အခန်း ၈၃

ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သည်ကို သင်တို့မသိကြသကဲ့သို့၊ အဖြစ်အပျက်အားလုံးနှင့် အမှုအရာအားလုံးသည် ငါ၏ထိန်းချုပ်မှုအောက်တွင် ရှိသည်ကိုလည်း သင်တို့ မသိကြချေ။ အရာရာတို့ကို ငါ တည်ထောင်ထားပြီး ငါ ပြည့်စုံစေသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတိုင်း၏ ကောင်းချီးမင်္ဂလာများ သို့မဟုတ် ကံအကြောင်းမလှသည့် ဖြစ်ရပ်များသည် ငါ၏စိတ်ကျေနပ်မှုအပေါ်နှင့် ငါ၏ လုပ်ရပ်များအပေါ် မူတည်ပေသည်။ လူသားသည် အဘယ်အရာကို လုပ်ဆောင်နိုင်သနည်း။ လူသားသည် တွေးတောခြင်းအားဖြင့် အဘယ်အရာကို ပြီးမြောက်နိုင်သနည်း။ ဤနောက်ဆုံးသောခေတ်တွင်၊ ဤကိုယ်ကျင့်တရားပျက်သော ခေတ်တွင်၊ စာတန်က အတိုင်းအတာတစ်ခုထိ ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည့် ဤအမှောင် လောကတွင် မည်သည့် မစို့မပို့ နည်းပါးသော သူတို့သည် ငါ၏အလိုနှင့် သဟဇာတဖြစ်နိုင်သနည်း။ ယနေ့ဖြစ်စေ၊ မနေ့ကဖြစ်စေ၊ မဝေးသည့် အနာဂတ်တွင်ဖြစ်စေ၊ အားလုံး၏ ဘဝများကို ငါက သတ်မှတ်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ၊ ကံအကြောင်းမလှသည့် ဖြစ်ရပ်များ ခံစားရသည်ဖြစ်စေ၊ ၎င်းတို့သည် ငါ၏ချစ်ခြင်းခံရသည်ဖြစ်စေ၊ ငါ၏မုန်းတီးခြင်းခံရသည်ဖြစ်စေ၊ အရာရာကို တစ်ချက်တည်းဖြင့် ငါ အတိအကျ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ သင်၏ခြေလှမ်းများမှာ ကိုယ်တိုင်ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး၊ သင်၏ကံကြမ္မာသည် သင်၏ထိန်းချုပ်မှုအတွင်းတွင်ရှိသည်ဟု သင်တို့တွင် မည်သူ အခိုင်အမာ ဆိုဝံ့သနည်း။ ထိုသို့ မည်သူ ဆိုဝံ့သနည်း။ မည်သူသည် အလွန်အာခံဝံ့သနည်း။ မည်သူ ငါ့ကို မကြောက်ရွံ့သနည်း။ မည်သူသည် စိတ်နှလုံးတွင် ငါ့အပေါ် မနာခံသနည်း။ မည်သူသည် ၎င်းတို့စိတ်ရှိသည်အတိုင်း ပြုမူဝံ့သနည်း။ ငါသည် ၎င်းတို့ကို ချက်ချင်း ပြစ်တင်ဆုံးမမည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အပေါ် နောက်ထပ် သနားကရုဏာ လုံးဝ ရှိလိမ့်မည်မဟုတ် သို့မဟုတ် နောက်ထပ် မည်သည့် ကယ်တင်ခြင်းကိုမျှ ပေးအပ်မည်မဟုတ်။ ဤအချိန်သည်- ဆိုလိုသည်မှာ၊ ငါ၏နာမကို