လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း (၂)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၃၆)

သင်တို့ကိုယ်တိုင် အသက်ရှင်ကျန်ရစ်ရန်၊ ငါ့လုပ်ငန်း ဆောင်တာ များလည်း ချောမွေ့စွာ အခြေအနေတိုးတက်လာရန်၊ တိုင်းနိုင်ငံ အသီးသီးရှိ လူများထံသို့ ငါ့စကား၊ ငါ့အာဏာ၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းအကြောင်း ဖော်ပြရင်း စကြဝဠာတစ်ခွင်လုံး ငါအစပြုသည့်အလုပ်များကို ပိုမိုပြည့်စုံစွာ နှင့် ပိုမိုသင့်တော်အောင် ဆက်လက် လုပ်ဆောင်ရန် ယနေ့တွင် သင်တို့ကို သတိပေးလိုက်ပါသည်။ သင်တို့အကြား ငါလုပ်ဆောင်သော အလုပ်သည် စကြဝဠာတစ်ခွင် လုပ်ဆောင်သော ငါ့အမှုများ၏ အစဖြစ်သည်။ ယခုအချိန်သည် နောက်ဆုံးသောကာလ ဖြစ်သော်လည်း “နောက်ဆုံးသော ကာလ” သည် ခေတ်ကာလတစ်ခု၏ အမည်သာ ဖြစ်သည်ကို သိရှိပါ။ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ကဲ့သို့ ထိုအရာသည် ခေတ်ကာလတစ်ခုကို ရည်ညွှန်းထားခြင်းဖြစ်ပြီး၊ အနည်းငယ်သော နောက်ဆုံးနှစ် သို့မဟုတ် လများကို ညွှန်းဆို ထားခြင်းထက် ခေတ်ကာလတစ်ခုလုံးကို ညွှန်းဆိုထားခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးသော ကာလသည် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်တို့ကဲ့သို့ လုံးဝမဟုတ်ပါ။ နောက်ဆုံးသောကာလ၏ လုပ်ငန်းကို ဣသရေလပြည်တွင် မလုပ်ဆောင်ဘဲ တစ်ပါးအမျိုးသားများ အကြားတွင် လုပ်ဆောင် သည်။ စကြဝဠာတစ်ခွင်ရှိ ငါ့ဘုန်းတန်ခိုးသည် အာကာသနှင့် မိုးမျက်နာကြက်တို့ကို ပြည့်စေဖို့အလို့ငှာ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပရှိ တိုင်းနိုင်ငံများနှင့် လူမျိုးများမှ လူတို့ကို ငါ့ပလ္လင်ရှေ့တွင် သိမ်းပိုက် အောင်မြင်မှု ဖြစ်ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပိုမိုကြီးမားသော ဘုန်းတန်ခိုးကိုရရှိဖို့အလို့ငှာ၊ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးသည် တိုင်းနိုင်ငံတိုင်းသို့ ငါ့ဘုန်းတန်ခိုးကို လက်ဆင့်ကမ်းနိုင်ဖို့ အလို့ငှာ၊ ကမ္ဘာပေါ်၌ ငါရယူသည့် ဘုန်းတန်ခိုးအားလုံးကို မျိုးဆက်အားလုံး၊ သက်ရှိအားလုံး မြင်တွေ့နိုင်ဖို့ရန်ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ငါလုပ်ဆောင်သော အလုပ်သည် သိမ်းပိုက်ခြင်း လုပ်ငန်း ဖြစ်သည်။ ထိုအရာသည် ကမ္ဘာပေါ်ရှိ လူသားများ အားလုံး၏ အသက်ကို လမ်းပြခြင်း မဟုတ်ဘဲ ကမ္ဘာပေါ်၌ လူသားမျိုးနွယ်၏ မဆုံးနိုင်သော နှစ်ထောင်ချီကြာ ဒုက္ခခံစားရခြင်း ၏ အဆုံးသတ်ဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် နောက်ဆုံးသော ကာလ၏အလုပ်သည် နှစ်ထောင်ပေါင်း အချို့မျှကြာသော ဣသရေလပြည်တွင် အလုပ်လုပ်ခြင်းနှင့် မတူညီနိုင်သကဲ့သို့၊ ဘုရားသခင် ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း မတိုင်မီအထိ ထောင်စုနှစ်နှစ်ခုစာ ဆက်လက်ကြာရှည်ခဲ့သည့် ယုဒပြည်ရှိ နှစ်ပေါင်းအချို့မျှသာ လုပ်ခဲ့သောအလုပ်နှင့်လည်း တူညီမှု မရှိနိုင်ပေ။ နောက်ဆုံးသောကာလ၏ လူတို့သည် ရွေးနှုတ်သောသူ လူ့ဇာတိ၌ ပြန်လည် ပေါ်ထွန်းလာသည်ကိုသာ တွေ့ကြုံကြရပြီး ဘုရားသခင် ကိုယ်တိုင်၏ စကားတော်နှင့် အလုပ်ကို လက်ခံရရှိ ကြသည်။ နောက်ဆုံးသောကာလ အချိန်မကုန်ဆုံးမီ နှစ်ပေါင်း နှစ်ထောင် ကြာလိမ့်မည် မဟုတ်ပါ။ အချိန်သည် တိုတောင်းမည်ဖြစ်ကာ ယုဒပြည်၌ ကျေးဇူးတော်ခေတ်အတွင်း ယေရှု လုပ်ဆောင်ခဲ့သကဲ့သို့ ဖြစ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသော ကာလသည် ခေတ်ကာလတစ်ခုလုံး၏ အဆုံးသတ် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကာလသည် ဘုရားသခင်၏ နှစ်ပေါင်း ခြောက်ထောင်ကြာ စီမံခန့်ခွဲမှု အစီအစဉ်အဆုံးသတ်နှင့် ပြီးမြောက်ခြင်း ဖြစ်ကာ လူသားမျိုးနွယ် ဒုက္ခခံစားရခြင်း အသက်တာ ခရီးလမ်း၏ အဆုံးသတ်လည်း ဖြစ်ပါသည်။ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်ကာလသစ်ထဲသို့ ယူဆောင်သွားခြင်း မရှိဘဲ လူသားမျိုးနွယ်၏ အသက်တာကိုလည်း ဆက်လက်အသက်ရှင်ဖို့ ခွင့်ပြုမထားပါ။ ထိုအရာသည် လူသား၏ ဖြစ်တည်မှု သို့မဟုတ် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အဓိပ္ပာယ်မရှိပါ။ လူသားမျိုးနွယ်သည် ဤကဲ့သို့သာ ဆက်လက် အသက်ရှင်သန် နေမည်ဆိုပါက အနှေးနှင့်အမြန် ဆိုသလို သူတို့သည် စာတန်၏ လုံးလုံးလျားလျား ဝါးမြိုခြင်းကို ခံရပြီး၊ ငါပိုင်ဆိုင်သော ဝိညာဉ်များသည်ပင် နောက်ဆုံးတွင် စာတန်လက်ဖြင့် အဖျက်ဆီးခံ ကြရလိမ့်မည်။ ငါ့လုပ်ငန်းသည် နှစ်ပေါင်း ခြောက်ထောင် ကြာညောင်းပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ဆိုးယုတ်သောသူ၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်း ခြောက်ထောင်ထက် မကြာစေရဟု ငါကတိပြုခဲ့သည်။ ထို့ကြောင့် ယခုအချိန်စေ့ပြီ ဖြစ်သည်။ ငါသည် ဆက်လက်လုပ်ဆောင်မည် မဟုတ်သကဲ့သို့ ထပ်၍ နှောင့်နှေးစေတော့မည် မဟုတ်။ နောက်ဆုံးသောကာလ အတောအတွင်း ငါသည် စာတန်ကို နှိမ်နင်းမည်၊ ငါ၏ဘုန်းတန်ခိုး အားလုံးကို ပြန်လည် သိမ်းပိုက်မည်၊ ထို့ပြင် ဘေးဒုက္ခရောက်နေသော ဝိညာဉ်အားလုံး ဒုက္ခပင်လယ်မှ လွတ်မြောက်အောင် ကမ္ဘာပေါ်ရှိ ငါနှင့် သက်ဆိုင်သော ဝိညာဉ်အားလုံးကို ပြန်လည်သိမ်းယူမည်၊ ထိုသို့အားဖြင့် ကမ္ဘာပေါ်ရှိ ငါ့အလုပ်တစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ဤနေ့မှစ၍ ကမ္ဘာပေါ်တွင် ငါသည် ဘယ်တော့မျှ လူ့ဇာတိခံယူမည်မဟုတ်၊ ထို့ပြင် အရာခပ်သိမ်းကို ထိန်းချုပ်သည့် ငါ၏ဝိညာဉ်ကို ကမ္ဘာပေါ်တွင် ဘယ်တော့မျှ လုပ်စေမည် မဟုတ်တော့ပါ။ ကမ္ဘာပေါ်တွင် တစ်ခုသာ ငါလုပ်ဆောင်မည် ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်ကို အသစ်ပြန်ပြုမည်၊ ထိုလူသားမျိုးနွယ်သည် သန့်ရှင်းပြီး၊ ထိုသူတို့သည် ကမ္ဘာပေါ်ရှိ ငါ၏သစ္စာရှိသောမြို့ ဖြစ်လိမ့်မည်။ သို့သော် တစ်လောကလုံးကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်ကြောင်းနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်ကြောင်း သိထားလော့။ ကျန်ရှိသော သုံးပုံတစ်ပုံကို ငါထိန်းသိမ်းမည်၊ ငါ့ကိုချစ်ပြီး ငါက လုံးလုံးလျားလျား သိမ်းပိုက် ထားသော လူသုံးပုံတစ်ပုံကို ကမ္ဘာကြီး၏ ချမ်းသာကြွယ်ဝမှုနှင့် ပေါများစွာသော သိုးများ၊ ကျွဲနွားများဖြင့် အာဟာရဖြည့်တင်း ပေးလျက် ပညတ်တော်အောက်တွင် ဣသရေလလူမျိုးများ ပြုခဲ့ကြ သည့်အတိုင်း ကမ္ဘာပေါ်တွင် မျိုးပွား၊ တိုးပွားစေမည်။ ဤလူသား မျိုးနွယ်သည် ငါနှင့်အတူ ထာဝရ ကျန်ရစ်နေ လိမ့်မည်၊ သို့သော် ၎င်းတို့မှာ စက်ဆုပ်ရွံရှာဖွယ်သော ယခု လူသားမျိုးနွယ်ကဲ့သို့မဟုတ်၊ ငါ၏ရယူခြင်းကို ခံခဲ့ရပြီးသောသူ အားလုံး၏ အစုအဝေးဖြစ်သည့် လူသားမျိုးနွယ်ပင် ဖြစ်သည်။ ထိုကဲ့သို့သော လူသားမျိုးနွယ်သည် စာတန်ကို ငါအောင်နိုင် ပြီးနောက် ကမ္ဘာပေါ်တွင် တည်ရှိသည့် တစ်ခုတည်းသော လူသားမျိုးနွယ် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ စာတန်၏ ဝိုင်းရံထားခြင်း၊ နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း ခံရတော့မည် မဟုတ်ပါ။ ထိုလူသားမျိုးနွယ်သည် ယနေ့တွင် ငါသိမ်းပိုက်ပြီး သောသူများ၊ ငါ၏ကတိကို ရရှိပြီးသောသူများ ဖြစ်ကြသည်။ ထို့ကြောင့် နောက်ဆုံးသောကာလအတောအတွင်း သိမ်းပိုက်ခြင်း ခံရသော လူသားမျိုးနွယ်သည် လွတ်ငြိမ်းခွင့်ရမည့်သူများ ဖြစ်ကြပြီး၊ ငါ၏ ထာဝရ ကောင်းချီးမင်္ဂလာများကို ရရှိခံစားကြလိမ့်မည်။ ထိုအရာသည်သာ စာတန်အပေါ် ငါ့အောင်နိုင်ခြင်းကို ပြသသည့် တစ်ခုတည်းသော သက်သေအထောက်အထား ဖြစ်လိမ့်မည် ဖြစ်ပြီး၊ စာတန်နှင့် ငါ၏တိုက်ပွဲမှ တစ်ခုတည်းသော လက်ရ ပစ္စည်းများ ဖြစ်လာမည်။ စစ်ပွဲ၏ ဤလက်ရပစ္စည်းများသည် စာတန်အုပ်စိုးခြင်း မှ ငါကယ်တင်ပြီး၊ နှစ်ပေါင်း ခြောက်ထောင်ကြာ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ခုတည်းသော အသီးအပွင့်နှင့် မြင်တွေ့နိုင်သော ရလဒ်တို့ဖြစ်သည်။ သူတို့သည် တိုင်းနိုင်ငံခပ်သိမ်း၊ ဂိုဏ်းဂဏ ခပ်သိမ်း၊ နေရာခပ်သိမ်းနှင့် စကြဝဠာတစ်ခွင်ရှိ တိုင်းပြည်ခပ်သိမ်းမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။ သူတို့သည် အမျိုးမျိုးသော မျိုးနွယ်စု၊ အမျိုးမျိုးသော ဘာသာစကား၊ အမျိုးမျိုးသော ရိုးရာနှင့် အသားအရောင် ရှိသောသူများ ဖြစ်ကြပြီး၊ ကမ္ဘာတစ်ဝှမ်း ဂိုဏ်းဂဏ ခပ်သိမ်း၊ တိုင်းနိုင်ငံခပ်သိမ်း၊ ကမ္ဘာ့နေရာ အစွန်ဆုံး အထိတိုင် ပျံ့နှံ့ကြသည်။ နောက်ဆုံး၌ သူတို့သည် စာတန်၏ အင်အားစုများ လက်လှမ်းမမီနိုင်သော လူသားအစုအဝေးတစ်ခု၊ ပြီးပြည့်စုံသော လူသားမျိုးနွယ် တစ်ခုကို ဖွဲ့စည်းရန် အတူတကွ ရောက်လာ ကြလိမ့်မည်။ လူသားမျိုးနွယ်စုထဲမှ ငါ၏ သိမ်းပိုက်ခြင်း၊ ကယ်တင်ခြင်းကို မခံရသော လူသားများသည် ပင်လယ်နက် ထဲတွင် တိတ်တဆိတ် နှစ်မြုပ်သွားမည်ဖြစ်ကာ ငါ၏ လောင်မြိုက်နေသည့် မီးတောက်ထဲတွင် ထာဝရကာလတိုင် လောင်ကျွမ်းခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။ သိုးသငယ်၏ အသားကိုစား၊ သိုးသငယ်၏ အသွေးကိုသောက်ကာ သူတို့၏ တံခါးထုပ်များကို သိုးသငယ်၏ အသွေးဖြင့် အမှတ်အသား ပြုလုပ်သော ဣသရေလလူမျိုးများကို ချန်ရစ်လျက် အဲဂုတ္တုပြည်၏ သားဦးနှင့် ကျွဲနွားတိရစ္ဆာန်များကို ငါသည် အမြစ်ဖြတ် သုတ်သင်ခဲ့ သကဲ့သို့ အလွန့်အလွန် ညစ်ညမ်းသော လူသားမျိုးနွယ်၊ ဤလူဟောင်းများကို ငါအမြစ်ဖြတ် သုတ်သင် ပယ်ရှင်းမည်။ ငါသိမ်းပိုက်ထားပြီးသည့် ငါ့မိသားစုဝင်များ ဖြစ်ကြသော လူများသည် သိုးသငယ်ဖြစ်သည့် ငါ့အသားကိုစား၊ ငါ၏ အသွေးကို သောက်သောသူများ ဖြစ်ကြပြီး၊ ငါရွေးနှုတ်ပြီးသောသူများ၊ ငါ့ကိုကိုးကွယ်သောသူများ မဟုတ်ကြ သလော။ ထိုလူတို့သည် ငါ့ဘုန်းတန်ခိုးနှင့်အတူ အစဉ်အမြဲ ရှိသောသူ မဟုတ်ကြသလော။ သိုးသငယ်ဖြစ်သည့် ငါ၏အသား မပါသော ထိုသူများသည် ပင်လယ်နက်ထဲသို့ တိတ်တဆိတ် နှစ်မြုပ်သွား ပြီးသောသူများ မဟုတ်ကြသလော။ ယနေ့တွင် သင်သည် ငါ့ကိုပုန်ကန်ပြီ၊ ယနေ့ ငါ့စကားများသည် ဣသရေလသားများ၊ မြေးများထံပြောခဲ့သည့် ယေဟောဝါ စကားကဲ့သို့ ဖြစ်သည်။ သို့သော်လည်း သင်တို့ နှလုံးသားများ၏ အနက်ဆုံးအစိတ်အပိုင်း အတွင်းရှိ မာကျောမှုက ငါ့အမျက် ဒေါသကို စုပုံလာနေစေပြီး သင်တို့၏ ကိုယ်ခန္ဓာအပေါ် ဘေးဒုက္ခကို ပိုမိုယူဆောင်လာလျက်၊ သင်တို့၏ အပြစ်များ အတွက် တရားစီရင်မှု ပိုမို ယူဆောင်လာကာ သင်တို့၏ မဖြောင့်မတ်ခြင်းကြောင့် အမျက်ဒေါသ ပိုမိုတိုးပွားစေသည်။ ယနေ့တွင် ငါ့ကို ထိုကဲ့သို့ ဆက်ဆံလျှင် အမျက်ဒေါသနေ့တွင် အဘယ်သူသည် လွတ်မြောက်နိုင်မည်နည်း။ ငါ၏ ပြစ်တင် ဆုံးမခြင်း မျက်စိအောက်မှ အဘယ်သို့သော ဖြောင့်မတ်သူသည် လွတ်မြောက် နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ့လက်တော်မှ အဘယ်သူ၏ အပြစ်များသည် လွတ်မြောက်နိုင်သနည်း။ အနန္တတန်ခိုးရှင် ငါ့တရားစီရင်ခြင်းမှ အဘယ်သူ၏ အာဏာ ဖီဆန်ခြင်းသည် လွတ်မြောက်နိုင်မည်နည်း။ ငါ ယေဟောဝါသည် တစ်ပါးအမျိုးသား မိသားစုမှ ဆင်းသက်လာသော သင်တို့ကို ပြောနေသည်။ ငါသင်တို့ကို မိန့်ဆိုသည့်စကားမှာ ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့ကို ကျော်လွန် သော်လည်း သင်တို့သည် အဲဂုတ္တုလူမျိုးများထက် မာကျော ကြသည်။ ငါသည် ငါ၏အလုပ်ကို ငြိမ်းချမ်းစွာ လုပ်နေစဉ် ငါ၏ အမျက်ဒေါသကို သင်တို့ သိုထားကြသည် မဟုတ်လော။ အနန္တတန်ခိုးရှင် ငါ့နေ့ရက်မှ အနာတရမဖြစ်ဘဲ သင်တို့သည် အဘယ်သို့ လွတ်မြောက် နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမျက်ဒေါသကျရောက်မည့်နေ့ကို အသွေးအသားနှင့် စပ်ဆိုင်သောသူ အဘယ်သူမျှ မလွတ်မြောက်နိုင်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၃၇)

သင်တို့အထဲတွင် ငါသည် ဤနည်းကဲ့သို့ စကားပြောပြီးပြီ၊ အလုပ်လုပ်ဆောင်ပြီးပြီ၊ များစွာသော ခွန်အားနှင့် အားထုတ် ကြိုးစားမှုများလည်း ပြုပြီ၊ သို့သော် ရှင်းလင်းစွာ ငါပြောသည့် အရာကို ဘယ်အချိန်က သင်တို့နားထောင်ဖူးသနည်း။ အနန္တတန်ခိုးရှင် ငါ့ကို အဘယ်မှာ ဦးချကြသနည်း။ အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ အဘယ်ကြောင့် သင်တို့ ပြောသမျှနှင့် လုပ်ဆောင်သမျှသည် ငါ့အမျက်ဒေါသကို နှိုးဆော်သနည်း။ အဘယ်ကြောင့် သင့်တို့ နှလုံးသားများသည် အလွန် မာကျောသနည်း။ ငါသင်တို့ကို အလဲထိုးဖူးပါသလား။ ငါ့ကို ဝမ်းနည်း၊ ပူပန်စေခြင်းမှတစ်ပါး အဘယ်ကြောင့် ဘာမှမလုပ်ကြသနည်း။ သင်တို့အပေါ် ငါယေဟောဝါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို စောင့်နေ ကြသလော။ သင်တို့၏ မနာခံမှုက ထွက်စေသည့် ငါ့အမျက်ဒေါသကို စေလွှတ်ဖို့ သင်တို့စောင့်နေသလော။ ငါလုပ်ဆောင်သမျှသည် သင့်တို့အတွက် မဟုတ်သလော။ သို့သော်လည်း သင်တို့သည် ယေဟောဝါဖြစ်သည့် ငါ့ကို ဤနည်းအားဖြင့် အမြဲဆက်ဆံ နေပါပြီတကား၊ ငါ၏ ယစ်ပူဇော်သက္ကာကို သင်တို့ခိုးယူပြီး၊ ငါ့ယဇ်ပလ္လင်ပေါ်ရှိ အလှူကို လည်း သားပေါက်များနှင့် သားပေါက်များ၏ သားပေါက်များကို ကျွေးဖို့ အိမ်မှ ဝံပုလွေ၏ သားရဲတွင်းသို့ ယူသွားပေသည်။ လူတို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်ကြခိုက်ကြပြီ၊ အချင်းချင်း အမျက်ဒေါသလောင်မြိုက်စွာ မျက်နှာချင်းဆိုင်လျက် ဓါးများ၊ လှံများဖြင့် ရင်ဆိုင်ကြပါပြီတကား၊ အနန္တတန်ခိုးရှင် ငါ့စကားကိုလည်း မစင်ကဲ့သို့ ညစ်ညမ်းအောင် အိမ်သာ အတွင်းသို့ ပစ်ပါပြီတကား။ သင်တို့၏ တည်ကြည်မှုက အဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝသည် သားရဲသဘော သဘာဝ ဖြစ်လာပြီ။ သင်တို့၏ နှလုံးသားများသည် ကျောက်တုံးပမာ ပြောင်းလဲသွားသည်မှာ ကြာလှပြီ။ ငါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့သည် အနန္တတန်ခိုးရှင် ငါ့ကို ယနေ့ ဆန့်ကျင်လျက် မကောင်းသော အရာများအား ပြုလုပ် နေသောသူများကို ငါက တရားစီရင်မည့်အချိန် ဖြစ်သည်ကို သင်တို့ မသိသလော။ ဤကဲ့သို့ ငါ့ကိုအရူးလုပ်ရင်း၊ ငါ၏စကားကို နားမထောင်ဘဲ ငါ၏စကားကို ရွှံ့နွံထဲသို့ ပစ်ချလျက်၊ ဤကဲ့သို့ ငါ့နောက်ကွယ်တွင် လုပ်ဆောင်လျက် ငါ့အမျက်ဒေါသနှင့် ပြည့်နေသော စူးစိုက်ကြည့်ခြင်းမှ လွတ်မြောက်နိုင်မည် ထင်သလော။ ငါ၏ ယစ်ပူဇော်သက္ကာကို လုယူချိန်နှင့် ငါ့ပစ္စည်း ဥစ္စာကို တပ်မက်နေချိန် ငါယေဟောဝါ၏ မျက်စိဖြင့် သင်တို့ကို တွေ့မြင်ပြီဖြစ်ကြောင်း သင်တို့မသိသလော။ ငါ့ယစ်ပူဇော် သက္ကာကို လုယူသည့်နေရာသည် ပူဇော်သက္ကာကို ပေးလှူ သည့်နေရာ ယဇ်ပလ္လင် ရှေ့မှောက်တွင် ဖြစ်ကြောင်း သင်တို့မသိ သလော။ ဤနည်းအားဖြင့် ငါ့ကို လှည့်ဖြားရန် သင်တို့ကိုယ် သင်တို့ ပါးနပ်လှပြီဟု အဘယ်ကြောင့် ယုံကြည်နိုင်သနည်း။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သင်တို့၏ အပြစ်မှ ငါ့အမျက်ဒေါသသည် အဘယ်သို့ ထွက်သွားနိုင်မည်နည်း။ မကောင်းသည့် သင်တို့၏အပြုအမူများမှ အဘယ်သို့ ပြင်းထန်သော ငါ့အမျက်ကို ကျော်သွားစေနိုင်မည်နည်း။ ယနေ့ သင်တို့ ကျူးလွန်သည့် မကောင်းသောအရာများသည် သင်တို့အတွက် လမ်းမဖွင့်ပေးဘဲ သင်တို့၏ မနက်ဖြန်အတွက် ပြစ်တင်ဆုံးမခြင်းကို သိုထားလေပြီ၊ အနန္တတန်ခိုးရှင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို လှုံ့ဆော်နေပြီ။ မကောင်းသည့် သင်တို့၏ အပြုအမူများနှင့် မကောင်းသော သင်တို့၏စကားလုံးများက ငါ၏ ပြစ်တင်ဆုံးမခြင်းမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ သင်တို့၏ ဆုတောင်းချက် များသည် အဘယ်သို့ ငါ၏နားဆီသို့ ရောက်ရှိလာနိုင်မည်နည်း။ သင်တို့၏ မဖြောင့်မတ်ခြင်းအတွက် အဘယ်သို့ ငါလမ်းဖွင့်ပေး နိုင်မည်နည်း။ ငါ့အာဏာကို ဖီဆန်သည့် သင်တို့၏ မကောင်းသည့် အပြုအမှုများကို အဘယ်သို့ ခွင့်လွှတ်နိုင်မည်နည်း။ မြွေကဲ့သို့ အဆိပ်ရှိသည့် သင်တို့၏ လျှာများကို အဘယ်ကြောင့် ငါမဖြတ်နိုင် ရမည်နည်း။ သင်တို့သည် သင်တို့၏ ဖြောင့်မတ်ခြင်းအတွက် ငါ့ကို ဖိတ်ခေါ်မည့်အစား သင်တို့၏ မဖြောင့်မတ်ခြင်းက ငါ့အမျက် ဒေါသကို သိုထားနေပြီ။ သင်တို့ကို အဘယ်သို့ ငါသည် ခွင့်လွှတ်နိုင် မည်နည်း။ အနန္တတန်ခိုးရှင် ငါ၏ မျက်စိအောက်တွင် သင်တို့၏ အပြုအမူများနှင့် အပြောအဆိုများသည် ညစ်ညမ်းညစ်ပတ်နေသည်။ အနန္တတန်ခိုးရှင် ငါ၏ မျက်စိအောက်တွင် သင်တို့၏ မဖြောင့်မတ်ခြင်းကို မငဲ့ညှာရမည့် ပြစ်တင်ဆုံးမခြင်းအဖြစ် တွေ့မြင်သည်။ ငါ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင် ဆုံးမခြင်းသည် သင်တို့ထံမှ အဘယ်သို့ ထွက်ခွာသွားနိုင်မည်နည်း။ ဤကဲ့သို့ ငါ့အပေါ် ပြုလုပ်နေခြင်းက ငါ့ကို အမျက်ဒေါသထွက်စေ၊ ဝမ်းနည်း စေသောကြာင့် ငါ ယေဟောဝါ၏ လက်တော်နှင့် ကျိန်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနေ့မှ သင်တို့ကို အဘယ်သို့ လွတ်မြောက်စေ နိုင်မည်နည်း။ မကောင်းသည့် သင်တို့စကားများနှင့် ဖွင့်ဆိုချက် တို့သည် ငါ၏နားထဲထိ ရောက်ရှိပြီဖြစ်ကြောင်း သင်တို့မသိ သလော။ သင်တို့၏ မဖြောင့်မတ်မှုက ငါ၏ သန့်ရှင်းသော ဖြောင့်မတ်ခြင်း ဝတ်လုံကို အသရေ ဖျက်ပြီဖြစ်ကြောင်း သင်တို့မသိသလော။ သင်တို့၏ မနာခံမှုက ငါ၏ ပြင်းထန်သောဒေါသကို ထွက်စေသည်ကို သင်တို့ မသိသလော။ ငါ၏ ဒေါသအမျက်ကို ခြောင်းခြောင်း ထွက်စေပြီး၊ ငါ့စိတ်ရှည်မှုကို သင်တို့ စမ်းသပ်နေသည်မှာလည်း ကြာရှည်ပြီ ဖြစ်ကြောင်း သင်တို့မသိသလော။ ငါ့ကိုယ်ခန္ဓာကို အဝတ်စုတ် ဖြစ်အောင် သင်တို့ဖျက်ဆီးပြီး ဖြစ်သည်ကို သင်တို့ မသိပါ သလော။ ယခုအချိန်ထိ ငါ့အမျက်ဒေါသ ထွက်စေခြင်းကို သည်းခံခဲ့ပြီ၊ ပို၍ စိတ်ရှည်သည်းခံမည် မဟုတ်တော့ပါ။ မကောင်းသည့် သင့်အပြုအမူများသည် ငါ၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာပြီး၊ ငါ့ငိုကြွေးသံသည် အဖခမည်းတော်၏ နားတော် ထဲသို့ ရောက်ရှိပြီးဖြစ်ကြောင်း သင်တို့ မသိပါသလော။ ဤကဲ့သို့ ငါ့အား ဆက်ဆံခြင်းကို သူသည် သင်တို့ကို အဘယ်သို့ ခွင့်ပြု လိမ့်မည်နည်း။ သင်တို့အထဲတွင် ငါလုပ်ဆောင်သော အလုပ်သည် သင်တို့အတွက် မဟုတ်သလော။ သို့သော်လည်း ငါ ယေဟောဝါ၏ အလုပ်ကို သင်တို့ထဲမှ မည်သူက ပိုမိုနှစ်သက်လာသနည်း။ ငါသည် ပြင်းထန်စွာ ဝေဒနာ ခံစားသောကြောင့်လည်းကောင်း၊ ငါသည် အားနည်းသောကြောင့်လည်းကောင်း ငါ့ခမည်းတော်ထံ သစ္စာမရှိဘဲ နေနိုင်ပါသလော။ ငါ့စိတ်နှလုံးကို သင်တို့ မသိနားမလည်နိုင် ကြသလော။ သင်တို့အတွက် များစွာသောအရာများကို ငါစွန့်လွှတ်ပြီ မဟုတ်လော၊ ယေဟောဝါ ပြောခဲ့သကဲ့သို့ သင်တို့ကို ငါပြောသည်။ ငါ့ခမည်းတော်၏ အမှုတော်အတွက် ဤဒုက္ခများစွာကိုခံရန် ဆန္ဒရှိသော်လည်း ငါခံစားရသော ဒုက္ခဝေဒနာ၏ ရလဒ်အနေဖြင့် သင်တို့အပေါ် ငါယူဆောင်လာမည့် ပြစ်တင်ဆုံးမခြင်းမှ သင်တို့ အဘယ်သို့ ထွက်ပြေးနိုင်မည်နည်း။ ငါ့ကြောင့် ပျော်ရွှင်ခဲ့ရပြီ မဟုတ်လော။ ယနေ့တွင် ငါ့ကိုသင်တို့အား ခမည်းတော်က အပ်နှင်း ထားပြီးဖြစ်သည်၊ ငါ၏ ကြွယ်ဝသော စကားများထက် များစွာနှစ်သက်ကြကြောင်း သင်တို့မသိပါသလော။ သင်တို့ နှစ်သက်သောအရာ၊ သင်တို့အသက်အတွက်နှင့် ငါ့အသက်ကို အလဲအလှယ် လုပ်လိုက်ကြောင်း သင်တို့မသိပါသလော။ ငါ့အသက်ကို စာတန်နှင့် တိုက်ခိုက်ရာတွင် အသုံးပြုပြီး၊ ငါ့အသက် ကိုလည်း သင်တို့အပေါ်ပေးဆပ်ကြောင်း၊ အဆတစ်ရာ လက်ခံရရှိရန်နှင့် များစွာသော သွေးဆောင်ဖြားယောင်းခြင်းကို သင်တို့ရှောင်ရှားနိုင်ရန် ဖြစ်ကြောင်း သင်တို့မသိကြသလော။ များစွာသော သွေးဆောင်ဖြားယောင်းခြင်း၊ များစွာသော ပြင်းထန်သည့် ပြစ်တင်ဆုံးမခြင်းများမှ သင်တို့ကင်းလွတ်ခြင်း သည် ငါ့လုပ်ဆောင်ချက်ကြောင့် ဖြစ်သည်ကို သင်တို့မသိကြ သလော။ ယနေ့အချိန်ထိ သင်တို့ ပျော်ရွှင်နိုင်ရခြင်းသည် ငါ့အားဖြင့်သာ ခမည်းတော်က ခွင့်ပြုထားသည်ကို သင်တို့ မသိကြသလော။ ယနေ့ သင်တို့၏ နှလုံးသားများအပေါ် အသားမာတက်နေသကဲ့သို့ သင်တို့သည် အဘယ်ကြောင့် မာကျော၍ အလျှော့မပေးဘဲ ရှိနေရသနည်း။ လောကမှ ငါထွက်ခွာသွားမည့်အချိန်မှ စတင်ကာ ကျရောက်မည့် အမျက်ဒေါသကျရောက်သည့်နေ့တွင် ယနေ့ သင်တို့ ကျူးလွန်သော မကောင်းသည့်အရာသည် အဘယ်သို့ လွတ်မြောက် နိုင်မည်နည်း။ ငါသည် အလွန်မာကျော၍ အလျှော့မပေးသော ထိုသူတို့ကို ယေဟောဝါ၏ အမျက်ဒေါသမှ အဘယ်သို့ လွတ်မြောက်ခွင့်ပေးနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမျက်ဒေါသကျရောက်မည့်နေ့ကို အသွေးအသားနှင့် စပ်ဆိုင်သောသူ အဘယ်သူမျှ မလွတ်မြောက်နိုင်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၃၈)

အတိတ်ကာလကို ပြန်လည်တွေးတော စဉ်းစားပါ။ ဘယ်အချိန်၌ သင်တို့အပေါ် ငါ၏ အသံတင်းမာဖူးသနည်း၊ ဘယ်အချိန်၌ သင်တို့အပေါ် ငါစိတ်ဆိုးဒေါသဖြင့် ကြည့်ခဲ့ဖူး သနည်း။ ဘယ်အချိန်က သင်တို့ကို ငါအသေးစိတ် စစ်ဆေးခဲ့ သနည်း။ ဘယ်အချိန်က သင်တို့ကို မတန်တဆ ငါအပြစ်ဖော် ဆုံးမခဲ့သနည်း။ သင်တို့ရှေ့၌ ဘယ်အချိန်က သင်တို့ကို အပြစ်ဖော်ဆုံးမခဲ့ပြီးသနည်း။ သင်တို့ကို သွေးဆောင် ဖြားယောင်းခြင်းတိုင်းမှ ထိန်းသိမ်းရန် ငါ့ခမည်းတော်ကို ငါတောင်းခံခြင်းသည် ငါ့အလုပ်အတွက် မဟုတ်ပါသလော။ သင်တို့သည် အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြ သနည်း။ ငါ၏အာဏာကို အသုံးချပြီး သင့်ကိုယ်ခန္ဓာကို တိုက်ခိုက်ဖူးပြီလော။ အဘယ်ကြောင့် ထိုကဲ့သို့ ငါ့ကို ပြန်ပေးသနည်း။ ငါ့ဆီသို့ အပူနှင့်အအေးကို မှုတ်ထုတ်ပြီးမှ သင်တို့သည် အေးလည်းမအေး၊ ပူလည်းမပူဘဲ၊ ငါ့ကို မြှောက်ထိုးပင့်ကော်လုပ်ရန်နှင့် ငါ့ထံမှ အမှုအရာများကို ကွယ်ဝှက်ရန် ကြိုးစားလျက်၊ သင်တို့၏ နှုတ်များသည်လည်း မဖြောင့်မတ်မှုများ ဖြင့်သာ ပြည့်နှက်နေသည်။ သင်တို့၏ လျှာများသည် ငါ၏ ဝိညာဉ်ကို လိမ်လည်နိုင်မည်ဟု ထင်သလော။ သင်တို့၏ လျှာများသည် ငါ၏အမျက်ဒေါသအောက်မှ လွတ်မြောက်နိုင် မည်ဟု ထင်ပါသလော။ သင်တို့ အလိုရှိတိုင်း၊ သင်တို့၏ လျှာများသည် ငါယေဟောဝါဆောင်ရွက်သည့် တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်မည် ထင်ပါသလော။ ငါသည် လူသားများ၏ ပြစ်တင်ဝေဖန်ခြင်း ခံရသည့် ဘုရားသခင်လော။ ထိုသို့ဆိုလျှင် သေးငယ်သော လောက်ကောင်အား ငါ့ကိုကျိန်ဆဲရန် ငါခွင့်ပြုနိုင်သလော။ ထိုကဲ့သို့သော မနာခံသောသားများကို ငါ၏ ထာဝရ ကောင်းကြီးမင်္ဂလာများထဲသို့ အဘယ်သို့လျှင် ထည့်သွင်း နိုင်မည်နည်း။ သင်တို့၏ အပြုအမူများနှင့် အပြောအဆိုများသည် သင်တို့ကို အပြစ်တင်၊ အပြစ်ဖော်ပြလေပြီ။ ငါသည် မိုးကောင်းကင်ကို ဖြန့်ကြက်သောအခါနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသောအခါ ငါဖန်ဆင်းထားသော အရာများကို သူတို့အလိုရှိသည် အတိုင်း ပါဝင်ခွင့်မပြုခဲ့ပေ၊ သူတို့အလိုရှိတိုင်း ငါ၏စီမံခန့်ခွဲမှု၊ ငါ၏ အလုပ်များကို အနှောင့်အယှက်ပေးရန် သာ၍ ခွင့်မပြုခဲ့ပေ။ အဘယ်အရာမဆို သို့မဟုတ် မည်သည့်လူသားကိုမဆို ငါသည်းမခံပါ၊ ငါ့အပေါ် ရက်စက်သော သူများနှင့် လူသားမဆန်သောသူများကို အဘယ်သို့ ငါသည် လွတ်ငြိမ်းချမ်းသာခွင့် ပြုနိုင်မည်နည်း။ ငါ၏ စကားကို ဆန့်ကျင် တိုက်ခိုက်သောသူကို အဘယ်သို့ ငါခွင့်လွှတ်နိုင်မည်နည်း။ ငါ့အား မနာခံသောသူများကို အဘယ်သို့ လွှတ်ပေးနိုင်မည်နည်း။ လူသားများ၏ ကံကြမ္မာသည် ငါအနန္တတန်ခိုးရှင်၏ လက်ထဲတွင် ရှိသည်မဟုတ်လော။ သင်၏ မဖြောင့်မတ်ခြင်းနှင့် မနာခံခြင်းတို့ကို သန့်ရှင်းသည်ဟု အဘယ်သို့ ငါသတ်မှတ်နိုင် မည်နည်း။ သင်၏အပြစ်က ငါ၏သန့်ရှင်းခြင်းကို အဘယ်သို့ ညစ်ညမ်းစေနိုင်မည်နည်း။ မဖြောင့်မတ်သော သူများ၏ မသန့်ရှင်းမစင်ကြယ်ခြင်းက ငါ့ကို မညစ်ညမ်းစေနိုင်ပါ၊ မဖြောင့်မတ်သူများ၏ အလှူများကိုလည်း ငါမနှစ်သက်ပါ။ ယေဟောဝါဖြစ်သည့် ငါ့အပေါ် သင်သည် သစ္စာရှိမည်ဆိုပါက ငါ၏ယဇ်ပလ္လင်ရှိ ယစ်ပူဇော် သက္ကာကို သင့်အတွက် မည်သို့လျှင် ယူဆောင်သွားနိုင်သနည်း။ ငါ၏သန့်ရှင်းသောနာမကို ကျိန်ဆဲရန် အဆိပ်နှင့်ပြည့်သော သင့်လျှာကို အသုံးပြုနိုင်လိမ့်မည်လော။ ဤနည်းအားဖြင့် ငါ့စကားကို ဆန့်ကျင်ပုန်ကန်နိုင်လိမ့် မည်လော။ ငါ၏ သန့်ရှင်းသော အမည်နာမနှင့် ဘုန်းတော်ကို ဆိုးယုတ်သောသူဖြစ်သည့် စာတန်ကို အစေခံရာတွင် တန်ဆာအဖြစ် အသုံးပြုနိုင်လိမ့်မည်လော။ သန့်ရှင်းသောသူများ ပျော်မွေ့ရန်အလို့ငှာ ငါ၏အသက်ကို ထောက်ပံ့ ထားခြင်း ဖြစ်သည်။ သင်အလိုရှိသည့်အတိုင်း ငါ၏အသက်ကို ကစားရန် အဘယ်သို့ ငါခွင့်ပြုပေးနိုင်မည်နည်း၊ ထို့ပြင် သင်တို့ကြား ပြဿနာဖြစ်စိမ့်သောငှာ လက်နက်တန်ဆာအဖြစ် အသုံးပြုရန် အဘယ်သို့ ငါခွင့်ပြုပေးနိုင်မည်နည်း။ အဘယ်ကြောင့် သင်တို့သည် ငါနှင့် ပတ်သက်လာလျှင် အကြင်နာ အလွန်ကင်းမဲ့ နိုင်ရသနည်း၊ ကောင်းသောအရာများလည်းမရှိ။ ဤအသက်စာစောင်ထဲတွင် သင်တို့၏ မကောင်းသည့် အပြုအမူများကို ငါရေးမှတ်ထား ပြီဖြစ်ကြောင်း သင်တို့မသိပါသလော။ ငါသည် အဲဂုတ္တုပြည်ကို ဆုံးမသော အချိန်၌ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အဘယ်သို့ သင်လွတ်မြောက်နိုင်မည်နည်း။ ဤနည်းအားဖြင့် ငါ့ကို ထပ်ခါတလဲလဲ ဆန့်ကျင်ပြီး၊ ညစ်ညမ်းစေရန် ငါသည် သင်တို့ကို အဘယ်သို့ခွင့်ပြုနိုင်မည်နည်း။ ငါသင်တို့ကို ရှင်းရှင်းလင်းလင်း ပြောမည်၊ အချိန်ကျရောက် လာသောအခါ သင်တို့ကို ပြစ်တင်ဆုံးမခြင်းသည် အဲဂုတ္တုပြည်ကို ဆုံးမခြင်းထက် ပိုမို မခံမရပ်နိုင်အောင် ဖြစ်လာလိမ့်မည်။ ငါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အဘယ်သို့ သင်တို့ လွတ်မြောက်နိုင် မည်နည်း။ ငါ ဧကန်အမှန် ဆိုသည်ကား၊ ငါ၏သည်းခံခြင်းသည် မကောင်းသော သင်တို့၏ အပြုအမူများအတွက် ပြင်ဆင် ထားခြင်းဖြစ်ပြီး၊ ထိုနေ့ရက်၌ သင်တို့ကို ပြစ်တင်ဆုံးမရန် တည်ရှိခြင်းဖြစ်သည်။ ငါ၏ သည်းခံနိုင်မှုသည် အဆုံးသို့ ရောက်ရှိလာသည်နှင့် အမျက်ဒေါသ တရားစီရင်ခြင်းကို ခံရမည့်သူသည် သင်တို့မဟုတ်သလော။ အရာခပ်သိမ်းသည် ငါအနန္တတန်ခိုးရှင်၏ လက်ထဲ၌ ရှိသည် မဟုတ်လော။ ကောင်းကင်အောက်တွင် ငါ့အားမနာခံဖို့ သင်တို့ကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ကြွရောက်လာမည်ဟု ကြိုတင်ဟောထားကြ သော်လည်း မည်သည့်အခါမျှ ပြန်မလာ သေးသည့် မေရှိယနှင့် သင်တို့တွေ့ဆုံပြီ ဖြစ်သောကြောင့် သင်တို့ ဘဝသည် အလွန်ခက်ခဲလိမ့်မည်။ သင်တို့သည် သူ၏ရန်သူ မဟုတ်သလော။ ယေရှုသည် သင်တို့နှင့် မိတ်ဆွေဖြစ်လာပြီ ဖြစ်သော်လည်း သင်တို့သည် မေရှိယ၏ ရန်သူဖြစ်နေဆဲ ပင်ဖြစ်သည်။ သင်တို့သည် ယေရှုနှင့် မိတ်ဆွေဖြစ်သော်လည်း သင်တို့၏ မကောင်းသော အပြုအမူများက စက်ဆုပ်ဖွယ် ကောင်းသော သူများ၏ အိုးကိုဖြည့်နေပြီဆိုသည်ကို သင်တို့ မသိသလော။ သင်တို့သည် ယေဟောဝါနှင့် အလွန်နီးကပ်သော်လည်း မကောင်းသော သင်တို့၏ အပြောအဆိုများသည် ယေဟောဝါ၏ နားတော်ထဲသို့ရောက်ပြီး သူ၏ အမျက်ဒေါသကို လှုံ့ဆော်သည်ကို သင်တို့မသိပါသလော။ သူသည် အဘယ်သို့ သင်နှင့်နီးကပ်နိုင် မည်နည်း၊ မကောင်းသော အပြုအမူများနှင့် ပြည့်နှက်နေသည့် သင့်အိုးကို သူသည် အဘယ်ကြောင့် မီးရှို့ မဖျက်ဆီးနိုင်ရမည်နည်း။ သူသည် သင့်ရန်သူ အဘယ်ကြောင့် မဖြစ်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမျက်ဒေါသကျရောက်မည့်နေ့ကို အသွေးအသားနှင့် စပ်ဆိုင်သောသူ အဘယ်သူမျှ မလွတ်မြောက်နိုင်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၃၉)

ငါ့ကို နားပူနားဆာလုပ်ခဲ့သည့် သင်၏ အလိုလိုက်သောဇာတိကို ယခု ငါကြည့်နေပြီး၊ ငါသည် သင့်ကို ပြစ်တင်ဆုံးမမှုဖြင့် “အစေခံ” မည် မဟုတ်သော်လည်း၊ သင့်အတွက် သေးငယ်သော သတိပေးချက်တစ်ခုသာ ငါ၌ ရှိ၏။ ငါ၏ အလုပ်၌ သင် မည်သည့် အခန်းကဏ္ဍ၌ ပါဝင်သည်ကို သိသင့်ပြီး၊ ထို့နောက်တွင် ငါ စိတ်ကျေနပ်လိမ့်မည်ဖြစ်သည်။ ဤအရာထက် ကျော်လွန်သော ကိစ္စရပ်များတွင်၊ သင်သည် ငါ့ကို ခုခံပါက၊ သို့မဟုတ် ငါ၏ ငွေကို သုံးပါက၊ သို့မဟုတ် ငါ ယေဟောဝါအတွက် ဖြစ်သော ယဇ်ကောင်များကို စားသုံးပါက၊ သို့မဟုတ် အသင် လောက်ကောင်တို့သည် အချင်းချင်း ကိုက်ကြပါက၊ သို့မဟုတ် အသင် ခွေးနှင့်တူသော သတ္တဝါများသည် ပဋိပက္ခများ ရှိပါက သို့မဟုတ် အချင်းချင်း စော်ကားခြင်းများ ရှိပါက- ထိုသို့သောအရာ တစ်ခုတစ်လေကို ငါ စိတ်ဝင်စားခြင်းမရှိ။ သင်တို့ မည်သည့်အရာ အမျိုးအစားများ ဖြစ်ကြသည်ကိုသာ သင်တို့သိဖို့လိုပြီး ငါသည် စိတ်ကျေနပ်လိမ့်မည်။ ဤအရာများအားလုံးမှအပ၊ သင်တို့အချင်းချင်း တစ်ဦးပေါ်တစ်ဦး လက်နက်များ ဆွဲထုတ်လိုကြပါက သို့မဟုတ် စကားလုံးများဖြင့် အချင်းချင်း တိုက်ခိုက်လိုကြပါက၊ ကိစ္စမရှိပေ။ ထိုသို့သော အရာများ၌ စွက်ဖက်ဖို့ရန် ငါဆန္ဒမရှိသကဲ့သို့၊ လူသားကိစ္စရပ်များတွင် ငါသည် အနည်းငယ်မျှ ပါဝင်ပတ်သက်မှု မရှိပေ။ ယင်းမှာ သင်တို့ကြားက ပဋိပက္ခများကို ငါအရေးမစိုက်ခြင်း မဟုတ်။ ငါသည် သင်တို့ထဲက တစ်ဦးမဟုတ်သောကြောင့် သင်တို့အကြားရှိသည့် အရေးကိစ္စများတွင် ငါမပါဝင်ခြင်း ဖြစ်သည်။ ငါကိုယ်တိုင်သည် အဖန်ဆင်းခံသတ္တဝါ တစ်ဦးမဟုတ်သကဲ့သို့၊ လောကနှင့် မဆိုင်ချေ၊ ထို့ကြောင့် ငါသည် လူတို့၏ ယောက်ယက်ခတ်နေသော ဘဝနှင့် ၎င်းတို့ကြားက ရှုပ်ထွေးသော၊ မလျော်ကန်သော ဆက်ဆံရေးများကို ငါ စက်ဆုပ်၏။ ငါသည် ကျွက်ကျွက်ညံသော လူအစုအဝေးများကို အထူးသဖြင့် စက်ဆုပ်၏။ သို့သော် အဖန်ဆင်းခံ သတ္တဝါအသီးသီး၏ စိတ်နှလုံးများထဲက မစင်ကြယ်မှုများနှင့်ဆိုင်သော နက်နဲသည့် အသိပညာတစ်ခု ငါ၌ရှိပြီး၊ သင်တို့ကို မဖန်ဆင်းမီတွင်၊ လူသား စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း တည်ရှိခဲ့သည့် မတရားမှုကို ငါသိနှင့်ပြီးဖြစ်ကာ၊ လူသားစိတ်နှလုံးထဲက လှည့်စားခြင်းနှင့် ကောက်ကျစ်ခြင်းများအားလုံးကို ငါသိခဲ့သည်။ ထို့ကြောင့် လူတို့က မတရားသောအမှုတို့ကို လုပ်ဆောင်သည့်အခါ သဲလွန်စများ လုံးဝမရှိသော်လည်း သင်တို့၏ စိတ်နှလုံးများထဲတွင် သိုထားသော မတရားမှုသည် ငါဖန်ဆင်းခဲ့သော အရာခပ်သိမ်း၏ ပေါများကြွယ်ဝမှုထက် သာလွန်ကြောင်းကို ငါသိနေဆဲဖြစ်၏။ သင်တို့ အယောက်တိုင်းသည် လူအမြောက်အများ၏ အမြင့်ဆုံးသော အထွတ်သို့ တက်ကြပြီးဖြစ်သည်။ လူအမြောက်အများ၏ ဘိုးဘေးများဖြစ်ဖို့ရန် သင်တို့ တက်ခဲ့ကြပြီးဖြစ်သည်။ သင်တို့သည် အလွန့်အလွန် ထင်တိုင်းကြဲကြကာ ငြိမ်းအေးသော နေရာတစ်ခုကို ရှာဖွေရင်းနှင့် သင်တို့ထက် ပိုသေးငယ်သော လောက်ကောင်များကို ဝါးမျိုရန် ကြိုးပမ်းလျက်၊ လောက်ကောင်များ အားလုံးကြားတွင် ဒေါသတကြီး လျှောက်ရမ်းကြသည်။ သင်တို့သည် သမုဒ္ဒရာအောက်ခြေ၌ နစ်မြုပ်သွားကြသော သရဲတစ္ဆေများထက်ပင် ကျော်လွန်ပြီး သင်တို့၏ စိတ်နှလုံးများတွင် မလိုမုန်းထားကြကာ ရက်စက် ယုတ်မာတတ်ကြသည်။ သင်တို့သည် လောက်ကောင်များကို မငြိမ်းချမ်းစေသည်အထိ ထိပ်မှ အောက်ခြေသို့တိုင် နှောင့်ယှက်ကြရင်း၊ အချင်းချင်း တစ်ခဏမျှ တိုက်ခိုက်ကြပြီးနောက် ပြန်ငြိမ်သွားကြရင်း နောက်ချေး၏ အောက်ခြေတွင် နေထိုင်ကြသည်။ သင်တို့၏နေရာကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ထိုသို့သော ရုန်းကန်လှုပ်ရှားခြင်းမှ သင်တို့ မည်သည့်အရာ ရရှိနိုင်သနည်း။ သင်တို့ စိတ်နှလုံးထဲတွင် ငါ့အတွက် ကြောက်ရွံ့မှု အမှန်တကယ် ရှိခဲ့ပါက၊ ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် တိုက်ခိုက်နိုင် ကြမည်နည်း။ သင့်အဆင့်အတန်း မည်မျှမြင့်မားပါစေ သင်သည် နောက်ချေး ထဲက နံဟောင်နေသော တီကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာ နိုင်လိမ့်မည်လော။ အသင် နံဟောင်နေသော တီကောင်ငယ်လေးများသည် ငါယေဟောဝါ၏ ယဇ်ပလ္လင်ထက်က ယဇ်များကို ခိုးယူကြ၏။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်တို့၏ ပျက်စီးနေသော၊ ကျရှုံးခဲ့သော နာမည်ဂုဏ်သတင်းကို ဆယ်တင်နိုင်ကာ အရွေးချယ်ခံ ဣသရေလ၏လူမျိုး ဖြစ်လာနိုင်သလော။ သင်တို့သည် အရှက်မဲ့သော စုတ်ချာနေသည့်သူများ ဖြစ်ကြသည်။ ယဇ်ပလ္လင်ပေါ်က ထိုယဇ်များသည် ငါ့ကို ကြောက်ရွံ့ကြသော သူများထံမှလာသည့် သဒ္ဓါတရားရှိသော စိတ်ခံစားချက်များကို ဖော်ပြချက် အနေဖြင့် လူတို့က ငါ့ကို ပူဇော်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ငါထိန်းချုပ်ဖို့အတွက်ဖြစ်ပြီး ငါအသုံးပြုဖို့အတွက် ဖြစ်သည်၊ ထို့ကြောင့် ငါ့ကို လူတို့ ပေးထားသော ချိုးငှက်ငယ်လေးများကို ငါ့ထံမှ သင်တို့ အဘယ်သို့ လုယက်ဖို့ ဖြစ်နိုင်သနည်း။ ယုဒတစ်ဦး ဖြစ်လာမည်ကို သင် မကြောက်သလော။ သင့်မြေသည် သွေးမြေဖြစ်လာမည်ကို သင်မကြောက်သလော။ အရှက်မဲ့လိုက်သည့် အသင်။ လူတို့ပူဇော်ထားသည့် ချိုးငှက်ငယ်လေးများသည် အသင် လောက်ကောင်၏ ဝမ်းကို အာဟာရ ဖြည့်တင်းဖို့ဟု ထင်သလော။ သင့်ကို ငါပေးပြီးသောအရာသည် ငါ အားရကျေနပ်ကာ လိုလိုလားလား ပေးခဲ့သော အရာဖြစ်သည်။ ငါသင့်ကို မပေးထားသော အရာသည် ငါအလိုရှိသလို အသုံးပြုနိုင်သော အရာဖြစ်၏။ ငါ၏ ယဇ်များကို သင် လုံးဝခိုးယူ၍ မရ။ အလုပ်လုပ်သောသူမှာ ငါ ယေဟောဝါ- ဖန်ဆင်းခြင်း၏ အရှင်- ဖြစ်ပြီး ငါ့ကြောင့် လူတို့က ယဇ်များကို ပူဇော်ကြခြင်း ဖြစ်သည်။ ဤသည်မှာ သင်အလုပ်များသမျှ အားလုံးအတွက် ဆုလာဘ်ဟု သင်ထင်သလော။ သင်သည် အမှန်တကယ် အရှက်မဲ့သောသူပါတကား။ မည်သူ့အတွက် သင်အလုပ်များ နေရသနည်း။ သင်ကိုယ်တိုင်အတွက် မဟုတ်လော။ သင်သည် အဘယ်ကြောင့် ငါ၏ ယဇ်များကို ခိုးယူသနည်း။ ငါ၏ ငွေအိတ်မှ ငွေကို သင်အဘယ်ကြောင့် ခိုးယူသနည်း။ သင်သည် ယုဒရှကာယုတ်၏သား မဟုတ်လော။ ငါ ယေဟောဝါအဖို့ဖြစ်သော ယဇ်များသည် ယဇ်ပုရောဟိတ်များ ပျော်မွေ့ဖို့ရာ ဖြစ်သည်။ သင်သည် ယဇ်ပုရောဟိတ်တစ်ဦးလော။ သင်သည် ငါ၏ ယဇ်များကို ဘဝင်ခိုက်စွာ စားဝံ့ပြီး ၎င်းတို့ကို စားပွဲပေါ်၌ပင် တည်ခင်း၏၊ သင်သည် တန်ဖိုးအလျှင်း မရှိသူ ဖြစ်သည်။ အသင် အသုံးမကျသည့် စုတ်ချာသောသူ။ ငါ၏မီး၊ ယေဟောဝါ၏ မီးသည် သင့်ကို ပြာကျစေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၄၀)

