ပန်းတိုင်များနှင့် အဆုံးသတ်များ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၈၀)

လျှပ်ပြက်ခြင်း၏ ပြိုးပြိုးပြက်ပြက် အလင်းရောင်၌ တိရစ္ဆာန်တိုင်းသည် ၎င်းတို့၏စစ်မှန်သောအသွင်အတိုင်း ဖော်ထုတ်ခြင်းခံရ၏။ ထိုနည်းတူပင် ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော လူသားသည်လည်း တစ်ချိန်တစ်ခါက သူပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခဲ့ပြီးဖြစ်၏။ အို၊ ဖောက်ပြန်ပျက်စီးသော လောကဟောင်း။ အဆုံး၌ ၎င်းသည် ညစ်ညူးသော ရေအတွင်းသို့ ဇောက်ထိုးကျ၍ မျက်နှာပြင်အောက်သို့ နစ်မြုပ်သွားကာ ရွှံ့အတွင်း ပျော်ဝင်သွားခဲ့လေပြီ။ အို၊ ငါ၏ဖန်ဆင်းရာ၊ လူသားမျိုးနွယ်ပေါင်းတို့။ အဆုံးတွင် ၎င်းတို့သည် အလင်း၌ နောက်တစ်ဖန် အသက်ပြန်ရှင်လာ၍ အသက်ရှင်သန်ရေးအတွက် အခြေခံအုတ်မြစ်ကို ရှာတွေ့ကာ ရွှံ့ထဲ၌ ရုန်းကန်နေရခြင်း မရှိကြတော့ပေ။ အို၊ ငါ၏လက်အတွင်း ငါကိုင်ထားသော မြောက်မြားလှသည့် ဖန်ဆင်းခြင်းအရာတို့။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များအားဖြင့် အသစ်ပြုပြင်ခြင်းကို မခံရဘဲ မည်သို့နေနိုင်မည်နည်း။ အလင်းထဲ၌ ၎င်းတို့၏ လုပ်ငန်းများကို အကောင်အထည်မဖော်ဘဲ မည်သို့နေနိုင်မည်နည်း။ မြေကြီးသည် သုသာန်တစပြင်ပမာ ငြိမ်သက်လျက် တိတ်ဆိတ်နေခြင်း မရှိတော့ပေ၊ ကောင်းကင်သည် တိတ်ဆိတ်ခြောက်ကပ်လျက် ဝမ်းနည်းနေခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးသည် ဟင်းလင်းပြင်ဖြင့် ခွဲခြားခံထားရခြင်းမရှိတော့ဘဲ တစ်ခုတည်းအဖြစ် ပေါင်းစည်းထားကာ မည်သည့်အခါမျှ တစ်ဖန်အခွဲခံရတော့မည် မဟုတ်ပေ။ ဝမ်းမြောက်ဖွယ်ရာ ဤအခါသမယ၊ ပီတိဖြစ်ဖွယ်ရာ ဤအခါသမယတွင် ငါ၏ဖြောင့်မတ်ခြင်းနှင့် ငါ၏သန့်ရှင်းခြင်းသည် စကြဝဠာတစ်ခွင်လုံး ပြန့်သွားခဲ့ပြီ၊ ထို့ပြင် လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့ကို မရပ်မနား ထောမနာပြုကြ၏။ ကောင်းကင်မြို့များသည် ဝမ်းမြောက်မှုဖြင့် ရယ်မောနေကြကာ မြေကြီး၏ နိုင်ငံတော်သည် ဝမ်းမြောက်မှုဖြင့် ကလျက်နေ၏။ ဤအချိန်တွင် မဝမ်းမြောက်နေသောသူ မည်သူရှိသနည်း၊ ထို့အပြင် ဤအချိန်၌ မငိုကြွေးနေသောသူ မည်သူရှိသနည်း။ ကမ္ဘာဦးအနေအထားတွင် ရှိနေသည့် မြေကြီးသည် ကောင်းကင်နှင့် သက်ဆိုင်ကာ ကောင်းကင်သည် မြေကြီးနှင့် ပေါင်းစည်းထား၏။ လူသားသည် ကောင်းကင်နှင့် မြေကြီးကို ပေါင်းစည်းထားသော ကြိုးဖြစ်၍ လူသား၏ မွန်မြတ်သန့်စင်မှုကြောင့်၊ လူသား၏ အသစ်ပြုပြင်မှုကြောင့် ကောင်းကင်သည် မြေကြီးမှ ကွယ်ဝှက်နေခြင်း မရှိတော့သကဲ့သို့ မြေကြီးသည်လည်း ကောင်းကင်အပေါ် နှုတ်ဆိတ်နေခြင်း မရှိတော့ပေ။ လူသားမျိုးနွယ်၏ မျက်နှာများသည် အားရကျေနပ်ခြင်း အပြုံးများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းတို့၏ နှလုံးသားထဲတွင် အကန့်အသတ်မရှိသော ချိုမြိန်မှုတစ်ရပ်ကို ဝှက်ထား၏။ လူသားအချင်းချင်း ခိုက်ရန်မဖြစ်ကြသကဲ့သို့ ထ၍လည်း မသတ်ကြပေ။ ငါ၏အလင်းထဲတွင် အခြားသူများနှင့် ငြိမ်းချမ်းစွာ မနေသူများ ရှိသလော။ ငါ၏နေ့ရက်၌ ငါ၏နာမကို အရှက်ရစေသူများ ရှိသလော။ လူသားအားလုံးသည် ရိုသေလေးမြတ်သော အကြည့်ဖြင့် ငါ့ကို ငေးစိုက်ကြည့်ကြပြီး ၎င်းတို့၏နှလုံးသားများထဲ၌ ငါ့ကို လျှို့ဝှက်စွာ အော်ခေါ်ကြ၏။ ငါသည် လူသားမျိုးနွယ်၏ လုပ်ဆောင်ချက်တိုင်းကို ရှာဖွေခဲ့ပြီးဖြစ်၏- သန့်စင်ခြင်းခံရပြီးသော လူသားတို့အကြားတွင် ငါ့ကို မနာခံသူ တစ်ဦးမျှ မရှိ၊ ငါ့အပေါ် တရားစီရင်ချက် ချမှတ်သူ တစ်ဦးမျှ မရှိပေ။ လူသားမျိုးနွယ်အားလုံးသည် ငါ၏စိတ်သဘောထားဖြင့် ပြည့်ဝနေ၏။ လူတိုင်းသည် ငါ့ကို သိကျွမ်းလာနေကြ၍ ငါ့ထံသို့ သာ၍တိုးဝင်ချဉ်းကပ်လာကြကာ ငါ့အား ချစ်ခင်စုံမက်နေကြ၏။ ငါသည် လူသား၏ဝိညာဉ်၌ ခိုင်မြဲစွာ ရပ်တည်နေပြီး လူသား၏မျက်လုံးများထဲတွင် အမြင့်ဆုံးသော အထွတ်အထိပ်သို့ ချီးမြှောက်ခြင်း ခံရကာ လူသား၏သွေးကြောများထဲရှိ သွေးထဲတွင် စီးဆင်းနေ၏။ လူသား၏နှလုံးသားထဲရှိ ဝမ်းမြောက်ခြင်းပီတိသည် မြေမျက်နှာပြင်ရှိ နေရာတိုင်းတွင် ပြည့်နှက်နေ၏။ လေသည် အေးမြလတ်ဆတ်လျက်ရှိ၏။ သိပ်သည်းသော မြူတို့သည် မြေပြင်ကို ဖုံးလွှမ်းနေခြင်း မရှိတော့ဘဲ နေသည် တောက်ပခံ့ညားစွာ ထွန်းလင်းနေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၈)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၈၁)

နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး၊ လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။ ယနေ့၏ နိုင်ငံတော်ထဲ ရှိနေကြသော ငါ၏လူများထဲတွင် သင်တို့ထဲမှ မည်သူသည် လူသားများထဲက လူသားများ မဟုတ်ကြသနည်း။ သင်တို့ထဲမှ မည်သူသည် လူသားအခြေအနေ၏ ပြင်ပတွင် တည်ရှိသနည်း။ ငါ၏ အသစ်သော စမှတ်ကို လူထုထံ ကြေညာလိုက်သည့်အခါတွင်၊ လူသားမျိုးနွယ်သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ လူသားမျိုးနွယ်၏ အခြေအနေကို သင်တို့၏ ကိုယ်ပိုင်မျက်စိများဖြင့် သင်တို့ တွေ့မြင်ပြီး ဖြစ်သည်။ ဤလောကထဲတွင် အစဉ်ထာဝရ ကြံ့ကြံ့ခံမည်ဟူသော မျှော်လင့်ချက်များကို သင်သည် ဧကန်မုချ သိုထားဆဲ မဟုတ်လော။ ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် အနှံ့အပြား လျှောက်လှမ်းနေပြီး၊ ၎င်းတို့အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ သယ်ဆောင်သူများ- ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ဧကန်မုချ ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကိုယ် ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ ပိုင်ဆိုင်မှုထဲသို့ ဧကန်ဝင်ကြ ရလိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ကြွယ်ဝမှုကို အမွေခံကြရလိမ့်မည်။ ငါ့အတွက် ဟိုဟိုသည်သည် အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံမှုများပြုသောသူတို့ကို ဝမ်းမြောက်စွာ ငါထွေးပိုက်မည်၊ ပြီးလျှင် ငါ့ထံ ပူဇော်မှုများ ပြုကြသော သူတို့အား ငါသည် ပျော်ရွှင်မှုများ ပေးသနားမည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော်မှု ရှာတွေ့သော သူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားသည့် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏ အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ကြွယ်ဝမှုကို ရကြလိမ့်မည် ဖြစ်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၈၂)

ငါ၏နှုတ်ကပတ်တော်များ ပြီးပြည့်စုံသည်နှင့်အမျှ၊ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တဖြည်းဖြည်း ပုံဖော်လာသကဲ့သို့၊ လူသည် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်သွားသည်၊ ထို့ကြောင့် ငါ၏စိတ်နှလုံးထဲက နိုင်ငံတော်ကို ကမ္ဘာမြေပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများအားလုံးသည် ပုံမှန်လူ၏ အသက်တာကို ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ကုန်ဆုံးသွားပြီး၊ နွေဦးရာသီက တစ်နှစ်ပတ်လုံး ကြာသည့် နွေဦးမြို့တော်များနှင့်ဆိုင်သော လောကတစ်ခုဖြင့် အစားထိုး လိုက်သည်။ လူတို့သည် မှုန်မှိုင်းနေသော၊ စိတ်ပျက်ဖွယ်ကောင်းသည့် လူ့လောကကို ရင်မဆိုင်ရတော့ဘဲ၊ လူ့လောက၏ အေးသော အအေးဓာတ်ကို ကြံ့ကြံ့မခံရတော့ပေ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး မတိုက်ခိုက်ကြပေ၊ နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက် လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုနှင့်ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။ ငါသည် ကမ္ဘာမြေအနှံ့ သွားသည်၊ ငါသည် ငါ့ပလ္လင်ထက်မှ မွေ့လျော်ခံစားပြီး၊ ကြယ်များအလယ်တွင် ငါ နေထိုင်သည်။ ကောင်းကင်တမန်များသည် ငါ့ကို အသစ်သောသီချင်းများနှင့် အသစ်သောအကများကို ပူဇော်ကြသည်။ ၎င်းတို့၏ ထိခိုက်လွယ်ခြင်းသည် ၎င်းတို့၏ မျက်နှာများတွင် မျက်ရည်များ မယိုစီးစေတော့ပေ။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရတော့သကဲ့သို့၊ မည်သူကမျှ ငါ့ထံသို့ ဆင်းရဲဒုက္ခနှင့်သက်ဆိုင်၍ မညည်းတွားတော့ပေ။ ယနေ့တွင် သင်တို့အားလုံးသည် ငါ့ရှေ့မှောက်တွင် အသက်ရှင်ကြသည်။ မနက်ဖြန်တွင် သင်တို့အားလုံးသည် ငါ၏ နိုင်ငံတော်ထဲတွင် တည်ရှိကြလိမ့်မည်။ ဤသည်မှာ လူသားအပေါ် ငါအပ်နှင်းသည့် အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည် မဟုတ်လော။ ယနေ့ သင်တို့ပေးသော အဖိုးအခကြောင့်၊ သင်တို့သည် အနာဂတ်၏ ကောင်းချီးမင်္ဂလာများကို အမွေခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ဘုန်းအသရေအလယ်တွင် အသက်ရှင်ကြရလိမ့်မည်။ သင်တို့သည် ငါ့ဝိညာဉ်တော်၏ အနှစ်သာရဖြင့် ထိတွေ့ဆက်ဆံရန် ဆန္ဒမရှိသေးသလော။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် သတ်ဖြတ်ရန် ဆန္ဒရှိသေးသလော။ လူတို့သည် ကတိများက ပေါ်ပင်ဖြစ်သော်လည်း ယင်းတို့နောက်ကိုလိုက်ရန် လိုလားကြသည်၊ သို့သော် မနက်ဖြန်နေ့၏ ကတိများမှာမူ ထာဝရကာလကြာ တည်တံ့မည်ဖြစ်သော်လည်း၊ ယင်းတို့ကို လက်ခံရန် မည်သူမျှ ဆန္ဒမရှိကြချေ။ လူသားဖို့ မြင်၍ရသည့်အရာများသည် ငါ အမြစ်ဖြတ်ချေမှုန်းမည့် အရာများ ဖြစ်ပြီး၊ လူသားဖို့ စမ်းသပ်ထိတွေ့၍ မရသောအရာများသည် ငါပြီးမြောက်မည့်အရာများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် လူကြားက ကွဲပြားခြားနားချက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၀)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၈၃)

ငါ၏ အလင်းတွင်၊ လူတို့သည် အလင်းကို တစ်ဖန် မြင်ကြ၏။ ငါ၏ နှုတ်ကပတ်တော်ထဲတွင်၊ လူတို့သည် ၎င်းတို့ မွေ့လျော်သည့် အရာများကို ရှာတွေ့ကြ၏။ ငါသည် အရှေ့အရပ်မှ လာ၏၊ အရှေ့အရပ်မှ ငါ နှုတ်ခွန်းဆက်သည်။ ငါ၏ ဘုန်းအသရေ ထွန်းတောက်သည့်အခါ၊ တိုင်းနိုင်ငံအားလုံးသည် ထွန်းလင်းကြ၏၊ အားလုံး အလင်းသို့ ဆောင်ယူခြင်းခံရကြ၏၊ အမှောင်ထဲတွင် တစ်ခုမျှ မကျန်ရှိပေ။ နိုင်ငံတော်ထဲတွင်၊ ဘုရားသခင်နှင့်အတူ ဘုရားသခင်၏လူတို့ အသက်ရှင်ကြသော အသက်တာသည် အတိုင်းထက်အလွန် ပျော်ရွှင်ဖွယ်ဖြစ်သည်။ ရေထုသည် လူတို့၏ မင်္ဂလာရှိသော အသက်တာများ၌ ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြသည်၊ တောင်များသည် ငါ၏ အလျှံပယ်ရှိခြင်းကို လူတို့နှင့်အတူ မွေ့လျော်ကြ၏။ လူအားလုံးသည် ငါ၏ နိုင်ငံတော်ထဲတွင် ကြိုးပမ်းနေကြသည်၊ ကြိုးစားလုပ်ဆောင်နေကြသည်၊ ၎င်းတို့၏ သစ္စာစောင့်သိခြင်းကို ပြသနေကြသည်။ နိုင်ငံတော်ထဲတွင်၊ ပုန်ကန်ခြင်း မရှိတော့ပေ၊ ခုခံခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးတို့သည် အချင်းချင်း မှီခိုကြသည်၊ လူသားနှင့် ငါသည် ဘဝ၏ ချိုမြိန်သော ကြီးစွာဝမ်းမြောက်ခြင်းများ တစ်လျှောက်၊ တစ်ဦးကိုတစ်ဦး အားထားလျက် နက်ရှိုင်းသော ခံစားချက်ဖြင့် ချဉ်းကပ်ကြ၏။...ဤအချိန်တွင်၊ ငါသည် ကောင်းကင်ဘုံ၌ ငါ၏ အသက်တာကို စနစ်တကျ စတင်သည်။ စာတန်၏ နှောင့်ယှက်မှု မရှိတော့သကဲ့သို့ လူတို့သည် ချမ်းသာထဲသို့ ဝင်စားကြ၏။ စကြဝဠာတစ်လျှောက်လုံးတွင်၊ ငါ၏ အရွေးချယ်ခံ လူတို့သည် ငါ၏ ဘုန်းအသရေအတွင်း၌ အသက်ရှင်ကြပြီး၊ လူတို့အလယ် အသက်ရှင်နေသည့် လူများကဲ့သို့မဟုတ်ဘဲ၊ ဘုရားသခင်နှင့်အတူ အသက်ရှင်သည့် လူများကဲ့သို့ တုနှိုင်းမမှီ ကောင်းကြီးခံစားရကြသည်။ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ဖြတ်သန်းကြရပြီးဖြစ်ကာ ဘဝ၏ ခါးသီးမှုနှင့် ချိုမြိန်မှု အနည်အနှစ်ကို သောက်သုံးကြရပြီးဖြစ်သည်။ ယခုတွင်၊ ငါ၏ အလင်းတွင် အသက်ရှင်ရင်း၊ အဘယ်သို့ မဝမ်းမြောက်ဘဲ နေနိုင်မည်နည်း။ ဤနှစ်သက်ဖွယ်သော အခိုက်အတန့်ကို အဘယ်သို့ ပေါ့ပေါ့တန်တန် စွန့်လွှတ်ပြီး တစ်စတစ်စ လက်လွှတ် ဆုံးရှုံးနိုင်မည်နည်း။ အသင် လူတို့။ သင်တို့ စိတ်နှလုံးများထဲတွင် ငါ့အတွက် သီချင်းသီဆိုပြီး ဝမ်းမြောက်မှုဖြင့် ကခုန်ကြလော့။ သင်တို့၏ စစ်မှန်သော စိတ်နှလုံးများကို ချီမကာ ငါ့ထံ ပူဇော်ကြလော့။ သင်တို့၏ စည်များကို တီးကြပြီး ငါ့အတွက် ဝမ်းမြောက်စွာ တီးခတ်ကြလော့။ ငါသည် ငါ၏ ဝမ်းမြောက်ပျော်ရွှင်ခြင်းကို စကြဝဠာတစ်လျှောက် ဖြာထွက်စေ၏။ ငါ၏ အသရေတင့်တယ်သော မျက်နှာကို လူတို့အား ငါထုတ်ဖော်ပြ၏။ ငါသည် ကျယ်သောအသံဖြင့် ဟစ်ကြွေးမည်။ စကြဝဠာကို ငါ ကျော်လွန်မည်။ ငါသည် လူတို့အလယ် စိုးစံနှင့်ပြီ။ ငါသည် လူတို့၏ ချီးမြှောက်ခြင်းခံရ၏။ အထက်ကောင်းကင်ပြာ၌ ငါသည် တဖြည်းဖြည်းသွားပြီး လူတို့သည် ငါနှင့်အတူ လျှောက်လှမ်းသွားကြသည်။ လူတို့အလယ် ငါ လျှောက်လှမ်းကာ ငါ၏ လူတို့သည် ငါ့ကို ဝန်းရံကြသည်။ လူတို့၏ စိတ်နှလုံးများ ဝမ်းမြောက်ကြ၏၊ ၎င်းတို့၏ သီချင်းများက အမြင့်ဆုံးကောင်းကင်ဘုံကို အက်ကွဲသွားစေရင်း စကြဝဠာကို လှုပ်ခါကြ၏။ စကြဝဠာသည် မြူဖြင့် မပိတ်ဖုံးတော့ပေ။ ရွှံ့နွံများ မရှိတော့ပေ၊ အညစ်အကြေး စုဝေးမှု မရှိတော့ပေ။ စကြဝဠာ၏ သန့်ရှင်းသူများတို့။ သင်တို့သည် ငါ၏စစ်ဆေးမှုအောက်တွင် သင်တို့၏ စစ်မှန်သော မျက်နှာထားကို ပြကြ၏။ သင်တို့သည် အညစ်အကြေးဖြင့် ဖုံးလွှမ်းသော လူများမဟုတ်ဘဲ၊ ကျောက်စိမ်းကဲ့သို့ သန့်စင်သော သန့်ရှင်းသူများဖြစ်၏၊ သင်တို့အားလုံးသည် ငါ၏နှစ်သက်မြတ်နိုးရသူများ ဖြစ်ကြ၏၊ သင်တို့သည် ငါ၏ ပျော်ရွှင်ဝမ်းမြောက်မှု ဖြစ်ကြ၏။ အရာခပ်သိမ်းသည် အသက်ပြန်ရှင်လာကြ၏။ သန့်ရှင်းသူများအားလုံးသည် ငါ၏ နွေးထွေးသော ထွေးပွေ့မှုထဲ ဝင်ရောက်ရင်း၊ ငိုကြွေးခြင်းမရှိတော့၊ စိုးရိမ်ပူပန်ခြင်းမရှိတော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် ငါ့ထံ ဆက်ကပ်ရင်း၊ ငါ၏ အိမ်သို့ ပြန်လာကြရင်း ကောင်းကင်ဘုံတွင် ငါ့ကို အစေခံရန် ပြန်လာကြ၏၊ ပြီးလျှင် ၎င်းတို့၏ ဇာတိမြေတွင် ငါ့ကို စဉ်ဆက်မပြတ် ချစ်ခင်ကြလိမ့်မည်။ ထာဝရကာလပတ်လုံး ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိပေ။ ဝမ်းနည်းပူဆွေးမှုသည် အဘယ်မှာနည်း။ မျက်ရည်များသည် အဘယ်မှာနည်း။ ဇာတိပကတိသည် အဘယ်မှာနည်း။ ကမ္ဘာမြေကြီး ကုန်လွန်သွားသော်လည်း ကောင်းကင်သည် ထာဝရဖြစ်၏။ လူအပေါင်းတို့ထံ ငါ ပေါ်ထွန်းပြီး လူအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ ဤအသက်တာ၊ ဤအလှတရား၊ ရှေးအတီတေ အချိန်ကာလမှ အဆုံးသတ်ကာလအထိ၊ ပြောင်းလဲမည်မဟုတ်။ ဤသည်မှာ နိုင်ငံတော် အသက်တာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ လူမျိုးအပေါင်းတို့၊ ဝမ်းမြောက်ကြလော့။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၈၄)

ငါသည် သင်တို့အကြားတွင် အလုပ်များစွာကို ပြုလုပ်ခဲ့ပြီးဖြစ်၍ မိန့်မြွက်ချက်အချို့ကိုလည်း မြွက်ကြားခဲ့ပြီးသည်မှာ မှန်ပေ၏။ သို့သော် ငါ၏နှုတ်ကပတ်တော်များနှင့် ငါ၏အလုပ်တို့သည် နောက်ဆုံးသောကာလ ငါ့အမှု၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား ဖြည့်ဆည်းခဲ့ပြီးခြင်း မရှိဟု ငါမထင်ဘဲ မနေနိုင်။ အကြောင်းမူကား နောက်ဆုံးသော ကာလတွင် ငါ၏အမှုသည် လူတစ်ဦး သို့မဟုတ် လူအချို့အတွက် မဟုတ်ဘဲ ငါ၏ပင်ကို စိတ်နေသဘောထားကို ပြသရန်အတွက် ဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် အချိန်ရှားပါးခြင်း သို့မဟုတ် ဗျာများသော အလုပ်အချိန်ဇယားတို့ ဖြစ်နိုင်သည့် အကြောင်းရင်း အသင်္ချေကြောင့် လူတို့သည် ငါ၏စိတ်သဘောထားမှ ငါ့အကြောင်း တစ်စုံတစ်ရာကိုမျှ သိရှိခဲ့ပြီးခြင်းမရှိ။ သို့ဖြစ်၍ ငါ၏ တည်ရှိမှုကြောင့် ငါ့ကို တွေ့သူခပ်သိမ်းသည် ၎င်းတို့၏ရင်ဘတ်ကို ထု၍ မရပ်မနား ငိုစေရန်အလို့ငှာ ငါသည် ငါ၏အစီအစဉ်သစ်နှင့် ငါ၏နောက်ဆုံးအလုပ်ကို စတင်ကာ ငါ၏အလုပ် အသစ်စတင်သည်။ ဤသည်မှာ ငါသည် လူသားမျိုးနွယ်၏အဆုံးကို လောကသို့ ယူဆောင်လာကာ ဤအချိန်မှ စ၍ ငါသည် အမှန်တကယ်ပင် လူ့လောကသို့ လာခဲ့ပြီဖြစ်ကြောင်း၊ အရာခပ်သိမ်း တိုးပွားသည့်နေရာဖြစ်သော ကမ္ဘာမြေပေါ်သို့ လာခဲ့ကြောင်း ငါ့ကို သိသူခပ်သိမ်းနှင့် မသိသူများအားလုံး မျက်စိအရသာ ခံစားနိုင်ရန် ငါသည် လူသားမျိုးနွယ်ရှေ့တွင် ငါ၏ စိတ်နေသဘောထား တစ်ရပ်လုံးကို ထုတ်ဖော်ပြခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ငါဖန်ဆင်းသည့်အချိန်ကတည်းက ငါ၏အစီအစဉ်နှင့် ငါ၏တစ်ခုတည်းသော “ဝန်ခံချက်” ဖြစ်၏။ ငါ၏လှံတံတော်သည် လူသားမျိုးနွယ်အနီး၊ ငါ့ကိုဆန့်ကျင်သူ အားလုံးအနီးထံသို့ တစ်ဖန်ပြန်၍ ချဉ်းကပ်လာသည်ဖြစ်ရာ သင်တို့သည် ငါ၏လှုပ်ရှားမှုတိုင်းကို မမှိတ်မသုန် အာရုံစိုက်နိုင်ကြပါစေ။

ငါလုပ်ဆောင်ရမည့်အမှုကို ကောင်းကင်နှင့်အတူ ငါစတင်ဆောင်ရွက်သည်။ သို့ဖြစ်၍ ရွေ့လျားသွားလာနေသော လူတသီတတန်းအကြား ငါ၏လှုပ်ရှားမှုများ သို့မဟုတ် ငါ၏နှုတ်ကပတ်တော်များကို မည်သူတစ်ဦးတစ်ယောက်ကမှ မည်သည့်အခါမျှ သတိမမူဘဲ၊ ငါသည် သတိဖြင့်သွားပြီး ကောင်းကင်နှင့် မြေကြီးအကြား လှုပ်ရှားသွားလာ၏။ ထို့ကြောင့် ငါ၏အစီအစဉ်သည် ချောမွေ့စွာ ဆက်လက် တိုးတက်နေသည်။ သင်တို့၏ အာရုံအားလုံးသည် ထုံလာလွန်းသဖြင့် ငါ့အမှု၏အဆင့်များကို သတိမမူမိခြင်းသာ ဖြစ်၏။ သို့သော် ငါ၏ရည်ရွယ်ချက်များကို သင်တို့သိလာမည့်နေ့ အသေအချာပင် ရောက်လာမည် ဖြစ်သည်။ ယနေ့ ငါသည် သင်တို့နှင့်အတူနေ၍ သင်တို့နှင့်အတူ ဒုက္ခခံ၏။ လူသားမျိုးနွယ် ငါ့အပေါ်ရှိသည့် သဘောထားကို ငါနားလည်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဤအရာကို ဒီထက်ပို၍ ငါပြောလိုသည့် ဆန္ဒမရှိပေ။ ဤနာကျင်ဖွယ်ကောင်းသည့် အကြောင်းအရာနှင့် ပတ်သက်သည့် နောက်ထပ် ဥပမာများပေးခြင်းအားဖြင့် သင်တို့ကို အရှက်ရစေခြင်းငှာ သာ၍ပင်မပြုလိုပါ။ ငါတို့ ပြန်ဆုံသည့်နေ့တွင် ငါတို့၏ဖြစ်စဉ်များကို နှိုင်းယှဉ်နိုင်ရန် သင်တို့ လုပ်ခဲ့သမျှအရာခပ်သိမ်းကို သင်တို့၏ စိတ်နှလုံးများတွင် မှတ်မိရန်သာ ငါမျှော်လင့်၏။ ငါသည် မှန်မှန်ကန်ကန်၊ မျှတစွာနှင့် ဂုဏ်သိက္ခာရှိစွာ အစဉ်ပြုမူခဲ့သဖြင့် သင်တို့အကြားရှိ မည်သူ့ကိုမျှ မှားယွင်းစွာ ငါမစွပ်စွဲလို။ သင်တို့သည် ရိုးသားတည်ကြည်နိုင်ကာ ကောင်းကင်နှင့် မြေကြီး သို့မဟုတ် သင်ကိုယ်တိုင်၏အသိတရားကို ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ မပြုရန် ငါမျှော်လင့်သည်မှာလည်း ဟုတ်၏။ ဤသည်မှာ သင်တို့ထံမှ ငါတောင်းဆိုသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ လူအများအပြားသည် ဆိုးရွားလွန်းသော အမှားများကို ကျူးလွန်မိခဲ့၍ ဂနာမငြိမ်ဖြစ်ပြီး စိတ်ကသိကအောက် ဖြစ်ကြသည်။ ထို့အပြင် အများအပြားသည် ကောင်းမှုတစ်ခုမျှ မပြုခဲ့ဖူးသဖြင့် သူတို့ကိုယ်သူတို့ ရှက်ကြ၏။ သို့သော် ၎င်းတို့၏အပြစ်များကြောင့် သိက္ခာကျသည်ဟု ခံစားရန် ဝေးစွ၊ ဆိုးသည်ထက် ပိုဆိုးသွားပြီး အပြည့်အဝ ထုတ်ဖော်မပြရသေးသည့် သူတို့၏ အကျည်းတန် ရုပ်အင်္ဂါရပ်များကို ဖုံးထားသည့် မျက်နှာဖုံးအား လုံးဝချွတ်ကာ ငါ၏စိတ်သဘောကို စမ်းလိုသူများလည်း အများအပြား ရှိပေသည်။ ငါသည် မည်သူ တစ်စုံတစ်ယောက်၏ လုပ်ဆောင်ချက်များကိုမှ ဂရုမပြုသလို အရေးလည်းမစိုက်ပေ။ ထိုသို့ ပြုမည့်အစား ငါသည် သတင်းအချက်အလက် စုဆောင်းခြင်းဖြစ်စေ၊ မြေကြီးပေါ် လှည့်ပတ်သွားလာခြင်းဖြစ်စေ၊ ငါ စိတ်ဝင်စားရာတို့အနက် တစ်စုံတစ်ရာကို လုပ်သည် ဖြစ်စေ ငါလုပ်သင့်သည့်အလုပ်ကို လုပ်သည်။ အဓိကကျသည့် အချိန်များတွင် ငါသည် မူလက ကြံရွယ်ထားသည့်အတိုင်း တစ်စက္ကန့်မျှ နောက်ကျလွန်းခြင်း၊ စောလွန်းခြင်း မရှိဘဲ၊ ငါ၏အမှုကို လူသားများအကြားတွင် သက်သောင့်သက်သာ ရှိစွာနှင့် အလျင်အမြန် ထိရောက်စွာ ရှေ့ဆက်ဆောင်ရွက်သည်။ သို့ရာတွင် လူအချို့၏ မြှောက်ပင့်ခြင်း နည်းလမ်းများနှင့် ဟန်ဆောင်၍ ခယဝယလုပ်ခြင်းများကို ငါစက်ဆုပ်သည့်အတွက် ငါ့အမှု၏ အဆင့်တိုင်း၌ ထိုသူများကို ဘေးသို့ဖယ်ရှားသည်။ ငါစက်ဆုပ်ရွံရှာသူများသည် တမင်ရည်ရွယ်၍ ဖြစ်စေ၊ မတော်တဆဖြစ်စေ သေချာပေါက် စွန့်ပစ်ခံရလိမ့်မည်။ တိုတိုပြောရလျှင် ငါစက်ဆုပ်ရွံရှာသူ ခပ်သိမ်းကို ငါနှင့်ဝေးရာတွင် ရှိနေစေချင်သည်။ ငါ၏အိမ်တော်တွင် ကျန်ရှိနေသည့် ကောက်ကျစ် စဉ်းလဲသူများကို ငါချမ်းသာပေးလိမ့်မည် မဟုတ်သည်မှာ ပြောစရာမလိုပေ။ လူသားအပြစ်ဒဏ်ပေးခြင်းခံရမည့် နေ့သည် နီးကပ်ပြီဖြစ်၍ စက်ဆုပ်ဖွယ်သော ဤဝိညာဉ်များအားလုံးကို ငါ့အိမ်တော်မှ အတင်းမောင်း ထုတ်ရန် ငါအလျင်မလိုပေ၊ အကြောင်းမှာ ငါ့တွင် ငါ့ကိုယ်ပိုင် အစီအစဉ်ရှိ၍ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၈၅)

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး လူသားကို ငါ စတင် အမှုပြုသည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းကြောင်းများ၊ အရင်းခံ ထူးခြားသော လက္ခဏာများနှင့် သူတို့နောက်ဆုံးတွင် မည်သို့ကျင့်ကြံပြုမူသည် ဆိုသည်တို့ကို ငါ၏မှတ်တမ်းစာအုပ်ထဲတွင် တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် ထိုသူတို့သည် မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်သူမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါချမှတ်ပေးသည့်အတိုင်း ၎င်းကဲ့သို့သော လူစားများနှင့် ရှိနေရမည်။ ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။ ငါ့အစီအစဉ်၏ ကနဦးအစကတည်းက ငါသည် ယင်းကို အပြောင်းအလဲ တစ်ခုမျှ မလုပ်ရသေးပေ။ လူသားနှင့်ပတ်သက်လျှင် ငါ၏ နှုတ်ကပတ်တော်ကို ငါဦးတည်ချက်ထားသူ ဦးရေ နည်းပါးလာပုံရသကဲ့သို့၊ ငါအမှန်တကယ် လက်ခံသူ ဦးရေသည်လည်း နည်းပါးလာပုံရနေ၍သာ ဖြစ်သည်။ သို့ရာတွင် ငါ၏အစီအစဉ်သည် မည်သည့်အခါမျှ မပြောင်းလဲခဲ့ဟု ငါခံယူသည်။ အကယ်ဆိုရလျှင် လူတစ်ဦးစီသည် ငါ့ကို မျက်နှာလိုမျက်နှာရ လုပ်ရာမှ ငါ့အပေါ် အေးတိအေးစက်ဖြစ်ပြီး ငါ့ကိုစွန့်ပစ်ရန်ပင် ဖြစ်နိုင်သည်အထိ အမြဲပြောင်းလဲ၊ အမြဲလျော့နည်းလာသည်မှာ လူသား၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း မေတ္တာသာလျှင် ဖြစ်ပေသည်။ ငါသည် ရွံရှာ၍ စက်ဆုပ်စိတ်ပေါ်ကာ အဆုံးတွင် အပြစ်ဒဏ်ပေးသည့်တိုင်အောင် သင်တို့အပေါ် ငါ၏ သဘောထားမှာ ပူခြင်း၊ အေးခြင်းမရှိပေ။ သို့ရာတွင် သင်တို့ကို အပြစ်ပေးသော နေ့တွင် ငါသည် သင်တို့ကို တွေ့ဦးမည် ဖြစ်သော်လည်း၊ သင်တို့သည် ငါ့ကို မြင်နိုင်တော့မည် မဟုတ်ချေ။ သင်တို့အကြား နေရသည့်ဘဝမှာ ငြီးငွေ့ဖွယ်၊ ပျင်းစဖွယ်ကောင်းလာပြီ ဖြစ်သဖြင့်၊ သင်တို့၏ မလိုမုန်းထား စကားများ၏ နာကျင်စေမှုကို ရှောင်ရှားရန်နှင့် မခံမရပ်နိုင်လောက်အောင် ယုတ်ညံ့သည့် အပြုအမူမှ ဝေးရာသို့သွားရန်၊ သင်တို့သည် ငါ့ကို ဆက်၍လှည့်စားနိုင်ခြင်း မရှိတော့သကဲ့သို့၊ ဝတ်ကျေတမ်းကျေ ဆက်ဆံ၍ မရတော့ရန် ငါသည် အခြားနေစရာ ပတ်ဝန်းကျင်များကို ရွေးခဲ့ပြီးဖြစ်သည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။ သင်တို့ထံမှ ငါထွက်ခွာမသွားမီ သင်တို့အား သမ္မာတရားနှင့် မကိုက်ညီသည့် အရာများကို လုပ်ဆောင်ခြင်းမှ ရှောင်ရှားရန် ငါအလေးအနက် တိုက်တွန်းရဦးမည်။ အကယ်စင်စစ် လူခပ်သိမ်းအား စိတ်ကျေနပ်စေမည့်အရာ၊ လူခပ်သိမ်းအတွက် အကျိုးရှိမည့်အရာနှင့် သင်ကိုယ်တိုင်၏ပန်းတိုင်အတွက် အကျိုးရှိမည့်အရာကို သင် လုပ်သင့်သည်။ သို့မဟုတ်ပါက ကပ်ဘေးအလယ်တွင် ဒုက္ခခံစားရမည့်သူမှာ အခြားမည်သူမျှ မဟုတ်ဘဲ သင်သာလျှင် ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၈၆)

ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။

ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့သည် အနှစ်သာရ မရှိဖြစ်ခဲ့ကြပြီး သင်တို့သည် တွန့်ဆုတ်တတ်သူများ သို့မဟုတ် ခက်ထန်သောသူများ အဖြစ်သာ မိမိကိုယ်ကိုယ် ပြသခဲ့ကြသောကြောင့်၊ ကြီးစွာသော ဆင်းရဲဒုက္ခအကြားတွင် သင်တို့၏ ပြုမူလုပ်ဆောင်ချက်များသည် လုံးလုံးလျားလျား သင့်လျော်သည်ဟု ယူဆခြင်း မခံခဲ့ရပေ။ ဤအရာနှင့်ပတ်သက်၍ ကောင်း၏၊ ဆိုး၏ကိုသာ တရားစီရင်မှုတစ်ခု ငါပြုမည်။ သင်တို့တစ်ဦးစီ ပြုမူပုံနှင့် မိမိကိုယ်ကိုယ် ဖော်ပြပုံသာ ငါ၏အမှုထားစရာကိစ္စ ဖြစ်မြဲဖြစ်နေပြီး ၎င်းတို့အပေါ်အခြေခံ၍ သင်တို့၏နိဂုံးကို ငါဆုံးဖြတ်အံ့။ သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၈၇)

အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ ထပ်ခါထပ်ခါ ဖြစ်ပျက်နေ၏။ အရာခပ်သိမ်းအလယ်တွင် အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်၊ မညွှန်ကြားနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် ကြိုးပမ်းရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် အင်အားကြီးသောသူ တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွား နိုင်သူနှင့် ကမ္ဘာကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။ ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ဝမ်းနည်းသည်၊ လူသားတို့၏ ကျဆင်းမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ချီတက်သွားနေခြင်း အတွက် ဝမ်းနည်းပူဆွေးရသည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် ထိုသို့သော လူသားမျိုးနွယ် ရှေးရှုသွားနိုင်သည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး မည်သူကမျှ မစဉ်းစားခဲ့ဖူးကြပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ သတိမပြုမိကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့်လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်ရမှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် မလျှော့တမ်းပေ လုပ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် ဆက်လက်ခေါင်းမာ နေမည်ဆိုပါက ဘုရားသခင်သည် နောင်တရခြင်းမရှိဘဲ သူ့ကိုပစ်သွားသည့် ဤလူသားတို့အပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူစဉ်းစားဖူးသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည် မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၏ အကြံအစည် ပျက်ပြားသွားပြီး၊ သူ၏သတိပေးချက်များနှင့် တိုက်တွန်းနှိုးဆော်ချက်များသည် တုံ့ပြန်မှုကို မခံရပါက သူ့အနေဖြင့် မည်သို့အမျက်မျိုး ထုတ်လွှတ်မည်ကို သင်သိသင့်သည်။ သူ၏အမျက်သည် ဖန်ဆင်းခံသူတို့ ကြုံတွေ့ဖူးသော၊ ကြားဖူးသော အရာများနှင့် လုံးဝတူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကပ်ဘေးသည် မကြုံစဖူးသောအရာဖြစ်ပြီး မည်သည့်အခါမျှလည်း ထပ်မံ ဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်ကယ်တင်သော ဘုရားသခင်၏ စေ့စပ်သေချာသည့် ရည်ရွယ်ချက်များနှင့် စိတ်ထက်သန်သော မျှော်လင့်စောင့်စားမှုတို့ကို မည်သူမျှ နားမလည်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၈၈)

လူသားသည် ယနေ့အမှုနှင့် အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာ နားလည်၏၊ သို့ရာတွင် သူသည် လူသားမျိုးနွယ် ဝင်ရောက်မည့် ပန်းတိုင်ကို နားမလည်ပေ။ အဖန်ဆင်းခံတစ်ဦး အနေဖြင့် လူသားသည် အဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သင့်သည်- လူသားသည် ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းတွင် ဘုရားသခင်နောက်လိုက်သင့်၏၊ သင်တို့သည် ငါပြောသမျှနည်းလမ်းအတိုင်း ဆက်လက် ဆောင်ရွက်သင့်သည်၊ သင်သည် မိမိကိုယ်ကိုယ်အတွက် အမှုအရာများကို စီမံနိုင်ခြင်းမရှိကဲ့သို့၊ မိမိကိုယ်ကိုယ်အပေါ် ထိန်းချုပ်နိုင်ခြင်းလည်း မရှိပေ၊ အရာအားလုံးကို ဘုရားသခင်ထံ ဝကွက်အပ်ရမည်ဖြစ်ပြီး၊ အရာရာတိုင်းသည် သူ့လက်အတွင်း၌ ထိန်းချုပ်ခြင်းကို ခံရ၏။ ဘုရားသခင်၏အမှုသည် လူသားကို မျှော်မှန်းချိန်ထက်စော၍ ရလဒ်တစ်ခု၊ နှစ်သက်ပျော်ရွှင်ဖွယ် ပန်းတိုင်တစ်ခုပေးပြီး၊ ဘုရားသခင်သည် လူသားကိုသွေးဆောင်ရန်နှင့် လူသားကို သူ့နောက်သို့ လိုက်စေရန် ဤအရာကို အသုံးပြုပါက- သူသည် လူသားနှင့် အပေးအယူတစ်ရပ် လုပ်ပါက- ဤသည်မှာ သိမ်းပိုက်ခြင်းဖြစ်မည် မဟုတ်သကဲ့သို့၊ လူသား၏အသက်တာကို အမှုပြုဖို့လည်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ထိန်းချုပ်ပြီး၊ လူသား၏နှလုံးသားကို ရယူရန် လူသား၏ နိဂုံးကို အသုံးပြုမည်ဆိုပါက၊ ဤတွင် သူသည် လူသားကို စုံလင်နေစေခြင်း မဟုတ်သကဲ့သို့၊ လူသားကို ရရှိနိုင်မည်လည်းမဟုတ်ပေ၊ ယင်းအစား သူ့ကို ထိန်းချုပ်ရန် ပန်းတိုင်ကို အသုံးပြုနေခြင်းဖြစ်ပေမည်။ လူသားသည် အနာဂတ်နိဂုံး၊ နောက်ဆုံးခရီးပန်းတိုင်နှင့် မျှော်လင့်ရန် ကောင်းသောအရာတစ်ခုခု ရှိ မရှိတို့ထက် သာ၍ မည်သည့်အရာကိုမျှ အရေးမထားပေ။ သိမ်းပိုက်သည့်အမှုအတွင်းတွင် လူကို လှပသည့် မျှော်လင့်ချက်တစ်ရပ် ပေးခဲ့မည်ဆိုပါက၊ ပြီးလျှင် လူသားကို သိမ်းပိုက်ခြင်းမတိုင်မီတွင်၊ လိုက်စားရှာဖွေရမည့် သင့်တော်သော ခရီးပန်းတိုင်တစ်ခုကို သူ့အားပေးခဲ့ပါက၊ လူသားကို သိမ်းပိုက်ခြင်းသည် ယင်း၏ အကျိုးတရားကို ရရှိမည် မဟုတ်သည်သာမက၊ သိမ်းပိုက်ခြင်းအမှု၏ သက်ရောက်မှုသည်လည်း လွှမ်းမိုးခံရမည် ဖြစ်သည်။ ဆိုလိုသည်မှာ သိမ်းပိုက်ခြင်းအမှုသည် လူသား၏ကံကြမ္မာနှင့် အလားအလာများကို ယူဆောင်သွားခြင်း၊ ပြီးလျှင် လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် ယင်း၏အကျိုးတရားကို စွမ်းဆောင်ရရှိသည်ဟုဆိုရပေမည်။ ယင်းကို လူသားနှင့် အပေးအယူတစ်ရပ် လုပ်ဆောင်ခြင်းဖြင့်၊ ဆိုလိုသည်မှာ လူသားကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ကို ပေးခြင်းဖြင့် စွမ်းဆောင်ရရှိသည်မဟုတ်ဘဲ၊ ယင်းထက် လူသားအား ၎င်း၏ “လွတ်လပ်မှု” ကို လုံးဝဖယ်ရှားခြင်းနှင့် သူ၏အလားအလာများကို အမြစ်ဖြတ်ခြင်းမှ သူ၏သစ္စာ စောင့်သိမှုကို ထုတ်ဖော်ပြခြင်းအားဖြင့် ရရှိပေသည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အနှစ်သာရဖြစ်သည်။ တကယ့်အစအဦးတွင် လူသားကို နှစ်သက်ဖွယ်ကောင်းသော မျှော်လင့်ချက်ပေးခဲ့ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို ထို့နောက်တွင် လုပ်ဆောင်ပါက၊ လူသားသည် အလားအလာများရှိခဲ့သည့် အခြေခံအကြောင်းရင်းအရ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံမည်ဖြစ်ပြီး၊ အဆုံးတွင် ဖန်ဆင်းရှင်ကို သူ၏အဖန်ဆင်းခံများအားလုံးက အကြွင်းမဲ့နာခံခြင်းနှင့် ကိုးကွယ်ခြင်းတို့အား ရရှိမည်မဟုတ်ပေ။ ကျိုးကြောင်းမမြင်သည့် မသိနားမလည်သော နာခံမှုသာလျှင် ရှိမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသားသည် ကျိုးကြောင်းမမြင်ဘဲ ဘုရားသခင်အပေါ် တောင်းဆိုမှုများ ပြုမည်ဖြစ်သကဲ့သို့၊ လူသား၏နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ထိုသို့သော သိမ်းပိုက်ခြင်းအမှုသည် လူသားကို ရရှိဖို့ ဖြစ်နိုင်မည် ဟုတ်ပေ၊ ထို့အပြင် ဘုရားသခင်အဖို့ သက်သေခံရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ထိုသို့သော အဖန်ဆင်းခံများသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် အပေးအယူများသာ လုပ်ဆောင်မည် ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်း ဖြစ်မည်မဟုတ်ဘဲ၊ သနားခြင်းကရုဏာနှင့် ကောင်းချီးမင်္ဂလာသာ ဖြစ်ပေမည်။ လူသားနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများကိုသာ တွေးပြီး ဤအရာများကို မြတ်နိုးကိုးကွယ်ခြင်း ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်ကို လိုက်လံရှာဖွေသည်။ ဘုရားသခင်ကို သူချစ်သောကြောင့် ကိုးကွယ်နေခြင်း မဟုတ်ပေ။ ထို့ကြောင့်၊ လူသားကို သိမ်းပိုက်ရာတွင်၊ လူသား၏ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘနှင့် ဘုရားသခင်ကို သူ၏ကိုးကွယ်မှုအား အတားဆီးဆုံးသောအရာများအားလုံးကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဖယ်ရှားရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူသားကို သိမ်းပိုက်ခြင်း အကျိုးတရားများကို ရရှိပေလိမ့်မည်။ အကျိုးဆက်အနေဖြင့်၊ လူသားကိုသိမ်းပိုက်ခြင်း၏ ပထမအဆင့်များတွင် လူသား၏ အထိန်းအကွပ်မဲ့သော ရည်မှန်းချက်များနှင့် အဆိုးရွားဆုံးသော အားနည်းချက်များကို သန့်စင်ပစ်ဖို့ လိုအပ်ပြီး၊ ဤအရာမှတစ်ဆင့် ဘုရားသခင်အပေါ် လူသား၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြဖို့နှင့် လူ့ဘဝနှင့်ဆိုင်သော သူ၏ အသိ၊ ဘုရားသခင်အပေါ် သူ၏အမြင်နှင့် သူ၏ဖြစ်တည်မှု အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်ပေသည်။ ဤနည်းဖြင့်၊ ဘုရားသခင်အပေါ် လူသား၏ ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏၊ ဆိုလိုသည်မှာ၊ လူသား၏ စိတ်နှလုံးသည် သိမ်းပိုက် ခံရပေသည်။ သို့ရာတွင် အဖန်ဆင်းခံများ အားလုံးအပေါ် ဘုရားသခင်၏ သဘောထားတွင်၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအတွက်သာ သိမ်းပိုက်သည် မဟုတ်ဘဲ၊ အတိအကျ ဆိုရပါက သူ၏ ဘုန်းအသရေအတွက် လူသားကို ရရှိဖို့နှင့် လူသား၏ အစ၊ မူလ ပုံသဏ္ဌာန်ကို ပြန်ရရန်အလို့ငှာ သိမ်းပိုက်ခြင်းဖြစ်၏။ သူသည် သိမ်းပိုက်ခြင်းအတွက်သာ သိမ်းပိုက်မည်ဆိုပါက၊ သိမ်းပိုက်ခြင်း အမှု၏ အရေးပါမှုမှာ ပျောက်ဆုံးသွားပေလိမ့်မည်။ ဆိုလိုသည်မှာ လူသားကို သိမ်းပိုက်ပြီးနောက်၊ ဘုရားသခင်သည် လူသားနှင့် မပတ်သက်တော့သကဲ့သို့၊ လူသား၏သေခြင်း၊ ရှင်ခြင်းကို အရေးမစိုက်ပါက၊ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားကို သိမ်းပိုက်ခြင်းသည်လည်း သူ၏ကယ်တင်ခြင်း အတွက် ဖြစ်လိမ့်မည် မဟုတ်ဟု ဆိုလိုသည်။ လူသားကို သိမ်းပိုက်ပြီးနောက် သူ့ကိုရယူခြင်းနှင့် အံ့ဩဖွယ်ရာပန်းတိုင်သို့ လူသား၏ နောက်ဆုံး ရောက်ရှိခြင်းတို့သည်သာ ကယ်တင်ခြင်းအမှုတစ်ခုလုံး၏ အချက်အချာတွင် ရှိကာ၊ ဤအရာကသာ လူသား၏ကယ်တင်ခြင်း ရည်မှန်းချက်အား ရရှိနိုင်ပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင်၊ လှပသည့် ပန်းတိုင်သို့ လူသားရောက်ရှိခြင်းနှင့် ငြိမ်သက်ခြင်းချမ်းသာထဲသို့ သူ၏ ဝင်ရောက်ခြင်းသည်သာ အဖန်ဆင်းခံအားလုံး ပိုင်ဆိုင်သင့်သည့် အလားအလာများဖြစ်ပြီး ဖန်ဆင်းရှင်အနေဖြင့် လုပ်ဆောင်သင့်သည့် အမှု ဖြစ်သည်။ အကယ်၍ လူသားသည် ဤအမှုကို လုပ်ဆောင်ရမည်ဆိုပါက၊ အလွန်အကန့်အသတ်ရှိပေမည်- ယင်းသည် လူသားကို အခြေအနေ တစ်ခုထိ ခေါ်ဆောင်သွားနိုင်မည်ဖြစ်သော်လည်း၊ လူသားကို ထာဝရ ပန်းတိုင်သို့ ခေါ်ဆောင်နိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို မဆုံးဖြတ်နိုင်သကဲ့သို့၊ ထို့အပြင် လူသား၏ အလားအလာများနှင့် အနာဂတ် ပန်းတိုင်ကိုလည်း မသေချာစေနိုင်ပေ။ သို့ရာတွင် ဘုရားသခင် လုပ်ဆောင်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကို ဖန်ဆင်းခဲ့သည့်အတွက်၊ လူသားကို သူဦးဆောင်လမ်းပြ၏။ လူသားကို သူကယ်တင်သည့်အတွက်၊ သူသည် လူသားကို လုံးလုံးလျားလျား ကယ်တင်ပြီး လုံးဝ ရယူလိမ့်မည်။ သူသည် လူသားကို ဦးဆောင်သည့်အတွက်၊ လူသားကို သင့်လျော်သည့် ပန်းတိုင်သို့ ပို့ဆောင်လိမ့်မည်။ ပြီးလျှင် သူသည် လူသားကိုဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲသည့်အတွက်၊ လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် သူတာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင် လုပ်ဆောင်သည့် အမှုဖြစ်သည်။ သိမ်းပိုက်ခြင်းအမှုကို လူသားအား သူ၏ အလားအလာများမှ သန့်စင်စေခြင်းဖြင့် ရရှိသော်လည်း၊ လူသားသည် နောက်ဆုံးတွင် ၎င်းအတွက် ဘုရားသခင် ပြင်ဆင်ထားသည့် သင့်တော်သော ပန်းတိုင်ထဲသို့ ခေါ်ဆောင်ခံရမည် ဖြစ်သည်။ လူသားသည် ပန်းတိုင်တစ်ခုရှိပြီး သူ၏ ကံကြမ္မာ သေချာသည်မှာ အတိအကျအားဖြင့် ဘုရားသခင်သည် လူသားအပေါ် အမှုပြုသောကြောင့် ဖြစ်ပေသည်။ ဤနေရာတွင် ရည်ညွှန်းထားသည့် သင့်တော်သော ပန်းတိုင်မှာ လူသား၏ အတိတ်က သန့်စင်ခံရသော မျှော်လင့်ချက်များနှင့် အလားအလာများ မဟုတ်ပေ။ ထိုနှစ်ခုမှာ ကွဲပြားခြားနား၏။ လူသားက မျှော်လင့်ပြီး လိုက်စားသည့် အရာများသည် လူသားနှင့်လျော်ကန်သော ပန်းတိုင်ဆိုသည်ထက်၊ ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကို သူ၏လိုက်စားမှုမှ ထွက်ပေါ်သော တမ်းတမှုများ ဖြစ်သည်။ ထိုစဉ်အတောအတွင်း လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားသည့်အရာများမှာ၊ လူသားကို ဖြူစင်စေပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းနှင့် ထိုက်သင့်သည့် ကောင်းချီးမင်္ဂလာများနှင့် ကတိများဖြစ်ပေသည်၊ ယင်းတို့မှာ ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားခဲ့ပြီး လူသား၏ ရွေးချယ်မှုများ၊ အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် ဇာတိပကတိတို့ဖြင့် မစွန်းထင်းပေ။ ဤပန်းတိုင်ကို သီးခြားလူတစ်ဦးအတွက် ပြင်ဆင်ထားခြင်း မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ နားခိုရာအရပ်ဖြစ်၏။ ထို့ကြောင့် ဤပန်းတိုင်သည် လူသားမျိုးနွယ်အတွက် အသင့်တော်ဆုံး ပန်းတိုင်ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၈၉)

ဖန်ဆင်းရှင်သည် ဖန်ဆင်းခြင်း၏ သက်ရှိအားလုံးကို စီစဉ်ညွှန်ကြားရန် ရည်ရွယ်၏။ သူလုပ်ဆောင်သည့်အရာ မည်သည့်အရာကိုမျှ သင်သည် မစွန့်ပစ်ရ သို့မဟုတ် မနာခံရမည်မဟုတ်သကဲ့သို့၊ သူ့အပေါ် ပုန်လည်းမပုန်ကန်သင့်ပေ။ သူလုပ်ဆောင်သည့်အမှုသည် အဆုံးတွင် သူ၏ ရည်မှန်းချက်များကို ဖြစ်မြောက်စေသောအခါ၊ ဤအရာ၌ သူသည် ဘုန်းအသရေ ရရှိလိမ့်မည်။ ယနေ့တွင်၊ သင်သည် မောဘ၏ သားစဉ်မြေးဆက်ဖြစ်သည် သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ သားသမီးများဖြစ်သည်ကို အဘယ်ကြောင့် မပြောထားပါသနည်း။ အဘယ်ကြောင့် ရွေးချယ်ထားသူများအကြောင်း မပြောဘဲ၊ အဖန်ဆင်းခံ သတ္တဝါများအကြောင်းသာ ပြောသနည်း။ အဖန်ဆင်းခံ သတ္တဝါ- ဤသည်မှာ လူ၏နဂိုမူလ အမည်နာမဖြစ်ပြီး၊ သူ၏မွေးရာပါ ပင်ကိုလက္ခဏာမှာ ဤအရာ ဖြစ်သည်။ အမှု၏ ခေတ်များနှင့် အချိန်ကာလများ ကွဲပြားသောကြောင့်သာ အမည်နာမများ ကွဲပြားခြင်းဖြစ်၏။ အမှန်တွင်၊ လူသည် သာမန်အဖန်ဆင်းခံတစ်ဦးသာ ဖြစ်၏။ အဖောက်ပြန်အပျက်စီးဆုံးဖြစ်စေ၊ အသန့်ရှင်းဆုံးဖြစ်စေ၊ အဖန်ဆင်းခံများ အားလုံးသည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရ မည်ဖြစ်သည်။ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်သည့်အခါ၊ သူသည် သင်၏အလားအလာများ၊ ကံကြမ္မာ သို့မဟုတ် ခရီးပန်းတိုင်ကို အသုံးပြုလျက် သင့်ကို မထိန်းချုပ်ပေ။ ဤနည်းဖြင့် အလုပ်လုပ်ရန် အမှန်တကယ် မလိုအပ်ပေ။ သိမ်းပိုက်ခြင်း အမှု၏ ရည်မှန်းချက်မှာ လူအား အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်စေရန်၊ ဖန်ဆင်းရှင်ကို ကိုးကွယ်စေရန်ဖြစ်သည်။ ဤအရာကို ပြုပြီးမှသာ သူသည် နှစ်သက်ဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။ တိုတိုပြောရလျှင်၊ ဘုရားသခင်သည် မည်သို့ အမှုပြုသည်ကို ပဓာနမထားဘဲ၊ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့်၊ လူသားကို အလုပ်အကျွေးပြုရန် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်လော့။ လူသားအတွက် သူဖန်ဆင်းခဲ့သည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသဖြင့်- အားလုံးသည် လူသား၏ဖြစ်တည်မှုအတွက် ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့်၊ ဘုရားသခင်သည် လူကို မည်သို့ ပြစ်တင်ဆုံးမကာ တရားစီရင်သည်ဖြစ်စေ၊ အားလုံးသည် လူ၏ ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ၎င်း၏ ဇာတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ယင်းသည် လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်ပြီး လူ ရှင်သန်နိုင်ဖို့အလို့ငှာ လူကိုသန့်စင်ခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ လူ၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကိုယ် မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၉၀)

သိမ်းပိုက်ခြင်းအမှု ပြီးပြည့်စုံသည်နှင့်တစ်ပြိုင်နက်၊ လူသည် လှပသော ကမ္ဘာလောကတစ်ခုထဲသို့ ခေါ်ဆောင်ခံရလိမ့်မည်။ ဟုတ်ပေ၏၊ ဤအသက်တာသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေဆဲဖြစ်လိမ့်မည် ဖြစ်သော်လည်း၊ ယနေ့ လူသား၏အသက်တာနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံး သိမ်းပိုက်ခံရပြီးနောက်၊ လူသားမျိုးနွယ် ရှိမည့် အသက်တာဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ လူသားအတွက် အသစ်စတင်ခြင်းတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အတွက် ထိုသို့သော အသက်တာတစ်ခု ရှိရန်မှာ လူသားမျိုးနွယ်သည် သစ်လွင်ပြီး လှပသော နယ်ပယ်တစ်ခုထဲသို့ ဝင်ရောက်ပြီးဖြစ်သည့် သက်သေ ဖြစ်လိမ့်မည်။ ယင်းသည် ကမ္ဘာမြေပေါ်တွင် လူနှင့် ဘုရားသခင်၏ ဘဝ စတင်ခြင်း ဖြစ်လိမ့်မည်။ ထိုသို့သော လှပသည့် အသက်တာ၏ အကြောင်းပြချက်မှာ လူသည် သန့်စင်ခံရကာ သိမ်းပိုက်ခံရပြီးနောက်တွင်၊ ဖန်ဆင်းရှင်ရှေ့မှောက်တွင် သူ ကျိုးနွံနာခံခြင်းကြောင့် ဖြစ်ရပေမည်။ ထို့ကြောင့်၊ သိမ်းပိုက်ခြင်း အမှုသည် လူသားမျိုးနွယ်က နှစ်သက်ဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မဝင်ရောက်မီ ဘုရားသခင်၏ အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ထိုသို့သော အသက်တာတစ်ခုသည် ကမ္ဘာမြေပေါ်က လူ၏အနာဂတ် အသက်တာဖြစ်၏၊ ကမ္ဘာပေါ်က အလှပဆုံးသော အသက်တာဖြစ်၏၊ လူသား တောင့်တသော အသက်တာမျိုးဖြစ်၏၊ ကမ္ဘာ့သမိုင်းတွင် လူသားအနေဖြင့် တစ်ကြိမ်တစ်ခါမျှ မရရှိဖူးသော အသက်တာမျိုး ဖြစ်၏။ ယင်းသည် အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်းအမှု၏ နောက်ဆုံးရလဒ် ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ် အတမ်းတဆုံးသောအရာဖြစ်ပြီး လူသားထံ ဘုရားသခင်၏ ကတိလည်း ဖြစ်သည်။ သို့ရာတွင် ဤကတိသည် ချက်ချင်းဖြစ်မလာနိုင်ပေ။ နောက်ဆုံးသော ကာလ၏ အမှု ပြီးဆုံးပြီး လူသည် လုံးဝသိမ်းပိုက်ခံရပြီးမှသာ၊ ဆိုလိုသည်မှာ စာတန် လုံးဝ ရှုံးနိမ့်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် လူသည် အနာဂတ် ခရီးပန်းတိုင်ထဲသို့ ဝင်ရောက်လိမ့်မည်။ လူသည် စစ်ဆေးခံရပြီးနောက်တွင်၊ အပြစ်ရှိသော သဘာဝမရှိဘဲ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်ကို အနိုင်ယူပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ရန်လိုသည့် အင်အားစုများ၏ ဝင်ရောက်စွက်ဖက်ခြင်း ရှိမည်မဟုတ်သကဲ့သို့၊ လူ၏ ဇာတိပကတိကို တိုက်ခိုက်နိုင်သည့် ရန်လိုသည့် အင်အားစုများ လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူသည် လွတ်လပ်ကာ သန့်ရှင်းလိမ့်မည်- သူသည် ထာဝရကာလထဲသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ရန်လိုသော အမှောင်အင်အားစုများကို ကျေးကျွန်ဘဝတွင် ထိန်းချုပ်ထားမှသာ လူသည် သွားလေရာရာ၌ လွတ်လပ်လိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် သူသည် ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းများ ရှိမည်မဟုတ်ပေ။ စာတန်သည် ကျေးကျွန်ဘဝတွင် ထိန်းချုပ်ခံရဖို့သာရှိပြီး၊ လူနှင့်ပတ်သက်၍ အားလုံး အဆင်ပြေလိမ့်မည်။ ကမ္ဘာမြေပေါ်က နေရာတိုင်းတွင် စာတန်သည် ဒုက္ခမွှေနှောက်လျက်ရှိဆဲ ဖြစ်သောကြောင့်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု တစ်ရပ်လုံး အဆုံးသို့ မရောက်ရှိသေးသောကြောင့် လတ်တလော အခြေအနေ တည်ရှိခြင်း ဖြစ်သည်။ စာတန် ကျရှုံးသည်နှင့် တစ်ပြိုင်နက်၊ လူသည် လုံးဝလွတ်မြောက်လိမ့်မည်ဖြစ်သည်။ လူသည် ဘုရားသခင်ကိုရရှိပြီး စာတန်၏ နယ်ပယ်အောက်မှ ထွက်လာသည့်အခါ၊ ၎င်းသည် ဖြောင့်မတ်ခြင်း၏နေမင်းကို ရှုမြင်ရလိမ့်မည်။ သာမန်လူသားတစ်ဦးနှင့် ထိုက်သင့်သည့်ဘဝကို ပြန်လည်ရရှိလိမ့်မည်။ အကောင်းအဆိုး သိမြင်နိုင်စွမ်းနှင့် မိမိကိုယ်ကိုယ် မည်သို့စားပြီး ဝတ်ဆင်ရမည်ကို နားလည်နိုင်စွမ်း၊ ပြီးလျှင် ပုံမှန်နေထိုင်နိုင်စွမ်း စသည့် ပုံမှန်လူသားတစ်ဦး ပိုင်ဆိုင်သင့်သည့် အရာအားလုံးကို ပြန်လည်ရရှိလိမ့်မည်။ ဧဝသည် မြွေ၏စုံစမ်းသွေးဆောင်ခြင်းကို မခံခဲ့ရပါက၊ လူသည် အစအဦးတွင် ဖန်ဆင်းခံရပြီးနောက်၊ ဤသို့သော ပုံမှန်ဘဝကို ရရှိခဲ့သင့်ပေသည်။ သူသည် စားသောက်၊ ဝတ်ဆင်ကာ ကမ္ဘာမြေပေါ်တွင် ပုံမှန် လူသားဘဝကို နေထိုင်ခဲ့သင့်သည်။ သို့ရာတွင် လူသည် အကျင့်ပျက်ပြား လာပြီးနောက်တွင်၊ ဤဘဝသည် မရနိုင်သည့် စိတ်၏ လှည့်စားမှုတစ်ခု ဖြစ်လာခဲ့ပြီး၊ ယနေ့တွင်ပင် လူသည် ထိုသို့သောအရာများကို စိတ်မကူးဝံ့ပေ။ အမှန်တွင်၊ လူသားတောင့်တသည့် ဤလှပသောဘဝသည် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်၏၊ အကယ်၍ လူသည် ထိုသို့သော ခရီးပန်းတိုင်တစ်ခု မရှိခဲ့ပါက၊ ကမ္ဘာမြေကြီးပေါ်က ၎င်း၏ အကျင့်ပျက်ပြားသောဘဝသည် မည်သည့်အခါမျှ ရပ်တန့်မည် မဟုတ်သကဲ့သို့၊ ထိုသို့သော လှပသည့် ဘဝသာ မရှိခဲ့ပါက၊ စာတန်၏ကံကြမ္မာ သို့မဟုတ် ကမ္ဘာမြေကြီးအပေါ် စာတန် တန်ခိုးအာဏာ စွဲကိုင်သည့် ခေတ်သည် အဆုံးသတ် ရှိလိမ့်မည် မဟုတ်ပေ။ လူသားသည် အမှောင် အင်အားများ လက်လှမ်းမမီနိုင်သည့် နယ်ပယ်တစ်ခုသို့ ရောက်ရှိရမည်ဖြစ်ကာ ထိုသို့ရောက်ရှိသည့်အခါတွင်၊ ဤအရာက စာတန် ရှုံးနိမ့်ပြီးဖြစ်သည်ကို သက်သေပြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် စာတန်၏နှောင့်ယှက်မှု မရှိသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင် ကိုယ်တိုင်သည် လူသားမျိုးနွယ်ကို ထိန်းချုပ်လိမ့်မည်ဖြစ်ပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ကွပ်ကဲကာ ထိန်းချုပ်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ စာတန်သည် အမှန်တကယ် ရှုံးနိမ့်ပြီးလိမ့်မည်။ ယနေ့ လူ၏ဘဝသည် များသောအားဖြင့် ညစ်ညမ်းသည့်ဘဝ ဖြစ်သည်။ ယင်းသည် ဆင်းရဲဒုက္ခခံစားခြင်းနှင့် ဝေဒနာနှင့်ဆိုင်သော ဘဝ ဖြစ်နေဆဲဖြစ်သည်။ ဤသည်ကို စာတန်၏ ရှုံးနိမ့်ခြင်းဟု ခေါ်ဆို၍မရနိုင်ပေ။ လူသားသည် ဒုက္ခပင်လယ်မှ လွတ်မြောက်ရန် လိုသေးသည်၊ လူ့ဘဝ၏ အခက်အခဲ သို့မဟုတ် စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်ရန် လိုသေးသကဲ့သို့၊ သူသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် အလွန့်အလွန်တိုတောင်းသော အသိပညာတစ်ခုသာ ရှိဆဲ ဖြစ်သည်။ လူ၏အခက်အခဲအားလုံးကို စာတန်က ဖန်တီးခဲ့ခြင်းဖြစ်၏။ လူသား၏ဘဝထဲသို့ ဆင်းရဲဒုက္ခကို ယူဆောင်ခဲ့သူမှာ စာတန်ဖြစ်ပြီး၊ စာတန်ကို ကျေးကျွန်ဘဝတွင် ထားရှိသည့်နောက်တွင်သာ လူသည် ဒုက္ခပင်လယ်မှ လုံးဝ လွတ်မြောက်နိုင်လိမ့်မည်ဖြစ်သည်။ သို့ရာတွင် စာတန်၏ ကျေးကျွန်ဘဝကို လူ၏ စိတ်နှလုံးအား သိမ်းပိုက်ခြင်းနှင့် ရယူခြင်း၊ လူကို စာတန်နှင့် တိုက်ပွဲ၏ တိုက်၍ရသောပစ္စည်း ဖြစ်စေခြင်းအားဖြင့် စွမ်းဆောင်ရရှိပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၉၁)

