အသက်အတွင်း ဝင်ရောက်မှု (၅)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၂၀)

ယေရှုနောက်လိုက်သည့် အချိန်အတောအတွင်းတွင်၊ ကိုယ်တော်နှင့်ပတ်သက်သည့် အယူအဆများစွာ ပေတရု ဖြစ်ပေါ်ခဲ့ပြီး မိမိ၏ ကိုယ်ပိုင်ရှုထောင့်အမြင်မှနေ၍ သူ့ကို အမြဲ ဝေဖန်မိခဲ့သည်။ ပေတရုသည် ဝိညာဉ်တော်နှင့် သက်ဆိုင်၍ သိနားလည်မှု အတိုင်းအတာတစ်ခု ရှိသော်လည်း သူ၏ သိနားလည်မှုက အနည်းငယ် မရှင်းမလင်းဖြစ်လေသည်၊ ထို့ကြောင့် သူက၊ “ကောင်းကင်ဘုံ အဖက စေလွှတ်သော သူနောက် ကျွန်ုပ် လိုက်ရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော် ရွေးချယ်သောသူကို ကျွန်ုပ် အသိအမှတ်ပြုရပါမည်။” ဟု ပြောခြင်း ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အရာများကို သူ နားမလည်ခဲ့သကဲ့သို့ ၎င်းတို့နှင့် ပတ်သက်၍ ရှင်းလင်းမှု မရှိခဲ့ချေ။ ကိုယ်တော့်နောက် အချိန်အတန်ကြာ လိုက်ပြီးနောက်တွင်၊ ကိုယ်တော် လုပ်ဆောင်ခဲ့သည့်အရာ၊ ပြောခဲ့သည့်အရာနှင့် ယေရှုကိုယ်တိုင်ကို ပေတရုက စိတ်ဝင်စားမှုတိုးလာခဲ့သည်။ ယေရှုက ချစ်ခင်မှုနှင့် လေးစားမှု နှစ်ခုလုံးကို ဖြစ်စေသည်ဟု သူ ခံစားလာခဲ့ရသည်။ ကိုယ်တော်နှင့်အတူ သူ ပေါင်းဖော်ရန်နှင့် သူ့ထံပါးတွင် နေဖို့ နှစ်သက်ခဲ့ပြီး ယေရှု၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းက သူ့ကို အထောက်အပံ့နှင့် အကူအညီပေးခဲ့သည်။ ယေရှုနောက် သူလိုက်ခဲ့သည့်အချိန်အတွင်းတွင်၊ သူ၏ လုပ်ရပ်များ၊ နှုတ်ကပတ်တော်များ၊ လှုပ်ရှားမှုများနှင့် မျက်နှာအမူအရာများ ဖြစ်သည့် ကိုယ်တော့် အသက်တာ၊ နှင့်ပတ်သက်သော အရာတိုင်းကို ပေတရုက လေ့လာပြီး နှလုံးသွင်းခဲ့သည်။ ယေရှုက သာမန်လူများကဲ့သို့ မဟုတ်ခဲ့ကြောင်းကို နက်ရှိုင်းသော နားလည်မှုတစ်ရပ် သူရရှိခဲ့သည်။ သူ၏ လူသား ပုံပန်းက အလွန်အမင်း သာမန်ဖြစ်ခဲ့သော်လည်း သူသည် လူသားအတွက် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်ခဲ့ပေသည်။ သူလုပ်ဆောင်ခဲ့သည့်အရာတိုင်း သို့မဟုတ် ပြောဆိုခဲ့သည့်အရာတိုင်းက အခြားသူအတွက် ကြီးမားသော အထောက်အကူဖြစ်ခဲ့ပြီး ပေတရုသည် ယခင်က သူ တစ်ခါမျှ မမြင်ဖူးခဲ့သကဲ့သို့ မပိုင်ဆိုင်ဖူးခဲ့သော အရာများကို ယေရှုထံမှ မြင်တွေ့ကာ ရရှိခဲ့သည်။ ယေရှုက ထည်ဝါခံ့ညားသော အရပ်အမောင်းဖြစ်စေ ပုံမှန်မဟုတ်သော လူသားသဘာဝ တစ်ခုတစ်လေဖြစ်စေ မရှိခဲ့သော်လည်း၊ သူနှင့်ပတ်သက်၍ အမှန်ပင် သာမန်ထက်ထူးကဲပြီး ရှားပါးသော ဟန်ပန်တစ်ခု ရှိခဲ့ပေသည်။ ယင်းကို ပေတရုက အပြည့်အစုံ မရှင်းပြနိုင်သော်လည်း၊ ယေရှုက အခြားလူတိုင်းနှင့် မတူကွဲပြားစွာ ပြုမူခဲ့သည်ကို သူ မြင်နိုင်ခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ယေရှုလုပ်ဆောင်ခဲ့သည့်အရာများသည် သာမန်လူတို့ လုပ်ဆောင်သည့်အရာများနှင့် အလွန်ကွဲပြားသောကြောင့် ဖြစ်သည်။ ယေရှုနှင့် သူထိတွေ့ဆက်ဆံရသည့် အချိန်များမှ၊ ပေတရုက ယေရှု၏ အကျင့်စရိုက်သည် သာမန်လူတစ်ဦး၏ အကျင့်စရိုက်မှ ကွဲပြားသည်ကိုလည်း မြင်တွေ့ခဲ့သည်။ ကိုယ်တော်သည် တည်ကြည်စွာ အမြဲ ပြုမူခဲ့ပြီး ဘယ်သောအခါမျှ အလျင်စလိုမဖြစ်၊ အကြောင်းအရာတစ်ခုကို ဘယ်သောအခါမျှ ချဲ့ကားပြောဆိုခြင်း မရှိသကဲ့သို့ အရေးမကြီးလေဟန် မလုပ်ခဲ့ပေ၊ ပြီးလျှင် သူသည် သူ၏အသက်တာကို သာမန်ဘဝရော ကြည်ညိုဖွယ်ဖြစ်သည့် အဖြစ်ပါ ဖော်ပြသည့် ပုံစံတစ်ခုဖြင့် သူ့ဘဝကို ပြုမူနေထိုင်ခဲ့သည်။ စကားစမြည်ပြောဆိုရာတွင်၊ ယေရှုသည် ရွှင်ပျသည့်တိုင် တည်ငြိမ်အေးချမ်းသော ပုံစံတစ်ခုဖြင့် အမြဲဆက်ဆံရင်း၊ ပွင့်ပွင့်လင်းလင်းနှင့် ချေငံစွာ စကားပြောခဲ့လေသည်၊ သို့တိုင် သူ၏ အမှုဆောင်ရွက်နေစဉ်တွင် သူ၏ ဂုဏ်သိက္ခာကို ဘယ်သောအခါမျှ သူ မဆုံးရှုံးခဲ့ပေ။ ယေရှုက တစ်ခါတစ်ရံ စကားနည်းသော်လည်း အခြားအချိန်များတွင် မရပ်မနားပြောခဲ့သည်ကို ပေတရု မြင်ခဲ့သည်။ တစ်ခါတစ်ရံ သူ အလွန်ပျော်ရွှင်ခဲ့သည်မှာ မြူးထူးပြီး ဆော့ကစားနေသော ချိုးငှက်အလား ထင်ရပြီး အခြားအချိန်များတွင် သူ အလွန်ဝမ်းနည်းသည်မှာ ခြေကုန်လက်ပန်းကျကာ မောပန်းနွမ်းနယ်သော မိခင်တစ်ဦးအလား ဝမ်းနည်းပူဆွေးမှုဖြင့် ဆို့နင့်နေပုံရလျက် လုံးဝ စကားမပြောခဲ့ပေ။ တစ်ခါတစ်ရံတွင် သူသည် ရန်သူတစ်ဦးကို သတ်ဖြတ်ရန် တစ်ဟုန်ထိုး ဝင်၍တိုက်ခိုက်နေသည့် ရဲရင့်သော စစ်သားတစ်ဦးအလား ဒေါသဖြင့် ပြည့်လေသည်၊ သို့မဟုတ် တစ်ချို့အချိန်များတွင် သူသည် ဟိန်းဟောက်နေသည့် ခြင်္သေ့ တစ်ကောင်နှင့်ပင် ဆင်တူလေသည်။ တစ်ခါတစ်ရံ သူ ရယ်မောခဲ့သည်၊ အခြားအချိန်များတွင် သူ ဆုတောင်းပြီး ငိုကြွေးခဲ့သည်။ ယေရှု အဘယ်သို့ ပြုမူပါစေ၊ ပေတရုသည် သူ့အတွက် အကန့်အသတ်မဲ့ ချစ်ခြင်းနှင့် လေးစားခြင်းတို့ တိုးပွားလာခဲ့သည်။ ယေရှု၏ ရယ်မောခြင်းက သူ့ကို ပျော်ရွှင်ခြင်းဖြင့် ပြည့်စေခဲ့သည်၊ ကိုယ်တော်၏ ဝမ်းနည်းခြင်းက သူ့ကို ပူဆွေးမှုထဲသို့ ထိုးဆင်းစေခဲ့သည်၊ ကိုယ်တော်၏ အမျက်ဒေါသက သူ့ကို ထိတ်လန့်စေသော်လည်း၊ ကိုယ်တော်၏ ကရုဏာ၊ ခွင့်လွှတ်ခြင်းနှင့် လူတို့အပေါ် ကိုယ်တော်ပြုသည့် တင်းကျပ်သော တောင်းဆိုမှုများက သူ့ကို ယေရှုအား အမှန်ချစ်လာစေပြီး ကိုယ်တော့်ကို စစ်မှန်သော ကြည်ညိုခြင်းနှင့် တောင့်တခြင်းတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။ ဟုတ်ပေ၏၊ နှစ်များစွာ ယေရှုနှင့်အတူ အသက်ရှင်ပြီးမှ ဤအရာအားလုံးကို ပေတရု တဖြည်းဖြည်း နားလည်လာခဲ့ခြင်း ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၂၁)

သူ၏ခန္ဓာ လုံးဝ ပြိုကွဲပျက်စီးလုနီး ဖြစ်ခဲ့ချိန်တွင် ပေတရု၏ အတွေ့အကြုံများထဲ၌ အထွတ်အထိပ်အခြေအနေတစ်ခု ရှိခဲ့သည်၊ သို့သော် ယေရှုက သူ့ကို အတွင်းမှ ခွန်အားပေးဆဲ ဖြစ်သည်။ တစ်ကြိမ်တွင်၊ ပေတရုထံ ယေရှု ပေါ်လာခဲ့သည်။ ပေတရုသည် ကြီးမားသော ဆင်းရဲဒုက္ခကို ခံခဲ့ရပြီး သူ၏ နှလုံးသား ကွဲကြေသည်ကို ခံစားခဲ့ရချိန်တွင်၊ ယေရှုက- “သင်သည် ကမ္ဘာမြေပေါ်တွင် ငါနှင့်အတူ ရှိခဲ့ပြီး၊ ငါသည် ဤနေရာတွင် သင်နှင့်အတူ ရှိခဲ့၏။ ကောင်းကင်ဘုံ၌ ငါတို့အတူ မရှိမီဖြစ်ခဲ့သော်လည်း၊ တကယ်တမ်းမူ ယင်းသည် ဝိညာဉ်လောကနှင့်ဆိုင်သည်။ ယခု ငါသည် ဝိညာဉ်လောကသို့ ပြန်ပို့ခံရပြီး သင်သည် ကမ္ဘာမြေပေါ်တွင် ရှိ၏၊ အဘယ်ကြောင့်ဆိုသော် ငါသည် ကမ္ဘာမြေနှင့် မသက်ဆိုင်၊ သင်သည်လည်း ကမ္ဘာမြေနှင့် မသက်ဆိုင်သော်လည်း ကမ္ဘာမြေပေါ်တွင် သင်၏ လုပ်ငန်းတာဝန်ကို သင်ဖြည့်ဆည်း ရပေမည်။ သင်သည် အစေခံတစ်ဦး ဖြစ်သည့်အားလျော်စွာ၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်” ဟု သူ့ကို ညွှန်ကြားခဲ့သည်။ ဘုရားသခင်၏ ထံပါးသို့ သူ ပြန်သွားနိုင်မည်ကို ကြားရခြင်းက ပေတရုကို နှစ်သိမ့်မှုပေးခဲ့သည်။ ထိုအချိန်တွင်၊ ပေတရုသည် အင်မတန် မချိတင်ကဲဝေဒနာခံစားရသည်မှာ အိပ်ရာမှမထနိုင်သည် အထိ ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ သူသည်၊ “ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်မှု မပေးနိုင်သည်အထိ ကျွန်ုပ် အလွန် ဖောက်ပြန်ပျက်စီးသည်” ဟု ပြောသည့်အခြေအနေထိ နောင်တရ ခဲ့သည်။ သူ့ထံ ယေရှု ပေါ်လာပြီး- “ပေတရု၊ တစ်ခါက ငါ့ရှေ့တွင် သင် ပြုခဲ့သည့် သန္နိဋ္ဌာန်ကို သင် မေ့လျော့ပြီးဖြစ်နိုင်မည်လော။ ငါ ပြောခဲ့သည့် အရာအားလုံးကို သင် အမှန်တကယ် မေ့လျော့ပြီလော။ ငါ့ထံ သင်ပြုခဲ့သည့် သန္နိဋ္ဌာန်ကို သင် မေ့လျော့ပြီလော” ဟု ပြောခဲ့သည်။ ယေရှုဖြစ်ကြောင်းကို မြင်သည့်အခါ၊ ပေတရုသည် မိမိ၏အိပ်ရာမှထပြီး ယေရှုက ဤကဲ့သို့ သူ့ကို နှစ်သိမ့်ခဲ့သည်- “ငါသည် ကမ္ဘာမြေနှင့်မဆိုင်၊ သင့်ကို ငါ ပြောနှင့်ပြီးဖြစ်သည်- ဤအရာကို သင် နားလည်ရမည်၊ သို့သော် သင့်ကို ငါ ပြောခဲ့သည့် အခြားတစ်စုံတစ်ရာကို သင် မေ့လျော့ပြီလော။ ‘သင်သည်လည်း ကမ္ဘာမြေနှင့် မဆိုင်၊ လောကနှင့် မဆိုင်။’ ယခုအချိန်တွင် သင် လုပ်ဆောင်ဖို့လိုအပ်သည့် အလုပ် ရှိသည်။ ဤသို့ သင် ဝမ်းနည်းကြေကွဲ၍ မဖြစ်။ ဤသို့ သင် ဆင်းရဲဒုက္ခခံ၍ မဖြစ်ပေ။ လူနှင့် ဘုရားသခင်သည် ကမ္ဘာတစ်ခုတည်းတွင် အတူမတည်ရှိနိုင်သော်လည်း၊ ငါ၌ ငါ၏ အလုပ်ရှိပြီး သင်၌ သင်၏ အလုပ်ရှိ၏၊ တစ်နေ့ သင်၏ အလုပ်ပြီးစီးသည့်အချိန်တွင် ငါတို့သည် လောကတစ်ခုတွင် အတူတကွ ရှိကြလိမ့်မည်ဖြစ်ပြီး၊ ငါနှင့်အတူ သင်အစဉ်ထာဝရရှိစေဖို့ သင့်ကို ငါ ဦးဆောင်လမ်းပြမည်။” ဤအရာကို ကြားပြီးနောက်တွင် ပေတရုသည် နှစ်သိမ့်မှုရခဲ့ပြီး ပူပန်သောကပြေပျောက်ခဲ့သည်။ ဤဆင်းရဲဒုက္ခမှာ သူ သည်းခံပြီး တွေ့ကြုံရမည့် အရာတစ်ခုဖြစ်သည်ကို သူ သိခဲ့ပြီး ထိုအချိန်မှစ၍၊ စေ့ဆော်မှု သူခံစားခဲ့ရသည်။ ယေရှုသည် သူ့ကို အထူးဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ပေးလျက် အဓိကကျသည့် အခိုက်အတန့်တိုင်းတွင် သူ့ထံ အထူးသဖြင့် ပေါ်လာခဲ့ပြီး သူ့အပေါ် အမှုများစွာ ပြုခဲ့သည်။ မည်သည့်အရာကို ပေတရု နောင်တအရဆုံး ဖြစ်ခဲ့သနည်း။ “ကိုယ်တော်သည် ခရစ်တော်တည်း ဟူသော အသက်ရှင်တော်မူသည့် ဘုရားသခင်၏ သားတော်ဖြစ်ပါ၏” ဟု ပေတရုက ပြောပြီးသည့်နောက် မကြာမီတွင်၊ (ဤသို့ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားသော်လည်း) ယေရှုက နောက်ထပ်မေးခွန်းတစ်ခုကို ပေတရုအား မေးခဲ့သည်။ ယေရှုက သူ့ကို၊ “ပေတရု။ ငါ့ကို သင် ချစ်ဖူးသလော” ဟု မေးခဲ့သည်။ ကိုယ်တော် ဆိုလိုသည့်အရာကို ပေတရုက နားလည်ခဲ့ပြီး၊ “သခင် တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးသည်ကို ကျွန်ုပ် ဝန်ခံပါ၏” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို လူတို့သည် မချစ်ကြလျှင်၊ ကမ္ဘာမြေပေါ်ရှိ သားတော်ကို သူတို့ အဘယ်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ခမည်းတော်ဖြစ်သော ဘုရားသခင်က စေလွှတ်လိုက်သည့် သားတော်ကို မချစ်လျှင်၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို ၎င်းတို့ မည်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ကမ္ဘာမြေပေါ်ရှိ သားတော်ကို အမှန်ချစ်ကြလျှင်၊ ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို သူတို့ အမှန်ချစ်ကြပေသည်” ဟု ပြောခဲ့သည်။ ဤစကားများကို ပေတရု ကြားသည့်အခါ၊ သူ လိုအပ်နေခဲ့သည့် အရာကို သူ နားလည်ခဲ့သည်။ သူသည် “တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ဖခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးပါ” ဆိုသော သူ၏ စကားများနှင့်ပတ်သက်၍ မျက်ရည်များကျသည်အထိ သူ အမြဲ နောင်တရခဲ့သည်။ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ တက်ကြွခြင်း ပြီးနောက်တွင်၊ ဤစကားများအပေါ် သာ၍ပင် နောင်တရ၍ ဝမ်းနည်းကြေကွဲမှုကို သူခံစားခဲ့သည်။ အတိတ်က သူ၏ အလုပ်နှင့် သူ၏ မျက်မှောက် ဝိညာဉ်အသက်တာကို ပြန်အမှတ်ရလျက်၊ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းခဲ့ခြင်းနှင့် ဘုရားသခင်၏ စံနှုန်းများနှင့် မကိုက်ခဲ့ခြင်းကြောင့် နောင်တရ၍ အကြွေးတင်ရှိခြင်းကို အမြဲခံစားရရင်း ယေရှု၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် မကြာခဏ သူလာလေ့ရှိခဲ့သည်။ ဤပြဿနာများက သူ၏ အကြီးမားဆုံးသော ဝန်ထုပ်များ ဖြစ်လာခဲ့သည်။ သူက၊ “ကျွန်ုပ်၌ ရှိသမျှအရာအားလုံးနှင့် ကျွန်ုပ်၏ ဖြစ်တည်မှုအားလုံးကို ကိုယ်တော့်ထံ တစ်နေ့ ကျွန်ုပ်ဆက်ကပ်ပါမည်၊ ပြီးလျှင် အဖိုးအတန်ဆုံး မည်သည့်အရာကိုမဆို ကိုယ်တော့်အား ကျွန်ုပ် ပေးပါမည်” ဟု ပြောခဲ့သည်။ သူက၊ “ဘုရားသခင်။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ ဘဝသည် ဘာမျှထိုက်တန်ခြင်းမရှိပါ။ ကျွန်ုပ်ကိုယ်ခန္ဓာသည်လည်း ဘာမျှထိုက်ခြင်းမရှိပါ။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ကိုယ်တော်၌ ယုံကြည်ခြင်းရှိပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကိုယ်တော့်အတွက် ချစ်ခြင်းရှိပါ၏။ ဤအရာနှစ်ခုသာ ကျွန်ုပ် ကိုယ်တော့်ကို ပေးဖို့ရှိပြီး အခြားမည်သည့်အရာမျှ မရှိပါ” ဟု ပြောခဲ့သည်။ ယေရှု၏ စကားများအားဖြင့် ပေတရု အလွန်ခွန်အားရခဲ့သည်၊ အဘယ့်ကြောင့် ဆိုသော် ယေရှု ကားစင်တင်မခံရမီတွင်၊ ပေတရုကို သူက၊ “ငါသည် ဤလောကနှင့် မစပ်ဆိုင်၊ ပြီးလျှင် သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်ပေ” ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင်၊ ကြီးမားသည့် နာကျင်မှုကို ခံစားရသည့်အခြေအနေအထိ ပေတရုရောက်ရှိသည့်အချိန်တွင်၊ ယေရှုက သူ့ကို၊ “ပေတရု၊ သင် မေ့လျော့ပြီလော။ ငါသည် ဤလောကနှင့် စပ်ဆိုင်ခြင်းမရှိ၊ စောစီးစွာ ငါ ထွက်ခွာခဲ့သည်မှာ ငါ၏ အမှုအတွက်သာ ဖြစ်သည်။ သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်၊ သင် အမှန်တကယ် မေ့လျော့သွားပြီလော။ သင့်ကို ငါ နှစ်ကြိမ် ပြောပြီးဖြစ်သည်၊ သင် အမှတ်မရသလော” ဟု သတိရစေခဲ့သည်။ ဤအရာကို ကြားသည့်အခါ၊ ပေတရုက၊ “ကျွန်ုပ် မမေ့လျော့ပါ” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “တစ်ခါက သင်သည် ပျော်စရာအချိန်တစ်ခုနှင့် ငါ၏ ထံပါး၌ အချိန်ကာလတစ်ခုကို ငါနှင့်အတူ ကောင်းကင်ဘုံတွင် ကုန်ဆုံးခဲ့သည်။ သင် ငါ့ကို လွမ်းဆွတ်သတိရပြီး ငါ သင့်ကို လွမ်းဆွတ်မိသည်။ ငါ့အမြင်တွင် ဖန်ဆင်းခြင်းများက ဖော်ပြရန်မထိုက်သော်လည်း၊ အပြစ်ကင်းစင်ပြီး ချစ်ဖွယ်ကောင်းသူ တစ်ဦးကို ငါ အဘယ်သို့ မချစ်ဘဲ နေနိုင်မည်နည်း။ ငါ၏ ကတိကို သင် မေ့လျော့ပြီလော။ ကမ္ဘာမြေပေါ်တွင် ငါ၏ စေခိုင်းသည့် တာဝန်ကို သင် လက်ခံရမည်။ သင့်ကို ငါ အပ်ခဲ့သည့် အလုပ်ကို သင် ဖြည့်ဆည်းရမည်။ ငါ၏ ထံပါးတွင် ရှိဖို့ရန် တစ်နေ့ သင့်ကို ငါ ဧကန်မုချ ဦးဆောင်လမ်းပြမည်” ဟု ပြောခဲ့သည်။ ဤအရာကို ကြားပြီးနောက်တွင်၊ ပေတရုသည် သာ၍ပင် ခွန်အားရခဲ့ပြီး သာ၍ပင် ကြီးမားသော လှုံ့ဆော်မှုကို ရရှိခဲ့သည်မှာ ကားတိုင်ပေါ် သူရှိခဲ့ချိန်တွင်၊ “ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်ပါ။ ကျွန်ုပ်ကို သေဖို့ ကိုယ်တော်စေခိုင်းလျှင်ပင်၊ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်သေးပါ။ ကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော် မည်သည့်နေရာတွင် စေလွှတ်ပါစေ၊ ကိုယ်တော်၏ အတိတ်က ကတိများကို ကိုယ်တော် ပြည့်စုံစေသည်ဖြစ်စေ၊ မပြည့်စုံစေသည်ဖြစ်စေ၊ နောက်ပိုင်းတွင် ကိုယ်တော် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်ပါ၏” ဟု ပြောနိုင်ခဲ့လေသည်။ သူ ဆုပ်ကိုင်ခဲ့သည်မှာ သူ၏ ယုံကြည်ခြင်းနှင့် စစ်မှန်သော ချစ်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၂၂)

ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်လျှင် ယနေ့ လုပ်ဆောင်နေသည့် အမှုနှင့်ပတ်သက်၍ သင် သေချာလိမ့်မည်၊ ထို့ကြောင့် သင်သည် မငြီးငြူဘဲ၊ အပျက်သဘောမဆောင်ဘဲ၊ သို့မဟုတ် မည်သည့်အရာကိုမျှ တောင့်တ တော့မည်မဟုတ်။ ထိုအချိန်က ပေတရု၏ စိတ်နေစိတ်ထားကို သင် တွေ့ကြုံသင့်သည်။ သူသည် ဝမ်းနည်းမှု ဖိစီးနေခဲ့သည်။ အနာဂတ်တစ်ခု သို့မဟုတ် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ သူ မတောင်းဆိုခဲ့တော့ပေ။ အကျိုးအမြတ်၊ ပျော်ရွှင်ခြင်း၊ ကျော်ကြားမှု သို့မဟုတ် လောကထဲရှိ ပစ္စည်းဥစ္စာတို့ကို သူ မရှာဖွေခဲ့ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ဖို့နှင့် သူ လုံးဝအဖိုးတန်ဆုံးဟု ယူဆသည့် အရာကို ဘုရားသခင်အား ဆက်ကပ်ဖို့ဖြစ်သော အဓိပ္ပါယ်အရှိဆုံး အသက်တာကို အသက်ရှင်ဖို့သာ သူ ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူ၏ စိတ်နှလုံးထဲ၌ ကျေနပ်ခဲ့ရသည်။ သူက၊ “သခင်ယေရှုခရစ်တော်၊ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် ချစ်ခဲ့သော်လည်း ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ စစ်မှန်စွာမချစ်ခဲ့ပါ။ ကိုယ်တော့်၌ ကျွန်ုပ် ယုံကြည်ခြင်းရှိသည်ဟု ပြောခဲ့သော်လည်း၊ စစ်မှန်သော နှလုံးသားဖြင့် ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ မချစ်ခဲ့ပါ။ ကိုယ်တော့်ကို အထင်ကြီးရုံ ကြီးခဲ့သည်၊ ကြည်ညိုရုံကြည်ညိုခဲ့ပြီး ကိုယ်တော့်ကို လွမ်းဆွတ်ရုံသာ ဖြစ်ခဲ့သော်လည်း ကိုယ်တော့်ကို ဘယ်သောအခါမျှ မချစ်ခဲ့သကဲ့သို့ ကိုယ်တော်၌ ယုံကြည်ခြင်း စစ်မှန်စွာမရှိခဲ့ပါ” ဟူသော စကားများဖြင့် ယေရှုထံ မကြာခဏ ဆုတောင်းခဲ့သည်။ သူ သန္နိဋ္ဌာန်ချဖို့ရန် သူစဉ်ဆက်မပြတ် ဆုတောင်းခဲ့ပြီး သူသည် ယေရှု၏ နှုတ်ကပတ်တော်များအားဖြင့် အမြဲ ခွန်အားရခဲ့ကာ ၎င်းတို့မှ စိတ်လှုံ့ဆော်မှုကို ရယူခဲ့သည်။ နောက်ပိုင်းတွင်၊ အတွေ့အကြုံ ကာလတစ်ခု အပြီးနောက်၊ ယေရှုက သူ့ကို နောက်ထပ် တမ်းတဖို့ ဆွပေးရင်း ပေတရုကို စစ်ဆေးခဲ့သည်။ သူက၊ “သခင်ယေရှုခရစ်တော်။ ကိုယ်တော့်ကို ကျွန်ုပ် လွမ်းဆွတ်လှပြီး ကိုယ်တော့်ကို ဖူးမျှော်ဖို့ တောင့်တမိပါ၏။ ကျွန်ုပ် ချို့တဲ့လွန်းလှပြီး ကိုယ်တော်၏ ချစ်ခြင်းကို ထေမိစေရန် မပြုနိုင်ပါ။ မကြာမီ ကျွန်ုပ်ကို ခေါ်ဆောင်သွားဖို့ ကိုယ်တော့်ကို ကျွန်ုပ် အနူးအညွတ် တောင်းပန်ပါ၏။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ကိုယ်တော် လိုအပ်မည်နည်း။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ခေါ်ဆောင်သွားမည်နည်း။ ကိုယ်တော်၏ မျက်နှာကို မည်သည့်အချိန်တွင် ကျွန်ုပ် ဖူးမျှော်ရမည်နည်း။ ဤခန္ဓာကိုယ်၌ အသက်မရှင်လိုတော့ပါ၊ ဖောက်ပြန်ပျက်စီးသောသူ ဆက်ဖြစ်လာဖို့ ကျွန်ုပ် ဆန္ဒမရှိတော့သကဲ့သို့ ဆက်လက်၍ ပုန်ကန်ဖို့လည်း ကျွန်ုပ် ဆန္ဒမရှိပါ” ဟု ပြောခဲ့သည်။ ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ချက်ချင်းပင် ဆက်ကပ်ရန် အသင့်ရှိပါ၏၊ ကိုယ်တော့်ကို ဆက်လက်၍ ဝမ်းနည်းစေဖို့ ကျွန်ုပ် ဆန္ဒမရှိပါ။ ဤသည်မှာ သူ ဆုတောင်းသည့်ပုံဖြစ်သော်လည်း ယေရှုက သူ့အထဲတွင် မည်သည့်အရာ စုံလင်စေမည်ကို ထိုအချိန်က သူ မသိခဲ့ပါ။ သူ၏ စစ်ဆေးခံရခြင်းနှင့်ဆိုင်သည့် မချိတင်ကဲဝေဒနာ အတော အတွင်းတွင်၊ ယေရှုသည် သူ့ထံ တစ်ဖန် ပေါ်လာခဲ့ပြီး၊ “ပေတရု၊ ငါ၏ စုံလင်ခြင်း ပုံဆောင်ခဲတစ်ခုဖြစ်သည့် အသီးအပွင့်တစ်ခုနှင့် ငါ မွေ့လျော်မည့်အရာ သင်ဖြစ်လာသည်အထိ ငါသည် သင့်ကို စုံလင်အောင် ပြုဖို့ ဆန္ဒရှိသည်။ ငါ့အတွက် သင် အမှန်တကယ် သက်သေခံနိုင်သလော။ သင်လုပ်ဆောင်ရန် ငါ စေခိုင်းသည့်အရာကို လုပ်ဆောင်ပြီးပြီလော။ ငါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင် ပြီးပြီလော။ တစ်ချိန်က သင် ငါ့ကို ချစ်ခဲ့သည်၊ သို့သော် သင်ငါ့ကို ချစ်ခဲ့သော်လည်း ငါ့ကို သင် အသက်ရှင်နေထိုင်ပြီးပြီလော။ ငါ့အတွက် သင် မည်သည့်အရာ လုပ်ဆောင်ပြီးပြီနည်း။ သင်သည် ငါ၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်သည်ကို သင်သတိပြုမိသော်လည်း ငါ့အတွက် သင် မည်သည့်အရာကို လုပ်ဆောင်ပြီးပြီနည်း” ဟု ဆိုခဲ့သည်။ ယေရှုအတွက် သူ ဘာမျှ မလုပ်ဆောင်ခဲ့သည်ကို ပေတရုမြင်ခဲ့ပြီး ဘုရားသခင်အား သူ၏ အသက်တာကို ပေးရန် သူ၏ယခင်ကျမ်းသစ္စာကို သူ သတိရခဲ့သည်။ ထို့ကြောင့်၊ သူသည် နောက်ထပ် မညည်းညူတော့သကဲ့သို့ ထိုအချိန်မှစ၍ သူ၏ ဆုတောင်းချက်များက များစွာ သာ၍ကောင်းမွန်လာခဲ့သည်။ သူက၊ “သခင်ယေရှုခရစ်တော်။ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် စွန့်ခွာခဲ့ပြီး ကိုယ်တော်ကလည်း ကျွန်ုပ်ကို စွန့်ခွာခဲ့ပါ၏။ ကျွန်ုပ်တို့သည် ခွဲခွာသည့်အချိန်နှင့် အဖော်ပြုလျက် အတူတကွ ရှိချိန်တို့ ရှိခဲ့ကြပါ၏။ သို့သော်လည်း အခြားအရာအားလုံးထက် ကိုယ်တော်သည် ကျွန်ုပ်ကို ပိုချစ်ပါ၏။ ကိုယ်တော့်ကို ကျွန်ုပ် အဖန်ဖန် ပုန်ကန်မိခဲ့ပြီး အဖန်ဖန် ဝမ်းနည်းကြေကွဲစေခဲ့ပါ၏။ ထိုသို့သော အရာများကို အကျွန်ုပ် အဘယ်သို့ မေ့လျော့နိုင်ပါမည်နည်း။ အကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုနှင့် ကျွန်ုပ်ကို ကိုယ်တော် အပ်နှံခဲ့သည့်အရာကို စိတ်ထဲတွင် အစဉ်မှတ်ထားလျက်နေပြီး ကျွန်ုပ် ဘယ်သောအခါမျှ မမေ့လျော့ပါ။ ကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုအတွက် ကျွန်ုပ်တတ်နိုင်သမျှ အရာရာကို ကျွန်ုပ် လုပ်ဆောင်ပြီးပါပြီ။ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သိပြီး ထိုထက် မည်သည့် ကဏ္ဍ၌ ကျွန်ုပ် ပါဝင်နိုင်သည်ကို ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများကို နာခံဖို့ ကျွန်ုပ် ဆန္ဒရှိပြီး ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ဆက်ကပ်ပါမည်။ ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သာ သိပါ၏။ စာတန်က ကျွန်ုပ်ကို အလွန် အရူးလုပ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ပုန်ကန်မိခဲ့သော်လည်း၊ ထိုအပြစ်များအတွက် ကျွန်ုပ်ကို ကိုယ်တော် အမှတ်ရသည် မဟုတ်ကြောင်းနှင့် ထိုအပြစ်များအပေါ် အခြေခံ၍ ကျွန်ုပ်ကို မဆက်ဆံကြောင်းကို ကျွန်ုပ် ယုံကြည်ပါ၏။ ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ကိုယ်တော့်အား ဆက်ကပ်ဖို့ ကျွန်ုပ် ဆန္ဒရှိပါ၏။ မည်သည့်အရာကိုမျှ ကျွန်ုပ် မတောင်းဆိုသကဲ့သို့ အခြားသော မျှော်လင့်ချက်များ သို့မဟုတ် အစီအစဉ်များ ကျွန်ုပ်တွင် မရှိပါ။ ကိုယ်တော်၏ ရည်ရွယ်ချက်များအတိုင်း ပြုမူဖို့နှင့် ကိုယ်တော်၏ အလိုတော်ကို လုပ်ဆောင်ဖို့သာ ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်၏ ခါးသောခွက်မှ ကျွန်ုပ်သောက်ပါမည်၊ ကျွန်ုပ်ကို စေခိုင်းဖို့ ကိုယ်တော်ပိုင်ပါ၏” ဟု ပြောရင်း ဆုတောင်းခဲ့သည်။

သင်တို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းရမည်။ အနာဂတ်တွင် သင်တို့ လျှောက်လှမ်းမည့် လမ်းကြောင်း၊ မည်သည့်အရာကို ဘုရားသခင် စုံလင်စေမည်ဆိုသည်နှင့် သင်တို့ကို မည်သည့်အရာ အပ်နှံထားသည်တို့နှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းရမည်။ တစ်နေ့တွင်၊ သင်တို့ စစ်ဆေးခံရကောင်း ခံရလိမ့်မည်ဖြစ်ပြီး ထိုအချိန်ရောက်လာသည့်အခါ၊ ပေတရု၏ အတွေ့အကြုံများမှ လှုံ့ဆော်အားပေးမှု သင်တို့ ရယူနိုင်လျှင်၊ ပေတရု၏ လမ်းကြောင်းကို သင်တို့ အမှန်တကယ် လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း ထိုအရာက ပြသလိမ့်မည်။ ပေတရုသည် သူ၏ စစ်မှန်သော ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ဘုရားသခင်အဖို့ သူ၏ သစ္စာရှိခြင်းတို့အတွက် ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသည်။ ပြီးလျှင် သူ့ကို ဘုရားသခင် စုံလင်စေခဲ့သည်မှာ သူ၏ ရိုးသားမှုနှင့် ဘုရားသခင်အတွက် သူ၏ စိတ်နှလုံးထဲရှိ တောင့်တမှုတို့ကြောင့် ဖြစ်ခဲ့ပေသည်။ ပေတရုကဲ့သို့ သင်သည်လည်း အလားတူ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်း အမှန်တကယ်ရှိလျှင်၊ ယေရှုက သင့်ကို ဧကန်မုချ စုံလင်စေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၂၃)

ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံနေရချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိသည် နာခံခြင်းမရှိပါ၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင် ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၌ ကျွန်ုပ်ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုအလိုမရှိလျှင်ပင်၊ ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို တရားစီရင်သည့်အခါ ကျွန်ုပ်အား ရကျေနပ်မိပါသည်။ ထိုအရာက ကိုယ်တော်၏ စိတ်သဘောထားကို ဖော်ပြနိုင်ပြီး ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဖန်ဆင်းခံသတ္တဝါအားလုံးအား ရှုမြင်ခွင့်ပြုပါက၊ ပြီးလျှင် ယင်းက ကိုယ်တော့်ကို ကျွန်ုပ်၏ ချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်ပြီး၊ ဖြောင့်မတ်သောသူတစ်ဦး၏ ပုံသဏ္ဌာန်ကို ရနိုင်စေပါက၊ ယင်းမှာ ကိုယ်တော်၏ ကျေးဇူးကြီးမားသော အလိုတော်ဖြစ်သည့်အတွက် ကိုယ်တော်၏ တရားစီရင်ခြင်းသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ ရှေ့မှောက်သို့ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါသည်။ ရန်လိုသော ပတ်ဝန်းကျင် သို့မဟုတ် ကြီးစွာသော ဆင်းရဲဒုက္ခများအားဖြင့်ဖြစ်စေ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ မည်သည့်အရာကို ကိုယ်တော်ပြုသည်ဖြစ်စေ ထိုအရာမှာ ကျွန်ုပ်အဖို့ အဖိုးထိုက်တန် လှပါ၏။ ကိုယ်တော်၏ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စိုးစဉ်းမျှပင် စောဒကမတက်ဘဲ ကိုယ်တော်၏ သနားကရုဏာကို မိမိကိုယ်ကိုယ် ခံယူရန် ကျွန်ုပ်လိုလားပါသည်။” ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင် ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်းဖြစ်သည်။ ယနေ့၊ သင်တို့အား သိမ်းပိုက်ထားပြီးဖြစ်သည်၊ သို့သော် ဤသိမ်းပိုက်ခံရမှုကို သင်တို့အထဲတွင် မည်သို့ဖော်ပြပါသနည်း။ လူအချို့တို့က- “ကျွန်ုပ်၏ သိမ်းပိုက်ခံရခြင်းမှာ ဘုရားသခင်၏ အမြင့်ဆုံးသော ကျေးဇူးတော်နှင့် ချီးမြှောက်ခြင်းဖြစ်သည်။ ယခုမှပင် ကျွန်ုပ် သတိပြုမိသည်မှာ လူ့အသက်သည် ဗလာသက်သက်ဖြစ်ပြီး ထူးခြားမှုမရှိပါ။ လူသည် ရင်သွေးများ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် မွေးဖွားပျိုးထောင်ပြီး သူ့အသက်တာတွင် အလောသုံးဆယ် နေထိုင်ခဲ့ကာ နောက်ဆုံးတွင် ဘာမျှမကျန်ရှိပါ။ ယနေ့၊ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရပြီးနောက်မှသာလျှင် ဤသို့အသက်ရှင်ခြင်းမှာ အဖိုးမတန်ကြောင်း ကျွန်ုပ်သိမြင်ခဲ့ရသည်၊ ယင်းမှာ စင်စစ် အဓိပ္ပာယ်ကင်းမဲ့သော အသက်တာပင်ဖြစ်သည်။ ကျွန်ုပ်သည်လည်း သေပြီး ပြီးပြတ်သွားနိုင်သည်တကား။” ဟု ပြောကြသည်။ ထိုသို့သော သိမ်းပိုက်ခံရပြီးသူများကို ဘုရားသခင် ရယူနိုင်မည်လော။ သူတို့သည် နမူနာများနှင့် စံပုံစံများ ဖြစ်လာနိုင်မည်လော။ ထိုသူများသည် အပျက်သဘောဆောင်ခြင်း၌ ပြယုဂ်တစ်ခုဖြစ်သည်၊ သူတို့တွင် ရည်မှန်းချက်များမရှိဘဲ သူတို့ကိုယ်ကို တိုးတက်လာအောင်လည်း မကြိုးပမ်းကြချေ။ သူတို့သည် သိမ်းပိုက်ခံပြီးသူများဟု ယူဆကြသော်လည်း ထိုသို့သော အပျက်သဘောဆောင်သည့် လူများသည် စုံလင်အောင်ပြုခြင်း မခံရနိုင်ကြ။ သူ့အသက်ဆုံးခါနီး၊ စုံလင်စေခြင်းကို ခံရပြီးနောက် ပေတရုက- “အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ် အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်အား ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခြင်းကို ရရှိလိုပါသည်” ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ အတင်ခံရဆဲဆဲအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ- “အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော်ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ကိုယ်တော့်ထံ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်း တို့သည် ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုတော်တို့ကို ဖြည့်ဆည်းနိုင်ခြင်း အပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် ကောင်းလှတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးခဲ့ပါက ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မတ်ဘဲ အပြစ်ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား အဓိပ္ပာယ်ရှိသော အသက်တာကို သာ၍ အသက်ရှင်နိုင် စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်တို့ကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ပြီးကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို မိမိအလုံးစုံကို ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်း ခံစားရပါသည်။ ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည် မပေးဆပ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည် ထေမိစေရန် ယခုတဒင်္ဂအချိန်သာ ရှိပါ၏” ဟူ၍ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၂၄)

လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် သင်၏ ဝင်ရောက်မှုအတွက် တက်ကြွထက်သန်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ ဒုံရင်းသို့ပြန်ဆိုက်ရန် သင့်ကိုယ်သင် အညံ့ခံကာ ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတမ်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားနိုင်ရမည်။ ယနေ့၊ သင်မည်သို့ သိမ်းပိုက်ခံရကြောင်း ကိုသာ ကျေနပ်အားရနေ၍မဖြစ်၊ အနာဂတ်တွင် သင်လျှောက်လှမ်းမည့် လမ်းကြောင်းကိုလည်း စဉ်းစားရမည်။ သင့်တွင် စုံလင်အောင်ပြုခံရခြင်းငှာ ရည်မှန်းချက်များနှင့် ရဲရင့်ခြင်းရှိရမည်ဖြစ်ပြီး သင့်ကိုယ်သင် မစွမ်းဆောင်နိုင်သူဟု အမြဲမတွေးသင့်ပါ။ သမ္မာတရားတွင် မျက်နှာသာပေးခြင်းများ ရှိသလော။ သမ္မာတရားသည် လူများကို တမင်ရည်ရွယ်ကာ ဆန့်ကျင်နိုင်ပါသလော။ သင် သမ္မာတရားနောက်သို့လိုက်လျှင် ယင်းက သင့်အား ဒုက္ခပေးနိုင်သလော။ တရားမျှတမှုအတွက် သင်အခိုင်အမာရပ်တည်လျှင် ယင်းက သင့်ကို လဲပြိုစေမည်လော။ အသက်နောက်သို့လိုက်ရန်မှာ သင်၏ရည်မှန်းချက် အမှန်ဖြစ်ပါက အသက်က သင့်ကို တိမ်းရှောင်နိုင်မည်လော။ သင်သည် သမ္မာတရားနှင့်အတူ မရှိလျှင် ယင်းမှာ သမ္မာတရားက သင့်ကို မသိကျိုးကျွန်ပြုခြင်း မဟုတ်ဘဲ သင်က သမ္မာတရားနှင့်ဝေးရာမှာ နေသောကြောင့်သာဖြစ်သည်။ တရားမျှတမှုအတွက် သင်ခိုင်မြဲစွာ မရပ်တည်နိုင်လျှင် ယင်းမှာ တရားမျှတမှုတွင် တစ်စုံတစ်ခု မှားယွင်းနေခြင်းမဟုတ်ဘဲ ယင်းမှာ အချက်အလက်များနှင့်မညီဟု သင်ထင်သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ ရှာဖွေသော်လည်း အသက်ကို သင်မရသေးလျှင် ယင်းမှာ အသက်တာက သင့်အပေါ် ခွဲခြားသိမြင်စိတ် မရှိ၍မဟုတ်ဘဲ သင်က အသက်တာအပေါ် ခွဲခြားသိမြင်စိတ်မရှိဘဲ အသက်ကို မောင်းထုတ်ထားသောကြောင့် ဖြစ်သည်။ သင်သည် အလင်းထဲ၌နေပြီး အလင်းကိုရယူရန် မစွမ်းဆောင်နိုင်ခဲ့ပါက သင့်အပေါ်သို့ အလင်းမထွန်းတောက်နိုင် သောကြောင့် မဟုတ်ဘဲ အလင်းတည်ရှိခြင်းကို သင်အာရုံမစိုက်ထား သောကြောင့် အလင်းသည် သင့်ထံမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခြင်းသာဖြစ်သည်။ သင် ကြိုးပမ်းအားထုတ်ခြင်း မရှိပါက သင်သည် အဖိုးမတန်သော အမှိုက်ဖြစ်သည်၊ သင့်အသက်တာတွင် ရဲရင့်ခြင်းမရှိ၊ အမှောင်စွမ်းအားကို ခုခံရန် စွမ်းအားမရှိဟုသာ ပြောနိုင်သည်။ သင်သည် ပျော့ညံ့လွန်း ပါတကား။ သင့်ကိုဝိုင်းထားသော စာတန်၏စွမ်းအားမှ လွတ်မြောက် နိုင်ခြင်းမရှိဘဲ ဤသို့သော လုံခြုံဘေးကင်းသည့်ဘဝကို နေထိုင်ပြီး မသိနားမလည်မှုများဖြင့် သေဆုံးသွားရန်သာ သင်အလိုရှိသည်။ သင်လုပ်ဆောင်ရမည်မှာ သိမ်းပိုက်ခြင်းခံရဖို့ ကြိုးပမ်းအားထုတ်ရန် ဖြစ်သည်၊ ဤသည်မှာ သင်၏ အလေးအနက်ထားရမည့် တာဝန်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရမှုကို ကျေနပ်နေပါက အလင်းတည်ရှိမှုကို သင်မောင်းထုတ်ခြင်းဖြစ်သည်။ သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၂၅)

