အခန်း ၈၄

လူတို့သည် ငါ့ကို သိကျွမ်းခြင်း မရှိသောကြောင့်၊ ငါ၏ စီမံခန့်ခွဲမှုကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး၊ ငါ၏အစီအစဉ်များကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင် ထိခိုက်စေခဲ့သည်၊ သို့သော်လည်း ၎င်းတို့သည် ငါ၏ရှေ့ဆက်တိုးနေသော ခြေလှမ်းများကို မည်သည့်အခါမျှ ဟန့်တားနိုင်ခဲ့ဖူးခြင်း မရှိပေ။ ဤသည်မှာ ငါသည် ဉာဏ်ပညာရှိသော ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ ငါ၌ အတိုင်းမသိသော ဉာဏ်ပညာ ရှိ၏၊ ထို့အပြင် ငါ၌ အကန့်အသတ်မရှိ၊ တိုင်းတာ၍ မရသော နက်နဲမှုများ ရှိ၏။ ရှေးပဝေသဏီ အချိန်မှစ၍ လူတို့သည် ၎င်းတို့အား တွေးတော သဘောပေါက်နိုင်ခြင်းနှင့် ပြည့်စုံစွာ နားလည်နိုင်ခြင်း မရှိခဲ့ဖူးပေ။ ဤသည်မှာ မမှန်သလော။ ငါမိန့်မြွက်သော နှုတ်ကပတ်တော် တစ်ခုချင်းစီ၌ ဉာဏ်ပညာ ပါရှိသည်သာမကဘဲ၊ နှုတ်ကပတ်တော် တစ်ခုချင်းစီတွင် ငါ၏ကွယ်ဝှက်ထားသော နက်နဲမှုများလည်း ရှိသေး၏။ ငါနှင့်ဆိုလျှင်၊ အရာအားလုံးတို့သည် နက်နဲသောအရာ ဖြစ်၏၊ ငါ၏အစိတ်အပိုင်းတိုင်းသည် နက်နဲသောအရာ ဖြစ်သည်။ ယနေ့တွင် သင်တို့သည် နက်နဲသောအရာကို မြင်ရုံမျှသာ ဖြစ်ပြီး၊ ယင်းသည် ငါ၏ဇာတိတော်ကို သင်မြင်ခဲ့ရခြင်း ဖြစ်၏၊ သို့သော် အတွင်း၌ ဖုံးကွယ်ထားသည့် ဤနက်နဲသောအရာကိုမူ သင်တို့ သိနားလည်ခြင်း မရှိသေးပေ။ လူတို့သည် ငါ၏ဦးဆောင်မှုနောက်ကို လိုက်ခြင်းအားဖြင့်သာ ငါ၏နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်။ ထိုသို့မဟုတ်လျှင်၊ ထိုသူတို့သည် လောကနှင့်အတူ ပျက်စီးကာ၊ ပြာမှုန့်များ ဖြစ်သွားကြလိမ့်မည်။ ငါသည် ပြီးပြည့်စုံသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ငါသည် အဘယ်သူမျှ မဟုတ်၊ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်။ “ဘုရားသခင်၏ထင်ရှားဖော်ပြခြင်း” ကဲ့သို့သော ယခင်က ဆိုထုံးများသည် ခေတ်နောက်ကျနေပြီ ဖြစ်၏၊ ၎င်းတို့သည် အပ်စပ်မှုမရှိတော့သည့် အသုံးမဝင်တော့သည့် အရာဟောင်းများ ဖြစ်ကြသည်။ သင်တို့အနက် မည်မျှလောက်သည် ဤအရာအား နားလည်လာနိုင်ခဲ့သနည်း။ သင်တို့အနက် မည်မျှလောက်သည် ဤအတိုင်းအတာအထိ ငါ့အား အသေအချာသိပြီး ဖြစ်သနည်း။ အရာအားလုံးကို ငါသည် ရှင်းလင်းစွာ ရှင်းပြပြီး၊ ညွှန်ကြားရပေမည်။

