အခန်း ၈၅

ငါ၏ အလို စွမ်းဆောင်ရရှိဖို့ အမျိုးမျိုးသော လူများကို ငါအသုံးပြု၏- ငါ၏ ကျိန်ခြင်းအမင်္ဂလာများသည် ငါပြစ်တင်ဆုံးမသော သူများအပေါ် တစ်ကယ်ဖြစ်ပေါ်လာသကဲ့သို့၊ ငါ၏ ကောင်းချီးမင်္ဂလာများသည် ငါချစ်သော သူတို့အပေါ်တွင် တစ်ကယ်ဖြစ်ပေါ်လာ၏။ ယခုတွင် သင်တို့ထဲမှ မည်သူက ငါ၏ ကောင်းချီးမင်္ဂလာများကို ရရှိမည်ဖြစ်ပြီး မည်သူက ငါ၏ ကျိန်ခြင်းအမင်္ဂလာများကို ခံစားရမည်ဆိုသည့် မေးခွန်းမှာ ငါ၏ စကားတစ်ခွန်းတည်းပေါ်တွင် တည်ထား၏။ ယင်းကို ငါ၏ မိန့်မြွက်ချက်များဖြင့် ဆုံးဖြတ်ထားခြင်းသာ ဖြစ်သည်။ ယခု ငါကောင်းမြတ်သောသူ မည်သူမဆိုသည် ငါ၏ကောင်းချီးမင်္ဂလာများ အမြဲ ချပေးခံရဖို့ သေချာသည် (ဆိုလိုသည်မှာ ငါ့အား တဖြည်းဖြည်း သိရှိလာခြင်းနှင့် ငါနှင့်ပတ်သတ်၍ သာ၍ သာ၍ တိုးကာ သေချာလာခြင်း၊ အလင်းသစ်နှင့် ထုတ်ဖော်ပြခြင်းများကို ရရှိခြင်းနှင့် ငါ၏ အမှု အရှိန်အဟုန်ကို အမှီလိုက်နိုင်ခြင်းတို့ ဖြစ်သည်)။ ငါ အလွန်မုန်းတီးသောသူ မည်သူမဆိုသည် (ဤအရာသည် လူတို့က အပြင်မှ မတွေ့မြင်နိုင်သည့် ငါ၏ အတွင်း၌ရှိသော တစ်စုံတစ်ရာ ဖြစ်သည်) ငါ၏ ကျိန်ခြင်းအမင်္ဂလာများကို ဧကန်မုချ ခံစားရမည့် လူများဖြစ်ပြီး၊ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ သားသမီးများထဲတွင် သေချာပေါက် ရှိကြ၏။ ထိုသို့ဖြင့်၊ ၎င်းတို့သည် အဆင်းနီသော နဂါးကြီးနှင့်သက်ဆိုင်သည့် ငါ၏ ကျိန်ခြင်းကို မျှဝေခံစားရလိမ့်မည်။ အရည်အချင်း ချို့တဲ့နေသည်ဟု ငါမြင်သောသူများနှင့် ငါ၏ စုံလင်စေခြင်းမခံရနိုင်သောသူ သို့မဟုတ် ငါ၏ အသုံးပြုခြင်းမခံရနိုင်သောသူတို့နှင့်ဆိုင်သည့် မြင်ကွင်းကို ငါ သည်းမခံနိုင်သောသူများ၊ ၎င်းတို့သည် ကယ်တင်ခံရရန် အခွင့်အရေးရှိလိမ့်ဦးမည်ဖြစ်ပြီး ငါ၏ သားများထဲက တစ်ဦး ဖြစ်ကြလိမ့်မည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ငါ၏ အရည်အချင်း တစ်ခုတစ်လေကိုမျှ မပိုင်ဆိုင်ပါက၊ဝိညာဉ်ရေးရာ ကိစ္စများကို သဘောမပေါက်နိုင်သကဲ့သို့ ငါ့ကို မသိသော်လည်း အလွန်တက်ကြွသော စိတ်နေစိတ်ထားရှိပါက၊ ထိုလူသည် ငါ၏ လူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ငါ၏ ကျိန်ခြင်းကို မျှဝေခံစားသော သူတို့သည် မကယ်တင်၍မရနိုင်ဟု ငါယူဆပြီး၊ ၎င်းတို့သည် နတ်ဆိုးများ ဝင်ပူးခြင်း ခံရသူများ ဖြစ်သည်။ ငါသည် ၎င်းတို့အား မောင်းထုတ်ရန် စိတ်ထက်သန်လျက်ရှိ၏၊ ၎င်းတို့သည် အဆင်းနီသော နဂါးကြီးက မွေးထားခဲ့ခြင်းဖြစ်ပြီး ငါ အမုန်းဆုံးသော သူများ ဖြစ်သည်။ ဤအချိန်မှစ၍၊ ၎င်းတို့အား ငါ့ကို အစေခံမှုပေးရန် ငါ မလိုအပ်ပေ။ ၎င်းတို့ကို ငါ တကယ်ကို အလိုမရှိတော့ပေ။ ၎င်းတို့ တစ်ဦးတစ်လေကိုမျှ ငါအလိုမရှိ။ ငါ၏ ရှေ့၌ ၎င်းတို့၏ ငိုကြွေးခြင်းနှင့် သွားကြိတ်ခြင်းတို့သည်ပင် အကျိုးသက်ရောက်မှုမရှိ။ ငါသည် ၎င်းတို့ထဲမှ မည်သူကိုမျှ မကြည့်။ ၎င်းတို့ကို အဝေးသို့သာ ငါနှင်ထုတ်သည်။ သင်သည် မည်သည့် အရာမျိုးများ ဖြစ်သနည်း။ သင်သည် ငါ၏ ရှေ့၌ရှိဖို့ ထိုက်တန်ပါသလော။ သင်သည် အဖိုးတန်သလော။ သင်တို့သည် လူကောင်းများအဖြစ် ဟန်ဆောင်နေကြဆဲ ဖြစ်ပြီး၊ နှိမ့်ချသယောင် ဟန်ဆောင်နေဆဲဖြစ်၏။ ထိုမရေမတွက်နိုင်သည့် ဆိုးယုတ်သော လုပ်ဆောင်ချက်များကို သင် လုပ်ဆောင်ပြီးနောက်တွင်၊ ငါသည် သင့်ကို ငါချမ်းသာပေးနိုင်မည်လော။ ထို့နောက် သင်သည် ငါ၏ရှေ့တွင် ပေါ်ထွက်၍မျှ မကြာမီ ငါ့ကို တစ်ဖန် စတင်အာခံ၏။ သင်သည် မည်သည့် ကောင်းမွန်သော ရည်ရွယ်ချက်မျှ မရှိဖူးပေ။ သင်သည် ငါ့ကို လှည့်စားရုံသာ လှည့်စားချင်သည်။ သင်သည် အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်တစ်ဦး ဖြစ်ချိန်တွင် အမှန်တကယ် ကောင်းမြတ်လာနိုင်သလော။ မဖြစ်နိုင်။ သင်သည် ငါ၏ ကျိန်ခြင်းကို ခံရပြီးဖြစ်ကာ ငါသည် သင့်ကို လုံးလုံးလျားလျား တရားစီရင်ပြီး ဖြစ်သည်။ ငါ့အတွက် စိတ်ပါလက်ပါ၊ ရိုးသားစွာနှင့် ကိုယ်ကျင့်တရားရှိသော နည်းလမ်းဖြင့် အစေခံခြင်းကို ပေးလော့၊ ထို့နောက် သင်၏ အနက်ဆုံးသောတွင်းထဲသို့ ပြန်သွားလော့။ ငါ၏ နိုင်ငံတော်တွင် သင် မျှဝေခံစားလိုသလော။ သင်သည် အိမ်မက်မက်နေခြင်းဖြစ်သည်။ အရှက်မရှိလိုက်လေခြင်း။ သင်၏ ညစ်ပတ်ပေရေကာ မသန့်ရှင်းသော သင်၏ခန္ဓာကိုယ်ဖြင့် သင်သည် အတိုင်းအတာတစ်ခုထိ ဖောက်ပြန်ပျက်စီးပြီးဖြစ်သော်လည်း၊ ငါ၏ရှေ့၌ ရပ်ရန် သင် သတ္တိရှိသေး၏။ လမ်းဖယ်လော့။ အကယ်၍ သင်သည် ထပ်၍ နှောင့်နှေးနေပါက၊ သင့်ကို ငါ ပြင်းထန်စွာ အပြစ်ပေးမည်။ ငါ၏ရှေ့၌ မရိုးဖြောင့်မှုနှင့် လှည့်ဖြားခြင်း၌ ပါဝင်ပတ်သက်သောသူအားလုံး ဖော်ထုတ်ခံရမည်။ သင်သည် မည်သည့်နေရာတွင် ပုန်းကွယ်နိုင်မည်နည်း။ သင်သည် မိမိကိုယ်ကိုယ် မည်သည့်နေရာတွင် ဖုံးကွယ်ထားနိုင်သနည်း။ သင်သည် မည်မျှ တိမ်းရှောင်သည်ဖြစ်စေ သို့မဟုတ် အကာအကွယ်ယူသည်ဖြစ်စေ၊ ငါ၏ ထိန်းချုပ်မှုမှ သင် အမှန်တကယ် လွှတ်မြောက်နိုင်သလော။ သင်သည် ငါ့အတွက် အစေခံခြင်းကို ကောင်းမွန်စွာ မပေးပါက၊ သင်သည် သာ၍ပင် တိုတောင်းသော အသက် ရှိလိမ့်မည်။ သင်သည် ချက်ချင်း အဆုံးသတ်သွားလိမ့်မည်။

ငါ၏ သားဦးများက မည်သည့် လူစားမျိုးများဖြစ်သည်ကို အလုံးစုံရှင်းလင်းပြတ်သားမှုဖြင့် သင်တို့ကို ငါ ပြောပြီး၊ သင်တို့အား တိကျသော သက်သေကို ငါပေးသည်။ သို့မဟုတ်ပါက၊ သင်တို့သည် သင်တို့၏ သင့်တော်သော နေရာများကို ယူနိုင်လိမ့်မည်မဟုတ်သကဲ့သို့၊ ထိုအစား သင်တို့၏ နေရာများက မည်သည့်အရာဖြစ်သင့်သည်ဆိုသည်ကို သင်တို့သည် မိမိတို့ကိုယ်ကိုယ်အတွက် အရမ်းကာရော ပြုမူသော ဆုံးဖြတ်ချက်များ ပြုလုပ်ပေမည်။ အချို့သည် အလွန် နှိမ့်ချကြမည် ဖြစ်ပြီး အချို့သည် အလွန် ထိန်းမနိုင်သိမ်းမရ ဖြစ်ကြမည်။ ငါ၏ အရည်အချင်းကို မပိုင်ဆိုင်သောသူများ သို့မဟုတ် မိမိ၏ အရည်အချင်း အလွန် ချို့တဲ့သော သူများအားလုံးသည် ငါ၏ သားဦးများ ဖြစ်ရန် ဆန္ဒရှိကြပေမည်။ ငါ၏ သားဦးများ ဖြစ်သောသူများက မည်သည့် အမူအရာများ ပြုလုပ်ကြသနည်း။ ဦးစွာပထမ၊ ၎င်းတို့သည် ငါ၏အလိုကို သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ကြပြီး ငါ၏ အလိုကို အရေးထားမှု ပြကြသည်။ ထို့အပြင်၊ ၎င်းတို့အားလုံးသည် မိမိတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခြင်း ရှိကြသည်။ ဒုတိယအနေဖြင့်၊ ၎င်းတို့သည် ၎င်းတို့၏ ဝိညာဉ်အတွင်းတွင် မဆုတ်မနစ် ကြိုးစားကြသည်၊ အသောက်အစား အပျော်အပါးကြူးမှုမှ ချုပ်တည်းကြပြီး၊ အချိန်တိုင်းတွင် ငါ၏ဘောင်အတွင်း