သင်တို့၏ ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်း၏။ သင်တို့သည် ငါ၏အမှုကိုယ်စား သင်တို့၏အသက်တာ တစ်ခုလုံးကို အသုံးပြုရန် လိုလားလျက်ရှိပြီး၊ ယင်းအတွက် သင်တို့၏ အသက်တာများကို စွန့်လွှတ်ရန် လိုလားလျက်ရှိသည်ဟု သင်တို့ဆိုကြသည်၊ သို့သော် သင်တို့၏ စိတ်သဘောထားများမှာ များစွာ ပြောင်းလဲခြင်း မရှိသေးပေ။ သင်တို့၏ တကယ့်အပြုအမူသည် အလွန် စိတ်ပျက်စရာ ဖြစ်သော်လည်း၊ သင်တို့သည် မာနထောင်လွှားစွာသာ စကားပြောဆို ကြသည်။ လူတို့၏ လျှာနှင့် နှုတ်ခမ်းတို့သည် ကောင်းကင်တွင် ရှိသော်လည်း ၎င်း၏ ခြေထောက်များမှာ အလွန် အောက်ဝေးဝေးက ကမ္ဘာမြေကြီးပေါ်တွင်ရှိကြသည့်အလား ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် ၎င်းတို့၏ နာမည်ဂုဏ်သတင်းများသည် စုတ်ပြတ်ကာ ပြိုပျက်လျက် ရှိကြဆဲ ဖြစ်သည်။ သင်တို့၏ နာမည်ဂုဏ်သတင်းများသည် ဖျက်ဆီးခံရပြီးဖြစ်သည်၊ သင်တို့၏ အမူအရာသည် ပျက်ပြား၏၊ သင်တို့၏ စကားပြောဆိုပုံသည် အောက်တန်းကျပြီး၊ သင်တို့၏ အသက်တာများမှာ စက်ဆုပ်ဖွယ်ကောင်းလေသည်။ သင်တို့၏ လူသားသဘာဝတစ်ခုလုံးပင် ယုတ်ညံ့သော အောက်တန်းကျမှုတွင် နစ်မြုပ်နေလေပြီ။ သင်တို့သည် အခြားသူများအပေါ် သဘောထားကျဉ်းမြောင်းပြီး၊ သေးငယ်သော အရာတိုင်းအပေါ် သင်တို့ ကတ်သီးကတ်သတ် ပြောဆိုကြသည်။ သင်တို့သည် ငရဲနှင့် မီးအိုင်ထဲသို့ ဆင်းသက်ရန် လိုလားကြသည်အထိပင်၊ သင်တို့ကိုယ်တိုင်၏ နာမည်ဂုဏ်သတင်းများနှင့် အဆင့်အတန်း အပေါ် ငြင်းခုံတတ်ကြသည်။ သင်တို့၏ လက်ရှိ စကားများနှင့် လုပ်ရပ်များသည် သင်တို့ အပြစ်ရှိကြောင်း ငါဆုံးဖြတ်ဖို့အတွက် လုံလောက်ပေသည်။ ငါ၏အမှုအပေါ် သင်တို့၏ သဘောထားသည် သင်တို့အား မတရားသော သူများ ဖြစ်သည်ဟု ငါဆုံးဖြတ်ရန်အတွက် လုံလောက်ပြီး သင်တို့၏ စိတ်သဘောထားများ အားလုံးမှာ သင်တို့သည် စက်ဆုပ်ရွံ့ရှာမှုများဖြင့် ပြည့်နှက်နေသော ညစ်ညမ်းသည့် ဝိညာဉ်များဖြစ်သည်ဟု ထောက်ပြဖို့ရန် လုံလောက်ပေသည်။ သင်တို့၏ သရုပ်သကန်များနှင့် သင်တို့ ထုတ်ဖော်ပြသော အရာများမှာ သင်တို့သည် ညစ်ညူးသော ဝိညာဉ်များ၏သွေးကို အဝသောက်ပြီးသော လူများ ဖြစ်သည်ဟု ဆိုရန် လုံလောက်ပေသည်။ နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ဖော်ပြသည့်အခါ၊ သင်တို့သည် သင်တို့၏ ခံစားချက်များကို ထုတ်ဖော်ပြခြင်း မရှိပေ။ သင်တို့ ယခု ဖြစ်နေသည့်ပုံစံသည် ငါ၏ ကောင်းကင်နိုင်ငံတော်သို့ သွားရာ တံခါးကို ဖြတ်လျှောက်ဖို့ သင်တို့အတွက် လုံလောက်သည်ဟု သင်တို့ ယုံကြည်ကြသလော။ သင်တို့ကိုယ်တိုင်၏ စကားများနှင့် လုပ်ရပ်များက ငါ၏ စမ်းသပ်ခြင်းကို ဦးစွာ မခံရဘဲ၊ ငါ၏ အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ သန့်ရှင်းသောပြည်ထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်သည်ဟု ယုံကြည်ကြသလော။ အဘယ်သူသည် ငါ့ကို မမှန်မကန်ပြောခြင်းဖြင့် လှည့်စားနိုင်သနည်း။ သင်တို့၏ စက်ဆုပ်ဖွယ်ကောင်းသော၊ အောက်တန်းကျသော အပြုအမူများနှင့် စကားပြောဆိုမှုများသည် ငါ၏အမြင်မှ ရှောင်လွှဲနိုင်မည်နည်း။ သင်တို့သည် ငါ့ ရှေ့မှောက်၌ ညစ်ညူးသော ဝိညာဉ်များကို နေ့စဉ် အတုခိုးကြသောကြောင့် ငါသည် သင်တို့၏ ဘဝများကို ညစ်ညူးသော ဝိညာဉ်များ၏ အသွေးကိုသောက်ပြီး အသားကို စားသော ဘဝများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ငါ၏ ရှေ့တွင် သင်တို့၏အပြုအမူသည် အထူးသဖြင့် ဆိုးရွား၏၊ ထို့ကြောင့် ငါ သင့်ကို မရွံရှာဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သင်တို့၏ စကားများသည် ညစ်ညူးသော ဝိညာဉ်များ၏ မစင်ကြယ်မှုများ ပါရှိသည်- သင်တို့သည် မှော်အတတ်၌ ပါဝင်ပတ်သက်သော သူတို့ကဲ့သို့နှင့် ဖောက်ပြန်ပြီး မတရားသော သူတို့၏အသွေးကို သောက်သောသူတို့ကဲ့သို့ နားပူနားဆာ လုပ်တတ်ကြသည်၊ ဖုံးကွယ်တတ်ကြပြီး မြှောက်ပင့်ပြောဆို တတ်ကြလေသည်။ လူသားအားလုံး၏ ထုတ်ဖော်ပြမှုအားလုံးမှာ အလွန့်အလွန် မတရားသောကြောင့် ဖြောင့်မတ်သောသူများရှိသည့် သန့်ရှင်းသော ပြည်ထဲတွင် လူအားလုံးကို မည်ကဲ့သို့ ထားရှိနိုင်မည်နည်း။ သင်၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူက သင့်အား မတရားသော သူများနှင့် နှိုင်းယှဉ်ရာတွင် သန့်ရှင်းသူအဖြစ် ခြားနားစေနိုင်သည်ဟု သင်ထင်သလော။ ပျက်စီးစေတတ်ပြီး စက်ဆုပ်ရွံရှာဖွယ်ရာများကို လုပ်ဆောင်သော သင်၏ ဇာတိပကတိကို သင်၏ မြွေဆိုးကဲ့သို့သော လျှာသည် နောက်ဆုံးတွင် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ ညစ်ညူးသော ဝိညာဉ်များ၏အသွေးဖြင့် ဖုံးလွှမ်းနေသော သင်၏ လက်များသည်လည်း သင်၏ဝိညာဉ်ကို နောက်ဆုံးတွင် ငရဲထဲသို့ ဆွဲချလိမ့်မည်။ ထိုသို့ဖြစ်လျှင် ညစ်ညမ်းမှုဖြင့် ဖုံးလွှမ်းနေသော သင်၏လက်များကို သန့်စင်ရန် ဤအခွင့်အရေးကို သင် အဘယ်ကြောင့် မဆိုင်းမတွ မရယူသနည်း။ ပြီးလျှင် မတရားသော စကားများကို ပြောဆိုသော သင်၏ လျှာကို ဖြတ်ပစ်ရန်အတွက်ဤ အခွင့်အရေးကို သင်အဘယ်ကြောင့် အသုံးမချသနည်း။ သင်၏လက်များ၊ လျှာနှင့် နှုတ်ခမ်းများအတွက် ငရဲ မီးလျှံထဲတွင် ဝေဒနာခံစားရန် သင်လိုလားနေခြင်း ဖြစ်နိုင်သလော။ လူသားမျိုးနွယ်ကို ငါ မဖန်ဆင်းမီ အချိန်များစွာ ကြာကတည်းက ၎င်းတို့၏ စိတ်နှလုံးများကို ငါ၏ လက်အတွင်းတွင် ဆုပ်ကိုင်ထားခဲ့ပြီး ဖြစ်သောကြောင့် လူတိုင်း၏ စိတ်နှလုံးကို ငါ၏ မျက်စိနှစ်ဘက်ဖြင့် ငါ ဆက်လက်စောင့်ကြည့်၏။ ငါသည် အချိန်များစွာ ကြာကတည်းက လူတို့၏ စိတ်နှလုံးကို ရိပ်စားမိခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ အကြံအစည်များသည် ငါ၏ အမြင်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ငါ၏ဝိညာဉ်ဖြင့် လောင်ကျွမ်းခံရခြင်းကို ရှောင်လွှဲဖို့ အဘယ်သို့ မနောက်ကျလွန်းဘဲ နေနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၄၁)

သင်၏နှုတ်ခမ်းတို့သည် ခိုများထက် သာ၍ နှစ်လိုဖွယ် ဖြစ်သော်လည်း၊ သင်၏စိတ်နှလုံးသည် ရှေးမြွေဟောင်းထက် ပို၍ ဆိုးယုတ်ပေသည်။ သင်၏ နှုတ်ခမ်းတို့သည် လေဗနုန်အမျိုးသမီးများ ကဲ့သို့ပင် အဆင်းလှသော်လည်း သင်၏ စိတ်နှလုံးသည် လေဗနုန် အမျိုးသမီးများ၏ စိတ်နှလုံးများထက် သာ၍မကြင်နာသည့်အပြင်၊ ယင်းသည် ခါနန်သူများ၏ အလှနှင့် ဧကန်မုချ နှိုင်းယှဉ်၍ မရနိုင်ပေ။ သင်၏ စိတ်နှလုံးသည် လွန်စွာ ဖောက်ပြန်တတ်၏။ ငါ စက်ဆုပ်သောအရာများသည် မတရားသော သူတို့၏ နှုတ်ခမ်းများနှင့် ၎င်းတို့၏ စိတ်နှလုံးများသာ ဖြစ်ပြီး၊ လူတို့အပေါ် ငါ၏သတ်မှတ်ချက်များမှာ သန့်ရှင်းသူများအပေါ် ငါ မျှော်လင့်သည့်အရာထက် လုံးဝ သာ၍မမြင့်မားပေ။ ငါသည် မတရားသောသူတို့၏ ဆိုးယုတ်သော လုပ်ရပ်တို့အတွက် ရွံရှာမှုကို ခံစားရခြင်းသာ ဖြစ်ပြီး၊ ၎င်းတို့သည် မတရားသော သူတို့မှ ပိုမိုပေါ်လွင်နိုင်ပြီး ဖြောင့်မတ်သော သူတို့နှင့်အတူ အသက်ရှင်ပြီး သန့်ရှင်းနိုင်ကြဖို့အလို့ငှာ၊ မတရားသော သူတို့သည် ၎င်းတို့၏ ညစ်ညမ်းမှုကို စွန့်ပစ်နိုင်ပြီး ၎င်းတို့၏ လတ်တလော အကျပ်အတည်းမှ လွတ်မြောက်နိုင်မည်ဟု ငါ မျှော်လင့်သည်။ သင်တို့သည် ငါကဲ့သို့ အလားတူ အခြေအနေများတွင် ရှိကြသည့်၊ သို့သော် သင်တို့သည် ညစ်ညမ်းမှုနှင့် ဖုံးလွှမ်းလျက်ရှိကြ၏။ သင်တို့သည် အစအဦး၌ ဖန်ဆင်းခံခဲ့ရသည့် လူသားများ၏ မူလသဏ္ဌာန် အနည်းငယ်မျှပင် မရှိ။ ထို့အပြင် သင်တို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို လုပ်ဆောင်ရင်းနှင့် ၎င်းတို့ ပြောသည့်အရာကို ပြောဆိုရင်း၊ ညစ်ညူးသော ဝိညာဉ်များ၏ သဏ္ဌာန်ကို နေ့စဉ် အတုခိုးကြသောကြောင့် သင်တို့၏ အစိတ်အပိုင်းအားလုံး၊ သင်တို့၏ လျှာနှင့် နှုတ်ခမ်းများသည်ပင် ၎င်းတို့၏ မိလ္လာရေထဲတွင် စိမ်ခြင်းခံရကြသည်မှာ သင်တို့သည် ထိုအစွန်းအထင်းများဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းခံရပြီး သင်တို့၏ အစိတ်အပိုင်းတစ်ခုမျှ ငါ၏ အမှုအတွက် အသုံးပြု၍ မရသည်အထိ ဖြစ်သည်။ ယင်းသည် အလွန် စိတ်နှလုံးကြေကွဲစရာ ဖြစ်ပေတကား။ သင်တို့သည် မြင်းများ နှင့် ကျွဲနွား တိရစ္ဆာန်များ၏ ထိုသို့သောလောကထဲတွင် အသက်ရှင်ကြသည်၊ သို့သော် စင်စစ်တွင် သင်တို့သည် သောကမရောက်ကြပေ။ သင်တို့သည် ဝမ်းမြောက်မှုနှင့် ပြည့်ကြပြီး လွတ်လပ်စွာနှင့် လွယ်ကူစွာ အသက်ရှင်ကြသည်။ သင်သည် ထိုမိလ္လာရေထဲတွင် ဟိုဟိုသည်သည် ကူးခတ်နေ သော်လည်း ထိုသို့သော အကျပ်အတည်းထဲသို့ သင် ကျရောက်ကြသည်ကို အမှန်တကယ် နားမလည်ချေ။ နေ့စဉ်၊ သင်သည် ညစ်ညူးသော ဝိညာဉ်များနှင့် ပေါင်းကာ “မစင်” နှင့် ဆက်ဆံလျက်ရှိသည်။ သင်တို့၏ ဘဝများသည် အတော်အတန် အောက်တန်းကျသော်လည်း သင်တို့သည် လူ့လောကကြီးထဲ၌ လုံးဝ မတည်ရှိကြသကဲ့သို့၊ သင်တို့ကိုယ်သင်တို့ ထိန်းချုပ်ခြင်းမရှိသည်ကို အကယ်စင်စစ် မသိကြချေ။ သင်၏ အသက်တာသည် လွန်ခဲ့သည့် ကာလများစွာကတည်းက ညစ်ညူးသော ဝိညာဉ်များ၏ နင်းခြေခြင်းကို ခံခဲ့ရသည် သို့မဟုတ် သင်၏ အကျင့်စရိုက်သည် လွန်ခဲ့သည့် အချိန်ကာလများစွာကတည်းက မိလ္လာရေဖြင့် ညစ်ပေခဲ့ကြောင်းကို သင်မသိသလော။ သင်သည် လောကီ ပရဒိသုဘုံထဲတွင် အသက်ရှင်နေထိုင်ကြပြီး၊ ပျော်ရွှင်မှု အလယ်တွင် ရှိသည်ဟု ထင်သလော။ သင်သည် ညစ်ညူးသော ဝိညာဉ်များ နှင့်အတူ ဘဝတစ်ခုကို အသက်ရှင်ပြီးဖြစ်ကာ၊ သင့်အတွက် ပြင်ဆင်ထားသည့် အရာတိုင်းနှင့် သင်အတူတကွ ယှဉ်တွဲနေထိုင်ပြီး ဖြစ်သည်ကို သင်မသိသလော။ သင် အသက်ရှင်သည့် နည်းလမ်းသည် အဓိပ္ပါယ် တစ်စုံတစ်ရာ မည်သို့ ရှိနိုင်မည်နည်း။ သင်၏ အသက်တာသည် တန်ဖိုး တစ်စုံတစ်ရာ မည်သို့ ရှိနိုင်မည်နည်း။ သင်သည် ညစ်ညူးသော ဝိညာဉ်များ၏ မိဘများဖြစ်သည့်၊ သင်၏ မိဘများအတွက် ဟိုသည် ပြေးလွှား နေခဲ့သော်လည်း သင့်အား ပိတ်လှောင်နေသော သူများမှာ သင့်ကို မွေးဖွားခဲ့ကာ ပြုစုပျိုးထောင်ခဲ့သော၊ ညစ်ညူးသော ဝိညာဉ်များ၏ မိဘများဖြစ်သည်ကို သင် အမှန်တကယ် မသိပေ။ ထို့အပြင် သင်၏ ညစ်ညမ်းမှုအားလုံးသည် အကယ်စင်စစ် ၎င်းတို့က သင့်အား ပေးခဲ့ခြင်းဖြစ်သည်ကို သင်မသိ။ သင် သိသမျှမှာ ၎င်းတို့က သင့်အား “သာယာကြည်နူးမှု” ပေးနိုင်သည်၊ ၎င်းတို့က သင့်အား ပြစ်တင်ဆုံးမခြင်းမရှိသကဲ့သို့ တရားစီရင်ခြင်းလည်း မရှိ၊ ပြီးလျှင် သင့်အား အထူးသဖြင့် ကျိန်ဆဲခြင်း မရှိဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ သင့်အပေါ် အမျက်ဒေါသ ပေါက်ကွဲခြင်း မရှိခဲ့ဘဲ ချစ်ခင်မှုနှင့် ကြင်နာမှုတို့ဖြင့် သင့်ကို ဆက်ဆံလေသည်။ သင် မျက်စိလည်လမ်းပျောက်သွားစေဖို့အလို့ငှာ ၎င်းတို့၏ စကားများက သင်၏ စိတ်နှလုံးကို အားဖြစ်စေပြီး သင့်ကို ဆွဲဆောင်ပြီး၊ နားမလည်လိုက်ဘဲနှင့် သင်သည် ပါဝင်ပတ်သက်မိပြီး ၎င်းတို့၏ ထွက်ပေါက်နှင့် အစေခံဖြစ်လာရင်း၊ ၎င်းတို့အား အစေခံရန် လိုလားလျက် ရှိလေသည်။ သင်သည် စောဒကတက်ခြင်းလုံးဝ မရှိဘဲ၊ ၎င်းတို့အတွက် ခွေးများ၊ မြင်းများသဖွယ် အလုပ်လုပ်ရန် လိုလားလျက် ရှိလေသည်။ သင်သည် ၎င်းတို့၏ လှည့်ဖြားခြင်းကို ခံနေရသည်။ ဤအကြောင်းကြောင့်၊ သင်သည် ငါပြုသောအမှုကို လုံးဝ တုံ့ပြန်မှု မရှိပေ။ သင်သည် အမြဲတစေ ငါ၏ လက်ထဲမှ တိတ်တဆိတ် လစ်ထွက်သွားလိုသည်မှာ မထူးဆန်းသကဲ့သို့၊ ငါ့ထံမှ မျက်နှာသာရခြင်းကို လှည့်ဖြား၍ ညှစ်ယူဖို့ ချိုသာသော စကားများကို အမြဲတစေ အသုံးပြုလိုသည်မှာ မထူးဆန်းပေ။ ဖြစ်ချင်တော့၊ သင်သည် အခြားအစီအစဉ်၊ အခြားအစီအမံတစ်ခု ရှိနှင့်ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်အဖြစ် ငါ၏ လုပ်ဆောင်ချက်အနည်းငယ်ကို သင် မြင်နိုင်သော်လည်း ငါ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ နှင့်ဆိုင်သော အသိပညာ အနည်းငယ်မျှ သင်၌ မရှိပေ။ ငါ၏ ပြစ်တင်ဆုံးမခြင်း မည်သည့် အချိန်တွင် စတင်ခဲ့သည်ကို သင် မသိ။ ငါ့အား မည်သို့ လိမ်ညာရမည်ကိုသာ သင်သိ၏၊ သို့သော် ငါသည် လူသားထံမှ မည်သည့် စော်ကားခြင်းကိုမျှ သည်းမခံသည်ကို သင် မသိ။ သင်သည် ငါ့ကို အစေခံရန် စိတ်ပိုင်းဖြတ်နှင့်ပြီး ဖြစ်သည့်အတွက်၊ ငါသည် သင့်ကို အလွတ်ပေးမည် မဟုတ်။ ငါသည် မကောင်းမှုကို မုန်းသော ဘုရားသခင်ဖြစ်ပြီး လူသားမျိုးနွယ်အပေါ် သဝန်တိုတတ်သော ဘုရားသခင် ဖြစ်၏။ သင်သည် သင်၏ စကားများကို ယဇ်ပလ္လင်ထက် ထားရှိနှင့်ပြီးဖြစ်သည့်အတွက်၊ ငါ၏ ပကတိ မျက်စိရှေ့မှ သင် ထွက်ပြေးသည်ကို ငါ သည်းခံမည် မဟုတ်သကဲ့သို့၊ သခင်နှစ်ဦးအား သင်အစေခံနေသည်ကို ငါ သည်းခံမည် မဟုတ်။ ငါ၏ ယဇ်ပလ္လင်ထက်နှင့် ငါ၏ မျက်စိရှေ့တွင် သင်၏ စကားများကို ထားရှိပြီးနောက်၊ သင် ဒုတိယအချစ် ရှိနိုင်မည်ဟု သင် ထင်ခဲ့လေသလော။ ငါသည် လူတို့ကို ထိုပုံစံဖြင့် ငါ့ကို အရူးလုပ်ရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။ သင်သည် ငါ့အား အဓိဌာန်များနှင့် သစ္စာများကို သာမန်ကာလျှံကာ ပြုနိုင်မည်ဟု ထင်ခဲ့သလော။ အမြင့်ဆုံးသော ဘုရားသခင်၊ ငါ၏ပလ္လင်ဖြင့် သင်သည် သစ္စာများကို အဘယ်သို့ ကျိန်ဆိုနိုင် မည်နည်း။ သင်၏ သစ္စာများသည် ဆိတ်သုဉ်းနှင့်ပြီဟု သင် ထင်ခဲ့သလော။ သင်တို့ကို ငါ ပြောမည်- သင်တို့၏ ဇာတိခန္ဓာ ဆိတ်သုဉ်းသွားသော်လည်း၊ သင်တို့၏ သစ္စာများ မဆိတ်သုဉ်းနိုင်။ နောက်ဆုံးတွင် ငါသည် သင်တို့၏ သစ္စာများအပေါ် အခြေခံကာ သင်တို့ကို စီရင်မည်ဖြစ်သည်။ သို့ရာတွင် သင်၏စကားများကို ငါ့ရှေ့တွင် ထားရှိလျက် ငါကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး၊ သင်တို့၏ စိတ်နှလုံးများက ညစ်ညူးသော ဝိညာဉ်များနှင့် နတ်ဆိုးများကို အစေခံနိုင်သည်ဟု သင်တို့ ယုံကြည်ကြသည်။ ငါ၏ အမျက်ဒေါသသည် ငါ့ကို လိမ်လည်လှည့်ဖြားသော ခွေးတူ၊ ဝက်တူ လူများကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါဆောင်ရွက်ရမည်ဖြစ်ပြီး၊ ငါ့အား စည်းစနစ်ကျသော ပုံစံဖြင့် “လိုလေသေးမရှိ ပြုစု” နိုင်ကြဖို့၊ ငါ၏နွားထီးများ၊ ငါ၏မြင်းများဖြစ်ကာ ငါ၏ သတ်ဖြတ်ခြင်းမှ ချမ်းသာရာရရှိကြဖို့အလို့ငှာ၊ ငါ၌ ယုံကြည်ခြင်းရှိသော ကိန်းကြီးခန်းကြီးနိုင်သော၊ “ဘာသာတရားကိုင်းရှိုင်းသော” သူများအားလုံးကို ညစ်ညူးသော ဝိညာဉ်များ၏ လက်ထဲမှ ငါ ပြန်ဆွဲလုရမည်။ ငါသည် သင့်အား သင်၏ ယခင်က စိတ်ပိုင်းဖြတ်ချက်ကို ကောက်ယူပြီး ငါ့အား နောက်တစ်ဖန် ပြန်အစေခံစေမည်။ ငါ့ကို လိမ်လည်လှည့်ဖြားသော မည်သည့် ဖန်ဆင်းခြင်းကိုမျှ ငါ သည်းခံမည် မဟုတ်။ သင်သည် ငါ၏ ရှေ့တွင် လက်လွတ်စပယ် တောင်းဆိုမှုများသာ ပြုပြီး လိမ်ညာနိုင်မည်ဟု သင် ထင်ခဲ့သလော။ ငါသည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို မကြား သို့မဟုတ် မမြင်ခဲ့ဟု သင် ထင်ခဲ့သလော။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ငါ၏ မြင်ကွင်းတွင် အဘယ်သို့ မရှိနိုင်မည်နည်း။ ငါသည် လူတို့ကို ထိုသို့ ငါ့ကို လှည့်ဖြားရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၄၂)

ငါသည် နွေဦးနှင့် ဆောင်းဦး ကာလတစ်ချို့တွင် သင်တို့ကို ပေါင်းဖော်ရင်း၊ သင်တို့အကြားတွင် ရှိနေခဲ့၏။ ငါသည် အချိန်ကြာမြင့်စွာ သင်တို့ အကြားတွင် အသက်ရှင်ပြီးဖြစ်ကာ သင်တို့နှင့်အတူ အသက်ရှင်ပြီး ဖြစ်သည်။ သင်တို့၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူမည်မျှသည် ငါ၏ မျက်စိရှေ့ တည့်တည့်တွင် လွတ်ထွက်ပြီးပြီနည်း။ သင်တို့၏ အူလှိုက်သည်းလှိုက် စကားများသည် ငါ၏ နားထဲတွင် စဉ်ဆက်မပြတ် ပဲ့တင်သံထပ်နေသည်။ သင်တို့၏ သန်းချီသော ပြင်းပြသည့် အလိုဆန္ဒများသည် ငါ၏ ပလ္လင်ပေါ်တွင် ခင်းထား၏- မရေမတွက်နိုင်အောင် များပြားလွန်းလှပေသည်။ သို့သော်၊ သင်တို့၏ ဆက်ကပ်မှုနှင့် သင်တို့ အသုံးပြုခဲ့သည့်အရာများကိုမူ၊ သင်တို့သည် အနည်းငယ်မျှပင် မပေးကြပေ။ ငါ၏ ပလ္လင်ပေါ်တွင် ရိုးသားစစ်မှန်မှု တစ်စက်လေးမျှပင် သင်တို့ မထားရှိကြ။ ငါ့ကို သင်တို့၏ ယုံကြည်မှု အသီးအပွင့်များမှာ ဘယ်မှာနည်း။ သင်တို့သည် ငါ့ထံမှ အဆုံးမရှိသော ကျေးဇူးတော်ကို ရရှိပြီးဖြစ်ကာ၊ ကောင်းကင်မှ အဆုံးမရှိသော နက်နဲမှုများကို သင်တို့ မြင်ကြရပြီး ဖြစ်သည်။ ကောင်းကင်၏ မီးတောက်မီးလျှံများကိုပင် သင်တို့အား ငါ ပြသပြီးဖြစ်သော်လည်း၊ ငါသည် သင်တို့ကို လောင်မြိုက်စေခြင်း မပြုရက်ပေ။ သို့ဖြစ်စေကာမူ၊ သင်တို့သည် အတုံ့အလှည့်အနေဖြင့် ငါ့ကို မည်မျှ ပေးပြီးကြပြီနည်း။ ငါ့ကို သင်တို့ မည်မျှပေးဖို့ လိုလားကြသနည်း။ သင်၏လက်၌ ငါ ပေးပြီးသော အစားအစာဖြင့်၊ သင်သည် လှည့်ပြီး ထိုအရာကို ငါ့အား ပူဇော်သည်မှာ၊ ယင်းသည် သင် ကိုယ်တိုင် ကြိုးစားအားထုတ်သည့် ချွေးစက်အတွက် ပြန်လည်ရရှိသည့် အရာတစ်ခုဖြစ်ပြီး သင်၌ ရှိသမျှကို ငါ့အား သင် ပူဇော်ခြင်း ဖြစ်သည်ဟု ဆိုသည်အထိ ဖြစ်သည်။ ငါ့အား သင် “ပေးလှူသောအရာများ” မှာ ငါ၏ ပလ္လင်မှ အခိုးယူခံခဲ့ရသော အရာများအားလုံးသာဖြစ်သည်ကို သင် အဘယ်သို့ မသိနိုင်ရသနည်း။ ထို့အပြင်၊ သင်သည် ထိုအရာများကို ငါ့အား ယခု ပေးလှူနေသည်၊ ငါ့ကို သင် လိမ်လည်လှည့်ဖြားနေခြင်း မဟုတ်လော။ ယနေ့ ငါ မွေ့လျော်သော အရာများအားလုံးမှာ ငါ၏ ပလ္လင်ပေါ်မှယဇ်များ ဖြစ်ကာ၊ သင်၏ ကြိုးစားအားထုတ်သော လုပ်ဆောင်မှုမှ ရရှိပြီးနောက် ငါ့အား ပေးလှူသောအရာများ မဟုတ်သည်ကို သင် အဘယ်သို့ မသိရသနည်း။ ဤနည်းဖြင့် သင်တို့ ငါ့ကို အမှန်တကယ် လိမ်လည်လှည့်ဖြားဝံ့ကြ၏၊ ထို့ကြောင့် သင်တို့ကို ငါ အဘယ်သို့ ခွင့်လွှတ်နိုင်မည်နည်း။ ဤအရာကို ငါ ဆက်၍သည်းခံဖို့ သင် အဘယ်သို့ မျှော်လင့်နိုင်သနည်း။ ငါသည် အရာရာကို သင်တို့အား ပေးပြီးဖြစ်၏။ သင်တို့ထံ အရာရာကို ငါ ဖွင့်ပြပြီးဖြစ်သည်၊ သင်တို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးပြီးဖြစ်ကာ၊ သင်တို့၏ မျက်စိများကို ဖွင့်ခဲ့သော်လည်း၊ သင်တို့၏ အသိစိတ်ကို လျစ်လျူရှုရင်း သင်တို့သည် ငါ့ကို ဤသို့ လိမ်လည်လှည့်ဖြားကြ၏။ သင်တို့သည် ဒုက္ခဆင်းရဲခံရသော်လည်း ငါ ကောင်းကင်မှ ယူဆောင်လာခဲ့သော အရာခပ်သိမ်းကို သင်တို့သည် ငါ့ထံမှ ရရှိပြီးဆဲ ဖြစ်ဖို့ရန်အလို့ငှာ ငါသည် ကိုယ်ကျိုးမငဲ့ဘဲ အရာခပ်သိမ်းကို သင်တို့အပေါ် ပေးအပ်လေပြီ။ ဤသို့ဖြစ်စေကာမူ၊ သင်တို့သည် ဆက်ကပ်မှု လုံးဝမရှိပေ၊ ထို့အပြင် ပါဝင်ပေးလှူမှုလေးတစ်ခု သင် ပြုလုပ်ပြီးလျှင်ပင်၊ နောက်ပိုင်းတွင် ငါနှင့် “စာရင်းရှင်းဖို့” ကြိုးစားကြ၏။ သင်၏ ပါဝင်ပေးလှူမှုသည် အချည်းနှီး ဖြစ်မည် မဟုတ်လော။ သင် ငါ့ကို ပေးပြီးသော အရာမှာ သဲတစ်ပွင့်မျှ ဖြစ်သော်လည်း၊ သင် ငါ့ထံမှ တောင်းသောအရာမှာ ရွှေတစ်တန် ဖြစ်သည်။ သင်သည် တကယ်ကို မလျော်ကန်သည် မဟုတ်သလော။ ငါသည် သင်တို့အကြားတွင် အမှု ပြု၏။ နောက်ထပ် ယဇ်ပူဇော်မူများ တစ်ခုတစ်လေ မပြောနှင့်၊ ငါကို ပေးသင့်သော တစ်ဆယ်ရာခိုင်နှုန်း၏ အရိပ်အယောင် လုံးဝ မရှိပေ။ ထို့အပြင်၊ ဘုရားတရားကိုင်းရှိုင်းသူတို့ ပေးလှူသော ထိုတစ်ဆယ်ရာခိုင်နှုန်းသည် စဉ်းလဲသူတို့၏ သိမ်းပိုက်ခြင်းကို ခံရလေသည်။ သင်တို့အားလုံးသည် ငါ့ထံမှ လူစုကွဲသွားကြပြီ မဟုတ်လော။ သင်တို့ အားလုံးသည် ငါ့အပေါ် ရန်လိုကြသည် မဟုတ်လော။ သင်တို့ အားလုံးသည် ငါ ယဇ်ပလ္လင်ကို ဖျက်ဆီးနေကြသည် မဟုတ်လော။ ထိုသို့သော လူများကို ငါ၏ မျက်စိတွင် ရတနာများအဖြစ် အဘယ်သို့ မြင်နိုင်မည်နည်း။ ၎င်းတို့သည် ငါ စက်ဆုပ်သော ဝက်များနှင့် ခွေးများ ဖြစ်ကြသည် မဟုတ်လော။ သင်တို့၏ မကောင်းမှုဒုစရိုက်ကို ရတနာတစ်ပါးအဖြစ် ငါ အဘယ်သို့ ရည်ညွှန်းနိုင်မည်နည်း။ ငါ၏အမှုကို မည်သူ့အတွက် အမှန်တကယ် လုပ်ဆောင်သနည်း။ ယင်း၏ ရည်ရွယ်ချက်မှာ ငါ၏ သြဇာအာဏာကို ထုတ်ဖော်ပြရန် သင်တို့ အားလုံးကို သတ်ဖို့ရန်များသာ ဖြစ်နိုင်မည်လော။ သင်တို့၏ အသက် အားလုံးသည် ငါ့ထံမှ နှုတ်ကပတ်တော်တစ်လုံးအပေါ် တည်ထားသည်မဟုတ်လော။ သင်တို့ကို သွန်သင်ရန် ငါသည် နှုတ်ကပတ်တော်များကို အသုံးပြုရုံသာပြုနေပြီး၊ သင်တို့အား တတ်နိုင်သမျှ အမြန်ဆုံးသတ်ရန် ထိုနှုတ်ကပတ်တော်များကို အမှန်တရားများအဖြစ် ငါ ပြောင်းလဲမသွားစေသည်မှာ အဘယ်ကြောင့်နည်း။ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ အမှုတော်၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို သတ်ရန်သာ ဖြစ်သလော။ ငါသည် အပြစ်မဲ့သော သူများကို လက်လွတ်စပယ် သတ်ဖြတ်သော ဘုရားသခင် ဖြစ်သလော။ ယခု၊ လူ့ဘဝ၏ မှန်သော လမ်းကြောင်းကို ရှာဖွေဖို့ သင်၏ဖြစ်တည်မှု တစ်ခုလုံးဖြင့် ငါ၏ ရှေ့မှောက်သို့ သင်တို့ထဲမှမည်မျှ လာနေကြသနည်း။ ငါ့ ရှေ့မှောက်တွင် ရှိသည်မှာ သင်တို့၏ ကိုယ်ခန္ဓာများသာ ဖြစ်၏။ သင်တို့၏ စိတ်နှလုံးများမှာ လွတ်နေဆဲဖြစ်ပြီး ငါ့ထံမှ အလွန် အလှမ်းဝေးဆဲဖြစ်သည်။ ငါ၏အမှုမှာ မှန်တကယ် မည်သည့်အရာ ဖြစ်သည်ကို သင်တို့ မသိကြသောကြောင့်၊ ယင်းအစား ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိသည့် ပရဒိသုဘုံတွင် နေထိုင်ဖို့ မျှော်လင့်ရင်း ငါ့ထံမှ ထွက်ခွာရန် ဆန္ဒရှိကာ မိမိကိုယ်ကိုယ် ငါ့ထံမှ ခွဲခွာနေသူ သင်တို့ထဲမှ များစွာ ရှိလေသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် လူတို့ဆန္ဒရှိသော အရာဖြစ်သည် မဟုတ်လော။ ငါသည် သင့်အား အကျပ်ကိုင်ရန် ဧကန်မုချ ကြိုးစားနေခြင်း မဟုတ်။ သင် ရွေးချယ်သည့် မည်သည့် လမ်းကြောင်းမဆိုသည် သင်ကိုယ်တိုင်၏ ရွေးချယ်မှုဖြစ်၏။ ယနေ့၏ လမ်းကြောင်းသည် တရားစီရင်ခြင်းနှင့် ကျိန်ခြင်းတို့ အတူပါရှိသည့် လမ်းကြောင်းတစ်ခု ဖြစ်၏၊ သို့သော်လည်း၊ တရားစီရင်ခြင်း ဖြစ်စေ၊ ပြစ်တင်ဆုံးမခြင်း ဖြစ်စေ- သင်တို့အပေါ် ငါပေးအပ်ပြီးဖြစ်သည့် အရာအားလုံးသည် သင်တို့အား ငါ ပေးနိုင်သည့် အကောင်းဆုံး ဆုကျေးဇူးများဖြစ်ပြီး သင်တို့ အရေးတကြီး လိုအပ်သောအရာ အားလုံး ဖြစ်သည်ကို သင်တို့အားလုံး သိသင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၄၃)

ကမ္ဘာမြေပေါ်တွင် အလွန်များပြားသော အမှုပမာဏကို ငါ ဆောင်ရွက်ပြီးဖြစ်ကာ လူသားမျိုးနွယ်ကြား နှစ်ပေါင်းများစွာ ငါ လျှောက်လှမ်းပြီးဖြစ်၏၊ သို့တိုင် လူတို့သည် ငါ၏သဏ္ဌာန် နှင့် ငါ၏ စိတ်သဘောထားတို့ နှင့်ဆိုင်သည့် အသိပညာ ရှိခဲလှပြီး ငါ လုပ်ဆောင်သည့် အမှုကို လူအနည်းငယ်ကသာ စေ့စေ့စပ်စပ် ရှင်းပြ နိုင်ပေသည်။ လူတို့ ချို့တဲ့သည့် အရာများစွာရှိ၏၊ ငါ ပြုသည့် အမှုနှင့်ဆိုင်သည့် သိနားလည်မှု ၎င်းတို့ အမြဲ ချို့တဲ့ကြပြီး ငါသည် ၎င်းတို့ကို အခြားသော အခြေအနေတစ်ခုထဲတွင် ထားပြီးနောက် နောက်ထပ်အရေးမစိုက်မည်ကို အလွန်အမင်း ကြောက်ရွံ့ကြသည့်အလား ၎င်းတို့၏ စိတ်နှလုံးများက အမြဲ သတိထားနေကြလေသည်။ ထို့ကြောင့်၊ ငါ့အပေါ် လူတို့၏ သဘောထားမှာ အားကောင်းသော သတိပမာဏတစ်ခုနှင့်အတူ အစဉ်အမြဲ ဟက်ဟက်ပက်ပက် မရှိချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ငါ ပြုသည့် အမှုကို နားလည်ခြင်းမရှိဘဲ မျက်မှောက်အချိန်သို့ ရောက်လာကြသောကြောင့်ဖြစ်ပြီး အထူးသဖြင့် ၎င်းတို့ကို ငါ ပြောဆိုသည့် နှုတ်ကပတ်တော်များဖြင့် ၎င်းတို့ ခေါင်းခြောက်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များထဲသို့ မိမိတို့ကိုယ်ကိုယ် မဆုတ်မနစ်သော ယုံကြည်မှု ဆက်ကပ်သင့်သလော သို့မဟုတ် ချီတုံချတုံဖြစ်ခြင်းကို ရွေးချယ်ကာ ထိုနှုတ်ကပတ်တော်များကို မေ့လျော့သင့်သလော ဆိုသည်ကို မသိဘဲ ငါ၏နှုတ်ကပတ်တော်များကို ၎င်းတို့လက်ထဲတွင် စွဲကိုင်ထားကြ၏။ ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သင့်သလော သို့မဟုတ် စောင့်ဆိုင်းကာ ကြည့်ရှုသင့်သလော၊ အရာရာကို ဘေးဖယ်ထားပြီး ရဲဝံ့စွာ လိုက်လျှောက်သင့်သလော သို့မဟုတ် ယခင်ကဲ့သို့ လောကနှင့် ရင်းနှီးမှုကို ဆက်လက် ထိန်းသိမ်းသင့်သလော ဆိုသည်ကို ၎င်းတို့ မသိကြချေ။ လူတို့၏ အတွင်းကမ္ဘာများက အလွန်ရှုပ်ထွေးပြီး ၎င်းတို့ အလွန်ကောက်ကျစ်ကြလေသည်။ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ရှင်းရှင်းလင်းလင်း သို့မဟုတ် ပြည့်ပြည့်ဝဝ မမြင်နိုင်ကြသောကြောင့်၊ ၎င်းတို့ထဲမှ များစွာသောသူတို့သည် ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရာတွင် အကျပ်ရိုက်ကြပြီး ၎င်းတို့၏ စိတ်နှလုံးများကို ငါ၏ရှေ့မှောက် ချထားရာတွင် အခက်တွေ့ကြလေသည်။ သင်တို့၏ အခက်အခဲများကို ငါ နက်နက်ရှိုင်းရှိုင်း နားလည်၏။ ဇာတိပကတိဖြင့် အသက်ရှင်နေချိန်တွင် အားနည်းချက်များစွာကို ရှောင်လွဲမရသကဲ့သို့၊ ဓမ္မဓိဋ္ဌာန်ကျသော အချက်များစွာက သင်တို့အတွက် အခက်အခဲများ ဖန်တီးလေသည်။ သင်တို့သည် သင်တို့၏ မိသားစုများကို ကျွေးမွေးကြသည်၊ သင်တို့၏ နေ့ရက်များကို အလုပ်ကြိုးစားခြင်းဖြင့် ကုန်ဆုံးကြပြီး၊ လနှင့် နှစ်များသည် ဆင်းရဲဒုက္ခဖြင့် ကုန်လွန်သွားကြသည်။ ဇာတိပကတိဖြင့် အသက်ရှင်ရာတွင် အခက်အခဲများစွာ ရှိ၏- ဤအရာကို ငါ မငြင်းသကဲ့သို့၊ သင်တို့အပေါ် ငါ၏ သတ်မှတ်ချက်များမှာ သင်တို့၏ အခက်အခဲများနှင့်အညီ ပြုလုပ်ထားခြင်း ဖြစ်သည်။ ငါပြုသည့်အမှုရှိ သတ်မှတ်ချက်များအားလုံးမှာ သင်တို့၏ တကယ့်ဝိညာဉ်အသက်တာအပေါ် အခြေပြု၏။ အတိတ်တွင်၊ လူတို့သည် ၎င်းတို့၏ အလုပ်ထဲတွင် သင်တို့အပေါ် ပြုသည့် သတ်မှတ်ချက်များက လွန်ကဲသော အရာများဖြင့် ရောထွေးကောင်း ရောထွေးနိုင်သော်လည်း၊ ငါပြောဆိုကာ လုပ်ဆောင်သည့်အရာ၌ ငါသည် သင်တို့အပေါ် လွန်ကဲသော သတ်မှတ်ချက်များ မည်သည့်အခါမျှ မရှိခဲ့သည်ကို သင်တို့ သိသင့်၏။ သတ်မှတ်ချက်များ အားလုံးသည် လူတို့၏ သဘာဝဗီဇ၊ ဇာတိပကတိနှင့် ၎င်းတို့ လိုအပ်သည့်အရာတို့အပေါ် အခြေပြုလေသည်။ လူတို့၌ရှိသည့် ယုတ္တိတန်သော စဉ်းစားပုံအချို့ကို ငါ မဆန့်ကျင်သကဲ့သို့ လူသားမျိုးနွယ်၏ မွေးရာပါ သဘာဝဗီဇကို ငါမဆန့်ကျင်သည်ကို သင်တို့ သိသင့်ကြပြီး ငါ အလွန်ရှင်းလင်းစွာ သင်တို့ကို ပြောနိုင်၏။ ယခုချိန်ထိ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို သံသယရှိကြပြီး ထက်ဝက်မျှထက်နည်းသောလူတို့က ငါ၏ နှုတ်ကပတ်တော်များကို ယုံကြည်ကြသည်မှာ ၎င်းတို့ကို ငါ ချမှတ်သည့် စံနှုန်းများက အမှန်တကယ် မည်သည့်အရာများ ဖြစ်သည်ကို လူတို့ နားမလည်ကြသကဲ့သို့ ငါ့နှုတ်ကပတ်တော်များ၏ မူရင်းအဓိပ္ပါယ်ကိုလည်း နားမလည်ကြသောကြောင့်သာ ဖြစ်ပေသည်။ ကျန်သည့်သူများမှာ မယုံကြည်သူများ ဖြစ်ကြပြီး၊ ထိုထက်ပင်များသောသူတို့မှာ ငါ “ပုံပြင်များ” ပြောဆိုသည်ကို ကြားလိုသောသူများ ဖြစ်လေသည်။ ထို့အပြင်၊ ပွဲလမ်းအခမ်းအနားကို မွေ့လျော်သောသူများစွာ ရှိ၏။ သင်တို့ကို ငါ သတိပေးသည်မှာ- ငါ့ကို ယုံကြည်သူသောတို့ထံ ငါ၏ နှုတ်ကပတ်တော်များစွာတို့ကို ဖွင့်ပြနှင့်ပြီးဖြစ်ကာ နိုင်ငံတော်၏ လှပသော မြင်ကွင်းကို မွေ့လျော်သော်လည်း ယင်း၏ ဂိတ်တံခါးအပြင်ဘက်တွင် ပိတ်လှောင်ခံသူတို့ကို ငါ ပယ်ရှင်းနှင့်ပြီးဖြစ်သည်။ သင်တို့သည် ငါ၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်း ခံရသည့် တောပင်များသာ ဖြစ်ကြသည်မဟုတ်လော။ သင်တို့သည် အဘယ်သို့ ငါထွက်ခွာသည်ကို စောင့်ကြည့်ပြီး ငါ၏ ပြန်ကြွလာခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုနိုင်မည်နည်း။ နိနေဝေမြို့သားတို့သည် ယေဟောဝါ၏ အမျက်ဒေါသ နှုတ်ကပတ်တော်များကို ကြားသည့်နောက်၊ လျှော်တေ အဝတ်နှင့် ပြာမှုန့်များဖြင့် ၎င်းတို့ ချက်ချင်း နောင်တရခဲ့ကြသည်ကို သင်တို့အား ငါ ပြော၏။ ၎င်းတို့ ကြောက်ရွံ့မှုနှင့် ထိတ်လန့်ခြင်းတို့ဖြင့် ပြည့်ကာ ထိုသို့ဖြင့် လျှော်တေအဝတ်နှင့် ပြာမှုန့်များဖြင့် နောင်တရခဲ့ကြသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။ ယနေ့ လူတို့အတွက်မူ၊ သင်တို့သည်လည်း ငါ၏ နှုတ်ကပတ်တော်များကို ယုံကြည်ပြီး ထို့ထက်ပင် ယေဟောဝါသည် ယနေ့ သင်တို့အလယ် တစ်ဖန် ကြွလာသည်ကို ယုံကြည်ကြသော်လည်း၊ ယုဒပြည်တွင် လွန်ခဲ့သည့် ထောင်စုနှစ်များစွာက မွေးဖွားခဲ့ပြီး ယနေ့ သင်တို့အလယ်တွင် ဆင်းသက်လာခဲ့သည့် ယေရှုကို သင်တို့ စောင့်ကြည့်ရုံ စောင့်ကြည့်နေကြသည့်အလား သင်တို့၏ သဘောထားမှာ မရိုသေသော သဘောထားမျှသာဖြစ်သည်။ သင်တို့ စိတ်နှလုံးများအတွင်းတွင် တည်ရှိသော လှည့်ဖြားမှုကို ငါ နက်နက်ရှိုင်းရှိုင်း နားလည်သည်။ သင်တို့ထဲမှ အများစုမှာ သိချင်စိတ်ပြင်းပြမှုဖြင့် ငါ့နောက်လိုက်ကြပြီး၊ အနှစ်မဲ့မှုကြောင့် ငါ့ကို ရှာဖို့ လာကြလေပြီ။ အေးချမ်းပြီး ပျော်သည့် ဘဝတစ်ခုအတွက်ဖြစ်သည့် သင်တို့၏ တတိယဆန္ဒ ပြိုကွဲသည့်အခါ၊ သင်တို့၏ သိချင်စိတ်ပြင်းပြမှုသည်လည်း ပျောက်ကွယ်လေသည်။ သင်တို့ အသီးသီး၏ စိတ်နှလုံးများအတွင်း တည်ရှိသော လှည့်ဖြားမှုသည် သင်တို့၏ စကားများနှင့် လုပ်ရပ်များမှတဆင့် ဖော်ထုတ် ခံရသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ သင်တို့သည် ငါ့အကြောင်းကို သိလိုစိတ်ပြင်းပြရုံသာရှိကြပြီး ငါ့ကို မကြောက်ရွံ့ကြ။ သင်တို့၏ အပြုအမူများ၌ ချုပ်တည်းမှုကို ကျင့်ကြံဖို့ ဝေးစွ၊ သင်တို့၏လျှာများကိုပင် သင်တို့ သတိမထားကြ။ ထိုသို့ဆိုလျှင် မည်သည့် ယုံကြည်ခြင်းမျိုး သင်တို့ ဧကန်အမှန် ရှိကြသနည်း။ ယင်းသည် စစ်မှန်ပါ၏လော။ သင်တို့၏ စိုးရိမ်ပူပန်မှုများကို ပပျောက်စေရန်နှင့် သင်တို့၏ ငြီးငွေ့ခြင်းကို သက်သာစေရန်၊ သင့်ဘဝ၏ ကျန်ရှိနေသော နေရာလပ်များကို ဖြည့်ဆည်းရန်သာ ငါ၏နှုတ်ကပတ်တော်များကို သင်တို့အသုံးပြုကြသည်။ သင်တို့အထဲမှ အဘယ်သူသည် ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သနည်း။ အဘယ်သူသည် စစ်မှန်သော ယုံကြည်ခြင်းရှိသနည်း။ ဘုရားသခင်သည် လူတို့၏ နှလုံးသားများထဲ နက်နက်ရှိုင်းရှိုင်း မြင်တွေ့သော ဘုရားသခင်ဖြစ်ကြောင်း သင်တို့ ဆက်လက်ကြွေးကြော်နေကြသော်လည်း သင်တို့နှလုံးသားများထဲက သင်တို့ကြွေးကြော်သည့် ဘုရားသခင်သည် ငါနှင့် အဘယ်သို့ သဟဇာတဖြစ်သနည်း။ ဤကဲ့သို့ သင်တို့ကြွေးကြော်နေကြသည့်နောက်တွင် အဘယ့်ကြောင့် ထိုကဲ့သို့ပြုမူကြသနည်း။ ဤသည်မှာ သင်တို့ ငါ့ကို ပြန်လည်ပေးလိုသော ချစ်ခြင်းမေတ္တာ ဖြစ်နိုင်မည်လော။ သင်တို့၏ နှုတ်များဖြင့် ဆက်ကပ်မှု ပမာဏကား နည်းလှသည်မဟုတ်၊ သို့သော် သင်တို့၏ စွန့်လွှတ်မှုများနှင့် ကောင်းသောလုပ်ရပ်များမှာ အဘယ်မှာနည်း။ ငါ၏နားထဲသို့ ရောက်ရှိသည့် သင်တို့၏ စကားများအတွက် မဟုတ်ပါက၊ သင်တို့ကို အဘယ်သို့ ငါသည် အလွန်မုန်းတီးနိုင်မည်နည်း။ သင်တို့သည် ငါ့ကို အမှန်တကယ် ယုံကြည်ခဲ့ပါက၊ ထိုသို့ စိတ်သောက ရောက်သည့် အခြေအနေတစ်ခုထဲသို့ အဘယ်သို့ ကျရောက်နိုင်မည်နည်း။ သင်တို့သည် မရဏာနိုင်ငံတွင် စမ်းသပ်မှုခံလျက် နေရဘိသကဲ့သို့ သင်တို့၏မျက်နှာများ ပေါ်တွင် ဝမ်းနည်းညှိုးငယ်သော အသွင်များရှိနေသည်။ သင်တို့သည် တက်ကြွမှု စိုးစဉ်းမျှပင်မရှိသကဲ့သို့ သင်တို့၏ စိတ်အတွင်းက သဘောထားနှင့်ပတ်သက်၍ သင်တို့ ချည့်နဲ့စွာ ပြောကြသည်။ သင်တို့သည် မကျေမနပ်ဖြစ်ခြင်းများနှင့် ကျိန်ဆဲခြင်းများဖြင့်ပင် ပြည့်နှက် နေကြသည်။ သင်တို့သည် ငါ လုပ်ဆောင်သည့်အရာ၌ အချိန်ကြာမြင့်စွာကတည်းက ယုံကြည်မှု ပျောက်ဆုံးခဲ့ကြပြီး သင်တို့၏ နဂိုမူလ ယုံကြည်မှုပင် ကွယ်ပျောက်ပြီးဖြစ်သည်၊ ထို့ကြောင့် သင်တို့သည် အဆုံးတိုင်အောင် အဘယ်သို့ လိုက်လျှောက်ဖို့ ဖြစ်နိုင်မည်နည်း။ ဤသို့ဖြစ်သည့်အတွက်၊ သင်တို့သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၄၄)