စာတန်၏နိုင်ငံသည် ဖျက်ဆီးခြင်းခံရပြီဖြစ်ပြီး၊ ၎င်း၏လူတို့ ငါ့အတွက် အစေခံမှုများကို ဆောင်ရွက်ခြင်းမှာ များမကြာမီတွင် ပြီးဆုံးသွားလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက် ငါ၏အိမ်တော်မှ မောင်းထုတ်ခြင်းခံရလိမ့်မည်။ ဆိုလိုသည်မှာ အမျိုးမျိုးသော အခန်းကဏ္ဍများ၌ အယောင်ဆောင်နေခဲ့ကြသော ထိုသူတို့အားလုံး၏ စစ်မှန်သော သဘာဝဗီဇများသည် ထုတ်ဖော်ခံခဲ့ရပြီး၊ ၎င်းတို့အားလုံးသည် ငါ၏နိုင်ငံတော်မှ ဖြတ်တောက်ပစ်ခံရလိမ့်မည်။ မမေ့လျော့လေနှင့်။ အတိတ်တွင် ငါစွန့်ပယ်ခဲ့သူများအပါအဝင် ယနေ့မှစ၍ ငါ စွန့်ပယ်သော သူတို့အားလုံးသည် သရုပ်ဆောင်နေခြင်းသာ ဖြစ်ကာ၊ ၎င်းတို့သည် အတုအယောင်များသာ ဖြစ်ကြ၏၊ ၎င်းတို့သည် ငါ့အတွက် တင်ဆက် ကပြနေခဲ့ကြခြင်းသာ ဖြစ်ပြီး၊ ဤပြဇာတ် ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဇာတ်စင်မှ ထွက်ခွာသွားရမည် ဖြစ်သည်။ ငါ၏စစ်မှန်သော သားများသည် ငါ၏ချစ်ခြင်းကို လက်ခံရရှိရန်နှင့် သင်တို့အတွက် ငါပြင်ဆင်ထားပြီးဖြစ်သော ကောင်းချီးမင်္ဂလာများကို စံစားရန် ငါ၏နိုင်ငံတော်၌ တရားဝင် ရှိကြလိမ့်မည် ဖြစ်သည်။ သားဦးတို့သည် မင်္ဂလာရှိကြ၏။ သင်တို့ကို ငါသည် ကြိုတင် လေ့ကျင့်ပေးခဲ့သောကြောင့်၊ သင်တို့သည် ငါ၏အသုံးပြုခြင်းကို ခံရရန် ယနေ့တွင် သင့်လျော်ကြသည်။ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ကြောင်းကို ယုံကြည်လော့။ လူတို့ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်သောအရာများအား ငါသည် အခက်အခဲမရှိ လုပ်ဆောင်နိုင်ပြီး၊ ယှဉ်ပြိုင်ခြင်းသည် လက်သင့်ခံနိုင်ဖွယ် မရှိပေ။ သင်တို့သည် အဘယ်အရာကိုမျှ မလုပ်ဆောင်နိုင်၊ သို့မဟုတ် ငါ၏သားဦးများဖြစ်ရန် မထိုက်တန်ဟု မထင်ကြနှင့်။ သင်သည် လုံးဝ ထိုက်တန်၏။ ဤသို့ ဖြစ်ရခြင်းအကြောင်းမှာ အရာအားလုံးသည် ပြီးမြောက်ရန် ငါ့အပေါ် မူတည်သောကြောင့် ဖြစ်၏၊ ၎င်းတို့အားလုံးသည် ပြီးမြောက်အောင်မြင်ရန် ငါ့ကို မှီခိုသည်။ သင်တို့၌ ဤကဲ့သို့သော ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု အဘယ်ကြောင့် ယခု ခံစားရသနည်း။ ဤသည်မှာ ငါသင်တို့အား အမှန်တကယ် အသုံးပြုရန် အချိန်သည် မရောက်ရှိသေးသောကြောင့်သာ ဖြစ်သည်။ ကြီးမားသော စွမ်းရည်တို့ကို အရေးမပါသော ရည်ရွယ်ချက်များအတွက် အသုံးမပြုနိုင်ပေ၊ သင်နားလည်သလော။ စကြဝဠာလောက တစ်ခုလုံးတွင် သင်တို့သည် သေးငယ်သော တရုတ်ပြည်အတွင်း၌သာ ကန့်သတ်ခံရသလော။ ဆိုလိုသည်မှာ စကြဝဠာလောကတစ်ခုလုံးရှိ လူအားလုံးတို့အား ထိန်းကျောင်းရန်နှင့် ဦးဆောင်ရန် သင်တို့ကို ပေးအပ်မည် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သားဦးများ ဖြစ်ကြပြီး၊ သင်တို့၏ ညီအစ်ကိုတို့အား ဦးဆောင်ခြင်းသည် သင်တို့ ကျေပွန်စွာထမ်းရွက်ရန် တာဝန် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်ကိုသိလော့။ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်၏။ သင်တို့ကိုယ်ကို ပျော်မွေ့ရန် အခွင့်ပေးနေကြောင်းကို ငါတစ်ဖန် အလေးပေး ပြောဆိုသည်။ အမှုပြုနေသော သူသည် ငါ ဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် နေရာအနှံ့တွင် အလုပ်လုပ်နေပြီး၊ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လျက်ရှိသည်။

ငါ၏ကယ်တင်ခြင်းအား လူတို့သည် ယခင်က နားမလည်ခဲ့ကြပေ။ ယခုတွင် သင်နားလည်သလော။ ငါ၏ကယ်တင်ခြင်းတွင် အသွင်အပြင် လက္ခဏာများစွာ ရှိ၏- တစ်ခုမှာ အချို့သော လူတို့အတွက် ကြိုတင်ခွဲခန့်မှတ်သားထားခြင်း လုံးဝ မရှိဟူ၍ဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် ငါ၏ကျေးဇူးတော်၌ လုံးဝ မွေ့လျော်နိုင်ခြင်း မရှိပေ။ နောက်တစ်ခုမှာ ကနဦးတွင် ငါ၏ကျေးဇူးတော်၌ အချိန်အတိုင်းအတာ တစ်ခုအထိ မွေ့လျော်သော ကြိုတင်ခွဲခန့်မှတ်သားထားခြင်းခံရသော သူတို့ရှိသော်လည်း၊ ငါကြိုတင်ခွဲခန့်မှတ်သားထားသည့် အချိန်ဖြစ်သည့် အချိန်အတန်ကြာပြီးနောက် ငါသည် ၎င်းတို့ကို ပယ်ထုတ်မည်၊ ထို့နောက်တွင် ၎င်းတို့၏အသက်တာများသည် လုံးဝ ပြီးဆုံးသွားလိမ့်မည် ဖြစ်သည်။ ထို့ပြင် နောက်လက္ခဏာသွင်ပြင် တစ်ခုမှာ ငါ ကြိုတင်ခွဲခန့်မှတ်သားထားခဲ့ပြီး၊ ရွေးချယ်ထားသောသူတို့နှင့် ထာဝရ ကောင်းချီးမင်္ဂလာများကို