လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း (၁)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၀၀)
နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေထိုင်းမှိုင်းလာကာ၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရသည့် အတိုင်းအတာအထိ ကျယ်ပြောရုံမက လူကိုယ်တိုင် မိမိ၏ပုန်ကန်သည့် အမူအကျင့်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အထိ ဘုရားသခင်ကို အတိုက်အခံပြုသော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံခဲ့ရသည့် အတွက် သူသည် ဘယ်ကိုဦးတည်သွားရမည်ကို မသိပေ။ ယနေ့တိုင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်ကို မမြင်မတွေ့နိုင်သော အခါတွင်လည်း သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆိုခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရသော်လည်း ဘုရားသခင်ကို သစ္စာဖောက်ကြသော သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိဉာဏ်သည် နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိစိတ်သည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲ၊ အဆိပ်ပြင်းသော မြွေဖြစ်သည်။ ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်အောင် မည်မျှကြိုးစားသော်လည်း ငါသည် သူ့ကို မည်သည့်အခါမျှ သနားမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသားသည် အသိဉာဏ် ထုံထိုင်းလှသော်လည်း ကောင်းကြီးမင်္ဂလာများကို ရရှိရန် တောင့်တဆဲရှိသည်။ သူ၏ လူ့သဘာဝသည် အလွန်သိက္ခာမဲ့လျက်ပင် သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒပြုဆဲရှိသည်။ ထိုကဲ့သို့သော အသိဉာဏ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် မည်သို့တက်ထိုင်အံ့နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပါတကား။ စိတ်ပျက်ဖွယ်ကောင်းသော စိတ်ကြီးဝင်နေသူ ဖြစ်သည်။ သင်တို့ အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများသည် ကြည့်မှန်ယူ၍ အကျည်းတန်သော မိမိ၏ ရုပ်သွင်ကို ရှုစားကြရန် ငါတိုက်တွန်းသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ထိုက်သော ဥပဓိရုပ် ရှိသလော။ ကောင်းကြီးမင်္ဂလာများကို ခံစားထိုက်သူ၏ မျက်နှာမျိုးကို ပိုင်ဆိုင်ခြင်းရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှပင် မရှိသည့်အပြင် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့ကျင့်သုံးခြင်း မရှိသော်လည်း သင်သည် အံ့မခန်းဖွယ် မနက်ဖြန်ကို မျှော်နေသေးသလော။ သင်သည် မိမိကိုယ်ကိုမိမိ လှည့်ဖြားလေပြီ။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသောလူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ လူသားသည် ပဒေသရာဇ်စနစ်ဆိုင်ရာ ကိုယ်ကျင့်တရားများ၏ လွှမ်းမိုးခြင်းခံရကာ “အဆင့်မြင့်ပညာသင်ကျောင်းများ” တွင် သင်ယူခဲ့ကြသည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ပျက်စီးယိုယွင်းသော စာရိတ္တ၊ လူ့ဘဝကို တန်ဖိုးမထားခြင်း၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော ဘဝ၊ စာရိတ္တပျက်ပြားသော အသက်ရှင်ပုံနှင့် ဓလေ့စရိုက်များ၊ စသည်တို့ အားလုံးသည် လူ့နှလုံးသားအတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ တိုက်ခိုက်၍ အားလျော့စေခဲ့သည်။ အကျိုးဆက်မှာ လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ဆန့်ကျင်မှု ပိုမိုဆိုးရွားလာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုချင်ချင် စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုချင်ချင် နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ အသွင်သဏ္ဌာန်ကို လိုလိုချင်ချင် ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုသို့ပြုမည့်အစား လူသားသည် စာတန်၏ အုပ်စိုးမှုအောက်တွင် ပျော်ပါးကာ မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိပဲ၊ ရွှံ့နွံတောထဲ၌ ဇာတိပကတိ၏ ပျက်စီးယိုယွင်းခြင်းထံ မိမိကိုယ်ကို လုံးလုံးမြှုပ်နှံထားသည်။ အမှောင်ထုတွင် ကျင်လည်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါပင် လက်တွေ့ကျင့်သုံးရန် စိတ်မကူးကြပေ။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုသည့် ဆန္ဒပြင်းပြမှုလည်း မဖြစ်ပေါ်ကြပေ။ ထိုမျှလောက် အကျင့်ပျက်ပြီးသော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းရယူရန် မည်သို့ဖြစ်နိုင်မည်နည်း။ ထိုမျှ ကိုယ်ကျင့်တရား နိမ့်ကျသော လူသားမျိုးနွယ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၀၁)
လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ အဆိပ်ခတ်ခြင်းနှင့် နင်းခြေခြင်းကို ခံရခြင်းမှ၊ ၎င်း၏စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန်၏ လွန်ကဲစွာ ဘေးသင့်စေမှုတို့မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လူသား၏ ဤအခြေခံအချက်များသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရခဲ့ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်။ ထိုကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲခြင်းသည် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိဉာဏ်၏ ပြောင်းလဲခြင်းတို့ဖြင့် အစပြုရမည်။ သို့မှသာ သူ၏ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာနှင့် သမ္မာတရားနှင့် ပတ်သက်သော အသိပညာသည် ပြောင်းလဲမည်ဖြစ်သည်။ ယိုယွင်းပျက်စီးသည့် နယ်ပယ် အားလုံးတွင် အနက်ရှိုင်းဆုံး ယိုယွင်းခြင်းရှိသည့် မြေပေါ်၌ မွေးဖွားလာသူများသည် ဘုရားသခင်သည် အဘယ်ဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်ကို သာ၍ မသိမိုက်မဲလျက် ရှိကြသည်။ လူတို့သည် ယိုယွင်းပျက်စီးလေလေ၊ ဘုရားသခင် တည်ရှိခြင်းကို မသိလေလေ၊ အသိဉာဏ်နှင့် ထိုးထွင်းဉာဏ် ခေါင်းပါးလေလေဖြစ်သည်။ စာတန်၏ လူသားကို ဖျက်ဆီးခြင်းသည် လူသား၏ ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ ဖျက်ဆီးမှုကို ခံထားရသောကြောင့် လူ့အသိဉာဏ်ထုံသွားကာ၊ ကိုယ်ကျင့်တရား ယိုယွင်းပြီး သူ၏အတွေးများ ဆုတ်ယုတ်သွား၍ သူ့၌ နောက်ပြန် စိတ်ပိုင်းဆိုင်ရာ ရှုမြင်ပုံလည်း ရှိလာသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်ကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် ယုတ္တိတန်သော အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် သူ၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝသည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ပျောက်ဆုံးခဲ့ရသည်။ လူ့အသိစိတ် မူမမှန်ဖြစ်လာကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထားနှင့် တူလာ၍ ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ထိုအခြင်းအရာကို သိမှတ်ခြင်း၊ ရိပ်မိခြင်းမရှိဘဲ မဆင်မခြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို ဖွင့်ပြခြင်းသည် လူ့အသိစိတ်၊ ထိုးထွင်းသိမြင်စွမ်းနှင့် အသိတရားတို့ကို ထုတ်ဖော်ပြခြင်းဖြစ်သည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် အကောင်းပကတိ မဟုတ်တော့သည်သာမက သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းလာခြင်းကြောင့် သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိဉာဏ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက သူ့စိတ်သဘောထားသည် ဘုရားသခင်အလိုကျ ပြောင်းလဲနိုင်မည် မဟုတ်သည်ကို စဉ်းစားစရာမလိုပေ။ လူ့အသိဉာဏ် ပကတိမဟုတ်သော် သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ပေ။ ဘုရားသခင်မှ အသုံးပြုရန်လည်း မသင့်တော်ပေ။ “နဂိုအသိဉာဏ်” ဟူသည်မှာ ဘုရားသခင်ကို နာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို ငံ့လင့်ခြင်း၊ ဘုရားသခင်ရှေ့ ပကတိဖြစ်နေခြင်း၊ ဘုရားသခင်ကို ထိတွေ့ခံစားတတ်သော သိစိတ်ရှိခြင်း တို့ကိုဆိုလိုသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်၍ ဘုရားသခင်ကို တမင်တကာဆန့်ကျင်ခြင်း မရှိသည်ကို ရည်ညွှန်းသည်။ အသိဉာဏ် မူမမှန်သော သူများသည် ထိုသို့မဟုတ်။ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်ရာ ဘုရားသခင်ကို တွေ့ထိခံစားတတ်သော သိစိတ်ရှိခြင်း မဆိုထားဘိ၊ ဘုရားသခင်အကြောင်း အယူအဆများ ထုတ်လုပ်ကာ ဘုရားသခင်ကို သစ္စာမရှိ၊ သို့မဟုတ် ငံ့လင့်ခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ခြင်း၊ အကဲဖြတ်ခြင်း သာမက နောက်ကွယ်တွင် ဘုရားသခင်ကို စော်ကားမော်ကားပြုသည်။ လူသားသည် သူဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက် နောက်ကွယ်တွင် သူ့ကို အကဲဖြတ်ကာ သူ့ကို နာခံလိုစိတ် မရှိပေ။ ဘုရားသခင်ကို တောင်းဆိုခြင်းနှင့် တောင်းခံခြင်းကိုသာ တဇွတ်ထိုး ပြုလုပ်တတ်သည်။ အသိဉာဏ် မူမမှန်သော ဤလိုလူမျိုးသည် မိမိတွင် စက်ဆုပ်ရွံရှာဖွယ် အကျင့်ဓလေ့ရှိသည်ကို သိခြင်းငှာ မစွမ်းနိုင်ပေ၊ သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရခြင်းလည်း မရှိပေ။ အကယ်၍ လူတို့သည် မိမိကိုယ်ကို သိနိုင်စွမ်းရှိသော် အသိဉာဏ်အနည်းငယ်မျှ ပြန်လည် ရရှိလာခြင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ပုန်ကန်လျက် မိမိကိုယ်ကို မိမိမသိလေလေ၊ အသိဉာဏ် ဆုတ်ယုတ်လေလေ ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၀၂)
ဖောက်ပြန်ပျက်စီးသော လူ့စိတ်သဘောထားကို ဖွင့်ပြသော အကြောင်းရင်းသည် အခြားမဟုတ်၊ သူ၏ထုံထိုင်းသောအသိတရား၊ မလိုမုန်းထားသော သဘာဝနှင့် ယုတ္တိမတန်သော အသိစိတ်တို့ဖြစ်သည်၊ အကယ်၍ လူသား၏ အသိတရားနှင့် အသိစိတ်သည် နဂိုအခြေအနေ ပြန်လည်ရရှိပါက၊ ဘုရားသခင်ရှေ့တွင် အသုံးခံထိုက်သူ ဖြစ်လာပေမည်။ လူသားသည် ဘုရားသခင်ကို တိုး၍ပုန်ကန်လာကာ၊ ယေရှုကို ကားတိုင်တွင် သံနှင့်ရိုက်၍ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်ကို သူ့အိမ်သို့ ဝင်ခွင့်ပိတ်ပင်သည်သာမက၊ ဘုရားသခင်၏ ဇာတိခန္ဓာကို ရှုတ်ချကာ၊ ထိုဇာတိခန္ဓာကို အောက်တန်းကျသည်ဟု ရှုမြင်သည်အထိ ပြင်းထန်လာခြင်းသည် လူ့အသိတရား ထုံမြဲထုံခြင်း၊ လူ့အသိစိတ် လူစဉ်မမီသည့်အပြင် ပို၍ပို၍ ထိုင်းမှိုင်းခြင်းကြောင့် ဖြစ်သည်။ အကယ်၍ လူသား၌ လူ့သဘာဝ အနည်းငယ်မျှ ရှိခဲ့သော် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကို ထိုသို့ရက်စက်စွာ ဆက်ဆံမည်မဟုတ်ပေ၊ အကယ်၍ သူ၌ အသိစိတ် အနည်းငယ်ရှိခဲ့သော် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာအပေါ် အလွန်ရက်စက်ခဲ့လိမ့်မည် မဟုတ်ပေ၊ အကယ်၍ သူ့၌ အသိတရား အနည်းငယ်မျှ ရှိခဲ့လျှင်လည်း လူ့ဇာတိခံယူသော ဘုရားသခင်ကို ထိုနည်းဖြင့် အလွန် “ကျေးဇူးတင်” ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင် လူ့ဇာတိခံယူသော ကာလတွင် အသက်ရှင်လျက် ထိုကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကိုပေးခဲ့သူ ဘုရားသခင်အား ကျေးဇူးမတင်နိုင်ရုံသာမက၊ ဘုရားသခင် ကြွလာခြင်းကို ကျိန်ဆဲ၏၊ သို့မဟုတ် ဘုရားသခင် လူ့ဇာတိခံယူခြင်းကို လုံးဝဂရုမစိုက်သည့်အပြင် ဆန့်ကျင်ခြင်းနှင့် ငြီးငွေ့ခြင်းသာလျှင် ရှိခဲ့သည်။ ဘုရားသခင် ကြွဆင်းလာခြင်းကို လူသားသည် မည်သို့သဘောထားသည်ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို စိုးစဉ်းမျှ ကြိုဆိုခြင်း မရှိဘဲ၊ သူ့ထံမှ မဆင်မခြင် တောင်းဆိုခြင်းမျိုးကို ပြုလုပ်တတ်သော်ငြားလည်း၊ ရှင်းရှင်းပြောရလျှင် ဘုရားသခင်သည် အစဉ်အမြဲပင် မိမိအမှုတော်ကို စိတ်ရှည်လက်ရှည် ဆောင်ရွက်ခဲ့သည်။ လူ့စိတ်သဘောထားသည် အလွန်ရက်စက်တတ်လာ၍၊ သူ့အသိစိတ်သည် အလွန်ထိုင်းမှိုင်းလာကာ၊ သူ၏အသိတရားသည်လည်း နတ်ဆိုး၏ လုံးဝနင်းခြေဖျက်ဆီးမှုကို ခံခဲ့ရ၍ ကြာမြင့်စွာကတည်းကပင် လူ၏နဂိုအသိတရား မဟုတ်တော့ပါ။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အသက်နှင့် ကျေးဇူးတော်များ သွန်းလောင်းပေးသည်ကို ကျေးဇူးမတင်သည့်အပြင်၊ မိမိကို သမ္မာတရား ပေးခြင်းအတွက် ဘုရားသခင်အား မနှစ်မြို့ပေ။ အကြောင်းမှာ လူသားသည် သမ္မာတရားကို စိုးစဉ်းမျှ စိတ်မဝင်စားသောကြောင့် ဘုရားသခင်ကို မနှစ်မြို့သောကြောင့် ဖြစ်သည်။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ကို မိမိအသက်တာကို ပုံအပ်နိုင်ခြင်း မရှိသည့်အပြင်၊ ဘုရားသခင်၏ မျက်နှာသာပေးမှုရအောင် ကြိုးစားအားထုတ်ကာ ဘုရားသခင်ကို မိမိပေးသော ပမာဏထက် ဆယ်ဆမကသော အကျိုးအမြတ်ကို တောင်းဆိုသည်။ သိစိတ်နှင့် အသိဉာဏ် ထိုမျှခေါင်းပါးသော လူတို့သည် ဤအရာကို မိမိတို့ ကြီးကြီးမားမားကိစ္စမဟုတ်ဟု ထင်မှတ်သည်သာမက မိမိတို့သည် ဘုရားသခင်ကို အဆမတန်ပေးဆပ်ခဲ့ကာ ဘုရားသခင်မှ သူတို့ကို အနည်းငယ်သာ ပေးသည်ဟု ယုံကြည်ကြသည်။ ငါ့ကို ရေတစ်ခွက်ပေးလျက် လက်ဖြန့်ပြီး နွားနို့နှစ်ခွက်အတွက် ငါအခပေးရန် တောင်းဆိုသောသူများရှိသည်။ ငါ့အတွက် တစ်ညတာ တည်းခိုရန် အခန်းတစ်ခန်း ပြင်ဆင်ပေးကာ တည်းခိုခ အဆပေါင်းများစွာ တောင်းသောသူရှိသည်။ သင်တို့သည် ထိုသို့သော လူ့သဘောသဘာဝနှင့် သိစိတ်ရှိလျက်ပင် အသက်ကို ရလိမ့်မည်ဟု မျှော်လင့်ကြသေးသလော။ သင်တို့သည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အလေအလွင့်များ ဖြစ်ကြသည်တကား။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကုန်းမြေတစ်လျှောက်လုံး နှံ့အောင်သွားလျက်လာလျက် နားမည့်နေရာ မရှိရှာခြင်းသည် ဤကဲ့သို့ လူ့သဘာဝနှင့် သိစိတ်ကြောင့် မဟုတ်ပါလော။ သိစိတ်နှင့် လူ့သဘာဝကို ပိုင်ဆိုင်သူ မှန်လျှင်၊ ဘုရားသခင်၏ လုပ်ဆောင်ပြီးစီးခဲ့သော အလုပ် မည်မျှများသည်ဆိုခြင်းကြောင့်မဟုတ်၊ လုံးဝလုပ်ဆောင်ခဲ့ခြင်း မရှိသည့်တိုင် လူ့ဇာတိခံယူသော ဘုရားသခင်ကို ကိုးကွယ်ကာ သူ့ကို စိတ်အားထက်သန်စွာ အစေခံသင့်သည်။ ဤသည်မှာ နဂိုသိစိတ်ရှိသူတို့ ထမ်းဆောင်ရမည့် လူ့ကျင့်ဝတ် ဖြစ်သည်။ လူအများသည် ဘုရားသခင်ကို အစေခံရာတွင် အခြေအနေအကြောင်း စောဒကတက်ကြသည်။ လူသားဖြစ်သည် သို့မဟုတ် ဘုရားသခင်ဖြစ်သည်ကို သူတို့ အလေးမထားကြပေ။ သူတို့၏ ကိုယ်ပိုင်အခြေအနေများအကြောင်းကိုသာ ပြောကြပြီး၊ ၎င်းတို့၏ အလိုဆန္ဒများကိုသာ ဖြည့်ဆည်းဖို့ ကြိုးစားကြသည်။ သင်တို့သည် ငါ့အတွက် အစားအစာချက်သောအခါ ဝန်ဆောင်ခ တောင်းကြသည်။ ငါ့အတွက် ပြေးလွှားရသောအခါ ပြေးလွှားခ တောင်းကြသည်။ ငါ့အတွက် အလုပ်လုပ်သောအခါ လုပ်အားခ တောင်းကြသည်။ ငါ့အဝတ်အစားကို လျှော်ဖွပ်သောအခါ ဒိုဘီခ တောင်းကြသည်။ အသင်းတော်ကို ဆောင်မသောအခါ ရင်းစားပေးရန် တောင်းခံကြသည်။ စကားပြောရသောအခါ ဟောပြောခ တောင်းကြသည်။ စာအုပ်ဖြန့်ဝေသောအခါ ဖြန့်ဖြူးခ တောင်းကြသည်။ စာရေးသောအခါ ကလောင်ခ တောင်းကြသည်။ ငါ၏ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံခဲ့သော သူများသည် ငါ့ထံမှ လျော်ကြေးငွေတောင်းခံသည့်အထိ ဖြစ်သည်။ အိမ်ပြန်ခိုင်းခြင်း ခံရသောသူများသည် ထိခိုက်သွားသော မိမိတို့၏ အမည်အတွက် လျော်ကြေးငွေ တောင်းကြသည်။ အိမ်ထောင်မကျသေးသော သူများသည် သတို့သား၊ သတို့သမီး တင်တောင်းခ သို့မဟုတ် အပျို၊ လူပျိုဘဝ ဆုံးရှုံးခ တောင်းကြသည်။ ကြက်သတ်သူသည် သတ်ခ တောင်းကြသည်။ အစားအစာ ကြော်ချက်သူသည် ကြော်ချက်ခ တောင်းကြသည်။ ဟင်းချိုချက်သူလည်း အခကြေးငွေ ရယူလိုကြသည်။ ဤသည်မှာ သင်တို့၏ ထည်ဝါခမ်းနားသော လူ့သဘာဝနှင့် သင်တို့၏ နွေးသောသိစိတ် အမိန့်အာဏာဖြင့် ဖန်တီးသော လုပ်ရပ်များပေတည်း။ သင်တို့၏ အသိဉာဏ် ဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝ ဘယ်မှာနည်း။ သင်တို့ကို ငါပြောမည်။ သင်တို့ ဆက်လက်၍ ဤသို့အသက်ရှင်လျှင် သင်တို့အကြားတွင် ဆောင်ရွက်နေသော ငါ့အလုပ်ကို ငါရပ်ဆိုင်းမည်။ သင်တို့နှင့်အတူ ငါအလုပ်လုပ်တော့မည်မဟုတ်။ လူအရေခြုံ သားရဲအုပ်အကြား ငါအလုပ် လုပ်မည်မဟုတ်။ ရိုင်းစိုင်းသောစိတ်ကို ချိုသာသောမျက်နှာဖြင့် ဖုံးထားသည့် ဤလိုလူစုအတွက် ဒုက္ခဆင်းရဲကို ငါခံမည်မဟုတ်။ ကယ်တင်ခြင်းကို ရယူနိုင်သည့်အလားအလာ စိုးစဉ်းမျှမရှိသော တိရစ္ဆာန်တစ်အုပ် အတွက် ငါအနစ်နာခံမည်မဟုတ်။ သင်တို့ကို ငါကျောခိုင်းသည့်နေ့သည် သင်တို့သေရမည့်နေ့ ဖြစ်သည်။ သင်တို့အပေါ် အမှောင်ထု ကျရောက်လာမည့်နေ့၊ အလင်းသည် သင်တို့အား စွန့်ခွာမည့်နေ့ ဖြစ်သည်။ သင်တို့ကို ငါပြောမည်။ ငါသည် သင်တို့ကဲ့သို့သော တိရစ္ဆာန်ထက် နိမ့်ကျသည့် လူစုအပေါ် သဒ္ဓါစိတ် ထားရှိမည် မဟုတ်ပေ။ ငါ့စကားနှင့် ငါ့လုပ်ဆောင်မှုအတွက် အတိုင်းအတာရှိသည်။ သင်တို့၏ လူ့သဘောသဘာဝနှင့် သိစိတ် အနေအထားအရ ငါအလုပ်ဆက်လုပ်တော့မည် မဟုတ်ပေ။ အကြောင်းမှာ သင်တို့၏သိစိတ် လွန်စွာချို့ယွင်းသောကြောင့် ငါအလွန်စိတ်ဆင်းရဲရကာ၊ စက်ဆုပ်ဖွယ်ကောင်းသော သင်တို့၏ အမူအကျင့်ကို ငါလွန်စွာ ရွံရှာမိသောကြောင့် ဖြစ်သည်။ လူ့သဘောသဘာဝနှင့် သိစိတ် လွန်စွာချို့ယွင်းသူတို့သည် ကယ်တင်လွတ်မြောက်ခြင်းရရှိနိုင်သည့် အလားအလာ လုံးဝမရှိပေ။ ထိုကဲ့သို့ နှလုံးသားကင်းမဲ့၍ ကျေးဇူကန်းသူတို့ကို ငါလုံးဝကယ်တင်မည် မဟုတ်ပေ။ ငါ၏နေ့ရက်ကာလ ကျရောက်လာသောအခါ၊ တစ်ချိန်က ကြောက်မက်ဖွယ် ကောင်းသော ငါ၏အမျက်ဒေါသကို ဆွခဲ့သည့် မနာခံခြင်း၏ သားသမီးများအပေါ် ပူပြင်းလှသော မီးလျှံကို မိုးရွာသကဲ့သို့ ထာဝရ ငါရွာသွန်းမည်။ တစ်ချိန်က ငါ့ကို စော်ကားမော်ကားလုပ်၍ ပစ်ပယ်သွားသော ထိုတိရစ္ဆာန်များကို ငါထာဝရ ပြစ်ဒဏ်ခတ်မည်။ တစ်ချိန်က ငါနှင့်အတူ နေထိုင် စားသောက်ခဲ့သော်လည်း ငါ့ကိုမယုံကြည်သည့်အပြင်၊ ငါ့ကို ဆဲရေးတိုင်းထွာကာ သစ္စာဖောက်သွားသော မနာခံခြင်း၏ သားများကို ခေတ်အဆက်ဆက် ငါ၏ ဒေါသမီးလောင်ကျွမ်းစေမည်။ ငါ၏ အမျက်ဒေါသကို ဆွခဲ့သူ အားလုံးကို ပြစ်ဒဏ်ခတ်မည်။ တစ်ချိန်က ငါ၏ တန်းတူရည်တူများအဖြစ် ငါ့အပါးတွင် ရပ်တည်လိုသောဆန္ဒရှိသော်လည်း ငါ့ကိုကိုးကွယ်ခြင်းနှင့် နာခံခြင်းမရှိခဲ့သော ထိုသားရဲများအပေါ် မိုးရွာသကဲ့သို့ ငါ၏အမျက်ဒေါသ အကုန်အစင် ရွာချမည်။ တစ်ချိန်က ငါ၏ပြုစုစောင့်ရှောက်မှုကို ခံစားခဲ့ရကာ ငါမိန့်မှာခဲ့သည့် လျှို့ဝှက်ဆန်းကြယ်မှုများကို နာခွင့်ရလျက် ငါ့ထံမှ လောကီစည်းစိမ်ကို ရယူရန် ကြိုးပမ်းခဲ့သော ထိုတိရစ္ဆာန်များအပေါ် လူသားကိုဆုံးမသော ငါ၏တုတ်သည် ကျရောက်လိမ့်မည်။ ငါ့နေရာကို လုရန် ကြိုးပမ်းသည့် မည်သူကိုမဆို ငါခွင့်လွှတ်မည် မဟုတ်ပေ။ ငါ့ထံမှ အစားအစာနှင့် အဝတ်အထည်ကို အတင်းယူရန် ကြိုးပမ်းသူများကို ငါချမ်းသာပေးမည် မဟုတ်ပေ။ ယခုတွင် သင်တို့သည် ကြောက်စရာ နှောင်ကြိုးမရှိ လွတ်လပ်လျက် ငါ့ထံမှတောင်းဆိုမှုများကို မမီမကမ်း ပြုလုပ်နေဆဲ ဖြစ်သည်။ ဒေါသနေ့ရက် ကျရောက်လာသော် သင်တို့ငါ့ကို တောင်းဆိုမှု ပြုတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် သင်တို့ကျေနပ်သည့်အထိ မိမိဘာသာမိမိ “ပျော်ရွှင်ကြည်နူး” ခွင့်ကို ပေးမည်။ သင်တို့ ထာဝရ ပြန်မထလာနိုင်အောင် သင်တို့မျက်နှာကို မြေကြီးထဲသို့ အတင်းဖိသွင်းမည်။ ထိုအကြွေးကို အနှေးနှင့်အမြန် ငါ “ပြန်ဆပ်” မည်။ ထိုနေ့ရက်ကို သင်တို့စိတ်ရှည်လက်ရှည် စောင့်နေမည်ဟု ငါမျှော်လင့်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၀၃)
ဘုရားသခင်တွင် စိတ်ခံစားချက်ရှိသောကြောင့် လူက ဘုရားသခင်ကို မရရှိနိုင်ခြင်း မဟုတ်၊ သို့မဟုတ် ဘုရားသခင်က လူသား၏ ရရှိခြင်းကို လိုလားခြင်း မရှိသောကြောင့်လည်း မဟုတ်ဘဲ၊ လူသည် ဘုရားသခင်ကို မရရှိလိုသောကြောင့်ဖြစ်ကာ လူသည် ဘုရားသခင်ကို အပူတပြင်း မရှာဖွေသောကြောင့် ဖြစ်ပေသည်။ ဘုရားသခင်ကို အမှန်ရှာဖွေသော လူသားတစ်ဦးအား ဘုရားသခင်က မည်သို့လျှင် ကျိန်ဆဲနိုင်မည်နည်း။ ပကတိ အသိဉာဏ်နှင့် သတိရှိသော သိစိတ်တစ်ခုကို ဘုရားသခင်က မည်သို့လျှင် ကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်ကို အမှန်ကိုးကွယ်၍ ဘုရားသခင်အား အစေခံသူတစ်ဦးကို သူ၏ဒေါသမီးဖြင့် မည်သို့လျှင် လောင်ကျွမ်းစေနိုင်မည်နည်း။ ဘုရားသခင်၏ စကားကို နာခံခြင်းတွင် မွေ့လျော်နေသူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်မှ မည်သို့လျှင် ကန်ထုတ်ခြင်းကို ခံရနိုင်မည်နည်း။ ဘုရားသခင်အပေါ် ချစ်၍မဝသူ တစ်ဦးသည် ဘုရားသခင်၏ ပြစ်ဒဏ်ပေးမှု အောက်တွင် မည်သို့လျှင် နေရမည်နည်း။ ဘုရားသခင်အတွက် အရာရာကို ကြည်ဖြူစွာ စွန့်လွတ်နိုင်သူတစ်ဦးအား မည်သို့လျှင် အခြေအနေမဲ့သော သူကဲ့သို့ စွန့်ပစ်ထားခြင်း ခံရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နောက်သို့ လိုက်လိုစိတ်မရှိ။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာကို ဘုရားသခင်အတွက် အသုံးခံလိုစိတ်မရှိ။ မိမိတစ်သက်တာ အစွမ်းအစများကို ဘုရားသခင်ထံ ဆက်ကပ်လိုစိတ် မရှိ။ ထိုသို့ပြုမည့်အစား ဘုရားသခင်ကို အစွန်းရောက်လွန်းသည် ဟူ၍လည်းကောင်း၊ အလွန်များစွာသော ဘုရားသခင်၏ အကြောင်းအရာသည် လူ့အယူအဆနှင့် ဆန့်ကျင်သည်ဟူ၍လည်းကောင်း ပြောတတ်သည်။ သင်တို့၏ ဘုရားသခင်ကို ရှာဖွေခြင်းမရှိသည့် အဖြစ်မှန်ကို မဆိုထားဘိ၊ သင်တို့သည် ဘုရားသခင်ကို အကြွင်းမဲ့ ဆက်ကပ်ကြသော်လည်း ဤလူ့သဘောသဘာဝမျိုးဖြင့် ဘုရားသခင်၏ ချီးမွမ်းမှုကို လုံးဝရမည် မဟုတ်ပေ။ သင်တို့သည် လူသားမျိုးနွယ်၏ အနာအဆာရှိသော ကုန်ပစ္စည်းဖြစ်သည်ကို မသိကြသလော။ သင်တို့၏ လူ့သဘောသဘာဝထက် အောက်တန်းကျသော သဘောသဘာဝ မရှိသည်ကို သင်တို့ မသိကြသလော။ သင်တို့အား ရည်ညွှန်းသည့် “ဂုဏ်ထူးဆောင်ဘွဲ့” ကို သင်တို့သိကြသလော။ ဘုရားသခင်အပေါ် စစ်မှန်သော ချစ်ခြင်းရှိသူများက သင်တို့ကို ဝံပုလွေဖခင်၊ ဝံပုလွေမိခင်၊ ဝံပုလွေသား၊ ဝံပုလွေမြေး ဟုခေါ်ကြသည်။ သင်တို့သည် ဝံပုလွေ၏ သားစဉ်မြေးဆက်၊ ဝံပုလွေလူမျိုး ဖြစ်ကြသည်။ မိမိ၏ မျိုးရိုးဗီဇကို သိထားသင့်သည်။ မမေ့လျော့သင့်ပေ။ သင်တို့သည် အများတကာထက် သာလွန်သည်ဟု မိမိကိုယ်ကို မတွေးထင်နှင့်။ လူသားမျိုးနွယ်ဝင် လူသားမဟုတ်သော အုပ်စုများတွင် သင်တို့သည် အဆိုးညစ်ဆုံး အုပ်စုဖြစ်သည်။ ဤအရာများကို သင်တို့မသိသလော။ သင်တို့အကြား အလုပ်လုပ်ခြင်းအားဖြင့် ငါမည်မျှ အရဲစွန့်ခဲ့ရသည်ကို သိကြသလော။ အကယ်၍ သင်တို့၏ အသိဉာဏ်သည် နဂိုအခြေအနေသို့ ပြန်မရောက်နိုင်ပါက၊ သင်တို့၏ သိစိတ်သည် ပုံမှန်အလုပ် မလုပ်နိုင်ပါက “ဝံပုလွေ” ဟုရည်ညွှန်းခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်၊ ကျိန်ခြင်းနေ့ရက်ကိုလည်း လွတ်မြောက်နိုင်မည် မဟုတ်သကဲ့သို့ ပြစ်ဒဏ်ပေးမည့်နေ့ကိုလည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သင်တို့သည် နိမ့်ကျစွာမွေးဖွားလာသည့် တန်ဖိုးမရှိသောလူသားဖြစ်သည်။ သင်တို့သည် ပင်ကိုဗီဇအရ ဆာလောင်သော ဝံပုလွေအုပ်စုတစ်စုဖြစ်ပြီး၊ အပျက်အဆီးနှင့် အမှိုက်ပုံသာ ဖြစ်သည်။ ငါသည် သင်တို့နှင့် တူသည်မဟုတ်။ မျက်နှာသာရရန် သင်တို့အကြား၌ ငါအလုပ်လုပ်ခဲ့ခြင်း မဟုတ်။ လိုအပ်၍ လုပ်ရခြင်းသာ ဖြစ်သည်။ သင်တို့သည် ငါ့ကို ဤကဲ့သို့ ဆက်လက်ပုန်ကန်နေမည် ဆိုပါက၊ ငါ့အလုပ်ကို ရပ်တန့်ကာ မည်သည့်အခါမျှ သင်တို့အတွက် ပြန်လုပ်တော့မည် မဟုတ်။ ယင်းအစား ငါ့ကို စိတ်ချမ်းသာစေမည့် လူတစ်စုထံသို့ ကူးသွားကာ သူတို့အတွက် လုပ်ဆောင်မည်။ ထိုနည်းဖြင့် သင်တို့ထံမှ ထာဝရထွက်သွားမည်။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုရန်လိုသောသူများအား ကြည့်ရှုလိုသောစိတ် ငါ၌မရှိ။ ထို့ကြောင့် သင်တို့သည် ငါနှင့် သဟဇာတ ဖြစ်လိုသလော၊ သို့မဟုတ် ငါ့ကိုရန်ဘက်ပြုလိုသလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၀၄)
လူသားများအားလုံးသည် ယေရှု၏ မျက်နှာတော်အစစ်ကို မြင်လိုကြပြီး သူနှင့်အတူ ရှိလိုကြ၏။ ယေရှုကို မမြင်လို သို့မဟုတ် သူနှင့်အတူ မရှိလိုပါဟု မည်သည့်ညီအစ်ကိုမောင်နှမ တစ်ဦးတစ်ယောက်ကမျှ ပြောမည်မဟုတ်ကြောင်း ငါယုံကြည်သည်။ ယေရှုကို သင်တို့မမြင်ဖူးမီ၊ ဆိုလိုသည်မှာ လူဇာတိခံယူထားသော ဘုရားသခင်ကို သင်တို့မမြင်ဖူးမီ၊ သင်တို့တွင် ဥပမာအားဖြင့် ယေရှု၏ပုံပန်း၊ သူ၏စကားပြောပုံ၊ သူ၏ဘဝနေထိုင်ပုံ အစရှိသည်တို့အပေါ် ထင်မြင်ချက်မျိုးစုံ လက်သင့်ခံထားနိုင်ဖွယ် ရှိသည်။ သို့ရာတွင် သင်တို့သည် သူ့ကို အမှန်တကယ်မြင်ရသည့်အခါ သင်တို့၏ ထင်မြင်ချက်များသည် လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ သင်တို့သိလိုသလော။ လူသား၏သဘောထားကို လျစ်လျူရှု၍ မရသည်မှာ မှန်သော်လည်း၊ ခရစ်တော်၏အနှစ်သာရကို လူသားက ပြောင်းလဲရန်မှာ ပို၍ပင် သည်းမခံနိုင်စရာဖြစ်သည်။ သင်တို့သည် ခရစ်တော်ကို ထာဝရ အသက်ရှင်သောသူ သို့မဟုတ် ပညာရှိဟု မှတ်ယူသော်လည်း ခရစ်တော်အား ဘုရားသဘောသဘာဝ၏ အနှစ်သာရကို ပိုင်ဆိုင်ထားသော သာမန်လူဟု မည်သူကမျှ မှတ်ယူခြင်းမရှိ။ ထိုအတိုင်းဆိုလျှင် ဘုရားသခင်ကို မြင်တွေ့ရန် နေ့ရောညပါ တောင့်တကြသူအများအပြားသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်သူများဖြစ်ပြီး သူနှင့် သဟဇာတမဖြစ်ကြပေ။ ဤသည်မှာ လူသားဘက်က အမှားမဟုတ်ပေသလော။ ယခုတိုင်အောင် သင်တို့သည် သင်တို့၏ယုံကြည်ချက်နှင့် သစ္စာစောင့်သိမှုတို့နှင့်ဆိုပါက ခရစ်တော်၏မျက်နှာတော်ကို ရှုမြင်ထိုက်ရန် လုံလောက်သည်ဟု ထင်နေကြဆဲဖြစ်သည်။ သို့သော် ပို၍လက်တွေ့ကျသောအရာများဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားကြရန် သင်တို့ကို ငါတိုက်တွန်းပေ၏။ အကြောင်းမူကား အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံခဲ့သူ အများအပြားမှာ ကျရှုံးခဲ့ကြသည် သို့မဟုတ် ကျရှုံးကြလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်၊ ထိုသူတို့အားလုံးသည် ဖာရိရှဲတို့၏အခန်းကဏ္ဍမှ ပါဝင်ကြ၏။ သင်တို့ကျရှုံးရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ သင်တို့၏ အယူအဆများထဲတွင် ကြီးမြတ်ထည်ဝါပြီး ကြည်ညို လေးစားထိုက်သော ဘုရားသခင်တစ်ပါး ရှိနေခြင်းကြောင့်သာလျှင် ဖြစ်သည်။ သို့သော် အမှန်တရားမူကား လူသား၏အလိုအတိုင်းမဟုတ်။ ခရစ်တော်သည် ကြီးမြတ်ထည်ဝါခြင်းမရှိရုံသာမက သူသည် အထူးသဖြင့် သေးသိမ်၏။ သူသည် လူသားဖြစ်ရုံသာမက သာမန် လူသားတစ်ဦးဖြစ်၏။ သူသည် ကောင်းကင်ဘုံသို့ တက်ကြွသွားနိုင်ခြင်း မရှိရုံသာမက မြေကြီးပေါ်၌ပင် လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိ။ ထိုသို့ဖြစ်သောကြောင့် လူများက “စစ်မှန်သောခရစ်တော်” ကြွလာရန် စောင့်စားနေဆဲ အချိန်ကာလတစ်လျှောက်တွင် သူ့အား သာမန်လူတစ်ဦးကို ဆက်ဆံရသကဲ့သို့ ဆက်ဆံကြ၏၊ သူနှင့်အတူရှိစဉ် သူ့ကို ပေါ့ပေါ့တန်တန် ဆက်ဆံကြပြီး သူ့ကို ဂရုမစိုက်ဘဲ ပြောဆိုကြ၏။ သင်တို့သည် ကြွလာပြီးသော ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့ သဘောထားပြီး သူ၏နှုတ်ကပတ်တော်များကို သာမန်လူတစ်ဦး၏စကားကဲ့သို့ မှတ်ယူ၏။ ဤအကြောင်းကြောင့် ခရစ်တော်ထံမှ မည်သည့်အရာကိုမျှ သင်တို့မရရှိသည့်အပြင် သင်တို့၏အကျည်းတန်မှုကို အလင်းတွင် လုံးဝမြင်သာအောင် ပြသခဲ့ပြီဖြစ်၏။
ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမှုမပြုမီ သင်၏စိတ်နေ သဘောထားသည် လုံးလုံးလျားလျား ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း၊ သင်သည် ခရစ်တော်၏ သစ္စာစောင့်သိသော နောက်လိုက်ဖြစ်ကြောင်း၊ ခရစ်တော်၏ ကောင်းချီးမင်္ဂလာများကို သင့်ထက် ပို၍ခံစားထိုက်သူ မည်သူမျှမရှိကြောင်း သင့်အနေဖြင့် ထင်မြင်ယူဆကောင်း ယူဆနိုင်သည်၊ ထို့ပြင် လမ်းခရီးများစွာ ဖြတ်သန်းခဲ့ပြီး အလုပ်များစွာ လုပ်ဆောင်ခဲ့ကာ အသီးအပွင့်များစွာ သီးပွင့်စေခဲ့ပြီဖြစ်သောကြောင့် သင်သည် နောက်ဆုံးတွင် သရဖူကိုဆွတ်ခူးရမည့်သူတစ်ဦး အသေအချာဖြစ်လိမ့်မည်ဟု သင့်အနေဖြင့် ထင်မြင်ယူဆကောင်း ယူဆနိုင်၏။ သို့ရာတွင် သင်သိမည်မဟုတ်သော အမှန်တရား တစ်ရပ်ရှိ၏၊ လူသားသည် ခရစ်တော်ကိုမြင်သောအခါ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထား၊ သူ၏ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ ထုတ်ဖော်ခြင်းခံရပြီး၊ ဤအချိန်တွင် ထုတ်ဖော်ခြင်းခံရသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့သည် အခြားအချိန်ထက်ပို၍ အသေအချာ ပြည့်စုံစွာ ပေါ်လွင်နေလိမ့်မည်။ ဤသည်မှာ ခရစ်တော်သည် လူသားတော်ဖြစ်ပြီး သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသည့် လူသားတော်ဖြစ်သဖြင့် လူတို့သည် သူ့ကိုရိုသေခြင်းမရှိ၊ လေးစားခြင်းလည်း မရှိသောကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌ အသက်ရှင်သည့်အတွက် လူသား၏ ပုန်ကန်မှုသည် အလွန်စေ့စေ့စပ်စပ်နှင့် အသေးစိတ် ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ခံရခြင်းဖြစ်၏။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းက လူသားမျိုးနွယ်၏ ပုန်ကန်မှုအားလုံးကို တူးဖော်ပြသခဲ့ပြီး လူသားမျိုးနွယ်၏ သဘောသဘာ၀ကို အထင်းသား ပေါ်လွင်စေခဲ့ပြီဟု ငါဆို၏။ ဤအရာကို “ကျားတစ်ကောင်ကို တောင်အောက်သို့ဆင်းလာအောင် ဖျားယောင်းခြင်း” နှင့် “ဝံပုလွေ တစ်ကောင်ကို သူ၏တွင်းအပြင်သို့ ထွက်လာအောင် သွေးဆောင်ခြင်း” ဟု ခေါ်သည်။ သင်သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည်ဟု ဆိုဝံ့သလော။ သင်သည် ဘုရားသခင်အပေါ် အပြည့်အဝ နာခံမှုကို ပြသသည်ဟု ဆိုဝံ့သလော။ သင်သည် မပုန်ကန်တတ်ပါဟု ဆိုဝံ့သလော။ “ဘုရားသခင်သည် ကျွန်ုပ်ကို ပတ်ဝန်းကျင်သစ် တစ်ခုတွင် နေရာချပေးတိုင်း ကျွန်ုပ်သည် ညည်းတွားခြင်းမရှိဘဲ အစဉ်သဖြင့် ကျိုးနွံနာခံသည့်အပြင် ကျွန်ုပ်သည် ဘုရားသခင် အကြောင်း ယူဆချက်များလည်း လက်သင့်ခံမထားပါ” ဟု အချို့သူများကဆိုကြလိမ့်မည်။ အချို့သူများက “ဘုရားသခင် ကျွန်ုပ်ကို စေခိုင်းသည့် အရာမှန်သမျှကို ကျွန်ုပ်အစွမ်းရှိသမျှလုပ်ဆောင်ပြီး မည်သည့်အခါမျှ တာဝန်မပေါ့လျော့ပါ” ဟု ဆိုလိမ့်မည်။ သို့ဆိုလျှင် သင်တို့ကို ဤသို့ငါမေး၏၊ သင်တို့သည် ခရစ်တော်နှင့်အတူ အသက်ရှင်နေထိုင်သည့်အခါ သူနှင့် သဟဇာတဖြစ်နိုင်မည်လော။ ထို့ပြင် သူနှင့်မည်မျှကြာကြာ သဟဇာတဖြစ်မည်နည်း။ တစ်ရက်လော။ နှစ်ရက်လော။ တစ်နာရီလော။ နှစ်နာရီလော။ သင်တို့၏ ယုံကြည်ခြင်းသည် ချီးမွမ်းထိုက်ဖွယ်ဖြစ်နိုင်သော်လည်း သင်တို့တွင် တည်ကြည်ခိုင်မာမှုသဘော များစွာမရှိပေ။ သင်သည် ခရစ်တော်နှင့် အမှန်တကယ် အသက်ရှင်နေထိုင်သောအခါ သင်၏စကားများနှင့် အပြုအမူများမှတစ်ဆင့် မိမိကိုယ်ကို မှန်ကန်သည်၊ မိမိကိုယ်ကို အရေးပါသည်ဟု ထင်နေခြင်းတို့ တစ်စတစ်စပေါ်လွင်လာမည်ဖြစ်ပြီး သင်၏ ထောင်လွှားသောဆန္ဒများနှင့် သင်၏ နာခံမှုမရှိသော စိတ်ဓာတ်နှင့် ရောင့်ရဲတင်းတိမ်မှုကင်းမဲ့ခြင်းတို့သည်လည်း ပကတိ အတိုင်း ထုတ်ဖော်ပြသခံရလိမ့်မည်။ နောက်ဆုံးတွင် ရေသည်မီးနှင့် သဟဇာတမဖြစ်သည့်နည်းတူ သင်သည် ခရစ်တော်နှင့် သဘောကွဲလွဲသည်အထိ သင်၏မောက်မာခြင်းသည် သာ၍ကြီးမား လာပြီးနောက် သင်၏သဘောသဘာဝသည် လုံးလုံးမြင်သာ လာလိမ့်မည်။ ထိုအချိန်တွင် သင်၏ယူဆချက်များကို ဖုံးကွယ်ထား၍ မရနိုင်တော့ပါ၊ သင်၏မကျေနပ်ချက်များသည်လည်း ပကတိအတိုင်း ထွက်ပေါ်လာပြီး သင်၏ယုတ်ညံ့နိမ့်ကျသော လူ့သဘာဝမှာလည်း လုံးလုံးလျားလျား ထုတ်ဖော်ပြသခံရလိမ့်မည်။ သို့သော် ထိုအခါ၌ပင် သင်သည် သင်ကိုယ်တိုင်၏ပုန်ကန်မှုကို အသိအမှတ်ပြုရန် ဆက်လက်ငြင်းဆိုနေသေး၏။ ထို့အစား ဤကဲ့သို့သော ခရစ်တော်ကို လူသားအနေဖြင့် လက်ခံရန်မလွယ်ကူကြောင်း၊ သူသည် လူသားအပေါ် လွန်စွာမှပင် တောင်းဆိုလွန်းကြောင်း၊ အကယ်၍ သူသည် ပို၍ကြင်နာတတ်သော ခရစ်တော်ဖြစ်ခဲ့လျှင် မိမိသည် အပြည့်အဝ ကျိုးနွံနာခံလိမ့်မည်ဟု သင့်အနေဖြင့် ထင်မြင်ယူဆသည်။ သင်တို့၏ ပုန်ကန်ခြင်းမှာ တရားပြီး သူသည် သင်တို့ကို တရားလွန်အောင် တွန်းအားပေးသည့်အခါမှသာ သူ့ကိုပုန်ကန်တတ်သည်ဟု သင်တို့ ယူဆထားသည်။ သင်သည် ခရစ်တော်ကို ဘုရားသခင်ဟု မမှတ်ယူကြောင်းကိုလည်းကောင်း၊ သင်သည် သူ့ကိုနာခံရန် ရည်ရွယ်ချက်မရှိကြောင်းကိုလည်းကောင်း သင်တို့အနေဖြင့် မည်သည့် အခါကမျှ မထည့်တွက်ခဲ့ကြပေ။ စင်စစ်အားဖြင့် ခရစ်တော်သည် သင့်ကိုယ်ပိုင်သဘောဆန္ဒများအတိုင်း လုပ်ဆောင်ရမည်ဟု သင်ခေါင်းမာစွာ တောင်းဆိုပြီး၊ သူသည် သင့်ကိုယ်ပိုင်စိတ်ကူးနှင့် သဘောကွဲလွဲသည့်အရာတစ်ခုမျှ ပြုလုပ်သည်နှင့်တစ်ပြိုင်နက် သူသည် ဘုရားသခင်မဟုတ်ဘဲ လူသားတစ်ဦးသာဖြစ်သည်ဟု သင်ထင်မြင် ယူဆတော့သည်။ သင်တို့ထဲတွင် ဤနည်းဖြင့် သူနှင့်ဖက်ပြိုင်ခဲ့သူ အများအပြား မရှိပေသလော။ သို့ဖြစ်လျှင် သင်တို့ယုံကြည်သောသူမှာ အဘယ်သူနည်း။ ထို့ပြင် သင်တို့ မည်သည့်နည်းဖြင့် ရှာဖွေသနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၀၅)
သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုကြသည်၊ သို့သော်လည်း သင်တို့အနေဖြင့် မိမိကိုယ်ကို လွန်စွာ အထင်မကြီးကြရန် ငါတိုက်တွန်း၏။ မည်သူမဆို ခရစ်တော်ကို မြင်ကောင်းမြင်နိုင်သော်လည်း မည်သူမျှ ခရစ်တော်ကိုမမြင်ထိုက်ဟု ငါဆိုသည်။ လူသား၏သဘောသဘာဝသည် ဆိုးယုတ်ခြင်း၊ မောက်မာခြင်း၊ ပုန်ကန်လိုခြင်းတို့နှင့် ပြည့်နေသောကြောင့် သင်သည် ခရစ်တော်ကို မြင်သောအခိုက်တွင် သင်၏သဘောသဘာဝသည် သင့်ကို ဖျက်ဆီးပြီး သေခြင်းသို့ စီရင်ချက်ချမှတ်လိမ့်မည်။ ညီအစ်ကို (သို့မဟုတ် ညီအစ်မ) တစ်ဦးနှင့် သင်၏ပေါင်းသင်းဆက်ဆံမှုတွင် သင့်အကြောင်း များစွာပေါ်လွင်မည် မဟုတ်သော်လည်း သင့်အနေဖြင့် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ဤမျှမလွယ်ကူပါ။ မည်သည့်အချိန်တွင်မဆို သင်၏အယူအဆများ အမြစ်စွဲလာနိုင်ပြီး သင်၏မောက်မာမှု အပင်ပေါက်လာကာ သင်၏ပုန်ကန်မှုသည်လည်း သဖန်းသီးကို သီးစေလိမ့်မည်။ ဤကဲ့သို့သော လူ့သဘာဝ ရှိနေသည့်သင်သည် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ ထိုက်တန်နိုင်မည်နည်း။ သင်သည် နေ့တိုင်းအချိန်တိုင်း သူ့ကို အမှန်တကယ်ပင် ဘုရားသခင်အဖြစ် ဆက်ဆံနိုင်မည်လော။ ဘုရားသခင်ကို ကျိုးနွံနာခံမှု၏ စစ်မှန်မှု သင်၌ရှိလိမ့်မည်လော။ သင်တို့သည် မိမိတို့စိတ်နှလုံးများထဲရှိ မြင့်မြတ်သောဘုရားကို ယေဟောဝါအဖြစ် ကိုးကွယ်ကြသော်လည်း မြင်နိုင်သည့်ခရစ်တော်ကိုမူ လူသားတစ်ဦးအဖြစ် မှတ်ယူကြ၏။ သင်တို့၏အသိစိတ်သည် နိမ့်ကျလွန်းပြီး သင်တို့၏ လူ့သဘာဝသည်လည်း ယုတ်ညံ့လွန်း၏။ သင်တို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် အမြဲတစေ မှတ်ယူနိုင်ခြင်းမရှိ၊ ရံဖန်ရံခါ သင်တို့သဘောတွေ့သည့်အခါမှသာလျှင် သူ့ကို ဖမ်းဆွဲဆုပ်ကိုင်၍ ဘုရားသခင်အဖြစ် ကိုးကွယ်ကြ၏။ ဤအကြောင်းကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများမဟုတ်၊ ခရစ်တော်ကို ဆန့်ကျင်တိုက်ခိုက်သည့် ကြံရာပါလူတစ်စုဖြစ်၏ဟု ငါဆို၏။ တစ်ပါးသူများကို ကြင်နာမှုပြသသောသူများပင်လျှင် ကျေးဇူးဆပ် ခံရသည်၊ သို့သော် သင်တို့အကြားတွင် ထိုသို့သောအမှုကို ဆောင်ရွက်ခဲ့သည့် ခရစ်တော်ကမူ လူသား၏ ချစ်ခြင်းကိုလည်းမရ၊ သူ၏ တုံ့ပြန်မှုဆုလာဘ်နှင့် ကျိုးနွံနာခံမှုကိုလည်း မရခဲ့ပေ။ ဤသည်မှာ ကြေကွဲဖွယ်ကောင်းသော အရာတစ်ခုမဟုတ်သလော။