ဘုရားသခင်သည် သူ၏ အမှုက လိုအပ်သောကြောင့်အပြင်၊ လူသားက လိုအပ်သောကြောင့်၊ လူကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည်။ လူသည် ပြစ်တင်ဆုံးမခံရဖို့နှင့် တရားစီရင်ခံရဖို့ လိုအပ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်ကို ချစ်ခြင်းအား စွမ်းဆောင် ရရှိနိုင်ပေသည်။ ယနေ့တွင် သင်တို့ လုံးဝ လက်ခံယုံကြည်သွားပြီ ဖြစ်သော်လည်း၊ သင်တို့သည် အနည်းငယ်မျှသော ဆုတ်ဆိုင်းမှုကို ကြုံရသည့်အခါ၊ ဒုက္ခ ရောက်တော့သည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ဆဲဖြစ်ပြီး၊ သင်သည် ပိုမိုနက်ရှိုင်းသော အသိကို ရရှိရန်အလို့ငှာ ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ပိုမိုကြုံတွေ့ရန် လိုအပ်ဆဲဖြစ်သည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်မှု အချို့ရှိပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သည်၊ ပြီးလျှင် သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်သည်ကို သင်တို့သိသော်လည်း၊ ဖြူစင်သော ချစ်ခြင်းကို သင်တို့ရရှိရန် မဆိုထားနှင့် သူ့ကို ကြီးမားသောချစ်ခြင်း မရှိပေ။ သင်တို့၏ အသိပညာသည် အလွန်အပေါ်ယံဖြစ်ကာ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် မလုံလောက်သေးပေ။ သင်တို့သည် ပတ်ဝန်းကျင်တစ်ခုကို အမှန်တကယ် ကြုံရချိန်တွင်၊ သင်တို့သည် သက်သေခံခြင်း မရှိသေးသကဲ့သို့၊ သင်တို့၏ အလွန်နည်းပါးသော ဝင်ရောက်မှုကသာ အခြေအနေဖန်တီးလုပ်ဆောင်ပြီး၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်တို့မသိပေ။ လူအများစုသည် မတုန်မလှုပ်နှင့် တက်ကြွမှု မရှိကြ။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ နှလုံးသားများ၌သာ တိတ်တဆိတ် ချစ်ကြသော်လည်း၊ လက်တွေ့လုပ်ဆောင်မှု နည်းလမ်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ ရည်မှန်းချက်များက မည်သည့်အရာများဖြစ်သည် ဆိုသည်နှင့် ပတ်သက်၍ မရှင်းလင်းကြချေ။ စုံလင်စေခြင်းခံရပြီးသောသူများသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည်သာမက၊ အသိစိတ်၏ စံနှုန်းများထက် မြင့်မားသည့် အသိစိတ် အတိုင်းအတာများကို ကျော်လွန်သည့် သမ္မာတရားများကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် ၎င်းတို့၏ အသိစိတ်ကို အသုံးပြုရုံသာမက၊ ထို့ထက်ပို၍ ၎င်းတို့သည် ဘုရားသခင်ကို သိရှိကြပြီးဖြစ်ကာ၊ ဘုရားသခင်သည် ချစ်ခင်ဖွယ် ဖြစ်ကာ၊ လူသား၏ ချစ်ခြင်းနှင့် ထိုက်တန်ပြီး၊ ဘုရားသခင်၏ အထဲတွင် ချစ်ဖို့ အရာများလှစွာ ရှိသည်ကို တွေ့မြင်ပြီးဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မချစ်ဘဲ မနေနိုင်ပေ။ စုံလင်စေခြင်း ခံရပြီးသောသူတို့၏ ဘုရားသခင်ကို ချစ်ခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ပြင်းပြသော စိတ်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့၏ ချစ်ခြင်းသည် အလိုအလျောက်ဖြစ်သော ချစ်ခြင်း၊ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုသကဲ့သို့၊ အပေးအယူမဟုတ်သည့် ချစ်ခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာကြောင့်သာ ဘုရားသခင်ကို ချစ်ကြပေသည်။ ထိုသို့သော လူများသည် ၎င်းတို့အပေါ် ဘုရားသခင်က ကျေးဇူးတော်များ အပ်နှင်းသည်၊ မအပ်နှင်းသည်ကို ဂရုမစိုက်ကြသကဲ့သို့၊ ဘုရားသခင်အား ကျေနပ်စေခြင်းဖြင့်သာ ကျေနပ်ရောင့်ရဲကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူ မလုပ်ကြသကဲ့သို့၊ ဘုရားသခင်နှင့် ဆိုင်သည့် ၎င်းတို့၏ ချစ်ခြင်းကို အသိစိတ်ဖြင့် မတိုင်းတာကြပေ- “ကိုယ်တော် ကျွန်ုပ်ကို ပေးပြီးဖြစ်သည်၊ ထို့ကြောင့် အပြန်အလှန်အားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်သည်။ ကျွန်ုပ်အား ကိုယ်တော်မပေးလျှင်၊ အပြန်အလှန်အားဖြင့် ကိုယ်တော့်အတွက် မည်သည့်အရာမျှ ကျွန်ုပ်တွင် မရှိပါ။” စုံလင်စေခြင်း ခံရပြီးသောသူများက- “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သူသည် ကျွန်ုပ်တို့အပေါ်၌ သူ့အမှုကို ဆောင်ရွက်သည်။ ကျွန်ုပ်သည် စုံလင်စေခြင်းခံရဖို့ ဤအခွင့်အရေး၊ အခြေအနေနှင့် အရည်အချင်းများ ရှိသည့်အတွက်၊ ကျွန်ုပ်၏ လိုက်စားမှုသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရန်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်စေသင့်သည်” ဟု အမြဲ ယုံကြည်ကြလေသည်။ ယင်းမှာ ပေတရု တွေ့ကြုံခဲ့သည့် အရာကဲ့သို့သာ ဖြစ်သည်- သူ၏ အားအနည်းဆုံး ဖြစ်ခဲ့ချိန်တွင်၊ သူသည် ဘုရားသခင်ထံ ဆုတောင်းခဲ့ပြီး၊ “အို ဘုရားသခင်။ အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ကိုယ်တော့်ကို ကျွန်ုပ်အမြဲ သတိရသည်ကို ကိုယ်တော်သိပါ၏။ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုသည်ကို ကိုယ်တော်သိပါ၏၊ သို့သော် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ပါ၏၊ ကျွန်ုပ်သည် အလွန်အားနည်းပြီး အစွမ်းမဲ့လှပါ၏။ ကျွန်ုပ်၏ ချစ်ခြင်းသည် အလွန်နည်းပါးပြီး၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ရိုးသားစစ်မှန်မှုမှာ အလွန် နည်းပါးလှပါ၏။ ကိုယ်တော်၏ မေတ္တာနှင့် နှိုင်းစာလျှင် ကျွန်ုပ်သည် အသက်ရှင်ရန်ပင် မသင့်တော်ပါ။ ကျွန်ုပ်၏အသက်တာ အချည်းနှီးမဖြစ်ရန်နှင့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ပြန်လည်ပေးနိုင်ရုံသာမက၊ ထို့အပြင် ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ရန်သာ ကျွန်ုပ် ဆန္ဒရှိပါသည်။ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ကျေနပ်စေနိုင်ပါက၊ သတ္တဝါတစ်ဦးအနေဖြင့် ကျွန်ုပ် စိတ်ငြိမ်သက်မှု ရှိလိမ့်မည်ဖြစ်ပြီး မည်သည့်အရာကိုမျှ ကျွန်ုပ် ထပ်တောင်းဆိုမည် မဟုတ်ပါ။ ကျွန်ုပ်သည် ယခု အားနည်းပြီး အစွမ်းမဲ့သော်လည်း၊ ကိုယ်တော်၏ အားပေးတိုက်တွန်းမှုများကို ကျွန်ုပ်မေ့မည်မဟုတ်သကဲ့သို့၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကိုလည်း ကျွန်ုပ်မေ့မည်မဟုတ်ပါ။ ယခု ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ် စိတ်မသက်သာပါ။ ကျွန်ုပ်၏ နှလုံးသားထဲက ချစ်ခြင်းမေတ္တာကို ကိုယ်တော့်ထံ ကျွန်ုပ် မည်သို့ပေးနိုင်မည်နည်း၊ ကျွန်ုပ် လုပ်ဆောင်နိုင်သမျှအားလုံးကို မည်သို့ လုပ်ဆောင်ပြီး၊ ကိုယ်တော်၏ စိတ်ဆန္ဒများကို မည်သို့ ဖြည့်ဆည်းကာ ကျွန်ုပ်ရှိသမျှ အားလုံးကို ကိုယ်တော့်ထံ မည်သို့ ဆက်ကပ်အပ်နှံနိုင်မည်နည်း။ လူ၏အားနည်းချက်ကို ကိုယ်တော် သိပါ၏၊ ကိုယ်တော်၏ မေတ္တာနှင့် ကျွန်ုပ် မည်သို့ထိုက်တန်နိုင်မည်နည်း။ အို ဘုရားသခင်။ ကျွန်ုပ်သည် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှု ရှိသူဖြစ်ပြီး၊ ကျွန်ုပ်၏ချစ်ခြင်းက အလွန်နည်းပါးလှသည်ကို ကိုယ်တော် သိပါ၏။ ဤသို့သော ပတ်ဝန်းကျင်တွင် ကျွန်ုပ် လုပ်နိုင်သမျှ အစွမ်းကုန် မည်သို့ လုပ်ဆောင်နိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကို ပြန်ပေးဆပ်သင့်သည်ကို ကျွန်ုပ်သိပါ၏၊ ကျွန်ုပ် ရှိသမျှအရာ အားလုံးကို ကိုယ်တော့်ထံ ပေးအပ်သင့်သည်ကို ကျွန်ုပ်သိပါ၏၊ သို့သော် ယနေ့တွင် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်နေပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန် ဖြူစင်သောမေတ္တာကို ပိုမိုပိုင်ဆိုင်နိုင်ပြီး ကျွန်ုပ်ရှိသမျှအရာအားလုံးကို ကိုယ်တော့်ထံ သာ၍ ဆက်ကပ်အပ်နှံနိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်အား ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုကို ပေးဖို့ ကိုယ်တော့်ထံ တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်နိုင်မည်သာမက၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်၊ စမ်းသပ်မှုများ၊ ပြီးလျှင် သာ၍ ပြင်းထန်သော ကျိန်ခြင်းတို့ကိုပင် တွေ့ကြုံနိုင်ပါမည်။ ကိုယ်တော်၏ မေတ္တာကို ရှုမြင်ရန် ကျွန်ုပ်အား ကိုယ်တော် အခွင့်ပေးပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်သည် ကိုယ်တော်ကို ချစ်နိုင်စွမ်းမရှိပါ၊ ပြီးလျှင် ယနေ့တွင် ကျွန်ုပ်သည် အားနည်းပြီး အစွမ်းမဲ့သော်လည်း၊ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မေ့နိုင်ပါမည်နည်း။ ကိုယ်တော်၏မေတ္တာ၊ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းအားလုံးသည် ကျွန်ုပ်အား ကိုယ်တော့်ကို သိရှိစေပြီးဖြစ်သည်၊ သို့သော် ကိုယ်တော်သည် အလွန် ကြီးမြတ်တော်မူ သည့်အတွက် ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ဖြည့်ဆည်းနိုင်စွမ်းမရှိဟုလည်း ကျွန်ုပ်ခံစားရသည်။ ကျွန်ုပ် ရှိသမျှအရာအားလုံးကို ဖန်ဆင်းရှင်ထံ မည်သို့ ဆက်အပ်နှံနိုင်မည်နည်း” ဟု ဆိုခဲ့သည်။ ယင်းသည် ပေတရု၏ တောင်းဆိုချက်ဖြစ်သည်၊ သို့သော် သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ ချို့ငဲ့လွန်းလှသည်။ ဤအခိုက်အတန့်တွင် သူ့နှလုံးသားထဲကို ဓားဖြင့် အမွှေခံခဲ့ရသည့်အလား ခံစားရသည်။ သူ မချိမဆံ့ဝေဒနာ ခံစားနေရသည်။ ထိုသို့သော အခြေအနေများအောက်တွင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို သူ မသိခဲ့ပေ။ သို့တိုင် သူက “အို ဘုရားသခင်။ လူသည် ကလေးဆန်သော ဝိညာဉ်ရင့်ကျက်မှု ရှိပါ၏၊ သူ၏အသိစိတ်မှာ ချည့်နဲ့ပြီး ကျွန်ုပ် စွမ်းဆောင်ရရှိနိုင်သည့် တစ်ခုတည်းသောအရာမှာ ကိုယ်တော်၏ မေတ္တာကို ပြန်ပေးဆပ်ရန်ပင် ဖြစ်သည်။ ယနေ့တွင် ကိုယ်တော်၏ စိတ်ဆန္ဒများကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ကို ကျွန်ုပ်မသိသကဲ့သို့၊ ကျွန်ုပ်တတ်နိုင်သမျှ လုပ်ဆောင်ရန်၊ ကျွန်ုပ်တွင် ရှိသမျှကို ပေးအပ်ရန်နှင့် ကျွန်ုပ်တွင် ရှိသမျှကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန်သာ ကျွန်ုပ်ဆန္ဒရှိပါ၏။ ကိုယ်တော်၏ တရားစီရင်မှု မည်သို့ဖြစ်ပါစေ၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု မည်သို့ဖြစ်ပါစေ၊ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသည့်အရာများ မည်သို့ဖြစ်ပါစေ၊ ကျွန်ုပ်ထံမှ ယူဆောင်သွားသောအရာများ မည်သို့ဖြစ်ပါစေ၊ ကိုယ်တော့်အပေါ် အနည်းငယ်မျှ စောဒကတက်ခြင်းမှ ကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ ကိုယ်တော် ကျွန်ုပ်ကို ကြိမ်ဖန်များစွာ ပြစ်တင်ဆုံးမပြီး တရားစီရင်သည့်အခါ၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ညည်းမိခဲ့ပြီး ဖြူစင်မှုကို စွမ်းဆောင်ရရှိနိုင်စွမ်း မရှိခဲ့ပါ သို့မဟုတ် ကိုယ်တော်၏ စိတ်ဆန္ဒများကို ဖြည့်ဆည်းနိုင်စွမ်း မရှိခဲ့ပါ။ ကိုယ်တော်၏မေတ္တာနှင့်ဆိုင်သည့် ကျွန်ုပ်၏ ပြန်လည်ပေးဆပ်မှုသည် မလုပ်မနေလုပ်ရခြင်းမှ ပေါက်ဖွားပြီး၊ ဤအခိုက်အတန့်တွင် ကျွန်ုပ်ကိုယ်ကျွန်ုပ် ပို၍ပင် မုန်းမိပါသည်” ဟု ဆက်လက် ဆုတောင်းဆဲ ဖြစ်သည်။ ဤနည်းဖြင့် ပေတရုဆုတောင်းခဲ့သည်မှာ ဘုရားသခင်ကို ပိုမိုဖြူစင်သည့်မေတ္တာဖြင့် ချစ်ခြင်းကို သူ ရှာဖွေခဲ့သောကြောင့် ဖြစ်သည်။ သူသည် ရှာဖွေနေခဲ့ပြီး တောင်းပန်တိုးလျှိုးနေခဲ့သည်၊ ထို့အပြင် သူ့ကိုယ်သူ တန်ပြန် စွပ်စွဲနေခဲ့ပြီး သူ၏အပြစ်များကို ဘုရားသခင်ထံ ဝန်ခံနေခဲ့သည်။ သူသည် ဘုရားသခင်ထံ အကြွေးတင်သကဲ့သို့ ခံစားခဲ့ရပြီး သူ့ကိုယ်သူ မုန်းတီးခဲ့သည်၊ သို့သော် သူသည် အတော်အတန် ဝမ်းနည်းခဲ့ပြီး မတုန်မလှုပ်ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒများအတွက် လုံလောက်အောင် မကောင်းမွန်သည့်အလား ထိုသို့ သူ အမြဲခံစားခဲ့ရပြီး၊ သူသည် အစွမ်းကုန် မလုပ်ဆောင်နိုင်ပေ။ ထိုသို့သော အခြေအနေများအောက်တွင်၊ ပေတရုသည် ယောဘ၏ ယုံကြည်မှုကို လိုက်စားဆဲဖြစ်သည်။ ယောဘက သူရှိခဲ့သည့် အရာရာတိုင်းကို ဘုရားသခင်က အပ်နှင်းထားခဲ့ခြင်း ဖြစ်ကာ၊ သူ့ထံမှ အရာရာတိုင်းကို ယူဆောင်ရန်သည် ဘုရားသခင်အတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ ဘုရားသခင်သည် သူ ဆန္ဒရှိသည့်သူ မည်သူမဆိုကို ပေးမည်ဖြစ်ကြောင်းတို့ကို သိရှိခဲ့သည့်အတွက်၊ ယောဘ၏ ယုံကြည်ခြင်း မည်မျှကြီးမားခဲ့ပြီး ဖြစ်သည်ကို သူမြင်ခဲ့သည်- ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။ ယောဘသည် စောဒကတက်ခြင်းများ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်ကို ချီးမွမ်းနိုင်ဆဲ ဖြစ်ခဲ့သည်။ ပေတရုသည်လည်း မိမိကိုယ်ကိုယ် သိခဲ့ပြီး သူ၏စိတ်နှလုံးထဲတွင်၊ “ကျွန်ုပ်၏အတွေးများသည် အလွန် ဖောက်ပြန်ပျက်စီးသောကြောင့်၊ ပြီးလျှင် ကိုယ်တော့်ကို ဖန်ဆင်းရှင်အဖြစ် ကျွန်ုပ် မြင်နိုင်စွမ်း မရှိသောကြောင့်၊ ယနေ့တွင် ကျွန်ုပ်၏အသိစိတ်ကို အသုံးပြုလျက်၊ ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းနှင့် ကိုယ်တော့်ထံသို့ ကျွန်ုပ်ပြန်ပေးခဲ့သည့် ချစ်ခြင်းမေတ္တာ မည်ရွေ့မည်မျှဖြင့် ကျွန်ုပ် မကျေနပ်မရောင့်ရဲသင့်ပါ။ ကျွန်ုပ်သည် ကိုယ်တော့်ကို ချစ်ရန် မသင့်တော်သေးသောကြာင့်၊ ကျွန်ုပ်တွင်ရှိသမျှ အရာများအားလုံးကို ကိုယ်တော့်ထံသို့ ဆက်ကပ်အပ်နှံနိုင်စွမ်းကို ကျွန်ုပ် ပျိုးထောင်ရမည်၊ ယင်းကို ကျွန်ုပ် လိုလိုလားလား လုပ်ဆောင်ပါမည်။ ကိုယ်တော် လုပ်ဆောင်ပြီးသည့် အရာအားလုံးကို ကျွန်ုပ်သိရမည်ဖြစ်ပြီး၊ ကျွန်ုပ်တွင် ရွေးချယ်စရာမရှိပါ၊ ပြီးလျှင် ကိုယ်တော်၏မေတ္တာကို ကျွန်ုပ် ရှုမြင်ရမည်ဖြစ်ပြီး၊ ကိုယ်တော်သည် ကျွန်ုပ်မှတစ်ဆင့် ကြီးမြတ်သော ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာ ကိုယ်တော်၏ ချီးမွမ်းခြင်းများကို ကျွန်ုပ် ပြောနိုင်ရမည်ဖြစ်ပြီး ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို ချီးမြှောက်နိုင်ရပါမည်။ ကိုယ်တော့်အဖို့ ဤသက်သေခံချက်တွင် ကျွန်ုပ်မြဲမြံစွာ ရပ်တည်ရန် လိုလားနေပါသည်။ အို ဘုရားသခင်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် အလွန် အဖိုးတန်ပြီး လှပလွန်းလှပါ၏။ ဆိုးယုတ်သောသူတစ်ဦး၏ လက်ထဲတွင် ကျွန်ုပ် မည်သို့ အသက်ရှင်ရန် ဆန္ဒရှိနိုင်ပါမည်နည်း။ ကျွန်ုပ်ကို ကိုယ်တော် ဖန်ဆင်းခဲ့သည် မဟုတ်ပါလော။ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။ ကျွန်ုပ်၏ ဖြစ်တည်မှု တစ်ခုလုံး ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုအလယ် အသက်ရှင်ရန် ကျွန်ုပ်သာ၍ နှစ်သက်ပါမည်။ ကျွန်ုပ်သည် ဆိုးယုတ်သောသူ၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ရန် လိုလားခြင်းမရှိပါ။ ကျွန်ုပ်သည် ဖြူစင်စေခြင်းခံရနိုင်ကာ ကျွန်ုပ်၏အလုံးစုံကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ စာတန်ကို ကျွန်ုပ်စက်ဆုပ်ပြီး သူ၏အုပ်စိုးမှု အောက်တွင် အသက်မရှင်လိုသည့်အတွက်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ ခန္ဓာနှင့်စိတ်ကို ကိုယ်တော်၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့အတွက် ပူဇော်ဆက်ကပ်ဖို့ ကျွန်ုပ် လိုလားနေပါ၏။ ကျွန်ုပ်ကို တရားစီရင်ခြင်းမှတစ်ဆင့်၊ ကိုယ်တော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပြသပါသည်။ ကျွန်ုပ်သည် ပျော်ရွှင်ပြီး စောဒက အနည်းငယ်မျှ မရှိပါ။ သတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ်ထမ်းဆောင်နိုင်ပါက၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကိုယ်တော်၏ တရားစီရင်မှု အတူပါရှိရန် လိုလားပါသည်၊ ယင်းမှတစ်ဆင့် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်သိလာမည်ဖြစ်ကာ၊ ဆိုးယုတ်သောသူ၏ သြဇာလွှမ်းမိုးမှုမှ မိမိကိုယ်ကိုယ် ကျွန်ုပ်ဖယ်ရှားနိုင်ပါမည်” ဟု ဆုတောင်းခဲ့သည်။ ပေတရုသည် ထိုသို့ အမြဲဆုတောင်းခဲ့သည်၊ ထိုသို့ အမြဲရှာဖွေခဲ့သည်၊ ပြီးလျှင် နှိုင်းယှဉ်ချက်အားဖြင့် ပြောရမည်ဆိုပါက၊ မြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိခဲ့သည်။ ဘုရားသခင်၏မေတ္တာကို သူ ပြန်လည်ပေးဆပ်နိုင်ခဲ့သည်သာမက၊ သာ၍အရေးကြီးသည်မှာ သတ္တဝါတစ်ဦးအဖြစ် သူ၏ တာဝန်ကိုလည်း သူ ဖြည့်ဆည်းခဲ့သည်။ သူသည် သူ၏ အသိစိတ်အားဖြင့် စွပ်စွဲမခံရရုံသာမက၊ အသိစိတ်၏ စံနှုန်းများကို ကျော်လွန်နိုင်ခဲ့သည်။ သူ၏ ဆုတောင်းချက်များသည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆက်လက်တက်သွားခဲ့သည်မှာ သူ၏ ပြင်းပြသော ဆန္ဒများသည် ယခင်ထက် ပိုမိုမြင့်မားပြီး၊ သူ၏ ဘုရားသခင်ကို ချစ်ခြင်းသည် ယခင်ထက် ပိုမိုကြီးမားခဲ့သည်။ သူသည် မချိမဆံ့ နာကျင်မှုကို ခံစားခဲ့ရသော်လည်း၊ ဘုရားသခင်အား ချစ်ရန် သူ မမေ့ခဲ့သေးသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းအား ရရှိရန် သူ ကြိုးစားဆဲ ဖြစ်ခဲ့သည်။ သူ၏ ဆုတောင်းချက်များတွင် သူသည် အောက်ပါစကားများကို မြွက်ဆိုခဲ့သည်- “ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းထက် မည်သည့်အရာကိုမျှ မပြီးမြောက်လေပြီ။ စာတန်၏ရှေ့တွင် ကိုယ်တော့်အတွက် ကျွန်ုပ် သက်သေခံခြင်း မရှိသေးပါ၊ စာတန်၏ စွမ်းအားမှ ကျွန်ုပ် မိမိကိုယ်ကိုယ် မလွတ်မြောက်စေသေးသကဲ့သို့၊ ဇာတိပကတိအလယ်၌ အသက်ရှင်ဆဲ ဖြစ်သည်။ စာတန်ကို အနိုင်ယူရန်၊ ၎င်းကို အရှက်ရစေရန် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာကို အသုံးပြုရန်နှင့် ထိုသို့ဖြင့် ကိုယ်တော်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကျွန်ုပ်ဆန္ဒရှိပါသည်။ စာတန်သည် ကိုယ်တော်၏ ရန်သူ ဖြစ်သည့်အတွက်၊ စာတန်ထံ မိမိကိုယ်ကိုယ် အနည်းငယ်မျှ မပေးဖို့၊ ကိုယ်တော့်ထံ ကျွန်ုပ်၏ အလုံးစုံကို ပေးအပ်ရန် ကျွန်ုပ်ဆန္ဒရှိပါသည်။” ဤလမ်းကြောင်းတွင် သူပိုမိုရှာဖွေခဲ့လေလေ၊ သူပိုမို တို့ထိခံခဲ့ရလေဖြစ်ပြီး၊ ဤကိစ္စများနှင့်ဆိုင်သည့် သူ၏ အသိပညာ သာ၍ မြင့်မားလေလေ ဖြစ်သည်။ ယင်းကို နားမလည်လိုက်ဘဲနှင့်၊ သူသည် မိမိကိုယ်ကိုယ် စာတန်၏စွမ်းအားမှ လွတ်မြောက်စေသင့်ပြီး၊ ဘုရားသခင်ထံ မိမိကိုယ်ကိုယ် လုံးဝ ပြန်သွားသင့်သည်ကို သူသိလာခဲ့သည်။ ယင်းမှာ သူ ကြိုးပမ်းရရှိခဲ့သော နယ်ပယ်ဖြစ်သည်။ သူသည် စာတန်၏စွမ်းအားကို ကျော်လွန်ခဲ့ပြီး၊ ဇာတိပကတိ၏ သာယာမှုများနှင့် ပျော်ရွှင်မှုများမှ မိမိကိုယ်ကိုယ် ဖယ်ရှားခဲ့ကာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း နှစ်ခုလုံးကို သာ၍ နက်နဲစွာ တွေ့ကြုံရန် လိုလားနေခဲ့သည်။ သူက၊ “ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု အလယ်၌ အသက်ရှင်ရသော်လည်း၊ ဖြစ်ပေါ်စေသော အခက်အခဲများကို ပဓာနမထားဘဲ၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် အသက်ရှင်ရန် လိုလားခြင်း မရှိသေး၊ စာတန်၏လှည့်စားမှုကို ခံစားရန် ကျွန်ုပ် လိုလားခြင်းမရှိသေးပါ။ ကိုယ်တော်၏ ကျိန်ခြင်းများအလယ် အသက်ရှင်ခြင်းမှ ဝမ်းမြောက်မှုကို ကျွန်ုပ် ရယူပြီး စာတန်၏ ကောင်းချီးများ အကြားတွင် အသက်ရှင်ခြင်းက ကျွန်ုပ်ကို နာကျင်စေပါသည်။ ကိုယ်တော်၏ တရားစီရင်ခြင်း အလယ်၌ အသက်ရှင်ခြင်းအားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး၊ ဤအရာက ကျွန်ုပ်ကို ကြီးမားသော ဝမ်းမြောက်ခြင်း ဆောင်ကြဉ်း ပေးပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ယင်းသည် ကျွန်ုပ်ကို သန့်ရှင်းစေဖို့နှင့် ထို့ထက်ပို၍ပင် ကျွန်ုပ်ကို ကယ်တင်ရန်အလို့ငှာ ဖြစ်သည်။ ကိုယ်တော်၏ စောင့်ရှောက်မှု အောက်တွင် ကျွန်ုပ်ရှိနိုင်ဖို့အလို့ငှာ၊ ကိုယ်တော်၏ တရားစီရင်မှု အလယ်၌ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကုန်ဆုံးသွားရန် ကျွန်ုပ်သာ၍ နှစ်သက်ပါသည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် တစ်ခဏလေးမျှ ကျွန်ုပ် အသက်ရှင်ရန် လိုလားခြင်းမရှိပါ။ ကိုယ်တော်၏ သန့်စင်စေခြင်းကို ကျွန်ုပ်ခံရန် ဆန္ဒရှိပါ၏။ အခက်အခဲကို ခံစားရလျှင်ပင်၊ စာတန်၏ အသုံးချမှုနှင့် လှည့်စားမှုကို ခံရန် ကျွန်ုပ် လိုလားခြင်းမရှိပါ။ ဤသတ္တဝါဖြစ်သော ကျွန်ုပ်အား ကိုယ်တော် အသုံးပြုသင့်ပါသည်၊ ကိုယ်တော် ပိုင်ဆိုင်သင့်ပါသည်၊ ကိုယ်တော် တရားစီရင်သင့်ပြီး၊ ပြစ်တင်ဆုံးမသင့်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ကျိန်ခြင်းကိုပင် ခံသင့်ပါသည်။ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်မြင်ရပြီးဖြစ်သည့်အတွက်၊ ကျွန်ုပ်အား ကိုယ်တော် ကောင်းချီး ပေးရန် လိုလားသည့်အခါ၊ ကျွန်ုပ်၏ စိတ်နှလုံးသည် ဝမ်းမြောက်ပါ၏။ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်ုပ်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ ကျွန်ုပ်သည် ကိုယ်တော်ကို သစ္စာဖောက်ပြီး စာတန်၏အုပ်စိုးမှုအောက်တွင် အသက်မရှင်သင့်သကဲ့သို့၊ စာတန်၏ အသုံးချခြင်းကို မခံသင့်ပါ။ ကျွန်ုပ်သည် စာတန်အတွက် အသက်ရှင်မည့်အစား ကိုယ်တော်၏မြင်း၊ သို့မဟုတ် နွားဖြစ်သင့်ပါသည်။ ကျွန်ုပ်သည် ရုပ်ပိုင်းဆိုင်ရာသုခများ မရှိဘဲ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု အလယ်၌သာ အသက်ရှင်ပါမည်၊ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်ဆုံးရှုံးရလျှင်ပင် ဤအရာက ကျွန်ုပ်အား ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးပါလိမ့်မည်။ ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်နှင့်အတူမရှိသော်လည်း၊ ကိုယ်တော်အားဖြင့် ပြစ်တင်ဆုံးမခံရခြင်းနှင့် တရားစီရင် ခံရခြင်းတို့ကို ကျွန်ုပ်ပျော်မွေ့ပါသည်။ ဤသည်မှာ ကိုယ်တော်၏ အကောင်းဆုံးသော ကောင်းချီးမင်္ဂလာ၊ ကိုယ်တော်၏ အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်သည်။ ကိုယ်တော်သည် အမြဲ ဘုန်းအာနုဘော်ရှိပြီး၊ ကျွန်ုပ်အပေါ် အမျက်ဒေါသ ရှိသော်လည်း၊ ကျွန်ုပ်သည် ကိုယ်တော့်ကို စွန့်ခွာနိုင်စွမ်း မရှိသေးသကဲ့သို့၊ ကိုယ်တော်ကို လုံလောက်စွာ မချစ်နိုင်သေးပါ။ ကိုယ်တော်၏ အိမ်တော်တွင် ကျွန်ုပ်အသက်ရှင်ရန် သာ၍ နှစ်သက်ပါမည်၊ ကိုယ်တော်အားဖြင့် ကျိန်ခြင်းခံရဖို့၊ ပြစ်တင်ဆုံးမခြင်းခံရကာ၊ ရိုက်နှက်ခြင်းခံရဖို့ ကျွန်ုပ်သာ၍ နှစ်သက်ပြီး၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ရန် လိုလားခြင်း မရှိသကဲ့သို့၊ ဇာတိပကတိအတွက် အသက်ရှင်ဖို့ မဆိုထားနှင့် ဇာတိပကတိအတွက်သာ ပြေးလွှားကာ မိမိကိုယ်ကိုယ် အလုပ်များစေရန် ကျွန်ုပ် လိုလားခြင်း မရှိပါ” ဟု ပြောခဲ့သည်။ ပေတရု၏ မေတ္တာသည် စင်ကြယ်သော မေတ္တာတစ်ခု ဖြစ်သည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းနှင့်ဆိုင်သော အတွေ့အကြုံဖြစ်ပြီး စုံလင်စေခြင်းခံရခြင်း၏ အမြင့်မားဆုံး နယ်ပယ်ဖြစ်သည်။ သာ၍ အဓိပ္ပာယ်ရှိသော အသက်တာ မရှိပေ။ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံခဲ့သည်၊ သူသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို တန်ဖိုးထားခဲ့ပြီး ပေတရုနှင့်ပတ်သက်၍ မည်သည့်အရာကမျှ သာ၍ အဖိုးထိုက်တန်ခြင်း မရှိခဲ့ပေ။ သူက၊ “စာတန်သည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပျော်ရွှင်မှုများကို ကျွန်ုပ်အား ပေးသော်လည်း ယင်းတို့ကို ကျွန်ုပ် တန်ဖိုးမထားပါ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ကျွန်ုပ်ပေါ်သို့ ကျရောက်လာသည်- ဤတွင် ကျွန်ုပ်သည် ကျေးဇူးပြုခြင်းခံရသည်၊ ဤတွင် ကျွန်ုပ်သည် ပျော်ရွှင်မှုကို ရှာတွေ့ရှိသကဲ့သို့၊ ဤတွင် ကျွန်ုပ်သည် ကောင်းချီးခံစားရပေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား မည်သည့်အခါမျှ ချစ်မည် မဟုတ်၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ဆဲ ဖြစ်ပေမည်၊ ၎င်း၏ထိန်းချုပ်ခြင်းနှင့် ကွပ်ကဲခြင်းကို ခံရဆဲ ဖြစ်ပေမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ်သည် ဘုရားသခင်အား စိတ်ကျေနပ်စေနိုင်စွမ်း ရှိမည် မဟုတ်သည့်အတွက်၊ မည်သည့်အခါတွင်မျှ စစ်မှန်သည့် လူသားတစ်ဦး ဖြစ်လာမည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ အလုံးစုံကို ဘုရားသခင်ထံ ဆက်ကပ်ပြီးလေမည် မဟုတ်ပေ။ ကျွန်ုပ်၏အထဲတွင် မီးလောင်ကျွမ်းနေသည့်အလား၊ အထဲ၌ နှစ်သိမ့်မှုမရှိဘဲနှင့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့မရှိဘဲ ကျွန်ုပ်ကို ချန်ရစ်ရင်း၊ ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးမပေးသော်လည်း၊ ပြီးလျှင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့က ကျွန်ုပ်ထံမှ လုံးဝ မခွဲခွာသော်လည်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတွင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်ရှုမြင်နိုင်ပါသည်။ ဤအရာတွင် ကျွန်ုပ် ပျော်ရွှင်ဝမ်းမြောက်ပါသည်။ အသက်တာတွင် ထို့ထက် ပို၍ တန်ဖိုးရှိသောအရာ သို့မဟုတ် ပို၍ အဓိပ္ပာယ်ရှိသောအရာ မရှိပါ။ ကိုယ်တော်၏ ကွယ်ကာမှုနှင့် စောင့်ရှောက်မှုတို့သည် ရက်စက်သော ပြစ်တင်ဆုံးမမှု၊ တရားစီရင်မှု၊ ကျိန်ခြင်းများနှင့် ရိုက်နှက်ခြင်းတို့ ဖြစ်လာပြီးဖြစ်သော်လည်း၊ ယင်းတို့သည် ကျွန်ုပ်အား သာ၍သန့်ရှင်းစေကာ၊ ကျွန်ုပ်ကို ပြောင်းလဲပေးနိုင်သည့်အတွက်၊ ကျွန်ုပ်ကို ဘုရားသခင်နှင့် ပိုမို နီးစေနိုင်သည့်အတွက်၊ ကျွန်ုပ်ကို ဘုရားသခင်အား ပိုမိုချစ်စေနိုင်ပြီး၊ ကျွန်ုပ်၏ ဘုရားသခင်ကိုချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်သည့်အတွက်၊ ဤအရာများတွင် ကျွန်ုပ် မွေ့လျော်ဆဲဖြစ်သည်။ ဤအရာက သတ္တဝါ တစ်ဦးအဖြစ် ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်အား ဖြည့်ဆည်းစေနိုင်ပြီး၊ ကျွန်ုပ်အနေဖြင့် စာတန်ကို အစေမခံတော့ဖို့အလို့ငှာ၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ကျွန်ုပ်အား ဆောင်ယူကာ စာတန်၏ စွမ်းအားမှ ကင်းဝေးစေသည်။ စာတန်၏ အုပ်စိုးမှု အောက်တွင် ကျွန်ုပ် အသက်မရှင်သကဲ့သို့၊ မည်သည့်အရာကိုမျှ ချုပ်တည်းထားခြင်းမရှိဘဲ ကျွန်ုပ်၌ရှိသမျှ အရာရာတိုင်းနှင့် ကျွန်ုပ်လုပ်နိုင်သမျှ အရာအားလုံးတို့ကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်သည့် အချိန်- ယင်းသည် ကျွန်ုပ် အပြည့်အဝ စိတ်ကျေနပ်သည့် အချိန် ဖြစ်လိမ့်မည်။ ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်မှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြစ်ပြီး ကျွန်ုပ်၏ အသက်တာသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ခွဲခြား၍ မရနိုင်ပါ။ ကမ္ဘာပေါ်ရှိ ကျွန်ုပ်၏ အသက်တာသည် စာတန်၏ အုပ်စိုးမှု အောက်တွင်ရှိပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုတို့ကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အမြဲ အသက်ရှင်သွားရမည်ဖြစ်သည့်အပြင်၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ဖို့ အခွင့်အရေး သို့မဟုတ် နည်းလမ်းများ ရှိပြီးဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့က ကျွန်ုပ်ကို မည်သည့်အခါတွင်မျှ မစွန့်ခွာမှသာ ကျွန်ုပ်သည် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်း ခံရနိုင်ပေလိမ့်မည်။ ကြမ်းတမ်းသော စကားများနှင့် ဖြောင့်မတ်သော ဘုရားသခင်၏ စိတ်သဘောထား၊ ပြီးလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်ရှိသော တရားစီရင်ခြင်းတို့ဖြင့်သာ ကျွန်ုပ်သည် အထွတ်အထိပ် ကွယ်ကာမှု ရရှိပြီးဖြစ်ကာ အလင်းတွင် အသက်ရှင်လာရပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိပြီးဖြစ်သည်။ သန့်ရှင်းစေခြင်းခံရဖို့နှင့်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် စာတန်ထံမှ လွတ်မြောက်စေကာ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ဖို့- ဤသည်မှာ ယနေ့တွင် ကျွန်ုပ်၏အသက်တာ၌ အကြီးမားဆုံးသော ကောင်းချီး မင်္ဂလာဖြစ်ပါသည်” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ပေတရု တွေ့ကြုံခဲ့သည့် အမြင့်ဆုံးသော နယ်ပယ်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၂၆)

လူသားသည် ဇာတိပကတိအလယ်တွင် အသက်ရှင်သည်၊ ယင်းမှာ သူသည် လူ့ငရဲတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ၊ လူသားသည် စာတန်လောက် ညစ်ညူးပေသည်။ လူသားသည် မည်သို့သန့်ရှင်းနိုင်မည်နည်း။ ပေတရုက ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူသား၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကျေးဇူးတော် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်မှောက် အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။ ပေတရုက၊ “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမကာ တရားစီရင်သရွေ့၊ ကိုယ်တော်သည် ကျွန်ုပ်ကို ပစ်ခွာမသွားသေးသည်ကို ကျွန်ုပ်သိပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်းကို မပေးသကဲ့သို့၊ ဒုက္ခဆင်းရဲထဲတွင် ကျွန်ုပ်ကို အသက်ရှင်စေကာ ကျွန်ုပ်အပေါ် မရေမတွက်နိုင်သည့် ဆုံးမခြင်းများ ပေးလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မစွန့်ခွာသမျှကာလပတ်လုံး၊ ကျွန်ုပ်၏ စိတ်နှလုံး ငြိမ်းအေးနေပါလိမ့်မည်။ ယနေ့တွင်၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာပေပြီ။ ကျွန်ုပ်အား ကိုယ်တော်ပေးသော ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပါသည်။ ယနေ့ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး၊ ထိုထက်ပို၍ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ဇာတိပကတိ၏ သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော ကွယ်ကာမှုကို ရှာဖွေနိုင်ခဲ့သည်။ သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။ လူသားသည် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး ဇာတိပကတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းမခံရသကဲ့သို့၊ ဘုရားသခင်၏ ကွယ်ကာမှုကို မရရှိပါက၊ လူသားသည် ယခင်ထက် ပို၍ အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် သူ ဆန္ဒရှိပါက၊ သူသည် သန့်ရှင်းစေခြင်းခံရမည်ဖြစ်ပြီး ကယ်တင်ခြင်းကို ခံရမည်။ ပေတရုက၊ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာ ဆက်ဆံသည့်အခါ၊ ကျွန်ုပ် ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမသည့်အခါ၊ ကျွန်ုပ်သည် ပို၍ပင် ကြီးမားသော နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပါသည်။ ကျွန်ုပ်သည် အားနည်းပြီး ဖော်မပြနိုင်လောက်အောင်များသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်ဖြစ်ကာ၊ ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စိတ်ဆန္ဒများကို ကျွန်ုပ် မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ သတ်မှတ်ချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့်၊ ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏၊ သို့သော် ဤနယ်ပယ်ကို ကျွန်ုပ် ကြိုးပမ်းရရှိရန် လိုလားနေပါသည်၊ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှ အားလုံးကို လုပ်ဆောင်ရန် ကျွန်ုပ် လိုလားနေပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်အား ကွယ်ကာမှုကို ဆောင်ကြဉ်းပေးပြီးဖြစ်သကဲ့သို့၊ အကောင်းဆုံးသော ကယ်တင်ခြင်းကို ကျွန်ုပ်အား ပေးလေပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မှေးမှိန်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊ ကိုယ်တော်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့တွင်၊ ကိုယ်တော်၏ ချစ်ခြင်းသည် ကောင်းကင်တို့ကို ကျော်လွန်ပြီး အခြားအရာအားလုံးအထက်တွင် သာလွန်ထူးကဲ သည်ကို ကျွန်ုပ် သာ၍ပင် မြင်ရပါသည်။ ကိုယ်တော်၏ ချစ်ခြင်းသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်သာ မဟုတ်ပါ။ ထို့ထက်ပို၍ပင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အလွန်များစွာ ပေးပြီးဖြစ်သည်။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲနှင့်၊ လူတစ်ဦးတစ်ယောက်မျှ သန့်စင်ခံရမည် မဟုတ်သကဲ့သို့၊ လူတစ်ဦးတစ်ယောက်မျှ ဖန်ဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံရပြီးဖြစ်ကာ သေလုနီးနီးပင်ဖြစ်ပြီးသော်လည်း၊ ယင်းတို့က ကျွန်ုပ်အား ကိုယ်တော်ကို အမှန်တကယ် သိရှိဖို့နှင့် အထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိရန် ကျွန်ုပ်အား အခွင့်ပေးလေပြီ။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားခဲ့မည်ဆိုလျှင်၊ ကျွန်ုပ်သည် အမှောင်တွင် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်ရပါမည်။ လူသား၏ ဇာတိပကတိသည် မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ အကယ်၍ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို စွန့်ခွာခဲ့မည်ဆိုပါက၊ ယင်းမှာ ကိုယ်တော်၏ ဝိညာဉ်တော်က ကျွန်ုပ်အား စွန့်ခွာခဲ့ပြီး ဖြစ်သည့်အလား၊ ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ မရှိတော့သည့်အလား ဖြစ်ပါမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား နာမကျန်းမှုကို ပေးပြီး၊ ကျွန်ုပ်၏ လွတ်လပ်မှုကို ယူဆောင်ပါက၊ ကျွန်ုပ်သည် ဆက်လက် ရှင်သန်နိုင်သော်လည်း၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အစဉ်စွန့်ခွာပါက၊ ကျွန်ုပ် ဆက်လက် အသက်ရှင်နိုင်မည်မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိခဲ့ပါက၊ ကျွန်ုပ်အတွက် စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းလွန်းသော မေတ္တာဖြစ်သည့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ဆုံးရှုံးရပြီး ဖြစ်ပါမည်။ ကိုယ်တော်၏ မေတ္တာမရှိဘဲနှင့်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် အသက်ရှင်မည် ဖြစ်ပြီး၊ ကိုယ်တော်၏ ဘုန်းအသရေရှိသော မျက်နှာတော်ကို မြင်တွေ့နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ထိုသို့သော အမှောင်၊ ထိုသို့သော ဘဝကို ကျွန်ုပ်မည်သို့ ကြံ့ကြံ့ခံနိုင်မည်နည်း။ ကိုယ်တော် ကျွန်ုပ်နှင့်အတူ ရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ် မည်သို့ စွန့်ခွာနိုင်မည်နည်း။ စိတ်ချစေရန် အားပေးစကား အနည်းငယ်သာ ဖြစ်လျှင်ပင်၊ ကျွန်ုပ်၏ အကြီးမားဆုံးသော နှစ်သိမ့်မှုကို ကျွန်ုပ်ထံမှ ယူဆောင်မသွားရန် ကိုယ်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါ၏၊ ကိုယ်တော့်ကို ကျွန်ုပ် တောင်းခံပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီးဖြစ်ကာ၊ ယနေ့တွင် ကိုယ်တော့်ထံပါးမှ ကျွန်ုပ် ဝေးကွာ၍ မရနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့်၊ ကျွန်ုပ်သည် ဝမ်းနည်းမျက်ရည်များစွာ ကျရပြီးဖြစ်သော်လည်း၊ ဤသို့သော အသက်တာသည် ပို၍ အဓိပ္ပာယ်ရှိသည်၊ ကျွန်ုပ်ကို သာ၍ ကြွယ်ဝစေနိုင်သည်၊ ကျွန်ုပ်ကို သာ၍ ပြောင်းလဲစေနိုင်ပြီး၊ သတ္တဝါများက ပိုင်ဆိုင်သင့်သည့် သမ္မာတရားကို ကြိုးပမ်းရရှိဖို့ ကျွန်ုပ်ကို သာ၍ အခွင့်ပေးနိုင်သည်ဟု ကျွန်ုပ်အမြဲခံစားရပါ၏” ဟူ၍ ဆုတောင်းခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၂၇)

လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကာ မိမိဘာသာ စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေနိုင်သည့် လူ တစ်ဦးမျှမရှိပေ။ အားလုံးသည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှ မရှိဘဲ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်မဲ့ခြင်းထဲတွင်၊ ညစ်ညူးသော လောကတစ်ခု၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဇာတိပကတိအတွက်၊ တပ်မက်ခြင်းအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သည့် ဘဝများကို အသက်ရှင်ကြသည်။ ၎င်းတို့၏ တည်ရှိမှုတွင် တန်ဖိုးအနည်းငယ်မျှ မရှိ။ လူသည် သူ့ကို စာတန်၏ စွမ်းအားမှ လွတ်မြောက်စေမည့် သမ္မာတရားကို ရှာတွေ့နိုင်စွမ်း မရှိပေ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း၊ စာတန်၏ စွမ်းအား ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် မည်သို့ လွတ်မြောက်စေရမည်ကို သူ နားမလည်ပေ။ ခေတ်ကာလများတစ်လျှောက်တွင်၊ အလွန်နည်းပါးသော လူတို့သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိကြပြီးဖြစ်သည်၊ အလွန်နည်းပါးသော သူတို့က ယင်းကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထိုသို့ဖြင့် လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း၊ စာတန်၏ စွမ်းအားဖြင့် မိနေခြင်းမှ မိမိကိုယ်ကိုယ် မည်သို့ဖယ်ရှားရမည်ကို မသိပေ။ ယနေ့တွင် သင်တို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်သည် ဆိုးညစ်ပြီး မနာခံသည်ကို ခံစားသိရှိရန် မဆိုထားနှင့် သင်၏ မနာခံတတ်သော အပြုအမူများကိုပင် နောင်တမရကြပေ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်သည် စိတ်ငြိမ်သက်မှုပင် ရှိကြပြီး ကြီးမားသော တည်ငြိမ်အေးချမ်းမှုကို ခံစားကြရသည်။ သင်၏ တည်ငြိမ်အေးချမ်းမှုသည် သင် ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤစိတ်ငြိမ်သက်ခြင်းသည် သင်၏ မနာခံခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် အသက်ရှင်သည်၊ စာတန်၏ မှောင်မိုက်သော စွမ်းအောက်တွင် သူ အသက်ရှင်သည်။ တစ္ဆေများသည် လူ၏ အသွေးအသားအပေါ် နယ်မြေအနှံ့ ကျူးကျော်ရင်း လူသားများနှင့် အတူနေထိုင်ကြလေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော သုခဘုံတစ်ခုတွင် အသက်မရှင်ပေ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲတစ်ခု၊ မြေအောက်ကမ္ဘာတစ်ခု ဖြစ်ပေသည်။ လူသည် သန့်ရှင်းစေခြင်းမခံရပါက၊ သူသည် ညစ်ညူးခြင်း ရှိပေသည်။ သူသည် ဘုရားသခင်အားဖြင့် ကွယ်ကာခံရကာ စောင့်ရှောက်ခံရခြင်း မရှိပါက၊ သူသည် စာတန်၏အကျဉ်းသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်စွမ်းအား၏ ဖိနှိပ်မှုကို လွတ်မြောက်ခြင်းငှာ နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်ထုတ်ပြသသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သင် အသက်ရှင်နေထိုင်သည့် မနာခံသော အပြုအမူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် သင် အသက်ရှင်နေဆဲ ဖြစ်သည်ကို သက်သေပြရန် လုံလောက်ပေသည်။ သင့်စိတ်နှင့် အတွေးများသည် သန့်ရှင်းစေခြင်းမခံရသေးသကဲ့သို့၊ သင်၏ စိတ်သဘောထားသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မခံရသေးပါက၊ သင်၏ ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုဖြင့် ထိန်းချုပ်ခံရဆဲ ဖြစ်သည်၊ သင့်စိတ်သည် စာတန်၏ ထိန်းချုပ်ခြင်းခံရသည်၊ သင့်အတွေးများသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းခံရပြီး၊ သင့်ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ လက်များဖြင့် ထိန်းချုပ်ခံရပေသည်။ သင်သည် ပေတရု၏စံနှုန်းများနှင့် မည်မျှဝေးကွာ၍သာ ရှိနေသည်ကို ယခု သင်သိပြီလော။ သင်သည် ထိုအစွမ်းအစ ပိုင်ဆိုင်ပါသလော။ ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်၍ သင်မည်မျှ သိသနည်း။ ပေတရု သိလာခဲ့သော အရာများထဲမှ သင် မည်မျှပိုင်ဆိုင်သနည်း။ အကယ်၍ ယနေ့တွင် သင်မသိနိုင်ပါက နောင်တွင် ဤအသိပညာကို စွမ်းဆောင်ရရှိနိုင်လိမ့်မည်လော။ သင်ကဲ့သို့ ပျင်းရိပြီး သတ္တိကြောင်သော တစ်စုံတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တကယ်ကို သိရှိနိုင်စွမ်း ရှိသလော။ သင်သည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ သာယာမှုများကို လိုက်စားပါက၊ သင်သည် သန့်ရှင်းခြင်း လုံးဝ ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ သင် အသက်ရှင်နေထိုင်သည့်အရာမှာ စာတန်ဖြစ်ပြီး၊ ဇာတိပကတိ ဖြစ်သည့်အတွက်၊ အဆုံးတွင် သင်သည် စာတန်ထံသို့ ပြန်သွားရလိမ့်မည်။ ယနေ့လက်ရှိအခြေအနေတွင် များစွာသော လူတို့သည် အသက်ကို မလိုက်စားကြပေ၊ ယင်းမှာ ၎င်းတို့သည် သန့်ရှင်းစေခြင်းခံရခြင်းအကြောင်း သို့မဟုတ် သာ၍ နက်ရှိုင်းသော အသက်တာ အတွေ့အကြုံထဲသို့ ဝင်ရောက်ခြင်း အကြောင်းကို ဂရုမစိုက်ကြဟု ဆိုလိုပေသည်။ ထိုသို့ဖြစ်လျက်၊ ၎င်းတို့သည် မည်သို့ စုံလင်စေခြင်းခံရနိုင်မည်နည်း။ အသက်ကို မလိုက်စားသော သူတို့သည် စုံလင်စေခြင်းခံရရန် အခွင့်အရေးမရှိသကဲ့သို့၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို မလိုက်စားသောသူများ၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားသော သူတို့သည် စာတန်၏ မှောင်မိုက်သော စွမ်းအားကို လွတ်မြောက်နိုင်စွမ်း မရှိပေ။ ဟိတ်ဟန်နောက်လိုက်ရုံမျှလိုက်ပြီး ပုံမှန် ဝတ်ပြုအစည်းအဝေးများကို တက်ရောက်ရုံမျှ တက်ရောက်ကြသည့်၊ ဘာသာတရား၌ ယုံကြည်သော သူများကဲ့သို့သာ၊ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာနှင့်ပတ်သက်၍၊ ပြီးလျှင် ၎င်းတို့၏ စိတ်သဘောထား၌ အပြောင်းအလဲများထဲသို့ ၎င်းတို့၏ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍၊ အလေးအနက် မထားကြပေ။ ယင်းသည် အချိန်ဖြုန်းခြင်း မဟုတ်လော။ ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် လူသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို လိုက်စားဖို့ မဆိုထားနှင့်၊ အသက်နှင့်ဆိုင်သည့် အမှုကိစ္စများအကြောင်းကို အလေးအနက်မထားလျှင်၊ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို မလိုက်စားလျှင်၊ သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားလျှင်၊ သူသည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်သည် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏အမှုကို သင် နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ အရေးပါမှုနှင့် ဤအမှုကို လူသားအပေါ် အဘယ်ကြောင့် လုပ်ဆောင်ရသည်ကို နားလည်ရမည်။ သင် လက်ခံနိုင်ပါသလော။ ဤပြစ်တင်ဆုံးမခြင်းမျိုးအတောအတွင်းတွင်၊ သင်သည် ပေတရုကဲ့သို့ တူညီသည့်အတွေ့အကြုံနှင့် အသိပညာတို့ကို စွမ်းဆောင် ရရှိနိုင်သလော။ အကယ်၍ သင်သည် ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားပါက၊ ပြီးလျှင် သင့်စိတ်သဘောထား၌ ပြောင်းလဲမှုများကို သင် လိုက်စားပါက၊ သင်သည် စုံလင်စေခြင်းခံရဖို့ အခွင့်အရေး ရှိပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၂၈)

