မေးခွန်း (၁၂) အစိုးရဝါဒဖြန့်ချိရေး အချက်အလက်တွေအရတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ကျောင်းဆိုသူက တရုတ်ပြည်အရှေ့မြောက်ပိုင်းမှာ တည်ထောင်ခဲ့တယ်။ အသင်းတော်ကို သူက ဦးဆောင်တယ်။ ဒီလူက အသင်းတော်ရဲ့ယဇ်ပုရောဟိတ်ပဲ။ အသင်းတော်အဖွဲ့ဝင်တွေပြောတာတော့ သူ့ကို သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခဲ့တယ်တဲ့။ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုတဲ့ ဒီလူရဲ့ဟောပြောမှုကို အသင်းဝင်တွေက ကြားနာကြတယ်။ အသင်းတော်ရဲ့အုပ်ချုပ်ရေးပိုင်းမှာလည်း သူ့စကားကို နားထောင်ကြတယ်။ မင်းတို့လို ယုံကြည်သူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖတ်တယ်။ သူ့နာမတော်ကို တိုင်တည်ပြီး၊ ဆုတောင်းတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ကျမ်းရင်းဩဝါဒအဖြစ် မှတ်ယူတယ်။ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖြန့်ဝေကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်တဲ့သူက ဒီလူပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို တကယ်တမ်း ဖန်တီးခဲ့တာက ဒီလူပဲဆိုတာ သေချာတယ်။ ဘာသာရေးအသိုင်းအဝိုင်းနဲ့ ပါတီရဲ့အဆိုအရတော့ ဒါက အဲဒီလူရဲ့အဖွဲ့ပဲတဲ့ ငါလည်း မှန်တယ်လို့ထင်တယ်။ နားလည်ကြလား။

အဖြေ- စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လေ့လာနေတာကြာပြီ၊ လေ့လာလို့ရတဲ့အဖြေက အဲဒါတဲ့လား။ ဒါဆို ပြောပါဦး ခရစ်ယာန်သာသနာကို ဘယ်သူတည်ထောင်ခဲ့လဲ။ ကက်သလစ်ဂိုဏ်းကိုရော ဘယ်သူတည်ထောင်ခဲ့လဲ။ တည်ထောင်ခဲ့တဲ့သူက ပေါလု ဖြစ်နိုင်လား၊ ပေတရု ဖြစ်နိုင်လား။ ဂျူးဘာသာကိုရော ဘယ်သူတည်ထောင်ခဲ့လဲ။ မောရှေဖြစ်နိုင်လား၊ အားလုံးက ယုတ္တိမတန်နေဘူးလား။ အဖေတို့ ဘုရားမဲ့တွေက ဘုရားသခင်ရဲ့တည်ရှိမှုကို လက်မှမခံတာ။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဆိုရင် ပိုတောင် လက်ခံမှာမဟုတ်ဘူး။ လူ့ဇာတိခံ ခရစ်တော်က သမ္မာတရားကို ဘယ်လောက်ပဲ ဖော်ပြပါစေ၊ အမှုတော်ကို ဘယ်လောက်ပဲ ပြီးမြောက်ခဲ့ပါစေ၊ ကယ်တင်ခြင်းကို လူသားမျိုးနွယ်ဆီ ဘယ်လောက်ပဲ ယူလာခဲ့ပါစေ၊ အဖေတို့အားလုံးက ကိုယ်တော့်ကို ပစ်ပယ်ရှုတ်ချဖို့ ကြိုးပမ်းကြမှာပဲ မဟုတ်ဘူးလား။ ခရစ်ယာန်ဘာသာ ဒါမှမဟုတ် ကက်သလစ်သာသနာကို လူသားတစ်ဦးက တည်ထောင်ခဲ့တာလို့ အဖေ ထင်နေလား။ ဒါတွေက လူသားရဲ့အဖွဲ့အစည်းတွေတဲ့လား။ ဒါက အဖေ့ရဲ့အကြီးဆုံး ယုတ္တိမတန်ခြင်းပဲ။ သခင်ယေရှုသာ အမှုတော်ပြုဖို့ မပေါ်ထွန်းခဲ့ရင်၊ ဘယ်သူကမှ သခင့်ကို ယုံကြည်ခဲ့ကြမှာမဟုတ်ဘူး။ သခင့်နောက် လိုက်ခဲ့ကြမှာမဟုတ်ဘူး။ ခရစ်ယာန်ဘာသာဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ဒါ အမှန်တရားပဲမဟုတ်လား။ တမန်တော်တွေက ဘယ်လိုလုပ်ပြီး သူတို့ကိုယ်ပိုင်အသင်းတော်ကို ဖန်တီးနိုင်ခဲ့မှာလဲ။ ပေတရု ယောဟန်နဲ့ တခြားသော တမန်တော်တွေရဲ့ဦးဆောင်မှုအပေါ် လူတွေ လက်ခံကြတာကို၊ အခြေခံပြီး တမန်တော်တွေက ခရစ်ယာန်ဘာသာကို တည်ထောင်ခဲ့တယ်။ ဒါက လူတွေရဲ့အဖွဲ့အစည်းဖြစ်တယ်လို့ ပြောနိုင်သလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ပေါ်ပေါက်ခဲ့တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားများစွာထဲကနေ ဘုရားသခင်ရဲ့အသံကို လူတွေ ကြားကြပြီး၊ ဘုရားသခင်ရှေ့မှောက် ပြန်ရောက်ခဲ့ကြတယ်။ အသင်းတော်ကို ဖွဲ့စည်းခဲ့ကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းပြီးနောက်မှာ၊ ကိုယ်တော်က သန့်ရှင်းသောဝိညာဉ်တော်ရဲ့အသုံးပြုခြင်းခံရတဲ့ အဲဒီလူကို သက်သေခံခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ခေါင်းဆောင်ပေါ့ ပညတ်တော်ခေတ်က မောရှေလို ကျေးဇူးတော်ခေတ်က တမန်တော်တွေလိုပေါ့။ သူဟာလည်း သူ့တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေကို ရေလောင်း ဦးဆောင် လမ်းပြဖို့အတွက် ဘုရားသခင်ရဲ့အသုံးပြုခြင်းခံရတဲ့ လူသားပါပဲ။ အဖေတို့ ကွန်မြူနစ်ပါတီက ဘုရားသခင်ရဲ့အမှုတော်နဲ့ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို ငြင်းဆန်တဲ့အပြင်၊ ဘုရားသခင်ရဲ့ ရွေးကောက်ခံရသူတွေ ကိုးကွယ်ကြတဲ့ လူ့ဇာတိခံဘုရားသခင်ကိုတောင် ငြင်းပယ်တယ်လေ။ အဖေတို့မှာ ဖုံးကွယ်ထားတဲ့ အကြောင်းရင်း ရှိတယ်မဟုတ်လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းသာ မရှိခဲ့ရင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်လည်း မရှိနိုင်ပါဘူး။ ဒါက ငြင်းမရတဲ့အချက်ပဲ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ခရစ်ယာန်တွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆုတောင်းကြမှန်း ပါတီက သိတယ် ဝတ်ပြုပွဲတွေမှာလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုပဲ ဖြန့်ဝေကြတယ်။ ဒါနဲ့များ ပါတီက ဘာလို့ ဒီ မုသားတွေအားလုံးကို ပြောနေသေးတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းသားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြတာပါ။ ဘုရားရဲ့ရွေးကောက်ခံရသူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အညီ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အသုံးပြုခြင်းခံရသူကို နာခံကြတယ်။ ဒါက အမှန်တကယ်ပါပဲ။

