အသက်အတွင်း ဝင်ရောက်မှု (၃)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၄၄)

လူတစ်ဦးသည် စိတ်ဝိညာဉ်နှင့်သက်ဆိုင်သော အသေးစိတ်အချက်များကို မည်သို့ နားလည်လာသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသား၏အထဲတွင် မည်သို့ အမှုပြုသနည်း။ စာတန်သည် လူသားထဲတွင် မည်သို့ အလုပ်လုပ်သနည်း။ နတ်ဆိုးများသည် လူသားထဲတွင် မည်သို့ အလုပ်လုပ်ကြသနည်း။ သရုပ်သကန်များမှာ အဘယ်နည်း။ သင့်အား တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသလော၊ ပြီးလျှင် ယင်းကို သင် နာခံသင့်သလော၊ သို့မဟုတ် ငြင်းပယ်သင့်သလော။ လူတို့၏ တကယ့်လက်တွေ့လုပ်ဆောင်မှုတွင် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသည်ဟု လူတို့ အစဉ်သဖြင့် ယုံကြည်သည့်အရာများစွာသည် လူသား၏ အလိုဆန္ဒမှ ထွက်ပေါ်လာပေသည်။ အချို့သော အရာများသည် နတ်ဆိုးများထံမှ လာသော်လည်း၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု လူတို့ ယုံကြည်ကြဆဲ ဖြစ်ကာ၊ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ကို အတွင်းမှ လမ်းပြပေးသည်၊ သို့သော်လည်း ထိုသို့သော လမ်းပြမှုသည် စာတန်ထံမှလာသည်ဟု လူတို့ စိုးရွံ့ကြသောကြောင့် မနာခံဝံ့ကြချေ၊ အမှန်တွင်မူ ယင်းလမ်းပြမှုက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်ပေသည်။ ထို့ကြောင့်၊ လူတစ်ဦးသည် ကွဲပြားခြားနားလာခြင်းကို မကျင့်သုံးပါက၊ မိမိ၏ လက်တွေ့ကျသော အတွေ့အကြုံတွင် တွေ့ကြုံခံစားဖို့ နည်းလမ်းမရှိပေ။ ကွဲပြားခြားနားလာခြင်းမရှိဘဲ၊ အသက်ကို ရခြင်းငှာ နည်းလမ်းမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အမှုပြုသနည်း။ နတ်ဆိုးများသည် မည်ကဲ့သို့ အလုပ်လုပ် ကြသနည်း။ လူသား၏ အလိုဆန္ဒမှ မည်သည့်အရာ လာသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ဉာဏ်အလင်းပေးခြင်းမှ မည်သည့်အရာ ပေါက်ဖွားသနည်း။ သင်သည် လူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ ပုံစံများကို သဘောပေါက်ပါက၊ သင်၏ နေ့စဉ် အသက်တာထဲနှင့် သင်၏ လက်တွေ့ကျသော အတွေ့အကြုံများအတွင်းတွင် သင်၏ အသိပညာကို ကြီးထွားစေနိုင်လိမ့်မည် ဖြစ်ပြီး ခွဲခြားမှုများ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိရှိလာလိမ့်မည်၊ စာတန်ကို သင် နားလည်ပြီး ရိပ်စားမိနိုင်လိမ့်မည်၊ သင်၏ နာခံခြင်း သို့မဟုတ် အားထုတ်ခြင်းတွင် စိတ်ရှုပ်ထွေးလိမ့်မည် မဟုတ်သကဲ့သို့၊ သင်သည် အတွေးများ ရှင်းလင်းသောသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို နာခံသောသူ ဖြစ်လိမ့်မည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် လက်ဦးမှုရယူသော လမ်းပြခြင်းနှင့် အပြုသဘောဆောင်သော ဉာဏ်အလင်းပေးခြင်း ပုံစံတစ်ခု ဖြစ်သည်။ ယင်းက လူတို့ကို မတုန်မလှုပ်နေခွင့် မပေးပေ။ ယင်းက ၎င်းတို့ကို စိတ်သက်သာမှုကို ဆောင်ကြဉ်းပေးသည်၊ ယုံကြည်ခြင်းနှင့် သန္နိဋ္ဌာန်ကို ပေးပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့၎င်းတို့ကို အားထုတ်နိုင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ၊ လူတို့သည် တက်ကြွစွာ ဝင်ရောက်နိုင်ကြ၏။ ၎င်းတို့သည် မတုန်မလှုပ်မနေ၊ သို့မဟုတ် ဖိအားပေးခြင်း မခံရဘဲ၊ ၎င်းတို့ကိုယ်တိုင်၏ ကိုယ်စွမ်းကိုယ်စဖြင့် ပြုမူကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ လူတို့သည် နာခံဖို့ လိုလားပြီး မိမိတို့ကိုယ်ကိုယ် နှိမ့်ချဖို့ ပျော်ရွှင်လျက်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး လိုလိုလားလား ရှိကြလေသည်။ ၎င်းတို့သည် အတွင်း၌ နာကျင်ကာ နုနယ်သော်လည်း၊ ပူးပေါင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ရှိကြလေသည်။ ၎င်းတို့သည် ဝမ်းမြောက်စွာ ဆင်းရဲဒုက္ခခံစားကြသည်၊ နာခံနိုင်ကြပြီး၊ လူ့အလိုဆန္ဒဖြင့် စွန်းထင်းခံရခြင်း မရှိ၊ လူသား၏ အယူအဆဖြင့် စွန်းထင်းခံရခြင်း မရှိသကဲ့သို့၊ လူသား၏ အလိုဆန္ဒများနှင့် ကြံရွယ်ချက်များ၏ စွန်းထင်းခံရခြင်း ဧကန်မုချ မရှိကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံခံစားရသောအခါ၊ ၎င်းတို့သည် အတွင်း၌ အထူးသဖြင့် သန့်ရှင်းကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများအား ချစ်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အား ပျော်ရွှင်စေသည့် အရာများ၌ ပျော်ရွှင်ကြပြီး၊ ဘုရားသခင် ရွံရှာသည့်အရာများကို ရွံရှာကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်း ခံရသောလူတို့သည် ပုံမှန်လူ့သဘာဝရှိကြပြီး၊ သမ္မာတရားကို စဉ်ဆက်မပြတ် လေ့လာလိုက်စားကြကာ လူ့သဘာဝကို ပိုင်ဆိုင်ထားကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၌ အလုပ်လုပ်သောအခါ ၎င်းတို့၏ အခြေအနေသည် ကောင်းသထက် ကောင်းလာကြပြီး၊ ၎င်းတို့၏ လူ့သဘာ၀သည် ပုံမှန်ဖြစ်သထက် ဖြစ်လာလေကာ၊ ၎င်းတို့၏ ပူးပေါင်းလုပ်ဆောင်မှုအချို့သည် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း၊ ၎င်းတို့၏ ကြံရွယ်ချက်များမှာ မှန်ကန်သည်၊ ၎င်းတို့၏ဝင်ရောက်မှုသည် အပြုသဘောဆောင်သည်၊ ၎င်းတို့အနေဖြင့် အနှောင့်အယှက် ဖြစ်စေဖို့ မကြိုးစားသကဲ့သို့၊ ၎င်းတို့အတွင်းတွင် ယုတ်မာမှု မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် ပုံမှန်ဖြစ်ပြီး စစ်မှန်သည်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပုံမှန်လူသားဘဝ၏ စည်းမျဉ်းများနှင့်အညီ လူသား၏အထဲတွင် အလုပ်လုပ်ပြီး၊ သူသည် ပုံမှန်လူတို့၏ အမှန်တကယ် ရှာဖွေလိုက်စားခြင်းအတိုင်း လူတို့အတွင်းတွင် ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို ဆောင်ရွက်လေသည်။ လူတို့အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ သူသည် ပုံမှန်လူတို့၏ လိုအပ်ချက်နှင့်အညီ ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေး၏။ သူသည် ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ ထောက်ပံ့ပေးပြီး၊ ၎င်းတို့ ချို့တဲ့သည့်အရာနှင့် ၎င်းတို့၏ မပြည့်စုံမှုများနှင့်အညီ အပြုသဘောဆောင်သော နည်းဖြင့် ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေးလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် လူတို့ကို တကယ့်အသက်တာတွင် ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တကယ့်အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံမှသာလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မြင်နိုင်ပေသည်။ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင်၊ လူတို့သည် အပြုဆောင်သော အခြေအနေ တစ်ခုတွင်ရှိပြီး၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရှိပါက၊ ၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်ကို ပိုင်ဆိုင်ကြပေသည်။ ထိုသို့သော အခြေအနေ တစ်ခုတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ကြသောအခါ ၎င်းတို့၌ ယုံကြည်ခြင်းရှိကြ၏။ ၎င်းတို့ ဆုတောင်းကြသောအခါ လှုံ့ဆော်ခံရကြ၏။ တစ်စုံတစ်ရာကို ၎င်းတို့ ရင်ဆိုင်ရသောအခါ၊ မတုန်မလှုပ် မဖြစ်ကြပေ။ ပြီးလျှင် အမှုအရာများ ဖြစ်ပျက်နေသည်နှင့်အမျှ၊ ထိုအရာများအတွင်းတွင် ဘုရားသခင်က ၎င်းတို့အား သင်ယူစေလိုသော သင်ခန်းစာများကို ၎င်းတို့ မြင်နိုင်ကြလေသည်။ ၎င်းတို့သည် မတုန်မလှုပ် သို့မဟုတ် အားနည်းခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၌ တကယ့် ပြဿနာများ ရှိကြသော်လည်း၊ ဘုရားသခင်၏ စီမံမှုများအားလုံးကို နာခံရန် လိုလိုလားလား ရှိကြပေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားဖြင့် မည်သည့်အကျိုးတရားများကို ရရှိသနည်း။ သင်သည် မိုက်မဲသောသူ ဖြစ်နိုင်ပြီး သိမြင်မှု ကင်းမဲ့ကောင်း ကင်းမဲ့နိုင်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဖို့ရှိကာ၊ သင့်အထဲတွင် ယုံကြည်ခြင်း ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျေနပ်လောက်အောင် မချစ်နိုင်ဟူ၍ သင် အမြဲခံစားရလိမ့်မည်။ ရှေ့တွင် အခက်အခဲများ မည်မျှ ကြီးမားပါစေ ပူးပေါင်းဆောင်ရွက်ဖို့ သင်လိုလိုလားလား ရှိလိမ့်မည်။ အကြောင်းကိစ္စတို့သည် သင်၌ ဖြစ်ပျက်လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ထံမှ လာသည် သို့မဟုတ် စာတန်ထံမှ လာသည်ဆိုသည်မှာ သင့်အဖို့ ရှင်းလင်းလိမ့်မည် မဟုတ်သော်လည်း၊ သင်သည် စောင့်ဆိုင်းနိုင်လိမ့်မည် ဖြစ်ပြီး၊ တုံဏှိဘာဝေဖြစ်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ပေါ့လျော့ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်းတွင် အလုပ်လုပ်သောအခါ တကယ့်ခက်ခဲမှုများကို သင် ရင်ဆိုင်ရသေး၏- တစ်ခါတစ်ရံတွင် သင့်ကို ငိုကြွေးစေလိမ့်မည်ဖြစ်ပြီး၊ တစ်ခါတစ်ရံ သင် ကျော်လွှားနိုင်စွမ်းမရှိသော အရာများ ရှိလိမ့်မည်၊ သို့သော် ဤအရာအားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှုနှင့်ဆိုင်သော အဆင့်တစ်ဆင့်သာ ဖြစ်၏။ သင်သည် ထိုအခက်အခဲများကို မကျော်လွှားခဲ့သော်လည်း၊ ထို့အပြင် ထိုအချိန်၌ သင်သည် အားနည်းပြီး မကျေနပ်မှုများဖြင့် ပြည့်သော်လည်း၊ နောက်ပိုင်းတွင် သင်သည် အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို ချစ်နိုင်ဆဲဖြစ်၏။ သင်၏ တုံဏှိဘာဝေဖြစ်ခြင်းသည် ပုံမှန်အတွေ့အကြုံများကို သင် မရှိဖို့ရန် မဟန့်တားနိုင်သကဲ့သို့၊ အခြားသူများက မည်သည့်အရာပြောပြီး၊ သင့်ကို မည်သို့ တိုက်ခိုက်ကြသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို ချစ်နိုင်ဆဲဖြစ်၏။ ဆုတောင်းချိန်အတွင်း၌၊ အတိတ်တွင် ဘုရားသခင်ထံ သင် အလွန် ကျေးဇူးကြွေးတင်ရှိခဲ့သည်ဟု အမြဲခံစားရပြီး၊ ထိုသို့သော အရာများကို တစ်ဖန်ကြုံရသည့်အခါတိုင်း ဘုရားသခင် စိတ်ကျေနပ်စေရန်နှင့် ဇာတိပကတိကို ပစ်ပယ်ရန် သင် စိတ်ဆုံးဖြတ်လေသည်။ ဤခွန်အားသည် သင့်အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ရှိသည်ကို ပြသပေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော ပုံမှန်အခြေအနေပင် ဖြစ်၏။

စာတန်ထံမှ လာသည့် အလုပ်မှာ မည်သည့်အရာနည်း။ စာတန်ထံမှလာသော အလုပ်၌ လူတို့အတွင်းရှိ ရူပါရုံများသည် ဝေဝါးနေလေသည်။ လူတို့၌ ပုံမှန်လူ့သဘာဝ မရှိကြပေ၊ ၎င်းတို့ လုပ်ရပ်များ၏နောက်ကွယ်ရှိ ကြံရွယ်ချက်များမှာ မှားယွင်းနေပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ရန်ဆန္ဒရှိသော်လည်း၊ ၎င်းတို့အတွင်းတွင် စွပ်စွဲချက်များ အမြဲရှိနေကာ၊ ဤစွပ်စွဲချက်များနှင့် အတွေးများသည် ၎င်းတို့ အသက်တာ၏ ကြီးထွားမှုကို ဘောင်ခတ်ထားရင်းနှင့် ပုံမှန်အခြေအနေတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ ၎င်းတို့ကို တားဆီးရင်း ၎င်းတို့အတွင်းတွင် စဉ်ဆက်မပြတ်သော အနှောင့်အယှက်များ ဖြစ်စေလေသည်။ ဆိုလိုသည်မှာ၊ လူတို့အတွင်းတွင် စာတန်၏အလုပ် ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ရှေ့တွင် ငြိမ်သက်ခြင်း မရှိနိုင်ကြပေ။ ထိုသို့သော လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အရာ လုပ်ရမည်ကို မသိကြ- လူများ အတူတကွ စုဝေးကြသည်ကို ၎င်းတို့ မြင်ကြသည့်အခါ၊ အဝေးသို့ ထွက်ပြေးချင်ကြပြီး၊ အခြားသူများ ဆုတောင်းသည့်အခါ ၎င်းတို့၏မျက်စိများကို မမှိတ်နိုင်ကြပေ။ နတ်ဆိုးများ၏ လုပ်ဆောင်ချက်သည် လူသားနှင့် ဘုရားသခင်ကြားက ပုံမှန်ဆက်ဆံရေးကို ဖျက်ဆီးပြီး၊ လူတို့၏ ယခင်ရူပါရုံများ သို့မဟုတ် ၎င်းတို့၏ ယခင် အသက်တာဝင်ရောက်မှု လမ်းကြောင်းကို ကမောက်မကဖြစ်စေ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ထံ လုံးဝ တိုးဝင်ချဉ်းကပ်ခြင်း မရှိနိုင်ကြသကဲ့သို့၊ ၎င်းတို့ကို အနှောင့်အယှက်ဖြစ်စေပြီး ချုပ်နှောင်သည့်အရာများ အမြဲ ဖြစ်ပျက်လေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းကို ရှာမတွေ့နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ချစ်ရန် ခွန်အားမဲ့လျက်နှင့် ၎င်းတို့၏ စိတ်ဝိညာဉ်များ ဆုတ်ယုတ်လျက် ကျန်ရစ်ကြလေသည်။ ယင်းတို့သည် စာတန်၏အလုပ်၏ သရုပ်သကန်များ ဖြစ်ကြ၏။ စာတန်၏လုပ်ဆောင်ချက်၏ သရုပ်သကန်များမှာ- ကြံ့ကြံ့မခံနိုင်ခြင်းနှင့် သက်သေ မခံနိုင်ခြင်း၊ သင့်ကို ဘုရားသခင် ရှေ့တွင် အပြစ်ရှိသောသူတစ်ဦးနှင့် ဘုရားသခင်အပေါ် သစ္စာမရှိသောသူတစ်ဦး ဖြစ်လာစေခြင်းတို့ ဖြစ်သည်။ စာတန် ကြားဝင်နှောင့်ယှက်သောအခါ၊ သင့်အတွင်းရှိ ဘုရားသခင်အပေါ် ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို သင် ဆုံးရှုံး၏၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမှ ဖယ်ရှားပစ်ခံရ၏။ သင်သည် သမ္မာတရား သို့မဟုတ် သင်ကိုယ်တိုင်၏တိုးတက်မှုကို ရရှိအောင် အားထုတ်ခြင်းမရှိပေ။ သင်သည် ဆုတ်ယုတ်ကာ မတုန်မလှုပ် ဖြစ်လာ၏၊ သင်သည် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်၏၊ အပြစ်တရား၏ ပျံ့နှံ့မှုကို သင် ဇက်ပုံပေးပြီး အပြစ်တရားကို မမုန်းတီးပေ။ ထို့ပြင် စာတန်၏ ကြားဝင်နှောင့်ယှက်မှုသည် သင့်ကို အကျင့်ပျက်ပြားစေသည်။ ယင်းသည် သင့်အတွင်း၌ ဘုရားသခင်၏ တို့ထိမှုကို ပျောက်ကွယ်စေပြီး သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောစေကာ ဘုရားသခင်ကို မေးခွန်းထုတ်ရန် ဦးတည်စေလျက် သူ့ကို ဆန့်ကျင်စေသည်။ ဘုရားသခင်ကို သင် စွန့်ပစ်မည့် အန္တရာယ်ပင် ရှိလေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၄၅)

သင်၏နေ့စဉ်အသက်တာတွင် သင်၌ တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုမှလာသည်၊ သို့မဟုတ် စာတန်၏ လုပ်ဆောင်ချက်မှ လာသည် ဆိုသည်ကို သင် မည်သို့ ခွဲခြားသင့်သနည်း။ လူတို့၏ အခြေအနေများ ပုံမှန်ဖြစ်သည့်အခါတွင်၊ ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာများနှင့် ဇာတိပကတိထဲက ၎င်းတို့၏ အသက်တာများသည် ပုံမှန်ဖြစ်ကြသကဲ့သို့၊ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် ပုံမှန်ဖြစ်ပြီး အစီစဉ်တကျရှိလေသည်။ ၎င်းတို့ ဤအခြေအနေတွင် ရှိကြသည့်အခါ၊ မိမိတို့ကိုယ်ကိုယ်အတွင်း၌ ၎င်းတို့ တွေ့ကြုံခံစားပြီး၊ သိလာကြသည့် အရာသည် ယေဘုယျအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် တို့ထိခံရခြင်းမှ လာသည်ဟု ဆိုနိုင်ပေသည်။ (ဘုရားသခင်၏ နှုတ်ကပတ်များကို ၎င်းတို့စားသောက်သောအခါ ထိုးထွင်း သိမြင်မှု ရှိခြင်း သို့မဟုတ် ရိုးရှင်းသော အသိပညာအချို့ကို ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် အချို့သော အရာများတွင် သစ္စာရှိခြင်း၊ သို့မဟုတ် အချို့သော အရာများတွင် ဘုရားသခင်ကို ချစ်ရန် ခွန်အားရှိခြင်း— ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပေသည်။) လူသား၏ အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ အမှန်တွင် ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သော်လည်း၊ လူသားသည် ထိုအရာကို ခံစားနိုင်စွမ်းမရှိသကဲ့သို့၊ ယင်းသည် လူသားကိုယ်တိုင်မှတစ်ဆင့် လာသည်ဟု ထင်ရ၏။ နေ့စဉ်အသက်တာတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အယောက်တိုင်း၌ ကြီးမားသော အမှုနှင့် သေးငယ်သော အမှု နှစ်ခုလုံးကို လုပ်ဆောင်ပြီး၊ ကွဲပြားသည်မှာ ဤအမှု၏ အတိုင်းအတာသာ ဖြစ်သည်။ လူအချို့သည် အရည်အချင်းကောင်း ရှိကြပြီး အမှုအရာများကို ၎င်းတို့ လျင်မြန်စွာ နားလည်တတ်ကြကာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းသည် ၎င်းတို့အတွင်းတွင် အထူးသဖြင့် ကြီးမား၏။ ထိုအချိန်အတောအတွင်းတွင်၊ လူအချို့သည် ညံ့ဖျင်းသော အရည်အချင်း ရှိကြပြီး၊ အကြောင်းကိစ္စများကို နားလည်ရန် ၎င်းတို့ သာ၍ အချိန်ကြာတတ်ကြ၏၊ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အတွင်း၌ တို့ထိပြီး၊ ၎င်းတို့သည်လည်း ဘုရားသခင်ကို သစ္စာရှိခြင်း ရရှိနိုင်ကြပေသည်- သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ကို ရှာဖွေလိုက်စားသူတို့အားလုံးတွင် အမှုပြု၏။ နေ့စဉ်အသက်တာတွင် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မကိုက်ညီသော အရာများကို မလုပ်ဆောင်ဘဲ ဘုရားသခင်၏ အမှုကို မနှောင့်ယှက်ကြသည့်အခါ၊ ၎င်းတို့ အသီးသီးတွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် သာ၍ကြီးမားသော အတိုင်းအတာအထိဖြစ်စေ သာ၍နည်းပါးသော အတိုင်းအတာအထိဖြစ်စေ အမှုပြုလေသည်။ သူသည် ၎င်းတို့ကို တို့ထိသည်၊ ဉာဏ်အလင်း ပေးသည်၊ ယုံကြည်ခြင်း ပေးသည်၊ ခွန်အားကို ပေးပြီး ပျင်းရိခြင်းမရှိ သို့မဟုတ် ဇာတိပကတိ၏ ပျော်ရွှင်မှုများကို တပ်မက်ခြင်းမရှိဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တောင့်တလျက်၊ အခြေအနေကို ဖန်တီးယူလျက်ဝင်ရောက်ရန် ၎င်းတို့ကို တို့ထိလေသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် ထံမှ လာသည့် အမှု ဖြစ်သည်။

လူတို့၏ အခြေအနေသည် ပုံမှန်မဟုတ်သည့်အခါ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကို ခံကြရ၏။ ၎င်းတို့စိတ်ထဲတွင်၊ မကျေမနပ်ပြောဆိုတတ်ကြပြီး သူတို့၏ ကြံရွယ်ချက်များ မှားယွင်းသည်၊ ၎င်းတို့ ပျင်းရိကြသည်၊ ဇာတိပကတိကို အလိုလိုက်ကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများက သမ္မာတရားကို ပုန်ကန်လေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာကြ၏။ လူတို့၏ အခြေအနေ ပုံမှန် မဟုတ်သောအခါ၊ ၎င်းတို့သည် အတွင်း၌ မှောင်မိုက်ပြီး ၎င်းတို့၏ ပုံမှန်ဆင်ခြင်တုံတရား ပျောက်ဆုံးသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကိုခံကြရပြီး၊ မိမိတို့အတွင်း၌ ဘုရားသခင်ကို မခံစားနိုင်ကြသည့်အခါတွင်၊ ဤသည်မှာ ၎င်းတို့အတွင်း၌ စာတန် အလုပ် လုပ်နေသောအချိန် ဖြစ်သည်။ လူတို့သည် မိမိတို့အတွင်းတွင် ခွန်အားအမြဲရှိပြီး ဘုရားသခင်ကို အမြဲချစ်ပါက၊ ယေဘုဘျအားဖြင့် အမှုအရာများ ၎င်းတို့၌ ဖြစ်ပျက်သည့်အခါ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော် ထံမှလာပြီး၊ ၎င်းတို့ မည်သူကို ဆုံရသည်ဖြစ်စေ ထိုတွေ့ဆုံခြင်းသည် ဘုရားသခင်၏ အစီအစဉ်များ၏ အကျိုးဆက်ဖြစ်၏။ ဆိုလိုသည်မှာ သင်သည် ပုံမှန် အခြေအနေတစ်ခုတွင် ရှိသည့်အခါ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကြီးမြတ်သော အမှုအတွင်းတွင် ရှိသောအခါ၊ သင့်ကို ယိမ်းယိုင်စေဖို့ စာတန် မလုပ်ဆောင်နိုင်ပေ။ ဤအုတ်မြစ်အပေါ်အခြေပြု၍၊ အရာရာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာပြီး သင်သည် မမှန်ကန်သော အတွေးများ ရှိကောင်းရှိနိုင်သော်လည်း ထိုအရာများကို သင် ပစ်ပယ်နိုင်သကဲ့သို့ ၎င်းတို့ကို သင် မလိုက်လျှောက်ဟု ဆိုနိုင်ပေသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုမှ လာသည်။ မည်သည့်အခြေအနေတွင် စာတန်သည် ဝင်ရောက်နှောင့်ယှက်သနည်း။ သင်၏ အခြေအနေ ပုံမှန်မဟုတ်သောအခါ၊ သင်သည် ဘုရားသခင်၏တို့ထိမှုကို မခံစားရဘဲ ဘုရားသခင်၏ အမှု သင့်၌ မရှိသောအခါ၊ သင်သည် အတွင်း၌ ခြောက်သွေ့ပြီး အကျိုးမဖြစ်သောအခါ၊ ဘုရားသခင်ထံ ဆုတောင်းသော်လည်း မည်သည့်အရာကိုမျှ သဘောမပေါက်သောအခါနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်သော်လည်း ဉာဏ်အလင်း ပေးခံရခြင်း သို့မဟုတ် အလင်းပြခံရခြင်း မရှိသော အချိန်အခါတို့တွင် စာတန်အတွက် သင့်အတွင်း၌ အလုပ်လုပ်ဖို့ လွယ်ကူပေသည်။ တစ်နည်းဆိုရသော်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းခံရပြီး ဘုရားသခင်ကို မခံစားနိုင်သောအခါတွင်၊ စာတန်၏ အပြစ်သွေးဆောင်ခြင်းမှ လာသော အမှုအရာများစွာ သင်၌ ဖြစ်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သကဲ့သို့၊ စာတန်သည်လည်း တစ်ချိန်လုံး အလုပ်လုပ်နေ၏။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား၏အတွင်း၌ တို့ထိနေစဉ်၊ တစ်ချိန်တည်းတွင် စာတန်သည် လူ့အထဲ၌ ဝင်ရောက်နှောင့်ယှက်၏။ သို့သော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် ဦးဆောင်နေသည့် အနေအထားကို ယူပြီး၊ မိမိတို့၏ အခြေအနေများ ပုံမှန်ဖြစ်နေသော လူတို့သည် အောင်နိုင်ကြ၏။ ဤသည်မှာ စာတန်၏ အလုပ်အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ အောင်ပွဲ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုစဉ်တွင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘာထားတစ်ခု လူတို့အတွင်းတွင် ရှိဆဲဖြစ်သည်။ သို့သော်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့် အတောအတွင်းတွင်၊ လူတို့အတွက် မိမိတို့၏ ပုန်ကန်မှု၊ ကြံရွယ်ချက်များနှင့် မသမာမှုများကို ရှာဖွေတွေ့ရှိပြီး သတိပြုမိဖို့ လွယ်ကူပေသည်။ ထိုအခါမှသာ လူတို့သည် နောင်တစိတ်ခံစားရပြီး နောင်တရဖို့ တိုး၍ လိုလားလျက်ရှိကြသည်။ ထိုသို့ဖြစ်သဖြင့်၊ ၎င်းတို့၏ ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်၏ အမှုအတွင်းတွင် တဖြည်းဖြည်း စွန့်ပစ်ခံရကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ သူသည် လူတို့အတွင်း၌ အမှုပြုနေစဉ် ၎င်းတို့သည် ဒုက္ခများ ရှိနေကြဆဲ ဖြစ်သည်၊ ငိုကြွေးနေကြဆဲ ဖြစ်သည်၊ ဆင်းရဲဒုက္ခ ခံစားကြရဆဲ ဖြစ်သည်၊ အားနည်းနေကြဆဲ ဖြစ်ကာ၊ ၎င်းတို့အဖို့ မရှင်းလင်းသောအရာ များစွာ ရှိဆဲဖြစ်၏၊ သို့သော်လည်း ဤအခြေအနေတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆုတ်ယုတ်ခြင်းမှ တားဆီးနိုင်ကြပြီး ဘုရားသခင်ကို ချစ်နိုင်ကြကာ၊ ၎င်းတို့ ငိုကြွေးပြီး စိတ်သောကရောက်ကြသော်လည်း၊ ဘုရားသခင်ကို ၎င်းတို့ ချီးမွမ်းနိုင်ကြဆဲ ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် စိုးစဉ်းမျှပင် သဘာဝလွန် မဟုတ်ဘဲ၊ အထူးသဖြင့် ပုံမှန်ဖြစ်၏။ လူအများစုက သန့်ရှင်းသော ဝိညာဉ်တော် စတင် အလုပ်လုပ်သည်နှင့် တစ်ပြိုင်နက်၊ လူတို့၏အခြေအနေတွင် ပြောင်းလဲမှုများ ဖြစ်ပွားကာ သူတို့အဖို့ ပဓာန ကျသည့်အရာများ ဖယ်ရှားခံရသည်ဟု ယုံကြည်ကြ၏။ ထိုသို့သော ယုံကြည်မှုများသည် မှားယွင်းကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားအထဲတွင် အလုပ်လုပ်သောအခါ၊ လူသား၏ မတုန်မလှုပ်ဖြစ်သော အရာများသည် ရှိနေသေးပြီး သူ၏ ဝိညာဉ် အသက်တာသည် ယခင်အတိုင်း ရှိမြဲရှိ၏၊ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပြခြင်းနှင့် ဉာဏ်အလင်းပေးခြင်းတို့ကို ရရှိပြီး၊ ထို့ကြောင့် သူ၏အခြေအနေသည် သာ၍ ဖန်တီးယူနိုင်စွမ်း ရှိလာသည်။ သူ့အတွင်းရှိ အခြေအနေများသည် ပုံမှန်ဖြစ်လာပြီး၊ သူသည် အလျင်အမြန် ပြောင်းလဲ၏။ လူတို့၏ စစ်မှန်သော အတွေ့အကြုံများတွင်၊ ၎င်းတို့သည် အဓိကအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော် သို့မဟုတ် စာတန်၏ လုပ်ဆောင်ချက်များကို တွေ့ကြုံကြရပြီး၊ ဤအခြေအနေများကို ၎င်းတို့ သဘောမပေါက် နိုင်သကဲ့သို့ ပိုင်းခြားသိမြင်ခြင်း မရှိပါက၊ စိတ်သဘောထား၌ ပြောင်းလဲမှုကို မဆိုထားနှင့်၊ စစ်မှန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းကိုပင် စဉ်းစားစရာ မလိုတော့ပေ။ ထို့ကြောင့်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားခြင်း၏ သော့ချက်မှာ ထိုသို့သော အရာများကို ရိပ်စားမိနိုင်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့အတွက် ထိုအရာကို တွေ့ကြုံခံစားဖို့ သာ၍ လွယ်ကူလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၄၆)

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်၏။ စာတန်၏အလုပ်မှာမူ ဆုတ်ခွာခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ပုန်ကန်ခြင်း၊ ဘုရားသခင်ကို ခုခံခြင်း၊ ဘုရားသခင်၌ ယုံကြည်မှုပျောက်ဆုံးခြင်း၊ ဓမ္မသီချင်းများ ဆိုရန်ကိုပင် လိုလားမှုမရှိခြင်းနှင့် မိမိ၏ တာဝန်ကို ဆောင်ရွက်ရန် အားနည်းလွန်းခြင်းတို့ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှ အရင်းခံသည့် အရာရာတိုင်းသည် အတော်ပင် သဘာဝကျ၏။ ယင်းသည် သင့်အပေါ် ဖိအားပေးခြင်း မဟုတ်ပေ။ သင်လိုက်လျှောက်ပါက၊ ငြိမ်သက်ခြင်း ရှိလိမ့်မည်။ မလိုက်လျှောက်ပါက၊ နောက်ပိုင်းတွင် ပြစ်တင်မောင်းမဲခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်၊ သင် လုပ်ဆောင်သည့် မည်သည့်အရာမျှ နှောင့်ယှက်ခံရခြင်း သို့မဟုတ် ဘောင်ခတ်ခံရခြင်း ရှိလိမ့်မည်မဟုတ်။ သင်သည် လွတ်မြောက်လိမ့်မည်၊ သင်၏ လုပ်ဆောင်ချက်များတွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ မည်သည့်ကန့်သတ်ချက်မျှ သင် ခံရမည်မဟုတ်ဘဲ၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နိုင်ပေလိမ့်မည်။ စာတန်၏အလုပ်သည် အမှုအရာများစွာတွင် သင့်ကို အနှောင့်အယှက် ဖြစ်စေ၏။ ယင်းက သင့်ကို ဆုတောင်းဖို့ လိုလားခြင်းမရှိ ဖြစ်စေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အလွန်ပျင်းရိစေပြီး၊ အသင်းတော်အသက်တာကို အသက်ရှင်ဖို့ လိုအင်ဆန္ဒမရှိအောင် ဖြစ်စေကာ၊ သင့်ကို ဝိညာဉ်ရေးရာ အသက်တာမှ ခပ်ခွာခွာနေစေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင်၏နေ့စဉ်ဘဝကို ဝင်ရောက်မနှောင့်ယှက်သကဲ့သို့၊ သင်၏ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကိုလည်း ဝင်ရောက်နှောင့်ယှက်ခြင်းမရှိပေ။ အကြောင်းကိစ္စများစွာ ဖြစ်ပွားသည့်အခိုက်တွင် ထိုအရာများကို သင် မသိမြင် နိုင်သော်လည်း၊ ရက်အနည်းငယ် ကြာပြီးနောက်တွင် သင်၏စိတ်နှလုံး သာ၍ ကြည်လင် ရွှင်ပျလာပြီး သင်၏ စိတ်သည် သာ၍ ရှင်းလင်းလာလေသည်။ စိတ်ဝိညာဉ်နှင့်ဆိုင်သော အမှုအရာများနှင့်ပတ်သက်၍ အသိစိတ်တစ်ချို့ သင်၌ ရှိလာပြီး၊ အတွေးတစ်ခုက ဘုရားသခင်ဆီမှ လာခြင်း သို့မဟုတ် စာတန်ဆီမှ လာခြင်း ဆိုသည်ကို သင် တဖြည်းဖြည်း သိမြင်နိုင်လေသည်။ အချို့သော အရာများက သင့်အား ဘုရားသခင်ကို သိသိသာသာ ဆန့်ကျင်စေပြီး ပုန်ကန်စေသည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှ သင့်ကို တားဆီးလေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာ၏။ အချို့သော အရာတို့သည် သိသာထင်ရှားခြင်း မရှိသကဲ့သို့၊ ထိုအခိုက်အတန့်တွင် ၎င်းတို့က မည်သည့်အရာ ဖြစ်သည်ကို သင် မပြောနိုင်ပေ။ နောက်ပိုင်းတွင်၊ သင်သည် ၎င်းတို့၏ သရုပ်သကန်များကို မြင်နိုင်ပြီးနောက် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးနိုင်လေသည်။ မည်သည့်အရာများက စာတန်ထံမှလာပြီး၊ မည်သည့်အရာများကို သန့်ရှင်းသော ဝိညာဉ်တော်က ညွှန်ကြားသည်ဆိုသည်ကို သင် ရှင်းလင်းစွာ သိမြင်နိုင်ပါက၊ သင်သည် သင်၏အတွေ့အကြုံများတွင် အလွယ်တကူ လမ်းလွဲစေခြင်း ခံရလိမ့်မည် မဟုတ်ပေ။ တစ်ခါတရံတွင်၊ သင်၏အခြေအနေ မကောင်းသောအခါ၊ သင်၏ မတုန်မလှုပ်ဖြစ်သော အခြေအနေမှ သင့်ကို ဆွဲထုတ်သည့် အတွေးအချို့ သင်၌ရှိ၏။ ဤအရာက သင်၏ အခြေအနေ နှစ်သက်စရာမဖြစ်သည့် အချိန်တွင်ပင် သင်၏အချို့သောအတွေးတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံတော်မှ လာနိုင်သေးသည်ကို ပြသ၏။ ယင်းမှာ သင်သည် မတုန်မလှုပ်ဖြစ်သည့် အချိန်တွင် သင်၏အတွေးအားလုံးကို စာတန်ကပို့ခြင်း မဟုတ်ပေ။ ထိုသို့အမှန်ဖြစ်ခဲ့ပါက၊ မည်သည့်အချိန်တွင် အပြုသဘောဆောင်သည့် အခြေအနေထဲသို့ သင် ကူးပြောင်းနိုင်မည်နည်း။ အချိန်ကာလတစ်ခုကြာ မတုန်မလှုပ်ဖြစ်ပြီးနောက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား စုံလင်စေခြင်းခံရမည့် အခွင့်အရေးတစ်ခု ပေးလေသည်။ သူသည် သင့်ကို တို့ထိကာ မတုန်မလှုပ်ဖြစ်သော အခြေအနေမှ သင့်ကို ခေါ်ထုတ်လေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မည်သည့်အရာဖြစ်ပြီး၊ စာတန်၏ အလုပ်က မည်သည့်အရာဖြစ်သည်ကို သိရှိလျက်၊ သင်၏ အတွေ့အကြုံများ ကာလအတွင်း ဤအရာများကို သင်ကိုယ်တိုင်၏ အခြေအနေနှင့် နှိုင်းယှဉ်ကြည့်နိုင်၍၊ သင်ကိုယ်တိုင်၏ အတွေ့အကြုံများဖြင့် နှိုင်းယှဉ်ကြည့်နိုင်ပြီး၊ ဤနည်းဖြင့် သင်၏အတွေ့အကြုံများရှိ အခြေခံသဘောတရားနှင့် ဆက်နွှယ်သော သမ္မာတရားများစွာ ရှိလိမ့်မည်။ အခြေခံသဘောတရားနှင့် ပတ်သက်သည့် ဤသမ္မာတရားများကို သိနားလည်ပြီးနောက်၊ သင်၏တကယ့်အခြေအနေကို သင် ထိန်းသိမ်းနိုင်လိမ့်မည်၊ လူများအကြားနှင့် အဖြစ်အပျက်များအကြား သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိခြင်းတွင် သင်သည် များစွာ အားစိုက်ထုတ်ရလိမ့်မည် မဟုတ်ပေ။ ဟုတ်ပေ၏၊ ဤအရာသည် သင်၏ ရည်ရွယ်ချက်များ မှန်ကန်ခြင်းအပေါ်နှင့် ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့ သင်၏ လိုလားမှုအပေါ် မူတည်၏။ ဤကဲ့သို့သော အသုံးအနှုန်း- အခြေခံသဘောတရားများနှင့် ဆက်နွှယ်သော အသုံးအနှုန်းကို သင်၏ အတွေ့အကြုံများ၌ ထည့်သွင်းစဉ်းစားသင့်သည်။ ထိုအရာမရှိဘဲနှင့်၊ သင်၏ အတွေ့အကြုံများသည် စာတန်၏ နှောင့်ယှက်မှုများနှင့် မိုက်မဲသော အသိပညာတို့ဖြင့် ပြည့်နေပေလိမ့်မည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော် မည်သို့အလုပ်လုပ်သည်ကို နားမလည်ပါက၊ မည်သို့ဝင်ရောက်ရမည်ကို သင်နားမလည်သကဲ့သို့၊ စာတန် မည်သို့ အလုပ်လုပ်သည်ကို သင် နားမလည်ပါက၊ သင်လှမ်းသည့် ခြေလှမ်းအသီးသီးတွင် မည်သို့ သတိရှိရမည်ကို သင် နားမလည်ပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် မည်သို့ အလုပ်လုပ်ပြီး၊ စာတန် မည်သို့ အလုပ်လုပ်သည်ကို သိနားလည်သင့်၏။ နှစ်ခုလုံးသည် လူတို့၏အတွေ့အကြုံများနှင့် သက်ဆိုင်သော မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၄၇)

ပုံမှန်လူ့သဘာဝတွင် မည်သည့်ရှုထောင့်များ ပါဝင်သနည်း။ ထိုးထွင်းသိမြင်ခြင်း၊ ဆင်ခြင်ဉာဏ်၊ အသိတရားနှင့် အကျင့်စရိုက်တို့ဖြစ်၏။ ဤရှုထောင့်အသီးသီးတွင် ပုံမှန်ဖြစ်ခြင်းကို သင် ရရှိနိုင်ပါက၊ သင်၏ လူ့သဘာဝသည် စံချိန်မီလိမ့်မည်။ သင်သည် ပုံမှန် သက်ရှိလူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိသင့်ပြီး၊ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးနှင့် ဆင်တူသင့်သည်။ သင့်အနေဖြင့် အလွန်များစွာ ရရှိဖို့မလို သို့မဟုတ် လူမှုဆက်ဆံရေး ပရိယာယ်တွင် ပါဝင်ပတ်သက်စရာမလိုပေ။ သင့်အနေဖြင့် အမှုအရာများကို ရိပ်မိနိုင်ဖို့ရန် ပုံမှန် လူတစ်ဦး၏ အသိဉာဏ်ရှိသည့် ပုံမှန်လူသားတစ်ဦး ဖြစ်ဖို့သာ လိုပြီး၊ အနည်းဆုံးအနေဖြင့် ပုံမှန်လူသားတစ်ဦးနှင့် တူရမည် ဖြစ်သည်။ ယင်းသည် လုံလောက်လိမ့်မည်။ ယနေ့ သင့်ကို တောင်းဆိုသည့် အရာအားလုံးသည် သင်၏ တတ်စွမ်းနိုင်မှုများ အတွင်းတွင် ရှိ၏။ ဤသည်မှာ ဘဲကို ငှက်အိပ်တန်းပေါ် မောင်းရန် ကြိုးစားနေသည့် ကိစ္စတစ်ခု မဟုတ်ပေ။ သင့်အပေါ် အချည်းနှီး စကားများ သို့မဟုတ် အချည်းနှီး အလုပ်ကို ဆောင်ရွက်လိမ့်မည် မဟုတ်ပေ။ သင့်အသက်တာထဲတွင် ဖော်ပြထားသည့် သို့မဟုတ် ဖွင့်ပြထားသည့် အကျည်းတန်ခြင်း အားလုံးကို ဖယ်ရှားရမည်။ သင်တို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်ကာ စာတန်၏ အဆိပ်များဖြင့် ပြည့်လျှံလျက်ရှိသည်။ သင့်ကို တောင်းဆိုသမျှမှာ ဤဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားဖို့ ဖြစ်သည်။ သင့်ကို အဆင့်မြင့်မားသည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကျော်ကြားသော လူတစ်ဦး သို့မဟုတ် ကြီးမြတ်သော လူတစ်ဦး ဖြစ်လာဖို့ တောင်းဆိုထားခြင်း မဟုတ်။ ယင်းတွင် အဓိပ္ပာယ်မရှိချေ။ သင်တို့၌ လုပ်ဆောင်သည့် အမှုသည် သင်တို့ထဲက မွေးရာပါဖြစ်သည့်အရာကိုသာ ထည့်တွက်သည်။ လူတို့ကို ငါတောင်းဆိုသည့်အရာတွင် အကန့်အသတ်များရှိ၏။ အကယ်၍ ယနေ့ လူအပေါင်းတို့ကို အစိုးရအရာရှိများကဲ့သို့ ပြုမူကြရန်- အစိုးရအရာရှိများ၏ အသံနေအသံထားအတိုင်း စကားပြောခြင်းကို ကျင့်သုံးရန်၊ အဆင့်မြင့် အစိုးရ အရာရှိများ၏ ဟန်ပန်ဖြင့် စကားပြောဖို့ လေ့ကျင့်ရန်၊ သို့မဟုတ် စာတမ်းရှင်များနှင့် ဝတ္ထုရေးဆရာများ၏ စကားအသံနေအသံထားနှင့် ဟန်ပန်ဖြင့် မိမိတို့ကိုယ်ကိုယ် ဖော်ပြခြင်းကို လေ့ကျင့်ရန် တောင်းဆိုပါက- ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ ယင်းကို လုပ်ဆောင်၍ မရနိုင်။ သင်တို့၏ အရည်အချင်းကို ထောက်ဆလျှင်၊ သင်တို့သည် အနည်းဆုံးအနေဖြင့် ဉာဏ်ပညာနှင့် လိမ္မာပါးနပ်မှုတို့ဖြင့် စကားပြောဆိုနိုင်သင့်ပြီး ကိစ္စရပ်များကို ရှင်းလင်းပြီး နားလည်သဘောပေါက်နိုင်သည့် ပုံစံဖြင့် ရှင်းပြနိုင်သင့်ပေသည်။ ယင်းမှာ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့ လိုသမျှ အရာအားလုံး ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် ထိုးထွင်းအမြင်နှင့် အသိဉာဏ်တို့ကို ရရှိပါက၊ အလုပ်ဖြစ်ပါလိမ့်မည်။ ယခု အရေးကြီးဆုံးသော အရာမှာ သင်၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို စွန့်ပစ်ခြင်း ဖြစ်သည်။ သင်၌ ထင်ရှားသည့် အကျည်းတန်ခြင်းကို သင်စွန့်ပစ်ရမည်။ ဤအရာများကို သင်မစွန့်ပစ်ပါက၊ အမြင့်ဆုံးသော အသိဉာဏ်နှင့် အမြင့်ဆုံးသော ထိုးထွင်းသိမြင်မှုအကြောင်းကို သင်မည်သို့ ပြောဆိုနိုင်မည်နည်း။ လူများစွာသည် ခေတ်ကာလ ပြောင်းလဲပြီးဖြစ်သည်ကို မြင်သော်လည်း၊ မည်သည့် နှိမ့်ချခြင်း၊ သို့မဟုတ် စိတ်ရှည်ခြင်း လုံးဝ မရှိကြဘဲ၊ မေတ္တာတရား၊ သို့မဟုတ် သန့်ရှင်းသူကဲ့သို့ အပြုအမူ အနေအထိုင် တစ်ခုမျှ မရှိလျှင်လည်း သာ၍ကောင်းလိမ့်မည်။ ထိုသို့သော လူများသည် အဓိပ္ပါယ်မဲ့လှပါတကား။ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ တစ်စက်မျှပင် ရှိကြသလော။ ပြောစရာ သက်သေခံချက် တစ်စုံတစ်ရာ ရှိကြသလော။ ၎င်းတို့သည် ထိုးထွင်းအမြင်နှင့် အသိဉာဏ်တို့ လုံးဝမရှိကြချေ။ လူတို့၏ ကျင့်ကြံမှုများနှင့်ဆိုင်သည့် သွေဖည်ပြီး မှားယွင်းသည့် ရှုထောင့်အချို့ကို ပြုပြင်ဖို့လိုသည်မှာ မှန်ပေ၏။ ဥပမာအားဖြင့် ၎င်းတို့၏ ယခင်က တင်းမာသော ဝိညာဉ်ရေးရာ အသက်များနှင့် ၎င်းတို့၏ တွေဝေထိုင်းမှိုင်းပြီး မိုက်မဲသော သွင်ပြင်- ဤအရာအားလုံးကို ပြောင်းလဲရမည် ဖြစ်သည်။ ပြောင်းလဲခြင်း ဆိုသည်မှာ သင် ပြောဆိုလိုသည့် အရာမှန်သမျှကို ပြောဆိုရင်း၊ သင့်ကို ကိုယ်ကျင့်သိက္ခာ ကင်းမဲ့ဖို့ သို့မဟုတ် ဇာတိပကတိတွင် မွေ့လျော်ဖို့ အခွင့်ပေးခြင်းကို မဆိုလိုပေ။ သင့်အနေဖြင့် မရေမရာ စကားမပြောရ။ ပုံမှန်လူသားတစ်ဦး၏ အပြောအဆိုနှင့် အပြုအမူတို့ ရှိဖို့ဆိုသည်မှာ “ဟုတ်သည်” ကို “ဟုတ်သည်”၊ “မဟုတ်သည်” ကို “မဟုတ်သည်” ဟု ဆိုရင်း၊ ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ ဖြစ်သည်။ အမှန်တရားများကို ဆုပ်ကိုင်ထားပြီး သင့်တင့်လျောက်ပတ်စွာ ပြောဆိုလော့။ မလှည့်စားနှင့်၊ မုသားမပြောနှင့်။ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပုံမှန်လူတစ်ဦး ရောက်ရှိနိုင်သည့် အတိုင်းအတာများကို နားလည်ထားရမည်။ အကယ်၍ နားမလည်ပါက၊ သင်သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရည်အချင်းကို မြှင့်တင်ခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရေးအတွက် ဖြစ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၄၈)

လူသားသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အမှန်အားဖြင့် လူသားတို့၏အတွင်းမှ ရှိရင်းစွဲ အရာအလုံးစုံကို စွမ်းဆောင်အောင်မြင်ခြင်းပင် ဖြစ်သည်၊ တစ်နည်းအားဖြင့် လူသားများအတွက် စွမ်းဆောင်အောင်မြင် နိုင်ခြေရှိသော အရာများဖြစ်သည်။ ထိုအခါတွင် ၎င်းတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်သည်။ လူသားတို့ အစေခံစဉ် လူသားတို့၏ ချွတ်ယွင်းချက်များသည် အဆင့်ဆင့် တိုးတက် ရင့်ကျက်လာသော အတွေ့အကြုံအားဖြင့်သော်လည်းကောင်း တရားစီရင်ခြင်းကို ခံရသော ၎င်းတို့၏ အတွေ့အကြုံဖြစ်စဉ် အားဖြင့်သော်လည်းကောင်း တဖြည်းဖြည်းလျော့နည်းလာသည်၊ ၎င်းတို့သည် လူသားတို့၏တာဝန်ကို တားဆီးခြင်း သို့မဟုတ် ဆိုးကျိုးသက်ရောက်စေခြင်း မရှိပါ။ အစေခံခြင်းကို ရပ်စဲသောသူ သို့မဟုတ် လက်လျှော့ အရှုံးပေးသူများနှင့် အစေခံခြင်းတွင် ရှိကောင်းရှိနိုင်သော ချွတ်ယွင်းချက်များကို ကြောက်ရွံ့ခြင်းကြောင့် နောက်ပြန်ဆုတ်သောသူများသည် လူသားများ အားလုံးထဲတွင် သတ္တိအနည်းဆုံးသောသူများဖြစ်သည်။ အကယ်၍ လူသားများသည် အစေခံစဉ် ဖော်ပြသင့်သည့်အရာတို့ကို ဖော်ပြနိုင်ခြင်း ရှိရမည့်အစား သို့မဟုတ် ၎င်းတို့အတွက် ရှိရင်းစွဲအနေဖြင့် ဖြစ်နိုင်ခြေရှိ သည်တို့ကို ရယူစွမ်းဆောင်နိုင်ခြင်းရှိရမည့်အစား စိတ်အားထက်သန်မှုမရှိဘဲ ဝတ်ကျေတမ်းကျေလုပ်နေပါက၊ ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါများတွင် ရှိသင့်ရှိထိုက်သောအလုပ်ကို လက်လွှတ်ဆုံးရှုံးနေရပြီ ဖြစ်သည်။ ထိုသို့သော လူတို့မှာ “အညတရလူများ” ဟု သိရသောအရာများ ဖြစ်သည်။ သူတို့မှာ အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံသတ္တဝါများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်နိုင်မည်နည်း။ အပြင်ပန်း တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးမှု၏ အပေါင်းအပါများဖြစ်သည် မဟုတ်လော။ အကယ်၍ လူသားတစ်ဦးသည် သူ့ကိုယ်သူ ဘုရားသခင်ဟူ၍ ခေါ်ဝေါ်သမုတ်သော်လည်း ဘုရားသဘောသဘာဝ၏ ဖြစ်ခြင်းကို မဖော်ပြနိုင်၊ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို မပြုနိုင်၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါက သူသည် ဘုရားသခင် မဟုတ်သည်မှာ သေချာသည်၊ အဘယ်ကြောင့်ဆိုသော် သူ၌ ဘုရားသခင်၏ အနှစ်သာရ မရှိခြင်းကြောင့်ဖြစ်ပြီး ပင်ကိုအားဖြင့် ဘုရားသခင် ရယူနိုင်သောအရာမှာ ထိုလူထဲ၌ မတည်ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ လူသားများသည် ပင်ကိုအတိုင်း ရရှိနိုင်သောအရာတို့ကို လက်လွတ်ဆုံးရှုံးပါက ၎င်းတို့ကို လူသားဟူ၍ ဆက်လက်မသတ်မှတ်နိုင်တော့ပေ၊ ထို့အပြင် ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါအဖြစ် ရပ်တည်ရန် သို့မဟုတ် ဘုရားသခင်ရှေ့မှောက် လာရောက်ရန်နှင့် သူ့အားအစေခံရန် မထိုက်တန်ချေ။ ထိုမျှမက ၎င်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို လက်ခံရယူရန် မထိုက်တန်၊ သို့မဟုတ် ဘုရားသခင်၏ ကြည့်ရှုစောင်မခြင်း၊ ကာကွယ်ခြင်းကို ခံယူရန်နှင့် ပြီးပြည့်စုံအောင် ပြုခြင်းခံရရန် မထိုက်တန်။ ဘုရားသခင်၏ ယုံကြည်မှုကို လက်လွတ်ဆုံးရှုံးသောသူများစွာသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဆက်လက်၍ လက်လွတ်ဆုံးရှုံးနေရဦးမည်။ ၎င်းတို့သည် မိမိတို့၏ မကောင်းမှုများကို စက်ဆုပ်ရွံရှာခြင်း မရှိသည်သာမက ဘုရားသခင်၏ လမ်းကြောင်းမှာ မှားယွင်းသည်ဟူ၍ အရှက်မရှိ ဝါဒဖြန့်ကြသည်။ ထို့အပြင် ဆန့်ကျင်ပုန်ကန်သော ထိုသူများသည် ဘုရားသခင် ရှိကြောင်းကိုပင် ငြင်းဆန်ကြသည်၊ ထိုကဲ့သို့ ဆန့်ကျင်ပုန်ကန်တတ်သော လူအမျိုးအစားတွင် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရန် အထူးအခွင့်အရေး မည်သို့ရှိနိုင်မည်နည်း။ မိမိတို့၏တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ရန် ပျက်ကွက်သောလူသားများသည် ဘုရားသခင်ကို အလွန်ဆန့်ကျင်ပုန်ကန် နေကြခြင်းဖြစ်ပြီး ဘုရားသခင်ကို များစွာအကြွေးတင်သောသူများ ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ကိုယ်ကိုလှည့်ကာ ဘုရားသခင် မှားကြောင်း ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချကြသည်။ ထိုသို့သော လူသားများသည် ပြီးပြည့်စုံအောင် ပြုခြင်းခံရရန် မည်ကဲ့သို့ ထိုက်တန်နိုင်ပါမည်နည်း။ ဤအရာသည် သုတ်သင်ပယ်ရှင်းခြင်းနှင့် အပြစ်ပေးခြင်းကို ခံရမည့် ရှေ့ပြေးလက္ခဏာ မဟုတ်လော။ ဘုရားသခင်၏မျက်မှောက်တွင် မိမိ၏တာဝန်ကို မထမ်းဆောင်သော လူသားတစ်ဦးသည် စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော ပြစ်မှုများအတွက် အပြစ်ရှိနေပြီးသားဖြစ်သည်၊ ထိုအပြစ်များအတွက် သေခြင်းတရားပင်လျှင် လုံလောက်သော ပြစ်ဒဏ်မဟုတ်၊ သို့သော်လည်း လူသားများသည် ဘုရားသခင်နှင့် ငြင်းခုံရဲသည်သာမက ၎င်းတို့ကိုယ်ကို ဘုရားသခင်နှင့် ယှဉ်ပြိုင်ရဲသည့် သတ္တိရှိကြသည်။ ထိုသို့သော လူမျိုးကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရန် အဘယ်သို့ ထိုက်တန်မည်နည်း။ အကယ်၍ လူသားများသည် ၎င်းတို့၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပါက ၎င်းတို့သည် အပြစ်ရှိကြောင်းနှင့် အကြွေးတင်ရှိကြောင်း ခံစားသင့်သည်၊ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို စက်ဆုပ်ရွံရှာသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်နှင့် အသွေးကို ဘုရားသခင်အတွက် စွန့်လွှတ်သင့်သည်။ သို့မှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြမည်ဖြစ်ပြီး ထိုသို့သော လူမျိုးသာလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို ရရှိခံစားရန်ထိုက်တန်ပြီး ပြီးပြည့်စုံခြင်းသို့ ရောက်အောင် ဘုရားသခင်၏ ပြုခြင်းကိုခံရန်ထိုက်တန်သည်။ ထို့အပြင် သင်တို့ အများစုမှာ အဘယ်သို့နည်း။ သင်တို့နှင့်အတူရှိသော ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသနည်း။ သင်တို့သည် သူ၏ မျက်မှောက်တွင် သင်တို့၏တာဝန်ကို မည်ကဲ့သို့ ထမ်းဆောင်ကြသနည်း။ သင်တို့ လုပ်ဆောင်ရန်အတွက် ခေါ်တော်မူခြင်းခံရသော အရာအလုံးစုံကို သင်တို့၏ ကိုယ့်အသက်ကိုမငဲ့ဘဲ လုပ်ဆောင်ပြီးပြီလော။ သင်တို့ မည်သည်တို့ကို စွန့်လွှတ်အနစ်နာခံခဲ့ ပြီးပြီနည်း။ သင်တို့ ငါ့ထံမှ ကြွယ်ဝစွာ မရရှိသေးသလော။ သင်တို့ ရှင်းလင်းစွာ ခွဲခြားနိုင်သလော။ သင်တို့ ငါ့အား မည်မျှသစ္စာရှိသနည်း။ သင်တို့ ငါ့အား မည်သို့ အစေခံခဲ့ပြီးပြီနည်း။ ထို့အပြင် သင်တို့အပေါ် ငါပေးအပ်ခဲ့ပြီး သင်တို့အတွက် ငါပြုခဲ့ပြီးသော အရာအလုံးစုံတို့မှာ အဘယ်နည်း။ ထိုအရာ အလုံးစုံကို သင်တို့ တိုင်းတာပြီးပြီလော။ သင်တို့အားလုံး ဤအရာကို သင်တို့အတွင်း၌ရှိသော အသိစိတ် အနည်းငယ်ဖြင့် စီရင် နှိုင်းယှဉ် ပြီးပြီလော။ မည်သူသည် သင်၏စကားများ၊ လုပ်ရပ်များနှင့် ထိုက်တန်နိုင်မည်နည်း။ သင်တို့၏ မပြောပလောက်သော ယင်းကဲ့သို့ စွန့်လွှတ်အနစ်နာခံခြင်းသည် သင်တို့အပေါ် ငါ ပေးအပ်ခဲ့သမျှနှင့် ထိုက်တန်နိုင်သလော။ ငါ၌အခြား ရွေးချယ်စရာ မရှိဘဲ သင်တို့ကို စိတ်ပါလက်ပါ အပြည့်အဝ အစဉ်ချစ်၍ သစ္စာရှိခဲ့သော်လည်း သင်တို့သည် ငါ့အကြောင်းနှင့်ပတ်သက်ပါက စိတ်မပါတပါဖြင့် သို့လောသို့လောဟူ၍ မိုက်သောဒွိဟစိတ်များကို လက်သင့်ခံထားကြသည်။ ထိုအရာသည် သင်တို့လုပ်ဆောင်ရမည့် တာဝန်၏အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော အလုပ်ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံသတ္တဝါ၏ တာဝန်ကို ကျေပွန်အောင် နည်းနည်းမျှပင် ထမ်းဆောင်နိုင်ခဲ့ခြင်း မရှိသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ သတ်မှတ်နိုင်မည်နည်း။ သင်တို့ အသက်ရှင် နေထိုင်နေသောအရာနှင့် ဖော်ပြနေသောအရာမှာ အဘယ်အရာ ဖြစ်ကြောင်းကို သင်တို့ ရှင်းလင်းစွာ မသိသလော။ သင်တို့သည် သင်တို့၏တာဝန်ကို ကျေပွန်အောင်လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သော်လည်း ဘုရားသခင်၏ သည်းခံခြင်းနှင့် အလျှံအပယ် ဖြစ်သော ကျေးဇူးတော်ကိုရရှိရန် သင်တို့ ကြိုးပမ်းကြသည်။ ထိုသို့သော ကျေးဇူးတော်သည် သင်တို့ကဲ့သို့ အသုံးမကျဘဲ ယုတ်ညံ့သောသူများအတွက် ပြင်ဆင်ပေးထားခြင်း မဟုတ်၊ မည်သည့်အရာကိုမျှ မတောင်းဘဲ ဝမ်းမြောက်စွာဖြင့် စွန့်လွှတ်အနစ်နာခံသော သူများအတွက် ပြင်ဆင် ပေးထားခြင်းဖြစ်သည်။ သင်တို့ကဲ့သို့သောလူများသည် လေထဲ တိုက်အိမ်ဆောက်သော အညတရလူများဖြစ်ကြပြီး ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကို ခံစားရန် လုံးဝမထိုက်တန်။ သင်တို့၏ နေ့ရက်များတွင် ခက်ခဲဆိုးယုတ်ခြင်းနှင့် မကုန်ဆုံးနိုင်သော ပြစ်ဒဏ်များသာ လိုက်ပါနေမည်။ အကယ်၍ သင်တို့သည် ငါ့အပေါ် သစ္စာမရှိနိုင်ပါက သင်တို့၏ကံကြမ္မာသည် ဆင်းရဲဒုက္ခခံရသော ကံကြမ္မာတစ်ခုဖြစ်လေမည်။ အကယ်၍ သင်တို့သည် ငါပြောသော နှုတ်ကပတ်တော်များနှင့် ငါပြုသောအမှုများကို တာဝန်ခံနိုင်ခြင်း မရှိပါက သင်တို့၏ ကုသိုလ်ကံသည် ပြစ်ဒဏ်ပေးခြင်း ခံရသော ကုသိုလ်ကံဖြစ်လာမည်။ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာ တစ်စုံတစ်ရာနှင့် နိုင်ငံတော်ထဲရှိ အံ့သြဖွယ်ရာအသက်တာသည် သင်တို့နှင့် သက်ဆိုင်ရန် အကြောင်းမရှိ။ ဤအရာသည် သင်တို့ ကြုံထိုက်သော အဆုံးဖြစ်ပြီး သင်တို့ ကိုယ်တိုင်ပြုသောအမှုများ၏ အကျိုးဆက်ပင်ဖြစ်လေစွ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၄၉)

ပညာမရှိသော ထိုသူများသာမက မာနကြီးသူများသည် ၎င်းတို့အတတ်နိုင်ဆုံး ကြိုးစားခြင်း သို့မဟုတ် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရမည့်အစား ၎င်းတို့ တောင်းသောအရာမှာ ရသင့်ရထိုက်သကဲ့သို့ ၎င်းတို့သည် လက်များကို ဆန့်တန်းကာ ကျေးဇူးတော်ကို တောင်းခံကြသည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့ တောင်းသောအရာကို အကယ်၍ မရခဲ့ပါက ၎င်းတို့သည် ပို၍ပင် သစ္စာပျက်ပြားသွားကြသည်။ ထိုသို့သောလူများကို အသိစိတ်ရှိသောသူများဟု မည်ကဲ့သို့ သတ်မှတ်နိုင်မည်နည်း။ သင်တို့၏ အစွမ်းအစမှာ ညံ့ဖျင်းပြီး သင်တို့၌ ဆင်ခြင်တုံတရား မရှိ၊ စီမံခန့်ခွဲသော အမှုပြုနေစဉ် သင်တို့ ကျေပွန်အောင်ထမ်းဆောင်သင့်သော တာဝန်ကိုလည်း ကျေပွန်အောင် ထမ်းဆောင်နိုင်စွမ်း လုံးဝမရှိ။ သင်တို့၏တန်ဖိုးသည် သိသိသာသာ တရှိန်တိုး ကျဆင်းသွားနှင့်ပြီ။ သင်တို့ကို ထိုကဲ့သို့ မျက်နှာသာပေးခြင်းအတွက် သင်တို့ ငါ့ကို ကျေးဇူးဆပ်ရန်ပျက်ကွက်ခြင်းမှာ အလွန်အကျွံ ဆန့်ကျင်ပုန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်နှင့်နေပြီး သင်တို့ကို ပြစ်ဒဏ်ချမှတ်ရန်နှင့် သင်တို့၏သတ္တိနည်းခြင်း၊ ညံ့ဖျင်းခြင်း၊ ယုတ်ညံ့ခြင်းနှင့် အသုံးမကျခြင်းကို ထင်ရှားစွာပြရန် အကြောင်းရင်းလုံလောက်သည်။ သင်တို့၏လက်များကို ဆန့်တန်းရန် သင်တို့ မည်သို့ဆက်လက်အရည်အချင်း ပြည့်မီနိုင်ဦးမည်နည်း။ သင်တို့သည် ငါ၏အမှုအတွက် လုံးဝ အထောက်အကူဖြစ်နိုင်စွမ်းမရှိ၊ သစ္စာစောင့်သိနိုင်စွမ်းမရှိဘဲ ငါ့အတွက် သက်သေရပ်တည်နိုင်စွမ်းမရှိ။ ၎င်းတို့သည် သင်တို့၏ မကောင်းမှုများနှင့် ချွတ်ယွင်းချက်များ ဖြစ်နှင့်နေသော်လည်း သင်တို့သည် ငါ့ကို တိုက်ခိုက်ကြသေးသည်၊ ငါ့အကြောင်း မမှန်မကန် ပြောပြီး ငါသည် မဖြောင့်မတ်ကြောင်း ညည်းညူကြသေးသည်။ ဤအရာသည် သင်တို့၏ သစ္စာစောင့်သိခြင်းနှင့် ညီမျှသောအရာ ဖြစ်သလော။ ဤအရာသည် သင်တို့၏ချစ်ခြင်းနှင့် ညီမျှသောအရာ ဖြစ်သလော။ ဤအရာအပြင် အခြားမည်သည့်အမှုကို သင်တို့ ပြုနိုင်သနည်း။ ပြုခဲ့ပြီးသောအမှုအလုံးစုံတို့တွင် သင်တို့ မည်ကဲ့သို့ ပါဝင်ပေးဆပ်ခဲ့ပြီးပြီနည်း။ သင်တို့ မည်မျှ အကုန်အကျခံခဲ့ပြီးပြီနည်း။ သင်တို့ကိုအပြစ်မတင်ခြင်းခြင်းအားဖြင့်ကြီးမားသော သည်းခံမှုကို ငါသည် ပြသထားပြီဖြစ်သည်၊ သို့သော်လည်း သင်တို့သည် အရှက်တရားကင်းမဲ့စွာဖြင့် ငါ့ကို ဆင်ခြေများပေးပြီး ငါနှင့်ပတ်သက်၍ မကျေနပ်ကြောင်း တီးတိုး ပြောဆိုကြသေးသည်။ သင်တို့၌ လူ့သဘာဝအရောင်အသွေး အနည်းငယ်မျှပင် သန်းသလော။ လူ၏တာဝန်သည် လူ၏စိတ်နှင့် သူ၏အယူအဆများကြောင့် အမည်းစက်ထင်ခဲ့သော်လည်း သင်၏တာဝန်ကို သင်ထမ်းဆောင်ရန်နှင့် သင်၏သစ္စာစောင့်သိမှုကို ပြသရန်လိုအပ်သည်။ လူပြုသောအမှုထဲမှ မစင်ကြယ်ခြင်းများမှာ သူ၏အစွမ်းအစကြောင့်ဖြစ်သော ကိစ္စတစ်ခုဖြစ်သည်၊ အမှန်မှာ လူသည် သူ၏တာဝန်ကို မထမ်းဆောင်ပါက ၎င်းသည် သူ၏ဆန့်ကျင်ပုန်ကန်ခြင်းကို ဖော်ပြခြင်းဖြစ်သည်။ လူ၏တာဝန်နှင့် သူကောင်းချီးမင်္ဂလာခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာခံရခြင်း အကြားတွင် အပြန်အလှန်ဆက်စပ်မှု မရှိ။ တာဝန်မှာ လူအနေဖြင့် ကျေပွန်အောင် ထမ်းဆောင်ရမည့် အရာဖြစ်သည်၊ ၎င်းသည် မလွှဲမရှောင်သာ သူထမ်းဆောင်ရမည့်တာဝန်ဖြစ်ပြီး ဆုလာဘ်ကို မျှော်ကိုးခြင်း၊ အခြေအနေများ သို့မဟုတ် အကြောင်းပြချက်များပေါ်တွင် မမူတည်သင့်ပါ။ ထိုအခါမှသာ သူ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ကောင်းချီးမင်္ဂလာခံစားရသော လူတစ်ဦးသည် တရားစီရင်ခြင်းပြီးနောက် ပြီးပြည့်စုံခြင်းသို့ ရောက်သည့်အခါ ကောင်းမြတ်ခြင်းကို ခံစားရသည်။ ကျိန်ခြင်းအမင်္ဂလာခံရသော လူတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးနောက် စိတ်သဘောထား မပြောင်းလဲသည့်အခါ ပြစ်ဒဏ်ပေးခြင်းကို ခံရသည်၊ တစ်နည်းအားဖြင့် ၎င်းသည် စုံလင်ခြင်းသို့ရောက်ခြင်း မရှိသေး။ ဖန်ဆင်းခံသတ္တဝါဖြစ်သည့် လူသားသည် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကျိန်ခြင်းအမင်္ဂလာ ခံရသည်ဖြစ်စေ မိမိ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သင့်သည်၊ မိမိလုပ်သင့်သော အရာတို့ကို လုပ်ဆောင်သင့်ပြီး မိမိလုပ်နိုင်စွမ်းရှိသောအရာတို့ကို လုပ်သင့်သည်။ ဤအရာသည် ဘုရားသခင်ကို ရှာဖွေသော လူသားတစ်ဦးအတွက် အလွန်အခြေခံကျသောအရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်အတွက်သာ သင်၏တာဝန်ကို မထမ်းဆောင်သင့်၊ ထိုနည်းတူ ကျိန်ခြင်းအမင်္ဂလာခံရမည်ကို စိုးရိမ်ခြင်းကြောင့် လုပ်ဆောင်ရန် ငြင်းပယ်ခြင်း သင်မပြုသင့်။ ဤအရာတစ်ခုကို သင်တို့အား ငါပြောမည်၊ အကယ်၍ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နိုင်ပါက ၎င်းသည် သူလုပ်ဆောင်သင့်သောအရာကို သူစွမ်းဆောင်သည်ဟု အဓိပ္ပာယ်ရသည်။ အကယ်၍ လူသည် သူ၏တာဝန်ကို မထမ်းဆောင်နိုင်ပါက ၎င်းသည် လူ၏ဆန့်ကျင်ပုန်ကန်မှုကို ပြသည်ဟု အဓိပ္ပာယ်ရသည်။ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နေစဉ်မှာပင် တဖြည်းဖြည်းချင်း ပြောင်းလဲသွားခြင်းမှာ အမြဲဆိုသလို ဖြစ်ပြီး ဤသို့ ထမ်းဆောင်ခြင်းအားဖြင့် သူ၏သစ္စာစောင့်သိခြင်းကို ထင်ရှားစွာ ပြသခြင်းဖြစ်သည်။ ထိုသို့အားဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ထမ်းဆောင်နိုင်လေ အမှန်တရားများကို သင်ပို၍ရလေဖြစ်ပြီး သင်၏ထုတ်ဖော်ပြသမှုမှာလည်း ပို၍လက်တွေ့ကျ လာမည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ စိတ်အားထက်သန်မှု မရှိဘဲ ဝတ်ကျေတမ်းကျေမျှသာ လုပ်သောသူများနှင့် သမ္မာတရားကို မရှာဖွေသောသူများသည် အဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်းကို ခံရမည်၊ အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူများသည် သမ္မာတရားအတိုင်း ၎င်းတို့၏တာဝန်ကို လက်တွေ့ထမ်းဆောင်ခြင်းမရှိဘဲ ၎င်းတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာတွင် သမ္မာတရားကို ကျင့်သုံးခြင်းမရှိ။ ထိုသို့သောလူများသည် မပြောင်းမလဲဘဲ ကျန်ရစ်နေမည့်သူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရမည့်သူများဖြစ်သည်။ ၎င်းတို့၏ ထုတ်ဖော်ပြသမှုများမှာ မစင်ကြယ်သည့်အပြင် ၎င်းတို့ ထုတ်ဖော်ပြသသည့် အရာမှာလည်း ကောက်ကျစ်ဆိုးယုတ်မှုပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၅၀)

သင်၌ ဘုရားသခင်၏ အမှုကို သိကျွမ်းခြင်းမရှိပါက၊ ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည်ကို သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ အမှုများ၏ အခြေခံသဘောတရားများကို မသိကျွမ်းဘဲ၊ စာတန်သည် လူသား၌ မည်သို့ အလုပ်လုပ်သည်ကို သတိမမူမိပါက၊ သင့်တွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိမည် မဟုတ်ပေ။ စိတ်အားထက်သန်စွာ လိုက်စားခြင်း တစ်ခုတည်းက သင့်အား ဘုရားသခင် တောင်းဆိုသော ရလဒ်များကို ရရှိစေလိမ့်မည် မဟုတ်ပေ။ ယင်းသို့သော တွေ့ကြုံခြင်းနည်းလမ်းသည်- မည်သည့်ခြားနားမှုမျှ မရှိဘဲ၊ အတွေ့အကြုံကိုသာ အာရုံစိုက်ပြီး၊ စာတန်၏ အလုပ်သည် မည်သည့်အရာဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်မရှိဘဲ လူသားသည် မည်သည့်အခြေအနေတွင် ရှိသည်၊ ထို့ပြင် ဘုရားသခင်က မည်သည့် လူအမျိုးအစားကို စုံလင်အောင်ပြုပေးလိုသည် စသည်တို့ကို လုံးဝသတိမမူမိခြင်း ဖြစ်သည့်- လောရန့်စ်၏ တွေ့ကြုံခြင်း နည်းလမ်းနှင့် ဆင်တူသည်။ လူမျိုးစုံနှင့် ဆက်ဆံရသောအခါ၊ မည်သည့် အခြေခံသဘောတရားများကို ခံယူသင့်သည်၊ လက်ရှိတွင် ဘုရားသခင်၏ အလိုတော်ကို မည်သို့ နားလည်သဘောပေါက်ရမည်၊ ဘုရားသခင်၏ စိတ်သဘောထားကို မည်သို့ သိရမည်၊ ထို့ပြင် ဘုရားသခင်၏ သနားကရုဏာ၊ ဘုန်းအာနုဘော်နှင့် ဖြောင့်မတ်ခြင်းတို့ကို မည်သည့်လူများအပေါ်၊ မည်သည့် အခြေအနေများနှင့် မည်သည့် ခေတ်ကာလတို့ကို ရည်ရွယ်ထားသည် စသည့် အရာတို့တစ်ခုကိုမျှ သူ၌ ထိုးထွင်းသိမြင်မှု မရှိပေ။ လူတို့သည် သူတို့၏အတွေ့အကြုံများအတွက် အုတ်မြစ်အဖြစ် ရူပါရုံပေါင်းစုံ မရှိလျှင်၊ အတွေ့အကြုံကို မဆိုထားနှင့်၊ အသက်ကိုပင် မရရှိနိုင်ပေ။ ထိုသူတို့သည် မိုက်မဲစွာ အရာရာကို ဆက်၍ ကျိုးနွံနေပြီး သည်းခံနေနိုင်သည်။ ထိုကဲ့သို့သော လူတို့ကို စုံလင်အောင် ပြုလုပ်ရန် ခက်ခဲလှပေသည်။ သင်၌ အထက်တွင် ပြောထားသော ရူပါရုံများ ဘာတစ်ခုမျှ မရှိလျှင်၊ သင်သည် ငတုံးငအဖြစ်ကြောင်း၊ သင်သည် ဣသရေလနိုင်ငံတွင် အမြဲရပ်တည်နေသော ဆားတိုင်နှင့် အလားတူကြောင်း လုံလောက်သော သက်သေပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းကဲ့သို့သော လူများသည် အသုံးမကျသောသူများ၊ အသုံးမဝင်သောသူများ ဖြစ်ကြသည်တကား။ အချို့လူများသည် မျက်စိစုံမှိတ်လျက်သာ ကျိုးနွံနာခံကြသည်၊ ထိုသူတို့သည် သူတို့ကိုယ်သူတို့ အစဉ်အမြဲ သိပြီး အသစ်သော အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ သူတို့ကိုယ်တိုင်၏ လုပ်ဆောင်နည်းများကိုသာ အစဉ်အသုံးပြုတတ်သည်၊ သို့မဟုတ် ဖော်ပြရန် မထိုက်တန်သည့် အသေးအဖွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် “ဉာဏ်ပညာ” ကို အသုံးပြုကြသည်။ ထိုကဲ့သို့သော လူများသည် ထိုးထွင်းသိမြင်မှု ကင်းမဲ့သူများဖြစ်ပြီး၊ ယင်းသည် သူတို့၏ သဘာဝမှာ ရမယ်ရှာခံရခြင်းကို ကြိတ်မှိတ် လက်ခံထားမည့် အလားဖြစ်ပြီး၊ သူတို့သည် အစဉ်အမြဲ မထူးခြား၊ ဘယ်တော့မှ မပြောင်းလဲပေ။ ဤကဲ့သို့သောလူတို့သည် ပိုင်းခြားသိမြင်နိုင်မှု စိုးစဉ်းမျှပင်မရှိသည့် လူမိုက်များပင် ဖြစ်ကြသည်။ ထိုသူတို့သည် အခြေအနေများ သို့မဟုတ် မတူညီသောလူများနှင့် သင့်တင့်လျော်ကန်သော ဆောင်ရွက်မှုများပြုလုပ်ဖို့ မည်သည့်အခါမျှ မကြိုးစားကြပေ။ ယင်းသို့သော လူများတွင် အတွေ့အကြုံ မရှိကြ။ ကိုယ့်ကိုယ်ကိုသိခြင်းထဲ၌ နစ်မြုပ်နေလွန်းသဖြင့် နတ်ဆိုးတို့၏အလုပ် စွဲကပ်ခြင်းခံရသည့် လူတို့နှင့် ရင်ဆိုင်တွေ့ရသောအခါ၊ ထ၍ ပြစ်တင်ရှုတ်ချရန် မဝံ့ရဲကြဘဲ၊ ဦးခေါင်းများကို ငုံ့ထားကြပြီး မိမိတို့၏အပြစ်များကို ဝန်ခံကြသည့် လူအချို့ကို ငါတွေ့ခဲ့ဖူးသည်။ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်၏ သိသာထင်ရှားသော လုပ်ဆောင်မှုနှင့် ရင်ဆိုင်ရသောအခါ၊ ထိုသူတို့သည် မနာခံဝံ့ကြပေ။ နတ်ဆိုးများသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု သူတို့ယုံကြည်ကြပြီး၊ ထ၍ ယင်းတို့ကို ခုခံရန် သတ္တိစိုးစဉ်းမျှ ထိုသူတို့၌ မရှိကြချေ။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို အရှက် ရစေကြပြီး၊ သူ့အတွက် လေးလံသောဝန်တစ်ခုကို ထမ်းရွက်နိုင်စွမ်း လုံးလုံးလျားလျား မရှိကြချေ။ ထိုကဲ့သို့သော ငတုံးငအများသည် မည်သည့်ခြားနားမှုကိုမျှ မသိကြပေ။ ထို့ကြောင့် ထိုကဲ့သို့သော တွေ့ကြုံနည်းသည် ဘုရားသခင်၏ အမြင်တွင် မရပ်တည်နိုင်သဖြင့် ယင်းတို့ကို နုတ်ပယ်သင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတွေ့အကြုံနှင့်ပတ်သက်၍” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၅၁)

လက်ရှိ ခေတ်ရေစီးကြောင်းထဲတွင် ဘုရားသခင်ကို စစ်မှန်စွာ ချစ်မြတ်နိုးသော လူတစ်ဦး တစ်ယောက်စီတိုင်း၌ သူ၏ စုံလင်စေခြင်းကို ရရှိရန် အခွင့်အလမ်းရှိသည်။ အသက်ငယ်သည် ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ စသည်တို့နှင့် မသက်ဆိုင်ပဲ သူတို့သည် သူတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ နာခံခြင်းနှင့် အလေးအမြတ်ထားခြင်းတို့ကို ထိန်းသိမ်းထားသည်နှင့်အမျှ သူ၏ စုံလင်စေခြင်းကို ခံစားရနိုင်သည်။ ဘုရားသခင်သည် လူသားတို့ကို သူတို့၏ မတူညီသော လုပ်ငန်းဆောင်တာများ အပေါ်မူတည်၍ စုံလင်စေသည်။ သင်၏ အစွမ်းရှိသရွေ့ ဘုရားသခင်၏ လုပ်ငန်းများ အပေါ်တွင် သင့်ကိုယ်သင် ဆက်ကပ်ထားသည်နှင့်အမျှ သင်သည် သူ၏ စုံလင်စေခြင်းကို ရရှိနိုင်သည်။ လက်ရှိတွင် သင်တို့ တစ်ဦးတစ်ယောက်မျှ စုံလင်ခြင်း မရှိကြ။ တစ်ခါတစ်ရံတွင် သင်တို့သည် လုပ်ငန်းဆောင်တာတစ်မျိုးကို လုပ်ဆောင်နိုင်စွမ်းရှိပြီး တစ်ခါတစ်ရံတွင် လုပ်ငန်းဆောင်တာ နှစ်မျိုးကို ထမ်းရွက်နိုင်သည်။ သင်တို့၏ အစွမ်းရှိသမျှ ဆက်ကပ်သည်နှင့်အမျှ ဘုရားသခင်အတွက် သင်တို့ကိုယ်သင်တို့ အသုံးခံသည်နှင့်အမျှ သင်တို့ကို ဘုရားသခင် သည် စုံလင်စေပါလိမ့်မည်။

ငယ်ရွယ်သူများသည် ဘဝအတွေးအခေါ် အနည်းငယ်သာရှိကြပြီး သူတို့သည် အသိပညာနှင့် ထိုးထွင်းသိမြင်မှုတို့ အားနည်းကြသည်။ ဘုရားသခင် ဤနေရာသို့ ကြွလာခြင်းသည် လူသား၏ အသိပညာနှင့် ထိုးထွင်းသိမြင်မှုကို စုံလင်စေရန်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့ အားနည်းသည့် အရာများကို ဖြည့်ဆည်း ပေးသည်။ သို့ရာတွင် ငယ်ရွယ်သူများ၏ စိတ်သဘောထားများသည် တည်ငြိမ်မှု မရှိဘဲ ယင်းသည် ဘုရားသခင်၏ ပြောင်းလဲပေးခြင်းကို လိုအပ်သည်။ ငယ်ရွယ်သူများတွင် ဘာသာရေး ဆိုင်ရာ အယူအဆများ နည်းပါးပြီး ဘဝအတွေးအခေါ်များလည်း နည်းပါးသည်။ သူတို့သည် ရိုးရှင်းသော သတ်မှတ်ချက်များဖြင့် စဉ်းစားကြပြီး သူတို့၏ စဉ်းစားချက်များသည် ရှုပ်ထွေးမှု မရှိပေ။ ယင်းမှာ သူတို့၏ လူ့သဘာဝသည် ပုံသွင်းထားခြင်းမရှိသေးသော သွင်ပြင်လက္ခဏာ ဖြစ်ပြီး လိုလားအပ်သည့် သွင်ပြင်လက္ခဏာဖြစ်သော်လည်း၊ ငယ်ရွယ်သူများသည် မသိနားမလည်ကြပဲ အသိပညာ နည်းပါး ကြသလို ယင်းမှာ ဘုရားသခင်၏ ပြည့်စုံစေခြင်းကို လိုအပ်သော နယ်ပယ်ဖြစ်သည်။ ဘုရားသခင်၏ စုံလင်ခံရခြင်းမှတဆင့် သင်တို့သည် ချင့်ချိန်နိုင်စွမ်းကို ဖွံ့ဖြိုးစေနိုင်ပြီး ဝိညာဉ်ရေးဆိုင်ရာ ကိစ္စအများအပြားကို ရှင်းလင်းစွာ နားလည်လာနိုင်ကာ ဘုရားသခင် အသုံးချနိုင်ရန် သင့်တော်သော သူများအဖြစ်သို့ တဖြည်းဖြည်းခြင်း ပြောင်းလဲနိုင်သည်။ အသက်အရွယ် ကြီးရင့်သော ညီအစ်ကို မောင်နှမများမှာ အချို့သော လုပ်ငန်းများကို ထမ်းဆောင်နိုင်ကြပြီး သူတို့ကိုလည်း ဘုရားသခင်က မစွန့်ပယ်ပါ။ အသက်အရွယ် ကြီးရင့်သော ညီအစ်ကို မောင်နှမများ တို့တွင်လည်း အချို့သော လိုလားဖွယ်ရာ သွင်ပြင်လက္ခဏာများနှင့် မလိုလားအပ်သော သွင်ပြင်လက္ခဏာများ ရှိကြသည်။ အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများတွင် ဘဝဒဿနိကများ ပိုရှိကြသည်၊ သူတို့တွင် ဘာသာရေးဆိုင်ရာ အယူအဆများ ပိုရှိကြသည်၊ သူတို့၏ လုပ်ဆောင်မှုများသည် တင်းကျပ်သော မူဘောင်အတွင်း ကပ်ငြိနေကြပြီး စက်ရုပ်ကဲ့သို့ စည်းမျဉ်းများကို လိုက်နာကြပြီး ယင်းတို့ကို စက်ပစ္စည်းများကဲ့သို့ အသုံးပြုကြသည်။ သူတို့သည် ပြောင်းလွယ်ပြင်လွယ် မရှိကြပါ။ ယင်းမှာ လိုလားအပ်သော သွင်ပြင်လက္ခဏာ မဟုတ်ပေ။ သို့ရာတွင် အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများသည် ဖြစ်လာသမျှအပေါ် တည်ငြိမ်စွာ လက်ခံနိုင်ကြသည်၊ သူတို့၏ စိတ်သဘောထားများမှာ တည်ငြိမ်ပြီး သူတို့တွင် ခန့်မှန်းရခက်သော ပြင်းထန်သည့် ခံစားချက် စိတ်အခြေအနေများ မရှိကြပေ။ သူတို့သည် အမှုအရာများကို လက်ခံရာ၌ ပို၍နှေးကွေးနိုင်သည့်တိုင် ဤသည်မှာ အဓိကအမှားတစ်ခု မဟုတ်ပေ။ သင်တို့ကိုယ်သင်တို့ ဆက်ကပ်ပြီး ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်ကို လက်ခံနိုင်သမျှ ကာလပတ်လုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ မစိစစ်လျှင်၊ သင်တို့ကိုယ်သင်တို့ ဆက်ကပ်ရန် တုံ့ဆိုင်းခြင်း မရှိပဲ အတူတကွ လိုက်ပါနိုင်သည် ဆိုပါက၊ မည်သည့် ပုံစံနှင့်မျှ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းမရှိ သို့မဟုတ် မကောင်းသော စဉ်းစားချက်များ မရှိပါက၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်ကို လက်ခံကာ လက်တွေ့ကျင့်သုံးနိုင်ပါက၊ သင်တို့သည် ဤအခြေအနေများနှင့် ပြည့်စုံလျှင်- သင်တို့သည် စုံလင်ခြင်းခံရရန် တတ်နိုင်ပါလိမ့်မည်။

သင်တို့သည် ငယ်ရွယ်သူ သို့မဟုတ် ကြီးရင့်သူ မည်သည့် ညီအစ်ကို မောင်နှမ ဖြစ်စေကာမူ သင်တို့ ထမ်းဆောင်သင့်သည့် လုပ်ငန်းတာဝန်ကို သင်တို့သိသည်။ ထိုသို့သော သူတို့သည် ငယ်ရွယ်ချိန်တွင် မာန်မာနမရှိကြပဲ အသက်ကြီးသောသူတို့သည် လေးကန်မှုမရှိ၊ ဆုတ်ယုတ်ခြင်း မရှိကြပေ။ ထို့နောက် သူတို့သည် အချင်းချင်း၏ အားသာချက်ကို အသုံးပြုပြီး အားနည်းချက်များကို ဖြည့်စွမ်းကာ မည်သည့် အစွဲမျှမရှိဘဲ တစ်ဦးနှင့်တစ်ဦး အစေခံနိုင်ကြသည်။ အသက်ကြီးသူနှင့် ငယ်ရွယ်သူ ညီအစ်ကို မောင်နှမတို့ အကြားတွင် ချစ်ကြည်ရေး တံတားကို တည်ဆောက်ထားသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် သင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ပိုမို နားလည်နိုင်ကြသည်။ ငယ်ရွယ်သော ညီအစ်ကို မောင်နှမ တို့သည် အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများကို အထင်မသေးကြသကဲ့သို့ အသက်ကြီးသော ညီအစ်ကို မောင်နှမများသည်လည်း မိမိကိုယ်ကို မှန်သည်ဟု မထင်တတ်ကြပေ။ ယင်းသည် သဟဇာတဖြစ်သော တွဲဖက်ခြင်း မဟုတ်ပါလား။ သင်တို့အားလုံးတွင် ဤစိတ်ပိုင်းဖြတ်မှုရှိလျှင် ဘုရားသခင်၏ အလိုသည် သင်တို့၏ မျိုးဆက်တွင် လုံးဝဥဿုံ ပြည့်စုံပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ တာဝန်ထမ်းဆောင်ကြသူတို့ တစ်ဦးတစ်ယောက်စီတိုင်း အပေါ်တွင်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၅၂)

ယနေ့သင်လုပ်ဆောင်သည့် လုပ်ရပ်များပေါ်အခြေခံပြီး သင်သည် အနာဂတ်တွင် ကောင်းချီး ပေးခံရမည်လား သို့မဟုတ် ကျိန်ဆဲခြင်း ခံရမည်လားဆိုသည်ကို အဆုံးအဖြတ်ပေးမည်။ သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ရရှိမည်ဆိုပါက၊ ယခုခေတ် ယခုအချိန်တွင် ရရှိလိမ့်မည်။ အနာဂတ်တွင် နောက်ထပ် အခွင့်အရေးတစ်ခု ရှိတော့မည် မဟုတ်ပေ။ ယခုလက်ရှိအချိန်တွင် ဘုရားသခင်က သင်တို့ကို အမှန်တကယ် ပြည့်စုံစေလိုသည်၊ ထို့ပြင် ဤအရာသည် တစ်နည်းအားဖြင့် ပြောရုံသက်သက်မဟုတ်ပါ။ အနာဂတ်တွင်၊ မည်ကဲ့သို့သော စမ်းသပ်မှုများ သင်တို့အပေါ် ကျရောက်သည်ဖြစ်စေ၊ မည်သည့်ဖြစ်ရပ်များ ရှိလာသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်ဘေးဒုက္ခများ သင်တို့အပေါ် ကျရောက်သည် ဖြစ်စေ၊ ဘုရားသခင်က သင်တို့ကို ပြည့်စုံစေလိုသည်- ဤအရာသည် တိကျသေချာပြီး အငြင်းပွားဖွယ် မဟုတ်သည့် အချက်တစ်ခု ပင်ဖြစ်သည်။ ဤအရာကို အဘယ်နေရာကနေ မြင်နိုင်ပါသနည်း။ နှစ်ပေါင်းများစွာနှင့် မျိုးဆက်ပေါင်း များစွာတို့တွင် ယနေ့ကဲ့သို့ ကြီးကျယ်မြင့်မြတ်ခြင်းကို မရရှိခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် ဟူသည့်အချက်မှ- အမြင့်ဆုံးသော နယ်ပယ်ထဲ ဝင်ရောက်ခဲ့ပြီး၊ ယနေ့တွင် အားလုံးသော လူသားများ အကြား သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုက မကြုံစဖူးအောင်ပင် ဖြစ်သည်။ အတိတ်ကာလက မျိုးဆက်များထဲမှ တစ်စုံတစ်ဦးမျှ ဤအရာကို မမြည်းစမ်းခဲ့ရပါ။ ယေရှု၏ ခေတ်ကာလ အချိန်ကပင်၊ မျက်မှောက်ကာလ၏ ဗျာဒိတ်တော်များ မရှိခဲ့ပါ။ သင်တို့ကိုပြောခဲ့သည့် စကားလုံးများ၊ သင်တို့ နားလည် သည့် အရာများနှင့် သင်တို့ တွေ့ကြုံရသည့် အရာများထဲတွင် ကြီးကျယ်မြင့်မြတ်သည့် အနေအထားသို့ ရောက်ရှိနေသည်။ စမ်းသပ်မှုများနှင့် ပြစ်တင်ဆုံးမမှုများ အလယ်တွင် သင်တို့သည် သွေဖည်မသွားဘဲ၊ ဤကား ဘုရားသခင်၏ လုပ်ဆောင်မှုသည် မကြုံစဖူးသည့် ခမ်းနားထည်ဝါမှုကို ရောက်ရှိပြီဟု သက်သေပြရန် လုံလောက်သည်။ ဤအရာသည် လူကပြုလုပ်နိုင်သည့် အရာတစ်ခုနှင့် လူက ထိန်းသိမ်းထားနိုင်သည့် အရာတစ်ခု မဟုတ်ပါ။ သို့သော် ယင်းသည် ဘုရားသခင် ကိုယ်တိုင်၏ လုပ်ဆောင်မှုဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အချက်များစွာတွင် တွေ့ရသည်မှာ ဘုရားသခင်က လူကိုပြည့်စုံစေလိုသည်။ ဘုရားသခင်က ဧကန်အမှန်ပင် သင်တို့ကို ပြည့်စုံအောင် ပြုလုပ်ပေးနိုင်သည်။ ဤအမြင်ကို သင်တို့ရရှိပါက၊ ဤရှာဖွေတွေ့ရှိချက် အသစ်ကို သင်တို့ရရှိနိုင်ပါက၊ သင်တို့သည် ယေရှုဒုတိယအကြိမ် ကြွလာမည်ကို စောင့်နေမည်မဟုတ်။ သို့သော် ယင်းအစား၊ မျက်မှောက်ခေတ်တွင်ပင် ဘုရားသခင်က သင်တို့ကို စုံလင်စေဖို့ သင်တို့ ခွင့်ပြုမည်ဖြစ်သည်။ ထို့ကြောင့် သင်တို့အယောက်စီတိုင်းသည် ဘုရားသခင်၏ ပြီးပြည့်စုံစေခြင်းကို ရရှိနိုင်ရန် အစွမ်းကုန်ကြိုးစားပြီး၊ အားထုတ်မှုကို ချန်လှပ်မထားသင့်ပေ။

ယခုခေတ်တွင် သင်သည် အပျက်သဘောဆောင်သော အရာများကို အာရုံစိုက်ရမည်မဟုတ်ပါ။ ပထမဦးစွာ သင့်ကို အပျက်သဘော ခံစားစေမည့်အရာ တစ်ခုစီတိုင်းကို ဘေးဖယ်ထားပြီး လျစ်လျူရှုထား ရပါမည်။ သင်သည် အရေးကိစ္စများကို ကိုင်တွယ်သည့်အခါ ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း စိတ်နှလုံးကို ထိန်းသိမ်းထားရမည်၊ ဘုရားသခင်အား နာခံသော စိတ်နှလုံးကိုလည်း ထိန်းသိမ်းထားရမည်။ သင်တို့သည် သင်တို့အတွင်းထဲမှ အားနည်းချက်များ ရှာဖွေတွေ့ရှိပါသော်လည်း၊ ယင်း၏ချုပ်ကိုင်မှုကို အမှုမထားဘဲ၊ သင်တို့ လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်သွားပါက၊ ဤအရာသည် အပြုသဘောဆောင်သည့် ရှေ့ဆက်လှမ်းခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့်- အသက်အရွယ်ကြီးရင့်သော ညီအစ်ကို မောင်နှမများတွင် ဘာသာရေးဆိုင်ရာ အယူအဆများ ပိုမိုရှိကြသည်၊ သို့သော် သင်သည် ဆုတောင်းနိုင်သည်၊ သင့်ကိုယ်သင် ဆက်ကပ်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်နိုင်ပြီး၊ ဓမ္မတေးများကို သီဆိုနိုင်သည်။ ပြောရမည်ဆိုလျှင်၊ သင်ပြုနိုင်သမျှ မည်သည့်အရာကိုမဆို၊ သင်လုပ်ဆောင်နိုင်သမျှ မည်သည့်လုပ်ငန်း ကိုမဆို သင့်အစွမ်းရှိသမျှကို စုစည်းပြီး သင်၏ အလုံးစုံကို စိုက်ထုတ်ပါ။ မလှုပ်မယှက်ဖြင့် စောင့်မနေပါနှင့်။ ဘုရားသခင်ကို ကျေနပ်စေဖို့ရာ သင့်တာဝန်ကို သင်ထမ်းရွက်နိုင်ခြင်းသည် ပထမခြေလှမ်းပင် ဖြစ်သည်။ ထို့နောက် သင်သည် သမ္မာတရားကို နားလည်လာနိုင်ပြီး ဘုရားသခင်၏ စစ်မှန်သည့် နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်နိုင်သည့်အချိန်တွင် ဘုရားသခင်၏ ပြည့်စုံစေခြင်းကို ရရှိနေပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ တာဝန်ထမ်းဆောင်ကြသူတို့ တစ်ဦးတစ်ယောက်စီတိုင်း အပေါ်တွင်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၅၃)

သန္နိဌာန်ချထားသူတိုင်းသည် ဘုရားသခင်ကို အစေခံနိုင်သည်။ သို့သော် ဘုရားသခင်၏အလိုတော်ကို အစွမ်းကုန် ဂရုစိုက်သူများနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်သူများသာလျှင် ဘုရားသခင်ကို အစေခံရန် အရည်အချင်းမီပြီး အခွင့်ရှိရမည်။ ဧဝံဂေလိတရားများကို ဘုရားသခင်အတွက် စိတ်အားထက်သန်စွာ ဝေငှပြီး ဘုရားသခင်အတွက် ခရီးနှင်ခြင်း၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံပြီး အမှုအရာများကို ဘုရားသခင်အတွက် စွန့်လွှတ်ခြင်း၊ စသည်ဖြင့်တို့ ပြုလုပ်သရွေ့၊ ဤသည်မှာ ဘုရားသခင်ကို အစေခံခြင်း ဖြစ်သည်ဟု လူများစွာတို့က ယုံကြည်ကြသည်ကို သင်တို့အလယ်တွင် ငါ တွေ့ရှိခဲ့ပြီး ဖြစ်ပေသည်။ ပို၍ပင် ဘာသာရေးကိုင်းရှိုင်းသူများက ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ၎င်းတို့၏ လက်များထဲတွင် သမ္မာကျမ်းစာအုပ်တစ်အုပ်ဖြင့် ဟိုဟိုသည်သည် ပြေးလွှားခြင်း၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများကို ဖြန့်ခြင်းနှင့် လူတို့ကို နောင်တရစေပြီး အပြစ်ဝန်ချစေခြင်းအားဖြင့် ကယ်တင်ခြင်းဟု ယုံကြည်ကြသည်။ အဆင့်မြင့် လေ့လာမှုများကို လေ့လာလိုက်စားကာ ကျမ်းစာသင်ကျောင်းတွင် လေ့ကျင့်ပြီးနောက် ဘုရားရှိခိုးကျောင်းတွင် တရားဟောခြင်းနှင့် သမ္မာကျမ်းစာထဲမှ ကျမ်းပိုဒ်များကို ဖတ်၍ လူတို့ကို သင်ကြားခြင်းတို့သည် ဘုရားသခင်ကို အစေခံခြင်း၌ ပါဝင်သည်ဟုထင်သော ဘာသာရေးအမှုဆောင်များစွာလည်း ရှိသည်။ ထို့အပြင် ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ နာမကျန်းသူများကို ကုသခြင်းနှင့် ညီအစ်ကို မောင်နှမများအကြား နတ်ဆိုးများကို နှင်ထုတ်ခြင်း သို့မဟုတ် ၎င်းတို့အတွက် ဆုတောင်းပေးခြင်း၊ သို့မဟုတ် ၎င်းတို့ကို အစေခံခြင်းဟု ယုံကြည်ကြသော ဆင်းရဲနွမ်းပါးသော ဒေသများမှ လူများလည်းရှိသည်။ ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ခြင်း၊ ဘုရားသခင်ထံ နေ့စဉ် ဆုတောင်းခြင်းအပြင် နေရာတိုင်းရှိ ဘုရားကျောင်းများထံ အလည်အပတ်သွားပြီး အမှုပြုခြင်းဟု ယုံကြည်သူ အများအပြား သင်တို့အထဲတွင် ရှိသည်။ ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ မည်သည့်အခါမှ အိမ်ထောင်မပြုဘဲ သို့မဟုတ် မိသားစုကို ကျွေးမွေးသုတ်သင်ခြင်း မရှိဘဲ၊ ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဘုရားသခင်အတွက် ဆပ်ကပ်ခြင်းဟု ယုံကြည်သည့် အခြားသောညီအစ်ကို မောင်နှမများလည်း ရှိသည်။ သို့ရာတွင် ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ စင်စစ်အားဖြင့် အဘယ်အရာကို ဆိုလိုကြောင်း လူအနည်းငယ်ကသာ သိကြ၏။ မိုးကောင်းကင်ရှိ ကြယ်များရှိသကဲ့သို့ ဘုရားသခင်ကို အစေခံသူများ အများအပြား ရှိသော်လည်း၊ တိုက်ရိုက် အစေခံနိုင်သူနှင့် ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံနိုင်သူ အရေအတွက်မှာ နည်းပါးလှသည်၊ မပြောပလောက်အောင် နည်းပါးသည်။ ငါအဘယ်ကြောင့် ဤသို့ပြောသနည်း။ ဤသို့ ငါပြောခြင်းမှာ သင်တို့သည် “ဘုရားသခင်ကို အစေခံခြင်း” ဟူသော စကားစု၏ အနှစ်သာရကို နားမလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်ကဲ့သို့အစေခံရသည်ကို အလွန်နည်းပါးစွာ နားလည်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်အား မည်သို့သောအစေခံခြင်းမျိုးသည် ဘုရားသခင်၏ အလိုတော်နှင့် သဟဇာတဖြစ်နိုင်သည်ကို လူများ အတိအကျ နားလည်သဘောပေါက်ရန် အရေးတကြီး လိုအပ်ချက်တစ်ခုရှိနေသည်။

အကယ်၍ သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံလိုပါက၊ မည်ကဲ့သို့သောလူမျိုးက ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး မည်ကဲ့သို့သော လူမျိုးကို ဘုရားသခင်က ရွံမုန်းသည်၊ မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က စုံလင်စေသည်၊ ပြီးလျှင် မည်ကဲ့သို့သော လူမျိုးက ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီသည်ကို သင်တို့ ဦးစွာ နားလည်ထားရမည်။ အနည်းဆုံးအနေဖြင့် သင်တို့၌ ဤအသိပညာဖြင့် ပြင်ဆင်ထားရှိရမည်။ ထို့ပြင် သင်တို့သည် ဘုရားသခင်၏ အမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်များနှင့် ပစ္စုပ္ပန်ကာလတွင် ဘုရားသခင်လုပ်ဆောင်အံ့သောအမှုကို သိရှိထားသင့်သည်။ ယင်းကို သိရှိနားလည်ပြီးနောက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုမှတစ်ဆင့် သင်တို့သည် ဦးစွာအနေဖြင့် ဝင်ရောက်မှုရှိကာ ဦးစွာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံ ရရှိသင့်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဧကန်အမှန် တွေ့ကြုံခံစားပြီးသောအခါနှင့် ဘုရားသခင်၏ အမှုတော်ကို အမှန်စင်စစ် သိရှိသောအခါ၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီလိမ့်မည်။ သင်တို့သည် ကိုယ်တော့်ကို အစေခံသောအခါ၊ ဘုရားသခင်သည် သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်ပေးကာ သင်တို့အား သူ၏အမှုတော်နှင့်သက်ဆိုင်သည့် သာ၍ ကြီးစွာသော နားလည်မှုတစ်ခုကို ရရှိစေပြီး ပိုမိုရှင်းလင်းစွာ သိမြင်စေမည် ဖြစ်သည်။ ဤလက်တွေ့အရှိတရားသို့ သင်ဝင်ရောက်သည့်အခါ၊ သင်၏ အတွေ့အကြုံများသည် ပို၍ နက်ရှိုင်းပြီး စစ်မှန်မည် ဖြစ်ပြီး၊ သင်တို့သည် သင်တို့၏ အားနည်းချက်များအတွက် ထေမိစေဖို့ရာ အချင်းချင်း၏ အားသာချက်ကို အသုံးပြုနိုင်ပြီး သင်တို့၏ဝိညာဉ်များတွင် ပိုမိုကြွယ်ဝသော အသိကို ရရှိရန်အတွက်၊ ထိုကဲ့သို့သော အတွေ့အကြုံများကို ရရှိခဲ့ပြီးသော သင်တို့အားလုံးသည် အသင်းတော်များအကြား လျှောက်လှမ်းနိုင်ကာ သင်တို့၏ ညီအစ်ကိုမောင်နှမများကို ကူညီထောက်ပံ့မှုများ ပေးနိုင်မည်ဖြစ်သည်။ ၎င်းအကျိုးတရားကို ရရှိပြီးမှသာလျှင် သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့် အညီ အစေခံနိုင်မည် ဖြစ်ပြီး အစေခံစဉ်ကာလအတွင်း ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရမည်ဖြစ်သည်။

ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင် အပေါ် အစွမ်းကုန် သစ္စာရှိနိုင်စွမ်းရှိရမည်။ သင်သည် လူတို့ရှေ့တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ၊ နောက်ကွယ်တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည့်အပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်လျှောက်သင့်သည့်လမ်းကိုသာ အစဉ်လျှောက်ပြီး ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူများသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးကို ထည့်သွင်းမစဉ်းစားပေ- ၎င်းတို့၌ မည်သည့်ရှေ့ရေးမျှမရှိဘဲ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သောနှလုံးသားဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်ကြသည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူများကသာ ကိုယ်တော်၏စိတ်မအေးရခြင်းနှင့် ကိုယ်တော်၏ အတွေးများကို မျှဝေခံစားနိုင်ပြီး၊ ၎င်းတို့၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားနေရကာ အားနည်းသော်လည်း၊ ၎င်းတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင် ကျေနပ်စေရန်အလို့ငှာ ၎င်းတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို ပို၍များပြားသော ဝန်ထုပ်များကို ပေးပြီး ထိုသူတို့၏ သက်သေခံချက်တွင် ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာကို သက်သေခံထားသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး ၎င်းတို့သည် ကိုယ်တော်၏ စိတ်နှလုံးနှင့် ညီညွတ်သော ဘုရားသခင်၏ အစေခံများ ဖြစ်ကြကာ ထိုကဲ့သို့သော သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်သည်။ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ အမှန်တကယ် ဖြစ်လာသောအချိန်သည် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးမည့်အချိန် အတိအကျပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၅၄)