စုံလင်စေခြင်းခံရမည့်သူများအတွက်၊ သိမ်းပိုက်ခံရခြင်းနှင့် ဆိုင်သော အမှု၏ ဤအဆင့်သည် မရှိမဖြစ် ဖြစ်သည်။ လူသည် သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်မှသာ၊ သူသည် စုံလင်စေခြင်း အမှုကို တွေ့ကြုံနိုင်ပေသည်။ သိမ်းပိုက်ခံရခြင်း အခန်းကဏ္ဍကိုသာ ဆောင်ရွက်ခြင်းတွင် ကြီးမားသော တန်ဖိုးမရှိပေ၊ ယင်းသည် သင့်အား ဘုရားသခင် အသုံးပြုခြင်းအတွက် သင့်တော်စေလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်ကို မလိုက်စားသကဲ့သို့၊ မိမိကိုယ်ကိုယ်၌ ပြောင်းလဲမှုနှင့် အသစ်ပြုပြင်ခြင်းတို့ကို မလိုက်စားသည့်အတွက်၊ ဧဝံဂေလိတရား ဖြန့်ဝေရာတွင် သင်၏ အခန်းကဏ္ဍကို သင် လုံးဝ ဆောင်ရွက်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် သင်သည် စစ်မှန်သော ဘဝ အတွေ့အကြုံ မရှိပေ။ ဤအဆင့်ဆင့်ဖြစ်သော အမှုအတောအတွင်းတွင်၊ တစ်ချိန်က သင်သည် အစေခံသူတစ်ဦးအဖြစ်နှင့် အဖြည့်ခံတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သော်လည်း၊ နောက်ဆုံးတွင် သင်သည် ပေတရုအဖြစ် မလိုက်စားသကဲ့သို့၊ သင်၏ လိုက်စားမှုသည် ပေတရု စုံလင်စေခြင်းခံခဲ့ရသည့် လမ်းကြောင်းအတိုင်း မဟုတ်ပါက၊ သင့်စိတ်သဘောထား၌ အလိုအလျောက် ပြောင်းလဲမှုကို သင်တွေ့ကြုံရလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် စုံလင်စေခြင်းခံရခြင်းကို လိုက်စားသည့် သူတစ်ဦးဖြစ်ပါက၊ သင်သည် သက်သေခံပြီးဖြစ်လိမ့်မည်၊ သင်က “ဘုရားသခင်၏ ဤအဆင့်ဆင့်ဖြစ်သော အမှုတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို လက်ခံပြီးဖြစ်ကာ၊ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရပြီးဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားအား မည်သို့ စုံလင်စေသည်ကို ကျွန်ုပ်သိလာရပြီးဖြစ်ပါသည်၊ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သော အမှုကို ကျွန်ုပ်ရရှိပြီးဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် အသိပညာကို ကျွန်ုပ်သိရှိပြီးဖြစ်ကာ သူ၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ရောက်လာပြီးဖြစ်ကာ ကျွန်ုပ်ထံ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော် ဆောင်ကြဉ်းပြီးဖြစ်သည်။ ကျွန်ုပ်ကို ကွယ်ကာကာ သန့်စင်စေပြီးဖြစ်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပါ၏။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပြီးဖြစ်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ကြမ်းတမ်းသော နှုတ်ကပတ်တော်များ ကျွန်ုပ်အပေါ်သို့ မရောက်လာခဲ့ပြီးဖြစ်ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိရှိနိုင်ပြီးဖြစ်မည်မဟုတ်သကဲ့သို့၊ ကျွန်ုပ်သည် ကယ်တင်ခံရပြီးဖြစ်နိုင်မည် မဟုတ်ပါ။ ယနေ့တွင် ကျွန်ုပ်မြင်ရသည်- ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ထိုက်သောကြောင့်၊ သတ္တဝါတစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သောအရာများ အားလုံးကို မွေ့လျော်ရသည်သာမက၊ သာ၍ အရေးကြီးသည်မှာ၊ သတ္တဝါအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းတို့ကိုလည်း မွေ့လျော်သင့်ပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် သတ္တဝါ တစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပြင်၊ ကြီးစွာသော မေတ္တာ ရှိပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို လုံးဝ ရရှိနိုင်စွမ်းမရှိသော်လည်း၊ ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်း ရှိလေပြီ၊ ဤတွင် ကျွန်ုပ် ကောင်းချီးခံစားရပါသည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းကို တွေ့ကြုံရသည့်သူများ လျှောက်လှမ်းခဲ့သော လမ်းကြောင်း ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ပြောဆိုသော အသိပညာဖြစ်ပါသည်။ ထိုသို့သော လူများသည် ပေတရုနှင့်တူကြပေသည်။ ပေတရုကဲ့သို့ တူညီသော အတွေ့အကြုံများ ရှိကြသည်။ ထိုသို့သော လူများသည် အသက်ကို ရရှိပြီးသူများ၊ အမှန်တရားကို ပိုင်ဆိုင်သော သူများလည်း ဖြစ်သည်။ ၎င်းတို့သည် တကယ့်အဆုံးထိ တွေ့ကြုံသောအခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းအတောအတွင်းတွင် ၎င်းတို့သည် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လုံးဝ ဧကန်မုချ ဖယ်ရှားကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို ခံရကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၂၉)

အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့် ဧဝတို့သည် သန့်ရှင်းသောလူများ ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ ဧဒင်ဥယျာဉ်အထဲ၌ ရှိနေစဉ်တွင် ၎င်းတို့သည် အညစ်အကြေးနှင့် မစွန်းထင်းဘဲ သန့်ရှင်းခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါကိုလည်း သစ္စာရှိခဲ့ကြပြီး ယေဟောဝါကို သစ္စာဖောက်ခြင်းနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မသိခဲ့ကြပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်၏ စွမ်းအား နှောင့်ယှက်မှုမရှိခဲ့ကြသောကြောင့်၊ စာတန်၏ အဆိပ်မရှိခဲ့သကဲ့သို့၊ လူသားမျိုးနွယ် အားလုံးတွင် အသန့်ရှင်းဆုံး ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဧဒင်ဥယျာဉ်ထဲတွင် မည်သည့်အညစ်အကြေးမျှဖြင့် ညစ်ညမ်းစေခြင်း မခံရဘဲ၊ ဇာတိပကတိ၏ စရိုက်လက္ခဏာ မရှိသကဲ့သို့၊ ယေဟောဝါအား ရိုသေလေးမြတ်ခြင်းဖြင့် အသက်ရှင်ခဲ့ကြသည်။ နောက်ပိုင်းတွင် စာတန်၏ သွေးဆောင်မှုကို ၎င်းတို့ခံရသည့်အခါ၊ ၎င်းတို့သည် မြွေ၏ အဆိပ်နှင့် ယေဟောဝါအား သစ္စာဖောက်ရန် စိတ်ဆန္ဒရှိခဲ့ကြပြီး စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ခဲ့ကြသည်။ အစအဦး၌ ၎င်းတို့သည် သန့်ရှင်းပြီး ယေဟောဝါအား ရိုသေလေးမြတ်ခဲ့ကြသည်။ ဤအခြေအနေတွင်သာ ၎င်းတို့ လူသားဖြစ်ခဲ့ကြသည်။ နောက်ပိုင်း၌ စာတန်၏ သွေးဆောင်မှုကို ခံရပြီးနောက်၊ ၎င်းတို့သည် ကောင်းမကောင်းကို သိကျွမ်းရာအပင်မှ အသီးကို စားခဲ့ကြပြီး စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ခဲ့ကြသည်။ ၎င်းတို့သည် တဖြည်းဖြည်း စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရပြီး လူသား၏ မူလပုံသဏ္ဌာန် ပျောက်ဆုံးခဲ့လေသည်။ အစအဦး၌ လူသားသည် ယေဟောဝါ၏ ဇီဝအသက် ရှိခဲ့သည်၊ အနည်းငယ်မျှ မနာခံခြင်း မရှိခဲ့သကဲ့သို့ သူ၏ စိတ်နှလုံးထဲတွင် မကောင်းမှု မရှိခဲ့ပေ။ ထိုအချိန်တွင် လူသည် စစ်မှန်သော လူသားဖြစ်ခဲ့၏။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်၊ လူသည် သားရဲတိရစ္ဆာန် တစ်ကောင် ဖြစ်လာခဲ့သည်။ သူ၏အတွေးတို့သည် ကောင်းမြတ်ခြင်း သို့မဟုတ် သန့်ရှင်းခြင်းမရှိဘဲ၊ မကောင်းမှုနှင့် အညစ်အကြေးတို့ဖြင့် ပြည့်နှက်ခဲ့သည်။ ဤသည်မှာ စာတန် ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ အမှုများစွာကို တွေ့ကြုံပြီးဖြစ်သော်လည်း၊ ပြောင်းလဲခြင်းမရှိသေးပေ သို့မဟုတ် သန့်ရှင်းစေခြင်း မခံရသေးပေ။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ဆက်လက် အသက်ရှင်ဆဲဖြစ်ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိသေးပေ။ ဤသည်မှာ သိမ်းပိုက်ခံရပြီးဖြစ်သော်လည်း၊ စုံလင်စေခြင်း မခံရသေးသည့် သူတစ်ယောက်ဖြစ်သည်။ ပြီးလျှင် ထိုသို့သောလူသည် စုံလင်စေခြင်းမခံရသေးဟု အဘယ်ကြောင့် ဆိုထားသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူသည် အသက် သို့မဟုတ် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို မလိုက်စားသကဲ့သို့ ဇာတိပကတိ၏ အပျော်အပါးများနှင့် တဒင်္ဂနှစ်သိမ့်မှုတို့ကိုသာ တပ်မက်သောကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုများ မရှိသကဲ့သို့၊ ဘုရားသခင် ဖန်ဆင်းထားသည့်အတိုင်း လူ၏မူရင်းအသွင်သဏ္ဌာန်ကို ပြန်လည်မရရှိလေပြီ။ ထိုသို့သောလူများသည် လမ်းလျှောက်နေသော အလောင်းကောင်များ ဖြစ်သည်၊ ၎င်းတို့သည် ဝိညာဉ်မရှိသော အသေကောင်များ ဖြစ်ပေသည်။ စိတ်ဝိညာဉ်ထဲက ကိစ္စရပ်များနှင့်ဆိုင်သည့် အသိပညာကို မလိုက်စားသူများ၊ သန့်ရှင်းခြင်းကို မလိုက်စားသူများနှင့် သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းအား မလိုက်စားသူများ၊ အပျက်သဘောဆောင်သည့် ဘက်တွင် သိမ်းပိုက်ခံရဖို့သာ ကျေနပ်ရောင့်ရဲသူများနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်မရှင်နိုင်သကဲ့သို့ သန့်ရှင်းသော လူသားများ ဖြစ်မလာနိုင်သူများ- ဤသည်တို့မှာ ကယ်တင်ခြင်း မခံရသေးသော သူများဖြစ်လေသည်။ အကြောင်းမှာ သမ္မာတရား မရှိပါက၊ လူသည် ဘုရားသခင်၏ စမ်းသပ်မှု အတွင်းတွင် ခိုင်မြဲစွာ မရပ်တည်နိုင်ပေ။ ဘုရားသခင်၏ စမ်းသပ်မှု အတွင်း ခိုင်မြဲစွာ ရပ်တည်နိုင် သူများသာ ကယ်တင်ခြင်းခံရပြီးသော သူများဖြစ်သည်။ ငါလိုချင်သည်မှာ ပေတရုကဲ့သို့သော လူများ၊ စုံလင်အောင်ပြုခံရခြင်းကို လိုက်စားသော လူများဖြစ်၏။ ယနေ့၏ သမ္မာတရားကို တမ်းတပြီး ရှာဖွေသူများအား ထိုသမ္မာတရားကို ပေးထားပေသည်။ ဤကယ်တင်ခြင်းကို ဘုရားသခင်အားဖြင့် ကယ်တင်ခံရဖို့ တမ်းတသူများကို ပေးထားကာ၊ သင်တို့၏ ရယူခြင်းခံရဖို့သာ မရည်ရွယ်ပေ။ ယင်း၏ ရည်ရွယ်ချက်မှာ သင်တို့သည် ဘုရားသခင်၏ ရယူခြင်း ခံရနိုင်ကြဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်က သင်တို့ကို ရယူနိုင်ဖို့အလို့ငှာ သင်တို့က ဘုရားသခင်ကို ရယူပေသည်။ ယနေ့တွင် ငါသည် သင်တို့အား ဤနှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်ကာ သင်တို့သည် ယင်းတို့ကို ကြားရပြီးဖြစ်သကဲ့သို့၊ သင်တို့သည် ဤနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်ကြပေသည်။ အဆုံးတွင် ဤနှုတ်ကပတ်တော်များကို သင်တို့ လက်တွေ့လုပ်ဆောင်သည့် အချိန်သည် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် သင်တို့ကို ငါရယူပြီးဖြစ်သည့် အခိုက်အတန့် ဖြစ်လိမ့်မည်။ တစ်ချိန်တည်းတွင်၊ သင်တို့သည် ဤနှုတ်ကပတ်တော်များကိုလည်း ရရှိပြီးဖြစ်လိမ့်မည်၊ ဆိုလိုသည်မှာ သင်တို့သည် ဤအထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိပြီးဖြစ်လိမ့်မည်။ သင်တို့သည် သန့်ရှင်းစေခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်စွမ်းမရှိပါက သို့မဟုတ် စုံလင်စေခြင်းကို ခံရပြီးသော သူတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်စွမ်း မရှိပါက၊ သင်သည် သမ္မာတရား မရှိသောကြောင့်၊ ဆိုလိုသည်မှာ သင်သည် ယေဟောဝါ၏ ဇီဝအသက်မရှိသကဲ့သို့၊ ထိုသို့ဖြင့် သင်သည် ဝိညာဉ်မရှိသော လူသေတစ်ဦး ဖြစ်သောကြောင့်၊ လူသားတစ်ဦး မဟုတ်ဘဲ၊ လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင်၊ သားရဲတစ်ကောင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သိမ်းပိုက်ခံရပြီးနောက် သက်သေခံရန် ဖြစ်နိုင်သော်လည်း၊ သင်ရရှိသည်မှာ ကယ်တင်ခြင်း အနည်းငယ်သာဖြစ်ပြီး၊ သင်သည် ဝိညာဉ်ပိုင်ဆိုင်သည့် သက်ရှိတစ်ဦး ဖြစ်မလာသေးပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို သင်တွေ့ကြုံရပြီး ဖြစ်သော်လည်း၊ အကျိုးဆက်အနေဖြင့် သင်၏စိတ်သဘောထားက အသစ်ပြုပြင်ခြင်းမခံရပေ သို့မဟုတ် ပြောင်းလဲခြင်းမရှိပေ။ သင်သည် ယခင်ပုံစံအတိုင်း ရှိဆဲဖြစ်ပြီး၊ သင်သည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်ကာ သန့်ရှင်းစေခြင်း မခံရသေးပေ။ စုံလင်စေခြင်းကို ခံရပြီးသူများသာ တန်ဖိုးရှိပြီး၊ ဤကဲ့သို့သော လူများသည်သာ စစ်မှန်သော အသက်ကို ရရှိကြပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၃၀)

ယနေ့တွင် လူအချို့သည် ဘုရားသခင် အသုံးပြုခံရခြင်းကို လိုက်စားကြသော်လည်း၊ သိမ်းပိုက်ခံရပြီးနောက် ၎င်းတို့ကို တိုက်ရိုက် အသုံးပြု၍ မရနိုင်ပေ။ ယနေ့ပြောဆိုသည့် နှုတ်ကပတ်တော်များ အတွက်မူ၊ ဘုရားသခင်က လူတို့ကို အသုံးပြုသည့်အခါ၊ သင်သည် ယင်းတို့ကို မပြီးမြောက်နိုင်သေးပါက၊ သင်သည် စုံလင်စေခြင်းကို မခံရသေးပေ။ တစ်နည်းအားဖြင့်၊ လူသည် စုံလင်စေခြင်းခံရသည့် အချိန်ကာလ အဆုံးသတ် ရောက်ရှိခြင်းက လူသားသည် ဘုရားသခင်၏ ပယ်ထုတ်ခြင်း ခံရမည်လော သို့မဟုတ် အသုံးပြုခြင်း ခံရမည်လော ဆိုသည်ကို အဆုံးအဖြတ်ပေးလိမ့်မည်။ သိမ်းပိုက်ခြင်း ခံရပြီးသောသူများသည် မတုန်မလှုပ်ဖြစ်ခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့၏ ဥပမာများထက် ဘာမျှမပိုပေ။ ၎င်းတို့သည် နမူနာများနှင့် စံပုံစံများဖြစ်သော်လည်း၊ ၎င်းတို့သည် ဆန့်ကျင်ကွဲပြားမှု တစ်ခုထက် ဘာမျှ မပိုပေ။ လူသား၏ အသက်စိတ်သဘောထား ပြောင်းလဲပြီး အိတ်သွန်ဖာမှောက် ပြောင်းလဲမှုများကို ရရှိပြီးအချိန်မှသာ၊ သူသည် အပြည့်အဝ စုံလင်စေခြင်းခံရပြီး ဖြစ်လိမ့်မည်။ ယနေ့တွင် မည်သည့်အရာကို သင်အလိုရှိသနည်း- သိမ်းပိုက်ခံရခြင်းလော၊ သို့မဟုတ် စုံလင်အောင်ပြုခံရခြင်းလော။ မည်သည့်အရာကို စွမ်းဆောင်ရရှိရန် သင် ဆန္ဒရှိသနည်း။ စုံလင်အောင်ပြုခံရခြင်းအတွက် သတ်မှတ်ချက်များကို သင်ဖြည့်ဆည်းပြီးပြီလော။ မည်သည့် သတ်မှတ်ချက်များ သင်ကင်းမဲ့ဆဲဖြစ်သနည်း။ သင့်ကိုယ်သင် မည်သို့ ပြင်ဆင်သင့်ပြီး၊ သင်၏ ချို့တဲ့ခြင်းများအတွက် မည်သို့ ထေမိစေသင့်သနည်း။ စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ သင်မည်သို့ ဝင်ရောက်သင့်သနည်း။ သင်သည် မည်သို့ လုံးဝ ကျိုးနွံနာခံသင့်သနည်း။ သင်သည် စုံလင်စေခြင်းခံရရန် တောင်းဆိုသည်၊ သို့ဆိုလျှင် သန့်ရှင်းခြင်းကို သင် လိုက်စားသလော။ သင်သည် သန့်စင်ခြင်းခံရနိုင်ဖို့အလို့ငှာ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို တွေ့ကြုံခံစားဖို့ ကြိုးစားသည့် လူတစ်ဦး ဖြစ်ပါသလော။ သင်သည် သန့်ရှင်းစေခြင်းကို လိုက်စားသည်၊ သို့ဆိုလျှင် သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရန် လိုလားပါသလော။ သင်သည် ဘုရားသခင်အား သိကျွမ်းရန် တောင်းဆိုသည်၊ သို့သော် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်ပတ်သက်သည့် အသိပညာ တစ်ခု ရှိပါသလော။ ယနေ့တွင် သင့်အပေါ် သူပြုသော အမှုအများစုမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြစ်၏။ သင့်အပေါ် ဆောင်ရွက်ပြီးဖြစ်သည့် ဤအမှုနှင့် ပတ်သက်သည့် အသိပညာသည် အဘယ်နည်း။ သင်တွေ့ကြုံပြီးဖြစ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် သင့်အား သန့်ရှင်းစေပြီးပြီလော။ ယင်းသည် သင့်ကို ပြောင်းလဲစေပြီးပြီလော။ ယင်းသည် သင့်အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိပြီးပြီလော။ ယနေ့၏ အမှုများစွာကို- ကျိန်ခြင်းများ၊ တရားစီရင်ခြင်းနှင့် ဖွင့်ဟမှုများကို- သင် ငြီးငွေ့ပါသလော- သို့မဟုတ် ဤအရာများသည် သင့်အတွက် ကြီးစွာ အကျိုးပြုသည်ဟု သင် ခံစားရသလော။ သင်သည် ဘုရားသခင်ကို ချစ်၏၊ သို့သော် အဘယ်ကြောင့် သူ့ကို သင် ချစ်သနည်း။ သင်သည် ကျေးဇူးတော် အနည်းငယ် ရရှိသောကြောင့် ဘုရားသခင်ကို ချစ်သလော။ သို့မဟုတ် သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရရှိပြီးသည့်နောက်တွင် ဘုရားသခင်ကို ချစ်သလော။ သို့မဟုတ် သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အားဖြင့် သန့်ရှင်းစေခြင်း ခံရပြီးသည့်နောက် ဘုရားသခင်ကို သင်ချစ်သလော။ မည်သည့်အရာ အတိအကျက သင့်အား ဘုရားသခင်ကို ချစ်စေသနည်း။ ပေတရုသည် စုံလင်စေခြင်းခံရရန်အလို့ငှာ မည်သည့်သတ်မှတ်ချက်များကို ဖြည့်ဆည်းခဲ့သနည်း။ သူသည် စုံလင်စေခြင်းခံခဲ့ရသည့်နောက်တွင်၊ ယင်းကို ဖော်ပြသည့် အရေးပါသောလမ်းမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ပေတရုသည် သခင်ယေရှုကို တောင့်တခဲ့သောကြောင့် သို့မဟုတ် သူသည် သခင်ယေရှုကို မမြင်နိုင်ခဲ့သောကြောင့် သို့မဟုတ် သူသည် ပြစ်တင်ခြင်းခံခဲ့ရပြီးဖြစ်သောကြောင့် သခင်ယေရှုကို ချစ်ခဲ့သ‌လော။ သို့မဟုတ် သူသည် အတိဒုက္ခများကို ခံစားရခြင်းအား လက်ခံခဲ့ပြီးဖြစ်ကာ သူ၏ ကိုယ်ပိုင် ညစ်ညမ်းမှုနှင့် မနာခံတတ်မှုတို့ကို သိရှိလာခဲ့ပြီးဖြစ်သောကြောင့်၊ သခင်၏ သန့်ရှင်းခြင်းကို သိရှိလာခဲ့ပြီးဖြစ်သောကြောင့်၊ ပေတရုသည် သခင်ယေရှုကို သာ၍ပင် ချစ်ခဲ့သလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့် သို့မဟုတ် အခြားတစ်စုံတစ်ရာကြောင့် ဘုရားသခင်ကို သူ၏ချစ်ခြင်းက ပိုမိုဖြူစင်လာခဲ့သလော။ အဘယ်အရာနည်း။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်နှင့် ယနေ့တွင် သူသည် သင့်အား ကောင်းချီးမင်္ဂလာ အနည်းငယ် ပေးပြီးပြီဖြစ်သောကြောင့် ဘုရားသခင်ကို ချစ်ခြင်း ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာလော။ ဘုရားသခင်ကို သင် မည်သို့ ချစ်သင့်သနည်း။ သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို သင် လက်ခံပြီး၊ သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်ပြီးနောက်တွင်၊ သင့်အနေဖြင့် သူ့ကို လုံးဝ လက်ခံယုံကြည်ပြီး သူနှင့်ဆိုင်သည့် အသိပညာ သင်ရှိသည်အထိ သူ့ကို အမှန်တကယ် သင် ချစ်နိုင်သင့်သလော။ ပေတရုကဲ့သို့ ဘုရားသခင်အား လုံလုံလောက်လောက် မချစ်နိုင်ဟု သင်ဆိုနိုင် ပါသလော။ သင် လိုက်စားသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပြီးသည့်နောက် သိမ်းပိုက်ခံရရန် ဖြစ်သလော သို့မဟုတ် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပြီးသည့်နောက် သန့်ရှင်းစေခြင်းခံရရန်၊ ကွယ်ကာခြင်း ခံရရန်နှင့် စောင့်ရှောက်ခံရရန် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာကို သင် လိုက်စားသနည်း။ သင်၏အသက်တာသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခု ဖြစ်သလော သို့မဟုတ် ယင်းသည် အဓိပ္ပာယ်မဲ့ကာ တန်ဖိုးမရှိလေသလော။ သင်သည် ဇာတိပကတိကို လိုချင်သလော သို့မဟုတ် သမ္မာတရားကို လိုချင်သလော။ တရားစီရင်ခြင်းကို သင်ဆန္ဒ ရှိသလော သို့မဟုတ် သက်သောင့်သက်သာ ဖြစ်ခြင်းကို သင် ဆန္ဒရှိသလော။ ဘုရားသခင်၏အမှုကို အလွန်များစွာ တွေ့ကြုံပြီးသည့်နောက်၊ ပြီးလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ရှုမြင်ရပြီးသည့်နောက်၊ သင်သည် မည်သို့ လိုက်စားသင့်သနည်း။ ဤလမ်းကြောင်းကို သင်မည်သို့ လျှောက်လှမ်းသင့်သနည်း။ သင်၏ ဘုရားသခင်ကို ချစ်ခြင်းအား မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်အထဲ၌ သက်ရောက်မှု တစ်ခုတစ်လေ စွမ်းဆောင်ရရှိပြီးပြီလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်ဆိုင်သည့် အသိပညာ သင် ရှိခြင်း၊ မရှိခြင်းသည် သင်အသက်ရှင်နေထိုင်သည့်အရာနှင့် ဘုရားသခင်အား သင်ချစ်သည့် အတိုင်းအတာအပေါ် မှီတည်နေသည်။ သင့်နှုတ်ခမ်းများက ဘုရားသခင်အား ချစ်သည်ဟုဆိုသော်လည်း၊ သင် အသက်ရှင်နေထိုင်သည်မှာ အိုဟောင်းသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ သင်သည် အသိတရား ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းပင် မရှိပေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ချစ်သလော။ ထိုသို့သော လူများသည် ဘုရားသခင်ကို သစ္စာစောင့်သိသလော။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူများ ဟုတ်ပါသလော။ သင်က ဘုရားသခင်ကို ချစ်ကာ သူ့ကို ယုံကြည်ပါသည်ဟု ပြောသော်လည်း သင်၏ အယူအဆများကို သင် လက်မလွှတ်ပေ။ သင်၏ အလုပ်၊ ဝင်ရောက်မှု၊ သင်ပြောသောစကားများနှင့် သင့်အသက်တာထဲတွင်၊ ဘုရားသခင်အား သင်၏ချစ်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်များ မရှိသကဲ့သို့၊ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်း မရှိပေ။ ဤသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ရရှိပြီးသောသူ တစ်ဦးဖြစ်သလော။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ပေတရု ဖြစ်နိုင်မည်လော။ ပေတရုကဲ့သို့သော သူများသည် အသိပညာသာရှိပြီး အသက်ရှင်နေထိုင်ခြင်း မရှိသလော။ ယနေ့တွင်၊ စစ်မှန်သော အသက်တာကို အသက်ရှင်နေထိုင်ရန် လူသား လိုအပ်သည့် သတ်မှတ်ချက်မှာ အဘယ်နည်း။ ပေတရု၏ ဆုတောင်းချက်များသည် သူ့နှုတ်မှထွက်လာသော စကားများထက် မည်သည့်အရာမျှ မပိုခဲ့သလော။ ယင်းတို့သည် သူ၏ နှလုံးသား အတွင်းနက်နက်မှ စကားများ မဟုတ်ခဲ့သလော။ ပေတရုသည် ဆုတောင်းရုံသာ ဆုတောင်းပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သလော။ သင်လိုက်စားမှုမှာ မည်သူ့အတွက်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအတွင်းတွင် သင်သည် ကွယ်ကာမှုနှင့် သန့်ရှင်းစေခြင်းတို့ကို မိမိကိုယ်ကိုယ် မည်သို့ ရရှိစေသင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူသားအဖို့ အကျိုးမရှိပါသလော။ တရားစီရင်ခြင်းအားလုံးသည် အပြစ်ပေးခြင်းဖြစ်သလော။ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့သာ၊ ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးမင်္ဂလာများနှင့် တဒင်္ဂ သက်သောင့်သက်သာ ဖြစ်ခြင်းတို့သည်သာ လူ၏အသက်အတွက် အကျိုးရှိသည်မှာ ဖြစ်နိုင်မည်လော။ လူသည် တရားစီရင်ခြင်း အသက်တာ မရှိဘဲ၊ သာယာပြီး သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင်နေထိုင်ပါက၊ သူသည် သန့်ရှင်းစေခြင်း ခံရနိုင်မည်လော။ လူသည် ပြောင်းလဲပြီး သန့်ရှင်းစေခြင်းခံရရန် ဆန္ဒရှိပါက၊ စုံလင်အောင်ပြုခြင်းကို သူ မည်သို့လက်ခံသင့်သနည်း။ ယနေ့ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၃၁)

ပေတရုနှင့် ပတ်သက်၍ ဖော်ပြသည့်အခါ၊ လူများက သူနှင့် ပတ်သက်၍ အဆုံးမရှိသော အကောင်းပြောစရာများ ရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သူစွန့်လွှတ်ခဲ့သည့် အကြိမ်သုံးကြိမ်၊ စာတန်ကို အစေခံခြင်းအားဖြင့် ဘုရားသခင်အား မည်သို့ စမ်းသပ်သည်နှင့် အဆုံး၌ ဘုရားသခင်အတွက် ဇောက်ထိုး အနေအထားနှင့် မည်သို့ ကားစင်တင်ခံရသည် အစရှိသည်တို့ကို ချက်ချင်း ပြန်သတိရကြလေသည်။ ယခုအခါ ပေတရုသည် ငါနှင့် သူ၏ နောက်ဆုံးနိဂုံး မည်သည့်အရာဖြစ်သည်တို့ကို မည်ကဲ့သို့ သိလာပုံကို သင်တို့အား ဖော်ပြခြင်းအပေါ် ငါ အာရုံစိုက်မည်။ ပေတရုသည် အရည်အချင်းကောင်းရှိသော်လည်း၊ သူ၏အခြေအနေများသည် ပေါလု၏ အခြေအနေများကဲ့သို့ မဟုတ်ချေ။ ပေတရု၏ မိဘများသည် ငါ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်၊ ထိုမိဘများသည် စာတန်၏ ပိုင်ဆိုင်ခြင်းခံ ထားရသော မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ပေတရုအား ဘုရားသခင်နှင့် ပတ်သက်၍ တစ်စုံတစ်ခုမျှ မသွန်သင်ပေးခဲ့ကြပေ။ ပေတရုသည် ထက်မြက်သည်၊ ပါရမီရှိပြီး ငယ်စဉ်ဘဝကတည်းက သူ့မိဘများ၏ အလွန်ချစ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ သို့သော်လည်း အရွယ်ရောက်သူအဖြစ်၊ သူသည် ငါနှင့် သက်ဆိုင်သည့် အသိပညာကို ရှာဖွေလိုက်စားရာတွင် မည်သည့်အခါမျှ မရပ်တန့်ခဲ့သောကြောင့် သူ့မိဘများ၏ ရန်သူ ဖြစ်လာခဲ့ကာ၊ နောက်ပိုင်းတွင် သူ့မိဘများကို ကျောခိုင်းခဲ့ပေသည်။ ဤသို့ဖြစ်ရခြင်းမှာ အခြားအရာ အားလုံးထက် ပေတရုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့မှာ အနန္တတန်ခိုးရှင်၏ လက်တော်ထဲ၌ရှိပြီး အပြုသဘောဆောင်သော အရာခပ်သိမ်းမှာ စာတန်၏ စီမံခြင်း မပါဘဲ၊ ဘုရားသခင်ထံမှလာပြီး ကိုယ်တော်ကပင် တိုက်ရိုက်ထုတ်ပေးသည်ဟု ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ ပေတရု၏ မိဘများ၏ ဆန့်ကျင် ကွဲပြားခြားနားချက်က သူ့အား ငါ၏ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့နှင့် သက်ဆိုင်သည့် ပို၍ ကြီးမားသော အသိကို ပေးခဲ့သည်၊ ထိုသို့ဖြင့် ငါ့အား ရှာဖွေရန် သူ၏လိုအင်ဆန္ဒသည် သာ၍ တိုးမြင့်လာခဲ့သည်။ သူသည် ငါ၏နှုတ်ကပတ်တော်များအား စားသောက်ခြင်းကိုသာ အာရုံစိုက် ခဲ့ရုံမျှမကသည့်အပြင် ငါ၏အလိုကို နားလည်ခြင်းကိုပါ အာရုံစိုက်ခဲ့ပြီး၊ သူ၏ စိတ်နှလုံးထဲတွင် ယခင်ထက်ပို၍ နိုးကြားခဲ့ပေသည်။ အကျိုးဆက်အနေဖြင့် သူသည် သူ၏စိတ်ဓာတ်၌ အမြဲတစေ အသိတရားရှိပြီး၊ သူလုပ်သမျှတွင် ငါ၏စိတ်တော်နှင့် တွေ့စေခဲ့သည်။ သူသည် ကျရှုံးမှု၌ ပိတ်မိလာခြင်းကို လွန်စွာကြောက်ရွံ့လျက်၊ သူ့ကိုယ်သူ အားပေးရန် အတိတ်မှ လူများ၏ ရှုံးနိမ့်မှုများကို မပြတ် အာရုံစိုက်ခြင်းအား ထိန်းသိမ်းခဲ့သည်။ ထို့ကြောင့် ခေတ်ကာလများ တစ်လျှောက်တွင် ဘုရားသခင်ကို ချစ်ခဲ့ကြသောလူများအားလုံး၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို စိတ်ထဲစွဲမှတ်ခြင်းကိုလည်း သူ အာရုံစိုက်ထားခဲ့သည်။ ဤနည်းဖြင့်- အပျက်သဘောဆောင်သည့် လက္ခဏာသွင်ပြင်များတွင်သာ မဟုတ်ဘဲ၊ သာ၍ များစွာ အရေးကြီးစွာပင် အပြုသဘောဆောင်သော လက္ခဏာသွင်ပြင်များ၌ပါ- ပေတရုသည် ငါ၏မျက်မှောက်တော်ထဲတွင် ငါ့ကို အသိကျွမ်းဆုံး ဖြစ်လာသည်အထိ သူသည် လျင်မြန်စွာ သာ၍ ကြီးထွားရင့်ကျက်လာပေသည်။ ထို့နောက် ပေတရုသည် သူ့တွင် ရှိသမျှသော အရာအားလုံးကို ငါ၏လက်ထဲသို့ မည်သို့ထည့်ထားနိုင်သည်၊ သူသည် စားခြင်း၊ ဝတ်ဆင်ခြင်း၊ အိပ်စက်ခြင်း၊ သို့မဟုတ် အဘယ်အရပ်တွင် နေထိုင်သည်တို့အပေါ် ဆုံးဖြတ်ချက်များ ချခြင်းကိုပင် သူမည်သို့စွန့်လွှတ်ခဲ့ပြီး၊ ထိုအစား အရာခပ်သိမ်းတွင် ငါ့ကို ဖြည့်ဆည်းခြင်းကို အခြေခံလျက် ငါ၏ ကြွယ်ဝမှုများကို မွေ့လျော်ခံစားခဲ့သည်တို့ကို စိတ်ကူးကြည့်ဖို့ မခက်ခဲပေ။ ငါသည် သူ့ကို မရေမတွက်နိုင်သော စမ်းသပ်မှုများ- အလိုအလျောက်အားဖြင့် သူ့ကိုသေလုမျောပါး ဖြစ်စေခဲ့သည့် စမ်းသပ်မှုများ- ခံစားစေခဲ့သော်လည်း ရာနှင့်ချီသော ထိုစမ်းသပ်မှုများ၏ အလယ်တွင် သူသည် ငါ့အား ယုံကြည်ခြင်းကို တစ်ကြိမ်မျှပင် ပျောက်ဆုံးသွားခြင်း မရှိခဲ့၊ သို့မဟုတ် ငါ့အား စိတ်ပျက်ခဲ့ခြင်း မရှိခဲ့ချေ။ ငါသည် သူ့အား စွန့်ပစ်ခဲ့ပြီးဖြစ်သည်ဟု ပြောခဲ့သည့်အချိန်တွင်ပင်၊ သူသည် စိတ်ပျက်အားလျော့ခြင်း မရှိခဲ့ဘဲ၊ လက်တွေ့ကျသော နည်းလမ်းတစ်ခုနှင့် အတိတ်မှ လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများနှင့်အညီ ငါ့ကို ဆက်ချစ်ခဲ့သည်။ သူသည် ငါ့ကို ချစ်ခဲ့သော်ငြားလည်း၊ ငါသည် သူ့ကို ချီးကျူးမည် မဟုတ်ကြောင်း၊ အဆုံးတွင် သူ့အား စာတန်၏ လက်ထဲသို့ ပစ်ချလိမ့်မည်ဖြစ်ကြောင်းတို့ကို ငါသူ့အား ပြောခဲ့သည်။ သို့သော် သူ၏ဇာတိခန္ဓာပေါ် ကျရောက်ခဲ့ခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ အားဖြင့် စမ်းသပ်မှုသာဖြစ်သည့် ထိုကဲ့သို့သော စမ်းသပ်မှုများ အလယ်တွင် သူသည် ငါ့ထံ ဆုတောင်းဆဲဖြစ်ပြီး၊ “အိုး ဘုရားသခင်၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အလယ်တွင် အနန္တတန်ခိုးရှင် ဖြစ်သော ကိုယ်တော်၏ လက်တော်ထဲ၌ မရှိသော လူသားတစ်ယောက်တစ်လေ၊ ဖန်ဆင်းခံသတ္တဝါတစ်ကောင်တစ်လေ၊ သို့မဟုတ် အမှုအရာ တစ်ခုတစ်လေ ရှိလေသလော။ ကိုယ်တော်သည် အကျွန်ုပ်အား သနားကရုဏာ ရှိသောအခါ၊ အကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်၏ သနားကရုဏာဖြင့် ကြီးစွာရွှင်လန်း ဝမ်းမြောက်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်သောအခါ၊ အကျွန်ုပ်သည် မထိုက်တန်နိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သြဇာအာဏာ၊ ဉာဏ်ပညာတို့နှင့် ပြည့်ဝတော်မူသောကြောင့် ကိုယ်တော့် ဆောင်ရွက်ချက်များ၏ ဉာဏ်မမီနိုင်သောနက်နဲမှုကို သာ၍ကြီးမားသော ခံစားမှုတစ်ခု ရရှိပါ၏။ အကျွန်ုပ်၏ဇာတိခန္ဓာသည် ဆင်းရဲဒုက္ခ ခံစားရသော်ငြားလည်း၊ အကျွန်ုပ်၏ဝိညာဉ်သည် သက်သာရာရပါ၏။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်ချက်များကို အကျွန်ုပ်သည် မည်သို့လျှင် မချီးမွမ်းဘဲနှင့် နေနိုင်ပါမည်နည်း။ ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင်၊ ကျွန်ုပ်သည် အဘယ်သို့များ အလွန်ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ မသေဘဲ နေနိုင်မည်နည်း။ အနန္တတန်ခိုးရှင်ကိုယ်တော်၊ အကျွန်ုပ်အား ကိုယ်တော့်ကို တွေ့မြင်ခွင့်ပေးရန် အမှန်တကယ်ပင် အလိုမရှိသလော။ ကိုယ်တော်၏ တရားစီရင်ခြင်းကို လက်ခံရရှိခြင်းငှာ အကျွန်ုပ်သည် အမှန်တကယ်ပင် မထိုက်တန်သလော။ အကျွန်ုပ်၏အထဲတွင် ကိုယ်တော် မမြင်တွေ့လိုသော အရာတစ်စုံတစ်ခု ရှိနေခြင်းများ ဖြစ်နိုင်သလော။” ဟုပြောခဲ့သည်။ ထိုကဲ့သို့သော စမ်းသပ်မှုများ အတောအတွင်းတွင် ပေတရုသည် ငါ၏အလိုကို တိကျမှန်ကန်စွာ နားမလည်နိုင်ခဲ့သော်လည်း၊ သူသည် (လူသားမျိုးနွယ်သည် ငါ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို မြင်တွေ့စေရန်အလို့ငှာ ငါ၏တရားစီရင်မှုကို သူ ရရှိခဲ့သော်ငြားလည်း၊) ငါ့အားဖြင့် အသုံးပြုခြင်းခံရသည်ကို မြတ်နိုးပြီး ဂုဏ်ယူခဲ့ကြောင်းနှင့် သူသည် ဤစမ်းသပ်မှုများအားဖြင့် စိတ်သောကမရောက်ခဲ့ကြောင်းတို့မှာ သိသာထင်ရှားပေသည်။ ငါ၏ရှေ့မှောက်၌ သူ၏သစ္စာစောင့်သိမှုကြောင့်၊ ပြီးလျှင် သူ့အတွက် ငါ၏ ကောင်းချီးမင်္ဂလာများကြောင့် သူသည် လူသားတို့အတွက် နှစ်ထောင်ပေါင်းများစွာကြာအောင် စံနမူနာတစ်ဦးနှင့် စံပြတစ်ဦး ဖြစ်ခဲ့သည်။ ဤသည်မှာ သင်တို့အတုယူသင့်သောအရာ အတိအကျပင်ဖြစ်သည် မဟုတ်လော။ ယခုအချိန်၌ ငါသည် အဘယ်ကြောင့် ပေတရု၏အကြောင်းကို ထိုမျှရှည်လျားစွာ ပြောခဲ့သည်ကို သင်တို့သည် အချိန်ကြာ သေချာစွာ စဉ်းစားကြလော့။ ဤအရာများသည် သင်တို့ပြုမူသည့် အခြေခံသဘောတရားများ ဖြစ်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၆)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၃၂)

