အခန်း ၄၅

သင်သည် သင်၏ ညီအစ်ကိုမောင်နှမများကို လူသိရှင်ကြား အကဲဖြတ်ဝေဖန်သည်မှာ ယင်းသည်မည်သည့်အရာမှ မဟုတ်ခဲ့သကဲ့သို့ပင် ဖြစ်သည်။ သင်သည် အကောင်းနှင့် အဆိုးကို အမှန်တကယ်မသိ။ ရှက်ရွံ့ခြင်းကို မသိ။ ဤအပြုအမူသည် ဆိုးဆိုးရွားရွား မထီလေးစားသော၊ ထင်တိုင်းကြဲသော အပြုအမူ မဟုတ်သလော။ သင်တို့ တစ်ဦးချင်းစီတိုင်းသည် စိတ်ရှုပ်ထွေးကာ စိတ်နှလုံး လေးလံလျက် ရှိကြ၏။ သင်တို့သည် များပြားလွန်းသော ဝန်စည်စလယ်ကို သယ်ဆောင်ထားကာ သင်၏အထဲတွင် ငါ့အတွက် နေရာမရှိ။ မျက်ကန်းတို့။ သင်တို့၏ ရက်စက်ကြမ်းကြုတ်ခြင်းသည် ဤမျှ အစွန်းရောက်ပြီးဖြစ်ရာ ယင်းသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။

ငါသည် သင်တို့အား ငါ၏စိတ်နှလုံးထဲမှ ထပ်ခါတလဲလဲ ပြောကြားပြီး ငါ၌ရှိသမျှ အရာအားလုံးကို သင်တို့အား ပေးသော်လည်း၊ သင်တို့သည် အလွန်တရာ ကပ်စေးနှဲလျက် လူ့သဘာဝ စိုးစဉ်းမျှ မရှိပေ။ ဤအရာသည် နားလည်သဘောပေါက်ရန် အမှန်တကယ် ခက်သည်။ သင်သည် သင်၏ ကိုယ်ပိုင် အယူအဆများကို အဘယ်ကြောင့် ဖက်တွယ်ထားသနည်း။ အဘယ့်ကြောင့် သင်၏အထဲ၌ ငါ့အတွက် နေရာအချို့ မရှိစေသနည်း။ ငါသည် သင်တို့အား အဘယ်သို့များ ထိခိုက်နာကျင်စေနိုင်မည်နည်း။ သင်သည် ဤနည်းအားဖြင့် ဆက်လက် မပြုမူရ၊ ငါ၏နေ့ရက်သည် ယခုအချိန်မှ အမှန်တကယ် မဝေးတော့ပေ။ ဂရုမထားဘဲ မပြောနှင့်၊ မဆင်မခြင် မပြုမူနှင့်၊ သို့မဟုတ် ခိုက်ရန်ဖြစ်ပွားပြီး ပြဿနာ မဖြစ်စေနှင့်။ ယင်းသည် သင်တို့၏ အသက်တာများအပေါ် မည်သို့ ကောင်းစေနိုင်သနည်း။ ငါသည် သင်တို့ကို မှန်ကန်စွာ ပြောကြားနေသည်။ ငါ၏နေ့ရက်ရောက်သောအခါ လူတစ်ဦးတစ်ယောက်မျှ ကယ်တင်ခြင်း မခံရလျှင်ပင်၊ ငါသည် အမှုအရာတို့ကို ငါ၏ အစီအစဉ်အတိုင်းသာ ကိုင်တွယ်သွားလိမ့်ဦးမည် ဖြစ်သည်။ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ကြောင်းကို သင်သိရမည်။ မည်သည့် အရာဝတ္တု တစ်ခုကမျှ၊ လူပုဂ္ဂိုလ် တစ်ဦးကမျှ၊ အဖြစ်အပျက် တစ်ခုကမျှ ငါ၏ ရှေ့ဆက်သော ခြေလှမ်းများကို နှောင့်နှေးစေရန် မဝံ့ရဲ။ သင်တို့မပါဘဲ ငါ၏ အလိုတော်ကို ဆက်လက် လုပ်ဆောင်ဖို့ရန် ငါ့တွင်နည်းလမ်းမရှိဟု သင်တို့မထင်သင့်။ အကယ်၍ သင်သည် သင်ကိုယ်တိုင်၏အသက်တာအား ဤအပျက်သဘောဆောင်သည့် အပြုအမူဖြင့် ပြုမူပါက၊ သင်ကိုယ်တိုင်၏အသက်တာကို ပျက်စီးစေမည်သာဖြစ်ကြောင်း ငါပြောနိုင်သည်။ ယင်းသည် ငါအမှုထားစရာ ကိစ္စမဟုတ်ပေ။

သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် အဆင့်တစ်ခုအထိ တိုးတက်ပြီးဖြစ်ကာ သက်သေခံချက်သည် အထွတ်အထိပ်သို့ ရောက်ပြီးဖြစ်၏။ ဤအရာသည် ရိုးရှင်းသော အမှန်တရား ဖြစ်သည်။ သင်တို့၏ ဝေဝါးနေသော မျက်စိများကို အမြန်ဖွင့်လော့။ သင်တို့၏အတွင်း၌ ငါ၏ အပင်ပန်းခံ ကြိုးစားအားထုတ်မှုများကို အချည်းနှီး မဖြစ်စေဘဲ၊ သင်တို့ကိုယ်သင်တို့ စိတ်အလိုလိုက်ခြင်း မပြုတော့နှင့်။ သင်တို့သည် ငါ၏ရှေ့တော်မှောက်၌ ကောင်းမှုများကို လုပ်ဆောင်ရန် ဝမ်းမြောက်ဝမ်းသာ ရှိသော်လည်း၊ ငါမရှိသည့် အချိန်တွင် သင်တို့၏ လုပ်ဆောင်မှုများနှင့် အပြုအမူများကို ငါ့ရှေ့တော်၌ ငါမြင်ရန်အတွက် ဆက်လက် ထိန်းထားနိုင်မည်လော။ သင်တို့သည် အကောင်းနှင့် အဆိုးကို မသိ။ သင်တို့သည် ငါ့အား နားမထောင်၊ ငါ၏ရှေ့တွင် တစ်မျိုးပြုလျက် ငါ၏နောက်ကွယ်ရာတွင် တစ်မျိုး ပြုကြသည်။ ငါသည် လူသား၏ စိတ်နှလုံး နက်ရှိုင်းရာထဲသို့ ကြည့်သော ဘုရားသခင် ဖြစ်သည်ကို သင်သည် သဘောမပေါက်နိုင်သေးပေ။ သင် မသိနားမလည်မှုက လွန်ကဲလိုက်လေတကား။

နောက်ပိုင်း၌ ရှေ့တွင်ရှိသောလမ်းတွင် သင်သည် လှည့်ဖြားမှုကို မဖန်တီးရ၊ သို့မဟုတ် လှည့်စားခြင်းနှင့် မရိုးဖြောင့်ခြင်းတို့၌ စိတ်ဝင်စားခြင်းမရှိဘဲ နေရမည်။ ထိုကဲ့သို့မဟုတ်လျှင် အကျိုးဆက်များသည် မစဉ်းစားတတ်အောင်ပင် ဖြစ်လိမ့်မည်။ လှည့်စားခြင်းနှင့် မရိုးဖြောင့်ခြင်းသည် မည်သည့်အရာများ ဖြစ်ကြသည်ကို သင်တို့ အားလုံး နားမလည်ကြသေးပေ။ ငါမြင်ရန် သင်အခွင့်မပေးနိုင်သော မည်သည့်လုပ်ရပ် သို့မဟုတ် မည်သည့်အပြုအမူများကိုမဆို၊ အများသူငါ အသိမခံနိုင်သော အရာမှန်သမျှသည် လှည့်စားခြင်းနှင့် မရိုးဖြောင့်ခြင်းများ ဖြစ်ကြသည်။ ယခု ဤအရာကို သင်နားလည်သဘောပေါက်သင့်သည်။ အကယ်၍ အနာဂတ်တွင် သင်သည် လှည့်စားခြင်းနှင့် မရိုးဖြောင့်ခြင်းများ၌ ပါဝင်သည့်အခါ၊ နားမလည်ယောင်မဆောင်နှင့်- အကယ်၍ သင်သည် ဤအရာကို ပြုလုပ်ပါက၊ သိလျက်နှင့် အမှား ပြုနေခြင်းဖြစ်ကာ နှစ်ဆ အပြစ်ရှိ၏။ ဤအရာသည် သင့်အား မီး၌လောင်မြိုက်ခြင်းခံရရန် သို့မဟုတ် ပို၍ဆိုးရွားသော သင့်ကိုယ်သင် ပျက်ကိန်းဆိုက်စေရန်အတွက်သာ ဦးတည်လိမ့်မည်။ သင်နားလည်ရမည်။ ယနေ့ သင်တို့ ရင်ဆိုင်တွေ့ကြုံနေရသော အရာသည် ချစ်ခြင်းမေတ္တာဖြင့် ပြစ်တင်ဆုံးမခြင်း ဖြစ်ပြီး ယင်းသည် အသနားအကြင်နာမဲ့သော တရားစီရင်ခြင်း မဟုတ်သည်မှာ အသေအချာဖြစ်သည်။ ဤသည်ကိုု သင်မမြင်နိုင်လျှင်၊ သင်သည် အလွန်သနားဖွယ်ရာကောင်းပြီး သင့်ထံတွင် တကယ့်ကို မျှော်လင့်ချက် မဲ့ချေပြီ။ အကယ်၍ သင်သည် ချစ်ခြင်းမေတ္တာဖြင့် ပြစ်တင်ဆုံးမခြင်းကို လက်မခံလိုလျှင်၊ သင်တို့အပေါ်သို့ ကျရောက်နိုင်သည့်အရာအားလုံးမှာ အသနားအကြင်နာမဲ့သော တရားစီရင်ခြင်းသာ ဖြစ်မည်။ ထိုအရာ ဖြစ်လာသော အချိန်၌၊ ငါသည် သင့်အား မပြောခဲ့ဟု မညည်းညူလေနှင့်။ ငါ၏ တာဝန်ဝတ္တရားများကို ခေါင်းရှောင်သူမှာ ငါ မဟုတ်ဘဲ၊ ယင်းအစား ငါ့နှုတ်ကပတ်တော်များကို နားမထောင်၊ ငါ့နှုတ်ကပတ်တော်များကို မထမ်းရွက်သော သင်တို့သာ ဖြစ်သည်။ လူတို့သည် နောက်ပိုင်းတွင် ငါ့ကို ပြစ်တင်ကြမည်ကို စိုးသဖြင့် ငါသည် ယင်းကို သင်တို့အား ယခု ပြောကြားနေခြင်း ဖြစ်သည်။

အရှေ့သို့- အခန်း ၄၄

နောက်တစ်ခုသို့- အခန်း ၄၆

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။