အသက်အတွင်း ဝင်ရောက်မှု (၄)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၈၃)

ဘုရားသခင်ကို သင်အဘယ်ကြောင့် ယုံကြည်သနည်း။ လူအများစုသည် ဤမေးခွန်းအပေါ် ဝေခွဲမရဖြစ်ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်နှင့် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အကြောင်း လုံးဝ မတူညီသည့် ရှုထောင့်အမြင်နှစ်ခု အမြဲရှိကြသည်၊ ယင်းက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည်မှာ နာခံဖို့အလို့ငှာ မဟုတ်ဘဲ၊ အကျိုးအမြတ်တစ်ခုခု ရရှိရန် သို့မဟုတ် ကပ်ဘေးဒုက္ခက ယူဆောင်လာသည့် ဆင်းရဲဒုက္ခကို ရှောင်တိမ်းရန် ဖြစ်သည်ကို ပြသပေသည်။ ထိုအခါမှသာ ၎င်းတို့သည် အတော်အတန် နာခံမှုရှိကြလေသည်။ ၎င်းတို့၏ နာခံမှုမှာ အခြေအနေ အပေါ် မူတည်၏။ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင်တက်လမ်းအတွက် ဖြစ်ပြီး၊ ၎င်းတို့အပေါ် အတင်းအကျပ် နာခံစေသည့်အတွက် ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို တကယ် အဘယ့်ကြောင့် ယုံကြည်သနည်း။ ယင်းသည် သင်၏ တက်လမ်းနှင့် သင်၏ ကံကြမ္မာအတွက် လုံးဝဥဿုံ ဖြစ်ပါက၊ သင် လုံးဝ မယုံကြည်လျှင် သာ၍ ကောင်းပေမည်။ ဤသို့သော ယုံကြည်ခြင်းသည်၊ မိမိကိုယ်ကိုယ် လှည့်ဖြားခြင်း၊ မိမိကိုယ်ကိုယ် စိတ်ချမှုရှိစေခြင်းနှင့် မိမိကိုယ်ကိုယ် လေးစားမှု ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကို နာခံခြင်း အုတ်မြစ်အပေါ် တည်ဆောက်မထားပါက၊ သင်သည် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် ပြစ်ဒဏ်ပေးခံရလိမ့်မည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်အား နာခံရန် မကြိုးစားသူများ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ကြ၏။ လူတို့သည် ဘုရားသခင်ကို နာခံမှု ရရှိစေရန်အလို့ငှာ၊ သမ္မာတရားကို ရှာဖွေဖို့၊ သူ၏ နှုတ်ကပတ်တော်များကို ဆာငတ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင် တောင်းဆိုလေသည်။ ဤအရာများသည် သင်၏ စစ်မှန်သော ရည်ရွယ်ချက်များ ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ ချီးမြှောက်မည်ဖြစ်ပြီး သင့်အပေါ် ဧကန်မုချ ကျေးဇူးပြုလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ယုံမှားသံသယရှိဖွယ် မဟုတ်သကဲ့သို့ မပြောင်းလဲနိုင်သော အရာ ဖြစ်သည်။ အကယ်၍ သင်၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို နာခံရန်မဟုတ်သကဲ့သို့၊ သင်သည် အခြားသော ရည်မှန်းချက်များရှိပါက၊ သင်ပြောသမျှနှင့် လုပ်သမျှအားလုံး- ဘုရားသခင်ရှေ့၌ သင်၏ ဆုတောင်းချက်များနှင့် သင်၏လုပ်ရပ်တိုင်းသည်ပင်- ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်လိမ့်မည်။ သင်သည် အပြောအဆို သိမ်မွေ့ညင်သာပြီး၊ အပြုအမူ သိမ်မွေ့သောသူ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သင်၏ လုပ်ရပ်တိုင်း နှင့် မျက်နှာအမူအရာသည် မွန်ရည်ပုံရကောင်းရနိုင်ပြီး၊ သင်သည် နာခံသူတစ်ဦးအဖြစ် ထင်ရနိုင်သော်လည်း၊ သင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် သင်၏ အမြင်များနှင့် ပတ်သက်လာသည့်အခါ၊ သင်လုပ်သည့်အရာတိုင်းသည် ဘုရားသခင်နှင့် ဆန့်ကျင်ပေသည်။ သင် လုပ်သည့်အရာတိုင်းသည် ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံတတ်ပုံရသော်လည်း၊ ၎င်းတို့စိတ်နှလုံးများ၌ ဆိုးယုတ်သော ရည်ရွယ်ချက်များ သိုထားသောသူတို့သည် သိုးရေ ခြုံထားသော ဝံပုလွေများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် ပုန်ကန်ပြစ်မှားကြပြီး၊ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည် မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့တစ်ဦးစီတိုင်းကို ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ သူတော်ကောင်း ယောင်ဆောင်သူ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ သေချာပေါက် အလွန် မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းခံရမည်ကို ၎င်းတို့ အယောက်တိုင်းအား ပြသလိမ့်မည်ဖြစ်သည်။ မစိုးရိမ်နှင့်- ဘုရားသခင်သည် ၎င်းတို့ ရှိသမျှအကုန်ကို ထည့်တွက်မည်ဖြစ်ပြီး တစ်ယောက်တစ်လဲ ရှင်းထုတ် ပစ်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၈၄)

သင်သည် ဘုရားသခင်ထံမှ အလင်းသစ်ကို လက်မခံနိုင်သကဲ့သို့၊ ယနေ့ ဘုရားသခင် ပြုသည့် အရာအားလုံးကို နားမလည်နိုင်ဖြစ်ကာ ယင်းကို မရှာဖွေပါက၊ သို့မဟုတ် ယင်းကို သံသယဖြစ်ပါက၊ ယင်းနှင့်ပတ်သက်၍ ဝေဖန်ပါက သို့မဟုတ် ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ စိစစ်ပါက၊ သင်သည် ဘုရားသခင်ကို နာခံချင် စိတ်မရှိပေ။ ယခုအချိန်၏ အလင်းပေါ်ထွန်းသည့်အခါ၊ သင်သည် ယမန်နေ့၏ အလင်းကို တန်ဖိုးထားဆဲဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်ကို ဆန့်ကျင်ပါက၊ သင်သည် အဓိပ္ပာယ်မဲ့သောသူ တစ်ဦးသာဖြစ်၏- သင်သည် ဘုရားသခင်ကို တမင်သက်သက် ဆန့်ကျင်သူများထဲမှတစ်ဦး ဖြစ်သည်။ ဘုရားသခင်ကို နာခံခြင်း၏ အဓိကသော့ချက်မှာ အလင်းသစ်ကို အသိအမှတ်ပြုခြင်းနှင့် ယင်းကို လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဤတစ်ခုတည်းသာ စစ်မှန်သော နာခံခြင်း ဖြစ်သည်။ ဘုရားသခင်အား တမ်းတရန် အလိုဆန္ဒ ကင်းမဲ့သူများသည် သူ့ကို တမင်တကာ နာခံခြင်းငှာ မတတ်စွမ်း နိုင်ကြသကဲ့သို့၊ ရှိရင်းစွဲအခြေအနေကို ၎င်းတို့ စိတ်ကျေနပ်ခြင်း၏ ရလဒ်တစ်ခုအဖြစ် ဘုရားသခင်ကို ဆန့်ကျင်ရုံသာ ဆန့်ကျင်နိုင် ကြပေသည်။ လူသားသည် ဘုရားသခင်ကို မနာခံနိုင်သည်မှာ ၎င်းသည် ယခင်က လာခဲ့သည့်အရာကို စိတ်စွဲနေသောကြောင့် ဖြစ်သည်။ ယခင်က လာခဲ့သည့် အရာများသည် လူတို့ကို ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးမျိုးစုံတို့ကို ပေးပြီးဖြစ်ကာ ဤအရာများသည် ၎င်းတို့၏ စိတ်များထဲ၌ ဘုရားသခင်၏ ပုံရိပ် ဖြစ်လာပြီးဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့ ယုံကြည်သည့် အရာများသည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ နှင့်ဆိုင်သော စံနှုန်းများ ဖြစ်သည်။ ယနေ့တွင် တကယ့်အမှုကိုပြုသော ဘုရားသခင်နှင့် သင်၏စိတ်ကူး၌ရှိသည့် ဘုရားသခင်ကို ယှဉ်၍ သင် တိုင်းတာပါက၊ သင်၏ယုံကြည်ခြင်းသည် စာတန်ထံမှလာပြီး၊ သင်၏ ကြိုက်နှစ်သက်မှုများဖြင့် စွန်းထင်းနေပေသည်- ဘုရားသခင်သည် ဤသို့သော ယုံကြည်ခြင်းမျိုးကို မလိုလားပေ။ ၎င်းတို့၏ အရည်အချင်းများ မည်မျှမြင့်မားသည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ၎င်းတို့၏ ဆက်ကပ်မှုများကို ပဓာနမထားဘဲ- ၎င်းတို့သည် ဘုရားသခင်၏အမှုအဖို့ တစ်သက်တာ အားထုတ်မှုများကို ဆက်ကပ်ပြီးဖြစ်ကာ မိမိတို့ကိုယ်ကိုယ် အသက်စတေးပြီးဖြစ်လျှင်ပင်- ဘုရားသခင်သည် ဤကဲ့သို့သော ယုံကြည်ခြင်းရှိသည့် မည်သူကိုမျှ မထောက်ခံပေ။ သူသည် ၎င်းတို့အပေါ် ကျေးဇူးတော် အနည်းငယ်မျှသာ အပ်နှင်းပြီး၊ ယင်းကို အချိန်တစ်ခုကြာ မွေ့လျော်ခွင့်ပေးလေသည်။ ဤသို့သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်းတွင် အလုပ် မလုပ်သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့အသီးသီးကို တစ်ယောက်တစ်လဲ ပယ်ထုတ်မည်ဖြစ်သည်။ အသက်ကြီးသောသူများဖြစ်စေ၊ အသက်ငယ်သော သူများ ဖြစ်စေ၊ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်ကို မနာခံသကဲ့သို့၊ မှားယွင်းသော ရည်ရွယ်ချက်များရှိသူတို့သည် ဆန့်ကျင်သူများနှင့် နှောင့်ယှက်သူများဖြစ်ပြီး၊ ထိုသို့သောလူများသည် ဘုရားသခင်၏ မလွဲမသွေ ပယ်ထုတ်ခြင်း ခံရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို အနည်းငယ်မျှ နာခံခြင်း မရှိသူများ၊ သူ၏နာမကို အသိအမှတ်ပြုရုံမျှ ပြုသူများနှင့် ဘုရားသခင်၏ သနားကြင်နာမှုနှင့် ချစ်ဖွယ်ကောင်းခြင်း နှင့်ဆိုင်သည့် အသိစိတ်အချို့ ရှိသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ခြေလှမ်းများကို အမီမလိုက်သကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအလုပ်နှင့် နှုတ်ကပတ်တော်များကို မနာခံသောသူများ- ထိုသို့သော လူများသည် ဘုရားသခင်၏ ကျေးဇူးတော်အလယ်တွင် အသက်ရှင်ကြပြီး၊ ဘုရားသခင်၏ ရယူခြင်းနှင့် စုံလင်စေခြင်းကို ခံရကြမည်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ နာခံခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် မွေ့လျော်ခြင်းတို့မှတစ်ဆင့်၊ ပြီးလျှင် ၎င်းတို့၏ အသက်တာများတွင် ဆင်းရဲဒုက္ခခံခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေသည်။ ဤကဲ့သို့သော ယုံကြည်ခြင်းမှ တစ်ဆင့်သာ လူတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ပြီး၊ ထိုအခါမှသာ ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာကို ၎င်းတို့ ပိုင်ဆိုင်နိုင်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များအလယ်တွင် အသက်ရှင်ရခြင်းကို စိတ်ကျေနပ်ခြင်းမရှိဘဲလျက်၊ သမ္မာတရားကို တက်ကြွစွာ တမ်းတပြီး ရှာဖွေခြင်းနှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့ ကြိုးစားခြင်း- ဤသည်မှာ ဘုရားသခင်ကို သတိရှိစွာ နာခံခြင်းဟု ဆိုလိုသည့်အရာဖြစ်ပြီး၊ ဤသည်မှာ သူလိုချင်သည့် ယုံကြည်ခြင်း အတိအကျ ဖြစ်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များကို မွေ့လျော်သည်မှအပ မည်သည့်အရာမျှ မလုပ်ဆောင်သည့် လူများသည် စုံလင်စေခြင်း မခံရနိုင်၊ သို့မဟုတ် မပြောင်းလဲနိုင်ပေ။ ပြီးလျှင် ၎င်းတို့၏ နာခံမှု၊ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်းများ အားလုံးသည် အပေါ်ယံသာ ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်သူများသည် ဘုရားသခင်ကို အမှန်တကယ် မသိနိုင်သကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ သိသည့်အခါတွင်ပင်၊ ၎င်းတို့၏အသိပညာသည် အပေါ်ယံဖြစ်ပြီး၊ “ဘုရားသခင်က လူသားကို ချစ်သည်” သို့မဟုတ် “ဘုရားသခင်သည် လူသားအပေါ် သနားကရုဏာရှိသည်” ဆိုသကဲ့သို့သော အရာများကို ၎င်းတို့ပြောကြ၏။ ဤသည်မှာ လူသား၏ အသက်တာကို ကိုယ်စားမပြုသကဲ့သို့၊ လူတို့က ဘုရားသခင်ကို အမှန်တကယ် သိသည်ကိုလည်း မပြပေ။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို စစ်ဆေးသောအခါ သို့မဟုတ် ဘုရားသခင်၏ စမ်းသပ်မှုများသည် ၎င်းတို့အပေါ် ကျရောက် သောအခါတွင်၊ လူတို့သည် ဘုရားသခင်ကို မနာခံနိုင်ပါက- ယင်းအစား ၎င်းတို့သည် သံသယဖြစ်လာပြီး ပြိုလဲကျပါက- ၎င်းတို့သည် အနည်းငယ်မှ နာခံခြင်းမရှိကြပေ။ ၎င်းတို့အတွင်းတွင်၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်၍ စည်းမျဉ်းများနှင့် ကန့်သတ်ချက်များစွာ ရှိသည်။ နှစ်ပေါင်းများစွာ ယုံကြည်ခြင်း၏ အကျိုးဆက်ဖြစ်သည့် အတွေ့အကြုံဟောင်းများ သို့မဟုတ် ကျမ်းစာပေါ် အခြေခံသည့် စည်းမျဉ်းများ အမျိုးမျိုး ရှိကြလေသည်။ ဤကဲ့သို့သော လူများက ဘုရားသခင်ကို နာခံနိုင်မည်လော။ ဤလူများသည် လူသား အရာများဖြင့် ပြည့်နေသည်- ၎င်းတို့သည် ဘုရားသခင်ကို မည်ကဲ့သို့ နာခံနိုင်မည်နည်း။ ၎င်းတို့၏ “နာခံခြင်း” သည် ၎င်းတို့ကိုယ်တိုင်၏ ကြိုက်နှစ်သက်မှုများအရ ဖြစ်သည်- ဘုရားသခင်သည် ဤသို့သော နာခံမှုကို လိုချင်မည်လော။ ဤသည်မှာ ဘုရားသခင်ကို နာခံခြင်း မဟုတ်ဘဲ စည်းမျဉ်းများကို လိုက်နာခြင်းဖြစ်သည်။ ယင်းသည် မိမိတို့ကိုယ်ကို ကျေနပ်စေခြင်းနှင့် နှစ်သိမ့်စေခြင်းဖြစ်သည်။ ဤအရာသည် ဘုရားသခင်ကို နာခံခြင်းဖြစ်သည်ဟု သင် ပြောပါက၊ သင်သည် သူ့ကို ပြစ်မှားစော်ကားသည် မဟုတ်လော။ သင်သည် အဲဂုတ္တုပြည်သား ဖာရောဘုရင်တစ်ပါးဖြစ်သည်။ သင်သည် မကောင်းမှု ကျူးလွန်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအလုပ်တွင် အထူးရည်ရွယ်ချက်ဖြင့် ပါဝင်ပတ်သက်ပေသည်- ဤသည်မှာ သင့်ကို ဘုရားသခင် အစေခံစေလိုသည့်ပုံလော။ သင် အမြန်နောင်တရပြီး မိမိကိုယ်ကိုယ် သိမြင်မှုအချို့ရှိဖို့ ကြိုးစားသည်က အကောင်းဆုံး ဖြစ်မည်။ ယင်းကို လုပ်ဆောင်ရန် ပျက်ကွက်ပါက၊ သင် အိမ်ပြန်ခြင်းသည်သာ သာ၍ကောင်းလိမ့်မည်။ ယင်းသည် သင်၏ ဘုရားသခင်ကို အစေခံခြင်းဟု ဆိုသောအရာထက် သာ၍ကောင်းပေမည်။ သင်သည် ကြားဖြတ်မည် မဟုတ်သကဲ့သို့ နှောင့်ယှက်မည်မဟုတ်။ သင်၏နေရာကို သင်သိမည် ဖြစ်ပြီး၊ ကောင်းစွာ အသက်ရှင်လိမ့်မည်- ယင်းသည် သာ၍ မကောင်းပေဘူးလော။ ပြီးလျှင် သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း အတွက် အပြစ်ပေးခံရမည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၈၅)

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ ယင်းက အဆင့်တစ်ခုစီတိုင်းနှင့်အတူ ပို၍ အဆင့်မြင့်လာကာ မနက်ဖြန်၏ ဖွင့်ပြမှုသည် ယနေ့ဖွင့်ပြမှုထက် ပို၍အဆင့်မြင့်ပြီး တစ်ဆင့်ပြီးတစ်ဆင့် သာ၍ပင် အဆင့်မြင့်တက်လာသည်။ ထိုသို့သောအရာမှာ ဘုရားသခင်က လူသားကို စုံလင်အောင်ပြုသည့်အမှု ဖြစ်သည်။ အကယ်၍ လူတို့က အမီမလိုက်နိုင်ပါက၊ သူတို့သည် အချိန်မရွေး စွန့်ပယ်ခြင်းကို ခံရနိုင်သည်။ သူတို့၌ နာခံတတ်သော နှလုံးသားမရှိလျှင်၊ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်လိမ့်မည်မဟုတ်ပေ။ ယခင်ခေတ်သည် ကုန်လွန်သွားပြီဖြစ်သည်၊ ဤသည်မှာ ခေတ်သစ်ဖြစ်၏။ ထို့ပြင် ခေတ်သစ်၌ အမှုသစ်ကို ပြုရပေမည်။ အထူးသဖြင့် လူတို့ စုံလင်အောင်ပြုခြင်းခံရသည့် နောက်ဆုံးသောခေတ်၌ ဘုရားသခင်သည် ပို၍သစ်သောအမှုကို ပို၍လျင်မြန်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်သောကြောင့်၊ လူတို့၏ စိတ်နှလုံးထဲ၌ နာခံမှုမရှိလျှင်၊ သူတို့အနေဖြင့် ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်ဖို့ ခက်ခဲလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်စည်းမျဉ်းများကိုမျှ မလိုက်နာသကဲ့သို့၊ သူသည် သူ့အမှု၏ မည်သည့်အဆင့်တိုင်းကိုမဆို မပြောင်းလဲသည့်အရာအဖြစ် မသတ်မှတ်ပေ။ ထိုအစား သူပြုသောအမှုသည် သာ၍ပင် သစ်လွင်ပြီး၊ သာ၍ပင် အဆင့်မြင့်သည်။ အဆင့်တစ်ခုစီတိုင်းနှင့်အတူ သူ၏အမှုသည် ပို၍ပို၍ လက်တွေ့ကျလာပြီး၊ လူသား၏ တကယ့်လိုအပ်ချက်များနှင့် တိုး၍ပင် ကိုက်ညီလာသည်။ လူတို့သည် ထိုကဲ့သို့သောအမှုကို တွေ့ကြုံပြီးမှသာ သူတို့၏ စိတ်သဘောထား အပြီးသတ်ပြောင်းလဲမှုကို ရရှိနိုင်သည်။ လူသား၏ အသက်တာနှင့်ယှဉ်သော အသိသည် ပို၍ပင် မြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိသည့်နည်းတူ၊ ဘုရားသခင်၏ အမှုသည်လည်း ပို၍ပင် မြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိလေသည်။ ထိုသို့အားဖြင့်သာ လူသားသည် စုံလင်အောင်ပြုခြင်းခံရနိုင်ပြီး၊ ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်လာနိုင်သည်။ ဘုရားသခင်သည် တစ်ဖက်တွင် လူသား၏ အယူအဆများကို ဆန့်ကျင်ရန်နှင့် ပြောင်းပြန်လှန်ရန် ဤနည်းဖြင့် အမှုပြုသော်လည်း၊ အခြားတစ်ဖက်တွင် လူသားကို ပို၍အဆင့်မြင့်သော၊ ပို၍စစ်မှန်သော အခြေအနေသို့ရောက်အောင်၊ ဘုရားသခင်အား ယုံကြည်ခြင်းဆိုင်ရာ အဆင့်အမြင့်ဆုံးနယ်ပယ်သို့ ဦးဆောင်သွားရန်အတွက် ဖြစ်သည်၊ သို့မှသာ အဆုံး၌ ဘုရားသခင်၏ အလိုတော်မှာ ပြည့်စုံနိုင်မည် ဖြစ်သည်။ တမင်တကာဆန့်ကျင်ပြီး မနာခံတတ်သော သဘာဝဗီဇ ရှိသူအားလုံးသည် အလျင်အမြန် တစ်ဟုန်ထိုး တိုးတက်နေသည့် ဘုရားသခင့်အမှု၏ ဤအဆင့်၌ စွန့်ပယ်ခြင်းကို ခံကြရလိမ့်မည်။ ရည်ရွယ်ချက်ရှိရှိ နာခံပြီး မိမိကိုယ်ကိုယ် ဝမ်းမြောက်စွာ နှိမ့်ချတတ်သူများသာ လမ်းဆုံးအထိ ဆက်သွားနိုင်သည်။ ဤအမှုမျိုး၌ သင်တို့အားလုံးသည် မည်သို့ကျိုးနွံနာခံသင့်ပုံနှင့် မိမိတို့၏ အယူအဆများကို မည်သို့ ဘေးဖယ်ထားသင့်ပုံတို့ကို သင်ယူသင့်သည်။ သင်သည် သင် လျှောက်သောခြေလှမ်းတိုင်း၌ သတိထားသင့်သည်။ အကယ်၍ အရေးမထားလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပယ်ခြင်းကို ခံရသူ၊ ဘုရားသခင်၏အမှုကို နှောင့်ယှက်သူ ဧကန်အမှန် ဖြစ်လာလိမ့်မည်။ အမှု၏ ဤအဆင့်ကို မကြုံတွေ့ရသေးမီတွင်၊ လူသား၏ ရှေးက စည်းမျဉ်းများနှင့် ဥပဒေသများသည် မရေတွက်နိုင်လောက်အောင် အလွန်များသောကြောင့် သူသည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကာ ရလဒ်အနေနှင့် သူသည် စိတ်ကြီးဝင်သွားပြီး သူ့ကိုယ်သူ မေ့လျော့သွားသည်။ ဤအရာများအားလုံးသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံခြင်းမှ လူကို နှောင့်ယှက်သည့် အဟန့်အတားများဖြစ်သည်။ ယင်းတို့မှာ ဘုရားသခင်အား လူသား၏ သိကျွမ်းခြင်းအတွက် ရန်သူများဖြစ်ကြသည်။ မိမိတို့၏ စိတ်နှလုံးထဲ၌ နာခံမှုမရှိခြင်း သို့မဟုတ် သမ္မာတရားကို တောင့်တမှု မရှိခြင်းသည် လူတို့အတွက် ဘေးအန္တရာယ်ရှိသည်။ သင်သည် ရိုးရှင်းသည့် အမှုနှင့် နှုတ်ကပတ်တော်များကိုသာ ကျိုးနွံနာခံပြီး ပိုနက်နဲသော မည်သည့်အရာကိုမျှ လက်ခံနိုင်စွမ်း မရှိပါက၊ သင်သည် နည်းလမ်းဟောင်းများကို စွဲကိုင်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို အမီမလိုက်နိုင်သောသူ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၈၆)

ဘုရားသခင်ပြုသော အမှုသည် အချိန်ကာလကိုလိုက်၍ ကွဲပြား၏။ အကယ်၍ သင်သည် ကဏ္ဍအဆင့်တစ်ခု၌ ကြီးစွာသောနာခံမှု ရှိသော်လည်း၊ နောက်ကဏ္ဍအဆင့်တစ်ခုတွင် သူ၏အမှုအပေါ် သင်၏နာခံမှု အလွန်နည်းလျှင်၊ သို့မဟုတ် သင်သည် နာခံနိုင်စွမ်းမရှိလျှင် ဘုရားသခင် သင့်ကို စွန့်ခွာသွားလိမ့်မည်။ ဘုရားသခင် ဤအဆင့်ကို တက်သည်နှင့်အမျှ သင်မီအောင်လိုက်လျှင်၊ နောက်တစ်ဆင့်သို့ သူတက်သောအခါတွင်လည်း သင်သည် ဆက်၍ မီအောင်လိုက်ရမည်။ သို့မှသာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို နာခံသောသူ ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံသောကြောင့်၊ တစ်သမတ်တည်း နာခံရမည်။ သင်စိတ်ပါလျှင် နာခံလိုက်၊ သင်စိတ်မပါလျှင် မနာခံဘဲနေလိုက် လုပ်၍မရပေ။ ဤနာခံမှုမျိုးသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မခံရပေ။ သင်သည် ငါမိတ်သဟာယပြုသော အမှုသစ်ကို မီအောင်မလိုက်နိုင်ဘဲ၊ ယခင်က ဆိုရိုးစကားများကို ဆက်လက်စွဲကိုင်နေလျှင်၊ သင့်အသက်တာ၌ တိုးတက်မှု မည်သို့ရှိနိုင်မည်နည်း။ ဘုရားသခင်၏အမှုမှာ သူ၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် သင့်ကို ထောက်ပံ့ပေးဖို့ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သင်နာခံပြီး လက်ခံသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ဧကန်အမှန် အမှုပြုလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါပြောသည့်အတိုင်း တစ်သဝေမတိမ်း အမှုပြုသည်။ ငါပြောထားသည့် အတိုင်း လုပ်ဆောင်လော့၊ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ မဆိုင်းမတွ အမှုပြုလိမ့်မည်။ သင်တို့ မြင်တွေ့ရန်အတွက် အလင်းသစ်ကို ငါစေလွှတ်ကာ၊ ပစ္စုပ္ပန်၏ အလင်းထဲသို့ သင်တို့ကို ငါခေါ်ဆောင်နေပြီး၊ ဤအလင်းထဲသို့ သင်လှမ်းဝင်လာသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်းအမှုပြုလိမ့်မည်။ “သင်ပြောတဲ့အတိုင်း ငါလုပ်ဆောင်မည် မဟုတ်။” ဟု ပြောပြီး ဆိုဆုံးမရ ခက်ကောင်းခက်နိုင်သောသူ အချို့ရှိသည်။ ထိုကိစ္စမျိုးတွင် သင် ယခု လမ်းဆုံးသို့ ရောက်နေပြီ၊ သင်သည် သွေ့ခြောက်နေပြီး နောက်ထပ် အသက်မရှိတော့ဟု သင့်ကို ငါပြောသည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား ပြောင်းလဲလာသည်ကို တွေ့ကြုံရာ၌ ပစ္စုပ္ပန်ကာလ၏ အလင်းကို မီအောင်လိုက်ခြင်းထက် မည်သည့်အရာမျှ ပိုအရေးပါသည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည်သာမက၊ ထို့ထက်ပို၍ အသင်းတော်၌ အလုပ်လုပ်သည်။ သူသည် မည်သူ့အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်လိမ့်မည်ဖြစ်ပြီး ဤအမှုကို သင်တွေ့ကြုံရလိမ့်မည်။ နောက်ထပ်ကာလအတွင်း၌ သူသည် အခြားလူတစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်းလုပ်နိုင်ပြီး၊ ထိုအခြေအနေတွင် သင်မြန်မြန်လိုက်ရမည်။ ပစ္စုပ္ပန်ကာလ၏ အလင်းကို သင် ပို၍နီးကပ်စွာ လိုက်လေလေ၊ သင်၏အသက်တာ ပို၍ ကြီးထွားနိုင်လေလေ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ပါစေ၊ သူ့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါက သင်လိုက်ရမည်။ သူတို့၏ အတွေ့အကြုံများကို သင့်အတွေ့အကြုံများမှတစ်ဆင့် ခံစားလော့၊ ထိုအခါ သင်သည် ပို၍ပင် အဆင့်မြင့်သော အရာများကို ရရှိလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ဤသည်မှာ လူသားအတွက် စုံလင်ခြင်း၏ လမ်းကြောင်းဖြစ်ပြီး အသက်တာ ကြီးထွားသည့် နည်းလမ်းဖြစ်သည်။ စုံလင်စေခြင်းလမ်းကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအား သင်၏နာခံမှုအားဖြင့် ရောက်ရှိလေသည်။ ဘုရားသခင်က မည်သည့်လူအမျိုးအစားအားဖြင့် သင့်ကို စုံလင်စေမည်ကိုလည်းကောင်း၊ သူက မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့် သင့်အား အမှုအရာများကို ရရှိခွင့်ပြုမည် သို့မဟုတ် မြင်ခွင့်ပြုမည်ကိုလည်းကောင်း သင်မသိချေ။ သင်သည် ဤလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်လျှင်၊ သင့်အနေဖြင့် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့ ကြီးမားသော မျှော်လင့်ချက်ရှိကြောင်း ယင်းကပြသသည်။ သင်မလျှောက်လှမ်းနိုင်ပါက၊ သင့်အနာဂတ်သည် မျှော်လင့်ချက်မရှိ၊ အလင်းရောင်ကင်းမဲ့သော အနာဂတ်ဖြစ်ကြောင်း ယင်းကပြသသည်။ သင်သည် လမ်းမှန်ပေါ်သို့ ရောက်သောအခါ၊ အရာခပ်သိမ်း၌ ဖွင့်ပြမှုကို ရရှိလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အခြားသူများကို မည်သည့်အရာ ဖွင့်ပြသည်ဖြစ်စေ၊ သင်သည် သူတို့၏ သိကျွမ်းခြင်းအပေါ် အခြေခံပြီး အမှုအရာများကို သင်ကိုယ်တိုင် ကြုံတွေ့ခံစားရအောင် ဆက်လက်လုပ်ဆောင်လျှင်၊ ဤအတွေ့အကြုံသည် သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ သင်သည် ဤအတွေ့အကြုံမှနေ၍ အခြားသူများကို ကူညီထောက်ပံ့နိုင်လိမ့်မည်။ စကားလုံးများ သံယောင်လိုက်ခြင်းအားဖြင့် အခြားသူများကို ကူညီထောက်ပံ့သော သူများသည် မည်သည့်အတွေ့အကြုံမျှ မရှိသောလူတို့ဖြစ်သည်။ သင်ကိုယ်တိုင်၏ တကယ့်အတွေ့အကြုံနှင့် သိကျွမ်းခြင်းအကြောင်းကို စမပြောနိုင်သေးခင်၌၊ သင်သည် အခြားသူများ၏ အလင်းဖွင့်ပြခြင်းနှင့် ဉာဏ်အလင်းပေးမှုအားဖြင့် လက်တွေ့လုပ်ဆောင်နည်းကို တွေ့ရှိရန် သင်ယူရမည်။ ဤအရာက သင်ကိုယ်တိုင်၏ အသက်တာအတွက် သာ၍ ကြီးမားသော အကျိုးကျေးဇူး ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ဆီမှ လာသော အရာမှန်သမျှကို နာခံလျက် ထိုကဲ့သို့ တွေ့ကြုံသင့်သည်။ သင်၏အသက်တာ ကြီးထွားနိုင်စေရန်အတွက် သင်သည် အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး အရာရာ၌ သင်ခန်းစာများကို သင်ယူလေ့လာသင့်သည်။ ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်ခြင်းက အလျင်မြန်ဆုံးသော တိုးတက်မှုကို ဖြစ်စေနိုင်လေသည်။

သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ လက်တွေ့ အတွေ့အကြုံများအားဖြင့် သင့်ကို ဉာဏ်အလင်းပေးပြီး သင်၏ ယုံကြည်ခြင်းအားဖြင့် သင့်ကို စုံလင်စေသည်။ သင်သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရဖို့ အမှန်တကယ် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းခံရဖို့ အမှန်တကယ် ဆန္ဒရှိလျှင်၊ သင်၏ ဇာတိပကတိကို စွန့်ပယ်ဖို့သတ္တိ သင့်မှာရှိလိမ့်မည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး အပျက်သဘော ဆောင်မည် သို့မဟုတ် အားနည်းမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံမှ လာသမျှအားလုံးကို နာခံနိုင်လိမ့်မည်ဖြစ်ပြီး၊ လူရှေ့သူရှေ့၌ ဖြစ်စေ သို့မဟုတ် တစ်ဦးတည်းသီးသန့်ဖြစ်စေ၊ သင်၏အပြုအမူအားလုံးသည် ဘုရားသခင်အတွက် ရှုချင်စဖွယ်ဖြစ်လိမ့်မည်။ သင်သည် ရိုးသားသောလူ တစ်ယောက်ဖြစ်ပြီး အရာခပ်သိမ်း၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရလိမ့်မည်။ လူများရှေ့၌ တစ်မျိုး၊ လူတို့နောက်ကွယ်၌ တစ်မျိုး ပြုမူတတ်သည့် လိမ်လည်လှည့်ဖြားသော လူတို့သည် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရရန် ဆန္ဒမရှိကြပေ။ သူတို့ အားလုံးသည် ထာဝရပြစ်ဒဏ်ခံရခြင်းနှင့် ပျက်စီးခြင်း၏သားများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် မဟုတ်ဘဲ၊ စာတန်နှင့် ဆိုင်သောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ရွေးချယ်သည့် လူအမျိုးအစား မဟုတ်ပါတကား။ အကယ်၍ သင့်အပြုအမူများနှင့် အမူအကျင့်တို့ကို ဘုရားသခင်၏ရှေ့၌ ပြရန် သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော် ကြည့်ရှုရန် မဖြစ်နိုင်ပါက၊ ယင်းမှာ သင်၌ တစ်ခုခုမှားနေကြောင်း သက်သေဖြစ်သည်။ သင်သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်းကို အရေးစိုက်မှသာ၊ သင်သည် စုံလင်စေခြင်းခံရမည့် လမ်းကြောင်းပေါ်၌ ရပ်တည်နေနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရရန်နှင့် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် သင်အမှန်တကယ် ဆန္ဒရှိလျှင်၊ ညည်းညူသည့်စကား တစ်ခွန်းမျှမဟဘဲ၊ ဘုရားသခင်၏အမှုကို ချင့်တွက်ရန် သို့မဟုတ် အကဲဖြတ်ရန် ဝံ့ရဲခြင်းမရှိဘဲ၊ ဘုရားသခင်၏ အမှုခပ်သိမ်းကို သင်နာခံသင့်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့အတွက် အနည်းဆုံး သတ်မှတ်ချက်များ ဖြစ်ပါသည်။ ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေသောသူတို့အတွက် လိုအပ်သော သတ်မှတ်ချက်တစ်ခုက ဤသို့ဖြစ်သည်- အရာခပ်သိမ်းတွင် ဘုရားသခင်ကိုချစ်သော နှလုံးသားဖြင့် ပြုမူလုပ်ဆောင်လော့။ အရာခပ်သိမ်းတွင် ဘုရားသခင်ကိုချစ်သော နှလုံးသားဖြင့် ပြုမူလုပ်ဆောင်ခြင်း ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ အပြုအမူများနှင့် အမူအကျင့်အားလုံးမှာ ဘုရားသခင်၏ရှေ့၌ ပြ၍ရသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ထို့ပြင် သင်၌ မှန်ကန်သော ရည်ရွယ်ချက်များ ရှိသောကြောင့် သင်၏အပြုအမူများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်သည် ၎င်းတို့ကို ဘုရားသခင်အား (သို့မဟုတ်) သင်၏ညီအစ်ကို မောင်နှမများအား ပြသရန် မကြောက်ရွံ့ဘဲ၊ ဘုရားသခင်၏ရှေ့၌ သင်သစ္စာဆိုရဲလေသည်။ သင်သည် သင်၏ ရည်ရွယ်ချက်တိုင်း၊ အတွေးတိုင်းနှင့် စိတ်ကူးတိုင်းကို ဘုရားသခင်၏ရှေ့၌ သူစိစစ်ဖို့ရန်အတွက် ပြရမည်။ သင်သည် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်လျှင်၊ သင့်အသက်တာထဲက တိုးတက်မှုမှာ မြန်ဆန်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၈၇)

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားနဲ့၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက်နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ရာ၌ ငါ၏ရည်ရွယ်ချက်မှာ အောင်နိုင်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်ရန်မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် မဖြောင့်မတ်ခြင်းကို ထုတ်ဖော်ရန်၊ လူသားကို အပြစ်ဒဏ်ပေးဖို့အတွက် အထောက်အထားရရှိရန်၊ ကောက်ကျစ်စဉ်းလဲသော သူများကို အပြစ်စီရင်ရန်နှင့်၊ ထို့ထက်ပို၍ ရည်ရွယ်ချက်ရှိရှိ နာခံသူများကို စုံလင်စေရန်အတွက် သိမ်းပိုက်ရန်ဖြစ်သည်။ အဆုံးတွင် အားလုံးသည် အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ စုံလင်စေခြင်းခံရသူများမှာ မိမိတို့၏ အတွေးအခေါ်များ၊ အယူအဆများက နာခံမှုနှင့် ပြည့်နေသော သူများပင် ဖြစ်လိမ့်မည်။ ဤသည်မှာ နောက်ဆုံး၌ ဖြစ်မြောက်အောင်ရမည့် အလုပ်ဖြစ်သည်။ ထိုစဉ်တွင် မိမိ၏ လုပ်ဆောင်ချက်တိုင်းက ပုန်ကန်လိုသောသူများသည် အပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်ပြီး၊ ထာဝရ ကျိန်ခြင်းခံသူများအဖြစ် မီးထဲ၌ လောင်ကျွမ်းဖို့ ပို့ခြင်းခံရမည်ဖြစ်သည်။ ထိုအချိန်ရောက်လာသောအခါ၊ လွန်လေပြီးသော ခေတ်များမှ ထို “ကြီးမြတ်ပြီး နှိမ်နင်းလို့မရသည့် သူရဲကောင်းများ” သည် အယုတ်ညံ့ဆုံးနှင့် အပယ်ခံရဆုံးသော “အားနည်းပြီး မစွမ်းဆောင်နိုင်သည့် ငကြောက်များ” ဖြစ်လာလိမ့်မည်။ ဤအရာကသာလျှင် ဘုရားသခင့် ဖြောင့်မတ်ခြင်း၏ လက္ခဏာတိုင်းနှင့် လူသားမှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော သူ၏ စိတ်သဘောထားကို ပုံဆောင်နိုင်ပြီး ဤအရာကသာလျှင် ငါ၏စိတ်နှလုံးထဲမှ အမုန်းတရားကို ကျေနပ်စေနိုင်လေသည်။ ဤသည်မှာ လုံးဝ ထိုက်သင့်သည်ဟု သင်တို့ လက်မခံကြသလော။

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို တွေ့ကြုံရသူတိုင်း သို့မဟုတ် ဤအတန်းစားထဲ၌ ရှိသောသူတိုင်းက အသက်ကို ရနိုင်သည်မဟုတ်ပေ။ အသက်ဆိုသည်မှာ လူသားတစ်ရပ်လုံးမှ ဝေမျှယူသည့် ဘုံပိုင်ပစ္စည်းတစ်ခု မဟုတ်သည့်အပြင်၊ စိတ်သဘောထား ပြောင်းလဲမှုများသည်လည်း လူတို့အားလုံးမှ အလွယ်တကူ ရရှိနိုင်သည် မဟုတ်ပေ။ ဘုရားသခင်၏အမှုကို ကျိုးနွံနာခံခြင်းသည် စစ်မှန်ပြီး အမှန်တကယ် ဖြစ်ရမည်ဖြစ်ပြီး၊ ယင်းကို အသက်ရှင်နေထိုင်ရမည်။ အပေါ်ယံ ကျိုးနွံနာခံခြင်းမျှသာဖြင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်သည့်အပြင်၊ မိမိ၏စိတ်သဘောထား၌ ပြောင်းလဲခြင်းကို မရှာဖွေဘဲ၊ ဘုရားသခင့် နှုတ်ကပတ်တော်၏ အပေါ်ယံကဏ္ဍများကို နာခံရုံမျှသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်ပါပေ။ ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံခြင်းဟူသည် တစ်ခုတည်းဖြစ်ပြီး အတူတူပင်ဖြစ်သည်။ အမှန်တကယ် ကျိုးနွံနာခံခြင်းမရှိဘဲ၊ အပေါ်ယံ၌ ခယဝယလုပ်တတ်သော သူများကို မဆိုထားနှင့်၊ ဘုရားသခင်ကိုသာ ကျိုးနွံနာခံပြီး သူ၏အမှုကို ကျိုးနွံနာခံခြင်း မရှိသောသူများကို နာခံတတ်သည်ဟု မမှတ်ယူနိုင်ပေ။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူ အားလုံးတို့သည် ထိုအမှုမှ အကျိုးရရှိနိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အမှုအား နားလည်ခြင်းကို ရရှိနိုင်ကြသည်။ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံကြသည်။ ထိုကဲ့သို့သော လူတို့သည် အမှုသစ်မှနေ၍ အသစ်သော သိကျွမ်းခြင်းကို ရယူနိုင်ပြီး အသစ်သော ပြောင်းလဲမှုများကို ကြုံတွေ့နိုင်သည်။ ဤလူတို့သာလျှင် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံရသည်၊ ဤလူတို့သာလျှင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရပြီး၊ ဤလူတို့သာလျှင် မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ချီးမွမ်းခြင်းကိုခံရသူများသည် ဘုရားသခင်ကို သာမက သူ၏ နှုတ်ကပတ်တော်နှင့် အမှုကို ဝမ်းမြောက်စွာ ကျိုးနွံနာခံသောသူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော လူတို့သာလျှင် တရားနည်းလမ်းကျသည်၊ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်ကို စိတ်ရင်းဖြင့် လိုလားတောင့်တပြီး၊ ဘုရားသခင်ကို စိတ်ရင်းဖြင့် ရှာဖွေကြသည်။ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းအကြောင်းကို နှုတ်ဖြင့် ပြောရုံမျှပြောပြီး အချုပ်အားဖြင့် သူ့ကို ကျိန်ဆဲသောသူများအနေဖြင့် ထိုသူတို့သည် မိမိတို့ကိုယ်ကိုယ် မျက်နှာဖုံးတပ်သောသူများ၊ မြွေဆိပ် ရှိသောသူများ ဖြစ်ကြသည်၊ သူတို့သည် အားလုံးအနက် ဒုက္ခအပေးဆုံးသူများ ဖြစ်ကြသည်။ ဤလူလိမ်လူညစ်များသည် အနှေးနှင့်အမြန် ၎င်းတို့၏ မသတီစရာ မျက်နှာဖုံးများ ဆွဲချွတ်ပစ်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ ယနေ့ လုပ်ဆောင်လျက်ရှိနေသော အလုပ် မဟုတ်ပါသလော။ ကောက်ကျစ်စဉ်းလဲသော လူများသည် အစဉ်အမြဲ ကောက်ကျစ်စဉ်းလဲကြပြီး၊ အပြစ်ဒဏ်ပေးခြင်းနေ့ရက်မှ မည်သည့်အခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။ ကောင်းမြတ်သောလူများသည် အစဉ်အမြဲ ကောင်းမြတ်ကြပြီး၊ ဘုရားသခင်၏အမှု အဆုံးသို့ရောက်သောအခါ၊ ထုတ်ဖော်ခြင်းကို ခံရကြလိမ့်မည်။ မတရားသောသူ တစ်ယောက်မျှ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်သကဲ့သို့၊ ဖြောင့်မတ်သောသူ တစ်ယောက်မျှ ဆိုးယုတ်သည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်ချေ။ ငါသည် လူတစ်ဦးတစ်ယောက်ကို မတရားစွပ်စွဲခြင်း ခံစေမည်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၈၈)

