အခန်း ၈၇

သင်သည် သင်၏ အရှိန်ကို လျင်မြန်စေရမည်ဖြစ်ပြီး၊ ငါလုပ်ဆောင်စေလိုသောအရာကို လုပ်ဆောင်ရမည်- ဤသည်မှာ ကြီးမားသော စိတ်ထက်သန်မှုဖြင့် သင်တို့အတွက် ငါ ရည်ရွယ်သည့် အရာဖြစ်သည်။ ယခုတွင်ပင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များ၏ အဓိပ္ပါယ်ကို နားမလည်ကြသေးသည်များ ဖြစ်နိုင်မည်လော။ သင်သည် ငါ၏ရည်ရွယ်ချက်ကို မသိရှိသေးသည်များ ဖြစ်နိုင်မည်လော။ ငါသည် တိုး၍ ရှင်းလင်းပြတ်သားမှုဖြင့် စကားပြောဆိုပြီးဖြစ်ကာ ပို၍ပို၍ ပြောပြီးဖြစ်သော်လည်း၊ သင်တို့သည် ငါ့ နှုတ်ကပတ်တော်များ၏ အဓိပ္ပါယ်ကို နားလည်နိုင်ရန် မည်သည့်အားထုတ်မှုမျှ မရှိကြသေးသလော။ အချင်း စာတန်၊ ငါ၏ အစီအစဉ်ကို သင်ဖျက်ဆီးနိုင်သည်ဟု စိတ်မကူးလေနှင့်။ စာတန်အတွက် အစေခံမှု ပြုသောသူတို့သည်- ဆိုလိုသည်မှာ၊ စာတန်၏ သားသမီးများသည် (ဤအရာက စာတန်၏ ဝင်ပူးခြင်းခံရသူများ၊ ထို့ကြောင့် စာတန်၏ အသက် သေချာပေါက် အရှိဆုံးသောများဖြစ်ပြီး၊ ထို့ကြောင့် ၎င်း၏ သားသမီးများအဖြစ် ပြောဆိုထားသောသူများကို ရည်ညွှန်းပေသည်)- ငိုကြွေးရင်း အံသွားခဲကြိတ်ရင်း၊ ငါ့၏ခြေရင်း၌ သနားကရုဏာကို တောင်းခံကြလေသည်။ သို့သော်၊ ငါသည် ထိုသို့သောမိုက်မဲမှုမျိုးကို ပြုမည်မဟုတ်။ ငါသည် စာတန်အား ခွင့်လွှတ်နိုင်သလော။ စာတန်အဖို့ ကယ်တင်ခြင်းကို ငါဆောင်ကြည်းပေးနိုင်သလော။ ယင်းသည် ဖြစ်နိုင်မည် မဟုတ်ပေ။ ငါပြောသည့်အရာကို ငါ လုပ်ဆောင်ပြီး၊ ယင်းကို ငါ လုံးဝ နောင်တရလိမ့်မည် မဟုတ်။

ငါ ဖွင့်ဟသည့် မည်သည့်အရာမဆို ဖြစ်တည်လာ၏။ ထိုသို့ ဖြစ်သည် မဟုတ်သလော။ သို့သော်၊ သင်တို့သည် ငါ့အား ဆက်လက် အယုံအကြည်ကင်းမဲ့ကြ၏၊ ငါ၏ နှုတ်ကပတ်တော်များကို သံသယ ရှိကြပြီး၊ ငါသည် သင်တို့အား နောက်ပြောင်ခြင်းသာ ဖြစ်သည်ဟု ထင်ကြ၏။ ယင်းသည် အလွန်သာ အဓိပ္ပာယ်မရှိပေ။ ငါသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်၏။ သင်တို့ နားလည်သလော။ ငါသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်၏။ အကယ်၍ ငါသည် မည်သည့် ဉာဏ်ပညာ သို့မဟုတ် မည်သည့်တန်ခိုးအာဏာမျှ မရှိပါက၊ ငါ စိတ်ရှိသည်တိုင်းသာ ငါ လုပ်ဆောင်ကာ ပြောဆိုနိုင်မည်လော။ သိုတိုင် သင်သည် ငါ့အား အယုံအကြည်ကင်းမဲ့သေး၏။ ငါသည် သင့်အား ဤအရာများကို ထပ်သလဲလဲ အလေးပေးပြီးဖြစ်ကာ၊ယင်းတို့အား သင်တို့ထံ အကြိမ်ကြိမ် ပြောပြထားပြီး ဖြစ်သည်။ သင်တို့အများစုက မယုံကြည်ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ သင်တို့သည် အဘယ့်ကြောင့် သံသယများ သိုထားကြသေးသနည်း။ သင်တို့၏ နှစ်လိုဖွယ် အသက်အတွက် သင်တို့၏ အယူအဆများကို အဘယ့်ကြောင့် ဖက်တွယ်ထားကြသနည်း။ ယင်းတို့သည် သင့်ကို ကယ်တင်နိုင်သလော။ ငါပြောသည့် အရာကို ငါလုပ်ဆောင်၏။ ငါသည် သင်တို့အား အဖန်များစွာ ပြောပြပြီး ဖြစ်သည်- ငါ၏ နှုတ်ကပတ်တော်များကို အမှန်အဖြစ် မှတ်ယူပြီး သံသယ မရှိကြနှင့်။ သင်တို့သည် ထိုနှုတ်ကပတ်တော်များကို အလေးအနက် သဘောထားကြပြီးပြီလော။ သင့်ဘာသာ မည်သည့်အရာကိုမျှ သင် မလုပ်ဆောင်နိုင်သော်လည်း၊ ငါပြုသောအရာကို သင်သည် မယုံကြည်နိုင်သေးပေ။ ထိုသို့သော လူတစ်ဦးနှင့်သက်ဆိုင်၍ မည်သည့်အရာကို ပြောနိုင်သနည်း။ တဲ့တိုးပြောရလျှင်၊ ယင်းသည် သင်တို့အား အဘယ်သောအခါမျှ ငါ မဖန်းဆင်းခဲ့သည့်အလားဖြစ်၏။ တစ်နည်းအားဖြင့်၊ သင်သည် အခြေအနေတိုင်းတွင် ငါ့အတွက် အစေခံသူတစ်ဦးဖြစ်ရန် အရည်အချင်းမပြည့်မီပေ။ ငါ၏ နှုတ်ကပတ်တော်တို့ကို အယောက်တိုင်း ယုံကြည်ရမည်။ စမ်းသပ်မှုကို အားလုံး အောင်မြင်ရမည်။ ငါသည် အဘယ်သူကိုမျှ ချွတ်ချော်ခွင့်ပေးမည် မဟုတ်။ ဟုတ်ပေ၏၊ ယုံကြည်သောသူများသည် ခြွင်းချက်ဖြစ်၏။ ငါ၏နှုတ်ကပတ်တော်များကို ယုံကြည်သောသူတို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို သေချာပေါက် ရရှိကြလိမ့်မည်၊ ယင်းကို သင်ယုံကြည်သည့်အရာအတိုင်း သင့်အပေါ် အပ်နှင်းလိမ့်မည်ဖြစ်ပြီး သင်၌ ပြည့်စုံလိမ့်မည်။ ငါ၏ သားဦးတို့။ ယခုတွင် ငါသည် သင်တို့အား ငါ၏ကောင်းချီးမင်္ဂလာအားလုံးကို စတင်ပေးနေ၏။ သင်တို့သည် ဇာတိပကတိ၏ စက်ဆုပ်စရာ ချည်နှောင်မှုများ- အိမ်ထောင်ပြုခြင်း၊ မိသားစုရေးရာ၊ စားသောက်ခြင်း၊ ဝတ်ဆင်ခြင်း၊ အိပ်စက်ခြင်းနှင့် အားလုံးသော သဘာဝဘေးအန္တရာယ်များ (လေ၊ နေ၊ မိုး၊ အရိုးခိုက်အောင် စူးရှသောလေပြင်းများ၊ ဆီးနှင်းကျခြင်း ဒုက္ခနှင့် သင် မနှစ်သက်သည့် အခြားသော အရာများ)) အားလုံးကို ဖြည်းဖြည်းချင်း စတင်ဖယ်ရှားကြလိမ့်မည်။ သင်တို့သည် ငါ၏ ချစ်ခင်သော ထွေးပွေ့မှုတွင် အလွန်အမင်း ပျော်မွေ့ရင်းနှင့် ငါ၏ကြင်နာသော စောင့်ရှောက်မှုအောက်၌ အရာရာကို ကွပ်ကဲရင်း၊ နေရာ၊ အချိန်ကာလ သို့မဟုတ် ပထဝီမြေတို့၏ ကန့်သတ်ခြင်း တစ်ခုတစ်လေမျှ သက်ရောက်ခြင်းမရှိဘဲ ပင်လယ်အနှံ့၊ ကုန်းမြေတစ်လျှောက်နှင့် လေကိုဖြတ်၍ ခရီးနှင်ကြလိမ့်မည်။

