အသက်အတွင်း ဝင်ရောက်မှု (၁)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၇၄)
ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ရှင်ဘုရင်တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်၏။ သူသည် စကြဝဠာနှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေ တစ်ခုလုံးပေါ်၌ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် အချိန်တိုင်းတွင် နီးကပ်နေရမည် ဖြစ်ပြီး၊ အခိုက်အတန့်တစ်ခုကိုမျှ လုံးဝ လက်မလွှတ်ဘဲနှင့် ငါတို့အတွက် အချိန်တိုင်း သင်ယူဖို့ သင်ခန်းစာများဖြင့်၊ သူ၏ရှေ့မှောက်သို့ ဆိတ်ငြိမ်လျက် ရောက်ရှိကြရမည် ဖြစ်သည်။ ငါတို့၏ ပတ်လည်၌ရှိသည့် ပတ်ဝန်းကျင်မှသည် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများအထိ၊ အားလုံးသည် သူ၏ ပလ္လင်တော်၏ ခွင့်ပြုချက်အားဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် မည်သည့် အကြောင်းကြောင့်မျှ မကျေနပ်ချက်များ မရှိစေနှင့်၊ သို့မဟုတ် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည် မဟုတ်။ နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အတွင်းတွင် သူ၏ ကြင်နာသော ရည်ရွယ်ချက်များ မုချ ရှိပေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။ ဖျားနာခြင်းအလယ်တွင် ဘုရားသခင်ကို ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း အလယ်တွင် ဘုရားသခင်၌ မွေ့လျော်လော့။ နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ကြိုးစားမြဲကြိုးစားကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းဖြင့် အလင်းပေးလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။
ငါတို့သည် ငါတို့အတွင်း၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်ကို ပိုင်ဆိုင်၏။ ငါတို့သည် ဘုရားသခင်၏ မျက်မှောက်၌ သိသိသာသာ ယုံကြည်ခြင်း ကင်းမဲ့ကြပေသည်- ဘုရားသခင်သည် ငါတို့၏အတွင်း၌ စစ်မှန်သော ယုံကြည်ခြင်းကို ထည့်ပေးမည်သာပင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဧကန်အမှန် ချိုမြိန်သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သောဆေးဝါး ဖြစ်ပေသည်တကား။ ယင်းက နတ်ဆိုးများ နှင့် စာတန်ကို အရှက်ရစေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သဘောပေါက်ခြင်းက ငါတို့ကို ထောက်ပံ့မှုပေး၏။ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို ကယ်တင်ဖို့ အလျင်အမြန် လုပ်ဆောင်လေသည်။ ယင်းက အရာအားလုံးကို ပပျောက်စေပြီး၊ အရာအားလုံးကို အေးချမ်းစေ၏။ ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို သူ၏အလင်းဖြင့် အလင်းပေးဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၇၅)
ငါတို့ပတ်လည်မှ ပတ်ဝန်းကျင်များ၏ ပေါ်ပေါက်ခြင်းသည် စိတ်ဝိညာဉ်ထဲသို့ ငါတို့ နောက်ကြောင်းပြန်လှည့်ခြင်းကို လျင်မြန်စေသည်။ သန့်ရှင်းသော ဝိညာဉ်တော် ပူပန်ခြင်းရှိမရှိကို လျစ်လျူရှုလျက်၊ မာကြောသော စိတ်နှလုံးဖြင့် မလုပ်ဆောင်နှင့်၊ ထို့ပြင် တတ်သိကျွမ်းကျင်ဟန် မပြုနှင့်၊ မိမိကိုယ်ကိုယ်အားရခြင်းနှင့် မိမိကိုယ်ကိုယ် ကျေနပ်ခြင်း မရှိနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အခက်အခဲများကို အလွန်ပုံကြီးမချဲ့နှင့်။ လုပ်ဆောင်ရမည့် တစ်ခုတည်းသော အရာမှာ ဘုရားသခင်ကို စိတ်ဝိညာဉ်နှင့် သစ္စာတရားဖြင့် ကိုးကွယ်ရန် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျောခိုင်းခြင်း သို့မဟုတ် ၎င်းတို့ကို အရေးမစိုက်ခြင်း ပြု၍မရပေ။ သင်သည် ၎င်းတို့ကို သေချာစွာ နားလည်ရမည်၊ ဆုတောင်းဖတ်ရှုခြင်းများကို အဖန်ဖန်ပြုလုပ်ကာ နှုတ်ကပတ်တော်များထဲမှ အသက်ကို အမိအရယူရမည်။ ၎င်းတို့ကို ကျေညက်ရန် မိမိကိုယ်ကိုယ် အချိန်မပေးဘဲ ၎င်းတို့ကို အတင်းမျိုချခြင်းဖြင့် အချည်းနှီး မလုပ်ဆောင်နှင့်။ သင်သည် ပြုလေသမျှ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အမှီပြုသလော။ ကလေးငယ်ကဲ့သို့ လေလုံးထွားလျက် စကားပြောပြီးမှ ပြဿနာတစ်ခု ရုတ်တရက် ပေါ်ပေါက်လာတိုင်း ကမောက်ကမဖြစ်၍ချည်းသာ မနေနှင့်။ သင်၏ စိတ်ဝိညာဉ်ကို နေ့ရက်တိုင်း နာရီတိုင်း လေ့ကျင့်ရမည်၊ တစ်ခဏတာမျှပင်လျှင် မလျှော့ပေါ့လေနှင့်။ သင်၌ ထက်သန်သော စိတ်ဝိညာဉ် ရှိရမည်။ သင်သည် မည်သူ သို့မဟုတ် မည်သည့်အဖြစ်အပျက် သို့မဟုတ် မည်သည့်အရာကို ကြုံရလင့်ကစား၊ ဘုရားသခင်ရှေ့မှောက်သို့ ရောက်လာပါက သင်၌ လိုက်လျှောက်စရာ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်နေ့တိုင်း စားသောက်ရမည်၊ ပေါ့ဆခြင်းမရှိဘဲ ၎င်းတို့၏ အနက်အဓိပ္ပာယ်ကို နားလည်အောင် လုပ်ရမည်၊ ပို၍ကြိုးပမ်းအားထုတ်မှု ပြုရမည်၊ အမှုအရာများကို တကယ့်အသေးစိတ်မှအစ နားလည်ပြီး၊ ဘုရားသခင်၏ အလိုတော်အပေါ် နားလည်မှုလွဲမှားခြင်းကို ရှောင်ရှားရန်အလို့ငှာ စုံလင်သော သမ္မာတရားဖြင့် မိမိကိုယ်ကိုယ် တပ်ဆင်ထားရမည်။ သင်တို့၏ အတွေ့အကြုံအမျိုးမျိုးကို ကျယ်ပြန့်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းအပေါ် အလေးထားရမည်။ သင်သည် အတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်နှင့်ပတ်သက်၍ ပို၍သေချာနိုင်မည် ဖြစ်သည်။ အတွေ့အကြုံမရှိပါက သူနှင့်ပတ်သက်၍ သေချာသည်ဟု ဆိုခြင်းမှာ အချည်းနှီးသော စကားလုံးများတစ်စုသာ ဖြစ်သည်။ ငါတို့သည် အတွေးအမြင် ရှင်းလင်းရပေမည်။ နိုးထလော့။ မပေါ့ဆလေတော့နှင့်။ အမှုအရာများကို ပေါ့ဆသည့်ပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းပြီး တိုးတက်မှုအတွက် မကြိုးပမ်းပါက သင်တို့သည် အမှန်ပင် လွန်စွာမျက်စိကန်းနေကြခြင်းဖြစ်သည်။ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အာရုံစိုက်ရမည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသံကို ဂရုတစိုက် နားထောင်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နားစွင့်ထားရမည်၊ သင်၌ကျန်ရှိသော အချိန်ကို မြတ်နိုးပြီး၊ မည်သည့်အဖိုးအခ ဖြစ်နေပါစေ ပေးရမည်ဖြစ်သည်။ သင်တို့၌ သံမဏိရှိသောအခါ ယင်းကို အရေးပါသည့်နေရာ၊ ခိုင်မာသော ဓားတစ်လက်ပြုလုပ်ရန် အသုံးချလော့။ အဓိကကျသောအရာကို ကောင်းစွာ ဆုပ်ကိုင်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်လော့။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ကျောခိုင်းထားပါက သင်သည် အပြင်ပန်းအားဖြင့် မည်မျှကောင်းမွန်စွာ လုပ်ဆောင်နေပါစေ၊ အလုံးစုံမှာ အချည်းနှီးပင် ဖြစ်သည်။ အပြောမျှသာဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင် လက်ခံနိုင်ဖွယ် မဟုတ်ပေ။ ပြောင်းလဲခြင်းသည် သင်၏အပြုအမူ၊ စိတ်သဘောထား၊ ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိနှင့် ထိုးထွင်းအမြင်မှ လာရမည်။
အချိန်နီးလေပြီတကား။ ဤလောက၏ အကောင်းဆုံးသော အရာများကိုပင် ဘေးဖယ်ထားရမည်။ မည်သည့် အခက်အခဲ သို့မဟုတ် အန္တရာယ်ပမာဏကမျှ ငါတို့ကို မတုန်လှုပ်စေနိုင်သည့်အပြင်၊ ကောင်းကင်ကြီးပြိုကျမည် ဆိုလျှင်ပင် ငါတို့ကို ဒုက္ခမပေးနိုင်ပေ။ ဤစိတ်ဆုံးဖြတ်ချက်မျိုး မရှိပါက သင်တို့အနေဖြင့် အရေးပါသောသူ တစ်ဦးဦး ဖြစ်လာရန် တကယ့်ကို ခက်ခဲလွန်းလိမ့်မည် ဖြစ်သည်။ သူရဲဘောနည်းသောသူများနှင့် ဘဝကို အကြောက်ကြီးစွာဖြင့် ဖက်တွယ်ထားသောသူများမှာ ဘုရားသခင်ရှေ့တွင် ရပ်နေရန် မထိုက်တန်ပေ။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်။ ငါတို့သည် မည်မျှပင် မသိနားမလည်ဖြစ်လင့်ကစား၊ သူသည် ငါတို့ကို ကရုဏာသက်နေဦးမည်ဖြစ်သည်၊ သူ၏ လက်များက ငါတို့ကို ဧကန်မုချ ကယ်တင်ပြီး၊ သူက ငါတို့ကို စုံလင်စေဦးမည် ဖြစ်သည်။ ငါတို့၌ ဘုရားသခင်ကို စစ်မှန်စွာ အလိုရှိသော စိတ်နှလုံးပိုင်ဆိုင်နေသရွေ့၊ ငါတို့သည် နီးကပ်စွာ လိုက်လျှောက်ပြီး စိတ်ပျက်အားလျော့ မသွားသရွေ့၊ ထို့ပြင် အရေးတကြီးအသိစိတ်ဖြင့် ငါတို့ ရှာဖွေနေသရွေ့ သူသည် ငါတို့ တစ်စုံတစ်ဦးကိုမျှ လုံးဝ မတရားဆက်ဆံလိမ့်မည် မဟုတ်ပေ။ သူသည် ငါတို့၌ ကင်းမဲ့သောအရာကို အသေအချာပင် ထေမိစေပြီး ငါတို့ကို သူကျေနပ်စေမည်ဖြစ်သည်။ ဤအရာအလုံးစုံမှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကြင်နာခြင်းပင် ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးသည် အစားကြူး၍ ပျင်းရိပြီး၊ မိမိဝမ်းဗိုက်ကို အမြဲပြည့်စေသော ဘဝဖြင့် အသက်ရှင်ကာ၊ အရာရာတိုင်းကို စိတ်ဝင်စားခြင်း မရှိပါက ၎င်းတို့သည် ဆုံးရှုံးမှုခံစားရခြင်းကို ရှောင်လွှဲရန် အခက်အခဲတွေ့လိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ခပ်သိမ်းသော အရာများနှင့် ဖြစ်ရပ်များကို ချုပ်ကိုင်ထားသည်တကား။ ငါတို့သည် သူ့ကို ငါတို့၏စိတ်နှလုံးထဲမှ အချိန်တိုင်း ကြည်ညိုပြီး စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်ကာ သူနှင့် မိတ်သဟာယဖွဲ့နေသရွေ့ သူသည် ငါတို့ ရှာဖွေသော အရာခပ်သိမ်းကို ငါ့တို့အား ပြသပြီး သူ၏ အလိုတော်ကို ငါတို့အား ထုတ်ဖော်ပြမည်မှာ သေချာပေသည်။ ထိုအခါ ငါတို့၏ စိတ်နှလုံးများသည် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းရှိပြီး၊ ပကတိရှင်းလင်းခြင်းနှင့် တည်ငြိမ်နေမည် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိရန် အရေးကြီးလေသည်။ သူ၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်စွမ်းရှိပြီး သူ၏ နှုတ်ကပတ်တော်များအပေါ် အမှီပြုလျက် အသက်ရှင်နိုင်စွမ်းရှိခြင်းကို သာ စစ်မှန်သော အတွေ့အကြုံအဖြစ် သတ်မှတ်လေသည်။
ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်မှသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သမ္မာတရားသည် ငါတို့အထဲသို့ ဝင်ရောက်ပြီး ငါတို့၏အသက် ဖြစ်လာလိမ့်မည်။ လက်တွေ့ကျသော အတွေ့အကြုံ တစ်ခုမျှမရှိဘဲ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စစ်မှန်မှုထဲ မည်သို့ ဝင်ရောက်နိုင်မည်နည်း။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အသက်အဖြစ် လက်ခံရရှိနိုင်ခြင်း မရှိပါက သင်၏ စိတ်သဘောထားမှာ မပြောင်းလဲနိုင်ပေ။
သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် တစ်ဟုန်ထိုး တိုးတက်နေသည်တကား။ အကယ်၍ သင်တို့ နီးကပ်စွာ မလိုက်လျှောက်ဘဲ လေ့ကျင့်မှုလည်း မရရှိပါက သန့်ရှင်းသောဝိညာဉ်တော် ရှေ့သို့ဆက်တိုးသောအခါ သူ၏အရှိန်အဟုန်ကို အမီလိုက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်သည် စာတန်၏ ခြေဖဝါးအောက်တွင် နင်းခြေခံရပြီး လွတ်လမ်းမရှိသည့် ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ မဝင်ရောက်ရစေရန် လုံးလုံးလျားလျား ပြောင်းလဲမှုကို အလျင်အမြန် ဖြစ်ပေါ်စေလော့။ သင်သည် ဘေးဖယ်ထားခြင်းကို မခံရစေရန် ယခုသွား၍ တတ်နိုင်သမျှ ကောင်းစွာ ရှာဖွေကြလော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၇၆)
ငါ၏ နှုတ်ကပတ်တော်နှင့်ပတ်သက်၍ အနည်းငယ်သော မရေရာခြင်း သို့မဟုတ် အရေးမထားခြင်းသည်ပင်လျှင် လက်ခံနိုင်ဖွယ် မဟုတ်ကြောင်း သင့်ကို ငါသတိပေးလိုသည်။ သင်သည် ငါ၏ ရည်ရွယ်ချက်များနှင့်အညီ အလေးဂရုပြုပြီး နာခံကာ၊ လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် အမြဲတမ်း နိုးကြားနေရမည်ဖြစ်ပြီး၊ မာနထောင်လွှားသော သို့မဟုတ် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထားကို လုံးဝ မပြသရပေ။ သင်၏အထဲ၌ ရှိနှင့်ပြီးသော ပင်ကို စိတ်သဘောထားဟောင်းကို စွန့်ပစ်ရန် သင်သည် အစဉ်အမြဲပင် ငါ့အပေါ် အမှီပြုရမည်။ သင်သည် ငါ၏ရှေ့တွင် သာမန်အခြေအနေကို အစဉ်အမြဲ ထိန်းသိမ်းထားနိုင်ရမည်ဖြစ်ပြီး၊ တည်ငြိမ်သော စိတ်သဘောထား ပိုင်ဆိုင်သင့်သည်။ သင်တို့၏ တွေးခေါ်ခြင်းသည် သင့်တင့်လျောက်ပတ်ပြီး ကြည်လင်ပြတ်သားကာ၊ မည်သည့်လူပုဂ္ဂိုလ်၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာတို့၏ ထိန်းချုပ်ခံရခြင်း သို့မဟုတ် တိမ်းညွတ်စေခြင်းကို မခံရသင့်ပေ။ သင်သည် ငါ၏မျက်မှောက်တွင် အစဥ်အမြဲ ငြိမ်သက်နိုင်စွမ်းရှိကာ၊ ငါနှင့် စဉ်ဆက်မပြတ် ရင်းနှီးကျွမ်းဝင်မှုနှင့် မိတ်သဟာယ ဖွဲ့ခြင်းကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ သင်သည် ကြံ့ခိုင်ခြင်းနှင့် အားမာန်ကို ပြသကာ၊ ငါအတွက် သင်၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်ရမည်ဖြစ်သည်။ ထ၍ ငါ၏ကိုယ်စား စကားပြောလော့၊ ထို့ပြင် အခြားသောလူတို့ ပြောကောင်းပြောမည့်အရာကို မကြောက်ရွံ့လေနှင့်။ ငါ၏ ရည်ရွယ်ချက်များကိုသာ ဖြည့်ဆည်းပြီး မည်သူ့ကိုမျှ သင့်အား ထိန်းချုပ်ခွင့် မပေးလေနှင့်။ သင့်အား ငါထုတ်ဖော်သောအရာကို ငါ၏ ရည်ရွယ်ချက်များနှင့်အညီ လိုက်နာရမည်ဖြစ်ပြီး၊ နှောင့်နှေးကြန့်ကြာ၍ မရပေ။ သင်၏အတွင်းထဲတွင် မည်ကဲ့သို့ ခံစားရသနည်း။ သင်သည် မသက်မသာဖြစ်နေသည် မဟုတ်လော။ သင်နားလည်လိမ့်မည်။ ငါ၏ဝန်ထုပ်ဝန်ပိုးကို ထောက်ထား ညှာတာလျက် သင်သည် အဘယ့်ကြောင့် ငါ၏ကိုယ်စား ထရပ်၍ မပြောနိုင်ရသနည်း။ သင်သည် သိမ်ဖျင်းသော လျှို့ဝှက်ကြံစည်မူထဲတွင် မလျှော့တမ်း ပါဝင်နေသော်လည်း၊ ငါသည် အရာရာကို ရှင်းလင်းစွာ မြင်ရသည်။ ငါသည် သင်၏ ကိုးစားရာနှင့် သင်၏အကွယ်အကာဖြစ်ကာ၊ အရာခပ်သိမ်းသည် ငါ၏လက်ထဲတွင်ရှိသည်။ သို့ဖြစ်လျှင် သင်သည် အဘယ်အရာကို ကြောက်သနည်း။ သင်သည် လွန်ကဲစွာ စိတ်လှုပ်ရှားနေသည် မဟုတ်လော။ သင်သည် သင်၏ စိတ်ခံစားမှုများကို တတ်နိုင်သမျှအမြန်ဆုံး ဖယ်ရှားရမည်။ ငါသည် စိတ်ခံစားမှုကြောင့် လုပ်ဆောင်မှုမပြုဘဲ၊ ထိုအစား ဖြောင့်မတ်ခြင်းကို ကျင့်သုံးသည်။ သင်၏မိဘတို့သည် အသင်းတော်အဖို့ အကျိုးမရှိသောအရာ တစ်စုံတစ်ခုကိုပြုလျှင်၊ သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ငါ၏ ရည်ရွယ်ချက်များကို သင့်အား ထုတ်ဖော်ပြပြီးပြီဖြစ်ပြီး ၎င်းတို့ကို သင်လျစ်လျူမရှုရပေ။ ထိုအစား သင်သည် ၎င်းတို့အပေါ် သင်၏ အာရုံစူးစိုက်မှု အလုံးစုံကို ထားရှိကာ စိတ်ပါလက်ပါ လိုက်လျှောက်ရန် အခြားအရာဟူသမျှကို ဘေးဖယ်ထားရမည်။ ငါသည် သင့်အား ငါ၏လက်ထဲတွင် အစဉ်အမြဲ ထားရှိမည်။ အမြဲတမ်း တွန့်ဆုတ်ခြင်းနှင့် သင့်ခင်ပွန်း သို့မဟုတ် ဇနီးသည်၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေနှင့်။ သင်သည် ငါ၏ အလိုတော်ကို လုပ်ဆောင်ပြည့်စုံစေရန် အခွင့်ပေးရမည်။
ယုံကြည်ခြင်းရှိလော့။ ယုံကြည်ခြင်းရှိလော့။ ငါသည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သင်၌ ထိုးထွင်းသိမြင်မှု တစ်စုံတစ်ရာ ရှိကောင်းရှိလိမ့်မည် ဖြစ်သော်လည်း၊ သင်သတိထားရဦးမည် ဖြစ်သည်။ အသင်းတော်၊ ငါ၏ အလိုတော်နှင့် ငါ၏စီမံခန့်ခွဲမှု အဖို့အလို့ငှာ သင်သည် အပြည့်အဝ ဆက်ကပ်အပ်နှံရမည်ဖြစ်ပြီး၊ အလုံးစုံသော နက်နဲရာများနှင့် ရလဒ်များကို သင့်အား ရှင်းလင်းစွာ တွေ့မြင်စေမည် ဖြစ်သည်။ နောက်ထပ်ကြန့်ကြာခြင်း ရှိတော့မည်မဟုတ်ဘဲ၊ နေ့ရက်ကာလတို့သည် အဆုံးသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။ သင်မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ သင်သည် အသက်တာ၌ ကြီးထွားလာပြီး ရင့်ကျက်ရန် မည်ကဲ့သို့ ကြိုးစားသင့်သနည်း။ သင်သည် သာ၍ဆောလျင်စွာ ငါ့အတွက် အသုံးဝင်လာစေရန် သင့်ကိုယ်သင် မည်ကဲ့သို့ ပြုလုပ်နိုင်သနည်း။ သင်သည် ငါ၏ အလိုတော်ကိုဆောင်ရွက်ရန် မည်ကဲ့သို့ ထောက်ကူမည်နည်း။ ဤမေးခွန်းများက များစွာသော ဆင်ခြင်တွေးတောခြင်းနှင့်၊ ငါနှင့် ပို၍နက်ရှိုင်းသော မိတ်သဟာယဖွဲ့ခြင်းကို လိုအပ်သည်။ ငါ့ကိုအမှီပြုလော့၊ ငါ့ကိုယုံကြည်လော့၊ မည်သည့်အခါမျှ အရေးမထားခြင်း မရှိဘဲ ငါ၏ လမ်းညွှန်မှုနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်ရမည်။ သင်သည် သမ္မာတရားနှင့် ကောင်းစွာ ပြင်ဆင်ထားရမည် ဖြစ်ပြီး၊ ယင်းကို ပို၍မကြာခဏ စားသောက်ရမည်။ သမ္မာတရားတိုင်းကို ရှင်းလင်းစွာ နားမလည်နိုင်ခင် ၎င်းကို လက်တွေ့လုပ်ဆောင်ရမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၇၇)
သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ သို့မဟုတ်ပါက ငါ၏ အမျက်ဒေါသကို သင့်အပေါ်သို့ ငါ ယူဆောင်လာမည် ဖြစ်ပြီး ငါ၏လက်ဖြင့် ပြုမည်...။ ထိုအခါ သင်သည် မဆုံးနိုင်သော စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ခံရပ်ရလိမ့်မည်။ အားလုံးကို သင် ခံရပ်ရမည်။ ငါ့အတွက် သင်သည် သင်ပိုင်ဆိုင်သမျှ အရာရာတိုင်းကို စွန့်လွှတ်ဖို့နှင့် ငါ့နောက်လိုက်ရန် သင်လုပ်နိုင်သမျှ အရာရာကို လုပ်ဆောင်ဖို့ အဆင်သင့် ရှိရမည် ဖြစ်ကာ၊ သင်၏ အရာအားလုံးကို အသုံးပြုဖို့ အဆင်သင့် ရှိရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။ ဖြစ်သမျှအားလုံးသည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်အားဖြင့် ဖြစ်ပြီး၊ အရာရာသည် ငါ၏ စောင့်ကြည့်ခြင်းအောက်တွင် ရှိ၏။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။
သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့် ရင်ဆိုင် လာရသည့်အခါတွင် သင်သည် ကိုယ်ကျင့်တရားများ ရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။ အခြားသူတို့ရှေ့တွင် ပုံစံတစ်မျိုး ဖြစ်ဖို့ မကြိုးပမ်းနှင့်။ ငါ့ကို ကျေနပ်စေခြင်းသည် သာ၍တန်ဖိုးရှိပြီး အလေးသာသည် မဟုတ်လော။ ငါ့ကို ကျေနပ်စေခြင်းဖြင့်၊ သင်သည် ထာဝရတည်ပြီး ရာသက်ပန်ဖြစ်သော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် သာ၍ပင် ပြည့်လိမ့်မည်မဟုတ်လော။ သင်၏ လတ်တလော ဆင်းရဲဒုက္ခသည် သင်၏ အနာဂတ် ကောင်းချီးမင်္ဂလာများ မည်မျှ ကြီးမားမည်ကိုသာ ဖော်ပြ၏။ ၎င်းတို့သည် ဖော်ပြမရနိုင်အောင် ဖြစ်သည်။ သင် ရရှိမည့် ကောင်းချီးမင်္ဂလာများ၏ ကြီးမားမှုကို သင် မသိပေ။ ယင်းကို သင့်အနေဖြင့် စိတ်ကူးယဉ်၍ပင် ရနိုင်မည်မဟုတ်။ ယနေ့တွင် ထိုအရာသည် အမှန်တကယ်ဖြစ်လာလေပြီ။ အလွန့်အလွန်ကို အမှန်တကယ် ဖြစ်ပေသည်။ ဤသည်မှာ အလှမ်းဝေးလွန်းလှသည် မဟုတ်- သင်မြင်နိုင်သလော။ ဤအရာ၏ ရှိသမျှတိုင်းသည် ငါ၏အတွင်းတွင်ရှိ၏။ ရှေ့ကလမ်းသည် တောက်ပလှပေစွတကား။ သင်၏ မျက်ရည်များကို သုတ်လော့၊ ပြီးလျှင် နာကျင်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းတို့ကို နောက်ထပ် မခံစားနှင့်။ အရာအားလုံးကို ငါ၏လက်များဖြင့် စီစဉ်ထားပြီး ငါ၏ ရည်မှန်းချက်မှာ သင်တို့ကို မကြာမီ အောင်မြင်သောသူများ ဖြစ်စေကာ ငါနှင့်အတူ ဘုန်းအသရေထဲသို့ သင်တို့ကို ခေါ်ဆောင်ရန်ဖြစ်သည်။ သင်၌ ဖြစ်ပျက်သမျှ အားလုံး အတွက်၊ သင့်အနေဖြင့် လိုက်လျောညီထွေစွာ ကျေးဇူးတင်ကာ ချီးမွမ်းခြင်းဖြင့် ပြည့်သင့်ပေသည်။ ယင်းက ငါ့ကို နက်ရှိုင်းသည့် စိတ်ကျေနပ်မှု ယူဆောင် လာပေးလိမ့်မည်။
ခရစ်တော်၏ ထူးကဲသာလွန်သော အသက်သည် ပေါ်ထွန်းနှင့်လေပြီ။ သင့်အတွက် ကြောက်ရွံ့စရာ ဘာမျှမရှိပေ။ စာတန်တို့သည် ငါတို့၏ခြေအောက်၌ရှိကာ ၎င်းတို့၏အချိန်သည် များစွာ ကြာရှည်ခံလိမ့်တော့မည် မဟုတ်။ နိုးထလော့။ ကိလေသာညစ်ညူးခြင်း လောကကို စွန့်ပယ်လော့။ သေခြင်း၏ ချောက်နက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေလော့။ မည်သည့်အရာဖြစ်ပါစေ ငါ့ကို သစ္စာစောင့်သိပြီး၊ ရဲရင့်စွာ ရှေ့သို့တက်လှမ်းလော့။ ငါသည် သင်၏ခွန်အား ကျောက်ဆောင်ဖြစ်၏၊ ထို့ကြောင့် ငါ့အပေါ် အမှီပြုလော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၇၈)
အကယ်၍ သင်၌ လေနှင့် မိုးကဲ့သို့ ဟိုဟိုသည်သည် တိုက်ခတ်တတ်သည့် မတည်ငြိမ်သော စိတ်သဘောထားရှိပြီး၊ သင့်အစွမ်းရှိသမျှဖြင့် စဉ်ဆက်မပြတ် ရှေ့မဆက်မသွားနိုင်ပါက၊ ငါ၏လှံတံသည် မည်သည့်အခါမျှ သင်နှင့် အဝေးတွင် ရှိလိမ့်မည်မဟုတ်။ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်း ခံနေရသည့်အခါ၊ ပတ်ဝန်းကျင်က ပို၍ ဆိုးကျိုးပေးသည့်အခါနှင့် သင်သည် ပို၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသည့်အခါတွင်၊ ဘုရားသခင်အပေါ် ထားရှိသော သင်၏ချစ်ခြင်းမေတ္တာမှာ ပို၍ ကြီးမားလာပြီး၊ သင်သည် လောကအပေါ် တွယ်တာမှု ရပ်သွားလိမ့်မည်။ သင်သည် ရှေ့သို့ အခြားသောလမ်း မရှိတော့ဘဲ၊ ငါ့ထံသို့လာပြီး သင်၏ခွန်အားနှင့် မိမိကိုယ်ကိုယ် စိတ်ချယုံကြည်မှုကို ပြန်လည်ရရှိမည် ဖြစ်သည်။ သို့သော်လည်း သင်သည် ပို၍လွယ်ကူသက်သာသော ပတ်ဝန်းကျင်၌ ရှိနေသေးပါက၊ တော်စွလျော်စွ ကြုံရာကျပန်း ဖြစ်နေပေမည်။ သင်သည် အပြုသဘောဆောင်သောဘက်မှ ဝင်ရောက်ရမည်၊ တက်ကြွပြီး မလှုပ်မယှက် မနေနှင့်။ မည်သူ့ကြောင့် သို့မဟုတ် မည်သည့်အရာကြောင့်မဆို၊ အခြေအနေများအားလုံး၌ သင်သည် တုန်လှုပ်ခြင်း မရှိရဘဲ၊ တစ်ဦးတစ်ယောက်၏ စကားလုံးများ၏ လွှမ်းမိုးခြင်းကိုလည်း မခံရပေ။ သင်၌ တည်ငြိမ်သော စိတ်သဘောထား ရှိရမည် ဖြစ်ပြီး၊ လူတို့ မည်သည့်အရာ ပြောစေကာမူ၊ သင်သည် သမ္မာတရား ဖြစ်သည်ဟု သင်သိသည့်အရာကို ချက်ချင်း လက်တွေ့ကျင့်သုံးရမည်။ သင်သည် မည်သူနှင့် ရင်ဆိုင်နေရစေကာမူ၊ သင့်အထဲတွင် အလုပ်လုပ်နေသည့် ငါ့နှုတ်ကပတ်တော်ကို အမြဲရှိနေရမည်။ သင်သည် ငါ့အတွက် သက်သေခံခြင်း၌ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး၊ ငါ၏ဝန်ထုပ်များအတွက် စာနာထောက်ထားမှုကို ပြသနိုင်ရမည်။ ကိုယ်ပိုင်အတွေးအခေါ်များ မရှိဘဲနှင့် လူတို့အား ကျိုးကြောင်းမမြင်ဘဲ သဘောတူလျက် စိတ်ရှုပ်ထွေးခြင်း မရှိရပေ။ ထို့ထက် သင်သည် ရပ်တည်ရန်နှင့် ငါ့ထံမှမလာသော ထိုအရာများကို ကန့်ကွက်ရန် သတ္တိရှိရမည်။ တစ်စုံတစ်ခု မှားနေသည်ကို ရှင်းလင်းစွာ သင်သိသော်လည်း နှုတ်ဆိတ်နေပါက၊ သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသော လူတစ်ယောက် မဟုတ်ပေ။ သင်သည် တစ်စုံတစ်ခု မှားနေသည်ကို သိသော်လည်း၊ အကြောင်းအရာကို လှည့်လိုက်ပြီး စာတန်၏ ပိတ်ဆို့ခြင်းကို ခံရလျက်၊ သင့ကို် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိဘဲ ပြောဆိုစေပြီး အဆုံးတိုင်အောင် မဆုတ်မနစ်လုံ့လထုတ်ခြင်း မရှိစေနိုင်ပါက၊ ဤသည်မှာ သင်သည် ကြောက်ရွံ့ခြင်းကို မိမိစိတ်နှလုံးထဲတွင် သယ်ဆောင်နေသေးသည် ဟူသည့်အဓိပ္ပာယ်ဖြစ်သည်။ သို့ဖြစ်၍ သင်၏စိတ်နှလုံးမှာ စာတန်၏ စိတ်ကူးများနှင့် ပြည့်နှက်နေသေးသည် ဟူသည့် အကြောင်းကိစ္စပင် ဖြစ်သည် မဟုတ်လော။
အောင်မြင်သောသူဆိုသည်မှာ အဘယ်နည်း။ ခရစ်တော်၏ စစ်သည်ကောင်းများသည် ရဲရင့်ရမည်ဖြစ်ပြီး၊ ဝိညာဉ်ရေးရာ ခွန်အားကြီးရန် ငါ့အပေါ် မှီခိုရမည်ဖြစ်သည်။ ၎င်းတို့သည် စစ်သူရဲများ ဖြစ်လာရန် တိုက်ခိုက်ပြီး စာတန်ကို အသေအကြေ စစ်ထိုးရမည်။ သင်သည် အမြဲတမ်း နိုးကြားနေရမည်ဖြစ်ပြီး၊ သို့ဖြစ်၍ အချိန်တိုင်းတွင် ငါနှင့် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်ဖို့ရန်နှင့် ငါ့ထံ ပို၍ တိုးဝင်ချဉ်းကပ်ဖို့ သင်ယူရန် သင့်ကို ငါတောင်းဆိုခြင်းဖြစ်သည်။ အကယ်၍ မည်သည့်အချိန်နှင့် မည်သည့် အခြေအနေတွင်မဆို၊ ငါ့ဟောပြောချက်ကို နားထောင်ကာ ငါ၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များကို အာရုံစိုက်လျက်၊ ငါ့ရှေ့တွင် ဆိတ်ငြိမ်စွာ နေနိုင်ပါလျှင်၊ သင်သည် ယိမ်းယိုင်ခြင်းမရှိဘဲ သင်၏ရပ်တည်ချက်ကို ဆုံးရှုံးမည်မဟုတ်ချေ။ ငါ၏အထဲမှ သင် လက်ခံရရှိသော အရာမှန်သမျှကို လက်တွေ့ကျင့်သုံးနိုင်သည်။ ငါ၏ နှုတ်ကပတ်တော်များ တစ်လုံးစီတိုင်းသည် သင့်အခြေအနေကို ဦးတည်ထားပြီး ယင်းတို့က သင့်စိတ်နှလုံးကို ထိုးဖောက်သည်။ သင်သည် နှုတ်အားဖြင့် ယင်းတို့ကို ငြင်းဆိုနေလျှင်ပင်၊ သင်၏ စိတ်နှလုံး၌ မငြင်းဆိုနိုင်ပေ။ ထို့ပြင် သင်သည် ငါ၏ နှုတ်ကပတ်တော်များအား စစ်ကြောလျှင် သင်သည် တရားစီရင်ခြင်းခံရမည်။ ဆိုလိုသည်မှာ၊ ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်၏။ ၎င်းတို့သည် အသွားနှစ်ဖက်ရှိသော ထက်မြသည့် ဓါးတစ်လက်ဖြစ်ပြီး၊ ယင်းတို့က စာတန်ကို နှိမ်နှင်းနိုင်သည်။ ငါ၏ နှုတ်ကပတ်တော်များကို နားလည်ပြီး၊ လက်တွေ့ကျင့်သုံးရန် လမ်းကြောင်းရှိသော သူတို့သည် မင်္ဂလာရှိကြပြီး၊ ယင်းတို့ကို လက်တွေ့မကျင့်သုံးသော သူများမူကား ဧကန်မလွဲ စီရင်ခြင်းခံရလိမ့်မည်။ ဤသည်မှာ အလွန် လက်တွေ့ကျသည်။ မျက်မှောက်တွင် ငါ တရားစီရင်သော သူတို့ အတိုင်းအတာသည် ပိုမိုကျယ်ပြန့်လာပြီ ဖြစ်သည်- ငါ့ကို သိသောသူများသည်သာ ငါ့မျက်မှောက်တွင် တရားစီရင်ခြင်း ခံရမည်မဟုတ်ဘဲ၊ ငါ့ကို မယုံကြည်သောသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခုခံပြီး၊ တားဆီးရန် အစွမ်းကုန် ကြိုးစားသော သူတို့သည်လည်း တရားစီရင်ခြင်း ခံရမည်။ ဘုရားသခင်သည် တောက်လောင်နေသော မီးဖြစ်ကြောင်း ငါ့ရှေ့၌ ငါ၏ ခြေလှမ်းများအတိုင်း လိုက်လျောက်သောသူ အားလုံးတို့က မြင်တွေ့ရလတ္တံ့။ ဘုရားသခင်သည် ဘုန်းအာနုဘော်ပေတည်း။ သူသည် သူ၏တရားစီရင်ချက်များကို အကောင်အထည် ဖော်နေပြီး၊ သူတို့အား သေခြင်းသို့ ပြစ်ဒဏ်ချမှတ်နေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်ကို လိုက်လျှောက်ရန် အလေးမထားသော အသင်းတော်အတွင်းမှ လူများ၊ ထိုအလုပ်ကို နှောင့်ယှက်သူများ၊ ကြွားဝါသူများ၊ မမှန်ကန်သော ရည်မှန်းချက်များနှင့် ပန်းတိုင်များရှိသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၌ ကြိုးစားအားထုတ်မှု မရှိသူများ၊ နားဝေတိမ်တောင် ဖြစ်နေပြီး သံသယဝင်နေသူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို စေ့စေ့စပ်စပ် စစ်ဆေးသူများ၊ ဤသူများထံသို့ တရားစီရင်ခြင်းနှင့်ယှဉ်သော နှုတ်ကပတ်တော်များသည် အချိန်မရွေး ရောက်လာလိမ့်မည်။ လူတို့၏ လုပ်ရပ်များအားလုံးမှာ ထုတ်ဖော်ခြင်းခံရမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ အတွင်းကျကျနှလုံးသားများကို ရှာဖွေသည် ဖြစ်သောကြောင့်၊ သတိလက်လွတ်မနေနှင့်၊ ဂရုစိုက်ပြီး သတိရှိလော့။ ကိုယ်ကိုယ်တိုင် ကြောင်းကျိုးမမြင်ဘဲ မလုပ်ဆောင်နှင့်။ အကယ်၍ သင့်လုပ်ဆောင်မှုများမှာ ငါ၏ နှုတ်ကပတ်တော်များနှင့် မညီညွတ်ပါက၊ သင်သည် တရားစီရင်ခြင်းခံရမည်။ အတုခိုးခြင်း၊ သံသယရှိခြင်း သို့မဟုတ် အမှန်တကယ် နားမလည်ခြင်းက လုံးလုံး လက်မခံနိုင်ဖွယ် ဖြစ်သည်။ သင်သည် ငါ့ရှေ့မှောက်သို့ လာပြီး၊ ငါနှင့် မကြာခဏ ပြောဆိုဆွေးနွေးရမည်။
ငါ၏အထဲမှ သင်ယူဆောင်သော အရာမှန်သမျှက လက်တွေ့ကျင့်သုံးရန် လမ်းကြောင်းအား သင့်ကို ပေးလိမ့်မည်။ သင်သည် ငါ၏တန်ခိုးများ၏ အတူလိုက်ပါခြင်းကို ခံရမည်၊ ငါ၏မျက်မှောက်ကို ရရှိမည်ဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်ထဲ၌ အစဉ်သွားလာရမည်။ သင်သည် လောကအရာ အားလုံးကို ကျော်လွှားနိုင်လိမ့်မည် ဖြစ်ပြီး၊ ရှင်ပြန်ထမြောက်ခြင်း တန်ခိုးကို ပိုင်ဆိုင်ရမည်။ အကယ်၍ သင်၏ စကားများ၊ အပြုအမူနှင့် လုပ်ဆောင်မှုများ၌ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏မျက်မှောက်တို့ မရှိပါလျှင်၊ အကယ်၍ သင့်ကိုယ်သင် ငါနှင့် ဝေးကွာစေပြီး၊ မိမိအထဲ၌သာ အသက်ရှင်လျှင်၊ စိတ်၏ အယူအဆများထဲ၌ အသက်ရှင်လျက် အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ ထဲ၌ အသက်ရှင်လျှင်၊ ယင်းမှာ သင့်စိတ်ကို ဒုစရိုက်အပြစ်များပေါ်တွင် တည်မှီထားကြောင်း သက်သေဖြစ်သည်။ တစ်နည်းအားဖြင့် သင်သည် သင်၏ အသက်တာဟောင်းကို စွဲကိုင်ထားလျက်၊ သူတစ်ပါးအား သင်၏ ပင်ကိုသဘောကို ထိခိုက်စေရန် သို့မဟုတ် သင်၏ စိတ်ဝိညာဉ်ကို ပျက်စီးစေရန် စိုးစဉ်းမျှ ခွင့်မပြုပေ။ ဤအရာကိုပြုသော လူတို့၌ အလွန်အမင်းညံ့ဖျင်းသော အစွမ်းအစရှိပြီး၊ အတော်ပင် အဓိပ္ပာယ်မဲ့ကြကာ၊ သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မတွေ့မြင်နိုင် သို့မဟုတ် သူ၏ ကောင်းချီးမင်္ဂလာများကို မသိမှတ်နိုင်ပေ။ သင်သည် ဆက်လက်၍ အလွန်ဝေ့လည်ကြောင်ပတ် ပြုမူနေပါက၊ မည်သည့်အချိန်မှ သင့်အထဲ၌ ငါ့ကို အမှုပြုခွင့် ပေးနိုင်မည်နည်း။ ငါစကားပြောပြီးသွားသောအခါ၊ သင်သည် နားထောင်ခဲ့ပြီ ဖြစ်သော်လည်း မည်သည့်အရာကိုမျှ စွဲမှတ် မထားခဲ့ဘဲ၊ သင်၏ ပြဿနာများ အမှန်တကယ် ထောက်ပြခံရသည့် အခါတိုင်း၌ သင်သည် အထူးသဖြင့် ခွန်အားနည်းလာ၏၊ ယင်းမှာ မည်ကဲ့သို့သော ဝိညာဉ်ရင့်ကျက်မှုမျိုးနည်း။ သင်သည် အမြဲပင် ချော့ပြောနေရန် လိုအပ်ပါက၊ ငါသည် သင့်ကို မည်သည့်အခါမှ စုံလင်စေနိုင်မည်နည်း။ သင်သည် အဖူးအရောင်များနှင့် ပွန်းပဲ့ခြစ်ရာများကို ကြောက်သည်ဆိုလျှင်၊ သင်သည် အပြေးအလွှားသွား၍ သူတစ်ပါးတို့အား “ငါသည် အဘယ်သူ့ကိုမျှ ငါ့အား ကိုင်တွယ်ဖြေရှင်းခွင့် ပေးမည်မဟုတ်ပါ။ ငါ၏ ပင်ကို စိတ်သဘောထားဟောင်းကို ငါကိုယ်တိုင်ပင် ဖယ်ရှားနိုင်သည်။” ဟု သတိပေးသင့်သည်။ ထိုသို့အားဖြင့် အဘယ်သူမျှ သင့်အား ဝေဖန်ခြင်း သို့မဟုတ် သင့်အား ထိခိုက်ခြင်း ပြုလိမ့်မည်မဟုတ်ဘဲ၊ သင်သည်လည်း အဘယ်သူကမျှ သင့်အား ဂရုမစိုက်ဘဲ၊ သင်အလိုရှိရာ နည်းလမ်းအတိုင်း လွတ်လပ်စွာ ယုံကြည်နိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ငါ၏ခြေလှမ်းများကို ဤကဲ့သို့ လိုက်နိုင်သလော။ ငါသည် သင်၏ ဘုရားသခင်နှင့် သင်၏ သခင်ဖြစ်သည်မှာ သင်သေချာသည်ဟု ပြောဆိုခြင်းမှာ အနှစ်သာရမဲ့သော စကားလုံးများသာလျှင် ဖြစ်ကြသည်။ အကယ်၍ သင်သည် အမှန်ပင် သံသယမရှိပါက ဤအရာများမှာ ပြဿနာတစ်ခု ဖြစ်မည်မဟုတ်ဘဲ၊ သင့်အပေါ် ရောက်လာသည်မှာ ဘုရားသခင်၏ ချစ်ခြင်းနှင့် ကောင်းချီးမင်္ဂလာများပင် ဖြစ်ကြောင်း သင်ယုံကြည်လိမ့်မည်။ ငါ စကားပြောသောအခါ ငါ၏သားများအား ပြောခြင်းဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များကို ကျေးဇူးတင်ခြင်းများနှင့် ချီးမွမ်းခြင်းတို့ဖြင့် တုံ့ပြန်သင့်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၇၉)
