့ပေမည်၊ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ညစ်ညူးသော ဤတိုင်းပြည်တွင် ကိုယ်တော် မွေးဖွားဖို့ဖြစ်ခဲ့ရပါသနည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နေ့စဉ် ပြစ်တင်ဆုံးမပြီး တရားစီရင်ကာ၊ ကျွန်ုပ်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်ကို ကိုယ်တော် ရှင်းလင်းစွာ သိပါ၏၊ ထိုသို့ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အလယ်တွင် အသက်ရှင် နေသေးသနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် မောဘ၏ သားစဉ်မြေးဆက်များ၏ မိသားစုတစ်စုထဲသို့ မွေးဖွားခဲ့သနည်း။ ကိုယ်တော် အဘယ်ကြောင့် ထိုသို့ ပြုခဲ့သနည်း” ဟု မေးကြ၏။ သင်တို့၏ ထိုသို့သော အတွေးများသည် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့နေသည်။ ထိုသို့သော အမှုသည်သာ သူ၏ ကြီးမြတ်ခြင်း၊ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ကို လူတို့အား မြင်တွေ့ခွင့်ပေးသည်။ သူသည် သူ၏အမှုအတွက် အရာရာကို စွန့်လွှတ်ရန် လိုလားနေပြီး၊ သူ၏အမှုအတွက် ဒုက္ခဆင်းရဲ အားလုံးကို သူ ခံရပ်ပြီးဖြစ်သည်။ သူသည် လူသားမျိုးနွယ်အတွက် ဆောင်ရွက်ပြီး၊ ထိုမျှမက စာတန်ကို အောင်နိုင်ဖို့၊ ဖန်ဆင်းခံသတ္တဝါများအားလုံး သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံကြစေရန် ဖြစ်သည်။ ဤအရာသည်သာ အဓိပ္ပာယ်ရှိပြီး၊ တန်ဖိုးရှိသောအမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၁၈၇)