သင်၏အသက်တာ တိုးတက်လာသည်နှင့်အမျှ သင်သည် အဆင့်တိုင်း၌ ပို၍နက်ရှိုင်းလာသည့် အသစ်သောဝင်ရောက်မှုနှင့် သာ၍အဆင့်မြင့်သော ထိုးထွင်းနားလည်မှုအသစ်ကို အမြဲရရမည်။ ဤသည်မှာ လူသားအားလုံး ဝင်ရောက်သင့်သည့် အရာဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်း၊ တရားဒေသနာများကို ကြားနာခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ သို့မဟုတ် ကိစ္စတစ်ခုခုကို ကိုင်တွယ်ခြင်းအားဖြင့် သင်သည် အသစ်သော ထိုးထွင်းနားလည်မှုနှင့် အသစ်သော ဉာဏ်ပွင့်ခြင်းတို့ကို ရရှိမည်ဖြစ်ပြီး၊ အတိတ်၏ဥပဒေသများနှင့် အတိတ်၏ကာလများထဲ၌ နေထိုင်ရမည်မဟုတ်ပေ။ သင်သည် အသစ်သောအလင်းထဲ၌ အစဉ်အမြဲ နေရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သွေဖည်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ မှန်ကန်သောလမ်းကြောင်းအား စတင်ခြင်းကို ဆိုလိုသည်။ အပေါ်ယံအဆင့်တစ်ခုခု၌ အဖိုးအခပေးခြင်းက လုံလောက် လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တစ်နေ့ပြီးတစ်နေ့ သာ၍မြင့်သောနယ်ပယ်သို့ ဝင်ရောက်နေပြီး အသစ်သောအရာများ နေ့ရက်စဉ်တိုင်း ပေါ်ထွန်းလေ့ရှိသည့်အပြင် လူသားသည်လည်း နေ့ရက်စဉ်တိုင်း အသစ်သောဝင်ရောက်မှုတစ်ခုကို ပြုလုပ်ရမည်။ ဘုရားသခင် စကားပြောသည့်အတိုင်း၊ သူပြောထားခဲ့သမျှ အရာအားလုံးကို ထို့အတူ အကောင်အထည်ဖော်ပြီး၊ သင်သည် အမီမလိုက်နိုင်လျှင် နောက်ကျန်ရစ်လိမ့်မည် ဖြစ်သည်။ သင်သည် သင်၏ဆုတောင်းချက်များ၌ သာ၍နက်ရှိုင်းစွာ သွားရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား စားသောက်ခြင်းသည် ပြတ်တောင်းပြတ်တောင်း ဖြစ်၍မရနိုင်ပေ။ သင်လက်ခံရရှိသော ဉာဏ်ပွင့်ခြင်းနှင့် အလင်းရခြင်းတို့ကို ပိုမိုနက်ရှိုင်းစေလော့၊ ထိုအခါ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ တဖြည်းဖြည်း မှေးမှိန်သွားရမည်။ သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုလည်း အားကောင်းလာစေရမည်ဖြစ်ကာ သင်ကြုံတွေ့သော မည်သည့်အရာကိုမဆို သင်သည် ထိုအကြောင်းနှင့်ပတ်သက်၍ သင်၏ ကိုယ်ပိုင်အတွေးများ ရှိရမည်ဖြစ်ပြီး ကိုယ်ပိုင်အမြင်ရှုထောင့်များ ရှိရမည်ဖြစ်သည်။ စိတ်ဝိညာဉ်ထဲ၌ရှိသော အချို့အရာများကို နားလည်ခြင်းအားဖြင့်၊ သင်သည် အပြင်ပန်းအရာများ၌ ထိုးထွင်းနားလည်မှုကို ရရှိပြီး မည်သည့်ကိစ္စ၌မဆို အနှစ်သာရကို နားလည်ရမည်။ အကယ်၍ သင်သည် ဤအရာများနှင့် ပြင်ဆင်ထားခြင်း မရှိပါက၊ အသင်းတော်ကို သင် မည်ကဲ့သို့ ဦးဆောင်နိုင်မည်နည်း။ သင်သည် မည်သည့်စစ်မှန်မှုမျှ မရှိဘဲနှင့်၊ ထို့ပြင် လက်တွေ့လုပ်ဆောင်နည်း တစ်နည်းမျှမပါဘဲနှင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကိုသာ ပြောဆိုလျှင်၊ သင်သည် အချိန်ခဏတာသာ ပြည့်စုံလုံလောက်နိုင်မည် ဖြစ်သည်။ ယင်းသည် ယုံကြည်သူအသစ်များကို စကားပြောသောအခါ၌ မဖြစ်စလောက် လက်ခံနိုင်စရာ ဖြစ်သော်လည်း၊ အချိန်ကာလတစ်ခုပြီးနောက် ယုံကြည်သူအသစ်များက တကယ့် အတွေ့အကြုံအချို့ ရှိခဲ့ပြီးသောအခါ၊ သင်သည် သူတို့ကို ကူညီထောက်ပံ့နိုင်တော့မည် မဟုတ်ချေ။ ထိုအခါ သင်သည် ဘုရားသခင်အသုံးပြုရန် အဘယ်သို့ သင့်တော်မည်နည်း။ သင်သည် အသစ်သော ဉာဏ်အလင်းမပါဘဲ အလုပ်မလုပ်နိုင်ပေ။ အသစ်သော ဉာဏ်အလင်း မရှိသောသူများသည် မည်သို့တွေ့ကြုံရမည်ကို မသိသောသူများ ဖြစ်ကြပြီး၊ ထိုကဲ့သို့သော လူတို့သည် အသစ်သော သိကျွမ်းခြင်း သို့မဟုတ် အသစ်သော အတွေ့အကြုံကို မည်သည့်အခါမျှ မရကြပေ။ ထို့ပြင် သူတို့သည် အသက်ကို ထောက်ပံ့ပေးသည့် ကိစ္စတွင် မိမိ၏အလုပ်တာဝန်ကို မည်သည့်အခါမျှ မလုပ်နိုင်ကြသကဲ့သို့၊ ဘုရားသခင်အသုံးပြုရန် မသင့်တော်နိုင်ကြပေ။ ဤသို့သော လူအမျိုးအစားသည် အသုံးမဝင်၊ အပျင်းခိုသူသက်သက် ဖြစ်သည်။ အမှန်အားဖြင့် ထိုကဲ့သို့သော လူတို့သည် အလုပ်ထဲတွင် သူတို့၏အလုပ်တာဝန်ကို လုပ်နိုင်စွမ်းမရှိ၊ သူတို့အားလုံးမှာ အသုံးမဝင်ကြပေ။ သူတို့သည် သူတို့၏ အလုပ်တာဝန်ကိုဆောင်ရွက်ရန် ပျက်ကွက်သည့်အပြင် အမှန်တကယ်တွင် သူတို့သည် အသင်းတော်အပေါ် မလိုအပ်သောဝန်များစွာကို ထားရှိလေသည်။ ဤ “ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ လူဟောင်းများ” ကို အသင်းတော်မှ အမြန်ထွက်ခွာဖို့ ငါတိုက်တွန်းပေသည်၊ သို့မှသာ အခြားသူများက သင့်ကို တွေ့မြင်စရာ မလိုတော့ပေ။ ထိုကဲ့သို့သော လူတို့သည် အမှုသစ်အား နားလည်ခြင်းမရှိဘဲ၊ အဆုံးမဲ့သော အယူအဆများနှင့် ပြည့်နေကြသည်။ သူတို့သည် အသင်းတော်၌ မည်သည့်အလုပ်တာဝန်ကိုမျှ မထမ်းဆောင်ကြပေ။ ထို့ထက် သူတို့သည် နေရာတကာတွင် ခလောက်ဆန်ပြီး အပျက်သဘောဆောင်ခြင်းကို ပျံ့နှံ့စေလျက်၊ အသင်းတော်၌ လက်မခံနိုင်သော အပြုအမူနှင့် အနှောင့်အယှက်မျိုးစုံ၌ ပါဝင်သည်အထိပင်ဖြစ်ပြီး၊ ထိုသို့ဖြင့် ကွဲပြားခြားနားမှုကို သိမြင်နိုင်စွမ်း မရှိသူများအား ဇဝေဇဝါနှင့် ဖရိုဖရဲ ဖြစ်စေသည်။ သင့်အတွက်ကြောင့် အသင်းတော် ပျက်စီးထိခိုက်မည်စိုး၍ အသက်ရှင်လျက်ရှိသော ဤနတ်မိစ္ဆာများ၊ ဤဝိညာဉ်ဆိုးများက ဖြစ်နိုင်သမျှ အမြန်ဆုံး အသင်းတော်မှ ထွက်သွားသင့်သည်။ သင်သည် မျက်မှောက်အမှုကို ကြောက်ရွံ့ကောင်းကြောက်ရွံ့မည် မဟုတ်သော်လည်း၊ အနာဂတ်၏ တရားသော အပြစ်ဒဏ်ပေးခြင်းကို သင်မကြောက်ရွံ့သလော။ အသင်းတော်၌ ကပ်ပါးရပ်ပါးလုပ်သော လူတို့ အမြောက်အများရှိပြီး၊ ဘုရားသခင်၏ ပုံမှန်အမှုကို နှောင့်ယှက်တားဆီးဖို့ ကြိုးစားသော ဝံပုလွေများလည်း များစွာရှိသည်။ ဤအရာအားလုံးသည် နတ်ဆိုးဘုရင် စေလွှတ်လိုက်သော နတ်ဆိုးများ၊ သတိလက်လွတ်သော သိုးများကို ဝါးမျိုရန် ကြိုးစားသည့် ကြောက်စရာကောင်းသော ဝံပုလွေများ ဖြစ်ကြသည်။ ထိုသို့ခေါ်တွင်သော ဤလူတို့ကို မနှင်ထုတ်လျှင်၊ သူတို့သည် အသင်းတော်အပေါ်၌ ကပ်ပါးကောင်များ၊ လှူဖွယ်ပစ္စည်းများကို ဝါးမျိုသော သံချေးပိုးရွများ ဖြစ်လာကြလိမ့်မည်။ အထင်သေးစရာကောင်းသော၊ မသိနားမလည်သော၊ ယုတ်ညံ့ပြီး ရွံရှာဖွယ်ကောင်းသော ဤလောက်ကောင်များ အပြစ်ပေးခံရသောတစ်နေ့ အနှေးနှင့်အမြန် ရောက်လာအံ့တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၈၉)

လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် အသိပညာနှင့် ဘုရားသခင်၏အမှုကို မခြွင်းမချန် သိနားလည်ခြင်းအား ရရှိခြင်း- ဤအရာနှစ်ခုလုံးကို သူ၏နှုတ်ကပတ်တော်များတွင် တွေ့ရပြီး၊ အသိဉာဏ်ပွင့်လင်းခြင်းကို သင် ရရှိနိုင်သည်မှာ ဤမိန့်မြွက်ချက်များမှတစ်ဆင့်သာ ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကိုယ် ပြင်ဆင်ဖို့ သာ၍ လုပ်ဆောင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆိုင်သည့် သင်၏သိနားလည်မှုကို မိတ်သဟာယ၌ ပြောပြလော့၊ ဤနည်းဖြင့် သင်သည် အခြားသူများကို အသိဉာဏ်ပွင့်လင်းစေနိုင်ပြီး ထွက်ပေါက်တစ်ခု ပေးနိုင်ပေသည်- ဤသည်မှာ လက်တွေ့ကျသော လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တခုကို မစီစဉ်မီတွင်၊ သင်တို့ အသီးသီးသည် မိမိကိုယ်ကိုယ် သူ၏နှုတ်ကပတ်တော်များဖြင့် ဦးစွာ ပြင်ဆင်ရမည်။ ဤသည်မှာ အယောက်တိုင်း လုပ်ဆောင်သင့်သော အရာတစ်ခု ဖြစ်သည်။ ယင်းသည် အရေးတကြီး ဦးစားပေးအရာတစ်ခု ဖြစ်သည်။ ပထမဦးစွာ ဘုရားသခင်၏နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သင်သိရှိသည့်အဆင့်တစ်ခုသို့ ရောက်လော့။ သင် မလုပ်ဆောင်နိုင်သော အရာမှန်သမျှအတွက်၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း တစ်ခုကို သူ၏နှုတ်ကပတ်တော်များ၌ ရှာဖွေပြီး၊ သင် နားမလည်သော မည်သည့်ကိစ္စရပ်မဆိုအတွက် သို့မဟုတ် သင်၌ ရှိကောင်းရှိမည့် မည်သည့်အခက်အခဲများမဆိုအတွက် ဤမိန့်မြွက်ချက်များကို စေ့စေ့ကြည့်လော့။ ဘုရားသခင်၏နှုတ်ကပတ်တော်များအား သင်၏ အထောက်အပံ့ဖြစ်စေပြီး၊ သင်၏ လက်တွေ့ကျသော အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းရာတွင် ၎င်းတို့ကို ကူညီမစခွင့်ပေးလော့။ သူ၏ နှုတ်ကပတ်တော်များကို ဘဝတွင် သင်၏ အကူအညီဖြစ်လာခွင့်လည်း ပေးလော့။ ဤအရာများသည် သင် လုပ်ဆောင်ရသည့်အပိုင်းတွင် ကြိုးပမ်းအားထုတ်မှု လိုအပ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား စားသောက်ရာတွင်၊ ရလဒ်များကို သင်ရရှိရမည်။ သင်သည် သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို တည်ငြိမ်စေနိုင်ရမည်ဖြစ်ပြီး၊ ပြဿနာများတစ်ခုတလေကို သင် ကြုံရသည့် မည်သည့်အချိန်တွင်မဆို သူ၏ မိန့်မြွက်ချက်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် မည်သည့်ပြဿနာများကိုမျှ တွေ့ကြုံရခြင်း မရှိသေးချိန်တွင်၊ သူ၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းကိုသာ သင် စိတ်ဝင်စားသင့်သည်။ တစ်ခါတစ်ရံ သင်သည် ဆုတောင်းပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆင်ခြင်ကောင်း ဆင်ခြင်နိုင်သည်၊ သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သင်၏ သိနားလည်ခြင်းကို မိတ်သဟာယ၌ဝေမျှနိုင်ပြီး၊ မိမိကိုယ်ကိုယ်အတွင်း သင် တွေ့ကြုံရသည့် အသိဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်း၊ ပြီးလျှင် ဤမိန့်မြွက်ချက်များကို ဖတ်ရှုနေစဉ်တွင် သင်ရှိထားသော တုံ့ပြန်မှုများနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးပြုနိုင်သည်။ ထို့အပြင် သင်သည် လူတို့ကို ထွက်ပေါက်တစ်ခု ပေးနိုင်သည်။ ဤသည်သာလျှင် လက်တွေ့ကျ၏။ ဤအရာကို လုပ်ဆောင်ခြင်း၏ ရည်မှန်းချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့ကျသော အထောက်အပံ့ ဖြစ်လာခွင့်ပေးရန် ဖြစ်သည်။

တစ်နေ့လုံးတွင် သင်သည် ဘုရားသခင့်ရှေ့၌ အမှန်တကယ် ရှိခြင်း၌ နာရီပေါင်းမည်မျှ အချိန်ကုန်ဆုံးသနည်း။ သင့်နေ့ရက်၏မည်မျှကို ဘုရားသခင်အား အမှန်တကယ် ပေးထားသနည်း။ ဇာတိပကတိကို မည်မျှ ပေးထားသနည်း။ မိမိ၏နှလုံးသားကို ဘုရားသခင်ဆီသို့ စိတ်သန်စေခြင်းသည် သူ၏ စုံလင်စေခြင်း လမ်းကြောင်းမှန်ပေါ် ရှိခြင်းအဖို့ ပထမခြေလှမ်း ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ ခန္ဓာနှင့် သင်၏စစ်မှန်သော ချစ်ခြင်းမေတ္တာ အားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ယင်းတို့ကို ဘုရားသခင်ရှေ့တွင် ထားရှိနိုင်ပါက၊ သူ့အပေါ် လုံးဝ နာခံနိုင်ပြီး သူ၏အလိုကို လုံးဝ ထောက်ထားနိုင်ပါက- ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင်၏ ကိုယ်ရေးကိုယ်တာ ဆန္ဒများအတွက် မဟုတ်ဘဲ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးများအတွက်၊ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံသဘောတရားနှင့် အခြေခံအုတ်မြစ် အဖြစ်ခံယူလျက်- ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ ရှုထောင့်အမြင်များအားလုံးသည် နေရာမှန်တွင် ရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသော လူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်နှစ်သက်သူများသည် သူ့အပေါ် အကြွင်းမဲ့ရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝဥဿုံ ဆက်ကပ်အပ်နှံနိုင်သော သူများ ဖြစ်သည်။ ဘုရားသခင် စက်ဆုပ်ရွံရှာသောသူများမှာ သူ့အပေါ် စိတ်မပါ့တပါဖြစ်သောသူများနှင့် သူ့ကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ သူ့ကို ယုံကြည်ပြီး သူ့ကို အမြဲ မွေ့လျော်လိုသော်လည်း၊ သူ့အတွက် မိမိတို့ကိုယ်ကိုယ် လုံးဝ အသုံးပြုမခံနိုင်သောသူများကို သူ စက်ဆုပ်၏။ သူ့ကို ချစ်သည်ဟုပြောသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သူ့အား ဆန့်ကျင်ပုန်ကန်သူများကို သူ စက်ဆုပ်၏။ လှည့်ဖြားခြင်း၌ ပါဝင်လုပ်ဆောင်ရန် စကားပြောကောင်းသည့်၊ ကွန့်လွန်းသော စကားများကို အသုံးပြုသောသူများအား သူ စက်ဆုပ်သည်။ ဘုရားသခင်အား အမှန်တကယ် မဆက်ကပ်သောသူများ သို့မဟုတ် သူ့၏ ရှေ့မှောက်တွင် သစ္စာဖာက်ပြီး အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိသောသူများသည် သစ္စာဖေါက်ပြီး သဘာဝအားဖြင့် အလွန် မာနထောင်လွှားကြသည်။ ပုံမှန်၊ လက်တွေ့ကျသော ဘုရားသခင်ရှေ့၌ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း မရှိနိုင်သော သူများသည် သာ၍ပင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အထူးသဖြင့် ကောင်းကင်တမန်မင်း၏ တာဝန်ကျေသော သားသမီးများ ဖြစ်ကြသည်။ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အမှန်တကယ် အသုံးခံသောသူများသည် သူ့ထံတွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို နှစ်မြုပ်ထားပြီး သူ၏ရှေ့တွင် မိမိတို့ကိုယ်ကို ထားရှိသည်။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်နှင့် အမှုတော်အားလုံးကို ကျိုးနွံနာခံနိုင်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်ခံနိုင်ပြီး ယင်းတို့ကို ၎င်းတို့၏ တည်ရှိခြင်း အခြေခံအုတ်မြစ် အဖြစ် ခံယူကာ၊ မည်သည့်အပိုင်းများအား လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ စိတ်အားထက်သန်စွာ ရှာဖွေနိုင်ကြလေသည်။ ယင်းမှာ ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်သော လူများဖြစ်သည်။ သင်သည်ဤသို့ လက်တွေ့လုပ်ဆောင်လျှင် ယင်းက သင့်အသက်အတွက် အကျိုးရှိပြီး၊ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲရန်အလို့ငှာ၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သင်၏ အတွင်းလိုအပ်ချက်များနှင့် အားနည်းချက်များကို သင် ဖြည့်ဆည်း နိုင်ပါက၊ ဤအရာက ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းလိမ့်မည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပါက၊ ပြီးလျှင် သင်သည် ဇာတိပကတိကို ကျေနပ်စေခြင်းမရှိဘဲ၊ ယင်းအစား ဘုရားသခင်၏ အလိုကို ကျေနပ်စေပါက၊ ဤအရာတွင် သူ၏နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ သင် ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းသည် သင်၏ တာဝန်ကို ဆောင်ရွက်နိုင်ပြီး ဘုရားသခင်၏အလုပ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည်ကို ဆိုလိုပေသည်။ ဤသို့သော လက်တွေ့ကျသည့် လုပ်ဆောင်မှုများကိုသာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ဤလက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်နိုင်ပါက၊ သင်သည် သမ္မာတရားကို ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှု စတင်ခြင်း ဖြစ်သည်။ သင်သည် ဤလေ့ကျင့်မှုကို ပထမဦးစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး ထို့နောက်တွင်မှ သင်သည် သာ၍ပင် နက်ရှိုင်းသော လက်တွေ့အရှိတရားများထဲသို့ ဝင်‌ရောက်နိုင်လိမ့်မည်။ ပညတ်ချက်များကို မည်သို့ ထိန်းသိမ်းရမည်ဆိုသည်နှင့် ဘုရားသခင်ရှေ့တွင် မည်သို့ သစ္စာစောင့်သိရမည်ဆိုသည်တို့ကို ဆင်ခြင်လော့။ နိုင်ငံတော်ထဲသို့ မည်သည့်အချိန်တွင် သင် ဝင်ရောက်နိုင်မည်ဆိုသည်ကို စဉ်ဆက်မပြတ် မစဉ်းစားနှင့်။ သင်၏ စိတ်သဘောထား မပြောင်းလဲပါက၊ သင်စဉ်းစားသော အရာတိုင်းသည် အချည်းနှီးဖြစ်လိမ့်မည်။ ဘုရား နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရန် သင်၏ စိတ်ကူးများနှင့် အတွေးများအားလုံး ဘုရားသခင်အတွက် ဖြစ်သည့်နေရာသို့ ပထမဦးစွာ သင် ရောက်ရှိရမည်- ဤသည်မှာ အခြေခံကျဆုံးသော လိုအပ်ချက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၉၀)

လတ်တလောတွင် စမ်းသပ်မှုများအလယ်တွင် ရှိပြီး ဘုရားသခင်၏ အမှုကို နားမလည်ကြသည့် လူများစွာရှိ၏၊ သို့သော် သင်တို့ကို ငါပြောသည်- ထိုအရာကို သင်တို့ နားမလည်ပါက၊ ထိုအရာနှင့် ပတ်သက်၍ အကဲဖြတ်ဝေဖန်ခြင်းများ မပြုသင့်ပေ။ သမ္မာတရား အလုံးစုံ ထင်ရှား လူသိများလာသည့် နေ့တစ်နေ့ ရှိကောင်းရှိလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် နားလည်လိမ့်မည်။ အကဲဖြတ်ဝေဖန်မှုများ မပြုခြင်းသည် သင့်အတွက် အကျိုးရှိမည်ဖြစ်သော်လည်း၊ သင်သည် မတုန်မလှုပ် စောင့်၍သာ နေ၍ မရပေ။ သင်သည် တက်ကြွစွာ ဝင်ရောက်ရန် ကြိုးစားရမည်။ ထိုအခါမှသာ သင်သည် အမှန်တကယ် ဝင်ရောက်သောသူတစ်ဦး ဖြစ်လိမ့်မည်။ ၎င်းတို့၏ ပုန်ကန်မှုကြောင့်၊ လူတို့သည် လက်တွေ့ကျသော ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ အမြဲ ဖြစ်ပေါ်နေကြသည်။ လက်တွေ့ကျသော ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အလွန် ကြီးမားသော စမ်းသပ်မှုတစ်ခု ဖြစ်သည့်အတွက်၊ ဤအရာက လူအားလုံးသည် မည်သို့ ကျိုးနွံနာခံရမည်ကို သင်ယူဖို့ လိုအပ်စေသည်။ သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်ပါက၊ အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် သိနားလည်မှုတစ်ခု သင် မရှိပါက၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်လိမ့်မည် မဟုတ်ပေ။ လူတို့သည် စုံလင်ခံရနိုင်ခြင်း ရှိမရှိဆိုသည့်အရာ၌ အရေးကြီးသော အဆင့်မှာ ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ သိနားလည်ခြင်း ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင် ဤကမ္ဘာမြေသို့ ကြွလာခြင်း၏ လက်တွေ့ကျခြင်းသည် လူတစ်ဦးချင်းစီတိုင်းအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ဤကဏ္ဍတွင် သင်ခိုင်မြဲစွာ ရပ်တည်နိုင်ပါက၊ သင်သည် ဘုရားသခင်ကို သိသောသူတစ်ဦးဖြစ်လိမ့်မည်ဖြစ်ပြီး သူ့ကို အမှန်တကယ် ချစ်သောသူတစ်ဦး ဖြစ်လိမ့်မည်။ ဤကဏ္ဍတွင် သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်သကဲ့သို့၊ သင်သည် ဝိညာဉ်တော်၌သာ ယုံကြည်ပြီး ဘုရားသခင်၏ လက်တွေ့ကျခြင်း၌ ယုံကြည်နိုင်စွမ်းမရှိပါက၊ ဘုရားသခင်၌ သင့်ယုံကြည်ခြင်း မည်မျှကြီးမားသည်ဖြစ်စေ၊ ယင်းသည် အချည်းနှီး ဖြစ်လိမ့်မည်။ သင်သည် မြင်နိုင်သော ဘုရားသခင်ကို မယုံကြည်နိုင်ပါက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင် ယုံကြည်နိုင်မည်လော။ သင်သည် ဘုရားသခင်ကို လှည့်စားရန် ကြိုးစားနေခြင်းသာ မဟုတ်လော။ သင်သည် မြင်၍ရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင်ပြ၍ရနိုင်သော ဘုရားသခင်ရှေ့တွင် ကျိုးနွံနာခံခြင်းမရှိပေ၊ သို့ဆိုလျှင် သင်သည် ဝိညာဉ်တော်၏ ရှေ့မှောက်တွင် ကျိုးနွံနာခံနိုင်စွမ်း ရှိပါသလော။ ဝိညာဉ်တော်သည် မြင်၍မရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင်ပြ၍ မရနိုင်ပေ၊ သို့ဆိုလျှင် ဘုရားသခင်၏ဝိညာဉ်တော်ကို သင် ကျိုးနွံနာခံသည်ဟု ပြောသောအခါ၊ သင်သည် အဓိပ္ပာယ်မရှိသော အရာကို ပြောနေခြင်းသာ မဟုတ်လော။ ပညတ်ချက်များကို ထိန်းသိမ်းခြင်း၏ အဓိကသော့ချက်မှာ လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှုရှိခြင်း ဖြစ်သည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်ကို နားလည်မှုတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက်၊ ပညတ်ချက်များကို ထိန်းသိမ်းနိုင်လိမ့်မည်။ ယင်းတို့ကို ထိန်းသိမ်းရာတွင် အပိုင်းနှစ်ပိုင်း ပါဝင်သည်- တစ်ပိုင်းမှာ သူ၏ဝိညာဉ်တော်၏ အနှစ်သာရကို ဖက်တွယ်ထားခြင်းနှင့် ဝိညာဉ်တော်၏ရှေ့မှောက်တွင် ဝိညာဉ်တော်၏ စစ်ဆေးခြင်းကို လက်ခံနိုင်ခြင်းဖြစ်သည်။ နောက်တစ်ပိုင်းမှာ လူ့ဇာတိခံ ခန္ဓာနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုရှိနိုင်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံမှုရရှိနိုင်ခြင်း ဖြစ်သည်။ ဇာတိပကတိရှေ့တွင် ဖြစ်စေ၊ ဝိညာဉ်တော်၏ရှေ့တွင် ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းကို အမြဲ သိုထားရမည်။ ဤသို့သော သူတစ်ဦးသာ စုံလင်စေခြင်းခံရဖို့ အရည်အချင်းပြည့်မီသည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် သိနားလည်မှုရှိပါက- ယင်းမှာ ဤစမ်းသပ်မှုတွင် သင် ခိုင်မာစွာ ရပ်တည်ပါက- သင့်အတွက် မည်သည့်အရာမျှ မဖြစ်နိုင်ဖွယ်ရှိမည် မဟုတ်ပေ။

လူအချို့က၊ “ပညတ်ချက်များသည် စောင့်ထိန်းရန် လွယ်ကူသည်။ သင်သည် ဘုရားသခင်ရှေ့တွင်ရှိချိန်၌ ပွင့်ပွင့်လင်းလင်းနှင့် အလေးအနက် ပြောဆိုဖို့နှင့် မည်သည့်လက်ရိပ်ခြေရိပ်ပြခြင်းမျှ မပြုဖို့သာ လိုသည်။ ဤသည်မှာ ပညတ်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုသည့်အရာ ဖြစ်သည်” ဟု ပြောကြသည်။ ယင်းမှာ မှန်သလော။ သို့ဆိုလျှင် သင်သည် ဘုရားသခင်၏ နောက်ကွယ်တွင် သူ့ကို ဆန့်ကျင်သောအရာ အနည်းငယ် လုပ်ဆောင်ပါက၊ ယင်းမှာ ပညတ်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအဖြစ် မှတ်ယူ၍ ရသလော။ သင်သည် ပညတ်ချက်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၌ မည်သည့်အရာပါဝင်သည်ကို အကုန်အစင် သိနားလည်မှု ရှိရမည်။ ယင်းသည် သင့်အနေဖြင့် ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှု ရှိ မရှိဆိုသည်နှင့် ဆက်နွှယ်ပေသည်။ သင်သည် လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် သိနားလည်မှုရှိပြီး ဤစမ်းသပ်မှုအတွင်းတွင် ခလုတ်တိုက်ကာ မလဲကျပါက၊ သင်သည် ခိုင်မာသော သက်သေခံချက် ရှိသည်ဟု မှတ်ယူ၍ရပေသည်။ ဘုရားသခင်အတွက် ထူးကဲသည့် သက်သေတစ်ခုကိုသက်သေခံခြင်းသည်၊ သင်က လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု ရှိ မရှိဆိုသည်နှင့် သာမန်ဖြစ်သည် သာမက ပုံမှန်လည်းဖြစ်သည့် ဤလူ၏ ရှေ့တွင် သင် ကျိုးနွံနာခံနိုင်ပြီး သေသည်အထိ ကျိုးနွံနာခံနိုင်ခြင်း ရှိ မရှိ ဆိုသည်တို့နှင့် အဓိကအားဖြင့် ဆက်နွှယ်ပေသည်။ ဤကျိုးနွံနာခံခြင်းနည်းလမ်းအားဖြင့်၊ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် သက်သေခံပါက၊ ယင်းမှာ သင့်ကို ဘုရားသခင်က ရရှိပြီဟု ဆိုလိုပေသည်။ သင်သည် သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ပြီး သူ၏ ရှေ့မှောက်တွင် ညည်းညူမှုများ ကင်းနိုင်ပါက၊ အကဲဖြတ်ဝေဖန်မှုများ မပြု၊ အသရေပျက်အောင် လုပ်ကြံပြောဆိုခြင်းမရှိ၊ မည်သည့် အယူအဆမျှမရှိသကဲ့သို့၊ မည်သည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များမျှ မရှိပါက၊ ဤနည်းလမ်းဖြင့် ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။ လူက အထင်အမြင်သေးခံရသည့် သာမန်လူတစ်ဦးရှေ့တွင် ကျိုးနွံနာခံခြင်းနှင့် မည်သည့်အယူအဆမျှ မရှိဘဲ သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ခြင်း- ဤသည်မှာ စစ်မှန်သော သက်သေခံချက် ဖြစ်သည်။ လူတို့ဝင်ရောက်ရန် ဘုရားသခင် တောင်းဆိုသည့် လက်တွေ့အရှိတရားဆိုသည်မှာ သင်သည် သူ၏ နှုတ်ကပတ်တော်များကို နာခံနိုင်ခြင်း၊ ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ ရှေ့တွင် ပျပ်ဝပ်ဦးညွှတ်နိုင်ခြင်းနှင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို သိရှိခြင်း၊ သူ၏ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ဖွင့်ဟနိုင်ကာ နောက်ဆုံးတွင် သူ၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ရယူခြင်းကို ခံရခြင်းတို့ ဖြစ်သည်။ ဤမိန့်မြွက်ချက်များက သင့်ကို သိမ်းပိုက်ပြီး၊ သူ့ကို အပြည့်အဝနာခံစေသည့်အခါ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလေသည်။ ဤအရာမှတစ်ဆင့် သူသည် စာတန်ကို အရှက်ရစေပြီး သူ၏ အမှုကို ပြည့်စုံစေသည်။ သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိသည့်အခါတွင်- ယင်းမှာ သင်သည် ဤစမ်းသပ်မှုတွင် ခိုင်မာစွာ ရပ်တည်ပြီးသည့်အခါ- သင်သည် ဤသက်သေခံချက်ကို ကောင်းကောင်း သက်သေခံပြီးဖြစ်သည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် ပြည့်ဝသော သိနားလည်မှုရှိပြီး၊ ပေတရုကဲ့သို့ သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်သောနေ့တစ်နေ့ ရှိလာပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီး စုံလင်စေခြင်း ခံရလိမ့်မည်။ သင်၏ အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် သင့်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် သင်၏ အယူအဆများနှင့် ကိုက်ညီခဲ့မည်ဆိုပါက၊ ယင်းမှာ သင့်အနေဖြင့် ဆင်းရဲဒုက္ခခံဖို့ သို့မဟုတ် စစ်ဆေးခြင်းခံဖို့ လိုအပ်မည်မဟုတ်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် အလွန်လက်တွေ့ကျပြီး သင်၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသောကြောင့်၊ သင့်အနေဖြင့် ထိုသို့သော အယူအဆများကို လက်လွှတ်ရန် လိုအပ်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ယင်းသည် သင့်အတွက် စမ်းသပ်မှုတခု ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လူအားလုံး စမ်းသပ်မှုများအလယ်တွင် ရှိကြသည်မှာ ဘုရားသခင်၏ လက်တွေ့ကျခြင်းကြောင့် ဖြစ်သည်။ သူ၏အမှုသည် လက်တွေ့ကျ၏၊ သဘာဝလွန်ခြင်း မရှိပေ။ မည်သည့် အယူအဆမျှ မရှိဘဲ၊ သူ၏လက်တွေ့ကျသော နှုတ်ကပတ်တော်များနှင့် သူ၏လက်တွေ့ကျသော မိန့်မြွက်ချက်များကို အပြည့်အဝ နားလည်ခြင်းနှင့် သူ၏ အမှုက ယခင်ထက် တိုး၍ လက်တွေ့ကျသည်နှင့်အမျှ သူ့ကို သာ၍ စစ်မှန်စွာ ချစ်နိုင်ခြင်းအားဖြင့်၊ သင်သည် သူ၏ ရယူခြင်း ခံရလိမ့်မည်ဖြစ်သည်။ ဘုရားသခင် ရယူမည့် လူစုမှာ ဘုရားသခင်ကို သိကျွမ်းသောသူများဖြစ်သည်။ ယင်းမှာ သူ၏ လက်တွေ့ကျခြင်းကို သိသောသူများ ဖြစ်၏။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏လက်တွေ့ကျသောအမှုကို ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၉၁)

လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အချိန်ကာလအတောအတွင်းတွင်၊ လူများထံမှ သူလိုအပ်သော ကျိုးနွံနာခံခြင်းသည် ၎င်းတို့စိတ်ကူးသကဲ့သို့ အကဲဖြတ်ဝေဖန်ခြင်းများ သို့မဟုတ် ခုခံခြင်းများကို ရှောင်ကြဉ်ခြင်း မပါဝင်ပေ။ ယင်းထက် လူတို့အနေဖြင့် သူ၏နှုတ်ကပတ်တော်များကို အသက်ရှင်ဖို့ ၎င်းတို့၏အခြေခံသဘောတရားနှင့် ၎င်းတို့၏ ရှင်သန်မှုနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုဖို့နှင့် သူ၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရကို လုံးဝ လက်တွေ့လုပ်ဆောင်ပြီး သူ၏အလိုကို လုံးဝ ဖြည့်ဆည်းဖို့ သူ တောင်းဆိုပေသည်။ လူ့ဇာတိခံဘုရားသခင်ကို ကျိုးနွံနာခံရန် လူတို့ လိုအပ်ခြင်း၏ ရှုထောင့်တခုသည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအား ရည်ညွန်းစဉ်တွင်၊ နောက်ထပ်ရှုထောင့်တခုက သူ၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို ကျိုးနွံနာခံနိုင်ခြင်းအား ရည်ညွှန်းပေသည်။ ဤအရာများသည် နှစ်ခုလုံး အကြွင်းမဲ့ ဖြစ်ရမည်။ ဤရှုထောင့်နှစ်ခုလုံးကို စွမ်းဆောင်ရရှိနိုင်သူများအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ သိုထားသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သော လူများဖြစ်ပြီး ၎င်းတို့အားလုံးသည် ဘုရားသခင်ကို မိမိတို့ ကိုယ်ပိုင်ဘဝကို ချစ်သကဲ့သို့ ချစ်သောသူများ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ အမှုတွင် ပုံမှန်နှင့် လက်တွေ့ကျသော လူ့သဘာဝကို ဆောင်လေသည်။ ဤနည်းအားဖြင့် သူ၏ ပုံမှန်ဖြစ်ပြီး လက်တွေ့လည်းကျသော လူ့သဘာဝ၏ အပြင်ဘက် ပြင်ပအလွှာသည် လူတို့အတွက် အလွန်ကြီးမားသော စမ်းသပ်မှုတခု ဖြစ်လာလေသည်။ ယင်းသည် ၎င်းတို့၏ အကြီးမားဆုံးသော အခက်အခဲ ဖြစ်လာသည်။ သို့သော် ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို ရှောင်လွှဲ၍မရနိုင်ပေ။ သူသည် အဖြေတခု ရှာတွေ့ရန် အရာရာတိုင်းကို ကြိုးစားခဲ့သော်လည်း၊ အဆုံးတွင် သူ၏သာမန်လူ့သဘာဝနှင့်ဆိုင်သည့် ပြင်ပအလွှာမှ မိမိကိုယ်ကိုယ် မဖယ်ရှားနိုင်ခဲ့ပေ။ အမှန်မှာမူ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူသည် လူ့ဇာတိခံယူသော ဘုရားသခင် ဖြစ်ပြီး၊ ကောင်းကင်ဘုံ၌ရှိသည့် ဝိညာဉ်တော် ဘုရားမဟုတ်သောကြောင့် ဖြစ်သည်။ သူသည် လူများ မမြင်နိုင်သော ဘုရားမဟုတ်ဘဲ ဖန်ဆင်းခြင်းအနွယ်ဝင်တစ်ဦး၏ အပြင်အလွှာကို ယူတင်ဝတ်ဆင်ထားသောဘုရားသခင် ဖြစ်သည်။ ထို့ကြောင့် သူ၏ ပုံမှန်လူ့သဘာဝ အပြင်အလွှာမှ မိမိကိုယ်ကိုယ် ဖယ်ရှားခြင်းသည် လုံးဝ လွယ်ကူမည်မဟုတ်။ ထို့ကြောင့် မည့်သို့ပင်ဆိုစေကာမူ သူသည် သူ လုပ်ဆောင်လိုသောအမှုကို လူ့ဇာတိ၏ ရှုထောင့်မှ လုပ်ဆောင်ဆဲဖြစ်သည်။ ဤအမှုသည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော ဘုရားသခင်၏ ဖေါ်ပြခြင်းဖြစ်သည်၊ သို့ဆိုလျှင် ယင်းသည် လူတို့အတွက် ကျိုးနွံနာခံခြင်း မရှိဖို့မှာ အဘယ်သို့ အဆင်ပြေနိုင်မည်နည်း။ လူတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သူသည် သူလုပ်ချင်သောအရာ မည်သည့်အရာကိုမဆို လုပ်ဆောင်၏။ သူ ပျော်ရွှင်ရသည့် မည်သည့်အရာမဆိုသည် ထိုနည်း၎င်းသာ ဖြစ်ကြသည်။ လူတို့သည် ကျိုးနွံနာခံခြင်းမရှိပါက၊ ၎င်းတို့ထံတွင် အားထားယုံကြည်လောက်သော အခြားမည်သည့်အစီအစဉ်များ ရှိနိုင်ကြသနည်း။ ယခုထက်ထိ ကျိုးနွံနာခံခြင်းသာ လူများကို ကယ်တင်နိုင်ပေသည်။ မည်သူမျှ အခြားထက်မြက်သည့် မည်သည့် စိတ်ကူးများမျှ မရှိကြလေပြီ။ ဘုရားသခင်သည် လူတို့အား စစ်ဆေးချင်ပါက၊ ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ သို့သော် ဤအရာအားလုံးသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်က အကြံထုတ် ထားခဲ့ခြင်းမဟုတ်ပေ။ ယင်းကို လူ့ဇာတိခံဘုရားသခင်က အကြံထုတ် ထားခဲ့ခြင်း ဖြစ်သည်။ သူသည် ဤအရာကို လုပ်ဆောင်ချင်သည်၊ ထို့ကြောင့် ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သည့်အရာကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ၊ ထို့ကြောင့် ဤသည်မှာ လူများအနေဖြင့် သူ့အား ကျိုးနွံနာခံသင့်သည့် အကြောင်းရင်း ပို၍ပင် ဖြစ်သည်မဟုတ်လော။ သူသည် လက်တွေ့ကျသကဲ့သို့ ပုံမှန်လည်းဖြစ်သော်လည်း၊ သူသည် လူ့ဇာတိခံ ဘုရားသခင် လုံးဝ ဖြစ်သည်။ သူ၏ကိုယ်ပိုင် ယူဆချက်များပေါ် အခြေခံ၍ သူ လုပ်ဆောင်ချင်သည့် မည်သည့်အရာကိုမဆို သူလုပ်ဆောင်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် သူ့အား တာဝန်အားလုံးကို လွှဲအပ်ပြီး ဖြစ်သည်၊ သင်သည် သူလုပ်ဆောင်သည့် မည်သည့်အရာကိုမဆို ကျိုးနွံနာခံရမည်။ သူသည် လူ့သဘာဝရှိပြီး အလွန် ပုံမှန်ဖြစ်သော်လည်း၊ ဤအရာအားလုံးကို သူ တမင်သက်သက် စီစဉ်ထားပြီးဖြစ်သည်၊ ထို့ကြောင့် လူများသည် သူ့အား သဘောမတူသော မျက်လုံးပြူးကြီးများဖြင့် မည်သို့ စိန်းစိန်းဝါးဝါး ကြည့်နိုင်ကြမည်နည်း။ သူသည် ပုံမှန်ဖြစ်ချင်သောကြောင့် ပုံမှန်ဖြစ်၏။ သူသည် လူ့သဘာဝအတွင်း၌ အသက်ရှင်ချင်သောကြောင့် လူ့သဘာဝအတွင်း၌ အသက်ရှင်သည်။ သူသည် ဘုရား၏ သဘောသဘာဝအတွင်း၌ အသက်ရှင်ချင်သောကြောင့် ဘုရား၏ သဘောသဘာဝအတွင်း၌ အသက်ရှင်သည်။ လူတို့သည် ယင်းကို ၎င်းတို့မြင်ချင်သလို မြင်နိုင်သော်လည်း၊ ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်လိမ့်မည် ဖြစ်ပြီး လူသားများသည် အမြဲ လူသားများ ဖြစ်လိမ့်မည်ဖြစ်သည်။ သူ၏အနှစ်သာရကို အရေးမပါသော အသေးစိတ် အချက်အလက် အချို့ကြောင့် ငြင်းပယ်၍မရနိုင်သကဲ့သို့၊ သေးငယ်သောအရာ တစ်ခုကြောင့် ဘုရား၏ “ဇာတိအဖြစ်တော်” ပြင်ပသို့လည်း သူ့ကို တွန်းပို့၍မရနိုင်ပေ။ လူတို့သည် လူသားများနှင့်ဆိုင်သည့် လွတ်လပ်မှုရှိပြီး ဘုရားသခင်သည် ဘုရားသခင်နှင့်ဆိုင်သည့် ဂုဏ်သိက္ခာ ရှိသည်။ ဤအရာများသည် တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်မှုမရှိပေ။ လူတို့သည် ဘုရားသခင်ကို အနည်းငယ်မျှသော လွတ်လပ်မှု မပေးနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ အနည်းငယ်ပို၍ သာမန်ကာလျှံကာဖြစ်ခြင်းကို သည်းမခံနိုင်သလော။ ဘုရားသခင်နှင့်ပတ်သက်၍ တင်းကျပ်လွန်းမနေနှင့်။ အသီးသီးသည် အချင်းချင်းအတွက် သည်းခံမှု ရှိသင့်၏။ ထိုအခါ အရာအားလုံး တည်ငြိမ်သွားမည် မဟုတ်လော။ ခပ်တန်းတန်းဖြစ်ခြင်းတစ်ခုတလေ ရှိသေးသလော။ တစ်ဦးတစ်ယောက်သည် ထိုသို့အရေးမပါလှသော ကိစ္စရပ် တစ်ခုကို သည်းမခံနိုင်လျှင်၊ ၎င်းတို့သည် “ဝန်ကြီးတစ်ဦး၏ စိတ်နှလုံးသည် ရွက်လှေတစ်စီးလွှင့်ဖို့ လုံလုံလောက်လောက် ကြီးမားပေ၏။” ကဲ့သို့ အရာတစ်ခုတစ်လေပင် မည်သို့လျှင် ပြောနိုင်သနည်း။ ၎င်းတို့သည် စစ်မှန်သော လူတစ်ဦး မည်သို့ဖြစ်နိုင်သနည်း။ လူသားမျိုးနွယ်ကို အခက်အခဲ ဖြစ်စေသည်မှာ ဘုရားသခင်မဟုတ်ဘဲ ဘုရားသခင်အတွက် အခက်အခဲဖြစ်စေသည်မှာ လူသားမျိုးနွယ်ဖြစ်သည်။ ၎င်းတို့သည် အမြဲ တစ်ဆိတ်ကို တစ်အိတ်လုပ်ခြင်းအားဖြင့် အမှုအရာများကို ကိုင်တွယ်ကြသည်။ ၎င်းတို့သည် ဘာမျှမရှိခြင်းမှ တစ်စုံတစ်ခုကို အမှန်တကယ် ဖန်တီးကြပြီး ယင်းသည် အလွန် မလိုအပ်ပေ။ ဘုရားသခင်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော လူ့သဘာဝအတွင်း၌ အမှုပြုချိန်တွင်၊ သူလုပ်ဆောင်သောအရာသည် လူသားမျိုးနွယ်၏အလုပ်မဟုတ်ဘဲ၊ ဘုရားသခင်၏အမှု ဖြစ်သည်။ သို့သော် လူသားများသည် သူ၏ အမှု၏ အနှစ်သာရကို မမြင်ကြပေ။ ၎င်းတို့သည် သူ၏လူ့သဘာဝ၏ အပြင်ဘက် အပြင်အလွှာကိုသာ အမြဲ မြင်ကြလေသည်။ ၎င်းတို့သည် ထိုသို့သော ကြီးမြတ်သည့်အမှုကို မမြင်ဖူးကြသော်လည်း၊ ဘုရားသခင်၏သာမန်နှင့် ပုံမှန်လူ့သဘာဝကို မြင်ခြင်းငှာ မရမက တောင်းဆိုပြီး ယင်းကို လက်လွှတ်ကြလိမ့်မည် မဟုတ်ပေ။ ဤအရာကို ဘုရားသခင်၏ရှေ့တွင် ကျိုးနွံနာခံခြင်းဟု အဘယ်သို့ ခေါ်ဆိုနိုင်မည်နည်း။ ကောင်းကင်ဘုံရှိဘုရားသခင်သည် ယခု မြေကြီးပေါ်ရှိ ဘုရားသခင်အဖြစ် “ပြောင်းလဲ” သွားပြီးဖြစ်ကာ မြေကြီးပေါ်ရှိ ဘုရားသခင်သည် ယခု ကောင်းကင်ဘုံရှိ ဘုရားသခင် ဖြစ်သည်။ ၎င်းတို့၏ပြင်ပအသွင်အပြင်များသည် တူညီခြင်း ရှိ မရှိဆိုသည်မှာ အရေးမကြီးသကဲ့သို့၊ ၎င်းတို့ မည်သို့ အတိအကျ အမှုပြုကြသည်ဆိုသည်မှာလည်း အရေးမကြီးပေ။ နောက်ဆုံးတွင် ဘုရားသခင် ကိုယ်တိုင်၏အမှုကို လုပ်ဆောင်သောသူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ သင် လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ ကျိုးနွံနာခံရမည် ဖြစ်သည်- ဤသည်မှာ သင် ရွေးချယ်စရာရှိသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ဘုရားသခင်ကို လူသားတို့ နာခံရမည်ဖြစ်ပြီး၊ လူသားများသည် ဘုရားသခင်အား ဟန်ဆောင်မှု စိုးစဉ်းမျှမရှိဘဲ လုံးဝနာခံရမည်ဖြစ်သည်။