ယနေ့ခေတ် လူတို့သည် သူတို့ကိုယ်သူတို့ မစွန့်လွှတ်နိုင်ကြပေ။ ၎င်းတို့ မှန်ကန်သည်ဟု အမြဲထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးများတွင် ပိတ်မိနေကြပြီး၊ မှန်ကန်သော လူစားမျိုး မဟုတ်ကြပေ။ ၎င်းတို့သည် မှားယွင်းသော ရည်ရွယ်ချက်များနှင့် ရည်ရွယ်ချက်များရှိကြပြီး၊ ဤအရာများ၌ ၎င်းတို့ မလျှော့တမ်း လုပ်ဆောင်မည်ဆိုပါက၊ ဧကန်မုချ ၎င်းတို့ တရားစီရင်ခံရမည်ဖြစ်ပြီး၊ ဆိုးရွားသော ကိစ္စများတွင်၊ ၎င်းတို့ ဖယ်ရှားသုတ်သင် ခံရလိမ့်မည်ဖြစ်သည်။ သင်တို့သည် ငါနှင့် စဉ်ဆက်မပြတ် မိတ်သဟာယပြုခြင်းကို ထိန်းသိမ်းရာတွင် ပိုမိုအားထုတ်ရမည်ဖြစ်ပြီး၊ သင်တို့မိတ်သဟာယဖွဲ့လိုသူ မည်သူမဆိုနှင့် မိတ်သဟာယဖွဲ့ရမည် မဟုတ်။ သင်မိတ်သဟာယဖွဲ့သည့် လူတို့အပေါ် သိနားလည်မှုတစ်ခု သင်၌ ရှိရမည်ဖြစ်ပြီး အသက်တာထဲက ဝိညာဉ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သင် မိတ်သဟာယဖွဲ့ရမည်။ ထိုအခါမှသာ၊ သင်သည် အခြားသူတို့အား အသက်ကို ထောက်ပံ့ပေးနိုင်ကာ ၎င်းတို့၏ ချို့ယွင်းချက်များကို ဖာထေးပေးနိုင်မည်ဖြစ်သည်။ ၎င်းတို့ကို ဩဝါဒပေးသည့် လေသံဖြင့် မပြောဆိုသင့်ပေ။ ယင်းသည် အခြေခံအားဖြင့် မှားယွင်းသော အနေအထားဖြစ်သည်။ မိတ်သဟာယဖွဲ့ရာတွင်၊ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို သိနားလည်မှု ရှိရမည့်အပြင် ဉာဏ်ပညာ ပိုင်ဆိုင်ရမည်ဖြစ်ပြီး လူတို့၏နှလုံးသားများထဲတွင် မည်သည့်အရာ ရှိသည်ကို သင်နားလည်နိုင်ရမည်။ အကယ်၍ သင်သည် အခြားသူများကို အစေခံဖို့ဖြစ်ပါက၊ သင်သည် မှန်ကန်သော လူစားမျိုး ဖြစ်ရမည်ဖြစ်ပြီး သင်၌ ရှိသမျှဖြင့် မိတ်သဟာယဖွဲ့ရမည်။
ယခုတွင် အရေးပါသော အရာမှာ သင် ငါနှင့် မိတ်သဟာယဖွဲ့နိုင်ဖို့၊ ငါနှင့် နီးကပ်စွာ မိတ်သဟာယဖွဲ့ရန်၊ သင့်ဘာသာ စားသောက်ရန်နှင့် ဘုရားသခင်နှင့် နီးကပ်လာရန်ဖြစ်သည်။ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို တတ်နိုင်သမျှ မြန်မြန် နားလည်လာရမည် ဖြစ်ပြီး၊ သင်၏ပတ်ဝန်းကျင်နှင့် သင်၏ဝန်းကျင်တွင် စီစဉ်ထားသည့် အရာကို ရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်ရမည် ဖြစ်သည်။ ငါ၏ဖြစ်ခြင်းကို သင်နားလည်နိုင်စွမ်း ရှိသလော။ သင်ချို့တဲ့သော အရာပေါ် အခြေခံ၍ စားသောက်ပြီး ငါ၏ နှုတ်ကပတ်တော်ဖြင့် အသက်ရှင်ရန် အရေးကြီးသည်။ ငါ၏လက်များကို အသိအမှတ်ပြုကာ မညည်းညူလေနှင့်။ သင်သည် ညည်းညူကာ ခွဲထွက်ပါက၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ရရှိဖို့ အခွင့်အရေး သင် ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်သည်။ ငါ့အားချဉ်းကပ်ခြင်းဖြင့် အစပြုလော့- သင် မည်သည့်အရာ ချို့တဲ့နေသနည်း၊ သင်သည် ငါ့အား မည်ကဲ့သို့ ချဉ်းကပ်သင့်ပြီး၊ ငါ့နှလုံးသားကို မည်ကဲ့သို့ နားလည်သင့်သနည်း။ လူတို့သည် အတ္တကို လက်မလွှတ်နိုင်ကြသောကြောင့် ငါနှင့် နီးစပ်ဖို့ရန် ၎င်းတို့အတွက် ခက်ခဲပေသည်။ ၎င်းတို့၏ စိတ်သဘောထားများသည် စဉ်ဆက်မပြတ် ခုတစ်မျိုး တော်ကြာတစ်မျိုးပြောင်းလျက် အမြဲတမ်း မတည်ငြိမ်သကဲ့သို့၊ ဤလူတို့သည် အနည်းငယ်သော ချိုမြိန်မှု အရသာကို ရရှိသည်နှင့် စိတ်ကြီးဝင်လာကြကာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ကြလေသည်။ အချို့သော လူတို့သည် နိုးထခြင်း မရှိသေးပေ။ သင်ပြောသောအရာ မည်မျှသည် သင်၏ဖြစ်ခြင်းကို ပုံဖော်သနည်း။ ထိုအရာအနက် မည်မျှသည် မိမိကိုယ်ကိုယ် ကာကွယ်ခြင်းဖြစ်သနည်း၊ ထိုအရာထဲမှ မည်မျှသည် အခြားသူများကို အတုခိုးနေခြင်း ဖြစ်သနည်း၊ ပြီးလျှင် ထိုအရာထဲမှ မည်မျှသည် စည်းမျဉ်းများကို လိုက်နာခြင်း ဖြစ်သနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို နားမလည်နိုင်ရသည့် အကြောင်းရင်းမှာ ငါနှင့် အဘယ်သို့ နီးစပ်ရမည်ကို သင် မသိသောကြောင့် ဖြစ်သည်။ အပြင်ပန်းတွင်၊ သင်သည် အတ္တနှင့် သင့်စိတ်၏ အယူအဆများပေါ်တွင် မှီခိုနေလျက် အကြောင်းအရာများကို အမြဲ တွေးဆနေသည်။ သင်သည် တိတ်တဆိတ် သုတေသနပြုနေပြီး၊ အရေးမပါသည့် လျှို့ဝှက်ကြံစည်မှုများတွက် ပါဝင်ပတ်သက်ပြီး ၎င်းတို့ကို ပွင့်လင်းစွာပင် မဖော်ပြနိုင်ပေ။ ဤသည်မှာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အား အမှန်တကယ် နားမလည်သည်ကို ပြသသည်။ တစ်စုံတစ်ရာသည် ဘုရားသခင်ထံမှ လာခြင်းမဟုတ်သည်ကို သင် စစ်မှန်စွာ သိရှိပါက၊ ထရပ်ကာ ငြင်းပယ်ရန်အတွက် အဘယ့်ကြောင့် ကြောက်ရွံ့နေသနည်း။ မည်မျှသည် ငါ့အတွက် ထရပ်ကာ၊ ပြောဆိုနိုင်သနည်း။ သင်သည် သားယောက်ျားလေး ပိုင်ဆိုင်သော အကျင့်စရိုက်နှင့်ဆိုင်သည့် အသေးငယ်ဆုံးသော အစွမ်းအစ အစိတ်အပိုင်းပင် မရှိချေ။
လက်ရှိတွင် စီစဉ်ထားသော အရာအားလုံး၏ ရည်ရွယ်ချက်မှာ သင်တို့၏ အသက်တာများတွင် သင်တို့ ကြီးထွားနိုင်ကြဖို့အလို့ငှာ သင်တို့ကို လေ့ကျင့်ပေးဖို့၊ သင်တို့၏ စိတ်ဝိညာဉ်တို့ကို စိတ်အားထက်သန်စေကာ ထက်မြက်စေဖို့နှင့် ဘုရားသခင်ထံမှ မည်သည့်အရာများ လာသည်ကို သင်တို့ သတိပြုမိဖို့အလို့ငှာ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများကို ဖွင့်ပေးဖို့ဖြစ်သည်။ ဘုရားသခင်ထံမှလာသော အရာသည် သင့်အား တတ်စွမ်းနိုင်ခြင်းနှင့် ဝန်ထုပ်ဝန်ပိုးတို့ဖြင့် အစေခံနိုင်စေပြီး စိတ်ဝိညာဉ် တည်ကြည်ခိုင်မာစေသည်။ ငါ့ထံမှ မလာသော အရာအားလုံးသည် အနှစ်မဲ့၏။ ထိုအရာများက သင်တို့ကို မည်သည့်အရာမျှ မပေးပေ၊ ၎င်းတို့သည် သင်၏စိတ်ဝိညာဉ်၌ ဟာကွက်ဖြစ်စေပြီ၊ သင်၏ယုံကြည်ခြင်း ပျောက်ဆုံးစေကာ၊ သင့်ကို သင်ကိုယ်တိုင်၏ စိတ်ထဲတွင် ပိတ်မိစေလျက် ငါနှင့် သင့်ကြားတွင် ဝေးကွာစေသည်။ သင်သည် စိတ်ဝိညာဉ်၌ အသက်ရှင်သောအခါ လောကီကမ္ဘာရှိ အရာအားလုံးကို ယခု ကျော်လွန်နိုင်သော်လည်း၊ သင်၏ စိတ်ထဲတွင် အသက်ရှင်ခြင်းသည် စာတန်၏ သိမ်းယူခြင်းခံရဖို့ ဖြစ်သည်။ ဤသည်မှာ လမ်းဆုံးဖြစ်၏။ ယခု အလွန်ရိုးစင်းသည်။ သင်၏ နှလုံးသားဖြင့် ငါ့အား မျှော်ကြည့်လော့၊ သို့ဖြစ်လျှင် သင်၏ စိတ်ဝိညာဉ်သည် ချက်ချင်း တိုး၍ သန်မာလိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခု ရှိလိမ့်မည် ဖြစ်ပြီး၊ သင်၏ ခြေလှမ်းတိုင်းကို ငါ ဦးဆောင်လမ်းပြမည်။ ငါ၏ နှုတ်ကပတ်တော်ကို သင့်အား အချိန်တိုင်း နှင့် နေရာတိုင်းတွင် ထုတ်ဖော်ပြ လိမ့်မည်ဖြစ်သည်။ မည်သည့်နေရာ မည်သည့်အချိန်တွင် ဖြစ်စေ၊ သို့မဟုတ် ပတ်ဝန်းကျင် မည်မျှ ဆိုးရွားသည်ဖြစ်စေ၊ အကယ်၍ သင်၏ နှလုံးသားဖြင့် ငါ့အား အားထားပါက၊ ငါသည် သင့်အား ရှင်းလင်းစွာ မြင်စေမည်ဖြစ်ပြီး ငါ့နှလုံးသားကို သင့်အား ထုတ်ဖော်ပြမည်။ ဤပုံစံဖြင့်၊ သင်သည် ရှေ့တွင်ရှိသော လမ်းတွင် ပြေးသွားလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ လမ်းပျောက်လိမ့်မည် မဟုတ်ပေ။ အချို့သော လူတို့သည် မိမိတို့၏ လမ်းခရီးကို အပြင်ပန်းအားဖြင့် ခံစားဖို့ ကြိုးစားကြ၏၊ သို့သော် မိမိတို့၏ စိတ်ဝိညာဉ်များအတွင်းမှ မည်သည့်အခါမျှ ထိုသို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မကြာခဏ သဘောမပေါက်နိုင်ကြ။ အခြားသူများနှင့် မိတ်သဟာယဖွဲ့သည့်အခါ၊ ၎င်းတို့သည် လိုက်လျှောက်စရာ လမ်းကြောင်းမရှိဘဲလျက်နှင့် မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိဘဲလျက် ပိုမိုစိတ်ရှုပ်ထွေးသွားကြလေသည်။ ဤလူများသည် မည်သည့်အရာက ၎င်းတို့ကို ဝေဒနာခံစားစေသည်ကို မသိကြချေ။ ၎င်းတို့အနေဖြင့် အမှုအရာများစွာကို ပိုင်ဆိုင်နိုင်ပြီး၊ အတွင်းတွင် လုံးလုံးလျားလျား ကျေနပ်ကောင်း ကျေနပ်နိုင်ကြသော်လည်း၊ ယင်းသည် အသုံးဝင်မှု တစ်ခုတစ်လေ ရှိသလော။ သင်သည် အမှန်တကယ် လိုက်လျှောက်ဖို့ လမ်းကြောင်းတစ်ခု ရှိသလော။ အလင်းပေးခံရခြင်း သို့မဟုတ် ဉာဏ်အလင်းရခြင်း တစ်ခုတစ်လေ သင်၌ ရှိသလော။ သင့်ထံတွင် အသစ်သော ထိုးထွင်းသိမြင်မှုများ တစ်ခုတစ်လေ ရှိသလော။ သင်သည် တိုးတက်ပြီးပြီလော သို့မဟုတ် ယုတ်လျော့လေပြီလော။ အသစ်သော အလင်းကို သင် အမီလိုက်နိုင်သလော။ သင်သည် နာခံမှု လုံး၀မရှိပေ၊ သင်မကြာခဏ ပြောသော ကျိုးနွံနာခံမှုသည် မည်သည်မျှ မဟုတ်ဘဲ ဆွေးနွေးခြင်းသာ ဖြစ်သည်။ နာခံသော အသက်တာတစ်ခုကို သင် အသက်ရှင်နေထိုင်ပြီးပြီလော။
လူတို့၏ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း၊ မိမိဘာသာ အားရကျေနပ်မှု၊ မိမိကိုယ်ကိုယ် ကျေနပ်ခြင်းနှင့် မာနထောင်လွှားခြင်းတို့က ဖြစ်ပေါ်စေသည့် အတားအဆီးသည် မည်မျှကြီးမားသနည်း။ လက်တွေ့အရှိတရားထဲသို့ သင်မဝင်ရောက်နိုင် သည့်အခါ မည်သူကို အပြစ်တင်ရမည်နည်း။ သင်သည် မှန်ကန်သော လူ ဟုတ်သည် မဟုတ်သည်ကို သိရန် သင့်ကိုယ်သင် သေချာစွာ ဆန်းစစ်သင့်သည်။ သင်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များသည် ငါ့အတွက် ရည်ရွယ်၍ ဖန်တီးထားသလော။ သင်၏ စကားများနှင့် လုပ်ရပ်များအားလုံးသည် ငါ၏ မျက်မှောက်တွင် ပြောဆို၊ လုပ်ဆောင်ခြင်း ဖြစ်သလော။ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ငါ ဆန်းစစ်၏။ အပြစ်ရှိသည်ဟု သင်မခံစားရသလော။ အခြားသူများ မြင်စေရန် သင်သည် ဟန်ဆောင်ထားပြီး၊ သင်သည် ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း ပုံပန်းတစ်ခုကို တည်ငြိမ်စွာ ပုံဖမ်းထားသည်။ သင်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန် ဤအရာကို လုပ်ဆောင်သည်။ သင်၏ဆိုးယုတ်ခြင်းကို ဖုံးကွယ်ရန် ဤအရာကို လုပ်ဆောင်ပြီး၊ ထိုဆိုးယုတ်ခြင်းကို အခြားတစ်စုံတစ်ဦးအပေါ် တွန်းပို့ရန် နည်းလမ်းများကိုပင် အကြံထုတ်လေသည်။ သင်၏ နှလုံးသားတွင် ဖောက်ပြန်မှုသည် ကိန်းဝပ်နေလေတကား။ သင်ပြောခဲ့သော အရာအားလုံးကို စဉ်းစားလော့။ သင်သည် သင်ကိုယ်တိုင်၏ ဝိညာဉ် ထိခိုက်လာမည်စိုးသဖြင့်၊ စာတန်ကို ဖုံးကွယ်ပေးခဲ့ပြီး၊ သင်၏ ညီအစ်ကို မောင်နှမများ၏ စားသောက်ခြင်းတို့ကို အတင်းအကျပ် လုယူခဲ့ခြင်းသည် သင်၏ အကျိုးအလို့ငှာသာ ဖြစ်သည် မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် မည်သို့ရှင်းပြမည်နည်း။ ယခုအကြိမ် စာတန်ယူဆောင်သွားသော စားသောက်ခြင်းကို သင်သည် နောင်တစ်ကြိမ်တွင် ပြန်လည် ထေမိနိုင်မည်ဟု ထင်သလော။ ထို့ကြောင့် ယခု သင်ရှင်းလင်းစွာ မြင်ရ၏။ ဤသည်မှာ သင်ပြန်လည်လျော်ပေးနိုင်သော အရာတစ်စုံတစ်ခု ဖြစ်သလော။ သင်သည် ဆုံးရှုံးသွားသည့် အချိန်အတွက် ပြန်လည် ထေမိနိုင်သလော။ လွန်ခဲ့သော တွေ့ဆုံမှုအနည်းငယ်တွင် မည်သည့် စားသောက်ခြင်းမျှ အဘယ့်ကြောင့် မလုပ်ဆောင်ခဲ့သည်ဆိုသည်နှင့် အဘယ်သူသည် ဤဒုက္ခကို ဖြစ်ပွားစေခဲ့သည် ဆိုသည်တို့ကို မြင်နိုင်ဖို့ရန် သင်တို့သည် မိမိတို့ကိုယ်ကိုယ် လုံ့လရှိစွာ ဆန်းစစ်ရမည်။ သင်သည် ရှင်းလင်းသွားသည်အထိ တစ်ဦးပြီးတစ်ဦး မိတ်သဟာယဖွဲ့ရမည်။ အကယ်၍ ထိုသို့သောလူတစ်ဦးကို ပြင်းထန်စွာ ထိန်းချုပ်မထားလျှင်၊ ညီအစ်ကို မောင်နှမတို့သည် နားလည်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုအရာ တဖန်ဖြစ်ပျက်မည်သာ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများသည် ပိတ်နေကြ၏။ သင်တို့ထဲမှ များလှစွာသောသူတို့သည် မျက်စိကွယ်နေကြ၏။ ထို့အပြင်၊ မြင်သောသူတို့သည် ထိုအရာကို အရေးမထားကြချေ။ ၎င်းတို့သည် ထရပ်ကာ ဖွင့်ပြောခြင်း မရှိသကဲ့သို့ ၎င်းတို့သည်လည်း မျက်စိကန်းနေကြ၏။ မြင်သော်လည်း ဖွင့်မပြောသော သူတို့သည် ဆွံ့အသောသူများ ဖြစ်ကြသည်။ ဤနေရာတွင် မသန်မစွမ်းသူ များစွာရှိနေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၃” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၈၀)
လူအချို့သည် သမ္မာတရားက အဘယ်အရာဖြစ်သည်၊ အသက်က အဘယ်အရာဖြစ်သည် ဆိုသည်နှင့် လမ်းခရီးက အဘယ်အရာဖြစ်သည် ဆိုသည်တို့ကို သဘောမပေါက်ပေ၊ ထို့အပြင်၊ စိတ်ဝိညာဉ်ကို နားမလည်ကြပေ။ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်ကို ပုံသေနည်းအဖြစ်မျှသာ သဘောထားကြ၏။ ဤသည်မှာ များစွာ တင်းကျပ်လွန်းသည်။ ၎င်းတို့သည် အဘယ်အရာက စစ်မှန်သော ကျေးဇူးတရားနှင့် ချီးမွမ်းခြင်းဖြစ်သည်ကို နားမလည်ကြ။ လူအချို့သည် အရေးပါပြီး အဓိကကျသော အရာများကို သဘောမပေါက် နိုင်ကြပေ။ ယင်းအစား အဓိကမဟုတ်သော အရာကိုသာ သဘောပေါက်ကြသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဝင်ရောက်နှောင့်ယှက်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အသင်းတော်၏ အဆောက်အဦးအား ပြိုပျက်စေခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဝင်ရောက်နှောင့််ယှက်ခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ စာတန်၏ လက်ပါးစေဆိုသည်မှာ အဘယ်နည်း။ ဤသမ္မာတရားများကို ရှင်းလင်းစွာ နားလည်ရမည်ဖြစ်ပြီး၊ မရေမရာ ဖော့ပြောခြင်းမျှသာ မဟုတ်ရ။ ဤတစ်ကြိမ်တွင် စားသောက်ခြင်း မရှိရခြင်းကို မည်သည့်အရာက ဖြစ်စေခဲ့သနည်း။ လူအချို့က ယနေ့တွင် ဘုရားသခင်အား အသံကျယ်ကျယ် ချီးမွမ်းသင့်သည်ဟု ထင်ကြသော်လည်း၊ သူ့အား ၎င်းတို့ အဘယ်သို့ ချီးမွမ်းသင့်သနည်း။ ဓမ္မသီချင်းများဆိုကာ ကခုန်ခြင်းဖြင့် ထိုသို့ လုပ်ဆောင်သင့်သလော။ အခြားသော နည်းလမ်းများကို ချီးမွမ်းခြင်းအဖြစ် မယူဆသလော။ လူအချို့က ဝင့်ကြွားဝမ်းမြောက်သော ချီးမွမ်းခြင်းမှာ ဘုရားသခင်အား ချီးမွမ်းဖို့ နည်းလမ်းဖြစ်သည်ဟူသော အယူအဆဖြင့် အစည်းအဝေးများကို လာကြသည်။ လူတို့သည် ဤအယူအဆများ ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အာရုံမစိုက်ကြချေ။ ဤအရာ၏နောက်ဆုံးရလဒ်သည် အနှောင့်အယှက်များ ဖြစ်ပွားဆဲဖြစ်ခြင်း ဖြစ်သည်။ ဤအစည်းအဝေးတွင် စားသောက်ခြင်း မရှိခဲ့ပေ။ သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။ သင့်အထဲတွင် စာတန်၏ဆုကျေးဇူးများ ရှိပြီး- သင်သည် လူတို့ကို နားမလည်သကဲ့သို့ စာတန်၏အဆိပ်ကို သတိပြုမိရန် ပျက်ကွက်သည့်အတွက်- ယင်းအတွက် သင့်ကို အပြစ်တင်ရမည်ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် သေခြင်းဆီသို့ ခေါ်ဆောင်နေ၏။ စာတန်သည် သင် လုံးဝ စိတ်ရှုပ်ထွေးသွားသည်အထိ သင့်ကို လုံးလုံးလျားလျား လှည့်ဖြားပြီး ဖြစ်သည်။ သင်သည် လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံခြင်း စပျစ်ရည်ဖြင့် ယစ်မူးကာ၊ ရှေ့နောက် ယိမ်းထိုးလျက်၊ ခိုင်မာသော ရှုထောင့်အမြင်တစ်ရပ်ကို မထိန်းသိမ်း နိုင်သကဲ့သို့၊ သင်၏ လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းကြောင်းမရှိပေ။ သင်သည် ကောင်းမွန်စွာ စားသောက်ခြင်းမရှိ၊ သင်သည် အထိန်းအကွပ်မဲ့သော ရန်ဖြစ်ခြင်းနှင့် ငြင်းခုန်ခြင်းတို့တွင် ပါဝင်သည်၊ သင်သည် အမှန်နှင့် အမှားကို မသိသကဲ့သို့၊ ဦးဆောင်သည့် မည်သူမဆိုနောက်သို့ သင်လိုက်၏။ သင်သည် သမ္မာတရား အနည်းငယ်မျှပင် ရှိသလော။ အချို့သော လူတို့သည် မိမိတို့ကိုယ်ကိုယ် ကာကွယ်ကြပြီး၊ လှည့်ဖြားမှုတွင်ပင် ပါဝင်ကြ၏။ ၎င်းတို့သည် အခြားသူများနှင့် မိတ်သဟာယဖွဲ့ကြသော်လည်း၊ ယင်းက ၎င်းတို့အား လမ်းဆုံးသို့သာ ဦးတည်စေသည်။ ဤလူတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် အရင်းအမြစ်များကို ရရှိသည်မှာ ငါ့ထံမှလော။ ညီအစ်ကို မောင်နှမများ၏ စားသောက်ခြင်း ယူဆောင်သွားခံရသည့် အဖြစ်အတွက် သင် အလျော်ပေးနိုင်သည်ဟု ထင်သလော။ မိတ်သဟာယဖွဲ့ရန် လူအနည်းငယ်ရှာပြီး မေးလော့။ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ်အတွက် ပြောဆိုပါစေ- ၎င်းတို့အား တစ်စုံတစ်ရာ ထောက်ပံ့ပေးပြီးပြီလော။ သို့မဟုတ် ၎င်းတို့သည် လိုက်လျှောက်ရမည့် လမ်းကြောင်းမရှိဘဲ ထားရစ်ခံရလျက်၊ ၎င်းတို့၏ ဝမ်းဗိုက်များကို ညစ်ပတ်သောရေနှင့် အမှိုက်များဖြင့် ဖြည့်ထားသလော။ ယင်းသည် အသင်းတော်အား ဖြိုဖျက်လိမ့်မည် မဟုတ်လော။ ညီအစ်ကို မောင်နှမများအကြား ချစ်ခြင်းမေတ္တာသည် အဘယ်မှာရှိသနည်း။ သင်သည် မည်သူမှန်သည်၊ မည်သူမှားသည်ကို လျှို့ဝှက်စွာ သုတေသနပြုသော်လည်း၊ အသင်းတော်၏ ဝန်ထုပ်ဝန်ပိုးကို အဘယ်ကြောင့် မထမ်းရွက်သနည်း။ သာမန်အားဖြင့်၊ သင်သည် ပေါ်ပင်ရေပန်းစားသော စကားလုံးများကို အော်ဟစ်ရာတွင် တော်သော်လည်း၊ အမှုအရာများ အမှန်တကယ် ဖြစ်ပျက်သည့်အချိန်တွင်၊ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ မရေမရာ ဖြစ်လေသည်။ အချို့သော သူတို့သည် နားလည်သော်လည်း သိုသိုသိပ်သိပ် တီးတိုးသာ ပြောဆိုလင့်ကစား၊ အခြားသူများသည် မည်သူမျှ စကားတစ်ခွန်းမျှ မပြောသည့်အချိန်တွင် ၎င်းတို့ နားလည်သည့်အရာကို ထုတ်ဖော်ပြောဆိုကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ မည်သည့်အရာ လာပြီး၊ မည်သည့်အရာသည် စာတန်၏ လုပ်ဆောင်ချက် ဖြစ်သည်ကို မသိကြ။ အသက်နှင့် ပတ်သက်၍ သင်တို့၏ စိတ်ထဲ၌ဖြစ်သော ခံစားချက်များသည် အဘယ်မှာနည်း။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တကယ် နားမလည်နိုင်သကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သတိလည်းမပြုမိပေ၊ ပြီးလျှင် သင်သည် အသစ်သောအရာများကို လက်ခံရန် အခက်အခဲ ရှိလေသည်။ သင်သည် လူတို့၏ အယူအဆများနှင့် ကိုက်ညီသော ဘာသာရေးနှင့် လောကီအရာများကိုသာ လက်ခံ၏။ အကျိုးဆက်အနေဖြင့်၊ သင်သည် အကြောင်းမဲ့သက်သက် တိုက်ခိုက်လေသည်။ လူမည်မျှက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို သဘောပေါက်နိုင်သနည်း။ လူမည်မျှသည် အသင်းတော်၏ ဝန်ထုပ်ဝန်ပိုးတစ်ခုကို အမှန်တကယ် ထမ်းရွက် ကြပြီးပြီနည်း။ သင် သဘောပေါက်သလော။ ဓမ္မသီချင်းများကို သီဆိုခြင်းသည် ဘုရားသခင်အား ချီးမွမ်းသည့် နည်းလမ်းတစ်ခု ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်ကို ချီးမွမ်းခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို ရှင်းလင်းစွာ နားမလည်ပေ။ ထို့အပြင်၊ သူ့ကို ချီးမွမ်းခြင်းနှင့် ပတ်သက်၍ သင် လုပ်ဆောင်သည့် နည်းလမ်းသည် တင်းကျပ်၏။ ယင်းမှာ သင်၌ရှိသည့် အယူအဆတစ်ခု မဟုတ်လော။ သင်သည် သင်၏ အယူအဆများကို အမြဲတမ်း မဆုတ်မနစ် တွယ်ဖက်ထားပြီး၊ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော် မည်သည့်အရာ လုပ်ဆောင်မည်ကို အာရုံမစိုက်နိုင်၊ သင်၏ ညီအစ်ကိုမောင်နှမများ မည်သည့်အရာ ခံစားနေရသည်ကို မခံစားနိုင်သကဲ့သို့၊ ဘုရားသခင်၏အလိုတော်ကို တိတ်ဆိတ်စွာ မရှာဖွေနိုင်ပေ။ သင်သည် အမှုအရာများကို ကျိုးကြောင်းမမြင်ဘဲလျက် လုပ်ဆောင်သည်။ သင်သည် သီချင်းများကို ကောင်းစွာ သီဆိုကောင်းသီဆိုနိုင်သော်လည်း၊ ရလဒ်သည် လုံးဝ ကမောက်ကမအခြေအနေတစ်ခု ဖြစ်သည်။ ယင်းမှာ စားသောက်ခြင်း အမှန်တကယ်ပင်လော။ အမှန်တကယ် မည်သူက အနှောင့်အယှက်များ ဖြစ်နေစေသည်ကို သင် မြင်သလော။ သင်သည် စိတ်ဝိညာဉ်အားဖြင့် လုံးဝ အသက်မရှင်ပေ။ ထိုထက်၊ အမျိုးမျိုးသော အယူအဆများကို သင် ကိုင်စွဲထား၏။ ယင်းမှာ အသင်းတော်၏ ဝန်ကို ထမ်းရွက်ဖို့ နည်းလမ်းတစ်ခု အဘယ်သို့ ဖြစ်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ယခုတွင် ပို၍ပင် မြန်ဆန်စွာ ခရီးပေါက်နေသည်ကို သင်တို့ မြင်ရမည်။ ထို့ကြောင့်၊ အကယ်၍ သင်သည် သင်ကိုယ်တိုင်၏ အယူအဆများကို တင်းကျပ်စွာ ဖမ်းဆုပ်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှုကို ခုခံနေပါက၊ သင်သည် မျက်စိကန်းနေသူ မဟုတ်လော။ ယင်းမှာ နံရံများကို ဝင်တိုက်ပြီး ဟိုဟိုသည်သည် တဝီဝီမြည်နေသော ယင်ကောင်တစ်ကောင်နှင့် ဆင်တူသည် မဟုတ်သလော။ သင်သည် ဤပုံစံဖြင့် ဆက်လက်ပြုလုပ်ပါက၊ ဘေးဖယ်ခြင်း ခံရလိမ့်မည်။
ဘေးအန္တရာယ်မတိုင်မီ စုံလင်စေခြင်းခံရသောသူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူများ ဖြစ်ကြ၏။ ၎င်းတို့သည် ခရစ်တော်အပေါ် ကိုးစားလျက် အသက်ရှင်ကြသည်၊ သူ့အဖို့ သက်သေခံကြပြီး၊ သူ့ကို ချီးမြှောက်ကြလေသည်။ ၎င်းတို့သည် ခရစ်တော်၏ အောင်နိုင်သော သားယောက်ျားများနှင့် စစ်သည်ကောင်းများ ဖြစ်ကြသည်။ ယခု သင့်ကိုယ်သင် တည်ငြိမ်စေကာ၊ ဘုရားသခင်ထံ ချဉ်းကပ်ပြီး၊ သူနှင့်အတူ မိတ်သဟာယဖွဲ့ရန် အရေးကြီးသည်။ အကယ်၍ သင်သည် ဘုရားသခင်ထံ ချဉ်းကပ်နိုင်ခြင်း မရှိပါက၊ စာတန်၏ဖမ်းဆီးခြင်းကို ခံရဖို့ အန္တရာယ် ရှိပေသည်။ သင်သည် ငါ့ထံ ချဉ်းကပ်နိုင်ပြီး၊ ငါနှင့် မိတ်သဟာယဖွဲ့နိုင်ပါက၊ သမ္မာတရား အလုံးစုံကို သင့်အား ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး သင်သည် အသက်ရှင်ကာ ပြုမူဖို့ စံနှုန်းတစ်ခု ရှိလိမ့်မည်။ သင်သည် ငါနှင့်ရင်းနှီးသောသူ ဖြစ်သောကြောင့်၊ ငါ၏ နှုတ်ကပတ်တော်သည် သင်၏အနားမှ မည်သည့်အခါမျှ စွန့်ခွာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်၏ ဘဝတစ်လျှောက်လုံးတွင် သင်သည် ငါ၏ နှုတ်ကပတ်တော်ထံမှ ဘယ်သောအခါမျှ သွေဖည်သွားလိမ့်မည် မဟုတ်ပေ။ စာတန်သည် သင့်ကို ကောင်းကောင်းအသုံးချရန် နည်းလမ်းရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ထိုအစား ၎င်းသည် အရှက်ရကာ၊ ရှုံးနိမ့်လျက် ထွက်ပြေးသွားလိမ့်မည်။ အကယ်၍ သင်သည် သင်၏အတွင်း၌ ပျောက်ဆုံးနေသော အရာကို အပြင်၌ ရှာဖွေပါက၊ တစ်ခါတစ်ရံ ထိုအရာ တစ်ချို့ကို သင်ရှာတွေ့ကောင်းတွေ့နိုင်သော်လည်း၊ သင် ရှာတွေ့သည့် အရာအများစုမှာ စည်းကမ်းများနှင့် သင်မလိုအပ်သောအရာများ ဖြစ်ပေလိမ့်မည်။ သင်သည် မိမိကိုယ်ကိုယ် လက်လွှတ်ရမည်၊ ငါ၏နှုတ်ကပတ်တော်များကို ပိုမို စားသောက်ပြီး ၎င်းတို့ကို မည်သို့တွေးဆရမည်ကို သိရမည်။ သင်သည် တစ်စုံတစ်ရာကို နားမလည်ပါက၊ ငါ့ထံ ချဉ်းကပ်ပြီး၊ ငါနှင့် မကြာခဏ မိတ်သဟာယဖွဲ့လော့။ ဤသို့ဖြင့်၊ သင်နားလည်သည့်အရာများသည် စစ်မှန်ကာ မှန်ကန်လိမ့်မည်။ ငါထံ ချဉ်းကပ်ခြင်းဖြင့် သင် အစပြုရမည်။ ဤသည်မှာ အရေးပါလှ၏။ သို့မဟုတ်လျှင်၊ သင်သည် မည်သို့ စားသောက်ရမည်ကို သိလိမ့်မည်မဟုတ်။ သင်သည် မိမိဘာသာ မစားသောက်နိုင်ပေ။ အမှန်ပင် သင်၏ ဝိညာဉ်အသက်တာသည် အလွန်သေးနုပ်လှ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၃” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၈၁)
ယခု၊ အချိန်သည် ဧကန်အမှန် အရေးတကြီး ဖြစ်နေ၏။ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဦးဆောင်ရန် ကွဲပြားသော နည်းလမ်းများစွာကို အသုံးပြု၏။ သင်သည် သမ္မာတရားအားလုံးဖြင့် ပြင်ဆင်ထားသင့်၏၊ သန့်ရှင်းစင်ကြယ်ခြင်း ရှိသင့်ကာ၊ စစ်မှန်ရိုးသားစွာ ငါနှင့် နီးကပ်သင့်ပြီး၊ ငါနှင့် ပေါင်းသင်းဆက်ဆံမှု ရှိသင့်၏၊ ပြီးလျှင် သင့်ကို စံရွေးစရာ အခြေအနေ ပေးထားလိမ့်မည် မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် စိတ်ခံစားချက် ကင်းမဲ့ပြီး၊ သင် မည်သို့သော လူစားမျိုးဖြစ်သည်ကို ဂရုမစိုက်ပေ။ သင်သည် ဆင်ခြေများပေးခြင်း မရှိသကဲ့သို့၊ သင်၏ ကိုယ်ပိုင် အမြတ်အစွန်းများနှင့် ဆုံးရှုံးမှုများ အပေါ် ငြင်းခုံခြင်း မပြုဘဲ- ဖြောင့်မတ်ခြင်းကို ဆာငတ်မှုတစ်ခုဖြင့် ရှာဖွေကာ လိုက်လျှောက်ရန် ဆန္ဒရှိသရွေ့၊ ငါသည် သင့်ကို အသိဉာဏ်ပွင့်လင်းစေမည်ဖြစ်သည်။ သင်သည် မည်မျှ မိုက်မဲကာ မသိနားမလည်သည်ဖြစ်စေ၊ ဤအရာများအပေါ် ငါ အာရုံမစိုက်ပေ။ သင်သည် အပြုသဘောဆောင်သော ရှုထောင့်ဖြင့် မည်မျှ ကြိုးစားလုပ်ဆောင်သည်ကို မြင်ရန် ငါ ကြည့်သည်။ အကယ်၍ သင်သည် ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲ၌ ပတ်ချာလည်လျက်၊ အတ္တ၏အယူအဆကို မြဲမြံစွာ စွဲကိုင်နေဆဲဖြစ်ပါက၊ သင်သည် အန္တရာယ်ရှိသည်ဟု ငါထင်၏။...ချီဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ စွန့်ပစ်ခံရခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယနေ့တွင် ဘုရားသခင်၏ ရှေ့မှောက်၌ သင် မည်သို့ အသက်ရှင်သင့်သနည်း။ သင်သည် ငါနှင့်အတူ မည်သို့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သင့်သနည်း။ သင်၏ ကိုယ်ပိုင် အယူအဆများကို ဖယ်ရှားလော့၊ သင့်ကိုယ်သင် ပိုင်းခြားစိစစ်လော့၊ သင်၏ မျက်နှာဖုံးကို ချွတ်လော့၊ သင်၏ စရိုက်အမှန်ကို ရှင်းလင်းစွာ မြင်လော့၊ သင့်ကိုယ်သင် ရွံမုန်းလော့၊ ဖြောင့်မတ်ခြင်းကို ဆာလောင် ငတ်မွတ်စွာဖြင့် ရှာဖွေသော စိတ်နှလုံးတစ်ခု ရှိလော့၊ သင်ကိုယ်တိုင်သည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သည့် သဘောသက်ရောက်သည်ကို ယုံကြည်လော့၊ သင့်ကိုယ်သင် စွန့်လွှတ်ရန် လိုလားလျက်နေလော့၊ အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည့် သင်၏ ကိုယ်ပိုင်နည်းလမ်းများ အားလုံးကို ရပ်တန့်နိုင်စွမ်းရှိလော့၊ ငါ၏ရှေ့တွင် သင့်ကိုယ်သင် တည်ငြိမ်စေလော့၊ ဆုတောင်းခြင်းများကို ပို၍ ပူဇော်ဆက်သလော့၊ ငါ့အပေါ် လေးလေးနက်နက် မှီခိုအားကိုးလော့၊ ငါ့ကို ကြည်ညိုလေးစားလော့၊ ပြီးလျှင် ငါ့ထံ တိုးဝင်ချဉ်းကပ်ခြင်းနှင့် ငါနှင့် မိတ်သဟာယဖွဲ့ခြင်းကို မည်သည့်အခါတွင်မျှ မရပ်တန့်နှင့်- ဤအရာများတွင် အဓိကအချက်ကို တွေ့ရှိရပေသည်။ လူတို့သည် မကြာခဏ မိမိတို့ကိုယ်ကိုယ် ဖက်တွယ်ကြသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်၌ မရှိကြချေ။
သန့်ရှင်းသော ဝိညာဉ်တော်၏ လတ်တလော အမှုသည် လူတို့အတွက် စိတ်ကူးကြည့်ရန် ဧကန်အမှန် ခက်ခဲပြီး၊ အားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ကြလေသည်။ ထိုအရာနှင့်ပတ်သက်၍ စဉ်းစဉ်းစားစား မရှိခြင်းသည် အမှန်တကယ် အဆင်ပြေလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်၏ နှလုံးသားနှင့် စိတ်သည် ထားသင့်သည့် နေရာတွင် မရှိပါက၊ သင်သည် ရှေ့ဆက်ရမည့်လမ်း ရှိလိမ့်မည်မဟုတ်။ အစမှ အဆုံးအထိ၊ အချိန်တိုင်း သင် သတိရှိရမည်ဖြစ်ပြီး၊ ပေါ့ဆမှုအပေါ် နိုးနိုးကြားကြားရှိဖို့ သေချာစေရမည်။ စဉ်ဆက်မပြတ် သတိရှိကာ စောင့်ဆိုင်း နေသောသူများနှင့် ငါ၏ရှေ့မှောက်တွင် ငြိမ်သက်သောသူများသည် မင်္ဂလာရှိကြ၏။ မိမိတို့၏ စိတ်နှလုံးများဖြင့် ငါ့အား အမြဲ လေးစားကြည်ညိုသောသူများ၊ ငါ၏ အသံကို သေချာစွာ နားထောင်ဖို့ ဂရုစိုက်သောသူများ၊ ငါ၏ လုပ်ဆောင်ချက်များကို အာရုံစိုက်သောသူများနှင့် ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သောသူများသည် မင်္ဂလာရှိကြ၏။ အချိန်သည် နောက်ထပ် နှောင့်နှေးမှုကို အမှန်တကယ် ခွင့်မပြုနိုင်ပေ။ အမျိုးမျိုးသော ကပ်ဆိုးတို့သည် သင်တို့အားလုံးကို ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ ဝါးမျိုပစ်ရန်အလို့ငှာ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော၊ သွေးစွန်းနေသော ပါးစပ်များကို ဖွင့်ဟလျက်၊ သောင်းကျန်းကြလိမ့်မည်။ ငါ၏ သားတို့။ အချိန် ကျရောက်လေပြီ။ ချင့်ချိန်တွေးဆစရာ နောက်ထပ်မရှိတော့။ သင်တို့အား ငါ၏ ကွယ်ကာမှုအောက်သို့ ခေါ်ဆောင်လာပေးမည့် တစ်ခုတည်းသော လွတ်လမ်းမှာ ငါ၏ရှေ့မှောက်သို့ ပြန်လာဖို့ ဖြစ်သည်။ သင်သည် သားယောက်ျား၏ အကျင့်စရိုက် ခွန်အား ရှိရမည်။ အားမနည်းနှင့်၊ သို့မဟုတ် စိတ်ပျက်ခြင်း မရှိနှင့်။ သင်သည် ငါ၏ ခြေလှမ်းများကို မီအောင်လိုက်ရမည်၊ အသစ်သော အလင်းကို မငြင်းပယ်ရ၊ ပြီးလျှင် ငါ၏ နှုတ်ကပတ်တော်များကို အဘယ်သို့ စားသောက်ရမည်ကို သင်တို့အား ငါ ပြောပြသည်နှင့်အမျှ၊ သင်တို့သည် ကျိုးနွံနာခံပြီး ထိုနှုတ်ကပတ်တော်များကို သင့်တင့်လျောက်ပတ်စွာ စားသောက်သင့်၏။ အချင်းချင်း ထင်ရာမြင်ရာ တိုက်ခိုက်ရန် သို့မဟုတ် ယှဉ်ပြိုင်ရန် အချိန်ရှိသေးသလော။ သင်သည် ဝလင်စွာ မစားသောက်သကဲ့သို့၊ သမ္မာတရားဖြင့် ပြည့်ဝစွာ မပြင်ဆင်ထားပါက၊ တိုက်ပွဲ ဆင်နွှဲနိုင်မည်လော။ သင်သည် ဘာသာတရားကို အောင်နိုင်လိုပါက၊ သမ္မာတရားဖြင့် အပြည့်အဝ ပြင်ဆင်ထားရမည်။ ငါ၏ နှုတ်ကပတ်တော်များကို ပို၍ စားသောက်ကာ၊ ၎င်းတို့နှင့်ပတ်သက်၍ နောက်ထပ်တွေးဆလော့။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အမှီအခိုကင်းစွာ စားသောက်ရမည်ဖြစ်ပြီး၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်းဖြင့် အစပြုရမည်။ ဤအရာကို သင့်အတွက် သတိပေးချက်တစ်ခု ဖြစ်စေလော့။ သင် အလေးဂရုပြုရမည်။ ချက်ချာပါးနပ်သော သူတို့သည် သမ္မာတရား၌ အလျင်အမြန် နိုးထသင့်ပေ၏။ သင် မစွန့်လိုသည့် မည်သည့်အရာကိုမဆို စွန့်လွှတ်လော့။ ထိုသို့သော အရာများသည် သင်၏ အသက်တာအဖို့ အမှန်တကယ် အန္တရာယ်ရှိပြီး၊ အကျိုးမရှိသည်ကို သင့်အား ငါ နောက်တစ်ကြိမ် ပြောလေပြီ။ သင်သည် သင်၏ လုပ်ဆောင်မှုများတွင် ငါ့အပေါ် အမှီပြုနိုင်မည်ဟု ငါ မျှော်လင့်သည်။ သို့မဟုတ်ပါက၊ ရှေ့ဆက်ရမည့် တစ်ခုတည်းသောလမ်းကြောင်းမှာ သေခြင်းလမ်း ဖြစ်သည်- ထိုအခါ သင်သည် အသက်လမ်းကို မည်သည့်နေရာ၌ သွားရှာမည်နည်း။ အပြင်ပန်း အရာများနှင့် အလုပ်များရသည်ကို နှစ်သက်သော သင်၏ စိတ်နှလုံးကို ရုပ်သိမ်းလော့။ အခြားလူတို့ကို မနာခံတတ်သော သင်၏ စိတ်နှလုံးကို ရုပ်သိမ်းလော့။ သင်၏ အသက်တာသည် မရင့်ကျက်နိုင်ပါက၊ သင်သည် စွန့်ပစ်ခြင်း ခံရပါက၊ သင်သည် မိမိကိုယ်ကိုယ် အမှားပြုလုပ်စေသောသူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်လော။ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိ လုပ်ဆောင်ချက်သည် သင် စိတ်ကူးသည့်အရာ မဟုတ်ပေ။ အကယ်၍ သင်သည် သင်၏ အယူအဆများကို မစွန့်လွှတ်နိုင်ပါက၊ ကြီးစွာသော ဆုံးရှုံးမှုတစ်ခုကို သင် ခံစားရလိမ့်မည်။ အမှုသည် လူသား၏ အယူအဆများနှင့် ကိုက်ညီနေစေရန်ဆိုပါက၊ သင်၏ ဟောင်းနွမ်းသော သဘာဝနှင့် အယူအဆများသည် ပေါ်လွင်လာနိုင်မည်လော။ သင်သည် မိမိကိုယ်ကိုယ် သိရှိနိုင်မည်လော။ သင်သည် အယူအဆများ ကင်းရှင်းသည်ဟု သင် တွေးထင်ဆဲ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ဤအချိန်တွင် သင်၏ အကျည်းတန်သည့် စရိုက်လက္ခဏာ အမျိုးမျိုးသည် ရှင်းလင်းစွာ ပေါ်လွင်လာလိမ့်မည် ဖြစ်သည်။ သင့်ကိုယ်သင် သေချာစွာ မေးလော့-
သင်သည် ငါ့ကို ကျိုးနွံနာခံသောသူတစ်ဦးလော။
သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး ငါ့နောက်လိုက်ဖို့ လိုလားကာ အဆင့်သင့်ရှိနေသလော။
သင်သည် ဖြူစင်သော စိတ်နှလုံးတစ်ခုဖြင့် ငါ၏ မျက်နှာကို ရှာဖွေသောသူတစ်ဦးလော။
ငါ့ထံသို့ မည်သို့ချဉ်းကပ်ပြီး ငါနှင့် မည်သို့ မိတ်သဟာယပြုရမည်ကို သင် သိသလော။
သင်သည် ငါ၏ရှေ့မှောက်တွင် သင့်ကိုယ်သင် တည်ငြိမ်စေပြီး၊ ငါ၏ အလိုကို ရှာဖွေနိုင်သလော။
သင့်ကို ငါ ထုတ်ဖော်ပြသော နှုတ်ကပတ်တော်များကို သင်သည် လက်တွေ့လုပ်ဆောင်သလော။
