အခန်း ၅၀

အသင်းတော်အားလုံး နှင့် သန့်ရှင်းသူအားလုံးတို့သည် အတိတ်ကို ပြန်လည်တွေးကြည့်သင့်သကဲ့သို့ အနာဂတ်ကိုလည်း မျှော်ကြည့်သင့်သည်။ အတိတ်မှ သင်၏ လုပ်ဆောင်ချက် အဘယ်မျှတို့သည် အရည်အသွေးပြည့်မီသနည်း၊ သူတို့ထဲမှ အဘယ်မျသည် နိုင်ငံတော်တည်ဆောက်ရာတွင် ဝေစုရှိသနည်း။ သင့်ကိုယ်သင် တော်လှပြီဟု ထင်မနေနှင့်။ သင်၏ကိုယ်ပိုင် အားနည်းချက်တို့ကို ရှင်းလင်းစွာ မြင်သင့်ပြီး၊ သင်သည် မိမိ၏ကိုယ်ပိုင်အခြေအနေကို နားလည်သင့်ပါသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ကြိုးပမ်းအားထုတ်ရန် သို့မဟုတ် အချိန်မရွေး အသုံးခံရန် သင်တို့ထဲမှ မည်သူမျှ လိုလားလျက်မရှိသည်ကို ငါသိသည်၊ ထို့ကြောင့် သင်တို့သည် မည်သည့် အောင်မြင်စွာ ရယူခြင်းများကိုမျှ မပိုင်ဆိုင်နိုင်ပါ။ သင်တို့သည် သင်တို့၏အချိန်အားလုံးကို စားသောက်ခြင်း နှင့် ပျော်ပါးခြင်းတို့ဖြင့်သာ အလဟဿ ဖြုန်းတီးလေသည်။ အနည်းစုသောသင်တို့သည် အတူဆုံသည့်အခါ၊ အသက်တာ၌ ဝိညာဉ်ရေးရာကိစ္စများကို မိတ်သဟာယပြုခြင်း သို့မဟုတ် အချင်းချင်း အသက်တာကို ထောက်မခြင်းကို အာရုံမစိုက်ကြဘဲလျက်၊ ပြက်တီးပြက်ချော် လုပ်ကြသည်။ သင်သည် စကားပြောသောအခါ၊ ရယ်မောလျက် စနောက်လျက် နေသည်ကို ငါသည်ကြည့်ှရှုရန် ခံနိုင်ရည်မရှိပါ၊ ပြီးလျှင် သင်တို့သည် ယခုထိ အလွန် အဓိပ္ပာယ်မဲ့ကြသည်။ ငါသည် ကြိမ်ဖန်များစွာ ပြောဆိုပြီးပြီ၊ သို့သော် သင်တို့သည် ငါပြောသည့်အရာ၏အဓိပ္ပာယ်ကို သိကိုမသိကြပေ- ယင်းသည် သင်တို့၏ နှာတစ်ဖျားအကွာတွင်သာရှိ၍ အလွန်ပင်မြင်သာသော တစ်စုံတစ်ရာ ဖြစ်သည်မဟုတ်လော။ ငါသည် ဤကဲ့သို့သော အရာတို့ကို ယခင်က ပြောဖူးပြီဖြစ်သော်လည်း၊ သင်တို့သည် လက်ခံယုံကြည်ခြင်း မရှိသေးသေး၊ ငါသည် သင်တို့ကို နားလည်မှု လွဲသည်ဟုထင်လျက်၊ ငါပြောသောအရာတို့မှာ အစစ်အမှန် မဟုတ်ဟု ထင်လျက်၊ ငါပြောသောအရာကို သင်တို့ အသိအမှတ် မပြုကြ။ သို့မဟုတ် ဤသည်မှာ မမှန်ကန်၍များ ဖြစ်နိုင်သလော။