ယနေ့ လူ့ဇာတိခံ ဘုရားသခင် ရယူချင်သော လူစုမှာ သူ၏ အလိုနှင့်ကိုက်ညီသောသူများ ဖြစ်သည်။ ၎င်းတို့သည် သူ၏ အမှုကို ကျိုးနွံနာခံဖို့နှင့် မရေရာမှုတွင် အသက်ရှင်ရင်းနှင့် အမှုအရာများကို လူ့ဇာတိ၌ရှိသည့် ဘုရားသခင်အတွက် ခက်ခဲစေရင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်ကူးများကို စဉ်ဆက်မပြတ် စိတ်ဝင်စားခြင်းအား ရပ်တန့်ဖို့သာ လိုအပ်ပေသည်။ သူ့ကိုနာခံနိုင်သောသူများသည် သူ့နှုတ်ကပတ်တော်များကို အကြွင်းမဲ့ နားထောင်သူများနှင့် သူ့အစီအစဉ်များကို ကျိုးနွံနာခံသောသူများ ဖြစ်သည်။ ထိုသို့သော လူများသည် ကောင်းကင်ဘုံရှိဘုရားသခင်သည် မည်သည့်အရာနှင့် အမှန်တကယ်တူမည် သို့မဟုတ် ကောင်းကင်ဘုံရှိဘုရားသခင်သည် လူသားမျိုးနွယ်အလယ်တွင် လတ်တလော မည်သည့်အမှုမျိုး လုပ်ဆောင်နေမည်ဆိုသည်တို့ကို လုံးဝ ဂရုမထားကြပေ။ ၎င်းတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်အား ၎င်းတို့၏ နှလုံးသားများကို အပြည့်အဝပေးပြီး သူ၏ရှေ့မှောက်တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ထားရှိကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏လုံခြုံမှုကို လုံးဝ မည်သို့မျှ ထည့်သွင်းမစဉ်းစားကြသကဲ့သို့၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို မည်သည့်အခါမျှ ရေးကြီးခွင်ကျယ်လုပ်ခြင်း မရှိကြပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို ကျိုးနွံနာခံသောသူများသည် သူ၏ စုံလင်စေခြင်းခံရနိုင်သည်။ ကောင်းကင်ဘုံရှိဘုရားသခင်ကို ယုံကြည်သောသူများသည် မည်သည့်အရာမျှ ရရှိကြလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အပေါ် ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာများ အပ်နှင်းသူမှာ ကောင်းကင်ဘုံရှိ ဘုရားသခင် မဟုတ်ဘဲ မြေကြီးပေါ်ရှိဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်ကို သာမန်လူတစ်ဦးမျှအဖြစ် မြင်နေကြစဉ်တွင်၊ ကောင်းကင်ဘုံရှိဘုရားသခင်အား အမြဲ ချဲ့ကားပြောဆိုခြင်း မပြုသင့်ပေ။ ဤသည်မှာ မတရားပေ။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းသော ဉာဏ်ပညာဖြင့် ချီးကျူးလောက်စရာဖြစ်သော်လည်း၊ ဤသည်မှာ လုံးဝ မတည်ရှိပေ။ မြေကြီးပေါ်ရှိ ဘုရားသခင်သည် အလွန်သာမန်ဖြစ်ပြီး အရေးမပါသကဲ့သို့၊ သူသည် အလွန်လည်း ပုံမှန်ဖြစ်ပေသည်။ သူသည် သာမန်ထက်လွန်ကဲသော ဉာဏ် မရှိပေ၊ သို့မဟုတ် မြေကြီးကို တုန်လှုပ်စေသော လုပ်ဆောင်မှုများ မဆောင်ရွက်ပေ။ သူသည် အလွန်ပုံမှန်ဖြစ်ကာ လက်တွေ့ကျသော နည်းလမ်းဖြင့်သာ အမှုပြုကာ စကားပြောဆိုရုံလေသည်။ သူသည် မိုးချုန်းသံမှတစ်ဆင့် စကားမပြောသော်လည်း၊ သို့မဟုတ် လေနှင့်မိုးတို့အား ခေါ်ဖိတ်ခြင်း မပြုသော်လည်း၊ သူသည် ကောင်းကင်ဘုံရှိဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တကယ် ဖြစ်ကာ လူသားများအလယ် အသက်ရှင်နေသည့် ဘုရားသခင် အမှန်တကယ်ဖြစ်ပေသည်။ လူတို့သည် ၎င်းတို့ လက်မခံနိုင်သကဲ့သို့ လုံးဝ စိတ်မကူးနိုင်သောသူအား နိမ့်ကျသူအဖြစ် မြင်နေစဉ်တွင်၊ ၎င်းတို့နားလည်နိုင်ပြီး ဘုရားအဖြစ် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် ကိုက်ညီသော သူကို ချဲ့ကားပြောဆိုခြင်း ပြုရမည်မဟုတ်။ ဤအရာအားလုံးသည် လူတို့၏ ပုန်ကန်ခြင်းမှ လာပေသည်။ ယင်းမှာ ဘုရားသခင်ကို လူသားမျိုးနွယ်၏ ခုခံခြင်း အရင်းအမြစ်သာ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၉၂)

လူတို့သည် မိမိတို့အသိစိတ်၏ ခံစားချက်များကိုသာ နားထောင်ပါက၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ၎င်းတို့ ခံစားနိုင်မည် မဟုတ်။ ၎င်းတို့သည် မိမိတို့၏ အသိစိတ်အပေါ်၌သာ မှီခိုပါက ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်း အားနည်းလိမ့်မည်။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ချစ်ခြင်းကို ပြန်လည်ပေးဆပ်ခြင်းကိုသာ ပြောဆိုပါက၊ သူ့အတွက် သင်၏ချစ်ခြင်း၌ မည်သည့်စိတ်ဓာတ်ခွန်အားမျှ ရှိမည်မဟုတ်ချေ။ သင့်အသိစိတ်၏ ခံစားချက်များအပေါ် အခြေခံ၍ သူ့ကိုချစ်ခြင်းသည် တက်ကြွလှုပ်ရှားမှုမရှိသော ချဉ်းကပ်မှုသာဖြစ်သည်။ တက်ကြွလှုပ်ရှားမှု မရှိသော ချဉ်းကပ်မှုဟု အဘယ်ကြောင့် ငါပြောသနည်း။ ဤသည်မှာ လက်တွေ့ကျသော ပြဿနာတစ်ခုဖြစ်၏။ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာမှာ မည်သို့သော ချစ်ခြင်းမျိုးနည်း။ ယင်းမှာ ဘုရားသခင်ကို လှည့်စားခြင်းနှင့် သူ့အတွက် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို ချစ်ခြင်းအတွက် ဆုလာဘ်မရှိသည့်အပြင် သူ့ကိုမချစ်ခြင်းအတွက် ပြစ်တင်ဆုံးမခြင်းခံရမည် ဖြစ်သည့်အတွက်၊ ခြုံကြည့်လျှင် အပြစ်မလုပ်ခြင်းသက်သက်က လုံလောက်သည်ဟု လူအများစုက ယုံကြည်ကြသည်။ ထို့ကြောင့် မိမိအသိစိတ် ခံစားချက်များပေါ်အခြေခံ၍ ဘုရားသခင်ကို ချစ်ခြင်းနှင့် သူ၏ ချစ်ခြင်းမေတ္တာအတွက် ပြန်ပေးဆပ်ခြင်းသည် တက်ကြွလှုပ်ရှားမှုမရှိသော ချဉ်းကပ်မှုဖြစ်ပြီး ယင်းသည် မိမိစိတ်နှလုံးမှ သဘာဝအလျောက်လာသော ဘုရားသခင်အတွက် ချစ်ခြင်း မဟုတ်ပေ။ ဘုရားသခင်အတွက် ချစ်ခြင်းသည် လူတစ်ဦးနှလုံးသား၏ နက်ရှိုင်းသောနေရာမှ စစ်မှန်သည့် ခံစားချက်တစ်ခု ဖြစ်သင့်ပေသည်။ လူအချို့က၊ “ကျွန်ုပ်ကိုယ်တိုင် ဘုရားသခင်ကို ရှာဖွေပြီး သူ့နောက်လိုက်ဖို့ ဆန္ဒရှိသည်။ ယခု ဘုရားသခင်က ကျွန်ုပ်ကို စွန့်ပစ်ချင်လျှင်ပင်၊ သူ့နောက် ကျွန်ုပ် လိုက်နေဦးမည်ဖြစ်သည်။ သူ ကျွန်ုပ်ကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ သူ့ကို ကျွန်ုပ် ချစ်နေဦးမည်ဖြစ်ပြီး၊ အဆုံးတွင် သူ့ကို ကျွန်ုပ် ရရှိရမည်။ ကျွန်ုပ်သည် ကျွန်ုပ်နှလုံးသားကို ဘုရားသခင်အား ပူဇော်ပြီး၊ သူ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကျွန်ုပ်၏ တစ်သက်တာလုံး သူ့နောက်လိုက်ပါမည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်ကို ကျွန်ုပ် ချစ်ရမည်ဖြစ်ပြီး သူ့ကို ရရှိရမည်။ သူ့ကို မရမချင်း ကျွန်ုပ် နားမည်မဟုတ်” ဟူ၍ ပြောကြသည်။ သင်၌ ဤသန္နိဌာန်မျိုး ရှိသလော။

ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းနှင့် သူ့ကိုချစ်ခြင်း လမ်းကြောင်းသည် တစ်ခုတည်းပင်ဖြစ်၏။ သင်သည် သူ့ကို ယုံကြည်ပါက သူ့ကို ချစ်ရမည်။ သို့သော် သူ့ကိုချစ်ခြင်းသည် သူ၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ခြင်း သို့မဟုတ် သင်၏အသိစိတ်၏ ခံစားချက်များပေါ် အခြေခံ၍ သူ့ကို ချစ်ခြင်းအား မရည်ညွှန်းပေ- ယင်းသည် ဘုရားသခင်အတွက် ဖြူစင်သည့် ချစ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် လူတို့သည် မိမိတို့၏ အသိစိတ်တစ်ခုတည်းပေါ် အခြေခံ၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မခံစားနိုင်ကြပေ။ “ဘုရားသခင်၏ ဝိညာဉ်တော်သည် ငါတို့၏ စိတ်ဝိညာဉ်များကို တို့ထိပါစေ” ဟု အဘယ်ကြောင့် ငါအမြဲပြောသနည်း။ ဘုရားသခင်ကို ချစ်ရန် လူတို့၏ အသိစိတ်များကို နှိုးဆော်ခြင်းအား အဘယ်ကြောင့် ငါမပြောခဲ့သနည်း။ ယင်းမှာ လူတို့၏ အသိစိတ်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို မခံစားနိုင်သောကြောင့် ဖြစ်သည်။ သင်သည် ဤနှုတ်ကပတ်တော်များအားဖြင့် ယုံကြည်လက်ခံခြင်းမရှိပါက၊ သူ၏ချစ်ခြင်းကို ခံစားရရန် သင်၏ အသိစိတ်ကို အသုံးပြုဖို့ ကြိုးစားကြည့်လော့။ သင်သည် ခဏတာ စိတ်ဓာတ်ခွန်အား ရှိလိမ့်မည်ဖြစ်သော်လည်း မကြာမီ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို သင်၏ အသိစိတ်ဖြင့်သာ သင် ခံစားပါက၊ သင်ဆုတောင်းစဉ်တွင် လှုံ့ဆော်ခံရမည်ဖြစ်သော်လည်း မရှေးမနှောင်းပင် တက်ကြွမှုသည် လျော့ပါးကာ ကွယ်ပျောက်သွားလိမ့်မည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ သင်သည် မိမိ၏ အသိစိတ်ကိုသာ အသုံးပြုပါက ဘုရားသခင်အတွက် သင်၏ချစ်ခြင်းကို သင်နှိုးဆွနိုင်မည် မဟုတ်ပေ။ သင့်နှလုံးသားထဲ၌ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို အမှန်တကယ် ခံစားရသောအခါ၊ သင်၏ စိတ်ဝိညာဉ်သည် သူ၏ တို့ထိခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး သင်၏ အသိစိတ်က ၎င်း၏ နဂိုအခန်းကဏ္ဍကို ဆောင်ရွက် နိုင်လိမ့်မည်မှာ ဤအချိန်တွင်သာ ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ စိတ်ဝိညာဉ်ကို ဘုရားသခင် တို့ထိသောအခါ၊ ပြီးလျှင် လူသားသည် အသိပညာရှိပြီး သူ၏ စိတ်နှလုံးထဲတွင် တိုက်တွန်းခြင်းခံရသည့်အခါ၊ ဆိုလိုသည်မှာ အတွေ့အကြုံ ရရှိသည့်အခါ၊ ထိုအခါတွင်မှ သူသည် မိမိ၏ အသိစိတ်ဖြင့် ဘုရားသခင်ကို ထိရောက်စွာ ချစ်နိုင်မည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏အသိစိတ်ဖြင့် ချစ်ခြင်းက မမှားပေ- ဤသည်မှာ ဘုရားသခင်အတွက် ချစ်ခြင်း၏ အနိမ့်ဆုံး အတိုင်းအတာ ဖြစ်သည်။ “ဘုရားသခင်၏ ကျေးဇူးတော်ကို ထိုက်တန်ရုံမျှသာ” ချစ်ခြင်းသည် မိမိဘက်မှ စ၍ တက်ကြွစွာ ဝင်ရောက်ဖို့ လူသားကို တကယ် စေ့ဆော်လိမ့်မည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုအချို့ကို လူတို့ရရှိသည့်အခါ၊ ဆိုလိုသည်မှာ၊ ၎င်းတို့၏ လက်တွေ့အတွေ့အကြုံထဲ၌ ဘုရားသခင်၏ ချစ်ခြင်းကို မြင်တွေ့ပြီး ခံစားရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်နှင့်ဆိုင်သော အသိပညာအချို့ရှိပြီး ဘုရားသခင်သည် လူသားမျိုးနွယ်၏ ချစ်ခြင်းနှင့် အလွန်ထိုက်တန်ပြီး အဘယ်မျှ ချစ်ဖွယ်ကောင်းသည်ကို အမှန်တကယ် သိမြင်သည့်အခါ၊ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၉၃)

လူတို့သည် ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် ဆက်သွယ်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ထံ လုံးဝ လှည့်နိုင်သည့်အခါ၊ ဤသည်မှာ ဘုရားသခင်အတွက် လူသား၏ ချစ်ခြင်းတွင် ပထမအဆင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ချစ်လိုပါက ပထမဆုံး သင့်နှလုံးသားကို သူ့ထံ လှည့်နိုင်ရမည်။ ဘုရားသခင်ထံ သင့်နှလုံးသားကို လှည့်ခြင်းဆိုသည်မှာ အဘယ်နည်း။ သင့်နှလုံးသား၌ လိုက်စားသည့် အရာတိုင်းသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ရရှိခြင်းအတွက် ဖြစ်သည့်အခါ ဖြစ်သည်။ ဤအရာက သင်သည် ဘုရားသခင်ထံ သင့်နှလုံးသားကို လုံးဝလှည့်ပြီး ဖြစ်သည်ကို ပြသည်။ ဘုရားသခင်နှင့် သူ၏ နှုတ်ကပတ်တော်များမှလွဲ၍ သင့် စိတ်နှလုံးထဲ၌ အခြားအရာ (မိသားစု၊ ချမ်းသာမှု၊ လင်ယောက်ျား၊ ဇနီးမယား၊ သားသမီးများ စသည်ဖြင့်) ဘာမျှမရှိလုနီးပါးဖြစ်သည်။ ရှိလျှင်ပင် ထိုသို့သော အရာများက သင့် စိတ်နှလုံး၌ နေရာမယူနိုင်သကဲ့သို့ သင်သည် သင်၏ အနာဂတ် အလားအလာများကို မတွေးဘဲ ဘုရားသခင်အား ချစ်ခြင်းကိုသာ လိုက်စားလေသည်။ ထိုသို့သော အချိန်၌ သင်သည် ဘုရားသခင်ထံ သင်၏ နှလုံးသားကို လုံးဝလှည့်ပြီး ဖြစ်လိမ့်မည်။ သင့်နှလုံးသား၌ သင့်အတွက် အစီအစဉ်များကို သင်ပြုလုပ်နေသေးပြီး ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ကို အမြဲလိုက်စားနေကာ၊ “ဘုရားသခင်ထံ သေးငယ်သော တောင်းဆိုမှုတစ်ခုကို ကျွန်ုပ် မည်သည့်အချိန်တွင် ပြုနိုင်သနည်း။ ကျွန်ုပ်၏ မိသားစု မည်သည့်အချိန်တွင် ချမ်းသာကြွယ်ဝလာမည်နည်း။ ဝတ်ကောင်းစားလှအချို့ကို မည်သည့်အချိန်တွင် ကျွန်ုပ် ရနိုင်မည်နည်း။...” ဟု အမြဲတွေးနေပါက၊ ယင်းအခြေအနေတွင် သင် အသက်ရှင်နေပါက၊ သင့်နှလုံးသားက ဘုရားသခင်ထံ အပြည့်အဝ မလှည့်သေးဟု ပြပေသည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ရှိပြီး ဘုရားသခင်ထံ ဆုတောင်းနိုင်ကာ- သူက သင်နှင့် အလွန် ရင်းနှီးသည့်အလား၊ ဘုရားသခင်က သင့်အတွင်း၌ ရှိပြီး သင်က သူ့အတွင်း၌ ရှိသည့်အလား- တစ်ချိန်လုံး သူနှင့် ရင်းနှီးလာနိုင်ပါက၊ သင်သည် ထိုအခြေအနေမျိုးတွင် ရှိပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ မျက်မှောက်၌ ရှိသည်ဟု ဆိုလိုပေသည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်ပါက၊ အသင်းတော်၏ အလုပ်ကို အမြဲ စဉ်းစားနေပါက၊ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို ထောက်ထားပါက၊ သူ့ကိုစစ်မှန်စွာ ချစ်ပြီး သူ၏ စိတ်နှလုံးကို ကျေနပ်စေဖို့ သင်၏ စိတ်နှလုံးကို အသုံးပြုပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ပေလိမ့်မည်။ အကယ်၍ သင်၏စိတ်နှလုံးသည် အခြားအရာအချို့၏ နေရာယူခြင်းကို ခံရပါက၊ သင့်စိတ်နှလုံးသည် စာတန်၏ နေရာယူထားခြင်းကို ခံရဆဲဖြစ်ပြီး ဘုရားသခင်ထံ အမှန်တကယ် မလှည့်သေးချေ။ တစ်စုံတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အမှန်တကယ် လှည့်ပြီးသည့်အခါ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်ပြီး သဘာဝအလျောက်ဖြစ်သော ချစ်ခြင်းမေတ္တာ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုကို ထောက်ထားနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် မိုက်မဲပြီး မလျော်ကန်သော အခိုက်အတန့်များ ရှိနိုင်သေးသော်လည်း၊ ဘုရားသခင်၏အိမ်တော်၏ အကျိုးများ၊ သူ၏ အမှုနှင့် ၎င်းတို့ကိုယ်တိုင်၏ စိတ်သဘောထား ပြောင်းလဲမှုတို့အတွက် ပူပန်မှုကို ပြသကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်များ မှန်ကန်ပေသည်။ လူအချို့က ၎င်းတို့ပြုသည့်အရာအားလုံးသည် အသင်းတော်အတွက်ဖြစ်သည်ဟု အမြဲတမ်း အခိုင်အမာဆိုကြသော်လည်း စင်စစ်အားဖြင့် မိမိတို့ကိုယ်ကျိုးအတွက် လုပ်နေခြင်းဖြစ်သည်။ ဤသို့သောလူတို့သည် မှားယွင်းသည့် ရည်ရွယ်ချက်မျိုး ရှိကြသည်။ ၎င်းတို့သည် ကောက်ကျစ်၍ လှည့်စားတတ်ကာ ၎င်းတို့လုပ်သောအရာ အများစုသည် မိမိတို့ကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးသည် ဘုရားသခင်ကို ချစ်ဖို့ အားမထုတ်ချေ။ ၎င်းတို့၏နှလုံးသားသည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်ပြီး ဘုရားသခင်ထံ မလှည့်နိုင်ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤသို့သော လူမျိုးကို ရယူရန် မဖြစ်နိုင်ပေ။

သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သူ၏ရယူခြင်းခံရဖို့ ဆန္ဒရှိပါက၊ ပထမခြေလှမ်းမှာ ဘုရားသခင်ထံ သင့်နှလုံးသားကို လုံးဝ လှည့်လိုက်ဖို့ ဖြစ်သည်။ သင်လုပ်သမျှ တစ်ခုစီတိုင်း၌၊ သင့်ကိုယ်သင် စိစစ်ကာ၊ “ဘုရားသခင်အတွက် ချစ်ခြင်းစိတ်နှလုံးတစ်ခုကို အခြေခံကာ ဤအရာကို ငါ လုပ်နေသလား။ ဤအရာ၏ နောက်ကွယ်တွင် ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များ တစ်ခုတလေ ရှိသလား။ ဤအရာကို လုပ်ဆောင်ရာတွင် ကျွန်ုပ်၏ တကယ့်ရည်မှန်းချက်မှာ အဘယ်နည်း” ဟု မေးလော့။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ သင် လွှဲပြောင်းလိုပါက၊ ပထမဦးစွာ သင်ကိုယ်တိုင်၏ စိတ်နှလုံးကို သင်ချိုးနှိမ်ရမည်၊ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်အားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် အပြည့်အဝ ဖြစ်တည်မှု အခြေအနေတစ်ခုကို ရရှိရမည်။ ဤသည်မှာ ဘုရားသခင်ထံ သင်၏နှလုံးသားကို ပေးအပ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း လမ်းကြောင်းဖြစ်သည်။ မိမိကိုယ်တိုင်၏ စိတ်နှလုံးကို ချိုးနှိမ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ မိမိ၏ဇာတိပကတိ၏ လွန်ကဲသော စိတ်ဆန္ဒများကို လက်လွှတ်ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း သို့မဟုတ် အဆင့်အတန်းနှင့်ဆိုင်သော အကျိုးကျေးဇူးများကို တပ်မက်မှု မရှိခြင်း ဖြစ်သည်။ ဘုရားသခင် စိတ်ကျေနပ်စေရန် အရာရာကို လုပ်ဆောင်ခြင်းနှင့် မိမိစိတ်နှလုံးကို မိမိကိုယ်တိုင်အတွက် မဟုတ်ဘဲ သူ့အတွက် အပြည့်အဝ ဖြစ်စေခြင်း ဖြစ်သည်။ ဤသည်မှာ လုံလောက်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၉၄)

ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းသည် နှလုံးသားအတွင်း နက်ရှိုင်းသောနေရာမှ လာ၏။ ယင်းသည် ဘုရားသခင်နှင့်ဆိုင်သော လူသား၏အသိပညာ၏ အခြေခံအကြောင်းရင်းအပေါ်တွင်သာ တည်ရှိသည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ တစ်စုံတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ထံ လုံးဝ လှည့်သောအခါ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ၎င်းတွင် ရှိသော်လည်း ထိုအချစ်သည် သေချာပေါက် ဖြူစင်သည် မဟုတ်သကဲ့သို့ သေချာပေါက် စုံလင်သည်လည်း မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ထံ လူတစ်ယောက်၏ နှလုံးသား လုံးဝလှည့်ခြင်းနှင့် ထိုလူက ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှုနှင့် သူ့အပေါ်၌ စစ်မှန်သည့် ကြည်ညိုမှုရှိခြင်းတို့ အကြားတွင် ကွာဟချက်တစ်ခု ရှိသေးသောကြောင့် ဖြစ်၏။ လူသားက ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်း ရရှိပြီး ဘုရားသခင်၏ စိတ်သဘောထားကို သိရှိလာသည့် နည်းလမ်းမှာ ဘုရားသခင်ထံ ၎င်းတို့၏ စိတ်နှလုံးကို လှည့်ဖို့ဖြစ်သည်။ လူသားသည် မိမိ၏ စစ်မှန်သည့် စိတ်နှလုံးကို ဘုရားသခင်အား ပေးလိုက်သည့်အခါ၊ သူသည် အသက်တာ၏ အတွေ့အကြုံထဲသို့ စတင်ဝင်ရောက်လေသည်။ ဤနည်းဖြင့် သူ၏ စိတ်သဘောထားသည် စတင်ပြောင်းလဲကာ ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမေတ္တာ တဖြည်းဖြည်း ကြီးထွားလာပြီး၊ ဘုရားသခင်နှင့်ဆိုင်သော သူ၏ အသိပညာသည်လည်း တဖြည်းဖြည်း တိုးပွားပေသည်။ ထို့ကြောင့် လူတစ်ဦး၏စိတ်နှလုံးကို ဘုရားသခင်ထံ လှည့်ခြင်းက ဘဝအတွေ့အကြုံ၏ လမ်းမှန်ပေါ် ရောက်ဖို့ရန် မရှိမဖြစ် လိုအပ်ချက်သာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်ရှေ့၌ မိမိတို့၏ စိတ်နှလုံးများကို ထားရှိသည့်အခါ၎င်းတို့သည် ဘုရားသခင်နှင့်သက်ဆိုင်၍ သိနားလည်မှု မရှိကြသောကြောင့် သူ့ကို တောင့်တသော စိတ်နှလုံးသာ ရှိပြီး သူ့အတွက် ချစ်ခြင်းမေတ္တာ မရှိကြချေ။ ဤအခြေအနေ၌ သူ့အတွက် ချစ်ခြင်းအချို့ ၎င်းတို့၌ ရှိကြသော်လည်း ယင်းသည် သဘာဝအလျောက် မဟုတ်သကဲ့သို့ စစ်မှန်ခြင်း မရှိချေ။ ဤသို့ဖြစ်ရခြင်းမှာ လူသား၏ ဇာတိပကတိမှလာသော အရာတိုင်းက စိတ်ခံစားမှု၏ ရလဒ်ဖြစ်ပြီး စစ်မှန်သော သိနားလည်ခြင်းမှ လာခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းသည် တဒင်္ဂဖြစ်ပေါ်သည့် စေ့ဆော်မှုတစ်ခုသာဖြစ်ပြီး ကြာရှည်တည်မြဲသည့် မြတ်နိုးမှု မရရှိနိုင်ပေ။ လူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော သိနားလည်မှု မရှိသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ နှစ်သက်မှုများနှင့် မိမိတို့၏ တစ်ဦးချင်း အယူအဆများအပေါ်၌ အခြေခံ၍သာ သူ့ကို ချစ်နိုင်သည်။ ဤချစ်ခြင်းမျိုးကို သဘာဝအလျောက်ချစ်ခြင်းဟု မခေါ်နိုင်သကဲ့သို့ စစ်မှန်သော ချစ်ခြင်းဟုလည်း မခေါ်ဆိုနိုင်ပေ။ လူသားတစ်ဦး၏ နှလုံးသားသည် ဘုရားသခင်ထံ စစ်မှန်စွာ လှည့်နိုင်ပြီး အရာရာတွင် ဘုရားသခင်၏ အကျိုးများကို တွေးတောနိုင်စွမ်း ရှိကောင်းရှိနိုင်သော်လည်း၊ ဘုရားသခင်နှင့် သက်ဆိုင်သော သိနားလည်မှု ၎င်း၌ မရှိပါက၊ ၎င်းသည် စစ်မှန်စွာ သဘာဝအလျောက်ဖြစ်သော ချစ်ခြင်းမေတ္တာကို ရှိနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ ၎င်း လုပ်နိုင်လိမ့်မည့်အရာမှာ အသင်းတော်အတွက် လုပ်ငန်းတာဝန်အချို့ကို ဖြည့်ဆည်းဖို့ သို့မဟုတ် ၎င်း၏တာဝန်ကို အနည်းငယ် ဆောင်ရွက်ဖို့ ဖြစ်သည်၊ သို့သော် ၎င်းက အကြောင်းရင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ပေလိမ့်မည်။ ဤလူစားမျိုး၏ စိတ်သဘောထားသည် ပြောင်းလဲဖို့ ခက်ခဲ၏။ ထိုသို့သော လူတို့သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ နားလည်းမလည်ပေ။ လူတစ်ဦးသည် ဘုရားသခင်ထံ မိမိနှလုံးသားကို လုံးဝ လှည့်လိုက်လျှင်ပင်၊ ၎င်း၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသော သူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ရှိကြသည်မှာ သေချာပေါက် မဟုတ်သောကြောင့် ၎င်းတို့၏ ဘုရားသခင်ကို ချစ်ခြင်း စိတ်နှလုံးသည် လုံးဝ ဖြူစင်သည်ဟု မဆိုလိုပေ။ ဤသည်မှာ ဘုရားသခင်အား သိနားလည်ဖို့ အားထုတ်သောသူ၊ အားမထုတ်သောသူတို့ကြား ကွာခြားချက်နှင့် သက်ဆိုင်သည်။ လူတစ်ဦးသည် ဘုရားသခင်နှင့်ဆိုင်သော သိနားလည်ခြင်းတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက် သူ၏နှလုံးသားသည် ဘုရားသခင်ထံ လုံးဝ လှည့်ပြီးဖြစ်သည်ကို ပြ၏။ ၎င်းတို့ စိတ်နှလုံးထဲက ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာက သဘာဝအလျောက်ဖြစ်သည်ကို ပြ၏။ ဤသို့သော လူမျိုးကသာ ၎င်း၏နှလုံးသား၌ ဘုရားသခင်ရှိသောသူ ဖြစ်သည်။ ဘုရားသခင်ထံ မိမိနှလုံးသားကို လှည့်ခြင်းသည် လမ်းမှန်ပေါ် မိမိရောက်ရှိခြင်းအတွက်၊ ဘုရားသခင်ကို သိနားလည်ခြင်းအတွက်၊ ဘုရားသခင်၏ ချစ်ခြင်းကို ရရှိခြင်းအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကိုချစ်ဖို့ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းခြင်း အမှတ်အသား မဟုတ်သကဲ့သို့ သူ့အတွက် စစ်မှန်သော ချစ်ခြင်းရှိခြင်း၏ အမှတ်အသားလည်း မဟုတ်ပေ။ တစ်စုံတစ်ဦးအတွက် ဘုရားသခင်ကို စစ်မှန်သောချစ်ခြင်း ရရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့၏နှလုံးသားကို သူ့ထံလှည့်ဖို့ ဖြစ်ပြီး၊ ယင်းသည် သူ၏ဖန်ဆင်းခြင်းထဲမှ တစ်ဦးအနေဖြင့် လုပ်ဆောင်သင့်သည့် ပထမဆုံးသော အရာလည်းဖြစ်သည်။ ဘုရားသခင်ကို ချစ်သောသူများသည် အသက်ကို လိုက်စားသူများအားလုံး ဖြစ်သည်၊ ဆိုလိုသည်မှာ သမ္မာတရားကို လိုက်စားသောသူများနှင့် ဘုရားသခင်ကို အမှန်တကယ် လိုချင်သောသူများ ဖြစ်သည်။ ၎င်းတို့ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းရှိပြီး သူ၏တို့ထိခြင်းကို ခံထားရကြသည်။ ၎င်းတို့အားလုံး ဘုရားသခင်၏ လမ်းပြမှုကို ရရှိနိုင်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၉၅)

ယနေ့ သင်တို့သည် ဘုရားသခင်ကို ချစ်ပြီး သိကျွမ်းဖို့ ကြိုးစားလုပ်ဆောင်သည့်အခါ တစ်ဖက်၌ အခက်အခဲနှင့် ပြန်လည်ပြုပြင်မှုများကို တောင့်ခံရမည်ဖြစ်ပြီး နောက်တစ်ဖက်၌ သင်တို့သည် ပေးဆပ်မှု ပြုရမည်ဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်း သင်ခန်းစာထက် မည်သည့်သင်ခန်းစာမှ မကြီးမြင့်ပေ။ လူတို့ ဘဝတစ်လျှောက်လုံး ယုံကြည်ခြင်းမှ သင်ယူရရှိခဲ့သော သင်ခန်းစာသည် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်ရမည်ပင် ဖြစ်သည်ဟုပြောနိုင်ပါသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားသခင်ကို ချစ်ရမည်။ သင်က ဘုရားသခင်ကို ယုံကြည်မှုသာရှိပြီး မချစ်ဘူးဆိုလျှင်၊ ဘုရားသခင်အား သိမြင်မှုကို မရရှိဘူးဆိုလျှင်၊ သင့်နှလုံးသားထဲမှလာသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဘူးဆိုလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုက အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းမှာ သင်က ဘုရားသခင်ကို မချစ်ဘူးဆိုလျှင် သင်သည် အလဟဿ အသက်ရှင်နေခြင်းဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံးသည် သက်ရှိအားလုံးထက် အနိမ့်ကျဆုံးဖြစ်သည်။ သင့်ဘဝ တစ်လျှောက်လုံး၌ သင်က ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဖူး၊ သို့မဟုတ် စိတ်မကျေနပ်စေခဲ့ဘူးဆိုလျှင် သင် အသက်ရှင်သန်နေရသည်မှာ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ပြီးလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ အလကားသက်သက် ဖြစ်မနေဘူးလော။ ဆိုလိုသည်မှာ လူတွေသည် ဘုရားသခင်ကို ယုံကြည်ပြီး ချစ်မြတ်နိုးမည်ဆိုလျှင် သူတို့သည် ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အပေါ်ယံပုံစံနှင့် ပြုမူဖို့ ကြိုးစားနေခြင်းထက် မိမိတို့နှလုံးသားအတွင်းထဲမှ စစ်မှန်သော ထိုးထွင်းဉာဏ်ကို ရှာဖွေသင့်သည်။ သင်က သီချင်းဆိုခြင်းနှင့် ကခြင်းကို စိတ်အားထက်သန်ပြီး အမှန်တရားကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် ဘုရားသခင်ကို ချစ်ပါသည်ဟု သင်ဆိုနိုင်ပါမည်လော။ ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံးထဲ၌ ဘုရားသခင်၏ အလိုတော်ကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ နက်နက်နဲနဲ စူးစမ်းခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားခြင်း၊ ဤကိစ္စ၌ ဘုရားသခင်၏ အလိုတော်က အဘယ်နည်းဆိုသည်ကို သိဖို့ကြိုးစားခြင်း၊ သူက သင့်ကို မည်သည့်အရာများ ရရှိစေချင်သည်နှင့် သူ၏အလိုတော်ကို သင်မည်ကဲ့သို့ သတိထားသင့်သည် စသည်တို့ကို သိဖို့ကြိုးစားခြင်းတို့ လိုအပ်သည်။ ဥပမာ- သင့်အနေဖြင့် အခက်အခဲကိုတောင့်ခံရမည့်အရာတစ်ခု ဖြစ်ပျက်လာပါက ထိုအချိန်တွင် ဘုရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်သည်နှင့် သူ၏အလိုတော်နှင့်ပတ်သက်၍ သင်မည်ကဲ့သို့ သတိရှိသင့်ပုံတို့ကို သင်နားလည်သင့်သည်။ သင့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေ၍ မရပေ။ ပထမဆုံး သင့်ကိုယ်သင် ဘေးဖယ်ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်စွမ်းရပါမည်။ ဤကဲ့သို့အတွေးများနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ ရှေးဦးစွာ သင့်ကိုယ်သင် ဘေးဖယ်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို အရာအားလုံးထဲတွင် အောက်တန်းအကျဆုံးအရာအနေနှင့် သတ်မှတ်ရမည်ဖြစ်သည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ၎င်းက ပိုပြီးလွတ်လွတ်လပ်လပ် ပြုမူလေဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီး ဖြစ်နေသည်နှင့်အမျှ၊ လူတို့သည် ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာကြလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် အလိုရမ္မက် သိပ်ကြီး၏။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ဒေါသထွက်သည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ...၎င်းကို ကျေနပ်အောင်ပြုပေးရန်၊ ၎င်း၏အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို မနာခံသည့်အထိ၊ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ၎င်း၏ဆန္ဒက ပိုပြီးကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် ပိုပြီးအကျင့်ပျက်လာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်များက ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏အားနည်းချက်များကို မည်သူမျှ မစာနာဟု သင်အမြဲတမ်း ခံစားရမည်၊ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး “ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်နိုင်ရသနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း” ဟု သင်ပြောလိမ့်မည်။ လူတို့အနေဖြင့် ဇာတိပကတိကို အာသာဆန္ဒပြေစေပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသောအခါ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကြသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ဇာတိပကတိကို မကျေနပ်စေဘူးဆိုလျှင် ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အလွန်မှန်ကန်ပြီး အလွန်ကောင်းမွန်လှသည်ကို သင်မြင်ရမည်ဖြစ်ပြီး၊ သင်၏ပုန်ကန်မှုအတွက် ဘုရားသခင်၏ ကျိန်ဆဲမှု၊ သင်၏မဖြောင့်မတ်မှုအတွက် တရားစီရင်မှုသည် တရားမျှတသည်ကို သင်မြင်ရမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆုံးမသည့်အချိန်၊ ပဲ့ပြင်သည့်အချိန်၊ သင့်ကိုအကြမ်းခံအောင် ပြုရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည့်အချိန်၊ သူ့ရှေ့လာစေဖို့အတွက် သင့်ကို တွန်းအားပေးသည့် အချိန်များ ရှိမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အံ့သြစရာကောင်းသည်ဟု သင်အမြဲတမ်း ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နာကျင်မှုသိပ်မရှိသလို သင်ခံစားရမည်ဖြစ်ပြီး ဘုရားသခင်သည် အလွန်ချစ်ခင်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်နေပြီး ဘုရားသခင်က သိပ်လွန်သွားသည်ဟုပြောလျှင် သင်သည် နာကျင်မှုကို အမြဲတမ်းခံစားရမည်၊ အမြဲတမ်း စိတ်ဖိစီးနေမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးနှင့်ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်က လူသား၏ အားနည်းချက်ကို မစာနာ၊ လူသား၏ အခက်အခဲများကို သတိမပြုသည့်အလား ထင်နေရမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် တရားမမျှတမှုကြီးကို ခံစားနေရသည့်အလား အစဉ်အမြဲ စိတ်ဆင်းရဲပြီး အထီးကျန်ဆန်နေလိမ့်မည်ဖြစ်ကာ သင်သည် ဤအချိန်၌ စပြီးမကျေမနပ် ပြောဆိုလာပါလိမ့်မည်။ သင်သည် ဤနည်းလမ်းနှင့် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်လေလေ၊ အခြေအနေက အလွန်ဆိုးလာပြီး သင့်အနေဖြင့် ဘုရားသခင်၏အမှုကို ငြင်းဆိုလာသည့်အထိ၊ ဘုရားသခင်ကို စတင်ဆန့်ကျင်လာသည့်အထိ၊ လုံးဝမနာခံတော့သည်အထိ ဘုရားသခင်က လွန်လွန်းသည်ဟု ခံစားရလေလေ ဖြစ်မည်ပင်။ ထို့ကြောင့် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ရမည်ဖြစ်ပြီး ၎င်းကို အလိုလိုက်ခြင်း မရှိရ။ “ငါ့ယောက်ျား (မိန်းမ)၊ သားသမီး၊ ရှေ့ရေး၊ အိမ်ထောင်၊ မိသားစု၊ အဘယ်တစ်ခုမျှ အရေးမကြီးချေ။ ငါ၏နှလုံးသားထဲ၌ ဘုရားသခင်သာရှိသည်။ ဘုရားသခင်ကို ကျေနပ်စေဖို့၊ ဇာတိပကတိကို ကျေနပ်မှုမပြုဖို့ အကောင်းဆုံး ငါကြိုးစားရမည်။” သင်၌ ဤဆုံးဖြတ်ချက် ရှိဖို့လိုသည်။ ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို သင်အမြဲတမ်း ပိုင်ဆိုင်သည်ဆိုလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သင့်ကိုယ်သင် ဘေးဖယ်ထားသည့်အခါ သိပ်အားထုတ်စရာမလိုဘဲ ထိုသို့ပြုလုပ်နိုင်ပါလိမ့်မည်။ လမ်းပေါ်မှာ အေးခဲတောင့်တင်းနေသည့် မြွေကို မြင်သော လယ်သမားတစ်ယောက် ရှိ၏။ လယ်သမားက မြွေကို ကောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲ၌ ထွေးပွေ့ထားလိုက်သည်။ မြွေက ပြန်လည် သတိရလာသည့်အခါ လယ်သမားကို သေအောင် ကိုက်လိုက်တော့သည်။ လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အနှစ်သာရက သူတို့၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ တကယ်ဖြစ်လာသည့်အခါ သင်၏ဘဝကို လက်လွတ်ဆုံးရှုံးရသည်။ ဇာတိပကတိကို စာတန်က ပိုင်သည်။ ဤအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒတွေရှိသည်။ သူ့အတွက်ပဲသူကြည့်သည်။ သက်သက်သာသာနေချင်သည်။ ဇိမ်ယူပြီး ခံစားသည်။ ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့မှာ နစ်မြုပ်နေသည်။ အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ကျေနပ်အောင် ပြုနေမည်ဆိုလျှင်တော့ အဆုံးကျလျှင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။ ဆိုလိုသည်မှာ သင်သည် ဤအရာကို ဤတစ်ကြိမ် ဖြည့်ဆည်းပေးလျှင် နောက်တစ်ခါကျလျှင် ပိုပြီး တောင်းဆိုလာလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒနှင့် တောင်းဆိုမှု အသစ်တို့ အမြဲတမ်းရှိပြီး သူ၏ သာယာမှုများထဲ၌သာနေပြီး သူ့ကို ပိုမို ချစ်ခင်လာစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏စွဲလမ်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် သင်၏တွန်းလှန်မှုကို သင်မည်ကဲ့သို့လုပ်ဆောင်သနည်း ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးနုတ်ခဲ့ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပေးခဲ့၏၊ သို့သော်လည်း အကယ်၍ သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့ကျင့်ကြံဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သော နှလုံးသားနှင့် သင်၏ကိုယ်ပိုင်ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင်ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိ၏ ဆန္ဒရိုင်းကို အမြဲဖြည့်ဆည်းပေးနေလျှင် စာတန်သည် သင့်ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မပါဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမပါဘဲ သူထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ သင်သည် စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်ကို ချစ်လိုလျှင် နာကျင်မှုဟူသည့် အဖိုးအခကို ၎င်းတို့ ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲကို တောင့်ခံရမည်ဖြစ်သည်။ စာများပိုဖတ်လျက်၊ အလုပ်ပိုရှုပ်လျက် ပြင်ပစိတ်အားထက်သန်မှုနှင့် အခက်အခဲများဖြစ်ဖို့ မလိုပေ။ ထိုအစား ၎င်းတို့အနေဖြင့် မိမိတို့အထဲ၌ရှိသည့်အရာများကို ဘေးဖယ်ထားသင့်သည်- လွန်ကဲသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ ၎င်းတို့၏ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုများ၊ အယူအဆများနှင့် ရည်ရွယ်ချက်များဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၉၆)