ယနေ့တွင်၊ အောင်မြင်သောသူတစ်ဦးဖြစ်လာခြင်းနှင့် စုံလင်စေခြင်း ခံရခြင်းနှင့် သက်ဆိုင်သည့် လူသား၏ လိုက်စားမှုသည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသားဘဝ မရှိမီ သူ လိုက်စားသည့် အရာများဖြစ်ပြီး၊ ထိုအရာများသည် စာတန်ကို ကျေးကျွန်ဘဝတွင်မရှိစေမီ လူက ရှာဖွေသော ရည်မှန်းချက်များ ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ အောင်မြင်သောသူတစ်ဦး ဖြစ်လာရန်နှင့် စုံလင်စေခြင်းကို ခံရခြင်း သို့မဟုတ် ကြီးမားစွာ အသုံးပြုခံရခြင်း နှင့်သက်ဆိုင်သည့် လူ၏ လိုက်စားရှာဖွေမှုသည် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်ဖြစ်၏။ လူ၏လိုက်စားရှာဖွေမှုသည် အောင်မြင်သောသူတစ်ဦး ဖြစ်လာရန် ဖြစ်သော်လည်း၊ နောက်ဆုံးရလဒ်မှာ စာတန်၏လွှမ်းမိုးမှုမှ သူ၏ လွတ်မြောက်ခြင်း ဖြစ်လိမ့်မည်။ စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းအားဖြင့်သာ လူသည် ကမ္ဘာမြေပေါ်တွင်‌ ပုံမှန်လူသားဘဝ၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့် ဘဝကို နေထိုင်နိုင်ပေသည်။ ယနေ့တွင်၊ အောင်မြင်သောသူတစ်ဦး ဖြစ်လာခြင်းနှင့် စုံလင်စေခြင်းကို ခံရခြင်းနှင့် သက်ဆိုင်သည့် လူ၏ လိုက်စားရှာဖွေမှုသည် ကမ္ဘာမြေပေါ်တွင် လူက ပုံမှန် လူသားဘဝမရှိမီ လိုက်စားရှာဖွေခဲ့သော အရာများဖြစ်၏။ ယင်းတို့ကို သန့်စင်ခံရခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက်၊ ပြီးလျှင် ဖန်ဆင်းရှင်ကို ကိုးကွယ်ရန်အလို့ငှာ အဓိက လိုက်စားရှာဖွေခြင်း ဖြစ်၏။ လူသည် ကမ္ဘာမြေပေါ်တွင် ပုံမှန် လူသားဘဝ၊ အခက်အခဲ သို့မဟုတ် ဒုက္ခဝေဒနာ မရှိသည့်ဘဝတစ်ခုကို ပိုင်ဆိုင်ပါက၊ လူသည် အောင်မြင်သောသူ တစ်ဦးဖြစ်လာခြင်းနှင့်ဆိုင်သည့် လိုက်စားရှာဖွေမှုတွင် ပါဝင်ပတ်သက်လိမ့်မည် မဟုတ်ပေ။ “အောင်မြင်သောသူတစ်ဦး ဖြစ်လာခြင်း” နှင့် “စုံလင်စေခြင်း ခံရခြင်း” တို့သည် ဘုရားသခင်က လူကို လိုက်စားရှာဖွေရန် ပေးသည့် ရည်မှန်းချက်များဖြစ်ပြီး၊ ဤရည်မှန်းချက်များကို လိုက်စားရှာဖွေခြင်းမှတစ်ဆင့် သူသည် လူသားအား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အဓိပ္ပာယ်ရှိသည့်ဘဝကို အသက်ရှင်ဖို့ ဖြစ်စေသည်။ ရည်မှန်းချက်မှာ လူကို ပြည့်စုံစေရန်နှင့် သူ့ကို ရယူရန်ဖြစ်ပြီး၊ အောင်မြင်သောသူတစ်ဦး ဖြစ်လာခြင်းနှင့် စုံလင်စေခြင်း ခံရခြင်းနှင့်သက်ဆိုင်သော လိုက်စားရှာဖွေမှုသည် နည်းလမ်းတစ်ခုမျှသာ ဖြစ်၏။ အကယ်၍ အနာဂတ်တွင် လူသည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ ဝင်ရောက်ပါက၊ အောင်မြင်သောသူ တစ်ဦးဖြစ်လာခြင်းနှင့် စုံလင်စေခြင်း ခံရခြင်းအဖို့ ရည်ညွှန်းပြောဆိုချက် ရှိလိမ့်မည် မဟုတ်ပေ။ အဖန်ဆင်းခံ အသီးသီးက မိမိတို့၏တာဝန်ကို ဆောင်ရွက်ခြင်းသာ ရှိလိမ့်မည် ဖြစ်သည်။ ယနေ့တွင်၊ လူ၏ လိုက်စားရှာဖွေမှုသည် သာ၍ ရည်မှန်းခံရကာ လက်တွေ့ကျနိုင်ဖို့အလို့ငှာ၊ လူသားအတွက် နယ်ပယ်တစ်ခု သတ်မှတ်ရန်သက်သက်သာ ဤအရာများကို လူအား လိုက်စားစေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက၊ လူသည် မရေရာသော စိတ်ကူးသက်သက်ဖြစ်ခြင်း အလယ်တွင် အသက်ရှင်ကာ ထာဝရ အသက်ထဲသို့ ဝင်ရောက်မှုကို အားထုတ်မိမည် ဖြစ်ပြီး၊ ဤသို့သာဖြစ်ပါက၊ လူသည် သာ၍ပင် သနားဖွယ် ဖြစ်မည်မဟုတ်လော။ ရည်မှန်းချက်များ သို့မဟုတ် အခြေခံ သဘောတရားများမရှိဘဲ၊ ဤနည်းဖြင့် လိုက်စားရှာဖွေရန်မှာ- ယင်းသည် မိမိကိုယ်ကိုယ်လှည့်ဖြားခြင်း ဖြစ်သည် မဟုတ်လော။ နောက်ဆုံးတွင် ဤလိုက်စားရှာဖွေမှုသည် အလိုအလျောက် အချည်းနှီးဖြစ်ပေမည်။ အဆုံးတွင် လူသည် စာတန်၏အုပ်စိုးမှုအောက်တွင် အသက်ရှင်ဦးမည်ဖြစ်ပြီး ယင်းမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေနိုင်စွမ်းရှိမည် မဟုတ်ပေ။ အဘယ်ကြောင့် မိမိကိုယ်ကိုယ် ထိုသို့သော ခြေဦးတည့်ရာ လိုက်စားရှာဖွေမှု ပြုစေသနည်း။ လူသည် ထာဝရခရီးပန်းတိုင်ထဲသို့ ဝင်ရောက်သည့်အခါ၊ ဖန်ဆင်းရှင်ကို ကိုးကွယ်လိမ့်မည် ဖြစ်ပြီး၊ လူသည် ကယ်တင်ခြင်းရရှိပြီးဖြစ်ကာ ထာဝရကာလထဲသို့ ဝင်ရောက်ပြီး ဖြစ်သောကြောင့်၊ လူသည် မည်သည့် ရည်မှန်းချက်များကိုမျှ လိုက်စားရှာဖွေလိမ့်မည် မဟုတ်သည့်အပြင်၊ သူသည် စာတန်၏ ဝန်းရံခြင်းခံရမည်ကို စိုးရိမ်စရာလည်း လိုအပ်မည်မဟုတ်ပေ။ ဤအချိန်တွင်၊ လူသည် သူ၏နေရာကို သိလိမ့်မည်ဖြစ်ပြီး၊ သူ၏ တာဝန်ကို ဆောင်ရွက်လိမ့်မည်ဖြစ်ကာ၊ ၎င်းတို့အနေဖြင့် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်း မခံကြရလျှင်ပင်၊ လူအသီးသီးသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ လူသားသည် ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းနှစ်ခုလုံးတွင် အဖန်ဆင်းခံတစ်ဦး ဖြစ်လိမ့်မည်။ အမြင့်အနိမ့် ခွဲခြားမှု ရှိတော့မည် မဟုတ်ပေ။ လူအသီးသီးသည် မတူကွဲပြားသည့် လုပ်ငန်းတာဝန်တစ်ခုကိုသာ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် လူသည် လူသားမျိုးနွယ်အတွက် စနစ်ကျပြီး သင့်တော်သော ခရီးပန်းတိုင်တစ်ခုတွင် အသက်ရှင်လိမ့်ဦးမည်ဖြစ်သည်။ ဖန်ဆင်းရှင်ကို ကိုးကွယ်ခြင်းအတွက် လူသည် သူ၏တာဝန်ကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ထာဝရကာလနှင့်သက်ဆိုင်သော လူသားမျိုးနွယ်ဖြစ်လာမည်မှာ ဤလူသားမျိုးနွယ် ဖြစ်ပေသည်။ ထိုအချိန်တွင် လူသည် ဘုရားသခင်၏ အလင်းပေးခံရသည့် အသက်တာတစ်ခု၊ ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်မှုအောက်တွင် ရှိသည့် အသက်တာတစ်ခု၊ ဘုရားသခင်နှင့် အတူရှိသည့် အသက်တာတစ်ခုကို ရရှိပြီးဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေပေါ်တွင် ပုံမှန်ဘဝတစ်ခုကို နေထိုင်လိမ့်မည်ဖြစ်ပြီး၊ လူအားလုံးသည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်သည် စာတန်ကို လုံးဝရှုံးနိမ့်စေပြီးဖြစ်လိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဖန်ဆင်းမှုနောက်ပိုင်း လူသား၏နဂိုမူလ ပုံသဏ္ဌာန်ကို ပြန်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ မူလရည်ရွယ်ချက်သည် ပြည့်စုံပြီးဖြစ်လိမ့်မည်။ အစအဦး၌ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရမီ ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်သည် ပုံမှန်ဘဝတစ်ခုကို နေထိုင်ခဲ့၏။ နောက်ပိုင်းတွင်၊ လူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရပြီးနောက်တွင် ဤပုံမှန်ဘဝကို ဆုံးရှုံးခဲ့ကာ၊ ထိုကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် လူ၏ပုံမှန် ဘဝကို ပြန်လည်ရရှိရန် စာတန်နှင့် တိုက်ပွဲတို့သည် စတင်ခဲ့၏။ ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှု အဆုံးသတ်သို့ရောက်လာသည့်အခါမှသာ၊ လူသားမျိုးနွယ်အားလုံး၏ ဘဝသည် ကမ္ဘာမြေပေါ်တွင် တရားဝင်စတင်လိမ့်မည်ဖြစ်သည်။ ထိုအခါမှသာ လူသည် နှစ်သက်ဖွယ်ကောင်းသည့် ဘဝတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် အစအဦး၌ လူသားကို ဖန်ဆင်းရာတွင် သူ၏ ရည်ရွယ်ချက်အပြင်၊ လူသား၏ နဂိုမူလပုံသဏ္ဌာန်တို့ကို ပြန်လည်ရရှိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူသားသည် ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် ပုံမှန်ဘဝကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ လူသည် သန့်ရှင်းလိမ့်မည်ဖြစ်သည့်အတွက် အောင်မြင်သောသူတစ်ဦး ဖြစ်လာခြင်း သို့မဟုတ် စုံလင်စေခြင်းခံရခြင်းအား လိုက်စားရှာဖွေမည်မဟုတ်ပေ။ လူတို့ပြောဆိုသည့် “အောင်မြင်သူများ” နှင့် “စုံလင်စေခြင်းခံရခြင်း” တို့သည် ဘုရားသခင်နှင့် စာတန်တို့အကြား တိုက်ပွဲကာလအတွင်း လိုက်စားရှာဖွေရန် လူသားကို ပေးထားသည့် ရည်မှန်းချက်များ ဖြစ်ကာ၊ လူသားအနေဖြင့် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသောကြောင့်သာ ၎င်းတို့ရှိနေခြင်း ဖြစ်သည်။ စာတန် ရှုံးနိမ့်လိမ့်မည်မှာ၊ သင့်ကို ရည်မှန်းချက်တစ်ခုပေးခြင်းနှင့် ဤရည်မှန်းချက်ကို သင့်အား လိုက်စားစေခြင်းအားဖြင့် ဖြစ်ပေသည်။ သင့်ကို အောင်မြင်သောသူ တစ်ဦးဖြစ်ရန် သို့မဟုတ် စုံလင်စေခြင်းခံရသူတစ်ဦး ဖြစ်ရန်၊ သို့မဟုတ် အသုံးပြုခြင်းခံစေရန် တောင်းဆိုခြင်းသည် စာတန်ကို အရှက်ရစေဖို့အလို့ငှာ သင် သက်သေခံသည်ကို လိုအပ်ပေသည်။ အဆုံးတွင်၊ လူသည် ကမ္ဘာမြေပေါ်တွင် ပုံမှန်လူသားဘဝကို နေထိုင်လိမ့်မည်ဖြစ်ပြီး၊ လူသည် သန့်ရှင်းလိမ့်မည် ဖြစ်သည်။ ဤအရာဖြစ်ပျက်သောအခါတွင်၊ လူတို့သည် အောင်မြင်သောသူများ ဖြစ်ရန် ကြိုးစားကြလိမ့်ဦးမည်လော။ ၎င်းတို့အားလုံးသည် ဖန်ဆင်းခံ သတ္တဝါများဖြစ်ကြသည် မဟုတ်လော။ အောင်မြင်သောသူတစ်ဦး ဖြစ်ခြင်းနှင့် စုံလင်စေခြင်းခံရသူတစ်ဦး ဖြစ်ခြင်းနှင့်စပ်လျဉ်း၍၊ ဤစကားလုံးများသည် စာတန်အား ရည်ညွှန်းခြင်း ဖြစ်ပြီး၊ လူသား၏ညစ်ညမ်းမှုတို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤ စကားလုံး “အောင်မြင်သောသူ” မှာ စာတန်နှင့် ရန်လိုသည့်အင်အားစုများအပေါ် အောင်နိုင်ခြင်းကို ရည်ညွှန်းထားခြင်း မဟုတ်လော။ သင်စုံလင်စေခြင်း ခံရပြီဟု သင် ဆိုသည့်အခါတွင် သင့်အတွင်းရှိ မည်သည့်အရာသည် စုံလင်စေခြင်း ခံရပြီးဖြစ်ပါသနည်း။ ယင်းမှာ သင့်အနေဖြင့် ဘုရားသခင်အား အထွတ်အထိပ်ချစ်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာ သင်၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ပစ်ခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သောအရာများကို လူသားအတွင်းရှိ ညစ်ညမ်းသောအရာများ နှင့်ပတ်သက်၍၊ ပြီးလျှင် စာတန်နှင့် ပတ်သက်၍ ပြောဆိုရပေသည်။ ယင်းတို့ကို ဘုရားသခင်နှင့် ပတ်သက်၍ မပြောဆိုရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၉၂)

လူသည် ကမ္ဘာမြေပေါ်တွင် စစ်မှန်သည့် လူ့အသက်တာကို ရရှိပြီး စာတန်၏အင်အားစု တစ်ခုလုံး ကျေးကျွန်ဘဝတွင် ထားရှိခြင်းခံရသည့်အခါ၊ လူသည် ကမ္ဘာမြေပေါ်တွင် လွယ်ကူစွာ အသက်ရှင်လိမ့်မည်ဖြစ်သည်။ အမှုအရာများသည် ယနေ့လောက် ရှုပ်ထွေးလိမ့်မည်မဟုတ်ပေ- လူသားဆက်ဆံရေးများ၊ လူမှု ဆက်ဆံရေးများ၊ ရှုပ်ထွေးသည့် မိသားစုဆိုင်ရာ ဆက်ဆံရေးများ- ၎င်းတို့သည် များလှစွာသော ဒုက္ခ၊ များလှစွာသော ဝေဒနာကို ဆောင်ကြဉ်းလေသည်။ ဤနေရာရှိ လူ၏ဘဝသည် အလွန် စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ သူ၏နှလုံးသားနှင့် စိတ်တို့ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို ကြည်ညိုကာ ချစ်သော စိတ်နှလုံးတစ်ခု ရှိလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသည့် စကြဝဠာအတွင်းရှိသည့် သူအားလုံး သိမ်းပိုက်ခြင်းခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ဆိုလိုသည်မှာ စာတန်ရှုံးနိမ့်ပြီး ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ အမှောင် အင်အားစုအားလုံးဖြစ်သည့် စာတန်ကို ကျေးကျွန်ဘဝတွင် ထားရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ ကမ္ဘာမြေပေါ်ရှိ လူသား၏ဘဝသည် ဒုက္ခရှိလိမ့်မည်မဟုတ်သကဲ့သို့၊ သူသည် ကမ္ဘာမြေပေါ်တွင် လွတ်လပ်စွာ အသက်ရှင်နိုင်လိမ့်မည် ဖြစ်သည်။ လူ၏ဘဝသည် ဇာတိပကတိ ဆက်ဆံရေးများနှင့် ဇာတိပကတိ၏ အရှုပ်အထွေးများ မရှိပါက၊ လွန်စွာ သာ၍လွယ်ကူလိမ့်မည် ဖြစ်သည်။ လူ၏ ဇာတိပကတိ ဆက်ဆံရေးများသည် ရှုပ်ထွေးလွန်းသကဲ့သို့၊ လူသားအနေဖြင့် ထိုသို့သောအရာများရှိခြင်းသည် သူသည် စာတန်၏လွှမ်းမိုးမှုမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေဖို့ လိုသေးသည့် သက်သေဖြစ်သည်။ သင်သည် သင်၏ညီအစ်ကို မောင်နှမများတစ်ဦးစီနှင့် အလားတူ ဆက်ဆံရေးရှိခဲ့ပါက၊ သင်၏မိသားစုဝင်တစ်ဦးစီနှင့် အလားတူ ဆက်ဆံရေးရှိခဲ့ပါက၊ သင်သည် ပူပန်စရာများ ရှိမည်မဟုတ်သကဲ့သို့၊ မည်သူမျှနှင့်ပတ်သက်၍ စိုးရိမ်ဖို့ လိုအပ်မည်မဟုတ်ပေ။ သာ၍ ကောင်းသည့်အရာ မရှိနိုင်သကဲ့သို့၊ ဤနည်းဖြင့် လူသည် ၎င်း၏ဒုက္ခတစ်ဝက် သက်သာရာရမည် ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် သာမန်လူသားဘဝတစ်ခုကို အသက်ရှင်ရင်း၊ လူသည် ကောင်းကင်တမန်များနှင့် အလားတူ ပေလိမ့်မည်။ ဇာတိပကတိ၏ ဖြစ်တည်မှုရှိဆဲဖြစ်သော်လည်း၊ သူသည် ကောင်းကင်တမန်တစ်ပါးနှင့် များစွာတူလိမ့်မည်ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးကတိ၊ လူသားအပေါ် အပ်နှင်းသည့် နောက်ဆုံးကတိဖြစ်၏။ ယနေ့ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရ၏။ ထိုသို့သောအရာများနှင့်သက်ဆိုင်သည့် လူသား၏ အတွေ့အကြုံသည် အဓိပ္ပာယ်ကင်းမဲ့သည်ဟု သင်ထင်ပါသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို အကြောင်းမရှိဘဲ လုပ်ဆောင်နိုင်မည်လော။ ယခင်က လူကို ပြစ်တင်ဆုံးမရန်နှင့် တရားစီရင်ရန်မှာ ၎င်းကို အနက်ဆုံးတွင်းထဲတွင် ထားရှိရန် ဖြစ်၏ဟု ဆိုထားခဲ့၏၊ ယင်းမှာ ၎င်း၏ကံကြမ္မာနှင့် အလားအလာများကို ယူဆောင်သွားခြင်းကို ဆိုလိုပေသည်။ ဤသည်မှာ တစ်ခုသောအရာ- လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်၏။ ဘုရားသခင်သည် လူကို မပတ်သက်ဘဲနေပြီးနောက်၊ လူကို အနက်ဆုံးသော တွင်းထဲတွင် တမင်ထားရှိသည်မဟုတ်။ ထိုအစား၊ ယင်းသည် အဆုံးတွင် လူသား၏အတွင်းရှိ အရာများကို သန့်စင်စေခြင်းခံရနိုင်ဖို့အလို့ငှာ၊ ၎င်းသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် မှန်ကန်သော အသိရှိပြီး သန့်ရှင်းသူတစ်ဦး ကဲ့သို့ ဖြစ်ရန်အလို့ငှာ၊ လူသား၏အတွင်းရှိ ပုန်ကန်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ပေသည်။ ဤအရာကိုလုပ်ဆောင်ပါက၊ အားလုံး ပြီးမြောက်လိမ့်မည် ဖြစ်သည်။ အမှန်တွင်၊ လူသား၏အတွင်းရှိ ကိုင်တွယ်ဖြေရှင်းခံရဖို့ ရည်ရွယ်ထားသည့် အရာများကို ကိုင်တွယ်ဖြေရှင်းပြီး၊ လူသည် ထူးကဲလှသော သက်သေကို ခံသည့်အခါတွင်၊ စာတန်သည်လည်း ရှုံးနိမ့်လိမ့်မည်ဖြစ်ပြီး၊ လူသား၏အတွင်းတွင် လုံးဝ သန့်စင်မခံရသည့် မူလက ရှိသည့်အရာ အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း၊ စာတန်ရှုံးနိမ့်သည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် ဒုက္ခ ပေးတော့မည် မဟုတ်ဘဲ၊ ထိုအချိန်တွင် လူသည် လုံးဝသန့်စင်ခြင်းခံရပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ လူသည် ထိုသို့သော ဘဝတစ်ခုကို လုံးဝ တွေ့ကြုံဖူးခြင်း မရှိသော်လည်း၊ စာတန် ရှုံးနိမ့်သွားသည့် အခါတွင်၊ အားလုံး ကျေအေးသွားမည်ဖြစ်ကာ လူသား အတွင်းရှိ မပြောပလောက်သော အရာအားလုံး ဖြေရှင်းခံရလိမ့်မည် ဖြစ်ပြီး၊ ထိုအဓိကပြဿနာ ဖြေရှင်းပြီးသွားသည်နှင့်တစ်ပြိုင်နက်၊ အခြားဒုက္ခအားလုံး အဆုံးသတ်လိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေပေါ် ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်း အတောအတွင်းတွင်၊ သူသည် လူသားအလယ် သူ၏အမှုကို ကိုယ်တိုင်လုပ်ဆောင်သည့်အချိန်တွင်၊ သူ လုပ်ဆောင်သည့်အမှု အားလုံးသည် စာတန်ရှုံးနိမ့်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူကိုသိမ်းပိုက်ခြင်း မှတစ်ဆင့်၊ ပြီးလျှင် သင်တို့ကို စုံလင်စေခြင်းအားဖြင့် သူသည် စာတန်ကို အနိုင်ယူလိမ့်မည်ဖြစ်သည်။ သင်တို့သည် ထူးကဲသော သက်သေကို ခံကြသည့်အခါ၊ ဤသည်လည်း စာတန်၏ရှုံးနိမ့်ခြင်း အမှတ်အသားတစ်ခု ဖြစ်လိမ့်မည်။ စာတန်ကို ရှုံးနိမ့်စေရန်အလို့ငှာ လူသည် ပထမဦးစွာ သိမ်းပိုက်ခံရပြီး၊ နောက်ဆုံးတွင် လုံးဝ စုံလင်စေခြင်းခံရလေသည်။ သို့ရာတွင် အနှစ်သာရအားဖြင့် စာတန်ရှုံးနိမ့်ခြင်းနှင့်အတူ ဤသည်မှာ ဤအနှစ်မဲ့သော ဒုက္ခပင်လယ်ထဲမှ လူသားမျိုးနွယ်အားလုံး၏ ကယ်တင်ခြင်းလည်း ဖြစ်၏။ အမှုကို စကြဝဠာတစ်ခုလုံးအနှံ့ ဆောင်ရွက်သည်ဖြစ်စေ၊ တရုတ်နိုင်ငံတွင် ဆောင်ရွက်သည်ဖြစ်စေ၊ ယင်းမှာ လူသားအနေဖြင့် ငြိမ်သက်ခြင်းချမ်းသာ ထဲသို့ ဝင်ရောက်နိုင်ဖို့အလို့ငှာ စာတန်ကိုရှုံးနိမ့်စေဖို့နှင့် လူသားမျိုးနွယ် တစ်ခုလုံးထံ ကယ်တင်ခြင်း ယူဆောင်လာဖို့သာ ဖြစ်သည်။ ဤပုံမှန်လူ့ဇာတိ ဖြစ်သည့် လူ့ဇာတိခံ ဘုရားသခင်သည် အတိအကျအားဖြင့် စာတန်ကို ရှုံးနိမ့်စေခြင်းအတွက် ဖြစ်၏။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုကို ကောင်းကင်အောက်ရှိ ဘုရားသခင်ကို ချစ်သောသူ အားလုံးထံ ကယ်တင်ခြင်းကို ယူဆောင်လာရန် အသုံးပြုပေသည်၊ ယင်းသည် လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ခြင်းအတွက်အပြင်၊ စာတန်ကို ရှုံးနိမ့်စေခြင်းအလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာကို လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်း ယူဆောင်လာရန် စာတန်ကို ရှုံးနိမ့်စေခြင်းမှ ခွဲခြား၍ မရပေ။ ဤအမှု၏ နေရာများစွာတွင် သင်တို့ကို သက်သေခံစေခြင်းနှင့်သက်ဆိုင်၍ အဘယ်ကြောင့် အမြဲပြောဆိုထားပါသနည်း။ ပြီးလျှင် ဤသက်သေခံချက်မှာ မည်သူကို ဦးတည်ပါသနည်း။ စာတန်ကို ဦးတည်သည် မဟုတ်လော။ ဤသက်သေခံချက်သည် ဘုရားသခင်အဖို့ ပြုလုပ်ထားခြင်းဖြစ်ပြီး ဘုရားသခင်၏ အမှုသည် ယင်း၏လိုလားသည့် အကျိုးတရားကို ရရှိပြီးဖြစ်သည်ကို သက်သေခံရန် ပြုလုပ်ထားခြင်းဖြစ်၏။ သက်သေခံခြင်းသည် စာတန်ကို ရှုံးနိမ့်စေခြင်းအမှုနှင့် ဆက်နွှယ်သည်။ စာတန်နှင့် တိုက်ပွဲမရှိခဲ့ပါက၊ လူသည် သက်သေခံရန် လိုအပ်မည်မဟုတ်ပေ။ လူကို ကယ်တင်သည်နှင့်အမျှ တစ်ချိန်တည်းတွင် စာတန်ကို ရှုံးနိမ့်စေရမည် ဖြစ်သောကြောင့်၊ ဘုရားသခင်သည် ထိုလူကို သူ့အတွက် စာတန်၏ရှေ့မှောက်တွင် သက်သေခံရန် တောင်းဆိုပေသည်၊ ယင်းကို သူသည် လူအား ကယ်တင်ရန်နှင့် စာတန်နှင့် တိုက်ပွဲဆင်နွှဲရန် အသုံးပြုလေသည်။ အကျိုးဆက်အနေဖြင့်၊ လူသည် ကယ်တင်ခြင်း၏ ရည်မှန်းချက်ဖြစ်သကဲ့သို့ စာတန်ကို ရှုံးနိမ့်စေရာတွင် အသုံးပြုသည့် လက်နက်တစ်ခုပါ ဖြစ်လေသည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး၏ အချက်အချာတွင်ရှိသော်လည်း၊ စာတန်သည် ဖျက်ဆီးခံရမည့်အရာ၊ ရန်သူမျှသာ ဖြစ်၏။ သင်သည် မည်သည့်အရာမျှ မလုပ်ဆောင်သေးဟု ထင်ကောင်းထင်နိုင်သော်လည်း၊ သင်၏စိတ်သဘောထားထဲက ပြောင်းလဲမှုများကြောင့် သက်သေခံပြီးဖြစ်ကာ ဤသက်သေခံချက်သည် စာတန်ကို ရည်ရွယ်လျက်ရှိပြီး လူသားအဖို့ ပြုလုပ်ထားခြင်း မဟုတ်ပေ။ လူသည် ထိုသို့သော သက်သေခံချက်ကို မွေ့လျော်ခံစားရန် မသင့်တော်ပေ။ ဘုရားသခင် လုပ်ဆောင်သည့်အမှုကို သူ မည်သို့ နားလည်နိုင်မည်နည်း။ ဘုရားသခင် တိုက်ခိုက်နေသည့်အရာမှာ စာတန်ဖြစ်သော်လည်း၊ လူသည် ကယ်တင်ခြင်း၏ ရည်ရွယ်ချက်သာ ဖြစ်လေသည်။ လူသည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်နေသဘောထားရှိပြီး၊ ဤအမှုကို နားလည်နိုင်စွမ်း မရှိပေ။ ဤသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်ဖြစ်ပြီး လူသားအဖို့ မွေးရာပါ မဟုတ်သော်လည်း၊ စာတန်၏ စီမံညွှန်ကြားခြင်း ခံထားရပေသည်။ ယနေ့တွင်၊ ဘုရားသခင်၏ အဓိကအမှုသည် စာတန်ကို ရှုံးနိမ့်စေရန် ဖြစ်၏၊ ဆိုလိုသည်မှာ စာတန်၏ ရှေ့မှောက်တွင် လူသားသည် ဘုရားသခင်အဖို့ နောက်ဆုံး သက်သေခံနိုင်ဖို့အလို့ငှာ လူကို လုံးဝသိမ်းပိုက်ရန်ဖြစ်၏။ ဤနည်းဖြင့်၊ အရာခပ်သိမ်း ပြီးမြောက်လိမ့်မည် ဖြစ်သည်။ အခြေအနေအများအပြား၌၊ သင့်ပကတိမျက်လုံးတွင် မည်သည့်အရာမျှ မလုပ်ဆောင်ရသေးပုံပေါ်သော်လည်း၊ အမှန်တွင် အမှုသည် ပြီးဆုံးနှင့်ပြီဖြစ်၏။ လူသားအတွက် စုံလင်ခြင်းအမှုအားလုံး မြင်သာရန် လိုအပ်သော်လည်း၊ စာတန်သည် ကျိုးနွံနာခံပြီးဖြစ်သည့်အတွက်၊ ဆိုလိုသည်မှာ ၎င်းသည် လုံးဝရှုံးနိမ့်ပြီဖြစ်သည့်အတွက်၊ ဘုရားသခင်၏ဉာဏ်ပညာ၊ တန်ခိုးနှင့် ဩဇာအာဏာအားလုံးသည် စာတန်ကို နှိမ်နင်းပြီးဖြစ်သည့်အတွက်၊ သင့်အဖို့ မြင်သာစေခြင်းမရှိဘဲ၊ ငါသည် ငါ၏အမှုကို ပြည့်စုံစေပြီးပြီဖြစ်သည်။ ဤသည်မှာ အတိအကျ သက်သေခံရမည့် သက်သေခံချက်ဖြစ်ပြီး၊ ယင်းသည် လူသားတွင် ရှင်းလင်းသည့် ဖော်ပြချက်မရှိသော်လည်း၊ ပကတိမျက်လုံးတွင် မမြင်သာသော်လည်း၊ စာတန်သည် ရှုံးနိမ့်နှင့်ပြီးဖြစ်၏။ ဤအမှုတစ်ခုလုံးသည် စာတန်ကို ရည်ရွယ်ထားခြင်းဖြစ်ပြီး စာတန်နှင့်တိုက်ပွဲကြောင့် ဆောင်ရွက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားအနေဖြင့် အောင်မြင်ပြီး ဖြစ်သကဲ့သို့ မမြင်သော်လည်း၊ ဘုရားသခင်၏ အမြင်တွင် အချိန်ကြာမြင့်စွာက အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပြီးဖြစ်သည့်အရာများစွာ ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံး၏ အတွင်း သမ္မာတရားများထဲမှ တစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၉၃)

စုံလင်စေခြင်း ခံရဖို့ လိုလားလျက် ရှိသူအားလုံးသည် စုံလင်စေခြင်း ခံရဖို့ အခွင့်အရေးရှိ၏၊ ထို့ကြောင့် အယောက်တိုင်း စိတ်အေးလက်အေးထားရမည်- အနာဂတ်တွင် သင်တို့အားလုံး ပန်းတိုင်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဖြစ်သည်။ သို့ရာတွင် သင်သည် စုံလင်စေခြင်းခံရရန် လိုလားမနေသကဲ့သို့၊ အံ့သြဖွယ်ကောင်းသော နယ်ပယ်ထဲသို့ဝင်ရောက်ရန် လိုလားနေခြင်း မရှိပါက၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ပြဿနာ ဖြစ်၏။ စုံလင်စေခြင်းခံရရန် လိုလားနေပြီး ဘုရားသခင်ကို သစ္စာစောင့်သိသူအားလုံး၊ နာခံသူအားလုံးနှင့် ၎င်းတို့၏ အလုပ်တာဝန်ကို သစ္စာရှိစွာ ဆောင်ရွက်သူ အားလုံး- ထိုသို့သော လူအားလုံးသည် စုံလင်စေခြင်းခံရနိုင်၏။ ယနေ့တွင်၊ ၎င်းတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်ခြင်းမရှိသူအားလုံး၊ ဘုရားသခင်ကို သစ္စာမစောင့်သိသူအားလုံး၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိသူ အားလုံး၊ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်း ဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိပြီးဖြစ်သော်လည်း၊ လက်တွေ့မလုပ်ဆောင်သောသူ အားလုံး— ထိုသို့သော လူအားလုံးသည် စုံလင်စေခြင်း မခံရနိုင်ပေ။ ဘုရားသခင်ကို သစ္စာစောင့်သိပြီး နာခံရန်လိုလားနေသော သူအားလုံးသည် အနည်းငယ် မသိနားမလည်ကြလျှင်ပင် စုံလင်စေခြင်း ခံနိုင်၏။ လိုက်စားရှာဖွေရန် လိုလားနေသူ အားလုံးသည် စုံလင်စေခြင်းခံရနိုင်၏။ ဤအရာနှင့်ပတ်သက်၍ စိုးရိမ်စရာမလိုပေ။ ဤဦးတည်ချက်ဖြင့် လိုက်စားရှာဖွေရန် သင်လိုလားနေသရွေ့၊ သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ငါသည် သင်တို့ထဲမှ မည်သူ့ကိုမျှ စွန့်ပစ်ရန် သို့မဟုတ် ပယ်ထုတ်ရန် လိုလားခြင်းမရှိသော်လည်း၊ လူသားသည် ကောင်းမွန်စွာ လုပ်ဆောင်ရန် မကြိုးပမ်းပါက၊ သင်သည် မိမိကိုယ်ကိုယ် ဖျက်ဆီးနေခြင်းသာဖြစ်၏။ သင့်ကို ပယ်ထုတ်သည်မှာ ငါမဟုတ်၊ သင်ကိုယ်တိုင် ဖြစ်၏။ သင်ကိုယ်တိုင်က ကောင်းမွန်စွာ လုပ်ဆောင်ရန် မကြိုးပမ်းပါက— သင်သည် ပျင်းရိပါက၊ သို့မဟုတ် သင်၏တာဝန်ကို မဆောင်ရွက်ပါက၊ သို့မဟုတ် သစ္စာမစောင့်သိပါက၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ သင် နှစ်သက်သည်အတိုင်း အမြဲလုပ်ဆောင်ပါက၊ သင်သည် မဆင်မခြင် ပြုမူပါက၊ သင်ကိုယ်တိုင်၏ ကျော်ကြားမှုနှင့် အခွင့်အလမ်းအတွက် တိုက်ခိုက်ပြီး ဆန့်ကျင်ဘက်လိင်နှင့် သင်၏ဆက်ဆံမှုများတွင် မရိုးဖြောင့်ပါက၊ သင်သည် သင် ကိုယ်တိုင်၏ အပြစ်များ၏ ဝန်ထုပ်ကို သယ်ဆောင်ရလိမ့်မည်ဖြစ်သည်။ သင်သည် မည်သူမဆို၏ သနားကြင်နာမှုနှင့်မျှ မထိုက်တန်ပေ။ ငါ၏ရည်ရွယ်ချက်မှာ၊ အမှု၏ ဤအဆင့်ကို အောင်မြင်စွာ ပြည့်စုံစေနိုင်ဖို့အလို့ငှာ၊ သင်တို့အားလုံးကို စုံလင်စေခြင်း ခံရဖို့နှင့် အနည်းဆုံးအနေဖြင့် သိမ်းပိုက်ခံရရန် ဖြစ်၏။ ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ— ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏- သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ နာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်း- ဤသည်မှာ သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။ နောက်ဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး၊ ၎င်းတို့ကို ရရှိနိုင်ပါက စုံလင်စေခြင်းခံရလိမ့်မည်ဖြစ်သည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် အမှန်တကယ် လိုက်စားရှာဖွေရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ မတုန်မလှုပ် မနေရ။ လူတိုင်းတွင် စုံလင်စေခြင်းခံရရန် အခွင့်အရေးရှိပြီး၊ စုံလင်စေခြင်းခံရနိုင်စွမ်း ရှိကာ၊ ဤသည်မှာ မှန်ကန်ကြောင်းကို ငါပြောပြီးဖြစ်သော်လည်း၊ သင်သည် သင်၏ လိုက်စားရှာဖွေမှုတွင် သာ၍ ကောင်းမွန်ရန် မကြိုးစားပေ။ အကယ်၍ သင်သည် ဤစံသုံးရပ်ကို မရရှိပါက၊ အဆုံးတွင် ပယ်ထုတ်ခြင်းခံရပေမည်။ ဤသည်မှာ သင်တို့ အသီးသီး ဆောင်ရွက်သင့်သည့် တာဝန်ဖြစ်သောကြောင့်၊ ငါသည် အယောက်တိုင်းကို အမီလိုက်စေလိုသည်၊ အယောက်တိုင်းကို အမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးမှု ရှိစေလိုပြီး၊ တကယ့်အဆုံးထိတိုင် နာခံနိုင်စေလိုသည်။ သင်တို့ အားလုံး သင်တို့၏တာဝန်ကို ထမ်းဆောင်ပြီးသည့်အခါတွင်၊ သင်တို့အားလုံး စုံလင်စေခြင်း ခံရပြီး ဖြစ်လိမ့်မည်၊ ထူးကဲလှသော သက်သေခံချက်လည်း သင်တို့ ရှိကြလိမ့်မည်။ သက်သေခံချက်ရှိသူ အားလုံးသည် စာတန်အပေါ် အောင်နိုင်ပြီးသူများနှင့် ဘုရားသခင်၏ကတိကို ရရှိပြီးသူများဖြစ်ကာ ၎င်းတို့သည် အံ့သြဖွယ်ကောင်းသော ပန်းတိုင်တွင် အသက်ရှင်ရန် ကျန်ရစ်ကြမည့်သူများ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၉၄)

