မေးခွန်း (၁၅) နိုင်ငံ့ခေါင်းဆောင်တွေက ခရစ်ယာန်ဘာသာနဲ့ ကတ်သလစ်ဘာသာကို အစွန်းရောက်ဝါဒအဖြစ် သတ်မှတ်ပြီး သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် သတ်မှတ်လိုက်ပြီ။ ဒါအများအားဖြင့် လက်ခံထားကြတဲ့ အချက်တွေပဲ။ ဗဟိုအစိုးရက ခရစ်ယာန်အိမ်တွင်းအသင်းတော်တွေကို အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒအဖြစ် ဘာကြောင့်သတ်မှတ်လိုက်သလဲ ဆိုတာကို ကျွန်တော် သုတေသနလုပ်ထားတဲ့အဖြေကတော့ ဘုရားသခင်က အရာအားလုံးကိုဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က အရာအားလုံးအပေါ်အစိုးရပြီး စကြဝဠာအရှင်သခင်အဖြစ် အရာအားလုံးကို ထိန်းချုပ်တယ်လို့ သက်သေခံတဲ့သူတွေ၊ ကျွန်တော်တို့ကို ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကိုးကွယ်စေချင်တဲ့သူတွေအားလုံးဟာ အစွန်းရောက်ဝါဒီတွေဖြစ်တယ်လို့ သတ်မှတ်လိုက်လို့ပဲ။ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်း ဖြောင့်မတ်ခြင်း မေတ္တာတော်နဲ့ ကယ်တင်ခြင်းကို သက်သေခံတဲ့သူတွေ စာတန်ကို လူသားမျိုးနွယ်ကို ဖျက်ဆီးနေသူအဖြစ် ကျိန်ဆဲတဲ့သူတွေ၊ အထူးသဖြင့် ကွန်မြူနစ်ပါတီကို တိုက်ရိုက်တိုက်ခိုက်ပြီး ကျိန်ဆဲတဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေအဖြစ် သတ်မှတ်တယ်။ သခင်ယေရှုပြန်လာပြီလို့ သက်သေခံတဲ့သူတွေ၊ လူ့ဇာတိခံယူတဲ့ ခရစ်တော်အကြောင်း သက်သေခံတဲ့သူတွေ၊ သာမန်လူသားတစ်ယောက်ရဲ့ ဆောင်ရွက်ချက်တွေကို ကယ်တင်ရှင်ရဲ့ အမှုတော်အဖြစ် ချဲ့ကားပြောဆိုနေတဲ့သူတွေ၊ ခရစ်တော်ရဲ့စကားတွေဟာ ပကတိအမှန်တရားပါလို့ လူသိရှင်ကြား ကြေညာပြီး သက်သေခံတဲ့သူတွေ၊ ကွန်မြူနစ်ပါတီကို ယုံကြည်မယ့်အစား ဘုရားသခင်ကို လက်ခံဖို့ ကိုးကွယ်ယုံကြည်ဖို့ သူများတွေကို အားပေးအားမြှောက် လုပ်တဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေလို့ သတ်မှတ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အရာအားလုံးရဲ့အထက်က အမှန်တရားဖြစ်တယ်၊ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး "နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏" ဆိုတာဟာ သမ္မာတရားလို့ သက်သေခံပြီး ကွန်မြူနစ်ပါတီရဲ့ ယုံကြည်ချက်ဖြစ်တဲ့ မာ့က်စ်-လီနင်ဝါဒကို ကျိန်ဆဲတဲ့သူတွေ အားလုံးကို အစွန်းရောက်ဝါဒီအဖြစ် သတ်မှတ်တယ်။ ဘုရားသခင် ပြန်လာပြီလို့ တရားဟောပြီး နောက်ဆုံးသောကာလခရစ်တော်ကို သက်သေခံသူတွေ ဘုရားသခင်ရဲ့ ကယ်နုတ်ခြင်းကို လူသားတွေလက်ခံနိုင်ပြီး၊ ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ တစ်ခုတည်းသောလမ်းဖြစ်တဲ့ ဘုရားသခင်နောက်လိုက်ဖို့ ပန်ကြားတဲ့သူတွေကို အစွန်းရောက်ဝါဒီအဖြစ် သတ်မှတ်တယ်။ ကျွန်တော်သိသလောက်တော့ ဒီအချက်တွေကြောင့် အစိုးရက ခရစ်ယာန်အသင်းတော်တွေ အားလုံးကို အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒ အဖြစ် သတ်မှတ်လိုက်တာပဲ။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီက အာဏာရပါတီဖြစ်တယ်။ ကွန်မြူနစ်ပါတီဆိုတာ ဘုရားရှိဝါဒ အားလုံးကို ဆန့်ကျင်တဲ့ မာ့က်စ်-လီနင် ဘုရားမဲ့ဝါဒီပါတီပဲ။ ဘုရားသခင်ကို ယုံကြည်တဲ့ အသင်းအဖွဲ့မှန်သမျှကို အစွန်းရောက်ဝါဒီတွေအဖြစ် အပြစ်ရှိတယ်လို့ ကွန်မြူနစ်ပါတီက ကြေညာတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့အကြွင်းမဲ့ အာဏာကို ပြသတာပဲ ကွန်မြူနစ်ပါတီကသာ ကြီးမြတ်ခမ်းနားပြီး မှန်ကန်တယ်၊ မာ့က်စ်-လီနင်ဝါဒနဲ့ ဆန့်ကျင်တာမှန်သမျှ မှားတယ်။ ကွန်မြူနစ်ပါတီအနေနဲ့ အတိုက်အခံအားလုံးကို ရှင်းလင်းပစ်ချင်တယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီကို ကြီးမြတ်တဲ့ပါတီအဖြစ် မြင်ကြရမယ်။ ခင်ဗျားတို့အသင်းတော်က ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လာပြီး နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဖြစ်တယ်လို့ ဟောတယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တရားကိုဖော်ပြပြီး လူသားတွေကို သန့်စင်ရွေးနုတ်တယ်၊ ဘုရားသခင်ရဲ့နိုင်ငံတော် တည်ပြီလို့လည်း ဟောတယ်။ ဒါကြောင့် ဘာသာရေးအဝန်းအဝိုင်းတွေကွဲထွက်ကုန်ပြီး သန်းနဲ့ချီတဲ့လူတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကိုးကွယ်လာကြတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်ပြည်အပေါ်ရိုက်ခတ်မှုရှိပြီး လူ့အဖွဲ့အစည်းအတွင်း မငြိမ်မသက်ဖြစ်လာတယ်။ ခင်ဗျားတို့တွေက တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို ခြိမ်းခြောက်နေတာပဲ။ ဒါကြောင့် အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒအဖြစ်ကြေညာပြီး၊ နှိမ်နင်းတာပဲ။ ခင်ဗျားတို့အားလုံး အလိမ်ခံရပြီး လမ်းလွဲနေကြပြီ။ ခင်ဗျားတို့ မြန်မြန်နောင်တရပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို စွန့်ခွာပြီး၊ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ရဲ့ အသင်းသားအဖြစ် ခံယူပါ။ ဒါဆိုရင်တော့ ရာဇဝတ်မှုမမြောက်တော့ဘူး။