ငါ၏အမှုသည် သင်တို့အတွက် အလွန်အထောက်အကူ ဖြစ်ပါသော်လည်း သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို အစဉ်အမြဲ နားမလည်ဘဲ သင်တို့အထဲ၌ ဘာမျှ ဖြစ်မလာချေ။ ငါ့အားဖြင့် စုံလင်ခံရမည့် အရာဝတ္ထုများကို တွေ့ရှိရန်ခက်ခဲပြီး ယနေ့တွင် သင်တို့အပေါ် ငါ၏မျှော်လင့်ချက် ပျောက်ဆုံးလုနီးပါးဖြစ်လေပြီ။ နှစ်အတန်ကြာအောင် သင်တို့အလယ် ငါရှာဖွေပြီး ဖြစ်သော်လည်း ငါ၏ လူယုံ ဖြစ်နိုင်သည့်သူကို ရှာတွေ့ရန် ခက်ခဲ၏။ ငါသည် သင်တို့၌ ဆက်လက် လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် စိတ်ချယုံကြည်မှု မရှိသကဲ့သို့၊ သင်တို့ကို ဆက်လက်ချစ်ရန် ချစ်ခြင်းမေတ္တာ မရှိသည့်အလား ခံစားရသည်။ ဤသည်မှာ မပြောပလောက်သကဲ့သို့ သနားစဖွယ်ဖြစ်သည့် သင်တို့၏ “အောင်မြင်မှုများ” ကို ငါသည် အချိန်ကြာမြင့်စွာကတည်းက စက်ဆုပ်ရွံရှာလာသောကြောင့်ဖြစ်သည်။ ငါသည် ဘယ်သောအခါမျှ သင်တို့အကြား စကားမပြောဖူး သည့်အလား၊ သင်တို့အထဲ၌ အမှုမပြုဖူးသည့်အလား ဖြစ်နေသည်။ သင်တို့၏ အောင်မြင်မှုများသည် အလွန် အော်ဂလီဆန်စရာဖြစ်သည်။ သင်တို့သည် အစဉ်အမြဲ မိမိကိုယ်ကိုယ် ပျက်စီးခြင်းနှင့် အရှက်ရခြင်းတို့ ဖြစ်စေကြပြီး တန်ဖိုးမဲ့လုနီးပါး ဖြစ်ကြသည်။ ငါသည် သင်တို့၌ လူသားနှင့်ဆင်တူမှု နည်းနည်းမျှ မတွေ့ရ၊ သို့မဟုတ် လူသား၏ အရိပ်အယောင် နည်းနည်းမျှ အနံ့ခံမရပေ။ သင်တို့၏ လန်းဆန်းသော အနံ့အသက်ကား အဘယ်မှာနည်း။ နှစ်ပေါင်းများစွာတစ်လျှောက် သင်တို့ ပေးခဲ့သော အဖိုးအခကား အဘယ်မှာရှိပြီး အကျိုးရလဒ်များမှာ အဘယ်မှာနည်း။ သင်တို့သည် မည်သည့်အရာကိုမျှ လုံးဝ မတွေ့ကြပြီလော။ ငါ၏ အမှုသည် ယခုတွင် အသစ်သော အစပျိုးခြင်းတစ်ခု၊ အသစ်သော အစပြုခြင်းတစ်ခု ရှိ၏။ ငါသည် ကြီးကျယ်ခမ်းနားသော အစီအစဉ်များကို ဆောင်ရွက်တော့မည်ဖြစ်ပြီး၊ သာ၍ ကြီးမြတ်သောအမှုကိုပင် ငါ ပြီးမြောက်လို၏၊ သို့တိုင် သင်တို့သည် အတိတ်၏ ညစ်ညူးသော ရေထဲတွင် ရှင်သန်နေရင်း ရွှံ့ထဲတွင် ယခင်အတိုင်း လူးနေကြဆဲဖြစ်ပြီး သင်တို့၏ နဂိုမူလအကျပ်အတည်းမှ မိမိတို့ကိုယ်ကိုယ် လက်တွေ့ကျကျ လွတ်မြောက်အောင် မလုပ်နိုင်ကြလေပြီ။ ထို့ကြောင့် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များမှ မည်သည့်အရာကိုမျှ မရရှိကြသေး။ သင်တို့သည် ရွှံ့နှင့် ညစ်ညူးသော ရေများနှင့်ဆိုင်သည့် မိမိတို့၏ နဂိုမူလနေရာမှ မိမိတို့ကိုယ်ကိုယ် မလွတ်မြောက်နိုင်ကြသေးသကဲ့သို့၊ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ သိရုံသာသိကြသော်လည်း အမှန်စင်စစ် ငါ့နှုတ်ကပတ်တော်များ၏ လွတ်လပ်မှု နယ်ပယ်ထဲသို့ သင်တို့ မဝင်ရောက်ကြသေးချေ။ ထို့ကြောင့် ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ထံ လုံးဝ ဖွင့်ထားခြင်းမရှိ၊ ၎င်းတို့သည် နှစ်ထောင်ပေါင်းများစွာ ချိပ်ပိတ်ထားသော အနာဂတ္တိကျမ်းတစ်ကျမ်းကဲ့သို့ ဖြစ်လေသည်။ သင်တို့၏ အသက်တာများတွင် ငါသည် ပေါ်ထွန်းသော်လည်း ယင်းကို သင်တို့ အစဉ်သတိမပြုမိကြ။ ငါ့ကို သင်တို့ မှတ်ပင် မမှတ်မိကြ။ ငါပြောသည့် နှုတ်ကပတ်တော်များ ထက်ဝက်နီးပါးသည် သင်တို့ကို တရားစီရင်ခြင်းဖြစ်ပြီး ၎င်းတို့သည့် သင်တို့အထဲ၌ နက်ရှိုင်းသည့် ကြောက်ရွံ့မှုကို သွတ်သွင်းပေးဖို့ဖြစ်သည့် ၎င်းတို့ ရရှိသင့်သည့် အကျိုးသက်ရောက်မှု ထက်ဝက်ကိုသာ ရရှိလေသည်။ ကျန်တစ်ဝက်တွင် အသက်တာအကြောင်းနှင့် သင်တို့ကိုယ်သင်တို့ မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို သွန်သင်ပေးသော နှုတ်ကပတ်တော်များ ပါဝင်သည်။ သို့သော် သင်တို့နှင့် ပတ်သက်သရွေ့၊ ထိုနှုတ်ကပတ်တော်များသည် ရှိပင်မရှိသည့်အလား၊ သို့မဟုတ် ဖုံးကွယ်ထားသည့် အပြုံးကို သင် အစဉ်ပေးသော်လည်း ဘယ်သောအခါမျှ အရေးတယူ မလုပ်သည့် စကားများဖြစ်သည့် ကလေးများ၏ စကားများကို နားထောင်နေသည့်အလား ဖြစ်လေသည်။ သင်တို့သည် ဤအရာများကို မည်သည့်အခါမျှ စိတ်မဝင်စားကြပေ။ ငါ၏ လုပ်ဆောင်မှုများကို သင်တို့ လေ့လာကြသည်မှာ အဓိကအားဖြင့် သိလိုစိတ်ပြင်းပြမှု အတွက်ကြောင့် အမြဲဖြစ်လေသည်။ အကျိုးဆက်အနေဖြင့် သင်တို့သည် အမှောင်ထဲသို့ ယခု လဲကျကြပြီဖြစ်ကာ အလင်းကို မမြင်နိုင်ကြ။ ထို့ကြောင့် အမှောင်ထဲတွင် သနားစဖွယ် သင်တို့ ငိုကြွေးကြ၏။ ငါအလိုရှိသောအရာမှာ သင်တို့၏နာခံမှု၊ သင်တို့၏ အကြွင်းမဲ့နာခံမှုဖြစ်ပြီး ထို့ထက်ပင်ပို၍ သင်တို့သည် ငါပြောသမျှကို လုံးဝ စိတ်ချနိုင်ဖို့ ငါအလိုရှိသည်။ သင်တို့သည် လျစ်လျူရှုသည့် သဘောထားကို မခံယူသင့်သကဲ့သို့၊ အထူးသဖြင့် ငါ ပြောဆိုသည့်အရာများကို သင်တို့ စိစစ်ရွေးချယ်ကာ မဆက်ဆံသင့်သကဲ့သို့ ငါ၏နှုတ်ကပတ်တော်များနှင့် ငါ့အမှုအပေါ် သင်တို့ ပြုလေ့ရှိသည့်အတိုင်း စိတ်မဝင်မစား မဖြစ်သင့်ပေ။ ငါ၏အမှုသည် သင်တို့အလယ်တွင် ပြီးမြောက်ပြီဖြစ်ကာ ငါသည် သင်တို့အပေါ် မြောက်များစွာသော ငါ၏နှုတ်ကပတ်တော်များကို အပ်နှင်းပြီးဖြစ်သည်၊ သို့သော် သင်တို့သည် ဤနည်းဖြင့် ငါ့အပေါ် ဆက်ဆံပါက၊ သင်တို့မရရှိသကဲ့သို့ လက်တွေ့မလုပ်ဆောင်လေပြီးသော အရာကို တစ်ပါးအမျိုးသား မိသားစုများကိုသာ ငါပေးပစ်နိုင်သည်။ ဖန်ဆင်းထားသောအရာထဲမှ အဘယ်သူကို ငါ၏လက်ထဲတွင် ငါ မဆုပ်ကိုင်ထားသနည်း။ သင်တို့ကြားတွင်ရှိသော အများစုတို့သည် “အသက်အရွယ် အိုမင်းရင့်ရော်” ကြပြီး ငါပိုင်ဆိုင်သည့် ဤကဲ့သို့သော အမှုမျိုးကို လက်ခံနိုင်ရန် အားအင်မရှိကြချေ။ သင်တို့သည် ပြည့်စုံလုံလောက်ရုံမျှသာ ဖြစ်သော ဟန်ဟောင်ငှက်တစ်ကောင်က ကဲ့သို့ ဖြစ်ကြပြီး၊ ငါ၏နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ သင်တို့ လေးလေးနက်နက် သဘောမထားကြ။ ပျိုရွယ်သောလူတို့သည် အလွန်အမင်း မာနထောင်လွှားကြပြီး အလွန်အကြူး စိတ်အလိုလိုက်နေကြသကဲ့သို့၊ ငါ၏အမှုကို သာ၍ပင် အရေးစိုက်မှု နည်းပါးကြသည်။ ၎င်းတို့သည် ငါ့စားသောက်ပွဲကြီး၏ စားကောင်းသောက်ဖွယ်များကို စားသောက်ခြင်းငှာ စိတ်မဝင်စားကြ။ ၎င်းတို့သည် ဝေးလံရာသို့ ထွက်သွားရန် လှောင်အိမ်ထဲမှ ပျံသန်းသွားသည့် ငှက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်ကြသည်။ ဤကဲ့သို့သော လူငယ်များနှင့် လူအိုများသည် ငါ့အတွက် အဘယ်သို့ အသုံးဝင်နိုင်ကြမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ” မှ

အောက်ခြေမှတ်စု(များ)-

က။ ဟန်ဟောင်ငှက်၏ ပုံပြင်သည် အီစွတ်၏ ပုရွက်ဆိတ်နှင့် နှံကောင်ဟူသော ပုံပြင်နှင့် အလွန်ဆင်တူ၏။ ဟန်ဟောင်ငှက်သည် ၎င်း၏ အိမ်နီးချင်းဖြစ်သည့် သပိတ်လွယ် ငှက်တစ်ကောင်မှ အကြိမ်ကြိမ် သတိပေးနေပါသော်လည်း ရာသီဥတု နွေးထွေးနေစဉ်တွင် အသိုက်ဆောက်ရမည့်အစား အိပ်ရသည်ကို ပိုနှစ်သက်လေသည်။ ဆောင်းရာသီ ရောက်လာသောအခါ၊ ထိုငှက်သည် အေးခဲ၍ သေသွား လေသည်။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၄၅)

အသင် ငယ်ရွယ်နုပျိုသောသူအားလုံးသည် ခြင်္သေ့ပျိုများကဲ့သို့ ဖြစ်ကြပါသော်လည်း သင်တို့၏ စိတ်နှလုံးများတွင် မှန်သောလမ်းခရီး ရှိခဲလှပေသည်။ သင်တို့၏ နုပျိုမှုက ငါ့အမှုကို သာ၍ ခံစားပိုင်ခွင့်မရှိ။ ဆန့်ကျင်ဖက်အနေဖြင့်၊ သင်တို့အပေါ် ငါ၏ စက်ဆုပ်မှုကို သင်တို့ အစဉ်သဖြင့် လှုံ့ဆော်ကြသည်။ သင်တို့သည် ငယ်ရွယ်နုပျိုကြပါ သော်လည်း တက်ကြွခြင်းဖြစ်စေ ရည်မှန်းချက်ဖြစ်စေ သင်တို့ ကင်းမဲ့ကြသကဲ့သို့၊ သင်တို့သည် သင်တို့၏ အနာဂတ်နှင့်ပတ်သက်၍ အစဉ်သဖြင့် မယုတ်မလွန်သာ ဖြစ်နေကြသည်။ ယင်းမှာ သင်တို့သည် စိတ်ဝင်စားမှု မရှိသကဲ့သို့ စိတ်လေးနေကြသည့်အလား ဖြစ်သည်။ လူငယ်တို့တွင် တွေ့ရသင့်သည့် တက်ကြွမှု၊ စံနမူနာများနှင့် ရပ်တည်ချက်တို့ကို သင်တို့တွင် လုံးဝမတွေ့ရဟု ဆိုနိုင်သည်။ ဤကဲ့သို့သော လူငယ်မျိုးဖြစ်သည့် သင်တို့သည် ရပ်တည်ချက်မရှိသကဲ့သို့ အမှန်နှင့်အမှား၊ အကောင်းနှင့် အဆိုး၊ လှပခြင်းနှင့် အကျည်းတန်ခြင်းတို့အကြား ပိုင်းခြားရန် အရည်အချင်းမရှိကြ။ သင်တို့တွင် လန်းဆန်းသော အရိပ်လက္ခဏာ တစ်ခုတစ်လေမျှ မြင်တွေ့ရန် မဖြစ်နိုင်ပေ။ သင်တို့သည် လုံးဝ ခေတ်နောက်ကျလုနီးပါး ဖြစ်နေကြပြီး၊ ဤကဲ့သို့သော လူငယ်မျိုးဖြစ်သည့် သင်တို့သည် အများနောက်လိုက်ဖို့၊ ဆင်ခြင်တုံတရား မရှိဖို့ရန်လည်း သင်ယူကြပြီး ဖြစ်သည်။ သင်တို့သည် အမှားမှအမှန်ကို ဘယ်သောအခါမျှ ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ခြင်း မရှိကြ၊ အမှန်နှင့်အမှားအကြား မခွဲခြားနိုင်ကြ၊ ဘယ်သောအခါမျှ အကောင်းဆုံးအတွက် မရုန်းကန်နိုင်ကြသကဲ့သို့၊ မည်သည့်အရာမှန်သည် မည့်သည့်အရာမှားသည်၊ မည်သည့်အရာသည် သမ္မာတရားဖြစ်ပြီး မည်သည့်အရာသည် သူတော်ကောင်း ယောင်ဆောင်ခြင်း ဖြစ်သည်ကိုလည်း သင်တို့ မပြောနိုင်ကြချေ။ သင်တို့တွင် အသက်ကြီးသော သူတို့ထက် ပိုမိုကြီးလေးပြီး ပိုမိုပြင်းထန်သော ဘာသာတရား အနံ့ဆိုးတစ်ခု ရှိ၏။ သင်တို့သည် သာ၍ပင် စိတ်ကြီးဝင်ကြပြီး မလျော်ကန်ကြပေ၊ သင်တို့သည် နိုင်လိုစိတ် အလွန်ပြင်းပြကြပြီး သင်တို့၏ရန်လိုမှုကို နှစ်သက်ခြင်းက အလွန်အားကောင်းလေသည်- ဤကဲ့သို့သော လူငယ်မျိုးက သမ္မာတရားကို အဘယ်သို့ ပိုင်ဆိုင်နိုင်မည်နည်း။ ရပ်တည်ချက်မရှိနိုင်သူ တစ်စုံတစ်ယောက်က အဘယ်သို့ သက်သေခံနိုင်ပါမည်နည်း။ အမှန်နှင့် အမှားကြား ခွဲခြားနိုင်စွမ်းရှိသူကို ငယ်ရွယ် နုပျိုသည့်လူဟု အဘယ်သို့ ခေါ်ဆိုနိုင်ပါမည်နည်း။ လူငယ်တစ်ဦး၏ တက်ကြွမှု၊ အားမာန်၊ လန်းဆန်းမှု၊ တည်ငြိမ်မှုနှင့် မြဲမြံခိုင်ခန့်မှု မရှိသောသူတစ်ဦးကို ငါ့နောက်လိုက်သူဟု အဘယ်သို့ ခေါ်ဆိုနိုင်မည်နည်း။ သမ္မာတရား မရှိသူ၊ တရားမျှတမှု သိစိတ်မရှိဘဲ ကစားရန်နှင့် တိုက်ခိုက်ရန် နှစ်သက်သောသူတစ်ဦးသည် အဘယ်သို့ ငါ၏ သက်သေဖြစ်ခြင်းငှာ ထိုက်တန်နိုင်မည်နည်း။ အခြားသူများ အပေါ် လှည့်ဖြားမှုနှင့် မလိုမုန်းထားမှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများသည် လူငယ်တို့ ရှိသင့်သည့်အရာများ မဟုတ်သကဲ့သို့ လူငယ်များသည် ပျက်စီးစေပြီး စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်များကို မဆောင်ရွက်သင့်ပေ။ လူငယ်များသည် စံနမူနာများ၊ ရည်မှန်းချက်များနှင့် မိမိတို့ကိုယ်ကိုယ် သာ၍ ကောင်းမွန်စေဖို့ အားသန်သော စိတ်ဆန္ဒတစ်ခု မရှိဘဲ မနေသင့်ပေ။ ၎င်းတို့သည် မိမိတို့၏ အလားအလာများ နှင့်ပတ်သက်၍ စိတ်ပျက်အားမလျော့သင့်သကဲ့သို့ ဘဝမျှော်လင့်ချက် သို့မဟုတ် အနာဂတ်အတွက် စိတ်ချယုံကြည်မှုကိုလည်း မပျောက်ဆုံးသင့်ပေ။ ငါ့အတွက် ၎င်းတို့ဘဝတစ်ခုလုံးကို အသုံးခံဖို့ ၎င်းတို့၏ စိတ်ဆန္ဒကို အကောင်အထည်ဖော်ဖို့ရန်ဖြစ်သော ယခု ၎င်းတို့ ရွေးချယ်သည့် သမ္မာတရားလမ်းခရီးတစ်လျှောက် ရှေ့ဆက်ရန် ဇွဲလုံ့လရှိသင့်သည်။ ၎င်းတို့သည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကိုလည်း မသိုထားသင့်ပေ- မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ ၎င်းတို့သည် မျောပါသွားရုံသက်သက် မဖြစ်သင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။ လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ ဖြစ်တည်ခြင်း၏ အဓိပ္ပါယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။ လူငယ်တို့သည် ဒုက္ခဆင်းရဲခြင်းအား မိမိတို့ဘာသာ ကြိတ်မှိတ်လက်မခံသင့်ဘဲ ၎င်းတို့၏ညီအစ်ကို မောင်နှမများအတွက် ခွင့်လွှတ်ခြင်းစိတ်ဓာတ်ဖြင့် ပွင့်ပွင့်လင်းလင်း ရှိသင့်ပေသည်။ မှန်ပေသည်၊ ဤအရာများသည် လူတိုင်းအပေါ် ငါ၏သတ်မှတ်ချက်များနှင့် လူတိုင်းအတွက် ငါ၏အကြံပြုချက်ဖြစ်သည်။ သို့သော် ထို့ထက်ပင်ပို၍၊ ဤအရာများသည် လူငယ်အားလုံးအတွက် ငါ၏ နှစ်သိမ့်မှုပေးသော နှုတ်ကပတ်တော်များ ဖြစ်ကြသည်။ ငါ၏နှုတ်ကပတ်တော်များအတိုင်း သင်တို့ လက်တွေ့လုပ်ဆောင်သင့်ပေသည်။ အထူးသဖြင့် လူငယ်တို့သည် အကြောင်းကိစ္စများတွင် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးရန်နှင့် တရားမျှတမှုနှင့် သမ္မာတရားကို ရှာဖွေရန် သန္နိဋ္ဌာန်မရှိဘဲ မဖြစ်သင့်ပေ။ သင်တို့သည် လှပ၍ ကောင်းမွန်သော အရာအားလုံးကို လိုက်စားသင့်ပြီး၊ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားကို ရရှိသင့်ပေသည်။ သင်တို့ အသက်တာအပေါ် သင်တို့ တာဝန်ယူသင့်ပြီး၊ ယင်းကို ပေါ့ပေါ့တန်တန် မမှတ်ယူရ။ လူတို့သည် ကမ္ဘာမြေသို့ ရောက်လာကြပြီး ငါ့ကို တွေ့ဆုံရန်မှာ ကြုံတောင့်ကြုံခဲ ဖြစ်သကဲ့သို့၊ သမ္မာတရားကို ရှာဖွေရန်နှင့် ရရှိရန်အလို့ငှာ အခွင့်အရေးလည်း ရခဲလှပေသည်။ သင်တို့သည် ဤနှစ်လိုဖွယ်အချိန်ကို ယခုဘဝတွင် လိုက်စားရမည့် မှန်ကန်သည့်လမ်းကြောင်းအဖြစ် အဘယ်ကြောင့် တန်ဖိုးမထားကြသနည်း။ ပြီးလျှင် အဘယ်ကြောင့် သင်တို့သည် အစဉ်သဖြင့် သမ္မာတရားနှင့် တရားမျှတခြင်းအပေါ် အလွန်အထင်အမြင်သေးကြသနည်း။ လူတို့ကို ကစားသည့် မဖြောင့်မတ်မှုနှင့် ညစ်ညူးခြင်းတို့ အတွက် သင်တို့သည် အဘယ်ကြောင့် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် နင်းချေပြီး ဖျက်ဆီးနေကြသနည်း။ မတရားသောသူ လုပ်ဆောင်သည့်အရာ၌ ပါဝင်သည့် လူအိုများကဲ့သို့ သင်တို့သည် အဘယ်ကြောင့် ပြုမူကြသနည်း။ သင်တို့သည် အဘယ်ကြောင့် အိုဟောင်းသောအရာတို့၏ နည်းလမ်းဟောင်းများကို တုပကြသနည်း။ သင်တို့၏ အသက်တာများသည် တရားမျှတခြင်း၊ သမ္မာတရားနှင့် သန့်ရှင်းခြင်းတို့ဖြင့် ပြည့်ဝနေသင့်သည်၊ သင်တို့၏ အသက်တာများသည် မရဏာနိုင်ငံသို့ သင့်ကို ကျဆင်းစေလျက် ဤမျှ ငယ်ရွယ်သည့် အသက်အရွယ်တွင် အလွန်အကျင့် မပျက်သင့်ပေ။ ဤသည်မှာ အလွန်တရာကံဆိုးခြင်း ဖြစ်သည်ဟု သင်တို့ မခံစားရသလော။ ဤသည်မှာ သင်တို့အတွက် အလွန်အမင်း မတရားမှုဖြစ်သည်ဟု သင်တို့ မခံစားကြရသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၄၆)

အလုပ်များစွာနှင့် စကားပေါင်းများစွာသည် သင့်အပေါ်သို့ မသက်ရောက်လျှင် ဘုရားသခင်၏ အလုပ်ကို ဖြန့်ဝေရန် အချိန်ကျသောအခါ သင့်တာဝန်ကို သင်ကျေနိုင်မည်မဟုတ်ဘဲ သင်အရှက်ရပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်အကြောင်း သင်သိသမျှသည် အပေါ်ယံမျှသာဖြစ်ပြီး ဘုရားသခင်ထံ အကြွေးများစွာ တင်နေပြီဖြစ်ကြောင်း သင်ခံစားရလိမ့်မည်။ ဘုရားသခင် အလုပ်လုပ်နေစဉ် ယနေ့ ဘုရားသခင်အကြောင်း သင်မရှာမှီးလျှင် နောက်ပိုင်းတွင် အလွန်နောက်ကျသွားပေလိမ့်မည်။ အဆုံးတွင် သင်၌ပြောစရာ ဘာမျှမရှိ၊ သင့်တွင် ဘာမျှမရှိ၊ ဗလာနတ္ထိသာ ကျန်ပေလိမ့်မည်။ ဘုရားသခင် အကြောင်းပြောပြရန် သင်ဘာကို အသုံးပြုမည်နည်း။ ဘုရားသခင်ကို ကြည့်ရှုရန် သင့်ထံတွင် နာကြည်းမှု ရှိနေသလော။ ယခုပင်လျှင် သင်ရှာမှီးရန် အပြင်းအထန် ကြိုးစားသင့်သည်။ သို့ဖြင့် အဆုံးတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့အတွက် မည်မျှလောက် အကျိုးကျေးဇူးရှိသည်ကို ပေတရုကဲ့သို့ သင်သိလာလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမပါဘဲ လူသည် ကယ်တင်ခြင်းကို မရနိုင်ဘဲ ဆိုးညစ်သောမြေထဲ၊ နွံထဲသို့ နစ်သည်ထက်သာ နစ်နိုင်ပေသည်။ လူတို့အား စာတန်က ဖျက်ဆီးခဲ့ပြီး အချင်းချင်းဆန့်ကျင်ကြံစည်လျက်၊ အချင်းချင်းအပေါ် ဗိုလ်ကျခြယ်လှယ်ကာ၊ ဘုရားသခင်အား မကြောက်ရွံ့တော့ဘဲ သူတို့၏ မနာခံမှုသည် ပိုမိုကြီးထွားလာသည်။ သူတို့၏ အယူအဆများမှာ အလွန်များပြားပြီး အားလုံးမှာ စာတန်နှင့် သက်ဆိုင်လေသည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိပါက လူ၏ ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်နိုင်ခြင်းမရှိဘဲ သူသည် ကယ်တင်ခြင်းကို ရနိုင်မည်မဟုတ်။ လူ့ဇာတိအဖြစ်ကို ခံယူထားသော ဘုရားသခင်၏ လူ့ဇာတိအလုပ်အားဖြင့် ဖော်ပြသည်မှာ အတိအကျဆိုရလျှင် ဝိညာဉ်တော်က ဖော်ပြသည့်အရာဖြစ်ပြီး ဘုရားသခင် လုပ်သည့်အလုပ်မှာ ဝိညာဉ်တော်အားဖြင့် လုပ်သောအလုပ်အတိုင်းသာ ဖြစ်လေသည်။ ယနေ့တွင်၊ ဤအလုပ်အကြောင်း သင်ဘာမျှမသိပါက သင်သည် အလွန်မိုက်မဲလှပြီး ဆုံးရှုံးမှုများလှသည်။ အကယ်၍ သင်သည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို မရသေးပါက သင့်ယုံကြည်မှုသည် ဘာသာရေးယုံကြည်မှုဖြစ်ပြီး သင်သည် ဘာသာရေးခရစ်ယာန်တစ်ဦး ဖြစ်ပေသည်။ အကြောင်းမှာ သင်သည် မသုံးတော့သော အယူဝါဒကို စွဲကိုင်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို သင်ဆုံးရှုံးခဲ့သည်။ ဘုရားသခင်၏ မေတ္တာနောက်သို့လိုက်သော အခြားသူများသည် သမ္မာတရားနှင့် အသက်ကို ရနိုင်ပြီး စင်စစ်အားဖြင့် သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်၏ အတည်ပြုမှုကို ရရန် မစွမ်းသာပေ။ ယင်းအစား၊ သင်သည် ဖျက်ဆီးတတ်ပြီး မုန်းစရာကောင်းသော အပြုအမူများကို လုပ်သည့် ယုတ်မာသူတစ်ဦးဖြစ်လာကာ သင်သည် စာတန်လှောင်ပြောင်စရာတစ်ဦး၊ စာတန်၏ အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် လူ၏ ယုံကြည်ခြင်းကို ခံရဖို့မဟုတ်၊ လူ၏ချစ်ခြင်းကို ခံရန်၊ လူ၏နောက်သို့လိုက်ခြင်းနှင့် ဆည်းကပ်ကိုးကွယ်ခြင်းတို့ကို ခံရန်ဖြစ်လေသည်။ သင်ယနေ့မရှာမှီးပါက “ယခင်က ငါသည် ဘုရားသခင်နောက်သို့ အဘယ်ကြောင့် ကောင်းစွာမလိုက်ခဲ့သနည်း၊ ကိုယ်တော့်ကို အဘယ်ကြောင့် ကောင်းစွာကျေနပ်အောင် မပြုခဲ့သနည်း၊ ငါ၏အသက်တာ စိတ်သဘောထားထဲရှိ ပြောင်းလဲမှုများကို အဘယ်ကြောင့် လက်ကိုင်မပြုခဲ့သနည်း။ ထိုအချိန်၌ ဘုရားသခင်ထံ မဆက်ကပ်နိုင်ခဲ့ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့် အသိပညာကို မရှာမှီးခဲ့ခြင်းတို့ကို ငါနောင်တ ရလိုက်လေခြင်း။ ထိုစဉ်က ဘုရားသခင်သည် များစွာပြောခဲ့သည်။ ငါဘယ်လိုများ မရှာမှီးခဲ့မိပါလိမ့်။ ငါသည် အလွန်မိုက်မဲ ခဲ့သည်တကား” ဟု သင်ပြောမည့် နေ့ရက်သည် ရောက်လာ လိမ့်မည်။ သင်သည် သင့်ကိုယ်သင် အတိုင်းအတာတစ်ခုအထိ မုန်းတီးမိလိမ့်မည်။ ယနေ့တွင် သင်သည် ငါပြောသောစကားများကို သင်မယုံကြည်၊ ငါ့စကားများကို သင်ဂရုမပြု၊ ဤအလုပ်ကို ဖြန့်ဝေရန် နေ့ရက်သို့ရောက်သောအခါ သင်သည် အလုံးစုံမြင်ရမည်။ သင်နောင်တရမည်ဖြစ်ပြီး ထိုအချိန်တွင် သင်သည် အံ့အားသင့်လျက် ကြက်သေသေနေပေလိမ့်မည်။ ကောင်းချီးမင်္ဂလာများရှိ၏၊ သို့သော် ယင်းတို့၌ ပျော်မွေ့ရကောင်းမှန်း သင်မသိ။ သမ္မာတရားရှိ၏၊ သို့သော် သင်မရှာမှီး။ သင့်ကိုယ်သင် အထင်သေးခြင်း မဖြစ်သလော။ ယနေ့တွင်၊ ဘုရားသခင်၏အလုပ် နောက်တစ်ဆင့် မစတင်သေးသော်လည်း သင့်အား တောင်းဆိုသောအရာများနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုသောအရာများနှင့် ပတ်သက်ပြီး ထူးထူးခြားခြား မရှိပါ။ အလုပ်များစွာရှိ၏၊ သမ္မာတရားများစွာရှိ၏။ ယင်းတို့သည် သင်၏သိခြင်းကိုခံရရန် မထိုက်တန်သလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို လှုပ်နှိုးနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးရန် မစွမ်းဆောင်နိုင်သလော။ သင်သည် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ငြိမ်းချမ်းစွာ၊ ဝမ်းမြောက်စွာ၊ လောကီရေးရာ အနည်းငယ် သက်သောင့်သက်သာရှိစွာ နေထိုင်ရန် တင်းတိမ်ရောင့်ရဲနေပါသလော။ သင်သည် လူအားလုံးတွင် အနိမ့်ဆုံးဖြစ်မနေသလော။ ကယ်တင်ခြင်းကို မြင်ပြီးသော်လည်း ကယ်တင်ခြင်းရရန် မလိုက်လျှောက်သူထက် ပို၍ ရူးမိုက်သောသူမရှိ၊ သူတို့သည် မိမိကိုယ်ကို ဇာတိပကတိ၌ အလွန်ပျော်ပါးပြီး စာတန်နှင့် ပျော်မွေ့နေသူများဖြစ်သည်။ သင်၏ ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့်စိန်ခေါ်မှုများ၊ သို့မဟုတ် ကြီးစွာသောဘေးဒုက္ခများ၊ သို့မဟုတ် ဆင်းရဲဒုက္ခ စိုးစဉ်းကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ အသုံးမကျသော အရာများနောက်သို့ သင်အမြဲလိုက်သည်၊ ဘဝကို တန်ဖိုးရှိအောင် သင်မလုပ်၊ ထိုအစား သင့်အတွေးမြောက်မြားစွာကို သမ္မာတရားရှေ့မှောက်၌ ချထား သည်။ သင်သည် အလွန်ပင် အသုံးမကျပေ။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ ရှင်သန်နေသည်၊ သင်သည် ဝက်များ၊ ခွေးများနှင့် ဘာများကွာခြားသနည်း။ သမ္မာတရားနောက်သို့ မလိုက်ဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ် မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အထဲတွင် စကားပေါင်းမည်မျှပြောပြီးပြီနည်း။ သင်တို့ကြားတွင် အလုပ် အနည်းငယ်လောက်သာ ပြီးမြောက်ထားခြင်း ရှိသလော။ သင်တို့အကြား ငါမည်မျှလောက် ထောက်ပံ့ပေးခဲ့ပြီနည်း။ သို့တိုင် သင်အဘယ်ကြောင့် မရသေးပါသနည်း။ သင်၌ အဘယ် စောဒကတက်စရာ ရှိသနည်း။ သင်သည် ဇာတိပကတိ၌ အလွန်အမင်း ပျော်မွေ့နေသောကြောင့်သာ ဘာမျှမရခြင်း မဟုတ်လော။ သင်၏အတွေးများမှာ အလွန်ပင် တရားလွန် နေသောကြောင့် မဟုတ်သလော။ သင်သည် အလွန်မိုက်မဲ သောကြောင့် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို ရယူရန် သင်မစွမ်းဆောင်နိုင်ပါက သင့်ကို ဘုရားသခင် မကယ်တင်ခြင်းကို သင်အပြစ်တင်နိုင်မည်လော။ သင်ရှာမှီးသည်မှာ ဘုရားသခင်ကို သင်ယုံကြည်ပြီးနောက် ငြိမ်းသက်ခြင်း ရနိုင်ရန်ဖြစ်သည်၊ သင့်သားသမီးများ နေထိုင်မကောင်း မဖြစ်စေရန်၊ သင့်ခင်ပွန်း အလုပ်ကောင်းကောင်းရရန်၊ သင့်သား ဇနီးကောင်းတစ်ဦးကိုရရန်၊ သင့်သမီး ရည်မွန်သော ခင်ပွန်းတစ်ဦးကိုရရန်၊ သင့်မြင်းများ၊ နွားများ မြေကိုကောင်းစွာထွန်ယက်ရန်၊ သင့်ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတုကောင်းမွန်ရန်၊ သင်ရှာဖွေသည်မှာ ယင်းတို့ဖြစ်သည်။ သင်လိုက်လျှောက်သည်မှာ သက်သောင့်သက်သာ နေထိုင်ရန်သာ ဖြစ်သည်၊ သင့်မိသားစုထံသို့ မတော်တဆမှုများ မကျရောက်ရန်၊ သင့်အနား လေပြေဖြတ်သွားရန်၊ သင့်မျက်နှာကို မြေမှုန်မထိစေရန်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်၊ မည်သည့် သဘာဝဘေးအန္တရာယ်မှ သင့်အပေါ်သို့ မကျရောက်စေရန်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် နေထိုင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန်တို့အတွက်သာ သင်ရှာမှီးနေသည်။ ဇာတိပကတိနောက်သို့ အမြဲလိုက်နေသည့် သင်ကဲ့သို့သော သတ္တိကြောင်သူတစ်ဦး၌ စိတ်နှလုံးရှိပါသလော၊ သင့်မှာ ဝိညာဉ်ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အတုံ့အပြန် ဘာကိုမျှ မတောင်းဆိုဘဲ စစ်မှန်သောလမ်းကို သင့်အား ငါပေးခဲ့သော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော ထိုသူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ်သို့ စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဝက်များ၊ ခွေးများနှင့် ဘာမျှမထူးဘူး မဟုတ်လော။ ဝက်များသည် လူ့အသက်ကို မလိုက်လျှောက်၊ သူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရန် မလိုက်လျှောက်၊ အသက်ဆိုသည်ကို သူတို့နားမလည်။ နေ့စဉ်ဝသည်ထိစားပြီး အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား လမ်းမှန်ကိုပေးပြီးဖြစ်သော်လည်း သင်၌ ဤလမ်းမှန်မရှိသေး၊ သင်သည် လက်ချည်းသက်သက်ပင် ဖြစ်ပေသည်။ ဝက်တစ်ကောင်၏ဘဝ၊ ဤဘဝတွင် ဆက်လက်နေထိုင်ရန် သင်လိုလားပါသလော။ ထိုသို့သောသူများ၏ အသက်ရှင်မှုတွင် မည်သည့်အရေးပါမှု ရှိသနည်း။ သင့်ဘဝသည် အထင်သေးဖွယ်၊ ရှက်ဖွယ်ဖြစ်ပြီး သင်သည် ညစ်ညမ်း၍ သိက္ခာကင်းမဲ့စွာ အသက်ရှင်နေသည်၊ ထို့ပြင် သင်သည် မည်သည့် ရည်မှန်းချက်နောက်သို့မှ မလိုက်ပေ၊ သင့်ဘဝသည် အားလုံးထဲတွင် ရှက်စရာအကောင်းဆုံး ဖြစ်နေသည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းအတိုင်း သင်ဆက်တွေ့ကြုံနေပါက သင်ဘာကိုမျှ မရဘဲဖြစ်မည် မဟုတ်လော။ မှန်ကန်သောလမ်းကို သင့်အား ပေးပြီးသော်လည်း နောက်ဆုံးတွင် သင်ရ၊ မရဆိုသည်မှာ သင်၏ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်မှုပေါ် မူတည်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၄၇)

သင်တို့၏ ဇာတိပကတိ၊ သင်တို့၏ လွန်ကဲသော အလိုဆန္ဒများ၊ သင်တို့၏ လောဘနှင့် သင်တို့၏ တဏှာရာဂတို့သည် သင်တို့အထဲ၌ အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ ထိုအရာများသည် သင်တို့၏ စိတ်နှလုံးကို အမြဲတစေ အလွန်ထိန်းချုပ်ထားသဖြင့် သင်တို့သည် ပဒေသရာဇ်ဆန်ပြီး ကျဆင်းယိုယွင်းသော အဆိုပါ အတွေးအခေါ်များ၏ ထမ်းပိုးကို စွန့်ပစ်နိုင်စွမ်း မရှိကြ။ သင်တို့သည် သင်တို့၏ လက်ရှိအခြေအနေကို ပြောင်းလဲရန်နှင့် မှောင်မိုက်၏ လွှမ်းမိုးမှုထဲမှ လွတ်မြောက်ရန် မတမ်းတကြ။ သင်တို့သည် ထိုအရာများ၏ ချည်နှောင်ခြင်းကိုသာ ခံကြရသည်။ ယင်းကဲ့သို့သော အသက်တာသည် အလွန်နာကျင်ကြောင်းနှင့် ယင်းကဲ့သို့သော လောကသည် အလွန်မှောင်မိုက်ကြောင်းကို သင်တို့သိလျှင်ပင် ထိုအသက်တာမျိုးကို ပြောင်းလဲရန် ရဲစွမ်းသတ္တိရှိသူ တစ်ဦးတစ်ယောက်မျှ သင်တို့ထဲ၌ အလျှင်းမရှိ။ သင်တို့သည် ဤစစ်မှန်သည့်ဘဝမျိုးမှ လွတ်မြောက်ရန်၊ သင်တို့၏ စိတ်ဝိညာဉ်ကို တမလွန်၌ အပြစ်ကြွေး သန့်စင်ပေးရာဘုံမှ လွတ်ရန်နှင့် ကောင်းကင်ဘုံကဲ့သို့ ငြိမ်သက်ပျော်ရွင်ဖွယ် ပတ်ဝန်းကျင်တစ်ခုအတွင်း အသက်ရှင်ရန်သာ တောင့်တမျှော်လင့်နေကြသည်။ သင်တို့သည် သင်တို့၏ လက်ရှိအသက်တာကို ပြောင်းလဲရန်အတွက် ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန် ဆန္ဒမရှိကြ၊ ဤကဲ့သို့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းထဲမှ သင်တို့ဝင်ရောက်သင့်သော အသက်တာကို ရှာဖွေရန်လည်း သင်တို့ဆန္ဒမရှိကြ။ ထိုသို့ဆန္ဒရှိရမည့်အစား သင်တို့သည် လက်တွေ့မကျသော အိပ်မက်များထဲ၌ ဇာတိပကတိအလွန် လှပသည့် ကမ္ဘာအကြောင်းကိုသာ လုံးလုံးစိတ်ကူးယဉ် အိပ်မက်မက် နေကြသည်။ သင်တို့တောင့်တသော အသက်တာမှာ နာကျင်မှု တစ်စုံတစ်ခုကိုမျှ မခံစားရဘဲ မပင်မပန်း ရယူနိုင်သော အသက်တာ ဖြစ်သည်။ လုံးဝ လက်တွေ့မဆန်လိုက်လေစွ။ အဘယ်ကြောင့် ဆိုသော် သင်တို့မျှော်လင့်သည့်အရာမှာ အဓိပ္ပာယ်ရှိသောဘဝကို သွေးသား ခန္ဓာဖြင့် အသက်ရှင်နေထိုင်ရန်နှင့် ဘဝလမ်းခရီးထဲ လျှောက်လှမ်းစဉ် သမ္မာတရားကိုရရန်၊ တစ်နည်းအားဖြင့်ဆိုပါက သမ္မာတရားအတွက် အသက်ရှင်ရန်နှင့် တရားမျှတမှုအတွက် ရပ်တည်ရန် မဟုတ် သောကြောင့် ဖြစ်သည်။ ဤအသက်တာကို ထွန်းလင်း ပြောင်မြောက်သော အသက်တာဟူ၍ သင်တို့မှတ်ယူလိမ့်မည်မဟုတ်။ ဤအသက်တာသည် မက်မောဖွယ်ကောင်းသော အသက်တာ၊ သို့မဟုတ် အဓိပ္ပာယ်ရှိသော အသက်တာ ဖြစ်လိမ့်မည်မဟုတ်ဟု သင်တို့ ထင်ကြသည်။ သင်တို့အမြင်တွင် ယင်းအသက်တာမျိုးကို ရှင်သန်ရခြင်းကို မတရားမှုတစ်ခုအဖြစ် ခံစားရပေလိမ့်မည်။ ဤပြစ်တင်ဆုံးမခြင်းကို သင်တို့ယနေ့လက်ခံ သော်လည်း သင်တို့လေ့လာလိုက်စားနေသောအရာမှာမူ သမ္မာတရားကို ရရန်၊ သို့မဟုတ် ပစ္စုပ္ပန်တွင် သမ္မာတရားဖြင့် အသက်ရှင်ရန်မဟုတ်ဘဲ သွေးသားခန္ဓာ ပျက်စီးပြီးနောက်ပိုင်း ပျော်ရွှင်ဖွယ်ရာအသက်တာထဲ ဝင်ရောက်နိုင်ရန်သာဖြစ်သည်။ သင်တို့သည် သမ္မာတရားကို ရှာဖွေနေခြင်း မဟုတ်၊ သမ္မာတရားအတွက် ရပ်တည်နေခြင်းလည်း မဟုတ်သည့်အပြင် သင်တို့သည် သမ္မာတရားအတွက် ဖြစ်တည် နေခြင်းလည်း မဟုတ်။ ယနေ့ သင်တို့သည် ဝင်ရောက်ရန် လုပ်ဆောင်နေရမည့်အစား “နေ့ရက် တစ်ရက်” အကြောင်း အမြဲတွေးလျက်၊ ကောင်းကင်ပြာကြီးကို ငေးကြည့်လျက်၊ ခါးသီးသော မျက်ရည်များကျပြီး ကောင်းကင်ဘုံသို့ တစ်နေ့နေ့တွင် အခေါ်ဆောင် ခံရရန် မျှော်လင့်လျက်နေကြသည်။ ထိုသို့သော သင်တို့၏အတွေးသည် မတွေးခင်ကတည်းက လက်တွေ့ဘဝနှင့် မအပ်စပ်ကြောင်းကို သင်တို့မသိကြသလော။ မကုန်ဆုံးနိုင်သော သနားခြင်းကရုဏာနှင့် အကြင်နာမေတ္တာရှိသော ကယ်တင်ရှင်သည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မလွဲမသွေ ကြွလာပြီး ဤလောက၏အခက်အခဲနှင့် ဒုက္ခဆင်းရဲတို့ကို သည်းခံခဲ့သော သင့်အား သူနှင့်အတူ ခေါ်ဆောင်သွားမည်၊ မတရားဖိနှိပ်ခံခဲ့ရပြီး ချုပ်ချယ်ခံခဲ့ရသော သင့်အတွက် မလွဲမသွေ လက်တုံ့ပြန်ပေးလိမ့်မည်ဟု သင်တွေးမြဲတွေးနေသည်။ သင်သည် အပြစ်တရားနှင့် ပြည့်နှက်နေသည် မဟုတ်လော။ ဤလောကထဲတွင် ဒုက္ခဆင်းရဲ ခံခဲ့ရသောသူမှာ သင်တစ်ယောက်တည်းသာ ရှိသလော။ သင်သည် စာတန်၏အုပ်စိုးမှုအောက်သို့ သင့်ကိုယ်သင် ကျရောက်စေခဲ့ပြီး ဒုက္ခဆင်းရဲ ခံနေရသည်၊ ဘုရားသခင်အနေဖြင့် သင့်ကို အပြစ်ဒဏ်ခတ်ရန်အတွက် အမှန်တကယ် လိုအပ်သလော။ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိသောသူများ အားလုံးသည် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင် လူ့ဇာတိခံယူခြင်းကို မယုံကြည်သော သူများသည် အန္တိခရစ်များဖြစ်ကြသည် မဟုတ်လော။ သင်၏ ကောင်းသောအကျင့်များသည် မည်သည်အတွက် အရေးပါသနည်း။ ထိုအကျင့်များသည် ဘုရားသခင်အား ကိုးကွယ်သော စိတ်နှလုံး၏နေရာကို အစားထိုးနိုင်သလော။ ကောင်းသောအမှုများကို ပြုရုံသက်သက်ဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင်မရနိုင်၊ ထို့အပြင် သင့်အနေဖြင့် မတရားဖိနှိပ်ချုပ်ချယ်ခံခဲ့ရသည်ဆိုရုံမျှနှင့် သင့်အပေါ် ပြုခဲ့ကြသည့် မတရားမှုများအတွက် ဘုရားသခင်က လက်တုံ့ပြန်ပေးမည် မဟုတ်။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို မသိဘဲ ကောင်းသောအမှုများကို ပြုသောသူများ အားလုံးသည်လည်း ပြစ်တင်ဆုံးမခြင်းကို ခံကြရသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်ရုံမျှသာ ယုံကြည်သည်၊ သင့်အပေါ် သူတစ်ပါးပြုခဲ့သော မတရားမှုများကို ဘုရားသခင်က တရားသဖြင့် ပြုပေးရန်နှင့် လက်တုံ့ပြန်ပေးရန်သာ သင်အလိုရှိသည်၊ ထို့အပြင် သင်၏ဒုက္ခဝေဒနာထဲမှ လွတ်မြောက်ရန်အတွက် ထွက်ပေါက်တစ်ခုကို ဘုရားသခင်ပြင်ဆင်ပေးရန် သင်အလိုရှိသည်။ သို့သော်လည်း သင်သည် သမ္မာတရားကို အာရုံပြုရန် ငြင်းဆန်သည်သာမက သမ္မာတရားဖြင့် အသက်ရှင်ရန် ဆာငတ်ခြင်းလည်း သင်၌မရှိ။ ခက်ခဲပြီး ဗလာနတ္တိဖြစ်နေသော ဤအသက်တာထဲမှ လွတ်မြောက်နိုင်စွမ်း သင်၌သာ၍မရှိ။ ထိုအစား သင်၏အသက်တာကို သွေးသားဇာတိဖြင့် လည်းကောင်း၊ အပြစ်တရားနှင့်ပြည့်သော အသက်တာဖြင့် လည်းကောင်း အသက်ရှင်နေစဉ်ပင် သင်၏နစ်နာချက်များကို အမှန်ပြင် ကုစားပေးရန်နှင့် သင့်ဘဝထဲ အုံ့ဆိုင်းနေသော မြူမှိုင်းကို ခွင်းပေးရန် ဘုရားသခင်အား မျှော်လင့်တကြီး သင်ကြည့်သည်။ ဤအရာသည် မည်ကဲ့သို့ဖြစ်နိုင်ခြေရှိမည်နည်း။ အကယ်၍ သမ္မာတရားကို သင်ပိုင်ဆိုင်ပါက ဘုရားသခင်နောက် သင်လိုက်နိုင်မည်ဖြစ်သည်။ အကယ်၍ သင်၌ သမ္မာတရားဖြင့် အသက်ရှင်နေထိုင်မှု ရှိပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပေါ်လွင်ထင်ရှားစေသောသူတစ်ဦး ဖြစ်နိုင်သည်။ အကယ်၍ သင်၌ အသက်ရှိပါက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင်ခံစားမွေ့လျော်နိုင်သည်။ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားမွေ့လျော်နိုင်ကြ၏။ ဘုရားသခင်သည် သူ့အား စိတ်နှလုံး အကြွင်းမဲ့ချစ်ပြီး အခက်အခဲများနှင့် ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော သူများအား တရားသဖြင့်ပြုပေးမည်မှာ သေချာသည်၊ မိမိကိုယ်ကိုသာ ချစ်ပြီး စာတန်၏ လိမ်လည်လှည့်ဖြားမှုများကိုခံရသည့် သားကောင်ဖြစ် သွားသော သူများကိုမူ တရားသဖြင့် မပြုပေးချေ။ သမ္မာတရားကို မချစ်သောသူများ၏ အထဲတွင် အကြင်နာတရား မည်သို့ရှိနိုင်မည်နည်း။ ဇာတိပကတိကိုသာ ချစ်သောသူများ၏အထဲတွင် ဖြောင့်မတ်ခြင်းတရား မည်သို့ရှိနိုင်မည်နည်း။ ဖြောင့်မတ်ခြင်းတရားနှင့် ကြင်နာခြင်း တရားတို့သည် သမ္မာတရားနှင့် နှီးနွှယ်နေကြသည် မဟုတ်လော။ ထိုတရားတို့ကို ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်သောသူများ အတွက် သိုမှီးထားသည် မဟုတ်လော။ သမ္မာတရားကို မချစ်သောသူနှင့် ပုပ်ပျက်သော အလောင်းကောင်များသာ ဖြစ်သောသူအားလုံးတို့သည် ဆိုးယုတ်ခြင်းကို လက်သင့်ခံထားကြသည် မဟုတ်လော။ သမ္မာတရားဖြင့် အသက်မရှင်နိုင်သောသူများ အားလုံးသည် သမ္မာတရား၏ ရန်သူများဖြစ်ကြသည် မဟုတ်လော။ ထိုသို့ဆိုပါက သင်သည် အဘယ်သို့သောသူ ဖြစ်သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၄၈)