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အဖေကြားရရင်၊ နားလည်သွားမှာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်၊ “ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူမှ ဆောင်ရွက်သည့် အလုပ်သည် ခရစ်တော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ ဤသူမှာ လူသားတို့အကြား ဘုရားသခင်၏ ချီးမြှောက်ခြင်း ခံထားရသူဖြစ်သည်၊ ဘုရားသခင်၏ ရွေးကောက်ခံထားရသူများ အားလုံးကို ဦးဆောင်ရန် သူရှိနေသည်၊ ထို့ပြင် သူသည် လူသားဖက်မှ ပူးပေါင်းဆောင်ရွက်မှုအလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း ခံထားရသူလည်းဖြစ်သည်။...ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသည့်သူမှာမူ ဘုရားသခင်၏ ပြင်ဆင်ပေးခြင်းကို ခံထားရသည့်သူဖြစ်ပြီး အစွမ်းအစအချို့ ပိုင်ဆိုင်ကာ လူ့သဘာဝရှိသောသူ ဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကြိုတင်၍ ပြင်ဆင်ပေးခြင်းနှင့် စုံလင်အောင်ပြုပေးခြင်းကို ခံထားရသူဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အပြည့်အဝဦးဆောင်ခြင်းကို ခံရသည်၊ ထို့ပြင် အထူးသဖြင့် သူ၏အလုပ်နှင့် ပတ်သက်လာလျှင် သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်ပေးခြင်းနှင့် ဦးစီးကွပ်ကဲခြင်းကို ခံရသည်၊ ယင်းအကြောင်းကြောင့် ဘုရားသခင်၏ ရွေးကောက်ခံထားရသောသူများကို ဦးဆောင်ခြင်းလမ်းကြောင်းတွင် တိမ်းစောင်းသွေဖည်မှုများ မရှိတော့ပါ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏အမှုတော်ကို ဧကန်မုချ တာဝန်ယူလေ့ရှိပြီး သူကိုယ်တိုင်ပင် အမြဲတမ်း လုပ်ဆောင်၍ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍) “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်” ထဲမှာ ခုနှစ်ခုမြောက် စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်က အခုလိုဆိုပါတယ် “အသင်းတော်၏အမှုနှင့်ကိစ္စရပ်များတွင် ဘုရားသခင်ကိုနာခံခြင်းမှလွဲ၍ အရာခပ်သိမ်းတွင် သင်သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသူ လူသား၏ ညွှန်ကြားချက်များကို လိုက်နာရမည်။ အနည်းငယ်ဆုံးသော ချိုးဖောက်မှုကိုပင် လက်မခံနိုင်ပါ။ သင်သည် လုံးဝလိုက်နာရမည်ဖြစ်ပြီး အမှန်အမှား ခွဲခြားစိတ်ဖြာခြင်း မပြုရ။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပါ။ အကြွင်းမဲ့နာခံခြင်းသည်သာ သင်နှင့်သက်ဆိုင်ရမည်။” သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသုံးပြုခြင်းခံရသူရဲ့ခေါင်းဆောင်မှုကို ယုံကြည်သူတွေ လက်ခံတာက၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးတာဖြစ်သလို ဘုရားသခင်ကို နာခံတာပဲလေ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်း လေ့လာတဲ့အချိန်မှာ ပါတီက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဘာလို့ မဖတ်ခဲ့တာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့် ၁၀ ခုကို ဘာလို့မတွေ့ကြတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေဆီကနေ ဘာလို့မရှာခဲ့ကြလဲ။ ဘာဖြစ်လို့ သမ္မာတရားကို ဖြန့်ဝေခွင့် မပေးခဲ့တာလဲ။ အဖေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မဖတ်ခဲ့တော့၊ ဘုရားရဲ့အမှုတော်ကို နားမလည်ဘဲ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အပြင်ပန်းကနေ လေ့လာခဲ့တာပါ။ ဒီတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အဖေ ဘယ်လိုနားလည်နိုင်မှာလဲ။

ပါတီက ကျွန်တော်တို့အသင်းတော်ကို လူတွေရဲ့အသင်းအဖွဲ့ဆိုပြီး ဘာလို့ပြောနေတာလဲ။ လူ့ဇာတိခံ ဘုရားသခင်နဲ့ပတ်သက်ပြီး ဘာလို့ တစ်ခွန်းမှမပြောတာလဲ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်အကြောင်းကိုလည်း ဘာလို့ တစ်ခွန်းမှမပြောတာလဲ။ စီစီပီ အကြောက်ဆုံးက အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ သမ္မာတရားပဲ။ ဘာလို့လဲဆိုတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကိုးကွယ်သူအားလုံးက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို သေချာဖတ်ပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံသွားကြမှန်း စီစီပီက သိတယ်လေ။ ဒီတော့ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ဆိုတာ တကယ်တော့ လူသားတစ်ယောက်က ဖန်တီးတဲ့အသင်းတော်ဆိုပြီး၊ လူတွေကို အာရုံလွှဲလိုက်တယ်။ ဒါမှ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို ဖုံးကွယ်ထားလို့ရမယ်။ လူထုကလည်း အဲဒီလူကိုပဲ အာရုံစိုက်ကြလိမ့်မယ်လေ။ လူတွေ ဘုရားသခင်ကို မယုံကြည်အောင် မကိုးကွယ်အောင် တားဆီးဖို့ အစိုးရက ဒါကို လုပ်တာပါ။ အဲဒါကမှ သူတို့ရဲ့ရည်ရွယ်ချက်အစစ်ပဲ စီစီပီက အချက်အလက်တွေကို လိုရာဆွဲတယ်။ ဘုရားသခင် အမှုတော်ပြုဖို့ ပေါ်ထွန်းလာတဲ့ အသင်းတော်ကို လူတွေရဲ့အသင်းအဖွဲ့ဆိုပြီး ကြေညာတယ်။ ဒါက ဘုရားရဲ့အသင်းတော်ကို ဖိနှိပ်ညှဉ်းပန်းဖို့အတွက် စီစီပီရဲ့အကြောင်းပြချက်ပါပဲ။ စီစီပီက သိပ်ကို ကောက်ကျစ်ပြီး ယုတ်မာလွန်းတယ်။ သူတို့ပြောတာကို ဆန်းစစ်ရမယ်လေ။ သူတို့ကောလာဟလတွေကို နားထောင်လို့မဖြစ်ဘူး။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁၁) စစ်ဝေခူ (မြူနီစပယ်ယူနိုက်တက်ရှေ့တန်းတာဝန်ဌာန၏ ဝန်ကြီး)- ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် နှစ်ပါးလုံးက ခရစ်တော်ဖြစ်တယ်။ တစ်ပါးက အရင်ဖြစ်ပြီး နောက်တစ်ပါးက နောက်ဆုံးခရစ်တော်လို့ ပြောတယ်။ ငါတို့ပါတီက လက်မခံဘူး။ ကြွေးကြော်သံမှာလည်း 'လောကရဲ့ကယ်တင်သူဆိုတာ မရှိခဲ့ဘူး' လို့ပြောထားတယ်။ မင်းတို့က ကယ်တင်ရှင်ခရစ်တော် ကြွရောက်လာတာကို