ငါ စုံလင်စေပြီးဖြစ်သော သားဦးများနှင့်သက်ဆိုင်၍ အဘယ်သူ ဂုဏ်ယူဝံ့ကြွားမှုမရှိသနည်း။ ၎င်းတို့အတွက် အဘယ်သူသည် ငါ၏ နာမကို မချီးမွမ်းလိမ့်မည်နည်း။ ငါသည် သင်တို့ထံ အလွန်များစွာသော နက်နဲမှုများကို ယခု အဘယ်ကြောင့် ထုတ်ဖော်ပြရန် ဆန္ဒရှိသနည်း။ အဘယ်ကြောင့် ယခုဖြစ်ပြီး အတိတ်တွင် မဟုတ်ရသနည်း။ ဤအရာကိုယ်၌ကလည်း နက်နဲမှုတစ်ခု ဖြစ်သည်။ ယင်းကို သင်သိပါသလော။ တရုတ်သည် ငါ ကျိန်ပြီးသော တိုင်းနိုင်ငံတစ်ခု ဖြစ်သည်ဟု အတိတ်တွင် အဘယ်ကြောင့် ငါမဖော်ပြခဲ့သနည်း။ ငါအတွက် အစေခံမှု ပြုသောသူတို့ကို ငါသည် အဘယ်ကြောင့် မသိရှိစေခဲ့သနည်း။ ယနေ့တွင် ဤအရာကိုလည်း သင်တို့အား ငါပြောမည်- ယနေ့တွင်၊ ငါ၏အယူအဆ၌ အရာရာသည် ပြီးမြောက်ပြီဖြစ်သကဲ့သို့၊ ငါ၏ သားဦးများနှင့် စပ်လျဉ်း၍ ဤအရာကို ငါဆို၏။ (အကြောင်းမှာ ယနေ့တွင်၊ ငါ၏ သားဦးများသည် ငါနှင့်အတူ စိုးစံဖို့ လာကြပြီဖြစ်သကဲ့သို့၊ ရုပ်လုံးပေါ်လာသည်သာမဟုတ်ဘဲ၊ အမှန်တကယ် ငါနှင့်အတူ စိုးစံနေကြခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့်သူတို့သည် ငါနှင့်အတူ ဧကန်မုချ စိုးစံကြပြီး- ဤအရာကို ယခု ထုတ်ဖော်ပြလျက်ရှိသည်၊ မနေ့ကမဟုတ်သကဲ့သို့ မနက်ဖြန်လည်း မဟုတ်ပေ)။ ငါထုတ်ဖော်ပြလိုသော လူတို့သည် ထုတ်ဖော်ပြခံရကြပြီးဖြစ်ကာ ဤသည်မှာ ငါ့၏ ဉာဏ်ပညာဖြစ်သောကြောင့်၊ ယနေ့တွင် သာမန်လူ့သဘောသဘာဝနှင့်ဆိုင်သည့် ငါ၏ နက်နဲမှု အားလုံးကို ငါ ဖော်ထုတ်လျက်ရှိ၏။ ငါ၏ အမှုသည် ဤအဆင့်ထိ တိုးတက်ပြီးဖြစ်သည်။ ဆိုလိုသည်မှာ ဤအချိန်တွင် ငါသည် ဤအချိန်ကာလအတွက် အပေါ်ယံအားဖြင့် ငါ ဆုံးဖြတ်ထားပြီးဖြစ်သည့် စီမံအုပ်ချုပ်ရေး အမိန့်များ၏ အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကြောင့် ထိုသို့ဖြင့်၊ ငါသည် ဩဇာအာဏာရှိကာ တရားစီရင်ခြင်းကို ထုတ်ပြန်လိမ့်မည်ဖြစ်ပြီး ငါသည် သံလှံတံဖြင့် အုပ်စိုးလိမ့်မည်ဖြစ်သောကြောင့်၊ သားဦးများ၊ သားများ၊ လူများ၊ နှင့် အစေခံသူများအပေါ် သင့်တော်သော အတည်ပြုခြင်းကို ပေးအပ်နေသည်။ အဘယ်သူသည် ငါ့အတွက် နာခံမှုရှိစွာ အစေခံခြင်းအား