အခန်း ၄၆

မည်သူမဆို ငါ့အတွက် မိမိကိုယ်ကို ရိုးသားစွာ အပ်နှံအသုံးပြုပါက ငါသည် သင့်ကို အဆုံးတိုင်အောင် ဧကန်အမှန် အကာအကွယ်ပေးမည်၊ သင်သည် အစဉ်အမြဲ ငြိမ်သက်ခြင်းရှိပြီး အစဉ်အမြဲ ဝမ်းမြောက်ဖို့ရန်အလို့ငှာ ငါ့လက်သည် သင့်ကို အမှန်ဆွဲကိုင်ထားမည် ဖြစ်ပြီး သင့်ထံတွင် ငါ၏ အလင်းနှင့် ဖွင့်ပြချက်တို့ နေ့စဉ် ရှိနေမည်။ ငါ၌ရှိသည့်အရာတို့ကို သင်ရရှိပြီး ငါ၌ဖြစ်သည်ကို သင်ပိုင်ဆိုင်ဖို့ရန်အလို့ငှာ သင့်ကို နှစ်ဆသော ကောင်းကြီးမင်္ဂလာများ ဧကန်အမှန် ငါပေးမည်။သင့်အထဲ၌ သင်အတွင်း၌ ပေးထားသမျှသည် သင်၏ အသက်ဖြစ်ပြီး သင့်ထံမှ မည်သူမျှ မယူနိုင်ရာ။ သင့်ကိုယ်သင် ဒုက္ခမပေးနှင့် သို့မဟုတ် စိတ်ပျက်ညှိုးငယ်ခြင်း မဖြစ်နှင့်၊ ငါ၏အတွင်း၌ ငြိမ်းသက်ခြင်းနှင့် ဝမ်းမြောက်ခြင်းသာ ရှိ၏။ ငါ့ကို ရိုးသားစွာ အလေးထားပြီး ငါ့ကို နာခံသော အသင်သားသမီး၊ ငါသည် သင့်ကို စိတ်ရင်းအတိုင်း ချစ်၏၊ ငါအမုန်းဆုံးကား သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ပြီး ၎င်းတို့အား ငါသည် ဆက်ဆက်သုတ်သင်ဖယ်ရှားမည်။ ငါ့အိမ်မှ လူ့လောက အရိပ်အယောင် မှန်သမျှ ငါဖယ်ရှားမည်၊ ငါမမြင်လိုသည့်အရာများ အားလုံးကို ငါဖယ်ရှားမည်။

ငါ့စိတ်နှလုံးထဲတွင် မည်သူသည် ငါ့အား ရိုးသားစွာ အလိုရှိရှိပြီး မည်သူသည် အလိုမရှိကြောင်း ငါအတိအကျ သိ၏။ သူတို့သည် ကျကျနန အယောင်ဆောင်နိုင်ပြီး ပါးပါးနပ်နပ် ရုပ်ဖျက်နိုင်ကြ၏။ သူတို့ကို ကမ္ဘာ့အကောင်းဆုံး သရုပ်ဆောင်များဟုပင် ခေါ်ဆိုနိုင်ပေမည်။ သို့သော် သူတို့၏ စိတ်နှလုံးထဲ၌ သိုထားသမျှအရာအားလုံးကို ငါရှင်းရှင်းလင်းလင်း မြင်သည်။သင့်နှလုံးထဲ၌ အဘယ်အရာရှိသည်ကို ငါမသိဟု မထင်နှင့်၊ လက်တွေ့တွင် ငါ့ထက်ပို၍ ရှင်းရှင်းလင်းလင်း နားလည်နိုင်သောသူ တစ်ယောက်မျှမရှိ။ သင့်စိတ်နှလုံးထဲ၌ အဘယ်အရာရှိသည်ကို ငါသိ၏၊ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ဆက်ကပ်ရန် လိုလား၏၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးပြုလို၏၊ အခြားသူများ ဝမ်းမြောက်စေရန် ချိုသာသောစကားများကို သင်မပြောလိုခြင်းသာ ဖြစ်၏။ ရှင်းရှင်းလင်းလင်း သိနားလည်လော့။ ယနေ့ နိုင်ငံတော်သည် လူသားတို့၏ ခွန်အားဖြင့် တည်ဆောက်ထားခြင်းမဟုတ်၊ သို့သော် ငါ၏ ပညာအသင်္ချေနှင့် ဒုက္ခသုခခံ၍ ကြိုးစားအားထုတ်မှုတို့ကို အသုံးပြုခြင်းဖြင့် လုံးလုံးလျားလျား အောင်မြင်စွာ တည်ထောင်မည်။ ဉာဏ်ပညာရှိသော မည်သူမဆိုနှင့် ၎င်းတို့အတွင်း ငါ၏ဖြစ်ခြင်းကို ပိုင်ဆိုင်သူတို့သည် နိုင်ငံတော်တည်ထောင်ရာတွင် ဝေစုရပေမည်။ ထပ်မံ၍ စိတ်ပူပန်ခြင်း မရှိနှင့်။ သင့်အထဲတွင် ငါ၏အလိုကို ဖွင့်ပြခြင်း သို့မဟုတ် ဉာဏ်အလင်းပြခြင်းတို့ကို သင်သည်အလေးမထားဘဲ အမြဲစိုးရိမ်ပူပန်လျက် မိမိကိုယ်ကို စိတ်ဆင်းရဲစေသည်။ ထိုသို့ ထပ်မံမလုပ်ဆောင်နှင့်။ သင်၏ အပြုအမူများကြောင့်ဖြစ်သော ဆင်းရဲဒုက္ခဝေဒနာများကို ရှောင်ကြဉ်ရန်အတွက် မည်သည့် အကြောင်းအရာမဆိုနှင့်ပတ်သက်ပြီး ငါနှင့် ပိုမို၍ မိတ်သဟာယဖွဲ့လော့။

