အခန်း ၅၂

ငါသည် ဖြောင့်မတ်ခြင်းနေမင်းကဲ့သို့ ပေါ်ထွက်လာပြီး သင်တို့နှင့် ငါသည် ဘုန်းအာနုဘော်နှင့် ကောင်းမွန်သော ကောင်းချီးမင်္ဂလာများကို အတူတကွ ကာလအစဉ်အမြဲ ဝေမျှမည်။ ဤသည်မှာ အငြင်းပွားစရာ မရှိသော အချက်တစ်ခုဖြစ်ပြီး သင်တို့၌ စတင်၍ အခြေခိုင်လာပြီး ဖြစ်သည်။ ဤသည်မှာ ငါကတိထားပြီးသော အရာအားလုံးကို သင်တို့အတွက် ငါဖြည့်ဆည်းပေးမည် ဖြစ်သောကြောင့်ဖြစ်သည်။ ငါဆိုသော အရာအားလုံးမှာ လက်တွေ့အရှိတရား ဖြစ်ပြီး၊ မည်သည့်အခါမျှ အကျိုးမဲ့ မပြန်ရ။ ဤကောင်းမွန်သော ကောင်းချီးမင်္ဂလာများမှာ သင်တို့အပေါ်တွင်ရှိပြီး မည်သူမျှ ထိုအရာတို့ကို တောင်းဆို၍မရပေ။ ထိုအရာတို့မှာ ငါနှင့်တစ်သဘောတည်း ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ပြုလုပ်သော သင့်အစေခံခြင်း၏အသီးများ ဖြစ်ကြသည်။ သင်တို့၏ ဘာသာရေးအယူအဆများကို ဖယ်ရှားလော့၊ ငါ့နှုတ်ကပတ်တော်များ၏ မှန်ကန်ခြင်းကို ယုံကြည်ပြီး သံသယမဖြစ်လေနှင့်။ ငါသည် သင်တို့ကို စနောက်နေသည်မဟုတ်။ ငါဆိုသည့်အရာကို ငါအမှန် ရည်ရွယ်သည်။ ငါကောင်းချီးမင်္ဂလာ အပ်နှင်းသူတို့က ထိုသို့အတိုင်း ကောင်းချီးရရှိသကဲ့သို့ ငါကောင်းချီးမင်္ဂလာ မအပ်နှင်းသူတို့မူကား အဘယ်ကောင်းချီးမျှ ရရှိသည်မဟုတ်ပေ။ ဤသည်ကို ငါသာလျှင် ဆုံးဖြတ်၏။ လောကီနှင့်ဆိုင်သော ကံကောင်းခြင်းဆိုသည်မှာ အမှန်တကယ် အရေးမပါလှချေ။ ငါ၏အမြင်တွင်မူ ယင်းက တစ်ပြားမျှပင် တန်ဖိုးမရှိသော တိရိစ္ဆာန်ချေးသာလျှင် ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် လောကီပျော်မွေ့ဖွယ်ရာများကို လွန်ကဲစွာ တန်ဖိုးမထားသင့်ပေ။ ငါနှင့်အတူ ကောင်းကင်နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခံစားခြင်းက များစွာပို၍ အဓိပ္ပာယ်ရှိပြီးအကျိုးကျေးဇူးရှိသည် မဟုတ်လော။

ယခင်ကမူ သမ္မာတရားကို မထုတ်ဖော်ရသေးသည့်အပြင် ငါသည် လူသိရှင်ကြား ပေါ်မလာသေးပေ။ ထိုစဥ်က သင်တို့သည် ငါ့ကို သံသယဝင်လျက် ငါ့အကြောင်းကို သေချာခြင်းငှါ မဝံ့ရဲကြ။ သို့သော်လည်း ယခုတွင်မူ အရာခပ်သိမ်းသည် ထုတ်ဖော်ပြီးဖြစ်လာ၍ ငါသည် ဖြောင့်မတ်ခြင်းနေမင်းကဲ့သို့ ပေါ်ထွက်လာပြီဖြစ်သောကြောင့်အကယ်၍ သင်တို့သည် သံသယရှိနေဆဲဖြစ်ပါက ထိုအရာအတွက် သင်ဘာပြောမည်နည်း။ အမှောင်ထုသည် မြေကြီးကို ဖုံးလွှမ်းသောအခါ သင်တို့က အလင်းကို မတွေ့နိုင်ခဲ့သည်မှာ ခွင့်လွှတ်နိုင်လောက်ခဲ့သည်၊ သို့သော် ယခုတွင် နေမင်းသည် မှောင်မိုက်သော အရပ်တကာကို ထွန်းလင်းစေပြီဖြစ်ကာ၊ ဖုံးကွယ်ထားသောအရာမှာ ဖုံးကွယ်ထားခြင်း မရှိတော့သည့်အပြင် ကွယ်ဝှက်ထားသောအရာမှာ ကွယ်ဝှက်ထားခြင်း မရှိတော့ပေ။ အကယ်၍ သင်တို့သည် သံသယရှိနေသေးပါက သင့်တို့ကို ငါ အလွယ်တကူ ခွင့်လွှတ်မည်မဟုတ်။ ယခုအချိန်မှာ ငါနှင့်ပတ်သက်၍ လုံးလုံးလျားလျား သေချာရမည့်အချိန်၊ သင်တို့ကိုယ်ကို ငါ့ထံ ဆက်ကပ်ပြီး ငါ့အတွက် အသုံးခံရန် ဆန္ဒရှိရမည့်အချိန် ဖြစ်သည်။ ငါ့ကို စိုးစဥ်းမျှဖြစ်စေ ဆန့်ကျင်သော မည်သူမဆိုကို နှစ်ခါပြန်စဉ်းစားခြင်း မရှိဘဲ သို့မဟုတ် တစ်ခဏမျှ ကြန့်ကြာခြင်းမရှိဘဲ ချက်ချင်း တရားစီရင်ခြင်းမီးလျှံကို ခံရမည်။ ယခုတွင် သက်ညှာမှုမရှိသော တရားစီရင်ခြင်း ရောက်လာပြီဖြစ်သည့် အချိန်ဖြစ်သောကြောင့်၊ မိမိစိတ်နှလုံး မမှန်ကန်သောသူတို့အတွက် တရားစီရင်ခြင်းက လျင်မြန်လိမ့်မည်။ ဤသည်မှာ မိန့်ဆိုထားသည့်အတိုင်း "ငါ၏အမှုသည် ပြက်သောလျှပ်စီးကဲ့သို့ဖြစ်သည်" ၏ မှန်ကန်သောအဓိပ္ပာယ် ဖြစ်သည်။

