မေးခွန်း (၁) ဒါပေမဲ့ ခင်ဗျားက ယုံကြည်တာ ဆယ်နှစ်ပဲရှိသေးတယ်။ ခင်ဗျားက လူသစ်ပဲရှိသေးတယ်။ ကျုပ် အသက်ရှင်တာ အတော်ကြာပြီဖြစ်ပြီး ဘာသာတရားတွေကို လေ့လာတာ ဆယ်စုနှစ်ပေါင်းများပြီ။ ကျုပ် ခင်ဗျားကို ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ပြောနိုင်တယ်။ ကျုပ်တို့ဒီကမ္ဘာမှာ ဘုရားရှိကိုမရှိတာပါ။ ဘယ်ကယ်တင်ရှင်မှလည်း မရှိဘူး။ ဘုရားသခင်ကို ယုံကြည်မှုက အတော်ကို မရေရာပါဘူး။ လက်တွေ့မကျတာသက်သက်ပါပဲ။ ကျုပ်တို့နှစ်ယောက်လုံးက ပညာတတ်တွေပဲ အချက်အလက်တွေနဲ့ သိပ္ပံနဲ့အညီ ဒီပြဿနာတွေကို ကြည့်သင့်ပြီး ဒါဝင်ရဲ့ သီအိုရီကို ဒါမှမဟုတ် ရုပ်ဝါဒကိုတောင် ယုံကြည်သင့်တယ်။ ခင်ဗျားက ဘုရားသခင်ကို ယုံကြည်မှရမယ်လို့ ဘာလို့ ခံစားရတာလဲ။ ကျုပ်တို့ ကွန်မြူနစ်တွေက ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယုံကြည်တယ်။ ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ်သီအိုရီက သိပ္ပံရဲ့သမိုင်းမှာ အရေးကြီးဆုံးသီအိုရီတစ်ခုဆိုတာ ခင်ဗျားသိမှာပါ။ ဒါဝင်အရ ကမ္ဘာပေါ်မှာရှိတဲ့အရာတိုင်းကို သဘာဝရဲ့ဖြစ်စဉ်က ဖန်တီးခဲ့တယ်ဆိုတာ မြင်သာပါတယ်။ လူဟာ ဇီဝဆိုင်ရာဆင့်ကဲဖြစ်ခြင်းရဲ့ သဘာဝဖြစ်စဉ်ရဲ့ တိုက်ဆိုင်ပြီးဖြစ်လာတဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်။ အတိုပြောရရင် လူက မျောက်ဝံကနေ ဆင့်ကဲပြောင်းလဲလာတယ်။ လုံလောက်တဲ့ သီအိုရီပိုင်းဆိုင်ရာ အထောက်အထားတစ်ခုရှိပါတယ်။ အဲဒါကဘုရားသခင်ဟာ လူကို မဖန်ဆင်းခဲ့ဘူးလို့ပြတယ်။ သမ္မာကျမ်းစာမှာရေးထားတာက အလေးအနက်ခံယူဖို့မဟုတ်တဲ့ ဒဏ္ဍာရီနဲ့ ရိုးရာပုံပြင်တွေသက်သက်ပါ။ ရမယ်ဆိုရင် ခင်ဗျားကို ရုပ်ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို လေ့လာဖို့အကြံပေးချင်တယ်။ အဲဒါတွေက တကယ်ကို လက်တွေ့ကျပြီး ခင်ဗျားရဲ့ သံသယတွေကို ဖယ်ရှားပေးလိမ့်မယ်။ ခင်ဗျားဒါကို ရှင်းရှင်းလင်းလင်းမြင်နိုင်လာရင် ဘာသာရေးယုံကြည်မှုတွေကို မှန်မှန်ကန်ကန်နားလည်လာမှာဖြစ်ပြီး နောက်ဆုံးမှာ မျက်စိစုံမှိတ်ယုံကြည်ခြင်းရဲ့ အမြင်မှားမှုကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။ တရုတ်ကွန်မြူနစ်ပါတီနောက်ကိုလိုက်မှသာ ခင်ဗျားမှာ အနာဂတ်ရှိလိမ့်မယ်။

အဖြေ- တရုတ်ကွန်မြူနစ်ပါတီက ဘုရားမဲ့ပါတီပဲ။ ရုပ်ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို ယုံတယ်။ ဒါပေမဲ့ ရလဒ်က ဘာလဲ။ ရုပ်ဝါဒနဲ့ဒါဝင်ဝါဒနှစ်ခုလုံးကို လူအများစုက ငြင်းပယ်တယ်။ လူတွေ ပိုပိုပြီး ဘုရားသခင်ကို ယုံကြည်လာပြီး သူ့ဆီကို ပြန်လာကြတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်လို့ ယုံကြည်တဲ့ အရေအတွက်က တိုးလာတယ်။ ကမ္ဘာကြီးက အခု နောက်ဆုံးသောကာလရဲ့ အဆုံးကို ရောက်နေပြီ။ ဘုရားသခင်ရဲ့ အမှုတော်က နောက်ဆုံးအဆင့်ပဲ။ ဘုရားသခင်က သူ့ရဲ့လုပ်ဆောင်မှုအားလုံးကို မြင်သာစေလိမ့်မယ်။ ဒီလိုမှ နောက်ဆုံးသောကာလမှာ လူတွေဟာ ကောင်းကင်နဲ့မြေကြီးမှာရှိတဲ့အရာအားလုံးဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း အုပ်စိုးခြင်းကိုခံရတယ်ဆိုတာ မြင်ရမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသလိုပဲ။ “ကျယ်ပြန့်လှသောစကြဝဠာထဲတွင် ဘဝနိယာမကို ထပ်တလဲလဲလိုက်နာလျက် ပုံသေစည်းကမ်းတစ်ရပ်ကို လိုက်နာကာ သက်ရှိသတ္တဝါမည်မျှသည် အသက်ရှင်လျက် မျိုးပွားနေကြသနည်း။ သေသူများသည် ရှင်သူများ၏ဇာတ်လမ်းများကို ၎င်းတို့နှင့်အတူ ယူသွားကြပြီး ရှင်နေသူများသည် သေပြီးသောသူများ၏ ဝမ်းနည်းဖွယ်ရာ သမိုင်းတစ်ရပ်ကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကို- ‘ငါတို့သည် မည်သည့်အတွက် အသက်ရှင်သနည်း။ အဘယ်ကြောင့် သေရသနည်း။ ဤကမ္ဘာကို အုပ်ချုပ်သူမှာ မည်သူနည်း။ ဤလူသားမျိုးနွယ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ သဘာဝမိခင်က လူသားမျိုးနွယ်ကို အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အကယ်ပင် ထိန်းချုပ်နိုင်သလော...’ ဟု မမေးဘဲ မနေနိုင်တော့ပါ။ နှစ်ပေါင်းထောင်ပေါင်းများစွာ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို ထပ်တလဲလဲ မေးနေခဲ့သည်။ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ငတ်မွတ်လာလေလေ ဖြစ်သည်မှာ ဆိုးလှသည်။ သိပ္ပံပညာသည် ခဏတာဆန္ဒပြည့်စေပြီး အသွေးအသားကို ယာယီပျော်ရွှင်မှု ပေးသော်လည်း လူသားကို တစ်ဦးတည်းဖြစ်နေခြင်း၊ အထီးကျန်နေခြင်းနှင့် မိမိစိတ်ဝိညာဉ်၏ နက်ရှိုင်းရာအတွင်းရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်ကင်းစေသည်အထိ လုံလောက်ရန် ဝေးပါသေးသည်။ ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး ဦးနှောက်ဖြင့်နားလည်နိုင်သည့် သိပ္ပံပညာကို မိမိ၏နှလုံးသား ခံစားမှု ကင်းမဲ့စေရုံမျှသာ လူသားတို့က အသုံးပြုခြင်းဖြစ်သည်။ သို့ရာတွင် နက်နဲရာများကို စူးစမ်းလေ့လာမှုမပြုရန် ၎င်းသိပ္ပံပညာသည် လူသားတို့ကို တားမြစ်နိုင်ခြင်း မရှိပါ။ လူသားတို့သည် လူသားတို့၏အစနှင့် အနာဂတ်တို့ကို သိရန်မဆိုထားနှင့် စကြဝဠာရှိ အလုံးစုံသော အရာတို့၏ အချုပ်အခြာအာဏာရှင် မည်သူဖြစ်သည်ကိုပင် မသိပါ။ လူသားသည် ဤနိယာမအကြားတွင် မတတ်သာ၍ အသက်ရှင်နေရုံမျှသာ ဖြစ်သည်။ မည်သူမျှ ထိုအရာကို လွတ်မြောက်နိုင်ခြင်း မရှိ။ ပြောင်းလဲနိုင်ခြင်း မရှိ။ အကြောင်းမှာ အလုံးစုံသောအရာများအကြားနှင့် ကောင်းကင်ဘုံ၌ ခပ်သိမ်းသောအရာတို့အပေါ် ကမ္ဘာအဆက်ဆက် အချုပ်အခြာအာဏာရှိသူ တစ်ဦးသာ ရှိသည်။ ထိုသူမှာ လူသားတို့ တစ်ခါမျှ မမြင်ဖူးသောသူ၊ လူသားတို့ တစ်ခါမျှ မသိဖူးသူ၊ ၎င်းရှိကြောင်း လူသားတို့တစ်ခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်။ သို့ရာတွင် သူသည် လူသားတို့၏ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားတို့ကို