အခန်း ၄၇

ဖြောင့်မတ်သော အနန္တတန်ခိုးရှင် ဘုရားသခင်- အနန္တတန်ခိုးရှင်။ ကိုယ်တော်၌ အဘယ်အရာမျှ လုံးဝကွယ်ဝှက်မထားပါ။ ရှေးကာလမှစ၍ ထာဝရကာလအထိ လူသားတို့အားဖြင့် မည်သည့်အခါမျှ ဖော်ထုတ်၍ မရနိုင်သော နက်နဲသောအရာ တစ်ခုစီတိုင်းသည် ကိုယ်တော်၌ ထင်ရှားပြီး လုံးဝ ရှင်းလင်းသည်။ ကျွန်ုပ်တို့ ကြိုးစားရန် နှင့် စမ်းတဝါးဝါး ရှာဖွေရန် မလိုအပ်တော့ပါ၊ အကြောင်းမှာ ယနေ့ ကျွန်ုပ်တို့အား ကိုယ်တော်၏ ဇာတိအဖြစ်တော်ကို လူပုံအလယ်တွင် ထင်ရှားဖော်ပြ လာသောကြောင့် ဖြစ်သည်၊ ကိုယ်တော်သည် ထုတ်ဖော်ပြပြီးဖြစ်သည့် နက်နဲမှုဖြစ်သည်။ ကိုယ်တော်သည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ယနေ့ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် မျက်နှာချင်းဆိုင်လာပြီး၊ ကျွန်ုပ်တို့က ကိုယ်တော်၏ ဇာတိအဖြစ်တော်ကို တွေ့မြင်သည့်အခါ၊ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာနယ်ပယ်၏ နက်နဲမှုတိုင်းကို တွေ့မြင်လာသည် ။ အမှန်စင်စစ် ဤအရာသည် အဘယ်သူမျှ စိတ်မကူးနိုင်သော အရာပင် ဖြစ်သည်။ ယနေ့ ကိုယ်တော်သည် ကျွန်ုပ်တို့အလယ်တွင် ရှိသည်၊ ကျွန်ုပ်တို့နှင့်ပင် အတူရှိနေသောကြောင့်၊ ကျွန်ုပ်တို့နှင့် အလွန်နီးစပ်သည်။ ယင်းမှာ ရှင်းပြဖို့ ခက်ခဲပေ၏။ အတွင်း၌ရှိသော နက်နဲမှုသည် အနှိုင်းမဲ့ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေခဲ့သည်။ သူသည် စကြဝဠာ၏ အောင်မြင်သော ဘုရင်ဖြစ်သည်။ အရာအားလုံးနှင့် ကိစ္စရပ်များ အားလုံးတို့ကို သူ့လက်ထဲမှာ ထိန်းချုပ်ထားသည်။ လူသားအားလုံးသည် စစ်မှန်သော ဘုရားနာမတော်- အနန္တတန်ခိုးရှင်- ကို အော်ခေါ်၍ ဒူးထောက် ဝတ်ပြုကြသည်။ သူ၏ နှုတ်တော်ထွက် နှုတ်ကပတ်တော်တို့အားဖြင့် အရာရာ ပြီးစီးပါသည်။ ကိုယ်တော်နှင့်အတူ စိတ်အား ထက်သန်စွာအလုပ်လုပ်နိုင်ခြင်း၊ သူနှင့် အနီးကပ်လက်တွဲနိုင်ခြင်နှင့် သူနှင့်အတူ ဘုန်းတော်ဝင်စားနိုင်ခြင်းတို့မရှိဘဲ၊ သင်တို့သည် အဘယ်ကြောင့် လွန်စွာ ပျင်းရိပါသနည်း။ ယင်းမှာ သင်တို့သည် ဆင်းရဲဒုက္ခခံဖို့ လိုလားသည့်အတွက် ဖြစ်နိုင်သလော။ နှင်ထုတ်ခံရဖို့ လိုလားပါသလား။ ငါ့အား စိတ်ရင်းအမှန်ဖြင့် ဆက်ကပ်သောသူများနှင့် ငါ့အတွက် အသုံးတော်ခံသော သူများအား ငါမသိဟု သင်တို့ ထင်ပါသလော။ အဝိဇ္ဇာတို့၊ လူမိုက်တို့။ ငါ၏ ရည်ရွယ်ချက်တို့ကို သင်တို့သည် မဖော်ဆောင်နိုင်ပေ၊ ပြီးလျှင် သင်တို့အတွက် ငါ့အား ပင်ပန်းကြီးစွာ လုပ်စေကာ၊ သင်တို့အတွက် ငါ့အား အမြဲစိုးရိမ်ပူပန်စေလျက်၊ ငါ၏ ဝန်ထုပ်များအတွက် အရေးထားမှုကို သာ၍ပင် မပြနိုင်ပေ။ ယင်းမှာ မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း။

အရာရာတိုင်းမှာ ငါ၌ အသက်ရှင်နေထိုင်ရန်၊ အရာရာတိုင်းမှာ ငါ့ကို သက်သေခံရန်- ဆိုသည်မှာ သင်တို့ နှုတ်ပါးစပ်အား ဖွင့်ရုံနှင့် သူတစ်ပါး နားလည်နိုင်အောင် တစ်စုံတစ်ရာကို ပြောခြင်း သက်သက်သာ ဖြစ်ပါသလော။ ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ အကြား ကွဲပြားချက် ကို သင်မသိပေ။ သင် လုပ်သည့်အရာများ၌ ငါမပါရှိဘဲ၊ သင်၏ နေ့စဉ် အသက်တာများတွင် ငါသည် သာ၍ပင် မတည်ရှိသေးပေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအား လေးနက်သောအရာ အဖြစ် ထင်မှတ်မထားကြောင်း ငါသိသည်၊ ထို့ကြောင့် ဤအရာတို့သည် သင်တို့သီးသော အသီးအပွင့်များဖြစ်သည်။ သင်သည် မနိုးသေးပါ၊ ပြီးလျှင် ထိုအတိုင်း ဆက်သွားနေမည်ဆိုလျှင် သင်သည် ငါ၏ နာမကို ဂုဏ်သရေပျက်စေလိမ့်မည်။

သင်စကားပြောသည့်အခါ၊ ငါသည် သင်နှင့်အတူ ရှိသလောဟု သင့်ကိုယ်သင်မေးလော့။ သင်စားသည့်အခါ သို့မဟုတ် အဝတ်အစားများ ဝတ်သည့်အခါ ငါ့ကတိတော် ထိုနေရာမှာ ရှိပါသလား။ အမှန်စင်စစ် သင်တို့သည် ထောက်ထားစာနာမှု မဲ့ပါတကား။ သင်တို့၏ ပြဿနာကို တိုက်ရိုက် ထုတ်ဖော်ခြင်းမရှိသည့်အခါတိုင်း၊ သင့်စရိုက်အမှန်ကို သင်ပြပြီး၊ သင်တို့ထဲက မည်သူ့မျှ ကျိုးနွံနာခံလိုသူ မရှိချေ။ ထိုကဲ့သို့မဟုတ်လျှင်၊ သင်တို့သည် သင်တို့ကိုယ်ကိုယ် ကြီးမြတ်ပြီး သင်တို့အထဲ၌ များစွာသော ပိုင်ဆိုင်မှု ရှိသည်ဟု ထင်မိကြမည်။ သင့်အထဲမှာ သင်ကိုဖြည့်ဆည်း ထားသောအရာသည် စာတန်၏ အကျည်းတန်သော မျက်နှာ ဖြစ်သည်ကို သင်မသိသလော။ ထိုအရာတို့ကို အကုန်အစင် သွန်ပစ်နိုင်ရန် ငါနှင့်အတူ အလုပ်လုပ်ပါ။ သင်တို့သည် ငါ့အတွက် အသက်ရှင်နိုင်ရန်၊ ငါ့အတွက် သာ၍စစ်မှန်မှုဖြင့် သက်သေခံနိုင်ရန် နှင့် လူများစွာ ငါ့ပလ္လင်ရှေ့မှာ ဆက်ကပ်နိုင်ရန်အတွက် အကြောင်းရင်းဖြစ်စေရန် သင်တို့၏အထဲ၌ ငါ၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို လုံးလုံး နေရာယူခွင့်ပေးလော့။ မရေမတွက်နိုင်သော လူများ ကယ်တင်ခြင်း ရရှိိ စေရန်အလို့ငှါ၊ ငါ၏ နိုင်ငံတော်သည် ဆက်လက် ခိုင်မာပြီး၊ မတုန်လှုပ်ရှိ စေရန် ခရစ်တော်အား ချီးမြှောက်ရင်း၊ ခရစ်တော်အား ထင်ရှားစေရင်း၊ ခရစ်တော်အား သက်သေခံရင်းဖြင့့်် သင်တို့၏ ပခုံးပေါ်ရှိ ဝန်ထုပ်သည် မည်မျှလေးလံသည်ကို သင်သိရမည်။ ယနေ့ လုပ်ဆောင်ရမည့် အလုပ်၏ အရေးကြီးခြင်းကို သိနားလည်ခြင်း မရှိပါဘဲ၊ သင်တို့သည် တော်စွလျော်စွ ကြုံရာကျပန်း မနေရန် ငါသည် ဤအရာတို့ကို ညွှန်ပြပါသည်။

ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ၊ ပူလောင်နေသော အကြော်အိုးတစ်လုံးထဲက ပုရွက်ဆိတ်များကဲ့သို့ ပတ်ချာလှည့်ပြေးလျက် ကူကယ်ရာမဲ့နေသည်- ဤသည်မှာ သင်တို့၏ စိတ်သဘောထားဖြစ်သည်။ သင်သည် အပြင်ပန်းမှာ အရွယ်ရောက်ပြီး သူများကဲ့သို့ ဖြစ်သော်လည်း၊ အတွင်းပိုင်းအသက်တာများသည် ကလေးငယ်တစ်ဦးနှင့် တူသည်။ သင်လုပ်နိုင်သည့် အရာဟူသည် ပြဿနာကို ရှာပြီး ငါ့အား ပိုမိုဝန်ပိစေခြင်း ဖြစ်သည်။ ငါစိတ်ဝင်စားမှု အနည်းဆုံးအရာ ရှိပါက၊ သင်တို့ ပြဿနာ ဖန်တီးခြင်းပင် ဖြစ်မည်။ ယင်းမှာ မမှန်ကန်ပါသလော။ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မယူမှတ်နှင့်လော့။ ငါပြောသောအရာသည် သမ္မာတရားဖြစ်၏။ ငါသည် စကားကြီးစကားကျယ်များကိုသာ အသုံးပြုနေသည့်ပုံပေါက်သော်လည်း၊ ငါသည် သင်တို့အား အစဉ်မပြတ် သြဝါဒချွေနေသည်ဟု အမြဲ မတွေးနှင့်လော့။ ဤအရာသည် သင်တို့၏ စစ်မှန်သော အခြေအနေပင်တည်း။

အရှေ့သို့- အခန်း ၄၆

နောက်တစ်ခုသို့- အခန်း ၄၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။