သင့်အနေဖြင့် ဘုရားသခင်ကိုယုံကြည်သည့် နှစ်ကာလများ တစ်လျှောက်တွင် မည်သူ့ကိုမျှ ကျိန်ဆဲခဲ့ဖူးခြင်း၊ သို့မဟုတ် မကောင်းမှုကို ကျူးလွန်ခဲ့ဖူးခြင်း မရှိသော်လည်း ခရစ်တော်နှင့် သင်၏ပေါင်းသင်းဆက်ဆံရာ၌ အမှန်တရားကို မပြောနိုင်၊ ရိုးသားစွာ မပြုမူနိုင်၊ သို့မဟုတ် ခရစ်တော်၏နှုတ်ကပတ်တော်ကို မနာခံနိုင် ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် သင်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနှင့် မလိုမုန်းထားစိတ် အကြီးမားဆုံးသောသူဟု ငါဆိုသည်။ သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။ သင်သည် အခြားသူများနှင့် အဆင်ပြေသောကြောင့် သို့မဟုတ် ကောင်းမှုအနည်းငယ်ပြု သောကြောင့် သင့်အနေဖြင့် ခရစ်တော်နှင့် သဟဇာတဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ်မထင်နှင့်။ သင်၏ဒါနပြုလိုသောရည်ရွယ်ချက်က ကောင်းကင်မှ ကောင်းချီးမင်္ဂလာများကို လိမ်လည်ရယူနိုင်သည်ဟု သင်ထင်သလော။ ကောင်းမှုအနည်းငယ်ပြုလုပ်ခြင်းသည် သင်၏ နာခံမှုကို အစားထိုးသည့်အရာတစ်ခုဟု သင်ထင်သလော။ သင်တို့တစ်ဦးမျှ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်ကြ။ ထို့အပြင် သင်တို့အားလုံးသည် ခရစ်တော်၏ သာမန်လူ့သဘာဝကိုလက်ခံယုံကြည်ရန် အခက်အခဲတွေ့ကြ သော်ငြားလည်း ဘုရားသခင်ကို သင်တို့နာခံကြောင်း အဆက်မပြတ် အသံကောင်းဟစ်နေကြသည်။ သင်တို့၏ ယုံကြည်ခြင်းမျိုးက ထိုက်တန်သော အပြစ်ဒဏ်ခတ်ခံရခြင်းကို ဖြစ်ပွားစေလိမ့်မည်။ စိတ်ကူးယဉ်အယုံမှားများထဲတွင် မွေ့လျော်၍ ခရစ်တော်ကိုမြင်တွေ့ရန် ဆန္ဒရှိနေခြင်းကို ရပ်လော့။ အကြောင်းမှာ သင်တို့၏ ဝိညာဉ်အသက်တာသည် သူ့ကိုမြင်တွေ့ရန် မထိုက်တန်လောက် အောင်ပင် သေးငယ်လွန်းသောကြောင့်ဖြစ်သည်။ သင်သည် သင်၏ ပုန်ကန်မှုကို အလျှင်းနုတ်ပယ်သန့်စင်၍ ခရစ်တော်နှင့် လိုက်လျောညီထွေရှိနိုင်သည့် ထိုအခိုက်အတန့်တွင် ဘုရားသခင်သည် သင့်ရှေ့တွင် အလိုအလျောက် ပေါ်လာလိမ့်မည်။ သင့်အနေဖြင့် ပြုပြင်ခြင်း သို့မဟုတ် စီရင်ခြင်းကို မခံခဲ့ရဘဲ ဘုရားသခင်ကို သွားတွေ့ပါက သင်သည် ဘုရားသခင်၏ရန်ဘက်တစ်ဦး ဧကန်မုချ ဖြစ်လာပြီး ပျက်စီးခြင်းအဖို့ သတ်မှတ်ခံရလိမ့်မည်။ လူသား၏ သဘောသဘာဝသည် ပင်ကိုအားဖြင့် ဘုရားသခင်ကို ရန်လို၏။ အကြောင်းမှာ လူသားများအားလုံးသည် စာတန်၏ အကြီးအကျယ် ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံထားရခြင်းကြောင့်ဖြစ်သည်။ လူသားသည် သူ၏ဖောက်ပြန်ပျက်စီးခြင်းထဲမှနေ၍ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် ကြိုးစားနေသည်ဆိုပါက ဤအရာမှ ကောင်းမွန်သောအရာ ဘာမျှထွက်မလာနိုင်သည်မှာ သေချာသည်။ သူ၏လုပ်ရပ်များနှင့် စကားလုံးများက နေရာတိုင်းအချိန်တိုင်း၌ သူ၏ဖောက်ပြန်ပျက်စီးမှုကို မြင်သာအောင်ပြမည်မှာ အသေအချာ ဖြစ်ပြီး၊ သူသည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ သူ၏ပုန်ကန်မှုမှာ ရှုထောင့်တိုင်းမှ ဖော်ထုတ်ခြင်းခံရလိမ့်မည်။ အမှုမဲ့အမှတ်မဲ့ဖြင့် လူသားသည် ခရစ်တော်ကို ဆန့်ကျင်လာမည်၊ ခရစ်တော်ကို လှည့်ဖြားလာမည်၊ ခရစ်တော်ကို ပစ်ပယ်လာမည်။ ဤအရာဖြစ်လာသည့်အခါ လူသားသည် ပို၍ပင် စိတ်မချရသော အခြေအနေသို့ ရောက်လိမ့်မည်ဖြစ်ပြီး ဤသို့ဆက်ဖြစ်ပါက သူသည် အပြစ်ဒဏ်ပေးခံရသည့်သူ ဖြစ်လာလိမ့်မည်။
ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းသည် အလွန်အန္တရာယ်ရှိ သည်ဆိုပါက ဘုရားသခင်ကို ခပ်တန်းတန်းဆက်ဆံလျှင် ပို၍တော်ကာကျမည်ဟု အချို့က ယူဆနိုင်၏။ ဤကဲ့သို့သောသူများသည် မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သူတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိနိုင်ပါမည်လော။ သေချာသည်မှာ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းသည် အလွန်ခက်ခဲ၏။ သို့သော် ဤသည်မှာ လူသားသည် ဖောက်ပြန်ပျက်စီးနေသောကြောင့်သာဖြစ်ပြီး၊ ဘုရားသခင်သည် လူသားနှင့် ဆက်ဆံနိုင်စွမ်းမရှိသောကြောင့် မဟုတ်ပေ။ မိမိကိုယ်ကိုသိခြင်း၏ သမ္မာတရားကို အမှန်တကယ်သိရန် ပို၍ကြိုးစားအားထုတ်လျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် သူ့အတွက် စက်ဆုပ်ဖွယ်ကောင်းနေသနည်း။ သင်တို့၏ စကားပြောခြင်းသည် အဘယ်ကြောင့် သူ၏ရွံရှာမှုကို နှိုးဆွပေးနေသနည်း။ သင်တို့သည် သစ္စာစောင့်သိမှုအနည်းငယ်ကို ပြသပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြောဆိုကြပြီး၊ အနည်းငယ် ထည့်ဝင်လှူဒါန်းရခြင်းအတွက် ဆုလာဘ်တောင်းဆိုကြသည်၊ သင်တို့သည် နာခံမှု အသင့်အတင့်ပြနိုင်လျှင် သူတစ်ပါးကို အထင်အမြင်သေးပြီး၊ သေးငယ်သောအမှုတစ်ခုခုကို ပြီးမြောက်လျှင် ဘုရားသခင်ကို ပမာမခန့်ပြုလာကြ၏။ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသည့်အတွက် ငွေကြေး၊ လက်ဆောင်များနှင့် ချီးမွမ်းစကားများကို သင်တို့တောင်းဆိုကြ၏။ ငွေတစ်ပြားနှစ်ပြား ပေးလှူသည့်အခါ သင်တို့၏နှလုံးများ နာကျင်၏၊ တစ်ဆယ်ပေးသည့်အခါ ကောင်းချီးမင်္ဂလာများ တောင့်တ၍ ဂုဏ်ထူးအသရေဖြင့် ဆက်ဆံခံလိုကြ၏။ သင်တို့၏ လူ့သဘာဝအကြောင်း ပြောရကြားရသည်မှာ အကယ်ပင် မသတီစရာကောင်း၏။ သင်တို့၏စကားများ၊ အပြုအမူများတွင် ချီးမွမ်းထိုက်သောအရာ ရှိသလော။ မိမိတို့၏တာဝန်ကို ဆောင်ရွက်သူများနှင့် မဆောင်ရွက်သူများ၊ ဦးဆောင်သူများနှင့် နောက်လိုက်သူများ၊ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသူများနှင့် ဧည့်မခံသူများ၊ ပေးကမ်းသူများနှင့် မပေးကမ်းသူများ၊ တရားဟောသူများနှင့် နှုတ်ကပတ်တော်ကို လက်ခံသူများ စသည်ဖြင့် ထိုကဲ့သို့သော လူအားလုံးတို့သည် မိမိကိုယ်ကို ချီးမွမ်းကြ၏။ ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေသလော။ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြောင်း အသေအချာ သိသော်ငြားလည်း သင်တို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့တွင် ကောင်းကျိုး လုံးဝမရှိကြောင်းကို အသေအချာ သိသော်ငြားလည်း သင်တို့သည် မလျှော့တမ်း ဝါကြွားကြ၏။ သင်တို့တွင် မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း မရှိတော့သည်အထိ သင်တို့၏အသိစိတ်သည် ယိုယွင်းလာခဲ့ပြီကို သင်တို့ မခံစားရပေသလော။ ဤကဲ့သို့သော အသိစိတ်မျိုးနှင့် သင်တို့သည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ သင့်တော်မည်နည်း။ ဤအခြေအနေမျိုးတွင် သင်တို့သည် ကိုယ့်ကိုယ်ကိုယ်အတွက် မစိုးရိမ်ကြသလော။ သင်တို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်သည်အထိ သင်တို့၏ စိတ်နေသဘောထားသည် ယိုယွင်းခဲ့ပြီ။ ဤသို့ဖြစ်သဖြင့် သင်တို့၏ ယုံကြည်ခြင်းသည် ရယ်ဖွယ်မကောင်းပေသလော။ သင်တို့၏ ယုံကြည်ခြင်းသည် ယုတ္တိကင်းမဲ့မနေသလော။ သင်၏အနာဂတ်ကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ အဘယ်လမ်းကြောင်းအား သွားရမည်ဆိုသည်ကို သင်မည်သို့ ရွေးချယ်တော့မည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၀၆)
ငါသည် နှုတ်ကပတ်တော်များစွာကို ဖော်ပြခဲ့ပြီးဖြစ်၍ ငါ၏အလိုဆန္ဒနှင့် စိတ်သဘောထားတို့ကိုလည်း ဖော်ပြခဲ့ပြီး ဖြစ်၏။ သို့သော်ငြားလည်း လူတို့သည် ငါ့ကို သိနိုင်စွမ်းနှင့် ငါ့ကို ယုံကြည်နိုင်စွမ်း မရှိကြသေးပေ။ သို့မဟုတ် ၎င်းတို့သည် ငါ့ကို နာခံနိုင်စွမ်း မရှိကြသေးပေဟု ဆိုနိုင်သည်။ သမ္မာကျမ်းစာထဲ နေထိုင်သူများ၊ ပညတ်တရားကြား နေထိုင်သူများ၊ လက်ဝါးကပ်တိုင် ပေါ်တွင် နေသူများ၊ အယူဝါဒနှင့်အညီ နေထိုင်သူများ၊ ယနေ့ ငါပြုသည့်အမှုအကြား နေသူများ— ၎င်းတို့အနက် မည်သူသည် ငါနှင့် သဟဇာတဖြစ်သနည်း။ သင်တို့သည် ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များ ခံစားရန်သာ စဉ်းစား၍ ငါနှင့် မည်သို့ သဟဇာတဖြစ်နိုင်မည် သို့မဟုတ် ငါနှင့် မသင့်မြတ်မှုမှ သင်တို့ကိုယ်သင်တို့ မည်သို့ တားဆီးရမည်ကို တစ်စိုးတစ်စဉ်းမျှပင် တစ်ခါမျှ မစဉ်းစားခဲ့ကြဖူးပေ။ ငါသည် သင်တို့အပေါ် လွန်စွာစိတ်ပျက်၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သင်တို့ကို များစွာပေးခဲ့ပြီးဖြစ်သော်လည်း ငါသည် သင်တို့ထံမှ ရရှိခဲ့သည်မှာ နည်းပါးလွန်းလှ၏။ သင်တို့၏ လှည့်ဖြားမှု၊ သင်တို့၏ဝင့်ဝါမှု၊ သင်တို့၏လောဘ၊ သင်တို့၏ လွန်ကဲသောအလိုဆန္ဒများ၊ သင်တို့၏ သစ္စာဖောက်မှု၊ သင်တို့၏ မနာခံမှု— ၎င်းတို့အနက် မည်သည့် အရာသည် ငါ၏သတိပြုမှုမှ လွတ်မြောက်နိုင်မည်နည်း။ သင်တို့သည် ငါ့အား ဆင်ဝှေ့ရန်ရှောင်လုပ်၏၊ ငါ့အား လှည့်စား၏၊ ငါ့အား စော်ကား၏၊ ငါ့အား နားပူနားဆာလုပ်၏၊ ငါ့အား အတင်းအကျပ် တောင်းဆို၏၊ ယဇ်ကောင်များအတွက် ငါ့ကိုခြိမ်းခြောက်သည်— ထိုကဲ့သို့သော မကောင်းမှုသည် ငါ၏အပြစ်ဒဏ်မှ မည်သို့ ရှောင်တိမ်း နိုင်မည်နည်း။ သင်တို့၏ မကောင်းမှုပြုခြင်းသည် သင်တို့ငါနှင့် မသင့်မြတ်ခြင်း၏ အထောက်အထားဖြစ်၏။ ထို့အပြင် သင်တို့သည် ငါနှင့် သဟဇာတမဖြစ်ကြောင်း အထောက်အထားဖြစ်၏။ သင်တို့ တစ်ဦးစီသည် သင်တို့ကိုယ်သင်တို့ ငါနှင့် အလွန် သဟဇာတ ဖြစ်သည်ဟု ယူဆကြ၏။ သို့သော် ထိုသို့ဖြစ်ပါက ငြင်းဆိုနိုင်ခြင်း မရှိသော ဤအထောက်အထားသည် မည်သူနှင့် သက်ဆိုင်သနည်း။ သင်တို့ကိုယ်သင်တို့ ငါ့အပေါ် အဆုံးစွန်သော ရိုးသားမှုနှင့် သစ္စာရှိမှုတို့ ပိုင်ဆိုင်သည်ဟု ယူဆကြ၏။ သင်တို့သည် ကြင်နာလွန်း၍ ကရုဏာတရားကြီးမားလွန်းကာ ငါ့အပေါ် လွန်စွာ ဆက်ကပ်ခဲ့ပြီးပြီဟု ထင်ကြ၏။ သင်တို့သည် ငါ့အတွက် လုံလောက်စွာ ဆောင်ရွက် ပေးခဲ့ပြီးပြီဟု ထင်ကြ၏။ သို့သော် ဤအယူအဆများကို သင်တို့ကိုယ်တိုင်၏ အပြုအမူများနှင့် နှိုင်းယှဉ်ခဲ့ဖူးသလော။ သင်တို့သည် လွန်စွာဝင့်ဝါသည်၊ လွန်စွာ လောဘကြီးသည်၊ ဝတ်ကျေတမ်းကျေသာ လွန်စွာပြုသည်ဟု ငါဆို၏။ သင်တို့ငါ့အားလှည့်စားသည့် လှည့်ကွက်များသည် လွန်စွာကောင်း၍ သင်တို့တွင် လွန်စွာစက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်များနှင့် စက်ဆုပ်ဖွယ်ကောင်းသော နည်းနာများ ရှိကြ၏။ သင်တို့၏ သစ္စာရှိမှုသည် လွန်စွာနည်းပါး၏။ သင်တို့၏ စိတ်ထက်သန်မှုသည် လွန်စွာသေးနုပ်၍ သင်တို့၏ အသိတရားသည် သာ၍ပင် ကင်းမဲ့နေ၏။ သင်တို့၏နှလုံးသားများတွင် မလိုမုန်းထားမှုများ များလွန်း၍ သင်၏ မလိုမုန်းထားစိတ်မှ မည်သူမျှ မကင်းလွတ်၊ ငါသည်ပင် မကင်းလွတ်ပေ။ သင်တို့၏သားသမီးများအတွက်၊ သို့မဟုတ် သင်တို့၏ ခင်ပွန်းအတွက် သို့မဟုတ် သင်တို့ကိုယ်တိုင်၏ ရှင်သန်မှုအတွက် ကြိုးပမ်းရန် သင်တို့သည် ငါ့ကို ပယ်ထား၏။ ငါ့အပေါ်ဂရုစိုက်မည့်အစား သင်တို့သည် သင်တို့၏မိသားစု၊ သင်တို့၏သားသမီးများ၊ သင်တို့၏ဂုဏ်ဒြပ်၊ သင်တို့၏အနာဂတ်နှင့် သင်တို့ကိုယ်တိုင်၏ အားရကျေနပ်မှုအတွက် သင်တို့ဂရုစိုက်ကြ၏။ သင်တို့ပြောဆို လုပ်ကိုင်ခဲ့စဉ် မည်သည့်အချိန်၌ သင်တို့သည် ငါ့ကို မည်သည့်အခါက စဉ်းစားမိခဲ့ဖူးသနည်း။ ရာသီဥတုအေးသည့်အခါ သင်တို့၏အတွေးများသည် သင်တို့၏သားသမီးများ၊ သင်တို့၏ ခင်ပွန်း၊ သင်တို့၏ဇနီး၊ သို့မဟုတ် သင်တို့၏ မိဘများထံသို့ လှည့်သွားကြ၏။ ရာသီဥတုပူသည့်အခါတွင်လည်း ငါသည် သင်တို့၏ အတွေးများတွင် နေရာယူခြင်း မရှိပေ။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ သင်ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ သင်ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေး၊ သင်၏မိသားစုဝင်များကို စဉ်းစားနေ၏။ သင်သည် ငါ့အတွက် မည်သည့်အခါကများ ဆောင်ရွက် ခဲ့ဖူးသနည်း။ သင်သည် ငါ့ကို မည်သည့်အခါကများ စဉ်းစား ခဲ့ဖူးသနည်း။ မည်သို့ပင်အနစ်နာခံရသည်ဖြစ်စေ ငါနှင့် ငါ၏အမှု အတွက် သင့်ကိုယ်သင် မည်သည့်အခါက ဆက်ကပ်ခဲ့ဖူးသနည်း။ ငါနှင့်သင် သဟဇာတဖြစ်မှုအထောက်အထား မည်သည့်နေရာတွင် ရှိသနည်း။ ငါ့အပေါ် သင်၏သစ္စာရှိမှု၏ အမှန်တရားသည် မည်သည့် နေရာတွင် ရှိသနည်း။ ငါ့အပေါ် သင်၏နာခံမှု၏ အမှန်တရားသည် မည်သည့်နေရာတွင်ရှိသနည်း။ သင်၏ရည်ရွယ်ချက်များသည် ငါ၏ ကောင်းချီးမင်္ဂလာများ ခံစားရရေးအတွက် မဟုတ်သည့်အချိန် မည်သည့်အခါက ရှိခဲ့ဖူးသနည်း။ သင်တို့သည် ငါ့ကိုလှည့်စား၍ လှည့်ဖြား၏။ သင်တို့သည် သမ္မာတရားနှင့်ကစားကာ၊ သမ္မာတရား ရှိကြောင်း ကွယ်ဝှက်ထားကြလျက် သမ္မာတရား၏ အနှစ်သာရကို သစ္စာဖောက်ကြ၏။ သင်တို့ကိုယ်သင်တို့ ငါနှင့် မသင့်မြတ်စေကြ လွန်းသဖြင့် အနာဂတ်တွင် သင်တို့ကို မည်သည့်အရာက စောင့်နေသနည်း။ သင်တို့သည် မရေရာသော ဘုရားသခင်တစ်ပါးနှင့် သဟဇာတဖြစ်ရေးကိုသာ ကြိုးစားကြ၍ မရေရာသော ယုံကြည်ခြင်းကိုသာ ရှာဖွေကြ၏။ သို့ရာတွင် သင်တို့သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပေ။ သင်တို့၏ မကောင်းမှုသည် ဆိုးယုတ်သူတို့ခံစားထိုက်သည့် ဒဏ်ခတ်ခြင်းကို မရရှိထိုက်ပေ ဘူးလော။ ထိုအချိန်တွင် ခရစ်တော်နှင့် သဟဇာတ မဖြစ်သူ မည်သူမျှ အမျက်ဒေါသထွက်ရာနေ့မှ မလွတ်မြောက်နိုင်ကြောင်းကို သင်တို့ သိကြလိမ့်မည် ဖြစ်၍ ခရစ်တော်နှင့် မသင့်မြတ်သူများအပေါ် မည်ကဲ့သို့သော ဒဏ်ခတ်ခြင်းမျိုး ကျရောက်မည်ကိုလည်း သင်တို့ တွေ့ရှိကြလိမ့်မည်။ ထိုနေ့ကျရောက်သောအခါ ဘုရားသခင်အပေါ် သင်တို့၏ယုံကြည်ခြင်းအတွက် ကောင်းချီးမင်္ဂလာခံစားရကြောင်းနှင့် ကောင်းကင်ဘုံသို့ ဝင်ရောက်ခြင်းအကြောင်း သင်တို့၏ အိပ်မက်တို့သည် ပြိုကွဲကြရလိမ့်မည်။ သို့ရာတွင် ခရစ်တော်နှင့် သဟဇာတ ဖြစ်သောသူတို့အတွက်မူကား ဤသို့မဟုတ်ပေ။ ထိုသူတို့သည် များစွာဆုံးရှုံးခဲ့ကြသော်လည်း၊ အခက်အခဲများစွာ ခံစားခဲ့ကြရသော်လည်း၊ လူသားမျိုးနွယ်အပေါ် ငါထားရစ်ခဲ့မည့် အမွေအားလုံးကို ရကြလိမ့်မည်။ အဆုံးတွင် ငါသည်သာလျှင် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်းနှင့် ငါသည်သာလျှင် လူသားမျိုးနွယ်အား သူ၏ လှပသော ပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်စွမ်း ရှိကြောင်း သင်တို့ နားလည်ကြလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၀၇)
ဘုရားသခင်သည် လူသားများထံ များစွာ အပ်နှံပြီးဖြစ်ကာ မရေမတွက်နိုင်သော နည်းလမ်းများဖြင့် ၎င်းတို့၏ ဝင်ရောက်မှုကိုလည်း မိန့်ကြားပြီးဖြစ်သည်။ သို့သော် လူတို့၏ အရည်အချင်းမှာ အတော် ညံ့ဖျင်းသောကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာသည် အမြစ်မတွယ်နိုင်ခဲ့ပေ။ လူသားအတွေးနှင့် ကိုယ်ကျင့်တရားတို့ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကောင်းမွန်စွာ ပြုစုပျိုးထောင်မှု မရှိခြင်း၊ လူသား၏နှလုံးသားကို အလေးအနက် ထိန်းချုပ်ထားသော ရှေးရိုးစွဲ အယူသီးမှုများ၊ လူ့စိတ်နှလုံး၏ အနက်ရှိုင်းဆုံးသော နေရာများတွင် ဒုက္ခပြဿနာများကို သိုထားသည့် အကျင့်ပျက်ပြားပြီး ယိုယွင်းသော အသက်ရှင်နေထိုင်မှု ပုံစံများ၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာကို အပေါ်ယံ သဘောပေါက်ခြင်း၊ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းနီးပါးရှိသော လူများက ယဉ်ကျေးမှုဆိုင်ရာ အသိပညာချို့တဲ့ခြင်း၊ ထို့အပြင် ပိုမိုမြင့်မားသော အဆင့်များရှိသည့် ယဉ်ကျေးမှုဆိုင်ရာ ပညာကို ရရှိသောသူများ အလွန် နည်းပါးနေခြင်းကဲ့သို့သော ဤညံ့ဖျင်းသော အရည်အချင်းအတွက် အမျိုးမျိုးသော အကြောင်းရင်းများ ရှိပေသည်။ ထို့ကြောင့်၊ လူတို့သည် အခြေခံအားဖြင့် ဘုရားသခင် သို့မဟုတ် ဝိညာဉ်တော်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို မသိကြဘဲ၊ ရှေးရိုးစွဲ အယူသီးမှုများမှ ရရှိသည့် ဘုရားသခင်နှင့်ဆိုင်သော မရေရာသကဲ့သို့ မရှင်းလင်းသော အမြင်တစ်ခုသာ ရှိကြလေသည်။ နှစ်ထောင်ပေါင်းများစွာ ရှိခဲ့သည့် “မြင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်” က လူသား၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ချန်ခဲ့သည့် မသိမသာနှင့် ဖျက်လိုဖျက်ဆီး လုပ်သည့်သဘောရှိသော လွှမ်းမိုးမှုများအပြင်၊ လွတ်လပ်မှု တစ်စက်မျှမရှိဘဲ၊ ဆန္ဒပြင်းပြဖို့ သို့မဟုတ် မဆုတ်မနစ် လုံ့လထုတ်ဖို့ လိုအင်ဆန္ဒမရှိဘဲနှင့်၊ တိုးတက်စေဖို့ ဆန္ဒမရှိဘဲ၊ ယင်းအစား မတုန်မလှုပ်နှင့် ခေတ်နောက်ပြန် ဆွဲမြဲဆွဲနေရင်း၊ ကျေးကျွန်စိတ်နေသဘောထားတွင် ခိုင်မာစွာ အမြစ်တွယ်လျက်၊ လူတို့ ပိတ်မိပြီး ချည်နှောင်ခံရသည့် ရှေးရိုးစွဲ အတွေးအခေါ် စသဖြင့်- ဤဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများသည် လူသားမျိုးနွယ်၏ သဘောတရားဆိုင်ရာ အမြင်၊ စံများ၊ ကိုယ်ကျင့်တရားနှင့် စိတ်သဘောထားတို့ထံ ဖျက်မရသည့် ညစ်ညူးပြီး အကျည်းတန်သော အသွင်ကို ပေးပြီးဖြစ်သည်။ လူသားများသည် ၎င်းတို့ထဲမှ မည်သူမျှ ကျော်လွန်ဖို့ မကြိုးစားကြသည့် အကြမ်းဖက်မှု အမှောင်ကမ္ဘာ၌ အသက်ရှင်နေကြသည်ဟု ထင်ရပြီး အကောင်းဆုံး လောကတစ်ခုသို့ ပြောင်းရွှေ့ခြင်းငှာ ၎င်းတို့ထဲမှ မည်သူမျှ မစဉ်းစားကြချေ။ ယင်းထက်၊ ၎င်းတို့သည် အသက်တာထဲတွင် မိမိတို့၏ နေ့ရက်များကို သားသမီးများမွေးကာ ပြုစုပျိုးထောင်ရင်း၊ ကြိုးပမ်းရင်း၊ ချွေးပြန်ရင်း၊ အိမ်မှုဝေယျာဝစ္စများကို လုပ်ဆောင်ရင်း၊ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုတစ်ခု၊ အိမ်ထောင်ရေး ချစ်ခင်မှု၊ သားသမီးဝတ်ကျေပွန်သော သားသမီးများကို စိတ်ကူးယဉ်အိပ်မက်မက်ရင်း၊ မိမိတို့၏ ဘဝများကို အေးချမ်းစွာ အသက်ရှင်နေထိုင်ကြသည်နှင့်အမျှ ဘဝ၏ နေဝင်ချိန် နှစ်များတွင် ပျော်ရွှင်မှုတို့ကို စိတ်ကူးယဉ်အိပ်မက်မက်ရင်းဖြင့် မိမိတို့၏ ဘဝကံကြမ္မာကို ရောင့်ရဲတင်းတိမ်နေကြလေသည်...ထောင်သောင်းချီသည့် နှစ်ကာလများစွာကြာ ယခုထိတိုင်၊ လူတို့သည် စုံလင်သော အသက်တာတစ်ခုကို ဖန်တီးခြင်းမရှိဘဲနှင့်၊ ၎င်းတို့၏ အချိန်ကို ဤနည်းဖြင့် အချည်းနှီး ကုန်လွန်နေခဲ့ကြသည်၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းများအတွက် ပြိုင်ဆိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်ကြခြင်းဖြင့် အားလုံးသည် ဤအမှောင်ကမ္ဘာလောက၌ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ဖို့သာ စိတ်ပိုင်းဖြတ်ထားကြလေသည်။ မည်သူသည် ဘုရားသခင်၏အလိုကို ရှာဖွေဖူးသနည်း။ ဘုရားသခင်၏အမှုကို တစ်ဦးတစ်လေက အရေးစိုက်ဖူး သလော။ အမှောင်စွမ်းအား၏ နေရာယူခြင်းခံထားရသော လူသားမျိုးနွယ်၏ အစိတ်အပိုင်းအားလုံးသည် အချိန်ကြာမြင့်စွာကတည်းက လူ့သဘာဝဗီဇ ဖြစ်လာပြီးဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်၏ အမှုကို ဆောင်ရွက်ရန် အတော်အတန် ခက်ခဲပြီး၊ ယနေ့တွင် ၎င်းတို့ကို ဘုရားသခင်က အပ်နှံပြီးဖြစ်သည့်အရာကို လူတို့သည် သာ၍ပင် အာရုံစိုက်ချင်စိတ်မရှိကြချေ။ မည်သို့ပင်ဖြစ်စေ၊ ငါပြောနေသည့် အရာသည် နှစ်ထောင်ပေါင်းများစွာ၏ သမိုင်းဖြစ်သည့်အတွက် ဤနှုတ်ကပတ်တော်များအား မိန့်မြွက်နေသည့် ငါ့ကို လူတို့ ဂရုစိုက်ကြမည်မဟုတ်ဟု ငါယုံကြည်သည်။ သမိုင်းနှင့်ပတ်သက်၍ ပြောဆိုခြင်းသည် အမှန်တရားများအပြင်၊ အားလုံးအဖို့ သိသာထင်ရှားသော မကောင်းသတင်းများကို ဆိုလိုသည်၊ သို့ဖြစ်၍ အမှန်တရားနှင့် ဆန့်ကျင်သော အရာကို ပြောဆိုခြင်းသည် မည်သည့် အကျိုးရှိပါသနည်း။ သို့သော် ဆင်ခြင်တုံတရားရှိသောသူများသည် ဤနှုတ်ကပတ်တော်များကို မြင်တွေ့သောအခါ၊ နိုးထကြလိမ့်မည်ဖြစ်ပြီး တိုးတက်မှုအတွက် ကြိုးပမ်းကြလိမ့်မည်ဟုလည်း ငါယုံကြည်သည်။ လူသားများသည် ငြိမ်သက်ခြင်းနှင့် ရောင့်ရဲမှုဖြင့် အသက်ရှင်ကာ အလုပ်လုပ်နိုင်နေစဉ် တစ်ချိန်တည်းတွင် ဘုရားသခင်ကို ချစ်နိုင်ကြလိမ့်မည်ဟု ဘုရားသခင် မျှော်လင့်သည်။ လူသားမျိုးနွယ်အားလုံး ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ဖို့မှာ ဘုရားသခင်၏ အလိုဖြစ်သည်။ ဤအရာထက်၊ နယ်မြေတစ်ခုလုံးကို ဘုရားသခင်၏ ဘုန်းအသရေနှင့် ပြည့်စေခြင်းသည် ဘုရားသခင်၏ ကြီးမားသည့် ဆန္ဒဖြစ်သည်။ လူသားတို့သည် သတိလွတ်ခြင်းတွင် နစ်မြုပ်နေပြီး မနိုးထဘဲနေကြသည်မှာ ဝမ်းနည်းစရာ တစ်ခုသာ ဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ အလွန်ဆိုးရွားစွာ ဖျက်ဆီးခြင်းခံကြရသည်မှာ ယနေ့တွင် လူသားများ၏ အသွင်သဏ္ဌာန် မရှိကြတော့ပေ။ ထို့ကြောင့် လူသားအတွေး၊ ကိုယ်ကျင့်တရားနှင့် ပညာရေးတို့သည် အရေးကြီးသည့် ကွင်းဆက်တစ်ခုကို ဖြစ်ပေါ်စေပြီး၊ လူသားများ၏ ယဉ်ကျေးမှုပညာတွင် လေ့ကျင့်ခြင်းသည် ဒုတိယကွင်းဆက်ကို ဖြစ်ပေါ်စေသောကြောင့်၊ လူသားများ၏ ယဉ်ကျေးမှုဆိုင်ရာ အရည်အချင်းကို မြှင့်တင်ပြီး ၎င်းတို့၏ ဝိညာဉ်ရေးရာအမြင်ကို ပြောင်းလဲခြင်းမှာ သာ၍ ကောင်းပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၀၈)
လူသား၏ ဝင်ရောက်မှုဖြစ်စဉ်အတွင်းတွင်၊ အသက်တာသည် အမြဲ ပျင်းစရာကောင်းသည်၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သို့မဟုတ် စုဝေးပွဲများကို ဖွဲ့စည်းခြင်းကဲ့သို့သော ဝိညာဉ်ရေးရာ အသက်တာ၏ ငြီးငွေ့ဖွယ်ကောင်းသော အရိပ်လက္ခဏာများ အပြည့် ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်ကြီးမားသော မွေ့လျော်မှုမျှမရှိဟု လူတို့ အမြဲ ခံစားရကြသည်။ ထိုသို့သော ဝိညာဉ်ရေးရာ လုပ်ဆောင်ချက်များကို စာတန်၏ ဖျက်ဆီးခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်၏ မူလ စိတ်သဘောထားနှင့်အညီ အမြဲဆောင်ရွက်ပေသည်။ လူတို့သည် တစ်ခါတစ်ရံ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိနိုင်ကြသော်လည်း၊ ၎င်းတို့၏ မူလအတွေးအခေါ်၊ စိတ်သဘောထား၊ ဘဝနေထိုင်မှုပုံစံများနှင့် အမူအကျင့်တို့သည် အတွင်း၌ အမြစ်တွယ်ဆဲဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ သဘာဝသည် မပြောင်းမလဲရှိနေသည်။ လူတို့ ပါဝင်ပတ်သက်ကြသည့် အယူသီးသော လုပ်ဆောင်မှုများသည် ဘုရားသခင် အမုန်းဆုံးသော အရာများဖြစ်သော်လည်း၊ ဤအယူသီးသော လုပ်ဆောင်မှုများကို ဘုရားသခင် ချမှတ်ထားသည့်အရာများအဖြစ် တွေးထင်ရင်း၊ လူများစွာတို့သည် ထိုအရာများကို လက်မလွှတ်နိုင်ကြသေးသကဲ့သို့၊ ယနေ့တွင်ပင် ထိုအရာများကို လုံးဝ ခါမချနိုင်ကြသေးပေ။ ထိမ်းမြားမင်္ဂလာ စားသောက်ပွဲများနှင့် သတို့သမီး ဝတ်စုံတန်ဆာများအတွက် လူငယ်များ ပြုလုပ်သည့် အစီအစဉ်များကဲ့သို့သော အရာများ၊ ငွေကြေး လက်ဆောင်များ၊ ဂုဏ်ပြုထမင်းစားပွဲများနှင့် ပျော်ရွှင်ဖွယ် အခါသမယများကို ကျင်းပသည့် အလားတူ နည်းလမ်းများ၊ လက်ဆင့်ကမ်း လာကြပြီးဖြစ်သည့် ရှေးခေတ် လုပ်နည်းစနစ်များ၊ လူသေများနှင့် ၎င်းတို့၏ ဈာပနအခမ်းအနားအတွက် ဦးစီးဦးရွက်ပြုသည့် အဓိပ္ပာယ်မရှိသော အယူသီးသည့် လုပ်ဆောင်ချက်များ အားလုံး- ဤအရာများသည် ဘုရားသခင်အတွက် သာ၍ စက်ဆုပ်ဖွယ် ဖြစ်ပေသည်။ ဝတ်ပြုရာနေ့ပင်လျှင် (ဘာသာရေးလောကက စောင့်ထိန်းသည်နှင့်အညီ၊ ဥပုသ်နေ့အပါအဝင်) သူ့အဖို့ စက်ဆုပ်ဖွယ် ဖြစ်ကာ၊ လူမှုဆက်ဆံရေးများနှင့် ယောက်ျားအချင်းချင်းကြား လောကီဆန်သည့် အပြန်အလှန် ပေါင်းသင်းဆက်ဆံရေးများသည် ဘုရားသခင် သာ၍ပင် စက်ဆုပ်ရွံရှာကာ ငြင်းပယ်သော အရာများ ဖြစ်သည်။ အဆုံးကာရန်တူ လုံးရေညီ နှစ်ကြောင်းကဗျာများ၊ ဗြောက်အိုးများ၊ မီးပုံးများ၊ သန့်ရှင်းသော ပွဲတော်မင်္ဂလာ၊ ခရစ္စမတ် လက်ဆောင်များနှင့် ခရစ်စမတ်ပွဲများကဲ့သို့သော ပျော်ပွဲသဘင် အခါသမယများအတွက် ကစားစရာအရုပ်များ၊ တန်ဆာဆင်မှုများကို မဆိုထားနှင့်၊ လူတိုင်းသိကြသည့် နွေဦးပွဲတော်နှင့် ခရစ်စမတ်နေ့တို့ကိုပင်လျှင် ဘုရားသခင် အမိန့်ပေးထားသည် မဟုတ်ပေ- ၎င်းတို့သည် လူတို့၏ စိတ်ထဲ၌ရှိသော ရုပ်တုဆင်းတုများ ဖြစ်သည်မဟုတ်လော။ ဥပုသ်နေ့၌ မုန့်ကို ချိုးဖဲ့ခြင်း၊ စပျစ်ရည်နှင့် စားပွဲခင်းအထည်အကောင်းစားတို့သည် သာ၍ပင် လူတို့အတွက် ရုပ်တုဆင်းတုများ ဖြစ်သည်မှာ သေချာပေသည်။ နဂါးခေါင်းမြှင့်တင်သည့်နေ့၊ နဂါးလှေပွဲတော်၊ ဆောင်းဦးလယ်ပွဲတော်၊ လားဘာပွဲတော်နှင့် နှစ်သစ်ကူးနေ့ ကဲ့သို့သော တရုတ်နိုင်ငံ၌ လူသိများသည့် ရိုးရာပွဲတော်များအားလုံးနှင့် အီစတာပွဲတော်၊ ဗတ္တိဇံနေ့နှင့် ခရစ္စမတ်နေ့ ကဲ့သို့သော ဘာသာရေးလောကထဲက ပွဲတော်များ၊ ဤမလျော်ကန်သော ပွဲတော်များအားလုံးကို ရှေးကတည်းက ယနေ့ထိတိုင် လူများစွာက စီစဉ်ထားကြပြီး လက်ဆင့်ကမ်းလာခဲ့ကြပေသည်။ ထိုပွဲတော်များကို ယနေ့ထိ လက်ဆင့်ကမ်းခွင့်ပေးခဲ့သည်မှာ လူသားမျိုးနွယ်၏ ကြွယ်ဝသော စိတ်ကူးစိတ်သန်းနှင့် ထွင်တတ်သော စိတ်ကူးဖြစ်သည်။ ၎င်းတို့သည် အပြစ်အနာအဆာ ကင်းပုံပေါ်သော်လည်း၊ အမှန်တွင် လူသားမျိုးနွယ်အပေါ် စာတန်လုပ်ဆောင်သော လှည့်စားမှုများဖြစ်သည်။ နေရာတစ်နေရာသည် စာတန်များဖြင့် စုပြုံလေလေ၊ ထိုနေရာသည် ခေတ်နောက်ကျပြီး ခေတ်နောက်ပြန်ဆွဲလေလေ၊ ယင်း၏ ရှေးရိုးစွဲ ဓလေ့ထုံးစံများသည် နက်ရှိုင်းစွာ အမြစ်တွယ်လေလေဖြစ်သည်။ ဤအရာများသည် လူတို့ကို လုံးဝ လှုပ်ရှားခွင့် မပေးဘဲ၊ တင်းကျပ်စွာ ချည်နှောင်လေသည်။ ဘာသာရေးလောကထဲက ပွဲတော် အများအပြားသည် ကြီးမြတ်သည့် တီထွင်နိုင်မှုကို ပြသပုံပေါ်ပြီး၊ ဘုရားသခင်၏ အမှုသို့ ပေါင်းကူးတံတားတစ်ခု ဖန်တီးပေးသည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်တွင် ၎င်းတို့သည် လူတို့ကို စာတန် ချည်နှောင်ပြီး ဘုရားသခင်ကို သိရှိလာခြင်းမှ လူတို့ကို တားဆီးသည့် မမြင်ရသော ကြိုးများ ဖြစ်သည်- ၎င်းတို့ အားလုံးသည် စာတန်၏ ကလိမ်ကကျစ် ပရိယာယ်များ ဖြစ်သည်။ အမှန်တွင်၊ ဘုရားသခင်၏ အမှုအဆင့်တစ်ခု ပြီးသောအချိန်၌ ဘုရားသခင်သည် ထိုကာလက လက်နက်များနှင့် ပုံစံကို မည်သည့်သဲလွန်စမျှ မချန်ဘဲ ဖျက်ဆီးလိုက်ပြီးဖြစ်သည်။ သို့သော်လည်း “ဘုရားတရား ရိုသေကိုင်းရှိုင်းသော ယုံကြည်သူများ” သည် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရုပ်ဝတ္ထု ပစ္စည်းများကို ဆက်လက် ကိုးကွယ်ကြလေသည်။ ထိုအချိန်အတောအတွင်း၌ အမှန်တကယ်တွင် ဘုရားသခင်ကို အိမ်အပြင်သို့ တွန်းထုတ်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး စာတန်ကို ဝတ်ပြုစားပွဲထက် ထားရှိခဲ့သည်မှာ ကြာပြီဖြစ်သည့်အချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝပုံပေါ်လျက်၊ ဘုရားသခင်၏ ရှိခြင်းကို ဆက်လက်လေ့လာခြင်းမရှိဘဲ၊ စိတ်တွင် ချောင်ထိုးထားလိုက်ကြလေသည်။ ယေရှု၏ ရုပ်ပုံများ၊ လက်ဝါးကပ်တိုင်၊ မာရိ၊ ယေရှု၏ ဗတ္တိဇံနှင့် နောက်ဆုံး ညစာစားပွဲ- ဤအရာများကို ကောင်းကင်ဘုံရှင်အဖြစ် အမွန်အမြတ်ထားကြစဉ် တစ်လျှောက်လုံးတွင် “သခင်၊ ကောင်းကင်ဘုံရှင် အဖ” ဟု ထပ်သလဲလဲ အော်ခေါ်ကြသည်။ ဤအရာအားလုံးသည် ရယ်ဖွယ်ရာဖြစ်သည် မဟုတ်လော။ ဤနေ့ထိ၊ လူသားမျိုးနွယ်ကြား လက်ဆင့်ကမ်း လာခဲ့ကြသည့် ဆင်တူသော ဆိုရိုးစကားများနှင့် ဓလေ့ထုံးစံများစွာသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာ ဖြစ်လေသည်။ ထိုအရာများသည် ဘုရားသခင်အတွက် ရှေ့ဆက်လမ်းကို ဆိုးရွားစွာ ပိတ်ဆို့သည့်အပြင်၊ လူသားမျိုးနွယ်၏ ဝင်ရောက်မှုအဖို့ ကြီးမားသော အနှောင့်အယှက်များ ဖန်တီးလေသည်။ စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးသည့်အတိုင်းအတာကို မေ့ထားလိုက်ပါက၊ လူတို့၏ အတွင်းပိုင်းများသည် သက်သေခံလီ၏ ဥပဒေသကဲ့သို့သော အရာများ၊ လောရင့်စ်၏ အတွေ့အကြုံများ၊ စောင့်ကြည့်သူနီ၏ ဆန်းစစ်လေ့လာချက်များနှင့် ပေါလု၏ လက်ရာများဖြင့် လုံးဝပြည့်နေပေသည်။ ၎င်းတို့အတွင်းတွင် တစ်ကိုယ်တော်ဝါဒ၊ ဥပဒေသများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ စနစ်များနှင့် အလားတူမျိုးများ အလွန်များလှသောကြောင့်၊ ဘုရားသခင်သည် လူသားများအပေါ် အမှုပြုဖို့ နည်းလမ်း တကယ်ကို မရှိပေ။ လူတို့၏ ရှေးရိုးစွဲ အယူသီးမှု လားရာများအပြင် ဤအရာများသည် လူသားမျိုးနွယ်ကို ဖမ်းဆီးကာ ဝါးမျိုထားပြီး ဖြစ်သည်။ ယင်းမှာ လူတို့၏ အတွေးများသည် တိမ်များစီးနေသည့် ထူးထူးဆန်းဆန်း သတ္တဝါများပါသည့် အရောင်အသွေး အစုံအလင်ဖြင့် ဒဏ္ဍာရီနတ်သမီးပုံပြင် တစ်ပုဒ်ကို ဖြစ်ကြောင်းကုန်စင်ဖော်ပြနေသော စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ခုအလား အလွန် စိတ်ကူးဉာဏ်ရှိသည်မှာ ၎င်းတို့သည် လူများကို မှင်တက်ကာ အာစေးမိစေရစ်လျက် အံ့အားသင့်စေလေသည်။ အမှန်ကို ပြောရမည်ဆိုလျှင်၊ ယနေ့ ဘုရားသခင် လုပ်ဆောင်ရန် လာသည့် အမှုသည် အဓိကအားဖြင့် လူသားများ၏ အယူသီးသည့် ပင်ကိုအရည်အချင်းများကို ကိုယ်တွယ်ဖြေရှင်းကာ ပပျောက်စေပြီး ၎င်းတို့၏ စိတ်သဘောထားအမြင်ကို လုံးလုံးလျားလျား ပြောင်းလဲစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မျိုးဆက်များမှတစ်ဆင့် လူသားမျိုးနွယ်က လက်ဆင့်ကမ်းပြီးဖြစ်သော အမွေအနှစ်ကြောင့် ယနေ့ထိတိုင် မတည်တံ့လေပြီ။ ယင်းသည် ကြီးမြတ်သော ဝိညာဉ်ရေးရာ လူတစ်ဦးဦး၏ အမွေကို ဆက်ခံခြင်းမလိုအပ်ဘဲ၊ သို့မဟုတ် အခြားခေတ်ကာလတစ်ခုခု၌ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် ကိုယ်စားပြု သဘာဝ၏ မည်သည့် အမှုကိုမျှ အမွေခံရန်မလိုအပ်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ အစပြုခဲ့ပြီး ပြီးဆုံးစေခဲ့သည့် အမှုဖြစ်သည်။ လူသားများသည် ဤအရာများ တစ်ခုတစ်လေကိုမျှ စိတ်ဝင်စားဖို့မလိုပေ။ ယနေ့ ဘုရားသခင်သည် အခြားသော စကားပြောပုံနှင့် အလုပ်လုပ်ပုံ ရှိ၏၊ ထို့ကြောင့် လူသားများသည် အဘယ်ကြောင့် ကိုယ့်ဒုက္ခကိုယ် ရှာသင့်သနည်း။ လူသားများသည် ၎င်းတို့ “ဘိုးဘေးများ” ၏ အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းစဉ် ယခုရေစီးကြောင်းအတွင်း ယနေ့၏လမ်းကြောင်းကို လျှောက်လှမ်းကြပါက၊ ၎င်းတို့၏ ပန်းတိုင်ကို ရောက်ရှိကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူ့လောက၏ နှစ်ကာလများ၊ လများနှင့် နေ့ရက်များကို စက်ဆုပ်ရွံရှာသကဲ့သို့၊ လူသား၏ ဤသီးခြား အပြုအမူပုံစံများအတွက် ကြီးမားသည့် ရွံရှာမှု ခံစားရလေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၀၉)
လူ့စိတ်သဘောထားကို ပြောင်းလဲဖို့ အကောင်းဆုံးသော နည်းလမ်းမှာ လူတို့ကို ၎င်းတို့၏ အတွေးနှင့် ကိုယ်ကျင့်တရားကို စတင်ပြောင်းလဲခွင့်ပေးလျက်၊ အကြီးအကျယ် အဆိပ်ခတ်ခံရပြီးဖြစ်သည့် လူတို့၏ အတွင်းကျကျ စိတ်နှလုံးများ၏ အစိတ်အပိုင်းများကို ကုသဖို့ ဖြစ်သည်။ ပထမဦးဆုံးအနေနှင့်၊ လူတို့သည် ဤဘာသာရေးဓလေ့များ၊ ဘာသာရေး လှုပ်ရှားမှုများ၊ နှစ်များ၊ လများနှင့် ပွဲတော်များအားလုံးတို့သည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ဖို့ လိုအပ်သည်။ ၎င်းတို့သည် ထိုရှေးဆန်သော အတွေးများ၏ ချုပ်နှောင်မှုများမှ ရုန်းထွက်ပြီး အယူသီးမှုများနှင့်ပတ်သက်၍ ၎င်းတို့ အရိုးစွဲနေသည့် အလေ့အထရှိခြင်း အရိပ်လက္ခဏာတိုင်းကို အမြစ်ဖြတ်သင့်ပေသည်။ ဤအရာများအားလုံးသည် လူသားမျိုးနွယ်၏ ဝင်ရောက်မှုတွင် ပါဝင်လေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အား အဘယ်ကြောင့် လောကီဆန်သော ကမ္ဘာလောကမှ ဦးဆောင်ခေါ်ထုတ်သွားသည်ကို သင်တို့ နားလည်ရမည်ဖြစ်ပြီး အဘယ်ကြောင့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ဝေးရာသို့ လူသားမျိုးနွယ်အား ဦးဆောင်ခေါ်သွားသည်ကိုလည်း နားလည်ရမည်။ ဤသည်မှာ သင်တို့ ဖြတ်၍ဝင်ရောက်မည့် ဂိတ်တံခါးဖြစ်ပြီး၊ ဤအရာများသည် သင်တို့၏ ဝိညာဉ်ရေးရာ အတွေ့အကြုံနှင့် မည်သို့မျှ မသက်ဆိုင်သော်လည်း၊ ၎င်းတို့သည် သင်တို့၏ ဝင်ရောက်မှုကို ပိတ်ဆို့နေသည့်၊ သင့်ကို ဘုရားသခင်အား သိကျွမ်းခြင်းမှ ဟန့်တားနေသည့် အကြီးမားဆုံးသော အတားအဆီးများဖြစ်သည်။ ၎င်းတို့သည် လူတို့ကို ရုန်းမထွက်သာအောင်မိစေသည့် ပိုက်ကွန်တစ်ခု ဖြစ်ပေါ်စေသည်။ များစွာသော လူတို့သည် ကျမ်းစာကို အလွန်များစွာဖတ်ရှုကြပြီး၊ ကျမ်းစာထဲမှ ကျမ်းပိုဒ်အမြောက်အမြားကို အလွတ်ပင်ရွတ်ဆိုနိုင်ကြသည်။ ယနေ့ ၎င်းတို့၏ ဝင်ရောက်မှုတွင်၊ လူတို့သည် ဘုရားသခင်၏အမှုထဲက ဤအဆင့်၏ အခြေခံသည် ကျမ်းစာဖြစ်ပြီး ယင်း၏ အရင်းအမြစ်သည် ကျမ်းစာဖြစ်သည့်အလား၊ ဘုရားသခင်၏ အမှုကို အကဲဖြတ်ဖို့ ကျမ်းစာကို မရည်ရွယ်ဘဲ အသုံးပြုကြလေသည်။ ဘုရားသခင်၏ အမှုသည် ကျမ်းစာနှင့် ကိုက်ညီသောအခါ၊ လူတို့သည် ဘုရားသခင်၏ အမှုကို ခိုင်မာစွာ အားပေးကြကာ အသစ်ရရှိသော ရိုသေကြည်ညိုမှုဖြင့် သူ့ကို အလေးထားကြသည်။ ဘုရားသခင်၏ အမှုသည် ကျမ်းစာနှင့် သဘောကွဲလွဲသောအခါတွင်၊ လူတို့သည် အလွန် စိုးရိမ်ကြောင့်ကြကြသည်မှာ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အခြေခံ အကြောင်းရင်းအတွက် ကျမ်းစာထဲတွင် ရှာဖွေရင်း၊ ချွေးပြန်သည်အထိ ဖြစ်ကြလေသည်။ ဘုရားသခင်၏ အမှုကို ကျမ်းစာ၌ မဖော်ပြထားပါက၊ လူတို့သည် ဘုရားသခင်ကို လျစ်လျူရှုကြပေလိမ့်မည်။ ယနေ့ ဘုရားသခင်၏ အမှုနှင့် ပတ်သက်ပါက၊ လူအများစုသည် ယင်းကို မဝံ့မရဲနှင့် သတိဖြင့် လက်ခံကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို နာခံလိုသည့်အရာကို ရွေးပြီးနာခံကြကာ၊ ယင်းကို သိရှိခြင်းအပေါ် စိတ်မဝင်စားကြဟု ဆိုနိုင်ပေသည်။ အတိတ် အရာများအတွက်မူ၊ ၎င်းတို့သည် တစ်ဝက်ကို ထိန်းသိမ်းပြီး အခြားတစ်ဝက်ကို စွန့်လွှတ်ကြ၏။ ဤအရာကို ဝင်ရောက်မှုဟု ခေါ်နိုင်ပါသလော။ အခြားသူများ၏ စာအုပ်များကို ရတနာများသဖွယ် ကိုင်စွဲရင်းနှင့် ၎င်းတို့ကို နိုင်ငံတော်၏ တံခါးအဖို့ ရွှေသော့သဖွယ် သဘောထားရင်းဖြင့်၊ လူတို့သည် ယနေ့ ၎င်းတို့ကို ဘုရားသခင် တောင်းဆိုသည့်အရာ၌ တကယ်ကို စိတ်ဝင်စားမှုမပြကြချေ။ ထို့အပြင် “ဉာဏ်ထက်သော ပညာရှင်” များစွာက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ ဘယ်လက်၌ ကိုင်ပြီး အခြားသူများ၏ “အပြောင်မြောက်ဆုံးလက်ရာများ” ကို ညာလက်တွင် ကိုင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်သည်ကို အပြည့်အဝ သက်သေပြရန်အလို့ငှာ ဤအပြောင်မြောက်ဆုံးလက်ရာများအထဲတွင် ယနေ့နှင့်ဆိုင်သည့် ဘုရား နှုတ်ကပတ်တော်များ၏ အခြေပြုချက်ကို ရှာတွေ့လိုကြသည့်အလားဖြစ်ပြီး၊ ထိုအပြောင်မြောက်ဆုံး လက်ရာများက အလုပ်လုပ်နေသည့်အလား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိုအရာများနှင့် ပေါင်းစပ်ခြင်းအားဖြင့် အခြားသူများအား ရှင်းပင်ရှင်းပြကြလေသည်။ အမှန်ကို ပြောရလျှင်၊ လူသားမျိုးနွယ်ကြားတွင် ယနေ့ခေတ် နောက်ဆုံး သိပ္ပံဆိုင်ရာ အောင်မြင်မှုများ၊ အစဉ်အလာမရှိသည့် သိပ္ပံဆိုင်ရာ အောင်မြင်မှုများကို (ဆိုလိုသည်မှာ ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အသက်ထဲသို့ ဝင်ရောက်မှုအတွက် လမ်းကြောင်း) လုံးဝ အထင်မကြီးဖူးသည့် “သိပ္ပံ သုတေသနပညာရှင်များ” အများအပြားရှိသည်၊ သို့ဖြစ်၍ လူအားလုံးသည် ၎င်းတို့၏ ကျလောက်အောင် ပြောဆိုနိုင်စွမ်းကို အသုံးပြု၍ အကြီးအကျယ် “တရားဟော” ရင်းနှင့် “ဘုရားသခင်၏ကောင်းမြတ်သော နာမ” ကို ကြွားလုံးထုတ်ရင်း၊ “ကိုယ့်ကိုယ်ကိုယ် အားကိုးနေကြသူများ” ဖြစ်ကြသည်။ ထိုစဉ်အတောအတွင်းတွင်၊ ၎င်းတို့ကိုယ်တိုင်၏ ဝင်ရောက်မှုသည် ကြီးမားသော အန္တရာယ်၌ ရှိနေပြီး၊ ဖန်ဆင်းခြင်းသည် ဤအခိုက်အတန့်နှင့် ဝေးကွာနေသကဲ့သို့ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဝေးကွာနေသည်ဟု ထင်ရလေသည်။ ဘုရားသခင်၏ အမှုကို လုပ်ဆောင်ရန် မည်မျှလွယ်ကူသနည်း။ လူတို့သည် ဤသည်မှာ ၎င်းတို့၏ အသိစိတ်ကို သက်သာစေပြီး စိတ်နှစ်သိမ့်မှုတစ်ခုခုကို ခံစားရဖို့ နည်းလမ်းဖြစ်သည့်အလား၊ ၎င်းတို့ကိုယ်တိုင်၏ ထက်ဝက်ကို ယမန်နေ့တွင် ထားရစ်ဖို့နှင့် ကျန်တစ်ဝက်ကို ယနေ့သို့ ယူဆောင်လာရန်၊ တစ်ဝက်ကို စာတန်ထံသို့ ပေးပြီး ကျန်တစ်ဝက်ကို ဘုရားသခင်ထံ ဆက်သရန် စိတ်ပိုင်းဖြတ်နှင့်ကြပြီး ဖြစ်သည်ဟု ထင်ရသည်။ လူတို့၏ အတွင်းကမ္ဘာသည် မသိမသာနှင့် စိမ့်ဝင်ပျံ့နှံ့တတ်လွန်းသဖြင့်၊ စာတန်နှင့် ဘုရားသခင် ဖြစ်ပုံရသော်လည်း၊ မဖြစ်သေးပုံလည်းရသည့် ယနေ့၏ ဘုရားသခင်ကို စော်ကားမိမည်ကို အလွန်အမင်း စိုးရွံ့ကြလျက်၊ ၎င်းတို့သည် မနက်ဖြန်ကိုသာမက ယမန်နေ့ကိုလည်း ဆုံးရှုံးရမည်ကို စိုးရွံ့နေကြသည်။ လူတို့သည် ၎င်းတို့၏ အတွေးအခေါ်နှင့် ကိုယ်ကျင့်တရားတို့ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်ခြင်း မရှိခဲ့ကြသောကြာင့်၊ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်း၌ အထူးတလည် ချို့တဲ့နေကြပြီး၊ ယနေ့နှင့်ဆိုင်သော အမှုသည် ဘုရားသခင်၏အမှု ဟုတ်သည်၊ မဟုတ်သည်ကို တကယ်မပြောနိုင်ကြပေ။ ယင်းမှာ လူတို့၏ ရှေးရိုးစွဲပြီး အယူသီးသည့် အတွေးအခေါ်သည် အလွန်နက်ရှိုင်းလွန်းသဖြင့် ၎င်းတို့သည် အယူသီးမှုများနှင့် သမ္မာတရား၊ ဘုရားသခင်နှင့် ရုပ်တုဆင်းတုများ၊ ဤအရာများကြား ခွဲခြားဖို့ အရေးစိုက်ခြင်း မရှိဘဲ၊ အမျိုးအစားတစ်ခုတည်းတွင် အချိန်ကြာမြင့်စွာက ထားရှိကြပြီးဖြစ်ကာ၊ ၎င်းတို့ ဦးနှောက်ခြောက်အောင် စဉ်းစားသော်ငြား၊ ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပုံမရသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ ယင်းမှာ လူသားများသည် ၎င်းတို့၏ လမ်းကြောင်းများတွင် ရပ်တန့်ပြီး ရှေ့ဆက်မသွားကြတော့သည့် အကြောင်းရင်း ဖြစ်သည်။ ဤပြဿနာများအားလုံးသည် လူတို့၏ ဝင်ရောက်မှုအတွက် ကြီးမားသော အခက်အခဲများ ဖန်တီးသည့် မှန်ကန်သော သဘောတရားဆိုင်ရာ ပညာရေးမျိုး လူတို့၌ချို့တဲ့ခြင်းမှ ထွက်ပေါ်လေသည်။ အကျိုးဆက်အနေနှင့်၊ လူတို့သည် စစ်မှန်သော ဘုရားသခင်၏ အမှုကို မည်သည့်အခါတွင်မျှ စိတ်မဝင်စားကြဘဲ၊ (ထူးချွန်သော ပုဂ္ဂိုလ်များဟု သူတို့မြင်သည့်သူများကဲ့သို့) လူသား၏အလုပ်ဖြင့် တံဆိပ်ခတ်ခံထားရသည့်အလား ယင်းကို မရမက ဖက်တွယ်ထားကြလေသည်။၁ ဤအရာများသည် လူသားမျိုးနွယ် ဆွေးနွေးသင့်သည့် နောက်ဆုံး အကြောင်းအရာများဖြစ်သည် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)” မှ
အောက်ခြေမှတ်စု(များ)-