အပြင်ပန်းတွင် ငါသည် လူတိုင်းနှင့် ဟက်ဟက်ပက်ပက် မရှိသကဲ့သို့ ထင်ရသော်လည်း ငါသည် အတွင်းထဲ၌ အဘယ်အရာကို တွေးတောနေသနည်း ဆိုသည်ကို သင်သိပါသလော။ ငါသည် နှိမ့်ချသူများကို အမြဲမြှင့်တင်၍ စိတ်ကြီးဝင်သူ၊ မိမိကိုယ်ကို ရှေ့တန်းတင်သူတို့ကို အမြဲဖြုတ်ချသည်။ ငါ၏အလိုကို မသိနားမလည်သူတို့သည် ကြီးစွာသော ဆုံးရှုံးမှုတို့ကို ခံစားရမည်။ဤသည်မှာ ငါဖြစ်ကြောင်း သင်သိရမည်။ ၎င်းသည် ငါ၏ စိတ်သဘောထား ဖြစ်၏။ မည်သူမျှ မပြောင်းလဲနိုင်၊ မည်သူမျှ စေ့စေ့စပ်စပ် မသိပေ။ ငါဖွင့်ပြမှသာ သင်နားလည်နိုင်မည်၊ သို့မဟုတ်ပါက သင်သည်လည်း စေ့စေ့စပ်စပ် နားလည်မည် မဟုတ်ပေ၊ မာနမကြီးနှင့်။ အချို့လူတို့သည် အပြောကောင်းသော်လည်း သူတို့၏ စိတ်နှလုံးသည် ငါ့ကိုဘယ်သောအခါမျှ သစ္စာမရှိ၊ ငါ့အား တိတ်တဆိတ် အတိုက်အခံလုပ်လျက်ရှိသည်၊ ထိုသို့သောလူစားများကို ငါတရားစီရင်မည်။

အခြားသူများထံမှ အရိပ်နိမိတ်များကို အာရုံမပြုနှင့်၊ ငါ့အမူအယာနှင့် ဟန်ပန်တို့ကိုသာ အထူးဂရုပြုလော့။ ဤနည်းအားဖြင့်သာ သင်သည် ငါ၏အလိုကို တဖြည်းဖြည်း နားလည်လာလိမ့်မည်။ သင်၏ လုပ်ဆောင်မှုတို့သည် ငါ၏အလိုနှင့်အညီ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် အမှားများ ကျူးလွန်မိမည်မဟုတ်ပေ။ ဝမ်းနည်း ငိုကြွေးခြင်း မပြုနှင့်။ သင်လုပ်သမျှအားလုံး၊ သင်၏အပြုအမူအားလုံးနှင့် သင်တွေးသမျှအားလုံးကို ရှင်းရှင်းလင်းလင်း ငါသိမြင်၏။ ထို့ပြင် သင်၏ ရိုးသားသော လိုအင်ဆန္ဒများကိုလည်း ငါသိ၏။ ငါသည် သင့်ကို အသုံးပြုမည်။ ယခုအချိန်သည် အရေးပါလှသောအချိန်ဖြစ်၏၊ သင့်ကို စစ်ဆေးချိန် ရောက်ပေပြီ။ သင်မမြင်သေးသလော။ သင်သဘောမပေါက်သေးသလော။ သင့်အပေါ် အဘယ်ကြောင့် ထိုသို့ ငါသဘောထားသနည်း။ သင်သိပါသလော။ ဤအရာများကိုသင့်အား ထုတ်ဖော်ပြသပြီး ဖြစ်ပြီး သင်၌ ထိုးထွင်းသိမြင်နိုင်စွမ်း အနည်းငယ်သာ ရှိ၏။ သို့သော် မရပ်တန့်နှင့်။ သင်၏ ဝင်ရောက်မှုနှင့်အတူ ဆက်လက်လျှောက်လှမ်းလော့၊ ငါသည် သင့်ကို ဆက်လက်၍ ဉာဏ်အလင်းပြမည်။ သင်သည် ငါ့ကို နာခံပြီး အလေးဂရုပြုလေလေ သင်သည် အတွင်းထဲတွင် ပိုမိုထက်မြက်ပြီး ဖွင့်ပြချက်များ ပိုမိုရရှိလေလေ ဖြစ်သည်ကို သင်သတိပြုမိပါ၏လော။ သင်သည် ငါ့အကြောင်း ပိုမိုသိရှိလေလေ၊ အတွေ့အကြုံ ပိုမိုရရှိလေလေ ဖြစ်သည်မဟုတ်လော။ သင်၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများကို အမြဲတွယ်ဖက်မထားနှင့်။ ထိုသို့လုပ်ခြင်းသည် ငါ၏ အသက်စမ်းရေ စီးဆင်းမှုကို ပိတ်စေပြီး ငါ၏အလိုကို အကောင်အထည်ဖော်ရန် အဟန့်အတား ဖြစ်စေသောကြောင့် ဖြစ်သည်။ လူတစ်ဦးကို လုံးလုံးလျားလျား ရရှိခြင်းသည် လွယ်ကူသောကိစ္စတစ်ရပ် မဟုတ်ကြောင်း သင်သိရမည်။ ခက်ခဲရှုပ်ထွေးသော နည်းလမ်းကို မစဉ်းစားပါနှင့်။ ရိုးရိုးပင် လိုက်နာ ပြီးထပ်မံ မစဉ်းစားပါနှင့်တော့။

အရှေ့သို့- အခန်း ၄၅

နောက်တစ်ခုသို့- အခန်း ၄၇

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။