လူသားကို စီမံခန့်ခွဲခြင်းသည် ငါ၏အလုပ်ဖြစ်သည်။ ထို့အပြင် ငါ့အားဖြင့် သူသိမ်းပိုက်ခံရခြင်းသည် ကမ္ဘာကို ငါဖန်ဆင်းစဉ်က သာ၍ပင် အပ်နှင်းပေးခဲ့သော အရာဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ငါသည် လူများကို အပြည့်အဝ သိမ်းပိုက်မည်ဆိုခြင်းကို လူတို့မသိလောက်သကဲ့သို့ လူသားမျိုးနွယ်ထဲမှ ပုန်ကန်သူများကို သိမ်းပိုက်ခြင်းသည် စာတန်အပေါ် ငါအနိုင်ရခြင်း၏ အထောက်အထား ဖြစ်သည် ဆိုခြင်းကိုလည်း သတိမပြုမိကြလောက်ပေ။ သို့သော် ငါ၏ရန်သူသည် ငါနှင့်စစ်ပွဲဖြစ်စဉ်က၊ စာတန်၏ ချုပ်နှောင်ဖမ်းသွားခြင်း ခံခဲ့ရပြီး ၎င်း၏သားသမီးများနှင့် ၎င်း၏အိမ်ကိုစောင့်ပေးရသော သစ္စာရှိ အစေခံကျွန်များအဖြစ် ပြောင်းလဲခြင်းခံလိုက်ရသော သူများအပေါ် ငါသည် သိမ်းပိုက်သူဖြစ်မည်ဆိုခြင်းကို ငါမိန့်ခဲ့ပြီးသားပင်။ သိမ်းပိုက်သည်ဆိုခြင်း၏ မူလအဓိပ္ပာယ်သည် အနိုင်ရသည်ဟုဆိုလိုပြီး အရှက်တကွဲ အကျိုးနည်းခြင်းကို ကြုံတွေ့စေခြင်း ဟုလည်းဆိုလိုသည်။ ဣသရေလ လူမျိုးများ၏ ဘာသာစကားအရ အပြည့်အဝ အနိုင်ရကာ ဖျက်ဆီးခံရ၍ ငါ့အပေါ် ရှေ့ဆက်ဆန့်ကျင်ခုခံနိုင်စွမ်း မရှိတော့အောင် လုပ်ခြင်းဟုဆိုလိုသည်။ သို့သော် ယနေ့ခေတ်၌ သင်တို့ လူသားများအသုံးအရ ၎င်း၏အဓိပ္ပာယ်မှာ သိမ်းပိုက်ခြင်းဖြစ်သည်။ ငါ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏မာရ်နတ်အား၊ ငါ၏အမှုကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် အစီအစဉ်ပျက်စေခြင်းပြုရန် ထွက်သက် ဝင်သက်ရှိရန်မဆိုနှင့်၊ ငါ့ကိုဆန့်ကျင်ပုန်ကန်ခြင်း မပြုစေနိုင် တော့ရန် လုံးဝ ဇီဝချုပ်ငြိမ်းစေ၍ အပြီးအပိုင် ချေမှုန်းရန် ဖြစ်သည်ကို သင်တို့သိသင့်သည်။ ထို့ကြောင့် လူသားနှင့်ပတ်သက်ပါက၊ သိမ်းပိုက်ခြင်းဟူသော အဓိပ္ပာယ်ရှိလာခဲ့သည်။ ဝေါဟာရ ဂယက်အနက်သည် မည်သို့ပင် ဖြစ်နေပါစေ ငါ၏အမှုမှာ လူသားမျိုးနွယ်ကို အောင်နိုင်ဖို့ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် ငါ၏အမှုအတွက် အဖြည့်ခံတစ်ခု ဟုတ်သော်လည်း သာ၍တိကျစွာ ပြောရလျှင် လူသားမျိုးနွယ်သည် ငါ၏ရန်သူမှလွဲ၍ အခြားမဟုတ်ပေ။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်၍ မနာခံသော မာရ်နတ် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏ကျိန်ခြင်းခံထားရသော မာရ်နတ်၏ သားသမီးပင် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ့ကိုသစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်းဆီက ဆင်းသက်လာသူ မှလွဲ၍ အခြားမဟုတ်ပေ။ လူသားမျိုးနွယ်သည် ရှေးကတည်းက ငါရွံရှာစွန့်ပယ်ခဲ့ပြီး ထိုအချိန်မှစ၍ ငါနှင့် မည်သည့်အခါမျှ မသင့်မြတ်နိုင်သော ရန်သူဖြစ်နေခဲ့သည့် မာရ်နတ်ဆိုး၏ အမွေအနှစ်ပင် ဖြစ်သည်။ လူသားမျိုးနွယ်အထက် ညို့မှိုင်းမည်းမှောင်နေ၍ အလင်းရောင် ခပ်ရေးရေးပင် သိပ်မရှိသော ကောင်းကင်ပြင်ကြီးသည် နိမ့်ကျလာပြီး၊ လူ့လောကထဲ နေထိုင်နေသောသူသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက်ကို မမြင်နိုင်စေရန်၊ သို့မဟုတ် ခေါင်းမပြီး ကြည့်သည့်အခါ နေမင်းကို မြင်နိုင်ခြင်း မရှိစေရန်၊ လူ့လောကကြီးမှာ ပိန်းပိတ်အောင် မည်းမှောင်နေသည့် အမှောင်ထုအတွင်း ကျရောက်စေခြင်း ခံရ၏။ သူ၏ခြေအောက်က လမ်းသည်လည်း ရွှံ့နွံထူထပ်ကာ ကျင်း၊ ချိုင့်တို့ ပေါများလျက် နှိပ်စက်ကလူပြုသည်အထိ ကောက်ကွေ့လှသည်။ မြေတစ်ပြင်လုံး တွင်လည်း အလောင်းကောင်များ ပြန့်ကျဲနေ၏။ မှောင်မည်းနေသော ထောင့်နေရာများတွင်မူ အသေကောင်ရုပ်ကလာပ်များနှင့် ပြည့်နေပြီး၊ အေးစက်၍ အရိပ်ကျသော ထောင့်နေရာများတွင်မူ နတ်ဆိုးအစုလိုက် အအုံလိုက် နေထိုင်နေကြသည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် နတ်ဆိုးများသည် အုံလိုက်ကျင်းလိုက် သွားလာလှုပ်ရှားနေကြသည်။ အညစ်အကြေးများနှင့် ဖုံးလွှမ်းနေသော သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော တိုက်ပွဲ၌ ပိတ်မိနေကြ၍ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကိုပင် တုန်လှုပ်ခြောက်ခြား သွားစေ၏။ ယင်းကဲ့သို့ အချိန်များတွင်၊ ယင်းသို့သောလောကကြီးနှင့် ယင်းကဲ့သို့ “လောက ပရဒိသုဘုံ” တွင် လူတစ်ယောက်သည် ဘဝ၏ ကြီးစွာသော ပျော်ရွှင်မှုမျိုးကို အဘယ်မှာ သွားရှာရမည်နည်း။ ဘဝ၏ပန်းတိုင်ကို ရှာတွေ့ရန် အဘယ်ကို သွားရမည်နည်း။ ရှေးကတည်းက စာတန်၏ ခြေအောက်၌ နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင်ဖြစ်သည်။ ထို့ထက်ပို၍ပင် စာတန်ကို သိသာထင်ရှားစွာ သက်သေခံပေးသော စာတန်၏ပြယုဂ်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်ကျင့်တရားပျက်နေသော အညစ်အကြေးကောင်များ၊ ပျက်စီးနေသော လူမိသားစု၏ သားသမီးများသည် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ဘုန်းအာနုဘော်သည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုဆန့်ကျင်သည့် ရန်သူသည် ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ကာ ငါ၏ဘုန်းအာနုဘော်၊ ငါ၏အသက်ရှင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို သိမ်းယူကာ ညစ်ပေစေခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ငါ၏ဘုန်းအာနုဘော်ကို လုယူသွားခဲ့ကာ စာတန်၏ အရုပ်ဆိုး အကျည်းတန်မှုများနှင့် အကြီးအကျယ်ဖွဲ့နှောင်ထားသော အဆိပ်များ၊ ကောင်းမကောင်းကို သိကျွမ်းစေသော အပင်၏အသီးမှ အရည်တို့နှင့် လူသားကို ပြည့်ဝစေခဲ့ပြီ။ အစအဦး၌ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သော အာဒံကို ငါဖန်ဆင်းခဲ့သည်။ သူသည် ပုံရိပ်၊ ပုံသဏ္ဌာန်နှင့် ပြည့်စုံခဲ့ပြီး အားမာန်၊ တက်ကြွမှုတို့နှင့် ပြည့်လျှံနေခဲ့သည်။ ထို့အပြင် ငါ၏ဘုန်းအာနုဘော်နှင့်လည်း အတူရှိနေခဲ့သည်။ လူသားကို ငါဖန်ဆင်းခဲ့သောအချိန်သည် ထူးမြတ်သောနေ့ရက် ဖြစ်ခဲ့သည်။ ထို့နောက်ပိုင်း အာဒံ၏ ခန္ဓာကိုယ်မှ ဧဝကို ထုတ်လုပ်ခဲ့သည်။ ထို့ကြောင့် သူသည်လည်း လူသား၏ ဘိုးဘေးဖြစ်ခဲ့သည်။ ထို့ကြောင့် ငါဖန်ဆင်းခဲ့သော လူတို့သည် ငါ၏အသက်ဇီဝ၊ ငါ၏ဘုန်းအာနုဘော်နှင့် ပြည့်ဝခဲ့သည်။ အာဒံသည် မူလအားဖြင့် ငါ့လက်မှ ဖွားမြင်ခဲ့သောသူ ဖြစ်ပြီး ငါ့သဏ္ဌာန်၏ ကိုယ်စားပြုခြင်း ဖြစ်သည်။ ထို့ကြောင့် “အာဒံ” ၏ မူရင်းအဓိပ္ပာယ်သည် ငါ၏ဖန်ဆင်းခြင်းခံရသော သတ္တဝါဟု အဓိပ္ပာယ်ရပြီး၊ ငါ၏ရှင်သန်မှုခွန်အား၊ ငါ၏ဘုန်းအာနုဘော်နှင့် ပြည့်ဝခဲ့ကာ၊ ပုံရိပ်နှင့် ပုံသဏ္ဌာန်ရှိပြီး ဝိညာဉ်နှင့် ဇီဝအသက်ရှိသည်။ အာဒံသည် ဝိညာဉ်ရှိပြီး၊ ငါ့ကို ကိုယ်စားပြုနိုင်စွမ်းရှိ၍ ငါ့ပုံသဏ္ဌာန်ကို ဆောင်နိုင်စွမ်းရှိကာ ငါ့ဇီဝအသက်ကို လက်ခံရရှိနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော ဖန်ဆင်းခံသတ္တဝါဖြစ်သည်။ အစအဦး၌ ဧဝသည် ဇီဝအသက်နှင့် ပြည့်စုံသည့် ဒုတိယမြောက် လူသားဖြစ်ပြီး သူ၏ ဖန်ဆင်းခြင်းကို ငါချမှတ်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် “ဧဝ” ၏ မူလအဓိပ္ပာယ်သည် ငါ၏ဘုန်းအာနုဘော်ကို ဆက်လက်ထင်ရှားစေမည့်၊ ငါ၏ရှင်သန်ခြင်းများနှင့် ပြည့်သည့်အပြင် ငါ၏ဘုန်းအာနုဘော်နှင့် ပြည့်စုံသည့် ဖန်ဆင်းခံသတ္တဝါဟု ဆိုလိုသည်။ ဧဝသည် အာဒံအထဲမှ ထွက်လာခဲ့သည်။ ထို့ကြောင့် သူသည်လည်း ငါ၏ပုံသဏ္ဌာန်ကို ဆောင်ခဲ့သည်၊ အကြောင်းမှာ သူသည် ငါ၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသော ဒုတိယမြောက်လူသား ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ “ဧဝ” ၏မူလအဓိပ္ပာယ်မှာ ဝိညာဉ်၊ အသွေးအသားနှင့် အရိုးရှိသည့် လူသတ္တဝါဟု အဓိပ္ပာယ်ရပြီး လူသားမျိုးနွယ်အကြား၌ ငါ၏ဒုတိယမြောက် သက်သေဖြစ်ကာ၊ ငါ၏ဒုတိယမြောက် ပုံသဏ္ဌာန်လည်း ဖြစ်သည်။ သူတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများဖြစ်ပြီး၊ လူသား၏ စစ်မှန်၍ အဖိုးတန်သော ရတနာဖြစ်သည်။ ထို့အပြင် အစပထမကတည်းက ဝိညာဉ်နှင့် ပြည့်စုံခဲ့သည့် သတ္တဝါများ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း မာရ်နတ်သည် လူ့လောကကို အလုံးစုံ မိုက်မှောင်မှုထဲသို့ ကျဆင်းသွားစေလျက် လူသားမျိုးနွယ်ဘိုးဘေးများ၏ သားသမီးများကို ယူဆောင်သွားပြီး နင်းခြေခဲ့ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်၊ သားသမီးများက ငါ၏ဖြစ်တည်မှုကို မယုံကြတော့စေရန် ထိုသို့ပြုခဲ့သည်။ ထို့ထက်ပို၍ စက်ဆုပ်ဖို့ကောင်းသောအရာမှာ မာရ်နတ်သည် လူများကို နင်းခြေပြီး ဖျက်ဆီးသည့်တစ်ချိန်တည်းမှာပင် ၎င်းသည် လူတို့အပေါ်၌ ငါအပ်နှင်းထားခဲ့သော ငါ့ဘုန်းအာနုဘော်၊ ငါ့သက်သေနှင့် တက်ကြွမှုတို့အပြင် သူတို့အထဲသို့ ငါမှုတ်သွင်းခဲ့သော ဇီဝအသက်၊ လူ့လောကထဲမှ ငါ့ဘုန်းအာနုဘော် အားလုံးနှင့် လူသားမျိုးနွယ်အပေါ် ငါအသုံးပြုခဲ့သော နှလုံးသွေးအားလုံးကို ရက်ရက်စက်စက် ဆွဲနှုတ်နေခြင်းပင် ဖြစ်သည်။ လူသားမျိုးနွယ်သည် အလင်းထဲ၌ မရှိကြတော့ပေ။ သူတို့အပေါ် ငါအပ်နှင်းခဲ့သော ဘုန်းအာနုဘော်ကို စွန့်ပစ်လျက် သူတို့အပေါ်၌ ငါအပ်နှင်းခဲ့သော အရာအားလုံးကို ဆုံးရှုံးသွားကြပြီ။ ငါသည် ဖန်ဆင်းခံ သတ္တဝါအားလုံး၏ သခင်ဖြစ်သည်ဆိုခြင်းကို သူတို့ မည်သို့လျှင် ဝန်ခံနိုင်ကြမည်နည်း။ ငါ၏ကောင်းကင်ဘုံက ဖြစ်တည်မှုကို သူတို့ မည်သို့လျှင် ဆက်ယုံနိုင်ကြမည်နည်း။ ကမ္ဘာပေါ်က ငါ့ဘုန်းအာနုဘော်၏ ထင်ရှားမှုများကို သူတို့မည်သို့လျှင် ရှာဖွေတွေ့ရှိနိုင်မည်နည်း။ ဤမြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည် သူတို့၏ ဘိုးဘေးဘီဘင်များက မိမိတို့ကို ဖန်ဆင်းခဲ့သော သခင်အဖြစ် ရိုသေလေးမြတ်ခဲ့သော ဘုရားသခင်ကို မည်ကဲ့သို့ မှတ်ယူနိုင်မည်နည်း။ ဤသနားစဖွယ် မြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည် အာဒံနှင့် ဧဝအပေါ် ငါအပ်နှင်းခဲ့သော ဘုန်းအာနုဘော်၊ ပုံသဏ္ဌာန်နှင့် သက်သေတို့ကိုလည်းကောင်း လူသားမျိုးနွယ်တို့ ရှင်သန်ရပ်တည်ဖို့ မှီခိုအားထားနေရသော အသက်ကိုလည်းကောင်း မာရ်နတ်ထံ ရက်ရောစွာနှင့် “ပေးအပ်ခဲ့ကြသည်”၊ ထို့အပြင် မာရ်နတ်ရှိနေခြင်းကို စိုးစဉ်းမျှပင် အရေးမစိုက်ဘဲ ငါ၏ဘုန်းအာနုဘော်အားလုံးကို ၎င်းထံ ပေးခဲ့ကြသည်။ ဤသည်မှာ “လူဖျင်းလူသွမ်း” ဟူသော ဘွဲ့သညာ၏မူလအစပင် မဟုတ်လော။ ထိုကဲ့သို့သော လူသားမျိုးနွယ်၊ ထိုကဲ့သို့သော မာရ်နတ်ဆိုးများ၊ ထိုကဲ့သို့သော လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ ထိုကဲ့သို့သော စာတန်၏ သဏ္ဌာန်များနှင့် ထိုကဲ့သို့သော ငါ၏ရန်သူများသည် မည်သို့လျှင် ငါ၏ဘုန်းအာနုဘော်ကို လက်ဝယ်ပိုင်ဆိုင်နိုင်မည်နည်း။ ငါ၏ဘုန်းအာနုဘော်ကို ငါပြန်သိမ်းမည်၊ လူသားများအကြားတွင် တည်ရှိသည့် ငါ၏သက်သေကို ပြန်သိမ်းမည်၊ ပြီးလျှင် တစ်ချိန်က ငါနှင့်သက်ဆိုင်ခဲ့ပြီး လူသားမျိုးနွယ်ကို ကြာမြင့်စွာကတည်းက ပေးခဲ့သော အရာအားလုံးကို ငါပြန်သိမ်းမည်၊ လူသားမျိုးနွယ်ကို ငါသည် လုံးလုံးလျားလျား သိမ်းပိုက်မည်။ သို့သော် ငါဖန်ဆင်းခဲ့သော လူသားများသည် ငါ၏ပုံသဏ္ဌာန်နှင့် ငါ၏ ဘုန်းအာနုဘော်ကို ခံယူထားသော သန့်ရှင်းမြင့်မြတ်သည့် လူများဖြစ်ခဲ့ သည်ကို သင်သိသင့်သည်။ သူတို့သည် စာတန်နှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ ၎င်း၏ နင်းခြေခြင်းခံရဖို့လည်း မဟုတ်ခဲ့ဘဲ စာတန်၏ အဆိပ်အတောက်များ စိုးစဉ်းမျှပင် မပါသည့် ငါ၏သရုပ်သကန် သက်သက်ပင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ငါ၏လက်နှင့် ဖန်ဆင်းခဲ့သော၊ အခြားအရာနှင့် မသက်ဆိုင်ဘဲ ငါချစ်မြတ်နိုးသည့် သန့်ရှင်းသောသူ ဖြစ်သော အရာကိုသာ ငါအလိုရှိကြောင်း လူသားမျိုးနွယ်ကို ငါသိစေမည်။ ထို့အပြင် ထိုသူများကို ငါကျေနပ်အားရပြီး သူတို့ကို ငါ၏ဘုန်းအာနုဘော်အဖြစ် မှတ်ယူမည်။ သို့သော် ငါအလိုရှိသော အရာသည် စာတန်၏ဖျက်ဆီးခြင်းခံရ၍ ယနေ့ စာတန်နှင့် သက်ဆိုင်ကာ ငါ၏မူလဖန်ဆင်းခြင်း မဟုတ်တော့သည့် လူသားမျိုးနွယ် မဟုတ်ပေ။ လူ့လောက၌ရှိနေသော ငါ၏ဘုန်းအာနုဘော်ကို ပြန်သိမ်းရန် ငါရည်ရွယ်သောကြောင့် စာတန်ကို ငါအောင်နိုင်ခြင်း၏ သက်သေအဖြစ် လူသားမျိုးနွယ်ထဲက ရှင်ကျန်သူများကို ငါအပြည့်အဝ သိမ်းပိုက်မည်။ ငါ၏သက်သေကိုသာ ငါကိုယ်တိုင်၏ ပုံဆောင်မှုအဖြစ်၊ ငါ၏ပျော်ရွှင်မှု အရာအဖြစ် ငါမှတ်ယူမည်။ ဤသည်မှာ ငါ၏အလိုဆန္ဒတည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်သောလူဆိုသည်မှာ အဘယ်နည်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၄၉)

လူသားမျိုးနွယ်သည် ယနေ့ မိမိတို့ရောက်ရှိနေသော နေရာသို့ရောက်ဖို့ရန် သမိုင်းနှစ်ပေါင်း သောင်းချီပြီး တိုးတက်လာ ခဲ့ရသည်။ သို့သော်လည်း ငါ၏ အစမူလ ဖန်ဆင်းခြင်းဖြစ်သော လူသားမျိုးနွယ်သည်ကား ကြာမြင့်စွာကတည်းက ဆုတ်ယုတ်ခြင်းထဲသို့ ကျဆင်းသွားခဲ့ပြီ။ ငါအလိုရှိသည့်အရာဖြစ်ရန် သူတို့ မစွမ်းဆောင် ကြတော့။ ထို့ကြောင့် လူသားတို့သည် ငါ့ရှေ့မှောက်၌ ဖြစ်ပေါ်သည့် အတိုင်း လူသားမျိုးနွယ်ဟူသော အမည်နှင့် မထိုက်တန်တော့။ သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်နှောင်သွားခြင်းခံရသော လူသားမျိုးနွယ်၏ လူဖျင်းလူသွမ်းမျှသာဖြစ်ပြီး အထဲ၌ စာတန် အသက်ရှင်နေပြီး ၎င်းမှ အရေခြုံထားသည့် လမ်းလျှောက်နေသော ပုပ်ပွနေသည့် အလောင်းကောင်များပင် ဖြစ်သည်။ လူများသည် ငါ၏ဖြစ်တည်ခြင်းကို စိုးစဉ်းမျှပင် မယုံကြည်ကြသကဲ့သို့ ငါ၏ကြွလာခြင်းကိုလည်း သူတို့မကြိုဆိုကြချေ။ လူသားမျိုးနွယ်သည် ငါ၏ တောင်းဆိုချက်များကို တွန့်တိုကတ်သတ်စွာ တုံ့ပြန်ကာ ၎င်းတို့ကို ယာယီခဏမျှသာ လိုက်လျောကြပြီး၊ အသက်တာ၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ကို ငါနှင့် စိတ်ရင်းအမှန်ဖြင့် မျှဝေမခံစားကြ။ လူတို့သည် ငါ့ကို အသိရခက်သည်ဟု မြင်ကြသည့်အတွက် သူတို့သည် တန်ခိုးအာဏာရှိသူထံ တိုးဝှေ့ပူးကပ်သည့် သဘောထားကို စတင်ကြလျက် ငါ့အား တွန့်တိုကတ်သတ်စွာ ဟန်ဆောင်ပြုံးပြ ကြသည်။ ဤသို့ဖြစ်ရခြင်းမှာ လူတို့သည် ငါ၏မျက်မှောက်အလိုကို သိရန်မဆိုထားနှင့် ငါ၏အမှုကိုပင် မသိကြ၍ ဖြစ်သည်။ ငါသင်တို့ကို ရိုးရိုးသားသားပြောမည်၊ နေ့ရက်အချိန်ကျလာပါက ငါ့ကို ဝတ်ပြုကိုးကွယ်ကြသော သူများ၏ ဆင်းရဲဒုက္ခသည် သင်တို့ထက် အလွန်ပင် ခံသာလိမ့်မည်။ သင်ငါ့အပေါ်ထားရှိသော ယုံကြည်ခြင်း အတိုင်းအဆသည် အမှန်တကယ်တွင် ယောဘ၏ ယုံကြည်ခြင်းကို မကျော်ချေ။ ယုဒလူမျိုး ဖာရိရှဲများ၏ ယုံကြည်ခြင်းပင်လျှင် သင်တို့ထက် သာလွန်၏။ ထို့ကြောင့် မီးနေ့ရက်သည် ဆင်းသက်လာပါက သင်တို့၏ ဆင်းရဲဒုက္ခသည် ယေရှု၏ ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရသောအခါ ဖာရိရှဲများ၏ ဆင်းရဲဒုက္ခထက်၊ မောရှေကို ဆန့်ကျင်ခဲ့ကြသော ခေါင်းဆောင် ၂၅၀ ၏ ဆင်းရဲဒုက္ခထက်၊ ချစ်ချစ်တောက် ပူပြင်းသော မီးအောက် ဖျက်ဆီးခံခဲ့ရသည့် သောဒုံမြို့၏ ဆင်းရဲဒုက္ခထက် သာ၍ကြီးလေးလိမ့်မည်။ မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြ နိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှု ခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အကြောင်းကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကြီးမားစွာ သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသားတော်၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်း အားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာသည် ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ပြင်းထန်သော နှုတ်ကပတ်တော်များ၏ ရိုက်နှက်ခြင်း ခံရသော်လည်း၊ ထိုနှုတ်ကပတ်တော်များကြောင့် ဖြေသိမ့်ရာရပြီး ကယ်တင်ခံရသော သူအားလုံးသည် ထိုသို့ပြုခဲ့ကြသည်မှာ သူတို့၏ ယုံကြည်ခြင်းကြောင့်ပင် မဟုတ်လော။ ငါ့ကိုယုံကြည်သော်လည်း အခက်အခဲများ ခံစားနေရသောသူများသည်လည်း လောကကြီး၏ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီးဖြစ်သည် မဟုတ်လော။ စမ်းသပ်မှု၏ ဆင်းရဲဒုက္ခမှ ထွက်ပြေးရင်း ငါ့နှုတ်ကပတ်တော်၏ အပြင်ဘက်မှာ နေကြသောသူများအားလုံးသည်လည်း လောကတစ်လျှောက် လွင့်မျောနေကြသည် မဟုတ်လော။ သူတို့သည် ဟိုဟိုသည်သည် တဖျပ်ဖျပ်လွင့်နေကြသည့် ဆောင်းဦးသစ်ရွက်ကြွေများနှင့် ဆင်တူကြပြီး ငါ့နှုတ်ကပတ်တော်များ၏ ဖြေသိမ့်ရာ ရှိရန်ပင် မဆိုထားနှင့် အနားယူရန် နေရာပင်မရှိချေ။ ငါ၏ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းသည် သူတို့နောက်သို့ မလိုက်သော်ငြားလည်း ထိုသူတို့သည် ကောင်းကင် နိုင်ငံတော်၏ အပြင်ဘက်လမ်းမများ၌ ဟိုဟိုသည်သည် လှည့်လည် သွားလာလျက် တစ်နေရာပြီး တစ်နေရာ လွင့်မျောနေကြသည့် သူတောင်းစားများ ဖြစ်ကြသည် မဟုတ်လော။ ကမ္ဘာကြီးသည် အကယ်ပင် သင်၏နားခိုရာနေရာ ဟုတ်သလော။ ငါ၏ ပြစ်တင်ဆုံးမခြင်းကို ရှောင်ရှားခြင်းအားဖြင့် လောကကြီးထံမှ အားရကျေနပ်သည့်အနေနှင့် အမှေးမှိန်ဆုံး အပြုံးတစ်ခုပင် သင်ရရှိသလော။ ဖုံးကွယ်ထား၍ မရသည့် သင့်နှလုံးသားတွင် ဘာမျှမရှိခြင်းကို ဖုံးဖိထားစိမ့်သောငှာ သင်၏တဒင်္ဂပျော်ရွှင်မှုကို အမှန်တကယ် အသုံးပြု၍ ရသလော။ သင့်မိသားစုထဲမှ မည်သူ့ကိုမဆို သင်လှည့်စား၍ ရနိုင်သော်လည်း ငါ့ကိုကား မည်သည့်အခါမျှ သင်လှည့်စားနိုင်မည် မဟုတ်။ သင်၏ယုံကြည်ခြင်းသည် အလွန် အားနည်းလှသောကြောင့် သင်သည် ယနေ့အထိ ဘဝက လက်ကမ်းပေးရန်ရှိသော ဝမ်းမြောက်မှုများကို တွေ့ရှိဖို့ရန် မတတ်နိုင်ဘဲ ရှိဆဲဖြစ်သည်။ လူတစ်ယောက် ခံနိုင် ရုံမျှသာရှိသော ဆင်းရဲဒုက္ခကို သင်တောင့်ခံရင်း ဇာတိပကတိအတွက် အလုပ်ရှုပ်ကာ သာမညောင်ညအဆင့်တွင် သင့်တစ်ဘဝလုံးကို ကုန်ဆုံးစေမည့်အစား သင့်ဘဝသက်တမ်း၏ တစ်ဝက်လောက်ကို ငါ့အတွက် ရိုးသားစွာ ပို၍ အသုံးပြုသင့်သည်ဟု ငါသင့်ကို တိုက်တွန်းသည်။ သင့်ကိုယ်သင် အလွန်တန်ဖိုးထားပြီး ငါ၏ ပြစ်တင်ဆုံးမခြင်းမှ ထွက်ပြေးခြင်းမှာ အဘယ်အကျိုးရှိသနည်း။ ငါ၏ ခဏမျှသာဖြစ်သော ပြစ်တင်ဆုံးမခြင်းမှ သင့်ကိုယ်သင် ပုန်းရှောင်နေပြီး ထာဝရအရှက်တကွဲ အကျိုးနည်း ဖြစ်ရခြင်းနှင့် ထာဝရပြစ်တင်ဆုံးမခြင်းကိုသာ ရိတ်သိမ်းရလျှင် အဘယ် အကျိုးရှိသနည်း။ အကယ်စင်စစ် မည်သူ့ကိုမျှ ငါ့အလိုကို လိုက်လျောအောင် အတင်းအဓမ္မ ငါမပြု။ အကယ်၍ လူတစ်ယောက်သည် ငါ၏ အစီအစဉ်များကို အကယ်ပင် နာခံလိုစိတ် ရှိပါက၊ ငါသူ့ကို ဆိုးရွားစွာ ဆက်ဆံမည် မဟုတ်။ သို့သော် ယောဘသည် ငါ့ကို ယုံကြည်ခဲ့သကဲ့သို့ပင် လူအားလုံးသည် ယေဟောဝါဖြစ်သည့် ငါ့ကို ယုံကြည်ကြရန် ငါအလိုရှိသည်။ အကယ်၍ သင်တို့၏ ယုံကြည်ခြင်းသည် သောမ၏ ယုံကြည်ခြင်းထက် သာလွန်လျှင် သင်တို့၏ ယုံကြည်ခြင်းသည် ငါ၏ ထောမနာပြုခြင်းကို ခံရမည်၊ သင်တို့၏ သစ္စာတရားထဲ၌ ငါ၏ပီတိဖြာမှုကို သင်တွေ့လိမ့်မည်၊ ပြီးလျှင် သင်တို့၏ နေ့ရက်များထဲ၌ ငါ၏ ဘုန်းအာနုဘော်ကို ဧကန်မုချ သင်တို့ တွေ့လိမ့်မည်။ သို့သော်လည်း မိမိတို့၏ မရှင်းမလင်းသော စိတ်များမှာ လောကကို အနိုင်အထက်သိမ်းယူထားသော မာရ်နတ်၏ ကြာမြင့်စွာ ကတည်းက ပိုင်ဆိုင်ခြင်းကို ခံထားရသည့်၊ မိမိတို့၏ မျက်လုံးများထဲတွင် လေနှင့်ပါလာသော သဲပွင့်များနှင့် မိမိတို့၏ နှုတ်များထဲ၌ မာရ်နတ်၏ လှူဖွယ်ပစ္စည်းများရှိသည့် သောဒုံမြို့၏ လူထုကဲ့သို့ လောကကို ယုံကြည်သူများနှင့် မာရ်နတ်ကို ယုံကြည်သူများသည် ၎င်းတို့၏ စိတ်နှလုံးများကို မာကျောစေခဲ့ကြပြီ။ ၎င်းတို့၏ အတွေးများသည် ရှေးကာလ မာရ်နတ်၏ အပြည့်အဝနီးပါး ထိန်းချုပ်ခံထားကြရပြီ။ ထို့ကြောင့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းသည် လေနှင့်အတူ လွင့်ပါသွားကြပြီ၊ သူတို့သည် ငါ၏အမှုကိုပင် သတိပြုရန် မတတ်နိုင်ကြ။ ကြာမြင့်စွာကတည်းက စာတန်အဆိပ်၏ သိမ်းပိုက်ထားခြင်းကို ခံထားရသောကြောင့် သူတို့ လုပ်နိုင်သမျှမှာ အကြမ်းဖျင်းသက်သက် ပိုင်းခြားစိတ်ဖြာရန် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းရန် အလို့ငှာ မဖြစ်ညစ်ကျယ် အားထုတ်မှုကို ပြုခြင်းပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်သောလူဆိုသည်မှာ အဘယ်နည်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၅၀)

လူသားများသည် တစ်ချိန်က ငါ၏ ဖန်ဆင်းခြင်းကို ခံထားရသော သူများဖြစ်သည့်အပြင် ငါ့ဖန်ဆင်းခြင်း၏ ပေါများလှသော အရာများ အားလုံးကို ခံစားဖူးသူများ ဖြစ်သည့်အတွက် လူသားမျိုးနွယ်ကို ငါသိမ်းပိုက်မည်။ သို့သော် လူသားများသည် ငါ့ကိုလည်း ငြင်းပယ်ခဲ့ကြပြီ၊ သူတို့၏ စိတ်နှလုံးများသည် ငါနှင့် ကင်းမဲ့နေကြသည်၊ ငါ့ကို အမှန်တကယ် မြင်တွေ့ပြီးသည်ပင်လျှင် လူသားများသည် ငါ့ကို ငြင်းပယ်ကြသည့် အတိုင်းအတာထိပင် သူတို့သည် ငါ့ကို ၎င်းတို့၏တည်ရှိမှု အပေါ် ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ မြင်ကြပြီး ငါ့ကိုအနိုင်ယူဖို့ရန် ဖြစ်နိုင်မည့် နည်းလမ်းပေါင်းစုံကို အားထုတ်၍ စဉ်းစားကြ၏။ လူများသည် သူတို့အပေါ် ငါအလေးအနက်ထား ဆက်ဆံပြီး တိကျတင်းကျပ်သော တောင်းဆိုမှုများပြုရန် ငါ့ကို ခွင့်မပြုသကဲ့သို့၊ သူတို့၏ မဖြောင့်မတ်ခြင်းအပေါ် တရားစီရင်ရန် သို့မဟုတ် ပြစ်တင်ဆုံးမရန် ငါ့ကို အခွင့်မပေးကြ။ ဤအရာကို စိတ်ဝင်စားဖို့ရန် ဝေးစွ၊ စိတ်အနှောင့်အယှက်ပင် ဖြစ်ကြသေးသည်။ ထို့ကြောင့် ငါ၏အမှုသည် ငါ့အထဲမှာ စားကြ၊ သောက်ကြ၊ မြူးထူးကြသော်လည်း ငါ့ကို မသိကြသော လူသားမျိုးနွယ်ကို ယူဆောင်လျက် အနိုင်ယူရန် ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်ကို ဖျက်သိမ်းမည်၊ ထို့နောက် ငါ၏ ကောင်းကင်တမန်များနှင့် ငါ၏ ဘုန်းအာနုဘော်ကို ယူဆောင်ပြီး ငါကျိန်းဝပ်ရာအရပ်ကို ပြန်သွားမည်။ အကြောင်းမှာ လူတို့ ပြုခဲ့သောအရာသည် ကြာမြင့်စွာကတည်းက ငါ့နှလုံးသားကို လုံးဝကျိုးပဲ့စေခဲ့ပြီး ငါ့အမှုကိုလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲစေခဲ့သောကြေင့်ဖြစ်သည်။ လူသားမျိုးနွယ်အား ၎င်းတို့၏ အသက်တာများကို ဆက်လက်ရှင်သန်ခွင့်ပေးလျက်၊ “ငြိမ်းချမ်းခြင်း၊ ရောင့်ရဲခြင်းထဲ၌ အသက်ရှင်ခြင်းနှင့် လုပ်ဆောင်ခြင်း” နှင့် “သူတို့ကိုယ်တိုင်၏ လယ်ယာများတွင် စိုက်ပျိုးခြင်း” ကို ဆက်လက် ပြုခွင့်ပေးလျက် မာရ်နတ်သည် ရွှင်လန်းစွာ လှည့်ထွက်မသွားခင်တွင် သူလုယူသွားခဲ့သော ဘုန်းအာနုဘော်ကို ငါပြန်သိမ်းရန် ရည်ရွယ်သည်၊ ပြီးလျှင် သူတို့၏ အသက်တာများထဲ ငါနောက်ထပ် ကြားဝင် စွက်ဖက်လိမ့်မည် မဟုတ်တော့ပေ။ သို့သော် ယခုတွင် မာရ်နတ်၏ လက်ထဲမှ ငါ၏ ဘုန်းအာနုဘော်ကို အပြည့်အဝ ပြန်သိမ်းပြီး၊ လောကကို ဖန်ဆင်းချိန်၌ လူသားအထဲတွင် ငါပြုထားခဲ့သည့် ဘုန်းအာနုဘော် အလုံးစုံကို ပြန်ယူရန်နှင့် ကမ္ဘာပေါ်က လူသားမျိုးနွယ်အပေါ် နောက်တစ်ဖန် မည်သည့်အခါမျှ ပြန်မအပ်နှင်းတော့ရန် ငါရည်ရွယ်သည်။ အကြောင်းမှာ လူတို့သည် ငါ၏ဘုန်းအာနုဘော်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပျက်ကွက်ရုံသာမကဘဲ ထိုအရာကို စာတန်၏ပုံရိပ်အတွက်နှင့် အလဲအလှယ် လုပ်ခဲ့ကြသည့် အတွက်ကြောင့်ဖြစ်သည်။ လူတို့သည် ငါ၏ကြွလာခြင်းကို တန်ဖိုးမထားကြသကဲ့သို့ ငါ့ဘုန်းအာနုဘော် နေ့ရက်ကိုလည်း အထူးတန်ဖိုး မထားကြ။ သူတို့သည် ငါ၏ ဘုန်းအာနုဘော်ကို ငါ့ထံသို့ ပြန်လည် ပေးအပ်ခြင်းငှာ လိုလားရန် မဆိုထားနှင့် ငါ၏ပြစ်တင်ဆုံးမမှုကို ခံယူဖို့ရန်ပင် ရွှင်ပျခြင်းမရှိကြပေ။ မာရ်နတ်၏ အဆိပ်ကိုလည်း သူတို့သည် မစွန့်ပစ်လိုကြချေ။ လူသားမျိုးနွယ်သည် ငါ့ကို ယခင်နည်းလမ်းဟောင်းအတိုင်း ဆက်လက်လှည့်ဖြားနေဆဲ၊ ယခင်နည်းလမ်းဟောင်းအတိုင်း ပျော်ရွှင်နေသည့် မျက်နှာထားနှင့် တောက်ပသော အပြုံးများ ဆင်ထားဆဲပင် ဖြစ်သည်။ သူတို့သည် ငါ၏ဘုန်းအာနုဘော် သူတို့ကို စွန့်ခွာသွားပြီးနောက်တွင် လူသားမျိုးနွယ် အပေါ် ကျရောက်လာမည့် ဝမ်းနည်းပူဆွေးခြင်း၏ အတိုင်းအဆကို သတိမမူမိကြ၊ လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ငါ၏နေ့ရက် ရောက်လာသောအခါ နောဧခေတ်ကလူများ ခံစားခဲ့ရသည်ထက် ပိုပြီးခက်ခဲသည့် အချိန်ကို သူတို့တွေ့ကြုံရမည် ဆိုသည်ကို အထူးသဖြင့် သတိမပြုမိကြပေ။ အကြောင်းမှာ ဣသရေလပြည်မှ ငါ၏ ဘုန်းအာနုဘော် ထွက်ခွာသွားသည့်အခါ ထိုပြည်သည် မည်မျှပင် မှောင်မိုက်သွားခဲ့သနည်းဆိုသည်ကို သူတို့မသိကြသောကြောင့်၊ မိုးသောက်ယံ၌ လူသားသည် ပိန်းပိတ်အောင်မှောင်သော ညမှာ ဖြတ်သန်းရန် မည်မျှပင် ခက်ခဲခဲ့သနည်းဆိုသည်ကို မေ့သွားကြ သောကြောင့် ဖြစ်သည်။ နေမင်းသည် ပြန်၍ ပုန်းခိုသွားပြီး လူသားအပေါ် အမိုက်မှောင် ဆင်းသက်လာသည့်အခါ သူသည် တစ်ဖန် ငိုကြွေးမြည်တမ်းပြီး အမှောင်ထုထဲ၌ အံသွားခဲကြိတ်ရလိမ့်မည်။ ဣသရေလပြည်ထံမှ ငါ၏ဘုန်းအာနုဘော် ထွက်ခွာသွားသောအခါ ထိုပြည်၏ ပြည်သူပြည်သားတို့အတွက် ၎င်းတို့၏ဒုက္ခခံရာနေ့များကို ဖြတ်ကျော်ခဲ့ရသည်မှာ မည်မျှပင် ခက်ခဲခဲ့သည် ဆိုခြင်းကို သင်တို့ မေ့လျော့သွားကြပြီလော။ ယခုအချိန်သည် ငါ၏ဘုန်းအာနုဘော်ကို သင်တို့ မြင်ကြရသည့် အချိန်ဖြစ်သကဲ့သို့၊ ငါ၏ ဘုန်းအာနုဘော် နေ့ရက်ကို သင်တို့မျှဝေခံစားကြရသည့် အချိန်လည်း ဖြစ်သည်။ ငါ၏ ဘုန်းအာနုဘော်သည် ညစ်ညူးသောမြေကို စွန့်ခွာသွားသည်နှင့် လူသားသည် အမှောင်ထုအလယ်၌ ငိုကြွေးမြည်တမ်းကြရလိမ့်မည်။ ယခုအချိန်သည် ငါ၏အမှုကို ငါဆောင်ရွက်နေသော ဘုန်းအာနုဘော် နေ့ရက်ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ဆင်းရဲဒုက္ခမှ ငါလွတ်ငြိမ်းခွင့်ပေးမည့် နေ့ရက်လည်း ဖြစ်သည်၊ အကြောင်းမှာ ညှဉ်းဆဲခြင်းနှင့် အတိဒုက္ခခံရသည့် အချိန်များကို သူတို့နှင့် ငါမျှဝေမခံစားလိုသည့် အတွက်ကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်ကို အပြည့်အဝ သိမ်းပိုက်ရန်နှင့် လူသားမျိုးနွယ်၏ မာရ်နတ်ကို အပြည့်အဝ အနိုင်ယူရန်သာ ငါအလိုရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်သောလူဆိုသည်မှာ အဘယ်နည်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၅၁)

ဤကမ္ဘာပေါ်၌ ငါ၏နောက်လိုက်များ ဖြစ်လာစေရန် လူအမြောက်အမြားကို ရှာတွေ့ထားသည်။ ထိုနောက်လိုက်များ အားလုံးအထဲ၌ ယဇ်ပုရောဟိတ်များ၊ ဦးဆောင်ဦးရွက်ပြုသူများ၊ ဘုရားသခင်၏သားများ ဖြစ်လာရန် ပုံသွင်းကြသူများ၊ အသင်းအဖွဲ့ တည်ထောင်သူများနှင့် အစေခံလုပ်ငန်း ဆောင်ရွက်နေသူများ စသည်ဖြင့် အမျိုးမျိုးရှိကြ၏။ ၎င်းတို့ အသီးသီး၏ သစ္စာစောင့်သိမှုအပေါ် မူတည်၍ မတူကွဲပြားခြားနားသည့် အမျိုးအစားများအဖြစ် အုပ်စုအသီးသီး ငါခွဲထုတ်လိုက်သည်။ ထိုသူအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် အုပ်စုအသီးသီး ခွဲခြားလိုက်သောအခါ အမျိုးအစား တစ်ခုချင်းစီ၏ သဘောသဘာဝသည် ထုတ်ဖော်ခြင်း ခံရသည်၊ ထို့နောက် လူတစ်ဦးချင်းစီကို ၎င်း၏ အမျိုးအစား အုပ်စုအလိုက် မှန်မှန်ကန်ကန် ရေတွက်နိုင်ပြီး ၎င်းတို့နှင့် ကိုက်ညီသော နေရာအမှန်ထဲ၌ ထည့်သွင်းနိုင်သည်။ သို့မှသာ ငါ၏ ရည်ရွယ်ချက် ဖြစ်သော လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဟူသည့် အရာကို ငါအကောင်အထည်ဖော်နိုင်မည်။ ထိုနည်းတူ ငါ၏ နေအိမ်သို့ ပြန်လာနိုင်ရန် ငါကိုယ်တိုင် ကယ်တင်ရန် ဆန္ဒရှိသော အုပ်စုကို ငါခေါ်ပြီးနောက် နောက်ဆုံးသောကာလ၌ ထိုသူအားလုံးတို့အား ငါ၏အမှုကို လက်ခံရန် ငါခွင့်ပြုမည်။ ထိုအချိန်၌ လူအသီးသီးတို့အား အမျိုးအစားအလိုက် ငါခွဲထုတ်မည်။ ထို့နောက် ၎င်းတို့၏ အကျင့်များအပေါ် မူတည်၍ တစ်ဦးချင်းစီကို ဆုချီးမြှင့်မည်၊ သို့မဟုတ် ပြစ်ဒဏ်စီရင်မည်။ ဤအရာများမှာ ငါ၏ အမှုထဲ၌ ပါဝင်သည့် အဆင့်များ ဖြစ်သည်။

ဤကမ္ဘာပေါ်၌ ယခု ငါအသက်ရှင်ပြီး လူတို့အထဲ၌ နေထိုင်နေသည်။ လူသားအားလုံးသည် ငါ၏ အမှုကို တွေ့ကြုံခံစားနေကြပြီး ငါ၏ ဖွင့်ဆိုချက်များကို စောင့်ကြည့်နေကြသည့်အပြင် ငါ၏ နောက်လိုက် တစ်ဦးချင်းစီအား ထိုသမ္မာတရားအားလုံးတို့ကို ငါအပ်နှင်းထားသည်၊ သို့မှသာ ၎င်းတို့သည် ငါ့ထံမှ အသက်ကို ရရှိမည်ဖြစ်ကာ ၎င်းတို့ နင်းလျှောက်သွားနိုင်မည့် လမ်းကြောင်းကိုလည်း ပိုင်ဆိုင်ရကြမည်။ အကြောင်းမှာ ငါသည် ဘုရားသခင်ဖြစ်ပြီး အသက်ကို ပေးပိုင်သူဖြစ်သည်။ ငါ့အမှုကို လုပ်ဆောင်ခဲ့သည့် နှစ်ပေါင်းများစွာ အတောအတွင်း လူသားတို့သည် အမြောက်အမြား ရရှိခဲ့ပြီး အမြောက်အမြားလည်း စွန့်လွှတ်ခဲ့ကြသည်၊ သို့သော်လည်း လူသားတို့သည် ငါ့ကို ဧကန်အမှန် မယုံကြည်ကြဟု ငါပြောဦးမည်။ ဤသို့ဖြစ်ရသည်မှာ ငါသည် ဘုရားသခင် ဖြစ်ကြောင်းကို လူသားတို့သည် နှုတ်အားဖြင့်သာလျှင် ဝန်ခံကြပြီး ငါပြောထားသည့် သမ္မာတရားကို လက်မခံကြသောကြောင့်ဖြစ်ကာ ထိုထက်မက ငါအလိုရှိသော သမ္မာတရားကိုလည်း လက်တွေ့ မကျင့်သုံးကြသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင် တည်ရှိကြောင်းကိုသာ လူသားတို့ အသိအမှတ် ပြုထားကြသော်လည်း သမ္မာတရား တည်ရှိကြောင်းကိုမူ ဝန်မခံကြပေ၊ ဘုရားသခင် တည်ရှိမှုကိုသာလျှင် လူသားတို့ဝန်ခံကြပြီး အသက်တည်ရှိမှုကိုကား အသိအမှတ် မပြုကြပေ။ ဘုရားသခင်၏ နာမတော်ကိုသာလျှင် လူသားတို့ ဝန်ခံကြပြီး သူ၏ အနှစ်သာရကိုကား အသိအမှတ် မပြုကြချေ။ လူသားတို့၏ စိတ်အားထက်သန်မှုကြောင့် လူသားသည် ငါ၏ရှေ့မှောက်၌ စက်ဆုပ်ရွံရှာဖွယ် ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် ငါ့အား လိမ်လည်လှည့်စားရန် နားဝင်ချိုလှသော စကားလုံးများကို အသုံးပြုတတ်ကြပြီး စစ်မှန်သော နှလုံးသားဖြင့် ငါ့ကို တစ်ဦးတစ်ယောက်မျှ ဝတ်မပြုကြသောကြောင့် ဖြစ်သည်။ သင်တို့ပြောစကားများမှာ မြွေ၏ ဖြားယောင်းသွေးဆောင်မှုကဲ့သို့ ဖြစ်သည်။ ထို့ပြင် ယင်းစကားများသည် တစ်ဖက်စွန်းတိုင်အောင် မာန်တက်လှပြီး ကောင်းကင်တမန်မင်း၏ ကြေညာခြင်းကဲ့သို့ ဖြစ်သည်။ ထိုမျှသာမက သင်တို့၏ လုပ်ဆောင်ချက်များမှာ ရှက်ဖွယ်ရာကောင်းသော အခြေအနေထိတိုင် စုတ်ပြတ်သတ်နေသည်၊ သင်တို့၏ လွန်လွန်ကဲကဲဖြစ်သော တပ်မက်မှုနှင့် အငမ်းမရဖြစ်သော စိတ်ဆန္ဒများမှာ နားဖြင့်ပင် မကြားဝံ့မနာသာ ဖြစ်သည်။ သင်တို့အားလုံးမှာ ငါ့အိမ်ထဲမှ ပိုးဖလံများအလား ဖြစ်လာကြပြီး မလို၍ စွန့်ပစ်အပ်သော အရာဝတ္ထု အပိုများကဲ့သို့ ဖြစ်လာကြသည်။ အကြောင်းမှာ သင်တို့တွင် တစ်ဦးတစ်လေကမှ သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိကြပေ၊ ထိုအစား သင်တို့သည် ကောင်းချီးမင်္ဂလာများကို လိုချင်တပ်မက်ကြသူများ၊ ကောင်းကင်ဘုံသို့ တက်လိုကြသူများ၊ ခရစ်တော်က အံ့မခန်းလောက်သော ဘုန်းတန်ခိုး အာနုဘော်ကို ကမ္ဘာပေါ်၌ ကိုင်ဝင့်ခြင်းကို မြင်တွေ့လိုကြသူများသာလျှင် ဖြစ်သည်။ သို့သော် နက်ရှိုင်းစွာ ပျက်စီးယိုယွင်းနေကြသည့် သင်တို့ကဲ့သို့သောသူ၊ ဘုရားသခင်ဟူသည်ကို လုံးဝမသိသောသူသည် ဘုရားသခင်၏ နောက်တော်သို့လိုက်ရန် ထိုက်တန်နိုင်၏လောဟု သင်တို့တွေးမိဖူးသလော။ သင်တို့သည် ကောင်းကင်ဘုံသို့ မည်ကဲ့သို့ တက်ရောက်နိုင်ပါမည်နည်း။ မည်သို့လျှင် သင်တို့သည် အတုမရှိသော ခံ့ညားထည်ဝါမှု အခြင်းအရာများဖြစ်သည့် ထူးဆန်းအံ့သြဖွယ်တို့ကို တွေ့မြင်ထိုက်ပါမည်နည်း။ သင်တို့၏ နှုတ်ခမ်းများမှာ လိမ်ညာမှုနှင့် ညစ်ညမ်းရိုင်းစိုင်းသော စကားလုံးများသာမက သစ္စာဖောက်ဖျက်ပြီး မာန်မာနကြီးထွားနေသည့် စကားလုံးများဖြင့်သာ ပြည့်ဝနေကြသည်။ သင်တို့သည် ငါ့အား ရိုးသားသော စကားလုံးများဖြင့် မည်သည့်အခါမျှ မပြောဆိုကြ၊ သန့်ရှင်းစင်ကြယ်သော စကားလုံး တစ်လုံးမျှ မထွက်ကြ၊ ငါ၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားပြီးသည့်နောက် ငါ့ကို ကျိုးနွံနာခံသော စကားလုံး တစ်လုံးမျှ မပြောကြပေ။ နောက်ဆုံး၌ သင်တို့၏ ယုံကြည်ခြင်းမှာ အဘယ်ကဲ့သို့နည်း။ သင်တို့၏ စိတ်နှလုံးများမှာ လိုချင်တပ်မက်မှုနှင့် ချမ်းသာကြွယ်ဝမှုများနှင့်သာ ပြည့်နေပြီး သင်တို့၏ စိတ်ထဲ၌ ရုပ်ဝတ္ထုပစ္စည်းများနှင့်သာ ပြည့်နေကြသည်။ ငါ့ထံမှ တစ်စုံတစ်ခု မည်သို့ ရနိုင်မည်၊ ချမ်းသာကြွယ်ဝမှုနှင့် ရုပ်ဝတ္ထုပစ္စည်းများ ငါ့ထံမှ မည်မျှ ရရှိမည် စသဖြင့် သင်တို့ နေ့စဉ်နေ့တိုင်း တွက်ချက်နေကြသည်။ သင်တို့ ခံစားနိုင်ရန်အလို့ငှာ ကောင်းချီးမင်္ဂလာများ သင်တို့အပေါ်သို့ ပိုမိုသက်ရောက်ရန် သင်တို့ နေ့တိုင်း စောင့်မျှော်နေကြသည်။ ခံစားနိုင်မည့် အရာများသည် ပို၍များလေလေ ပို၍ကောင်းလေလေပင် ဖြစ်သည်။ သင်တို့၏ စိတ်ကူးအတွေးထဲ၌ အချိန်တိုင်း စက္ကန့်တိုင်း ရှိနေသည်မှာ ငါမဟုတ်ပေ၊ ငါ့ထံမှလာသည့် သမ္မာတရားလည်းမဟုတ်၊ သို့သော် သင်တို့၏ ခင်ပွန်း (ဇနီး)၊ သားများ၊ သမီးများ အကြောင်း၊ သင်တို့ ဘာစားမည် ဘာဝတ်မည် ဟူသည့်အကြောင်းနှင့် သင်တို့အတွက် ဝမ်းမြောက်ပျော်ရွှင်မှု မည်ကဲ့သို့ ရရှိမည်၊ မည်ကဲ့သို့ ပို၍ကောင်းမွန်လာမည် စသည့် အကြောင်းအရာများသာ သင်တို့ စိတ်ထဲ၌ လွှမ်းမိုးနေသည်။ သင်တို့၏ ဝမ်းဗိုက်ထဲသို့ တင်းကြပ်ပြည့်လျှံစွာ ဖိသိပ်ထည့်သော်လည်း သင်တို့သည် အလောင်းကောင်နှင့်သာ တူကြသည် မဟုတ်သလော။ သင်တို့၏ ရုပ်ပိုင်းဆိုင်ရာ အပြင်ပန်းကို ပိုမိုတောက်ပ ခံ့ညားလာအောင် သင်တို့ကိုယ်သင်တို့ တန်ဆာဆင်နေကြသော်လည်း သင်တို့သည် အသက်မရှိပဲ လမ်းလျှောက်နေသည့် အသေကောင်သာ ဖြစ်သည်မဟုတ်လော။ သင်တို့၏ဆံပင်များသည် အဖြူရောင် အကွက်များအဖြစ် ပြောင်းသွားသည့်တိုင်အောင် သင်တို့၏ ဝမ်းရေးအတွက် အလုပ်ကို ပင်ပင်ပန်းပန်း အားသွန်ခွန်စိုက် လုပ်နေကြသော်လည်း ငါ့အမှုအတွက်ကိုမူ မည်သူကမှ ဆံပင်တစ်ချောင်းစာမျှပင် ကိုယ်ကျိုးစွန့် မလုပ်ဆောင် ပေးကြချေ။ သင်တို့၏ သွေးသားတပ်မက်မှု၊ သင်တို့၏ သားသမီးများအတွက် ကိုယ်ခန္ဓာ ပင်ပန်းဆင်းရဲခံပြီး ဦးနှောက်ခြောက်အောင် စဉ်းစားကာ အဆက်မပြတ် မနားမနေ ကြိုးစားအားထုတ်ကြသော်လည်း ငါ၏အလိုတော် အတွက် မည်သူ တစ်ဦးတစ်ယောက်ကမျှ စိုးရိမ်ပူပန်သည့် ဟန်ပန်အမူအရာ မဖော်ပြကြပေ။ သင်တို့သည် ငါ့ထံမှ မည်သည့်အရာကို ရနိုင်ရန် ဆက်လက် မျှော်လင့်နေကြသနည်း။

ငါသည် အလုပ်လုပ်သောအခါ၌ ဘယ်သောအခါမျှ အလျင်စလို မလုပ်။ လူသားတို့သည် မည်သည့် နည်းလမ်နှင့်မဆို ငါ့နောက်သို့ လိုက်သည်ဖြစ်စေ ငါသည် ငါ၏အမှုကို အဆင့် တစ်ခုချင်းစီနှင့်အညီ၊ ငါ၏ အကြံအစည်နှင့်အညီ ဆောင်ရွက်သည်။ ထို့ကြောင့် သင်တို့သည် ငါ့အား အလွန်အမင်း ဆန့်ကျင်ကောင်း ဆန့်ကျင်နေလင့်ကစား ငါ၏အမှုကို ဘယ်သောအခါမျှ မရပ်တန့်ဘဲ ငါပြောလိုသည့် စကားများကို ဆက်လက် ပြောဆိုသည်။ ငါ၏ စကားများကို နားထောင်စေရန် ကြိုတင်ခွဲခန့် မှတ်သားထားသည့်သူ အားလုံးတို့ကို ငါ့အိမ်သို့ ငါခေါ်မည်ဖြစ်ပြီး ငါ့စကားကို နာခံပြီး တောင့်တသောသူ အားလုံးတို့ကို ငါ၏ ပလ္လင်တော်ရှေ့မှောက်သို့ ခေါ်သွင်းကာ နေရာပေးမည်။ ငါ့စကားကို စွန့်ပယ်သောသူ၊ ငါ့ကို မနာခံ၊ မကျိုးနွံသောသူများနှင့် ငါ့အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ဖီဆန်သူ အားလုံးတို့ကို အခြား တစ်ဖက်တွင် နေရာချပြီး နောက်ဆုံးသော ပြစ်ဒဏ်စီရင်ခြင်းအတွက် စောင့်ဆိုင်းနေစေမည်။ လူသားအားလုံးတို့မှာ ယိုယွင်းပျက်စီးမှုထဲ၌ ကျင်လည်နေကြပြီး မကောင်းဆိုးဝါး လက်အောက်၌ သက်ရှင်နေကြသည်။ ထို့အတွက်ကြောင့် ငါ့နောက်သို့ လိုက်သောသူ အနည်းငယ်မျှသာလျှင် သမ္မာတရားကို အမှန်တကယ် လိုလားနှစ်သက် ကြသည်။ ဆိုလိုရင်းမှာ လူသားအများစုသည် ငါ့အား စစ်မှန်သော နှလုံးသား သို့မဟုတ် သမ္မာတရားဖြင့် ဝတ်မပြု မကိုးကွယ်ကြပေ၊ ထိုအစား အကျင့်စာရိတ္တပျက်ပြားမှု၊ ဆန့်ကျင်ဖီဆန်မှု၊ လိမ်ညာလှည့်ဖျားမှုများ မှတစ်ဆင့် ငါ၏ ယုံကြည်စိတ်ချရမှုကို ရယူနိုင်ရန် ကြိုးစားနေကြသည်။ ဤအတွက် ကြောင့်ပင် “ခေါ်ခြင်းခံရသူ များပြားသော်လည်း ရွေးကောက် ခံရသူ နည်းပါး၏” ဟူ၍ ငါပြောခြင်းဖြစ်သည်။ ခေါ်ခြင်းခံရသူ အားလုံးတို့မှာ နက်ရှိုင်းစွာ ယိုယွင်းပျက်စီးနေကြပြီး ခေတ်ကာလ တစ်ခုတည်း၌ အသက်ရှင်နေကြသည်၊ သို့သော်လည်း ရွေးကောက်ခံရသူများမှာ သမ္မာတရားကို ယုံကြည်လျက် ဝန်ခံကြပြီး ယင်းသမ္မာတရားအတိုင်း လက်တွေ့လိုက်လျှောက် အသက်ရှင်ကြသည့် အုပ်စုဖြစ်သည်။ ယင်းလူသားများမှာ လူသားထု တစ်ရပ်လုံး၏ အလွန်သေးငယ်သည့် အစိတ်အပိုင်း တစ်ခုမျှသာရှိပြီး ထိုသူများအားဖြင့် ငါသည် သာ၍များသော ဘုန်းတော်ကို ရရှိမည်။ ထိုစကားများကို ချိန်ထိုးနှိုင်းဆခြင်းမှတဆင့်၊ သင်တို့အနေဖြင့် ယင်းရွေးကောက်ခံရသူအထဲ၌ ပါသလော၊ မပါသလောကို သင်တို့ သိပါသလား။ သင်တို့၏ အဆုံးသတ်မှာ အဘယ်သို့ဖြစ်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၅၂)

ငါ၏ နောက်သို့ လိုက်သောသူများမှာ အများအပြား ရှိ၏၊ သို့သော် ငါ့ကို စစ်မှန်သော နှလုံးသားဖြင့် ချစ်ကြသူများမှာ အနည်းငယ်သာ ရှိသည်ဟု ငါပြောခဲ့ပြီးပြီ။ အချို့က “ကျွန်ုပ်သည် ကိုယ်တော်ကို မချစ်ခဲ့ပါက ဤကဲ့သို့ ကြီးမားလှသည့် အဖိုးအခကို ပေးဆပ်ခဲ့လိမ့်မည်လော။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်ကို မချစ်ခဲ့ပါက ဤနေရာထိ နောက်တော်သို့ လိုက်လျှောက်ခဲ့လိမ့်မည်လော” ဟူ၍ ပြောကောင်းပြောကြလိမ့်မည်။ သင်၌ အကြောင်းပြချက် အမြောက်အမြား အသေအချာပင် ရှိပြီး၊ သင်၏ချစ်ခြင်းသည် အမှန်တကယ်၌ အလွန်ကြီးမားပါသည်၊ သို့သော်လည်း ငါ့ကိုချစ်သော သင့်ချစ်ခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ “ချစ်ခြင်းမေတ္တာ” ဟူသည့် အရာမှာ လုံးဝဖြူစင်သည့် အပြစ်ဆိုဖွယ်ရာ မရှိသော စိတ်ခံစားမှု တစ်ခုကို ရည်ညွှန်းသည်၊ သင့်နှလုံးသားဖြင့် သူတစ်ပါးကို သင်ချစ်သည့်နေရာ၊ သင်ခံစားသည့်နေရာနှင့် သူတစ်ပါးအတွက် သင်စဉ်းစားပေးသည့်နေရာ၌ အသုံးပြုသော အရာလည်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာ၌ သတ်မှတ်ချက်များမရှိ၊ အတားအဆီးမရှိ ထို့ပြင် အကွာအဝေးလည်းမရှိပေ။ ချစ်ခြင်းမေတ္တာသည် မသင်္ကာစရာမရှိ၊ လိမ်ညာမှုမရှိ၊ ထို့ပြင် ကောက်ကျစ်စဉ်းလဲမှုလည်း မရှိပေ။ ချစ်ခြင်းမေတ္တာ၌ အရောင်းအဝယ် မရှိသည့်အပြင် မစင်ကြယ်မှု လုံးဝမရှိပေ။ အကယ်၍ သင်သည် ချစ်ခြင်းမေတ္တာထားပါက၊ လိမ်လည်လှည့်ဖြားမည် မဟုတ်၊ မညည်းညူ၊ သစ္စာမဖောက်ဖျက်၊ ဆန့်ကျင်ပုန်ကန်မှု မလုပ်၊ တောင်းဆိုမှု မလုပ်ပေ၊ သို့မဟုတ် တစ်စုံတစ်ရာ ရယူရန် သို့မဟုတ် ပမာဏ တစ်ခုခု ရယူရန်အတွက် ကြိုးပမ်းမည်မဟုတ်ချေ။ သင်သည် သူတစ်ပါးအပေါ် မေတ္တာထားပါက၊ ဝမ်းမြောက်ဝမ်းသာစွာ စွန့်လွှတ်အနစ်နာခံပြီး အခက်အခဲ ဟူသမျှ ကြံ့ကြံ့ခံလိမ့်မည်၊ ထို့ပြင် သင်သည် ငါနှင့် သဟဇာတ ဖြစ်လာလိမ့်မည်။ ငါ့အတွက် သင်၏အရာအားလုံးကို သင်စွန့်လိမ့်မည်၊ သင့်မိသားစု၊ သင့်အနာဂတ်၊ သင့်ငယ်ရွယ်နုပျိုမှုနှင့် သင့်အိမ်ထောင်ရေး စသည်တို့ကို သင်စွန့်လိမ့်မည်။ သို့မဟုတ်ပါက သင့်ချစ်ခြင်းမေတ္တာမှာ မေတ္တာစစ် မေတ္တာမှန် မဖြစ်နိုင်ဘဲ ယင်းအစား လိမ်ညာမှုနှင့် သစ္စာဖောက်ဖျက်မှုပင် ဖြစ်သည်။ သင်၏ ချစ်ခြင်းမေတ္တာမှာ မည်သည့် မေတ္တာ အမျိုးအစား ဖြစ်သနည်း။ စစ်မှန်သော မေတ္တာ ဟုတ်ပါရဲ့လား။ သို့မဟုတ် အတုအယောင်များလား။ သင်မည်မျှအထိ ပေးဆပ်ခဲ့သနည်း။ သင်မည်မျှ အထိ ဆက်ကပ်ခဲ့သနည်း။ သင့်ထံမှ မေတ္တာ မည်မျှအထိ ငါလက်ခံ ရရှိခဲ့ပါသနည်း။ သင်သိပါသလား။ သင်တို့၏ နှလုံးသားများသည် ဆိုးညစ်မှု၊ သစ္စာဖောက်ဖျက်မှုနှင့် လိမ်လည်လှည့်ဖျားမှုများဖြင့်သာ ပြည့်နှက်နေပြီး သင့်ချစ်ခြင်းမေတ္တာအထဲ၌ မသန့်ရှင်းသည့် အစွန်းအထင်း မည်မျှ ပါဝင်ရောယှက်နေသနည်း။ သင်တို့သည် ငါ့အတွက် အလုံအလောက် စွန့်လွှတ်ခဲ့ပြီးပြီဟု ထင်မြင်နေကြပြီး ငါ့အတွက် ထားရှိသော သင်တို့၏ မေတ္တာမှာ လုံလောက်ပြီဟု သင်တို့ ထင်မြင်ကြသည်။ သို့သော်လည်း သင်တို့၏ စကားလုံးများနှင့် အမူအကျင့်များမှာ အဘယ်ကြောင့် အမြဲတမ်း ဆန့်ကျင်ပုန်ကန်ပြီး လိမ်လည်လှည့်ဖျား နေကြသနည်း။ သင်တို့သည် ငါ့နောက်သို့ လိုက်ကြသော်လည်း ငါ၏ စကားကိုကား အသိအမှတ် မပြုကြပေ။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့နောက်သို့ လိုက်ကြသော်လည်း ငါ့ကို ဘေးသို့ ဖယ်ထားကြပြီ။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့နောက်သို့ လိုက်ကြသည် မှန်သော်လည်း ငါ့ကို ယုံမှားသံသယ ထားရှိကြသည်။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့နောက်သို့ လိုက်သော်လည်း ငါ၏တည်ရှိနေမှုကိုကား လက်မခံနိုင်ကြ။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့နောက်သို့ လိုက်ကြသည် မှန်သော်လည်း ငါ့ကို အထိုက်အလျောက် မဆက်ဆံကြ၊ ထို့ပြင် အချိန်တိုင်း၌ ငါ့အား ခက်ခဲစေရန် လုပ်ဆောင်တတ်ကြသည်။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့နောက်သို့ လိုက်ကြသည် မှန်သော်လည်း ငါ့အား လှည့်စားပြီး အရာရာ၌ လိမ်ညာလှည့်ဖြားကြသည်။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ သင်တို့သည် ငါ့အစေကို ခံကြသော်လည်း ငါ့ကိုကား မကြောက်ရွံ့ကြ။ ယင်းကို ချစ်ခြင်းမေတ္တာဟု ဆိုနိုင်သလော။ အချိန်မရွေး နေရာမရွေး သင်တို့သည် ငါ့ကို ဆန့်ကျင်ဖက် ပြုမူကြသည်။ ဤအရာအားလုံးကို ချစ်ခြင်းမေတ္တာ ထားရှိသည်ဟု ခေါ်ဆိုနိုင်မည်လော။ သင်တို့ အမြောက်အမြား စွန့်လွှတ်ပေးဆပ်ခဲ့သည် မှန်သော်လည်း သင်တို့အား ငါပြုစေလိုသည့် အရာများကိုကား ဘယ်သောအခါမျှ သင်တို့ လက်တွေ့ မလုပ်ဆောင်ကြပေ။ ဤသည်ကို ချစ်ခြင်းမေတ္တာ ရှိသည်ဟု ဆိုနိုင်မည်လော။ ဂရုတစိုက် သေချာ ရေတွက်ကြည့်လိုက်မည်ဆိုပါက ငါ့အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာမှာ သင်တို့အထဲ၌ အရိပ်အမြွက် အနည်းငယ်မျှပင် မရှိကြောင်း ဖော်ပြနေသည်။ နှစ်ပေါင်း မြောက်မြားစွာ လုပ်ဆောင်လာခဲ့ပြီး စကားအမြောက်အမြား ငါဆိုခဲ့ပြီးနောက် သင်တို့သည် အဘယ်မျှလောက် အမှန်တကယ် ရရှိခဲ့ကြသနည်း။ ဤအချက်ကို အသေအချာ ပြန်စဉ်းစားကြည့်ရန် မထိုက်တန်ပါသလော။ ငါသည် သင်တို့အား “ယခု သတိပေးနှိုးဆော်ပြီ” ငါ့ထံသို့ ငါခေါ်သူများမှာ ဘယ်သောအခါမျှ မယိုယွင်းမပျက်စီးခဲ့ဖူးသူများ မဟုတ်ပေ၊ ထိုအစား ငါရွေးကောက်သော သူများမှာမူ ငါ့အား အမှန်တကယ် ချစ်မြတ်နိုးကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် သင်တို့သည် မိမိစကား၊ မိမိအမူအကျင့်များ၌ သတိဝီရိယရှိအောင် ကြိုးစားသင့်သည်။ ထို့ပြင် သင်တို့၏ ရည်ရွယ်ချက်များနှင့် အတွေးအခေါ်များကို သေချာစစ်ဆေးသင့်သည်။ သို့မှသာ ၎င်းတို့သည် စည်းမကျော်မိမှာ ဖြစ်သည်။ ဤနောက်ဆုံးသော ကာလ၌ ငါ၏ ရှေ့မှောက်တွင် သင်တို့၏ ချစ်ခြင်းမေတ္တာကို ပေးကမ်းနိုင်ဖို့ အစွမ်းကုန် လုပ်ဆောင်ကြပါ၊ သို့မဟုတ်ပါက ငါ၏အမျက်ဒေါသသည် သင်တို့ထံမှ ဘယ်သောအခါမျှ ဖယ်ခွာသွားလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၅၃)