ပေတရုသည် ယေရှုနောက် နှစ်အတန်ကြာ လိုက်ခဲ့ပြီး အခြားလူများ၌ မရှိသည့်အရာ များစွာကို ယေရှုအထဲတွင် တွေ့မြင်ခဲ့သည်။ တစ်နှစ်ကြာ သူ့နောက်လိုက်ပြီးနောက်တွင် ပေတရုသည် တပည့်တော်ဆယ့်နှစ်ပါးအနက်မှ ယေရှု၏ ရွေးချယ်ခြင်းခံခဲ့ရသည်။ (ဤအရာကို ယေရှု အသံထွက်၍ မပြောခဲ့သကဲ့သို့ အခြားသူတို့ကလည်း ယင်းကို လုံးဝ သတိမမူမိခဲ့ကြသည်မှာ အမှန်ပင်။) ပေတရုသည် အသက်တာတွင် မိမိကိုယ်ကိုယ် ယေရှုလုပ်ဆောင်ခဲ့သမျှ အရာတိုင်းနှင့် တိုင်းတာခဲ့သည်။ တကယ်ကို အထူးသဖြင့် ယေရှု ဟောကြားခဲ့သည့် သတင်းစကားများက သူ၏ စိတ်နှလုံးထဲ၌ စွဲထင်ခဲ့သည်။ သူသည် ယေရှုထံ လုံးလုံးလျားလျား ဆက်ကပ်ပြီး သစ္စာရှိခဲ့ကာ၊ ယေရှုအပေါ် မကျေနပ်ချက် တစ်ခုတစ်လေကိုမျှ လုံးဝ သူမပြောခဲ့ပါပေ။ အကျိုးဆက်အနေဖြင့် သူသည် ယေရှု သွားခဲ့သည့်နေရာတိုင်းတွင် ယေရှု၏ သစ္စာရှိသောအဖော် ဖြစ်လာခဲ့သည်။ ပေတရုသည် ယေရှု၏ သွန်သင်ချက်များ၊ သူ၏ နူးညံ့သောစကားများ၊ သူစားခဲ့သည့်အစာ၊ သူ၏အဝတ်၊ သူ၏အကွယ်အကာနှင့် သူ မည်သို့ခရီးသွားခဲ့သည်ဟူသည်တို့ကို လေ့လာခဲ့သည်။ မည်သည့်အပိုင်းတွင်မဆို ယေရှုကို သူအတုယူခဲ့သည်။ သူသည် ယေရှု၏ ပုံစံကို အပြောနှင့် အလုပ်နှစ်ခုလုံးတွင် လိုက်လျှောက်ရင်း ဘယ်သောအခါမျှ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မထင်မှတ်ဘဲ၊ ခေတ်နောက်ကျသော အရာအားလုံးကို စွန့်ပစ်ခဲ့သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့သည် အနန္တတန်ခိုးရှင်၏ လက်ထဲတွင်ရှိသည်ဆိုသည်နှင့် ဤအကြောင်းကြောင့် သူ၌ တစ်ကိုယ်ရေ ရွေးချယ်မှုမရှိသည်ကို ပေတရု ခံစားခဲ့ရသည်မှာ ထိုအချိန်၌ပင်ဖြစ်သည်။ ပေတရုသည် ယေရှု၏ ဖြစ်ခြင်းအရာအားလုံးကို စိတ်တွင်စွဲမှတ်ခဲ့ပြီး ယင်းကို စံနမူနာတစ်ခုအနေဖြင့် အသုံးပြုခဲ့သည်။ ယေရှုသည် သူလုပ်ဆောင်ခဲ့သည့်အရာ၌ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု သဘောမထားကြောင်း သူ၏အသက်တာက ပြသလေသည်။ မိမိကိုယ်ကိုယ် လေလုံးထွားမည့်အစား၊ သူသည် လူတို့ကို ချစ်ခြင်းမေတ္တာဖြင့် တို့ထိခဲ့လေသည်။ အမှုအရာအမျိုးမျိုးတို့က ယေရှု၏ ဖြစ်ခြင်းကို ပြသပြီး ဤအကြောင်းကြောင့် ပေတရုသည် ယေရှုနှင့်ပတ်သက်၍ အရာရာကို အတုယူခဲ့လေသည်။ ပေတရု၏ အတွေ့အကြုံများက ယေရှု၏ ချစ်ဖွယ်ကောင်းခြင်းအပေါ် တိုးပွားနေသောအသိကို သူ့အား ပေးခဲ့ပြီး၊ သူက “ကျွန်ုပ်သည် အနန္တတန်ခိုးရှင်ကို စကြဝဠာတစ်ခွင် ရှာဖွေပြီးဖြစ်၍ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အံ့သြဖွယ်ရာများကို ကျွန်ုပ် မြင်ပြီးဖြစ်သောကြောင့် အနန္တတန်ခိုးရှင်၏ ချစ်ဖွယ်ကောင်းခြင်းအပေါ် နက်နဲသော အသိတစ်ခုကို ရရှိခဲ့လေပြီ။ သို့သော် ကျွန်ုပ်သည် မိမိ၏ကိုယ်ပိုင်စိတ်နှလုံးထဲတွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ မရှိခဲ့သကဲ့သို့၊ အနန္တတန်ခိုးရှင်၏ ချစ်ဖွယ်ကောင်းခြင်းကို ကျွန်ုပ်၏ ကိုယ်ပိုင်မျက်စိဖြင့် ဘယ်သောအခါမျှ မမြင်ဖူးခဲ့ပေ။ ယနေ့ အနန္တတန်ခိုးရှင်၏ အမြင်တွင် ကျွန်ုပ်သည် သူ၏ မျက်နှာသာပေးခြင်းဖြင့် အကြည့်ခံရလေပြီဖြစ်ကာ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို နောက်ဆုံးတွင် ငါခံစားရလေပြီ။ လူသားများကို သူ့အား ချစ်စေသည်မှာ ဘုရားသခင်၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းသာ မဟုတ်သည်ကို နောက်ဆုံးတွင် ကျွန်ုပ်တွေ့ရှိလေပြီ။ ကျွန်ုပ်၏ နေ့စဉ်အသက်တာတွင် သူ၏ အကန့်အသတ်မဲ့ ချစ်ဖွယ်ကောင်းခြင်းကို ကျွန်ုပ်တွေ့ရှိပြီ။ ယခုချိန် မြင်နိုင်သည့်အရာ၌သာ ကန့်သတ်ဖို့ရာ အဘယ်သို့ ဖြစ်နိုင်မည်နည်း” ဟူ၍ စသည်ကဲ့သို့သော အရာများကို ပြောလေသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ နှစ်သက်ဖွယ်ကောင်းသည့် အရာများစွာက ပေတရုအထဲ၌လည်း ပေါ်ထွက်လာခဲ့သည်။ သူသည် ယေရှုကို အလွန်နာခံတတ်လာခဲ့ပြီး အနှောင့်အယှက် အနည်းငယ်ကိုလည်း သူ အတော်အတန် ခံခဲ့ရသည်မှာ အမှန်ပင်ဖြစ်၏။ ယေရှုက သူ့ကို နေရာအမျိုးမျိုးတွင် တရားဟောဖို့ ခေါ်သွားသည့်အခါ ပေတရုသည် မိမိကိုယ်ကိုယ် အမြဲနှိမ့်ချခဲ့ပြီး ယေရှု၏ တရားဒေသနာများကို နားထောင်ခဲ့သည်။ သူသည် ယေရှုနောက်လိုက်သည့် သူ၏ နှစ်ကာလများကြောင့် ဘယ်သောအခါမျှ မာနထောင်လွှားမလာခဲ့ပေ။ ယေရှုက သူကြွလာခဲ့သည့်အကြောင်းရင်းမှာ သူ၏အမှုကို ပြီးစီးနိုင်ဖို့အလို့ငှာ ကားစင်တင်အသတ်ခံရဖို့ရန် ဖြစ်သည်ကို ပြောပြီးနောက်တွင် ပေတရုသည် သူ၏ စိတ်နှလုံးထဲတွင် မချိတင်ကဲဝေဒနာကို မကြာခဏ ခံစားခဲ့ရပြီး တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ငိုကြွေးတတ်ခဲ့သည်။ သို့ပါလျက် နောက်ဆုံးတွင် ထို “ကံအကြောင်းမလှသော” နေ့ရက် ရောက်ရှိခဲ့သည်။ ယေရှု အဖမ်းခံရပြီးနောက်တွင် ပေတရုသည် သူ၏ ငါးဖမ်းလှေထဲတွင် တစ်ကိုယ်တည်း ငိုကြွေးခဲ့ပြီး ဤအရာအတွက် ဆုတောင်းချက်များစွာ တောင်းခဲ့သည်။ သို့သော် သူ၏စိတ်နှလုံးထဲတွင် ဤသည်မှာ ခမည်းတော်ဘုရား၏ အလိုဖြစ်ပြီး ယင်းကို မည်သူမျှ ပြောင်းလဲမရနိုင်သည်ကို သူသိခဲ့သည်။ သူသည် သူ၏ ချစ်ခြင်းမေတ္တာကြောင့်သာ ဆက်လက်၍ မချိတင်ကဲ ဝေဒနာခံစားရပြီး မျက်လုံးများက မျက်ရည်များနှင့် ပြည့်ဝခဲ့သည်။ ဤသည်မှာ လူသား၏ အားနည်းချက်တစ်ခု ဖြစ်သည်မှာ မှန်ပေ၏။ ထို့ကြောင့် ယေရှုသည် ကားတိုင်ထက် သံမှိုရိုက်နှက်ခံရမည်ကို သိရသည့်အခါ ယေရှုကို သူက “ကိုယ်တော် စွန့်ခွာပြီးနောက် ကျွန်ုပ်တို့အလယ်တွင်ရှိဖို့နှင့် ကျွန်ုပ်တို့ကို ဂရုစိုက်ဖို့ ကိုယ်တော်ပြန်ကြွလာမည်လော။ ကိုယ်တော့်ကို ကျွန်ုပ်တို့ မြင်တွေ့နိုင်ဦးမည်လော” ဟု မေးခဲ့သည်။ ဤစကားများက အလွန်ရိုးစင်းပြီး လူသား၏ အယူအဆများနှင့် ပြည့်နေခဲ့သော်လည်း ပေတရု၏ ဆင်းရဲဒုက္ခ ခါးသီးမှုကို ယေရှုသိခဲ့သည်၊ ထို့ကြောင့် သူ၏ချစ်ခြင်းမေတ္တာအားဖြင့် ပေတရု၏ အားနည်းချက်ကို သူထောက်ထားခဲ့သည်- “ပေတရု၊ ငါ သင့်ကိုချစ်လေပြီ။ ယင်းကို သင်သိသလော။ သင်ပြောသည့်အရာ၏ နောက်ကွယ်တွင် အသိဉာဏ်မရှိသော်လည်း ငါ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် ငါသည် ရက်ပေါင်း ၄၀ ကြာ လူတို့ထံပေါ်ထွန်းမည်ကို ခမည်းတော်က ကတိပေးပြီးဖြစ်၏။ ငါ၏ ဝိညာဉ်တော်က သင်တို့ အားလုံးအပေါ် ကျေးဇူးတော် မကြာခဏ ပေးသနားမည်ကို သင်မယုံကြည်သလော။” ပေတရုသည် ဤအရာအားဖြင့် အတော်အတန် နှစ်သိမ့်မှုခံစားခဲ့ရသော်လည်း တစ်စုံတစ်ခုလိုနေသည်ဟု သူ ခံစားရဆဲဖြစ်သည်၊ ထို့ကြောင့် ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက်တွင် သူ့ထံ ပထမဆုံးအကြိမ် မြင်သာအောင် ပေါ်လာခဲ့သည်။ သို့သော်လည်း ပေတရုကို သူ၏အယူအဆများအား ဆက်လက် ဖက်တွယ်ခြင်းမှ တားဆီးဖို့အလို့ငှာ ယေရှုသည် သူ့အတွက် ပေတရုပြင်ဆင်ထားခဲ့သည့် အလျှံပယ်ဖြစ်သော အစာကို ငြင်းဆိုပြီး မျက်စိတစ်မှိတ်တွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခိုက်အတန့်မှစ၍၊ ပေတရုသည် နောက်ဆုံးတွင် သခင်ယေရှုအပေါ် သာ၍နက်ရှိုင်းသော သိနားလည်မှုတစ်ခု ရရှိခဲ့ပြီး သူ့ကို သာ၍ပင် ချစ်ခဲ့သည်။ ယေရှုသည် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် ပေတရုထံ မကြာခဏ ပေါ်လာခဲ့သည်။ ရက်ပေါင်းလေးဆယ်ပြည့်ပြီး ကောင်းကင်သို့ တက်ကြွသွားပြီးနောက် သူသည် နောက်ထပ်သုံးကြိမ် ပေတရုထံ ပေါ်လာခဲ့သည်။ ပေါ်ထွန်းခြင်းတိုင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပြည့်စုံတော့မည့်အချိန်နှင့် အသစ်သောအမှု အစပြုတော့မည့်အချိန် အတိအကျတွင် ဖြစ်ခဲ့ပေသည်။

ပေတရုသည် သူ၏ ဘဝတစ်လျှောက်တွင် အသက်မွေးမှုအတွက် ငါးဖမ်းခဲ့သော်လည်း ယင်းထက်ပို၍ပင် ဟောပြောဖို့ အသက်ရှင်ခဲ့၏။ သူ၏ နောက်ပိုင်းနှစ်ကာလများတွင် သူသည် ရှင်ပေတရုသြဝါဒစာပထမနှင့် ဒုတိယစာစောင်များကိုသာမက ထိုအချိန်က ဖိလဒေလဖိအသင်းတော်ဆီသို့ ပေးစာအချို့ ရေးသားခဲ့သည်။ ဤခေတ်ကာလ လူတို့သည် သူ့အားဖြင့် အကြီးအကျယ် တို့ထိခြင်းခံခဲ့ကြရသည်။ မိမိ၏ကိုယ်ပိုင် အထောက်အထားစာများကို အသုံးပြုလျက် လူတို့ကို သြဝါဒပေးမည့်အစား သူသည် ၎င်းတို့အား သင့်တော်သော အသက်တာထောက်ပံ့မှုကို ပေးခဲ့သည်။ သူသည် ယေရှုမထွက်ခွာမီက သူ၏ သွန်သင်ချက်များကို လုံးဝမမေ့လျော့ခဲ့သည့်အပြင် ၎င်းတို့အားဖြင့် သူ၏ ဘဝတစ်လျှောက်လုံး စိတ်ဓာတ်တက်ကြွခဲ့ပေသည်။ ယေရှုနောက်လိုက်နေစဉ်တွင် သခင့်၏ ချစ်ခြင်းမေတ္တာကို သူ၏သေခြင်းဖြင့် ပြန်ပေးဆပ်ဖို့ရန်နှင့် အရာခပ်သိမ်း၌ ယေရှု၏စံနမူနာကို လိုက်လျှောက်ရန် သူသန္နိဋ္ဌာန်ပြုခဲ့သည်။ ဤအရာကို ယေရှုက သဘောတူခဲ့သောကြောင့် ပေတရု အသက် ၅၃ နှစ်အရွယ်တွင် (ယေရှုထွက်ခွာပြီးနောက် နှစ် ၂၀ ကျော်၌) သူ၏ ပြင်းပြသောဆန္ဒကို ကူညီဖြည့်ဆည်းပေးဖို့ သူ့ထံ ယေရှုပေါ်လာခဲ့သည်။ ယင်းနောက် ခုနှစ်နှစ်အကြာတွင် ပေတရုသည် မိမိကိုယ်ကိုယ်သိရှိရန်အတွက် မိမိ၏အသက်တာကို ကုန်ဆုံးစေခဲ့သည်။ တစ်နေ့တွင် ဤ ခုနှစ်နှစ်အဆုံး၌ သူသည် ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံခဲ့ရကာ၊ ထိုသို့ဖြင့် သူ၏ အံ့မခန်းသော ဘဝကို အဆုံးသတ်ခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ ပေတရု၏ အသက်တာနှင့်ပတ်သက်၍

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၃၃)

အမှောင်၏လွှမ်းမိုးမှုဆိုသည်မှာ အဘယ်နည်း။ “အမှောင်၏လွှမ်းမိုးမှု” ဟု ခေါ်ဆိုသည့် ဤအရာမှာ စာတန်၏ လှည့်ဖြားခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း၊ ချည်နှောင်ခြင်းနှင့် လူတို့ကို ထိန်းချုပ်ခြင်းတို့၏ လွှမ်းမိုးမှုဖြစ်သည်။ စာတန်၏စွမ်းအားမှာ သေခြင်းတရား၏ ရောင်ဝါလက္ခဏာရှိသော လွှမ်းမိုးမှုတစ်ခု ဖြစ်သည်။ စာတန်၏အုပ်စိုးမှုအောက်၌ အသက်ရှင်ကြသူအားလုံးသည် ပျက်စီးကိန်း ကြုံရပေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းရရှိပြီးနောက် သင်သည် အမှောင်၏ လွှမ်းမိုးမှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ သင်သည် ဘုရားသခင်ထံ စစ်မှန်ရိုးသားစွာ ဆုတောင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သင်၏စိတ်နှလုံးကို သူ့ထံ လုံးဝ လှည့်လေသည်၊ ထိုအချိန်တွင် သင့်စိတ်နှလုံးသည် ဘုရားသခင်၏ဝိညာဉ်တော်၏ တို့ထိခြင်း ခံရပေသည်။ သင်သည် မိမိကိုယ်ကိုယ် သူ့ထံ လုံးဝပေးအပ်ဖို့ တိုး၍ လိုလားလျက်ရှိပြီး၊ ဤအခိုက်အတန့်တွင် အမှောင်၏လွှမ်းမိုးမှုမှ သင် လွတ်မြောက်ပြီး ဖြစ်လိမ့်မည်။ လူသား လုပ်သမျှတိုင်းသည် ဘုရားသခင် နှစ်သက်သောအရာ ဖြစ်ပြီး သူ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက၊ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းနှင့် သူ၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုအောက် အသက်ရှင်သူတစ်ဦး ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူရင်းနှင့် သူ၏ တည်ရှိခြင်းကို မယုံကြည်ဘဲလျက် သူ့ကို အရူးလုပ်ဖို့ အမြဲကြိုးပမ်းနေကြပါက- ဤသူအားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့်လူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိသေးသော လူသားများသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြ၏။ ဆိုလိုသည်မှာ၊ ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင် ကြပေသည်။ ဘုရားသခင်ကို မယုံကြည်သော သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေကြ၏။ ဘုရားသခင်ကို ယုံကြည်သူများသည် သူ၏ နှုတ်ကပတ်တော်များအတွင်း အမှန်တကယ် အသက်ရှင်ကောင်း ရှင်ကြမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို နာခံကောင်း နာခံကြမည်မဟုတ်သည့်အတွက်၊ ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သောသူများပင်လျှင် ဘုရားသခင်၏ အလင်းထဲတွင် သေချာပေါက် အသက်ရှင်ကောင်း ရှင်နေကြလိမ့်မည် မဟုတ်ပေ။ လူသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင်သာ ကန့်သတ် ခံထားရပြီး၊ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိသောကြောင့်၊ ဘုရားသခင်၏ သန့်ရှင်းစေခြင်းကို အပြည့်အဝ မခံရသေးသည်သာမက သူ၏ လုံးလုံးလျားလျား ရယူခြင်းကို မခံရသေးဘဲ သူသည် စည်းမျဉ်းဟောင်းများအတွင်း၊ အသက်မဲ့သော စကားလုံးများ အလယ်တွင် မှောင်မိုက်ပြီး ရေရာမှုမရှိသော အသက်တာတစ်ခုဖြင့် အသက်ရှင်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မယုံကြည်သူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင် ကြသည်မှာ ပြောစရာပင်မလိုသည့် အချိန်တွင်၊ ဘုရားသခင်ကို ယုံကြည်သူများပင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့ကြသည့်အတွက် ထိုအမှောင်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေနိုင်သေး၏။ ဘုရားသခင်၏ ကျေးဇူးတော် သို့မဟုတ် သနားကရုဏာကို မရရှိကြသေးသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မမြင်နိုင်ကြသူအားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြပေသည်။ ပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရုံခံစားကြသော်လည်း၊ သူ့ကို မသိကြသူများသည် အချိန်အများစုတွင် ထိုနည်း၎င်း ဖြစ်ကြပေသည်။ လူသားတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ အမှောင်၏ လွှမ်းမိုးမှုအောက်တွင် မိမိအသက်တာ အများစု ကုန်ဆုံးပါက၊ ဤသူ၏ တည်ရှိခြင်းသည် အဓိပ္ပာယ်ဆုံးရှုံးခဲ့လေပြီ- ပြီးလျှင် ဘုရားသခင် တည်ရှိသည်ကို မယုံကြည်သူတို့ကိုကား အဘယ်ပြောဖို့ လိုအပ်သနည်း။

ဘုရားသခင်၏ အမှုကို လက်မခံနိုင်သောသူများ သို့မဟုတ် ဘုရားသခင်၏အမှုကို လက်ခံသော်လည်း၊ သူ၏တောင်းဆိုချက်များကို မဖြည့်ဆည်းနိုင်သူများ အားလုံးသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြသည့် လူများ ဖြစ်သည်။ သမ္မာတရားကို လိုက်စားသူတို့နှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းခြင်းငှာ တတ်စွမ်းနိုင်သောသူတို့သာ သူ့ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သာလျှင် အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်ကြလိမ့်မည်။ လွတ်မြောက်ခြင်း မခံရသေးသူများ၊ အချို့သောအရာများ၏ ထိန်းချုပ်ခြင်းကို အမြဲခံရသောသူများနှင့် ဘုရားသခင်အား မိမိတို့၏ စိတ်နှလုံးများကို မပေးအပ်နိုင်သူတို့သည် သေခြင်းတရား ရောင်ဝါလက္ခဏာအောက်တွင် အသက်ရှင်ကြသည့် စာတန်၏ကျေးကျွန်ဘဝအောက်တွင် ရှိကြသည့်လူများ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ တာဝန်များအပေါ် သစ္စာမရှိသူများ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သစ္စာမရှိသူများနှင့် အသင်းတော်တွင် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ပျက်ကွက်ကြသူများသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြသည့် လူများ ဖြစ်သည်။ အသင်းတော် အသက်တာကို တမင်သက်သက် နှောင့်ယှက်သူများ၊ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများအကြားတွင် သဘောထားကွဲလွဲခြင်းကို တမင်တကာ သွေးထိုးပေးသူများ သို့မဟုတ် အုပ်စုများ ဖွဲ့သောသူတို့သည် အမှောင်၏လွှမ်းမိုးမှုအောက်၊ စာတန်၏ ကျေးကျွန်ဘဝတွင် သာ၍ နက်ရှိုင်းစွာ အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ ဘုရားသခင်နှင့် ပုံမှန်မဟုတ်သော ဆက်ဆံရေးရှိသူများ၊ လွန်ကဲသော အလိုဆန္ဒများ အစဉ်အမြဲရှိသူများ၊ အကျိုးအမြတ်တစ်ခု အစဉ်အမြဲ ရရှိလိုသူများနှင့် ၎င်းတို့၏ စိတ်သဘောထားများတွင် မည်သည့်အခါမျှ ပြောင်းလဲမှု မရှာဖွေသောသူများသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့်‌ လူများ ဖြစ်သည်။ အစဉ်အမြဲ ပေါ့ပေါ့တန်တန်နေသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် လုံးဝ မလေးနက်သူများ၊ ပြီးလျှင် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မကြိုးစားဘဲ ယင်းအစား မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိကိုသာ ဖြည့်ဆည်းဖို့ ကြိုးစားနေသူများသည်လည်း သေခြင်းအားဖြင့် ကာဆီးထားခြင်း ခံရလျက် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်နေချိန်တွင် မရိုးဖြောင့်မှုနှင့် လှည့်ဖြားမှုတို့တွင် ပါဝင်ပတ်သက်သူများ၊ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ဘုရားသခင်ကို ဆက်ဆံသောသူများ၊ ဘုရားသခင်ကို လိမ်လည်သူများ နှင့် မိမိတို့ကိုယ်ကိုယ်အတွက် အမြဲ အစီအစဉ်များ ပြုလုပ်သူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ မချစ်နိုင်သူများ၊ သမ္မာတရားကို မလိုက်စားသူများနှင့် ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း အပေါ် အာရုံမစိုက်သူများအားလုံးသည် အမှောင်၏ လွှမ်းမိုးမှု အောက်တွင် အသက်ရှင်ကြသည့်လူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၃၄)

သင်သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလိုပါက၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟရင်းနှင့် သူ့ထံ လုံးဝ လှည့်ရင်း၊ စာတန်၏ အမှောင်လွှမ်းမိုးမှုမှ လွတ်မြောက်ရမည်။ ယခု သင် လုပ်ဆောင်နေသော အရာများကို ဘုရားသခင် ချီးမွမ်းမည်လော။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ လှည့်ပြီးပြီလော။ သင် လုပ်ဆောင်ပြီးခဲ့သော အရာများသည် သင့်ကို ဘုရားသခင် တောင်းဆိုသော အရာများဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီကြသလော။ အချိန်တိုင်း သင့်ကိုယ်သင် ဆန်းစစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်လော့။ သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ချခင်းထားလော့၊ သူ့ကို ရိုးသားစစ်မှန်မှုဖြင့် ချစ်လော့၊ ပြီးလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် သစ္စာရှိစွာ အသုံးခံလော့။ ဤအရာကို လုပ်ဆောင်သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ဧကန်မုချ ရရှိကြလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူ အားလုံးတို့သည် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်းငှာ နည်းလမ်းမရှိပေ။ မိမိတို့၏ ဘဝကို ရိုးသားစွာ အသက်ရှင်ခြင်းမရှိသူများ၊ အခြားသူများရှေ့တွင် တစ်မျိုးပြုမူ သော်လည်း၊ ၎င်းတို့၏ နောက်ကွယ်တွင် တစ်မျိုးတစ်ဖုံ ပြုမူသောသူများ၊ ၎င်းတို့၏ အနှစ်သာရသည် ယုတ်မာကာ၊ ကောက်ကျစ်ပြီး ဘုရားသခင်ကို သစ္စာမရှိသော်လည်း၊ နှိမ့်ချခြင်း၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာနှင့်ဆိုင်သည့် ပုံပန်းပေးသောသူများအားလုံး- ထိုသို့သော လူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသူများ၏ ကိုယ်စားပြုသူများစစ်စစ် ဖြစ်ကြသည်။ ၎င်းတို့သည် မြွေကဲ့သို့သော လူမျိုးများ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ် အတွက်သာ ဘုရားသခင်ကို ယုံကြည်ဖူးသူများ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူပြီး မောက်မာသောသူများ၊ ကြွားဝါသူများနှင့် မိမိတို့ကိုယ်တိုင်၏ အဆင့်အတန်းကို ကာကွယ်သူများသည် စာတန်ကို ချစ်ပြီး သမ္မာတရားကို ဆန့်ကျင်သော လူများ ဖြစ်သည်။ ဤလူများသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်နှင့် လုံးဝ သက်ဆိုင်ကြလေသည်။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အာရုံမစိုက်သောသူများ၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အစေမခံသူများ၊ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ၎င်းတို့မိသားစု၏ အကျိုးစီးပွားများနှင့်သာ အမြဲပူပန်သောသူများ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် အရာခပ်သိမ်းကို မစွန့်လွှတ်နိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သည့်အခါမျှ အသက်မရှင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင်ရှိသည့်လူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်ကြပေ။

လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ ကိုယ်တော်၏ အလျှံပယ်ရှိခြင်းကို မွေ့လျော်နိုင်ကြဖို့နှင့် သူ့ကို ရိုးသားစစ်မှန်စွာ ချစ်နိုင်ကြဖို့ အလို့ငှာ ဖြစ်သည်။ ဤနည်းဖြင့်၊ လူတို့သည် သူ၏အလင်းတွင် အသက်ရှင်ကြပေမည်။ ယနေ့တွင်၊ ဘုရားသခင်ကို မချစ်နိုင်ကြသူများ၊ သူ၏ဝန်ထုပ်များကို အာရုံမစိုက်သူများ၊ မိမိတို့၏ စိတ်နှလုံးများကို သူ့အား အပြည့်အဝ မပေးနိုင်ကြသူများ၊ ဘုရားသခင်၏ စိတ်နှလုံးကို မိမိတို့၏ ကိုယ်ပိုင်ကဲ့သို့ လက်မခံနိုင်သူများနှင့် သူ၏ ဝန်ထုပ်များကို မိမိတို့၏ ကိုယ်ပိုင်ဝန်ထုပ်များအဖြစ် မသယ်ပိုး နိုင်သူများ- ဘုရားသခင်၏ အလင်းသည် ထိုသို့သော လူတစ်ဦး တစ်လေမျှအပေါ် အလင်းမပေးပေ၊ ထို့ကြောင့် ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုကို လုံးလုံးဆန့်ကျင်သော လမ်းကြောင်းပေါ်တွင် ရှိကြပြီး၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို သမ္မာတရား အနည်းငယ်မျှမရှိပေ။ ၎င်းတို့သည် စာတန်နှင့်အတူ ဒုစရိုက်နွံထဲတွင် မွေ့လျော်နေထိုင်နေကြ၏။ ၎င်းတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်နိုင်ပြီး၊ သူ၏အလိုကို အာရုံစိုက်နိုင်ကာ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်သည့် လူတစ်ဦး ဖြစ်ပေသည်။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်ပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ဖို့ လိုလားလျက်ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် သင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ဆောင်ရွက်ရန် အခွင့်အရေး ရှိလိမ့်မည်။ သင်သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ထိုသို့သော အခွင့်အရေး သင် ပေးလိမ့်မည်မဟုတ်။ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်၊ ၎င်းတို့အပေါ် သူ ထွန်းလင်းစေသည့် အလင်းနှင့် ၎င်းတို့ကို သူ ပေးသည့် စိတ်ချယုံကြည်မှုသည် အခိုက်အတန့်တစ်ခုသာ တာရှည်ခံလေသည်။ လူတို့သည် ဂရုမထားသကဲ့သို့ အာရုံမစိုက်ကြပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ကို ဖြတ်ကျော်သွားလိမ့်မည်။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း လူတို့ အသက်မရှင်ပါက၊ စာတန်၏ ချည်နှောင်မှုများ၌ ၎င်းတို့ အသက်ရှင်ကြပေသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပါက၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် သို့မဟုတ် လုပ်ဆောင်ချက် မရှိကြပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင် တောင်းဆိုသော အခြေအနေ၌ အသက်ရှင်ပါက၊ သင်သည် သူနှင့် သက်ဆိုင်သောသူတစ်ဦး ဖြစ်ပြီး သူ၏ အမှုကို သင့်အပေါ် ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်မနေဘဲ၊ ယင်းအစား စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေပါက၊ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းအတွင်းတွင် အသေအချာ အသက်ရှင်နေပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ခြင်းနှင့် ဘုရားသခင်ကို သင်၏စိတ်နှလုံးအား ပေးခြင်းအားဖြင့်သာ သူ၏သတ်မှတ်ချက်များကို သင် ဖြည့်ဆည်း နိုင်ပေသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်၏ဖြစ်တည်မှုနှင့် သင့်အသက်တာ၏ လက်တွေ့အရှိတရား ဖြစ်စေရင်း၊ ဘုရားသခင် ပြောသည့်အတိုင်း သင် လုပ်ဆောင်ရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အလိုနှင့်အညီ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက၊ သူသည် သင့်အပေါ် အမှုကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ထို့နောက် သင်သည် ဘုရားသခင်၏မျက်နှာ၏ အလင်း၌ သူ၏ ကောင်းချီးမင်္ဂလာများ အောက်တွင် အသက်ရှင်လိမ့်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်ကို သင် သဘောပေါက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်နှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ခံစား ရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၃၅)

အမှောင်၏လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရန်၊ ပထမဦးစွာ ဘုရားသခင်ကို သင်သစ္စာစောင့်သိရမည် ဖြစ်ပြီး သမ္မာတရားကို လိုက်စားရန် ပင်ကိုအားဖြင့် စိတ်အားထက်သန်ရမည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် မှန်ကန်သော အခြေအနေတစ်ခု ရှိနိုင်လိမ့်မည်။ မှန်ကန်သော အခြေအနေတွင် အသက်ရှင်ခြင်းသည် အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းအတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်ဖြစ်သည်။ မှန်ကန်သော အခြေအနေ မရှိခြင်းသည် ဘုရားသခင်အား သစ္စာစောင့်သိမှု မရှိခြင်းနှင့် သမ္မာတရားကို ရှာဖွေဖို့ ပင်ကိုအားဖြင့် စိတ်အားမထက်သန်ခြင်း ဖြစ်သည်။ ပြီးလျှင် အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းမှာ စဉ်းစားစရာမလိုပေ။ ငါ၏ နှုတ်ကပတ်တော်များသည် အမှောင်၏လွှမ်းမိုးမှုအောက်မှ လူသား၏ လွတ်မြောက်ခြင်းနှင့်ဆိုင်သည့် အခြေခံအကြောင်းရင်းဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့မလုပ်ဆောင်နိုင်သော လူများသည် အမှောင်၏လွှမ်းမိုးမှု အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်။ မှန်ကန်သော အခြေအနေ တစ်ခုတွင် အသက်ရှင်ရန်ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် အသက်ရှင်ရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိသော အခြေအနေတွင် အသက်ရှင်ရန်၊ သမ္မာတရားကို ရှာဖွေခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ရန်၊ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိကိုယ်ကိုယ် အသုံးခံခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားထဲတွင် အသက်ရှင်ရန်နှင့် ဘုရားသခင်ကို စစ်မှန်စွာချစ်ခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ရန် ဖြစ်သည်။ ဤအခြေအနေများနှင့် ဤလက်တွေ့အရှိတရားအတွင်းတွင် အသက်ရှင်သောသူများသည် သမ္မာတရား၏ နက်ရှိုင်းမှုထဲသို့ ၎င်းတို့ ဝင်ရောက်သည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး၊ အမှု နက်ရှိုင်းသထက် နက်ရှိုင်းသွားသည်နှင့်အမျှ ၎င်းတို့ ပြောင်းလဲကြလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းခံရသည့် လူများနှင့် ဘုရားသခင်ကို စစ်မှန်စွာ ချစ်သော လူများ သေချာပေါက် ဖြစ်လာကြလိမ့်မည်။ အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးသူများသည် ဘုရားသခင်၏အလိုကို တဖြည်းဖြည်း သေချာအောင် လေ့လာစိစစ်နိုင်ကြပြီး၊ ယင်းကို တဖြည်းဖြည်း နားလည်လာကြလိမ့်မည် ဖြစ်ကာ၊ နောက်ဆုံးတွင် ဘုရားသခင်၏ လူယုံများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ သိုမထားကြသကဲ့သို့၊ သူ့ကို ပုန်ကန်ခြင်း မပြုရုံသာမက၊ ယခင်က ၎င်းတို့ စိတ်စွဲခဲ့ကြသည့် အယူအဆများနှင့် ပုန်ကန်မှုတို့ကိုလည်း သာ၍ပင် မုန်းတီးကြကာ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လေသည်။ အမှောင်၏လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်ကြသည့် လူများသည် ဇာတိပကတိ အားလုံးကို လုံးဝ နေရာယူထားပြီး ပုန်ကန်မှုဖြင့် ပြည့်ကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် လူသားအယူအဆများနှင့် အသက်ရှင်ခြင်းအတွက် အတွေးအခေါ်များအပြင်၊ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များနှင့် စဉ်းစားဆင်ခြင်ခြင်းများဖြင့် ပြည့်နေကြပေသည်။ ဘုရားသခင် တောင်းဆိုသည့်အရာမှာ လူသားထံမှ တစ်ခုတည်းသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သူ တောင်းဆိုသည့်အရာမှာ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များနှင့် သူ့အတွက် ချစ်ခြင်းမေတ္တာ ပြည့်သော နှလုံးသားတစ်ခုတို့ကို နေရာပေးစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ဖို့၊ ၎င်းတို့ ရှာဖွေသင့်သည့် အရာကို သူ၏နှုတ်ကပတ်တော်များအတွင်းတွင် ရှာဖွေဖို့၊ သူ၏နှုတ်ကပတ်တော်များအတွက် ဘုရားသခင်ကို ချစ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များအတွက် ပြေးဖို့၊ သူ၏ နှုတ်ကပတ်တော်များ အတွက် အသက်ရှင်ဖို့- ဤအရာများသည် လူက စွမ်းဆောင်ရရှိဖို့ ကြိုးပမ်းသင့်သည့် ရည်မှန်းချက်များ ဖြစ်သည်။ အရာရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် တည်ဆောက်ရမည်။ ထိုအခါမှသာ လူသားသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြင်ဆင်မထားပါက၊ သူသည် စာတန် ပိုင်ဆိုင်သော လောက်ကောင် တစ်ကောင်သာ ဖြစ်ပေသည်။ ဤအရာကို ချိန်ဆလော့- သင်၏အတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှ အမြစ်တွယ်ပြီးဖြစ်သနည်း။ သင်သည် မည်သည့်အရာများတွင် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်လျက်ရှိနေသနည်း။ မည်သည့်အရာများတွင် ထိုနှုတ်ကပတ်တော်များနှင့်အညီ အသက်မရှင်ဘဲ နေနေခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ကို လုံးဝ ထိန်းချုပ်မထားပါက၊ သင်၏ စိတ်နှလုံးကို မည်သည့်အရာက အတိအကျ နေရာယူထားသနည်း။ သင်၏ နေ့စဉ်အသက်တာတွင် သင်သည် စာတန်၏ ထိန်းချုပ်ခြင်း ခံရလျက်ရှိသလော၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်ကို နေရာယူလျက် ရှိသလော။ သူ၏ နှုတ်ကပတ်တော်များသည် သင်၏ဆုတောင်းခြင်းများ အခြေပြုသည့် အခြေခံအုတ်မြစ် ဖြစ်သလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်း မှတစ်ဆင့် သင်၏ အပျက်သဘောဆောင်သော အခြေအနေမှ ထွက်လာပြီးပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ တည်ရှိခြင်း၏ အခြေခံအုတ်မြစ်အဖြစ် မှတ်ယူရန်- ဤသည်မှာ လူတိုင်း ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ သင်၏ အသက်တာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေသည်၊ ဘုရားသခင်ကို သင် ပုန်ကန်နေသည်၊ သူ့ကို သင် ခုခံနေပြီး၊ သူ၏နာမကို သင် ဂုဏ်သရေ ညှိုးစေလျက် ရှိပေသည်။ ဘုရားသခင်၌ ထိုသို့သောလူများ၏ ယုံကြည်မှုသည် ဒုက္ခပေးခြင်းနှင့် နှောင့်ယှက်ခြင်း သက်သက်ဖြစ်သည်။ သင်၏အသက်တာ မည်မျှကို သူ၏နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ပြီးပြီနည်း။ သင်၏ အသက်တာ မည်မျှကို သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်မရှင်ဘဲ နေပြီးဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်က သင့်ကို တောင်းဆိုသည့်အရာထဲမှ မည်မျှသည် သင်၏အထဲတွင် ပြည့်စုံပြီးဖြစ်သနည်း။ မည်မျှသည် သင်၏အထဲတွင် ဆုံးရှုံးပြီးဖြစ်သနည်း။ ထိုသို့သော အရာများကို သင် သေချာစွာ ကြည့်ရှုစစ်ဆေးပြီးပြီလော။

အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် လူသား၏ ဆက်ကပ်ထားသော ပူးပေါင်းဆောင်ရွက်မှု နှစ်ခုလုံး လိုအပ်ပေသည်။ လူသားသည် မှန်ကန်သော လမ်းကြောင်းတွင် မရှိဟု အဘယ်ကြောင့် ငါပြောသနည်း။ မှန်ကန်သော လမ်းကြောင်းပေါ် ရှိသည့်လူများသည် ပထမဦးစွာ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးနိုင်ကြလေသည်။ လူသားမျိုးနွယ်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အမြဲ အသက်ရှင်ခဲ့ကြပြီးဖြစ်ကာ စာတန်၏ကျေးကျွန်ဘဝအောက်တွင် နှစ်ပေါင်းထောင်ချီ ရှိခဲ့ကြပြီးဖြစ်သည့်အတွက်၊ ဤသည်မှာ ဝင်ရောက်ဖို့ အလွန်ရှည်ကြာသည့် အချိန်ယူရသော လုပ်ငန်းတာဝန်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ၊ ဤဝင်ရောက်မှုကို တစ်ရက် သို့မဟုတ် နှစ်ရက်မျှဖြင့် မရရှိနိုင်ပေ။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ အခြေအနေကို သဘောပေါက်နိုင်ကြဖို့အလို့ငှာ၊ ဤကိစ္စရပ်ကို ယနေ့ ငါ ဖော်ထုတ်ပြောရပေသည်။ အမှောင်၏လွှမ်းမိုးမှုသည် မည်သည့် အရာဖြစ်သည် ဆိုသည်နှင့် အလင်းတွင် အသက်ရှင်ရန်မှာ မည်သည့်အရာကို ဆိုလိုသည်တို့ကို လူသားက သိမြင်နိုင်သည်နှင့် တစ်ပြိုင်နက်၊ ဝင်ရောက်မှုသည် များစွာ သာ၍ လွယ်ကူလာပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင့်အနေဖြင့် စာတန်၏ လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်မီ ထိုလွှမ်းမိုးမှုက မည်သည့်အရာ ဖြစ်သည်ကို သိရှိရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့နောက်တွင်မှ သင်သည် ယင်းကို စွန့်ပစ်ဖို့ နည်းလမ်းတစ်ခု ရှိလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် လုပ်ဆောင်ရမည့်အရာမှာမူ၊ လူသားများ၏ ကိုယ်ပိုင် အရေးကိစ္စ ဖြစ်သည်။ အရာရာထဲသို့ အပြုသဘောဆောင်သော ရှုထောင့်မှ ဝင်ရောက်လော့၊ ပြီးလျှင် ဘယ်သောအခါမျှ မတုန်မလှုပ် မစောင့်ဆိုင်းနှင့်။ ဤနည်းလမ်းဖြင့်သာ သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၃၆)

ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခုစီသည် ငါတို့အား ဒဏ်ရာရစေပြီး ထိတ်လန့်မှုဖြင့် ပြည့်စေရစ်လျက်၊ ငါတို့၏ သေကွင်း သေကွက်များကို ထိုးနှက်လေသည်။ သူသည် ငါတို့၏ အယူအဆများ၊ ငါတို့၏ စိတ်ကူးများနှင့် ငါတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်သည်။ ငါတို့ ပြောသမျှနှင့် လုပ်သမျှမှသည် ငါတို့၏ အတွေးများနှင့် စိတ်ကူးများ တစ်ခုချင်းစီတိုင်းအထိ၊ ငါတို့၏ သဘာဝနှင့် အနှစ်သာရတို့သည် ငါတို့ကို ကြောက်ရွံ့စရာအခြေအနေတစ်ခုထဲ ထားရှိကာ ငါတို့၏ အရှက်ကို ကွယ်ဝှက်စရာနေရာမရှိအောင် တုန်လှုပ်စေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြခံရလေသည်။ သူသည် ငါတို့၏ စိတ်ပျက်ဖွယ် မပြည့်စုံမှုများ အားလုံးဖြင့် ငါတို့ အဖော်ထုတ်ခံရသကဲ့သို့ ခံစားရစေလျက်၊ လုံးဝ သိမ်းသွင်းခံလိုက်ရသကဲ့သို့ သာ၍ပင် ခံစားရစေရင်း၊ ငါတို့၏ လုပ်ရပ်များ၊ ငါတို့၏ ရည်မှန်းချက် ပန်းတိုင်များနှင့် ရည်ရွယ်ချက်များ၊ ငါတို့ကိုယ်တိုင်ပင် မည်သည့်အခါမျှ မတွေ့ရှိသေးသည့် ဖောက်ပြန်သော စိတ်သဘောထားကိုပင် တစ်ခုပြီးတစ်ခု ငါတို့အား သူ ပြောပြလေသည်။ သူ့ကို ဆန့်ကျင်ခြင်းအတွက် သူသည် ငါတို့ကို တရားစီရင်သည်၊ သူ့ကို ပြစ်မှားစော်ကားခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းအတွက် ငါတို့ကို သူပြစ်တင်ဆုံးမပြီး၊ သူ၏ အမြင်တွင် ငါတို့၌ ရွေးနုတ်ထိုက်သော အင်္ဂါရပ် တစ်ခုမျှမရှိ၊ ငါတို့သည် ရှင်သန်နေသော စာတန်ဖြစ်သည်ဟု ငါတို့အား ခံစားစေလေသည်။ ငါတို့၏ မျှော်လင့်ချက်များ ပျောက်လွင့်သွားသည်၊ သူ့အား အကျိုးအကြောင်း မသင့်သော မည်သည့် တောင်းဆိုမှုကိုမျှ ငါတို့မပြုဝံ့တော့သကဲ့သို့၊ သူ့အပေါ် မည်သည့်ကြံစည်ချက်များကိုမျှ ငါတို့ လက်သင့်မခံဝံ့တော့ဘဲ၊ ငါတို့၏ အိမ်မက်များသည်ပင် ညတွင်းချင်း ပျောက်ကွယ်သွားသည်။ ဤသည်မှာ ငါတို့ထဲမှ မည်သူမျှ စိတ်မကူးနိုင်သကဲ့သို့၊ ငါတို့ထဲမှ မည်သူမျှ လက်မခံနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ အချိန်တစ်ခဏအတွင်းတွင်၊ ငါတို့သည် ငါတို့၏ အတွင်းပိုင်း ဟန်ချက်ညီမှုကို ဆုံးရှုံးပြီး၊ ရှေ့တွင်ရှိသော လမ်းကို မည်သို့ဆက်ရမည်ကို ငါတို့မသိကြချေ၊ သို့မဟုတ် ငါတို့၏ ယုံကြည်ခြင်းများ၌ မည်သို့ ရှေ့ဆက်ရမည်ကို မသိကြပေ။ ငါတို့၏ ယုံကြည်ခြင်းသည် ဒုံးရင်းပြန်ဆိုက်သည့်အလားဖြစ်ပြီး၊ သခင်ယေရှုကို ငါတို့ တစ်ခါမျှ မတွေ့ဖူးသည့်အလား သို့မဟုတ် တစ်ခါမျှ မသိကျွမ်းဖူးသည့်အလား ထင်ရလေသည်။ ငါတို့၏ မျက်စိရှေ့၌ရှိသော အရာတိုင်းသည် ငါတို့ကို စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်စေပြီး၊ စိတ်မပိုင်းဖြတ်နိုင်ဘဲ တွေဝေနေစေသည်။ ငါတို့သည် တုန်လှုပ် ချောက်ချားကြသည်၊ စိတ်ပျက်ကြသည်၊ ပြီးလျှင် ငါတို့၏ နှလုံးသားထဲက နက်ရှိုင်းသောနေရာတွင် ထိန်းထား၍မရသည့် ဒေါသနှင့် အရှက်ရခြင်း ရှိကြသည်။ ငါတို့သည် ရင်ဖွင့်ဖို့ ကြိုးစားကြသည်၊ ထွက်ပေါက်ရှာဖို့ ကြိုးစားကြပြီး၊ ထို့ပြင် သူ့ကို ရင်ဖွင့်နိုင်ဖို့အလို့ငှာ ငါတို့၏ ကယ်တင်ရှင် ယေရှုကို ဆက်စောင့်ဖို့ ကြိုးစားကြသည်။ ငါတို့သည် မောက်မာခြင်း မရှိသကဲ့သို့၊ နှိမ့်ချခြင်းလည်း မရှိဘဲ၊ အပြင်ပန်း၌ ပုံမှန်ဖြစ်သလို ထင်ရသည့်အချိန်များရှိသော်လည်း၊ ငါတို့၏ နှလုံးသားတွင် ယခင်က တစ်ခါမျှ မခံစားဖူးသည့် ဆုံးရှုံးမှုဝေဒနာ၏ ဖိစီးနှိပ်စက်ခြင်းကို ခံရလေသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် အပြင်ပန်း၌ ခါတိုင်းနှင့်မတူ တည်ငြိမ်နေသည်ဟု ထင်ကောင်း ထင်ရနိုင်သော်လည်း၊ ငါတို့၏ စိတ်များမှာ မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ အလွန်အမင်း စိတ်ဆင်းရဲခြင်းဖြင့် စိတ်နှောင့်အယှက် ဖြစ်နေရသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ငါတို့၏ လွန်ကဲသော စိတ်ဆန္ဒများကို အဆုံးသတ်ပေးပြီး သူသည် ငါတို့၏ ကယ်တင်ရှင်ဖြစ်ပြီး ငါတို့ကို ကယ်တင်နိုင်စွမ်းရှိသည်ဟု ယုံကြည်ရန် လိုလားဘဲဖြစ်စေရင်း၊ ငါတို့၏ မျှော်လင့်ချက်များနှင့် အိပ်မက်များ အားလုံးကို ခွာချပစ်လေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် သူနှင့် ငါတို့အကြား မည်သူကမျှ ကြိုးစား၍ မဖြတ်ကူးလိုသည့် အလွန်နက်လှသော ချောက်နက်ကြီးတစ်ခုကို ဖြစ်ပေါ်စေပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ပထမဦးဆုံးအကြိမ် ငါတို့ခံစားရပြီးဖြစ်သည့် အင်မတန်ကြီးမားသော ဆုတ်ဆိုင်းမှု၊ ငါတို့၏အသက်တာ၌ အင်မတန်ကြီးမားသော အရှက်ရမှုဖြစ်သည်။ သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ဘုရားသခင်၏ ဂုဏ်သရေနှင့် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်းအား ငါတို့ကို အမှန်တကယ် နားလည်စေသည်၊ ယင်းနှင့်ယှဉ်ရာတွင် ငါတို့သည် အလွန့်အလွန် နိမ့်ကျပြီး အလွန့်အလွန် မစင်ကြယ်ကြပေ။ သူ၏တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုက ငါတို့ မည်မျှ မာနထောင်လွှားပြီး ခမ်းကြီးနားကြီးနိုင်သည်၊ ပြီးလျှင် လူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ ယှဉ်နိုင်မည် မဟုတ်သည်ကို သို့မဟုတ် ဘုရားသခင်နှင့် တန်းတူဖြစ်မည် မဟုတ်သည်ကို ငါတို့အား ပထမဦးဆုံးအကြိမ် နားလည်စေသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုက ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြင့် နောက်ထပ် အသက်မရှင်ဖို့၊ ဤသဘာဝနှင့် အနှစ်သာရကို အမြန်ဆုံး ဖယ်ရှားဖို့နှင့် ဘုရားသခင်အဖို့ ဆိုးယုတ်သောသူဖြစ်ခြင်းနှင့် မုန်းတီးစက်ဆုပ်ဖွယ်ဖြစ်ခြင်းကို ရပ်စဲရန် တမ်းတမိစေပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ငါတို့အား သူ၏စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ပုန်ကန်လိုစိတ် မရှိတော့ဘဲ၊ သူ၏နှုတ်ကပတ်တော်များကို ပျော်ရွှင်စွာ နာခံစေပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် အသက်ဆက်လက်ရှင်သန်ရန် စိတ်ဆန္ဒအား ငါတို့ကို နောက်တစ်ကြိမ် ပေးပြီးဖြစ်သကဲ့သို့၊ သူ့ကို ငါတို့၏ ကယ်တင်ရှင်အဖြစ် ပျော်ရွှင်စွာ လက်ခံစေပြီး ဖြစ်သည်။ ငါတို့သည် သိမ်းပိုက်ခြင်းအမှုမှ၊ ငရဲမှ၊ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်မှ လှမ်းထွက်လာပြီးဖြစ်သည်...အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဤလူစုဖြစ်သည့် ငါတို့ကို ရရှိပြီးဖြစ်သည်။ သူသည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သကဲ့သို့၊ သူ၏ရန်သူ အမြောက်အများကို နှိမ်နင်းပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၃၇)

သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်တို့ စွန့်ပစ်ပြီး သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းရှိသည့်အခါမှသာ စုံလင်စေခြင်းခံရလိမ့်မည်။ သင်သည် ပရောဖက်ပြုချက်ကို ပြောဆိုနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်နက်နဲမှုကိုမျှ ပြောနိုင်မည် မဟုတ်သော်လည်း၊ သင်သည် လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြနေလိမ့်မည်။ ဘုရားသခင်သည် လူကို ဖန်ဆင်းခဲ့သည်၊ သို့သော် ထို့နောက်တွင် လူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသည်မှာ လူတို့သည် “လူသေများ” ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့်၊ သင်ပြောင်းလဲ ပြီးသည့်နောက်တွင်၊ သင်သည် ဤ “လူသေများ” ကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်တော့ပေ။ လူတို့၏ဝိညာဉ်များကို အသက်ပြန်ရှင်စေကာ ပြန်လည် မွေးဖွားစေသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ပြီး၊ လူတို့၏ ဝိညာဉ်များ ပြန်လည်မွေးဖွားသောအခါ ၎င်းတို့သည် အသက်ရှင်ခြင်းတို့ ရောက်ကြပြီးဖြစ်လိမ့်မည်။ “လူသေ” နှင့်ပတ်သက်၍ ငါပြောဆို သည့်အခါတွင်၊ ဝိညာဉ်မရှိသည့် အလောင်းကောင်များ၊ ၎င်းတို့အတွင်း၌ ၎င်းတို့၏ ဝိညာဉ်များ သေဆုံးပြီးသောလူများကို ငါရည်ညွှန်းနေခြင်းဖြစ်သည်။ လူတို့၏ဝိညာဉ်များကို အသက်ပြန်ရှင်သောအခါတွင်၊ သူတို့သည် အသက်ရှင်ခြင်းသို့ ရောက်လာကြသည်။ ယခင်ကဆိုခဲ့သော သန့်ရှင်းသူများမှာ အသက်ရှင်ခြင်းသို့ ရောက်ပြီးဖြစ်သောလူများ၊ စာတန်၏ စွမ်းအားအောက်တွင် ရှိခဲ့ကြသော်လည်း၊ စာတန်ကို အနိုင်ယူခဲ့သောသူများကို ရည်ညွှန်းပေသည်။ တရုတ်ပြည်၏ ရွေးချယ်ခံရသောလူများသည် အဆင်းနီသောနဂါးကြီး၏ ရက်စက်ကာ လူမဆန်သော ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် လိမ်လည်လှည့်စားမှုကို သည်းခံခဲ့ကြပြီး၊ ယင်းက ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာ ဖျက်စီးခဲ့ပြီး၊ အသက်ရှင်ရန် သတ္တိ စိုးစဉ်းမျှပင် မရှိဘဲဖြစ်စေခဲ့သည်။ ဤအကြောင်းကြောင့်၊ ၎င်းတို့၏စိတ်ဝိညာဉ်များ နိုးထခြင်းသည် ၎င်းတို့၏အနှစ်သာရမှ စတင်ရမည်- ၎င်းတို့၏ အနှစ်သာရထဲတွင် ၎င်းတို့၏ စိတ်ဝိညာဉ်များ နည်းနည်းချင်း နိုးထရမည် ဖြစ်သည်။ တစ်နေ့ ၎င်းတို့အသက်ဝင်လာသောအခါ၊ ပိတ်ဆို့မှုများ နောက်ထပ်ရှိတော့မည်မဟုတ်သကဲ့သို့၊ အားလုံး ချောမွေ့စွာ ရှေ့ဆက် လိမ့်မည်။ လက်ရှိအချိန်တွင်၊ ဤအရာသည် ဖြစ်နိုင်ခြေ မရှိသေးပေ။ လူအများစုသည် သုဿန်တစပြင်ပမာ အခြေအနေများစွာကို ပေါက်ဖွားစေသည့် နည်းလမ်းတစ်ခုဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့သည် သေခြင်းတရား၏ရောင်ဝါလက္ခဏာထဲတွင် ပိတ်ဖုံးခံရပြီး၊ ၎င်းတို့ ချို့တဲ့သည့် အရာများစွာ ရှိလေသည်။ လူတစ်ချို့၏ စကားများက သေခြင်းတရားကို သယ်ဆောင်သည်၊ ၎င်းတို့၏ လုပ်ဆောင်မှုများက သေခြင်းတရားကို သယ်ဆောင်ပြီး၊ ၎င်းတို့ အသက်ရှင်သည့်ပုံစံဖြင့် ၎င်းတို့ ပေါက်ဖွားစေသည့် အရာတိုင်းနီးပါးမှာ သေခြင်းတရားဖြစ်သည်။ အကယ်၍ ယနေ့တွင် လူများသည် ဘုရားသခင်ကို လူသိရှင်ကြား သက်သေခံကြပါက၊ ၎င်းတို့သည် အပြည့်အဝ အသက်ရှင်ခြင်းသို့ မရောက်သေးသကဲ့သို့၊ သင်တို့ထဲတွင် လူသေမြောက်မြားစွာ ရှိသည့်အတွက်၊ ဤအလုပ်တွင် ၎င်းတို့ ကျရှုံးလိမ့်မည် ဖြစ်သည်။ ယနေ့တွင်၊ လူအချို့က ဘုရားသခင်သည် တစ်ပါးအမျိုးသားများ အလယ်တွင် သူ၏အမှုကို လျင်မြန်စွာ ဖြန့်နိုင်ဖို့အလို့ငှာ အဘယ်ကြောင့် နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများ မပြသည်ကို မေးကြသည်။ လူသေတို့သည် ဘုရားသခင်ကို သက်သေမခံနိုင်ကြပေ။ ဤသည်မှာ အသက်ရှင်သူများသာ လုပ်ဆောင်နိုင်သည့်အရာတစ်ခု ဖြစ်ပြီး၊ သို့တိုင် ယနေ့ လူအများစုတို့သည် “လူသေများ” ဖြစ်ကြလေသည်။ များလှစွာသော သူတို့သည် သေခြင်းတရား၏ အရိပ်အောက်၊ စာတန်၏စွမ်းအားအောက်တွင် အသက်ရှင်ကြပြီး၊ အောင်မြင်မှုကို မရရှိနိုင်ကြပေ။ ထိုသို့ဖြစ်လျှင်၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ သက်သေခံနိုင်ကြမည်နည်း။ ဧဝံဂေလိအလုပ်ကို ၎င်းတို့ မည်သို့ ဖြန့်နိုင်ကြမည်နည်း။

အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်သောသူအားလုံးသည် သေခြင်းတရား အလယ်တွင် အသက်ရှင်သောသူများ၊ စာတန်၏ ပိုင်ဆိုင်ခြင်း ခံရသောသူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း မခံရဘဲ၊ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမခံရဘဲ၊ လူများသည် သေခြင်းတရား၏စွမ်းအားကို မလွတ်မြောက်နိုင်ကြပေ။ ၎င်းတို့သည် အသက်ရှင်သူများ ဖြစ်မလာနိုင်ပေ။ ဤ “လူသေများ” သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို သက်သေမခံနိုင်သကဲ့သို့၊ ဘုရားသခင်၏ အသုံးပြုခြင်းလည်း မခံနိုင်ပေ။ ဘုရားသခင်သည် လူသေတို့၏ သက်သေခံခြင်းမဟုတ်ဘဲ၊ အသက်ရှင်သူများ၏ သက်သေခံခြင်းကို အလိုရှိပြီး၊ သူ့အတွက် အလုပ်လုပ်ရန် လူသေတို့ကို မဟုတ်ဘဲ၊ အသက်ရှင်သူများကို စေခိုင်းပေသည်။ “လူသေတို့” သည် ဘုရားသခင်ကို ဆန့်ကျင်ကာ ပုန်ကန်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် ဝိညာဉ်၌ ထုံထိုင်းသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသကဲ့သို့၊ ဘုရားသခင်ကို သစ္စာစောင့်သိခြင်း စိုးစဉ်းမျှ မရှိသောသူများ ဖြစ်ကြကာ၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သော သူများ ဖြစ်ကြပြီး စာတန်၏အသုံးချခြင်းကို ခံကြရလေသည်။ လူသေများသည် သမ္မာတရားကို ဆန့်ကျင်ရာ၌ ရပ်တည်ခြင်းအားဖြင့်၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအားဖြင့်၊ ပြီးလျှင် နိမ့်ကျခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ မလိုမုန်းထားခြင်း၊ ရိုင်းစိုင်းခြင်း၊ လှည့်ဖြားခြင်းနှင့် မသိမသာ အန္တရာယ်ပေးခြင်းအားဖြင့် မိမိတို့ကိုယ်ကိုယ် ထင်ရှားစေကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြလျှင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အသက်ရှင်ကြသော်လည်း၊ လမ်းလျှောက်နေသည့် အသက်ရှူနေကြသော အလောင်းကောင်များ ဖြစ်ကြသည်။ လူသေတို့သည် ဘုရားသခင်ကို လုံးဝ နာခံခြင်းငှာ တတ်စွမ်းနိုင်ဖို့မပြောနှင့်၊ ဘုရားသခင်ကို ကျေနပ်စေခြင်းငှာ လုံးဝ မတတ်စွမ်းနိုင်ကြပေ။ ၎င်းတို့သည် သူ့ကို လှည့်ဖြားရုံသာ လှည့်ဖြားနိုင်သည်၊ သူ့ကို ပြစ်မှားစော်ကားနိုင်ပြီး သစ္စာဖောက်နိုင်ကာ၊ ၎င်းတို့အသက်ရှင်သည့်နည်းလမ်းဖြင့် ၎င်းတို့ ပေါက်ဖွား စေသည့်အရာအားလုံးသည် စာတန်၏သဘာဝကို ထုတ်ဖော်ပြလေသည်။ လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်နှင့် ဘုရားသခင်ကို သက်သေခံရန်၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်ခံရမည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံ ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ထိုမှသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိမည်ဖြစ်ကာ အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရပြီးဖြစ်သည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် ဆက်ကပ်ရန် လိုလားနေကြပြီး မိမိတို့၏ အသက်ကို စွန့်ရန် ပျော်ရွင်ကြကာ၊ ဘုရားသခင်အတွက် မိမိတို့၏အသက်တာတစ်ခုလုံးကို ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံထားကြမည်ဖြစ်သည်။ အသက်ရှင် သူများသည် ဘုရားသခင်ကို သက်သေခံကြသောအခါမှသာလျှင် စာတန်သည် အရှက်ရနိုင်မည်။ အသက်ရှင်သူများကသာ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေနိုင်ကြသည်၊ အသက်ရှင်သူများသာ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ကြပြီး၊ အသက်ရှင်သူများသာ စစ်မှန်သောလူများ ဖြစ်ကြပေသည်။ မူလက ဘုရားသခင် ဖန်ဆင်းခဲ့သောလူမှာ အသက်ရှင်ခဲ့သည်၊ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူသည် သေခြင်းတရား၏ အလယ်တွင် အသက်ရှင်ရပြီး၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ရသည်၊ ထို့ကြောင့် ဤနည်းဖြင့်၊ လူတို့သည် ဝိညာဉ်ကင်းမဲ့သော လူသေများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ တန်ဆာပလာများ ဖြစ်လာကြပြီးဖြစ်ကာ၊ စာတန်၏အကျဉ်းသားများ ဖြစ်လာကြပြီးဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော အသက်ရှင်သည့် လူများအားလုံးသည် လူသေများဖြစ်လာကြပြီး၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ သက်သေခံချက်ကို ဆုံးရှုံးရပြီး‌ဖြစ်ကာ၊ သူဖန်ဆင်းခဲ့ပြီး သူ၏ဇီဝအသက် ရှိထားသည့် တစ်ခုတည်းသော အရာဖြစ်သည့် လူသားမျိုးနွယ်ကို ဆုံးရှုံးရလေပြီဖြစ်သည်။ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို ပြန်ရုပ်သိမ်းပြီး၊ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော်လည်း၊ စာတန်၏ ဖမ်းဆီးခြင်းခံရသောသူတို့ကို ပြန်ရုပ်သိမ်းပါက၊ ၎င်းတို့သည် အသက်ရှင်သော သတ္တဝါများဖြစ်လာရန်အလို့ငှာ ဘုရားသခင်သည် ၎င်းတို့ကို ပြန်လည် ထမြောက်စေရမည်ဖြစ်ပြီး၊ သူ၏အလင်းထဲ၌ ၎င်းတို့ အသက်ရှင်ကြဖို့အလို့ငှာ ၎င်းတို့ကို သူပြန်သိမ်းယူရမည် ဖြစ်သည်။ လူသေတို့သည် ဝိညာဉ်မရှိသော သူများဖြစ်ပြီး၊ အလွန့်အလွန် ထုံထိုင်းကြသူများနှင့် ဘုရားသခင်ကို ဆန့်ကျင်ကြသူများ ဖြစ်ကြသည်။ အဓိကအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို မသိသောသူများ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြချေ။ ၎င်းတို့သည် သူ့ကို ပုန်ကန်ကာ ဆန့်ကျင်ခြင်းသာ ပြုကြပြီး၊ သစ္စာစောင့်သိမှု စိုးစဉ်းမျှ မရှိကြချေ။ အသက်ရှင်သူများသည် ၎င်းတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားခြင်း ခံရသောသူများ၊ ဘုရားသခင်ကို နာခံရန် သိရှိသူများနှင့် ဘုရားသခင်ကို သစ္စာစောင့်သိသူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် သက်သေခံချက်ကို ပိုင်ဆိုင်ကြပြီး၊ ဤလူတို့သာ ဘုရားသခင်ကို သူ၏ အိမ်တွင် ကျေနပ်စေလျက်ရှိကြပေသည်။ ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ ရောက်လာနိုင်သူများ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်နိုင်သူများ၊ ဘုရားသခင်ကို သစ္စာစောင့်သိနိုင်သူများနှင့် ဘုရားသခင်အား ရှာဖွေရန် လိုလားလျက်ရှိသူများကို ကယ်တင်သည်။ ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းနှင့် သူ၏ပေါ်ထွန်းခြင်း၌ ယုံကြည်သူများကို သူကယ်တင်သည်။ လူအချို့သည် အသက်ရှင်ခြင်းတို့ ရောက်လာနိုင်ပြီး၊ လူအချို့သည် အသက်ရှင်ခြင်းသို့ ရောက်မလာနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏သဘာဝသည် ကယ်တင်ခြင်းခံရနိုင်၊ မခံရနိုင်ဆိုသည့်အပေါ် မူတည်သည်။ လူများစွာတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များစွာကို ကြားဖူးခဲ့သော်လည်း ဘုရားသခင်၏အလိုကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိကြသေးပေ။ ထိုသို့သော လူတို့သည် မည်သည့် သမ္မာတရားကိုမျှ အသက်ရှင်နေထိုင်ခြင်းငှာ မတတ်စွမ်းနိုင်ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍လည်း တမင်သက်သက် နှောင့်ယှက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိကြ၊ သူ့ထံ မည်သည့်အရာကိုမျှ ဆက်ကပ်နိုင်စွမ်း မရှိကြသကဲ့သို့ အသင်းတော်၏ငွေကိုလည်း လျှို့ဝှက်စွာ သုံးကြပြီး၊ ဘုရားသခင်၏အိမ်တော်တွင် အခမဲ့ စားကြလေသည်။ ဤလူတို့သည် သေဆုံးကြပြီး၊ ကယ်တင်ခံရမည် မဟုတ်။ ဘုရားသခင်သည် သူ၏အမှုအလယ် ရှိသူများကို ကယ်တင်သော်လည်း၊ သူ၏ကယ်တင်ခြင်းကို မရရှိနိုင်သော လူတစ်ချို့ရှိလေသည်။ အရေအတွက် အနည်းငယ်ကသာ သူ၏ ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူအများစုသည် အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်းခံကြရပြီးဖြစ်ကာ လူသေများ ဖြစ်လာကြပြီး ဖြစ်သကဲ့သို့၊ ၎င်းတို့ ကယ်တင် မခံရနိုင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ လုံးဝ အသုံးချခြင်း ခံကြရပြီး၊ ၎င်းတို့၏ သဘာဝ၌ အလွန် မလိုမုန်းထားဖြစ်ကြလေသည်။ ထိုလူအနည်းစုသည်လည်း ဘုရားသခင်ကို အပြည့်အဝ မနာခံနိုင်ကြပေ။ ၎င်းတို့သည် အစဦးကတည်းက ဘုရားသခင်ကို လုံးဝ သစ္စာရှိလာခဲ့ကြသူများ သို့မဟုတ် အစဦးကတည်းက ဘုရားသခင်အတွက် အဆုံးစွန်သော ချစ်ခြင်းမေတ္တာ ရှိခဲ့ကြသူများ မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း အမှုကြောင့် သူ့ကို နာခံလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင့်ဆုံးသော ချစ်ခြင်းမေတ္တာကြောင့် သူ့ကို မြင်ကြသည်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့် ၎င်းတို့၏စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရှိပြီး၊ စစ်လည်းစစ်မှန်ကာ ပုံမှန်လည်းဖြစ်သော ဘုရားသခင်၏အမှုကြောင့် သူ့ကို သိလာကြပေသည်။ ဘုရားသခင်၏ ဤအမှုမရှိဘဲနှင့်၊ ဤလူတို့ မည်မျှကောင်းမြတ်စေကာမူ၊ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ကြဆဲဖြစ်ပေမည်၊ သေခြင်းတရားနှင့် သက်ဆိုင်ကြဆဲ ဖြစ်မည်ဖြစ်ပြီး၊ ၎င်းတို့ သေဆုံးကြဆဲဖြစ်ပေမည်။ ယနေ့တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဤလူတို့ ရရှိနိုင်ခြင်းသည် ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလားနေကြခြင်းကြောင့်သက်သက် ဖြစ်ပေသည်။

ဘုရားသခင်အပေါ် ၎င်းတို့၏ သစ္စာစောင့်သိမှုကြောင့်၊ အသက်ရှင်သူတို့သည် ဘုရားသခင်၏ရယူခြင်းကို ခံရမည်ဖြစ်ပြီး သူ၏ ကတိတော်များကြားတွင် အသက်ရှင်ရလိမ့်မည်၊ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ ဆန့်ကျင်ခြင်းကြောင့်၊ လူသေတို့သည် ဘုရားသခင်၏ ရွံမုန်းခြင်းနှင့် ငြင်းပယ်ခြင်းခံရမည်ဖြစ်ပြီး သူ၏အပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ခြင်းများအလယ် အသက်ရှင်ကြရလိမ့်မည်ဖြစ်သည်။ ယင်းမှာ မည်သည့်လူကမျှ ပြောင်းလဲ မရနိုင်သော၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်သည်။ သူတို့ကိုယ်တိုင်၏ ကြိုးစားခြင်းကြောင့် လူတို့သည် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိကြပြီး အလင်း၌ အသက်ရှင်ကြသည်။ ၎င်းတို့၏ ကောက်ကျစ်သော အကြံအစည်များကြောင့် လူတို့သည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံကြရပြီး အပြစ်ဒဏ်ပေးခြင်းထဲသို့ သက်ဆင်းကျရသည်။ ၎င်းတို့၏ မကောင်းမှုဒုစရိုက်ပြုခြင်းကြောင့် လူတို့သည် ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံကြရပြီး၊ ၎င်းတို့၏တမ်းတခြင်းနှင့် သစ္စာစောင့်သိမှုတို့ကြောင့် လူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာများကို ရရှိကြသည်။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် အသက်ရှင်သူတို့ကို ကောင်းချီးပေးပြီး၊ လူသေတို့ကို ကျိန်ဆဲ၏၊ သို့ဖြစ်၍ ၎င်းတို့သည် သေခြင်းတရားအလယ်တွင် အမြဲနေကြပြီး၊ ဘုရားသခင်၏ အလင်းထဲ၌ မည်သည့်အခါတွင်မျှ အသက်ရှင်ရလိမ့်မည် မဟုတ်။ ဘုရားသခင်သည် သူနှင့်အတူ ထာဝရ ရှိဖို့ရန်၊ အသက်ရှင်သောသူတို့ကို သူ၏နိုင်ငံတော်ထဲနှင့် ကောင်းချီးမင်္ဂလာများထဲသို့ ခေါ်ဆောင်လိမ့်မည်။ သို့သော် လူသေများအတွက်၊ သူသည် ၎င်းတို့ကို ရိုက်ချပြီး ထာဝရသေခြင်းထဲသို့ ပေးအပ်လိမ့်မည်။ ၎င်းတို့သည် သူ၏ဖျက်ဆီးခြင်းကို ခံရသူ ဖြစ်ပြီး၊ စာတန်နှင့် အမြဲ သက်ဆိုင်လိမ့်မည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ မတရားသဖြင့် မဆက်ဆံပေ။ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသောသူအားလုံးသည် ဘုရားသခင်၏ အိမ်တော်ထဲတွင် ဧကန်မုချ ဆက်လက်ရှိကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို မနာခံသောသူနှင့် သူနှင့်သဟဇာတမဖြစ်သောသူ အားလုံးသည် သူ၏အပြစ်ဒဏ်ပေးခြင်း အလယ်တွင် ဧကန်မုချ အသက်ရှင်ကြရလိမ့်မည်။ သင်သည် လူ့ဇာတိ၌ပြုသော ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ သေချာကောင်း သေချာမည်မဟုတ်- သို့သော် တစ်နေ့တွင်၊ ဘုရားသခင်၏ လူ့ဇာတိသည် လူ၏အဆုံးသတ်ကို တိုက်ရိုက်စီစဉ်လိမ့်မည် မဟုတ်။ ထိုအစား သူ၏ဝိညာဉ်တော်သည် လူ၏ခရီးပန်းတိုင်ကို စီစဉ်လိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်တွင် ဘုရားသခင်၏ လူ့ဇာတိနှင့် သူ၏ဝိညာဉ်တော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည်၊ သူ၏လူ့ဇာတိသည် အမှားမကျူးလွန် နိုင်သကဲ့သို့၊ သူ၏ဝိညာဉ်တော်သည် သာ၍ပင် အမှားလုပ်နိုင်စွမ်းမရှိသည်ကို လူတို့သိကြလိမ့်မည်။ နောက်ဆုံးတွင်၊ သူသည် အသက်ရှင်ခြင်းသို့ ရောက်သောသူတို့ကို သူ၏နိုင်ငံတော်ထဲသို့ ဧကန်မုချ အပိုအလို မရှိဘဲ၊ ခေါ်ဆောင်လိမ့်မည်ဖြစ်သည်။ အသက်ရှင်ခြင်းသို့ မရောက်သော လူသေများအတွက်မူ၊ စာတန်၏သားရဲတွင်းထဲသို့ ပစ်ထည့်ခြင်း ခံရကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၃၈)

အခြားမည်သည့်အရာမျှမတိုင်မီ၊ လူသားအထဲက သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းနှင့်ဆိုင်သည့် ပထမအဆင့်မှာ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှ လူ၏ စိတ်နှလုံးကို ဆွဲထုတ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သံသယဖြစ်စရာ လုံးဝမရှိဘဲ လုံးဝမှန်ကန်သည်ဟု လူသား၏ စိတ်နှလုံးအား ယုံကြည်စေရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဆွဲခေါ်ရန်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက သူ၏ နှုတ်ကပတ်တော်များကို ယုံကြည်ရမည်။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက်၊ သန့်ရှင်းသောဝိညာဉ်တော် လျှောက်သည့် လမ်းကြောင်းကို မသိမြဲရှိပါက၊ သင်သည် အမှန်တကယ် ယုံကြည်သူတစ်ဦး ဟုတ်ပါ၏လော။ ပုံမှန်လူသားအသက်တာ- ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိသော ပုံမှန်လူသားအသက်တာကို ရရှိရန် သင်သည် ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်ရမည်။ သင်သည် လူတို့အထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပထမခြေလှမ်းကို မရရှိသေးပါက၊ သင်သည် အခြေခံအုတ်မြစ်မရှိပေ။ အခြေခံသဘောတရားများထဲမှ အသေးငယ်ဆုံးသော အရာကိုပင် သင် နားမလည်နိုင်ပါက၊ ရှေ့တွင်ရှိသည့် လမ်းကြောင်းကို သင် အဘယ်သို့ လျှောက်လှမ်းမည်နည်း။ ဘုရားသခင်က လူသားကို စုံလင်စေသည့် လမ်းကြောင်းမှန်ပေါ် ခြေချခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်အလုပ်နှင့်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ခြင်းကို ဆိုလို၏။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းပေါ် ခြေချခြင်းကို ဆိုလိုပေသည်။ ယခု သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းပေါ် ခြေချမည်ဆိုပါက၊ ၎င်းတို့အနေဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များကို နာခံကာ စားသောက် ရမည်ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုသည် နှုတ်ကပတ်တော်များ၏အမှုဖြစ်သည်။ အရာအားလုံးသည် သူ၏နှုတ်ကပတ်တော်မှ အစပြုပြီး၊ အားလုံးကို သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ မျက်မှောက်နှုတ်ကပတ်တော်များပေါ်တွင် တည်ဆောက် ထားပေသည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်၍ သေချာခြင်းဖြစ်စေ၊ လူ့ဇာတိခံ ဘုရားသခင်ကို သိရှိခြင်းဖြစ်စေ၊ အသီးသီးသည် သူ၏နှုတ်ကပတ်တော်အပေါ် သာ၍ အားထုတ်ကြိုးပမ်းခြင်း လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက၊ လူတို့သည် မည်သည့် အရာကိုမျှ မပြီးမြောက်နိုင်သကဲ့သို့၊ လူတို့၌ မည်သည့်အရာမျှ ကျန်ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းနှင့် ထိုသို့အားဖြင့် သူ့အား သိကျွမ်းလာကာ သူ့ကို ကျေနပ်စေခြင်းအားဖြင့်သာ၊ လူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တဖြည်းဖြည်း တည်ဆောက်နိုင်ပေသည်။ လူသားအတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းထက် သာ၍ ကောင်းမွန်သော ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပေ။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏လူများနှင့်ဆိုင်သည့် ၎င်းတို့၏ သက်သေခံချက်၌ ခိုင်မာစွာ အကောင်းဆုံးရပ်တည်နိုင်ပေသည်။ လူတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သိနားလည်ပြီး နာခံနိုင်ပါက၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြနေသည့် လမ်းကြောင်းပေါ်တွင် အသက်ရှင်ကြကာ၊ ဘုရားသခင်၏ လူသားကို စုံလင်စေခြင်း လမ်းကြောင်းအမှန်ပေါ်တွင် ခြေချကြပြီးဖြစ်သည်။ ယခင်က၊ လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ရှာဖွေခြင်းအားဖြင့် သို့မဟုတ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရှာဖွေခြင်း သက်သက်အားဖြင့် ဘုရားသခင်၏ အမှုကို ရရှိနိုင်ခဲ့ကြသော်လည်း၊ ယခုတွင် အမှုအရာများ ကွဲပြားလေ၏။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိဘဲ၊ သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော စစ်မှန်မှု မရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်သကဲ့သို့၊ ဘုရားသခင်၏ ပယ်ထုတ်ခြင်းကို ခံရမည်ဖြစ်သည်။ ပုံမှန်ဝိညာဉ်အသက်တာကို ရရှိရန်၊ လူတို့အနေဖြင့် ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး လက်တွေ့လုပ်ဆောင်သင့်ကာ၊ ထို့နောက် ဤအခြေခံအုတ်မြစ်ပေါ်တွင် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တည်ထောင် သင့်ပေသည်။ သင်သည် မည်ကဲ့သို့ ပူးပေါင်းလုပ်ဆောင်သနည်း။ ဘုရားသခင်၏ လူများနှင့်ဆိုင်သော သက်သေခံချက်တွင် သင် မည်သို့ ခိုင်မာစွာ ရပ်တည်သနည်း။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို သင်မည်ကဲ့သို့ တည်ဆောက်သနည်း။

သင်၏နေ့စဉ်အသက်တာတွင် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိ၊ မရှိဆိုသည်ကို သိရမည့် နည်းလမ်း-

၁။ ဘုရားသခင်ကိုယ်တိုင်၏သက်သေခံချက်ကို သင်ယုံကြည်သလော။

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် စစ်မှန်ကာ မမှားယွင်းနိုင်ဟု သင်၏နှလုံးသား၌ သင်ယုံကြည်ပါသလော။

၃။ သင်သည် ကိုယ်တော်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သော သူတစ်ဦးလော။

၄။ သူစေခိုင်းသည့်တာဝန်ကို သင်သစ္စာရှိပါသလော။ သူ၏စေခိုင်းသည့်တာဝန်ကို သစ္စာရှိဖို့အလို့ငှာ သင် မည်သည့်အရာ လုပ်ဆောင်ပါသနည်း။

၅။ သင်လုပ်ဆောင်သည့်အရာရာတိုင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် သူ့ကို သစ္စာရှိခြင်းအတွက်လော။

အထက်တွင် စာရင်းပြုစုထားသည့် အချက်များအရ၊ သင်သည် လက်ရှိအဆင့်တွင် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိသည်၊ မရှိသည်ကို ဆင်ခြင်သုံးသပ်နိုင်ပေသည်။

သင်သည် ဘုရားသခင်စေခိုင်းသည့်တာဝန်ကို လက်ခံနိုင်ပါက၊ ဘုရားသခင်၏ ကတိတော်ကို လက်ခံနိုင်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းကို လိုက်လျှောက်နိုင်ပါက၊ ဘုရားသခင်၏အလိုကို သင် လိုက်လျှောက်နေခြင်း ဖြစ်ပေသည်။ အတွင်းတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းသည် သင့်အဖို့ ရှင်းလင်းပါသလော။ ယခု၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းနှင့်အညီ ပြုမူသလော။ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်သလော။ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်လွင်ဆုံးသော အလင်းကို သင် အမီလိုက်ဖို့ ဆန္ဒရှိသလော။ ဘုရားသခင်၏ ရယူခြင်းခံရရန် သင် ဆန္ဒရှိသလော။ သင်သည် ကမ္ဘာမြေပေါ်၌ ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သော သရုပ်သကန်တစ်ခု ဖြစ်လာဖို့ ဆန္ဒရှိသလော။ သင့်ကို ဘုရားသခင် တောင်းဆိုသည့်အရာကို ရယူဖို့ စိတ်ဆုံးဖြတ်ချက် သင်၌ ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုသည့်အချိန်တွင်၊ သင့်အတွင်း၌ ပူးပေါင်းလုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ချက်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် စိတ်ဆုံးဖြတ်ချက် ရှိပါက- ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးထဲ၌ အကျိုးဖြစ်ထွန်းပြီးဖြစ်သည်ကို ဆိုလိုပေသည်။ သင်သည် ထိုသို့သော စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ပါက၊ သင်ရရှိအောင် အားထုတ်သည့် ရည်မှန်းချက်များ မရှိပါက၊ ယင်းမှာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်း မခံရသေးဟု ဆိုလိုပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၃၉)

မိမိ၏ အသက်တာစိတ်သဘောထား၌ ပြောင်းလဲခြင်းကို လိုက်စားရှာဖွေရာတွင်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် ရိုးရှင်း၏။ သင်၏ လက်တွေ့ကျသည့် အတွေ့အကြုံ၌၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များကို လိုက်နာနိုင်ပြီး၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားနိုင်ပါက၊ သင်၏စိတ်သဘောထားသည် ပြောင်းလဲနိုင်စွမ်း ရှိပေသည်။ သန့်ရှင်းသောဝိညာဉ်တော် ပြောသည့်အရာဟူသမျှကို သင် လိုက်နာကာ၊ သန့်ရှင်းသောဝိညာဉ်တော် ပြောသည့်အရာ ဟူသမျှကို သင်ရရှိအောင် အားထုတ်ပါက၊ သင်သည် သူ့ကို နာခံသောသူတစ်ဦးဖြစ်ပြီး၊ သင်၏စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု ရှိပေလိမ့်မည်။ လူတို့၏ စိတ်သဘောထားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များဖြင့် ပြောင်းလဲ၏။ သင်သည် အတိတ်က သင်၏ အတွေ့အကြုံဟောင်းများနှင့် စည်းမျဉ်းများကို အမြဲ ဖက်တွယ်ပါက၊ သင်၏စိတ် သဘောထား မပြောင်းလဲနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့ နှုတ်ကပတ်တော်များက လူအားလုံးကို ပုံမှန်လူ့သဘာဝ၏ အသက်တာထဲသို့ ဝင်ရောက်ရန် စေခိုင်းသော်လည်း သင်က အပေါ်ယံ အရာများအပေါ် အစွဲအလမ်းကြီးမြဲ ကြီးနေပြီး၊ လက်တွေ့အရှိတရားနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးကာ ယင်းကို အလေးအနက်မထားပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို အမှီမလိုက်နိုင်သူတစ်ဦး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှု လမ်းကြောင်းပေါ်သို့ မဝင်ရောက်ရသေးသူတစ်ဦး ဖြစ်ပေသည်။ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များကို သင် အမီလိုက်နိုင်ခြင်း ရှိမရှိနှင့် သင်သည် စစ်မှန်သော အသိပညာရှိမရှိ ဆိုသည်တို့အပေါ် မူတည်၏။ ဤသည်မှာ ယခင်က သင်တို့ နားလည်ခဲ့သည့် အရာနှင့်မတူပေ။ ယခင်က သင်နားလည်ခဲ့သည့် သင်၏ စိတ်သဘောထား ပြောင်းလဲမှုဆိုသည်မှာ၊ အပေါ်ယံကြည့်ပြီး ဝေဖန်သုံးသပ်တတ်သည့် သင်သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းအားဖြင့် ရမ်းသန်းစကားပြောခြင်းကို ရပ်တန့်လိုက်ခြင်းသာဖြစ်သည်။ သို့သော် ယင်းသည် ပြောင်းလဲမှု၏ ကဏ္ဍတစ်ခုသာ ဖြစ်၏။ ယခု၊ အရေးအကြီးဆုံးအချက်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာခြင်းဖြစ်သည်- ဘုရားသခင်ပြောသည့် အရာဟူသမျှကို လိုက်နာလော့၊ ပြီးလျှင် သူပြောသည့်အရာဟူသမျှကို နာခံလော့။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။ အတိတ်တွင်၊ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို ပြောဆိုရာတွင်၊ အဓိကအားဖြင့် မိမိကိုယ်ကိုယ် မိမိစွန့်လွတ်နိုင်ခြင်း၊ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေခြင်း၊ မိမိ၏ကိုယ်ခန္ဓာကို ပဲ့ပြင်ဆုံးမခြင်းနှင့် ဇာတိ၏လိုလားမှုများကို မိမိထံမှ ဖယ်ရှားနိုင်ခြင်းတို့ကို ရည်ညွှန်းခဲ့ပေသည်- ယင်းမှာ စိတ်သဘောထား ပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ ယနေ့တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သည့် ထုတ်ဖော်ခြင်းမှာ ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို နာခံခြင်းနှင့် သူ၏အသစ်သောအမှုကို အမှန်တကယ် သိရှိခြင်းဖြစ်သည်ကို အယောက်တိုင်း သိကြပေသည်။ ဤနည်းဖြင့်၊ မိမိတို့ကိုယ်တိုင်၏ အယူအဆများဖြင့် ခြယ်သခြင်းခံခဲ့ရသည့် လူတို့၏ ဘုရားသခင်နှင့်သက်ဆိုင်သော ယခင် သိနားလည်မှုသည် ဖျောက်ဖျက်ပစ်ခံရနိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာနှင့် ဘုရားသခင်အား နာခံခြင်းတို့ကို ရရှိနိုင်ကြပေသည်- ဤအရာသည်သာ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော ဖော်ပြချက်တစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၄၀)

အသက်တာထဲဝင်ရောက်ခြင်းကို လူတို့ရရှိအောင်အားထုတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံသည်။ ယခင်က၊ အရာရာသည် သူ၏ နှုတ်ကပတ်တော်ကြောင့် ပြီးမြောက်သည်ဟု ဆိုခဲ့သော်လည်း၊ ဤအမှန်တရားကို မည်သူမျှ မမြင်ခဲ့ကြပေ။ မျက်မှောက်အဆင့်ကို တွေ့ကြုံခြင်းထဲသို့ သင် ဝင်ရောက်ပါက၊ သင့်အဖို့ အရာအားလုံး ရှင်းလင်းသွားမည်ဖြစ်ပြီး၊ သင်သည် အနာဂတ် စမ်းသပ်မှုများအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်ကို တည်ဆောက်နေလိမ့်မည် ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့။ ဘုရားသခင်က သူသည် လူတို့ကို စတင်ပြစ်တင်ဆုံးမမည်ဟုပြောသည့်အခါ သူ၏ ပြစ်တင်ဆုံးမခြင်းကို လက်ခံလော့။ ဘုရားသခင်က လူတို့ကို သေဖို့စေခိုင်းသည့်အခါ၊ ထိုစမ်းသပ်မှုကို လက်ခံလော့။ သင်သည် သူ၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များအတွင်းတွင် အမြဲ အသက်ရှင်နေပါက၊ အဆုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို စုံလင်စေလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲသို့ သင် ဝင်ရောက်လေလေ၊ သင်သည် လျင်မြန်စွာ စုံလင်ခံရလေလေ ဖြစ်လိမ့်မည်။ အကြိမ်ကြိမ် မိတ်သဟာယပြုပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ဖို့ သင်တို့ကို ငါ အဘယ်ကြောင့် တောင်းဆိုသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သင် ရှာဖွေလိုက်စားပြီး တွေ့ကြုံကာ၊ သူ၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်အခါမှသာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်ရန် အခွင့်အရေးရှိပေသည်။ ထို့ကြောင့် သင်တို့အားလုံးသည် ဘုရားသခင် အမှုပြုသည့် နည်းလမ်းတိုင်းတွင် ပါဝင်သောသူများ ဖြစ်ပြီး၊ သင်တို့၏ ဆင်းရဲဒုက္ခ မည်သည့်အတိုင်းအတာ ရှိသည်ဖြစ်စေ၊ နောက်ဆုံးတွင် “အမှတ်တရ လက်ဆောင်” ကို သင်တို့အားလုံး ရရှိလိမ့်မည်။ သင်တို့၏ နောက်ဆုံးစုံလင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းသည် တစ်ဖက်သတ်မဟုတ်ပေ။ သူသည် လူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်၊ အယောက်တိုင်း သတိရှိစွာ သူနှင့် ပူးပေါင်းလုပ်ဆောင်ရန် သူ လိုအပ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့- ဤအရာသည် သင်တို့၏အသက်တာအတွက် သာ၍အကျိုးရှိလိမ့်မည်။ အရာရာသည် သင်တို့၏စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိခြင်းအတွက် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်သည့်အခါ၊ သင်၏စိတ်နှလုံးသည် သူ၏တို့ထိခြင်း ခံရမည်ဖြစ်ပြီး သူ၏ အမှုနှင့်ဆိုင်သည့် ဤအဆင့်တွင် ဘုရားသခင် ရရှိရန် ဆန္ဒရှိသည့် အရာတိုင်းကို သင် သိရှိနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး ထိုအရာကို ရရှိဖို့ စိတ်ဆုံးဖြတ်ချက် ရှိလိမ့်မည် ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်း ကာလအတွင်းတွင်၊ ဤသည်မှာ အမှု၏နည်းစနစ်တစ်ခု ဖြစ်သည်ဟု ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်ကြသူများ ရှိခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် စစ်ဆေးခြင်းကို မကြုံခဲ့ရသကဲ့သို့၊ မည်သည့်အရာကိုမျှ ရရှိခြင်း သို့မဟုတ် သိနားလည်ခြင်းမရှိဘဲ ပြစ်တင်ဆုံးမခြင်းကာလမှ ပေါ်ထွက်လာခဲ့ကြလေသည်။ သံသယ စိုးစဉ်းမျှမရှိဘဲ ဤနှုတ်ကပတ်တော်များထဲသို့ အမှန်တကယ် ဝင်ရောက်ခဲ့ကြသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မမှားယွင်းနိုင်သော သမ္မာတရားဖြစ်ပြီး လူသားမျိုးနွယ်သည် ပြစ်တင်ဆုံးမခံရသင့်သည်ဟု ပြောဆိုခဲ့သူ အချို့ရှိ၏။ ၎င်းတို့သည် မိမိတို့၏ အနာဂတ်နှင့် ကံကြမ္မာကို လက်လွှတ်ရင်း ယင်း၌ အချိန်အတိုင်းအတာ တစ်ခုကြာ ရုန်းကန်ခဲ့ကြပြီး၊ ၎င်းတို့ ပေါ်ထွက်လာသည်အခါ ၎င်းတို့၏ စိတ်သဘောထားများသည် ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သော သာ၍နက်ရှိုင်းသည့် သိနားလည်မှု ရရှိခဲ့ကြပြီး ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းမှ ပေါ်ထွက်လာခဲ့ကြသူ အားလုံးသည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ခံစားရကာ ဤအမှုအဆင့်သည် ၎င်းတို့ထဲသို့ ဆင်းသက်လျက်ရှိသည့် ဘုရားသခင်၏ကြီးမားသောချစ်ခြင်းမေတ္တာအား ပုံဖော်သည်၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ အောင်နိုင်ခြင်းနှင့် ကယ်တင်ခြင်း ဖြစ်သည်ဆိုသည်တို့ကို နားလည်ခဲ့ကြလေသည်။ ၎င်းတို့က ဘုရားသခင်၏ အတွေးများသည် အစဉ်အမြဲကောင်းမြတ်ကာ၊ လူသား၌ ဘုရားသခင်ပြုသည့် အရာတိုင်းသည် မုန်းတီးခြင်းမဟုတ်ဘဲ၊ ချစ်ခြင်းမေတ္တာမှ လာသည်ဟုလည်း ပြောဆိုကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မယုံကြည်ခဲ့သူများ၊ သူ၏နှုတ်ကပတ်တော်များကို အားမထားခဲ့သူတို့သည် ပြစ်တင်ဆုံးမသော ကာလအတွင်းတွင် စစ်ဆေးခြင်းကို မကြုံခဲ့ရပေ၊ ထို့ကြောင့် အကျိုးဆက်အနေဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ မရှိခဲ့ဘဲ၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိခဲ့ကြချေ။ ပြစ်တင်ဆုံးမခြင်းကာလထဲသို့ ဝင်ရောက်ခဲ့ကြသူများအတွက်၊ ၎င်းတို့သည် စစ်ဆေးခြင်းကို မကြုံခဲ့ရသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အထဲတွင် လျှို့ဝှက်စွာ အမှုပြုနေခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏အသက်တာ စိတ်သဘောထားက ပြောင်းလဲခဲ့ပေသည်။ အချို့သည် အပြင်ပန်းကြည့်ရသည်မှာ၊ တစ်နေ့လုံး ကောင်းသောပျော်ရွင်ခြင်းနှင့် ပြည့်လျက်၊ အလွန် အပြုသဘောဆောင်သည့်ပုံရသော်လည်း ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်း အခြေအနေထဲသို့ မဝင်ရောက်ခဲ့ကြသောကြောင့် လုံးဝ မပြောင်းလဲခဲ့ကြပေ။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ယုံကြည်မှုမရှိခြင်း၏ အကျိုးဆက်ဖြစ်ပေသည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို ယုံကြည်သောသူ အားလုံးထံ ပေါ်ထွန်းပြီး၊ သူ၏နှုတ်ကပတ်တော်များကို ယုံကြည်ကာ လက်ခံသောသူများသည် သူ၏ချစ်ခြင်းမေတ္တာကို ရရှိနိုင်ကြလိမ့်မည်ဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ရန်၊ သင့်အနေဖြင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာသင့်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိသင့်သည်။ ထိုသို့ဖြင့်သာ သင်၏ အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု ရှိလိမ့်မည် ဖြစ်သည်။ ဤလမ်းကြောင်းမှတစ်ဆင့်သာ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်ပြီး၊ ဤနည်းဖြင့် ဘုရားသခင်၏ စုံလင်စေခြင်း ခံရပြီးသည့် လူတို့သာ သူ၏ အလိုနှင့် ကိုက်ညီနိုင်ပေသည်။ အလင်းသစ်ကို ရရှိဖို့၊ သင်သည် သူ၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်ရမည်။ သန်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ကြိမ်တစ်ခါသာ ခံရခြင်းက လုံးဝ အလုပ်ဖြစ်လိမ့်မည်မဟုတ်- သင်သည် သာ၍ နက်ရှိုင်းစွာ လုပ်ဆောင်ရမည်။ တစ်ကြိမ်သာ တို့ထိခံရသူတို့အတွက်၊ ၎င်းတို့၏အတွင်းပိုင်း စိတ်အားထက်သန်မှုကို နှိုးဆော် ခံရပြီး၊ ၎င်းတို့သည် ရှာဖွေရန် ဆန္ဒရှိသော်လည်း၊ ဤအရာသည် ကြာရှည်မခံနိုင်ပေ။ ၎င်းတို့အနေဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို စဉ်ဆက်မပြတ် ခံကြရမည်။ လူတို့အနေဖြင့် မိမိတို့၏ အသက်တာတွင် ပြောင်းလဲမှုများ ရရှိအောင် အားထုတ်နိုင်ကြဖို့အလို့ငှာနှင့် ဘုရားသခင်၏တို့ထိခြင်းခံရရန် အားထုတ်နေစဉ်တွင် မိမိတို့ကိုယ်တိုင်၏ အားနည်းချက်များကို ၎င်းတို့ နားလည်နိုင်ကာ၊ သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားသည့် ဖြစ်စဉ်တွင်၊ မိမိတို့ကိုယ်၌ထဲက (မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း၊ မာနထောင်လွှားခြင်း၊ အယူအဆများ၊ စသဖြင့်) မစင်ကြယ်မှုများကို စွန့်ပစ်နိုင်ကြဖို့အလို့ငှာ ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့၏ စိတ်ဝိညာဉ်များကို တို့ထိကောင်းတို့ထိနိုင်မည်ဟူသော ငါ၏ မျှော်လင့်ချက်ကို အတိတ်တွင် အကြိမ်များစွာ ငါ ပြောဆိုပြီးဖြစ်သည်။ အလင်းသစ်ကို မိမိမှအစပြု၍ လက်ခံရရှိခြင်းမျှသည် အလုပ်ဖြစ်လိမ့်မည်ဟု မထင်လေနှင့်- အပျက်သဘောဆောင်သည့် အရာအားလုံးကိုလည်း သင် စွန့်ပစ်ရမည်။ တစ်ဖက်တွင်၊ သင်တို့သည် အပြုသဘောဆောင်သည့် ရှုထောင့်တစ်ခုမှ ဝင်ရောက်ဖို့ လိုအပ်ပြီး၊ အခြားတစ်ဖက်တွင် အပျက်သဘောဆောင်သည့် ရှုထောင့်တစ်ခုမှ မစင်ကြယ်သည့် အရာအားလုံးကို မိမိထံမှ ဖယ်ရှားဖို့ လိုအပ်သည်။ သင်တို့အနေဖြင့် မည်သည့် မစင်ကြယ်မှုများ သင်တို့အတွင်းတွင် တည်ရှိသေးသည်ကို တွေ့မြင်ဖို့ မိမိတို့ကိုယ်ကိုယ် စဉ်ဆက်မပြတ် ဆန်းစစ်ရမည်။ လူသားမျိုးနွယ်၏ ဘာသာရေးအယူအဆများ၊ ရည်ရွယ်ချက်များ၊ မျှော်လင့်ချက်များ၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းနှင့် မာနထောင်လွှားမှုများ အားလုံးတို့သည် မသန့်ရှင်းသောအရာများ ဖြစ်ကြ၏။ မည်သည့် ဘာသာရေး အယူအဆများ သင်၌ရှိသည်ကို တွေ့မြင်ရဖို့ မိမိကိုယ်ကိုယ်အတွင်းသို့ ကြည့်ကာ ထုတ်ဖော်ပြခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးနှင့် မိမိကိုယ်မိမိ နှိုင်းယှဉ်လော့။ ထိုအရာများကို သင် အမှန်တကယ် သတိပြုမိသည့်အခါမှသာ၊ ၎င်းတို့ကို သင် စွန့်ပစ်နိုင်ပေသည်။ လူအချို့က- “သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအမှုနှင့်ဆိုင်သော အလင်းနောက်သို့ လိုက်ရုံမျှသည် ယခုလုံလောက်၏။ အခြား မည်သည့်အရာနှင့်မျှ အနှောင့်အယှက်ဖြစ်စရာ မလို”ဟု ပြောကြသည်။ သို့သော်၊ သင်၏ဘာသာရေး အယူအဆများ ထွက်ပေါ်လာသောအခါ ၎င်းတို့ကို သင် မည်ကဲ့သို့ ဖယ်ရှားမည်နည်း။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာခြင်းသည် လုပ်ဆောင်ရန် ရိုးရှင်းသော အရာဖြစ်သည်ဟု သင်ထင်သလော။ သင်သည် ဘာသာရေးနှင့် သက်ဆိုင်သည့် လူတစ်ဦးဖြစ်ပါက၊ သင်၏ ဘာသာရေး ယူဆချက်များနှင့် သင်၏ စိတ်နှလုံးထဲက ရိုးရာဓမ္မပညာဆိုင်ရာ သဘောတရားများမှ အနှောင့်အယှက်များ ထွက်ပေါ်လာနိုင်ပြီး၊ ဤအရာများ ပေါ်ထွက်လာသည့်အခါ ယင်းက သင်၏ အသစ်သောအရာများကို လက်ခံခြင်းအား နှောင့်ယှက်လေသည်။ ဤအရာအားလုံးသည် အမှန်တကယ် ရှိသော ပြဿနာများ ဖြစ်သည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များကိုသာ ရရှိအောင် အားထုတ်ပါက၊ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်အလင်း နောက်လိုက်သည့် တစ်ချိန်တည်းတွင်၊ မည်သည့် အယူအဆများနှင့် ရည်ရွယ်ချက်များ သင် သိုထားသည်၊ လူသား၏ မိမိကိုယ်ကိုယ် မှန်သည်ဟူသော မည်သည့်မှတ်ယူခြင်း သင်၌ရှိသည် ဆိုသည်နှင့်၊ မည်သည့် အပြုအမူများက ဘုရားသခင်ကို မနာခံခြင်းဖြစ်သည် ဆိုသည်တို့ကို သင်သတိပြုသင့်၏။ ဤအရာများအားလုံးကို သင် သတိပြုမိပြီးနောက်တွင်၊ ၎င်းတို့ကို သင် စွန့်ပစ်ရမည်။ သင်၏ယခင်က လုပ်ဆောင်ချက်များနှင့် အပြုအမူများကို သင့်အား စွန့်လွှတ်စေခြင်းသည် ယနေ့ သန့်ရှင်းသောဝိညာဉ်တော် ပြောဆိုသည့် နှုတ်ကပတ်တော်များကို သင့်အား လိုက်လျှောက်ခွင့်ပေးခြင်းအတွက်သာ ဖြစ်သည်။ တစ်ဖက်တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ရရှိခြင်းဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ယင်းသည် လူသားမျိုးနွယ်၏ အပိုင်းမှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်၏။ ဘုရားသခင်၏အမှုရှိပြီး၊ ထို့နောက် လူသား၏ လက်တွေ့လုပ်ဆောင်မှုရှိကာ၊ နှစ်ခုလုံးသည် မရှိမဖြစ်လိုအပ်သောအရာများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၄၁)