သက်သေခံကြတယ်။ ဒီတော့ ပါတီက မင်းတို့ကို မရှုတ်ချဘဲနေမလား။ ငါတို့အမြင်မှာတော့ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ သာမန်လူပဲ။ လက်ဝါးကပ်တိုင်ပေါ်မှာ သံနဲ့တောင်အရိုက်ခံရတယ်။ ဂျူးတွေကလည်း သူ့ကို ခရစ်တော်လို့ လက်မခံခဲ့ကြဘူး။ ဒါ အမှန်ပဲမဟုတ်လား။ မင်းတို့ သက်သေခံကြတဲ့ နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း သာမန်လူပဲ။ သူ့မှာ မျိုးရိုးနာမည်နဲ့ ကိုယ်ပိုင်နာမည်ရှိတယ်လို့ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတယ်။ ဒါလည်း အမှန်ပဲလေ။ ဒီလိုသာမန်လူက ခရစ်တော်ပါ။ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါဆိုပြီး မင်းတို့က ဘာကြောင့် သက်သေခံကြတာလဲ။ ယုံစရာကိုမရှိဘူး။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဆောင်ရွက်ထားတဲ့ တရားစီရင်ခြင်းအမှုနဲ့ ဖော်ပြထားတဲ့ သမ္မာတရားကို မင်းတို့ ဘယ်လိုပဲ သက်သေခံနေပါစေ၊ ဒီလူက ဘုရားသခင်ဆိုတာကို ငါတို့ပါတီက လက်ခံမှာမဟုတ်ဘူး။ မင်းတို့လည်း ယေရှုကို ယုံကြတဲ့ ခရစ်ယာန်တွေ ကက်သလစ်တွေ အရှေ့ပိုင်းအော်သိုဒေါ့စ်တွေလိုပဲ လူကို ဘုရားသခင်ဆိုပြီး ယုံနေကြတယ်။ ဒါက တကယ်ကို ပညာမဲ့တာ မဟုတ်ဘူးလား။ ဘုရားသခင်ဆိုတာရယ်၊ ဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဆိုတာတွေ ရယ်က အတိအကျအားဖြင့် ဘာလဲ။ သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်ရဲ့အမှုကို လုပ်ဆောင်ရုံလောက်နဲ့ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါလို့ ဆိုလိုတာလား။ ငါတို့တော့ ဘယ်တော့မှလက်မခံဘူး။ ဘုရားသခင်သာ တရုတ်ကွန်မြူနစ်ပါတီနဲ့ သူ့ကိုဆန့်ကျင်သူတွေကို ပျက်စီးခြင်းရောက်စေတာမျိုး အံ့ဖွယ်တွေလုပ်ပြ နိုင်ရင်တော့၊ ငါတို့ကလည်း သူ့ကိုစစ်မှန်တဲ့ ဘုရားသခင်လို့ သတ်မှတ်လိုက်မယ်။ တကယ်လို့ ဘုရားသခင်က ကောင်းကင်မှာ ပေါ်လာမယ်။ ပြီးတော့ လူသားမျိုးနွယ်တစ်ခုလုံး ထိတ်လန့်စေမဲ့ မိုးခြိမ်းသံလို မြည်ဟည်းသံကြီး လုပ်ပြတယ်ဆိုရင်တော့၊ အဲဒါက ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်း ဖြစ်လိမ့်မယ်။ ဒါဆို စီစီပီကလည်း သူ့ကိုအသိအမှတ်ပြုမှာပဲ။ အဲဒီလိုမှမဟုတ်ရင်တော့ ဘုရားသခင်ရှိတယ် ဆိုတာကို ပါတီက ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။

