အခန်း ၄၉

ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အစေခံဖို့ရန် မှန်ကန်စွာ၊ ထကြွလုံ့လဖြင့် ပေါ်ပေါ်လွင်လွင် ညှိနှိုင်းဆောင်ရွက် ရမည်။ ထို့အပြင် တက်ကြွမှု၊ အားအင် နှင့် မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိရမည်၊ သို့မှသာလျှင် အခြားသူတို့သည် မြင်သောအခါ၊ ထောက်မခံရလျက် ပြည့်ဝလိမ့်မည်။ ငါ့အား အစေခံရန်၊ ငါ ရည်ရွယ်သကဲ့သို့ အစေခံရမည်၊ ငါ၏သဘောနှင့် ကိုက်ညီရမည်သာမက ထို့ထက်သာ၍ ငါ၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းရမည်၊ ထိုမှသာ ငါသည် သင့်ထံ၌ ပြီးမြောက်သောအရာအားဖြင့် ကျေနပ်မည်။ ငါ၏ နှုတ်ကပတ်တော်အားဖြင့် သင်၏အသက်တာကို ပြည့်ဝစေလော့၊ သင်၏စကားကို ငါ၏တန်ခိုးဖြင့် ပြည့်စေလော့၊ ဤသည်မှာ သင့်ကို ငါ တောင်းဆိုသောအရာဖြစ်၏။ သင်၏လိုအင်ဆန္ဒများနောက်သို့ လိုက်ခြင်းသည် ငါနှင့်သဏ္ဌာန်တူခြင်းကို ထုတ်ဖော်သလော။ ယင်းသည် ငါ၏စိတ်နှလုံးကို ကျေနပ်စေမည်လော။ သင်သည် ငါ၏ရည်ရွယ်ချက်တို့ကို စစ်မှန်စွာ လိုက်နာပြီးသည့် တစ်စုံတစ်ယောက်လော။ သင်သည် ငါ၏စိတ်နှလုံးကို နားလည်ရန် အမှန်တကယ် ကြိုးစားပြီးသည့် တစ်စုံတစ်ယောက်လော။ သင်သည် သင့်ကိုယ်သင် ငါ့အတွက် အမှန်ပင် ဆက်ကပ်ပြီလော။ သင်သည် ငါ့အတွက် သင့်ကိုယ်သင် အမှန်တကယ် အသုံးခံပြီလော။ သင်သည် ငါ၏ နှုတ်ကပတ်တော်တို့ကို ဆင်ခြင်ပြီလော။

တစ်ဦးတစ်ယောက်အနေဖြင့် ကဏ္ဍတိုင်းတွင် ဉာဏ်ပညာကို အသုံးပြုပြီး၊ ငါ၏ပြီးပြည့်စုံသောလမ်းခရီးကို လိုက်လျှောက်ရန် ဉာဏ်ပညာကို အသုံးပြုရမည်။ ငါ၏နှုတ်ကပတ်တော်၌ ပြုမူနေထိုင်သော သူတို့သည် ဉာဏ်ပညာ အရှိဆုံးဖြစ်၍၊ ငါ၏နှုတ်ကပတ်တော်နှင့် အညီ ပြုမူနေထိုင်သူတို့မှာ နာခံမှုအရှိဆုံးသူတို့ ဖြစ်၏။ ငါပြောသောအရာသည် ဖြစ်ပေါ်၍၊ သင်သည် ငါနှင့် စကားရည်လုရန် သို့မဟုတ် ငါ့အား နားသွင်းဖျောင်းဖျဖို့ ကြိုးစားရန် မလိုအပ်ပေ။ ငါ ဆိုသည့် အရာတိုင်းသည် သင့်ကို အမှန်တကယ် ရည်ရွယ်၍ပြောခြင်းဖြစ်သည် (ငါသည် စည်းကမ်းတင်းကျပ်သည် ဖြစ်ပါစေ၊ နူးညံ့သိမ်မွေ့ သည်ဖြစ်ပါစေ)။ အကယ်၍ သင်သည် နာခံခြင်းကို အာရုံစိုက်ပါက၊ ထိုအရာသည် ကောင်းမွန်မည်ဖြစ်ပြီး၊ ဤသည်မှာ မှန်ကန်သော ဉာဏ်ပညာ၏လမ်း ဖြစ်သည် (ထို့ပြင် ဘုရားသခင်၏ တရားစီရင်ခြင်း ကျရောက်ခြင်းအား တားဆီးသည့် နည်းလမ်းဖြစ်သည်)။ ယနေ့တွင် ငါ၏အိမ်တော်၌ ငါ့ရှေ့တွင် ယဉ်ကျေးလျက်၊ ငါ့နောက်ကွယ်တွင် အခြားအရာများ ပြောခြင်းကို မပြုနှင့်။ ငါသည် သင့်ကို လက်တွေ့ကျစေချင်၏၊ ဟန်များသော လေလုံးတို့ကို အသုံးပြုရန် မလိုအပ်ပေ။ လက်တွေ့ကျသောသူတို့အတွက် အရာရာ ရှိလေသည်။ လက်တွေ့မကျသူတို့အတွက်မူ ဘာမျှ မရှိပေ။ သူတို့၏ခန္ဓာတို့သည်ပင်လျှင် သူတို့နှင့်အတူ မတည်ရှိခြင်းသို့ ပြန်သွားမည်၊ အကြောင်းမှာ လက်တွေ့ကျခြင်းမရှိသောအခါ အနတ္တသာရှိ၏၊ အခြား ရှင်းလင်းချက် မရှိပေ။