ငါ၏ရှေ့မှောက်တွင် သင်သည် ပုံမှန်အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်သလော။
စာတန်၏ စဉ်းလဲသော အကြံအစည်များကို သင် ရိပ်စားနိုင်သလော။ ယင်းတို့ကို သင် ဖော်ထုတ်ဝံ့သလော။
ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို သင် မည်သို့ အလေးထားသနည်း။
သင်သည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အလေးထားသူတစ်ဦးလော။
သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို သင် မည်သို့ သဘောပေါက်သနည်း။
ဘုရားသခင်၏ မိသားစုအတွင်းတွင် ပူးဆောင်ဆောင်ရွက်ခြင်းဖြင့် သင် မည်သို့ အစေခံသနည်း။
ငါ့အတွက် သင် မည်သို့ အားကောင်းသည့် သက်သေခံသနည်း။
သမ္မာတရားအတွက် သင် မည်သို့ ကောင်းစွာသော တိုက်ပွဲဝင်သနည်း။
သင်သည် ဤသမ္မာတရားတို့ကို စေ့စေ့စပ်စပ် တွေးဆဖို့ အချိန်ယူရမည်။ နေ့ရက်သည် အလွန့်အလွန် နီးကပ်နေပြီဖြစ်သည်ကို သက်သေပြရန် အချက်အလက်များမှာ လုံလောက်ပေသည်။ ဘေးဒုက္ခများ ရောက်မလာမီ သင်သည် စုံလင်စေခြင်းခံရမည်- ဤအရာသည် အရေးကြီးသည့် ကိစ္စ၊ အဆောတလျင် ဖြေရှင်းရမည့် ကိစ္စတစ်ခု ဖြစ်၏။ ငါသည် သင်တို့ကို စုံလင်စေရန် ဆန္ဒရှိသော်လည်း၊ သင်တို့သည် ဧကန်အမှန် အတော်အတန် ထိန်းမနိုင်သိမ်းမရ ဖြစ်ကြသည်ကို ငါ မြင်ရသည်။ သင်သည် အနိုင်မခံအရှုံးမပေးလိုစိတ် ရှိသော်လည်း၊ သင်သည် ယင်းစိတ်ကို အကောင်းဆုံး အသုံးမချသကဲ့သို့၊ အရေးကြီးဆုံးသောအရာများကို သဘောမပေါက်ချေ။ ယင်းအစား သင် သဘောပေါက်သမျှ အရာအားလုံးမှာ အသေးအမွှား ကိစ္စရပ်များသာ ဖြစ်၏။ ဤအရာများအပေါ် စဉ်းစားချင့်ချိန်ခြင်းမှာ အဘယ်အကျိုး ရှိသနည်း။ ယင်းသည် အချိန်ဖြုန်းခြင်း ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့အား ဤနည်းဖြင့် သနားခြင်းကရုဏာကို ပြသော်လည်း၊ သင်တို့သည် မည်သည့်တန်ဖိုးထားမှုမျှ မပြနိုင်ကြချေ။ သင်တို့သည် အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားရုံမျှသာ ရှိကြ၏- ထို့ကြောင့် ငါ၏ အပတ်တကုတ်ကြိုးပမ်းသည့် အားထုတ်မှု အားလုံးသည် အချည်းနှီးဖြစ်သွားပြီ မဟုတ်လော။ သင်သည် ဤနည်းဖြင့် ဆက်သွားပါက၊ ငါသည် သင်တို့ကို အချိန်ယူကာ ချော့မော့မည် မဟုတ်။ သင်တို့သည် သမ္မာတရားအဖို့ မနိုးထကြပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် သင်တို့ထံမှ ရုပ်သိမ်းခံရလိမ့်မည်ဟု သင်တို့ကို ငါပြော၏။ သင်တို့ကို စားသောက်ရန် နောက်ထပ် ပေးတော့မည် မဟုတ်သကဲ့သို့၊ သင့်တော်သည်ဟု သင်တို့ မြင်သည့်အတိုင်း သင်တို့ ယုံကြည်နိုင်သည်။ ငါသည် ငါ၏ နှုတ်ကပတ်တော်များကို ပြည့်စုံစေ့စပ်စွာ ပြောဆိုပြီးဖြစ်သည်။ သင်တို့ နားထောင်ခြင်း ရှိ၊ မရှိဆိုသည်မှာ သင်တို့အပေါ် မူတည်၏။ သင်တို့ စိတ်ရှုပ်ထွေးသည့်အချိန် ရောက်လာသည့်အခါ၊ ရှေ့ဆက်ရန် လမ်း မရှိသကဲ့သို့ စစ်မှန်သော အလင်းကိုလည်း မမြင်နိုင်သည့်အခါတွင်၊ ငါ့ကို အပြစ်တင်လိမ့်မည်လော။ မသိနားမလည် လိုက်လေခြင်း။ သင်၏ အတ္တကို တင်းကျပ်စွာ ဖက်တွယ်ပါက၊ လက်လွှတ်ရန် ငြင်းဆန်ပါက၊ အကျိုးဆက်သည် မည်သည့်အရာ ဖြစ်သင့်သနည်း။ သင်၏ အလုပ်သည် အချည်းနှီး လေ့ကျင့်မှုတစ်ခုမျှသာ ဖြစ်လိမ့်မည် မဟုတ်လော။ ဘေးဒုက္ခများ ကျရောက်သည့်အခါတွင်၊ ဖယ်ရှားခံရခြင်းသည် သနားစဖွယ်ဖြစ်လှပေသည်တကား။
ယခုအချိန်သည် အသင်းတော်အား တည်ဆောက်ခြင်း၏ အရေးပါသောအဆင့် ဖြစ်၏။ သင်သည် ငါနှင့် ပူးပေါင်းဆောင်ရွက်ရန်အခြေအနေကို ဖန်တီးနိုင်စွမ်း မရှိသကဲ့သို့၊ ငါ့ထံ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ မဆက်ကပ်နိုင်ပါက၊ အရာရာကို သင် မစွန့်လွှတ်နိုင်ပါက၊ သင်သည် ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။ အခြားသော ရည်ရွယ်ချက်များကို သင် သိုထားနိုင်သေးသလော။ သင်တို့အနေဖြင့် နောင်တရကာ၊ အသစ်ပြန်စမည်ကို စောင့်မျှော်လျက်၊ ငါသည် သင်တို့အား သက်ညှာမှုကို ဤနည်းဖြင့် ပြခဲ့၏။ သို့သော်လည်း ဤအရာကို အချိန်က တကယ်ကို နောက်ထပ် အခွင့်မပေးတော့သကဲ့သို့၊ ငါသည် အခြေအနေ တစ်ရပ်လုံးကို သုံးသပ်ရမည်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်အတွက်၊ အရာခပ်သိမ်းသည် ရှေ့ဆက်လျက်ရှိပြီး ငါ၏ ခြေလှမ်းများသည် တစ်နေ့တခြား၊ တစ်နာရီပြီးတစ်နာရီ၊ အခိုက်အတန့် တစ်ခုပြီးတစ်ခု ရှေ့သို့ တက်လှမ်းနေ၏- မီအောင် မလိုက်နိုင်သောသူများသည် စွန့်ပစ်ခြင်း ခံရကြလိမ့်မည်။ နေ့ရက်တိုင်းတွင် အသစ်သောအလင်း ရှိ၏၊ နေ့ရက်တိုင်းတွင် အသစ်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်၏။ နေ့ရက်တိုင်းတွင် အသစ်သော အရာများ ထွက်ပေါ်ပြီး၊ အလင်းကို မမြင်နိုင်သောသူများသည် မျက်စိကန်းနေသူများဖြစ်ကြပေသည်။ လိုက်လျှောက်ခြင်း မရှိသော သူတို့သည် သုတ်သင်ဖယ်ရှင်းခြင်း ခံကြရလိမ့်မည်...။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၈၂)
အသင်းတော်သည် တည်ဆောက်ဆဲဖြစ်ပြီး၊ စာတန်သည် အသင်းတော်ကို ဖြိုချရန် အစွမ်းကုန် ကြိုးစားနေသည်။ ၎င်းသည် ငါ၏ တည်ဆောက်ခြင်းကို ဖြစ်နိုင်သမျှသော မည်သည့် နည်းလမ်းမဆိုဖြင့် ဖြိုချလို၏။ ဤအကြောင်းကြောင့်၊ အသင်းတော်ကို လျင်မြန်စွာ သန့်စင်ရမည်ဖြစ်သည်။ ဆိုးယုတ်မှုနှင့်ဆိုင်သည့် အသုံးမဝင်သည့်အရာ အနည်းငယ်မျှ မကျန်ကြွင်းစေရ။ အသင်းတော်သည် ဆက်လက် စင်ကြယ်လာကာ ယခင်အတိုင်း အပြစ်အနာအဆာ ကင်းမဲ့သည်အထိ သန့်စင်ခြင်းခံရမည်။ သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။ ငါ၏ နှုတ်ကပတ်တော်များကိုလည်း သင်တို့ သာ၍ စားသောက်ရမည် ဖြစ်ပြီး၊ ပို၍အရေးကြီးသည်မှာ၊ သင်တို့အနေဖြင့် ထိုနှုတ်ကပတ်တော်များကို မိမိတို့ဘာသာ စားသောက်နိုင်ရမည် ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများကို ငါဖွင့်ပေးနိုင်ဖို့နှင့် စိတ်ဝိညာဉ်အတွင်း တည်ရှိသော နက်နဲမှုများအားလုံးကို သင်တို့အား မြင်တွေ့ခွင့်ပေးနိုင်ဖို့အလို့ငှာ၊ သင်တို့သည် သမ္မာတရားအားလုံးဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ထားကြပြီး၊ ငါ၏ ရှေ့မှောက်သို့ လာကြလော့။...အသင်းတော်သည် ၎င်း၏ တည်ဆောက်ခြင်း အဆင့်ထဲသို့ ဝင်ရောက်သည့်အချိန်တွင်၊ သန့်ရှင်းသူများသည် တိုက်ပွဲဆီသို့ ချီတက်ကြသည်။ စာတန်၏ အမျိုးမျိုးသော အကျည်းတန်သည့် မျက်နှာပေါက်တို့ကို သင်တို့ရှေ့တွင် ချပြထား၏။ သင်တို့သည် ရပ်တန့်ကာ နောက်သို့ ပြန်ရွေ့သွားကြသလော၊ သို့မဟုတ် သင်တို့သည် ငါ့ကို အားထားရင်း မတ်တပ်ရပ်ပြီး ရှေ့ဆက်သွားကြသလော။ စာတန်၏ ဖောက်ပြန်ပျက်စီးပြီး အကျည်းတန်သော မျက်နှာပေါက်များကို စေ့စေ့စပ်စပ် ဖော်ထုတ်လော့၊ ၎င်း စိတ်မချမ်းသာဖြစ်မည်ကို လုံးဝ မစိုးရိမ်လေနှင့်၊ ပြီးလျှင် သက်ညှာခြင်းမရှိလေနှင့်။ စာတန်ကို သေသည့်တိုင်အောင် တိုက်ခိုက်လော့။ ငါသည် သင်၏ အထောက်အပံ့ ဖြစ်ပြီး၊ သင်သည် ယောက်ျားသား၏ စိတ်ဓါတ်ရှိရမည်။ စာတန်သည် ၎င်း၏ နောက်ဆုံးသော မချိတင်ကဲ သေဆုံးခြင်း၌ ရုတ်တရက် ဒေါသတကြီး တိုက်ခိုက်နေသော်လည်း၊ ၎င်းသည် ငါ၏ တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်သေးပေ။ စာတန်သည် ငါ၏ ခြေအောက်တွင် ရှိနေပြီး၊ သင်တို့၏ ခြေအောက်တွင်လည်း အနင်းခံရလျက်ရှိသည်- ဤသည်မှာ အမှန်တရားဖြစ်၏။
ဘာသာရေးနှောင့်ယှက်သူများနှင့် အသင်းတော်၏ အဆောက်အဦးကို ဖြိုချသူများအားလုံးကို သည်းခံခြင်း အနည်းငယ်မျှ ပြရလိမ့်မည်မဟုတ်ဘဲ၊ ချက်ချင်း တရားစီရင်ခြင်းခံရလိမ့်မည်။ စာတန်သည် ဖော်ထုတ်ခံရလိမ့်မည်၊ နင်းခြေခံရလိမ့်မည်၊ လုံးဝ ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ပုန်းကွယ်စရာ နေရာမရှိဘဲ ကျန်ရစ်လိမ့်မည်။ မကောင်းဆိုးဝါးများနှင့် တစ္ဆေမျိုးစုံတို့သည် ၎င်းတို့၏ ပုံသဏ္ဌာန်အစစ်အမှန်တို့ကို ငါ၏ ရှေ့မှောက် ဧကန်မုချ ထုတ်ဖော်ပြကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ ဘယ်သောအခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်သည့် အနက်ဆုံးသော တွင်းထဲသို့ ၎င်းတို့အားလုံးကို ငါပစ်ချမည်။ ၎င်းတို့အားလုံးသည် ငါတို့၏ ခြေအောက်၌ ရှိကြလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား အတွက် ကောင်းသော တိုက်ခိုက်ခြင်းကို ပြုလိုပါက၊ ပထမဦးဆုံး အနေဖြင့်၊ စာတန်ကို အလုပ်လုပ်စေရန် မည်သည့် အခွင့်အရေးမျှ မပေးရ- ဤရည်ရွယ်ချက် အထမြောက်ဖို့ရန်၊ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိဖို့နှင့်၊ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံနိုင်ဖို့၊ သင်၏ ကိုယ်ပိုင်အယူအဆများ၊ ထင်မြင်ချက်များ၊ အမြင်များနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများ အားလုံးကို စွန့်လွှတ်နိုင်ဖို့၊ ငါ၏အတွင်းတွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်ဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏အသံကို အာရုံစိုက်နိုင်ဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု အပေါ် အာရုံစိုက်ပြီး ဘုရားသခင်၏ နူတ်ကပတ်တော်များကို အသေးစိတ် တွေ့ကြုံခံစားနိုင်ဖို့တို့ကိုလိုအပ်လိမ့်မည် ဖြစ်သည်။ သင်တို့တွင် ရည်ရွယ်ချက် တစ်ခုသာ ရှိရမည်ဖြစ်ပြီး၊ ယင်းသည် ငါ၏ အလိုကို လုပ်ဆောင်စေဖို့ ဖြစ်သည်။ ဤအရာမှလွဲ၍ အခြားရည်ရွယ်ချက် သင်တို့၌ မရှိသင့်ပေ။ သင်၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ငါ့ကို ကြည့်ရမည်၊ ငါ၏ လုပ်ဆောင်ချက်များနှင့် ငါ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများအား သေချာစွာ ကြည့်ရမည် ဖြစ်ပြီး၊ လုံးဝ မပေါ့ဆရပေ။ သင်၏ စိတ်ဝိညာဉ်သည် ထက်မြက်ရမည်၊ သင်၏ မျက်စိများ ဖွင့်ထားရမည်။ သာမန်အားဖြင့်၊ မိမိတို့၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ မှန်ကန်မှုမရှိသည့် သူများအပြင်၊ အခြားသူများ မြင်သည်ကို နှစ်သက်သောသူများ အမှုအရာများကို လုပ်ဆောင်ရန် စိတ်အားထက်သန်သော သူများ၊ အနှောင့်အယှက်များကို ဖြစ်စေတတ်သူများ၊ ဘာသာရေး အယူဝါဒကို လေကြောရှည်ရာတွင် တော်သောသူများ၊ စာတန်၏ လက်ပါးစေများ စသည်တို့ကဲ့သို့သောသူများနှင့် ပတ်သက်လာသည့်အခါတွင်- ဤလူများ ထရပ်သည့်အခါ၊ ထိုသူတို့သည် အသင်းတော်အတွက် အခက်အခဲများ ဖြစ်လာကြပြီး၊ ဤအရာက ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကို အချည်းနှီး ဖြစ်သွားစေသည်။ ထိုသို့သော လူများ ဟန်ဆောင်ခြင်းကို သင် ကြုံရချိန်တွင် ချက်ချင်း တားမြစ်လော့။ အဖန်ဖန် သတိပေးခံရသော်လည်း၊ ၎င်းတို့ မပြောင်းလဲပါက၊ ၎င်းတို့ ဆုံးရှုံးခြင်း ခံစားရလိမ့်မည်။ အကယ်၍ မိမိတို့၏ နည်းလမ်းများ အတိုင်း ခေါင်းမာမာနှင့် မရမကလုပ်ဆောင်သူများသည် မိမိတို့ကိုယ်ကိုယ် ကာကွယ်ဖို့ကြိုးပမ်းပြီး မိမိတို့၏အပြစ်များကို ဖုံးကွယ်ရန် ကြိုးစားပါက၊ အသင်းတော်က ၎င်းတို့ကို ချက်ချင်း ဖြတ်တောက်ပစ်သင့်ပြီး၊ ၎င်းတို့ လှုပ်ရှားဆောင်ရွက်ဖို့ အခွင့်အလမ်း မရှိစေသင့်ပေ။ အနည်းငယ်ကို ကယ်တင်ရန် ကြိုးစားခြင်းဖြင့် များစွာ မဆုံးရှုံးစေနှင့်။ အခြေအနေတစ်ရပ်လုံးကို ကြည့်နေလော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၈၃)
သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်သည် ရှေ့သို့ ဆက်လက်ဆောင်ရွက်သည့်အားလျော်စွာ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော် အမှု၏ နည်းလမ်းအသစ်ထဲသို့ ငါတို့ကို တစ်ဖန်ပြန်၍ လမ်းပြပို့ဆောင်ပြီ။ အကျိုးရလဒ်အနေဖြင့် အချို့တို့သည် ငါ၏အပေါ်၌ အထင်လွဲမှား၍ ညည်းညူစကားများ ဆိုကြသည်မှာ ရှောင်လွှဲမရနိုင်ပေ။ အချို့တို့သည် ငါ့ကို ဆီးတားဆန့်ကျင်ကာ စေ့စေ့စုံစမ်းစစ်ကြောကြပြီ။ သို့သော်လည်း ငါသည် သက်ညှာစွာဖြင့် သင်တို့၏ နောင်တနှင့် ပြောင်းလဲခြင်းကို စောင့်၍နေဆဲဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုပြုသည့် နည်းလမ်း၌ ပြောင်းလဲခြင်းအရာမှာ ဘုရားသခင်ကိုယ်တော်တိုင် ပွင့်လင်းစွာ ပေါ်ထွန်းခြင်းဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်သည် မပြောင်းလဲဘဲ ရှိရစ်နေမည်။ ငါကယ်တင်နေသော သူသည် သင်ဖြစ်သောကြောင့် ငါသည်သင့်ကို လမ်းခုလတ်၌ ပစ်၍မထား။ သို့သော် သင်တို့အတွင်း၌ ယုံမှားသံသယစိတ်ရှိ၍ သင်တို့သည် လက်ချည်းသက်သက် ပြန်လိုကြသည်။ အခြားသောသူတို့သည် စူးစမ်းလေ့လာလျက် စောင့်နေကြစဉ် အချို့တို့သည် ရှေ့တိုးဆောင်ရွက်ခြင်းမှ ရပ်တန့်လိုက်ကြပြီ ဖြစ်သည်။ အခြားသောသူတို့သည် အခြေအနေကိုလိုက်၍ မလှုပ်မယှက် ကိုင်တွယ်ဖြေရှင်းနေကြကာ အချို့တို့သည် ဆင်တူအောင် တုပခြင်းသက်သက်ကို ပြုလုပ်နေကြသည်။ သင်တို့သည် မိမိတို့၏နှလုံးသားတို့ကို မာကျောစေကြပြီတကား။ သင်တို့အား ငါပြောခဲ့သည်ကို ယူ၍ သင်၏မာနနှင့် ကြွားဝါခြင်းသို့ သင် ပြောင်းလဲခဲ့သည်။ ဤထက်တိုး၍ စဉ်းစားဆင်ခြင်ကြလော့၊ ဤသည်မှာ အခြားဘာမျှမဟုတ်ဘဲ ကရုဏာနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်တို့သည် သင့်အပေါ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့ ဧကန်အမှန် ပုန်ကန်ကြသည်ကိုမြင်ကာ ပြောဆိုခြင်းနှင့် လေ့လာဆန်းစစ်ခြင်းကို တိုက်ရိုက်ပြုလုပ်လေသည်။ သင်တို့သည် ကြောက်ရွံ့သင့်ပေ၏။ အရမ်းမဲ့ မပြုမူကြနှင့် သို့မဟုတ် မည်သည့်အရာကိုမျှ မဆင်မခြင် မပြုကြနှင့်။ အချည်းနှီးဖြစ်သော၊ မာနကြီးသော သို့မဟုတ် ခိုင်မာသော စိတ်သဘောမရှိကြနှင့်။ ငါ၏နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးခြင်းအရာ၌ သာ၍အာရုံပြုလျက် သင်သွားလေရာရာ၌ ငါ၏နှုတ်ကပတ်တော်ကို နေထိုင်အသက်ရှင်လော့၊ သို့ပြုလျှင် ယင်းတို့သည် သင့်ကို အတွင်းထဲမှ စစ်မှန်စွာ ပြောင်းလဲစေပြီးလျှင် သင်သည် ငါ၏စိတ်သဘောထားကို ရရှိလိမ့်မည်ဖြစ်သည်။ ဤအရာတို့ကဲ့သို့သော ရလဒ်များသည်သာ စစ်မှန်လေ၏။
အသင်းတော်ကို တည်ဆောက်ရန်အလို့ငှာ သင်တို့သည် ထူးခြားသော ဝိညာဉ်အသက်တာရှိရမည်၊ စိတ်နှလုံးအကြွင်းမဲ့နှင့် မရပ်မနား ရှာဖွေရမည်ဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စင်ကြယ်စေခြင်းနှင့် လောင်ကျွမ်းစေခြင်းကိုခံယူကာ အသွင်သဏ္ဌာန် ပြောင်းလဲသောသူတစ်ဦး ဖြစ်လာရမည်။ အသင်းတော်ကို ဤကဲ့သို့သော အခြေအနေများအောက်တွင် တည်ဆောက်နိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် ယခုတွင် သင်တို့ကို အသင်းတော် တည်ဆောက်ခြင်းကို စတင်လုပ်ဆောင်စေပြီဖြစ်သည်။ အကယ်၍ သင်သည် အတိတ်က သင်ပြုခဲ့သကဲ့သို့ ဤသို့ ကြောင်တောင်တောင်နှင့် နှေးကွေးလေးလံသော ပုံစံအတိုင်း ဆက်လက်ပြုမူပါက သင့်အတွက် မျှော်လင့်ချက် မရှိပေ။ သင်သည် ကိုယ်ကို သမ္မာတရားနှင့် ပြည်စုံစေလျက် ဝိညာဉ်နှင့်စပ်ဆိုင်သော ထိုးထွင်းသိမြင်မှု ရှိရမည်ဖြစ်ပြီး ငါ၏ဉာဏ်ပညာအရ ပြီးပြည့်စုံသောလမ်းကို လျှောက်လော့။ အသင်းတော် တည်ဆောက်ရန်အလို့ငှာ သင်သည် အပေါ်ယံ အတုခိုးခြင်းမဟုတ်ဘဲ ဝိညာဉ်အသက်တာ၌ ရှိရမည်ဖြစ်သည်။ သင်၏အသက်တာ၌ ကြီးထွားခြင်းဖြစ်စဉ်သည် သင့်ကို ဆောက်တည်ပေးခြင်းဖြစ်စဉ်နှင့် အတူတူပင်ဖြစ်သည်။ သို့သော် ဝိညာဉ်ဆုကျေးဇူးတို့အပေါ် အမှီထားသူတို့ သို့မဟုတ် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်နိုင်စွမ်းမရှိသူတို့ သို့မဟုတ် လက်တွေ့ကျမှု မရှိသူတို့သည် တည်ဆောက်၍ မရနိုင်ကြသည်သာမက အချိန်တိုင်း ငါထံသို့ ချဉ်းကပ်၍လည်းမရ၊ မိတ်သဟာယပြု၍လည်း မရနိုင်ကြပေ။ မိမိ၏စိတ်ကို အယူအဆများဖြင့် ဖိစီးစေသူ သို့မဟုတ် အယူဝါဒအတိုင်း နေထိုင်သောသူနှင့် စိတ်ခံစားမှု၏ လမ်းပြမှုကို ခံရသောသူတို့သည်လည်း ငါ့ထံသို့ချဉ်းကပ်၍မရ၊ မိတ်သဟာယပြု၍ မရနိုင်ကြပေ။ ဘုရားသခင်သည် သင့်ကို အဘယ်ကဲ့သို့ ဆက်ဆံသည်ဖြစ်စေ သင်သည် ဘုရားသခင်ထံ ကိုယ်ကို အပြည့်အဝ အပ်နှံရမည်။ သို့မဟုတ်လျှင် သင်သည် တည်ဆောက်ခြင်းမရနိုင်။ သင်တို့၏ ကိုယ့်ဘာသာကိုယ် ကြီးကျယ်နေခြင်း၊ ဖြောင့်မတ်မှန်ကန်သည်ဟု မိမိကိုယ်ကိုယူဆခြင်း၊ မာန်မာနနှင့် ရောင့်ရဲခြင်းတို့တွင် စိတ်စွဲငြိသူတို့နှင့် အထက်စီးက ဆက်ဆံခြင်းကို နှစ်သက်သောသူ၊ မိမိကိုယ်ကို ဝါကြွားလိုသောသူတို့သည် တည်ဆောက်ခြင်းမရနိုင်ကြပေ။ အခြားသောသူတို့နှင့် ညှိနှိုင်းဆောင်ရွက်ပြီး အစေမခံနိုင်သူတို့သည် တည်ဆောက်ခြင်း မခံရနိုင်ကြပေ။ ဝိညာဉ်နှင့်စပ်ဆိုင်သော ထိုးထွင်းသိမြင်မှုမရှိသူတို့၊ မည်သူ၏လမ်းပြမှုကိုမဆို အမြင်ကန်းစွာ လိုက်လျှောက်သူတို့သည် တည်ဆောက်ခြင်းမခံရနိုင်ကြ၊ ငါ၏ ရည်ရွယ်ချက်များကို နားလည်ခြင်းငှာ မတတ်နိုင်သောသူနှင့် ဟောင်းသော အခြေအနေတို့၌ အသက်ရှင်သောသူတို့သည် တည်ဆောက်ခြင်းမရနိုင်ကြ။ အသစ်သောအလင်း၏ နောက်သို့လိုက်လျှောက်ရန် နှေးလွန်းသောသူတို့၊ အခြေခံအုတ်မြစ်အဖြစ် မည်သည့်ရူပါရုံမျှ မရှိသူတို့သည် တည်ဆောက်ခြင်း မရနိုင်ကြပေ။
အသင်းတော်ကို နှောင့်နှေးခြင်းမရှိဘဲ တည်ဆောက်သင့်ပေသည်၊ ဤအရာအတွက် ငါသည် အရေးတကြီး ပူပန်စရာအကြောင်းရှိ၏။ သင်သည် အပြုသဘောဆောင်ခြင်းကို အာရုံပြုလျက် စတင်သင့်သည်၊ ပြီးနောက် သင်၏ခွန်အားအလုံးစုံတို့ကို ဆက်ကပ်ကာ ဆောက်လုပ်ရေးစီးကြောင်းထဲသို့ ပူးပေါင်းပါဝင်သင့်ပေသည်။ သို့မဟုတ်လျှင် သင်သည် ငြင်းပယ်ခြင်းခံရလိမ့်မည်။ သင်သည် ကျောခိုင်းစွန့်ပစ်ခဲ့သင့်သည့်အရာကို လုံးလုံးစွန့်ပစ်ကာ စားသောက်ခဲ့ရမည့်အရာကို မှန်မှန်ကန်ကန် စားသောက်သင့်သည်။ ငါ့နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားအတိုင်း သင်သည် နေထိုင်အသက်ရှင်သင့်သည်၊ အပေါ်ယံဖြစ်သော အရေးမပါ မည်မည်ရရမဟုတ်သော အကြောင်းအရာတို့အပေါ် အာရုံမပြုသင့်ပေ။ သင့်ကိုသင်မေးမြန်းလော့၊ သင်သည် ငါ၏နှုတ်ကပတ်တော်ကို အဘယ်မျှ မှတ်ယူပြီနည်း။ ငါ၏နှုတ်ကပတ်တော်ကို အဘယ်မျှ နေထိုင်အသက်ရှင်ပြီနည်း။ သင်သည် ခေါင်းရှင်းရှင်းထားရှိစေလျက် မဆင်မခြင် လုပ်ဆောင်ခြင်းအရာတို့ကို ရှောင်ကြဉ်လော့။ သို့မဟုတ်လျှင် ထိုအရာသည် အသက်တာ၌ သင့်ကြီးပွားခြင်းတွင် အကျိုးကိုမပြုဘဲ ဘေးကိုသာပြုလိမ့်မည်။ သင်သည် သမ္မာတရားကို နားလည်သင့်သည်၊ ထိုအရာကို မည်သို့ လက်တွေ့ကျင့်သုံးရမည်ကို သိသင့်သည်၊ ငါ၏နှုတ်ကပတ်တော်ကို သင်၏ အသက်တာ ဧကန် ဖြစ်လာရန် ခွင့်ပြုလော့။ ဤသည်မှာ အကြောင်းအရင်း၏ အချက်အချာဖြစ်သည်။
ယခုတွင် အသင်းတော်တည်ဆောက်ခြင်းမှာ အလွန်အရေးပါသော အချိန်အခါသို့ ရောက်ရှိနေပြီဖြစ်ရာ စာတန်သည် အကြံအစည်များဖန်တီးနေပြီး အသင်းတော်ကိုဖျက်ဆီးရန် အစွမ်းကုန် ကြိုးပမ်းနေလေသည်။ သင်တို့သည် သတိမမူ မဖြစ်သင့်ဘဲ သတိနှင့် ဆက်လက်လုပ်ဆောင်ရမည်၊ ဝိညာဉ်ပကတိအားဖြင့် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးကြလော့။ ထိုထိုးထွင်းသိမြင်မှုမရှိပါက သင်တို့သည် ကြီးမားသောဆုံးရှုံးမှုကို တွေ့ကြုံခံစားရမည်။ ဤသည်မှာ ပေါ့တန်သော ကိစ္စမဟုတ်ပေ။ ထိုအရာကို အရေးကြီးသောအရာအဖြစ် သင်မှတ်ယူရမည်။ စာတန်သည် မှားယွင်းသော အဆင်းပုံပန်းများကို ဆောင်နိုင်စွမ်းရှိ၍ ပါဝင်သောအရာတို့၏ အရည်အသွေး၌ သိသာသော ခြားနားချက်ပါသည့် အတုအယောင်တို့ကို လျှောက်ဖြန့်လျက်ရှိသည်။ လူတို့သည် မိုက်မဲစွာနှင့် သတိမရှိစွာ ပြုမူကြသည့်အပြင် ထိုးထွင်းသိမြင်မှု ကင်းမဲ့ကြသည်၊ ဆိုလိုသည်မှာ သင်သည် အစဉ်အမြဲ ခေါင်းရှင်းရှင်းနှင့် တည်ငြိမ်အေးချမ်းနိုင်မည်မဟုတ်။ သင်တို့၏ စိတ်နှလုံးကို မည်သည့်နေရာတွင်မျှ ရှာဖွေမရပေ။ အစေခံခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်သကဲ့သို့ လက်လွတ်ဆုံးရှုံးခြင်းလည်း ဖြစ်သည်။ ၎င်းသည် ကောင်းချီးမင်္ဂလာ သို့မဟုတ် ကံဆိုးခြင်းထံ ဆိုက်ရောက်သွားစေနိုင်၏။ ငါ၏မျက်မှောက်တော်တွင် ငြိမ်ဝပ်လျက်နေလော့၊ ငါ၏နှုတ်ကပတ်တော်အတိုင်း အသက်ရှင်လော့၊ သင်သည် ဧကန်အမှန် သတိရှိလျက် ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သော ထိုးထွင်းသိမြင်မှုကို ကျင့်သုံးလိမ့်မည်။ စာတန်ရောက်ရှိလာသော အချိန်တွင် သင်သည် ချက်ချင်းကာကွယ်စောင့်ရှောက်နိုင်လိမ့်မည်၊ စာတန် ရောက်လာသည်ကိုလည်း အာရုံခံနိုင်မည်၊ သင်၏ဝိညာဉ်ထဲ၌ အမှန်တကယ် မသက်မသာဖြစ်မှုကို သင်သည် အာရုံခံလိမ့်မည်။ စာတန်၏ လက်ရှိလုပ်ဆောင်မှုသည် ဦးတည်ရာများ ပြောင်းလဲမှုများကိုလိုက်၍ ပြောင်းလဲနေသည်။ လူတို့သည် ကြောင်တောင်တောင်ပုံစံဖြင့် ပြုမူလျက် သတိပြုမှု ကင်းမဲ့သောအခါ သူတို့သည် အကျဉ်းချထားခြင်းကို ခံရမည်။ သင်သည် အစဉ်အမြဲ ဂရုစိုက်ကြည့်လျက် နိုးနိုးကြားကြား သတိရှိသင့်ပေသည်။ သင်၏အမြတ်အစွန်းပေါ်တွင်လည်းကောင်း ဆုံးရှုံးမှုအပေါ်တွင် လည်းကောင်း ငြင်းခုံဆူညံခြင်းမပြုနှင့်၊ သို့မဟုတ် သင်၏ကိုယ်ပိုင် အကျိုးအမြတ်အတွက် ရေတွက်ခြင်းလည်း မပြုလေနှင့်။ ထိုအရာတို့ထက် ငါ၏အလိုကို ပြီးမြောက်စေရန်သာ ရှာဖွေကြလော့။
အရာဝတ္ထုတို့သည် ထပ်တူဖြစ်သယောင်ပေါ်လာနိုင်သည်၊ သို့သော် ထိုအရာတို့၏ အရည်အသွေးမှာ ခြားနားနိုင်၏။ ထို့ကြောင့် သင်သည် အယောက်စီတိုင်းကို မှတ်မိသကဲ့သို့ ဝိညာဉ်တို့ကိုလည်း မှတ်မိရမည်။ သင်သည် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးသင့်သည်၊ ဝိညာဉ်ရေးရာတွင် ခေါင်းရှင်းရှင်းထားသင့်သည်။ စာတန်၏အဆိပ် ပေါ်လာသောအခါ သင်သည် ချက်ချင်းမှတ်မိသင့်သည်။ ထိုအရာသည် ဘုရားသခင်၏ တရားစီရင်ခြင်းအလင်းကို ရှောင်တိမ်း၍မရပေ။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသံကို သင်၏ဝိညာဉ်အားဖြင့် နီးကပ်စွာနားထောင်ရန် ပို၍အာရုံစိုက်သင့်သည်၊ အခြားသောသူတို့၏နောက်သို့ အမြင်ကန်းစွာ မလိုက်နှင့် သို့မဟုတ် အမှားကို အမှန်ဟု တလွဲမထင်နှင့်။ ကြီးစွာသော ဆုံးရှုံးခြင်းများကို မခံစားရစေရန် ဦးဆောင်လမ်းပြသည့် မည်သူမဆို၏နောက်ကို လိုက်၍မသွားနှင့်။ ထိုအရာသည် သင့်ကို မည်သို့ ခံစားစေသနည်း။ သင်တို့သည် အကျိုးရလဒ်ကို ခံစားရပြီလော။ သင်သည် အစေခံခြင်းနှင့် အလျဉ်းသင့်သလို ဝင်ရောက်နှောင့်ယှက်ခြင်း မပြုသင့်၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အတွေးတို့ကို ထိုအရာတွင် ထည့်သွင်းခြင်း မပြုသင့်ပေ၊ သို့မဟုတ်ပါက ငါသည် သင့်ကိုဒဏ်ခတ်မည်။ ပို၍ဆိုးသည်မှာ သင်သည် နာခံရန်ငြင်းဆန်လျက် သင်အလိုရှိသည်ကိုသာ ဆို၍ သင်အလိုရှိသည်ကိုသာ ဆောင်ရွက်ပါက ငါသည် သင့်ကို ပယ်ရှင်းမည်။ အသင်းတော်သည် ပိုမိုသော လူတို့ကို စုဆောင်းရန် မလိုအပ်ပေ၊ အသင်းတော်သည် ဘုရားသခင်ကို ရိုးသားစွာ ချစ်သောသူ၊ ငါ၏နှုတ်ကပတ်တော်အတိုင်း အမှန်တကယ် အသက်ရှင်သူတို့ကိုသာ အလိုရှိပေသည်။ သင်သည် သင်၏ အခြေအနေအမှန်တို့ကို သတိပြုသင့်ပေ၏။ ဆင်းရဲသားသည် ကိုယ်ကို ချမ်းသာသည်ဟု ထင်မြင်ပါက ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာခြင်း မဟုတ်ပါလော။ အသင်းတော်ကို တည်ထောင်ရန်မှာ သင်သည် ဝိညာဉ်တော်ကို နာခံလိုက်လျှောက်ရမည်။ အမြင်ကန်းစွာ ဆောင်ရွက်ခြင်းအားဖြင့် ရှေ့ဆက်၍မဆောင်ရွက်နှင့်၊ သို့သော် သင်၏နေရာ၌သာနေ၍ သင်၏လုပ်ဆောင်ချက်တို့ကို ဖြည့်ဆည်းလော့။ သင်သည် သင့်အခန်းကဏ္ဍ၏ အပြင်သို့ကျော်၍မသွားသင့်၊ သို့သော် သင့်ခွန်အားအစွမ်းကုန်ဖြင့် ဆောင်ရွက်နိုင်သမျှကို ဖြည့်ဆည်းရမည်၊ ထို့နောက် ငါ၏ စိတ်နှလုံးသည် အားရကျေနပ်ခြင်းရှိလိမ့်မည်။ သင်တို့ အားလုံးသည် တူညီသောအမှုကို ဆောင်ရွက်ရမည်မဟုတ်။ ထိုထက် သင်တို့ အယောက်စီတိုင်းသည် သင်တို့ ကိုယ်ပိုင် အခန်းကဏ္ဍကိုသာ ဆောင်ရွက်သင့်သည်၊ သင်တို့၏ အစေခံခြင်းကို အသင်းတော်၌ အခြားသူတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက် မြှုပ်နှံလော့။ သင်၏အစေခံခြင်းသည် ဦးတည်ရာလမ်းကြောင်းမှ သွေဖည်၍ မသွားသင့်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၈၄)
သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုသည် ယခုအခါ သင်တို့ကို အသစ်သောကောင်းကင်နှင့် အသစ်သော ကမ္ဘာမြေထဲသို့ ခေါ်ဆောင်ခဲ့ပြီဖြစ်သည်။ အရာရာသည် အသစ်ပြုပြင်ခြင်း ခံရလျက်ရှိသည်၊ အရာရာသည် ငါ့လက်တွင် ရှိသည်၊ အရာရာသည် အသစ်တဖန် အစပြုနေသည်။ ၎င်းတို့၏အယူအဆများဖြင့် လူတို့သည် ထိုအရာကို နားမလည်နိုင်ကြသကဲ့သို့၊ ထိုအရာသည် ၎င်းတို့အဖို့ အဓိပ္ပါယ်လုံးဝ မရှိသော်လည်း၊ အမှုပြုသောသူမှာ ငါဖြစ်ပြီး ငါ၏ ဉာဏ်ပညာသည် အတွင်းတွင်ပါရှိ၏။ ထို့ကြောင့် သင်တို့အနေဖြင့် သင်တို့၏အယူအဆများနှင့် ထင်မြင်ချက်များအားလုံးကို စွန့်လွှတ်ခြင်းနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျိုးနွံနာခံခြင်းဖြင့် စားသောက်ခြင်းကိုသာ စိတ်ဝင်စား သင့်ပေသည်။ မည်သည့် ဒွိဟမျှ မရှိနှင့်။ ငါသည် ဤနည်းဖြင့် လုပ်ဆောင်နေသည့်အတွက်၊ သန့်ရှင်းမြင့်မြတ်သော တာဝန်ကို ငါထမ်းဆောင်မည်။ အကယ်စင်စစ်၊ လူတို့သည် သီးခြားပုံစံ တစ်ခုဖြစ်ဖို့ မလိုအပ်ပေ။ ယင်းထက်၊ ဘုရားသခင်က သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို ထင်ရှားစေရင်း၊ အံ့ဩဖွယ်ရာများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မကြွားဝါပါက၊ မကြွားဝါနိုင်ပေ။ သို့မဟုတ်ပါက ဆုံးရှုံးမှုကို သင်ခံစားရလိမ့်မည်။ ဘုရားသခင်သည် ဆင်းရဲသူကို မြေမှုန့်မှ ချီမ၏။ နှိမ့်ချသောသူများသည် ချီးမြှောက်ခြင်းခံရမည်။ ၎င်းတို့အားလုံး ငါ၏အတွင်းတွင် ရှိကြဖို့အလို့ငှာနှင့် အသင်းတော်တွင်ရှိသော သင်တို့အားလုံး ငါ့ကို ကျိုးနွံနာခံကြဖို့အလို့ငှာ၊ ငါသည် စကြဝဠာနှင့်ဆိုင်သော အသင်းတော်ကို အုပ်စိုးဖို့၊ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးကို အုပ်စိုးဖို့ရန် ငါ၏ဉာဏ်ပညာကို ပုံစံမျိုးစုံဖြင့် ငါ အသုံးပြုမည်။ ယခင်က မနာခံခဲ့သူများသည် ယခု ငါ့ရှေ့မှောက်တွင် နာခံရမည်၊ အချင်းချင်း ကျိုးနွံနာခံရမည်၊ အချင်းချင်း သည်းခံရမည် ဖြစ်သည်။ သင်ကိုယ်တိုင်၏ အားနည်းချက်များကို ထေမိဖို့ရန် အားလုံးသည် အချင်းချင်း၏ အားသာချက်များကို ထုတ်သုံးရင်းနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အစေခံရင်း၊ သင်တို့၏ အသက်တာများသည် ဆက်နွှယ်နေရမည်ဖြစ်ပြီး၊ သင်တို့ အချင်းချင်း ချစ်ခင်ရမည်။ ဤနည်းလမ်းဖြင့် အသင်းတော်ကို တည်ဆောက်မည် ဖြစ်ပြီး စာတန်သည် အမြတ်ထုတ်ဖို့ အခွင့်အရေး ရရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါမှသာ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်သည် ကျရှုံးလိမ့်မည် မဟုတ်ပေ။ ဤတွင် အခြားသတိပေးချက်တစ်ခုကို သင်တို့အား ငါပေးဦးမည်။ အကြင်မည်သောလူသည် တစ်ချို့သော ပုံစံဖြစ်သောကြောင့်၊ သို့မဟုတ် တစ်စုံတစ်ရာသော နည်းလမ်းဖြင့် ပြုမူခဲ့သောကြောင့်၊ သင်၏ ဝိညာဉ်ရေးရာ အခြေအနေအတွင်း ဆုတ်ယုတ်လာသည့် အကျိုးဆက်နှင့်အတူ သင့်အထဲတွင် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်ခွင့်မပေးနှင့်။ ငါမြင်ရသမျှ၊ ဤသည်မှာ မသင့်တော်သကဲ့သို့၊ တန်ဖိုးမဲ့သော အရာတစ်ခု ဖြစ်သည်။ သင် ယုံကြည်သောသူသည် ဘုရားသခင်ဖြစ်သည် မဟုတ်လော။ လူတစ်စုံတစ်ယောက် မဟုတ်ပေ။ လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး- မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်- အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။
ငါ့ရှေ့မှောက်တွင် ငြိမ်းချမ်းစွာ ရှိခြင်းအဖြစ်ကိုသာ သင်တို့ စိတ်ဝင်စားရမည်။ ငါနှင့် အနီးကပ် မိတ်သဟာယပြုနေလော့၊ သင်နားမလည်သောနေရာများကို သာ၍ကြိုးစားလော့၊ ဆုတောင်းချက်များ ဆက်ကပ်အပ်နှံပြီး ငါ၏အချိန်ကို စောင့်လော့။ စိတ်ဝိညာဉ်မှ အရာရာကို ရှင်းလင်းစွာ မြင်လော့။ သွေဖည်လျက် လျှောက်လှမ်းမိခြင်းမှ မိမိကိုယ်ကိုယ် တားဆီဖို့ရန် မဆင်မခြင် မပြုလေနှင့်။ ဤနည်းဖြင့်သာ ငါ၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းသည် အမှန်တကယ် အကျိုးဖြစ်ထွန်းလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်လော့၊ ငါပြောပြီးသောအရာကို တွေးဆလော့၊ ငါ၏ နှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်ပြီး ငါ၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်လော့။ ဤသည်မှာ အဓိက အကြောင်းအရာ ဖြစ်သည်။ အသင်းတော်ကို တည်ဆောက်ခြင်း လုပ်ငန်းစဉ်သည် အသက်ကြီးထွားခြင်း ဖြစ်စဉ်လည်း ဖြစ်သည်။ အကယ်၍ သင်၏အသက် ကြီးထွားမှုရပ်တန့်ပါက၊ သင်သည် တည်ဆောက်ခြင်း မခံရနိုင်ပေ။ သဘာဝကျမှု၊ ဇာတိပကတိ၊ စိတ်အားထက်သန်မှု၊ အထောက်အကူပြုသော ဆောင်ရွက်ခြင်းများ၊ အရည်အချင်းများအပေါ် အမှီပြုလျက်၊ သင်မည်မျှပင် ကောင်းနိုင်သည်ဖြစ်စေ၊ ဤအရာများအပေါ် သင် အမှီပြုပါက သင် တည်ဆောက်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်ရမည်၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းအတွင်းတွင် အသက်ရှင်ရမည်၊ သင်၏ တကယ့်အခြေအနေကို သိရမည်ဖြစ်ပြီး ပြောင်းလဲသောသူတစ်ဦး ဖြစ်ရမည်။ စိတ်ဝိညာဉ်၌ အလားတူ ထိုးထွင်းသိမြင်မှု ရှိရမည်၊ အသစ်သော ဉာဏ်အလင်းပေးခြင်း ရှိရမည်ဖြစ်ပြီး၊ အသစ်သောအလင်းကို အမီလိုက်နိုင်ရမည်။ သင့်အနေဖြင့် ငါ့ထံ မရပ်မနား တိုးဝင်ချဉ်းကပ်နိုင်ရမည် ဖြစ်ပြီး ငါနှင့် အဆက်အသွယ်ပြုနိုင်ရမည်၊ နေ့စဉ်အသက်တာ၌ သင်၏ လုပ်ဆောင်ချက်များကို ငါ၏နှုတ်ကပတ်တော်များပေါ်တွင် အခြေခံနိုင်ရမည်၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာ မျိုးစုံတို့ကို ငါ၏နှုတ်ကပတ်တော်များအပေါ် အခြေခံလျက် မှန်ကန်စွာ ကိုင်တွယ်နိုင်ရမည် ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များကို သင်၏စံနှုန်းစံထားအဖြစ် ထားရှိကာ သင်၏အသက်တာထဲ လှုပ်ရှားမှုအားလုံးတွင် ငါ၏ စိတ်သဘောထားကို အသက်ရှင်နေထိုင်နိုင်ရမည်ဖြစ်သည်။
အကယ်၍ သင်သည် ငါ့အလိုကို နားလည်သဘောပေါက်ပြီး ဂရုပြုရန် ဆန္ဒရှိပါက၊ ငါ၏နှုတ်ကပတ်တော်များကို အာရုံစိုက် ရမည်။ အမှုအရာများကို မဆင်မခြင် မလုပ်ဆောင်နှင့်။ ငါမထောက်ခံသော အရာအားလုံးသည် ဆိုးရွားသော နိဂုံးနှင့် ကြုံရလိမ့်မည်။ ကောင်းချီးမင်္ဂလာများသည် ငါ ထောက်ခံသော အရာများဖြင့်သာ လာ၏။ ငါပြောလျှင်၊ ဖြစ်လိမ့်မည်။ ငါ အမိန့်ပေးလျှင် မြဲမြံစွာတည်လိမ့်မည်။ ငါ့ကို အမျက်ထွက်စေခြင်းအား ရှောင်ရှားရန်၊ ငါခွင့်မပြုထားသော အရာကို သင်တို့ လုံးဝ မလုပ်ဆောင်ရ။ လုပ်ဆောင်ပါက၊ သင့်အတွက် နောင်တရဖို့ အချိန် ရှိလိမ့်မည်မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၈၅)