မလုပ်ဆောင်ဘဲ နေဝံ့သနည်း။ အဘယ်သူသည် ငါ့ကို စောဒကတက်ဝံ့သနည်း။ ငါသည် ဖြောင့်မတ်ခြင်းတရား၏ ဘုရားသခင်မဟုတ်ဟု အဘယ်သူ ဆိုဝံ့သနည်း။ ငါ၏ ရှေ့၌ သင်တို့၏ ဘီလူးသရဲစီးသော သဘာဝကို ထုတ်ဖော်ပြခံရပြီးဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်သည်ကို ငါသိသည်- သင်သည် ငါ ကောင်းမြတ်သောသူ မည်သူကိုမဆိုအပေါ် မနာလိုမှုနှင့် အမုန်းတရား ခံစားရ၏။ ဤသည်မှာ လုံးဝ စာတန်၏ သဘာဝ ဖြစ်သည်။ ငါသည် ငါ၏သားများအပေါ် ကောင်းမြတ်၏။ ငါသည် ဖြောင့်မတ်ခြင်းမရှိဟု သင်သည် ဆိုဝံ့မည်လော။ ငါသည် သင့်အား လုံးဝ နှင်ထုတ်နိုင်သော်လည်း၊ ကံအားလျော်စွာ သင့်အတွက်မူ၊ သင်သည် ငါ့အတွက် အစေခံမှုကို လုပ်ဆောင်နေပြီး ယခုသည် အချိန်မကျသေးပေ။ သို့မဟုတ်ပါက၊ ငါသည် သင့်အား နှင်ထုတ်ပြီး ဖြစ်လိမ့်မည်။

စာတန် အမျိုး။ ကြမ်းကြုတ်ခြင်းကို ရပ်တန့်လော့။ နောက်ထပ် စကားမပြောနှင့်။ နောက်ထပ် မပြုမူနှင့်။ ငါ၏ အမှုသည် ငါရွေးနှုတ်ထားသော သားများနှင့် လူများ၌ ဆောင်ရွက်နှင့်ပြီဖြစ်ပြီး၊ ယင်းသည် တိုင်းနိုင်ငံအားလုံး၊ ဂိုဏ်းဂဏအားလုံး၊ ဘာသာတရားအားလုံးနှင့် တရုတ်နိုင်ငံပြင်ပ လူ့အလွှာမျိုးစုံအနှံ့ ပျံ့နှံ့နှင့်နေပြီ ဖြစ်သည်။ ငါ့အတွက် အစေခံမှုကို ပေးသောသူတို့သည် အဘယ်ကြောင့် အမြဲတစေ ဝိညာဉ်ရေးရာ၌ ပိတ်ဆို့ခြင်းခံရသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို လုံးဝ သဘောမပေါက်ကြသနည်း။ ငါ၏ ဝိညာဉ်သည် ဤလူတို့တွင် အဘယ်ကြောင့် မည်သည့်အခါမျှ အလုပ်မလုပ်သနည်း။ ယေဘူယျအားဖြင့်၊ ငါ ကြိုတင်ခွဲခန့်မထားသကဲ့သို့ မရွေးချယ်ထားသော သူတို့ပေါ်တွင် ငါသည် အလွန်များလှသော အားထုတ်မှုအား တကယ်ကို အသုံးမပြုနိုင်ပေ။ ယခင် ငါ၏ ဒုက္ခဆင်းရဲနှင့် ငါ၏ အပင်ပန်းခံဂရုစိုက်ခြင်းနှင့် အားထုတ်မှုတို့သည် ငါ၏သားဦးများနှင့် သားများ၊ လူများ၏ နည်းပါးသော အစိတ်အပိုင်းအတွက် ဖြစ်လေပြီ။ ထို့အပြင်၊ ငါ၏ အနာဂတ် အမှုသည် အခက်အခဲတစ်ခုမျှ မရှိဘဲ ပြီးမြောက်နိုင်ဖို့အလို့ငှာနှင့် ငါ၏ အလိုသည် ပိတ်ဆီးမခံရဖို့အလို့ငှာ ဤအရာများကို ငါ လုပ်ဆောင်ပြီး ဖြစ်သည်။ ငါသည် ဉာဏ်ပညာရှိသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သောကြောင့်၊ ငါသည် အဆင့်တိုင်းအတွက် သင့်တော်သော အစီအစဉ်များကို ပြုလုပ်ပြီးဖြစ်သည်။ ငါသည် လူတစ်ဦးတစ်လေကို ထိန်းထားရန် မည်သည့် အားထုတ်မှုမျှ မပြုသကဲ့သို့ (ဤအရာကို ရွေးချယ်ခြင်းမခံရသူများ သို့မဟုတ် ကြိုတင်ခွဲခန့်ထားခြင်းမခံရသူများကို ဦးတည်သည်)၊ မည်သည့် လူကိုမျှ သာမန်ကာလျှံကာ ငါ ဒဏ်မခတ်ပေ (ဤအရာသည် ရွေးချယ်ထားခြင်းခံရသူများနှင့် ကြိုတင်ခွဲခန့်မှတ်သားခြင်းခံရသူများကို ဦးတည်သည်)- ဤသည်မှာ မည်သူမျှ မပြောင်းလဲနိုင်သည့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သည်။ ငါ မုန်းတီးသော သူတို့အပေါ် ငါ ရက်စက်၏။ ငါ ချစ်ခင်နှစ်သက်သော သူတို့အပေါ် ငါသည် ဂရုစိုက်ကြည့်ကာ ကွယ်ကာတတ်ပေသည်။ ဤသို့ဖြင့်၊ ငါဆိုသည့်အရာကို ငါပြု၏ (ငါ ရွေးချယ်သောသူများသည် ရွေးချယ်ခံရပြီး ငါ ကြိုတင်ခွဲခန့်မှတ်သားသောသူတို့သည် ကြိုတင်ခွဲခန့်မှတ်သားခံရကြသည်။ ဤသည်တို့မှာ ဖန်းဆင်းခြင်းမတိုင်မီကတည်းက ငါ စီစဉ်ထားပြီးဖြစ်သည့် ငါ၏ အရေးကိစ္စများ ဖြစ်သည်)။

မည်သူသည် ငါ၏ စိတ်နှလုံးကို ပြောင်းလဲစေနိုင်သနည်း။ ငါဆန္ဒရှိသည့်အတိုင်း၊ ငါပြုသော အစီအစဉ်များအတိုင်း ငါ၏ ဆောင်ရွက်ချက်မှအပ၊ အဘယ်သူသည် မဆင်မခြင် ဆောင်ရွက်ကာ ငါ၏ အမိန့်များကို မနာခံဝံ့သနည်း။ ဤသည်တို့မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသာ ဖြစ်သည်။ အဘယ်သူသည် ယင်းတို့ထဲမှတစ်ခုကိုပင် ငါ့ထံမှ ဖယ်ရှားဝံ့သနည်း။ အရာအားလုံးသည် ငါ၏ ကွပ်ကဲမှုတွင် ရှိရမည်။ လူအချို့က လူတစ်ဦးဦးသည် အလွန်များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်ကာ ရိုးသားပြီး ငါ၏ စိတ်နှလုံးကို သက်သက် အရေးထားသည်ဟု ဆိုသည်။ သို့ဆိုလျှင်၊ ငါသည် အဘယ်ကြောင့် ထိုသူကို မရွေးချယ်ခဲ့သနည်း။ ဤအရာသည်လည်း ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခု ဖြစ်၏။ အကယ်၍ တစ်စုံတစ်ဦးသည် ငါ၏ ရည်ရွယ်ချက်များနှင့် လိုက်ဖက်သည်ဟု ငါ ဆိုပါက၊ ထိုလူသည် ငါ၏ ရည်ရွယ်ချက်များနှင့် လိုက်ဖက်ပြီး ငါ ချစ်သောသူဖြစ်၏။ တစ်စုံတစ်ဦးသည် စာတန်၏ သားသမီးတစ်ယောက် ဖြစ်သည်ဟု ငါဆိုလျှင်၊ ထိုလူသည် ငါမုန်းတီးသောသူတစ်ဦး ဖြစ်၏။ မည်သူကိုမျှ မျက်နှာမလိုက်နှင့်။ ထိုလူကို သင် အမှန်တကယ် ရိပ်စားမိနိုင်သလော။ ဤအရာအားလုံးသည် ငါ့အားဖြင့် ဆုံးဖြတထားခြင်း ဖြစ်သည်။ သားသည် အစဉ် သားတစ်ဦး ဖြစ်လိမ့်မည် ဖြစ်ပြီး၊ စာတန်သည်လည်း အစဉ် စာတန်ဖြစ်လိမ့်မည်။ တစ်နည်းအားဖြင့်၊ လူသား၏ သဘာဝသည် မပြောင်းလဲပေ။ ငါသည် ယင်းတို့ကို မပြောင်းလဲစေပါက၊ အားလုံးသည် မိမိတို့၏ ကိုယ်ပိုင် အမျိုးအစားနောက်ကို လိုက်လိမ့်မည်ဖြစ်ပြီး၊ မပြောင်းလဲနိုင်ပေ။