နေ့ရက်စဉ်တိုင်းတွင်၊ လူတစ်ဦးစီတိုင်း၏ လုပ်ဆောင်ချက်များနှင့် အတွေးများသည် တစ်ပါးတည်းသောသူ၏ မျက်လုံးများဖြင့် ကြည့်ရှု ခံရလျက်ရှိကာ၊ တစ်ချိန်တည်းတွင် ၎င်းတို့ကိုယ်တိုင်၏ မနက်ဖြန် အတွက် ပြင်ဆင်လျက်ရှိပေသည်။ ဤသည်မှာ အသက်ရှင်လျက် ရှိသောသူအားလုံး လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်၏။ ယင်းမှာ အားလုံးအတွက် ငါကြိုတင် ခွဲခန့်မှတ်သားထားသော လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို မည်သူမျှ မလွတ်မြောက်နိုင်သကဲ့သို့၊ ယင်းမှ မည်သူမျှ လွတ်ငြိမ်းခွင့်မရပေ။ ငါပြောပြီးသော နှုတ်ကပတ်တော်များသည် အရေအတွက်မဲ့သည့်အပြင်၊ ငါပြုသော အမှုသည် အတိုင်းအဆမဲ့သည်။ နေ့စဉ်နေ့တိုင်း၊ လူအသီးသီးသည် မိမိတို့၏ ပင်ကို သဘာဝနှင့် ၎င်းတို့၏ သဘာဝဗီဇနှင့်သက်ဆိုင်သည့် ဖြစ်ပျက်နေမှုများတို့နှင့်အညီ ၎င်းတို့ လုပ်ဆောင်ဖို့ရှိသည့် အရာအားလုံးကို အလိုအလျောက် ဆောင်ရွက်သည်နှင့်အမျှ၊ ငါသည် စောင့်ကြည့်၏။ ကွဲပြားသော လူအမျိုးအစားများကို ပေါ်လွင်စေဖို့ ငါချမှတ်ထားသော “မှန်ကန်သည့် လမ်းကြောင်း” အပေါ်တွင် များစွာသောသူတို့သည် အမှုမဲ့အမှတ်မဲ့ဖြင့် စတင်နှင့်ကြပြီးဖြစ်သည်။ ဤ ကွဲပြားသော လူအမျိုးအစားများကို ငါသည် ကွဲပြားသော ပတ်ဝန်းကျင်များတွင် ကာလကြာမြင့်စွာ ကတည်းက ထားရှိနှင့်ပြီးဖြစ်ကာ၊ ၎င်းတို့၏ သက်ဆိုင်ရာ နေရာများတွင် အသီးသီးသည် မိမိတို့၏ ပင်ကိုအရည်အချင်းများကို ဖော်ကြပြီး ဖြစ်သည်။ ၎င်းတို့ကို ချည်နှောင်ဖို့ မည်သူမျှ မရှိသကဲ့သို့၊ သွေးဆောင်မည့်သူ မည်သူမျှ မရှိပေ။ ၎င်းတို့သည် အလုံးစုံ လွတ်လပ်မှုရှိပြီး၊ ၎င်းတို့ဖော်ပြသည့် အရာကို အလွယ်တကူ ဖော်ပြနိုင်ပေသည်။ ၎င်းတို့ကို ထိန်းချုပ်ထားသည့် တစ်ခုတည်းသော အရာမှာ ငါ၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ထို့ကြောင့် လူအချို့တို့သည် ငါ၏ နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ၊ သေခြင်းကို ရှောင်လွှဲရန်သာ ဆောင့်ကြီးအောင့်ကြီးနှင့် ဖတ်ရှုကြသည်။ ထိုစဉ်အတောအတွင်းတွင်၊ အခြားသူတို့မှာ ၎င်းတို့ကို လမ်းပြကာ ထောက်ပံ့ဖို့ ငါ၏ နှုတ်ကပတ်တော်များမရှိဘဲ၊ နေ့ရက်များကို ကြံ့ကြံ့ခံဖို့ ခက်ခဲသည်ကို တွေ့ရှိကြသောကြောင့် ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များကို အချိန်တိုင်း အလိုအလျောက် ကိုင်စွဲထားကြသည်။ အချိန်ကုန်လွန် သွားသည်နှင့်အမျှ ၎င်းတို့သည် လူ့ဘဝ၏ လျှို့ဝှက်ချက်၊ လူသားမျိုးနွယ်တို့၏ ပန်းတိုင်နှင့် လူသားဖြစ်ခြင်း၏ တန်ဖိုးတို့ကို သိကြရလေသည်။ ဤသည်မှာ ငါ၏နှုတ်ကပတ်တော်များ၏ မျက်မှောက်တွင် လူသားမျိုးနွယ် ရှိကြသည့်ပုံ သက်သက်ဖြစ်ပြီး၊ ငါသည် ကိစ္စရပ်များကို သူ့ဘာသာသူ ဖြစ်ခွင့် ပေးရုံပေး၏။ ငါ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ တည်ရှိခြင်း၏ အခြေခံအုတ်မြစ် ဖြစ်စေဖို့ရာ လူတို့ကို အတင်းအကျပ် ပြုသည့် မည်သည့်အမှုကိုမျှ ငါ မလုပ်ဆောင်ပေ။ ထို့ကြောင့် အသိတရား လုံးဝ မရှိဖူးသူတို့နှင့် မိမိတို့၏ တည်ရှိမှုက မည်သည့်အခါတွင်မျှ တန်ဖိုးမရှိဖူးသူတို့သည် အမှုအရာများ မည်သို့ဖြစ်သည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်လေ့လာ ပြီးနောက် ငါ၏ နှုတ်ကပတ်တော်များကို ရဲတင်းစွာ ဘေးဖယ်ထားလိုက်ကြပြီး၊ ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်ကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့် ငါ့ထံမှလာသော အရာအားလုံးကို တိုး၍ ငြီးငွေ့စပြုလာကြသည်။ ထို့အပြင်၊ ငါ၏အိမ်တွင် နေရခြင်းကိုလည်း တိုး၍ ငြီးငွေ့ကြ၏။ ၎င်းတို့သည် အစေခံခြင်းအမှုကို ပေးနေကြလျှင်ပင်၊ ၎င်းတို့၏ ပန်းတိုင်အတွက်နှင့် အပြစ်ပေးခြင်းမှ လွတ်မြောက်ဖို့အတွက် ဤလူများသည် ငါ၏ အိမ်တွင် အချိန်တစ်ခုကြာ နေထိုင်ကြလေသည်။ သို့ရာတွင်၊ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များ မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ ဤအရာက ကောင်းချီး မင်္ဂလာအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို တိုးပွားစေပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ တစ်ကြိမ်တည်း ဝင်ရောက်ပြီးနောက်တွင် ထာဝရ နေရစ်ဖို့- ထာဝရကောင်းကင်ဘုံသို့ ဝင်ရောက်ဖို့ပင်- ၎င်းတို့၏ လိုအင်ဆန္ဒကို တိုးပွားစေလေသည်။ ငါ၏နေ့ရက် မကြာမီ ရောက်လာဖို့ ၎င်းတို့ တမ်းတလေလေ၊ သမ္မာတရားသည် ၎င်းတို့၏ လမ်းတွင် အတားအဆီးတစ်ခု၊ ခလုတ်တံသင်းတစ်ခု ဖြစ်လာပြီဟု ခံစားရလေလေ ဖြစ်သည်။ ၎င်းတို့အားလုံးသည် သမ္မာတရားကို အားထုတ်ရန် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် မလိုအပ်သကဲ့သို့၊ အထူးသဖြင့်၊ ငါ၏အိမ်အတွင်းတွင် ခယဝပ်တွားဖို့နှင့် ငါမိန့်ဆိုသည့် အတိုင်း လုပ်ဆောင်ဖို့ မလိုအပ်ဘဲ- ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ထာဝရ မွေ့လျော်ဖို့ ကောင်းကင် နိုင်ငံတော်ထဲသို့ ခြေချဖို့ရန် မစောင့်နိုင်အောင် ဖြစ်ကြလေသည်။ ဤလူများသည် ငါ၏ အိမ်ထဲသို့ ဝင်ရောက်ကြသည်မှာ သမ္မာတရားကို ရှာဖွေဖို့ဖြစ်သော ၎င်းတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ မဟုတ်သကဲ့သို့၊ ငါ၏ စီမံခန့်ခွဲမှုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့လည်း မဟုတ်ပေ။ ၎င်းတို့၏ ရည်မှန်းချက်မှာ လာမည့် ခေတ်တွင် ဖျက်ဆီးခြင်းမခံရမည့် သူများအလယ်တွင် ရှိဖို့မျှ ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့၏ နှလုံးသားများသည် သမ္မာတရား အဘယ်အရာဖြစ်သည် သို့မဟုတ် သမ္မာတရားကို မည်ကဲ့သို့ လက်ခံရမည်ကို ဘယ်သောအခါမျှ မသိဖူးကြပေ။ ဤသည်မှာ ထိုသို့သော လူများသည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်တွေ့ကျင့်သုံးခြင်းမရှိသကဲ့သို့၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း၏ အတိမ်အနက်ကို သဘောမပေါက် ကြသော်လည်း၊ ငါ၏အိမ်တွင် တစ်ချိန်လုံး “အစေခံများ” အဖြစ် နေထိုင်ကြပြီးဖြစ်သည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ငါ၏နေ့ရက် ရောက်ရှိလာခြင်းကို “စိတ်ရှည်စွာ” ဖြင့် စောင့်ဆိုင်းကြပြီး၊ ငါ၏အမှု၏ နည်းဟန်အားဖြင့် ၎င်းတို့ လူးလှိမ့်ကြရသလောက် မောလည်း မမောပန်းနိုင်ကြပေ။ သို့သော် ၎င်းတို့၏ ကြိုးပမ်း အားထုတ်မှုများ မည်မျှကြီးမားပါစေ၊ သို့မဟုတ် မည်သည့် အဖိုးအခကို ၎င်းတို့ ပေးသည်ဖြစ်စေ၊ သမ္မာတရားအတွက် ၎င်းတို့ ဆင်းရဲဒုက္ခ ခံစားရသည်ကို သို့မဟုတ် ငါ့အတွက် တစ်ခုတစ်လေ ပေးသည်ကို မည်သူမျှ မတွေ့မြင်ဖူးကြပေ။ ၎င်းတို့၏ စိတ်နှလုံးသားများတွင် ခေတ်ဟောင်းကို ငါအဆုံးသတ်သည့် နေ့ရက်အား မြင်ရဖို့ တရွရွဖြစ်နေကြပြီး၊ ထို့အပြင် ငါ၏တန်ခိုးနှင့် ဩဇာအာဏာတို့ မည်မျှကြီးမားသည်ကို သိဖို့ရန် မစောင့်နိုင်အောင်ဖြစ် ကြလေသည်။ လုပ်ဆောင်ဖို့ ၎င်းတို့ ဘယ်သောအခါမျှ အလျင်မလိုကြသည့်အရာမှာ မိမိတို့ကိုယ်ကိုယ် ပြောင်းလဲရန်နှင့် သမ္မာတရားကို အားထုတ်ဖို့ ဖြစ်သည်။ ငါစိတ်ပျက်ငြီးငွေ့သောအရာကို ၎င်းတို့ချစ်ကြပြီး၊ ငါချစ်သောအရာကို စိတ်ပျက်ငြီးငွေ့ကြသည်။ ငါမုန်းတီးသောအရာကို ၎င်းတို့ တောင့်တကြသော်လည်း၊ ငါ စက်ဆုပ်ရွံမုန်းသော အရာကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ဤဆိုးယုတ်သော ကမ္ဘာတွင် ယင်းကို ဘယ်သောအခါမျှ စက်ဆုပ်ခြင်းမရှိဘဲ အသက်ရှင်ကြပြီး၊ သို့တိုင် ယင်းကို ငါဖျက်ဆီးပစ်မည်ကို အလွန်အမင်း ကြောက်ရွံ့ကြလေသည်။ ၎င်းတို့၏ ကွဲလွဲနေသော ရည်ရွယ်ချက်များ အလယ်တွင်၊ ငါစက်ဆုပ်ရွံရှာသော ဤကမ္ဘာကို ၎င်းတို့ ချစ်ကြသော်လည်း၊ ၎င်းတို့အနေဖြင့် ဖျက်ဆီးခြင်း၏ ဆင်းရဲဒုက္ခမှ လွတ်နိုင်ကြဖို့ရန်နှင့် နောက်တစ်ခေတ်၏ အရှင်သခင်များ အဖြစ်သို့ ပြောင်းလဲနိုင်ကြဖို့အလို့ငှာ၊ မှန်သော လမ်းခရီးမှ ၎င်းတို့ သွေဖည်မသွားမီ၊ ယင်းကို ငါအလျင်အမြန် ဖျက်ဆီးဖို့လည်း တမ်းတကြလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မချစ်သကဲ့သို့၊ ငါ့ထံမှလာသော အရာအားလုံးကို စိတ်ပျက် ငြီးငွေ့ကြသောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို မဆုံးရှုံးစေရန်အတွက် တိုတောင်းသော အချိန်တစ်ခုအကြာတွင် “နာခံသောလူများ” ဖြစ်ကောင်း ဖြစ်လာ နိုင်သော်လည်း၊ ကောင်းချီးခံစားရဖို့ ၎င်းတို့၏ စိုးရိမ်ပူပန်မှုနှင့် ပျက်စီးဆုံးရှုံးခြင်းနှင့် လောင်ကျွမ်းနေသော မီးအိုင်ထဲသို့ ဝင်ရောက် ရမည်ကို ကြောက်ရွံ့မှုသည် ဘယ်သောအခါမျှ ဖုံးဖိမရနိုင်ပေ။ ငါ၏နေ့ရက် နီးကပ်လာသည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်ဆန္ဒသည် မှန်မှန် တိုး၍အားကောင်းလာသည်။ ဘေးဒုက္ခ ကြီးမားလာလေ၊ ငါ့ကို ဝမ်းမြောက်စေဖို့နှင့် ရှည်ကြာစွာ ၎င်းတို့ တမ်းတခဲ့ကြသည့် ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးခြင်းအား ရှောင်လွှဲဖို့ ဘယ်က အစပြုရမည်ကို မသိဘဲ၊ ၎င်းတို့ကို ခိုကိုးရာမဲ့ ဖြစ်စေလေလေ ဖြစ်သည်။ ငါ၏လက်၏အမှုကို အစပြုသည်နှင့်တစ်ပြိုင်နက်၊ ထိုသို့သော လူများသည် ရှေ့ပြေးတပ်အဖြစ် အစေခံဖို့ ဆောင်ရွက်ရန် စိတ်ထက်သန်ကြလေသည်။ ၎င်းတို့ကို ငါ မမြင်တွေ့မည်ကို အလွန်အမင်း စိုးရွံ့ရင်း၊ ၎င်းတို့သည် တပ်ဖွဲ့များ၏ တကယ့်‌ရှေ့တန်းသို့ တစ်ရှိန်ထိုးတက်ဖို့သာ စဉ်းစားကြလေသည်။ ၎င်းတို့ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များက သမ္မာတရားနှင့် မည်သည့်အခါတွင်မျှ မဆီလျော်ဖူးသည့်အပြင်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များက ငါ၏ အစီအစဉ်များကို နှောင့်ယှက်ကာ ဝင်ရောက်စွက်ဖက်ရုံမျှ ပြုသည်ကို လုံးဝ မသိဘဲ၊ ၎င်းတို့ တွေးသည့်အရာကို မှန်ကန်သည့်အရာအဖြစ် လုပ်ဆောင် ပြောဆိုကြလေသည်။ ၎င်းတို့အနေဖြင့် ကြီးမားသော အားထုတ်မှု ပြုခဲ့ကောင်းပြုခဲ့နိုင်ပြီး အခက်အခဲများကို ခံရပ်ဖို့ ၎င်းတို့၏ အလိုဆန္ဒနှင့် ရည်ရွယ်ချက်တို့သည် မှန်ကောင်းမှန်နိုင်သော်လည်း၊ ငါ၏ ယဇ်ပလ္လင်ပေါ်တွင် ၎င်းတို့ တစ်ခုတစ်လေ ထားရှိသည်ကို ငါ မြင်ဖူးဖို့ မဆိုထားနှင့်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များက ကောင်းမွန်သော ရည်ရွယ်ချက်များမှ လာသည်ကို ငါ မည်သည့်အခါတွင်မျှ မမြင်ဖူးသည့် အတွက်၊ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ ငါနှင့် မပတ်သက်ပေ။ ယင်းမှာ ဤနှစ်များစွာတစ်လျှောက် ငါ၏ရှေ့တွင် ၎င်းတို့ ပြုထားသည့် လုပ်ဆောင်ချက်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၅၄)

မူလက၊ ငါသည် သင်တို့ကို သာ၍များသော သမ္မာတရားများဖြင့် ထောက်ပံ့ရန် ဆန္ဒရှိခဲ့သော်လည်း၊ သမ္မာတရားအပေါ် သင်တို့၏ သဘောထားသည် များစွာအေးစက်လွန်းကာ စိတ်မဝင်စားသောကြောင့်၊ ဤအရာမှ ငါ ရှောင်ကြဉ်ခဲ့ရသည်။ ငါ၏ အားထုတ်မှုများ ဖြုန်းတီး ခံရဖို့အတွက် ငါဆန္ဒမရှိသကဲ့သို့၊ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ကိုင်စွဲလျက်ရှိကြသော်လည်း၊ အခြေအနေ အားလုံးတွင် ငါ့ကို ခုခံသည့်အရာ၊ အပုပ်ချပြီး ပြစ်မှားစော်ကားသည့် အရာကို လုပ်ဆောင်နေကြသည်ကိုလည်း တွေ့မြင်ရန် ဆန္ဒမရှိပေ။ သင်တို့၏ သဘောထားများနှင့် လူ့သဘောသဘာဝကြောင့်၊ ငါသည် သင်တို့ကို လူသားမျိုးနွယ်အလယ် ငါ၏စမ်းသပ်ခြင်းအမှုအဖြစ် အသုံးတော်ခံသော ငါ၏နှုတ်ကပတ်တော်များ၏ သေးငယ်ပြီး သင်တို့အတွက် အလွန်အရေးကြီးသည့် အစိတ်အပိုင်းကို ထောက်ပံ့ပေးရုံမျှ ငါပြုသည်။ ငါပြုပြီးသည့် ဆုံးဖြတ်ချက်များနှင့် အစီအစဉ်သည် သင်တို့၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အပြင်၊ လူသားမျိုးနွယ်အပေါ် ငါ၏သဘောထားသည် မှန်ကန်သော သဘောထား တစ်ခုဖြစ်သည်ကို ယခုအချိန်မှသာ ငါ အမှန်တကယ် အတည်ပြုရ၏။ ငါ့ရှေ့တွင် သင်တို့၏နှစ်ပေါင်းများစွာ အပြုအမူသည် ယခင်က ငါတစ်ကြိမ်တစ်ခါမျှ မရဖူးသော အဖြေကို ငါ့အား ပေးခဲ့ပြီး ဤအဖြေ၏ မေးခွန်းမှာ- “သမ္မာတရားနှင့် စစ်မှန်သော ဘုရားသခင် ရှေ့တွင် လူသား၏ သဘောထားသည် အဘယ်နည်း။” ဟူ၍ ဖြစ်သည်။ လူသားအဖို့ ငါဆက်ကပ်သော အားထုတ်မှုများသည် လူသားအတွက် ငါ၏ချစ်ခြင်းမေတ္တာ၏ အနှစ်သာရကို သက်သေပြပြီး၊ ငါ၏ရှေ့မှောက်က လူသား၏ လုပ်ရပ်တိုင်းသည် သမ္မာတရားအပေါ် ၎င်း၏ စက်ဆုပ်ရွံရှာမှုနှင့် ငါ့ကို ဆန့်ကျင်ခြင်းတို့၏ အနှစ်သာရကို သက်သေပြပေသည်။ အချိန်တိုင်း၊ ငါသည် ငါ့နောက်သို့ လိုက်သောသူ အားလုံးအတွက် စိတ်ပူပန်၏၊ သို့ရာတွင် ငါ့နောက်လိုက်သူများသည် ငါ၏နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်ခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ငါ၏အကြံပေးချက်များကိုပင် လက်မခံနိုင်ကြ။ ဤသည်မှာ ငါ့ကို အားလုံးထဲမှ ဝမ်းအနည်းစေဆုံးသော အရာ ဖြစ်သည်။ ငါ၏သဘောထားသည် စစ်မှန်ပြီး ငါ၏နှုတ်ကပတ်တော်များသည် နူးညံ့သော်လည်း၊ မည်သူမျှ ငါ့ကို နားမလည်နိုင်ဖူးကြသည့်အပြင်၊ ငါ့အား မည်သူမျှ လက်မခံနိုင်ဖူးကြပေ။ အယောက်တိုင်းသည် ၎င်းတို့အား ငါပေးအပ်သည့် အလုပ်ကို မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း လုပ်ဆောင်ဖို့ ကြိုးစားကြသည်။ ၎င်းတို့အား ငါ တောင်းဆိုသည့်အရာကို မေးမြန်းဖို့ မဆိုထားနှင့်၊ ငါ၏ ရည်ရွယ်ချက်များကို ၎င်းတို့ မရှာဖွေကြပေ။ ၎င်းတို့သည် ငါ့ကို ဆန့်ကျင်ပုန်ကန်ကြစဉ်တွင်၊ ငါ့ကို သစ္စာစောင့်သိစွာ အစေခံကြောင်း အခိုင်အမာဆိုကြသေး၏။ များစွာသောသူတို့သည် ၎င်းတို့ လက်မခံနိုင်သည့် သမ္မာတရားများ သို့မဟုတ် ၎င်းတို့ လက်တွေ့မကျင့်သုံးနိုင်သည့် သမ္မာတရားများသည် သမ္မာတရားများ မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့သော လူသားများတွင်၊ ငါ၏သမ္မာတရားများသည် ငြင်းပယ်ခံရကာ ဘေးဖယ်ထားခံရသည့် အရာတစ်ခု ဖြစ်လာသည်။ တစ်ချိန်တည်းတွင်၊ ငါ့ကို ဘုရားသခင်အဖြစ် လူတို့သည် စကားဖြင့် အသိအမှတ်ပြုသော်လည်း၊ သမ္မာတရား၊ လမ်းခရီး သို့မဟုတ် အသက်မဟုတ်သည့် အပြင်လူတစ်ဦးအဖြစ်လည်း ငါ့ကို ယုံကြည်ကြလေသည်။ ဤအမှန်တရားကို မည်သူမျှ မသိပေ- ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ၎င်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ ကိုယ်တိုင်၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင်၊ မည်သည့်လူသားမျှ ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ၎င်းတို့၏မစမှုကို ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍၊ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ၊ ငါ၏ ရပ်တည်မှုသည်- အချိန်နှင့် အမှန်တရားများသည် ငါ၏ သက်သေဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို ပြသပါစေဟူ၍သာ ဖြစ်သည်။ ၎င်းတို့သည် ငါပြောသမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ဖြည့်ဆည်းထားသင့်သည့်အရာ ဖြစ်သည်၊ ထို့အပြင် လူသားက လက်ခံသင့်သည့်အရာဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်သူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံ ရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်းကို ဆုံးရှုံးပြီးသောသူများ ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ပေ- ဟူသည့် အမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၅၅)

လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။... ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက်၊ ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့်၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို သူ ဖိစီးနှိပ်စက်ခံရသည့် လစ်ဟာမှုမှ မည်သည့် လူမှုသဘောတရားကမျှ မလွတ်မြောက်စေနိုင်သည့်အတွက်၊ လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ ဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ ကိုယ်စိတ်ချမ်းသာမှု- ဤအရာများက လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်လိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသား၏ တောင့်တမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ပြီး လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲလျက်၊ လူကို အတောမသတ်သော ကြောက်ရွံ့ခြင်း အခြေအနေတစ်ခုတွင် တည်ရှိဖို့သာ ဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်ပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်သည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် စိတ်ဆန္ဒမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး၊ ဘုရားသခင်၏ နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ်သည် အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ၊ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် စိတ်ဆန္ဒနှင့် ဝိညာဉ်ရေးရာ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက၊ ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်ထုဆီသို့ ပျက်စီးခြင်း လမ်းကို နင်းလျှောက် ရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကို ခံရပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၅၆)

သင်၏စိတ်နှလုံးထဲ၌ အလွန်ကြီးမားသော လျှို့ဝှက်ချက် တစ်ခုရှိ၍ သင်သည် အလင်းကင်းမဲ့သောလောကထဲ၌ အသက်ရှင် နေထိုင်နေသည့်အတွက်ကြောင့် ၎င်းကို မည်သည့်အခါမျှ သတိမမူမိ ခဲ့ချေ။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်သည် ဆိုးယုတ်သောသူ၏ ဆွဲလုခြင်းကို ခံခဲ့ရ၏။ သင်၏မျက်လုံးများသည် မှောင်မိုက်၏ ဖုံးကွယ်ခြင်းကို ခံရပြီး သင်သည် ကောင်းကင်မှနေလုံးကိုသာမက ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းသောကြယ်ကိုလည်း မြင်နိုင်ခြင်း မရှိပေ။ သင်၏နားများမှာ လိမ်လည်လှည့်ဖြားသောစကားများဖြင့် ပိတ်ဆို့ခြင်းကိုခံရပြီး သင်သည် ယေဟောဝါ၏ မြည်ဟည်းသော အသံကိုသာမက ပလ္လင်တော်မှ စီးဆင်းသောရေတို့၏အသံကိုလည်း မကြားရချေ။ သင်သည် တရားသဖြင့်ပိုင်ဆိုင်သမျှ၊ သင့်အပေါ် အနန္တတန်ခိုးရှင် ပေးအပ်သောအရာမှန်သမျှကို ဆုံးရှုံးခဲ့လေပြီ။ ကယ်မရန် တန်ခိုးမရှိ၊ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိဘဲ အဆုံးမဲ့ဒုက္ခပင်လယ်တစ်ခုသို့ သင်ဝင်ရောက်ခဲ့ပြီး သင်ပြုသမျှမှာ ရုန်းကန်ခြင်းနှင့် အလောတကြီးလုပ်ဆောင်ခြင်းသာ ဖြစ်၏။ ယင်းအခိုက်အတန့်မှအစပြု၍ သင်သည် ဆိုးယုတ်သောသူ၏ ဖိစီးနှိပ်စက်ခြင်းကိုခံရန်၊ အနန္တတန်ခိုးရှင်၏ကောင်းချီးမင်္ဂလာများနှင့် ဝေးကွာစေရန်၊ အနန္တတန်ခိုးရှင်၏ထောက်ပံ့မှုများနှင့် အလှမ်းဝေး စေရန်၊ ပြန်လမ်းမရှိသောလမ်းမတစ်ခု၌ လျှောက်လှမ်းစေရန် ပျက်စီးကိန်းသို့ရောက်ခဲ့၏။ အကြိမ်တစ်သန်း ခေါ်တော်မူခြင်းမှာ သင်၏စိတ်နှလုံးနှင့်ဝိညာဉ်ကို အနည်းငယ်မျှနှိုးဆွနိုင်ခြင်းမရှိပေ။ သင်သည် လမ်းညွှန် သို့မဟုတ် လမ်းပြအမှတ်အသားများမရှိသော အကန့်အသတ်မဲ့နယ်ပယ်တစ်ခုထဲသို့ သင့်အား သွေးဆောင်ခဲ့သည့် ဆိုးယုတ်သောသူ၏လက်ထဲ၌ နှစ်ခြိုက်စွာအိပ်စက်လေ၏။ ထိုအချိန် မှစ၍နောင်တွင် သင်သည် သင်၏မူလအပြစ်ကင်းစင်ခြင်းနှင့် သန့်ရှင်းခြင်းကို ဆုံးရှုံးခဲ့ရပြီး အနန္တတန်ခိုးရှင်၏စောင့်ရှောက်ခြင်းကို စတင်ရှောင်ရှားခဲ့၏။ သင်၏စိတ်နှလုံးအတွင်း၌ ဆိုးယုတ်သော သူသည် ကိစ္စအားလုံး၌ သင့်ကို ပဲ့ကိုင်ပြီး သင်၏အသက် ဖြစ်လာခဲ့သည်။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ ရှောင်တိမ်းခြင်း သို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့ဘဲ သင်၏စိတ်နှလုံးထဲ၌ သူ့ကို ဘုရားသခင်အဖြစ် သဘောထားသည်။ သင်သည် သူ့ကို စတင်ကာ ရိုသေကိုင်းရှိုင်းခြင်း၊ ကိုးကွယ်ခြင်းပြု၍ သင်တို့နှစ်ဦးသည် သေခြင်းတရား၌ စိတ်နှစ်မြှုပ်သကဲ့သို့ အသက်ရှင်ခြင်း၌လည်း စိတ်နှစ်မြှုပ်ကာ ခန္ဓာကိုယ်နှင့် အရိပ်ကဲ့သို့ တစ်ပူးတွဲတွဲ ဖြစ်လာလေ၏။ သင်သည် မည်သည့်နေရာမှလာခဲ့ကြောင်း၊ အဘယ်ကြောင့် မွေးဖွားလာခဲ့ကြောင်း သို့မဟုတ် အဘယ်ကြောင့် သေဆုံးမည်ဖြစ်ကြောင်းကို လုံးဝမသိချေ။ သင်သည် အနန္တတန်ခိုးရှင်ကို သူစိမ်းတစ်ဦးကဲ့သို့ သဘောထား၏၊ သင့်အတွက် သူလုပ်ပေးခဲ့သည့်အရာအားလုံးကို သိရန်မဆိုထားနှင့် သူ၏ ဇာစ်မြစ်များကိုပင် သင်မသိပေ။ သူ့ထံမှ လာသမျှသည် သင့်အတွက် မုန်းတီးဖွယ် ဖြစ်လာ၏၊ သင်သည် ၎င်းကို ချစ်ခင်မြတ်နိုးခြင်း မရှိသကဲ့သို့ ၎င်း၏တန်ဖိုးကိုလည်း မသိချေ။ သင်သည် အနန္တတန်ခိုးရှင်၏ထောက်ပံ့ခြင်းကို လက်ခံရရှိခဲ့သည့်နေ့မှအစပြု၍ ဆိုးယုတ်သောသူနှင့်တွဲဖက်၍ လျှောက်လှမ်းလေ၏။ သင်သည် ဆိုးယုတ်သောသူနှင့်အတူ မိုးသက်လေပြင်းများနှင့် မုန်တိုင်းများကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီး သင်၏အသက်အရင်း အမြစ်ဖြစ်သော ဘုရားသခင်ကို သူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဆန့်ကျင်၏။ သင်သည် ပျက်စီးခြင်းချောက်ကမ်းပါး၌ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရန်မဆိုထားနှင့်၊ နောင်တတရားအကြောင်း ဘာမျှမသိချေ။ ဆိုးယုတ်သောသူသည် သင့်ကို သွေးဆောင် ဖြားယောင်းပြီး ဖိစီးနှိပ်စက်ကြောင်း သင်မေ့လျော့လေပြီ၊ သင်သည် သင်၏ဇာစ်မြစ်များကို မေ့လျော့ခဲ့ခြင်းဖြစ်လေတကား။ ဆိုးယုတ်သော သူသည် လမ်းခရီးအဆင့်တိုင်း၌ သင့်အား ယနေ့တိုင် ဤနည်းအတိုင်း ဖိစီးနှိပ်စက်ခဲ့ခြင်းဖြစ်၏။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ထုံထိုင်းပြီး ယိုယွင်းပျက်စီးစေခြင်းခံရ၏။ သင်သည် လူ့လောကကြီး ထဲမှ စိတ်အနှောင့်အယှက်များအကြောင်း ညည်းတွားခြင်းကို ရပ်စဲခဲ့သည်၊ လောကကြီးမှာ တရားမျှတမှုမရှိဟူ၍ သင်ထင်မြင် ယူဆခြင်း မရှိတော့ပေ။ သင်သည် အနန္တတန်ခိုးရှင် တည်ရှိသည်၊ မတည်ရှိသည်ကို သာ၍ပင် ဂရုမစိုက်ချေ။ ဤအရာမှာ အဘယ်ကြောင့်နည်းဟူမူကား ဆိုးယုတ်သောသူသည် သင်၏ စစ်မှန်သောဖခင် ဖြစ်သည်ဟု ကာလအတန်ကြာက သင်ယူဆခဲ့၍ သူ့ထံမှ မခွဲခွာနိုင်ခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ သင်၏ စိတ်နှလုံးအတွင်းမှ လျှို့ဝှက်ချက်ပေတည်း။

အရုဏ်ဦးရောက်သည့်အခါ မိုးသောက်ကြယ်သည် အရှေ့အရပ်၌ စတင်ထွန်းလင်းလေ၏။ ဤကြယ်သည် ထိုနေရာ၌ ယခင်က တစ်ခါမျှမရှိဖူးသော ကြယ်ဖြစ်ပြီး ငြိမ်သက်အေးချမ်း၍ မှိတ်တုတ် မှိတ်တုတ်လင်းနေသော မိုးကောင်းကင်များကို အလင်းရောင်ပေးကာ လူတို့၏စိတ်နှလုံးများထဲ၌ ကွယ်ပျောက်စေခြင်းခံခဲ့ရသည့်အလင်းကို တဖန်လောင်မြိုက်စေ၏။ သင်နှင့် အခြားသူများအပေါ်၌ ထပ်တူထပ်မျှထွန်းလင်းသော ဤအလင်း၏ကျေးဇူးကြောင့် လူသားတို့သည် အထီးကျန်ခြင်း မဖြစ်တော့ချေ။ သို့သော်လည်း သင်တစ်ဦးတည်း ညအမှောင်ထဲ၌ နှစ်ခြိုက်စွာအိပ်ပျော်လျက်နေ၏။ သင်သည် အသံလည်းမကြား၊ အလင်းလည်းမမြင်ပေ၊ အသစ်သော ကောင်းကင်နှင့် မြေကြီးပေါ်ထွန်းကြောင်း၊ ခေတ်ကာလအသစ် ပေါ်ထွန်းကြောင်းကို မသိပေ၊ အဘယ်ကြောင့်ဆိုသော် သင်၏အဖက “ငါ့သား၊ မထနှင့်ဦး၊ စောသေးသည်။ ရာသီဥတုလည်းအေးသည်၊ ထို့အတွက်ကြောင့် အပြင်သို့မသွားနှင့်၊ သင့်မျက်လုံးများ ဓါးလှံဖြင့် ထိုးမိမည့်အကြောင်း စိုးရိမ်စရာရှိ၍ဖြစ်၏” ဟု ဆိုသောကြောင့် ဖြစ်သည်။ သင်သည် သင့်အဖ၏ သတိပေးချက်များကိုသာ ယုံကြည်စိတ်ချ၏၊ အဘယ်ကြောင့်ဆိုသော် သင့်အဖသည် သင့်ထက် အသက်အရွယ်အိုမင်း၍ သင့်ကိုအလွန်အမင်းချစ်သောကြောင့် သင့်အဖသာမှန်သည်ဟု သင်ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ယင်းကဲ့သို့ သတိပေးချက်များနှင့် ချစ်ခြင်းသည် လောကကြီးထဲ၌ အလင်းရှိသည်ဟူသော ဒဏ္ဍာရီအပေါ် ယုံကြည်မှုကို ရပ်တန့်စေသည်၊ ၎င်းတို့သည် ဤလောကကြီးထဲ၌ သမ္မာတရား တည်ရှိသေးခြင်း ရှိမရှိကို အရေးမစိုက်ဘဲနေစေ၏။ သင်သည် အနန္တတန်ခိုးရှင်၏ ကယ်မခြင်းကို ဆက်လက်၍ မမျှော်လင့်ရဲတော့ချေ။ သင်သည် ရှိရင်းစွဲအခြေအနေအပေါ် တင်းတိမ်နေ၏၊ အလင်းပေါ်ထွန်းမှုကို မျှော်မှန်းခြင်း၊ ဒဏ္ဍာရီထဲ၌ ဆိုထားသကဲ့သို့ အနန္တတန်ခိုးရှင် ကြွလာခြင်းကို ရှာဖွေခြင်း မရှိတော့ချေ။ သင့်အနေနှင့်၊ လှပသောအရာမှန်သမျှသည် ပြန်လည်လန်းဆန်းစေနိုင်ခြင်း မရှိ၊ ၎င်းမှာ တည်ရှိနိုင်ခြင်းမရှိဟု ထင်လေ၏။ သင်၏အမြင်တွင် လူသားမျိုးနွယ်၏ နံနက်ဖြန်၊ လူသားမျိုးနွယ်၏ အနာဂတ်သည် ကွယ်ပျောက်သွား၍ ချေဖျက်ခြင်းခံရသည်ဟု မြင်လေ၏။ သင်၏ခွန်အားရှိသမျှဖြင့် သင့်အဖ၏အဝတ်အစားကို တွယ်ဖက် ထား၏၊ အခက်အခဲများကို မျှဝေခံစားရန် အပူအပင်မရှိ၊ သင်၏ခရီးသွားဖော်နှင့် သင်၏ ဝေးလံသောခရီး၏ ဦးတည်ချက် တို့အား ဆုံးရှုံးရမည်ကို အလွန်အမင်း ကြောက်ရွံ့လေ၏။ ကျယ်ပြောပြီး ဝိုးတိုးဝါးတားဖြစ်သော လူ့လောကကြီးသည် ဤလောက၏ မတူညီသော အခန်းကဏ္ဍများ၌ ဖြည့်စွက်ရာတွင် တွန့်ဆုတ်ခြင်း မရှိဘဲ တုန်လှုပ်ခြင်းကင်းမဲ့လျက်ရှိသော သင်တို့များစွာကို ဖွဲ့စည်းခဲ့သည်။ ၎င်းသည် သေခြင်းတရားကို မကြောက်ရွံ့သော “စစ်သည်” များစွာကို ဖန်တီးပေးခဲ့၏။ ထိုမျှမက ၎င်းသည် မိမိတို့ကိုဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ကို မသိနားမလည်သည့် ထုံထိုင်း၍ တုံ့ဆိုင်းရပ်တန့်နေသော လူသားများကို တစ်သုတ်ပြီး တစ်သုတ် ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်၏ မျက်လုံးများသည် ပြင်းပြင်းထန်ထန် ဖိစီးနှိပ်စက်ခံရသော လူသားမျိုးနွယ်ထဲမှ တစ်ဦးချင်းစီနှင့် မျိုးနွယ်ဝင်အယောက်တိုင်းကို ကြည့်ရှုသုံးသပ်လေ၏။ သူကြားရသောအရာမှာ ဒုက္ခဆင်းရဲ ခံနေရသောသူတို့၏ မြည်တမ်းသံဖြစ်၏၊ သူမြင်ရသောအရာမှာ ဖိစီးနှိပ်စက်ခံရသော သူတို့၏ အရှက်တရားကင်းမဲ့မှုဖြစ်ပြီး သူခံစား ရသောအရာမှာ ကယ်တင်ခြင်းကျေးဇူးတော်ကို ဆုံးရှုံးခဲ့ပြီးသော လူသားမျိုးနွယ် တစ်ခု၏ ခိုကိုးရာမဲ့မှုနှင့် စိုးရိမ်ပူပန်မှုဖြစ်၏။ လူသားမျိုးနွယ်သည် သူ၏စောင့်မခြင်းကို ငြင်းပယ်ကာ မိမိတို့ ကိုယ်တိုင်၏လမ်းကြောင်း၌ လျှောက်လှမ်းရန် ရွေးချယ်ကြပြီး သူ၏မျက်လုံးများဖြင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ရှောင်တိမ်းရန် ကြိုးစားကြ၍ ရန်သူနှင့်အတူ နက်ရှိုင်းသောပင်လယ်၏ခါးသီးမှုကို နောက်ဆုံးအစက်အထိပင် တစိမ့်စိမ့်အရသာခံရန် ပို၍နှစ်သက်ကြ၏။ အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်းကို လူသားတို့ကြားရခြင်း မရှိတော့ချေ၊ အနန္တတန်ခိုးရှင်၏ လက်တော်များသည် ဝမ်းနည်းဖွယ်ရာဖြစ်သော ဤလူသားမျိုးနွယ်ကို ကြင်နာစွာ ထွေးပိုက်ရန် အလိုမရှိတော့ချေ။ သူသည် ကြိမ်ဖန်များစွာ ပြန်ဖမ်းပြီး ကြိမ်ဖန်များစွာ လက်လွှတ် ရပြန်သည်၊ သူပြုသောအမှုမှာ ဤကဲ့သို့ အဖန်တလဲလဲ ဖြစ်လေ၏။ ထိုအခိုက်အတန့်မှစ၍ သူသည် ပင်ပန်းခြင်း၊ စိတ်ကုန်ခြင်းတို့ကို စတင်ခံစားရသဖြင့် လက်ထဲမှ အလုပ်ကို သူရပ်ကာ လူသားမျိုးနွယ် အကြား၌ လျှောက်လှမ်းခြင်းကို ရပ်တန့်လေ၏...။ လူသားတို့သည် ဤအပြောင်းအလဲများအကြောင်း တစ်စုံတစ်ရာကိုမျှ လုံးလုံး သတိမမူမိကြဘဲ အနန္တတန်ခိုးရှင်၏ သွားခြင်းနှင့် လာခြင်း၊ ဝမ်းနည်းခြင်းနှင့် လွမ်းဆွေးခြင်းကို သတိမမူမိကြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၅၇)

ဘုရားသခင်၏စီမံခန့်ခွဲမှုသည် နက်နဲသော်လည်း၊ လူသား၏ နားလည်နိုင်စွမ်းကို မကျော်လွန်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှုအားလုံးသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ၏ စီမံခန့်ခွဲမှုနှင့် သူ၏ အမှုတို့ဖြင့် ဆက်စပ်ပြီး၊ လူသားမျိုးနွယ်၏ အသက်၊ ရှင်သန်ခြင်းနှင့် ခရီးပန်းတိုင်တို့နှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ လူသားအလယ်နှင့် လူသားအပေါ် ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် အလွန်လက်တွေ့ကျပြီး အဓိပ္ပာယ်ရှိသည်ဟု ဆိုနိုင်သည်။ ယင်းကို လူသားက မြင်နိုင်ပြီး တွေ့ကြုံနိုင်ကာ စိတ်ကူးသက်သက်ဖြစ်သည့်အရာနှင့် အလှမ်းဝေးလေသည်။ လူသည် ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးကို လက်ခံနိုင်စွမ်းမရှိပါက၊ သူ၏ အမှု၏ အရေးပါမှုမှာ အဘယ်နည်း။ ထိုသို့သော စီမံခန့်ခွဲမှုက လူသားကို ကယ်တင်ခြင်းသို့ မည်သို့ ဦးဆောင်နိုင်မည်နည်း။ ဘုရားသခင်နောက်လိုက်သူများစွာက ကောင်းချီးမင်္ဂလာများ မည်သို့ရရှိမည် သို့မဟုတ် ကပ်ဘေးကို မည်သို့ တွန်းလှန်ပယ်ရှားရမည်ဆိုသည်ကိုသာ စိတ်ဝင်စားကြသည်။ ဘုရားသခင်၏ အမှုနှင့် စီမံခန့်ခွဲမှုတို့ကို ဖော်ပြလိုက်သည်နှင့်၊ ၎င်းတို့သည် နှုတ်ဆိတ် သွားကြပြီး စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားကြသည်။ ထိုသို့သော ငြီးငွေ့ဖွယ်မေးခွန်းများကို နားလည်ခြင်းသည် ၎င်းတို့၏အသက်တာများကို ကြီးထွားဖို့ သို့မဟုတ် အကျိုးကျေးဇူး တစ်ခုတစ်လေ ပေးဖို့ ကူညီလိမ့်မည် မဟုတ်ဟု ထင်ကြလေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအကြောင်း ကြားပြီးကြသော်လည်း၊ မဆိုစလောက် ဂရုပြုကြလေသည်။ ၎င်းတို့က ယင်းကို ၎င်းတို့ အသက်တာများ၏ အစိတ်အပိုင်းအဖြစ် လက်ခံဖို့ မဆိုထားနှင့်၊ လက်ခံရမည့် တန်ဖိုးရှိသော အရာတစ်ခုအဖြစ်ပင် မမြင်ကြချေ။ ထိုသို့သော လူတို့သည် ဘုရားသခင် နောက်လိုက်ရာတွင် ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး၊ ယင်းရည်မှန်းချက်မှာ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သည်။ ထိုသို့သော လူတို့သည် ဤရည်မှန်းချက် တိုက်ရိုက် မပါဝင်သည့် အခြား မည်သည့်အရာကိုမျှ အလေးဂရုပြုဖို့ အပင်ပန်းမခံနိုင်ကြပေ။ ၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ- ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်အတွက်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ပြောင်းလဲကြသည်၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့ ရှာဖွေသည့် ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်၌ ၎င်းတို့ယုံကြည်မှု၏ ရည်မှန်းချက်ကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် စံများနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုအတွက် ၎င်းတို့ အလုပ်ရှုပ်နေကြသည်။ လမ်းမည်မျှ ဝေးသည်ဖြစ်စေ၊ လမ်းတစ်လျှောက် အခက်အခဲများနှင့် အတားအဆီးများ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့သည် မဆုတ်မနစ်ကြိုးပမ်းကြပြီး သေခြင်းကိုမကြောက်ကြချေ။ မည်သည့်တန်ခိုးက ၎င်းတို့ကို ဤနည်းဖြင့် မဖြစ်မနေ ဆက်လက်ဆက်ကပ်စေသနည်း။ ယင်းမှာ ၎င်းတို့၏ အသိစိတ်လော။ ၎င်းတို့၏ ကြီးမြတ်ပြီး မွန်မြတ်သည့် အကျင့်စရိုက်လော။ မကောင်းမှု အင်အားများကို တကယ့်အဆုံးထိ တိုက်ခိုက်ရန်ဖြစ်သည့် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်လော။ ယင်းမှာ ဆုလာဘ်ကို မရှာဖွေဘဲ၊ ဘုရားသခင်ကို သက်သေခံရန်ဖြစ်သည့် ၎င်းတို့၏ ယုံကြည်ခြင်းလော။ ယင်းမှာ ဘုရားသခင်၏အလိုကို စွမ်းဆောင်ရရှိရန် အရာရာတိုင်းကို စွန့်လွတ်ဖို့ လိုလားရာတွင် ၎င်းတို့၏ သစ္စာစောင့်သိမှုလော။ သို့မဟုတ် ယင်းသည် လွန်ကဲသည့် ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်များကို အမြဲ လက်လွှတ်ဖို့ဖြစ်သည့် ၎င်းတို့၏ ဆက်ကပ်မှု စိတ်ဓာတ်လော။ အတော်အတန် ရိုးရှင်စွာပြောရပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုကို မည်သည့်အခါတွင်မျှ နားမလည်ဖူးသူအတွက် ဤမျှပေးဆပ်ဆဲဖြစ်ဖို့မှာ အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပေသည်။ အချိန်တစ်ခဏကြာ၊ ဤလူတို့ မည်မျှပေးဆပ်ပြီးဖြစ်သည်ကို မဆွေးနွေးကြပါစို့နှင့်။ သို့ရာတွင် ၎င်းတို့၏အပြုအမူကို ငါတို့ အလွန် စိစစ်ထိုက်ပေသည်။ ၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က သူ့အတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်- လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။

ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုနှင့်ပတ်သက်၍ ဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာမှာ၊ လူသည် ဘုရားသခင်၏ အမှုအလယ်တွင် မိမိကိုယ်တိုင်၏ စီမံခန့်ခွဲမှုကို ဦးစီးဦးရွက်ပြုသော်လည်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အလေးဂရုမပြုခြင်း ဖြစ်သည်။ လူသား၏အကြီးမားဆုံးသော ကျရှုံးမှုသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် ကိုးကွယ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင်၊ လူသားသည် မိမိ၏ ကိုယ်ပိုင်အကြိုက်နှစ်သက်ဆုံး ခရီးပန်းတိုင်ကို တည်ဆောက်နေကာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာနှင့် အကောင်းဆုံး ခရီးပန်းတိုင်ကို မည်သို့ ရရှိမည်ကို ကြံစည်နေပုံတွင် တည်ရှိလေသည်။ ၎င်းတို့မည်မျှ သနားဖွယ်ကောင်းသည်၊ မုန်းတီးဖွယ်ကောင်းပြီး၊ ရင်နင့်ဖွယ်ကောင်းသည်ကို နားလည်လျှင်ပင်၊ မည်မျှက ၎င်းတို့၏ စံများနှင့် မျှော်လင့်ချက်များကို အဆင်သင့် စွန့်လွှတ်နိုင်သနည်း။ ပြီးလျှင် မည်သူသည် ၎င်း၏ ကိုယ်ပိုင်ခြေလှမ်းများကို ရပ်တန့်နိုင်ပြီး မိမိတို့အတွက်သာ စဉ်းစားခြင်းမှ ရပ်တန့်နိုင်သနည်း။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ပြီးပြည့်စုံစေအောင် သူနှင့်အတူ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မည့်သူများ လိုအပ်ပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုအဖို့ စိတ်နှင့် ခန္ဓာတစ်ခုလုံးကို ဆက်ကပ်ခြင်းအားဖြင့် သူ့ကို ကျိုးနွံနာခံမည့်သူများကို သူ လိုအပ်လေသည်။ သူသည် အနည်းငယ်ပေးပြီး ဆုလာဘ်ချီးမြှင့်ခံရဖို့ စောင့်ဆိုင်းသူများကို လိုအပ်ဖို့ မဆိုထားနှင့်၊ နေ့စဉ် သူ့ထံမှ တောင်းခံရန် လက်ဖြန့်သည့်လူများကို မလိုအပ်ပေ။ မဖြစ်စလောက် ပံ့ပိုးမှုပြုလုပ်ပြီးနောက် မိမိတို့၏ အောင်ဆုများ အပေါ် အခြေပြုသောသူတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျဖြစ်ကာ ကောင်းကင်ဘုံသို့ သွားခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအကြောင်းကိုသာ ဆွေးနွေးလိုကြသည့် သွေးအေးသူများကို သူ မုန်းသည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် သူ လုပ်ဆောင်သည့် အမှုက ပေးသည့် အခွင့်အရေးကို ကောင်းကောင်း အသုံးချသူများအတွက် သာ၍ ကြီးမားသည့် စက်ဆုပ်ရွံရှာမှု ရှိလေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုမှတစ်ဆင့် မည်သည့်အရာ စွမ်းဆောင်လိုပြီး မည်သည့်အရာ ရရှိလိုသည်ကို လုံးဝ ဂရုမစိုက်ဖူးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် ဘုရားသခင်၏အမှုက ပေးသည့် အခွင့်အရေးအား ၎င်းတို့ မည်သို့အသုံးချနိုင်သည်ဆိုသည်ကိုသာ စိတ်ဝင်စားကြလေသည်။ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြင့် လုံးလုံးလျားလျား နစ်မြုပ်လျက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ပတ်သက်၍ ဂရုမစိုက်ကြပေ။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျသကဲ့သို့၊ လူသားမျိုးနွယ်ကို ဘုရားသခင် မည်သို့ ကယ်တင်သည်ဆိုသည်နှင့် သူ၏ အလိုကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိသောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုမှ ခွဲထွက်သည့် နည်းလမ်းဖြင့် မိမိတို့ကိုယ်ကိုယ်အား ကျေနပ်စေသည့် အရာကိုသာ လုပ်ဆောင်နေကြလေသည်။ ၎င်းတို့၏အပြုအမူကို ဘုရားသခင်က ထောက်ခံလျက် ကြည်ညိုဖို့ မဆိုထားနှင့်၊ ဘုရားသခင်က အောက်မေ့ခြင်း မရှိသကဲ့သို့ လက်ခံခြင်းလည်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၅၈)