၁။ “မရမက ဖက်တွယ်ထားကြလေသည်” ဟူသည့်စကားကို သရော်သည့်အနေဖြင့် အသုံးပြုထားခြင်းဖြစ်သည်။ ဤစကားစုက လူတို့အနေဖြင့် ခေတ်နောက်ကျသည့် အရာများကို စွဲကိုင်ထားကြပြီး ၎င်းတို့ကို လက်လွှတ်ရန် လိုလားခြင်းမရှိဘဲလျက်၊ ခေါင်းမာပြီး ပေကတ်ကတ်နိုင်သည်ကို ပြပါသည်။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၁၀)
နှစ်ထောင်ပေါင်း အချို့ လွှမ်းခြုံသည့် ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့်ဆိုင်သော အသိပညာသည် လူသား၏အတွေးအခေါ်၊ အယူအဆများနှင့် သူ၏ စိတ်ပိုင်းဆိုင်ရာ အမြင်တို့ကို အလွန်တင်းကျပ်စွာ ပိတ်ထားခဲ့သည်မှာ သြဇာမသက်ရောက်နိုင်သော အရာနှင့် မပျက်စီးနိုင်သောအရာ၁ ဖြစ်စေဖို့ ဖြစ်သည်။ လူတို့သည် ဘယ်သောအခါမျှ အလင်း မမြင်နိုင်သည့် မြေအောက် အကျဉ်းတိုက်များထဲသို့ ဘုရားသခင်၏ နှင်ထုတ်ခြင်းကို ခံကြရပြီးဖြစ်သည့်အလားပင်၊ ငရဲ၏ ဆယ့်ရှစ်ခုမြောက် သံသရာထဲ၌ အသက်ရှင်ကြလေသည်။ ကံကျွေးချစနစ်ဆိုင်ရာ အတွေးအခေါ်သည် လူတို့ကို ဖိနှိပ်ထားလွန်းသည်မှာ ၎င်းတို့သည် အသက်ရှူနိုင်ရုံမျှဖြစ်ပြီး မွန်းကျပ်လျက်ရှိကြပေသည်။ ၎င်းတို့သည် ခုခံရန် ခွန်အား စိုးစဉ်းမျှပင် မရှိကြချေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ တိတ်ဆိတ်စွာ ခံရပ်ပြီးရင်း ခံရပ်ဖို့သာ ဖြစ်သည်။...မည်သူမျှ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှု အတွက် ရုန်းကန်ရန် သို့မဟုတ် ရပ်တည်ရန် လုံးဝမဝံ့ရဲကြချေ။ လူတို့သည် ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များ၏ ထိုးနှက်မှုများနှင့် မတရားဖိနှိပ်မှုအောက်၌ တိရစ္ဆာန်တစ်ကောင်ထက် ဆိုးရွားသော အသက်တာကို တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်ကာမျှ ရှင်သန်ကြလေသည်။ ၎င်းတို့သည် လူ့လောကထဲတွင် ပျော်ရွှင်မှုကို ခံစားရန် ဘုရားသခင်ကို ရှာဖွေဖို့ မည်သည့်အခါမှ မတွေးတောဖူးကြပေ။ ယင်းမှာ လူတို့သည် ညှိုးနွမ်းခြောက်သွေ့သော ဝါညိုညို ဆောင်းဦးရွက်ကြွေများကဲ့သို့ ဖြစ်သည်အထိ ရိုက်ချခံကြရပြီး ဖြစ်သည်။ လူတို့သည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် လူ့လောကဟု ခေါ်ဆိုသော ငရဲနှင့်အတူ ပျက်စီးဆုံးရှုံးနိုင်ကြဖို့အလို့ငှာ နောက်ဆုံးသော နေ့ရက် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့ တောင့်တသည့် နောက်ဆုံးသော နေ့ရက်သည် အေးအေးလူလူရှိသော ငြိမ်သက်ခြင်းကို လူသား မွေ့လျော်မည့် နေ့ရက်ဖြစ်သည့်အလား ဤငရဲတွင် ခိုကိုးရာမဲ့စွာ အသက်ရှင်ကြလေသည်။ ကံကျွေးချ စနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ ခုခံရန် အစွမ်းတန်ခိုးကို သာ၍အားနည်းစေရင်း လူသား၏အသက်တာကို “မရဏနိုင်ငံ” ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဖိနှိပ်မှု မျိုးစုံတို့သည် လူသားကို ဘုရားသခင်ထံမှ ဝေးသထက်ဝေးသွားစေလျက်၊ မရဏထဲသို့ သာ၍နက်ရှိုင်းစွာ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းဖို့ တွန်းလေသည်၊ ယနေ့ထိတိုင် ၎င်းသည် ဘုရားသခင်အဖို့ သူစိမ်းလုံးလုံးပင် ဖြစ်သွားပြီးဖြစ်ကာ ၎င်းတို့ဆုံတွေ့ကြသောအခါ သူ့ကို အလျင်အမြန် ရှောင်ရှားလေသည်။ လူသားသည် ဘုရားသခင်ကို မည်သည့် အခါတွင်မျှ မသိဖူးသကဲ့သို့၊ သူ့ကို ယခင်က မမြင်ဖူးသည့်အလား သူ့ကို အရေးမစိုက်ဘဲ တစ်ဖက်တွင် တစ်ကိုယ်တည်း ရပ်နေစေရစ်လေသည်။ သို့တိုင် ဘုရားသခင်သည် သူ၏ မချုပ်တည်းနိုင်သော အမျက်ဒေါသကို လူသားအပေါ် မည်သည့် အခါတွင်မျှ မကျရောက်စေဘဲလျက်၊ တိတ်ဆိတ်စွာ စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းရင်း၊ စကားတစ်ခွန်း မဟဘဲ၊ လူသားအနေဖြင့် နောင်တရရန်နှင့် အသစ်တဖန် စတင်ရန် လူ့အသက်တာ၏ ရှည်လျားသော ခရီးလမ်းတစ်လျှောက်လုံးတွင် ဘုရားသခင်သည် လူသားကို စောင်းဆိုင်းလျက်ရှိနေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့လောက၏ ဆင်းရဲဒုက္ခများကို လူသားနှင့်အတူ မျှဝေခံစားဖို့ လူ့လောကထဲသို့ အချိန်ကြာမြင့်စွာက ကြွလာခဲ့ပေသည်။ လူသားနှင့်အတူ အသက်ရှင်ပြီးဖြစ်သော နှစ်ကာလများအားလုံးတွင်၊ သူ၏ တည်ရှိခြင်းကို မည်သူမျှ ရှာဖွေတွေ့ရှိခြင်း မရှိလေပြီ။ ဘုရားသခင်သည် သူကိုယ်တိုင် ယူဆောင်လာသည့် အမှုကို ဆောင်ရွက်နေစဉ်တွင်၊ လူ့လောကထဲရှိ ယုတ်ညံ့ခြင်း၏ ဝေဒနာကို တိတ်တဆိတ် သည်းခံ၍သာ နေလေသည်။ သူသည် ယခင်က လူသား လုံးဝမကြုံတွေ့ဖူးသည့် ဆင်းရဲဒုက္ခများကို ကြုံရရင်း၊ ခမည်းတော် ဘုရားသခင်၏ အလိုနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် ဆက်လက်သည်းခံလေသည်။ လူသား၏ရှေ့မှောက်တွင် ဘုရားသခင်သည် လူသားကို တိတ်ဆိတ်စွာ စောင့်ဆိုင်းခဲ့ကာ လူသား၏ ရှေ့မှောက်တွင် သူသည် ခမည်းတော် ဘုရားသခင်၏ အလိုအတွက်နှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက်လည်း မိမိကိုယ်ကိုယ် နှိမ့်ချခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းက တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်ကာ ဆိုးယုတ်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့သကဲ့သို့၊ နတ်ဆိုးတို့၏ ရှင်ဘုရင်၏ ထောင်ချောက်မှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိခဲ့ပေ။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် အညံ့ခံကာ ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ ကြာမြင့်စွာသောအချိန်က၊ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ကနဦးအဆင့်တွင် ရှိဆဲဖြစ်ခဲ့ချိန်တွင်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူပါ။ ခေတ်နှင့်အမီလိုက်ခြင်း လေးချက်ကို နားလည်ပါ။ ပြီးလျှင် လောက၌ ဘုရားသခင်ဟူသည် မရှိ” ဟူသကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်ရင်း၊ ယင်းအထဲ၌ ဘုရားမဲ့ဝါဒီနှင့်ဆိုင်သည့် အကျိတ်၏ အစေ့ကို စိုက်ပျိုးခဲ့သည်။ ထိုမျှသာမက၊ ၎င်းသည် မိမိတို့၏ နိုင်ငံအဖို့ သစ္စာရှိသည့် အမှုထမ်းခြင်းကို ပေးဖို့ရန် ကလေးဘဝမှ ပြင်ဆင်ထားဖို့ အယောက်စီတိုင်းကို တောင်းဆိုရင်း၊ “လှပသော ဇာတိမြေကို တည်ဆောက်ဖို့ ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှုကို အမှီပြုကြစို့” ဟု အခွင့်အခါသင့်တိုင်း အော်ဟစ်လေသည်။ ဂုဏ်ပြုလေးစားမှုအားလုံးကို (ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်၌ ထိန်းသိမ်းထားခြင်းအတွက် ဘုရားသခင်နှင့်သက်ဆိုင်သော ဂုဏ်ပြုလေးစားမှုကို) မဆိုင်းမတွ ပိုင်စိုးပိုင်နင်း မိမိကိုယ်ကိုယ် ပေးသည့်နေရာဖြစ်သည့် ၎င်း၏ မျက်မှောက်သို့ လူသားသည် မရည်ရွယ်ပါဘဲနှင့် ခေါ်ဆောင်လာခြင်း ခံခဲ့ရလေသည်။ ၎င်းသည် မည်သည့်အခါတွင်မျှ ရှက်စိတ် တစ်ခုတစ်လေ မရှိခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဘုရားသခင်၏လူတို့ကို အရှက်မရှိ ဖမ်းဆီးကာ၊ စားပွဲပေါ်သို့ ကြွက်တစ်ကောင်ကဲ့သို့ ခုန်တက်ကာ လူသားအား ၎င်းကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်စေသည့် နေရာဖြစ်သော ၎င်း၏အိမ်ထဲသို့ ပြန်လည် တရွတ်တိုက် ဆွဲခေါ်လေသည်။ ထင်ရာစိုင်းသူတစ်ဦး ပါတကား။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများအရ အသွင်ပြောင်းလဲခြင်းများမှ လာသည်။ မိုးရေဆိုသည်မှာ ရေငွေ့က အေးသောအပူချိန်များနှင့် ဆုံတွေ့လျက်၊ ကမ္ဘာမြေပေါ်သို့ ကျသည့် မိုးစက်များအဖြစ်သို့ ငွေ့ရည်ဖွဲ့သည့်အခါ ဖြစ်လာသည်။ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်းဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်က အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုအားဖြင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ဤအရာများသည် သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ ဤအရာအားလုံးတွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် အဘယ်မှာ ရှိပါသနည်း” ဟူသကဲ့သို့သော မတော်တရော် တုန်လှုပ်ဖွယ် အရာများကို ဟစ်ကြော်လေသည်။ ၎င်းသည် အောက်ပါ ထွက်ဆိုချက်များကဲ့သို့သော မဖွင့်ဟသင့်သည့် ထွက်ဆိုချက်များကို ကြွေးကြော်သောသူများပင် ရှိလေသည်- “လူသားမှာ ရှေးအတိတ်ကာလက မျောက်ဝံများမှ ဆင်းသက်လာပြီး၊ ယနေ့ လောကကြီးသည် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သော ကပ်ကမ္ဘာမှ စတင်သည့် ရှေးကျသော လူ့အဖွဲ့အစည်းများ တစ်ခုပြီးတစ်ခုမှ လာသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် လုံးဝ မူတည်သည်” ဟူ၍ ဖြစ်သည်။ နောက်ခံအကြောင်းအရာတွင်၊ ၎င်းသည် လူသားကို ၎င်းအား ဂါရဝပြုစေဖို့ ယင်းကို နံရံပေါ်၌ ချိတ်ဆွဲစေသည် သို့မဟုတ် စားပွဲပေါ် တင်စေလေသည်။ ၎င်းက “ဘုရားသခင် မရှိ” ဟု ဟစ်အော်သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏နေရာတွင် ရပ်တည်ပြီး နတ်ဆိုးတို့၏ ရှင်ဘုရင် အခန်းကဏ္ဍကို ခံယူလျက် ဘုရားသခင်ကို ကမ္ဘာ၏ အကန့်အသတ် အတိုင်းအတာ ပြင်ပသို့ ရုတ်တရက် ကြမ်းတမ်းစွာ တွန်းထုတ်ခြင်းဖြင့်၊ ၎င်းသည် မိမိကိုယ်ကိုယ် ဘုရားသခင်အဖြစ် သတ်မှတ်လေသည်။ ကျိုးကြောင်း လုံးဝ ကင်းမဲ့လှပေတကား။ ၎င်းသည် လူတစ်ယောက်ကို မခံမရပ်နိုင်အောင် ၎င်းအား တကယ်ကို မုန်းတီးစေသည်။ ဘုရားသခင်နှင့် ၎င်းတို့သည် မပြေနိုင်သော ရန်သူများဖြစ်ပုံရပြီး နှစ်ဦး အတူတကွ မတည်ရှိနိုင်ပေ။ ၎င်းသည် ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်၂ ၎င်းသည် ဘုရားသခင်ကို မောင်းထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ နတ်ဆိုးတို့၏ ရှင်ဘုရင် ဖြစ်လိုက်လေသည်တကား။ ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံ၍ရနိုင်မည်နည်း။ ၎င်းသည် ဘုရားသခင်၏ အမှုကို ကမောက်ကမဖြစ်စေပြီး လုံးလုံး ဖရိုဖရဲ၃ ဖြစ်ကျန်ရစ်စေသည်အထိ အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် အင်တိုက်အားတိုက် ချဉ်းကပ်လျက်၊ ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်ဆိုသည်အထိ ဘုရားသခင်ကို အကြိတ်အနယ် နောက်ဆုံးပွဲသိမ်းသည်အထိ ဆန့်ကျင်လိုသည့်အလား ဖြစ်သည်။ ၎င်း၏ အကျည်းတန်သော မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး၄ ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိသော်လည်း၊ ၎င်းသည် ဘုရားသခင်ကို တစ်လုတ်စာ ဝါးမျိုခြင်းဖြင့်သာ မိမိ၏ စိတ်နှလုံးထဲတွင် လှောင်ထားသော အမုန်းကို သက်သာရာ ရစေနိုင်မည့်အလား၊ ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကို လျှော့မည်မဟုတ်ပေ။ ဘုရားသခင်၏ ဤရန်သူကို ငါတို့သည် မည်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အမြစ်ဖြတ် ချေမှုန်းခံရခြင်းနှင့် လုံးလုံးလျားလျား သုတ်သင်ခံရခြင်းသည်သာ ငါတို့အသက်တာ၏ အလိုဆန္ဒကို အောင်မြင်ခြင်းသို့ ရောက်ရှိစေလိမ့်မည်ဖြစ်သည်။ ၎င်းကို ဆက်လက် ပြေးလွှားသောင်းကျန်းခွင့် အဘယ်သို့ ပေးနိုင်ရမည်နည်း။ ယင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်မှာ လူသားသည် ကောင်းကင်နေမင်းကို မသိသည့်အတိုင်းအတာ အထိဖြစ်ပြီး၊ ထုံထိုင်းကာ ခံစားချက်ကင်းမဲ့လာပြီဖြစ်သည်။ လူသားသည် ပုံမှန် လူသား ဆင်ခြင်တုံတရား ဆုံးရှုံးပြီဖြစ်သည်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုအားလုံးကို ဖယ်ထုတ်ဖို့နှင့် ဘုရားသခင်၏ အမှုကို မကြုံစဖူးသော ခံညားထည်ဝါမှုသို့ အဆောတလျင် ရောက်ရှိစေခွင့်ပြုရန်၊ ၎င်းကို ဖျက်ဆီးဖို့နှင့် ၎င်းကို မီးရှို့ပစ်လိုက်ဖို့ ငါတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို အဘယ်ကြောင့် ငါတို့ မဆက်ကပ်ကြသနည်း။ ဤလူယုတ်မာ အုပ်စုသည် လူ့လောကထဲသို့ လာကြပြီး ယင်းကို ဝရုန်းသုန်းကားအခြေအနေသို့ အခြေဆိုက်စေပြီဖြစ်သည်။ ၎င်းတို့သည် လူသားတို့၏ အလောင်းကောင်များကို ဝါးမျိုနိုင်ဖို့အလို့ငှာ လူသားတို့ကို အစိတ်စိတ် အမွှာမွှာ ရိုက်ခတ်ခံရစေဖို့ တွန်းချရန် တိတ်တဆိတ် စီစဉ်ရင်း၊ လူသားမျိုးနွယ်အားလုံးကို ချောက်ကမ်းပါး အစွန်းသို့ ခေါ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း၅ ဘုရားသခင်၏ အစီအစဉ်ကို ဖြိုခွဲရန်နှင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်မှုထဲသို့ ဝင်ရောက်ရန် အချည်းနှီး မျှော်လင့်လေသည်။ ဤသည်မှာ လုံးဝလွယ်ကူသည် မဟုတ်ချေ။ အဆုံးတွင်တော့၊ အယုတ်မာဆုံးသော ပြစ်မှုများအဖို့ အပြစ်ရှိသော နတ်ဆိုးတို့၏ ရှင်ဘုရင်အတွက် ကားတိုင်သည် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့် မသက်ဆိုင်ပေ။ သူသည် ထိုကားတိုင်ကို မာရ်နတ်အတွက် ဘေးသို့ ပစ်လိုက်နှင့်ပြီး ဖြစ်သည်။ ဘုရားသခင်သည် ယခုမတိုင်မီ ယခင်ကြာမြင့်စွာ ကတည်းက အောင်နိုင်လျက် ထွက်ပေါ်ပြီးဖြစ်ကာ လူသားမျိုးနွယ်၏ အပြစ်များအပေါ် ပူဆွေးခြင်းကို မခံစားရတော့ဘဲ၊ လူသားမျိုးနွယ် အားလုံးထံ ကယ်တင်ခြင်းကို ဆောင်ယူလာမည် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ
အောက်ခြေမှတ်စု(များ)-
၁။ လူတို့အနေဖြင့် မိမိတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ အမြင်များ တင်းကျပ်လွန်းသည်ကို ဆိုလိုရင်း၊ “မပျက်စီးနိုင်သောအရာ” ကို ဤနေရာတွင် သရော်သည့်စကားအဖြစ် ရည်ရွယ်သည်။
၂။ “ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်” ဆိုသည်မှာ နတ်ဆိုးက ဒေါသပေါက်ကွဲပြီး လျှောက်ရမ်းသည်ကို ဖော်ညွှန်းပါသည်။
၃။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် မြင်ရန် မခံမရပ်နိုင်စရာ ဖြစ်ပုံကို ရည်ညွှန်းသည်။
၄။ “ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး” ဆိုသည်မှာ နတ်ဆိုးတို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။
၅။ “အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း” ဆိုသည်မှာ နောက်ဆုံးတွင် အနိုင်ရခြင်းငှာ မျှော်လင့်ချက်များဖြင့် လောင်းကြေးတစ်ခုတွင် မိမိ၏ ရှိသမျှငွေကို ပုံအောခြင်းဟု ဆိုလိုသည်။ ဤသည်မှာ နတ်ဆိုး၏ မကောင်းသည့် ယုတ်မာသော အကြံအစည်များအတွက် တင်စားမှုတစ်ခု ဖြစ်သည်။ ဤစကားအသုံးအနှုန်းကို သရော်သည့်အနေဖြင့် သုံးထားပေသည်။
က။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၁၁)
ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်” နှင့် ပတ်သက်သည့် ဤပြောဆိုဆွေးနွေးခြင်း၊ အဖိုးထိုက်တန်သော “ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာ”၊ “တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ သွန်သင်မှုများ”နှင့် “ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချစနစ်ဆန်သော ထုံးတမ်းများ” အားလုံးသည် လူသားကို ငရဲထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် အလွန်တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးတို့ကို မည်သည့် နေရာမှာတွင်မျှ မတွေ့မြင်ရပေ။ ယင်းထက်၊ ၎င်း လုပ်ဆောင်သမျှမှာ ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖြိုဖျက်ရန်အလို့ငှာ ရှေးကာလ၏ “မျောက်ဝံများ” အားဖြင့် ဖြန့်ခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများကို အလေးပေးရန် ဖြစ်သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် ဆက်လက် ဒုက္ခပေးသည်သာမက၊ လူသားကို အကောင်လိုက်ဝါးမျို၁ ရန်ပင် ဆန္ဒရှိလေသည်။ ကံကျွေးချစနစ်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ သွန်သင်မှုများကို တစ်ဆင့်ပေးခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို နတ်ဆိုး အကြီး အသေးများအဖြစ်သို့ ပြောင်းလဲစေလျက်၊ လူသားမျိုးနွယ်ကို ကူးစက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသောသူ နည်းပါးပေသည်၊ ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရ ရွှင်လန်းစွာ ကြိုဆိုကြမည့်သူ နည်းပါးပေသည်။ လူသားမျိုးနွယ်၏ မျက်နှာသည် လူသတ်မည့်အကြံနှင့် ပြည့်နေပြီး နေရာတိုင်းတွင်၊ သတ်ဖြတ်လိုသည့် အငွေ့အသက်က လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤနယ်မြေမှ နှင်ထုတ်ရန် ကြိုးစားကြသည်၊ လက်ထဲတွင် ဓားများ၊ ဓါးရှည်များဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို “အမြစ်ဖြတ်ချေမှုန်း” ရန် စစ်ပွဲအခင်းအကျင်းဖြင့် မိမိတို့ကိုယ်ကိုယ် စီမံကြလေသည်။ ဘုရားသခင်မရှိဟု လူသားသည် စဉ်ဆက်မပြတ် သွန်သင်ခြင်းခံရသည့်နေရာ၊ ရုပ်တုဆင်းတုများ ပျံ့နှံ့သည့်နေရာဖြစ်သည့် ဤနတ်ဆိုး၏ နယ်မြေအနှံ့ရှိ အားလုံးနှင့် အပေါ်လေထုသည် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့ဖြင့် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အသက်ရှုရကျပ်စေသည်အထိ အလွန်ပင်ထူထပ်ပေသည်။ ယင်းမှာ အဆိပ်ရှိသော မြွေ၏ ထွန့်ထွန့်လူးခြင်းဖြင့် လေနှင့်ပါလာသည့် အနည်အနှစ်တို့၏ အနံ့ဆိုးကဲ့သို့ဖြစ်သည်မှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ဖြစ်သည်။ ဤအရာအပြင်၊ ဝေးကွာလှသော ငရဲမှ လာသည်ဟု ထင်ရသော အသံတစ်ခုဖြစ်သည့်၊ ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည့် ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ အသံကို ယဲ့ယဲ့ကြားရသည်မှာ ကျောမချမ်းဘဲမနေနိုင်သည်အထိ ဖြစ်သည်။ နယ်မြေကို ကာမဂုဏ်အာရုံ သာယာကြည်နူးမှု လောကကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေလျက်၊ ဤနယ်မြေထဲက နေရာတိုင်းတွင် သက်တံရောင်စုံရှိသည့် ရုပ်တုဆင်းတုများ ထားရှိသော်လည်း၊ နတ်ဆိုးများ၏ ရှင်ဘုရင်သည် ၎င်း၏ ယုတ်မာသော အကြံအစည် အောင်မြင်သွားသည့်အလား ကောက်ကျစ်စဉ်းလဲစွာ ရယ်မောပြီးရင်း ရယ်မောနေပေသည်။ ထိုအချိန်အတောအတွင်းတွင်၊ လူသားသည် လုံးဝ သတိမမူမိသကဲ့သို့၊ အသိမဲ့လာပြီး ရှုံးနှိမ့်မှုဖြင့် သူ၏ဦးခေါင်း ငိုက်စိုက်ကျသည့် အခြေအနေအထိ နတ်ဆိုးက သူ့ကို ဖျက်ဆီးနှင့်ပြီးဖြစ်သည်ကို သူသည် မည်သည့် အရိပ်အမြွက်မျှ မသိပေ။ ၎င်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် အရာတိုင်းကို တစ်ချက်တည်းနှင့် ရှင်းလင်းဖယ်ရှားရန်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် ဖျက်ဆီးရမ်းကားပြီး လုပ်ကြံသတ်ဖြတ်ရန် ဆန္ဒရှိလေသည်။ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြံစည်လေသည်။ ၎င်းသည် ဘုရားသခင်ကို တန်းတူအဆင့်အတန်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်မည်နည်း။ ကမ္ဘာမြေပေါ်တွင် လူတို့အကြား ၎င်း၏အလုပ်ကို ဘုရားသခင် “ဝင်ရောက်စွက်ဖက်ခြင်း” ကို ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်မည်နည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က ကစဉ့်ကလျားဖြစ်စေရန် ၎င်းသည် အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဒေါသဖြင့် ယမ်းပုံမီးကျဖြစ်နေသော ဤနတ်ဆိုးသည် ကမ္ဘာမြေပေါ်ရှိ ၎င်း၏ အင်ပါယာနန်းတော်အပေါ် ဘုရားသခင်အား ထိန်းချုပ်ခွင့် အဘယ်သို့ ပေးနိုင်မည်နည်း။ ၎င်းထက် သာလွန်သော ကိုယ်တော်၏အင်အားကို ၎င်းသည် ဘယ်သို့ လိုလိုလားလား ဦးညွှတ်နိုင်မည်နည်း။ ၎င်း၏ အကျည်းတန်းသော မျက်နှာသည် အဖြစ်ကိုအဖြစ်အတိုင်း ဖော်ထုတ်ခံရပြီးဖြစ်သည်၊ သို့ဖြစ်၍ လူတစ်ဦးအနေဖြင့် ရယ်ရမည်၊ ငိုရမည်ဆိုသည်ကို မသိသကဲ့သို့ ယင်းသည် ပြောဆိုဖို့ရန် အမှန်တကယ် ခက်ခဲလေသည်။ ဤသည်မှာ ၎င်း၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ အကျည်းတန်သော ဝိညာဉ်ဖြင့်၊ ၎င်းသည် မယုံနိုင်လောက်အောင်ပင် လှပသည်ဟု ၎င်းက ယုံကြည်ဆဲဖြစ်သည်။ ပြစ်မှုထဲက ဤကြံရာပါ၂ အုပ်စု။ ကမ္ဘာလောကသည် ပြောင်းလဲလွယ်ပြီး မတည်တံ့သော နေရာဖြစ်လာကာ၊ လူသား၏ နှလုံးသားသည် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သည်အထိ ၎င်းတို့သည် အမှုအရာများကို အလွန် မွှေနှောက်ကြလျက်၊ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ရုတ်ရုတ်သဲသဲဖြစ်စေဖို့၊ သေမျိုးဖြစ်သော နယ်ပယ်ထဲသို့ ဆင်းသက်လာကာ၊ ၎င်းတို့သည် လူသားကို အလွန်ကစားခဲ့ကြသည်မှာ လူသား၏ သွင်ပြင်သည် အလွန့်အလွန် အကျည်းတန်လျက် စိုက်ကွင်း၏ လူမဆန်သော သားရဲတစ်ကောင်၏ သွင်ပြင်ဖြစ်လာပြီးဖြစ်ကာ၊ ယင်းမှ မူလက သန့်ရှင်းသောလူ၏ နောက်ဆုံး အရိပ်အယောင်သည် ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အချုပ်အခြာအာဏာကို သိမ်းပိုက်ရန်ပင် ဆန္ဒရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို အလွန် ပိတ်ဆို့ကြသည်မှာ အရှေ့သို့ နည်းနည်းမျှ တိုးရန် အနိုင်နိုင်ဖြစ်ပြီး၊ ၎င်းတို့သည် လူသားကို ကြေးနီနှင့် သံမဏိတံတိုင်းများတမျှ တင်းကျပ်စွာ ပိတ်ထား၏။ များစွာသော ဆိုးရွားသည့် အပြစ်များကို ကျူးလွန်ပြီး များစွာသော ကပ်ဘေးဒုက္ခများ ဖြစ်စေပြီးနောက်၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းမှလွဲ၍ အခြားတစ်စုံတစ်ရာကို မျှော်လင့်နေကြသေး သလော။ မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏အလိုနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။ မကောင်းဆိုးဝါး ကြီးငယ်တို့သည်ပင် ခြင်္သေ့နောက် ထပ်ကျပ်မခွာလိုက်သည့် ခွေးအများကဲ့သို့ ပြုမူကြပြီး ၎င်းတို့ သွားကြသည်နှင့်အမျှ အတားအဆီးများကို ဖန်တီးရင်း ဆိုးယုတ်သော ရေစီးကြောင်းနောက် လိုက်ကြလေသည်။ သမ္မာတရားကို သိလျက်၊ ၎င်းတို့သည် သမ္မာတရားကို တမင်သက်သက် ဆန့်ကျင်ကြသည်၊ အဓမ္မလူများပါတကား။ ဤသည်မှာ ယခုတွင် ၎င်းတို့၏ ငရဲဘုရင်သည် မင်းမြောက်ပလ္လင်သို့ တက်ကြွခဲ့ပြီး ၎င်းတို့သည် အခြားသူများ အားလုံးကို အထင်အမြင်သေးခြင်းဖြင့် ဆက်ဆံရင်း ဘဝင်ခိုက် လာကြပြီး မိမိဘာသာ အားရကျေနပ်လာကြသည့်အလား ဖြစ်သည်။ ၎င်းတို့ထဲတွင် မည်မျှသည် သမ္မာတရားကို ရှာဖွေပြီး ဖြောင့်မတ်ခြင်းတရားကို လိုက်လျှောက်ကြသနည်း။ ၎င်းတို့ အားလုံးသည် ဘဝင်ခိုက်ကာ ကိုယ်ကျောကိုယ်သပ်ခြင်းဖြင့် ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းရင်းနှင့် ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း၃ ဝက်များနှင့် ခွေးများထက် သာ၍မကောင်းသည့် နောက်ချေးပုံအလယ်တွင် နံဟောင်သော ယင်ကောင်တစ်အုပ်ကို ဦးဆောင်သော သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်က နံဟောင်သော ယင်ကောင်များထက် မပိုသည်ကို မသိသလောက်ဖြစ်လျက်၊ ၎င်းတို့၏ ငရဲဘုရင်သည် အားလုံးထဲမှ အကြီးမြတ်ဆုံးသော ရှင်ဘုရင်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အပုပ်ချဖို့ မိမိတို့၏မိဘများအဖြစ် ရှိနေကြသည့် ဝက်များနှင့် ခွေးများ၏ တန်ခိုးအာဏာကို အသုံးချကြသေးသည်။ အလွန်သေးငယ်သော ယင်ကောင်များအနေဖြင့်၊ ၎င်းတို့သည် ၎င်းတို့၏မိဘများကို သွားရှိသော ဝေလငါးများ၄ တမျှ ကြီးမားသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့ကိုယ်တိုင်က သေးငယ်လှသော်လည်း၊ ၎င်းတို့၏မိဘများမှာ ၎င်းတို့ထက် အဆသန်းရာပေါင်းများစွာ သာ၍ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့်ခွေးများ ဖြစ်သည်ကို မသိသလောက် ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ နိမ့်ကျခြင်းကို သတိမမူဘဲလျက်၊ ၎င်းတို့သည် အနာဂတ်မျိုးဆက်များကို ပေါက်ပွားစေရန် အချည်းနှီး စဉ်းစားရင်း၊ အရှက်ရခြင်းကို သတိမမူဘဲ ဒေါသတကြီး လျှောက်ရမ်းဖို့ ထိုဝက်များနှင့် ခွေးများမှ ထွက်သော ပုပ်ပွသည့် အနံ့ဆိုးအပေါ် အားထားလေသည်။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများဖြင့်၊ (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာဆိုခြင်းကို ရည်ညွှန်း၏)၊ ၎င်းတို့သည် သွေးနားထင်ရောက်ကြပြီး၊ နေရာတကာတွင် မိမိတို့၏ အလှတရားနှင့် ဆွဲဆောင်မှုတို့ကို ကြွားဝါကြသော်လည်း၊ မိမိတို့ ကိုယ်တိုင်၏ ခန္ဓာကိုယ်များပေါ်က မစင်ကြယ်မှုများကို လူသားအပေါ်သို့ လျှို့ဝှက်စွာ ပစ်ကြလေသည်။ ထို့အပြင်၊ ၎င်းတို့ကိုယ်တိုင်၏ မစင်ကြယ်မှုများကို ဖုံးကွယ်ရန် သက်တံရောင် တောင်ပံတစ်စုံကို ၎င်းတို့ အသုံးပြုနိုင်ကြသည့်အလား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်နေကြပြီး၊ ဤနည်းများဖြင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ တည်ရှိခြင်းအပေါ် သူတို့၏ ဖိနှိပ်ခြင်းကို ယူဆောင်လာကြလေသည် (ဤသည်မှာ ဘာသာရေးလောကထဲက ဖြစ်အင်များနောက်ကွယ်တွင် ဖြစ်နေသည့်အရာကို ရည်ညွှန်းသည်)။ ယင်ကောင်တစ်ကောင်၏ တောင်ပံများသည် နှစ်သက်ကြည်နူးဖွယ် လှပသလောက်၊ ယင်ကောင်ကိုယ်၌ကမူ နောက်ဆုံးတွင် အညစ်အကြေးများ နှင့်ပြည့်သော ဝမ်းဗိုက်နှင့် ရောဂါပိုးများနှင့် ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ်ဖြင့် သေးငယ်သည့် သတ္တဝါတစ်ကောင်ထက် ဘာမျှ မပိုသည်ကို လူသားသည် မည်သို့သိမည်နည်း။ မိဘများအနေဖြင့် ၎င်းတို့၌ရှိကြသည့် ဝက်များနှင့်ခွေးများ၏ ခွန်အားကိုမှီ၍၊ ၎င်းတို့သည် နယ်မြေတစ်လျှောက် ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်မှုတွင် အထိန်းအကွပ်မဲ့လျက် ဒေါသတကြီး ပတ်ရမ်းကြလေသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို ပုန်ကန်ဖို့ ဘုရားသခင်ကို နှိပ်စက်ညှဉ်းပန်းသည့် ဘာသာရေး အရာရှိများက တိုင်းနိုင်ငံအစိုးရ၏ အားကောင်းသော အထောက်အပံ့ကို အမှီပြုသည့် နည်းလမ်းကို ရည်ညွှန်း၏)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲတို့၏ တစ္ဆေများသည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၊ ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာကြခဲ့သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့က ၎င်းတို့၏ အလုပ်ကို ပြန်လည်လုပ်ကိုင်ရင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်လှည့်ကို စတင်ကြပြီ ဖြစ်သည်။ ဤအကျင့်ပျက်အုပ်စုသည် အဆုံးတွင် ကမ္ဘာမြေပေါ်၌ ပျက်စီးကြဖို့ သေချာ၏။ နှစ်ထောင်ပေါင်းအချို့ကြာပြီးနောက်၊ မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားတတ်လာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို တိတ်တဆိတ် လျော့ပါးစေဖို့ နည်းလမ်းများကို စဉ်ဆက်မပြတ် တွေးတော နေကြသည်။ လှည့်စားမှုများနှင့် မာယာပေါများစွာဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အော်ဟစ်လုနီးပါးဖြစ်သည်အထိ ဆွပေးရင်း၊ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်လုပ်ဆောင်ရန် ဆန္ဒရှိကြလေသည်။ ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ ဘုရားသခင်သည် တတိယကောင်းကင်ဘုံသို့ ပြန်ကြွမသွားဖို့ရန် မိမိကိုယ်ကိုယ် မနည်းထိန်းနေရ၏။ လူသားသည် ဘုရားသခင်ကို ချစ်ရန်အတွက်၊ သူသည် ဘုရားသခင်၏ အလိုကို သဘောပေါက်ရမည်၊ သူ၏ဝမ်းမြောက်မှုများနှင့် ဝမ်းနည်းခြင်းများကို သိရှိရမည်ဖြစ်ပြီး၊ သူစက်ဆုပ်သည့်အရာ မည်သည့်အရာဖြစ်သည်ကို နားလည်ရမည် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းသည် လူသား၏ ဝင်ရောက်ခြင်းကို သာ၍ စေ့ဆော်လိမ့်မည်။ ဘုရားသခင်၏ အလိုဆန္ဒ အောင်မြင်ခြင်းသို့ ရောက်ရှိနိုင်ဖို့အလို့ငှာ၊ လူသား၏ ဝင်ရောက်မှု မြန်ဆန်လေလေ၊ ဘုရားသခင်၏ အလိုသည် မြန်မြန် ဖြည့်ဆည်းခံရလေလေ ဖြစ်ပြီး၊ လူသားသည် နတ်ဆိုးတို့၏ ရှင်ဘုရင်ကို ရှင်းလင်းစွာ ရိပ်စားမိလေလေ ဖြစ်ကာ ဘုရားသခင်ထံ ချဉ်းကပ်လေလေ ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ
အောက်ခြေမှတ်စု(များ)-
၁။ “ဝါးမျို” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မပြုသော နတ်ဆိုးတို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။
၂။ “ပြစ်မှုထဲက ဤကြံရာပါ” ဆိုသည်မှာ “လူရမ်းကားတစ်သိုက်” နှင့် အမျိုးအစားတူသည်။
၃။ “ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် ဘုရားသခင်၏ အမှုကို ဟန့်တားကာ ဆန့်ကျင်ရင်း မည်သို့ သောင်းကျန်းကြမ်းတမ်းပုံကို ရည်ညွှန်းသည်။
၄။ “သွားရှိသော ဝေလငါးများ” ဆိုသည်မှာ သရော်သည့်အနေဖြင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှသည်မှာ ဝက်များနှင့် ခွေးများသည် ၎င်းတို့အတွက် ဝေလငါးများတမျှ ကြီးမားပုံကို တင်စားခြင်း ဖြစ်သည်။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၁၂)
နှစ်ပေါင်းထောင်ချီတိုင်အောင် ဤကုန်းမြေသည် ညစ်ညူးခြင်း၏ ကုန်းမြေ ဖြစ်ခဲ့သည်၊ ထိုကုန်းမြေ သည် မခံမရပ်နိုင်လောက်အောင် ညစ်ညမ်းကာ စိတ်ဆင်းရဲမှုနှင့် ပြည့်နှက်နေပြီး တစ္ဆေများသည် နေရာတိုင်းတွင် သောင်းကျန်း နေကြကာ လိမ်လည်လှည့်ဖြား နေကြ၍ အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက်၁ အကြင်နာတရား ကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ် နေကြ၍ ဤတစ္ဆေမြို့အား နင်းခြေလျက် ယင်းမြို့ကို အသေကောင်များဖြင့် ပြန့်ကျဲနေစေခဲ့သည်။ ယိုယွင်းနေသော အရာ၏ အပုပ်နံ့သည် ကုန်းမြေကို ဖုံးလွှမ်းနေပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့လျက် ရှိကာ၊ ယင်းသည် တင်းကျပ် စွာ စောင့်ကြပ်ခြင်း ခံနေရ၏။၂ မိုးကောင်းကင်အား လွန်၍ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ မာရ်နတ်သည် လူသား၏ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားပြီး၊ သူ၏ မျက်လုံး နှစ်လုံး စလုံးကို ထုတ်ပစ်ကာ သူ၏နှုတ်ခမ်းများအားလည်း ခိုင်မြဲစွာ စေ့စေ့ ပိတ်ထားလေသည်။ ထိုးဖောက်၍ မရနိုင်သော မာရ်နတ်တို့၏ နန်းတော်လေအလား တစ္ဆေမြို့အပေါ် အနီးကပ် ဆက်လက် စောင့်ကြပ်နေရင်း မာရ်နတ်များ၏ ရှင်ဘုရင်သည် ယနေ့ထက်ထိ နှစ်ထောင်ပေါင်း အချို့တိုင်အောင် သောင်းကျန်း နေခဲ့သည်။ ဤခြံစောင့်ခွေးအုပ်စုသည် ဘုရားသခင်သည် ၎င်းတို့ကို မသိလိုက်သည့်အချိန်မှာ ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးကို သုတ်သင်ပယ်ရှင်းကာ ပျော်ရွှင်ခြင်းနှင့် ငြိမ်သက်ခြင်း၏ နေရာ မရှိဘဲ ဖြစ်စေ မည်ကို နက်ရှိုင်းစွာ ကြောက်ရွံ့ နေကြလျက် စူးရဲသော မျက်လုံးများနှင့် စူးစိုက်ကြည့်နေသည်။ ဤတစ္ဆေမြို့၏ လူများသည် ဘုရားသခင်အား မည်သို့လျှင် မြင်တွေ့ဖူးလိမ့် မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းကို ခံစားခဲ့ဖူးသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့တွင် အဘယ်သုံးသပ်ချက်တို့ ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက် လျက် ရှိရစ်နေသည်မှာ သိပ်အံ့သြစရာ မဟုတ်ပါချေ။ မာရ်နတ်များသည် သနားကြင်နာခြင်းကင်း၍ လူမဆန်သည့် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းတွင် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော မာရ်နတ်များ၏ ရှင်ဘုရင်သည် ချစ်ခင်၍ ကြင်နာကာ သန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို အဘယ်သို့လျှင် သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို အဘယ်သို့လျှင် ၎င်းသည် လက်ခုပ်တီး၍ သြဘာပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းနှင့် ပြန်ပေးဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြသည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက် ကြသည်၊ ၎င်းတို့သည် အစွန်းရောက်သော လူရိုင်းများ ဖြစ်သည်၊ ၎င်းတို့၌ ဘုရားသခင် အား အလေးထားမှု စိုးစဉ်းမျှပင် မရှိ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ကွယ်ပျောက်ကြပြီး အသိတရား အလုံးစုံကို ဆန့်ကျင်ကြကာ အပြစ်မဲ့သော သူကို အသိစိတ် မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြလေသည်။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်သည့် အနေအထားနှင့် ပရမ်းပတာအနေအထားတွင် ထားခဲ့လေ၏။ ဘာသာရေး လွတ်လပ်ခြင်းလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့ အားလုံးသည် အပြစ်အား ဖုံးကွယ်ဖို့ရန်အတွက် လှည့်စားမှုများပင် ဖြစ်ကြသည်။ ဘုရားသခင်၏ အလုပ်ကို မည်သူ ပံ့ပိုးခဲ့သနည်း။ ဘုရားသခင်၏ အလုပ်အတွက် မည်သူသည် ၎င်းတို့၏ အသက်တာကို စွန့်လွှတ်ခဲ့သနည်း၊ သို့မဟုတ် သွေးမြေခခဲ့သနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်တိုင်အောင်၊ မိဘများမှသည် သားသမီးများအထိ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား ခပ်ဆတ်ဆတ်ပင် ကျွန်ပြုခဲ့ကြသည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်း များစွာသော အမုန်းတရားသည် နှလုံးသားထဲတွင် အနယ်ထိုင်နေခဲ့သည်၊ နှစ်ပေါင်းထောင်ချီသော အပြစ်နှင့် ပြည့်နှက်မှုသည် နှလုံးသားထက် တွင် ရေးထွင်းထားလျက် ရှိသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ အပြစ်ပေးသော ဘုရားသခင်သည် မိမိ၏ရန်သူကို အကြွင်းမဲ့ ဇီဝိန်ချုပ်စေပြီး ၎င်းအား ဆက်လက် ၍ သောင်းကျန်းခွင့်မပြုတော့ဘဲ ၎င်းအား စိတ်ရှိသည်အတိုင်း ပြဿနာများ ဖန်တီးခွင့် မပေးတော့ပေ။ ယခုသည် အချိန်ကျပေပြီ။ လူသားသည် ကြာမြင့်စွာ ကတည်းကပင် သူ၏ ခွန်အား အလုံးစုံ ကို စုစည်းခဲ့လေပြီ၊ သူ၏ ကြိုးထုတ်မှု အားလုံးကို ပေးအပ်မြှုပ်နှံခဲ့ကာ အဖိုးအခတိုင်းကို ဤအရာအတွက် ပေးဆပ်ခဲ့လေပြီ။ မာရ်နတ်၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲကာ၊ မျက်စိကွယ်စေခြင်း ခံခဲ့ရပြီး ဆင်းရဲ ဒုက္ခနှင့် ဝေဒနာ အမျိုးမျိုးကို ကြံ့ကြံ့ခံခဲ့ရသော လူများကို ၎င်းတို့၏ နာကျင်မှုမှ ထလာစေလျက် ဤဆိုးညစ်သော မာရ်နတ်အိုအား သူတို့ ကျောခိုင်းခွင့်ပြုပေးရန် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်အတွက် ထိုကဲ့သို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် တည်ထောင်ရ သနည်း။ ဘုရားသခင်၏ လူစုများကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံး ချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့က အဘယ်မှာများနည်း။ တရား မျှတခြင်းကား အဘယ်မှာနည်း။ နှစ်သိမ့်ရာကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရား သခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် ကောက်ကျစ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိမ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်း ခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့် မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့် တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အကြား နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အကြား ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုကဲ့သို့ အလွန်အမင်း တောင့်တခြင်းကို အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် ခေါ်ခိုင်းအောင် လုပ်ရသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ်ပြုရသနည်း။ ဤအမိုက်မှောင် လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဝမ်းနည်းဖွယ် ခြံစောင့်ခွေးများတို့သည် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် လောကကြီးထဲ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ကို အဘယ်ကြောင့် မပြုရသနည်း။ နာကျင်မှုနှင့် ဆင်းရဲဒုက္ခတို့ အလယ်၌ နေနေရသော လူသား သည် အဘယ်ကြောင့် နားမလည်ရသနည်း။ သင်တို့အတွက်နှင့် ဘုရားသခင်သည် ကြီးစွာသော ညှဉ်းဆဲခြင်း ကို ကြံ့ကြံ့ခံခဲ့ပြီ၊ ကြီးစွာသော နာကျင်မှုနှင့် သူ၏ ချစ်လှစွာသောသား၊ သူ၏ အသွေးနှင့် အသားကို သူသည် သင်တို့အား နှင်းအပ်ခဲ့ပြီ— ထို့ကြောင့် သင်တို့သည် အဘယ်အတွက်နှင့် မမြင်ချင် ယောင်ဆောင်နေကြသနည်း။ လူဘုံအလယ်တွင် သင်တို့သည် ဘုရားသခင်၏ ကြွရောက်လာခြင်း ကို ငြင်းပယ်ကြပြီး ဘုရားသခင်၏ ခင်မင်ရင်းနှီးမှုကို ငြင်းဆိုခဲ့ကြ၏။ အဘယ်ကြောင့် သင်တို့သည် အလွန်တရာမှပင် ကျိုးကြောင်း မဆင်ခြင် နိုင်ရသနည်း။ သင်တို့သည် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းအတွင်းရှိ မတရားမှုများကို ကြံ့ကြံ့ခံရန် ဆန္ဒရှိနေကြသလော။ နှစ်ထောင်ချီသည့် မုန်းတီးမှုဖြင့် သင်တို့၏ ဝမ်းဗိုက်များကို ဖြည့်ရမည့် အစား အဘယ်ကြောင့် သင်တို့သည် မိမိတို့ကိုယ်မိမိ မာရ်နတ်တို့ ရှင်ဘုရင်၏ “ချေး” နှင့် သိပ်ထည့်ကြ သနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” မှ
အောက်ခြေမှတ်စု(များ)-
၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက်” သည် မာရ်နတ်မှ လူတို့အား ဘေးပြုရာတွင် သုံးသော နည်းလမ်းများကို ရည်ညွှန်းသည်။