အစအဦး၌ ဘုရားသခင်သည် အနားယူလျက် ရှိခဲ့သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူသားများ သို့မဟုတ် အခြားမည်သည့်အရာမျှ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် မည်သည့်အလုပ်ကိုမျှ မလုပ်ရသေးဘဲ ရှိခဲ့သည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲခြင်း အမှုကို လူသားမျိုးနွယ် တည်ရှိသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် လူသား ဖောက်ပြန်ပျက်စီး ပြီးနောက်တွင်သာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် အနားမယူတော့ဘဲ ယင်းအစား လူသားများအကြားတွင် သူကိုယ်တိုင် စတင် အလုပ်များခဲ့သည်။ ဘုရားသခင်သည် သူ၏ ငြိမ်သက်ခြင်းချမ်းသာကို ဆုံးရှုံခဲ့သည်မှာ လူသား၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပြီး၊ ကောင်းကင်တမန်မင်း၏ ပုန်ကန်မှုကြောင့်လည်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် စာတန်ကို နှိမ်နင်းပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ သူသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ မည်သည့်အခါမျှ တစ်ဖန် ဝင်ရောက်နိုင်မည် မဟုတ်ပေ။ လူသားသည် ငြိမ်သက်ခြင်းချမ်းသာ ကင်းမဲ့သကဲ့သို့ ဘုရားသခင်သည်လည်း ကင်းမဲ့ပြီး၊ သူ နောက်တစ်ကြိမ် အနားယူသည့်အခါတွင် လူသားသည်လည်း အနားယူလိမ့်မည်ဖြစ်သည်။ ငြိမ်သက်ခြင်းချမ်းသာထဲတွင် အသက်ရှင်ခြင်းဆိုသည်မှာ စစ်ပွဲ မရှိ၊ ညစ်ညမ်းမှု မရှိသကဲ့သို့၊ မဆုတ်မနစ်သော မဖြောင့်မတ်မှုတို့ မရှိသည့် အသက်တာတစ်ခုကို ဆိုလိုပေသည်။ ယင်းမှာ စာတန်၏ နှောင့်ယှက်ခြင်းများ (ဤနေရာတွင် “စာတန်” ဆိုသည်မှာ ရန်လိုသော အင်အားစုများကို ရည်ညွှန်းသည်)၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ကင်းမဲ့သကဲ့သို့ ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရှိသည့် အင်အားစု တစ်ခုတစ်လေ၏ ကျူးကျော်ခြင်း ခံရလေ့မရှိသည့် အသက်တာ တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ ယင်းမှာ အရာအားလုံးက မိမိ၏အမျိုးအစားနောက် လိုက်ကြပြီး ဖန်ဆင်းခြင်း၏ သခင်ကို ကိုးကွယ်နိုင်ကြကာ၊ ကောင်းကင်နှင့် မြေကြီး လုံးဝ ငြိမ်သက်အေးချမ်းလျက် ရှိသည့် အသက်တာ တစ်ခု ဖြစ်သည်- ဤသည်မှာ “လူသားများ၏ အေးအေးလူလူ ရှိသော အသက်တာ” ဟူသည့် စကားများဖြင့် ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင် အနားယူသည့်အခါတွင်၊ မဖြောင့်မတ်မှုသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် တည်ရှိလိမ့်မည် မဟုတ်တော့ဘဲ၊ ရန်သူအင်အားစုတို့၏ နောက်ထပ် ကျူးကျော်မှု တစ်ခုတစ်လေမျှလည်း ရှိတော့မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် နယ်ပယ်သစ်ထဲသို့ ဝင်ရောက်ကြလိမ့်မည်- စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ် ဖြစ်ကြတော့မည် မဟုတ်ဘဲ၊ ယင်းထက် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရပြီးနောက် ကယ်တင်ခံရပြီးဖြစ်သော လူသားမျိုးနွယ် ဖြစ်ကြလိမ့်မည်။ လူသားမျိုးနွယ်၏ အနားယူသောနေ့ရက်သည် ဘုရားသခင်၏ အနားယူသောနေ့ရက်လည်း ဖြစ်လိမ့်မည်။ ဘုရားသခင်သည် နဂိုမူလက အနားမယူနိုင်ခဲ့သောကြောင့် မဟုတ်ဘဲ၊ လူသား၏ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိခြင်းကြောင့်၊ ဘုရားသခင်သည် သူ၏ ငြိမ်သက်ခြင်း ချမ်းသာကို ဆုံးရှုံးခဲ့ရပေသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မှုဆိုသည်မှာ အရာရာတိုင်း ရပ်တန့်သွားသည် သို့မဟုတ် တိုးတက်ဖွံ့ဖြိုးမှု ရပ်စဲသွားသည်ဟု မဆိုလိုသကဲ့သို့၊ ဘုရားသခင်က အမှုပြုခြင်း ရပ်တန့်သွားသည် သို့မဟုတ် လူသားများက အသက်ရှင်မှု ရပ်တန့်သည်ကိုလည်း မဆိုလိုပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ခြင်း လက္ခဏာမှာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည့်အချိန်၊ ၎င်း၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့်အတူ ပူးပေါင်းပါဝင်ကြသော ထိုဆိုးယုတ်သည့် လူများ အပြစ်ဒဏ်ပေးခံရကာ ဖယ်ရှားခံပြီးသည့်အချိန်နှင့်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံး တည်ရှိခြင်း ရပ်စဲသွားချိန် ဖြစ်လိမ့်မည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဘုရားသခင် ဝင်ရောက်ခြင်း ဆိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုကို ဆောင်ရွက်တော့မည်မဟုတ်သည်ကို ဆိုလိုပေသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ လူသားမျိုးနွယ် ဝင်ရောက်ခြင်း ဆိုသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း မရှိဘဲ၊ လူသားမျိုးနွယ် အားလုံးသည် ဘုရားသခင်၏ အလင်းအတွင်းနှင့် သူ၏ ကောင်းချီးမင်္ဂလာ အောက်တွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး မည်သည့် မတရားမှုမျှ ဖြစ်ပွားလိမ့်မည် မဟုတ်သည်ကို ဆိုလိုသည်။ ဘုရားသခင်၏ စောင့်ရှောက်မှု အောက်တွင်၊ လူသားများသည် ကမ္ဘာမြေပေါ်တွင် ပုံမှန် နေထိုင်ကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ အတူတကွ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ လူသားမျိုးနွယ်သည် ကယ်တင်ခံရပြီး ဖြစ်ကာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည်၊ လူသားများ၌ ဘုရားသခင်၏အမှု လုံးဝ ပြီးဆုံးသည်ကို ဆိုလိုပေသည်။ ဘုရားသခင်သည် လူသားများတွင် ဆက်လက် အမှုပြုတော့မည် မဟုတ်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည် မဟုတ်ပေ။ ထိုသို့ဖြင့် ဘုရားသခင်သည် ဆက်လက် အလုပ်များတော့မည် မဟုတ်သကဲ့သို့၊ လူသားများသည် စဉ်ဆက်မပြတ် လှုပ်ရှားရတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ၏မူလနေရာသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူအသီးသီးသည် ၎င်းတို့၏ သက်ဆိုင်ရာ နေရာအသီးသီးသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့် လူသားများ နေထိုင်သွားကြမည့် ခရီးပန်းတိုင်များ ဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင် ရှိပြီး လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ရှိသည်။ အနားယူနေစဉ်တွင် ဘုရားသခင်သည် လူသားများ အားလုံးကို ကမ္ဘာမြေပေါ်ရှိ ၎င်းတို့၏ အသက်တာများ၌ ဆက်လက် လမ်းပြမည် ဖြစ်ပြီး၊ သူ၏ အလင်းအတွင်း ရှိနေစဉ်၊ လူသားများသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်။ ဘုရားသခင်သည် လူသားမျိုးနွယ် အလယ်တွင် နေထိုင်တော့မည် မဟုတ်သကဲ့သို့၊ လူသားများသည်လည်း ဘုရားသခင်၏ ခရီးပန်းတိုင်တွင် ဘုရားသခင်နှင့်အတူ နေထိုင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် နယ်ပယ် တစ်ခုတည်းအတွင်းတွင် အသက်မရှင်နိုင်ချေ။ ယင်းထက် နှစ်ဦးသည် မိမိတို့၏ကိုယ်ပိုင် သက်ဆိုင်ရာ နေထိုင်ပုံနည်းဟန်များ ရှိကြသည်။ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို လမ်းပြသောသူ ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးမှာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ ပုံဆောင်ခဲ ဖြစ်သည်။ လူသားများသည် ဦးဆောင်ခံရသူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကဲ့သို့ တူညီသော အနှစ်သာရ မရှိချေ။ “အနားယူ” ဖို့ဆိုသည်မှာ မိမိ၏ မူလနေရာသို့ ပြန်သွားဖို့ ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ ဘုရားသခင်သည် မိမိ၏မူလနေရာသို့ ပြန်သွားသည်ကို ဆိုလိုသည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် နေထိုင်တော့မည် မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ် အလယ်တွင် ၎င်းတို့၏ ဝမ်းမြောက်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဝေမျှခံစားဖို့ ရှိတော့မည် မဟုတ်ပေ။ လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သောအခါတွင်၊ ယင်းမှာ ၎င်းတို့သည် စစ်မှန်သည့် ဖန်ဆင်းခြင်းခံရသည့် အရာများ ဖြစ်လာကြပြီးဖြစ်သည်ကို ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး ပုံမှန်လူသား အသက်တာများကို အသက်ရှင်ကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံတော့မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်တော့မည် မဟုတ်သကဲ့သို့၊ အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွှဲမရှောင်သာသည့် ဦးတည်ရာ တစ်ခု ဖြစ်သည်။ ထိုသို့ဖြင့် သူ၏စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံပြီးနောက်တွင် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဘုရားသခင်၏ ဝင်ရောက်ခြင်းနှင့် လူသားမျိုးနွယ်၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူ ရှောင်လွှဲမရသော ဦးတည်ရာများ ဖြစ်လာကြပြီး ဖြစ်သည်။ လူသားမျိုးနွယ်၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးပေါ်တွင် ဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာ အရပ်မှာ ကောင်းကင်ဘုံတွင် ဖြစ်သည်။ လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာ၌ ဘုရားသခင်ကို ကိုးကွယ်စဉ်တွင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် နေထိုင် လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာထဲ၌ ကျန်သော လူသားမျိုးနွယ်ကို ဦးဆောင်နေစဉ်တွင်၊ သူသည် ကမ္ဘာမြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ၎င်းတို့ကို ဦးဆောင်လိမ့်မည်။ ဘုရားသခင်သည် နာမ်ဝိညာဉ် ဖြစ်နေဆဲ ဖြစ်စဉ်တွင်၊ လူသားများသည် အသွေးအသား ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ ဘုရားသခင်နှင့် လူသားတို့ နှစ်ဦးလုံးသည် မတူညီသော ပုံစံတစ်ခုဖြင့် အနားယူကြလိမ့်မည်။ ဘုရားသခင် အနားယူစဉ်တွင်၊ သူသည် လူသားများအလယ်တွင် ကြွလာကာ ကိုယ်ထင်ပြလိမ့်မည်။ လူသားများ အနားယူစဉ်တွင်၊ ၎င်းတို့သည် ကောင်းကင်ဘုံသို့ လည်ပတ်ရန်အပြင်၊ ထိုနေရာ၌ အသက်တာကို မွေ့လျော်ရန် ဘုရားသခင်၏ ဦးဆောင်မှုကို ခံရကြလိမ့်မည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင်၊ စာတန်သည် တည်ရှိတော့မည် မဟုတ်။ ထိုနည်းတူ ဆိုးယုတ်သော ထိုလူတို့သည်လည်း ဆက်လက် တည်ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ အနားမယူမီတွင်၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို တစ်ချိန်က နှိပ်စက်ညှဉ်းပန်းခဲ့ကြသည့် ဆိုးယုတ်သော သူများအပြင်၊ ကမ္ဘာမြေပေါ်၌ ဘုရားသခင်ကို မနာခံခဲ့ကြသည့် ရန်သူတို့သည် ဖျက်ဆီးခံကြရနှင့်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် နောက်ဆုံးသောကာလ၏ ကြီးမားသည့် ကပ်ဘေးများအားဖြင့် ချေမှုန်းသုတ်သင်ခံရကြပြီး ဖြစ်လိမ့်မည်။ ထိုဆိုးယုတ်သော လူများ လုံးဝ အမြစ်ဖြတ် ချေမှုန်းခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ကမ္ဘာမြေကြီးသည် စာတန်၏ နှောင့်ယှက်ခြင်းကို မည်သည့်အခါမျှ တစ်ဖန် ကြုံရလိမ့်မည် မဟုတ်ပေ။ ထိုအခါမှသာ လူသားမျိုးနွယ်သည် ပြီးပြည့်စုံသော ကယ်တင်ခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏အမှုသည် လုံးလုံးလျားလျား ပြီးဆုံးသွားလိမ့်မည်။ ဤသည်တို့မှာ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် ဘုရားသခင်နှင့် လူသားမျိုးနွယ်အတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်များ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၉၅)

အရာခပ်သိမ်း၏ အဆုံးသတ် ချဉ်းကပ်လာမှုသည် ဘုရားသခင့် အမှု ပြီးပြည့်စုံခြင်းအပြင်၊ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု အဆုံးတစ်ခုကို ညွှန်ပြပေသည်။ ဤသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ခံရသည်နှင့်အမျှ၊ လူသားများသည် ၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှု အဆုံးကို ရောက်ရှိကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ အာဒံနှင့် ဧဝ၏ သားစဉ်မြေးဆက်များသည် ၎င်းတို့၏ မျိုးပွားခြင်းအား ပြည့်စုံစေပြီး ဖြစ်လိမ့်မည်ကို ဆိုလိုပေသည်။ ယင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရလျက်၊ ထိုသို့သော လူသားမျိုးနွယ်အနေဖြင့် ဆက်လက် ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်သည်ကိုလည်း ဆိုလိုသည်။ အစအဦးတွင် အာဒံနှင့် ဧဝတို့သည် ဖောက်ပြန်ပျက်စီးစေခြင်း မခံခဲ့ရသော်လည်း၊ ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်း ခံခဲ့ရသော အာဒံနှင့် ဧဝတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသည်။ ဘုရားသခင်နှင့် လူသားတို့သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ အတူတကွ ဝင်ရောက်သောအခါ၊ ဧဒင်ဥယျာဉ်အတွင်းမှ နှင်ထုတ်ခံခဲ့ရသော အာဒံ၊ ဧဝနှင့် ၎င်းတို့၏ သားစဉ်မြေးဆက်များသည် နောက်ဆုံးတွင် အဆုံးသတ်သွားကြလိမ့်မည်။ အနာဂတ် လူသားမျိုးနွယ်သည် အာဒံနှင့် ဧဝတို့၏ သားစဉ်မြေးဆက်များ ဆက်လက်ပါဝင်လိမ့်ဦးမည် ဖြစ်သော်လည်း၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သော လူသားများ ဖြစ်ကြမည်မဟုတ်ချေ။ ယင်းထက်၊ ၎င်းတို့သည် ကယ်တင်ခံရပြီး သန့်စင်ခံခဲ့ရသောလူများ ဖြစ်ကြလိမ့်မည်။ ဤသည်မှာ တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရပြီးဖြစ်သည့် လူသားမျိုးနွယ်နှင့် သန့်ရှင်းသူ ဖြစ်ကြလိမ့်မည်။ ဤလူတို့သည် နဂိုမူလ ရှိခဲ့သော လူသားမျိုးနွယ်စုနှင့် တူလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် အစအဦးက အာဒံနှင့် ဧဝတို့မှ လုံးဝကွဲပြားခြားနားသော လူသားမျိုးနွယ်တစ်ခု ဖြစ်လိမ့်မည်ဟု ဆို၍ ရနိုင်လုနီးပါး ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသော သူအားလုံးထဲမှ ရွေးကောက်ခံရပြီး ဖြစ်လိမ့်မည် ဖြစ်ကာ ၎င်းတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအတွင်း အခိုင်အမာ ရပ်တည်ကြပြီးသူများ ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲမှ နောက်ဆုံးကျန်ရှိသော လူစုဖြစ်လိမ့်မည်။ ဤလူများသာ ဘုရားသခင်နှင့်အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည်။ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း- ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း- အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ ထိုသို့ဖြင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သော သူအားလုံးသည် ဘုရားသခင်၏ နောက်ဆုံး သန့်စင်စေခြင်း အမှုကို ကြုံပြီးနောက်တွင်၊ စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက် လွတ်မြောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သော ဤလူသားများသည် နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ရည်ရွယ်ချက်မှာ အနှစ်သာရအားဖြင့် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ မနာခံသော ထိုလူစုများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ၊ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။ ၎င်းတို့သည် တစ်ကြိမ် ရွေးနုတ်ခြင်း ခံခဲ့ရပြီး၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ထံလည်း တစ်ချိန်က အစေခံခဲ့ကြသည်။ သို့သော် နောက်ဆုံးနေ့ရက် ရောက်လာသောအခါ၊ ၎င်းတို့၏ ဆိုးယုတ်မှုကြောင့်နှင့်၊ ၎င်းတို့၏ မနာခံခြင်းနှင့် ရွေးနုတ်ခံရရန် မတတ်စွမ်းနိုင်ခြင်း၏ အကျိုးဆက်အနေဖြင့်၊ ပယ်ထုတ်ခံရကာ ဖျက်ဆီးခံရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့သည် အနာဂတ် ကမ္ဘာလောကတွင် မည်သည့်အခါတွင်မျှ တစ်ဖန် ဖြစ်တည်လာလိမ့်မည် မဟုတ်သကဲ့သို့၊ အနာဂတ် လူသားမျိုးနွယ်စု အလယ်တွင် အသက်ရှင်ကြတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်ထဲမှ သန့်ရှင်းသူတို့ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက်၊ လူသေ၏ ဝိညာဉ်များဖြစ်စေ၊ အသွေးအသားဖြင့် အသက်ရှင်ဆဲ လူများဖြစ်စေ မကောင်းမှုပြုသောသူ အားလုံးနှင့်၊ ကယ်တင်ခြင်းမခံရသေးသောသူ အားလုံးသည် ဖျက်ဆီးခြင်းခံကြ ရလိမ့်မည်။ ဤမကောင်းမှုပြုသည့် ဝိညာဉ်များနှင့် လူသားများ၊ သို့မဟုတ် ဖြောင့်မတ်သည့်လူများနှင့် ဖြောင့်မတ်ခြင်းကိုပြုသော သူများ၏ ဝိညာဉ်များသည် ၎င်းတို့ မည်သည့်ခေတ်တွင် ရှိသည်ကို ပဓာနမထားဘဲ၊ မကောင်းမှုပြုသူ အားလုံးသည် နောက်ဆုံးတွင် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ဖြောင့်မတ်သောသူ အားလုံးသည် ရှင်ကျန်ရစ်ကြလိမ့်မည်။ လူတစ်ဦး သို့မဟုတ် ဝိညာဉ်တစ်ခုအနေဖြင့် ကယ်တင်ခြင်းရမည်၊ မရမည်ကို နောက်ဆုံးသောခေတ်၏ အမှုအရ လုံးလုံး မဆုံးဖြတ်ပေ။ ယင်းထက် ၎င်းတို့သည် ဘုရားသခင်အပေါ် ဆန့်ကျင်ခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် မနာခံခဲ့ခြင်း ရှိမရှိ ဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပေသည်။ အကယ်၍ ယခင်ခေတ်က မကောင်းမှု ကျူးလွန်ပြီး ကယ်တင်ခြင်း မရနိုင်ခဲ့သည့် လူများသည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ သေချာပေါက် ဖြစ်ကြလိမ့်မည် ဖြစ်ပြီး၊ မကောင်းမှုကို ကျူးလွန်ပြီး ကယ်တင်မခံရနိုင်သည့် လက်ရှိခေတ်ကာလထဲ ရှိသူများသည်လည်း သေချာပေါက် အပြစ်ဒဏ်ပေးခြင်းအတွက် ပစ်မှတ်များ ဖြစ်ကြလိမ့်မည်။ လူသားများကို ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံ၍ ခွဲခြားသည်၊ ၎င်းတို့ အသက်ရှင်သည့် ခေတ်ကိုအခြေခံ၍ ခွဲခြားခြင်း မဟုတ်ပေ။ ထိုသို့ အမျိုးအစား ခွဲခြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ချက်ချင်း အပြစ်ပေးခြင်း သို့မဟုတ် ဆုလာဘ်ပေးခြင်း ခံရမည်မဟုတ်ပေ။ ယင်းထက် ဘုရားသခင်သည် နောက်ဆုံးကာလတွင် သူ၏သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ပြီးစီးသည့်နောက်တွင်သာ သူ၏ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းအမှုကို ဆောင်ရွက်လိမ့်မည်။ အမှန်တကယ်အားဖြင့်၊ သူသည် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အမှုကို စတင်လုပ်ဆောင်နေခဲ့ကတည်းက၊ ကောင်းသောသူနှင့် ဆိုးယုတ်သောသူများအဖြစ်သို့ လူသားများကို ခွဲခြားနေခဲ့ပြီးဖြစ်သည်။ သူ၏အမှု အဆုံးသတ်သို့ ရောက်လာသည့်နောက်တွင်သာ သူသည် ဖြောင့်မတ်သူများကို ဆုလာဘ်ပေးလိမ့်မည် ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးလိမ့်မည်သာ ဖြစ်သည်။ သူသည် သူ၏ အမှု ပြီးပြည့်စုံသည်နှင့် ၎င်းတို့ကို အတန်းအစားထဲသို့ ခွဲခြားပြီးနောက် ချက်ချင်း ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ခြင်း အလုပ်ကို စတင်မည် မဟုတ်ပေ။ ထိုအစား သူ့အမှုသည် တစ်လုံးတစ်ဝတည်း ပြီးဆုံးသည့်အခါတွင်၊ ဤအလုပ်ကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ဆိုးယုတ်သူများကို မဖျက်ဆီးဘဲ၊ ယင်းအစား ၎င်းတို့ကို ကျန်ရှိခွင့်ပေးပါက၊ လူသားတိုင်းသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိမည်ဖြစ်သကဲ့သို့၊ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပိုမိုကောင်းမွန်သော နယ်ပယ်တစ်ခုထဲသို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပေ။ ထိုသို့သော အမှုသည် ပြီးပြည့်စုံမည် မဟုတ်။ သူ၏အမှု ပြီးစီးသည့်အခါတွင် လူသားမျိုးနွယ် တစ်ခုလုံးသည် လုံးဝ သန့်ရှင်းကြလိမ့်မည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာ၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၉၆)

ယနေ့ခေတ် လူတို့သည် ဇာတိပကတိနှင့်ဆိုင်သည့် အရာများကို လက်မလွှတ်နိုင်ကြသေးပေ။ ၎င်းတို့သည် ဇာတိပကတိ၏ ပျော်ရွှင်မှု၊ ကမ္ဘာလောက၊ ငွေ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို မစွန့်လွှတ်နိုင်ကြချေ။ လူအများစုသည် ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့် ၎င်းတို့၏ လိုက်စားမှုများကို လုပ်ဆောင်ကြသည်။ အမှန်တွင် ဤလူများသည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်ကို လုံးဝ လက်သင့်ခံခြင်းမရှိပေ။ သာ၍ပင် ဆိုးသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ကြပေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိကြသောကြောင့်၊ ဘုရားသခင် မိန့်မြွက်သော နှုတ်ကပတ်တော်များကို ယုံကြည်နိုင်စွမ်း ရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင် လုပ်ဆောင်သောအရာ အားလုံးကို မသိမြင်နိုင်ကြပေ။ ထိုသို့သော လူများသည် ဇာတိ အလွန်ဆန်လွန်းကြသည်။ ၎င်းတို့သည် အလွန် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေကြပြီး သမ္မာတရားဟူ၍ ဘာဆိုဘာမျှ မရှိကြပေ။ ထို့အပြင် ဘုရားသခင် လူ့ဇာတိခံယူနိုင်သည်ကို ၎င်းတို့ မယုံကြည်ကြပေ။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည်- ဆိုလိုသည်မှာ မြင်တွေ့နိုင်သော ဘုရားသခင် သို့မဟုတ် သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့ကို မယုံကြည်သကဲ့သို့၊ ယင်းအစား ကောင်းကင်ဘုံရှိ မမြင်နိုင်သော ဘုရားသခင်ကို ကိုးကွယ်သူ မည်သူမဆိုသည်- ၎င်းတို့၏စိတ်နှလုံးတွင် ဘုရားသခင် မရှိသည့် လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံတတ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို ထည့်မတွက်နှင့်ဦး၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ချို့တဲ့ကြသည်။ ထို့အပြင် ဤလူများအတွက်၊ မြင်တွေ့နိုင်ပြီး လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ဘုရားသခင်ကို အခြားအရာများထက် ပို၍ပင် ယုံကြည်၍ မရနိုင်သော်လည်း၊ မမြင်တွေ့နိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍မရသည့် ဘုရားသခင်ကို အယုံကြည်ရဆုံးနှင့် ဝမ်းမြောက်ဝမ်းသာ အဖြစ်စေဆုံး ဖြစ်သည်ဟု ၎င်းတို့ ယူဆကြလေသည်။ ၎င်းတို့ ရှာဖွေသည်မှာ ဘုရားသခင်၏ အလို ဖြစ်ဖို့မဆိုထားနှင့်၊ တကယ့် အမှန်တရား မဟုတ်သကဲ့သို့ အသက်၏ မှန်ကန်သော အနှစ်သာရလည်း မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် စိတ်လှုပ်ရှားမှုကို ရှာဖွေကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒများကို ဖြည့်ဆည်း အပေးနိုင်ဆုံးသော မည်သည့် အရာများမဆိုသည် ယုံမှားဖွယ်ရာမလိုဘဲ၊ ၎င်းတို့ ယုံကြည်သည့်အရာနှင့် ၎င်းတို့ လိုက်စားသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်းသာ ဖြစ်ပြီး သမ္မာတရားကို ရှာဖွေရန် မဟုတ်ပေ။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ မဟုတ်ပါလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလွန်အမင်း ယုံကြည်စိတ်ချကြပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ၎င်းတို့ကိုယ်တိုင်ကဲ့သို့သော အလွန် “ကောင်းမွန်သည့် လူများ” ကို ဖျက်ဆီးလိမ့်မည်ဟု လုံးဝ မယုံကြည်ကြပေ။ ယင်းအစား ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို ကျန်ရှိရန် ခွင့်ပြုမည်ဖြစ်သည့်အပြင်၊ ဘုရားသခင်အတွက် အမှုအရာများစွာကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ သူ့အပေါ် အတော်အတန် “သစ္စာစောင့်သိမှု” ကို ပြသခဲ့ခြင်းတို့အတွက် ၎င်းတို့ကို ရက်ရက်ရောရော ဆုလာဘ် ပေးသနားမည်ဟု ယုံကြည်ကြလေသည်။ အကယ်၍သာ ၎င်းတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း လိုက်စားခဲ့ကြမည်ဆိုပါက၊ ၎င်းတို့၏ ဆန္ဒများ ပြည့်မီသည်နှင့်တစ်ပြိုင်နက်၊ ချက်ချင်း ဘုရားသခင်ကို ပြန်လည် တိုက်ခိုက်ကြလိမ့်မည် သို့မဟုတ် ယမ်းပုံမီးကျ ဖြစ်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းရန်သာ အမြဲကြိုးပမ်းကြသည့် စက်ဆုပ်ဖွယ်ကောင်းသော လူများအဖြစ် မိမိတို့ကိုယ်ကိုယ် ပြသကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရာတွင် ဂုဏ်သိက္ခာရှိသောသူများ မဟုတ်ကြပေ။ ထိုသို့သောလူများသည် ခရစ်တော်နောက်ကို လိုက်သည့် ဆိုးယုတ်သော လူများဟု ခေါ်ဆိုသည့်လူများ ဖြစ်သည်။ သမ္မာတရားကို မရှာဖွေသောသူတို့သည် သမ္မာတရားကို ယုံကြည်ဖို့ မဖြစ်နိုင်သကဲ့သို့၊ မြင်တွေ့နိုင်သော ဘုရားသခင်၏ မည်သည့် အမှု သို့မဟုတ် နှုတ်ကပတ်တော်များကိုမျှ မယုံကြည်ကြသည့်အတွက်၊ ၎င်းတို့သည် လူသားမျိုးနွယ်၏ အနာဂတ် ရလဒ်ကို သာ၍ပင် မသိမြင်နိုင်ကြပေ- ပြီးလျှင် ဤသည်မှာ လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို မယုံကြည်နိုင်ခြင်း ပါဝင်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်နောက် လိုက်ကြလျှင်ပင်၊ မကောင်းမှုကို ကျူးလွန်ကြဆဲ ဖြစ်ပြီး သမ္မာတရားကို လုံးဝ မရှာဖွေကြသကဲ့သို့၊ ငါ တောင်းဆိုသော သမ္မာတရားကိုလည်း လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့ ဖျက်ဆီးခံရလိမ့်မည်ကို မယုံကြည်သော ထိုလူတို့သည် ဆန့်ကျင်ဘက်အားဖြင့် တကယ့်ကို ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် သူတို့ကိုယ်သူတို့ အလွန် လိမ္မာပါးနပ်သူများဟု ယုံကြည်ကြပြီး ၎င်းတို့သည် သူတို့ကိုယ်သူတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ မကောင်းသော လုပ်ရပ်များကို သမ္မာတရားအဖြစ် ယူဆကြသောကြောင့်၊ ယင်းကို မြတ်နိုးတန်ဖိုး ထားကြသည်။ ထိုသို့သော ဆိုးယုတ်သည့် လူများသည် မိမိကိုယ်ကိုယ် အလွန် ယုံကြည်စိတ်ချကြသည်။ ၎င်းတို့သည် သမ္မာတရားကို အယူဝါဒအဖြစ် မှတ်ယူကြပြီး၊ ၎င်းတို့၏ မကောင်းမှုလုပ်ရပ်များကို သမ္မာတရားအဖြစ် မှတ်ယူကြသော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့စိုက်ပျိုးသည့်အရာကိုသာ ၎င်းတို့ ရိတ်သိမ်းနိုင်ကြပေသည်။ လူများသည် မိမိကိုယ်ကိုယ် ပို၍ယုံကြည်စိတ်ချပြီး သာ၍ မာန်မာန ထောင်လွှားလေလေ၊ သမ္မာတရားကို ၎င်းတို့ ပို၍ မရရှိနိုင်လေဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူတို့အနေဖြင့် ပိုမိုယုံကြည်လေ၊ ဘုရားသခင်ကို ၎င်းတို့ ပို၍ ခုခံကြလေ ဖြစ်သည်။ ဤလူများသည် အပြစ်ပေးခံရမည့်သူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၉၇)

လူသားမျိုးနွယ်က ငြိမ်သက်ခြင်းချမ်းသာထဲသို့ မဝင်ရောက်မီ၊ လူအမျိုးအစား အသီးသီးသည် အပြစ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရမည်ဆိုသည်ကို သမ္မာတရားကို ၎င်းတို့ ရှာဖွေခြင်း ရှိမရှိ၊ ဘုရားသခင်ကို ၎င်းတို့ သိကျွမ်းခြင်း ရှိမရှိဆိုသည်နှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိ ဆိုသည်တို့နှင့်အညီ ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံပြီးဖြစ်သော်လည်း၊ သူ့ကို မသိသကဲ့သို့ ကျိုးနွံမနာခံသောသူတို့သည် သမ္မာတရား ကင်းမဲ့ကြသည်။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ ဖြစ်ပြီး၊ မကောင်းမှုပြုသူများသည် ဧကန်အမှန် အပြစ်ပေးခံကြရလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ရပ်အတိုင်း အပြစ်ဒဏ် ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်သူ ဖြစ်ပြီး၊ သူသည် ၎င်းတို့၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာသကဲ့သို့ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကို ကျိုးနွံမနာခံနိုင်ကြသူများ ဖြစ်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ဤလူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်နိုင်သေးသကဲ့သို့၊ လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ဤ “မရေရာသောသူများ” သည် ယုံမှားဖွယ်ရာ မရှိ၊ ဖျက်ဆီးခြင်းခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ယင်းမှာ သင်တို့ထဲမှ အချို့သော သူများကဲ့သို့သာ ဖြစ်သည်- လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ် ပြုသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောသူ မည်သူမဆိုသည် နောက်ဆုံးတွင် ပယ်ထုတ်ခံရပြီး ဖျက်ဆီးခံရလိမ့်မည်။ ထို့အပြင် သူဖော်ပြသည့် သမ္မာတရားကို စားသောက်သော်လည်း၊ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း ရှာဖွေရင်း၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသူ မည်သူမဆိုသည် မုချ ဖျက်ဆီးခံရလိမ့်မည်။ ဤလူများထဲမှ မည်သူမျှသည် ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် လာမည့် အနားယူခြင်း အချိန်ကာလရောက်သည်အထိ ကျန်ရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုသို့သော လူများနှင့်အလားတူသည့် သူတစ်ဦးတစ်ယောက်မျှသည် ထိုအနားယူခြင်း အချိန်ကာလတွင် မကျန်ရှိနိုင်ပေ။ မကောင်းဆိုးဝါးဆန်သော လူတို့မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်း အနှစ်သာရတစ်ခု ဖြစ်ပြီး၊ ၎င်းတို့သည် သူ့ကို ကျိုးနွံနာခံခြင်း ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင်သည် သမ္မာတရား ရှိပြီး၊ ဘုရားသခင်ကို ခုခံခြင်း ရှိမရှိဆိုသည်မှာ သင်၏ သွင်ပြင် သို့မဟုတ် အခါအားလျော်စွာ သင် မည်သို့ စကားပြောမည် သို့မဟုတ် မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်မည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်၏ အနှစ်သာရပေါ်တွင် မူတည်ပေသည်။ တစ်ဦးတစ်ယောက်သည် ဖျက်ဆီးခံရခြင်း ရှိမည်၊ မရှိမည်မှာ မိမိ၏ အနှစ်သာရအားဖြင့် သတ်မှတ်ခံရပေသည်။ ယင်းကို မိမိ၏ အပြုအမူနှင့် မိမိ၏ သမ္မာတရား လိုက်စားမှုက ထုတ်ဖော်ပြသည့် အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပေသည်။ ၎င်းတို့ အလုပ်လုပ်ရာတွင် အချင်းချင်းကဲ့သို့ တူညီသူများနှင့် တူညီသော အလုပ်ပမာဏများကို လုပ်ဆောင်ကြသူ လူများထဲတွင်၊ မိမိ၏ လူသားအနှစ်သာရ ကောင်းမွန်ပြီး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ကျန်ရှိမည့်သူများ ဖြစ်သော်လည်း၊ မိမိ၏ လူသားအနှစ်သာရများ ဆိုးယုတ်ပြီး၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်လိမ့်မည်။ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဆက်နွှယ်သည့် ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ လူတို့ကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်း လိမ့်မည်။ အမှားအယွင်း စိုးစဉ်းမျှ ဖြစ်ပွားမည် မဟုတ်သကဲ့သို့၊ အမှားတစ်ခုကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောသွားသည်မှာ လူတို့ အလုပ်လုပ်ကြသည့် အချိန်တွင်သာ ဖြစ်သည်။ ဘုရားသခင် ပြုသော အမှုသည် အသင့်လျော်ဆုံး ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံသတ္တဝါထံကိုမျှ မှားယွင်းသည့် တောင်းဆိုမှုများ လုံးဝ မဆောင်ကြဉ်းချေ။ လတ်တလောတွင် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို မသိမြင်နိုင်သည့်သူများနှင့် ငါ မိန့်မြွက်သော နှုတ်ကပတ်တော်များကို မယုံကြည်ကြသော လူများစွာ ရှိ၏။ မယုံကြည်သောသူ အားလုံးအပြင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၉၈)

ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာကို လိုက်စားပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမည့်သူများ ဖြစ်သည်။ မှန်သောလမ်းခရီးကို မသိသောသူတို့သည် မကောင်းဆိုးဝါးများနှင့် ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ မရေရာသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်သူများသည်ပင်- ၎င်းတို့သည်လည်း မကောင်းဆိုးဝါးများ ဖြစ်ကြသည် မဟုတ်လော။ ကောင်းမွန်သော အသိတရားများ ပိုင်ဆိုင်သော်လည်း၊ မှန်သောလမ်းခရီးကို လက်မခံသော လူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ မှန်သောလမ်းခရီးကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသို့သော လူများသည် အခက်အခဲများစွာကို ကြံ့ကြံ့ခံလျှင်ပင်၊ ဖျက်ဆီးခြင်းခံရလိမ့်ဦးမည် ဖြစ်သည်။ လောကကို စွန့်လွှတ်ရန် လိုလားခြင်း မရှိသူ၊ မိမိတို့၏ မိဘများနှင့် မခွဲခွာရက်သူနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ ပျော်ပါးမှုများမှ မိမိတို့ကိုယ်ကိုယ် မဖယ်ရှားရက်နိုင်သူ အားလုံးသည် ဘုရားသခင်ကို မနာခံကြသကဲ့သို့၊ ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် တစ်တန်းတစ်စားတည်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။ ဘုရားသခင်ကိုပင် မယုံကြည်သူများကို မဆိုထားနှင့်၊ သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သော လူများအပြင်၊ လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် ယုံကြည်သည်ဟု အခိုင်အမာ ပြောဆိုသော်လည်း၊ မကောင်းမှု ပြုသောသူတို့အားလုံးသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤလူအားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူအချို့သည် အနာဂတ်တွင် ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုရန် ဆန္ဒ ရှိကြပြီး၊ လူအချို့သည် ကောင်းသော ခရီးပန်းတိုင်ကို ရယူရန် ကောင်းမွန်သော စကားများကို အသုံးပြုရန် ဆန္ဒရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်ပြီးနောက်တွင် သို့မဟုတ် ၎င်းတို့၏ စကားကို နားထောင်ပြီးနောက် လူတို့၏ ရလဒ်များကို ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ၎င်းတို့အား ယာယီ မျက်နှာသာတစ်ခု ပေးစေခြင်းအဖြစ်သို့ ဘုရားသခင်ကို လှည့်ဖြားဖို့ ဤအရာကို ကောင်းစွာ အသုံးပြုရန် ဆန္ဒ ရှိကြလေသည်။ အနာဂတ်တွင် အနားယူခြင်း အခြေအနေတစ်ခု၌ ရှင်သန်ကြမည့် လူအားလုံးသည် ဘေးဒုက္ခ နေ့ရက်ကို သည်းခံကြရပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်အတွက် သက်သေလည်း ခံကြပြီး ဖြစ်လိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီးသူများနှင့် ဘုရားသခင်ကို တမင်သက်သက် ကျိုးနွံနာခံပြီးသူများ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အစေခံခြင်း ပြုဖို့ အခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိသူတို့သည် ကျန်ရှိခွင့် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ဦးစီတိုင်း၏ ရလဒ်နှင့်ဆိုင်သည့် အစီအစဉ်အတွက် သင့်လျော်သော စံချိန်စံညွှန်းများ ရှိသည်။ သူသည် တစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် အပြုအမူနှင့်အညီ ဤဆုံးဖြတ်ချက်များကို မပြုလုပ်သကဲ့သို့၊ အချိန်ကာလ တစ်ခုအတွင်း တစ်ဦးတစ်ယောက် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံကာ ဤဆုံးဖြတ်ချက်များကို ပြုလုပ်သည်လည်း မဟုတ်ပေ။ သူ့အတွက် ၎င်းတို့၏ အတိတ်က အစေခံမှုကြောင့် တစ်ဦးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် လုံးဝ သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါမျှ အသုံးခံခဲ့မှုကြောင့်လည်း၊ တစ်ဦးတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဆိုးယုတ်မှုအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို မရှောင်လွှဲနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကို ဖုံးကွယ်ကာ၊ ထိုသို့ဖြင့် ဖျက်ဆီးခံရခြင်း၏ ညှဉ်းဆဲမှုများကို မရှောင်တိမ်းနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ကြပါက၊ ယင်းမှာ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ကို ထာဝရ သစ္စာရှိပြီး ဆုလာဘ်များကို ရှာဖွေခြင်း မရှိဟု ဆိုလိုပေသည်။ လူများသည် ကောင်းချီးမင်္ဂလာကို မြင်ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း၊ မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ မတွေ့မြင်ရသည့်အခါ ၎င်းတို့၏ သစ္စာရှိမှု ဆုံးရှုံးပါက၊ ပြီးလျှင် နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေကို မခံနိုင်ကြဆဲဖြစ်ပါက သို့မဟုတ် ၎င်းတို့ တာဝန်ရှိသည့် တာဝန်များကို မဖြည့်ဆည်းနိုင်ဆဲဖြစ်ပါက၊ ၎င်းတို့သည် တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိသည့် အစေခံမှု ယခင်က ပေးခဲ့ကြသော်လည်း၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ဆိုးယုတ်သော လူတို့သည် ထာဝရကာလတစ်လျှောက် ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့လည်း မဝင်ရောက်နိုင်ကြပေ။ ဖြောင့်မတ်သော သူတို့သည်သာ ငြိမ်သက်ခြင်းချမ်းသာ၏ အရှင်သခင်များ ဖြစ်သည်။ လူသားမျိုးနွယ်သည် မှန်ကန်သော လမ်းကြောင်းပေါ် ရှိသည်နှင့်တစ်ပြိုင်နက်၊ လူများသည် ပုံမှန်လူသားဘဝများ ရှိကြလိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏ ကိုယ်ပိုင် သက်ဆိုင်ရာတာဝန်များကို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို လုံးဝ သစ္စာရှိကြလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ မနာခံမှုနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးဝ ခါချကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်ကြောင့် မနာခံမှုနှင့် ခုခံမှုတို့ နှစ်ခုလုံး ကင်းမဲ့ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံနိုင်ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားမျိုးနွယ်၏ အသက်တာဖြစ်လိမ့်မည်။ ယင်းသည် နိုင်ငံတော်၏ အသက်တာဖြစ်လိမ့်မည်ဖြစ်ပြီး၊ ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အသက်တာတစ်ခု ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၅၉၉)

