အခန်း ၅၁

အို အနန္တတန်ခိုးရှင် ဘုရားသခင်။ အာမင်။ ကိုယ်တော်၌ အရာအားလုံးက လွတ်ငြိမ်းသည်၊ အရာအားလုံးက လွတ်မြောက်သည်၊ အရာအားလုံးက ပွင့်လင်းသည်၊ အရာအားလုံးကို ထုတ်ဖော်ထားပြီး အရာအားလုံးက တောက်ပကာ ဝှက်ထားခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်း အလျဥ်းမရှိချေ။ ကိုယ်တော်သည် လူ့ဇာတိခံယူထားသော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်။ ကိုယ်တော်သည် ရှင်ဘုရင်ကဲ့သို့ စိုးစံပြီဖြစ်သည်။ ကိုယ်တော်သည် ပွင့်လင်းစွာ ထုတ်ဖော်လှစ်ဟပြီဖြစ်ကာ၊ နက်နဲရာတစ်ခု မဟုတ်တော့ဘဲအစဉ်အမြဲ အလျဥ်း ထုတ်ဖော်လှစ်ဟထားပြီတကား။ ငါ့ကိုယ်ကို လုံးလုံးလျားလျား ဧကန်အမှန် ထုတ်ဖော်လှစ်ဟထားပြီ၊ ငါသည် လူသိရှင်ကြား ရောက်ရှိလေပြီဖြစ်ပြီး ငါသည် ဖြောင့်မတ်ခြင်းနေမင်းအဖြစ် ပေါ်ထွန်းလာပြီဖြစ်သည်၊ အကြောင်းမှာ ယနေ့သည် မိုးသောက်ကြယ် ပေါ်ထွန်းသောခေတ် မဟုတ်သကဲ့သို့၊ ဝှက်ထားခြင်းအဆင့်တွင် ရှိနေသည်လည်း မဟုတ်တော့ပေ။ ငါ၏အမှုသည် လျှပ်စီးပြက်သကဲသို့ ဖြစ်သည်။ ယင်းသည် မိုးကြိုးပစ်သံသမျှ အလျင်အမြန်ပြီးမြောက်လေပြီ။ ငါ၏အမှုသည် ဤလက်ရှိအဆင့်သို့ တိုးတက်ခဲ့ပြီဖြစ်၍ နှောင့်နှေးသူ သို့မဟုတ် တက်ကြွလှုပ်ရှားမှုမရှိသူ မည်သူမဆို ငဲ့ညှာခြင်းမရှိသော တရားစီရင်မှုနှင့်သာလျှင် ကြုံတွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ငါသည် ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းဖြစ်ပြီး၊ ငါသည် သင်စိတ်ကူးထားမိသကဲ့သို့ သနားဂရုဏာနှင့် ချစ်ခြင်းမေတ္တာ မဟုတ်တော့သည်ကို ရှင်းလင်းစွာ နားလည်မှု ရှိရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဤအချက်ပေါ်တွင် မရှင်းလင်းသေးပါက သင်ရရှိမည့်အရာမှာ တရားစီရင်ခြင်းသာလျှင်ဖြစ်သည်၊ အကြောင်းမှာ သင်အသိအမှတ် မပြုရသေးသည့်အရာကို သင်ကိုယ်တိုင် မြည်းစမ်းခံစားရမည် ဖြစ်သောကြောင့် ဖြစ်ပေသည်။ သို့မဟုတ်ပါက သင်သည် သံသယများ ရှိနေဦးမည်ဖြစ်ပြီး သင်၏ယုံကြည်ခြင်း၌ ခိုင်မြဲနေရန် ဝံ့ရဲမည်မဟုတ်ပေ။