၂။ “တင်းကျပ်စွာ စောင့်ကြပ်ခြင်း ခံနေရ၏” သည် မာရ်နတ်သည် လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းလမ်းများသည် အထူးသဖြင့် ရက်စက်လှပြီး လူတို့ကို အလွန်တရာမှပင် ထိန်းချုပ်သည့် အတွက် ၎င်းတို့မှာ ရွေ့လျားရန်ပင် နေရာလွတ် မကျန်တော့ကြောင်းကို ညွှန်ပြသည်။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၁၃)
ဘုရားသခင် အလုပ်အတွက် အတားအဆီးများမှာ မည်မျှ ကြီးမားသနည်း။ တစ်စုံတစ်ယောက်မှ သိခဲ့ဖူးလေသလော။ စွဲမြဲနေသည့် အယူသည်းသော အရောင်ဆိုးမှုများနှင့် ပိတ်လှောင်ခံ ထားရသည့် လူများတွင် အဘယ်သူသည် ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်ကို သိကျွမ်းရန် တတ်စွမ်းနိုင်မည်နည်း။ ခေတ်နောက်ကျော့သော ယဉ်ကျေးမှုဆိုင်ရာ ဤအသိပညာ သည် အလွန်ပင် တိမ်လှပြီး အဓိပ္ပာယ် မရှိသည့်အတွက် ၎င်းတို့သည် ဘုရားသခင်မှ ပြောကြားခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့လျှင် လုံးလုံးလျားလျား နားလည်နိုင်မည်နည်း။ ၎င်းတို့အား မျက်နှာချင်းဆိုင် ပြောဆို၍၊ နှုတ်ချင်းဆိုင် ဖြည့်သွင်းပေးလျှင်ပင် ၎င်းတို့သည် အဘယ်သို့လျှင် နားလည်နိုင်မည်နည်း။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် များသည် ပင်းနေသော နားများအပေါ်သို့ ကျရောက်သွားလေသည့် အလားပင် ဖြစ်သည်။ လူများသည် စိုးစဉ်းမျှပင် တုံ့ပြန်ခြင်း မရှိ၊ သူတို့၏ ဦးခေါင်းများကို လှုပ်နေလျက် အဘယ်အရာကိုမျှ နားလည်ခြင်း မရှိ။ အဘယ်သို့လျှင် ဤအရာသည် စိတ်မပူစေဘဲ ရှိမည်နည်း။ ဤ “အလှမ်းဝေး၍၁ ရှေးကျသော ယဉ်ကျေးမှု ဆိုင်ရာ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာ” သည် ထိုကဲ့သို့သော အသုံးမကျသော လူအုပ်စုတစ်စုကို ပြုစုပျိုးထောင်ခဲ့ လေပြီ။ ဤရှေးကျသော ယဉ်ကျေးမှု— အဖိုးတန်သော အမွေအနှစ်— ဆိုသည်မှာ အမှိုက် ပုံကြီးသာ ဖြစ်တော့သည် တကား။ ယင်းသည် အမြဲတည်တံ့သော အရှက်တရား ဖြစ်လာသည်မှာ ကြာပြီဖြစ်ပြီး ပြောပြရန်ပင် မသင့်ပါတကား။ ယင်းအရာသည် လူတို့ကို ဘုရားသခင်အား ဆန့်ကျင်ခြင်း၏ လှည့်ကွက်များနှင့် နည်းပရိယာယ်များကို သင်ပေးခဲ့ပြီး အမျိုးသား ပညာရေး၏ “နည်းစနစ်ကျ၍ ညင်သာ သော လမ်းညွှန်မှု”၂ သည် လူများကို ဘုရားသခင်အား သာ၍ပင် မနာခံရန်အကြောင်း ဖြစ်စေခဲ့သည်။ ဘုရား သခင် အလုပ်၏ အစိတ်အပိုင်း အသီးသီးသည် အလွန်တရာမှပင် ခက်ခဲလှပြီး ကမ္ဘာပေါ်ရှိ သူ့အလုပ်၏ အဆင့်အသီးသီးသည် ဘုရားသခင်အား စိတ်သောက ရောက်နေစေခဲ့သည်။ ကမ္ဘာပေါ်ရှိ သူ၏ အလုပ်သည် ခက်ခဲလှသည် တကား။ ကမ္ဘာပေါ်ရှိ ဘုရားသခင်အလုပ်၏ အဆင့်များတွင် ကြီးစွာသော ဆင်းရဲဒုက္ခတို့ ပါဝင် သည်— လူသား၏ အားနည်းမှု၊ ချို့ယွင်းမှု၊ ကလေးဆန်မှု၊ မသိနားမလည်မှုနှင့် လူသားနှင့် ပတ်သက်၍ အရာအားလုံးအတွက် ဘုရားသခင်သည် စေ့စပ်သေချာသော အစီအစဉ်များနှင့် ထောက်ထားစာနာတတ်သော ထည့်သွင်းစဉ်းစားခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။ လူသားသည် မည်သူမျှ ထောင်ချောက် မဆင်ရဲသော သို့မဟုတ် ရန်မစရဲသော စက္ကူကျား ကဲ့သို့ပင် ဖြစ်သည်။ ထိလိုက်ရုံလေးနှင့် သူသည် ပြန်ကိုက်လေသည်၊ သို့မဟုတ်ပါက လဲကျပြီး လမ်းပျောက် လေတော့သည်၊ ယင်းသို့ဖြစ်ခြင်းမှာ အာရုံစူးစိုက်မှု အနည်းငယ်လေးမျှ ဆုံးသွား သည်နှင့် အကျင့်ဆိုးကို ပြန်၍ ကျင့်သည့်အလား၊ သို့မဟုတ်ပါက ဘုရားသခင်အား လျစ်လျူရှုသည့်အလား၊ သို့မဟုတ် သူ၏ ဝက်များနှင့် ခွေးများ၏ အမိအဖတို့ ခန္ဓာကိုယ်များ၏ မသန့်ရှင်းသော အရာများ၌ မွေ့လျော်ရန် ၎င်းတို့ထံ ပြေးသွားလေသည့် အလားပင် ဖြစ်တော့သည်။ ကြီးစွာသော အဟန့်အတားပါတကား။ လက်တွေ့အရတွင် သူ၏ အဆင့် အသီးသီးတွင် ဘုရားသခင်သည် သွေးဆောင်ဖြားယောင်းခြင်း ခံရကာ အဆင့်အားလုံး နီးပါး၌ ကြီးစွာသော အန္တရာယ်ကို ဘုရားသခင် စွန့်စားရင်ဆိုင်ရသည်။ သူ၏ နှုတ်ကပတ်တော်များ သည် စိတ်ရင်းမှန်၍ ရိုးသားကာ မလိုတမာစိတ်တို့ မပါသော် ငြားလည်း မည်သူသည် ယင်းတို့ကို လက်ခံလိုစိတ် ရှိသနည်း။ မည်သူသည် လုံးလုံးလျားလျား ဆက်ကပ် အပ်နှံလိုစိတ် ရှိသနည်း။ ၎င်းသည် ဘုရားသခင်၏ နှလုံးသားအား ကြေကွဲစေသည်။ သူသည် လူသားအတွက် နေ့ရောညပါ ကြိုးပမ်းသည်၊ လူသား၏ အသက်တာအတွက်နှင့် သူသည် သောကဗျာပါရနှင့် ဝိုင်းဝိုင်းလည် နေခဲ့ပြီး လူသား၏ အားနည်းမှုကို သူသည် စာနာလေသည်။ သူ့အလုပ်၏ အဆင့်အသီးသီးတွင် သူပြောသော နှုတ်ကပတ်တော်တိုင်း အတွက် သူသည် များစွာသော အလှည့်အပြောင်းများကို ကြံ့ကြံ့ခံခဲ့သည်။ သူသည် ဆုပ်လည်းဆူး၊ စားလည်းရူးသော အခြေအနေတွင် အမြဲရောက်နေခဲ့ပြီး လူသား၏ အားနည်းမှု၊ နာမခံမှု၊ ကလေးဆန်မှုနှင့် ခုခံနိုင်စွမ်း မရှိမှုတို့ကို နှစ်ဆယ့်လေးနာရီပတ်လုံး ကြိမ်ဖန်တစ်လဲလဲ အမြဲတွေးတောသည်။ ဤသည်ကို မည်သူသည် သိခဲ့ဖူးသနည်း။ မည်သူ့ကို ဘုရားသခင် သည် ယုံကြည်စိတ်ချကာဖွင့်ပြောနိုင်သနည်း။ မည်သူသည် နားလည်ခြင်းငှာ တတ်စွမ်းနိုင်မည်နည်း။ အမြဲတစေပင် ဘုရားသခင်သည် လူသား၏ အပြစ်များနှင့် လူသား၏ သတ္တိမရှိမှုနှင့် ကြောက်ချေးပါမှုကို စက်ဆုပ်ရွံရှာပြီး အမြဲတစေပင် သူသည် လူသား ၏ ခုခံနိုင်စွမ်း မရှိခြင်းအတွက် စိုးရိမ်ပူပန်ပြီး လူသား၏ အရှေ့တွင် တည်ရှိနေသည့် လမ်းကြောင်းအား ချင့်ချိန် စဉ်းစားပေးသည်။ အစဉ်အမြဲပင် ဘုရားသခင်သည် လူသား၏ လုပ်ရပ်များနှင့် စကားလုံးများကို လေ့လာစိစစ်သည့်အခါ ယင်းတို့သည် သူ့အား သနားကရုဏာ၊ အမျက်ဒေါသနှင့် ပြည့်စေပြီး ဤအရာများကို မြင်တွေ့နေရခြင်းသည် သူ့နှလုံးသားအား အစဉ်အမြဲပင် နာကျင်မှုများ ယူဆောင်လာပေးသည်။ အပြစ်မဲ့သော သူတို့သည် အဆုံးတွင်တော့ ထုံထိုင်းလာလေပြီ၊ အဘယ်ကြောင့် ဘုရားသခင်သည် ၎င်းတို့အတွက် အမှုအရာများကို ခက်ခဲအောင် အမြဲပင် လုပ်ရသနည်း။ ချည့်နဲ့သော လူသားတွင် ဇွဲလုံ့လတို့ လုံးဝဥဿုံ ကင်းမဲ့လေသည်၊ အဘယ်ကြောင့် ဘုရားသခင်သည် လူသားပေါ် ယင်းကဲ့သို့ မရပ်စဲသော အမျက်ဒေါသ အမြဲပင် ရှိရသနည်း။ အားနည်း၍ အစွမ်းမဲ့သော လူသားသည် ရှင်သန်မှုစွမ်းအင်များ စိုးစဉ်းမျှပင် မရှိကြတော့၊ အဘယ်ကြောင့် ဘုရားသခင်သည် လူသားအား အမြဲပင် သူ၏ မနာခံမှုအတွက် ပြစ်တင်ကြိမ်းမောင်း ရသနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ခြိမ်းခြောက်မှုများကို မည်သူသည် ခံရပ်နိုင်မည်နည်း။ အဆုံးတွင် လူသားသည် ကျိုးပဲ့လွယ်၍ အကျဉ်းအကျပ်ထဲ ရောက်နေပြီး ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို သူ၏ နှလုံးသားအထဲ နက်ရှိုင်းရာသို့ ဖိထားလေပြီ၊ သို့မှသာ လူသားသည် မိမိကိုယ်မိမိ ဖြည်းညှင်းစွာ ဆင်ခြင် သုံးသပ်နိုင်ရန် ဖြစ်သည်။ သို့သော်လည်း စိုးရိမ်ဖွယ်ဖြစ်သည့် ဒုက္ခထဲ ကျရောက်နေသော လူသား သည် ဘုရားသခင်၏ အလိုတော်နှင့် ပတ်သက်၍ တန်ဖိုးထားလေးမြတ်မှု စိုးစဉ်းမျှ မရှိချေ။ သူသည် မာရ်နတ် တို့၏ အိုသော ရှင်ဘုရင်၏ နင်းခြေခြင်းကို ခံနေခဲ့ရသော်လည်း လုံးလုံးပင် သတိမူမိခြင်းမရှိ၊ သူသည် အမြဲပင် ဘုရားသခင်အား ဆန့်ကျင်သည်၊ သို့မဟုတ် သူသည် ဘုရားသခင် အား မပူမအေး သဘောထားမျိုး ထားရှိသည်။ ဘုရားသခင်သည် အလွန်များစွာသော နှုတ်ကပတ်တော်များကို ပြောကြားခဲ့ သော်လည်း မည်သူသည် ယင်းတို့ကို လေးနက်စွာ ခံယူခဲ့ဖူးသနည်း။ လူသားသည် ဘုရား သခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းမရှိ၊ သို့သော်လည်း သူသည် စိတ်ဒုက္ခမရောက်၊ တောင့်တ ခြင်း မရှိဘဲ ရှိနေပြီး အိုသော မာရ်နတ်၏ အနှစ်သာရကိုလည်း စစ်မှန်စွာ သိရှိခဲ့ခြင်း လုံးဝ မရှိချေ။ လူတို့သည် မရဏနိုင်ငံ၊ ငရဲတွင် နေကြသော်လည်း မိမိတို့ကိုယ်မိမိ ပင်လယ် ကြမ်းပြင်မှ နန်းတော်ထဲတွင် နေကြရသည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ နှိပ်ကွပ်ခြင်းကို ခံရသော်လည်း မိမိတို့ကိုယ်မိမိ တိုင်းပြည်၏ “ကျေးဇူးပြုခြင်း” ခံရသည်၃ ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မာရ်နတ်၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံရသော်လည်း မိမိတို့ကိုယ်မိမိ ဇာတိပကတိ၏ အသာလွန်ဆုံးသော ဖန်တီးကြံဆမှုကို ပျော်မွေ့နေရသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် အလွန်ပင် ညစ်ပဲ့စုတ်ပြတ်လျက် အောက်တန်းကျသော စုတ်ချာချာလူ တစ်သိုက်တို့ ဖြစ်ကြသည်တကား။ လူသားသည် ကံမကောင်း အကြောင်းမလှမှုနှင့် ကြုံတွေ့ခဲ့ရပြီး ဖြစ်သော်လည်း သူသည် ယင်းကို မသိ၊ ဤအမိုက်မှောင် လူ့အဖွဲ့အစည်း အတွင်း အဖြစ်ဆိုး တစ်ခုနောက်တစ်ခု ခံစားရ၄ သော်လည်း သူသည် ယင်းကို လုံးဝသိရှိခြင်း မရှိသေး။ အဘယ်အချိန်မှ သူသည် ကိုယ့်ကိုယ်ကိုယ် ကြင်နာခြင်းနှင့် ကျွန်သဘောဆန်သော စိတ်သဘောထားမှ မိမိကိုယ်မိမိ ပထုတ်လိမ့်မည်နည်း။ အဘယ်ကြောင့် သူသည် ဘုရားသခင်၏ နှလုံးသားအား အလွန်မှပင် အလေးမထားဘဲ ရှိနေရသနည်း။ သူသည် ဤဖိနှိပ်မှုနှင့် ဒုက္ခဆင်းရဲအတွက် တိတ်တဆိတ်ပင် အပြစ်မယူ လျစ်လျူရှုထားလေ သလော။ အမှောင်မှ အလင်းသို့ သူပြောင်းနိုင်သည့် နေ့ရက်ကို သူသည် ဆန္ဒ မရှိလေသလော။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတို့အပေါ် တရားမျှတမှု မရှိခြင်းကို နောက်တစ်ဖန် ကုစားရန် သူသည် ဆန္ဒ မရှိလေသလော။ လူတို့သည် သမ္မာတရားအား စွန့်ပယ်လျက် အမှန်တရားများကို မလိမ့်တပတ်လုပ်သည်ကို သူသည် ဘာမျှမလုပ်ဘဲ ထိုင်ကြည့်နေရန် ဆန္ဒရှိလေသလော။ ဤနှိပ်စက်ညှဉ်းဆဲမှုအား ဆက်လက်၍ ကြံ့ကြံ့ခံနေရသည်ကို သူသည် ပျော်လေသလော။ သူသည် ကျွန်ဖြစ်ရန် အလိုရှိလေ သလော။ ဘုရားသခင်၏ လက်ထဲတွင် သူသည် ဤကျရှုံးသော ပြည်ကြီး၏ ကျွန်များနှင့်အတူ အတူတူ ပျက်စီးခြင်းသို့ ရောက်ရန် အလိုရှိလေသလော။ သင်၏ စိတ်ပိုင်းဖြတ်ချက်ကား အဘယ် မှာနည်း။ သင်၏ ရည်မှန်းချက်ကား အဘယ်မှာနည်း။ သင်၏ ဂုဏ်သိက္ခာကား အဘယ်မှာနည်း။ သင်၏ သမာဓိကား အဘယ်မှာနည်း။ သင်၏ လွတ်လပ်ခြင်းကား အဘယ်မှာနည်း။ သင်သည် မာရ်နတ်တို့၏ ရှင်ဘုရင်၊ အဆင်းနီသော နဂါးကြီးထံ သင်၏ဘဝ တစ်ခုလုံးကို စွန့်လွှတ်ရန်၅ အလိုရှိလေသလော။ ၎င်းမှ သင့်အား သေသည်တိုင်အောင် နှိပ်စက်ကလူပြုသည်ကို သင်သည် ပျော်ရွှင်စွာခွင့်ပြုလေသလော။ နက်နဲရာ၏ မျက်နှာပြင်သည် ပရမ်းပတာဖြစ်လျက် မှောင်မိုက်နေသည်၊ ထိုကဲ့သို့သော ဒုက္ခဝေဒနာကို ခံစားနေရသော အများပြည်သူများသည် ကောင်းကင်ဘုံထံသို့ ဟစ်ကြွေးကြကာ ကမ္ဘာမြေကြီးကို တိုင်တန်းကြလေသည်။ မည်သည့်အချိန်တွင် လူသားသည် သူ၏ ဦးခေါင်းကို မြင့်မြင့် မော့နိုင် မည်နည်း။ လူသားသည် အရိုးပေါ် အရေတင်နေ၍ ကြုံလှီလှသည်၊ သူသည် ဤရက်စက်၍ အာဏာရှင်ကဲ့သို့ ကြမ်းကြုတ်လှသော မာရ်နတ်အား အဘယ်သို့လျှင် ရင်ဆိုင်နိုင်မည်နည်း။ သူသည် တတ်နိုင်သည်နှင့် ချက်ချင်းပင် ဘုရားသခင်အား အဘယ်ကြောင့် သူ၏ အသက်တာကို မပေးရသနည်း။ အဘယ်ကြောင့် လူသားသည် ယိမ်းယိုင်လျက် ရှိနေသေးသနည်း၊ ဘုရားသခင်၏ အလုပ်ကို သူသည် မည်သည့် အချိန်တွင် ပြီးစီးနိုင်မည်နည်း။ ဤသို့ ရောက်တတ်ရာရာ နှိပ်စက်ခြင်းနှင့် ဖိနှိပ်ခြင်းကို ခံရ၍ သူ၏ ဘဝ တစ်ခုလုံးသည် အဆုံးတွင် အချည်းနှီးသက်သက် ဖြုန်းပြီးဖြစ်သွားပေမည်။ အဘယ်ကြောင့် သူသည် ရောက် လာရန် ယင်းသို့ အလောတကြီး ဖြစ်နေရသနည်း၊ ထွက်ခွာသွားရန် ယင်းသို့ အလျင်လိုနေရသနည်း။ ဘုရား သခင်အား ပေးအပ်ရန် သူသည် အဘယ်ကြောင့် တန်ဖိုးရှိသောအရာ တစ်စုံတစ်ခုကို သိမ်းထားခြင်း မရှိရသနည်း။ နှစ်ထောင်ချီတိုင် မုန်းတီးခြင်းကို သူသည် မေ့လျော့သွား လေပြီလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ“အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” မှ
အောက်ခြေမှတ်စု(များ)-
၁။ “အလှမ်းဝေး” အား ပြောင်လှောင်သရော်သည့် သဘောနှင့် သုံးထားသည်။
၂။ “နည်းစနစ်ကျ၍ ညင်သာသော လမ်းညွှန်မှု” ကို လှောင်ပြောင်သရော်စွာ သုံးထားခြင်း ဖြစ်သည်။
၃။ “ကျေးဇူးပြုခြင်း ခံရသည်” ကို ထုံထိုင်းပုံရ၍ ကိုယ့်ကိုယ်ကိုယ် သိခြင်း မရှိသော လူများကို သရော် လှောင်ပြောင်ရန် သုံးထားခြင်း ဖြစ်သည်။
၄။ “အဖြစ်ဆိုး တစ်ခုနောက်တစ်ခု ခံစားရ” သည် လူများမှာ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် မွေးဖွားလာကြပြီး ၎င်းတို့သည် မိမိတို့၏ ဦးခေါင်းများကို မမော့နိုင်ကြခြင်းကို ညွှန်ပြသည်။
၅။ “သင်၏ဘဝတစ်ခုလုံးကို စွန့်လွှတ်ရန်” ဆိုသည်မှာ ယုတ်ညံ့သော အဓိပ္ပါယ်ဖြင့် ဆိုလိုသည်။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၁၄)
ယနေ့ သင်တို့ နားလည်လာရသော အရာသည် သမိုင်းတစ်လျှောက် စုံလင်စေခြင်း မခံခဲ့ရသည့် မည်သူမဆို၏ နားလည်မှုထက် သာ၍ မြင့်မားပေသည်။ စမ်းသပ်မှုများနှင့်ဆိုင်သည့် သင်၏ အသိပညာဖြစ်စေ၊ ဘုရားသခင်၌ ယုံကြည်ခြင်းဖြစ်စေ၊ အားလုံးသည် ဘုရားသခင်၌ ယုံကြည်သူ မည်သူမဆိုထက် သာ၍ မြင့်မားလေသည်။ သင်တို့ နားလည်သော အရာများမှာ ပတ်ဝန်းကျင်များနှင့်ဆိုင်သော စမ်းသပ်မှုများကို သင်တို့ မကြုံမီ သိလာသည့် အရာများဖြစ်သော်လည်း၊ သင်တို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုသည် ထိုအရာများနှင့် လုံးဝ သဟဇာတမဖြစ်ပေ။ သင်တို့ သိသောအရာသည် သင်တို့ လက်တွေ့ လုပ်ဆောင်သော အရာထက် သာ၍ မြင့်မားသည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်ကို ချစ်သင့်ပြီး၊ ကောင်းချီးမင်္ဂလာများအတွက်မဟုတ်ဘဲ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့သာ ကြိုးပမ်းသင့်သည်ဟု သင်တို့ ပြောသော်လည်း၊ သင်တို့၏ အသက်တာတွင် ပေါ်လွင်ထင်ရှားသည့် အရာများမှာ ဤအရာနှင့် တခြားစီဖြစ်နေပြီး အလွန်စွန်းထင်းလေပြီဖြစ်သည်။ လူအများစုသည် ငြိမ်သက်ခြင်းနှင့် အခြားသော အကျိုးကျေးဇူးများအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ သင်၏ အကျိုးအဖို့မဟုတ်ပါက၊ ဘုရားသခင်ကို သင်မယုံကြည်သကဲ့သို့၊ ဘုရားသခင်၏ ကျေးဇူးတရားများကို သင်မရရှိနိုင်ပါက၊ သင် သုန်မှုန်လေသည်။ သင်ပြောပြီးသောအရာသည် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မည်သို့ဖြစ်နိုင်မည်နည်း။ ကလေးများ နေမကောင်းဖြစ်ခြင်း၊ ချစ်ရသူများ ဆေးရုံတက်ရခြင်း၊ သီးနှံဖြစ်ထွန်းမှုများ ညံ့ဖျင်းခြင်းနှင့် မိသားစုဝင်များ၏ ဖိနှိပ်ညှဉ်းဆဲမှုခံရခြင်းကဲ့သို့သော ရှောင်လွှဲ၍မရသည့် မိသားစု အဖြစ်အပျက်များနှင့် ပတ်သက်လာသည့်အခါ၊ ဤမကြာခဏ နေ့စဉ်ဖြစ်ပွားမှုများသည်ပင် သင့်အတွက် လွန်လွန်းလှပေသည်။ ထိုသို့သော အရာများ ဖြစ်ပျက်သည့်အခါ၊ ရုတ်တရက် ထိန်းမနိုင် သိမ်းမရအောင် ကြောက်စိတ်ဝင်ကာ၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင် မသိပေ- ပြီးလျှင် အချိန်အများစုတွင်၊ သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ ညည်းတွားလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်အား လှည့်စားသည်၊ ဘုရားသခင်၏ အမှုက သင့်ကို မထီလေးစားပြုသည်ဟု သင် မကျေမနပ်ပြောသည်။ ထိုသို့သော အတွေးများ သင်တို့၌ မရှိသလော။ သင်တို့အလယ်တွင် ထိုသို့သော အရာများ ရံဖန်ရံခါမျှသာ ဖြစ်သည်ဟု သင် ထင်သလော။ ထိုသို့သော အဖြစ်အပျက်များကြားတွင် သင်သည် နေ့စဉ် အသက်ရှင်ရင်း အချိန်ကုန်ဆုံးလေသည်။ သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့်ဆိုင်သည့် အောင်မြင်မှုနှင့် ဘုရားသခင်၏ အလိုကို မည်သို့ ဖြည့်ဆည်းရမည်ကို အနည်းငယ်မျှ သင် မတွေးတောပေ။ သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုသည် ငယ်လွန်းသည်၊ ကြက်ပေါက်စကလေး၏ အရွယ်ထက်ပင် ပို၍ ငယ်သည်။ သင်၏ မိသားစု၏လုပ်ငန်းတွင် ငွေအရှုံးပေါ်သည့်အခါ ဘုရားသခင်ကို သင် ညည်းတွားသည်၊ ဘုရားသခင်၏ ကွယ်ကာမှုမရှိသည့် ပတ်ဝန်းကျင်တွင် သင်ရှိနေသည်ကို သင်တွေ့ရသည့်အခါ၊ ဘုရားသခင်ကို သင် ညည်းတွားဆဲ ဖြစ်ပြီး၊ သင်၏ ကြက်ကလေးများထဲမှ တစ်ကောင် သေသည့်အခါ သို့မဟုတ် နွားခြံထဲက နွားအိုကြီးတစ်ကောင် ဖျားနာသည့်အခါတွင်ပင် သင် ညည်းတွားလေသည်။ သင်၏သား အိမ်ထောင်ပြုရန် အချိန်တန်သော်လည်း၊ သင်၏မိသားစု၌ ငွေကြေးအလုံအလောက် မရှိသည့်အခါတွင် သင် ညည်းတွားသည်။ သင်သည် ဧည့်ဝတ်ပြုခြင်းတာဝန်ကို ဆောင်ရွက်ချင်သော်လည်း၊ ယင်းကို အကုန်အကျ မတတ်နိုင်ပေ၊ ထိုအခါ၌လည်း သင်ညည်းတွားလေသည်။ သင်သည် ညည်းတွားမှုများနှင့် ပြည့်လျှံလျက်ရှိပြီး ဤအရာကြောင့် သင်သည် တစ်ခါတစ်ရံ တွေ့ဆုံပွဲများကို မတက်ရောက်ပေ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း မစားသောက်ပေ၊ တစ်ခါတစ်ရံ အချိန်ကြာမြင့်စွာ သင်သည် အပျက်သဘောဆောင်လေသည်။ ယနေ့ သင်၌ ဖြစ်ပျက်သည့် မည်သည့်အရာမျှ သင်၏ တက်လမ်းများ သို့မဟုတ် ကံကြမ္မာနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့လျှင်ပင်လည်း၊ ဤအရာများ ဖြစ်ပျက်လိမ့်မည်ဖြစ်သည်၊ သို့သော် ယနေ့တွင် သင်သည် ထိုအရာများအတွက်တာဝန်ကို ဘုရားသခင်ကို ကမ်းပေးပြီး၊ ဘုရားသခင်က သင့်ကို ဖယ်ရှင်းလေပြီဟု ခိုင်ခိုင်မာမာ ပြောဆိုလေသည်။ သင်၏ ဘုရားသခင်၌ယုံကြည်မှုရော၊ အဘယ်သို့နည်း။ သင်၏ အသက်တာကို အမှန်တကယ် ဆက်ကပ်ပြီးပြီလော။ သင်တို့သည် ယောဘကဲ့သို့ အလားတူ စမ်းသပ်ခြင်းကို ခံစားခဲ့ရပါက၊ ယနေ့ ဘုရားသခင် နောက်လိုက်သော သင်တို့ထဲတွင် မည်သူမျှ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည် မဟုတ်၊ သင်တို့အားလုံး ပြိုလဲကြမည်ဖြစ်သည်။ ထို့အပြင် သင်တို့နှင့် ယောဘ အကြားတွင် အင်မတန် တကယ့်ကို ကွာခြားနေပေသည်။ ယနေ့တွင် သင်တို့၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများ ထက်ဝက် အသိမ်းယူခံရပါက၊ ဘုရားသခင်၏ တည်ရှိခြင်းကို သင် ငြင်းဝံ့လိမ့်မည်။ သင်တို့၏ သား သို့မဟုတ် သမီးကို သင်တို့ထံမှ ယူသွားခံရပါက၊ သင်တို့သည် မတရားဟု အော်ဟစ်ရင်း လမ်းများပေါ် ပြေးကြလိမ့်မည်။ အကယ်၍ သင်၏ အသက်မွေးဝမ်းကျောင်းပြုရန် တစ်ခုတည်းသောနည်းလမ်းသည် လမ်းဆုံးရောက်ပါက၊ သင်သည် ကြိုးစားကာ ဘုရားသခင်နှင့် ဆွေးနွေးလိမ့်မည်ဖြစ်သည်။ သင့်ကို ကြောက်လန့်စေရန် အစတွင် အဘယ်ကြောင့် နှုတ်ကပတ်တော်များစွာ ငါပြောဆိုခဲ့သည်ကို သင် မေးလိမ့်မည်။ ထိုသို့သော အချိန်များတွင် သင်တို့ မလုပ်ဝံ့မည့်အရာ မည်သည့်အရာမျှ မရှိပေ။ ဤအရာက သင်တို့သည် စစ်မှန်သော ထိုးထွင်းအမြင်များ တစ်ခုတစ်လေမျှ မရရှိသေးသကဲ့သို့ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြသေးသည်ကို ပြသပေသည်။ ထို့ကြောင့်၊ သင်တို့သည် အလွန်များစွာ သိကြသည့်အတွက် သင်တို့အထဲက စမ်းသပ်မှုများသည် အလွန်ကြီးမား၏၊ သို့သော် သင် အမှန်တကယ် နားလည်သည့်အရာမှာ သင်တို့ သတိပြုမိသော အရာ၏ တစ်ထောင်ပုံ တစ်ပုံပင် မရှိချေ။ နားလည်ခြင်းနှင့် အသိပညာ၌သာ မရပ်တန့်ကြနှင့်။ သင်တို့ မည်မျှ အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်သည်၊ သင်တို့၏ ကိုယ်တိုင် ကြိုးပမ်းလုပ်ဆောင်မှု၏ ချွေးမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်း မည်မျှ ရရှိခဲ့သည်ဆိုသည်နှင့် သင်တို့၏ လက်တွေ့လုပ်ဆောင်မှုများထဲမှ မည်မျှတွင် သင်တို့၏ ကိုယ်ပိုင် စိတ်ဆုံးဖြတ်ချက်ကို ပြီးမြောက်စေပြီးဖြစ်သည် ဆိုသည်တို့ကို သင် မြင်လျှင် အကောင်းဆုံး ဖြစ်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် လက်တွေ့လုပ်ဆောင်မှုကို သင်အလေးအနက် ထားသင့်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင်၊ မည်သည့်အတွက်မျှ ဟန်ဆောင်လုပ်ပြရုံမျှ လုပ်ပြရန် သင် မကြိုးစားသင့်ပေ- နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို သင်ရယူနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ သင်ကိုယ်တိုင်၏ အားထုတ်မှုအပေါ် မူတည်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၃)” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၁၅)
အချို့သည် မိမိတို့ကိုယ်ကိုယ် လှလှပပ ဆင်ယင်ကြသော်လည်း အပေါ်ယံဖြစ်၏။ ညီအစ်မများသည် မိမိတို့ကိုယ်ကိုယ် ပန်းများကဲ့သို့ လှလှပပ ဆင်ယင်ကြပြီး ညီအစ်ကိုများသည် မင်းညီမင်းသားများ သို့မဟုတ် ချမ်းသာကြွယ်ဝသော ဂိုက်ထုတ်လွန်းသူများကဲ့သို့ ဝတ်စားကြသည်။ ၎င်းတို့စားသည့်အရာနှင့် ဝတ်သည့်အရာများ ကဲ့သို့သော အပေါ်ယံ အရာများနှင့်ပတ်သက်၍သာ ၎င်းတို့ ဂရုစိုက်ကြသည်။ အတွင်းတွင်၊ ၎င်းတို့သည် ခိုကိုးရာမဲ့ဖြစ်ကာ ဘုရားသခင်နှင့်ဆိုင်သော အသိပညာ အနည်းငယ်မျှ မရှိကြချေ။ ဤတွင် မည်သည့် အဓိပ္ပါယ်ရှိနိုင်သနည်း။ ပြီးလျှင်၊ ဆင်းရဲနုံချာသော သူတောင်းစားများကဲ့သို့ ဝတ်ဆင်ကြသူအချို့ ရှိ၏- ၎င်းတို့သည် အရှေ့ အာရှကျွန်များနှင့် အမှန်တူကြ၏။ သင်တို့ကို ငါ တောင်းဆိုသည့်အရာကို သင်တို့ အမှန်တကယ် နားမလည်ကြသလော။ သင်တို့ကိုယ်ကြား ဆွေးနွေးကြလော့။ မည်သည့်အရာကို သင်တို့ အမှန်ရရှိကြပြီနည်း။ သင်တို့သည် ဤနှစ်ကာလများအားလုံး၌ ဘုရားသခင်ကို ယုံကြည်ကြပြီး ဖြစ်သော်လည်း သင်တို့ ရိတ်သိမ်းကြသည်မှာ ဤမျှသာ ဖြစ်သည်- သင်တို့ ကသိကအောက်မဖြစ်ကြဘူးလော။ သင်တို့ မရှက်ကြဘူးလော။ ဤနှစ်ကာလများအားလုံးတွင် မှန်သော လမ်းခရီးကို သင်တို့ လိုက်စားနေခဲ့ကြပြီးဖြစ်သော်လည်း ယနေ့ သင်တို့၏ ဝိညာဉ်အသက်တာသည် စာငှက်တစ်ကောင်ထက် နိမ့်ကျဆဲဖြစ်၏။ သင်တို့ကြားက ငယ်ရွယ်သော အမျိုးသမီးများကို ကြည့်လော့၊ သင်တို့အချင်းချင်း နှိုင်းယှဉ်နေကြရင်း သင်တို့၏ အဝတ်အစားများနှင့် မိတ်ကပ်ဖြင့် ဓါတ်ပုံများကဲ့သို့ လှပနေကြ၏- သင်တို့ မည်သည့်အရာကို နှိုင်းယှဉ်ကြသနည်း။ သင်တို့၏ သာယာမှုလော။ သင်တို့၏ တောင်းဆိုမှုများလော။ ငါသည် စံပြမယ်များကို စုဆောင်းရန် ကြွလာပြီဟု သင်တို့ ထင်ကြသလော။ သင်တို့တွင် အရှက်မရှိကြ။ သင်တို့၏ အသက်တာသည် အဘယ်မှာနည်း။ သင်တို့ လိုက်စားသည့်အရာမှာ သင်တို့၏ ကိုယ်ပိုင် လွန်ကဲသော စိတ်ဆန္ဒသာ ဖြစ်သည် မဟုတ်လော။ သင်သည် အလွန် လှပသည်ဟု သင်ထင်၏၊ သို့သော် ဝတ်ကောင်းစားလှ မျိုးစုံဖြင့် သင် ဝတ်ဆင်ကောင်း ဝတ်ဆင်နိုင်သော်လည်း၊ အမှန်တွင် သင်သည် နောက်ချေးပုံတစ်ခု၌ မွေးဖွားသည့် လူးလွန့်လှုပ်ရှားနေသည့် လောက်ကောင်တစ်ကောင် ဖြစ်သည် မဟုတ်လော။ ယနေ့တွင်၊ သင်သည် ကောင်းကင်ဘုံ နှင့်ဆိုင်သော ဤကောင်းချီးမင်္ဂလာများကို မွေ့လျော်ဖို့ ကံကောင်းသည်မှာ သင်၏ လှပသော မျက်နှာကြောင့်မဟုတ်ဘဲ၊ ဘုရားသခင်သည် သင့်ကို ချီးမြှောက်ခြင်းအားဖြင့် ချွင်းချက်တစ်ခု ပြုလုပ်နေသောကြောင့် ဖြစ်သည်။ သင် မည်သည့်နေရာမှ လာသည်ကို သင် မရှင်းမလင်း ဖြစ်နေဆဲလော။ အသက်တာဟု ပြောလိုက်လျှင်ပင်၊ သင်သည် ရုပ်တုတစ်ခုကဲ့သို့ ဆွံ့အလျက်၊ သင်သည် နှုတ်ပိတ်ပြီး ဘာမျှမပြောပေ၊ သို့တိုင် သင်သည် မိမိကိုယ်ကိုယ် ဝတ်စား ဆင်ယင်ဝံ့သေး၏။ သင်၏ မျက်နှာကို ပါးနီနှင့် ပေါင်ဒါတို့ လိမ်းဖို့ လိုလားသေး၏။ ၎င်းတို့၏ မျက်နှာများပေါ်တွင် ခပ်တည်တည် မျက်နှာပေးများဖြင့် စိမ်ပြေနပြေ လမ်းလျှောက်ရင်း တစ်နေ့လုံး အချိန်ကုန်ဆုံးနေသော၊ ထိန်းမနိုင် သိမ်းမရသော သင်တို့ကြားက ဂိုက်ထုတ်လွန်းသူ ထိန်းရကျောင်းရ ခက်သည့် အမျိုးသားများကို ကြည့်လော့။ ဤသည်မှာ လူတစ်ဦး ပြုမူသင့်သည့် ပုံလော။ သင်တို့ကြားက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ အသီးသီးတို့သည် တစ်နေ့လုံး သင်တို့၏ အာရုံကို မည်သည့်အရာ၌ မြှုပ်နှံထားသနည်း။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ကျွေးမွေးဖို့ရန် မည်သူ့အပေါ် မှီခိုသည်ကို သိကြသလော။ သင်၏ အဝတ်အစားကို ကြည့်လော၊ သင်၏လက်၌ ရိတ်သိမ်းခဲ့သည့်အရာကို ကြည့်လော့၊ သင်၏ ဝမ်းဗိုက်ကို ပွတ်လော့- ဤယုံကြည်ခြင်း နှစ်ကာလများတစ်လျှောက်လုံး သင် ပေးဆပ်ပြီးဖြစ်သည့် သွေးနှင့်ချွေး အဖိုးအခမှ မည်သည့်အရာကို သင် အကျိုးအမြတ် ရရှိပြီနည်း။ ရှုခင်းသွားကြည့်ဖို့ သင် တွေးသေး၏၊ သင်၏ အပုပ်နံ့ထွက်နေသော ခန္ဓာကို တန်ဆာဆင်ဖို့ သင် တွေးဆဲဖြစ်သည်- သုံးမရသော လိုက်စားမှုများပေတည်း။ ပုံမှန် လူတစ်ဦးဖြစ်ဖို့ သင့်ကို တောင်းဆိုထားသော်လည်း၊ ယခုတွင် သင်သည် တကယ်ကို မူမမှန်ရုံသာမက၊ ဖောက်ပြန်ပေသည်။ ထိုသို့သော လူတစ်ဦးသည် ငါ့ရှေ့သို့လာဖို့ရန် အဘယ်သို့ ရဲတင်းမှု ရှိနိုင်ရသနည်း။ ဤသို့သော လူ့သဘာဝတစ်ခုဖြင့်၊ သင်၏ ဆွဲဆောင်မှုများကို ထုတ်ပြရင်းနှင့် သင်၏ ခန္ဓာကိုယ်ကို ကြွားလုံးထုတ်ရင်း၊ ဇာတိပကတိ၏ တပ်မက်မှုများအတွင်း အစဉ်အမြဲ အသက်ရှင်ရင်း- သင်သည် ညစ်ညူးသော နတ်ဆိုးများနှင့် ဝိညာဉ်ဆိုးများ၏ သားမြေးစဉ်ဆက်တစ်ဦး ဖြစ်သည် မဟုတ်လော။ ထိုသို့သော ညစ်ညူးသည့် နတ်ဆိုးတစ်ဦးကို အချိန်ကြာမြင့်စွာ တည်ရှိမြဲတည်ရှိဖို့ရန် ငါသည် ခွင့်ပြုလိမ့်မည်မဟုတ်။ ပြီးလျှင် သင်၏ နှလုံးသားထဲ၌ သင် တွေးသည့်အရာကို ငါ မသိဟု မထင်လေနှင့်။ သင်တို့အနေဖြင့် မိမိ၏ တပ်မက်မှုနှင့် မိမိ၏ ဇာတိပကတိကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သင့်၏၊ သို့သော် သင်၏ စိတ်နှလုံးထဲက သင် သိုထားသည့် အတွေးများကို အဘယ်သို့ ငါ မသိနိုင်ရမည်နည်း။ သင်၏ မျက်လုံးများ တပ်မက်သည့်အရာအားလုံးကို အဘယ်သို့ ငါ မသိနိုင်ရမည်နည်း။ သင်တို့၏ ခန္ဓာကိုယ်ကို ထုတ်ပြဖို့အလို့ငှာ အသင် မိန်းမငယ်တို့သည် မိမိတို့ကိုယ်ကိုယ် အလွန်လှပစေကြသည် မဟုတ်လော။ ယောက်ျားများသည် သင်တို့အဖို့ အဘယ်အကျိုးရှိ သနည်း။ သင်တို့ကို ဒုက္ခပင်လယ်မှ ၎င်းတို့က အမှန်ပင် ကယ်တင်နိုင်သလော။ သင်တို့ကြားက ဂိုက်ထုတ်လွန်းသူများအတွက်မူ၊ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် မွန်မွန်ရည်ရည် ရှိပြီး ခံ့ညားသည့်ပုံပေါ်စေဖို့ ဝတ်ဆင်ကြ၏၊ သို့သော် ဤသည်မှာ သင်တို့၏ မြူးကြွားကြွရွ နှစ်လိုဖွယ်ကောင်းသော ပုံပန်းများဆီသို့ အာရုံစိုက်စေဖို့ စီစဉ်ထားသည့် မာယာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအရာကို သင်တို့ မည်သူ့အတွက် လုပ်ဆောင်နေကြသနည်း။ မိန်းမများသည် သင်တို့အဖို့ မည်သည့် အကျိုးရှိသနည်း။ ၎င်းတို့သည် သင်တို့ အပြစ်၏ အရင်းအမြစ် ဖြစ်ကြသည် မဟုတ်လော။ အသင် ယောက်ျားနှင့် မိန်းမတို့၊ သင်တို့ကို နှုတ်ကပတ်တော်များစွာ ငါ ပြောပြီးလေပြီ၊ သို့တိုင် သင်တို့သည် ၎င်းတို့အနည်းငယ်မျှကိုသာ လိုက်နာခဲ့ပြီးဖြစ်သည်။ သင်တို့ နားများသည် ထိုင်းကြ၏၊ သင်တို့ မျက်စိများ မှုန်သွားကြပြီး သင်တို့၏ စိတ်နှလုံးများက မာကျောကြသည်မှာ သင်တို့ ခန္ဓာကိုယ်များတွင် တပ်မက်မှုကလွဲ၍ ဘာမျှမရှိသည်အထိ၊ ထိုအထဲတွင် သင်တို့ မိနေကြပြီး မလွတ်မြောက်နိုင်သည်အထိ ဖြစ်သည်။ လောက်ကောင်များဖြစ်သည့်၊ ညစ်ညူးမှုနှင့် အညစ်အကြေးထဲတွင် လူးလွန့်ကြသည့် သင်တို့အနီး မည်သည့်နေရာကိုမဆို အဘယ်သူ သွားချင်မည်နည်း။ သင်တို့သည် နောက်ချေးပုံထဲမှ ငါ ချီးမြှောက်ခဲ့သည့်သူများထက် ဘာမျှမပိုသည်ကို၊ နဂိုမူလအားဖြင့် ပုံမှန် လူ့သဘာဝအား သင်တို့ မပိုင်ဆိုင်ခဲ့ကြသည်ကို မမေ့လျော့နှင့်။ သင်တို့ကို ငါ တောင်းဆိုသော အရာမှာ မူလက သင်တို့ မပိုင်ဆိုင်ခဲ့ကြသည့် ပုံမှန် လူ့သဘာဝဖြစ်သည်၊ သင်တို့၏ တပ်မက်မှုကို ထုတ်ပြဖို့ မဟုတ်သကဲ့သို့၊ နှစ်ပေါင်းအလွန်များစွာကြာ နတ်ဆိုးက လေ့ကျင့်ပေးခဲ့သည့် သင်တို့၏ ဆီချေးစော်နံသော ဇာတိပကတိကို အတားအဆီးမဲ့ ပြုမူခွင့်ပေးဖို့ မဟုတ်ချေ။ ထိုသို့ သင်တို့ကိုယ်သင်တို့ ဝတ်ဆင်ကြသည့်အခါ၊ သင်တို့ ပိုမို နက်ရှိုင်းစွာ ကျော့ကွင်း မိလာကြမည်ကို မကြောက်ကြသလော။ သင်တို့သည် နဂိုမူလက အပြစ်နှင့်သက်ဆိုင်သည်ကို မသိကြသလော။ သင်တို့၏ ခန္ဓာကိုယ်များသည် သင်တို့၏ အခြေအနေများကို သည်းမခံနိုင်အောင် အကျည်းတန်ပြီး ညစ်ညူးသော နတ်ဆိုးများအဖြစ် ထုတ်ဖော်ပြရင်း သင်တို့၏ အဝတ်အစားမှပင် ယိုစိမ့်သည့် တပ်မက်မှုဖြင့် အလွန်ပြည့်လှသည်ကို သင်တို့ မသိကြသလော။ ဤအရာကို သင်တို့သည် မည်သူမဆိုထက် သာ၍ ရှင်းလင်းစွာ သိကြသည်မှာ မှန်သည် မဟုတ်လော။ သင်တို့၏ စိတ်နှလုံးများ၊ သင်တို့၏ မျက်စိများ၊ သင်တို့၏ နှုတ်ခမ်းများ- ၎င်းတို့အားလုံးကို ညစ်ညူးသော နတ်ဆိုးများက ညစ်ညမ်းစေပြီး ဖြစ်သည် မဟုတ်လော။ သင်၏ ဤအစိတ်အပိုင်းများသည် ညစ်ညူးကြသည် မဟုတ်လော။ သင် မပြုမူသရွေ့ အသန့်ရှင်းဆုံး ဖြစ်သည်ဟု သင် ထင်သလော။ လှပသော အဝတ်အစားများကို ဝတ်ဆင်ခြင်းက သင်တို့၏ ယုတ်ညံ့သော ဝိညာဉ်များကို ဖုံးကွယ်နိုင်သည်ဟု သင် ထင်သလော။ ယင်းက အလုပ်ဖြစ်မည် မဟုတ်။ သာ၍ လက်တွေ့ကျရန် သင်တို့ကို ငါ အကြံပေး၏။ အယောင်မဆောင်၊ ဟန်မဆောင်နှင့်၊ ပြီးလျှင် မိမိတို့ကိုယ်ကိုယ် ပြစားဝင့်ဝါခြင်း မရှိနှင့်။ သင်တို့သည် အချင်းချင်း သင်တို့၏ တပ်မက်မှုကို ကြွားလုံးထုတ်ကြသည်၊ သို့သော် အပြန်အလှန်အားဖြင့် သင်တို့ ရရှိမည့်အရာမှာ ထာဝရ ဆင်းရဲဒုက္ခခံစားခြင်းနှင့် ရက်စက်သော ပြစ်တင်ဆုံးမခြင်းသာ ဖြစ်သည်။ သင်တို့ အချင်းချင်း မျက်စပစ်ဖို့နှင့် စိတ်ကူးယဉ်ချစ်ဇာတ်လမ်းထဲ မွေ့လျော်ဖို့ အဘယ်လိုအပ်သနည်း။ ဤသည်မှာ သင်တို့၏ ဂုဏ်သိက္ခာ အတိုင်းအဆ၊ သင်တို့၏ တည်ကြည်မှု အတိုင်းအတာလော။ သင်တို့ထဲမှ မကောင်းသော ဆေးနှင့် နတ်ဝိဇ္ဇာအတတ်တို့တွင် ပါဝင်ပတ်သက်သူများကို ငါ စက်ဆုပ်၏။ သင်တို့အထဲတွင် မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိကို ချစ်သော ငယ်ရွယ်သည့် ယောက်ျားများနှင့် မိန်းမများကို ငါ စက်ဆုပ်၏။ ယခု သင်တို့ကို ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်ဖို့ သတ်မှတ်ထားပြီး သင်တို့၏ တပ်မက်မှုကို သင်တို့အား ကြွားလုံးထုတ်ခွင့် မပြုထားသောကြောင့် သင်တို့ မိမိကိုယ်ကိုယ် ချုပ်တည်းပါက ပိုကောင်းပေမည်- သို့တိုင် သင်တို့၏ ဇာတိပကတိသည် အလွန်ပေါများပြီး သင်တို့၏ တပ်မက်မှုက အလွန်ကြီးမားသည့်အတွက် သင်တို့သည် ရရှိနိုင်သော အခွင့်အရေးတိုင်းကို အရယူကြပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၁၆)
ယခုတွင်၊ သင်တို့၏ လိုက်စားခြင်းက ထိရောက်မှုရှိ မရှိဆိုသည်ကို လောလောဆယ် သင်တို့ ပိုင်ဆိုင်သည့်အရာအားဖြင့် တိုင်းတာပေသည်။ ဤသည်မှာ သင်တို့၏ အကျိုးဆက်ကို ဆုံးဖြတ်ဖို့ အသုံးပြုသည့်အရာ ဖြစ်သည်။ ဤသည်မှာ၊ သင်တို့၏ အကျိုးဆက်သည် သင်တို့ ပြုပြီးသည့် စွန့်လွတ်မှုများနှင့် သင်တို့ လုပ်ဆောင်ပြီးဖြစ်သည့် အရာများတွင် ထုတ်ဖော်ပြခံရသည်ဟု ဆိုလိုသည်။ သင်တို့၏ အကျိုးဆက်ကို သင်တို့၏ လိုက်စားမှု၊ သင်တို့၏ ယုံကြည်ခြင်းနှင့် သင်တို့ လုပ်ဆောင်ပြီးဖြစ်သည့် အရာအားဖြင့် သိစေလိမ့်မည်ဖြစ်သည်။ သင်တို့ အားလုံးအလယ်တွင်၊ ကယ်တင်၍ မရနိုင်သော သူများစွာ ရှိနှင့်လေသည်၊ အကြောင်းမူကား ယနေ့သည် လူတို့၏ အကျိုးဆက်များကို ထုတ်ဖော်ပြသည့် နေ့ရက်ဖြစ်ပြီး ငါ၏ အမှု၌ ငါသည် မပြတ်မသားဖြစ်မည်မဟုတ်၊ ငါသည် လုံးဝ ကယ်တင်၍ မရသော သူတို့ကို လာမည့်ခေတ်ထဲသို့ ငါ ဦးဆောင်မည်မဟုတ်။ ငါ၏ အမှု ပြီးစီးသည့် အချိန်တစ်ချိန် ရှိလိမ့်မည်။ ငါသည် လုံးဝ ကယ်တင်၍မရနိုင်သည့် ထိုနံစော်သော၊ ဝိညာဉ်ကင်းမဲ့သော အသေကောင်များအပေါ် အမှုပြုမည်မဟုတ်။ ယခုသည် လူသား၏ ကယ်တင်ခြင်း၏ နောက်ဆုံးသော ကာလဖြစ်ပြီး အချည်းနှီးသော အမှုကို ငါလုပ်ဆောင်မည်မဟုတ်။ ကောင်းကင်နှင့် မြေကြီးကို မကြိမ်းမောင်းနှင့်- ကမ္ဘာလောက၏ အဆုံးသည် ရောက်လာ နေပြီဖြစ်သည်။ ယင်းကို ရှောင်လွှဲမရနိုင်ပေ။ အမှုအရာများသည် ဤအခြေအနေထိ ရောက်လာပြီးဖြစ်ကာ ၎င်းတို့ကို ရပ်တန့်စေဖို့ လူသားတစ်ဦးအနေဖြင့် သင် လုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိ။ အမှုအရာများကို သင် ဆန္ဒရှိသည့်အတိုင်း ပြောင်းလဲ၍ မရနိုင်။ မနေ့က၊ သမ္မာတရားကို လိုက်စားဖို့ သင် အဖိုးအခ မပေးခဲ့သကဲ့သို့ သင်သည် သစ္စာမရှိခဲ့ပေ။ ယနေ့တွင်၊ အချိန်ကျလာပေပြီ၊ သင်သည် ကယ်တင်မရနိုင်ပေ။ မနက်ဖြန်တွင်၊ သင်သည် ပယ်ရှင်းခံ ရလိမ့်မည်ဖြစ်ပြီး သင်၏ ကယ်တင်ခြင်းအတွက် လူးသာလွန့်သာ ရှိလိမ့်မည်မဟုတ်။ ငါ၏ စိတ်နှလုံးသည် နူးညံ့သိမ်မွေ့ပြီး သင့်ကို ကယ်တင်ဖို့ ငါ အစွမ်းကုန် လုပ်ဆောင်နေသော်လည်း၊ သင့်အတွက် သင် မကြိုးပမ်းပါက သို့မဟုတ် သင့်အတွက် မည်သို့မျှ သင်မစဉ်းစားပါက၊ ဤအရာသည် ငါနှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ၎င်းတို့၏ ဇာတိပကတိကိုသာ စဉ်းစားသူနှင့် ဇိမ်ခံစရာကို မွေ့လျော်သောသူများ၊ ယုံကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ် မယုံကြည်သူများ၊ မကောင်းသောဆေးနှင့် နတ်ဝိဇ္ဇာအတတ်၌ ပါဝင်ပတ်သက်သူများ၊ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံကာ စုတ်ဖွာပြီး စုတ်ပြတ်နေသူများ၊ ယေဟောဝါထံ ယဇ်ပူဇော်မှုများနှင့် သူ၏ ပိုင်ဆိုင်မှုများကို ခိုးယူသောသူများ၊ တံစိုးလက်ဆောင်များကို နှစ်သက်သောသူများ၊ ကောင်းကင်သို့ တက်ကြွရန် အလဟဿ အိပ်မက်မက်နေသူများ၊ မာန်မာနထောင်လွှားပြီး စိတ်ကြီးဝင်သူများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာအတွက်သာ ကြိုးပမ်းကြသူများ၊ ရိုင်းပျသော စကားများကို ဖြန့်ဖြူးသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ပြစ်မှားစော်ကားသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ဝေဖန်မှုများပြုပြီး အသရေပျက်အောင် လုပ်ကြံပြောဆိုသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်သောသူများ၊ အုပ်စုများဖွဲ့ပြီး လွတ်လပ်မှုကို ရှာဖွေသောသူများ၊ ဘုရားသခင်ထက် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သောသူများ၊ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့မှု၌ မိနေသည့် ပေါ့ပျက်ပျက် လူငယ်၊ သက်လတ်ပိုင်းနှင့် သက်ကြီး အမျိုးသားများနှင့် အမျိုးသမီးများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာ၌ မွေ့လျော်ပြီး အခြားအရာများအပြင် ပုဂ္ဂိုလ်ရေး အဆင့်အတန်းနောက် လိုက်သူများ၊ အပြစ်၌ ပိတ်မိနေသည့် နောင်တမရသော လူများ- ၎င်းတို့ အားလုံးသည် ကယ်တင်မရသောသူများ ဖြစ်ကြသည်မဟုတ်လော။ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း၊ အပြစ်နှင့်ပြည့်ခြင်း၊ မကောင်းသောဆေး၊ နတ်ဝိဇ္ဇာအတတ်၊ ရိုသေလေးမြတ်မှုမရှိသော အပြုအမူနှင့် ရိုင်းပျသော စကားများအားလုံးသည် သင်တို့ကြားတွင် သောင်းကျန်းနေ၏။ ပြီးလျှင် သမ္မာတရားနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များသည် သင်တို့အလယ်တွင် နင်းချေခံရကြပြီး သန့်ရှင်းသော ဘာသာစကားသည် သင်တို့ကြားတွင် ညစ်ညမ်းလေသည်။ အညစ်အကြေးနှင့် မနာခံမှုတို့ဖြင့် ပွထနေသည့် အသင် တပါးအမျိုးသားတို့။ သင်တို့၏ နောက်ဆုံး ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဇာတိပကတိကို နှစ်သက်သူ၊ ဇာတိပကတိနှင့်ဆိုင်သည့် နတ်ဝိဇ္ဇာအတတ်ကို ကျူးလွန်သောသူနှင့် လိင်ကိစ္စ၌ ကိုယ်ကျင့်သိက္ခာမဲ့သည့် အပြစ်တွင် မိနေသောသူတို့သည် အဘယ်သို့ ဆက်လက်ရှင်သန်ဖို့ ရဲတင်းနိုင်သနည်း။ သင်တို့ကဲ့သို့သော လူတို့သည် ကယ်တင်မရသည့် လောက်ကောင်များ ဖြစ်ကြသည်ကို သင် မသိသလော။ ဟိုဟို သည်သည် တောင်းဆိုဖို့ မည်သည့်အရာက သင့်ကို အခွင့်ရှိစေသနည်း။ ယနေ့ထိ၊ သမ္မာတရားကို မနှစ်သက်သောသူနှင့် ဇာတိပကတိကိုသာ ချစ်သောသူတို့၌ ပြောင်းလဲမှု စိုးစဉ်းမျှ မရှိလေပြီ- ထိုသို့သော လူတို့သည် အဘယ်သို့ ကယ်တင်ခံရနိုင်အံ့နည်း။ အသက်လမ်းခရီးကို မနှစ်သက်သောသူ၊ ဘုရားသခင်ကို ချီးမြှောက်ခြင်း မရှိသကဲ့သို့ သူ့ကို သက်သေမခံသောသူ၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းအဖို့ လျှို့ဝှက်ကြံစည်သောသူ၊ မိမိတို့ကိုယ်ကိုယ် ထောမနာပြုသောသူများ- ၎င်းတို့သည် ယနေ့တွင်ပင် ဤအတိုင်း ရှိနေသေးသည် မဟုတ်လော။ ၎င်းတို့ကို ကယ်တင်ရာတွင် အဘယ်တန်ဖိုး ရှိသနည်း။ သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ ကယ်တင်ခံရသူတို့သည် အသီးသီးသည့် “သစ်ပင်များ” ဖြစ်ပြီး၊ စိမ်းလန်းစိုပြေသော သစ်ရွက်များ၊ အလျှံပယ်သော ပန်းပွင့်များနှင့် ဖြစ်သော်လည်း မသီးပွင့်သည့် သစ်ပင်များ မဟုတ်သည်ကို သင် သိသင့်သည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ ကြည်ညိုခြင်းသည် သင့်ကိုယ်သင် ချစ်ခြင်းနှင့် သင်၏ ရမ္မက်ကြီးသော ဆန္ဒများထက် များစွာ လျော့လေသည်- ဤကဲ့သို့သော လူမျိုးသည် အကျင့်ပျက်သော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အဘယ်သို့ နမူနာနှင့် စံပုံစံ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝဗီဇသည် ပြုပြင်မရ၊ သင်သည် အလွန်ပုန်ကန်လွန်းလှပြီး၊ သင့်ကို ကယ်တင်၍ ရနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူတို့သည် ပယ်ရှင်းခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ ငါ၏ အမှုပြီးစီးသည့် အချိန်သည် သင်၏ နောက်ဆုံးနေ့ရက် ရောက်ရှိသည့်အချိန် ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ- ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ နာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် “အလုပ်” ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။ ၎င်းတို့၏ မဆုတ်မနစ်သော ချစ်ခြင်းမေတ္တာကို သင့်အား ပေးသောသူတို့ကို ထွေးပိုက်ရန် သင်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြ၏- သင်တို့၏ ရိုသေမှုမှာ အဘယ်မှာနည်း။ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသော အရာဖြစ်သည်။ သင်တို့တွင် နာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသောအရာနှင့် ပြစ်မှား စော်ကားသောအရာ ဖြစ်၏။ ထိုသို့သော လူတို့သည် ကယ်တင်ခံရ နိုင်သလော။ ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်ပြီး ကာမရာဂ စိတ်ပြင်းပြသော သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပျော်မွေ့ခြင်းအတွက် မြူဆွယ်တတ်သော မိန်းမပျက်တို့ကို မိမိတို့ထံ အစဉ်အမြဲ ဆွဲခေါ်လိုကြလေသည်။ ထိုသို့သော ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်သော မကောင်းဆိုးဝါးများကို ငါသည် လုံးဝ ကယ်တင် လိမ့်မည်မဟုတ်။ ညစ်ညူးသော မကောင်းဆိုးဝါးတို့၊ အသင်တို့ကို ငါ မုန်း၏၊ ပြီးလျှင် သင်၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် မြူဆွယ်ခြင်းတို့သည် သင်တို့ကို ငရဲသို့ ထိုးဆင်းစေလတ္တံ့။ သင်တို့ကိုယ်သင်တို့ မည်သို့ ရှင်းပြမည်နည်း။ အသင် ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများတို့သည် ရွံ့ရှာဖွယ်ဖြစ်၏။ သင်တို့သည် စက်ဆုပ်ဖွယ် ဖြစ်၏။ ထိုသို့သော အမှိုက်သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ အပြစ်ထဲ၌ မိနေသည့် ၎င်းတို့သည် ကယ်တင်ခံရနိုင်သေးသလော။ ယနေ့၊ ဤသမ္မာတရား၊ ဤလမ်းခရီးနှင့် ဤအသက်တို့ကို သင်တို့ စိတ်မဝင်စားစေပေ။ ယင်းထက်၊ သင်တို့သည် အပြစ်နှင့်ပြည့်ဝခြင်း၊ ငွေ၊ ရပ်တည်ချက်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိ၏ ပျော်မွေ့ခြင်း၊ အမျိုးသားများ၏ ချောမောခန့်ညားခြင်းနှင့် အမျိုးသမီးတို့၏ ဆွဲဆောင်မှုတို့ကို စိတ်ဝင်စားကြ၏။ ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းနှင့် ပြည့်မီစေသနည်း။ လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏- သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ပယ်ရှင်းခံရကြပေမည်။ ကယ်တင်ခြင်း အမှု ပြုသည့် အတောအတွင်းတွင်၊ ငါသည် လူအားလုံးအပေါ် ကြင်နာပြီး ကောင်းမြတ်၏။ အမှု အဆုံးသတ်သည့်အခါတွင်၊ လူအမျိုးအစား အမျိုးမျိုး၏ အကျိုးဆက်များ ထုတ်ဖော်ပြခံရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ငါသည် ကြင်နာကာ ကောင်းမြတ်တော့လိမ့်မည် မဟုတ်ပေ။ အကြောင်းမူကား ထိုအချိန်တွင် လူတို့၏ အကျိုးဆက်များသည် ထုတ်ဖော်ပြခံရပြီးဖြစ်သကဲ့သို့ တစ်ဦးစီသည် မိမိတို့၏အမျိုးအစားအလိုက် ခွဲခြားခံရပြီးဖြစ်ကာ နောက်ထပ် ကယ်တင်ခြင်းအမှု ပြုခြင်းက အသုံးဝင်လိမ့်မည် မဟုတ်သည့်အတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းခေတ်သည် လွန်သွားပြီးဖြစ်ကာ၊ ထိုသို့လွန်သွားပြီးဖြစ်သဖြင့်၊ ၎င်းသည် ပြန်ရောက်လာလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၁၇)