ရှိနေရန် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် အလွန့်အလွန် ပုံမှန်ဖြစ်ကြ၏။ ထို့အပြင်၊ ဤနည်းဖြင့် ပြုမူရာတွင်၊ ၎င်းတို့သည် အတုခိုးနေကြခြင်း မဟုတ်ပေ။ (သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အား ခံစားခြင်းအပေါ် ၎င်းတို့ အာရုံစိုက်ကြသကဲ့သို့၊ ၎င်းတို့အတွက် ငါ၏ချစ်ခြင်းကို အရေးထားကြသောကြောင့်၊ ၎င်းတို့သည် အချိန်တိုင်း သတိရှိကြကာ ငါ့ကို သစ္စာဖောက်ခြင်း သို့မဟုတ် ဖီဆန်ခြင်း စိတ်နေစိတ်ထားတစ်ခု ဝင်လာမည်ကို အလွန်စိုးရွံ့ကြသည်)။ တတိယအနေဖြင့်၊ ၎င်းတို့သည် ငါအတွက် စိတ်ပါလက်ပါ ပြုမူကြသည်၊ မိမိတို့ကိုယ်ကိုယ် အလုံးစုံ ဆက်ကပ်နိုင်စွမ်း ရှိကြပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်အနာဂါတ် မျှော်လင့်ချက်များ၊ ၎င်းတို့၏ ဘဝများ၊ ၎င်းတို့စားသော အရာ၊ ဝတ်သောအရာနှင့် အသုံးပြုသောအရာ သို့မဟုတ် ၎င်းတို့ အသက်ရှင်သော နေရာနှင့်သက်ဆိုင်၍ စိတ်ကူးတစ်ခုတစ်လေကို ဖျက်သိမ်းနှင့်ကြပြီး ဖြစ်သည်။ စတုတ္ထအနေဖြင့်၊ ၎င်းတို့သည် ဖြောင့်မတ်ခြင်းတရားအတွက် စဉ်ဆက်မပြတ် ဆာလောင်ကာ ငတ်မွတ်ကြပြီး၊ ၎င်းတို့ အလွန်ချို့တဲ့လွန်းကာ ဝိညာဉ်ရင့်ကျက်မှုက အလွန် မရင့်ကျက်လွန်းသည်ကို ယုံကြည်ကြသည်။ ပဉ္စမအနေဖြင့်၊ ယခင်က ငါ ဖော်ပြပြီးဖြစ်သည့်အတိုင်း၊ ၎င်းတို့သည် လောကတွင် နာမည်ကောင်းတစ်ခု ရှိကြသော်လည်း လောကီလူတို့၏ ဖယ်ထားခြင်းကို ခံကြရပြီး ဖြစ်သည်။ ဆန့်ကျင်ဘက်လိင်နှင့် ၎င်းတို့၏ ဆက်ဆံရေးများတွင်၊ ၎င်းတို့သည် ကိုယ်ကျင့်သိက္ခာ ပိုင်ဆိုင်ကြ၏။ ဤအရာအားလုံးသည် မှတ်ကျောက်တင်ခြင်းဖြစ်သော်လည်း၊ ငါ၏ အမှုသည် ထိုအဆင့်သို့ မရောက်ရှိသေးသည့်အတွက်၊ ယခု ယင်းတို့ကို သင်တို့ထံ ငါ လုံးဝ မထုတ်ဖော်ပြနိုင်ပေ။ သားဦးများ၊ အမှတ်ရကြလော့။ သင်တို့ အတွင်း၌ ခံစားရသော အသက်၊ ငါ့အတွက် သင်၏ ကြည်ညိုခြင်း၊ ငါ့ကို သင်၏ ချစ်ခြင်း၊ ငါနှင့်သက်ဆိုင်သည့် သင်၏ အသိပညာ၊ ငါ့အတွက် သင်၏ ရှာဖွေခြင်း၊ သင်တို့၏ ယုံကြည်ခြင်း- ဤအရာအားလုံးသည် သင်တို့အတွက် ငါ၏ချစ်ခြင်းကို သရုပ်ထင်စေကြသည်။ သင်တို့သည် အတုမရှိသော