ခံစားကြသောသူများ ရှိသည်၊ ၎င်းတို့သည် ငါ၏ကျေးဇူးတော်ကို အစမှအဆုံးတိုင်အောင် ခံစားရကြသည်ဖြစ်ပြီး၊ ထိုအထဲ၌ ငါ့အားလက်မခံမီနှင့် လက်ခံအပြီး ၎င်းတို့ ခံစားခဲ့ရသော အခက်အခဲများအပါအဝင် ငါ့အားလက်ခံပြီးနောက် ၎င်းတို့ရရှိခဲ့ကြသည့် ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းတို့လည်း ပါဝင်ကြ၏။ ယခုမှစ၍ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို စတင်ခံစားရလိမ့်မည်၊ ဆိုလိုသည်မှာ ထိုသူတို့သည် ငါ အပြည့်အဝ ကယ်တင်နေသောသူများ ဖြစ်ကြသည်။ ဤအရာသည် ငါ၏ကြီးမြတ်သောအမှု ပြီးဆုံးခြင်းအား သိသာထင်ရှားဆုံးသော ဖော်ပြချက် ဖြစ်သည်။ သို့ဆိုလျှင် ကောင်းချီးမင်္ဂလာများဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ သင်တို့ကို ငါမေးမည်- သင်တို့‌သည် မည်သည်ကို ပြုလုပ်ရန် ဆန္ဒအရှိဆုံး ဖြစ်သနည်း။ သင်တို့သည် မည်သည်ကို အမုန်းတီးဆုံး ဖြစ်သနည်း။ သင်တို့သည် အဘယ်အရာကို ရရှိရန် အမျှော်လင့်ဆုံး ဖြစ်သနည်း။ သင်တို့သည် ငါ့ကိုရရှိရန်နှင့် သင်တို့၏ အသက်တာများ ကြီးထွားဖွံ့ဖြိုးနိုင်စေရန်အတွက်သာ၊ နာကျင်မှုများနှင့် ဆင်းရဲဒုက္ခများကို အတိတ်တွင် ကျော်ဖြတ်ခဲ့ပြီးဖြစ်၏၊ ဤအရာများသည် ကျေးဇူးတော်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ “ကောင်းချီးမင်္ဂလာများ” ဆိုသည့်အဓိပ္ပာယ်မှာ၊ အနာဂတ်တွင် သင်တို့မုန်းတီးသော အရာများသည် သင်တို့၌ ရှိတော့မည် မဟုတ်၊ ဆိုလိုသည်မှာ ထိုအရာတို့သည် သင်တို့၏တကယ့်ဘဝများ၌ ရှိတော့မည် မဟုတ်ပေ။ ၎င်းတို့သည် သင်တို့၏ မျက်စိရှေ့မှ လုံးဝ ဖယ်ရှားခြင်းကို ခံရလိမ့်မည်။ မိသားစု၊ အလုပ်အကိုင်၊ ဇနီးမယား၊ လင်ယောက်ျား၊ သားသမီးများ၊ သူငယ်ချင်းများ၊ ဆွေမျိုးများနှင့် သင်တို့ နေ့စဉ် မုန်းတီးသော တစ်နေ့အစားအစာ သုံးနပ်သည်ပင်လျှင် ပျောက်ကွယ် သွားလိမ့်မည် ဖြစ်သည်။ (ဤသည်မှာ အချိန်၏ ကန့်သတ်ချက်ကို မခံရဘဲ၊ ဇာတိပကတိမှ လုံးဝ ထွက်ခွာသွားခြင်းဟု ဆိုလိုသည်။ သင်၏ ဆန္ဒပြည့်ဝသော ဝိညာဉ်သည်သာ သင်၏ကိုယ်ခန္ဒာကို ထိန်းသိမ်းနိုင်သည်၊ သို့သော် ၎င်းသည် သင်၏ ဇာတိပကတိ မဟုတ်၊ သင်၏ ကိုယ်ခန္ဓာကို ရည်ညွှန်းခြင်း ဖြစ်သည်။ သင်သည် လုံးလုံးလျားလျား လွတ်လပ်ပြီး၊ ထူးကဲ သာလွန်လိမ့်မည်။ ဤအရာသည် လောကကမ္ဘာကိုဖန်ဆင်းစဉ်ကတည်းက ဘုရားသခင်က ပေါ်လွင်ထင်ရှားစေခဲ့သည့် အကြီးမြတ်ဆုံးနှင့် ထင်ရှားမြင်သာဆုံးသော အံ့ဖွယ်ရာ ဖြစ်သည်။) သင်တို့၏ ခန္ဓာကိုယ်တွင်းမှ မြေကြီး၏အမှုန်များအားလုံးသည် ဖယ်ရှားခြင်းခံရလိမ့်မည် ဖြစ်ပြီး၊ သင်တို့သည် သန့်ရှင်းစင်ကြယ်ပြီး အစွန်းအထင်းမရှိသော ဝိညာဉ်ခန္ဓာများ လုံးလုံးလျားလျား ဖြစ်သွားလိမ့်မည် ဖြစ်ကာ၊ စကြဝဠာအနှံ့နှင့် မြေကြီးဆုံးတိုင်အောင် ခရီးနှင်နိုင်လိမ့်မည်။ ထိုအချိန်မှစ၍ သင်တို့သည် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကိုယ်လက်ဆေးကြောခြင်းနှင့် တိုက်ချွတ်ခြင်းတို့လည်း ကင်းဝေးသွားမည်ဖြစ်သည်၊ ထို့အပြင် သင်တို့သည် တဝကြီး ပျော်မွေ့ကြလိမ့်မည်။ ထိုအချိန်မှစ၍ သင်တို့သည် အိမ်ထောင်ပြုခြင်း အကြောင်းကို စဉ်းစားတော့မည် မဟုတ် (အဘယ့်ကြောင့်ဆိုသော် ငါသည် ကမ္ဘာလောကအား ဖန်ဆင်းနေခြင်း မဟုတ်၊ ခေတ်တစ်ခုအား အဆုံးသတ်နေခြင်းကြောင့် ဖြစ်သည်)၊ ထို့အပြင် အမျိုးသမီးများအတွက် လွန်စွာ ဒုက္ခပေးသည့် မီးဖွားခြင်းဝေဒနာသည်လည်း ရှိတော့မည်မဟုတ်။ အနာဂတ်တွင် သင်သည် အလုပ်လုပ်တော့မည် မဟုတ်၊ သို့မဟုတ် ပင်ပန်းကြီးစွာ လုပ်ကိုင်တော့မည် မဟုတ်။ သင်သည် သင်တို့အား ငါပေးထားသော ကောင်းချီးမင်္ဂလာများ၌ မွေ့လျော်လျက်၊ သင့်ကိုယ်သင် ငါ၏ချစ်ခြင်းမေတ္တာဖြင့် ပွေ့ဖက်ခြင်းထဲ၌ လုံးဝနှစ်မြှုပ်ထားမည် ဖြစ်သည်။ ယင်းသည် မလွဲဧကန်ဖြစ်သည်။ သင်သည် ဤကောင်းချီးမင်္ဂလာများ၌ မွေ့လျော်နေစဉ်၊ သင်တို့၏ နောက်သို့ ကျေးဇူးတော်သည် ဆက်လက် လိုက်လာလိမ့်မည်။ သင်တို့အတွက် ငါပြင်ဆင်ထားခဲ့သောအရာ ဖြစ်သည့် ရှားပါးပြီး အဖိုးတန်သော ကမ္ဘာတစ်ဝှမ်းလုံးမှ ရတနာများ အားလုံးကို သင်တို့အား ပေးအပ်မည်။ သင်တို့သည် ဤအရာအားလုံးအား ယခုတွင် စိတ်ကူးခြင်း၊ တွေးကြည့်ခြင်း မပြုနိုင်ကြသကဲ့သို့၊ ဤအရာတို့အား မည်သူကမျှ ယခင်က မွေ့လျော်ခဲ့ခြင်း မရှိပေ။ ဤကောင်းချီးမင်္ဂလာများ သင်တို့အပေါ် ကျရောက်သောအခါ၊ သင်တို့သည် အဆုံးမရှိ ဝမ်းသာပီတိ ဖြစ်လိမ့်မည်၊ သို့သော်လည်း