ဘုရားသခင် နောက်လိုက်ရန် သံဓိဌာန်ချခဲ့သည်
၁
စာတန်အားဖြင့် ကျွန်ုပ် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီ၊ ကျွန်ုပ်ထံတွင် လူသားပုံသဏ္ဌာန် အနည်းငယ်မျှ မရှိပါ။
ဘုရားသခင့် နှုတ်ကပတ်တော်များက အလွန် ပြင်းထန်စွာ ထုတ်ဖော်သည့်အရာမှ တစ်ဆင့်၊ မိမိ ဖောက်ပြန် ပျက်စီးခြင်း၏ အကျည်းတန်မှုကို ကျွန်ုပ် မြင်ဖူးခဲ့ပြီ။
မာနထောင်လွှားပြီး ၊ ဆိုးယုတ်သော စိတ်သဘောထား အပြည့်ရှိသည်၊ ကျွန်ုပ်သည် ဘုရားသခင် ရှေ့တော်မှောက်တွင် အသက်ရှင်နေထိုင်ရန် အမှန်တကယ် မထိုက်တန်ပါ။
ဘုရားသခင်၏ သနားကရုဏာ နှင့် ကယ်တင်ခြင်းတို့ မရှိပါက၊ ကျွန်ုပ် ယနေ့ ဤနေရာတွင် မည်သို့ရှိနိုင်မည်နည်း။
ကျွန်ုပ်ကို ကယ်တင်ခဲ့သည့်အရာမှာ ဘုရားသခင်၏ တရားစီရင်ခြင်း ဖြစ်သည်၊ ဘုရားသခင် နောက်လိုက်ရန် ကျွန်ုပ် သံဓိဌာန်ချထားသည်။
၂
ကျွန်ုပ်အား ဘုရားသခင်ကို မကြာခဏ ပုန်ကန်စေရင်းဖြင့်၊ ကျွန်ုပ်၏ ဆိုးယုတ်သော သဘာဝသည် အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။
ကျွန်ုပ်သည် မိမိ ဇာတိပကတိ၏ ရုပ်သေးဖြစ်လာပြီ၊ ယင်းမှာ အလွန် ဝမ်းနည်းဖွယ် ဖြစ်သည်၊ အလွန်သနားဖွယ် ဖြစ်သည်။
ကျွန်ုပ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မိမိ၏သံဓိဌာန်ကို ချမှတ်သည်။
သက်ရှိသတ္တဝါတစ်ယောက် အနေဖြင့်၊ ကျွန်ုပ်သည် ဇာတိပကတိကို ကျော်လွန်ပြီး၊ မိမိ၏ စစ်မှန်သော ပင်ကိုသဘောကို ပြန်အဖတ်ဆယ်သင့်သည်။
ကျွန်ုပ်ကို ကယ်တင်ခဲ့သည့်အရာမှာ ဘုရားသခင်၏ တရားစီရင်ခြင်း ဖြစ်သည်၊ ဘုရားသခင် နောက်လိုက်ရန် ကျွန်ုပ် သံဓိဌာန်ချထားသည်။
၃
ဘုရားသခင့် နှုတ်ကပတ်တော်များက အသက်တာအတွက် လမ်းခရီးကို ပြသည်၊ ယခု လူတစ်ယောက်အဖြစ် မည်သို့နေရမည်ကို ကျွန်ုပ် သိသည်။
စာတန်နှင့် ဇာတိပကတိကို စွန့်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ၊ ကျွန်ုပ်သည် လူ့သဘာဝ အချို့ကို ရလိမ့်မည်။
ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံခြင်းနှင့် နာခံခြင်းဖြင့်၊ သူ၏ကောင်းကြီးမင်္ဂလာများကို ကျွန်ုပ် တွေ့ဖူးလေပြီ။
ဘုရားသခင်၏ နှလုံးသားသည်သာ လူကို အချစ်ဆုံးဖြစ်သည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ချီးမွမ်းခြင်းကို ခံထိုက်သည်။
ကျွန်ုပ်ကို ကယ်တင်ခဲ့သည့်အရာမှာ ဘုရားသခင်၏ တရားစီရင်ခြင်း ဖြစ်သည်၊ ဘုရားသခင် နောက်လိုက်ရန် ကျွန်ုပ် သံဓိဌာန်ချထားသည်။
၄
ကျွန်ုပ်သည် ဝိညာဉ်ရေးရာ လောက၏ တိုက်ပွဲကို ရှင်းလင်းစွာ မြင်ဖူးပြီ၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းက လူများကို အမှန်တကယ် ဖော်ထုတ်သည်။
ကြီးစွာသော အရှက်ရခြင်းကို ကြံ့ကြံ့ခံရင်းဖြင့်၊ လူသားသည် လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားကို ဖော်ပြသည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မည်မျှ စစ်မှန်ကြောင်း ကျွန်ုပ် တွေ့ဖူးပြီ၊ ကျွန်ုပ် သူ့ကို မည်သို့မချစ်ဘဲ နေနိုင်မည်နည်း။
ကျွန်ုပ်သည် သမ္မာတရားကို ရရှိနေပြီး၊ သူ၏ချစ်ခြင်းမေတ္တာကို ပြန်လည် ပေးဆပ်ရန် ဘုရားသခင်အတွက် သက်သေခံနေသည်။
ကျွန်ုပ်ကို ကယ်တင်ခဲ့သည့်အရာမှာ ဘုရားသခင်၏ တရားစီရင်ခြင်း ဖြစ်သည်၊ ဘုရားသခင် နောက်လိုက်ရန် ကျွန်ုပ် သံဓိဌာန်ချထားသည်။
၅
ဘုရားသခင့် အမှုတော်၏ နည်းစနစ်များအားလုံးသည် လူကို သန့်စင်ရန် နှင့် စုံလင်စေရန် ဖြစ်သည်။
ကျွန်ုပ် အနာဂတ် နှင့် ကံကြမ္မာ အားလုံးတို့သည် ဘုရားသခင် လက်တော်ထဲတွင် ရှိသည်၊ သူ ဖြောင့်မတ်သည်ကို ကျွန်ုပ် ယုံကြည်သည်။
ခရစ်တော်သည် သမ္မာတရားဖြစ်သည်ဟု ကျွန်ုပ် စိတ်ပိုင်းဖြတ်ခဲ့ပြီ၊ ကျွန်ုပ်သည် ဘုရားသခင်နောက် အဆုံးထိ လိုက်မည်။
ကျွန်ုပ်သည် ဘုရားသခင်အတွက် သက်သေခံရန် မိမိအသက်တာကို ကတိပြုပါသည်၊ ကျွန်ုပ်သည် သူ့အား လုံးဝ သစ္စာဖောက်လိမ့်မည် မဟုတ်ပါ။
ကျွန်ုပ်ကို ကယ်တင်ခဲ့သည့်အရာမှာ ဘုရားသခင်၏ တရားစီရင်ခြင်း ဖြစ်သည်၊ ဘုရားသခင် နောက်လိုက်ရန် ကျွန်ုပ် သံဓိဌာန်ချထားသည်။