အသင်းတော်ကို တည်ဆောက်ရမည့် အချိန်သည် စာတန်၏ သွေးရူးသွေးတန်းဖြစ်ခြင်း အမြင့်ဆုံးအရှိန်သို့ ရောက်ရှိသည့် အချိန်လည်း ဖြစ်သည်။ စာတန်သည် လူအနည်းငယ်မှတစ်ဆင့် အာရုံပျက်စေမှုနှင့် နှောင့်ယှက်မှုတို့ကို မကြာခဏ ဖြစ်စေပြီး၊ ယင်းမှာ ဝိညာဉ်ကို မသိသောသူများနှင့် စာတန်၏ အခန်းကဏ္ဍကို အလွယ်ကူဆုံး ဝင်ရောက်လုပ်ဆောင်နိုင်သည့် ယုံကြည်သူအသစ်များ ဖြစ်ကြသည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို ယေဘုယျအားဖြင့် နားမလည်ကြသောကြောင့်၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကြိုက်များ၊ အမှုအရာများကို လုပ်ဆောင်သည့် ၎င်းတို့ကိုယ်တိုင်၏ နည်းလမ်းများနှင့် ၎င်းတို့ကိုယ်တိုင်၏ အယူအဆများအတိုင်း ထင်ရာမြင်ရာ လုံးဝ ပြုမူတတ်ကြပေသည်။ သင်၏နှုတ်ကိုစောင့်ထိန်းလော့- ဤသည်မှာ သင့်ကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ကောင်းစွာ နားစိုက်ထောင်ကာ ကောင်းစွာ နာခံလော့။ အသင်းတော်သည် လူ့အဖွဲ့အစည်းနှင့် မတူပေ။ သင် စိတ်ရှိတိုင်း လွယ်လွယ်ပြော၍ မရပေ။ သင် တွေးထင်သည့် မည်သည့်အရာကိုမဆို ပြော၍မရပေ။ ဤသည်မှာ ဘုရားသခင်၏ အိမ်တော် ဖြစ်သည်နှင့်အညီ၊ ယင်းသည် ဤနေရာတွင် အလုပ်ဖြစ်မည်မဟုတ်။ အမှုအရာများအား လူတို့ လုပ်ဆောင်သည့် နည်းလမ်းကို ဘုရားသခင် လက်မခံပေ။ သင်သည် ဝိညာဉ်တော်နောက်သို့ လိုက်ခြင်းဖြင့် အရေးကိစ္စများကို လုပ်ဆောင်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင်ရမည် ဖြစ်ပြီး၊ ထိုအခါတွင် အခြားသောသူတို့သည် သင့်ကို လေးစားကြလိမ့်မည်။ သင်သည် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့် သင်ကိုယ်တိုင်အတွင်းရှိ အခက်အခဲများအားလုံးကို ဦးစွာ ဖြေရှင်းရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို အဆုံးသတ်စေပြီး၊ သင်ကိုယ်တိုင်၏ အခြေအနေကို အမှန်တကယ် နားလည်လာနိုင်ကာ၊ မည်သို့ ပြုမူရမည်ကို သိလော့။ နားမလည်သော အရာမှန်သမျှနှင့်ပတ်သက်၍ ဆက်၍ မိတ်သဟာယ ပြုလော့။ လူတစ်ယောက်အတွက် မိမိကိုယ်ကိုယ် မသိခြင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သင်ကိုယ်တိုင်၏ အနာရောဂါကို ဦးစွာ ငြိမ်းစေလော့၊ ပြီးလျှင် ငါ၏နှုတ်ကပတ်တော်များကို သာ၍ မကြာခဏ စားသောက်ကာ စဉ်းစားဆင်ခြင်ရင်း၊ ငါ၏နှုတ်ကပတ်တော်များပေါ် အခြေပြု၍ သင်၏အသက်တာကို ရှင်သန်ကာ သင်၏ ဆောင်ရွက်ချက်များကို လုပ်ဆောင်လော့။ သင်သည် အိမ်တွင် ရှိသည်ဖြစ်စေ အခြားနေရာတွင် ရှိသည် ဖြစ်စေ၊ သင်၏အတွင်းတွင် ဘုရားသခင်အား တန်ခိုးအာဏာစွဲကိုင်ခွင့် ပြုသင့်သည်။ ဇာတိပကတိနှင့် သဘာဝကျခြင်းတို့ကို စွန့်ပစ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏အတွင်းတွင် အမြဲစိုးမိုးခွင့်ပေးလော့။ သင်၏ အသက်တာသည် ပြောင်းလဲခြင်းမရှိ ဖြစ်နေသည်ကို စိုးရိမ်စရာ မလိုပေ။ အချိန်နှင့်အမျှ သင်၏စိတ်သဘောထားသည် ကြီးစွာပြောင်းလဲပြီးဖြစ်သည်ကို သင်သည် ခံစားလာရလိမ့်မည်။ ယခင်က သင်သည် ကျော်ကြားဖို့ရန် စိတ်အားထက်သန်ခဲ့၏၊ သင်သည် မည်သူ့ကိုမျှ မနာခံခဲ့ပေ၊ သို့မဟုတ် ရည်မှန်းချက်ကြီးခဲ့ကာ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခဲ့သည်၊ သို့မဟုတ် မာနကြီးခဲ့သည်- ဤအရာများသည် သင် တဖြည်းဖြည်း ဖယ်ရှားပစ်မည့် အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ၎င်းတို့အား ယခုချက်ချင်း စွန့်ပစ်လိုပါက၊ မဖြစ်နိုင်ပေ။ ဤသည်မှာ သင်၏ အတ္တဟောင်းသည် အခြားသူများအား ထိုအရာကို ထိတွေ့ခွင့်ပေးလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်၊ ၎င်း၏ အမြစ်များသည် အလွန် နက်ရှိုင်းလှ၏။ ထို့ကြောင့် သင်သည် စိတ်ခံစားချက်အရ အားထုတ်မှု ပြုရမည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ နာခံရမည်၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် သင်၏အလိုဆန္ဒကို အသုံးပြုပြီး၊ ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်း ရှိရမည်။ သင်သည် အပြစ်တစ်ခုကို ကျူးလွန်ပါက၊ ဘုရားသခင်သည် သင့်အား ဆုံးမပဲ့ပြင်လိမ့်မည်။ သင်သည် နောက်ပြန်လှည့်ကာ နားလည်သဘောပေါက်လာချိန်တွင်၊ အားလုံးသည် သင်၏ အတွင်း၌ ရုတ်ခြည်း ကောင်းသွားလိမ့်မည်။ သင်သည် စိတ်အလိုလိုက်လျက် ပြောဆိုလျှင်၊ သင်ကိုယ်တိုင်၏အတွင်း၌ ချက်ချင်း ဆုံးမပဲ့ပြင် ခံရလိမ့်မည်။ ဘုရားသခင်သည် ထိုသို့သောအရာတို့တွင် ဝမ်းမြောက်ခြင်း မရှိသည်ကို သင် သိမြင်၏၊ ထို့ကြောင့် သင်ချက်ချင်း ရပ်တန့်လိုက်မည်ဆိုလျှင်၊ အတွင်းစိတ် ငြိမ်းချမ်းခြင်းကို သင် တွေ့ကြုံခံစားရလိမ့်မည်။ ဘဝ၏ ခံစားချက်များက မည်သည့်အရာဖြစ်သည် သို့မဟုတ် ထိုခံစားချက်များအတွင်း မည်သို့ အသက်ရှင်ရမည်ကို နားမလည်သော ယုံကြည်သူအသစ်တစ်ချို့ ရှိ၏။ သင်သည် မည်သည့်အရာမျှ မပြောသော်လည်း၊ သင်၏အတွင်း၌ အဘယ်ကြောင့် အလွန်ဂနာမငြိမ် ဖြစ်ရသနည်းဟု တစ်ခါတစ်ရံတွင် သင် တွေးမိသည်။ ထိုသို့သောအချိန်များတွင်၊ မှားနေသည်မှာ သင်၏ အတွေးများနှင့် သင်၏စိတ် ဖြစ်သည်။ တစ်ခါတစ်ရံ၌ သင်သည် ကိုယ်ပိုင်ရွေးချယ်မှုများ၊ ကိုယ်ပိုင်အယူအဆများနှင့် ထင်မြင်ချက်များ ရှိ၏။ တစ်ခါတစ်ရံတွင် သင်သည် အခြားသူများကို သင့်ထက် ယုတ်ညံ့သည်ဟု ယူဆ၏။ တစ်ခါတစ်ရံတွင် သင်သည် တစ်ကိုယ်ကောင်းဆန်သော ကိုယ်ပိုင်တွက်ချက်မှုများကို ပြုလုပ်ပြီး၊ ဆုတောင်းခြင်း မပြု၊ သင့်ကိုယ်သင် ဆန်းစစ်ခြင်း မပြုပေ။ ဤသည်မှာ အတွင်း၌ သင်ဂနာမငြိမ်ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ပြဿနာက မည်သည့်အရာ ဖြစ်သည်ကို သင် သိကောင်းသိလိမ့်မည်၊ ထို့ကြောင့် သင်၏စိတ်နှလုံးတွင် ဘုရားသခင်၏နာမကို ချက်ချင်း ခေါ်ဆိုလော့၊ ဘုရားသခင်ထံ ချဉ်းကပ်လော့၊ သို့ပြုလျှင် သင် သက်သာလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ပျာယာခတ်ပြီး ဂနာမငြိမ် ဖြစ်လာသည့်အခါ၊ ဘုရားသခင်သည် သင့်အား စကားပြောရန် အခွင့်ပေးသည်ဟု သင် လုံးဝ တွေးရမည်မဟုတ်။ အထူးသဖြင့် ယုံကြည်သူအသစ်များသည် ဤအရာ၌ ဘုရားသခင်ကို နာခံခြင်းအား သေချာအာရုံစိုက်သင့်၏။ လူသား၏အတွင်း၌ ဘုရားသခင် ထားရှိသည့် ခံစားချက်တို့မှာ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်း၊ ကြည်လင်ပြတ်သားခြင်းနှင့် သေချာခြင်းတို့ ဖြစ်၏။ ယေဘုယျအားဖြင့်၊ ကမောက်ကမအခြေအနေ ဖြစ်စေပြီး ထင်ရာမြင်ရာ ပြုမူမည့် နားမလည်သည့်သူများ ရှိ၏- ဤအရာအားလုံးသည် အနှောင့်အယှက်များ ဖြစ်သည်။ ဤအရာကို သေချာစွာ အရေးထားလော့။ သင်သည် ဤအခြေအနေမျိုး ဖြစ်တတ်ပါက၊ ထိုအရာကို တားဆီးဖို့ “ကြိုတင်ကာကွယ်ဆေး” ကို မှီဝဲသင့်သည်။ သို့မဟုတ်လျှင်၊ သင်သည် အနှောင့်အယှက်များကို ဖန်တီးလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် သင့်အား ပြစ်ဒဏ်ပေးလိမ့်မည်။ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မမှတ်ယူလေနှင့်။ သင်ကိုယ်တိုင်၏ မပြည့်ဝခြင်းတို့ကို ထေမိစေရန် အခြားသူများ၏ အားသာချက်များကို ယူပြီး အသုံးပြုလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အခြားသူများ မည်သို့ အသက်ရှင်ကြသည်ကို ကြည့်ရှုပြီး၊ ၎င်းတို့၏ အသက်တာများ၊ လုပ်ရပ်များနှင့် အပြောအဆိုများက အတုယူထိုက်ခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ အခြားသောသူများကို သင့်ထက် နိမ့်ကျသည်ဟု သဘောထားပါက၊ သင်သည် မိမိကိုယ်ကိုယ်မှန်ကန်သည်ဟု ယူမှတ်သောသူ၊ စိတ်ကြီးဝင်သောသူ ဖြစ်ပြီး၊ မည်သူ့ကိုမျှ အကျိုးမပေးပေ။ ယခုအချိန်တွင် မရှိမဖြစ် လိုအပ်သည်မှာ အသက်တာအပေါ် အာရုံစိုက်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို ပို၍ စားသောက်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရန်၊ ငါ၏ နှုတ်ကပတ်တော်များကို သိရှိရန်၊ ငါ၏နှုတ်ကပတ်တော်များကို အမှန်တကယ် သင်၏အသက်တာ ဖြစ်လာစေရန်တို့ ဖြစ်သည်- ဤအရာများသည် အဓိကကျသောအရာများ ဖြစ်၏။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်မရှင်နိုင်ပါက၊ ၎င်း၏ အသက်တာ ရင့်ကျက်နိုင်သလော။ မရင့်ကျက်နိုင်ပေ။ သင်သည် ငါ၏နှုတ်ကပတ်တော်များဖြင့် တစ်ချိန်လုံး အသက်ရှင်ရမည်ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များကို အသက်တာအတွက် သင်၏ ကျင့်ဝတ်စည်းကမ်းအဖြစ် ထားရှိရမည်၊ သို့မှသာ ထိုကျင့်ဝတ်စည်းကမ်းဖြင့် ပြုမူခြင်းသည် ဘုရားသခင်ကို ဝမ်းမြောက်စေသောအရာ ဖြစ်ပြီး အခြားသောနည်းဖြင့် ပြုမူခြင်းသည် ဘုရားသခင် မုန်းတီးသောအရာ ဖြစ်သည်ကို သင်ခံစားရလိမ့်မည်ဖြစ်သည်။ ပြီးလျှင် သင်သည် လမ်းကြောင်းမှန်ပေါ် တဖြည်းဖြည်း လျှောက်လှမ်းလာလိမ့်မည်။ ဘုရားသခင်ထံမှ လာသည့်အရာနှင့် စာတန်ထံမှ လာသည့်အရာတို့ကို သင် နားလည်ရမည်။ ဘုရားသခင်ထံမှ လာသောအရာသည် သင့်ကို သာ၍ ကြီးမားသော ရှင်းလင်းပြတ်သားမှုဖြင့် သင့်ကို ရူပါရုံများပေးပြီး၊ သင့်ကို ဘုရားသခင်နှင့် ယခင်ထက် သာ၍ နီးကပ်စေသည်။ သင်သည် လေးနက်သည့် ချစ်ခြင်းမေတ္တာကို ညီအစ်ကိုမောင်နှမတို့နှင့်အတူ မျှဝေခံစားသည်၊ သင်သည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးအတွက် အရေးထားမှုကို ပြသနိုင်စွမ်းရှိပြီး၊ ဘယ်သောအခါမျှ ဆုတ်ယုတ်မသွားသည့် ဘုရားသခင်ကို ချစ်သည့် နှလုံးသားတစ်ခု သင်၌ ရှိလေသည်။ သင့်အတွက် ရှေ့တွင် လျှောက်လှမ်းဖို့ လမ်းတစ်ခု ရှိ၏။ စာတန်ထံမှ လာသောအရာသည် ရူပါရုံများကို သင်နှင့်အတူ ပျောက်ကွယ်သွားဖို့ ဖြစ်စေပြီး၊ ယခင်က သင်ရှိခဲ့သည့် အရာအားလုံး ဆုံးရှုံးဖို့ ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် ခပ်ခွာခွာ ဖြစ်လာသည်၊ သင်၏ ညီအစ်ကိုမောင်နှမများအတွက် သင့်၌ ချစ်ခြင်းမေတ္တာ မရှိဘဲ အမုန်းတရားနှင့်ပြည့်နေသေ နှလုံးသားတစ်ခု ရှိ၏။ သင်သည် မျှော်လင့်ချက်မဲ့လာကာ၊ အသင်းတော် အသက်တာကို အသက်ရှင်ရန် ဆန္ဒမရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ချစ်သော သင်၏နှလုံးသားသည်လည်း မရှိတော့ပေ။ ဤသည်မှာ စာတန်၏ လုပ်ဆောင်မှုဖြစ်ပြီး၊ ဆိုးယုတ်သောဝိညာဉ်များ၏ လုပ်ဆောင်ချက်က ဆိုက်ရောက်စေသည့် အကျိုးဆက်လည်း ဖြစ်သည်။
ယခုသည် အတိမ်းအစောင်းမခံသော အခိုက်အတန့်တစ်ခု ဖြစ်၏။ သင်သည် သင်၏နောက်ဆုံးအချိန်ဆိုင်းအထိ သင်၏ နေရာတွင် ရှိရမည်၊ အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ရန် သင့်ဝိညာဉ်၏ အမြင်များကို ကြည်လင်စေရမည် ဖြစ်ပြီး၊ အသင်းတော် တည်ဆောက်ရာတွင် သင်တို့၏ အားထုတ်မှု အားလုံးကို အသုံးပြုရမည်။ စာတန်၏ လက်ပါးစေများ၊ ဘာသာရေး အနှောင့်အယှက်များနှင့် ဆိုးယုတ်သောဝိညာဉ်များ၏ လုပ်ဆောင်မှုကို ဖယ်ရှားကြလော့။ အသင်းတော်ကို သန့်စင်စေကာ၊ ငါ၏ အလိုကို မပိတ်ဆီးစေဘဲ ဆောင်ရွက်စေလော့၊ ပြီးလျှင် ကပ်ဘေးများ မတိုင်မီ ဤမျှ တိုတောင်းသည့် အချိန်တွင် ငါသည် သင်တို့ကို ဖြစ်နိုင်သမျှ မြန်မြန် ပြည့်စုံစေမည်ဖြစ်ပြီး၊ သင်တို့အား ဘုန်းအသရေထဲသို့ ခေါ်ဆောင်မည်မှာ အမှန်ပင် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၈၆)
အချိန်သည် မြန်ဆန်လွန်းနေပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် သင့်ကို အင်မတန်ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိစေပြီး နိုင်ငံတော်၏အရှင်ဘုရင်၊ တောက်ပသောနေမင်း ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင် တည်းဟူသော စကြဝဠာ၏ အရှင်ဘုရင်ကို လက်ခံ ရရှိစေ ပြီးနောက်၊ ရှေ့သို့ တစ်ဟုန်ထိုးသွားသည်ကို သင်မြင်သည့်အခါ- ဤသည်မှာ ငါ၏ ကျေးဇူးတော်နှင့် သနားကရုဏာ အားလုံး ဖြစ်သည်။ သင့်အား ငါ၏ ချစ်ခြင်းမေတ္တာမှ ဖြတ်တောက်နိုင်သည့်အရာ နောက်ထပ် မည်သည့်အရာ ရှိသနည်း။ သေချာစွာ တွေးဆလော့၊ လွတ်မြောက်ရန် မကြိုးစားနှင့်၊ ငါ၏ ရှေ့တွင် အချိန်တိုင်း ငြိမ်သက်စွာ စောင့်ဆိုင်းပြီး၊ ပြင်ပတွင် အမြဲ လှည့်လည်သွားလာခြင်း မပြုနှင့်။ သင်၏ စိတ်နှလုံးသည် ငါ၏ စိတ်နှလုံးနှင့် နီးကပ်စွာ လိုက်ရမည် ဖြစ်ပြီး၊ မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ကျိုးကြောင်းမမြင်ဘဲ သို့မဟုတ် ထင်ရာမြင်ရာ မလုပ်နှင့်။ သင်သည် ငါ၏ အလိုကို ကြည့်ရမည်၊ ငါဆန္ဒရှိသည့်အရာ မည်သည့်အရာကိုမဆို လုပ်ရမည်ဖြစ်ပြီး၊ ငါ မလိုလားသောအရာကို စွန့်ပစ်ရန် စိတ်ပိုင်းဖြတ် ထားရမည်။ သင်သည် သင်၏ စိတ်ခံစားမှုများ အတိုင်း မပြုမူရ၊ သို့သော် ယင်းအစား သင်၏ မိဘများ အတွက်ပင် ခံစားချက်မရှိဘဲ ငါကဲ့သို့ ဖြောင့်မတ်ခြင်းကို လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် သမ္မာတရားနှင့် မကိုက်ညီသည့် အရာအားလုံးကို စွန့်လွှတ်ရမည် ဖြစ်ပြီး၊ သင့်ကိုယ်သင် ဆက်ကပ် ရမည်ဖြစ်ကာ၊ ငါ့အား ချစ်သော ဖြူစင်သည့် စိတ်နှလုံးဖြင့် ငါ့အတွက် မိမိကိုယ်ကိုယ် အသုံးခံရမည်။ မည်သည့်လူ၊ မည်သည့်အဖြစ်အပျက် သို့မဟုတ် မည်သည့်အမှုအရာ ထိန်းချုပ်မှုကိုမျှ မခံလေနှင့်။ ငါ၏ အလိုနှင့် ကိုက်ညီသရွေ့၊ ငါ၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့ လုပ်ဆောင်လော့။ ငါ၏ လက်များသည် သင့်ကို မစသည့် အားလျော်စွာ၊ ကြောက်ရွံ့ခြင်း မရှိနှင့်၊ ပြီးလျှင် ငါသည် သင့်ကို မကောင်းမှုပြုသူများထံမှ ဝေးဝေးနေစေမည်။ သင်၏ အသက်သည် ရှင်သန်ခြင်း၌ ငါ ကိုယ်တိုင်၏ အသက်အပေါ် တည်မှီသည့်အတွက်၊ သင်သည် သင်၏ စိတ်နှလုံးကို အချိန်တိုင်း ငါ၏အတွင်းတွင် ရှိစေလျက် စောင့်ကြပ်သင့်သည်။ သင်သည် ငါ့ကို စွန့်ခွာပါက ချက်ချင်း ညှိုးခြောက်လိမ့်မည်။
ဤနေ့ရက်များသည် နောက်ဆုံးသောကာလ ဖြစ်သည်ကို သင် သိသင့်သည်။ စာတန်မာရ်နတ်သည်၊ ဟိန်းသော ခြင်္သေ့ကဲ့သို့ လူတို့ကို မျိုဖို့ရန်အတွက် အနှံ့အပြား ရှာဖွေလျက်ရှိ၏။ ကပ်ရောဂါမျိုးစုံတို့သည် ယခု ဖြစ်ပွားလျက်ရှိနေပြီး၊ အမျိုးမျိုးသော ဆိုးညစ်သည့် ဝိညာဉ်များစွာ ရှိ၏။ ငါသည်သာ စစ်မှန်သော ဘုရားသခင် ဖြစ်သည်။ ငါသည်သာ သင်၏ ခိုလှုံရာဖြစ်သည်။ ယခု သင်သည် ငါ၏ လျှို့ဝှက်သောနေရာ၊ ငါ၏ အတွင်း၌သာ ပုန်းကွယ်နိုင်ပြီး၊ ဘေးဒုက္ခများသည် သင့်အပေါ် ကျရောက်မည် မဟုတ်သကဲ့သို့၊ မည်သည့်ကပ်ဘေးမျှ သင်၏တဲအနီးသို့ ရောက်လာလိမ့်မည် မဟုတ်။ သင်သည် ငါနှင့် ပို၍ မကြာခဏ နီးကပ်လာရမည် ဖြစ်ပြီး လျှို့ဝှက်သောနေရာတွင် ငါနှင့်အတူ မိတ်သဟာယပြု ရမည်။ အခြားသော သူများနှင့် မရေမရာ မိတ်သဟာယပြုခြင်း မပြုနှင့်။ သင်သည် ငါ၏ နှုတ်ကပတ်တော်များထဲက အဓိပ္ပာယ်ကို သဘောပေါက်ရမည်- သင့်အနေဖြင့် မိတ်သဟာယပြု ခွင့်မရှိဟု ငါပြောနေခြင်း မဟုတ်ဘဲ၊ သင်သည် ချင့်ချိန်နိုင်စွမ်း မရှိသေးဟု ပြောနေခြင်း ဖြစ်၏။ ဤအချိန်အတွင်းတွင် ဆိုးယုတ်သောဝိညာဉ်များ၏ လုပ်ဆောင်မှုသည် ထကြွလျက်ရှိသည်။ ၎င်းတို့သည် သင့်အား မိတ်သဟာယပြုပေးဖို့ အမျိုးမျိုးသောလူတို့ကို အသုံးပြု၏။ ၎င်းတို့၏ စကားလုံးများသည် အလွန်နှစ်လိုဖွယ်ရသော်လည်း၊ အတွင်း၌ အဆိပ်ရှိလေသည်။ ၎င်းတို့သည် သကြားအုပ် ထားသော ကျည်ဆန်များဖြစ်ပြီး၊ သင် မသိလိုက်မီ ၎င်းတို့၏ အဆိပ်ကို သင်၏အတွင်းတွင် ထည့်လိမ့်မည်။ ယနေ့တွင် လူအများစုသည် အရက်မူးနေသကဲ့သို့ မတည်ငြိမ်ကြသည်ကို သင် သိသင့်သည်။ သင်၏ အခက်အခဲများအကြောင်း အခြားသူများနှင့် သင် မိတ်သဟာယပြုသည့်အခါ၊ သင့်ကို ၎င်းတို့ပြောသည့်အရာမှာ စည်းမျဉ်းများနှင့် အယူဝါဒမျှသာ ဖြစ်ပြီး၊ ယင်းသည် ငါနှင့် တိုက်ရိုက် မိတ်သဟာယ ပြုခြင်းလောက် မကောင်းပေ။ ငါ၏ ရှေ့သို့လာပြီး၊ သင်၏ အတွင်း၌ရှိသည့် ဟောင်းသောအရာများကို ပွင့်အံထွက် လာစေလော့။ ငါ့အား သင်၏ စိတ်နှလုံးကို ဖွင့်လော့၊ ပြီးလျှင် ငါ၏ စိတ်နှလုံးကို သင့်အား မုချ ထုတ်ဖော်ပြလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ငါ၏ ရှေ့တွင် လုံ့လဝီရိယရှိရမည်။ မပျင်းရိဘဲ မကြာခဏ ငါ့ထံ နီးကပ်စွာ လာလော့- ဤသည်မှာ သင်၏ အသက်တာ ကြီးထွားရန် အမြန်ဆုံး နည်းလမ်းဖြစ်သည်။ သင်သည် ငါ၏ အတွင်းတွင် ရှင်သန်ရမည်ဖြစ်ပြီး ငါသည် သင်၏အတွင်းတွင် ရှင်သန်မည်၊ ပြီးလျှင်ငါသည် အရာခပ်သိမ်းတွင် သင့်ကို ညွှန်ကြားရင်း သင်၏ အတွင်းတွင် ရှင်ဘုရင်ဖြစ်မည်ဖြစ်ပြီး၊ သင်သည် နိုင်ငံတော်ကို မျှဝေခံစားရလိမ့်မည်။
သင်သည် ငယ်ရွယ်သောကြောင့် မိမိကိုယ်ကိုယ် လျှော့မတွက်နှင့်။ သင်သည် ငါ့ထံ မိမိကိုယ်ကိုယ် ဆက်ကပ် အပ်နှံသင့်၏။ ငါသည် လူတို့ကို အပေါ်ယံအားဖြင့် မည်သို့ ထင်ရသည်ကို ထည့်သွင်းမစဉ်းစားသကဲ့သို့ ၎င်းတို့ အသက်အရွယ် မည်မျှရှိသည်ကို ငါ ထည့်သွင်းမစဉ်းစားပေ။ ၎င်းတို့ ငါ့ကို ရိုးသားစစ်မှန်စွာ ချစ်မချစ်ဆိုသည်နှင့် ငါ၏လမ်းကို လိုက်လျှောက်ကာ၊ အခြားအရာများအားလုံးကို အလေးမထားဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်ကိုသာ ငါ ထည့်သွင်းစဉ်းစားသည်။ မနက်ဖြန် မည်သို့ဖြစ်မည်၊ အနာဂတ်သည် မည်သို့ဖြစ်မည်ကို မစိုးရိမ်နှင့်။ နေ့စဉ် အသက်ရှင်ရန် သင်သည် ငါ့အပေါ် အမှီပြုသရွေ့၊ ငါသည် သင့်ကို ဧကန်မုချ ဦးဆောင်လမ်းပြမည် ဖြစ်သည်။ စာတန် စေလွှတ်သည့် အတွေးတစ်ခုဖြစ်သော၊ “ငါ့အသက်တာသည် အလွန်သေးနုပ်လှသည်၊ မည်သည့်အရာကိုမျှ ငါ နားမလည်။” ဟူသည့် အတွေးအပေါ် တရစ်ဝဲဝဲတွေးမနေနှင့်။ သင်သည် အချိန်တိုင်း ငါနှင့် နီးကပ်လာဖို့၊ လမ်းဆုံးထိ ငါ၏ ခြေလှမ်းများနောက် လိုက်ဖို့ရန် သင်၏စိတ်နှလုံးကို အသုံးပြုရန်သာ ဖြစ်သည်။ ငါ၏ အပြစ်တင်ကာ သတိပေးသော နှုတ်ကပတ်တော်များကို သင် ကြားသည့်အခါ၊ ချက်ချင်း နိုးထပြီး ရှေ့သို့ ပြေးလော့။ မရပ်မနားဘဲ ငါ့ထံ နီးနီးကပ်ကပ် လာလော့၊ လူအုပ်ကို အမီလိုက်ပြီး၊ ရှေ့သို့ မပြတ်ကြည့်လော့။ ငါ၏မျက်မှောက်တွင်၊ သင်သည် သင်၏ဘုရားသခင်ကို သင်၏ စိတ်နှလုံးနှင့် ဝိညာဉ်အလုံးစုံဖြင့် ချစ်ရမည်။ အစေခံခြင်း လမ်းကြောင်းပေါ်တွင် ငါ၏နှုတ်ကပတ်တော်များကို ပို၍ မကြာခဏ စဉ်းစားလော့။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ရာတွင် သူရဲဘောနည်းခြင်း မရှိနှင့်- ယောက်ျားသား၏ စိတ်ဆုံးဖြတ်ချက်နှင့် စိတ်ပိုင်းဖြတ်မှုတို့ဖြင့် အားကြီးသည့် နှလုံးသားရှိလော့။ ရှိန်လောက်သော စိတ်နှလုံး ပိုင်ဆိုင်ထားရှိလော့။ သင်သည် ငါ့ကိုချစ်လိုလျှင်၊ သင့်အထဲတွင် ငါဖြစ်မြောက်စေလိုသည့် အရာအားလုံးဖြင့် သင်သည် ငါ့ကို စိတ်ကျေနပ်စေရမည်။ ငါ့နောက်ကို သင် လိုက်လိုလျှင်၊ သင့်၌ ရှိသမျှ၊ သင် ချစ်သောအရာအားလုံးကို ပစ်ပယ်ရမည်။ ငါ၏ ရှေ့မှောက်တွင် ရိုးရှင်းသော စိတ်ဖြင့် နှိမ့်ချစွာ ကျိုးနွံနာခံရမည်။ ဖြစ်ကတတ်ဆန်း မစူးစမ်း သို့မဟုတ် မစဉ်းစားဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို ရင်ပေါင်တန်းလိုက်လော့။
ဤတွင်၊ ငါသည် သင့်ကို အကြံပြု၏- သင်၏အတွင်းတွင် ငါ ဉာဏ်အလင်းပေးသည့် အရာအားလုံးကို မြဲမြံစွာ ထိန်းသိမ်းကာ လက်တွေ့လုပ်ဆောင်သည်ကို သေချာစေလော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၈၇)
နိုးထလော့၊ ညီအစ်ကိုတို့။ နိုးထလော့၊ ညီအစ်မတို့။ ငါ၏နေ့ရက်သည် ကြန့်ကြာလိမ့်မည်မဟုတ်။ အချိန်သည် အသက်ဖြစ်ပြီး၊ အချိန်ကို ပြန်လည် မလွှတ်တမ်း အသုံးချဖို့ဆိုသည်မှာ အသက်ကို ကယ်တင်ဖို့ဖြစ်၏။ အချိန်သည် အလှမ်းမဝေးလှပေ။ အကယ်၍ သင်တို့သည် ကောလိပ် ဝင်ခွင့်စာမေးပွဲ ကျရှုံး ပါက၊ သင်တို့ ကြိုက်နှစ်သက်သလောက် အကြိမ်များစွာ လေ့လာပြီး ပြန်ဖြေနိုင်သည်။ သို့သော် ငါ၏နေ့ရက်သည် နောက်ထပ် ကြန့်ကြာခြင်းကို သည်းခံလိမ့်မည်မဟုတ်။ အမှတ်ရကြလော့။ အမှတ်ရကြလော့။ ငါသည် သင်တို့ကို ဤကောင်းမြတ်သော နှုတ်ကပတ်တော်များဖြင့် တိုက်တွန်း၏။ ကမ္ဘာကြီး၏ နိဂုံးသည် သင်တို့၏မျက်စိရှေ့တွင် ဖွင့်ဟကာ ကြီးမားသော ဘေးဒုက္ခတို့သည် ရုတ်ခြည်းနီးကပ် လာကြ၏။ မည်သည့်အရာ သာ၍ အရေးကြီးသနည်း- သင်တို့၏ အသက်တာလော သို့မဟုတ် သင်တို့၏အိပ်စက်ခြင်း၊ သင်တို့၏အစားအသောက်နှင့် အဝတ်အစားတို့လော။ ဤအရာများကို ချိန်ဆရန် သင့်အတွက် အချိန်ကျရောက်လာလေပြီ။ သံသယ မရှိလေတော့နှင့်၊ ပြီးလျှင် သေချာရေရာခြင်းကို မရှောင်ရှားနှင့်။
သနားဖွယ်ကောင်းလေစွ။ နုံချာလိုက်လေစွ။ ကျိုးကြောင်းမမြင်လေစွ။ လူသားမျိုးနွယ်သည် ရက်စက်လှပေသည်တကား။ ဧကန်အမှန်၊ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်ကို နားမထောင်ပေ- ငါသည် သင်တို့ကို အချည်းနှီး ပြောဆိုနေသည်လော။ သင်တို့သည် အလွန်ပင် ပေါ့လျော့နေဆဲဖြစ်သည်- အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ သင်တို့သည် ထိုသို့သော အတွေးတစ်ခု အမှန်တကယ် လုံးဝ မရှိဖူးကြသလော။ ငါသည် မည်သူ့အတွက် ဤအရာများကို ပြောဆိုသနည်း။ ငါ့ကို ယုံကြည်လော့။ ငါသည် သင်တို့၏ ကယ်တင်ရှင်ဖြစ်သည်။ ငါသည် သင်တို့၏ အနန္တတန်ခိုးရှင် ဖြစ်သည်။ ဆက်စောင့်ကြည့်လော့။ ဆက်စောင့်ကြည့်လော့။ ဆုံးရှုံးသွားသောအချိန်သည် မည်သည့်အခါတွင်မျှ တစ်ဖန် လာလိမ့်မည် မဟုတ်- ဤသည်ကို အမှတ်ရကြလော့။ နောင်တကို ကုသပျောက်ကင်းစေသောဆေး လောကတွင် မရှိ။ ထို့ကြောင့်၊ ငါသည် သင်တို့ကို အဘယ်သို့ ပြောဆိုသင့်သနည်း။ ငါ၏နှုတ်ကပတ်တော်သည် သင်တို့၏ သတိရှိသည့်၊ အဖန်ဖန် စဉ်းစားဆင်ခြင်ခြင်းနှင့် မထိုက်တန်သလော။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်နှင့်ပတ်သက်၍ အလွန် အရေးမထားသကဲ့သို့၊ သင်တို့၏အသက်တာနှင့်ပတ်သက်၍ အလွန် တာဝန်မဲ့လေသည်။ ငါသည် ယင်းကို မည်သို့ သည်းခံနိုင်မည်နည်း။ ငါ မည်သို့ သည်းခံနိုင်မည်နည်း။
ဤတစ်ချိန်လုံး၊ မှန်ကန်သော အသင်းတော် အသက်တာတစ်ခုသည် သင်တို့အလယ် အဘယ်ကြောင့် မပေါ်ထွက်နိုင်သေးသနည်း။ အဘယ်ကြောင့် ဆိုသော် သင်တို့သည် ယုံကြည်ခြင်း ကင်းမဲ့သောကြောင့် ဖြစ်သည်။ သင်တို့သည် အဖိုးအခကို ပေးဆပ်ရန်၊ မိမိတို့ကိုယ်ကိုယ် ဆက်ကပ်ရန်၊ ငါ၏ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားခြင်းမရှိကြပေ။ နိုးထကြလော့၊ ငါ့သားတို့။ ငါ့ကို ယုံကြည်ကြလော့၊ ငါ့သားတို့။ ငါ၏ချစ်လှစွာသော သူတို့၊ သင်တို့သည် ငါ၏ စိတ်နှလုံး၌ မည်သည့်အရာ ရှိသည်ကို အဘယ်ကြောင့် မစဉ်းစားကြလိမ့်မည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၈၈)
အသင်းတော်ထဲတွင် ဖြစ်ပေါ်သော ပြဿနာများနှင့် စပ်လျဉ်း၍ များစွာသောဒွိဟများဖြင့် မပြည့်နှင့်။ အသင်းတော်ကို တည်ဆောက်ဆဲအချိန်၌ အမှားများကို ရှောင်လွှဲ၍ မရနိုင်၊ သို့သော် ပြဿနာများနှင့် တွေ့ကြုံရသည့်အခါ သင်သည် အထိတ်တလန့် မဖြစ်နှင့်။ ယင်းထက်၊ စိတ်လှုပ်ရှားခြင်းမရှိဘဲ စိတ်တည်ငြိမ်လော့။ ငါသည် သင်တို့ကို ပြောနှင့်ပြီ မဟုတ်လော။ ငါ၏ရှေ့သို့ မကြာခဏ လာပြီး ဆုတောင်းလော့၊ ပြီးလျှင် ငါသည် သင့်အား ငါ၏ရည်ရွယ်ချက်များကို ရှင်းလင်းစွာပြမည်။ အသင်းတော်သည် ငါ၏ နှလုံးသား ဖြစ်ပြီး၊ ယင်းသည် ငါ၏ နောက်ဆုံး ရည်မှန်းချက်ဖြစ်သည်၊ ထို့ကြောင့် ငါသည် ယင်းကို အဘယ်သို့ မချစ်ဘဲ နေနိုင်မည်နည်း။ မကြောက်ကြနှင့်- ဤသို့သော အရာများ အသင်းတော်၌ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် ငါ၏ခွင့်ပြုချက်ဖြင့် ဖြစ်ပျက်ကြပေသည်။ မတ်တပ်ရပ်ကာ ငါ၏ကိုယ်စား စကားပြောလော့။ အရာခပ်သိမ်းနှင့် ကိစ္စရပ်အားလုံးသည် ငါ၏ ပလ္လင်က ခွင့်ပြုထားခြင်း ဖြစ်ပြီး ၎င်းတို့အတွင်းတွင် ငါ၏ ရည်ရွယ်ချက်များ ပါရှိသည်ကို ယုံကြည်ခြင်းရှိလော့။ အကယ်၍ သင်သည် အကြောင်းမဲ့သက်သက် ပုံစံဖြင့် ဆက်လက် မိတ်သဟာယပြုပါက၊ ပြဿနာများ ရှိလိမ့်မည်။ အကျိုးဆက်များကို သင် စဉ်းစားပြီးပြီလော။ ဤသည်မှာ စာတန် ကောင်းကောင်းအသုံးချမည့် အရာမျိုး ဖြစ်သည်။ ငါ၏ရှေ့သို့ မကြာခဏလာလော့။ ငါသည် ရှင်းလင်းစွာ ပြောမည်- သင်သည် ငါ၏ ရှေ့သို့ လာခြင်းမရှိဘဲ တစ်စုံတစ်ရာ လုပ်ဆောင်မည်ဆိုပါက၊ ယင်းကို သင် ပြည့်စုံစေနိုင်လိမ့်မည်ဟု မထင်နှင့်။ ဤအခြေအနေထဲသို့ ငါ့ကို တွန်းပို့သည်မှာ သင်တို့ ဖြစ်သည်။
စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အမြဲ ယူဆ ကြသော်လည်း၊ ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်သည်ကို သင်တို့ သတိမပြုမိကြပေ။ ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် မွေ့လျော်ရန် မတွန့်ဆုတ်နှင့်။ အမှောင် ကျော်လွန်သည့်အခါ၊ အလင်း စုရုံး၏။ အရုဏ်မတက်မီ အမှောင်ဆုံးဖြစ်၏။ ဤအချိန်ပြီးနောက် ကောင်းကင်သည် တဖြည်းဖြည်း လင်းလက်လာပြီး၊ ထို့နောက် နေ ပေါ်ထွက်ပေသည်။ ကြောက်ရွံ့ခြင်းမရှိနှင့် သို့မဟုတ် တွန့်ဆုတ်ခြင်း မဖြစ်နှင့်။ ယနေ့တွင် ငါ၏ သားများကို ငါ အားပေးပြီး၊ ၎င်းတို့အတွက် ငါ၏ တန်ခိုးကို ငါစွဲကိုင်၏။
အသင်းတော်၏ လုပ်ငန်းဆောင်တာနှင့် ပတ်သက် လာသည့်အခါ၊ သင်၏ တာဝန်ဝတ္တရားကို အမြဲ ခေါင်းမရှောင်နှင့်။ အကယ်၍ သင်သည် ငါ၏ရှေ့သို့ အကြောင်းကိစ္စကို တာဝန်သိစွာ ယူဆောင်လာပါက၊ နည်းလမ်းတစ်ခုကို သင်ရှာတွေ့လိမ့်မည်။ ဤသို့သော မဖြစ်စလောက် ပြဿနာတစ်ခု ဖြစ်ပွားသည့်အခါ၊ သင်သည် မည်သည့်အရာ လုပ်ရမည်မသိ ကြောက်ရွံကာ ထိတ်လန့်လာပါသလော။ “ငါ့အနီးသို့ မကြာခဏ လာလော့” ဟု ငါသည် အကြိမ်အတော်များများ ပြောဆိုပြီး ဖြစ်သည်။ သင်တို့ကို ငါစေခိုင်းသည့်အရာများကို တာဝန်သိစွာ သင်တို့ လက်တွေ့လုပ်ဆောင် ပြီးပြီလော။ ငါ၏ နှုတ်ကပတ်တော်များကို ဘယ်နှစ်ကြိမ်မျှ သင် တွေးဆဖူးသနည်း။ ထိုသို့ မလုပ်ဆောင်ဖူးပါက၊ သင်၌ ရှင်းလင်းသော ထိုးထွင်းသိမြင်မှု တစ်ခုတစ်လေမျှ မရှိပေ။ ဤသည်မှာ သင်၏ ကိုယ်ပိုင်လုပ်ဆောင်ချက် မဟုတ်လော။ သင်သည် အခြားသူတို့ကို အပြစ်တင်သော်လည်း၊ ယင်းအစား မိမိကိုယ်ကိုယ် ရွံရှာမှု အဘယ့်ကြောင့် သင် မခံစားရသနည်း။ အမှုအရာများကို သင်သည် ဖျက်ဆီးပြီး၊ ထို့နောက်တွင် သင် ဂရုမစိုက်မြဲ ဂရုမစိုက်သကဲ့သို့ ဝတ်ကျေတမ်းကျေ ဖြစ်မြဲဖြစ်လေသည်။ ငါ၏ နှုတ်ကပတ်တော်များကို သင် အရေးစိုက်ရမည်။
နာခံသောသူနှင့် ကျိုးနွံသော သူတို့သည် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ အသင်းတော်တွင်၊ ငါ့အတွက် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်လော့၊ သမ္မာတရားကို ထိန်းသိမ်းလော့။ အမှန်သည် အမှန်၊ အမှားသည် အမှား ဖြစ်၏။ အဖြူနှင့် အမည်းကို ရောထွေးခြင်း မရှိနှင့်။ သင်သည် စာတန်နှင့် တိုက်ပွဲဖြစ်လိမ့်မည် ဖြစ်ပြီး ၎င်းကို အဘယ်သောအခါမျှ တစ်ဖန် မထကြွစေဖို့အလို့ငှာ အလျှင်း နှိမ်နင်းရမည်။ ငါ၏ သက်သေခံချက်ကို ကာကွယ်ရန်အတွက် သင်၌ ရှိသမျှအရာရာကို ပေးရမည်။ ဤအရာသည် သင်တို့ အပြုအမူများ၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်ရလိမ့်မည်- ဤအရာကို မမေ့လျော့နှင့်။ သို့သော် ယခုတွင်၊ သင်တို့သည် ယုံကြည်ခြင်းနှင့် အမှုအရာများကို ပိုင်းခြားသိမြင်သော အစွမ်းအစတို့တွင် ချို့တဲ့နေကြပြီး၊ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ ရည်ရွယ်ချက်များကို သင်တို့ အမြဲပင် နားမလည်နိုင်ကြပေ။ မည်သို့ပင်ဆိုစေကာမူ၊ စိုးရိမ်ပူပန်ခြင်း မရှိနှင့်။ အရာရာသည် ငါ၏ ခြေလှမ်းများအတိုင်း ရှေ့ဆက်နေပြီး၊ စိုးရိမ်ပူပန်ခြင်းသည် ဒုက္ခကိုသာ ဖြစ်စေသည်။ ငါ၏ရှေ့တွင် အချိန် သာ၍ ကုန်ဆုံးပြီး၊ ကာယခန္ဓာအတွက်ဖြစ်သည့် အစားအစာနှင့် အဝတ်အစားတို့ကို အရေးကြီးသည်ဟု မထင်နှင့်။ ငါ၏ ရည်ရွယ်ချက်များကို မကြာခဏ ရှာဖွေလော့၊ ပြီးလျှင် ၎င်းတို့ အဘယ်အရာဖြစ်သည်ကို သင်တို့အား ရှင်းလင်းစွာ ငါ ပြမည်။ ငါသည် လူသားတိုင်းအတွက် ပိတ်ပင်တားဆီးခြင်းမရှိဘဲ အဝင်လမ်းတစ်ခု ရှိဖို့အလို့ငှာ အရာရာတိုင်း၌ သင်သည် ငါ၏ ရည်ရွယ်ချက်များကို တဖြည်းဖြည်း ရှာတွေ့လိမ့်မည်။ ဤအရာက ငါ၏ စိတ်နှလုံးကို ကျေနပ်စေလိမ့်မည် ဖြစ်ပြီး၊ သင်တို့သည် ငါနှင့်အတူ ကောင်းချီးမင်္ဂလာများကို ကာလအစဉ်အမြဲ ရရှိကြလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၈၉)
ပေတရုသည် ငါ့အပေါ်နှစ်ပေါင်းများစွာ သစ္စာရှိခဲ့သော်လည်း သူသည် မည်သည့်အခါမျှ ညည်းတွားခြင်း မပြုခဲ့၊ သို့မဟုတ် ညည်းညူသည့် နှလုံးသား မရှိခဲ့။ ထို့အပြင် ယောဘသည်ပင် ၎င်းနှင့်တန်းတူ မဟုတ်ခဲ့။ ခေတ်ကာလများတစ်လျှောက်၊ သန့်ရှင်းသူများသည်လည်း သူ၏စံချိန်မမီပေ။ သူသည် ငါ့ကိုသိရန် လုပ်ဆောင်ခဲ့သည်သာမက စာတန်သည် ၎င်း၏လှည့်ဖြားသော အကြံအစည်များကို အကောင်အထည်ဖော်နေစဉ် ငါ့ကို သိလာခဲ့ခြင်းလည်း ဖြစ်၏။ ဤသည်မှနေ၍ ငါ၏စိတ်နှလုံးနှင့် ညီညွတ်သည့် အစေခံမှုကို နှစ်ပေါင်းများစွာ ပြုခဲ့၏။ ရလဒ်အနေဖြင့် သူသည် မည်သည့်အခါမျှ စာတန်၏ အခွင့်ကောင်းယူခြင်းကို မခံခဲ့ရပေ။ ပေတရုသည် ယောဘ၏ယုံကြည်ခြင်းမှ ခွန်အားယူခဲ့၏။ သို့ရာတွင် ယောဘ၏အားနည်းချက်များကိုလည်း ရှင်းလင်းစွာ သူသတိမူမိခဲ့၏။ ယောဘ၏ယုံကြည်ခြင်းသည် ကြီးမားသော်လည်း၊ သူသည် ဝိညာဉ်လောကမှ ကိစ္စရပ်များပေါ် အသိကင်းမဲ့ခဲ့သည်။ ထို့ကြောင့် သူသည် လက်တွေ့အရှိတရားနှင့် ကိုက်ညီခြင်းမရှိသည့် စကားများစွာပြောခဲ့၏။ ဤသည်မှာ သူ၏အသိဉာဏ်သည် တိမ်သေးကြောင်းနှင့် စုံလင်စေခြင်းခံနိုင်စွမ်း မရှိကြောင်းကို ပြ၏။ ထို့ကြောင့် ပေတရုသည် ဝိညာဉ်အပေါ် အသိဉာဏ်ရရှိရန် အစဉ်မျှော်လင့်ခဲ့၍ ဝိညာဉ်လောက၏ လှုပ်ရှားပြောင်းလဲစေသည့် အင်အားစုများအပေါ် လေ့လာရေးကို အစဉ်အလေးထားခဲ့၏။ ရလဒ်အနေဖြင့်၊ သူသည် ငါ၏အလိုဆန္ဒများအား အတိုင်းအတာ တစ်ရပ်အထိ သေချာအောင်လုပ်နိုင်ခဲ့ရုံမက၊ စာတန်၏ လှည့်ဖြားသည့် အကြံအစည် အနည်းငယ်ကိုလည်း နားလည်သဖြင့် ငါ့ကိုသိသော သူ၏အသိဉာဏ်သည် ခေတ်ကာလများတစ်လျှောက် အခြားသူများထက် သာ၍ကြီးမားခဲ့၏။