ယုဒပြည်၌ ယေရှုအမှုပြုခဲ့ချိန်တွင် ပွင့်လင်းစွာ သူ လုပ်ဆောင်ခဲ့သည်၊ သို့သော် ယခုတွင် ငါသည် သင်တို့အလယ်တွင် တိတ်တဆိတ် အမှုပြုကာ စကားပြောသည်။ မယုံကြည်သူများသည် ယင်းကို လုံးဝ သတိမပြုမိကြချေ။ သင်တို့အလယ် ငါ၏အမှုသည် အပြင်ဘက်၌ ရှိသူများအဖို့ ပိတ်ထားလျက်ရှိသည်။ ဤနှုတ်ကပတ်တော်များ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်မှုများကို သင်တို့သာ သိကြပြီး အခြားသောသူများက မသိကြပေ။ ဤအမှုအားလုံးကို သင်တို့အလယ်တွင် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ သင်တို့အဖို့သာ ဖွင့်ဟထားပေသည်။ အချိန်မကျသေးသည့်အတွက် ယင်းကို မယုံကြည်သူများထဲမှ မည်သူမျှ မသိပေ။ ဤနေရာ၌ရှိသော လူများသည် ပြစ်တင်ဆုံးမခြင်းများကို ကြံ့ကြံ့ခံပြီးနောက် စုံလင်စေခြင်းခံရရန် နီးစပ်ကြသော်လည်း၊ အပြင်တွင်ရှိကြသူများက ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိကြချေ။ ဤအမှုသည် အလွန် ကွယ်ဝှက်လွန်းလှပေသည်။ ၎င်းတို့အဖို့၊ ဘုရားသခင် လူ့ဇာတိခံယူသည်မှာ ဖုံးကွယ်ထားလျက်ရှိသော်လည်း၊ ဤရေစီးကြောင်းအတွင်း၌ ရှိသောသူများအဖို့မူ သူသည် ဖွင့်ဟထားသည်ဟု ပြော၍ရပေသည်။ ဘုရားသခင်၌ အရာအားလုံး ဖွင့်ထားသော်လည်း၊ အရာအားလုံး ထုတ်ဖော်ပြထားသော်လည်း၊ အရာအားလုံး လွတ်လပ်သော်လည်း၊ ဤအရာသည် သူ့ကို ယုံကြည်သော သူများအတွက်သာ မှန်ကန်ပေသည်။ ကျန်သောသူများ ဖြစ်သည့် မယုံကြည်သူများနှင့် ပတ်သက်သရွေ့၊ မည်သည့်အရာကိုမျှ အသိပေးခြင်း မရှိပေ။ သင်တို့အလယ်နှင့် တရုတ်ပြည်တွင် လတ်တလော လုပ်ဆောင်လျက်ရှိသည့် အမှုသည် ၎င်းတို့ မသိစေဖို့၊ တင်းတင်းကြပ်ကြပ် ပိတ်ထားလျက်ရှိသည်။ ဤအမှုကို ၎င်းတို့ သိရှိလာခဲ့ပါလျှင်လည်း၊ ၎င်းတို့ လုပ်မည့်အရာ ဟူသမျှမှာ ယင်းကို ရှုတ်ချပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစေဖို့သာ ဖြစ်ပေသည်။ ယင်းကို ၎င်းတို့ ယုံကြည်ကြမည် မဟုတ်ပေ။ ဤခေတ်နောက်အကျန်ဆုံးနေရာဖြစ်သည့် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်မှာ လွယ်ကူသည့် အလုပ် မဟုတ်ပေ။ ဤအမှုကို လူပုံအလယ်တွင် ထားမည်ဆိုပါက၊ ဆက်လက်လုပ်ဆောင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ အမှု၏ ဤအဆင့်ကို ဤနေရာတွင် တကယ်ကို ဆောင်ရွက်၍မရနိုင်ပေ။ ဤအလုပ်ကို လူပုံအလယ်တွင် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ ယင်းကို ရှေ့ဆက်လုပ်ဆောင်ရန် ၎င်းတို့ မည်သို့ခွင့်ပြုနိုင်မည်နည်း။ ဤအရာက အမှုကို သာ၍ ကြီးမားသည့်အန္တရာယ်အောက်သို့ ရောက်ရှိစေမည်မဟုတ်လော။ ဤအမှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ၊ ယင်းထက် မကျန်းမာသူများကို အံ့ဘနန်း ကျန်းမာစေပြီး နတ်ဆိုးများကိုလည်း နှင်ထုတ်ခဲ့သည့် ယေရှု၏အချိန်ကာလကဲ့သို့ ဆောင်ရွက်မည်ဆိုပါက၊ ယင်းကို နတ်ဆိုးများက အချိန်ကြာမြင့်စွာက “ဖမ်းဆီးခံရခြင်း” ဖြစ်စေပြီးဖြစ်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို သည်းခံနိုင်ကြမည်လော။ ယခုတွင် တရားဇရပ်များထဲသို့ တရားဟောရန်နှင့် ဩဝါဒပေးရန် ဝင်ရောက်မည် ဆိုပါက၊ ငါသည် အချိန်ကြာမြင့်စွာက အစိတ်စိတ်အမြွှာအမြွှာ ပစ်ပေါက်ခံရပြီးဖြစ်မည် မဟုတ်လော။ ဤအရာ ဖြစ်အပျက်ခဲ့ပါက၊ ငါ၏အမှုကို မည်သို့ ဆက်လက် ဆောင်ရွက်နိုင်မည်နည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပွင့်လင်းစွာ လုံးဝ မပြသသည့် အကြောင်းရင်းမှာ ဖုံးကွယ်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့်၊ မယုံကြည်သူများအဖို့ ငါ၏အမှုကို မြင်၍မရ၊ သိ၍မရ၊ သို့မဟုတ် ရှာဖွေတွေ့ရှိ၍လည်း မရပေ။ အမှု၏ ဤအဆင့်ကို ကျေးဇူးတော်ခေတ်တွင် ယေရှုလုပ်ခဲ့သည်နည်းတူ လုပ်ဆောင်ခဲ့မည် ဆိုပါက၊ ယခုကဲ့သို့ အလွန် တည်တည်ငြိမ်ငြိမ် ရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့်၊ ဤကဲ့သို့ လျှို့ဝှက်စွာ အလုပ်လုပ်ခြင်းသည် သင်တို့နှင့် အမှုအဖို့ တစ်ပေါင်းတစ်စည်းတည်း အကျိုးရှိလေသည်။ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှု အဆုံးသတ်လာသည့်ချိန်တွင်၊ ဆိုလိုသည်မှာ ဤလျှိုဝှက်သောအမှု နိဂုံးချုပ်သည့် အချိန်တွင်၊ အမှု၏ ဤအဆင့်သည် လူပုံအလယ် ဗြုန်းခနဲ ဖြစ်ပွားလိမ့်မည်။ တရုတ်ပြည်တွင် အောင်မြင်သူတစ်စုရှိသည်ကို အားလုံး သိကြလိမ့်မည်။ လူ့ဇာတိခံလာသည့် ဘုရားသခင်သည် တရုတ်ပြည်တွင် ရှိပြီး သူ၏အမှုသည် အဆုံးသို့ ရောက်ရှိပြီး ဖြစ်သည်ကို အားလုံး သိကြလိမ့်မည်။ ထိုအခါမှသာ လူသားက တဖြည်းဖြည်း သဘောပေါက်လိမ့်မည်- တရုတ်ပြည်သည် အဘယ်ကြောင့် မကျဆင်းသေးသနည်း သို့မဟုတ် မပြိုလဲသေးသနည်း။ လက်စသတ်တော့ ဘုရားသခင်သည် သူ၏အမှုကို တရုတ်ပြည်တွင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေပြီး လူတစ်စုကို အောင်မြင်သူများအဖြစ် စုံလင်စေပြီး ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)

အရှေ့သို့- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း

နောက်တစ်ခုသို့- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။