သင်တို့ လက်ခံသည့် အခိုက်အတန့်သည်- လူသားမျိုးနွယ်အပေါ် သက်ညှာမှုတစ်ခုတစ်လေ ငါ ပြလိမ့်မည်မဟုတ်သည့် နောက်ဆုံးအချိန် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ငါသည် လူသားမျိုးနွယ်ထဲမှ ၎င်းတို့၏ ကောင်းချီးမင်္ဂလာများ ထာဝရဖြစ်ကောင်းမဖြစ်နိုင်သော်လည်း၊ ငါ၏ ကျေးဇူးတော်ကို ကောင်းစွာ မွေ့လျော်ခံစားပြီးဖြစ်သည့်‌ တစ်စိတ်တစ်ပိုင်းကို ရွေးချယ်ထားပြီး ဖြစ်ပေသည်။ ထိုကြောင့်၊ သင်သည် ထာဝရ ကောင်းချီးခံစားရမည်ဟု ကြိုတင်ခွဲခန့်မှတ်သားခြင်း မဟုတ်လျှင်ပင်၊ သင်သည် နှိပ်စက်ခံရလိမ့်မည်ဟု မလိုက်လာသကဲ့သို့၊ သင်သည် ကံအကြောင်းမလှသည့် ဖြစ်ရပ်ကို တိုက်ရိုက်ခံစားရမည့် သူများထက် များစွာ သာပေသည်။

အမှန်တွင်၊ ငါ၏တရားစီရင်ခြင်းသည် အထွတ်အထိပ်တစ်ခုသို့ ရောက်ရှိနှင့်ပြီးဖြစ်သကဲ့သို့ မကြုံစဖူးသော နယ်မြေထဲသို့ ဝင်ရောက်နေပြီဖြစ်သည်။ ငါ၏တရားစီရင်ခြင်းသည် လူတစ်ဦးချင်းစီတိုင်းအပေါ်တွင် ရှိပြီး၊ ယခုတွင် ယင်းသည် အမျက်ဒေါသနှင့်ပြည့်သော တရားစီရင်ခြင်း ဖြစ်သည်။ အတိတ်တွင် ယင်းမှာ ဘုန်းအာနုဘော်ရှိသည့် တရားစီရင်ခြင်းဖြစ်ခဲ့သော်လည်း၊ ယခုတွင် ယင်းမှာ အလွန်ကွဲပြား၏။ အတိတ်တွင်၊ လူတို့သည် ငါ၏တရားစီရင်ခြင်း ချမှတ်ခံရသည်ကို ၎င်းတို့ မကြုံမီအထိ ကြောက်ရွံ့ခြင်း အနည်းငယ်မျှကိုပင် မခံစားခဲ့ရပေ။ သို့သော်၊ ယခုတွင်၊ ၎င်းတို့သည် စကားတစ်ခွန်းကိုကြားရုံမျှဖြင့် သွေးပျက်မတတ် ကြောက်လန့်ကြ၏။ အချို့သည် ငါ၏နှုတ်ကိုသာ ဖွင့်လိုက်ချိန်တွင်ပင် ကြောက်လန့်သွားကြသည်။ ငါ အသံ ထုတ်ပြန်လိုက်ပါက၊ ငါ စတင်စကားပြောသည့်အချိန်တွင်၊ ၎င်းတို့ အလွန် ကြောက်ရွံ့ကြသည်မှာ မိမိတို့ကိုယ်ကိုယ် မြေကြီးထဲရှိ တွင်းပေါက်တစ်ခုထဲတွင် ဝှက်ထားဖို့ သို့မဟုတ် အမှောင်ဆုံးသော ချောင်များထဲတွင် ကွယ်ဝှက်နေရန်သာ စိတ်အားထက်သန်စွာ ဆန္ဒရှိရင်း၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိကြချေ။ ထိုသို့သော လူများသည် နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံရသောကြောင့် ကယ်တင်ခြင်းမခံရနိုင်ပေ။ ငါသည် အဆင်းနီသောနဂါးကြီးနှင့် ရှေးမြွေဟောင်းကို တရားစီရင်သည့်အခါ၊ ၎င်းတို့သည် တိုး၍ ကြောက်ကြကာ အခြားသူများ အမြင်ခံရမည်ကိုပင် စိုးရွံ့ကြသည်။ အမှန်တွင်၊ ၎င်းတို့သည် မှောင် မိုက်တွင် မွေးဖွားသော စာတန်၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။