ယေရှုသည် မိမိအတွက် အစီအစဉ်များ သို့မဟုတ် ကြိုတင်ပြင်ဆင်ခြင်းများ မပြုဘဲ၊ ဘုရားသခင်၏ အလိုတော်ကို အစွမ်းကုန် အရေးစိုက်ခဲ့သောကြောင့်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ- ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်ခဲ့သည်- ယင်းသည် သင်တို့အားလုံး ကောင်းစွာ နားလည်ကြသည့် အရာတစ်ခုဖြစ်သည်။ (အမှန်အားဖြင့် သူသည် ဘုရားသခင် သက်သေခံခဲ့သည့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ငါသည် ဤအကြောင်းကို ရှင်းလင်းစွာဖော်ပြရန်အတွက် ယေရှု၏ အချက်အလက်ကို အသုံးပြုရန် ဤသည်ကို ဤနေရာတွင် ဖော်ပြခြင်းဖြစ်ပေသည်။) သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဗဟိုချက်မ၌ပင် ထားနိုင်ခဲ့ပြီး ကောင်းကင်ဘုံရှိ အဖထံသို့ အစဉ် ဆုတောင်းခဲ့ကာ ကောင်းကင်ဘုံရှိ အဖ၏အလိုတော်ကို ရှာဖွေခဲ့သည်။ သူဆုတောင်း၍ ပြောဆိုခဲ့သည်မှာ- “အဖဘုရားသခင်၊ ကိုယ်တော်၏အလိုတော် ဖြစ်သည့်အရာကို ဖြစ်မြောက်စေပါ။ ကျွန်ုပ်၏ အလိုဆန္ဒများအတိုင်း မလုပ်ဆောင်ဘဲ၊ ကိုယ်တော်၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ လူသားသည် အားနည်းနိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သူ့ကို အဘယ်ကြောင့် ဂရုစိုက်သင့်သနည်း။ ကိုယ်တော်၏ လက်ထဲတွင်ရှိသည့် ပုရွက်ဆိတ်သဖွယ် ဖြစ်သော လူသားသည် ကိုယ်တော်၏ အလေးထားမှုကို အဘယ်သို့ ထိုက်တန်နိုင်သနည်း။ ကျွန်ုပ်၏နှလုံးသားတွင် ကိုယ်တော်၏အလိုတော်ကိုသာ ပြီးမြောက်စေလိုပြီး ကိုယ်တော်ကိုယ်တိုင်၏ ဆန္ဒများအတိုင်း ကျွန်ုပ်၌ ကိုယ်တော်ပြုမည့်အရာကို ကိုယ်တော်ပြုနိုင်စေဖို့ ကျွန်ုပ် ဆန္ဒရှိပါသည်။” ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက်ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ရေးအမြတ်အရှုံးကို ဘယ်သောအခါမျှ မစဉ်းစားဘဲ၊ အဖဘုရားသခင်၏ အလိုတော်ကို အစဉ်မပြတ် စိတ်ထဲတွင်ထားကာ ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သူသည် ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ပြီးနောက် ဘုရားသခင်က “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟုမိန့်ဆိုခဲ့သည်။ ဘုရားသခင်ရှေ့၌ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်သော သူ၏အစေခံမှုကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသော ဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ သူ့ကို ထိုအမှုတော်ကို ပြီးမြောက်စေခဲ့ပြီး၊ သူသည် ဤအရေးကြီးသော တာဝန်ကို ပြီးမြောက်ရန် အရည်အချင်းပြည့်မီပြီး အခွင့်ရှိသောသူ ဖြစ်ခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး စာတန်၏ မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချပြီး ချစ်တော်မူခဲ့သောကြောင့်၊ ထိုကဲ့သို့သော ကြီးမားသည့် အမှုတော်ကို သူ့အားပေးအပ်ခဲ့သည်။ ထို့ကြောင့်ပင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်အခါက ယေရှုသာလျှင် ထိုတာဝန်ပေး စေခိုင်းချက်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သူ ဖြစ်ခဲ့ပြီး၊ ဤသည်မှာ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုတော် ပြီးဆုံးခြင်း၏ လက်တွေ့ကျသော ကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။

အကယ်၍ သင်တို့သည် ယေရှုကဲ့သို့ ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပြီး သင်တို့၏ ဇာတိပကတိကို ကျောခိုင်းနိုင်ပါက၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် လိုအပ်သော အခြေအနေများနှင့် ပြည့်မီစေရန်အတွက် ဘုရားသခင်သည် သူ၏အရေးကြီးသော အမှုတော်များကို သင်တို့အား တာဝန်ပေးစေခိုင်းလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို အပြီးသတ်နေသည်ဟု အရဲစွန့်၍ဆိုနိုင်ပေလိမ့်မည်။ သို့မှသာလျှင် သင်တို့သည် သူ့အား စစ်မှန်စွာ အစေခံနေသည်ဟု သင်တို့ရဲဝံ့စွာ ဆိုနိင်ပေလိမ့်မည်။ ယေရှု၏သာဓကနှင့် နှိုင်းယှဉ်ပါက၊ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဟု အရဲစွန့်၍ပြောရဲသလော။ သင်သည် ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်နေသည်ဟု အရဲစွန့်၍ဆိုဝံ့သလော။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ အစေခံနေသည်ဟု အရဲစွန့်၍ပြောရဲသလော။ ယနေ့ ဘုရားသခင်အား အဘယ်သို့ အစေခံရမည်ကို သင်နားမလည်ပါ၊ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဖြစ်သည်ဟု အရဲစွန့်၍ပြောရဲသလော။ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ပြောပါက၊ သူ့ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဤအရာကို စဉ်းစားကြည့်လော့- သင်သည် ဘုရားသခင်ကို အစေခံနေသလော၊ သို့တည်းမဟုတ် သင့်ကိုယ်သင် အစေခံနေသလော။ သင်သည် စာတန်ကို အစေခံသော်ငြားလည်း၊ ဘုရားသခင်ကို အစေခံနေပါသည်ဟု ခေါင်းမာစွာ သင်ပြောသည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်သလော။ ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် ကောင်းချီးကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံဝံ့မည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။

ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်စွာ အစေခံရန်အတွက် မည်သည့်အခြေအနေများကို ဖြည့်ဆည်းရမည်ကို သင်တို့သိရှိနိုင်စေရန် ငါသည် ဤအရာကိုပြောခြင်း ဖြစ်သည်။ အကယ်၍ သင်တို့သည် သင်တို့၏စိတ်နှလုံးကို ဘုရားသခင်အား မပေးပါက၊ ယေရှုကဲ့သို့ ဘုရားသခင်၏ အလိုတော်တစ်ခုလုံးကို အရေးမစိုက်ပါက၊ ဘုရားသခင်က သင့်တို့အပေါ် ယုံကြည်စိတ်ချနိုင်မည် မဟုတ်ဘဲ အဆုံး၌ ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ယနေ့ သင်သည် ဘုရားသခင်ကို အစေခံရာတွင် သင်၌ ဘုရားသခင်ကို လှည့်ဖြားရန် ရည်ရွယ်ချက် အစဉ်အမြဲ သိုထားကောင်းသိုထားနိုင်ပြီး သူ့ကို ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့် အမြဲတစေ ဆက်ဆံကောင်း ဆက်ဆံနိုင်သည်။ အတိုချုံး၍ဆိုရသော် အခြားအရာများ မည်သို့ပင်ဖြစ်စေကာမူ သင်သည် ဘုရားသခင်ကို လိမ်လည်ပါက၊ ကြမ်းကြုတ်သော တရားစီရင်မှုသည် သင့်အပေါ်သို့ ကျရောက်လိမ့်မည်။ သင်တို့သည် မည်သူ့ကို သစ္စာခံရမည်ကို ဒွိဟမဖြစ်ဘဲ၊ သင်တို့၏စိတ်နှလုံးကို ဘုရားသခင်အား ဦးစွာပေးရန်၊ ဘုရားသခင်အား မှန်ကန်သော အစေခံခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်ကို ကောင်းစွာအသုံးချသင့်သည်။ သင်သည် ဘုရားသခင်၏ ရှေ့တွင်ရှိသည်ဖြစ်စေ၊ အခြားလူတို့၏ ရှေ့တွင်ရှိသည်ဖြစ်စေ သင်၏စိတ်နှလုံးသည် ဘုရားသခင်ကို အစဉ် မျက်နှာမူသင့်ပြီး ယေရှုနည်းတူ ဘုရားသခင်ကိုချစ်ရန် သန္နိဌာန်ချထားသင့်သည်။ ဤနည်းလမ်းဖြင့် သင်သည် ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော အစေခံဖြစ်လာစေရန် ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ဧကန်အမှန်ခံရလိုပြီး သင်၏အစေခံခြင်းကို ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်စေလိုပါက၊ သင်သည် သာ၍များပြားသော စုံလင်ခြင်းခံရဖို့အလို့ငှာ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်၌ ယခင်ကရှိသော အမြင်များကို ပြောင်းလဲသင့်ပြီး ဘုရားသခင်အား သင်အစေခံနေကျ ပုံစံဟောင်းကို ပြောင်းလဲသင့်ပေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် သင့်ကို ပစ်ပယ်လိမ့်မည် မဟုတ်ဘဲ၊ သင်သည် ပေတရုကဲ့သို့ ဘုရားသခင်ကို ချစ်သောသူများထဲတွင် ထိပ်ဆုံး၌ ရှိနေမည် ဖြစ်သည်။ သင်သည် နောင်တမရဘဲ ဆက်ရှိနေပါက၊ ယုဒကဲ့သို့ပင် နိဂုံးချုပ်လိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သူအားလုံး ဤအချက်ကို နားလည်သင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၅၅)

စကြဝဠာတစ်လျှောက် သူ၏ အမှုကို စတင်ကတည်းက၊ ဘုရားသခင်သည် လူ့အလွှာတိုင်းမှ လူများအပါအဝင် များစွာသော လူတို့ကို သူ့အား အစေခံဖို့ရန် ကြိုတင်ပြဌာန်းထားပြီး ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ သူ၏ အလိုကို ဖြည့်ဆည်းရန်နှင့် ဤကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုကို ချောမွေ့စွာ ပြီးစီးစေရန် ဖြစ်သည်။ ဤသည်မှာ လူတို့ကို သူ့အား အစေခံရန် ရွေးချယ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော လူတိုင်းသည် သူ၏ အလိုကို သိနားလည်ရပေမည်။ သူ၏ ဤအမှုသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း၊ ပြီးလျှင် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို လူသားများအား သာ၍ သိသာထင်ရှားစေခဲ့သည်။ လူတို့အနေဖြင့် သူ၏လုပ်ဆောင်ချက်များကို သာ၍ ရှင်းလင်းစွာ မြင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန်၊ လူများနှင့် ထိတွေ့မှုရှိရန် ကမ္ဘာမြေသို့ အမှန်တကယ် ကြွဆင်းလာခဲ့သည်။ ယနေ့တွင် ဤလူစုဖြစ်သည့် သင်တို့သည် လက်တွေ့ကျသည့် ဘုရားသခင်ကို အစေခံရသည့်အတွက် ကံကောင်းကြပေသည်။ ဤသည်မှာ သင်တို့အတွက် မရေတွက်နိုင်သော ကောင်းချီးဖြစ်သည်- သင်တို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို အမှန်တကယ်ပင် ခံရကြပေသည်။ သူကို အစေခံရန် လူတစ်ဦးကို ရွေးချယ်ရာတွင်၊ ဘုရားသခင်၌ သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများ အမြဲရှိပေသည်။ ဘုရားသခင်အား အစေခံခြင်းသည် လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုသက်သက် လုံးဝ မဟုတ်ပေ။ ယနေ့တွင်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သူ့ကို အစေခံသူအားလုံးသည် ထိုသို့ လုပ်ဆောင်ကြသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ ရှိပြီး ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်ကြသောကြောင့် ဖြစ်သည်ကို သင်တို့တွေ့ပေသည်။ ဤအရာများသည် ဘုရားသခင်ကို အစေခံသောသူ အားလုံးအတွက် အနည်းဆုံးသော သတ်မှတ်ချက်များ ဖြစ်သည်။

ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး စွန့်ပစ်ခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ထိန်းချုပ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ- ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် ရာထူးနေရာ၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများ- ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလင်ခြင်းသို့ ရောက်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို ဝင်ရောက်စွက်ဖက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် ချီးကျူးလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက်- သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၅၆)

ယနေ့မှ စ၍၊ ဘုရားသခင်သည် ဘာသာရေးအယူအဆများ လုံးဝမရှိသူများ၊ မိမိတို့၏ ဇာတိဟောင်းကို ဘေးဖယ်ထားရန် လိုလားနေသူများနှင့် ရိုးသားပွင့်လင်းသည့်နည်းလမ်းဖြင့် ဘုရားသခင်ကို နာခံသောသူများအား စနစ်တကျ စုံလင်စေမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တောင့်တသူများကို သူ စုံလင်စေလိမ့်မည်။ ဤလူများသည် ထရပ်ကာ ဘုရားသခင်အား အစေခံသင့်ကြသည်။ ဘုရားသခင်၌ မဆုံးနိုင်သော ကြွယ်ဝမှုနှင့် အကန့်သတ်မဲ့ ဉာဏ်ပညာရှိ၏။ သူ၏ အံ့သြဖွယ်သော အမှုနှင့် အဖိုးတန်သော နှုတ်ကပတ်တော်များသည် သာ၍ပင် များပြားသော လူများ၏ မွေ့လျော်ခြင်းကို ခံရရန် အသင့်ကြိုလင့်နေပေသည်။ လက်ရှိအခြေအနေအရ၊ ဘာသာရေးအယူအဆများ ရှိသည့်သူများ၊ သက်ကြီးဝါကြီးများနှင့်၊ မိမိတို့ကိုယ်ကိုယ် ဘေးဖယ်မထားနိုင်သူများသည် ဤအသစ်သောအရာများကို လက်ခံရန် ခက်ခဲသည်ကို တွေ့ရှိရကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤလူများကို စုံလင်စေရန် အခွင့်အရေး လုံးဝမရှိပေ။ အကယ်၍ လူတစ်ဦးသည် နာခံဖို့ သန္နိဋ္ဌာန်မချရသေးသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်ခြင်း မရှိပါက၊ ၎င်းတို့သည် ဤအသစ်သော အရာများကို လက်ခံရန် နည်းလမ်းမရှိပေ။ ၎င်းတို့သည် တကယ့်ကို သာ၍ သာ၍ ပုန်ကန်တတ်လာကြကာ၊ သာ၍ သာ၍ ပါးနပ်ကောက်ကျစ်လာကြပြီး၊ ထိုသို့ဖြင့် မှားယွင်းသည့် လမ်းကြောင်း ပေါ်တွင်သာ အဆုံးသတ်ရလိမ့်မည်။ သူ၏ အမှုကို ယခု လုပ်ဆောင်ရာတွင်၊ ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်ကာ အသစ်သော အလင်းကို လက်ခံနိုင်သော သူများအား ချီးမြှောက် လိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ ဝါရင့်မှုကြောင့် ရောင့်တက်တတ်သော ဘာသာရေး အရာရှိများကို ဘုရားသခင်သည် လုံးဝဖြတ်ချလိမ့်မည်။ ပြောင်းလဲမှုကို ခေါင်းမာစွာ ငြင်းဆန်သောသူများထဲမှ မည်သူ့ကိုမျှ ဘုရားသခင် အလိုမရှိပေ။ သင်သည် ဤလူများထဲမှ တစ်ဦး ဖြစ်ချင်သလော။ သင်သည် သင်၏ အစေခံခြင်းကို သင်ကိုယ်တိုင်၏ အကြိုက်များအတိုင်း ဆောင်ရွက်ပါသလော၊ သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့် အရာကို သင် လုပ်ဆောင်သလော။ ဤသည်မှာ သင်ကိုယ်တိုင်အတွက် သင်သိရှိရမည့် အရာတစ်ခု ဖြစ်သည်။ သင်သည် ဘာသာရေး အရာရှိတစ်ဦးလော၊ သို့မဟုတ် ဘုရားသခင် စုံလင်စေသော မွေးကင်းစ ကလေးငယ်တစ်ဦးလော။ သင်၏ အစေခံခြင်းထဲမှ မည်မျှကို သန့်ရှင်းသော ဝိညာဉ်တော်က ချီးကျူးသနည်း။ ထိုအရာထဲမှ မည်မျှကို ဘုရားသခင်သည် စိတ်ရှုပ်ခံပြီး အမှတ်ရ နေမည်နည်း။ သင်၏ နှစ်များစွာကြာ အစေခံမှုအားလုံး၏ အကျိုးဆက်အနေဖြင့် သင့်အသက်တာတွင် မည်မျှကြီးမားသည့် ပြောင်းလဲမှု ရှိပြီးဖြစ်သနည်း။ ဤအရာအားလုံးနှင့်ပတ်သက်၍ သင် ရှင်းသလော။ သင်သည် အမှန်တကယ် ယုံကြည်ခြင်းရှိပါက၊ သင်၏ ယခင်က ဘာသာရေး အယူအဆဟောင်းများကို သင် ဘေးဖယ်ထားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို အသစ်သော နည်းလမ်းဖြင့် သာ၍ကောင်းမွန်စွာ အစေခံပေလိမ့်မည်။ ယခုထရပ်ရန် နောက်မကျလွန်းသေးပေ။ ဘာသာရေး အယူအဆဟောင်းများသည် လူတစ်ဦး၏ဘဝကို အဆုံးခံရစေနိုင်သည်။ လူတစ်ဦး ရရှိသည့် အတွေ့အကြုံသည် ဘုရားသခင်ထံမှ ၎င်းကို သွေဖည်စေနိုင်ပြီး အမှုအရာများကို မိမိကိုယ်တိုင်၏ နည်းလမ်းဖြင့် လုပ်ဆောင်စေနိုင်သည်။ ထိုသို့သောအရာများကို သင် ဘေးဖယ်မထားနိုင်ပါက၊ ယင်းအရာများသည် သင့်အသက်တာ ကြီးထွားမှုအဖို့ ခလုတ်တံသင်းများ ဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် သူ့ကို အစေခံသောသူများကို အမြဲ စုံလင်စေပြီး၊ ၎င်းတို့ကို ပေါ့ပေါ့တန်တန် မစွန့်ပစ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အမှန်တကယ် လက်ခံပါက၊ သင်၏ ဘာသာရေး ကျင့်ကြံမှုအဟောင်းများနှင့် စည်းမျဉ်းဟောင်းများကို ဘေးဖယ်ထားနိုင်ကာ ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို အကဲဖြတ်သည့်အရာအဖြစ် ဘာသာရေး အယူအဆဟောင်းများကို အသုံးပြုခြင်းအား ရပ်တန့်နိုင်ပါက၊ ထိုအခါမှသာ သင့်အတွက် အနာဂတ်တစ်ခု ရှိလိမ့်မည်။ သို့သော် ဟောင်းသောအရာများကို သင် ဖက်တွယ်ပါက၊ ယင်းအရာများကို သင် တန်ဖိုးထားဆဲဖြစ်ပါက၊ သင်သည် ကယ်တင်ခံရဖို့ နည်းလမ်းမရှိပေ။ ထိုသို့သော လူများကို ဘုရားသခင်သည် အရေးမထားပေ။ သင်သည် စုံလင်ခံရဖို့ အမှန်တကယ် ဆန္ဒရှိပါက၊ ယခင်က အရာအားလုံးကို လုံးဝ စွန့်လွှတ်ဖို့ရန် သင် စိတ်ဆုံးဖြတ်ရမည်။ ယခင်က လုပ်ဆောင်ခဲ့သည့် အရာသည် မှန်ကန်လျှင်ပင်၊ ယင်းသည် ဘုရားသခင်၏ အမှု ဖြစ်ခဲ့လျှင်ပင်၊ သင်သည် ထိုအရာကို ဘေးဖယ်ထားနိုင်ဆဲ ဖြစ်ရမည်ဖြစ်ပြီး၊ ယင်းကို ဖက်တွယ်ထားခြင်းအား ရပ်တန့်နိုင်ရမည်ဖြစ်သည်။ ယင်းသည် သိသာထင်ရှားစွာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်ခဲ့လျှင်ပင်၊ သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခဲ့လျှင်ပင်၊ ယနေ့တွင် ထိုအရာကို သင် ဘေးဖယ်ထားရမည်။ သင်သည် ထိုအရာကို ကိုင်စွဲမထားသင့်ပေ။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့် အရာဖြစ်သည်။ အရာရာတိုင်း အသစ်ပြုပြင်ခံရမည်။ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သူသည် ယခင်က ဖြစ်ခဲ့သည့် အမှုအရာ ဟောင်းများကို ရည်ညွှန်းခြင်းမရှိ၊ သူသည် နှစ်ချုပ်စာအုပ်ဟောင်းကို မတူးဆွပေ။ ဘုရားသခင်သည် အမြဲ သစ်လွင်ပြီး၊ မည်သည့်အခါတွင်မျှ အိုဟောင်းခြင်း မရှိသော ဘုရားသခင်ဖြစ်သကဲ့သို့၊ အတိတ်က သူကိုယ်တိုင်၏ နှုတ်ကပတ်တော်များကိုပင် ဖက်တွယ်ခြင်း မရှိပေ- ယင်းက ဘုရားသခင်သည် မည်သည့်စည်းမျဉ်းကိုမျှ မလိုက်နာသည်ကို ပြသ၏။ ထို့ကြောင့် ဘုရားသခင်သည် ယခင်က သူအသုံးပြုခဲ့သည့် နည်းလမ်းကိုအသုံးပြုလျက် အမှုမပြုတော့စဉ်တွင်၊ လူသား တစ်ဦးအနေဖြင့် သင်သည် အတိတ်က အရာများကို အမြဲ ဖက်တွယ်ပါက၊ ယင်းတို့ကို လက်လွှတ်ဖို့ သင် ငြင်းဆန်ပြီး၊ ပုံသေကားကျ ပုံစံတစ်ခုဖြင့် ယင်းတို့ကို တင်းကျပ်စွာ အသုံးပြုပါက၊ သင်၏ စကားများနှင့် အပြုအမူများသည် အနှောင့်အယှက်ဖြစ်စေသည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ ရန်သူတစ်ဦးဖြစ်လာပြီ မဟုတ်လော။ သင်သည် သင်၏ ဘဝတစ်ခုလုံးကို ဤဟောင်းသောအရာများနှင့်ပတ်သက်၍ ပျက်စီးဆုံးပါးသွားစေဖို့ လိုလားနေသလော။ ဤဟောင်းသော အရာများသည် သင့်ကို ဘုရားသခင်၏ အမှုအား တားဆီးသောသူတစ်ဦး ဖြစ်စေလိမ့်မည်- သင် ဖြစ်ချင်သည်မှာ ထိုသို့သော လူစားမျိုး ဖြစ်သလော။ သင်သည် ထိုသို့ အမှန်တကယ် မဖြစ်ချင်ပါက၊ သင်လုပ်ဆောင်နေသည့် အရာကို အလျင်အမြန် ရပ်တန့်ပြီး၊ ပြန်လှည့်လော့။ အရာအားလုံးကို တစ်ဖန် ပြန်၍စတင်လော့။ ဘုရားသခင်သည် သင်၏ အတိတ်မှ အစေခံမှုကို အမှတ်ရလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၅၇)

အလုပ်နှင့်ပတ်သက်၍ လူသားသည် အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်း၊ နေရာတိုင်း၌ တရားဟောခြင်းနှင့် သူ့အတွက် သုံးစွဲခြင်းဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သတ် ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် ဟိုပြေးသည်ပြေးလုပ်ရန်သာ မဟုတ်ပေ၊ ထိုထက် ကျော်လွန်၍ ဤအမှုသည် ဝိညာဉ်တော်အတွင်း၌ အမှုတော်ဆောင်ဖို့နှင့် ထောက်ပံ့မှုတို့နှင့်ပါ သက်ဆိုင်သည်။ ညီအစ်ကိုမောင်နှမ တော်တော်များများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိပြီး သည့်တိုင် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ တခါမျှ မစဉ်းစားဖူးပေ၊ အဘယ်ကြောင့်ဆိုသော် လူသား ထင်မြင်ထားသော အလုပ်ဟူသည့် အရာသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် မလိုက်ဖက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် အလုပ် ကိစ္စတွင် မည်သည့်အရာပင်ဖြစ်စေ စိတ်ဝင်စားမှု လုံးဝမရှိပေ၊ ထို့ကြောင့် လူသား၏ ဝင်ရောက်မှုသည်လည်း အလွန်ပင် တစ်ဖက်သတ် ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းအားဖြင့် စတင်ဝင်ရောက် သင့်သည်၊ ယင်းနှင့် ဆိုင်သော ကဏ္ဍအားလုံးကို သင်တို့ သာ၍ ကြုံတွေ့ခံစားနိုင်ဖို့ ဖြစ်သည်။ ယင်းသည် သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်းကို မရည်ညွှန်းဘဲ၊ လူသား၏အသက်တာနှင့် လူသား၏ အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် ပျော်ရွှင်မှုပေးနိုင်ခြင်း ရှိမရှိကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူသားတို့က ဘုရားသခင် အပေါ်၌ထားသော သူတို့၏ ဆက်ကပ်ခြင်းနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်အကြောင်း သက်သေခံရန်နှင့် လူသားအပေါ် အမှုတော်ဆောင်ရန်အတွက်လည်း အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူသား၏တာဝန် နှင့် လူသားအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင်အတွက် အလုပ်လုပ်နေစဉ်တွင် သင်တို့သည် ဝင်ရောက်ဖို့ ကြိုးစားနေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အလုပ်အား တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်ပုံကို သိခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံပုံကို သိရမည်ဖြစ်ပြီး ဘုရားသခင်ကို အစေခံနိုင်ရမည်ဖြစ်ကာ၊ လူသားအပေါ် အမှုတော်ဆောင်ကာ လူသားကို ထောက်ပံ့ပေး နိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ ဤသည်ကား လူတိုင်း ပြီးမြောက်အောင် လုပ်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးလွှားပြီး နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို ခုခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် ဘုရားသခင်ကို အစေခံနေခဲ့သူများနှင့် လူသားတို့အပေါ် အမှုတော်ဆောင်နေခဲ့ သူများသည် အလုပ်လုပ်ခြင်းနှင့် တရားဟောခြင်းကို ဝင်ရောက်မှု အဖြစ်သာ သတ်မှတ်ခဲ့ကြပြီး၊ မည်သူကမျှ ၎င်းတို့၏ ဝိညာဉ်ရေးရာ နှင့်ဆိုင်သော ကိုယ်ပိုင်အတွေ့အကြုံကို အရေးကြီးသော ဝင်ရောက်မှုအဖြစ် မသတ်မှတ်ခဲ့ကြပေ။ ထိုသို့ သတ်မှတ်မည့်အစား၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကရသည့် ဉာဏ်အလင်းပေးခြင်းကို အခြားသူများကို သင်ကြားပေးရန်အတွက် အရင်းအနှီးအဖြစ် သတ်မှတ်ခဲ့ကြသည်။ တရားဟောသောအခါ၌ သူတို့သည် အလွန်အမင်း ဝန်ပိနေကြလျက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံကြပြီး၊ ဤနည်းအားဖြင့် သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်၏အသံကို ထွက်လာ စေသည်။ ဤအချိန်၌၊ အလုပ်လုပ်သော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ၎င်းတို့၏ ကိုယ်ပိုင်ဝိညာဉ်ရေးရာ အတွေ့အကြုံကဲ့သို့ ခံစားရပြီး ကိုယ့်ကိုယ်ကို အလွန်အမင်း အားရ ကျေနပ်နေကြသည်။ သူတို့ ပြောနေသည့် စကားများအားလုံးသည် သူတို့၏ ကိုယ်ပိုင်အဖြစ် သူတို့ ခံစားရသော်လည်း သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံသည် သူတို့ ပြောပြသလောက် မရှင်း သလိုလည်း ခံစားရသည်။ ထို့အပြင် စကားမပြောမီတွင် သူတို့ မည်သည့်အရာ ပြောမည်ကို အရိပ်အမြွက်ပင် မသိကြ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အတွင်း၌ အလုပ်လုပ် သောအခါ သူတို့၏စကားများသည် သူတို့ထံမှ အဆက်မပြတ် တရစပ် ထွက်လာတတ်သည်။ သင်သည် ထိုသို့ တစ်ကြိမ် တရားဟောဖူးပြီးချိန်တွင် သင်၏ ဝိညာဉ်အသက်တာအစစ်သည် အရင်က သင်ထင်ထားသလောက် မသေးငယ်ဟု ခံစားရပြီး၊ ထို့နောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်က သင်၌ အကြိမ်ကြိမ် အလုပ်လုပ် ပြီးသောအခြေအနေတွင်ကဲ့သို့ သင့်မှာ ဝိညာဉ်အသက်တာ ရှိပြီးဖြစ်သည်ဟု ဆုံးဖြတ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် သင်၏ဖြစ်တည်မှုဖြစ်သည်ဟု လွဲမှားစွာ ယုံကြည်တတ်သည်။ သင်သည် ထိုသို့ အစဉ်အမြဲ တွေ့ကြုံခံစားရသောအခါ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး လျော့တိလျော့ရဲ ဖြစ်လာတတ်သည်၊ သင်သည် သတိမထားမိဘဲ ပျင်းရိလာတတ်ပြီး၊ သင်ကိုယ်တိုင်၏ဝင်ရောက်မှုကို အရေးကြီးသည်ဟု လုံးဝ သဘောမထားဘဲ နေလာတတ်သည်။ ဤအကြောင်းကြောင့် သင်သည် အခြားသူတို့အပေါ် အမှုတော်ဆောင်သောအခါ၌ သင်၏ ဝိညာဉ်အသက်တာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ရမည်။ ထိုသို့ သိမြင်ခြင်းက သင်၏ ဝင်ရောက်မှုကို သာ၍ လွယ်ကူချောမောစေလိမ့်မည် ဖြစ်ပြီး သင်၏ အတွေ့အကြုံကို သာ၍ အကျိုးရှိစေလိမ့်မည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မိမိတို့ကိုယ်တိုင်၏ အတွေ့အကြုံအဖြစ် သတ်မှတ်သောအခါ ယင်းသည် ဆုတ်ယုတ်မှု၏ အစဖြစ်သွားသည်။ ထို့ကြောင့် သင်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သင်တို့၏ ဝင်ရောက်မှုကို အရေးကြီးသော သင်ခန်းစာတစ်ခုအဖြစ် သင်တို့ မှတ်ယူသင့်သည်ဟု ငါပြောခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၅၈)

လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ အလိုတော်ပြည့်စုံစေရန်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် တွေ့သောသူများအားလုံးကို ဘုရားသခင်၏ ရှေ့သို့ ခေါ်ဆောင်လာရန်၊ လူကို ဘုရားသခင်ထံ ခေါ်ဆောင်လာရန်နှင့် လူသားကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုတို့နှင့် မိတ်ဆက်ပေးရန်တို့အတွက် အလုပ်လုပ်ပြီး၊ ဤနည်းအားဖြင့် ဘုရားသခင်၏ အလုပ်၏ အကျိုးကျေးဇူးများကို စုံလင်စေသည်။ ထို့ကြောင့် သင်တို့သည် အလုပ်၏ အနှစ်သာရကို နားလည်ဖို့ အလွန်အရေးကြီးသည်။ ဘုရားသခင် အသုံးပြုသည်ကို ခံရသော သူတစ်ဦးအနေနှင့်၊ လူသားအားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် ထိုက်တန်သောသူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ လူတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုမှုကို ခံဖို့ အခွင့်အလမ်း ရှိသည်။ သို့သော် သင်တို့ နားလည်သဘောပေါက် ရမည့် အချက်တစ်ချက်ရှိသည်- လူသားသည် ဘုရားသခင်မှ စေခိုင်းသည့်အလုပ်ကို လုပ်သောအခါ ဘုရားသခင် အသုံးပြုခြင်းကို ခံရမည့် အခွင့်အရေး ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် လူသားပြောသည့်အရာနှင့် လူသားသိသည့် အရာသည် လူသား၏ ဝိညာဉ်အသက်တာ တစ်ရပ်လုံး မဟုတ်ပေ။ သင်တို့လုပ်နိုင်သည်မှာ သင်တို့အလုပ်လုပ်နေစဉ် သင်တို့ကိုယ်တိုင်၏ လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ သိလာရန်သာ ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှုကို ပိုမိုရရှိလာရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် သင်တို့သည် သင်တို့ အလုပ်လုပ်နေစဉ်တွင် ပိုမိုကောင်းမွန်သော ၀င်ရောက်မှု ရရှိစေခြင်း ခံရမည်ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ ထံမှလာသည့် လမ်းပြမှုကို ၎င်းတို့ကိုယ်တိုင်၏ ၀င်ရောက်မှုအဖြစ်နှင့် ၎င်းတို့ ၏အထဲ၌ မွေးကတည်းကရှိသည့် အရာအဖြစ် သတ်မှတ်လျှင် လူသား၏ ဝိညာဉ်အသက်တာ ကြီးထွားဖို့ အလားအလာ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသားကိုပေးသည့် ဉာဏ်အလင်းက အလုပ်လုပ်ခြင်းသည် လူသားတို့က ပုံမှန်အခြေအနေ၌ ရှိနေစဉ်တွင် ဖြစ်ပေါ်သည်။ ထိုသို့သောအချိန်များ၌ လူတို့သည် သူတို့ လက်ခံရရှိသော ဉာဏ်အလင်းကို သူတို့၏ ကိုယ်ပိုင် ဝိညာဉ်အသက်တာအစစ်အမှန်အဖြစ် လွဲမှားစွာ ထင်မြင်ယူဆလေ့ ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော် ဉာဏ်အလင်းပေးသည့်နည်းသည် ထူးကဲစွာသာမန်အဖြစ်ဆုံးဖြစ်ပြီး လူသား၏အထဲ၌ မွေးကတည်းက ရှိသည့်အရာကို အသုံးပြုသောကြောင့် ဖြစ်သည်။ လူတို့ အလုပ်လုပ်သည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ သို့မဟုတ် ဆုတောင်း၍ ၎င်းတို့၏ ဝိညာဉ်ရေးရာနှင့်ဆိုင်သော ဝတ်ပြုကိုးကွယ်မှုများကို ပြုသောအခါ၌၊ သမ္မာတရားသည် ထိုသူတို့အတွက် ရုတ်တရက် ရှင်းလင်းသွား လိမ့်မည်။ သို့သော် လက်တွေ့တွင် လူသားမြင်သောအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုသာ (ဤအရာသည် လူသား၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်မှာ မှန်ပေသည်) ဖြစ်ပြီး လူသား၏ ဝိညာဉ်အသက်တာအစစ်ကို ကိုယ်စားမပြုပေ။ အချို့သော အခက်အခဲများနှင့် စမ်းသပ်မှုများကို လူသားက ရင်ဆိုင်ကြုံရသည့် အချိန်ကာလတစ်ရပ် နောက်ပိုင်းတွင်၊ လူသား၏ ဝိညာဉ် အသက်တာအစစ်သည် ထိုသို့သော အခြေအနေများတွင် သိသာ ထင်ရှားလာသည်။ ထိုသို့သောအခါ၌သာ မိမိ၏ ဝိညာဉ် အသက်တာသည် သိပ်မကြီးကြောင်း လူသားသည် တွေ့ရှိလာပြီး တကိုယ်ကောင်းဆန်မှု၊ မိမိအပေါ် သက်ရောက်သည့် အရာများနှင့် လူသား၏ လောဘတို့အားလုံး ပေါ်လာသည်။ ထိုသို့သော အတွေ့အကြုံ သံသရာကို အကြိမ်ကြိမ် တွေ့ကြုံပြီးမှသာ ၎င်းတို့၏ ဝိညာဉ်အတွင်း နိုးထလာသည့်သူ များစွာက အတိတ်က ၎င်းတို့ ကြုံတွေ့ခဲ့ရသည်ကား ၎င်းတို့၏ကိုယ်ပိုင် တစ်ဦးချင်း လက်တွေ့တရား မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ခဏတာ အလင်းပေးခြင်းသာ ဖြစ်ကြောင်းနှင့် လူသားသည် ဤအလင်းကို ရရှိခဲ့ပြီးဖြစ်ကြောင်းတို့ကို နားလည်သဘောပေါက် မည် ဖြစ်သည်။ သမ္မာတရားကို နားလည်စေရန် သန့်ရှင်းသော ဝိညာဉ်တော်က လူသားကို ဉာဏ်အလင်းပေးသောအခါ အများအားဖြင့် အမှုအရာများ မည်သို့ ပေါ်ပေါက်လာခဲ့သည် သို့မဟုတ် မည်သည့်နေရာသို့ သွားနေသည်ကို မရှင်းပြဘဲ ရှင်းလင်းထင်ရှားသော နည်းတစ်နည်းဖြင့် ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် လူသား၏ အခက်အခဲများကို ဤဗျာဒိတ်တော်၌ ပေါင်းစပ်မည့်အစား၊ သမ္မာတရားကို တိုက်ရိုက် ထုတ်ဖော်ပြသည်။ လူသားသည် ဝင်ရောက်ခြင်း လုပ်ငန်းစဉ်၌ အခက်အခဲများနှင့် ကြုံသောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု ပါဝင်အောင် လုပ်ပါက ယင်းသည် လူသား၏ တကယ့်အတွေ့အကြုံ ဖြစ်သွားသည်။...ထို့ကြောင့် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံသောအချိန်၌ပင် သင်တို့၏ ဝင်ရောက်မှုအပေါ်၌ သာ၍ပင် အလေးထားသင့်ပြီး တချိန်တည်းမှာပင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သင်တို့၏ဝင်ရောက်မှု ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို တိတိကျကျ မြင်ပြီး၊ သင်တို့၏ဝင်ရောက်မှု၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုလည်း ပေါင်းစပ်သင့်သည်။ ထိုသို့ပြုခြင်းဖြင့် သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ သာ၍များပြားသော နည်းများဖြင့် စုံလင်စေခြင်း ခံရမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အနှစ်သာရကို သင့်အထဲ၌ ဖြစ်ပေါ်စေ နိုင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့ ကြုံတွေ့နေသောအချိန်၌ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို သာမက သင်တို့ကိုယ်သင်တို့ သိကျွမ်းလာကြမည်၊ ထို့အပြင် အလွန်ပြင်းထန်၍ မရေမတွက်နိုင်အောင် များပြားသော ပြင်းထန်သည့် ဒုက္ခအခက်အခဲများကြားတွင် သင်တို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ် ရှိလာကြမည် ဖြစ်ပြီး၊ ဘုရားသခင်နှင့် သင်တို့အကြားရှိ ဆက်ဆံရေးသည် တစ်ရက်ပြီးတစ်ရက် ပိုမို နီးစပ်လာလိမ့်မည်။ မရေမတွက်နိုင်အောင် ပြုပြင်ခြင်း၊ စစ်ဆေးခြင်းတို့အပြီးနောက် သင်တို့သည် ဘုရားသခင် အပေါ် စစ်မှန်သော မေတ္တာ ပေါ်ပေါက်လာမည်။ ထို့ကြောင့် ဝေဒနာ၊ ရိုက်နှက်ချက်နှင့် ဒုက္ခအခက်အခဲများသည် ကြောက်စရာ ကောင်းသော အရာများ မဟုတ်ကြောင်း သင်တို့ နားလည် သဘောပေါက်ရမည်။ ကြောက်စရာကောင်းသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သာရှိပြီး သင်တို့၏ ဝင်ရောက်မှု မရှိခြင်း ဖြစ်သည်။ ဘုရားသခင်၏အလုပ် ပြီးမြောက်သည့်နေ့ ရောက် သောအခါ သင်တို့သည် အကျိုးမဲ့ ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့သလို ဖြစ်နေလိမ့်မည်၊ သင်တို့သည် ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့ခံစားခဲ့ကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော် ကိုလည်း သိခဲ့မည် မဟုတ်၊ သင်တို့၏ ကိုယ်ပိုင် ဝင်ရောက်မှုလည်း ရရှိခဲ့မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား အတွင်း လုပ်ဆောင်သည့် ဉာဏ်အလင်းသည်မှာ လူသား၏ စိတ်ထက်သန်မှုကို ထိန်းထားရန် မဟုတ်ဘဲ၊ လူသား ဝင်ရောက်ရန် အတွက် လမ်းကြောင်း ဖွင့်ပေးရန်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို လူသား သိလာစေရန် ဖြစ်ပြီး၊ ထိုနေရာမှတဆင့် ဘုရားသခင်ကို ချစ်ကြောက်ရိုသေပြီး နှစ်သက်မြတ်နိုးသည့် စိတ်များ ပေါ်ပေါက်လာစေရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၅၉)

ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံပြီးသောသူများ၏ အလုပ်တွင် သွေဖည်မှု အလွန်နည်းပါးပြီး ၎င်းတို့အလုပ်၏ ဖော်ပြချက်သည် သာ၍များစွာ တိကျလေသည်။ အလုပ်လုပ်ရန် မိမိတို့၏ သဘာဝကျမှုအပေါ် အားထားသောသူများသည် အတော်အတန် အဓိကကျသော အမှားများကို ပြုမိကြသည်။ စုံလင်ခြင်း မခံရသော သူတို့၏အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အဓိကအတားအဆီး ဖြစ်ပေါ်စေသည့် ၎င်းတို့ကိုယ်တိုင်၏ သဘာဝကျမှုကို အလွန်များလှစွာ ဖော်ပြလေသည်။ လူတစ်ဦး၏ အရည်အချင်း မည်မျှ ကောင်းသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အလုပ်ကို မလုပ်ဆောင်နိုင်မီတွင် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် တရားစီရင်ခြင်းတို့ကိုလည်း ကြုံကြရမည်ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော တရားစီရင်မှုကို မကြုံရသေးပါက၊ ၎င်းတို့၏ အလုပ်သည် မည်မျှကောင်းစွာ လုပ်ဆောင်ထားသည်ဖြစ်စေ၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့် မကိုက်ညီနိင်သကဲ့သို့၊ ၎င်းတို့ကိုယ်တိုင်၏ သဘာဝကျမှုနှင့် လူသား ကောင်းမြတ်မှု၏ ရလဒ်တစ်ခု အမြဲ ဖြစ်ပေလိမ့်မည်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးသူများ၏ အလုပ်သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် တရားစီရင်ခြင်းတို့ကို မခံရသေးသောသူများ၏ အလုပ်ထက် များစွာသာ၍ မှန်ကန်တိကျလေသည်။ တရားစီရင်မှုကို မကြုံရသေးသော သူများသည် လူ့အသိဉာဏ်နှင့် မွေးရာပါ ပါရမီများဖြင့် ရောနှောထားသည့် လူ့ဇာတိပကတိနှင့် အတွေးများကိုသာ ဖော်ပြပေသည်။ ဤသည်မှာ ဘုရားသခင်၏ အလုပ်နှင့် သက်ဆိုင်သည့် လူသား၏ တိကျသော ဖော်ပြချက် မဟုတ်ပေ။ ထိုသို့သော လူတို့နောက်လိုက်သူများသည် ၎င်းတို့၏ မွေးရာပါ အရည်အချင်းဖြင့် ၎င်းတို့ရှေ့သို့ ခေါ်ဆောင်ခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ မူလရည်ရွယ်ချက်နှင့် ဆက်စပ်မှု မရှိလုနီးပါးဖြစ်သကဲ့သို့၊ ယင်းမှ အလွန်သွေဖည်လွန်းသည့် လူသား၏ များလွန်းလှသော ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံတို့ကို ဖော်ပြသောကြောင့်၊ ဤလူစားမျိုး၏ အလုပ်သည် လူတို့ကို ဘုရားသခင်ရှေ့သို့ မခေါ်ဆောင်နိုင်ဘဲ၊ လူရှေ့သို့သာ ပြန်လည်ခေါ်ဆောင်နိုင်သည်။ ထို့ကြောင့်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မကြုံရသေးသောသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အလုပ်ကို လုပ်ဆောင်ရန် အရည်အချင်းမပြည့်မီပေ။ အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ခေါ်ဆောင်နိုင်ပြီး ၎င်းတို့ကို သမ္မာတရားထဲသို့ သာ၍ ကြီးမားသည့် ဝင်ရောက်မှု ပေးနိုင်လေသည်။ သူအလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့သို့ ခေါ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူလုပ်ဆောင်သော အလုပ်သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပြီး၊ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ ရှိစေရင်း၊ စည်းမျဉ်းများဖြင့် ကန့်သတ်မထားသကဲ့သို့၊ အသက်တာတွင် လုပ်နိုင်စွမ်း တဖြည်းဖြည်း ကြီးထွားနိုင်ပြီး သမ္မာတရားထဲသို့ သာ၍နက်နဲသော ဝင်ရောက်မှုတစ်ခုကို ရရှိစေနိုင်သည်။ အရည်အချင်းမပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် အလွန်အဆင့်မမီပေ။ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများထဲသို့သာ ပို့ဆောင်နိုင်ပြီး၊ လူတို့ကို သူတောင်းဆိုသော အရာသည် တစ်ဦးနှင့်တစ်ဦး မကွာခြားပေ။ သူသည် လူတို့၏ တကယ့် လိုအပ်ချက်များနှင့်အညီ အလုပ်မလုပ်ပေ။ ဤအလုပ်အမျိုးအစားတွင်၊ စည်းမျဉ်းစည်းကမ်း အလွန်များလှပြီး အယူဝါဒ အလွန်များလှကာ၊ လူတို့ကို လက်တွေ့အရှိတရားထဲသို့၊ သို့မဟုတ် အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ပုံမှန်လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ မခေါ်ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ကိုသာ လိုက်နာနိုင်စေသည်။ ထိုသို့သော လမ်းပြမှုမျိုးသည် လူတို့ကို လမ်းလွဲရုံသာ လမ်းလွဲစေနိုင်သည်။ သူသည် သင့်ကို သူနှင့်တူစေဖို့ ဦးဆောင်သည်။ သူသည် သင့်ကို သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲသို့ ခေါ်ဆောင်နိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ရိပ်စားမိရန်၊ အဓိကသော့ချက်မှာ ၎င်းတို့ဦးဆောင်သော လမ်းကြောင်းနှင့် ၎င်းတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များက သမ္မာတရားနှင့်အညီ အခြေခံသဘောတရားများကို ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ၎င်းတို့၏ ပြောင်းလဲခြင်းအတွက် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ ရရှိခြင်း ရှိ မရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ခွဲခြားသိမြင်သင့်သည်။ သင်သည် မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ဤသည်မှာ လူတို့၏ဝင်ရောက်မှု ကိစ္စနင့် သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် မည်သည့် လူ၏ဦးဆောင်မှုသည် လမ်းကြောင်းရှိပြီး၊ မည်သည့်လူ၏ ဦးဆောင်မှုက လမ်းကြောင်းမရှိသည်ကို မခွဲခြားမသိမြင်နိုင်ပါက၊ သင်သည် လွယ်ကူစွာ လှည့်စားခြင်းခံရလိမ့်မည်။ ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အသက်တာနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။ စုံလင်ခြင်းမခံရသောလူများ၏ အလုပ်တွင် သဘာဝကျမှု အလွန်များလှ၏။ ယင်းသည် အလွန်များလှစွာသော လူ၏လိုအင်ဆန္ဒဖြင့် ရောနှောထားသည်။ ၎င်းတို့၏ ဖြစ်တည်ခြင်းသည် သဘာဝကျမှု ဖြစ်သည်- ၎င်းတို့ မွေးကတည်းက ပါလာသည့်အရာ ဖြစ်သည်။ ယင်းသည် ကိုင်တွယ်ဖြေရှင်း ခံရပြီးနောက် အသက်တာ သို့မဟုတ် ပြောင်းလဲခြင်းခံရပြီးနောက် လက်တွေ့အရှိတရား မဟုတ်ပေ။ ထိုသို့သော လူစားမျိုးတို့သည် အသက်ကို လိုက်စားရှာဖွေသော သူတို့ကို မည်သို့ ထောက်ပံ့ပေးနိုင်မည်နည်း။ ထိုလူ၏ အသက်သည် မူလအားဖြင့် သူ၏ မွေးရာပါ ဉာဏ်ပညာ သို့မဟုတ် ပါရမီဖြစ်သည်။ ဤဉာဏ်ပညာ သို့မဟုတ် ပါရမီမျိုးသည် လူသားအတွက် ဘုရားသခင်၏ တိကျသော တောင်းဆိုချက်များနှင့် အတော်အတန် ဝေးကွာလေသည်။ အကယ်၍ လူတစ်ဦးသည် စုံလင်စေခြင်း မခံရသေးသကဲ့သို့၊ ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ခြင်းမခံရသေးပါက သူဖော်ပြသောအရာနှင့် သမ္မာတရားတို့ကြားတွင် ကြီးမားသောကွာဟမှုတစ်ခု ရှိလိမ့်မည်ဖြစ်သည်။ ၎င်းဖော်ပြသော အရာသည် ၎င်း၏စိတ်ကူးစိတ်သန်းနှင့် တစ်ဖက်သက် အတွေ့အကြုံ ကဲ့သို့သော မရေရာသည့် အရာများဖြင့် ရောနှော နေပေလိမ့်မည်။ ထို့အပြင်၊ သူမည်သို့ အလုပ်လုပ်သည်ဖြစ်စေ၊ လူအားလုံး၏ ဝင်ရောက်မှုအတွက် သင့်တော်သည့် ယေဘုယျ ပန်းတိုင်နှင့် သမ္မာတရားမရှိဟု လူတို့ ခံစားရသည်။ လူတို့အပေါ် တောင်းဆိုထားသည့် အရာအများစုသည် ၎င်းတို့အနေဖြင့် ငှက်နားရာအိပ်တန်းများပေါ်သို့ နားစေခြင်းခံနေရလျက်ရှိသည့် ဘဲများအလား ၎င်းတို့၏ အစွမ်းအစကို ကျော်လွန်ပေသည်။ ဤသည်မှာ လူ့အလိုဆန္ဒ၏ အလုပ်ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ၎င်း၏အတွေးများနှင့် အယူအဆများသည် ၎င်း၏ကိုယ်ခန္ဓာအစိတ်အပိုင်းများ အားလုံးကို ပျံ့နှံ့ဝင်ရောက်လေသည်။ လူသားသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဗီဇဖြင့် မွေးဖွားခြင်း မဟုတ်သကဲ့သို့၊ သမ္မာတရားကို တိုက်ရိုက်နားလည်ရန် ဗီဇလည်း မရှိပေ။ ယင်း၌ ထိုလူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါင်းထည့်ပါက- ဤသဘာဝကျသည့် လူပုဂ္ဂိုလ်မျိုး အလုပ်လုပ်သောအခါတွင်၊ အနှောင့်အယှက်များ ဖြစ်ပေါ်စေသည် မဟုတ်လော။ သို့ရာတွင် စုံလင်စေခြင်း ခံရပြီးသော လူသားတစ်ဦးသည် သူ၏အလုပ်ထဲက မရေမရာနှင့် မစစ်မှန်သော အရာများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားဖို့အလို့ငှာ၊ လူသား၏ အရောအနှောများ ပိုနည်းလာပြီး၊ သူ့အလုပ် နှင့် အစေခံမှုတို့သည် ဘုရားသခင် သတ်မှတ်ထားသည့် စံနှုန်းများနှင့် ယခင်ထက် သာ၍ နီးစပ်လာဖို့အလို့ငှာ၊ လူတို့ နားလည်သင့်သော သမ္မာတရား၏ အတွေ့အကြုံနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည့် အသိပညာတို့ ရှိကြလေသည်။ ထို့ကြောင့်၊ ၎င်း၏အလုပ်သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ၊ လက်တွေ့လည်း ကျလာပြီ ဖြစ်လေသည်။ လူသား၏စိတ်ထဲက အတွေးများသည် အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိတ်ဆို့သည်။ လူသားသည် ကြွယ်ဝသော စိတ်ကူးစိတ်သန်းနှင့် ယုတ္တိတန်သော ဆင်ခြင်တွေးခေါ်မှုစနစ် ရှိပြီး၊ အရေးကိစ္စများကို ကိုင်တွယ်ခြင်း၌ ရှည်ကြာသော အတွေ့အကြုံ ရှိခဲ့ပြီးဖြစ်သည်။ အကယ်၍ လူသား၏ ဤသွင်ပြင်လက္ခဏာများသည် ပြုပြင်ခြင်းနှင့် မှန်အောင်ပြင်ဆင်ခြင်းတို့ကို မကြုံရပါက၊ ယင်းတို့အားလုံးသည် အလုပ်အဖို့ အတားအဆီးများ ဖြစ်ပေသည်။ ထို့ကြောင့် လူသား၏အလုပ်၊ အထူးသဖြင့် စုံလင်စေခြင်းမခံရသော သူတို့၏ အလုပ်သည် တိကျမှန်ကန်မှု၏ အကြီးမားဆုံးသော အတိုင်းအတာကို မစွမ်းဆောင်နိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၆၀)

လူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ ၎င်းတို့ မည်သည့်အခြေအနေ၌ ရှိကြမည်ကို သင် သိနားလည်ခြင်းရှိဖို့ လိုသည်။ အထူးသဖြင့် ဘုရားသခင်အား အစေခံခြင်းကို ညှိနှိုင်းဆောင်ရွက်သူတို့သည် လူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သည့် အမှုအားဖြင့် ဖြစ်ပေါ်သည့် အခြေအနေများစွာကို သာ၍အားကောင်းစွာ သဘောပေါက် ရပေမည်။ သင်သည် အတွေ့အကြုံများစွာ သို့မဟုတ် ဝင်ရောက်ခြင်းရရှိသည့် နည်းလမ်းများစွာအကြောင်းကိုသာ ပြောဆိုပါက၊ သင်၏အတွေ့အကြုံသည် အလွန်တစ်ဖက်သတ်ဖြစ်သည်ကို ထိုအရာက ပြသပေသည်။ သင်၏ စစ်မှန်သော အခြေအနေကို သိရှိခြင်းနှင့် သမ္မာတရား၏ အခြေခံသဘောတရားများကို သဘောပေါက်ခြင်းမရှိဘဲ၊ စိတ်သဘောထား ပြောင်းလဲရန် မဖြစ်နိုင်ချေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော အခြေခံသဘာတရားများကို သိရှိခြင်း၊ သို့မဟုတ် ယင်း၏အသီးအပွင့်ကို သိနားလည်ခြင်းမရှိဘဲ၊ နတ်ဆိုးများ၏အလုပ်ကို သိမြင်ရန် သင့်အတွက် ခက်ခဲပေလိမ့်မည်။ သင်သည် နတ်ဆိုးများ၏ အလုပ်အပြင် လူသား၏ အယူအဆများကို ဖော်ထုတ် ရမည်ဖြစ်ပြီး၊ ပြဿနာ၏ အရင်းအမြစ်ကိုတိုက်ရိုက် ထိုးထွင်းသိမြင်ရမည်။ လူများ၏ လက်တွေ့လုပ်ဆောင်မှု၌ရှိသော သွေဖည်မှုများစွာနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ၎င်းတို့ ရှိနိုင်သည့် ပြဿနာများကိုလည်း ၎င်းတို့ သတိပြုမိနိုင်ဖို့အလို့ငှာ ထောက်ပြရမည်။ အနည်းဆုံးအနေဖြင့်၊ သင်သည် ၎င်းတို့ကို အပျက်သဘောဆောင်ခြင်း သို့မဟုတ် တုံဏှိဘာဝေနေခြင်း မခံစားစေရ။ သို့ရာတွင်၊ လူအများစုအတွက် ဓမ္မဓိဋ္ဌာန်ကျကျ တည်ရှိသာ အခက်အခဲများကိုလည်း သင်နားလည်ရမည်၊ သင်သည် ယုတ္တိမတန်သောသူ သို့မဟုတ် “ကျွဲပါးစောင်းတီးသူ” မဖြစ်စေရ။ ယင်းသည် မိုက်မဲသောအပြုအမူ ဖြစ်သည်။ လူတို့ တွေ့ကြုံရသော အခက်အခဲများစွာကို ဖြေရှင်းရန် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အင်အားများကို ပထမဦးစွာ နားလည်ရမည်၊ သင်သည် မတူညီသောလူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်ကို မည်သို့ဆောင်ရွက်သည်ကို နားလည်ရမည်၊ လူတို့ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ၎င်းတို့၏ အားနည်းချက်များကို နားလည်မှု ရှိရမည်ဖြစ်ပြီး ပြဿနာ၏ အဓိကအကြောင်းရင်းများကို သွေဖည်ခြင်း သို့မဟုတ် အမှားများတစ်ခုတစ်လေ ပြုလုပ်ခြင်းမရှိဘဲ ရိပ်မိနိုင်ရမည်ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည်သာ ဘုရားသခင်ကို အစေခံရာတွင် ညှိနှိုင်း ဆောင်ရွက်ရန် အရည်အချင်းရှိပေသည်။

သင့်အနေဖြင့် အဓိကပြဿနာများကို သဘောပေါက်နိုင်ပြီး အမှုအရာများစွာကို ရှင်းလင်းစွာ သိမြင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ သီးခြားအတွေ့အကြုံများအပေါ် တည်မှီသည်။ သင်တွေ့ကြုံရသည့် ပုံစံသည် အခြားသူများအား သင်ဦးဆောင်သည့် ပုံစံလည်းဖြစ်သည်။ သင်သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို နားလည်ပါက၊ အခြားသူများအား ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို နားလည်ဖို့ ဦးဆောင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို သင် တွေ့ကြုံသည့် နည်းလမ်းသည် ဘုရားမိန့်မြွက်ချက်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိဖို့ အခြားသူများကို သင်ဦးဆောင်သည့် နည်းလမ်းဖြစ်သည်။ သင်သည် သမ္မာတရားများစွာကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်များမှ များစွာသောအမှုအရာတို့ကို ထိုးထွင်းသိမြင်မှု ရှင်းလင်းစွာရရှိနိုင်ပါက၊ သင်သည် အခြားသူများကိုလည်း သမ္မတရားများစွာကို နားလည်ရန် လမ်းပြနိုင်စွမ်းရှိပြီး၊ သင်လမ်းပြသည့်လူများသည် ရူပါရုံများနှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှု ရရှိလိမ့်မည်။ သင်သည် သဘာဝလွန် ခံစားချက်များအား သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ပါက၊ သင်လမ်းပြသည့် သူများသည်လည်း အလားတူ လုပ်ဆောင်ကြလိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်ခြင်းကို လျစ်လျူရှုပြီး ယင်းအစား ဆွေးနွေး ပြောဆိုခြင်းကိုသာ အလေးထားပါက၊ သင်လမ်းပြသည့် သူများသည်လည်း လက်တွေ့လုပ်ဆောင်မှု မရှိဘဲ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခုတစ်လေ ရရှိခြင်းမရှိဘဲ၊ ဆွေးနွေးပြောဆိုမှုအပေါ် အာရုံစိုက်လိမ့်မည်။ လူအားလုံးသည် မိမိတို့ကိုယ်တိုင် ပိုင်ဆိုင်သောအရာဖြင့် အခြားသူများကို ထောက်ပံ့ကြခြင်းဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ အမျိုးအစားက အခြားသူများကို ၎င်းတို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းအပြင် ၎င်းတို့ ဦးဆောင်သည့် လူတို့၏ အမျိုးအစားကို ဆုံးဖြတ်ပေးသည်။ ဘုရားသခင်၏ အသုံးပြုခြင်းအတွက် အမှန်တကယ် သင့်တော်ဖို့ရန်၊ သင့်အနေဖြင့် ပြင်းပြသည့်ဆန္ဒရှိရမည်သာမက၊ ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးမှု၊ ဘုရားသခင်၏နှုတ်ကပတ်တော်များထံမှ လမ်းပြမှု၊ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခံရခြင်းကို တွေ့ကြုံခြင်းနှင့် သူ၏နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်း များစွာတို့ကိုလည်း လိုအပ်သည်။ ဤအခြေခံအုတ်မြစ်ဖြင့်၊ သာမန်အချိန်များ၌၊ သင်၏ ထင်မြင်ချက်များ၊ အတွေးများ၊ တွေးဆခြင်းများ၊ သုံးသပ်ချက်များကို အာရုံစိုက်သင့်ပြီး၊ နစ်မွန်းနေခြင်း သို့မဟုတ် ပယ်ရှားခြင်းများတို့တွင် လျော်ညီစွာ ပါဝင်သင့်ပေသည်။ ဤအရာများအားလုံးသည် စစ်မှန်မှုထဲသို့ သင်၏ ဝင်ရောက်ခြင်းအတွက် လမ်းကြောင်းများဖြစ်ပြီး တစ်ခုစီသည် မရှိမဖြစ်အရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အမှုပြုပုံဖြစ်သည်။ ဘုရားသခင် အမှုပြုသည့် ဤနည်းလမ်းထဲသို့ သင်ဝင်ရောက်ပါက၊ သင်သည် သူ၏ စုံလင်စေခြင်းကို ခံရဖို့ အခွင့်အရေးများ နေ့စဉ် ရရှိနိုင်ပေသည်။ ပြီးလျှင် မည်သည့်အချိန်မျိုးတွင်မဆို၊ သင်၏ ပတ်ဝန်းကျင်က ကြမ်းတမ်းသည်ဖြစ်စေ နှစ်သက်ဖွယ်ဖြစ်သည်ဖြစ်စေ၊ သင်သည် အစမ်းသပ်ခံရသည်ဖြစ်စေ စုံစမ်းနှောင့်ယှက်ခြင်း ခံရသည်ဖြစ်စေ၊ သင်သည်အလုပ်လုပ်နေသည်ဖြစ်စေ မလုပ်နေသည်ဖြစ်စေ၊ သင်သည် ဘဝကို တစ်ဦးတည်း အသက်ရှင်နေသည်ဖြစ်စေ စုပေါင်းနေထိုင်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ စုံလင်စေသည့် အခွင့်အရေးများကို တစ်ခုမျှ လက်လွတ်သွားခြင်း မရှိဘဲ အမြဲတွေ့ရှိလိမ့်မည်။ သင်သည် ၎င်းတို့အားလုံးကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပြီး- ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းအတွက် လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပြည့်စုံသော သိုးထိန်းတစ်ဦး ရှိသင့်သည့်အရာ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၆၁)

ယခုကာလတွင် များစွာသောလူတို့သည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်ရာ၌ မည်သည့်သင်ခန်းစာများ သင်ယူသင့်သည်ကို ဂရုမပြုကြပေ။ သင်တို့အများအပြားသည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်စဉ်တွင် သင်ခန်းစာများကို လုံးဝ မသင်ယူနိုင်သည်ကို ငါ တွေ့ရှိခဲ့လေပြီ။ သင်တို့အများစုက သင်တို့၏ ကိုယ်ပိုင်အမြင်များကို ဆုပ်ကိုင်တတ်ကြသည်။ အသင်းတော်၌ အလုပ်လုပ်သောအခါ သင်က သင့်အမြင်ကို ပြောပြီး၊ နောက်တစ်ယောက်က သူ့အမြင်ကိုပြောကာ အမြင်တစ်ခုက အခြားတစ်ခုနှင့် ဆက်စပ်မှုမရှိပေ။ သင်တို့သည် အကယ်စင်စစ် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမရှိကြချေ။ သင်တို့အားလုံးသည် အသေးဆုံးသော နည်းလမ်းဖြင့်ပင် အသက်တာကို ရှာဖွေခြင်းမရှိဘဲ မိမိ၏ ကိုယ်ပိုင်စိတ်ကူး အမြင်များကို ပြောပြခြင်း သို့မဟုတ် သင့်အထဲတွင် သယ်ဆောင်ထားသည့် “ဝန်ထုပ်ဝန်ပိုးများ” ကို လျှော့ချခြင်း၌သာ လွန်စွာ အာရုံစွဲငြိလျက် ရှိကြသည်။ အခြားတစ်ယောက် မည်သည့်အရာပြောသည် သို့မဟုတ် မည်သည့်အရာလုပ်သည်ကို ပဓာနမထားဘဲ သင့်ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်သင့်သည်ဟု အမြဲယုံကြည်လျက် အလုပ်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေပုံသာ ပေါက်သည်။ အခြားသူများ၏ အခြေအနေ မည်သည့်အရာ ဖြစ်နေပါစေ၊ သန့်ရှင်းသောဝိညာဉ်တော် သင့်ကို လမ်းပြသည့်အတိုင်း မိတ်သဟာယပြုသင့်သည်ဟု သင်ထင်သည်။ သင်သည် အခြားသူများ၏ စွမ်းရည်များကို မတွေ့နိုင်သကဲ့သို့ မိမိကိုယ်ကိုယ် စစ်ဆေးခြင်းငှာလည်း မစွမ်းနိုင်ကြပေ။ အမှုအရာများအပေါ် သင်၏လက်ခံခြင်းမှာ အမှန်တကယ် စံသွေပြီး မှားယွင်းသည်။ ထိုရောဂါဟောင်း ပြန်ထလေသကဲ့သို့ သင်တို့သည် မိမိကိုယ်ကိုယ် တရားနည်းလမ်းကျသည်ဟု ထင်မှတ်ခြင်းများစွာကို ယခုပင်လျှင် သင်တို့ ထုတ်ဖော်ပြသေးသည်ဟု ဆိုနိုင်သည်။ သင်တို့သည် လုံးလုံးလျားလျား ရိုးသားပွင့်လင်းမှုကို ရရှိနိုင်သည့်နည်းလမ်း တစ်ခုအားဖြင့် တစ်ဦးကိုတစ်ဦး မဆက်ဆံကြ၊ ဥပမာ အချို့သော အသင်းတော်များတွင် အလုပ်မှ သင်ရရှိထားသည့် ရလဒ်မျိုး အကြောင်း၊ သို့မဟုတ် သင့်အတွင်းစိတ် အခြေအနေများ၏ မကြာသေးမီက အနေအထားအကြောင်း အစရှိသည်တို့ ဖြစ်သည်။ အမှန်ပင် သင်တို့သည် ထိုကဲ့သို့သောအရာများ အကြောင်းကို မည်သည့်အခါမျှ ပြောပြခြင်းမရှိပေ။ သင့်ကိုယ်ပိုင် အယူအဆများကို ရုပ်သိမ်းခြင်း သို့မဟုတ် သင့်ကိုယ်သင် ငြင်းပယ်ခြင်းကဲ့သို့သော အလေ့အထများထဲတွင် သင်တို့သည် လုံးဝပါဝင်မှုမရှိပေ။ ဦးဆောင်သူများနှင့် အမှုဆောင်များသည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အပျက်သဘောဆောင်ခြင်း မှ မည်သို့ ထိန်းသိမ်းရမည်ဆိုသည်နှင့် ၎င်းတို့ကို အားသွန်ခွန်စိုက် မည်သို့ လိုက်လျှောက် နိုင်စေမည်ကိုသာ စဉ်းစားကြသည်။ သို့သော် အားတက်သရော လိုက်လျှောက်ခြင်း ကိုယ်၌က လုံလောက်သည်ဟု သင်တို့အားလုံး ထင်ကြပြီး၊ အခြေခံအားဖြင့် အခြားသူများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုလိုသည်ကို သင် နားလည်ဖို့မပြောနှင့်၊ သင်ကိုယ်သင် သိရှိဖို့နှင့် သင့်ကိုယ်သင် စွန့်လွှတ်ဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုလိုသည်ကို သင် သိနားလည်ခြင်း မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ သင့်ကိုယ်သင် စိတ်ဆန္ဒ ထားရှိရန်၊ ပေတရု၏ပုံစံကို အသက်ရှင်နေထိုင်ဖို့ သင့်ကိုယ်သင် စိတ်ဆန္ဒထားရှိရန်သာ သင်စဉ်းစားလေသည်။ သင်သည် ဤအရာများမှလွဲ၍ မည်သည့်အရာကိုမျှ မစဉ်းစားပေ။ အခြားလူများသည် မည်သည့်အရာ ပြုလုပ်ပါလေစေ သင်သည် ကျိုးကြောင်းမဆင်ခြင်ဘဲ နာခံမည်မဟုတ်၊ ထို့ပြင် အခြားလူများမှာ မည်ကဲ့သို့ပင်ဖြစ်ပါလေစေ သင်ကိုယ်တိုင်မှာမူ ဘုရားသခင်အားဖြင့် စုံလင်ခြင်းကို ရှာဖွေမည်၊ ယင်းသည် လုံလောက်လိမ့်မည် ဟူ၍ပင် သင်ဆိုသည်။ သို့သော်လည်း အမှန်မှာ သင့်စိတ်ဆန္ဒက စစ်မှန်မှုထဲ၌ ခိုင်လုံသော ထုတ်ဖော်ပြသမှုတစ်ခုကို မည်သည့်နည်းနှင့်မျှ မတွေ့ရှိထားချေ။ ဤအရာအားလုံးမှာ ယခုအခါတွင် သင်တို့ထုတ်ဖော်ပြသည့် အပြုအမူမျိုး မဟုတ်သလော။ သင်တို့တစ်ဦးစီသည် သင်တို့ကိုယ်ပိုင် စိတ်ကူးအမြင်ကို ခိုင်မာစွာ ဆုပ်ကိုင် ထားကြလျက်နှင့် သင်တို့အားလုံးက စုံလင်စေခြင်း ခံလိုကြသည်။ သင်တို့သည် တိုးတက်မှုများစွာ မရှိဘဲ ဤမျှကြာရှည် အစေခံခဲ့ကြပြီကို ငါမြင်တွေ့သည်။ အထူးသဖြင့် သဟဇာတကျကျ အတူတကွလုပ်ဆောင်ခြင်းဆိုင်ရာ ဤသင်ခန်းစာ၌ မည်သည့်အရာတစ်ခုမျှ သင် စွမ်းဆောင်ထားခြင်း လုံးဝ မရှိပါတကား။ အသင်းတော်များ ထဲသို့ သွားရောက်သောအခါ သင်က သင့်နည်းလမ်းအတိုင်း ပြောဆိုဆက်ဆံပြီး အခြားသူများက သူတို့နည်းလမ်းအတိုင်း ပြောဆိုဆက်ဆံကြသည်။ သဟဇာတကျသော ညှိနှိုင်း ဆောင်ရွက်ခြင်း ဖြစ်ပေါ်ခဲလှကာ ဤသည်မှာ သင့်ငယ်သား နောက်လိုက်သူများအတွက် ပို၍ပင် မှန်ကန်လေသည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို အစေခံခြင်းမှာ အဘယ်အရာ ဖြစ်သည်၊ သို့မဟုတ် လူတစ်ဦးက ဘုရားသခင်ကို မည်သို့ အစေခံသင့်သည်ကို သင်တို့ထဲမှ မည်သူမဆို နားလည်မည့်သူ ရှားပါးသည်။ သင်တို့သည် မရေမရာဖြစ်ကာ ဤကဲ့သို့သော သင်ခန်းစာများကို အသေးအဖွဲကိစ္စများအဖြစ် မှတ်ယူကြသည်။ သမ္မာတရား၏ ဤကဏ္ဍကို လက်တွေ့ကျင့်ရန် ပျက်ကွက်သည် သာမက အမှား တမင်သက်သက် ပြုလုပ်သည့် များစွာသော လူတို့ပင် ရှိလေသည်။ နှစ်ပေါင်းများစွာ အစေခံခဲ့ပြီးသော သူတို့ပင် အချင်းချင်း တိုက်ခိုက်ကြပြီး လျှို့ဝှက်ကြံစည်ကြကာ မနာလိုဖြစ်ကြပြီး ပြိုင်ဆိုင်ကြသည်။ လူတိုင်းက မိမိကိုယ်ကိုယ် အတွက်သာ ဖြစ်ပြီး လုံးဝ မပူးပေါင်းကြပေ။ ဤအရာများ အားလုံးက သင်တို့၏ ဝိညာဉ်အသက်တာအမှန်ကို သရုပ်ဖော်သည်မဟုတ်လော။ နေ့စဉ်နေ့တိုင်း အတူတကွ အစေခံနေသော သင်တို့သည် ဗိမာန်တော်ထဲတွင် နေ့တိုင်း ဘုရားသခင်ကိုယ်တော်တိုင်ကို တိုက်ရိုက်အစေခံခဲ့ကြသော ဣသရေလလူမျိုးများနှင့် တူလေသည်။ ဘုရားသခင်ကို အစေခံသော လူများဖြစ်သည့် သင်တို့က မည်သို့ပူးပေါင်း လုပ်ဆောင်ရမည် သို့မဟုတ် မည်သို့ အစေခံရမည်ဟူသည်ကို လုံးဝမသိသည်မှာ မည်သို့ဖြစ်နိုင်သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၆၂)

ယနေ့ သင်တို့အား ပြုထားသော တောင်းဆိုချက်ဖြစ်သည့် သဟဇာတကျစွာ အတူတကွ အလုပ်လုပ်ခြင်းမှာ ဣသရေလ အမျိုးသားများအား ယေဟောဝါ တောင်းဆိုခဲ့သည့် အစေခံခြင်းနှင့် အလားတူသည်- သို့မဟုတ်ပါက သင်တို့၏ အစေခံခြင်းမှာ ရပ်စဲလိမ့်မည်။ သင်တို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံကြသည့် လူများဖြစ်သောကြောင့်၊ အနည်းဆုံး အနေဖြင့် သင်တို့သည် သင်တို့၏ အစေခံခြင်း၌ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု ရှိနိုင်စွမ်းရှိရမည့်အပြင် သင်ခန်းစာများကို လက်တွေ့ကျသော နည်းလမ်းဖြင့် သင်ယူနိုင်စွမ်းရှိရမည်။ အထူးသဖြင့် အသင်းတော်၌ အလုပ်လုပ်နေကြသော သင်တို့အတွက်၊ သင်တို့လက်အောက်ရှိ ညီအစ်ကိုမောင်နှမများ တစ်ဦးဦးက သင်တို့ကို ကိုင်တွယ် ဖြေရှင်းဝံ့မည်လော။ သင်တို့၏ အမှားများကို သင်တို့ရှေ့၌ တစ်စုံတစ်ဦးက ဗြောင်ကျကျ ပြောဝံ့မည်လော။ သင်တို့သည် အခြားသူများအထက်၌ မြင့်မြင့်မားမား ရပ်တည်ကြ၏၊ ဘုရင်များကဲ့သို့ ကြီးစိုးကြလေတကား။ သင်တို့သည် ဤကဲ့သို့ လက်တွေ့ကျသော သင်ခန်းစာမျိုးများကို လေ့လာခြင်း သို့မဟုတ် ၎င်းတို့အထဲသို့ ဝင်ရောက်ခြင်းပင် မရှိပါဘဲလျက် ဘုရားသခင်အား အစေခံခြင်းအကြောင်းကို ပြောနေသေးသည်တကား။ လက်ရှိတွင် သင့်အား အသင်းတော် အနည်းငယ်ကို ဦးဆောင်စေသော်လည်း သင့်ကိုယ်သင် မစွန့်လွှတ်သည်သာမက၊ “ငါတို့သည် အခြားသူများ၏ ချုပ်ထိန်းခြင်း မခံသင့်သည့်အပြင် ယနေ့ခေတ်တွင် ငါတို့ တွေးခေါ်မြော်မြင်မှု ကင်းမဲ့စွာ နာခံခြင်း မပြုသင့်ဟု ဘုရားသခင် မြွက်ဆိုထားသကဲ့သို့၊ ဤအရာကို ဤနည်းဖြင့် ပြုလုပ်သင့်သည်ဟု ငါထင်သည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုကာ သင့်ကိုယ်ပိုင် အယူအဆများနှင့် ထင်မြင်ချက်များကိုပင် ဖက်တွယ်ထားကြသည်။ ထို့အတွက်ကြောင့် သင်တို့အယောက်စီတိုင်းက သင်တို့ကိုယ်ပိုင် ထင်မြင်ချက်ကို ဆုပ်ကိုင်ပြီး မည်သူမျှ အချင်းချင်း မနာခံကြပေ။ သင်၏ အစေခံခြင်းမှာ ချောင်ပိတ်မိသည်ကို ရှင်းရှင်းလင်းလင်း သိသော်လည်း သင်သည် “ငါမြင်သည့်အတိုင်းဆိုလျှင် ငါ့နည်းလမ်းမှာ ပစ်မှတ်နှင့် မဝေးပေ။ မည်သို့ဖြစ်စေ ငါတို့ တစ်ဦးစီတွင် သဘောထား ကိုယ်စီရှိသည်- သင့်သဘောထားကို သင်ပြောပြီး ငါ့သဘောထားကို ငါပြောမည်။ သင့်ရူပါရုံများ အကြောင်းကို သင် မိတ်သဟာယပြုပြီး ငါ့ဝင်ရောက်မှု အကြောင်းကို ငါပြောမည်” ဟု သင်ပြောနေသေးသည်။ ကိုင်တွယ်ဖြေရှင်းသင့်သည့်အရာ မြောက်မြားစွာအတွက် သင် လုံးဝ တာဝန်ယူခြင်းမရှိ၊ သို့မဟုတ် သင်တို့ကိုယ်စီက မိမိကိုယ်ပိုင် ထင်မြင်ချက်များကို ရင်ဖွင့်နေပြီး မိမိကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် မျက်နှာကို နှိုင်းချင့်စွာ ကာကွယ်နေကြကာ အမှန်ပင် ကြံဖန် လုပ်ဆောင်ကြသည်။ သင်တို့အနက်မည်သူမျှ မိမိကိုယ်ကိုယ် နှိမ့်ချလိုစိတ် မရှိသည့်အပြင်၊ အသက်တာသည် ပို၍မြန်ဆန်စွာ တိုးတက်နိုင်ရန်အလို့ငှာ မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး တစ်ဦးနှင့်တစ်ဦး၏ ပျော့ကွက်များကို ထေမိစေဖို့ရာ မည်သည့်ဘက်ကမျှ အစပျိုးလိမ့်မည်မဟုတ်ချေ။ သင်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသောအခါ၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူသင့်ကြ၏။ သင်တို့က၊ “ကျွန်ုပ်သည် သမ္မာတရား၏ ဤရှုထောင့်နှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှု မရှိပါ။ ယင်းနှင့် ပတ်သက်၍ သင် မည်သည့်အတွေ့အကြုံ ရှိပါသနည်း။” ဟု ပြောနိုင်သည်၊ သို့မဟုတ် “ဤရှုထောင့်နှင့်စပ်လျဉ်း၍ သင်သည် ကျွန်ုပ်ထက် အတွေ့အကြုံ ပိုရှိသည်။ ကျေးဇူးပြု၍ လမ်းညွှန်ချက်တစ်ချို့ ကျွန်ုပ်ကို ပေးနိုင်မည်လော” ဟု သင် ပြောနိုင်သည်။ ယင်းသည် ထိုအကြောင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် နည်းလမ်း ကောင်းဖြစ်မည် မဟုတ်လော။ သင်သည် တရားဒေသနာများစွာ နားထောင်ပြီးဖြစ်ကာ အစေခံမှုလုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ ရှိထားပြီးဖြစ်သည်။ အသင်းတော်များတွင် အလုပ် လုပ်ဆောင်နေချိန်တွင် သင်သည် အချင်းချင်းထံမှ သင်ယူခြင်းမရှိ၊ အချင်းချင်း ကူညီခြင်းမရှိ၊ အချင်းချင်း၏ အားနည်းချက်များကို ထေမိစေခြင်း မရှိပါက၊ သင်ခန်းစာ တစ်ခုတစ်လေကို သင်မည်သို့ သင်ယူနိုင်မည်နည်း။ တစ်စုံတစ်ခုကို ကြုံတွေ့သောအခါတိုင်း သင်တို့၏ အသက်တာများက အကျိုးရရှိနိုင်ရန်အတွက် သင်တို့အချင်းချင်း မိတ်သဟာယ ပြုပေးသင့်သည်။ ထို့ပြင် သင်တို့သည် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ မချခင် မည်သည့်အမှုအရာမျိုးနှင့် ပတ်သက်၍မဆို ဂရုတစိုက် မိတ်သဟာယပြုပေးသင့်သည်။ ထိုသို့ပြုခြင်းဖြင့်သာလျှင် ဝတ်ကျေတမ်းကျေမျှသာ လုပ်ဆောင် နေခြင်းထက် အသင်းတော်အတွက် တာဝန်ယူနေခြင်းဖြစ်သည်။ အသင်းတော်များ အားလုံးကို လည်ပတ်ပြီးသောအခါ အတူတကွ စုဝေးပြီး သင်တွေ့ရှိထားသော အရေးကိစ္စများအားလုံးနှင့် သင့်အလုပ်တွင် ကြုံတွေ့ရသည့် ပြဿနာများ အကြောင်းတို့ကို မိတ်သဟာယပြုပြီးနောက် သင်ရရှိပြီးသည့် ဉာဏ်အလင်းရခြင်း နှင့် အလင်းပေးခြင်းအကြောင်းကို ပြောပြသင့်သည်၊ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အစေခံခြင်း၏ လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။ ပူးပေါင်း ဆောင်ရွက်ရာတွင်၊ သင်ပြောသော စကားအချို့မှာ မသင့်လျော်နိုင်သော်လည်း ၎င်းမှာ အရေးမကြီးပေ။ ယင်းကို နောက်မှ မိတ်သဟာယပြုပြီး ယင်းအပေါ် ရှင်းလင်းသော နားလည်မှု ရယူလော့။ ယင်းကို လျစ်လျူမရှုနှင့်။ ဤသို့သော မိတ်သဟာယမျိုးနောက်တွင် ညီအစ်ကို သို့မဟုတ် မောင်နှမများ၏ ပျော့ကွက်များကို သင်ထေမိစေနိုင်မည်။ အလုပ်ထဲတွင် ဤကဲ့သို့ ပို၍နက်နဲစွာ ရွေ့လျားသွားခြင်း အားဖြင့်သာ ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိနိုင်မည်။ ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အမြဲတမ်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။ ထိုကဲ့သို့သော လူများတွင် ဆိုးရွားသော စိတ်သဘောထားရှိကာ သူတို့အထဲ၌ လူ့သဘောသဘာဝ တစ်စက်မျှမရှိပေ။ သူတို့သည် ရာနှုန်းပြည့် စာတန်ဖြစ်ကြတကား။ သူတို့သည် သားရဲများတည်း။ ယခုပင်လျှင် ထိုကဲ့သို့သောအရာများမှာ သင်တို့အထဲတွင် ပေါ်ပေါက်ဆဲဖြစ်သည်။ ယိုးမယ်ဖွဲ့စရာများကို တမင်တကာ ရှာဖွေပြီး အသေးအဖွဲကိစ္စအချို့ကို ငြင်းခုံကြစဉ် မျက်နှာတစ်ခုလုံး နီမြန်းလာကာ၊ မည်သူမျှ မိမိကိုယ်ကိုယ် လက်လျှော့လိုစိတ်မရှိ၊ လူတိုင်း သူ့အတွင်းစိတ်ကူးများကို တစ်ပါးသူထံမှ ဖုံးကွယ်ထားလျက် တစ်ဖက်သားကို မမှိတ်မသုန် စောင့်ကြည့်ပြီး အမြဲတမ်း သတိထားနေလျက်၊ မိတ်သဟာယ ပြုစဉ် အချင်းချင်း တိုက်ခိုက်သည်အထိပင် ဖြစ်ကြသည်။ ဤသို့သော စိတ်သဘောထားမျိုးမှာ ဘုရားသခင်အတွက် အစေခံခြင်းနှင့် သင့်လျော်သလော။ သင်တို့၏အလုပ်ကဲ့သို့သော အလုပ်က ညီအစ်ကိုမောင်နှမများကို တစ်စုံတစ်ရာ ဖြည့်စွမ်းပေးနိုင်သလော။ လူတို့ကို မှန်ကန်သော အသက်တာ လမ်းကြောင်းဆီသို့ သင် လမ်းမညွှန် ပေးနိုင်သည်သာမက၊ သင်၏ ညီအစ်ကိုမောင်နှမများထဲ၌ သင့်ကိုယ်၌၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်ပင် ထည့်သွင်းပေးနေသည်။ အခြားသူများကို သင်နာကျင်စေနေသည် မဟုတ်လော။ သင့်အသိစိတ်မှာ ကြောက်မက်ဖွယ်ကောင်းပြီး ယင်းသည် ရိုးတွင်းခြင်ဆီအထိ ပုပ်ပျက်သည်တကား။ သင်သည် စစ်မှန်မှုထဲသို့ မဝင်ရောက်သည့်အပြင် သမ္မာတရားကိုလည်း သင် လက်တွေ့မကျင့်သုံးပေ။ ထို့ထက်မက အခြားသူများအား သင်၏ ဆိုးယုတ်သောသဘာဝကို အရှက်မရှိ ထုတ်ပြနေသည်။ သင်သည် အရှက်တရားကို တကယ်ပင် မသိချေ။ ဤညီအစ်ကို မောင်နှမများကို သင့်အား အပ်နှံထားသော်လည်း သင်သည် သူတို့ကို ငရဲသို့ ပို့ဆောင်နေသည်။ သင်သည် အသိစိတ် ပုပ်ပျက်သွားသောသူတစ်ဦး မဟုတ်ပေသလော။ သင်၌ အရှက်တရား လုံးဝမရှိချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၆၃)

သင်သည် ခေတ်အသီးသီးတွင် ဘုရားသခင် ဖော်ပြသည့် စိတ်သဘောထားကို ခိုင်လုံသော နည်းလမ်းဖြင့်၊ ခေတ်ကာလ၏ အရေးပါမှုကို အလိုက်အထိုက်အားဖြင့် သိရှိစေသည့် ဘာသာစကားဖြင့် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုကို ကြုံတွေ့ရသည့် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အသေးစိတ် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားကို ရှင်းရှင်းလင်းလင်းနှင့် မှန်ကန်တိကျစွာ သင် ဖော်ပြနိုင်သလော။ ဖြောင့်မတ်ခြင်းတရားကို ဆာလောင်ကာ ငတ်မွတ်ပြီး ၎င်းတို့အား ထိန်းကျောင်းဖို့ သင့်ကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေကာ ဘုရားတရားရိုသေကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများကို သင် မြင်ဖူး ကြုံဖူးထားသည့်အရာကို မည်သို့ လက်ဆင့်ကမ်းမည်နည်း။ မည်သို့သော လူစားမျိုးများက ၎င်းတို့အား ထိန်းကျောင်းပေးရန်အတွက် သင့်ကို စောင့်မျှော်နေကြသနည်း။ သင် စိတ်ကူးကြည့်နိုင်သလော။ သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဘဝနှင့်သက်ဆိုင်၍ အားကောင်းသော အသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၆၄)

လူသားသည် ငါ့ကိုယုံကြည်သော်လည်း ငါ့အတွက် သက်သေခံနိုင်ခြင်းမရှိ။ ထို့အပြင် ငါမည်သူဖြစ်ကြောင်း အသိမပေးမီ လူသားသည် ငါ့အတွက် သက်သေခံနိုင်ခြင်း မရှိ။ ငါသည် သက်ရှိသတ္တဝါများနှင့် သန့်ရှင်းမြင့်မြတ်သော လူသားအားလုံးထက် သာလွန်သည်ကိုသာ လူသားမြင်ပြီး ငါလုပ်သည့်အလုပ်ကို လူသားများ မလုပ်နိုင်ကြောင်းကို မြင်သည်။ ထို့ကြောင့် ယုဒလူတို့မှ ယနေ့လူသားများအထိ ငါ၏ ဘုန်းတန်ခိုးကြီးသော အမှုတော်တို့ကို မြင်ဖူးသူတို့သည် ငါ့အကြောင်း သိလိုစိတ်နှင့်သာ ပြည့်လျက်နေ၏။ သို့ရာတွင် သက်ရှိသတ္တဝါ၏ ပါးစပ်တစ်ခုမျှ ငါ့အပေါ် သက်သေမခံနိုင်ခဲ့ကြ။ ငါ့အဖသာလျှင် ငါ့အတွက် သက်သေခံခဲ့၏။ သက်ရှိသတ္တဝါတို့အားလုံးအကြား ငါ့အဖို့ လမ်းပြုလုပ်ခဲ့၏။ သို့မဟုတ်လျှင် ငါမည်မျှပင် အမှုတော်ထမ်းသော်လည်း ငါသည် ဖန်ဆင်းရှင်ဖြစ်ကြောင်း မည်သူမျှ သိမည်မဟုတ်။ အကြောင်းမူကား လူသားသည် ရယူရန်သာသိ၍ ငါ၏အမှုတော်ကြောင့် ငါ့အပေါ် ယုံကြည်ခြင်းမရှိ။ ငါသည် အပြစ်ကင်း၍ အပြစ်သားတစ်ယောက် မဟုတ်၍သာ လူသားသည် ငါ့ကိုသိ၏။ ငါသည် နက်နဲသောအရာ အများအပြားကို ရှင်းပြနိုင်၍၊ ငါသည် လူအများအပြားအထက် တွင်ရှိ၍၊ သို့မဟုတ် လူသားသည် ငါ့ထံမှ အကျိုးအမြတ် ရ၍သာ ငါ့ကိုသိ၏။ သို့သော် ငါသည် ဖန်ဆင်းရှင်ဖြစ်ကြောင်း ယုံကြည်သူ နည်းပါး၏။ ထို့ကြောင့် လူသားသည် ငါ့ကို အဘယ်ကြောင့် ယုံကြည်သည်ကို မသိ၊ ငါ့ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သော်လည်းကောင်း၊ အရေးပါပုံကိုသော်လည်းကောင်း မသိဟု ငါပြော၏။ လူသားသည် စစ်မှန်မှု ချို့တဲ့နေပြီး ဤအချက်မှာ ငါ့ကိုသက်သေခံရန် ထိုက်တန်မှု မရှိသည်နီးပါးပင် ဖြစ်သည်။ သင်သည် စစ်မှန်သောယုံကြည်ခြင်း အလွန်နည်းပါးပြီး အကျိုးအမြတ်ရသည်မှာ နည်းသဖြင့် သင့်တွင် သက်သေခံချက် အလွန်နည်းသည်။ ထို့အပြင် သင်နားလည်သည်မှာ အလွန်နည်းပြီး အလွန်ချို့တဲ့လှသည်မှာ ငါ၏အမှုတော်များအတွက် သက်သေခံထိုက်ခြင်း မရှိသည့်နီးပါးပင်ဖြစ်၏။ သင်၏ သန္နိဋ္ဌာန်ချမှတ်ချက်မှာ အလွန်ကြီးမားပေသည်။ သို့သော် သင်သည် ဘုရားသခင်၏အနှစ်သာရကို အောင်မြင်စွာ သက်သေခံနိုင်မည် အကြောင်း သေချာပါသလား။ သင်တွေ့ကြုံခဲ့သည့်အရာနှင့် မြင်တွေ့ခဲ့သည့်အရာတို့သည် ယခင် သန့်ရှင်းသူများ၊ ပရောဖက်များထက် သာလွန်၏။ သို့သော် ယခင် သန့်ရှင်းသူများနှင့် ပရောဖက်များ၏ စကားများထက် သာ၍ ကြီးမြတ်သော သက်သေခံချက်ကို သင်ပေးနိုင်မည်လား။ သင့်အပေါ် ငါယခုပေးသည့်အရာမှာ မောရှေထက် သာလွန်၍ ဒါဝိဒ်ထက် သာ၍ကြီးမြတ်သည်။ ထို့ကြောင့် အလားတူပင် သင်၏ သက်သေခံချက်သည်လည်း မောရှေ၏ သက်သေခံချက်ထက် သာလွန်၍ သင်၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင့်ကို အဆတစ်ရာပေး၏။ ငါ့ကိုလည်း သင် ထိုနည်းတူ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ကို အသက် ပေးသူဖြစ်ကြောင်း၊ ငါ့ထံမှအသက်ကို ရရှိသူမှာ သင်ဖြစ်ကြောင်းနှင့် ငါ့အတွက် သက်သေခံရမည့်သူမှာ သင်ဖြစ်ကြောင်းကို သင်သိရမည်။ ဤသည်မှာ သင့်အပေါ် ငါချမှတ်ပြီး ငါ့အတွက် သင်လုပ်ပေးသင့်သည့် သင်၏ တာဝန် ဖြစ်သည်။ ငါ၏ဘုန်းတော်အားလုံးကို သင့်ကိုငါပေးခဲ့ပြီး ငါရွေးကောက်တော်မူသော ဣသရေလအမျိုးတို့ပင် မရခဲ့သော အသက် သင့်ကို ငါပေးခဲ့၏။ ရပိုင်ခွင့်အနေဖြင့် သင်သည် ငါ့အတွက် သက်သေခံသင့်၏။ ထို့နောက် သင်၏ ပျိုရွယ်မှုကို ငါ့ထံဆက်ကပ်၍ သင့်အသက်ပေးသင့်၏။ ငါ၏ဘုန်းတန်ခိုးတော်ကို ငါပေးသော သူသည် ငါ၏ သက်သေခံရမည်ဖြစ်၍ ငါ့အတွက် အသက်ပေးရမည်။ ဤသည်ကို ကာလကြာရှည်ကပင် ကြိုတင်ပြဋ္ဌာန်းထား၏။ သင့်အပေါ် ငါ၏ဘုန်းတန်ခိုးကို ငါပေးသည်မှာ သင်ကံကောင်း၏။ ထို့အပြင် သင့်တာဝန်မှာ ငါ၏ ဘုန်းတန်ခိုးကို သက်သေခံရန်ဖြစ်၏။ ဥစ္စာဓနရရှိရေးအတွက်သာ သင်သည် ငါ့ကိုယုံကြည်လျှင် ငါ့အမှုတော်သည် သိပ်အရေးပါမည်မဟုတ်။ ထို့အပြင် သင်သည်လည်း သင့်တာဝန်ကို ကျေပွန်မည် မဟုတ်ပေ။ ဣသရေလအမျိုးတို့သည် ငါ၏ကရုဏာ၊ မေတ္တာနှင့် တန်ခိုးအာနုဘော်တို့ကိုသာ မြင်၍ ယုဒလူတို့သည် ငါ၏စိတ်ရှည်ခြင်း နှင့် ရွေးနုတ်ခြင်းတို့ကိုသာ တွေ့ခဲ့သည်။ ငါ့ဝိညာဉ်၏ အမှုတော် အနည်းငယ်ကိုသာ ထိုသူတို့တွေ့ခဲ့၏။ သင်ကြားခဲ့၊ မြင်ခဲ့သည့် အရာ၏ အပုံတစ်သောင်းပုံ တစ်ပုံမျှသာ ထိုသူတို့နားလည်ခဲ့၍ ဖြစ်နိုင်သည်။ သင်မြင်ခဲ့သည့်အရာမှာ ၎င်းတို့အကြား ယဇ်ပရောဟိတ်များထက်ပင် ကျော်လွန်၏။ ယနေ့ သင်နားလည်ခဲ့သည့် သမ္မာတရားမှာ ထိုသူတို့ နားလည်သည်ထက် သာလွန်၏။ ယနေ့သင်တွေ့ခဲ့သည့်အရာမှာ ပညတ်တော်ခေတ် နှင့် ကျေးဇူးတော်ခေတ် တို့တွင် တွေ့ရှိခဲ့သည်ထက် ကျော်လွန်ပြီး သင်ကြုံတွေ့ခဲ့သည့်အရာမှာ မောရှေနှင့် ဧလိယတို့ ကြုံတွေ့ခဲ့သည်ထက်ပင် သာလွန်၏။ အကြောင်းမူကား ဣသရေလ အမျိုးတို့ နားလည်ခဲ့သည်မှာ ယေဟောဝါ၏ ပညတ်တရား သာလျှင်ဖြစ်၍ ၎င်းတို့မြင်တွေ့ခဲ့သည်မှာ ယေဟောဝါ၏ ကျောပင် ဖြစ်သည်။ ယုဒလူတို့သည် ယေရှု၏ ရွေးနုတ်ခြင်းကိုသာ နားလည်၏။ ယေရှုပေးသနားသော ကျေးဇူးတော်သာလျှင် ရရှိခဲ့ပြီး ယုဒလူတို့၏အိမ်အတွင်းရှိ ယေရှု၏ရုပ်ပုံကိုသာ ထိုသူတို့တွေ့၏။ ယနေ့သင်မြင်သည်မှာ ယေဟောဝါ၏ ဘုန်းတန်ခိုး၊ ယေရှု၏ ရွေးနုတ်ခြင်းနှင့် ယနေ့ ငါ၏အမှုအားလုံးဖြစ်၏။ သင်သည် ငါ့ဝိညာဉ်၏ စကားများကိုလည်းကြား၏။ ငါ့အသိဉာဏ်ကိုလည်း နားလည်ကာ ငါ၏အံ့သြဖွယ်ရာအမှုကို သိလာ၍ ငါ၏ စိတ်သဘောထားကိုလည်း သိလာ၏။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် အားလုံးကိုလည်း သင့်အား ငါပြောပြခဲ့၏။ သင်တွေ့ရှိခဲ့သည်မှာ မေတ္တာရှင်နှင့် ကရုဏာရှင်ဘုရားသခင်သာ မဟုတ်။ ဖြောင့်မတ်ခြင်း နှင့် ပြည့်စုံသူ ဖြစ်၏။ သင်သည် ငါ၏အံ့သြဖွယ်ရာအမှုတော်ကို တွေ့ခဲ့ပြီဖြစ်ပြီး ငါသည် ပြင်းစွာသော အမျက်နှင့် ဘုန်းတန်ခိုး အာနုဘော်တို့ဖြင့် ပြည့်ဝနေကြောင်းကို သိခဲ့၏။ ထို့အပြင် တစ်ချိန်က ဣသရေလအမျိုးတို့၏ အိမ်ပေါ်သို့ ငါ၏ဟုန်းဟုန်း တောက်နေသော ဒေါသကျရောက်စေခဲ့ကြောင်းကို သင်သိခဲ့ပြီး ဤအရာသည် ယနေ့ သင့်ထံသို့ ရောက်လာခဲ့၏။ သင်သည် ကောင်းကင်ဘုံရှိ ငါ၏နက်နဲသောအရာတို့ကို ဟေရှာယနှင့် ယောဟန်တို့ထက် ပို၍နားလည်ခဲ့၏။ သင်သည် ငါ၏နှစ်သက်ဖွယ် ကောင်းခြင်းနှင့် ကြည်ညို ကိုင်းရှိုင်းဖွယ်ကောင်းခြင်းတို့ကို ယခင် မျိုးဆက်များက သန့်ရှင်းသူအားလုံးထက် ပိုသိ၏။ သင်ရရှိခဲ့သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီး၊ အသက်တို့သာမက ယောဟန် ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ခဲ့ပြီး ငါ၏မျက်နှာတော်ကိုလည်း ဖူးမြင်ခဲ့၏။ သင်သည် ငါ၏တရားစီရင်ခြင်းများကို ပို၍လက်ခံခဲ့ပြီး ငါ၏ဖြောင့်မတ်သော စိတ်သဘောထား ကို ပိုသိခဲ့သည်။ ထို့ကြောင့် သင့်ကို နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့သော်လည်း သင်၏ နားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်သည်။ ယနေ့၏အတွေ့အကြုံကိုလည်း သင်ကြုံတွေ့ ခဲ့ရသည်။ ဤသည်ကို ငါ၏လက်ဖြင့် ပြည့်စုံစေခဲ့ခြင်း ဖြစ်၏။ သင့်ကိုငါတောင်းဆိုသည်မှာ မထိုက်သင့်သောအရာ မဟုတ်။ အကြောင်းမူကား ငါသည် သင့်အား အလွန်အကျွံ ပေးခဲ့ပြီဖြစ်ပြီး ငါ့ထံမှ သင်အများအပြား တွေ့ရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ရှေးကာလများမှ သန့်ရှင်းသူတို့ထံ ငါ့အတွက် သက်သေခံပေးရန် ငါသင့်ကို တောင်းဆိုခြင်းဖြစ်ပြီး ဤသည်မှာ ငါ့နှလုံး၏ တစ်ခုတည်းသော ဆန္ဒဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၆၅)

ထို့ကြောင့် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ်သိပါသလား။ ငါ့အမှုတော်၏ ရည်ရွယ်ချက်နှင့် အရေးပါမှု တို့ကို သင်အမှန်တကယ်သိပါသလား။ သင့်တာဝန်ကို သင်အမှန်တကယ်သိပါသလား။ ငါ၏သက်သေခံချက်ကို သင်အမှန်တကယ်သိပါသလား။ သင်သည် ငါ့ကိုယုံကြည်ရုံ မျှသာဖြစ်၍ ငါ၏ ဘုန်းတန်ခိုးဖြစ်စေ၊ ငါ၏သက်သေခံချက်ဖြစ်စေ သင့်တွင် မမြင်ရပါက ငါသည် သင့်ကို ကြာမြင့် ချိန် ကတည်းက စွန့်ပစ်ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် မိမိကိုယ်ကိုယ် အရာအားလုံး သိသည်ဟု ထင်သောသူများမူကား ငါ့မျက်စိထဲတွင် ဆူးများကဲ့သို့ သာ၍ဖြစ်ပြီး ငါ၏အိမ်တော်တွင် ထိုသူတို့သည် ထိမိ၍လဲစရာများ သာလျှင် ဖြစ်၏။ ထိုသူတို့သည် အနည်းငယ်မျှ အသုံးမဝင်၊ သြဇာသက်ရောက်မှု မရှိသော တောမျိုးစေ့များဖြစ်၍ ငါ၏ အမှုတော်မှ လုံးဝလှေ့ထုတ်ရမည်။ ငါသည် ထိုသူတို့ကို ရွံရှာ ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သက်သေခံချက် မရှိသူများ အတွက်မူကား ငါ၏ဒေါသသည် ထိုသူတို့အပေါ် အစဉ်ဖြစ်ပေါ်လျက်ရှိ၍ ငါ၏ လှံတံသည် ထိုသူတို့ထံမှ မည်သည့်အခါမျှ သွေဖည်၍သွားမည်မဟုတ်။ ထိုသူတို့ကို မာရ်နတ်၏လက်ထဲသို့ ငါ လွှဲပြောင်းပေးခဲ့သည်မှာ ကြာပြီဖြစ်ပြီး ထိုသူတို့သည် ငါ၏ကောင်းချီးမင်္ဂလာ တစ်ခုမျှ မရရှိခဲ့ပါ။ ထိုနေ့တွင် ထိုသူတို့၏ အပြစ်ဒဏ်သည် မိုက်မဲသောမိန်းမတို့ထက် များစွာသာ၍ နာကျင်စေလိမ့်မည်။ ယခု ငါသည် ငါ့တာဝန်ဖြစ်သည့် အမှုတော်ကိုသာ ဆောင်ရွက်နေ၏။ ငါသည် စပါးပင်အားလုံးတို့ကို တောပင်တို့နှင့်အတူ စည်းနှောင်မည်။ ဤသည်မှာ ယခု ငါ၏အမှုဖြစ်၏။ ငါစပါးလှေ့သည့်အခါ ထိုတောမျိုးစေ့တို့ကို လှေ့ထုတ်လိုက်မည်။ ထိုအခါ စပါးစေ့တို့ကို ကျီတွင်စုသိမ်းပြီး လှေ့ထားသည့်တောပင်တို့ကို ပြာကျစေရန် မီးအတွင်းသို့ချမည်။ ယခုငါ့အလုပ်မှာ လူသားအားလုံးကို စည်းနှောင်ရန်သာ၊ သူတို့အားလုံးကို လုံးဝစိုးမိုးရန်သာ ဖြစ်သည်။ ထိုနောက်တွင် ငါသည် လူသားအားလုံး၏အဆုံးကို ဖော်ပြခြင်းငှာ စပါး စတင်၍လှေ့မည်။ ထို့ကြောင့် သင်သည် ငါကျေနပ်စေရန် မည်သို့လုပ်ဆောင်ရမည်နှင့် ငါ့ကို ယုံကြည်ရာတွင် လမ်းကြောင်းမှန်ရောက်အောင် မည်သို့လုပ်ဆောင်သင့်သည်ကို ယခု သိသင့်သည်။ ငါတောင်းဆိုသည်မှာ ယခုသင်၏သစ္စာရှိမှုနှင့်နာခံမှု၊ ယခု သင်၏ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ သင်သည် သက်သေခံချက် သို့မဟုတ် မေတ္တာဟူသည် အဘယ်အရာဆိုသည်ကို ယခုအခိုက်အတန့်တွင် မသိသော်ငြားလည်း ငါ့အတွက် တတ်နိုင်သမျှဆောင်ရွက်ပေးပြီး သင့်တွင်ရှိသမျှသော ရတနာများ ဖြစ်သည့် သစ္စာရှိမှုနှင့် နာခံမှုတို့ကို ငါ့လက်သို့ အပ်သင့်သည်။ စာတန်အပေါ် ငါအောင်နိုင်ခြင်း၏အရေးယူမှုမှာ လူသား၏ သစ္စာရှိမှုနှင့် နာခံမှုတွင် တည်ရှိနေသည်ကို သင် သိသင့်သည်။ လူသားအပေါ် ငါလုံးဝသိမ်းပိုက်ခြင်း၏ သက်သေခံချက်မှာလည်း ဤသို့ပင်ဖြစ်သည်။ ငါ့အပေါ် သင့်ယုံကြည်ခြင်းအတွက် တာဝန်မှာ ငါ့အတွက်သက်သေခံရန်၊ အခြားမည်သူ့အပေါ်မျှ မဟုတ်ဘဲ ငါ့အပေါ် သစ္စာရှိရန်နှင့် အဆုံးတိုင်အောင် နာခံရန်ဖြစ်သည်။ ငါ၏အမှုတော် အတွက် ငါ နောက်အဆင့် မစတင်မီ သင်သည် ငါ့အတွက်မည်သို့ သက်သေခံမည်နည်း။ သင်သည် ငါ့အပေါ်မည်သို့သစ္စာရှိ၍ နာခံမည်နည်း။ သင်၏သစ္စာရှိမှုကို သင်၏ တာဝန်ဝတ္တရားအတွက် ဆက်ကပ်သလား။ သို့မဟုတ် အရှုံးပေးရုံပဲလား။ သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်းသို့ ရောက်သည် ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို နာခံမည်လား။ သို့မဟုတ် ငါ၏အဆုံးအမကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးမည်လား။ သင်သည် ငါ့အတွက်သက်သေခံရန်နှင့် ငါ့အပေါ်သစ္စာရှိပြီး ငါ့ကိုနာခံရန် ငါသင့်ကို ဆုံးမခြင်းဖြစ်သည်။ ထို့အပြင် ပစ္စုပ္ပန်တွင်ဆုံးမခြင်းမှာ ငါ၏အမှုတော်နောက်အဆင့်ကို ဖော်ပြရန်ဖြစ်ပြီး အမှုတော်ကို အတားအဆီးမရှိ တိုးတက်စေရန်လည်းဖြစ်သည်။ သို့ဖြစ်၍ သင်သည် အမြော်အမြင်ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ အသက်ရှင်တည်ရှိနေမှု၏ အရေးပါမှုကိုဖြစ်စေ တန်ဖိုးမဲ့သည့်သဲ ကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သို့ဖြစ်မည်ကို သင်အတိအကျသိနိုင်ပါမည်လား။ လာမည့် နေ့ရက်များတွင် ငါမည်သို့လုပ်ဆောင်မည်နှင့် ငါ၏အမှုမည်သို့ ဖြစ်မည်ကို သင်သိပါသလား။ သင်သည် ငါ၏အမှု၌ သင့်အတွေ့အကြုံ၏ အရေးပါပုံကို သိသင့်သည်။ ထို့အပြင် ငါ့အပေါ်သင့်ယုံကြည်ခြင်း၏ အရေးပါပုံကိုလည်း သိသင့်သည်။ ငါသည် များစွာလုပ်ဆောင်ခဲ့ပြီ ဖြစ်သည်။ သင်စိတ်ကူးယဉ်သည့် အတိုင်း ငါသည် လမ်းတစ်ဝက်တွင် မည်သို့ လက်မြှောက်အရှုံးပေး နိုင်မည်နည်း။ ငါသည် ဤကဲ့သို့ ကျယ်ပြန့်သည့်အမှုကို ပြုခဲ့ပြီ ဖြစ်သည်။ ၎င်းကို မည်သို့ ဖျက်ဆီးပစ်နိုင်မည်နည်း။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ရောက်လာခြင်းဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း ငါသည် ခေတ်သစ်ကိုစတင်၍ အမှုတော်အသစ်ကို စတင်ဆောင်ရွက်ကာ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ဧဝံဂေလိတရား ဖြန့်ရမည်ဖြစ်ကြောင်းကို သင်သိရ မည်။ သို့ဖြစ်၍ လက်ရှိအလုပ်သည် ခေတ်တစ်ခေတ် စတင်ရန် ဖြစ်ကြောင်းနှင့် လာမည့်အချိန်ခေတ်ကာလ၌ ဧဝံဂေလိတရား ဖြန့်ရေးနှင့် အနာဂတ်တွင် ထိုခေတ်ကို အဆုံးသတ်ရေးအတွက် အုတ်မြစ်ချရန်သာ ဖြစ်ကြောင်းကို သင်သိသင့်သည်။ ငါ၏ အမှုတော်သည် သင်ထင်သကဲ့သို့ မလွယ်ပါ။ သင်ယုံကြည် သည့်အတိုင်း တန်ဖိုးမဲ့သည်လည်း မဟုတ်၊ အဓိပ္ပါယ်မဲ့သည်လည်း မဟုတ်ပါ။ ထို့ကြောင့် ငါပြောရဦးမည်- ငါ၏အမှုတော်အတွက် သင်၏အသက်ကို ပေးသင့်သည်။ ထို့အပြင် ငါ၏ ဘုန်းအတွက် သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ၎င်းအပြင် သင်ငါ့အတွက် သက်သေခံခြင်းမှာ ငါကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသောအရာဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို သင်ဖြန့်ရန် ငါသည် သာ၍ တမ်းတလျက်ရှိ၏။ ငါ့စိတ်နှလုံးအတွင်း၌ အဘယ်အရာ ရှိသည်ကို သင်နားလည်သင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၆၆)