ဤအရာအားလုံးသည် ငါ၏တန်ခိုးတော်၊ ငါ၏လုပ်ဆောင်မှုများ၊ ငါ၏ဖြောင့်မတ်ခြင်းနှင့် ထို့ထက်သာ၍ပင် ငါ၏ဘုန်းအာနုဘော်ကြောင့် ဖြစ်သည်ကို မေ့လျော့ခြင်း မရှိလေနှင့်။ (ကျေးဇူးပြုရန် ငါရွေးချယ်သော သူတို့အပေါ်တွင် ငါသည် ကျေးဇူးပြုမည် ဖြစ်ပြီး၊ သနားကရုဏာစိတ်ထားရန် ငါရွေးချယ်သော သူတို့အပေါ်တွင် ငါသည် သနားကရုဏာစိတ်ထားမည်။) ထိုအချိန်တွင် သင်တို့၌ မိဘများ ရှိကြလိမ့်မည်မဟုတ်၊ ပြီးလျှင် သွေးသားရင်းချာများလည်း ရှိကြလိမ့်မည် မဟုတ်။ သင်တို့အားလုံးသည် ငါချစ်သောလူတို့၊ ငါ၏ချစ်သားများ ဖြစ်ကြသည်။ ထိုအချိန်မှစ၍ မည်သူကမျှ သင်တို့ကို ဖိနှိပ်ဝံ့မည် မဟုတ်။ ထိုအချိန်သည် သင်တို့အတွက် လူကြီးများအဖြစ်သို့ ကြီးပြင်းရန်အချိန် ဖြစ်လိမ့်မည့်အပြင်၊ သင်တို့သည် တိုင်းနိုင်ငံများကို သံလှံတံနှင့် အုပ်စိုးရန်အချိန်လည်း ဖြစ်လိမ့်မည်။ ငါ၏ချစ်သားတို့ကို အဘယ်သူသည် နှောင့်ယှက်ဝံ့သနည်း။ ၎င်းတို့ကို အဘယ်သူသည် တိုက်ခိုက်ဝံ့သနည်း။ ဖခင်သည် ဘုန်းအသရေ ရရှိပြီး ဖြစ်သောကြောင့်၊ အားလုံးသည် ငါ၏ ချစ်သားတို့အပေါ် ရိုသေလေးမြတ်ခြင်း ရှိကြလိမ့်မည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ စိတ်ကူးနိုင်မည် မဟုတ်သော အရာများ အားလုံးသည် သင်တို့၏မျက်စိများရှေ့တွင် ပေါ်လာလိမ့်မည်၊ ၎င်းတို့သည် အကန့်အသတ်မဲ့၊ မကုန်ခန်းနိုင်ဘဲ အဆုံးမဲ့လိမ့်မည်။ များမကြာမီတွင် သင်တို့သည် နေ၏လောင်ကျွမ်းခြင်းနှင့် အပူ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရရန် မလိုအပ်တော့မည်မှာ အသေအချာပင် ဖြစ်သည်၊ သင်တို့သည် အအေးဒဏ်ကိုသော်လည်းကောင်း၊ မိုးအရိပ်အငွေ့၊ ဆီးနှင်း၊ သို့မဟုတ် လေအရိပ်အငွေ့တို့ကိုလည်းကောင်း ခံစားရလိမ့်မည် မဟုတ်။ ဤသည်မှာ သင်တို့ကို ငါချစ်သောကြောင့်ဖြစ်ပြီး ၎င်းသည် ငါ့ချစ်ခြင်းမေတ္တာလောကကြီးတစ်ခုသာ လုံးလုံးလျားလျား ဖြစ်လိမ့်မည်။ သင်တို့ အလိုရှိသော အရာအားလုံးကို ငါပေးမည် ဖြစ်ပြီး၊ သင်တို့ လိုအပ်သော အရာအားလုံးကို ငါ ပြင်ဆင်ပေးမည်။ ငါသည် မဖြောင့်မတ်ဟု အဘယ်သူသည် အခိုင်အမာ ပြောဝံ့သနည်း။ ငါ၏အမျက်ဒေါသသည် (ဆိုးယုတ်သောသူတို့အပေါ်) ထာဝရတည်မြဲလိမ့်မည်ဟု ယခင်က