အခန်း ၈၆

ငါသည် သနားကရုဏာနှင့်ပြည့်စုံသော ဘုရားသခင် ဖြစ်သည်ဟု လူတို့ ပြောကြ၏။ ငါဖန်ဆင်းပြီးသမျှ အားလုံးထံ ကယ်တင်ခြင်းကို ငါ ဆောင်ကြဉ်းလိမ့်မည်ဟု ၎င်းတို့ ပြောကြသည်။ ဤအရာများမှာ လူသား၏ အယူအဆများအပေါ် အခြေခံ၍ ပြောဆိုထားခြင်းသာ ဖြစ်သည်။ ငါ့သည် သနားကရုဏာနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်သည်ဆိုသည်ကို ငါ၏ သားဦးများထံ ပြောဆိုထားခြင်းဖြစ်ပြီး၊ အားလုံးထံ ကယ်တင်ခြင်း ငါ ဆောင်ကြဉ်းမည်ဆိုသည်ကို ငါ၏ သားများနှင့် ငါ၏လူများထံ ပြောဆိုထားခြင်း ဖြစ်သည်။ ငါသည် ဉာဏ်ပညာရှိသော ဘုရားသခင် ဖြစ်သောကြောင့်၊ မည်သည့်လူတို့ကို ငါချစ်ပြီး၊ မည်သည့်လူတို့ကို ငါမုန်းတီးသည်ကို ငါ၏ စိတ်တွင် ရှင်းလင်းသည်။ ငါချစ်သော သူတို့အတွက်၊ ငါသည် ၎င်းတို့အား တကယ့် အဆုံးထိတိုင် အမြဲချစ်လိမ့်မည်ဖြစ်ပြီး၊ ထိုချစ်ခြင်းမေတ္တာသည် ဘယ်သောအခါမျှ ပြောင်းလဲမည်မဟုတ်။ ငါမုန်းတီးသော သူတို့အတွက်၊ ၎င်းတို့ မည်မျှ လိမ္မာကြစေကာမူ၊ ငါသည် အနည်းငယ်မှ တို့ထိမခံရပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ၎င်းတို့သည် ငါမှ မပေါက်ဖွားခဲ့ကြသကဲ့သို့၊ ငါ၏ အရည်အချင်းများ သို့မဟုတ် ငါ၏ အသက်ကို မပိုင်ဆိုင်ကြသောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ငါသည် အမှားကင်းသည့်အတွက်- ၎င်းတို့သည် ငါ၏ ကြိုတင်ခွဲခန့်ထားခြင်းနှင့် ရွေးချယ်ခြင်း မခံခဲ့ကြရပေသည်။ ဆိုလိုသည်မှာ၊ ငါ၏ လုပ်ဆောင်ချက်အားလုံးကို သန့်ရှင်းပြီး ဂုဏ်အသရေရှိသည်ဟု ခေါ်ဆိုပြီး ငါသည် မည်သည့်အခါတွင်မျှ နောင်တများ မရှိဖူးပေ။ လူတို့၏ အမြင်များတွင်၊ ငါသည် အလွန့်အလွန် အသနားအကြင်နာမဲ့သည်- သို့သော် ငါသည် ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ဖြစ်သော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ကို သင်တို့ မသိသလော။ ငါ၏ အရာရာသည် မှန်ကန်၏။ ငါမုန်းတီးသော သူတို့သည် သေချာပေါက် ငါ၏ ကျိန်ခြင်းအမင်္ဂလာများကို ရရှိကြမည်ဖြစ်ပြီး၊ ငါချစ်သော သူတို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို သေချာပေါက် ရရှိကြပေမည်။ ဤသည်မှာ ငါ၏ သန့်ရှင်းခြင်းနှင့် ချိုးဖောက်မရနိုင်သော စိတ်သဘောထား ဖြစ်ကာ၊ ယင်းကို မည်သူမျှ ပြောင်းလဲရမည် မဟုတ်။ ဤသည်မှာ အကြွင်းမဲ့ ဖြစ်သည်။