ဘုရားသခင်၌ သင်တို့၏ယုံကြည်ခြင်းတွင် ငါသည် သင်တို့ကို အလွန် စိတ်အားထက်သန်စေလိုပြီး၊ သင်ရအံ့သော အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများ အကြောင်းသော်လည်းကောင်း၊ သင်၌ရှိသော အရာအားလုံးအတွက်သော်လည်ကောင်း မစိုးရိမ်ကြနှင့်၊ သင်သည် မှန်ကန်သော လမ်းခရီးပေါ်တွင် ခြေချဖို့ရန်သာ ကြိုးပမ်းသင့်ပြီး မည်သူကြောင့်မျှ မယိမ်းယိုင်နှင့် သို့မဟုတ် မည်သူ၏ ထိန်းချုပ်ခြင်းကိုမျှ မခံလေနှင့်။ ဤသည်မှာ အသင်းတော်၏ထောက်တိုင်တစ်ခုဖြစ်ခြင်း၊ နိုင်ငံတော်၏ အောင်မြင်သူတစ်ဦးဖြစ်ခြင်း ဟူ၍ တွင်သောအရာဖြစ်၏၊ သို့သော် အခြားအရာ လုပ်ဆောင်လျှင်မူ၊ သင်သည် ငါ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မထိုက်တန်ဟု ဆိုလိုခြင်းဖြစ်သည်။

ကွဲပြားခြားနားသည့် အခြေအနေတို့တွင်၊ ငါ့ထံသို့ နီးကပ်စေသည့် လမ်းခရီးသည်လည်း ထို့အတူပင် ခြားနားသည်။ အချို့သော သူတို့သည် နားဝင်ချိုှသော စကားတို့ကို ပြောရန် နှစ်သက်ကြ၍၊ ငါ၏ မျက်မှောက်တော်တွင် ရိုသေကိုင်းရှိုင်းကြ၏။ သို့သော် နောက်ကွယ်၌မူ သူတို့သည် အလုံးစုံ ကစဉ့်ကလျားဖြစ်၍၊ ငါ၏နှုတ်ကပတ်တော်တို့သည် သူတို့၌ မရှိ။ ၎င်းတို့သည် စက်ဆုပ်ဖွယ်ဖြစ်ကာ စိတ်အနှောင့် အယှက်ဖြစ်စေ၏၊ ၎င်းတို့သည် တစ်စုံတစ်ဦးအား တည်ဆောက်နိုင်ရန် သို့မဟုတ် ထောက်မမှုပေးနိုင်ရန်မှာ မဖြစ်နိုင်ပေ။ သင်တို့သည် ငါ၏ စိတ်နှလုံးကို ထောက်ရှုနိုင်စွမ်းမရှိပေ၊ အကြောင်းမှာ သင်တို့သည် ငါနှင့် သာ၍မနီးစပ်မှု မရှိနိုင်ခြင်း သို့မဟုတ် မိတ်သဟာယမပြုနိုင်ခြင်း ကြောင့်သာ ဖြစ်သည်၊ သင်တို့သည် ငါ့အား သင်တို့အဖို့ အစဉ်အမြဲ စိုးရိမ်စေ၍၊ သင်တို့အဖို့ အစဉ်အမြဲ အလုပ်ပင်ပန်းစေ၏။

အရှေ့သို့- အခန်း ၄၈

နောက်တစ်ခုသို့- အခန်း ၅၀

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။