ပေတရု၏အတွေ့အကြုံများအရ လူသားသည် ငါ့ကိုသိလိုပါက၊ သူသည် ဝိညာဉ်ကို ဂရုပြု၍ စဉ်းစားခြင်းအပေါ် အာရုံစိုက်ရမည် ဆိုသည်ကို တွေ့ရန် မခက်ခဲပေ။ ငါ့ကို ပြင်ပမှ ကြီးစွာဆက်ကပ် ဆည်းပူးရန် သင့်အား ငါမတောင်းဆိုပေ။ ဤသည်မှာ အဓိကစိုးရိမ်စရာ မဟုတ်ပေ။ သင်သည် ငါ့ကိုမသိလျှင်၊ သင်ပြောဆိုသည့် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သစ္စာရှိခြင်းတို့အားလုံးသည် ထင်ယောင်မှားမှုများသာ ဖြစ်၏။ ၎င်းတို့သည် အရည်မရ အဖတ်မရများဖြစ်၏။ ထို့အပြင် သင်သည် ငါ့ရှေ့မှောက် ဝါကြွားမှုကြီးများ ပြုလုပ်သော်လည်း မိမိကိုယ်မိမိ မသိသူတစ်ဦးဖြစ်ရန် သေချာ၏။ ထို့ကြောင့် သင်သည် စာတန်၏ ကျော့ကွင်းတွင် တစ်ဖန်မိပြန်ကာ သင့်ကိုယ်သင် လွတ်မြောက်အောင် လုပ်နိုင်မည်မဟုတ်ပေ။ သင်သည် ပျက်စီးခြင်း၏ သားဖြစ်သွားကာ ဖျက်ဆီးရမည့်အရာဖြစ်သွားလိမ့်မည်။ သို့ရာတွင် သင်သည် ငါ့နှုတ်ကပတ်တော်များအပေါ် စိမ်းကား၍ စာနာစိတ် ကင်းပါက၊ သင်သည် ငါ့ကို ဆန့်ကျင်သည်မှာ သေချာ၏။ ဤသည်မှာ အမှန်တရားဖြစ်၍၊ ငါပြစ်တင်ဆုံးမသည့် များစွာသောဝိညာဉ် အမျိုးမျိုးကို သင်သည် ဝိညာဉ်လောက တံခါးပေါက်မှတစ်ဆင့် ကြည့်လျှင် ကောင်းမည်။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်တို့အပေါ် မလှုပ်မရှားဘဲနေသနည်း။ ထို့အပြင် ဂရုမစိုက်၊ လက်မခံဘဲနေသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်တို့အပေါ် အဆိုးမမြင်ဘဲနေသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်များတွင် အပြစ်ရှာရန် မကြိုးစားဘဲနေသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်များကို သူတို့ကိုယ်သူတို့ ကာကွယ်ရန် ခုခံသည့် လက်နက်အဖြစ် အသုံးမပြုခဲ့သနည်း။ သူတို့သည် ငါ၏နှုတ်ကပတ်တော်များအားဖြင့် ငါ့ကိုသိရန် မကြိုးစားကြဘဲ ဆော့ကစားရန် အရုပ်များအဖြစ်သာ သုံးခဲ့ကြသည်။ ဤနေရာတွင်၊ ထိုသူတို့သည် ငါ့ကို တိုက်ရိုက်ဆန့်ကျင်သည် မဟုတ်လော။ ငါ၏နှုတ်ကပတ်တော်တို့သည် မည်သူတို့နည်း။ ငါ၏ဝိညာဉ်သည် မည်သူနည်း။ ငါသည် သင်တို့အား ဤကဲ့သို့သောစကားများစွာ ပြောဆိုခဲ့သော်လည်း သင်တို့၏အမြင်များသည် သာ၍မြင့်မားကာ ရှင်းလင်းခဲ့ဖူးသည်လော။ သင်တို့၏အတွေ့အကြုံများသည် စစ်မှန်ခဲ့ဖူး သည်လော။ ငါသည် သင်တို့ကို တစ်ဖန် သတိပေးဦးမည်- ငါ၏နှုတ်ကပတ်တော်များကို သင်တို့မသိလျှင်၊ သင်တို့ လက်မခံလျှင်၊ ထို့အပြင် လက်တွေ့ကျင့်သုံးခြင်း မရှိလျှင်၊ သင်တို့သည် ငါ၏ပြစ်တင် ဆုံးမခြင်းကို ခံရမည့်အရာဖြစ်မည်မှာ မလွဲဧကန်ဖြစ်၏။ သင်သည် စာတန်၏ သားကောင်ဖြစ်သွားမည်မှာ သေချာ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၉၀)
များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့် ညီညွတ်ရန် ၎င်းတို့ မည်သည့်အရာ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူများသည် “ဘုရားသခင်” ဆိုသည့် စကားလုံးနှင့် “ဘုရားသခင်၏ အမှု” ဟူသော စကားစုများနှင့် ရင်းနှီးကြသော်လည်း၊ ဘုရားသခင်ကို မသိကြဘဲ သူ၏ အမှုကို သာ၍ပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မသိသောသူများ အားလုံးသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ရှုပ်ထွေးကြသည်မှာ မထူးဆန်းပေ။ လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးုကိုသာ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် ကျမ်းဟောင်းတရားများ နှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကိုယ် မေးကြစို့- ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၉၁)
လူသားအနေဖြင့် ဘုရားသခင်ကို ပထမဦးစွာ ယုံကြည်သည့်အခါမှစ၍ သူရရှိထားသည့်အရာသည် မည်သည့်အရာနည်း။ ဘုရားသခင်၏ အကြောင်း သင် မည်သည့်အရာ သိရှိလာပြီးဖြစ်သနည်း။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကြောင့် သင်မည်မျှ ပြောင်းလဲပြီးဖြစ်သနည်း။ ယခုဆိုလျှင် သင်တို့အားလုံး ဘုရားသခင်၌ လူသား၏ ယုံကြည်ခြင်းသည် ဝိညာဉ်ကယ်တင်ခြင်းနှင့် ဇာတိခန္ဓာ၏ သုခချမ်းသာ အတွက်သာလျှင် မဟုတ်သလို၊ ဘုရားသခင်အား ချစ်ခြင်းမှတစ်ဆင့် သူ၏အသက်တာအား ကြွယ်ဝ ချမ်းသာစေရန် မဟုတ်မှန်း အစရှိသည်ဖြင့် သိနားလည်ကြသည်။ ဤသို့ဖြစ်သည့်အတိုင်း သင်သည် ဇာတိခန္ဓာ၏ သုခချမ်းသာ သို့မဟုတ် တစ်ခဏတာ သာယာမှုအတွက် ဘုရားသခင်ကို ချစ်ပါက၊ ထို့နောက် အဆုံး၌ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် အထွတ်အထိပ် ရောက်ရှိပြီး နောက်ထပ် သင်ဘာမျှပင် မတောင်းဆိုလင့်ကစား သင်ရှာဖွေသော ဤချစ်ခြင်းမေတ္တာသည် ညစ်ညမ်းသော ချစ်ခြင်းမေတ္တာသာ ဖြစ်ပြီး ဘုရားသခင်အဖို့ နှစ်လိုဖွယ်ရာ မဟုတ်ပေ။ ဘုရားသခင်အားချစ်ခြင်းကို မိမိတို့၏ ငြီးငွေ့ဖွယ် တည်ရှိမှုကို ကြွယ်ဝချမ်းသာစေရန်နှင့် မိမိတို့နှလုံးသားများရှိ လစ်ဟာမှုကို ဖြည့်ဆည်းရန် အသုံးပြုသူများမှာ ငြိမ်းအေးသက်သာသော အသက်တာကို အလိုကြီးသော လူမျိုးများသာ ဖြစ်ပြီး ဘုရားသခင်ကိုချစ်ရန် အမှန်တကယ် ရှာဖွေနေသောသူများ မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အတင်းအကျပ်ချစ်ခြင်း ဖြစ်သည်၊ စိတ်ကျေနပ်မှုကို လိုက်စားခြင်းဖြစ်ပြီး ဘုရားသခင်သည် ဤကဲ့သို့သော အရာကို မလိုအပ်ပေ။ ထို့ကြောင့် သင်၏ချစ်ခြင်းသည် မည်ကဲ့သို့သော ချစ်ခြင်းမျိုးနည်း။ ဘုရားသခင်ကို သင်မည်သည့်အတွက်ကြောင့် ချစ်သနည်း။ ယခုတွင် သင့်အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း မည်မျှရှိ သနည်း။ သင်တို့အများစု၌ရှိသော ချစ်ခြင်းသည် ယခင် အထက်တွင် ဖော်ပြခဲ့ပြီးသည့် အမျိုးအစားဖြစ်သည်။ ထိုကဲ့သို့သော ချစ်ခြင်းမျိုးသည် ရှိရင်းစွဲကိုသာလျှင် ထိန်းသိမ်းနိုင်၏၊ ထာဝရတည်မြဲမှုကို မရရှိနိုင်သကဲ့သို့ လူသား၌လည်း အမြစ်တွယ်နိုင်မည် မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အသီးမသီးဘဲ ပွင့်လန်းပြီး ညှိုးနွမ်းသောပန်းနှင့်သာ တူသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်ကို ထိုကဲ့သို့သောနည်းဖြင့် တစ်ကြိမ်ချစ်ပြီးနောက်တွင် ရှေ့၌ရှိသောလမ်းကြောင်း၌ သင့်ကိုဦးဆောင်မည့်သူ မရှိပါက၊ သင်သည် လဲပြိုကျသွားမည်ဖြစ်သည်။ သင်သည် ဘုရားသခင်အား ချစ်နေသည့်အချိန်၌သာ ချစ်နိုင်သော်လည်း နောက်ပိုင်းတွင် သင်၏အသက် စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေပါက၊ သင်သည် အမှောင်ထုလွှမ်းမိုးမှု၏ ပိတ်ဖုံးမှုအောက်မှ မလွတ်မြောက်နိုင်ဘဲနေပြီး စာတန်မာရ်နတ်၏ အနှောင်အဖွဲ့များနှင့် ယင်း၏ လိမ်လည်လှည့်စားမှုမှလည်း သင်ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သောလူ မည်သူမျှ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်ပေ။ အဆုံး၌ သူ၏ဝိညာဉ်၊ စိတ်နှင့်ခန္ဓာသည် စာတန်မာရ်နတ်နှင့် သက်ဆိုင်နေဦးမည်။ ဤအကြောင်းနှင့် ပတ်သက်၍ သံသယမရှိနိုင်ပေ။ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်သောသူများသည် သူတို့၏ မူလနေရာ၊ ဆိုလိုသည်မှာ စာတန်မာရ်နတ်ထံသို့ ပြန်သွားမည်ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ဖြစ်သော နောက်တစ်ဆင့်ကို ခံယူရန် ကန့်နှင့်ရောနှောသော မီးအိုင်သို့ ဆင်းသက်ကြလိမ့်မည်။ ဘုရားသခင်၏ ရယူခြင်းခံရသူတို့သည် စာတန်မာရ်နတ်အား ကျောခိုင်းပြီး သူ၏အုပ်စိုးမှုအောက်မှလည်း လွတ်မြောက်သော သူများ ဖြစ်သည်။ ထိုသူတို့ကို နိုင်ငံတော်၏လူများထဲတွင် တရားဝင် ထည့်တွက်ထားသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ဖြစ်ပေါ်လာပုံဖြစ်သည်။ သင်သည် ဤကဲ့သို့သောလူမျိုး ဖြစ်လာရန် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရရန် ဆန္ဒရှိသလော။ စာတန်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်၍ ဘုရားသခင်ထံ ပြန်လာရန် ဆန္ဒရှိသလော။ ယခု သင်သည် စာတန်နှင့် သက်ဆိုင်သလော သို့မဟုတ် နိုင်ငံတော်၏လူများထဲတွင် ထည့်တွက်ခံရသလော။ ဤအရာများသည် ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပြီး နောက်ထပ်ရှင်းပြချက် မလိုအပ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၉၂)
အတိတ်ကာလတွင် လူအများသည် အားကြီးသော ရည်မှန်းချက်နှင့် အယူအဆများဖြင့် ရှာဖွေခဲ့ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်မျှော်လင့်ချက်များ၏ အကျိုးဆက်အဖြစ် ရှာဖွေကြခြင်းဖြစ်သည်။ ထိုကဲ့သို့သော အကြောင်းကိစ္စများအား ခဏတာမျှ ဘေးဖယ်ထားကြပါစို့၊ ယခု အဓိကအရေးကြီးသော အရာမှာ သင်တို့တစ်ဦးစီကို ဘုရားသခင်၏ ရှေ့မှောက်တွင် ပုံမှန်အခြေအနေတစ်ခုကို ထိန်းသိမ်းစေ၍ စာတန်၏ လွမ်းမိုးခြင်း အချုပ်အနှောင်များမှ တဖြည်းဖြည်း လွတ်မြောက်စေမည့် လက်တွေ့ကျင့်သုံးမှု နည်းလမ်းတစ်ခုအား ရှာဖွေရန်ဖြစ်သည်၊ ဤသို့အားဖြင့် သင်သည် ဘုရားသခင်၏ ရယူခြင်းခံရနိုင်ရန်နှင့် သင့်အား ဘုရားသခင်စေခိုင်းသည့် အရာကို လောကတွင် အသက်ရှင်နေထိုင်နိုင်ရန် ဖြစ်သည်။ ဤနည်းအားဖြင့် သာလျှင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ လူအများသည် ဘုရားသခင်အား ယုံကြည်ကြသည်၊ သို့သော် ဘုရားသခင်အလိုရှိသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် စာတန်အလိုရှိသည်မှာ အဘယ်အရာဖြစ်သည် ကိုလည်း မသိကြပေ။ သူတို့သည် ရူးမိုက်စွာ၊ ယောင်ချာချာနှင့် ယုံကြည်ကြပြီး ရေလိုက်ငါးလိုက်ဖြင့်သာ လိုက်လျှောက်ကြသဖြင့် ပုံမှန်ခရစ်ယာန်အသက်တာကို မည်သည့်အခါမျှ ရရှိခဲ့ခြင်းမရှိပေ။ ထို့ထက်ပို၍ သူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဖြစ်သောဆက်ဆံရေး မဆိုထားနှင့်၊ ပုံမှန်ဖြစ်သောပုဂ္ဂိုလ်ရေး ဆက်ဆံရေးများလည်း မည်သည့်အခါမျှ မရှိခဲ့ကြပေ။ ဤအရာမှနေ၍ လူသား၏ အခက်အခဲများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ အလိုတော်ကို ကဖျက်ယဖျက်လုပ်နိုင်သည့် အခြားသောအရာများမှာ များပြားကြောင်း တွေ့ရှိနိုင်သည်။ လူသားတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရောက်ရှိနေခြင်း မရှိသေးသကဲ့သို့ လူ့ဘ၀၏ စစ်မှန်သော အတွေ့အကြုံအတွင်း ၀င်ရောက်ပြီးခြင်း မရှိသေးကြောင်း ဤအခြင်းအရာက အလုံအလောက် သက်သေပြနေသည်။ ထိုသို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ လမ်းကြောင်းမှန်ပေါ် ရောက်ရှိခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိခြင်း ဆိုသည်မှာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် မိမိ၏ နှလုံးသားအား အချိန်တိုင်းတွင် ငြိမ်သက်စေနိုင်ခြင်းနှင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံပြောဆိုနိုင်ခြင်း၊ လူသားတို့၌ ကင်းမဲ့လျက်ရှိနေသောအရာကို တဖြည်းဖြည်း သိလာပြီး ဘုရားသခင်အပေါ် သာ၍နက်နဲစွာ သိနားလည်လာမှုအား တဖြည်းဖြည်းရရှိခြင်းကို ဆိုလိုသည်။ ဤအရာမှတစ်ဆင့် သင်၏ဝိညာဉ်သည် နေ့စဉ်တိုင်းတွင် အသစ်သော ထိုးထွင်းသိမြင်ခြင်းနှင့် အသစ်သော ဉာဏ်အလင်းပွင့်ခြင်းတို့ကို ရရှိသည်၊ သင်၏ တောင့်တခြင်းသည် ကြီးထွားလာ၏၊ သင်သည် သမ္မာတရားအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းပြီး၊ နေ့ရက်တိုင်းတွင် အသစ်သောအလင်းနှင့် အသစ်သောနားလည်ခြင်းတို့ ရှိလာမည် ဖြစ်သည်။ ဤလမ်းကြောင်းမှတစ်ဆင့် သင်သည် စာတန်၏ လွှမ်းမိုးခြင်းကို တဖြည်းဖြည်းချိုးဖျက်ပြီး သင်၏အသက်တာ၌ ပိုမိုကြီးထွားလာမည် ဖြစ်သည်။ ထိုကဲ့သို့သောသူများသည် လမ်းကြောင်းမှန်ပေါ်တွင် ၀င်ရောက်ပြီးဖြစ်သည်။ သင်ကိုယ်တိုင်၏ အမှန်တကယ် အတွေ့အကြုံများအား စစ်ဆေးကာ သင်၏ ယုံကြည်ခြင်း၌ လျှောက်လှမ်းခဲ့သောလမ်းအား ဆန်းစစ်လော့။ သင့်ကိုယ်သင် ဤအရာများအားလုံးဖြင့် တိုင်းတာလော့- သင်သည် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိပြီလော။ မည်သည့် ကိစ္စရပ်များတွင် သင်သည် စာတန်မာရ်နတ်၏ ချုပ်နှောင်မှုများနှင့် စာတန်မာရ်နတ်၏ စွမ်းအားမှ လွတ်မြောက်ခဲ့ပြီးဖြစ်သနည်း။ သင်သည် လမ်းကြောင်းအမှန်ပေါ်တွင် ရောက်ရှိရန် လိုအပ်နေသေးလျှင် စာတန်နှင့်သင်၏ ဆက်နွှယ်မှုသည် မဖြတ်တောက်ရသေးပေ။ ဤသည်မှာ မှန်ကန်ပါက၊ ဘုရားသခင်ကို ချစ်ရန် သင်၏ ကြိုးစားခြင်းသည် သင့်အား စစ်မှန်သော၊ မြဲမြံ၍ သန့်ရှင်းသော ချစ်ခြင်းမေတ္တာတစ်ခုသို့ ဦးဆောင်လမ်းပြမည်လော။ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် မဆုတ်မနစ်၊ နှလုံးသားဖြင့် အူလှိုက်သည်းလှိုက် ခံစားသောချစ်ခြင်းဟု သင်ပြောသော်လည်း စာတန်မာရ်နတ်၏ ချုပ်နှောင်ခြင်းမှ သင်လွတ်မြောက်ခြင်း မရှိသေးပေ။ သင်သည် ဘုရားသခင်အား လှည့်စားနေခြင်း မဟုတ်လော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် မသန့်ရှင်းခြင်း ကင်းသည့် အခြေအနေတစ်ရပ်ကို သင်ရရှိလိုပြီး၊ ဘုရားသခင်၏ ရယူခြင်းကို အပြည့်အဝခံရလိုကာ နိုင်ငံတော်၏ လူများထဲတွင် ထည့်တွက်ခံရလိုပါက သင့်ကိုယ်သင် ဘုရားသခင်ကို ယုံကြည်မှု၌ လမ်းကြောင်းမှန်ပေါ် ရောက်ရှိရန် အရင်ဆုံး လုပ်ဆောင်ရမည် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၉၃)
လူသားအားလုံး၌ တည်ရှိနေသော ဘုံပြဿနာမှာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက် နားလည်ပါလျက်နှင့် လက်တွေ့ကျင့်သုံးရန် ပျက်ကွက်ခြင်း ဖြစ်သည်။ ဤသည်မှာ တစ်ဘက်တွင် ၎င်းတို့သည် အဖိုးအခပေးရန် ဆန္ဒမရှိ၍ အခြားတစ်ဘက်မှာ ၎င်းတို့၏ ထိုးထွင်းသိမြင်နိုင်စွမ်းသည် အလွန်ပင် မလုံမလောက်သောကြောင့် ဖြစ်၏၊ ၎င်းတို့သည် လက်တွေ့ဘဝတွင် ရှိနေသည့် အခက်အခဲများစွာကို အရှိကိုအရှိအတိုင်း မမြင်နိုင်သည့်အပြင် သင့်လျော်စွာ အဘယ်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း မသိချေ။ လူတို့၏ အတွေ့အကြုံများသည် ပေါ့တန်လွန်းခြင်း၊ အရည်ညံ့ဖျင်းလွန်းခြင်းနှင့် သမ္မာတရားကို နားလည်သည့်အတိုင်းအတာ နည်းပါးခြင်းတို့ကြောင့်၊ ၎င်းတို့သည် ဘဝ၌ နေ့စဉ်ရင်ဆိုင်ရသည့် အခက်အခဲများကို ဖြေရှင်းရန် နည်းလမ်း မရှိပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းအရာမှာ အပြောမျှသာဖြစ်ပြီး မိမိတို့၏ နေ့စဉ်အသက်တာတွင် ဘုရားသခင်ကို ခေါ်ဆောင်လာနိုင်စွမ်း မရှိချေ။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်က ဘုရားသခင်ဖြစ်ပြီး၊ ဘဝက ဘဝဖြစ်ကာ၊ ၎င်းတို့၏အသက်တာတွင် ဘုရားသခင်နှင့် ဆက်ဆံရေး လုံး၀မရှိသည့်အလား ဖြစ်သည်။ ယင်းသည် လူတိုင်း ယူဆသည့်အရာ ဖြစ်၏။ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းမျိုးသည် လူတို့ကို လက်တွေ့ဘဝတွင် ကိုယ်တော်၏ ရယူခြင်းနှင့် စုံလင်စေခြင်း ခံရစေမည် မဟုတ်ပေ။ အမှန်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပြည့်စုံသောထုတ်ဖော်မှု မတွေ့သေးသောကြောင့် မဟုတ်ဘဲ၊ သူ၏နှုတ်ကပတ်တော်ကို ခံယူရန် လူတို့၏ စွမ်းဆောင်နိုင်မှုသည် မလုံလောက်လွန်းသောကြောင့်သာ ဖြစ်ပေသည်။ ဘုရားသခင်၏ မူလရည်ရွယ်ချက်များအတိုင်း အဘယ်သူမျှနီးပါး မလုပ်ဆောင်ဟု ဆိုနိုင်၏။ တိတိကျကျဆိုရလျှင်၊ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ အတိတ်က ၎င်းတို့ စွဲကိုင်ထားသည့် ဘာသာရေး အယူအဆများနှင့် ၎င်းတို့ကိုယ်တိုင်၏ အမှုအရာများကို လုပ်နည်းများ အရဖြစ်သည်။ လူအနည်းငယ်ကသာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံပြီးနောက် ပြောင်းလဲမှုဖြစ်ပြီး ကိုယ်တော်၏ အလိုတော်နှင့်အညီ စတင်လုပ်ဆောင်ကြသည်။ ယင်းသို့ပြုမည့်အစား၊ ထိုသူတို့သည် မိမိတို့ မှားယွင်းသောယုံကြည်ခြင်းများကို မရမနေစွဲကိုင်ကြ၏။ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့် အချိန်တွင် ဘာသာရေးဓလေ့ ထုံးတမ်းစဉ်လာ စည်းမျဉ်း စည်းကမ်းများကို အခြေခံ၍ယုံကြည်ပြီး၊ သူတို့၏ ကိုယ်ပိုင် ဘဝဒဿနများအပေါ် လုံးလုံးလျားလျား အခြေခံကာ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံနေထိုင်သည်။ ဤသည်မှာ လူဆယ်ဦးတွင် ကိုးဦး၌ဖြစ်သော အရာဟုဆိုနိုင်သည်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီး နောက်ပိုင်းတွင် အခြားသော အစီအစဉ်ကို ဖန်တီးပြီး အသစ်တစ်ရပ် စတင်သူများ အလွန်နည်းပါးသည်။ လူသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် ထင်မှတ်ရန်၊ သို့မဟုတ် သမ္မာတရားအဖြစ် လက်ခံပြီး လက်တွေ့ ကျင့်သုံးရန် ပျက်ကွက်ခဲ့ပေပြီ။
ယေရှု၌ယုံကြည်ခြင်းကို ဥပမာအနေနှင့် ယူကြလော့။ လူတစ်ဦးသည် စတင်ယုံကြည်သည်ဖြစ်စေ၊ ယုံကြည်သည့်ကာလ ကြာမြင့်ပြီးဖြစ်စေ အားလုံးသည် သူတို့မှာရှိသည့် ပါရမီများကို အသုံးချလိုက်သည့်အပြင် သူတို့ပိုင်ဆိုင်သည့် မည်သည့်ကျွမ်းကျင်မှုကိုမဆို ထင်ရှားစေသည်။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည့် စကားလုံးသုံးလုံးကို ၎င်းတို့၏ ပုံမှန်အသက်တာထဲတွင် ထည့်ထားရုံသက်သက်ဖြစ်ပြီး မိမိတို့၏ စိတ်သဘောထားကိုမူ ပြောင်းလဲခြင်းမရှိ၊ ထို့အပြင် ဘုရားသခင်၌ ယုံကြည်ခြင်းသည်လည်း အနည်းငယ်မျှပင် မကြီးထွားခဲ့ပေ။ ၎င်းတို့၏လိုက်စားမှုသည် မပူ၊ မအေး။ ထိုသူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်မည်ဟု မပြောသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အားလုံးဆက်ကပ်ခြင်းလည်း မပြုပေ။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အမှန်တကယ်မချစ်၊ သို့မဟုတ် နာခံမှုလည်း လုံးဝမရှိပေ။ ဘုရားသခင်ကို သူတို့၏ယုံကြည်ခြင်းမှာ အစစ်အမှန်နှင့် အတုအယောင် ရောနေကာ၊ မျက်စိတစ်ဘက်ဖွင့်ပြီး တစ်ဘက်ပိတ်ကာ ချဉ်းကပ်လျက်၊ ၎င်းတို့၏ယုံကြည်မှုကို လက်တွေ့ ကျင့်သုံးရာ၌ စိတ်အားထက်သန်မှု မရှိချေ။ ထိုသို့သော စိတ်ရောထွေးသည့် အခြေအနေနှင့်သာ ဆက်သွားလျက် အဆုံးတွင် မရေရာသော သေဆုံးခြင်းဖြင့် သေဆုံးကြ၏။ ဤအရာအားလုံးတွင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ ယနေ့၊ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန် လမ်းကြောင်းမှန်ပေါ်သို့ သင် ခြေချရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ကောင်းချီးမင်္ဂလာများကို သာမကဘဲ ဘုရားသခင်ကို ချစ်ခြင်းနှင့် သိကျွမ်းခြင်းကိုလည်း ရှာသင့်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးမှု လိုက်လျှောက်မှုအားဖြင့်၊ သင်ကိုယ်တိုင်၏ လိုက်လျှောက်မှုအားဖြင့် သင်သည် သူ၏နှုတ်ကပတ်တော်ကို စားသောက်နိုင်ပြီး ဘုရားသခင်ကို စစ်မှန်စွာ နားလည်နိုင်မည်ဖြစ်၍ သင့်နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာမှလာသော ဘုရားသခင်ကိုချစ်ခြင်း အစစ်အမှန်သည်လည်း ရှိလာနိုင်မည်။ တစ်နည်းဆိုလျှင်၊ ဘုရားသခင်ကို သင်၏ ချစ်ခြင်းသည် အစစ်မှန်ဆုံးဖြစ်ပြီး၊ အဘယ်သူမျှ မဖျက်ဆီးနိုင် သို့မဟုတ် မတားဆီးနိုင်သည့် ချစ်ခြင်းမျိုးဖြစ်လျှင်၊ ယခုအချိန်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းမှန်ပေါ်တွင် ရှိနေသည်။ ထိုအရာက သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ကြောင်း သက်သေပြသည်၊ အဘယ်ကြောင့်ဆိုသော် သင့်နှလုံးသားသည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကိုခံရပြီး အခြားမည်သည်အရာကမျှ သင့်ကို မပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။ သင်၏ အတွေ့အကြုံကြောင့်၊ သင်ပေးဆပ်ခဲ့သည့် အဖိုးအခကြောင့်နှင့် ဘုရားသခင်၏ လုပ်ဆောင်ပေးမှုကြောင့် သင်သည် ဘုရားသခင်အပေါ် အလိုအလျောက် ချစ်ခြင်း ပေါ်ပေါက်လာနိုင်ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်သောအခါ သင်သည် စာတန်၏ လွမ်းမိုးမှုမှ ကင်းလွတ်လျက် ဘုရားသခင် နှုတ်ကပတ်တော် အလင်းထဲ၌ အသက်ရှင်လိမ့်မည်။ အမှောင်လွမ်းမိုးမှုမှ ချိုးဖောက် လွတ်မြောက်ပြီးမှသာလျှင် ဘုရားသခင်ကို သင်ရရှိပြီးဟု ဆိုနိုင်ပေသည်။ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ သင်သည် ဤပန်းတိုင်ကို ရှာဖွေရမည်။ ဤအရာသည် သင်တို့အသီးသီး၏ တာဝန်ဝတ္တရား ဖြစ်၏။ သင်တို့ မည်သူတစ်ဦးမျှ အမှုအရာများကို ရှိနေသည့်အတိုင်း အားရကျေနပ်မနေသင့်ပေ။ သင်သည် ဘုရားသခင်၏ အမှုတော်အပေါ်တွင် စိတ်နှစ်ခွ မရှိနိုင်သကဲ့သို့ ပေါ့ပေါ့တန်တန် ခံယူခြင်းလည်း မပြုနိုင်ပေ။ သင်သည် အရာရာတိုင်း၊ အချိန်တိုင်း၌ ဘုရားသခင်ကို စဉ်းစားသင့်ပြီး သူ့အတွက် အရာရာကို လုပ်ဆောင်သင့်သည်။ ထို့အပြင် သင်စကားပြောသောအခါ သို့မဟုတ် အမှုအရာများပြုသည့်အခါတိုင်း သင်သည် ဘုရားသခင်၏ အိမ်တော်အကျိုးကို ဦးစားပေးသင့်သည်။ ဤနည်းဖြင့်သာလျှင် သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ညီနိုင်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၉၄)
ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လူတို့၏ အကြီးဆုံးသော အမှားအယွင်းမှာ စကားအားဖြင့်သာ ယုံကြည်ခြင်းဖြစ်ပြီး၊ နေ့စဉ်ဘ၀များတွင် ဘုရားသခင် လုံးဝမပါရှိပေ။ အကယ်စင်စစ်၊ ဘုရားသခင် တည်ရှိကြောင်းကို လူအားလုံးက ယုံကြည်သော်လည်း ဘုရားသခင်သည် သူတို့၏ နေ့စဉ် အသက်တာများတွင် လုံးဝမရှိ။ လူ့နှုတ်ဖျားက ဘုရားသခင်ထံ တောင်းလျှောက်သည့် ဆုတောင်းချက် အမြောက်အမြား ပြောဆိုသော်လည်း၊ သူတို့စိတ်နှလုံးအထဲတွင် ဘုရားသခင်အတွက် နေရာအနည်းငယ်သာ ရှိသဖြင့် ဘုရားသခင်သည်လည်း လူကို ထပ်ခါထပ်ခါ စစ်ကြောသည်။ ဤသည်မှာ လူတို့သည် မစင်ကြယ်သောကြောင့်၊ ဘုရားသခင်၏ ဤစမ်းသပ်မှုများအတွင်း ၎င်းတို့သည် အရှက်ရပြီး ကိုယ့်အကြောင်းကိုယ် သိလာစေရန် ဘုရားသခင်၌ ၎င်းတို့ကိုစစ်ကြောခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ သို့မဟုတ်လျှင်၊ လူသားသည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူများ ဖြစ်သွားလျက် ပို၍ပို၍ ဖောက်ပြန်ပျက်စီး လာလိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း ဖြစ်စဉ်၌ လူတစ်ယောက်စီသည် ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များစွာနှင့် ရည်မှန်းချက်များစွာကို ဘုရားသခင်၏ ဆေးကြောခြင်း ခံယူလျက် စွန့်ပစ်ကြသည်။ သို့မဟုတ်လျှင် ဘုရားသခင် အဘယ်သူကိုမျှ အသုံးမပြုနိုင်ဘဲ၊ လူတို့၌ သူပြုသင့်သည့်အရာကို မပြုနိုင်ဘဲ ဖြစ်လိမ့်မည်။ ဘုရားသခင်က လူတို့ကို ရှေ့ဦးစွာ သန့်စင်ပေးသည်။ ဤဆေးကြောခြင်း လုပ်ငန်းစဉ်အားဖြင့် လူတို့သည်မိမိကိုယ်ကို အသိတရား ရရှိလာပြီး ဘုရားသခင်က ပြောင်းလဲကောင်း ပြောင်းလဲပေးလိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်သည် သူ၏ အသက်ကို ၎င်းတို့အထဲတွင် လုပ်ဆောင်ခြင်း ပြုလာပြီး ထိုနည်းလမ်းအားဖြင့်သာလျှင် ၎င်းတို့၏နှလုံးသားသည်လည်း ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်သွားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ လူများ ပြောကြသလောက် ရိုးရှင်းပြီး လွယ်ကူသည် မဟုတ်ပေ။ ဘုရားသခင်၏ အမြင်အတိုင်းဆိုလျှင် သင်၌ ပညာအသိသာရှိပြီး အသက်အဖြစ် သူ၏ နှုတ်ကပတ်တော်ကို မရှိပေ၊ ထို့အပြင် သင်သည် မိမိအသိပညာ အကန့်အသတ် ဘောင်ထဲ၌သာရှိပြီး သမ္မာတရားကို လက်တွေ့မကျင့်သုံးနိုင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်မရှင်နိုင်ပါက၊ ၎င်းသည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ နှလုံးသား သင်၌ မရှိသေးကြောင်းကို သက်သေပြနေပြီး သင့်နှလုံးသားသည် ဘုရားသခင်နှင့် မသက်ဆိုင်ကြောင်းကိုလည်း ပြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့ကိုသိကျွမ်းလာနိုင်သည်- ယင်းသည် နောက်ဆုံးပန်းတိုင်ဖြစ်ပြီး လူသား လိုက်စားရမည့် ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်လက်တွေ့ကျင့်သုံးရာ၌ အောင်မြင်စေရန် ၎င်းတို့အတိုင်း အသက်ရှင်ရေးရာတွင် ကြိုးပမ်းအားထုတ်ရမည်။ သင်သည် အယူဝါဒဆိုင်ရာ အသိတရားမျှသာရှိလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်း သည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထို့နောက် သင်သည် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပြီး အသက်ရှင်နေထိုင်ခြင်းလည်း ပြုမှသာ သင်၏ ယုံကြည်ခြင်းသည် စုံလင်၍ ဘုရားသခင်၏ အလိုနှင့်ညီသော ယုံကြည်ခြင်းအဖြစ် ယူဆနိုင်သည်။ ဤလမ်းပေါ်တွင် လူများစွာက အသိပညာအကြောင်း များစွာ ပြောနိုင်သည်။ သို့သော်လည်း ထိုသူတို့သေသည့်အချိန် ရောက်သောအခါ၊ ၎င်းတို့၏ မျက်လုံးများသည် မျက်ရည်များလျှံလျက်၊ အချိန်ဖြုန်းခဲ့ပြီး အရွယ်လွန်သည်အထိ အချည်းနှီး အသက်ရှင်ခဲ့သည့် အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းနေကြသည်။ သူတို့သည် အယူဝါဒများကိုသာ သဘောပေါက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်းကို မလုပ်နိုင်ပေ၊ ယင်းအစား သူတို့သည် ပျားတစ်ကောင်ကဲ့သို့ အလုပ်များကာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည်၊ သူတို့ သေအံ့ဆဲဆဲ အချိန်ရောက်မှသာ သူတို့၌ စစ်မှန်သော သက်သေခံချက် မရှိကြောင်းနှင့် ဘုရားသခင်ကို လုံးဝ မသိကြောင်းတို့ကို နောက်ဆုံးတွင် သိမြင်လာသည်။ ၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်လော။ အချိန်ကောင်းကို လက်မလွှတ်တမ်း အသုံးမချဘဲ သင်ချစ်မြတ်နိုးသော သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေဘဲနေသနည်း။ မနက်ဖြန်အထိ အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။ အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံလျှင် သို့မဟုတ် သမ္မာတရားကို ရယူရန် မရှာဖွေလျှင်၊ သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလို၍ ဖြစ်နိုင်သလော။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။ အကယ်စင်စစ်၊ လူများသည် အနည်းငယ်သာ အားစိုက်၍ ဆက်ကပ်မှုရှိလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သည့်အရာ များစွာရှိပေ၏။ လူတို့၏ စိတ်နှလုံးများသည် အစဉ်မပြတ် နတ်ဆိုးများ ပိုင်ဆိုင်နေသောကြောင့်သာ ဘုရားသခင်အတွက် သူတို့သည် မလုပ်မဆောင်နိုင်ကြဘဲ၊ နောက်ဆုံး အကျိုးအမြတ် ဘာမျှ မဖြစ်စေသော ဇာတိပကတိအတွက် အပြေးအလွှား လုပ်ကိုင်ကြသည်။ ဤအကြောင်းကြောင့် လူတို့သည် စဉ်ဆက်မပြတ် ဒုက္ခများ၊ အခက်အခဲများ၏ဒဏ် အမြဲခံစားနေရခြင်း ဖြစ်၏။ ၎င်းတို့သည် စာတန်၏ ညှဉ်းပန်းခြင်းများပင် မဟုတ်ပေလော။ ယင်းသည် ဇာတိပကတိ၏ ပျက်စီးခြင်း မဟုတ်ပေလော။ ဘုရားသခင်ကို နှုတ်ခမ်း အပြောသက်သက်နှင့် အစေခံခြင်းဖြင့် မလှည့်စားသင့်ပေ။ ယင်းအစား သင်သည် လက်ဆုပ်လက်ကိုင် ပြနိုင်သော လုပ်ဆောင်မှုကို လုပ်ရမည်။ မိမိကိုယ်ကို မလှည့်စားလေနှင့်၊ ထိုသို့ပြုလျှင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်၏ ဇာတိပကတိအတွက် အသက်ရှင်ပြီး အကျိုးအမြတ်နှင့် ကျော်ကြားမှုအတွက် ရုန်းကန်ခြင်းဖြင့် သင်သည် အဘယ်မည်သော အကျိုးအမြတ် ရရှိနိုင်သနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၉၅)
ယခုအခါ သင်တို့သည် ဘုရားသခင်၏လူများဖြစ်လာရန် လေ့လာလိုက်စားရမည်ဖြစ်ပြီး မှန်သော လမ်းကြောင်းပေါ်သို့ အပြည့်အဝ စတင်ဝင်ရောက်ရမည်။ ဘုရားသခင်၏လူများ ဖြစ်ရန်ဆိုသည်မှာ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းကို ဆိုလိုသည်။ ယနေ့ သင်တို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ တရားဝင် စတင်ဝင်ရောက်ပြီး သင်တို့၏ အနာဂတ်အသက်တာများထဲ၌ ယခင်ကကဲ့သို့ ပျင်းရိခြင်းနှင့် ပေါ့ပြက်ခြင်းများ ရပ်စဲသွားရမည်၊ ယင်းကဲ့သို့သော ယခင်က အသက်တာများသည် ဘုရားသခင် သတ်မှတ်ထားသော စံချိန်များကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ပါ။ အကယ်၍ သင်သည် အလျင်စလိုဖြစ်စရာ တစ်ခုမျှမရှိဟု ခံစားရပါက သင်သည် သင့်ကိုယ်သင် တိုးတက်အောင်လုပ်ရန် ဆန္ဒမရှိကြောင်း၊ သင်၏လိုက်စားမှုမှာ ဇဝေဇဝါဖြစ်ပြီး ရှုပ်ထွေးနေကြောင်းသာမက သင်သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ကြောင်း ဤအရာက ပြသနေသည်။ နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ ဘုရားသခင်၏ လူများ၌ရှိသော အသက်တာ စတင်ခြင်းကို ဆိုလိုသည်၊ ထိုသို့သော လေ့ကျင့်မှုကို လက်ခံရန် သင်ဆန္ဒ ရှိသလော။ သင်၌ အလျင်စလိုဖြစ်သော ခံစားမှုရှိရန် ဆန္ဒရှိသလော။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအောက်တွင် အသက်ရှင်ရန် သင်ဆန္ဒရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ရန် သင်ဆန္ဒရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ထံသို့ ရောက်လာ၍ သင့်အားစမ်းသပ်သည့်အခါ သင်မည်ကဲ့သို့ ပြုမည်နည်း။ ထို့နောက်အရာအားလုံးတို့အား အရှိကို အရှိအတိုင်း ကြုံတွေ့သည့်အခါ သင်ဘာလုပ်မည်နည်း။ အတိတ်က သင်၏အာရုံသည် အသက်အပေါ် မရှိခဲ့ပါ၊ ယနေ့ သင်သည် အသက်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်ဖြစ်ပြီး သင်၏ အသက် စိတ်သဘောထားထဲ၌ အပြောင်းအလဲများဖြစ်ရန် လုပ်ဆောင်ရမည်။ ဤအရာသည် နိုင်ငံတော်သားများ ရယူရမည့်အရာဖြစ်သည်။ ဘုရားသခင်၏ လူများဖြစ်သော သူအားလုံး၌ အသက်ကို ပိုင်ဆိုင်ရမည်၊ ၎င်းတို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုကို လက်ခံရမည်ဖြစ်ပြီး ၎င်းတို့၏ အသက်စိတ်သဘောထားအတွင်း အပြောင်းအလဲများဖြစ်ရန် လုပ်ဆောင်ရမည်။ ဤအရာမှာ နိုင်ငံတော်သားများအား ဘုရားသခင် သတ်မှတ်သောအရာဖြစ်သည်။
နိုင်ငံတော်သားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
၁။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရမည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အလုပ်ထဲမှ ပြောသော နှုတ်ကပတ်တော် အားလုံးကို လက်ခံရမည်။
၂။ ၎င်းတို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ရမည်။
၃။ ၎င်းတို့၌ ဘုရားသခင်၏ တို့ထိခြင်းကိုခံရသော စိတ်နှလုံးများရှိရန် ၎င်းတို့ လုပ်ဆောင်ရမည်။ သင်၏ စိတ်နှလုံးအား ဘုရားသခင်ထံသို့ လုံးလုံးလျားလျားလှည့်ပြီး သင်၌ သာမန် ဝိညာဉ်ရေးရာ အသက်တာ ရှိသည့်အခါ သင်သည် လွတ်လပ်သော နယ်ပယ်ထဲတွင် အသက်ရှင်ရလိမ့်မည်၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ကာကွယ်မှုနှင့် စောင့်ရှောက်မှုအောက်တွင် အသက်ရှင်ရလိမ့်မည်။ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှုအောက်တွင် သင်အသက်ရှင်သည့် အခါမှသာ သင်သည် ဘုရားသခင်နှင့် စပ်ဆိုင်လိမ့်မည်။