လူတွေ၏ အပေါ်ယံစိတ်သဘောထားကို ဘုရားသခင် ကိုင်တွယ်ခြင်းကလည်း သူ့အလုပ်၏ အစိတ်အပိုင်း တစ်ခုပင်။ ဥပမာ လူတွေ၏ ပြင်ပ၊ ပုံမှန်မဟုတ်သည့် လူသားသဘာဝ၊ သို့မဟုတ် သူတို့၏ ဘဝနေမှုပုံစံနှင့် အကျင့်၊ သူတို့၏ နည်းလမ်းများ၊ ဓလေ့များ၊ အပေါ်ယံ အလေ့အထများ၊ သူတို့၏ စိတ်အားထက်သန်မှုများ။ သို့သော်လည်း လူများကို သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သူတို့၏ စိတ်သဘောထားကို ပြောင်းဖို့ သူတောင်းဆိုသည့်အခါ အဓိက ကိုင်တွယ်သည့်အရာများမှာ သူတို့အတွင်း၌ရှိသည့် စိတ်တက်ကြွမှုနှင့် အယူအဆများပင် ဖြစ်သည်။ သင်ကြိုက်သည့်အရာကို မစားဖို့ တောင်းဆိုသလိုပင်။ လွယ်ပါသည်။ သင့်အတွင်းမှာရှိသည့် ကြံရွယ်ချက်များနှင့် အယူအဆများအပေါ် သက်ရောက်သည့်အရာပင်။ သို့သော်လည်း လက်လွတ်ဖို့တော့ မလွယ်ပေ။ ဤအရာက လူတို့ကို ဇာတိပကတိအား ဆန့်ကျင်တွန်းလှန်စေဖို့၊ ပေးဆပ်ဖို့၊ ဘုရားသခင်ရှေ့မှာ ဒုက္ခခံဖို့စသည်တို့ တောင်းဆိုသည်။ လူတို့၏ ရည်ရွယ်ချက်များသည် အထူးသဖြင့် ဤသို့ဖြစ်ပေသည်။ ဘုရားသခင်ကို စတင်၍ ယုံကြည်လာခဲ့ကြသည့် အချိန်ကတည်းက လူတို့သည် မမှန်ကန်သော ရည်ရွယ်ချက်များကို သိုထားခဲ့ကြသည်။ သင်က သမ္မာတရားကို လက်တွေ့မကျင့်သုံးလျှင် သင်၏ရည်ရွယ်ချက်များ အားလုံးက မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော်လည်း သင့်ထံ တစ်ခုခုဖြစ်သည့်အခါ သင့်အထဲ၌ မမှန်ကန်သည့် ရည်ရွယ်ချက်များစွာ ရှိသည်ကို မြင်ရပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူများကို ပြည့်စုံအောင် လုပ်သည့်အခါ သူတို့၏ ဘုရားသခင်အပေါ် သိမြင်မှုကို တားဆီးနေသည့် သူတို့အတွင်း၌ရှိသော အယူအဆများ အများကြီးရှိသည်ဆိုသည်ကို သိမြင်ဖို့ ပြုလုပ်သည်။ သင်၏ ရည်ရွယ်ချက်များက မှားနေသည်ကို သင်သိမြင်သည့်အခါ သင့်အယူအဆနှင့် ရည်ရွယ်ချက်တွေအရ လက်တွေ့ ကျင့်ဆောင်နေသည်ကို ရပ်နိုင်လျှင် သင်သည် ဘုရားသခင်၏ သက်သေကိုခံနိုင်ပြီး သင့်ထံ ဖြစ်ပျက်နေသည့် အရာတွေကြားမှာ သင်က ခိုင်မြဲစွာရပ်တည်နိုင်လျှင် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ခဲ့ပြီဟု သက်သေပြသည်။ သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌ ရှောင်လွှဲ၍မရသည့် တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မည်။ စာတန်က လူတို့ကို သူ့နောက်သို့ လိုက်စေဖို့ ကြိုးစားမည်ပင်။ ဇာတိပကတိ၏ အယူအဆနောက်ကို သူတို့အား လိုက်စေဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး ဇာတိပကတိအပေါ် စိတ်ဝင်စားမှုကို ထိန်းထားမည်ပင်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အထဲ၌ ထွန်းလင်း တောက်ပစေမည် ဖြစ်သည်။ ဤအချိန်၌ သင်က ဘုရားနောက်ကို လိုက်မလား သို့မဟုတ် စာတန်နောက်ကို လိုက်မလား ဆိုသည်မှာ သင့်အပေါ်မှာ မူတည်သည်။ အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်က လူများအား သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏စိတ်နှလုံးကို တို့ထိပြီး သူတို့ကို အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေသည်။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။ လူတို့၏အတွင်း၌ရှိသော ကြံရွယ်ချက် အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုအများစုသည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည်။ ဤသမ္မာတရားကို လက်တွေ့ကျင့်ကြံပြီးသည့်အခါ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်းပင် ဖြစ်သည်။ တိုက်ပွဲသည် သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်မှ အမှန်တကယ် ရပ်တည်နိုင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေစဉ်တွင်၊ အတွင်း၌ ဆင်းရဲဒုက္ခခံစားဖို့မှာ ရှောင်လွှဲမရနိုင်ပေ။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ လူတို့အတွင်းထဲက အရာအားလုံးသည် မှန်ကန်နေသည်ဆိုလျှင် သူတို့သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရန်လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထို့ပြင် တိုက်ပွဲဆိုသည်မှာလည်း ရှိမည်မဟုတ်ဘဲ ဒုက္ခလည်း ခံစားရမည် မဟုတ်ပေ။ လူတို့၏အတွင်း၌ ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန် မထိုက်တန်သည့် အရာများစွာရှိနေသောကြောင့်၊ ထို့ပြင် ဇာတိပကတိ၏ ပုန်ကန်တတ်သော စိတ်သဘောထား မြောက်မြားစွာ ရှိနေသောကြောင့် လူတို့အနေဖြင့် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်မှုနှင့်ပတ်သက်သည့် သင်ခန်းစာကို ပို၍လေးလေးနက်နက် သင်ယူဖို့လိုအပ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို သူနှင့်အတူခံစားဖို့ တောင်းဆိုထားသော ဆင်းရဲဒုက္ခဟု သူခေါ်ဆိုသည့် အရာပင်ဖြစ်သည်။ သင်က အခက်အခဲတွေကို ကြုံရသည့်အခါ အလျင်အမြန်ပင် ဘုရားသခင်ကို ဆုတောင်းပါ။ “အိုး ဘုရားသခင် ကျွန်ုပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ကိုယ်တော်ရဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါတယ်။ ကျွန်တော် တွေ့ကြုံရမယ့် အခက်အခဲ အနှောင့်အယှက်တွေ ဘယ်လောက်ကြီးမားပါစေ ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။” ဤကဲ့သို့ ဆက်ကပ် အပ်နှံမှုနှင့်အတူ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်ကြံသည့် အချိန်တိုင်း၊ စစ်ဆေးပြုပြင်ခြင်းကို သူတို့ ဖြတ်သန်းသည့်အခါတိုင်း၊ စမ်းသပ်ခြင်း ခံရသည့်အခါတိုင်း၊ သူတို့အပေါ်မှာ ဘုရားသခင် လုပ်ဆောင်သည့် အချိန်တိုင်းမှာ လူတို့သည် ကြီးမားသည့် နာကျင်မှုကို ခံကြရသည်။ ဤအရာအားလုံးသည် လူများအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးအထဲ၌ တိုက်ပွဲတစ်ခု ရှိသည်။ ဤသည်မှာ သူတို့ပြုလုပ်ရမည့် အမှန်တကယ် ပေးဆပ်မှုပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်းနှင့် ပိုမို အလုပ်ရှုပ်နေခြင်းက ထိုပေးဆပ်ခြင်း တစ်စိတ်တစ်ပိုင်းပင်။ ဤသည်မှာ လူတို့ လုပ်ကိုလုပ်ရမည့်အရာဖြစ်သည်။ သူတို့ ဖြည့်ဆည်းရမည့် သူတို့၏ တာဝန်နှင့် ဝတ္တရားပင်ဖြစ်သည်။ သို့သော်လည်း ဘေးဖယ်ထားဖို့ လိုအပ်သည့် သူတို့ အတွင်းထဲက ဤအချက်ကို ဘေးဖယ်ထားရပါမည်။ သင်က ဤကဲ့သို့မလုပ်လျှင် သင်၏ ပြင်ပဒုက္ခခံစားရခြင်းက မည်မျှပင် ကြီးမားပါစေ၊ မည်မျှပင် ပြေးလွှားလုပ်ကိုင်ပါစေ အားလုံးသည် အလဟဿ ဖြစ်ပါမည်။ ဆိုလိုသည်မှာ သင့်အတွင်းမှာရှိသည့် ပြောင်းလဲမှုများကသာ သင်၏ ပြင်ပအခက်အခဲများက တန်ဖိုးရှိသလားဆိုသည်ကို ဆုံးဖြတ်ပေးမှာဖြစ်သည်။ သင်၏ အတွင်းစိတ်သဘောထားက ပြောင်းလဲသွားပြီး၊ သင်က သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ သင်၏ ပြင်ပ ဒုက္ခခံစားရခြင်းများ အားလုံးသည် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိမှာဖြစ်သည်။ သင်၏ အတွင်း စိတ်သဘောထားက ပြောင်းလဲမှုမရှိလျှင်၊ ဒုက္ခခံစားမှုတွေ သင်မည်မျှပင် ခံရပါစေ သို့မဟုတ် အပြင်မှာ သင်မည်မျှပင် အလုပ်ရှုပ်နေပါစေ ဘုရားသခင်၏ အသိအမှတ်ပြုမှု ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အသိအမှတ်ပြုမှုမရရှိသည့် အခက်အခဲသည် အလဟဿသာ ဖြစ်သည်။ ထို့ကြောင့် သင်ပေးဆပ်ခဲ့ရသည့် အရာကို ဘုရားသခင် အသိအမှတ်ပြုမပြု ဆိုသည်မှာ သင့်စိတ်တွင်းမှာ ပြောင်းလဲမှု ရှိမရှိအပေါ်မှာ မူတည်ပြီး သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းမှု၊ ဘုရားသခင်ကိုသိမြင်မှု၊ ဘုရားသခင်ကို သစ္စာရှိမှုတို့ကို ရရှိဖို့ သင်၏ ကိုယ်ပိုင်ကြံရွယ်ချက်များနှင့် အယူအဆများကို ဆန့်ကျင်တွန်းလှန်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးမှုရှိ၊ မရှိအပေါ်မှာ မူတည်ဆုံးဖြတ်သည်။ သင်သည် မည်မျှပင် အလုပ်ရှုပ်နေပါစေ သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များကို ဆန့်ကျင်တွန်းလှန်ရန် ဘယ်သောအခါမျှ မသိဘဲ ပြင်ပ လုပ်ဆောင်မှုနှင့် စိတ်အားထက်သန်မှုတို့ကို ရှာဖွေဖို့ရန်သာ သိလျှင်၊ သင့်အသက်တာကို တစ်ခါမှ အာရုံမစိုက်လျှင် သင်၏ ဒုက္ခခံစားရခြင်းသည် အလဟဿဖြစ်သွားမည်ပင်။ အခြေအနေတစ်ခုထဲ သင့်မှာ သင်ပြောချင်သည့် အရာတစ်ခု ရှိသည်။ သို့သော်လည်း အတွင်းထဲ၌ကား ဤသို့ပြောသည်မှာ မမှန်ကန်ပါ ဤသို့ပြောသည်မှာ သင့်ညီအစ်ကို မောင်နှမတို့အတွက် အကျိုးမရှိဘဲ သူတို့ကို ထိခိုက်နာကျင် စေမည်ဟု သင်ခံစားရလျှင် စိတ်ထဲ၌သာ နာကျင်ခံစားဖို့ ထားလိုက်ပြီး ဤအရာကို မပြောပါနှင့်။ ဤစကားလုံးတွေသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ မတတ်နိုင်သည့်အတွက်ပင်။ ဤအချိန်မှာ သင့်ကိုယ်တွင်း၌ တိုက်ပွဲတစ်ခု ရှိနေလိမ့်မည်။ သို့သော်လည်း သင်သည် နာကျင်မှုကို ခံပြီး သင်ချစ်သည့်အရာများကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေမည်၊ ဘုရားသခင်ကို ကျေနပ်စေဖို့ ဤဒုက္ခကို ခံစားဖို့ ဆန္ဒရှိနေမည်၊ သင်သည် အတွင်းမှာ နာကျင်မှုကို ခံနေရသော်လည်း သင်သည် ဇာတိပကတိကို မစွဲလမ်း၊ ဘုရားသခင်၏ နှလုံးသားသည် ကျေနပ်ပြီး သင်သည်လည်း အတွင်းမှာ စိတ်သက်သာခြင်းကို ရရှိလိမ့်မည်။ ဤသည်မှာ အမှန်တကယ် ပေးဆပ်ခြင်းဖြစ်ပြီး ဘုရားသခင် နှစ်သက်သည့် ပေးဆပ်ခြင်းပင်။ ဤကဲ့သို့ပုံစံနှင့် သင်ကျင့်ကြံသည့်အခါ ဘုရားသခင်သည် သင့်ကို သေချာပေါက် ကောင်းချီးပေးမည် ဖြစ်သည်။ သင်က ဤအရာကို မလုပ်နိုင်ဘူးဆိုလျှင် သင်မည်မျှပင် နားလည်ပါစေ သို့မဟုတ် သင်မည်မျှပင် စကားကောင်းကောင်း ပြောနိုင်ပါစေ၊ ဘာမျှဖြစ်လာမည် မဟုတ်ပေ။ ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ်မှာ သူက စာတန်နှင့် တိုက်ပွဲဆင်နွှဲသည့်အခါ သင်သည် ဘုရားသခင်၏ဘက်မှာ ရပ်တည်နေနိုင်ပြီး စာတန်ဘက်ကို လှည့်မသွားဘူးဆိုလျှင် သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား ရရှိမှာဖြစ်ပြီး သင်၏ သက်သေခံခြင်းမှာ ခိုင်မာစွာ ရပ်တည်နိုင်မှာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၉၇)

လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ ကြားဝင်ပြုလုပ်မှုများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။ ဥပမာ- သင်က သင့်ညီအစ်ကို မောင်နှမတွေအပေါ်ကို မကောင်းမြင်နေသည်။ သင်ပြောချင်နေသည့် စကားလုံးများ ရှိနေသည်။ ဘုရားသခင်ကို မကျေနပ်စေနိုင်ဟု သင်ခံစားရနိုင်သည့် စကားလုံးများရှိနေသည်။ သို့သော်လည်း သူတို့ကို သင်မပြောလျှင် စိတ်မသက်မသာ ခံစားရလိမ့်မည်။ ဤအချိန်မှာ သင့်အတွင်း၌ တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လိမ့်မည်။ “ငါ ပြောမလား၊ မပြောဘူးလား။” ဤသည်မှာ တိုက်ပွဲပင်။ ထို့ကြောင့် သင်ကြုံရသမျှ အရာအားလုံးတွင် တိုက်ပွဲတစ်ခုရှိသည်။ သင့်အတွင်းတွင် တိုက်ပွဲတစ်ခုရှိသည့်အခါ၊ သင်၏ စစ်မှန်သော ပူးပေါင်းလုပ်ဆောင်မှုနှင့် စစ်မှန်သော ဆင်းရဲဒုက္ခခံစားရခြင်းတို့ကြောင့် သင့်အတွင်းတွင် ဘုရားသခင် အမှုပြုပေသည်။ အဆုံး၌ သင့်အတွင်းတွင် သင်သည် ပြဿနာကို ဘေးဖယ်ထားလိုက်နိုင်ပြီး ဒေါသသည် သဘာဝအလျောက် ပျက်ပြယ်သွားသည်။ ဤကဲ့သို့အရာမျိုးသည် ဘုရားသခင်နှင့်အတူ သင်၏ လက်တွဲလုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။ ဤအနှစ်သာရမရှိသည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလား။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ အပြင်ပန်းမှဆိုလျှင် ယင်းတို့သည် အရေးမပါဟု ထင်စရာရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်သလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတို့ထံ၌ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိသည့် အချိန်တွင် ဖြစ်ပျက်သည်။ လက်ရှိအချိန်တွင် သင်၌ ကြီးကြီးမားမား မည်သည့်အရာမျှ မဖြစ်ပျက်နေသည့်အပြင် သင်သည် ကြီးမားသည့် သက်သေကို မခံသော်လည်း သင့်နေ့စဉ်အသက်တာ၏ အသေးစိတ်တိုင်းသည် ဘုရားသခင်ကို သက်သေခံခြင်းနှင့်ဆိုင်သော ကိစ္စဖြစ်၏။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း၊ အညံ့ဖျင်းဆုံးသော အရည်အချင်းရှိသည့် လူတို့အထဲ၌ မည်သည့် ကြီးမြတ်သော အမှုကို ဘုရားသခင် လုပ်ဆောင်ပြီး ဖြစ်သည်ကို အခြားသူများအား ပြသရင်း၊ ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့အလိုကို သတိပြုမိမည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိလာပြီး၊ စာတန်၏ရှေ့တွင် အောင်မြင်သောသူများ ဖြစ်လာချိန်တွင်၊ ဘုရားသခင်ကို ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ သစ္စာရှိလာကြသည်၊ ထိုအခါတွင် ဤလူအုပ်စုများထက် အဘယ်သူမျှ သာ၍ အားမာန်မရှိကြသကဲ့သို့၊ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။ သင်က ကြီးမားသည့် အလုပ်များကို မလုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ တစ်ခြားလူများက သူတို့၏ အယူအဆများကို ဘေးဖယ်မထားနိုင်သော်လည်း သင်က ဘေးဖယ်ထားနိုင်သည်။ တစ်ခြားလူများက သူတို့၏ အမှန်တကယ် အတွေ့အကြုံများမှာ ဘုရားသခင်ကို သက်သေမခံနိုင်သော်လည်း သင်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး သူ့အပေါ်မှာ ခိုင်မာသည့် သက်သေခံမှုကို ပြုလုပ်ဖို့အတွက် သင်၏ အမှန်တကယ် အရေးပါမှုနှင့် အပြုအမူတို့ကို အသုံးပြုနိုင်သည်။ ဤအချက်ကသာ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းအနေနှင့် အသိအမှတ်ပြုနိုင်သည်။ သင်က ဤအချက်ကို မတတ်နိုင်ဘူးဆိုလျှင် သင့်မိသားစုဝင်များကြား၌၊ သင့်ညီအစ်ကို မောင်နှမများကြား၌၊ သို့မဟုတ် လောက၏ လူများကြား၌ သက်သေမခံပေ။ စာတန်ရှေ့မှာ သင်က သက်သေမခံနိုင်လျှင် စာတန်က သင့်ကို ရယ်မောပါလိမ့်မည်။ စာတန်သည် သင့်ကို ရယ်စရာတစ်ခု၊ ကစားစရာတစ်ခုအနေနှင့် ဆက်ဆံပါလိမ့်မည်။ သင့်ကို မကြာခဏ အရူးလုပ်ပြီး ရူးနှမ်းသွားအောင် လုပ်ပါလိမ့်မည်။ အနာဂတ်မှာ သင့်ဆီကို ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်လာပါမည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားနှင့် ချစ်လျှင် စမ်းသပ်မှုသည် မည်မျှပင် ကြီးမားပါစေ၊ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် သင်၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေပါလိမ့်မည်။ နောက်မှာတော့ သင့်နှလုံးသားသည် စိတ်သက်သာရာ ရပါလိမ့်မည်။ အနာဂတ်၌ သင်ကြုံတွေ့ရမည့် စမ်းသပ်မှုက မည်မျှပင် ကြီးမားပါစေ၊ သင်သည် ကြောက်ရွံ့မည် မဟုတ်ချေ။ အနာဂတ်မှာ အဘယ်အရာဖြစ်မည်ဆိုသည်ကို သင်တို့ မမြင်နိုင်ပေ။ ယနေ့ အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။ သင်တို့က ကြီးမားသည့် လုပ်ဆောင်မှုများကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့ဘဝမှာ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်း၊ စာတန်ကို အရှက်ရစေသည့် ခိုင်မာသေချာသော သက်သေခံခြင်းတို့ကို အာရုံစိုက် ပြုလုပ်သင့်သည်။ သင့်ဇာတိပကတိက ကျေနပ်မှုမရှိဘဲ ဒုက္ခခံစားရမည် ဖြစ်သော်လည်း သင်က ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်ပြီး စာတန်ကို အရှက်ရစေမည်ပင်။ သင်သည် ဤပုံစံအတိုင်း ကျင့်ကြံလျှင် ဘုရားသခင်သည် သင့်ရှေ့မှာ လမ်းဖွင့်ပေးပါလိမ့်မည်။ တစ်နေ့ ကြီးမားသည့် စမ်းသပ်မှု ရောက်ရှိလာသောအခါ တစ်ခြားလူများက ကျရှုံးသွားကြပါလိမ့်မည်။ သို့သော်လည်း သင်က ခိုင်မြဲစွာ ရပ်တည် နေနိုင်ဦးမည် ဖြစ်သည်။ သင်ပြုလုပ်ခဲ့သည့် ပေးဆပ်မှုကြောင့် ဘုရားသခင်သည် သင့်ကို ကာကွယ်မည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ကျရှုံးမည်မဟုတ်။ ပုံမှန်အားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားနှင့် သူ့ကို ကျေနပ်စေနိုင်လျှင် ဘုရားသခင်သည် ရှေ့မှာလာမည့် စမ်းသပ်မှုများမှာ သင့်ကို သေချာပေါက် ကာကွယ်ပေးမည်ဖြစ်သည်။ သင်က မိုက်မဲကာ အရေးပါမှုနည်းပြီး အရည်အချင်းမရှိသော်လည်း၊ ဘုရားသခင်က သင့်ကို နှိမ့်ချ ဆက်ဆံမည် မဟုတ်။ သင်၏ ကြံရွယ်ချက်များက မှန်ကန်သလား ဆိုသည့်အပေါ်၌ မူတည်သည်။ ယနေ့ သင်သည် အသေးဆုံး အချက်အလက်များကို အာရုံစိုက်ခြင်း၊ အရာအားလုံးအတွင်းမှာ ဘုရားသခင်ကို ကျေနပ်စေခြင်း၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားတစ်ခုရှိခြင်း၊ ဘုရားသခင်ကို သင်၏ စစ်မှန်သည့် နှလုံးသားကို ပေးအပ်ခြင်းတို့ကြောင့် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ သင်နားမလည်တဲ့ တစ်ချို့အရာများ ရှိနေသော်လည်း သင်၏ ရည်ရွယ်ချက်များကို မှန်ကန်အောင် ပြုပြင်ပေးဖို့ ဘုရားသခင်ရှေ့ကို လာရောက်နိုင်သည်။ ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်သည်။ ဘုရားသခင်ကို ကျေနပ်စေသည့် အရာအားလုံးကို သင်လုပ်ဆောင်သည်။ သင့်ညီအစ်ကို မောင်နှမများက သင့်ကို စွန့်ပစ်ကောင်း စွန့်ပစ်လိမ့်မည်။ သို့သော်လည်း သင်၏ နှလုံးသားက ဘုရားသခင်ကို ဖြည့်ဆည်းပေးနေမည်ဖြစ်ပြီး ဇာတိပကတိ၏သာယာမှုကို စွဲလမ်းတပ်မက်မည် မဟုတ်။ သင်သည် ဤနည်းလမ်းနှင့် အမြဲတမ်း ကျင့်ကြံမည်ဆိုလျှင် သင့်အပေါ်၌ ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်သည့်အချိန်မှာ သင်သည် ကာကွယ်ပေးခြင်း ခံရပါလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၉၈)

ဤစမ်းသပ်မှုများသည် လူတို့၏ မည်သည့်အတွင်းပိုင်းအခြေအနေကို ရည်ရွယ်ထားသနည်း။ ဘုရားသခင်ကို စိတ်ကျေနပ်အောင်ပြုရန် မတတ်စွမ်းနိုင်သည့် လူတို့အထဲရှိ ပုန်ကန်တတ်သော စိတ်သဘောထားကို ရည်ရွယ်ထားသည်။ လူတို့၏အတွင်း၌ မစင်ကြယ်သည့်အရာများ များစွာရှိသည်၊ အပေါ်ယံ ဟန်ဆောင်သည့်အရာများ များစွာရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို သန့်စင်ရန်အတွက် သူတို့အား စမ်းသပ်မှုများကို ခံစားစေသည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်လျှင်၊ အနာဂတ်မှာ စမ်းသပ်မှုများသည် သင့်အတွက် ပြည့်စုံခြင်းများ ဖြစ်ပါလိမ့်မည်။ ယနေ့ သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ပါက၊ အနာဂတ်မှာ စမ်းသပ်မှုများသည် သင့်ကို လှုံ့ဆော်ပါလိမ့်မည်။ သင်သည် မသိလိုက်ဘဲ ကျရှုံးပါလိမ့်မည်။ ဤအချိန်မှာ သင်သည် ဘုရားသခင်၏ အလုပ်ကို မလိုက်မီနိုင်သည့်အတွက်၊ စစ်မှန်သည့် အသုံးဝင်မှုကို မပိုင်ဆိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မည် မဟုတ်တော့။ ထို့ကြောင့် သင်သည် အနာဂတ်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်ဖို့ ဆန္ဒရှိသည်ဆိုလျှင် ဘုရားသခင်ကို ဖြည့်ဆည်းပြီး အဆုံးအထိ သူ့နောက်လိုက်သင့်သည်။ ယနေ့ သင်သည် ခိုင်မာသည့် အုတ်မြစ်ကို တည်ဆောက်ရမည်။ အရာအားလုံးမှာ သမ္မာတရားကို လက်တွေ့ ကျင့်သုံးခြင်းအားဖြင့်၊ သူ့အလိုကို သတိပြုခြင်းအားဖြင့် ဘုရားသခင်ကို ကျေနပ်စေရပါမည်။ သင်သည် ဤနည်းလမ်းနှင့်ပင် အမြဲတမ်းကျင့်ကြံလျှင် သင့်အထဲ၌ အုတ်မြစ်တစ်ခု ရှိလာပါလိမ့်မည်။ ဘုရားသခင်သည် သင့်အထဲ၌ရှိသည့် သူ့ကိုချစ်သော နှလုံးသားတစ်ခုကို တွန်းအားပေးပြီး သူသည် သင့်ကို ယုံကြည်မှု ပေးပါလိမ့်မည်။ တစ်နေ့မှာ စမ်းသပ်မှုတစ်ခုသည် သင့်အပေါ်မှာ အမှန်တကယ် ကျရောက်လာသည့်အခါ သင်သည် နာကျင်မှုတစ်ချို့ကို ခံစားရနိုင်ပြီး အတိုင်းအတာ တစ်ခုအထိ စိတ်ထိခိုက်မှုကို ခံစားရမည်။ သင်သေသွားသကဲ့သို့ ကြေကွဲ ဝမ်းနည်းမှုကို ခံစားရမည်။ သို့သော်လည်း ဘုရားသခင်ပေါ် သင်၏အချစ်သည် ပြောင်းလဲမည် မဟုတ်ဘဲ သာ၍ပင် နက်ရှိုင်းလာပါလိမ့်မည်။ ဤကဲ့သို့အရာများကား ဘုရားသခင်၏ ကောင်းချီးများပင်။ သင်သည် ယနေ့ နာခံခြင်း နှလုံးသားနှင့် ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သည့် အရာများကို လက်ခံနိုင်လျှင် သင့်ကို ဘုရားသခင်က သေချာပေါက် ကောင်းချီးပေးမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင် ကောင်းချီးပေးသည့် သူတစ်ယောက်ဖြစ်ပြီး သူ၏ကတိတော်ကို ရရှိမည်ပင်။ ယနေ့ သင်သည် မကျင့်ကြံဘူးဆိုလျှင် စမ်းသပ်မှုများသည် တစ်နေ့မှာ သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ယုံကြည်ခြင်း သို့မဟုတ် ချစ်ခြင်းနှလုံးသား မရှိသည့် သူတစ်ယောက် ဖြစ်လာပါလိမ့်မည်။ ဤအချိန်မှာ စမ်းသပ်မှုသည် သွေးဆောင်မှု ဖြစ်လာပါလိမ့်မည်။ သင်သည် စာတန်၏ သွေးဆောင်မှုထဲကို ထိုးဆင်းသွားမည်ဖြစ်ပြီး လွတ်မြောက်ရာလမ်း ရှိမည်မဟုတ်ပေ။ ယနေ့ သင်သည် သေးငယ်သည့် စမ်းသပ်မှုတစ်ခု သင့်ထံ ကျရောက်လာသောအခါ ခိုင်မြဲစွာ ရပ်တည်ကောင်း ရပ်တည်နိုင်ပါလိမ့်မည်။ သို့သော်လည်း တစ်နေ့၌ ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု သင့်အပေါ် ကျရောက်လာသောအခါ ခိုင်မြဲစွာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ လူအချို့သည် ဘဝင်မြင့်သည်။ သူတို့သည် ပြည့်စုံလုနီးပါး ရှိနေပြီဟု ထင်တတ်ကြသည်။ ဤကဲ့သို့အချိန်များမှာ သင်သည် ပိုပြီးလေးနက်စွာ မလုပ်ဆောင်ဘဲ အားရကျေနပ်လျက် ရှိနေလျှင် သင်သည် အန္တရာယ်ကို ကြုံရပါလိမ့်မည်။ ယနေ့ ဘုရားသခင်သည် ကြီးမားသည့် စမ်းသပ်မှုများကို မလုပ်ဘဲ အားလုံးက အဆင်ပြေသည့်ပုံ ပေါ်နေ၏။ သို့သော်လည်း ဘုရားသခင်က သင့်ကို စမ်းသပ်သည့်အခါ သင်၏အသုံးဝင်မှုသည် အလွန်သေးငယ်ပြီး ကြီးမားသည့် စမ်းသပ်မှုများကို ခံနိုင်ရည် မရှိသည့်အတွက် သင်သည် အလွန် အားနည်းနေသည်ကို တွေ့ရှိရပါလိမ့်မည်။ သင်သည် ဖြစ်သည့်အတိုင်း ဆက်ရှိကာ လေးကန်ထိုင်းမှိုင်းသည့် အခြေအနေတစ်ခုတွင် ရှိနေပါက၊ စမ်းသပ်မှုများ လာသည့်အခါတွင် သင် လဲပြိုလိမ့်မည်။ သင်တို့၏ အရေးပါမှုသည် အဘယ်မျှ သေးငယ်သည် ဆိုသည်ကို သင်တို့ မကြာခဏ ကြည့်သင့်သည်။ ဤကဲ့သို့နည်းလမ်းနှင့်သာ သင်တို့သည် တိုးတက်မှု ရှိနိုင်သည်။ စမ်းသပ်နေချိန် အတွင်းမှာသာ သင်က သင်၏အရေးပါမှုသည် အလွန်သေးငယ်နေသည်ကို တွေ့မြင်လျှင်၊ သင်၏ စိတ်ဓာတ်ခွန်အားက အလွန်အားနည်းနေလျှင်၊ သင့်အတွင်းမှာ စစ်မှန်မှုက အလွန်သေးငယ်နေလျှင်၊ ဘုရားသခင်၏ အလိုမှာ လုံလောက်မှုမရှိလျှင်၊ ဤအချိန်မှ သင်သည် ဤအရာများကို သိမြင်မည်ဆိုလျှင် သိပ်နောက်ကျနေမည် ဖြစ်သည်။

အကယ်၍ ဘုရားသခင်၏ စိတ်သဘောထားကို သင်မသိလျှင် သင်သည် စမ်းသပ်မှုများအတွင်း၌ မလွဲဧကန်ပင် ကျဆုံးလိမ့်မည်။ ဘုရားသခင်က လူတို့ကို စုံလင်အောင် မည်သို့ပြုပေးသည်နှင့် သူတို့ကို မည်သည့်နည်းလမ်းနှင့် စုံလင်အောင် ပြုပေးသည်တို့ကို သင်မသိသည့်အတွက်ကြောင့် ဘုရားသခင်၏ စမ်းသပ်မှုများက သင့်အပေါ်ကို ကျရောက်ပြီး သင်၏အယူအဆများနှင့် ကိုက်ညီမှု မရှိသည့်အခါ သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်မဟုတ်။ ဘုရားသခင်၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာသည် သူ၏စိတ်နေသဘောထား တစ်ခုလုံးပင် ဖြစ်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားတစ်ခုလုံးကို လူတို့ထံ ပြသသည့်အခါ ဤအရာက သင်၏ဇာတိပကတိကို အဘယ်အရာယူလာပေးသနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်နေသဘောထားကို လူတို့ထံ ပြသသည့်အခါ ၎င်းတို့၏ဇာတိပကတိသည် ဝေဒနာများစွာကို မလွဲဧကန် ခံစားရပါလိမ့်မည်။ သင်သည် ဤဝေဒနာကို မခံစားရလျှင် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို သင်မခံယူနိုင်သကဲ့သို့၊ စစ်မှန်သည့် ချစ်ခြင်းကို ဘုရားသခင်ထံ သင်အပ်နှံနိုင်မည်လည်း မဟုတ်ပေ။ အကယ်၍ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်လျှင် သူ၏စိတ်နေသဘောထား တစ်ခုလုံးအား သင့်ကို သေချာပေါက် ပြသမည်ဖြစ်သည်။ ဖန်ဆင်းခြင်းကာလမှ ယနေ့အထိ ဘုရားသခင်သည် လူသားအား သူ၏စိတ်နေသဘောထား တစ်ခုလုံးကို တစ်ခါမျှ မပြဖူးပါ။ သို့သော်လည်း နောက်ဆုံးသောကာလအတောအတွင်း သူရှေးမဆွက ခွဲခန့်မှတ်သားပြီး ရွေးချယ်ထားသည့် ဤလူအုပ်စုကို ဖွင့်ပြသည်။ ထို့ပြင် လူများကို စုံလင်အောင်ပြုလုပ်ပေးခြင်းအားဖြင့် သူ၏စိတ်နေသဘောထားများကို ရှင်းလင်းစွာ ဖော်ထုတ်ပြသပြီး ထိုအရာမှတစ်ဆင့် လူတစ်စုကို စုံလင်အောင် သူပြုလုပ်သည်။ ဤအရာသည် လူများအတွက် ထားရှိသည့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ လူတို့အပေါ်ထားရှိသည့် ဘုရားသခင်၏ စစ်မှန်သည့်ချစ်ခြင်းမေတ္တာကို တွေ့ကြုံဖို့ရန်အတွက် လူတို့အနေဖြင့် ပြင်းထန်လှသည့် ဝေဒနာကို သည်းညည်းခံရရန် လိုအပ်ပြီး မြင့်မားသည့် အဖိုးအခတစ်ခုကို ပေးဆပ်ဖို့ လိုအပ်သည်။ ဤအရာပြီးနောက်မှသာ ဘုရားသခင်၏ရယူခြင်းကို သူတို့ခံရမည်ဖြစ်ပြီး သူတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်နိုင်မည် ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏ စိတ်နှလုံးသည် ကျေနပ်ပါလိမ့်မည်။ အကယ်၍ လူများက ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို ခံရန်ဆန္ဒရှိသည်ဆိုလျှင်၊ သူ၏အလိုတော်ကို ထမ်းရွက်ပြီး သူတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံ ပေးအပ်လိုလျှင် သေခြင်းထက် ပိုဆိုးသည့် ဝေဒနာကို ခံစားဖို့ရန်အတွက် အခြေအနေများအရ ဖြစ်ပေါ်လာသည့် များပြားလှသော ဆင်းရဲဒုက္ခနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်ပြီး အဆုံးမှာ သူတို့၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်ဖို့ တွန်းအားပေးခြင်း ခံရမည်ဖြစ်သည်။ လူတစ်ယောက်က ဘုရားသခင်ကို အမှန်တကယ် ချစ်သလော၊ မချစ်သလောဆိုသည်ကို အခက်အခဲနှင့် စစ်ဆေးခြင်းကာလ၌ ထုတ်ဖော်ခြင်းခံရသည်။ ဘုရားသခင်သည် လူများ၏ ချစ်ခြင်းကို သန့်စင်ပေးသည်၊ ထို့ပြင် ဤအရာကိုလည်း အခက်အခဲနှင့် စစ်ဆေးခြင်းအလယ်၌သာ ရရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၄၉၉)

လူအများစု၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဆိုင်သည့် အနှစ်သာရသည် ဘာသာရေးဆိုင်ရာ ခံယူချက် ဖြစ်သည်- သူတို့သည် ဘုရားသခင်ကို ချစ်နိုင်စွမ်း မရှိကြပေ၊ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် တောင့်တခြင်း၊ သို့မဟုတ် ကြည်ညိုခြင်း မရှိနိုင်ကြဘဲ၊ သူ့နောက်သို့ စက်ရုပ်တစ်ရုပ်ကဲ့သို့သာ လိုက်နိုင်ကြသည်။ သူတို့သည် ဘုရားသခင်၏နောက်သို့ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ကြသည်။ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ချစ်သောသူကမူ အနည်းငယ်သာ ရှိသည်။ သူတို့သည် ကပ်ဘေးဒုက္ခကို ကြောက်ကြသောကြောင့်သာလျှင်၊ ဘုရားသခင်ကို “ရိုသေလေးမြတ်ကြခြင်း” ဖြစ်သည်၊ သို့တည်းမဟုတ် ဘုရားသခင်သည် မြင့််မားပြီး တန်ခိုးကြီးသောကြောင့် ဘုရားသခင်ကို “လေးစားကြခြင်း” ဖြစ်သည်- သို့သော် သူတို့၏ ရိုသေလေးမြတ်မှုနှင့် သဘောကျ လေးစားမှုတွင် ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် စစ်မှန်သော တောင့်တမှုတို့ မပါပေ။ သူတို့သည် သမ္မာတရား၏ အသေးအဖွဲ အချက်အလက်များ၊ သို့မဟုတ် အရေးမပါသည့် နက်နဲမှုများကို သူတို့၏ အတွေ့အကြုံများ၌ ရှာဖွေကြသည်။ လူအများစုသည် ရှုပ်ထွေးပွေလီလှသော အခြေအနေများတွင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို အမြတ်ထုတ်ရန်ကြိုးစားလျက် ဘုရားသခင်နောက်သို့ လိုက်သည်ဆိုရုံသာ လိုက်ကြသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရန်အတွက် သမ္မာတရားကို သူတို့မရှာဖွေကြသကဲ့သို့ ဘုရားသခင်ကိုလည်း အမှန်တကယ် မနာခံကြချေ။ ဘုရားသခင်ကို ယုံကြည်ကြသောသူ အားလုံးတို့၏ အသက်တာသည် အဓိပ္ပာယ်မဲ့ကြသည်၊ တန်ဖိုးလည်း မရှိပေ၊ ပြီးလျှင် ယင်း၌ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ထည့်တွက်စဉ်းစားမှုများနှင့် လိုက်စားမှုတို့သာ ရှိသည်။ သူတို့သည် ဘုရားသခင်ကို ချစ်ရန်အတွက် သူ့ကို ယုံကြည်ကြခြင်း မဟုတ်ဘဲ၊ ကောင်းချီး ပေးခံရရန်အတွက် သာလျှင် ယုံကြည်ကြသည်။ များစွာသောသူတို့သည် သူတို့ စိတ်တိုင်းကျ လုပ်ဆောင်ကြသည်။ သူတိုလုပ်ချင်သည့် အရာကို လုပ်ကြပြီး ဘုရားသခင်၏ အကျိုးစီးပွားအတွက် မည်သည့်အခါမျှ စဉ်းစားခြင်း မရှိ၊ သို့မဟုတ် သူတို့လုပ်သည့် အရာများသည် ဘုရားသခင်၏ အလိုတော်နှင့် ညီ မညီကို တစ်ခါမျှ စဉ်းစားခြင်း မရှိပေ။ ထိုသို့သောသူများသည် ဘုရားသခင်ကိုချစ်ရန် မဆိုနှင့် စစ်မှန်သော ယုံကြည်ခြင်း ကိုပင် မရနိုင်ပေ။ ဘုရားသခင်၏အနှစ်သာရသည် လူသားယုံကြည်ရုံ အတွက်သာ မဟုတ်ပေ။ လူသား ချစ်ခင်ရန်အတွက်လည်း ဖြစ်၏။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ “လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်ကို မချစ်ရဲကြ၊ ဘုရားသခင်ကို ချစ်ရန်အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်သည် လူသားကို ချစ်သောဘုရားဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို သူ၏အလုပ်တွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခံစားသည့်အခါမှသာလျှင်၊ သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သိနိုင်ကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သူတို့ သတိထားမိနိုင်မည် ဖြစ်သည်။ ၎င်းကို လက်တွေ့ဘဝတွင် စောင့်ကြည့်လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို သိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏၊ သို့ရာတွင် သူနှင့်အမှန်တကယ် ထိတွေ့ဆက်ဆံမှုမရှိဘဲ၊ လူတို့သည် ထိုအရာကို သိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိ မခံယူခဲ့ပါက၊ လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မထိတွေ့မဆက်ဆံနိုင်ပါက၊ ဘုရားသခင်၏ အလုပ်ကိုလည်း တွေ့ကြုံနိုင်ကြမည် မဟုတ်ချေ။ သို့ဖြစ်လျှင် ဘုရားသခင်အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာ သည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အမြားဖြင့် စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းသည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းလောက် မစစ်မှန်ပေ၊ အကြောင်းရင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏အသိဉာဏ်သည် သူတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်သည့်အရာများ၊ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက်၊ သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက် ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်နိုင်ကြသည်၊ ပြီးလျှင် သူ၏လက်တွေ့ကျပြီး သာမန်ဖြစ်သည့် စိတ်သဘောထားနှင့် သက်ဆိုင်သော အရာအားလုံးကို တွေ့နိုင်ကြသည်၊ ဤအရာများ အားလုံးသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် အသိထက် အဆထောင်ပေါင်းများစွာ ပို၍စစ်မှန်သည်။ လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ၊ ထိုချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိဘဲ၊ ယင်းသည် လူသားတို့၏ ထင်မြင်ချက်များဖြင့်သာ ပြည့်နေသည်။ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သူတို့၏ချစ်ခြင်းမှာ မည်မျှပင်သေးငယ်စေကာမူ ဤချစ်ခြင်းသည် စစ်မှန်ပေသည်။ စိုးစဉ်းမျှသာ ဖြစ်နေလျှင်ပင်၊ ယင်းသည် စစ်မှန်ဆဲဖြစ်ပေသည်။ ဘုရားသခင်သည် စစ်မှန်သော အလုပ်မှတစ်ဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး ဤအသိမှတစ်ဆင့် လူတို့၏ချစ်ခြင်းမေတ္တာကို သူရယူသည်။ ယင်းမှာ ပေတရုကဲ့သို့ပင်ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ အသက်မရှင်ခဲ့လျှင်၊ ယေရှုကို သူ ကြည်ညိုရန် ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့အတူ ယေရှုအပေါ်ထားသော သူ၏ သစ္စာစောင့်သိမှုသည်လည်း ယေရှုနှင့် သူ၏ထိတွေ့ဆက်ဆံမှုအပေါ်တွင် တည်ဆောက် ထားခဲ့သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ အလယ်သို့ ကြွဆင်းလာပြီး လူတို့နှင့်အတူ နေထိုင်၏၊ ပြီးလျှင် ဘုရားသခင်က လူတို့ကို မြင်တွေ့စေသည့် တွေ့ကြုံခံစားစေသည့် အရာအားလုံးသည် ဘုရားသခင်၏ စစ်မှန်မှုပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၀၀)