လူသားသည် မှောင်မိုက်လွှမ်းမိုးမှု အရိပ်အောက်နှင့် မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိသည့် စာတန်လွှမ်းမိုးမှု၏ အချုပ်အနှောင်တွင် နေနေခဲ့ပါသည်။ စာတန်၏ပြောင်းလဲမှု ခံရပြီးနောက် လူသား၏ စိတ်နေသဘောထားသည် တိုး၍အကျင့်ပျက်လာနေ၏။ လူသားသည် အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားဖြင့် ဘုရားသခင်ကို စစ်မှန်စွာမချစ်နိုင်ဘဲ အမြဲရှိနေခဲ့သည်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ လူသားသည် ဘုရားသခင်ကို ချစ်လိုပါက မိမိကိုယ်ကို သူတစ်ပါးထက် သာ၍ဖြောင့်မှန်သည်၊ သာ၍ အရေးပါသည် ဟူသောစိတ်၊ ဝင့်ဝါစိတ်၊ အထင်ကြီးစိတ်တို့ကို ပယ်ချွတ်ရမည်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ စာတန်၏ စိတ်နေသဘောထားများ ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ ချစ်ခြင်းသည် မဖြူစင်သော ချစ်ခြင်း၊ ဆိုးယုတ်သော ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်က လုံးဝ လက်မခံနိုင်သော ချစ်ခြင်းဖြစ်၏။ စုံလင်စေရန် တိုက်ရိုက် လုပ်ဆောင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ ချိုးဖဲ့ခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ စစ်ဆေးခြင်း မရှိဘဲ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က သန့်စင်ခြင်း မရှိဘဲ မည်သူမျှ ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်မည် မဟုတ်ပါ။ သင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ပိုင်းသည် ဘုရားသခင်ကို ကိုယ်စားပြုသဖြင့် သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်သည်ဟု ဆိုလျှင် သင်သည် ဝင့်ဝါစိတ်ဖြင့် ပြောဆိုသူဖြစ်ပြီး ရယ်ဖွယ်ကောင်းသူ ဖြစ်၏။ ထိုသို့သော လူသားများသည် ကောင်းကင်တမန်မင်း ဖြစ်၏။ လူသား၏ မွေးရာပါ သဘောသဘာဝသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ ဘုရားသခင်က စုံလင်စေခြင်း အားဖြင့် လူသားသည် ၎င်း၏မွေးရာပါ သဘောသဘာဝ စိတ်ကို စွန့်ပစ်ရမည်။ ထို့နောက် ဘုရားသခင်၏ အလိုကို ဂရုပြုခြင်းအားဖြင့်သာ ဘုရားသခင် အလိုကို ဖြည့်ဆည်းသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ခံယူမှသာ ဘုရားသခင်သည် ထိုသူ၏ အသက်တာကို လက်ခံနိုင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသူ မဟုတ်လျှင် ဇာတိပကတိ၌ နေထိုင်သူ အဘယ်သူမျှ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသောသူ ပင်လျှင် ၎င်း၏စိတ်သဘောထားနှင့် အသက်ရှင်နေထိုင်မှုတို့သည် ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုသည်ဟု မဆိုနိုင်။ ၎င်း၏ အသက်ရှင်နေထိုင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြသည်ဟုသာ ဆိုနိုင်သည်။ ထိုသို့သော လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။
လူသား၏ စိတ်နေသဘောထားကို ဘုရားသခင်က ချမှတ်သည်ဟု ဆိုခြင်းမှာ မေးခွန်းထုတ်စရာ မလိုသော အရာဖြစ်ပြီး အပြု သဘောဆောင်သည်ဟု ယူဆနိုင်ပါသည်။ ထိုစိတ်နေသဘောထားကို စာတန်က ပြောင်းလဲပြီးပြီ ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်နေသဘောထား တစ်ရပ်လုံးသည် စာတန်၏ စိတ်နေသဘောထား ဖြစ်သည်။ ဘုရားသခင်သည် စိတ်နေသဘောထားအရ အမှုအရာများကို ဆောင်ရွက်ရာတွင် ရိုးစင်းသဖြင့် လူသားသည်လည်း ဤသို့ပြုမူ၍ ဤသို့ အကျင့်စာရိတ္တ ရှိသောကြောင့် ၎င်း၏ ဤစိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု တစ်စုံတစ်ဦးက ဆိုကောင်း ဆိုနိုင်သည်။ ထိုသူသည် မည်သို့သောသူနည်း။ အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြု နိုင်သလော။ ၎င်း၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟုဆိုသူ မည်သူမဆိုသည် ဘုရားသခင်အား ပြစ်မှား၍ သန့်ရှင်းသော ဝိညာဉ်တော်အား စော်ကားခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆောင်ရွက်ခြင်း ရှုထောင့်မှဆိုလျှင် ဘုရားသခင် မြေကြီးပေါ်တွင် ဆောင်ရွက်သည့် အမှုသည် သိမ်းပိုက်စိုးမိုး အောင်နိုင်ရန်အတွက်သာ ဖြစ်၏။ ထို့ကြောင့် လူသား၏ စာတန်ဆန်သော ပျက်စီးသည့် စိတ်နေသဘောထား အများအပြားမှာ သန့်ရှင်းစင်ကြယ်ခြင်း မရှိသေးပါ။ ၎င်းအပြင် လူသား၏ အသက်ရှင်မှုသည် ထိုအတွက်ကြောင့် စာတန်၏ရုပ်သွင်သာ ရှိနေသေးခြင်းဖြစ်သည်။ လူက ကောင်းမွန်သည်ဟု ယုံကြည်သောအရာသာဖြစ်ပြီး လူသား၏ ဇာတိပကတိ လုပ်ရပ်များကို ကိုယ်စားပြုသည်၊ သို့မဟုတ် ပို၍တိကျစွာ ပြောရလျှင် ဤသည်မှာ စာတန်ကို ကိုယ်စားပြုပြီး ဘုရားသခင်ကို လုံးဝ ကိုယ်စားမပြုနိုင်ပါ။ လူသားသည် မြေကြီးပေါ်တွင် ကောင်းကင်ဘုံဘဝကဲ့သို့ နေထိုင်နိုင်သည့် အတိုင်းအတာအထိ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ ရှိနေခဲ့ပြီး၊ “အို ဘုရားသခင်၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာမှာ မလုံလောက်ပါ” ဟူသော ပြောဆိုမှုများ ပြုလုပ်နိုင်ကာ အမြင့်ဆုံးဘုံတွင် ရောက်နေသော်လည်း ထိုသူသည် ဘုရားသခင်၏ အသက်တာအတိုင်း အသက်ရှင်သည်၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု သင်မဆိုနိုင်သေးပါ။ အကြောင်းမှာ လူသား၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရနှင့် မတူသောကြောင့် ဖြစ်သည်။ လူသားသည် ဘုရားဖြစ်ရန် မဆိုနှင့် ဘုရားသခင်၏ အသက်တာအတိုင်း မည်သည့်အခါမျှ နေနိုင်မည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား၏ အသက်တာကို လမ်းပြခဲ့သည်မှာ ဘုရားသခင်က လူသားကို တောင်းဆိုသည်နှင့် အညီသာ ဖြစ်သည်။
စာတန်၏ ပြုမူဆောင်ရွက်ချက်အားလုံးသည် လူသားတွင် ထင်ရှားနေ၏။ ထို့ကြောင့် လူသား၏ ပြုမူ ဆောင်ရွက်ချက် အားလုံးသည် စာတန်၏ ဖော်ပြချက်သာဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်ပြီး လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်၏ စိတ်နေသဘောထားကို ကိုယ်စားမပြုနိုင်ပါ။ လူအချို့သည် အကျင့်ကောင်းကြ၏။ ထိုသူတို့၏ အကျင့်စာရိတ္တမှ တစ်ဆင့် ဘုရားသခင်သည် အမှုအချို့ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပြီး၊ ထိုသူတို့ ပြုသောအမှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြခြင်းဖြစ်သည်။ သို့သော် ထိုသူတို့၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြု နိုင်ပါ။ ထိုသူတို့အပေါ် ဘုရားသခင်၏ အမှုသည် အတွင်းတွင် ရှိပြီးသား အရာနှင့်သာ လုပ်ကိုင်၍ ချဲ့ထွင်ခြင်းဖြစ်သည်။ ပရောဖက်များဖြစ်စေ၊ အတိတ်ကာလများက ဘုရားသခင် အသုံးပြုခဲ့သော လူသားများဖြစ်စေ၊ မည်သူမျှ သူ့ကို တိုက်ရိုက်ကိုယ်စားမပြုနိုင်။ အခြေအနေအရ အကျပ်ကိုင်ခံရသည့် အခါမှသာ လူသားအားလုံးသည် ဘုရားသခင်ကို ချစ်လာကြပြီး တစ်ဦးမျှ မိမိဆန္ဒအလျောက် ပူးပေါင်းလုပ်ကိုင်ရန် ကြိုးပမ်းခြင်းမရှိပါ။ မည်သည့်အရာတို့က ကောင်းသောအရာ များနည်း။ ဘုရားသခင်ထံမှ တိုက်ရိုက်လာသည့် အရာအားလုံးသည် ကောင်း၏။ သို့ရာတွင် လူသား၏ စိတ်နေသဘောထားကို စာတန်က ပြောင်းလဲခဲ့ပြီဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူ့ဇာတိ ခံယူသော ဘုရားသခင် သူ၏မေတ္တာ၊ သူ၏ ဒုက္ခခံလိုခြင်း၊ သူ၏ ဖြောင့်မတ်ခြင်း၊ နာခံခြင်း၊ နှိမ့်ချခြင်းနှင့် သိုဝှက်ခြင်းတို့အားလုံးသာလျှင် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြု၏။ ဤသည်မှာ သူကြွလာစဉ်က သူသည် အပြစ်ကင်းစင်ပြီး ဘုရားသခင်ထံမှ တိုက်ရိုက်ကြွလာကာ စာတန်၏ ပြောင်းလဲမှု ခံခဲ့ရခြင်း မရှိ၍ဖြစ်သည်။ ယေရှုသည် အပြစ်ရှိသည့် ဇာတိပကတိ သဏ္ဌာန်သာလျှင် ရှိပြီး အပြစ်ကို ကိုယ်စားမပြုပါ။ ထို့ကြောင့် ကားစင်တင်ခြင်းအားဖြင့် သူ၏အမှု အောင်မြင်စွာ မပြီးဆုံးမီ အချိန်အထိ (သူ့ကို ကားစင်တင်သည့်အချိန် အပါအဝင်) သူ၏ ပြုမူဆောင်ရွက်ချက်များ၊ စကားများ အားလုံးသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုသည်။ အပြစ်သဘောရှိသော လူသားသည် ဘုရားသခင်ကို ကိုယ်စား မပြုနိုင်ကြောင်းနှင့် လူသား၏အပြစ်သည် စာတန်ကို ကိုယ်စားပြုကြောင်း သက်သေပြရန် ယေရှု၏ နမူနာမှာ လုံလောက် ပါသည်။ အပြစ်သည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိ၊ ဘုရားသခင်သည် အပြစ်မဲ့သည်ဟု ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား၌ ဆောင်ရွက်ခဲ့သည့် အမှုပင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကြောင့်ဟုသာ ယူဆနိုင်ပြီး လူသားက ဘုရားသခင်ကိုယ်စား ဆောင်ရွက်ခဲ့ခြင်းဟု မဆိုနိုင်ပါ။ သို့သော် လူသားနှင့်ပတ်သက်၍ ၎င်း၏အပြစ်သော်လည်းကောင်း၊ ၎င်း၏ စိတ်နေသဘောထားသော် လည်းကောင်း၊ ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိ။ အတိတ်ကာလမှသည် မျက်မှောက်ခေတ်အထိ လူသားအပေါ် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်သော အမှုကို ကြည့်ခြင်းအားဖြင့်၊ သူ့ကို သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ပြီးဖြစ်သည့် အမှုကြောင့်သာ လူသားသည် ၎င်းအသက်ရှင်နေထိုင်သော အရာရှိသည်ကို မြင်ရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း ခံရပြီးနောက် အလွန်နည်းပါးသော လူတို့သာ သမ္မာတရားအတိုင်း အသက်ရှင်နိုင်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရာသာလျှင် ရှိပြီး လူသား၏ ပါဝင်မှု ကင်းမဲ့နေသည်ဟု ဆိုလိုသည်။ ယခု ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီလား။ သို့ဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော် အမှုဆောင်နေစဉ် သူနှင့်အတူ သင်အတတ်နိုင်ဆုံး အမှုဆောင်ပြီး သင်၏တာဝန် ကျေပွန်ရန် သင်ဘာလုပ်သင့်သနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၁၈)
ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း၊ သင်၏ သမ္မာတရားကို လိုက်စားခြင်းနှင့် သင်မိမိကိုယ်ကို ပြုမူပုံပင်လျှင် လက်တွေ့ကျမှုအပေါ် အားလုံးအခြေပြုသင့်သည်- သင်ပြုသမျှအရာ အားလုံး လက်တွေ့ကျသင့်ပြီး၊ အရိပ်ပမာ၊ စိတ်ကူးယဉ်ဆန်သော အရာတို့ကို သင်မလိုက်စားသင့်ပေ။ ဤနည်းဖြင့် ပြုမူခြင်းမှာ တန်ဖိုးမဲ့သည့်အပြင်၊ ထိုသို့သော ဘဝတစ်ခုမှာ အရေးပါမှုမရှိပေ။ သင်၏ လိုက်စားခြင်းနှင့် ဘဝအသက်တာမှာ မုသားနှင့် လှည့်ဖြားမှုများကြားတွင်သာ သုံးစွဲခြင်းခံရပြီး၊ သင်သည် အဖိုးတန်ပြီး အရေးပါသောအရာတို့ကို မလိုက်စားခြင်းကြောင့်၊ သင်ရရှိသည့် တစ်ခုတည်းသော အရာမှာ သမ္မာတရားနှင့် မစပ်ဆိုင်သောအရာများဖြစ်သည့် အဓိပ္ပာယ်မရှိသော တွေးခေါ်မျှော်မြင်ခြင်းနှင့် အယူဝါဒတို့ ဖြစ်သည်။ ထိုသို့သော အရာတို့သည် သင့်ဖြစ်တည်မှု၏ အရေးပါမှု၊ တန်ဖိုးတို့နှင့် စပ်လျဉ်းခြင်းမရှိဘဲ အနှစ်သာရမရှိသော နယ်ပယ်ဆီသို့သာ သင့်ကို ခေါ်ဆောင်သွားနိုင်သည်။ ဤနည်းအားဖြင့်၊ သင့်ဘဝတစ်ခုလုံးသည် တန်ဖိုး သို့မဟုတ် အရေးပါမှုမရှိဘဲ ဖြစ်လိမ့်မည်- ပြီးလျှင် သင်သည် အရေးပါသော အသက်တာကို မလိုက်စားလျှင် သင်အနှစ်တစ်ရာ အသက်ရှင်နိုင်ပြီး အားလုံး အချည်းနှီး ဖြစ်လိမ့်မည်။ ယင်းကို လူသားဘဝတစ်ခုဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။ အမှန်တွင် ယင်းမှာ တိရစ္ဆာန်တစ်ကောင်၏ဘဝဖြစ်သည် မဟုတ်လော။ ထိုနည်းတူစွာ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ချက် လမ်းကြောင်းအတိုင်း လိုက်လျှောက်ရန် ကြိုးစားကြသော်လည်း၊ မြင်တွေ့ရနိုင်သော ဘုရားသခင်ကို လိုက်စားဖို့ ကြိုးစားခြင်းမရှိဘဲ၊ ထိုအစား မမြင်နိုင် မထိတွေ့နိုင်သော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြလျှင်၊ ထိုသို့သော လိုက်စားခြင်းသည် ပို၍ပင် အချည်းနှီးဖြစ်သည် မဟုတ်လော။ အဆုံးတွင် သင်၏ လိုက်စားခြင်းသည် ပျက်ဆီးခြင်း အစုအပုံတစ်ခု ဖြစ်လာလိမ့်မည်။ ထိုကဲ့သို့သော လိုက်စားခြင်းက သင့်အား မည်သည့် အကျိုးကျေးဇူး ဖြစ်စေသနည်း။ လူသားနှင့် ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ၊ သူသည် မမြင်နိုင်သော သို့မဟုတ် ထိတွေ့မရနိုင်သော အရာများ၊ အလွန့်အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြဖွယ် ဖြစ်သော အရာများ၊ လူသားမှ စိတ်ကူးမရနိုင်သော အရာများနှင့် သေမျိုးသာသာမျှဖြစ်သော သူတို့မှ မရရှိနိုင်သော အရာများကိုသာ ခုံမင်နှစ်သက်ခြင်း ဖြစ်သည်။ ဤအရာများ ပို၍ လက်တွေ့မကျလေလေ၊ လူများသည် အခြားအရာအားလုံးကို အလေးမထားဘဲ ၎င်းတို့အား ပိုမိုခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး၊ ၎င်းတို့ကို ရရှိရန် ကြိုးပမ်းလေသည်။ ၎င်းတို့ ပိုမိုလက်တွေ့မကျလေလေ၊ လူသားသည် ၎င်းတို့ကို ပိုမိုနီးကပ်စွာ စေ့စေ့စပ်စပ်ကြည့်ရှုကာ ခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး ၎င်းတို့အကြောင်း မိမိ၏ ပြည့်စုံ စေ့စပ်သော ကိုယ်ပိုင် စိတ်ကူးများကို ဖန်တီးသည်အထိပင် ဖြစ်လေသည်။ ဆန့်ကျင်ဖက်တွင် အမှုအရာတို့သည် ပိုလက်တွေ့ကျလေလေ၊ လူများက ၎င်းတို့နှင့်ပတ်သက်၍ ပိုအရေးမထားလေလေ ဖြစ်၏၊ သူတို့သည် ၎င်းတို့ကို လွယ်လွယ် အထင်အမြင်သေးကာ၊ မထီလေးစားပင် ပြုပေသည်။ ဤသည်မှာ ယနေ့ ငါလုပ်ဆောင်သော လက်တွေ့ကျသည့် အလုပ်အပေါ် သင်တို့၏သဘောထား အတိအကျဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့သောအရာများ ပိုမိုလက်တွေ့ကျလေလေ၊ သင်တို့သည် ၎င်းတို့အပေါ် ပိုမိုဆန့်ကျင်၍ မစူးစမ်းဘဲ၊ ခွဲခြားဆက်ဆံ လေလေဖြစ်ကြ၏၊ ၎င်းတို့ကို ဆန်းစစ်ဖို့ သင်တို့အချိန်မပေးဘဲ လျစ်လျူရှု၍သာ ထားကြ၏၊ ဤလက်တွေ့ကျ၍ ရိုးရှင်းသော လိုအပ်ချက်များကို သင်တို့ အထင်အမြင်သေးပြီး၊ လက်တွေ့အကျဆုံးသော ဤဘုရားသခင် အကြောင်း များပြားလှသော အယူအဆများပင် တေးထားကာ၊ သူ၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းတို့ကို လုံးဝ လက်ခံနိုင်စွမ်းမရှိကြပေ။ ဤနည်းအားဖြင့် သင်တို့သည် မရေရာမှုအလယ်တွင် ယုံကြည်နေကြသည် မဟုတ်လော။ သင်တို့သည် အတိတ်ကာလ၏ မရေရာသော ဘုရားသခင်၌ မယိမ်းယိုင်သော ယုံကြည်မှုတစ်ခု ရှိကြပြီး၊ ယနေ့၏ လက်တွေ့ကျသော ဘုရားသခင်၌ စိတ်ပါဝင်စားမှုမရှိကြ။ ဤသည်မှာ မနေ့က ဘုရားသခင်နှင့် ယနေ့ ဘုရားသခင်တို့သည် ကွဲပြားသော ခေတ်ကာလနှစ်ခုမှ ဖြစ်သောကြောင့် မဟုတ်လော။ ယင်းမှာ မနေ့က ဘုရားသခင်သည် ကောင်းကင်ဘုံ၏ အဆင့်မြင့်သော ဘုရားသခင်ဖြစ်ပြီး ယနေ့ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်က သေးငယ်သော လူသားတစ်ဦး ဖြစ်သောကြောင့်လည်း မဟုတ်လော။ ထို့အပြင် ယင်းမှာ လူသားမှကိုးကွယ်သော ဘုရားသခင်သည် သူ၏အယူအဆများမှ ထွက်ပေါ်သော ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်၌ ထွက်ပေါ်သည့် စစ်မှန်သော ဇာတိပကတိနှင့် သက်ဆိုင်သောကြောင့် မဟုတ်လော။ အရာအားလုံး ထည့်သွင်းစဉ်းစားလိုက်ပါက၊ ယနေ့၏ ဘုရားသခင်သည် လက်တွေ့ကျလွန်းသောကြောင့် လူသားက မလိုက်စားခြင်းဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် ယနေ့၏ ဘုရားသခင်က လူများကို စေခိုင်းသောအရာမှာ လူများက မလုပ်ချင်ဆုံးသောအရာ အတိအကျဖြစ်၍၊ သူတို့ကို ရှက်ကြောက်စေသောအရာ ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာက လူသားအဘို့ အမှုအရာတို့ကို ခက်ခဲစေသည် မဟုတ်လော။ ဤအရာက သူ၏အမာရွတ်များကို ဖော်ထုတ်ပြသည် မဟုတ်လော။ ဤနည်းအားဖြင့် လက်တွေ့ကျမှုကို မလိုက်စားသော သူများစွာတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး၊ အန္တိခရစ်များ ဖြစ်လာကြ၏။ ဤအရာသည် သိသာထင်ရှားသော အမှန်တရားတစ်ခု မဟုတ်လော။ ဘုရားသခင် လူ့ဇာတိ မခံယူသေးသည့် အတိတ်ကာလတွင်၊ သင်သည် ဘာသာရေး ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်ကောင်း ဖြစ်ခဲ့ပေမည်။ ဘုရားသခင်က လူ့ဇာတိ ဖြစ်လာခဲ့ပြီးနောက်၊ ထိုကဲ့သို့ ဘုရားတရား ကိုင်းရှိုင်းသော ယုံကြည်သူများစွာသည် အမှတ်တမဲ့ အန္တိခရစ်များ ဖြစ်လာကြသည်။ ဤနေရာတွင် မည်သို့ဖြစ်သည်ကို သင်သိသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ချက်အရ၊ သင်သည် လက်တွေ့ကျမှုကို အာရုံမစိုက် သို့မဟုတ် သမ္မာတရားကို မလိုက်စားပေ၊ သို့သော် ထိုအစား၊ မုသားများအပေါ် စွဲလမ်းလေသည်- ဤသည်မှာ လူ့ဇာတိခံဘုရားသခင်ကို ထားသော သင့်ရန်ငြိုး၏ အရှင်းလင်းဆုံး အရင်းအမြစ် ဖြစ်သည် မဟုတ်လော။ လူ့ဇာတိခံဘုရားသခင်ကို ခရစ်တော်ဟု ခေါ်သည်၊ ထို့ကြောင့် လူ့ဇာတိခံဘုရားသခင်ကို မယုံကြည်သောသူ အပေါင်းတို့သည် အန္တိခရစ်များဖြစ်ကြသည် မဟုတ်လော။ ထို့ကြောင့် သင်ယုံကြည်ပြီး အမှန်တကယ် ချစ်ခင်သောသူမှာ ဤလူ့ဇာတိခံဘုရားသခင်လော။ လက်တွေ့အကျဆုံးနှင့် သဘာဝထက် လွန်ကဲစွာ သာမန်ဖြစ်သောသူမှာ အမှန်တကယ်ပင် ဤအသက်ရှင်ပြီး အသက်ရှူနေသော ဘုရားသခင်လော။ သင့်လိုက်စားခြင်း၏ ရည်ရွယ်ချက် အတိအကျမှာ မည်သည့်အရာနည်း။ ယင်းမှာ ကောင်းကင်ဘုံ၌လော သို့မဟုတ် မြေကြီးပေါ်မှာလော။ ယင်းမှာ အယူအဆတစ်ခုလော သို့မဟုတ် သမ္မာတရားလော။ ယင်းမှာ ဘုရားသခင်လော သို့မဟုတ် သဘာဝလွန်သက်ရှိ တစ်ရပ်လော။ အမှန်တွင်မူ သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းဟူသော လူများ၏ လိုက်စားခြင်းမှာ သူ၏တာဝန်ဝတ္တရားကို ထမ်းဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းခြင်းနှင့် ဆိုင်သော လိုက်စားခြင်းဖြစ်သည်။ ဤသတ်မှတ်ချက်၏ အနှစ်သာရမှာ အဘယ်သူမျှ မရရှိနိုင်သော အချည်းနှီးအယူဝါဒထက်၊ သမ္မာတရား အားလုံး၏ အစစ်မှန်ဆုံးသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ အယူဝါဒမှလွဲ၍ အခြားဘာမျှမဟုတ်ဘဲ စစ်မှန်မှု မပါဝင်လျှင်၊ သမ္မာတရားကို သင်ဆန့်ကျင်ပုန်ကန်သည် မဟုတ်လော။ သင်သည် သမ္မာတရားကို တိုက်ခိုက်သောသူတစ်ဦး ဖြစ်သည်မဟုတ်လော။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ချစ်ရန် အဘယ်သို့ လိုက်စားနိုင်မည်နည်း။ လက်တွေ့ကျမှုမရှိသောလူတို့သည် သမ္မာတရားကို သစ္စာမဲ့သော သူများဖြစ်ကြပြီး၊ အားလုံးက ပင်ကိုအားဖြင့် ပုန်ကန်သောသူများ ဖြစ်ကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၁၉)
သင်တို့အားလုံးသည် ဘုရားသခင်၏ရှေ့၌ ဆုချီးမြှင့်ခံလိုကြပြီး ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ခံလိုကြသည်၊ လူတိုင်းသည် ဘုရားသခင်ကို စတင်ယုံကြည်သောအခါ ထိုသို့သောအရာများကို မျှော်လင့်ကြသည်၊ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် သာ၍မြင့်မားသော အရာများနောက် ကောက်ကောက်ပါအောင် လိုက်ခြင်းတွင် အာရုံများနေပြီး မည်သူကမျှ အခြားသူများ၏နောက်တွင် မကျန်ခဲ့လိုသောကြောင့် ဖြစ်သည်။ လူတို့သည် ထိုအတိုင်းပင် ဖြစ်ကြသည်။ ထိုအကြောင်းအတိအကျကြောင့်ပင် သင်တို့အထဲမှ လူတော်တော်များများသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မျက်နှာလို မျက်နှာရလုပ်ရန် စဉ်ဆက်မပြတ် ကြိုးစားနေကြခြင်းဖြစ်သည်၊ သို့သော် စင်စစ်အားဖြင့် ဘုရားသခင်အပေါ်၌ထားသော သင်တို့၏ သစ္စာစောင့်သိမှုနှင့် ရိုးသားပွင့်လင်းမှုသည် သင်တို့၏ ကိုယ့်ကိုယ်ကိုယ် အပေါ်ထားသော သစ္စာစောင့်သိမှု၊ ရိုးသားပွင့်လင်းမှုတို့နှင့်ယှဉ်လျှင် အလွန်ပင် နည်းလှသည်။ ငါအဘယ်ကြောင့် ဤသို့ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ်၌ထားရှိသော သင်တို့၏ သစ္စာစောင့်သိမှုကို ငါလုံးဝအသိအမှတ်မပြုသောကြောင့်ဖြစ်သည့်အပြင် သင်တို့၏နှလုံးသားအထဲ၌ရှိသော ဘုရားသခင်၏တည်ရှိမှုကို ငါလက်မခံ သောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် သင်တို့ကိုးကွယ်သော ဘုရားသခင်၊ သင်တို့မြတ်နိုးသော မရေရာသည့် ဘုရားသခင်သည် လုံး၀မတည်ရှိ။ ဤကဲ့သို့ ငါတပ်အပ်ပြောနိုင်သည်မှာ သင်တို့သည် စစ်မှန်သော ဘုရားသခင်နှင့် အလွန်ဝေးကွာနေသောကြောင့် ဖြစ်သည်။ သင်တို့၏သစ္စာစောင့်သိမှုသည် သင်တို့၏နှလုံးသားအထဲ၌ရှိသော ရုပ်တုဆင်းတုကြောင့်ဖြစ်သည်၊ ထိုအချိန်အတောအတွင်း ကြီးလည်း မကြီးမြတ်၊ သေးလည်းမသေးငယ်ဟူ၍ သင်တို့မှတ်ယူကြသော ဘုရားသခင်ဖြစ်သည့် ငါ့ကိုမူ သင်တို့သည် စကားလုံးများဖြင့်သာ အသိအမှတ်ပြုကြသည်။ သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာနေသည်ဟု ငါပြောသောအခါ စစ်မှန်သော ဘုရားသခင်နှင့် သင်တို့ကွာ လှမ်းနေလင့်ကစား မရေရာသော ဘုရားသခင်ကမူ အနီးအပါးတွင် ရှိနေသည့်ပုံရသည်ဟု ငါဆိုလိုခြင်းဖြစ်သည်။ “မကြီးမြတ်” ဟူသည့် စကားကို ငါပြောသောအခါ သင်တို့ယနေ့ယုံကြည်သော ဘုရားသခင်သည် ကြီးကြီးမားမား အစွမ်းအစများမရှိသော လူတစ်ယောက်မျှသာ၊ သိပ်မမြင့်မြတ်သော လူတစ်ယောက်မျှသာ ဖြစ်သည်ဟု ထင်ရသည့်ပုံကို ရည်ညွှန်း၍ ပြောခြင်းဖြစ်သည်။ “မသေးငယ်” ဟူသည့်စကားကို ငါပြောသောအခါ ဤလူသည် လေလာအောင် မဆင့်ခေါ်နိုင်၊ မိုးရွာအောင် အမိန့်မပေးနိုင်သော်လည်း မည်သို့ပင်ဆိုစေကာမူ လူတို့အား လုံးဝမိန်းမောတွေဝေသွားစေလျက် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည့် အမှုကိုပြုရန်အလို့ငှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သူခေါ်ဆိုနိုင်သည်ဟု ဆိုလိုသည်။ အပြင်ပန်းအားဖြင့် သင်တို့အားလုံးသည် မြေကြီးပေါ်ရှိ ခရစ်တော်ကို အလွန်နာခံကြသည်ဟု ထင်ရသော်လည်း စင်စစ်အားဖြင့် သင်တို့၌ ခရစ်တော်ကို ယုံကြည်ခြင်း မရှိကြသကဲ့သို့ သူ့ကို ချစ်လည်းမချစ်ကြပေ။ ဆိုလိုသည်မှာ သင်တို့ ဧကန်အမှန် ယုံကြည်သောသူသည် သင်တို့၏ခံစားချက်များနှင့်ဆိုင်သည့် မရေရာသော ဘုရားသခင်သာဖြစ်ပြီး သင်တို့ဧကန်အမှန်ချစ်သည့်သူမှာ နေ့ညမပြတ် သင်တို့တောင့်တသော်လည်း လူကိုယ်တိုင် မည်သည့်အခါမျှ မမြင်ဖူးသည့် ဘုရားသခင်သာဖြစ်သည်။ ဤခရစ်တော်အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းမှာမူ စိုးစဉ်းမျှသာဖြစ်ပြီး သူ့အပေါ် သင်တို့၏ ချစ်ခြင်းမှာလည်း ဘာမျှမဟုတ်ပေ။ ယုံကြည်ခြင်းဟုဆိုရာ၌ ယုံကြည်မှုနှင့် စိတ်ချမှုကိုဆိုလို၍ ချစ်ခြင်းသည် မည်သည့်အခါမျှ ခွဲခွာခြင်းမရှိသည့် ကြည်ညိုခြင်းနှင့် စိတ်နှလုံးထဲ၌ နှစ်ထောင်းအားရ သဘောကျခြင်းကို ဆိုလိုသည်။ သို့တိုင် ယနေ့ကာလ၏ ခရစ်တော်အပေါ်၌ထားရှိသော သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းသည် ထိုအရာကိုမီရန် များစွာလိုအပ်နေ၏။ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့အနေဖြင့် သူ့ကို မည်သို့ယုံကြည်သနည်း။ ချစ်ခြင်းနှင့်ပတ်သက်၍ သင်တို့အနေဖြင့် သူ့ကို မည်သို့ချစ်သနည်း။ သင်တို့သည် သူ၏စိတ်သဘောထားကို လုံးဝ နားမလည်ကြ၊ သူ၏အနှစ်သာရကို သာ၍ပင် မသိကြ၊ ထိုသို့ဖြစ်သောကြောင့် သင်တို့သည် သူ့ကို မည်သို့ယုံကြည်ကြသနည်း။ သူ့အပေါ် သင်တို့ယုံကြည်ခြင်း၏ စစ်မှန်မှုသည် အဘယ်မှာနည်း။ သင်တို့အနေဖြင့် သူ့ကို မည်သို့ချစ်သနည်း။ သူ့ကို သင်တို့ချစ်ခြင်း၏ စစ်မှန်မှုသည် အဘယ်မှာနည်း။
လူအများအပြားသည် ယနေ့ထက်ထိတိုင် ငါ့နောက်သို့ မဆိုင်းမတွ လိုက်ခဲ့ကြသည်။ ထို့ကြောင့် ယခင်နှစ်များတစ်လျှောက်၌ သင်တို့သည် အလွန်ပင်ပန်းနွမ်းလျမှုကိုလည်း ခံစားခဲ့ကြရ၏။ ငါသည် သင်တို့ အယောက်စီတိုင်း၏ ပင်ကိုစရိုက်နှင့် အလေ့အထများကို စေ့စေ့စပ်စပ် နားလည်ပြီးဖြစ်သည်၊ သင်တို့တစ်ယောက်စီတိုင်းနှင့် ဆက်ဆံရသည်မှာ အလွန့်အလွန်ပင် ခဲယဉ်းလှသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ငါသည် သင်တို့အကြောင်း များစွာသိထားသော်လည်း သင်တို့သည် ငါ့အကြောင်းကို နည်းနည်းလေးမျှပင် နားမလည်ကြခြင်းဖြစ်သည်။ ထို့ကြောင့် စိတ်ရှုပ်ထွေးနေသည့်အချိန်၌ သင်တို့သည် နှပ်ချခြင်းကိုခံလိုက်ရသည်ဟု လူတို့က ပြောကြသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ စင်စစ် သင်တို့သည် ငါ၏စိတ်ထဲ၌ ရှိသည့်အရာကို နားလည်ရန်ဝေးစွ၊ ငါ၏စိတ်သဘောထားကိုပင် လုံးဝနားမလည်ကြချေ။ ယခုခေတ်တွင် သင်တို့၌ရှိသည့် ငါနှင့်ပတ်သက်သော လွဲမှားသည့် အမြင်များသည် တစ်မုဟုတ်ချင်း ကြီးထွားလာနေပြီး ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည်လည်း ဇဝေဇဝါဖြစ်နေသော ယုံကြည်ခြင်းဖြစ်နေသေးသည်။ သင်တို့သည် ငါ့ကိုယုံကြည်ကြသည်ဟု ပြောသည်ထက် သင်တို့သည် ငါ့ကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားနေကြပြီး ငါ့ကို ကြိုးစားဖားနေကြသည်ဟု ပြောခြင်းက ပို၍သင့်တော်လိမ့်မည်။ ငါ့အား ဆုချနိုင်သူ မည်သူမဆို၏နောက်သို့ ငါလိုက်မည်ဖြစ်ပြီး၊ ဘုရားသခင်ဖြစ်စေ၊ မည်သည့်ဘုရားတစ်ပါးပါးဖြစ်စေ ငါ့အား ကြီးစွာသော ဘေးအန္တရာယ်ဆိုးများမှ လွတ်မြောက်စေနိုင်သူကို ငါယုံကြည်မည်ဟူသော သင်တို့၏ ရည်ရွယ်ချက်များသည် အလွန်ပင် ရိုးရှင်းလှသည်။ ယင်းတို့တွင် ငါအမှုထားစရာကိစ္စ တစ်ခုမျှမရှိပေ။ သင်တို့အထဲတွင် ထိုသို့သောသူများစွာရှိကာ ဤအခြေအနေသည် အလွန်စိုးရိမ်ဖွယ်ကောင်း၏။ အကယ်၍ တစ်နေ့တွင် သင်တို့အထဲမှ မည်ရွေ့မည်မျှတို့သည် ခရစ်တော်၏အနှစ်သာရကို ထိုးထွင်းမြင် သောကြောင့် ခရစ်တော်ကို ယုံကြည်ကြသည်ကို သိရန် စမ်းသပ်မှု တစ်ရပ်ပြုမည်ဆိုပါက သင်တို့အထဲမှ တစ်ယောက်တလေကမျှ ငါ့အတွက် စိတ်ကျေနပ်ဖွယ်မဖြစ်မည်ကို ငါစိုးရိမ်သည်။ သို့ဖြစ်၍ သင်တို့ ယုံကြည်သော ဘုရားသခင်သည် ငါနှင့် များစွာကွာခြားသည်၊ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်အပေါ်၌ထားသော သင်တို့ ယုံကြည်ခြင်း၏ အနှစ်သာရမှာ အဘယ်နည်းဟူသည့် မေးခွန်းကို သင်တို့အယောက်စီတိုင်း သုံးသပ်ဆင်ခြင်ကြည့်ပါက အကျိုးယုတ်မည် မဟုတ်ပေ။ သင်တို့၏ ဘုရားသခင်ဟုဆိုသောအရာကို သင်တို့ ယုံကြည်လေလေ၊ သင်တို့သည် ငါနှင့်ဝေးရာသို့ လမ်းလွဲလေလေဖြစ်သည်။ သို့ဖြစ်လျှင် ဤပြဿနာ၏ အဓိကအချက်မှာ အဘယ်နည်း။ ဤမေးခွန်းမျိုးကို သင်တို့အနေဖြင့် မသုံးသပ်မဆင်ခြင်ဖူးသည်မှာ သေချာသည်၊ သို့သော် ဤမေးခွန်း၏ လေးနက်မှုကို သင်တို့ စဉ်းစားမိဖူးသလော။ ဤပုံစံမျိုးနှင့် ဆက်လက်ယုံကြည်နေခြင်း၏ အကျိုးဆက်များကို သင်တို့စဉ်းစားဖူးသလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၂၀)
အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီးဖြစ်သည်၊ သို့သော် ငါ၏နားက မည်သည့်အရာများ ကြားခဲ့သည်ကို သင်တို့သိသလော။ သင်တို့အထဲမှ လူမည်မျှသည် သမ္မာတရားကို လက်ခံရန် လိုလားကြသနည်း။ သမ္မာတရားအတွက် အဖိုးအခကိုပေးရန် သင်တို့လိုလိုလားလား ရှိသည်ဟု သင်တို့အားလုံးယုံကြည်ကြသည်၊ သို့သော် သင်တို့ထဲမှ လူမည်မျှသည် သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ မဖြောင့်မတ်မှုများသာ ရှိသောကြောင့် မည်သူပင်ဖြစ်ပါစေ လူတိုင်းသည် ညီတူညီမျှပင် လိမ်လည်လှည့်ဖျားတတ်ပြီး ကောက်ကျစ်ကြသည်ဟု သင်တို့ယုံကြည်ကြ သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူတစ်ယောက် ကဲ့သို့ပင် ကြင်နာတတ်သော နှလုံးသား၊ သို့မဟုတ် စေတနာ မေတ္တာမရှိသူဟုပင် ယုံကြည်ကြသည်အထိ ဖြစ်တော့၏။ ထိုမျှမကသေး မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာတတ်ကာ ကောင်းမြတ်သော သဘာဝသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌သာလျှင် ရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ထိုသို့သော သန့်ရှင်းသူမျိုးမရှိကြောင်း၊ မြေကြီးပေါ်တွင် အမှောင်ထုနှင့် ဆိုးယုတ်မှုကသာ အုပ်စိုးကြောင်း သင်တို့ယုံကြည်ကြပြီး ဘုရားသခင်ဆိုသည်မှာမူ ကောင်းသောအရာများ နှင့် လှပသောအရာများကို တောင့်တသော လူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူ၊ လူတို့က လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ သင်တို့၏စိတ်ထဲတွင် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် အလွန်တော်မှန်၍ ဖြောင့်မတ်ကာ ကြီးမြတ်ပြီး ကိုးကွယ်ခြင်းနှင့် နှစ်သက်လေးစားခြင်းကို ခံထိုက်သည်ဟု မြင်ကြပြီး မြေကြီးပေါ်၌ရှိသော ဤဘုရားသခင်မှာမူ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို အစားထိုးထားသူဖြစ်ပြီး တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်ဟု မြင်ကြသည်။ ဤဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် မတူညီနိုင်၊ တစ်တန်းတည်းထား၍ ဖော်ပြဖို့ဆိုသည်မှာ သာ၍မဖြစ်နိုင်ဟု သင်တို့ယုံကြည်ကြသည်။ ဘုရားသခင်၏ ကြီးမြတ်မှု၊ ဂုဏ်အသရေ နှင့်ပတ်သက်လာပါက ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်သက်ဆိုင်သော်လည်း လူတို့၏သဘာဝ၊ ဖောက်ပြန်မှု နှင့်ပတ်သက်၍မူ ၎င်းတို့သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်နှင့် ဆိုင်သည့် ဂုဏ်သတ္တိများ ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် ထာဝစဉ်မြင့်မြတ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ အစဉ်သဖြင့် အရေးမပါဘဲ အားနည်းကာ အရည်အချင်း မပြည့်မီဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် စိတ်ခံစားမှုအတိုင်းမလုပ်တတ်၊ ဖြောင့်မတ်ခြင်းသာ ဖြစ်သော်လည်း မြေကြီးပေါ်တွင်ရှိသော ဘုရားသခင်၌မူ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များသာရှိပြီး မည်သည့်တရားမျှတမှု၊ သို့မဟုတ် မည်သည့်ဆင်ခြင်တုံတရားမျှ မရှိဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၌ ကောက်ကျစ်မှု အနည်းငယ်မျှ မရှိ၊ သူသည် အစဉ်အမြဲ သစ္စာရှိသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၌မူ မရိုးသားသောသဘောထား အစဉ်အမြဲရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူသားကို မြတ်မြတ်နိုးနိုး ချစ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ လူသားကို ကောင်းကောင်း ဂရုမစိုက်၊ လုံးဝလျစ်လျူရှုထားခြင်းပင် ပြုသည်ဟု သင်တို့ယုံကြည် ကြသည်။ ဤမှားယွင်းသည့်အသိကို သင်တို့၏နှလုံးသားများထဲ၌ သိုထားသည်မှာ အချိန်ကြာပြီဖြစ်ပြီး အနာဂတ်တွင်လည်း အလားတူ ဆက်ဖြစ်နေနိုင်သည်။ ခရစ်တော်၏ လုပ်ဆောင်ချက်အားလုံးကို သင်တို့သည် မဖြောင့်မတ်သောသူတို့၏ ရှုထောင့်ဖြင့် ကြည့်ကြကာ ခရစ်တော်၏အလုပ်အပြင် ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုလည်း သင်တို့သည် ကောက်ကျစ်သူတို့၏ ရှုထောင့်မှ သုံးသပ်ကြသည်။ သင်တို့ရှေ့မှလူများ မည်သည့်အခါကမျှ မလုပ်ဖူးသည့် ကြီးမားသော အမှားတစ်ခုကို သင်တို့ ကျူးလွန်ခဲ့ကြပြီ။ တစ်နည်းဆိုသော် ဦးခေါင်း၌ သရဖူဆောင်းထားသည့် ကောင်းကင်ဘုံရှိ မြင့်မြတ်သော ဘုရားသခင်ကိုသာ သင်တို့အစေခံကြပြီး အလွန်အရေးမပါလွန်းသဖြင့် သင်တို့အတွက် မြင်နိုင်စွမ်းမရှိဟု မှတ်ယူသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ သင်တို့အစေမခံပေ။ ဤသည်မှာ သင်တို့၏အပြစ် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားမှု၏ ဖြစ်ရိုးဖြစ်စဉ်နမူနာတစ်ခု မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ မြင့်မားသော ရုပ်တုများကို မြတ်နိုးကြပြီး နှုတ်ရေးကြွယ်ခြင်းကြောင့် ကျော်ကြားသူများကို အထင်ကြီးကြသည်။ သင်၏လက်ထဲသို့ ကြွယ်ဝချမ်းသာမှုများ ဖြည့်ပေးသော ဘုရားသခင်၏ အမိန့်ပေးခြင်းကို သင်ဝမ်းမြောက်စွာခံယူ၍ သင်၏အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေး နိုင်သည့် ဘုရားသခင်ကို အလွန်တမ်းတသည်။ သင်မကိုးကွယ်သည့် တစ်ဦးတည်းသောသူမှာ မမြင့်မြတ်သော ဤဘုရားသခင်သာ ဖြစ်သည်၊ သင်မုန်းသည့် တစ်ခုတည်းသောအရာမှာ မည်သည့်လူကမျှ အထင်မကြီးနိုင်သည့် ဤဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းပင် ဖြစ်သည်။ သင်မလုပ်လိုသည့် တစ်ခုတည်းသောအရာမှာ သင့်ကို အသပြာတစ်ပြားမျှ မပေးဖူးသည့် ဤဘုရားသခင်ကို အစေခံခြင်းပင် ဖြစ်သည်၊ သူ့ကို သင်တောင့်တလာအောင် မလုပ်နိုင်သည့် တစ်ဦးတည်းသော သူမှာ ချစ်ဖွယ်မကောင်းသော ဤဘုရားသခင် ဖြစ်သည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် သင်၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ရန် မဆိုထားနှင့် သင်၏အမြင်ကျယ်လာအောင်၊ ရတနာတစ်ခုကိုတွေ့သကဲ့သို့ သင်ခံစားရအောင် မလုပ်ပေးနိုင်သော ဘုရားသခင်ဖြစ်သည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သူ့နောက်ကို လိုက်သနည်း။ ဤသို့သောမေးခွန်းမျိုးကို သင်တွေးတောခဲ့ ဖူးသလော။ သင်ပြုသောအရာသည် ခရစ်တော်ကို စော်ကားသည်သာ မဟုတ်ပေ၊ သာ၍အရေးကြီးသည်မှာ ထိုအရာသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်ကိုလည်း စော်ကားခြင်းဖြစ်၏။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့စော်ကားဖို့ မဟုတ်ဟု ငါထင်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၂၁)