၄။ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းကို ခံရမည်။
၅။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသူများ ဖြစ်ရမည်။
ဤအချက်ငါးချက်သည် သင်တို့အတွက် ငါ၏တာဝန်ပေး စေခိုင်းချက်များဖြစ်သည်။ ငါ၏စကားများကို ဘုရားသခင်၏ လူတို့ထံပြောခဲ့ပြီးဖြစ်၍ အဆိုပါ တာဝန်ပေးစေခိုင်းချက်များကို အကယ်၍ သင်လက်မခံလိုပါက သင့်ကို ငါအတင်းအကျပ် လက်ခံခိုင်းမည်မဟုတ်၊ သို့ရာတွင် အကယ်၍ ထိုစကားများကို သင်အမှန်တကယ်လက်ခံပါက သင်သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နိုင်လိမ့်မည်။ ယနေ့ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို သင်တို့ စတင်လက်ခံကြပြီး နိုင်ငံတော်သားများ ဖြစ်လာရန်နှင့် နိုင်ငံတော်သားများဖြစ်ရန် လိုအပ်သော စံချိန်များနှင့် ပြည့်မီအောင် လုပ်ဆောင်ကြလော့။ ဤအရာသည် ဝင်ရောက်ရန် ပထမဆုံး ခြေလှမ်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်ကို လုံးလုံးလျားလျား ဆောင်ရွက်ရန် အလိုရှိပါက အဆိုပါတာဝန်ပေးစေခိုင်းချက်ငါးချက်ကို သင်လက်ခံရမည်၊ အကယ်၍ သင်သည် ထိုအချက်များနှင့် ပြည့်မီအောင် အသက်ရှင်နိုင်စွမ်းရှိပါက သင်သည် ဘုရားသခင်၏စိတ်တော်နှင့် တွေ့သောသူဖြစ်ကာ ဘုရားသခင်၏ ကြီးမားစွာ အသုံးပြုခြင်းကို ဧကန်အမှန် ခံရလိမ့်မည်။ ယနေ့ အရေးပါသော အချက်မှာ နိုင်ငံတော်၏ သင်တန်းထဲသို့ ဝင်ရောက်ရန်ဖြစ်သည်။ နိုင်ငံတော်၏ သင်တန်းထဲသို့ ဝင်ရောက်ခြင်းထဲတွင် ဝိညာဉ်ရေးရာ အသက်တာ ပါဝင်သည်။ ယခင်က ဝိညာဉ်ရေးရာ အသက်တာအကြောင်း မပြောဆိုခဲ့ကြသော်လည်း ယနေ့တွင် သင်သည် နိုင်ငံတော်၏ သင်တန်းထဲသို့ စတင်ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် သင်သည် ဝိညာဉ်ရေးရာ အသက်တာထဲသို့ တရားဝင် ဝင်ရောက်ခြင်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၉၆)
ဝိညာဉ်ရေးရာ အသက်တာ ဆိုသည်မှာ မည်ကဲ့သို့သော အသက်တာ ဖြစ်သနည်း။ ဝိညာဉ်ရေးရာ အသက်တာ ဆိုသည်မှာ သင်၏စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ လုံးလုံးလျားလျားလှည့်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆင်ခြင်အောက်မေ့နိုင်စွမ်းရှိသော အသက်တာဖြစ်သည်။ ထိုအသက်တာထဲတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ပြီး သင်၏စိတ်နှလုံးအတွင်း အခြားမည်သည့်အရာကိုမျှ နေရာမပေးဘဲ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်စွမ်းရှိသည်သာမက သင်၏တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်ရန်အတွက် ယနေ့သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းအားဖြင့် လမ်းပြခြင်း ခံရသော အသက်တာ ဖြစ်သည်။ ထိုကဲ့သို့ လူနှင့် ဘုရားသခင် အကြား၌ရှိသော အသက်တာမှာ ဝိညာဉ်ရေးရာ အသက်တာ ဖြစ်သည်။ အကယ်၍ သင်သည် ယနေ့ခေတ်၏အလင်းကို လိုက်လျှောက် နိုင်စွမ်းမရှိပါက သင်နှင့် ဘုရားသခင်၏ ဆက်ဆံရေးအကြားတွင် အကွာအဝေးတစ်ခု ခြားနေမည်ဖြစ်ပြီး၊ ယင်းဆက်ဆံရေးသည် ပြတ်တောက်ကောင်းပင် ပြတ်တောက်သွားနိုင်ပြီး၊ သင်၌ သာမန် ဝိညာဉ်ရေးရာအသက်တာ မရှိဘဲဖြစ်နေမည်။ ဘုရားသခင်နှင့် သာမန် ဆက်ဆံရေးသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံသည့် အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သင်၌ သာမန် ဝိညာဉ်ရေးရာ အသက်တာ ရှိသလော။ သင်နှင့် ဘုရားသခင်အကြားတွင် သာမန် ဆက်ဆံရေး ရှိသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လိုက်နာသောသူတစ်ဦး ဖြစ်သလော။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို လိုက်လျှောက်နိုင်စွမ်းရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်ကာ အဆိုပါ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတိုင်း စီးမျောလိုက်ပါသောသူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတိုင်း စီးမျောလိုက်ပါခြင်း မရှိပါက သင်သည် သမ္မာတရားကို ရှာဖွေသောသူတစ်ဦး မဟုတ်သည်မှာ သေချာပါသည်။ မိမိတို့ကိုယ်ကို တိုးတက်အောင် ပြုပြင်လိုစိတ် မရှိသူများ၏ အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အရေး မရှိပါ၊ ရလဒ်အနေဖြင့် ထိုကဲ့သို့သော လူများသည် ၎င်းတို့၏ ခွန်အားကို မည်သည့်အခါမျှ ထုတ်သုံးနိုင်မည် မဟုတ်ဘဲ အမြဲတမ်း မလှုပ်မယှက် ရှိနေမည်။ ယနေ့ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတိုင်း စီးမျောလိုက်ပါသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသလော။ မလှုပ်မယှက် ဖြစ်နေသော အခြေအနေထဲမှ သင် လွတ်မြောက်ပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်သောသူ၊ ဘုရားသခင်၏ အလုပ်ကို အုတ်မြစ်ကဲ့သို့ ခံယူသောသူနှင့် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို လိုက်လျှောက်သောသူ အားလုံးတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသောသူများ ဖြစ်ကြသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စုံလင်သော သမ္မာတရားဖြစ်ကြောင်းနှင့် မှန်ကန်ကြောင်း သင်ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သာမက ဘုရားသခင် ပြောသော အရာမှန်သမျှကို ယုံကြည်ပါက သင်သည် ဘုရားသခင်၏ အလုပ်ထဲ၌ ပါဝင်လုပ်ဆောင်သောသူတစ်ဦးဖြစ်သည်၊ ထို့အပြင် သင်သည် ဤနည်းအားဖြင့် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေပါသည်။
သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ ဝင်ရောက်ရန် သင်၌ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိရမည်ဖြစ်ပြီး သင်၏ မလှုပ်မယှက်ဖြစ်သော အနေအထားကို သင့်ကိုယ်သင် ပထမဦးဆုံး ဖယ်ရှင်းရမည်။ လူအချို့တို့သည် အများစုနောက်သို့ လိုက်မြဲလိုက်တတ် ကြပြီး ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံမှ အလွန် လမ်းလွဲ ဝေးကွာနေတတ်ကြသည်၊ ထိုကဲ့သို့သော လူများသည် မိမိတို့ကိုယ်ကို တိုးတက်အောင် ပြုပြင်လိုစိတ် မရှိကြဘဲ ၎င်းတို့ စွဲကိုင်ထားသော စံချိန်များမှာ အလွန်နိမ့်ပါးကြသည်။ ချစ်ခြင်းမေတ္တာဖြစ်သော ဘုရားသခင်နောက်လိုက်ခြင်းနှင့် ဘုရားသခင်၏ရယူခြင်း ခံရခြင်းသာလျှင် ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ရန် မိမိတို့၏ အသိတရားကိုသာ အသုံးပြုသောသူများရှိပါသည်၊ သို့သော် ဤအရာသည် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ပါ၊ ပို၍မြင့်သော စံချိန်များကို သင်လက်ကိုင်ပြုအသက်ရှင်လေ၊ ထိုအရာသည် ဘုရားသခင်၏ အလိုတော်နှင့် ပို၍သဟဇာတဖြစ်လေဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လက်စွဲ အသက်ရှင်သော သာမန်လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ လူများထဲမှ တစ်ဦး ဖြစ်ရန်အတွက် နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်၏ မှန်သောအနာဂတ်ဖြစ်ပြီး ထိုအသက်တာသည် တန်ဖိုးအရှိဆုံးနှင့် အဓိပ္ပာယ်အရှိဆုံး အသက်တာ ဖြစ်သည်၊ မည်သူမျှ သင်တို့ထက် ပို၍ကောင်းချီးမင်္ဂလာ မခံရကြ။ အဘယ်ကြောင့် ဤအရာကို ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး ၎င်းတို့သည် စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် အသက်ရှင်ကြသည်။ ထိုအတွက်ကြောင့် သင်တို့၏ အသက်တာများသည် အဓိပ္ပာယ် အရှိဆုံးသော အသက်တာဖြစ်သည်ဟု ငါပြောခြင်းဖြစ်သည်။ ဘုရားသခင်၏ ရွေးကောက်ခြင်းခံရသော ဤလူအုပ်စုသာ အဓိပ္ပာယ်အရှိဆုံး အသက်တာဖြင့် အသက်ရှင်နိုင်ကြသည်၊ ကမ္ဘာပေါ်ရှိ အခြားမည်သူမျှ ထိုကဲ့သို့ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်မရှင်နိုင်ကြ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်၏ ရွေးကောက်ခြင်းကို ခံထားရခြင်းကြောင့် လည်းကောင်း၊ ဘုရားသခင် ချီးမြှောက်ခြင်းကို ခံရခြင်းကြောင့် လည်းကောင်း၊ ထို့အပြင် သင်တို့အတွက်ဖြစ်သော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် သင်တို့သည် မှန်သောအသက်တာကို နားလည်သဘောပေါက်ပြီး တန်ဖိုးအရှိဆုံးသော အသက်တာဖြင့် မည်ကဲ့သို့ အသက်ရှင်ရမည်ကို သိခြင်းကြောင့်လည်းကောင်း ဖြစ်သည်။ ဤအရာမှာ သင်တို့၏ လုပ်ဆောင်မှု ကောင်းသောကြောင့်မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်၊ ဘုရားသခင်သည် သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်သော၊ သင်တို့၏ စိတ်နှလုံးကို တို့ထိသော ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်သာမက သူ့ထံသို့ လာရန် ကောင်းသောအရာတို့ကို ပေးလျက်နေသည်။ အကယ်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်အား ဉာဏ်အလင်း မဖွင့်ပေးပါက ဘုရားသခင်နှင့် ပတ်သက်သော မည်သည့်အရာများမှာ ချစ်ဖွယ်ဖြစ်ကြောင်း သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်သကဲ့သို့ သင့်အနေဖြင့် ဘုရားသခင်အား ချစ်တတ်ရန်လည်း ဖြစ်နိုင်ချေရှိမည် မဟုတ်ပါ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူတို့၏ စိတ်နှလုံးများကို တို့ထိခြင်းကြောင့် ထိုသူတို့၏စိတ်နှလုံးတို့သည် ဘုရားသခင်ထံသို့ လှည့်သွားခြင်း ရာနှုန်းပြည့် ဖြစ်သည်။ တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် သင်ပျော်မွေ့နေသည့်အခါ သင်၏ဝိညာဉ်သည် တို့ထိခြင်းခံရကာ ဘုရားသခင်အား သင်မချစ်ဘဲမနေနိုင်ကြောင်း၊ သင့်အထဲ၌ ကြီးမားသော ခွန်အားရှိကြောင်းနှင့် သင်ဘေးချိတ် မထားနိုင်သည့်အရာ တစ်စုံတစ်ခုမျှမရှိကြောင်း သင်ခံစားရမည်။ အကယ်၍ သင်ဤကဲ့သို့ခံစားရပါက သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီး သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျားလှည့်၍ သင်သည် ဘုရားသခင်ထံ ဆုတောင်းကာ “အို ဘုရားသခင်။ ကျွန်ုပ်တို့သည် ရှေးမဆွမီကတည်းက ကိုယ်တော်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းကို အမှန်တကယ် ခံရသောသူများ ဖြစ်ပါသည်။ ကိုယ်တော်၏ ဘုန်းတော်သည် ကျွန်ုပ်၏ ဂုဏ်ယူဖွယ် ဖြစ်ပြီး၊ ကျွန်ုပ်သည် ကိုယ်တော်၏ လူများထဲမှ တစ်ဦးဖြစ်ရသည်မှာ ဂုဏ်ဝင့်ဖွယ်ရာ ဖြစ်ပါ၏။ ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ရန် မည်သည့်အရာအတွက်မဆိုသုံး၍ မည်သည့်အရာကိုမဆို ပေးပါမည်၊ ကျွန်ုပ်၏ နှစ်ကာလအလုံးစုံနှင့် တစ်ဘဝလုံး အားထုတ်ကြိုးပမ်းမှုတို့ကို ကိုယ်တော့်ထံ ဆက်ကပ်ပါမည်” ဟု သင်ဆိုလိမ့်မည်။ သင်ဤကဲ့သို့ ဆုတောင်းပါက သင်၏စိတ်နှလုံးထဲတွင် အဆုံးမရှိသော ချစ်ခြင်းနှင့် ဘုရားသခင်အပေါ် မှန်သောနာခံမှု ရှိလာမည်။ ဤကဲ့သို့သော ဖြစ်ရပ်တစ်ခုကို သင်ကြုံဖူးသလော။ အကယ်၍ လူအများသည် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိမှုကို မကြာခဏ ခံရပါက ၎င်းတို့သည် ၎င်းတို့၏ ဆုတောင်းချက်များထဲ၌ “အို ဘုရားသခင်။ ကိုယ်တော် ဘုန်းထင်ရှားသော နေ့ရက်ကို ကျွန်ုပ်မျှော်လင့်ပါ၏၊ ကိုယ်တော့်အတွက် ကျွန်ုပ်အသက်ရှင်လိုပါ၏၊ ကိုယ်တော့်အတွက် အသက်ရှင်ခြင်းထက် ပို၍ထိုက်တန်သော သို့မဟုတ် အဓိပ္ပာယ်ရှိသောအရာ မရှိပါ၊ ထို့အပြင် ကျွန်ုပ်သည် စာတန်နှင့် ဇာတိပကတိအတွက် အသက်ရှင်လိုစိတ် အနည်းငယ်မျှ မရှိပါ။ ကိုယ်တော့်အတွက် ယနေ့ အသက်ရှင်နိုင်ရန် အကျွန်ုပ်အား တတ်နိုင်စေခြင်းဖြင့် ကိုယ်တော်သည် ကျွန်ုပ်အား ချီးမြှောက်တော်မူသည်” ဟူ၍ ထည့်သွင်းဆုတောင်းကာ မိမိတို့ကိုယ်ကို ဘုရားသခင်ထံ ဆက်ကပ်ရန် အထူးသဖြင့် ဆန္ဒရှိကြမည် ဖြစ်သည်။ သင်ဤသို့ဆုတောင်းသည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင်အား မပေးဘဲ မနေနိုင်ကြောင်း၊ ဘုရားသခင်ကို မရဘဲ မနေနိုင်ကြောင်း သာမက သင်အသက်ရှိစဉ် ဘုရားသခင်ကို မရဘဲ သင်သေဆုံး သွားမည်ကို မုန်းတီးသကဲ့သို့ သင်ခံစားရလိမ့်မည်။ ထိုကဲ့သို့ ဆုတောင်းချက်ကို နှုတ်ဖြင့်မြွက်ဆိုပြီးပါက သင့်အထဲ၌ မကုန်ခန်းနိုင်သောခွန်အား ရှိလာမည်ဖြစ်ပြီး ထိုခွန်အားသည် မည်သည့်နေရာမှ ရောက်လာကြောင်း သင်သိမည်မဟုတ်ပါ၊ သင့်စိတ်နှလုံးထဲ၌ အကန့်အသတ်မရှိသော တန်ခိုးရှိလာပြီး ဘုရားသခင်သည် ချစ်မြတ်နိုးဖွယ်ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် အင်မတန်မှပင် ချစ်မြတ်နိုးရန် ထိုက်တန်ကြောင်းသိသည့် အသိစိတ် သင့်အထဲ၌ ရှိလာလိမ့်မည်။ ထိုအချိန်သည် ဘုရားသခင်၏ တို့ထိခြင်းကို သင်ခံရပြီးဖြစ်သည့် အချိန်ပင်ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ရပ်ကို ကြုံဖူးသောသူအားလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ တို့ထိခြင်းကို မကြာခဏ ခံရသောသူများသည် ၎င်းတို့၏ အသက်တာများထဲ၌ အပြောင်းအလဲများ ဖြစ်လာသည်၊ ၎င်းတို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပြီး ဘုရားသခင်ကို အပြည့်အဝရရန် အလိုရှိကြသည်၊ ၎င်းတို့စိတ်နှလုံး အထဲ၌ရှိသော ဘုရားသခင်အား ချစ်မြတ်နိုးသည့် စိတ်သည် ပို၍ပြင်းပြလာသည်၊ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်သွားကြသည်။ ၎င်းတို့သည် မိသားစု၊ လောကကြီး၊ အရှုပ်အယှက်များ သို့မဟုတ် ၎င်းတို့၏ အနာဂတ်အပေါ် အလေးမထားကြ၊ ထို့အပြင် ၎င်းတို့သည် တစ်ဘဝလုံး အားထုတ် ကြိုးပမ်းမှုတို့ကို ဘုရားသခင်ထံ ဆက်ကပ်ရန် အလိုရှိကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရသောသူအားလုံးသည် သမ္မာတရားနောက်သို့ လိုက်သူများဖြစ်ကြပြီး၊ ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ခံရခြင်းနှင့် သက်ဆိုင်သော မျှော်လင့်ချက် ရှိသူများ ဖြစ်ကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၉၇)
ဘုရားသခင်နောက်လိုက်ရာတွင် အဓိကအရေးကြီးသောအရာမှာ အရာခပ်သိမ်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ဖြစ်သင့်ခြင်းပင် ဖြစ်သည်၊ အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင်ရှာမှီးနေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေခြင်းကို ရှာမှီးနေသည်ဖြစ်စေ၊ အရာခပ်သိမ်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုပြုထားခြင်း ဖြစ်သင့်သည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် လုပ်ဆောင်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုမပြုပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားနေသော သူတစ်ဦးဖြစ်ပြီး၊ သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် လုံးဝကင်းမဲ့နေမည်။ ဘုရားသခင်အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများနောက်ကို လိုက်လျှောက်ကြသောသူများဖြစ်သည်။ သင်ယခင်က နားလည်ခဲ့သော အရာများသည် မည်သို့ပင် အံ့သြဖွယ်ကောင်းပြီး ဖြူစင်သည်ဖြစ်စေ ဘုရားသခင်က ၎င်းကို အလိုမရှိပါ၊ ထို့အပြင် အကယ်၍ သင်သည် ထိုသို့သောအရာများကို ဘေးသို့ မဖယ်ထားနိုင်ပါက ၎င်းတို့သည် အနာဂတ်၌ သင်၏ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသူ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံစားရသောသူများဖြစ်သည်။ အတိတ်ကာလများမှ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသော်လည်း၊ ယနေ့တိုင် ၎င်းတို့ လိုက်လျှောက် နိုင်ခဲ့ခြင်း မရှိပါ၊ ဤအရာသည် နောက်ဆုံးသောကာလရှိ လူများ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က သူတို့ကို မည်သည့်နေရာသို့ ဦးဆောင်သည်ဖြစ်စေ လိုက်လျှောက်နိုင်သည့်အတိုင်း ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသော အဆိုပါလူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံစားရသောသူများဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အလုပ်ထဲသို့ ဝင်ရောက်ခြင်း မရှိသေးပါ၊ ထို့အပြင် ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် ၎င်းတို့ မည်မျှပင် ဟိုဟိုသည်သည် အလုပ်များနေပါစေ၊ ထိုအရာတစ်ခုမျှ ဘုရားသခင်အတွက် အဓိပ္ပာယ်မရှိပါ၊ ဘုရားသခင်သည် ၎င်းတို့ကို ချီးကျူးမည်မဟုတ်။ ယနေ့ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပ၌ ရှိကြပြီး၊ ယင်းကဲ့သို့သော သူများသည် ဘုရားသခင်၏ချီးကျူးမှုကို မခံရကြ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များနှင့် ကင်းကွာသော အစေခံခြင်းသည် ဇာတိပကတိနှင့်၊ အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်စွမ်းမရှိ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများအကြား၌သာ အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်နှင့် အံဝင်ခွင်ကျဖြစ်သောအရာ တစ်စုံတစ်ခုကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်ကို အစေခံသည်ဖြစ်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ စိတ်ထင်ရာများနှင့် အယူအဆများအကြား၌သာ အစေခံကြခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြ၊ ဘုရားသခင်၏အလိုတော်ကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြ။ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် ညီညွတ်သော အစေခံခြင်းကို အလိုရှိသည်၊ အယူအဆများနှင့်၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို ဘုရားသခင် အလိုမရှိ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သောအလုပ်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် အယူအဆများအကြား၌ အသက်ရှင်ကြ၏။ ထိုသို့သောသူတို့၏ အစေခံခြင်းသည် ကာဆီးခြင်းနှင့် အနှောင့်အယှက်ဖြစ်စေပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်၏။ ထိုအကြောင်းကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို အစေခံနိုင်ခြင်းမရှိ၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို ဧကန်မုချ ဆန့်ကျင်ကြခြင်းဖြစ်ပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ “သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်း၊ လက်ရှိ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကျင့်ကြံလုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် ဘုရားသခင်၏ အသစ်အဖြစ်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသို့သောသူသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်သောသူနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ၌ ရှိသောသူဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိရုံမျှမက၊ ဘုရားသခင်၏ စိတ်သဘောထားကို ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှုတို့ကိုသာမက လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ဘုရားသခင်၏ နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပါသည်၊ ထို့အပြင် ၎င်းတို့အစေခံစဉ် ၎င်းတို့၏ စိတ်သဘောထားအထဲ၌ တဖြည်းဖြည်း ပြောင်းလဲမှုများကို ရယူနိုင်စွမ်းရှိကြသည်။ ဤကဲ့သို့သောသူများသာလျှင် ဘုရားသခင်ကို ရနိုင်စွမ်းရှိကြပြီး၊ မှန်သောလမ်းကို အမှန်တကယ် တွေ့ရှိသောသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ပယ်ရှင်းခြင်းကို ခံရသောသူများမှာ ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအလုပ်ကို ဆန့်ကျင် ပုန်ကန်ကြသူများ ဖြစ်သည်။ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကြသည့်အကြောင်းမှာ ဘုရားသခင်သည် အလုပ်အသစ်ကို လုပ်ဆောင်ပြီးခြင်းကြောင့် ဖြစ်သည်သာမက၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲကသဏ္ဌာန်နှင့် မတူညီခြင်းကြောင့်ဖြစ်သည်၊ ထိုအကြောင်းကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကန်ကြခြင်းဖြစ်ပြီး ဘုရားသခင်ကို ဝေဖန်ကြခြင်းဖြစ်ကာ၊ ယင်းက သူတို့ကို ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်းသို့ ဦးတည်သွားစေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို သိရန်မလွယ်ကူပါ၊ သို့သော်လည်း အကယ်၍ လူအများသည် ဘုရားသခင်၏အလုပ်ကို နာခံရန် စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏အလုပ်ကို ရှာဖွေနိုင်ပါက ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်အဖြစ်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏အလုပ်ကို ရည်ရွယ်ချက်ပါပါဖြင့် ဆန့်ကျင်ပုန်ကန်သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှု သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပါ။ ထို့ကြောင့် လူအများသည် ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို လက်ခံရရှိနိုင်ခြင်း သို့မဟုတ် မရရှိနိုင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အပေါ်တွင် မူတည်သည်၊ ၎င်းသည် ၎င်းတို့၏ ရှာဖွေလိုက်စားမှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၉၈)
သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိဖွင့်ဆိုချက်များကို နာခံနိုင်စွမ်းရှိသောသူများ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံရကြသည်။ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့ပါစေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်ခဲ့ပါစေ အကြောင်းမဟုတ်ပါ၊ နောက်ဆုံးသောအလုပ်ကို ရသောသူများမှာ ကောင်းချီးမင်္ဂလာကို အခံစားရဆုံးသောသူများဖြစ်ကြပြီး နောက်ဆုံးသော အလုပ်ကို ယနေ့လိုက်လျှောက်နိုင်စွမ်း မရှိသောသူများမှာ ပယ်ရှင်းခံကြရသည်။ အလင်းအသစ်ကို လက်ခံနိုင်စွမ်းရှိသော သူများကို ဘုရားသခင်အလိုရှိပြီး ဘုရားသခင်သည် သူ၏ နောက်ဆုံးအလုပ်ကို လက်ခံသူများနှင့် သိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖွေရှာနိုင်စွမ်းရှိပြီး အသစ်သော အရာများကို နားလည်နိုင်စွမ်း ရှိသည်သာမက အယူအဆအဟောင်းများကို ဘေးသို့ ဖယ်ထားနိုင်စွမ်း နှင့် ယနေ့ ဘုရားသခင်၏ အလုပ်ကို နာခံနိုင်စွမ်းရှိသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အလုပ်ကို လက်ခံသော ဤလူအုပ်စုသည် ခေတ်အဆက်ဆက် မတိုင်မီကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံရသူများဖြစ်ပြီး ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောသူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ အသံကို တိုက်ရိုက်ကြားရပြီး ဘုရားသခင်ကိုယ်ထင်ရှားခြင်းကို မြင်ရကြသဖြင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးတွင် သာမက လွန်လေပြီးသော ခေတ်အဆက်ဆက်၌ သင်တို့ကဲ့သို့ ဤလူအုပ်စုထက် ပို၍ ကောင်းချီးမင်္ဂလာ ခံစားခဲ့ရသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။ ဤအရာအားလုံးသည် ဘုရားသခင်၏ အလုပ်ကြောင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းကြောင့် သာမက ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်၊ အကယ်၍ ဘုရားသခင်သည် စကားမပြောခဲ့ပါက၊ သူ၏နှုတ်ကပတ်တော်ကို မမြွက်ဆိုခဲ့ပါက သင်တို့၏ အခြေအနေများသည် ယနေ့ကဲ့သို့ အခြေအနေ၌ ရှိနိုင်ပါမည်လော။ ထို့ကြောင့် ဘုန်းကြီးခြင်းနှင့် ချီးမွမ်းခြင်း အလုံးစုံသည် ဘုရားသခင်အတွက်ဖြစ်ပါစေ၊ အဘယ်ကြောင့်ဆိုသော် ဤအရာခပ်သိမ်းသည် သင်တို့အား ဘုရားသခင် ချီးမြှောက်ခြင်းကြောင့် ဖြစ်သည်။ ထိုအရာအားလုံးကို စိတ်နှလုံးသွင်းပြီးပါက သင်တို့ မလှုပ်မယှက်ဘဲ ဆက်နေနိုင်ဦးမည်လော။ သင်၏ခွန်အားသည် မနိုးထဘဲ ဆက်နေနိုင်ဦးမည်လော။
သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံနိုင်စွမ်းရှိခြင်းကြောင့် လည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံနိုင်စွမ်း ရှိခြင်းကြောင့်လည်းကောင်း၊ အစဦးကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံခဲ့ရခြင်းကြောင့် လည်းကောင်း၊ သင့်အား ပြစ်တင်ဆုံးမသည့်အခါ လွန်စွာစိတ်သောကမရောက်ရ။ သင်တို့အထဲ၌ ပြုခဲ့ပြီးသော အလုပ်နှင့် သင်တို့၏အတွင်း၌ ပေးအပ်ထားသော ကောင်းချီးမင်္ဂလာများကို မည်သူမျှ မနုတ်ယူနိုင်ပါ၊ ထို့အပြင် သင်တို့အား ပေးထားပြီးသော အရာအားလုံးကို မည်သူမျှ မနုတ်ယူနိုင်ပါ။ ဘာသာရေးရေစီးကြောင်းမှလူများသည် သင်တို့နှင့် ယှဉ်နိုင်စရာ အကြောင်းမရှိ။ သင်တို့သည် သမ္မာကျမ်းစာ နှံ့စပ်ကျွမ်းကျင်မှုကို ပိုင်ဆိုင်ခြင်းမရှိသည့်အပြင် ဘာသာရေးဆိုင်ရာ အယူအဆဖြင့် ပြည့်ဝခြင်း မရှိသော်လည်း ဘုရားသခင်သည် သင်တို့အတွင်း၌ အလုပ်လုပ်ခဲ့ပြီးသောကြောင့် သင်တို့သည် ခေတ်အဆက်ဆက်က လူများထက် ပို၍ရခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဤအရာသည် သင်တို့၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ဤအချက်ကြောင့် သင်တို့သည် ဘုရားသခင်ကို ပို၍ဆက်ကပ်ပြီး ဘုရားသခင်အပေါ် ပို၍ပင် သစ္စာရှိကြရမည်။ ဘုရားသခင်သည် သင့်အား ချီးမြှောက်သောကြောင့် သင်၏ ကြိုးပမ်းမှုများကို သင်တိုးမြှင့်ရပြီး ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို လက်ခံရန် သင်၏ဝိညာဉ်အသက်တာကို အသင့်ပြင်ဆင်ထားရမည်။ သင့်အား ဘုရားသခင် ပေးထားသောနေရာ၌ သင်မြဲမြံစွာရပ်တည်ရမည်၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာစေရန် လေ့လာလိုက်စားရမည်၊ နိုင်ငံတော်၏လေ့ကျင့်မှုကို လက်ခံရမည်၊ ဘုရားသခင်၏ ရယူခြင်းခံရမည်ဖြစ်ပြီး နောက်ဆုံးတွင် ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး ဖြစ်ရမည်။ သင်သည် ထိုဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားသလော။ အကယ်၍ သင်သည် ထိုဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားပါက၊ နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရမည်မှာ သေချာပြီး ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး ဖြစ်လာမည်။ အဓိကကျသော တာဝန်ပေးစေခိုင်းချက်မှာ ဘုရားသခင်၏ ရယူခြင်းကို ခံရခြင်းနှင့် ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး ဖြစ်လာခြင်းဖြစ်ကြောင်း သင်နားလည်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၉၉)
ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ စကားလုံးများသည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သော အလုပ်၏ ရှုထောင့်များဖြစ်ပြီး ဤခေတ်ကာလအတောအတွင်း လူသားတို့အား ဉာဏ်အလင်း ဆက်လက်၍ဖွင့်ပေးခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် ဦးတည်၍ လုပ်ဆောင်သော အလုပ်ဖြစ်သည်။ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် ဦးတည်၍ လုပ်ဆောင်သော အလုပ်မှာ အဘယ်နည်း။ ထိုအလုပ်မှာ လူတို့အား ယနေ့ ဘုရားသခင်၏ အလုပ်နှင့် သာမန် ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဦးဆောင်ခေါ်ခြင်း အလုပ်ဖြစ်သည်။ သာမန် ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ ဝင်ရောက်ရန် အဆင့်အချို့ ရှိပါသည်-
၁။ ပထမဦးဆုံး သင်၏စိတ်နှလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ သွန်းလောင်းရမည်။ သင်သည် အတိတ်က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှာဖွေလိုက်စားခြင်း၊ ဆည်းပူးလေ့လာခြင်းနှင့် ယနေ့ခေတ် နှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ခြင်း မပြုရ။ ထိုသို့မပြုဘဲ သင်၏စိတ်နှလုံးကို လက်ရှိဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ အပြည့်အဝ သွန်းလောင်းရမည်။ အကယ်၍ အတိတ်မှ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဝိညာဉ်ရေးရာ စာအုပ်များ သို့မဟုတ် အခြားသော တရားဟောချက် အကြောင်းအရာများကို ဆက်လက်၍ ဖတ်လိုသော ဆန္ဒရှိသူများ၊ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်နောက် မလိုက်လျှောက်သော သူများရှိပါက ၎င်းတို့သည် အမိုက်မဲဆုံးသော သူများပင်ဖြစ်ကြသည်၊ ဘုရားသခင်သည် ထိုသို့သောသူများကို ရွံမုန်းသည်။ အကယ်၍ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို လက်ခံရန် ဆန္ဒရှိပါက သင်၏စိတ်နှလုံးကို ယနေ့ ဘုရားသခင်၏ ဖွင့်ဆိုချက်များထဲ အပြည့်အဝ သွန်းလောင်းပါ။ ဤအရာသည် သင်ပထမဆုံး စွမ်းဆောင်ရမည့်အရာဖြစ်သည်။
၂။ ယနေ့ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်၏ အုတ်မြစ်ပေါ် အခြေပြုကာ သင်ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ ဝင်ရောက်ကာ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းပြုပြီး သင်၏ ဆုံးဖြတ်ချက်များကို ဘုရားသခင်ရှေ့တွင် ချမှတ်ကာ အောင်လံကို သင်မည်သည့်စံချိန်များဖြင့် ရယူလိုသည်ကို သက်သေပြရမည်။
၃။ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် လုပ်သော အလုပ်၏ အုတ်မြစ်အပေါ် အခြေပြုကာ သမ္မာတရားထဲသို့ အလွန်လေးနက်စွာဖြင့် သင်ဝင်ရောက်ရမည်။ ခေတ်ကုန်ပြီဖြစ်သော အတိတ်မှ ဖွင့်ဆိုချက်များနှင့် အယူဝါဒများကို စွဲကိုင်မထားပါနှင့်။
၄။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကိုခံရရန် တောင်းခံရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ ဝင်ရောက်ရမည်။
၅။ သန့်ရှင်းသော ဝိညာဉ်တော် ယနေ့ လျှောက်သော လမ်းကြောင်းထဲ ဝင်ရောက်ရန် သင်အားထုတ်ရမည်။
ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင်မည်ကဲ့သို့ တောင်းခံမည်နည်း။ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်ထဲ၌ အသက်ရှင်ရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက် အုတ်မြစ်ပေါ်တွင် အခြေပြုကာ ဆုတောင်းရန်မှာ အရေးကြီးသော အချက်ဖြစ်သည်။ ဤသို့ဆုတောင်းပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိမည်မှာ သေချာပါသည်။ အကယ်၍ သင်သည် ဘုရားသခင် ယနေ့ပြောသော နှုတ်ကပတ်တော် အုတ်မြစ်အပေါ် အခြေပြုကာ မတောင်းခံပါက ဤအရာမှာ အသီးအပွင့် မရှိပါ။ သင်ဆုတောင်းသင့်ပြီး “အို ဘုရားသခင်။ ကျွန်ုပ် ကိုယ်တော့်ကို ဆန့်ကျင်ပုန်ကန်မိပါသည်၊ နောက်ပြီး ကျွန်ုပ်ကိုယ်တော့်အပေါ် များစွာကြွေးတင်ပါပြီ၊ ကျွန်ုပ်သည် အလွန်နာခံခြင်းမရှိသူ ဖြစ်ပြီး ကိုယ်တော့်ကို မည်သည့်အခါမျှ ကျေနပ်စေနိုင်မည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ်အား ကယ်တင်ရန် ကိုယ်တော့်ထံ ကျွန်ုပ် ဆုတောင်းပါ၏၊ အဆုံးထိ ကိုယ်တော့်ထံ အစေခံရန် ကျွန်ုပ်အလိုရှိပါ၏၊ ကိုယ်တော့်အတွက် ကျွန်ုပ် အသက်စွန့်လိုပါ၏။ ကိုယ်တော်ကျွန်ုပ်ကို တရားစီရင်ပြီး ကျွန်ုပ်ကို ပြစ်တင်ဆုံးမပါ၊ ကျွန်ုပ် မကျေမနပ်ဖြစ်စရာ အကြောင်း မရှိပါ၊ ကျွန်ုပ်ကိုယ်တော့်ကို ဆန့်ကျင်ပုန်ကန်မိပါပြီ၊ ကျွန်ုပ်သေထိုက်ပါသည်၊ ထိုသို့သေထိုက်သဖြင့် ကျွန်ုပ်၏ သေခြင်းအားဖြင့် လူအားလုံးသည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မြင်တွေ့စရာအကြောင်း ဖြစ်ပါစေ” ဟူ၍ ပြောသင့်ပါသည်။ ထိုသို့ သင်၏စိတ်နှလုံးအတွင်းထဲမှ သင်ဆုတောင်းပါက ဘုရားသခင်သည် သင်၏ ဆုတောင်းသံကိုကြားပြီး သင့်အား လမ်းပြလိမ့်မည်၊ အကယ်၍ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော် အုတ်မြစ်အပေါ် အခြေပြု၍ သင်ဆုမတောင်းပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိရန် အလားအလာ မရှိပါ။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဘုရားသခင် ယနေ့လုပ်ရန် အလိုရှိသည့် အရာများနှင့်အညီ ဆုတောင်းပါက “အို ဘုရားသခင်၊ ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန်နှင့် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များအပေါ် သစ္စာစောင့်ရန် ကျွန်ုပ်အလိုရှိပါ၏။ ထို့အပြင် ကိုယ်တော်၏ ဘုန်းတော်အတွက် ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ဆက်ကပ်ရန် ဆန္ဒရှိပါသည်။ ထိုမှသာ ကျွန်ုပ်ပြုသမျှ အရာအားလုံးသည် ဘုရားသခင်၏ လူများ၌ရှိသော စံနှုန်းများနှင့် ကိုက်ညီပါမည်။ ကျွန်ုပ်၏စိတ်နှလုံးကို ကိုယ်တော် တို့ထိပါစေ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား ဉာဏ်အလင်း ဖွင့်ပေးရန်နှင့် ကျွန်ုပ်လုပ်ဆောင်သမျှသည် စာတန်အား ရှက်ကြောက်စေရန်နှင့် ကျွန်ုပ်အား ကိုယ်တော်အကြွင်းမဲ့ရရှိရန် ကျွန်ုပ်အလိုရှိပါ၏” ဟု သင်ပြောလိမ့်မည်။ အကယ်၍ ထိုသို့ ဘုရားသခင်၏ အလိုတော်ကို ဗဟိုပြုကာ ဆုတောင်းပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ဧကန်မုချ အလုပ်လုပ်လိမ့်မည်။ သင်၏ ဆုတောင်းချက်များတွင် စကားလုံး မည်မျှပါသည်၊ မပါသည်မှာ အကြောင်းမဟုတ်ပါ၊ အရေးကြီးသောအချက်မှာ ဘုရားသခင်၏ အလိုတော်ကို သင်နားလည်သဘောပေါက်ခြင်း ရှိ၊ မရှိဖြစ်သည်။ သင်တို့အားလုံး ဆက်လက်ဖော်ပြပါဖြစ်ရပ်ကို ကြုံတွေ့ကောင်း ကြုံတွေ့ဖူးနိုင်ပါသည်၊ တစ်ခါတစ်ရံ ဝတ်ပြုအစည်းအဝေးတစ်ခု၌ ဆုတောင်းနေစဉ် သန့်ရှင်းသော ဝိညာဉ်တော် လုပ်သော အလုပ်၏တန်ခိုးများမှာ အထွတ်အထိပ်သို့ရောက်ကာ အယောက်တိုင်း၏ ခွန်အားကို မြင့်တက်စေသည်။ လူအချို့တို့သည် ခါးသီးစွာ ငိုကြွေးကြပြီး ဆုတောင်းရင်း မျက်ရည်များ ကျကြသည်၊ ဘုရားသခင်ရှေ့တွင် နောင်တများဖြင့် ပြည့်နှက်နေပြီး လူအချို့တို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ဖော်ပြကြပြီး ကတိသစ္စာများပြုကြသည်။ ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ရရှိခံစားရမည့် သက်ရောက်မှုဖြစ်သည်။ ယနေ့ အရေးကြီးသောအရာမှာ လူအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ လုံးလုံးလျားလျား သွန်းလောင်းရန်ဖြစ်သည်။ ယခင်က ပြောခဲ့သော နှုတ်ကပတ်တော်အပေါ် အာရုံမပြုပါနှင့်၊ အကယ်၍ သင်သည် ယခင်က လာခဲ့သော အရာတို့အပေါ် ဆက်လက် စွဲကိုင်ထားပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းထဲ၌ အလုပ်လုပ်မည် မဟုတ်ပါ။ ဤအချက်သည် မည်မျှ အရေးကြီးကြောင်း သင်မြင်သလော။
ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် လျှောက်ခဲ့သော လမ်းကြောင်းကို သင်တို့သိသလော။ အထက်ပါ အချက်အချို့သည် ယနေ့နှင့် အနာဂတ်တွင် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ပြီးမြောက်မည့် အချက်များဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်ခဲ့သော လမ်းကြောင်းဖြစ်ပြီး လူသားများ ရှာဖွေရမည့် အဝင်လမ်းလည်း ဖြစ်သည်။ အသက်ထဲသို့ သင်ဝင်ရောက်သည့်အခါ အနည်းဆုံးအနေဖြင့် သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ သွန်းလောင်း ရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်စွမ်းရှိရမည်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်ကို တမ်းတရမည်၊ သင်သည် သမ္မာတရားနှင့် ဘုရားသခင်သတ်မှတ်ထားသော ရည်မှန်းချက်များထဲသို့ အလေးအနက် ဝင်ရောက်ရန် လုပ်ဆောင်ရမည်။ သင်၌ ဤခွန်အားရှိသည့်အခါ သင်သည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးကြောင်းနှင့် သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လှည့်ပြီးကြောင်း ပြသနေပါသည်။
အသက်ထဲသို့ ဝင်ရောက်ရန် ပထမခြေလှမ်းမှာ သင်၏စိတ်နှလုံးကို ဘုရားသခင်၏နှုတ်ကပတ်တော်ထဲ လုံးလုံးလျားလျား သွန်းလောင်းရန် နှင့် ဒုတိယခြေလှမ်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို လက်ခံရန် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို လက်ခံခြင်းဖြင့် ရရှိမည့် သက်ရောက်မှုမှာ အဘယ်နည်း။ ပို၍ လေးနက်သော သမ္မာတရားကို တမ်းတနိုင်ရန်၊ ရှာဖွေနိုင်ရန်နှင့် စူးစမ်းစစ်ဆေးနိုင်ရန်တို့အပြင် အပြုသဘောတို့ဖြင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်၊ ယနေ့ ဘုရားသခင်နှင့် သင်ပူးပေါင်းဆောင်ရွက်ပါ၊ ဆိုလိုသည်မှာ သင်၏လေ့လာလိုက်စားခြင်း၊ သင်၏ဆုတောင်းချက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သင်မိတ်သဟာယဖွဲ့ခြင်းတို့တွင် ရည်ရွယ်ချက်တစ်ခုရှိပြီး သင်၏တာဝန်ကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သင်ဆောင်ရွက်ခြင်းဖြစ်သည်၊ ဤအရာသည်သာလျှင် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အကယ်၍ ဘုရားသခင်အား လုပ်ဆောင်ခွင့်ပေးခြင်းအကြောင်းကိုသာ ပြောပြီး ဆုတောင်းခြင်းလည်း မရှိ၊ တောင်းခံခြင်းလည်းမရှိဘဲ ဘာတစ်ခုမျှ မလုပ်ဆောင်ပါက ဤအရာကို ပူးပေါင်းဆောင်ရွက်ခြင်းဟု ခေါ်နိုင်သလော။ အကယ်၍ သင်သည် သင့်အထဲ၌ ပူးပေါင်းဆောင်ရွက်စရာ တစ်စုံတစ်ခုမျှမရှိဘဲ ရည်ရွယ်ချက်တစ်ခုရှိပြီး ဝင်ရောက်ရန်အတွက် လေ့ကျင့်ပေးဖို့ အရည်အသွေးမမီပါက သင်သည် ပူးပေါင်းဆောင်ရွက်နေခြင်း မဟုတ်ပါ။ လူအချို့တို့က “အရာအားလုံးသည် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်း အပေါ် မူတည်သည်၊ ထိုအရာအားလုံးတို့ကို ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်ခြင်းဖြစ်သည်၊ အကယ်၍ ဘုရားသခင် မလုပ်ဆောင်ခဲ့ပါက လူသားတို့အနေဖြင့် အဘယ်သို့ လုပ်ဆောင်နိုင်မည်နည်း” ဟု ဆိုကြသည်။ ဘုရားသခင်၏ အလုပ်မှာ ရိုးရှင်းသောအလုပ်ပင်ဖြစ်ပြီး သဘာဝလွန်အလုပ် အနည်းငယ်မျှမဟုတ်ဘဲ ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ကြောင်းကို သင်၏ နိုးကြားတက်ကြွစွာ ရှာဖွေခြင်းအားဖြင့်သာ လုပ်ခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့ကို အတင်းအကျပ်မပြုပါ၊ သင်သည် ဘုရားသခင်အား အလုပ်လုပ်ရန် အခွင့်အရေး ပေးရမည် ဖြစ်ပြီး၊ အကယ်၍ သင်မလုပ်ဆောင်ပါက သို့မဟုတ် မဝင်ရောက်ဘဲ သင်၏စိတ်နှလုံးထဲ၌ တောင့်တမှု အနည်းငယ်မျှ မရှိပါက ဘုရားသခင် အလုပ်လုပ်ရန် အခွင့်အလမ်းရှိမည် မဟုတ်ပါ။ ဘုရားသခင်၏ တို့ထိမှုကို ခံရရန် မည်သည့်လမ်းကြောင်းအားဖြင့် သင်ရှာဖွေနိုင်သနည်း။ ဆုတောင်းခြင်းအားဖြင့် သာမက ဘုရားသခင်၏အထံတော်သို့ တိုးဝင်လာခြင်းအားဖြင့်ဖြစ်သည်။ သို့သော်လည်း အရေးကြီးဆုံးမှာ ၎င်းသည် ဘုရားသခင်ပြောသော နှုတ်ကပတ်တော်၏ အုတ်မြစ်ပေါ်၌ အခြေခံထားခြင်းဖြစ်ရမည်။ သင်သည် ဘုရားသခင်၏တို့ထိခြင်းကို မကြာခဏခံရသည့်အခါ သင်သည် ဇာတိပကတိ၏ ကျေးကျွန်ပြုခြင်းကို ခံရမည် မဟုတ်ပါ၊ ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် ငွေကြေးစသည့် အရာအားလုံးတို့သည် သင့်အား ချုပ်နှောင်ထားနိုင်မည် မဟုတ်ဘဲ သင်သည် သမ္မာတရားနောက်သို့သာ လိုက်လျှောက်ပြီး ဘုရားသခင် ရှေ့တော်၌ အသက်ရှင်ရန်သာ အလိုရှိလိမ့်မည်။ ဤအချိန်တွင် သင်သည် လွတ်လပ်သောနယ်ပယ်ထဲတွင် အသက်ရှင်သောသူ တစ်စုံတစ်ဦး ဖြစ်လာလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၀၀)
ဘုရားသခင်သည် လူကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးဖို့ စိတ်ပိုင်းဖြတ် ထားပြီးဖြစ်သည်။ မည်သည့် ရှုထောင့်မှ စကားပြောသည်ဖြစ်စေ ဘုရားသခင်သည် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက်သာ ပြောခြင်းဖြစ်သည်။ လူ၏ လက်ခံနိုင်စွမ်းသည် အကန့်အသတ် ရှိသောကြောင့် ဝိညာဉ်တော်၏ ရှုထောင့်မှ ပြောဆိုထားသည့် နှုတ်ကပတ်တော်များသည် လူ့အတွက် နားလည်ရန် ခက်ခဲပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကိုလည်း ရှာဖွေနိုင်စွမ်း မရှိပေ။ ဘုရားသခင်၏ အလုပ်သည် အကျိုးဆက် အမျိုးမျိုးကို ဖြစ်မြောက်စေပြီး အလုပ်၏ အဆင့်တစ်ခုစီတိုင်း၌ သူ၏ရည်ရွယ်ချက်ရှိသည်။ ထို့အပြင် ဘုရားသခင်သည် လူကို စုံလင်စေရန်အတွက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရမည်။ ဘုရားသခင်သည် ဝိညာဉ်တော်၏ ရှုထောင့် တစ်ခုတည်းမှသာ သူ၏အသံတော်ကို မြွက်ဆိုလျှင် သူ့အလုပ်၏ ဤအဆင့်သည် ပြီးမြောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤလူစုအား စုံလင်အောင် ပြုလုပ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်းကို သူ့လေသံအားဖြင့် သင်သိနိုင်သည်။ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသူတစ်ဦးအနေနှင့် သင် ပထမဦးဆုံး လုပ်ရမည့်အဆင့်မှာ မည်သည့်အရာနည်း။ သင်သည် ပထမဦးဆုံး ဘုရားသခင်၏ အလုပ်ကို သိရမည်။ ယခုတွင် နည်းလမ်းအသစ်များကို ဘုရားသခင်၏အမှုထဲ၌ စတင်အသုံးပြုလာနေသည့်အပြင်၊ ခေတ်သည်လည်း ကူးပြောင်းလာပြီ ဖြစ်သောကြောင့် ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းလည်း ပြောင်းလဲသွားပြီးလျှင် ဘုရားသခင်စကားပြောသည့် နည်းလမ်းသည်လည်း ခြားနားလေသည်။ ယခု၌ ဘုရားသခင် အလုပ်လုပ်သည့်နည်းလမ်း ပြောင်းလဲသွားသည် သာမကဘဲ ခေတ်သည်လည်း ပြောင်းသွားပြီ ဖြစ်သည်။ ယခုသည် နိုင်ငံတော်ခေတ်ဖြစ်၏၊ ထို့အပြင် ဘုရားသခင်ကို ချစ်မြတ်နိုးရသောခေတ်လည်းဖြစ်၏။ နှုတ်ကပတ်တော်ခေတ်လည်း ဖြစ်သည့် အနှစ်တစ်ထောင်နိုင်ငံတော်ခေတ်၏ နမူနာဖြစ်သည်။ ဆိုလိုသည်မှာ လူကို စုံလင်စေရန်အတွက် ဘုရားသခင်က နည်းလမ်းအမျိုးမျိုးဖြင့် စကားပြောသည့်ခေတ်၊ လူကို ထောက်ပံ့ ကူညီပေးရန်အတွက် ရှုထောင့်အမျိုးမျိုးမှ စကားပြောသည့်ခေတ် ဖြစ်သည်။ အနှစ်တစ်ထောင် နိုင်ငံတော်ခေတ် အတွင်းသို့ အချိန်များ ဖြတ်သန်းဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်သည် လူကို စုံလင်စေရန်အတွက် သူ၏ နှုတ်ကပတ်တော်ကို စတင်အသုံးပြုလိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် လူကို ဘဝ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်စေပြီး လူကို မှန်သောလမ်းပေါ်သို့ ဦးဆောင်လမ်းပြခဲ့သည်။ လူသည် ဘုရားသခင်၏ လုပ်ငန်းအဆင့်များစွာကို ကြုံတွေ့ဖူးပြီ ဖြစ်သည်၊ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲဘဲ မနေကြောင်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ယင်းအစား ဘုရားသခင်၏ အလုပ်သည် အဆင့်ဆင့် ပြောင်းလဲကာ ပိုပို နက်ရှိုင်းလာသည်။ လူတို့သည် ယင်းကို အချိန်ကြာမြင့်စွာ တွေ့ကြုံပြီးနောက်တွင် ဘုရားသခင်၏ အလုပ်သည် အကြိမ်ကြိမ်ပြောင်းလဲကာ အဖန်တလဲလဲ လည်ပတ်ခဲ့ပြီဖြစ်သည်။ သို့သော် မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ လူသားတို့အား ကယ်တင်ခြင်း ယူဆောင်လာသည့် ဘုရားသခင်၏ ရည်ရွယ်ချက်မှ မည်သည့်အခါမျှ သွေဖည်မသွားပေ။ အကြိမ်တစ်သောင်း ပြောင်းလဲသော်လည်း ဘုရားသခင်အလုပ်၏ မူလရည်ရွယ်ချက်မှ မည်သည့်အခါမျှ လမ်းလွဲမသွားပေ။ ဘုရားသခင့်အလုပ်၏ နည်းလမ်းသည် ပြောင်းလဲကောင်း ပြောင်းလဲမည်ဖြစ်စေကာမူ ဤအလုပ်မှာ သမ္မာတရားမှ သို့မဟုတ် အသက်ထံမှ မည်သည့်အခါမျှ သွေဖည်မသွားပေ။ ဘုရားသခင် အလုပ်လုပ်သည့်နည်းလမ်းများ ပြောင်းလဲခြင်းသည် အလုပ်လုပ်သည့် ပုံစံနှင့် စကားပြောသည့် ရှုထောင့်တို့ ပြောင်းလဲခြင်းသာဖြစ်သည်၊ သူ့အလုပ်၏ အဓိက ရည်ရွယ်ချက်ပန်းတိုင် ပြောင်းလဲခြင်းမဟုတ်။ ဘုရားသခင် စကားပြောသည့်လေသံနှင့် အလုပ်လုပ်သည့်နည်းလမ်းများ ပြောင်းလဲခြင်းသည် အကျိုးသက်ရောက်မှု တစ်ခုကို ဖြစ်စေရန်အတွက် လုပ်သည့်အရာများ ဖြစ်သည်။ ဘုရားသခင် စကားပြောသည့် လေသံ ပြောင်းလဲခြင်းသည် အလုပ်လုပ်သည့် ရည်ရွယ်ချက်နှင့် အလုပ်လုပ်သည့်နိယာမ ပြောင်းလဲခြင်း မဟုတ်။ လူသည် ဘုရားသခင်၌ ယုံကြည်ရခြင်း၏ အနှစ်သာရမှာ အသက်ကို ရှာဖွေဖို့ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အသက်ကိုသော်လည်းကောင်း၊ သမ္မာတရားကိုသော်လည်းကောင်း၊ ဘုရားသခင်ကိုသိသည့် အသိပညာကိုသော်လည်းကောင်း မရှာဖွေလျှင် ဘုရားသခင်ကို ယုံကြည်ခြင်း မရှိပါ။ ထိုသို့ဖြစ်လျက်ပင် သင်သည် ဘုရင်တစ်ဦး ဖြစ်ဖို့အတွက် နိုင်ငံတော်သို့ ဝင်ရန် ကြိုးစားနေသေးသည်မှာ လက်တွေ့ကျပါသလား။ အသက်ကို ရှာဖွေခြင်းဖြင့် ဘုရားသခင်ကို ချစ်သောမေတ္တာစစ်ကို ရရှိပိုင်ဆိုင်ခြင်း သာလျှင် စစ်မှန်သောအရာ ဖြစ်သည်။ သမ္မာတရားကို မီအောင်လိုက်ခြင်းနှင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းတို့သည်သာလျှင် စစ်မှန်သောအရာ ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ကိုယ်တွေ့ခံစားပါ၊ အတွေ့အကြုံစစ်မှတစ်ဆင့် ဘုရားသခင်ကိုသိသည့် အသိပညာကို သင်ရရှိလိမ့်မည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် စစ်မှန်သော မီအောင်လိုက်ခြင်းဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၀၁)
ယခုမှာ နိုင်ငံတော်ခေတ်ဖြစ်သည်။ သင်သည် ဤခေတ်အသစ်ထဲသို့ ဝင်ရောက်ပြီးပြီလား၊ မပြီးသေးဘူးလား ဟူသည့်အချက်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်ပြီးပြီလား၊ မဝင်ရောက်ရသေးဘူးလား ဟူသည့်အချက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အသက်တာ၏ လက်တွေ့အရှိတရား ဖြစ်လာပြီလား၊ ဖြစ်မလာသေးဘူးလား ဟူသည့်အချက်များအပေါ် မူတည်သည်။ အဆုံး၌ လူအားလုံး နှုတ်ကပတ်တော်၏ကမ္ဘာ၌ အသက်ရှင်ကြရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်က လူတိုင်းကို အတွင်းထဲ၌ အသိဉာဏ် ပွင့်လင်းစေရန်နှင့် အလင်းပေးစေရန်အတွက် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို လူအားလုံးသိအောင် လုပ်ပေးခဲ့သည်။ လက်ရှိအချိန် ကာလ၌ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရာ၌ အလျင်စလိုဖတ်ပြီး အရေးမထားလျှင် သင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်ဝင်စားမှု မရှိပေ။ ထိုအချက်က သင်၏ လက်ရှိအခြေအနေ တစ်ခုခု မှားနေကြောင်းကို ဖော်ပြနေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်သို့ ဝင်ရောက်နိုင်စွမ်း မရှိလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်မလုပ်ပေ။ သင်သည် နှုတ်ကပတ်တော်ခေတ်သို့ ဝင်ရောက်ပြီးပါက သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အလုပ်ကို လုပ်လိမ့်မည်။ နှုတ်ကပတ်တော်ခေတ်၏ အစဖြစ်သော လက်ရှိအချိန်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် သင်ဘာလုပ် နိုင်သနည်း။ လူသားတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင် နေထိုင်ကြစေရန်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်စွမ်း ရှိစေရန်၊ ဘုရားသခင်ကို အလေးအနက် ချစ်ကြစေရန်၊ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိမိတို့အသက်တာ၏ အခြေခံအုတ်မြစ်အဖြစ်နှင့် လက်တွေ့အရှိတရား အဖြစ် အသုံးပြုကြစေရန်၊ ဘုရားသခင်ကို ရိုသေလေးမြတ်သော စိတ်နှလုံးများရှိကြစေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် လူသားသည် ဘုရားသခင်နှင့်အတူ မင်းတို့၏အာဏာကို စွဲကိုင်နိုင်စေရန် ဘုရားသခင်သည် ယနေ့ခေတ်တွင် ၎င်းကို သင်တို့အကြား၌ အရှိတရားဖြစ်စေမည် ဖြစ်သည်။ ဘုရားသခင်အထမြောက်အောင် လုပ်မည့်အရာသည် ထိုအမှုဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်မရှုဘဲ သင်ရှေ့ဆက်နိုင် သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်ဘဲ တစ်ရက်၊ သို့မဟုတ် နှစ်ရက်ပင် ရှေ့မဆက်နိုင်ဟု ခံစားရသောသူများစွာ ယနေ့၌ရှိသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ရသည်၊ ဖတ်ဖို့အချိန်မရှိလျှင် နှုတ်ကပတ်တော်ကို နားထောင်ခြင်းက သူတို့အတွက် လုံလောက်သည်။ ထိုသို့သော ခံစားချက်သည် သန့်ရှင်းသော ဝိညာဉ်တော်က လူသားကို ပေးသော ခံစားချက်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က လူသားကို စတင်တို့ထိလေ့ရှိပုံ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဘုရားသခင့် နှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ လူသားဝင်ရောက်နိုင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်သည် လူသားကို နှုတ်ကပတ်တော်များ အားဖြင့် အုပ်စိုးသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားမသောက်ဘဲ တစ်ရက်မျှနေလျှင်ပင် သင်သည် မှောင်မိုက်မှုနှင့် ဆာငတ်မှုကို ခံစားရပြီး ထိုသို့ဖြစ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိဟု သင်ခံစားရလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို တို့ထိပြီးဖြစ်ကြောင်း၊ သူသည် သင့်ထံမှ ထွက်မသွားသေးကြောင်း ဤအရာက ဖော်ပြနေသည်။ ထိုသို့ဆိုလျှင် သင်သည် ဤရေစီးကြောင်းထဲ၌ ရှိသောသူတစ်ဦးဖြစ်သည်။ သို့သော် အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားမသောက်ဘဲနေသည်မှာ တစ်ရက်၊ သို့မဟုတ် နှစ်ရက်ကြာပြီဖြစ်သော်လည်း သင်သည် ဘာကိုမျှ မခံစားရဘဲ၊ ဆာငတ်မှု လုံးဝမရှိလျှင်၊ တို့ထိမှုကို သင်လုံးဝမခံစားရလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ထံမှ ထွက်သွားပြီဖြစ်ကြောင်း ဤအရာက ဖော်ပြနေသည်။ ထိုသို့ဖြစ်လျှင် သင့်အထဲရှိ အခြေအနေသည် တစ်ခုခု မှားယွင်းနေကြောင်းကို ဆိုလိုပြီး၊ သင်သည် နှုတ်ကပတ်တော်ခေတ်သို့ မဝင်ရောက်ရသေးဘဲ နောက်ကျ ကျန်နေသောသူ ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်က လူသားကို အုပ်စိုးရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်လျှင် သင်အားရကျေနပ်သော်လည်း မစားသောက်လျှင်ကား သင်၌ လိုက်လျှောက်ရန် လမ်းကြောင်းရှိမည် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသား၏ အစာဖြစ်လာသည်၊ သူ့ကို တွန်းအားပေးသည့် စွမ်းအားဖြစ်လာသည်။ ကျမ်းစာ၌ “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်” ဟုပြောထားသည်။ ထိုအမှုသည် ယနေ့၌ ဘုရားသခင်က အထမြောက်စေမည့်အမှုဖြစ်သည်။ ဘုရားသခင်သည် သင်တို့အထဲ၌ ထိုသမ္မာတရားကို အမှန်ဖြစ်စေလိမ့်မည်။ အတိတ်က လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရက်ပေါင်းများစွာ မဖတ်ရှုဘဲ နေသော်လည်း အစာဆက်စားကာ အလုပ်ဆက်လုပ်နိုင် ခဲ့ကြသည်မှာ မည်သို့ဖြစ်နိုင်သနည်း။ အဘယ်ကြောင့် ယနေ့ခေတ်တွင် ထိုသို့မဟုတ်သနည်း။ ယနေ့ခေတ်၌ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးရန် နှုတ်ကပတ်တော်ကို အဓိကအသုံးပြုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် အားဖြင့် လူသားသည် တရားစီရင်ခြင်းခံရသည်၊ စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရပြီး၊ နောက်ဆုံးတွင် နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်း ခံရသည်။ အထူးသဖြင့် နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် လူသားကို အလင်းနှင့် လက်တွေ့လုပ်ဆောင်ရန်အတွက် လမ်းကြောင်းကို ပေးနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ်စားသောက်ပြီး သူ့နှုတ်ကပတ်တော်၏ စစ်မှန်မှုကို မစွန့်ပစ်သရွေ့ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၀၂)
အသက်ကို ရှာသောအခါ၌ အလျင်လို၍ မရပါ။ အသက်တာ ကြီးထွားမှုသည် တစ်ရက်၊ နှစ်ရက်နှင့် မဖြစ်ပါ။ ဘုရားသခင်၏ အလုပ်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်၊ လိုအပ်သည့် ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းသွား ရမည် ဖြစ်သည်။ လူသားဘဝကို မဆိုထားနှင့်၊ မိမိ၏ ကားစင်တင် အသတ်ခံရခြင်းအမှုကို ပြီးမြောက်ဖို့ရန်အတွက် ယေရှုသည် လူဇာတိခံပြီး အချိန် သုံးဆယ့်သုံးနှစ်ခွဲ ယူခဲ့သည်၊ ဤအရာမည်မျှသည် လူသားကို သန့်စင်ခြင်းအမှန်နှင့် သူ့အသက်တာကို သဏ္ဌာန်ပြောင်းလဲခြင်း အမှန်ဖြစ်မည်နည်း။ ဤသည်မှာ အဆုံးစွန် ခက်ခဲသည့်အမှုဖြစ်သည်။ ဘုရားသခင်ကို ထင်ရှားဖော်ပြသည့် သာမန်လူတစ်ဦးဖြစ်အောင် လုပ်ဖို့ဆိုသည်မှာလည်း လွယ်ကူသည့်အလုပ် မဟုတ်ပေ။ ဤအချက်သည် အထူးသဖြင့် အဆင်းနီသော နဂါးကြီးနိုင်ငံထဲတွင် မွေးဖွားသည့် လူများအတွက် ဖြစ်သည်။ သူတို့သည် အစွမ်းအစလည်း နည်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်ကို အချိန်အကြာကြီး လိုအပ်သည်။ ထို့ကြောင့် ရလဒ်များကို မြင်ရဖို့ အလျင်စလို မဖြစ်ပါနှင့်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သုံးဆောင်သောအခါ၌ ကိုယ်တိုင်စပြီး လုပ်ဆောင်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ အားပိုစိုက်ရမည်။ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် သင်သည် ထိုနှုတ်ကပတ်တော်များကို အစစ်အမှန် လက်တွေ့ လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ ထိုအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ သင်သည် အသိဉာဏ်၊ ထိုးထွင်းနားလည်နိုင်စွမ်း၊ ချင့်ချိန်နိုင်စွမ်းနှင့် ဉာဏ်ပညာတို့ကို ရရှိလိမ့်မည်။ ဤမှတစ်ဆင့် သင်သည် ကိုယ်တိုင်သတိမထားမိဘဲ ပြောင်းလဲလာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ ၎င်းကို သိရှိလာခြင်း၊ ကိုယ်တိုင် ကြုံတွေ့ခံစားခြင်း၊ လက်တွေ့ကျင့်သုံးခြင်းတို့ကို သင်၏ အခြေခံမူများအဖြစ် သတ်မှတ်နိုင်လျှင် သင်သည် ကိုယ်တိုင် သတိမထားမိဘဲ ကြီးထွားရင့်ကျက်လာလိမ့်မည်။ အချို့က သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီးလျှင်ပင် လက်တွေ့ကျင့်သုံးနိုင်စွမ်း မရှိဟု ပြောကြသည်။ သင်အဘယ်ကြောင့် အလျင်စလို ဖြစ်နေသနည်း။ အတိုင်းအတာတစ်ခုအထိ သင်၏ဝိညာဉ်အသက်တာ ကြီးထွား လာသောအခါ၌ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လေးနှစ်သား သို့မဟုတ် ငါးနှစ်သား ကလေးတစ်ဦးက မိမိ၏မိဘများကို ထောက်ပံ့ကူညီ နိုင်စွမ်းမရှိ သို့မဟုတ် လေးစားနိုင်စွမ်းမရှိဟု ပြောမည်လော။ ယခုအချိန် သင်၏ ဝိညာဉ်အသက်တာ အခြေအနေ မည်သို့ရှိကြောင်း သင်သိသင့်သည်၊ သင်လုပ်နိုင်သည်ကို လက်တွေ့လုပ်ဆောင်သင့်သည်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်သူတစ်ဦး မဖြစ်နှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရိုးရှင်းစွာ စားသောက်ပြီး ရှေ့ဆက်သွားပါ၊ ထိုသို့ လုပ်ဆောင်ခြင်းကို သင်၏ မူတစ်ခုအနေနှင့် သတ်မှတ်ပါ။ ဘုရားသခင်က သင့်ကို ပြီးပြည့်စုံလင်အောင် ပြုလုပ်ပေးနိုင်၊ မပေးနိုင်ကို စဉ်းစားပြီး စိတ်မပူဦးနှင့်။ ထိုအကြောင်းကို အသည်းအသန် ကြိုးစားရှာဖွေ မနေဦးနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရိုးရှင်းစွာ ကြုံလျှင်ကြုံသလို စားသောက်ပါ၊ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်ပေးနိုင်မည်မှာ သေချာသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်သောအခါ၌ သင်လိုက်နာရမည့် နိယာမတစ်ခုရှိသည်။ အဆင်ခြင်မဲ့စွာ မလုပ်ဆောင်နှင့်။ သို့သော် တစ်ဖက်တွင် သင်နားလည်သင့်သော နှုတ်ကပတ်တော်များ၊ ဆိုလိုသည်မှာ ရူပါရုံနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို ရှာဖွေပါ။ ထို့ပြင် အခြားတစ်ဖက်တွင် သင် အမှန်တကယ်လက်တွေ့ ကျင့်သုံး သင့်သည့်အရာ၊ ဆိုလိုသည်မှာ သင်ဝင်ရောက်သင့်သည့်အရာကို ရှာဖွေပါ။ ကဏ္ဍတစ်ခုမှာ အသိပညာအကြောင်းဖြစ်ပြီး၊ အခြားတစ်ခုမှာ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သည်။ သင်သည် ထိုနှစ်ခုစလုံးကို ရှာဖွေတွေ့ရှိလျှင်၊ ဆိုလိုသည်မှာ အဘယ်အရာကို သိရမည်နည်းနှင့် အဘယ်အရာကို လက်တွေ့ လုပ်ဆောင်ရမည်နည်း ဆိုသည်ကို သဘောပေါက်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်သို့ စားသောက်ရမည်နည်း ဆိုသည်ကို သိလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၀၃)
ရှေ့ဆက်သွားသည့်ခရီး၌ ဘုရားသခင်၏ နှုတ်ကပတ်တော် အကြောင်း ပြောဆိုခြင်းသည် သင်စကားပြောသောအခါ၌ ကျင့်သုံးသည့် မူဖြစ်လိမ့်မည်။ သင်တို့ စုဝေးသောအခါ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း သင်တို့မိတ်သဟာရဖွဲ့ကာ ပြောဆို သင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ စကားဝိုင်း၏ခေါင်းစဉ် ဖြစ်စေသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်၍ သင်တို့သိသော အကြောင်းအရာများကို ပြောဆိုသင့်သည်၊ သူ၏နှုတ်ကပတ်တော်ကို သင်တို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော် မည်သို့ အလုပ်လုပ်ကြောင်း ပြောဆိုသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း မိတ်သဟာယဖွဲ့ကာ ပြောဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေး လိမ့်မည်။ ဤကမ္ဘာကို ဘုရားသခင် နှုတ်ကပတ်တော်၏ ကမ္ဘာဖြစ်စေလိုလျှင် လူသည်လည်း အတူတကွ ပူးပေါင်း လုပ်ဆောင်ရမည်။ သင်သည် ဤအရာထဲသို့ မဝင်ရောက်လျှင် ဘုရားသခင်သည် သူ့အလုပ်ကို မလုပ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းကို သင်မပြောလျှင်၊ ဘုရားသခင်က သင့်ကို အလင်းမပေးနိုင်ပေ။ သင်အားလပ်သည့် အချိန်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းကို ပြောပါ။ စကားကို အကြောင်းမဲ့ သက်သက်မပြောနှင့်။ သင့်အသက်တာကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပြည့်နေပါစေ၊ ထိုအခါ သင်သည် ဘာသာတရား အလွန်ရိုသေ ကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်လာလိမ့်မည်။ သင်၏ မိတ်သဟာယသည် အပေါ်ယံဖြစ်လျှင်ပင် တော်သေးသည်။ အကြောင်းမှာ အပေါ်ယံမရှိလျှင် နက်ရှိုင်းမှုလည်း ရှိမည်မဟုတ်ပေ။ သင်ဖြတ်သန်းသွား ရမည့် ဖြစ်စဉ်တစ်ခု ရှိသည်။ သင်၏ လုပ်ဆောင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ် အလင်းပေးမှုကိုသာမက ဘုရားသခင်၏နှုတ်ကပတ်တော်ကို မည်သို့ ထိရောက်စွာ စားသောက်ရ မည်ကို သင်ထိုးထွင်းသိမြင်လိမ့်မည်။ ထိုသို့ စူးစမ်းလေ့လာသည့် အချိန်ကာလလွန်လျှင် သင်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်လာလိမ့်မည်။ ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက် သင့်မှာ ရှိမှသာ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို လက်ခံရရှိလိမ့်မည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအတွက် အခြေခံသဘောတရားနှင့်ဆိုင်သည့် အချက်နှစ်ချက်ရှိသည်။ ပထမ တစ်ချက်သည် ဉာဏ်ပညာနှင့်ဆိုင်ပြီး ဒုတိယတစ်ချက်သည် ဝင်ရောက်ခြင်း နှင့် ဆိုင်သည်။ မည်သည့် နှုတ်ကပတ်တော်များကို သင်သိသင့်သနည်း။ ရူပါရုံနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို သင်သိသင့်သည် (ဘုရားသခင်၏ အလုပ်သည် ယနေ့ မည်သည့်ခေတ်သို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သနည်း၊ ဘုရားသခင်သည် ယနေ့ မည်သည့်အရာကို အထမြောက်အောင် ဆောင်ရွက်လိုသော ဆန္ဒရှိသနည်း၊ လူဇာတိ ခံယူခြင်း ဆိုသည်မှာ အဘယ်နည်း စသည်တို့ကဲ့သို့သော စကားများဖြစ်သည်။ ၎င်းတို့အားလုံးသည် ရူပါရုံနှင့်ဆိုင်သောအရာများ ဖြစ်သည်)။ လူသည် မည်သည့် နည်းလမ်းဖြင့် နှုတ်ကပတ်တော်ခေတ်ကို ဝင်ရောက်သင့်သနည်း။ ထိုနည်းလမ်းသည် လူက လက်တွေ့ လုပ်ဆောင်ကာ ဝင်ရောက်သင့်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရည်ညွှန်းသည်။ ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့်ဆိုင်သော အချက်နှစ်ချက် ဖြစ်သည်။ ယခုအချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိုနည်းလမ်းဖြင့် စားသောက်ပါ။ ရူပါရုံနှင့် ပတ်သက်သော နှုတ်ကပတ်တော်များကို သင်သည် ရှင်းရှင်းလင်းလင်း နားလည်လျှင်၊ နှုတ်ကပတ်တော်ကို တစ်ချိန်လုံး ဆက်ဖတ်ဖို့ မလိုတော့ပါ။ အရေးအကြီးဆုံးမှာ ဘုရားသခင်ထံသို့ သင့်နှလုံးသားကို မည်သို့ လှည့်ရမည်၊ ဘုရားသခင်၏ ရှေ့၌ သင့်နှလုံးသားကို မည်သို့ ငြိမ်သက်စေရမည်၊ လူဇာတိကို မည်သို့ စွန့်လွှတ်ရမည် စသည့် ဝင်ရောက်ခြင်း အပေါ်၌ နှုတ်ကပတ်တော်များကို စားသောက်ဖို့ ဖြစ်သည်။ ထိုအရာသည် သင်လက်တွေ့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို မသိလျှင်၊ စစ်မှန်သော မိတ်သဟာယဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို သင်သိပြီး အဓိကအချက်ကို နားလည်ပြီးသည်နှင့် တစ်ပြိုင်နက် မိတ်သဟာယသည် လွတ်လပ်လာလိမ့်မည်။ မည်သည့်အရေးကိစ္စ ပေါ်လာသည်ဖြစ်စေ သင်သည် မိတ်သဟာယဖွဲ့ပြီး ထိုအကြောင်းအရာကို ပြောဆိုနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး စစ်မှန်မှုကို နားလည်နိုင်လိမ့်မည်။ စစ်မှန်မှု မရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော် အကြောင်း မိတ်သဟာယဖွဲ့ပြောဆိုခြင်းမှာ ဘယ်အရာက အဓိက ဖြစ်သည်ကို သင်နားမလည်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို သင်မသိကြောင်းကို ဖော်ပြနေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ၌ ပင်ပန်းနွမ်းနယ်မှုကို ခံစားရသည်။ ထိုသို့သော အခြေအနေသည် ပုံမှန် မဟုတ်ပေ။ ပုံမှန်အခြေအနေဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်သောအခါ၌ မည်သည့်အခါမျှ မပင်ပန်းခြင်း ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမြဲဆာငတ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကောင်းသည်ဟု အမြဲတွေးခြင်း ဖြစ်သည်။ အမှန်တကယ် ဝင်ရောက်ပြီးသော သူသည် နှုတ်ကပတ်တော်ကို ထိုသို့ စားသောက်လေ့ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အမှန်တကယ် လက်တွေ့ကျပြီး လူက ဝင်ရောက်သင့်သောအရာပင် ဖြစ်သည်ဟု သင်ခံစားရသောအခါ၌၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကြီးမားသော အထောက်အကူ ဖြစ်သည်၊ လူအတွက် အလွန်အကျိုးရှိသည်၊ လူ့အသက်ကို ထောက်ပံ့သော အရာ ဖြစ်သည်ဟု သင်ခံစားရလျှင်၊ ထိုခံစားချက်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကိုပေးသော ခံစားချက်ဖြစ်သည်။ ထိုသို့သော ခံစားချက်ရှိခြင်းက သန့်ရှင်းသော ဝိညာဉ်တော် သင့်အထဲ၌ အလုပ်လုပ်နေကြောင်း၊ ဘုရားသခင်သည် သင့်ထံမှ မစွန့်ခွာသွားကြောင်းကို သက်သေပြ နေသည်။ အချို့က ဘုရားသခင် အမြဲစကားပြောနေကြောင်းကို မြင်သောအခါ ဘုရားသခင်၏ စကားများကို ငြီးငွေ့လာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ ဖတ်သည်ဖြစ်စေ၊ မဖတ်ဘဲနေသည်ဖြစ်စေ မည်သည့်အကျိုးဆက်မျှ ရှိလိမ့်မည် မဟုတ်ဟု ထင်ကြသည်။ ထိုသို့ထင်ခြင်းသည် ပုံမှန်အခြေအနေ မဟုတ်ပေ။ သူတို့၏ နှလုံးသားသည် စစ်မှန်မှုကို ဝင်ရောက်ရန် ဆာငတ်တောင့်တခြင်း မရှိပေ။ ထိုသို့သောသူတို့သည် စုံလင်မှုကိုလည်း မဆာငတ်ကြ၊ စုံလင်ခံရခြင်းသည် အရေးကြီးသည်ဟုလည်း မခံယူကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်သည် ဆာငတ်ခြင်းမရှိဟု ရှာဖွေတွေ့ရှိသောအခါတိုင်း ယင်းသည် သင်၏ အခြေအနေမှာ ပုံမှန် မဟုတ်ကြောင်းကို ဖော်ပြနေခြင်း ဖြစ်သည်။ အတိတ်တွင် သင့်ကို ဘုရားသခင် စွန့်ခွာသလား၊ မစွန့်ခွာဘူးလားဟူသည့် အချက်သည် သင်၏အထဲ၌ ငြိမ်သက်ခြင်း ရှိ၊ မရှိနှင့် ဝမ်းမြောက်မှုကို ခံစားရခြင်း ရှိ၊ မရှိတို့အပေါ် မူတည်သည်။ ယခုအချိန်၌ အဓိကအချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဆာငတ်သလား၊ မဆာငတ်ဘူးလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏ အသက်တာထဲရှိ လက်တွေ့အရှိတရား ဟုတ်၊ မဟုတ်၊ သင်သည် သစ္စာရှိသောသူ ဟုတ်၊ မဟုတ်နှင့် ဘုရားသခင်အတွက် သင်လုပ်နိုင်သော အရာကို လုပ်နိုင်စွမ်း သင့်မှာ ရှိ၊ မရှိဟူသည့် အချက်များဖြစ်သည်။ တစ်နည်းအားဖြင့် လူသည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှုအားဖြင့် တရားစီရင်ခြင်း ခံရသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို လူအားလုံးထံသို့ ဦးတည်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုလိုလားလားဖတ်လိုလျှင် ဘုရားသခင်က သင့်ကို အသိဉာဏ် ပွင့်လင်းစေလိမ့်မည်၊ သို့သော် သင်က လိုလိုလားလား ဖတ်လိုစိတ်မရှိလျှင်မူ ဘုရားသခင်က သင့်ကို အသိဉာဏ် ပွင့်လင်းစေမည် မဟုတ်။ ဖြောင့်မတ်ခြင်းကို ဆာငတ်၊ မွတ်သိပ်သော သူတို့ကို ဘုရားသခင်သည် အသိဉာဏ်ပွင့်လင်းစေသည်၊ သူ့ကို ရှာသောသူတို့ကိုလည်း အသိဉာဏ်ပွင့်လင်းစေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ ဖတ်ရှုပြီးသည့်တိုင်အောင် ဘုရားသခင်သည် သူတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဟု ပြောကြသည်။ နှုတ်ကပတ်တော်များကို မည်သို့ ဖတ်ကြသနည်း။ မြင်းပေါ်ဒုန်းစိုင်းစီးနေစဉ် ပန်းများကို ကြည့်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်လျှင်၊ ဘုရားသခင် ပြောသည့် စစ်မှန်မှုကို အရေးကြီးသည်ဟု သဘောမထားလျှင်၊ ဘုရားသခင်က သင့်ကို မည်သို့ အသိဉာဏ်ပွင့်လင်းစေနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား တန်ဖိုးမထားသူသည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သို့လျှင် ခံရမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တန်ဖိုးမထားလျှင် သင့်မှာ သမ္မာတရား သော်လည်းကောင်း၊ စစ်မှန်မှုသော်လည်းကောင်း ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တန်ဖိုးထားလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်၊ ထိုအခါ သင်သည် စစ်မှန်မှုကို ရရှိလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် မည်သည့် အခြေအနေ၌မဆို သင်အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ၊ အခြေအနေများ ဆိုးသည် ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ၊ သင်ပင်ပန်းနေသည်ဖြစ်စေ၊ မပင်ပန်းသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်စားသောက်ရမည်။ အားလုံးကို ခြုံပြီးသုံးသပ်သော် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူတည်ရှိခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ မည်သူမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်ခွာ၍မရသည့်အပြင်သူတို့သည် တစ်နေ့ အစာသုံးကြိမ် စားသည့်အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားရမည်။ ဘုရားသခင်က စုံလင်အောင်ပြုလုပ်ပေးသည်ကို ခံရဖို့နှင့် ရယူခြင်းကို ခံရဖို့သည် ရိုးရှင်းသော အရာတစ်ခု ဖြစ်နိုင်ပါသလား။ လက်ရှိအချိန်၌ သင်နားလည်လည်၊ မလည်လည် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိရှိ၊ မရှိရှိ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုပြီး စားသောက်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဝင်ရောက်ရန်အတွက် ကိုယ်တိုင်စလုပ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက် သင် ဝင်ရောက်နိုင်သောအရာကို အလျင်အမြန် လက်တွေ့လုပ်ဆောင်ပါ၊ သင်မလုပ်နိုင်သောအရာကို ခဏဘေးဖယ် ထားပါ။ အစပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သင်နားမလည်နိုင်သောအရာများစွာ ရှိနိုင်သည်၊ သို့သော် နှစ်လ၊ သုံးလကြာလျှင်သော်လည်းကောင်း၊ တစ်နှစ်ခန့် ကြာသွားလျှင်သော် လည်းကောင်း သင်နားလည် လာလိမ့်မည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရ သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို တစ်ရက်၊ နှစ်ရက်နှင့် စုံလင်အောင် ပြုလုပ်မပေးနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်သောအခါ၊ များသောအားဖြင့် ဖတ်နေချိန်တွင် သင်နားလည်ချင်မှ နားလည်ပေလိမ့်မည်။ ထိုသို့ဖြစ်နေသောအချိန်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စာသက်သက်သာဖြစ်သည်ဟု ထင်ကောင်းထင်ရနိုင်သည်၊ အချိန် အတိုင်းအတာတစ်ခုအထိ အတွေ့အကြုံ ရရှိပြီးမှသာ သင့်မှာ နားလည်နိုင်စွမ်း ရှိလိမ့်မည်။ ဘုရားသခင်သည် စကားများစွာ ပြောခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် သင်သည် သူ့နှုတ်ကပတ်တော်ကို စားသောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားသင့်သည်။ ထိုသို့ပြုလျှင် သင့်ကိုယ်သင် သတိမထားမိဘဲ နားလည်လာမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို အသိဉာဏ်ပွင့်လင်းစေသောအခါ၌ အများအားဖြင့် လူသည် သူ့ကိုယ်သူ သတိ မထားမိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဆာငတ်၊ မွတ်သိပ်သောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး ဦးဆောင် လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် အခြေခံမူသည် သင်စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် အပေါ်၌ ဗဟိုပြုထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အရေးကြီးသည်ဟု မသတ်မှတ်ဘဲ နှုတ်ကပတ်တော်နှင့် ပတ်သက်လျှင် အခြားသော သဘောထားရှိသော သူများအားလုံး၊ နှုတ်ကပတ်တော်ကို အရေးမထားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ဖတ်၊ မဖတ်ဖတ် ဘာမျှထူးမည် မဟုတ်ဟု ယုံကြည်သောသူများ အားလုံးသည် စစ်မှန်မှုမရှိသူများ ဖြစ်သည်။ ထိုသို့သော သူတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သော်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရစေမှုကိုသော်လည်းကောင်း တွေ့ရမည် မဟုတ်ပေ။ ထိုသို့သော လူများသည် အားမစိုက်ဘဲ လုပ်ဆောင်နေသူများဖြစ်သည်၊ ဦးနန်ဂုအို အကြောင်း ပြောထားသည့် ပုံဥပမာက ကဲ့သို့ပင် အရည်အချင်းစစ်မရှိဘဲ ဟန်ဆောင်နေသူများ ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားတွင် “ပုံဥပမာ” ဆိုသည့် စကားလုံး မပါဝင်ပါ။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၀၄)
ဘုရားသခင် စကားပြောသောအခါ၌ ဘုရားသခင်၏ စကားများကို စားသောက်ရန်အတွက် သင်သည် ချက်ချင်း လက်ခံသင့်သည်။ မည်မျှပင် နားလည်သည်ဖြစ်စေ၊ သင့်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ဖို့၊ နားလည်ဖို့၊ လက်တွေ့လုပ်ဆောင်ဖို့ကသာ အဓိကဖြစ်သည် ဟူသည့် အမြင်ကို စွဲကိုင်ထားပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်လုပ်သင့်သော အရာဖြစ်သည်။ သင်၏ ဝိညာဉ်အသက်တာ မည်မျှကြီးထွား လာမည်နည်းဟူသည့် အချက်နှင့်ပတ်သက်၍ စိတ်မပူနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ဖို့ကိုသာ အာရုံစိုက်ပါ။ လူသည် ထိုသို့ ပူးပေါင်း လုပ်ဆောင်သင့်သည်။ သင်၏ ဝိညာဉ်အသက်တာ ဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ကာ လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။ အခြားဘယ်အရာကိုမှ သင်အာရုံမစိုက်သင့်။ အသင်းတော်မှ ခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို ညီအစ်ကိုမောင်နှမများအားလုံး သိအောင် ဦးဆောင်လမ်းပြနိုင်စွမ်း ရှိသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အသင်းတော်မှ ခေါင်းဆောင်များ အားလုံး၏ တာဝန်ဖြစ်သည်။ အသက်ကြီးကြီး ငယ်ငယ် သူတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းကို အရေးကြီးသည့် ကိစ္စတစ်ခု အဖြစ်မြင်ပြီး သူတို့၏ နှလုံးသားထဲ၌ ဘုရားသခင် နှုတ်ကပတ်တော်ကို သိမ်းထားသင့်သည်။ ဤစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းသည် နိုင်ငံတော်ခေတ်သို့ ဝင်ရောက်ခြင်းအဓိပ္ပာယ် သက်ရောက်သည်။ ယနေ့ ခေတ်၌ လူအများစုက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်ဘဲ အသက်ရှင်နိုင်စွမ်းမရှိဟု ခံစားရပြီး မည်သည့် အချိန်မှာဘဲဖြစ်ဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဆန်းသစ်သည်ဟု ခံစားရသည်။ ထိုသို့ခံစားရလျှင် လူသည် လမ်းကြောင်းမှန်ပေါ်သို့ စတင်ရောက်ရှိနေပြီဖြစ်သည်။ ဘုရားသခင်သည် အလုပ်လုပ်ရန်နှင့် လူကို ကူညီထောက်ပံ့ရန်အတွက် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်။ အားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တောင့်တ၊ ဆာငတ်သောအခါ လူသားမျိုးနွယ်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ ကမ္ဘာလောကသို့ ဝင်ရောက် ကြလိမ့်မည်။
ဘုရားသခင်သည် စကားများစွာ ပြောခဲ့ပြီးဖြစ်သည်။ သင်မည်မျှ သိသနည်း။ သင်သည် မည်မျှ ဝင်ရောက်ပြီး ဖြစ်သနည်း။ အသင်းတော်မှ ခေါင်းဆောင်တစ်ဦးသည် ညီအစ်ကိုမောင်နှမများကို ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဦးဆောင်လမ်းပြခြင်း မပြုရသေးလျှင် သူတို့သည် တာဝန် မကျေသေးပေ၊ သူတို့၏တာဝန်များကို လုပ်ဆောင်ရန် ပျက်ကွက်ကြခြင်းဖြစ်သည်။ သင်၏ သိနားလည်ခြင်းသည် နက်နဲသည်ဖြစ်စေ အပေါ်ယံဖြစ်ပါစေ၊ သင်၏ သိနားလည်မှု အတိုင်းအတာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို သင်သိရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အရေးကြီးသည်ဟု သင်မှတ်ယူရမည်၊ ထိုသို့စားသောက်ခြင်း၏ အရေးကြီးပုံနှင့် လိုအပ်မှုကို သင်နားလည်ရမည်။ ဘုရားသခင်သည် များစွာပြောခဲ့ပြီးပြီဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း မပြုလျှင် သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မရှာဖွေလျှင် သို့မဟုတ် နှုတ်ကပတ်တော်ကို လက်တွေ့မလုပ်ဆောင်လျှင် ဘုရားသခင်ကို သင်ယုံကြည်သည်ဟု မသတ်မှတ်နိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံသောသူဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကြုံတွေ့ခံစားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ပြောသည့်အတိုင်း အသက်ရှင်နေထိုင်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သာလျှင် ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု သင့်နှုတ်ကပြောသော်လည်း သူ၏ မည်သည့် နှုတ်ကပတ်တော်ကိုမျှ သင်သည် လက်တွေ့မလုပ်ဆောင် နိုင်လျှင် သို့မဟုတ် မည်သည့်စစ်မှန်မှုကိုမျှ မထုတ်ဖော်ပြနိုင်လျှင် ဘုရားသခင်ကို သင်မယုံဟု သတ်မှတ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် “အဆာပြေဖို့အတွက် အစာရှာခြင်း” ဖြစ်သည်။ အရေးမပါသော သက်သေခံချက်၊ အသုံးမဝင်သော ကိစ္စများနှင့် အပေါ်ယံကိစ္စများကိုသာ ပြောဆိုခြင်းနှင့် စစ်မှန်မှု နည်းနည်း လေးမျှ မရှိခြင်း၊ ဤအရာတို့သည် ဘုရားသခင်ကို ယုံကြည်သည့် အပြုအမူများ၌ မပါဝင်သည့်အပြင် ဘုရားသခင်ကို မှန်ကန်သည့် နည်းလမ်းဖြင့် ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကိုလည်း သင်တကယ့်ကို နားမလည်သေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် သင်ပိုပြီး စားသောက်ရမည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမပြုဘဲ၊ ကောင်းကင်နိုင်ငံသို့ ရောက်ဖို့သာ ကြိုးစားနေလျှင် ထိုအရာကို ယုံကြည်ခြင်းဟု သတ်မှတ်ပါသလား။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ပထမဦးဆုံး လုပ်ရမည့်အဆင့်မှာ မည်သည့် အဆင့်ဖြစ်သနည်း။ ဘုရားသခင်သည် မည်သည့်နည်းလမ်းဖြင့် လူကို စုံလင်စေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်သော သင့်ကို ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးနိုင်ပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ပကတိ အရှိတရားအဖြစ် မသတ်မှတ်လျှင် သင့်ကို နိုင်ငံတော်နှင့်ဆိုင်သော သူတစ်ဦးဟု သတ်မှတ်နိုင်ပါသလား။ ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ အတိအကျအားဖြင့် အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် အနည်းဆုံးအနေနှင့် ပြင်ပန်းသဏ္ဌာန်အားဖြင့် ကောင်းသော အကျင့်စရိုက်များကို ပိုင်ဆိုင်သူ ဖြစ်သင့်ပြီး အရေးအကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ရှိသူများဖြစ်ရမည်။ မည်သို့ပင်ဖြစ်စေ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝ မစွန့်ပစ်ရ။ ဘုရားသခင်ကိုသိသော သင်၏အသိနှင့် ဘုရားသခင်၏ အလိုပြည့်စုံအောင် လုပ်ဆောင်ခြင်း အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ရရှိသည်။ အနာဂတ်တွင် နိုင်ငံတိုင်း၊ ဂိုဏ်းဂဏတိုင်း၊ ဘာသာတရားတိုင်းနှင့် ကဏ္ဍတိုင်းကို နှုတ်ကပတ်တော်အားဖြင့် သိမ်းပိုက်လိမ့်မည်။ ဘုရားသခင်သည် တိုက်ရိုက်စကားပြောလိမ့်မည်၊ လူအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မိမိတို့၏ လက်များထဲ၌ စွဲကိုင်ထားကြလိမ့်မည်၊ ထိုအခြင်းအရာအားဖြင့် လူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် နေရာအနှံ့အပြား ပျံ့နှံ့သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အကြောင်းပြောကြသည်၊ နှုတ်ကပတ်တော်အတိုင်း လက်တွေ့ လုပ်ဆောင်ကြသည်၊ နှလုံးသားထဲ၌ သိမ်းဆည်းထားကြ သည်မှာလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ပင် ဖြစ်သည်၊ အတွင်းကော အပြင်ပါ လူတို့သည် ဘုရားသခင် နှုတ်ကပတ်တော်၌ နက်နက်ရှိုင်းရှိုင်း တည်နေကြသည်၊ ထို့ကြောင့် သူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရသည်။ ဘုရားသခင်၏ အလိုပြည့်စုံအောင် လုပ်ဆောင်ပြီး ဘုရားသခင်၏ အကြောင်း သက်သေခံနိုင်သောသူများသည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှု ရှိသောသူများဖြစ်သည်။
နှုတ်ကပတ်တော်ခေတ်သို့ ဝင်ရောက်ခြင်း၊ တစ်နည်းအားဖြင့် အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်သို့ ဝင်ရောက်ခြင်းသည် လက်ရှိအချိန်၌ လုပ်ဆောင်ပြီးပြီဖြစ်သော အလုပ်ဖြစ်သည်။ ယခုအချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း မိတ်သဟာယဖွဲ့ကာ ပြောဆိုခြင်းကို လက်တွေ့လုပ်ဆောင်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့် နှုတ်ကပတ်တော်ကို ကြုံတွေ့ခံစားခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသက်ရှင်နေထိုင်နိုင်သည်။ အခြားသူများ ယုံကြည်လက်ခံလာစေရန်အလို့ငှာ လက်တွေ့ကျသော အတွေ့အကြုံအချို့ကို သင်ထုတ်လုပ်ရပေမည်။ အကယ်၍ သင်သည် ဘုရားသခင့်နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကို အသက်မရှင် မနေထိုင်နိုင်ပါက၊ မည်သူမျှ ယုံကြည်လက်ခံကြမည် မဟုတ်ပေ။ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသောသူများအားလုံးသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကို အသက်ရှင် နေထိုင်နိုင်သောသူများ ဖြစ်ကြသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သက်သေခံရန်အလို့ငှာ ဤလက်တွေ့အရှိတရားကို မထုတ်လုပ်နိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်မလုပ်ရသေးကြောင်း၊ သင်သည် စုံလင်အောင် ပြုလုပ်ပေးခြင်း မခံရသေးကြောင်းကို ထိုအရာက ပြသပေလိမ့်မည်။ ဤသည်မှာ ဘုရားသခင် နှုတ်ကပတ်တော်၏ အရေးပါမှုပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်သော နှလုံးသား သင့်မှာ ရှိပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်သောသူများသည် သမ္မာတရားကို ဆာငတ်သူများဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင် ကောင်းချီးပေးသည်ကို ခံစားရသည်။ အနာဂတ်တွင် ဘာသာတရားများအားလုံးနှင့် ဂိုဏ်းဂဏများအားလုံးကို ပြောမည့် နှုတ်ကပတ်တော်များ ဘုရားသခင်၌ များစွာရှိသေးသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများကို ပြောဆိုပြီး သူ၏အသံတော်ဖြင့် မိန့်မြွက်ကာ ၎င်းတို့ကို သိမ်းပိုက်ခြင်းကို ဆက်လက်မလုပ်ဆောင်မီ ပထမဦးဆုံးအနေနှင့် သင်တို့အကြား၌ ပြောဆို၍ သူ၏အသံတော်ကို မြွက်ကြားကာ သင်တို့ကို ပြီးပြည့်စုံလင်စေသည်။ နှုတ်ကပတ်တော်မှ တစ်ဆင့် အားလုံးသည် စိတ်ရင်းနှင့် အကြွင်းမဲ့ ယုံကြည်လက်ခံကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဗျာဒိတ်တော်များကြောင့် လူ၏ဖောက်ပြန် ပျက်စီးသော စိတ်သဘောထား လျော့နည်းသွားပြီဖြစ်သည်။ အားလုံး၌ လူ၏ အသွင်သဏ္ဌာန် ရှိနေပြီး လူ၏ပုန်ကန်တတ်သော စိတ်သဘောထားသည်လည်း လျော့နည်းသွားပြီဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ၌ အာဏာဖြင့် အလုပ်လုပ်ပြီး ဘုရားသခင်၏ အလင်း အတွင်းတွင် လူကို သိမ်းပိုက်သည်။ လက်ရှိခေတ်၌ ဘုရားသခင်လုပ်မည့် အလုပ်နှင့် သူ၏အလုပ်၌ အပြောင်းအလဲများ ဖြစ်စေမည့်အရာများအားလုံးကို သူ၏ နှုတ်ကပတ်တော်၌ ရှာဖွေတွေ့ရှိ နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မဖတ်လျှင် သင်ဘာမျှနားလည်မည် မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ကိုယ်တိုင် စားသောက်ခြင်းအားဖြင့်၊ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာရဖွဲ့ခြင်းအားဖြင့်၊ သင်၏ အတွေ့အကြုံအစစ်များအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းသိသော သင်၏အသိသည် တိုးပွားလာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ သင်သည် စစ်မှန်မှုအထဲ၌ လက်တွေ့အသက်ရှင် နေထိုင်နိုင်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၀၅)
“နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ခြင်းအပေါ် အာရုံစိုက်သူများအားလုံးသည် စွန့်ပစ်ခံရလိမ့်မည်။ ၎င်းတို့သည် စုံလင်စေခြင်း မခံရမည့်သူများ ဖြစ်သည်။” ဟု ယခင်က ငါပြောပြီးဖြစ်သည်။ ငါသည် စကားများစွာ ပြောပြီးဖြစ်သော်လည်း၊ လူသည် ဤအမှုနှင့်ဆိုင်သည့် အသိပညာ အနည်းငယ်မျှမရှိသကဲ့သို့၊ ဤအခြေအနေအထိ ရောက်ရှိလျက်ဖြင့်၊ လူတို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တောင်းဆိုကြဆဲဖြစ်သည်။ သင်၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လိုက်စားခြင်းထက် မည်သည့်အရာမျှ မပိုသလော သို့မဟုတ် ယင်းသည် အသက်ကို ရဖို့ရန်အလို့ငှာ ဖြစ်သလော။ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး၊ ထိုနှုတ်ကပတ်တော်များထဲမှ အချို့သည် ပြည့်စုံခြင်း မရှိသေးပေ။ ယေရှုကို ဘုရားသခင် မဟုတ်ဟု သင် ဆိုနိုင်သလော။ သူသည် ခရစ်တော် ဖြစ်ပြီး ဘုရားသခင်၏ ချစ်လှစွာသောသား ဖြစ်သည်ဟု ဘုရားသခင်က သက်သေခံခဲ့သည်။ ဤအရာကို သင် ငြင်းနိုင်သလော။ ယနေ့တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အကယ်၍ သင်သည် ဤအရာကို အကုန်အစင် နားမလည်ပါက၊ သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်ပေ။ သူသည် ဘုရားသခင်ဖြစ်သောကြောင့် သူ့ကို သင် ယုံကြည်သလော သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ရှိ မရှိဆိုသည့်အပေါ် အခြေခံ၍ သူ့ကို သင် ယုံကြည်သလော။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ယုံကြည်သလော၊ သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်သည်လော။ ယနေ့တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ- သူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလော။ အကယ်၍ သူပြောဆိုသည့် နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ သူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလော။ ဘုရားသခင်၏ အနှစ်သာရကို သူ ပြောဆိုသည့် နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ရှိ မရှိဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပါသလော။ လူအချို့သည် ဘုရားသခင်ကို မယုံကြည်မီတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို အဘယ်ကြောင့် အမြဲစောင့်ဆိုင်းနေကြသနည်း။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ မသိကြဟု ဆိုလိုသည် မဟုတ်လော။ ထိုသို့သော အယူအဆများ ပိုင်ဆိုင်သူ အားလုံးသည် ဘုရားသခင်ကို ငြင်းပယ်သူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အကဲဖြတ်ဖို့ ၎င်းတို့၏ အယူအဆများကို အသုံးပြုကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပါက၊ သူ့ကို ၎င်းတို့ ယုံကြည်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ သူ့ကို ၎င်းတို့ မယုံကြည်ကြပေ။ ပြီးလျှင် ၎င်းတို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲ လိုက်စားကြလေသည်။ ဤလူတို့သည် ခေတ်သစ် ဖာရိရှဲများဖြစ်သည် မဟုတ်လော။ သင်တို့ ခိုင်မြဲစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်မှာ စစ်မှန်သော ဘုရားသခင်ကို သင်တို့ သိ မသိ ဆိုသည့်အရာအပေါ် မူတည်သည်- ဤသည်မှာ အလွန် အရေးကြီးပေသည်။ သင့်အထဲ၌ ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရား သာ၍ ကြီးမားလေလေ၊ ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့်ဆိုင်သည့် သင်၏ အသိပညာ သာ၍ ကြီးမားလေလေဖြစ်ပြီး စမ်းသပ်မှုများအတွင်းတွင် သင်သည် သာ၍ ခိုင်မြဲစွာ ရပ်တည်နိုင်လေလေဖြစ်သည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရခြင်းကို သင် သာ၍ အာရုံစိုက်လေလေ၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်မှု လျော့နည်း လေလေဖြစ်ပြီး စမ်းသပ်မှုများအလယ်တွင် သင်ပြိုလဲလိမ့်မည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် အခြေခံအုတ်မြစ် မဟုတ်ပေ။ ဘုရားသခင်၏ လက်တွေ့အရှိတရားသည်သာ အသက်ဖြစ်သည်။ အချို့လူများသည် ဘုရားသခင်၏ အမှုက စွမ်းဆောင်ရရှိမည့် အကျိုးသက်ရောက်မှုများကို မသိကြချေ။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို လိုက်စားခြင်းမရှိဘဲ၊ စိတ်ရှုပ်ထွေးမှုဖြင့် ကုန်လွန်စေကြသည်။ ၎င်းတို့၏ လိုက်စားမှု ရည်မှန်းချက်မှာ ၎င်းတို့၏ အလိုဆန္ဒများကို ဘုရားသခင်အား ဖြည့်ဆည်းစေဖို့သာ အမြဲဖြစ်ပြီး ထိုအခါမှသာ ၎င်းတို့၏ ယုံကြည်မှုတွင် အလေးအနက် ရှိကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များပြည့်စုံပါက၊ အသက်ကို ၎င်းတို့ လိုက်စားမည်ဟု ပြောကြသော်လည်း၊ သူ၏ နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ အသက်ကို လိုက်စားခြင်းငှာ ၎င်းတို့ ဖြစ်နိုင်ချေမရှိချေ။ လူသားက ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ခြင်းငှာ အားထုတ်ခြင်းဖြစ်ပြီး ကောင်းကင်ဘုံနှင့် တတိယ ကောင်းကင်သို့ တက်ခြင်းငှာ အားထုတ်ခြင်းဖြစ်သည်ဟု ထင်လေသည်။ ၎င်းတို့ထဲမှ မည်သူမျှက ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် လက်တွေ့အရှိတရားထဲသို့ ဝင်နိုင်ခြင်းငှာ အားထုတ်ခြင်း၊ အသက်ကို ရရှိအောင် အားထုတ်ခြင်းနှင့် ဘုရားသခင်၏ ရယူခံရခြင်းငှာ အားထုတ်ခြင်း ဖြစ်သည်ဟု မပြောကြချေ။ ဤကဲ့သို့သော လိုက်စားခြင်း၌ တန်ဖိုးမှာ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအား မလိုက်စားသောသူတို့သည် ဘုရားသခင်ကို မယုံကြည်သောသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ပြစ်မှားစော်ကားသောသူများ ဖြစ်ကြ၏။
ဘုရားသခင်၌ ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို ယခု သင်တို့ နားလည်ပါသလော။ ဘုရားသခင်၌ ယုံကြည်မှုမှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ရခြင်းလော။ ယင်းသည် ကောင်းကင်ဘုံသို့ တက်ခြင်းကို ဆိုလိုသလော။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အနည်းငယ်မျှ မလွယ်ကူပေ။ ထိုဘာသာရေးအလေ့အထများကို သန့်စင်ပစ်သင့်သည်။ မကျန်းမာသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို လိုက်စားခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အာရုံစိုက်ခြင်း၊ ဘုရားသခင်၏ သာ၍များသော ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို တပ်မက်ခြင်း၊ ဇာတိပကတိ၏ အလားအလာများနှင့် သက်သောင့်သက်သာဖြစ်ခြင်းများကို လိုက်စားခြင်း- ဤအရာများသည် ဘာသာရေး အလေ့အထများဖြစ်ကြပြီး ထိုသို့သော ဘာသာရေး အလေ့အထများသည် မရေရာသော ယုံကြည်မှုမျိုးဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်၏ လက်တွေ့အရှိတရား အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင်- ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို နာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဆောင်ရွက်သင့်သော တာဝန်ကို ဆောင်ရွက်နိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်- ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏အုပ်စိုးမှုအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို နာခံမှုနှင့် ဇာတိပကတိကို မနာခံမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတို့ သင့်အထဲ၌ ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုကို သင် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ဖို့အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်လိုသည်ဆန္ဒကို ဗဟိုမပြုသင့်သကဲ့သို့၊ သင်၏ ကိုယ်ရေးကိုယ်တာ ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းငှာ အားထုတ်ခြင်းနှင့် ဘုရားသခင်ကို နာခံနိုင်ခြင်း၊ ပြီးလျှင် ပေတရုကဲ့သို့ သေသည်အထိ သူ့ကို နာခံနိုင်ခြင်းအကြောင်း ဖြစ်သင့်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိက ရည်မှန်းချက်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သိကျွမ်းဖို့နှင့် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းသည် သင့်ကို ဘုရားသခင်နှင့်ဆိုင်သည့် သာ၍ကြီးမားသော အသိပညာ ပေးနိုင်သည်၊ ထို့နောက်မှသာ သင်သည် ဘုရားသခင်ကို နာခံနိုင်ပေသည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာဖြင့်သာ သူ့ကို သင် ချစ်နိုင်ပြီး၊ ဤသည်မှာ လူသားက ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် ရှိသင့်သည့် ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ရှုမြင်ရဖို့ အမြဲ ကြိုးစားနေပါက၊ ဘုရားသခင်၌ ဤယုံကြည်မှု၏ ရှုထောင့်အမြင်သည် လွဲမှား၏။ ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်တာ၏ လက်တွေ့အရှိတရားအဖြစ် လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရည်မှန်းချက်ကို သူ၏ နှုတ်မှလာသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်ကိုယ်တိုင်၏ အတွင်းတွင် ထိုနှုတ်ကပတ်တော်များကို ဆောင်ရွက်ခြင်းအားဖြင့်သာ ရရှိပေသည်။ ဘုရားသခင်၌ ယုံကြည်မှုတွင်၊ လူသားသည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ဖို့နှင့် ဘုရားသခင်ကို လုံးဝ နာခံတတ်ခြင်းအတွက် ကြိုးပမ်းသင့်ပေသည်။ သင်သည် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ကို နာခံနိုင်ပါက၊ ဘုရားသခင်၏ အလိုဆန္ဒများကို ဂရုပြုနိုင်ပါက၊ ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုကို စွမ်းဆောင်ရရှိနိုင်ပြီး၊ ဘုရားသခင်ပြောဆိုသည့် ပေတရု၏ပုံစံကို ပိုင်ဆိုင်နိုင်ပါက၊ ယင်းသည် ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို သင်ရရှိပြီးသော အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းက သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သည်ကို ညွှန်ပြပေမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