ဘုရားသခင်သည် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက် လက်တွေ့အရှိတရားနှင့် အချက်အလက်များ ရောက်ရှိလာခြင်းကို အသုံးပြု၏။ လူတို့ကို ဘုရားသခင် စုံလင်စေခြင်း၏ တစ်စိတ်တစ်ပိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖြည့်ဆည်းပေးပြီး ဤသည်မှာ လမ်းပြခြင်းအပြင် လမ်းကြောင်းဖွင့်ပေးခြင်းနှင့်ဆိုင်သည့် အမှု ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ထဲတွင် သင့်အနေဖြင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့် ရူပါရုံများနှင့် ပတ်သက်သော အသိပညာကို ရှာဖွေရမည်။ ဤအရာတို့ကို နားလည်ခြင်းအားဖြင့် လူသည် သူ၏အမှန်တကယ် လက်တွေ့လုပ်ဆောင်မှု၌ လမ်းကြောင်းနှင့် ရူပါရုံများ ရှိလာမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဉာဏ်အလင်းရလာနိုင်မည် ဖြစ်သည်။ ဤအရာတို့သည် ဘုရားသခင်ထံမှ လာသည်ဟု နားလည်နိုင်၍ များစွာကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလာလိမ့်မည်။ နားလည်ပြီးသည့်နောက်တွင် လူတို့သည် ဤလက်တွေ့အရှိတရားထဲသို့ ချက်ချင်းဝင်ရောက်ရမည် ဖြစ်ပြီး သူတို့၏လက်တွေ့ဘဝတွင် ဘုရားသခင်ကို စိတ်ကျေနပ်အောင် ပြုရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုရမည်။ ဘုရားသခင်သည် အရာရာ၌ သင့်ကို လမ်းပြပေးမည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို သင့်အားပေးကာ၊ သူသည် အထူးတလည် ချစ်ခင်နှစ်သက်ဖွယ် ကောင်းသည်ဟု သင့်အား ခံစားလာစေမည်ဖြစ်၏၊ ပြီးလျှင် သင့်ထဲ၌ ဘုရားအမှု၏ အဆင့်တိုင်းသည် သင့်အား စုံလင်အောင် ပြုလုပ်ပေးရန် ရည်ရွယ်ကြောင်း သင့်ကို သိမြင်ခွင့် ပေးလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်တွေ့လိုပါက၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့ကြုံလိုပါက၊ သင်သည် လက်တွေ့အရှိတရားထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရမည်၊ စစ်မှန်သော ဘဝအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး ဘုရားသခင် ပြုသမျှသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ ဖြစ်ကြောင်း၊ သူပြုသမျှသည် မသန့်ရှင်းသည့် အရာများကို လူတို့ချန်ထားခဲ့နိုင်ရန် သူတို့ကို အထောက်အကူပေးဖို့ ဖြစ်ကြောင်း၊ ဘုရားသခင်၏အလိုတော်ကို မဖြည့်ဆည်းနိုင်သော လူတို့အတွင်းရှိ အရာများကို စစ်ဆေးဖို့ဖြစ်ကြောင်း သင့်အနေဖြင့် မြင်ရမည်။ ဘုရားသခင်သည် လူတို့ကို ထောက်ပံ့ရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြု၏။ လူသားတို့ ကြုံတွေ့ ခံစားရန်အတွက် လက်တွေ့ဘဝနှင့် ဆိုင်သည့် အခြေအနေများကို သူ စီစဉ်ပေးသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို စားသောက်ပါက၊ သူတို့အနေဖြင့် ထိုအရာများကို အကယ်စင်စစ် လက်တွေ့လုပ်ဆောင်သောအခါ၊ သူတို့၏ အသက်တာများထဲမှ အခက်အခဲအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်အများအပြားကို အသုံးပြုကာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ လက်တွေ့အရှိတရားထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်ရန်အတွက် သင့်ထံ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိနေရမည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းလည်း မရှိ၊ သင့်ထံ၌ ဘုရားသခင်၏ အမှုလည်း မရှိပါက၊ သင်၏လက်တွေ့ဘဝတွင် မည်သည့် လမ်းကြောင်းမျှ ရှိမည်မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ခါမျှ မစားမသောက်ပါက၊ တစ်စုံတစ်ခု ဖြစ်လာသောအချိန်တွင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်လိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သင့်သည်ကိုသာ သင်သိသည်၊ သို့သော် သင်သည် မည်သည့်ပိုင်းခြားခြင်းကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိ၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းလည်း သင်၌ မရှိပေ။ သင်သည် မရေမရာနှင့် စိတ်ရှုပ်ထွေးနေပြီး ဇာတိပကတိကို ဖြည့်ဆည်းခြင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း ဖြစ်သည်ဟုပင် တစ်ခါတစ်ရံတွင် သင်ယုံကြည်၏— ဤအရာအားလုံးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ခြင်း၏ အကျိုးဆက် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အကူအညီမပါဘဲ၊ လက်တွေ့အရှိတရားအတွင်းတွင်သာ စမ်းတဝါးဝါး ရှာဖွေနေပါက၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို အခြေခံအားဖြင့် သင်ရှာဖွေနိုင်စွမ်းမရှိပေ။ ဤကဲ့သို့သော လူများသည် ဘုရားသခင်ကို ချစ်ခြင်းမှာ အဘယ်အရာအား ဆိုလိုသည်ကို နားလည်ရန်ဝေးစွ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာအား ဆိုလိုသည်ကိုပင် အကယ်နားမလည်ကြပေ။ အကယ်၍ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို အသုံးပြုပြီး မကြာခဏ ဆုတောင်းခြင်း၊ စူးစမ်းခြင်းနှင့် ရှာဖွေခြင်းတို့ကို ပြုလုပ်ကာ၊ ဤအရာမှတစ်ဆင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို တွေ့ရှိပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အတွက် အခွင့်အရေးများကို ရှာဖွေ၍ ဘုရားသခင်နှင့် စစ်မှန်စွာ ပူးပေါင်းလျက် မရေမရာလည်းမဖြစ် စိတ်လည်း ရှုပ်ထွေးမနေတော့လျှင်၊ သင်သည် လက်တွေ့ဘဝတွင် လမ်းကြောင်းတစ်ခုကို ရရှိကာ ဘုရားသခင်ကို အမှန်တကယ် စိတ်ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင် စိတ်ကျေနပ်အောင် သင်ပြုလုပ်ပြီးသောအခါ၊ သင့်အထဲတွင် ဘုရားသခင်၏ လမ်းညွှန်မှု ရှိလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အထူးတလည် ကောင်းချီးပေးခြင်းကို ခံရမည်ဖြစ်ကာ ထိုအရာက သင့်ကို ပျော်ရွှင်ခြင်း အသိစိတ်တစ်ခု ပေးမည်ဖြစ်သည်- ဘုရားသခင်ကို စိတ်ကျေနပ်စေပြီးဖြစ်သည်ကို သင်သည် အထူးဂုဏ်ယူမိပြီး၊ စိတ်ထဲတွင် အထူးသဖြင့် ကြည်လင်ရွှင်ပျကာ သင်၏ စိတ်နှလုံးထဲတွင် ရှင်းလင်း၍ ငြိမ်သက်လာမည် ဖြစ်သည်။ သင်၏ အသိစိတ်သည် နှစ်သိမ့်မှုကို ခံစားရကာ အပြစ်တင်ခြင်းများနှင့် ကင်းဝေး၍ သင်၏ ညီအစ်ကို မောင်နှမများကို တွေ့ရသည့်အချိန်တွင် သင့်စိတ်ထဲ၌ သာယာပျော်ရွှင်မှုကို ခံစားရမည် ဖြစ်သည်။ ထိုသို့ခံစားရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ မွေ့လျော်ခြင်း ဖြစ်ပြီး၊ ထိုသို့ခံစားရခြင်းသည်သာလျှင် ဘုရားသခင်၌ စစ်မှန်စွာ မွေ့လျော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့၏မွေ့လျော်ခြင်းသည် တွေ့ကြုံခံစားမှုမှတစ်ဆင့် ရရှိနိုင်သည်။ အခက်အခဲနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကို တွေ့ကြုံခံစားခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိကြသည်။ အကယ်၍ သင်သည် ဘုရားသခင်က သင့်အား အမှန်တကယ် ချစ်ကြောင်း၊ ဘုရားသခင်သည် လူတို့အတွက် ကြီးလေးသော အဖိုးအခကို ဧကန်အမှန် ပေးခဲ့ကြောင်း၊ ဘုရားသခင်သည် မြောက်မြားစွာသော နှုတ်ကပတ်တော်တို့ကို စိတ်ရှည်စွာ၊ ကြင်နာစွာဖြင့် ပြောကြားခဲ့ပြီး လူတို့ကို အမြဲတမ်း ကယ်တင်ကြောင်းကိုသာ ပြောရုံသာ ပြောပါက၊ ဤစကားများကို သင်ပြောဆိုခြင်းသည် ဘုရားသခင်၌ မွေ့လျော်ခြင်း၏ ဘက်တစ်ဖက်သာ ဖြစ်သည်။ သို့သော်လည်း ပို၍ ကြီးမားသော ပျော်ရွှင်မှု- စစ်မှန်သော ပျော်ရွှင်မှုမှာ- လူသားတို့အနေဖြင့် သူတို့၏ လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် အချိန်၌ ဖြစ်၏၊ ထို့နောက်တွင် သူတို့၏ နှလုံးသားထဲ၌ ငြိမ်သက်ခြင်းနှင့် ရှင်းလင်းမှုကို ခံစားကြရ၏။ သူတို့သည် အတွင်း၌ ကြီးစွာ စိတ်ထိတွေ့လှုပ်ရှားပြီး ဘုရားသခင်သည် ချစ်ခင်နှစ်သက်ဖွယ် အကောင်းဆုံးဖြစ်သည်ဟု ခံစားရသည်။ သင်ပေးခဲ့သော အဖိုးအခသည် ပေးဆပ်ထိုက်သည်ထက် ပိုများသည်ဟု သင်ခံစားရလိမ့်မည်။ သင့်ကြိုးစားအားထုတ်မှု၌ ကြီးမားသော အဖိုးအခကို ပေးထားပြီးဖြစ်ရာ သင့်စိတ်ထဲတွင် အထူးအားတက်လာလိမ့်မည်။ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်နေသည်ဟု ခံစားလာရပြီး ဘုရားသခင်သည် လူတို့အထဲတွင် ကယ်တင်ခြင်းအမှုအား လုပ်ဆောင်ပြီး ဖြစ်ကြောင်း၊ ဘုရားသခင်က လူသားများကို စစ်ဆေးခြင်းသည် သူတို့ကို သန့်စင်ရန်ဖြစ်ကြောင်း နှင့် ၎င်းတို့က သူ့အား အမှန်တကယ် ချစ် မချစ်ကို စမ်းသပ်ရန် ဘုရားသခင်က စစ်ကြောခြင်းဖြစ်ကြောင်းတို့ကို သင် နားလည်လာလိမ့်မည်။ သင်သည် သမ္မာတရားကို ဤသို့ အမြဲပင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏ အမှု များစွာနှင့်ပတ်သက်သည့် ရှင်းလင်းသော အသိတစ်ခုကို တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး၊ ထိုအချိန်တွင် သင့်ရှေ့၌ရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဖန်သားတမျှ ရှင်းလင်းပြတ်သားသည်ဟု ခံစားလာရလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားများစွာကို ရှင်းလင်းစွာ နားလည်နိုင်ပါက၊ ကိစ္စအားလုံးသည် လက်တွေ့လုပ်ဆောင်ရန် လွယ်ကူကြောင်း၊ ပြဿနာတိုင်းကို အောင်မြင်ကျော်လွှားနိုင်ကာ မည်သည့် စုံစမ်းသွေးဆောင်မှုကိုမဆို အနိုင်ယူနိုင်ကြောင်း ခံစားလာရမည်ဖြစ်ပြီး၊ မည်သည့်ကိစ္စကမျှ သင့်အတွက် ပြဿနာ မဟုတ်ကြောင်း သိမြင်လာမည်၊ ထိုသို့ခံစားသိမြင်ခြင်းက သင့်အား ကြီးစွာ လွတ်လပ်စေပြီး လွတ်မြောက်စေလိမ့်မည်။ ဤအချိန်၌ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်နေလိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် သင့်အပေါ်သို့ သက်ရောက်ပြီး ဖြစ်လိမ့်မည်။ သမ္မာတရား၊ အသိဉာဏ်နှင့် ရူပါရုံများရှိပြီး သူ့ကို အမှန်တကယ်ချစ်သောသူများကို ဘုရားသခင်သည် ကောင်းချီးပေး၏။ အကယ်၍ လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရန် ဆန္ဒရှိပါက၊ သူတို့အနေဖြင့် လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ ဝေဒနာကို တောင့်ခံလိုစိတ် ရှိရမည်ဖြစ်ပြီး ဘုရားသခင် စိတ်ကျေနပ်စေရန် သူတို့ချစ်သော အရာများကို စွန့်လွှတ်ရမည်။ ထို့အပြင် သူတို့မျက်လုံးထဲတွင် မျက်ရည်များ ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်နှလုံးကျေနပ်စေရန်အတွက် ပြုလုပ်နိုင်ကြရမည်။ ထိုသို့ပြုလျှင် ဘုရားသခင်သည် သင့်အား အမှန်တကယ် ကောင်းချီးပေးမည်ဖြစ်သည်။ ထိုသို့သော အခက်အခဲကို သင်သည်းခံနိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကလည်း နောက်မှ လိုက်လာလိမ့်မည်။ လက်တွေ့ဘဝအားဖြင့် သော်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းအားဖြင့် သော်လည်းကောင်း၊ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို မြင်နိုင်စွမ်းရှိကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြည်းစမ်းကြည့်ဖူးမှသာလျှင် သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်ကြမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၀၁)

ဘုရားသခင်ကို ချစ်သောသူတို့သည် သမ္မာတရားကို ချစ်သောသူများဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ၊ သမ္မာတရားကို ပို၍ရှိလေလေဖြစ်သည်။ သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်လေလေ၊ ဘုရားသခင်၏ ချစ်ခြင်းပို၍ ရှိလေလေဖြစ်သည်။ သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်လေလေ၊ ဘုရားသခင်၏ ကောင်းချီးများကို ခံရလေလေဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ သင့်အပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပေတရုက ဘုရားသခင်ကို သိကျွမ်းလာခဲ့သည့်နည်းတူ သင့်အား တဖြည်းဖြည်း တွေ့မြင်စေလိမ့်မည်- ဘုရားသခင်၌ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းသော ဉာဏ်ပညာ ရှိရုံမျှသာမကဘဲ၊ ထို့အပြင် လူတို့ထဲတွင် စစ်မှန်သော အမှုကို ပြုနိုင်သည့် ဉာဏ်ပညာလည်း ရှိသည်ဟု ပေတရုက ပြောခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောကြောင့်သာမက၊ ထို့အပြင် လူကို ဖန်ဆင်းနိုင်သော၊ ကယ်တင်နိုင်သော၊ လူကို စုံလင်အောင် ပြုလုပ်နိုင်သော၊ လူထံ၌ သူ၏ချစ်ခြင်းမေတ္တာကို ပေးထားခဲ့နိုင်သော သူ့အစွမ်းတို့ကြောင့်လည်း လူတို့၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည်ဟု ပေတရုက ပြောခဲ့သည်။ ထို့ကြောင့် ပေတရုက ဘုရားသခင်ထံတွင် လူသားတို့ ချစ်မြတ်နိုးရန် ထိုက်တန်သော အရာများစွာရှိသည်ဟုလည်း ပြောခဲ့၏။ “လူတို့၏ချစ်ခြင်းကို ကိုယ်တော်ခံထိုက်သည့် အကြောင်းရင်းမှာ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခြင်းကြောင့်သာ ဖြစ်ပါသလော။ ကိုယ်တော်ထံတွင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အရာများစွာရှိပါ၏။ ကိုယ်တော်သည် လက်တွေ့ဘဝတွင် ပြုမူလုပ်ဆောင်ပြီး လှုပ်ရှား သွားလာတော်မူသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား အတွင်း၌ တို့ထိတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်အား အပြစ်တင်ကာ ဆုံးမတော်မူသည်— ဤအရာများက လူတို့၏ချစ်ခြင်းကို သာ၍ခံထိုက်ပါ၏။” ဟု ပေတရုက ယေရှုကို ပြောခဲ့သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်တွေ့ကာ ကြုံတွေ့ခံစားလိုသည့်ဆန္ဒ ရှိပါက၊ သင့်အနေဖြင့် လက်တွေ့ဘဝကို စူးစမ်းစစ်ဆေးကာ လက်တွေ့ဘဝ၌ ရှာဖွေရမည်ဖြစ်ပြီး သင့်ကိုယ်ပိုင် ဇာတိပကတိကို ဘေးသို့ ဖယ်ထားရန် လိုလားနေရမည်။ သင်သည် ထိုသန္နိဌာန်ကို ချရမည်။ သင်သည် ပျင်းရိခြင်း၊ သို့မဟုတ် ဇာတိပကတိကို မွေ့လျော်ခြင်းများကို တပ်မက်ခြင်း မရှိဘဲ၊ ဇာတိပကတိအတွက် အသက်ရှင်ခြင်း မဟုတ်ဘဲ၊ ဘုရားသခင်အတွက် အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားသောသူ၊ အရာရာ၌ ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်နိုင်သောသူ ဖြစ်ရမည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်ပေးသည့် အချိန်များ ရှိနိုင်သည်။ ထိုသို့ဖြစ်သည်မှာ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်သောကြောင့် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် လုံ့လထုတ်ရန် ပိုလိုအပ်မည် ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်ကျေနပ်အောင် ပြုလုပ်ရမည်ဖြစ်ပြီး ဇာတိခန္ဓာကျေနပ်အောင် မပြုလုပ်ရ။ ဤသို့ သင်တွေ့ကြုံသောအခါ၊ သင်သည် ဘုရားသခင်ကို သိရှိလာပြီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ကြောင်း၊ လူတို့သည် သူ့ကို အမှန်တကယ် မြင်နိုင်ရန်၊ သူနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စေရန်အတွက် ဘုရားသခင်သည် လူ့ဇာတိခံခဲ့ကြောင်း သင်မြင်လိမ့်မည်ဖြစ်သည်။ ထို့ပြင် လူတို့အလယ်တွင် သူသွားလာနိုင်စွမ်းရှိကြောင်း၊ သူ၏ဝိညာဉ်တော်သည် သူ၏ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို လူတို့အား တွေ့မြင်ခွင့်ပေးကာ သူ၏ဆုံးမပဲ့ပြင်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းများနှင့် ကောင်းချီးမင်္ဂလာများကို လူတို့အား ကြုံတွေ့ခံစားခွင့်ပေးလျက်၊ လက်တွေ့ဘဝတွင် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးနိုင်ကြောင်းကို သင်တွေ့မြင်လိမ့်မည်။ ဤသို့ အမြဲတမ်း တွေ့ကြုံခံစားရလျှင်၊ လက်တွေ့ဘဝတွင် သင်သည် ဘုရားသခင်နှင့် ခွဲခွာ၍ရမည် မဟုတ်ပေ၊ ပြီးလျှင် အကယ်၍ တစ်နေ့တွင် ဘုရားသခင်နှင့် သင့်ကြားရှိ ဆက်ဆံရေးသည် ပုံမှန်အတိုင်း မဟုတ်တော့လျှင်၊ သင်သည် ပြစ်တင်ရှုတ်ချမှုကို ခံနိုင်စွမ်းနှင့်နောင်တရနိုင်စွမ်းလည်း ရှိလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိချိန်တွင် ဘုရားသခင်အား လုံးဝ စွန့်ခွာလိုစိတ် ရှိမည်မဟုတ်။ အကယ်၍ တစ်နေ့ ဘုရားသခင်က သင့်ကို စွန့်ခွာသွားမည်ဟု ပြောလျှင်၊ သင်သည် ကြောက်ရွံ့ကာ ဘုရားသခင် ထားခဲ့ခြင်းကို ခံရမည်ထက် အသေခံလိုက်မည်ဟု ပြောလိမ့်မည်။ ဤသို့သော စိတ်ခံစားချက်များ ရှိသည်နှင့် တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို စွန့်ခွာနိုင်စွမ်းမရှိဟု ခံစားလာရမည်ဖြစ်ပြီး၊ ဤနည်းအားဖြင့် သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလာကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ စစ်မှန်စွာ မွေ့လျော်လာနိုင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၀၂)

လူတို့သည် ဘုရားသခင်အား သူတို့အသက်ဖြစ်စေမည့် အကြောင်းကို မကြာမကြာ ပြောကြသော်လည်း၊ သူတို့၏ တွေ့ကြုံခံစားမှုကမူ ထိုအဆင့်ကို မရောက်သေးပေ။ ဘုရားသခင်သည် သင်၏အသက်ဖြစ်ကြောင်း၊ ဘုရားသခင်သည် သင့်ကို နေ့စဉ်လမ်းပြကြောင်း၊ သူ၏ နှုတ်ကပတ်တော်များကို သင်သည် နေ့စဉ် စားသောက်ကြောင်း၊ သူ့ထံ သင် နေ့စဉ်ဆုတောင်းကြောင်း၊ ထို့ကြောင့် ဘုရားသခင်သည် သင်၏ အသက် ဖြစ်လာကြောင်း သင်ပြောနေခြင်းမျှသာ ဖြစ်သည်။ ထိုသို့ပြောသူများ၏ အသိဉာဏ်သည် အတော်ပင် အပေါ်ယံကျ၏။ လူအများစုတွင် အခြေခံအုတ်မြစ် မရှိကြပေ- ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူတို့ထဲတွင် နေရာယူပြီးဖြစ်သော်လည်း၊ အသီးသီးရန် မပြောနှင့် အညှောက်ပင် မပေါက်သေးပေ။ ယနေ့ သင်သည် မည်သည့် အတိုင်းအတာအထိ တွေ့ကြုံခံစားခဲ့ပြီး ဖြစ်သနည်း။ ဘုရားသခင်သည် သင့်အား လက်ရှိနေရာအထိရောက်အောင် တွန်းပို့ခဲ့ပြီးနောက် ယခုမှသာ သင်သည် ဘုရားသခင်ကို မစွန့်ခွာနိုင်ဟု ခံစားရသည်။ တစ်နေ့ သင်သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားခဲ့ပြီးသောအခါ၊ ဘုရားသခင်သည် သင့်အား ထွက်ခွာသွားခိုင်းလျှင် သင်ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။ သင့်အထဲတွင် ဘုရားသခင်မရှိဘဲ သင်မနေနိုင်ဟု အမြဲခံစားနေရမည်။ လင်ယောက်ျား၊ ဇနီးမယား၊ သို့မဟုတ် သားသမီးများ မရှိဘဲ၊ မိသားစုမရှိဘဲ၊ အမေ၊ သို့မဟုတ် အဖေ မရှိဘဲ၊ ဇာတိပကတိ၏ ပျော်မွေ့မှုများ မရှိဘဲ သင်နေနိုင်သော်လည်း၊ ဘုရားသခင် မရှိဘဲနှင့် သင်နေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်မရှိခြင်းသည် သင့်အသက်ကို ဆုံးရှုံးလိုက်ရခြင်း နှင့် တူလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်မရှိဘဲ သင်နေနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအဆင့်ထိ တွေ့ကြုံခံစားပြီး သောအခါ၊ ဘုရားသခင် အပေါ်ထားသော သင့်ယုံကြည်ခြင်း၌ အောင်မြင်မှုကို ရရှိနေပြီး ဖြစ်လိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သင့်အသက် ဖြစ်လာကာ သင့်တည်ရှိမှု၏ အခြေခံအုတ်မြစ် ဖြစ်လာပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ဘယ်သောအခါမျှ ထပ်မံစွန့်ခွာနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအတိုင်းအတာအထိ တွေ့ကြုံခံစားပြီးသောအခါ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်နေပြီးဖြစ်လိမ့်မည်။ ထို့အပြင် သင်သည် ဘုရားသခင်နှင့် အတော်အတန် ရင်းနှီးသွားသောအခါ၊ ဘုရားသခင်သည် သင်၏အသက်၊ သင်၏အချစ် ဖြစ်လာလိမ့်မည်၊ ထိုအချိန်တွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းကာ “အိုး ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်မစွန့်ခွာနိုင်ပါ။ ကိုယ်တော်သည် ကျွန်ုပ်၏အသက် ဖြစ်ပါ၏။ အခြားအရာအားလုံးမရှိဘဲ ကျွန်ုပ်နေနိုင်ပါ၏၊ သို့သော် ကိုယ်တော်မရှိဘဲ ကျွန်ုပ် အသက်ဆက်မရှင်နိုင်ပါ။” ဟူ၍ ပြောလိမ့်မည်။ ဤသည်မှာ လူသားတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဖြစ်၏။ ဤသည်မှာ စစ်မှန်သော အသက်တာဖြစ်သည်။ လူအချို့တို့သည် ယနေ့ သူတို့ရှိနေသည့် နေရာအထိ ရောက်အောင် တွန်းပို့ခြင်း ခံခဲ့ရသည်- သူတို့လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ဆက်လုပ်နေရပြီး သူတို့သည် မလူးသာမလွန့်သာ အခြေအနေနှစ်ခုအကြားတွင် သောင်တင်နေသည်ဟု အမြဲတမ်း ခံစားနေကြသည်။ ဘုရားသခင်သည် သင့်အသက် ဖြစ်သည်အထိ၊ ဘုရားသခင်ကို သင့်နှလုံးသားထဲမှ နုတ်ယူသွားမည်ဆိုပါက၊ သင့်အသက်ကို ဆုံးရှုံးလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည်အထိ သင်တွေ့ကြုံခံစားရမည်။ ဘုရားသခင်သည် သင့်အသက်ဖြစ်ရမည်ဖြစ်ပြီး သင်သည် သူ့ကို စွန့်ခွာရန် မတတ်စွမ်းနိုင်ဘဲ ရှိနေရမည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်ကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပြီးဖြစ်လိမ့်မည်၊ ဤအချိန်၌ သင်သည် ဘုရားသခင်ကို ချစ်သောအခါ၊ ဘုရားသခင်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးလိမ့်မည် ဖြစ်ကာ သင်၏ချစ်ခြင်းမေတ္တာသည် ပြိုင်စံကင်းပြီး ဖြူစင်သည့်အချစ် ဖြစ်လိမ့်မည်။ တစ်နေ့ သင့်အတွေ့အကြုံများကြောင့် သင်၏အသက်တာသည် အဆင့်တစ်ဆင့်သို့ ရောက်ရှိသွားသောအခါ၊ ဘုရားသခင်ထံ သင်ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို စားသောက်သောအခါ၊ သင်သည် အတွင်းထဲ၌ ဘုရားသခင်ကို စွန့်ခွာနိုင်မည် မဟုတ်သကဲ့သို့ သင်ဆန္ဒရှိခဲ့လျှင်ပင် သူ့ကို သင် မေ့လျော့နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်အသက်ဖြစ်လာပြီး ဖြစ်လိမ့်မည်၊ သင်သည် လောကကို လည်းကောင်း၊ သင့်ဇနီးမယား၊ သင့်လင်ယောက်ျား၊ သို့မဟုတ် သင့်သားသမီးများကိုလည်းကောင်း မေ့နိုင်သော်လည်း၊ ဘုရားသခင်ကို မေ့လျော့ဖို့ ခက်ခဲလိမ့်မည်— ထိုသို့ပြုလုပ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ သင်၏အသက်အစစ်၊ ဘုရားသခင်အပေါ်၌ထားသော သင်၏ ချစ်ခြင်းမေတ္တာအစစ် ဖြစ်သည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာသည် အဆင့်တစ်နေရာသို့ ရောက်ရှိသွားချိန်တွင်၊ ဘုရားသခင် အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ၎င်းတို့၏ အခြား မည်သည့် အရာအတွက် ချစ်ခြင်းနှင့်မျှ တန်းတူမဖြစ်တော့ပေ။ ဘုရားသခင်အတွက် သူတို့၏ ချစ်ခြင်းသည် ဦးစားပေးဖြစ်လာပေသည်။ ဤသို့အားဖြင့် သင်သည် အခြား အရာအားလုံးကို စွန့်လွှတ်နိုင်ကာ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပြုပြင်မှုမှန်သမျှကို လက်ခံလိုသည့် ဆန္ဒ ရှိလာလိမ့်မည်။ ဘုရားသခင်အပေါ်ထားသော သင်၏ ချစ်ခြင်းသည် အရာအားလုံးထက် သာလွန်သွားပါက၊ သင်သည် လက်တွေ့အရှိတရားထဲ၌ အသက်ရှင်မည်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာထဲ၌ အသက်ရှင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၀၃)

ဘုရားသခင်သည် လူတို့၏အတွင်း၌ အသက်ဖြစ် လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် ဘုရားသခင်ကို မစွန့်ခွာနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ပင် ဖြစ်သည်မဟုတ်လော။ ဤထက် သာ၍ကြီးမြတ်သော သက်သေခံချက် မရှိတော့ချေ။ ဘုရားသခင်သည် အဆင့်တစ်နေရာအထိ အလုပ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ လူတို့ကို အစေခံရန်၊ ပြစ်တင်ဆုံးမခြင်းခံရန်၊ သို့မဟုတ် အသေခံရန် သူပြောခဲ့သည်။ လူတို့သည်လည်း နောက်ပြန်မဆုတ်ခဲ့ကြပေ၊ ယင်းက ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်ခဲ့ပြီးကြောင်း ပြသနေသည်။ သမ္မာတရား ရှိသောသူများသည် သူတို့၏ လက်တွေ့အတွေ့အကြုံများတွင် နောက်သို့ ပြန်ဆုတ်ခြင်း အလျှင်းမရှိဘဲ၊ သူတို့၏ သက်သေခံချက်များ၌ ခိုင်မာစွာ ရပ်တည်နိုင်သောသူများ၊ သူတို့၏နေရာ၌ ခိုင်မာစွာရပ်တည် နိုင်သောသူများ၊ ဘုရားသခင်ကို သစ္စာရှိနိုင်သော သူများဖြစ်ပြီး ဘုရားသခင်ကို ချစ်သောသူများနှင့် ပုံမှန်ဆက်ဆံရေးရှိသောသူများ၊ တစ်စုံတစ်ခုဖြစ်သောအခါ ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်သောသူများ၊ သေသည်အထိ ဘုရားသခင်ကို နာခံနိုင်သောသူများ ဖြစ်ကြ၏။ လက်တွေ့ဘဝတွင် သင်၏လက်တွေ့လုပ်ဆောင်မှုနှင့် ထုတ်ဖော်မှုတို့သည် ဘုရားသခင်အတွက် သက်သေခံချက်ပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်အတွက် လူ၏အသက်ရှင်နေထိုင်ခြင်းနှင့် သက်သေခံချက်ဖြစ်၏၊ ထို့ပြင် ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို စစ်မှန်စွာ မွေ့လျော်ခြင်းဖြစ်သည်။ သင်သည် ဤအဆင့်အထိ တွေ့ကြုံခဲ့ပြီးသောအခါ၊ ထိုက်သင့်သော အကျိုးဆက်ကို ရရှိပြီးဖြစ်လိမ့်မည်။ သင်သည် စစ်မှန်သော အသက်ရှင်နေထိုင်မှုကို ပိုင်ဆိုင်ထားမည်ဖြစ်ပြီး သင့်လုပ်ဆောင်ချက်တိုင်းကို အခြားသူများက လေးစား အားကျမှုဖြင့် မော်ကြည့်ကြလိမ့်မည်။ သင်၏အဝတ်အစားနှင့် အပြင်ပန်းရုပ်သွင်သည် ထူးခြားခြင်းမရှိသော်လည်း၊ ဘုရားတရားကို အဆုံးစွန် ကိုင်းရှိုင်းသော အသက်တာကို သင်အသက်ရှင် နေထိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ပြောဆိုသည့် အချိန်တွင်၊ ဘုရားသခင်သည် သင့်အား လမ်းပြကာ ဉာဏ်အလင်းကို ဖွင့်ပေးမည်ဖြစ်သည်။ သင်သည် သင်၏ စကားလုံးများမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို ပြောဆိုနိုင်မည်၊ လက်တွေ့အရှိတရားကိုလည်း ပြောဆိုနိုင်ပြီး ဝိညာဉ်တော် အားဖြင့် အသုံးခံခြင်းအကြောင်းကို များစွာ နားလည်လာလိမ့်မည်။ သင်သည် စကားပြောရာတွင် တဲ့တိုးပြောပြီး သိက္ခာရှိကာ ဖြောင့်မတ်မည်။ ထိပ်တိုက်ရင်ဆိုင်မှု မရှိဘဲ၊ ယဉ်ကျေးသိမ်မွေ့ကာ ဘုရားသခင်၏ အစီအစဉ်များကို နာခံနိုင်ပြီး တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက၊ သင်သည် သင့်သက်သေခံချက်အပေါ်တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်၊ မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းရာတွင် သင်သည် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြစ်နေမည် ဖြစ်သည်။ ဤသို့သောသူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ အချို့သော သူများသည် ငယ်ရွယ်သေးသော်လည်း၊ လူလတ်ပိုင်းတစ်ဦး ကဲ့သို့ ပြုမူကြသည်၊ သူတို့သည် ရင့်ကျက်၍ သမ္မာတရားကို ပိုင်ဆိုင်ကာ အခြားသူများ၏ လေးစားအားကျမှုကို ခံကြရသည်၊ ဤလူများသည် သက်သေခံချက်ရှိသူများဖြစ်ပြီး ဘုရားသခင်၏ သရုပ်သကန် ဖြစ်ကြသည်။ ဆိုလိုသည့်မှာ သူတို့သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားပြီးသောအခါ၊ သူတို့၏စိတ်အတွင်းတွင် ဘုရားသခင်ကို ထိုးထွင်းသိမြင်နိုင်မှု ရှိလာပြီး သူတို့၏အပြင်ပန်း စိတ်သဘောထားသည်လည်း တည်ငြိမ်သွားလိမ့်မည်။ များစွာသော လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့၊ သူတို့၏ သက်သေခံချက်အပေါ်တွင် ခိုင်မာစွာ ရပ်တည်ခြင်းလည်း မရှိပေ။ ထိုသို့သောသူများ၌ ဘုရားသခင်အား ချစ်ခြင်းလည်း မရှိ၊ သို့မဟုတ် ဘုရားသခင်ကို သက်သေခံခြင်းလည်း မရှိပေ၊ ပြီးလျှင် ထိုသူတို့သည် ဘုရားသခင် အရွံရှာဆုံးသောသူများ ဖြစ်သည်။ သူတို့သည် ဝတ်ပြုအစည်းအဝေးများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကြသော်လည်း၊ သူတို့ အသက်ရှင်နေထိုင်နေသည့်အရာမှာ စာတန်ဖြစ်နေပြီး၊ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်သရေညှိုးစေခြင်း၊ သွားပုပ်လေလွင့်ပြောခြင်း နှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ထိုကဲ့သို့သော သူတို့တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလက္ခဏာ လုံးဝ မရှိသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ မရှိပေ။ ထို့ကြောင့် လူများ၏ စကားများနှင့် လုပ်ရပ်များက စာတန်ကို ကိုယ်စားပြုနေသည်။ အကယ်၍ သင့်နှလုံးသားသည် ဘုရားသခင်၏ရှေ့တွင် အမြဲတမ်း ငြိမ်သက်ခြင်းရှိပြီး သင့်အနီးအနားတွင် ရှိသောသူများနှင့် အရာများ၊ သင့်အနီးအနားတွင် ဖြစ်နေသော အရာများကို သင်အမြဲဂရုပြုနေလျှင်၊ သင်သည် ဘုရားသခင်၏ ဝန်တာကို သင့်စိတ်ထဲတွင် ဂရုပြုကာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသည့် စိတ်နှလုံးအမြဲရှိလျှင်၊ ဘုရားသခင်သည် မကြာခဏဆိုသလိုပင် သင့်အထဲ၌ ဉာဏ်အလင်းကို ဖွင့်ပေးမည် ဖြစ်သည်။ အသင်းတော်ထဲတွင် “ကြီးကြပ်သူများ” ရှိကြသည်။ သူတို့သည် အခြားသူတို့၏ ကျရှုံးခြင်းကို စောင့်ကြည့်ရန် ရည်ရွယ်ထားကြပြီး အတုယူကာ လိုက်လုပ်ကြသည်။ သူတို့၌ ခွဲခြားနိုင်စွမ်း မရှိကြပေ၊ သူတို့သည် အပြစ်ကို မမုန်းကြပေ၊ စာတန်နှင့်ပတ်သက်သည့် အရာများကို စက်ဆုပ်မုန်းတီးခြင်း၊ သို့မဟုတ် ရွံရှာခြင်း မရှိကြပေ။ ထိုကဲ့သို့သော သူများ၌ စာတန်နှင့်ပတ်သက်သော အရာများဖြင့် ပြည့်နေပြီး သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ လုံးဝစွန့်ခွာမှုကို ခံကြရမည် ဖြစ်သည်။ သင့်နှလုံးသားသည် ဘုရားသခင်ရှေ့၌ အမြဲတမ်း ရိုသေလေးမြတ်မှုနှင့် ပြည့်နေသင့်သည်၊ သင်၏စကားများနှင့် လုပ်ရပ်များကို အစွန်းရောက်မှု မရှိအောင် ထိန်းသိမ်းကာ ဘုရားသခင်ကို ဆန့်ကျင်ရန်၊ သို့မဟုတ် စိတ်ပျက်အောင် လုပ်ရန် လုံးဝဆန္ဒမရှိသင့်ပေ။ သင့်အထဲရှိ ဘုရားသခင်၏ လုပ်ဆောင်မှု အလဟဿ ဖြစ်သွားစေရန် သို့မဟုတ် သင်သည်းခံခဲ့သော အခက်အခဲများအားလုံးနှင့် သင် လက်တွေ့လုပ်ဆောင်ခဲ့သောအရာအားလုံးကို အလဟဿ ဖြစ်သွားခွင့် ပြုရန် မလိုလားသင့်ပေ။ သင်သည် ပို၍ကြိုးစားလုပ်ကိုင်ကာ ရှေ့ဆက်လမ်းတွင် ဘုရားသခင်အား ပိုမိုချစ်ရန် လိုလားသင့်သည်။ ထိုလူများသည် ရူပါရုံတစ်ခုကို မိမိတို့၏ အခြေခံအုတ်မြစ်အဖြစ် တည်ထားသူများ ဖြစ်သည်။ ထိုသူတို့သည် တိုးတက်မှုကို ရှာဖွေသောသူများဖြစ်ကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၀၄)

အကယ်၍ လူတို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်သည့် နှလုံးသားဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားပါက၊ ထိုသို့သောလူများထံ၌ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်နိုင်သည်။ ထိုလူများသည် ဘုရားသခင်အတွက် သက်သေခံနိုင်ကြ၏။ သူတို့သည် သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်ကာ၊ သူတို့ သက်သေခံသည့် အရာသည်လည်း သမ္မာတရား၊ ဘုရားသခင်၏ဖြစ်ခြင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအလယ်တွင် အသက်ရှင်ကြပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက၊ သူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို မြည်းစမ်းကြည့်ရမည် ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်ကြရမည်။ သို့မှသာ သူတို့အထဲ၌ ဘုရားသခင်ကိုချစ်သော နှလုံးသား၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို သစ္စာရှိစွာ ပေးဆပ်လာအောင် လူတို့ကို စေ့ဆော်ပေးသော နှလုံးသားက နိုးထလာပေမည်။ ဘုရားသခင်သည် သူ့ကို လူတို့ချစ်လာအောင် စကားလုံးများနှင့် အမူအရာများအားဖြင့် မလုပ်ပေ၊ သို့မဟုတ် သူတို့၏ စိတ်ကူးစိတ်သန်းအားဖြင့်လည်း မလုပ်ပေ။ လူတို့အား သူ့ကို အတင်းအဓမ္မလည်း မချစ်ခိုင်းပေ။ ထိုအစား သူသည် လူတို့ကို သူတို့သဘောနှင့်သူတို့ သူ့အား ချစ်လာစေပြီး သူ၏အလုပ်နှင့် မိန့်မြွက်ချက်များတွင် သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်စေသည်။ ထို့နောက်တွင် သူတို့အထဲ၌ ဘုရားသခင်ကို ချစ်ခြင်း ပေါက်ဖွားလာသည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သက်သေခံချက်ကို ပေးနိုင်မည်ဖြစ်သည်။ လူတို့သည် အခြားသူများ၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို ချစ်ခြင်း မဟုတ်သကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်သော စိတ်ခံစားမှုဆန္ဒအရ ချစ်ခြင်းလည်း မဟုတ်ပေ။ သူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို တွေ့မြင်ခဲ့ပြီး ဖြစ်သောကြောင့်၊ လူတို့၏ ချစ်ခြင်းမေတ္တာကို ခံထိုက်သည့်အရာ သူ့အထဲ၌ များစွာရှိကြောင်းကို တွေ့မြင်ခဲ့ပြီးဖြစ်သောကြောင့်၊ ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဉာဏ်ပညာနှင့် အံ့ဖွယ်လုပ်ရပ်များကို တွေ့မြင်ခဲ့သောကြောင့်၊ ဘုရားသခင်ကို ချစ်ကြခြင်းဖြစ်သည်— ရလဒ်အနေဖြင့် သူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချီးမွမ်းကာ အမှန်တကယ် တောင့်တကြပြီး သူတို့စိတ်ထဲတွင် ဘုရားသခင်ကို မရလျှင် အသက်မရှင်နိုင်တော့သည့် စိတ်ထက်သန်ပြင်းပြမှု ပေါ်ပေါက်လာသည်။ ဘုရားသခင်အတွက် စစ်မှန်စွာ သက်သေခံသောသူများသည် သူ့အတွက် ထူးကဲသော သက်သေခံချက် ပေးနိုင်သည်မှာ သူတို့၏ သက်သေခံချက်သည် စစ်မှန်သော အသိတရားနှင့် ဘုရားသခင်ကို အမှန်တကယ် တောင့်တမှုတို့အပေါ်တွင် အခြေခံသောကြောင့် ဖြစ်သည်။ ယင်းသည် ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဆန္ဒမဟုတ်ဘဲ၊ ဘုရားသခင်နှင့် သူ၏ စိတ်သဘောထားတို့ကို သိခြင်းအပေါ်တွင် အခြေခံသော သက်သေခံချက် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို သိရှိလာသည့်အတွက် ဘုရားသခင်အတွက် သေချာပေါက် သက်သေခံရမည် ဖြစ်ပြီး ဘုရားသခင်ကို တမ်းတသောသူအားလုံး ဘုရားသခင်ကို သိရှိလာစေရန် ပြုလုပ်ကြရမည်၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုနှင့် သူ၏လက်တွေ့ကျမှုတို့ကို သိရမည်ဟု သူတို့ ခံစားကြရသည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာကဲ့သို့ပင် သူတို့၏ သက်သေခံချက်များသည်လည်း အလိုအလျောက် ထွက်လာသော သက်သေခံချက်များဖြစ်သည်။ ယင်းမှာ မှန်ကန်မှုရှိပြီး စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးတို့ရှိ၏။ ထိုသက်သေခံချက်များသည် တက်ကြွမှုမရှိသော၊ သို့မဟုတ် အနှစ်သာရမရှိဘဲ အဓိပ္ပာယ်ကင်းမဲ့သော သက်သေခံချက်များ မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော သူများသည်သာ သူတို့၏အသက်တာများ၌ အများဆုံးသော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ရှိကြ၏။ ဘုရားသခင်ကို သူတို့သာ အမှန်တကယ် ယုံကြည်ကြခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် အသက်ရှင်နေထိုင်ကြသောကြောင့်ဖြစ်ပြီး ဘုရားသခင်၏အမှုနှင့် စီမံခန့်ခွဲမှု အတွက် အသက်ရှင် နိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အမှောင်ထုထဲတွင် မနေကြဘဲ၊ အလင်းထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အဓိပ္ပာယ်မဲ့သောဘဝကို အသက်မရှင်ဘဲ၊ ဘုရားသခင်ကောင်းချီးပေးသော အသက်တာကို အသက်ရှင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသာလျှင် ဘုရားသခင် အတွက် သက်သေခံနိုင်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြ၏။ သူတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရပြီး သူတို့သာလျှင် ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိနိုင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ဘုရားသခင်နှင့် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို ခံရသောသူများဖြစ်ပြီး ဘုရားသခင်နှင့်အတူ ကောင်းချီးမင်္ဂလာများကို ခံစားမွေ့လျော် နိုင်ကြသည်။ ထိုသို့သောသူများသာလျှင် ထာဝရကာလတိုင် အသက်ရှင်နိုင်မည်ဖြစ်ပြီး သူတို့သာလျှင် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် အစဉ်အမြဲ နေထိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ချစ်ဖို့ဖြစ်ပြီး၊ သူသည် လူသားတိုင်း၏ ချစ်ခြင်းမေတ္တာကိုရရှိရန် ထိုက်တန်သူဖြစ်သည်၊ သို့သော် လူသားတိုင်းသည် ဘုရားသခင်ကို ချစ်နိုင်ကြသည်ကား မဟုတ်ပေ၊ လူတိုင်းသည် ဘုရားသခင်အတွက် သက်သေခံနိုင်ခြင်း မရှိသကဲ့သို့၊ ဘုရားသခင်နှင့်အတူ တန်ခိုးအာဏာကို ကိုင်စွဲထားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်ကို စစ်မှန်စွာ ချစ်သောသူများသည် ဘုရားသခင်နှင့်ပတ်သက်၍ သက်သေခံနိုင်ပြီး ဘုရားသခင်၏ အလုပ်အတွက် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားနိုင်သဖြင့်၊ သူတို့သည် ကောင်းကင်အောက် မည်သည့်နေရာတွင်မဆို သူတို့ကို ဆန့်ကျင်ရဲသူမရှိဘဲ၊ သွားလာနိုင်၍ မြေကြီးပေါ်၌ အာဏာကို စွဲကိုင်နိုင်ပြီး ဘုရားသခင်၏ လူများအားလုံးကို အုပ်ချုပ်နိုင်သည်။ ထိုလူများသည် ကမ္ဘာတစ်ဝှမ်းမှ စုဝေးရောက်ရှိလာကြသည်။ သူတို့သည် မတူကွဲပြားသော ဘာသာစကား အမျိုးမျိုးကို ပြောကြကာ၊ အသားအရောင် အမျိုးမျိုးရှိကြသည်၊ သို့သော် သူတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်သည် တူကြ၏။ သူတို့အားလုံးထံတွင် ဘုရားသခင်ကို ချစ်သောနှလုံးသား ရှိကြပြီး တူညီသောသက်သေကိုခံကြကာ တူညီသော စိတ်ဆုံးဖြတ်ချက်နှင့် တူညီသောဆန္ဒလည်း ရှိကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ကမ္ဘာအနှံ့အပြား လွတ်လပ်စွာ လျှောက်လှမ်း သွားလာနိုင်ကြသည်၊ ဘုရားသခင်ကို သက်သေခံသော သူများသည် စကြဝဠာတစ်ခွင် လှည့်လည်သွားလာနိုင်ကြသည်။ ထိုလူတို့သည် ဘုရားသခင်၏ချစ်ခြင်းကို ခံရသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရကာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် တစ်သက်လုံး နေထိုင်သွားကြမည် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၀၅)

ယနေ့ ဘုရားသခင်ကို သင်မည်မျှချစ်သနည်း။ ထို့ပြင် သင့်အထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော အရာအားလုံးကို သင်မည်မျှသိသနည်း။ ဤအရာများမှာ သင့်အနေဖြင့် သင်ယူသင့်သည့် အရာများဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ရောက်ရှိလာသည့်အချိန်တွင် လူသားအထဲ၌ သူလုပ်ဆောင်ထားပြီး လူသားကို တွေ့မြင် ခွင့်ပေးထားသော အရာအားလုံးမှာ လူသားအနေဖြင့် သူ့ကိုချစ်လာပြီး အမှန်တကယ်သိကျွမ်းရန်အလို့ငှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်အတွက် ဝေဒနာခံစားနိုင်ပြီး ဤအချိန်အထိ ရောက်ရှိ လာနိုင်သည်မှာ တစ်ဖက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏ စမ်းသပ်ခြင်းတို့ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဝေဒနာမခံစားစေပါက ပွင့်ပွင့်လင်းလင်းပြောရသော် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏ အမှုက ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာက ပိုကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပိုထင်ရှားလေ ဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည့်အကြောင်းကို သင်မည်ကဲ့သို့သင်ယူမည်နည်း။ ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းတို့ မရှိပါက၊ နာကျင်သည့် စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် လူသားကို ဘုရားသခင်ပေးခဲ့သည်တို့မှာ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သာဖြစ်ပါက၊ ဘုရားသခင်အပေါ် စစ်မှန်စွာ ချစ်ခြင်း အဆင့်တစ်ခုအထိ သင်ရောက်နိုင်မည်လော။ တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ အေးချမ်းသည့် မိသားစုဘဝ၊ သို့မဟုတ် ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများရှိကာ၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ သင်ခံစားမွေ့လျော်ပါက၊ သင်သည် ဘုရားသခင်ကို မရရှိသေးသည့်အပြင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အောင်မြင်သည်ဟု မယူဆနိုင်ပေ။ ဘုရားသခင်သည် လူ့ဇာတိ၌ ကျေးဇူးတော်အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့နှင့်ပြီးဖြစ်၍ လူသားကိုလည်း ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် လူသားကို ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသက်သက်ဖြင့် စုံလင်အောင် မပြုလုပ်နိုင်ပေ။ လူသားသည် သူ၏အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအချို့ကို ကြုံတွေ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို မြင်တွေ့ရသော်လည်း၊ သူသည် ထိုအရာများကို အချိန်ကာလ တစ်ခုကြာအောင် တွေ့ကြုံခံစား သွားပြီးချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သည် လူသားကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း၊ လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးနေသည့် အရာများကို မထုတ်ဖော်နိုင်ကြောင်းနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ကြောင်း၊ သို့မဟုတ် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း တွေ့မြင်လေ၏။ ဘုရားသခင်၏ ကျေးဇူးတော်အမှုသည် ကာလတစ်ခု၏ အမှုဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်၌ အမှီပြု၍ မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၀၆)

ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို မခံကြရဘဲ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။ သူ့ကို သင်ချစ်လျှင် သင့်အပေါ်သို့ ဒုက္ခဝေဒနာမျိုးစုံ ကျရောက်လိမ့်မည်ဖြစ်ပြီး သူ့ကို သင်မချစ်လျှင် သင့်အတွက် အရာရာ အဆင်ပြေချောမွေ့နေ၍ သင့်ပတ်ပတ်လည်၌ အရာခပ်သိမ်း ငြိမ်းချမ်းကောင်း ငြိမ်းချမ်း နေလိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သည့်အခါ၊ သင့်ပတ်ပတ်လည်၌ ရှိနေသည့်အရာများစွာကို ကျော်လွှားနိုင်မည် မဟုတ်ဟု သင်ခံစားရလိမ့်မည်၊ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည့်အတွက် သင်သည် စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ထိုမျှမက သင်သည် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ခြင်း မရှိဘဲ ဘုရားသခင်၏ အလိုတော်မှာ အလွန်မြင့်မားပြီး လူသားအနေဖြင့် လက်လှမ်းမမီနိုင်ဟု သင်အမြဲ ထင်မြင်ယူဆလိမ့်မည်။ ဤအရာအားလုံးကြောင့် သင်သည် စစ်ဆေးခြင်းခံရမည်၊ သင့်အတွင်း၌ အားနည်းချက် များစွာရှိပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောအရာများစွာ ရှိသည့်အတွက်၊ သင်သည် အတွင်း၌ စစ်ဆေးခြင်းကို ခံရလိမ့်မည်။ သို့သော် စစ်ဆေးခြင်းဖြင့်သာ သန့်စင်ခြင်းသို့ ရောက်နိုင်ကြောင်းကို သင်တို့ ရှင်းလင်းစွာ တွေ့မြင်ကြရမည်။ ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။ သင်သည် စာတန်၏စုံစမ်းနှောင့်ယှက်ခြင်း ခံရသည့်အချိန်တွင် “ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့်သက်ဆိုင်ပြီး၊ ဘုရားသခင်သည် ကျွန်ုပ်ကို ရရှိပြီးဖြစ်သည်။ သင်ကျေနပ်အောင် ကျွန်ုပ်မလုပ်ပေးနိုင်၊ ကျွန်ုပ်၏ အရာအားလုံးကို ဘုရားသခင် ကျေနပ်အားရစေရန် ဆက်ကပ်ရမည်” ဟု သင်ပြောသင့်သည်။ သင်သည် ဘုရားသခင်ကို ကျေနပ်မှုပေးလေ၊ ဘုရားသခင်သည် သင့်ကို ပို၍ကောင်းချီး ပေးလေဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်သည့် သင်၏ပြင်းအားလည်း ပိုကြီးမားလာလေဖြစ်သည်။ ထို့နည်းတူ သင်၌ ယုံကြည်ခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ခြင်းဖြင့် အသက်တာကို ကုန်ဆုံးစေခြင်းထက် မည်သည့်အရာကမျှ ပို၍မထိုက်တန်၊ သို့မဟုတ် ပို၍အရေးမပါဟု သင်ခံစားလာရလိမ့်မည်။ လူသားသည် ဘုရားသခင်ကို ချစ်နေလျှင် သောကကင်းမည်ဟု ဆိုနိုင်သည်။ သင်၏ဇာတိပကတိက အားနည်းပြီး သင်သည် များစွာသော ဒုက္ခပြဿနာစစ်စစ်တို့၏ ဝန်းရံခြင်းကို ခံရသည့်အချိန်များ ရှိသော်လည်း၊ ယင်းအချိန်ကာလများတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် အားကိုးလိမ့်မည်၊ ထို့ပြင် သင့်ဝိညာဉ် အတွင်း၌ သင်သည် နှစ်သိမ့်ခြင်းကို ခံရ၍ စိတ်ချသေချာမှုကို ခံစားရလိမ့်မည်၊ သင်၌ အားကိုးမှီခိုစရာ ရှိသည်ဟုလည်း ခံစားရလိမ့်မည်။ ဤနည်းလမ်းဖြင့် သင်သည် ပတ်ဝန်းကျင်အခြေအနေများစွာကို အောင်မြင်ကျော်လွှားနိုင်လိမ့်မည် ဖြစ်သောကြောင့် သင်ခံစားရသည့် ပြင်းထန်သောဝေဒနာအတွက် ဘုရားသခင်ကို သင် ညည်းညူတော့မည် မဟုတ်ပေ။ ထိုအစား သင်သည် သီဆိုကခုန်ပြီး ဆုတောင်းပတ္ထနာပြုရန်၊ စုဝေးပြီး ပြောဆိုဆွေးနွေးရန်၊ ဘုရားသခင်အကြောင်း ဆင်ခြင်ရန် ဆန္ဒရှိလာ၍ သင့်ပတ်လည်၌ ဘုရားသခင် စီစဉ်ပေးထားသည့် လူများ၊ ကိစ္စများနှင့် အမှုအရာများ အားလုံးသည် အံကိုက်ဖြစ်နေကြောင်းကို သင်ခံစားရလိမ့်မည်။ ဘုရားသခင်ကို သင်မချစ်လျှင်၊ သင်ကြည့်သမျှ အရာအားလုံးမှာ သင့်အတွက် ဒေါသထွက်စရာ ဖြစ်နေမည်ဖြစ်ပြီး သင့်အမြင်တွင် မည်သည့်အရာကမျှ နှစ်လိုဖွယ်ရာမရှိ ဖြစ်နေလိမ့်မည်။ သင့်ဝိညာဉ်အတွင်း၌ သင်သည် လွတ်လပ်မှုမရှိဘဲ ဖိနှိပ်ခံနေရလိမ့်မည်၊ သင့်စိတ်နှလုံးသည် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲ ညည်းညူလိမ့်မည်ဖြစ်ကာ သင်သည် ညှဉ်းပန်းနှိပ်စက်မှုများစွာကို ခံနေရပြီး ၎င်းမှာ အလွန်တရားမမျှတဟု သင်အမြဲခံစားရလိမ့်မည်။ သင်သည် ပျော်ရွှင်မှုအတွက် မလိုက်စားဘဲ၊ ဘုရားသခင်ကို ကျေနပ်မှုပေးရန်နှင့် စာတန်၏ စွပ်စွဲမှုကို မခံရရန် လိုက်စားသည်ဆိုပါက ထိုကဲ့သို့သော လိုက်စားမှုသည် သင့်ကို ဘုရားသခင်အား ချစ်ရန်အတွက် ကြီးမားသည့်ခွန်အားပေးလိမ့်မည်။ လူသားသည် ဘုရားသခင် မြွက်ကြားခဲ့သမျှကို လုပ်ဆောင်နိုင်စွမ်းရှိပြီး သူလုပ်ဆောင်သမျှသည် ဘုရားသခင်ကို ကျေနပ်မှုပေးနိုင်သည်- စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းဟူသည်မှာ ဤအရာကို ဆိုလိုသည်။ ဘုရားသခင်၏ ကျေနပ်မှုကို လိုက်စားခြင်းသည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ကြံရန် ဘုရားသခင် အပေါ်ထားသည့် ချစ်ခြင်းကို အသုံးပြုခြင်းဖြစ်သည်။ မည်သည့် အချိန်၌ပင်ဖြစ်စေ၊ အခြားသူများ အင်အားမရှိသည့် အချိန်တွင်ပင် သင့်အတွင်း၌ ဘုရားသခင်ကို ချစ်နေသည့် နှလုံးသား၊ ဘုရားသခင်ကို လေးလေးနက်နက် တောင့်တနေပြီး၊ ဘုရားသခင်ကို လွမ်းဆွတ်နေသည့် နှလုံးသားတစ်ခု ရှိနေသေးသည်။ ဤသည်ကား စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှုဖြစ်၏။ သင်၏ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားခြင်းက ဘုရားသခင်အပေါ် သင်၏ချစ်ခြင်း မည်မျှကြီးမားခြင်းအပေါ် မူတည်သည်၊ ထို့ပြင် စစ်ဆေးခြင်း ခံရသည့်အချိန်တွင် သင်သည် မြဲမြံစွာရပ်တည်နိုင်ခြင်း ရှိမရှိ၊ အခြေအနေတစ်ခု သင့်ထံရောက်လာသည့်အချိန်တွင် သင်အားနည်းခြင်း ရှိမရှိ၊ သင်၏ညီအစ်ကိုမောင်နှမများက သင့်ကို ငြင်းပယ်သည့်အချိန်တွင် သင်သည် မားမားရပ်နေနိုင်ခြင်း ရှိမရှိ စသည်တို့အပေါ် မူတည်သည်။ ဤဖြစ်ရပ်များ ရောက်ရှိလာခြင်းဖြင့် ဘုရားသခင်အပေါ်ထားသည့် သင်၏ချစ်ခြင်းမေတ္တာက မည်သည့် ပုံစံရှိကြောင်း ထင်ရှားလာလိမ့်မည်။ ဘုရားသခင်သည် လူသားကို အမှန်တကယ်ချစ်ကြောင်း ဘုရားသခင်၏အမှုများစွာထဲ၌ မြင်တွေ့နိုင်လင့်ကစား လူသား၏ ဝိညာဉ်မျက်လုံးများသည် လုံးလုံးလျားလျား မပွင့်သေး၍ သူသည် ဘုရားသခင်၏အမှုများစွာနှင့် အလိုတော်များစွာတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သကဲ့သို့၊ ဘုရားသခင်နှင့်ပတ်သက်၍ နှစ်လိုဖွယ်ကောင်းသောအရာ များစွာကိုလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ လူသား၌ ဘုရားသခင်ကို အမှန်တကယ် ချစ်သည့်မေတ္တာ အလွန်နည်းပါးသည်။ သင်သည် ဘုရားသခင်ကို ဤကာလတစ်လျှောက်လုံး ယုံကြည်လာခဲ့၏၊ ထို့ပြင် ယနေ့ ဘုရားသခင်သည် လွတ်မြောက်မှု နည်းလမ်းများအားလုံးကို ဖြတ်တောက်ခဲ့ပြီဖြစ်သည်။ လက်တွေ့ကျကျပြောရလျှင် ပြင်းထန်သည့် တရားစီရင်ခြင်းနှင့် ဘုရားသခင်၏ အမြင့်မြတ်ဆုံးသော ကယ်တင်ခြင်းတို့၏ ဦးဆောင်လမ်းပြခြင်းကို ခံရသဖြင့် သင်ရောက်လာသည့် လမ်းကြောင်းမှန်ကို လျှောက်လှမ်းရန်မှအပ သင်၌ ရွေးစရာမရှိပေ။ လူသားသည် အခက်အခဲနှင့် စစ်ဆေးခြင်းတို့ကို ကြုံတွေ့ပြီးမှသာလျှင် ဘုရားသခင်သည် ချစ်ခင်နှစ်လိုဖွယ် ကောင်းကြောင်းကို သိရှိလာသည်။ ယနေ့ထိတိုင် ကြုံတွေ့ခဲ့ပြီးမှ လူသားသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း တစ်စိတ်တစ်ပိုင်းကို သိရှိလာသည်ဟု ပြောနိုင်သည်၊ သို့သော် လူသားသည် ချို့တဲ့လွန်းသောကြောင့် ဤအရာမှာ မလုံလောက်သေးပေ။ လူသားသည် ဘုရားသခင်၏ နောက်ထပ်အံ့သြဖွယ်အမှုကို တွေ့ကြုံရဦးမည်ဖြစ်ပြီး ဘုရားသခင်ပြင်ဆင်ပေးသည့် ဆင်းရဲဒုက္ခခံစားခြင်းနှင့်ဆိုင်သော နောက်ထပ်စစ်ဆေးခြင်း အားလုံးကို တွေ့ကြုံရပေဦးမည်။ သို့မှသာလျှင် လူသား၏ အသက်စိတ်သဘောထားက ပြောင်းလဲနိုင်မည် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၀၇)

သင်တို့အားလုံးသည် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့အလယ်တွင် ရှိကြ၏။ စစ်ဆေးခြင်းအတွင်းတွင် သင်သည် ဘုရားသခင်ကို အဘယ်သို့ ချစ်သင့်သနည်း။ စစ်ဆေးခြင်းကို ကြုံတွေ့ပြီးနောက်၊ လူတို့သည် ဘုရားသခင်ထံ စစ်မှန်သော ချီးမွမ်းခြင်းကို ဆက်ကပ်နိုင်ပြီး၊ စစ်ဆေးခြင်း အလယ်တွင် ၎င်းတို့ အလွန်ပင် ချို့တဲ့ကြသည်ကို မြင်နိုင်ကြသည်။ သင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်ရန် တတ်စွမ်းနိုင်လေလေ ဖြစ်သည်။ လူတို့၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာ ကြီးမားလေလေ ဖြစ်သည်။ ဤသည်မှာ သင် နားလည်သင့်သည့်အရာ ဖြစ်သည်။ လူတို့ အဘယ်ကြောင့် စစ်ဆေးခြင်းခံရမည်နည်း။ မည်သည့်အကျိုးသက်ရောက်မှုကို ရရှိရန် ထိုစစ်ဆေးခြင်းက ရည်ရွယ်သနည်း။ လူသား၌ ဘုရားသခင်၏ စစ်ဆေးခြင်းအမှု၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေလျှင်၊ အတိုင်းအတာတစ်ခုအထိ သူ၏ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားပြီးနောက် ယင်းသည် အလွန့်အလွန် ကောင်းမွန်ပြီး အဆုံးစွန် လိုအပ်မှုဖြစ်သည်ကို သင် ခံစားရလိမ့်မည်။ စစ်ဆေးခြင်း အတောအတွင်းတွင် လူသားသည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ ဘုရားသခင်၏ စစ်ဆေးခြင်းကို လက်ခံဖို့ ကိုယ်တော်ကို ချစ်ရန်သန္နိဌာန်ကို အသုံးပြုခြင်းဖြင့်- စစ်ဆေးခြင်းအတောအတွင်းတွင် သင်သည် ဓားတစ်လက်က သင်၏ နှလုံးသားကို မွှေနှောက်လျက်ရှိသကဲ့သို့ အတွင်းပိုင်း၌ ညှဉ်းဆဲ ခံရသော်လည်း၊ သင်သည် ဘုရားသခင်ကို ချစ်သည့် သင်၏နှလုံးသားကို အသုံးပြုလျက် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လိုလိုလားလားရှိနေပြီး၊ ဇာတိပကတိကို ဂရုစိုက်ရန် လိုလိုလားလား ရှိမနေပေ။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် အတွင်းပိုင်းကို နာကျင်နေပြီး သင်၏ ဆင်းရဲဒုက္ခခံစားမှုသည် အတိုင်းအတာတစ်ခုထိ ရောက်ရှိပြီးဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် ဆန္ဒရှိဆဲဖြစ်ကာ၊ “အိုး ဘုရားသခင်။ ကျွန်ုပ်သည် ကိုယ်တော်ကို မစွန့်ခွာနိုင်ပါ။ ကျွန်ုပ်အတွင်းတွင် မှောင်မိုက်သော်လည်း ကိုယ်တော်ကို ကျေနပ်စေရန် ဆန္ဒရှိပါသည်။ ကိုယ်တော်သည် ကျွန်ုပ်၏ နှလုံးသားကို သိပြီး၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အထဲတွင် ပို၍မြှုပ်နှံစေလိုပါ၏” ဟု ဆိုလျက်၊ ဆုတောင်းသည်။ ဤအရာကို စစ်ဆေးခြင်း အတောအတွင်းတွင် လက်တွေ့လုပ်ဆောင်မှု ဖြစ်လေသည်။ သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား အခြေခံအုတ်မြစ်အဖြစ် အသုံးပြုလျှင် စစ်ဆေးခြင်းသည် သင့်ကို ဘုရားသခင်နှင့် ပိုနီးစပ်အောင် ဆောင်ကြဉ်း သွားနိုင်ပြီး ဘုရားသခင်နှင့် သာ၍ ရင်းနှီးစေနိုင်၏။ ဘုရားသခင်ကို သင် ယုံကြည်သည့်အတွက်၊ သင်၏နှလုံးသားကို ဘုရားသခင်ထံ သင် လွှဲပြောင်းပေးအပ်ရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ဆက်ကပ်ပြီး ချခင်းထားပါက၊ စစ်ဆေးခြင်း အတောအတွင်းတွင် ဘုရားသခင်ကို ငြင်းပယ်ရန် သို့မဟုတ် ဘုရားသခင်ကို စွန့်ခွာရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခင်ထက် သာ၍ နီးကပ်လာမည် ဖြစ်ပြီး၊ ယခင်ထက် သာ၍ ပုံမှန်ဖြစ်လာလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်နှင့် သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် ယခင်ထက်သာ၍ ကြိမ်ဖန် များလာလိမ့်မည် ဖြစ်သည်။ သင်သည် ဤနည်းလမ်းဖြင့် အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏အလင်း၌ ပို၍ အချိန်ကုန်ဆုံးလိမ့်မည် ဖြစ်ပြီး၊ သူ၏နှုတ်ကပတ်တော်၏ လမ်းပြမူအောက်တွင် ပို၍ အချိန်ကုန်ဆုံး လိမ့်မည် ဖြစ်သည်။ သင်၏ စိတ်သဘောထားတွင်လည်း ပို၍ ပို၍ အပြောင်းအလဲများ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ အသိပညာသည် တစ်နေ့ထက် တစ်နေ့ တိုးပွားလိမ့်မည်။ ဘုရားသခင်၏ စမ်းသပ်မှုများ သင့်အပေါ် ရုတ်တရက် ကျရောက်သည့် ရက် ရောက်လာသည့်အခါတွင်၊ သင်သည် ဘုရားသခင် ဘက်တွင် ရပ်တည်ပေးနိုင်လိမ့်မည် ဖြစ်ရုံသာမက၊ ဘုရားသခင်ကိုလည်း သက်သေခံနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် ယောဘနှင့် ပေတရုကဲ့သို့ ဖြစ်မည်။ ဘုရားသခင်ကို သက်သေခံရင်း၊ သင်သည် သူ့ကို အမှန်တကယ် ချစ်လိမ့်မည်ဖြစ်ပြီး သူ့အတွက် သင့်အသက်ကို ဝမ်းမြောက်စွာ စွန့်လွှတ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သက်သေဖြစ်ကာ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်လိမ့်မည်။ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာသည် အားနည်းခြင်းမရှိဘဲ၊ သန်မာလေသည်။ ဘုရားသခင်က သင့်ကို သူ၏ စမ်းသပ်မှုများအား မည်သည့်အချိန် သို့မဟုတ် မည်သို့ ခံစားစေသည်ကို ပဓာနမထားဘဲ၊ သင် ရှင်မည်လား သေမည်လားဆိုသည်နှင့်ပတ်သက်၍ သင်၏စိုးရိမ်ပူပန်မှုများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အတွက် အရာရာကို ဝမ်းမြောက်စွာ ဘေးဖယ်ထားနိုင်၍ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို ပျော်ရွှင်စွာ သည်းခံနိုင်လေသည်- ထိုသို့ဖြင့် သင်၏ချစ်ခြင်းမေတ္တာသည် ဖြူစင်ပြီး သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အမှန်တကယ် ချစ်ခြင်းခံရသောသူနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို အမှန်တကယ် ခံရသောသူတစ်ဦး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၀၈)

လူတို့သည် စာတန်၏ လွှမ်းမိုးမူအောက်သို့ ကျရောက်ပါက၊ ၎င်းတို့အတွင်းတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ မရှိကြသကဲ့သို့၊ ၎င်းတို့၏ ယခင်က ရူပါရုံများ၊ ချစ်ခြင်းမေတ္တာနှင့် သန္နိဌာန်တို့ ကွယ်ပျောက်ကြပြီး ဖြစ်သည်။ လူတို့က ၎င်းတို့အနေဖြင့် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံစားသင့်သည်ဟု တွေးထင်လေ့ရှိခဲ့ကြသော်လည်း၊ ယနေ့တွင် ထိုသို့လုပ်ဆောင်ခြင်းက အရှက်ရစရာဖြစ်သည်ဟု ၎င်းတို့ထင်ကြပြီး ၎င်းတို့တွင် ညည်းညူခြင်းများက ပြတ်လပ်မသွားပေ။ ဤသည်မှာ စာတန်၏အလုပ်၊ လူသားသည် စာတန်၏ အုပ်စိုးမှုအောက် ကျရောက်ပြီး ဖြစ်သည့် လက္ခဏာဖြစ်သည်။ သင်သည် ဤအခြေအနေနှင့် ကြုံရပါက၊ ဆုတောင်းရမည်ဖြစ်ပြီး၊ သင် တတ်နိုင်သမျှမြန်မြန် ပြန်လှည့်ရမည်ဖြစ်သည်- ဤအရာက စာတန်၏ တိုက်ခိုက်မှုများမှ သင့်ကို ကွယ်ကာပေးမည် ဖြစ်သည်။ လူသားသည် စာတန်၏ လွှမ်းမိုးမူအောက်သို့ အလွယ်ဆုံး ကျရောက်နိုင်သည်မှာ ခါးသီးသော စစ်ဆေးမှု အတောအတွင်းတွင် ဖြစ်သည်၊ ထို့ကြောင့် ထိုသို့စစ်ဆေးခြင်း အတောအတွင်းတွင် သင်သည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ချထားရင်းနှင့် သင်၏ နောက်ဆုံးအချိန်ကို သူ့ထံ ဆက်ကပ်ရင်း၊ သင်၏ စိတ်စွမ်းအားကို လှုံ့ဆော်သင့်ပေသည်။ ဘုရားသခင်က သင့်ကို မည်သို့ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နိုင်သင့်ပြီး ဘုရားသခင်ကို ရှာဖွေရန်နှင့် မိတ်သဟာယဖွဲ့ခြင်းကို ရှာဖွေရန် သင်ကိုယ်တိုင် လုပ်ဆောင်သင့်သည်။ ဤသို့သောအချိန်များတွင် သင်သည် မတုန်မလှုပ် ဖြစ်လေလေ အပျက်သဘောဆောင်လာလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင့်အတွက် ဆုတ်ယုတ်ဖို့ ပိုလွယ်ကူလေလေ ဖြစ်လိမ့်မည်။ သင်၏ လုပ်ငန်းတာဝန်ကို သင်ထမ်းဆောင်ဖို့ လိုအပ်သည့်အခါ၊ သင်သည် ကောင်းစွာ မထမ်းဆောင်သော်လည်း၊ သင် တတ်နိုင်သမျှ လုပ်ဆောင်ပြီး ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းထက် မည်သည့်အရာကိုမျှ မသုံးဘဲ ထိုသို့ လုပ်ဆောင်၏။ အခြားလူများ မည်သည့်အရာ ပြောသည်ဖြစ်စေ- သင်သည် ကောင်းစွာ လုပ်ဆောင်ခဲ့သည် သို့မဟုတ် သင်သည် ဆိုးရွားစွာ လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့ ပြောကြသည်ဖြစ်စေ- သင်၏ ရည်ရွယ်ချက်များသည် မှန်ကန်ပြီး သင်သည် ဘုရားသခင်ကိုယ်စား ပြုမူနေသည့်အတွက် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်းမရှိပေ။ အခြားသူများက သင့်ကို နားလည်မှုလွဲသောအခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး၊ “အိုး ဘုရားသခင်။ အခြားသူများက အကျွန်ုပ်ကို သည်းခံဖို့၊ သို့မဟုတ် ကျွန်ုပ်ကို ကောင်းကောင်း ဆက်ဆံဖို့ ကျွန်ုပ် မတောင်းဆိုသကဲ့သို့၊ ၎င်းတို့ ကျွန်ုပ်ကို နားလည်ဖို့ သို့မဟုတ် လက်ခံဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်၏ နှလုံးသားထဲတွင် ကိုယ်တော့်ကို ချစ်နိုင်ဖို့၊ ကျွန်ုပ်၏ နှလုံးသားထဲတွင် ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့နှင့် ကျွန်ုပ်၏ လိပ်ပြာသန့်နိုင်ဖို့သာ ကျွန်ုပ်တောင်းဆိုပါ၏။ အခြားသူများက ကျွန်ုပ်ကို ချီးကျူးဖို့၊ သို့မဟုတ် ကျွန်ုပ်ကို အထင်ကြီးလေးစားဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်နှလုံးသားမှ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့သာ အကျွန်ုပ် ကြိုးစားပါသည်။ ကျွန်ုပ် တတ်နိုင်သမျှ လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏အခန်းကဏ္ဍကို ကျွန်ုပ်ထမ်းဆောင်ပြီး၊ အကျွန်ုပ်သည် မိုက်မဲသောသူ၊ စဉ်းစားဉာဏ်မရှိသောသူ၊ အရည်အချင်း ညံ့ဖျင်းသောသူနှင့် မျက်စိကန်းသောသူ ဖြစ်သော်လည်း၊ ကိုယ်တော်သည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ကို ကျွန်ုပ်သိပြီး၊ ကျွန်ုပ်၌ ရှိသမျှအားလုံးကို ကိုယ်တော်ထံ ဆက်ကပ်ဖို့ ဆန္ဒရှိပါသည်” ဟု ဆိုနိုင်စွမ်း ရှိပေသည်။ ဤနည်းဖြင့် သင်ဆုတောင်းသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာသည် ထွက်ပေါ်လာပြီး သင်၏စိတ်နှလုံးထဲတွင် သာ၍များစွာ စိတ်သက်သာရာ ရလေသည်။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်ကြုံတွေ့သည်နှင့်အညီ၊ သင်သည် နှစ်ကြိမ်ကျရှုံးပြီး တစ်ကြိမ် အောင်မြင်လိမ့်မည်၊ သို့မဟုတ်ပါက ငါးကြိမ် ကျရှုံးပြီး နှစ်ကြိမ် အောင်မြင်လိမ့်မည် ဖြစ်ကာ ဤနည်းလမ်းဖြင့် သင်ကြုံတွေ့သည်နှင့်အမျှ၊ ကျရှုံးခြင်းအလယ်၌သာ သင်သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်နိုင်လိမ့်မည် ဖြစ်ပြီး သင့်အတွင်းတွင် မည်သည့်အရာချို့တဲ့နေသည်ကို ရှာဖွေတွေ့ရှိနိုင်ပေမည်။ ထိုသို့ အခြေအနေများနှင့် နောက်တစ်ကြိမ် သင်ကြုံသောအခါတွင်၊ သင်သည် မိမိကိုယ်ကိုယ် သသင်ခံစားနိုင်လိမ့်မည်၊ ဘုရားသခင်၏ နူတ်ကပတ်တော်များကိုတိပေးသင့်သည်၊ သင်၏ ခြေလှမ်းများကို ချုပ်တည်းသင့်ပြီး၊ မကြာခဏ ပို၍ ဆုတောင်းသင့်သည်။ သင်သည် ထိုသို့သော အခြေအနေများတွင် အောင်မြင်နိုင်စွမ်း တဖြည်းဖြည်း တိုးတက်လာလိမ့်မည်။ ထိုအရာ ဖြစ်ပျက်သောအခါ သင်၏ဆုတောင်းခြင်းများသည် ထိရောက်လေပြီ ဖြစ်သည်။ ဤအကြိမ်တွင် သင်အောင်မြင်ပြီး ဖြစ်သည်ကို သင်မြင်သောအခါ၊ အတွင်းတွင် သင် အားရကျေနပ်မည် ဖြစ်ပြီး၊ သင် ဆုတောင်းသောအခါ ဘုရားသခင်ကို သင်ခံစားနိုင်မည် ဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်က သင့်ကို မစွန့်ခွာသည်ကို သင်ခံစားရမည်- ထိုအခါမှသာ သင့်အတွင်းတွင် ဘုရားသခင် မည်သို့ အမှုပြုသည်ကို သင်သိလိမ့်မည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်ကို ကြုံတွေ့ခြင်းဆီသို့ လမ်းကြောင်းတစ်ခု သင့်အား ပေးလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ပါက၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်မရှိဘဲ ဖြစ်လိမ့်မည်။ သို့ရာတွင် သင်သည် အမှုအရာများကို အဖြစ်ကို အဖြစ်အတိုင်း ကြုံတွေ့ရသည့် အချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်သည် အတွင်း၌ နာကျင်သော်လည်း၊ နောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်နှင့်အတူ ရှိမည်ဖြစ်သည်၊ သင်ဆုတောင်းသောအခါ ဘုရားသခင်၏ မျက်မှောက်ကို သင်ခံစားနိုင်လိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် သင် ခွန်အားရှိမည် ဖြစ်ပြီး၊ သင်၏ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယဖွဲ့စဉ် သင်၏ အသိစိတ်အပေါ် ဖိစီးသည့် မည်သည့်အရာမျှ မရှိဘဲ သင်သည် ငြိမ်သက်ခြင်း ခံစားရမည်ဖြစ်ပြီး၊ ဤနည်းဖြင့် သင်သည် ပြီးမြောက်ခဲ့သည့် အရာကို ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။ အခြားသူများ မည်သည့်အရာ ပြောကြသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိနိုင်လိမ့်မည်၊ အခြားသူများအားဖြင့် ဘောင်ခတ်ခြင်း ခံရလိမ့်မည်မဟုတ်၊ သင်သည် အရာရာကို ကျော်လွှားနိုင်လိမ့်မည်ဖြစ်ပြီး- ဤအရာတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ခြင်းသည် ထိရောက်မှုရှိသည်ကို သင်သည် ထင်ရှားစေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၀၉)

ဘုရားသခင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ လူတို့၏ နှလုံးသားများသည် ဘုရားသခင်ကို ချစ်နိုင်လေလေ ဖြစ်၏။ ၎င်းတို့ စိတ်နှလုံးထဲရှိ ညှဉ်းပန်းနှိပ်စက်မှုသည် ၎င်းတို့၏အသက်များ အတွက် အကျိုးရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သာ၍ ငြိမ်သက်ခြင်း ရှိနိုင်ကြသည်၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် သာ၍နီးစပ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ အထွတ်အထိပ် ချစ်ခြင်းမေတ္တာနှင့် သူ၏ အမြင့်မားဆုံးသော ကယ်တင်ခြင်းကို သာ၍ကောင်းစွာ မြင်နိုင်ကြလေသည်။ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့သကဲ့သို့၊ ယောဘသည်လည်း စမ်းသပ်ခြင်းအချို့ကို ဖြတ်သန်း ခဲ့ရသည်။ သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် ဆန္ဒရှိပါက၊ သင်တို့သည်လည်း စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံရမည်ဖြစ်သည်။ ဤဖြစ်စဉ်ကို သင်တို့ ဖြတ်သန်းပြီး ဤအဆင့်ပေါ်တွင် အားထားမှသာလျှင်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရလိမ့်မည် ဖြစ်သည်။ စစ်ဆေးခြင်းသည် လူတို့ကို ဘုရားသခင် စုံလင်စေသည့် အကောင်းဆုံး နည်းလမ်းဖြစ်၏။ စစ်ဆေးခြင်းနှင့် ခါးသီးသော စမ်းသပ်ခြင်းများသည်သာ လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပေးနိုင်သည်။ အခက်အခဲမရှိဘဲ၊ လူတို့သည် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ကင်းမဲ့သည်။ အတွင်း၌ ၎င်းတို့ စမ်းသပ်မခံရပါက၊ စစ်ဆေးခြင်းကို အမှန်တကယ် ခံရခြင်းမရှိပါက၊ ၎င်းတို့၏စိတ်နှလုံးများသည် ပြင်ပဝန်းကျင်တွင် ရောက်ရာပေါက်ရာသွားလိမ့်မည်။ အတိုင်းအတာ တစ်ခုအထိ စစ်ဆေးခြင်းခံရပြီးနောက်၊ သင်သည် သင်ကိုယ်တိုင်၏ အားနည်းချက်များနှင့် အခက်အခဲများကို မြင်ရလိမ့်မည်၊ သင်မည်မျှ ချို့တဲ့နေပြီး၊ သင်ကြုံရသည့် ပြဿနာများစွာကို သင်မနိုင်သည်ကို မြင်ရလိမ့်မည်ဖြစ်ကာ၊ သင်၏မနာခံမှု မည်မျှ ကြီးမားသည်ကို သင်မြင်ရလိမ့်မည်။ လူတို့သည် စမ်းသပ်မှုများအတွင်း၌သာ မိမိတို့၏ စစ်မှန်သော အခြေအနေများကို အမှန်တကယ် သိနိုင်ကြသည်။ စမ်းသပ်မှုများက လူတို့ကို ပိုမိုကောင်းမွန်စွာ စုံလင်ခြင်းခံရနိုင်စေသည်။

သူ၏ တစ်သက်တာအတွင်းတွင်၊ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့ပြီး နာကျင်စရာ ဒုက္ခသုက္ခများစွာကို ကြုံခဲ့ရသည်။ ဤစစ်ဆေးခြင်းသည် ဘုရားသခင်ကို သူ၏ အထွတ်အထိပ် ချစ်ခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်လာခဲ့သကဲ့သို့ သူ၏ အသက်တာတစ်ခုလုံး၏ အရေးပါဆုံးသော အတွေ့အကြုံလည်း ဖြစ်လာခဲ့သည်။ ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းမေတ္တာ သူပိုင်ဆိုင်နိုင်ခဲ့သည်မှာ တစ်နည်းအားဖြင့် ဘုရားသခင်ကို ချစ်ဖို့ သူ၏သန္နိဋ္ဌာန်ကြောင့်ဖြစ်သည်။ သို့သော်၊ ပို၍အရေးကြီးသည်မှာ သူကြုံခဲ့ရသည့် စစ်ဆေးခြင်းနှင့် ဆင်းရဲဒုက္ခကြောင့် ဖြစ်သည်။ ဤဆင်းရဲဒုက္ခသည် ဘုရားသခင်ကို ချစ်ခြင်းလမ်းကြောင်းပေါ် သူ၏လမ်းပြဖြစ်လာခဲ့ပြီး၊ သူ့အဖို့ အမှတ်ရဆုံးအရာ ဖြစ်လာခဲ့သည်။ လူတို့သည် ဘုရားသခင်ကို ချစ်သောအခါ၌ စစ်ဆေးခြင်း၏ နာကျင်မှုကို မကြုံရပါက၊ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် မစင်ကြယ်မှုများနှင့် ၎င်းတို့၏ ဦးစားပေးမှုများဖြင့် ပြည့်နေသည်၊ ဤသို့သောချစ်ခြင်းတွင် စာတန်၏ စိတ်ကူးများ ပြည့်နေပြီး၊ အခြေခံအားဖြင့် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းပေးနိုင်ပေ။ ဘုရားသခင်ကိုချစ်ရန် သန္နိဋ္ဌာန်ရှိခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် မတူပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ စဉ်းစားသည့် အရာများအားလုံးသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ကျေနပ်စေခြင်းအတွက် ဖြစ်သော်လည်း၊ ၎င်းတို့၏ အတွေးများက ဘုရားသခင်ကို လုံးဝ ဆက်ကပ်အပ်နှံပြီး မည်သည့်လူသားစိတ်ကူးမျှ လုံးဝမရှိသည့်ပုံရသော်လည်း၊ ၎င်းတို့၏ အတွေးများ ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်ခံရသောအခါတွင်၊ ဘုရားသခင်သည် ထိုသို့သောအတွေးများကို မချီးကျူးပေ သို့မဟုတ် ကောင်းချီးမပေးပေ။ လူများသည် သမ္မာတရားများ အားလုံးကို အပြည့်အဝ နားလည်သောအခါ၌ပင်- ထိုအရာအားလုံးကို ၎င်းတို့သိလာသောအခါ၌ပင်- ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း လက္ခဏာဖြစ်သည်ဟု ပြော၍မရသကဲ့သို့၊ ဤလူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သည်ဟု ပြော၍မရပေ။ စစ်ဆေးခြင်းမကြုံရဘဲ သမ္မာတရားများစွာကို နားလည်ခြင်းရှိသော်လည်း၊ လူတို့သည် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန် တတ်စွမ်းနိုင်ခြင်းမရှိကြချေ။ စစ်ဆေးခြင်းအတောအတွင်း၌သာ လူများသည် ဤသမ္မာတရားများ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်သည်၊ ထိုအခါမှသာ လူတို့သည် ထိုသမ္မာတရားများ၏ အတွင်းပိုင်းအဓိပ္ပာယ်ကို စစ်မှန်စွာ သဘောပေါက်နိုင်သည်။ ထိုအချိန်တွင် ၎င်းတို့ တစ်ဖန် ကြိုးစားကြသောအခါ၊ သမ္မာတရားများကို မှန်ကန်စွာနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ ၎င်းတို့ လက်တွေ့ လုပ်ဆောင်နိုင်ကြလေသည်။ ထိုအချိန်တွင်၊ ၎င်းတို့၏ လူ့စိတ်ကူးများ နည်းပါးလာသည်၊ ၎င်းတို့၏ လူ့ဖောက်ပြန်ပျက်စီးခြင်း လျော့နည်းသွားပြီး၊ ၎င်းတို့၏ လူ့စိတ်ခံစားမှုတို့သည်လည်း လျော့သွားလေသည်။ ထိုအချိန်မှသာလျှင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်ကို ချစ်ခြင်း၏ စစ်မှန်သော သရုပ်သကန် ဖြစ်လေသည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရား၏ အကျိုးသက်ရောက်မှုကို နှုတ်ပြောအသိပညာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ လိုလားမှုတို့မှတစ်ဆင့် မရရှိသကဲ့သို့၊ ထိုသမ္မာတရားကို သိနားလည်ခြင်း သက်သက်အားဖြင့် မရရှိနိုင်ပေ။ ယင်းသည် လူတို့က အဖိုးအခပေးဖို့ လိုအပ်သည်၊ ၎င်းတို့အနေဖြင့် စစ်ဆေးခြင်းအတောအတွင်းတွင် များစွာသော ခါးသီးမှုကို ကြုံရန် လိုအပ်ပြီး၊ ထိုအခါမှသာ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ဖြူစင်လာလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၁၀)

လူသား၏ အခြေအနေနှင့် ဘုရားသခင်အပေါ် လူသား၏ သဘောထားတို့နှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူနှင့် သက်ဆိုင်သည့် အသိပညာနှင့် သူ့အပေါ် နာခံခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သက်သေခံခြင်း နှစ်ခုစလုံးတို့ကို လူသားအား ပိုင်ဆိုင်ခွင့်ပေးရင်း၊ အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့်၊ လူသားသည် သူ့အပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းအပြင်၊ သူ၏ တရားစီရင်ခြင်း၊ သူ့ကို ကိုင်တွယ်ခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်သည်၊ ထိုအရာများမရှိဘဲ လူသားသည် ဘုရားသခင်ကို ဘယ်သောအခါမျှ သိမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် သက်သေခံခြင်းတို့ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းသည် တစ်ဖက်သတ် အကျိုးသက်ရောက်မှုအတွက်သာ မဟုတ်ဘဲ ရှုထောင့်များစွာ အကျိုးသက်ရောက်မှုအတွက် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိသူများတွင် ဘုရားသခင်သည် ၎င်းတို့၏ သန္နိဋ္ဌာန်နှင့် ချစ်ခြင်းကို သူ့အားဖြင့် စုံလင်စေဖို့အလို့ငှာ စစ်ဆေးခြင်းအမှုကို လုပ်ဆောင်လေသည်။ သမ္မာတရားကို ရှာဖွေရန် လိုလားနေသူများနှင့် ဘုရားသခင်ကို တမ်းတသူများအဖို့ ဤသို့သော စစ်ဆေးခြင်းထက် မည်သည့်အရာမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍ကြီးမားသော အထောက်အပံ့မဖြစ်ပေ။ အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလွန်လွယ်လင့်တကူ မသိ၊ သို့မဟုတ် နားမလည်ပေ။ အခြေခံအားဖြင့်၊ ဘုရားသခင်အတွက် လူသားကဲ့သို့ အလားတူ စိတ်သဘောထားရှိရန် မဖြစ်နိုင်သောကြောင့် လူသားအတွက် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိရန် မလွယ်ကူပေ။ သမ္မာတရားကို လူသားက ပင်ကိုအားဖြင့် မပိုင်ဆိုင်သကဲ့သို့၊ စာတန်၏ ဖျက်ဆီးခြင်းခံရသော လူများက အလွယ်တကူ နားမလည်ပေ။ လူသားသည် သမ္မာတရား လုံးဝမရှိသကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သန္နိဋ္ဌာန် လုံးဝမရှိပေ။ ပြီးလျှင် သူသည် ဆင်းရဲဒုက္ခမခံစားရဘဲ အစစ်ဆေးမခံရသကဲ့သို့ တရားစီရင်ခြင်း မခံရပါက၊ သူ၏သန္နိဋ္ဌာန်သည် မည်သည့်အခါတွင်မျှ စုံလင်စေခြင်း ခံရမည်မဟုတ်ပေ။ လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား စစ်မှန်သော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ စစ်မှန်သော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၁၁)

အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ဘုရားသခင်ကို နာခံရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်အားလုံးကို ကျေပွန်အောင် ထမ်းဆောင်ရမည်။ ထိုမျှမက သင်တွေ့ကြုံသင့်သော အမှုအရာများကို သင်နားလည်ရမည်။ အကယ်၍ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံ ခံစားခြင်းသာ ရှိသော်လည်း၊ ဘုရားသခင်အား မွေ့လျော်နိုင်စွမ်းသာ ရှိသော်လည်း၊ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်နေသည့်အခါ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းနေသည့်အခါ သတိပြုမိနိုင်စွမ်းမရှိဘဲ ဖြစ်နေသေးပါက၊ ဤသည်မှာ လက်ခံနိုင်ဖွယ် မဟုတ်ပေ။ ဤစစ်ဆေးခြင်းဖြစ်ရပ်တွင် သင်သည် ကြံ့ကြံ့ခံကောင်း ခံနိုင်မည်ဖြစ်သော်လည်း၊ ဤသည်မှာ မလုံလောက်သေးပေ၊ သင်ရှေ့သို့ ဆက်လက်ချီတက်ရဦးမည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သော သင်ခန်းစာမှာ မည်သည့်အခါမျှ မရပ်တန့်ဘဲ အဆုံးမရှိပါ။ လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အလွန်တရာ ရိုးရှင်းသည့်အရာဟု မြင်ကြသော်လည်း၊ လက်တွေ့ကျသော အတွေ့အကြုံအနည်းငယ်ကို ၎င်းတို့ရကြသည့်အခါတွင်မူ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ လူတို့ ထင်မှတ်သကဲ့သို့ မရိုးရှင်းကြောင်း ၎င်းတို့ သဘောပေါက်လာကြသည်။ လူသားကိုစစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ၊ လူသားက ဒုက္ခခံရသည်။ လူတစ်ဦး၏ စစ်ဆေးခံရခြင်း ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးမားလေလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော် ခံရလေလေ ဖြစ်မည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးက စစ်ဆေးခံရမှု ရရှိခြင်း နည်းလေလေ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးထွားလာမှု နည်းလေလေဖြစ်ပြီး၊ သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော်ခံရမှု နည်းလေလေ ဖြစ်မည်။ ထိုကဲ့သို့သောသူတစ်ဦး၏ စစ်ဆေးခံရခြင်းနှင့် ဝေဒနာ ကြီးမားပြီး ညှဉ်းဆဲခြင်းကို သူတို့တွေ့ကြုံရလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း နက်ရှိုင်းလေလေဖြစ်ကာ၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက စစ်မှန်လေလေ ဖြစ်လာပြီး ဘုရားသခင်အပေါ် သူ၏ သိကျွမ်းခြင်းက နက်ရှိုင်းလေလေ ဖြစ်မည်။ သင်၏အတွေ့အကြုံများတွင် သူတို့ စစ်ဆေးခြင်းခံရစဉ် ကြီးမားစွာ ဒုက္ခခံရသူများ၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို များစွာခံရသောလူတို့ကို သင်တွေ့ရမည်ဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်အပေါ် နက်နဲသော ချစ်ခြင်းမေတ္တာရှိကာ ဘုရားသခင်အပေါ် ပို၍လေးနက်ပြီး ထိုးထွင်းသိမြင်နိုင်သည့် သိကျွမ်းခြင်းရှိသောသူများ ဖြစ်ကြောင်းကို သင်တွေ့ရလိမ့်မည်။ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးသော သူများ၌ အပေါ်ယံအသိသာ ရှိကြပြီး၊ ၎င်းတို့က- “ဘုရားသခင်သည် အလွန်ကောင်းမြတ်၏၊ လူတို့က သူ့ကို မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော်ကို နှင်းအပ်ပေး၏” ဟူ၍သာ ပြောနိုင်ကြသည်။ အကယ်၍ လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံဖူးပါက၊ ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းခြင်းအကြောင်းကို ပြောနိုင်ကြသည်။ ထို့ကြောင့် လူသား၏အထဲ၌ ဘုရားသခင်၏အမှုက အံ့သြဖွယ်ကောင်းလေလေ၊ ယင်းက တန်ဖိုးရှိလေလေနှင့် အဓိပ္ပာယ်ရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုက သင့်အတွက် ပို၍ခဲကတ်ပြီး ယင်းက သင်၏အယူအဆများနှင့် သဟဇာတမဖြစ်လေလေ၊ ယင်းက သင့်ကို သိမ်းပိုက်ရန်၊ သင့်ကိုရယူရန်နှင့် သင့်ကိုစုံလင်စေရန် တတ်နိုင်လေလေ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဓိပ္ပာယ်မှာ အဘယ်မျှလောက် ကြီးမားလေ သနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ဤနည်းဖြင့် မစစ်ဆေးခဲ့ပါက၊ အကယ်၍ သူသည် ဤနည်းလမ်းအတိုင်း အမှုမပြုခဲ့ပါက၊ သူ၏အမှုသည် မထိရောက်ဘဲ အဓိပ္ပာယ်ကင်းမဲ့နေခဲ့မည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဤလူစုကို ရွေးချယ်ရယူပြီး ၎င်းတို့ကို စုံလင်စေမည်ဟု အတိတ်က ပြောခဲ့၏။ ဤအရာ၌ သာမန်ထက်ထူးခြားသော အဓိပ္ပာယ် ရှိသည်။ သင်တို့အထဲတွင် သူလုပ်ဆောင်သောအမှုသည် ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလေလေနှင့် စင်ကြယ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှု ကြီးမားလေလေ၊ လူသားသည် သူ၏ဉာဏ်ပညာကို အတော်ပင် သဘောပေါက်နိုင်လေလေဖြစ်ပြီး သူ့အပေါ် လူသား၏ သိကျွမ်းခြင်းသည်လည်း နက်ရှိုင်းလေလေ ဖြစ်သည်။ နောက်ဆုံးသောကာလအတောအတွင်း ဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်သည် အဆုံးသတ်လိမ့်မည်။ ယင်းသည် အမှန်တကယ် လွယ်ကူစွာ အဆုံးသတ်နိုင်မည်လော။ သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏အမှုက ပြီးဆုံးသွားမည်လော။ ယင်းက အလွန်ရိုးရှင်းနိုင်မည်လော။ လူတို့က ယင်းမှာ ဤမျှရိုးရှင်းသည်ဟု အမှန်ပင် ထင်မှတ်ကြသော်လည်း၊ ဘုရားသခင် ပြုသောအရာမှာ အလွန်ရိုးရှင်းသည် မဟုတ်ပေ။ ဘုရားသခင့်အမှု၏ မည်သည့်အပိုင်းကို သင်ပြောလိုသည်ဖြစ်စေ၊ ထိုအရာအလုံးစုံမှာ လူသားအတွက် ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ သင်သည် ယင်းကို နားလည်သဘောပေါက်နိုင်ခဲ့ပါက၊ ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး ကင်းမဲ့နေပေမည်။ ဘုရားသခင်ပြုခဲ့သော အမှုမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ ယင်းက သင်၏အယူအဆများနှင့် လုံးလုံးဆန့်ကျင်လျက်ရှိပြီး၊ သင်၏အယူအဆများနှင့် ညှိ၍မရလေလေ၊ ယင်းက ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ်ရှိကြောင်း ပြလေလေ ဖြစ်သည်။ သင်၏အယူအဆများနှင့် သဟဇာတဖြစ်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပာယ်ရှိမည် မဟုတ်တော့ပေ။ ဘုရားသခင်၏အမှုမှာ အလွန်အံ့သြဖွယ်ဖြစ်ကြောင်း သင်ယနေ့ခံစားရကာ၊ ယင်းက အံ့သြဖွယ်ကောင်းသည်ဟု သင်ခံစားရလေလေ၊ ဘုရားသခင်သည် ဉာဏ်မီနိုင်ဖွယ်ရာ မဟုတ်ကြောင်း သင်ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အဘယ်မျှကြီးမြတ်ကြောင်း သင်မြင်ရလေလေ ဖြစ်သည်။ အကယ်၍ သူသည် လူသားကို သိမ်းပိုက်ရန် အပေါ်ယံ၊ ဝတ်ကျေတမ်းကျေ အမှုအနည်းငယ်ကိုသာ ပြုပြီးနောက် အခြားမည်သည့်အရာကိုမျှ မပြုခဲ့ပါက၊ လူသားသည် ဘုရားသခင့်အမှု၏ အဓိပ္ပာယ်ကို ရှုမြင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သင်သည် ယခု အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ ယင်းမှာ အသက်တာ၌ သင်၏ ကြီးထွားမှုအတွက် ကြီးမားသော အကျိုးကျေးဇူး ရှိပေသည်။ ထို့ကြောင့် သင်တို့အနေဖြင့် ထိုကဲ့သို့သော ဆင်းရဲဒုက္ခကို ခံရရန်မှာ အဆုံးစွန်လိုအပ်ချက်ပင် ဖြစ်သည်။ ယနေ့ သင်သည် အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ နောင်တွင် သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အမှန်တကယ် ရှုမြင်နိုင်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် “ဘုရားသခင်၏ လုပ်ဆောင်ချက်များက အံ့သြဖွယ်ကောင်းလှပါတကား” ဟု သင်ဆိုလိမ့်မည်။ ဤသည်တို့မှာ သင်၏ စိတ်နှလုံးထဲမှ စကားလုံးများ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ စစ်ဆေးခြင်း (အစေခံသူတို့၏ စစ်ဆေးခံရခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကာလ) ကို အတန်ကြာ တွေ့ကြုံရပြီးသည့်အခါ လူအချို့က နောက်ဆုံးတွင် “ဘုရားသခင်အား ယုံကြည်ခြင်းသည် အမှန်တကယ် ခက်ခဲပါတကား” ဟု ဆိုကြလိမ့်မည်။ သူတို့အနေဖြင့် “အမှန်တကယ် ခက်ခဲသည်” ဟူသော စကားလုံးများ သုံးစွဲခဲ့သည့်အချက်က ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ကြောင်း၊ ဘုရားသခင်၏ အမှုတွင် ကြီးမားသော အဓိပ္ပာယ်နှင့် တန်ဖိုးဟူသော စရိုက်လက္ခဏာ ရှိကြောင်းနှင့်၊ သူ၏အမှုမှာ လူသား၏ တန်ဖိုးထားခြင်းခံရရန် လွန်စွာ ထိုက်တန်ကြောင်းကို ပြသသည်။ အကယ်၍ ငါသည် များလှစွာသော အမှုကို ပြုခဲ့ပြီးနောက်တွင် သင်၌ သိကျွမ်းခြင်း စိုးစဉ်းမျှမရှိခဲ့ပါက၊ ငါ၏အမှုသည် တန်ဖိုးရှိနိုင်ဦးမည်လော။ ၎င်းက သင့်အား- “ဘုရားသခင်ထံ အစေခံခြင်းက အမှန်တကယ် ခက်ခဲသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အံ့သြဖွယ်ကောင်းလှပြီး ဘုရားသခင်သည် အမှန်ပင် ဉာဏ်ပညာရှိ၏။ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းလှ၏” ဟု ဆိုစေလိမ့်မည်။ အကယ်၍ အတွေ့အကြုံကာလတစ်ခုကို ခံစားရပြီးနောက်တွင် သင်သည် ထိုကဲ့သို့သော စကားလုံးများကို ပြောနိုင်ပါက၊ ဤအရာက သင်သည် သင့်အထဲ၌ ဘုရားသခင်၏အမှုကို ရရှိထားကြောင်း သက်သေပြပေသည်။ တစ်နေ့တွင် သင်သည် နိုင်ငံရပ်ခြား၌ ဧဝံဂလိတရားကို ဖြန့်ဝေနေပြီး တစ်စုံတစ်ဦးက သင့်အား- “ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက ဘယ်လို အခြေအနေရှိလဲ။” ဟု မေးသည့်အခါ သင်သည်- “ဘုရားသခင်၏ လုပ်ဆောင်ချက်များက အံ့သြချီးမွမ်းဖွယ်ကောင်းလှ၏” ဟု ပြောနိုင်လိမ့်မည်။ သူတို့က သင်၏စကားများသည် စစ်မှန်သော အတွေ့အကြုံများအကြောင်းကို ပြောပြနေသည်ဟု ခံစားရလိမ့်မည်။ ဤအရာက အမှန်တကယ် သက်သေခံနေပေသည်။ ဘုရားသခင်၏အမှုသည် ဉာဏ်ပညာနှင့် ပြည့်ဝလျက် ရှိကြောင်း၊ ထို့ပြင် သင့်အထဲ၌ သူပြုသောအမှုက သင့်ကို အမှန်တကယ် လက်ခံယုံကြည်စေခဲ့ပြီးကြောင်းနှင့် သင်၏စိတ်နှလုံးကို သိမ်းပိုက်ခဲ့ပြီးကြောင်း သင်ဆိုလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ချစ်ခြင်းနှင့် ထိုက်တန်သည်ထက်ပင် သာလွန်သောကြောင့် သင်သည် သူ့ကို အစဉ်အမြဲ ချစ်ပေလိမ့်မည်။ အကယ်၍ ဤအရာများကို သင်ပြောနိုင်ပါက လူတို့၏ စိတ်နှလုံးကို သင်လှုပ်ရှားစေနိုင်မည်။ ဤအရာအားလုံးက သက်သေခံခြင်း ဖြစ်ပေသည်။ အကယ်၍ သင်သည် ထူးကဲသောသက်သေကို ခံနိုင်ပါက၊ လူတို့ကို မျက်ရည်ကျအောင် စွမ်းဆောင်နိုင်လျှင် ယင်းက သင်သည် ဘုရားသခင်ကို ချစ်သောသူ အမှန်ဖြစ်ကြောင်း ပြသသည်၊ အကြောင်းမှာ သင်သည် ဘုရားသခင်အား ချစ်ခြင်းကို ထင်ရှားစေနိုင်ပြီး၊ သင့်အားဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သက်သေခံချက်အဖြစ် အတည်ပြုနိုင်သောကြောင့် ဖြစ်သည်။ သင်၏ သက်သေခံချက်အားဖြင့် အခြားလူများအား ဘုရားသခင်၏အမှုကို ရှာဖွေစေသည်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံစေသည်၊ ထို့ပြင် သူတို့တွေ့ကြုံသည့် မည်သည့် ပတ်ဝန်းကျင်၌မဆို သူတို့သည် မြဲမြံစွာ ရပ်တည်နိုင်ကြလိမ့်မည်။ ဤသည်မှာ သက်သေခံခြင်း၏ တစ်ခုတည်းသော စစ်မှန်သည့် နည်းလမ်းဖြစ်ပြီး ဤသည်မှာ ယခု သင့်ကိုတောင်းဆိုသောအရာ အတိအကျပင်ဖြစ်သည်။ ဘုရားသခင်၏အမှုမှာ လွန်စွာတန်ဖိုးရှိပြီး လူတို့၏ တန်ဖိုးထားခြင်းခံရရန် ထိုက်တန်ကြောင်း၊ ဘုရားသခင်သည် အလွန် မြတ်နိုးဖွယ်ဖြစ်ပြီး အလွန်ကြွယ်ဝကြောင်း သင်တွေ့မြင်သင့်သည်။ သူသည် စကားပြောနိုင်သည်သာမက၊ လူတို့ကိုလည်း တရားစီရင်နိုင်သည်၊ ၎င်းတို့၏ စိတ်နှလုံးများကို စစ်ဆေးနိုင်သည်၊ သူတို့အား ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးနိုင်သည်၊ သူတို့အား ရယူနိုင်သည်၊ သိမ်းပိုက်နိုင်သည့်အပြင် စုံလင်စေနိုင်သည်။ သင်၏ အတွေ့အကြုံမှနေ၍ ဘုရားသခင်သည် အလွန်ချစ်မြတ်နိုးဖွယ်ကောင်းသည်ကို သင်မြင်လိမ့်မည်။ ထို့ကြောင့် ယခု ဘုရားသခင်ကို သင် အဘယ်မျှလောက် ချစ်သနည်း။ သင်သည် ဤအရာများကို သင်၏စိတ်နှလုံးထဲမှ အမှန်တကယ်ပြောနိုင်သလော။ သင်သည် ဤစကားလုံးများကို သင်၏စိတ်နှလုံး၏နက်ရှိုင်းသောနေရာမှ ဖော်ပြနိုင်ပါက၊ သင် သက်သေခံနိုင်လိမ့်မည်။ သင်၏အတွေ့အကြုံသည် ဤအဆင့်သို့ ရောက်ရှိပြီးသည့်အခါ၊ သင်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦး ဖြစ်နိုင်စွမ်းရှိပြီး အရည်အချင်း ပြည့်မီလိမ့်မည်။ အကယ်၍ သင်သည် သင်၏အတွေ့အကြုံထဲ၌ ဤအဆင့်ကို မရောက်ရှိပါက၊ သင်သည် လွန်စွာ အလှမ်းကွာနေဆဲဖြစ်လိမ့်မည်။ စစ်ဆေးခြင်းဖြစ်စဉ်တွင် လူတို့အနေဖြင့် အားနည်းချက်များ ပြသသည်မှာ ပုံမှန်ဖြစ်သော်လည်း၊ စစ်ဆေးခြင်းနောက်၌ သင်သည်- “ဘုရားသခင်သည် သူ၏အမှု၌ အလွန် ဉာဏ်ပညာရှိသည်တကား။” ဟု ပြောနိုင်သင့်သည်။ အကယ်၍ သင်သည် ဤစကားလုံးများအား လက်တွေ့ကျသောနားလည်မှု အမှန်တကယ် ရရှိနိုင်ပါက၊ ယင်းမှာ သင်မြတ်နိုးသည့်အရာ ဖြစ်လာပြီး သင်၏အတွေ့အကြုံသည် တန်ဖိုး ရှိလိမ့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၁၂)

သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့် သရုပ်ဖော်ချက်တစ်ခု ဖြစ်လာနိုင်ခြင်းရှိမရှိနှင့် သင်သည် သူ၏အသုံးပြုခြင်းကိုခံရရန် သင့်တော်ခြင်းရှိမရှိ ဟူသည်တို့မှာ သင် ရှာဖွေသင့်သော အရာများပင်ဖြစ်သည်။ ဘုရားသခင်သည် သင့်အထဲတွင် အမှန်တကယ် အမှုမည်မျှပြုခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ မြင်ခဲ့ပြီးပြီနည်း၊ သင် အဘယ်မျှ ထိတွေ့ခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ တွေ့ကြုံပြီး မြည်းစမ်း ခဲ့ပြီးပြီနည်း။ ဘုရားသခင်သည် သင့်ကို စမ်းသပ်ခဲ့ပြီးပါစေ၊ ကိုင်တွယ်ဖြေရှင်း ခဲ့ပြီးပါစေ၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခဲ့ပြီးပါစေ သူ၏လုပ်ရပ်များနှင့် သူ၏အမှုတို့ကို သင့်အပေါ်တွင် လုပ်ဆောင်ခဲ့ပြီးပြီဖြစ်သည်။ သို့သော် ဘုရားသခင်အား ယုံကြည်သူတစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်အောင်အပြုခံရဖို့ ကြိုးစားအားထုတ်လိုသူ တစ်ဦးအနေဖြင့် သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံပေါ် အခြေခံ၍ ဘုရားသခင်၏ အမှုအတွက် သက်သေခံနိုင် သလော။ သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်နိုင်သလော။ သင်သည် သင်ကိုယ်တိုင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် အခြားသူများကို ထောက်ပံ့ပေးပြီး ဘုရားသခင်၏အမှုအတွက် သက်သေခံဖို့ သင့်အသက်တာတစ်ခုလုံးကို အသုံးခံနိုင်သလော။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံရန်အတွက် သင်၏ အတွေ့အကြုံ၊ သိကျွမ်းခြင်းနှင့် သင်ပေးဆပ်ခဲ့ပြီးသော အဖိုးအခအပေါ် အမှီပြုရမည်။ ထိုမှသာလျှင် သင်သည် သူ၏အလိုတော်ကို ဖြည့်ဆည်းနိုင်မည်။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံသောသူတစ်ဦး ဖြစ်သလော။ သင်၌ ဤပြင်းပြသောဆန္ဒ ရှိသလော။ အကယ်၍ သင်သည် သူ၏နာမတော်ကိုသာမက သူ၏အမှုကိုပင်လျှင် သက်သေခံနိုင်ပါက၊ ထို့ပြင် သင်သည် သူ၏လူတို့ကို သူတောင်းဆိုသော ပုံစံအတိုင်း အသက်ရှင်နေထိုင်နိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် မည်သို့သက်သေခံသနည်း။ သင်သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်နေထိုင်ရန် ကြိုးစားခြင်းနှင့် တောင့်တခြင်း၊ သင်၏ စကားလုံးများဖြင့် သက်သေခံခြင်း၊ လူတို့အား သူ၏အမှုကို သိစေခြင်းနှင့် သူ၏လုပ်ဆောင်မှုများကို မြင်စေခြင်းတို့အားဖြင့် ပြုလုပ်ရသည်။ အကယ်၍ သင်သည် ဤအရာအားလုံးကို အမှန်တကယ် ကြိုးစားပါက၊ ဘုရားသခင်သည် သင့်ကို စုံလင်အောင်ပြုပေးလိမ့်မည်။ အကယ်၍ သင်ကြိုးစာသမျှမှာ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းခံရရန်နှင့် နောက်ပိတ်ဆုံးတွင် ကောင်းချီးမင်္ဂလာခံစားရရန်သာ ဖြစ်ပါက၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းရှုထောင့်မှာ မဖြူစင်ပေ။ သင်သည် လက်တွေ့အသက်တာထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်သည့် နည်းလမ်း၊ သူ၏အလိုတော်ကို သင့်အား သူဖွင့်ပြသောအခါ သူ့အား ကျေနပ်စေသည့် နည်းလမ်းတို့ကိုဆောင်ရွက်နိုင်အောင် အားထုတ်သင့်ပြီး သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာကို သင် သက်သေခံသင့်သည့် နည်းလမ်းနှင့် သင့်အား သူ၏ဆုံးမပဲ့ပြင်ပုံနှင့် ကိုင်တွယ်ဖြေရှင်းပုံတို့အား သက်သေခံမည့်နည်းလမ်းတို့ကို သင်ရှာဖွေနေသင့်သည်။ ဤအရာအားလုံးမှာ ယခု သင်တွေးဆနေသင့်သော အရာများဖြစ်သည်။ အကယ်၍ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် သင့်ကိုစုံလင်အောင် သူပြုပြီးနောက် ဘုရားသခင်၏ဘုန်းတော်၌ သင်ပါဝင်နိုင်ရန်အတွက်သာဖြစ်ပါက ယင်းမှာ မလုံလောက်သေးသည့်အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်သေးပေ။ သင်သည် ဘုရားသခင်၏အမှုကို သက်သေခံနိုင်ရန်၊ သူ၏တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် လူတို့အပေါ် သူပြုခဲ့ပြီးသောအမှုကို လက်တွေ့ကျသည့် နည်းလမ်းဖြင့် တွေ့ကြုံနိုင်ရန် လိုအပ်သည်။ နာကျင်မှုဖြစ်စေ၊ မျက်ရည်များဖြစ်စေ၊ သို့မဟုတ် ဝမ်းနည်းခြင်းဖြစ်စေ သင်သည် ဤအရာအားလုံးကို သင်၏ လက်တွေ့ကျင့်သုံးမှုတွင် တွေ့ကြုံရမည်။ ယင်းတို့မှာ ဘုရားသခင်အတွက် သက်သေခံတစ်ဦးအဖြစ် သင့်ကို စုံလင်စေရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယခု သင့်ကိုဒုက္ခခံရန်နှင့် စုံလင်ခြင်းကို ရှာဖွေရန် လှုံ့ဆော်သည့် အရာမှာ အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ သင်၏ လက်ရှိဒုက္ခခံရခြင်းမှာ အမှန်တကယ် ဘုရားသခင်ကိုချစ်ရန်နှင့် သူ့အတွက် သက်သေခံရန် အလို့ငှာ ဖြစ်သလော။ သို့မဟုတ် ယင်းမှာ ဇာတိပကတိနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများ အတွက်၊ သင်၏ အနာဂတ်တက်လမ်းများနှင့် ကံကြမ္မာအတွက် ဖြစ်သလော။ သင်၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များနှင့် သင် ရရှိအောင် အားထုတ်သည့် ပန်းတိုင်များအားလုံးကို ပြုပြင်ရမည်ဖြစ်ပြီး သင်၏ကိုယ်ပိုင်ဆန္ဒအားဖြင့် ဦးဆောင်၍မရနိုင်ပေ။ အကယ်၍ လူတစ်ဦးသည် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိရန်နှင့် တန်ခိုးဖြင့် စိုးစံရန်အတွက် စုံလင်ခြင်းကို ရှာဖွေပြီးသကာလ အခြားသူတစ်ဦးက ဘုရားသခင်ကို ကျေနပ်စေရန်၊ ဘုရားသခင်၏အမှုကို လက်တွေ့ကျကျ သက်သေခံရန်အတွက် စုံလင်ခြင်းကို အားထုတ်ပါက ဤအားထုတ်နည်းနှစ်မျိုးထဲမှ မည်သည့်အရာကို သင်ရွေးချယ်မည်နည်း။ အကယ်၍ သင်သည် ပထမအရာကို ရွေးချယ်ပါက သင်သည် ဘုရားသခင်၏ စံနှုန်းများနှင့် အလွန်ဝေးကွာနေဆဲဖြစ်မည်။ ငါ၏လုပ်ရပ်များကို စကြဝဠာတစ်ဝှမ်းလုံးတွင် ရှင်းလင်းစွာ သိရမည်ဖြစ်ပြီး ငါသည် စကြဝဠာထဲတွင် ရှင်ဘုရင်အဖြစ် အုပ်စိုးမည်ဟု ငါယခင်က ပြောခဲ့ပေသည်။ သို့သော်ငြားလည်း သင်တို့အား တာဝန်ပေးစေခိုင်းထားသည့်အရာမှာ ဘုရားသခင်၏အမှုကို သွား၍ သက်သေခံရန်ဖြစ်ကာ၊ ရှင်ဘုရင်များဖြစ်လာပြီး စကြဝဠာတစ်ခွင်လုံး၌ ပေါ်ထွန်းလာရန် မဟုတ်ပါ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို စကြာဝဠာနှင့် မိုးကောင်းကင်အား ပြည့်စေလော့။ လူတိုင်းအား ယင်းတို့ကို မြင်စေပြီး ယင်းတို့ကို လက်ခံစေလော့။ ဤစကားလုံးများကို ဘုရားသခင် ကိုယ်တော်တိုင်နှင့်ပတ်သက်၍ ဆိုခဲ့ခြင်း ဖြစ်ပြီး လူသားများ ပြုလုပ်သင့်သည့်အရာမှာ ဘုရားသခင်အတွက် သက်သေခံရန်ဖြစ်သည်။ ယခု သင်သည် ဘုရားသခင်အကြောင်းကို မည်မျှသိသနည်း။ ဘုရားသခင်အကြောင်းကို သင်သည် မည်မျှ သက်သေခံနိုင်သနည်း။ လူကို စုံလင်အောင်ပြုလုပ်ပေးသည့် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်၏အလိုတော်ကို သင်နားလည်သည့်အခါ သူ၏အလိုတော်အပေါ် အရေးထားခြင်းကို သင်မည်သို့ပြသင့်သနည်း။ အကယ်၍ သင်သည် စုံလင်အောင်ပြုခြင်းခံလိုပြီး သင်အသက်ရှင်နေထိုင်သည့် အရာမှတစ်ဆင့် ဘုရားသခင်၏အမှုကို သက်သေခံလိုပါက၊ အကယ်၍ သင်၌ ဤလှုံ့ဆော်ပေးသော စွမ်းအားရှိပါက၊ မည်သည့်အရာမျှ မခက်ခဲလွန်းပေ။ လူတို့ ယခုလိုအပ်သည်မှာ ယုံကြည်မှုပင်ဖြစ်သည်။ အကယ်၍ သင်၌ ဤလှုံ့ဆော်ပေးသော စွမ်းအားရှိပါက အပျက်သဘော၊ မတုန်မလှုပ်ဖြစ်ခြင်း၊ ပျင်းရိခြင်းနှင့် ဇာတိအယူအဆများ၊ အသက်ရှင်သန်ရေးဆိုင်ရာ အတွေးအခေါ်များ၊ ဆန့်ကျင်ပုန်ကန်တတ်သော စိတ်သဘောထား၊ စိတ်ခံစားချက်များ အစရှိသည့် မည်သည့်အရာကိုမဆို စွန့်လွှတ်ရန် လွယ်ကူပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၁၃)

စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူ့ထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။ ဘုရားသခင်သည် သင်ရယူရန်မျှော်လင့်သည့် မည်သည့်အရာကိုမဆို သင့်အပေါ် အပ်နှင်းလိမ့်မည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက သင်သည် စုံလင်အောင်ပြုခြင်း မခံရနိုင်သည့်အပြင် ဘုရားသခင်၏အနန္တတန်ခိုးကို မဆိုထားနဲ့၊ သူ၏လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သင်၌ ယုံကြည်ခြင်းရှိသဖြင့် သူ၏လုပ်ရပ်များကို သင်၏ လက်တွေ့အတွေ့အကြုံထဲတွင် သင်မြင်တွေ့ရမည်ဖြစ်သည့်အခါ၊ ဘုရားသခင်သည် သင့်ထံပေါ်လာကာ သင့်ကို ဉာဏ်အလင်းရစေပြီး အတွင်းမှနေ၍ လမ်းပြပေးမည်။ ထိုယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် ထိုအရာကို ပြုနိုင်မည်မဟုတ်ပါ။ အကယ်၍ သင်သည် ဘုရားသခင်၌ မျှော်လင့်ချက်ပျောက်ဆုံးသွားပါက သူ၏အမှုကို သင် မည်ကဲ့သို့ တွေ့ကြုံနိုင်မည်နည်း။ ထို့ကြောင့် သင်၌ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် သံသယများ မသိုထားသည့်အခါမှသာ၊ သူမည်သည့်အရာပြုသည်ဖြစ်စေ သူ့အပေါ် သင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည့်အခါမှသာ သူသည် သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဉာဏ်အလင်းပေးပြီး ဖွင့်ပြမည်ဖြစ်ပြီး၊ ထိုမှသာ သင်သည် သူ၏လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သည်။ ထိုအရာများ အားလုံးကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိတတ်သည်။ ယုံကြည်ခြင်းသည် စစ်ဆေးခြင်းအားဖြင့်သာ လာပြီး၊ စစ်ဆေးခြင်းမရှိဘဲနှင့် ယုံကြည်ခြင်း မတိုးပွားနိုင်ပေ။ “ယုံကြည်ခြင်း” ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး၊ ယုံကြည်ခြင်းဟူသည် စစ်ဆေးခြင်းနှင့် ယှဉ်တွဲ၍လာသည့် အရာဖြစ်သည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။ အတိတ်က သင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးရမည်ဟု ဘုရားသခင် ပြောခဲ့စဉ်အခါက သင်သည် သူ့ကို ချစ်ခဲ့ပြီး သူသည် သူ့ကိုယ်သူ သင့်ထံ ထင်ထင်ရှားရှား ပြသသည့်အခါ သူ့ကို သင်မီအောင်လိုက်ခဲ့သည်။ သို့သော် ယခုအခါ ဘုရားသခင်သည် ပုန်းကွယ်နေပြီး သူ့ကို သင်မမြင်နိုင်ဘဲ ဒုက္ခပြဿနာများက သင့်အပေါ် ကျရောက်လေပြီ၊ ယခုအချိန်တွင် ဘုရားသခင်အပေါ် သင် မျှော်လင့်ခြင်း ပျောက်ဆုံးပြီလော။ ထို့ကြောင့် သင်သည် အချိန်တိုင်းတွင် အသက်ကို ရရှိအောင် အားထုတ်၍ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဤအရာကို စစ်မှန်သောယုံကြည်ခြင်းဟု ခေါ်ပြီး ဤသည်မှာ အစစ်မှန်ဆုံးနှင့် အလှပဆုံးသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။

ယခင်က လူတို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်၌ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ရန်လာပြီး “ဘုရားသခင်ကို အခြားမည်သူမျှ မချစ်လျှင်ပင် သူ့ကို ကျွန်ုပ်ချစ်ရမည်။” ဟု ပြောကြမည်ဖြစ်သည်။ သို့သော် ယခုတွင် စစ်ဆေးခြင်းက သင့်အပေါ် ကျရောက်ပြီး ဤအရာက သင်၏အယူအဆများနှင့် တစ်ထပ်တည်းမကျသဖြင့် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သလော။ ယောဘ၏ လုပ်ဆောင်ချက်များ အကြောင်းကို သင် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ပြီးပြီ၊ ယင်းတို့ကို သင်မေ့သွားပြီလော။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ယုံကြည်ခြင်းအထဲမှသာ ရုပ်လုံးပေါ်လာနိုင်သည်။ သင်ကြုံရသော စစ်ဆေးခြင်းများအားဖြင့် သင်သည် ဘုရားသခင် အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာပြီး၊ သင်၏ လက်တွေ့ အတွေ့အကြုံများထဲတွင် ဘုရားသခင်၏အလိုတော်ကို သင် အရေးထားနိုင်သည်မှာ သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်၊ ထို့ပြင် သင်ကိုယ်တိုင်၏ ဇာတိပကတိကို စွန့်လွှတ်ပြီး အသက်ကို ရရှိအောင် အားထုတ်သည်မှာလည်း သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ လူတို့ ပြုသင့်သောအရာဖြစ်သည်။ အကယ်၍ ဤအရာကိုပြုပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သော်လည်း၊ သင်၌ ယုံကြည်ခြင်းကင်းမဲ့ပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်မဟုတ် သို့မဟုတ် သူ၏အမှုကို တွေ့ကြုံနိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရလိုပါက- သင်၌ ဒုက္ခခံလိုစိတ်၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်စွမ်း၊ သူ၏အလိုတော်ကို နားလည် သဘောပေါက်နိုင်စွမ်း၊ သူ၏ဝမ်းနည်းပူဆွေးခြင်းကို အရေးထားနိုင်စွမ်း အစရှိသည့် အရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ လူတစ်ဦးကို စုံလင်စေခြင်းမှာ မလွယ်ကူဘဲ သင်တွေ့ကြုံရသော စစ်ဆေးခြင်း တစ်ခုစီတိုင်းတွင် သင်၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း လိုအပ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိုပါက၊ ထိုလမ်းကြောင်းပေါ်သို့ အလောတကြီးထွက်သွားရုံမျှနှင့် မလုံလောက်သည် သာမက၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရုံမျှနှင့်လည်း မလုံလောက်ပါ။ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာနိုင်ရန် သင်၌ အရာများစွာကို ပိုင်ဆိုင်ရမည်။ ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၁၄)

ဘုရားသခင်ကို အစေခံသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အဖို့ မည်သို့ဒုက္ခခံရမည်ကို သိသင့်ရုံသာမက၊ ထို့ထက်ပင် ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်အားချစ်ခြင်းကို အားထုတ်ရန် ဖြစ်ကြောင်းကို ၎င်းတို့ နားလည်သင့်သည်။ သင့်ကို ဘုရားသခင်အသုံးချခြင်းမှာ သင့်ကို စစ်ဆေးရုံ သို့မဟုတ် သင့်ကို ဒုက္ခခံစေရုံသာ မဟုတ်ဘဲ၊ သူ၏လုပ်ရပ်များကို သင်သိနိုင်ရန်၊ လူ့ဘဝ၏ အဓိပ္ပာယ်အမှန်ကို သိနိုင်ရန်နှင့် အထူးသဖြင့် ဘုရားသခင်ကို အစေခံခြင်းမှာ လွယ်ကူသောအလုပ် မဟုတ်ကြောင်း သင်သိနိုင်ရန်အတွက် သင့်ကို သူအသုံးချခြင်းဖြစ်သည်။ ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းဆိုသည်မှာ ကျေးဇူးတော်ကို ခံစားရခြင်းအကြောင်း မဟုတ်ဘဲ၊ သူ့အပေါ် သင်၏ချစ်ခြင်းအတွက်ကြောင့် ဒုက္ခခံရခြင်းအကြောင်းပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရသဖြင့်၊ သူ၏ပြစ်တင်ဆုံးမခြင်းကိုလည်း ခံစားရမည်၊ ဤအရာအလုံးစုံကို သင်တွေ့ကြုံရမည်။ သင်သည် သင့်အထဲတွင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တွေ့ကြုံနိုင်ပြီး၊ သူ သင့်အား ကိုင်တွယ်ဖြေရှင်းပုံနှင့် သင့်အား တရားစီရင်ပုံကိုလည်း တွေ့ကြုံနိုင်သည်။ ဤနည်းအားဖြင့် သင်၏အတွေ့အကြုံမှာ ပြည့်စုံကျယ်ပြန့်လိမ့်မည်။ ဘုရားသခင်သည် သင့်အပေါ်၌ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီ၊ ထိုမျှသာမဟုတ်၊ ယင်းကလည်း သင့်ကို ဉာဏ်ပွင့်စေပြီး ဖွင့်ပြခဲ့ပြီဖြစ်သည်။ သင် အပျက်သဘောဆောင်၍ အားနည်းသည့်အခါ ဘုရားသခင်သည် သင့်အတွက် စိုးရိမ်၏။ ဤအမှုတစ်ခုလုံးမှာ လူသားနှင့်ပတ်သက်သော အရာတိုင်းသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ထဲ၌ရှိကြောင်း သင့်အားသိစေရန်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို ဖယ်ရှားခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။ သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားရန် ဖြစ်သည်။ သင့်အထဲ၌ရှိသော မသန့်ရှင်းခြင်းနှင့် မဖြောင့်မတ်ခြင်း အလုံးစုံကို ဖယ်ရှားပြီး၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို စွန့်ပစ်ကာ၊ ထို့ပြင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ဖြစ်ပေါ်လာပြီးနောက်- စစ်မှန်သော ယုံကြည်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်မည်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း အုတ်မြစ်အပေါ်မှာသာ သင်သည် သူ့ကို စစ်မှန်စွာ ချစ်နိုင်လေသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ သူ့အားချစ်ခြင်းကို ရရှိနိုင်မည်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် ယင်းနှင့်ပတ်သက်၍ သင်ယောင်ချာချာ မဖြစ်နိုင်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက သူတို့အား ကောင်းချီးမင်္ဂလာများ ယူဆောင်လာမည်ကို မြင်လျှင်မြင်ချင်း အားမာန်ဖြင့် ပြည့်ဝလာကြသော်လည်း၊ စစ်ဆေးခြင်းများကို သူတို့ခံဖို့လိုအပ်ကြောင်း ၎င်းတို့ မြင်လျှင်မြင်ချင်း အားအင်အလုံးစုံ ပျောက်ဆုံးသွားကြသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ နောက်ဆုံးတွင် သင်သည် သင်၏ယုံကြည်ခြင်း၌ ဘုရားသခင်၏ ရှေ့မှောက်တွင် လုံးလုံးလျားလျားနှင့် အကြွင်းမဲ့ နာခံခြင်းကို ရရှိရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့အပေါ် တောင်းဆိုချက်များ ရှိနေသေးသည်၊ သင်မစွန့်ပယ်နိုင်သော ဘာသာရေးအယူအဆများစွာ၊ သင်လက်မလွှတ်နိုင်သော ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်များ ရှိနေသေးပြီး၊ ဇာတိပကတိ ကောင်းချီးမင်္ဂလာများကို ရှာဖွေနေသေးကာ ဘုရားသခင်ကို သင်၏ဇာတိခန္ဓာအား ကယ်မစေရန်၊ သင်၏စိတ်ဝိညာဉ်အား ကယ်တင်စေရန် အလိုရှိနေသေးသည်၊ ဤအရာများအားလုံးမှာ မှားယွင်းသောအမြင်ရှိသည့် လူတို့၏ အပြုအမူများပင် ဖြစ်သည်။ ဘာသာရေးယုံကြည်ချက်များနှင့် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိကြသော်လည်း၊ ၎င်းတို့သည် မိမိစိတ်သဘောထားများ ပြောင်းလဲရန်အတွက် မကြိုးပမ်းကြသည့်အပြင်၊ ဘုရားသခင်အား သိကျွမ်းခြင်းကို ရရှိအောင် အားမထုတ် ကြဘဲ ၎င်းတို့၏ဇာတိပကတိ အကျိုးအမြတ်များကိုသာ ရှာဖွေကြသည်။ သင်တို့အထဲမှ လူများစွာတို့၌ ဘာသာရေးခံယူချက် အမျိုးအစားနှင့် သက်ဆိုင်သည့် ယုံကြည်မှုများ ရှိကြသည်။ ဤသည်မှာ ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရန်အတွက် လူတို့သည် သူ့အတွက် ဒုက္ခခံရန် အသင့်ရှိသော စိတ်နှလုံးနှင့် မိမိတို့ကိုယ်ကိုယ် ဆက်ကပ်အပ်နှံလိုစိတ်ကို ပိုင်ဆိုင်ရမည်။ လူတို့သည် ဤသတ်မှတ်ချက် နှစ်ချက်နှင့် မပြည့်မီပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှာ မခိုင်လုံပေ၊ ထို့ပြင် ၎င်းတို့သည် မိမိတို့၏စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် အားထုတ်သော၊ ဘုရားသခင်အား သိကျွမ်းဖို့ ကြိုးစားပြီး အသက်ကို ရရှိအောင် အားထုတ်သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၁၅)

စစ်ဆေးခြင်းအမှု၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် လူတို့၏ယုံကြည်ခြင်းကို စုံလင်စေရန်ဖြစ်သည်။ အဆုံးတွင်၊ ရရှိသည့်အရာမှာ သင်စွန့်ခွာလိုသော်လည်း၊ တစ်ချိန်တည်းတွင် စွန့်ခွာ၍မရပေ။ အချို့လူတို့သည် အသေးငယ်ဆုံးသော မျှော်လင့်ချက် တစ်စက်ကလေးမျှ မရှိသည့်အချိန်တွင်ပင် ယုံကြည်ခြင်း ရှိနိုင်ဆဲဖြစ်ပြီး၊ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် အနာဂတ်တက်လမ်းများနှင့် စပ်လျဉ်း၍ မျှော်လင့်ချက် လုံးဝ မရှိကြတော့ချေ။ ဤအချိန်မှသာ ဘုရားသခင်၏စစ်ဆေးခြင်းမှာ ပြီးဆုံးမည်ဖြစ်သည်။ လူသားသည် သေခြင်းနှင့် ရှင်ခြင်းအကြားတွင် တဝဲလည်လည်ဖြစ်နေသည့် အဆင့်ကို မရောက်ကြသေးပေ၊ ထို့ပြင် ၎င်းတို့သည် သေခြင်းကို မမြည်းစမ်းရသေးသောကြောင့် စစ်ဆေးခြင်း၏ လုပ်ငန်းစဉ်မှာ မပြီးဆုံးသေးပါ။ အစေခံသူများ၏အဆင့်၌ ရှိခဲ့သောသူတို့ပင်လျှင် အဆုံးစွန် စစ်ဆေးခြင်းကို မခံခဲ့ကြရပေ။ ယောဘသည် ပြင်းထန်သော စစ်ဆေးခြင်းကို ကြုံခဲ့ရပြီး သူ၌ အားထားစရာ မည်သည့်အရာမျှ မရှိခဲ့ပေ။ လူတို့သည် ၎င်းတို့၌ မျှော်လင့်ချက် မရှိသည့်အပြင် အားထားစရာ မည်သည့်အရာမျှမရှိသည့် အတိုင်းအတာအထိ စစ်ဆေးခြင်းများကို ခံကြရမည်၊ ဤသည်သာလျှင် စစ်မှန်သောစစ်ဆေးခြင်း ဖြစ်သည်။ အစေခံသူများ၏ ခေတ်ကာလအတွင်း၌ အကယ်၍ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့မှောက်၌ အမြဲဆိတ်ငြိမ်နေခဲ့ပြီး မည်သည့်အရာကို သူပြုခဲ့ပါစေ၊ သင့်အတွက် သူ၏အလိုတော်မှာ မည်သည့်အရာ ဖြစ်ခဲ့ပါစေ သင်သည် သူ၏ကြိုတင်ပြင်ဆင်ချက်များကို အမြဲတမ်းနာခံခဲ့ပါက၊ လမ်းဆုံးရောက်သည့်အခါ ဘုရားသခင်ပြုခဲ့ပြီးသော အရာတိုင်းကို သင်နားလည်ပေမည်။ သင်သည် ယောဘ၏ စမ်းသပ်မှုများကို ခံရပြီး တစ်ချိန်တည်းမှာပင် ပေတရု၏ စမ်းသပ်မှုများကိုလည်း ခံရခြင်းဖြစ်သည်။ ယောဘ အစမ်းသပ်ခံခဲ့ရသောအခါ သူသည် သက်သေရပ်တည်ခဲ့ပြီး အဆုံးတွင် ယေဟောဝါမှာ သူ့အား ကိုယ်ထင်ပြခဲ့သည်။ သူသက်သေရပ်တည်ခဲ့သည့် နောက်မှသာ သူသည် ဘုရားသခင်၏ မျက်နှာကိုမြင်ဖို့ ထိုက်တန်ခဲ့သည်။ “ငါသည် ညစ်ညမ်းသောပြည်မှ ပုန်းရှောင်သော်လည်း၊ သန့်ရှင်းသောနိုင်ငံတော်အား ငါ့ကိုယ်ငါ ကိုယ်ထင်ပြမည်။” ဟု အဘယ်ကြောင့် ပြောထားသနည်း။ ယင်းမှာ သင်သည် သန့်ရှင်းပြီး သက်သေရပ်တည်သည့်အခါမှသာ ဘုရားသခင်၏မျက်နှာကို မြင်ရဖို့အတွက် ဂုဏ်အသရေကို သင်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေမရပ်တည်နိုင်ပါက သူ၏မျက်နှာကိုမြင်ရဖို့ သင်၌ ဂုဏ်အသရေမရှိပေ။ အကယ်၍ သင်သည် စစ်ဆေးခြင်းများကို ကြုံနေရစဉ် နောက်ကြောင်းပြန်လှည့်သောကြောင့်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ညည်းတွားချက်များ ပြုလုပ်သောကြောင့်ဖြစ်စေ သူ့အတွက် သက်သေရပ်တည်ရန် ပျက်ကွက်ပြီး စာတန်၏ လှောင်ပြောင်စရာ ဖြစ်လာပါက၊ သင်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် စမ်းသပ်မှုများကြား၌ မိမိ၏ကိုယ်ပိုင် ဇာတိခန္ဓာကို ကျိန်ဆဲခဲ့ပြီး ဘုရားသခင်အား မညည်းတွားခဲ့သည့်အပြင်၊ စကားလုံးများ အားဖြင့် ညည်းညူခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်းမရှိဘဲ မိမိ၏ ဇာတိပကတိကို စက်ဆုပ်နိုင်ခဲ့သည့် ယောဘကဲ့သို့သောသူ ဖြစ်ပါက၊ သင်သည် သက်သေရပ်တည်နေလိမ့်မည်။ သင်သည် စစ်ဆေးခြင်းများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံရပြီး ယောဘကဲ့သို့ ဖြစ်နိုင်သေးကာ၊ ဘုရားသခင်၏ရှေ့တွင် လုံးလုံးလျားလျား နာခံမှုရှိပြီး သူ့အပေါ် အခြားတောင်းဆိုချက်များ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်အယူအဆများ မရှိပါက ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းလိမ့်မည်။ ယခုမူ သင့်ထံ ဘုရားသခင်မပေါ်လာရသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၌ သင်၏ကိုယ်ပိုင် များစွာသော အယူအဆများ၊ အခြေအမြစ်မရှိသော တစ်ကိုယ်ရေ အစွဲအလမ်းများ၊ တစ်ကိုယ်ကောင်းဆန်သော အတွေးအခေါ်များ၊ ပုဂ္ဂိုလ်ရေး လိုအပ်ချက်များနှင့် ဇာတိဆန်သော စိတ်ဝင်စားမှုများ ရှိသောကြောင့် ဖြစ်ပြီး သင်သည် သူ၏မျက်နှာကိုမြင်ရဖို့ မထိုက်တန်ပေ။ အကယ်၍ ဘုရားသခင်ကို သင်မြင်ခဲ့ရသည်ဆိုပါက သင်သည် သူ့ကို သင်၏ကိုယ်ပိုင် အယူအဆများ အားဖြင့် တိုင်းထွာလိမ့်မည်ဖြစ်ပြီး၊ ဤသို့ပြုခြင်းဖြင့် သူသည် သင့်အားဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် သံနှင့် အရိုက်ခံရခြင်းပင် ဖြစ်မည်။ အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ နေအိမ်သည် ငြိမ်းချမ်းနေပြီး၊ သင်သည် ဇာတိပကတိဆိုင်ရာ ဇိမ်ခံစရာများကို မွေ့လျော်ကာ၊ သင့်ကို မည်သူမျှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဘဲ၊ အသင်းတော်ထဲရှိ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကိုနာခံပါက၊ ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ပြသနိုင်မည်လော။ ဤအခြေအနေက သင့်ကို စစ်ဆေးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို ပြသနိုင်သည်မှာ စစ်ဆေးခြင်းအားဖြင့်သာလျှင် ဖြစ်ပြီး သင် စုံလင်စေခြင်းခံရနိုင်သည်မှာ သင်၏အယူအဆများနှင့် မကိုက်ညီသောအမှုအရာများ ဖြစ်ပျက်ခြင်းအားဖြင့်သာလျှင် ဖြစ်သည်။ ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် လှည့်ဖြားမှုများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပစ်ပယ်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၁၆)