အသက်ပေးခဲ့သူဖြစ်သည်။ လူသားများ ရှိနေရေးအတွက် ထောက်ပံ့အားဖြည့်ပေးနေပြီး ယနေ့တိုင် လူသားတို့ကို လမ်းပြသူဖြစ်သည်။ ထို့အပြင် သူသာလျှင် လူသားတို့ ရှင်သန်နေရေးအတွက် အားထားရာ ဖြစ်သည်။ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး စကြဝဠာအောက် သက်ရှိအားလုံးကို အုပ်စိုးသူ ဖြစ်သည်။ ရာသီလေးပါးကို ကွပ်ကဲအုပ်စိုး၍ လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူဖြစ်သည်။ လူသားတို့ကို နေရောင်ပေး၍ ည၏ အလာကို ဆောင်ကြဉ်းသူဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ၊ လူသားတို့ကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ပေးသောသူမှာ သူဖြစ်သည်။ သူ၏အမှုသည် နေရာတိုင်းတွင်ရှိ၏။ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏။ သူ၏ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိ၏။ သူ၏အာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းတစ်ခုစီသည် သူ့အမှု၏ ပြယုဂ်ဖြစ်ပြီး ၎င်းတို့တစ်ခုစီတိုင်းသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ သူ၏အချုပ်အခြာအာဏာမှ မိမိကိုယ်ကို လွတ်ငြိမ်းခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ ထို့အပြင် သူ၏အစီအမံများမှ မိမိကိုယ်ကို ထွက်ခွာခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ အလုံးစုံသောအရာတို့သည် သူ၏စူးစိုက်ကြည့်မှုအောက်တွင် ရှိသည့်အပြင် အလုံးစုံသော အရာတို့သည် သူ၏အချုပ်အခြာအောက်တွင် ရှိပါသည်။ သူသည် အမှန်တကယ် တည်ရှိ၍ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသော အချက်ကို သူ၏အမှုနှင့် တန်ခိုးတို့ကြောင့် လူသားတို့သည် အခြားရွေးချယ်စရာမရှိဘဲ ဝန်ခံကြရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်)

ဖန်ဆင်းတဲ့အချိန်ကာလကတည်းက ဘုရားသခင်ဟာ အမှုတော်အဆင့်သုံးဆင့်ကို လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့အမှုတော်အဆင့်တိုင်းမှာ သမ္မာတရားတွေ များစွာ ဖော်ပြခဲ့တယ်။ သမ္မာကျမ်းစာတစ်ခုလုံးက ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်နှစ်ခုလုံးမှာရှိတဲ့ ဘုရားသခင်ရဲ့လုပ်ဆောင်မှု မှတ်တမ်းတစ်ခုပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူသားမျိုးနွယ်အပေါ် သန့်စင်ခြင်းနဲ့ကယ်တင်ခြင်းအတွက် သမ္မာတရားကို ဖော်ပြရင်း နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းကို လုပ်ဆောင်ခဲ့တယ်။ အများစုက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ လို့ခေါ်တဲ့ စာအုပ်ထဲမှာ မှတ်တမ်းတင်ထားပါတယ်။ ကျွန်မတို့က ဘုရားသခင်ရဲ့ ဝိညာဉ်ခန္ဓာကို မမြင်ရပေမဲ့ ဘုရားသခင်က အလုပ်လုပ်ဖို့ပေါ်ထွန်းလာတဲ့အခါမှာ ခေတ်ကာလတိုင်းမှာ သူဖော်ပြတဲ့ နှုတ်ကပတ်တော်အားလုံးကို ကျွန်မတို့ မြင်နိုင်ပါတယ်။ အဲဒါက သမ္မာကျမ်းစာရဲ့ နှုတ်ကပတ်တော်ကို ပြည့်စုံစေတယ်။ “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။(ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁:၁) လူသားမျိုးနွယ်က စာတန်ရဲ့ ဖျက်ဆီးခြင်းကိုခံရတာကြောင့် ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် စကားပြောပြီး အလုပ်လုပ်နေပါတယ်။ ပညတ်တော်ခေတ်မှာ ဘုရားသခင်ဟာ ကမ္ဘာပေါ်က လူသားမျိုးနွယ်ရဲ့ဘဝကို လမ်းညွှန်ဖို့ သူ့ရဲ့ပညတ်တရားနဲ့ပညတ်တော်တွေကို ထုတ်ပြန်ဖို့အတွက် ဣသရေလနိုင်ငံမှာ အလုပ်လုပ်ခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ဟာ သခင်ယေရှုအဖြစ် လူ့ဇာတိခံယူခဲ့ပြီး ယုဒပြည်အတွင်းမှာ ရွေးနှုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့တယ်။ လူ့ဇာတိခံယူတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ပေါ်ထွန်းပြီး တရုတ်ပြည်မှာ သူ့ရဲ့နောက်ဆုံးသောကာလအမှုတော်ကို လုပ်ဆောင်တယ်။ သမ္မာကျမ်းစာနဲ့ နောက်ဆုံးသောကာလ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲမှာ မှတ်တမ်းတင်ထားတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘုရားသခင်ဟာ လူသားကို လမ်းပြပြီးကယ်တင်ဖို့ ကမ္ဘာမှာ စကားပြောခြင်း၊အလုပ်လုပ်ခြင်းနှစ်ခုလုံးကို လုပ်ဆောင်တယ်ဆိုတဲ့ သက်သေဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်က လုပ်တာမဟုတ်ဘူးဆိုရင် ဘယ်သူက ဒီလို စွမ်းအားကြီးပြီး သြဇာအာဏာရှိတဲ့ စကားတွေကို ပြောနိုင်မှာလဲ။ လူဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို မမြင်နိုင်ပေမဲ့ သူဖော်ပြတဲ့ နှုတ်ကပတ်တော်တွေကို ကြားနိုင်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ လူသားမျိုးနွယ်ကို လမ်းပြကယ်တင်ဖို့အတွက် စကားပြောပြီး အလုပ်လုပ်နေတယ်ဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်။ လူဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အရသာ ဘုရားသခင်ကို ယုံကြည်နိုင်တယ်။ လူဟာ ရိုးသားစစ်မှန်စွာ ဆုတောင်းတဲ့အခါမှာ သူဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုနဲ့ ဘုရားသခင်တည်ရှိမှုကို ခံစားရနိုင်တယ်။ ရှင်က သမ္မာကျမ်းစာနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို မဖတ်ထားဘူး ဒါမှမဟုတ် ဘုရားသခင်ကို ဆုမတောင်းဘူး။ ဘုရားသခင်ကို မယုံကြည်ဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့ တည်ရှိမှုကို မခံစားရနိုင်ဘူး။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ လူတွေကြားမှာ စကားပြောပြီးအလုပ်လုပ်ဖို့အတွက် လူသားအနေနဲ့ လူ့ဇာတိခံယူခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဖော်ပြတဲ့ နှုတ်ကပတ်တော်အားလုံးဟာ သူတစ်ပါးတည်းသာ မိန့်မြွက်နိုင်တဲ့ သြဇာအာဏာနဲ့ဘုန်းတန်ခိုးပါတဲ့ သမ္မာတရားဖြစ်ပါတယ်။ ဒါက စကားပြောတာဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဖြစ်တယ်၊ ပေါ်ထွန်းလာပြီး သူ့အလုပ်ကိုလုပ်ဆောင်ဖို့အတွက် လူ့ဇာတိအဖြစ်ဖြစ်ပေါ်လာတဲ့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဖြစ်တယ်ဆိုတာ သက်သေပြတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ကျွန်မဖတ်လိုက်တာနဲ့ ဒီနှုတ်ကပတ်တော်တွေက ဘုရားသခင်ဆီကလာတယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်းခံစားနိုင်တယ်။ ဒါ ဘုရားသခင်က လူသားမျိုးနွယ်ကို တိုက်ရိုက်စကားပြောနေတာပါ ဒါကြောင့် ကျွန်မ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံခဲ့တယ်။ ဘုရားသခင်ရဲ့အမှုတော်ကို နှစ်အတော်များများကြုံတွေ့ပြီးနောက်မှာ ကျွန်မ ဘုရားသခင့်နှုတ်ကပတ်တော်ရဲ့ အာဏာနဲ့ဘုန်းတန်ခိုးကို ခံစားခဲ့ရပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြခြင်းကို ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ အံ့သြစရာလုပ်ဆောင်မှုတွေကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မရဲ့ နှလုံးသားထဲမှာ ဘုရားသခင်ရဲ့ သြဇာအာဏာ၊ ဘုန်းတန်ခိုး၊ အဆုံးအစမဲ့တန်ခိုးရှိခြင်းနဲ့ အုပ်စိုးခြင်းတို့ဟာ သိပ်စစ်မှန်လွန်းပါတယ်။ နှလုံးသားနဲ့ ဝိညာဉ်ရှိသူဟာ ဘုရားသခင်ဖန်တီးခဲ့တဲ့အရာအားလုံးနဲ့ သူဖော်ပြခဲ့တဲ့ သမ္မာတရားအားလုံးကနေ အရာအားလုံးအပေါ် ဘုရားသခင်ရဲ့ တည်ရှိမှုနဲ့ ဘုရားသခင်ရဲ့ အုပ်စိုးမှုကို မြင်နိုင်တယ်လို့ ပြောလို့ရပါတယ်။ သခင်ယေရှုကပြောခဲ့တယ်။ “ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။(မဿဲ ၂၄: ၃၅) အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်၊ “ကောင်းကင်နှင့်မြေကြီးသည် ဆိတ်သုဉ်းသွားလိမ့်မည် သို့သော် ငါဆိုသော စာလုံးတစ်လုံး သို့မဟုတ် ခဲခြစ်ရာတစ်ခုမျှ အစဉ် ဆိတ်သုဉ်းမည်မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၃)) ဘုရားသခင်ရဲ့ ပရောဖက်ပြုချက်တိုင်း၊ နှုတ်ကပတ်တော်တိုင်းဟာ ပြည့်စုံပြီးမြောက်ခြင်းက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်သာ သမ္မာတရားဖြစ်တယ်ဆိုတာ သိသာစေပါတယ်။ လူသားမျိုးနွယ်အားလုံးက ဘုရားသခင်ရဲ့ အဆုံးအစမဲ့တန်ခိုးနဲ့ အုပ်စိုးမှုကို မြင်ရပါမယ်။

အပြန်အလှန်စကားပြောဆိုခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) ဒါပေမဲ့ သခင့်နောက်ကို လိုက်ခြင်းအားဖြင့် ရရှိနိုင်တယ်လို့၊ ကျွန်တော်တို့ ယုံပါတယ် သခင့်နှုတ်ကပတ်တော်က ဒီကိစ္စကို ထောက်ခံထားပါတယ်။ ယေရှုကလည်း၊ “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅-၂၆)ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဒီကျမ်းပိုဒ်ဟာ သခင်ယေရှုရဲ့ ကတိတော်ပါ ထာဝရအသက်ကို သခင်ယေရှုပေးနိုင်ပါတယ် ကိုယ်တော့်လမ်းဟာ ထာဝရအသက်လမ်းပါ သမ္မာကျမ်းစာက