အခန်း ၄၈

ငါသည် စိုးရိမ်ကြောင့်ကြလျက်ရှိ၏၊ သို့သော် သင်တို့အထဲတွင် မည်မျှသောသူတို့သည် ငါနှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိနိုင်မည်နည်း။ သင်တို့သည် ငါ့နှုတ်ကပတ်တော်တို့ကို အရေးစိုက်ခြင်းပင်မပြု၊ ထိုအရာတို့ကို အလျှင်း လျစ်လျူရှုလျက် အာရုံစိုက်နိုင်ခြင်း မရှိကြပြီ၊ ထို့ထက် သင်တို့၏ အပေါ်ယံမျှသာဖြစ်သော အရာတို့ကိုသာ အာရုံစိုက်လျက်ရှိကြသည်။ သင်သည် ငါ၏အပင်ပန်းခံ စောင့်ရှောက်မှု နှင့် အားထုတ်မှုတို့ကို အလဟဿအဖြစ် သဘောထားလေသည်၊ သင်တို့၏အသိတရားသည် ပြစ်တင်ရှုတ်ချခြင်း မခံရသလော။ သင်တို့သည် မသိနားမလည်ကြဘဲ ဆင်ခြင်တုံတရား မဲ့ကြသည်၊ သင်တို့သည် မိုက်မဲသူများဖြစ်ပြီး ငါ့ကို အလျှင်း မကျေနပ်စေနိုင်ကြချေ။ ငါသည် သင်တို့အတွက် အလုံးစုံ ဖြစ်၏- သင်တို့သည် အဘယ်မျှလောက် ငါ့အတွက် ဖြစ်နိုင်မည်နည်း။ ငါ၏ရည်ရွယ်ချက်ကို သင်တို့သည် နားလည်မှု လွဲကြပြီ၊ ဤသည်မှာ သင်တို့၏ အမြင်ကန်းခြင်း နှင့် အကြောင်းအရာတို့ကို ရိပ်စားမိနိုင်စွမ်း မရှိခြင်းတို့ ဧကန်ဖြစ်သည်၊ သင်တို့သည် အစဉ် ငါ့ကို သင်တို့အတွက် စိုးရိမ်ရန်နှင့် သင်တို့အတွက် အချိန်ကုန်ရန် လုပ်ဆောင်နေကြသည်။ ယခုတွင် သင်တို့၏မည်မျှသောအချိန်ကို ငါ့အတွက်အသုံးပြု၍ ငါ့အဖို့ ဆက်ကပ်မြုပ်နှံ်မည်နည်း။ သင်တို့ကိုယ်သင်တို့ ဤမေးခွန်းများကို ပို၍ မကြာခဏ မေးသင့်ပေသည်။

ငါ၏ရည်ရွယ်ချက်မှာ သင်တို့နှင့်ပတ်သက်သောအရာ အားလုံး ဖြစ်သည်- သင်တို့သည် ဤသည်ကို အမှန်တကယ် နားလည်သလော။ အကယ်၍ သင်တို့သည် ဤသည်ကို အမှန်တကယ် နားလည်ခဲ့ပါက၊ သင်တို့သည် ငါ၏ရည်ရွယ်ချက်ကို ရှေးကတည်းကပင် သဘောပေါက်နိုင်ခဲ့မည်ဖြစ်ပြီး၊ ငါ၏ဝန်ကိုလည်း ထောက်ထားစာနာပြီး ဖြစ်လိမ့်မည်။ ထပ်မံ၍ ဂရုမပြုဘဲ မနေနှင့်၊ သို့မဟုတ်လျှင် သင်တို့၌ သန့်ရှင်းသောဝိညာဉ်တော်၏အမှုပြုခြင်းကို ရရှိလိမ့်မည် မဟုတ်၊ ယင်းက သင်တို့၏စိတ်ဝိညာဉ်တို့ကို သေစေလျက် မရဏနိုင်ငံသို့ ကျရောက်စေမည်ဖြစ်သည်။ ဤသည်မှာ သင့်အတွက် အလွန်မဆိုးရွားသလော။ ငါသည် သင်တို့ကို တစ်ဖန်ပြန်၍ သတိပေးရန် မလိုအပ်တော့ပေ။ သင်တို့သည် သင်တို့၏ အသိတရားများကို ရှာဖွေလျက် မိမိကိုယ့်ကိုယ်ကို မေးစမ်းသင့်ပေသည်၊ ဤသည်မှာ ငါသည် သင်တို့အားလုံးအတွက် အလွန် စိတ်မကောင်းဖြစ်သောကြောင့် သို့မဟုတ် သင်တို့သည် ငါ့ကို အလွန်အကြွေးတင်သောကြောင့် ဖြစ်သလော။ အမှားအမှန်ကို မရောထွေးကြနှင့်၊ အသိတရားကင်းမဲ့ခြင်း မဖြစ်ကြနှင့်။ ယခုသည် အာဏာ နှင့် အကျိုးအမြတ်အတွက် တိုက်ခိုက်ရမည့်အချိန်၊ ခြေပုန်းခုတ်ခြင်းုတို့၌ ပါဝင်ရမည်အချိန် မဟုတ်ပေ။ ထို့ထက် သင်တို့သည် အသက်တာကို အလွန်အကျိုးပျက်ပြားစေသော ဤအရာတို့ကို အမြန်ဘေးဖယ်ထားပြီး စစ်မှန်မှုထဲသို့ဝင်ရန် ကြိုးစားကြရမည်။ သင်သည် အလွန်ပင် ဂရုမစိုက်ဖြစ်သည် တကား။ သင်သည် ငါ၏စိတ်နှလုံးကို နားမလည်နိုင်ပေ သို့မဟုတ် ငါ၏ရည်ရွယ်ချက်ကို သဘောမပေါက်နိုင်ပေ။ ငါသည် သင်တို့ကို မပြောခဲ့သင့်သည့်အရာ များစွာရှိသော်လည်း၊ သင်တို့သည် ထိုကဲ့သို့သော စိတ်ရှုပ်ထွေး၍ နားမလည်သူများ ဖြစ်သောကြောင့် ငါသည် အကြိမ်ကြိမ် ဆိုနေခဲ့ရသည်၊ ထိုသို့ဖြစ်လျှင်ပင် သင်တို့သည် ငါ့စိတ်နှလုံးကို ကျေနပ်အားရစေခြင်း မရှိသေးပါ။

သင်တို့ကို တစ်ယောက်ပြီးတစ်ယောက် ရေတွက်လျက်၊ သင်တို့ထဲမှ အဘယ်မျှလောက်သောသည် ငါ့စိတ်နှလုံးကို အမှန်တကယ် ထောက်ထားစာနာနိုင်မည်နည်း။

အရှေ့သို့- အခန်း ၄၇

နောက်တစ်ခုသို့- အခန်း ၄၉

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။