သင်တို့ကို ဘုရားသခင်အားရနှစ်သက်ရန် သင်တို့တောင့်တကြသည်၊ သို့သော် သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာလျက်ရှိ၏။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ သင်တို့သည် သူ၏ နှုတ်ကပတ်တော်များကိုသာ လက်ခံကြပြီး သူ၏အစီအစဉ်တိုင်းကို လက်ခံနိုင်ရန်၊ သူ့ကို အပြည့်အဝယုံကြည်နိုင်ရန်ဝေးစွ၊ သူ၏ကိုင်တွယ် ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကိုပင် လက်မခံကြပေ။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ နောက်ဆုံးဆန်းစစ်ကြည့်လျှင် သင်တို့၏ ယုံကြည်ခြင်းသည် အကောင်လုံးဝမပေါက်နိုင်သော ဗလာဥခွံဖြစ်သည်။ အကြောင်းမှာ သင်တို့၏ ယုံကြည်ခြင်းသည် သင်တို့ထံသို့ သမ္မာတရား မယူဆောင်လာပေး၊ သို့မဟုတ် အသက်ကို မပေးဘဲ ထိုအစား ဆက်လက်အသက်ရှင်နိုင်သည်ဟူသည့် လွဲမှားသော ခံစားချက်နှင့် မျှော်လင့်ခြင်းကိုသာ ပေးခဲ့သည်။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့သော လွဲမှားသည့် ခံစားချက်နှင့် မျှော်လင့်ခြင်းဖြစ်သည်၊ သမ္မာတရားနှင့် အသက်တို့ မဟုတ်ပေ။ ထို့အတွက်ကြောင့် ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ဖြစ်စဉ်သည် ခယဝယလုပ်ခြင်းနှင့် အရှက်အကြောက်မဲ့ခြင်းမှတစ်ဆင့် ဘုရားသခင်ကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားခြင်းသက်သက်ဖြစ်၍ စစ်မှန်သော ယုံကြည်ခြင်းအဖြစ် မည်သည့်နည်းနှင့်မျှ မသတ်မှတ်နိုင်ဟု ငါပြောခြင်းဖြစ်၏။ ဤသို့သော ယုံကြည်ခြင်းမျိုးမှ မည်သို့လျှင် အကောင်ပေါက်နိုင်မည်နည်း။ တစ်နည်းအားဖြင့် ဤသို့သော ယုံကြည်ခြင်းမျိုးသည် မည်သည့်အရာကို အထမြောက်စေနိုင်သနည်း။ ဘုရားသခင်ကို သင်တို့ယုံကြည်ကြခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် သူ့ကို အသုံးချဖို့ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက်တစ်ခုဖြစ်သည် မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို ယုံသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၏ တည်ရှိမှုကိုမူ ငြင်းပယ်ကြ၏၊ သို့ရာတွင် သင်တို့၏အမြင်များကို ငါအသိအမှတ်မပြု၊ လက်တွေ့ကျကာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို အစေခံသောသူများကိုသာ ငါချီးကျူးပြီး မြေကြီးပေါ်၌ရှိသော ခရစ်တော်ကို တစ်ကြိမ်တစ်ခါမျှ အသိအမှတ် မပြုသူများကိုမူ ငါလုံးဝမချီးကျူးပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ထိုသို့သောသူများက မည်မျှပင် သစ္စာစောင့်သိသည်ဖြစ်စေ အဆုံး၌ သူတို့သည် ကောက်ကျစ်သောသူများကို အပြစ်ပေးသည့် ငါ့လက်မှ လွတ်မြောက်မည်မဟုတ်။ ထိုသူတို့သည် ကောက်ကျစ်သော သူများ ဖြစ်ကြ၏၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်တော်ကို မည်သည့်အခါကမျှ ဝမ်းမြောက်ဝမ်းသာ မနာခံဖူးသော ဆိုးယုတ်သူများ ဖြစ်ကြသည်။ မှန်ပေ၏၊ ထိုသူတို့အထဲတွင် ခရစ်တော်ကို မသိသောသူများ၊ ထို့အပြင် ခရစ်တော်ကို အသိအမှတ်မပြုသောသူများအားလုံး ပါဝင်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အပေါ် သစ္စာစောင့်သိနေသရွေ့ ခရစ်တော်ကို မိမိစိတ်ကြိုက် ဆက်ဆံနိုင်သည်ဟု သင်ယုံကြည်သလော။ မှားလေစွ။ ခရစ်တော်ကို သင်မသိခြင်းသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မသိခြင်းပင် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မည်မျှပင် သင်သစ္စာစောင့်သိသည်ဖြစ်စေ ယင်းမှာ အချည်းနှီးစကားနှင့် ဟန်ဆောင်မှုမျှသာဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် မြေကြီးပေါ်၌ရှိသော ဘုရားသခင်သည် သမ္မာတရားနှင့် သာ၍နက်နဲသော အသိဉာဏ်ကို လူတို့လက်ခံရရှိရာတွင် အခရာကျသည် သာမကဘဲ လူကို ဝေဖန်ရှုတ်ချခြင်းနှင့် ထိုအရာပြီးနောက် ကောက်ကျစ်သောသူများကို အပြစ်ဒဏ်ပေးရန် အချက်အလက်များ ရယူရာတွင်လည်း အခရာကျသောကြောင့်ဖြစ်သည်။ ကောင်းသည့် ရလဒ်များ နှင့် ဆိုးသည့်ရလဒ်များကို သင်နားလည်ပြီလော။ ထိုရလဒ်များကို သင်ခံစားဖူးပြီလော။ ဘုရားသခင်ကို သိဖို့အတွက် သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သိရမည်သာမက သာ၍အရေးကြီးသည်မှာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို သိရမည်ဟူသည့် သမ္မာတရားကို သင်တို့တစ်နေ့နားလည်လာဖို့ ငါအလိုရှိသည်။ မည်သည့်အရာကို ဦးစားပေးသင့်ကြောင်းကို ဇဝေဇဝါမဖြစ်နှင့်၊ သို့မဟုတ် အဓိကမဟုတ်သည့် အရာကို အဓိကနှင့် အစားမထိုးနှင့်။ သို့မှသာ ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို အမှန်တကယ် သင်တည်ဆောက်နိုင်မည်၊ ဘုရားသခင်နှင့် အမှန်တကယ် ပိုရင်းနှီးနိုင်မည်၊ သင်၏နှလုံးသားကို ဘုရားသခင်နှင့် ပိုနီးအောင် အမှန်တကယ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီး ငါနှင့်ပေါင်းသင်းဆက်ဆံ လာခဲ့သည်မှာ ကာလကြာမြင့်နေပြီဖြစ်သော်လည်း ငါနှင့် ဝေးကွာ နေသေးလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို မကြာခဏ စော်ကားသောကြောင့် ဖြစ်ရမည်ဖြစ်ပြီး သင်၏အဆုံးကိုလည်း ခန့်မှန်းဖို့ အလွန်ခက်ပေလိမ့်မည်ဟု ငါပြော၏။ ငါနှင့် နှစ်ပေါင်းများစွာကြာအောင် ပေါင်းသင်းဆက်ဆံခဲ့ခြင်းက သင့်ကို လူ့သဘာဝရှိသောသူ၊ သမ္မာတရားရှိသောသူအဖြစ် ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည်သာမက သင်၏ဆိုးယုတ်သော စရိုက်များကို သင်၏သဘာဝထဲတွင် အရိုးစွဲသွားအောင်ပြုပါက၊ ထို့အပြင် သင်သည် ယခင်ကထက် နှစ်ဆနှစ်ပြန် မာနထောင်လွှားလာသည်သာမကဘဲ ငါ့အပေါ် သင်၏အထင်အမြင်လွဲခြင်းများသည်လည်း တိုးပွားလာလိုက် သည်မှာ ငါ့ကိုပင် သင်၏လက်ထောက်လေးတစ်ဦးအဖြစ် သဘောထား လာသည်အထိ ဖြစ်လာပါက သင်၏ရောဂါသည် အရေပြား၌သာမက အရိုးထိတိုင်အောင် စွဲနေပြီဟု ငါပြော၏။ သင်လုပ်ရန်မှာ သင့်အတွက် အသုဘအစီအစဉ် လုပ်ပေးသည်ကို စောင့်ရန်သာ ကျန်တော့၏။ သို့ပြုလျှင် သင်သည် ငါ့ကို သင်၏ဘုရားသခင်ဖြစ်ပေးပါရန် အသနားခံဖို့ မလိုတော့ပေ၊ အကြောင်းမှာ သင်သည် ခွင့်မလွှတ်နိုင်သောအပြစ်၊ သေဒဏ်ပေးထိုက်သောအပြစ်ကို ကျူးလွန်ထားသောကြောင့် ဖြစ်သည်။ ငါသည် သင့်ကို ကရုဏာထားနိုင်သော်မှ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်က သင်၏အသက်ကို နှုတ်ယူဖို့ အပြင်းအထန် တောင်းဆိုမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို သင်၏စော်ကားခြင်းသည် သာမန်ပြဿနာတစ်ခု မဟုတ်ဘဲ အလွန်ကြီးလေးသည့်သဘာဝရှိသော ပြဿနာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ အချိန်တန်လျှင် သင့်ကို ကြိုတင်၍ သတိမပေးဟု ငါ့ကို အပြစ်မတင်နှင့်။ အစပြန်ကောက်ရမည်ဆိုလျှင်- သင်သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ဖြစ်သူ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ်ဆက်ဆံလျှင်၊ တစ်နည်းအားဖြင့် ဤဘုရားသခင်သည် သာမန်လူတစ်ယောက်ထက်မပိုဟု ယုံကြည်လျှင် သင်ပျက်စီးရပေလိမ့်မည်။ ဤသည်မှာ သင်တို့အားလုံးအတွက် ငါ၏တစ်ခုတည်းသော သတိပေးချက်ပင်တည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၂၂)
လူသားတွင် ယုံကြည်ခြင်းနှင့်ပတ်သက်၍ မသေချာသော စကားလုံးသာရှိသည်။ သို့ရာတွင် လူသားသည် ဘယ်အတွက်ကြောင့် ယုံကြည်ခြင်းရှိသည်ကိုမဆိုထားနှင့် ယုံကြည်ခြင်းကို မည်သည့် အရာဖြင့်ဖွဲ့စည်းထားသည်ကို မသိပါ။ လူသားနားလည်သည်မှာ အလွန်နည်းပါး၍ လူသားကိုယ်တိုင်တွင် မပြည့်စုံမှု များပြားလွန်း နေပါသည်။ သူသည် မဆင်မခြင် အသိဉာဏ်မဲ့စွာဖြင့်သာ ငါ့ကို ယုံကြည်သည်။ ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာ ဆိုသည်ကိုဖြစ်စေ၊ ငါ့ကို အဘယ်ကြောင့် ယုံကြည်သည်ကိုဖြစ်စေ သူမသိသော်လည်း သဲသဲမဲမဲ ဆက်၍ယုံကြည်သည်။ ငါသည် လူသားအပေါ်တောင်းဆိုသည်မှာ ဤနည်းဖြင့် ငါ့ကို သဲသဲမဲမဲ ပဌနာပြုရုံ သို့မဟုတ် ငါ့ကို ရောက်တတ်ရာရာ နည်းဖြင့် ယုံကြည်ရုံတို့မျှသာ မကပါ။ ငါ၏အမှုမှာ လူသား ငါ့ကိုတွေ့၍ ငါ့ကိုသိလာရန် ဖြစ်သည်။ ငါ၏ အမှုတော်ကြောင့် လူသားသည် ငါ့ကိုအထင်ကြီး၍ အမြင်သစ်တစ်မျိုးဖြင့် ကြည့်ရန်မဟုတ်။ ငါယခင်က နိမိတ် လက္ခဏာများစွာနှင့် အံ့ဘွယ်အမှုအရာများကို ပြသခဲ့ပြီး အံ့သြဖွယ်ဖြစ်ရပ်များစွာကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ဣသရေလတို့သည် ငါ့ကို ကြီးစွာသောလေးစားမှု ပြခဲ့ပြီး ဖျားနာသူတို့၏ အနာရောဂါကို ငြိမ်းစေနိုင်ပြီး နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သည့် ငါ၏ထူးခြားသောအစွမ်းတို့ကို လွန်စွာကြောက်ရွံ့ ခဲ့သည်။ ထိုစဉ်က ယုဒလူမျိုးတို့သည် အနာရောဂါငြိမ်းစေနိုင်သည့် ငါ၏တန်ခိုးတို့မှာ ပိုင်နိုင်လှ၍ အံ့မခန်းဟု ထင်ခဲ့ကြသည်။ ဤကဲ့သို့သော ငါ၏ လုပ်ဆောင်ချက်များကြောင့် သူတို့အားလုံး ငါ့ကို လေးစားကြ၏။ ငါ၏တန်ခိုးအားလုံးအတွက် သူတို့ ကြီးစွာသော ကြည်ညိုလေးစားစိတ်ပေါ်ခဲ့သည်။ သို့ဖြစ်၍ အံ့သြဖွယ်ဖြစ်ရပ်များ ငါလုပ်ဆောင်သည်ကို တွေ့သူ မည်သူမဆိုသည် ငါ့နောက်သို့ အနီးကပ် လိုက်ခဲ့သည့်အတွက် ဖျားနာသောသူတို့၏အနာရောဂါ ငါငြိမ်းစေသည်ကို ကြည့်ရန် ထောင်ပေါင်းများစွာသော လူတို့သည် ငါ့ကိုဝိုင်းရံခဲ့ကြသည်။ ငါသည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ် အမှုအရာများစွာကို ပြသခဲ့သော်လည်း လူသားသည် ငါ့ကို ပိုင်နိုင်သည့်သမားတော်တစ်ဦးအဖြစ်မျှသာ မှတ်ယူခဲ့သည်။ ထိုအချိန်က ထိုသူတို့ကို သင်ကြားသည့် စကားများစွာ ငါပြောခဲ့သည်ဖြစ်သော်လည်း ငါ့ကို တပည့်များထက်သာသည့်ဆရာ အဖြစ်မျှသာ မှတ်ယူခဲ့ကြသည်။ ယနေ့တိုင်အောင်ပင် ငါ့အမှုတော်၏ သမိုင်းဝင်မှတ်တမ်းများကို လူသားများတွေ့ပြီးသည်နောက် ငါ့ကို ဖျားနာသူတို့ကို အနာရောဂါငြိမ်းစေသည့် သမားတော်ကြီးတစ်ပါးနှင့် အသိဉာဏ်မဲ့သူတို့၏ဆရာဟု ထိုသူတို့ ဆက်လက် အဓိပ္ပါယ်ကောက် ကြသည်။ ထို့နောက် ငါ့ကို သနားကြင်နာတတ်သော သခင်ယေရှု ခရစ်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ကျမ်းစာကို အနက်အဓိပ္ပါယ် ပြန်သောသူတို့သည် အနာရောဂါငြိမ်းစေရာတွင် ငါ့ထက်သာလွန်၍ ကျွမ်းကျင် နိုင်ခဲ့ကြပေသည်။ သို့မဟုတ် ယခု ၎င်းတို့၏ ဆရာများထက် သာလွန်သည့် တပည့်များပင် ဖြစ်ကောင်းဖြစ်နိုင် ပါသည်။ သို့သော် ဤသို့သော အလွန်ထင်ရှားကျော်ကြားသော လူများဖြစ်သည့် ၎င်းတို့၏အမည်များကို ကမ္ဘာတစ်ဝှမ်း သိကြသူများက ငါ့ကို သမားတော်တစ်ဦးမျှသာဟု အလွန်နိမ့်ကျစွာ ထင်မှတ်ကြသည်။ ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာ သည်လည်း ရှောလမုန်မင်းကြီး၏ သားအားလုံး၏ ဉာဏ်ပညာထက် သာ၍ကြီးမားသည်။ သို့သော် လူသားများသည် ငါ့ကို အရေးသိပ် မပါသည့် သမားတော်အဖြစ်နှင့် လူသား၏ လူမသိသူမသိဆရာ အဖြစ်မျှသာ ငါ့ကိုထင်မှတ်ကြသည်။ သူတို့၏အနာရောဂါကို ငါငြိမ်းစေရေးအတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ သူတို့၏ခန္ဓာအတွင်းမှ မသန့်ရှင်းသည့်ဝိညာဉ်များကို ငါမောင်းထုတ်ရေးအတွက် ငါ၏တန်ခိုးများကို အသုံးပြုရန် အတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရရေးအတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ သာ၍များသော ရုပ်ပိုင်းဆိုင်ရာ ဓနဥစ္စာကို ငါ့ထံမှ တောင်းခံရန်အတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ ဤဘဝတွင် အေးအေးချမ်းချမ်း နေထိုင်နိုင်ပြီး နောင်လာမည့်ဘဝတွင် ဘေးကင်းလုံခြုံရေးအတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရေးအတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ လူများစွာတို့က ယာယီ နှစ်သိမ့်မှုအတွက်သာ ငါ့ကိုယုံကြည်ပြီး နောင်လာမည့်ဘဝအတွက် မည်သည့်အရာမျှ ရရန်မကြိုးစားကြပေ။ လူသားအပေါ် ငါ့ဒေါသ ကျရောက်စေပြီး သူနဂိုက ပိုင်ဆိုင်ခဲ့သော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါသိမ်းပိုက်လိုက်သောအခါ လူသားသည် သံသယရှိလာ၏။ ငါသည် လူသားကို ငရဲ၏ဒုက္ခပေး၍ ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည်သိမ်းယူသည့်အခါ လူသား၏အရှက်သည် ဒေါသအသွင်သို့ ပြောင်းသွား၏။ လူသားသည် ငါ့ကို သူ့အား ရောဂါငြိမ်းစေရန် တောင်းဆိုသည့်အခါ ငါသည် သူ့ကို အရေးမစိုက်ဘဲ သူ့ကိုရွံရှာခြင်းရှိ၏၊ လူသားသည် ဆိုးယုတ်သော ပယောဂအတတ်နှင့် မှော်အတတ်တို့၏ နည်းလမ်းကိုရှာရန်သာ ငါ့ထံမှ ထွက်ခွာသွားခဲ့ကြသည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီး သမျှအားလုံးကို ငါယူပစ်လိုက်သောအခါ လူသားသည် အစအနရှာ၍ မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါပေးသည့်ကျေးဇူးတော် များလွန်းပြီး ရရန်အကျိုးအမြတ် များလွန်းသဖြင့် လူသားသည် ငါ့ကို ယုံကြည်သည်ဟု ငါဆို၏။ ယုဒလူတို့သည် ငါ၏ကျေးဇူးတော်ကြောင့် ငါ့ကိုယုံကြည်ကြပြီး ငါသွားရာနောက်သို့ လိုက်ခဲ့ကြသည်။ အသိဉာဏ်နှင့် အတွေ့အကြုံနည်းသည့် ဤမသိနားမလည်သော လူသားတို့သည် ငါပြသည့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တွေ့ရန်သာ ကြိုးပမ်းကြ၏။ အကြီးမြတ်ဆုံးအံ့ဖွယ်အမှုတို့ ပြုလုပ်နိုင်သည့် ယုဒလူတို့၏အိမ်၏ဦးခေါင်းဟု ငါ့ကိုမှတ်ယူကြ၏။ ထို့ကြောင့် ငါသည် လူသားတို့အထဲမှ နတ်ဆိုးတို့ကို နှင်ထုတ် သောအခါ ထိုသူတို့သည် ဇဝေဇဝါကြီးစွာဖြစ်လျက် ငါသည် ဧလိယ ဖြစ်၏။ ငါသည် မောရှေဖြစ်၏။ ငါသည် ပရောဖက်တို့အနက် ရှေးအကျဆုံး ဖြစ်၏။ ငါသည် အကြီးမြတ်ဆုံးသော သမားတော် ဖြစ်၏ဟု ၎င်းတို့အကြား ပြောဆိုကြ၏။ ငါသည် အသက်ဖြစ်၏။ လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ မည်သူမျှ ငါ၏ဖြစ်တည်ခြင်းကိုသော်လည်းကောင်း၊ ငါမည်သူမည်ဝါ ဖြစ်ခြင်းကိုသော်လည်းကောင်း မသိနိုင်ခဲ့။ ကောင်းကင်ဘုံသည် ငါ့အဖ နေထိုင်ရာနေရာဖြစ်၏ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းနှင့် ဘုရားသခင် ကိုယ်တိုင် ဖြစ်ကြောင်းကို မည်သူမျှ မသိခဲ့။ ငါသည် လူသားမျိုးနွယ် အားလုံးထံ ရွေးနုတ်ခြင်းကို ယူဆောင်လာမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရွေးမည်ဟု ငါကိုယ်တိုင် ပြောခြင်းမှလွဲ၍ ငါသည် လူသားတို့ကို ရွေးနုတ်တော်မူသောသူ ဖြစ်ကြောင်း မည်သူမျှမသိခဲ့။ လူသားတို့သည် ငါ့ကို ကျေးဇူးပြုတတ်သောသူနှင့် သနားကြင်နာ တတ်သောသူအဖြစ်သာ သိခဲ့ကြသည်။ ထို့အပြင် ငါမည်သူ ဖြစ်သည်အားလုံးကို ငါကိုယ်တိုင် ရှင်းပြနိုင်ခြင်းမှလွဲ၍ မည်သူမျှ ငါ့ကိုမသိ။ ထို့အပြင် ငါသည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို မည်သူမျှ ယုံကြည်ခြင်း မရှိ။ လူသားသည် ငါ့ကို ဤသို့သာယုံကြည်ပြီး ငါ့ကို ဤသို့ လှည့်စားခဲ့သည်။ ငါ့အပေါ် ဤသို့အမြင်များရှိလျှင် လူသားသည် ငါ့အတွက် မည်သို့သက်သေခံနိုင်မည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၂၃)
ဘုရားသခင်အပေါ် လူတို့ ယုံကြည်ခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း လူအများစုမှာ “ဘုရားသခင်” ဟူသည့် စကားလုံးကို လုံးဝနားလည်ခြင်း မရှိပါ။ ၎င်းတို့သည် ယောင်ချာချာနှင့်သာ နောက်လိုက်နေကြခြင်း ဖြစ်သည်။ လူသားသည် ဘုရားသခင်အား မည်သည့်အတွက်ကြောင့် ယုံကြည်သင့်သည်ကို လုံးဝမသိ၊ ဘုရားသခင် ဟူသည် အဘယ်နည်းကိုလည်း အတိအကျမသိပါ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်လျက် နောက်လိုက်ရန်သာ သိ၍ ဘုရားသခင်ဟူသည် အဘယ်နည်းကို မသိ၊ ဘုရားသခင်ကိုလည်း နားမလည်ပါက၊ ဤသည်မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ပြက်လုံးတစ်ရပ်ပင် မဟုတ်ပါလား။ ယခုလောက်ဆိုလျှင် လူတို့သည် ကောင်းကင်နှင့် ပတ်သက်သည့် နက်နဲသောအရာများကို တွေ့မြင်ခဲ့ပြီး ဖြစ်သော်လည်း၊ ယခင်က လူသားတို့ တစ်ခါမျှ နားမလည်ခဲ့သော လေးနက်သည့် အသိဉာဏ်များအကြောင်း ကြားခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့သည် အခြေခံအကျဆုံး အရာအများအပြား၊ ချင့်ချိန်စဉ်းစားခြင်း မပြုရသေးသည့် သမ္မာတရားများကို နားမလည်ပါ။ အချို့သူများက “ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ။ ဘုရားသခင်ဟူသည် အဘယ်အရာဖြစ်ကြောင်း မသိဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ဤသည်မှာ ကျွန်ုပ်တို့ကို နှိမ်ရာ မရောက်ပေဘူးလား” ဟု ပြောချင်ပြောနိုင်သည်။ သို့သော် လက်တွေ့တွင် ယနေ့လူတိုင်း ငါ့နောက်သို့ လိုက်နေသော်လည်း မည်သူမျှ ယခုလက်ရှိ အလုပ် အားလုံးကို နားမလည်ပါ။ ဘုရားသခင်အကြောင်း အလွန်ရှုပ်ထွေးသည့် ထိုမေးခွန်းများကို မဆိုထားနှင့် ၎င်းတို့သည် အရိုးရှင်းဆုံးနှင့် အလွယ်ဆုံး မေးခွန်းများကိုပင် လက်လွှတ်ကုန်ကြသည်။ သင်ဘေးဖယ် လိုက်သည့် မေးခွန်းများ၊ သင်သိရှိနိုင်စွမ်း မရှိသော ထိုမေးခွန်းများသည် သင်နားလည် သင့်ဆုံးသော မေခွန်းများဖြစ်ကြောင်း သင်သိသင့်သည်။ အကြောင်းမှာ သင်သည် လူအုပ်နောက်သို့ လိုက်ရန်သာသိကာ မိမိလိုအပ်မည့် အရာများကို ရယူထားရန် အာရုံမစိုက်၊ ဂရုမပြုသောကြောင့် ဖြစ်၏။ သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သင့်သည်ကို အမှန်တကယ် သိပါသလား။ ဘုရားသခင်ဟူသည် အဘယ်နည်းဆိုသည်ကို သင်အမှန်တကယ် သိပါသလား။ လူသားဟူသည် အဘယ်နည်းဆိုသည်ကို သင်အမှန်စင်စစ် သိပါသလား။ ဘုရားသခင်ကို ယုံကြည်သော လူသားတစ်ဦး အနေဖြင့် ဤအရာများကို နားမလည်နိုင်ပါက သင်သည် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် သိက္ခာမကျပေဘူးလား။ ငါ၏ ယနေ့အမှုမှာ လူတို့ ၎င်းတို့၏ အနှစ်သာရကို နားလည်ရန်၊ ငါလုပ်သည့် အမှုအရာ ခပ်သိမ်းကို နားလည်ရန်နှင့် ဘုရားသခင်၏ မျက်နှာ အစစ်အမှန်ကို သိရန်ဖြစ်သည်။ ဤသည်မှာ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ နိဂုံးလုပ်ရပ်၊ ငါ့အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ထို့ကြောင့် ဘဝ၏ နက်နဲသော အရာခပ်သိမ်းကို ကြိုတင်၍ သင်တို့အား ငါပြောခြင်းဖြစ်၏။ သို့မှသာ ငါ့ထံမှ ထိုအရာများကို သင်တို့အားလုံး လက်ခံနိုင်မည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၏ အမှုဖြစ်သဖြင့် သင်တို့နားလည်ခြင်းမရှိ၊ ခံနိုင်ရည် မရှိသော်လည်း သင်တို့ယခင်က တစ်ခါမျှ ခံယူခဲ့ခြင်းမရှိသော ဘဝ၏ သမ္မာတရား ခပ်သိမ်းကို သင်တို့အား ငါပြောပြရမည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အလွန်ချို့တဲ့လွန်းလျက် လိုအပ်သည့် အရာများ ကင်းမဲ့လွန်း၍သာ ဖြစ်သည်။ ငါသည် ငါ၏အမှုကို နိဂုံးချုပ်လိုသည်။ ငါ၏ လိုအပ်သည့်အမှု ခပ်သိမ်းကို ပြီးဆုံးလိုပြီး ငါသင်တို့အား စေခိုင်းနေသည့်အရာကို အပြည့်အစုံ အသိပေးလိုသည်။ ဤသည်မှာ အမှောင်ထု လွှမ်းမိုးချိန်၌ သင်တို့သည် နောက်တစ်ဖန် လမ်းလွဲ၍ စာတန်၏ လှည့်ဖြားမှုအတွင်း ကျရောက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ သင်တို့ နားမလည်နိုင်သည့် လမ်းခရီး များစွာရှိ၏။ သင်တို့ နားမလည်သည့် ကိစ္စများစွာရှိ၏။ သင်တို့သည် အသိဉာဏ် ကင်းမဲ့လွန်း၏။ ငါသည် သင်တို့၏ ဝိညာဉ်အသက်တာနှင့် အားနည်းချက်များကို ကောင်းစွာသိ၏။ ထို့ကြောင့် သင်တို့ နားလည်နိုင်စွမ်း မရှိသည့် နှုတ်ကပတ်တော်များစွာ ရှိသော်လည်း သင်တို့ယခင်က တစ်ခါမျှ ခံယူခဲ့ခြင်းမရှိသည့် သမ္မာတရား အားလုံးအကြောင်း ငါသင်တို့ကို ပြောပြလိုသေး၏။ အကြောင်းမှာ သင်တို့၏လက်ရှိ ဝိညာဉ်အသက်တာဖြင့် သင်တို့သည် ငါ့အတွက် သက်သေခံနိုင်ခြင်း ရှိ၊ မရှိကို ငါ စိုးရိမ်နေ၍ဖြစ်သည်။ ငါသည် သင်တို့ကို အထင်သေး၍မဟုတ်။ သင်တို့ခပ်သိမ်းသည် ငါ၏ စနစ်တကျသင်ကြားမှု မခံယူရသေးသော သားရဲ တိရစ္ဆာန်များဖြစ်ကာ သင်တို့အတွင်း ဘုန်းတော် မည်မျှရှိသည်ကို အမှန်စင်စစ် မေးခွန်းထုတ်ဖွယ်ရာ ကောင်းပေသည်။ သင်တို့အပေါ် လုပ်ဆောင်ချက်အတွက် ငါသည် ကြီးမားသော အင်အားကို အသုံးပြုခဲ့ပြီး ဖြစ်သော်လည်း သင်တို့အတွင်းရှိ အပြုသဘောဆောင်သော အရာများသည် လုံးဝ မရှိလုနီးပါးပင် ဖြစ်ချိန်တွင် အပျက်သဘောဆောင်သော အရာများကိုမူ လက်ချောင်းများတွင် ရေတွက်နိုင်ပြီး စာတန်ကိုအရှက်ရစေသည့် သက်သေခံချက်များအဖြစ်သာ အသုံးဝင်ကြသည်။ သင်တို့ အတွင်းရှိ ကျန်အရာခပ်သိမ်းနီးပါးသည် စာတန်၏ အဆိပ်ဖြစ်၏။ သင်တို့ကို ကြည့်ရသည်မှာ သင်တို့ကို ကယ်တင်နိုင်ခြင်း မရှိတော့သကဲ့သို့ ဖြစ်၏။ ဤသို့ ဖြစ်နေသည့်အတွက်၊ ငါသည် သင်တို့၏ အမျိုးမျိုးသော သွင်ပြင်များနှင့် ပြုမူပြောဆိုပုံတို့ကို ကြည့်ကာ နောက်ဆုံးတွင် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုအမှန်ကို သိ၏။ ထို့ကြောင့် ငါသည် သင်တို့အတွက် ပူပန်နေရခြင်း ဖြစ်သည်- မိမိဘဝကို မိမိဘာသာ အသက်ရှင်ရမည့် အခါတွင် လူသားသည် ယနေ့ထက် ပို၍ကောင်းသည့် ဘဝ သို့မဟုတ် အလားတူဘဝသို့ အမှန်တကယ် ရောက်ရှိမည်လား။ သင်တို့၏ ကလေးဆန်သည့် ဝိညာဉ်အသက်တာအတွက် စိုးရိမ်ပူပန်ခြင်း မရှိဘူးလား။ သင်တို့သည် အခြေအနေ ခပ်သိမ်းတွင် ငါနှင့် ငါ့အပေါ်သာ သစ္စာရှိသော ရွေးချယ်ခံရသည့် ဣသရေလအမျိုးကဲ့သို့ အမှန်စင်စစ် နေနိုင်မည်လား။ သင်တို့အထဲက ထုတ်ဖော်ပြသည့်အရာမှာ မိဘများ ထံမှ လမ်းလွဲသွားကြသည့် ကလေးသူငယ်များ ကျီစယ်ဆော့ကစားခြင်း မဟုတ်ဘဲ သခင်၏ ကျာပွတ်များ လက်လှမ်းမမီနိုင်သည့် တိရစ္ဆာန်များမှ ပေါက်ကွဲထွက်လာသော ဆိုးရွားယုတ်မာမှုဖြစ်၏။ သင်တို့သည် သင်တို့၏ သဘောသဘာဝကို သိထားသင့်သည်။ ဤသဘော သဘာဝသည် သင်တို့အားလုံးတွင် ရှိနေသည့် အားနည်းချက်လည်း ဖြစ်၍ သင်တို့အားလုံးတွင် ရှိနေသည့် ဖျားနာမှုဖြစ်သည်။ ထို့ကြောင့် ယနေ့ သင်တို့အပေါ် ငါ၏ တစ်ခုတည်းသော တိုက်တွန်းနှိုးဆော်မှုမှာ ငါ့အတွက် သက်သေခံရန်သာ ဖြစ်သည်။ မည်သည့် အခြေအနေတွင်မှ အနာဟောင်းကို တစ်ဖန်ပြန်၍ ထကြွခွင့် မပြုပါနှင့်။ အရေးကြီးဆုံး အရာမှာ သက်သေခံရန်ပင် ဖြစ်သည်။ ဤသည်မှာ ငါ့အမှု၏ အဓိကအချက်ဖြစ်သည်။ မာရိသည် အိပ်မက်တွင် ပေါ်လာသော ယေဟောဝါ၏ ဗျာဒိတ်ပေးသည်ကို ယုံကြည်၍ နာခံကာ လက်ခံသကဲ့သို့ သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို လက်ခံသင့်သည်။ ဤသည်သာလျှင် ဖြူစင်ရာရောက်သည်။ အကြောင်းမှာ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အများဆုံး ကြားသူများဖြစ်၍ ငါ၏ ကောင်းချီးမင်္ဂလာကို ခံစားရဆုံး သူများ ဖြစ်၍ဖြစ်သည်။ ငါသည် သင်တို့ကို ငါ၏တန်ဖိုးရှိသော ပိုင်ဆိုင်မှု ခပ်သိမ်းကို ပေးနေကာ အရာခပ်သိမ်းကို သင်တို့ကို လုံးဝ အပ်နှင်းပေးနေ၏။ သို့ရာတွင် သင်တို့၏ အနေအထားနှင့် ဣသရေလ အမျိုးတို့၏ အနေအထားတို့မှာ လွန်စွာ ကွဲပြား၏။ လုံးဝခြားနား၏။ သို့ရာတွင် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက သင်တို့သည် များစွာပို၍ ရရှိနေပေသည်။ ထိုသူတို့သည် ငါပေါ်ထွက်လာရန် အသည်းအသန် စောင့်သော်လည်း သင်တို့သည် သာယာသော နေ့များတွင် ငါနှင့်အတူရှိလျက် ငါ၏ ကြွယ်ဝ ချမ်းသာမှုများကို အတူခံစားကြ၏။ ထိုသူတို့နှင့် နှိုင်းယှဉ်လိုက်သည့်အခါ သင်တို့တွင် ငါ့ကိုကျယ်လောင်စွာ ညည်းညူ၍ ငါနှင့် ကျယ်လောင်စွာ ခိုက်ရန်ဖြစ်ပွားကာ ငါ၏ပိုင်ဆိုင်မှုမှ ဝေစုများကို တောင်းခွင့် အဘယ်သို့ရှိသနည်း။ သင်တို့ ရသည်များမှာ မလုံလောက်ပေဘူးလား။ ငါသည် သင်တို့ကို များစွာပေးသော်လည်း သင်တို့ငါ့ကို ပြန်ပေးသည်မှာ ငါ့ကို အသည်းကွဲစေသည့် ဝမ်းနည်းမှု၊ စိုးရိမ်လွန်ကဲမှုနှင့် ဖိနှိပ်၍ မရသော မကျေချမ်းမှုနှင့် မကျေနပ်မှုသာ ဖြစ်၏။ သင်တို့သည် လွန်စွာရွံမုန်းစရာ ကောင်းသော်လည်း သင်တို့အပေါ် သနားစိတ် ကိုလည်း နှိုးဆွ၏။ ထို့ကြောင့် ငါသည် အခြားလမ်းမရှိဘဲ ငါ၏ မကျေချမ်းမှုကို မျိုသိပ်၍ ငါ၏ ကန့်ကွက်ချက်များကို သင်တို့ထံ အဖန်ဖန် ဖွင့်ဟဖို့ရန်သာရှိ၏။ ဤ နှစ်ထောင်ပေါင်း များစွာသော လုပ်ဆောင်မှုကာလတွင် ယခင်က ငါသည် လူသားအပေါ် မည်သည့် ကန့်ကွက်မှုမျှ မပြုခဲ့။ အကြောင်းမူကား လူသား၏ တိုးတက်မှု ရာဇဝင်တွင် သင်တို့အကြား အလှည့်ဖြားဆုံးတို့သာလျှင် ကျော်ကြားကြောင်း ငါတွေ့ခဲ့၍ဖြစ်သည်။ ၎င်းတို့သည် ကျော်ကြားသော ရှေးဘိုးဘေးမှ သင်တို့ကိုပေးခဲ့သော တန်ဖိုးရှိသည့် အမွေများကဲ့သို့ ဖြစ်၏။ ထိုလူသား အဆင့်မမီသော ဝက်များနှင့် ခွေးများကို ငါမုန်းတီးလှသည်။ သင်တို့တွင် အသိတရား ကင်းမဲ့လွန်းသည်။ သင်တို့၏ အကျင့်စာရိတ္တသည် အောက်တန်းကျလွန်း၏။ သင်တို့၏ အသည်းနှလုံးသည် မာကြောလှ၏။ ငါ၏ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုတို့ကို ဣသရေလသို့ ယူသွားခဲ့ပါက ငါသည် လွန်လေပြီးသော ကာလများစွာကပင် ဘုန်းတန်ခိုးရရှိခဲ့မည် ဖြစ်သည်။ သင်တို့အကြား တွင်ကား ဤသို့မဟုတ်။ သင်တို့အကြားတွင် ရက်စက်သည့် လစ်လျူရှုမှု၊ သင်တို့၏ တမင်ဂရုမပြုမှုနှင့် သင်တို့၏ အကြောင်းပြချက်များသာလျှင် ရှိ၏။ သင်တို့သည် ခံစားချက် ကင်းမဲ့လွန်းလျက် တန်ဖိုးမဲ့လွန်းသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သင်မည်သို့ နားလည်သနည်း” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၂၄)
သင်တို့အားလုံးအနေဖြင့် ယခုအခါတွင် ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၏ အဓိပ္ပာယ်အစစ်အမှန်ကို သဘောပေါက်သင့် ပေပြီ။ ယခင်က ငါပြောခဲ့သည့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်သည် သင်တို့၏ အပြုသဘောဆောင်သော ဝင်ရောက်မှုနှင့် ဆက်စပ်သည်။ ယနေ့၌မူ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်သည် ထိုကဲ့သို့မဟုတ်ပေ။ ဘုရားသခင်အပေါ်ထားရှိသော သင်တို့ယုံကြည်ခြင်း၏ အနှစ်သာရကို ယနေ့ ငါဆန်းစစ်ကြည့် လိုသည်။ မှန်ပေသည်၊ ဤသည်မှာ သင်တို့ကို အနုတ်သဘောဆောင်သည့် ရှုထောင့်မှ လမ်းညွှန်ခြင်းဖြစ်သည်။ အကယ်၍ ငါဤသို့မပြုလုပ်ပါက သင်တို့သည် သင်တို့၏ ရုပ်သွင်အမှန်ကို မည်သည့်အခါမျှ သိရှိလာမည် မဟုတ်ဘဲ၊ သင်တို့၏ ဘာသာတရားကိုင်းရှိုင်းမှုနှင့် သစ္စာရှိမှုအပေါ်တွင် အမြဲကြွားဝါနေမည် ဖြစ်သည်။ တစ်နည်းအားဖြင့် သင်တို့၏နှလုံးသားအတွင်းရှိ နက်ရှိုင်းလှသောနေရာမှ အကျည်းတန်မှုကို ငါထုတ်ဖော်မပြပါက သင်တို့တစ်ဦးစီသည် မိမိတို့ခေါင်းပေါ်တွင် မိမိတို့ဘာသာ သရဖူဆောင်းကာ မိမိကိုယ်ကို ဂုဏ်ဖော်နေမည်ဖြစ်သည်။ သင်တို့၏ မာန်တက်၍ မာနထောင်လွှားတတ်သည့် သဘာဝဗီဇသည် သင်တို့၏အသိစိတ်ကို ပြန်လည်သစ္စာဖောက်မိစေရန်၊ ခရစ်တော်ကို ပုန်ကန်၊ ဖီဆန်မိစေရန်၊ သင်တို့၏အကျည်းတန်မှုကို ထုတ်ဖော် ပြစေရန် တွန်းအားပေးပြီး ထိုသို့အားဖြင့် သင်တို့၏ရည်ရွယ်ချက်များ၊ အယူအဆများ၊ လွန်ကျူးသော တပ်မက်မှုများနှင့် လောဘခိုးဝေ နေသော မျက်လုံးများကို အလင်းထဲတွင် ပေါ်အောင်ပြသည်။ ထိုသို့ဖြစ်လင့်ကစား သင်တို့သည် ခရစ်တော်၏ အမှုအတွက် သင်တို့၏ဘဝကို အပ်နှံမည်ဟု ဆက်လက်၍ဝန်ခံပြောဆိုနေပြီး၊ ကြာမြင့်စွာကတည်းက ခရစ်တော်ပြောခဲ့သော သမ္မာတရားများကို ထပ်ခါတလဲလဲ ပြန်လည်ပြောဆိုနေကြသည်။ ဤသည်မှာ သင်တို့၏ “ယုံကြည်ခြင်း” ဖြစ်သည်။ ဤသည်မှာ “မစင်ကြယ်မှု မရှိသော သင်တို့၏ ယုံကြည်ခြင်း” ဖြစ်သည်။ ငါသည် လူအတွက် အလွန်တင်းကြပ်သော စံနှုန်းကို တောက်လျှောက်စွဲကိုင်ထားခဲ့သည်။ အကယ်၍ သင်၏သစ္စာစောင့်သိမှုသည် သင်၏ရည်ရွယ်ချက်များ၊ သတ်မှတ်ချက်များနှင့် ဒွန်တွဲ၍ ပါလာပါက သင်၏ သစ္စာစောင့်သိမှုဟုဆိုသော မည်သည့်အရာကိုမျှ ငါမခံယူလိုပေ။ အကြောင်းမှာ မိမိတို့၏ရည်ရွယ်ချက်များဖြင့် ငါ့ကိုလှည့်ဖြားသူများ၊ သတ်မှတ်ချက်များနှင့် ငါ့ထံမှ အတင်းအကျပ် တောင်းယူသူများကို ငါစက်ဆုပ်ရွံရှာသောကြောင့် ဖြစ်သည်။ လူ့အနေဖြင့် ငါ့အား အပြည့်အဝ သစ္စာစောင့်သိကြရန်နှင့် ယုံကြည်ခြင်းဟူသော စကားလုံး တစ်လုံးအတွက် အရာခပ်သိမ်းကို လုပ်ဆောင်ပြီး သက်သေပြကြ ရန်သာ ငါအလိုရှိသည်။ ငါပျော်ရွှင်စေဖို့အတွက် အချိုသတ်ထားသော စကားများကို သင်တို့အသုံးပြုသည်ကို ငါစက်ဆုပ်သည်။ ငါသည် သင်တို့ကို စိတ်ရင်းလုံးလုံးနှင့် အမြဲဆက်ဆံသဖြင့် သင်တို့သည်လည်း ငါ့အပေါ် စစ်မှန်သောယုံကြည်ခြင်းဖြင့် ပြုမူဆက်ဆံစေလိုသည်။ ယုံကြည်ခြင်းနှင့်ပတ်သက်လာလျှင် လူအများအပြားက သူတို့၌ ယုံကြည်ခြင်းရှိသောကြောင့် ဘုရားသခင်နောက်သို့ သူတို့လိုက်ခြင်း ဖြစ်ကြောင်း၊ သို့မဟုတ်လျှင် ထိုသို့သော ဆင်းရဲဒုက္ခကို သူတို့ခံကြမည် မဟုတ်ကြောင်း ထင်ကောင်း ထင်ကြလိမ့်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ငါက သင့်ကို ဤသို့မေးလိုသည်- ဘုရားသခင်ရှိကြောင်း သင်ယုံကြည်သော်လည်း သူ့ကို အဘယ်ကြောင့် တစ်ခါမျှ သင် မရိုသေမလေးမြတ်သနည်း။ ဘုရားသခင်ရှိကြောင်း သင်ယုံကြည်လျှင် သင့်စိတ်နှလုံးထဲ၌ အဘယ်ကြောင့် သူ့ကိုကြောက်ရွံ့သည့်စိတ် မရှိသနည်း။ ခရစ်တော်သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို သင်လက်ခံသော်လည်း အဘယ်ကြောင့် သင်သည် သူ့အပေါ် ထိုသို့မထီမဲ့မြင်ပြုသနည်း။ အဘယ်ကြောင့် သင်သည် သူ့အပေါ် မရိုမသေဆက်ဆံသနည်း။ သူ့ကို အဘယ်ကြောင့် ပေါ်တင်ဝေဖန်အကဲဖြတ်သနည်း။ သူ၏ လှုပ်ရှားမှုများအပေါ် အဘယ်ကြောင့် သင်အမြဲစောင့်ကြည့်ရသနည်း။ သူ၏အစီအစဉ်များကို အဘယ်ကြောင့် မနာခံသနည်း။ အဘယ်ကြောင့် သူ၏ နှုတ်ကပတ်တော်နှင့်အညီ မပြုမူသနည်း။ သူ့ထံ၌ ပေးလှူထားသည့် အရာများကို အဘယ်ကြောင့် အတင်းအကျပ်တောင်းယူကာ လုယက်သနည်း။ အဘယ်ကြောင့် သင်သည် ခရစ်တော်နေရာတွင် ဝင်စကားပြောသနည်း။ သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့မှာ မှန်၏၊ မမှန်၏ကို အဘယ်ကြောင့် သင်ဝေဖန်အကဲဖြတ်သနည်း။ သူ၏ နောက်ကွယ်တွင် အဘယ်ကြောင့် သူ့ကို စော်ကားပြောဆိုရဲသနည်း။ သင်တို့၏ယုံကြည်ခြင်းတွင် ပါဝင်သည့်အရာများမှာ ဤအရာများနှင့် အခြားအရာများဖြစ်သလော။
သင်တို့၏အထဲ၌ ခရစ်တော်ကို မယုံကြည်သည့် အရိပ်လက္ခဏာများ ကိန်းအောင်းနေကြောင်းကို သင်တို့၏စကားနှင့် အပြုအမူတို့၏ အစိတ်အပိုင်းတိုင်းက ဖော်ပြနေသည်။ သင်တို့ လုပ်ဆောင်သော အရာများအတွက် သင်တို့၏ရည်ရွယ်ချက်များနှင့် ပန်းတိုင်များသည်လည်း မယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။ သင်တို့မျက်လုံးထဲရှိအကြည့်မှ ထွက်ပေါ်နေသော ထိုသဘောသည် ပင်လျှင် ယင်းအရိပ်အယောင်များဖြင့် စွန်းထင်းနေသည်။ တစ်နည်းအားဖြင့် သင်တို့တစ်ဦးစီတိုင်းသည် တစ်နေ့တာ၏ မိနစ်တိုင်းတွင် မယုံကြည်သည့် အရိပ်လက္ခဏာများကို ကိန်းအောင်း ထားကြသည်။ အချိန်တိုင်းတွင် သင်တို့သည် ခရစ်တော်အား သစ္စာဖောက်သွားနိုင်သည့် အန္တရာယ်ရှိကြောင်းကို ဆိုလိုသည်။ အကြောင်းမှာ သင်တို့၏ ကိုယ်ခန္ဓာထဲတွင် စီးဆင်းနေသော သွေးတို့သည် လူဇာတိခံယူသော ဘုရားသခင်အပေါ် မယုံကြည်မှုနှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းပေါ်တွင် သင်တို့ထားခဲ့သော ခြေရာတို့သည် နက်ရှိုင်းမှုမရှိဟု ငါပြော၏။ ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းတစ်လျှောက် သင်ခရီးနှင်ရာတွင် မြေပြင်ပေါ်၌ သင်၏ခြေကို ခိုင်မာစွာမတည်ထားပေ၊ သင်သည် ဝတ်ကျေတမ်းကျေ လုပ်နေခြင်းသာ ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်ကို မည်သည့်အခါကမျှ အပြည့်အဝ မယုံကြည်ကြဘဲ၊ ထိုနှုတ်ကပတ်တော်ကို ချက်ချင်း လက်တွေ့လုပ်ဆောင်ခြင်း မပြုနိုင်ကြပေ။ ဤအကြောင်းကြောင့် သင်တို့သည် ခရစ်တော်ကို မယုံကြည်ကြခြင်း ဖြစ်သည်။ သူနှင့်ပတ်သက်၍ အယူအဆများ အမြဲရှိနေခြင်းမှာလည်း သင်တို့အနေဖြင့် သူ့ကို မယုံကြည်သည့် အခြားအကြောင်းရင်းတစ်ခု ဖြစ်သည်။ ခရစ်တော်၏ အမှုနှင့်ပတ်သက်၍ ယုံကြည်မှု အမြဲကင်းမဲ့ခြင်း၊ ခရစ်တော်၏ နှုတ်ကပတ်တော်ကို နားမထောင်ခြင်း၊ ခရစ်တော်ပြုလုပ်သော အမှုတိုင်းအပေါ် ထင်မြင်ချက်ရှိနေခြင်းနှင့် ထိုအမှုကို ကောင်းမွန်စွာ နားမလည်နိုင်ခြင်း၊ မည်သည့်ရှင်းပြချက်မျိုးကို ကြားရသည်ဖြစ်ပါစေ၊ မိမိတို့၏ အယူအဆများကို စွန့်လွှတ်ပစ်ရန် အခက်တွေ့နေခြင်း၊ အစရှိသည့်အချက်များသည် သင်တို့၏နှလုံးသားထဲ၌ ရောနှော နေသော မယုံကြည်ခြင်း၏ အရိပ်လက္ခဏာများ ဖြစ်ကြသည်။ သင်တို့သည် ခရစ်တော်၏ အမှုနောက်သို့လိုက်ပြီး၊ တစ်ခါမျှ နောက်ကျမကျန်ရစ်ခဲ့ဖူးသော်လည်း သင်တို့၏နှလုံးသားထဲ၌ အလွန်များပြားသော ပုန်ကန်မှုများ ရောနှောနေသည်။ ဤပုန်ကန်မှုသည် ဘုရားသခင်အပေါ်ထားသော သင်၏ ယုံကြည်ခြင်း၌ရှိသည့် မစင်ကြယ်ခြင်းဖြစ်သည်။ သင်တို့အနေနှင့် သဘောတူချင်မှ တူလိမ့်မည်။ သို့ရာတွင် ထိုအရာမှတစ်ဆင့် သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များကို သင်သတိမပြုနိုင်လျှင် သင်သည် ပျက်စီးမည့်သူထဲတွင် ပါဝင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် သူ့အား စစ်မှန်စွာ ယုံကြည်သောသူတို့ကိုသာလျှင် စုံလင်အောင် ပြုပေးပြီး၊ သူ့ကို အယုံအကြည် မရှိသူများကိုမူ ထိုသို့မပြုပေးသောကြောင့်ဖြစ်သည်။ ထို့ပြင် သူသည် ဘုရားသခင်ဖြစ်သည်ဟု တစ်ခါမျှ မယုံကြည်ကြသော်လည်း အင်တင်တင်ဖြင့် သူ့နောက်လိုက် နေသူများကို စုံလင်အောင် လုံးဝပြုပေးမည် မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၂၅)
အချို့သောသူများသည် တရားစီရင်မှုကို မဆိုထားနှင့် သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား သူတို့သည် အာဏာနှင့် ဥစ္စာဓနတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သောသူများကို အာဏာရှာသူများဟု ခေါ်သည်။ သူတို့သည် ကမ္ဘာပေါ်၌ အရှိန်အဝါရှိသော ဂိုဏ်းဂဏများနှင့် ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ အထူးသီးသန့် ရှာဖွေကြသည်။ သမ္မာတရားလမ်းကို လက်ခံပြီးဖြစ်သော်ငြားလည်း သူတို့သည် အယုံအကြည်ကင်းမဲ့နေဆဲဖြစ်ပြီး သူတို့ကိုယ်သူတို့ အပြည့်အဝ ပေးအပ်မြှုပ်နှံနိုင်ခြင်း မရှိကြသေးပေ။ ဘုရားသခင်အတွက် စွန့်လွှတ် အနစ်နာခံခြင်းအကြောင်း ပြောသော်လည်း သူတို့မျက်လုံးများသည် ကြီးကျယ်သော သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ပြီး ခရစ်တော်ကို ဘေးသို့ဖယ်ထားကြသည်။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ ကြွယ်ဝမှုနှင့် ဂုဏ်အသရေ တို့ဖြင့်သာ ပြည့်နေသည်။ ထိုကဲ့သို့ နုံချာလွန်းသူတစ်ယောက်သည် လူမြောက်မြားစွာကို သိမ်းပိုက်နိုင်စွမ်းရှိကြောင်းနှင့် လုံးဝ မထူးခြားသောသူတစ်ဦးသည် လူများကို စုံလင်စေနိုင်ကြောင်းကို သူတို့လုံးဝမယုံကြည်ကြပေ။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲ၌ရှိသော ဤအညတရလူများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ ဖြစ်သည်ကို သူတို့လုံးဝမယုံကြည်ကြပေ။ အကယ်၍ ထိုသို့သောသူများသည် ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရမည့်သူများဖြစ်လျှင် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်ဖြစ်ကာ လူတိုင်းခေါင်းပြုတ်မတတ် ရယ်မောကြလိမ့်မည်ဟု သူတို့ယုံကြည် ကြသည်။ အကယ်၍ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်အောင်ပြုရန် ရွေးချယ်ခဲ့သည်ဆိုပါက ကြီးမြတ်သောသူများသည် ဘုရားကိုယ်တိုင်ပင် ဖြစ်လာလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ သူတို့၏ ထင်မြင်ယူဆချက်များသည် မယုံကြည်မှုနှင့် စွန်းထင်း နေသည်။ အကယ်စင်စစ် သူတို့သည် မယုံကြည်ဖို့နေနေသာသာ ရယ်စရာကောင်းသော သားရဲတိရစ္ဆာန်များဖြစ်သည်။ အကြောင်းမှာ သူတို့သည် ရာထူးနေရာ၊ ဂုဏ်နှင့် အာဏာတို့ကိုသာ တန်ဖိုးထား ကြပြီး၊ သူတို့အထင်ကြီးသည့်အရာမှာ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏ ကြီးများသာ ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို အလေးထားမှုမရှိကြ။ သူတို့သည် ခရစ်တော်ကို ကျောခိုင်းထားသော သစ္စာဖောက်များ၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းထားသော သစ္စာဖောက်များသာ ဖြစ်ကြသည်။