လုံးဝ မယုံကြည်သော မိမိတို့၏ ကလေးများနှင့် ဆွေမျိုးများကို ဘုရားကျောင်းထဲသို့ ဆွဲခေါ်လာသူများ အားလုံးသည် အလွန်တရာ အတ္တကြီးပြီး ၎င်းတို့သည် ကြင်နာမှုကို ထုတ်ဖော်ပြနေကြခြင်းသာ ဖြစ်သည်။ ဤလူများသည် ၎င်းတို့ ယုံကြည်သည် မယုံကြည်သည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ယင်းမှာ ဘုရားသခင်၏ အလိုတော် ဟုတ်သည် မဟုတ်သည်ကို ပဓာနမထားဘဲ၊ ချစ်ခင်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ အချို့သည် မိမိတို့၏ ဇနီးများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာကြသည်၊ သို့မဟုတ် မိမိတို့၏ မိဘများကို ဘုရားသခင် ရှေ့မှောက်သို့ ဆွဲခေါ်လာပြီး၊ ဤအရာနှင့်ပတ်သက်၍ သန့်ရှင်းသော ဝိညာဉ်တော်က သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အထဲတွင် အမှုပြုနေသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ကျိုးကြောင်းမမြင်စွာ “ပင်ကိုစွမ်းရည် ရှိသည့် လူများအဖြစ် ခံယူသည်။” ဤမယုံကြည်သူများ အပေါ် ကြင်နာမှုကို လက်ကမ်းပေးခြင်းမှ မည်သည့်အကျိုးကျေးဇူး ရနိုင်ခြေရှိသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် မပါရှိသော ၎င်းတို့သည် ဘုရားသခင် နောက်လိုက်ရန် ရုန်းကန်ကြလျှင်ပင်၊ ၎င်းတို့သည် တစ်ဦးတစ်ယောက်က ယုံကြည်မည်ကဲ့သို့ ကယ်တင်ခြင်းမခံရနိုင်ဆဲ ဖြစ်သည်။ ကယ်တင်ခြင်းကို ရရှိနိုင်သူတို့သည် ရရှိဖို့ အမှန်တကယ် လွယ်ကူသည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် စမ်းသပ်မှုများကို မကြုံရသေးသကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရသေးသော သူတို့သည် စုံလင်စေခြင်း ခံရနိုင်စွမ်း လုံးဝ မရှိကြပေ။ သို့ဖြစ်ရာ ဘုရားသခင်ကို အမည်ခံအားဖြင့် စတင် လိုက်လျှောက်သည့် အခိုက်အတန့်မှ၊ ဤလူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် ကင်းမဲ့လေသည်။ ၎င်းတို့၏ အနေအထားများနှင့် တကယ့် အခြေအနေများအရ၊ ၎င်းတို့သည် တကယ်ကို စုံလင်စေခြင်း မခံရနိုင်ပေ။ ထိုသို့ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အားအင်များစွာ မစိုက်ထုတ်ရန် ဆုံးဖြတ်သကဲ့သို့၊ ၎င်းတို့ကို မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းမျှ မပေးပေ၊ သို့မဟုတ် မည်သည့်နည်းနှင့်မျှ ၎င်းတို့ကို လမ်းမပြပေ။ သူသည် ၎င်းတို့ကို အတူတကွ လိုက်လျှောက်ရုံမျှသာ ခွင့်ပြုပြီး ၎င်းတို့၏ရလဒ်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြလိမ့်မည်- ဤသည်မှာ လုံလောက်ပေ၏။ လူသားမျိုးနွယ်၏ စိတ်အားထက်သန်မှုနှင့် ရည်ရွယ်ချက်များသည် စာတန်ထံမှလာပြီး ဤအရာများက သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မည်သည့်နည်းဖြင့်မျှ မပြည့်စုံစေနိုင်ပေ။ လူတို့ မည်သည့်အရာနှင့် တူသည်ဖြစ်စေ၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိရမည်။ လူသားများသည် လူသားများကို စုံလင်စေနိုင်သလော။ လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှန်တကယ် ပြုမူဖို့ ရည်ရွယ်ပါသလော။ ဘုရားသခင်၏ အမှုအတွက် ၎င်းတို့ အမှန်တကယ် ဆောင်ရွက်နေခြင်း ဖြစ်သလော။ ၎င်းတို့၏ အကြံမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သလော။ ဘုရားသခင်ကို စတင်ယုံကြည်သည့် အချိန်ကတည်းက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို မရရှိနိုင်သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မည်သည့်အခါမျှ မရနိုင်ပေ။ ဤလူတို့သည် သေချာစွာ ဖျက်ဆီးခြင်း ခံရမည့်သူများ ဖြစ်သည်။ ၎င်းတို့အတွက် တစ်ဦးတစ်ယောက်သည် ချစ်ခြင်းမည်မျှ ရှိသည်ဖြစ်စေ၊ ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို အစားထိုး၍ မရနိုင်ပေ။ လူတို့၏ စိတ်ထက်သန်မှုနှင့် ချစ်ခြင်းမေတ္တာသည် လူသား ရည်ရွယ်ချက်များကို ကိုယ်စားပြုသော်လည်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကိုယ်စား မပြုနိုင်သကဲ့သို့၊ ဘုရားသခင်၏အမှုအတွက်လည်း အစားထိုးမှုတစ်ခု မဖြစ်နိုင်ပေ။ ဘုရားသခင်ကို အမည်ခံအားဖြင့် ယုံကြည်ပြီး ဘုရားသခင်၌ ယုံကြည်ဖို့ဆိုသည်မှာ မည်သည့်အရာ အမှန်တကယ် ဆိုလိုသည်ကို မသိဘဲ၊ သူ့နောက်လိုက် ဟန်ဆောင်သူများအပေါ် တစ်ဦးတစ်ယောက်သည် ကြီးနိုင်သမျှ အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာ သို့မဟုတ် သနားကရုဏာ ပမာဏကို လက်ကမ်းလျှင်ပင်၊ ၎င်းတို့သည် ဘုရားသခင်၏ ကရုဏာကို ရရှိကြလိမ့်ဦးမည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း ရရှိကြလိမ့်မည် မဟုတ်ပေ။ ရိုးသားစစ်မှန်စွာ ဘုရားသခင်နောက်လိုက်သည့် လူများသည် ညံ့ဖျင်းသည့် အရည်အချင်း ရှိကြပြီး သမ္မာတရားများစွာကို နားမလည်နိုင်လျှင်ပင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရံဖန်ရံခါ ရရှိနိုင်သေးသည်။ သို့သော် အတော်အတန် ကောင်းမွန်သော အရည်အချင်းရှိသော်လည်း၊ ရိုးသားစစ်မှန်စွာ မယုံကြည်သောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို အကယ်ပင် မရရှိနိုင်ပေ။ ထိုသို့သောသူများနှင့်ပတ်သက်၍ ကယ်တင်ခြင်းအတွက် ဖြစ်နိုင်ချေ လုံးဝ မရှိပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလျှင်ပင်၊ သို့မဟုတ် ရံဖန်ရံခါ ဒေသနာများကို နားထောင်လျှင်ပင်၊ သို့မဟုတ် ဘုရားသခင်ထံ ချီးမွမ်းသီချင်းများ သီဆိုလျှင်ပင်၊ ၎င်းတို့သည် နောက်ဆုံးတွင် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ရောက်သည်ထိတိုင် ရှင်သန်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် လေးလေးနက်နက် ရှာဖွေခြင်း ရှိမရှိဆိုသည်ကို အခြားသူတို့က ၎င်းတို့ကို မည်သို့ အကဲဖြတ်သည် သို့မဟုတ် ၎င်းတို့ အနီးအနားရှိ လူများက ၎င်းတို့ကို မည်သို့ ရှုမြင်သည်ဆိုသည်အားဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့အပေါ် အမှုပြုခြင်း ရှိမရှိဆိုသည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက်ကို ၎င်းတို့ ရရှိပြီးခြင်း ရှိမရှိဆိုသည်တို့အားဖြင့် ဆုံးဖြတ်ပေသည်။ ထို့အပြင် ယင်းသည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲမှု ရှိမရှိနှင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကြုံပြီးသည့်နောက်တွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာ ၎င်းတို့ ရပြီးခြင်း ရှိမရှိတို့အပေါ် မူတည်ပေသည်။ လူတစ်ဦးအပေါ် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါတွင်၊ ဤလူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်သည် တဖြည်းဖြည်း တိုး၍ ဖြူစင်လိမ့်မည် ဖြစ်သည်။ လူတို့သည် မည်မျှကြာကြာ ဘုရားသခင် နောက်လိုက်သည်ကို ပဓာန မထားဘဲ၊ ၎င်းတို့ ပြောင်းလဲပြီးသရွေ့ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အမှုပြုနေသည်ဟု ဆိုလိုသည်။ အကယ်၍ ၎င်းတို့ မပြောင်းလဲသေးပါက၊ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အမှုပြုနေခြင်း မရှိသည်ကို ဆိုလိုပေသည်။ ဤလူများသည် အစေခံမှုအချို့ ပေးကြလျှင်ပင်၊ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ကို လှုံ့ဆော်သည်မှာ ကောင်းကြီးမင်္ဂလာများ ရရှိရန် ဖြစ်သည်။ ရံဖန်ရံခါ အစေခံမှုကို လုပ်ဆောင်ခြင်းမျှသည် ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံခြင်းအား အစားမထိုးနိုင်ပေ။ နောက်ဆုံးတွင် စုံလင်စေခြင်းခံရပြီးသူများနှင့် ဘုရားသခင်ကို သစ္စာရှိသူတို့အား အစေခံမှုပြုရန် နိုင်ငံတော်ထဲတွင် အစေခံသူများ လိုအပ်မည် မဟုတ်သကဲ့သို့ စိတ်သဘောထား မပြောင်းလဲသေးသူ မည်သူ့ကိုမျှ လိုအပ်လိမ့်မည် မဟုတ်သည့်အတွက်၊ ၎င်းတို့သည် ဖျက်ဆီးခံရလိမ့်ဦးမည် ဖြစ်သည်။ “တစ်ဦးတစ်ယောက်သည် သခင့်ကို ယုံကြည်သောအခါ၊ အခွင့်အလမ်းသည် ထိုသူ၏မိသားစုတစ်ခုလုံးအပေါ် မျက်နှာသာပေးသည်။” ဆိုသည့် အတိတ်က ပြောဆိုထားသည့် ထိုစကားများသည် ကျေးဇူးတော်ခေတ်အတွက် သင့်တော်သော်လည်း၊ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် မဆက်နွှယ်ပေ။ ယင်းတို့သည် ကျေးဇူးတော်ခေတ် အတွင်းရှိ အဆင့်တစ်ဆင့်အတွက်သာ သင့်လျော်ခဲ့သည်။ ဤစကားလုံးများ၏ ဂယက်အနက်မှာ လူများပျော်မွေ့သော ငြိမ်သက်ခြင်းနှင့် လူတို့ မွေ့လျော်သည့် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးများကိုသာ ဦးတည်သည်။ ယင်းတို့က သခင့်ကိုယုံကြည်သူ တစ်ဦး၏ မိသားစု တစ်ခုလုံး ကယ်တင်ခြင်းခံရလိမ့်မည်ဟု မဆိုလိုခဲ့သကဲ့သို့၊ တစ်ဦးတစ်ယောက်သည် ကောင်းကြီးမင်္ဂလာများကို ရရှိသည့်အခါ သူ၏ မိသားစုတစ်ခုလုံးသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူခြင်းခံရနိုင်သည်ဟုလည်း မဆိုလိုခဲ့ပေ။ တစ်ဦးတစ်ယောက်သည် ကောင်းချီးများ ရရှိခြင်း သို့မဟုတ် ကံအကြောင်း မလှသည့် ဖြစ်ရပ် ခံစားရခြင်း ရှိမရှိဆိုသည်မှာ သူ၏အနှစ်သာရအရ ဆုံးဖြတ်ခြင်း ဖြစ်သည်၊ အခြားသူများနှင့် မျှဝေခံစားသည့် မည်သည့် ဘုံအနှစ်သာရအရမျှ မဟုတ်ပေ။ ထိုသို့သော ဆိုရိုးစကား သို့မဟုတ် စည်းမျဉ်းသည် နိုင်ငံတော်တွင် တကယ်ကို နေရာမရှိပေ။ အကယ်၍ လူတစ်ဦးသည် နောက်ဆုံးတွင် ရှင်သန်နိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီကြပြီးဖြစ်သောကြောင့် ဖြစ်ပြီး၊ အကယ်၍ ၎င်းတို့သည် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ကာလအထိ နောက်ဆုံးတွင် မကျန်ရှိနိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်အပေါ် မနာခံကြသကဲ့သို့၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းသေးသောကြောင့် ဖြစ်သည်။ အယောက်တိုင်းသည် သင့်လျော်သော ခရီးပန်းတိုင်တစ်ခု ရှိသည်။ ဤခရီးပန်းတိုင်များကို တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး၊ အခြားလူများနှင့် လုံးဝ မသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူကို သူ၏မိဘများထံ လွှဲပြောင်းပေး၍ မရသကဲ့သို့၊ ကလေး တစ်ယောက်၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏မိဘများနှင့် ဝေမျှ၍မရနိုင်ပေ။ မိဘတစ်ဦး၏ ဆိုးယုတ်သော အပြုအမူကို ၎င်းတို့၏သားသမီးများထံ လွှဲပြောင်း၍ မရသကဲ့သို့၊ မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း ၎င်းတို့၏ သားသမီးများနှင့် ဝေမျှ၍မရနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာအပြစ်များကို သယ်ပိုးကြပြီး အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာ ကောင်းကြီးမင်္ဂလာများကို မွေ့လျော်ခံစားကြရသည်။ မည်သူမျှ အခြား လူအတွက် အစားထိုးတစ်ခု မဖြစ်နိုင်ပေ။ ဤသည်မှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ လူသား၏အမြင်မှ၊ မိဘများသည် ကောင်းမွန်သော ကောင်းကြီးမင်္ဂလာများ ရရှိပါက၊ ၎င်းတို့၏ သားသမီးများလည်း ရရှိသင့်ပြီး၊ သားသမီးများက မကောင်းမှုကို ကျူးလွန်ပါက၊ ၎င်းတို့၏မိဘများသည် ထိုအပြစ်များအတွက် ပြေရာပြေကြောင်း ပြုလုပ်ရမည် ဖြစ်သည်။ ဤသည်မှာ လူသား ရှုထောင့်အမြင်ဖြစ်ပြီး လူသား၏ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ရှုထောင့်အမြင်မဟုတ်ပေ။ အယောက်တိုင်း၏ ရလဒ်သည် ၎င်းတို့၏ အပြုအမူမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ခြင်း ဖြစ်ပြီး၊ ယင်းကို အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ မည်သူမျှ အခြားသူ၏ အပြစ်များကို မသယ်ပိုးနိုင်ပေ။ ထို့ထက်မက မည်သူမျှ အခြားသူကိုယ်စား အပြစ်ပေးခြင်းကို လက်မခံနိုင်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ မိဘတစ်ဦး၏ မိမိတို့သားသမီးများအပေါ် မေတ္တာဖြင့် စောင့်ရှောက်မှုသည် မိမိတို့၏ သားသမီးများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြသကဲ့သို့၊ ကလေးတစ်ဦး၏ သူ့မိဘများ အပေါ် သားသမီးဝတ္တရားကျေသော ချစ်ခင်မှုသည် ၎င်းတို့အနေဖြင့် ၎င်းတို့၏ မိဘများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြပေ။ ဤသည်မှာ၊ “ထိုအခါ လယ်၌ရှိသော လူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။” ဟူသော နှုတ်ကပတ်တော်များက အမှန်တကယ် ရည်ရွယ်သည့်အရာ ဖြစ်သည်။ လူတို့သည် မိမိတို့၏ သားသမီးများအတွက် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာပေါ် အခြေခံ၍ မိမိတို့၏ မကောင်းမှုပြုသော သားသမီးများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍ မရနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ဇနီး (သို့မဟုတ် ခင်ပွန်း) ကို ၎င်းတို့ကိုယ်တိုင်၏ ဖြောင့်မတ်သော လုပ်ဆောင်မှုပေါ် အခြေခံ၍ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍မရနိုင်ပေ။ ဤသည်မှာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ မည်သူအတွက်မျှ ခြွင်းချက်များ မရှိနိုင်ပေ။ အဆုံးသတ်တွင် ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများဖြစ်ပြီး မကောင်းမှုပြုသူများသည် မကောင်းမှုပြုသူများ ဖြစ်ကြသည်။ ဖြောင့်မတ်သူတို့သည် နောက်ဆုံးတွင် ရှင်သန်ခွင့် ရကြလိမ့်မည်ဖြစ်သော်လည်း၊ မကောင်းမှုပြုသူများသည် ဖျက်ဆီးခံကြရလိမ့်မည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများ ဖြစ်သည်။ ၎င်းတို့သည် မညစ်ညမ်းကြပေ။ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းသူများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုမျှ မသန့်ရှင်းပေ။ ဆိုးယုတ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျှင်ပင်၊ ပြီးလျှင် ဖြောင့်မတ်သူတစ်ဦး၏ မိဘများက ဆိုးယုတ်သော လုပ်ဆောင်ချက်များ ကျူးလွန်လျှင်ပင်- ဖျက်ဆီးခံရမည့် လူများမှာ ဆိုးယုတ်သောသူများသာ ဖြစ်ပြီး၊ ရှင်သန်မည့်သူများမှာ ဖြောင့်မတ်သောသူများသာ ဖြစ်သည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် မယုံကြည်သော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် မယုံကြည်သော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင်၊ တစ်ဦးတစ်ယောက်သည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများရှိသော်လည်း၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြောဆိုစရာ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ ရှိတော့မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်ကို လုပ်ဆောင်သူများသည် မလုပ်ဆောင်သူများ၏ ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့်သူများနှင့် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည့်သူများသည် သဟဇာတ မဖြစ်သည့် ဖန်ဆင်းခံသတ္တဝါအမျိုးအစား နှစ်မျိုး ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော ဖန်ဆင်းခံသတ္တဝါတို့သည် ရှင်သန်နိုင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏တာဝန်များကို မဖြည့်ဆည်းသော သူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤသည်မှာ ထာဝရကာလတစ်လျှောက် တည်တံ့လိမ့်မည်။ သင်သည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ခင်ပွန်းကို ချစ်သလော။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ဇနီးကို ချစ်သလော။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ မယုံကြည်သော သင်၏မိဘများကို ဝတ္တရားကျေသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူသား၏ အမြင်သည် မှန်သလော၊ သို့မဟုတ် မှားသလော။ ဘုရားသခင်ကို အဘယ်ကြောင့် သင်ယုံကြည်သနည်း။ သင်သည် အဘယ်အရာကို ရရှိရန် ဆန္ဒရှိသနည်း။ ဘုရားသခင်ကို သင် မည်သို့ချစ်သနည်း။ ဖန်ဆင်းခံသတ္တဝါများအဖြစ် မိမိတို့၏တာဝန်များကို မဖြည့်ဆည်းနိုင်သူများနှင့် အပြည့်အဝ အားထုတ်မှု မပြုနိုင်သူတို့သည် ဖျက်ဆီးခြင်း ခံကြရမည့်သူများ ဖြစ်လာကြလိမ့်မည်။ ယနေ့လူများကြားတွင် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည့်အပြင် အသွေးအားဖြင့်လည်း နှီးနွှယ်ဆက်စပ်မှုများ ရှိကြသည်၊ သို့သော် အနာဂတ်တွင် ဤအရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မည်။ ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာ၌ ရှိသူတို့သည် ဘုရားသခင် တစ်ဆူရှိသည်ဟု ယုံကြည်ကြပြီး ဘုရားသခင်ကို ကျိုးနွံနာခံကြသည်၊ ဘုရားသခင်ကို မနာခံသော သူတို့အားလုံးမှာမူ ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် မိသားစုများ တည်ရှိတော့မည် မဟုတ်။ မိဘများ သို့မဟုတ် ကလေးများ သို့မဟုတ် ခင်ပွန်းများနှင့် ဇနီးများအကြား ဆက်ဆံမှုများ မည်သို့ရှိနိုင်မည်နည်း။ ယုံကြည်မှုနှင့် မယုံကြည်မှု၏ လွန်စွာ သဟဇာတမဖြစ်ခြင်းသည် ထိုသို့သော ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို လုံးဝ ဖြတ်တောက်ပြီး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၀၀)

မူလက လူသားမျိုးနွယ်အလယ်တွင် မိသားစုများမရှိခဲ့ပေ။ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး- ခြားနားသော လူသားနှစ်မျိုးသာ- တည်ရှိခဲ့သည်။ မိသားစုများကို မဆိုထားနှင့်၊ နိုင်ငံများပင် မရှိခဲ့ပေ၊ သို့သော် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှု အကျိုးဆက်အနေဖြင့်၊ လူမျိုးပေါင်းစုံတို့သည် မိမိတို့ကိုယ်ကိုယ် လူမျိုးစုအနွယ်များ တစ်ခုစီအဖြစ်သို့ ဖွဲ့စည်းခဲ့ကြပြီး၊ နောက်ပိုင်းတွင် နိုင်ငံများနှင့် လူမျိုးစုများအဖြစ်သို့ တိုးတက် ပြောင်းလဲလာခဲ့ကြသည်။ ဤနိုင်ငံများနှင့် လူမျိုးစုများသည် သေးငယ်သည့် မိသားစုတစ်စုချင်းစီ ပါဝင်ပြီး၊ ဤပုံစံဖြင့် လူမျိုးစုံသည် အမျိုးမျိုးသော လူမျိုးစုများအလယ် ဘာသာစကား မတူညီမှုနှင့် နယ်နိမိတ်များအပေါ် အခြေခံ၍ ပျံ့နှံ့သွားခဲ့ကြသည်။ အမှန်တွင် ကမ္ဘာလောကတွင် လူမျိုးနွယ်စုများ မည်မျှပင်များပြားသည်ဖြစ်စေ၊ လူသားမျိုးနွယ်သည် ဘိုးဘေးတစ်ခုသာ ရှိပေသည်။ အစအဦး၌ လူသား နှစ်မျိုးသာရှိခဲ့ပြီး၊ ဤနှစ်မျိုးမှာ လူမိန်းမနှင့် လူယောက်ျားတို့ဖြစ်ကြသည်။ သို့သော် ဘုရားသခင်၏အမှု တိုးတက်ခြင်း၊ သမိုင်း၏ ရွေ့လျားမှုနှင့် ပထဝီအနေအထားပြောင်းလဲမှုများကြောင့်၊ ဤလူသား အမျိုးအစားနှစ်မျိုးသည် သာ၍ပင်များသော လူသားအမျိုးအစားများအဖြစ်သို့ အမျိုးမျိုးသော အတိုင်းအတာထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ အခြေခံအားဖြင့် လူသားမျိုးနွယ်စု မည်မျှက လူသားမျိုးနွယ်ကို ဖွဲ့စည်းသည်ဖြစ်စေ၊ လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ဖြစ်နေဆဲဖြစ်သည်။ လူများသည် မည်သည့်လူမျိုးနွယ်စုနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ၎င်းတို့ အားလုံးသည် သူ၏ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် အာဒံနှင့် ဧဝ၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏လက်ဖြင့် ပြုလုပ်ခြင်း မခံခဲ့ရသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဖန်ဆင်းခဲ့သည့် အာဒံနှင့် ဧဝ၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။ လူတို့သည် မည်သို့သော ဖြစ်တည်မှု အမျိုးအစားနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်နှင့် သက်ဆိုင်သည့်အတွက်၊ ၎င်းတို့၏ ခရီးပန်းတိုင်သည် လူသားမျိုးနွယ် ရှိသင့်သည့် ခရီးပန်းတိုင်ဖြစ်ပြီး၊ ၎င်းတို့ကို လူသားများအား စီစဉ်ထားသည့် စည်းမျဉ်းများနှင့်အညီ ခွဲခြားထားပေသည်။ ယင်းမှာ မကောင်းမှုပြုသူများနှင့် ဖြောင့်မတ်သောသူများအားလုံးသည် နောက်ဆုံးတွင် ဖန်ဆင်းခံသတ္တဝါများပင်ဖြစ်သည်ဟု ဆိုရပေမည်။ မကောင်းမှုကို ကျူးလွန်သည့် ဖန်ဆင်းခံသတ္တဝါများသည် နောက်ဆုံးတွင် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်သည့် ဖန်ဆင်းခံသတ္တဝါများသည် ရှင်သန်ကြလိမ့်မည်။ ဤသည်မှာ ထိုဖန်ဆင်းခံ သတ္တဝါနှစ်မျိုးအတွက် အသင့်တော်ဆုံးသော အစီအစဉ်ပင်တည်း။ မကောင်းမှုပြုသူများသည် ၎င်းတို့၏နာမခံမှုကြောင့် ၎င်းတို့မှာ ဘုရားသခင်၏ ဖန်ဆင်းခြင်းများ ဖြစ်ကြသော်လည်း၊ စာတန်၏ ဖမ်းဆီးခြင်းခံကြရပြီးဖြစ်သောကြောင့် ကယ်တင်မခံရနိုင်ကြသည်ကို ငြင်းပယ်၍ မရနိုင်ပေ။ ဖြောင့်မတ်စွာ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ ရှင်သန်ကြလိမ့်မည် ဆိုသည့်အချက်ကို အခြေခံ၍၊ ၎င်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရပြီးဖြစ်သော်လည်း စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကိုခံခဲ့ရပြီးနောက်၊ ကယ်တင်ခြင်း ရရှိကြပြီး ဖြစ်သည်ကို ငြင်းပယ်၍ မရနိုင်ပေ။ မကောင်းမှုပြုသူများသည် ဘုရားသခင်အပေါ် မနာခံသည့် ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်သည့် ဖန်ဆင်းခံသတ္တဝါများဖြစ်ကြပြီး စာတန်၏ လုံးလုံးလျားလျား ဖမ်းဆီးခံထားရနှင့်ပြီး ဖြစ်ကြသည်။ မကောင်းမှု ကျူးလွန်သည့် လူများသည်လည်း လူများဖြစ်ကြသည်။ ၎င်းတို့သည် အဆုံးစွန် ဖောက်ပြန်ပျက်စီးကြပြီးဖြစ်သည့် သူများနှင့် ကယ်တင်မခံရနိုင်သည့် လူသားများဖြစ်ကြသည်။ ၎င်းတို့သည်လည်း ဖန်ဆင်းခံ သတ္တဝါများသာ ဖြစ်သည်နှင့်အမျှ၊ ဖြောင့်မတ်သော အပြုအမူရှိသည့် လူများသည်လည်း ဖောက်ပြန်ပျက်စီးခြင်းခံခဲ့ရပြီးဖြစ်သည်၊ သို့သော် ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ချိုးဖျက်လွတ်မြောက်ရန် လိုလားနေပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း ရှိလာကြပြီးသည့် လူသားများ ဖြစ်သည်။ ဖြောင့်မတ်သော အပြုအမူရှိသည့် လူတို့သည် ဖြောင့်မတ်ခြင်းနှင့် မပြည့်လျှမ်းကြပေ။ ယင်းထက် ၎င်းတို့သည် ကယ်တင်ခြင်း ရရှိကြပြီးဖြစ်ကာ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ချိုးဖျက် လွတ်မြောက်ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြသည်။ ယင်းမှာ ၎င်းတို့သည် မည်သည့်အခါတွင်မျှ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရဖူးကြဟု ဆိုရမည် မဟုတ်သော်လည်း၊ အဆုံးတွင် ခိုင်မာစွာ ၎င်းတို့ ရပ်တည်ကြလိမ့်မည်။ ဘုရားသခင်၏အမှု အဆုံးသတ်ပြီးနောက်၊ သူ၏ဖန်ဆင်းခံ သတ္တဝါအားလုံးအလယ်တွင်၊ ဖျက်ဆီးခံရမည့်သူများ ရှိလိမ့်မည် ဖြစ်သကဲ့သို့၊ ရှင်သန်မည့် သူများ ရှိလိမ့်မည်။ ဤကား သူ၏ စီမံခန့်ခွဲခြင်း အမှု၏ မလွဲမသွေဖြစ်သည့် ဦးတည်ရာတစ်ခု ဖြစ်သည်။ မည်သူမျှ ယင်းကို မငြင်းနိုင်ပေ။ မကောင်းမှု ပြုသူများသည် ရှင်သန်ခွင့်ရကြလိမ့်မည် မဟုတ်ချေ။ ဘုရားသခင်ကို အဆုံးထိ ကျိုးနွံနာခံပြီး နောက်လိုက်သောသူတို့သည် ရှင်သန်ဖို့ သေချာသည်။ ဤအမှုသည် လူသားမျိုးနွယ်၏ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည်နှင့်အမျှ၊ ကျန်ရှိမည့် သူများနှင့် ပယ်ထုတ်ခြင်းခံရမည့်သူများ ရှိလိမ့်မည်။ ဤသည်တို့မှာ မတူညီသော လူအမျိုးအစားတို့အတွက် မတူညီသည့် ရလဒ်များဖြစ်ပြီး၊ ယင်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအတွက် အသင့်တော်ဆုံးသော စီစဉ်မှုများဖြစ်သည်။ လူသားများသည် နောက်ဆုံးတွင်တော့ ဘိုးဘေးတစ်ခုတည်းမှ ဆင်းသက်ခဲ့ကြပြီး ဘုရားသခင်၏ ဖန်ဆင်းခြင်း ဖြစ်သည့်အတွက်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အဆုံးစွန် အစီအစဉ်မှာ လူမျိုးစုများကို ဖျက်ဆီးပစ်ရင်းနှင့် မိသားစုများ သို့မဟုတ် တိုင်းနိုင်ငံနယ်နိမိတ်များမရှိဘဲ၊ အစီအစဉ်တစ်ခုဖြင့် နိုင်ငံနယ်နိမိတ်များကို အစိတ်အစိတ်အမြွှာမြွှာကွဲစေရင်း မိသားစုများကို ကွဲစေခြင်းဖြင့် ၎င်းတို့ကို ခွဲခြားရန် ဖြစ်သည်။ အတိုချုပ်ပြောရလျှင်၊ မကောင်းမှုပြုသည့် ဖန်ဆင်းခံသတ္တဝါများအားလုံး ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို နာခံသည့် ဖန်ဆင်းခံသတ္တဝါများသည် အသက်ရှင်လိမ့်မည်။ ဤနည်းဖြင့်၊ ရောက်လာမည့် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ကာလတွင် မိသားစုများ ရှိလိမ့်မည်မဟုတ်၊ နိုင်ငံများ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အထူးသဖြင့် လူမျိုးစုများ ရှိလိမ့်မည် မဟုတ်ပေ။ ဤသို့သော လူသားမျိုးနွယ် အမျိုးအစားသည် အသန့်ရှင်းဆုံးသော လူသားမျိုးနွယ် အမျိုးအစား ဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းကို ကြည့်ရှုစောင့်ရှောက်နိုင်ရန်အလို့ငှာ အာဒံနှင့် ဧဝတို့သည် မူလအစက ဖန်ဆင်းခံခဲ့ရခြင်း ဖြစ်သည်၊ လူသားများသည် မူလအစက အရာအားလုံး၏ အရှင်သခင်များ ဖြစ်ခဲ့ကြသည်။ လူသားမျိုးနွယ်သည် မူလက ဖောက်ပြန်ပျက်စီးခဲ့ခြင်း မရှိသကဲ့သို့၊ မကောင်းမှုကို ကျူးလွန်နိုင်စွမ်း မရှိကြသည့်အတွက်၊ လူသားများကို ဖန်ဆင်းရာတွင် ယေဟောဝါ၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို ကမ္ဘာမြေကြီးပေါ်တွင် တည်ရှိခွင့်ပေးရန်နှင့် ယင်းအပေါ်ရှိ အရာခပ်သိမ်းကို ကြည့်ရှုစောင့်ရှောက်ခွင့်ပေးရန်ဖြစ်သည်။ သို့သော် လူသားများ ဖောက်ပြန်ပျက်စီးလာခဲ့ကြသည့်နောက်တွင်၊ ၎င်းတို့သည် အရာခပ်သိမ်းကို ကြည့်ရှုစောင့်ရှောက်သူများ မဟုတ်ကြတော့ပေ။ ဘုရားသခင်၏ ကယ်တင်ခြင်း ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏ ဤအလုပ်တာဝန်ကို မူလအတိုင်း ပြန်ဖြစ်စေရန်၊ လူသားမျိုးနွယ်၏ မူလ ဆင်ခြင်တုံတရားနှင့် မူလနာခံမှုကို ပြန်ပေးရန် ဖြစ်သည်။ ငြိမ်သက်ခြင်းချမ်းသာ၌ ရှိသည့် လူသားမျိုးနွယ်သည် ဘုရားသခင်က သူ၏ ကယ်တင်ခြင်းအမှုဖြင့် ရရှိရန် မျှော်လင့်သည့် ရလဒ်၏ တကယ့် ကိုယ်စားပြုခြင်း ဖြစ်လိမ့်မည်။ ယင်းသည် ဧဒင်ဥယျာဉ်ထဲက အသက်တာကဲ့သို့သော အသက်တာတစ်ခု ဖြစ်တော့မည် မဟုတ်သော်လည်း၊ ၎င်းတို့၏အနှစ်သာရက တူညီလိမ့်မည်။ လူသားမျိုးနွယ်သည် ၎င်းတို့၏ အစောပိုင်း မဖောက်ပြန်မပျက်စီးသည့် ဇာတိမျိုး ရှိတော့မည် မဟုတ်ဘဲ၊ ယင်းထက် ဖောက်ပြန်ပျက်စီးလာခဲ့သည့်နောက်တွင် ကယ်တင်ခြင်း ရရှိခဲ့သည့် လူသားမျိုးနွယ်တစ်ခု ဖြစ်လိမ့်မည်။ ကယ်တင်ခြင်းရရှိပြီးဖြစ်သည့် ဤလူများသည် နောက်ဆုံးတွင် (ဆိုလိုသည်မှာ ဘုရားသခင်၏အမှု ပြီးဆုံးသည့်နောက်တွင်) ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ထိုနည်းတူ အပြစ်ပေးခြင်းခံမည့် သူများ၏ ရလဒ်များသည်လည်း အဆုံးတွင် လုံးဝ ထုတ်ဖော်ပြခံရလိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်၏အမှု ပြီးဆုံးပြီးသည့်နောက်တွင်သာ ၎င်းတို့ ဖျက်ဆီးခံရလိမ့်မည်။ တစ်နည်းအားဖြင့် လူအမျိုးအစား မျိုးစုံကို ဖော်ထုတ်ခြင်း အမှုအား (၎င်းတို့သည် မကောင်းမှုပြုသူများဖြစ်စေ သို့မဟုတ် ကယ်တင်ခြင်းခံရသည့်သူများဖြစ်စေ) အယောက်တိုင်းအပေါ် တစ်ပြိုင်နက် ဆောင်ရွက်လိမ့်မည် ဖြစ်သည့်အတွက်၊ သူ၏အမှု ပြီးဆုံးသည့်နောက်တွင်၊ မကောင်းမှုပြုသူများနှင့် ကယ်တင်ခြင်းခံရပြီး သူများအားလုံးသည် ဖော်ထုတ်ခံရလိမ့်မည်။ မကောင်းမှုပြုသူများသည် ပယ်ထုတ်ခြင်းခံရလိမ့်မည် ဖြစ်ပြီး၊ ကျန်ရှိခွင့် ရကြမည့်သူများသည် တစ်ပြိုင်နက်တည်း ဖော်ထုတ်ခံရလိမ့်မည်။ ထို့ကြောင့် လူအမျိုးအစားအားလုံး၏ ရလဒ်များသည် တစ်ချိန်တည်းတွင် ထုတ်ဖော်ပြခံရလိမ့်မည်။ မကောင်းမှုပြုသူများကို တစ်ကြိမ်လျှင် အနည်းငယ်စီမျှ ဘေးဖယ်ခြင်းနှင့် တရားစီရင်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းတို့ကို မပြုလုပ်မီတွင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း ဆောင်ကြဉ်းခံရပြီးဖြစ်သည့် လူတစ်စုကို ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ယင်းသည် အမှန်တရားများနှင့် ကိုက်ညီလိမ့်မည် မဟုတ်။ မကောင်းမှုပြုသူများ ဖျက်ဆီးခြင်းခံရပြီး အသက်ရှင်သန်နိုင်သူတို့သည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ကြချိန်တွင်၊ စကြဝဠာတစ်လျှောက်လုံးရှိ ဘုရားသခင်၏အမှု ပြီးပြည့်စုံလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရရှိသူများနှင့် ကံဆိုးမှုကို ခံစားရသူများအကြားတွင် ဦးစားပေး အစီအစဉ် ရှိလိမ့်မည်မဟုတ်။ ကောင်းချီးမင်္ဂလာများ ရရှိသူများသည် ထာဝရ အသက်ရှင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ကံဆိုးမှုကို ခံစားရသူများက ထာဝရကာလပတ်လုံး ပျက်စီးကြရလိမ့်မည်။ အမှု၏ ဤအဆင့်နှစ်ဆင့်သည် တစ်ပြိုင်နက်တည်း ပြီးပြည့်စုံလိမ့်မည်။ ကျိုးနွံနာခံသည့် သူများ၏ ဖြောင့်မတ်ခြင်း ထုတ်ဖော်ခံရလိမ့်မည်မှာ နာခံခြင်း မရှိသောလူများ၏ တည်ရှိခြင်းကြောင့် အတိအကျ ဖြစ်ပြီး၊ မကောင်းမှုပြုသူများက ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူအတွက် ခံစားရသည့် ကံဆိုးခြင်းအား ထုတ်ဖော်ပြခံရလိမ့်မည်မှာ ကောင်းချီးမင်္ဂလာများရရှိသော သူများရှိသောကြောင့် အတိအကျ ဖြစ်သည်။ ဘုရားသခင်သည် မကောင်းမှုပြုသူတို့ကို မဖော်ထုတ်ခဲ့ပါက၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ကျိုးနွံနာခံသောလူတို့သည် မည်သည့်အခါမျှ နေကို မြင်ကြရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ့ကို ကျိုးနွံနာခံသူတို့အား သင့်တင့်လျောက်ပတ်သော ခရီးပန်းတိုင် တစ်ခုဆီသို့ မဆောင်ယူခဲ့ပါက၊ ဘုရားသခင်ကို မနာခံသောသူတို့သည် ၎င်းတို့နှင့် ထိုက်သင့်သည့် အပြစ်ဒဏ်ပေးခြင်းကို ရရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ အမှု လုပ်ငန်းစဉ် ဖြစ်သည်။ အကယ်၍ သူသည် မကောင်းသောသူများကို အပြစ်ဒဏ်ပေးပြီး ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းနှင့်ဆိုင်သည့် ဤအမှုကို မဆောင်ရွက်ခဲ့ပါက၊ သူ၏ဖန်ဆင်းခံ သတ္တဝါများသည် ၎င်းတို့၏ သက်ဆိုင်သော ခရီးပန်းတိုင်များထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက်၊ မကောင်းမှုပြုသူတို့သည် ဖျက်ဆီးခံရကြလိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိကြလိမ့်မည် ဖြစ်သည်။ လူအမျိုးအစားအားလုံးသည် ၎င်းတို့ဆောင်ရွက်သင့်သော လုပ်ငန်းတာဝန်များနှင့်အညီ ၎င်းတို့၏ ကိုယ်ပိုင်အမျိုးအစားနှင့်အတူ ရှိကြလိမ့်မည်။ ဤအရာသည်သာလျှင် လူသားမျိုးနွယ်၏ ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် နေ့ရက် ဖြစ်လိမ့်မည်၊ ယင်းသည် လူသားမျိုးနွယ်၏ ဖြစ်ပေါ်တိုးတက်မှုအတွက် မလွှဲမရှောင်သာသော ဦးတည်ရာ ဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သောအခါမှသာ ဘုရားသခင်၏ ကြီးမြတ်ပြီး အဆုံးစွန်သော စွမ်းဆောင်အောင်မြင်မှုသည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိလိမ့်မည်။ ဤသည်မှာ သူ၏အမှု၏ နောက်ဆုံးအပိုင်း ဖြစ်လိမ့်မည်။ ဤအမှုသည် လူသားမျိုးနွယ် အားလုံး၏ ဇာတိပကတိနှင့်ဆိုင်သည့် ယိုယွင်းပျက်စီးသော် ဘဝအပြင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘဝကိုပါ အဆုံးသတ် ပေးလိမ့်မည် ဖြစ်သည်။ ထိုနေရာမှစ၍ လူသားများသည် နယ်ပယ်သစ် တစ်ခုထဲသို့ ဝင်ရောက်ကြလိမ့်မည်။ လူသားအားလုံးသည် ဇာတိပကတိ၌ အသက်ရှင်ကြမည် ဖြစ်သော်လည်း၊ ဤအသက်၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အသက်တာအကြားတွင် သိသာထင်ရှားသော ခြားနားချက်များ ရှိသည်။ ဤတည်ရှိမှု၏ အရေးပါမှုနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တည်ရှိမှုသည်လည်း ခြားနားကြသည်။ ဤသည်မှာ လူအမျိုးအစားသစ်၏ အသက်တာ ဖြစ်လိမ့်မည် မဟုတ်သော်လည်း၊ ကယ်တင်ခြင်း ရရှိပြီးသော လူသားမျိုးနွယ်၏ အသက်တာအပြင်၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ပြန်လည်ရရှိပြီးဖြစ်သည့် အသက်တာ တစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဤသည်တို့မှာ တစ်ချိန်က ဘုရားသခင်ကို မနာခံခဲ့သည့်၊ ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးနောက် သူ၏ကယ်တင်ခြင်းကို ခံခဲ့ရသည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်ကို ဂုဏ်သရေ ညှိုးစေခဲ့ကြပြီးနောက် သူ့ကို သက်သေခံခဲ့သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ စစ်ဆေးခြင်းကို ကြုံကာ ရှင်သန်ပြီးသည့်နောက်တွင်၊ ၎င်းတို့၏တည်ရှိခြင်းသည် အဓိပ္ပာယ် အရှိဆုံးသော တည်ရှိမှုဖြစ်လိမ့်မည်။ ၎င်းတို့သည် စာတန်၏ ရှေ့မှောက်တွင် ဘုရားသခင်ကို သက်သေခံသူများ ဖြစ်ကြပြီး၊ အသက်ရှင်ရန် သင့်တော်သည့် လူသားများ ဖြစ်သည်။ ဖျက်ဆီးခြင်းခံရမည့်သူများမှာ ဘုရားသခင်ကို သက်သေခံ မရပ်တည်နိုင်သူများ ဖြစ်ပြီး၊ ဆက်လက် အသက်ရှင်ရန် မသင့်တော်သူများ ဖြစ်သည်။ ၎င်းတို့၏ ပျက်စီးခြင်းသည် ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူ၏ အကျိုးဆက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ထိုသို့သော ပျက်သုဉ်းခြင်းသည် ၎င်းတို့အတွက် အကောင်းဆုံး ခရီးပန်းတိုင်ဖြစ်သည်။ အနာဂတ်တွင် လူသားမျိုးနွယ်သည် နှစ်သက်ဖွယ်သော နယ်ပယ်ထဲသို့ ဝင်ရောက်သောအခါတွင်၊ လူတို့က တွေ့ရှိလိမ့်မည်ဟု စိတ်ကူးကြသည့် ခင်ပွန်းနှင့် ဇနီးအကြား၊ ဖခင်နှင့် သမီးအကြား သို့မဟုတ် မိခင်နှင့် သားအကြား ဆက်ဆံရေးများ တစ်ခုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ထိုအချိန်တွင် လူသားအသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်အမျိုးအစားနောက်ကို လိုက်ကြလိမ့်မည်ဖြစ်ပြီး မိသားစုများသည် အစိတ်စိတ်အမြွှာမြွှာပြိုကွဲနှင့်ပြီး ဖြစ်လိမ့်မည်။ လုံးဝ ကျဆုံးလျက်၊ စာတန်သည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ တစ်ဖန် နှောင့်ယှက်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားများသည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ရှိတော့မည် မဟုတ်ပေ။ နာခံခြင်း မရှိသော ထိုလူတို့သည် ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်၊ ပြီးလျှင် ကျိုးနွံနာခံသော လူများသည်သာ ကျန်ရှိလိမ့်မည်။ ထိုသို့ဖြင့် အလွန်နည်းပါးသော မိသားစုများသည် မပျက်မစီးဘဲ ရှင်သန်လိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည် အဘယ်သို့ ဆက်လက် တည်ရှိနိုင်မည်နည်း။ လူသားမျိုးနွယ်၏ ယခင် ဇာတိပကတိ အသက်တာသည် လုံးဝ တားမြစ်ခံရလိမ့်မည်။ ထိုအခါ လူတို့အကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ မည်သို့ တည်ရှိနိုင်မည်နည်း။ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားများ မရှိဘဲ၊ လူသား အသက်တာသည် အတိတ်၏ အသက်တာဟောင်း ဖြစ်တော့မည် မဟုတ်ဘဲ၊ ယင်းထက် အသစ်သော အသက်တာတစ်ခု ဖြစ်လိမ့်မည်။ မိဘများသည် သားသမီးများကို ဆုံးရှုံးလိမ့်မည် ဖြစ်ပြီး သားသမီးများသည် မိဘများကို ဆုံးရှုံးလိမ့်မည်။ ခင်ပွန်းများသည် ဇနီးများကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး ဇနီးများသည် ခင်ပွန်းများကို ဆုံးရှုံးလိမ့်မည်။ လတ်တလောတွင် လူများကြား၌ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ တည်ရှိသော်လည်း၊ အယောက်တိုင်း ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ ရှိတော့မည်မဟုတ်ပေ။ ဤသို့သော လူသားမျိုးနွယ်မျိုးသည်သာ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ပိုင်ဆိုင်လိမ့်မည်။ ဤလူသားမျိုးနွယ်မျိုးသည်သာ ဘုရားသခင်ကို ကိုးကွယ်နိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၀၁)

ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် ထားရှိခဲ့ကာ ထိုအချိန်ကတည်းက ၎င်းတို့ကို ဦးဆောင်ပြီးဖြစ်သည်။ ထို့နောက် သူသည် ၎င်းတို့ကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ် အဖြစ် အစေခံခဲ့သည်။ အဆုံးတွင် သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ရဦးမည်၊ လူသားများကို လုံးဝ ကယ်တင်ရဦးမည် ဖြစ်ပြီး၊ ၎င်းတို့ကို ၎င်းတို့၏ မူလ ပုံသဏ္ဌာန်သို့ ပြန်ဖြစ်စေရဦးမည် ဖြစ်သည်။ ဤသည်မှာ အစအဦးကတည်းက သူပါဝင်လုပ်ဆောင်ပြီးဖြစ်သည့် အမှု- လူသားမျိုးနွယ်ကို ၎င်း၏မူရင်း ပုံသဏ္ဌာန်နှင့် ရုပ်ဆင်းသဏ္ဌာန်သို့ ပြန်ဖြစ်စေခြင်း- ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ကို တည်ထောင်လိမ့်မည် ဖြစ်ပြီး လူသားများ၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်နှင့် ဖန်ဆင်းခြင်းအားလုံး အလယ်တွင် သူ၏ ဩဇာအာဏာကို နဂိုအတိုင်း ပြန်ဖြစ်စေမည် ဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိတ်နှလုံးအပြင်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ တာဝန်ရှိသည့် အလုပ်တာဝန်ကိုလည်း ဆုံးရှုံးခဲ့ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်ကို မနာခံသော ရန်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် လူသားမျိုးနွယ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်နာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ဖန်ဆင်းခံသတ္တဝါများ ကြားတွင် အလုပ်လုပ်ရန် နည်းလမ်း မရှိခဲ့သကဲ့သို့၊ ၎င်းတို့၏ ကြောက်ရွံ့တတ်သော ကြည်ညိုမှုကို သာ၍ပင် မရရှိနိုင် ဖြစ်လာခဲ့သည်။ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံခဲ့ရပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျောခိုင်းခဲ့ကြကာ ယင်းအစား စာတန်ကို ကိုးကွယ်ခဲ့ကြသည်။ စာတန်သည် ၎င်းတို့ စိတ်နှလုံးများထဲတွင် အသည်းကြော် ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ယင်းမှာ သူသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ဆုံးရှုံးခဲ့သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေရမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖယ်ရှားပစ်ရမည် ဖြစ်သည်။ စာတန်ထံမှ လူသားများကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့ကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်သည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်နှင့် လုပ်ငန်းဆောင်တာကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး၊ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပေသည်။ လူသားများကို ဘုရားသခင်အား သာ၍ ကောင်းစွာ ဝတ်ပြုကိုးကွယ်ခွင့်ပေးရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်ခွင့်ပေးရန် ငြင်းဆန်သောသူတို့ကို အဆုံးစွန် ဖျက်ဆီးခြင်းကိုလည်း ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်၊ သူသည် ၎င်းတို့ကို သူ့အား ကိုးကွယ်စေမည် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ မူလ လုပ်ငန်းဆောင်တာကို နဂိုအတိုင်းပြန်ဖြစ်စေလိုသောကြောင့်၊ ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည် ဖြစ်ပြီး မည်သည့် မစင်ကြယ်မှုမျှ ရှိစေမည် မဟုတ်ပေ။ သူ၏ ဩဇာအာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်း ဆိုသည်မှာ လူသားများအား သူ့ကို ကိုးကွယ်စေကာ ကျိုးနွံနာခံစေခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူသားများကို သူ့ကြောင့် အသက်ရှင်စေလိမ့်မည် ဖြစ်ပြီး သူ၏ဩဇာအာဏာ၏ အကျိုးဆက်အနေဖြင့် သူ၏ရန်သူများကို ပျက်စီးစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်သည် မည်သူထံကမျှ ခုခံမှုမရှိစေဘဲ သူနှင့် ပတ်သက်သည့် အရာရာတိုင်းကို လူသားများအလယ်တွင် ဖြစ်ပေါ်စေမြဲ ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင် နိုင်ငံတော် ဖြစ်သည်။ သူအလိုရှိသော လူသားမျိုးနွယ်သည် သူ့ကို ကိုးကွယ်မည့်သူ၊ သူ့ကို လုံးဝ ကျိုးနွံနာခံမည့်သူနှင့် သူ၏ဘုန်းအသရေကို ထင်ရှားစေမည့်သူ ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်သည် ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သူသည် လူသားများအလယ်တွင် နောက်ထပ် ဩဇာအာဏာ ရှိတော့မည် မဟုတ်သကဲ့သို့၊ သူ၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို မနာခံသော ရန်သူများကို ဘုရားသခင် မဖျက်ဆီးပါက၊ သူသည် မိမိ၏စုံလင်သော ဘုန်းအသရေကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ သူ၏အမှု စုံလင်ခြင်းနှင့်- လူသားမျိုးနွယ် အလယ်ရှိ သူ့ကို မနာခံသည့် သူများကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်စေခြင်း ခံရပြီးသူများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ကြဉ်းဖို့ ဖြစ်သည်- သူ၏ ကြီးမားသည့် အောင်မြင်ခြင်း အမှတ်လက္ခဏာများ ဖြစ်လိမ့်မည်။ လူသားများကို ၎င်းတို့၏ မူလ ရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အချိန်နှင့်၊ ၎င်းတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းနိုင်ချိန်၊ ၎င်းတို့၏ ကိုယ်ပိုင် မှန်ကန်သော နေရာများကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များ အားလုံးကို ကျိုးနွံနာခံသည့်အချိန်တွင်၊ ဘုရားသခင်သည် သူ့ကို ကိုးကွယ်သည့် ကမ္ဘာမြေကြီးပေါ်ရှိ လူတစ်စုကို ရရှိပြီးဖြစ်လိမ့်မည် ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့ကို ကိုးကွယ်သော နိုင်ငံတော်တစ်ခုကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် ထာဝရ အောင်မြင်ခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ သူ့ကိုဆန့်ကျင်သူ အားလုံးသည် ထာဝရကာလပတ်လုံး ပျက်စီးကြလိမ့်မည်။ ဤအရာသည် လူသားမျိုးနွယ်အား ဖန်ဆင်းရာတွင် သူ၏ မူလရည်ရွယ်ချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည် ဖြစ်သည်။ ယင်းသည် အရာခပ်သိမ်းအား ဖန်ဆင်းရာတွင် သူ၏ ရည်ရွယ်ချက်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာခပ်သိမ်းအလယ်နှင့် သူ၏ ရန်သူများအလယ်တွင် သူ၏ဩဇာအာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ဤသည်တို့မှာ သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း သင်္ကေတများဖြစ်လိမ့်မည်။ ထိုအချိန်မှစ၍ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ လမ်းကြောင်းမှန်ပေါ်တွင် ရှိသည့် အသက်တာတစ်ခု စတင်လိမ့်မည်။ သူသည်လည်း ထာဝရ ငြိမ်သက်ခြင်းချမ်းသာထဲသို့ လူသားမျိုးနွယ်နှင့်အတူ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ သူကိုယ်တိုင်နှင့် လူသားများ အတူတကွမျှဝေသည့် ထာဝရအသက်တစ်ခုကို စတင်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ပျောက်ကွယ်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ငိုကြွေးမြည်တမ်းခြင်း အားလုံးသည် ကွယ်ပျောက်ပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် ဤကမ္ဘာလောကထဲက ဘုရားသခင်ကို ဆန့်ကျင်သည့် အရာရာတိုင်းသည် တည်ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် ကယ်တင်ခြင်းသို့ သူ ဆောင်ကြဉ်းပြီးဖြစ်သည့် လူများသာ ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာ ကျန်ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၀၂)

နိုင်ငံတော်ခေတ်တွင် လူသားသည် စုံလင်စေခြင်း အပြည့်အဝ ခံရလိမ့်မည်။ သိမ်းပိုက်ခြင်း အမှုနောက်တွင်၊ လူသားသည် စစ်ဆေးခြင်းနှင့် အတိဒုက္ခကို ခံရလိမ့်မည်။ ဤဒုက္ခဆင်းရဲခြင်း အတောအတွင်းတွင် အောင်မြင်ကျော်လွှားနိုင်ပြီး သက်သေ ရပ်တည်နိုင်သူတို့သည်၊ နောက်ဆုံးတွင် စုံလင်စေခြင်း ခံရမည့်သူများ ဖြစ်သည်။ ၎င်းတို့သည် အောင်မြင်သောသူများ ဖြစ်ကြသည်။ ဤဒုက္ခဆင်းရဲခြင်းအတောအတွင်းတွင်၊ လူသားသည် ဤစစ်ဆေးခြင်းကို လက်ခံရန်လိုအပ်ပြီး၊ ဤစစ်ဆေးခြင်းသည် ဘုရားသခင် အမှု၏ နောက်ဆုံး ဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုအားလုံး အဆုံးမသတ်မီတွင် လူသားက စစ်ဆေးခြင်း ခံရလိမ့်မည်မှာ နောက်ဆုံးအကြိမ်ဖြစ်ပြီး၊ ဘုရားသခင်နောက် လိုက်သည့်သူအားလုံးသည် ဤနောက်ဆုံးစမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်သည်။ ဒုက္ခဆင်းရဲ၏ ပတ်ချာ ဝိုင်းခံရသော သူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြခြင်း မရှိသူများ ဖြစ်ကြသည်၊ သို့သော် အမှန်တကယ် သိမ်းပိုက်ခံရပြီးဖြစ်ကာ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသူတို့သည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝကို ပိုင်ဆိုင်သူများနှင့် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ၊ ဤအောင်နိုင်သူတို့သည် ရူပါရုံများ ကင်းမဲ့လိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ သက်သေခံချက်များတွင် ကျရှုံးခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲ ဖြစ်လိမ့်မည်။ ၎င်းတို့သည် နောက်ဆုံးတွင် ဒုက္ခဆင်းရဲမှ ထွက်ပေါ်လာမည့်သူများ ဖြစ်သည်။ ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများသည် ယနေ့တွင် ကပ်ပါးရပ်ပါးလုပ်နိုင်ကြသေးသော်လည်း၊ မည်သူမျှ နောက်ဆုံးသော ဒုက္ခဆင်းရဲကို မလွှတ်မြောက်နိုင်သကဲ့သို့၊ မည်သူကမျှ နောက်ဆုံးသော စမ်းသပ်ခြင်းကို မလွှတ်မြောက်နိုင်ပေ။ အောင်နိုင်သည့် သူများအတွက် ထိုသို့သော ဆင်းရဲဒုက္ခသည် ကြီးမားသည့် စစ်ဆေးခြင်း ဖြစ်သည်။ သို့သော်လည်း ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများအတွက်၊ ယင်းသည် လုံးဝ ပယ်ထုတ်ခြင်း အလုပ် ဖြစ်သည်။ ၎င်းတို့မည်မျှ စစ်ကြောခံရစေကာမူ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ “စိတ်နှလုံးကောင်း” ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။ သိမ်းပိုက်ခြင်း အမှု ပြီးပြည့်စုံခြင်းနောက်တွင် လူသားကို ကယ်တင်ခြင်း အမှုအား စွမ်းဆောင်ရရှိခြင်း မဟုတ်ပေ။ သိမ်းပိုက်ခြင်း အမှုသည် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်သော်လည်း၊ လူသားကို သန့်စင်စေခြင်း အမှုက အဆုံးမသတ်သေးပေ။ ထိုသို့သောအမှုသည် လူသားက အပြည့်အဝ သန့်စင်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူများက စုံလင်စေခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသည့် အယောင်ဆောင်များ နုတ်ပယ်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်တွင်သာ ပြီးစီးလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သူ၏ အမှု နောက်ဆုံးအဆင့်တွင် စိတ်မကျေနပ်စေနိုင် သူများသည် လုံးဝ ပယ်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ ပယ်ထုတ်ခြင်း ခံရသူများသည် နတ်ဆိုးနှင့် သက်ဆိုင်ကြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်စွမ်း မရှိကြသည်နှင့်အမျှ၊ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်တတ်ကြပြီး၊ ဤလူတို့သည် ယနေ့တွင် ဘုရားသခင်နောက် လိုက်ကြသော်လည်း၊ ဤအရာက ၎င်းတို့သည် နောက်ဆုံးတွင် ကျန်ရှိကြလိမ့်မည်ဟု သက်သေမပြပေ။ “ဘုရားသခင်နောက်သို့ အဆုံးတိုင် လိုက်သောသူသည် ကယ်တင်ခြင်းကို ရရှိလိမ့်မည်။” ဟူသော နှုတ်ကပတ်တော်များတွင်၊ “နောက်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်မှာ ဒုက္ခဆင်းရဲ အလယ်တွင် မားမားမတ်မတ် ရပ်တည်ခြင်း ဖြစ်သည်။ ယနေ့တွင် လူများစွာတို့သည် ဘုရားသခင်နောက်သို့ လိုက်ခြင်းက လွယ်ကူသည်ဟု ထင်ကြသည်၊ သို့ရာတွင် ဘုရားသခင်၏ အမှု အဆုံးသတ်ခါနီးတွင်၊ “နောက်တော်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်အမှန်ကို သင်သိလိမ့်မည်။ သင်သည် သိမ်းပိုက်ခြင်း ခံရပြီးနောက် ယနေ့ ဘုရားသခင်နောက်သို့ လိုက်နိုင်သေးရုံမျှဖြင့်၊ ဤအရာက သင်သည် စုံလင်အောင် ပြုလုပ်ခြင်းခံရမည့် လူအများထဲမှ တစ်ဦးဖြစ်သည်ဟု သက်သေမပြပေ။ စမ်းသပ်မှုများကို မခံနိုင်သည့် သူများ၊ ဒုက္ခဆင်းရဲ၏ အလယ်တွင် အောင်နိုင်ခြင်း မရှိသူများသည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်မနေနိုင်ဘဲ၊ ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက် သူများသည် ၎င်းတို့အလုပ်နှင့်ဆိုင်သည့် စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံရပ်နိုင်စွမ်းမရှိကြပေ။ အနှေးနှင့်အမြန် ၎င်းတို့သည် နှင်ထုတ်ခံရကြလိမ့်မည်ဖြစ်သော်လည်း၊ အောင်နိုင်သူများသည် နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ မရှာဖွေသည်ကို သူ၏အလုပ်နှင့်ဆိုင်သည့် စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုများအားဖြင့်၊ ဆုံးဖြတ်ခြင်းဖြစ်ကာ လူကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သည့်လူကိုမျှ စိတ်ကူးပေါက်ရာ မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည် လူသားကို လုံးဝ လက်ခံယုံကြည်စေနိုင်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားကို လက်ခံမယုံကြည်စေနိုင်သည့် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ပေ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ မှားသည်ဆိုသည်ကို အမှန်တရားများအားဖြင့် သက်သေပြခြင်း ဖြစ်ပြီး၊ လူသားက ဆုံးဖြတ်၍ မရနိုင်ပေ။ “ဂျုံစပါးပင်ကို တောပင်များအဖြစ်သို့ မပြုလုပ်နိုင်သကဲ့သို့၊ တောပင်များကိုလည်း ဂျုံစပါးပင်အဖြစ်သို့ မပြုလုပ်နိုင်ပါ” ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်ထဲ ကျန်ရှိကြလိမ့်မည် ဖြစ်ပြီး၊ သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို ဘုရားသခင်က နှိပ်စက်မည် မဟုတ်ပေ။ ၎င်းတို့၏ မတူညီသည့် လုပ်ငန်းဆောင်တာများနှင့် သက်သေခံချက်များကို အခြေခံ၍၊ နိုင်ငံတော်အတွင်းရှိ အောင်မြင်သောသူများသည် ယဇ်ပရောဟိတ်များ၊ သို့မဟုတ် နောက်လိုက်များအဖြစ် အစေခံကြလိမ့်မည် ဖြစ်ပြီး၊ ဒုက္ခဆင်းရဲအလယ်တွင် အောင်နိုင်သောသူများသည် နိုင်ငံတော်ထဲတွင် ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်လာလိမ့်မည်။ စကြဝဠာတစ်လျှောက် ဧဝံဂေလိတရားအလုပ် ပြီးဆုံးသည့်အချိန်တွင်၊ ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်ပေါ်လိမ့်မည်။ ထိုအချိန်ရောက်သည့်အခါတွင်၊ လူ့အနေဖြင့် လုပ်သင့်သည့်အရာမှာ ဘုရားသခင်၏ နိုင်ငံတော်အတွင်း သူ၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် နိုင်ငံတော်အတွင်းတွင် ဘုရားသခင်နှင့်အတူတကွ သူ၏ အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။ ယဇ်ပရောဟိတ်များအဖွဲ့တွင် ယဇ်ပရောဟိတ်မင်းများနှင့် ယဇ်ပရောဟိတ်များ ရှိလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသူများက ဘုရားသခင်၏လူများနှင့် သားများ ဖြစ်ကြလိမ့်မည်။ ဤအရာအားလုံးကို ဒုက္ခဆင်းရဲအတောအတွင်း၊ ဘုရားသခင်အတွက် ၎င်းတို့ပြုသည့် သက်သေခံချက်များအားဖြင့် အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ ယင်းတို့သည် စိတ်ကူးတည့်ရာပေးသည့် ဂုဏ်ပုဒ်များ မဟုတ်ပေ။ လူ၏ အခြေအနေသည် အခြေခိုင်သည်နှင့် တစ်ပြိုင်နက်၊ အသီးသီးသည် ၎င်းတို့၏ ကိုယ်ပိုင် အမျိုးအစားအလိုက် ခွဲခြားခံရပြီး ၎င်းတို့၏မူလ အနေအထားသို့ ပြန်သွားကြကာ ယင်းသည် ဘုရားသခင်၏ အမှု အောင်မြင်ခြင်း၏ အမှတ်အသား ဖြစ်သည့်အတွက် ဘုရားသခင်၏ အမှုသည် ရပ်ဆိုင်းသွားမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အမှုနှင့် လူ၏ လက်တွေ့လုပ်ဆောင်ခြင်းတို့၏ နောက်ဆုံးရလဒ်ဖြစ်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ရူပါရုံများနှင့် လူသား၏ပူးပေါင်းလုပ်ဆောင်မှုတို့၏ အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။ အဆုံးတွင် လူသားသည် ဘုရားသခင်၏ နိုင်ငံတော်တွင် ငြိမ်းချမ်းမှုကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည်လည်း သူ၏ကျိန်းဝပ်ရာအရပ်သို့ အနားယူရန် ပြန်သွားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားအကြား အနှစ် ၆၀၀၀ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ဆုံးရလဒ်ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၀၃)

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ပယ်ထုတ်ရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်- အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် သေချာပေါက် ပယ်ထုတ်ခြင်းခံရသည့်သူများဖြစ်သည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော စိတ်နှလုံးများနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရား၏ အောင်လံလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ လှည့်စားရင်းနေရာတကာ အထိန်းအကွပ်မဲ့၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ ပို၍ပင် တင်းကျပ်သော စံနှုန်းများရှိသည်မဟုတ်လော။ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များပို၍ပင်ရှိသည်မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၀၄)

အသင်းတော်တိုင်း၌ အသင်းတော်ကို ဒုက္ခပေးသူများ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ စွက်ဖက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် သရုပ်ဆောင်ကောင်းကြ၏။ ငါ၏ ရှေ့မှောက်သို့ ပျပ်ဝပ်ကာ၊ စုတ်ပြတ်လျက် ခွေးဝဲစားများကဲ့သို့ အသက်ရှင်ရင်းနှင့် မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏ “အစွမ်းကုန်” ဆက်ကပ်ကြလျက် ကြီးမားသော ချစ်ကြောက်ရိုသေမှုဖြင့် လာကြသော်လည်း၊ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့၏ အကျည်းတန်သည့်ဘက်ကို ပြကြလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့မြင်သောအခါ၊ ထိုးနှက်ကြပြီး တွန်းဖယ်ကြလေသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ၊ မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်ထဲတွင် ၎င်းတို့ အထိန်းအကွပ်မဲ့ကြလေသည်။ အသင်းတော်အများစုတွင် ထိုသို့သော “ဒေသခံ ဗိုလ်ကျသူများ”၊ ထိုသို့သော “ခိုင်းဖတ်များ” သည် အသင်းတော် အများစု၌ ရှိသည်ဟု ပြော၍ရသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြကာ လျှို့ဝှက် အချက်ပြကြလျက်၊ အတူတကွ ဆိုးယုတ်လှစွာ ပြုမူကြပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဆိပ်အများဆုံးရှိသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်ဒြပ် အမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်လေသည်။ ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် ပစ်ပယ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ အုပ်စိုးမှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ အသင်းတော်က လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ သူတို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို “သေခြင်းကို မြေမြှုပ်ခြင်း” ဟုခေါ်သည်၊ ယင်းသည် စာတန်ကို ပစ်ပယ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် “ယင်ကောင်ငယ်များ” လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် ပယ်ထုတ်ခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် ပယ်ထုတ်ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံးဝမရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၀၅)

တိုးတက်မှုအတွက် မကြိုးပမ်းသောသူများသည် အခြားလူများကို သူတို့ကဲ့သို့ပင် အပျက်သဘောဆောင်ဖို့နှင့် ပျင်းရိဖို့ရန် အမြဲ ဆန္ဒရှိကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို မနာလိုကြပေ၊ ထို့အပြင် ယောင်ချာချာ ဖြစ်သောသူများနှင့် ထိုးထွင်းသိမြင်မှု မရှိသောသူများကို အမြဲ လှည့်ဖြားချင်ကြသည်။ ထိုသူများ ဖွင့်ပြောသော အရာများသည် သင်တို့ကို ဆုတ်ယုတ်သွားစေခြင်း၊ လျှောကျသွားစေခြင်း၊ ပုံမှန်မဟုတ်သော အနေအထားများ ဖြစ်ပေါ်စေခြင်းများ ဖြစ်စေနိုင်ပြီး မှောက်မိုက်ခြင်းနှင့် ပြည့်နေစေနိုင်သည်။ သူတို့က သင့်ကို ဘုရားသခင်နှင့် ဝေးသွားအောင် ပြုလုပ်ကာ၊ သူတို့က သင့်ကို ဇာတိပကတိအား မြတ်နိုးစေပြီး သင့်ကိုယ်သင် အလိုလိုက်စေသည်။ သမ္မာတရားကို မနှစ်သက်သောသူများ၊ ဘုရားသခင်ကို ဝတ်ကျေတမ်းကျေသာ အမြဲတမ်း ဆက်ဆံသော သူများသည် ကိုယ့်ကိုယ်ကိုယ်သိစိတ် မရှိသောသူများဖြစ်ပြီး၊ ထိုသူတို့၏ စိတ်သဘောထားများက အခြားသူများကို အပြစ်ကျူးလွန်ဖို့နှင့် ဘုရားသခင်ကို အာခံဖို့ရန် ဖြားယောင်းကြသည်။ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ အခြားသူများကိုလည်း လက်တွေ့လုပ်ဆောင် ခွင့်မပြုပေ။ သူတို့သည် အပြစ်တရားကို မြတ်နိုးပြီး မိမိတို့ကိုယ်ကိုယ် စက်ဆုပ်ခြင်း မရှိကြ။ သူတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြဘဲ၊ အခြားလူများကိုလည်း သူတို့ကိုယ်သူတို့ မသိအောင် ဟန့်တားသည်။ အခြားသူများကို သမ္မာတရားအား မတောင့်တရန် ဆီးတားလေသည်။ ထိုသူတို့ လှည့်ဖြားသောသူများသည် အလင်းကို မမြင်နိုင်ပေ- ၎င်းတို့သည် အမှောင်ထုထဲသို့ ကျသွားကြသည်၊ မိမိတို့ကိုယ်ကိုယ် မသိ၊ သမ္မာတရားကိုလည်း ရှင်းရှင်းလင်းလင်း မသိဘဲ၊ ဘုရားသခင်ထံမှ ဝေးသည်ထက် ဝေးသွားကြသည်။ သူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြဘဲ၊ အခြားသူများ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ကိုလည်း ဟန့်တားကြပြီး ထိုမိုက်မဲသောသူများ အားလုံးကို သူတို့ရှေ့မှောက်သို့ ခေါ်လာကြသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောမည့်အစား သူတို့၏ ဘိုးဘေးများကို ယုံကြည်ကြသည်၊ သို့မဟုတ် သူတို့ယုံကြည်သည့်အရာသည် သူတို့၏ စိတ်နှလုံးထဲ၌ရှိသော ရုပ်တုများဖြစ်သည်ဟု ပြောခြင်းက ပို၍ကောင်းလိမ့်မည်။ ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် ပယ်ထုတ်ခံရမည့် သူများဖြစ်သည်။ အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ယောက် ဧကန်အမှန် ဖြစ်သည်ဆိုပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို အဘယ်ကြောင့် အလေးထားမှု သင်မရှိရသနည်း။ ထို့အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများ၏ အကြည့်တစ်ချက်နှင့်ပင် သင်သည် အဘယ်ကြောင့် ထိုသူတို့နောက်သို့ ချက်ချင်း လိုက်ရသနည်း။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသည် မရှိသည်ကို ငါဂရုမစိုက်။ သင်သည် မည်မျှ ကြီးမားသော အဖိုးအခ ပေးခဲ့သည်ကို ငါဂရုမစိုက်။ သင်၏ အင်အားက မည်မျှကြီးမားသည်ဆိုခြင်းကို ငါဂရုမစိုက်သကဲ့သို့ သင်သည် နယ်ခံဗိုလ်ကျသူလော သို့တည်းမဟုတ် အလံကိုင်သော ခေါင်းဆောင်လော ဆိုသည်ကို ငါဂရုမစိုက်။ အကယ်၍ သင်၏ အင်အားများက ကြီးမားသည်ဆိုလျှင် ထိုအရာသည် စာတန့်ခွန်အား၏ အကူအညီကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်၏ ဂုဏ်ဒြပ်က မြင့်မားပါက ထိုအရာသည် သင်၏ဘေးပတ်လည်၌ သမ္မာတရား လက်တွေ့မလုပ်ဆောင်သောသူများ အင်မတန် များသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်သည် နှင်ထုတ်မခံရသေးပါက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ရမည့် အချိန်မဟုတ်၍ ဖြစ်သည်။ ထိုအစား ယခုအချိန်သည် ပယ်ထုတ်သော အလုပ်လုပ်ရမည့် အချိန်ဖြစ်သည်။ သင့်ကို ယခုနှင်ထုတ်ဖို့ အလျင်မလိုသေးပေ။ သင် ပယ်ထုတ်ခံရပြီးသည့်နောက် သင့်ကို ငါအပြစ်ပေးမည့်နေ့ သက်သက်ကိုသာ ငါ စောင့်နေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော မည်သူမဆို ပယ်ထုတ်ခြင်းခံရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၀၆)