အဖြေ- ကွန်မြူနစ်ပါတီက ဘယ်လိုအချက်တွေအပေါ်မူတည်ပြီး အစွန်းရောက်ဝါဒီအဖြစ်သတ်မှတ်တယ်ဆိုတာကို ခင်ဗျားတို့ရှင်းပြခဲ့တယ်။ ဒါပေမဲ့ အစိုးရက ဒီလိုရှုတ်ချတာ တော်တော်အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်။ အဆုံးမှာတော့ ဖြောင့်မတ်မှုနဲ့ ဆိုးယုတ်မှုဆိုတာကို အမှန်တရားနဲ့ညီလား မညီလား၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်း လိုက်လျှောက်လား မလျှောက်လားဆိုတာနဲ့ပဲ ဆုံးဖြတ်ရမှာ။ ပထမဆုံး ကျွန်တော်တို့ အားလုံးသိသင့်တာက အရာခပ်သိမ်းကိုဖန်ဆင်းခဲ့တဲ့ တစ်ဆူတည်းသော ဘုရားသခင်ကသာလျှင် အမှန်တရားဖြစ်တယ်ဆိုတာပဲ။ ဘုရားသခင်က အကြီးမြတ်ဆုံးဖြစ်ပြီး ကျွန်တော်တို့အားလုံး သူ့ကိုကိုးကွယ်ရမယ် ဆိုရိုးစကားတွေရှိပါတယ်။ "မင်းကိုစောင့်ကြည့်ပေးနေတဲ့ ဝိညာဉ်ရှိတယ်" တို့၊ "လူသားတွေလုပ်သမျှ ကောင်းကင်ဘုံက စောင့်ကြည့်တယ်" တို့၊ "ကောင်းကင်ဘုံရဲ့ဆန္ဒကို မလွန်ဆန်နိုင်ဘူး" တို့၊ "တရားဖြောင့်မတ်မှုဆိုတာ လူ့နှလုံးသားကလာတာပါ" တို့၊ "ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်" တို့၊ "ကောင်းကင်ဘုံရဲ့အမျက်ဒေါသကို ဘယ်လိုဆုတောင်းမျိုးနဲ့မှ မဖြေနိုင်ဘူး" တို့ အဲဒီဆိုရိုးတွေအားလုံးက ဘုရားသခင်ဟာ အရာခပ်သိမ်းအစိုးရပြီး အားလုံးကိုစောင့်ကြည့်နေတယ်လို့ သက်သေပြနေတာပဲ။ ဘုရားသခင်က အမှန်တရား ဖြစ်ပြီး၊ ကောင်းတဲ့အရာမှန်သမျှ ဘုရားသခင် ဆီကလာတယ်။ လူ့အဖွဲ့အစည်းအတွင်းက ဥပဒေနဲ့ ကိုယ်ကျင့်စံနှုန်းတွေအားလုံးဟာ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်ဆီက လာတယ်။ ဖန်ဆင်းခြင်းအချိန်ကစလို့ ဘုရားသခင်ဟာ အမှန်တရားကိုဖော်ပြပြီး လူသားတွေကို လမ်းပြခဲ့ ရွေးနုတ်ခဲ့ ကယ်တင်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ဟာ လူသားတွေအတွက် ကြီးမြတ်တဲ့ ကယ်တင်ရှင်ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘုရားသခင်အပေါ် ယုံကြည်မှု အပ်နှံမှု လိုက်နာ ကိုးစားမှုတွေ အားလုံးဟာ ကောင်းတဲ့အရာတွေ ဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ လမ်းကြောင်းကို ဘုရားသခင်ကောင်းချီးပေးတယ်။ တခြား တစ်ဖက်မှာတော့၊ဆိုးယုတ်တဲ့အရာမှန်သမျှဟာ စာတန်ဆီက လာတယ်။ ဘုရားသခင်ကို ငြင်းဆန်တာ၊ ပုန်ကန်တာ၊ ရန်လိုတာတွေ အားလုံးဟာ ဆိုးယုတ်တဲ့ အမှုအရာတွေပဲ။ ကဲ ဒီတော့ အစွန်းရောက်ဝါဒဆိုတာဘာလဲ။ ဘုရားသခင်ကို ဆန့်ကျင်တဲ့အရာမှန်သမျှ၊ ဘုရားသခင်ဖော်ပြတဲ့ အမှန်တရား တွေကို ဆန့်ကျင်တာမှန်သမျှ၊ ဘုရားသခင်ရဲ့ အမှုတော်တွေကို ငြင်းဆန်တာ ပုန်ကန်တာ ကျိန်ဆဲတာမှန်သမျှ၊ လူသားတွေကို ဘုရားသခင်နဲ့ဝေးရာကိုဆွဲခေါ်ပြီး အမှောင်ထု ထဲမှာ နစ်မွန်းစေတာမှန်သမျှ၊ ဆိုးယုတ်တဲ့အမှုအရာတွေမှာ ကျင်လည်ရင်း ကိုယ်တိုင်ဆိုးယုတ်လာပြီး ဘုရားသခင်ရဲ့ အမျက်တော်ကို ခံယူရမှာပဲ။ ဒီလိုဆိုးယုတ်မှုမျိုးကို အစွန်းရောက်ဝါဒလို့ခေါ်တယ်။ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာတဲ့အချိန်ကစပြီး ကျွန်တော်တို့တရုတ်တွေကို လှည့်စားပြီးဖျက်ဆီးဖို့ ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်အကြောင်း