သင်လေးစားအားကျသည့်အရာမှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ သိုးထိန်းယောင်ဆောင်သော ထင်ရှားသည့် ထိုသူတို့သာ ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို ချစ်ခင်ခြင်းမရှိဘဲ၊ ဆိုးညစ်သော ကမ္ဘာကြီးနှင့်ပတ်သက်နေကြသည့် လျှပ်ပေါ်လော်လည်သူများကိုသာ ချစ်သည်။ ခေါင်းချရန် နေရာမရှိသော ခရစ်တော်၏ ဝေဒနာကို သင်သည် လှောင်ရယ်သည်။ လှူဖွယ်ပစ္စည်းများကို သိမ်းဆည်းကာ သောက်စားပျော်ပါးနေသော အလောင်းကောင်များကိုမူ သင်သည် လေးစားအားကျနေ၏။ သင်သည် ခရစ်တော်နှင့်အတူတကွ ဒုက္ခခံစားလိုစိတ်မရှိဘဲ ဇာတိကပတိ၊ ကျမ်းဟောင်းတရားများနှင့် ထိန်းချုပ်မှုတို့ကိုသာ သင့်အားပေးသော အဆင်အခြင်မဲ့သည့် အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သွားသည်။ ယခုအချိန်အထိတိုင်အောင် သင့်နှလုံးသားသည် သူတို့ထံ၊ သူတို့၏ဂုဏ်သတင်းထံ၊ သူတို့၏ အဆင့်အတန်းထံ၊ သူတို့၏ အရှိန်အဝါထံ လှည့်ထားဆဲဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲသည့်သဘောထား၊ လက်မခံ လိုသည့်သဘောထားကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်သည်။ ဤအကြောင်းကြောင့် ခရစ်တော်ကို အသိအမှတ်ပြုသော ယုံကြည်ခြင်း သင်၌မရှိဟု ငါပြောခြင်းဖြစ်သည်။ သင့်အနေဖြင့် ခရစ်တော်နောက်သို့ ယနေ့ထက်ထိ လိုက်လာသည့်အကြောင်းမှာ သင်၌ အခြားရွေးစရာ မရှိခဲ့သောကြောင့်သာဖြစ်သည်။ မြင့်မြတ်သော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားထဲတွင် အစဉ်အမြဲ အခိုင်အမာရှိနေသည်။ သူတို့၏စကားလုံးနှင့် လုပ်ရပ်တိုင်းကိုသာမက သူတို့၏ လွှမ်းမိုးမှုရှိသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားထဲတွင် သူတို့သည် အစဉ်အမြဲ အကြီးမြတ်ဆုံး ဖြစ်နေသည်၊ ထာဝရသူရဲကောင်းများ ဖြစ်နေကြသည်။ သို့ရာတွင် ယနေ့ကာလ၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သင်၏နှလုံးသားထဲတွင် သူသည် အစဉ်မထင်မရှားဖြစ်နေပြီး ရိုသေလေးစားခံထိုက်ခြင်းမရှိသူ အစဉ်ဖြစ်နေသည်။ အကြောင်းမှာ သူသည် အလွန်သာမန်ဖြစ်နေပြီး၊ မြင့်မြတ်ရန်မဆိုထားနှင့် လွှမ်းမိုးမှုလည်း အလွန်နည်းသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေ သမ္မာတရားကို တန်ဖိုးမထားသူများ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ သဘောကျမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ပေ။ သင့်ထဲတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု မည်မျှရှိသည်ကို သင်ယခု ဖော်ထုတ်သိရှိခဲ့ပြီးပြီလော။ သင့်ကို ငါအလေးအနက် တိုက်တွန်းမည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ခဲ့သဖြင့် သင်သည် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံ သင့်သည်၊ စိတ်နှစ်ခွဖြစ်ခြင်း၊ သို့မဟုတ် စိတ်မပါ့တပါဖြစ်ခြင်း မရှိနှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်နှင့်လည်း သက်ဆိုင်ခြင်းမရှိဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံး၊ မိမိကိုယ်ကို သူ့အပေါ်ဆည်းကပ်ပြီး သစ္စာရှိသောသူများ အားလုံးနှင့်သာ သက်ဆိုင်ကြောင်းကို သင်နားလည်သင့်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၂၆)
ဘုရားသခင်ကို လူတို့ယုံကြည်ရာ၌ ဘုရားသခင်က ၎င်းတို့ကို သင့်တော်သည့် ခရီးပန်းတိုင်ကိုပေးစေရန်၊ နေအောက်ရှိ ကျေးဇူးတော်အပေါင်းကို ၎င်းတို့အား ပေးစေရန်၊ ဘုရားသခင်ကို ၎င်းတို့၏အစေခံဖြစ်အောင် လုပ်ရန်၊ ၎င်းတို့နှင့် ငြိမ်းချမ်းပြီး ရင်းနှီးသော ဆက်ဆံရေးကို ဘုရားသခင်ထိန်းသိမ်းထားစေရန်နှင့် ၎င်းတို့အကြားတွင် ပဋိပက္ခ တစ်စုံတစ်ရာ မည်သည့်အခါမျှ မပေါ်ပေါက်စေရန် သူတို့ကြိုးစား ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းသည် “သင်တို့ဆုတောင်းချက်အားလုံးကို ငါနားညောင်းမည်” ဟူ၍ သမ္မာကျမ်းစာထဲ၌ ပြောထားသည့်အတိုင်း ၎င်းတို့၏ တောင်းဆိုချက်များအားလုံးကို ဖြည့်ဆည်းပေးရန်၊ ၎င်းတို့ဆုတောင်းသမျှကို အပ်နှင်းပေးရန် ဘုရားသခင် ကတိပေးခြင်းငှာ သူတို့တောင်းဆိုကြသည်။ ဘုရားသခင်သည် အချိန်မရွေး၊ နေရာမရွေး၌ လူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အမြဲတမ်း ကြင်နာတတ်သော ကယ်တင်ရှင် ယေရှုဖြစ်သည့်အားလျော်စွာ ဘုရားသခင်အနေဖြင့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ တရားမစီရင်ဖို့၊ သို့မဟုတ် ကိုင်တွယ်ဆုံးမခြင်း မပြုဖို့ သူတို့တောင်းဆိုကြသည်။ လူတို့ ဘုရားသခင်ကိုယုံကြည်ပုံမှာ ဤသို့ဖြစ်၏- ၎င်းတို့ပုန်ကန်သည်ဖြစ်စေ၊ နာခံသည်ဖြစ်စေ သူက ကျိုးကြောင်းမကြည့်ဘဲ အရာရာကို ၎င်းတို့အား ပေးသနားမည်ဟု ယုံကြည်လျက် သူတို့က ဘုရားသခင်ကို အရှက်မရှိ တောင်းဆိုမှုများ ပြုလုပ်ကြသည်။ ထိုသူတို့သည် ဘုရားသခင်ကို အဆက်မပြတ် “အကြွေးမှတ်” ကြပြီး သူက အတိုက်အခံမပြုဘဲ သူတို့ကို ”ပြန်ဆပ်” ရမည့်အပြင် နှစ်ဆပြန်ဆပ်ရမည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်က သူတို့ထံမှ တစ်စုံတစ်ရာရယူထားခြင်း ရှိရှိမရှိရှိဟု သူတို့ကစဉ်းစားသည်။ ဘုရားသခင်သည် သူတို့ပြုသမျှ နုနိုင်ရုံသာရှိပြီး နှစ်ပေါင်းများစွာ ဖုံးကွယ်နေသည့် သူ၏ဉာဏ်ပညာနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို သူတို့၏ခွင့်ပြုချက်မပါဘဲ သူ့စိတ်ကြိုက် ဖော်ထုတ်ပြနိုင်ရန်ဝေးစွ၊ လူတို့ကို ထင်ရာမြင်ရာ စီစဉ်ညွှန်ကြားခြင်းပင် သူမပြုနိုင်။ ဘုရားသခင်ထံ သူတို့၏အပြစ်များကို ဝန်ခံရုံသက်သက် ဝန်ခံကြပြီး ဘုရားသခင်က ထိုအပြစ်များကို ဖြေရှင်းပေးမည်၊ သူသည် ထိုသို့ပြုခြင်းကို စိတ်ကုန်ငြီးငွေ့သွားခြင်း ရှိမည်မဟုတ်၊ ထို့ပြင် ထိုကဲ့သို့ အမြဲဖြစ်နေမည်ဟု ယုံကြည်ကြသည်။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်သည် သူတစ်ပါးကို စေစားခြင်းငှာ လာခြင်းမဟုတ်ဘဲ သူတစ်ပါး၏အစေကို ခံခြင်းငှာလာကြောင်း၊ ထို့ပြင် လူသား၏ အစေခံဖြစ်ရန် လာခဲ့ကြောင်း မှတ်သားထားသောကြောင့် လူတို့သည် ဘုရားသခင်က သူတို့ကို နာခံရုံသာဖြစ်မည်ဟု ယုံကြည်လျက် ဘုရားသခင်ကို ဆရာလုပ်ကြသည်။ သင်တို့သည် ထိုကဲ့သို့ပင် အမြဲတမ်း ယုံကြည်ခဲ့သည်မဟုတ်လော။ သင်တို့သည် ဘုရားသခင် ထံမှ မည်သည့်အရာကိုမျှ မရနိုင်သည့်အခါ ထွက်ပြေးလိုကြသည်။ တစ်ခုခုနားမလည်သည့်အခါ သင်တို့သည် အလွန်မကျေမချမ်း ဖြစ်ကြ၏၊ ထို့ပြင် ဆဲရေးတိုင်းထွာခြင်းမျိုးစုံကို သံကုန်ဟစ်သည် အထိပင် လုပ်လာကြသည်။ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံသြဖွယ်ရာကို ဘုရားသခင်ကိုယ်တိုင် အပြည့်အဝ ထုတ်ဖော် ပြသရန် သင်တို့သက်သက်ခွင့်မပြု၊ ထိုအစား သင်တို့သည် ယာယီငြိမ်းအေးချမ်းသာခြင်းနှင့် သက်သောင့်သက်သာရှိခြင်းတို့ကို ခံစားရရန်သာ လိုချင်ကြသည်။ ယခုထိတိုင်အောင်ပင် ဘုရားသခင်အပေါ် သင်တို့၏ယုံကြည်ခြင်းသဘောထားမှာ ယခင်အတိုင်း အမြင်ဟောင်းများပင် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ဘုန်းအာနုဘော်ကို အနည်းငယ်ပြလိုက်ပါက သင်တို့သည် စိတ်မချမ်းမမြေ့ဖြစ်ကြ၏၊ သင်တို့၏ ဝိညာဉ်အသက်တာက အဘယ်ကဲ့သို့ရှိသည်ကို ယခု အတိအကျ သိမြင်ကြပြီလော။ သင်တို့၏အမြင်ဟောင်းများ မပြောင်းလဲဘဲနှင့် သင်တို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည်ဟု မထင်လိုက်နှင့်။ သင့်အပေါ်သို့ တစ်စုံတစ်ခု မကျရောက်မချင်း အရာရာသည် အထစ်အငေါ့မရှိ ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်သည်ဟု သင်မှတ်ထင်ပြီး ဘုရားသခင်ကို အခေါင်အဖျားတိုင်အောင် ချစ်သည်။ သို့သော် အသေးအမွှားတစ်စုံတစ်ရာ သင့်အပေါ်ကျရောက်ပြီ ဆိုသည်နှင့် သင်သည် မရဏာနိုင်ငံသို့ သက်ဆင်းလေတော့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်၏သစ္စာစောင့်သိခြင်းပင်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၂၇)
သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ “ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်” ဟူ၍ ယုံကြည် ကြသေးသည်။ လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ သင်တို့၏ လက်ရှိအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ “ငါသည် ဘုရားသခင်ကို ယုံကြည်သည့် အတွက် ငါ့အား ကောင်းချီးမင်္ဂလာများကိုသာ သွန်းလောင်း ပေးသင့်ပြီး ငါ၏ အဆင့်အတန်းသည် မည်သည့်အခါမျှ ကျဆင်းခြင်း မရှိမည့်အကြောင်းနှင့် ၎င်းသည် မယုံကြည်သူများ၏ အဆင့်အတန်းထက် ပို၍ မြင့်မားသည်မှာ သေချာစေသင့်သည်။” ဟူ၍ ဤကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ သင်တို့သည် ထိုကဲ့သို့ ရှုထောင့်အမြင်မျိုးကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာမဟုတ်ဘဲ နှစ်ပေါင်းများစွာ သင်တို့အထဲ၌ သိုထားကြလေပြီ။ သင်တို့၏ အလဲအလှယ် သဘောတွေးခေါ်ပုံသည် အလွန်အကျွံ တိုးတက်လျက်ရှိသည်။ သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိကြပေ။ ထို့ကြောင့် ယနေ့ သင်တို့ကို ထိုသို့ ငါ တရားစီရင်သည်နှင့်အမျှ၊ အဆုံးတွင် သင်တို့ မည်သည့် အတိုင်းအတာအထိ နားလည်မှု ရှိလိမ့်မည်နည်း။ သင်တို့၏ အဆင့်အတန်း မမြင့်သော်လည်း ဘုရားသခင်၏ မြှင့်တင်ခြင်းကို ခံစားခဲ့ရသည်ဟု သင်တို့ဆိုကြလိမ့်မည်။ သင်တို့သည် နိမ့်ကျစွာ မွေးဖွား လာခဲ့သောကြောင့် သင်တို့၌ အဆင့်အတန်း မရှိပေ၊ သို့သော် ဘုရားသခင်သည် သင့်ကို မြှင့်တင်သောကြောင့် သင် အဆင့်အတန်း ရရှိပေသည်- ယင်းမှာ ဘုရားသခင် သင်တို့အား ပေးသနားသောအရာဖြစ်သည်။ ယနေ့ သင်တို့သည် ဘုရားသခင်၏ လေ့ကျင့်သင်ကြားပေးခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် သူ၏ တရားစီရင်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း သာ၍ပင်ဖြစ်သည်။ သင်တို့သည် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ခေတ်ကာလများတစ်လျှောက်တွင် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို လက်ခံ ရရှိခဲ့သောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်ခြင်းခံရသည့် လူတစ်ဦးမျှ မရှိခဲ့ပေ။ ဘုရားသခင်သည် ယခု သင်တို့အား မျက်နှာချင်းဆိုင် စကားပြောနေသည်၊ သင်တို့အား သန့်စင်ပေးနေသည်၊ သင်တို့၏ ဆန့်ကျင်ပုန်ကန်လိုသော အတွင်းသဘောကို ထုတ်ဖော်ပြသ နေပေသည်- ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း အစစ်အမှန်ပင် ဖြစ်သည်။ လူတို့သည် မည်သည့် အရည်အချင်းများ ရှိကြသနည်း။ ၎င်းတို့သည် ဒါဝိဒ်၏မျိုးဆက် သို့မဟုတ် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ပါစေ အကျဉ်းချုပ်အားဖြင့်၊ လူများသည် ဝါကြွားစရာ အကြောင်းမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည်- “အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။” ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။ လူတို့သည် ဤအရာများမှ ကယ်ထုတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၌ စိုးရိမ်ပူပန်စရာများ ရှိတော့မည် မဟုတ်ပေ။ သင်တို့ အများစု၌ ယခု ရှိနေသော စိုးရိမ်ပူပန်စရာများမှာ အဘယ်နည်း။ သင်တို့သည် အဆင့်အတန်း၏ ကန့်သတ်ခြင်းကို အမြဲ ခံနေကြရပြီး သင်တို့၏ ကိုယ်ပိုင် တက်လမ်းများကိုသာ ပူပန်နေကြသည်။ သင်တို့သည် ဘုရားသခင်၏ မိန့်မြွက်ချက် စာမျက်နှာများကို စဉ်ဆက်မပြတ် လှန်လှောနေကြသည်၊ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် သက်ဆိုင်၍ ပြောဆိုမှုများကို ဖတ်ရှုရန် ဆန္ဒရှိနေကြပြီး၊ သင်တို့၏ တက်လမ်းများက မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် သင်တို့၏ ခရီးပန်းတိုင်က မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို သိချင် နေကြသည်။ “ငါသည် တက်လမ်းတစ်ခုတစ်လေ အမှန် ရှိသလော။ ဘုရားသခင်က ထိုတက်လမ်းများကို ဖယ်ရှားလိုက် ပြီလော။ ငါသည် အဖြည့်ခံတစ်ဦး ဖြစ်သည်ဟုသာ ဘုရားသခင် ပြော၏။ သို့ဆိုလျှင် ငါ၏ တက်လမ်းများမှာ အဘယ်နည်း” ဟု သင်တို့ သိချင်ကြသည်။ သင်တို့၏ တက်လမ်းများနှင့် ကံကြမ္မာကို ဘေးဖယ်ထားဖို့ သင်တို့အတွက် ခက်ပေသည်။ ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အပျက်သဘောဆောင်ခြင်းမှ အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မဖယ်ရှားနိုင်ကြပါသနည်း။ အဖြေမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ထုတ်ပြန်သည်နှင့်တစ်ပြိုင်နက် သင်တို့သည် သင်တို့၏ အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာမှာ အကယ်စင်စစ် မည်သည့်အရာ ဖြစ်ကြောင်းကို အလောတကြီး ကြည့်ကြသည်။ သင်တို့သည် အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာကို ဦးစားပေးကြပြီး၊ ရူပါရုံကို ဒုတိယနေရာသို့ အဆင့်ချသည်။ တတိယနေရာမှာ သင်တို့ ဝင်ရောက်သင့်သည့် အရာတစ်ခု ဖြစ်ပြီး စတုတ္တနေရာမှာ ဘုရားသခင်၏ လက်ရှိ အလိုတော် ဖြစ်သည်။ သင်တို့အတွက် ဘုရားသခင်ပေးသော နာမည် ဂုဏ်ပုဒ်ဖြစ်သည့် “အဖြည့်ခံများ” မှာ ပြောင်းလဲခြင်း ရှိ မရှိ သင်တို့ ဦးစွာပထမ ကြည့်ကြသည်။ သင်တို့ အဖန်တလဲလဲ ဖတ်ရှုကြပြီး “အဖြည့်ခံ” ဟူသော နာမည်ဂုဏ်ပုဒ်ကို ဖယ်ရှားလိုက်ကြောင်းကို သင်တို့ မြင်သည့်အခါ သင်တို့ ပျော်ရွှင်လာကာ ဘုရားသခင်ကို အားပါးတရ ကျေးဇူးတင်ကြပြီး သူ၏ ကြီးမြတ်သော တန်ခိုးကို ချီးမွမ်းကြသည်။ သို့သော်လည်း သင်တို့သည် အဖြည့်ခံများ ဆက်ဖြစ်နေသေးကြောင်းကို မြင်သည့်အခါ သင်တို့သည် ဝမ်းနည်းလာကြကာ၊ ချက်ချင်းဆိုသလို သင်တို့၏ စိတ်နှလုံးထဲက လှုံ့ဆော်မှုက ပျောက်ကွယ်သွားလေသည်။ ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။ သင်၏ လိုက်စားခြင်း ရည်ရွယ်ချက်မှာ သမ္မာတရားကို ရှာဖွေရန် မဟုတ်ပါက သင်သည် ဤအခွင့်အရေးကို အသုံးချပြီး လောကထဲသို့ ပြန်သွားပြီး အောင်မြင်အောင် လုပ်သင့်သည်။ ဤပုံစံဖြင့် သင်၏အချိန်ကို ဖြုန်းတီးခြင်းမှာ အမှန်တကယ် မတန်ပေ၊ အဘယ်ကြောင့် သင့်ကိုယ်သင် နှိပ်စက်ရသနည်း။ လှပသော အပြင်လောကကြီးထဲတွင် အမျိုးမျိုးသော အရာတို့ကို သင်မွေ့လျော်ခံစားနိုင်သည်မှာ မမှန်သလော။ ငွေ၊ လှပသော အမျိုးသမီးများ၊ အဆင့်အတန်း၊ ပကာသန၊ မိသားစု၊ သားသမီး၊ စသဖြင့်- လောက၏ ဤထုတ်ကုန်များမှာ သင်မွေ့လျော် ခံစားနိုင်သည့် အကောင်းဆုံးသောအရာများ ဖြစ်သည် မဟုတ်လော။ သင်ပျော်ရွင်နိုင်မည့် နေရာတစ်ခုကို ရှာဖွေလျက် ဤနေရာတွင် တဝဲလည်လည်လုပ်နေခြင်းမှာ အဘယ် အသုံးဝင်သနည်း။ လူသား၌ ခေါင်းချရာမျှ မရှိ၊ ထို့ကြောင့် သင်၌ သောကကင်းဝေးသော နေရာတစ်ခု အဘယ်သို့ ရှိနိုင်မည်နည်း။ သူသည် သင့်အတွက် သောကကင်းဝေးပြီး လှပသောနေရာ တစ်ခုကို အဘယ်သို့ ဖန်တီးပေးနိုင်မည်နည်း။ ၎င်းမှာ ဖြစ်နိုင်ပါသလော။ ငါ၏တရားစီရင်ခြင်းအပြင် သမ္မာတရားနှင့် ပတ်သက်သည့် သွန်သင်ချက်များကိုသာ ယနေ့ သင်ရရှိနိုင်သည်။ ငါ့ထံမှ နှစ်သိမ့်မှုကို သင်မရနိုင်သကဲ့သို့ နေ့ရောညပါ သင် တောင့်တသည့် ပန်းခင်းလမ်းကို သင်ရနိုင်မည် မဟုတ်ပေ။ သင့်အပေါ်သို့ လောက၏ ကြွယ်ဝချမ်းသာမှုများကို ငါအပ်နှင်းမည်မဟုတ်။ အကယ်၍ သင်စစ်မှန်စွာ လိုက်စားပါက ငါသည် သင့်အား အသက်လမ်းကို အလုံးစုံပေးလိုပြီး သင့်အား ရေထဲသို့ ပြန်လွှတ်ပေးသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်စေရန် ငါသည် လိုလားလျက်ရှိသည်။ အကယ်၍ သင်စစ်မှန်စွာ မလိုက်စားပါက အရာခပ်သိမ်းကို ငါပြန်ယူမည်။ သက်သောင့်သက်သာဖြစ်ခြင်းကို လောဘကြီးသောသူများနှင့် ဝက်များနှင့် ခွေးများကဲ့သို့သောသူများကို ငါ နှုတ်မှလာသော နှုတ်ကပတ်တော်များကို ပေးရန် ငါအလိုမရှိပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၂၈)
သင်တို့သည် မိမိပြုလုပ်သမျှအရာခပ်သိမ်း၌ ဖြောင့်မတ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း ရှိမရှိနှင့် မိမိ၏အပြုအမူများအားလုံးကို ဘုရားသခင်က စောင့်ကြည့်ခြင်းရှိမရှိကို တွေ့မြင်ရန် မိမိကိုယ်ကိုယ် စုံစမ်းစစ်ဆေးလော့- ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူတို့က မိမိတို့၏ အရေးကိစ္စများကို ပြုမူဆောင်ရွက်သည့် အခြေခံသဘောတရားပင် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ကျေနပ်စေနိုင်သောကြောင့်၊ ပြီးလျှင် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာခြင်းတို့ကို လက်ခံသောကြောင့် ဖြောင့်မတ်သည်ဟု ခေါ်ဆိုခြင်းခံရမည် ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်၏ စောင့်ရှောက်မှု၊ ကွယ်ကာခြင်းနှင့် စုံလင်စေခြင်းတို့ကို လက်ခံသောသူများနှင့် သူ၏ရယူခြင်းကို ခံရသောသူတို့သည် ဖြောင့်မတ်ကြပြီး၊ သူတို့အားလုံးကို အဖိုးထိုက်သည်ဟု သူ မှတ်ယူသည်။ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များကို သင် ပို၍လက်ခံလေ၊ ဘုရားသခင်၏ အလိုတော်ကို သင် ပို၍ ရရှိနိုင်ပြီး နားလည်နိုင်လေဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း သင် ပို၍ သက်ရှင်နေထိုင်နိုင်ပြီး သူ၏ တောင်းဆိုချက်များကို ပို၍ ဖြည့်ဆည်းနိုင်လေ ဖြစ်မည်။ ဤသည်မှာ သင်တို့အတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး၊ ယင်းမှာ သင်တို့အားလုံး လုပ်ဆောင်အောင်မြင်နိုင်ရမည့်အရာ ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် အပြောင်းအလဲမရှိသော ရွှံ့စေးရုပ်တုအလား၊ ဘုရားသခင်ကို အကဲဖြတ်ရန်နှင့် ဘောင်ခတ်ရန် မိမိတို့၏ အယူအဆများ အသုံးပြုသည့်အပြင်၊ သမ္မာကျမ်းစာ၏ ကန့်သတ်ချက်များအတွင်း၌ ဘုရားသခင်ကို လုံးလုံးလျားလျား ဘောင်ခတ်ပြီး အကန့်အသတ်ရှိသော အမှုအတိုင်းအတာအတွင်း၌ သူ့ကို ထိန်းချုပ်ထားပါက၊ ဤသည်မှာ သင်တို့က ဘုရားသခင်ကို ရှုတ်ချမိပြီဖြစ်ကြောင်း သက်သေပြလေသည်။ ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ပြီး မေရှိယဟု ခေါ်ခြင်းခံရသောသူမှသာလျှင် ဘုရားသခင်ဖြစ်နိုင်သည့်အလား၊ ဓမ္မဟောင်းခေတ်ထဲက ယုဒလူမျိုးတို့သည် သူတို့၏စိတ်နှလုံးထဲ၌ တရားသေ စွဲကိုင်ထားသည့် ရုပ်တုဆင်းတုပုံစံအဖြစ် ဘုရားသခင်ကို သဘောထားခဲ့ကြသောကြောင့်၊ ထို့ပြင် လူသားမျိုးနွယ်က ဘုရားသခင်ကို (အသက်မဲ့သော) ရွှံ့စေးရုပ်တုပမာ အစေခံပြီး ကိုးကွယ်ခဲ့ကြသောကြောင့်၊ သူတို့သည် ထိုခေတ်၏ယေရှုကို သေမိန့်ပေးကာ လက်ဝါးကားတိုင်ထက်၌ သံမှိုစွဲရိုက်ခဲ့ကြကာ- ထိုသို့ဖြင့် အပြစ်မဲ့သောယေရှုမှာ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်သည် ပုန်ကန်ပြစ်မှားခြင်း တစ်စုံတစ်ရာ ကင်းမဲ့ခဲ့စေကာမူ၊ လူသားက သူ့ကို သက်ညှာရန် ငြင်းဆန်ခဲ့ပြီး၊ သူ့ကို သေမိန့်ပေးရန် မရမကတောင်းဆိုခဲ့ကြသဖြင့် ယေရှုမှာ ကားစင်တင်သတ်ခံခဲ့ရ၏။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိဟု လူက အမြဲယုံကြည်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအပေါ် လူက ပြီးပြည့်စုံသော နားလည်ခြင်းရှိသည့်အလား၊ ဘုရားသခင်လုပ်ဆောင်သမျှ အရာခပ်သိမ်းကို လူက သူ၏လက်ခုပ်ထဲတွင် ထိန်းထားသည့်အလား သမ္မာကျမ်းစာဟူသော တစ်အုပ်တည်းသော စာအုပ်ပေါ်အခြေခံ၍ သူ့အား အနက်ဖွင့်ဆိုကြသည်။ လူတို့သည် လွန်လွန်ကဲကဲပင် ကိုးရိုးကားရား ဖြစ်နေကြပြီး၊ လွန်လွန်ကဲကဲပင် မာနထောင်လွှားနေကြကာ၊ သူတို့အားလုံးမှာ ချဲ့ကားပြောဆိုခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ အသိပညာမှာ မည်မျှပင် ကြီးမားနေပါစေ၊ သင်သည် ဘုရားသခင်၏ အမှုကို လုံးလုံးလျားလျား လိုက်နာနိုင်စွမ်း မရှိသည့်အပြင်၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ထားသည့် လမ်းကြောင်းကို လိုက်လျှောက်နိုင်စွမ်း မရှိသောကြောင့်၊ သင်သည် ဘုရားသခင်ကို မသိကျွမ်းကြောင်း၊ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူ တစ်ယောက်ပင် ဖြစ်ကြောင်းနှင့်၊ သင်သည် ဘုရားသခင်ကို ပြစ်မှားမိခဲ့ပြီဖြစ်ကြောင်း ငါပြောနေသေးသည်။ ဘုရားသခင်သည် လူ၏ လုပ်ဆောင်ချက်များအပေါ် အဘယ်ကြောင့် မည်သည့်အခါမျှ ကျေနပ်ခြင်းမရှိရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်၊ သူ၌ အယူအဆများ များစွာရှိပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ သူ၏အသိပညာမှာ လက်တွေ့အရှိတရားနှင့် မည်သို့မျှ မကိုက်ညီသောကြောင့်ဖြစ်ကာ၊ ထိုအစား သူသည် အပြောင်းအလဲမရှိဘဲ ဓာတ်ပြားဟောင်းကိုသာ ငြီးငွေ့ဖွယ် ပြန်ပြန်ဖွင့်နေပြီး အခြေအနေတိုင်းအတွက် တစ်ခုတည်းသော ကိုင်တွယ်ဖြေရှင်းနည်းကိုသာ အသုံးပြုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ယနေ့တွင် ကမ္ဘာမြေကြီးသို့ ဆင်းကြွလာကာ နောက်ထပ်တစ်ကြိမ် လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများ၏ သံမှိုစွဲရိုက်ထားခြင်းကို ခံရခြင်းဖြစ်သည်။ ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွန်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။ ထိုအတွက်ကြောင့် ဘုရားသခင်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အတင်းအဓမ္မ သေဒဏ်စီရင်ခြင်းခံရပြီဖြစ်ပြီး မရေတွက်နိုင်သော အရိုင်းအစိုင်း တရားသူကြီးများက ဘုရားသခင်ကို စီရင်ချက်ချကာ သူ့ကို နောက်ထပ်တစ်ကြိမ် ကားတိုင်ပေါ်တွင် သံမှိုစွဲရိုက်ထားကြပြီ ဖြစ်သည်။ ဘုရားသခင်အတွက် သူတို့ အမှန်တကယ် ပြုမူဆောင်ရွက်သောကြောင့် ဖြောင့်မတ်သည်ဟု ဘယ်နှစ်ယောက်အား ခေါ်ဆိုနိုင်မည်နည်း။
ဘုရားသခင်၏ရှေ့မှောက်တွင် သူတော်စင်တစ်ယောက် သို့မဟုတ် ဖြောင့်မတ်သော လူတစ်ယောက်အဖြစ် စုံလင်အောင် ပြုလုပ်ခြင်းခံရဖို့ရန်မှာ ဤမျှလွယ်ကူပါ၏လော။ “ဤမြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ၊ ဖြောင့်မတ်သူများ ဤလောကထဲတွင်မရှိ။” ဟူသည်မှာ မှန်ကန်သော ပြောဆိုချက် တစ်ခုပင်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အခါ၊ သင်တို့ ဝတ်ဆင်ထားသောအရာကို ဆင်ခြင်လော့၊ သင်တို့၏ စကားလုံးနှင့် အပြုအမူအားလုံး၊ သင်တို့၏ စိတ်ကူးနှင့် အကြံအစည်အားလုံး၊ ထို့ပြင် သင်တို့ နေ့တိုင်းမက်သော အိပ်မက်များကိုပင်လျှင် ဆင်ခြင်လော့၊ ထိုအရာတို့သည် သင်တို့အတွက်ချည်းသာ ဖြစ်သည်။ ဤသည်မှာ ကိစ္စရပ်များ၏ မှန်ကန်သော အခြေအနေပင် မဟုတ်လော။ “ဖြောင့်မတ်ခြင်း” ဆိုသည်မှာ အခြားသူများအား စွန့်ကြဲပေးကမ်းခြင်းကို မဆိုလို၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ခြင်းကိုမဆိုလို၊ ထို့ပြင် ခိုက်ရန်ပြုခြင်းများနှင့် ငြင်းခုန်ခြင်းများ သို့မဟုတ် လုယက်ခြင်းနှင့် ခိုးယူခြင်းတို့မှ ရှောင်ကြဉ်ခြင်းကိုလည်း မဆိုလိုပေ။ ဖြောင့်မတ်ခြင်းဆိုသည်မှာ သခင်ယေရှု လုပ်ဆောင်ခဲ့သည့် အရာခပ်သိမ်းနည်းတူ၊ အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မိမိ၏တာဝန်အဖြစ် မှတ်ယူခြင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မိမိအတွက် ဘုရားခွဲခန့်သော အလုပ်တာဝန်အဖြစ် လိုက်နာခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင် ပြောကြားထားသော ဖြောင့်မတ်ခြင်း တရားပင် ဖြစ်သည်။ လောတကို ဖြောင့်မတ်သည်ဟု ခေါ်ဆိုနိုင်ခဲ့ရခြင်းမှာ သူက ဘုရားသခင် စေလွှတ်ခဲ့သော ကောင်းကင်တမန်နှစ်ပါးကို မိမိကိုယ်ကျိုးနှင့် နစ်နာမှုကို ထည့်မတွက်ဘဲ ကယ်တင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က သူပြုခဲ့သည့်အရာကို ဖြောင့်မတ်သည်ဟု ခေါ်ဆိုနိုင်သော်လည်း၊ သူ့ကို ဖြောင့်မတ်သောလူဟု မခေါ်ဆိုနိုင်ပါ ဟူ၍သာ ပြောနိုင်လေသည်။ ယင်းမှာ လောတက ဘုရားသခင်ကို မြင်တွေ့ခဲ့ဖူးသောကြောင့်သာ သူ၏ သမီးနှစ်ယောက်ကို ကောင်းကင်တမန်နှစ်ပါးအတွက် အလဲအလှယ်အနေနှင့် ပေးခဲ့ခြင်းဖြစ်သော်လည်း၊ အတိတ်က သူ၏ အပြုအမူအားလုံးက ဖြောင့်မတ်ခြင်းအတွက် ကိုယ်စားမပြုခဲ့ပေ။ ထို့ကြောင့်ပင် “မြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ” ဟု ငါဆိုရခြင်း ဖြစ်သည်။ တိုးတက်ကောင်းမွန်လာခြင်း စီးကြောင်းထဲတွင်ရှိသော သူများကြားမှာပင်လျှင် မည်သူ့ကိုမျှ ဖြောင့်မတ်သည်ဟု ခေါ်၍မရနိုင်ပါ။ သင်၏ လုပ်ဆောင်ချက်များ မည်မျှပင်ကောင်းပါစေ၊ ဘုရားသခင်၏နာမတော်ကို သင် မည်မျှပင် ကြီးမြတ်စေမည့်ပုံပေါက်ပါစေ၊ အခြားသူများအား ရိုက်နှက်ခြင်းနှင့် ကျိန်ဆဲခြင်းလည်းမရှိ၊ အခြားသူများထံမှ ခိုးယူခြင်းနှင့် လုယက်ခြင်း မရှိသော်ငြားလည်း သင့်ကို ဖြောင့်မတ်သည်ဟု ခေါ်၍ မရနိုင်သေးပါ၊ အကြောင်းမှာ ဤသည်မှာ သာမန်လူတစ်ဦး ပိုင်ဆိုင်နိုင်စွမ်းရှိသော အရာပင်ဖြစ်သည်။ ယခုလက်ငင်း၌ အခရာဖြစ်သည့်အရာမှာ ဘုရားသခင်ကို သင်မသိကျွမ်းခြင်းပင် ဖြစ်သည်။ လက်ရှိတွင် သင်၌ ပုံမှန်လူ့သဘာဝ အနည်းငယ် ရှိသော်လည်း ဘုရားသခင် ပြောကြားသော ဖြောင့်မတ်ခြင်း၏ အရိပ်အယောင်များ မရှိပါဟူ၍သာ ပြောနိုင်သောကြောင့် သင်လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်ကို သင်သိကျွမ်းကြောင်း သက်သေပြနိုင်စွမ်း မရှိပါချေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၂၉)
ယခင်က ဘုရားသခင် ကောင်းကင်ပေါ်တွင် ရှိနေခဲ့စဉ်၊ လူသည် ဘုရားသခင်အား လှည့်စားတတ်သော ပုံစံဖြင့် ပြုမူခဲ့သည်။ ယနေ့တွင် နှစ်ပေါင်းမည်မျှရှိခဲ့ပြီကို မည်သူမျှ မသိနိုင်သော်လည်း၊ ဘုရားသခင်သည် လူတို့အလယ် ရှိနေခဲ့ပြီးဖြစ်သည်၊ သို့တစေ အမှုအရာများကို ပြုလုပ်ရာတွင် လူသည် ဟန်ဆောင်လုပ်ပြနေကြပြီး သူ့ကိုလှည့်စားရန် ကြိုးစားနေကြဆဲပင် ဖြစ်သည်။ လူသည် သူ၏တွေးခေါ်ခြင်း၌ အလွန်တရာမှပင် ခေတ်နောက်ကျန်နေသည် မဟုတ်လော။ ယင်းမှာ ယုဒနည်းတူ ဖြစ်သည်- ယေရှုမကြွလာခင်တွင် ယုဒသည် သူ၏ ညီအစ်ကိုမောင်နှမများကို လှည့်စားရန် မုသားပြောတတ်ပြီး၊ သခင်ယေရှုကြွလာပြီးနောက်မှာပင် မပြောင်းလဲခဲ့သေးပေ။ သူသည် ယေရှုကို နည်းနည်းမျှ မသိကျွမ်းခဲ့ဘဲ အဆုံးတွင် ယေရှုကို သစ္စာဖောက်ခဲ့လေသည်။ ဤသည်မှာ ဘုရားသခင်ကို သူမသိကျွမ်းခဲ့သောကြောင့်ပင် မဟုတ်လော။ အကယ်၍ သင်တို့သည် ယနေ့တွင် ဘုရားသခင်ကို သိကျွမ်းခြင်း မရှိသေးပါက သင်တို့သည် ယုဒကဲ့သို့သောသူမျိုး ဖြစ်လာနိုင်ပြီး၊ ဤအရာနောက်တွင် လွန်ခဲ့သော အနှစ်နှစ်ထောင်က ကျေးဇူးတော်ခေတ်၌ ယေရှုကားစင်တင်သတ်ခံရခြင်း အဖြစ်ဆိုးက နောက်တစ်ဖန် ပြန်လည်ဖြစ်ပေါ်နေဦးမည် ဖြစ်သည်။ ဤသည်ကို သင်တို့ မယုံကြသလော။ ယင်းက အဖြစ်မှန်ပါတကား။ မျက်မှောက်တွင် လူအများစုမှာ အလားတူအခြေအနေ၌ ရှိနေကြပြီး- ငါသည် ဤအရာကို အချိန်မတန်သေးဘဲ ပြောမိခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်- ထိုကဲ့သို့သောလူတို့မှာ ယုဒဇာတ်ကောင်အဖြစ် သရုပ်ဆောင်နေကြသည်ချည်းပင် ဖြစ်သည်။ ငါသည် အဓိပ္ပာယ်မဲ့သောစကားကို ပြောနေခြင်းမဟုတ်၊ အဖြစ်မှန်ပေါ် အခြေခံ၍ ပြောနေခြင်းဖြစ်ပြီး၊ သင် လက်မခံမယုံကြည်ဘဲနေ၍ မရနိုင်ပေ။ များစွာသော လူတို့သည် နှိမ့်ချချင် ယောင်ဆောင်ကြသော်လည်း သူတို့၏ နှလုံးသားထဲတွင် ရေသေအိုင်၊ နံဟောင်နေသော ရေမြောင်းမှလွဲ၍ ဘာမျှမရှိချေ။ ယခု အသင်းတော်ထဲတွင် ဤအရာနှင့်တူသောသူ မြောက်မြားစွာရှိပြီး၊ ငါသည် ဤအရာကို အလျှင်းမသိဟု သင်တို့ထင်ကြသည်။ ယနေ့တွင် ငါ၏ဝိညာဉ်တော်သည် ငါ့အတွက် အဆုံးအဖြတ်ပေးပြီး ငါ့အတွက် သက်သေခံလေသည်။ ငါသည် ဘာမျှမသိဟု သင် ထင်မှတ်သလော။ သင်တို့၏စိတ်နှလုံးအတွင်းရှိ စဉ်းလဲသော အတွေးများ၊ သင်တို့၏ စိတ်နှလုံးထဲ၌ သိမ်းထားသောအရာများကို ငါတစ်ခုမျှနားမလည်ဟု သင်ထင်မှတ်သလော။ ဘုရားသခင်ကို အသာရရန် ဤမျှ လွယ်ကူသလော။ သင်သဘောရှိသည့်မည်သည့်ပုံစံနှင့်မဆို သူ့ကို ဆက်ဆံနိုင်မည်ဟု သင်ထင်သလော။ အတိတ်တွင် သင်တို့ ချုပ်နှောင်ခြင်းခံရမည်ကို ငါ ပူပန်ခဲ့သောကြောင့် ငါသည် သင်တို့ကို လွတ်လပ်မှု ပေးမြဲပေးခဲ့သော်လည်း၊ ငါသည် သူတို့အပေါ် ကောင်းမြတ်နေခဲ့ကြောင်း လူသားတို့က ပြောပြနိုင်စွမ်းမရှိခဲ့ဘဲ သူတို့က ရလေလိုလေ အိုတစ္ဆေ ဖြစ်ခဲ့ကြလေသည်။ သင်တို့ အချင်းချင်းကြား မေးမြန်းကြလော့- ငါသည် မည်သူ့ကိုမျှ ကိုင်တွယ်ဖြေရှင်းခြင်း လုံးဝ မရှိခဲ့သလောက်ဖြစ်ပြီး၊ မည်သူ့ကိုမျှလည်း ပေါ့ပေါ့တန်တန် အပြစ်ဖော်ဆုံးမခြင်း လုံးဝမရှိခဲ့သလောက် ဖြစ်စေကာမူ ငါသည် လူ၏ကြံရွယ်ချက်များနှင့် အယူအဆများအကြောင်း အလွန်ရှင်းလင်းစွာ သိသည်။ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သော ဘုရားသခင် သက်သေခံသောသူအား နုံအသူဖြစ်သည်ဟု သင်ထင်သလော။ ထိုသို့ဖြစ်သော် သင် လွန်စွာကန်းသည်ဟု ငါဆို၏။ သင့်ကို ငါဖော်ထုတ်မည်မဟုတ်၊ သို့သော် သင်မည်မျှ ဖောက်ပြန်ပျက်စီးလာနိုင်သည်ကိုသာ ကြည့်ကြစို့။ သင်၏ ကျွမ်းကျင်သော ပရိယာယ်လေးများက သင့်အား ကယ်နိုင်မကယ်နိုင်၊ သို့မဟုတ် ဘုရားသခင်ကိုချစ်ရန် သင်အကောင်းဆုံး ကြိုးစားခြင်းက သင့်ကို ကယ်နိုင်မကယ်နိုင် ဆိုသည်ကို စောင့်ကြည့်ကြစို့။ ယနေ့တွင် သင့်ကို ငါ စီရင်မည်မဟုတ်။ ဘုရားသခင်က သင့်အပေါ် မည်ကဲ့သို့ ဒဏ်ခတ်မည်ကို သိရဖို့ သူ၏အချိန်အထိ စောင့်ကြပါစို့။ ယခု ငါ၌ သင်နှင့် အလဟဿ စကားစမြည်ပြောဖို့ အချိန်မရှိသကဲ့သို့၊ သင်တစ်ဦးတည်းအတွက်နှင့် ငါ၏ ပိုကြီးမြတ်သောအမှုကို နှောင့်နှေးကြန့်ကြာစေဖို့လည်း ငါအလိုမရှိပေ။ လောက်ကောင်ကဲ့သို့သော သင်သည် ဘုရားသခင်က သင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်မည့်အချိန်နှင့် ထိုက်တန်ခြင်းမရှိ၊ ထို့ကြောင့် သင်အဘယ်မျှ အကျင့်စာရိတ္တ ပျက်စီးနိုင်သည်ကိုသာ စောင့်ကြည့်ကြစို့။ ဤကဲ့သို့သောလူတို့သည် ဘုရားသခင်အား သိကျွမ်းခြင်းကို အနည်းငယ်မျှပင် အားထုတ်ခြင်းမရှိသကဲ့သို့၊ ဘုရားသခင်အား ချစ်ခြင်း စိုးစဉ်းလေးမျှပင် မရှိဘဲ၊ ဘုရားသခင်က သူတို့အား ဖြောင့်မတ်သည်ဟု ခေါ်ဆိုရန် အလိုရှိကြသေးသည်မှာ ရယ်စရာမဟုတ်သလော။ အနည်းငယ်သော လူတို့မှာ အမှန်တကယ် ရိုးသားကြသောကြောင့်၊ ငါသည် လူသားကို ဆက်လက်၍ အသက်ထောက်ပံ့ပေးခြင်းကိုသာ အာရုံစိုက်မည်။ ယနေ့ ငါ ပြီးစီးသင့်သည့်အရာကိုသာ ပြီးစီးအောင် ငါလုပ်ဆောင်မည် ဖြစ်သော်လည်း အနာဂတ်တွင် အယောက်စီတိုင်းအပေါ် သူတို့ ပြလုပ်ခဲ့သည့်အရာနှင့်အညီ ပြစ်ဒဏ်ပေးခြင်းကို ငါ ယူဆောင်လာမည်။ ပြောဖို့ရှိသည့်အရာဟူသမျှကို ငါပြောခဲ့ခြင်း ဖြစ်ကာ၊ အကြောင်းမှာ ဤအရာသည် ငါပြုသောအမှု အတိအကျပင် ဖြစ်သည်။ ငါလုပ်သင့်သည့် အရာကိုသာ ငါလုပ်ပြီး၊ ငါမလုပ်သင့်သည့်အရာကို ငါမလုပ်ချေ။ သို့ပါလျက် သင်တို့သည် ဘုရားသခင်အား သင်၏ သိကျွမ်းခြင်း အဘယ်မျှက စစ်မှန်သည်ကို ဆင်ခြင်သုံးသပ်ခြင်း၌ အချိန်ပိုယူရန် ငါမျှော်လင့်သည်။ သင်သည် ဘုရားသခင်ကို ကားတိုင်ပေါ် နောက်တစ်ဖန် သံမှိုစွဲရိုက်ထားသော သူတစ်ဦး ဖြစ်သလော။ ငါ၏ နောက်ဆုံးစကားများက ဤအရာများပင်- ဘုရားသခင်ကို ကားစင်တင်ကြသော သူတို့၌ အမင်္ဂလာ ရှိစေသတည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ“ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၃၀)
ယနေ့လမ်းကြောင်းကို သင်တို့လျှောက်လှမ်းကြသည်နှင့်အမျှ အသင့်တော်ဆုံးသော လိုက်စားမှုမျိုးမှာ အဘယ်နည်း။ သင်၏လိုက်စားမှု၌ သင့်ကိုယ်သင် မည်သို့သောလူစားမျိုးအဖြစ် မြင်သင့်သနည်း။ စမ်းသပ်မှုများ ဖြစ်စေ၊ အခက်အခဲများဖြစ်စေ၊ သို့မဟုတ် ရက်စက်သော ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ဖြစ်စေ သင့်အပေါ် ယနေ့ကျရောက်သည့် အရာအားလုံးအပေါ် ချဉ်းကပ်ပုံချဉ်းကပ်နည်းကို သင်သိသင့်၏။ ထိုအရာအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ ကိစ္စရပ်တိုင်း၌ ၎င်းတို့ကို သေချာသုံးသပ်သင့်၏။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ ထိုအရာကို ငါပြောရခြင်းမှာ ယနေ့ သင့်အပေါ် ကျရောက်သည့်အရာများသည် စင်စစ်အားဖြင့် ထပ်တလဲလဲ ဖြစ်ပေါ်သည့် တိုတောင်းသော စမ်းသပ်မှုများ ဖြစ်သောကြောင့် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ၊ သင်၏အမြင်တွင် ယင်းတို့သည် စိတ်ဝိညာဉ်အတွက် အထူးတလည် ခက်ခဲပင်ပန်းသော အရာများမဟုတ်သောကြောင့် သင်သည် အမှုအရာတို့ကို ၎င်းတို့၏သဘာဝဖြစ်စဉ်အတိုင်း ရွေ့လျားဖြစ်ပေါ်စေပြီး တိုးတက်မှုကို လိုက်စားရာတွင် အဖိုးတန်သော အရာတစ်ခုအဖြစ် ၎င်းတို့ကို မမှတ်ယူပေ။ သင်သည် အရေးမထားလွန်းလှပါတကား။ မည်မျှအထိနည်းဆိုလျှင် အဖိုးတန်သော ဤအရာကို သင်၏မျက်လုံး ရှေ့တွင် လွင့်ပါးနေသည့် တိမ်တစ်ခုကဲ့သို့ သင်တွေးထင်နေသည်အထိပင် ဖြစ်တော့သည်။ အကြိမ်ကြိမ် တသွင်သွင်သွန်ချသည့် ဤပြင်းထန်သော ထိုးနှက်ချက်များ- တိုတောင်းပြီး သင့်အဖို့ အားပျော့ပုံရသည့် ထိုးနှက်ချက်များကို သင်သည် တန်ဖိုးမထားဘဲ၊ စိမ်းစိမ်းကားကား ကြည့်ကာ ၎င်းတို့ကို နှလုံးမသွင်းဘဲလျက်၊ တိုက်တိုက်ဆိုင်ဆိုင် ခံရသော ထိုးနှက်ချက်တစ်ခုအဖြစ်သာ သင်သဘောထားလေသည်။ သင်သည် အလွန်ပင် မာနထောင်လွှားပါတကား။ ထပ်ဖန်တလဲလဲ ရောက်လာတတ်သော မုန်တိုင်းများနှင့်ဆင်တူသည့် ဤကြမ်းကြုတ် ရက်စက်သော တိုက်ခိုက်မှုများကို သင်သည် ပေါ့ပေါ့တန်တန်သာ လျစ်လျူရှုထားလေသည်။ တစ်ခါတစ်ရံ သင်၏ လုံးဝဥဿုံ စိတ်မဝင်စားသည့် မျက်နှာထားကို ထုတ်ဖော်ပြလျက် အေးစက်စက် ပြုံးပြသည်အထိပင် သင်ပြုသည်- အကြောင်းမှာ ထိုသို့သော “ကံအကြောင်းမလှသည့် ဖြစ်ရပ်များ” ကို သင့်အနေဖြင့် အဘယ်ကြောင့် ဆက်၍ခံစားနေရသည်ကို တွေးဆဆင်ခြင်ဖူးခြင်း မရှိသောကြောင့် ဖြစ်သည်။ ငါသည် လူသားအပေါ် အလွန်အကျွံ မတရားရာကျနေခြင်းများ ဖြစ်နိုင်သလော။ ငါသည် သင့်ကို တကူးတက အပြစ်ရှာနေသလော။ သင်၏ စိတ်နေစိတ်ထားနှင့်ပတ်သက်သည့် ပြဿနာများသည် ငါဖော်ပြသမျှလောက် ပြင်းထန်ချင်မှ ပြင်းထန်မည်ဖြစ်သော်လည်း၊ သင်၏ အပြင်ပန်း တည်ငြိမ်အေးဆေးမှုမှတစ်ဆင့် သင်သည် သင့်အတွင်းကမ္ဘာ၏ စုံလင်သော ပုံရိပ်တစ်ခုကို အချိန်ကြာမြင့်စွာကတည်းက ခြယ်မှုန်းပြီး ဖြစ်လေသည်။ သင်၏စိတ်နှလုံးအတွင်းရှိ နက်ရှိုင်းသောနေရာများတွင် ဖုံးကွယ်နေသည့် တစ်ခုတည်းသောအရာမှာ ရုန့်ရင်းသော ပုတ်ခတ်ပြစ်တင်ခြင်းနှင့် အခြားသူများအတွက် မြင်သာရုံမျှဖြစ်သော ဝမ်းနည်းမှုအရိပ်အယောင်ရေးရေးတို့သာဖြစ်သည်ကို သင့်အား ငါပြောပြနေစရာ မလိုပေ။ သင့်အနေဖြင့် ထိုသို့သော စမ်းသပ်မှုများကို ခံစားလာခဲ့ရသည်မှာ အလွန်မတရားဟု ခံစားရသောကြောင့် သင်ကျိန်ဆဲလေသည်။ ထို့အပြင် ထိုစမ်းသပ်မှုများက လောက၏ အဖော်မဲ့သည့်ဆင်းရဲဒုက္ခကို သင့်အား ခံစားစေသောကြောင့် သင်သည် ညှိုးမှိုင်ခြင်းနှင့် ပြည့်လေ၏။ ဤဆက်ကာဆက်ကာဖြစ်သော ထိုးနှက်မှုများနှင့် ဆုံးမပဲ့ပြင်သည့် လုပ်ရပ်တို့ကို အကောင်းတကာ့ အကောင်းဆုံးသော အကွယ်အကာအဖြစ် မြင်ရန်ဝေးစွ၊ ၎င်းတို့ကို ကောင်းကင်ဘုံ၏ အဓိပ္ပာယ်မဲ့သော ပြဿနာရှာခြင်းအဖြစ်၊ သို့မဟုတ် သင့်အပေါ်သို့ရောက်သည့် သင့်တင့်သော ဒဏ်ခတ်ခံရခြင်းအဖြစ် သင်ရှုမြင်၏။ သင်သည် အလွန်ပင် ပညာမဲ့လိုက်လေတကား။ သင်သည် အချိန်အခါကောင်းများကို အမှောင်ထဲတွင် ရက်ရက်စက်စက် ပိတ်လှောင်ထား၏။ အံ့ဖွယ်စမ်းသပ်မှုများနှင့် ဆုံးမပဲ့ပြင်ခြင်း လုပ်ရပ်တို့ကို သင်၏ရန်သူများထံမှ တိုက်ခိုက်မှုများအဖြစ် အထပ်ထပ်အကြိမ်ကြိမ် သင်ရှုမြင်သည်။ သင်သည် သင်၏ ပတ်ဝန်းကျင်နှင့် မည်ကဲ့သို့အလိုက်သင့်နေရမည်ကို မသိသကဲ့သို့၊ ထိုသို့နေရန် သာ၍ပင် မလိုလားပေ၊ အကြောင်းမှာ ထပ်တလဲလဲဖြစ်သော ဤပြစ်တင်ဆုံးမမှု၊ သင့်အဖို့ ရက်စက်သည့် ဤပြစ်တင်ဆုံးမမှုမှ သင့်အနေဖြင့် မည်သည့်အရာကိုမျှ မရရှိလိုသည့်အတွက် ဖြစ်သည်။ သင်သည် ရှာဖွေရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် စူးစမ်းစစ်ဆေးရန် ကြိုးပမ်းခြင်းတို့ မပြုဘဲ သင်၏ကံကြမ္မာကိုသာ ကြိတ်မှိတ်လက်ခံထားကာ၊ ကံစေညွှန်ရာသို့ သွားသည်။ သင့်အဖို့ ရက်စက်ကြမ်းကြုတ်သော ပြစ်တင်ဆုံးမခြင်း လုပ်ရပ်များဟု ထင်ရနိုင်သည့် အရာသည် သင်၏စိတ်နှလုံးကို မပြောင်းလဲစေသကဲ့သို့၊ သင်၏စိတ်နှလုံးကို သိမ်းလည်း မသိမ်းပိုက်ထားပေ။ ယင်းအစား၊ ထိုလုပ်ရပ်တို့က သင့်နှလုံးသားကို ထိုးသွင်းကြသည်။ ဤဘဝ၌ သင်သည် ဤ “ရက်စက်သော ပြစ်တင်ဆုံးမခြင်း” ကို သင်၏ရန်သူအဖြစ်သာ မြင်၏၊ ထို့ကြောင့် ဘာကိုမျှ သင်မရရှိထားပေ။ သင်သည် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု အလွန်မှတ်ယူသည်တကား။ သင်သည် အလွန်စက်ဆုပ်ဖွယ် ဖြစ်သောကြောင့် ထိုသို့သော စမ်းသပ်မှုများကို ခံရသည်ဟု သင်ယုံကြည်ခဲလှ၏။ ယင်းအစား၊ သင်သည် မိမိကိုယ်ကို အလွန်ကံခေသည်ဟု မှတ်ယူပြီး၊ ငါသည် သင့်ကို အမြဲအပြစ်ရှာနေသည်ဟု သင်ပြော၏။ ယခုတွင် အမှုအရာတို့သည် ဤအခြေအနေထိ ဆိုက်ရောက်လာပြီးဖြစ်ရငြား၊ ငါပြောဆို လုပ်ဆောင်သည့်အရာကို သင်သည် အမှန်တကယ်မည်မျှသိသနည်း။ သင်သည် ကောင်းကင်ထက် အနည်းငယ်မျှသာ နိမ့်ကျသော်လည်း ကမ္ဘာမြေထက် အဆုံးမရှိ မြင့်မားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် အခြားမည်သူမဆိုထက် တော်နေရန်ဝေးစွ၊ ငါ၏လုပ်ရပ်များကို အသေးစိတ်အကျဆုံးကအစ ရိပ်စားနိုင်ပုံရနေဘိသည့်အလား မိမိကိုယ်ကိုယ် အလွန်အထင်ကြီးကာ သိမ်ငယ်စိတ် လုံးဝမရှိဖူးသည့်အတွက် သင်သည် ကမ္ဘာမြေပေါ်မှ ဆင်ခြင်တုံတရား ရှိသည့် မည်သူမဆိုထက် သာ၍မိုက်မဲနေပုံမှာ ချစ်စဖွယ်ပင် ကောင်းနေသေးတော့သည်ဟု ဆိုနိုင်ပေသည်။ အမှန်တွင်၊ သင်သည် ငါလုပ်ဆောင်ရန် ကြံရွယ်ထားသောအရာကို မသိသကဲ့သို့၊ ယခု ငါလုပ်ဆောင်နေသည့်အရာကို သာ၍ပင် သတိမမူမိသည့်အတွက် အခြေခံအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် လူ့ဘဝအပေါ် သိမြင်နားလည်ခြင်း ရေးရေးမျှပင် မရှိသော်လည်း၊ မြေကို ထွန်ယက်စိုက်ပျိုးစဉ် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများအပေါ် လုံးဝမှီခိုအားထားသော လယ်သမားဖြစ်သည့် မြေပေါ်၌ ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည့် လယ်သမားအိုတစ်ဦးနှင့်ပင် သင်သည် တန်းတူမဟုတ်ဟု ငါဆို၏။ သင်သည် မိမိ၏အသက်တာအဖို့ နှစ်ခါမတွေး၊ ကျော်ကြားမှုနှင့်ပတ်သက်၍ သင့်အနေဖြင့် ဘာမျှ မသိသကဲ့သို့၊ သင်၌ မိမိကိုယ်ကိုယ် သိသောအသိ သာ၍မရှိချေ။ သင်သည် အလွန် “မြင့်မြတ်” ပါသည်တကား။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၃၁)