အကယ်၍ သင်သည် ငါ့အား ဟန်ဆောင်လုပ်ပြရုံသာဖြစ်ပါက၊ ငါသည်သင့်ကို ဘေးတစ်ဘက်သို့ ဖယ်ထားမည်။ သင်သည် တစ်ဖန် ဝတ်ကျေတမ်းကျေ ဖြစ်ဝံ့လေသည်။ သင်သည် တစ်ဖန် ဆင်ခြင်တုံတရားမဲ့လျက် အရေးမထားလျက် ရှိပြန်သည်တကား။ ငါ၏ နှုတ်ကပတ်တော်တို့သည် ပုံသွင်းထွင်းထုသည့် ဓါးဖြစ်သည်- ငါ၏အလိုတော်နှင့် မကိုက်ညီသည့် မည်သည့်အရာမဆိုသည် ဤဓါးဖြင့် လှီးထုတ်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ သင်သည် မိမိကိုယ်ကိုယ် လေးစားမှုအတွက် အလွန်အမင်း အရေးထားဖို့ မလိုအပ်ပေ။ သင်သည် ငါ၏အလိုတော်နှင့် ကိုက်ညီပြီး သဏ္ဌာန် ပြောင်းနိုင်ဖို့၊ သင့်ကိုငါ စီမံဖန်တီးပေသည်။ ငါ၏စိတ်နှလုံးကို နားလည်မှု မလွဲလေနှင့်၊ ငါ၏စိတ်နှလုံးအပေါ် တတ်နိုင်သမျှ ထောက်ရှုနိုင်မှသာလျှင် ယင်းသည် လက်ခံနိုင်ဖွယ်ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် စိုးစဉ်းမျှသော စာနာထောက်ထားမှုကိုပင် ပြသပါက၊ ငါသည် သင့်ကို အမှုမထားဘဲ ရှောင်လွှဲမည်မဟုတ်။ ထိုအရာကို ဆင်ခြင်မှုမဲ့စွာ လျစ်လျူမရှုလေနှင့်၊ ငါ၏အလိုတော်ကို သင်၏အပေါ်တွင် အစဉ်ဆောင်ရွက်စေခြင်းငှါ ခွင့်ပြုလော့။

သန့်ရှင်းသူအမြောက်အမြားတို့သည် ကွဲပြားခြားနားသော ရာထူးတို့တွင် အားလုံးတည်လျက်နေကြသည်၊ ထို့ကြောင့် သင်တို့အားလုံးတို့တွင် ခြားနားသော လုပ်ဆောင်ချက်တာဝန်များ ရှိကြသည်။ သို့သော် သင်တို့သည် ငါ့အတွက် စစ်မှန်စွာ မိမိကိုယ်ကိုယ် အသုံးတော်ခံရန် အရာရာတိုင်းကို အစွန်းကုန် ဆောင်ရွက်သင့်သည်၊ သင်တို့၏တာဝန်မှာ သင်တို့တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ရန်ဖြစ်သည်။ သင်သည် ဤတွင် သစ္စာရှိသင့်သည်၊ ဝမ်းမြောက်စွာ လိုလိုလားရှိသင့်သည်။ သင်သည် အမှန်တကယ် စိတ်မပါ့တပါ မဖြစ်ရ။ သို့မဟုတ်ပါက ငါ၏တရားစီရင်ခြင်းသည် သင်တို့အပေါ်၌ အစဉ်ကျရောက်၍၊ သင်တို့၏ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် ဝိညာဉ်တို့သည် မခံနိုင်ဖြစ်လိမ့်မည်၊ ပြီးလျှင် သင့်အတွက် ငိုကြွေးမြည်တမ်းခြင်း နှင့် အံသွားခဲကြိတ်ခြင်းတို့ ဖြစ်လိမ့်မည်။

အရှေ့သို့- အခန်း ၄၉

နောက်တစ်ခုသို့- အခန်း ၅၁

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။