ငါပြောခဲ့ပြီးဖြစ်သောကြောင့်၊ ငါသည် သင့်ကို ချက်ချင်း ကွပ်မျက်မည် ဖြစ်ပြီး၊ အနည်းငယ်မျှပင် သက်ညှာပေးမည် မဟုတ်။ သို့သော်လည်း ငါ၏ ချစ်ခြင်းမေတ္တာသည်လည်း (ငါ၏ချစ်သားတို့အတွက်) ထာဝရ အစဉ်အဆက် တည်မြဲလိမ့်မည် ဖြစ်၏၊ ငါသည် ၎င်းကို အနည်းငယ်မျှပင် ချုပ်တည်းထားမည် မဟုတ်ပေ။

ယနေ့တွင် ငါ၏နှုတ်ကပတ်တော်များကို တရားစီရင်ခြင်းအဖြစ် ကြားသောသူတို့သည် မှန်ကန်သော အခြေအနေတွင် ရှိနေသောသူတို့ မဟုတ်ကြပေ။ သို့သော် ၎င်းတို့သည် ဤအချက်ကို သိရှိသောအချိန်၌ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အား စွန့်ပစ်ထားခဲ့ပြီး ဖြစ်လိမ့်မည်။ စကြဝဠာလောကတစ်ခုလုံးတွင် သားဦးများသည် သင်တို့ထဲမှ ရွေးချယ်ခံထားရသူတို့ ဖြစ်သော်လည်း၊ သားများနှင့်လူတို့သည် သင်တို့၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ပါဝင်သည်။ ငါ၏အလေးထားမှုသည် စကြဝဠာလောက တစ်ခုလုံး အပေါ်တွင် ဖြစ်ကာ၊ ဆိုလိုသည်မှာ သားများနှင့်လူတို့သည် လောကကမ္ဘာ၏ တိုင်းနိုင်ငံများအားလုံးမှ ရွေးချယ်ခံရသည်ကို ဆိုလိုခြင်းဖြစ်သည်။ သင်နားလည်သလော။ သားဦးများသည် လျင်မြန်စွာ ကြီးပြင်းသင့်ပြီး၊ နိုင်ငံခြားသားများအား ဦးဆောင်ရန် ထွက်သွားသင့်ကြောင်းကို ငါသည် အဘယ့်ကြောင့် အလေးထားပြောပြီးရင်း ပြောကြားနေသနည်း။ ငါ၏နှုတ်ကပတ်တော်များ၏ အနက်အဓိပ္ပာယ် အစစ်အမှန်ကို သင် နားလည်သလော။ ဤသည်မှာ တရုတ်နိုင်ငံသည် ငါကျိန်ဆဲခဲ့သော နိုင်ငံဖြစ်သောကြောင့် ဖြစ်၏၊ ၎င်းသည် ငါ့အား နှိပ်စက်ညှဉ်းပန်းခဲ့ဆုံးသော နိုင်ငံဖြစ်ကာ၊ ၎င်းအား ငါသည် အမုန်းတီးဆုံး ဖြစ်သည်။ ငါ၏သားဦးများနှင့် ငါသည် ကောင်းကင်ဘုံမှ လာပြီး၊ တစ်ကမ္ဘာလုံးနှင့်ဆိုင်သော လူများ ဖြစ်ကြသည်ကို သင်သည် သိရမည်၊ ငါတို့သည် မည်သည့် တိုင်းနိုင်ငံတစ်ခုနှင့်မျှ မသက်ဆိုင်။ လူ၏ အယူအဆများကို ကိုင်စွဲထားခြင်းကို ရပ်လော့။ ဤသည်မှာ ငါ၏ဇာတအဖြစ်တော်ကို သင်တို့အား ထုတ်ဖော်ပြသပြီး ဖြစ်သောကြောင့် ဖြစ်သည်။ အရာခပ်သိမ်းသည် ငါ့အပေါ်တွင်မူတည်သည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်သည် မှတ်မိနိုင်သလော။ သင်တို့ထဲတွင် လူဉီးရေ ပို၍ပို၍ နည်းလာပြီး၊ ထိုလူဉီးရေသည် ပို၍ပို၍ စစ်ဆေးခြင်း ခံလာပြီးဖြစ်သည်ဟု ငါသည် အဘယ်ကြောင့် ပြောဆိုသနည်း။ ဤသည်မှာ ငါ၏ကယ်တင်ခြင်းသည် တဖြည်းဖြည်းချင်း စကြဝဠာလောကဆီသို့ လှည့်လာခြင်းကြောင့် ဖြစ်သည်။ ပယ်ထုတ်ခံရသူများ၊ ငါ၏နာမအား လက်ခံခဲ့သောသူများသည် သားဦးများအား စုံလင်စေရန်အတွက် အစေခံခဲ့ကြသောသူများ ဖြစ်ကြ၏။ သင် နားလည်သလော။ ၎င်းတို့အားလုံးသည် ငါ၏သားများအတွက် အစေခံခဲ့ကြသောသူများ ဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ ယခုတွင် သင်သည် စစ်မှန်စွာ နားလည်သဘောပေါက်သည်၊ မဟုတ်သလော။ အရေအတွက်သည် အမှန်တကယ်ပင် နည်းပါး၏၊ အမှန်ပင် အနည်းငယ်သာ ရှိသည်။ သို့သော် ငါ၏သားများကြောင့် ထိုသူတို့သည် များစွာ အကျိုးကျေးဇူး ခံစားရပြီး၊ ငါ၏ကျေးဇူးတော် အများအပြားကို မွေ့လျော်ခဲ့ကြ၏၊ ထို့ကြောင့်ပင် လူသားမျိုးနွယ်အား နောက်ဆုံးအကြိမ်အဖြစ် ငါသည် ကယ်တင်နေခြင်း ဖြစ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။ ယခုတွင် ငါ၏ နှုတ်ကပတ်တော်တို့၏ စစ်မှန်သော အဓိပ္ပာယ်ကို သင်သိပြီဖြစ်သည်။ ငါ့အား ခုခံသောသူ မည်သူကိုမဆို ငါသည် ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်ပြီး၊ ငါ၏မျက်နှာတော်အား ငါ့ကို ကာကွယ်ပေးသော မည်သူ့မဆိုထံသို့ ငါလှည့်မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ငါသည် အစအဉီးမှစ၍ ဘုန်းအာနုဘော်နှင့်ပြည့်စုံပြီး ဖြောင့်မတ်သောဘုရားသခင် အစဉ် ဖြစ်သောကြောင့် ဖြစ်ပြီး၊ အရာခပ်သိမ်းကို သင်တို့အား ထုတ်ဖော်ပြသလိမ့်မည် ဖြစ်သည်။ ငါသည် အံ့သြဖွယ်ရာ နည်းလမ်းများဖြင့် အလျင်အမြန် လုပ်ဆောင်ပြီး၊ လူတို့တွေးတော၍မမီသော အံ့သြဖွယ်အရာများသည် မကြာမီ ဖြစ်ပေါ်လိမ့်မည်။ ချက်ချင်းနှင့်မကြာမီဖြစ်ကြောင်းကို ငါသည် တကယ်ပင် ဆိုလိုခြင်းဖြစ်၏။ သင်နားလည်သလော။ အသက် ဝင်ရောက်မှုကို နှောင့်နှေးမှု မရှိဘဲ ရှာဖွေလော့။ ငါ၏ချစ်သားတို့၊ အရာအားလုံးသည် သင်တို့အတွက် ဤနေရာတွင် ရှိနေပြီး၊ အရာအားလုံးသည် သင်တို့အတွက် တည်ရှိနေ၏။

အရှေ့သို့- အခန်း ၈၃

နောက်တစ်ခုသို့- အခန်း ၈၅

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။