အခန်း ၅၃

ငါသည် အစဖြစ်ပြီး၊ ငါသည် အဆုံးလည်း ဖြစ်၏။ ငါသည် ရှင်ပြန်ထမြောက်သူ ဖြစ်၍ တစ်ဆူတည်းသော စုံလင်ကာ စစ်မှန်သည့် ဘုရားသခင် ဖြစ်သည်။ ငါသည် ငါ၏နှုတ်ကပတ်တော်တို့ကို သင်တို့ရှေ့၌ မိန့်ဆိုပြီး၊ သင်တို့သည် ငါပြောသည့်အရာကို ပြတ်သားစွာ ယုံကြည်ရမည်။ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း၊ ငါဆိုသော စာလုံးတစ်လုံး သို့မဟုတ် ကလောင်တံတစ်ချက်မျှ မည်သည့်အခါမျှ မတည်ဘဲရှိမည် မဟုတ်။ ဤသည်ကို သတိရကြလော့။ ယင်းကို သတိရကြလော့။ ငါသည် ယင်းကို တစ်ခါ မိန့်မြွက်ပြီးပါက၊ စကားလုံး တစ်လုံးကိုမျှ ပြန်လည် ရုပ်သိမ်းမည် မဟုတ်သည့်အပြင်၊ စကားလုံး တစ်လုံးစီတိုင်းကို ပြည့်စုံစေလိမ့်မည်။ ယခုတွင် အချိန်ကျရောက်ပြီဖြစ်၍ သင်တို့သည် လက်တွေ့အရှိတရားထဲသို့ အမြန်ဝင်ရောက်ရမည် ဖြစ်သည်။ အချိန်အများကြီး မရှိတော့ပေ။ ငါသည် ငါ၏သားတို့ကို ဘုန်းအသရေနှင့်ပြည့်စုံသော နိုင်ငံတော်ထဲသို့ ဦးဆောင်မည် ဖြစ်၍၊ သင်တို့ ကြိုးပမ်းကာ တောင့်တပြီးဖြစ်သောအရာသည် အမှန်တကယ် ဖြစ်ပေါ် လာပေလိမ့်မည်။ ငါ့သားတို့။ အလျင်အမြန် နိုးထလျက် ငါ့နောက်သို့ လိုက်လော့။ ယခုတွင် ယင်းကို အချိန်ယူ တွေးတောနေဆဲပြုရန် သင်တို့အတွက် လုံလောက်သည့် အချိန် မရှိပေ။ ကုန်ဆုံးသွားသော အချိန်သည် ဘယ်သောအခါမျှ ပြန်လာမည် မဟုတ်ပေ၊ မှောက်မိုက်ခြင်း အပြီးနောက် အလင်းရှိလာပြီး၊ ချီဆောင်ခြင်းသည် သင်တို့ မျက်စိရှေ့တွင် ဖြစ်သည်။ သင်တို့ နားလည်ကြသလော။ သင်တို့ မျက်လုံးများကိုဖွင့်လော့။ လျင်မြန်စွာ နိုးထလော့။ ယခုတွင် သင်တို့ အချင်းချင်းအကြား ပြောဆိုဆွေးနွေးကြစဉ်၊ အချည်းနှီးသော စကားများ ပြောရန် သို့မဟုတ် အသင်းတော် တည်ဆောက်ရေးအတွက် အကျိုးမရှိသောအရာ တစ်စုံတစ်ခုကိုမျှ ပြောဆိုရန် သင်တို့ကို ခွင့်မပြုပေ။ အရေးကြီးသောအရာမှာ သင်၏လက်တွေ့ကျသော အတွေ့အကြုံများ သို့မဟုတ် ဘုရားသခင်၏ရှေ့တော်တွင် သင်မည်သို့ အလင်းပေးခြင်း ခံရပြီးဖြစ်သည်ဆိုသည့် အကြောင်းများဖြင့် သင်၏ ညီအစ်ကိုမောင်နှမတို့အား ပံ့ပိုးပေးရန်နှင့် သင်တို့ကိုယ်သင်တို့ သိရန် ဖြစ်သည်။ ဤသည်တို့ကို ပံ့ပိုးပေးနိုင်သူ မည်သူမဆိုသည် ဝိညာဉ်ရင့်ကျက်မှု ရှိလိမ့်မည်။ ယခုအခါတွင် သင်တို့အနက် အချို့သောသူတို့သည် မကြောက်မရွံ့ ရှိနေဆဲဖြစ်ပြီး ငါ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ငါ မည်မျှပင် စိုးရိမ်သည်ဖြစ်စေ သင်သည် မကြောက်မရွံ့ ရှိမြဲ ရှိနေသည်၊ သင်၏ အတ္တအဟောင်းသည် အနည်းငယ်မျှပင် အထိမခံပေ။ ကိုင်း၊ ဤသို့ဆိုလျှင် ထိုအတိုင်းသာ ဆက်လက် စခန်းသွားလော့။ မည်သူဖျက်ဆီးခံရမည်ကို စောင့်၍သာ ကြည့်နေလော့။ သင်သည် ချမ်းသာကြွယ်ဝမှုကို လိုလားလျက်၊ သင်၏သားသမီးများနှင့် ခင်ပွန်းတို့ကို အလွန်အမင်း တွယ်တာလျက် ဤလောကကို ဆုပ်ကိုင်ရန် အစဉ် တွေးတောလျက် ရှိသည်။ ကိုင်း၊ သင်သည် ဆက်လက်၍သာ တွယ်တာနေနိုင်သည်။ ငါ့နှုတ်ကပတ်တော်တို့ကို သင်တို့အား မမိန့်ကြားခဲ့ခြင်း မဟုတ်သည့်အလား၊ ပြီးလျှင် သင်တို့ အလိုရှိသည့်အတိုင်းသာ ဆက်လက် လုပ်ဆောင်နိုင်သည့်အလားပင် ဖြစ်နေသည်။ များမကြာမီတွင် သင်တို့သည် အရာရာတိုင်းကို နားလည်လိမ့်မည်၊ သို့သော် ထိုအခါ နောက်ကျလွန်းနေနှင့်ပြီ ဖြစ်လိမ့်မည် ဖြစ်သည်။ သင်တို့ကို စောင့်နေလျက် ရှိနေသည့်အရာမှာ တရားစီရင်ခြင်းသာ ဖြစ်တော့သည်။

အရှေ့သို့- အခန်း ၅၂

နောက်တစ်ခုသို့- အခန်း ၅၄

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။