များမကြာမီ ငါ၏အမှု ပြီးစီးမည်ဖြစ်ကာ အတူဖြတ်သန်းသော နှစ်ပေါင်းစွာသည် မခံရပ်နိုင်သော မှတ်ဉာဏ်တစ်ခု ဖြစ်လာလေပြီ။ ငါသည် ငါ၏နှုတ်ကပတ်တော်တို့ကို မရပ်မနား ထပ်တလဲလဲ ပြောဆိုကာ ငါ၏ အမှုသစ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်လေပြီ။ ဟုတ်ပေ၏၊ ငါ၏ အကြံပြုချက်သည် ငါလုပ်ဆောင်သော အမှု အပိုင်းအစ အသီးသီး၏ မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ငါ၏ အကြံဉာဏ်မပါဘဲနှင့်၊ သင်တို့အားလုံး လမ်းလွဲသွားမည့်အပြင် လုံးဝ ဘာလုပ်ရ၊ ဘာပြောရမှန်းမသိပင် ဖြစ်နေကြကြောင်း သင်တို့ကိုယ်သင်တို့ တွေ့လိမ့်မည်။ ငါ၏အမှုသည် ယခု ပြီးစီးတော့မည်ဖြစ်ပြီး ယင်း၏ နောက်ဆုံးအဆင့်တွင် ရှိ၏။ အကြံဉာဏ် ပေးခြင်းအမှုကို ငါ လုပ်ဆောင်ဖို့ ဆန္ဒရှိသေး၏၊ ဆိုလိုသည်မှာ သင်တို့ ကြားဖို့ အကြံပြုစကားများ ပေးရန်ဖြစ်သည်။ ငါမျှော်လင့်သည်မှာ သင်တို့အနေဖြင့် ငါ ခံစားပြီးဖြစ်သည့် နာကျင်မှုများကို အလဟဿဖြစ်ခွင့် ပေးနိုင်ကြမည် မဟုတ်သကဲ့သို့၊ ထို့ထက် ငါလုပ်ဆောင်ပြီးဖြစ်သည့် စဉ်းစဉ်းစားစား စောင့်ရှောက်မှုကို သင်တို့ နားလည်နိုင်ကာ၊ ငါ၏နှုတ်ကပတ်တော်များကို လူသားတစ်ဦးအနေနှင့် သင်တို့ ပြုမူပုံ၏ အခြေခံအုတ်မြစ်အဖြစ် သဘောထားနိုင်ကြလိမ့်မည်ဟုသာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ နားထောင်လိုသည့် စကားမျိုး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့အား လက်ခံရခြင်း၌သင်တို့ မွေ့လျော်သည်ဖြစ်စေ မမွေ့လျော်သည်ဖြစ်စေ၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းဖြင့်သာ ၎င်းတို့ကို သင်တို့ လက်ခံနိုင်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်တို့ကို သင်တို့ အလေးအနက် သဘောထားရမည်။ သို့မဟုတ်ပါက သင်တို့၏ သာမန်ကာလျှံကာဖြစ်ပြီး အရေးမစိုက်သော စိတ်သဘောထားများနှင့် ပြောဆိုပြုမူပုံတို့သည် ငါ့ကို အပြင်းအထန် စိတ်မချမ်းမြေ့ဖြစ်စေမည်ဖြစ်ပြီး၊ ဧကန်အမှန် ငါ့ကို စက်ဆုပ်ရွံရှာစေလိမ့်မည်။ သင်တို့အားလုံးသည် ငါ၏နှုတ်ကပတ်တော်များကို အဖန်တလဲလဲ- အကြိမ်ထောင်ချီ- ဖတ်ရှုနိုင်ပြီး ၎င်းတို့ကို အလွတ်ကျက်မှတ်၍ပင် သိရှိလာနိုင်မည်ဟု ငါလွန်စွာ မျှော်လင့်သည်။ ဤနည်းဖြင့်သာ သင်တို့သည် သင်တို့နှင့်ဆိုင်သော ငါ၏မျှော်လင့်ချက်များကို ပျက်ကွက်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် ယခုအခါ သင်တို့ တစ်ဦးတစ်ယောက်မျှ ဤသို့ အသက်ရှင်ခြင်း မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့အားလုံးသည် ကိုယ်ကျင့်တရားပျက်သော ဘဝတစ်ခု၊ သင်တို့ အားရကျေနပ်သည်အထိ စားသောက်သည့် ဘဝတစ်ခုတွင် နစ်မြှုပ်ကြပြီး၊ သင်တို့ထဲမှ မည်သူမျှ သင်တို့၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ကြွယ်ဝချမ်းသာစေဖို့ ငါ၏နှုတ်ကပတ်တော်များကို အသုံးမပြုကြပေ။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်၏ စစ်မှန်သော မျက်နှာနှင့်ပတ်သက်၍ ကောက်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်- လူသားသည် ငါ့ကို အချိန်မရွေး သစ္စာဖောက်နိုင်ပြီး မည်သူမျှ ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သစ္စာမရှိနိုင်ပေ။

“လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်ခံရပြီးဖြစ်သည်မှာ လူ့အသွင်သဏ္ဍာန် မရှိတော့ချေ။” လူအများစုက ဤစကားရပ်ကို အတိုင်းအတာတစ်ခုထိ ယခု သတိပြုမိကြသည်။ ငါရည်ညွှန်းသည့် “သတိပြုမိခြင်း” သည် စစ်မှန်သော အသိပညာနှင့် ဆန့်ကျင်ဘက်ဖြစ်သော အပေါ်ယံ အသိအမှတ်ပြုခြင်းမျှသာ ဖြစ်သောကြောင့် ဤအရာကို ငါပြောရခြင်း ဖြစ်သည်။ သင်တို့တွင် မည်သူမျှ မိမိကိုယ်ကိုယ် တိတိကျကျ အကဲဖြတ်ခြင်း သို့မဟုတ် စေ့စပ်စွာ စိစစ်နိုင်ခြင်း မရှိသဖြင့်၊ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မရေမရာ ဖြစ်မြဲဖြစ်ကြလေသည်။ သို့သော် ယခုတစ်ကြိမ်တွင် ငါသည် သင်တို့အတွင်း၌ တည်ရှိသော အဆိုးရွားဆုံး ပြဿနာကို ရှင်းပြဖို့ အမှန်တရားများကို ငါအသုံးပြုလျက် ရှိသည်။ ထိုပြဿနာသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ''သစ္စာဖောက်ခြင်း'' ဟူသည် စကားနှင့် ရင်းနှီးကြ၏၊ အဘယ်ကြောင့်ဆိုသော် လူအများစုသည် လင်ယောက်ျားက မိမိမယားကို သစ္စာဖောက်ခြင်း၊ မယားက မိမိလင်သားကို သစ္စာဖောက်ခြင်း၊ သားဖြစ်သူက ဖခင်ကို သစ္စာဖောက်ခြင်း၊ သမီးဖြစ်သူက သူမ၏မိခင်ကို သစ္စာဖောက်ခြင်း၊ ကျွန်ဖြစ်သူက သူ၏သခင်ကို သစ္စာဖောက်ခြင်း၊ မိတ်ဆွေအချင်းချင်း သစ္စာဖောက်ခြင်း၊ ဆွေမျိုးသားချင်း အချင်းချင်းသစ္စာဖောက်ခြင်း၊ ကုန်ရောင်းသူများက ဝယ်သူတို့ကို သစ္စာဖောက်ခြင်း စသည်တို့ကဲ့သို့သော သူတစ်ပါးကို သစ္စာဖောက်သည့် အရာတစ်ခုခု လုပ်မိကြပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဤသာဓကများအားလုံးတွင် သစ္စာဖောက်ခြင်း၏ အနှစ်သာရ ပါရှိ၏။ အတိုချုပ်အားဖြင့်၊ သစ္စာဖောက်ခြင်းသည် ကတိတစ်ခုကို ချိုးဖောက်ခြင်း၊ ကိုယ်ကျင့်တရား စည်းမျဉ်းများကို ချိုးဖောက်ခြင်း၊ သို့မဟုတ် လူမှု ကျင့်ဝတ်များကို ဆန့်ကျင်လျက် ပြုမူခြင်း၊ လူသားသဘာဝ ဆုံးရှုံးမှု ပြသခြင်း ပုံစံတစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ဤလောကထဲသို့ မွေးဖွားခဲ့သည့် လူသားတစ်ဦးအနေဖြင့်၊ အခြားလူသား တစ်ဦးအပေါ် သစ္စာဖောက်သည့် တစ်ခုခု လုပ်ဖူးသည်ကို သတိရသည်ဖြစ်စေ သို့မဟုတ် ယခင်က အခြားသူများကို ကြိမ်ဖန်များစွာ သစ္စာဖောက်ဖူးသည်ဖြစ်စေ၊ သင်တို့သည် သမ္မာတရားကို သစ္စာဖောက်ခြင်းနှင့်ညီမျှသည့် အရာတစ်ခုကို ကျူးလွန်ပြီး ဖြစ်ပေလိမ့်မည်။ သင်၏မိဘများ သို့မဟုတ် မိတ်ဆွေများကို သင် သစ္စာဖောက်နိုင်စွမ်း ရှိသဖြင့်၊ သင်သည် တစ်ပါးသူများကို သစ္စာဖောက်နိုင်စွမ်းရှိပြီး၊ ထို့အပြင် ငါ့ကိုသစ္စာဖောက်နိုင်စွမ်းရှိကာ ငါစက်ဆုပ်သောအရာများကို လုပ်နိုင်စွမ်းရှိပေသည်။ တစ်နည်းအားဖြင့်ပြောရလျှင်၊ သစ္စာဖောက်ခြင်းသည် အပေါ်ယံ အကျင့်ပျက်သော အပြုအမူတစ်ခုမျှသာ မဟုတ်ဘဲ၊ သမ္မာတရားနှင့် ဆန့်ကျင်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် လူသားမျိုးနွယ်၏ ခုခံခြင်းနှင့် မနာခံခြင်း၏ အရင်းအမြစ် အတိအကျ ဖြစ်သည်။ ထို့ကြောင့် အောက်ပါ ထွက်ဆိုချက်ဖြင့် ငါ အကျဉ်းချုပ်ရခြင်း ဖြစ်သည်- သစ္စာဖောက်ခြင်းသည် လူ့သဘာဝ ဖြစ်ပြီး၊ ဤသဘာဝသည် ငါနှင့် ကိုက်ညီသည့် လူအသီးသီး၏ ကြီးမားသော ရန်သူ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၅၉)

ငါ့ကို အကြွင်းမဲ့မနာခံနိုင်သော အပြုအမူသည် သစ္စာဖောက်ခြင်းဖြစ်၏။ ငါ့အပေါ် သစ္စာမစောင့်သိနိုင်သည့် အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ ငါ့ကို လိမ်လည်ခြင်းနှင့် ငါ့ကို လှည့်စားရန် မုသားများကို သုံးခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ အယူအဆများစွာကို သိုထားခြင်းနှင့် ထိုအယူအဆများကို နေရာအနှံ့တွင် ဖြန့်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ၏ သက်သေခံချက်များနှင့် အကျိုးများကို မထိန်းသိမ်းနိုင်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ စိတ်နှလုံးထဲ၌ ငါနှင့် ဝေးကွာချိန်တွင် ဟန်ဆောင်အပြုံးများ ပေးခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ဤအရာများအားလုံးသည် သင်တို့ အမြဲလုပ်နိုင်စွမ်းရှိခဲ့သည့် သစ္စာဖောက်ခြင်း လုပ်ရပ်များဖြစ်ပြီး၊ ၎င်းတို့သည် သင်တို့ကြားတွင် မဆန်းတော့ပေ။ သင်တို့ထဲမှ မည်သူမျှက ဤအရာကို ပြဿနာတစ်ခုအဖြစ် ထင်ကြမည် မဟုတ်နိုင်သော်လည်း၊ ငါ တွေးထင်သည်မှာ ဤသို့မဟုတ်ပေ။ ငါသည် ငါ့အပေါ် လူတစ်ဦး၏ သစ္စာဖောက်ခြင်းအား အရေးမကြီးသော ကိစ္စတစ်ခုအဖြစ် သဘောမထားနိုင်သကဲ့သို့၊ ထိုအရာကို ဧကန်မုချ ငါ လျစ်လျူမရှုနိုင်။ ယခုတွင်၊ ငါသည် သင်တို့အလယ် အလုပ်လုပ်သည့်အချိန်တွင်၊ သင်တို့သည် ဤနည်းဖြင့် ပြုမူကြ၏- သင်တို့ကို စောင့်ရှောက်မည့်သူ တစ်ဦးမျှမရှိသည့် နေ့ရောက်လာပါက၊ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ရှင်ဘုရင်များအဖြစ် ကြွေးကြော်ခဲ့ကြသည့် ဓားပြများကဲ့သို့ ဖြစ်ကြလိမ့်မည် မဟုတ်လော။ ထိုသို့ ဖြစ်ပျက်ပြီး ကပ်ဘေးတစ်ခုကို သင်တို့ ဖြစ်စေသည့်အခါ၊ သင့်နောက်တွင် ရှင်းလင်းဖို့ မည်သူ ရှိလိမ့်မည်နည်း။ အချို့သော သစ္စာဖောက်သည့် လုပ်ရပ်များသည် ထပ်တလဲလဲဖြစ်သော အပြုအမူမဟုတ်ဘဲ၊ ရံဖန်ရံခါဖြစ်တတ်သော ဖြစ်ရပ်များမျှသာ ဖြစ်ပြီး၊ သင်တို့၏ မာနကို ထိခိုက်သည့်နည်းလမ်းဖြင့် ထိုသို့ ပြင်းပြင်းထန်ထန် ဆွေးနွေးဖို့ မထိုက်တန်ဟု သင်တို့ ထင်ကြသည်။ သင်တို့သည် ထိုသို့အမှန်တကယ် တွေးထင်ပါက၊ သင်တို့သည် အသိစိတ်မဲ့ကြပေသည်။ ထိုသို့တွေးခြင်းသည် ပုန်ကန်မှု၏ နမူနာနှင့် ပုံစံတစ်ခု ဖြစ်သည်။ လူသား၏ သဘာဝသည် သူ၏အသက် ဖြစ်သည်။ ယင်းသည် သူ ရှင်သန်ဖို့ အားထားသည့် စည်းမျဉ်းတစ်ခု ဖြစ်ပြီး၊ ယင်းကို သူ မပြောင်းလဲနိုင်ပေ။ သစ္စာဖောက်ခြင်း၏ သဘောသဘာဝသည်လည်း ထိုနည်းတူဖြစ်၏- သင်သည် ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦးကို သစ္စာဖောက်ဖို့ တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ပါက၊ ယင်းသည် သင့်ဘဝ၏ အစိတ်အပိုင်းဖြစ်ပြီး မွေးရာပါ သဘာဝ ဖြစ်သည်ကို သက်သေပြပေသည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဥပမာအနေဖြင့်၊ လူတစ်ဦးသည် သူတစ်ပါးထံမှ ခိုးယူခြင်းကို မွေ့လျော်ပါက၊ ၎င်းတို့အနေဖြင့် တစ်ခါတစ်ရံ ခိုးယူနိုင်ပြီး၊ တစ်ခါတစ်ရံ မခိုးယူနိုင်သော်လည်း၊ ဤ “ခိုးယူခြင်းကို ပျော်မွေ့ခြင်း” သည် ၎င်းတို့၏ ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းတို့ ခိုးသည်ဖြစ်စေ၊ မခိုးသည်ဖြစ်စေ၊ ၎င်းတို့၏ ခိုးယူခြင်းသည် အမူအကျင့် တစ်မျိုးမျှသာ ဖြစ်သည်ဟု သက်သေမပြနိုင်ပေ။ ယင်းထက်၊ ၎င်းတို့၏ ခိုးယူခြင်းသည် ၎င်းတို့ဘဝ၏ အစိတ်အပိုင်းဖြစ်သည်ကို သက်သေပြပေသည်- ယင်းမှာ ၎င်းတို့၏ သဘာဝဖြစ်၏။ အချို့က မေးလိမ့်မည်- ခိုးယူခြင်းသည် ၎င်းတို့၏ သဘာဝဖြစ်သည့်အတွက်၊ ပစ္စည်းကောင်းများကို ၎င်းတို့ မြင်သည့်အခါ တစ်ခါတစ်ရံ အဘယ်ကြောင့် မခိုးကြသနည်း။ အဖြေမှာ အလွန်ရိုးရှင်း၏။ ၎င်းတို့ မခိုးရသည့် အကြောင်းရင်း များစွာရှိ၏။ စောင့်ကြည့်နေသော မျက်စိများအောက်မှ အလစ်သုတ်ဖို့ ထိုအရာက ကြီးလွန်းသောကြောင့် သို့မဟုတ် လုပ်ဖို့ အဆင်ပြေသည့်အချိန် မရှိသောကြောင့်၊ သို့မဟုတ် အရာတစ်ခုသည် စျေးကြီးလွန်းပြီး အလွန်တင်းကျပ်စွာ စောင့်ကြပ်ထားသောကြောင့်၊ သို့မဟုတ် ထိုအရာကို ၎င်းတို့ အထူး စိတ်ဝင်စားမှု မရှိကြ၍ ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် သူတို့အဖို့ ထိုအရာက မည်သို့ အသုံးဝင်မည်ကို မသိနိုင်ကြသောကြောင့်၊ စသည်ဖြင့် တစ်စုံတစ်ရာကို ၎င်းတို့ မခိုးယူနိုင်ပေ။ ဤအကြောင်းရင်းများအားလုံးသည် ဖြစ်နိုင်၏။ သို့သော် မည်သို့ပင်ဖြစ်စေ၊ အရာတစ်ခုကို ၎င်းတို့ ခိုးသည် ဖြစ်စေ၊ မခိုးသည်ဖြစ်စေ၊ ယင်းက ဤအတွေးသည် တစ်ခဏ လျှပ်တစ်ပြက်သာ တည်ရှိသည်ဟု သက်သေမပြနိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ယင်းသည် သာ၍ ကောင်းဖို့အတွက် ပြောင်းလဲရန် ခက်ခဲသည့် ၎င်းတို့ သဘာဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် တစ်ကြိမ်မျှ ခိုးယူခြင်းဖြင့် မကျေနပ်ပေ။ အခြားသူတို့၏ ပိုင်ဆိုင်မှုများကို မိမိတို့၏ ကိုယ်ပိုင်အဖြစ် တောင်းဆိုသည့် ထိုသို့သော အတွေးများသည် ကောင်းသောအရာတစ်ခုခု သို့မဟုတ် သင့်တော်သည့် အခြေအနေတစ်ခုနှင့် ကြုံသည့်အချိန်တိုင်း ဖြစ်ပေါ်လေသည်။ ထို့ကြောင့် ဤအတွေး၏ ဇာစ်မြစ်သည် မကြာခဏ ရွေးချယ်ရုံသာ ခံရသည့် အရာတစ်ခု မဟုတ်ဘဲ၊ ဤလူ၏ ကိုယ်ပိုင် သဘာဝထဲတွင် ရှိသည့်အရာတစ်ခု ဖြစ်သည်ဟု ငါ ပြောရခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၆၀)

မည်သူမဆို မိမိတို့၏ စစ်မှန်သော သွင်ပြင်ကို ကိုယ်စားပြုဖို့ မိမိတို့၏ ကိုယ်ပိုင် စကားများနှင့် လုပ်ရပ်များကို အသုံးပြုနိုင်၏။ ဟုတ်ပေ၏၊ ဤစစ်မှန်သော သွင်ပြင်သည် ၎င်းတို့၏ သဘာဝဖြစ်သည်။ သင်သည် ဝေ့လည်ကြောင်ပတ် နည်းလမ်းဖြင့် စကားပြောသူ ဖြစ်ပါက၊ သင်သည် ကွေ့ကောက်သော သဘာဝ ရှိ၏။ သင်၏သဘာဝသည် ကောက်ကျစ်စဉ်းလဲပါက၊ သင်သည် လှည့်ဖြားတတ်သော နည်းလမ်းဖြင့် ပြုမူပြီး အခြားသူများအနေဖြင့် သင်၏ လှည့်ဖြားမှုကို ခံရဖို့ အလွန်လွယ်ကူစေသည်။ သင်၏ သဘာဝသည် အလွန်ယုတ်မာပါက၊ သင်၏စကားများသည် နားထောင်ကောင်းလိမ့်မည် ဖြစ်သော်လည်း၊ သင့်အပြုအမူများသည် သင်၏ ယုတ်မာသော လှည့်ကွက်များကို မဖုံးကွယ်နိုင်ပေ။ သင်၏သဘာဝသည် ပျင်းရိပါက၊ သင် ပြောသမျှအားလုံးသည် သင်၏ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းနှင့် ပျင်းရိမှုအတွက် တာဝန်ယူမှုကို ခေါင်းရှောင်ရန် ဖြစ်သည်။ ပြီးလျှင် သင်၏ လုပ်ရပ်များသည် နှေးကွေးကာ ဝတ်ကျေတမ်းကျေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ဖုံးကွယ်ရာတွင် အတော်အတန် ကျွမ်းကျင်လိမ့်မည်။ သင်၏သဘာဝသည် စာနာတတ်ပါက၊ သင်ပြောသော စကားသည် အကျိုးသင့် အကြောင်းသင့် ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုပ်ဆောင်ချက်များသည်လည်း သမ္မာတရားနှင့် ကောင်းစွာ ကိုက်ညီလိမ့်မည်။ သင်၏သဘာဝသည် သစ္စာရှိပါက၊ သင်၏စကားများသည် ဧကန်မုချ ရိုးသားစစ်မှန်ပြီး သင် လုပ်ဆောင်ပုံသည် သင်၏ သခင်ကို မသက်မသာ ဖြစ်စေနိုင်မည့် မည်သည့်အရာမဆိုနှင့် ကင်းရှင်းလျက် အခြေခိုင်ပေသည်။ သင်၏သဘာဝသည် ရာဂစိတ်ပြင်းထန်ပါက သို့မဟုတ် ငွေကို တပ်မက်ခြင်းရှိပါက၊ သင်၏စိတ်နှလုံးသည် ဤအရာများဖြင့် မကြာခဏ ပြည့်နှက်နေလိမ့်မည်ဖြစ်ကာ၊ သင်သည် လူတို့ ပေါ့ပေါ့တန်တန် မေ့ပျောက်မည် မဟုတ်သကဲ့သို့ လူတို့ကို စက်ဆုပ်စေမည့် အကျင့်ပျက်သော လုပ်ဆောင်ချက်များကို အမှတ်တမဲ့ ကျူးလွန်မိလိမ့်မည်။ ငါပြောခဲ့သည့်အတိုင်းပင်၊ သင်သည် သစ္စာဖောက်တတ်သော သဘာဝရှိပါက၊ ထိုသဘာဝမှ သင့်ကိုယ်သင် မလွတ်မြောက်စေနိုင်ပေ။ သင်သည် အခြားသူများအပေါ် မမှားမကျူးလွန်ဖူးပါက၊ သင်၌ သစ္စာဖောက်တတ်သော သဘာဝ မရှိဟူ၍ ကံကို မကိုးစားနှင့်။ သင်ဤသို့တွေးထင်ပါက၊ သင်သည် အကယ်ပင် ရွံစရာကောင်း ပေသည်။ ငါပြောသည့် အကြိမ်တိုင်း၊ ငါ၏စကားများ အားလုံးသည် လူတစ်ဦး သို့မဟုတ် လူတစ်မျိုးကိုသာ မရည်ရွယ်ဘဲ လူအားလုံးကို ရည်ရွယ်ပေသည်။ ကိစ္စတစ်ခု၌ ငါ့ကို သင် သစ္စာမဖောက်ခြင်းကြောင့်သာ အခြားကိစ္စတွင် ငါ့ကို သင် သစ္စာမဖောက်နိုင်ဟု သက်သေမပြပေ။ သမ္မာတရားကို ရှာဖွေရာတွင်၊ လူအချို့သည် ၎င်းတို့၏ အိမ်ထောင်ရေးထဲက ဆုတ်ဆိုင်းမှုများအတောအတွင်းတွင် ၎င်းတို့၏ ယုံကြည်မှုစိတ်ချမှု ပျောက်ဆုံးကြသည်။ လူအချို့သည် မိသားစု ပြိုကွဲသည့် အတောအတွင်းတွင် ငါ့ကို သစ္စာရှိဖို့ ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်ကြသည်။ လူအချို့သည် တဒင်္ဂ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ရှာရန် ငါ့ကို စွန့်ပစ်ကြသည်။ လူအချို့မှာ အလင်းတွင် အသက်ရှင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၌ မွေ့လျော်ခြင်းကို ရရှိသည်ထက် မှောင်မိုက်သော လျှိုထဲ ကျဆင်းလိုကြသည်။ လူအချို့သည် မိမိတို့၏ ကြွယ်ဝချမ်းသာမှုကို မက်မောခြင်းအတွက် မိတ်ဆွေများ၏ အကြံပြုချက်ကို လျစ်လျူရှုကြပြီး၊ ယခုပင်လျှင် ၎င်းတို့၏ အမှားများကို ဝန်မခံနိုင်ကြသကဲ့သို့ ၎င်းတို့၏ လမ်းကြောင်းကို မပြောင်းလဲနိုင်ကြပေ။ လူအချို့သည် ငါ၏ကွယ်ကာမှုကို ရရှိရန်အလို့ငှာ ငါ့နာမအောက်တွင် ခဏတစ်ဖြုတ် အသက်ရှင်ကြစဉ်တွင်၊ အခြားသူတို့မှာ အသက်ကို ဖက်တွယ်ပြီး သေခြင်းကို ကြောက်ရွံ့ကြသောကြောင့် မတတ်သာ၍ ငါ့ထံ အနည်းငယ်မျှသာ ဆက်ကပ် အပ်နှံကြလေသည်။ ဤအရာများနှင့် အခြားသော အကျင့်ပျက်သည့်အပြင် သိက္ခာမဲ့သော လုပ်ရပ်များသည် လူတို့ ၎င်းတို့ စိတ်နှလုံး အတွင်းနက်ရှိုင်းသော နေရာထဲတွင် အချိန်ကြာမြင့်စွာကတည်းက ငါ့ကို သစ္စာဖောက်ကြပြီးဖြစ်သည့် အပြုအမူများ ဖြစ်သည် မဟုတ်လော။ ဟုတ်ပေ၏၊ လူတို့သည် ငါ့ကို သစ္စာဖောက်ဖို့ ကြိုတင်မစီစဉ်ကြသည်ကို ငါ သိ၏။ ၎င်းတို့၏ သစ္စာဖောက်ခြင်းသည် ၎င်းတို့၏ သဘာဝဗီဇ၏ သဘာဝအလျောက် ဖော်ပြချက်ဖြစ်သည်။ မည်သူမျှ ငါ့ကို သစ္စာမဖောက်လိုကြသကဲ့သို့၊ ငါ့ကို သစ္စာဖောက်ဖို့ တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့သောကြောင့် မည်သူမျှ မပျော်ရွှင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့သည် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြသည် မဟုတ်လော။ ထို့ကြောင့် ဤသစ္စာဖောက်မှုများကို မည်သို့ အဖတ်ဆယ်ကြမည်ဆိုသည်နှင့် လက်ရှိအခြေအနေကို မည်သို့ ပြောင်းလဲမည်ဆိုသည်ကို သင်တို့ တွေးနေကြသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၆၁)

လူသား၏ သဘာဝဗီဇသည် ငါ၏ အနှစ်သာရနှင့် အတော်အတန် ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် လူသား၏ ဖောက်ပြန်ပျက်စီးသော သဘာဝမှာ စာတန်ထံမှ လုံးလုံးလျားလျား အစပြုသည့်အတွက်၊ လူသား၏ သဘာဝဗီဇသည် စာတန်၏ စီမံပြုပြင်ခြင်းခံရပြီး ဖျက်ဆီးခြင်းခံရသည့်အတွက် ဖြစ်၏။ ယင်းမှာ လူသားသည် စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှု၏ လွှမ်းမိုးမှုအောက် အသက်ရှင်ခြင်းဖြစ်သည်။ လူသားသည် သမ္မာတရား၏ လောက သို့မဟုတ် သန့်ရှင်းသော ပတ်ဝန်းကျင် တစ်ခုထဲတွင်ပင် မကြီးပြင်းပေ၊ ထို့အပြင် အလင်းထဲတွင် အသက်ရှင်ခြင်း သာ၍ပင် မရှိပေ။ ထို့ကြောင့်၊ မည်သူမဆိုသည် မွေးဖွားခြင်း အခိုက်အတန့်မှ ၎င်းတို့၏ သဘာဝဗီဇအတွင်းတွင် သမ္မာတရားကို ပိုင်ဆိုင်ဖို့မှာ မဖြစ်နိုင်သကဲ့သို့၊ မည်သူမဆို ဘုရားသခင်ကို ကြောက်ရွံ့ပြီး နာခံသော အနှစ်သာရတစ်ခုဖြင့် မွေးဖွားဖို့ သာ၍ မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ဘုရားသခင်ကို အာခံသည့်၊ ဘုရားသခင်ကို မနာခံသည့် သဘာဝဗီဇတစ်ခုရှိပြီး သမ္မာတရားအတွက် ချစ်ချင်းမေတ္တာ မရှိချေ။ ဤသဘာဝဗီဇသည် ငါ ဆွေးနွေးချင်သည့် ပြဿနာ- သစ္စာဖောက်ခြင်း- ဖြစ်၏။ သစ္စာဖောက်ခြင်းသည် ဘုရားသခင်အပေါ် လူအသီးသီး အာခံခြင်း၏ အရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ လူသားထဲတွင်သာ တည်ရှိပြီး ငါ့အထဲတွင် မရှိသည့် ပြဿနာတစ်ခု ဖြစ်သည်။ ခရစ်တော်ကဲ့သို့ပင် လူအားလုံး လောကထဲတွင် အသက်ရှင်သည့်အတွက်၊ လူသားအားလုံးတွင် ဘုရားသခင်ကို သစ္စာဖောက်သည့် သဘာဝရှိသော်လည်း ခရစ်တော်၌ အဘယ်ကြောင့် မရှိပါသနည်းဟု အချို့က မေးကြလိမ့်မည်။ ဤသည်မှာ သင်တို့အား ရှင်းရှင်းလင်းလင်း ရှင်းပြရမည့် ပြဿနာတစ်ခု ဖြစ်သည်။

လူသားမျိုးနွယ်တည်ရှိခြင်း၏ အခြေခံမှာ ဝိညာဉ်၏ အဖန်ဖန် လူဝင်စားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင်၊ ၎င်းတို့၏ ဝိညာဉ်က လူဝင်စားချိန်တွင် လူတိုင်းသည် ဇာတိပကတိဖြင့် လူ့ဘဝတစ်ခုကို ရရှိ၏။ လူ့ခန္ဓာတစ်ခု မွေးဖွားပြီးနောက်တွင်၊ နောက်ဆုံးအခိုက်အတန့်ဖြစ်သည့် ဝိညာဉ်က မိမိ၏ အခွံကို စွန့်ခွာသည့်အချိန်၊ ဇာတိပကတိက နောက်ဆုံး ဆက်၍ မရှင်သန်နိုင်တော့သည်အထိ ထိုခန္ဓာ၏ အသက်သည် ဆက်လက် ရှင်သန်လေသည်။ လူတစ်ဦး၏ ဝိညာဉ်သည် အကြိမ်ကြိမ် သွားလိုက် လာလိုက် ဖြစ်နေလျက်၊ ဤဖြစ်စဉ်သည် အဖန်ဖန် ဖြစ်ကာ၊ ဤသို့ဖြင့် လူသားမျိုးနွယ်၏ တည်ရှိခြင်းကို ဆက်လက် ထိန်းသိမ်း ထားလေသည်။ ဇာတိပကတိ၏ အသက်သည် လူ့ဝိညာဉ်၏ အသက်လည်းဖြစ်ပြီး၊ လူ့ဝိညာဉ်က လူသား၏ ဇာတိပကတိ တည်ရှိခြင်းကို ထောက်ပံ့ပေးလေသည်။ ယင်းမှာ လူအသီးသီး၏ အသက်သည် ၎င်းတို့၏ ဝိညာဉ်ထံမှ လာပြီး အသက်သည် ဇာတိပကတိတွင် မွေးရာပါ မဟုတ်ဟု ဆိုလိုသည်။ ထို့ကြောင့် လူ့သဘာဝဗီဇသည် ဝိညာဉ်ထံမှလာပြီး၊ ဇာတိပကတိထံမှ မဟုတ်ချေ။ လူအသီးသီး၏ ဝိညာဉ်ကသာ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများ၊ ဝေဒနာနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့အား ၎င်းတို့ မည်သို့ တွေ့ကြုံကြပြီးဖြစ်သည်ကို သိသည်။ ဤအရာများသည် လူသား၏ ဇာတိပကတိအဖို့ မသိရှိနိုင်သော အရာများ ဖြစ်သည်။ ထို့ကြောင့်၊ လူသားနှင့် ငါကိုယ်တိုင်ကြားက အကွာအဝေးမှာ သာ၍ ကြီးမားလာပြီး လူသားမျိုးနွယ်အတွက် အသက်တာသည် သာ၍ သာ၍ မှောင်မိုက်လာစဉ်တွင်၊ လူသားမျိုးနွယ်သည် အမှတ်တမဲ့ သာ၍ မှောင်မိုက်လာသည်၊ သာ၍ ညစ်ညူးလာပြီး သာ၍ သာ၍ ဆိုးညစ်လာလေသည်။ စာတန်သည် လူသားမျိုးနွယ်၏ ဝိညာဉ်များကို သူ၏ လက်ထဲတွင် ထိန်းသိမ်းထားသောကြောင့်၊ လူသား၏ ဇာတိပကတိသည်လည်း စာတန်၏ သိမ်းပိုက်ခြင်း ခံရသည်မှာ မှန်ပေ၏။ ထိုသို့သော ဇာတိပကတိနှင့်‌ ထိုသို့သော လူသားမျိုးနွယ်သည် ဘုရားသခင်ကို အဘယ်သို့ မဆန့်ကျင်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် သူနှင့် အဘယ်သို့ ပင်ကိုအားဖြင့် သဟဇာတဖြစ်နိုင်မည်နည်း။ စာတန်ကို လေထုထဲသို့ ငါ ပစ်ချသည့်အကြောင်းရင်းမှာ သူသည် ငါ့ကို သစ္စာဖောက်သောကြောင့် ဖြစ်သည်။ ထို့နောက် လူသားတို့သည် ၎င်းတို့၏ ပတ်သက်မှု အဘယ်သို့ လွတ်ကင်းနိုင်မည်နည်း။ ဤသည်မှာ သစ္စာဖောက်ခြင်းက လူသား သဘာဝဗီဇဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဤတွေးခေါ်မြော်မြင်မှုကို သင်တို့ နားလည်သည်နှင့်တစ်ပြိုင်နက် ခရစ်တော်၏ အနှစ်သာရကိုလည်း သင်တို့ ယုံကြည်မှုရှိသင့်သည်ဟု ငါယုံကြည်၏။ ဘုရားသခင်၏ ဝိညာဉ် ဝတ်ဆင်ခဲ့သည့် ခန္ဓာသည် ဘုရားသခင်ကိုယ်တိုင်၏ ခန္ဓာဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်သည် အထွတ်အထိပ်ဖြစ်၏။ သူသည် အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းပြီး ဖြောင့်မတ်လေသည်။ အလားတူပင်၊ သူ၏ခန္ဓာသည်လည်း အထွတ်အထိပ်ဖြစ်ပြီး၊ အနန္တတန်ခိုးရှိကာ သန့်ရှင်း၍ ဖြောင့်မတ်လေသည်။ ထိုသို့သော ခန္ဓာတစ်ခုသည် ဖြောင့်မတ်ပြီး လူသားမျိုးနွယ်အဖို့ အကျိုးပြုသည့်အရာ၊ သန့်ရှင်းပြီး၊ မွန်မြတ်ကာ အနန္တတန်ခိုးနှင့်ပြည့်စုံသည့် အရာကိုသာ လုပ်ဆောင်နိုင်လေသည်။ သူသည် သမ္မာတရားကို ချိုးဖောက်သည့်၊ ကိုယ်ကျင့်တရားနှင့် တရားမျှတမှုတို့ကို ချိုးဖောက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင် ဘုရားသခင်၏ ဝိညာဉ်ကို သစ္စာဖောက်သည့်အရာ မည်သည့်အရာကိုမဆို သာ၍ပင် လုပ်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏ ဝိညာဉ်သည် သန့်ရှင်း၏၊ ထို့ကြောင့် သူ၏ ခန္ဓာကို စာတန်က မဖျက်ဆီးနိုင်ပေ။ သူ၏ ခန္ဓာသည် လူသား၏ ဇာတိပကတိနှင့် ကွဲပြားသော အနှစ်သာရ ရှိလေသည်။ အကြောင်းမူကား၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်မှာ ဘုရားသခင်မဟုတ်ဘဲ လူဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ခန္ဓာကို ဖောက်ပြန်ပျက်စီးစေဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ လူသားနှင့် ခရစ်တော်သည် နေရာတစ်ခုတည်းအတွင်း နေထိုင်ကြသည် ဆိုသည့်အချက် ရှိသော်ငြားလည်း၊ စာတန်၏ ဝင်ပူးခြင်းခံရကာ၊ အသုံးပြုခံရပြီး အမိဖမ်းခံရသည်မှာ လူသားသာ ဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ခရစ်တော်ကို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ထာဝရ မသက်ရောက်နိုင်ပေ၊ အဘယ့်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသော နေရာသို့ တက်ကြွခြင်းငှာ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ထံ ဘယ်သောအခါမျှ တိုးဝင်ချဉ်းကပ် နိုင်လိမ့်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ယနေ့တွင်၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်နှင့်အမျှ ငါ့ကို သစ္စာဖောက်သည်မှာ လူသားမျိုးနွယ်သာ ဖြစ်သည်ကို သင်တို့အားလုံး သိသင့်၏။ သစ္စာဖောက်ခြင်းသည် ခရစ်တော် နည်းနည်းမျှ ပါဝင်သည့် ကိစ္စရပ် ဘယ်သောအခါမျှ ဖြစ်လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၆၂)

စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် ဝိညာဉ် အားလုံးသည် စာတန်၏ အုပ်စိုးမှုထဲတွင် ထိန်းသိမ်းခံထားရသည်။ ခရစ်တော်ကို ယုံကြည်သောသူတို့ကိုသာ ခွဲထားပြီး၊ စာတန်၏ စခန်းမှ ကယ်တင်ခံရကာ ယနေ့၏ နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရလေသည်။ ဤလူများသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်မရှင်ကြတော့ချေ။ သို့သော်ငြားလည်း၊ လူသား၏ သဘာဝ ဗီဇသည် လူသား၏ ဇာတိပကတိထဲ အမြစ်တွယ်ဆဲဖြစ်သည်၊ ယင်းမှာ သင်တို့၏ ဝိညာဉ်သည် ကယ်တင်ခံရပြီးဖြစ်သော်လည်း သင်တို့၏ သဘာဝဗီဇက ယခင်အတိုင်း ရှိဆဲဖြစ်ပြီး၊ ငါ့ကို သင်တို့ သစ္စာဖောက်မည့် အလားအလာက တစ်ရာရာခိုင်နှုန်း ရှိနေဆဲ ဖြစ်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် သင်တို့၏ သဘာဝဗီဇက ပေကတ်ကတ်နိုင်သည်နှင့်အမျှ ငါ၏ အမှု အလွန်ရှည်ကြာရခြင်း ဖြစ်သည်။ ယခု၊ သင်တို့၏ တာဝန်များကို သင်တို့ ဖြည့်ဆည်းကြသည်နှင့်အမျှ၊ သင်တို့၏ အရည်အချင်းရှိသမျှ ဆင်းရဲဒုက္ခများကို သင်တို့အားလုံး ကြုံနေကြရပေသည်၊ သို့တိုင် သင်တို့အသီးသီးသည် ငါ့ကို သစ္စာဖောက်နိုင်စွမ်းရှိကြပြီး စာတန်၏ အုပ်စိုးမှုဆီသို့၊ သူ၏ စခန်းဆီသို့ ပြန်သွားနိုင်စွမ်းရှိကြသကဲ့သို့၊ သင်တို့၏ အသက်တာဟောင်းများဆီသို့ ပြန်သွားနိုင်စွမ်း ရှိကြသည်- ဤသည်မှာ ငြင်းမရနိုင်သည့် အချက်တစ်ခု ဖြစ်သည်။ ထိုအချိန်တွင်၊ ယခု သင်တို့ ပြသကဲ့သို့ လူ့သဘာဝ သို့မဟုတ် လူသားနှင့် ဆင်တူမှု အနည်းငယ်မျှ ပြဖို့ရန် သင်တို့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ကြီးလေးသည့် ကိစ္စရပ်များတွင်၊ သင်တို့ ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်ပို၍၊ ထာဝရ ကံဆိုးမိုးမှောင်ကျကိန်းကြုံလိမ့်မည်၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည်၊ ဘယ်သောအခါမျှ တစ်ဖန် လူဝင်စားလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သင်တို့ရှေ့တွင် ချထားသည့် ပြဿနာ ဖြစ်သည်။ ဤနည်းဖြင့် သင်တို့ကို ငါ သတိပေးသည်မှာ ပထမဦးစွာ ငါ၏ အမှု အချည်းနှီးမဖြစ်ဖို့ရန် အလို့ငှာဖြစ်ပြီး၊ ဒုတိယအနေဖြင့် အလင်း၏ နေ့ရက်များထဲတွင် သင်တို့အားလုံး အသက်ရှင်နိုင်ကြဖို့ အလို့ငှာ ဖြစ်သည်။ အမှန်တွင်၊ ငါ၏ အမှု အချည်းနှီးဖြစ်သည်၊ မဖြစ်သည်က အရေးကြီးသည့် ပြဿနာ မဟုတ်ပေ။ အရေးကြီးသည့်အရာမှာ သင်တို့သည် ပျော်ရွှင်သော ဘဝများနှင့် အံ့ဩဖွယ် အနာဂတ်တစ်ခု ရှိနိုင်ကြဖို့ ဖြစ်သည်။ ငါ၏ အမှုမှာ လူတို့၏ ဝိညာဉ်များကို ကယ်တင်ခြင်း အမှု ဖြစ်သည်။ သင်၏ ဝိညာဉ်သည် စာတန်၏ လက်ထဲသို့ ကျရောက်ပါက၊ သင်၏ ခန္ဓာသည် ငြိမ်သက်ခြင်းဖြင့် အသက်ရှင် လိမ့်မည် မဟုတ်။ ငါသည် သင်၏ ခန္ဓာကို ကွယ်ကာပေးနေပါက၊ သင်၏ ဝိညာဉ်သည်လည်း ငါ၏ စောင့်ရှောက်မှုအောက်တွင် ဧကန်မုချ ရှိလိမ့်မည်။ သင့်ကို အမှန်တကယ် ငါ စက်ဆုပ်ပါက၊ သင်၏ ခန္ဓာနှင့် ဝိညာဉ်တို့သည် စာတန်၏ လက်ထဲသို့ တစ်ပြိုင်နက်တည်း ကျရောက်လိမ့်မည်။ ထိုအခါ သင်၏ အခြေအနေကို သင် စိတ်ကူးနိုင်သလော။ တစ်နေ့ ငါ၏ နှုတ်ကပတ်တော်များသည် သင့်အပေါ် ကျွဲပါးစောင်းတီးဖြစ်ပါက၊ ငါ့ကို သစ္စာဖောက်သည့် သင်တို့၏ စိတ်နှလုံးများ ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သည့်အတွက်၊ ငါ၏ အမျက်ဒေါသ လုံးဝ ကွယ်ပျောက်သည်အထိ သင့်ကို ဝေဒနာပြင်းထန်သော ညှဉ်းဆဲမှုကို ခံစေမည့် စာတန်ဆီ လုံးဝ ငါ လွှဲပြောင်းပေးအပ်မည်၊ သို့မဟုတ် ရွေးနှုတ်ကယ်တင်မရသည့် အသင် လူသားတို့ကို ငါ ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၆၃)

သင်တို့အားလုံးသည် ငါ့ကို သစ္စာဖောက်ခြင်း မည်မျှ သင်တို့အတွင်း ကျန်ရှိသည်ကို မြင်ဖို့ရန် ယခု မြန်နိုင်သမျှမြန်မြန် မိမိကိုယ်ကိုယ် စုံစမ်းစစ်ဆေးသင့်၏။ သင်တို့၏ တုန့်ပြန်မှုကို စိတ်မရှည်စွာ ငါ စောင့်ဆိုင်းနေ၏။ ငါနှင့် ဆက်ဆံရာတွင် ဝတ်ကျေတမ်းကျေ မဖြစ်နှင့်။ လူတို့နှင့် ငါ ဘယ်သောအခါမျှ ပေါ့ပေါ့ဆဆ ဆက်ဆံခြင်းမရှိ။ တစ်စုံတစ်ရာ ငါပြုမည်ဟု ဆိုပါက၊ ထိုအရာကို သေချာပေါက် ငါ ပြု၏။ သင်တို့ အသီးသီးသည် ငါ၏ နှုတ်ကပတ်တော်များကို အလေးအနက် ခံယူကြသည့် သူတစ်ဦးဖြစ်ပြီး ၎င်းတို့ကို သိပ္ပံ စိတ်ကူးယဉ်ဇာတ်လမ်းကဲ့သို့ ထင်လိမ့်မည်မဟုတ်ဟု ငါ မျှော်လင့်၏။ ငါလိုချင်သည်မှာ သင်တို့ထံမှ ခိုင်လုံသော လုပ်ရပ်ဖြစ်သည်၊ သင်တို့၏ စိတ်ကူးစိတ်သန်းများ မဟုတ်ပေ။ ထို့နောက်၊ ငါ၏ အောက်ပါ မေးခွန်းများကို သင်တို့ ဖြေကြရမည်- ၁။ သင်သည် အမှန်တကယ် အစေခံသူတစ်ဦး ဖြစ်ပါက၊ လျော့ရဲမှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း တစ်ခုမျှ မပါဘဲ၊ သင်သည် ငါ့ကို သစ္စာရှိရှိ အစေခံမှု ပေးနိုင်သလော။ ၂။ သင့်ကို ငါ လုံးဝ အသိအမှတ်မပြုသည်ကို သင် တွေ့ရှိပါက၊ သင်သည် ဆက်လက် နေထိုင်ပြီး ငါ့ကို ရာသက်ပန် အစေခံမှု ပေးနိုင်ဦးမည်လော။ ၃။ သင်သည် အားထုတ်မှုများစွာ အသုံးပြုပြီးဖြစ်သော်လည်း သင့်ကို ငါ အလွန်စိမ်းကားဆဲဖြစ်ပါက၊ မထင်ပေါ်ဘဲ သင်သည် ငါ့အတွက် ဆက်လက် အလုပ်လုပ်နေနိုင်မည်လော။ ၄။ ငါ့အတွက် သုံးစွဲခြင်းများ ပြုပြီးသည့်နောက်၊ သင်၏ အသေးအဖွဲ တောင်းဆိုချက်များကို ငါ မဖြည့်ဆည်းပေးပါက၊ သင်သည် ငါနှင့်ပတ်သက်၍ စိတ်အားငယ်ကာ စိတ်ပျက်လာမည်လော သို့မဟုတ်၊ ဒေါသပင် ထွက်လာပြီး အော်ဟစ် ဆဲရေးမည်လော။ ၅။ ငါ့အတွက် ချစ်ခြင်းများစွာနှင့်အတူ အစဉ်အမြဲ အလွန် သစ္စာစောင့်သိပြီးသည့်တိုင် မကျန်းမာမှု၊ ဆင်းရဲမှုနှင့် သင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ၏ စွန့်ပစ်ခြင်းတည်းဟူသော ညှဉ်းဆဲမှုကို သင် ခံရပါက၊ သို့မဟုတ် ဘဝတွင် အခြား ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုကို သင် ကြံ့ကြံ့ခံရပါက၊ ငါ့အတွက် သင်၏ သစ္စာစောင့်သိခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဆက်ရှိဦးမည်လော။ ၆။ သင်၏ စိတ်နှလုံးထဲက သင် စိတ်ကူးထားသည့် မည်သည့်အရာကမျှ ငါ လုပ်ဆောင်ခဲ့သည့်အရာနှင့် တစ်ထပ်တည်းမဖြစ်ပါက၊ သင်၏ အနာဂတ်လမ်းကြောင်းကို သင် မည်သို့ လျှောက်လှမ်းလိမ့်မည်နည်း။ ၇။ သင် ရရှိဖို့ မျှော်လင်ခဲ့သည့် အရာများ တစ်ခုကိုမျှ သင် မရရှိပါက၊ သင်သည် ငါ၏ နောက်လိုက်အဖြစ် ဆက်လက်ရှိနိုင်မည်လော။ ၈။ ငါ့အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်ကို သင် လုံးဝ နားမလည်ပါက၊ သင်သည် ထင်ရာမြင်ရာ ဝေဖန်မှုများနှင့် ကောက်ချက်ချမှုများ မပြုလုပ်သည့် နာခံသော လူတစ်ဦး ဖြစ်နိုင်သလော။ ၉။ ငါသည် လူသားမျိုးနွယ်နှင့်အတူတကွ ရှိစဉ်တွင်၊ ငါ ပြောပြီးသည့် နှုတ်ကပတ်တော်များအားလုံးနှင့် ငါပြုပြီးသည့် အမှုအားလုံးကို သင် တန်ဖိုးထားနိုင်သလော။ ၁၀။ သင်သည် မည်သည့်အရာကိုမျှ မရရှိသော်လည်း ငါ့အတွက် တစ်သက်တာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် လိုလားလျက် ငါ၏ သစ္စာရှိသော နောက်လိုက်တစ်ဦး ဖြစ်နိုင်သလော။ ၁၁။ ငါ့အဖို့အလို့ငှာ၊ သင်၏ အနာဂတ် ရှင်သန်ရေး လမ်းကြောင်းအတွက် စဉ်းစားဆင်ခြင်ခြင်း၊ စီစဉ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းတို့ကို သင် စွန့်လွှတ်နိုင်သလော။ ဤမေးခွန်းများသည် သင်တို့အပေါ် ငါ၏ သတ်မှတ်ချက်များကို ကိုယ်စားပြုပြီး၊ သင်တို့အားလုံး ငါ့ကို အဖြေများပေးနိုင်ဖို့ ငါမျှော်လင့်၏။ သင်တို့ကို ဤမေးခွန်းများက တောင်းဆိုသည့်အရာ တစ်ခု သို့မဟုတ် နှစ်ခုကို သင် ဖြည့်ဆည်းပြီးဖြစ်ပါက၊ သင် ဆက်လက် ကြိုးပမ်းရမည်။ ဤသတ်မှတ်ချက်များထဲမှ တစ်ခုတစ်လေကို သင် မပြီးမြောက်နိုင်ပါက၊ သင်သည် ဧကန်မုချ ငရဲထဲသို့ ပစ်ချခံရမည့် လူအမျိုးအစား ဖြစ်သည်။ ထိုသို့သော လူတို့အဖို့၊ ၎င်းတို့သည် ငါနှင့် ကိုက်ညီနိင်သည့်လူများ မုချ မဟုတ်သည့်အတွက် မည်သည့်အရာကိုမျှ ငါ ထပ်ပြောဖို့မလို။ မည်သည့်အခြေအနေတွင်မဆို ငါ့ကို သစ္စာဖောက်နိုင်မည့်သူတစ်ဦးကို ငါ၏ အိမ်တွင် အဘယ်သို့ ငါ ထားနိုင်မည်နည်း။ အခြေအနေအများစု၌ ငါ့ကို သစ္စာဖောက်နိုင်ဦးမည့် သူများအတွက်မူ၊ အခြား အစီအစဉ်များ ငါ မပြုမီ ၎င်းတို့၏ ဆောင်ရွက်ချက်ကို ငါ လေ့လာမည်။ သို့သော်၊ မည်သည့် အခြေအနေတွင်မဆို ငါ့ကို သစ္စာဖောက်နိုင်စွမ်းရှိကြသူအားလုံးကို ငါ လုံးဝ မေ့လျော့မည် မဟုတ်။ ၎င်းတို့ကို ငါ၏ စိတ်နှလုံးထဲတွင် ငါ အမှတ်ရမည်ဖြစ်ပြီး ၎င်းတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များကို ပြန်ဆပ်ဖို့ အခွင့်အရေး စောင့်ဆိုင်းမည်။ ငါ တင်ပြပြီးသည့် သတ်မှတ်ချက်များမှာ သင်တို့ မိမိကိုယ်ကိုယ် ဆန်းစစ်ရမည့် ပြဿနာများ ဖြစ်သည်။ ၎င်းတို့ကို သင်တို့အားလုံး လေးလေးနက်နက် စဉ်းစားဆင်ခြင်နိုင်ပြီး ငါ့ကို ဝတ်ကျေတမ်းကျေ မဆက်ဆံဖို့ ငါ မျှော်လင့်၏။ မဝေးသည့် အနာဂတ်တွင်၊ ငါ၏ သတ်မှတ်ချက်များ နှင့်ယှဉ်၍ ငါ့ကို သင်တို့ ပေးပြီးသည့် အဖြေများကို ငါ စစ်ဆေးမည်။ ထိုအချိန်တွင်၊ သင်တို့ထံမှ မည်သည့်အရာကိုမျှ နောက်ထပ် ငါ တောင်းဆိုမည် မဟုတ်သကဲ့သို့၊ သာ၍ လေးနက်သည့် ဆိုဆုံးမမှုကို ငါ ပေးမည်မဟုတ်။ ယင်းအစား၊ ငါ၏ ဩဇာအာဏာကို ငါကျင့်သုံးမည်။ ထားသင့်သည့်သူများကို ထားမည်၊ ချီးမြှင့်ခံရသင့်သူများ ချီးမြှင့်ခံရလိမ့်မည်၊ စာတန်ထံ လွှဲအပ်ခံရသင့်သူများ စာတန်ထံ လွှဲအပ်ခံရလိမ့်မည်၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်သူများ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည် ဖြစ်ပြီး၊ ပျက်စီးသင့်သူများ ဖျက်ဆီး ခံရလိမ့်မည်။ ထို့ကြောင့်၊ ငါ၏ နေ့ရက်ကာလတွင် ငါ့ကို နှောင့်ယှက်ဖို့ မည်သူမျှ ရှိတော့မည်မဟုတ်။ ငါ၏ နှုတ်ကပတ်တော်များကို သင် ယုံကြည်သလော။ ဒဏ်ခတ်ခံရခြင်းကို သင် ယုံကြည်သလော။ ငါ့ကို လှည့်ဖြားပြီး သစ္စာဖောက်သည့် ဆိုးညစ်သူများအားလုံးကို ငါ အပြစ်ပေးမည်ကို သင် ယုံကြည် သလော။ ထိုနေ့ရက် အစောတလျင် ရောက်လာဖို့အတွက် သင် မျှော်လင့်သလော၊ သို့မဟုတ် နောက်မှ ရောက်လာဖို့အတွက် သင် မျှော်လင့်သလော။ သင်သည် ပြစ်ဒဏ်ပေးခြင်းကို ကြောက်လန့် သူတစ်ဦးလော၊ သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းကို ကြံ့ကြံ့ခံရမည် ဖြစ်သော်လည်း ငါ့ကို အာခံမည့်သူတစ်ဦးလော။ ထိုနေ့ရက် ရောက်သည့်အခါ၊ သင်သည် ဩဘာသံများနှင့် ရယ်သံများကြား အသက်ရှင်မည်လော၊ သို့မဟုတ် သင် ငိုကြွေးကာ အံသွားကြိတ်ခဲလိမ့်မည်လော ဆိုသည်ကို သင် စိတ်ကူးနိုင်သလော။ မည်သည့် နိဂုံးနှင့်ကြုံဖို့ သင် မျှော်လင့်သနည်း။ သင် ကျွန်ုပ်ကို တစ်ရာရာခိုင်နှုန်း ယုံကြည်သလော၊ သို့မဟုတ် တစ်ရာရာခိုင်နှုန်း သံသယရှိသလော ဆိုသည်ကို သင် လေးနက်စွာ စဉ်းစား ဆင်ခြင်ဖူးသလော။ သင်၏ လုပ်ရပ်များနှင့် အပြုအမူများက မည်သည့် အကျိုးဆက်များနှင့် ရလဒ်မျိုးများ သင့်အပေါ် ကျရောက်မည်ကို သင် ဂရုတစိုက် စဉ်းစားဆင်ခြင်ဖူးသလော။ တစ်လှည့်အနေဖြင့် ငါ၏ နှုတ်ကပတ်တော်များအားလုံး ပြည့်စုံလိမ့်မည်ဟု သင် အမှန်တကယ် မျှော်လင့်သလော သို့မဟုတ် တစ်လှည့်အနေဖြင့် ငါ၏ နှုတ်ကပတ်တော်များ ပြည့်စုံမည်ကို သင် ကြောက်လန့်သလော။ ငါ၏ အမှုများကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ မကြာမီ ငါထွက်ခွာသည်ကို သင် မျှော်လင့်ပါက၊ သင်ကိုယ်တိုင်၏ စကားများနှင့် လုပ်ရပ်များကို သင် မည်သို့ သဘောထားသင့်သနည်း။ ငါ၏ ထွက်ခွာခြင်းကို သင် မမျှော်လင့်သကဲ့သို့ ငါ၏ နှုတ်ကပတ်တော်များအားလုံး ချက်ချင်း ပြည့်စုံဖို့ သင်မမျှော်လင့်ပါက၊ ငါ့ကို သင် အဘယ်ကြောင့် ယုံကြည်သေးသနည်း။ သင် အဘယ်ကြောင့် ငါ့ နောက်လိုက်နေသည်ကို သင် အမှန်တကယ် သိသလော။ သင်၏ အကြောင်းပြချက်က သင်၏ နယ်ပယ်များကို ကျယ်ပြန့်စေဖို့မျှ ဖြစ်ပါက၊ သင် ထိုသို့ ဒုက္ခရှာစရာ မလိုပေ။ ကောင်းချီးခံစားဖို့နှင့် လာမည့် ဘေးအန္တရာယ်ကို ရှောင်လွှဲဖို့ဖြစ်ပါက၊ သင်သည် အဘယ်ကြောင့် သင်ကိုယ်တိုင်၏ အပြုအမူကို မပူပန်သနည်း။ ငါ၏ သတ်မှတ်ချက်များကို သင် ဖြည့်ဆည်းနိုင်ခြင်း ရှိ၊မရှိဆိုသည်ကို သင့်ကိုယ်သင် အဘယ်ကြောင့် မမေးသနည်း။ လာမည့် ကောင်းချီးများကို ရရှိဖို့ သင်သည် အရည်အချင်းပြည့်မီခြင်း ရှိ မရှိဆိုသည်ကိုလည်း သင့်ကိုယ်သင် အဘယ်ကြောင့် မမေးသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၆၄)