ဘုန်းအသရေတွင် ငါနှင့်အတူ စားရင်း၊ အသက်ရှင်ရင်းနှင့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရင်း အမှန်တကယ် ငါ၏ ချစ်ခင်မြတ်နိုးရသော သူများ ဖြစ်လာပြီး ငါကဲ့သို့ အတူတူဖြစ်လာကြဖို့အလို့ငှာ ယင်းတို့သည် သင်တို့အား ငါပေးသော မှတ်ကျောက်တင်ခြင်းသာ ဖြစ်သည်။

ငါ့အား နှိပ်စက်ညှင်းပန်းပြီးဖြစ်သည့် မည်သူကိုမျှ၊ ငါနှင့်သက်ဆိုင်သည့် အသိပညာမရှိသူ၊ (ငါ၏ နာမကို သက်သေခံခြင်းမတိုင်မီ အပါအဝင်) ငါ့အား လူသားတစ်ယောက်အဖြစ် ယုံကြည်သောသူ မည်သူကိုမျှ၊ သို့မဟုတ် ငါ့ကို ပြစ်မှားစော်ကားပြီးဖြစ်ကာ အတိတ်တွင် ငါ့ကို အသရေဖျက်ပြီးသူ မည်သူကိုမျှ ငါသည် သက်ညှာမှု မပြနိုင်။ ၎င်းတို့သည် ယခု ငါ့အတွက် အထူးကဲဆုံးသော သက်သေကို ခံခဲ့ကြမည်ဆိုလျှင်ပင်၊ ယင်းသည် အလုပ်ဖြစ်ဦးမည်မဟုတ်။ အတိတ်က ငါ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းသည် ငါ့အတွက် အစေခံခြင်း ပေးသည့် နည်းလမ်းတစ်ခုဖြစ်ပြီး၊ ထိုလူတို့သည် ယနေ့ ငါ့အတွက် အသက်သေခံကြလျှင်ပင်၊ ၎င်းတို့သည် ငါ၏ တန်ဆာပလာများ ဖြစ်ကြဆဲ ဖြစ်ပေမည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်နှင့်အမျှ၊ ယနေ့ ငါ၏ စုံလင်စေခြင်းကို စစ်မှန်စွာ ခံရသူတို့သာ ငါ့အဖို့ အသုံးဝင်မှု တစ်ခုတစ်လေရှိပြီး၊ ငါသည် ဇာတိပကတိမှ ထွက်လာပြီးဖြစ်ကာ မိမိကိုယ်ကိုယ် ကမ္ဘာမြေနှင့်ဆိုင်သည့် ဆက်နွယ်မှုများအားလုံးမှ ခွဲထွက်ပြီးဖြစ်သည်။ ငါသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး၊ အတိတ်တွင် ငါ၏ ဝန်းကျင်တွင် ရှိလေ့ရှိခဲ့သည့် လူများအားလုံး၊ ကိစ္စရပ်များအားလုံးနှင့် အမှုအရာများအားလုံးသည် ငါ၏ လက်များ၌ ရှိ၏။ ငါသည် စိတ်ခံစားချက်မရှိသကဲ့သို့၊ အရာခပ်သိမ်းနှင့်ပတ်သက်၍ ဖြောင့်မတ်ခြင်းကို ငါ လက်တွေ့လုပ်ဆောင်သည်။ ငါသည် တည်ကြည်ပြီး၊ အညစ်အကြေး အနည်းငယ်မျှဖြင့် မစွန်းထင်းပေ။ ငါ၏နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို သင်နားလည်သလော။ ဤအရာကို သင်တို့ စွမ်းဆောင်ရရှိနိုင်သလော။ ငါသည် သာမာန်လူ့သဘာဝကိုလည်း ပိုင်ဆိုင်ပြီး၊ မိသားစုတစ်ခုနှင့် စိတ်ခံစားချက်များရှိသည်ဟု လူတို့ ထင်ကြသည် - သို့သော် သင်တို့ လုံးဝ မှားယွင်းသည်ကို သင်တို့ သိကြသလော။ ငါသည် ဘုရားသခင်ဖြစ်သည်။ ဤအရာကို သင်တို့ မေ့လျော့ကြပြီလော။ သင်တို့ မရှင်းမလင်း ဖြစ်ကြသလော။ သင်တို့သည်ငါ့ကို မသိကြသေးပေ။