သင်တို့၏ ယုံကြည်ခြင်းသည် လွန်စွာစစ်မှန်သော်လည်း သင်တို့အကြား မည်သူတစ်ဦးမျှ ငါမည်သူ ဆိုသည်ကို စေ့စပ်သေချာစွာ ရှင်းပြနိုင်စွမ်းမရှိ၊ ထို့အပြင် သင်တို့အကြား မည်သူတစ်ဦးမျှ သင်တို့မြင်သမျှ တကယ့်ဖြစ်ရပ်များကို အပြည့်အဝ သက်သေခံနိုင်စွမ်း မရှိပါ။ စဉ်းစားကြည့်ပါ။ ယခု သင်တို့အများစုသည် တာဝန်ဝတ္တရားများ ပျက်ကွက်နေကြ၏။ တာဝန်များ ထမ်းဆောင်မည့်အစား ဇာတိပကတိ၏ အမှုအရာများ နောက်လိုက်၍ ဇာတိပကတိကို အာသာဖြေလျက် ဇာတိပကတိကို လောဘတကြီး ခံစားနေကြ၏။ သင်တို့တွင် သမ္မာတရား နည်း၏။ သို့ဖြစ်လျှင် သင်တို့တွေ့ခဲ့သမျှ ခပ်သိမ်းကို မည်သို့ သက်သေခံနိုင်မည်နည်း။ သင်တို့သည် ငါ၏သက်သေ ဖြစ်နိုင်မည်ဟူသည့်အပေါ် မိမိကိုယ်ကိုယ် ယုံကြည်စိတ် အကယ်ပင်ရှိသလား။ တစ်နေ့ သင်သည် ယနေ့တွေ့ခဲ့သမျှ အရာခပ်သိမ်းကို သက်သေမခံနိုင်ပါက သင်သည် ဖန်ဆင်းခံရသူ တစ်ဦး၏ အသုံးဝင်မှု ဆုံးရှုံးခဲ့ပြီ ဖြစ်လိမ့်မည်။ သင်တည်ရှိနေမှုမှာ လုံးဝအဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ သင်သည် လူသားတစ်ဦး ဖြစ်ထိုက်မည် မဟုတ်ပေ။ သင်သည် လူသားတစ်ဦး မဟုတ်ဟုပင် ပြောနိုင်သည်။ ငါသည် သင့်အပေါ် ဆောင်ရွက်ခဲ့သည်မှာ အတိုင်းအတာ မရှိသည့် ပမာဏဖြစ်သည်။ သို့ရာတွင် ပစ္စုပ္ပန်၌ သင်သည် မည်သည့် အရာမျှ သင်ယူခြင်းမရှိ၊ မည်သည့်အရာမျှ မသိ၊ ထို့အပြင် သင်လုပ်ကိုင်သည်မှာ အချည်းနှီးသာဖြစ် သောကြောင့် ငါ၏အမှုကို တိုးချဲ့ရန် လိုသည့်အခါ သင်၏မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ ငေးစိုက်နေမည်၊ ဘာမျှမပြောနိုင်ဘဲ လုံးဝအသုံးမကျဖြစ်မည်။ ထိုသို့ဖြစ်လျှင် သင်သည် တုနှိုင်းရန်မရှိသော အပြစ်သားတစ်ဦး ဖြစ်မနေ ဘူးလား။ ထိုအချိန်ရောက်သည့်အခါ သင်သည် ကြီးစွာသော နောင်တ မရပေဘူးလား။ စိတ်ဓာတ်မကျပေဘူးလား။ ယနေ့ ငါ၏ အလုပ် အားလုံးသည် အကြောင်းမဲ့သက်သက်နှင့် ပျင်း၍ လုပ်ခြင်း မဟုတ်ဘဲ၊ ငါ၏ အနာဂတ်အမှုအတွက် အခြေခံ အုတ်မြစ်ချရန် လုပ်နေခြင်းဖြစ်သည်။ ငါသည် ထွက်ပေါက်မရှိသော အခြေအနေ ရောက်နေသဖြင့် အရာအသစ်တစ်ခုခု အားထုတ်ကြံစည်ရန် လိုနေသည်မဟုတ်။ ငါဆောင်ရွက်သည့် အမှုတော်သည် ကလေးကစားစရာ မဟုတ်ဘဲ ငါ့အဖကို ကိုယ်စားပြုနေခြင်း ဆိုသည်ကို သင်နားလည်သင့်သည်။ ဤအရာခပ်သိမ်းကို ငါကိုယ်တိုင် တစ်ယောက်တည်း လုပ်နေခြင်း မဟုတ်ကြောင်းကို သင်တို့သိသင့်သည်။ အကယ်စင်စစ်မူ ငါသည် ငါ့အဖကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။ ဤအတောအတွင်း သင်၏ အခန်းကဏ္ဍသည် လိုက်နာရန်၊ နာခံရန်၊ ပြောင်းလဲရန်နှင့် သက်သေခံရန်သာ ဖြစ်သည်။ သင်နားလည်ရမည်မှာ သင်ငါ့ကို အဘယ်အကြောင်းကြောင့် ယုံကြည်ရမည်ဟူသည့် အချက်ပင် ဖြစ်သည်။ ဤသည်မှာ သင်တို့တစ်ဦးစီ နားလည်ရမည့် အရေးကြီးဆုံး မေးခွန်းဖြစ်သည်။ ငါ့အဖ၏ ဘုန်းတော်အတွက် ငါ့အဖသည် ဤလောကကို ဖန်ဆင်းသည့် အချိန်ကပင် ငါ့အတွက် သင်တို့အားလုံးကို ရှေးမဆွက ခွဲခန့်မှတ်သားပြီးဖြစ်၏။ ငါ၏အမှုအတွက်နှင့် သူ၏ ဘုန်းတန်ခိုးအတွက်မှလွဲ၍ အခြား မည်သည့် အရာအတွက်မျှ ကိုယ်တော်ရှင်သည် သင်တို့ကို ရှေးမဆွက ခွဲခန့်မှတ်သားခဲ့ခြင်း မဟုတ်ပါ။ ငါ့အဖကြောင့် သင်ငါ့ကို ယုံကြည်ခြင်း ဖြစ်သည်။ ငါ့အဖမှ သင်တို့ကို ရှေးမဆွက ခွဲခန့်မှတ်သားခြင်းကြောင့်သာ သင်ငါ့နောက်သို့ လိုက်ခြင်းဖြစ်သည်။ ဤအရာတစ်ခုမျှ သင်တို့ကိုယ်တိုင်၏ ရွေးချယ်ချက် မဟုတ်ပါ။ သာ၍ အရေးကြီးသည်မှာ ငါ့အတွက် သက်သေခံရန် ရည်ရွယ်ချက်ဖြင့် ငါ့အဖ ငါ့ကိုအပ်နှင်းပေးသည်မှာ သင်တို့ ဖြစ်ကြောင်း သင်တို့ နားလည်ရန် ဖြစ်သည်။ သင်တို့ကို ငါ့အတွက် အပ်နှင်းပေးသဖြင့် သင်တို့သည် ငါချမှတ်ပေးသော လမ်းခရီးများကို လိုက်နာ၍ ငါသင်ပေးသော နှုတ်ကပတ်တော်များကို လိုက်နာရမည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ လမ်းခရီးများအတိုင်း လိုက်နာရန်မှာ သင်တို့၏ တာဝန်ဖြစ်၍ ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် သင်တို့ ယုံကြည်ခြင်း၏ မူလရည်ရွယ်ချက်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ငါ၏ လမ်းခရီးများကို လိုက်နာရန် ငါ့အဖက ငါ့ကိုအပ်နှင်းပေးလိုက်သော သူများသာလျှင် ဖြစ်သည်ဟု ငါသင်တို့ကို ပြောမည်။ သို့ရာတွင် သင်တို့သည် ငါ့ကို ယုံကြည်ရုံသာ ယုံကြည်ကြ၏။ သင်တို့သည် ဣသရေလ မိသားစုမှ မဟုတ်သဖြင့် သင်တို့သည် ငါနှင့်မသက်ဆိုင်။ ထိုအစား ရှေးဟောင်းမြွေဆိုးနှင့် သက်ဆိုင်သော အမျိုးဖြစ်၏။ ငါသင်တို့ကို ဆောင်ရွက်ရန် တောင်းဆိုသည်မှာ ငါ့အတွက် သက်သေခံရန်သာ ဖြစ်သော်လည်း ယနေ့ သင်တို့သည် ငါ၏ လမ်းခရီးများအတိုင်း လျှောက်ရမည်။ ဤအရာခပ်သိမ်းသည် အနာဂတ် သက်သေ ခံချက်များအတွက် ဖြစ်၏။ ငါ၏ လမ်းခရီးများကို နားထောင်သူများအဖြစ်သာ သင်တို့ လုပ်ဆောင်ပါက သင်တို့သည် တန်ဖိုးလုံးဝမရှိဘဲ သင်တို့ကို ငါ့အဖ ငါ့အား အပ်နှင်းပေးရခြင်း၏ ရည်ရွယ်ချက်သည်လည်း ပျောက်ဆုံးလိမ့်မည်။ သင်တို့ကို ငါအခိုင်အမာ ပြောသည်မှာ “သင်တို့သည် ငါ၏ လမ်းခရီးများအတိုင်း လျှောက်ရမည်” ဟူ၍ ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သင်မည်သို့ နားလည်သနည်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၆၇)

မျက်မှောက်ခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်တွင်း၌ မည်သို့အမှုပြုနေသနည်း။ ဤမေးခွန်းကို သင် သေချာစွာ သဘောပေါက်သလော။ သင်၏ညီအကိုမောင်နှမများ၏ အကြီးမားဆုံးသော အခက်အခဲများမှာ အဘယ်နည်း။ မည်သည့်အရာကို ၎င်းတို့ အချို့တဲ့ဆုံးနည်း။ လက်ရှိတွင် စမ်းသပ်မှုများကို ကြုံရသည်နှင့်အမျှ အပျက်သဘောဆောင်သော သူအချို့ရှိပြီး၊ အချို့သည် ညည်းညူခြင်းပင်ပြုကြ၏။ ဘုရားသခင် စကားပြောဆိုခြင်း ပြီးဆုံးပြီဖြစ်သောကြောင့် အခြားလူတို့သည် ရှေ့မဆက်ကြတော့ချေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ မဝင်ရောက်ကြသေးပေ။ ၎င်းတို့သည် အမှီအခိုကင်းစွာ အသက်မရှင်နိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်တိုင်၏ ဝိညာဉ်ရေးရာအသက်တာကို ထိန်းသိမ်းထားနိုင်ခြင်း မရှိကြပေ။ အချို့လူတို့သည် ရှေ့ဆက်၍ လိုက်ပါကြပြီး အားအင်ဖြင့် ဆက်လက် လုပ်ဆောင်ကြကာ၊ ဘုရားသခင် စကားပြောသည့်အချိန်တွင် လက်တွေ့လုပ်ဆောင်ရန် လိုလားလျက်ရှိကြသော်လည်း၊ ဘုရားသခင် စကားမပြောသည့်အခါ ၎င်းတို့ ရှေ့ဆက်မတိုးကြတော့ပေ။ လူတို့သည် မိမိတို့၏စိတ်နှလုံးများအတွင်းတွင် ဘုရားသခင်၏အလိုတော်ကို နားမလည်ကြသေးသကဲ့သို့၊ ဘုရားသခင်အတွက် အလိုအလျောက်ဖြစ်သော ချစ်ခြင်းမေတ္တာမရှိပေ။ ယခင်က ၎င်းတို့ ဖိအားပေးခံခဲ့ရသောကြောင့် ဘုရားသခင်နောက်သို့ ၎င်းတို့ လိုက်ခဲ့ကြ၏။ ယခုတွင် ဘုရားသခင်၏ အမှုတော်ကို ငြီးငွေ့သောသူအချို့ ရှိသည်။ ထိုသို့သော လူများတွင် အန္တရာယ်ရှိသည် မဟုတ်လော။ များစွာသော လူတို့သည် နိုင်နိုင်နင်းနင်း ဆောင်ရွက်နေရုံ အခြေအနေတွင် ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ပြီး သူ့ထံ ဆုတောင်းကြသော်လည်း၊ အလွန်စိတ်မပါ့တပါ လုပ်ဆောင်ကြကာ ၎င်းတို့ တစ်ချိန်ကရှိခဲ့ကြဖူးသည့် တက်ကြွမှု မရှိကြတော့ပေ။ လူအများစုသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းအမှု၌ စိတ်ဝင်စားမှု မရှိကြသကဲ့သို့၊ ၎င်းတို့သည် စဉ်ဆက်မပြတ် မည်သည့် အတွင်းပိုင်း တက်ကြွမှုမျှ မရှိကြသည့်အလား ဖြစ်သည်။ အပြစ်များ၏ စီးနင်းခြင်းကို ခံရချိန်တွင် ၎င်းတို့သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးရှိနေသည်ဟု မခံစားရသကဲ့သို့၊ နောင်တခံစားဖို့ အသိစိတ်လည်း မရှိကြချေ။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားပေ၊ သို့မဟုတ် အသင်းတော်ကို စွန့်ခွာခြင်း မပြုကြပေ၊ ယင်းအစား၊ ယာယီပျော်ရွှင်မှုများကိုသာ လိုက်စားကြလေသည်။ ဤလူများသည် လုံးဝ အသုံးမကျသည့် မိုက်မဲသောသူများ ဖြစ်သည်။ အချိန်ကျရောက်လာသည့်အခါ၊ သူတို့အားလုံး မောင်းထုတ်ပစ်ခြင်း ခံရမည်ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် တစ်ကြိမ်တစ်ခါ ကယ်တင်ခြင်းခံရပါက၊ အမြဲတမ်းကယ်တင်ခြင်း ခံရမည်ဟု သင်ထင်သလော။ ဤယုံကြည်မှုသည် လှည့်ဖြားခြင်းစစ်စစ် ဖြစ်သည်။ အသက်ထဲသို့ ဝင်ရောက်ခြင်းကို ရှာဖွေခြင်းမရှိသူများသည် ပြစ်တင်ဆုံးမခြင်း ခံရလိမ့်မည်။ လူအများစုသည် အသက်ထဲ ဝင်ရောက်ခြင်း၊ ရူပါရုံများ သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းတို့၌ လုံးဝစိတ်ဝင်စားခြင်း မရှိကြပေ။ ၎င်းတို့သည် ဝင်ရောက်ခြင်းကို အားမထုတ်ကြသကဲ့သို့၊ ပို၍နက်ရှိုင်းစွာ ဝင်ရောက်ခြင်းကို သေချာပေါက် အားမထုတ်ကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဖျက်ဆီးနေခြင်း မဟုတ်လော။ ယခု၊ မိမိတို့၏ အခြေအနေများ စဉ်ဆက်မပြတ် တိုးတက်နေသည့် လူတစ်ချို့ ရှိ၏။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်လေလေ ၎င်းတို့သည် ယုံကြည်စိတ်ချမှု ရရှိလေလေ ဖြစ်သည်။ ၎င်းတို့ တွေ့ကြုံရလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ နက်နဲသိမ်မွေ့သော လျှို့ဝှက်ဆန်းကြယ်မှုကို ခံစားရလေလေ ဖြစ်သည်။ ၎င်းတို့ နက်ရှိုင်းစွာ ဝင်ရောက်လေလေ နားလည်လေလေ ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အလွန်ကြီးမားသည်ကို ၎င်းတို့ခံစားရပြီး၊ မိမိတို့ကိုယ်ကိုယ်အတွင်းတွင် တည်ငြိမ်မှုခံစားရကာ ဉာဏ်အလင်း ပေးခံရသည်။ ဘုရားအမှုတော်နှင့် သက်ဆိုင်သော သိနားလည်မှုတစ်ခု ၎င်းတို့၌ ရှိကြသည်။ ဤသည်မှာ ၎င်းတို့အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် လူများ ဖြစ်သည်။ လူအချို့က “ဘုရားသခင်ထံမှ အသစ်သော နှုတ်ကပတ်တော်များ မရှိသော်လည်း၊ သမ္မာတရားထဲသို့ ပိုပြီးနက်ရှိုင်းစွာ သွားဖို့ ငါ ကြိုးစားဆဲဖြစ်ရမည်။ ငါ၏ တကယ့်အတွေ့အကြုံတွင် အရာရာနှင့် ပတ်သက်၍ ငါစိတ်အားထက်သန် ရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်” ဟု ပြောကြသည်။ ဤသို့သော လူစားမျိုးသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပိုင်ဆိုင်ကြ၏။ ဘုရားသခင်သည် သူ၏ မျက်နှာကို မပြသကဲ့သို့၊ လူတစ်ဦးစီတိုင်းထံမှ ပုန်းကွယ်နေသော်လည်း၊ ပြီးလျှင် စကားတစ်လုံးမှ မြွက်ဆိုခြင်းမရှိဘဲ လူတို့သည် အတွင်းပိုင်း စစ်ဆေးခြင်းအချို့ကို တွေ့ကြုံရသည့် အချိန်များ ရှိသော်ငြားလည်း၊ ဘုရားသခင်သည် လူတို့ကို လုံးဝထားရစ်ခဲ့ခြင်း မရှိပေ။ လူတစ်ဦးသည် ၎င်းဆောင်ရွက်သင့်သည့် သမ္မာတရားကို ထိန်းသိမ်းနိုင်ခြင်း မရှိက၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိလိမ့်မည် မဟုတ်ပေ။ စစ်ဆေးခြင်း ကာလအတွင်းတွင်၊ ဘုရားသခင်သည် မိမိကိုယ်ကိုယ် ပြသခြင်း မရှိသည့် ကာလအတွင်းတွင်၊ သင်သည် မိမိကိုယ်ကိုယုံကြည်မှုမရှိဘဲ ယင်းအစား နောက်တွန့်ပါက၊ သူ၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခြင်း အပေါ် သင် အာရုံမစိုက်ပါက၊ သင်သည် ဘုရားသခင်၏အမှုမှ ထွက်ပြေးခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သင်သည် မောင်းထုတ်ခံရသူများထဲမှ တစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ရန် အားမထုတ်သော သူတို့သည် ဘုရားသခင်အတွက် သက်သေအဖြစ် အမှန်တကယ် မရပ်တည်နိုင်ပေ။ ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး၊ သူ၏ အလိုတော်ကို ဖြည့်ဆည်းနိုင်သော သူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လိုက်စားရှာဖွေရန် ၎င်းတို့၏စိတ်ဓာတ်ခွန်အားအပေါ် လုံးလုံးလျားလျား မှီခိုအားထားကြသည်။ လူတို့အထဲတွင် ဘုရားသခင်၏ဆောင်ရွက်သော အမှုမှာ အဓိကအားဖြင့် ၎င်းတို့အား သမ္မာတရားကို ရရှိစေခွင့်ပေးရန် ဖြစ်သည်။ သင့်အား အသက်ကို လိုက်စားရှာဖွေစေခြင်းသည် သင့်ကို စုံလင်စေရန်အလို့ငှါဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏အသုံးပြုမှုအတွက် သင့်ကို သင့်တော်စေဖို့သာ ဖြစ်သည်။ ယခု သင် လိုက်စားရှာဖွေနေသော အရာအားလုံးမှာ နက်နဲမှုများကို ကြားရခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ သင့်မျက်စိများကို အစာကျွေးခြင်းနှင့် အသစ်အဆန်း သို့မဟုတ် ရေပန်းစားမှုတစ်ချို့ ရှိမရှိ ဆိုသည်ကို မြင်ရဖို့ ဟိုဟိုသည်သည် ကြည့်ခြင်းနှင့် ထိုသို့ဖြင့် သင်၏ သိချင်စိတ်ကို ကျေနပ်စေခြင်းတို့ ဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးထဲရှိ ရည်ရွယ်ချက်ဖြစ်ပါက၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန် သင့်အတွက် နည်းလမ်းမရှိပေ။ သမ္မာတရားကို လိုက်စားရှာဖွေခြင်း မရှိသောသူများသည် တကယ့်အဆုံးထိတိုင် မလိုက်လျှောက်နိုင်ကြချေ။ ယခု၊ ဘုရားသခင်သည် တစ်စုံတစ်ရာကို မလုပ်ဆောင်ခြင်းမဟုတ်ဘဲ၊ ယင်းထက် လူတို့က ဘုရားသခင်၏အမှုတော်ကို ငြီးငွေ့ကြသောကြောင့် ဘုရားသခင်နှင့် ပူးပေါင်းမလုပ်ဆောင်ကြခြင်း ဖြစ်သည်။ ကောင်းချီးများ ပေးသနားရန် သူပြောသည့် နှုတ်ကပတ်တော်များကိုသာ ၎င်းတို့ ကြားချင်ကြပြီး၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို ကြားဖို့ရန် လိုလားခြင်း မရှိကြချေ။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ ကောင်းချီးမင်္ဂလာများကိုရလိုသည့် လူတို့၏ စိတ်ဆန္ဒများသည် ဖြည့်ဆည်းခြင်းမခံခဲ့ရသောကြောင့် ၎င်းတို့သည် အပျက်သဘောဆောင်ကာ အားနည်းလာခဲ့ကြသည်။ ဘုရားသခင်သည် လူတို့ကို သူ့နောက်လိုက်ရန် တမင်ခွင့်မပြုခြင်း မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်ကို ထိုးနှက်မှုများ တမင်သက်သက် ပေးနေခြင်းလည်း မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်များ မမှန်ကန်သောကြောင့်သာ အပျက်သဘောဆောင်ပြီး အားနည်းကြခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားကို အသက်ပေးသော ဘုရားဖြစ်ပြီး သူသည် လူသားကို သေခြင်းသို့ မပို့နိုင်ပေ။ လူတို့၏ အပျက်သဘောဆောင်ခြင်း၊ အားနည်းချက်များနှင့် ပြန်လျောကျသွားခြင်း အားလုံးသည် မိမိတို့ဘာသာ လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေသည်။

ဘုရားသခင်၏လက်ရှိအမှုတော်သည် စစ်ဆေးမှုအချို့ကို လူတို့ထံ ယူဆောင်လာပြီး၊ ဤစစ်ဆေးမှုကို ရရှိသည်နှင့်အမျှ ခိုင်မာစွာ ရပ်တည်နိုင်သူတို့သာ ဘုရားသခင်၏ လက်ခံမှုကို ရရှိလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် စကားမပြောခြင်းဖြင့်ဖြစ်စေ အမှုမပြုခြင်းဖြင့်ဖြစ်စေ သူ့ကိုယ်သူမည်သို့ပင် ဖုံးကွယ်ထားပါစေ၊ သင်သည် အားမာန်ဖြင့် လိုက်စား ရှာဖွေနိုင်သေး၏။ သင့်ကို ငြင်းပယ်မည်ဟု ဘုရားသခင်က ပြောလျှင်ပင်၊ သင်သည် သူ့နောက်သို့လိုက်ဦးမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အတွက် သက်သေရပ်တည်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ့ကိုယ်သူ သင့်ထံမှ ဖုံးကွယ်ထားပြီး သင်သည် သူ့နောက်သို့လိုက်ခြင်းကို ရပ်တန့်လိုက်ပါက ဤသည်မှာ ဘုရားသခင်အတွက် သက်သေရပ်တည်ခြင်း ဟုတ်သလော။ လူတို့သည် အမှန်တကယ် မဝင်ရောက်ကြပါက၊ ၎င်းတို့အနေဖြင့် တကယ့် ဝိညာဉ်ရင့်ကျက်မှု မရှိကြသကဲ့သို့၊ ကြီးမားသော စမ်းသပ်မှုကို ၎င်းတို့ အမှန်တကယ် ကြုံရသည့်အခါ ခလုတ်တိုက် လဲကျကြမည် ဖြစ်သည်။ ဘုရားသခင် စကားပြောဆိုမနေသည့်အခါ၊ သို့မဟုတ် သင်၏ ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီသည့်အရာကို လုပ်ဆောင်နေသည့်အခါ၊ သင် ယိုင်လဲလေသည်။ ဘုရားသခင်သည် လက်ရှိတွင် သင်၏ ကိုယ်ပိုင်အယူအဆများအတိုင်း ပြုမူနေပါက၊ သို့မဟုတ် သူသည် သင်၏ လိုအင်ဆန္ဒကို ကျေနပ်နေစေလျက်ရှိပြီး သင်သည် အားအင်ဖြင့် ရပ်တည်ကာ လိုက်စားရှာဖွေနိုင်ပါက၊ သင် အသက်ရှင်သည့် အခြေခံအုတ်မြစ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ လူသား၏ သိချင်စိတ်ပြင်းပြခြင်းအပေါ် လုံးလုံးလျားလျား မှီခိုအားထားသည့် နည်းလမ်း တစ်ခုဖြင့် အသက်ရှင်နေကြသည့် လူများစွာ ရှိသည်ဟု ငါဆိုသည်။ ၎င်းတို့သည် အားထုတ်ရန် အဆုံးစွန် စိတ်အားထက်သန်မှု လုံးဝ မရှိကြချေ။ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို အားမထုတ်ဘဲ အသက်တာ၌ မိမိတို့၏ သိလိုစိတ် ပြင်းပြခြင်းအပေါ် မှီခိုသောသူအားလုံးသည် စက်ဆုပ်ဖွယ်ကောင်းသော လူများဖြစ်ကြပြီး၊ ၎င်းတို့၌ အန္တရာယ်ရှိကြပေသည်။ ဘုရားသခင်၏ အမျိုးမျိုးသော အမှုအားလုံးသည် လူသားမျိုးနွယ်ကို စုံလင်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ သို့ရာတွင် လူတို့သည် အမြဲ သိချင်စိတ်ပြင်းပြကြသည်၊ ကောလာဟလတို့ကို မေးမြန်းစူးစမ်းလိုကြသည်၊ နိုင်ငံရပ်ခြား တိုင်းပြည်များထဲက လက်ရှိ အရေးကိစ္စများကို စိတ်ဝင်စားကြသည်— ဥပမာအားဖြင့်၊ အစ္စရေးတွင် မည်သည့်အရာ ဖြစ်ပျက်နေသည်နှင့်ပတ်သက်၍ သို့မဟုတ် အီဂျစ်နိုင်ငံတွင် ငလျင်လှုပ်ခြင်း ရှိမရှိဆိုသည်ကို သိချင်စိတ် ပြင်းပြကြသည်- ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် သစ်လွင်၊ ဆန်းသစ်သောအရာများကို အမြဲရှာဖွေနေကြ၏။ ၎င်းတို့သည် အသက်ကို လိုက်စားရှာဖွေခြင်း မရှိသကဲ့သို့ စုံလင်ခံရစေခြင်းကိုလည်း လိုက်စားရှာဖွေခြင်း မရှိကြချေ။ ၎င်းတို့သည် မိမိတို့၏ လှပသော အိပ်မက်များကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အလို့ငှာနှင့် မိမိတို့၏ လွန်ကဲသော စိတ်န္ဒများကို ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ နေ့ရက် မြန်မြန် ရောက်ရှိစေဖို့သာ ကြိုးစားကြလေသည်။ ဤသို့သော လူစားမျိုးသည် လက်တွေ့ကျခြင်းမရှိပေ— ၎င်းတို့သည် မလျော်ကန်သော ရှုထောင့် တစ်ခုရှိသည့် သူတစ်ဦး ဖြစ်သည်။ သမ္မာတရားကို လိုက်စားရှာဖွေခြင်းသာ လူသားမျိုးနွယ်၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်သည့် အခြေခံအုတ်မြစ် ဖြစ်ပြီး၊ လူတို့သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို အားထုတ်ခြင်း မရှိပါက၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ၎င်းတို့ မကြိုးစားကြပါက၊ ၎င်းတို့ အပြစ်ပေးခြင်း ခံရကြလိမ့်မည်။ အပြစ်ပေးခံရမည့်သူများမှာ ဘုရားသခင်၏ အမှုပြုသည့် ကာလအတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မရှိခဲ့သူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၆၈)

လူတို့သည် ဘုရားသခင်၏ ဤအမှုအဆင့်တွင် ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းလုပ်ဆောင်သင့်သနည်း။ ဘုရားသခင်သည် လက်ရှိတွင် လူတို့ကို စစ်ဆေးလျက်ရှိသည်။ သူသည် စကားတစ်ခွန်းမျှ မိန့်မြွက်ခြင်းမရှိသော်လည်း၊ သူသည် မိမိကိုယ်ကိုယ် ဖုံးကွယ်ပြီး လူတို့နှင့် တိုက်ရိုက်ဆက်သွယ်ခြင်း မပြုပေ။ အပြင်ပန်းမှ၊ သူသည် မည်သည့်အမှုမျှ မလုပ်ဆောင်သကဲ့သို့ ထင်ရသော်လည်း၊ အမှန်မှာ သူသည် လူသားထဲတွင် အမှုပြုနေဆဲ ဖြစ်သည်။ အသက်ထဲသို့ ဝင်ရောက်ခြင်းကို အားထုတ်သူ မည်သူမဆို ၎င်းတို့၏ အသက်ကို လိုက်စားရှာဖွေခြင်းအတွက် ရူပါရုံရှိပြီး ဘုရားသခင်၏ အမှုကို ၎င်းတို့ အပြည့်အဝ နားမလည်ကြလျှင်ပင် သံသယများ မရှိကြချေ။ စမ်းသပ်မှုများကို ကြုံရစဉ်တွင်၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်လိုပြီး မည်သည့်အလုပ် ပြီးမြောက်လိုသည်ကို သင် မသိသည့်အခါတွင်ပင်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များသည် အမြဲကောင်းမြတ်သည်ကို သင် သိသင့်၏။ စစ်မှန်သော စိတ်နှလုံးဖြင့် သူ့ကို သင် လိုက်စားရှာဖွေပါက၊ သူသည် သင့်ကို မည်သည့်အခါမှ စွန့်ခွာသွားမည် မဟုတ်သကဲ့သို့၊ အဆုံးတွင် သူသည် သင့်ကို ဧကန်မုချ စုံလင်စေမည်ဖြစ်ကာ လူတို့ကို သင့်လျော်သော ခရီးပန်းတိုင်သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ ဘုရားသခင်သည် လက်ရှိတွင် လူတို့ကို မည်သို့စမ်းသပ်နေသည်ကို ပဓာနမထားဘဲ၊ သူသည် လူတို့ကို သင့်လျော်သော ရလဒ်တစ်ခုဖြင့် ထောက်ပံ့ကာ၊ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အရာပေါ်တွင်အခြေခံ၍ သင့်လျော်သော ဒဏ်ခတ်မှုပေးသည့် နေ့ရက်တစ်ရက် ရောက်လာလိမ့်မည်။ ဘုရားသခင်သည် လူတို့ကို အဆင့်တစ်ခုထိ ဦးဆောင်ပြီးနောက် ၎င်းတို့ကို ဘေးဖယ်ကာ လျစ်လျူရှုမည် မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ယုံကြည်စိတ်ချရသောကြောင့် ဖြစ်သည်။ ဤအဆင့်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် စစ်ဆေးခြင်းအမှုကို လုပ်ဆောင်လျက်ရှိသည်။ သူသည် လူသားတစ်ဦးစီတိုင်းကို စစ်ဆေးနေ၏။ သေခြင်းတရား၏ စမ်းသပ်မှုနှင့် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သော စမ်းသပ်မှုတို့ဖြင့် ဖွဲ့စည်းသည့် အမှု၏အဆင့်များတွင်၊ စစ်ဆေးခြင်းကို နှုတ်ကပတ်တော်များမှတစ်ဆင့် ဆောင်ရွက်လေသည်။ လူတို့အတွက် ဘုရားသခင်၏အမှုတော်ကို ကြုံတွေ့ခံစားရန်၊ ဘုရားသခင်၏ လက်ရှိအမှုတော်နှင့် လူသားမျိုးနွယ် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည် ဆိုသည်ကို ဦးစွာပထမ ၎င်းတို့ နားလည်ရမည်။ အမှန်တွင်၊ ဤသည်မှာ အယောက်တိုင်း နားလည်သင့်သောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းက စစ်ဆေးခြင်းဖြစ်စေ သို့မဟုတ် သူသည် စကားမပြောဘဲနေလျှင်ပင်၊ ဘုရားသခင်၏ အမှုတော် အဆင့်တစ်ခုမျှ လူသားမျိုးနွယ်၏ အယူအဆများနှင့် မကိုက်ညီပေ။ သူ့အမှုတော်၏ အဆင့်အသီးသီးသည် လူတို့၏ အယူအဆများကို အစိတ်စိတ်အမြွှာမြွှာကွဲစေပြီး ထိုးဖောက်ထွက်လေသည်။ ဤသည်မှာ သူ၏အမှုတော်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏အမှုတော်သည် အဆင့်တစ်ဆင့်သို့ ရောက်ရှိပြီးဖြစ်သည့်အတွက်၊ မည်သို့ပင်ဖြစ်စေ သူသည် လူသားမျိုးနွယ်ကို သေခြင်းသို့ ပို့မည်မဟုတ်သည်ကို သင် ယုံကြည်ရမည်။ သူသည် လူသားမျိုးနွယ်ထံ ကတိတော်များနှင့် ကောင်းချီး မင်္ဂလာများ နှစ်ခုလုံး ပေးပြီး၊ သူ့ကို ရှာဖွေသော သူအားလုံးသည် သူ၏ကောင်းချီးမင်္ဂလာများကို ရနိုင်ကြမည်ဖြစ်သော်လည်း၊ သူ့ကို မရှာဖွေသောသူများသည် ဘုရားသခင်၏ ဘေးဖယ်ထားခြင်း ခံရကြလိမ့်မည်။ ဤအရာသည် သင်၏ရှာဖွေမှုအပေါ်တွင် မူတည်၏။ အခြား မည်သည့်အရာကိုမျှ ပဓာနမထားဘဲ၊ ဘုရားသခင်၏အမှုပြီးဆုံးချိန်တွင် လူသားတစ်ဦးစီတိုင်းသည် သင့်တော်သော ခရီးပန်းတိုင်တစ်ခု ရှိကြလိမ့်မည်ကို သင် ယုံကြည်ရမည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို နှစ်သက်ဖွယ်သော ရည်မှန်းချက်များ ပေးထားပြီးဖြစ်သော်လည်း၊ လိုက်စားရှာဖွေခြင်းမရှိဘဲ ထိုအရာတို့ကို မရရှိနိုင်ပေ။ ဤအရာကို သင်တို့ ယခု မြင်နိုင်သင့်သည်- လူတို့နှင့်ဆိုင်သော ဘုရားသခင်၏စစ်ဆေးမှုနှင့် သူ၏ ပြစ်တင်ဆုံးမခြင်းတို့သည် သူ၏အမှုဖြစ်သော်လည်း၊ မိမိတို့၏ အပိုင်းအတွက် လူတို့အနေဖြင့် အချိန်တိုင်း စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို အားထုတ်ရမည်ဖြစ်သည်။ သင်၏ လက်တွေ့ကျသော အတွေ့အကြုံတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် ပထမဦးစွာ သိရမည်။ သင် ဝင်ရောက်သင့်သည့်အရာနှင့် သင်၏ အားနည်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် ရှာတွေ့ရမည်၊ သင်၏ လက်တွေ့ကျသော အတွေ့အကြုံထဲ ဝင်ရောက်ခြင်းကို သင် အားထုတ်သင့်ပြီး၊ လက်တွေ့လုပ်ဆောင်သင့်သည့် ဘုရား နှုတ်ကပတ်တော်များ၏ တစ်စိတ်တစ်ပိုင်းကို ယူကာ လက်တွေ့လုပ်ဆောင်ရန် ကြိုစားသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် ရှုထောင့်တစ်ခု ဖြစ်၏။ ထို့အပြင် အသင်းတော် အသက်တာကို ထိန်းသိမ်းထားရမည်၊ သင်သည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုရှိရမည်ဖြစ်ပြီး၊ သင်၏ လက်ရှိအခြေအနေ အားလုံးကို ဘုရားသခင်ထံ လွှဲပြောင်းပေးအပ်နိုင်ရမည်။ သူ၏ အမှု မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ သင်၏ဝိညာဉ်ရေးရာအသက်တာ ပုံမှန် ဖြစ်မြဲဖြစ်သင့်၏။ ဝိညာဉ်ရေးရာအသက်တာတစ်ခုသည် သင်၏ ပုံမှန် ဝင်ရောက်ခြင်းကို ထိန်းသိမ်းနိုင်၏။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင်၏ ဝိညာဉ်ရေးရာအသက်တာကို အနှောင့်အယှက် မဖြစ်စေဘဲ သင် ဆက်လက်လုပ်ဆောင်သင့်ပြီး သင်၏တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်သာ ဖြစ်သော်လည်း၊ ပုံမှန်အခြေအနေတစ်ခု ရှိသူများအတွက်မူ ဤသည်မှာ စုံလင်ခြင်း ဖြစ်သည်၊ ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခု ရှိသူများအတွက် ယင်းသည် စမ်းသပ်မှုတစ်ခု ဖြစ်ပေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ စစ်ဆေးခြင်းအမှု၏ လက်ရှိအဆင့်တွင်၊ ဘုရားသခင်၏အမှုတော်သည် အလွန်ကြီးမြတ်ပြီး၊ လူတို့သည် စစ်ဆေးခြင်းကို လုံးဝ လိုအပ်သည်၊ သို့မဟုတ်ပါက ၎င်းတို့၏ ဝိညာဉ်ရေးရာရင့်ကျက်မှုမှာ အလွန်သေးငယ်ပြီး ဘုရားသခင်၏အလိုတော်ကို ရရှိမည့်နည်းလမ်း ရှိကြလိမ့်မည်မဟုတ်ဟု အချို့က ဆိုကြသည်။ သို့ရာတွင် အခြေအနေ မကောင်းသူများအတွက် ယင်းသည် ဘုရားသခင်ကို လိုက်စားရှာဖွေခြင်း မပြုရန် နှင့် တွေ့ဆုံပွဲများကို မတက်ရောက်ရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမပြုရန် အကြောင်းရင်းတစ်ခု ဖြစ်လာလေသည်။ ဘုရားသခင်၏အမှုတွင်၊ မည်သည့်အရာ သူလုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သည့် အပြောင်းအလဲများကို သူ သက်ရောက်စေသည်ဖြစ်စေ၊ လူတို့သည် ပုံမှန်ဝိညာဉ်ရေးရာအသက်တာ၏ အခြေခံကို ထိန်းသိမ်းရမည်ဖြစ်သည်။ သင်သည် သင်၏ဝိညာဉ်ရေးရာအသက်တာနှင့်ဆိုင်သည့် ဤလက်ရှိအဆင့်တွင် လျော့ရဲကောင်း လျော့ရဲခဲ့လိမ့်မည် မဟုတ်သော်လည်း၊ သင်သည် များစွာရယူနိုင်ခြင်း မရှိသေးသကဲ့သို့၊ ကြီးစွာသော အကျိုးကို မရိတ်သိမ်း ရသေးပေ။ ဤအခြေအနေမျိုးများအောက်တွင် သင်သည် စည်းမျဉ်းများကို လိုက်နာဆဲ ဖြစ်ရမည်။ သင်သည် သင်၏ အသက်တွင် ဆုံးရှုံးမှုများ မခံစားဖို့အလို့ငှာနှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့အလို့ငှာ ဤစည်းမျဉ်းများကို ထိန်းသိမ်းရမည်။ သင်၏ဝိညာဉ်ရေးရာ အသက်တာသည် ပုံမှန်မဟုတ်ပါက၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သင်နားမလည်နိုင် သကဲ့သို့၊ ထိုအစား ယင်းသည် သင့်ကိုယ်ပိုင်အယူအဆများနှင့် သဟဇာတ လုံးဝမဖြစ်ဟု သင်အမြဲတမ်းခံစားရကာ၊ သင်သည် သူ၏နောက်သို့လိုက်ရန် ဆန္ဒရှိသော်လည်း အတွင်းပိုင်း တက်ကြွမှု ကင်းမဲ့လေသည်။ ထို့ကြောင့်၊ လက်ရှိတွင် ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ လူတို့သည် ပူပေါင်းဆောင်ရွက်သင့်သည်။ အကယ်၍ လူတို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အမှုကို မပြုနိုင်ပေ၊ ပြီးလျှင် လူတို့သည် ပူးပေါင်းလုပ်ဆောင်လိုသော စိတ်နှလုံးမရှိပါက သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ၎င်းတို့ အနည်းငယ်သာ ရနိုင်ပေသည်။ သင်၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိလိုပါက၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံမှုကို ရယူလိုပါက၊ သင်သည် ဘုရားသခင်၏ မျက်မှောက်၌ သင်၏ မူလဝတ်ပြုဆက်ကပ်ခြင်းကို ထိန်းသိမ်းရမည်။ ယခုတွင် သင့်အတွက် သာ၍ နက်ရှိုင်းသော သိနားလည်မှု၊ သာ၍မြင့်မားသော သဘောတရားတစ်ခု သို့မဟုတ် အခြားထိုသို့သောအရာများ ရှိရန်မလိုအပ်ပေ- လိုအပ်သည်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မူလ အခြေခံအုတ်မြစ်ပေါ်တွင် ထိန်းသိမ်းထားရန်သာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်မှု မရှိသကဲ့သို့ သာ၍နက်ရှိုင်းသော ဝင်ရောက်မှုကို အားထုတ်ခြင်း မရှိပါက၊ ဘုရားသခင်သည် နဂိုမူလက သူတို့ ပိုင်ဆိုင်ခဲ့သည့် အရာများအားလုံးကို ယူဆောင်သွားမည်ဖြစ်သည်။ အတွင်းတွင်၊ လူတို့သည် သက်သောင့်သက်သာရှိမှုအတွက် အမြဲအလိုကြီးကြပြီး၊ ရနှင့်ပြီးသောအရာကို ပို၍ မွေ့လျော်လိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ကတိတော်များကို မည်သည့် အဖိုးအခမျှ လုံးဝမပေးဘဲ ရလိုကြသည်။ ဤသည်တို့မှာ လူသားမျိုးနွယ်က စဉ်းစားသည့် လွန်ကဲသော အတွေးများဖြစ်သည်။ အဖိုးအခမပေးဘဲ အသက်ကိုယ်တိုင်ကို ရယူခြင်း- သို့သော် ဤမျှ လွယ်ကူသည့်အရာ ရှိဖူးသလော။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်ကာ အသက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားပြီး ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရှာဖွေချိန်တွင်၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် အဖိုးအခတစ်ခု ပေးပြီး သူ့နောက်သို့ အမြဲလိုက်မည့် အခြေအနေတစ်ခုကို ရရှိရမည်ဖြစ်သည်။ ဤသည်ကား လူတို့ လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်သည်။ သင်သည် ဤအရာအားလုံးကို စည်းမျဉ်းတစ်ခုကဲ့သို့ လိုက်လျှောက်လျှင်ပင်၊ ထိုစည်းမျဉ်းကို သင် အမြဲ ထိန်းသိမ်းရမည်ဖြစ်ပြီး၊ စမ်းသပ်မှုများ မည်မျှကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်နှင့်သင်၏ပုံမှန်ဆက်ဆံရေးကို လက်လွှတ်၍ မဖြစ်နိုင်ပေ။ သင် ဆုတောင်းနိုင်သင့်သည်၊ သင်၏ အသင်းတော် အသက်တာကို ထိန်းသိမ်းနိုင်သင့်ပြီး၊ ညီအစ်ကိုမောင်နှမများကို ဘယ်သောအခါမျှ မစွန့်ခွာဘဲ နေနိုင်သင့်ပေသည်။ ဘုရားသခင် သင့်ကို စမ်းသပ်သည့်အခါ၊ သမ္မာတရားကို သင် ရှာဖွေဆဲ ဖြစ်သင့်သည်။ ဤအရာသည် ဝိညာဉ်ရေးရာ အသက်တာအတွက် အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်သည်။ ရှာဖွေရန် စိတ်ဆန္ဒအမြဲရှိခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ရန် အမြဲကြိုးပမ်းခြင်း၊ သင်၏ အားအင်အားလုံးကို အသုံးချခြင်း- ဤအရာကို လုပ်ဆောင်နိုင်သလော။ လူတို့သည် ဤအရာကို အခြေခံအုတ်မြစ်အဖြစ် ခံယူပါက၊ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်ကြလိမ့်မည်။ သင်၏ ကိုယ်ပိုင်အခြေအနေ ပုံမှန်ဖြစ်သည့်အချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရန် လွယ်ကူ၏။ ဤအခြေအနေများတွင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲသည်ဟု မခံစားရဘဲ၊ ဘုရားသခင်၏အမှုသည် ကြီးမြတ်သည်ဟု သင်ခံစားရသည်။ သို့ရာတွင် သင်၏ အခြေအနေ ဆိုးရွားပါက၊ ဘုရားသခင်၏အမှု မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ ပြီးလျှင် တစ်စုံတစ်ဦးက မည်မျှလှပစွာ စကားပြောဆိုသည်ဖြစ်စေ၊ သင် အာရုံစိုက်မိလိမ့်မည် မဟုတ်ပေ။ လူတစ်ယောက်၏ အခြေအနေ ပုံမှန်မဟုတ်သည့်အခါ၊ ဘုရားသခင်သည် ၎င်းတို့ထဲတွင် အမှုမပြုနိုင်သကဲ့သို့၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၆၉)

လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည် လူတို့၏အယူအဆများနှင့် စိုးစဉ်းမျှ မကိုက်ညီသည်ကို ယခု အယောက်တိုင်း တွေ့နိုင်၏။ ဘုရားသခင်သည် လူ့အယူအဆများနှင့် လုံးဝ မကိုက်ညီသည့် များလှစွာသော အမှုများကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ များလှစွာသော နှုတ်ကပတ်တော်များကိုလည်း ပြောဆိုပြီးဖြစ်သည်။ ထို့ကြောင့်၊ လူတို့အနေဖြင့် ၎င်းတို့ မြင်နှင့်ပြီးဖြစ်သည့်အရာနှင့် ၎င်းတို့၏ အတွေ့အကြုံများမှ ၎င်းတို့ ရရှိပြီးဖြစ်သည့်အရာတို့ဖြင့် ရပ်တည်နိုင်ဖို့ရန် ယုံကြည်စိတ်ချမှုနှင့် စိတ်စွမ်းအားတို့ ရှိရမည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့တွင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် ပိုင်ဆိုင်သည့်အရာကို ၎င်းတို့ ထိန်းသိမ်းရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး၊ တကယ့်အဆုံးတိုင်အောင် သူ့ကို အစဉ်ချစ်ခင်၍ သစ္စာရှိမြဲ ရှိရမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏တာဝန် ဖြစ်သည်။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို ထိန်းသိမ်းရမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်မှုသည် သူ့ကိုနာခံခြင်းနှင့် သူ၏အမှုကို တွေ့ကြုံခံစားခြင်းတို့ လိုအပ်၏။ ဘုရားသခင်သည် မြောက်များလှစွာသော အမှုတို့ကို လုပ်ဆောင်ပြီးဖြစ်သည်- လူတို့အတွက် ယင်းသည် အလုံးစုံ စုံလင်စေခြင်း၊ စစ်ဆေးခြင်းနှင့် ထိုထက်ပို၍ ပြစ်တင်ဆုံးမခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လူသား၏ အယူအဆများနှင့် ကိုက်ညီဖူးသည့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အဆင့်တစ်ခုတစ်လေမျှ မရှိသေးပေ။ လူတို့ ခံစားရပြီးသည့် အရာမှာ ဘုရားသခင်၏ပြင်းထန်သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင် ကြွလာသည့်အခါ၊ လူတို့သည် သူ၏ဘုန်းအာနုဘော်နှင့် သူ၏အမျက်ကို ခံစားသင့်သည်။ သို့သော် သူ၏နှုတ်ကပတ်တော်များ မည်မျှပင်ပြင်းထန်စေကာမူ၊ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် စုံလင်စေရန် ကြွလာခြင်းဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့်၊ လူတို့သည် မိမိတို့ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းပြီး၊ စစ်ဆေးခြင်း အလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်သင့်ပေသည်။ စမ်းသပ်မှုတိုင်းတွင် ၎င်းတို့သည် မိမိတို့ သက်သေခံသင့်သည့်အရာကို ထိန်းသိမ်းသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲစွာ ထိုသို့ လုပ်ဆောင်သင့်ကြသည်။ ဤအရာကို လုပ်ဆောင်သောလူတစ်ဦးသည် အောင်မြင်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်မျှ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့် ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်၌ ယုံကြည်စိတ်ချမှုကို မည်သည့်အခါမျှ ဆုံးရှုံးမသွားပေ။ သင်သည် လူသား လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး၊ လူသား၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်သွားနိုင်သင့်ကာ၊ ကုန်ဆုံးသွားသည့် အချိန်တိုင်းတွင် သူ့ထံသို့ လှည့်နိုင်သင့်ပေသည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်သည်။ “အောင်မြင်သောသူများ” အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က “အောင်မြင်သောသူ” တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။ သင့်ကို ဘုရားသခင် ကောင်းချီးပေးသည့်အချိန်တွင် သင်၏ လိုက်စားရှာဖွေမှုသည် ထူးကဲသာလွန်သော်လည်း၊ သင်သည် သူ၏ ကောင်းချီးမင်္ဂလာများမရှိဘဲ နောက်ဆုတ်လိုက်ပါက၊ ဤသည်မှာ သန့်ရှင်းစင်ကြယ်မှုဖြစ်သလော။ ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာနှင့် အပျိုစင်ကို ဘုရားသခင်ထံ ဆက်ကပ်ခြင်းသည် ဘုရားသခင်ရှေ့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးကို ထိန်းသိမ်းခြင်းဟု ဆိုလိုသည်။ လူသားမျိုးနွယ်အတွက်၊ ရိုးသားစစ်မှန်ခြင်းသည် သန့်စင်ဖြူစင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်အပေါ် စစ်မှန်ရိုးသားနိုင်စွမ်းသည် သန့်စင်ဖြူစင်ခြင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်လက်တွေ့လုပ်ဆောင်သင့်သောအရာဖြစ်သည်။ ဆုတောင်း သင့်သည့်အခါ၊ သင်ဆုတောင်းသည်။ မိတ်သဟာယဖြင့် အတူတကွ စုရုံးသင့်သည့်အခါ၊ သင် ထိုသို့ပြုသည်။ ဓမ္မသီချင်းများကို ဆိုသင့်သည့်အခါ၊ သင် သီဆိုပြီး၊ ဇာတိပကတိကို စွန့်ပယ်သင့်သည့်အခါ၊ ဇာတိပကတိကို သင် စွန့်ပယ်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်ချိန်တွင်၊ သင်သည် အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားခြင်းမရှိ။ စမ်းသပ်မှုများနှင့် သင် ရင်ဆိုင်ရသည့်အခါ၊ ခိုင်မာစွာ သင် ရပ်တည်သည်။ ဤသည်မှာ ဘုရားသခင်ထံ ဆည်းကပ်ခြင်းဖြစ်သည်။ လူတို့ပြုလုပ်သင့်သောအရာကို သင်မထိန်းသိမ်းပါက၊ သင်၏ ယခင် ဆင်းရဲဒုက္ခခံစားခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့သည် အချည်းနှီးဖြစ်ခဲ့ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၇၀)