အစေခံခြင်းနှင့်ဆိုင်သော သင်၏အနာဂတ်လမ်းကြောင်းတွင်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို မည်သို့ ပြည့်စုံစေနိုင်သနည်း။ အရေးကြီးသော အချက်တစ်ချက်မှာ အသက်တာထဲ ဝင်ရောက်မှု ရရှိရန် အားထုတ်ဖို့၊ စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုကို ရရှိရန် အားထုတ်ဖို့နှင့် သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ ဝင်ရောက်ခြင်းကို ရရှိရန် အားထုတ်ဖို့ဖြစ်သည်- ဤသည်မှာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်းဆီသို့သွားရာ လမ်းကြောင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိသူများ ဖြစ်ကြသော်လည်း၊ မည်သည့် စေခိုင်းချက်တာဝန်မျိုးနည်း။ ဤအရာသည် အမှု၏ နောက်တဆင့်နှင့် ဆက်နွှယ်နေ၏။ အမှု၏ နောက်တစ်ဆင့်သည် စကြဝဠာတစ်ခွင်လုံးအနှံ့ ဆောင်ရွက်သည့် သာ၍ကြီးမားသော အမှုဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင်တို့အား သူ၏ အနာဂတ်အမှုအတွက် နမူနာများ ဖြစ်စေလျက်၊ အနာဂတ်တွင် ဘုရားသခင်သည် သူ၏ အမှုမှတစ်ဆင့် သူ၏ ဘုန်းအသရေကို ရရှိခြင်း၏ သက်သေ အမှန်တကယ် သင် ဖြစ်လာဖို့အလို့ငှာ သင်၏ အသက်တာ စိတ်သဘောထား၌ ပြောင်းလဲမှုများကို ယနေ့ သင် ရရှိအောင် အားထုတ်သင့်ပေသည်။ သင့်အနေဖြင့် ဘုရားသခင်၏ အသုံးပြု‌ခြင်း ခံရနိုင်ကာ သူ့အတွက် သက်သေခံနိုင်ဖို့အလို့ငှာ၊ ယနေ့ ရရှိအောင် အားထုတ်ခြင်းသည် အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ် ချခင်းခြင်းအတွက် လုံးလုံးလျားလျား ဖြစ်သည်။ ဤအရာကို သင်၏ ရရှိအောင်အားထုတ်မှု၏ ရည်မှန်းချက်ဖြစ်စေပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင် ရရှိနိုင်လိမ့်မည် ဖြစ်သည်။ သင်၏ ရရှိအောင်အားထုတ်မှု ရည်မှန်းချက်ကို မြင့်မားစွာ သင်ချမှတ်လေလေ၊ သင်သည် စုံလင်ခြင်းခံရနိုင်လေလေ ဖြစ်သည်။ သမ္မာတရားနောက် သင် လိုက်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်လေလေ ဖြစ်သည်။ သင်၏ ရရှိအောင် အားထုတ်မှုတွင် သင် အားအင် စိုက်ထုတ်လေလေ၊ သင်သည် ရရှိလေလေ ဖြစ်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို ၎င်းတို့၏အတွင်းပိုင်း အခြေအနေအရ စုံလင်စေသည်။ လူအချို့က ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရဖို့ သို့မဟုတ် သူ၏ စုံလင်စေခြင်းခံရဖို့ လိုလားခြင်းမရှိ၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏ဇာတိပကတိကိုသာ ဘေးကင်းစေချင်ပြီး မည်သည့် ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်ကိုမျှ မခံစားစေချင်ဟု ဆိုကြသည်။ လူအချို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လိုလားခြင်း မရှိကြသော်လည်း၊ အနက်ဆုံးသော တွင်းထဲသို့ ကျဆင်းရန် လိုလားနေကြ၏။ ထိုသို့ဆိုပါက၊ ဘုရားသခင်သည် သင်၏ဆန္ဒကိုလည်း ခွင့်ပြုမည် ဖြစ်သည်။ သင် မည်သည့်အရာကို ရရှိအောင် အားထုတ်ပါစေ၊ ဘုရားသခင်သည် ဖြစ်စေလိမ့်မည်။ ထို့ကြောင့်၊ လက်ရှိအချိန်တွင် သင်သည် မည်သည့်အရာကို ရရှိအောင် အားထုတ်နေသနည်း။ စုံလင်ခြင်းခံရခြင်းလော။ သင်၏ ယခုလက်ရှိ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် ဘုရားသခင်၏ စုံလင်ခြင်းခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်း အတွက်လော။ သင့်အနေဖြင့် သင်၏ နေ့စဉ်အသက်တာတွင် မိမိကိုယ်မိမိ ထိုသို့ စဉ်ဆက်မပြတ် စဉ်းစားဆင်ခြင်ရမည် ဖြစ်သည်။ သင်သည် တစ်ခုတည်းသော ရည်မှန်းချက်ကို ရရှိအောင် သင်၏စိတ်နှလုံး ရှိသမျှဖြင့် အားထုတ်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေမည် ဖြစ်သည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းသည် ၎င်းတို့၏ ရရှိအောင် အားထုတ်ခြင်းအားဖြင့် ရရှိပေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခြင်းတို့ကို သင် ဆာငတ်လေလေ၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလေလေ ဖြစ်သည်။ သင်သည် ရှာဖွေရန်ပျက်ကွက်လေလေ ဖြစ်ပြီး၊ အပျက်သဘောဆောင်က နောက်ဆုတ်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အလမ်းများကို သင် ပိတ်ပင်လေလေ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ စုံလင်ခြင်းခံရရန် ဆန္ဒရှိသလော။ ဘုရားသခင်၏ရယူခြင်းခံရန် သင် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏အသုံးပြုခြင်းခံရန် ဆန္ဒရှိသလော။ သင်တို့သည် စကြဝဠာနှင့် အရာခပ်သိမ်းတို့က ဘုရားသခင်၏လုပ်ဆောင်ချက်များ သင်တို့အထဲ၌ ထင်ရှားသည်ကို မြင်နိုင်ကြဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်အားဖြင့် စုံလင်ခြင်းခံရရန်၊ ဘုရားသခင်၏ ရယူခြင်းခံရရန်နှင့် ဘုရားသခင်၏အသုံးပြုခြင်းကိုခံရန်အတွက် အရာရာကို လုပ်ဆောင်ခြင်းကို လုပ်ဆောင်သင့်ကြပေသည်။ သင်တို့သည် အရာခပ်သိမ်းထဲတွင် ဆရာတစ်ဆူ ဖြစ်ပြီး၊ ရှိသမျှ အရာအားလုံးအလယ်တွင်၊ သင်တို့သည် ဘုရားသခင်အား သက်သေခံချက်နှင့် ဘုန်းအသရေတို့ကို သင်တို့မှတစ်ဆင့် မွေ့လျော်ခံစားခွင့် ပေးကြလိမ့်မည်- ဤသည်မှာ သင်တို့သည် မျိုးဆက်များအားလုံးထဲမှ ကောင်းချီးမင်္ဂလာအခံစားရဆုံး ဖြစ်သည်ဆိုသည့် သက်သေဖြစ်ပေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၄၂)

သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် သတိရှိသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအခြေအနေတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းတွင်၊ သင်သည် ဤကဲ့သို့သော ကိစ္စများကို အလေးထားပြီး၊ ဤပြဿနာများကို ကျွန်ုပ် မည်သို့ ဖြေရှင်းမည်နည်းဟု သင် စဉ်းစားလိမ့်မည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများအား လွတ်မြောက်မှုကို ရရှိပြီး ဝိညာဉ်ရေးရာ မွေ့ပျော်မှုကို ရှာတွေ့စေရန် ကျွန်ုပ် မည်သို့ထောက်ကူနိုင်မည်နည်း။ သင်သည် မိတ်ဿဟာယဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေချိန်တွင်၊ ဤကိစ္စများနှင့် ဆက်နွှယ်သော သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင်အာရုံစိုက် ပါလိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို စားသောက်စဉ်တွင်လည်း သင်သည် ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလည်း သယ်ဆောင်ပါမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သည့် လမ်းကြောင်း လျှောက်ရမည် ဆိုသည်နှင့်ပတ်သက်၍ သာ၍ ရှင်းလင်းသော စိတ်ကူးတစ်ခုကို သင် ရရှိလိမ့်မည်။ ဤသည်မှာ သင့်ဝန်ထုပ်က ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းဖြစ်ပြီး ဤသည်မှာ သင့်အပေါ် နှင်းအပ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ လမ်းပြမှုလည်း ဖြစ်သည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အာရုံစိုက်လိမ့်မည်မဟုတ်။ ဝန်ထုပ်ကို သယ်ဆောင်နေစဉ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါ၊ ထိုနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သင် သဘောပေါက်နိုင်သည်၊ မိမိလမ်းခရီးကို ရှာတွေ့နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ပေသည်။ ထို့ကြောင့်၊ သင်၏ ရှေ့တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ပိုမိုရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းသည် သာ၍ ကြီးမားသော အကျိုးတစ်ခု ရှိဖို့အလို့ငှာ၊ သင်သည် သူ၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်၍ ကြီးထွားဖို့အလို့ငှာနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင် သာ၍ ခံရနိုင်စွမ်းရှိလာဖို့အလို့ငှာ၊ သင်၏ဆုတောင်းချက်များတွင်၊ ဘုရားသခင်သည် သာ၍များသော ဝန်ထုပ်များကို သင့်အပေါ် ထားရှိဖို့နှင့် သာ၍ပင် ကြီးမားသော အလုပ်တာဝန်များကို သင့်ထံ အပ်နှံဖို့ တောင်းဆုပြုသင့်ပေသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်း- ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှု ဝန်ထုပ် သင့်အပေါ် ဖိစီးလေလေ၊ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့် စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်- နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏အလိုတော်ကို သတိရှိသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို- ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏အလိုတော်အပေါ် သတိရှိ၏။ ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်ခြင်းတရားကို ထုတ်ဖော်ပြသည်နှင့် သင်သည် နောင်တဖြင့် ပြည့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကို ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။ အချို့သည် ဤအရာကို ယုံကြည်လက်ခံခြင်း မရှိကြသော်လည်း၊ သင် မယုံကြည်ပါက၊ စောင့်သာ ကြည့်လော့။ ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်က ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေဖို့သာဖြစ်သည့် လူအချို့ ရှိပေသည်။ ဤနှုတ်ကပတ်တော်များအတွက် သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့ လိုလိုလားလား ရှိသလော။

သင်သည် ဘုရားသခင်၏စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများကို မရှာဖွေပါက၊ ထို့အပြင် စုံလင်ခြင်းကို သင်ရှာဖွေမှုတွင် အုပ်စုရှေ့တွင်ရှိဖို့ သင် မကြိုးပမ်းပါက၊ သင်သည် နောက်ဆုံးတွင် နောင်တဖြင့် ပြည့်မည်ဖြစ်သည်။ စုံလင်ခြင်းကိုရရှိဖို့ အကောင်းဆုံး အခွင့်အရေးမှာ ယခုဖြစ်သည်။ ယခုအချိန်သည် အလွန့်အလွန် ကောင်းမွန်သောအချိန် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလေးအနက် မကြိုးစားပါက၊ သူ၏အမှု အဆုံးသတ်သည်နှင့်တစ်ပြိုင်နက် အလွန် နောက်ကျသွားလိမ့်မည်- သင် အခွင့်အရေးကို လက်လွတ်သွားပြီး ဖြစ်လိမ့်မည်။ သင့် ရည်မှန်းချက်များ မည်မျှပင် ကြီးမားပါစေ၊ ဘုရားသခင်သည် အမှုကို ဆောင်ရွက်နေခြင်း မရှိတော့ပါက၊ သင် မည်မျှပင် အားထုတ်သည်ဖြစ်စေ၊ စုံလင်ခြင်းကို ဘယ်သောအခါမျှ ရရှိနိုင်လိမ့်မည်မဟုတ်။ သင်သည် ဤအခွင့်အရေးကို လက်မလွတ်တမ်း အသုံးချရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ကြီးမြတ်သောအမှုကို လုပ်ဆောင်စဉ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ ဤအခွင့်အရေးကို သင် လက်လွတ်သွားပါက၊ မည်သည့် အားထုတ်မှုကို သင် ပြုပါစေ၊ သင့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမည်မဟုတ်ပေ။ သင်တို့ထဲမှ အချို့က၊ “ဘုရားသခင်၊ ကိုယ်တော်၏ ဝန်ထုပ်ကို သတိရှိနေဖို့ ကျွန်ုပ် လိုလိုလားလား ရှိပြီး၊ ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ် လိုလိုလားလား ရှိပါ၏” ဟု ဟစ်အော် ကြသည်။ သို့ရာတွင်၊ သင်တို့သည် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း မရှိသောကြောင့်၊ သင်တို့၏ ဝန်ထုပ်များသည် ကြာရှည်ခံလိမ့်မည် မဟုတ်ပေ။ သင်သည် ရှေ့တွင် လမ်းကြောင်းတစ်ခုရှိပါက၊ အတွေ့အကြုံကို တစ်ဆင့်ချင်း ရရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏အတွေ့အကြုံသည် အဆီအငေါ်တည့်လျက် စနစ်တကျ ရှိလိမ့်မည်ဖြစ်သည်။ ဝန်ထုပ်တစ်ခု ပြီးဆုံးပြီးနောက်၊ သင့်ကို နောက်တစ်ခု ပေးလိမ့်မည်။ သင်၏ ဘဝအတွေ့အကြုံ နက်သည်ထက် နက်လာသည်နှင့်အမျှ၊ သင်၏ ဝန်ထုပ်များသည်လည်း သာ၍ တိုးကာ နက်နဲလာလိမ့်မည်။ လူအချို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရသောအခါမှသာ ဝန်ထုပ်ကို သယ်ပိုးကြသည်။ အချိန်ကာလတစ်ခု ကြာမြင့်ပြီးနောက်၊ ၎င်းတို့အနေဖြင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း မရှိတော့သည့်အခါ၊ ၎င်းတို့သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိတော့ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသက်သက်ဖြင့် ဝန်ထုပ်များကို မဖြစ်ပေါ်စေနိုင်ပေ။ သမ္မာတရားများစွာကို သိနားလည်ခြင်းဖြင့်၊ သင်သည် ချင့်ချိန်နိုင်စွမ်း ရရှိလိမ့်မည်၊ သမ္မာတရားကို အသုံးပြုလျက် ပြဿနာများကို ဖြေရှင်းလာနိုင်လိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍တိကျသည့် သိနားလည်မှုတစ်ခုကို ရရှိလိမ့်မည်။ ဤအရာများဖြင့်၊ သင်သည် သယ်ဆောင်ဖို့ ဝန်ထုပ်များ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ အမှုကို ကောင်းမွန်စွာ သင် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ဝန်ထုပ်တစ်ခု ရှိသော်လည်း၊ သမ္မာတရားနှင့်သက်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှုမရှိပါက၊ ယင်းသည်လည်း အလုပ်ဖြစ်လိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမည်ဖြစ်ပြီး၊ ၎င်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရမည်။ သင်ကိုယ်တိုင် စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသည့် နောက်မှသာ၊ အခြားသူများအတွက် သင် ထောက်ပံ့ပေးနိုင်မည်၊ အခြားသူများကို ဦးဆောင်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၄၃)

ဤအခိုက်အတန့်တွင်၊ ဘုရားသခင်၏အမှုမှာ လမ်းကြောင်းမှန်ပေါ်သို့ အယောက်တိုင်းအား ဝင်ရောက်စေဖို့၊ ပုံမှန် ဝိညာဉ်ရေးရာအသက်တာနှင့် စစ်မှန်သော အတွေ့အကြုံများ ရှိစေဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရစေဖို့နှင့်၊ ဤအရာများကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် ထားရှိလျက် ဘုရားသခင်၏ စေခိုင်းချက်တာဝန်များကို လက်ခံစေရန် ဖြစ်သည်။ နိုင်ငံတော်၏လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ စကားလုံးတိုင်း၊ လုပ်ရပ်တိုင်း၊ လှုပ်ရှားမှုတိုင်း၊ အတွေးနှင့် စိတ်ကူးတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခွင့်ပေးရန်၊ သာ၍ မကြာခဏ ဘုရားသခင်၏ တို့ထိခြင်း ခံရစေဖို့နှင့် ထိုသို့ဖြင့် သူ့ကို ချစ်သည့် နှလုံးသားတစ်ခု ဖြစ်ပေါ်စေဖို့၊ ပြီးလျှင် အယောက်တိုင်း ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် ရှိဖို့အလို့ငှာ၊ အယောက်တိုင်း လမ်းကြောင်းမှန်ပေါ် ရှိကြဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်နှင့်ဆိုင်သော ဝန်ထုပ်ကို သင့်အား သာ၍ တာဝန်ယူစေဖို့ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိပေသည်။ သင်၏ အတွေးများနှင့် စိတ်ကူးများအပြင်၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို ပြင်ဆင်နိုင်ပြီး၊ ဇာတိပကတိအပေါ် သတိရှိခြင်းမှ ဘုရားသခင်၏ အလိုတော်အပေါ် သတိရှိခြင်းသို့ သင် လှည့်နိုင်သည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် မှားယွင်းသော ရည်ရွယ်ချက်များ ထွက်ပေါ်လာသည့်အခါ ၎င်းတို့၏ အာရုံပျက်စေမှုကို ခုခံနိုင်ကာ၊ ယင်းအစား ဘုရားသခင်၏ အလိုတော်နှင့်အညီ ပြုမူနိုင်သည်နှင့်တစ်ပြိုင်နက်- ထိုသို့သော ပြောင်းလဲမှုတစ်ခုကို သင် ရရှိနိုင်ပါက၊ သင်သည် အသက်တာအတွေ့အကြုံ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိပေသည်။ သင်၏ ဆုတောင်းခြင်း အလေ့အကျင့်များသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဆုတောင်းချက်များတွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရလိမ့်မည်။ သင်ဆုတောင်းသည့် အချိန်တိုင်းတွင်၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်း ခံရလိမ့်မည်။ သင်ဆုတောင်းသည့် အချိန်တိုင်းတွင်၊ ဘုရားသခင်ရှေ့မှောက်၌ သင်၏ နှလုံးသားကို ငြိမ်သက်စေနိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို သင်စားသောက်သည့် အချိန်တိုင်းတွင်၊ လောလောဆယ် သူ ဆောင်ရွက်နေသည့် အမှုကို သင် သဘောပေါက်နိုင်ပြီး၊ မည်သို့ ဆုတောင်းရမည်၊ မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည် ဆိုသည်နှင့် ဝင်ရောက်မှုကို မည်သို့ ရရှိမည်ဆိုသည်တို့ကို သင် သိနားလည်နိုင်ပါက၊ ထိုအခါမှသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏စားသောက်ခြင်းသည် အကျိုးဖြစ်ထွန်းလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့်၊ သင်သည် ဝင်ရောက်မှုလမ်းကြောင်းကို ရှာတွေ့နိုင်ပြီး၊ ဘုရားသခင်၏အမှု၏ လက်ရှိအင်အားများအပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ ဦးတည်ရာကို သိမြင်နိုင်သည့်အခါ၊ သင်သည် မှန်ကန်သောလမ်းကြောင်းပေါ် ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အဓိကအချက်များကို သဘောမပေါက်သေး သကဲ့သို့ နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ရှာမတွေ့နိုင်သေးပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ မှန်ကန်စွာ စားသောက်ရမည်ကို မသိသေးသကဲ့သို့၊ ထိုသို့ လုပ်ဆောင်ခြင်းအတွက် နည်းစနစ် သို့မဟုတ် အခြေခံသဘောတရားကို သင် ရှာဖွေမတွေရှိသေးသည်ကို ပြသပေသည်။ သင်သည် ဘုရားသခင် လက်ရှိ ဆောင်ရွက်နေသည့် အမှုကို သဘောမပေါက်သေးပါက၊ သင့်ကို သူ အပ်နှံမည့် လုပ်ငန်းတာဝန်များကို သင် လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် လက်ရှိလုပ်ဆောင်သော အမှုသည် လက်ရှိတွင် လူသားများ ဝင်ရောက်ပြီး သိနားလည်သင့်သော အရာ အတိအကျဖြစ်သည်။ ဤအရာများကို သင်တို့ သဘောပေါက်ကြသလော။

သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိရောက်စွာ စားသောက်ပါက၊ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် ပုံမှန်ဖြစ်လာပြီး၊ မည်သည့် စမ်းသပ်မှုများ သင် ရင်ဆိုင်ရနိုင်သည်၊ မည်သည့် အခြေအနေများ သင် ကြုံရနိုင်သည်၊ မည်သည့် ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုများ သင် ခံရပ်ရနိုင်သည်၊ ညီအစ်ကို မောင်နှမများထံမှ မည်သည့် ဖယ်ကြဉ်ခြင်း သို့မဟုတ် မည်သည့် မိသားစုအခက်အခဲများ သင် ကြုံရနိုင်သည်ကို ပဓာနမထားဘဲ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်နိုင်သည်၊ ပုံမှန်ဆုတောင်းနိုင်ပြီး၊ သင်၏အသင်းတော် အသက်တာကို ပုံမှန်ဆက်လက် ဆောင်ရွက်နိုင်ပေသည်။ ဤအရာအားလုံးကို သင် ရရှိနိုင်ပါက၊ ထိုအရာက သင်သည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိသည်ကို ပြသလိမ့်မည်။ လူအချို့သည် အလွန်နုနယ်ကြပြီး ဇွဲလုံ့လကင်းမဲ့ကြသည်။ သေးငယ်သည့် အတားအဆီးတစ်ခုကို ကြုံရသည့်အခါ၊ ၎င်းတို့ အသံတအီအီပြုကြပြီး အပျက်သဘောဆောင်လာကြသည်။ သမ္မာတရားကို ရရှိအောင်အားထုတ်ခြင်းသည် ဇွဲလုံ့လနှင့် စိတ်ဆုံးဖြတ်ခြင်းတို့ လိုအပ်၏။ သင်သည် ဘုရားသခင်၏ အလိုကို ဤတစ်ကြိမ် ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပါက၊ သင့်ကိုယ်သင် စက်ဆုပ်နိုင်ရမည်ဖြစ်ပြီး၊ နောက်တစ်ကြိမ်တွင် အောင်မြင်ရန် တိတ်ဆိတ်စွာ စိတ်ထဲက ဆုံးဖြတ်ထားရမည်။ ဤအကြိမ်တွင် သင်သည် ဘုရားသခင်၏ဝန်ထုပ်အပေါ် သတိမရှိပါက၊ အနာဂတ်တွင် အလားတူ အတားအဆီးကို ရင်ဆိုင်ရသည့်အခါ၊ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင် ခိုင်ခိုင်မာမာဆုံးဖြတ်သင့်ပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ စိတ်ဆုံးဖြတ်သင့်ပေသည်။ ဤသည်မှာ သင် ချီးကျူးထိုက်သူ ဖြစ်လာမည့်ပုံ ဖြစ်သည်။ လူအချို့သည် မိမိတို့၏ကိုယ်ပိုင်အတွေးများ သို့မဟုတ် စိတ်ကူးများ မှန်သည်၊ မမှန်သည်ကို သိပင်မသိကြချေ။ ထိုသို့သောလူများသည် မိုက်မဲသောသူများ ဖြစ်ကြ၏။ သင်သည် သင်၏ စိတ်နှလုံးကို ချိုးနှိမ်ပြီး ဇာတိပကတိကို တွန်းလှန်ရန် ဆန္ဒရှိပါက၊ သင်၏ ရည်ရွယ်ချက်များ မှန်သည် မမှန်သည်ကို ဦးစွာပထမ သင် သိရှိရမည်၊ ထိုအခါမှသာ သင်၏စိတ်နှလုံးကို သင် ချိုးနှိမ်နိုင်ပေသည်။ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင်မသိပါက၊ သင်သည် သင်၏ စိတ်နှလုံးကို ချိုးနှိမ်ကာ ဇာတိပကတိကို တွန်းလှန်နိုင်သလော။ သင်တွန်းလှန်လျှင်ပင်၊ ဇဝေဇဝါဖြစ်လျက် ထိုသို့ လုပ်ဆောင်လိမ့်မည်။ သင်၏ ဆုံးဖြတ်ချက်လွဲမှားသော ရည်ရွယ်ချက်များကို မည်သို့ တွန်းလှန်ရမည်ကို သင် သိသင့်၏။ ဤသည်မှာ ဇာတိပကတိကို တွန်းလှန်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ သင်၏ရည်ရွယ်ချက်များ၊ အတွေးများနှင့် စိတ်ကူးများ မှားယွင်းသည်ကို သင် သတိပြုမိသည်နှင့်တစ်ပြိုင်နက်၊ လမ်းကြောင်းကို အလျင်အမြန် ပြောင်းပြန်လှန်ပြီး မှန်ကန်သော လမ်းကြောင်းကို သင် လျှောက်သင့်၏။ သင်သည် မှန်ကန်သော ရည်ရွယ်ချက်များ ရှိသည်၊ မရှိသည်ကို သင် အကောင်းဆုံးသိသောကြောင့်၊ ဤပြဿနာကို ဦးစွာ ဖြေရှင်းလော့၊ ပြီးလျှင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဝင်ရောက်မှုကို ရရှိဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်လော့။ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များသည် ပြုပြင်ခံရပြီး ယခုတွင် ဘုရားသခင်အတွက် ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ စိတ်နှလုံးကို ချိုးနှိမ်ခြင်း ရည်မှန်းချက်ကို သင် ရရှိပြီးဖြစ်ပေလိမ့်မည်။

ယခု သင်တို့ လုပ်ဆောင်ရန် အရေးကြီးဆုံးအရာမှာ ဘုရားသခင်နှင့် သူ၏ အမှုနှင့်ဆိုင်သော အသိပညာကို ရရှိဖို့ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူသားမျိုးနွယ်အပေါ် မည်သို့အမှု ဆောင်ရွက်သည်ကိုလည်း သင် သိရမည်။ ဤလုပ်ရပ်များသည် မှန်ကန်သောလမ်းကြောင်းပေါ် ဝင်ရောက်ခြင်းအတွက် မုချလိုအပ်ပေသည်။ သင်သည် ဤပဓာနဖြစ်သောအချက်ကို သဘောပေါက်သည် နှင့်တစ်ပြိုင်နက်၊ ထိုသို့လုပ်ဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်သည် ဘုရားသခင်ကိုယုံကြည်ပြီး၊ ဘုရားသခင်ကိုသိသည်၊ ယင်းက ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း စစ်မှန်သည်ကို ပြသ၏။ သင်သည် အတွေ့အကြုံ ဆက်လက် ရရှိသော်လည်း အဆုံးတွင် ဘုရားသခင်ကို မသိနိုင်သေးပါက၊ သင်သည် ဧကန်မုချ ဘုရားသခင်ကို ခုခံသောလူတစ်ဦး ဖြစ်ပေသည်။ ယနေ့၏ လူ့ဇာတိခံ ဘုရားသခင်၌ ယုံကြည်ခြင်းမရှိဘဲ ယေရှုခရစ်တော်ကိုသာ ယုံကြည်သောသူအားလုံးသည် ရှုတ်ချခြင်း ခံရကြသည်။ ၎င်းတို့သည် ယနေ့၏ဘုရားသခင်ကို အသိအမှတ် မပြုကြသည့်အတွက်၊ ၎င်းတို့အားလုံးသည် နောက်ပေါ် ဖာရိရှဲများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင် ကြ၏။ ၎င်းတို့၏ ယေရှုကို ကိုးကွယ်ခြင်းသည် မည်မျှပင် ဆက်ကပ်မှုရှိပါစေ၊ အားလုံး အချည်းနှီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် ၎င်းတို့ကို ချီးမွမ်းလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာဆိုနေသည့် ဆိုင်းဘုတ်တစ်ခုရှိသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သည့် အသိပညာမရှိသူ အားလုံးသည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၄၄)

ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေဖို့၊ ဦးစွာပထမ သူ၏ စုံလင်စေခြင်းသည် မည်သည့်အရာ ဆိုလိုသည်၊ စုံလင်စေခြင်းခံရဖို့အလို့ငှာ မည်သည့်သတ်မှတ်ချက်များကို ဖြည့်ဆည်းရမည်ဆိုသည်တို့ကို သိနားလည်ရမည်။ လူတစ်ဦးသည် ထိုသို့သော ကိစ္စရပ်များကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှာဖွေရမည်။ စုံလင်စေခြင်းခံရဖို့ရန်၊ အရည်အချင်းတစ်ခုခု ပိုင်ဆိုင်ရမည်ဖြစ်သည်။ လူများစွာတို့သည် ပင်ကိုအားဖြင့် လုံလောက်သည့် မြင့်မားမှုရှိသော အရည်အချင်း မရှိကြပေ၊ ထိုအခြေအနေတွင် သင့်အနေဖြင့် အဖိုးအခပေးရမည်ဖြစ်ပြီး ပုဂ္ဂလဓိဋ္ဌာန်ကျကျ ကြိုးစားလုပ်ဆောင်ရမည် ဖြစ်သည်။ သင်၏ အရည်အချင်း ဆိုးရွားလေလေ၊ နှလုံးသွင်းအားထုတ်မှုကို သင် စိုက်ထုတ်ရလေလေ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော သင်၏ သိနားလည်မှု ကြီးမားလေလေနှင့် ၎င်းတို့ကို သင် လက်တွေ့ လုပ်ဆောင်လေလေ၊ စုံလင်ခြင်း လမ်းကြောင်းပေါ်သို့ သင် ခြေချနိုင်ရန် လျင်မြန်လေလေ ဖြစ်သည်။ ဆုတောင်းခြင်းမှတစ်ဆင့်၊ ဆုတောင်းခြင်း နယ်ပယ်တွင် သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ၎င်းတို့၏ အနှစ်သာရကို သဘောပေါက်ခြင်းနှင့် ၎င်းတို့၏ လက်တွေ့ အရှိတရားကို အသက်ရှင်နေထိုင်ခြင်းအားဖြင့်လည်း သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်နှင့်အမျှ တွေ့ကြုံခြင်းအားဖြင့်၊ သင်သည် မိမိ၌ မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလာသင့်သည်၊ ထို့အပြင် သင်၏ သေစေနိုင်သော အပြစ်အနာအဆာနှင့် သင်၏အားနည်းချက်များကို သတိပြုမိသင့်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းကာ အသနားခံသင့်ပေသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် တဖြည်းဖြည်း စုံလင်စေခြင်း ခံရလိမ့်မည်။ စုံလင်စေခြင်းခံရသည့် လမ်းကြောင်းမှာ- ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အတွေ့အကြုံထဲ ဝင်ရောက်ခြင်းကို ရရှိခြင်း၊ မိမိ၌ မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလာခြင်း၊ ဘုရားသခင်၏အမှုတော်ကို နာခံခြင်း၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိခြင်းနှင့်၊ ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ဇာတိပကတိကို စွန့်လွှတ်ခြင်းနှင့် သင့်အတွေ့အကြုံများကို ကြွယ်ဝစေနိုင်သည့် သင်၏ညီအစ်ကို မောင်နှမများနှင့် မကြာခဏမိတ်သဟာယပြုခြင်းတွင် ပါဝင်ခြင်းတို့ ဖြစ်သည်။ အများနှင့်ဆိုင်သော အသက်တာဖြစ်စေ သင်၏ ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည့် အသက်တာဖြစ်စေ၊ ကြီးမားသော စုဝေးခြင်းများဖြစ်စေ‌ သေးငယ်သော စုဝေးခြင်းများဖြစ်စေ၊ ထိုအရာအားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး သူ့ထံ ပြန်လာနိုင်ဖို့အလို့ငှာ သင့်ကို အတွေ့အကြုံ ဆည်းပူးခွင့်ပေးပြီး လေ့ကျင့်မှုကို ရရှိခွင့်ပေးသည်။ ဤအရာအားလုံးသည် စုံလင်စေခြင်းဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသည်။ ယခင်က ပြောဆိုထားသည့်အတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဆိုသည်မှာ သင့်အနေဖြင့် ဘုရားသခင်အပေါ် သာ၍ ကြီးမားသော ယုံကြည်ခြင်းနှင့် ချစ်ခြင်း ရရှိဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို အမှန်တကယ် မြည်းစမ်းပြီး ၎င်းတို့ကို အသက်ရှင်နေထိုင်ဖို့ မိမိကိုယ်ကိုယ် အခွင့်ပေးခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။ ဤပုံစံဖြင့်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားကို တဖြည်းဖြည်း ခွာချလိမ့်မည်၊ မိမိထံမှ မသင့်လျော်သော ကြံရွယ်မှုများ ကင်းမဲ့စေလိမ့်မည်ဖြစ်ပြီး၊ ပုံမှန်လူတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင် နေထိုင်လိမ့်မည် ဖြစ်သည်။ သင့်အတွင်း၌ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ကြီးမားလေလေ- ဆိုလိုသည်မှာ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို သင် ခံရလေလေ- စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း၏ လွှမ်းမိုးခံရမှု နည်းလေလေ ဖြစ်သည်။ သင်၏ လက်တွေ့ကျသော အတွေ့အကြုံများမှတစ်ဆင့်၊ စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ သင်သည် တဖြည်းဖြည် ခြေချလိမ့်မည် ဖြစ်သည်။ သို့ဖြစ်၍၊ သင့်အနေဖြင့် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ အလိုတော်ကို သတိရှိဖို့နှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံဖို့မှာ အထူးသဖြင့် အရေးကြီးပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၄၅)

ယခု ဘုရားသခင်သည် သူနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းသူ၊ သူ၏အလုပ်ကို နာခံနိုင်သူ၊ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များကို အမှန် ဖြစ်သည်ဟု ယုံကြည်သူနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့ဆောင်နိုင်သော လူတစ်စုကို ရယူလိုသည်၊ ထိုသူတို့သည် သူတို့၏ စိတ်နှလုံးတွင် စစ်မှန်သောနားလည်မှုရှိသူများ ဖြစ်ကြသည်။ ထိုသူတို့သည် စုံလင်စေခြင်းခံရနိုင်သည့် သူများဖြစ်ပြီး ထိုသူတို့သည် ပြည့်ဝ စုံလင်ခြင်း လမ်းကြောင်းကို မလွဲဧကန် လျှောက်လှမ်းရမည့်သူများ ဖြစ်သည်။ စုံလင်စေခြင်း မခံရနိုင်သူများမှာ ဘုရားသခင်၏ အလုပ်ကို ရှင်းလင်းစွာ နားမလည်သူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်သောသူများ၊ သူ၏ နှုတ်ကပတ်တော်များကို အလေးမထားသူနှင့် သူတို့၏ စိတ်တွင် ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ လုံးဝ မရှိသူများ ဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်ကို သံသယရှိသူများ၊ အမြဲပင် သူ့အကြောင်းကို ရေရေရာရာ မသိဘဲ၊ သူ၏ နှုတ်ကပတ်တော်များကို လုံးဝ အလေးအနက်မထားသည့်အပြင် သူ့ကို အမြဲ လှည့်ဖြားနေသောသူများမှာ ဘုရားသခင်ကို ခုခံပြီး စာတန်ပိုင်ဆိုင်သောသူများ ဖြစ်ကြသည်၊ ထိုသူများကို စုံလင်စေရန် လုံးဝမဖြစ်နိုင်ပေ။

သင်သည် စုံလင်စေခြင်းခံရလိုလျှင်၊ ရှေးဦးစွာ ဘုရားသခင်၏ မျက်နှာသာပေးခြင်းခံရရန် လိုသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူထောက်ခံသော သူနှင့် သူ၏စိတ်တော်နှင့် တွေ့သောသူကို စုံလင်စေသည်။ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့စေလိုလျှင် သင်သည် ဘုရားသခင်၏အလုပ်ကို နာခံတတ်သော စိတ်နှလုံး ရှိရမည်၊ သမ္မာတရားကို ကြိုးစားအားထုတ်ပြီး အရာရာ၌ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို လက်ခံ ရပေမည်။ သင်၏လုပ်ဆောင်မှု အားလုံး ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို ခံယူပြီးပြီလော။ သင်၏ ရည်ရွယ်ချက်သည် မှန်ကန်သလော။ သင်၏ ရည်ရွယ်ချက် မှန်ကန်ပါက၊ ဘုရားသခင်က သင့်ကို ချီးကျူးပေမည်၊ သင်၏ရည်ရွယ်ချက် မမှန်ကန်ပါက သင်၏နှလုံးသားတွင် ချစ်မြတ်နိုးသည်မှာ ဘုရားသခင် မဟုတ်ဘဲ၊ ဇာတိပကတိနှင့် စာတန်ဖြစ်ကြောင်း ဤသည်က ပြသသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အရာရာကို စစ်ဆေးခြင်းကို လက်ခံရန် နည်းလမ်းတစ်ရပ် အဖြစ် ဆုတောင်းခြင်းကို အသုံးပြုရမည်။ သင် ဆုတောင်းသောအခါ ငါသည် ကိုယ်တိုင်ကိုယ်ကျ သင်၏ရှေ့တွင် ရပ်မနေသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေပြီး၊ သင် ဆုတောင်းနေသည်ကား ငါကိုယ်တိုင်အပြင် ဘုရားသခင်၏ ဝိညာဉ်တော်ထံကိုပါ ဆုတောင်းနေခြင်း ဖြစ်သည်။ ဤဇာတိပကတိကို အဘယ့်ကြောင့် သင်ယုံကြည်သနည်း။ သူ့ထံတွင် ဘုရားသခင်၏ ဝိညာဉ်တော် ရှိသောကြောင့် သင်ယုံကြည်ခြင်းပင် ဖြစ်သည်။ သူ၌ ဘုရားသခင်၏ ဝိညာဉ်တော်မရှိလျှင် ဤပုဂ္ဂိုလ်ကို သင် ယုံကြည်မည်လော။ ဤပုဂ္ဂိုလ်ကို သင်ယုံကြည်ပါက၊ သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို သင်ကြောက်ရွံ့သည့်အခါ၊ သင်သည် ဘုရားသခင်၏ဝိညာဉ်တော်ကို ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းသည် ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းဖြစ်ပြီး ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းသည်လည်း ဘုရားသခင်၏ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ သင်ဆုတောင်းသောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်နှင့်အတူရှိပြီး ဘုရားသခင်သည် သင်၏အရှေ့၌ ရှိသည်ကို သင်ခံစားရ၏၊ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်ဆုတောင်း ပဌနာပြုခြင်း ဖြစ်သည်။ မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏ အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူး ကြောက်ရွံ့နေကြသည်၊ သင့်အနေဖြင့် သူ၏ ဇာတိပကတိကို လှည့်ဖြားနိုင်သော်လည်း၊ သူ၏ ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပေ။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို မခံနိုင်သည့် မည်သည့်အရာ မဆိုသည် သမ္မာတရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထားသင့်သည်၊ သို့မဟုတ်ပါက ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ဖြစ်သည်။ ထိုကြောင့် သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။ သင်ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းတို့ကို ရှာဖွေလျှင်၊ အကယ်၍ ထိုအရာများသည် သင်၏ရည်ရွယ်ချက်ဖြစ်လျှင်၊ သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင် ဆုတောင်းသည့်အခါ မုသားမပြောဘဲ သင်၏ စိတ်နှလုံးကိုဖွင့်၍ ဆုတောင်းကာ သင်၏စိတ်ထဲရှိသမျှကို ပြောလျှင် သင်၏ ဆုတောင်းချက်များသည် ဧကန်မုချ ထိရောက်ပေလိမ့်မည်။ သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို လေးလေးနက်နက် ချစ်သည်ဆိုပါက ဘုရားသခင်အား- “ကောင်းကင်၊ မြေကြီးနှင့် ခပ်သိမ်းသော အရာတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် သစ္စာဆိုပါသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် အကျွန်ုပ် ပြုသမျှသော အရာအားလုံးတို့ကို စစ်ဆေး၍ အကျွန်ုပ်ကို အမြဲကာကွယ် စောင့်ရှောက်တော်မူကာ၊ အကျွန်ုပ်ပြုသမျှအရာတို့သည် ကိုယ်တော်၏ မျက်မှောက်တော်၌ တည်စေတော်မူပါ။ အကျွန်ုပ် စိတ်နှလုံးသည် သခင့်ကို ချစ်မြတ်နိုးမှု မရှိတော့ခဲ့သော်၊ သို့မဟုတ် ကိုယ်တော်ကို သစ္စာဖောက်ခဲ့သော်၊ အကျွန်ုပ်ကို ပြင်းထန်စွာ ပြစ်တင်ဆုံးမ၍ ကျိန်ဆဲတော်မူပါ။ ဤကမ္ဘာတွင် သာမက နောင်လာမည့် ကပ်ကမ္ဘာတိုင်အောင် ကျွန်ုပ်ကို ခွင့်လွှတ်တော် မမူပါနှင့်။” ဟု ကျမ်းသစ္စာ ကျိန်ဆိုလော့။ ထိုသို့သော သင် ကျိန်ဆိုဝံ့သလော။ သင်မကျိန်ဆိုဝံ့ပါက သင်သည် သူရဲဘောကြောင်ပြီး၊ သင့်ကိုယ်သင်သာ ချစ်မြတ်နိုးသေးသည်ကို ပြ၏။ သင်တို့၌ ဤစိတ်ဆုံးဖြတ်ချက် ရှိသလော။ ဤသည်မှာ သင်ဆုံးဖြတ်ချက် အစစ်အမှန်ဖြစ်ပါက၊ ဤကဲ့သို့သော ကျိန်ဆိုမှုကို သင်ပြုသင့်သည်။ ထိုသို့ ကျိန်ဆိုရန် သင်သန္နိဌာန် ချထားပြီးပါက၊ သင်၏ စိတ်ဆုံးဖြတ်ချက်ကို ဘုရားသခင်က ဖြည့်စွမ်းပေးလိမ့်မည်။ သင် ဘုရားသခင် ထံသို့ ကျိန်ဆိုမှုတစ်ခုပြုသည့်အခါ၊ သူနားထောင်သည်။ သင်သည် ဒုစရိုက်နှင့် ပြည့်ဝသူလော၊ ဖြောင့်မတ်သူလော ဟူသည်ကို သင်၏ဆုတောင်းခြင်းနှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုများကို တိုင်းတာ၍ ဘုရားသခင် ဆုံးဖြတ်သည်။ ယခု ဤအရာသည် သင်တို့ကို စုံလင်စေသည့် ဖြစ်စဉ်ဖြစ်ပြီး၊ စုံလင်စေခြင်းအပေါ် သင်သည် စစ်မှန်သော ယုံကြည်မှု ရှိလျှင်၊ သင်သည် သင်၏လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်ရှေ့သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံယူလိမ့်မည်၊ အကယ်၍ သင်သည် မအပ်မရာ ပုန်ကန်မှုတစ်ခုခု ကိုလုပ်ပါက၊ သို့မဟုတ် ဘုရားသခင်ကို သစ္စာဖောက်ပါက၊ ဘုရားသခင်သည် သင်ကျိန်ဆိုထားသည့်အတိုင်း အကောင်အထည် ဖော်မည်ဖြစ်၍၊ သင်၌ သေပြီးနောက် ထာဝရအပြစ်ဒဏ်ဖြစ်စေ၊ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ သင်၌ မည်သည့်အရာ ဖြစ်သည် ဖြစ်စေ၊ ဤသည်မှာ သင်ကိုယ်တိုင်၏ လုပ်ဆောင်မှုကြောင့် ဖြစ်သည်။ ထိုကျိန်ဆိုခြင်းကို သင်ပြုခြင်း ဖြစ်သောကြောင့် ကျိန်ဆိုချက်အတိုင်း လုပ်ဆောင်သင့်သည်။ သင်သည် ကျိန်ဆိုခြင်းကို ပြုသော်လည်း၊ မလိုက်နာပါက၊ သေလွန်ပြီးသည့်တိုင် ထာဝရပြစ်ဒဏ်ကို ခံရလိမ့်မည်။ ဤကျိန်ဆိုမှုသည် သင်၏ ကျိန်ဆိုမှုဖြစ်သည့်အတွက်၊ ဘုရားသခင်က သင်၏ကျိန်ဆိုမှုကို အကောင်အထည် ဖော်လိမ့်မည်။ အချို့သောသူများသည် ဆုတောင်းခြင်း အမှုကိုပြုပြီးနောက် “အားလုံးပြီးကုန်ပြီ။ ငါ့ရဲ့ကာမရာဂ လိုက်စားဖို့နဲ့ စားသောက် ပျော်ပါးဖို့ အခွင့်အရေးလေးတော့ သွားပါပြီ၊ ယုတ်မာတာတွေလုပ်ဖို့ အခွင့်အရေးတွေလည်း သွားပါပြီ၊ လောကကြီးမှာ လောကီ တမ်းတခြင်းတွေကို မွေ့လျော်ဖို့ အခွင့်အရေးတွေ သွားပါပြီ” ဟု ညည်းညူကြသည်။ ဤသူများသည် လောကီအရာများနှင့် ဒုစရိုက်အပြစ်ကို ခင်တွယ်နေသေးသောသူများ ဖြစ်ပြီး၊ ထာဝရပြစ်ဒဏ်ကို မလွဲမသွေခံရမည့်သူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၄၆)

ဘုရားသခင်ကိုယုံကြည်သူတစ်ဦး ဖြစ်ရန် သင်ပြုသမျှသော အခြင်းအရာ အလုံးစုံကို ဘုရားသခင် ရှေ့တော်မှောက်သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံရမည်ဖြစ်သည်ဟု ဆိုလိုသည်။ အကယ်၍ သင်ပြုသမျှကို ဘုရားသခင်၏ ဝိညာဉ်တော် ရှေ့သို့ ယူလာနိုင်သော်လည်း၊ ဘုရားသခင်၏ ဇာတိပကတိ ရှေ့သို့ မယူလာနိုင်လျှင် သင်သည် ဘုရားသခင် ဝိညာဉ်တော်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို မခံရသေးကြောင်း ပြပေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကား မည်သူနည်း။ ဘုရားသခင်၏ သက်သေခံခြင်းကို ခံရသော ပုဂ္ဂိုလ်ကား အဘယ်သူနည်း။ သူတို့နှစ်ဦးသည် တစ်ခုတည်း အတူတူပင် ဖြစ်သည် မဟုတ်လော။ အများစု၏အမြင်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ပြီး၊ ဘုရားသခင်က သက်သေခံသောသူမှာ လူသားတစ်ဦးမျှသာ ဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းတို့ကို သီးခြားအရာနှစ်ခု အဖြစ် မြင်ကြသည်။ သို့သော် သင် ထိုသို့မြင်ခြင်းသည် မှားယွင်းနေသည် မဟုတ်လော။ ဤပုဂ္ဂိုလ်သည် မည်သူ့ကိုယ်စား လုပ်ဆောင်နေသနည်း။ လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူသည် ဝိညာဉ်ရေးရာကို နားမလည်သောသူပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သူ၏လူ့ဇာတိခံ ဇာတိပကတိမှာ တစ်ခုတည်းဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိတွင် ပေါ်ပေါက်ခြင်း ဖြစ်၍ဖြစ်သည်။ အကယ်၍ ဤပုဂ္ဂိုလ်သည် သင်၏အပေါ် ကြင်နာမှုမရှိလျှင် ဘုရားသခင်၏ ဝိညာဉ်သည်လည်း ကြင်နာမည်လော။ သင့်စိတ် ရှုပ်ထွေးနေသည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင်- သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ တွဲဖက်ဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပစ်ပယ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို နာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၄၇)