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏သက်သေခံချက်တွင် ဧကန်အမှန် ရပ်တည်နိုင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားသောသူများလည်း ဖြစ်ပြီး သမ္မာတရားဘက်၌ အမှန်တကယ် ရပ်တည်နိုင်သောသူများ ဖြစ်သည်။ လိမ်လည်လှည့်စားမှုနှင့် မတရားမှုတို့ကို ကျင့်သုံးသော သူများအားလုံးသည် သမ္မာတရား မရှိသောသူများဖြစ်ပြီး၊ သူတို့အားလုံးသည် ဘုရားသခင်ကို အရှက်ရစေကြ၏။ အသင်းတော်တွင် အငြင်းအခုံ ဖြစ်စေသော သူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး၊ စာတန်၏ပြယုဂ် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် အင်မတန် မလိုမုန်းထားတတ်ကြလေသည်။ ပိုင်းခြားသိမြင်မှု မရှိသူများနှင့် သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်စွမ်းနိုင်သော သူများအားလုံးသည် ဆိုးယုတ်သော ရည်ရွယ်ချက်များကို သိုထားကြပြီး သမ္မာတရားကို ညှိုးနွမ်းစေသည်။ ထို့ထက်ပို၍ ၎င်းတို့သည် စာတန်ကို သမားရိုးကျ ကိုယ်စားပြုသော သူများဖြစ်သည်။ ၎င်းတို့သည် ရွေးနုတ်၍ မရနိုင်တော့လောက်အောင်ဖြစ်ပြီး၊ အလိုအလျောက် ပယ်ထုတ်ခံရပေလိမ့်မည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို ဘုရားသခင်၏မိသားစုက ဆက်ရှိနေဖို့ ခွင့်မပြုသကဲ့သို့၊ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲသူများကိုလည်း ရှိနေခွင့်မပြုပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုပြုရန် အချိန်မဟုတ်။ ထိုကဲ့သို့သော သူတို့သည် နောက်ဆုံးတွင် ဖော်ထုတ်ခံရမည်ဖြစ်ပြီး ပယ်ထုတ်ခံရမည်သာ ဖြစ်သည်။ အသုံးမဝင်သော မည်သည့်အလုပ်ကိုမျှ ဤလူတို့အပေါ်၌ လုပ်တော့မည်မဟုတ်။ စာတန်နှင့် သက်ဆိုင်သောသူများသည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သော်လည်း၊ သမ္မာတရားကို ရှာသောသူများကမူ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် သမ္မာတရားလမ်းကို ကြားရဖို့ရန် မထိုက်တန်၊ သမ္မာတရားကို သက်သေခံဖို့ရန်လည်း မထိုက်တန်ပေ။ သမ္မာတရားသည် သူတို့ ကြားဖို့ လုံးဝမဟုတ်ချေ။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။ လူတိုင်း၏နိဂုံးကို ဖွင့်မပြမီ၊ အသင်းတော်ကို နှောင့်ယှက်သောသူများနှင့် အမှုတော်ကို အဆက်ပြတ်စေသောသူများသည် နောက်မှ ကိုင်တွယ်ဖြေရှင်းဖို့ရန် ယခု ပထမဦးစွာ ဘေးဖယ်ခံရမည်ဖြစ်သည်။ အမှုတော် ပြီးဆုံးသွားသည်နှင့် ဤလူများသည် အသီးသီး ဖော်ထုတ်ခံရမည်၊ ထို့နောက် ၎င်းတို့ ပယ်ထုတ်ခံရပေလိမ့်မည်။ လောလောဆယ်တွင် သမ္မာတရားကို ထောက်ပံ့ပေးစဉ်အတွင်း ၎င်းတို့ လျစ်လျူရှုခံရလိမ့်မည်။ လူသားမျိုးနွယ်အား သမ္မာတရား တစ်ခုလုံးကို ဖွင့်ပြသောအခါ ထိုလူများသည် ပယ်ထုတ်ခံရမည်ဖြစ်သည်။ ထိုအချိန်သည် လူအားလုံးကို မိမိတို့၏ အမျိုးအစားအလိုက် အတန်းအစားသတ်မှတ်မည့် အချိန်လည်းဖြစ်သည်။ ပိုင်းခြားသိမြင်မှုမရှိသောသူများ၏ သေးနုပ်သည့် လှည့်စားမှုများသည် ဆိုးယုတ်သူများ၏ လက်၌ ၎င်းတို့ပျက်စီးခြင်းဆီသို့ ဆိုက်ရောက်စေလိမ့်မည်၊ သူတို့သည် မကောင်းသောလူများအားဖြင့် အဝေးသို့ သွေးဆောင် ခံရလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ ပြန်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ သမ္မာတရားဘက်က ရပ်တည်နိုင်စွမ်း မရှိသောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူးပေါင်းကြံစည်ပြီး ဘုရားသခင်ကို အာခံသောကြောင့် ထိုသို့သော ဆက်ဆံခြင်းသည် ၎င်းတို့ ထိုက်တန်သောအရာ ဖြစ်သည်။ ထိုမကောင်းသောလူများ ရောင်ပြန်ဟပ်သည့်အရာသည် မကောင်းမှုဖြစ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် ၎င်းတို့နောက်သို့ တကောက်ကောက်လိုက်သော အခြားသူများ ရှိကြသော်လည်း၊ ထိုသူတို့၏ ဘုရားသခင်ကို အာခံသော သဘာဝဗီဇများသည် အားလုံးအတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ သူတို့ကို ဖျက်ဆီးနေသည်မှာ သူတို့ကိုယ်တိုင်၏ မကောင်းမှုပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်နေသည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် ကယ်တင်ခံရမည်ဖြစ်ပြီး စုံလင်အောင် ပြုခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် မိမိတို့ကိုယ်ကိုယ် ပျက်စီးစေကြလိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများနှင့် လက်တွေ့ မလုပ်ဆောင်သောသူတို့ကို စောင့်နေသော နိဂုံးတို့ပင်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန် အစီအစဉ် မရှိသောသူများသည် အပြစ်များ နောက်ထပ်ကျုးလွန်ခြင်းကို ရှောင်ဖို့ရန် အသင်းတော်မှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားဖို့ ငါအကြံပေးသည်။ အချိန်တန်သောအခါ နောင်တရရန် အလွန်နောက်ကျသွားမည်ဖြစ်သည်။ အထူးသဖြင့် အုပ်စုဖွဲ့သောသူများ၊ ကွဲပြားမှုများဖြစ်အောင် ဖန်တီးသူများနှင့် အသင်းတော်အတွင်းရှိ ယုတ်မာသော ထိုနယ်ခံဗိုလ်ကျသူများသည် သာ၍ပင်စောစီးစွာ ထွက်သွားရမည်။ ဆိုးယုတ်သော ဝံပုလွေ၏ သဘာဝဗီဇရှိသည့် ဤလူများသည် ပြောင်းလဲရန် မတတ်စွမ်းနိုင်ကြ။ ညီအစ်ကိုမောင်နှမများ၏ လျော်ကန်သော အသက်တာကို နောက်ထပ် အနှောင့်အယှက် လုံးဝ မပေးတော့ရန် သူတို့သည် အသင်းတော်က တတ်နိုင်သမျှ အစောဆုံး ထွက်သွားသည်မှာ ပိုကောင်းသည်၊ ဤသို့ဖြင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးမှုကို ရှောင်ရန်ဖြစ်သည်။ သူတို့နှင့် စိတ်တူသဘောတူရှိခဲ့သော သင်တို့ထဲမှ သူများသည်လည်း မိမိတို့ကိုယ်မိမိတို့ ပြန်သုံးသပ်ဖို့ရန် ယခုအခွင့်အရေးကို အသုံးချလျှင် ကောင်းမည်ဖြစ်သည်။ သင်တို့သည် ဆိုးယုတ်သောသူများနှင့်အတူ အသင်းတော်မှ ထွက်ခွာမည်လော၊ အသင်းတော်၌ ဆက်ရှိနေပြီး နာခံလျက်နောက်လိုက်မည်လော။ သင်တို့သည် ဤကိစ္စကို သေချာစွာ စဉ်းစားတွေးတောရမည်။ ငါသည် သင်တို့ကို ရွေးချယ်စရာ ဤနောက်ထပ် အခွင့်အရေးတစ်ခု ပေးပြီး၊ သင်တို့၏အဖြေကို ငါစောင့်နေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၀၇)

ဘုရားသခင်အား ယုံကြည်သူတစ်ဦးအနေဖြင့် အခြားအရာ အားလုံးထက် ဘုရားသခင်ကိုသာ သစ္စာစောင့်သိကာ အရာအားလုံးတွင် သူ၏ အလိုတော်ကိုလိုက်နာသင့်ပေသည်။ သို့ရာတွင် ဤအဆိုအမိန့်ကို လူတိုင်းနားလည်သော်ငြားလည်း၊ လူသား၏ အမျိုးမျိုးသော အခက်အခဲများဖြစ်သည့် မသိနားမလည်မှု၊ ရယ်ဖွယ်ကောင်းမှု၊ ဖောက်ပြန်ပျက်စီးမှုတို့ကြောင့် ဥပမာအားဖြင့်- အပေါ်လွင်ဆုံးနှင့် အခြေခံအကျဆုံး ဤသမ္မာတရားများကို သူ့ထံတွင် ပြည့်စုံစွာ မြင်ရနိုင်မည်မဟုတ်ပေ၊ ထို့ကြောင့် သင်တို့၏ အဆုံးသတ်သည် ပြောင်းလဲဖို့ မခက်ခဲလာမီ သင်တို့အတွက် အရေးအကြီးဆုံးဖြစ်မည့်အရာ အနည်းငယ်ကို ပထမဦးစွာ ငါ ပြောမည်။ ငါရှေ့ဆက်မပြောမီ သင်တို့ ဦးစွာနားလည်ထားရမည်မှာ- ငါပြောသည့် နှုတ်ကပတ်တော်များသည် လူသားအားလုံးကို တိုက်ရိုက်ရည်ရွယ်သော သမ္မာတရားများဖြစ်ပြီး လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအမျိုးအစား တစ်မျိုးတည်း အတွက်သာ ရည်ရွယ်ပြောခြင်း မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၏ ရှုထောင့်မှ ငါ၏နှုတ်ကပတ်တော်များကို နားလည်ခြင်းအား အာရုံစိုက်သင့်သကဲ့သို့၊ မမှိတ်မသုန်အာရုံစိုက်သော သဘောထားတစ်ရပ် နှင့် ရိုးသားမှု ရှိသင့်သည်။ ငါပြောသည့်နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားကို တစ်လုံးတစ်ပါဒမှ လျစ်လျူရှုခြင်း မပြုရသည့်အပြင် ငါ၏ နှုတ်ကပတ်တော်အားလုံးကို မထီမဲ့မြင် မပြုရ။ သင်တို့ဘဝများ၌ သင်တို့ပြုသောအရာများစွာသည် သမ္မာတရားနှင့် ဆီလျော်မှုမရှိသည်ကို ငါတွေ့သောကြောင့်၊ ငါသည် သင်တို့အား သမ္မာတရား၏ အစေခံသူများ ဖြစ်လာစေဖို့၊ စဉ်းလဲမှုနှင့် အကျည်းတန်မှုတို့၏ကျေးကျွန်အဖြစ်မှ လွတ်မြောက်စေဖို့၊ သမ္မာတရားကို မနင်းချေဖို့ သို့မဟုတ် ဘုရားအိမ်တော်၏ နေရာတစ်ခုတစ်လေကိုမျှ ဖျက်ဆီးရမ်းကားခြင်း မရှိဖို့ သင်တို့ကို အထူးတလည် တောင်းဆိုနေခြင်း ဖြစ်သည်။ ဤအချက်သည် သင်တို့အား ငါ၏သတိပေးချက် ဖြစ်သည်။ ယခု လက်ရှိအကြောင်းအရာအား ငါစတင်ပြောမည်။

ပထမဦးစွာ သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏ လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။ ဆိုလိုသည်မှာ သင်တို့သည် ဘုရားအိမ်တော်၏ အိမ်တော်သားတစ်ယောက်ဖြစ်သည်ကို အသိအမှတ် ပြုသဖြင့်၊ သင်တို့သည် ဘုရားသခင်ထံသို့ စိတ်နှလုံး တည်ငြိမ်အေးချမ်းခြင်းကို ယူဆောင် လာသင့်ပြီး အရာရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်သည်။ တစ်နည်းအားဖြင့် သင်၏ လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းကာ၊ ထိုလုပ်ရပ်များတွင် သမ္မာတရားနှင့် လိုက်လျောညီထွေ နေသင့်သည်။ အကယ်၍ ဤသည်မှာ သင်၏ လုပ်ဆောင် နိုင်စွမ်းထက်ကျော်လွန်ပါက၊ သင်သည် ဘုရားသခင်၏ ရွံမုန်းခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကာ လူတိုင်း၏ ပစ်ပယ်ခြင်းကို ခံရလိမ့်မည်။ ထိုကဲ့သို့ အကျပ်အတည်းနှင့် သင် ရင်ဆိုင်တွေ့ပါက၊ သင့်ကို ဘုရားသခင်၏ အိမ်တော်ထဲတွင် ထည့်သွင်းစဉ်းစား၍ မရနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏ လက်သင့်ခံမှုကို မရရှိခြင်း၏ အဓိပ္ပာယ် အတိအကျဖြစ်လေသည်။

ဒုတိယအချက်အနေဖြင့် ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။ သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိ မရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံမှု မှတ်တမ်းတစ်ခု ရှိ မရှိနှင့် ဘုရားသခင်ထံ၌ သင် အပြည့်အဝ ကျိုးနွံနာခံပြီးခြင်း ရှိ မရှိ စသည်တို့ကို သင်သိသင့်သည်။ သင်သည် ဤအရာများ မရှိပါက၊ သင့်အတွင်း၌ မနာခံမှု၊ လှည့်ဖြားမှု၊ လောဘနှင့် မကျေနပ်မှုများသာ ကျန်ရစ်လိမ့်မည်။ သင်၏နှလုံးသားသည် ရိုးသားမှုနှင့်အလှမ်း ကွာဝေးသကဲ့သို့၊ သင်သည် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အသိအမှတ်ပြုမှုကိုလည်း မည်သည့်အခါမျှ မရရှိဘဲ၊ အလင်းထဲတွင် မည်သည့်အခါမျှ မနေခဲ့ရဖူးပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌ မည်သို့ဖြစ်မည်ဆိုသည်မှာ သူ့ထံ၌ ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိ မရှိအပေါ်နှင့် သူ့ထံ၌ စင်ကြယ်သော စိတ်နှလုံး ရှိ မရှိတို့အပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သောသူတစ်ဦး၊ မလိုတမာစိတ်ရှိသူတစ်ဦး၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူတစ်ဦး ဖြစ်နေပါက၊ သင်၏ ကံကြမ္မာမှတ်တမ်းတွင် ရေးသားသကဲ့သို့ လူတို့ အပြစ်ပေး ခံရသည့် နေရာတွင် သင် အဆုံးသတ်မည်မှာ သေချာ၏။ အကယ်၍ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုသော်လည်း၊ သမ္မာတရားနှင့် ညီညွတ်စွာ ပြုမူခြင်း၊ အမှန်တရားနှင့်ဆိုင်သော စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းတို့ကို မည်သည့်အခါမျှ မပြုဖူးပါက၊ သင်သည် ဘုရားသခင်ကို သင့်အား ဆုချပေးစေရန် စောင့်မျှော်နေဆဲလော။ ဘုရားသခင်က သင့်ကို သူ၏ အချစ်မြတ်နိုးဆုံးသူအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသလော။ ယင်းသည် ရယ်ဖွယ်ကောင်းသော တွေးနည်း မဟုတ်လော။ သင်သည် အရာရာ၌ ဘုရားသခင်ကို လှည့်စားသည်၊ ထို့ကြောင့် သင်ကဲ့သို့သော လက်မသန့်ရှင်းသူ တစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာ ပေးနိုင်မည်နည်း။

တတိယအချက်အနေဖြင့်ပြောလိုသည်မှာ- လူတိုင်းသည် ဘုရားသခင်၌ ယုံကြည်မှုဖြင့် အသက်ရှင်နေထိုင်သည့် ၎င်းတို့၏ အသက်တာ တစ်လျှောက်တွင်၊ ဘုရားသခင်အပေါ် ခုခံပြီး လှည့်စားသည့် အရာများ ပြုပြီးဖြစ်ကြသည်။ အချို့သော မကောင်းမှုများအား ပြစ်မှုအဖြစ် မှတ်သားရန် မလိုသော်လည်း၊ အချို့အရာများသည် ခွင့်လွှတ်နိုင်စရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်သော ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားရာရောက်သော လုပ်ရပ်များစွာ ရှိသောကြောင့်ဖြစ်သည်။ မိမိ၏ကံကြမ္မာအတွက် စိုးရိမ်သူ အများအပြားက ဤလုပ်ရပ်များမှာ အဘယ်နည်းဟု မေးမြန်းနိုင် ကြသည်။ သင်တို့သည် သဘာဝအားဖြင့် မာနကြီးပြီး မောက်မာကာ အမှန်တရားများကို နာခံရန် လိုလိုလားလား မရှိသည်ကို သိသင့်သည်။ ဤအကြောင်းရင်းကြောင့် သင့်ကိုယ်သင် ပြန်လည်သုံးသပ် ပြီးသည့်နောက် နည်းနည်းချင်း ငါပြောပြမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်များကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် အလင်း၏ မျက်မှောက်ကို ဆုံးရှုံးရလျက်၊ ဘုရားသခင်၏ စိတ်သဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ထဲသို့ ကျဆင်းရလိမ့်မည်။ သင်တို့သည် သင်တို့၏ အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့်၊ မပြောသင့် မလုပ်သင့်သည့် အရာများကို သင်ပြောမိလုပ်မိသောကြောင့်၊ ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့် အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း၊ ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်း အကြောင်းရင်းမှာလည်း သင်သည် လူသားတစ်ဦးကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပြစ်မှားစော်ကားခြင်းကို များစွာ ကျူးလွန်မိလျှင်၊ ငရဲသားဖြစ်ရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် မကိုက်ညီသည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နှင့်ပြီးသည်ကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ပြီးသည့်အပြင် နောင်တရသည့် အရိပ်လက္ခဏာ မပြခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအား အပြစ်ပေးသည့်ငရဲသို့ သင် ကျဆင်းသွားရမည်မှာ မလွဲဧကန် ဖြစ်သည်။ ဘုရားသခင်၏ နောက်သို့လိုက်စဉ် လူနည်းစုတစ်စုက ကိုယ်ကျင့်တရား ဖောက်ဖျက်သည့် လုပ်ရပ်အချို့ကို ကျူးလွန်မိကြသည်၊ သို့ရာတွင် ကိုင်တွယ်ဖြေရှင်းပြီး၊ လမ်းပြခြင်း ခံရပြီးသည့်နောက်တွင်၎င်းတို့သည် ၎င်းတို့၏ စာရိတ္တပျက်စီးမှုကို တဖြည်းဖြည်း သိမြင်လာကြပြီးနောက် စစ်မှန်မှု လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာကာ ယနေ့အထိ ကောင်းကောင်း အသိတရားရှိစွာ ဆက်လက် နေထိုင်သွားကြသည်။ ထိုကဲ့သို့သော လူသားများသည် အဆုံး၌ ကျန်ရှိနေမည့် သူများ ဖြစ်ကြသည်။ သို့သော် ငါရှာဖွေနေသည်မှာ ရိုးသားသူများဖြစ်သည်၊ အကယ်၍ သင်သည် ရိုးသားသူ တစ်ယောက်ဖြစ်ပြီး အခြေခံသဘောတရားအတိုင်း ပြုမူသူဖြစ်လျှင် သင်သည် ဘုရားသခင်၏ လူယုံတော် တစ်ယောက် ဖြစ်နိုင်သည်။ သင်၏ပြုမူချက်များတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မပြစ်မှားမိဘဲ၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကာ ဘုရားသခင်ကို ကြည်ညိုသည့်နှလုံးသား ရှိသူဖြစ်လျှင် သင်၏သက်ဝင်ယုံကြည်မှုသည် စံချိန်မီသည်။ ဘုရားသခင်ကို မကြည်ညိုဘဲ၊ ကြောက်ရွံ့တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ချိုးဖောက်ဖြစ်လိမ့်မည်။ လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့ကိုဖယ်ရှားပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မပြုတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့၏ မသိနားမလည်သော ရည်ရွယ်ချက်ကောင်းများ၏ ခွန်အားဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသဖြစ်စေခြင်းဖြင့် အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေး ပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို သက်သောင့်သက်သာ အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်း လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်ထံတွင် သိုး၏ စိတ်သဘောထားမရှိဘဲ၊ ခြင်္သေ့၏ စိတ်သဘောထားသာ ရှိသည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရား များစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင် အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကား အသုံးအနှုန်းများ၊ အယူဝါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေ အဖြစ်လည်းကောင်း၊ ဘုရားသခင် ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါး အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက၊ သင်၏ ပြင်းပြသော အစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာ ပေးနိုင်သည်။ ယခုဆိုလျှင် ဘုရားသခင်အား ယုံကြည်ခြင်းသည် ဓမ္မပညာကို လေ့လာခြင်းသက်သက် မဟုတ်ကြောင်း ကို သင် သိရှိပြီးလောက်ပြီ ဖြစ်သည်။

သင်တို့အား ငါသတိပေးဆုံးမသည့် နှုတ်ကပတ်တော်များသည် တိုတောင်းသော်လည်း၊ ငါဖော်ပြခဲ့သည်အားလုံးမှာ သင်တို့ထံ၌ အကင်းမဲ့ဆုံး အရာများပင်ဖြစ်သည်။ ယခုငါပြောနေသော အရာသည် လူသားတို့အကြား ငါ၏ နောက်ဆုံးအလုပ်အတွက် ဖြစ်ပြီး လူသား၏ ဆုံးခန်းကို ငါဆုံးဖြတ်ပေးရန် ဖြစ်သည်ကို သင်တို့ သိသင့်သည်။ အသုံးမကျသော အမှုကို ဆက်လက်လုပ်ဆောင်ရန် ငါအလိုမရှိသကဲ့သို့၊ ဆွေးမြေ့နေသော သစ်ကဲ့သို့ မျှော်လင့်ချက် ကင်းမဲ့သူတို့အား ဆက်လက်လမ်းပြခြင်းတို့ကို ငါ မလုပ်လိုတော့ဘဲ၊ မကောင်းသော အကြံအစည်များကို လျှို့ဝှက်စွာ အငြိုးထားသော သူများကို ဆက်လက်၍ ဦးဆောင်ရန် သာ၍ပင် မလိုလားပေ။ တစ်နေ့တွင် ငါ၏ နှုတ်ကပတ်တော်များ နောက်ကွယ်မှ အလွန် စိတ်ထက်သန်သော ရည်ရွယ်ချက်များနှင့် လူသားမျိုးနွယ်အတွက် ငါပြုခဲ့သော ထောက်ပံ့မှုများကို သင်တို့နားလည်ကောင်း နားလည်နိုင်လိမ့်မည်။ တစ်နေ့သ၌ သင့်ကိုယ်ပိုင် အဆုံးသတ်အတွက် သင် ဆုံးဖြတ်ချက် ချနိုင်စေမည့် အဆိုအမိန့်တစ်ခုကို သင် နားလည်ကောင်း နားလည်နိုင်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၀၈)

ငါသည် သင်တို့ကို များစွာသော သတိပေးချက်များ ပေးပြီးဖြစ်သကဲ့သို့၊ သင်တို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်လျက် များစွာသော သမ္မာတရားများကို သင်တို့အပေါ် ငါအပ်နှင်းပြီး ဖြစ်သည်။ ယခုတွင်၊ သင်တို့အားလုံးသည် အတိတ်က ကြွယ်ဝခဲ့သည်ထက် သိသိသာသာ သာ၍ ကြွယ်ဝသည်ဟု ခံစားရသည်၊ လူတစ်ဦး မည်သို့ဖြစ်သင့်သည်နှင့်သက်ဆိုင်သော အခြေခံသဘောတရားများစွာ နားလည်လာကြပြီးဖြစ်ကာ သစ္စာရှိသော သူတို့ ရှိသင့်သည့် သာမန်အသိစိတ် များစွာကို ပိုင်ဆိုင်လာကြပြီး ဖြစ်သည်။ ဤအရာအားလုံးသည် နှစ်ပေါင်းများစွာ တစ်လျှောက် သင်တို့ ရိတ်သိမ်းလာခဲ့သည့် အကျိုး ဖြစ်သည်။ ငါသည် သင်တို့၏အောင်မြင်မှုများကို မငြင်းသော်လည်း၊ သင်တို့ထဲတွင် သန့်ရှင်းသူ တစ်ဦးမျှ မရှိသည့်အတွက်၊ ဤနှစ်များစွာအတွင်း သင်တို့အနေဖြင့် ငါ့အပေါ် သင်တို့၏မြောက်မြားလှသည့် မနာခံခြင်းများနှင့် ပုန်ကန်ခြင်းများ တို့ကိုလည်း ငါ မငြင်းဟု တကယ်ကိုပွင့်လင်းစွာ ငါပြောရပေမည်။ သင်တို့သည် ခြွင်းချက်မရှိ၊ စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည့် လူများ ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ ရန်သူများ ဖြစ်ကြ၏။ ယနေ့ထိ၊ သင်တို့၏ လွန်ကျူးခြင်းအပြစ်များနှင့် မနာခံမှုများသည် ရေတွက်ဖို့ များပြားလွန်းလှ၏၊ ထို့ကြောင့် ငါသည် သင့်အား အစဉ် ထပ်တလဲလဲတောင်းဆိုနေသည်ကို ထူးဆန်းသည်ဟု မယူဆနိုင်ပေ။ ငါသည် ဤပုံစံဖြင့် သင်တို့နှင့်အတူ အတူတည်ရှိရန် ဆန္ဒမရှိပေ- သို့သော် သင်တို့၏ အနာဂတ်များအတွက်၊ သင်တို့၏ ခရီးပန်းတိုင်များအတွက်၊ ယခု ဤနေရာတွင် နောက်တစ်ဖန် တကျည်ကျည် ငါ ပြောမည်။ သင်တို့သည် ငါ့ကို ခွင့်လွှတ်နားလည်သည့်အပြင်၊ ငါ၏ မိန့်မြွက်ချက်တိုင်းကို ယုံကြည်နိုင်ပြီး ငါ၏နှုတ်ကပတ်တော်များ၏ နက်ရှိုင်းသော သွယ်ဝိုက်သည့် အနက်အဓိပ္ပာယ်များကို ကောက်ချက် ချနိုင်မည်ဟု မျှော်လင့်သည်။ ငါ၏ နှုတ်ကပတ်တော်များကို သင် ဆန္ဒရှိသည်အတိုင်း ရွေးချယ်ပြီး သဘောရှိ ဘေးသို့ပစ်လိုက်ဖို့ နေနေသာသာ၊ ငါပြောသည့်အရာကို သံသယမရှိနှင့်။ ဤသည်မှာ ငါ သည်းမခံနိုင်စရာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို မဝေဖန်နှင့်၊ ပြီးလျှင် ငါ၏ နှုတ်ကပတ်တော်များကို သာ၍ပင် ပေါ့ပေါ့တန်တန် သဘောမထားနှင့်၊ သို့မဟုတ် ငါသည်သင်တို့အား အစဉ် သွေးဆောင်နေသည်ဟု မပြောနှင့်၊ သို့မဟုတ် သာ၍ဆိုးသည်မှာ သင်တို့အား ငါပြောပြီးသော အရာသည် တိကျမှန်ကန်မှု မရှိဟု မပြောနှင့်။ ဤအရာများသည်လည်း ငါသည်းမခံနိုင်စရာ ဖြစ်၏။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ လက်သင့်မခံသကဲ့သို့ ငါ့ကို လျစ်လျူရှုရင်း၊ ငါနှင့် ငါပြောသောအရာကို အလွန့်အလွန် သံသယဖြင့် ဆက်ဆံသောကြောင့်၊ သင်တို့အသီးသီးကို လုံးဝ လေးနက်မှုဖြင့် ငါ ပြောသည်မှာ- ငါပြောသော အရာကို အတွေးအခေါ်နှင့် မချိတ်ဆက်နှင့်၊ ငါ၏ နှုတ်ကပတ်တော်များကို ဆရာယောင်တို့၏ အလိမ်အညာများနှင့် မချိတ်ဆက်နှင့်။ ငါ၏ နှုတ်ကပတ်တော်များကို အထင်သေးခြင်းဖြင့် သာ၍ပင် မတုံ့ပြန်သင့်ပေ။ သင်တို့ကို ငါ မည်သည့်အရာပြောနေသည်ကို အနာဂတ်တွင် မည်သူမျှ သင်တို့ကို ပြောပြကောင်း ပြောပြနိုင်မည်မဟုတ်၊ သို့မဟုတ် သင်တို့ကို အလွန်ညှာတာစိတ်ရှိစွာ ပြောဆိုမည်မဟုတ် သို့မဟုတ် ထို့ထက်မက သာ၍ပင် စိတ်ရှည်စွာနှင့် သင်တို့ကို ဤအချက်များတစ်ခုပြီးတစ်ခု ရှင်းပြမည်မဟုတ်။ သင်တို့သည် လာမည့်နေ့ရက်များ၌ အချိန်အခါကောင်းများကို ပြန်လည်အမှတ်ရရင်း၊ သို့မဟုတ် ကျယ်လောင်စွာ ရှိုက်ငိုရင်း၊ သို့မဟုတ် နာကျင်မှုဖြင့် ညည်းတွားရင်း ကုန်ဆုံးရလိမ့်မည်၊ သို့မဟုတ် သင်တို့သည် သမ္မာတရား သို့မဟုတ် အသက်၏ ထောက်ပံ့မှု စိုးစဉ်းမျှ မရှိဘဲ အမှောင်ညများတစ်လျှောက် အသက်ရှင်နေရလိမ့်မည် သို့မဟုတ် သင်သည် မျှော်လင့်ချက်မဲ့စွာ စောင့်ဆိုင်းရုံ စောင့်ဆိုင်းနေရလိမ့်မည် သို့မဟုတ် သင်တို့ ဆင်ခြင်တုံတရားအားလုံး ဆုံးရှုံးသည်ထိ အင်မတန် ခါးသီးသော နောင်တဖြင့် နေထိုင်နေရလိမ့်မည်...သင်တို့ထဲမှ မည်သူမျှနီးပါး ဤဖြစ်နိုင်ချေများကို မလွတ်မြောက်နိုင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် သင်တို့ထဲမှ မည်သူမျှ ဘုရားသခင်ကို သင်တို့ အမှန်တကယ် ကိုးကွယ်သည့် ရိပ်မြုံကို နေရာမယူကြဘဲ၊ အသက်နှင့် သမ္မာတရားတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများစွာနှင့် အမှန်တွင် ယင်းအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အရာများကို သင်တို့၏ ယုံကြည်ချက်များထဲသို့၊ စိတ်များထဲသို့၊ ဝိညာဉ်များထဲသို့၊ ခန္ဓာကိုယ်များထဲသို့ ရောထွေးမိရင်း၊ လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာမဲ့မှုနှင့် မကောင်းမှု လောကထဲတွင် မိမိတို့ကိုယ်ကိုယ် မြှုပ်နှံကြလေသည်။ ထို့ကြောင့် သင်တို့အတွက် ငါမျှော်လင့်သည့် အရာမှာ သင်တို့သည် အလင်း၏ လမ်းကြောင်းသို့ ဆောင်ယူခြင်းခံရနိုင်ဖို့ ဖြစ်သည်။ ငါ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သင်တို့သည် မိမိတို့ကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်းရှိလာဖို့၊ မိမိတို့ကိုယ်ကိုယ် ဂရုစိုက်နိုင်စွမ်းရှိလာဖို့နှင့်၊ သင်တို့၏ အပြုအမူနှင့် ဒုစရိုက်အပြစ်များကို စိတ်မဝင်စားခြင်းဖြင့် ကြည့်ရှုစဉ်၊ သင်တို့၏ ခရီးပန်းတိုင်အပေါ် အလွန်တရာ အလေးအနက် ထားခြင်း မရှိရန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၀၉)

အချိန်ကြာမြင့်စွာ၊ ဘုရားသခင်၌ယုံကြည်သည့် လူများအားလုံးသည် လှပသည့် ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လေးနက်စွာ မျှော်လင့်နေခဲ့ကြပြီး၊ ဘုရားသခင်၏ ယုံကြည်သူအားလုံးသည် ၎င်းတို့အပေါ် ကောင်းမွန်သည့် ကံသည် ရုတ်တရက် ရောက်လာလိမ့်မည်ကို မျှော်လင့် ကြသည်။ ၎င်းတို့ မသိလိုက်ခင်တွင်၊ ကောင်းကင်ဘုံ၌ တစ်နေရာ သို့မဟုတ် နောက်တစ်နေရာတွင် ငြိမ်းချမ်းစွာ ထိုင်လျက်သား မိမိတို့ကိုယ်ကိုယ် တွေ့ရှိရလိမ့်မည်ဟု ၎င်းတို့အားလုံး မျှော်လင့်ကြလေသည်။ သို့သော် မိမိတို့၏ နှစ်သက်ဖွယ် အတွေးများနှင့်အတူ ဤလူများသည် ၎င်းတို့အနေဖြင့် ကောင်းကင်ဘုံမှ ကျဆင်းလာသည့် ထိုသို့သော ကောင်းမွန်သည့် အခွင့်အလမ်းကို ရရှိဖို့ သို့မဟုတ် ထိုနေရာရှိ ထိုင်ခုံတစ်ခုပေါ် ထိုင်ဖို့ပင် အရည်အချင်း ပြည့်မီခြင်း ရှိ၊ မရှိကို ဘယ်သောအခါမျှ မသိကြလေပြီဟု ငါပြော၏။ လက်ရှိအချိန်တွင် သင်တို့သည် မိမိတို့ကိုယ်တိုင်နှင့် သက်ဆိုင်သည့် ကောင်းမွန်သော အသိပညာရှိသော်လည်း၊ နောက်ဆုံးသောကာလ၏ ကပ်ဘေးများနှင့် ဆိုးသွမ်းသူတို့အား အနန္တတန်ခိုးရှင် ဘုရားသခင်က အပြစ်ပေးသည့် အချိန်တွင် သူ၏ လက်မှ လွတ်မြောက်ဖို့ သင်တို့ မျှော်လင့်ဆဲ ဖြစ်သည်။ ယင်းမှာ ချိုမြိန်သော အိပ်မက်များရှိခြင်းနှင့် ၎င်းတို့ နှစ်သက်သည်အတိုင်းသာ အရာရာကို လိုချင်ခြင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းခံရပြီးဖြစ်သော လူအားလုံးတို့၏ ဘုံအင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ တစ်ကိုယ်တည်းဖြစ်သည့် မည်သည့် တစ်ဦးတစ်ယောက်မျှ၏ ထူးထူးကဲကဲ လက်ဖျားခါလောက်သော စိတ်ကူးတစ်ချို့ မဟုတ်ပုံရပေသည်။ ထိုသို့ဖြစ်လျက်ပင်၊ ပြီးလျှင် သင်တို့၏ ဤလွန်ကဲသော စိတ်ဆန္ဒများအပြင် ကောင်းချီးမင်္ဂလာများ ရရှိရန် သင်တို့၏ စိတ်ထက်သန်မှုကို ငါသည် အဆုံးသတ်ပေးရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ သင်တို့၏ ဒုစရိုက်အပြစ်များက အတော်များပြားပြီး၊ သင်တို့၏ မနာခံမှုက အစဉ်ကြီးထွားနေသည့်အချက်ကို ထောက်ဆလျှင်၊ ဤအရာများသည် အနာဂတ်အတွက် သင်တို့၏ နှစ်သက်ဖွယ်ဖြစ်သော စီမံချက်များနှင့် မည်သို့ သင့်တော်နိုင်မည်နည်း။ သင်တို့ကို မည်သည့်အရာကမျှ ထိန်းမထားဘဲ၊ သင့်သဘောရှိ အမှားများ လုပ်ဆောင်လိုသော်လည်း၊ တစ်ချိန်တည်းတွင် သင်၏အိပ်မက်များ အမှန်တကယ်ဖြစ်လာဖို့ သင် လိုချင်နေဆဲဖြစ်ပါက၊ သင်၏ မိန်းမောခြင်းတွင် ဆက်ရှိပြီး ဘယ်သောအခါမျှ မနိုးထရန် သင့်အား ငါတိုက်တွန်းသည်- အကြောင်းမှာ သင်၏ အိပ်မက်သည် အနှစ်မဲ့သော အိပ်မက်တစ်ခု ဖြစ်ပြီး၊ ဖြောင့်မတ်သော ဘုရားသခင်၏ မျက်မှောက်တွင်၊ သူသည် သင့်ကို ခြွင်းချက်တစ်ခု ဖြစ်စေမည်မဟုတ်ပေ။ သင်သည် သင်၏ အိပ်မက်များကို အမှန်တကယ် ဖြစ်လာဖို့ သက်သက် လိုချင်ပါက၊ ဘယ်သောအခါမျှ အိပ်မက်မမက်နှင့်။ ယင်းထက်၊ သမ္မာတရားနှင့် အမှန်တရားများကို ထာဝစဉ် ရင်ဆိုင်လော့။ ဤသည်မှာ သင် ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ခိုင်လုံသော သတ်မှတ်ချက်များအရ၊ ဤနည်းလမ်း၏ အဆင့်များသည် မည်သည့်အရာများ ဖြစ်ပါသနည်း။

ပထမဦးစွာ၊ သင်၏ ဒုစရိုက်အပြစ်များ အားလုံးကို ကြည့်ရှုပြီး၊ သမ္မာတရားနှင့် မကိုက်ညီသော သင်၌ရှိသည့် မည်သည့် အပြုအမူနှင့် အတွေးများကိုမဆို ဆန်းစစ်လော့။

ဤသည်မှာ သင်တို့ အလွယ်တကူ လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး၊ ဉာဏ်စွမ်းဉာဏ်စရှိသည့် လူအားလုံးက ဤအရာကို လုပ်ဆောင်နိုင်သည်ဟု ငါယုံကြည်သည်။ သို့သော်၊ ဒုစရိုက်အပြစ်များနှင့် သမ္မာတရားဆိုသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို လုံးဝ မသိရှိသည့် ထိုလူများသည် ခြွင်းချက်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် အခြေခံကျသော အဆင့်အရ၊ ၎င်းတို့သည် ဉာဏ်စွမ်းဉာဏ်စရှိသူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လက်ခံခြင်းခံရပြီးသော လူများ၊ ရိုးသားသော သူများ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြင်းထန်စွာ ကျူးလွန်ခြင်း မရှိသော လူများနှင့် မိမိတို့၏ ဒုစရိုက်အပြစ်များကို အလွယ်တကူ သိမြင်နိုင်သည့် လူများကို ငါပြောနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့နှင့်သက်ဆိုင်၍ ငါတောင်းဆိုသည့် အရာတစ်ခုသည် အထမြောက်အောင်မြင်ဖို့ လွယ်ကူသော်လည်း၊ ယင်းသည် သင်တို့နှင့် ပတ်သက်၍ ငါ တောင်းဆိုသည့် တစ်ခုတည်းသော အရာမဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ၊ သင်တို့သည် ဤသတ်မှတ်ချက်များအား သီးသန့် ရယ်သွမ်းသွေးကြလိမ့်မည် မဟုတ်သကဲ့သို့၊ အထူးသဖြင့် ယင်းအပေါ် အထင်သေးလိမ့်မည်မဟုတ် သို့မဟုတ် ပေါ့ပေါ့တန်တန် သဘောထားမည်မဟုတ်ဟု ငါမျှော်လင့်သည်။ သင်တို့အနေဖြင့်၊ ယင်းကို လေးနက်စွာ သဘောထားပြီး မလွဲချော်သင့်ပေ။