ဖြန့်ဝေရင်း၊ ကျွန်တော်တို့ ဘုရားသခင်ကို ငြင်းဆန်လာအောင်၊ ပုန်ကန်လာအောင်၊ သစ္စာဖောက်လာအောင် လုပ်ကြတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ဘုရားသခင်ရဲ့ကျိန်ဆဲခြင်းကို ခံရတယ်။ ဘုရားသခင်ကို ခုခံတာကြောင့် တရုတ်ကွန်မြူနစ်ပါတီဟာ ကပ်ဆိုက်စေခဲ့ပြီ။ ပြည်သူလူထုဟာ အမြဲတမ်းပဲ နာကျင်ခံစားကြရပြီး၊ နိုင်ငံခြားကို ထွက်ပြေးသူတွေ အများကြီးပါပဲ။ တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်ကိုမုန်းပြီး၊ ဆန့်ကျင်နေတာ အခုဆို နှစ်တော်တော်ကြာပြီ။ ကျွန်တော်တို့ တစ်သက်လုံးမတိုင်းတာ နိုင်လောက်အောင်များတဲ့ ဆိုးယုတ်မှုတွေကိုလည်း ကျူးလွန်ခဲ့ ပြီးပြီ။ တရုတ်ကွန်မြူနစ်ပါတီကမှ အစွန်းရောက်ဝါဒီအစစ်ပဲ ခရစ်ယာန်အသင်းတော်တွေက အစွန်းရောက်ဝါဒီ ပါလို့ ပြောတာဟာ တရုတ်ကွန်မြူနစ်ပါတီက အမှန်တရားကို ဖျက်ဆီးတာပဲ။

အစွန်းရောက်ဝါဒအဖြစ်သတ်မှတ်ဖို့ အခြေခံအချက် အဖြစ် သုံးတဲ့ စည်းမျဉ်းတွေကို လေးလေးနက်နက် စဉ်းစားဖို့လိုပါတယ်။ နှစ်ထောင် ပေါင်းများစွာ စာတန်ဟာ လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့အတွက် မိစ္ဆာဒိဋ္ဌိနဲ့ လွဲမှားတဲ့အယူဝါဒတွေ ဖြန့်ပြီး လူသားတွေ ဘုရားသခင်ကို ငြင်းဆန်လာအောင်၊ ပုန်ကန်လာအောင်၊ သစ္စာဖောက်လာအောင် လုပ်ခဲ့တယ်။ ဒါကြောင့် ကျွန်မတို့လောကကြီးဟာ ပိုပြီး၊ မှောင်မိုက်ဆိုးယုတ်လာပြီး ပရမ်းပတာဖြစ်လာတယ်။ ကွန်မြူနစ်ပါတီက အာဏာရလာကတည်းက ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်အကြောင်းကို ဟောကြားခဲ့တယ်။ "ဒီလောကမှာ ဘုရားသခင်မရှိဘူး၊ ကယ်တင်ရှင်မရှိဘူး" တို့၊ "ကောင်းကင်နဲ့မြေကြီးတခွင်မှာ ငါသာလျှင် ငါ့ဘုရား" တို့၊ "လူသားဟာ သဘာဝတရားကိုအနိုင်ယူပြီး၊ ကောင်းကင်နဲ့မြေကြီးကို တိုက်ပွဲဝင်နိုင်တယ်" တို့၊ "ကိုယ့်ကြမ္မာကိုယ်ဖန်တီးပါ" တို့လို ဆိုရိုးတွေ၊ "လူတိုင်းက ကိုယ့်အတွက်ကိုယ်ကြည့်ကြတာပဲ" တို့၊ "ငွေကြောင့် ကမ္ဘာကြီးလည်တယ်" တို့လို ဆိုရိုးတွေကြောင့် တရုတ် လူမျိုးတွေ ပျက်စီးပြီး၊ ပိုပြီးမောက်မာလာတယ်၊ စိတ်ကြီးဝင်ကြတယ်၊ အတ္တကြီးလာတယ်၊ လောဘကြီးပြီး ဆိုးသွမ်းလာကြတယ်။ လူတွေရဲ့အသိစိတ်နဲ့ လူ့သဘာဝ ဆိုတာ ပျောက်ကွယ်သွားပြီ။ လူတွေဟာ နတ်ဆိုးတွေလိုပဲ သူတို့မလုပ်တဲ့မကောင်းမှုမရှိဘူး လူသတ်မှုတောင် ကျူးလွန်ကြတယ်။ အဆင်းနီသောနဂါးကြီးရှိတဲ့ပြည်၊ ကမ္ဘာပေါ်မှာအဆိုးဆုံးနေရာဖြစ်တဲ့ တရုတ်ပြည်ကြီးမှာ ဘုရားသခင်က ပေါ်ထွန်းခဲ့ပြီး၊ သမ္မာတရားကို ဖော်ပြပြီးခဲ့ပြီ။ လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်ဖို့၊ စာတန်ရဲ့ အမှောင်ထုထဲကနေ ရွေးနုတ်ဖို့၊ ဘုရားသခင်ကို