နောက်တစ်ခုသို့- မေးခွန်း (၁၃) ခင်ဗျားတို့အားလုံးက ဘုရားသခင်ကိုယုံကြည်တယ်။ ကျွန်တော်ကတော့ မာ့က်စ်နဲ့ လီနင်ကို ယုံတယ်။ ဘာသာရေးယုံကြည်ချက်ပေါင်းစုံကို ကျွန်တော် လေ့လာခဲ့ပြီးပြီ၊ လေ့လာခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း ကျွန်တော့်အနေနဲ့ ပြဿနာတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဘာသာရေးအားလုံးဟာ ဘုရားတစ်ဆူဆူကိုတော့ ယုံကြည်ကြတာပဲ။ ဒါပေမဲ့ ဘယ်ယုံကြည်သူမှတော့ ဘုရားဆိုတာကို မမြင်ဖူးကြဘူး။ သူတို့ရဲ့ယုံကြည်ချက်က စိတ်ခံစားမှုသက်သက်ပေါ် အခြေခံထားတဲ့ ယုံကြည်မှုပဲ။ ဒါကြောင့် ဘာသာရေးယုံကြည်ချက်နဲ့ပတ်သက်ပြီး ကျွန်တော် ကောက်ချက်ချလိုက်တယ်။ ဘာသာရေးဆိုတာ စိတ်ကူးယဉ်မှုသက်သက်ပဲ။ သိပ္ပံနည်းလမ်းလုံးဝမကျတဲ့ အယူသည်းမှုတစ်ခုပဲ။ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာ သိပ္ပံပညာဟာ အရမ်းတိုးတက်နေပြီ။ အမှားတွေမလုပ်မိအောင်အတွက် အရာရာတိုင်းဟာ သိပ္ပံပညာကို အခြေခံရမယ်။ ကွန်မြူနစ်ပါတီက သိပ္ပံပညာကိုယုံကြည်တယ်။ ဘုရားသခင်ကို မယုံကြည်ဘူး။ ခေတ်ပြောင်းတော်လှန်ရေး သီချင်းထဲမှာ ‘အားကိုးလောက်စရာ လောက ကယ်တင်ရှင်၊ နတ်ဘုရား … အရှင်သခင်ရယ်လို့ မရှိပြီ။ လူသားမျိုးနွယ် ပျော်ရွှင်ဖို့အတွက် မိမိကိုယ်ကိုသာ အားကိုးကြရမည်’ သီချင်းထဲမှာ ‘လောကကယ်တင်ရှင်ရယ်လို့ မရှိပြီ’ ဆိုပြီး ကြွေးကြော်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ဘုရားသခင်ကိုယုံကြည်ခဲ့ရတဲ့ အကြောင်းရင်းက၊ သူတို့ခေတ်မှာ နေတို့၊ လတို့၊ ကြယ်တို့လို အထူးအဆန်းကိစ္စတွေကို သိပ္ပံနည်းကျ ဖြေရှင်းနိုင်စွမ်း မရှိခဲ့ကြသေးလို့ပဲ။ ဒါကြောင့် သဘာဝလွန်အစွမ်းတွေကို ကြောက်လန့်တာတို့၊ သိချင်တာတို့ ဖြစ်လာတာပေါ့။ အဲဒီကနေ ရှေးအကျဆုံးဘာသာရေးအတွေးအခေါ်တွေ စပေါ်လာတာပဲ။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်တွေ ရောဂါဘယတွေလို အခက်အခဲမျိုးတွေကို လူသားတွေအနေနဲ့ မဖြေရှင်းနိုင်တဲ့အခါ၊ ဘုရားသခင်ကို ကိုးကွယ်ပြီး စိတ်သက်သာရာရှာကြတာပဲ။ ဘာသာရေးရဲ့ မူလအစက ဒါပဲ။ အတွေးအခေါ်နည်းလမ်းလည်းမကျ၊ သိပ္ပံနည်းလည်းမကျမှန်း မြင်နိုင်တယ်။ ကျွန်တော်တို့ခေတ်ကတော့ အများကြီးပိုတိုးတက်နေပြီ။ သိပ္ပံပညာလည်း ထွန်းကားလာပြီ။ အာကာသလေကြောင်းသိပ္ပံ၊ ဇီဝသိပ္ပံနည်းပညာ၊ မျိုးရိုးဗီဇပြောင်းလဲခြင်းနည်းပညာ၊ ဆေးပညာ အစရှိတဲ့ ပညာရပ်တွေမှာ လူသားမျိုးနွယ်ဟာ အများကြီး တိုးတက်လာခဲ့ပြီ။ အရင်တုန်းက ပြဿနာတွေကြုံ လာတဲ့အခါ ကျွန်တော်တို့က နားလည်းမလည်ဘူး။ ဖြေရှင်းနိုင်တဲ့နည်းလမ်းလည်း မရှိဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သိပ္ပံပညာကိုသုံးပြီး အရာအားလုံးကိုရှင်းပြနိုင်ပြီ။ သိပ္ပံပညာကိုအားကိုးပြီး ပြဿနာတွေအတွက် အဖြေရှာနိုင်ပြီ။ ဒီလို သိပ္ပံနဲ့နည်းပညာခေတ်ကြီးထဲမှာ ဘုရားကိုယုံကြည်တယ်ဆိုတာ တုံးအသလို ဖြစ်မနေဘူးလား။ နောက်ကောက်ကျကျန်ခဲ့လိမ့်မယ်လို့ မထင်မိဘူးလား။ ကျွန်တော်တို့ယုံကြည်နိုင်တာ သိပ္ပံပညာပဲရှိတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။