ဘုရားသခင်ကို နားမလည်နိုင်သောသူတို့သည် ဘုရားသခင်အား ဘယ်သောအခါမျှ အပြည့်အဝ မနာခံနိုင်ကြပေ။ ထိုသူတို့သည် ငြင်းဆန်သောသူတို့ပင် ဖြစ်သည်။ သူတို့သည် ရည်မှန်းချက်အလွန် ကြီးမားကြပြီး၊ ၎င်းတို့အတွင်း၌ ပုန်ကန်လိုစိတ်များစွာ ရှိနေသောကြောင့်၊ ဘုရားနှင့် ဝေးရာ၌ နေတတ်ကြပြီး ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်မခံလိုကြပေ။ ထိုကဲ့သို့သော သူတို့သည် အလွယ်တကူ စုံလင်စေခြင်း မခံရနိုင်ပေ။ အချို့သောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြပုံနှင့် ၎င်းတို့ကို လက်ခံပုံတို့ကို ရွေးချယ်ကာ လုပ်ဆောင်ကြသည်။ သူတို့သည် သူတို့၏အယူအဆများနှင့် ကိုက်ညီသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းများကို လက်ခံ၍ မကိုက်ညီသည်များကို ငြင်းပယ်ကြသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို ဗြောင်အကျဆုံး ပုန်ကန်ကာ ခုခံနေခြင်းပင် မဟုတ်လော။ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် အနည်းငယ်မျှသော နားလည်မှုမရရှိဘဲ နှစ်ပေါင်းများစွာ ယုံကြည်ပါက၊ ထိုသူသည် မယုံကြည်သူတစ်ဦးသာ ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံရန် လိုလားသော သူတို့သာလျှင် ဘုရားသခင်ကို နားလည်နိုင်ရန် ကြိုးစားနေသူများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံလိုသူများ ဖြစ်ကြသည်။ ထိုသူတို့သည်သာ ဘုရားသခင်၏အမွေနှင့် ကောင်းချီး မင်္ဂလာများကို လက်ခံရရှိမည့်သူများ ဖြစ်ကြပြီး၊ ထိုသူတို့သည် ကောင်းချီးမင်္ဂလာ အများဆုံးရသူများ ဖြစ်ကြသည်။ ဘုရားသခင်သည် စိတ်နှလုံးထဲ၌ သူ့ကို နေရာမပေးသောသူတို့ကို ကျိန်ဆဲပြီး၊ ထိုသို့သောသူတို့ကို ပြစ်တင်ဆုံးမ၍ စွန့်ပစ်သည်။ သင်သည် ဘုရားသခင်ကို မချစ်လျှင် သူသည် သင့်ကို စွန့်ပစ်လိမ့်မည်ဖြစ်ပြီး၊ ငါပြောသောစကားကို သင်နားမထောင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိမ့်မည်ဟု ငါသင့်ကို ကတိပြုသည်။ သင်မယုံကြည်ပါက စမ်းကြည့်လော့။ ယနေ့ သင်လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ငါရှင်းပြ၏၊ သို့သော်လည်း လက်တွေ့ လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်မှာ သင့်သဘောပင် ဖြစ်သည်။ ယင်းကို သင် မယုံကြည်လျှင်၊ ယင်းကို သင် လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၌ အလုပ်လုပ်သည်၊ မလုပ်သည်ကို သင်ကိုယ်တိုင် မြင်တွေ့လိမ့်မည်။ ဘုရားသခင်ကို နားလည်ရန် မကြိုးစားလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၌ အလုပ်လုပ်မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ရှာဖွေ၍ တန်ဖိုးထားသူများတွင် အလုပ်လုပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလေလေ၊ သူ၏ဝိညာဉ်တော်က သင်၌ လုပ်ဆောင်လေလေ ဖြစ်မည်။ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားလေလေ၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် အခွင့်များလေလေ ဖြစ်သည်။ ဘုရားသခင်သည် သူ့အား အမှန်တကယ် ချစ်မြတ်နိုးသူများကို စုံလင်စေပြီး၊ သူ၏ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းသော နှလုံးသားရှိသူများကို သူစုံလင်စေသည်။ ဘုရားသခင်၏ အလုပ်အားလုံးကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ တည်ရှိနေမှုကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အတွက် စစ်မှန်မှုနှင့် သင့်အသက်အတွက် ထောက်ပံ့ပေးခြင်း ဖြစ်လာပုံကို တန်ဖိုးထားခြင်း- ၎င်းတို့အားလုံးသည် ဘုရားသခင်၏ စိတ်တော်နှင့် အတွေ့ဆုံး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို တန်ဖိုးထားလျှင်၊ ဆိုလိုသည်မှာ၊ သင့်အတွက် ဘုရားသခင် လုပ်ဆောင် ပေးခဲ့သမျှ အလုပ်ကို တန်ဖိုးထားလျှင်၊ သူသည် သင့်အား ကောင်းချီးပေး၍ သင်၌ ရှိသမျှကို ဆထက်တန်ဖိုး တိုးပွားစေလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားလျှင်၊ သူသည် သင်၌ အလုပ်မလုပ်ဘဲ၊ သင်၏ယုံကြည်ခြင်းအတွက် အနည်းငယ်သော ကျေးဇူးတော်ကိုချပေးခြင်း၊ သို့မဟုတ် အနည်းငယ်သော ဥစ္စာပစ္စည်းကြွယ်ဝမှုကို ကောင်းချီး ပေးခြင်း၊ သို့မဟုတ် သင့်မိသားစုအား အနည်းငယ်သော လုံခြုံခြင်းကိုသာ ပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရုံလောက်သာ မလုပ်ဆောင်သင့်ဘဲ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်၏ စစ်မှန်မှု ဖြစ်စေ၍၊ သူ့ကို ကျေနပ်စေနိုင်ပြီး သူ၏စိတ်တော်နှင့် တွေ့နိုင်ရန် ကြိုးစားသင့်သည်။ ယုံကြည်သူများအဖို့ ဘုရားသခင်၏အလုပ်ကို လက်ခံရရှိရန်၊ စုံလင်ခြင်းကို ရရှိရန်နှင့် ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သူ တစ်ဦးဖြစ်ရန်ထက် ပို၍အရေးကြီးသည့်အရာမရှိပေ။ ထိုအရာသည် သင်လိုက်လျှောက်သင့်သည့် ပန်းတိုင်ပင် ဖြစ်သည်။

ကျေးဇူးတော်ကာလ၌ လူသားတို့၏ ရှာမှီးမှုများ အားလုံးသည် ယခု ခေတ်ကုန်သွားပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လက်ရှိကာလတွင် ပိုမို အဆင့်မြင့်သော ရှာမှီးမှု ရှိ၍ဖြစ်သည်၊ ရှာမှီးသည့် အရာသည် ပိုမိုမြင့်မား၍ ပိုမိုလက်တွေ့ကျ၏၊ ရှာမှီးသည့် အရာသည် လူသားအတွင်း၌ လိုအပ်နေသည့် အချက်များကို ပို၍ကျေနပ်စေနိုင်သည်။ အတိတ်ကာလ၌ ဘုရားသခင်သည် လူများအပေါ် ယနေ့ခေတ်ကဲ့သို့ မလုပ်ဆောင်ပေ၊ ဘုရားသခင်သည် ထိုသူများကို ယနေ့ခေတ်လောက်လည်း စကားမပြောခဲ့ပေ။ ထို့အပြင် ယနေ့ခေတ်ရှိ လူများအပေါ်တွင်ရှိသော သူ၏ သတ်မှတ်ချက်များလောက်လည်း သူတို့အပေါ် သတ်မှတ်ချက်များ မများပေ။ ဘုရားသခင်သည် ဤအရာများကို သင်တို့အား ယခု ပြောသည်မှာ သူ၏ အဆုံးစွန်သော ရည်ရွယ်ချက်သည် သင်တို့အပေါ်၊ ဤလူစုအပေါ်တွင်သာ အာရုံစိုက်နေကြောင်းကို ပြသည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို စစ်မှန်စွာ ခံရလိုလျှင်၊ ထိုအရာကို သင်၏ ဗဟိုပန်းတိုင်အဖြစ် ရှာမှီးလော့။ ဟိုဟိုသည်သည် ပြေးလွှားနေသည့် အခါတွင်ဖြစ်စေ၊ မိမိကိုယ်ကိုယ် အသုံးချနေသည့် အခါတွင်ဖြစ်စေ၊ လုပ်ငန်းဆောင်တာတစ်ခုတွင် အစေခံ နေသည့် အခါတွင်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ထံမှ တာဝန်ပေးအပ်ခြင်း ခံရသည့်အခါတွင် ဖြစ်စေ၊ ရည်ရွယ်ချက်သည် အမြဲပင် စုံလင်စေခြင်း ခံရရန်နှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်း၍ ဤပန်းတိုင်တို့ကို ရရှိရန် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက သူသည် ဘုရားသခင်၏ စုံလင်စေခြင်း သို့မဟုတ် အသက်တွင်းသို့ ဝင်ရောက်ခြင်းကို ရှာမှီးခြင်း မရှိ၊ ဇာတိပကတိဆိုင်ရာ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကိုသာ ရှာမှီးသည်ဟု ဆိုလျှင် ထိုသူသည် လူသားများအနက် မျက်စိအကန်းဆုံးသူ ဖြစ်သည်။ အသက် လက်တွေ့အရှိတရားကို ရှာမှီးခြင်း မရှိဘဲ၊ နောင်လာမည့် ကမ္ဘာမှ ထာဝရအသက်နှင့် ဤလောကီအတွင်းရှိ ဘေးကင်း လုံခြုံမှုကိုသာ ရှာသောသူသည် လူသားများ အနက် မျက်စိ အကန်းဆုံးသူ ဖြစ်သည်။ သို့ဖြစ်ပါ၍ သင် လုပ်ဆောင်သောအရာ ဟူသမျှသည် ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခြင်း ခံရစေရန် ရည်ရွယ်ချက် အတွက်သာ လုပ်ဆောင်သင့်သည်။

လူတို့တွင် ဘုရားသခင်လုပ်ဆောင်သည့်အရာမှာ သူတို့၏ မတူညီသော လိုအပ်ချက်များအတိုင်း ထောက်ပံ့ပေးရန် ဖြစ်သည်။ လူတစ်ယောက်၏ဘဝသည် ကြီးမားလေလေ၊ သူ၏လိုအပ်ချက်များ များလေလေဖြစ်ပြီး၊ ရှာမှီးလေလေ ဖြစ်သည်။ ဤအဆင့်၌ သင်သည် ရှာမှီးမှု မရှိလျှင်၊ ယင်းက သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိုက်ကြောင်း သက်သေပြသည်။ အသက်ကို ရှာမှီးသူအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို မည်သည့်အခါမျှ ခံရမည်မဟုတ်ပေ၊ ထိုကဲ့သို့သောသူတို့သည် အမြဲတစေ ရှာမှီးပြီး၊ ၎င်းတို့၏စိတ်နှလုံးတွင် တောင့်တမှု အမြဲရှိသည်။ ထိုသူတို့သည် လက်ရှိအမှုအရာများကို ဘယ်သောအခါမျှ ရောင့်ရဲတင်းတိမ်ခြင်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အဆင့်တိုင်းသည် သင်၌ အကျိုးသက်ရောက်မှုတစ်ခု ရရှိရန် ရည်ရွယ်သော်လည်း သင်သည် မိမိဘာသာ အားရကျေနပ်နေလျှင်၊ သင်အနေဖြင့် လိုအပ်ချက်များ မရှိတော့လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်လက်မခံတော့လျှင်၊ သူသည် သင့်ကို စွန့်ပစ်သွားပေလိမ့်မည်။ လူတိုင်းသည် ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို နေ့စဉ်နေ့တိုင်း လိုအပ်သည်၊ သူတို့သည် ဘုရားသခင်ထံမှ မြောက်မြားစွာသော ထောက်ပံ့ပေးမှုကို နေ့စဉ်နေ့တိုင်း လိုအပ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားမသောက်ဘဲ နေ့တိုင်း နေနိုင်သလော။ လူတစ်ဦးက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အလုံအလောက် မစားသောက်နိုင်ဟု အစဉ်ထင်နေလျှင်၊ ၎င်းတို့ကို အမြဲတစေ ရှာဖွေ၍ ဆာလောင်မွတ်သိပ်နေလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အတွင်း၌ အမြဲအလုပ် လုပ်လိမ့်မည်။ လူတစ်ဦးက ပိုမိုတမ်းတလေလေ၊ သူ၏ မိတ်ဿဟာယပြုခြင်းမှ ပိုမိုလက်တွေ့ကျသောအရာများ ပေါ်ထွက်လာနိုင်လေလေ ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို အလွန်အမင်းရှာဖွေလေလေ၊ သူ၏ဘဝ မြန်မြန်ကြီးထွားလေလေ ဖြစ်ပြီး၊ အတွေ့အကြုံနှင့် ကြွယ်ဝစေကာ ထာဝရဘုရား၏အိမ်တော်တွင် ကြွယ်ဝ ချမ်းသာသော နေထိုင်သူတစ်ဦး ဖြစ်စေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၄၈)

လူတစ်ဦးတစ်ယောက်ချင်းစီ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လျှောက်လှမ်းရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို စုံလင်စေခြင်းခံရခွင့် ပေးသည်။ သင်၌ရှိသည့် အပျက်သဘောထားမှတစ်ဆင့် သင်ကိုယ်တိုင်ပျက်စီးခြင်းကို သင့်ကို သိစေပြီး၊ ထိုအပျက်သဘောထားကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို တွေ့မည် ဖြစ်သည်၊ ထိုအရာ အားလုံးတို့သည် သင့်ကို စုံလင်စေသည့် နည်းများပေတည်း။ ထို့အပြင် သင့်အတွင်း၌ရှိသည့် အပြုသဘောဆောင်သော အရာအချို့၏ အဆက်မပြတ် လမ်းပြပို့ဆောင်မှုနှင့် အလင်းပေးခြင်းအားဖြင့် သင်သည် သင်၏ လုပ်ငန်းတာဝန်ကို ကြိုတင်ဖြည့်ဆည်းမည် ဖြစ်ပြီး၊ ထိုးထွင်းသိမြင်မှုကြီးထွားလာပြီး အမြော်အမြင် ရရှိလာမည် ဖြစ်သည်။ သင်သည် အဆင်ပြေနေသည့် အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် အထူးလိုလားပြီး ဆုတောင်းရန် အထူးလိုလားကာ၊ ကြားနာရသည့် ဒေသနာများကို သင်၏အသက်တာနှင့် ဆက်စပ်နိုင်သည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်သည် သင်၏အတွင်း၌ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေး၍၊ အပြုသဘောဆောင်သည့် လက္ခဏာထဲရှိသော အရာအချို့ကို သင့်အား နားလည်သဘောပေါက်စေသည်။ ဤသည်မှာ အပြုသဘောဆောင်သော လက္ခဏာထဲတွင် သင့်ကို စုံလင်စေပုံ ဖြစ်၏။ အပျက်သဘောဆောင်သော အခြေအနေများတွင် သင်သည် အားနည်းကာ မတုန်မလှုပ် ရှိသည်။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ခံစားရ၏၊ သို့သော်လည်း ဘုရားသခင်သည် သင့်ကိုအလင်းပေးကာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတွေ့ရန် ကူညီနေသည်။ ဤအခြေအနေမျိုးမှ ထွက်လာခြင်းသည် အပျက်သဘောလက္ခဏာထဲတွင် စုံလင်စေခြင်းခံရခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားကို အပြုသဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း စုံလင်စေနိုင်သည်။ ထိုအချက်မှာ သင့်အနေဖြင့် တွေ့ကြုံခံစားနိုင်ခြင်းရှိမရှိအပေါ် မူတည်ပြီး၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံနေရခြင်းကို သင်လိုက်စားမှု ရှိ၊ မရှိအပေါ် မူတည်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်စေနေခြင်းကို အမှန်တကယ် ရှာဖွေလျှင်၊ အပျက်သဘောသည် သင့်အား ဆုံးရှုံးမှုကို မခံရစေနိုင်ပေ၊ သို့သော် သာ၍စစ်မှန်သောအရာများကို သင့်ထံယူဆောင်လာနိုင်ပြီး သင်၏အထဲတွင် ချို့တဲ့နေသော အရာများကို သာ၍သိရှိစေနိုင်မည် ဖြစ်သည့်အပြင်၊ သင်၏ အခြေအနေအမှန်များကိုလည်း သာ၍ နားလည်စေနိုင်မည်ဖြစ်ပြီး၊ လူသား၌ ဘာမျှမရှိ၊ လူသားသည် ဘာမှမဟုတ်ဟူသည်ကို သိမြင်စေနိုင်သည်၊ အကယ်၍ သင်သည် စမ်းသပ်မှုများကို မကြုံရလျှင်၊ သိရှိမည်မဟုတ်ဘဲ မိမိကိုယ်မိမိ အခြားသူများ၏ အထက်၌ရှိကာ အခြားသူများအားလုံးထက် သာသည်ဟု အမြဲထင်မည် ဖြစ်သည်။ ဤအရာများအားလုံးအားဖြင့် သင်သည် ယခင်ဖြစ်ပွားခဲ့သည့် အရာများအားလုံးသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများဖြစ်ပြီး ဘုရားသခင် ကာကွယ်စောင့်ရှောက်သည့်အရာများ ဖြစ်သည်ကို သင်သိလာလိမ့်မည် ဖြစ်သည်။ စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုင်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၄၉)

သင်တို့ယခု ရှာဖွေနေသော အရာသည် အဘယ်အရာနည်း။ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရရန်၊ ဘုရားသခင်အား သိရန်၊ ဘုရားသခင်အား ရယူရန်၊ သို့မဟုတ် ကိုးဆယ်ခုနှစ်များက ပေတရု၏ပုံစံအတိုင်း ပြုမူရန်၊ သို့မဟုတ် ယောဘ၏ ယုံကြည်ခြင်းထက် ကြီးသော ယုံကြည်ခြင်းရှိရန်၊ သို့မဟုတ် သင်တို့သည် ဘုရားသခင်မှ ဖြောင့်မတ်သောသူဟု အခေါ်ခံရကာ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ရောက်ရန် ကြိုးစားသည်၊ သို့မဟုတ် ကမ္ဘာလောကတွင် ဘုရားသခင်အား ပြသနိုင်ရန်နှင့် ဘုရားသခင်အတွက် စွမ်းစွမ်းတမံနှင့် မြည်ဟည်းသော သက်သေခံခြင်း ပြုနိုင်ရန် ဖြစ်နိုင်သည်။ မည်သည့်အရာကို ရှာဖွေသည်ဖြစ်စေ၊ ခြုံငုံကြည့်လျှင် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရရန်အတွက် ဖြစ်သည်။ ဖြောင့်မတ်သောသူဖြစ်ရန် ရှာဖွေသည်ဖြစ်စေ၊ ပေတရု၏ပုံစံကို ရှာဖွေသည်ဖြစ်စေ၊ ယောဘ၏ ယုံကြည်ခြင်းကို ရှာဖွေသည်ဖြစ်စေ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေသည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် လူသားအပေါ် ဘုရားသခင် လုပ်ဆောင်သည့် အရာများ ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သင်သည် မည်သည့်အရာကို ရှာဖွေနေသည်ဖြစ်စေ၊ အားလုံးသည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရရန်သာ၊ အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြုံတွေ့ခံစားရန်အလို့ငှာသာ၊ ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေရန်သာ ဖြစ်သည်၊ သင်မည်သည့်အရာကို ရှာဖွေသည်ဖြစ်စေ၊ ဘုရားသခင်၏ နှစ်သက်ဖွယ်ရာကို ဖွေတွေ့ရှိရန်သာဖြစ်သည်၊ ပုန်ကန်ထကြွတတ်သည့် မိမိတို့၏ စိတ်သဘောထားများကို ခဝါချနိုင်ရန်၊ သင်၏အတွင်း၌ မှန်ကန်သော အနေအထားကို ရရှိရန်၊ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီနိုင်ရန်၊ မှန်ကန်သောသူတစ်ဦး ဖြစ်ရန်နှင့် သင်လုပ်သမျှအရာ အားလုံးတွင် မှန်ကန်သော အကြောင်းရင်း ရှိရန် ရည်ရွယ်ချက်ဖြင့် စစ်မှန်သော အတွေ့အကြုံကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုကို ရှာဖွေရန်သာ ဖြစ်သည်။ ဤအရာများအားလုံးကို ကြုံတွေ့နေရခြင်းသည် ဘုရားသခင်ကို သိရှိလာရန်နှင့် အသက်တာတွင် တိုးပွားမှုရရှိရန် ဖြစ်သည်။ သင်ကြုံတွေ့နေရသောအရာသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် စစ်မှန်သည့် အဖြစ်အပျက်များ၊ လူများ၊ အကြောင်းအရာများနှင့် သင်၏ဘေးပတ်၀န်းကျင်တွင် ဖြစ်ပျက်နေသောအရာများ ဖြစ်သော်လည်း၊ အဆုံးတွင်မူ သင်သည် ဘုရားသခင်ကို သိနိုင်ပြီး ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်ပေသည်။ ဖြောင့်မတ်သောသူ လျှောက်သည့်လမ်းကြောင်းကို လျှောက်လှမ်းရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားခြင်း- ဤအရာများသည် ပြေးလမ်းများ ဖြစ်ကြပြီး၊ ဘုရားသခင်ကိုသိခြင်းနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရခြင်းသည် ပန်းတိုင်ဖြစ်သည်။ သင်သည် ယခု ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေသည်ဖြစ်စေ၊ ဘုရားသခင်အတွက် သက်သေခံရန် ကြိုးစားသည် ဖြစ်စေ၊ ခြုံငုံကြည့်လျှင် ဤအရာများသည် အဆုံးတွင် ဘုရားသခင်ကို သိရှိရန်အတွက် ဖြစ်သည်။ ယင်းသည် ဘုရားသခင် သင့်အထဲတွင် လုပ်ဆောင်နေသည့် အရာများသည် အချည်းနှီး မဟုတ်စေရန်၊ အဆုံးတွင် သင်သည် ဘုရားသခင်၏ လက်တွေ့ကျမှုကို သိရှိလာကာ၊ ဘုရားသခင်၏ ကြီးမြတ်မှုကို သိရှိလာရန် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ နှိမ့်ချမှုနှင့် သိုဝှက်မှု၊ သင့်အထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် မြောက်များစွာသော အလုပ်ကိုပမာဏကိုလည်း သိရှိလာရန် သာ၍ဖြစ်သည်။ ညစ်ညူး၍ ဖောက်ပြန်ပျက်စီးနေသည့် ဤလူတို့အကြားတွင် သူ၏အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာနှင့် ဤလူစုကို စုံလင်စေရန်အလို့ငှာ ဘုရားသခင်သည် မိမိကိုယ်မိမိ ဤအဆင့်အထိ နှိမ့်ချခဲ့သည်။ ဘုရားသခင်သည် လူသားများကြားတွင် နေထိုင်စားသောက်ရန်၊ လူသားများကို လမ်းပြဖို့ရန်နှင့် လူသားများ၏ လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးဖို့ရန်အလို့ငှာ လူ့ဇာတိခံယူခဲ့သည်သာ မဟုတ်ချေ။ သာ၍ အရေးကြီးသည်မှာ သူ၏ကြီးမားသော ကယ်တင်ခြင်းနှင့် သည်းမခံနိုင်လောက်အောင် ဖောက်ပြန်ပျက်စီးနေသည့် လူသားများကို သိမ်းပိုက်ရန်အလုပ်ကို လုပ်ခြင်း ဖြစ်သည်။ လူသားများ အားလုံးအားပြောင်းလဲကာ အသစ်ပြုပြင်ရန်အလို့ငှာ သူသည် ဖောက်ပြန်ပျက်စီးဆုံး ဤလူတို့ကို ကယ်တင်ရေးအတွက် အဆင်းနီသောနဂါးကြီး၏ နှလုံးသားထဲသို့ လာခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် ခံစားရသည့် ကြီးမားသော အခက်အခဲသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ခံစားရသည့် အခက်အခဲမျှသာ မဟုတ်ဘဲ၊ အဓိကအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အဆုံးစွန်သော အရှက်ခွဲခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် မိမိကိုယ်ကို နှိမ့်ချလွန်းပြီး သိုဝှက်လွန်းသည့်အတွက် သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့သည်။ လူသားများသည် သူ့အား သာမန်လူ့ဘ၀ရှိပြီး သာမန်လူသား၏ လိုအပ်ချက်များကို သူလည်းလိုအပ်ကြောင်း မြင်စေရန်အလို့ငှာ ဘုရားသခင်သည် လူ့ဇာတိကိုခံယူခဲ့ပြီး ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်ခဲ့သည်။ ဘုရားသခင်သည် ကြီးမားသော အတိုင်းအတာအထိ နှိမ့်ချခဲ့ကြောင်းကို သက်သေပြရန် ဤအရာက လုံလောက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ဇာတိပကတိ၌ အကောင်အထည် ဖော်ထားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလွန်တရာ မြင့်မားကာ ကြီးမြတ်သည့်အရာဖြစ်၏၊ သို့သော် သူသည် သူ၏ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ၊ သာမန်လူတစ်ယောက်၏ သဏ္ဌာန်ကို ခံယူခဲ့သည်။ သင်တို့အသီးသီး၏ အရည်အချင်း၊ ထိုးထွင်းဉာဏ်၊ အာရုံခံစားမှု၊ လူ့သဘာဝနှင့် အသက်တာများတို့သည် ဘုရားသခင်၏ ဤအလုပ်မျိုးကို လက်ခံရန် အကယ်ပင် မထိုက်တန်ကြောင်းကို ပြသည်။ သင်တို့သည် ဘုရားသခင်ကို သင်တို့အတွက် ထိုကဲ့သို့ အခက်အခဲ ကြုံတွေ့စေရန် အကယ်ပင် မထိုက်တန်ပေ။ ဘုရားသခင်သည် အထွတ်အထိပ် ဖြစ်လွန်းလှပြီး၊ သူသည် လူတို့သည် အလွန်နိမ့်ကျသည်၊ သို့သော် သူသည် လူသားများအပေါ် လုပ်ဆောင်မြဲ ဖြစ်သည်။ သူသည် လူသားများအတွက် ထောက်ပံ့ပေးရန်၊ လူတို့နှင့် စကားပြောရန်၊ လူ့ဇာတိခံယူသည်သာမက၊ သူသည် လူသားများနှင့် အတူတကွပင် နေထိုင်ခဲ့သည်။ ဘုရားသခင်သည် အလွန်ပင်နှိမ့်ချကာ ချစ်ဖွယ်ကောင်းသော ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်း ပြောသည်နှင့်၊ ဘုရားသခင်၏ ကျေးဇူးတရားတော်အကြောင်း ပြောသည်နှင့်၊ သင်သည် ကြီးမားသော ချီးမွမ်းခြင်းကို မိန့်မြွက်လျက် မျက်ရည်များစီးကျလျှင်၊ သင်သည် ဤအခြေအနေသို့ ရောက်လျှင်၊ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာ ရှိပြီဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၅၀)

ယနေ့လူများ၏ ရှာဖွေမှုများတွင် သွေဖည်မှုတစ်ရပ် ရှိနေသည်၊ ထိုသူတို့သည် ဘုရားသခင်ကို ချစ်ရန်နှင့် စိတ်ကျေနပ်စေရန်အတွက်သာ ကြိုးစားကြသည်။ သို့သော် ဘုရားသခင်ကို သိကျွမ်းခြင်းမရှိကြဘဲ၊ ၎င်းတို့၏အတွင်းထဲ၌ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြကိုမူ လျစ်လျူရှုထားကြသည်။ သူတို့၌ ဘုရားသခင်အား စစ်မှန်စွာသိကျွမ်းခြင်း အခြေခံအုတ်မြစ် မရှိကြပေ။ ဤနည်းအားဖြင့် အတွေ့အကြုံများ တိုးတက်သည်နှင့်အမျှ ၎င်းတို့၏ ထက်သန်ခြင်းများ ကုန်ခမ်းလာကြသည်။ ဘုရားသခင်ကို စစ်မှန်စွာသိကျွမ်းရန် ကြိုးစားသူအားလုံးသည် အတိတ်က ကောင်းမွန်သည့် အခြေအနေတွင် မရှိခဲ့ဘဲ၊ အပျက်သဘော ဆောင်ခြင်းဘက်နှင့် အားနည်းချက်ဘက် တိမ်းညွှတ်ပြီး၊ မကြာခဏ ငိုကြွေးခဲ့ကာ၊ စိတ်ပျက်အားငယ်၍၊ မျှော်လင့်ချက် ပျောက်ဆုံးခဲ့သော်လည်း၊ ယခု ထိုသူတို့သည် အတွေ့အကြုံ ပိုမိုရှိသည်နှင့်အမျှ သူတို့၏အခြေအနေများသည် ပိုမိုကောင်းမွန်လာပြီ ဖြစ်သည်။ ၎င်းတို့သည် ကိုင်တွယ်ပြုပြင်ခြင်းခံရပြီး ချိုးဖဲ့ခြင်းနှင့် တွေ့ကြုံပြီးသောအခါတွင်နှင့် စမ်းသပ်မှုနှင့်စစ်ဆေးခြင်း တစ်ကြိမ်ခံရပြီးနောက်၊ ၎င်းတို့ ကြီးမားစွာတိုးတက်ခဲ့၏။ အပျက်သဘောဆောင်သော အခြေအနေများ လျော့နည်းသွားပြီး၊ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲ၏။ ၎င်းတို့သည် စမ်းသပ်မှုများ ပိုမိုတွေ့ကြုံခံစားသည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ကို စတင်၍ ချစ်လာ၏။ ဘုရားသခင်၏ လူသားများကို စုံလင်စေခြင်းတွင် စည်းကမ်းတစ်ခု ရှိသည်။ ယင်းက သင်၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခုရှိပြီး သင့်ကို အပျက်သဘောဆောင်သော အခြေအနေများက ခွဲထုတ်နိုင်ရန်၊ သူသည် သင်၏နှစ်လိုဖွယ်ရာ ကောင်းသောအပိုင်းကို အသုံးပြုလျက်၊ သင်၏ ဝိညာဉ်ကို လွတ်မြောက်မှု ရရှိစေကာ၊ သင့်အား သူ့ကို ပိုချစ်နိုင်အောင် ပြုလုပ်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်မည်ဖြစ်သည်။ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည်၊ မိမိကိုယ်မိမိသိရန် လိုလားပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လိုသည်။ ဘုရားသခင်သည် သင့်ကို မုချဧကန် ကောင်းချီးပေးလိမ့်မည်၊ ထို့ကြောင့် သင်သည် အားနည်းကာ အပျက်သဘော ဆောင်သောအခါများတွင် သင့်ကိုယ်သင် သာ၍ သိမြင်လာရန်၊ သင့်အတွက်သင် အပြစ်ဝန်ခံရေးအတွက် ပိုမိုလိုလားရန်နှင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို သာ၍ လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီလျက်၊ ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း နှစ်ဆပေးသည်။ ဤနည်းအားဖြင့်သာ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်း၍ သက်သာရာရမည် ဖြစ်သည်။ ဘုရားသခင်ကို သိမြင်ရန် သာမန်အားဖြင့် အလေးဂရုပြုသောသူ၊ မိမိကိုယ်ကိုယ် သိမြင်ရန် အလေးဂရုပြုသောသူနှင့် မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို အလေးဂရုပြုသောသူသည် ဘုရားသခင်၏ အလုပ်ကို မကြာခဏ လက်ခံရရှိနိုင်မည့်အပြင် ကိုယ်တော်၏လမ်းပြမှုနှင့် ဉာဏ်အလင်းပေးမှုကိုလည်း မကြာခဏ ရရှိနိုင်ပေမည်။ ထိုကဲ့သို့သောသူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ရပ်တွင် ရှိသော်လည်း၊ သူသည် အသိစိတ်၏ လုပ်ဆောင်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်ဖြစ်စေ၊ အမှုအရာများကို ချက်ချင်းပင် ပြောင်းလဲနိုင်သည်။ လူတစ်ဦးသည် မိမိ၏ အခြေအနေ မှန်နှင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အလုပ်ကို သိသည့်အခါတွင် သူ၏စိတ်နေသဘောကို ပြုပြင်ခြင်း အမြဲရရှိနိုင်သည်။ မိမိကိုယ်မိမိသိလိုကာ ပွင့်လင်းရန် လိုလိုလားလား ရှိသူတစ်ဦးသည် သမ္မာတရားကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် ဘုရားသခင်အပေါ် သစ္စာရှိပြီး၊ ဘုရားသခင်ကို သစ္စာရှိသောသူတစ်ဦး၏ ဘုရားသခင်ကို နားလည်ခြင်းသည် နက်နဲသည်ဖြစ်စေ တိမ်သည်ဖြစ်စေ၊ နည်းပါးသည်ဖြစ်စေ၊ များပြားသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်ကို နားလည်သောသူဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ လူသားများ ရရှိသည့်အရာတစ်ခု ဖြစ်သည်၊ ယင်းသည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးအမြတ် ဖြစ်သည်။ ဘုရားသခင်ကို သိရှိသောသူသည် အခြေခံရှိသောသူ ဖြစ်သည်၊ ရူပါရုံရှိသောသူ ဖြစ်သည်။ ဤကဲ့သို့သောသူသည် ဘုရားသခင်၏ လူ့ဇာတိကို အသေအချာသိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏အလုပ်ကိုလည်း အသေအချာသိသည်။ ဘုရားသခင်သည် မည်ကဲ့သို့ လုပ်ဆောင်စေကာမူ၊ မည်ကဲ့သို့ ပြောဆိုစေကာမူ၊ အခြားသူများသည် မည်ကဲ့သို့ အနှောင့်အယှက် ဖြစ်စေကာမူ၊ ထိုသူသည် မားမားမတ်မတ် ရပ်တည်ကာ ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ လူတစ်ဦးသည် ထိုကဲ့သို့ဖြစ်လေလေ၊ သူနားလည်သည့် သမ္မာတရားကို လုပ်ဆောင်နိုင်လေလေ ဖြစ်သည်။ ထိုသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အစဉ် လက်တွေ့လုပ်ဆောင်နေသောကြောင့် ထိုသူသည် ဘုရားသခင်အား သိရှိနားလည်မှုကို ပို၍ ရရှိပြီး ဘုရားသခင်အတွက် ထာဝရ သက်သေခံရန် ပိုင်းဖြတ်ထားသော စိတ်ကိုလည်း ပိုင်ဆိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၅၁)

ဝိညာဉ်ရေး၌ စိတ်အားထက်သန်ရေးအတွက်၊ ချင့်ချိန်နိုင်စွမ်းရှိခြင်း၊ နာခံမှုရှိခြင်းနှင့် သိမြင်နိုင်သောအစွမ်းရှိခြင်း ဆိုသည်မှာ သင်သည် တစ်စုံတစ်ရာနှင့် ကြုံတွေ့သည်နှင့် တစ်ပြိုင်နက်၊ သင်၏အတွင်း၌ ဘုရားသခင်၏နှုတ်ကပတ်တော်သည် အလင်းပြ၍ ဉာဏ်အလင်းပေးသည်ဟု ဆိုလိုသည်။ ဤအရာကို ဝိညာဉ်ရေး၌ စိတ်အားထက်သန်နေခြင်းဟု ခေါ်သည်။ ဘုရားသခင်လုပ်ဆောင်သော အရာအားလုံးသည် လူတို့၏ ဝိညာဉ်များကို နိုးကြားစေရန်အတွက် ဖြစ်သည်။ လူတို့သည် ထုံထိုင်းကာ ဉာဏ်နှေးနေကြသည်ဟု ဘုရားသခင်က အဘယ်ကြောင့် အမြဲပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ဝိညာဉ်များသည် သေဆုံးခဲ့ပြီ ဖြစ်ပြီး၊ ဝိညာဉ်နှင့်ဆိုင်သည့် အရာများကို လုံး၀သတိမမူတော့သည်အထိ ထုံထိုင်းသွားကြပြီ ဖြစ်သည်။ လူတို့သည် ဝိညာဉ်ရေးဆိုင်ရာ အရာများကို သိရှိနိုင်ပြီး သူတို့၏နှလုံးသားများထဲတွင် ဘုရားသခင်ကို အစဉ်အမြဲချစ်နိုင်ကာ ဘုရားသခင်ကို ကျေနပ်စေရန်အတွက်၊ ဘုရားသခင်၏အလုပ်သည် လူတို့၏ အသက်တာများကို တိုးတက်စေရန်နှင့် လူတို့၏ဝိညာဉ်များ ရှင်သန်လာရေးအတွက် ကူညီရန် ဖြစ်သည်။ ဤအခြေအနေသို့ ရောက်ရှိလာခြင်းက လူတစ်ဦး၏ ဝိညာဉ်သည် ပြန်လည်နိုးကြားလာသည်ကို ပြပြီး၊ ထိုသူသည် နောက်တစ်ကြိမ်တွင် တစ်စုံတစ်ရာ ကြုံလာသည့်အခါ ချက်ချင်း တုန့်ပြန်နိုင်မည် ဖြစ်သည်။ သူသည် တရားဒေသနာများကိုလည်း တုန့်ပြန်မှုရှိပြီး၊ အခြေအနေများကိုလည်း လျင်မြန်စွာ တုန့်ပြန်သည်။ ဤအရာသည် ဝိညာဉ်၏စိတ်ထက်သန်ခြင်း ဖြစ်သည်။ ပြင်ပတွင် ဖြစ်ပျက်နေသည့်အရာများကို လျင်မြန်စွာ တုန့်ပြန်တတ်သော်လည်း လက်တွေ့သဘောထဲ ဝင်ရောက်လာသည့်အခါ သို့မဟုတ် ဝိညာဉ်နှင့် ပတ်သက်သည့် အသေးစိတ်အရာများကို ပြောကြားသည်နှင့် တစ်ပြိုင်နက် သူတို့သည် ထုံထိုင်းကာ ဉာဏ်နှေးသွားသောသူ အများအပြား ရှိသည်။ သူတို့သည် သိသာထင်ရှားသည့် အရာကိုသာ နားလည်ကြသည်။ ဤအရာအားလုံးသည် ဝိညာဉ်ရေးတွင် ထုံထိုင်းကာ ဉာဏ်နှေးနေခြင်းနှင့် ဝိညာဉ်ရေးနှင့် ပတ်သက်သည့် အမှုအရာများတွင် အတွေ့အကြုံ အလွန်နည်းနေသေးခြင်းကို ပြသည့် လက္ခဏာများ ဖြစ်သည်။ အချို့လူများသည် ဝိညာဉ်ရေး၌ စိတ်အားထက်သန်ကာ အမြော်အမြင်လည်း ရှိသည်။ သူတို့၏ အခြေအနေကို ထောက်ပြသည့် နှုတ်ကပတ်တော်များကို ကြားသည်နှင့် အချိန်မဆွဲဘဲ ချက်ချင်း ရေးမှတ်ကြသည်။ လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများအကြောင်း နှုတ်ကပတ်တော်များကို ကြားသည်နှင့် ၎င်းတို့သည် ထို နှုတ်ကပတ်တော်များကို လက်ခံနိုင်ကြပြီး နောက်ပိုင်းတွင် ၎င်းတို့ တွေ့ကြုံရသည့် အတွေ့အကြုံများတွင် အသုံးချသဖြင့် မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲကြသည်။ ထိုသူသည် မိမိ၏ဝိညာဉ်ရေး၌ စိတ်အားထက်သန်သူ ဖြစ်သည်။ ထိုသူသည် အဘယ်ကြောင့် အလွန်လျင်မြန်စွာ တုန့်ပြန်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် မိမိ၏ နေ့စဉ်အသက်တာတွင် ဤအရာများအပေါ် အလေးဂရုပြုသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်သောအခါ ၎င်းတို့၏ အခြေအနေများနှင့် ကိုက်ညှိစစ်ဆေးပြီး မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သည်။ မိတ်သဟာယဖွဲ့ခြင်းကို ၎င်းတို့ကြားပြီး ၎င်းတို့ကို ဉာဏ်အလင်းဖွင့်ပေး၍ အလင်းပေးသည့် နှုတ်ကပတ်တော်များကို ကြားသောအခါ၊ ၎င်းတို့သည် ထိုအရာတို့ကို ချက်ချင်းပင် လက်ခံနိုင်ကြသည်။ ယင်းသည် ဆာလောင်နေသောသူအား အစာပေးခြင်းနှင့် ဆင်တူသည်၊ ထိုသူသည် ချက်ချင်းစားနိုင်သည်။ ဆာလောင်မှု မရှိသည့်သူကို အစာပေးပါက ထိုသူသည် မြန်မြန်ဆန်ဆန် တုန့်ပြန်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းပြီး တစ်စုံတစ်ရာနှင့် ကြုံသောအခါတွင် သင်သည် ချက်ချင်းတုန့်ပြန်နိုင်သည်- ယင်းသည် ဤကိစ္စ၌ ဘုရားသခင် အလိုရှိသောအရာနှင့် သင်ပြုမူသင့်သည့်အရာပင် ဖြစ်သည်။ သင်ပြုမူသင့်သည့် ပုံစံလည်းဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးအခေါက်က ဤကိစ္စ၌ သင့်ကို လမ်းပြပေးခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့သော အရာမျိုးနှင့် ယနေ့ တွေ့ကြုံရသောအခါ ဘုရားသခင်၏ စိတ်တော်နှင့် ကိုက်ညီသည့်နည်းဖြင့် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သင်အလိုအလျောက် သိရှိမည် ဖြစ်သည်။ သင်သည် ဤကဲ့သို့ အစဉ်အမြဲ လက်တွေ့လုပ်ဆောင်ပြီး အမြဲတွေ့ကြုံခံစားပါက၊ တစ်ချိန်ချိန်တွင် ဤအရာကို အလွယ်တကူ ကိုင်တွယ်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်သည့်အခါ ဘုရားသခင်သည် မည်ကဲ့သို့သောသူကို ရည်ညွှန်းပြောဆိုနေသည်ကို သင်သိပေသည်၊ မည်ကဲ့သို့သော ဝိညာဉ်၏ မည်သည့် အခြေအနေများအကြောင်း ပြောကြားနေသည်ကို သင်သိပြီး၊ အဓိက အချက်ကိုလည်း နားလည်သဘောပေါက်နိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤသည်မှာ သင်သည် တွေ့ကြုံခံစားနိုင်ကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။ အချို့သော သူများသည် ဤအရာနှင့်စပ်လျဉ်း၍ အဘယ်ကြောင့် အားနည်းနေကြသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် လက်တွေ့လုပ်ဆောင်ခြင်း၌ အားစိုက်ထုတ်မှု မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုကြသော်လည်း အစေခံခြင်း၏ အသေးစိတ် အကြောင်းအရာများနှင့် မိမိတို့အသက်တာ၏ သမ္မာတရားဆိုင်ရာ အသေးစိတ်များကို ကောင်းစွာ နားလည်သဘောပေါက်မှု မရှိပေ။ ၎င်းတို့သည် တစ်စုံတစ်ခုဖြစ်သောအခါ တွေဝေတတ်ကြသည်။ ဤသို့ဖြင့်၊ ပရောဖက် အတုအယောင်၊ တမန်တော် အတုယောင်များ ပေါ်လာသည့်အခါ သင်သည် လမ်းလွဲသွားနိုင်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် အမှုတော်အကြောင်း မကြာခဏ မိတ်သဟာရပြုရမည်- ဤနည်းဖြင့်သာလျှင် သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး အမြော်အမြင် ရှိလာမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ သင်၌ အမြော်အမြင် ရှိမည် မဟုတ်ပေ။ ဥပမာ ဘုရားသခင်သည် ပြောသည့်အရာ၊ ဘုရားသခင် အလုပ်လုပ်ပုံ၊ လူအများပေါ်တွင် ဘုရားသခင် တောင်းဆိုသည့်အရာ၊ သင်မည်ကဲ့သို့သူများနှင့် ထိတွေ့ဆက်ဆံရမည်၊ မည်ကဲ့သို့သူများကို ငြင်းပယ်ရမည်- ဤအရာများကို သင် မိတ်သဟာယပြုရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဤနည်းအတိုင်း အစဉ်အမြဲ ကြုံတွေ့ပါက၊ သင်သည် သမ္မာတရားကို နားလည်သဘောပေါက်လာပြီး၊ အမှုအရာများစွာကို စေ့စပ်သေချာစွာ သိရှိနားလည်လာမည်ဖြစ်ပြီး အမြော်အမြင်လည် ရှိလာမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းမှာ အဘယ်နည်း၊ လူသား၏အလိုဆန္ဒမှ ပေါ်ထွက်လာသည့် အပြစ်မှာ အဘယ်နည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြပို့ဆောင်ခြင်းမှာ အဘယ်နည်း၊ ပတ်ဝန်းကျင်၏တစ်ရပ်၏ စီမံမှုဆိုသည်မှာ အဘယ်နည်း၊ အတွင်း၌ နှုတ်ကပတ်တော်၏ ဉာဏ်အလင်းရခြင်းဆိုသည်မှာ အဘယ်နည်း။ ဤအရာများကို သင်ရှင်းလင်းစွာ မသိပါက သင်၌အမြော်အမြင် ရှိမည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည့်အရာကို သင်သည် သိရမည်၊ ပုန်ကန်သော စိတ်သဘောထားဆိုသည်မှာ မည်သည်ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့နာခံရမည်၊ ပုန်ကုန်တတ်သည့် စိတ်သဘောထား စွန့်လွှတ်ပုံတို့ကို သင်သိရမည်။ ဤအရာများကို အတွေ့အကြုံအရ သင်နားလည်ထားပါက၊ သင်၌ အခြေခံတစ်ရပ် ရှိမည်ဖြစ်သည်၊ တစ်စုံတစ်ရာ ဖြစ်သောအခါ သင့်တွင် နိုင်းယှဉ်ရန်အတွက် သင့်လျော်သော သမ္မာတရားလည်း ရှိမည်ဖြစ်ပြီး၊ သင့်လျော်သော ရူပါရုံများလည်း အခြေခံအုတ်မြစ်အဖြစ် ရှိမည်ဖြစ်သည်။ သင်လုပ်ဆောင်သည့် အမှုအရာတိုင်း၌ အခြေခံစည်းမျဉ်းများ ရှိမည်ဖြစ်ပြီး သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုအခါ သင်၏အသက်တာသည် ဘုရားသခင်၏ ဉာဏ်အလင်းရခြင်းနှင့် ပြည့်နေမည်၊ ကောင်းချီးမင်္ဂလာများနှင့် ပြည့်နေမည်။ ဘုရားသခင်သည် သူ့အား စိတ်ရင်းမှန်ဖြင့်ရှာဖွေသည့် မည်သူ့ကိုမဆို၊ သို့မဟုတ် သူ၏အလိုတော်နှင့်အညီ အသက်ရှင်ပြီး သူ့အတွက်သက်သေခံသည့် မည်သူကိုမဆို မတရားဆက်ဆံမည် မဟုတ်ပေ၊ ထို့အပြင် သမ္မာတရားကို စိတ်ရင်းအမှန်ဖြင့် ဆာငတ်နိုင်သည့် မည်သူကိုမဆို ကျိန်ဆဲမည်မဟုတ်ပေ။ သင်သည် နှုတ်ကပတ်တော်ကို စားသောက်နေသည့်အခါ၊ သင်၏ အခြေအနေအမှန်ကို ဂရုပြုနိုင်ပါက၊ သင်၏ လက်တွေ့လုပ်ဆောင်မှုကို ဂရုပြုပြီး၊ သင်၏နားလည်မှုကို ဂရုပြုပါက၊ သင်ပြဿနာတစ်ရပ်နှင့် ကြုံသည့်အခါတွင် ဉာဏ်အလင်း ရရှိမည်ဖြစ်ပြီး လက်တွေ့ကျသည့် နားလည်မှုကို ရရှိမည်ဖြစ်သည်။ ထိုအခါ သင်သည် အရာခပ်သိမ်း၌ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းနှင့် အမြော်အမြင်ရှိမည် ဖြစ်သည်။ သမ္မာတရား ရှိသောသူသည် လှည့်ဖြားခြင်းခံရရန် အလားအလာ မရှိ၊ ဖျက်လိုဖျက်ဆီးပြုမူရန် အလားအလာ မရှိသကဲ့သို့ လွန်ကဲစွာ ပြုမူရန်လည်း အလားအလာ မရှိပေ။ သမ္မာတရားကြောင့် ထိုသူသည် အကာအကွယ် ရှိပြီး၊ သမ္မာတရားကြောင့်လည်း သာ၍ နားလည်နိုင်စွမ်း ရရှိသည်။ သမ္မာတရားကြောင့် ၎င်း၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းများ ပိုမိုရှိကာ၊ ၎င်း၏အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အရေးများ ပိုရှိပြီးလျှင် စုံလင်စေခြင်းခံရရန်အတွက်လည်း အခွင့်အရေးများ ပိုရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၅၂)