ယခင်က ငါသည် “ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်း”ဟူသော စကားများကို မကြာခဏ အသုံးပြုလေ့ရှိ၏။ ယင်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ ငါသည် မည်သို့ ကြိုတင်ခွဲခန့်မှတ်သားကာ ရွေးချယ်သနည်း။ တစ်စုံတစ်ယောက်သည် အဘယ်ကြောင့် ကြိုတင်ခွဲခန့်မှန်သားခံရပြီး ရွေးချယ်ခံရသူများထဲတွင် မရှိမည်နည်း။ ဤအရာကို သင်မည်သို့နားလည်နိုင်သနည်း။ ဤအရာများသည် ငါ့ထံမှ ရှင်းလင်းသော ဖွင့်ဆိုရှင်းပြချက်အချို့ကို လိုအပ်ပြီး ငါ၏ တိုက်ရိုက်စကားပြောဆိုမှုကို လိုအပ်လာသည်။ အကယ်၍ ငါသည် ဤအရာများကို သင်တို့အတွင်းတွင် ထုတ်ဖော်ပြပါက၊ ဉာဏ်နည်းသောသူတို့သည် ယင်းမှာ စာတန်က ပေးသော အတွေးတစ်ခုဖြစ်ခဲ့သည်ဟု မှားယွင်းစွာ ယုံကြည်ပေမည်။ ငါသည် မတရားသဖြင့် သွားပုပ်လေလွင့် ပြောဆိုခံရပေမည်။ ယခုတွင် ငါသည် ဘွင်းဘွင်း ပြောမည်ဖြစ်ပြီး မည်သည့်အရာကိုမျှ ချုပ်တည်းထားမည် မဟုတ်။ အရာခပ်သိမ်းကို ငါ ဖန်ဆင်းခဲ့ချိန်တွင်၊ လူသားမျိုးနွယ်ကို အသုံးတော်ခံမည့် ထိုရုပ်ဝတ္ထုပစ္စည်းများ (ပန်းများ၊ မြက်ပင်များ၊ သစ်ပင်များ၊ သစ်တော၊ တောင်များ၊ မြစ်များ၊ ရေအိုင်များ၊ ကုန်းမြေနှင့် သမုဒ္ဒရာ၊ အင်းဆက်မျိုးစုံ၊ ငှက်များနှင့် တိရစ္ဆန်များ။ အချို့တို့သည် လူသားမျိုးနွယ်အတွက် စားရန်နှင့် အချို့မှာ လူသားမျိုးနွယ် ကြည့်ရန်အတွက် ဖြစ်သည်) ဖန်ဆင်းခဲ့သည်။ မတူကွဲပြားသောနယ်မြေများကြာက ခြားနားမှုများအတိုင်း လူသားမျိုးနွယ်အတွက် အစေ့အဆန်များကို ဖန်ဆင်းခဲ့သည်။ ဤအရာများ အားလုံးကို ဖန်ဆင်းပြီးနောက်တွင်သာ ငါသည် လူသားများကို စတင်ဖန်ဆင်းခဲ့သည်။ လူနှစ်မျိုးနှစ်စားရှိ၏။ ပထမအမျိုးအစားမှာ ငါ၏ ရွေးချယ်ပြီး ကြိုတင်ခွဲခန့်မှတ်သားသောလူများ ဖြစ်၏၊ ဒုတိယမှာ စာတန်၏ အရည်အချင်းများ ပိုင်ဆိုင်ပြီး ဤအမျိုးအစားသည် ဤကမ္ဘာလောကကို ငါမဖန်ဆင်းမီ ဖန်ဆင်းခံခဲ့ရသော်လည်း၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသည့်အတွက်၊ ငါသည် ၎င်းတို့ကို စွန့်ပစ်ပြီးဖြစ်သည်။ ထို့နောက် အသီးသီးက ငါ၏အရည်အချင်းများကို မတူညီသော အတိုင်းအတာများထိ ပိုင်ဆိုင်ထားကြသည့် ငါ၏ရွေးချယ်ကာ ကြိုတင်ခွဲ ခန့်မှတ်သားခြင်းခံရသော အမျိုးအစားတစ်ခုကို ငါဖန်ဆင်းခဲ့၏။ ထိုကြောင့် ယနေ့ ငါ၏ရွေးချယ်ခြင်းခံရသော သူအသီးသီးသည် ငါ၏ အရည်အချင်းများကို မတူညီသောအတိုင်းအတာများဖြင့် ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရကြပြီးဖြစ်သော်လည်း၊ ငါနှင့် သက်ဆိုင်ဆဲဖြစ်သည်။ ခြေလှမ်းအသီးသီးသည် ငါ၏စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ဤသည်မှာ ငါ၏ ကြိုတင် စီစဉ်ထားခဲ့ခြင်းဖြစ်သောကြောင့် ရိုးသားသောသူသည် နိုင်ငံတော်တွင် အုပ်စိုးပေသည်။ ကောက်ကျစ်ပြီး လှည့်ဖြားတတ်သောသူတို့သည် မည်သည့်အခါမျှ မရိုးသားနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်၏ သားပေါက်များဖြစ်ကြပြီး၊ စာတန်က ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ပြီး အစမှ အဆုံးထိ စာတန်၏ ကွပ်ကဲမှုအောက်တွင် ရှိကြ၏။ သို့သော်၊ ဤအရာအားလုံး၏ ရည်ရွယ်ချက်မှာ ငါ၏အလိုကို ပြည့်စုံစေရန် ဖြစ်သည်။ သင်တို့၏ ယူဆချက်များကို ဖယ်ရှားရန်အလို့ငှာ၊ ယင်းကို ငါ ရှင်းလင်းသွားစေပြီး ဖြစ်သည်။ ငါ စုံလင်စေသော သူများကို ငါသည် စောင့်ရှောက်ပြီး ကွယ်ကာပေးမည်။ ငါမုန်းတီးသောသူများအတွက်မူ၊ ၎င်းတို့၏အစေခံမှု အဆုံးသတ်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ငါ၏နေရာမှ ထွက်သွားကြရမည်။ ဤလူများအကြောင်း ပြောဆိုချိန်တွင်၊ ငါသည် အမျက်ထွက်မိ၏။ ၎င်းတို့အကြောင်းကို ဖော်ပြပြောဆိုချိန်တွင်ပင်၊ ၎င်းတို့ကို ချက်ချင်း ငါ ကိုင်တွယ်ဖြေရှင်းရန် အလွန် ဆန္ဒရှိလွန်းလှသည်။ သို့သော်၊ ငါသည် ငါ၏ လုပ်ရပ်များတွင် ချုပ်တည်းထား၏။ ငါသည် ငါ၏ လုပ်ရပ်များနှင့် စကားတို့တွင် အကဲဖြတ်ခြင်း ခံရသည်။ ငါသည် ကမ္ဘာလောကကို ဒေါသအလျောက် ဖိနှိပ်၍ရသော်လည်း၊ ငါ ကြိုတင်ခွဲခန့်ပြီးဖြစ်သူများမှာ ခြွင်းချက် ဖြစ်သည်။ စိတ်ကိုလျှော့ချပြီးနောက်တွင်၊ ငါသည် ကမ္ဘာလောကကို ငါ့လက်လက်ဖဝါးထဲတွင် ကိုင်ထားနိုင်သည်။ တစ်နည်းအားဖြင့်၊ ငါသည် အရာရာတိုင်းကို ထိန်းချုပ်၏။ ကမ္ဘာလောကသည် လူတို့ သည်းမခံနိုင်သည့် ထိုသို့သော အတိုင်းအတာတစ်ခုထိ ဖောက်ပြန်ပျက်စီးပြီးဖြစ်သည်ကို မြင်ရသောအခါ၊ ငါသည် ယင်းကို ချက်ချင်း ဖျက်ဆီးမည်။ ယင်းကို စကားတစ်ခွန်းတည်းကို မိန့်မြွက်ရုံမျှဖြင့် ငါ လုပ်ဆောင်နိုင်မည် မဟုတ်လော။

ငါသည် လက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်ဖြစ်၏။ ငါသည် သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မဆောင်ရွက်ပေ- သို့သော် ငါ၏ အံ့ဖွယ်အမှုတို့သည် နေရာတကာတွင် ရှိ၏။ ရှေ့ကလမ်းသည် မနှိုင်းယှဉ်သာအောင် ပိုပြီး တောက်ပလာလိမ့်မည်။ ခြေလှမ်းအသီးသီးနှင့်ဆိုင်သည့် ငါ၏ထုတ်ဖော်ပြခြင်းမှာ သင်တို့ထံ ငါ ထောက်ပြသော လမ်းခရီးဖြစ်ပြီး ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သည်။ ဆိုလိုသည်မှာ၊ အနာဂတ်တွင် ဤထုတ်ဖော်ပြခြင်းများသည် သာ၍ပင် များပြားလာလိမ့်မည်ဖြစ်ပြီး၊ တိုး၍ ရှင်းလင်းလာလိမ့်မည် ဖြစ်သည်။ နှစ်တစ်ထောင်နိုင်ငံတော်တွင်ပင်- မဝေးတော့သည့် အနာဂတ်တွင်- သင်တို့သည် ငါ၏ ထုတ်ဖော်ပြခြင်းများနှင့် ငါ့ခြေလှမ်းများနောက် လိုက်လျှောက်ခြင်းအရ ရှေ့သို့တက်လှမ်းသွားကြရမည်။ အားလုံးသည် ရုပ်လုံးပေါ်ပြီဖြစ်သကဲ့သို့ အားလုံးကို ပြင်ဆင်ထားပြီး ဖြစ်သည်။ ထာဝရ ကောင်းချီးမင်္ဂလာများသည် ကောင်းချီးခံစားရသောသူတို့အလယ် သင့်ကို စောင့်ဆိုင်းနေသည်၊ နှိပ်စက်ခြင်းခံရသောသူများမှာမူ ထာဝရ ပြစ်တင်ဆုံးမခြင်းက ၎င်းတို့ကို စောင့်ကြိုလျက် ရှိသည်။ ငါ၏နက်နဲမှုများသည် သင်တို့အတွက် အလွန်များလွန်းလှသည်။ ငါ့အဖို့ အရိုးရှင်းဆုံးဖြစ်သော နှုတ်ကပတ်တော်များသည် သင်တို့အဖို့ အခက်ခဲဆုံး ဖြစ်၏။ ထိုကြောင့် သင်သည် နားလည်မှု အလွန် နည်းပါးပြီး စကားလုံး တစ်ခုချင်းစီတိုင်းအား ငါ ရှင်းပြသည်ကို လိုအပ်သည့်အတွက်၊ ငါသည် သာ၍ သာ၍ မိန့်မြွက်ရသည်။ သို့သော်လည်း များစွာ မစိုးရိမ်လွန်းနှင့်။ ငါသည် သင်တို့ကို ငါ၏ အမှုနှင့်အညီ စကားပြောမည်။

အရှေ့သို့- အခန်း ၈၂

နောက်တစ်ခုသို့- အခန်း ၈၄

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။