ဘုရားသခင်အမှု၏အဆင့်တိုင်းအတွက်၊ လူတို့ ပူးပေါင်း လုပ်ဆောင်သင့်သည့် နည်းလမ်းတစ်ခု ရှိ၏။ လူတို့အနေဖြင့် စစ်ဆေးမှုများကို ကြုံရသည်နှင့်အမျှ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စစ်ဆေး၏။ လူတို့အနေဖြင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့ ယုံကြည်စိတ်ချမှု ရှိကြပြီး၊ သူ၏ စစ်ဆေးမှုများကို လက်ခံရန်နှင့် ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ခံရန် လိုလားလျက်ရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စုံလင်စေသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ၎င်းတို့ထံ ယူဆောင်လာရန်နှင့် သူနှင့်အတူ ၎င်းတို့ကို ပူးပေါင်းဆောင်ရွက်စေကာ လက်တွေ့လုပ်ဆောင်စေဖို့အလို့ငှာ လူတို့အတွင်းတွင် အမှုပြုလေသည်။ ဘုရားသခင်သည် စစ်ဆေးခြင်း အတောအတွင်းတွင် စကားမပြောပေ။ သူသည် သူ၏အသံကို မိန့်မြွက်ခြင်း မပြုသော်လည်း၊ လူတို့လုပ်ဆောင်သင့်သည့် အလုပ်ရှိဆဲဖြစ်၏။ သင်၌ ရှိနှင့်ပြီးသောအရာကို သင် ထိန်းသိမ်းသင့်သည်၊ ဘုရားသခင်ထံ သင်ဆုတောင်းနိုင်ဆဲ ဖြစ်သင့်သည်၊ ဘုရားသခင်နှင့် ရင်းနှီးကာ ဘုရားသခင် ရှေ့မှောက်တွင် သက်သေရပ်တည်နိုင်ဆဲ ဖြစ်သင့်သည်။ ဤနည်းဖြင့် သင်သည် သင်ကိုယ်တိုင်၏တာဝန်ကို ဖြည့်ဆည်းလိမ့်မည် ဖြစ်သည်။ လူတို့၏ ယုံကြည်စိတ်ချမှုနှင့် ချစ်ခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ စမ်းသပ်မှုများမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ သာ၍ ဆုတောင်းဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ၏ ရှေ့မှောက်တွင် သာ၍မကြာခဏ အရသာခံရန် လိုအပ်သည်ကို ဘုရားသခင်၏ အမှုတော်မှ သင်တို့အားလုံး ရှင်းလင်းစွာ မြင်တွေ့သင့်ကြပေသည်။ ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးပြီး သူ၏ အလိုတော်ကို နားလည်စေသော်လည်း၊ သင်သည် ဤအရာတစ်ခုတစ်လေကိုမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက၊ သင်သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့ လုပ်ဆောင်သည့်အခါ၊ သူ့ထံ သင် ဆုတောင်းနိုင်ဆဲဖြစ်သင့်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို သင် အရသာခံသည့်အခါ စိတ်ပျက်အားလျော့ခြင်း သို့မဟုတ် အေးစက်သွားသည့် ခံစားမှုအရိပ်အယောင် လုံးဝမရှိဘဲ၊ သူ့ရှေ့မှောက်သို့ သင်လာပြီး၊ ရှာဖွေသင့်ကာ သူ၌ ယုံကြည်စိတ်ချမှုအပြည့် ဖြစ်သင့်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသူများသည် ဝတ်ပြုစည်းဝေးပွဲများအတွင်းတွင် အားအင်အပြည့် ဖြစ်ကြသော်လည်း၊ အိမ်ပြန်သွားကြသည့်အခါ အမှောင်ထဲသို့ ကျရောက်ကြလေသည်။ အတူတကွ မစုဝေးချင်ကြသော သူအချို့ပင် ရှိလေသည်။ ထို့ကြောင့် လူတို့ ဖြည့်ဆည်းသင့်သည်မှာ မည်သည့်တာဝန်ဖြစ်သည်ကို သင် ရှင်းလင်းစွာ တွေ့မြင်ရမည်။ ဘုရားသခင်၏အလိုတော်သည် မည်သည့်အရာ အမှန်တကယ် ဖြစ်သည်ကို မသိကောင်းမသိနိုင်သော်လည်း၊ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည်၊ သင်ဆုတောင်းသင့်သည့်အချိန်တွင် ဆုတောင်းနိုင်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည့် အချိန်တွင် လက်တွေ့လုပ်ဆောင်နိုင်ကာ၊ လူတို့ လုပ်သင့်သည့်အရာကို သင် လုပ်နိုင်ပေသည်။ သင်၏ မူလရူပါရုံကို သင်ထိန်းသိမ်းထားနိုင်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏အမှု နောက်တစ်ဆင့်ကို သာ၍ လက်ခံလာနိုင်လိမ့်မည်။ ဘုရားသခင်သည် ကွယ်ဝှက်သည့်နည်းလမ်းဖြင့် အမှုပြုသည့်အခါ၊ သင်သည် မရှာဖွေပါက ပြဿနာဖြစ်ပေသည်။ အစည်းအဝေးများအတွင်း ဘုရားသခင်စကားပြောကာ ဟောပြောသည့် အချိန်တွင်၊ သင်သည် စိတ်အားထက်သန်မှုဖြင့် နားထောင်သော်လည်း၊ သူစကားမပြောသည့်အခါ သင်သည် အားအင်မဲ့ကာ နောက်ဆုတ်လေသည်။ မည်သည့်လူစားမျိုးသည် ဤသို့ လုပ်ဆောင်သနည်း။ ဤသည်မှာ လူအုပ်သွားရာနောက် မည်သည့်နေရာမဆို လိုက်သည့်သူတစ်ဦးသာ ဖြစ်ပေသည်။ ၎င်းတို့သည် ရပ်တည်ချက်မရှိ၊ သက်သေခံချက် မရှိသကဲ့သို့၊ ရူပါရုံ မရှိကြချေ။ လူအများစုသည် ဤသို့ဖြစ်၏။ သင်သည် ဤနည်းအတိုင်း ဆက်သွားပါက၊ ကြီးမားသော စမ်းသပ်မှုကို သင် ကြုံရချိန်တစ်နေ့တွင် ပြစ်ဒဏ်ပေးခြင်းထဲသို့ သင်ကျရောက်လိမ့်မည်။ ရပ်တည်ချက်ရှိခြင်းသည် လူတို့ကို ဘုရားသခင်၏ စုံလင်စေခြင်း လုပ်ငန်းစဉ်တွင် အလွန်အရေးကြီး၏။ သင်သည် ဘုရားသခင်၏အမှု အဆင့်တစ်ဆင့်ကိုမျှ သံသယမရှိပါက၊ သင်သည် လူသား၏တာဝန်ကို ဖြည့်ဆည်းပါက၊ ဘုရားသခင် သင့်ကို လက်တွေ့လုပ်ဆောင်စေသော အရာကို သင် ရိုးသားစစ်မှန်စွာ ထိန်းသိမ်းပါက၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ တိုက်တွန်းအားပေးခြင်းများကို သတိရပြီး၊ ယနေ့တွင် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ သူ၏ တိုက်တွန်းအားပေးမှုများကို သင်မမေ့လျော့ခြင်း ဖြစ်သည်၊ သူ၏အမှုနှင့်ပတ်သက်၍ သင်သည် သံသယမရှိသကဲ့သို့၊ သင်၏ရပ်တည်မှုကို ထိန်းသိမ်းပြီး၊ သင်၏ သက်သေခံချက်ကို ထိန်းသိမ်းကာ၊ လမ်းခရီး၏ အဆင့်တိုင်းတွင် အောင်မြင်မှုရရှိပါက၊ နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရမည်ဖြစ်ပြီး အောင်မြင်သောသူတစ်ဦးအဖြစ် ဖန်တီးခြင်းခံရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏စမ်းသပ်ခြင်း အဆင့်တိုင်းတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး၊ တကယ့်အဆုံးတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ဆဲဖြစ်ပါက၊ သင်သည် အောင်မြင်သောသူ တစ်ဦးဖြစ်ကာ၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသောသူတစ်ဦး ဖြစ်ပေသည်။ သင်သည် သင်၏ လက်ရှိစမ်းသပ်မှုများတွင် ခိုင်မြဲစွာ မရပ်တည်နိုင်ပါက အနာဂတ်တွင် သာ၍ပင် ခက်ခဲလာလိမ့်မည် ဖြစ်သည်။ အကယ်၍ သင်သည် မဖြစ်စလောက် ဒုက္ခဆင်းရဲပမာဏကိုသာ တွေ့ကြုံပြီး သမ္မာတရားကို အားထုတ်ခြင်း မရှိပါက၊ သင်သည် နောက်ဆုံးတွင် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ သင်သည် လက်ချည်းသက်သက်ဖြင့် ကျန်ရစ်လိမ့်မည်။ ဘုရားသခင် စကားပြောခြင်း မရှိသည်ကို မြင်သည့်အခါ မိမိတို့၏ အားထုတ်မှုကို လက်လျှော့လိုက်ကြပြီး၊ ၎င်းတို့၏ စိတ်နှလုံး ဖရိုဖရဲဖြစ်သော လူအချို့ရှိ၏။ ထိုသို့သောလူတစ်ဦးသည် မိုက်မဲသောသူတစ်ဦး မဟုတ်လော။ ဤသို့သော သူမျိုးများတွင် စစ်မှန်မှုမရှိပေ။ ဘုရားသခင် စကားပြောနေချိန်တွင် ၎င်းတို့သည် အမြဲအလုပ်ရှုပ်နေကြသည်၊ အလုပ်များသည့်ပုံပေါ်ပြီး အပြင်ပန်းတွင် စိတ်တက်ကြွမှု ရှိပုံရသော်လည်း၊ ယခု သူစကားပြောဆိုခြင်း မရှိသည့်အခါတွင်၊ ၎င်းတို့သည် ရှာဖွေခြင်းကို ရပ်လိုက်ကြလေသည်။ ဤလူစားမျိုး၌ အောင်မြင်ရန် အလားအလာမရှိပေ။ စစ်ဆေးမှုများ အတွင်းတွင်၊ သင်သည် အပြုသဘောဆောင်သော ရှုထောင့်တစ်ခုမှ ဝင်ရောက်ရမည်ဖြစ်ပြီး၊ သင်ယူသင့်သော သင်ခန်းစာများကို သင်ယူရမည်။ ဘုရားသခင်ထံ သင်ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ ထိုနှုတ်ကပတ်တော်များနှင့် ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေကို တိုင်းတာသင့်သည်၊ သင်၏အားနည်းချက်များကို ရှာဖွေတွေ့ရှိသင့်ပြီး၊ သင်ယူစရာ သင်ခန်းစာများစွာ သင်၌ ရှိသေးသည်ကို ရှာတွေ့သင့်ပေသည်။ စစ်ဆေးမှုများကို သင် ကြုံရသည်နှင့်အမျှ ရိုးသားစစ်မှန်စွာ သင် ကြိုးစားလေလေ၊ သင့်ကိုယ်သင် ပြည့်စုံမှုမရှိသည်ကို ရှာတွေ့လေလေ ဖြစ်လိမ့်မည်။ စစ်ဆေးခြင်းများကို သင်တွေ့ကြုံနေရချိန်တွင် သင်ကြုံရသည့် ပြဿနာများစွာ ရှိ၏။ ၎င်းတို့ကို သင် ရှင်းလင်းစွာ မမြင်နိုင်ပေ၊ သင် ညည်းညူသည်၊ သင်ကိုယ်တိုင်၏ ဇာတိပကတိကို သင်ထုတ်ဖော်ပြသည်- ဤနည်းဖြင့်သာ သင်၏အတွင်းတွင် များပြားလွန်းသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသည်ကို သင် ရှာတွေ့နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၇၁)

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုသည် အလွန်ကြီးမားလှသော ယုံကြည်စိတ်ချမှု၊ ယောဘ၏ ယုံကြည်စိတ်ချမှုထက်ပင် သာ၍ကြီးမားသော ယုံကြည်စိတ်ချမှု လိုအပ်ပေသည်။ ယုံကြည်စိတ်ချမှုမရှိဘဲနှင့်၊ လူတို့သည် အတွေ့အကြုံ ဆက်လက်ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ စုံလင်စေခြင်းကိုလည်း ခံရနိုင်မည် မဟုတ်ပေ။ ကြီးမားသော စမ်းသပ်မှုများနှင့်ဆိုင်သည့် နေ့ရက်များ ရောက်လာချိန်တွင်၊ အသင်းတော်ကို စွန့်ခွာသော လူများ- ဟိုနေရာအချို့၊ သည်နေရာအချို့ ရှိလိမ့်မည်။ ယခင်နေ့ရက်များတွင် မိမိတို့၏ လိုက်စားရှာဖွေမှုများ၌ အတော်အတန် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြသော သူအချို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ မယုံကြည်ကြတော့သည့် အကြောင်းရင်းမှာ မရှင်းမလင်း ဖြစ်လိမ့်မည်။ သင် နားမလည်သည့်အရာများစွာ ဖြစ်ပျက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် မည်သည့်နိမိတ်လက္ခဏာများ သို့မဟုတ် အံ့ဖွယ်ရာများကိုမျှ ထုတ်ဖော်ပြလိမ့်မည် မဟုတ်သကဲ့သို့၊ သဘာဝလွန်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သင့်အနေဖြင့် ခိုင်မြဲစွာ ရပ်တည်နိုင်ခြင်း ရှိမရှိဆိုသည်ကို ကြည့်ရန်ဖြစ်သည်- ဘုရားသခင်သည် လူတို့ကို စစ်ဆေးဖို့ အမှန်တရားများကို အသုံးပြု၏။ သင်သည် များစွာ ဆင်းရဲဒုက္ခမခံရသေးပေ။ အနာဂတ်တွင် ကြီးမားသော စမ်းသပ်မှုများ ရောက်လာသည့်အခါ၊ အချို့သောနေရာများ၌ အသင်းတော်ကို လူတစ်ဦးစီတိုင်းက စွန့်ခွာလိမ့်မည်ဖြစ်ပြီး၊ သင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြသူများသည် ၎င်းတို့၏ယုံကြည်ခြင်းကို ချန်ရစ်ကာ စွန့်လွှတ်ကြလိမ့်မည်။ သင်သည် ထိုအခါ ခိုင်မြဲစွာ ရပ်တည်နိုင်မည်လော။ ယခုအချိန်အထိ၊ သင် ရင်ဆိုင်ပြီးဖြစ်သည့် စမ်းသပ်မှုများသည် အသေးအဖွဲဖြစ်ပြီး၊ ၎င်းတို့ကို သင့်အနေဖြင့် သည်းခံနိုင်ရုံမျှ ဖြစ်ခဲ့သည်မှာ သေချာသလောက်ဖြစ်သည်။ ဤအဆင့်တွင် နှုတ်ကပတ်တော်များ မှတစ်ဆင့်သာ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ ပါဝင်သည်။ နောက်တစ်ဆင့်တွင် သင့်ကို စစ်ဆေးဖို့ အမှန်တရားများ သင့်အပေါ် ရောက်လာလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ကြီးမားသော ဘေးအန္တရာယ်ကြားတွင် ရှိလိမ့်မည် ဖြစ်သည်။ ထိုအရာ အလွန် ဆိုးရွားလွန်းလာသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်က သင့်ကို မြန်မြန်လုပ်ကာ ထွက်ခွာရန် အကြံပေးလိမ့်မည်ဖြစ်ပြီး၊ ဘာသာရေး သမားများသည် သင့်ကို ၎င်းတို့နှင့်အတူ သွားစေဖို့ သွေးဆောင်ရန် ကြိုးစားကြလိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် လမ်းကြောင်းပေါ်တွင် ဆက်လက်သွားနိုင်ခြင်း ရှိမရှိဆိုသည်ကို ကြည့်ရန် ဖြစ်ပြီး၊ ဤအရာ အားလုံးသည် စမ်းသပ်ခြင်းများ ဖြစ်သည်။ လက်ရှိစမ်းသပ်မှုများသည် အသေးအဖွဲဖြစ်သော်လည်း၊ မိဘများက မယုံကြည်တော့သည့် အိမ်အချို့နှင့် သားသမီးများက မယုံကြည်ကြတော့သည့် အိမ်အချို့ ရှိမည့်နေ့ ရောက်လာလိမ့်မည်။ သင်သည် ဆက်လက် လုပ်ဆောင်နိုင်မည်လော။ သင်သည် ရှေ့သို့ ဝေးဝေးသွားလေလေ၊ သင်၏ စမ်းသပ်မှုများသည် ကြီးမားလာလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူတို့၏ လိုအပ်ချက်များနှင့် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုများနှင့်အညီ ၎င်းတို့ကို စစ်ဆေးခြင်းအမှု ဆောင်ရွက်လေသည်။ လူသားမျိုးနွယ်ကို ဘုရားသခင် စုံလင်စေခြင်း အဆင့်အတွင်းတွင်၊ လူအရေအတွက် ဆက်လက်တိုးပွားဖို့မှာ မဖြစ်နိုင်ပေ- နည်းသာနည်းသွားလိမ့်မည်။ လူတို့ စုံလင်ခြင်းခံရနိုင်သည်မှာ ဤစမ်းသပ်မှုများမှတစ်ဆင့်သာ ဖြစ်သည်။ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ပဲ့ပြင်ဆုံးမခံရခြင်း၊ စစ်ဆေးခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ကျိန်ခြင်းခံရခြင်း- ဤအရာအားလုံးကို သင် ကြံ့ကြံ့ခံနိုင်သလော။ ညီအစ်ကို မောင်နှမအားလုံးက ကြီးမားသော အားအင်ဖြင့် ကြိုးစားနေကြကာ အထူးကောင်းမွန်သော အခြေအနေရှိသည့် အသင်းတော်တစ်ခုကို သင် မြင်ရသည့်အခါ၊ သင် ကိုယ်တိုင် ခွန်အားရရှိသည်။ ၎င်းတို့အားလုံး စွန့်ခွာသွားသည့်တစ်နေ့၊ ၎င်းတို့ထဲမှ အချို့သောသူတို့ မယုံကြည်ကြတော့သည့်တစ်နေ့၊ အချို့တို့သည် စီးပွားရေးလုပ်ရန် သို့မဟုတ် အိမ်ထောင်ပြုရန် စွန့်ခွာသွားကြသည့်တစ်နေ့၊ ပြီးလျှင် အချို့သည် ဘာသာတရားသို့ ဝင်ရောက်ခဲ့သည့်တစ်နေ့ ရောက်လာသည့်အခါတွင်၊ သင့်အနေဖြင့် မြဲမြံစွာ ရပ်တည်နိုင်လိမ့်ဦးမည်လော။ စိတ်ထဲတွင် ထိခိုက်မှုမရှိဘဲ သင် ရှိမြဲရှိနိုင်မည်လော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ စုံလင်စေခြင်းသည် အင်မတန်ရိုးရှင်းသော အရာတစ်ခု မဟုတ်ပေ။ သူသည် လူတို့ကို စစ်ဆေးဖို့ အမှုအရာများစွာကို အသုံးပြု၏။ လူတို့သည် ဤအရာတို့ကို နည်းလမ်းများ အဖြစ် မြင်ကြသော်လည်း၊ ဘုရားသခင်၏ မူလရည်ရွယ်ချက်တွင် ၎င်းတို့သည် နည်းလမ်းများ လုံးဝမဟုတ်ဘဲ၊ အမှန်တရားများ ဖြစ်သည်။ နောက်ဆုံးတွင်၊ လူတို့ကို ဘုရားသခင်က အတိုင်းအတာတစ်ခုထိ စစ်ဆေးပြီးဖြစ်ကာ ၎င်းတို့အနေဖြင့် မည်သည့်ညည်းညူခြင်းမျှ မရှိတော့သည့်အခါ၊ သူ၏ ဤအမှုအဆင့်သည် ပြီးစီးလိမ့်မည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးမြတ်သောအမှုမှာ သင့်ကို စုံလင်စေရန်ဖြစ်ပြီး၊ သူသည် အမှုမပြုဘဲ မိမိကိုယ်ကိုယ် ဖုံးကွယ်သည့်အခါ၊ ယင်းသည် သင့်ကို စုံလင်စေဖို့ ရည်ရွယ်ချက် သာ၍ပင် ဖြစ်ကာ၊ အထူးသဖြင့် လူတို့သည် ဘုရားသခင် အတွက် ချစ်ခြင်းမေတ္တာ ရှိမရှိ၊ ၎င်းတို့အနေဖြင့် သူ့အထဲတွင် စစ်မှန်သော ယုံကြည်စိတ်ချမှု ရှိမရှိဆိုသည်ကို ဤနည်းလမ်းဖြင့် တွေ့မြင်နိုင်ပေသည်။ ဘုရားသခင်သည် ပြတ်ပြတ်သားသား စကားပြောဆိုချိန်တွင် သင့်အနေဖြင့် ရှာဖွေဖို့ မလိုအပ်ပေ။ သင် ရှာဖွေပြီး သတိဖြင့် ရှေ့ဆက်ဖို့လိုသည်မှာ သူ ဖုံးကွယ်သည့်အခါတွင်သာ ဖြစ်သည်။ သင့်အနေဖြင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းနိုင်သင့်ပြီး၊ သင်၏ အနာဂတ်ရလဒ်နှင့် သင်၏ ခရီးပန်းတိုင် မည်သည့်အရာ ဖြစ်စေကာမူ၊ သင် အသက်ရှင်နေသည့် နှစ်ကာလများအတွင်းတွင် အသိပညာနှင့် ဘုရားသခင်ကို ချစ်ခြင်းအား လိုက်စားရှာဖွေနိုင်သင့်ပြီး၊ သင့်ကို ဘုရားသခင် မည်သို့ဆက်ဆံစေကာမူ၊ သင့်အနေဖြင့် ညည်းညူခြင်းကို ရှောင်ရှားနိုင်သင့်ပေသည်။ လူတို့အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော် အမှုပြုဖို့ သတ်မှတ်ချက်တစ်ခု ရှိသည်။ ၎င်းတို့အနေဖြင့် ဆာငတ်ကာ ရှာဖွေရမည်ဖြစ်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို စိတ်မပါ့တပါနှင့် သံသယမဖြစ်ရ၊ ပြီးလျှင် ၎င်းတို့၏တာဝန်များကို တစ်ချိန်လုံး ထိန်းသိမ်းနိုင်ရမည် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ၎င်းတို့ ရရှိနိုင်ပေသည်။ ဘုရားသခင်၏အမှု အဆင့်အသီးသီးတွင် လူသားမျိုးနွယ်ကို တောင်းဆိုထားသောအရာမှာ အလွန်ကြီးမားသော ယုံကြည်စိတ်ချမှုနှင့် ဘုရားသခင်၏ရှေ့မှောက်သို့ ရှာဖွေဖို့လာခြင်း ဖြစ်သည်- အတွေ့အကြုံမှတစ်ဆင့်သာ ဘုရားသခင် မည်မျှနှစ်လိုဖွယ်ကောင်းသည် ဆိုသည်နှင့် လူတို့ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အမှုပြုသည်တို့ကို လူတို့ ရှာတွေ့နိုင်ပေသည်။ သင်သည် တွေ့ကြုံခံစားရခြင်း မရှိပါက၊ ယင်းမှတစ်ဆင့် သတိဖြင့် ရှေ့မဆက်ပါက၊ သင်ရှာဖွေခြင်း မပြုပါက၊ မည်သည့်အရာကိုမျှ သင် ရရှိလိမ့်မည်မဟုတ်ပေ။ သင်၏ အတွေ့အကြုံများမှတစ်ဆင့် သတိဖြင့် ရှေ့ဆက်ရမည်ဖြစ်ပြီး၊ သင်၏ အတွေ့အကြုံများမှတစ်ဆင့်သာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင်တွေ့နိုင်ကာ၊ သူ၏ အံဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်သောနက်နဲမှုကို သတိပြုနိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၇၂)

သင်တို့သည် လမ်း၏ နောက်ဆုံးခရီးတစ်ထောက်တွင် ယခုရှိနေကြပြီး၊ ယင်းသည် လမ်း၏ အလွန်အရေးပါသော အပိုင်းတစ်ခု ဖြစ်သည်။ သင်သည် ဆင်းရဲဒုက္ခကို များစွာ ခံစားရပြီးဖြစ်နိုင်သည်၊ အလုပ်များစွာလုပ်ပြီးဖြစ်နိုင်သည်၊ လမ်းများစွာ သွားပြီးဖြစ်နိုင်သကဲ့သို့၊ တရားဒေသနာ များစွာကို နားထောင်ပြီး ဖြစ်နိုင်သည်။ ယခု သင်ရှိသည့်နေရာသို့ ရောက်ရှိရန် မလွယ်ဟု ဆိုကောင်း ဆိုနိုင်လိမ့်မည်။ လက်ရှိ သင် ရင်ဆိုင်ရသည့် ဆင်းရဲဒုက္ခကို သင် မခံရပ်နိုင်ပါက၊ ပြီးလျှင် အတိတ်တွင် သင်လုပ်ဆောင်ခဲ့သကဲ့သို့ သင်ဆက်လက် လုပ်ဆောင်ပါက၊ သင်သည် စုံလင်စေခြင်းမခံရနိုင်ပေ။ ဤနှုတ်ကပတ်တော်များသည် သင့်ကို ခြောက်လှန့်ဖို့ ရည်ရွယ်ခြင်းမဟုတ်- ၎င်းတို့သည် အမှန်တရားဖြစ်သည်။ ပေတရုသည် ဘုရားသခင်၏ အမှုများစွာကို ကြုံခဲ့ရ ပြီးနောက်၊ သူသည် အမှုအရာတစ်ချို့ကို ထိုးထွင်းသိမြင်မှု ရရှိခဲ့ပြီး ချင့်ချိန်နိုင်စွမ်းများစွာလည်း ရရှိခဲ့သည်။ သူသည် အစေခံခြင်း၏ အခြေခံသဘောတရား နှင့် စပ်လျဉ်း၍ အမှုအရာများစွာကို နားလည်လာခဲ့ ပြီးနောက်တွင်၊ သူ့ကို သခင်ယေရှု အပ်နှံခဲ့သည့်အရာအဖို့ မိမိကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်နိုင်ခဲ့သည်။ သူရရှိခဲ့သည့် ကြီးမားသော စစ်ဆေးခြင်းသည် အများအားဖြင့် သူကိုယ်တိုင် လုပ်ခဲ့သောအရာများအတွက် သူသည် ဘုရားသခင်ကို အလွန်အမင်း အကြွေးတင်ပြီး၊ ဘုရားသခင်ကို မည်သည့်အခါမျှ ပြန်ပေးဆပ်နိုင်လိမ့်မည် မဟုတ်ဟု ခံစားခဲ့ရသောကြောင့် ဖြစ်သည်။ လူသားသည် အလွန်ဖောက်ပြန်ပျက်စီးသည်ကိုလည်း ပေတရုက သတိပြုမိခဲ့သည်၊ ယင်းက သူ၏ အသိစိတ်သည် စွဲချက်တင်ခံခဲ့ရပြီဟု သူ့ကို ခံစားစေခဲ့သည်။ ယေရှုသည် ပေတရုကို အကြောင်းအရာများစွာ ပြောခဲ့သော်လည်း၊ ထိုအကြောင်းအရာများကို ပြောခဲ့ချိန်တွင် သူသည် ပမာဏ အနည်းငယ်သာ နားလည်နိုင်စွမ်းရှိကာ ခုခံမှုနှင့် ပုန်ကန်မှုအချို့ကို သူ သိုထားဆဲ ဖြစ်ခဲ့သည်။ လက်ဝါးကားတိုင်ထက် ယေရှု သံမှိုရိုက်နှက် ခံခဲ့ရပြီးနောက်၊ ပေတရုသည် နောက်ဆုံးတွင် နိုးထမှုတစ်ခု တွေ့ကြုံခဲ့ရပြီး မိမိအတွင်းတွင် မိမိကိုယ်ကိုယ်အပေါ် ပြင်းထန်သော ပြစ်တင်မှု ဝေဒနာများကို ခံစားခဲ့ရသည်။ နောက်ဆုံးတွင်၊ သူ့အထဲ၌ မမှန်ကန်သော အတွေးအခေါ်များ တစ်ခုတစ်လေ ရှိခဲ့ပါက လက်မခံနိုင်စရာဖြစ်သည်ဟု ခံစားရသည်အထိ ရောက်ရှိခဲ့သည်။ သူသည် မိမိအခြေအနေကို အလွန်ကောင်းစွာသိခဲ့ပြီး၊ သခင်၏ သန့်ရှင်းခြင်းကိုလည်း ကောင်းစွာ သိရှိခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ သခင့်အတွက် ချစ်ခြင်းနှလုံးသားသည် သူ့အထဲတွင် သာ၍ပင် ကြီးထွားခဲ့ပြီး သူသည် မိမိကိုယ်တိုင်၏ အသက်တာကို ပိုပြီး အာရုံစိုက်လာခဲ့သည်။ ဤအရာကြောင့် သူသည် ကြီးမားသောအခက်အခဲများကို ခံစားခဲ့ရပြီး၊ တစ်ခါတစ်ရံ သူသည် အပြင်းအထန် ဖျားနာပြီး သေဆုံးသွားသည့်အလား ထင်ရသော်လည်း၊ ဤနည်းဖြင့် အကြိမ်ပေါင်းများစွာ စစ်ဆေးခြင်းခံရ ပြီးနောက်တွင်၊ သူသည် မိမိကိုယ်ကိုယ် သိနားလည်မှု ပိုမိုရရှိခဲ့ကာ သခင့်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်ခဲ့သည်။ သူ၏ဘဝတစ်ခုလုံးသည် စစ်ဆေးခြင်း ထဲတွင် ကုန်ဆုံးခဲ့ပြီး၊ ထို့ထက်ပင်ပို၍ ပြစ်တင်ဆုံးမခြင်း ထဲတွင် ကုန်ဆုံးခဲ့သည်ဟု ဆိုနိုင်သည်။ သူ၏ အတွေ့အကြုံသည် အခြားသော မည်သူမဆို၏ အတွေ့အကြုံမှ ကွဲပြားခြားနားခဲ့ပြီး၊ သူ၏ ချစ်ခြင်းမေတ္တာသည် စုံလင်စေခြင်း မခံခဲ့ရသည့် မည်သူမဆို၏ ချစ်ခြင်းမေတ္တာထက် သာလွန်ခဲ့ပေသည်။ သူ့ကို စံပြနမူနာအဖြစ် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ သူသည် သူ့ဘဝ တစ်သက်တာတွင် အပြင်းဆုံးသော မချိတင်ကဲဝေဒနာကို တွေ့ကြုံခဲ့ရပြီး၊ ထိုသို့ တွေ့ကြုံရာတွင် သူသည် အောင်မြင်မှုအရှိဆုံး ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ သင်တို့သည် ပေတရုကဲ့သို့ လမ်းကြောင်း၏နောက်ဆုံးခရီးတစ်ထောက်ကို အမှန်တကယ် လျှောက်လှမ်းနိုင်ပါက၊ သင်တို့၏ ကောင်းချီးများကို ယူသွားပစ်လိုက်နိုင်သည့် ဖန်ဆင်းခံသတ္တဝါ တစ်ယောက်တလေမျှ မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်လျှောက်လှမ်းသင့်ပုံ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၇၃)

ဤစကားများသည် ယခုပြောဆိုထားပြီးဖြစ်သည်ကို သင့်အနေဖြင့် မှတ်မိရမည်။ နောင်တွင်၊ သင်သည် သာ၍ကြီးမားသော အတိဒုက္ခနှင့် သာ၍ကြီးမားသော ဒုက္ခဆင်းရဲကို ကြုံရလိမ့်မည်။ စုံလင်ခံရဖို့ဆိုသည်မှာ ရိုးရှင်းသောအရာ သို့မဟုတ် လွယ်ကူသောအရာတစ်ခု မဟုတ်။ အနည်းဆုံးအနေဖြင့်၊ ယောဘ၏ယုံကြည်ခြင်း သို့မဟုတ် သူ၏ယုံကြည်ခြင်းထက် သာ၍ပင် ကြီးမားသည့် ဖြစ်နိုင်သော ယုံကြည်ခြင်းကို သင်ပိုင်ဆိုင်ရမည်။ အနာဂတ်ရှိ စမ်းသပ်မှုများသည် ယောဘ၏ စမ်းသပ်မှုများထက် သာ၍ကြီးမားလိမ့်မည် ဖြစ်ပြီး၊ သင်သည် ရေရှည် ပြစ်တင်ဆုံးမခြင်းနှင့် ကြုံရဦးမည် ဖြစ်သည်ကို သင့်အနေဖြင့် သိသင့်သည်။ ဤသည်မှာ ရိုးရှင်းသည့်အရာတစ်ခုလော။ သင်၏ အရည်အချင်းသည် မတိုးတက်နိုင်ပါက၊ သင်၏ သိနားလည်နိုင်ခြင်း အစွမ်းအစသည် ချို့တဲ့နေပါက၊ ပြီးလျှင် သင်သည် အလွန်နည်းပါးစွာ သိပါက၊ ထိုအချိန်တွင် သင့်အနေဖြင့် မည်သည့်သက်သေမျှ ရှိလိမ့်မည်မဟုတ်ဘဲ ယင်းအစား ရယ်စရာတစ်ခု၊ စာတန်အတွက် ကစားစရာတစ်ခု ဖြစ်လာပေလိမ့်မည်။ အကယ်၍ သင့်အနေဖြင့် ရူပါရုံများကို ယခု မထိန်းသိမ်းနိုင်ပါက၊ သင်သည် အခြေခံအုတ်မြစ် မရှိသကဲ့သို့၊ အနာဂတ်တွင် ဖယ်ရှားခြင်းခံရပေလိမ့်မည်။ လမ်းကြောင်း၏ မည်သည့် ခရီးတစ်ထောက်မျှ လျှောက်လှမ်းဖို့ မလွယ်ကူသောကြောင့်၊ ဤအရာကို ပေါ့ပေါ့တန်တန် သဘောမထားလေနှင့်။ သင့်အနေဖြင့် ဤလမ်းကြောင်း၏ နောက်ဆုံး ခရီးတစ်ထောက်ကို မှန်ကန်စွာ လျှောက်လှမ်းနိုင်ဖို့အလို့ငှာ ဤအရာကို ယခု ဂရုတစိုက်ချိန်ဆလော့။ ဤသည်မှာ အနာဂတ်တွင် လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်ပြီး လူတိုင်း လျှောက်လှမ်းရမည့် လမ်းကြောင်း ဖြစ်သည်။ သင်သည် ဤအသိပညာကို အလေးဂရုမပြု မဖြစ်စေရ။ သင့်ကို ငါပြောဆိုသမျှသည် လေသာကုန်သည်ဟု မထင်လေနှင့်။ ထိုအရာအားလုံးကို ကောင်းကောင်းအသုံးချရမည့်နေ့ရက် ရောက်ရှိလာလိမ့်မည်- စကားများကို အချည်းနှီး ပြောဆိုထားခြင်း မရှိနိုင်ပေ။ ဤသည်မှာ မိမိကိုယ်ကိုယ် ပြင်ဆင်ရမည့်အချိန်၊ အနာဂတ်အတွက် လမ်းခင်းရမည့် အချိန် ဖြစ်သည်။ နောင်တွင် လျှောက်လှမ်းရမည့် လမ်းကြောင်းကို သင့်အနေဖြင့် ပြင်ဆင်သင့်သည်။ သင့်အနေဖြင့် အနာဂတ်တွင် မည်ကဲ့သို့ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ကို စိုးရိမ်ကာ ပူပန်သင့်ပြီး သင်၏အနာဂတ် လမ်းကြောင်းအတွက် ကောင်းကောင်း ပြင်ဆင်သင့်ပေသည်။ အစားကြူးပြီး ပျင်းရိခြင်း မရှိလေနှင့်။ သင်လိုအပ်သည့်အရာမှန်သမျှကို ရရှိနိုင် ဖို့အလို့ငှာ သင်၏အချိန်ကို အကောင်းဆုံး အသုံးချဖို့ တတ်နိုင်သမျှအရာ အားလုံးကို အပြည့်အဝ လုပ်ဆောင်ရမည်။ သင်နားလည်နိုင်ဖို့အလို့ငှာ ငါသည် သင့်ကို အရာခပ်သိမ်းပေးနေ၏။ သုံးနှစ်အောက် အချိန်ကာလတွင် ငါသည် အမှုအရာများစွာ ပြောဆိုခဲ့ပြီး များစွာသော အမှု ပြုခဲ့သည်ကို သင်တို့အနေဖြင့် မျက်ဝါးထင်ထင် မြင်တွေ့ကြပြီးဖြစ်၏။ ဤနည်းဖြင့် ငါအလုပ်လုပ်ခြင်း၏ အကြောင်းရင်းတစ်ခုမှာ လူတို့သည် အလွန်ချို့တဲ့ နေကြသောကြောင့် ဖြစ်ပြီး၊ နောက်အကြောင်းရင်းတစ်ခုမှာ အချိန်သည် တိုတောင်းလွန်းသောကြောင့် ဖြစ်သည်။ နောက်ထပ် မည်သို့မျှ အချိန်ဆွဲ၍ မဖြစ်ပေ။ လူတို့အနေဖြင့် သက်သေခံနိုင်ပြီး အသုံးပြုမခံနိုင်ရမီ၊ အတွင်းပိုင်း ပြည့်စုံသည့် ရှင်းလင်းမှုတစ်ခု ဦးစွာ ရရှိရမည်ဟု သင် စိတ်ကူးသည်- သို့သော် ယင်းမှာ နှေးကွေးလွန်းမည် မဟုတ်လော။ သို့ဆိုလျှင် ငါသည် အချိန်မည်မျှကြာ သင့်ကို အဖော်ပြုရမည်နည်း။ သင့်အနေဖြင့် ငါ အိုမင်းပြီး ဆံဖြူသည်အထိ သင့်ကို အဖော်ပြုစေမည်ဆိုပါက၊ ယင်းသည် ဖြစ်နိုင်မည်မဟုတ်။ သာ၍ကြီးမားသော အတိဒုက္ခကို ကြုံခြင်းဖြင့်၊ လူအပေါင်းတို့၏အတွင်းထဲ၌ စစ်မှန်သော သိနားလည်မှုကို ရရှိပေလိမ့်မည်။ ဤသည်တို့မှာ အမှု၏ အဆင့်များ ဖြစ်သည်။ သင်သည် ယနေ့ မိတ်သဟာယပြုသည့် ရူပါရုံများကို အပြည့်အဝ နားလည်ပြီး စစ်မှန်သော ဝိညာဉ်အသက်တာ ရရှိသည်နှင့် တစ်ပြိုင်နက်၊ အနာဂတ်တွင် သင်ကြုံရသည့် မည်သည့် အခက်အခဲမဆိုက သင့်ကို လွှမ်းမိုးလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို သင် ကြံ့ကြံ့ခံနိုင်လိမ့်မည် ဖြစ်သည်။ ငါသည် အမှု၏ ဤနောက်ဆုံးအဆင့်ကို ပြည်စုံစေပြီး၊ နောက်ဆုံး နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီးသောအခါ အနာဂတ်တွင် လူတို့သည် ကိုယ့်လမ်းကြောင်းကို ကိုယ်လျှောက်လှမ်းဖို့ လိုပေလိမ့်မည်။ ဤအချက်သည် ယခင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များကို ပြည့်စုံစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတစ်ဦးစီတိုင်းအတွက် စေခိုင်းချက် တစ်ရပ်နှင့် လူပုဂ္ဂိုလ် တစ်ဦးစီတိုင်းထဲတွင် လုပ်ဆောင်ရမည့် အမှုတစ်ခု ရှိ၏။ အနာဂတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းခံရလျက်၊ အယောက်တိုင်းသည် မိမိတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်းကို လျှောက်ကြလိမ့်မည်။ အတိဒုက္ခ ကြုံနေရချိန်တွင်၊ မည်သူသည် အခြားသူများကို ဂရုစိုက်ပေးနိုင်လိမ့်မည်နည်း။ တစ်ဦးချင်းစီတို့သည် မိမိတို့ကိုယ်တိုင်၏ ဒုက္ခဆင်းရဲ ရှိကြပြီး၊ အသီးသီးက မိမိတို့ကိုယ်တိုင်၏ ဝိညာဉ်အသက်တာ ရှိကြ၏။ တစ်ဦး၏ ဝိညာဉ်အသက်တာသည် အခြားမည်သူ၏ ဝိညာဉ် အသက်တာနှင့်မျှ မတူပေ။ ခင်ပွန်းသည်တို့သည် မိမိတို့ ဇနီးသည်များကို ဂရုစိုက်နိုင်လိမ့်မည် မဟုတ်၊ မိဘတို့သည် မိမိတို့သားသမီးများကို ဂရုစိုက်နိုင်မည် မဟုတ်ပေ။ မည်သူမျှ အခြားတစ်ဦးကို ဂရုစိုက်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းသည် အပြန်အလှန် ဂရုစိုက်မှုနှင့် အားပေးမှု ရှိနိုင်သေးသည့်အချိန်ဖြစ်သည့် ယခုအချိန်နှင့် တူလိမ့်မည် မဟုတ်ပေ။ ယင်းသည် လူအမျိုးအစားတိုင်းကို ဖော်ထုတ်သော အချိန်တစ်ခု ဖြစ်ပေလိမ့်မည်။ ဆိုလိုသည်မှာ၊ သိုးထိန်းများကို ဘုရားသခင်က ရိုက်သတ်လိုက်သောအခါ သိုးစုသည် ကွဲလွင့်ကုန် ကြလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်တို့သည် စစ်မှန်သော ခေါင်းဆောင်တစ်ဦးမျှ ရှိမည်မဟုတ်ပေ။ လူတို့သည် ကွဲပြားကြလိမ့်မည်- ယင်းသည် လူအစုအဝေး အဖြစ် သင်တို့ အတူတကွ စုဝေးလာနိုင်သောအချိန်ဖြစ်သည့် ယခုအချိန်နှင့် တူလိမ့်မည်မဟုတ်။ အနာဂတ်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မရှိသောသူတို့သည် မိမိတို့၏ စရိုက်မှန်ကို ပြသကြလိမ့်မည်။ ခင်ပွန်းသည်တို့သည် မိမိတို့ဇနီးမယားများကို ရောင်းစားကြ လိမ့်မည်၊ ဇနီးသည်များက မိမိတို့ ခင်ပွန်းသည်များကို ရောင်းစားကြလိမ့်မည်၊ သားသမီးများက မိမိတို့မိဘများကို ရောင်းစား ကြလိမ့်မည်ဖြစ်ပြီး မိဘများက မိမိတို့သားသမီးများကို ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်- လူ့စိတ်နှလုံးသည် နားလည် သဘောပေါက်၍ မရနိုင်ပေ။ လုပ်နိုင်သမျှမှာ လူတစ်ဦး အနေဖြင့် မိမိ၌ရှိသောအရာကို ထိန်းသိမ်းဖို့နှင့် လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို မှန်ကန်စွာ လျှောက်လှမ်းဖို့ ဖြစ်သည်။ ယခု၊ သင်တို့သည် ဤအရာကို ရှင်းလင်းစွာ မမြင်ကြ။ သင်တို့အားလုံး ရေရှည်ကို မကြည့်တတ်ကြပေ။ အမှု၏ဤအဆင့်ကို အောင်မြင်စွာ တွေ့ကြုံဖို့မှာ လွယ်ကူသောအရာ မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်လျှောက်လှမ်းသင့်ပုံ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၇၄)

လူအများစုသည် ၎င်းတို့၏ အနာဂတ် ပန်းတိုင်အတွက်၊ သို့မဟုတ် ခဏတာ ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့် ပြုပြင်ဆုံးမခြင်းကိုမျှ မခံယူကြသော ထိုသူတို့အတွက်မူ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့ ဝင်ရောက်ရန်အတွက်၊ ဆုလာဘ်များ ရရှိနိုင်ရန် အတွက်သာ ဖြစ်သည်။ ယင်းမှာ ပြီးပြည့်စုံလင်စေခြင်း ခံရရန်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် အတွက်လည်း မဟုတ်ပါ။ ပြောရမည်ဆိုလျှင် လူအများစုသည် ၎င်းတို့၏ ဝတ္တရားကို ဖြည့်ဆည်းရန် အလို့ငှာ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ပြည့်စုံစေရန် အလို့ငှာ ဘုရားသခင်အား ယုံကြည်ကြခြင်း မဟုတ်ပေ။ လူများသည် အဓိပ္ပာယ် ပြည့်ဝသော အသက်တာကို နေထိုင် နိုင်ရန် ဘုရားသခင်အား ယုံကြည်ကြသည်မှာ ကြုံတောင့် ကြုံခဲပင် ဖြစ်ပြီး၊ လူသည် အသက်ရှင်သည့်အတွက် သူသည် ဘုရားသခင်အား ချစ်သင့်သည်၊ အကြောင်းမှာ ယင်းသို့ ပြုခြင်းသည် ကောင်းကင်ဘုံ၏ ဥပဒေသနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်သောကြောင့် ဖြစ်ပြီး၊ ယင်းသည် လူ၏ ပင်ကိုယ် လုပ်ငန်းဆောင်တာပင် ဖြစ်သည်ဟူ၍ ယုံကြည်သော သူများလည်း မရှိပါ။ ဤသို့ကြောင့်၊ ကွဲပြားခြားနားသော လူများသည် အသီးသီး မိမိတို့၏ ပန်းတိုင်များကို မီအောင်လိုက်ကြ သော်လည်း၊ ၎င်းတို့ လိုက်ခြင်း၏ ရည်မှန်းချက်နှင့် ယင်းနောက်ကွယ်မှ ရည်ရွယ်ချက်မှာမူ အားလုံးအတူတူပင် ဖြစ်ကြသည်၊ ပြီးလျှင်၊ ထပ်ရှိသေးသည့် အရာမှာ၊ ၎င်းတို့ အများစုအတွက်မူ ၎င်းတို့ ဝတ်ပြုကိုးကွယ်သည့် အရာများမှာလည်း ထပ်တူပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ထောင်ချီများ အတွင်း၊ များစွာသော ယုံကြည်သူတို့သည် သေဆုံးခဲ့ကြပြီး ဖြစ်သည်၊ များစွာတို့ သည်လည်း သေဆုံးခဲ့လျက် တဖန်ပြန်လည် မွေးဖွားခဲ့ကြပြီး ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ရှာသောသူ တစ်ယောက် နှစ်ယောက်သာမဟုတ်၊ တစ်ထောင် နှစ်ထောင်ပင်လျှင် မဟုတ်ပေ၊ သို့သော် ဤလူအများစု၏ လိုက်ခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်အလားအလာများ၊ သို့မဟုတ် အနာဂတ်အတွက် ၎င်းတို့၏ ဘုန်းကျက်သရေ ရှိသော မျှော်လင့်ချက်များ အတွက်သာ ဖြစ်သည်။ ခရစ်တော်အား ဆည်းကပ်သော ထိုသူများမှာ အလွန်ပင် ရှားပါးသည်။ ဘုရားဝတ်၌ မွေ့လျော်သော ယုံကြည်သူ များစွာသည်ပင် ၎င်းတို့၏ ကိုယ်ပိုင် ကွန်များတွင် ကျော့မိလျက် သေဆုံးခဲ့ကြပြီး၊ ထို့အပြင် အောင်မြင်ခဲ့သော လူအရေအတွက်မှာ အလွန်ပင် သေးနုပ် လှသည်။ ယနေ့ကာလထိတိုင် လူများ ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းများ၊ သို့မဟုတ် ၎င်းတို့ အောင်မြင်မှု၏ လျှို့ဝှက်ချက်များကို ၎င်းတို့ မသိရှိကြသေးပေ။ ခရစ်တော်အား ဖွေရှာခြင်းကို စိတ်စွဲလမ်းကြသော ထိုသူများသည် ၎င်းတို့၏ ရုတ်ခြည်း ထိုးထွင်းဉာဏ်၏ အခိုက်အတန့်ကို မရရှိကြသေးပေ၊ ၎င်းတို့သည် ဤနက်နဲမှုများ ၏ အခြေသို့ မရောက်ရှိခဲ့ကြပေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် လုံးဝ မသိကြသောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ လိုက်ခြင်းတွင် အပတ်တကုတ် ကြိုးထုတ်မှုများ ပြုကြသော်ငြားလည်း၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် ယခင်က ၎င်းတို့၏ အရင်ကျသောသူများမှ လျှောက်ခဲ့သော ရှုံးနိမ့်မှု လမ်းကြောင်းပင် ဖြစ်ပြီး၊ အောင်မြင်မှု လမ်းကြောင်း မဟုတ်ပေ။ ဤသို့ဖြင့်၊ ၎င်းတို့သည် မည်မျှပင် ဖွေရှာသည် ဖြစ်စေ၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် အမှောင်ထုဆီသို့ ဦးတည်သည့် လမ်းကြောင်း ပင် မဟုတ်ပေလော။ ၎င်းတို့ ရရှိသည့် အရာမှာ ခါးသက်သော အသီးပင် မဟုတ်လော။ အတိတ် အချိန်များတွင် အောင်မြင်ခဲ့ကြသော ထိုသူများကို လိုက်တုကြသော လူများသည် အဆုံးတွင် ပေါကြွယ်မည်လော သို့မဟုတ် ဘေးဒုက္ခတွေ့မည်လော ဆိုသည်အား ခန့်မှန်းရန်မှာ ခက်ခဲပါသည်။ ထိုသို့ဆိုလျှင် ရှုံးနိမ့်ခဲ့သော သူများ၏ ခြေရာများနောက် လိုက်လျှောက်ရင်း ဖွေရှာကြသော သူများအတွက်မူ အောင်မြင်ကိန်းမှာ မည်မျှ ဆိုးရွားနေလိမ့်မည်နည်း။ ၎င်းတို့သည် သာ၍ ကြီးမားသည့် ရှုံးနိမ့်မှု အလားအလာပေါ်တွင် ရပ်နေခြင်းပင် မဟုတ်လော။ ၎င်းတို့ လျှောက်သော လမ်းကြောင်းတွင် မည်သည့် တန်ဖိုးရှိသနည်း။ ၎င်းတို့သည် ၎င်းတို့၏ အချိန်ကို ဖြုန်းနေခြင်းပင် မဟုတ်တုံလော။ လူများသည် ၎င်းတို့၏ လိုက်ခြင်းတွင် အောင်မြင်မည် သို့မဟုတ် ရှုံးနိမ့်မည် စသည်မရွေး၊ အတိုချုပ်ဆိုရလျှင်၊ ယင်းတွင် ၎င်းတို့ ထိုသို့ပြုခြင်း၏ အကြောင်းရင်းတစ်ခု ရှိပြီး၊ ၎င်းတို့၏ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် ၎င်းတို့ နှစ်သက်သလို ဖွေရှာမှုအားဖြင့် အဆုံးအဖြတ်ပေး သည် ဆိုသည်မှာ မမှန်ကန်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၇၅)