ငါ့အားအစေခံသည့် ငါ၏ လူအားလုံးသည် အတိတ်ကို ပြန်လည်စဉ်းစားသင့်ကြ၏- ငါ့ကို သင်တို့၏ ချစ်ခြင်းသည် မစင်ကြယ်ခြင်းနှင့် စွန်းထင်းခဲ့သလော။ ငါ့ကို သင်တို့၏ သစ္စာ စောင့်သိခြင်းသည် စင်ကြယ်၍ စိတ်နှလုံးအကြွင်းမဲ့ ရှိခဲ့သလော။ ငါ့ကို သင်တို့သိကျွမ်းခြင်းသည် မှန်ကန်ပါ၏လော။ သင်တို့၏ နှလုံးသားများထဲတွင် ငါသည် နေရာမည်မျှ ယူထားသနည်း။ ငါသည် သင်တို့၏ စိတ်နှလုံးများထဲ၌ လုံးလုံးလျားလျား ဖြည့်ထားသလော။ ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့၏ အထဲတွင် မည်မျှ အထမြောက်ခဲ့သနည်း။ ငါ့ကို လူနုံလူအဟု မမှတ်ယူနှင့်။ ဤအရာတို့သည် ငါ့အတွက် လုံးဝပင် ရှင်းလင်းလျက် ရှိသည်။ ယနေ့၊ ငါ့ကယ်တင်ခြင်း၏ အသံကို ထုတ်ဆောင်မြွက်ဆိုသည်နှင့်အညီ ငါ့ကို သင်တို့၏ ချစ်ခြင်း၌ တိုးပွားမှု တစ်စုံတစ်ရာရှိခဲ့သလော။ ငါ့ကို သင်တို့၏ သစ္စာစောင့်သိခြင်း တစ်စိတ်တစ်ဒေသသည် သန့်စင် လာပြီလော။ သင်တို့ ငါ့ကို သိကျွမ်းခြင်းသည် နက်ရှိုင်းသွားပြီလော။ အတိတ်က ဆက်ကပ်ခဲ့သော ချီးမွမ်းခြင်းသည် ယနေ့ သင်တို့၏ အသိပညာအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ချ ပေးခဲ့သလော။ သင်တို့ မည်မျှသည် ငါ့ဝိညာဉ်တော်၏ နေရာယူခြင်း ခံထားသနည်း။ သင်တို့၏ အတွင်းတွင် ငါ့ပုံရိပ်သည် နေရာမည်မျှ ယူထားသနည်း။ ငါ၏ မိန့်မြွက်ချက်များသည် သင်တို့ကို နာကျင်စွာ ထိုးနှက်ခဲ့သလော။ သင်တို့၏ အရှက်တရားကို ဝှက်ထားရန် နေရာမရှိဟု အမှန်တကယ် ခံစားရသလော။ သင်တို့သည် ငါ၏ လူများဖြစ်ရန် အရည်အချင်းမပြည့်မီဟု အမှန်တကယ် ခံစားရသလော။ အကယ်၍ သင်တို့သည် အထက်က မေးခွန်းများကို လုံးလုံးပင် သတိမမူမိဘဲ ရှိနေမည်ဆိုပါက၊ ယင်းမှာ သင်တို့သည် နောက်ကျိသော ရေတွင် ငါးမျှားနေခြင်းဖြစ်ကြောင်း၊ သင်သည် အဖြည့်ခံ လူတစ်ဦး အနေနှင့်သာ ထိုနေရာ၌ ရောက်ရှိနေရခြင်းဖြစ်ကြောင်း ညွှန်ပြနေကာ၊ ငါကြိုတင်ပြဋ္ဌာန်းထားသော အချိန်တွင် သင်သည် ဧကန်မုချပင် သုတ်သင်ပယ်ရှင်း ခံရလိမ့်မည်ဖြစ်ပြီး အနက်ဆုံးသောတွင်းထဲသို့ ဒုတိယ အကြိမ်အဖြစ် ပစ်ချခြင်း ခံရလိမ့်မည် ဖြစ်သည်။ ဤအရာများမှာ ငါ၏ သတိပေး နှုတ်ကပတ်တော်များဖြစ်ပြီး ၎င်းတို့ကို ပေါ့တန်စွာ ခံယူသော မည်သူမဆို ငါ့တရားစီရင်ခြင်း၏ ထိုးနှက်ခြင်းကို ခံရလိမ့်မည်ဖြစ်ကာ၊ ချိန်းဆိုထားသော အချိန်တွင် ဘေးဒုက္ခနှင့် ကြုံရလိမ့်မည်။ ဤသို့ မဟုတ်သလော။ ဤအရာကို ရှင်းလင်းဖော်ပြရန် သာဓကများ ပေးရန်လိုသေးသလော။ သင်တို့အတွက် စံနမူနာတစ်ခု ပေးရန်အလို့ငှာ သာ၍ရှင်းရှင်းလင်းလင်း ငါပြောရမည်လော။ ဖန်ဆင်းခြင်း၏ အချိန်မှစ၍ ယနေ့ထိတိုင် များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို မနာခံခဲ့ကြသောကြောင့်၊ ငါ၏ နာလန်ထူခြင်း ရေစီးကြောင်းထဲမှ သုတ်သင်ပယ်ရှင်းခြင်းနှင့် နှင်ထုတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်၊ အဆုံးတွင် ထိုလူတို့၏ ခန္ဓာကိုယ်များသည် ပျက်စီးသွားကာ ၎င်းတို့၏ ဝိညာဉ်များမှာလည်း မရဏာနိုင်ငံထဲသို့ ပစ်ချခြင်းခံရပြီး ယနေ့တွင်ပင် ၎င်းတို့သည် ကြီးလေးသော အပြစ်ဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။ များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို လိုက်နာခဲ့ကြသော်လည်း၊ ၎င်းတို့သည် ငါ၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့အား လွန်ဆန်ခဲ့ကြလေပြီ၊ ထို့ကြောင့် စာတန်၏ အုပ်စိုးမှုအောက်သို့ ကျဆင်းကာ ငါ့ကို ဆန့်ကျင်သူများထဲမှ တစ်ယောက် ဖြစ်လာလျက် ငါ၏ ဘေးသို့ကန်ထုတ်ခြင်းကို ခံခဲ့ကြသည်။ (ယနေ့တွင် ငါ့ကို တိုက်ရိုက် ဆန့်ကျင်သော သူများသည် ငါ့နှုတ်ကပတ်တော်များ၏ အပေါ်ယံ သဘောတရားများကိုသာ နာခံကြပြီး ငါ့နှုတ်ကပတ်တော်များ၏ အနှစ်သာရကို မနာခံကြပေ။) ယမန်နေ့က ငါပြောခဲ့သော နှုတ်ကပတ်တော်များကို နားထောင်ရုံမျှ ရှိသောလူများ၊ အတိတ်၏ “အသုံးမဝင်သော အရာများ” ကို ကိုင်စွဲထားပြီး မျက်မှောက်နေ့ရက်၏ “အသီးအနှံ” ကို တန်ဖိုးမထားသော လူများ များစွာရှိသည်။ ဤလူများသည် စာတန်၏ ဖမ်းမိခြင်းကို ခံရရုံသာမကဘဲ၊ ထာဝရ အပြစ်သားများ ဖြစ်လာကြပြီး ငါ၏ ရန်သူများ ဖြစ်လာကြကာ ၎င်းတို့သည် ငါ့ကို တိုက်ရိုက် ဆန့်ကျင်လေသည်။ ထိုကဲ့သို့သော လူများသည် ငါ့အမျက်ဒေါသ၏ အထွတ်အထိပ်၌ ငါ့တရားစီရင်ခြင်း၏ အပြုခံအရာများ ဖြစ်ကြပြီး၊ ယနေ့တွင် ၎င်းတို့သည် မျက်စိကန်းလျက် ရှိကြသေးကာ မိုက်မှောင်သော အကျဉ်းတိုက်များထဲတွင် ရှိကြသေးသည် (တစ်နည်းဆိုရလျှင် ထိုကဲ့သို့သော လူများသည် စာတန်၏ ထိန်းချုပ်ခြင်း ခံရသည့် ပုပ်ပျက်လျက်၊ တွေဝေထိုင်းမှိုင်းလျက် ရှိသော အလောင်းကောင်များ ဖြစ်ကြသည်၊ ၎င်းတို့၏ မျက်လုံးများသည် ငါ၏ ဖုံးကာထားခြင်းကို ခံထားရသောကြောင့် ၎င်းတို့မှာ မျက်စိကန်းသောသူများ ဖြစ်ကြသည်ဟု ငါပြောသည်)။ သင်တို့သည် ထိုအရာမှ သင်ယူနိုင်ရန်အလို့ငှာ၊ သင်တို့ မှီငြမ်းနိုင်ရန်အတွက် သာဓကတစ်ခု ပေးပါက ကောင်းပေလိမ့်မည်-

ပေါလုအကြောင်း ပြောရာတွင်၊ သင်တို့သည် သူ၏ သမိုင်းကြောင်းကို တွေးတောမည်ဖြစ်ပြီး သူ၏ အချို့သော အဖြစ်အပျက်များသည် တိကျမှန်ကန်မှု မရှိဘဲ၊ အရှိတရားနှင့် ကင်းကွာနေသည်။ ပေါလုသည် ငယ်စဉ်ကတည်းကပင် သူ့မိဘများ၏ သွန်သင်ခြင်းကို ခံခဲ့ရပြီး ငါ၏အသက်ကို လက်ခံရရှိခဲ့ကာ ငါကြိုတင်ခွဲခန့်မှတ်သားထားခြင်း၏ အကျိုးဆက်အနေဖြင့် သူသည် ငါတောင်းဆိုသော အရည်အသွေးနှင့် ပြည့်စုံခဲ့သည်။ အသက် ၁၉ နှစ်တွင် သူသည် အသက်နှင့် ပတ်သက်သည့် စာအုပ်အမျိုးမျိုးကို ဖတ်ရှုခဲ့သည်၊ ထို့ကြောင့် ပေါလုသည် သူ၏ အရည်အသွေးကြောင့်၊ ငါ၏ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်း တို့ကြောင့် ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အချို့သော ထိုးထွင်းအမြင်များကို ပြောဆိုနိုင်ပုံ သာမကဘဲ၊ ငါ၏ ရည်ရွယ်ချက်များကို နားလည် သဘောပေါက်နိုင်ပုံတို့ကို ငါအသေးစိတ်ရှင်းပြရန် မလိုတော့။ မှန်ပေ၏၊ ဤအရာတွင် ပြင်ပအကြောင်းရင်းများနှင့် အတွင်း အကြောင်းရင်းများတို့ ပေါင်းစပ်ထားခြင်းကို မချန်လှပ်ထားပေ။ မည်သို့ပင်ဆိုစေ ပေါလု၏ တစ်ခုသော အပြစ်အနာအဆာမှာ သူ၏ စွမ်းရည်များကြောင့် သူသည် မကြာခဏပင် ရွှန်းရွှန်းဝေအောင် ပြောဆိုပြီး လေလုံးထွားတတ်ခြင်းပင် ဖြစ်သည်။ အကျိုးဆက်အနေနှင့် တစ်စိတ်တစ်ပိုင်းသည် ကောင်းကင်တမန်မင်းကို တိုက်ရိုက် ကိုယ်စားပြုသော သူ၏ မနာခံမှုကြောင့် ငါသည် ပထမအကြိမ် လူ့ဇာတိကို ခံယူခဲ့သောအခါ၊ သူသည် ငါ့ကို အာခံရန် အစွမ်းကုန် လုပ်ဆောင်ခဲ့လေသည်။ သူသည် ငါ၏ နှုတ်ကပတ်တော်များကို မသိကျွမ်းသော သူများထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏ နှလုံးသားထဲမှ ငါ၏ နေရာသည် ပျောက်ကွယ်သွားခဲ့နှင့်ပြီး ဖြစ်သည်။ ထိုကဲ့သို့သော လူများသည် ငါ၏ ဘုရားသဘောသဘာဝကို တိုက်ရိုက်ပင် ဆန့်ကျင်ကြပြီး ငါ၏ ထိုးနှက်ခြင်းကို ခံကြရကာ နောက်ဆုံးပိတ်တွင်မှ ၎င်းတို့၏ အပြစ်များကို ဝန်ချကြပြီး ဦးညွှတ်ကြသည်။ ထို့ကြောင့် ငါသည် သူ၏ အားသာချက်များကို အသုံးချပြီးသည့် နောက်တွင်— တစ်နည်းဆိုရလျှင် သူသည် ငါ့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်ပြီးသွားသည့် နောက်တွင်— သူသည် နောက်ထပ်တစ်ဖန် သူ၏ လမ်းဟောင်းများ အတွင်းသို့ ကျရောက်သွားပြီး သူသည် ငါ၏ နှုတ်ကပတ်တော်များကို တိုက်ရိုက် မနာခံခဲ့ခြင်း မရှိသော်ငြားလည်း၊ သူသည် ငါ၏ အတွင်းလမ်းပြခြင်းနှင့် ဉာဏ်ပွင့်စေခြင်းကို မနာခံခဲ့ပေ၊ ထို့ကြောင့်အတိတ်တွင် သူလုပ်ဆောင်ခဲ့သော အရာအားလုံးသည် အချည်းနှီး ဖြစ်သွားခဲ့သည်၊ တစ်နည်းဆိုရလျှင် သူပြောဆိုသော ဘုန်းကြီးသော ပန်းဦးရစ်သရဖူသည် အချည်းနှီး စကားများ၊ သူ့ကိုယ်ပိုင် စိတ်ကူးစိတ်သန်း၏ ရလဒ်တစ်ခု ဖြစ်လာခဲ့သည်၊ အကြောင်းမှာ ယနေ့တိုင်ပင် သူသည် ငါ၏ချုပ်နှောင်ခြင်းများတွင် ငါ၏ တရားစီရင်ခြင်းကို ခံနေရဆဲ ဖြစ်သောကြောင့် ဖြစ်သည်။

အထက်သာဓကမှ (ငါ၏ လူ့ဇာတိကိုယ်ကို ဆန့်ကျင်ရုံတင်မကဘဲ၊ သာ၍ အရေးကြီးသည်မှာ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ ဘုရားသဘောသဘာဝဟု ဆိုနိုင်သည့် ငါ၏ ဝိညာဉ်တော်ကို ဆန့်ကျင်ခြင်းအားဖြင့်) ငါ့ကို ဆန့်ကျင်သော မည်သူမဆို ၎င်းတို့၏ ဇာတိပကတိတွင် ငါ၏ တရားစီရင်ခြင်းကို ရရှိသည်ကို မြင်တွေ့နိုင်သည်။ ငါ၏ဝိညာဉ်တော်သည် သင့်ကို စွန့်ခွာသောအခါ၊ သင်သည် အကျဘက်သို့ ထိုးဆင်းသွားပြီး မရဏာနိုင်ငံတိုင်အောင် တိုက်ရိုက်ပင် ကျဆင်းသွားလေသည်။ ထို့အပြင် သင်၏ ဇာတိခန္ဓာမှာ ကမ္ဘာမြေကြီးပေါ်၌ ရှိနေသော်ငြားလည်း၊ သင်သည် စိတ်ရောဂါ ခံစားနေရသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်- သင်၏ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားပြီး သင်သည် မိမိကိုယ်မိမိ အလောင်းကောင်အလား ရုတ်ခြည်းပင် ခံစားရသည့်အတွက် သင်၏ ဇာတိခန္ဓာကို နှောင့်နှေးခြင်း မရှိဘဲ၊ အဆုံးသတ်ပေးရန် ငါ့အား တောင်းပန်လေသည်။ ဝိညာဉ်နှင့် ပြည့်စုံသော သင်တို့အများစုသည် ဤအခြေအနေများနှင့် ပတ်သက်၍ လေးနက်သော နားလည်သဘောပေါက်မှု ရှိကြပြီး၊ ဤအတွက် ငါသည် တိုး၍ အသေးစိတ် ရှင်းပြရန် မလိုအပ်။ အတိတ်၌ ငါသည် သာမန် လူ့သဘောသဘာဝအတွင်း အလုပ်လုပ်ခဲ့သောအခါ၊ လူအများစုသည် မိမိတို့ကိုယ်မိမိ ငါ၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်တို့နှင့် တိုက်ဆိုင်စစ်ဆေးနှင့်ခဲ့ကြပြီး ငါ၏ ဉာဏ်ပညာနှင့် စိတ်သဘောထားတို့ကို အနည်းငယ်မျှ သိရှိခဲ့ကြပြီး ဖြစ်သည်။ ယနေ့တွင် ငါသည် ဘုရားသဘောသဘာဝထဲတွင် တိုက်ရိုက် ပြောဆိုလုပ်ဆောင်ပြီး ငါ၏ အမျက်ဒေါသနှင့် တရားစီရင်မှုကို မိမိတို့၏ ပကတိ မျက်လုံးများနှင့် တွေ့မြင်ကြရမည့် လူအချို့ရှိသေးသည်၊ ထို့အပြင် တရားစီရင်ခြင်း ခေတ်ကာလ၏ ဒုတိယအပိုင်း၏ အဓိကအလုပ်သည် ငါ၏ လူများအားလုံး ဇာတိပကတိထဲရှိ ငါ၏ လုပ်ဆောင်ချက်များကို တိုက်ရိုက်သိလာအောင် ပြုရန်နှင့် သင်တို့အားလုံးသည် ငါ၏ စိတ်သဘောထားကို တိုက်ရိုက် မြင်တွေ့အောင် ပြုရန် ဖြစ်သည်။ သို့သော် ငါသည် လူ့ဇာတိထဲ၌ ရှိသောကြောင့် ငါသည် သင်တို့၏ အားနည်းချက်များကို ထောက်ထားသည်။ ငါမျှော်လင့်သော အရာမှာ သင်တို့သည် သင်တို့၏ စိတ်ဝိညာဉ်၊ ဝိညာဉ်နှင့် ခန္ဓာတို့ကို ကစားစရာများကဲ့သို့ သဘောမထားကြရန်နှင့် ၎င်းတို့ကို စာတန်ထံသို့ မဆင်မခြင် ဆက်ကပ်ခြင်း မပြုရန်ပင်ဖြစ်သည်။ သင်တို့တွင် ရှိသမျှသော အရာများကို တန်ဖိုးထားခြင်းသည် သာ၍ကောင်းပြီး ထိုကဲ့သို့သော အရာများသည် သင်တို့၏ ကံကြမ္မာနှင့် ဆက်စပ်နေသည့်အတွက် ထိုအရာတို့ကို ဆော့ကစားခြင်းတစ်ခုကဲ့သို့ သဘောမထားခြင်းသည် သာ၍ကောင်းသည်။ သင်တို့သည် ငါ့နှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ခြင်းငှာ ဧကန်အမှန် တတ်စွမ်းနိုင်သလော။ ငါ၏ စစ်မှန်သော ခံစားချက်များကို အရေးထားခြင်းငှာ ဧကန်အမှန်ပင် တတ်စွမ်းနိုင်သလော။

သင်တို့သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းကင်ဘုံရှိ ကောင်းချီးမင်္ဂလာများနှင့် ဆင်တူသော ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားရန် လိုလားသလော။ ငါ့ကို နားလည်ခြင်း၊ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ့ကို သိကျွမ်းခြင်းအား မွေ့လျော်ခြင်းတို့ကို သင်တို့ အသက်တာထဲရှိ အဖိုးအထိုက်ဆုံးနှင့် အဓိပ္ပာယ် အရှိဆုံးသော အရာများအဖြစ် တန်ဖိုးထားခြင်းငှာ လိုလားသလော။ သင်တို့သည် မိမိတို့၏ တက်လမ်းများအတွက် တွေးတောခြင်းမရှိဘဲနှင့် ငါ့အား လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်ခြင်းငှာ ဧကန်အမှန်ပင် တတ်နိုင်သလော။ သင်တို့သည် သိုးတစ်ကောင်ကဲ့သို့ ကွပ်မျက်ခြင်းကို ခံရန်နှင့် ငါ၏ ဦးဆောင်ခြင်းကို ခံရန် မိမိတို့ကိုယ်မိမိတို့ ဧကန်အမှန် ခွင့်ပြုနိုင်သလော။ ထိုကဲ့သို့သော အရာများကို စွမ်းဆောင်ရရှိခြင်းငှာ တတ်စွမ်းနိုင်သောသူ သင်တို့အထဲတွင် တစ်စုံတစ်ဦးမျှ ရှိသလော။ ငါ၏ လက်ခံခြင်းကို ခံရသောသူများနှင့် ငါ၏ ကတိတော်များကို လက်ခံရရှိသောသူများသည် ငါ၏ ကောင်းချီးမင်္ဂလာများကို ရသောသူများ ဖြစ်နိုင်သလော။ ဤနှုတ်ကပတ်တော်များမှ သင်တို့သည် တစ်စုံတစ်ရာကို သဘောပေါက် နားလည်ပြီးပြီလော။ အကယ်၍ ငါသည် သင်တို့ကို စမ်းသပ်ပါက၊ သင်တို့သည် ငါပြုသမျှ အမှန်တကယ် ခံနိုင်ကြမည်လော၊ ထို့အပြင် ဤစမ်းသပ်မှုများ၏ အလယ်တွင် ငါ၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ပြီး ငါ၏ နှလုံးသားကို သိမှတ်နားလည်နိုင်ကြမည်လော။ စိတ်ကိုထိမိစေသော စကားများစွာကို သင်ပြောနိုင်ခြင်းငှာ သို့မဟုတ် စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်များစွာကို ပြောဆိုနိုင်ခြင်းငှာ ငါဆန္ဒမရှိ၊ ယင်းအစား သင်သည် ငါ့အား ကောင်းမွန်စွာ သက်သေခံနိုင်ရန်နှင့် လက်တွေ့အရှိတရားထဲသို့ အပြည့်အဝနှင့် နက်ရှိုင်းစွာ ဝင်ရောက်နိုင်ရန်သာ ငါတောင်းဆိုသည်။ အကယ်၍ ငါသည် တိုက်ရိုက် မပြောဆိုခဲ့ပါက၊ သင့်ပတ်လည်တွင် ရှိသည့် အရာခပ်သိမ်းတို့ကို ကျောခိုင်းကာ ငါ၏ အသုံးကိုခံရရန် မိမိကိုယ်မိမိ ခွင့်ပြု နိုင်မည်လော။ ဤအရာမှာ ငါတောင်းဆိုသော လက်တွေ့အရှိတရားပင် မဟုတ်သလော။ ငါ၏ နှုတ်ကပတ်တော်များထဲရှိ အနက်အဓိပ္ပာယ်ကို မည်သူသည် နားလည်သဘောပေါက်ခြင်းငှာ တတ်စွမ်းနိုင်သနည်း။ သို့သော် သင်တို့သည် ဒွိဟစိတ်များနှင့် ဝန်လေးပင်ပန်းမနေကြတော့ရန်၊ သင်တို့၏ ဝင်ရောက်မှုတွင် လက်ဦးမှု ရယူကြရန်နှင့် ငါ့နှုတ်ကပတ်တော်များ၏ အနှစ်သာရများကို နားလည်သဘောပေါက်ရန် ငါတောင်းဆိုသည်။ ဤအရာသည် ငါ၏ နှုတ်ကပတ်တော်များကို နားလည်မှုလွဲခြင်းမှနှင့် ငါ၏ ဆိုလိုရင်းကို မသဲကွဲခြင်းတို့ကြောင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိခြင်းမှ တားဆီးပေးလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များထဲရှိ သင်တို့အတွက် ငါ၏ ရည်ရွယ်ချက်များကို သင်တို့ နားလည်သဘောပေါက်ရန် ငါမျှော်လင့်သည်။ သင်တို့၏ ကိုယ်ပိုင် တက်လမ်းများကို စဉ်းစားခြင်း မပြုတော့ဘဲ၊ အရာအားလုံး၌ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကိုနာခံရန်အလို့ငှာ ငါ၏ ရှေ့မှောက်တွင် သင်စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း လုပ်ဆောင်လော့။ ငါ၏ အိမ်ထောင်စုအတွင်း ရပ်တည်သော သူအားလုံးသည် ၎င်းတို့တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်၊ ကမ္ဘာမြေကြီးပေါ်ရှိ ငါ့အမှု၏ နောက်ဆုံးသော အပိုင်းကဏ္ဍထံ သင်သည် မိမိ၏ အကောင်းဆုံးကို ဆက်ကပ်သင့်သည်။ ထိုကဲ့သို့သော အရာများကို လက်တွေ့လုပ်ဆောင်ရန် သင်သည် ဧကန်အမှန်ပင် လိုလားသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၆၅)

ကမ္ဘာမြေကြီးပေါ်တွင် ဝိညာဉ်ဆိုးများ အမျိုးမျိုးတို့သည် နားခိုရန်နေရာကို မပြီးနိုင်မဆုံးနိုင် ရှာဖွေ ချောင်းမြောင်းလျက် ရှိကြပြီး စားနိုင်သော လူသေအလောင်းများကို အတောမသတ် ရှာဖွေနေကြသည်။ ငါ၏လူများတို့။ သင်တို့သည် ငါ၏ဂရုစိုက်မှုနှင့် ကာကွယ်မှုအထဲတွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အကျင့်ပျက်စွာ မပြုမူကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏သစ္စာစောင့်သိခြင်းကို ငါ၏အိမ်တော်သို့ ပေးလှူလော့၊ သင်၏သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တိုက်လှန်နိုင်မည် ဖြစ်သည်။ မည်သည့် အခြေအနေအောက်တွင်မျှ သင်သည် အတိတ်ကကဲ့သို့ ငါ၏မျက်မှောက်တွင်တစ်မျိုး ငါ၏နောက်ကွယ်တွင်တစ်မျိုး လုပ်ဆောင်ခြင်းမျိုး မပြုမူရ၊ ထိုသို့လုပ်ဆောင်ပါက သင်သည် မရွေးနုတ်နိုင်လောက်အောင်ပင် ဖြစ်နေပြီးဖြစ်သည်။ ဤကဲ့သို့သော နှုတ်ကပတ်တော်များကို လုံလောက်သည်ထက် ပိုလျှံစွာပင် ငါမြွက်ဆိုခဲ့သည်မှာ သေချာပါသည်၊ ငါမမြွက်ဆိုခဲ့သလော။ တိတိကျကျ ဆိုပါက လူသား၏သဘာဝအဟောင်းသည် ပဲ့ပြင်ဆုံးမ၍ မရသောကြောင့်သာ ငါသည် ကြိမ်ဖန်တလဲလဲ သူ့ကို သတိပေးနေခဲ့ခြင်း ဖြစ်သည်။ ငြီးငွေ့မသွားနှင့်။ ငါပြောသမျှတို့မှာ သင်တို့၏ကံကြမ္မာ သေချာရေရာမှု ရှိစေရန်အတွက် ဖြစ်သည်။ စာတန်လိုအပ်သည်မှာ ဆိုးရွား၍ ညစ်ညူးသော အရပ်ပင် ဖြစ်သည်မှာ သေချာ၏။ သင်တို့သည် မျှော်လင့်ချက် ကင်းမဲ့စွာနှင့် ရွေးနုတ်၍ မရနိုင်လေလေ၊ ကိုယ်ကျင့်တရား ပျက်ပြားလေလေ၊ ကန့်သတ်ချက်ကို ကျိုးနွံနာခံရန် သာ၍ ငြင်းဆန် လေလေ၊ မသန့်ရှင်းသော ဝိညာဉ်များသည် ထိုးဖောက်ဝင်ရောက်ရန် မည်သည့်အခွင့်အရေးကိုမဆို သာ၍အသုံးချလေလေပင်ဖြစ်မည်။ သင်တို့သည် ဤအခြေအနေတိုင် ရောက်ပြီဆိုသည်နှင့် သင်တို့၏ သစ္စာစောင့်သိမှုသည် စစ်မှန်ခြင်း ဘာမျှမရှိတော့ဘဲ အသုံးမကျသော အပြောသက်သက်မျှသာ ဖြစ်သွားပေလိမ့်မည်ဖြစ်ပြီး သင်တို့၏ စိတ်ပိုင်းဖြတ်မှုသည်လည်း မနာခံခြင်း၊ သို့မဟုတ် စာတန်၏ မာယာများထဲသို့ ကျဆင်းသွားနိုင်ရန် အလို့ငှာနှင့် ငါ၏အလုပ်ကို ပြိုကွဲပျက်စီးစေရန်အလို့ငှာ မသန့်ရှင်းသော ဝိညာဉ်များ၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည့်အခါ ငါသည် သင့်ကို ငါကျေနပ်သည့် နေရာတိုင်း၊ ငါကျေနပ်သည့် အချိန်တိုင်း၌ သေသည့်တိုင်အောင် ရိုက်နှက်မည်။ ဤအခြေအနေ၏ လေးနက်မှုကို မည်သူမျှ နားမလည်ကြ၊ လူတို့အားလုံးသည် သူတို့ကြားသော အရာကို ဂရုမစိုက်ဘဲသာနေကြပြီး စိုးစဉ်းမျှပင် သတိမမူကြ။ အတိတ်တွင် ပြုခဲ့ပြီးသော အရာကို ငါသည် အမှတ်ရသည် မဟုတ်။ ငါသည် နောက်ထပ်တစ်ဖန် ခွင့်လွှတ်ပေးခြင်း အားဖြင့် သင့်ကို သက်ညှာပေးရန် စောင့်မျှော်နေဆဲ ရှိသလော။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ခဲ့သော်လည်း ငါသည် သူ့အပေါ် အာဃာတထားမည် မဟုတ်၊ အကြောင်းမှာ လူသား၏ ဝိညာဉ်အသက်တာသည် အလွန်ပင် နိမ့်လွန်းလှသောကြောင့် ငါသည် သူ့အား မြင့်မားသော တောင်းဆိုမှုများကို မပြု။ ငါတောင်းဆိုသမျှမှာ လူသားသည် မိမိကိုယ်မိမိ မဖြုန်းတီးရန်နှင့် ကန့်သတ်ချက်ကို ကျိုးနွံနာခံရန်သာ ဖြစ်သည်။ ဤပြဋ္ဌာန်းချက်တစ်ခုကို သင်ဖြည့်စွမ်းရန်မှာ သင်၏တတ်နိုင်စွမ်းကို ကျော်လွန်နေခြင်း မရှိသည်မှာ သေချာသည် မဟုတ်လော။ လူအများစုသည် သူတို့မျက်စိအရသာခံနိုင်ရန်အတွက် သာ၍များသော နက်နဲဆန်းကြယ်မှုများကို ထုတ်ဖော်ရန်အတွက် ငါ့အား စောင့်မျှော်နေကြသည်။ သို့သော်လည်း သင်သည် ကောင်းကင်ဘုံ၏ နက်နဲဆန်းကြယ်မှုများအားလုံးကို နားလည်လာသည်ဆိုလျှင် သင်သည် ထိုအသိပညာနှင့် အဘယ်အရာကို ပြုနိုင်မည်နည်း။ ယင်းသည် ငါ့အတွက် သင်၏ချစ်ခြင်းကို တိုးလာစေလိမ့်မည်လော။ ယင်းသည် ငါ့အတွက် သင်၏ချစ်ခြင်းကို နှိုးဆွပေးလိမ့်မည်လော။ ငါသည် လူသားကို အထင်သေးခြင်း မရှိသကဲ့သို့ ငါသည်သူ့ကို ပေါ့တန်စွာနှင့် စီရင်ချက်ချသည်လည်း မဟုတ်။ အကယ်၍ လူသား၏ အခြေအနေအမှန်များမှာ ဤသည်တို့ မဟုတ်ခဲ့ပါလျှင် ငါသည် လူများကို ဤအမည်နာမများနှင့် ပေါ့ပေါ့တန်တန် မည်သည့်အခါမျှ သရဖူဆောင်း ပေးလိမ့်မည်မဟုတ်။ အတိတ်ကို ပြန်၍တွေးတောကြည့်လော့၊ ငါသည် သင့်အကြောင်းကို အသရေဖျက်ခဲ့သည့် အချိန်မျိုး ရှိခဲ့သလော။ ငါသည် သင့်ကို အထင်သေးခဲ့သော အချိန်များ ရှိခဲ့သလော။ သင်တို့၏ အခြေအနေအမှန်များကို မရှုမှတ်ဘဲ သင်တို့ကို ကြည့်မြင်ခဲ့သော အချိန်မျိုး ရှိခဲ့သလော။ ငါပြောသော အရာတို့သည် သင်တို့၏နှလုံးသားများနှင့် နှုတ်များကို ယုံကြည်စိတ်ချမှုနှင့် ဖြည့်ဆည်းပေးရန် ပျက်ကွက်ခဲ့သည့် အချိန်မျိုး ရှိခဲ့သလော။ သင်တို့၏ အတွင်းထဲတွင် ပဲ့တင်ထပ်သော အသံမျိုး မြည်စေခြင်းမရှိဘဲနှင့် ငါပြောဆိုခဲ့သော အချိန်မျိုး ရှိခဲ့သလော။ သင်တို့အထဲမှ မည်သူသည် ငါ၏နှုတ်ကပတ်တော်များကို ကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိဘဲ၊ ငါသည် သူ့ကို အခြေမဲ့သော တွင်းနက်ထဲသို့ ထိုးချပစ်မည်ကို နက်ရှိုင်းစွာ ကြောက်ရွံ့ခြင်း မရှိဘဲ ဖတ်ခဲ့ဖူးသနည်း။ ငါ၏နှုတ်ကပတ်တော်များအတွင်း မည်သူသည် စမ်းသပ်မှုကို ကြံ့ကြံ့မခံသနည်း။ ငါ၏နှုတ်ကပတ်တော်များအတွင်းတွင် အခွင့်အာဏာ ကိန်းဝပ်သည်၊ သို့သော်လည်း ဤအရာသည် လူသားကို သာမန်ကာလျှံကာ တရားစီရင်မှုကို ချမှတ်ရန်မဟုတ်၊ ယင်းအစား လူသား၏ အခြေအနေ အမှန်များကို သတိချပ်ပြီး ငါ၏နှုတ်ကပတ်တော်များအတွင်း ရှိရင်းစွဲဖြစ်သော အဓိပ္ပာယ်ကို လူသားအား ငါသည် အစဉ်တစိုက် ထင်ရှားပြသသည်။ ဧကန်အမှန်တွင် ငါ၏နှုတ်ကပတ်တော်များအတွင်းရှိ ငါ၏အနန္တဖြစ်သော တန်ခိုးကြီးခြင်းကို သိနိုင်စွမ်းသောသူ တစ်စုံတစ်ယောက် ရှိသလော။ ငါ၏နှုတ်ကပတ်တော်များနှင့် ပြုလုပ်ထားသော အသန့်စင်ဆုံးသော ရွှေစင်ကို မိမိကိုယ်တိုင်ထဲသို့ လက်ခံနိုင်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ငါသည် များစွာသော နှုတ်ကပတ်တော်များကို ပြောကြားခဲ့သော်လည်း ထိုအရာတို့ကို တစ်ဦးတစ်ယောက်က တန်ဖိုးထားခဲ့ဖူးပါသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၆၆)

ငါသည် တစ်ရက်ပြီးတစ်ရက် စကြဝဠာအပေါ်တွင် စောင့်ကြည့်လေ့လာလျက် ရပ်နေပြီး၊ လူ့ဘဝကို တွေ့ကြုံခံစားရန် ငါကျိန်းဝပ်ရာအရပ်၌ ငါ့ကိုယ်ငါ ကျိုးနွံစွာ ကွယ်ဝှက်ထား၍ လူသား၏ လုပ်ဆောင်ချက်တိုင်းကို အနီးကပ် လေ့လာနေ၏။ မည်သူမျှ ကိုယ့်ကိုယ်ကိုယ် စစ်မှန်စွာ ငါ့အား ဆက်ကပ်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ မည်သည့်အခါမျှ သမ္မာတရားနောက် လိုက်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့အတွက် တာဝန်ကျေပွန်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့အတွက် သန္နိဋ္ဌာန်ချမှတ်၍ သူ၏တာဝန်ကို ထမ်းဆောင်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့ကို ၎င်း၏အတွင်း ကျိန်းဝပ်ခွင့်မပြုခဲ့ဖူးချေ။ မည်သူမျှ သူကိုယ်တိုင်၏ အသက်ကို တန်ဖိုးထားသမျှ ငါ့ကို တန်ဖိုးထားခဲ့ခြင်း မရှိပေ။ လက်တွေ့ကျသောအမှန်တရားတွင် မည်သူမျှ ငါ၏ဘုရား သဘောသဘာဝ ဖြစ်သည့်အရာအားလုံးကို တွေ့ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ လက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်နှင့် ထိတွေ့နေရန် လိုလိုလားလား မရှိခဲ့ဖူးချေ။ ရေတို့သည် လူသားတို့အား တစ်ကိုယ်လုံး မျိုချသည့်အခါ ငါသည် ၎င်းတို့အား ရေသေမှကယ်တင်၍ အသစ်သော အသက်တာရရှိရန် အခွင့်အရေးတစ်ရပ်ပေး၏။ လူသားတို့သည် အသက်ရှင်နေနိုင်ရန် ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ပျောက်ဆုံးသည့်အခါ၊ ၎င်းတို့သည် ငါ့အား ၎င်းတို့၏ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်အဖြစ် ခံယူရန် ငါသည် ၎င်းတို့အား မရဏချောက်ကမ်းပါးမှ ဆွဲတင်၍ ၎င်းတို့အား အသက်ရှင်နေထိုင်ရန် ရဲစွမ်းသတ္တိပေး၏။ လူသားတို့ ငါ့ကို မနာခံသောအခါ၊ ငါသည် ၎င်းတို့အား ၎င်းတို့၏ မနာခံမှု၌ ငါ့ကိုသိစေ၏။ လူသားမျိုးနွယ်၏ သဘာဝဟောင်းနှင့် ငါ၏ကရုဏာကို ထည့်သွင်းစဉ်းစားလျက် လူသားတို့အား ကွပ်မျက်မည့်အစား ငါသည် ၎င်းတို့ကို နောင်တရ၍ အသစ်စခွင့်ပြု၏။ လူသားတို့သည် ငတ်မွတ်ခြင်းဒုက္ခခံရသည့်အခါ ၎င်းတို့ အသက်တစ်ချက်ကျန်နေသမျှ ငါသည် ၎င်းတို့အား မရဏမှ ဆွဲနုတ်၍ ၎င်းတို့အား စာတန်၏လှည့်ဖြားမှု၏ သားကောင် မဖြစ်စေရန်ကာကွယ်၏။ လူတို့သည် ငါ၏လက်များကို အကြိမ်ရေမည်မျှ တွေ့ခဲ့ပြီးပြီနည်း။ ငါ၏ကြင်နာသောမျက်နှာ၊ ငါ၏ ပြုံးနေသောမျက်နှာကို ၎င်းတို့ အကြိမ်ရေမည်မျှ တွေ့ခဲ့ပြီးပြီနည်း။ ထို့အပြင် ၎င်းတို့သည် ငါ၏ဘုန်းအာနုဘော်၊ ငါ၏အမျက်ဒေါသတို့ကို အကြိမ်ရေမည်မျှ တွေ့ခဲ့ပြီးပြီနည်း။ လူသားမျိုးနွယ်သည် ငါ့ကို မည်သည့်အခါကမျှ မသိခဲ့ဖူးသော်လည်း မလိုအပ်သောဒုက္ခပေးရန် ငါသည် ၎င်းတို့၏အားနည်းချက်ကို အသုံးချခြင်း မပြုပေ။ လူသားမျိုးနွယ်၏ အခက်အခဲများကို တွေ့ကြုံခံစားသဖြင့် ငါသည် လူသား၏အားနည်းချက်ကို စာနာ၏။ လူသား၏ မနာခံမှု၊ ၎င်းတို့၏ ကျေးဇူးကန်းမှုကို တုံ့ပြန်သည့်အနေဖြင့်သာ ငါသည် အတိုင်းအတာ အမျိုးမျိုးဖြင့် ပြစ်တင်ဆုံးမမှုကို ချပေး၏။

လူသားတို့အလုပ်များနေသည့်အခါများတွင် ငါသည် ငါ့ကိုယ်ငါဖုံးကွယ်ထားလျက် ၎င်းတို့ အားလပ်သည့်အခါများတွင် ငါ့ကိုယ်ငါ ထုတ်ဖော်၏။ လူသားမျိုးနွယ်သည် ငါ့အား သဗ္ဗညုတဉာဏ် ရှိ၍ တောင်းခံချက်အားလုံးကိုပေးသည့် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်ဟု စိတ်ကူးကြ၏။ ထို့ကြောင့် ၎င်းတို့ အများစုသည် ဘုရားသခင်၏အကူအညီ တောင်းခံရန်သာ ငါ့ရှေ့မှောက်လာကြ၍ ငါ့ကို သိလိုသော ဆန္ဒကြောင့် လာကြခြင်း မဟုတ်ပေ။ ဖျားနာမှုဖြင့် မချိတင်ကဲခံစားနေရသည့်အခါ လူသားတို့သည် ငါ၏အကူအညီကို အရေးတကြီးတောင်းခံကြ၏။ ဒုက္ခရောက်သည့်အခါ ၎င်းတို့သည် ၎င်းတို့၏ဒုက္ခကို ပိုမိုကောင်းမွန်စွာဖယ်ရှားနိုင်ရန် ၎င်းတို့ကိုယ်စွမ်းရှိ သမျှဖြင့် ၎င်းတို့၏အခက်အခဲများကို ငါ့အား အသိပေးကြ၏။ သို့ရာတွင် လူသားတစ်ဦးမျှ ၎င်းတို့သက်သောင့်သက်သာရှိစဉ်တွင်လည်း ငါ့ကို မချစ်နိုင်ခဲ့ပေ။ ၎င်းတို့ ငြိမ်းချမ်းလျက် ပျော်ရွှင်နေသည့်အချိန်တွင် ငါသည် ၎င်းတို့၏ဝမ်းမြောက်ခြင်း၌ ပါဝင်ခံစားနိုင်ရန် လူသား တစ်ဦးမျှ ငါ့အား ဆက်သွယ်ခဲ့ခြင်းမရှိပေ။ ၎င်းတို့၏မိသားစုငယ်လေးများသည် ပျော်ရွှင်၍ နေကောင်းနေသည့်အခါ၊ လူတို့သည် ငါ့အား အချိန်ကြာမြင့်စွာကတည်းက ဘေးဖယ်ထားကြပြီးဖြစ်သည်၊ သို့မဟုတ် ၎င်းတို့ မိသားစုများ၏ မင်္ဂလာရှိသော ပျော်ရွှင်မှုကို မွေ့လျော်နိုင်ကြဖို့အလို့ငှာ ငါ့အား ဝင်ရောက်ခြင်းမှ တားမြစ်လျက် တံခါးပိတ်ထားကြပြီးဖြစ်သည်။ လူ့စိတ်သည် ကျဉ်းမြောင်းလွန်း၏။ ငါကဲ့သို့ ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝလျက်၊ သနားကြင်နာကာ ချဉ်းကပ်၍ရနိုင်သည့် ဘုရားသခင်ကို စွဲကိုင်ရန်ပင် ကျဉ်းမြောင်းလွန်းလှ၏။ လူသားတို့၏ ဝမ်းမြောက်စရာ ရယ်မောချိန်တွင် ငါသည် အကြိမ်မည်မျှ ငြင်းပယ်ခံရခဲ့သနည်း။ ၎င်းတို့ ခလုတ်တိုက်သည့်အခါ ငါသည် အထောက်အကူအဖြစ် လူသားတို့၏ မှီခိုအားထားခြင်းကို အကြိမ်မည်မျှ ခံခဲ့သနည်း။ နာမကျန်းမှု ခံစားနေရသော လူသားတို့မှ ငါ့အား ဆရာဝန်အခန်းကဏ္ဍသို့ အတင်းအကျပ် ပြုစေခြင်းကို အကြိမ်မည်မျှ ငါခံခဲ့သနည်း။ လူသားမျိုးနွယ်သည် ရက်စက်လှ၏။ လျော်ကန်မှုလုံးဝ မရှိဘဲ လုံးဝအကျင့်ပျက်၏။ လူသားတို့တွင် ပါရှိသည်ဟုဆိုသော ခံစားမှုများကိုပင် ၎င်းတို့၌ တွေ့နိုင်ခြင်းမရှိပေ။ ၎င်းတို့တွင် လူ့သဘာဝ အရိပ်အယောင်မျှ လုံးဝကင်းမဲ့လုနီးပါးဖြစ်၏။ အတိတ်ကို စဉ်းစား၍ ပစ္စုပ္ပန်နှင့် နှိုင်းယှဉ်လော့။ သင်တို့အထဲ၌ အပြောင်းအလဲများ ဖြစ်ပေါ်နေသလော။ ပစ္စုပ္ပန်တွင် ၎င်းအတိတ်သည် သာ၍လျော့နည်းစွာ ပါဝင်နေသလော။ သို့မဟုတ် ၎င်းအတိတ်ကို အစားမထိုးရသေး သလော။

ငါသည် တောင်ကုန်းပေါ်နှင့် ချိုင့်ဝှမ်းအောက်ကို ဖြတ်ကျော်ခဲ့ကာ လောက၏အတက်အကျကို တွေ့ကြုံခဲ့ပြီး ဖြစ်၏။ လူသားတို့အကြား ငါသည် သွားလာခဲ့၍ လူသားတို့အကြား ငါသည် နှစ်များစွာ နေထိုင်ခဲ့ပြီးဖြစ်သော်လည်း လူသားမျိုးနွယ်၏ စိတ်သဘောထားသည် အနည်းငယ်သာ ပြောင်းလဲခဲ့ပုံ ရသည်။ ထို့အပြင် လူသား၏ သဘာဝဟောင်းသည် ၎င်းတို့၌အမြစ်တွယ်လျက် ပေါက်လာသကဲ့သို့ ဖြစ်နေ၏။ ၎င်းတို့သည် မည်သည့်အခါမျှ ထိုသဘာဝဟောင်းကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ မူရင်းအခြေခံအုတ်မြစ်ကို အနည်းငယ် ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ရုံသာရှိ၏။ လူတို့ဆိုသည့်အတိုင်း အနှစ်သာရသည် ပြောင်းလဲခဲ့ခြင်း မရှိသော်လည်း ပုံသဏ္ဌာန်မူကား အလွန်ပြောင်းလဲခဲ့ပြီးဖြစ်၏။ လူတိုင်းသည် ငါ့အား လှည့်စားရန်၊ အံ့အားသင့်သွားစေရန်၊ သူသည် မသိမသာဖြတ်သွားလျက် ငါ၏ချီးမွမ်းခြင်းကို ရယူရန် ကြိုးစားနေပုံရ၏။ ငါသည် လူတို့၏လှည့်စားမှုများကို ချီးမွမ်းခြင်းလည်း မရှိ၊ သတိပြုခြင်းလည်း မရှိပေ။ ဒေါသူပုန်ထမည့်အစား ငါသည် ကြည့်နေသော်လည်း မြင်မနေသော သဘောထားကို ကျင့်သုံး၏။ ငါသည် လူသားမျိုးနွယ်အား အတိုင်းအတာတစ်ရပ်အထိ လူးသာလွင့်သာဖြစ်စေဖို့နှင့် ၎င်းနောက် လူသားအားလုံးကို အတူတကွ ကိုင်တွယ်ဖြေရှင်းရန် ကြံရွယ်ထားသည်။ လူသားအားလုံးသည် ၎င်းတို့ကိုယ်ကိုယ် လေးစားမှု မရှိဘဲ အသုံးမကျသည့် ကံဆိုးသူများ၊ ၎င်းတို့ကိုယ်ကိုယ် မြတ်နိုးမှုမရှိသူများဖြစ်သဖြင့် ငါမှ အားသစ်မာန်သစ်ဖြင့် ကရုဏာနှင့် ချစ်ခြင်းမေတ္တာပြရန်ပင် ၎င်းတို့ အဘယ်ကြောင့် လိုအပ်မည်နည်း။ ခြွင်းချက်မရှိ လူသားတို့သည် ၎င်းတို့ကိုယ်ကိုယ် ၎င်းတို့ မသိကြဘဲ ၎င်းတို့၏ဝန်ကိုလည်း မသိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလေးချိန်တိုင်းတာရန် ချိန်ခွင်ပေါ် တင်သင့်ကြသည်။ လူသားများသည် ငါ့အား လုံးဝနာခံခြင်းမရှိ။ ထို့ကြောင့် ငါသည်လည်း ၎င်းတို့ကို အလေးအနက် သဘောမထားပေ။ ၎င်းတို့သည် ငါ့ကို လုံးဝဂရုမစိုက်သဖြင့် ငါသည်လည်း ၎င်းတို့အပေါ် အားထုတ်ရန် မလိုပေ။ ဤသည်မှာ လောကနှစ်ရပ်လုံးအတွက် အကောင်းဆုံးပင် မဟုတ်သလော။ ငါ့လူတို့ ဤသည်မှာ သင်တို့အပေါ် ဖော်ပြချက် မဟုတ်သလော။ ငါ့ရှေ့မှောက် သန္နိဋ္ဌာန်များ ချမှတ်ပြီးနောက် ၎င်းတို့ကို လွှင့်ပစ်ခြင်း မပြုသူ မည်သူရှိသနည်း။ ထိုထိုသည်သည်တို့ကို မကြာခဏ ဖြေရှင်းမည့်အစား ငါ့ရှေ့မှောက် ရေရှည် သန္နိဋ္ဌာန်ချမှတ်ခဲ့သူ မည်သူရှိသနည်း။ လူသားသည် အစဉ်ပင် သက်သောင့်သက်သာ ရှိနေချိန်များတွင် ငါ့ရှေ့မှောက် သန္နိဋ္ဌာန်များ ချမှတ်လျက် ဒုက္ခရောက်ချိန်များတွင် ၎င်းတို့အားလုံးကို တန်ဖိုးမရှိဟု သဘောထားကြ၏။ နောက်ပိုင်းတွင် ၎င်းတို့သည် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ပြန်ကောက်ယူကာ ငါ့ရှေ့မှောက်ထား၏။ ငါသည် ဤမျှပင် မလေးစားထိုက်သောကြောင့် အမှိုက်ပုံမှ လူသားကောက်ယူခဲ့သည့် အမှိုက်သရိုက်ကို သာမန်ကာလျှံကာ လက်ခံမည်လော။ လူသားအနည်းငယ်သာလျှင် ၎င်းတို့၏ သန္နိဋ္ဌာန်တို့ကို မြဲမြံစွာ စွဲကိုင်ကြ၏။ အနည်းငယ်သာ ဖြူစင်ကြကာ အနည်းငယ်သာ ၎င်းတို့၏ တန်ဖိုးအရှိဆုံးအရာကို ၎င်းတို့၏ယဇ်အဖြစ် ငါ့အား ပူဇော်ကြ၏။ သင်တို့အားလုံးသည် ဤသို့ပင် မဟုတ်သလော။ နိုင်ငံတော်ရှိ ငါ၏လူတို့မှ တစ်ဦးအနေဖြင့် သင်တို့သည် သင်တို့၏တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိပါက သင်တို့သည် ငါ၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၄” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၆၇)