ငါ၏ အမှု တိုးတက်သည်နှင့်အမျှ ငါ၏ နက်နဲမှုများကို သင်တို့ထံ ငါထုတ်ဖော်ပြသည်။ ငါ၏ အမှု တိုးတက်ပြီးဖြစ်သည်မှာ မည်သည့်အဆင့်ထိ ဖြစ်သည်ကို သင်တို့ အမှတ်တကယ် သိကြသလော။ ငါ လုပ်ဆောင်သည့်အရာကို လုပ်ဆောင်ရန်နှင့် ငါ ပြောသည့်အရာကို ပြောရန် ငါ့ဝိညာဉ်၏ ဦးဆောင်မှုနောက် သင်တို့ အမှန်တကယ် လိုက်ကြလိမ့်မည်လော။ တရုတ်ပြည်သည် ငါကျိန်ပြီးဖြစ်သော တိုင်းနိုင်ငံဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောဆိုရသနည်း။ ဦးစွာပထမ၊ ငါသည် ယနေ့ခေတ် တရုတ်လူမျိုးများကို ငါ၏ ပုံသဏ္ဌာန်ဖြင့် ဖန်ဆင်းခဲ့သည်။ ၎င်းတို့သည် ဝိညာဉ်မရှိသကဲ့သို့ အစဦး၌ ၎င်းတို့သည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခဲ့ကြပြီး၊ ကယ်တင်၍မရနိုင်ခဲ့ပေ။ ဤအကြောင်းရင်းကြောင့်၊ ငါသည် ဤလူများကို တိုး၍အမျက်ထွက်ခဲ့ပြီး ၎င်းတို့ကို ကျိန်ဆဲခဲ့သည်။ ငါသည် ဤလူများကို အမုန်းဆုံးဖြစ်ပြီး၊ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ သားသမီးများ ဖြစ်သည့်အတွက်၊ ၎င်းတို့အား ဖော်ပြသောအခါတိုင်းတွင် ငါသည် ဒေါသထွက်ရသည်။ ဤအရာက တစ်ဦးတစ်ယောက်အား ကမ္ဘာလောက၏ နိုင်ငံများက တရုတ်ပြည်အား သိမ်းပိုက်ခဲ့သော ခေတ်ကို မှတ်မိစေသည်။ ယင်းသည် ယနေ့နှင့် တူညီဆဲဖြစ်ပြီး၊ ယင်းသည် ငါ၏ ကျိန်ခြင်းအမင်္ဂလာသာ-အဆင်းနီသော နဂါးကြီးအား ငါ၏ အပြင်းထန်ဆုံးသော တရားစီရင်ခြင်းသာ- ရှိလေပြီဖြစ်သည်။ နောက်ဆုံးတွင်၊ ငါသည် နောက်ထပ်လူတစ်မျိုးကို ဖန်ဆင်းခဲ့သည်၊ ထိုသူအတွင်းတွင် ငါသည် ငါ၏ သားဦးများ၊ ငါ၏သားများ၊ ငါ၏လူများနှင့်၊ ငါ့အတွက် အစေခံမှု ပေးသော သူများကို ကြိုတင်ခွဲခန့်မှတ်သားထားခဲ့သည်။ ထို့ကြောင့်၊ ယနေ့ ငါပြုသမျှအားလုံးကို အချိန်ကြာမြင့်စွာက ငါ့အားဖြင့် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့် တရုတ်ပြည်ရှိ အာဏာရှိသော သူတို့သည် သင်တို့အား ထပ်သလဲလဲ နှိပ်စက်ညှင်းပန်းကာ ဖိနှိပ်ချုပ်ချယ်ရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် အဆင်းနီသော