ပြောထားပါတယ်၊ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။(ရှင်ယောဟန်ခရစ်ဝင် ၃:၃၆) သခင်ယေရှုဟာ လူသားပါ၊ ကိုယ်တော်ဟာ ခရစ်တော် မဟုတ်ဘူးလား သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့်၊ ထာဝရအသက်လမ်းကို ကျွန်မတို့ ရရှိသင့်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဟာ ကျွန်တော်တို့ကို ထာဝရအသက်လမ်း ယူဆောင်လာပေးတယ်လို့ ခင်ဗျားသက်သေခံသွားပါတယ် ဒါကို ကျွန်တော် သိပ်နားမလည်ဘူးဗျာ၊ ကျွန်တော်တို့အားလုံးဟာ သခင်ယေရှုရဲ့ နောက်လိုက်တွေပဲလေ ဒါဟာ ထာဝရအသက်ကို ရဖို့ ဘာလို့မလုံလောက်နိုင်တာလဲ ဘာဖြစ်လို့ နောက်ဆုံးသောကာလထဲက ခရစ်တော်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကျွန်မတို့က ဘာလို့လက်ခံဖို့လိုသေးတာလဲ

နောက်တစ်ခုသို့- မေးခွန်း (၂) ဒါပေမဲ့ ကျုပ်က ဘုရားကို တစ်ခါမှမမြင်ဖူးဘူး။ ဘုရားသခင်က ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကမ္ဘာကို ဘယ်လိုအုပ်စိုးတယ်ဆိုတာ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။ ဘုရားကိုသိပြီး သူ့ကိုလက်ခံဖို့ ကျုပ်အတွက် ခက်ခဲတယ်။ ဘာသာရေးယုံကြည်မှုကို နှစ်တော်တော်များများလေ့လာပြီးနောက်မှာ ဘာသာရေးယုံကြည်မှုက ဝိညာဉ်ဆိုင်ရာအာဟာရကိုပေးတယ်လို့ ကျုပ်ထင်တယ်။ ဒါက လူသားမျိုးနွယ်ရဲ့ ဝိညာဉ်ဆိုင်ရာလစ်ဟာမှုကို ဖြည့်ဆည်းဖို့ နည်းတစ်ခုသက်သက်ပဲ။ ဘုရားသခင်ကို ယုံကြည်သူတွေက နောက်ဆုံးမှာကျုပ်တို့လိုပဲ သေတာပဲမဟုတ်လား။ ဘယ်သူက ကောင်းကင်ဘုံပေါ်တက်ပြီး ဘယ်သူက ငရဲသွားတယ်ဆိုတာ ဘယ်သူကမှ အတည်မပြုနိုင်ဘူး။ ကျုပ်အတွက်က ဘာသာရေးယုံကြည်မှုက လက်တွေ့မကျဘဲ အတော်ကို မသေချာပါဘူး။ သိပ္ပံရဲ့ဖွံ့ဖြိုးမှု၊ လူရဲ့တိုးတက်မှုနဲ့ ဘာသာရေးယုံကြည်မှုဟာ စွန့်ပစ်ပြီး ဖယ်ရှားခံရဖို့ အလားအလာသိပ်များတယ်။ ကျုပ်တို့အားလုံးက သိပ္ပံကို ယုံကြည်ဖို့လိုတယ်။ သိပ္ပံသာ ဘယ်သူကမှ မငြင်းနိုင်တဲ့ သမ္မာတရားနဲ့ စစ်မှန်မှုကို ဖော်ထုတ်နိုင်တယ်။ သိပ္ပံက ဘုရားကို မငြင်းပေမဲ့ ဘုရားရဲ့တည်ရှိမှုကို မမြင်တွေ့ရသေးဘူး။ သိပ္ပံက ဘုရားသခင်တည်ရှိပြီး အရာအားလုံးကို အုပ်စိုးတယ်ဆိုတဲ့ သက်သေတွေ့ရင် ကျုပ်တို့လည်း ဘုရားကို ယုံမှာပဲ။ ကျုပ်တို့ကွန်မြူနစ်အားလုံးက သိပ္ပံကို ယုံကြည်တယ်။ သိပ္ပံအပေါ် ယုံကြည်မှုနဲ့ တိုးတက်မှုကနေတစ်ဆင့်ကသာ လူမှုအဖွဲ့အစည်းက တိုးတက်မယ်။ သိပ္ပံက လူ့အဖွဲ့အစည်းတွေရဲ့ တကယ့်ပြဿနာတော်တော်များများကို ဖြေရှင်းနိုင်တယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းက လူတွေကို ဘာပေးလဲ။ ယာယီ ဝိညာဉ်ဆိုင်ရာသက်သာမှုကလွဲပြီး တခြားဘာကောင်းလဲ။ တကယ့်ပြဿနာတွေကို မဖြေရှင်းပေးဘူး။ ကျုပ်ဆိုလိုတာက သိပ္ပံကို ယုံကြည်မှုက ဘုရားသခင်ကို ယုံကြည်မှုထက် ပိုပြီး လက်တွေ့ကျတယ်။ ကျုပ်တို့အားလုံး သိပ္ပံကို ယုံကြည်မှရမယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။