ယနေ့တွင်၊ ငါ၏ ရည်ရွယ်ချက်များနှင့် အမှန်တကယ် ကိုက်ညီသော သူတို့သည် ငါ့အားဖြင့် ဧကန်မုချ စုံလင်စေခြင်း ခံရလိမ့်မည်၊ အကြောင်းမှာ ငါ၏အမှုသည် ပွင့်လင်းပြီး စေ့စပ်သေချာကာ ငါသည် မအားသောကြောင့် ဖြစ်သည်။ ငါကျိန်သောသူတို့သည် လောင်မြိုက်ခံရမည်။ သို့ဆိုလျှင် လူအများစုသည် ငါ၏ ကျိန်ခြင်းကို ခံကြရသော်လည်း အဘယ်ကြောင့် ၎င်းတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ အလုပ်ကို လုပ်ဆောင်နေဆဲ ဖြစ်သနည်း (ဤအရာကို ညစ်ပစ်ပေရေသော ဗိမာန်တော်တွင် ငါမနေထိုင်ခြင်းနှင့် စပ်လျဉ်း၍ ဆိုထားခြင်းဖြစ်သည်)။ ကိစ္စရပ်အားလုံးနှင့် အရာခပ်သိမ်းသည် ခရစ်တော်အတွက် အစေခံမှုပေးကြသည်ဟု ဆိုခြင်းနောက်ကွယ်ရှိ စစ်မှန်သော အဓိပ္ပါယ်ကို သင်တို့ နားလည်သလော။ ငါသည် ၎င်းတို့၏ အစေခံခြင်းကို အသုံးပြုသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ အမှုကို ၎င်းတို့မှတစ်ဆင့် လုပ်ဆောင်သည်၊ သို့သော် သာမာန်အားဖြင့် ၎င်းတို့သည် ငါ၏ အစေခံမှုတွင် မရှိသောအချိန်တွင်၊ ၎င်းတို့သည် အခြေခံအားဖြင့် ဝိညာဉ်ရေးရာတွင် အသိဉာဏ်ပွင့်လင်းစေခြင်း မခံကြရပေ။ အကယ်၍ ၎င်းတို့ရှာဖွေကြလျှင်ပင်၊ ယင်းကို စိတ်အားထက်သန်မှ ၎င်းတို့ လုပ်ဆောင်ကြပြီး၊ ဤသည်မှာ စာတန်၏ ဥပါယ်တံမျဉ်တစ်ခု ဖြစ်သည်- အကြောင်းမှာ၊ သာမာန်အချိန်များတွင်၊ ၎င်းတို့သည် ငါ၏ အမှုကို လုံးဝ အာရုံမစိုက်ကြသကဲ့သို့၊ ငါ၏ ဝန်ထုပ်ဝန်ပိုးများနှင့် စပ်လျဉ်း၍ လုံးဝ အရေးမထားကြသောကြောင့် ဖြစ်သည်။ ယခုတွင် ငါ၏ သားဦးတို့သည် အရွယ်ရောက်ပြီးဖြစ်သောကြောင့်၊ ငါသည် ၎င်းတို့အား အဝေးသို့ နှင်ထုတ်နေသည်။ ဤအကြောင်းရင်းကြောင့်၊ ငါ၏ဝိညာဉ်သည် နေရာတိုင်းမှ စွန့်ခွာပြီးဖြစ်ကာ ငါ၏ သားဦးတို့အပေါ် အထူး အလေးပေးမှု ထားရှိပြီး ဖြစ်သည်။ သင်တို့ နားလည်သလော။ အရာခပ်သိမ်းသည် ငါ၏ လုပ်ဆောင်မှုများ၊ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ငါ၏ နှုတ်မှ ထုတ်ပြန်သော စကားများအားလုံးအပေါ်တွင် တည်၏။ ငါ၏ ကောင်းကြီးမင်္ဂလာများကို ရရှိပြီးဖြစ်သည့် နေရာအားလုံးသည် ငါအမှုပြုသော နေရာများနှင့် ငါ၏ အမှု ဆောင်ရွက်သော နေရာများ သေချာပေါက် ဖြစ်ကြ၏။ တရုတ်ပြည်သည် စာတန်ကို အကိုးကွယ်ဆုံးသော တိုင်းနိုင်ငံ ဖြစ်သည်၊ ထိုကြောင့် ယင်းသည် ငါ၏ကျိန်ခြင်းကို ခံရပြီး ဖြစ်သည်။ ထို့အပြင်၊ ယင်းသည် ငါ့ကို ညှဉ်းပန်းနှိပ်စက်ဖို့ အလုပ်ဆောင်ဆုံးသော တိုင်းနိုင်ငံ ဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏ စွမ်းအားအောက်၌ရှိသော လူများအပေါ် ငါ၏ အမှုကို ငါ လုံးဝ လုပ်ဆောင်လိမ့်မည်မဟုတ်။ ငါ့စကားများ၏ စစ်မှန်သော အဓိပ္ပါယ်ကို သင်တို့ နားလည်ကြသလော။ နောက်ဆုံးတွင်တော့၊ ငါ့သားများနှင့် ငါ့လူတို့သည် နည်းပါး၏။ အရာရာသည် ငါ၏ လက်ထဲ၌ လုံးဝ ရှိသည်။ အားအင်ကို အာရုံစိုက်သင့်ပြီး၊ ငါရွေးချယ်ကာ ကြိုတင်ခွဲခန့်ထားပြီးဖြစ်သည့် သူများအပေါ် သာ၍ အားထုတ်မှုများ သုံးသင့်သည်။ တစ်နည်းအားဖြင့်၊ ငါ၏ ဝန်ထုပ်များကို ဖြစ်နိုင်သမျှ မြန်မြန် မျှဝေခံစားနိုင်ပြီး ငါ၏ အမှုအဖို့ ၎င်းတို့၏ အားထုတ်မှုအားလုံးကို ဆက်ကပ်နိုင်ကြဖို့အလို့ငှာ ငါ၏သားဦးများဖြစ်သော သူများသည် အလျင်အမြန်ပြုကာ လက်တွေ့လုပ်ဆောင်သင့်ကြပေသည်။