သင်၏ ကျရှုံးခြင်း၊ အားနည်းခြင်းနှင့်ဆိုင်သော အတွေ့အကြုံများစွာနှင့် သင်၏ အပျက်သဘောဆောင်သော အချိန်များအားလုံးကို ဘုရားသခင်၏ စမ်းသပ်မှုများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်မှ လာပြီး၊ ခပ်သိမ်းသော အမှုအရာများနှင့် အဖြစ်အပျက်များမှာ သူ၏လက်ထဲတွင်ရှိသောကြောင့် ဖြစ်သည်။ သင်ကျရှုံးသည်ဖြစ်စေ သို့မဟုတ် သင်အားနည်းပြီး ခလုတ်တိုက်သည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်အပေါ် တည်မှီပြီး သူ၏လက်ထဲ၌ ရှိနေသည်။ ဘုရားသခင်၏အမြင်၌ ဤသည်မှာ သင့်အား စမ်းသပ်မှုတစ်ခုဖြစ်ပြီး ထိုအရာကို သင်သတိမပြုမိပါက ယင်းသည် စုံစမ်းသွေးဆောင်ခြင်း ဖြစ်လာလိမ့်မည်။ လူတို့ သတိပြုသင့်သော အခြေအနေနှစ်မျိုးရှိသည်- တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပြီး အခြားတစ်ခု၏ ဖြစ်နိုင်ခြေအရင်းအမြစ်က စာတန်ပင်ဖြစ်သည်။ တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးပြီး သင့်ကိုယ်သင်သိရန်၊ သင့်ကိုယ်သင် ရွံမုန်းပြီး နောင်တရရန်နှင့် ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာ ရှိနိုင်ရန်၊ ဘုရားသခင်အား ကျေနပ်စေရာ၌ သင်၏စိတ်နှလုံးကို ပိုင်းဖြတ်ထားစေရန် အခွင့်ပေးသည့် အခြေအနေ တစ်ခုဖြစ်သည်။ အခြားတစ်ခုမှာ သင်သည် သင့်ကိုယ်သင်သိသော်လည်း၊ အပျက်သဘောဆောင်ကာ အားနည်းသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဤအခြေအနေကို ဘုရားသခင်၏ စစ်ဆေးခြင်းဖြစ်သည်၊ ထို့ပြင် ယင်းကို စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ အကယ်၍ ဤသည်မှာ သင့်အား ဘုရားသခင်၏ ကယ်တင်ခြင်းဖြစ်သည်ဟု သင်အသိအမှတ်ပြုပြီး သင်သည် ယခု သူ့အပေါ် အလွန်တရာ အကြွေးတင်နေကြောင်း ခံစားရပါက၊ သင်သည် ယခုမှစ၍ သူ့ကို အကြွေးပြန်ဆပ်ရန်နှင့် ထိုသို့သော ဆိုးယုတ်ခြင်းထဲသို့ နောက်ထပ်မကျဆင်းတော့ရန် ကြိုးစားပါက၊ သူ၏ နှုတ်ကပတ်တော်များအား စားသောက်ရာ၌ သင်ကြိုးပမ်းအားထုတ်ပါက၊ ထို့ပြင် သင်သည် သင့်ကိုယ်သင် ချို့တဲ့လိုအပ်သည်ဟု အမြဲတမ်းယူဆပြီး တောင့်တသောစိတ်နှလုံးရှိပါက၊ ဤသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုပင်ဖြစ်သည်။ ဒုက္ခခံရခြင်း အဆုံးသတ်ပြီး သင် နောက်ထပ်တစ်ဖန် ရှေ့သို့ တက်လှမ်းနေသည့်နောက်တွင်၊ ဘုရားသခင်သည် သင့်ကို ဆက်လက်၍ ဦးဆောင်လမ်းပြမည်၊ အလင်းပေးမည်၊ ဉာဏ်အလင်းဖွင့်ပေးပြီး အားကောင်းစေမည်။ သို့သော် အကယ်၍ သင်သည် ယင်းကို အသိအမှတ်မပြုဘဲ အပျက်သဘောဆောင်လျက် မျှော်လင့်ချက် ပျက်သုဉ်းသည်အထိ သင့်ကိုယ်သင် တကယ်ကို ပစ်ပယ်ထားပါက၊ ဤနည်းအတိုင်း သင်တွေးထင်ပါက စာတန်၏ စုံစမ်းသွေးဆောင်ခြင်းမှာ သင့်အပေါ် ကျရောက်ပြီးဖြစ်လိမ့်မည်။ ယောဘသည် စမ်းသပ်မှုများကို ကြုံရသည့်အခါ ဘုရားသခင်နှင့် စာတန်တို့သည် တစ်ဦးနှင့်တစ်ဦး အလောင်းအစားလုပ်ခဲ့ကြပြီး ယောဘအား ဖိစီးနှိပ်စက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးခဲ့သည်။ ယောဘကို စမ်းသပ်ခဲ့သည်မှာ ဘုရားသခင်ပင် ဖြစ်ခဲ့သော်လည်း၊ သူ့အပေါ်ကျရောက်လာသူမှာ အမှန်တွင် စာတန်ဖြစ်ခဲ့သည်။ စာတန်အတွက်မှာမူ ယင်းသည် ယောဘကို အစုံအစမ်းပြုခြင်း ဖြစ်ခဲ့သော်လည်း၊ ယောဘမှာ ဘုရားသခင်ဘက်တွင် ရှိခဲ့သည်။ အကယ်၍ ထိုသို့မဟုတ်ခဲ့ပါက ယောဘမှာ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခဲ့ပြီး ဖြစ်မည်။ လူတို့သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘေးအန္တရာယ်ထဲသို့ ကျရောက်သွားကြသည်။ စစ်ဆေးမှုခံရခြင်းကို ဘုရားသခင်ထံမှ စမ်းသပ်မှုဖြစ်သည်ဟု ဆိုနိုင်သော်လည်း၊ အကယ်၍ သင်သည် ကောင်းမွန်သောအခြေအနေ၌ ရှိမနေပါက၊ ယင်းကို စာတန်ထံမှ စုံစမ်းသွေးဆောင်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ သင်သည် ရူပါရုံအကြောင်း မရှင်းလင်းပါက၊ စာတန်သည် သင့်ကိုစွပ်စွဲကာ ရူပါရုံနှင့်ဆိုင်သော ကဏ္ဍတွင် သင့်ကို ကာဆီးထားလိမ့်မည်။ သင်မသိလိုက်မီ စုံစမ်းသွေးဆောင်ခြင်းထဲသို့ သင်ကျရောက်သွားမည်။

အကယ်၍ သင်သည် ဘုရားသခင်၏အမှုကို မတွေ့ကြုံရပါက မည်သည့်အခါမျှ စုံလင်အောင်ပြုခြင်း ခံရနိုင်မည် မဟုတ်ပေ။ သင်၏အတွေ့အကြုံထဲတွင် သင်သည် အသေးစိတ်အချက်အလက်များ ထဲသို့လည်း ဝင်ရောက်ရမည်။ ဥပမာအားဖြင့်၊ မည်သည့် အရာများက သင့်အား အယူအဆများနှင့် စေ့ဆော်မှုများ လွန်ကဲမှုကို ဖြစ်လာစေပြီး၊ ဤပြဿနာများကို ရင်ဆိုင်ရန်အတွက် သင်၌ မည်သို့သော သင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှုမျိုးများ ရှိသနည်း။ အကယ်၍ ဘုရားသခင်၏အမှုကို သင်တွေ့ကြုံနိုင်ပါက၊ ဤသည်မှာ သင်၌ ဝိညာဉ်ရင့်ကျက်မှုရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်၌ တက်ကြွမှုသာ ရှိပုံပေါ်ပါက၊ ဤသည်မှာ မှန်ကန်သော ဝိညာဉ်ရင့်ကျက်မှု မဟုတ်သည့်အပြင် သင်သည် မြဲမြံစွာ လုံးဝရပ်တည်နိုင်မည် မဟုတ်ပါ။ သင်သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်ကာ ယင်းကို အချိန်မရွေး၊ နေရာမရွေး သင်တွေ့ကြုံပြီး ဆင်ခြင်တွေးဆနိုင်သည့်အခါမှသာ၊ သင်တို့သည် သိုးထိန်းများကို စွန့်ခွာပြီး ဘုရားသခင်အပေါ် ကိုးစားမှုအားဖြင့် တသီးတခြား အသက်ရှင်နိုင်ကာ၊ သင်သည် ဘုရားသခင်၏ တကယ့်လုပ်ရပ်များကို မြင်နိုင်သည့်အခါ ဘုရားသခင်၏အလိုတော်ကို အောင်မြင်စေမည်ဖြစ်သည်။ ယခုအချိန်တွင်မူ လူအများစုသည် မည်သို့တွေ့ကြုံရမည်ကို မသိကြဘဲ၊ ပြဿနာတစ်ခုကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ ယင်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမှန်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်စွမ်း မရှိသည့်အပြင် ဝိညာဉ်ရေးပြည့်ဝသော အသက်တာဖြင့် အသက်မရှင်နိုင်ကြချေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို သင်၏ လက်တွေ့အသက်တာထဲ၌ ကျင့်သုံးရမည်။

ဘုရားသခင်သည် တစ်ခါတစ်ရံ တစ်စုံတစ်ခုသော ခံစားချက်မျိုး၊ သင်၏အတွင်းထဲက ဝမ်းမြောက်မှုကို ဆုံးရှုံးစေပြီး ဘုရားသခင်ရှိနေခြင်းကို ဆုံးရှုံးစေသည့် ခံစားချက်မျိုး၊ သင့်ကို မှောင်မိုက်ထဲသို့ ထိုးကျသွားစေသည့် ခံစားချက်မျိုးကို ပေးတတ်သည်။ ဤသည်မှာ စစ်ဆေးခြင်းတစ်မျိုး ဖြစ်သည်။ တစ်စုံတစ်ခုကို သင်လုပ်ဆောင်သည့်အခါတိုင်း၊ ယင်းက အမြဲတမ်း လွဲချော်တတ်သည် သို့မဟုတ် ရပ်တန့်သွားတတ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် ဘုရားသခင်အား နာခံမှုမရှိဘဲ ပုန်ကန်တတ်သော အရာတစ်ခုခုကို ပြုလုပ်သည့်အခါ၊ အခြားမည်သူမျှ မသိနိုင်သော်လည်း ဘုရားသခင်သိ၏။ သူသည် သင့်ကို အလွတ်မပေးဘဲ၊ သင့်ကို သူဆုံးမပဲ့ပြင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမှာ အလွန်အသေးစိတ်ကျသည်။ သူသည် လူတို့၏ စကားလုံးနှင့် လုပ်ဆောင်ချက်တိုင်း၊ ၎င်းတို့၏ လုပ်ရပ်နှင့် လှုပ်ရှားမှုတိုင်းနှင့် ၎င်းတို့၏ အကြံအစည်နှင့် အတွေးအခေါ်တိုင်းကို အလွန်သေချာစွာ စောင့်ကြည့်သည်၊ သို့မှသာ လူတို့သည် ဤအရာများအပေါ် အတွင်းပိုင်း အမြင်ပွင့်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။ တစ်စုံတစ်ရာကို သင်တစ်ကြိမ်လုပ်ပြီး ယင်းက လွဲချော်သွားသည်၊ တစ်စုံတစ်ရာကို သင် ထပ်လုပ်ပြီး လွဲချော်နေသေးသည်၊ ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို သင် တဖြည်းဖြည်း နားလည်လာမည်။ ကြိမ်ဖန်များစွာ ဆုံးမပဲ့ပြင်ခံရခြင်းအားဖြင့် သင်သည် ဘုရားသခင်၏အလိုအတော်နှင့်အညီ မည်သည့်အရာကို လုပ်ရမည်နှင့် မည်သည့်အရာက သူ၏အလိုတော်နှင့် မညီကြောင်းကို သိလိမ့်မည်။ အဆုံးတွင် သင်သည် သင့်အထဲမှနေ၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအတွက် မှန်ကန်တိကျသော တုံ့ပြန်မှုများ ရှိလိမ့်မည်။ တစ်ခါတစ်ရံ သင်သည် ဆန့်ကျင်ပုန်ကန်တတ်ပြီး အထဲမှနေ၍ ဘုရားသခင်၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို သင်ခံရလိမ့်မည်။ ဤအရာအားလုံးမှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းမှ လာသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးမထားပါက၊ သူ၏အမှုကို သင် ပေါ့ပေါ့တန်တန် သဘောထားမိပါက၊ သူသည် သင့်ကို အရေးစိုက်တော့မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးအနက်ထားလေလေ၊ သင့်ကို သူ ဉာဏ်အလင်းပေးလေလေ ဖြစ်သည်။ ယခုအခါတွင်မူ အသင်းတော်ထဲတွင် ဇဝေဇဝါနှင့် ရှုပ်ထွေးနေသည့် ယုံကြည်ခြင်းရှိသော လူအချို့ရှိကြပြီး ၎င်းတို့သည် မသင့်လျော်သောအမှုအရာ မြောက်များစွာပြုပြီး စည်းကမ်းမရှိဘဲ ပြုမူကြသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ၎င်းတို့အထဲတွင် ရှင်းလင်းစွာ မမြင်ရနိုင်ပေ။ လူအချို့တို့သည် ငွေရှာရန်အလို့ငှာ မိမိ၏တာဝန်များကို နောက်ချန်ရစ်ကာ ဆုံးမပဲ့ပြင်ခံရခြင်းမရှိဘဲ စီးပွားရေး လုပ်ကိုင်ရန် ထွက်သွားကြသည်။ ထိုသို့သော လူစားမျိုး၌ ပို၍ပင် အန္တရာယ်ရှိသည်။ လတ်တလောတွင် ၎င်းတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု မရှိသည်သာမက အနာဂတ်တွင် ၎င်းတို့ကို စုံလင်စေရန် ခက်ခဲလိမ့်မည်။ အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို မမြင်နိုင်သည့်အပြင် အတွင်း၌ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကိုလည်း မမြင်နိုင်သည့် လူများစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်အပေါ် မရှင်းမလင်းဖြစ်ပြီး ဘုရားသခင်၏ အမှုကို မသိသောသူများ ဖြစ်သည်။ စစ်ဆေးခြင်းများအလယ်တွင် ခိုင်ခံ့စွာ ရပ်တည်နိုင်သောသူများ၊ ဘုရားသခင် မည်သည့်အရာကို ပြုပါစေ သူ့နောက်သို့ လိုက်သောသူများနှင့် အနည်းဆုံးအနေဖြင့် မစွန့်ခွာဘဲ နေနိုင်သောသူ၊ သို့မဟုတ် ပေတရု စွမ်းဆောင်ခဲ့သော အရာထဲမှ ၀.၁ ရာခိုင်နှုန်းကိုပင် စွမ်းဆောင်သောသူတို့မှာ အခြေအနေကောင်းသောသူများ ဖြစ်သည်၊ သို့သော်လည်း ၎င်းတို့သည် ၎င်းတို့အား ဘုရားသခင် အသုံးချခြင်းနှင့်ပတ်သက်၍ တန်ဖိုးမရှိကြပေ။ လူများစွာသည် အမှုအရာတို့ကို လျင်မြန်စွာ နားလည်ကြသည်၊ ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်း ရှိကြပြီး ပေတရု၏အဆင့်ကို ကျော်လွန်နိုင်ကြသည်ဖြစ်၍ ဘုရားသခင်သည် ၎င်းတို့အပေါ် စုံလင်စေခြင်း အမှုကို ပြုလေသည်။ ဆုံးမပဲ့ပြင်ခြင်းနှင့် ဉာဏ်အလင်းပေးခြင်းသည် ထိုသို့သောသူတို့ထံသို့ ရောက်လာပြီး၊ အကယ်၍ သူတို့အထဲ၌ ဘုရားသခင်၏ အလိုတော်နှင့်မညီသော အရာတစ်ခုရှိပါက၊ ယင်းကို သူတို့ ချက်ချင်း စွန့်ပစ်နိုင်ကြသည်။ ထိုသို့သောသူတို့မှာ ရွှေ၊ ငွေနှင့် အဖိုးတန် ကျောက်တုံးများပင် ဖြစ်ပြီး သူတို့၏တန်ဖိုးမှာ အမြင့်မားဆုံးပေတည်း။ အကယ်၍ ဘုရားသခင်သည် များစွာသော အမှုအမျိုးမျိုးကို ပြုခဲ့ပြီးသော်လည်း၊ သင်သည် သဲ သို့မဟုတ် ကျောက်တုံးနှင့် တူနေသေးပါက သင်သည် သုံးမရသောသူပါပေတည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၁၇)

အဆင်းနီသောနဂါးကြီး၏ တိုင်းပြည်၌ ဘုရားသခင်၏အမှုမှာ အလွန် အံ့သြချီးမွမ်းဖွယ်ဖြစ်ပြီး ဉာဏ်မမီနိုင်ပါပေ။ အသင်းတော်ထဲတွင် သမ္မာတရားကို ချစ်သောသူများနှင့် မချစ်သောသူများ ရှိသည်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံသောသူများနှင့် မတွေ့ကြုံသောသူများ ရှိသည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူများနှင့် မထမ်းဆောင်သူများ ရှိသည်၊ ဘုရားသခင်အတွက် သက်သေခံသောသူများနှင့် မခံသောသူများ ရှိကြသည်၊ ထိုသို့ လူအမျိုးအစား ပေါင်းစုံရှိသည့်အတွက် သူသည် လူအုပ်စုတစ်စုကို စုံလင်အောင်ပြုပေးပြီး အခြားလူအချို့ကို ပယ်ထုတ်လိမ့်မည်။ ထို့ပြင် ၎င်းတို့ အစိတ်အပိုင်းတစ်ခုမှာ မယုံကြည်သူများနှင့် ဆိုးယုတ်သောလူများ ဖြစ်ပြီး၊ ၎င်းတို့မှာ ပယ်ထုတ်ခြင်းကို အသေအချာ ခံရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏အမှုကို ရှင်းလင်းစွာ မသိပါက၊ သင်သည် အပျက်သဘောဆောင်နေမည်။ ဤသည်မှာ ဘုရားသခင်၏အမှုကို လူနည်းစုထဲတွင်သာ မြင်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။ ဤအချိန်တွင် မည်သူက ဘုရားသခင်ကို အမှန်တကယ် ချစ်ကြောင်းနှင့် မည်သူက မချစ်ကြောင်း သိသာထင်ရှားလာမည်။ ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူများ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုရှိသော်လည်း၊ သူ့ကို အမှန်တကယ် မချစ်သောသူများမှာ သူ့အမှု၏ တစ်ဆင့်ချင်း၌ ထုတ်ဖော်ခြင်းခံရမည်။ ၎င်းတို့သည် ပယ်ထုတ်ခြင်း ခံရသောအရာများ ဖြစ်လာလိမ့်မည်။ ဤလူများမှာ သိမ်းပိုက်ခြင်းအမှု ပြုစဉ်အတွင်း၌ ထုတ်ဖော်ခံရမည်ဖြစ်ပြီး ၎င်းတို့သည် စုံလင်အောင်ပြုခြင်းကို ခံရရန်အတွက် တန်ဖိုးမရှိသော လူတို့ဖြစ်ကြသည်။ စုံလင်စေခြင်း ခံခဲ့ရပြီးသောသူများသည် ဘုရားသခင်၏ ရယူခြင်းကို အလုံးစုံခံရသောသူများ ဖြစ်ပြီး ပေတရုကဲ့သို့ ဘုရားသခင်ကို ချစ်နိုင်စွမ်းရှိကြသည်။ သိမ်းပိုက်ခြင်းကို ခံရပြီးသောသူများ၌ ပင်ကိုချစ်ခြင်းမရှိဘဲ မတုန်မလှုပ်သော ချစ်ခြင်းသာရှိကြပြီး ၎င်းတို့သည် ဘုရားသခင်ကိုချစ်ရန် အတင်းအကျပ်ပြုခံရသည်။ ပင်ကိုချစ်ခြင်းသည် လက်တွေ့ဖြစ်သော အတွေ့အကြုံမှတစ်ဆင့်ရရှိသည့် နားလည်ခြင်းအားဖြင့် ဖြစ်ပေါ်လာသည်။ ဤချစ်ခြင်းက လူတစ်ဦး၏စိတ်နှလုံးကို နေရာယူကာ ၎င်းတို့အား ဘုရားသခင်ကို ဆန္ဒအလျောက် ဆက်ကပ်အပ်နှံစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ၎င်းတို့၏ အခြေခံအုတ်မြစ် ဖြစ်လာကာ ၎င်းတို့သည် ဘုရားသခင်အတွက် ဒုက္ခခံနိုင်ကြသည်။ ဤအရာများမှာ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရပြီးသောသူတစ်ဦးက ပိုင်ဆိုင်သောအရာများ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရရန်သာ ကြိုးပမ်းပါက ဘုရားသခင်အတွက် သင် သက်သေခံနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်ခြင်းအားဖြင့် သူ၏ ကယ်တင်ခြင်း ရည်မှန်းချက်ကိုသာ ပြည့်စုံစေပါက၊ အစေခံသူတို့၏အဆင့်သည် ထိုအလုပ်ကို အပြီးသတ်ခဲ့ပေမည်။ သို့သော်လည်း လူတို့ကိုသိမ်းပိုက်ခြင်းသည် လူတို့ကို စုံလင်အောင်ပြုပေးရန် ဖြစ်သည့် ဘုရားသခင်၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင် မဟုတ်ပေ။ ထို့ကြောင့် ဤအဆင့်ကို သိမ်းပိုက်ခြင်းအမှုဟု ဆိုခြင်းထက် ယင်းကို စုံလင်အောင် ပြုလုပ်ပေးခြင်းနှင့် ပယ်ထုတ်ခြင်းအမှုဟု ဆိုလော့။ လူအချို့တို့မှာ အပြည့်အဝ သိမ်းပိုက်ခြင်းကို မခံကြရသေးဘဲ၊ ၎င်းတို့ကို သိမ်းပိုက်နေစဉ် အတွင်း လူတစ်စုမှာ စုံလင်အောင်ပြုပေးခြင်းကို ခံကြရလိမ့်မည်။ ဤအမှုနှစ်ပိုင်းကို ပြိုင်တူပြုနေခြင်း ဖြစ်သည်။ လူတို့သည် ထိုကဲ့သို့ ကာလကြာမြင့်သော အမှု တစ်လျှောက်လုံးတွင်ပင် မထွက်ခွာကြသေးဘဲ၊ ဤအရာက သိမ်းပိုက်ခြင်း၏ ရည်မှန်းချက်ပန်းတိုင်ကို ရယူပြီးပြီဖြစ်ကြောင်း ပြသသည်၊ ဤသည်မှာ သိမ်းပိုက်ခံရခြင်း၏ အဖြစ်မှန်တစ်ခုဖြစ်သည်။ စစ်ဆေးခြင်းများမှာ သိမ်းပိုက်ခြင်းခံရရန်အတွက် မဟုတ်ဘဲ စုံလင်စေခြင်း ခံရရန်အတွက် ဖြစ်သည်။ လူတို့သည် စစ်ဆေးခြင်းများမပါရှိဘဲ၊ စုံလင်ခြင်း မခံရနိုင်ပေ။ ထို့ကြောင့် စစ်ဆေးခြင်းများမှာ အမှန်ပင် တန်ဖိုးရှိလေစွ။ ယနေ့ လူတစ်စုသည် စုံလင်စေခြင်းနှင့် ရယူခြင်းကို ခံနေကြရသည်။ ယခင်ဖော်ပြခဲ့သော ကောင်းချီးမင်္ဂလာ ဆယ်ပါးမှာ စုံလင်စေခြင်းခံရပြီးသောသူ အားလုံးအတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်တွင် ၎င်းတို့၏ပုံသဏ္ဌာန် ပြောင်းလဲခြင်းအကြောင်းနှင့် သက်ဆိုင်သော အရာတိုင်းကို စုံလင်ခြင်းခံရပြီးသော သူတို့အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ စုံလင်ခြင်း မခံရသေးသော သူတို့သည် ဘုရားသခင်၏ ကတိတော်များကို ရရှိရန် အရည်အချင်း မပြည့်မီကြချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၁၈)

ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိကျွမ်းရန်မှာ ကောင်းကင်ဘုံက စီမံထားပြီး ကမ္ဘာမြေက အသိအမှတ်ပြုထားခြင်းဖြစ်ကာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တော်တိုင် ဆောင်ရွက်နေသည့် ကာလအတွင်းဖြစ်သော ယနေ့သည်၊ ဘုရားသခင်ကိုသိကျွမ်းရန် အထူးသဖြင့် ကောင်းမွန်သောအချိန်ကာလ ဖြစ်သည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ဘုရားသခင်၏ အလိုကို သိနားလည်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းဖြင့် ရရှိသည့်အရာ တစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို သိနားလည်ရန်အလို့ငှာ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာ အချို့ရှိရန် လိုအပ်သည်။ ဘုရားသခင်နှင့်သက်ဆိုင်သော ဤအသိပညာသည် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် ရှိရမည့် ရူပါရုံဖြစ်သည်၊ ယင်းမှာ လူသား၏ ဘုရားသခင်၌ ယုံကြည်မှု အခြေခံအကြောင်းရင်း ဖြစ်သည်။ ဤအသိပညာ ကင်းမဲ့ခြင်းဖြင့်၊ လူသား၏ ဘုရားသခင်၌ ယုံကြည်မှုသည် မရေရာသော အခြေအနေတစ်ခုတွင်၊ အနှစ်သာရ မဲ့သော သဘောတရားအလယ်တွင် တည်ရှိပေမည်။ ဘုရားသခင် နောက်သို့လိုက်ရန်မှာ ဤသို့သောလူများ၏ ဆုံးဖြတ်ချက်ဖြစ်လျှင်ပင်၊ မည်သည့်အရာကိုမျှ ၎င်းတို့ ရရှိကြလိမ့်မည်မဟုတ်။ ဤရေစီးကြောင်းတွင် မည်သည့်အရာမျှ မရရှိသောသူအားလုံးသည် ပယ်ထုတ်ခံရမည့်သူများဖြစ်သည်- ၎င်းတို့အားလုံးသည် ကပ်ပါးရပ်ပါးများ ဖြစ်ကြ၏။ ဘုရားသခင်၏ အမှု၏ မည်သည့်အဆင့်ကို သင်တွေ့ကြုံရသည်ဖြစ်စေ၊ သင်သည် ကြီးမြတ်သော ရူပါရုံတစ်ခု ပါရှိသင့်သည်။ သို့မဟုတ်ပါက၊ ဘုရားသခင်၏ အမှုသစ်သည် လူ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်ပြီး လူသားအယူအဆ၏ ဘောင်အပြင်ဘက်တွင် တည်ရှိသောကြောင့်၊ အမှုသစ်၏ အဆင့်တစ်ခုစီကို လက်ခံရန် သင့်အတွက်ခက်ခဲပါလိမ့်မည်။ ထို့ကြောင့် လူကို စောင့်ရှောက်ရန် သိုးထိန်းတစ်ဦး မရှိဘဲနှင့်၊ ရူပါရုံများနှင့်ပတ်သက်သည့် မိတ်သဟာယတွင် ပါဝင်မည့် သိုးထိန်းတစ်ဦး မရှိဘဲနှင့်၊ လူသည် ဤအမှုသစ်ကို လက်မခံနိုင်စွမ်း မရှိပေ။ အကယ်၍ လူသားသည် ရူပါရုံများကို မရရှိနိုင်ပါက၊ ဘုရားသခင်၏အမှုသစ်ကို မရရှိနိုင်ပေ၊ ပြီးလျှင် လူသားသည် ဘုရားသခင်၏အမှုသစ်ကို မနာခံနိုင်ပါက၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိပညာသည် အချည်းနှီးသဘော သက်ရောက်ပေမည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဆောင်ရွက်မီတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ အလိုတော်ကို နားလည်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိကျစွာ ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ်နိုင်ပေသည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေသောသူတိုင်း ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းရန်ကြိုးစားသော သူတိုင်းကြုံရမည့် ဖြစ်စဉ်လည်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းလာခြင်း ဖြစ်စဉ်သည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို သိကျွမ်းလာခြင်း ဖြစ်စဉ်ဖြစ်သည်။ ထို့ကြောင့် ရူပါရုံများကိုသိရှိခြင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝအား သိကျွမ်းခြင်းကိုသာ မရည်ညွှန်းဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုကိုသိကျွမ်းခြင်းတို့လည်း ပါဝင်ပေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ အလိုကို သိနားလည်လာကြပြီး၊ ဘုရားသခင်၏ အမှုမှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းတို့ကို သိကျွမ်းလာကြလေသည်။ ဘုရားသခင်၌ ယုံကြည်မှုသည် ဘုရားသခင်ကို သိကျွမ်းခြင်းအဖို့ ပထမခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို ဤကနဦးယုံကြည်ခြင်းမှ သူ့ကို အလေးနက်ဆုံး ယုံကြည်ခြင်းဆီသို့ တိုးတက်ခြင်းဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းဖြစ်စဉ်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်း ဖြစ်စဉ် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းအတွက် မဟုတ်ဘဲ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက်သာ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ သင်၏ယုံကြည်ခြင်းတွင် စစ်မှန်မှု မရှိသကဲ့သို့ သင်၏ ယုံကြည်ခြင်းသည် ဖြူစင်မလာနိုင်ပေ- ဤအရာနှင့်ပတ်သက်၍သံသယဖြစ်စရာမရှိပေ။ လူသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည့် ဖြစ်စဉ်အတွင်းတွင်၊ သူသည် ဘုရားသခင်ကို တဖြည်းဖြည်း သိကျွမ်းလာပါက၊ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ သူ၏ယုံကြည်မှုသည် တိုး၍ စစ်မှန်လာလိမ့်မည်။ ဤနည်းဖြင့်၊ လူသည် ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းတွင် အောင်မြင်မှုရရှိသောအခါတွင်၊ သူသည် ဘုရားသခင်ကို အပြည့်အဝ ရရှိသွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တော်တိုင် လုပ်ဆောင်ဖို့ ဒုတိယအကြိမ် လူ့ဇာတိခံယူရန် ထိုကဲ့သို့ အပတ်တကုပ် ကြိုးစားရခြင်း အကြောင်းရင်းမှာ လူသားသည် သူ့ကိုသိကျွမ်းလာနိုင်ဖို့နှင့် သူ့ကို တွေ့မြင်လာနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းက သည် ဘုရားသခင့်အမှု၏နိဂုံးတွင် ရရှိရမည့် နောက်ဆုံးအကျိုးတရား ဖြစ်သည်။ ယင်းသည် ဘုရားသခင် အနေဖြင့် လူသားမျိုးနွယ်ကို ပြုလုပ်သည့် နောက်ဆုံးသတ်မှတ်ချက် ဖြစ်သည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ရသည့် အကြောင်းရင်းမှာ သူ၏နောက်ဆုံး သက်သေခံချက်အတွက်ဖြစ်သည်။ လူသားအနေဖြင့် နောက်ဆုံးတွင် သူ့ထံသို့ လုံးဝ ပြန်လှည့်နိုင်စေဖို့အလို့ငှာ၊ ဤအမှုကို သူပြုခြင်း ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ချစ်လာနိုင်ပြီး၊ ဘုရားသခင်ကို ချစ်ရန် သူသည် ဘုရားသခင်ကို သိကျွမ်းရမည် ဖြစ်သည်။ သူသည် မည်သို့ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကိုရရှိရန် ကြိုးစားသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိပညာကို ရရှိနိုင်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်ပေသည်။ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ရှိနိုင်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ သူသည် ဘုရားသခင်ကို အမှန်တကယ် ကြည်ညိုကာ နာခံနိုင်ပေသည်။ ဘုရားသခင်ကို မသိသော သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာနာခံခြင်းနှင့် ကြည်ညိုခြင်းသို့ မည်သည့်အခါမျှ ရောက်ရှိမည်မဟုတ်ပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းတွင် သူ၏စိတ်သဘောထားကိုသိခြင်း၊ သူ၏အလိုကို နားလည်ခြင်းနှင့် သူ၏ဖြစ်ခြင်းကိုသိခြင်းတို့ ပါဝင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် မည်သည့်ရှုထောင့်ကို သိရှိလာသည်ဖြစ်စေ၊ ရှုထောင့်အသီးသီးသည် လူတို့အနေဖြင့် အဖိုးအခပေးရန် လိုအပ်ပြီး၊ နာခံရန် အလိုဆန္ဒ လိုအပ်ပေသည်၊ ထိုအရာမပါဘဲနှင့် မည်သူမျှ အဆုံးထိ ဆက်လက်လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် အလွန် သဟဇာတ မဖြစ်ပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ဖြစ်ခြင်းတို့သည် လူသားအတွက် သိရှိရန် အလွန်ခက်ခဲပြီး၊ ဘုရားသခင် ပြောဆိုကာ လုပ်ဆောင်သော အရာရာတိုင်းသည် လူသားအတွက် အလွန်နားမလည်နိုင်သောအရာ ဖြစ်သည်။ လူသား ဘုရားသခင်နောက်သို့ လိုက်ရန် ဆန္ဒရှိသော်လည်း၊ သူ့ကို နာခံရန် လိုလားခြင်းမရှိပါက၊ လူသည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ပေ။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ယနေ့အထိ၊ ဘုရားသခင်သည် လူသားအဖို့ နားမလည်နိုင်သကဲ့သို့၊ လူသားက လက်ခံရန် ခက်ခဲသော အမှုများစွာကို လုပ်ဆောင်ပြီးဖြစ်ကာ၊ လူသား၏အယူအဆများကို နိဂုံးချုပ်ရန် ခက်ခဲစေသည့် အရာများစွာကို ဘုရားသခင် ပြောဆိုပြီးဖြစ်သည်။ သို့သော် လူတို့၏ များလှစွာသော အခက်အခဲများရှိခြင်းကြောင့်၊ ဘုရားသခင်သည် သူ၏အမှုကို မည်သည့်အခါတွင်မျှ ရပ်စဲခြင်းမရှိလေပြီ။ ယင်းထက်၊ သူသည် အမှုပြုခြင်းနှင့် စကားပြောဆိုခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပြီးဖြစ်ကာ၊ မြောက်မြားလှစွာသော “စစ်သည်တော်များ” သည် လမ်းဘေးတွင် လဲကျကြပြီးဖြစ်သော်လည်း၊ သူသည် သူ၏အမှုကို လုပ်ဆောင်လျက်ရှိနေဆဲဖြစ်ပြီး၊ သူ၏အမှုသစ်ကို ကျိုးနွံနာခံရန် ဆန္ဒရှိသည့် လူတစ်စုပြီးတစ်စုကို နားချိန်မရှိဘဲ၊ ဆက်လက် ရွေးချယ်နေဆဲဖြစ်သည်။ သူသည် ကျရှုံးသွားသော “သူရဲကောင်းများ” အတွက် သနားခြင်းမရှိပေ၊ ယင်းအစား သူ၏အမှုသစ်နှင့် နှုတ်ကပတ်တော်များကို လက်ခံသောသူများအား တန်ဖိုးထား လေသည်။ သို့ရာတွင် သူသည် မည်သည့်ရည်ရွယ်ချက်အတွက် ဤနည်းဖြင့် အမှုကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့် သူသည် လူအချို့ကို အမြဲပယ်ထုတ်ပြီး အခြားသူတို့ကို ရွေးချယ်နေပါသနည်း။ အဘယ်ကြောင့် သူသည် ထိုသို့သော နည်းလမ်းတစ်ခုကို အမြဲတမ်းအသုံးပြုသနည်း။ သူ့အမှု၏ ရည်ရွယ်ချက်မှာ လူသားက သူ့ကိုသိကျွမ်းစေရန်နှင့် ထိုသို့ဖြင့် သူ့၏ ရယူခြင်းခံရစေရန်ဖြစ်သည်။ သူ့အမှု၏ အခြေခံသဘောတရားမှာ ယနေ့သူလုပ်ဆောင်သောအမှုကို ကျိုးနွံနာခံနိုင်သော သူများအပေါ်တွင် အမှုပြုရန်ဖြစ်ပြီး၊ ယခင်က သူလုပ်ဆောင်ခဲ့သော အမှုကို နာခံသောသူ များလင့်ကစား ယနေ့သူလုပ်ဆောင်သော အမှုကို ဆန့်ကျင်သောသူတို့အပေါ် အမှုပြုရန် မဟုတ်ပေ။ ဤတွင် များလှစွာသော လူတို့ကို သူပယ်ထုတ်နေခဲ့သည့် အကြောင်းရင်း တည်ရှိပေသည်။

ဘုရားသခင်ကိုသိကျွမ်းလာခြင်း သင်ခန်းစာ၏ အကျိုးတရားများကို တစ်ရက် သို့မဟုတ် နှစ်ရက်ဖြင့် မရရှိနိုင်ပေ။ လူသားအနေဖြင့် အတွေ့အကြုံများကို စုဆောင်းရမည်၊ ဆင်းရဲဒုက္ခကို ကြုံရမည်ဖြစ်ပြီး၊ စစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိရမည်။ ပထမဦးဆုံးအနေဖြင့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များမှ စတင်လော့။ ဘုရားသခင်နှင့် ပတ်သက်သော အသိပညာတွင် မည်သည့်အရာ ပါဝင်သည်၊ ဤအသိပညာကို မည်သို့ရရှိနိုင်မည် ဆိုသည်နှင့် သင်၏အတွေ့အကြုံများထဲတွင် ဘုရားသခင်ကို မည်သို့တွေ့မြင်ရမည်တို့ကို သင့်အနေဖြင့် နားလည်ရန်မှာ အလွန်အရေးကြီးသည်။ ဤသည်မှာ ဘုရားသခင်ကို မသိသေးသည့် အချိန်တွင် အယောက်တိုင်းလုပ်ဆောင်ရမည့် အရာဖြစ်သည်။ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များကို မည်သူမျှ တစ်ချက်တည်းဖြင့် သဘောမပေါက်နိုင်သကဲ့သို့၊ ဘုရားသခင်၏ အလုံးစုံနှင့် ပတ်သက်သော အသိပညာကို အချိန်တိုတစ်ခုအတွင်း မည်သူမျှမရရှိနိုင်ပေ။ လိုအပ်သည့် အတွေ့အကြုံဖြစ်စဉ်တစ်ခုရှိပြီး၊ ယင်းမပါဘဲနှင့် မည်သူမျှ ဘုရားသခင်ကို သိကျွမ်းနိုင်မည်မဟုတ်၊ သို့မဟုတ် စိတ်ရင်းအမှန်ဖြင့် သူ့နောက်လိုက်နိုင်မည် မဟုတ်ပေ။ သာ၍ များသော အမှုကို ဘုရားသခင် လုပ်ဆောင်လေ၊ သူ့ကို လူသားက သာ၍သိလေဖြစ်သည်။ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် သာ၍ကွဲလွဲမှုရှိလေ၊ ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည် သာ၍အသစ်ပြုပြင်ခံရကာ သာ၍လေးနက်လေဖြစ်သည်။ အကယ်၍ ဘုရားသခင်၏အမှုသည် အစဉ်အမြဲ တစ်သမတ်တည်းဖြစ်ပြီး မပြောင်းလဲဘဲရှိနေပါက၊ လူသား၏ ဘုရားသခင်နှင့်ပတ်သက်သော အသိပညာမှာ သိပ်ရှိမည် မဟုတ်ပေ။ ဖန်ဆင်းခြင်း အချိန်ကာလနှင့် မျက်မှောက်ကာလကြားတွင် ပညတ်တော်ခေတ်အတွင်း ဘုရားသခင်ပြုခဲ့သော အရာ၊ ကျေးဇူးတော်ခေတ်အတွင်း သူပြုခဲ့သောအရာနှင့် နိုင်ငံတော်ခေတ် အတွင်း သူပြုသည့်အရာ- ဤရူပါရုံများအကြောင်းကို သင်တို့အနေဖြင့် ရှင်းလင်းပြတ်သားရမည်။ သင်တို့သည် ဘုရားသခင်၏အမှုကို သိရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဘုရားသခင်ကိုသိကျွမ်းခြင်းအမှု။”


ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၁၉)

လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည်၊ မိမိကိုယ်ကိုယ် သိရှိလာသည်၊ သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်စေပြီး၊ အသက်တာ၌ ကြီးထွားခြင်းကို ရှာဖွေလေသည်၊ အားလုံးမှာ ဘုရားသခင်ကို သိကျွမ်းခြင်းအတွက် ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် သိရှိရန်နှင့် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ဖြေရှင်းရန်သာ ကြိုးစားသော်လည်း၊ လူသားအပေါ် မည်သည့်အမှု ဘုရားသခင် လုပ်ဆောင်သည်၊ သူ၏ကယ်တင်ခြင်း မည်မျှကြီးမြတ်သည်၊ သို့မဟုတ် ဘုရားသခင်၏အမှုကို သင်မည်ကဲ့သို့တွေ့ကြုံပြီး သူ၏ လုပ်ဆောင်ချက်များကို သက်သေခံခဲ့သည်ဆိုသည်တို့နှင့် သက်ဆိုင်သည့် အသိပညာမရှိပါက၊ သင်၏ ဤအတွေ့အကြုံသည် အကျိုးမရှိပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ကြံ့ကြံ့ခံနိုင်သောကြောင့်မျှသာ သူ၏အသက်တာသည် ရင့်ကျက်မှုကို ရရှိပြီဟု သင်ထင်မြင်ပါက၊ ဤသည်မှာ သင့်အနေဖြင့် ဘဝ၏ စစ်မှန်သော အဓိပ္ပာယ်၊ သို့မဟုတ် လူသားကို စုံလင်စေခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သဘောမပေါက်သေးဟု ဆိုလိုပေသည်။ တစ်နေ့တွင်၊ သင်သည် ဘာသာရေး အသင်းတော်များ၌ ရှိသည့်အခါ၊ နောင်တအသင်းတော် သို့မဟုတ် အသက်အသင်းတော်မှ အသင်းဝင်များအလယ် ရှိနေချိန်တွင် မိမိတို့၏ ဆုတောင်းချက်များ၌ “ရူပါရုံ” ပါရှိသူနှင့် မိမိတို့အသက်တာ လိုက်စားရှာဖွေမှုတွင် တို့ထိမှုခံစားရပြီး နှုတ်ကပတ်တော်များ၏ လမ်းပြမှု ခံရသည့် ဘာသာရေးအလွန် ကိုင်းရှိုင်းသည့် လူများစွာကို အမှတ်မထင် တွေ့ရလိမ့်မည်ဖြစ်သည်။ ထို့အပြင် ကိစ္စများစွာတွင် ၎င်းတို့သည် သည်းခံနိုင်ကြပြီး၊ မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ကာ ဇာတိပကတိ၏ ဦးဆောင်မှုကိုမခံရဘဲ ရှိနိုင်ကြသည်။ ထိုအချိန်တွင်၊ သင်သည် ခြားနားမှုကို ပြောနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းသည် မှန်သည်၊ အသက်တာ၏ သဘာဝအလျောက် ဖော်ပြချက်ဖြစ်ကာ ၎င်းတို့ယုံကြည်သော နာမသည် မှားယွင်းနေသည်မှာ အလွန်နှမြောစရာ ကောင်းသည်ဟု သင်ထင်လိမ့်မည်။ ထိုသို့သော အမြင်များသည် မိုက်မဲသည် မဟုတ်လော။ များစွာသော လူတို့သည် အသက်မရှိဟု အဘယ်ကြောင့် ဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်ဖြစ်ပြီး၊ ဤအကြောင်းကြောင့် ၎င်းတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်မရှိသကဲ့သို့ အသက်မရှိဟု ဆိုရခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်၌ သင်၏ယုံကြည်မှုသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏စစ်မှန်မှုနှင့် ဘုရားသခင့် အမှု၏အဆင့်တိုင်းကို စေ့စပ်စွာ သင် သိရှိနိုင်စွမ်းရှိသည့် အဆင့်တစ်ခုသို့ ရောက်ရှိပြီးဖြစ်ပါက၊ သင်သည် သမ္မာတရားကို ပိုင်ဆိုင်ထားပေသည်။ အကယ်၍ သင်သည် ဘုရားသခင်၏အမှုနှင့် စိတ်သဘောထားကိုမသိပါက၊ သင်၏ အတွေ့အကြုံတွင် တစ်စုံတစ်ခု လိုနေဆဲဖြစ်သည်။ သူ၏အမှုနှင့် သက်ဆိုင်သည့် ထိုအဆင့်ကို ယေရှု မည်သို့ ဆောင်ရွက်ခဲ့သည်၊ ဤအဆင့်ကို မည်သို့ဆောင်ရွက်ထားသည်၊ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် သူ၏အမှုကို မည်သို့ လုပ်ဆောင်ခဲ့ပြီး မည်သည့်အမှုကို လုပ်ဆောင်ခဲ့သည်၊ ဤအဆင့်တွင် မည်သည့်အမှုကို လုပ်ဆောင်လျက်ရှိသည်- ဤအရာများနှင့် သက်ဆိုင်သည့် စေ့စပ်သေချာသော အသိပညာ သင်မရှိပါက၊ သင့်အနေဖြင့် စိတ်ချသေချာမှုကို မည်သည့်အခါမျှ ခံစားရလိမ့်မည် မဟုတ်သကဲ့သို့၊ အမြဲ လိပ်ပြာမလုံ ရှိပေလိမ့်မည်။ အကယ်၍ တွေ့ကြုံရသည့်ကာလတစ်ခုပြီးနောက်တွင်၊ သင်သည် ဘုရားသခင် လုပ်ဆောင်သောအမှုနှင့် သူ့အမှု၏အဆင့်တိုင်းကို သိရှိနိုင်ပါက၊ ပြီးလျှင် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူပြောဆိုခဲ့သည့် အလွန်များလှစွာသော နှုတ်ကပတ်တော်များ မပြည့်စုံရသေးသည့်အကြောင်းရင်းနှင့် သက်ဆိုင်သည့် နှံ့စပ်သည့် အသိပညာကို သင် ရရှိပြီးဖြစ်ပါက၊ သင်သည် စိုးရိမ်မှုနှင့် စစ်ဆေးခြင်းသို့ ကင်းလွတ်လျက်၊ ရှေ့ဆက်လမ်းကို ရဲဝံ့စွာနှင့် တွန့်ဆုတ်ခြင်းမရှိဘဲ လိုက်စားရှာဖွေ နိုင်ပေသည်။ ဘုရားသခင်က သူ၏အမှုများစွာကို မည်သည့်နည်းဖြင့် စွမ်းဆောင်ရရှိခဲ့သည်ကို သင်တို့မြင်တွေ့သင့်သည်။ သူသည် လူကို စစ်ဆေးရင်းနှင့် လူ၏ အယူအဆများကို မတူကွဲပြားသည့် အမျိုးမျိုးသော နှုတ်ကပတ်တော်များစွာဖြင့် အသွင်ပြောင်းလဲစေရင်း၊ သူပြောဆိုသော နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။ သင်တို့ သည်းခံပြီးဖြစ်သော ဆင်းရဲဒုက္ခအားလုံး၊ သင်တို့ကြုံရပြီးဖြစ်သည့် စစ်ဆေးခြင်းအားလုံး၊ သင်တို့အတွင်း၌ သင်တို့လက်ခံကြပြီးဖြစ်သော ကိုင်တွယ်ဖြေရှင်းခြင်း၊ သင်တို့ကြုံတွေ့ရပြီးဖြစ်သော ဉာဏ်အလင်းပေးခြင်း- ဤအရာအားလုံးကို ဘုရားသခင် ပြောဆိုပြီးဖြစ်သော နှုတ်ကပတ်တော်များအားဖြင့် စွမ်းဆောင် ရရှိပြီးဖြစ်ပေသည်။ မည်သည့်အကြောင်းကြောင့် လူသည် ဘုရားသခင် နောက်လိုက်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် သူလိုက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်အမင်း နက်နဲလှသည့်အပြင်၊ လူသား၏နှလုံးသားကို တို့ထိနိုင်သည်၊ ထိုနှလုံးသားအတွင်းရှိ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသောအရာများကို ထုတ်ဖော်ပြနိုင်သည်၊ အတိတ်က ဖြစ်ပျက်ခဲ့သောအရာများကို သူ့အား သိရှိစေနိုင်ပြီး၊ အနာဂတ်ထဲသို့ သူ့ကို ချဉ်းနင်းဝင်ရောက်ခွင့်ပေးလေသည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကြောင့် ဒုက္ခဆင်းရဲကို သည်းခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စုံလင်စေခြင်းလည်း ခံရပေသည်။ ဤအချိန်မှသာ လူသည် ဘုရားသခင် နောက်သို့ လိုက်ခြင်းဖြစ်သည်။ ဤအဆင့်တွင် လူသားအနေဖြင့် လုပ်ဆောင်သင့်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန်ဖြစ်ပြီး၊ သူ့အနေဖြင့် စုံလင်စေခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် စစ်ဆေးခြင်း ခံရသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အဓိက သော့ချက်ဖြစ်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုဖြစ်သကဲ့သို့ လူသားအနေဖြင့် ယနေ့သိသင့်သည့် ရူပါရုံလည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

အရှေ့သို့- အသက်အတွင်း ဝင်ရောက်မှု (၃)

နောက်တစ်ခုသို့- အသက်အတွင်း ဝင်ရောက်မှု (၅)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။