ရွေးချယ်ဖို့၊ အလင်းရောင်ကို ရွေးချယ်ဖို့ပဲ။ ဒါတွေက တကယ်ကို ကောင်းမွန်တဲ့အရာတွေပဲ။ ဒါပေမဲ့ ဒီအရာတွေဟာ ကျိန်ဆဲခံရတယ်၊ ဖိနှိပ်ခံရတယ်၊ နှိမ်နင်းခံရတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် တရုတ် ကွန်မြူနစ်ပါတီဟာ ကောင်းကင်ဘုံကို ဆန့်ကျင်နေတာ မဟုတ်ဘူးလား။ ဘုရားသခင်ကိုယုံကြည်ခြင်းဟာ မှန်ကန်တယ်လို့ အသိစိတ်ရှိတဲ့လူတွေက လက်ခံကြတယ်။ ဘုရားသခင်ရဲ့အမှုတော်နဲ့ ဘုရားသခင်ရဲ့ အမှန်တရားက သာလျှင် လူသားမျိုးနွယ်ကို ကယ်တင်နိုင်တယ်လို့ လက်ခံကြတယ်။ ဒါကြောင့် တစ်ခုတည်းသော မှန်သောလမ်းဆိုတာ သမ္မာတရားကိုဖော်ပြပြီး လူတွေကို ကယ်တင်တဲ့ သူပဲဖြစ်တယ်။ လူသားတွေကို လိမ်လည်လှည့်ဖြားပြီး၊ ပျက်စီးအောင်လုပ် အမှောင်ထုထဲက လမ်းကိုလျှောက်အောင် လုပ်တဲ့အရာမှန်သမျှဟာ ဆိုးယုတ်တဲ့ အစွန်းရောက်ဝါဒပဲ။ ဒါတွေဟာ မှန်ကန်တဲ့လမ်းနဲ့ အစွန်းရောက်ဝါဒကို ခွဲခြားပေးတဲ့ အရာတွေပဲ။ ဘုရားသခင်ရဲ့အမှုတော်နဲ့ သမ္မာတရားကို လက်ခံတဲ့အသင်းတော်ကို အစွန်းရောက်ဝါဒီပါလို့ တံဆိပ်ကပ်လိုက်ရင်၊ ဒါဟာ အမှန်တရားကို ပုံဖျက်လိုက်တာပဲ။ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဘုရားသခင်ကသာ လမ်းခရီးဖြစ်တယ်၊ သမ္မာတရားလည်း ဖြစ်တယ်၊ အသက်လည်းဖြစ်တယ်။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကသာ လူတွေအတွက် သမ္မာတရားနဲ့ အလင်းကို ဆောင်ကြဉ်းပေးနိုင်တယ်။ လူသားတွေကို အပြစ်နဲ့ စာတန်ရဲ့လွှမ်းမိုးမှုကနေ ရွေးနုတ်ပြီး ခမ်းနားတဲ့ခရီးပန်းတိုင်ကို ပေးစွမ်းနိုင်တယ်။ ဘုရားသခင် နောက်ကိုလိုက်လျှောက်နေတဲ့ အသင်းတော်ကို အစွန်းရောက် ဝါဒပါလို့ တံဆိပ်ကပ် တာလောက် ဆိုးယုတ်တဲ့အမှုမရှိဘူး။ အဲဒီလိုကိစ္စမျိုးကို ကွန်မြူနစ်ပါတီကပဲ လုပ်တာပဲ ဘုရားသခင်ပြုသမျှ အမှုတော်ရဲ့ အဆင့်တိုင်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ပဲ။ ကျေးဇူးတော်ခေတ် မှာတုန်းက ဘုရားသခင်က သခင်ယေရှုအဖြစ် ပထမဆုံးအကြိမ် လူ့ဇာတိခံယူခဲ့တယ်။ အပြင်ပန်း သဏ္ဍာန်ကတော့ လူသာမန်ပဲ။ ဒါပေမဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြခဲ့တယ်။ သူ့ကိုယ်သူစတေးပြီး လူသားတွေကို အပြစ်ကနေ ကယ်နုတ်ခဲ့တယ်။ ငရဲသွားမယ့်လမ်းကနေ ရွေးနုတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာကို ခံစားနိုင်ခွင့် ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ယုဒဘာသာဝင် တွေက အုပ်ချုပ်သူတွေနဲ့ပေါင်းပြီး သခင်ယေရှုကို ကွပ်မျက်ဖို့ကြိုးပမ်းခဲ့တယ်။ လက်ဝါးကပ်တိုင်မှာ ကားစင်တင်ခဲ့တယ်။ အဲဒီလိုလုပ်ခြင်း အားဖြင့် ဘုရားသခင်ရဲ့ အမှုတော်ကို ရပ်တန့်ပစ်နိုင်မယ်လို့ ယုံယုံကြည်ကြည်နဲ့ အကြံအောင်ပြီဆိုပြီး လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ ဘာဖြစ်သွားလဲ သခင်ယေရှုဟောခဲ့တဲ့ တရားတွေက ဒီနေ့မှာ ကမ္ဘာတစ်ဝှမ်းလုံး ပျံ့သွားပြီ။ လူပေါင်းသန်းနဲ့ချီပြီး ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကို ခံစားနေကြပြီ။ သခင်ယေရှုဟာ ကယ်တင်ရှင် ခရစ်တော်ဖြစ်တယ် ဆိုတဲ့ အကြောင်းကို ဘာသာတရားတွေက အသိအမှတ်ပြု လာကြပြီ။ သခင်ယေရှုရဲ့ အမှုတော်ကြောင့် ပေါ်ထွန်းလာတဲ့ အသင်းတော်ဟာ သမ္မာလမ်းဖြစ်တယ်လို့ လက်ခံလာကြပြီ။ ဘာသာမဲ့ကွန်မြူနစ်ပါတီကသာ ခရစ်ယာန်အသင်းတော်တွေ ကို အစွန်းရောက်ဝါဒတွေလို့ ကျိန်ဆဲနေကြတာ၊ သမ္မာကျမ်းစာကို အစွန်းရောက်ဝါဒကျမ်းလို့ ရှုတ်ချနေကြတာ။ ဒါအမှန်တွေပဲ မဟုတ်ဘူးလား။ တရုတ်ကွန်မြူနစ်ပါတီက သခင်ယေရှုရဲ့ အမှုတော် ကိုကျိန်ဆဲပြီး၊ ခရစ်ယာန်ဘာသာကို အစွန်းရောက်ဝါဒလို့ တံဆိပ်ကပ်တာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ တရုတ်ကွန်မြူနစ်ပါတီဆိုတာ သမ္မာတရားကိုရော ဘုရားသခင်ကိုပါမုန်းတဲ့ ဆိုးယုတ်တဲ့အစိုးရပဲ။ အထူးသဖြင့် ဘုရားသခင်ဖော်ပြပြီး အမှုတော်ပြုတဲ့ အချိန်မျိုးကို မုန်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ စာတန်ဆီကလာတဲ့ သဘာဝကိုး။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွချီလာပြီး၊ လူသားတွေကို သန့်စင်ရွေးနုတ်ဖို့အတွက် အမှန်တရားကို ဖော်ပြပြီး စီရင်လိမ့်မယ်။ အမှောင်နဲ့ ဆိုးယုတ်မှုတို့ရဲ့ခေတ်ကို အဆုံးသတ်ပြီး၊ လူသားတွေကို ဘုရားသခင်ရဲ့နိုင်ငံတော်ဆီကို သယ်ဆောင်ပေးလိမ့်မယ်။ ဘုရားသခင်ပေါ်ထွန်းပြီး အလုပ်လုပ် တယ်ဆိုတဲ့အချက်က အမှုတော်အဆင့်တိုင်းမှာ လူသားမျိုးနွယ်တိုးတက်လာအောင် လမ်းပြခဲ့တယ်ဆိုတာ ဘုရားသခင်ရဲ့ သမ္မာတရားအားလုံးဟာ လူသားမျိုးနွယ်ကို အလင်းဆီလမ်းပြခဲ့တယ်ဆိုတာကို သက်သေပြနေတာပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်သာမရှိရင်၊ လူသားမျိုးနွယ်ဟာ ဘာမှတိုးတက်လာမှာမဟုတ်ဘူး။ အပြစ်နွံထဲကိုပဲ နစ်သထက်နစ်သွားရတော့မယ်။ ဘုရားသခင်ရဲ့ အမှုတော်ကို အစွန်းရောက်ဝါဒတွေရဲ့ လုပ်ရပ်အဖြစ် သတ်မှတ်တဲ့သူတွေရှိနေရင်၊ ဒါ ဘယ်လိုပြဿနာလဲ။ ကျွန်တော်တို့ ပြန်စဉ်းစားပြီး အဖြေရှာရမယ့် ကိစ္စပဲ။ ဒီနေ့ခေတ်မှာ သမ္မာတရားကို ရှာဖွေလိုတဲ့ ဂိုဏ်းဂဏပေါင်းစုံက လူတွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြည့်ပြီး ဒါဟာ ဘုရားသခင်ရဲ့စကားသံဖြစ်တယ်လို့ လက်ခံကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့ ကယ်တင်ရှင်ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဟာ သမ္မာတရားဖြစ်တယ်။ လူပေါင်းများစွာ သက်သေခံပြီး ဖြန့်ဝေကြပြီးပြီ။ ကွန်မြူနစ်ပါတီက