သင်တို့ထံ ငါအပ်နှင်းထားသောအရာနှင့်ပတ်သက်၍ သင်တို့သည် ယင်းကို အလေးထားခြင်းနှင့်အတူ ပြည့်စုံစေနိုင်မည်လော။ ငါဆိုသည်မှာ မည်သည့်လုပ်ငန်းတာဝန်မဆို ဉာဏ်ပညာကို လိုအပ်ပေသည်၊ သို့တစေ တစ်စုံတစ်ခုကို ပြုလုပ်နေစဥ် ငါ၏တိုက်တွန်းနှိုးဆော်ချက်များအပေါ် သင်တို့သည် အကြိမ်ကြိမ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ထပ်၍ဆင်ခြင်သုံးသပ်ခြင်း မည်မျှမကြာခဏ ပြုခဲ့ပြီလော။ အကယ်၍ သင်သည် ငါတိုက်တွန်းနှိုးဆော်ချက် စကားတစ်လုံးအပေါ် နားလည်မှုအနည်းငယ် ရှိပြီး ယင်းကို သင်ကြားသောအခါ ကောင်းမွန်သည်ဟု သင်ထင်မှတ်လျှင်ပင် နောင်တွင် ယင်းကို သင် အလေးအထားပေ။ ယင်းကို သင်ကြားသောအခါ သင်၏ကိုယ်ပိုင် အခြေအနေမှန်ကို သင်ရည်ညွှန်းပြီး သင့်ကိုယ်သင် မထီမဲ့မြင်ပြုလေသည်၊ သို့သော် နောင်တွင် သင်သည် ယင်းကို အသေးအဖွဲကိစ္စရပ်အဖြစ် ယူဆလေသည်။ ယနေ့မေးခွန်းမှာ သင်၏အသက်တာ တိုးတက်နိုင်ခြင်း ရှိမရှိပင် ဖြစ်သည်။ ယင်းမှာ အပြင်ပန်းတွင် သင့်ကို မည်သို့ တန်ဆာဆင်ထားသည် ဟူသော မေးခွန်းမဟုတ်ပေ။ သင်တို့တစ်ယောက်တွင်မျှ မည်သည့်ဆုံးဖြတ်ချက်မျှ မရှိသည့်အပြင် စိတ်ပိုင်းဖြတ်ထားလိုစိတ်မရှိပေ။ သင်သည် အဖိုးအခကို မပေးလို၊ သင်သည် ယာယီဖြစ်သော လောကီသာယာမှုကို ဘေးဖယ်မထားလိုပေ၊ သို့တိုင် ကောင်းကင်မှ ကောင်းချီးမင်္ဂလာများ ဆုံးရှုံးမှာလည်း ကြောက်ရွံ့ကြသည်။ သင်တို့သည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ သင်သည် လူမိုက်ပင်ဖြစ်ပါတကား။ သင်တို့သည် စိတ်ထိခိုက်မှုကို မခံစားသင့်ပေ။ ငါဆိုထားသောအရာသည် အဖြစ်မှန် မဟုတ်သလော။ ယင်းက သင်ကိုယ်တိုင် စဥ်းစားထားပြီးသောအရာကိုသာ ထောက်ပြပေပြီ မဟုတ်လော။ သင်သည် လူသားသဘာဝမရှိပါတကား။။ သင်၌ သာမန်လူ၏ အရည်အချင်းမျှပင် မရှိပေ။ ထိုမျှမက အကယ်၍ ထိုသို့ဖြစ်လျှင်ပင် သင်သည် သင့်ကိုယ်သင် ချွတ်ခြုံကျနေသည်ကို မတွေ့မြင်သေးချေ။ သင်သည် တစ်နေ့တာပတ်လုံး စိမ်ပြေနပြေနှင့် အပူအပင်ကင်းမဲ့စွာ နေပြီး လုံးလုံးလျားလျား ကျေနပ်အားရ နေသည်တကား။ သင်သည် မိမိကိုယ်တိုင်၏ ပျော့ကွက်ဟာကွက်တို့ မည်မျှကြီးမားကြောင်း သို့မဟုတ် သင်လိုအပ်နေသည့်အရာကို မသိပေ။ မိုက်မဲလိုက်လေခြင်း။

ငါ၏အမှုသည် ထိုသို့သော အဆင့်သို့ ရောက်ရှိလာပြီးဖြစ်သည်ကို သင်မမြင်သလော။ ငါ၏အလိုတော် အားလုံးမှာသင်တို့၌သာ ရှိသည်။ သင်တို့သည် ယင်းကို မည်သည့်အချိန်တွင် နားလည်သဘောပေါက်ပြီး ထောက်ထားစာနာခြင်း အနည်းငယ်ကို ပြသမည်နည်း။ သင်တို့ ပျင်းရိပါတကား။ သင်တို့သည် အဖိုးအခကိုမပေးလို၊ ပင်ပန်းသောအလုပ်ကို မလုပ်လို၊ အချိန်မယူလိုသည့်အပြင် အားထုတ်ကြိုးပမ်းမှုကို မဆောင်ရွက်လိုကြပေ။ သင့်ကို တစ်စုံတစ်ခု ငါပြောအံ့။ သင်သည် ဆင်းရဲဒုက္ခကို ခံရဖို့ ပို၍ကြောက်ရွံ့လေ သင်၏အသက်တာက ပို၍နည်းပါးသော အကျိုးကျေးဇူးကို ခံစားရလေဖြစ်သည်သာမက သင်၏အသက်တာ ကြီးထွားလာသည်နှင့်အမျှ သင်သည်အတားအဆီးများကို ပို၍တွေ့ကြုံရမည်ဖြစ်ပြီး သင်၏အသက်တာ တိုးတက်ဖို့ ပို၍အလားအလာနည်းလေ ဖြစ်သည်။ သင့်ကို ငါ ထပ်မံ၍ သတိပေးရအံ့ (ယင်းကို နောက်ထပ် ပြောမည်မဟုတ်)။ မိမိ၏ ကိုယ်ပိုင်အသက်တာအတွက် တာဝန်ယူခြင်း မရှိသောသူ မည်သူမဆိုအား ငါသည် ဂရုပြုမည်မဟုတ်ဘဲ စွန့်ပစ်မည်ဖြစ်သည်။ ငါသည် ဤအရာကို စတင်၍ အကျိုးသက်ရောက်စေပြီ ဖြစ်သည်။ ဤသည်ကို သင် ရှင်းရှင်းလင်းလင်း မမြင်ရသေးသလော။ ဤသည်မှာ စီးပွားရေးလုပ်ငန်းကိစ္စ မဟုတ်သကဲ့သို့ ကုန်သွယ်မှုလည်းမဟုတ်၊ အသက်တာဖြစ်သည်။ ရှင်းသလော။

အရှေ့သို့- အခန်း ၅၀

နောက်တစ်ခုသို့- အခန်း ၅၂

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။