သင်တို့ထဲမှ ငါ့အတွက် အစေခံမှု လုပ်ဆောင်သော သူတို့၊ နားထောင်လော့။ ငါ့အတွက် အစေခံမှု လုပ်ဆောင်နေချိန်တွင် ငါ၏ ကျေးဇူးတော်အချို့ကို သင်တို့ ရရှိနိုင်သည်။ ဆိုလိုသည်မှာ၊ သင်တို့သည် ငါ၏နောက်ပိုင်း အမှုနှင့် အနာဂါတ်တွင် ဖြစ်ပျက်မည့်အရာများကို ယာယီ သိကြလိမ့်မည်- သို့သော် ယင်းတို့ကို သင်တို့ လုံးဝ မွေ့လျော်ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ငါ၏ ကျေးဇူးတော် ဖြစ်သည်။ သင်၏ အစေခံခြင်း ပြည့်စုံသောအခါ၊ ချက်ချင်း စွန့်ခွာလော့၊ အချိန်မဆွဲနှင့်။ သင်တို့ထဲမှ ငါ၏ သားဦးဖြစ်သောသူတို့သည် မာနမထောင်လွှားသင့်ပေ၊ သို့သော်လည်း ငါသည် သင့်တို့အပေါ် အဆုံးမဲ့ ကောင်းကြီးမင်္ဂလာများကို နှင်းအပ်ထားပြီးဖြစ်သောကြောင့်၊ သင်တို့သည် ဂုဏ်ယူခွင့်ရှိကြသည်။ သင်တို့ထဲမှ ပျက်စီးခြင်းအတွက် ပစ်မှတ်များဖြစ်သော သူတို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် ဒုက္ခကို မယူဆောင်သင့်ပေ သို့မဟုတ် သင်တို့၏ ကံကြမ္မာနှင့်ပတ်သက်၍ ဝမ်းမနည်းသင့်ပေ။ သင်သည် စာတန်၏ သားစဉ်မြေးဆက်တစ်ဦး မဟုတ်သလော။ ငါ့အတွက် အစေခံခြင်းကို သင် လုပ်ဆောင်ပြီးသည့်နောက်တွင်၊ သင်သည် ငါ့အဖို့ အသုံးဝင်တော့မည် မဟုတ်သောကြောင့် သင်သည် အနက်ဆုံးသောတွင်းထဲသို့ ပြန်သွားနိုင်သည်။ ထိုအခါ ငါသည် သင်တို့အား ငါ၏ ပြစ်တင်ဆုံးမခြင်းဖြင့် စတင် ကိုင်တွယ်ဖြေရှင်းမည်။ ငါသည် စတင် အမှုပြုသည်နှင့်တစ်ပြိုင်နက်၊ အဆုံးထိ ဖြတ်သန်းလိုက်လျှောက်မည်ဖြစ်သည်။ ငါ၏ လုပ်ဆောင်ချက်များ ပြီးမြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ အောင်မြင်မှုများသည် ထာဝရ တည်တံ့လိမ့်မည်။ ဤအရာအားလုံးသည် ငါ၏သားဦးများ၊ ငါ၏ သားများ၊ ငါ၏ လူများနှင့် သက်ဆိုင်ကာ၊ သင်တို့အတွက်လည်း ထိုသို့ပင် ဖြစ်သည်။ သင့်တို့နှင့်သက်ဆိုင်သည့် ငါ၏ ပြစ်တင်ဆုံးမခြင်းသည် ထာဝရဖြစ်လိမ့်မည်။ ငါ့ကို ခုခံသော ဆိုးယုတ်သူတို့သည် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ဧကန်မုချ ခံရလိမ့်မည်ဟု သင်တို့အား ယခင်က အကြိမ်ပေါင်းများစွာ ငါ ပြောပြပြီး ဖြစ်သည်။ သင်သည် ငါ့ကို ခုခံပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်ဖော်ပြဆုံးမခြင်းကို မခံရပါက၊ သင်သည် ကျိန်ခြင်းခံရနှင့်ပြီးဖြစ်ကာ၊ နောင်တွင် သင်သည် ငါ၏ လက်ဖြင့် ဒဏ်ခတ်ခြင်း ခံရလိမ့်မည်။ အကယ်၍ သင်သည် ငါနှင့် ပတ်သက်သည့် မကောင်းသော အတွေးများ ရှိနေစဉ်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ပဲ့ပြင်ဆုံးမခြင်းကို ခံရပါက၊ သင်သည် ငါ၏ ကောင်းကြီးမင်္ဂလာများကို ရရှိပြီး ဖြစ်သည်။ သို့သော်၊ သင်သည် အမြဲ သတိထားရမည်၊ ဘယ်သောအခါမျှ အလေးမထားခြင်းမဖြစ်ရသကဲ့သို့ ဘယ်သောခါမျှ သတိမမူခြင်း မဖြစ်ရ။

အရှေ့သို့- အခန်း ၈၅

နောက်တစ်ခုသို့- အခန်း ၈၇

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။