ဘာဖြစ်လို့ ဘုရားသခင်ရဲ့ အမှုတော်နဲ့အသင်းတော်ကို ဖိနှိပ်ဖို့ အစွမ်းကုန်ကြိုးစားနေတာလဲ။ ဘာဖြစ်လို့များ ဘုရားသခင်ရဲ့ အမှုတော်ပိုပီပြင်လေ၊ သမ္မာနည်းလမ်း ပိုကျလေ၊ ကောင်းကျိုးပိုများလေ၊ ကွန်မြူနစ်ပါတီက တိုက်ခိုက်ပြီး ကျိန်ဆဲဖိနှိပ်လေ ဖြစ်နေရတာလဲ။ ဒါ ကောင်းကင်ဘုံကို ဆန့်ကျင်တာပဲမဟုတ်ဘူးလား။ အခု ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်းသိနိုင်တာက အမှန်တရားကို မုန်းတီးပြီး၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးမဆိုကမှ တကယ့်အစွန်းရောက်ဝါဒအစစ်ဆိုတာပါပဲ။လူသားမျိုးနွယ်ကို လိမ်လည်ဖြားယောင်းပြီး၊ ဖျက်ဆီးဖို့ ကောလဟာလတွေ အလိမ်တွေကို ဖန်တီးပြောဆိုတဲ့အရာတွေကမှ အစွန်းရောက်ဝါဒတွေပါ။ ခရစ်ယာန်အသင်းတော်ကို ဖိနှိပ်ပြီးကျိန်ဆဲတဲ့ ခရစ်တော်ကို ရန်လိုတဲ့အရာတွေကမှ အစွန်းရောက်ဝါဒတွေပါ။ ခရစ်တော်ကို ငြင်းဆန်ပြီး အမှန်တရားကိုငြင်းဆန်ပြီး၊ အမှန်တရားကို ဆန့်ကျင်ပြီး၊ ဒါမှမဟုတ် ခရစ်တော်ကို ရန်လိုတဲ့ အရာတွေကမှ အစွန်းရောက်ဝါဒတွေပါ။ ကွန်မြူနစ်ပါတီကမှ ဘုရားသခင်ကို အငြင်းဆန်ဆုံး၊ အပုန်ကန်ဆုံး အမှန်တရားကို အမုန်းဆုံးနဲ့ ခရစ်တော်ကို အမုန်းဆုံးပဲ ဒါကြောင့်မို့ ကွန်မြူနစ်ပါတီဟာ တကယ့်ကို ဆိုးယုတ်တဲ့ အစွန်းရောက်ဝါဒီတွေဖြစ်ပါတယ်။

ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁၄) ဘုရားသခင်ကိုယုံကြည်တယ်ဆိုတဲ့နေရာမှာ ခင်ဗျားတို့ အားလုံး ကိုယ်ပိုင်အတွေးအမြင်နဲ့ ယုံကြည်ချက်တွေ ရှိကြမှာပဲ။ အဲဒီအတွေးအမြင်တွေနဲ့ ယူဆချက်တွေက ခင်ဗျားတို့ရဲ့ ပုဂ္ဂလိကအမြင်တွေဖြစ်လို့ ခပ်ရှင်းရှင်း ပြောရရင် ထင်ယောင်မှားမှုတွေသက်သက်ပဲ။ ကျွန်တော်တို့ကွန်မြူနစ်တွေအတွက်ကတော့ သိပ္ပံ နည်းကျတဲ့ ရုပ်ဝတ္ထုဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကိုပဲ အမှန်တရားလို့ ယုံကြည်တယ်။ ကျွန်တော်တို့နိုင်ငံမှာ မူလတန်းကနေ တက္ကသိုလ်အထိ သင့်လျော်တဲ့ ပညာရေးကို သင်ပေးတယ်။ ဘာဖြစ်လို့လဲသိလား။ ကလေးတွေကို ငယ်ငယ်လေးကတည်းကစပြီး ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို သင်ပေးခြင်းအားဖြင့် ဘာသာရေးနဲ့ အယူသည်းမှုတွေကို ရှောင်နိုင်အောင် လို့ပဲ။ အမေးရှိသမျှကို နည်းလမ်းတကျနဲ့ ဖြေရှင်းပြနိုင်အောင်လို့ပဲ။ ဥပမာပြောရမယ်ဆိုရင် ဇီဝအသက်ဘယ်ကစလဲဆိုတဲ့ မေးခွန်းမျိုးပေါ့။ ကျွန်တော်တို့တွေ အတိတ်တုန်းက ဘာမှမသိခဲ့တော့ ကောင်းကင်နဲ့မြေကြီး ကွဲပြားသွားတာတို့၊ နုဝါက လူတွေကိုဖန်ဆင်းတာတို့လို ပုံပြင်တွေကို ယုံကြည်ခဲ့ကြတယ်။ အနောက်တိုင်းသားတွေကတော့ လူသားအားလုံးကို ဘုရားသခင်ကဖန်ဆင်းတယ်လို့ ယုံကြတယ်။ တကယ်တမ်းကျတော့ အဲဒါတွေအကုန်လုံးက