ဒုတိယအနေဖြင့်၊ သင်၏ ဒုစရိုက်အပြစ်များနှင့် မနာခံခြင်း အသီးသီးအတွက်၊ လိုက်လျောညီထွေသော သမ္မာတရားကို သင်တို့ ရှာဖွေသင့်ပြီး၊ ထို့နောက် ထိုပြဿနာများကို ဖြေရှင်းဖို့ ဤသမ္မာတရားများကို အသုံးပြုသင့်ပေသည်။ ယင်းနောက်တွင်၊ သင်၏ ဒုစရိုက်လွန်ကျူးသော လုပ်ရပ်များနှင့် မနာခံသော အတွေးများနှင့် လုပ်ရပ်များကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။

တတိယအနေဖြင့်၊ သင်တို့သည် အမြဲ လိမ္မာပါးနပ်ပြီး စဉ်ဆက်မပြတ် လှည့်ဖြားတတ်သောသူ မဟုတ်ဘဲ၊ ရိုးသားသောသူတစ်ယောက် ဖြစ်သင့်သည်။ (ဤတွင် ငါသည် သင့်တို့အား ရိုးသားသောသူ တစ်ယောက်ဖြစ်ရန် တစ်ဖန် တောင်းဆိုနေခြင်း ဖြစ်သည်။)

သင်သည် ဤအရာသုံးခုလုံးကို ပြီးမြောက်နိုင်ပါက၊ သင်သည် ကံကောင်းထောက်မသောသူများထဲမှ တစ်ဦး- မိမိ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာပြီး ကောင်းမွန်သော အခွင့်အလမ်းကို ရရှိသည့် လူတစ်ဦး ဖြစ်သည်။ သင်တို့သည် စိတ်မပါသော သတ်မှတ်ချက်များကို လေးလေးနက်နက် သဘောထားကောင်း သဘောထားမည် သို့မဟုတ် ယင်းတို့ကို တာဝန်မဲ့စွာ သဘောထားကောင်း သဘောထားပေမည်။ မည်သို့ပင်ဖြစ်စေ၊ ငါ၏ ရည်ရွယ်ချက်သည် သင်တို့၏ အိပ်မက်များကို ဖြည့်ဆည်းပေးရန်နှင့် သင်၏ စံများကို လက်တွေ့လုပ်ဆောင်စေရန်ဖြစ်ပြီး၊ သင်တို့ကို လှောင်ဖို့ သို့မဟုတ် သင်တို့ကို အရူးလုပ်ဖို့ မဟုတ်ပေ။

ငါ၏ တောင်းဆိုချက်များသည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း၊ သင်တို့ကို ငါပြောနေသည့်အရာသည် တစ် အပေါင်း တစ်သည် နှစ်ဖြစ်သည်ဆိုသကဲ့သို့ သိပ်မရိုးရှင်းပေ။ သင်တို့ လုပ်ဆောင်သမျှ အားလုံးသည် ဤအရာနှင့်ပတ်သက်၍ သာမန်ကာလျှံကာ ပြောဆိုဖို့ သို့မဟုတ် အနှစ်မဲ့၊ ကြီးကျယ်သည့် ပြောဆိုချက်များနှင့်ပတ်သက်၍ စကားအူပေါက်ပြောဖို့ ဖြစ်ပါက၊ သင်တို့၏ စီမံချက်များနှင့် သင်တို့၏ဆန္ဒများသည် အစဉ်အမြဲ ဗလာစာရွက်တစ်ရွက်သာ ဖြစ်ပေလိမ့်မည်။ သင်တို့အထဲမှ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံပြီး အလွန်ကြိုးစား အလုပ်လုပ်သော်လည်း၊ ယင်းအတွက် ပြသစရာ မည်သည့်အရာမျှ မရှိသူများအတွက် ငါသည် သနားသောစိတ် ရှိမည်မဟုတ်။ ဆန့်ကျင်ဖက် အနေဖြင့်၊ ငါ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းမပေးလေသော သူများကို စာနာသနားခြင်းတစ်ခုတစ်လေဖြင့် မဆိုထားနှင့်၊ ဆုလာဘ်များမရှိဘဲ အပြစ်ပေးခြင်းဖြင့် ငါ ဆက်ဆံမည်ဖြစ်သည်။ သင်တို့အနေဖြင့် နှစ်ပေါင်းများလှစွာ နောက်လိုက်တစ်ဦးဖြစ်ရင်း၊ သင်တို့သည် မည်သို့ပင်ဖြစ်စေ အလုပ်ကြိုးစားပြီးဖြစ်ကာ၊ အစေခံသူတစ်ဦး ဖြစ်ခြင်းမျှ အတွက် ဘုရားသခင်၏ အိမ်တော်ထဲတွင် ထမင်း တစ်ပန်းကန် ရရှိသင့်သည်ဟု တွေးကောင်း တွေးကြပေမည်။ သင်တို့သည် အမှုအရာများထဲမှ မည်သို့ အခွင့်အရေးယူရမည်ဆိုသည်နှင့် မည်သို့ အခွင့်အရေးယူမခံရအောင်ပြုရမည်ဆိုသည်နှင့်သက်ဆိုင်သော အခြေခံ သဘောတရားကို အမြဲ လိုက်စားကြပြီးဖြစ်သည့်အတွက်၊ သင်တို့ထဲမှ အများစုသည် ထိုသို့ တွေးကြသည်ဟု ငါပြောမည်။ ထို့ကြောင့် ယခုတွင် ငါသည် သင်တို့ကို လေးနက်မှုအလုံးစုံဖြင့် ပြောမည်- သင်၏ ကြိုးစားလုပ်ဆောင်မှု မည်မျှပင် ချီးမွမ်းထိုက်သည်၊ သင်၏ အရည်အချင်းများ မည်မျှ အထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှ ကျော်ကြားသည်၊ သို့မဟုတ် သင်၏ သဘောထားကို သင် မည်မျှတိုးတက်စေပြီးဖြစ်သည်တို့ကို ငါဂရုမစိုက်ပေ။ သင်သည် ငါ၏တောင်းဆိုချက်များကို မဖြည့်ဆည်း သေးသရွေ့၊ ငါ၏ချီးမွမ်းခြင်းကို သင် လုံးဝ ရရှိနိုင်မည် မဟုတ်။ သင်တို့၏ ထိုစိတ်ကူးများနှင့် တွက်ချက်မှုများအားလုံးကို အမြန်ဆုံး ပယ်ဖျက်ပြီး ငါ၏သတ်မှတ်ချက်များကို လေးလေးနက်နက် စတင်သဘောထားလော့။ သို့မဟုတ်လျှင် ငါ၏အမှုကို အဆုံးတိုင်စေရန်အလို့ငှာ အယောက်တိုင်းကို ပြာအဖြစ်သို့ ငါပြောင်းလဲပစ်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် ငါ၏နှစ်ပေါင်းများစွာ အမှုနှင့် ဆင်းရဲဒုက္ခခံစားခြင်းကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်၊ အကြောင်းမှာ ငါ၏နိုင်ငံတော်ထဲသို့ ငါ၏ရန်သူများနှင့် ဆိုးယုတ်မှုအနံ့ထွက်ကာ စာတန်၏သွင်ပြင်ရှိသော လူတို့ကို ငါမခေါ်ဆောင်နိုင်သည့်အတွက်၊ သို့မဟုတ် ၎င်းတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်မသွားနိုင်သည့်အတွက်ပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၁၀)

ငါသည် မျှော်လင့်ချက်များစွာရှိ၏။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် မှန်ကန်ပြီး လိမ္မာသော ပုံစံဖြင့် ပြုမူနေထိုင်နိုင်ဖို့၊ သင်တို့၏တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းနိုင်ဖို့၊ သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်နိုင်ဖို့၊ ဘုရားသခင်အတွက် ၎င်းတို့ ရှိသမျှတိုင်းနှင့် မိမိတို့၏ အသက်များကိုပင် စွန့်လွှတ်နိုင်သည့် လူများဖြစ်နိုင်ကြဖို့၊ စသည်တို့ကို ငါ မျှော်လင့်သည်။ ဤမျှော်လင့်ချက် အားလုံးသည် သင်တို့၏မပြည့်စုံခြင်းများ၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မနာခံခြင်းတို့မှ အရင်းခံ၏။ ငါသည် သင်တို့နှင့် ရှိခဲ့ပြီးဖြစ်သည့် စကားပြောဆိုခြင်းတစ်ခုမျှ သင်တို့၏ အာရုံကို ဆွဲဆောင်ဖို့ မလုံလောက်ပါက၊ ယခု ငါလုပ်နိုင်သမျှအားလုံးမှာ နောက်ထပ်ဘာမျှ မပြောဖို့သာ ဖြစ်နိုင်ဖွယ်ရှိသည်။ သို့သော်ငြားလည်း၊ ယင်း၏ အကျိုးဆက်က မည်သည့်အရာဖြစ်မည်ကို သင်တို့ နားလည်ကြပေသည်။ ငါ မကြာခဏ အနားယူခြင်းမရှိ၊ ထို့ကြောင့် အကယ်၍ ငါစကားမပြောပါက၊ လူတို့ကြည့်စရာ တစ်စုံတစ်ခုကို ငါလုပ်ဆောင်မည် ဖြစ်သည်။ တစ်စုံတစ်ဦး၏ လျှာကို ငါ ပုပ်စေနိုင်သည် သို့မဟုတ် တစ်စုံတစ်ဦးကို အစိတ်စိတ်အပိုင်းပိုင်းဖြတ်ခံရလျက် သေဆုံးစေနိုင်သည်၊ သို့မဟုတ် လူများကို အာရုံကို မူမမှန်မှုများ ဖြစ်စေနိုင်ပြီး၊ ၎င်းတို့အား နည်းလမ်းများစွာဖြင့် အကျည်းတန်ပုံပေါက်စေနိုင်သည်။ ထို့နောက် တစ်ဖန်၊ ၎င်းတို့အတွက် အထူးသဖြင့် ငါစီစဉ်ထားသည့် ညှဉ်းပန်းမှုများကို လူတို့အား ငါ သည်းခံစေနိုင်သည်။ ဤနည်းဖြင့် ငါသည် ဝမ်းမြောက်ဝမ်းသာ ခံစားရမည်၊ အလွန် ပျော်ရွှင်မည်ဖြစ်ပြီး အလွန် ကျေနပ်အားရပေမည်။ “ကောင်းသောအရာကို ကောင်းသောအရာဖြင့် လည်းကောင်း၊ မကောင်းမှုကို မကောင်းမှုအားဖြင့်လည်းကောင်း ပြန်လည် ဆပ်ပေးခံရသည်” ဟူ၍ အမြဲဆိုထားပေသည်၊ ထိုသို့ဆိုလျှင် ယခု အဘယ်ကြောင့် ထိုသို့မဖြစ်သနည်း။ သင်သည် ငါ့အား ဆန့်ကျင်ရန်နှင့် ငါနှင့်ပတ်သက်၍ ဝေဖန်အကဲဖြတ်မှုအချို့ ပြုလုပ်ရန် ဆန္ဒရှိပါက၊ ငါသည် သင်၏နှုတ်ကို ပုပ်စေမည်ဖြစ်ပြီး၊ ထိုအရာက ငါ့ကို အဆုံးမရှိ ကျေနပ်နှစ်သိမ့်စေမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင်၊ သင်လုပ်ဆောင်ခဲ့သော အရာသည် အသက်နှင့် တစ်ခုတစ်လေ သက်ဆိုင်ဖို့ မပြောနှင့်၊ သမ္မာတရားပင် မဟုတ်ဘဲ၊ ငါပြုသမျှ အရာရာတိုင်းမှာမူ သမ္မာတရား ဖြစ်သောကြောင့်ဖြစ်သည်။ ငါ၏ လုပ်ရပ်အားလုံးသည် ငါ့အမှု၏ အခြေခံသဘောတရားများနှင့် ငါထုတ်ဖော်ကြေငြာသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဆက်စပ်ပေသည်။ ထို့ကြောင့်၊ စင်ကြယ်သောအကျင့်သီလအချို့ကို စုဆောင်းဖို့၊ အလွန်များလှသော မကောင်းမှုကို ကျုးလွန်ခြင်းအား ရပ်တန့်ဖို့နှင့် သင်၏ အားလပ်ချိန်တွင် ငါ၏တောင်းဆိုချက်များကို အရေးစိုက်ဖို့ သင်တို့ အသီးသီးကို ငါတိုက်တွန်း၏။ ထိုအခါ ငါသည် ပျော်ရွှင်ခြင်း ခံစားရမည်ဖြစ်သည်။ သင်တို့သည် ဇာတိပကတိထဲသို့ သင်တို့ ထားရှိသည့် ကြိုးပမ်းအားထုတ်မှု၏ တစ်ထောင်ပုံ တစ်ပုံမျှကို သမ္မာတရားအဖို့ ဖြည့်ဆည်းမည် (သို့မဟုတ် ပေးလှူမည်) ဆိုပါက၊ သင်သည် မကြာခဏ ဒုစရိုက်အပြစ်များကို ပြုမိမည်မဟုတ်သကဲ့သို့၊ ပုပ်နေသည့် နှုတ်တို့ ရှိမည်မဟုတ်ဟု ငါပြောမည်။ ဤသည်မှာ သိသာထင်ရှားသည် မဟုတ်လော။

သာ၍များသော ဒုစရိုက်အပြစ်များ သင် ကျူးလွန်လေ၊ ကောင်းမွန်သည့် ခရီးပန်းတိုင်ကို ရရှိဖို့ အခွင့်အရေးများ သင် သာ၍နည်းပါးလေလေ ဖြစ်မည်။ အပြန်အလှန်အားဖြင့်၊ သာ၍ နည်းပါးသော ဒုစရိုက်အပြစ်များ သင်ပြုလေ၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလာရဖို့ အခွင့်အလမ်း သာ၍ ကောင်းလေလေပင် ဖြစ်သည်။ သင့်ကို ခွင့်လွှတ်ရန် ငါ့အတွက် မဖြစ်နိုင်သည့်အခြေအနေထိ၊ သင်၏ ဒုစရိုက်အပြစ်များ တိုးပွားပါက၊ သင်သည် ခွင့်လွှတ်ခြင်း ခံရမည့် သင်၏ အခွင့်အရေးများကို လုံးဝ ဖြုန်းတီးမိပြီး ဖြစ်လိမ့်မည်။ ထိုသို့ဖြင့်၊ သင်၏ ခရီးပန်းတိုင်သည် အထက်အရပ် မဟုတ်ဘဲ အောက်အရပ် ဖြစ်ပေလိမ့်မည်။ သင်သည် ငါ့ကို မယုံကြည်ပါက၊ ရဲရင့်ကာ အမှားကို လုပ်ဆောင်လော့၊ ပြီးလျှင် ယင်းက သင့်အား အဘယ်အရာ ပေးသည်ကို ကြည့်လော့။ သင်သည် မိမိ၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုမှာ အလွန် စိတ်ထက်သန်သည့် လူတစ်ဦးဖြစ်ပါက၊ သင်၏ ဒုစရိုက်အပြစ်များအတွက် ခွင့်လွှတ်ခံရဖို့ အခွင့်အရေးတစ်ခု ဧကန်မုချ သင် ရရှိမည်ဖြစ်ပြီး၊ သင်၏ နာမခံတတ်မှုသည် မကြာမကြာ နည်းသထက် နည်းပေလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသောလူတစ်ဦးဖြစ်ပါက၊ ဘုရားသခင်၏ ရှေ့၌ သင်၏ ဒုစရိုက်အပြစ်များသည် ဧကန်မုချ အရေအတွက် တိုးပွားလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုံးဝဉဿုံ ပျက်စီးခြင်း အချိန်ကာလဖြစ်မည့် အကန့်အသတ်သို့ သင် ရောက်ရှိသည်အထိ၊ သင်သည် မကြာခဏ သာ၍ သာ၍ မနာခံတတ်လေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ သင်၏ ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ကြည်နူးဖွယ်အိပ်မက် ပျက်စီးသွားမည့် အချိန်ဖြစ်သည်။ သင်၏ ဒုစရိုက်အပြစ်များကို မရင့်ကျက်သူတစ်ဦး သို့မဟုတ် မိုက်မဲသောသူတစ်ဦး၏ အမှားတစ်ခုမျှအဖြစ် မမှတ်ယူနှင့်။ သင်၏ ညံ့ဖျင်းသော အရည်အချင်းက ထိုသို့လုပ်ဆောင်ဖို့ မဖြစ်နိုင်စေ သောကြောင့်၊ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟူသော ဆင်ခြေကို အသုံးမပြုနှင့်။ ထို့အပြင်၊ သင် ကျူးလွန်ပြီးဖြစ်သည့် ဒုစရိုက်အပြစ်များကို မည်သည့်အရာကိုမျှ သာ၍ ကောင်းကောင်းမသိခဲ့သော တစ်စုံတစ်ဦး၏ လုပ်ရပ်များအဖြစ် အလွယ်တကူ မမှတ်ယူနှင့်။ သင်သည် မိမိကိုယ်ကိုယ် ခွင့်လွှတ်ရာတွင် တော်ပြီး၊ မိမိကိုယ်ကိုယ် ရက်ရောမှုဖြင့် ဆက်ဆံရာတွင် တော်ပါက၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်သည့် သူရဲဘောကြောင်သောသူတစ်ဦး ဖြစ်သကဲ့သို့၊ သင်၏ ဒုစရိုက် အပြစ်များသည် သင့်ကို ခြောက်လှန့်ခြင်းအား မည်သည့်အခါတွင်မျှ ရပ်တန့်လိမ့်မည် မဟုတ်ဟု သင့်ကို ငါ ပြော၏။ ၎င်းတို့သည် သင့်အား သမ္မာတရား၏ တောင်းဆိုမှုများကို ဖြည့်ဆည်းခြင်းမှ ထိန်းထားလိမ့်မည် ဖြစ်ပြီး၊ စာတန်၏ သစ္စာရှိသော အပေါင်းအဖော်အဖြစ် သင့်အား ထာဝရဆက်ရှိစေမည် ဖြစ်သည်။ သင့်အဖို့ ငါ၏အကြံပေးချက်မှာ ဤသို့ဖြစ်နေဆဲဖြစ်သည်- သင်၏ ကွယ်ဝှက်ထားသော အပြစ်ဒုစရိုက်များကို သတိမပြုမိဘဲလျက် ရှိစဉ်တွင်၊ သင်၏ ခရီးပန်းတိုင် တစ်ခုတည်းကိုသာ အာရုံမစိုက်နှင့်။ ဒုစရိုက်အပြစ်များကို အလေးအနက် သဘောထားလော့၊ ပြီးလျှင် သင်၏ခရီးပန်းတိုင်ကို စိတ်ပူပန်မှုကြောင့် ၎င်းတို့ထဲမှ မည်သည့်အရာကိုမျှ လျစ်လျူမရှုမိစေနှင့်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၁၁)

ယနေ့တွင် တိုင်းပြည်များနှင့် တိုင်းနိုင်ငံများအားလုံးရှိ လူများထံသို့ ငါ၏ နှုတ်ကပတ်တော်များ၊ ဩဇာအာဏာ၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့ကို ထုတ်ဖော်ပြရင်း၊ ငါ၏ အမှု ချောမွေ့စွာ တိုးတက်ရန်အတွက်အလို့ငှာ၊ ပြီးလျှင် စကြဝဠာတစ်ခွင်လုံးအနှံ့ ငါ၏ အစပြုသည့်အမှုသည် သာ၍ သင့်လျော်စွာနှင့် စုံလင်စွာ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်တို့ကိုယ်တိုင်၏ ရှင်သန်မှုအတွက် သင်တို့ကို ငါ ဤသို့ သတိပေးသည်။ သင်တို့အလယ် ငါလုပ်ဆောင်သော အမှုသည် စကြဝဠာတစ်ခွင်လုံးအနှံ့ ငါ၏ အမှု အစဖြစ်သည်။ ယခုသည် နောက်ဆုံးသောကာလ ဖြစ်နှင့်သော်လည်း၊ “နောက်ဆုံးသော ကာလ” သည် ခေတ်တစ်ခု၏ အမည်သာ ဖြစ်သည်ကို သိလော့။ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ကဲ့သို့ပင်၊ ယင်းသည် ခေတ်တစ်ခုကို ရည်ညွှန်းပြီး၊ နောက်ဆုံးနှစ်အနည်းငယ် သို့မဟုတ် လအနည်းငယ်တို့ထက်၊ ခေတ်တစ်ခုလုံးကို ညွှန်းပြပေသည်။ သို့သော်လည်း နောက်ဆုံးသော ကာလသည် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်တို့နှင့် သိပ်မတူချေ။ နောက်ဆုံးသောကာလ၏ အမှုကို ဣသရေလနိုင်ငံတွင် မဆောင်ရွက်ဘဲ၊ တစ်ပါးအမျိုးသားများအလယ်တွင် ဆောင်ရွက်ပေသည်။ စကြဝဠာ တစ်လျှောက်လုံး ငါ၏ ဘုန်းအသရေသည် အာကာသနှင့် မိုးမျက်နှာကြက်တို့ကို ပြည့်စေနိုင်ဖို့အလို့ငှာ၊ ယင်းသည် ဣသရေလ ပြင်ပရှိ တိုင်းနိုင်ငံများနှင့် လူမျိုးစုများမှ လူတို့ကို ငါ၏ပလ္လင်ရှေ့တွင် သိမ်းပိုက်ခြင်း ဖြစ်သည်။ ယင်းမှာ ပိုမိုကြီးမားသော ဘုန်းအသရေကို ငါရရှိဖို့အလို့ငှာ၊ ကမ္ဘာမြေပေါ်ရှိ သတ္တဝါအားလုံးသည် တိုင်းနိုင်ငံတိုင်းသို့ ငါ၏ ဘုန်းအသရေကို လက်ဆင့်ကမ်းနိုင်ဖို့ အလို့ငှာ၊ ကမ္ဘာမြေပေါ်၌ ငါရယူပြီးဖြစ်သည့် ဘုန်းအသရေအားလုံးကို ထာဝရကာလမှသည် မျိုးဆက်အားလုံး၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ သတ္တဝါအားလုံးက မြင်တွေ့နိုင်ဖို့ရန် ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်း ဆောင်ရွက်သော အမှုသည် သိမ်းပိုက်ခြင်း အမှု ဖြစ်သည်။ ယင်းသည် ကမ္ဘာမြေပေါ်ရှိ လူအားလုံး၏ ဘဝများကို လမ်းပြခြင်း မဟုတ်ဘဲ၊ ကမ္ဘာမြေပေါ်၌ လူသားမျိုးနွယ်၏ မပျက်စီး မပျောက်ပျက်နိုင်သော နှစ်ထောင်ချီကြာ ဆင်းရဲဒုက္ခခံစားရခြင်း ဘဝ၏ အဆုံးသတ် ဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့်၊ နောက်ဆုံးသော ကာလ၏အမှုသည် ဣသရေလ၌ နှစ်ထောင်ပေါင်း အချို့ကြာသည့် အမှုနှင့် မတူနိုင်သကဲ့သို့၊ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းအထိ ထောင်စုနှစ်နှစ်ခုကြာ ဆက်လက် လုပ်ဆောင်သည့် ယုဒပြည်တွင် နှစ်အချို့မျှကြာခဲ့သော အမှုနှင့်လည်း မတူနိုင်ပေ။ နောက်ဆုံးသောကာလ၏ လူတို့သည် လူ့ဇာတိ၌ ရွေးနုတ်သူ၏ ပြန်လည်ပေါ်ထွန်းခြင်းကိုသာ ကြုံကြရပြီး ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ အမှုနှင့် နှုတ်ကပတ်တော်များကို ရရှိကြလေသည်။ နောက်ဆုံးသောကာလ အဆုံးသတ်သို့ မရောက်မီအထိ၊ နှစ်ပေါင်းနှစ်ထောင် ကြာလိမ့်မည် မဟုတ်ပေ။ ထိုအချိန်များသည် ယုဒပြည်၌ ကျေးဇူးတော်ခေတ်၏ အမှုကို ယေရှု ဆောင်ကြဉ်းခဲ့သည့် အချိန်ကာလကဲ့သို့၊ တိုတောင်းပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသော ကာလသည် ခေတ်ကာလ တစ်ခုလုံး၏ အဆုံးသတ် ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် ပြည့်စုံခြင်းနှင့် အဆုံးသတ် ဖြစ်ပြီး၊ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခခံစားရခြင်း ဘဝခရီးကို အဆုံးသတ်လေသည်။ ယင်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ခေါ်ဆောင်မသွားပေ သို့မဟုတ် လူသားမျိုးနွယ်၏ အသက်တာကို ဆက်လက် အသက်ရှင်ခွင့်မပေးပေ။ ယင်းသည် ငါ၏ စီမံခန့်ခွဲခြင်း အစီအစဉ် သို့မဟုတ် လူသား၏ ဖြစ်တည်မှုအတွက် အရေးပါမှု မရှိပေ။ လူသားမျိုးနွယ်သည် ဤကဲ့သို ဆက်လက် အသက်ရှင်သွားပါက၊ အနှေးနှင့်အမြန် နတ်ဆိုး၏ လုံးဝ ဝါးမျိုခြင်း ခံရမည် ဖြစ်ပြီး၊ ငါနှင့်သက်ဆိုင်သော ဝိညာဉ်များသည် နောက်ဆုံးတွင် ၎င်း၏လက်ဖြင့် ပျက်စီးကြရပေမည်။ ငါ၏ အမှုသည် အနှစ်ခြောက်ထောင်သာ ကြာညောင်းပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဆိုးယုတ်သူ၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်းခြောက်ထောင်ထက် ကြာမည် မဟုတ်ဟု ငါကတိပြုခဲ့သည်။ ထို့ကြောင့် ယခု အချိန်ကျပြီ ဖြစ်သည်။ ငါသည် ဆက်လက် လုပ်ဆောင်မည် မဟုတ်သကဲ့သို့၊ နောက်ထပ် နှောင့်နှေးတော့မည် မဟုတ်။ နောက်ဆုံးသောကာလ အတွင်းတွင်၊ စာတန်ကို ငါ နှိမ်နင်းမည်၊ ငါ၏ဘုန်းအသရေ အားလုံးကို ပြန်သိမ်းယူမည် ဖြစ်ပြီး၊ ဤသောကရောက်နေသည့် ဝိညာဉ်အားလုံး ဒုက္ခပင်လယ်မှ လွတ်မြောက်နိုင်စေဖို့အလို့ငှာ၊ ကမ္ဘာမြေပေါ်ရှိ ငါနှင့် သက်ဆိုင်သော ဝိညာဉ်အားလုံးကို ပြန်သိမ်းမည်၊ ထိုသို့ဖြင့် ကမ္ဘာမြေပေါ်ရှိ ငါ၏ အမှုတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ဤနေ့မှစ၍ ငါသည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် လူ့ဇာတိခံလိမ့်မည် မဟုတ်သကဲ့သို့၊ အရာခပ်သိမ်းကို ထိန်းချုပ်သည့် ငါ၏ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် အမှုပြုလိမ့်မည် မဟုတ်ပေ။ ကမ္ဘာမြေပေါ်တွင် အမှုအရာ တစ်ခုသာ ငါ လုပ်ဆောင်မည်- လူသားမျိုးနွယ်၊ သန့်ရှင်းကာ ကမ္ဘာမြေပေါ်ရှိ ငါ၏သစ္စာရှိသောမြို့ ဖြစ်မည့် လူသားမျိုးနွယ်ကို ငါ အသစ်ပြုပြင်မည်။ သို့သော် တစ်လောကလုံးကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သည်ကို သိလော့။ ကျန်ရှိသည့် သုံးပုံတစ်ပုံ- ငါ့ကိုချစ်ပြီး ငါက လုံးလုံးလျားလျား သိမ်းပိုက်ထားသော လူသားမျိုးနွယ်သုံးပုံတစ်ပုံကို ငါ ထိန်းသိမ်းမည် ဖြစ်ပြီး၊ ပေါများစွာသော သိုးများ၊ ကျွဲနွားတိရစ္ဆာန်များနှင့် ကမ္ဘာမြေ၏ ကြွယ်ဝမှုများအားလုံးဖြင့် အာဟာရဖြည့်တင်းပေးလျက်၊ ပညတ်တော်အောက်တွင် ဣသရေလလူမျိုးများ မျိုးပွားဖြစ်ထွန်းကာ ပွားများခဲ့ကြသည့်အတိုင်းပင် ဤလူသားမျိုးနွယ် သုံးပုံတစ်ပုံကိုလည်း ကမ္ဘာပေါ်တွင် ငါ မျိုးပွားဖြစ်ထွန်းစေကာ ပွားများစေမည်။ ဤလူသားမျိုးနွယ်သည် ငါနှင့်အတူ ထာဝရ ကျန်ရှိလိမ့်မည်၊ သို့သော် ယင်းသည် မနှစ်မြို့ဖွယ် ညစ်ညူးသော ယနေ့၏ လူသားမျိုးနွယ်ကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ ငါ၏ရယူခြင်းကို ခံရပြီးသောသူ အားလုံး၏ အစုအဝေး ဖြစ်သည့် လူသားမျိုးနွယ် တစ်ခု ဖြစ်လိမ့်မည်။ ထိုသို့သော လူသားမျိုးနွယ်သည် စာတန်၏ ပျက်စီးစေခြင်း၊ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဝိုင်းထားခြင်း ခံရလိမ့်မည် မဟုတ်သကဲ့သို့၊ စာတန်အပေါ် ငါ အောင်နိုင်ပြီးနောက် ကမ္ဘာပေါ်တွင် တည်ရှိသည့် တစ်ခုတည်းသော လူသားမျိုးနွယ် ဖြစ်လိမ့်မည်။ ယင်းသည် ယနေ့တွင် ငါသိမ်းပိုက်ပြီးဖြစ်ကာ ငါ၏ကတိကို ရရှိပြီးသော လူသားမျိုးနွယ် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလအတွင်း သိမ်းပိုက်ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ချမ်းသာပေးခြင်း ခံရပြီး ငါ၏ ထာဝရ ကောင်းချီးမင်္ဂလာများကို ရရှိမည့် လူသားမျိုးနွယ်လည်း ဖြစ်လိမ့်မည်။ ယင်းသည် စာတန်အပေါ် ငါ၏အောင်နိုင်ခြင်းနှင့်ဆိုင်သည့် တစ်ခုတည်းသော သက်သေအထောက်အထားနှင့် စာတန်နှင့် ငါ၏တိုက်ပွဲမှ တစ်ခုတည်းသော လက်ရပစ္စည်းများ ဖြစ်လိမ့်မည်။ စစ်ပွဲ၏ ဤလက်ရပစ္စည်းများသည် စာတန်အုပ်စိုးခြင်းမှ ငါ၏ ကယ်တင်ခြင်း ခံရပြီး၊ ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်ခုတည်းသော ပုံပေါ်လာခြင်းနှင့် အသီးအပွင့် ဖြစ်သည်။ ၎င်းတို့သည် တိုင်းနိုင်ငံနှင့် အသင်းတော်ဂိုဏ်းဂဏတိုင်း၊ နေရာတိုင်းနှင့် စကြဝဠာ တစ်လျှောက်လုံးရှိ တိုင်းပြည်တိုင်းမှ လာကြပေသည်။ ၎င်းတို့သည် မတူကွဲပြားသော မျိုးနွယ်စုများမှ ဖြစ်သည်၊ မတူကွဲပြားသော ဘာသာစကားများ၊ ဓလေ့များနှင့် အသားအရောင်များ ရှိကြပြီး၊ ကမ္ဘာလုံး၏ တိုင်းနိုင်ငံတိုင်း၊ အသင်းတော်ဂိုဏ်းဂဏတိုင်းနှင့် ကမ္ဘာ့အရပ်လေးမျက်နှာသို့ပင် အနှံ့အပြား ပျံ့နှံ့ကြလေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် စာတန်၏ အင်အားစုများ လက်လှမ်း မမီနိုင်သော လူသားအစုအဝေးတစ်ခု၊ ပြီးပြည့်စုံသော လူသားမျိုးနွယ် တစ်ခုကို ဖွဲ့စည်းရန် အတူတကွ ရောက်လာကြလိမ့်မည်။ လူသားမျိုးနွယ်ထဲမှ ငါ၏ကယ်တင်ခြင်းမခံရသကဲ့သို့ သိမ်းပိုက်ခြင်း မခံရသေးသူများသည် ပင်လယ်၏ နက်ရှိုင်းသော နေရာများသို့ တိတ်တဆိတ် နစ်မြုပ်သွားကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏ လောင်မြိုက်နေသည့် မီးလျှံများအားဖြင့် ထာဝရကာလကြာ လောင်ကျွမ်းခြင်းကို ခံရကြလိမ့်မည် ဖြစ်သည်။ သိုးသငယ်၏ အသားကိုစား၊ သိုးသငယ်၏ အသွေးကိုသောက်ကာ‌ ၎င်းတို့၏ တံခါးထုပ်များကို သိုးသငယ်၏ အသွေးဖြင့် အမှတ်အသား ပြုခဲ့ကြသော ဣသရေလလူမျိုးများကိုသာ ချန်ရစ်လျက်၊ အဲဂုတ္တုပြည်၏ သားဦးနှင့် ကျွဲနွားတိရစ္ဆာန်များကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်း ခဲ့သကဲ့သို့ပင်၊ ဤအိုဟောင်းသည့်၊ အလွန့်အလွန် ညစ်ညမ်းသော လူသားမျိုးနွယ်ကို ငါအမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည်။ ငါ သိမ်းပိုက်ထားပြီးဖြစ်သည့် လူများနှင့် ငါ၏မိသားစုဝင်များသည် သိုးသငယ်ဖြစ်သည့် ငါ့အသားကိုစား၊ သိုးသငယ်ဖြစ်သည့် ငါ၏ အသွေးကို သောက်သောသူများ ဖြစ်ကြပြီး၊ ငါ၏ ရွေးနုတ်ခြင်း ခံရပြီးသောသူများနှင့် ငါ့ကို ကိုးကွယ်သောသူများ ဖြစ်ကြသည် မဟုတ်လော။ ထိုသို့သော လူတို့သည် ငါ၏ ဘုန်းအသရေနှင့်အတူ အမြဲ ပါရှိကြသည် မဟုတ်သလော။ သိုးသငယ်ဖြစ်သည့် ငါ၏အသားမပါသော သူများသည် ပင်လယ်၏ နက်ရှိုင်းသော နေရာများထဲသို့ တိတ်တဆိတ် နှစ်မြုပ်သွားကြနှင့်ပြီး ဖြစ်သည် မဟုတ်လော။ ယနေ့တွင် သင်တို့သည် ငါ့ကို ဆန့်ကျင်ပြီး၊ ယနေ့တွင် ငါ၏စကားများသည် ဣသရေလ၏ သားများနှင့် မြေးများထံ ယေဟောဝါ ပြောခဲ့သည့် စကားကဲ့သို့သာ ဖြစ်သည်။ သို့သော်လည်း သင်တို့ နှလုံးသားများ၏ နက်ရှိုင်းသော နေရာများရှိ မာကျောမှုသည် သင်တို့၏ ကိုယ်ခန္ဓာအပေါ် ဆင်းရဲဒုက္ခကို ပိုမို ယူဆောင်လာလျက်၊ သင်တို့၏ အပြစ်များအပေါ် တရားစီရင်မှု ပိုမို ယူဆောင်လာပြီး၊ သင်တို့၏ မဖြောင့်မတ်ခြင်းအပေါ် အမျက်ဒေါသကို ပိုမိုယူဆောင်လာကာ၊ ငါ၏အမျက်ဒေါသကို စုပုံလာနေစေသည်။ ယနေ့ ငါ့ကို သင်တို့ ဤသို့ ဆက်ဆံချိန်တွင်၊ ငါ၏အမျက်ဒေါသနေ့တွင် အဘယ်သူ လွတ်ကင်းနိုင်မည်နည်း။ ငါ၏ ပြစ်တင်ဆုံးမခြင်း မျက်စိများကို အဘယ်သူ၏ ဖြောင့်မတ်ခြင်းက လွတ်မြောက်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ၏လက်များမှ အဘယ်သူ၏ အပြစ်များသည် လွတ်မြောက်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ၏တရားစီရင်ခြင်းမှ အဘယ်သူ၏ အာခံခြင်းသည် လွတ်မြောက်နိုင်မည်နည်း။ ငါ ယေဟောဝါသည် တစ်ပါးအမျိုးသား မိသားစု၏ သားစဉ်မြေးဆက်များဖြစ်သည့် သင်တို့ကို ဤသို့ ပြောပြီး၊ သင်တို့ကို ငါ ပြောသော စကားများသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်၏ မိန့်မြွက်ချက်များ အားလုံးကို ကျော်လွန်ပေသည်၊ သို့သော် သင်တို့သည် အဲဂုတ္တုလူမျိုးများ အားလုံးထက် သာ၍ မာကျော ကြပေသည်။ ငါသည် ငါ၏အမှုကို ငြိမ်းချမ်းစွာ လုပ်ဆောင်သည်နှင့်အမျှ၊ ငါ၏ အမျက်ဒေါသကို သင်တို့ သိုထားကြသည် မဟုတ်လော။ အနန္တတန်ခိုးရှင် ငါ၏နေ့ရက်မှ သင်တို့သည် အထိအခိုက်မရှိဘဲ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၆၁၂)

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏အပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့အားလုံးသည် ယုတ်မာသူတို့နှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် စံနှုန်းမပြည့်မီသော အစေခံမှု ပေးသည့် သူများနှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

အရှေ့သို့- အသက်အတွင်း ဝင်ရောက်မှု (၆)

နောက်တစ်ခုသို့- ဘုရားသခင်ကို သိမြင်ခြင်း (၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။