ငါ၏ ဖြောင့်မတ်ခြင်းကို သင်တို့ထံ လုံးဝ ထုတ်ဖော်ပြသပြီး ဖြစ်သည်။ မည်သည့်လူစားမျိုးကိုမဆို ငါ ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတစ်ခုတစ်လေသည် ငါ၏ ဖြောင့်မတ်ခြင်းနှင့် ငါ၏ ဘုန်းအာနုဘော် နှစ်ခုလုံးကို ထုတ်ဖော်ပြသည်။ ငါသည် မိမိနှင့်အတူ အမျက်ဒေါသကို ဆောင်ကြဉ်းသော ဘုရားသခင် ကိုယ်တိုင်ဖြစ်သောကြောင့်၊ ငါ့အား နှိပ်စက်ညှင်းပန်းပြီးသည့် သို့မဟုတ် ငါ့အား ပုတ်ခတ်ဝေဖန်ပြီးသည့် လူတစ်ဦးကိုပင် အသက်ရှုပေါက်ရသွားခွင့် ပေးလိမ့်မည်မဟုတ်။ ထိုသို့သော တင်းကြပ်သည့် သတ်မှတ်ချက်တစ်ခုအောက်တွင်၊ ဤအရာကို သင်တို့ သတိပြုမိကြပါသလော။ ငါရွေးချယ်ပြီး ကြိုတင်ခွဲခန့်ထားသောသူတို့သည် ရှားပါးသော ပုလဲများ သို့မဟုတ် သင်္ဘောမဟူရာ ကျောက်များကဲ့သို့ဖြစ်သည်။ ယင်းတို့သည် ရှားပါးကြ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ငါ၏ လူများဖြစ်မည့်သူများထက် များစွာ သာ၍ နည်းပါးသော ဘုရင်များအဖြစ် စိုးစံမည့် လူများဖြစ်ဖို့ သေချာကြသောကြောင့် ဖြစ်ပြီး၊ ဤသည်မှာ ငါ၏တန်ခိုးနှင့် ငါ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုများ၏ သက်သေအထောက်အထား ဖြစ်သည်။ ငါသည် သင်တို့အား ဆုလာဘ်ပေးမည်ဖြစ်ပြီး၊ သင်တို့အပေါ် သရဖူများ နှင်းအပ်မည်ဖြစ်ကာ ငါနှင့်အတူ မဆုံးသော ဘုန်းအသရေရှိသည်ဟု မကြာခဏ ငါ ပြောဆို၏။ ဆုလာဘ်များ၊ သရဖူများနှင့် ဘုန်းအသရေအားဖြင့် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ လူတို့သည် ဆုလာဘ်များမှာ အစားအစာ၊ အဝတ်အထည် သို့မဟုတ် အသုံးပြုနိုင်သော အခြားအရာများကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများ ဖြစ်သည်ဟူသော အယူအဆများအောက်တွင် ရှိကြသော်လည်း၊ ဤသည်မှာ လုံးဝ ခေတ်မမီတော့သော တွေးခေါ်မှု နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ ထိုဝေါဟာရများအားဖြင့် ငါဆိုလိုသည့်အရာမဟုတ်သကဲ့သို့၊ ထိုအစား နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဆုလာဘ်များသည် ယခု ရရှိသည့် အရာများ ဖြစ်ကြပြီး၊ ယင်းတို့သည် ကျေးဇူးတော်၏ တစ်စိတ်တဒေသ ဖြစ်ကြသည်။ သို့သော်၊ သွေးသား ပျော်ရွှင်မှုများနှင့် ဆက်စပ်သည့် အချို့သော ဆုလာဘ်များလည်း ရှိကြပြီး၊ ငါ့အတွက် အစေခံမှုပေးသော်လည်း ငါ ကယ်တင်လိမ့်မည်မဟုတ်သည့် သူများလည်း အချို့သော ရုပ်ဝတ္ထု ပျော်မွေ့မှုကို (ယင်းတို့သည် ငါ့အတွက် အစေခံခြင်းကို လုပ်ဆောင်သည့် ရုပ်ဝတ္ထုပစ္စည်းများသာ ဖြစ်ကြဆဲဖြစ်သော်လည်း) ကြိုးပမ်းရရှိနိုင်သည်။ သရဖူတစ်ခုသည် ရာထူးနှင့်ဆိုင်သည့် တံဆိပ်တစ်ခုမဟုတ်ပေ။ ဆိုလိုသည်မှာ၊ ယင်းသည် သင်တို့ မွေ့လျော်နိုင်ဖို့ ငါပေးသော ရုပ်ဝတ္ထုပစ္စည်းတစ်ခု မဟုတ်။ ထို့ထက်၊ ယင်းသည် သင်တို့အပေါ် ငါအပ်နှင်းသော အမည်နာမအသစ်တစ်ခု ဖြစ်ပြီး၊ သင်၏ အမည်နာမအသစ်ကို အသက်ရှင်နေထိုင်နိုင်သောသူ မည်သူမဆိုသည် ငါ၏ ကောင်းချီးမင်္ဂလာများကို ရရှိခြင်း ဖြစ်သည့် သရဖူကို ရရှိပြီးသောသူ ဖြစ်လိမ့်မည်။ ဆုလာဘ်များနှင့် သရဖူတို့သည် ကောင်းချီးမင်္ဂလာများ၏ တစ်စိတ်တဒေသ ဖြစ်သည်၊ သို့သော် ကောင်းချီးမင်္ဂလာများနှင့် နှိုင်းယှဉ်သောအခါ ယင်းတို့သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ အလွန်ခြားနားကြသည်။ ဘုန်းအသရေသည် ရုပ်ဝတ္ထုပစ္စည်းတစ်ခု မဟုတ်သောကြောင့်၊ ဘုန်းအသရေကို လူတို့၏ အယူအဆများဖြင့် တကယ်ကို စိတ်ကူး၍မရနိုင်ပေ။ ၎င်းတို့အတွက်၊ ယင်းသည် အလွန့်အလွန် စိတ်ကူးသက်သက်ဖြစ်သော အယူအဆတစ်ခု ဖြစ်သည်။ သို့ဆိုလျှင်၊ ဘုန်းအသရေသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့သည် ငါနှင့်အတူ ဘုန်းအသရေဖြင့် ဆင်းသက်ကြလိမ့်မည် ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ငါ၏ အလုံးစုံ - ဆိုလိုသည်မှာ ငါ၏ ဖြစ်ခြင်းနှင့် အရာအားလုံး၊ သနားကရုဏာနှင့် (ငါ၏သားများအား) ချစ်ခင်ကြင်နာခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်း၊ အမျက်ဒေါသ၊ ကျိန်ခြင်း နှင့် (လူသားအားလုံးကို) လောင်မြိုက်ခြင်း— ငါ၏ ဇာတိအဖြစ်တော်သည် ဘုန်းအသရေ ဖြစ်၏။ ငါနှင့်အတူ အဆုံးမဲ့ ဘုန်းအသရေရှိသည်ဟု အဘယ့်ကြောင့် ငါဆိုသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော်၊ ငါနှင့်အတူ အဆုံးမဲ့ ဉာဏ်ပညာအပြင် ပြိုင်ဘက်ကင်းသော အလျှံအပယ် ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့်၊ ငါနှင့်အတူ ဘုန်းအသရေဖြင့် ဆင်းသက်ခြင်းဆိုသည်မှာ သင်တို့သည် ငါ့အားဖြင့် စုံလင်စေခြင်းခံရနှင့်ပြီးဖြစ်သည်၊ ငါ၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သင်တို့ ပိုင်ဆိုင်သည်၊ သင်တို့သည် ငါ့အားဖြင့် စုံလင်စေခြင်းခံရပြီးဖြစ်သည်၊ သင်တို့သည် ငါ့ကို ကြောက်ရွံ့ကြကာ ငါ့ကို မဆန့်ကျင်ကြဟု ဆိုလိုပေသည်။ ဤအရာသည် သင်တို့အဖို့ ယခု ဧကန်မုချ ရှင်းလင်းပေသည်။

ကမ္ဘာမြေပေါ်ရှိ တိုင်းနိုင်ငံအားလုံး၏ တင်းမာနေသော အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်ကာ၊ ၎င်းတို့အားလုံးသည် ငါ့အတွက် အစေခံခြင်းကို ပေးရန် နှင့် ၎င်းတို့ထံ ငါ ဆောင်ကြဉ်းသည့် မီးရှို့ဖျက်ဆီးခြင်းကို လက်ခံရန် မရပ်မနား ပြင်ဆင်နေကြပေသည်။ ငါ၏ အမျက်ဒေါသနှင့် လောင်မြိုက်ခြင်းတို့ ရောက်လာချိန်တွင်၊ ကြိုတင် သဲလွန်စရှိလိမ့်မည် မဟုတ်။ သို့သော်၊ ငါလုပ်ဆောင်သည့်အရာ မည်သည့်အရာဖြစ်သည်ကို ငါသိပြီး၊ ယင်းနှင့်ပတ်သက်၍ ငါသည် လုံးဝ ရှင်းလင်း၏။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့်ပတ်သတ်၍ သေချာသင့်ပြီး၊ အရာရာကို အဆင်သင့် ဖြစ်စေရန် သင်တို့ အလျှင်အမြန် ပြုရမည်။ နိုင်ငံရပ်ခြားမှ ရှာဖွေလျက် လာကြသူများကို ထိန်းကျောင်းဖို့ရန် ပြင်ဆင်ထားကြလော့။ ဤအရာကို အမှတ်ရလော့။ တရုတ်ပြည်— ဆိုလိုသည်မှာ တရုတ်ပြည်အတွင်းရှိ လူတစ်ဦးစီတိုင်း နှင့် နေရာတစ်ခုစီတိုင်း— သည် ငါ၏ ကျိန်ခြင်းအမင်္ဂလာများကို ခံစားရသည်။ ငါ့ နှုတ်ကပတ်တော်များ၏ အဓိပ္ပါယ်ကို သင်တို့ နားလည်ကြသလော။

အရှေ့သို့- အခန်း ၈၄

နောက်တစ်ခုသို့- အခန်း ၈၆

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။