လူသားများအားလုံးသည် မိမိကိုယ်ကို သိကျွမ်းခြင်းမရှိသော ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြ၏။ မိမိကိုယ်ကို မသိကျွမ်းလင့်ကစား သူသည် အခြားလူတိုင်းအား ကောင်းစွာ သိကျွမ်းလေသည်မှာ အခြားသူများ အားလုံးသည် ၎င်းတို့ မည်သည့်အရာကိုမျှ ပြောဆိုခြင်း သို့မဟုတ် လုပ်ကိုင်ခြင်း မပြုမီတွင် သူ၏စစ်ဆေးခြင်းအား ဦးစွာ အောင်မြင်ကာ သူ၏အတည်ပြုချက်ကို ရရှိသည့်အလားနှင့် ယင်းကြောင့် သူသည် အခြားသူများအားလုံးကို ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေထိတိုင်အောင် အပြည့်အဝ တိုင်းတာပြီး ဖြစ်သည့်အလားပင် ဖြစ်သည်။ လူသားများအားလုံးသည် ဤနည်းတူပင် ဖြစ်ကြသည်။ လူသားသည် ယနေ့တွင် နိုင်ငံတော်ခေတ်ကို ဝင်ရောက်ခဲ့ပြီး ဖြစ်သည်၊ သို့သော် သူ၏သဘောသဘာဝမှာမူ မပြောင်းလဲဘဲ ရှိရစ်သည်။ ငါ၏ရှေ့မှောက်တွင် သူသည် ငါလုပ်သည့်အတိုင်း လုပ်ဆောင်သော်ငြားလည်း၊ ငါ့နောက်ကွယ်တွင်မူ သူသည် သူ၏တစ်မူထူးသော ကိုယ်ပိုင် “လုပ်ငန်း” ကို စတင် လုပ်ကိုင်တော့သည်။ ယင်းအရာ ပြီးဆုံးသွားသည်နှင့် သူသည် ငါ၏ရှေ့မှောက်သို့ တစ်ဖန်ပြန်လာသည်၊ သို့သော် သူသည် အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး၊ ရဲတင်းစွာ အေးအေးဆေးဆေးဟန်ဖြင့်၊ အသွင်အပြင်များ တည်ငြိမ်ကာ သွေးခုန်နှုန်းလည်း ပုံမှန်ဖြစ်နေသည်။ ဤသည်မှာ လူအား အလွန်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းအောင် ပြုလုပ်သောအရာ အတိအကျပင် မဟုတ်လော။ မည်မျှသော လူများသည် ငါ၏ရှေ့တွင် တစ်မျိုးနှင့် ငါ၏နောက်ကွယ်တွင် အခြားတစ်မျိုးဖြစ်သည့် လုံးလုံးကွဲပြားခြားနားသော မျက်နှာနှစ်မျိုးကို ဝတ်ဆင်ကြသနည်း။ ထိုသူတို့အထဲမှ မည်မျှသည် ငါ၏ရှေ့တွင် မွေးကင်းစ သိုးသငယ်များကဲ့သို့ ဖြစ်သော်လည်း ငါ၏နောက်ကွယ်တွင်မူ ကြမ်းကြုတ်သော ကျားများအဖြစ်သို့ ပြောင်းလဲသွားကာ ထို့နောက်တွင်မူ တောင်ကုန်းများ တစ်ဝိုက်တွင် ပျော်ရွှင်မြူးထူးစွာ လူးလာပျံသန်းနေသော ငှက်ငယ်များကဲ့သို့ ဖြစ်လာကြသနည်း။ မည်မျှတို့သည် ငါ၏ရှေ့တွင် စိတ်ပိုင်းဖြတ်ချက်နှင့် ရည်ရွယ်ချက်တို့ကို ပြကြသနည်း။ မည်မျှတို့သည် ငါ၏ရှေ့မှောက်သို့လာကာ ငါ၏နှုတ်ကပတ်တော်များကို ဆာငတ်တောင့်တခြင်းနှင့် ဖွေရှာကြသော်လည်း ငါ၏နောက်ကွယ်တွင်မူ ငါ၏နှုတ်ကပတ်တော်များကို ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ခဲ့သည့်အလား ငြီးငွေ့ကာ စွန့်ပယ်ကြသနည်း။ ကြိမ်ဖန်များစွာပင် ငါ့ရန်သူ၏ ဖျက်ဆီးခြင်းကို ခံနေရသော လူသားမျိုးနွယ်ကို တွေ့မြင်ရသဖြင့် လူသားမျိုးနွယ်အပေါ် ငါ၏မျှော်လင့်ချက်များ ထားခြင်းကို ငါလက်လျှော့ခဲ့ပြီ။ လူသည် ခွင့်လွှတ်ခြင်းကို တောင်းခံခြင်းငှာ မျက်ရည်လည်ရွဲနှင့် ငါ၏ရှေ့မှောက်သို့ လာသည်ကို တွေ့မြင်သော်ငြားလည်း သူ၏ မိမိကိုယ်ကို လေးစားခြင်း ကင်းမဲ့မှုနှင့် သူ၏ တစ်ယူသန်သည့် ပဲ့ပြင်ဆုံးမရခက်ခြင်းတို့ကြောင့် သူ၏နှလုံးသားသည် စစ်မှန်ပြီး သူ၏ရည်ရွယ်ချက်များမှာလည်း စိတ်ရင်းအမှန် ဖြစ်သောအခါတွင်ပင် ကြိမ်ဖန်များစွာ ငါသည် အမျက်ထွက်၍ သူ၏လုပ်ရပ်ကို လျစ်လျူရှုခဲ့ပြီ။ ငါ၏ ရှေ့မှောက်၌ ရှိချိန်တွင် ငါ၏ ထွေးပိုက်မှု၏ နွေးထွေးမှုကို မြည်းစမ်းရင်း ငါ၏ ထွေးပိုက်မှုတွင် ရှိပုံရသည့် လူတို့သည် ငါနှင့် ပူးပေါင်း လုပ်ဆောင်ရန်အတွက် စိတ်ချယုံကြည်ခြင်း အလုံအလောက်ရှိသည်ကို ကြိမ်ဖန်များစွာပင် ငါမြင်ပြီးဖြစ်သည်။ ငါရွေးချယ်ထားသော လူများ၏ အပြစ်ကင်းခြင်း၊ ဖျတ်လတ်တက်ကြွခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ကို တွေ့မြင်ရသဖြင့် ကြိမ်ဖန်များစွာပင် ငါသည် ငါ၏နှလုံးသားထဲတွင် ဤအရာများကြောင့် အစဉ်အမြဲပင် အားရနှစ်သက်ခဲ့သည်။ လူသားများသည် ငါ၏လက်များ၌ရှိသော သူတို့၏ ရှေးမဆွက ခွဲခန့်မှတ်သားထားသည့် ကောင်းချီးမင်္ဂလာကို မည်ကဲ့သို့ ပျော်မွေ့ခံစားရမည်ကို မသိချေ၊ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကောင်းချီးမင်္ဂလာ သို့မဟုတ် ဒုက္ခဝေဒနာ အသီးသီးသည် အခြေခံအားဖြင့် အဘယ်အရာကို ဆိုလိုကြောင်း မသိကြသောကြောင့် ဖြစ်သည်။ ဤအကြောင်းရင်းကြောင့် လူသားမျိုးနွယ်သည် ငါ့အား ရှာဖွေရာတွင် စိတ်ရင်းအမှန်နှင့် အလှမ်းဝေးလှသည်။ အကယ်၍သာ မနက်ဖြန်ဟူသည့် အရာသာ မရှိခဲ့ပါလျှင် ငါ၏ရှေ့မှောက်တွင် ရပ်နေသော သင်တို့ထဲမှ မည်သူသည် လေသယ်ဆောင်သွားသော မိုးပွင့်ကဲ့သို့ ဖြူစင်ကာ ကျောက်စိမ်းကဲ့သို့ ပြစ်မျိုးမှဲ့မထင်ဖြစ်လိမ့်မည်နည်း။ သင်တို့၏ ငါ့အား ချစ်ခြင်းသည် အရသာရှိသော ဟင်းလျာတစ်ခွက်၊ သို့မဟုတ် အထက်တန်းကျသော အင်္ကျီဝတ်စုံတစ်စုံ၊ သို့မဟုတ် ခံ့ညားဖွယ် လုပ်ခလစာများနှင့် ရာထူးကြီး စသည်တို့နှင့် အလဲအလှယ် ပြု၍ရသော အရာတစ်စုံတစ်ခု မဟုတ်သည်မှာ သေချာ၏ မဟုတ်လော။ သို့မဟုတ် ယင်းအရာကို အခြားသူများမှ သင့်အပေါ်ထားရှိသော ချစ်ခြင်းနှင့် အလဲအလှယ်ပြု၍ ရနိုင်သလော။ စမ်းသပ်စစ်ဆေးခြင်းကို ကြုံတွေ့ရခြင်းသည် ငါ့အတွက် ထားရှိသည့် သူ၏ချစ်ခြင်းကို စွန့်ပစ်ရန် လူအား ဖိအားပေးလိမ့်မည် မဟုတ်သည်မှာ သေချာ၏ မဟုတ်လော။ ဒုက္ခဝေဒနာနှင့် ကြီးစွာသော ဘေးဒုက္ခဆင်းရဲခြင်းသည် သူ့အား ငါစီစဉ်ထားသောအရာကို စောဒကတက်စေလိမ့်မည် မဟုတ်သည်မှာ သေချာ၏ မဟုတ်လော။ ငါ့နှုတ်ထဲရှိ ဓားရှည်ကို မည်သူမျှ စစ်မှန်စွာ သဘောပေါက်ခြင်း မရှိခဲ့စဖူး။ သူသည် ယင်းအရာ၏ အပေါ်ယံ အဓိပ္ပာယ်ကိုသာသိပြီး အတွင်းပိုင်းကိုမူ စစ်မှန်စွာ နားလည်သဘောပေါက်ခြင်း မရှိပေ။ အကယ်၍သာ လူသားများသည် ငါ့ဓား၏ အသွားထက်မှုကို စစ်မှန်စွာ မြင်တွေ့နိုင်မည် ဆိုပါက၊ သူတို့သည် ကြွက်များကဲ့သို့ပင် သူတို့၏ တွင်းများထဲသို့ သုတ်သုတ်ပျာပျာ ပြေးသွားကြမည်သာ ဖြစ်သည်။ သူတို့၏ ထုံထိုင်းမှုကြောင့် လူသားများသည် ငါ့နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်ကို ဘာမျှ နားလည်ခြင်း မရှိကြ၊ ထို့ကြောင့် သူတို့သည် ငါ၏နှုတ်ကပတ်တော်များမှာ မည်မျှပင် ခံ့ညားကြောက်ရွံ့ဖွယ် ကောင်းကြောင်းကို လုံးဝမသိကြ၊ သို့မဟုတ် ထိုနှုတ်ပတ်တော်များအတွင်း သူတို့၏ သဘောသဘာဝကို မည်ရွေ့မည်မျှ ဖော်ထုတ်ခြင်း ခံရသည်နှင့် သူတို့၏ ယိုယွင်းပျက်စီးမှု မည်ရွေ့မည်မျှသည် တရားစီရင်ခြင်းခံယူပြီး ဖြစ်သည်ကို လုံးဝမသိကြချေ။ ဤအကြောင်းရင်းကြောင့် ငါ့နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ သူတို့၏ မနူးမနပ် စိတ်ကူးများကို အခြေပြုလျက် လူအများစုသည် မပူမအေးနှင့် မယုတ်မလွန်သည့် သဘောထားကို ခံယူကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၅” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၆၈)

ခေတ်ကာလများ တစ်လျှောက်တွင်၊ လူများစွာတို့သည် ဤလောကကြီးမှ စိတ်ပျက်အားလျော့မှုနှင့် ဝန်လေး တွန့်ဆုတ်မှုနှင့် ထွက်ခွာသွားခဲ့ကြပြီး၊ လူများစွာတို့သည်လည်း ယင်းအထဲသို့ မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်းတို့ဖြင့် ဝင်ရောက်လာခဲ့ကြသည်။ လူများစွာအား ဝင်ရောက်လာရန် ငါသည် စီစဉ်ခဲ့ပြီး၊ များစွာသော သူတို့ကိုလည်း အဝေးသို့ ပို့ခဲ့ပြီးဖြစ်သည်။ မရေတွက်နိုင်သော လူများသည် ငါ၏ လက်များမှ တစ်ဆင့် ဖြတ်သန်းသွားခဲ့ကြသည်။ ဝိညာဉ်များစွာတို့ သည် မရဏာနိုင်ငံထဲသို့ ပစ်ချခြင်း ခံခဲ့ကြရပြီး၊ များစွာ သောသူတို့သည် ဇာတိပကတိထဲတွင် ရှင်သန်ခဲ့ကြကာ၊ များစွာသောသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် သေဆုံးကာ ပြန်လည်မွေးဖွားခဲ့ကြပြီး ဖြစ်သည်။ သို့သော်ငြားလည်း သူတို့အထဲမှ မည်သူကမျှ ယနေ့ကာလ နိုင်ငံတော်၏ ကောင်းချီးများကို ပျော်မွေ့ခံစားရန် အလို့ငှာ မည်သည့်အခါမျှ အခွင့်အရေး မရခဲ့ကြစဖူး။ ငါသည် လူအား များစွာတို့ကို ပေးသနားခဲ့သော်လည်း၊ သူသည် အနည်းငယ်မျှသာ ရရှိခဲ့သည်၊ အကြောင်းမှာ စာတန် အင်အားစုများ၏ ပြင်းထန်သော တိုက်ခိုက်မှုသည် သူ့အား ငါ၏ ချမ်းသာကြွယ်ဝမှုများ အလုံးစုံကို ပျော်မွေ့ခံစားနိုင်ရန် မတတ်စွမ်းနိုင်ပဲ ကျန်ရစ်စေခဲ့သောကြောင့် ဖြစ်သည်။ သူသည် မျှော်ကြည့်ရန် အခွင့်သာ ခဲ့သော်လည်း၊ မည်သည့်အခါမျှ ပြည့်ဝစွာ ပျော်မွေ့ခံစားနိုင်စွမ်း မရှိခဲ့ပေ။ လူသည် ကောင်းကင်ဘုံမှ ကြွယ်ဝ ချမ်းသာမှုများကို လက်ခံရန်အလို့ငှာ သူ၏ ခန္ဓာထဲရှိ ဘဏ္ဍာတိုက်ကို မည်သည့်အခါကမျှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့ချေ၊ သို့ကြောင့် သူ့အပေါ် ငါအပ်နှင်းထားသော ကောင်းချီးများကို သူသည် ဆုံးရှုံးရလေသည်။ လူ၏ ဝိညာဉ်သည် ငါ၏ဝိညာဉ်တော်နှင့် ဆက်သွယ်သော ပကတိအထုံပင် မဟုတ်ပေလော။ အဘယ့်ကြောင့်များ လူသည် ငါ့အား သူ၏ဝိညာဉ်နှင့် မည်သည့်အခါကမျှ ထိတွေ့ဆက်ဆံခြင်း မရှိရသနည်း။ အဘယ့်ကြောင့် သူသည် ငါ့ထံသို့ ဇာတိပကတိအားဖြင့် နီးကပ်လာနိုင်သော်လည်း၊ ဝိညာဉ်အားဖြင့် ထိုသို့ပြုရန် မတတ်စွမ်း နိုင်ရသနည်း။ ငါ၏ စစ်မှန်သော ရုပ်သွင်သည် ဇာတိပကတိလော။ လူသည် အဘယ့်ကြောင့် ငါ၏ အခြင်း အရာအား မသိကျွမ်းရသနည်း။ လူ၏ ဝိညာဉ်ထဲတွင် ငါ၏လက္ခဏာ စိုးစဉ်းမျှပင် ဘယ်သောအခါမျှ ဧကန် မရှိခဲ့ဖူး သလော။ လူ၏ ဝိညာဉ်ထဲမှ ငါသည် အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့သလော။ အကယ်၍ လူသည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲသို့ ဝင်ရောက်ခြင်း မရှိပါက၊ သူသည် အဘယ်သို့လျှင် ငါ၏ ရည်ရွယ်ချက်များအား ဆုပ်ကိုင်နိုင်မည်နည်း။ လူ၏ မျက်စိများထဲတွင် ဝိညာဉ်ရေးရာနယ်ပယ်ကို တိုက်ရိုက် ထွင်းဖောက်နိုင်သော အရာများ ရှိနေသလော။ ကြိမ်ဖန်များစွာပင် ငါသည် ငါ၏ဝိညာဉ်တော်နှင့် လူအား ခေါ်ဆိုခဲ့သော်လည်း၊ လူကမူ ငါ့အားဖြင့် ထိုးဆွခံထားရသည့်အလား ပြုမူ၍၊ သူ့အား ငါသည် အခြားသော လောကသို့ ခေါ်ဆောင်သွား လိမ့်မည်ကို ကြီးစွာကြောက်ရွံ့၍ အဝေးကပင် ငါ့အား စောင့်ကြည့်လေသည်။ ကြိမ်ဖန် များစွာပင် ငါသည် လူ၏ ဝိညာဉ်ထဲတွင် မေးမြန်းခဲ့သော်ငြားလည်း၊ သူသည် လုံးလုံးပင် အမှုမဲ့ အမှတ်မဲ့ ဖြစ်နေပြီး၊ ငါသည် သူ၏ အိမ်အထဲသို့ ဝင်ရောက်၍ သူ၏ ပိုင်ဆိုင်မှုများ အားလုံးကို သူ့ထံမှ ချွတ်ပယ်ရန် အခွင့်အရေးအား မလွတ်တမ်းရယူ လိမ့်မည်ကို အကြီးအကျယ် ကြောက်ရွံ့လျက်ရှိသည်။ ထို့ကြောင့်ပင် သူသည် ငါ့အား အပြင်တွင် ပိတ်ထားပြီး၊ အေးစက်ကာ တင်းစေ့စွာ ပိတ်ထားသော တံခါးကိုသာ ငါ့အား ရင်ဆိုင်စေခဲ့သည်။ ကြိမ်ဖန်များစွာပင် လူကျရှုံးသည့်အချိန်၌ ငါသည် သူ့အား ကယ်တင်ပေးခဲ့သည်၊ သို့သော် ငြားလည်း နိုးထလာပြီးနောက် သူသည် ရုတ်ခြည်းပင် ငါ့အား စွန့်ခွာသွားကာ၊ ငါ၏ ချစ်ခြင်းမေတ္တာအားဖြင့် ခံစားရခြင်းလည်း မရှိပဲ၊ ငါ့အား သတိထားသော အကြည့်နှင့် ကြည့်လေသည်။ ငါသည် လူ၏နှလုံးသားကို မည်သည့်အခါမျှ မနွေးထွေးစေခဲ့စဖူး။ လူသည် ခံစားချက်ကင်းမဲ့သော သွေးအေးသတ္တဝါပင် ဖြစ်သည်။ သူသည် ငါ၏ ထွေးပွေ့မှုအားဖြင့် နွေးထွေးသော်ငြားပင်လျှင်၊ သူသည် ယင်းအရာကြောင့် မည်သည့်အခါမျှ အကြီးအကျယ် စိတ်မလှုပ်ရှားခဲ့စဖူး။ လူသည် တောင်ပေါ်လူရိုင်း တစ်ဦးကဲ့သို့ပင် ဖြစ်သည်။ လူသားမျိုးနွယ် အပေါ် ငါ၏ အမြတ်တနိုးထားမှု အားလုံးကို သူသည် မည်သည့်အခါကမျှ တန်ဖိုးမထားခဲ့စဖူး။ သူသည် ငါ့ထံ ချဉ်းကပ်ရန် ဆန္ဒမရှိ၊ သားရဲအရိုင်းအစိုင်းများ၏ ခြိမ်းခြောက်မှုကို သူကြံ့ကြံ့ခံနေရသည့် တောင်များအပေါ် ၌သာ ကျိန်းဝပ်ရန် သာ၍ ဆန္ဒရှိသည်၊ သို့သော်လည်း သူသည် ငါ့အထဲ၌ ခိုလှုံရန် ဆန္ဒမရှိသေးပေ။ မည်သည့် လူကိုမျှ ငါသည် အတင်းအကျပ်မလုပ်ပါ။ ငါ၏ အလုပ်ကို ငါလုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။ ခွန်အား ကြီးသော သမုဒ္ဒရာ၏ အလယ်မှ လူသည် ငါ့အနားသို့ ကူးခတ်လာမည့် နေ့ရက်သည် ရောက်လာလိမ့်မည်၊ ထိုသို့အားဖြင့် သူသည် ကမ္ဘာပေါ်မှ ချမ်းသာကြွယ်ဝမှု အလုံးစုံကို ပျော်မွေ့ခံစားနိုင်ပြီး ပင်လယ်၏ ဝါးမျိုခြင်း ခံရမည့်ဘေးကို ချန်ထားခဲ့နိုင်ရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၀” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၆၉)

များစွာသော လူတို့သည် ငါ့အား အမှန်တကယ် ချစ်ရန် ဆန္ဒရှိကြသည်၊ သို့သော် သူတို့၏ နှလုံးသားများမှာ သူတို့ကိုယ်တိုင်၏နှလုံးသားများ မဟုတ်သည့်အတွက်၊ သူတို့သည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ များစွာသော လူတို့သည် ငါပေးသော စမ်းသပ်မှုများအကြား၌ ငါ့ကို အမှန်တကယ် ချစ်ကြသည်၊ သို့သော်ငြားလည်း သူတို့မှာ ငါသည် အမှန်စင်စစ်ပင် တည်ရှိသည်ဆိုခြင်းကို နားလည်နိုင်ရန် မတတ်စွမ်းနိုင်ဘဲ၊ ငါ့ကို အနှစ်သာရမဲ့ခြင်း၌သာ ချစ်ကြပြီး၊ ငါ၏ လက်တွေ့တည်ရှိခြင်းကြောင့် မဟုတ်ပေ။ များစွာသော လူတို့သည် ငါ၏ရှေ့တွင် သူတို့၏ နှလုံးသားများကို ချခင်းထားပြီး၊ ထို့နောက်တွင်၊ ၎င်းတို့၏ စိတ်နှလုံးများကို အာရုံမစိုက်ကြချေ။ ထို့ကြောင့် သူတို့၏ နှလုံးသားများသည် အခွင့်အရေးရတိုင်း စာတန်၏ ဆတ်ခနဲ လုယူသွားခြင်းကို ခံကြရပြီး၊ ထို့နောက်တွင်မူ သူတို့သည် ငါ့ကို စွန့်သွားကြသည်။ များစွာသော လူတို့သည် သူတို့အား ငါသည် ငါ၏ နှုတ်ကပတ်များကို ထောက်ပံ့ပေးသောအခါ ငါ့ကို စစ်မှန်စွာ ချစ်ကြသည်၊ သို့သော်ငြားလည်း သူတို့၏ ဝိညာဉ်များထဲတွင် ငါ၏ နှုတ်ကပတ်များကို အမြတ်တနိုး မထားကြဘဲ၊ ထိုအစား ထိုအရာများကို အများပြည်သူပိုင်သည့် ဥစ္စာအလား သာမန်ကာလျှံကာမျှသာ အသုံးပြုကြပြီး ထိုအရာများကို သူတို့လာသည့် နေရာများသို့ သူတို့စိတ်ထင်လျှင် ထင်သကဲ့သို့ ပြန်ပစ်ပေးကြသည်။ လူသားသည် နာကျင်မှုအလယ်၌ ငါ့ကိုရှာပြီး၊ စမ်းသပ်မှုများအကြားတွင် ငါ့ကို မျှော်ကြည့်လေသည်။ ငြိမ်းချမ်းသော အချိန်များ အတောအတွင်း သူသည် ငါ့ကို ပျော်မွေ့ခံစားပြီး၊ ဘေးအန္တရာယ် ကျရောက်ချိန်တွင်မူ ငါ့ကို ငြင်းပယ်သည်၊ သူသည် အလုပ်ရှုပ်နေသောအခါ ငါ့ကို မေ့လျော့ပြီး၊ သူသည် အလုပ်မရှိသောအခါ၌ ငါ့ကို ဝတ်ကျေတမ်းကျေ ပြုလေသည်၊ သို့သော်ငြားလည်း မည်သည့်အခါမျှပင် မည်သူတစ်ဦး တစ်ယောက်ကမှ သူတို့၏ အသက်တာတစ်လျှောက်လုံး၌ ငါ့ကို မချစ်ခဲ့ကြပေ။ လူသားသည် ငါ့ရှေ့တွင် အလွန်ပင် စိတ်အားထက်သန်ရန် ငါအလိုရှိသည်။ ငါသည် သူ့ကို ငါ့ကို တစ်စုံတစ်ခုပေးရန် မတောင်းဆို၊ သို့သော် လူအားလုံးသည် ငါ့ကို အလေးအနက် မှတ်ယူကြရန်နှင့်၊ ငါ့ကို မြှောက်ထိုးပင့်ကော် လုပ်မည့်အစား၊ လူသား၏ရိုးဖြောင့်မှုကို ငါပြန်ယူလာရန် သူတို့သည် ငါ့ကို ခွင့်ပြုရန်သာ တောင်းဆိုသည်။ ငါ၏ ဉာဏ်အလင်းဖွင့်ပြခြင်း၊ အလင်းပေးခြင်းနှင့် ငါ၏အားထုတ်မှုများ၏ တန်ဖိုးသည် လူအားလုံးတို့ကို ပျံ့နှံ့ဝင်ရောက်သည်၊ သို့သော် လူသား၏လုပ်ရပ် ခပ်သိမ်း၏ စစ်မှန်သော အချက်သည်လည်း သူတို့၏ လှည့်ဖြားမှုသည် ငါ့အပေါ်ပြုသကဲ့သို့ လူအားလုံးတို့ကို ပျံ့နှံ့ဝင်ရောက်သည်။ လူသား၏ လှည့်ဖြားမှုတွင် ပါဝင်သောအရာများသည် အမိဝမ်းထဲမှပင် သူနှင့်အတူ ရှိနေပြီးသည့်အလား၊ သူသည် ဤကလိမ်ဉာဏ်၏ အထူး ကျွမ်းကျင်မှုများကို မွေးကတည်းကပင် ပိုင်ဆိုင်နေသည့် အလား ဖြစ်သည်။ ထို့ထက် ပိုသေးသည်မှာ၊ သူသည် မည်သည့်အခါမျှပင် သူ၏လျှို့ဝှက်ချက်ကို မလှစ်ဟပြခဲ့ပေ။ မည်သူတစ်ဦး တစ်ယောက်ကမျှ ဤလှည့်ဖြားမှု အတတ်များ၏ ရင်းမြစ်ကို ဖောက်ထွင်း၍ မမြင်ဖူးပေ။ ရလဒ်အနေနှင့်၊ လူသားသည် မသိလိုက်ဘဲနှင့် လှည့်ဖြားမှုအလယ်တွင် နေထိုင်ပြီး၊ ယင်းမှာ သူသည် မိမိကိုယ်မိမိ ခွင့်လွှတ်လေပြီး သည့်အလား၊ ယင်းမှာ ငါ့အပေါ် သူ၏ တမင်တကာ လှည့်ဖြားမှုအစား ဘုရားသခင်၏ စီစဉ်ခြင်းများ အလားပင် ဖြစ်သည်။ ဤသည်မှာ ငါ့အား လူသား၏လှည့်ဖြားမှု၏ ပကတိရင်းမြစ်ပင် မဟုတ်ပေလော။ ဤသည်မှာ သူ၏ စဉ်းလဲသော အကြံအစည်ပင် မဟုတ်ပေလော။ မည်သည့်အခါမျှပင် ငါသည် လူသား၏ မြှောက်လုံးများနှင့် လှည့်စားပြောဆိုမှုကြောင့် စိတ်မရှုပ်ထွေးခဲ့ဖူးပေ၊ အကြောင်းမှာ ငါသည် သူ၏အနှစ်သာရကို ကြာမြင့်စွာကတည်းကပင် သဘောပေါက်ခဲ့ပြီးသောကြောင့် ဖြစ်သည်။ သူ၏အသွေးထဲတွင် မသန့်စင်မှုတို့ မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း၊ ပြီးလျှင် သူ၏ခြင်ဆီထဲတွင် စာတန်၏ အဆိပ်သည် မည်မျှရှိနေသည်ကို မည်သူသိနိုင်မည်နည်း။ လူသားသည် နေ့ရက်တစ်ရက် ကုန်လွန်သွားလေ ယင်းအရာကို သာ၍ ကျင့်သားရလာလေ ဖြစ်သည့်အတွက် သူသည် စာတန်၏ ဘေးဒုက္ခကို မသိနိုင်တော့ပေ၊ ထို့ကြောင့် “ကျန်းမာစွာတည်ရှိ မှုအတတ်ပညာ” ကို ရှာဖွေရန် စိတ်ဝင်စားခြင်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၇၀)

လူသည် အလင်းအလယ်တွင် နေထိုင်သော်ငြားလည်း၊ သူသည် အလင်း၏ အဖိုးတန်မှုကို မသိချေ။ သူသည် အလင်း၏ အနှစ်သာရနှင့် အလင်း၏ အရင်းအမြစ်၊ ထို့အပြင် ၎င်းသည် မည်သူနှင့် သက်ဆိုင်သည် စသည်တို့ကို အသိခေါက်ခက်လျက်ရှိသည်။ ငါသည် လူအကြားတွင် အလင်းကို အပ်နှင်းသောအခါ၊ ငါသည် လူအကြားရှိ အခြေအနေများကို ရုတ်ခြည်းပင် စစ်ဆေးသည်- အလင်းကြောင့် လူများအားလုံးသည် ပြောင်းလဲနေကြပြီး၊ ကြီးထွားနေလျက်ရှိကာ၊ အမှောင်ထုကို စွန့်ခွာခဲ့ကြသည်။ စကြဝဠာ၏ နေရာအနှံ့ကို ငါသည် မျှော်ကြည့်သဖြင့်၊ တောင်များသည် မြူထူနှင့် လွှမ်းခြုံထားခြင်း၊ ရေများသည် အအေးဓာတ်အလယ်တွင် အေးခဲခြင်း၊ အလင်း၏ ကြွဆင်းလာခြင်းကြောင့် လူများသည် သာ၍ အဖိုးတန်သောအရာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိနိုင်ရန်အလို့ငှာ အရှေ့အရပ်ကို ကြည့်ကြသည်ကို ငါမြင်၏၊ သို့သော်ငြားလည်း လူသည် မြူခိုးများအလယ်တွင် ရှင်းလင်းသော ဦးတည်ချက်ကို ကောင်းစွာသိမြင်ခြင်းငှာ မတတ်စွမ်းနိုင်ဘဲ ရှိရစ်သည်။ လောကကြီးတစ်ခုလုံးသည် မြူထူ၏ ခြုံလွှမ်းခြင်းကို ခံထားရခြင်းကြောင့်၊ တိမ်စိုင်များအကြားမှ ငါကြည့်လေသောအခါ လူသားသည် ငါ၏တည်ရှိမှုကို မည်သည့်အခါမျှ ရှာဖွေတွေ့ရှိခြင်း မရှိပေ။ ကမ္ဘာမြေကြီးပေါ်တွင် လူသားသည် တစ်စုံတစ်ရာကို ရှာဖွေလျက်ရှိသည်၊ သူသည် အစာကို ရှာဖွေနေဟန်ရှိသည်၊ သူသည် ငါ၏ရောက်လာမှုကို စောင့်မျှော်ရန် အလို့ငှာ ရည်ရွယ်နေဟန်ရှိသည်၊ သို့သော်ငြားလည်း သူသည် ငါ၏နေ့ရက်ကို မသိဘဲ၊ အရှေ့အရပ်ရှိ ခပ်မှိန်မှိန်အလင်းကိုသာ မကြာခဏ ကြည့်ရုံမျှသာ တတ်နိုင်သည်။ လူတို့အားလုံးအကြားတွင်၊ ငါကိုယ်တိုင်၏ နှလုံးသားနှင့် ဧကန်အမှန် ညီညွတ်သောသူများကို ငါသည် ဖွေရှာ၏။ လူများအားလုံးအကြားတွင် ငါသည် လှမ်းသွားပြီး၊ လူများအားလုံး အကြားတွင် နေထိုင်၏၊ သို့သော် လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် ဘေးကင်းလုံခြုံလျက် ရှိသည်၊ ထို့ကြောင့် ငါကိုယ်တိုင်၏ နှလုံးသားနှင့် ဧကန်အမှန် ညီညွတ်သောသူများ တစ်ယောက်မျှ မရှိပေ။ လူများသည် ငါ၏ အလိုကို မည်ကဲ့သို့ အလေးထားရမည်ကို မသိချေ၊ သူတို့သည် ငါ၏ လှုပ်ရှားမှုများကို မမြင်နိုင်ကြ၊ သူတို့သည် အလင်း၏အကြားတွင် ရွေ့လျားနိုင်ခြင်း မရှိဘဲ သူတို့အပေါ်တွင် အလင်း၏ ထွန်းတောက်ခြင်းကိုလည်း မခံနိုင်ကြ။ လူသားသည် ငါ၏နှုတ်ကပတ်တော်များကို အစဉ် တန်ဖိုးထားသော်ငြားလည်း၊ သူသည် စာတန်၏ လှည့်ဖြားသော အကြံအစည်များကို ဖောက်ထွင်း၍မြင်ရန် မတတ်စွမ်းနိုင်ပေ။ လူသား၏ ဝိညာဉ်အသက်တာသည် အလွန်ပင် သေးနုပ်သည့်အတွက်၊ သူသည် သူ၏နှလုံးသားမှ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်ခြင်းငှာ မတတ်စွမ်းနိုင်ချေ။ လူသားသည် ငါ့ကို စိတ်ရင်းအမှန်နှင့် မည်သည့်အခါမျှ မချစ်ခဲ့ဖူးပေ။ ငါသည် သူ့ကို ချီးမြှောက်သောအခါ၊ သူသည် မိမိကိုယ်ကိုမိမိ မထိုက်တန်ဟု ခံစားရသည်၊ သို့သော် ဤအရာသည် သူ့အား ငါ့ကို ကျေနပ်စေရန် ကြိုးစားခြင်းငှာ မပြုပေ။ ငါသည် သူ့ကို ပေးထားသော “ရာထူးနေရာ” ကိုသာ သူ၏လက်ထဲတွင် ကိုင်ထားရုံမျှသာရှိပြီး ယင်းအရာကို ကြည့်ရှုစစ်ဆေးရုံမျှသာ ရှိသည်။ ငါ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ခံစားနိုင်ခြင်းမရှိဘဲ၊ သူသည် မိမိကိုယ်ကိုမိမိ သူ့ရာထူးနေရာ၏ ကောင်းချီးများကို ဝါးမျိုခြင်း၌သာ မဆုတ်မနစ်ပြုလျက်ရှိသည်။ ဤသည်မှာ လူသား၏ ချို့တဲ့ခြင်း မဟုတ်ပေလော။ တောင်များသည် ရွေ့လျားသောအခါ၊ ၎င်းတို့သည် သင်၏ရာထူးနေရာအလို့ငှာ ကွေ့ရှောင်သွားခြင်းကို ပြုနိုင်သလော။ ရေများသည် စီးဆင်းသောအခါ၊ ၎င်းတို့သည် လူ၏ ရာထူးနေရာရှေ့တွင် ရပ်တန့်နိုင်သလော။ လူ၏ရာထူးနေရာအားဖြင့် ကောင်းကင်နှင့် မြေကြီးကို နောက်ပြန်ခြင်းငှာ ပြုနိုင်သလော။ ငါသည် တစ်ကြိမ်က လူသားကို အထပ်ထပ် ကရုဏာပြခဲ့ဖူး၏၊ သို့သော်ငြားလည်း မည်သူတစ်ဦးတစ်ယောက်မျှ ဤအရာကို မြတ်နိုးခြင်း သို့မဟုတ် တန်ဖိုးထားခြင်း မရှိ၊ သူတို့သည် ယင်းကို ပုံပြင်တစ်ပုဒ်ကဲ့သို့သာ နားထောင်သည်၊ သို့မဟုတ် ဝတ္ထုတစ်ပုဒ်ကဲ့သို့သာ ဖတ်ရှုသည်။ ငါ၏နှုတ်ကပတ်တော်များသည် လူသား၏နှလုံးသားကို အမှန်တကယ် ထိတွေ့ခြင်း မရှိလေသလော။ ငါ၏ ဖွင့်ဆိုချက်များသည် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိလေသလော။ မည်သူကမျှ ငါ၏တည်ရှိမှုကို မယုံကြည်ခြင်းလည်း ဖြစ်နိုင်သလော။ လူသားသည် မိမိကိုယ်ကိုမိမိ မချစ်ပေ။ ထိုအစား သူသည် ငါ့ကို တိုက်ခိုက်ရန် စာတန်နှင့် ပူးပေါင်းပြီး၊ စာတန်ကို “အဖိုးတန်အရာ” အဖြစ် အသုံးပြုကာ ထိုသို့အားဖြင့် ငါ့ကို အစေခံရန် ပြုလေပြီ။ ငါသည် စာတန်၏ လှည့်ဖြားသော အကြံအစည်များ အားလုံးကို ထွင်းဖောက်မည်၊ ပြီးလျှင် ကမ္ဘာမြေကြီးပေါ်မှ လူများအား စာတန်၏ လှည့်ဖြားခြင်းများကို လက်ခံနေခြင်းမှ ရပ်တန့်မည်၊ ထိုသို့အားဖြင့် သူတို့သည် စာတန်၏ တည်ရှိမှုကြောင့် ငါ့ကို ဆန့်ကျင်ခြင်း မပြုရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၇၁)

ငါ၏အမြင်တွင်၊ လူသားသည် အရာခပ်သိမ်းကို အုပ်စိုးသူဖြစ်သည်။ ငါသည် သူ့ကို- တောင်တန်းများပေါ်ရှိ မြက်ခင်း၊ သစ်တောများအကြားရှိ တိရစ္ဆာန်များနှင့် ရေထဲက ငါးများ- ကမ္ဘာမြေကြီးပေါ်က အရာခပ်သိမ်းကို စီမံခန့်ခွဲခွင့်ပေးလျက်၊ ပေးခဲ့သည့် ဩဇာအာဏာ ပမာဏမှာ မသေးပေ။ သို့ရာတွင် ဤအရာကြောင့် ပျော်ရွှင်ရမည့်အစား လူသားသည် စိုးရိမ်ပူပန်မှုဖြင့် ဝိုင်းရံဖိစီးခြင်းကို ခံရသည်။ သူ၏အသက်တာ တစ်ခုလုံးသည် မချိတင်ကဲ ဝေဒနာခံရသည့် အသက်တာနှင့် ဟိုဟိုသည်သည် အလုပ်ရှုပ်သည့်၊ အနှစ်မဲ့ခြင်းကို အပျော်ဆင့်သည့် အသက်တာတစ်ခု ဖြစ်သည်။ သူ၏ အသက်တာတစ်ခုလုံး၌ အသစ်သော တီထွင်မှုများနှင့် ဖန်တီးမှုများ မရှိချေ။ ဤအနှစ်သာရမရှိသော အသက်တာမှ မည်သူမျှ မိမိတို့ကိုယ်ကိုယ် မလွတ်မြောက်စေနိုင်၊ အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို မည်သူမျှ ရှာဖွေတွေ့ရှိဖူးခြင်း မရှိသကဲ့သို့၊ စစ်မှန်သောအသက်တာကို မည်သူမျှ တွေ့ကြုံဖူးခြင်းမရှိပေ။ ယနေ့ လူအားလုံးသည် ငါ၏တောက်ပသော အလင်းအောက်တွင် အသက်ရှင်ကြသော်လည်း၊ ကောင်းကင်ဘုံရှိ အသက်တာနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ ၎င်းတို့ မသိကြချေ။ အကယ်၍ ငါသည် လူသားအပေါ် ကရုဏာစိတ်မရှိသကဲ့သို့၊ လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူအားလုံးသည် အချည်းနှီး ရောက်လာကြခဲ့ပြီဖြစ်သည်၊ ကမ္ဘာပေါ်ရှိ ၎င်းတို့၏ အသက်တာများသည် အဓိပ္ပာယ်မရှိသကဲ့သို့၊ ၎င်းတို့သည် ဂုဏ်ယူစရာဘာမျှမရှိဘဲ အချည်းနှီး ထွက်ခွာသွားကြလိမ့်မည် ဖြစ်၏။ ဘာသာတရားတိုင်း၊ လူမှုအဖွဲ့အစည်း ကဏ္ဍတိုင်း၊ တိုင်းနိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၏ လူအားလုံးသည် ကမ္ဘာမြေကြီးပေါ်က အနှစ်မဲ့ခြင်းကို သိကြပြီး ၎င်းတို့အားလုံးသည် ငါ့ကိုရှာဖွေကြကာ ငါ၏ပြန်လာခြင်းကို စောင့်ဆိုင်းကြသည်- သို့ရာတွင် ငါ ကြွရောက်ချိန်တွင်၊ မည်သူသည် ငါ့ကိုသိနိုင်စွမ်း ရှိသနည်း။ ငါသည် အရာခပ်သိမ်းကို ပြုလုပ်ခဲ့သည်၊ လူသားမျိုးနွယ်ကို ငါဖန်ဆင်းခဲ့ပြီး၊ ယနေ့တွင် ငါသည် လူသားအလယ် ဆင်းသက်ခဲ့လေပြီ။ သို့သော် လူသားသည် ငါ့ကို တုံ့ပြန်ထိုးနှက်တိုက်ခိုက်ပြီး ငါ့အပေါ် လက်စားချေ၏။ လူသားအပေါ် ငါပြုသောအမှုသည် သူ့အဖို့ အကျိုးမရှိသလော။ ငါသည် လူသားကို အမှန်တကယ် စိတ်ကျေနပ်စေနိုင်စွမ်း မရှိသလော။ လူသားသည် ငါ့ကို အဘယ်ကြောင့် ငြင်းပယ်သနည်း။ လူသားသည် ငါ့အပေါ် အဘယ်ကြောင့် အေးစက်စက်နိုင်ကာ ဂရုမစိုက်သနည်း။ ကမ္ဘာမြေကြီးသည် အဘယ်ကြောင့် လူသေ အလောင်းများဖြင့် ဖုံးလွှမ်းထားသနည်း။ ဤသည်မှာ လူသားအတွက် ငါ ဖန်တီးခဲ့သည့် ကမ္ဘာလောက၏ အခြေအနေ အမှန်ပင်လော။ ငါသည် လူသားအား နှိုင်းယှဉ်၍မရသော ကြွယ်ဝချမ်းသာမှုများ ပေးထားသော်လည်း၊ အပြန်အလှန်အားဖြင့် သူသည် ငါ့အား ဘာမျှမရှိသော လက်နှစ်ဘက် ပေးသည်မှာ အဘယ်ကြောင့်နည်း။ လူသားသည် အဘယ်ကြောင့် ငါ့အား အမှန်တကယ် မချစ်သနည်း။ သူသည် အဘယ်ကြောင့် မည်သည့်အခါမျှ ငါ့ရှေ့မှောက် မလာသနည်း။ ငါ၏နှုတ်ကပတ်တော်များသည် အမှန်တကယ် အချည်းနှီး ဖြစ်ပြီလော။ ငါ၏ နှုတ်ကပတ်တော်များသည် ရေမှအပူကဲ့သို့ ပျောက်ကွယ်သွားပြီလော။ လူသားသည် ငါနှင့်ပူးပေါင်းဆောင်ရွက်ရန် အဘယ်ကြောင့် လိုလိုလားလား မရှိသနည်း။ ငါ၏နေ့ရက်ရောက်ရှိခြင်းသည် လူသား၏သေဆုံးခြင်း အခိုက်အတန့် အမှန်တကယ်ပင် ဖြစ်သလော။ ငါ၏နိုင်ငံတော်ကို ဖွဲ့စည်းသည့်အချိန်တွင် ငါသည် လူသားကို အမှန်တကယ် ဖျက်ဆီးနိုင်မည်လော။ ငါ၏စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံး ကာလအတွင်းတွင် ငါ၏ရည်ရွယ်ချက်များကို အဘယ်ကြောင့် မည်သူမျှ သဘောပေါက်ဖူးခြင်း မရှိသနည်း။ ငါ၏နှုတ်မှ မိန့်မြွက်ချက်များကို ချစ်မြတ်နိုးမည့်အစား လူသားသည် ယင်းတို့ကို အဘယ်ကြောင့် စက်ဆုပ်ရွံရှာကာ ငြင်းပယ်သနည်း။ ငါသည် မည်သူ့ကိုမျှ ပြစ်တင်ရှုတ်ချခြင်း မရှိဘဲ၊ လူအားလုံးကို တည်ငြိမ်မှုဆီသို့ ပြန်လာစေပြီး မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းအမှုကို ပြုစေရုံမျှ ပြုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၅” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၇၂)

လူသားမျိုးနွယ်သည် ငါ၏နွေးထွေးခြင်းကို တွေ့ကြုံခံစား ခဲ့ရသည်၊ ၎င်းတို့သည် ငါ့ကိုစိတ်ရင်းမှန်နှင့် အစေခံခဲ့ကြပြီး ငါ၏ မျက်မှောက်တွင် ငါ့အတွက် အရာခပ်သိမ်းကို လုပ်ဆောင်လျက် ငါ့ကို စိတ်ရင်းမှန်နှင့် နာခံခဲ့ကြသည်။ သို့သော်လည်း ဤသည်မှာ ယနေ့ လူတို့ မရရှိနိုင်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ဆာလောင်နေသော ဝံပုလွေအားဖြင့် ဆတ်ခနဲ့ဆွဲယူခံရပြီးဖြစ်သည့်အလား မိမိတို့၏ ဝိညာဉ်အတွင်း၌ ဝမ်းနည်းပူဆွေးရုံသာ တတ်နိုင်သည်။ ၎င်းတို့သည် ကူညီပေးပါရန် ငါ့ကို မရပ်မနား ဟစ်အော်လျက် အားကိုးရာမဲ့စွာနှင့် ငါ့ကို ကြည့်နိုင်ရုံသာ ရှိသည်၊ သို့သော်လည်း အဆုံးတွင်မူ ၎င်းတို့သည် မိမိတို့၏ အကျပ်အတည်းမှ လွတ်မြောက်ရန် မစွမ်းနိုင်ဘဲ ရှိသည်။ အတိတ်ကာလမှ လူတို့သည် ငါ၏ မျက်မှောက်၌ ငါ၏ ကြင်နာခြင်းကို ၎င်းတို့၏ ချစ်ခင်တွယ်တာမှုနှင့် ပြန်လည်ပေးဆပ်ရန် ကောင်းကင်နှင့် မြေကြီးကို တိုင်တည် ကျိန်ဆိုလျက် ငါ၏ မျက်မှောက်တွင် မည်ကဲ့သို့ ကတိများ ပေးခဲ့ပုံကို ငါပြန်အောက်မေ့သည်။ ၎င်းတို့သည် ငါ၏ ရှေ့မှောက်တွင် ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ကြပြီး ၎င်းတို့၏ ငိုကြွေးသံများသည် ကြေကွဲဖွယ်ရာဖြစ်ပြီး ခံရခက်လှသည်။ လူသားမျိုးနွယ်ကို ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုအပေါ်အခြေခံ၍ ငါ၏ အကူအညီကို မကြာခဏပင် ငါသည် ချပေးခဲ့သည်။ မေ့ပျောက်နိုင်ရန် ခဲယဉ်းသော ချစ်ချင်စဖွယ် ဟန်ပန်နှင့် လူတို့သည် ငါ့ထံ၌ ကျိုးနွံနာခံရန် ငါ၏ ရှေ့မှောက်သို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင် လာခဲ့ကြသည်။ မယိမ်းယိုင်သော သစ္စာစောင့်သိမှုနှင့် ၎င်းတို့သည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင် ငါ့ကိုချစ်ခဲ့ကြပြီး ၎င်းတို့၏ စိတ်ရင်းမှန်သော စိတ်ခံစားမှုသည် နှစ်လိုစဖွယ် ဖြစ်ခဲ့သည်။ မရေမတွက်နိုင်သော ကာလများတွင် လူတို့သည် မိမိတို့၏ အသက်များကိုပင် စွန့်လွှတ်သည့် အတိုင်းအတာအထိ ငါ့ကိုချစ်ခဲ့ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ထက် ပို၍ ငါ့ကို ချစ်ခဲ့ကြသည်၊ ၎င်းတို့၏ စိတ်ရင်းမှန်မှုကို တွေ့မြင်၍ ငါသည် ၎င်းတို့၏ ချစ်ခြင်းမေတ္တာကို လက်ခံခဲ့၏။ မရေမတွက်နိုင်သော ကာလများ၌ လူတို့သည် ငါ့အတွက် သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် ဥပေက္ခာ ပြုခဲ့ကြလျက် မိမိတို့ကိုယ်မိမိ ငါ့မျက်မှောက်၌ ပူဇော်ခဲ့ကြသည်၊ ငါသည်လည်း ၎င်းတို့၏ နဖူးများမှ သောကဗျာပါဒကို ချောမွေ့စေခဲ့ပြီး ၎င်းတို့၏ မျက်နှာရိပ်မျက်နှာကဲများကို ဂရုတစိုက်ရှိစွာနှင့် ဆင်ခြင်သုံးသပ်ခဲ့သည်။ ၎င်းတို့ကို ငါကိုယ်တိုင်၏ ရတနာများအဖြစ် ချစ်မြတ်နိုးခဲ့သော အချိန်များ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးပြီး ၎င်းတို့ကို ငါကိုယ်တိုင်၏ ရန်သူများအဖြစ် မုန်းတီးခဲ့သော အချိန်များလည်း မရေမတွက်နိုင်အောင် ရှိခဲ့ဖူးသည်။ ငါသည်ထိုကဲ့သို့ ဖြစ်၏— ငါ့စိတ်ထဲတွင် ရှိနေသည့်အရာကို လူသားသည် မည်သည့်အခါမျှ နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။ လူတို့သည် ဝမ်းနည်းသောအခါ ၎င်းတို့ကို နှစ်သိမ့်ပေးရန် ငါကြွလာသည်၊ ၎င်းတို့ အားနည်းသောအခါ ၎င်းတို့ကို ကူညီဖေးမရန် ငါကြွလာသည်။ ၎င်းတို့ လမ်းပျောက်သောအခါ ငါသည် ၎င်းတို့ကို လမ်းညွှန်ပေးသည်။ ၎င်းတို့ ငိုကြွေးသောအခါ ငါသည် ၎င်းတို့၏ မျက်ရည်များကို သုတ်ပေး၏။ သို့သော်ငြားလည်း ငါဝမ်းနည်းသော အခါတွင်မူ မည်သူသည် စိတ်နှလုံးပါလျက် ငါ့ကို နှစ်သိမ့်ပေးနိုင်သနည်း။ ငါသည် အလွန်အမင်း စိတ်ပူပန်သောအခါ မည်သူသည် ငါ၏ ခံစားချက်များကို ထောက်ထားပေးသနည်း။ ငါသည် ပူဆွေးသောအခါ မည်သူသည် ငါ့နှလုံးသားထဲမှ ဒဏ်ရာများကို ဖာထေးနိုင်သနည်း။ ငါသည် တစ်စုံတစ်ယောက်ကို လိုအပ်သောအခါ မည်သူသည် ငါနှင့်အတူ အတူတကွ လုပ်ဆောင်ရန် လိုလိုလားလားနှင့် ဆပ်ကပ်လိမ့်မည်နည်း။ ယခင်က လူတို့၏ ငါ့အပေါ်ထားရှိသော စိတ်သဘောထားသည် ယခုတွင် ပျောက်သွားကာ မည်သည့်အခါမျှ ပြန်မရနိုင်တော့ခြင်းမျိုး ဖြစ်နိုင်သလော။ အဘယ်ကြောင့် ၎င်းတို့၏ မှတ်ဉာဏ်များထဲတွင် ထိုစိတ်သဘောထားမျိုး တစ်စက်မျှပင် မကျန်ရှိရသနည်း။ ဤအရာများ အားလုံးကို လူတို့သည် မည်သို့လျှင် မေ့ပျောက်သွားရသနည်း။ ဤသည်အားလုံးမှာ လူသား မျိုးနွယ်သည် ၎င်းတို့၏ ရန်သူ၏ ယိုယွင်းဖျက်ဆီးခြင်း ခံခဲ့ရသောကြောင့်ပင် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၇” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၇၃)

ဘုရားသခင်သည် လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သော်လည်း၊ လူ့လောကသို့ သူလာသောအခါ ၎င်းတို့သည် သူ့အား ခုခံရန် ကြိုးပမ်းကြ၏၊ သူသည် လောကအတွင်း ဟိုဟိုသည်သည် လျှောက်သွားနေသော မိဘမဲ့တစ်ဦး သို့မဟုတ် နိုင်ငံမဲ့သော လောက၏လူသားတစ်ဦးအလား ၎င်းတို့၏နယ်နိမိတ်မှ မောင်းနှင်ထုတ်ကြ၏။ ဘုရားသခင်အပေါ် မည်သူမျှ သံယောဇဉ်မရှိကြ။ မည်သူမျှ သူ့ကို စစ်မှန်စွာ မချစ်ကြ၊ သူ၏ကြွရောက်လာခြင်းကို မည်သူမျှ ကြိုဆိုခဲ့ခြင်း မပြုကြပေ။ ထိုသို့ပြုမည့်အစား ဘုရားသခင်ကြွလာသည်ကို မြင်သည့်အခါ၊ ရုတ်တရက် မုန်တိုင်းလာနေသည့်အလား၊ ၎င်းတို့မိသားစု၏ ပျော်ရွှင်မှုကို ဘုရားသခင်မှ ယူသွားမည့် အလား၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် မည်သည့်အခါကမျှ ကောင်းချီးမပေးဖူးဘဲ လူသားမျိုးနွယ်အား ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်သာပေးခဲ့သည့်အလား၊ ၎င်းတို့၏ ဝမ်းမြောက်နေသော မျက်နှာများသည် မျက်စိတစ်မှိတ်အတွင်း မှုန်မှိုင်းသွားကြ၏။ ထို့ကြောင့် လူသားမျိုးနွယ်၏စိတ်ထဲတွင် ဘုရားသခင်သည် ၎င်းတို့အတွက် ကောင်းကျိုးပြုသောအရာတစ်ရပ် မဟုတ်ဘဲ ၎င်းတို့အား အစဉ်ကျိန်ဆဲသူဖြစ်၏။ ထို့ကြောင့် လူသားမျိုးနွယ်သည် သူ့အားဂရုမစိုက်၊ သူ့အား ကြိုဆိုခြင်း မပြု၊ သူ့အပေါ် အစဉ်စိမ်းကား၍ ဤသည်မှာ ပြောင်းလဲခဲ့ခြင်း မရှိပေ။ လူသားမျိုးနွယ်သည် ၎င်းတို့၏နှလုံးသားအတွင်း ဤအရာများရှိသည့်အတွက် လူသားမျိုးနွယ်သည် ကျိုးကြောင်းဆင်ခြင်မှုမရှိ၊ အကျင့်ပျက်ကာ လူတို့တွင် ရှိသည်ဟုဆိုသော ခံစားချက်များ ပင်လျှင် ၎င်းတို့အတွင်း၌ မတွေ့နိုင်ဟု ဘုရားသခင် ပြောခြင်းဖြစ်၏။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ခံစားမှုများအပေါ် လုံးဝစာနာစိတ်မပြဘဲ ဘုရားသခင်နှင့် ဆက်ဆံရန် “ဖြောင့်မတ်ခြင်း” ဟုဆိုသည့်အရာကို အသုံးပြု၏။ လူသားသည် ဤသို့ ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး၊ ဤအကြောင်းရင်းကြောင့် ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခဲ့ပြီးခြင်းမရှိဟု ဘုရားသခင်မှ ပြောခဲ့ခြင်းဖြစ်၏။ ၎င်းတို့တွင် အမွေးအတောင်အချို့ထက် မပိုသော အနှစ်သာရရှိသည်ကို ဤသည်ကပြ၏။ လူသားတို့သည် ၎င်းတို့ကိုယ်ကိုယ် ၎င်းတို့ တန်ဖိုးမထားသောကြောင့် အသုံးမကျသော ကံဆိုးသူများဟု ပြောနိုင်၏။ ၎င်းတို့သည် မိမိကိုယ်ကိုယ်ပင် မချစ်ဘဲ မိမိကိုယ်ကိုယ် နင်းခြေပါက ဤသည်မှ ၎င်းတို့ အသုံးမကျကြောင်းကို ပြသည်မဟုတ်လော။ လူသားမျိုးနွယ်သည် မိမိကိုယ်တိုင်ကို လှည့်ဖြားကာ မိမိကိုယ်ကိုယ် အခြားသူများမှ ကျူးလွန်ရန် လိုလိုလားလား ပေးသော အကျင့်ပျက် အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်၏။ သို့ပေငြားလည်း ၎င်းတို့မည်မျှနိမ့်ကျကြောင်းကို ၎င်းတို့ မသိဆဲဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကိုယ် သူတစ်ပါး၏ ချုပ်ကိုင်မှုအောက်တွင် ထားလျက် အခြားသူများအတွက် အလုပ်လုပ်ခြင်း၊ သို့မဟုတ် အခြားသူများနှင့် ပြောဆိုခြင်းတွင် ပျော်မွေ့၏။ ဤသည်မှာ အမှန်စင်စစ် လူသားမျိုးနွယ်အနက် အညစ်ပေဆုံး မဟုတ်သလော။ ငါသည် လူ့ဘဝကို စစ်မှန်စွာ တွေ့ကြုံရခြင်း မရှိသေးသဖြင့် လူသားအကြား အသက်တာ တစ်ရပ်နှင့် ကြုံခဲ့ရခြင်းမရှိသေးသော်လည်း ငါသည် လူသား၏လှုပ်ရှားမှုတိုင်း၊ စကားလုံးတိုင်းနှင့် ဆောင်ရွက်ချက်တိုင်းကို အလွန်ရှင်းလင်းစွာ နားလည်၏။ လူသားမျိုးနွယ်အား ၎င်းတို့ကိုယ်တိုင်၏လှည့်စားမှုများကို ပြရန်မဝံ့ရဲတော့ဘဲ ၎င်းတို့၏ တဏှာရာဂအား အရှုံးပေးရန် မဝံ့ရဲတော့သည်အထိ ၎င်းတို့၏ အနက်ရှိုင်းဆုံးသော အရှက်ကိုပင် ငါဖော်ထုတ်နိုင်၏။ ၎င်း၏အခွံထဲသို့ ပြန်ဝင်သွားသော ပက်ကျိတစ်ကောင်ကဲ့သို့ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျည်းတန်သော အနေအထားကို ဖော်ထုတ်ရန် မဝံ့ရဲတော့ပေ။ လူသားမျိုးနွယ်သည် ၎င်းတို့ကိုယ်ကိုယ် ၎င်းတို့မသိသည့်အတွက် ၎င်းတို့၏ အကြီးမားဆုံးအပြစ်အနာအဆာမှာ ၎င်းတို့၏ ဆွဲဆောင်နိုင်သည့် အရည်အချင်းကို အခြားသူများအရှေ့တွင် လိုလားစွာ ထုတ်ပြခြင်းဖြစ်၏။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်ရွံရှာဆုံးဖြစ်၏။ လူတို့အကြား ဆက်နွှယ်မှုများမှာ မူမမှန်သည့်အပြင် လူတို့ အချင်းချင်းအကြား မူမှန်သည့် ဆက်ဆံရေးများ မရှိသည့်အတွက် ၎င်းတို့သည် ဘုရားသခင်နှင့် မူမှန်သည့် ဆက်ဆံရေး သာ၍ပင် နည်းပေသည်။ ဘုရားသခင်သည် များစွာပြောဆိုခဲ့ပြီးဖြစ်ပြီး ထိုသို့ပြောဆိုခြင်းအားဖြင့် သူ၏ အဓိကရည်မှန်းချက်မှာ လူသားမျိုးနွယ်အားလုံးပေါ်တွင် ဘုရားသခင်မှ အာဏာ စွဲကိုင်နိုင်ပြီး ကမ္ဘာမြေကြီးပေါ်တွင် တည်ရှိနေရေး ရည်ရွယ်ချက် အထမြောက်စေရန် လူသားမျိုးနွယ်၏ နှလုံးသားတွင် နေရာယူ၍ လူတို့အား ၎င်းတို့၏ နှလုံးသားများအတွင်းရှိ ကိုးကွယ်ရာရုပ်တုများကို ဖယ်ရှား စေရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁၄” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

အရှေ့သို့- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း (၁)

နောက်တစ်ခုသို့- ၁၀။ အသက်တာ ဝင်ရောက်မှု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

လူသားသည် ယနေ့အမှုနှင့် အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာ နားလည်၏၊ သို့ရာတွင် သူသည် လူသားမျိုးနွယ် ဝင်ရောက်မည့် ပန်းတိုင်ကို နားမလည်ပေ။...

ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ပြီးခဲ့သည့် အစည်းအဝေးအတွင်းတွင် အလွန်အရေးကြီးသော အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ ငါတို့မိတ်သဟာယ ပြုခဲ့ကြသည်။ မည်သည့်အရာဆိုသည်ကို သင်တို့...

နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို...

ခေတ်သစ်၏ ပညတ်တော်များ

ဘုရားသခင်၏ အမှုကို တွေ့ကြုံရာတွင်၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာစွာ ဖတ်ရှုရမည်ဖြစ်ပြီး သမ္မာတရားဖြင့် မိမိတို့ကိုယ်ကိုယ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။