ဘုရားသခင်ကို လူ့ယုံကြည်ခြင်း၏ အခြေခံအကျဆုံးသော လိုအပ်ချက်မှာ သူ့တွင် ရိုးဖြောင့်သော နှလုံးသားရှိခြင်း၊ သူ့ကိုယ်သူ အပြည့်အဝ ဆက်ကပ်အပ်နှံခြင်းနှင့် စစ်မှန်စွာ နာခံခြင်းတို့ ဖြစ်သည်။ လူအတွက် အခက်ခဲဆုံးသောအရာမှာ စစ်မှန်သော ယုံကြည်ခြင်းနှင့် အလဲအလှယ်ပြုရာတွင် သူ၏အသက်တာ တစ်ခုလုံးကို ပေးရန်ပင် ဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် အလုံးစုံသော သမ္မာတရားကို ရရှိနိုင်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏တာဝန်ကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ ဤအရာသည် ရှုံးနိမ့်သော ထိုသူတို့မှ မရရှိနိုင်သည့် အရာပင် ဖြစ်ပြီး၊ ခရစ်တော်အား ရှာမတွေ့သော ထိုသူများအတွက်မူ သာ၍ပင် မရနိုင်စရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသည် မိမိကိုယ်မိမိ ဘုရားသခင်ထံ လုံးလုံးလျားလျား ဆည်းကပ်ခြင်း၌ မတော်သောကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ဖန်ဆင်းရှင်ထံ သူ၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒမရှိသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် သမ္မာတရားကို တွေ့ပြီးသော်လည်း ၎င်းကို ရှောင်ဖယ်လျက် မိမိ၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်ခြင်းကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ရှုံးနိမ့်ခဲ့သော ထိုသူတို့၏ လမ်းကြောင်းနောက် လိုက်ခြင်းဖြင့် အမြဲပင် ဖွေရှာသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် အမြဲပင် ကောင်းကင်ဘုံအား ဖီဆန် အန်တုသောကြောင့်ပင် ဖြစ်သည်၊ သို့အတွက်ကြောင့်၊ လူသည် အမြဲပင် ရှုံးနိမ့်ပြီး၊ စာတန်၏ လှည့်ကွက်၌ အမြဲပင် ကျရှုံးရကာ၊ မိမိ၏ ကိုယ်ပိုင် ကွန်တွင်ပင် ကျော့မိခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် လူသည် ခရစ်တော်ကို မသိသောကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် လူသည် သမ္မာတရားကို နားလည်ခြင်း နှင့် တွေ့ကြုံခြင်း၌ မကျွမ်းကျင်သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ပေါလုအား အလွန်တရာမှပင် ရိုသေပြီး ကောင်းကင်ဘုံအား အလွန်တရာမှပင် တပ်မက်သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် လူမှာ ခရစ်တော်သည် သူ့အား နာခံရန် အမြဲပင် တောင်းဆိုပြီး ဘုရားသခင်အားလည်း အပေါ်စီးမှ ပြောဆိုဆက်ဆံသောကြောင့် ဖြစ်သည်၊ သို့အတွက်ကြောင့် ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်ကြီးများနှင့် လောက၏ ပြောင်းလဲမှုဒဏ်ကို ကြုံတွေ့ခဲ့ရသော ထိုသူများသည် သေမျိုးများဖြစ်လျက်ပင် နေသေးပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှု အလယ်တွင် သေဆုံးလျက်ပင် ရှိသေးသည်။ ထိုသို့သော လူများကို ငါပြောနိုင်သည်မှာ ထိုသူတို့သည် ကြေကွဲဖွယ် သေဆုံးကြပြီး၊ ၎င်းတို့အတွက် အကျိုးဆက်ဖြစ်သည့် ၎င်းတို့၏ သေခြင်းမှာ တရားမမျှတမှု မရှိပေ။ ၎င်းတို့၏ ရှုံးနိမ့်မှုသည် ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာ သာ၍ပင် ဖြစ်သေးသည် မဟုတ်လော။ သမ္မာတရားသည် လူ့လောကကြီးမှ လာသော်ငြားလည်း၊ လူတို့ အကြားထဲမှ သမ္မာတရားသည် ခရစ်တော်မှ လက်ဆင့်ကမ်း ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ မူလအစပြုသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင် ကိုယ်တိုင်မှ မူလအစပြုခြင်းဖြစ်ပြီး၊ ဤသည်မှာ လူ တတ်နိုင်စွမ်းသော အရာတစ်ခု မဟုတ်ပေ။ သို့သော် ခရစ်တော်သည် သမ္မာတရား တစ်ခုတည်းကိုသာ ထောက်ပံ့ပေးသည်။ လူသည် ၎င်း၏ သမ္မာတရား ကို လိုက်ခြင်း၌ အောင်မြင်မှု ရှိလိမ့်မည်၊ မရှိလိမ့်မည်ကို ဆုံးဖြတ်ရန် ကြွလာခြင်း မဟုတ်ပေ။ သို့ကြောင့် ရလဒ်အနေနှင့် သမ္မာတရား၌ ရှုံးနိမ့်မှု သို့မဟုတ် အောင်မြင်မှုသည် လူ၏ လိုက်ခြင်းအပေါ်၌သာ လုံးလုံး မူတည်ပေသည်။ လူ၏သမ္မာတရား၌ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မည်သည့်အခါမျှပင် ခရစ်တော်နှင့် သက်ဆိုင်ခဲ့ခြင်း မရှိခဲ့ချေ၊ ထိုအစား ယင်းမှာ သူ၏ လိုက်ခြင်းအားဖြင့်သာ သတ်မှတ်ခံရခြင်း ဖြစ်သည်။ လူ၏ ပန်းတိုင်နှင့် သူ၏ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် ဘုရားသခင်၏ ခေါင်းအပေါ်တွင်သာ ပုံချထား၍ မရပေ၊ ထို့ကြောင့်ပင် ဘုရားသခင် ကိုယ်တိုင်သည် ယင်းအရာအား ခံယူရန် ပြုခဲ့သည်၊ အကြောင်းမှာ ဤအရေး ကိစ္စသည် ဘုရားသခင် ကိုယ်တိုင်အတွက် မဟုတ်ပဲ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါများမှ ထမ်းဆောင်သင့်သည့် တာဝန်နှင့် တိုက်ရိုက်ဆက်နွှယ်နေ၍ ဖြစ်သည်။ လူအများစုသည် ပေါလု၊ ပေတရုတို့၏ လိုက်ခြင်းနှင့် ပန်းတိုင်နှင့် ပတ်သက်၍ အသိတရား အနည်းငယ်သာ ရှိကြသည်၊ သို့သော်လည်း လူတို့သည် ပေတရုနှင့် ပေါလုတို့၏ ရလဒ်အဖြေထက် ပို၍ ဘာမျှ မသိကြပဲ၊ ပေတရု၏ အောင်မြင်မှု နောက်ကွယ်မှ လျှို့ဝှက်ချက်၊ သို့မဟုတ် ပေါလု၏ ရှုံးနိမ့်မှုကို ဦးတည်သွားစေသည့် ချို့တဲ့ချက်များနှင့် ပတ်သက်၍ အသိခေါက်ခက်လျက်ပင် ရှိသည်။ ထို့ကြောင့်၊ သင်တို့သည် ၎င်းတို့ လိုက်ခြင်း၏ အခြင်းအရာကို ထိုးဖောက် မြင်ခြင်းငှာ လုံးဝ မတတ်စွမ်းနိုင်ပဲ ရှိနေပါက၊ သင်တို့အများစု၏ လိုက်ခြင်းသည် ရှုံးနိမ့်ဦးမည်ပင် ဖြစ်ပြီး၊ သင်တို့အထဲမှ အရေအတွက် အနည်းငယ်သော သူတို့သည် အောင်မြင်ငြားသော်လည်း၊ ၎င်းတို့သည် ပေတရု နှင့် ညီမျှနိုင်သေးမည် မဟုတ်ပါ။ သင်လိုက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်သည် ဆိုလျှင်၊ သင့်တွင် အောင်မြင်ရန် မျှော်လင့်ချက် ရှိ၏။ သမ္မာတရားအား လိုက်ခြင်းတွင် သင်နင်းလျှောက်သော လမ်းကြောင်းသည် မှားယွင်းသော လမ်းကြောင်း ဖြစ်ပါလျှင်၊ သင်သည် အောင်မြင်ရန် ထာဝရ မတတ်စွမ်း နိုင်ပဲ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ပေါလုကဲ့သို့ပင် တူညီသော နိဂုံးကို ကြုံရမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၇၆)

ပေတရုသည်စုံလင်စေရန် ပြုခြင်းကို ခံခဲ့ရသော သူတစ်ယောက် ဖြစ်သည်။ ပြစ်တင်ဆုံးမမှု နှင့် တရားစီရင်ခြင်းကို ကြုံတွေ့ပြီး၊ ထိုသို့အားဖြင့် ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်း တစ်ခု ရရှိပြီးသည့် နောက်မှသာလျှင်၊ သူသည် ပြည့်ဝစွာ စုံလင်သွားခြင်း ဖြစ်သည်။ သူလျှောက်ခဲ့သော လမ်းကြောင်း သည် စုံလင်စေရန် ပြုပေးသည့် လမ်းကြောင်းဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ အစအဦးကတည်းက ပေတရု လျှောက်ခဲ့သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်ခဲ့ပြီး၊ ဘုရားသခင်အား ယုံကြည် ခြင်းအတွက် သူ၏ ရည်ရွယ်ချက်ုမှာလည်း မှန်ကန်သော ရည်ရွယ်ချက် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်၊ ထို့ကြောင့်ပင် သူသည် စုံလင်စေရန် ပြုခြင်းကို ခံရသောသူတစ်ယောက် ဖြစ်လာခဲ့ပြီး သူသည် လူတို့ မည်သည့်အခါကမျှ မလျှောက်ခဲ့သော အသစ်သော လမ်းကြောင်းတစ်ခုအပေါ် နင်းလျှောက်ခဲ့ခြင်း ဖြစ်သည်၊ သို့သော် ပေါလု အစအဦး ကတည်းက လျှောက်ခဲ့သော လမ်းကြောင်းမှာမူ ခရစ်တော်နှင့် ဆန့်ကျင်သော လမ်းကြောင်း ဖြစ်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်မှ သူ့အား အသုံးပြုရန် ဆန္ဒရှိခဲ့ခြင်းကြောင့် သာလျှင်၊ သူ၏ အလုပ်အတွက် ၎င်း၏ ဆုကျေးဇူးများနှင့် ၎င်း၏ ထူးချွန်မှုများ၏ အကျိုးကို ရယူရန် ဆန္ဒရှိခဲ့ခြင်းကြောင့် သာလျှင်၊ သူသည် ခရစ်တော်အတွက် ဆယ်စုနှစ် အချို့ကြာ အမှုထမ်းခဲ့ခြင်း ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှ အသုံးပြုခဲ့သော တစ်စုံတစ်ယောက်မျှသာ ဖြစ်ခဲ့ပြီး၊ ယေရှုမှ သူ၏ လူ့သဘာဝ အပေါ်တွင် အကောင်းမြင် ခဲ့သောကြောင့် သူသည်အသုံးခံခဲ့ရခြင်း မဟုတ်ပဲ၊ သူ၏ ဆုကျေးဇူးများကြောင့်သာ ဖြစ်သည်။ ယေရှုအတွက် သူအမှုထမ်းနိုင်ခဲ့ရခြင်းမှာ သူသည် ထိုးနှက်ခံခဲ့ရခြင်း ကြောင့်သာဖြစ်ပြီး၊ ထိုသို့လုပ်ရသည်ကို သူပျော်သောကြောင့် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်း ဖွင့်ပြခြင်းနှင့် လမ်းပြမှုကြောင့်သာ သူသည် ယင်းကဲ့သို့သော အလုပ်ကို ထမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ သူလုပ်ခဲ့သော အလုပ်မှာ မည်သို့နှင့်မျှ သူ၏ လိုက်ခြင်း သို့မဟုတ် သူ၏ လူ့သဘာဝကို ကိုယ်စားမပြုခဲ့ပါ။ ပေါလု၏ အလုပ်သည် အစေခံ တစ်ယောက်၏ အလုပ်ကိုသာ ကိုယ်စားပြုသည်၊ ပြောရမည်ဆိုလျှင် သူသည် တမန်တော်တစ်ဦး၏ အလုပ်ကိုသာ ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ပေတရုကမူ ကွဲပြားခြားနားသည်။ သူသည်လည်း အလုပ်တစ်ချို့ကို ထမ်းဆောင်ခဲ့သည်၊ သို့သော်လည်း ယင်းမှာ ပေါလု၏ အလုပ်ကဲ့သို့ မကြီးကျယ်ခဲ့ပေမဲ့ သူသည် မိမိ၏ကိုယ်ပိုင် ဝင်ရောက်ခြင်းအား လိုက်ခြင်းအကြားတွင် ထမ်းဆောင်ခဲ့ပြီး၊ သူ၏ အလုပ်မှာ ပေါလု၏ အလုပ်နှင့် ကွဲပြား ခြားနားသည်။ ပေတရု၏ အလုပ်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်းအား ကြိုးစားနေစဉ် မှလွဲ၍ သူသည် တမန်တော် တစ်ဦး၏ နေရာတွင် မထမ်းဆောင်ခဲ့ပါ။ ပေါလု၏ အလုပ်တွင်လည်း သူ၏ တကိုယ်ရည် လိုက်ခြင်း ပါဝင်ခဲ့သည်။ သူ၏ လိုက်ခြင်းသည် အနာဂတ်အတွက် သူ၏ မျှော်လင့်ချက်များနှင့် သူ၏ ကောင်းမွန်သော ပန်းတိုင်အား လိုချင်မှုတို့ အတွက်မှလွဲ၍ အခြားမည်သည့်အတွက်မှ မဟုတ်။ သူ၏ အလုပ်ကာလအတွင်း သူသည် စစ်ဆေးခြင်းအား မခံယူခဲ့သကဲ့သို့ သူသည် ဆုံးမခြင်းနှင့် ပြုပြင်ခြင်းကိုလည်း မခံယူခဲ့ပေ။ သူလုပ်သည့် အလုပ်သည် ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေနေသ၍၊ သူလုပ်သည့် အလုပ်သည် ဘုရားသခင်အား စိတ်ကျေနပ်စေနေသ၍၊ အဆုံးတွင် သူ့အား ဆုလာဘ်တစ်ခုမှ စောင့်ကြိုနေသည်ဟု သူ ယုံကြည်ခဲ့သည်။ သူ၏ အလုပ်ထဲတွင် ကိုယ်ပိုင် အတွေ့အကြုံများ မရှိခဲ့ပေ၊ အားလုံးမှာ သူ၏ ကိုယ်ကျိုး အတွက်သာဖြစ်ပြီး၊ ပြောင်းလဲခြင်းအား လိုက်ခြင်းအလို့ငှာ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပေ။ သူ့အလုပ်ထဲမှ အရာအားလုံးမှာ အရောင်းအဝယ်မျိုးသာ ဖြစ်ခဲ့ပြီး၊ ယင်းတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ဆက်ကပ် အပ်နှံခြင်း သို့မဟုတ် တာဝန် တစ်ခုမျှ မပါဝင်ပါ။ ပေါလု၏ အလုပ်ကာလ တစ်လျှောက်တွင်၊ သူ၏ ဟောင်းသော စိတ်သဘောထားထဲတွင် ပြောင်းလဲမှု ဘာမျှ မဖြစ်ပွားခဲ့ချေ။ သူ၏အလုပ်မှာ အခြားသူများအား အစေကျွန်ခံခြင်းမျှသာ ဖြစ်ခဲ့ပြီး၊ သူ၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများ ဖော်ဆောင်နိုင်ရန် မတတ်စွမ်းနိုင်ခဲ့ပေ။ ပေါလုသည် သူ၏ အလုပ်အား ပြီးပြည့်စုံလင်အောင် ပြုခံရခြင်း သို့မဟုတ် ဆုံးမခံရခြင်း မရှိပဲ တိုက်ရိုက် ထမ်းဆောင်ခဲ့ပြီး၊ သူသည် ဆုလာဘ်အားဖြင့် ရည်ရွယ်ချက်ရှိခဲခြင်း ဖြစ်သည်။ ပေတရုကမူ ကွဲပြားခြားနားသည်။ သူသည် ပြုပြင်ခြင်းနှင့် ဆုံးမခြင်းအား ခံယူခဲ့သူဖြစ်ပြီး၊ စစ်ဆေးခြင်းကို ခံယူခဲ့သူလည်း ဖြစ်သည်။ ပေတရုအလုပ်၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်သည် ပေါလု အလုပ်နှင့် အခြေခံအားဖြင့် ကွဲပြား ခြားနားသည်။ ပေတရုသည် အလုပ်ပမာဏ ကြီးမားစွာ မလုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူ၏ စိတ်သဘော ထားသည် ပြောင်းလဲမှုများစွာကို ခံယူခဲ့ရပြီး၊ သူဖွေရှာခဲ့သည့် အရာမှာလည်း သမ္မာတရားနှင့် စစ်မှန်သော ပြောင်းလဲမှုပင် ဖြစ်သည်။ သူ၏ အလုပ်အား အလုပ်ကိုယ်တိုင် အတွက်သာ ထမ်းဆောင်ခဲ့ခြင်း မဟုတ်ပေ။ ပေါလုသည် များစွာသော အလုပ်ကို လုပ်ခဲ့သော်ငြားလည်း၊ ယင်းတို့အားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များသာ ဖြစ်ခဲ့ပြီး၊ ပေါလုသည် ဤအလုပ်ထဲတွင် ပူးပေါင်းပါဝင်ခဲ့သော်လည်း၊ သူသည် ယင်းအရာကို မတွေ့ကြုံ မခံစားခဲ့ပေ။ ပေတရုသည် သာ၍နည်းသော အလုပ်ကို လုပ်ခဲ့ခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် သည် သူမှတစ်ဆင့် များစွာသော အလုပ်ကို မလုပ်ခဲ့သောကြောင့်သာ ဖြစ်သည်။ ၎င်းတို့အလုပ်၏ ပမာဏသည် ၎င်းတို့မှာ စုံလင်စေခြင်း ခံခဲ့ရသလော မခံခဲ့ရသလော အပေါ် ဆုံးဖြတ်သည်မဟုတ်။ တစ်ယောက်သောသူ၏ လိုက်ခြင်းမှာကား ဆုလာဘ်များ ရရန်အလို့ငှာ ဖြစ်ပြီး၊ အခြား တစ်ယောက်၏ လိုက်ခြင်းမှာမူ ဘုရားသခင်ကို အဆုံးစွန်သော ချစ်ခြင်းကို ရရှိနိုင်ရန်နှင့်၊ ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေရန်အတွက် ချစ်ခင်နှစ်သက်ဖွယ် ပုံရိပ်နှင့် သူနေထိုင်သွားနိုင်သည့် အတိုင်းအတာအထိ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်း ခြင်းဖြစ်သည်။ အပြင်ပန်းအရ ၎င်းတို့သည် ကွဲပြားခြားနားကြပြီး၊ ၎င်းတို့၏ အခြင်းအရာများသည်လည်း ကွဲပြားခြားနားကြသည်။ ၎င်းတို့ ဆောင်ရွက်ခဲ့သော အလုပ်ပမာဏကို အခြေခံလျက် ၎င်းတို့အထဲမှ မည်သူမှာ စုံလင်စေခြင်း ခံခဲ့ရသူ ဖြစ်သည်ကို သင်မဆုံးဖြတ်နိုင်ပါ။ ပေတရုသည် ဘုရားသခင် ချစ်ခင်သော လူတစ်ယောက်၏ ပုံရိပ်၊ ဘုရား သခင်အား နာခံသော သူတစ်ယောက်အဖြစ်၊ ပြုပြင်ခြင်းနှင့် ဆုံးမခြင်းကို လက်ခံသော သူတစ်ယောက်အဖြစ်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်းခဲ့သည့် လူတစ်ဦး အနေနှင့် နေထိုင်နိုင်ရန် ဖွေရှာခဲ့သည်။ သူသည် သူကိုယ်တိုင်၏ အလုံးစုံကို ဘုရားသခင်၏ လက်ထဲထည့်ထားရန်၊ သေဆုံးသည်အထိ သူ့အား နာခံနိုင်ရန် မိမိကိုယ်ကို ဘုရားသခင်ထံဆက်ကပ်နိုင်ခဲ့သည်။ ဤသည်မှာ သူ လုပ်ဆောင်ရန် အဓိဋ္ဌာန်ပြုထားသော အရာပင်ဖြစ်ပြီး၊ ထို့အပြင် သူပြီးမြောက် အောင်မြင်သွားသော အရာပင် ဖြစ်သည်။ သူ၏နိဂုံးသည် ပေါလု၏နိဂုံးနှင့် ကွဲပြားခြားနားရခြင်း၏ အခြေခံ အကြောင်းတရားမှာ ဤသည်ပင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်မှ ပေတရုအပေါ် ပြုခဲ့သည့် အလုပ်မှာ သူ့အား စုံလင်စေရန် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်မှ ပေါလုအပေါ် ပြုခဲ့သော အလုပ်မှာမူ သူ့အား အသုံးပြုရန်ပင် ဖြစ်သည်။ ယင်းကြောင့်ပင် ၎င်းတို့၏ သဘာဝများနှင့် လိုက်ခြင်းအပေါ် ထားရှိသည့် ၎င်းတို့၏ အမြင်များသည် မတူညီ ရခြင်း ဖြစ်သည်။ နှစ်ဦးစလုံးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း ရှိသည်။ ပေတရုသည် ဤအလုပ်အား မိမိကိုယ်ကိုအပေါ် အသုံးချပြီး၊ အခြားသူများ အတွက်လည်း ထောက်ပံ့ပေးသည်။ ပေါလု မှာမူ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း အလုံးစုံကို အခြားသူများ အတွက်သာ ထောက်ပံ့ပေးပြီး၊ ယင်းထဲမှ မိမိကိုယ်ကိုအတွက် ဘာမျှ မရယူခဲ့ပေ။ ဤသို့ဖြင့်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပြီးနောက်၊ ပေါလုအထဲမှ ပြောင်းလဲခြင်းသည် အမှန် တကယ်မရှိခြင်းနှင့် နီးစပ်နေသည်။ သူသည် သူ၏ ပင်ကိုယ်သဘာဝ အခြေအနေအတိုင်း ကျန်ရစ်လျက်ပင် ရှိနေခဲ့ပြီး၊ ယခင်က ပေါလုပင် ဖြစ်နေခဲ့သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ရင်း အခက်အခဲဒုက္ခကို ကြံ့ကြံ့ခံ ခဲ့ခြင်း၏ နောက်ပိုင်းတွင်၊ သူသည် မည်ကဲ့သို့ လုပ်ဆောင်ရမည်နှင့် မည်ကဲ့သို့ ကြံ့ကြံ့ခံရမည်ကို သင်ယူခဲ့ရ ခြင်းမျှသာ ဖြစ်ပြီး၊ သူ၏ အလွန်ပင် နိုင်လိုစိတ်ပြင်း၍ ကြေးစားသဘောရှိသော သဘောဝဖြစ်သည့် သူ၏ ပင်ကိုယ်သဘာဝ အဟောင်းမှာ ကျန်ရစ်လျက်ပင် ရှိသေးသည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်၊ သူ သည် မိမိ၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို မသိသကဲ့သို့၊ မိမိ၏ ဟောင်းသော စိတ်သဘောထား ကိုလည်း မစွန့်ပစ်ပဲ၊ ယင်းအရာသည် သူ၏ အလုပ်ထဲ၌ ရှင်းလင်းစွာ တွေ့မြင်နေခဲ့ရဆဲ ဖြစ်သည်။ သူ၏ အထဲတွင် အလုပ်အတွေ့အကြုံ ပိုများနေခဲ့ခြင်း မျှသာဖြစ်သည်၊ သို့သော် ထိုသေးနုပ်သော အတွေ့အကြုံ တစ်ခုတည်းသည် သူ့အား ပြောင်းလဲရန် တတ်စွမ်းနိုင်ခြင်း မရှိခဲ့၊ ပြီးလျှင် သူ့လိုက်ခြင်း၏ အရေးပါမှု သို့မဟုတ် တည်ရှိဖြစ်တည်မှုနှင့် ပတ်သက်သည့် သူ၏ အမြင်များကိုလည်း ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိခဲ့။ ခရစ်တော်အတွက် သူသည် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး၊ သခင်ယေရှုအား နောက်တစ်ဖန် မည်သည့် အခါမျှ မညှည်းဆဲတော့ သော်ငြားလည်း၊ သူ၏ နှလုံးသားတွင်မူ ဘုရားသခင်နှင့် ပတ်သက်၍ သူ၏ အသိ ပညာသည် ပြောင်းလဲခြင်း မရှိခဲ့ပေ။ ဤသည်မှာ သူသည် ဘုရားသခင်ထံ မိမိကိုယ်ကို ဆက်ကပ်ရန် အလို့ငှာ အမှုပြုခဲ့သည်ဟု မဆိုလိုဘဲ၊ ထိုအစား၊ သူ၏ အနာဂတ် ပန်းတိုင်အတွက် အတင်းအကျပ် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ အစအဦး၌ သူသည် ခရစ်တော်အား ညှဉ်းဆဲ ခဲ့ပြီး၊ ခရစ်တော်ထံ မဆက်ကပ် မအပ်နှံခဲ့သောကြောင့် ဖြစ်သည်။ သူသည် ပင်ကိုယ်ဗီဇအားဖြင့် ခရစ်တော် အား တမင်တကာ ညှဉ်းဆဲသော ပုန်ကန်သူတစ်ဦးဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ အသိပညာ မရှိသောသူ တစ်ယောက်ဖြစ်သည်။ သူ့အလုပ် အဆုံးသတ်ခါနီးတွင် သူသည် သန့်ရှင်း သော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိလျက်ပင် ရှိသေးပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို စိုးစဉ်းမျှပင် အမှုမထားပဲ၊ သူ၏ ပင်ကိုယ်သဘာဝနှင့် ကိုက်ညီသည့် သူ၏ သဘောအတိုင်းသာ ပြုမူခဲ့ခြင်းမျှ ဖြစ်သည်။ ထို့ကြောင့် သူ၏ သဘာဝသည် ခရစ်တော်နှင့် မသင့်မြတ်သော အရာပင်ဖြစ်ပြီး သမ္မာတရားအား နာခံခြင်းလည်း မရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းမှ စွန့်ပယ်ခြင်း ခံရသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိသူနှင့် ခရစ်တော်အားလည်း ဆန့်ကျင်သူဖြစ်သည့် ဤကဲ့သို့သောသူ တစ်စုံတစ်ယောက်သည် မည်သို့လျှင် ကယ်တင်ခံရမည်နည်း။ လူသည် ကယ်တင်ခံရမည်လော၊ မခံရမည်လော ဆိုသည်မှာ သူသည် အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် သူသည် မည်မျှ ဆည်းကပ်သည် တို့အပေါ်တွင် မူတည်နေခြင်း မဟုတ်ပဲ၊ ထိုအစား သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို သိ၊ မသိ၊ သူသည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း ရှိ၊ မရှိနှင့် လိုက်လျှောက်ခြင်းအပေါ် ထားရှိသော သူ၏ အမြင်များသည် သမ္မာတရားနှင့် ညီညွှတ်မှု ရှိ၊ မရှိ စသည်တို့နှင့်သာ သတ်မှတ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၇၇)

ပေတရုသည် ယေရှုနောက် စတင် လိုက်သည့် နောက်ပိုင်းတွင် သဘာဝဆိုင်ရာ ဖွင့်ပြခြင်းများ ရှိခဲ့သော်ငြားလည်း၊ သဘာဝအရ သူသည်၊ အစအဦးကတည်းက ခရစ်တော်အား ဖွေရှာရန် သန့်ရှင်းသော ဝိညာဉ်တော်ထံ ဆက်ကပ်အပ်နှံရန် ဆန္ဒရှိခဲ့သည် ဖြစ်သည်။ သူ၏ သန့်ရှင်းသော ဝိညာဉ်တော်အား နာခံခြင်းမှာ ဖြူစင်သည်။ သူသည် ကျော်ကြားမှုနှင့် ကြွယ်ဝမှုကို မဖွေရှာခဲ့ပဲ၊ ထိုအစား သမ္မာတရားအား နာခံခြင်းအားဖြင့် ရည်ရွယ်ချက်ရှိခဲ့သည်။ ပေတရုသည် ခရစ်တော်အား မသိဟု သုံးကြိမ်တိုင် ငြင်းဆိုခဲ့သည့် အချိန်များ ရှိခဲ့ သော်ငြားလည်း၊ သူသည် သခင်ယေရှုအား သွေးဆောင်ခဲ့ သော်ငြားလည်း၊ ထိုကဲ့သို့သော လူသား၏ ပါးလျသည့် အားနည်းမှုသည် သူ၏ သဘာဝနှင့် ဆက်နွှယ်နေခြင်း မရှိ၊ သူ၏ အနာဂတ် လိုက်ခြင်းကိုလည်း အကျိုးသက်ရောက်မှု မရှိသကဲ့သို့၊ သူ၏ သွေးဆောင်မှုမှာ အန္တိခရစ်၏ လုပ်ဆောင်ချက် ဖြစ်သည်ဆိုသည်အား လုံလောက်စွာ သက်သေပြနိုင်ခြင်းလည်း မရှိပေ။ ပုံမှန်လူသား အားနည်းချက်သည် လောကတစ်ဝှမ်းမှ လူအားလုံး၌ ရှိသည့်အရာ ဖြစ်ပြီး၊ သင်သည် ပေတရုအား ကွဲပြားခြားနားနေမည်ဟု မျှော်လင့်သလော။ ပေတရု သည် မိုက်မဲသော အမှားတစ်ချို့ လုပ်ခဲ့သည့်အတွက်ကြောင့် လူများသည် သူနှင့်ပတ်သက်သည့် အချို့သော အမြင်များ ကိုင်စွဲထားကြသည် မဟုတ်လော။ ပြီးလျှင် လူများသည် ပေါလုအား လေးမြတ်ကြသည်မှာ သူလုပ်ဆောင်ခဲ့သော အလုပ်အားလုံးကြောင့်နှင့် သူရေးသားခဲ့သော သြဝါဒစာစောင်များ အားလုံးကြောင့်ပင် မဟုတ်လော။ လူသည် အဘယ်နည်းနှင့် လူ၏ အနှစ်သာရကို ဖောက်ထွင်း၍ မြင်နိုင်ခြင်းငှာ တတ်စွမ်းနိုင် မည်နည်း။ အသိစိတ် အမှန်တကယ်ရှိသော ထိုသူများမှာ ထိုကဲ့သို့သော အရေးမပါသည့် အရာကို မြင်နိုင်ကြသည်မှာ သေချာ၏ မဟုတ်လော။ ပေတရု၏ နှစ်ပေါင်းများစွာကြာသော နာကျင်မှုများနှင့် ပြည့်နေသည့် အတွေ့အကြုံများသည် သမ္မာ ကျမ်းစာထဲတွင် မှတ်တမ်း မတင်ထားခဲ့သော်ငြားလည်း၊ ယင်းသည် ပေတရု၌ စစ်မှန်သော အတွေ့အကြုံများ မရှိခဲ့၊ သို့မဟုတ် ပေတရုသည် စုံလင်စေခြင်း မခံခဲ့ရဟု သက်သေမပြပေ။ ဘုရားသခင်၏ အလုပ်ကို လူမှ မည်သို့လျှင် ပြည့်ဝစွာ နားလည်ဉာဏ်မီနိုင်မည်နည်း။ သမ္မာကျမ်းစာထဲမှ မှတ်တမ်းများသည် ယေရှုမှ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့ခြင်းမဟုတ်ပဲ၊ နောက်ပိုင်း မျိုးဆက်များမှ စုဆောင်းပြုစု ထားခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာကျမ်းစာထဲ မှတ်တမ်းတင်ထားသည့် အရာများ အားလုံးသည် လူ၏ စိတ်ကူးအကြံနှင့် အညီသာ ရွေးချယ်ခဲ့ခြင်း မဟုတ်သလော။ ထို့အပြင် ပေတရုနှင့် ပေါလု၏ နိဂုံးများ အကြောင်းကို သြဝါဒစာများထဲတွင် ရှင်းလင်းစွာ မဖော်ပြထားချေ၊ ထို့ကြောင့် လူသည် ပေတရုနှင့် ပေါလုကို သူ၏ ကိုယ်ပိုင် ရှုထောင့်များအရနှင့် သူ၏ နှစ်သက်မှုများအရသာ အကဲဖြတ်သည်။ ပေါလုသည် အလုပ်များစွာကို လုပ်ဆောင် ခဲ့ပြီး၊ သူ၏ “ပံ့ပိုးပါဝင်မှု” သည်လည်း အလွန် ကြီးမြတ်ခဲ့သည့်အတွက်၊ သူသည် လူထု၏ ယုံကြည်ခြင်းကို ရခဲ့သည်။ လူသည် အပေါ်ယံအရာများကိုသာ အလေးပြုသည် မဟုတ်လော။ လူသည် အဘယ်နည်းနှင့် လူ၏ အနှစ်သာရကို ဖောက်ထွင်း၍ မြင်ခြင်းငှာ တတ်စွမ်းနိုင်မည်နည်း။ ပေါလုသည် ဝတ်ပြုကိုးကွယ်ခြင်း၏ အရာအဖြစ် နှစ်ပေါင်းထောင်ချီ ကြာအောင် ဖြစ်ခဲ့သည်ကို ထောက်သော်၊ မည်သူသည် သူ၏ အလုပ်အား မိုက်ကန်းစွာ ငြင်းပယ်ဝံ့မည်နည်း။ ပေတရုသည် တံငါသည်မျှသာ ဖြစ်ခဲ့သည်၊ ထို့အတွက် သူ၏ ပံ့ပိုးပါဝင်မှု သည် အဘယ်သို့လျှင် ပေါလုကဲ့သို့ ကြီးမြတ်နိုင် မည်နည်း။ ပံ့ပိုးပါဝင်မှုကို အခြေပြုလျှင်၊ ပေါလုသည် ပေတရုထက်အလျင် ဆုချခံရသင့်ပြီး၊ ဘုရားသခင်၏ မျက်နှာသာကို ရရှိရန် သာ၍ အရည်အချင်းပြည့်မီသော သူတစ်ယောက် ဖြစ်ခဲ့သင့်သည်။ သူ၏ ပေါလုအား ဆက်ဆံခြင်းတွင်၊ ဘုရားသခင်သည် သူ့အား သူ၏ ဆုကျေးဇူးများမှ တစ်ဆင့်သာ လုပ်ဆောင်စေခဲ့ပြီး၊ ပေတရုကိုမူ ဘုရားသခင်က စုံလင်စေခဲ့သည်ကို မည်သူက စိတ်ကူးမိမည်နည်း။ သခင်ယေရှုမှ ပေတရုနှင့် ပေါလုတို့အတွက် အစအဦးကတည်းမှ အစီအစဉ်များ ချမှတ်ခဲ့ခြင်း လုံးဝမဟုတ်ပါ။ ထိုအစား၊ သူတို့သည် စုံလင်စေခြင်းကို ခံရခြင်း သို့မဟုတ် ၎င်းတို့၏ ပင်ကိုယ် သဘာဝများအရ လုပ်ဆောင်စေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့မြင်သည့်အရာမှာ လူ၏ အပြင်ပန်း ပံ့ပိုးကူညီမှုများကိုသာ ဖြစ်ပြီး၊ ဘုရားသခင် မြင်သည့်အရာမှာမူ လူ၏ အနှစ်သာရ၊ အစအဦး ကတည်းက လူမှ မီအောင်လိုက်လျှောက်ခဲ့သည့် လမ်းကြောင်းနှင့် လူ၏ လိုက်ခြင်းနောက်ကွယ်မှ ရည်ရွယ်ချက်ကို ဖြစ်သည်။ လူတို့သည် လူတစ်ယောက်ကို ၎င်းတို့၏ အယူအဆများအရနှင့် ၎င်းတို့၏ ကိုယ်ပိုင် ရှုထောင့်များ အရသာ တိုင်းထွာသည်၊ သို့သော်ငြားလည်း လူတစ်ယောက်၏ နောက်ဆုံးနိဂုံးသည် သူ၏ အပြင်ပန်းအရာများ အားဖြင့် သတ်မှတ်ခံရသည် မဟုတ်ပေ။ ထို့ကြောင့် အစအဦးကတည်းမှ သင်လျှောက်သော လမ်းကြောင်း သည် အောင်မြင်မှု၏ လမ်းကြောင်း ဖြစ်ပြီး၊ လိုက်လျှောက်ခြင်းအပေါ် ထားရှိသော သင်၏ အမြင်ရှုထောင့်သည် အစ အဦးကတည်းမှ မှန်ကန်နေခဲ့ပါက၊ သင်သည် ပေတရုနှင့် တူသည်ဟု ငါပြောမည်။ အကယ်၍ သင် နင်းလျှောက်သော လမ်းကြောင်းသည် ရှုံးနိမ့်မှု၏ လမ်းကြောင်းဖြစ်ပါက၊ သင်သည် မည်ကဲ့သို့သော ပေးဆပ်မှုကို ပြုသည်ဖြစ်စေ၊ သင်၏ နိဂုံးသည် ပေါလု၏ နိဂုံးနှင့် အတူတူပင် ဖြစ်နေလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်နေစေကာမူ၊ သင်၏ ပန်းတိုင်နှင့်၊ သင်သည် ရှုံးနိမ့်မည် သို့မဟုတ် အောင်မြင်မည် ဟူသည့် နှစ်ခုလုံးသည်၊ သင်၏ ပေးဆပ်ခြင်းခြင်း၊ သို့မဟုတ် သင်ပေးဆပ်သော တန်ဖိုးထက်၊ သင်ဖွေရှာသည့် လမ်းကြောင်းမှာ မှန်ကန်သည့် အရာဟုတ်သည်၊ မဟုတ်သည် အားဖြင့်သာ သတ်မှတ်သည်။ ပေတရုနှင့် ပေါလု၏ အခြင်းအရာ များနှင့် သူတို့ အမီလိုက်လျှောက်ခဲ့သော ပန်းတိုင်များသည် ကွဲပြားခြားနားသည်။ လူသည် ထိုကဲ့သို့သော အရာများကို ဖွေရှာသိရှိရန် မတတ်စွမ်းနိုင်ပဲ၊ ၎င်းတို့ကို ဘုရားသခင်ကသာ ၎င်းတို့၏ အလုံးစုံအရ သိကျွမ်းနိုင်သည်။ အကြောင်းမှာ ဘုရားသခင်သည် လူ၏ အနှစ်သာရကို မြင်ပြီး၊ လူကမူ မိမိ၏ အခြင်းအရာနှင့် ပတ်သက်၍ ဘာမျှမသိ။ လူသည် လူ၏အတွင်းထဲရှိ အခြင်းအရာကို သို့မဟုတ် သူ၏ ဝိညာဉ်အသက်တာ အမှန်အား ရှုမြင်ခြင်းငှာ မတတ်စွမ်းနိုင်ချေ၊ ထို့ကြောင့် ပေါလုနှင့် ပေတရု၏ ရှုံးနိမ့်မှုနှင့် အောင်မြင်မှု၏ အကြောင်းရင်း ကို ခွဲခြားဖော်ထုတ်ခြင်းငှာ မတတ်စွမ်းနိုင်ပေ။ လူအများစုသည် ပေတရုကို မဟုတ်ပဲ ပေါလုကို ဝတ်ပြုကြ ရခြင်း၏ အကြောင်းရင်းမှာ ပေါလုအား အများပြည်သူ အလုပ်အတွက် အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပြီး၊ လူသည်လည်း ဤအလုပ်အား မှတ်ယူလေ့လာရန် တတ်စွမ်းနိုင်ကာ၊ သို့အတွက်ကြောင့် လူများသည် ပေါလု၏ “ပြီးမြောက် အောင်မြင်ခြင်းများ” ကို အသိအမှတ် ပြုကြခြင်း ဖြစ်သည်။ ပေတရု၏ အတွေ့အကြုံများမှာမူ လူ့အတွက် မမြင်နိုင်ပဲ၊ သူဖွေရှာခဲ့သော အရာမှာလည်း လူ့အနေနှင့် ရယူ နားလည်နိုင်ခြင်း မရှိသည့် အရာဖြစ်သည်၊ ထို့ကြောင့် လူသည် ပေတရု၌ စိတ်ဝင်စားခြင်း မရှိချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၇၈)

ပေတရုသည် စစ်ဆေးခြင်းနှင့် ဆုံးမခြင်းအား ကြုံတွေ့ခံစား ခဲ့ရခြင်းမှ တစ်ဆင့် ပြီးပြည့်စုံလင် စေခြင်းကို ခံခဲ့ရသည်။ သူက “ငါသည် အချိန်တိုင်းတွင် ဘုရားသခင်၏ လိုအင်အား ကျေနပ်စေရမည်။ ငါပြုသော အရာတိုင်း၌ ဘုရားသခင်၏ လိုအင် ကျေနပ်စေရန်သာ ငါ ရှာဖွေရပြီး ငါသည် ပြစ်တင်ဆုံးမ ခံရသည် ဖြစ်စေ၊ တရားစီရင် ခံရသည်ဖြစ်စေ၊ ထိုကဲ့သို့ ပြုရခြင်းကို ပျော်ရွှင်ဆဲပင် ဖြစ်သည်” ဟု ပြောခဲ့သည်။ ပေတရုသည် သူ၏ အလုံးစုံကို ဘုရားသခင်အား ပေးခဲ့ပြီး၊ သူ၏အလုပ်၊ စကားလုံးနှင့် အသက်တာ တစ်ခုလုံး သည် ဘုရားသခင်အား ချစ်ခြင်းအကြောင်းသာ ဖြစ်ခဲ့သည်။ သူသည် သန့်ရှင်းခြင်းကို ဖွေရှာသောသူ တစ်ယောက် ဖြစ်ခဲ့ပြီး၊ သူတွေ့ကြုံခံစားရလေလေ၊ သူ၏နှလုံးသားအတွင်း နက်ရှိုင်းရာရှိ ဘုရားသခင် အတွက် သူ၏ ချစ်ခြင်းသည် သာ၍ ကြီးလာလေဖြစ်သည်။ ပေါလုမှာမူ အပြင်ပန်း အလုပ်ကိုသာ လုပ်ဆောင် ခဲ့ပြီး၊ သူသည်လည်း ကြိုးစား လုပ်ဆောင်ခဲ့ သော်ငြားလည်း၊ သူ၏ အားထုတ်မှုမှာ သူ၏ အလုပ်အား သင့်တင့်စွာ လုပ်ဆောင်ရန် အလို့ငှာဖြစ်ပြီး ထိုမှဆုလာဘ်ရယူရန် ဖြစ်သည်။ သူသည် မည်သည့် ဆုလာဘ်မျှ ရရှိလိမ့်မည် မဟုတ်ဆိုသည်အား သိခဲ့ပါက၊ သူသည် သူ၏ အလုပ်အား လက်လျှော့ခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ပေတရု အလေးထားခဲ့သော အရာမှာမူ သူ၏ နှလုံးသားအတွင်းရှိ စစ်မှန်သော ချစ်ခြင်းကို ဖြစ်ပြီး၊ ထိုအရာ သည် လက်တွေ့ကျကာ ပြီးမြောက် အောင်မြင်နိုင်သည့် အရာလည်း ဖြစ်သည်။ သူသည် ဆုလာဘ် ရရှိလိမ့် မည်၊ မရရှိလိမ့်မည်ကို အလေးမထားခဲ့ပဲ၊ သူ၏ စိတ်သဘောထားသည် ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိကိုသာ အလေးထားခဲ့သည်။ ပေါလုသည် သာ၍ အလုပ်ကြိုးစားလုပ်ရန် အလေးထားခဲ့သည်၊ သူသည် အပြင်ပန်း အလုပ်နှင့် ဆက်ကပ်ခြင်းကိုသာ အလေးထားခဲ့ပြီး၊ ပုံမှန်လူများမှ မတွေ့ကြုံသည့် အယူဝါဒများကိုသာ အလေးထားခဲ့သည်။ သူ၏အတွင်း နက်ရှိုင်းရာတွင် ပြောင်းလဲမှုများနှင့် ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်း တို့ကို သူသည် ဘာမျှအလေးမထားခဲ့။ ပေတရု၏ အတွေ့အကြုံများမှာမူ စစ်မှန်သော ချစ်ခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သော သိခြင်းကို ရရှိအောင်မြင်ရန် အလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ အတွေ့အကြုံများသည် ဘုရားသခင်နှင့် သာ၍ နီးကပ်သော ဆက်ဆံရေးကို ရရှိရန်နှင့် လက်တွေ့ကျသော အသက်ရှင်ခြင်း ရှိရန်ပင် ဖြစ်ခဲ့သည်။ ပေါလု၏ အလုပ်မှာ ယေရှုမှ သူ့အား တာဝန်ပေး စေခိုင်းချက်ကြောင့်သာ ဖြစ်ပြီး၊ သူတောင့်တသော အရာများ ရရှိရန် အလို့ငှာ ဖြစ်သည်၊ သို့သော်ငြားလည်း ဤအရာများသည် သူကိုယ်တိုင်၏ အသိပညာနှင့် ဘုရားသခင်နှင့် ပတ်သက်၍ ဆက်နွှယ်နေခြင်း မရှိခဲ့ပေ။ သူ၏ အလုပ်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ လွတ်မြောက်ရန် အလို့ငှာသာ ဖြစ်ခဲ့သည်။ ပေတရု ဖွေရှာခဲ့သော အရာမှာ သန့်စင်သော ချစ်ခြင်းကို ဖြစ်ပြီး၊ ပေါလု ဖွေရှာခဲ့သော အရာမှာမူ ဓမ္မသရဖူကိုပင် ဖြစ်သည်။ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များကို နှစ်ပေါင်းများစွာ ကိုယ်တွေ့ကြုံခဲ့ရပြီး၊ ခရစ်တော်နှင့် ပတ်သက်၍ လက်တွေ့ကျသော အသိပညာရှိခဲ့ပြီး၊ မိမိကိုယ်တိုင်နှင့် ပတ်သက်၍ သိမ်မွေ့လေးနက်သော အသိပညာလည်း ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်အား သူ၏ချစ်ခြင်းမှာ သန့်စင်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသော စစ်ဆေးခြင်း သည် ယေရှုနှင့် အသက်တာနှင့် ပတ်သက်သည့် သူ၏ အသိပညာကို မြှင့်တင်ပေးခဲ့သည်၊ သူ၏ ချစ်ခြင်းသည် အခြေအနေအပေါ် မမူတည်သော ချစ်ခြင်းပင် ဖြစ်သည်၊ ယင်းမှာ အလိုအလျောက် ဖြစ်တည်လာသော ချစ်ခြင်းပင် ဖြစ်ပြီး၊ သူသည် မည်သည့်အရာကိုမျှ ပြန်၍ မတောင်းခဲ့ သကဲ့သို့၊ မည်သည့် အကျိုးအမြတ်ကို လည်း မမျှော်လင့်ခဲ့ပါ။ ပေါလုသည် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူသည် ခရစ်တော်နှင့် ပတ်သက်သည့် ကြီးမားသော အသိပညာကို မပိုင်ဆိုင်ခဲ့ပဲ၊ မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာ မှာလည်း သနားစဖွယ် သေးနုပ်လှသည်။ သူ၌ ခရစ်တော်အတွက် ချစ်ခြင်း လုံးဝမရှိ၊ သူ၏ အလုပ်နှင့် သူပြေးခဲ့သော ပြေးလမ်းသည် နောက်ဆုံး အောင်ပန်းကို ရရှိနိုင်ရန်အတွက်သာ ဖြစ်သည်။ သူဖွေရှာခဲ့သော အရာသည် အကောင်းဆုံးသော သရဖူကိုပင်ဖြစ်ပြီး၊ အသန့်စင်ဆုံး ချစ်ခြင်း မဟုတ်ခဲ့ပေ။ သူသည် တက်ကြွစွာ ဖွေရှာခြင်း မရှိခဲ့၊ သို့သော် တုန့်ပြန်မှု အလွန်ကင်းမဲ့စွာသာ လုပ်ဆောင်ခဲ့သည်။ သူသည် သူ၏ တာဝန်အား ထမ်းဆောင်နေခြင်း မဟုတ်ပဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းအားဖြင့် သိမ်းပိုက် ခံရပြီးနောက်ပိုင်း သူ၏ လိုက်လျှောက်ခြင်းတွင် မရအရ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လိုက်လျှောက်ခြင်း မှာ သူသည် ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ကို သက်သေ မပြပါ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါ တစ်ဦးဖြစ်သူမှာ ပေတရုပင် ဖြစ်သည်။ ဘုရားသခင်ကို ပံ့ပိုးကူညီမှု ပြုခဲ့သူ အားလုံးသည် ဆုလာဘ်အား လက်ခံရရှိသင့်သည်ဟု လူက ထင်သည်၊ ပံ့ပိုးကူညီမှု သာ၍ကြီးလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်နှာသာကို လက်ခံရရှိသင့်သည်ဟု သာ၍ ပေါ့တန်စွာ သဘောထားလေ ဖြစ်သည်။ လူ့ ရှုထောင့်၏ အနှစ်သာရသည် အပေးအယူသဘော ဆန်သည်၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရန် ဖွေရှာခြင်းလည်း မရှိချေ။ ဘုရားသခင် အတွက်မူ၊ လူများသည် ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းနှင့် ဘုရားသခင်အား အကြွင်းမဲ့ နာခံခြင်းကို ပို၍ ရှာလေလေ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဖွေရှာခြင်းကိုလည်း ဆိုလိုသည်၊ ဘုရားသခင်၏ မျက်နှာသာကို ပို ၍ ရလေလေ ဖြစ်သည်။ ဘုရားသခင်၏ ရှုထောင့်သည် လူအား သူ၏ နဂိုမူလ တာဝန်နှင့် အဆင့်အတန်းကို ပြန်လည်ရယူရန် အလို့ငှာ တောင်းဆိုရန် ဖြစ်သည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ကြောင့် လူသည် ဘုရားသခင်အား တောင်းဆို မှုများ ပြုခြင်းဖြင့် မိမိကိုယ်ကို စည်းမကျော်သင့်ပေ၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်အား ထမ်းဆောင်ခြင်းမှလွဲ၍ ဘာမျှ မလုပ်သင့်ပေ။ ပေါလုနှင့် ပေတရုတို့၏ ပန်းတိုင်များအား ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ခြင်း ရှိ၊ မရှိနှင့် တိုင်းထွာသည် ဖြစ်ပြီး၊ ၎င်းတို့၏ ပံ့ပိုးကူညီမှု အရွယ်အစားအရ တိုင်းထွာသည် မဟုတ်ပေ။ ၎င်းတို့၏ ပန်းတိုင်များသည် အစအဦးကတည်းမှ ၎င်းတို့ ဖွေရှာခဲ့သော အရာနှင့်အညီ သတ်မှတ်ခံရသည် ဖြစ်ပြီး၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်များနှင့် သတ်မှတ်သည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းပင်ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်း၏ လမ်းကြောင်းကို ဖွေရှာခြင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်းပင် ဖြစ်သည်။ တစ်ယောက်သောသူ၏ ဟောင်းသော စိတ်သဘောထားအတွင်း ပြောင်းလဲမှုများနှင့် ဘုရားသခင်ကို သန့်စင် သော ချစ်ခြင်းကို ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အောင်မြင် မှုဆီသို့ လမ်းကြောင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ နဂိုမူလ အသွင်အပြင်နှင့် နဂိုမူလ တာဝန်တို့ကို ပြန်လည်ရယူနိုင်မည့် လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်လည်ရယူသည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းသည် အစအဦးမှစ၍ အဆုံးတိုင်အောင် ဘုရားသခင် အလုပ်အားလုံး၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ အကယ်၍ လူ၏ လိုက်ခြင်းသည် မိမိ၏ အတောမသတ်နိုင်သော တောင်းဆိုမှုများနှင့် ယုတ္တိ ကင်းမဲ့သော တောင့်တခြင်းများနှင့် စွန်းထင်းနေပါက၊ ပြီးမြောက်အောင်မြင်သည့် ရလဒ်သည် လူ၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းများ ဖြစ်လိမ့်မည် မဟုတ်။ ဤအရာသည် ပြန်လည်ရယူသည့် အလုပ်နှင့် ဆန့်ကျင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လုပ်ဆောင်သည့် အလုပ် ဧကန်မုချ မဟုတ်ပေ၊ ထို့ကြောင့် ဤကဲ့သို့သော လိုက်ခြင်းမျိုးသည် ဘုရားသခင်၏ နှစ်သက်သည့်အရာမျိုး မဟုတ်ကြောင်း သက်သေပြနေသည်။ ဘုရားသခင်မှ မနှစ်သက်သော လိုက်လျှောက်ခြင်းသည် အဘယ်အရေးပါမှု ရှိမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၇၉)

