သင်သည် မိမိ၏အဆင့်အတန်းကို သိပင်မသိကျူး
သင်တို့ အယောက်တိုင်းသည် လူအမြောက်အများ၏ အမြင့်ဆုံးသော အထွဋ်များဆီသို့ တက်ခဲ့ကြပြီးဖြစ်သည်၊ လူအမြောက်အများ၏ ဘိုးဘေးအပေါင်းတို့ ဖြစ်ဖို့ရန် သင်တို့ တက်ခဲ့ကြပြီးဖြစ်သည်။ သင်တို့သည် ထင်တိုင်းကြဲကြကာ ငြိမ်းအေးသော နေရာတစ်ခုကို ရှာဖွေနေသော လောက်များအကြား ဒေါသတကြီး လျှောက်ရမ်းနေရင်း၊ သင်တို့ထက် ပိုသေးငယ်သော လောက်များကို ဝါးမျိုရန် ကြိုးစားနေကြ၏။ သင်တို့သည် သမုဒ္ဒရာအောက်ဆုံး၌ နှစ်မြုပ်ကြသော ထိုသရဲတစ္ဆေများထက် သာလွန်ပြီး သင်တို့ မလိုမုန်းထားကြကာ စိတ်နှလုံးများထဲ၌ ရက်စက်ယုတ်မာတတ်ကြသည်။ သင်တို့သည် အချင်းချင်း တစ်ခဏမျှ တိုက်ခိုက်ကြ ပြီးနောက် ပြန်တည်ငြိမ်သွားကြရင်း လောက်များကို ငြိမ်းချမ်းခြင်းလုံးဝမရစေဖို့ ထိပ်မှ အောက်ခြေသို့တိုင် နှောင့်ယှက်ကြရင်း နောက်ချေး၏ အောက်ခြေတွင် သင်တို့နေထိုင်ကြသည်။ သင်တို့၏ အဆင့်အတန်းကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ သင်တို့ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ယင်း ထိုးကြိတ် သတ်ပုတ်ခြင်းမှ သင်တို့ မည်သည့်အရာ ရရှိကြမည်နည်း။ သင်တို့သည် ငါ့အဘို့ ရိုသေလေးမြတ်စိတ် အမှန်စင်စစ် ရှိခဲ့သည်ဆိုလျှင် ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် တိုက်ခိုက်နိုင်ကြသနည်း။ သင့်အဆင့်အတန်း အဘယ်မျှပင် မြင့်မားပါလေ့စေ သင်သည် နောက်ချေးထဲက နံဟောင်နေသော တီကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာနိုင်သလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုခဲ့သမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။