ယင်းသည် လျင်မြန်စွာ တိုးတက်နေသည်၊ ယင်းက လူတို့ကို မအံ့ဩစေဘဲ မနေနိုင်၊ ယင်းက လူတို့ကို မကြောက်ရွံ့စေဘဲ မနေနိုင်၊ ထိုအရာကို နောက်ထပ် အချိန်ဆွဲ၍ မရတော့ပြီဖြစ်ပြီး ရပ်တန့်၍ မရတော့ပေ။ ငါ၏အမှုကို ပို၍ဆောင်ရွက်လေလေ ပို၍လျင်မြန်စွာ ရှေ့သို့ ရွေ့လျားလေလေ ဖြစ်သည်။ သတိဝီရိယမရှိသူနှင့် ကြိုတင်မပြင်ဆင်ထားသူ မည်သူမဆို စွန့်ပစ်ခြင်းခံရမည့် အန္တရာယ်ကို အမြဲတမ်း သယ်ဆောင်ထားလေသည်။ သင်သည် စုံစမ်းသွေးဆောင်ခြင်း၏ တွန်းအားကို နောက်ထပ် အရှုံးပေး၍ မရတော့ပေ။ ငါ၏အမှုသည် အပြည့်အဝ စတင်ပြီဖြစ်ပြီး တစ်ပါးအမျိုးသားနိုင်ငံတို့နှင့် စကြဝဠာကမ္ဘာဆီသို့ ကျယ်ပြန့်နေပြီဖြစ်သည်။ တရားစီရင်ခြင်း၏ မီးလျှံများမှာ ရက်စက်ပြီး မည်သူ့ကိုမျှ သနားခြင်းကရုဏာ သို့မဟုတ် ချစ်ခြင်းမေတ္တာ မရှိချေ။ ဘုရားသခင်ကို သစ္စာရှိသော်လည်း မမှန်ကန်သော အတွေးများနှင့် အကြံအစည်များရှိသောသူ သို့မဟုတ် အနည်းငယ်မျှသာ ခုခံသူပင်လျှင်လည်း တရားစီရင်ခြင်း ခံရမည်။ ဤအကြောင်းနှင့်ပတ်သက်၍ သံသယဖြစ်စရာ မရှိပေ။ ငါ၏အလင်းအား သူ့အပေါ်ချထားသူ မည်သူမဆို အလင်းထဲတွင် အသက်ရှင်ပြီး အလင်းထဲတွင် လုပ်ဆောင်ရလိမ့်မည် ဖြစ်ကာ လမ်းဆုံးထိတိုင်အောင် ငါ့ကို အစေခံလိမ့်မည်ဖြစ်သည်။ အလင်းထဲတွင် အသက်မရှင်သော သူတို့မှာ မှောင်မိုက်တွင် နေထိုင်နေကြသည်။ ငါသည် သူတို့ကို တရားစီရင်ပြီးသောအခါ၊ သူတို့ကိုယ်တိုင်၏ အပြစ်ရှိခြင်းအတွက် မိမိတို့၏ စိတ်နေသဘောထားအပေါ် မူတည်၍ ငါသည် ဆုံးဖြတ်ချက်ချမည်။

ငါ၏နေ့ရက်သည် ရောက်လာပြီ။ သင်တို့သည် ငါနှင့်အတူ ဆင်းသက်သောကြောင့် အထက်တွင်ဆိုခဲ့ပြီးသော “ငါ၏နေ့ရက်” သည် ယခု သင်၏မျက်စိရှေ့တွင်ရှိပြီဖြစ်သည်။ ငါနှင့်သင်၊ သင်နှင့်ငါသည် မိုးပေါ်တွင် တွေ့ဆုံပြီဖြစ်ကာ၊ ဘုန်းကျက်သရေကို အတူဝေမျှခံစားကြသည်။ ငါ၏နေ့သည် အမှန်တကယ်ပင် လုံးလုံးလျားလျား ရောက်လာပေပြီ။

အရှေ့သို့- အခန်း ၅၁

နောက်တစ်ခုသို့- အခန်း ၅၃

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။