ပုံပြင်နဲ့ဒဏ္ဍာရီတွေချည်းပဲ သိပ္ပံနည်းလမ်းလည်း မကျဘူး။ မျောက်ဝံတွေကနေ လူတွေအဖြစ် ဆင့်ကဲပြောင်းလဲလာတယ်ဆိုတဲ့ လူသားမျိုးနွယ်ရဲ့အစကို ရှင်းပြတဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ စပေါ်လာတဲ့အချိန်ကစပြီး လူတွေကို ဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့ ယုံတမ်းစကားဟာ လုံးလုံးလျားလျားကို ချေဖျက်ခံလိုက်ရတာပဲ။ အရာရာတိုင်းဟာ သဘာဝအရ ဆင့်ကဲပြောင်းလဲလာတာပဲ။ ဒါအမှန်တရား။ ဒါကြောင့်မို့ သိပ္ပံနဲ့ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ရမယ်။ ခင်ဗျားတို့ အားလုံးက ပညာတတ်တွေ အသိဉာဏ်ကြွယ်တဲ့ သူတွေချည်းပါပဲ။ ဘယ်လိုအကြောင်းကြောင့်များ ဘုရားသခင်ကိုယုံရတာလဲ။ ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော်တို့ကို ခင်ဗျားတို့ရဲ့အမြင်တွေ မျှဝေပေးလို့ရမလား။

နောက်တစ်ခုသို့- မေးခွန်း (၁၆) အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပေါ်ထွန်းတဲ့ ဘုရားသခင်ဖြစ်တယ်၊ သမ္မာတရားဖြစ်တယ်လို့ ပြောတယ်နော်။ ဘုရားသခင်က ဒီလောကကိုဖန်ဆင်းပြီး စိုးပိုင်တယ်လို့လည်း ပြောတယ်။ သမိုင်းတလျှောက်မှာ လူသားတွေကို လမ်းပြကယ်တင်ခဲ့တယ်လို့လည်း ပြောတယ်။ ခင်ဗျားရဲ့ယုံကြည်မှုတွေကို ချက်ကျလက်ကျ သက်သေပြလို့ ရလား။ ကွန်မြူနစ်ပါတီဝင်ကျွန်တော်တို့တွေက ဘာသာမဲ့တွေ ဘုရားသခင်ရဲ့ပညတ်တော်ကိုရော ဘုရားသခင်ရှိတယ်ဆိုတာကိုပါ နည်းနည်းလေးမှ လက်မခံဘူး။ ခင်ဗျားတို့ယုံကြည်တဲ့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကိုဆို ပိုတောင်လက်မခံဘူး။ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ လူသားဖြစ်ကြောင်း ရှင်းနေတာပဲ။ သူ့မှာ မိဘတွေ၊ မွေးချင်းတွေရှိတယ်။ ခရစ်ယာန်ဘာသာကတော့ သူ့ကို တစ်ဆူတည်းသောဘုရားအဖြစ် ကိုးကွယ်ဖို့ နားချကြတယ်။ တော်တော်အဓိပ္ပါယ်မရှိတာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ယေရှုလိုပဲ၊ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူပဲ။ သူက လူ့ဇာတိခံယူတဲ့ဘုရားသခင်ပါလို့ ခင်ဗျားတို့က ဘာကြောင့်ယုံရတာလဲ။ ပြီးတော့ နောက်ဆုံးသောကာလရဲ့ ကယ်တင်ရှင် ခရစ်တော်အဖြစ် ဘာကြောင့်လက်ခံရတာလဲ။ ဒါ ရူးမိုက်တာပဲ။ ဒါတွေအကုန်လုံး စိတ်ကူးယဉ် သက်သက်ပဲ။ ဘုရားသခင်ဆိုတာမရှိဘူး။ နောက်ပြီး လူ့ဇာတိခံယူတဲ့ဘုရားသခင်ဆိုတာ မရှိဘူး။ ကျွန်တော်ထပ်ပြောမယ် ဘုရားသခင်က လူအဖြစ်ကြွဆင်းလာတယ်လို့ ခင်ဗျားပြော တယ်နော်။ ခင်ဗျား ဘာနဲ့သက်သေပြ မလဲ။ ခင်ဗျားတို့ယုံကြည်မှုက ဘာအပေါ်မှာအခြေခံထားတာလဲဆိုတာ ကျွန်တော့်ကိုရှင်းပြနိုင်ကြရဲ့လား။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။