သင်တို့ကို အထပ်ထပ်အခါခါ ငါသွန်သင်လာခဲ့သော အဆုံးအမတို့ကိုမူ သင်တို့သည် ပျင်းရိသည့်အချိန်တွင် အပျင်းဖြေသည့် ကစားစရာများ ကဲ့သို့ပင်၊ သဘောထားကြသည်အထိ ကြာမြင့်စွာကတည်းကပင် မိမိတို့၏အတွေးချောင်ထဲသို့ ထိုးထားခဲ့ကြသည်။ သင်တို့သည် ဤအရာအားလုံးကို သင်တို့၏ ကိုယ်ပိုင် “အဆောင်လက်ဖွဲ့” အဖြစ် အမြဲမှတ်ယူကြလေသည်။ စာတန်၏စွပ်စွဲမှုကို ခံရသည့်အခါ သင်ဆုတောင်းသည်။ အပျက်သဘောဆောင်သည့်အခါ သင်အိပ်မောကျသည်။ ပျော်ရွှင်သည့်အခါ သွေးရူးသွေးတန်းနှင့် ဟိုဟိုသည်သည် သင်ပြေးလွှားသည်။ သင့်ကို ငါပြစ်တင်မောင်းမဲသည့်အခါ သင်မျက်နှာချိုသွေးသည်။ ထို့နောက် ငါ့အထံတော်မှ သင် ထွက်ခွာ သွားသည်နှင့်တစ်ပြိုင်နက် သင်သည် ယုတ်မာသော အူမြူးစိတ်နှင့် ရယ်မောလေသည်။ သင့်အနေဖြင့် အခြားသူများအားလုံးထက် မြင့်မားသည်ဟု သင်ခံစားရသည့်တိုင် မာနအထောင်လွှားဆုံးသော သူအဖြစ် မိမိကိုယ်ကို ဘယ်သောအခါမျှ မမြင်ဘဲ၊ စကားဖြင့် ဖော်ပြမရနိုင်အောင် သင်သည် အစဉ်သာ ဘဝင်မြင့်ပြီး မိမိဘာသာ အားရကျေနပ်ကာ မာန်တက်နေလေသည်။ မသင်ယူသောကြောင့် ပညာမဲ့မြဲသာ မဲ့နေကြသည့် ထိုသို့ “ငယ်ရွယ်သော အမျိုးကောင်းသားများ”၊ “ငယ်ရွယ်သော အပျိုမယ်များ”၊ “သခင်ကြီးများ” နှင့် “သခင်မကြီးများ” သည် ငါ၏နှုတ်ကပတ်တော်များကို အဖိုးထိုက်တန်သော ရတနာ တစ်ခုအဖြစ် အဘယ်သို့သဘောထားနိုင်မည်နည်း။ သင့်ကို ငါထပ်မေးမည်- ဤမျှရှည်ကြာသည့် အချိန်ကာလတစ်လျှောက်တွင် သင်သည် ငါ၏နှုတ်ကပတ်တော်များနှင့် ငါ၏အမှုတို့မှ မည်သည့်အရာကို သင်ယူပြီးပြီနည်း။ ထိုအရာမှာ သင်၏လှည့်ဖြားခြင်းအတတ်များ၌ သာ၍ ထူးချွန်လာခြင်းပင်လော။ သို့တည်းမဟုတ် သင်၏ဇာတိပကတိက သာ၍ ရှုပ်ထွေးဆန်းပြားလာခြင်းပင်လော။ သို့မဟုတ် ငါ့အပေါ် သင်၏ သဘောထားက သာ၍ အရိုအသေတန်လာခြင်းပင်လော။ သင့်ကို ငါ တဲ့တိုးပြောမည်- သတ္တိဟူ၍ ကြွက်တစ်ကောင်မျှလောက်သာ ရှိခဲ့ဖူးသော သင့်ကို ငါပြုထားသော ဤအမှုအားလုံးက ပို၍ရဲရင့်လာအောင် လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ငါသည် သက်ညှာလွန်းပြီး သင်၏ဇာတိပကတိကို အကြမ်းဖက်မှုသုံးလျက်၊ ဘယ်သောအခါမျှ အရေးမယူသည့်အတွက် ငါ့အပေါ် သင်၏ ကြောက်ရွံ့ခြင်းသည် တစ်နေ့တခြား လျော့ပါးလာ လေသည်။ ငါသည် ခက်ထန်သော စကားများကို ပြောနေခြင်းသာ ဖြစ်သည်ဟု သင်ထင်ကောင်းထင်မည်- သို့သော် ငါသည် သင့်ကို မကြာခဏ ပြုံးပြသည့်အပြင် သင့်ကို ဗြောင်ဗြောင်တင်းတင်း အပြစ်တင်သည်မှာလည်း မရှိသလောက်ပင် ဖြစ်သည်။ ထို့အပြင် သင်၏အားနည်းချက်ကို ငါသည် အစဉ်ခွင့်လွှတ်လျက်ရှိပြီး၊ ဤအရာကြောင့်သာ မြွေက ကြင်နာစိတ်ရှိသော လယ်သမားကို ဆက်ဆံသကဲ့သို့ သင်သည် ငါ့ကို ဆက်ဆံခြင်းဖြစ်သည်။ လူသားမျိုးနွယ်၏ အကဲခတ်စွမ်းရည်များနှင့်ဆိုင်သည့် ထူးထူးကဲကဲ ကျွမ်းကျင်မှုနှင့် အလိမ္မာဉာဏ်တို့ကို ငါလေးစားလိုက်ပါဘိ။ သင့်ကို အမှန်တရားတစ်ခု ငါပြောပြမည်- ယနေ့တွင် သင်၌ ရိုသေလေးမြတ်တတ်သော စိတ်နှလုံးရှိမရှိမှာ အရေးမကြီးပေ။ ထိုကိစ္စကို ငါသည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိ။ သို့သော် ဤအရာကိုလည်း သင့်အား ငါပြောရမည်- မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသော “ပါရမီရှိသည့်လူ” ဖြစ်သည့် သင်သည် နောက်ဆုံးတွင် မိမိကိုယ်မိမိ ကျေနပ်အားရသည့်၊ သေးနုပ်သည့် သင့်ပါးနပ်မှု၏ ဖြုတ်ချခြင်းကို ခံရလိမ့်မည်- သင်သည် ဆင်းရဲဒုက္ခခံရပြီး ပြစ်တင်ဆုံးမခံရသည့်သူ ဖြစ်လိမ့်မည်။ ငါသည် သင်နှင့် တစ်မျိုးတစ်စားတည်း မဟုတ်သည့်အတွက် ငရဲထဲတွင် သင်ဆက်လက်ဒုက္ခခံစားရစဉ် သင်နှင့်အတူ လိုက်လာ ပေးရအောင်အထိ အလွန်မိုက်မဲလိမ့်မည်မဟုတ်။ သင်သည် ငါ၏ကျိန်ဆဲခြင်းကို ခံထားရသော်ငြား၊ ငါ၏သွန်သင်ခြင်းနှင့် ကယ်တင်ခြင်းကိုလည်း ခံထားရသည့် အဖန်ဆင်းခံတစ်ဦး ဖြစ်သည်ကို မမေ့လျော့နှင့်။ ငါခွဲခွာရန် မလိုလားသည့်အရာတစ်ခုမျှ သင်၌ မရှိပေ။ ငါ၏အမှုကို ငါပြုသည့်အခါတိုင်းတွင် မည်သည့်လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အရာဝတ္ထုများ၏ ကန့်သတ်ချုပ်ချယ်ခြင်းကိုမျှ ငါလုံးဝမခံရပေ။ လူသားမျိုးနွယ်နှင့်ဆက်နွှယ်နေသည့် ငါ၏သဘောထားနှင့် ငါ့အမြင်တို့သည် အစဉ်အမြဲ တစ်သမတ်တည်းသာရှိနေသည်။ သင့်ကိုငါ သိပ်နှစ်သက်လှသည်ကား မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သင်သည် အခြားသတ္တဝါများထက် ပို၍ ထူးခြားနေရန်ဝေးစွ၊ ငါ၏စီမံခန့်ခွဲမှုအဖို့ အဖြည့်ခံတစ်ခုဖြစ်နေသောကြောင့် ဖြစ်သည်။ ဤသည်မှာ သင့်အဖို့ ငါ၏အကြံပြုချက်ဖြစ်၏- သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါထက် ဘာမျှမပိုသည်ကို အမြဲတမ်း အမှတ်ရလော့။ သင်သည် ငါနှင့်အတူ နေထိုင်နိုင်သော်လည်း၊ သင်မည်သူမည်ဝါဖြစ်သည်ကို သင်သိသင့်၏။ သင့်ကိုယ်သင် အလွန်အထင်မကြီးလေနှင့်။ သင့်ကိုငါ ပြစ်တင်မောင်းမဲခြင်း မပြုသော်လည်း၊ သို့မဟုတ် သင့်ကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုဘဲ အပြုံးမျက်နှာဖြင့် ငါကြိုဆို နှုတ်ဆက်သော်လည်း ဤအရာက သင်သည် ငါနှင့် တစ်မျိုးတစ်စားတည်း ဖြစ်သည်ဟု သက်သေပြရန် မလုံလောက်ပေ။ သင်သည် သမ္မာတရားကို လိုက်စားသူများထဲမှ တစ်ဦးဖြစ်ပြီး၊ သမ္မာတရားကိုယ်၌ မဟုတ်သည်ကို သင်သိသင့်သည်။ ငါ၏နှုတ်ကပတ်တော်များနှင့်အညီ ပြောင်းလဲရန် သင်အမြဲအသင့်ဖြစ်နေရမည်။ ဤအရာမှ သင်မလွတ်မြောက်နိုင်။ ကြုံတောင့်ကြုံခဲ ဤအခွင့်အရေးကို သင်ရထားသည့် အဖိုးတန်သော ဤအချိန်ကာလအတွင်းတွင် တစ်စုံတစ်ရာကို ကြိုးစားကာ လေ့လာသင်ယူဖို့ သင့်ကို ငါအကြံပြု၏။ ငါ့ကို မလှည့်စားနှင့်။ မြှောက်လုံးပင့်လုံးသုံး၍ ငါ့ကို သင်ကြိုးစားပြီး လှည့်ဖြားရန် ငါမလိုအပ်။ ငါ့ကို သင်ရှာဖွေသည့်အခါ ထိုရှာဖွေခြင်းသည် ငါ့အတွက်သက်သက် မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက် ဖြစ်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၃၂)
သင်တို့ လက်ရှိဖြတ်သန်းနေရသော နေ့ရက်တိုင်းသည် အရေးပါလှပြီး၊ သင်တို့၏ ပန်းတိုင်နှင့် ကံကြမ္မာအတွက် အခရာအကျဆုံးဖြစ်သည်ဖြစ်၍ ယနေ့ သင်တို့၌ရှိသော အရာအားလုံးနှင့် ကုန်ဆုံးသွားသော မိနစ်တိုင်းကို သင်တို့တန်ဖိုးထားရမည်။ သင်တို့သည် ဤဘဝကို အချည်းနှီး အသက်မရှင်သွားရန်အလို့ငှာ သင်တို့ကိုယ်သင်တို့ အကြီးမားဆုံးသော အကျိုးများပေးနိုင်ရန် သင်တို့၏အချိန်ကို ဖြစ်နိုင်သမျှ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်။ ဤနှုတ်ကပတ်တော်များကို အဘယ်ကြောင့် ငါပြောနေခြင်းနှင့် ပတ်သက်၍ သင်တို့ခေါင်းရှုပ်ကောင်း ခေါင်းရှုပ်နိုင်သည်။ ပွင့်ပွင့်လင်းလင်းပြောပါက သင်တို့အားလုံး၏ ပြုမူ လုပ်ဆောင်ပုံများကို ငါအားမရ မကျေနပ်။ အကြောင်းမှာ သင်တို့အတွက်ထားရှိသော ငါ၏မျှော်လင့်ချက်များသည် သင်တို့ ယခုဖြစ်နေသောအရာမျှသာ မဟုတ်၍ဖြစ်၏။ ဤအကြောင်းကြောင့် ငါဤသို့ပြောနိုင်၏၊ သင်တို့ အယောက်ချင်းစီတိုင်းသည် အန္တရာယ်နှင့် လက်တစ်ကမ်းအလို၌ ရောက်နေကြ၏။ အကူအညီရရန်အတွက် သင်တို့ ယခင်က ဟစ်ကြော်ခဲ့ခြင်းများနှင့် သမ္မာတရားကို လေ့လာလိုက်စားရန်၊ အလင်းကို ရှာဖွေရန်တို့အတွက် သင်တို့၏ အလျင်က ပြင်းပြသော ဆန္ဒများသည် နိဂုံးချုပ်တော့မည်။ ဤသည်မှာ သင်တို့ငါ့ကို နောက်ဆုံးကျေးဇူးဆပ်ပုံဖြစ်ပြီး ထိုအရာကို မည်သည့်အခါမျှ ငါမမျှော်လင့်ခဲ့ပေ။ သင်တို့ကြောင့် ငါအင်မတန် စိတ်ပျက်ခဲ့ရသည့်အတွက် အမှန်တရားများနှင့် ဆန့်ကျင်၍ ပြောရန် ငါအလိုမရှိ။ သင်တို့သည် ဤကိစ္စကို ငုံ့ခံရန် အလိုမရှိ၊ လက်တွေ့အရှိတရားကို ရင်မဆိုင်ရဲသော်လည်း ငါသည် သင်တို့အား ဤမေးခွန်းကို လေးလေးနက်နက် မေးရလိမ့်မည်၊ ဤနှစ်များတစ်လျှောက် သင်တို့၏ နှလုံးသားများထဲ၌ အဘယ်အရာများနှင့် ပြည့်နေခဲ့သနည်း။ မည်သူ့ကို သင်တို့ နှလုံးသားများက သစ္စာစောင့်သိသနည်း။ ဤမေးခွန်းများသည် အလွန်အမင်း ရုတ်ခြည်းဖြစ်လှသည်ဟု မပြောနှင့်၊ ထို့ပြင် ထိုကဲ့သို့သောအရာများကို အဘယ်ကြောင့် ငါမေးသနည်းဟု မမေးမြန်းနှင့်။ ဤအချက်ကို သိထားလော့- သင်တို့ အကြောင်းကို ငါဂဃနဏသိပြီး သင်တို့ကို ငါအင်မတန် ဂရုစိုက်ကာ သင်တို့လုပ်သည့်အရာ၌ ငါ့နှလုံးသားကို များစွာပေးအပ်မြှုပ်နှံထားသည့်အတွက် သင်တို့ကို မပြီးနိုင် မဆုံးနိုင် ဖြေရှင်းခိုင်းကာ ခါးသီးလှသော အခက်အခဲကို ငါသည်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သင်တို့သည် အရေးမစိုက်မှုနှင့် မခံမရပ်နိုင်လောက်သော ကျောခိုင်းသွားခြင်း တို့နှင့်သာ ငါ့ကိုပြန်ပေးဆပ်ကြသည်။ သင်တို့သည် ငါ့အပေါ် အလွန်မေ့လျော့ပေါ့ဆနိုင်လွန်းသည်၊ ထိုအရာကို မည်သို့လျှင် ငါလုံးဝမသိဘဲ ရှိမည်နည်း။ ဤအရာဖြစ်နိုင်သည်ဟု သင်တို့ယုံကြည်ပါက သင်တို့သည် ငါ့အပေါ် ကြင်နာခြင်းနှင့် ဧကန်အမှန် မဆက်ဆံကြောင်းကို ထိုအချက်က တိုး၍ သက်သေပြသည်။ သို့အတွက်ကြောင့် သင်တို့သည် မျက်စိမှိတ် နားပိတ်ပြီး မသိချင်ယောင်ဆောင်နေကြသည်ဟု ငါပြောသည်။ သင်တို့အားလုံးသည် အလွန်တော်တတ်နေကြရကား သင်တို့ အဘယ်အရာ လုပ်နေသနည်းဆိုသည်ကိုပင် သင်တို့မသိကြ၊ ထိုသို့ဆိုလျှင် သင်တို့သည် ငါ့ကို ရှင်းပြဖို့ရန် အဘယ်အရာကို အသုံးပြုကြမည်နည်း။
ငါ့အတွက် အလေးအထားရဆုံးမေးခွန်းမှာ သင်တို့၏ နှလုံးသားများသည် မည်သူ့ကို သစ္စာစောင့်သိသနည်း ဟူသည်ပင် ဖြစ်သည်။ သင်တို့အယောက်ချင်းစီတိုင်းသည် မိမိတို့၏အတွေးများကို စုစည်းလျက် မည်သူ့ကို မိမိတို့သစ္စာ စောင့်သိသနည်း၊ မည်သူ့အတွက် မိမိတို့အသက်ရှင်နေ သနည်းဆိုသည်ကို မိမိတို့ကိုယ်မိမိ မေးကြည့်ကြဖို့လည်း ငါမျှော်လင့်သည်။ သင်တို့အနေဖြင့် ဤမေးခွန်းများကို တစ်ခါမျှ ဂရုတစိုက် မစဉ်းစားမဆင်ခြင်ခဲ့ဖူးခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင် သဖြင့် ဤအဖြေများကို သင်တို့အတွက် ငါဖော်ပြပေးမည် ဆိုလျှင် မည်သို့သဘောရသနည်း။
လူသားသည် မိမိအတွက်သာ ရပ်တည်နေထိုင်၍ မိမိကိုယ်ကိုသာ သစ္စာစောင့်သိသည် ဟူသောအချက်ကို မှတ်ဉာဏ်ရှိသူတိုင်း လက်ခံကြလိမ့်မည်။ သင်တို့သည် မိမိတို့၏ သက်ဆိုင်ရာ ဘဝများထဲ၌ ရှင်သန်ရပ်တည်နေကြပြီး အသီးသီးသည် ကိုယ့်ဒုက္ခနှင့်ကိုယ် ရုန်းကန်နေကြရကား သင်တို့၏အဖြေများသည် ရာနှုန်းပြည့်မှန်ကန်မည်ဟု ငါမယုံကြည်။ ထို့ကြောင့် သင်တို့သည် သင်တို့ချစ်သောသူများ၊ သင်တို့ကို စိတ်ကျေနပ်စေသော အရာများကို သစ္စာစောင့်သိကြပြီး သင်တို့ကိုယ်သင်တို့မူ ရာနှုန်းပြည့် သစ္စာမစောင့်သိကြချေ။ သင်တို့နှင့် နီးစပ်ရာလူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများက သင်တို့ တစ်ယောက်ချင်းစီကို လွှမ်းမိုးထားသောကြောင့် သင်တို့ကိုယ် သင်တို့ အပြည့်အဝ သစ္စာမစောင့်သိနိုင်ကြခြင်းဖြစ်၏။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကို သစ္စာရှိခြင်းအား ငါထောက်ခံရန် ဤနှုတ်ကပတ်တော်များကို ငါပြောနေခြင်းမဟုတ်ဘဲ တစ်ခုခုအပေါ် သင်တို့၏ သစ္စာစောင့်သိမှုကို ဖော်ထုတ်ဖို့ရန် ပြောခြင်းဖြစ်၏၊ အကြောင်းမှာ နှစ်ပေါင်းမြောက်မြားစွာတစ်လျှောက်တွင် သင်တို့တစ်ဦးတလေထံမှ သစ္စာစောင့်သိမှုကို မည်သည့်အခါမျှ ငါမရရှိခဲ့သောကြောင့်ဖြစ်၏။ သင်တို့သည် ဤနှစ်ပေါင်းများစွာ တစ်လျှောက်လုံးတွင် ငါ့နောက်သို့ လိုက်လျှောက်နေခဲ့ ကြသော်လည်း ငါ့အပေါ်၌ မြူမှုန်မျှပင် သစ္စာမစောင့်သိခဲ့ကြ။ ယင်းအစား သင်တို့သည် သင်တို့ချစ်သောသူများနှင့် သင်တို့ကို စိတ်ကျေနပ်စေသော အရာများကိုသာ အမြဲတမ်း ဗဟိုပြုကြ လွန်းသည့်အတွက် သင်တို့သွားလေရာရာ၌ ထိုအရာများကို သင်တို့မြတ်နိုးတန်ဖိုးထားကြပြီး လုံးဝမစွန့်လွှတ်ကြပေ။ သင်တို့သည် ငါ့နောက်သို့ လိုက်လျှောက်သည့် အချိန်အတော အတွင်း ဖြစ်တတ်သည့် မိမိတို့ချစ်မြတ်နိုးသော အရာတစ်ခုနှင့် ပတ်သက်၍ စိတ်ထက်သန်လာချိန်၊ သို့တည်းမဟုတ် သဲကြီးမဲကြီး ဖြစ်လာသောအချိန်၊ သို့မဟုတ် သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို နားထောင်နေချိန်၌ပင်လျှင် ထိုသို့ဖြစ်တတ်ကြသည်။ ထို့ကြောင့် သင်တို့ကို ငါတောင်းဆို သည့်အတိုင်း ငါ့ကို သစ္စာစောင့်သိရမည့်အစား သင်တို့သည် မိမိတို့၏ “အချစ်တော်များ” ကိုသာ သစ္စာစောင့်သိပြီး ချစ်ခင်မြတ်နိုးကြသည်ဟု ငါပြောမည်။ ငါ့အတွက် တစ်ခု၊ နှစ်ခုမျှ သင်တို့ စွန့်လွှတ်နိုင်ကောင်း စွန့်လွှတ်နိုင်သော်ငြားလည်း ထိုအရာသည် သင်တို့၏ အရာအားလုံးကို ကိုယ်စားမပြု၊ သင်တို့ အမှန်တကယ် သစ္စာစောင့်သိသူမှာ ငါဖြစ်သည်ဆိုခြင်းကိုလည်း မပြသပေ။ သင်တို့သည် သင်တို့အရူးအမူးဖြစ်သောအရာကို လုပ်ဆောင်ခြင်းများနှင့်သာ ဆက်စပ်ပတ်သက်ချင်ကြ၏- အချို့က သားနှင့်သမီးများအပေါ် သစ္စာစောင့်သိကြသည်၊ အချို့မှာမူ လင်ယောက်ျား၊ ဇနီးမယား၊ စည်းစိမ်ဥစ္စာ၊ အလုပ်အကိုင်၊ အထက်လူကြီး၊ ဂုဏ်အရှိန်အဝါ၊ သို့မဟုတ် မိန်းမများအပေါ် သစ္စာစောင့်သိကြသည်။ သင်တို့ သစ္စာစောင့်သိသော အရာများအတွက် သင်တို့သည် စိတ်ပင်ပန်းခြင်း၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်ခြင်းမျိုး မည်သည့်အခါမျှ မရှိကြပေ၊ ထိုအစား သင်တို့သည် သင်တို့သစ္စာစောင့်သိသည့်အရာများကို သာ၍မြင့်မားသော အရည်အသွေးနှင့် သာ၍များသော အရေအတွက်ပါ ပိုင်ဆိုင်ဖို့ရန် တိုး၍ တောင့်တကြပြီး မည်သည့်အခါမျှ စိတ်ပျက် အားလျော့ခြင်း မရှိချေ။ ငါကိုယ်တိုင်နှင့် ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ အရူးအမူးဖြစ်နေသော အရာများ၏နောက်ဆုံးကို အမြဲတွန်းပို့ခံနေရသည်။ ထိုအရာများကို နောက်ဆုံး၌ နေရာချရန်မှလွဲ၍ သင်တို့မှာ အခြားရွေးစရာမရှိ။ မိမိတို့ ယခုတိုင် ရှာမတွေ့သေးသော သစ္စာစောင့်သိရမည့်အရာအတွက် ထိုနောက်ဆုံးနေရာကိုပင် ကွက်လပ်ချန်ထားကြသောသူများပင် ရှိကြသေး၏။ ထိုသူတို့၏ နှလုံးသားများထဲ၌ ငါဟူသည်မှာ အရိပ်အယောင်မျှပင် တစ်ခါမျှ မရှိခဲ့စဖူး။ သင်တို့ကို ငါတောင်းဆိုသောအရာများ များလွန်း နေ၏၊ သို့မဟုတ် ငါသည် သင်တို့ကို အမှားမှားအယွင်းယွင်း စွပ်စွဲနေသည်ဟု သင်တို့ ထင်ကောင်းထင်လိမ့်မည်၊ သို့သော် သင်တို့မိသားစုများနှင့် ပျော်ရွှင်စွာ အချိန်ဖြုန်းနေသည့်အချိန်၌ သင်တို့သည် ငါ့ကို တစ်ကြိမ်တစ်ခါမျှ သစ္စာမစောင့်သိခဲ့ ဆိုသည့်အချက်ကို သင်တို့စဉ်းစားမိကြ၏လော။ ဤကဲ့သို့သော အချိန်များ၌ သင်တို့ မနာကျင်ကြသလော။ သင်တို့၏ နှလုံးသားများသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်နေသောအခါ၊ သင်တို့၏ အားထုတ်မှုများအတွက် ဆုချခံရသောအခါ သင်တို့သည် မိမိတို့ကိုယ်မိမိ လုံလောက်သော သမ္မာတရားနှင့် ဖြည့်ဆည်းမထားသည်ကို အားမငယ်သလော။ ငါ၏ ထောက်ခံချက် မရသဖြင့် သင်တို့သည် မည်သည့်အချိန်က ငိုကြွေးခဲ့ကြဖူးသနည်း။ သင်တို့၏ သားများ၊ သမီးများအတွက် သင်တို့သည် ဦးနှောက်အခြောက်ခံ၊ ဒုက္ခအကြီးအကျယ်ခံ နေသော်လည်း သင်တို့သည် အားမရနိုင်သေး၊ သူတို့အတွက် သင်တို့၏ကြိုးစားမှုက မလုံလောက်သေး၊ သူတို့အတွက် သင်တို့၏လုံ့လအားလုံးကို မပေးအပ် မမြှုပ်နှံရသေးဟု သင်တို့ ယုံကြည်နေကြ၏။ သို့သော် ငါ့ကိုမူ သင်တို့သည် အမြဲတမ်း မေ့လျော့ပေါ့ဆ၍ ဂရုမစိုက်ဘဲ နေကြသည်၊ ငါ့ကို သင်တို့၏ မှတ်ဉာဏ်များထဲ၌သာထားပြီး သင်တို့၏ နှလုံးသားထဲ၌ကား ငါ့ကို ကြာရှည် တည်နေစေခြင်းမရှိ။ သင်တို့အပေါ်ထားသော ငါ၏ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လများကို သင်တို့သည် အမြဲတမ်း မခံစားကြဘဲ နားလည်အသိအမှတ်ပြုမှုလည်း သင်တို့၌ တစ်စက်မျှ မရှိခဲ့ကြ။ သင်တို့သည် အတိုချုံးသာ နှိုင်းဆဆင်ခြင်ကြပြီး ထိုအရာမှာ လုံလောက်ပြီဟု ယုံကြည်ကြသည်။ ဤသို့သော “သစ္စာစောင့်သိမှု” မျိုးမှာ ကြာမြင့်စွာ ငါတောင့်တခဲ့သောအရာ မဟုတ်ဘဲ ကြာမြင့်စွာ ကတည်းက ငါစက်ဆုပ်သောအရာဖြစ်သည်။ သို့သော် ငါအဘယ်အရာကို ပြောသည်ဖြစ်စေ သင်တို့သည် တစ်ခု၊ နှစ်ခုကိုသာ ဆက်လက်ဝန်ခံနေကြပြီး အပြည့်အဝ လက်ခံရန်မူ မတတ်နိုင်ကြ၊ အကြောင်းမှာ သင်တို့အားလုံးသည် သင်တို့ကိုယ်သင်တို့ အလွန် “ယုံကြည်စိတ်ချ” နေကြပြီး ငါပြောသော နှုတ်ကပတ်တော်များထဲမှ အဘယ်အရာအား လက်ခံရမည်ကို သင်တို့သည် အမြဲတမ်း ရွေးချယ် ကောက်ယူကြ၏။ အကယ်၍ သင်တို့သည် ယနေ့တွင် ဤအတိုင်း ရှိနေသေးပါက သင်တို့၏ မိမိတို့ကိုယ်မိမိ ယုံကြည်နေမှုကို တုံ့ပြန်ဖို့နည်းလမ်းအချို့ ငါ၌ရှိသည်။ ထို့အပြင် ငါ၏ နှုတ်ကပတ်တော်အားလုံးသည် မှန်ကန်ကြောင်းနှင့် အချက်အလက်ကို လိုရာဆွဲ၍ မမှန်မကန်ပြောဆိုခြင်း မဟုတ်ကြောင်း သင်တို့လက်ခံလာအောင် ငါပြုမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်မည်သူ့ကို သစ္စာစောင့်သိသနည်း” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၃၃)
အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ထိုကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် ပြိုကွဲပျက်စီးခြင်းကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။ ငြိမ်းချမ်းသော မိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက်က လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ စည်းစိမ်ရှိခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သမီး၊ သား၊ ဇနီး၊ ယောက်ျားနှင့် ငါ၏အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်။ သင်တို့၏ ဒုစရိုက်လုပ်ရပ်များ အားလုံးကို ရင်ဆိုင်ရပြီးသောနောက် သင်တို့အပေါ်ထားသော ငါ၏ယုံကြည်မှုမှာ လုံးဝပင် ပျောက်ဆုံးသွား၏။ သင်တို့၏စိတ်နှလုံးများသည် ပျော့ပျောင်းဖို့ တင်းခံနိုင်လွန်းကြသည်ကို ငါအလွန်အံ့သြမိသည်။ ကြည့်ရ သရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် သင်တို့၏ စိတ်ပျက် အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုအပြင် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို မလျှော့တမ်း ရှာဖွေနေကြပြီး ၎င်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် စုတ်ချာချာ ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။ သင်တို့အနေဖြင့် ငါ၏နှုတ်ကပတ်တော်များကို နာခံမည်လော၊ ငြီးငွေ့မည်လော။ ငါ၏နေ့ရက်ကို သင်တို့၏ ရှေ့မှောက်၌ ချခင်းထားပြီးပြီဖြစ်ကာ သင်တို့ရင်ဆိုင်ရသောအရာမှာ ဘဝသစ်နှင့် အစပြုမှတ်အသစ် ဖြစ်သည်။ သို့သော် ဤအစပြုမှတ်အသစ်ဆိုသည်မှာ အတိတ်က အလုပ်သစ်တစ်ခု၏ အစမဟုတ်ဘဲ အလုပ်ဟောင်း၏ အဆုံးသတ်ဖြစ်သည်။ တစ်နည်းအားဖြင့် ဤသည်မှာ နောက်ဆုံးအလုပ်ဖြစ်၏။ ဤအစပြုမှတ်နှင့်ပတ်သက်၍ အဘယ် အရာက တစ်မူထူးခြားသည်ကို သင်တို့အားလုံး နားလည်ကြ မည်ဟု ငါယုံကြည်၏။ သို့သော် မကြာမီတစ်နေ့တွင် သင်တို့သည် ဤအစပြုမှတ်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်လာမည် ဖြစ်သည့်အတွက် ၎င်းကို အတူတကွ ဖြတ်ကျော်ပြီး လာမည့်ဇာတ်သိမ်းပိုင်းကို ကြိုဆိုကြစို့။ သို့သော် ငါစိတ်မသက်မသာဖြစ်နေဆဲ အကြောင်းမှာ အဓမ္မနှင့် ဓမ္မကို ရင်ဆိုင်ရသောအခါ သင်တို့သည် အဓမ္မကို အမြဲ ရွေးချယ်နေကြဆဲ ဖြစ်သည့်အကြောင်းပင်။ သို့သော် ထိုအရာအားလုံးသည် သင်တို့အတိတ်ကဖြစ်သည်။ သင်တို့၏ အတိတ်က အရာအားလုံးကို ငါသည်လည်း မေ့ပစ်ချင်၏၊ သို့သော် ဤအရာ ပြုလုပ်ရန်မှာ ခက်ကားခက်လှ၏။ သို့ဖြစ်စေကာမူ ဤသည်ကို လုပ်နိုင်မည့် အလွန် ကောင်းသောနည်းလမ်းတစ်ခု ငါ၌ရှိ၏။ အနာဂတ်သည် အတိတ်ကို အစားထိုးပါစေ၊ သင်တို့၏ ယနေ့ သရုပ်မှန်အတွက် အတိတ်က အရိပ်များကို လွင့်ပြယ်သွားခွင့်ပေးလော့။ ထို့ကြောင့် နောက်ထပ်တစ်ခါ ရွေးချယ်မှုပြုရန် ငါသည် သင်တို့ကို ဒုက္ခပေးရပေဦးမည်- သင်တို့အနေဖြင့် မည်သူ့ကို အတိအကျ သစ္စာစောင့်သိကြသနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်မည်သူ့ကို သစ္စာစောင့်သိသနည်း” မှ
အောက်ခြေမှတ်စု(များ)-
က။ ကမ်းခြေသို့ ပြန်ဆိုက်- ဤသည်မှာ တရုတ်ဓလေ့သုံးစကားဖြစ်ပြီး “ဒုစရိုက်လမ်းများကို ကျောခိုင်းသည်” ဟု အဓိပ္ပာယ်ရ၏။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၃၄)
ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်းတွင်၊ သင်တို့သည် ယင်းကို အထူးလေးနက်စွာ သဘောထားကြသည်။ ထို့အပြင်၊ ယင်းသည် အထူးသဖြင့် သင်တို့အားလုံး ဆတ်ဆတ်ထိမခံသော အရာတစ်ခု ဖြစ်သည်။ အချို့သော လူများသည် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရရှိဖို့အလို့ငှာ ဘုရားသခင်ရှေ့တွင် ဒူးထောက်ဦးချရင်း၊ မရမက လုပ်ဆောင်ဖို့ မစောင့်နိုင်အောင် ဖြစ်ကြလေသည်။ စကားလုံးများဖြင့် ဖော်ပြဖို့ မလိုအပ်သည့် သင်တို့၏ စိတ်အားထက်သန်မှုကို ငါ တန်းတူ ခံစားနိုင်သည်။ ယင်းသည် သင်တို့အနေဖြင့် အနာဂတ်တွင် ထာဝရ အပြစ်ဒဏ်ပေးခြင်းထဲသို့ သက်ဆင်းရန် ဆန္ဒရှိဖို့မဆိုထားနှင့်၊ သင်တို့၏ ခန္ဓာကို ကပ်ဘေးထဲသို့ မကျရောက်စေလိုသည်ထက် မပိုပေ။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် အနည်းငယ် သာ၍ လွတ်လပ်စွာ၊ အနည်းငယ် သာ၍ လွယ်ကူစွာ အသက်ရှင်ခွင့်ပေးရန်သာ မျှော်လင့်ကြသည်။ ထို့ကြောင့် သင်တို့သည် လုံလုံလောက်လောက် အာရုံမစိုက်မိပါက၊ ဘုရားသခင်ကို သင်တို့ ပုန်ကန်ပြစ်မှားမိနိုင်ပြီး၊ ထိုသို့ဖြင့် သင်တို့နှင့်ထိုက်တန်သည့် ဒဏ်ခတ်ခြင်း ခံရမည်ကို အလွန်စိုးရွံ့လျက်၊ ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်း သင်တို့သည် အထူးသဖြင့် စိတ်လှုပ်ရှားကြလေသည်။ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် အပေးအယူများ ပြုလုပ်ရန် မတွန့်ဆုတ်ကြ သကဲ့သို့၊ သင်တို့ထဲမှ တစ်ချိန်က မရိုးသားသကဲ့သို့ ပေါ့ပေါ့တန်တန် ရှိခဲ့ကြသူများစွာသည်ပင် ရုတ်တရက် ထူးထူးခြားခြား နူးညံ့သိမ်မွေ့ပြီး ရိုးသားစစ်မှန် လာကြလေသည်။ သင်တို့၏ စစ်မှန်ရိုးသားမှု သွင်ပြင်က လူတို့ကို ရိုးတွင်းခြင်ဆီထိ အေးစိမ့်သွားစေသည်။ သို့သော်၊ သင်တို့အားလုံးသည် “ရိုးသားသော” စိတ်နှလုံးများ ပိုင်ဆိုင်ကြပြီး၊ နာကြည်းချက်ဖြစ်စေ၊ လှည့်ဖြားမှု သို့မဟုတ် ဆက်ကပ်မှုဖြစ်စေ၊ မည်သည့်အရာကိုမျှ ထိန်ချန်မထားဘဲ၊ သင်တို့ စိတ်နှလုံးများထဲက လျှို့ဝှက်ချက်များကို ငါ့ထံ တစ်သမတ်တည်း ဖွင့်ဟခဲ့ကြပြီး ဖြစ်သည်။ ခြုံကြည့်သော်၊ သင်တို့သည် သင်တို့၏ ပင်ကို သဘာဝများ၏ အနက်ရှိုင်းဆုံးသော နေရာများအတွင်း တည်ရှိသည့် အရာများကို ငါ့ထံ အလွန် ပွင့်ပွင့်လင်းလင်း “ဝန်ခံ” ခဲ့ကြပြီး ဖြစ်သည်။ ဟုတ်ပေ၏၊ ငါ့အတွက် ထိုအရာများအားလုံးသည် လွန်စွာ အကျွမ်းဝင်လာပြီးဖြစ်သည့်အတွက်၊ ငါသည် ထိုသို့သော အရာများကို မည်သည့်အခါတွင်မျှ မရှောင်လွှဲ ခဲ့ဖူးပေ။ သင်တို့သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့ ဆံချည်တစ်မျှင် ဆုံးရှုံးရသည်ထက် သင်တို့၏ ခရီးပန်းတိုင်အတွက် မီးပင်လယ်ထဲသို့ ဝင်ရောက်လိုကြသည်။ ယင်းမှာ ငါသည် သင်တို့နှင့်ပတ်သက်၍ တစ်ယူသန်ဖြစ်လွန်းခြင်း မဟုတ်။ သင်တို့သည် ငါပြုသည့် အရာအားလုံးနှင့် မျက်နှာချင်းဆိုင်လာဖို့ရန် ဆက်ကပ်မှုရှိသော စိတ်နှလုံးတစ်ခု ကင်းမဲ့လွန်းခြင်း ဖြစ်ပေသည်။ ငါ ခုတင် ပြောသည့်အရာကို သင်တို့ နားလည်ကောင်း နားလည်နိုင်မည်မဟုတ်၊ ထို့ကြောင့် ရိုးရိုးဖြောင့်ဖြောင့် ရှင်းပြချက်တစ်ခု ငါပေးမည်- သင်တို့ လိုအပ်သည့်အရာသည် ငါ၏ အပတ်တကုတ် ကြိုးစား အားထုတ်သည့် အလုပ် ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားနှင့် အသက် မဟုတ်သကဲ့သို့၊ မည်သို့ပြုမူနေထိုင်ရမည်ဟူသော ကိုယ်ကျင့်တရားများလည်း မဟုတ်ပေ။ ယင်းထက်၊ သင်တို့ လိုအပ်သောအရာမှာ ဇာတိပကတိ၌ သင်တို့ ပိုင်ဆိုင်သမျှ အရာရာ ဖြစ်သည့်- ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်း၊ မိသားစု၊ အိမ်ထောင်ရေး၊ စသည်တို့ ဖြစ်သည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏အမှုကို လုံးဝ အထင်အမြင် သေးကြသည်။ ထို့ကြောင့် သင်တို့၏ ယုံကြည်ခြင်းကို ဝတ်ကျတမ်းကျေ ဟူသော စကားတစ်လုံးဖြင့် အကျဉ်းချုံးနိုင်သည်။ သင်တို့သည် သင်တို့ လုံးလုံးလျားလျား ဆပ်ကပ်ထားသော အရာများကို ရရှိဖို့ရန် မည်သည့်အတိုင်းအတာထိမဆို လုပ်ဆောင်ကြလိမ့်မည် ဖြစ်သော်လည်း၊ သင်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် ကိစ္စများအတွက် အလားတူ လုပ်ဆောင်ကြမည် မဟုတ်သည်ကို ငါ သိရှိပြီး ဖြစ်သည်။ အတိအကျဆိုရပါက၊ သင်တို့သည် အတော်အသင့်သာ သစ္စာရှိပြီး အတော်အသင့်သာ လေးလေးနက်နက်ရှိကြသည်။ ယင်းမှာ အဆုံးစွန် ရိုးသားစစ်မှန်မှုရှိသည့် စိတ်နှလုံးတစ်ခု ကင်းမဲ့သောသူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ရှုံးနိမ့်သောသူများ ဖြစ်ကြသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်ပေသည်။ သေချာစွာစဉ်းစားလော့- သင်တို့အထဲတွင် ရှုံးနိမ့်သူများစွာ ရှိသလော။
ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို လူတို့ကိုယ်တိုင်၏ လုပ်ရပ်များ၏ ရလဒ်တစ်ခုအဖြစ် ရရှိသည်ကို သင်တို့ သိသင့်သည်။ လူတို့သည် မအောင်မြင်ဘဲ၊ ယင်းအစား ကျရှုံးသည့်အခါ၊ ယင်းသည်လည်း ၎င်းတို့ကိုယ်တိုင်၏ လုပ်ရပ်များကြောင့် ဖြစ်ပြီး၊ အခြားမည်သည့်အကြောင်းရင်း၏ စိုးမိုးမှုတစ်ခုကြောင့်မျှ မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ခက်ခဲပြီး သာ၍ ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေသည့် အရာတစ်ခုကို ရရှိဖို့ လိုအပ်သည့်အရာဟူသမျှ လုပ်ဆောင်ကြမည်ဖြစ်ပြီး ယင်းကို အလွန်လေးနက်စွာ သင်တို့ သဘောထားမည်မှာ သင်တို့အနေဖြင့် မည်သည့်အမှားကိုမျှ သည်းမခံလိုသည်အထိ ဖြစ်မည်ဆိုသည်ကို ငါ ယုံကြည်သည်။ ဤသည်တို့မှာ သင်တို့၏ အသက်တာများတွင် သင်တို့အားလုံး ထားရှိသည့် မနားမနေ အားထုတ်မှုမျိုးများ ဖြစ်သည်။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ မိသားစုဝင်တစ်ဦးတစ်ယောက်ကိုမျှ လှည့်ဖြားမည် မဟုတ်သည့် အခြေအနေမျိုးတွင်ပင် ငါ၏ လူ့ဇာတိကို လှည့်ဖြားခြင်းငှာ တတ်စွမ်းနိုင်ကြလေသည်။ ဤသည်မှာ သင်တို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူနှင့် သင်တို့ အသက်ရှင်သည့် အခြေခံသဘောတရား ဖြစ်သည်။ သင်တို့၏ ခရီးပန်းတိုင်သည် လုံးဝ လှပပြီး သင်တို့ ဆန္ဒရှိသမျှအားလုံး ဖြစ်နိုင်ဖို့အလို့ငှာ၊ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် ငါ့ကို လှည့်ဖြားဖို့ အယောင်ဆောင်သော အပြင်ပန်းသွင်ပြင်တစ်ခုကို ပြသနေကြဆဲ ဖြစ်သည် မဟုတ်လော။ သင်တို့၏ ဆက်ကပ်မှုသည် သင်တို့၏ စစ်မှန်ရိုးသားမှုကဲ့သို့၊ ခဏတာမျှသာ ဖြစ်သည်ကို ငါ သိ၏။ သင်တို့၏ စိတ်ဆုံးဖြတ်ချက်နှင့် သင်တို့ ပေးသော အဖိုးအခသည် အနာဂတ်အတွက် မဟုတ်၊ လက်ရှိအခိုက်အတန့်အတွက်သာ ဖြစ်သည် မဟုတ်လော။ သင်တို့သည် အလဲအလှယ်တစ်ခု ပြုလုပ်ခြင်းဟူသော တစ်ခုတည်းသော ရည်မှန်းချက်ဖြင့်၊ လှပသည့် ပန်းတိုင်တစ်ခုကို ရယူဖို့ ကြိုးပမ်းရန် နောက်ဆုံးတစ်ကြိမ်သာ အားထုတ်လိုကြလေသည်။ သင်တို့သည် ငါပေးပြီးသည့် အဖိုးအခအတွက် ငါ့ကို ပြန်ပေးဆပ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ကျေးဇူးကြွေးတင်ရှိလာခြင်းအား ရှောင်ရှားရန် ဤအားထုတ်မှုကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ တိုတိုပြောရလျှင်၊ သင်တို့သည် သင်တို့ လိုချင်သည့်အရာကို ရရှိဖို့ ပါးနပ်သော ပရိယာယ်ကို အသုံးပြုရန်သာ လိုလားနေကြသော်လည်း၊ ယင်းအတွက် ပွင့်လင်းသော တိုက်ပွဲကို မတိုက်လိုကြပေ။ ဤသည်မှာ သင်တို့၏ အူလှိုက်သည်းလှိုက်ဖြစ်သော စိတ်ဆန္ဒဖြစ်သည် မဟုတ်လော။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ရုပ်ဖျက်ရမည် မဟုတ်သကဲ့သို့၊ သင်တို့ မစားနိုင်၊ မအိပ်နိုင်ဖြစ်ကြသည့်အခြေအနေထိ သင်တို့၏ ခရီးပန်းတိုင်အပေါ် ဦးနှောက်ခြောက်အောင် မစဉ်းစားရ။ နောက်ဆုံးတွင် သင်တို့၏ နိဂုံးက ဆုံးဖြတ်ထားနှင့်ပြီး ဖြစ်လိမ့်မည်မှာ မှန်သည် မဟုတ်လော။ သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး လုပ်ဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် တာဝန်ပေါ့လျော့မည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ငါ၏ စိတ်ကို သက်သာစေနိုင်မည် မဟုတ်သည့် လူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့ အားလုံးသည် ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ရင်း၊ သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်ပြီး ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးနိုင်ပါက၊ ငါ၏စိတ်နှလုံးသည် သင်တို့အတွက်ကြောင့် ဝမ်းမြောက်မှုဖြင့် မကြာခဏ ခုန်ပေါက် လိမ့်မည် မဟုတ်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။ သင်တို့ လုပ်ဆောင်နိုင်သည့်အရာသည် ငါမျှော်လင့်ထားသည့်အရာ၏ အလွန်တရာ သေးနုပ်သည့် အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်မှာ စိတ်ပျက်ဖွယ် ဖြစ်သည်။ ဤသို့ဖြစ်သည့်အတွက်၊ သင်တို့သည် သင်တို့ မျှော်လင့်သည့်အရာကို ငါ့ထံမှ အဘယ်သို့ တောင်းခံရဲရသနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရီးပန်းတိုင်နှင့်ပတ်သက်၍” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၃၅)
သင်တို့၏ခရီးပန်းတိုင်နှင့် ကံကြမ္မာသည် သင်တို့အဖို့ အလွန် အရေးကြီး၏- ၎င်းတို့သည် အရေးကြီးသည့် အမှုထားစရာကိစ္စ ဖြစ်သည်။ သင်တို့သည် အမှုအရာများကို အလွန်ဂရုတစိုက် မလုပ်ဆောင်ပါက၊ ယင်းသည် သင်တို့အနေဖြင့် ခရီးပန်းတိုင် မရှိတော့ခြင်း၊ သင်တို့ကိုယ်တိုင်၏ကံကြမ္မာကို သင်တို့ ဖျက်ဆီးလိုက်ခြင်းဟု ဆိုလိုလိမ့်မည်ဟု သင်တို့ ယုံကြည်ကြလေသည်။ သို့သော်၊ ၎င်းတို့၏ ခရီးပန်းတိုင်တစ်ခုတည်းအတွက် အားထုတ်မှုကို အသုံးပြုသောသူတို့သည် အချည်းနှီး ကြိုးပမ်းနေကြသည်ဟု သင်တို့ အတွေးပေါ်လာဖူးသလော။ ထိုသို့သော ကြိုးပမ်းအားထုတ်မှုသည် မစစ်မှန်ပေ- ၎င်းတို့သည် အတုအယောင်နှင့် လှည့်ဖြားမှု ဖြစ်သည်။ ဤသို့ဖြစ်ပါက၊ ဘုရားသခင်၌ မိမိ၏ယုံကြည်မှုတွင် ကျရှုံးခြင်းသည် လှည့်ဖြားမှုကြောင့် ဖြစ်သည့်အတွက်၊ မိမိတို့၏ ခရီးပန်းတိုင် အတွက်သာ အလုပ်လုပ်သောသူတို့သည် ၎င်းတို့၏ နောက်ဆုံး ရှုံးနိမ့်မှု၏ လက်တစ်ကမ်းတွင် ရှိကြပေသည်။ ငါသည် မြှောက်ပင့်ခံရဖို့၊ သို့မဟုတ် မျက်နှာလိုမျက်နှာရလုပ်ခံရဖို့ သို့မဟုတ် စိတ်အားထက်သန်မှုဖြင့် ဆက်ဆံခံရဖို့ မနှစ်သက်သည်ကို ယခင်က ငါ ပြောပြီး ဖြစ်သည်။ ငါသည် ရိုးသားသောလူတို့ကို ငါ၏ သမ္မာတရားနှင့် ငါ၏ မျှော်လင့်ချက်တို့ကို ရင်ဆိုင်ကြစေလိုသည်။ ထို့ထက်ပင်ပို၍၊ လူတို့သည် ငါ၏ စိတ်နှလုံးအတွက် အဆုံးစွန် ဂရုစိုက်မှုနှင့် အရေးထားမှုတို့ကို ပြသနိုင်သည့်အခါ၊ ပြီးလျှင် ငါ့အတွက် အရာရာကိုပင် စွန့်လွှတ်နိုင်စွမ်းရှိကြသည့်အခါတွင် ငါနှစ်သက်သည်။ ဤနည်းဖြင့်သာ ငါ၏ စိတ်နှလုံး နှစ်သိမ့်ခံရနိုင်ပေသည်။ ယခု၊ သင်တို့နှင့် ပတ်သက်၍ ငါမနှစ်သက်သည့်အရာ မည်မျှရှိပါသနည်း။ သင်တို့နှင့် ပတ်သက်၍ ငါနှစ်သက်သည့်အရာ မည်မျှရှိသနည်း။ သင်တို့၏ ခရီးပန်းတိုင်အတွက် သင်တို့ ပြုလုပ်ပြီးဖြစ်သည့် အကျည်းတန်မှု၏ သရုပ်သကန်မျိုးစုံကို သင်တို့ထဲမှ မည်သူမျှ နားမလည်သေးသည်မှာ ဖြစ်နိုင်သလော။
ငါ၏ စိတ်နှလုံးထဲတွင်၊ မိမိ၏ တာဝန်ကို သစ္စာရှိစွာ လုပ်ဆောင်နေသူ မည်သူမဆို၏ အားအင်ကို လျော့စေလိုသည့်ဆန္ဒ ရှိဖို့မဆိုထားနှင့်၊ အပြုသဘောဆောင်ပြီး ရည်ရွယ်ချက်မြင့်မားသော မည်သည့်စိတ်နှလုံးကိုမဆို ထိခိုက်နာကျင်စေလိုသောဆန္ဒ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ၊ သင်တို့၏ မစုံလင်မှုများနှင့် သင်တို့ စိတ်နှလုံးများ၏ အနက်ရှိုင်းဆုံးသော နေရာများတွင် တည်ရှိသည့် ညစ်ညူးသော ဝိညာဉ်နှင့်သက်ဆိုင်၍ သင်တို့အသီးသီးကို ငါ သတိပေးရပေမည်။ ငါ အမုန်းတီးဆုံးသော အရာမှာ ငါ့အပေါ် လူတို့၏ လှည့်ဖြားမှုဖြစ်သောကြောင့်၊ ငါ၏ နှုတ်ကပတ်တော်များနှင့် မျက်နှာချင်းဆိုင်လာရာတွင် သင်တို့၏ စစ်မှန်သော စိတ်နှလုံးကို သင်တို့ ပူဇော်ပေးအပ်နိုင်ကြလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ငါသည် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ၏ အမှု နောက်ဆုံးအဆင့်တွင်၊ သင်တို့သည် သင်တို့၏ အပြောင်မြောက်ဆုံးသော စွမ်းဆောင်မှုကို ပေးနိုင်လိမ့်မည်ဖြစ်ပြီး၊ စိတ်မပါ့တပါ မဖြစ်တော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် စိတ်ပါလက်ပါ ဆက်ကပ်ကြလိမ့်မည်ဟုသာ ငါ မျှော်လင့်၏။ ဟုတ်ပေ၏၊ သင်တို့ အားလုံး ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရှိကြဖို့လည်း ငါ မျှော်လင့်ပေသည်။ သို့သော်လည်း၊ ငါ၌ ငါ၏ သတ်မှတ်ချက် ရှိဆဲဖြစ်၏၊ ယင်းမှာ သင်တို့၏ တစ်ခုတည်းနှင့် နောက်ဆုံးဖြစ်သော ဆက်ကပ်မှုကို ငါ့အား ပေးအပ်ရာတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ကို သင်တို့ ပြုလုပ်ဖို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ထိုတစ်ခုတည်းသော ဆက်ကပ်မှုမရှိပါက၊ သူသည် ဧကန်မုချ စာတန်၏ တန်ဖိုးထားရသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး၊ ငါသည် သူ့ကို ဆက်လက်အသုံးပြုတော့မည် မဟုတ်ဘဲ၊ သူ၏မိဘများ၏ ကြည့်ရှုစောင့်ရှောက်မှုကို ခံရဖို့ သူ့ကို အိမ်သို့ ပို့မည်ဖြစ်သည်။ ငါ၏ အမှုသည် သင်တို့အဖို့ ကြီးမားသော အထောက်အကူတစ်ခု ဖြစ်၏။ သင်တို့ထံမှ ငါရဖို့ မျှော်လင့်သည့်အရာမှာ ရိုးသားပြီး ရည်ရွယ်ချက်မြင့်မားသော နှလုံးသားတစ်ခု ဖြစ်သော်လည်း၊ ယခုထိ ငါသည် လက်ချည်းဗလာ ဖြစ်နေဆဲဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ စဉ်းစားကြလော့- တစ်နေ့တွင် ငါသည် ပြောဖို့ စကားလုံးများ၏ အတိုင်းအတာ ကျော်လွန်သည်အထိ၊ အလွန်စိတ်ထိခိုက်ရဆဲဖြစ်ပါက၊ သင်တို့အပေါ် ငါ၏ သဘောထားသည် အဘယ်အရာဖြစ်လိမ့်မည်နည်း။ ထိုအခါ ငါသည် ယခုကဲ့သို့ သင်တို့ကို ဖော်ရွေမည်လော။ ထိုအခါတွင် ငါ၏စိတ်နှလုံးသည် ယခုကဲ့သို့ တည်ငြိမ်အေးချမ်းမည်လော။ ဒုက္ခသုခခံ၍ စိုက်ကွင်းကို ထွန်ယက်လျက်၊ ဂျုံစပါးတစ်စေ့ကိုမျှ မရိတ်သိမ်းရသေးသည့် လူတစ်ဦး၏ ခံစားချက်များကို သင်တို့ နားလည်သလော။ အလွန် ထိုးကြိတ်ခံရပြီးသည့်အခါတွင်၊ လူတစ်ဦး၏ နှလုံးသားသည် မည်မျှကြီးမားစွာ အနာတရဖြစ်သည်ကို သင်တို့ နားလည်သလော။ တစ်ချိန်က မျှော်လင့်ချက် အလွန်ပြည့်ခဲ့လျက်၊ မသင့်မြတ်၍ ခွဲခွာခဲ့ရပြီးသည့် လူတစ်ဦး၏ ခါးသီးမှုကို သင်တို့ မြည်းစမ်းနိုင်သလော။ ရန်စခံခဲ့ရသော လူတစ်ဦးထံမှ ထွက်သည့် အမျက်ဒေါသကို သင်တို့ မြင်ဖူးသလော။ မလိုမုန်းထားစိတ်နှင့် လှည့်ဖြားမှုတို့ဖြင့် ဆက်ဆံခံရပြီးသော လူတစ်ဦး၏ လက်စားချေဖို့အတွက် စိတ်ထက်သန်မှုကို သင်တို့ သိနိုင်သလော။ ဤလူတို့၏ စိတ်နေသဘောထားကို သင်တို့ နားလည်ပါက၊ သူ၏ ဒဏ်ခတ်ခြင်း အချိန်ကာလတွင် ဘုရားသခင် ထားရှိမည့် သဘောထားကို တွေးကြည့်ဖို့ သင်တို့အတွက် မခက်ခဲသင့်ဟု ငါ ထင်သည်။ နောက်ဆုံးအနေဖြင့်၊ သင်တို့၏ အားထုတ်မှုများတွင် လှည့်ဖြားသော နည်းလမ်းကို အသုံးမပြုသည်က သာ၍ ကောင်းမည်ဖြစ်သော်လည်း၊ သင်တို့၏ ခရီးပန်းတိုင်အတွက် လေးနက်သော အားထုတ်မှုကို သင်တို့အားလုံး ထားရှိမည်ဟု ငါ မျှော်လင့်၏၊ သို့မဟုတ်ပါက၊ ငါ၏စိတ်နှလုံးထဲ၌ သင်တို့ကို ဆက်လက် စိတ်ပျက်နေမိလိမ့်မည်ဖြစ်သည်။ ထိုသို့သော စိတ်ပျက်ခြင်းသည် မည်သည့်အရာသို့ ဦးတည်သနည်း။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် လှည့်စားနေခြင်း မဟုတ်လော။ မိမိတို့၏ ခရီးပန်းတိုင်ကို ဆင်ခြင်တွေးတောမှုပြုသော်လည်း၊ ယင်းကို ဖျက်ဆီးသောသူများသည် ကယ်တင်ခံရဖို့ အနည်းဆုံးသော လူများဖြစ်သည်။ သူသည် စိတ်တိုလာပြီး ဒေါသထွက်လာလျှင်ပင်၊ အဘယ်သူသည် ထိုသို့သော လူတစ်ဦးအပေါ် သနားမည်နည်း။ အားလုံး ခြုံကြည့်သော်၊ သင့်လျော်ကာ ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုရှိဖို့ သင်တို့အတွက် ငါ ဆန္ဒရှိဆဲ ဖြစ်သကဲ့သို့၊ ထို့ထက်ပင်ပို၍၊ သင်တို့ထဲမှ မည်သူမျှ ကပ်ဘေးထဲသို့ ကျရောက်လိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရီးပန်းတိုင်နှင့်ပတ်သက်၍” မှ