နဂါးကြီးသည် ငါ၏ကျိန်ခြင်းအမင်္ဂလာနှင့်ပတ်သက်၍ မပျော်ရွှင်သကဲ့သို့ ငါ့ကို ခုခံသောကြောင့် ဖြစ်သည်။ သို့သော်၊ ဤအရာက အဆင်းနီသော နဂါးကြီးနှင့် သူ၏သားသမီးများအား အားကောင်းသော တန်ပြန်တိုက်ခိုက်ခြင်းတစ်ခု ပေးနိုင်ဖို့အလို့ငှာ၊ ငါ၏ သားဦးများကို ငါစုံလင်စေသည်မှာ အတိအကျအားဖြင့် ဤနှိပ်စက်ညှင်းပန်းခြင်းနှင့် ခြိမ်းခြောက်မှုမျိုးအောက်၌ ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းတို့အား ငါရွေးထတ်မည်။ ယခုတွင်၊ ငါ၏နှုတ်ကပတ်တော်များအား နားထောင်ပြီးနောက်၊ သင်တို့အား ငါနှင့်အတူ အုပ်စိုးခွင့်ပေးခြင်း၏ အရေးပါမှုကို သင်တို့ အမှန်တကယ် နားလည်ကြသလော။ အဆင်းနီသော နဂါးကြီးသည် ၎င်း၏ သေခြင်းသို့ လုံးဝ ပစ်ချခြင်းခံရလေပြီဟု ငါဆိုသည့်အချိန်သည် ငါ၏ သားဦးများ ငါနှင့်အတူ အုပ်စိုးသောအချိန်ဖြစ်သည်။ သားဦးတို့အား အဆင်းနီးသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်ခြင်းသည် ငါ့ကို အလွန် အသုံးတော်ခံပြီး၊ ငါ၏ သားဦးများ အရွယ်ရောက်ကာ ငါ့အိမ်၏ အရေးကိစ္စများကို စီမံနိုင်သည်နှင့်တစ်ပြိုင်နက်၊ ထိုဆိုးယုတ်သော အစေခံများ (အစေခံသူများ)သည် ဘေးဖယ်ထားခြင်း ခံရလိမ့်မည်။ ငါ၏ သားဦးများသည် ငါနှင့်အတူ အုပ်စိုးနေပြီးဖြစ်လိမ့်မည်ဖြစ်ကာ ငါ၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်ဖြစ်သောကြောင့်၊ ငါသည် အစေခံသူများကို ကန့်နှင့်လောင်သော မီးအိုင်ထဲသို့ တစ်ဦးပြီးတစ်ဦး တွန်းပို့လိမ့်မည်- ဖြစ်သည့်နည်းနှင့် ၎င်းတို့သွားကြရမည်။ စာတန်၏ အမျိုးသည်လည်း ငါ၏ကောင်းချီးမင်္ဂလာများကို မွေ့လျော်လိုပြီး စာတန်၏ အုပ်စိုးမှုအောက်သို့ ပြန်သွားရန် ဆန္ဒမရှိကြသည်ကိုလည်း ငါ အပြည့်အဝ သိ၏။ သို့သော်၊ ငါသည် အယောက်တိုင်း လိုက်နာရမည်ဖြစ်ပြီး ဆောင်ရွက်ရမည့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ရှိကာ- မည်သူမျှ ကင်းလွတ်လိမ့်မည်မဟုတ်။ နောက်ပိုင်းတွင်၊ သင်တို့သည် ထိုအမိန့်များကို မချိူးဖောက်ရလေအောင် ထိန်းသိမ်းရန် ငါသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို သင်တို့အား တစ်ခုပြီးတစ်ခု ပြောပြမည်။

အရှေ့သို့- အခန်း ၈၆

နောက်တစ်ခုသို့- အခန်း ၈၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။