ပေါလု ဆောင်ရွက်ခဲ့သည့် အလုပ်သည် လူ၏ရှေ့တွင် ထုတ်ဖော်ပြသခြင်း ခံရသည်၊ သို့သော် သူ၏ ဘုရားသခင်အား ချစ်ခြင်းမှာမူ မည်မျှ သန့်စင်သနည်း၊ သူ့နှလုံးထဲ နက်ရှိုင်းရာ၌ ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမှာ မည်မျှ ရှိသနည်း စသည့်အရာများကိုမူ လူတို့ မမြင်နိုင်ကြပေ။ လူသည် သူဆောင်ရွက်ခဲ့သော အလုပ်များကိုသာ မြင်တွေ့နိုင်ပြီး၊ ထိုအရာမှ လူသည် ဤသူမှာ သန့်ရှင်းသော ဝိညာဉ်တော်မှ အမှန်ပင် အသုံးပြုခြင်း ခံရသော သူတစ်ယောက် ဖြစ်သည်ကို သိသည်၊ ထို့ကြောင့် ပေါလုသည် ပေတရုထက် သာလွန် သည်ဟု လူက ထင်သည်၊ သူသည် အသင်းတော်များကို ထောက်ပံ့ပေးနိုင် ခဲ့သည့်အတွက် သူ၏ အလုပ်မှာ သာ၍ ကြီးမြတ်သည်ဟု ထင်သည်။ ပေတရုသည် သူ၏ ကိုယ်ပိုင် အတွေ့အကြုံများကိုသာ ကြည့်သည်၊ သူ၏ ရံဖန်ရံခါ လုပ်ဆောင်သော အလုပ်အတောအတွင်း လူအနည်းငယ်ကို ရယူနိုင်ခဲ့သည်။ သူ့ထံမှလာသော လူသိနည်းသည့် သြဝါဒစာစောင် အနည်းငယ်မျှသာ ရှိသည်၊ သို့သော်လည်း သူ၏ နှလုံးသားအတွင်း နက်ရှိုင်း ရာ၌ ရှိသည့် ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမှာ မည်မျှပင် ကြီးမြတ်သည်ကို မည်သူသိမည်နည်း။ နေ့စဉ် ရက်ဆက် ပေါလုသည် ဘုရားသခင်အတွက် လုပ်ဆောင်ခဲ့သည်။ ပြီးမြောက်ရမည့် အလုပ် ရှိနေသရွေ့၊ သူ လုပ်ဆောင်ခဲ့သည်။ ဤနည်းလမ်းဖြင့် သူသည် သရဖူအား ရရှိနိုင်ပြီး၊ ဘုရားသခင်အား ကျေနပ်စေနိုင်မည်ဟု ခံစားခဲ့ရသည်၊ သို့သော်ငြားလည်း သူ၏ အလုပ်မှတစ်ဆင့် သူကိုယ်တိုင် ပြောင်းလဲရန်အတွက် နည်းလမ်းများကိုမူ သူသည် မဖွေရှာခဲ့ချေ။ ပေတရု အသက်တာထဲတွင် ဘုရားသခင်၏ လိုအင်ကို မကျေနပ်စေသည့် အရာ မည်သည့်အရာမဆို သူ့အား မသက်မသာ ခံစားရစေသည်။ အကယ်၍ ယင်းအရာသည် ဘုရားသခင်၏ လိုအင်ကို မကျေနပ်စေပါက၊ သူသည် နောင်တကြီးစွာ ခံစားရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေရန် သူကြိုးစားနိုင်မည့် သင့်လျော်သော နည်းလမ်းများကို သူရှာလိမ့်မည် ဖြစ်သည်။ သူ့ အသက်တာ၏ အသေးငယ်ဆုံးနှင့် အရေးမပါဆုံးသော ရှုထောင့်များ၌ပင်လျှင် သူသည် ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေရန် မိမိကိုယ်ကို လိုအပ်တောင်းဆိုခဲ့သည်။ သူ၏ ဟောင်းသော စိတ်သဘောထားနှင့် ပတ်သက်လာလျှင် သူသည် အတိအကျပင် လုပ်ဆောင်ခဲ့ပြီး၊ သမ္မာတရားအတွင်းသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားနိုင်ရန် မိမိကိုယ်ကိုမိမိ လိုအပ်တောင်းဆိုမှုများ၌ သူသည် သာ၍ပင် ပြင်းပြင်းထန်ထန် ပြုမူ ခဲ့သည်။ ပေါလုသည် အပေါ်ယံဆန်သော ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ဖွေရှာခဲ့သည်။ လူ၏ရှေ့တွင် မိမိကိုယ်ကိုမိမိ ကြွားဝါနိုင်ရန် သူဖွေရှာခဲ့ပြီး၊ အသက်တာ၏ ဝင်ရောက်မှုတွင် သာ၍ နက်ရှိုင်းသော တိုးတက် သွားခြင်းကို လုပ်ဆောင်ရန် သူသည် မဖွေရှာခဲ့ပေ။ သူအလေးထားသော အရာမှာ အယူဝါဒကိုသာ ဖြစ်ပြီး၊ လက်တွေ့သဘော မဟုတ်ပေ။ “ပေါလုမှာ ဘုရားသခင်အတွက် များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့ သော်လည်း၊ အဘယ့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ အောက်မေ့ခြင်းကို မခံရသနည်း။ ပေတရုသည် ဘုရားသခင်အတွက် အနည်းငယ်သော အလုပ်ကိုသာ လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များကို ကြီးစွာသော ပံ့ပိုးကူညီမှုလည်း မပြုခဲ့၊ ထိုသို့ဆိုလျှင် အဘယ့် အတွက်ကြောင့် သူသည် ပြီးပြည့်စုံလင်စေခြင်း ခံခဲ့ရသနည်း။” ဟု အချို့သူ များက ပြောကောင်းပြောကြလိမ့်မည်။ ပေတရုသည် ဘုရားသခင်အား အတိုင်းအတာ တစ်ခုအထိ ချစ်ခဲ့ပြီး၊ ယင်းအရာမှာ ဘုရားသခင်မှ လိုအပ်သည့် အရာဖြစ်သည်။ ဤကဲ့သို့သော သူများသာ သက်သေခံချက် ရှိပေသည်။ ထိုသို့လျှင် ပေါလုမှာကား အဘယ်နည်း။ ပေါလုသည် ဘုရားသခင် အား မည်သည့် အတိုင်းအတာအထိ ချစ်ခဲ့သည်ကို သင်သိသလော။ ပေါလု၏ အလုပ်မှာ မည်သည်အတွက် နည်း။ ပေတရု၏ အလုပ်မှာကော မည်သည်အတွက်နည်း။ ပေတရုသည် များစွာသော အလုပ်ကို မလုပ်ဆောင် ခဲ့ချေ၊ သို့သော် သူ၏ နှလုံးသားအတွင်း နက်ရှိုင်းရာတွင် အဘယ်အရာရှိသည်ကို သင်သိသလော။ ပေါလု၏ အလုပ်သည် အသင်းတော်များအား ထောက်ပံ့ခြင်းနှင့် နှီးနွယ်နေသည်။ ပေတရု ကြုံတွေ့ခံစားခဲ့ရသော အရာမှာမူ သူ၏ အသက်စိတ်သဘောထား အတွင်းမှ ပြောင်းလဲမှုများပင် ဖြစ်သည်။ သူသည် ဘုရားသခင်ကို ချစ်ခြင်းကို ကြုံတွေ့ခံစားခဲ့ရသည်။ ယခုတွင် သင်သည် ၎င်းတို့ အခြင်းအရာများ၏ ကွဲပြားခြားနား ချက်များကို သိသည့်အတွက်၊ အဆုံးတွင် မည်သူသည် ဘုရားသခင်အား စစ်မှန်စွာ ယုံကြည်ခဲ့ပြီး၊ မည်သူက ဘုရားသခင်အား စစ်မှန်စွာ မယုံကြည်ခဲ့သည်ကို သင်မြင်နိုင်ပေသည်။ ၎င်းတို့အထဲမှ တစ်ယောက်သည် ဘုရားသခင်အား စစ်မှန်စွာ ချစ်ခဲ့ပြီး၊ အခြားတစ်ယောက်မှာမူ ဘုရားသခင်အား စစ်မှန်စွာ ချစ်ခဲ့ခြင်း မရှိပေ။ တစ်ယောက်သော သူသည် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ ခံယူခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မခံယူခဲ့ပေ။ တစ်ယောက်သောသူသည် နှိမ့်ချစွာ အစေကျွန်ခံခဲ့ပြီး လူများမှ လွယ်ကူစွာ မှတ်မိသိရှိနိုင်ခြင်း မရှိခဲ့ချေ။ အခြားတစ်ယောက်သည် လူများ၏ ဝတ်ပြုခြင်းကို ခံရပြီး၊ ကြီးမြတ်သည့် ပုံရိပ်ရှိသည်၊ တစ်ယောက်သည် သန့်ရှင်းခြင်းကို ဖွေရှာခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မဖွေရှာခဲ့၊ သူသည် မသန့်စင်သော်ငြား လည်း၊ သူ၌ သန့်စင်သော ချစ်ခြင်းကို ပိုင်ဆိုင်ခြင်းမရှိခဲ့။ တစ်ယောက်သော သူသည် စစ်မှန်သော လူသား သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မပိုင်ဆိုင်ခဲ့။ တစ်ယောက်သောသူတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အသိစိတ် ပိုင်ဆိုင်ပြီး၊ အခြားတစ်ယောက်ကမူ မပိုင်ဆိုင်ခဲ့။ ဤသည်တို့မှာ ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာတို့ ကွဲပြားခြားနားချက်များပင် ဖြစ်သည်။ ပေတရု လျှောက်ခဲ့သော လမ်းကြောင်းသည် အောင်မြင်မှု၏ လမ်းကြောင်းဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်နှင့် ပုံမှန် လူသားသဘာဝကို ပြန်လည်ရယူခြင်းအား ပြီးမြောက် အောင်မြင်နိုင်မည့် လမ်းကြောင်းလည်း ဖြစ်သည်။ ပေတရုသည် အောင်မြင်သော သူအားလုံးကို ကိုယ်စားပြုသည်။ ပေါလု လျှောက်ခဲ့သော လမ်းကြောင်းမှာမူ ရှုံးနိမ့်မှု၏ လမ်းကြောင်းဖြစ်ပြီး၊ သူသည် ဘုရားသခင်အား စစ်မှန်စွာ မချစ်ပဲ၊ မိမိတို့ကိုယ်မိမိ အပေါ်ယံသာ ဆက်ကပ်အပ်နှံပြီး အသုံးခံသော သူအားလုံးကို ကိုယ်စားပြုသည်။ ပေါလုသည် သမ္မာတရားအား ပိုင်ဆိုင်ခြင်းမရှိသော ထိုသူအားလုံးကို ကိုယ်စားပြုသည်။ ပေတရု၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ သူသည် အရာခပ်သိမ်း၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စောဒကတက်ခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ စစ်ဆေးခြင်းအပါအဝင်၊ ကြီးစွာသောဒုက္ခနှင့် သူ့အသက်တာအတွင်း ချို့တဲ့မှုများကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အားချစ်ခြင်းကို မပြောင်းလဲနိုင်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်ကို အကြွင်းမဲ့သော ချစ်ခြင်းပင် မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးနှင့် ပတ်သက်သည့် တာဝန်ကို ဖြည့်ဆည်းခြင်းပင် မဟုတ်ပေလော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ဖြစ်စေ၊ သို့မဟုတ် ကြီးစွာသောဒုက္ခ၌ဖြစ်စေ၊ သင်သည် သေဆုံးသည်အထိ နာခံခြင်းကို ပြီးမြောက်အောင်မြင်ရန် အမြဲတတ်စွမ်းနိုင်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးမှ ပြီးမြောက်အောင်မြင်သင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ သန့်စင်မှုပင် ဖြစ်သည်။ အကယ်၍ လူသည် ဤမျှလောက်ထိ ပြီးမြောက်အောင်မြင်နိုင်လျှင်၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည်၊ ထို့ပြင် ဖန်ဆင်းရှင်၏ လိုအင်ကို ဤအရာထက် သာ၍ကျေနပ်စေနိုင်သည့်အရာ ဘာမျှမရှိတော့ချေ။ သင်သည် ဘုရားသခင်အတွက် လုပ်ဆောင်နိုင်သော်လည်း ဘုရားသခင်အား နာခံခြင်း မရှိပဲ၊ ဘုရားသခင်အား စစ်မှန်စွာ ချစ်ခြင်းငှာ မတတ်စွမ်းနိုင်ပဲ ရှိသည်ဟု စိတ်ကူးကြည့်ပါ။ ဤသို့လျှင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းနိုင်သည် သာမက၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းလည်း ခံရမည်ဖြစ်သည်၊ အကြောင်းမှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်ပြီး၊ ဘုရားသခင်အား နာခံခြင်းအား မတတ်စွမ်းနိုင်သော သူတစ်ယောက် ဖြစ်ကာ၊ ဘုရားသခင်အား နာခံခြင်း မရှိသော သူတစ်ယောက်လည်း ဖြစ်သည်။ ဘုရားသခင်အတွက် လုပ်ဆောင်ရန်သာ သင်သည် အလေးထားပြီး၊ သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းအား အလေးမထား၊ သို့မဟုတ် မိမိကိုယ်ကို သိခြင်းကိုလည်း အလေးမထားပေ။ သင်သည် ဖန်ဆင်းရှင်ကို မသိကျွမ်း၊ သို့မဟုတ် နားမလည်ပေ၊ ပြီးလျှင် ဖန်ဆင်းရှင်အား ချစ်ခြင်း သို့မဟုတ် နာခံခြင်း မရှိချေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူ တစ်ယောက် ဖြစ်သည်၊ ထိုကဲ့သို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၈၀)

တစ်ချို့သော လူများက “ပေါလုသည် ကြီးစွာ ပမာဏရှိသည့် အလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များအတွက် ကြီးစွာသော ဝန်ထုပ်များကို ထမ်းဆောင်ခဲ့ပြီး ၎င်းတို့အတွက် များစွာ ပံ့ပိုးကူညီ ပေးခဲ့သည်။ ပေါလု၏ သြဝါဒစာစောင် ဆယ့်သုံးစောင်သည် ကျေးဇူးတော်ခေတ်၏ နှစ်ပေါင်း ၂၀၀၀ ကို ထောက်မပေးခဲ့ပြီး၊ ခရစ်ဝင်ကျမ်း လေးကျမ်းနောက်တွင်သာ ဒုတိယနေရာကျသည်။ သူနှင့် မည်သူသည် နှိုင်းယှဉ်နိုင်မည်နည်း။ ယောဟန်၏ ဗျာဒိတ်ကျမ်းကို မည်သူကမျှ အနက်မဖွင့်နိုင်ပေ၊ ပေါလု၏ သြဝါဒ စာစောင်များမှာမူ အသက်တာကို ထောက်ပံ့ပေးပြီး၊ သူလုပ်ဆောင်ခဲ့သည့် အလုပ်သည် အသင်းတော်များကို အကျိုးဖြစ်ထွန်းစေသည်။ ထိုကဲ့သို့သော အရာများကို မည်သူက ပြီးမြောက် အောင်မြင်နိုင်ခဲ့မည်နည်း။ ပြီးလျှင် ပေတရုမှာ မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း” ဟူ၍ ပြောကြသည်။ လူမှ အခြားသူများအား တိုင်းထွာရာတွင်၊ ၎င်းတို့၏ ပံ့ပိုးကူညီမှုများ အရသာလျှင် ဖြစ်သည်။ ဘုရားသခင်မှ လူအား တိုင်းထွာသော အခါတွင်မူ၊ သူ၏ သဘာဝအရဖြစ်သည်။ အသက်တာအား ဖွေရှာသော ထိုသူများ အကြားတွင်၊ ပေါလုသည် မိမိ၏ အနှစ်သာရကို မသိသော သူတစ်ယောက် ဖြစ်သည်။ သူသည် မည်သို့မျှပင် နှိမ့်ချခြင်း သို့မဟုတ် နာခံခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သူ၏ အခြင်းအရာကိုလည်း မသိခဲ့ချေ။ ထို့ကြောင့် သူသည် အသေးစိတ်ကျသော အတွေ့အကြုံများကို မခံယူခဲ့သော သူတစ်ယောက် ဖြစ်ခဲ့ပြီး၊ သမ္မာတရားအား လက်တွေ့မကျင့်သုံးခဲ့သော သူတစ်ယောက်လည်း ဖြစ်ခဲ့သည်။ ပေတရုမှာမူ ကွဲပြားခြားနား သည်။ သူသည် သူ၏ မပြည့်စုံမှုများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားကို သိခဲ့သည်၊ ထို့ကြောင့် သူ့တွင် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်မည့် ကျင့်ဆောင်ခြင်း လမ်းကြောင်းရှိခဲ့သည်။ သူသည် အယူဝါဒသာ ရှိပြီး လက်တွေ့သဘောကို မပိုင်ဆိုင်သော ထိုသူများကဲ့သို့ မဟုတ်ချေ။ ပြောင်းလဲသော ထိုသူတို့သည် ကယ်တင်ခြင်း ခံရပြီးသည့် အသစ်သော လူများဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရား မီအောင်လိုက်ရာတွင် အရည်အချင်းမီကြသူများ ဖြစ်ကြသည်။ မပြောင်းလဲသော သူတို့သည် သဘာဝအရ ခေတ်ကုန် သွားသော ထိုသူများနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ကယ်တင်ခြင်း မခံပြီးသေးသော ထိုသူများပင် ဖြစ်ကြသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ရွံ့ရှာခြင်းနှင့် ငြင်းပယ်ခြင်း ခံရသော ထိုသူများပင် ဖြစ်ကြသည်။ ၎င်းတို့၏ အလုပ်မည်မျှပင် ကြီးမြတ်သည် ဖြစ်ပါစေ၊ ဘုရားသခင်၏ အောက်မေ့ခြင်းကို ၎င်းတို့ ခံရလိမ့်မည် မဟုတ်။ ဤအရာကို သင်သည် သင်၏ ကိုယ်ပိုင် လိုက်ခြင်းနှင့် နှိုင်းယှဉ်ကြည့်သောအခါ၊ အဆုံးတွင် သင်သည် ပေတရု သို့မဟုတ် ပေါလုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်မှာ ပကတိရှင်းနေပြီးသား ဖြစ်သင့်သည်။ သင်ဖွေရှာသော အရာတွင် သမ္မာတရား မရှိသေး ပါက၊ ပြီးလျှင် ယနေ့တွင်ပင်လျှင် သင်သည် ပေါလုကဲ့သို့ ထောင်လွှားပြီး မောက်မာဆဲ ဖြစ်ပါက၊ သူကဲ့သို့ပင် မိမိဂုဏ်အသရေအား ရွှန်းရွှန်းဝေအောင် ပြောဆိုပြီး ကြွားဝါဆဲ ဆိုပါက၊ သင်သည် ရှုံးနိမ့်သည့် ဆုတ်ယုတ် ပျက်စီးသူတစ်ယောက် ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ သင်သည် ပေတရုကဲ့သို့ပင် ဖွေရှာပြီး၊ သင်သည် ကျင့်ဆောင်မှုများနှင့် စစ်မှန်သည့် ပြောင်းလဲခြင်းများကို ဖွေရှာလျှင်၊ လိုအင်မကြီး သို့မဟုတ် မထောင်လွှားပဲ၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန် ဖွေရှာလျှင်၊ သင်သည် အောင်နိုင်ခြင်းကို ပြီးမြောက်သော ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး ဖြစ်ပေလိမ့်မည်။ ပေါလုသည် မိမိကိုယ်တိုင်၏ မနာခံခြင်းကို သိရန် မဆိုထားနှင့်၊ သူသည် မိမိ ကိုယ်တိုင်၏ အခြင်းအရာ သို့မဟုတ် ယိုယွင်းပျက်စီးခြင်းကို မသိချေ။ မည်သည့်အခါမျှပင် သူသည် သူ၏ ခရစ်တော်အား စက်ဆုပ်ဖွယ် ပမာမခန့်ပြုခြင်းကို မဖော်ပြခဲ့သကဲ့သို့၊ သူသည် အလွန်အမင်း နောင်တရခြင်း မရှိ။ အတိုချုပ် ရှင်းပြချက်ကိုသာ သူပေးခဲ့ပြီး၊ သူ၏ နှလုံးသားအတွင်း နက်ရှိုင်းရာတွင်မူ ဘုရားသခင်အား အကြွင်းမဲ့ ဆက်ကပ်အပ်နှံခြင်း မရှိခဲ့ချေ။ သူသည် ဒမာသတ်မြို့သို့ သွားရာလမ်းတွင် လဲကျခဲ့သော်လည်း၊ သူသည် မိမိ၏အတွင်းထဲ နက်ရှိုင်းရာကို မကြည့်ခဲ့ချေ။ သူသည် အလုပ်ဆက်လုပ် နေရရုံမျှနှင့် ရောင့်ရဲ နေခဲ့ပြီး၊ မိမိကိုယ်ကို သိခြင်းနှင့် သူ၏ ဟောင်းသော စိတ်သဘောထားအား ပြောင်းလဲခြင်းတို့ကို အရေးပါဆုံးသော ပြဿနာများအဖြစ် သူမမှတ်ယူခဲ့ချေ။ သမ္မာတရားအား ပြောကြားနေရရုံမျှနှင့်၊ သူ၏ ကိုယ်ပိုင် ဩတပ္ပစိတ်အတွက် အခြားသူများကို ကျွန်သဖွယ် ထောက်ပံ့ပေးနေရုံမျှနှင့်၊ သူ့ကိုယ်သူ ဖြေသိမ့်ရန်နှင့် အတိတ်မှ သူ၏ အပြစ်များကို မိမိဘာသာ ဖြေလွှတ်ရန် ခရစ်တော်၏ နောက်လိုက်များအား ထပ်၍ညှဉ်းဆဲမှု မပြုတော့ရုံမျှနှင့် သူသည် ကျေနပ်နေခဲ့သည်။ သူမီအောင်လိုက်ခဲ့သော ပန်းတိုင်သည် အနာဂတ် သရဖူနှင့် ခေတ္တခဏ အလုပ်ထက် ဘာမျှမပိုပေ၊ သူမီအောင်လိုက်ခဲ့သော ပန်းတိုင်သည် ကြွယ်ဝသော ကျေးဇူးတော်ပင် ဖြစ်သည်။ သူသည် လုံလောက်သော သမ္မာတရားကို မဖွေရှာခဲ့သကဲ့သို့၊ ယခင်က သူနားမလည်ခဲ့သော သမ္မာတရား အတွင်းသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားနိုင်ရန် အတွက်လည်း သူသည် မဖွေရှာခဲ့ပေ။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည် မှားယွင်းသည်ဟု ပြော၍ရပြီး၊ သူသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းကိုလည်း လက်မခံခဲ့ချေ။ သူ၏ လုပ်ဆောင်နိုင်ခြင်းသည် သူသည် မိမိကိုယ်တိုင်၏သဘာဝ သို့မဟုတ် အခြင်းအရာနှင့် ပတ်သက်၍ အသိပညာကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူ၏ ဂရုပြုမှုမှာ အပြင်ပန်း ကျင့်ဆောင်မှုများကိုပင် ဖြစ်သည်။ ထို့အပြင် သူကြိုးစားလုပ်ဆောင် ခဲ့သည့်အရာမှာ ပြောင်းလဲမှုအတွက် မဟုတ်ပဲ အသိပညာအတွက်သာ ဖြစ်သည်။ သူ၏ အလုပ်သည် ဒမာသတ်သို့ သွားရာလမ်းပေါ်တွင် ယေရှု ပေါ်လာခြင်း၏ ရလဒ်သာ လုံးဝဖြစ်သည်။ ယင်းမှာ သူသည် အလို အလျောက် လုပ်ဆောင်ရန် အဓိဋ္ဌာန်ပြုခဲ့သည့် အရာမျိုးမဟုတ်သကဲ့သို့၊ ယင်းမှာ သူသည် သူ၏ဟောင်းသော စိတ်သဘောထားကို ပြုပြင်ခြင်းအား လက်ခံပြီး နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အလုပ်လည်း မဟုတ်ချေ။ သူသည် မည်သို့ပင် လုပ်ဆောင်ခဲ့သည် ဖြစ်စေ၊ သူ၏ ဟောင်းသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ချေ၊ ထို့ကြောင့် သူ၏ အလုပ်သည် သူ၏အတိတ်မှ အပြစ်များကို ဖြေလွှတ်ခြင်း မရှိခဲ့ပဲ ထိုကာလမှ အသင်းတော် များအကြားတွင် အချို့သော အခန်းကဏ္ဍ၌ ပါဝင်ခဲ့ရုံမျှသာ ဖြစ်သည်။ ဤကဲ့သို့သော မိမိ၏ ဟောင်းသော စိတ်သဘောထား ပြောင်းလဲခြင်း မရှိသည့် လူတစ်ယောက်အနေနှင့်၊ ဆိုလိုသည်မှာ၊ ကယ်တင်ခြင်းအား မရရှိ သောသူ၊ သမ္မာတရားနှင့် သာ၍ မရှိသော သူတစ်ယောက်အနေနှင့်၊ သူသည် သခင်ယေရှုမှ လက်ခံသော ထိုသူများထဲမှ တစ်ယောက် ဖြစ်လာခြင်းငှာ လုံးဝ မတတ်စွမ်းနိုင်ပေ။ သူသည် ယေရှုခရစ်တော်အား ချစ်ခြင်း နှင့် ရိုသေလေးမြတ်မှုတို့နှင့် ပြည့်နေသည့် လူတစ်ယောက် မဟုတ်သကဲ့သို့၊ သူသည် သမ္မာတရားအား ဖွေရှာရာ၌ ကျွမ်းကျင်သော သူတစ်ယောက်လည်း မဟုတ်ပေ၊ လူ့ဇာတိခံယူခြင်း၏ ဆန်းကြယ်မှုကို ဖွေရှာ ခဲ့သော သူတစ်ယောက်ဆိုလျှင် သာ၍ မဖြစ်နိုင်ပေ။ သူသည် တစ်ပတ်ရိုက်ရာတွင် ကျွမ်းကျင်လိမ္မာသော သူတစ်ယောက်မျှသာ ဖြစ်ပြီး၊ မိမိထက် မြင့်သောသူများ သို့မဟုတ် သမ္မာတရားကို ပိုင်ဆိုင်သော သူများကို အလျှော့မပေးသော သူတစ်ယောက်မျှသာ ဖြစ်သည်။ သူနှင့် ဆန့်ကျင်နေသော လူများ သို့မဟုတ် အမှန်တရားများ သို့မဟုတ် သူနှင့် မသင့်မြတ်သော သူများ ကို သူသည် မနာလိုဝန်တိုသည်၊ ဆုကျေးဇူးခံစားရသော ထိုသူများနှင့် ကြီးမြတ်သော ပုံရိပ်ကို ကိုယ်စားပြုပြီး သိမ်မွေ့နက်နဲသည့် အသိပညာကို ပိုင်ဆိုင်ထားကြသည့် ထိုသူများကို သာ၍ နှစ်သက်သည်။ သူသည် မှန်သော လမ်းခရီးကို ဖွေရှာပြီး သမ္မာတရားမှလွဲ၍ မည်သည့် အရာကိုမျှ အလေးမထားသည့် ညံ့ဖျင်းသော လူများနှင့် သူသည် ထိတွေ့ဆက်ဆံခြင်း မရှိပဲ၊ ထိုအစား အယူဝါဒများကိုသာ ပြောဆိုကြသော ဘာသာရေး အဖွဲ့အစည်းများမှ အဆင့်မြင့်သည့် ပုဂ္ဂိုလ်များနှင့် ကြွယ်ဝသော အသိပညာကို ပိုင်ဆိုင်ထားကြသည့် သူများကိုသာ သူအလေးထားသည်။ သူ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သောအလုပ်အား ချစ်ခြင်းမရှိ၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော အလုပ်၏ လှုပ်ရှားခြင်းကိုလည်း အလေးမထားခဲ့ပေ။ ထိုအစား သူသည် ယေဘုယျ အမှန်တရားများထက် သာ၍မြင့်သော ထိုစည်းမျဉ်းများနှင့် အယူဝါဒများကိုသာ နှစ်သက်ခဲ့သည်။ သူ၏ မွေးရာပါ အနှစ်သာရထဲနှင့် သူဖွေရှာသည့် အရာ၏ အလုံးစုံတွင်၊ ဘုရားသခင်၏ အိမ်တော်ရှိ သစ္စာရှိသော အစေခံ သူ ဟု ခေါ်ဆိုခြင်း ခံရရန် မဆိုထားနှင့် သူသည် သမ္မာတရားအား မီအောင်လိုက်သော ခရစ်ယာန်တစ်ယောက်ဟု ခေါ်ဆိုခံ ရခြင်းငှာ မထိုက်တန်ပေ၊ အကြောင်းမှာ သူ၏ ကြောင်သူတော်စိတ်ဓာတ်သည် အလွန်ပင်များပြားပြီး၊ သူ၏ မနာခံမှုသည် အလွန်ပင် ကြီးကျယ်သောကြောင့် ဖြစ်သည်။ သူ့အား သခင်ယေရှု၏ အစေခံသူ တစ်ဦး အဖြစ် သိကြသော်ငြားလည်း၊ သူသည် ကောင်းကင်နိုင်ငံတော်၏ တံခါးဝကို ဝင်ရောက်ရန် လုံးဝ မထိုက်တန်၊ အကြောင်းမှာ အစအဦးမှ အဆုံးတိုင်အောင် သူ၏ လုပ်ဆောင်ချက်များသည် ဖြောင့်မတ်သည်ဟု ခေါ်ဆို၍ မရနိုင်သောကြောင့် ဖြစ်သည်။ သူ့အား ကြောင်သူတော် တစ်ယောက် မဖြောင့်မတ်သော အရာကို ပြုခဲ့သော သူဟုသာ မြင်၍ရသည်၊ သို့သော်လည်း သူသည် ခရစ်တော်အတွက် လုပ်ဆောင်ခဲ့သော သူတစ်ယောက် လည်း ဖြစ်သည်။ သူ့အား ဆိုးယုတ်သောသူဟု ခေါ်ဆို၍ မရသော်ငြားလည်း၊ မဖြောင့်မတ်သောအရာကို ပြုခဲ့သောသူဟူ၍ ကောင်းကောင်းခေါ်၍ ရသည်။ သူသည် များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်၊ သို့သော်ငြားလည်း သူလုပ်ဆောင်ခဲ့သည့် ပမာဏအပေါ်တွင် သူ့ကိုအကဲဖြတ်၍ မရပဲ၊ ၎င်း၏ အရည်အသွေး နှင့် အခြင်းအရာ အပေါ်တွင်သာ အကဲဖြတ်ရမည် ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ ဤကိစ္စရပ်၏ အခြေကို ရောက်နိုင်ရန် ဖြစ်နိုင်မည်ဖြစ်သည်။ သူသည် အမြဲတမ်း ယုံကြည်ခဲ့သည်မှာ- ငါသည် လုပ်ဆောင် ခြင်းငှာ တတ်စွမ်းနိုင်သည်၊ ငါသည် လူအများစုထက် သာလွန်သည်၊ ငါသည် မည်သူနှင့်မျှမတူပဲ သခင်၏ ဝန်ထုပ်ကို ထောက်ထားညှာတာပြီး၊ မည်သူမျှ ငါကဲ့သို့ နက်ရှိုင်းစွာ နောင်တရခြင်းမရှိ၊ အကြောင်းမှာ ကြီးစွာ သော အလင်းသည် ငါ့အပေါ် ထွန်းတောက်ခဲ့ပြီး၊ ငါသည် ကြီးစွာသော အလင်းကို မြင်ခဲ့ရသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ငါ၏ နောင်တတရားသည်အခြားမည်သူထက်မဆို သာ၍ နက်ရှိုင်းသည်- ဟူ၍ ဖြစ်သည်။ ထိုအချိန်တွင်၊ ဤအရာမှာ သူ၏ နှလုံးအတွင်း၌ တွေးသောအရာပင် ဖြစ်သည်။ သူ့အလုပ်၏ အဆုံးတွင် ပေါလုမှ “တိုက်လှန်ခြင်းကို ငါပြုပြီ၊ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ၊ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက်ရှိ၏” ဟု ပြောခဲ့သည်။ သူ၏ တိုက်လှန်ခြင်း၊ အလုပ်နှင့် လမ်းကြောင်းသည် ဓမ္မသရဖူအတွက် သက်သက်သာ ဖြစ်ပြီး၊ သူသည် တက်ကြွစွာ တိုးပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါ။ သူ၏ အလုပ်၌ သူသည် ဝတ်ကျေတမ်းကျေ မဟုတ်ခဲ့သော်ငြားလည်း၊ သူ့အလုပ်သည် သူ၏ အမှားများအတွက် အစားပြန်ပေးရန်၊ သူ့ သြတပ္ပစိတ်၏ စွပ်စွဲချက်များကို အစားပြန်ပေးရန် အလို့ငှာသာ ဖြစ်သည်။ သူသည် သူ၏ အလုပ်အား ပြီးဆုံး ရန်၊ ပြေးရသောလမ်းကို အဆုံးတိုင် ပြေးရန်နှင့် သူ၏ တိုက်လှန်ခြင်းကို ဖြစ်နိုင်သမျှ မြန်မြန် ပြုရန်သာ သူသည် မျှော်လင့်ပြီး၊ ထိုသို့အားဖြင့် သူတောင့်တသည့် ဓမ္မသရဖူအား သာ၍ မြန်ဆန်စွာ ရရှိနိုင်ရန် ဖြစ်သည်။ သူတောင့်တခဲ့သည့်အရာမှာ သူ၏ အတွေ့အကြုံများနှင့် စစ်မှန်သော အသိပညာနှင့်အတူ သခင်ယေရှုအား တွေ့ရန် မဟုတ်ခဲ့ပဲ၊ သူသည် သခင်ယေရှုနှင့် တွေ့သောအခါ သူ့အလုပ်မှ ရရှိခဲ့သော ဆုလာဘ်များကို လက်ခံ ရယူရန်အလို့ငှာ၊ သူ၏ အလုပ်ကို ဖြစ်နိုင်သမျှ မြန်မြန် ပြီးစီးရန်သာ ဖြစ်သည်။ သူသည် မိမိကိုယ်ကို နှစ်သိမ့် ရန်အတွက်၊ အနာဂတ်သရဖူနှင့် အလဲအလှယ်လုပ်ရာတွင် ညှိုနှိုင်းရန်အတွက် သူ၏ အလုပ်ကို အသုံးချ ခဲ့သည်။ သူဖွေရှာခဲ့သောအရာမှာ ဘုရားသခင် သို့မဟုတ် သမ္မာတရားလည်းမဟုတ်ပဲ၊ သရဖူကိုသာ ဖြစ်သည်။ အဘယ်သို့လျှင် ယင်းကဲ့သို့သော လိုက်ခြင်းသည် စံနှုန်းများနှင့် ကိုက်ညီနိုင်မည်နည်း။ သူ၏ ကြံရွယ်ချက်၊ သူ၏ အလုပ်၊ သူပေးဆပ်ခဲ့သော အဖိုးအခနှင့် သူ၏ ကြိုးထုတ်မှု အားလုံးစသည့် သူ၏ အံ့ဖွယ် စိတ်ကူးယဉ်မှု များသည် အားလုံးပျံ့နှံ့သွားခဲ့ပြီး၊ သူသည် သူကိုယ်တိုင်၏ လိုအင်များနှင့်အညီသာ လုံးလုံးလုပ်ဆောင်ခဲ့ သည်။ သူ၏ အလုပ်တစ်ခုလုံးတွင်၊ သူပေးဆပ်ခဲ့သော အဖိုးအခ၌ လိုလိုလားလားရှိခြင်း စိုးစဉ်းမျှပင် မရှိခဲ့ပါ။ သူသည် အပေးအယူ သဘောမျှသာ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ တာဝန်အား ထမ်းဆောင်ရန် သူ၏ ကြိုးထုတ်မှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပဲ၊ အပေးအယူ၏ ရည်ရွယ်ချက်ကို ရရှိနိုင်ရန် အတွက်သာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော ကြိုးထုတ်မှုများသည် ထိုက်တန်ခြင်း ရှိပါ၏လော။ သူ၏ မသန့်စင်သော ကြိုးထုတ်မှုများကို မည်သူက ချီးကျူးမည်နည်း။ ထိုကဲ့သို့သော ကြိုးထုတ်မှုများကို မည်သူက စိတ်ဝင်စားမည်နည်း။ သူ၏ အလုပ်သည် အနာဂတ်အတွက် အိပ်မက်များနှင့် ပြည့်နေပြီး၊ အံ့ဖွယ်အစီအစဉ်များနှင့် ပြည့်နေကာ၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲပေးရန်အတွက် လမ်းကြောင်း မပါရှိခဲ့ချေ။ ထို့ကြောင့် သူ၏ သဘောကောင်းမှု အများစုမှာလည်း ဟန်ဆောင်ခြင်းသာ ဖြစ်သည်။ သူ၏ အလုပ်သည် အသက်တာကို ထောက်ပံ့မပေးခဲ့ပဲ၊ ဖော်ရွေမှု အတုအယောင်ကိုသာ ထောက်ပံ့ ပေးခဲ့သည်။ ယင်းသည် အပေးအယူသဘော၏ လုပ်ဆောင်ချက်ပင် ဖြစ်သည်။ ဤကဲ့သို့သော အလုပ်မျိုး သည် အဘယ်သို့လျှင် လူကို သူ၏ နဂိုမူလ တာဝန်အား ပြန်လည်ရယူနိုင်မည့် လမ်းကြောင်းကို ဦးဆောင် ခေါ်သွားနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၈၁)

ပေတရုဖွေရှာခဲ့သည့် အရာခပ်သိမ်းမှာမူ ဘုရားသခင်၏ နှလုံးသားနှင့် အညီသာဖြစ်သည်။ ဘုရား သခင်၏ လိုအင်ကို ဖြည့်ဆည်းရန် သူဖွေရှာခဲ့ပြီး၊ နာကျင်ခံစားရမှုနှင့် အခက်အခဲတို့ မည်သို့ပင် ဖြစ်စေကာမူ၊ သူသည် ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် လိုလားလျက်ပင် ရှိသေးသည်။ ဘုရားသခင်၌ ယုံကြည်သူ တစ်ယောက်အတွက် သာ၍ ကြီးမြတ်သော လိုက်ခြင်းမရှိချေ။ ပေါလု ဖွေရှာခဲ့သည့်အရာမှာ သူ၏ ဇာတိ ပကတိ၊ သူကိုယ်တိုင်၏ အယူအဆများ၊ သူကိုယ်တိုင်၏ အစီအစဉ်များ၊ အကြံဉာဏ်များနှင့် စွန်းထင်းခဲ့ သည်။ သူသည် မည်သည့်နည်းနှင့်မျှ ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ခဲ့ပဲ၊ ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် ဖွေရှာသောသူ တစ်ယောက်လည်း မဟုတ်ချေ။ ပေတရုသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ဆက်ကပ်လိုက်နာရန် ဖွေရှာခဲ့ပြီး၊ သူပြုခဲ့သော အလုပ်သည် မကြီးမြတ်ခဲ့စေ ကာမူ၊ သူ၏ လိုက်ခြင်းနောက်ကွယ်မှ ရည်ရွယ်ချက်နှင့် သူလျှောက်ခဲ့သော လမ်းကြောင်းတို့မှာ မှန်ကန်ခဲ့သည်။ သူသည် လူများစွာကို မရရှိနိုင်ခဲ့သော်ငြားလည်း၊ သူသည် သမ္မာတရား၏ လမ်းခရီးကို ဖွေရှာနိုင်ခဲ့သည်။ ဤအချက်ကြောင့်ပင် သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ယနေ့ သင်သည် လုပ်ဆောင်သူတစ်ယောက် မဟုတ် လျှင်ပင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်နှင့်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အလုံးစုံကို ဆက်ကပ်နာခံရန် ဖွေရှာခြင်းငှာ တတ်စွမ်းနိုင်သင့်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် နာခံရန် တတ်စွမ်းနိုင်သင့်ပြီး၊ ကြီးစွာသော ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း အမျိုးမျိုးကို တွေ့ကြုံခံစားနိုင်သင့်သည်၊ သင်သည် အားနည်းသော်ငြားလည်း၊ သင်၏ နှလုံးသားထဲတွင် ဘုရားသခင်အား ချစ်ရန် တတ်စွမ်းနိုင်သင့်သည်။ မိမိတို့၏ ကိုယ်ပိုင် အသက်တာအတွက် တာဝန်ယူတတ်သော ထိုသူများသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားကြပြီး၊ ယင်းသို့သော လူများ၏ လိုက်ခြင်းအပေါ် ထားရှိသည့် ရှုထောင့်အမြင်မှာ မှန်ကန်သည့် အရာ ဖြစ်သည်။ ဘုရားသခင် လိုအပ်သော သူတို့မှာ ဤသူတို့ပင်ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်များစွာ လုပ်ဆောင်ကာ၊ အခြားသူများမှ သင်၏ သင်ပြချက်များကို ရယူနိုင်ကြသော်လည်း၊ သင်ကိုယ်၌ကမူ ပြောင်းလဲခြင်းမရှိပဲ၊ မည်သည့် သက်သေမျှ မခံယူလျှင်၊ သို့မဟုတ် စစ်မှန်သော မည်သည့် အတွေ့အကြုံမျှ မရှိလျှင်၊ ဤသည်အတွက် သင့်အသက်တာ၏ အဆုံးတွင် သင်တို့ထဲမှ မည်သူကမျှ သက်သေခံခြင်းအား မပြုရသေးလျှင်၊ သင်သည် ပြောင်းလဲပြီးသော သူတစ်ယောက် ဟုတ်ပါ၏လော။ သင်သည် သမ္မာတရားကို မီအောင်လိုက်သော သူတစ်ယောက်ပင်လော။ ထိုအချိန်က၊ သန့်ရှင်းသော ဝိညာဉ်တော်မှ သင့်ကို အသုံးပြုခဲ့သည်၊ သို့သော် သူသည် သင့်ကို အသုံးပြုသောအခါ၊ အလုပ်လုပ်ဖို့ အသုံးပြုနိုင်သည့် အပိုင်းကိုသာ အသုံးပြုခဲ့ပြီး၊ အလုပ်လုပ်ဖို့ အသုံးမပြုနိုင်သော အပိုင်းကိုမူ အသုံးမပြုခဲ့ချေ။ အကယ်၍ သင်သည် ပြောင်းလဲရန် ဖွေရှာပါက၊ သင်သည် အသုံးပြုခံရသည့် ဖြစ်စဉ်အတောအတွင်း တဖြည်းဖြည်းနှင့် ပြီးပြည့်စုံလင်စေခြင်း ခံခဲ့ရပေလိမ့်မည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်မှာ အဆုံး၌ သင်သည် ရယူခြင်းခံရမည်၊ မခံရမည် ဆိုသည်အတွက် တာဝန်မယူပါ၊ ဤအရာသည် သင်လိုက်ခြင်း၏ နည်းဟန်အပေါ်တွင် မူတည်သည်။ သင်၏ ကိုယ်ပိုင် စိတ်သဘောထားအတွင်း မည်သည့် ပြောင်းလဲခြင်းမှ မရှိပါက၊ ဤသည်မှာ လိုက်ခြင်းအပေါ် ထားရှိသော သင်၏ ရှုထောင့်အမြင်သည် မှားယွင်းနေသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့် ဆုလာဘ်မှ အပ်နှင်းမခံရပါက၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ပြဿနာသာ ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော် သင်ကိုယ်တိုင်သည် သမ္မာတရားအား လက်တွေ့ မကျင့်သုံးခဲ့သည့် အတွက်၊ ဘုရားသခင်၏ လိုအင် ကို ဖြည့်ဆည်းရန် မတတ်စွမ်းနိုင်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သင်ကိုယ်တိုင်၏ အတွေ့အကြုံများထက် မည်သည့်အရာကမျှ သာ၍ အရေးမကြီးချေ၊ သင်ကိုယ်တိုင်၏ ဝင်ရောက်မှုထက် မည်သည့်အရာကမျှ သာ၍ အရေးမပါချေ။ အဆုံးတွင် အချို့သော လူများသည် “အကျွန်ုပ်သည် ကိုယ်တော့်အတွက် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပါပြီ၊ တခမ်းတနား အောင်မြင်မှုတို့ မရှိကောင်း မရှိနိုင် သော်ငြားလည်း၊ အကျွန်ုပ် သည် အကျွန်ုပ်၏ အားထုတ်ခြင်း၌ လုံ့လစိုက်ခဲ့ပါ၏။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်ပေး၍ မရသလော” ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါနှစ်သက်သည်ကို သင်သိရမည်။ မသန့်စင်သော ထိုသူများအား နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြု၊ မသန့်စင်သော ထိုသူများအား သန့်ရှင်းသောမြေကို ညစ်ညူးစေရန် အခွင့်မပြု။ သင်သည် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ သော်ငြားလည်း၊ အဆုံး၌ သင်သည် ဆိုးရွားစွာပင် ညစ်ညမ်းနေဆဲ ဖြစ်မည်ဆိုပါက၊ သင် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။ လောကကြီးအား အုတ်မြစ်ချသည့် အချိန်မှစ၍ ယနေ့အထိ၊ မည်သည့်အခါမျှပင် ငါသည် ငါ့အား မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်ခွင့်ကို မပေးခဲ့။ ဤအရာသည် ကောင်းကင်ဆိုင်ရာ စည်းမျဉ်းပင် ဖြစ်ပြီး၊ ယင်းအား မည်သူမျှ မချိုးဖောက်နိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့၊ ပြီးပြည့် စုံလင်စေခြင်း ခံရမည့် ထိုသူများသည် ပေတရုကဲ့သို့သော သူများပင် ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိကြသူများ ဖြစ်ကြသည်။ ယင်းကဲ့သို့သော လူများသာလျှင် ပြီးပြည့်စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ ကြည့်ပြီး၊ သင့်ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မရှာဖွေပါလျှင်၊ သင်၏ ကြိုးစားအားထုတ်မှု အားလုံးသည် အချည်းနှီး သက်သက်သာ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ ဤအရာမှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၈၂)

ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာများ၌ ကွဲပြားခြားနားမှုမှ အသက်အား မီအောင်လိုက်ခြင်း မရှိသော ထိုသူများ အားလုံးသည် အချည်းနှီးပင် ရုန်းကန်ကြသည် ဆိုခြင်းအား သင် နားလည်သင့်သည်။ သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားကို ပစ်ပယ်သင့် ပြီး၊ ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် ဖွေရှာရမည် ဖြစ်ကာ၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်လျက် နောက်ကိုလိုက်သောကြောင့်၊ သင်သည် အရာခပ်သိမ်းကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှု များကို မလုပ်ဆောင်သင့်ပဲ၊ ဘုရားသခင်၏ လိုအင်အား ဖြည့်ဆည်းခြင်းကို သင်ပြီးမြောက် အောင်မြင်သင့်သည်။ သင်သည် ဖန်ဆင်းခြင်း ခံထားရသည့်အတွက်၊ သင့်အား ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်သည်၊ အကြောင်းမှာ သင်သည် ပင်ကိုအားဖြင့် မိမိအပေါ်မိမိ အုပ်စိုးခြင်း မရှိသောကြောင့် ဖြစ်ပြီး၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်ရန် တတ်စွမ်းနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော သူတစ်ယောက် ဖြစ်သည့်အတွက်၊ သင်သည် သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို သင်သည် စောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာအား ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို စည်းမကျော်ရပေ။ ဤသည်မှာ သင့်အား ကန့်သတ် ချုပ်ထိန်းရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ထားရန် မဟုတ်ပဲ၊ ဤသည်မှာ လမ်းကြောင်းဖြစ်ပြီး၊ ယင်းမှတစ်ဆင့် သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်ကာ၊ ဖြောင့်မတ်ခြင်းကို ပြုသော ထိုသူအားလုံးတို့မှ ပြီးမြောက် အောင်မြင်သင့်သည့်၊ ပြီးမြောက် အောင်မြင်နိုင်သည့် အရာဖြစ်သည်။ ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာများကို သင်သည် နှိုင်းယှဉ်ကြည့်ပါလျှင်၊ သင်သည် မည်ကဲ့သို့ ဖွေရှာ သင့်သည်ကို သိပေလိမ့်မည်။ ပေတရုနှင့် ပေါလုတို့ လျှောက်ခဲ့သော လမ်းကြောင်းများတွင်၊ တစ်ခုသည် စုံလင်စေခြင်းကို ခံရခြင်း၏ လမ်းကြောင်းဖြစ်ပြီး၊ တစ်ခုမှာ သုတ်သင်ပယ်ရှင်းခြင်း၏ လမ်းကြောင်း ဖြစ်သည်။ ပေတရုနှင့် ပေါလုသည် ကွဲပြားခြားနားသော လမ်းကြောင်းနှစ်ခုကို ကိုယ်စားပြုသည်။ အသီးသီး သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို လက်ခံရရှိခဲ့ပြီး၊ အသီးသီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို ရရှိခဲ့ကာ၊ အသီးသီးသည် သခင်ယေရှုမှ ၎င်းတို့ကို တာဝန်ပေး စေခိုင်းခဲ့သည့် အရာကို လက်ခံခဲ့သော်ငြားလည်း၊ တယောက်စီတွင် သီးလာသော အသီး မှာမူ မတူညီပေ။ တစ်ဦးသည် စစ်မှန်စွာ အသီးသီးပြီး၊ အခြားတစ်ဦးမှာမူ မသီးချေ။ ၎င်းတို့၏ အခြင်းအရာ များမှ၊ ၎င်းတို့မှ အပြင်ပန်းသဏ္ဌာန်အားဖြင့် ဖော်ပြခဲ့သည့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်နှင့်၊ ၎င်းတို့၏ နောက်ဆုံးနိဂုံးများမှ၊ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်ရမည်၊ မည်သည့် လမ်းကြောင်းကို သင် ရွေးချယ် လျှောက်လှမ်းရမည်ကို သင်နားလည်သင့်သည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြားနားသော လမ်း ကြောင်း နှစ်ခုကို လျှောက်ခဲ့ကြသည်။ ပေါလုနှင့် ပေတရုတို့သည် လမ်းကြောင်း အသီးသီး၏ စံနမူနာပင် ဖြစ်သည်၊ ထို့ကြောင့် အစအဦးကတည်းက ၎င်းတို့သည် ဤလမ်းကြောင်းနှစ်ခုအား ပုံဆောင်ပြရန် ရွေးထုတ် ခံရခြင်း ဖြစ်သည်။ ပေါလု အတွေ့အကြုံများ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ အဘယ့် ကြောင့် သူသည် မအောင်မြင်ခဲ့ရသနည်း။ ပေတရု အတွေ့အကြုံ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ သူသည် စုံလင်စေခြင်းကို အဘယ်သို့လျှင် တွေ့ကြုံခံစားခဲ့ရသနည်း။ ၎င်းတို့ အသီးသီး အလေးထားသည့် အရာကို သင်နှိုင်းယှဉ်ကြည့်လျှင်၊ ဘုရားသခင်သည် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး အတိအကျကို လိုအပ်တောင်းဆိုသည်ကို သင်သိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်သည် အဘယ်အရာ ဖြစ်သည်၊ ဘုရားသခင်၏ စိတ်နေသဘောထားသည် အဘယ်အရာ ဖြစ်သည်၊ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး သည် အဆုံးတွင် စုံလင်စေခြင်း ခံရမည်နှင့်၊ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် စုံလင်စေခြင်း မခံရမည် အပါအဝင်၊ စုံလင်စေခြင်း ခံရမည့် ထိုသူများ၏ စိတ်သဘောထားသည် အဘယ် အရာဖြစ်သည်နှင့် စုံလင်စေခြင်း မခံရမည့် ထိုသူများ၏ စိတ်သဘောထားသည် အဘယ်အရာ ဖြစ်သည် စသည့် ဤကိစ္စရပ်များ၏ အခြင်းအရာကို ပေတရုနှင့် ပေါလု၏ အတွေ့အကြုံများထဲတွင် မြင်တွေ့ နိုင်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေရန် ပြုပြီး၊ သူ၏ အုပ်စိုးမှုသို့ ဆက်ကပ်နာခံစေရန် ပြုသည်။ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲ အုပ်ချုပ်မည် ဖြစ်ပြီး၊ ထို့အတွက် အရာခပ်သိမ်းသည်လည်း သူ၏ လက်ထဲတွင် ရှိသည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်များနှင့် မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက် ရမည် ဖြစ်သည်။ ၎င်းတို့တွင် မည်သည့် ရွေးချယ်မှုမျှ မရှိနိုင်ပဲ၊ သူ၏ စီစဉ်ညွှန်ကြားမှုများထံ အရာအားလုံး ဆက်ကပ်နာခံ ရမည်။ ဤသည်မှာ ဘုရားသခင်၏ အမိန့်တော်ပင် ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာလည်း ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ အရာခပ်သိမ်း အသီးသီးကို ၎င်းတို့ ၏ အမျိုးအစားနှင့်အညီ သတ်မှတ်ပြီး အစီစဉ်တကျ ထားကာ အဆင့်အတန်း သတ်မှတ်ပေးသည်၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ၎င်းတို့၏ ကိုယ်ပိုင် နေရာကို ခွဲဝေပိုင်းခြားပေးသည်။ ယင်းသည် မည်မျှပင် ကြီးမြတ် နေပါစေ၊ မည်သည့်အရာကမျှ ဘုရားသခင်ထက် မသာလွန်နိုင်ပါ၊ အရာခပ်သိမ်းသည် ဘုရားသခင်မှ ဖန်ဆင်း ခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား မနာခံရန် သို့မဟုတ် ဘုရားသခင်အား တောင်းဆိုမှုများ ပြုရန် မဝံ့ရဲကြပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်။ လူသည် အရာခပ်သိမ်း၏ ယာယီအခွင့်အာဏာရှိသူ သို့မဟုတ် သခင်ဟူ၍ မည်သို့ပင် ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းတွင် လူ၏ အဆင့်အတန်းသည် မည်မျှပင် မြင့်မားနေ စေကာမူ၊ သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားသတ္တဝါမျှသာ ရှိသေးပြီး၊ အရေး မပါသော လူသားသတ္တဝါ တစ်ဦးထက်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် ဘာမျှ မပိုပဲ၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်ကို ရောက်နိုင်လိမ့်မည် မဟုတ်။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေနှင့် လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းငှာ ဖွေရှာ သင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုလုပ်ပဲ ဘုရားသခင်အား ချစ်ခြင်းငှာ ဖွေရှာသင့်သည်၊ အကြောင်း မှာ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သောကြောင့် ဖြစ်သည်။ ဘုရားသခင်အား ချစ်ခြင်းငှာ ဖွေရှာသော ထိုသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူတို့၏ ပုဂ္ဂိုလ်ရေး တောင့်တ ချက်များကို မဖွေရှာသင့်ပေ။ ဤသည်မှာ လိုက်လျှောက်ခြင်း၏ အမှန်ကန်ဆုံးသော နည်းစနစ်ပင် ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပြီး၊ သင်လက်တွေ့ ကျင့်ဆောင်သော အရာသည်လည်း သမ္မာတရား ဖြစ်ကာ၊ သင်ရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းဖြစ်သည် ဆိုပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းပင် ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးများ ဖြစ်ပြီး၊ သင်လက်တွေ့ ကျင့်ဆောင်သော အရာသည် သင့်ကိုယ်ပိုင် အယူ အဆများ၏ အမှန်တရားသာ ဖြစ်လျှင်၊ သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်း ဘာမျှ မရှိလျှင်၊ သင်သည် ဇာတိပကတိထဲမှ ဘုရားသခင်အား လုံးဝ နာခံခြင်းမရှိလျှင်၊ သင်သည် မရေရာမှုအထဲ၌သာ နေထိုင် လျက် ရှိနေသေးလျှင်၊ သင်ဖွေရှာသော အရာသည် သင့်အား ငရဲသို့ ဧကန်မုချပင် ခေါ်သွားမည် ဖြစ်သည်၊ အကြောင်းမှာ သင်လျှောက်သော လမ်းကြောင်းသည် ရှုံးနိမ့်မှု၏ လမ်းကြောင်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည်၊ သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည် ဆိုသည်မှာ သင်ကိုယ်တိုင်၏ လိုက်လျှောက်ခြင်းအပေါ်တွင် မူတည်နေသည်၊ ပြောရမည်ဆိုလျှင် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

အရှေ့သို့- အသက်အတွင်း ဝင်ရောက်မှု (၂)

နောက်တစ်ခုသို့- အသက်အတွင်း ဝင်ရောက်မှု (၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား

သင်တို့ အားလုံးသည် သင်တို့ကဲ့သို့အတန်းစားဖြစ်သော ပိုမိုငယ်ရွယ်သည့် မျိုးဆက်များကို ဩဝါဒပေးရင်းနှင့် ၎င်းတို့ အားလုံးကို သင်တို့နှင့်အတူ...

နိဂုံးအမှာစကား

ဤနှုတ်ကပတ်များသည် ဘုရားသခင်၏ ဖော်ပြချက်များ အလုံးစုံ ဖွဲ့စည်းပါဝင်ခြင်းမရှိသော်လည်း၊ ယင်းတို့သည် လူများအတွက် ဘုရားသခင်အား သိကျွမ်းခြင်း၏...

အခန်း ၁၃

ငါ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များအတွင်းတွင် ငါ၏ရည်ရွယ်ချက်များစွာ ကွယ်ဝှက်ထား၏၊ သို့သော် လူတို့သည် ဤအရာများထဲမှ...

စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

အမှန်အားဖြင့် ယခု လုပ်ဆောင်နေသော အမှုမှာ လူတို့အား ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းဖြစ်သော စာတန်ကို စွန့်လွှတ်စေရန် ဖြစ်သည်။...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။