သင် စုံလင်ခြင်းခံရမည်ဆိုပါက၊ ပြည့်မီရမည့် စံများ ရှိသည်။ သင်၏သန္နိဌာန်၊ သင်၏ဇွဲလုံ့လနှင့် သင်၏အသိစိတ်အားဖြင့်၊ ပြီးလျှင် သင်၏ လေ့လာလိုက်စားမှုအားဖြင့် သင်သည် အသက်ကို တွေ့ကြုံခံစားနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေနိုင်လိမ့်မည်။ ယင်းသည် သင်၏ ဝင်ရောက်မှု ဖြစ်ပြီး ဤအရာများသည် စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် လိုအပ်သောအရာများ ဖြစ်ကြသည်။ စုံလင်စေခြင်း အမှုကို လူ အားလုံးအပေါ်တွင် ပြုနိုင်သည်။ ဘုရားသခင် နောက်လိုက်သူ မည်သူမဆို စုံလင်စေခြင်းခံရနိုင်ပြီး စုံလင်စေခြင်းခံရရန် အခွင့်အရေးနှင့် အရည်အချင်းများ ရှိသည်။ ဤနေရာတွင် ပုံသေ စည်းမျဉ်းစည်းကမ်း မရှိပေ။ လူတစ်ဦး စုံလင်စေခြင်း ခံရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ ထိုလူ၏ လေ့လာလိုက်စားမှုအပေါ်တွင် အဓိက မူတည်သည်။ သမ္မာတရားကို မြတ်နိုးသောလူများနှင့် သမ္မာတရားဖြင့် အသက်ရှင်နေထိုင်နိုင်သော လူများသည် စုံလင်စေခြင်း ဧကန်အမှန် ခံရနိုင်ကြသည်။ သမ္မာတရားကို မမြတ်နိုးသော လူများသည် ဘုရားသခင်၏ ချီးကျူးခြင်းကို မခံကြရ။ ၎င်းတို့သည် ဘုရားသခင် တောင်းဆိုသော အသက်ကို မပိုင်ဆိုင်ကြသည့်အပြင်၊ ၎င်းတို့ကို စုံလင်စေ၍ မရပေ။ စုံလင်စေခြင်းအမှုသည် လူတို့အား ရရန်အတွက်သာ ဖြစ်ပြီး စာတန်အား ရင်ဆိုင် တိုက်ခိုက်ခြင်းအလုပ်၏ အစိတ်အပိုင်းတစ်ခု မဟုတ်ပေ။ သိမ်းပိုက်ခြင်းအမှုသည် စာတန်အား ရင်ဆိုင် တိုက်ခိုက်ရန်အတွက်သာ ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်အား အနိုင်ယူရန် လူသားအား သိမ်းပိုက်ခြင်းကို အသုံးပြုခြင်း ဖြစ်သည်။ သိမ်းပိုက်ခြင်း အမှုသည် အဓိက အမှု ဖြစ်ပြီး အသစ်ဆုံး အမှုဖြစ်ကာ ထိုအမှုသည် ခေတ်ကာလ အားလုံးတွင် မည်သည့်အခါမျှ မလုပ်ခဲ့ရသေးသော အမှု ဖြစ်သည်။ အမှု၏ ဤအဆင့်၏ရည်မှန်းချက်ပန်းတိုင်မှာ စာတန်ကို အောင်နိုင်ရန် လူအားလုံးကို သိမ်းပိုက်ရန် အဓိကအားဖြင့် ဖြစ်သည်ဟု ဆိုနိုင်သည်။ လူများကို စုံလင်စေခြင်းအမှု- ယင်းသည် အမှု အသစ် မဟုတ်ပေ။ ဘုရားသခင်၏ ဇာတိပကတိ၌အမှု အတောအတွင်းဝယ် အမှုအားလုံး၏ ရည်မှန်းချက်ပန်းတိုင်၏ အနှစ်သာရမှာ လူတို့အား သိမ်းပိုက်ရန် ဖြစ်သည်။ ယင်းမှာ ကားစင်တင်သတ်ခံခြင်းအားဖြင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းသည် အဓိကအမှုဖြစ်ခဲ့သည့်အချိန် ကျေးဇူးတော်ခေတ်ကကဲ့သို့ ဖြစ်သည်။ “လူတို့အား ရခြင်း” မှာ ဇာတိပကတိ၌ လုပ်ဆောင်သော အမှုအပြင် အပိုဖြစ်ပြီး ကားစင်တင်သတ်ခံခြင်း နောက်ပိုင်းမှသာ လုပ်ဆောင်ခဲ့၏။ ယေရှုကြွလာခဲ့ပြီး သူ၏အမှုကို လုပ်ဆောင်ခဲ့သည့်အချိန်က သူ၏ရည်မှန်းချက်ပန်းတိုင်မှာ စာတန်၏ စွမ်းအားကို အောင်မြင်ရန် သူကားစင်တင်သတ်ခံခြင်းကို အဓိကအသုံးပြုပြီး သေခြင်းနှင့် မရဏနိုင်ငံ၏ ချည်နှောင်မှုအပေါ် အနိုင်ယူရန် ဖြစ်သည်- ဆိုလိုသည်မှာ စာတန်အား အောင်နိုင်ရန် ဖြစ်သည်။ ယေရှု ကားစင်တင်သတ်ခံရပြီးသည့် နောက်ပိုင်းမှသာ ပေတရုသည် စုံလင်ခြင်း လမ်းကြောင်းပေါ်သို့ ဖြည်းဖြည်းနှင့်မှန်မှန်တက်ခဲ့ခြင်း ဖြစ်သည်။ ပေတရုသည် ယေရှု အမှုပြုနေခဲ့စဉ် အချိန်က ယေရှုနောက် လိုက်ခဲ့သူများအကြား တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်မှာ မှန်သော်လည်း၊ သူသည် ထိုအချိန်အတောအတွင်းက စုံလင်စေခြင်း မခံခဲ့ရသေးပေ။ အတိအကျဆိုရလျှင် ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်ပြီးမြောက်ခဲ့ပြီး နောက်ပိုင်းမှသာ ပေတရုသည် သမ္မာတရားကို တဖြည်းဖြည်း နားလည်ခဲ့ပြီးနောက် စုံလင်လာခဲ့ခြင်း ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကကျပြီး အရေးကြီးသော အမှု၏ အဆင့်တစ်ဆင့်ကို အချိန်တိုအတွင်း လုပ်ဆောင်ပြီးစီးရန်အတွက်သာ ကမ္ဘာမြေကြီးပေါ်သို့ လာရောက်ခြင်းဖြစ်ပြီး လူတို့အား စုံလင်စေခြင်းငှာ ၎င်းတို့အကြား ကမ္ဘာမြေကြီးပေါ်တွင် ရေရှည်နေထိုင်ရန် မဟုတ်ပေ။ သူသည် ထိုအမှုကို မလုပ်ဆောင်ပေ။ သူသည် သူ၏ အမှုကို လက်စသတ်ရန် လူသား လုံးလုံးလျားလျား စုံလင်စေခြင်းခံရသည့် အချိန်အထိ မစောင့်ပေ။ ထိုအရာသည် သူ၏ လူ့ဇာတိခံယူခြင်း၏ ရည်မှန်းချက်ပန်းတိုင်နှင့် အရေးပါမှု မဟုတ်ပေ။ သူသည် လူသားမျိုးနွယ်အား ကယ်တင်သော ရေတိုအမှုကို လုပ်ဆောင်ရန်သာ လာခြင်းဖြစ်ပြီး လူသားမျိုးနွယ်အား စုံလင်စေသော ရေရှည်အမှုကို လုပ်ဆောင်ရန်အတွက် လာခြင်းမဟုတ်ပေ။ လူသားမျိုးနွယ်အားကယ်တင်ခြင်း အမှုသည် ကိုယ်စားပြုသော အမှု၊ ခေတ်ကာလ အသစ်ကို စတင် နိုင်စွမ်းရှိသော အမှု ဖြစ်သည်။ ယင်းကို ကာလတိုအတွင်း လုပ်ဆောင်ပြီးစီးနိုင်သည်။ သို့သော်လည်း လူသားမျိုးနွယ်အား စုံလင်စေခြင်းမှာ လူသားတို့အား တိကျသော အဆင့်အတန်းတစ်ခုသို့ ရောက်စေရန်အတွက် ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်၊ ယင်းကဲ့သို့သောအမှုသည် အချိန်ကြာမြင့်သည်။ ယင်းသည် ဘုရားသခင်၏ဝိညာဉ်တော်က လုပ်ဆောင်ရမည့်အမှု ဖြစ်သည်။ သို့သော် ယင်းကို လူ့ဇာတိ၌လုပ်ဆောင်သည့်အမှု အချိန်အတောအတွင်း ပြောသော သမ္မာတရားအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းကို သူ၏ လူသားမျိုးနွယ်အား စုံလင်စေခြင်း ရည်မှန်းချက်ပန်းတိုင် စွမ်းဆောင်ရရှိရန်အတွက် ရေရှည် ဦးဆောင်လမ်းပြသည့် အမှုကိုလုပ်ရန် တမန်တော်များကို ပေါ်ထွန်းစေခြင်း အားဖြင့်လည်း လုပ်ဆောင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ဤ အမှုကို မလုပ်ဆောင်ပေ။ ယင်းသည် သူ၏ အမှုတော်ထဲတွင် မပါဝင်ခြင်းကြောင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးရာတွင် လူသားနှင့်အတူ အဆက်မပြတ် လိုက်ပါနေခြင်းထက် လူတို့ နားလည်စေရန် အသက် လမ်းခရီး အကြောင်းကိုသာ ပြောပြပြီး လူသားမျိုးနွယ်အား သမ္မာတရားကိုသာ ပေးသည်။ ထို့ကြောင့် သူသည် လူသား သမ္မာတရားကို အကြွင်းမဲ့ နားလည်ပြီး သမ္မာတရားကို အကြွင်းမဲ့ ရရှိသည့် နေ့ရက်အထိ လူသားနှင့်အတူ လိုက်ပါနေလိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် စနစ်တကျ ဝင်ရောက်သည့်အခါ၊ လူသားသည် စုံလင်စေခြင်းခံရမည့် လမ်းကြောင်းမှန်ပေါ်သို့ ခြေချသည့်အခါ၊ သူ၏ ဇာတိပကတိ၌အမှု ပြီးဆုံးသည်။ ဤသည်မှာ သူသည် စာတန်အား လုံးလုံးလျားလျား အောင်နိုင်ပြီး လောကကြီးကို အောင်မြင်သော အချိန်လည်း အမှန်ပင် ဖြစ်သည်။ ထိုအချိန်တွင် လူသားသည် အဆုံး၌ သမ္မာတရားထဲသို့ ဝင်ရောက်ပြီးလိမ့်မည် ဟုတ် မဟုတ်ကို သူဂရုမစိုက်သည့်အပြင် လူသား၏ အသက်သည် ကြီးမြတ်သည် သို့မဟုတ် မပြောပလောက်သည်ကိုလည်း သူ ဂရုမစိုက်ပေ။ ထိုအရာများအနက် တစ်ခုမျှသည် ဇာတိပကတိ၌ သူ စီမံခန့်ခွဲနေသင့်သည့်အရာ မဟုတ်၊ ယင်းအရာများအနက် တစ်ခုမျှသည် လူ့ဇာတိခံဘုရားသခင်၏ အမှုတော်အတွင်း မရှိပေ။ သူသည် သူရည်ရွယ်ထားသော အမှုကို လုပ်ဆောင်ပြီးစီးသည့်အခါ၊ သူ၏ ဇာတိပကတိ၌အမှုကိုလည်း အပြီးသတ်မည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင် လုပ်သော အမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် မလုပ်ဆောင်နိုင်သည့် အမှုသာ ဖြစ်သည်။ ထို့အပြင် ထိုအရာသည် ရေတို ကယ်တင်ခြင်းအမှု ဖြစ်ပြီး ကမ္ဘာမြေကြီး ပေါ်တွင် သူရေရှည် လုပ်ဆောင်မည့် အမှု မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၅၃)

သင်တို့အကြား၌ လုပ်ဆောင်နေသော ဤအမှုသည် လုပ်ရန်လိုအပ်သော အမှုနှင့်အညီ သင်တို့ အပေါ် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤလူတို့ကို သိမ်းပိုက်ပြီးနောက် လူတစ်စုသည် စုံလင်စေခြင်း ခံရလိမ့်မည်။ ထို့ကြောင့် ယခုအမှု၏ ပမာဏများစွာသည် သင်တို့အား စုံလင်စေရန်ဟူသော ရည်မှန်းချက်ပန်းတိုင်အတွက် ပြင်ဆင်ပေးခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စုံလင်ခြင်းခံရနိုင်သော သမ္မာတရားကို ဆာငတ်နေသူ များစွာရှိသောကြောင့် ဖြစ်သည်။ အကယ်၍ သင်တို့အပေါ်၌ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခဲ့ပြီး ၎င်းနောက်တွင် နောက်ထပ်လုပ်သောအမှု မရှိတော့ပါက၊ သမ္မာတရားကို တမ်းတသော လူအချို့တို့သည် ယင်းကို မရရန်အကြောင်း ဖြစ်လိမ့်မည် မဟုတ်လော။ ယခုမျက်မှောက်အမှုသည် လူတို့အား နောက်ပိုင်းတွင် စုံလင်စေရန်အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးဖို့ ရည်ရွယ်သည်။ ငါ၏အမှုသည် သိမ်းပိုက်ခြင်း အမှုမျှသာ ဖြစ်သော်လည်း ငါပြောသော အသက် လမ်းခရီးသည် လူတို့အား နောက်ပိုင်းတွင် စုံလင်စေရန် ပြင်ဆင်ပေးခြင်းပင် ဖြစ်သည်။ သိမ်းပိုက်ခြင်း ပြီးနောက် လာသော အမှုသည် လူတို့အား စုံလင်စေခြင်းအပေါ် ဗဟိုပြုပြီး ထိုသိမ်းပိုက်ခြင်းသည် စုံလင်စေခြင်းအမှုအတွက် အုတ်မြစ်တစ်ခု ချပေးရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ လူသားသည် သိမ်းပိုက်ခံရပြီးမှသာ စုံလင်စေခြင်းခံရနိုင်သည်။ ယခု မျက်မှောက်တွင် အဓိကအမှုတာဝန်မှာ သိမ်းပိုက်ရန် ဖြစ်သည်၊ နောက်ပိုင်းတွင် သမ္မာတရားကို ရှာဖွေကာ တောင့်တသောသူများသည် စုံလင်စေခြင်း ခံရလိမ့်မည်။ စုံလင်စေခြင်းခံရခြင်းတွင် သင့်၌ ဘုရားသခင်ကို ချစ်သော စိတ်နှလုံး ရှိသလော။ သင် ဤလမ်းကြောင်းကို လျှောက်ပြီးဖြစ်သည့်အတွက် သင်၏အတွေ့အကြုံတို့၏ နက်နဲမှုမှာ အဘယ်နည်း။ ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းသည် မည်မျှ သန့်စင်သနည်း။ သမ္မာတရားကို သင် မည်မျှ တိတိကျကျ လက်တွေ့လုပ်ဆောင်သနည်း ဟူသည့် လူတို့၏ နိုးကြားထကြွသော ဝင်ရောက်ခြင်း သွင်ပြင်များ ပါဝင်သည်။ စုံလင်စေခြင်းခံရရန် လူတစ်ဦးတွင် လူ့သဘာဝ၏ သွင်ပြင်အားလုံးနှင့်သက်ဆိုင်သည့် အခြေခံ အသိပညာ ရှိရမည်။ ယင်းသည် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သည်။ သိမ်းပိုက်ခြင်း ခံရပြီးနောက် စုံလင်ခြင်းမခံနိုင်သောသူ အားလုံးသည် အသုံးတော်ခံ အရာဝတ္ထုများ ဖြစ်လာကာ ကန့်နှင့် ရောနှောသော မီးအိုင်ထဲသို့ နောက်ဆုံးတွင် အပစ်ချခံရဦးမည် ဖြစ်ပြီး အနက်ဆုံးသောတွင်းထဲသို့ ကျလိမ့်ဦးမည်။ အဘယ်ကြောင့်ဆိုသော် သင်၏ စိတ်သဘောထားသည် မပြောင်းလဲသေးဘဲ၊ သင်သည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်သောကြောင့် ဖြစ်၏။ အကယ်၍ လူသား တစ်ဦးသည် စုံလင်ခြင်းအတွက် အရည်အချင်းများ မရှိပါက၊ သူသည် သုံးမရသော သူ- သူသည် မီးဖြင့် စမ်းသပ်မှုကို မခံနိုင်သော အမှိုက်၊ တန်ဆာပလာ တစ်ခုသာ ဖြစ်လေစွ။ ယခုမျက်မှောက်တွင် ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းသည် မည်မျှ ကြီးမားသနည်း။ သင့်ကိုယ်သင် စက်ဆုပ်ရွံမုန်းခြင်းသည် မည်မျှ ကြီးမားသနည်း။ စာတန်ကို သင် မည်မျှ နက်နက်နဲနဲ အမှန်တကယ် သိသနည်း။ သင်တို့၏ သန္နိဌာန်ကို သင်တို့ ခိုင်ခံ့အောင် လုပ်ပြီးပြီလော။ လူ့သဘာဝထဲက သင်တို့၏ အသက်တာသည် ကောင်းစွာ ထိန်းကျောင်း ခံထားရသလော။ သင်တို့၏အသက်တာ ပြောင်းလဲခဲ့ပြီလော။ အသစ်သော အသက်တာတစ်ခုဖြင့် သင်တို့ အသက်ရှင်နေသလော။ သင်တို့၏ အသက်တာ အမြင်သဘောထား ပြောင်းလဲခဲ့ပြီလော။ အကယ်၍ ထိုအရာများ မပြောင်းလဲသေးပါက၊ သင် နောက်မဆုတ်သည့်တိုင် သင်သည် စုံလင်စေခြင်း မခံရနိုင်ပေ၊ ထို့ထက် သင်သည် သိမ်းပိုက်ခြင်းကိုသာ ခံရပြီးဖြစ်သည်။ သင့်ကို စမ်းသပ်ရန်အချိန် ရောက်သည့်အခါ သင်၌ သမ္မာတရား မရှိ၊ သင်၏ လူ့သဘောသဘာဝသည် ပုံမှန် မဟုတ်ဘဲ၊ သင်သည် ဝန်တင်တိရစ္ဆာန် တစ်ကောင်တမျှ နိမ့်ကျနေလိမ့်မည်။ သင်၏ တစ်ခုတည်းသော ကြိုးပမ်းအားထုတ်၍ ရရှိသောအရာသည် သိမ်းပိုက်ခံခဲ့ရခြင်း ဖြစ်လိမ့်မည်၊ သင်သည် ငါသိမ်းပိုက်သော အရာတစ်ခုမျှသာ ဖြစ်လိမ့်မည်။ သင်သည် သခင်၏ ကျာပွတ်စာ တစ်ခါ မိဖူးပြီးနောက် သခင်ကို မြင်သည့်အခါတိုင်း ဆိုးသွမ်းရန် ကြောက်ရွံ့ထိတ်လန့်သော မြည်းကဲ့သို့ ဖြစ်သွားသည်၊ သင်သည် အသိမ်းပိုက်ခံခဲ့ရသော မြည်းတစ်ကောင်မျှသာ ဖြစ်လိမ့်မည်။ အကယ်၍ လူတစ်ဦးသည် အပြုသဘောဆောင်သော ထိုသွင်ပြင်များ မရှိဘဲ ယင်းအစား အရာအားလုံး၌ မတုန်မလှုပ် ဖြစ်နေခြင်း၊ ကြောက်ရွံ့ခြင်း၊ တွန့်ဆုတ်ခြင်းနှင့် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေကာ မည်သည့်အရာကိုမျှ ရှင်းလင်းစွာ သိမြင်နိုင်ခြင်းမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်းမရှိ၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း မရှိဆဲ၊ ထိုမျှပင်မက ဘုရားသခင်ကို ချစ်တတ်သော စိတ်နှလုံးလည်း မရှိ- အကယ်၍ လူတစ်ဦးသည် ဘုရားသခင်ကို မည်သို့ ချစ်ရမည်ကို နားလည်ခြင်း မရှိ၊ အဓိပ္ပာယ်ရှိသော အသက်တာဖြင့် မည်သို့ အသက်ရှင်ရမည်ကို မသိ၊ သို့မဟုတ် စစ်မှန်သော လူတစ်ဦး မည်သို့ ဖြစ်ရမည်ကို မသိပါက- ယင်းကဲ့သို့သော လူသည် ဘုရားသခင်အတွက် မည်ကဲ့သို့ သက်သေခံနိုင်မည်နည်း။ ဤအရာက သင်၏အသက်တာသည် တန်ဖိုးအနည်းငယ်သာရှိပြီး သင်သည် သိမ်းပိုက်ခံရသော မြည်းတစ်ကောင်သာ ဖြစ်ကြောင်း ပြသလိမ့်မည်။ သင်သည် အသိမ်းပိုက် ခံရလိမ့်မည် ဖြစ်သော်လည်း ယင်းက သင်သည် အဆင်းနီသော နဂါးကြီးကို ကျောခိုင်းခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်း၏အုပ်စိုးမှုထံ ကျိုးနွံနာခံရန် ငြင်းပယ်ပြီး ဖြစ်ကြောင်းမျှသာ ဆိုလိုလိမ့်မည်။ သင်သည် ဘုရားသခင်ရှိသည်ဟု ယုံကြည်ကြောင်း၊ ဘုရားသခင်၏ အစီအစဉ်အားလုံးကို နာခံလိုပြီး ညည်းညူစရာ မရှိကြောင်း ယင်းက ဆိုလိုလိမ့်မည်။ သို့သော်လည်း အပြုသဘောဆောင်သော သွင်ပြင်များအတွက်ဆိုလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင်နေထိုင်နိုင်စွမ်းနှင့် ဘုရားသခင်ကို ထင်ရှားစေနိုင်စွမ်း ရှိသလော။ အကယ်၍ သင့်၌ ဤသွင်ပြင် တစ်စုံတစ်ခုမျှ မရှိပါက သင်သည် ဘုရားသခင်၏ ရယူခြင်းကို မခံရသေးဘဲ သင်သည် သိမ်းပိုက်ခံရသော မြည်းတစ်ကောင်သာ ဖြစ်ကြောင်း ယင်းကဆိုလိုသည်။ သင့်အထဲ၌ နှစ်လိုဖွယ်ရာ တစ်စုံတစ်ရာမျှ မရှိ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အမှု မလုပ်။ သင်၏လူ့သဘာဝသည် ချို့တဲ့လွန်းနေ၏၊ သင့်အား ဘုရားသခင် အသုံးပြုရန် မဖြစ်နိုင်။ သင်သည် ဘုရားသခင်၏ အတည်ပြုခြင်း ခံရရန် လိုအပ်ပြီး မယုံကြည်သော လူ့တိရစ္ဆာန်များ နှင့် အသက်မရှိဘဲ လမ်းလျှောက်နေသော သူတို့ထက် အဆတစ်ရာ ပို၍ သာလွန်ရန် လိုအပ်သည်။ ဤအဆင့်သို့ရောက်သော သူများသာ စုံလင်စေခြင်းခံရရန် အရည်အချင်း ပြည့်မီသည်။ အကယ်၍ အကြင်သူသည် လူ့သဘာဝရှိပြီး အသိစိတ် ရှိမှသာလျှင် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်သူ ဖြစ်သည်။ သင်တို့သည် စုံလင်စေခြင်းခံရပြီးသောအခါမှသာ လူသားဟူ၍ ယူဆခြင်းခံရနိုင်သည်။ စုံလင်စေခြင်း ခံရသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာများဖြင့် အသက်ရှင်သောသူများ ဖြစ်သည်။ ယင်းသို့သော သူများသာ ဘုရားသခင်ကို သာ၍ ထူးကဲစွာပင် သက်သေခံနိုင်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၅၄)

ဘုရားသခင်သည် လူသားကို စုံလင်စေသော လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းတွင် မည်သည့်ရှုထောင့်များ ပါဝင်သနည်း။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် လိုလားလျက်ရှိသလော။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် သင် လိုလားလျက်ရှိသလော။ ဤမေးခွန်းများနှင့်သက်ဆိုင်၍ သင် မည်သည့်အရာကို သိသနည်း။ သင့်အနေဖြင့် ပြောစရာ အသိပညာမရှိပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ အမှုကို မသိသေးသည်ကို၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေးခြင်းကို လုံးဝမခံရသေးသည်ကို သက်သေပြပေသည်။ ထိုသို့သော လူမျိုးအတွက် စုံလင်စေခြင်း ခံရဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် ခဏတာ မွေ့လျော်ဖို့ ကျေးဇူးတော် ပမာဏအနည်းငယ်ကိုသာ ရရှိကာ ယင်းသည် ကြာရှည်ခံလိမ့်မည်မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်ပါက၊ ဘုရားသခင်၏ စုံလင်စေခြင်း မခံရနိုင်ပေ။ အချို့မှာ ၎င်းတို့၏ ဇာတိပကတိမှာ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းရှိသည့်အခါ၊ ၎င်းတို့၏ အသက်တာသည် သက်သာလွယ်ကူပြီး အခက်အခဲ သို့မဟုတ် ကံအကြောင်းမလှသည့်ဖြစ်ရပ် မရှိသည့်အခါ၊ ၎င်းတို့၏ တစ်မိသားစုလုံး ယှဉ်ပြိုင်မှု သို့မဟုတ် အငြင်းအခုံ မရှိဘဲ၊ စိတ်သဘောထားညီညွတ်ခြင်းဖြင့် အသက်ရှင်ကြသည့်အခါ၊ စိတ်ကျေနပ်ကြ၏- ပြီးလျှင် ဤအရာကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအဖြစ်ပင် ၎င်းတို့ ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ အမှန်တွင်၊ ယင်းသည် ဘုရားသခင်၏ ကျေးဇူးတော်မျှသာ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ မွေ့လျော်ခြင်းမျှဖြင့် ကျေနပ်၍ မရပေ။ ထိုသို့သော တွေးခေါ်ခြင်းသည် အလွန်ပင် အောက်တန်းကျလှသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ရှုပြီး၊ နေ့စဉ် ဆုတောင်းကာ သင်၏ စိတ်ဝိညာဉ်သည် ကြီးမားသော ပျော်ရွှင်မှု ခံစားရကာ အထူး အေးချမ်းလျှင်ပင်၊ နောက်ဆုံးတွင် ဘုရားသခင်နှင့် သူ၏အမှုနှင့်ဆိုင်သော အသိပညာနှင့်သက်ဆိုင်၍ မည်သည့်အရာမျှ သင် ပြောဆိုဖို့မရှိသကဲ့သို့ မည်သည့်အရာမျှ မတွေ့ကြုံဖူးပါက၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်မျှ စားသောက်ပြီးသည်ဖြစ်စေ၊ သင် ခံစားရသမျှအားလုံးမှာ ဝိညာဉ်ရေးရာ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းသာဖြစ်ပါက၊ သင့်အနေဖြင့် ကျေနပ်လောက်အောင် မမွေ့လျော်နိုင်သည့်အလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် နှိုင်းဆမရအောင် ချိုမြိန်သည်ဟု ခံစားရသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် လက်တွေ့ကျသော မည်သည့်အတွေ့အကြုံမျှမရှိသကဲ့သို့ သူ၏နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရား လုံးဝ ကင်းမဲ့ပါက၊ ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ အနှစ်သာရကို အသက်ရှင်နေထိုင်နိုင်ခြင်း မရှိပါက၊ ဤနှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းနှင့် သင်၏ဆုတောင်းခြင်းများသည် ဘာသာရေးယုံကြည်မှုသာ ဖြစ်ပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ စုံလင်စေခြင်းမခံရနိုင်သကဲ့သို့၊ ဘုရားသခင်၏ ရယူခြင်းကို မခံရနိုင်ပေ။ ဘုရားသခင်၏ ရယူခြင်းခံရသူတို့သည် သမ္မာတရားကို လိုက်စားရှာဖွေသော သူများဖြစ်ကြ၏။ ဘုရားသခင် ရယူသောအရာမှာ လူသား၏ ဇာတိပကတိမဟုတ်၊ သူနှင့်သက်ဆိုင်သော အရာများမဟုတ်ဘဲ၊ သူ၏အတွင်းရှိ ဘုရားသခင်နှင့်သက်ဆိုင်သည့် အစိတ်အပိုင်း ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်သည် လူတို့ကို စုံလင်စေသည့်အခါ၊ ၎င်းတို့၏ ဇာတိပကတိကို မဟုတ်ဘဲ၊ ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ ရယူခြင်းခံခွင့်ပေးလျက် စုံလင်စေပေသည်။ ဆိုလိုသည်မှာ၊ အနှစ်သာရအားဖြင့်၊ လူသားကို ဘုရားသခင် စုံလင်စေခြင်းဆိုသည်မှာ လူသား၏စိတ်နှလုံးသည် ဘုရားသခင်ထံလှည့်နိုင်ဖို့ရန်နှင့် သူ့ကို ချစ်နိုင်ဖို့အလို့ငှာ ဤစိတ်နှလုံးကို စုံလင်စေခြင်း ဖြစ်သည်။

လူသား၏ ဇာတိပကတိသည် သေမျိုးဖြစ်သည်။ လူသား၏ ဇာတိပကတိသည် မလွဲဧကန် ယိုယွင်းပျက်စီးသည့်အရာတစ်ခု ဖြစ်ပြီး ဘုရားသခင်၏ အမွေဥစ္စာ သို့မဟုတ် ကောင်းချီးမင်္ဂလာများကို မရရှိနိုင်သည့်အတွက် လူသား၏ ဇာတိပကတိကို ရယူခြင်းသည် ဘုရားသခင်အတွက် မည်သည့် အကျိုးမျှ မပေးပေ။ အကယ်၍ လူသား၏ ဇာတိပကတိသည် ရယူခြင်းခံခဲ့ရကာ ဤရေစီးကြောင်းထဲတွင် လူသား၏ ဇာတိပကတိသာ ရှိခဲ့ပါက၊ လူသားသည် ရေစီးကြောင်းထဲတွင် အမည်အရ ရှိမည်ဖြစ်သော်လည်း၊ သူ၏စိတ်နှလုံးသည် စာတန်နှင့်သက်ဆိုင်မည် ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် ဘုရားသခင်၏ သရုပ်သကန် ဖြစ်လာနိုင်ကြမည် မဟုတ်သည်သာမက၊ သူ၏ ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်လာမည်ဖြစ်ပြီး၊ ထို့ကြောင့် လူတို့ကို ဘုရားသခင် ရွေးကောက်ခြင်းသည် အဓိပ္ပာယ် ကင်းမဲ့လာမည်ဖြစ်သည်။ စုံလင်စေဖို့ ဘုရားသခင် ရည်ရွယ်သော သူအားလုံးသည် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာကို ရရှိကြလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ၎င်းတို့အတွင်း ရှိသည့်အရာဖြစ်လာဖို့အလို့ငှာ ၎င်းတို့ ခံယူကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးကို သူတို့၏အထဲတွင် ဖြစ်ပေါ်စေခဲ့ကြသည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် မည်သည့်အရာဖြစ်ပါစေ၊ သင်တို့သည် အဖြစ်အတိုင်း အတိအကျ အားလုံးကို ခံယူနိုင်ပြီး၊ ထိုသို့ဖြင့် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်လေသည်။ ဤသည်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရပြီး ဘုရားသခင်၏ ရယူခြင်းခံရသည့် လူစားမျိုးဖြစ်သည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသာ ဘုရားသခင် အပ်နှင်းသည့် ကောင်းချီးမင်္ဂလာများကို ရရှိရန် အရည်အချင်း ပြည့်မီပေသည်-

၁။ ဘုရားသခင်၏ မေတ္တာတစ်ခုလုံးကို ရရှိခြင်း။

၂။ အရာခပ်သိမ်းတွင် ဘုရားသခင်အလိုနှင့်အညီ ပြုမူခြင်း။

၃။ ဘုရားသခင်၏လမ်းပြမှု ရရှိခြင်း၊ ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ခြင်းနှင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိခြင်း။

၄။ ဘုရားသခင် ချစ်သော ပုံသဏ္ဌာန်ကို မြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ခြင်း။ ဘုရားသခင်အတွက် ကားစင်တင်ခံရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ဆုလာဘ်အနေဖြင့် အသေခံထိုက်သော ပေတရုကဲ့သို့ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်း။ ပေတရုကဲ့သို့ ထပ်တူ ဘုန်းအသရေ ရှိခြင်း။

၅။ ကမ္ဘာပေါ်က အယောက်တိုင်း၏ ချစ်ခင်နှစ်သက်ခံရခြင်း၊ ရိုသေခံရခြင်းနှင့် အားကျလေးစားခံရခြင်း။

၆။ သေခြင်းနှင့် မရဏာနိုင်ငံ၏ ကျေးကျွန်ဘဝနှင့်ဆိုင်သည့် ရှုထောင့်တိုင်းကို အောင်မြင်ခြင်း၊ စာတန်ကို သူ၏ အလုပ် လုပ်ဆောင်ရန် အခွင့်အရေးမပေးခြင်း၊ ဘုရားသခင်၏ ပိုင်ဆိုင်မှုခံရခြင်း၊ လန်းဆန်းပြီး တက်ကြွသော စိတ်ဝိညာဉ်အတွင်း အသက်ရှင်ခြင်းနှင့် တိုးကာ ပန်းလျနွမ်းနယ်မသွားခြင်း။

၇။ ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သော နေ့ရက် ရောက်ရှိခြင်းကို ရှုမြင်ပြီးသည့်သဖွယ်၊ ဘဝတစ်လျှောက် အချိန်တိုင်း ပြောမပြတတ်လောက်အောင်ဖြစ်သည့် ပီတိစိတ်နှင့် စိတ်လှုပ်ရှားပျော်ရွင်မှုတို့ ရှိခြင်း။

၈။ ဘုရားသခင်နှင့်အတူ ဘုန်းအသရေ ရရှိခြင်းနှင့် ဘုရားသခင်ချစ်သော သန့်ရှင်းသူတို့နှင့် ဆင်သော မျက်နှာတစ်ခု ရှိခြင်း။

၉။ မြေကြီးပေါ်တွင် ဘုရားသခင်ချစ်သောအရာ၊ ဆိုလိုသည်မှာ ဘုရားသခင် ချစ်သောသား၊ ဖြစ်လာခြင်း။

၁၀။ အသွင်ပြောင်းကာ တတိယကောင်းကင်သို့ ဘုရားသခင်နှင့် အတူ တက်ကြွခြင်းနှင့် ဇာတိပကတိကို ကျော်လွန်ခြင်း။

ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို အမွေခံနိုင်သော သူတို့သာလျှင် ဘုရားသခင်၏ စုံလင်စေခြင်းခံရကာ ရယူခြင်းခံရပေသည်။ သင်သည် လက်ရှိအချိန်တွင် တစ်ခုခုကို ရရှိပြီးပြီလော။ ဘုရားသခင်သည် သင့်ကို မည်သည့်အတိုင်းအတာအထိ စုံလင်စေပြီးဖြစ်သနည်း။ ဘုရားသခင်သည် လူသားကို ကြုံရာကျပန်း မစုံလင်စေပေ။ လူသားကို သူစုံလင်စေခြင်းသည် အခြေအနေကို မူတည်ပြီး သိသာရှင်းလင်းကာ မြင်သာသည့် ရလဒ်များရှိပေသည်။ ယင်းသည် လူသားက စိတ်ကူးသကဲ့သို့၊ ဘုရားသခင်၌ သူ ယုံကြည်မှုရှိသရွေ့ သူသည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်ကာ ရယူခြင်းခံရနိုင်ပြီး၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာ ရရှိနိုင်သည်ဟူ၍ မဟုတ်ပေ။ လူတို့၏ သဏ္ဌာန်ပြောင်းလဲခြင်းကို အသာထားဦး- ထိုသို့သော အရာများသည် အလွန့်အလွန် ခက်ခဲပေသည်။ လက်ရှိအချိန်တွင်၊ သင်တို့ အဓိက ရှာဖွေသင့်သည့်အရာမှာ အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန်နှင့် သင်တို့အထဲတွင် ဘုရားသခင်၏ ဖြစ်ခြင်း သာ၍ဖြစ်ပေါ်စေဖို့အလို့ငှာ၊ သင် ရင်ဆိုင်ရသည့် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများအားလုံးမှတစ်ဆင့် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ဖြစ်သည်။ သင်သည် ဦးစွာပထမ ဘုရားသခင်၏ အမွေဥစ္စာ ရရှိရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ထံမှ သာ၍များပြားပြီး သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများကို အမွေခံရန် အရည်အချင်း ပြည့်မီလာလိမ့်မည် ဖြစ်သည်။ ဤအရာအားလုံးသည် အခြားအရာများအားလုံးမတိုင်မီ သင်တို့ ရှာဖွေသင့်ပြီး နားလည်သင့်သည့်အရာများ ဖြစ်သည်။ အရာခပ်သိမ်းတွင် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ သင် ကြိုးစားလေလေ၊ အရာခပ်သိမ်းတွင် ဘုရားသခင်၏လက်ကို သင်မြင်လေလေ ဖြစ်လိမ့်မည်၊ ယင်း၏ အကျိုးဆက်အနေဖြင့် သင်သည် ကွဲပြားသော ရှုထောင့်များမှတစ်ဆင့်နှင့် ကွဲပြားသော ကိစ္စရပ်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဖြစ်တည်မှုထဲသို့ ဝင်ရောက်ဖို့နှင့် သူ၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ တက်ကြွစွာ ကြိုးစားလိမ့်မည် ဖြစ်သည်။ အပြစ်များကို မကျူးလွန်ခြင်း၊ သို့မဟုတ် အယူအဆများ မရှိခြင်း၊ ရှင်သန်ခြင်းအတွက် ဒဿနမရှိခြင်းနှင့် လူသား အလိုဆန္ဒ မရှိခြင်းမျှကဲ့သို့သော မတုန်မလှုပ်အခြေအနေများဖြင့် သင်သည် ကျေနပ်ရောင့်ရဲ၍ မဖြစ်ပေ။ ဘုရားသခင်သည် လူသားကို နည်းလမ်း အမြောက်အများဖြင့် စုံလင်စေသည်။ သင် ရရှိသောအရာကို သာ၍အလျှံပယ်ဖြစ်စေဖို့ရန် သူသည် သင့်ကို အပြုသဘောဆောင်သော အခြေအနေများဖြင့်သာမက၊ အပျက်သဘောဆောင်သော အခြေအနေများဖြင့်လည်း စုံလင်စေနိုင်ပေသည်။ နေ့ရက်စဉ်တိုင်းတွင် စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများနှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့ အချိန်အခါများ ရှိပေသည်။ ထိုသို့ အချိန်တစ်ခုကြာ တွေ့ကြုံပြီးနောက်တွင်၊ သင်သည် ကြီးမားစွာ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ ယခင်က သင် မသိနားမလည်ခဲ့သည့် အရာများစွာကို အလိုအလျောက် သင် နားလည်လိမ့်မည် ဖြစ်သည်။ အခြားသူများထံမှ ညွှန်ကြားချက် လိုအပ်လိမ့်မည် မဟုတ်။ သင် မသိလိုက်ဘဲနှင့်၊ သင်သည် အရာခပ်သိမ်းတွင် ဉာဏ်အလင်းပေးခြင်းကို ရရှိပြီး သင်၏ အတွေ့အကြုံများအားလုံးထဲသို့ အသေးစိတ်ကျကျ ဝင်ရောက်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးလိမ့်မည် ဖြစ်သည်။ သင်သည် လက်ဝဲ သို့မဟုတ် လက်ျာဘက်သို့ သွေလွဲမသွားဖို့အလို့ငှာ ဘုရားသခင်သည် သင့်ကို ဧကန်မုချ လမ်းပြလိမ့်မည်ဖြစ်ပြီး၊ ထို့ကြောင့် သင်သည် သူ၏ စုံလင်စေခြင်းထံ လမ်းကြောင်းပေါ်သို့ ခြေချမိလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၅၅)

ဘုရားသခင်၏ စုံလင်စေခြင်းခံရခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအားဖြင့် စုံလင်စေခြင်းနှင့် ကန့်သတ်၍ မရနိုင်ပေ။ ထိုသို့သော တွေ့ကြုံခြင်းသည် တစ်ဖက်သတ် ဆန်လွန်းသည်၊ ယင်းသည် ပါဝင်မှု အလွန်နည်းပါးလိမ့်မည်ဖြစ်ပြီး အလွန်သေးငယ်သော အတိုင်းအတာထိ လူတို့ကို ကန့်သတ်နိုင်မည်သာ ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် ၎င်းတို့ လိုအပ်သည့် ဝိညာဉ်ရေးရာ အာဟာရ အလွန်ချို့တဲ့ပေမည်။ သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် ဆန္ဒရှိပါက၊ ကိစ္စရပ်အားလုံးတွင် မည်သို့ တွေ့ကြုံရမည်ကို သင်ယူရမည်ဖြစ်ပြီး၊ သင်၌ ဖြစ်ပျက်သည့် အရာရာတိုင်း၌ ဉာဏ်အလင်းပေးခြင်းကို ရယူနိုင်ရမည်ဖြစ်သည်။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ယင်းသည် သင့်ကို အကျိုးကျေးဇူး ယူဆောင်လာပေးသင့်ပြီး၊ သင့်ကို အပျက်သဘော မဆောင်စေသင့်ပေ။ မည်သို့ဆိုစေ၊ သင်သည် ဘုရားသခင်၏ဘက်တွင် ရပ်နေစဉ် အမှုအရာများကို သုံးသပ်ဆင်ခြင်နိုင်သင့်ပြီး လူသား၏ ရှုထောင့်မှ ၎င်းတို့ကို မစိစစ်သင့်ပေ သို့မဟုတ် မလေ့လာသင့်ပေ (ဤသည်မှာ သင်၏အတွေ့အကြုံ၌ သွေဖည်မှု ဖြစ်ပေမည်)။ သင်သည် ထိုသို့တွေ့ကြုံပါက၊ သင်၏ စိတ်နှလုံးသည် သင့်အသက်တာ၏ ဝန်ထုပ်များဖြင့် ပြည့်နေလိမ့်မည်။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် လွယ်လင့်တကူ မသွေဖည်ဘဲလျက်၊ ဘုရားသခင်၏ မျက်နှာအလင်းတွင် စဉ်ဆက်မပြတ် အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့ရှေ့တွင် တောက်ပသော အနာဂတ်ရှိလေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလွန်များလှစွာသော အခွင့်အရေးများ ရှိပေသည်။ ယင်းသည် သင်တို့အနေဖြင့် ဘုရားသခင်ကို အမှန်ချစ်သောသူတစ်ဦး ဖြစ်၊ မဖြစ်ဆိုသည်နှင့် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့နှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့၊ ပြီးလျှင် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာကိုရရှိရန် သန္နိဌာန်ရှိသည်၊ မရှိသည် ဆိုသည့်အပေါ် အားလုံးမူတည်ပေသည်။ သန္နိဌာန်ရှိရုံမျှသည် မလုံလောက်ပေ။ သင်တို့အနေဖြင့် များစွာသော အသိပညာများ ရှိရမည်၊ သို့မဟုတ်ပါက သင်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းတွင် သင်တို့ အမြဲ သွေဖည်နေကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သင်တို့ တစ်ဦးစီတိုင်းကို စုံလင်စေရန် လိုလားလျက်ရှိ၏။ ယခုအခြေအနေတွင်၊ လူအများစုသည် ဘုရားသခင်၏အမှုကို အလွန်ကြာမြင့်စွာ လက်ခံနှင့်ကြပြီး ဖြစ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ အရိပ်ခိုခြင်းမျှထိသာ မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားကြကာ ဇာတိပကတိ၏ သက်သာမှုအနည်းငယ်ကို ၎င်းတို့အား ပေးရန်သာ ဘုရားသခင်ကို အခွင့်ပေးဖို့ လိုလားနေကြသော်လည်း၊ သာ၍များပြီး သာ၍ မြင့်မားသော ထုတ်ဖော်ခြင်းများကို ရရှိရန် လိုလားလျက်မရှိကြပေ။ ဤရာက လူသား၏စိတ်နှလုံးသည် အမြဲ ပြင်ပတွင် ရှိနေသေးသည်ကို ပြသပေသည်။ လူသား၏အလုပ်၊ သူ၏အစေခံခြင်းနှင့် သူ၏ဘုရားသခင်ကိုချစ်ခြင်း နှလုံးသားသည် မစင်ကြယ်မှုများ သာ၍ နည်းပါးသော်လည်း၊ သူ၏ အတွင်းပိုင်း အနှစ်သာရနှင့် မတိုးတက်သော အတွေးခေါ်ခြင်းတို့နှင့် ပတ်သက်သရွေ့၊ လူသားသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို အစဉ်မပြတ် ရှာဖွေနေသေးကာ၊ လူသားကို ဘုရားသခင် စုံလင်စေခြင်း၏ သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များ မည်သည့်အရာများ ဖြစ်နိုင်သည်ကို ဘာမျှအရေးမထားပေ။ ထို့ကြောင့် လူအများစု၏ အသက်တာများသည် အောက်တန်းကျကာ ယိုယွင်းဆဲ ဖြစ်သည်။ ၎င်းတို့၏ အသက်တာများသည် စိုးစဉ်းမျှ ပြောင်းလဲခြင်းမရှိလေပြီ။ ၎င်းတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းကို အရေးကြီးသည့်ကိစ္စတစ်ခုအဖြစ် လုံးဝမယူမှတ်ကြချေ၊ ယင်းမှာ ၎င်းတို့အနေဖြင့် ဟန်ဆောင်လုပ်ပြနေကြပြီး ဖြစ်ကတတ်ဆန်း နေရင်း၊ မရေရာသော တည်ရှိခြင်းတွင် လွင့်မျောလျက်၊ အခြားသူများအတွက်သာ ယုံကြည်ခြင်း ရှိသည့်အလား ဖြစ်သည်။ သာ၍များပြီး သာ၍ ကြွယ်ဝသော အရာများကို ရရှိရင်း၊ ယနေ့တွင် ဘုရားသခင်၏အိမ်၌ သာ၍ကြီးမြတ်သော ကြွယ်ဝမှုနှင့်ဆိုင်သည့် လူများ ဖြစ်လာရင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို သာ၍ ရရှိရင်း၊ အရာခပ်သိမ်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်နိုင်သောသူ နည်းပါးပေသည်။ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးစားပြီး၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင် ကတိပေးထားသည့်အရာကို ရရှိနိုင်ပါက၊ အရာခပ်သိမ်း၌ သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခံရဖို့ ကြိုးစားပြီး၊ နှစ်ကာလများကို အလဟဿ လက်လွတ်မသွားစေပါက၊ ဤသည်မှာ တက်ကြွစွာ ဝင်ရောက်ရန် အကောင်းဆုံးသော လမ်းကြောင်းဖြစ်သည်။ ထိုသို့ဖြင့်သာ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုက်တန်ကာ အရည်အချင်း ပြည့်မီလာလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးစားသောသူတစ်ဦး အမှန်တကယ် ဖြစ်သလော။ သင်သည် အရာခပ်သိမ်း၌ အလွန်အလေးအနက်ထားသော သူတစ်ဦး အမှန်တကယ် ဖြစ်သလော။ သင်သည် ပေတရုရှိခဲ့သကဲ့သို့ ဘုရားသခင်ကို ချစ်ခြင်းစိတ်ဓာတ် အလားတူ ရှိသလော။ သင်သည် ယေရှုရှိခဲ့သကဲ့သို့ ဘုရားသခင်ကို ချစ်ရန် အလိုဆန္ဒရှိသလော။ သင်သည် နှစ်ပေါင်းများစွာကြာ ယေရှု၌ ယုံကြည်ခြင်း ရှိခဲ့ပြီးဖြစ်သည်။ ယေရှုသည် ဘုရားသခင်အား မည်သို့ချစ်သည်ကို သင်မြင်ဖူးသလော။ သင်ယုံကြည်သည်မှာ အမှန်တကယ် ယေရှု ဟုတ်သလော။ သင်သည် ယနေ့၏ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်၏။ လူ့ဇာတိထဲက လက်တွေ့ကျသော ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အား အဘယ်သို့ ချစ်သည်ကို သင်မြင်ဖူးသလော။ သင်သည် သခင်ယေရှုခရစ်တော်၌ ယုံကြည်ခြင်း ရှိ၏။ ယင်းမှာ လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ရန်အတွက်ဖြစ်သော ယေရှု၏ ကားစင်တင်သတ်ခံရခြင်းနှင့် သူ ဆောင်ရွက်ခဲ့သည့် အံ့သြဖွယ်ရာများသည် ယေဘုယျအားဖြင့် လက်ခံထားကြသည့် အမှန်တရားများ ဖြစ်သောကြောင့် ဖြစ်သည်။ သို့တိုင် လူသား၏ယုံကြည်ခြင်းသည် ယေရှုခရစ်တော်နှင့်ဆိုင်သော အသိပညာနှင့် စစ်မှန်သည့် သိနားလည်ခြင်းမှ လာသည်မဟုတ်ပေ။ ယေရှုသည် ဘုရားသခင်ကို မည်သို့ ချစ်ခဲ့သည်ကို သင် အရေးမထားသောကြောင့်၊ သင်သည် ယေရှုခရစ်တော်၏နာမ၌သာ ယုံကြည်သော်လည်း သူ၏ ဝိညာဉ်တော်ကို မယုံကြည်ပေ။ သင်၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အလွန်ပင် ရိုးစင်းပေသည်။ ယေရှုကို နှစ်ပေါင်းများစွာ ယုံကြည်နေခဲ့သော်လည်း၊ ဘုရားသခင်ကို မည်သို့ ချစ်ရမည်ကို သင်မသိချေ။ ဤအရာက သင့်ကို ကမ္ဘာ့အမိုက်မဲဆုံးသောသူ ဖြစ်စေသည် မဟုတ်လော။ ဤသည်မှာ သင်သည် သခင်ယေရှုခရစ်တော်၏ အစာကို နှစ်ပေါင်းများစွာ အချည်းနှီး စားသုံးနေခဲ့ပြီးဖြစ်သည့် သက်သေဖြစ်သည်။ ထိုသို့သောလူများကို ငါမနှစ်သက်သည်သာမက၊ သင် အမွန်အမြတ်ထားသော သခင်ယေရှုခရစ်တော်သည်လည်း ၎င်းတို့ကို နှစ်သက်မည်မဟုတ်ဟု ငါ ယုံကြည်သည်။ ထိုသို့သောလူများသည် မည်သို့ စုံလင်စေခြင်း ခံရနိုင်မည်နည်း။ သင်သည် ရှက်သွေးမနီနေဘူးလော။ သင်မရှက်သလော။ သင်၏ သခင်ယေရှုခရစ်တော်ကို ရင်ဆိုင်ရန် သင် သတ္တိရှိသေးသလော။ ငါ ပြောပြီးသောအရာ၏ အနက်ဓိပ္ပာယ်ကို သင်တို့အားလုံး နားလည်ကြသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ

အရှေ့သို့- အသက်အတွင်း ဝင်ရောက်မှု (၄)

နောက်တစ်ခုသို့- အသက်အတွင်း ဝင်ရောက်မှု (၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။