အခန်း ၅၄

ငါသည် အသင်းတော်တစ်ခုစီ၏ အခြေအနေကို ခရေစေ့တွင်းကျ သိသည်။ ယင်းတို့အကြောင်းကို ငါ နားမလည် သို့မဟုတ် ရှင်းလင်းမှုမရှိဟု မထင်နှင့်။ အသင်းတော်များရှိ လူအမျိုးမျိုးတို့အတွက်မူ ငါ၌ သာ၍ပင် ရှင်းလင်းသော နားလည်ခြင်းနှင့် အသိပညာ ရှိသည်။ ယခုတွင် သင့်ကို လေ့ကျင့်ရမည်မှာ ငါ၏ အရေးတကြီးလုပ်ဆောင်ရမည့် အလိုတော်ပင်ဖြစ်သည်၊ ထိုသို့ဖြင့် သင်သည် လူလားမြောက်သောအရွယ်သို့ ပို၍လျင်မြန်စွာ ကြီးထွားလာနိုင်မည် ဖြစ်သည်။ ထိုသို့ဖြင့် ငါ့အတွက် သင်အသုံးကျနိုင်သော နေ့မှာ များမကြာမီ ရောက်လာနိုင်မည် ဖြစ်သည်။ သို့ဆိုလျှင် သင်တို့သည် မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်ကို ထင်ရှားစေနိုင်ရန်အတွက် သင်တို့၏အမူအရာများမှာ ငါ့၏ ဉာဏ်ပညာနှင့် ပြည့်ဝနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် ငါ့၏အဆုံးစွန်သော ရည်မှန်းချက်သည် အောင်မြင်လိမ့်မည်ဖြစ်သည်။ ငါ့သားတို့။ သင်တို့သည် ငါ၏အလိုတော်အပေါ် အရေးထားမှုကို ပြသသင့်ပေသည်။ ငါသည် သင့်ကို သင်ကြားသောအခါ အသေးအဖွဲလေးမှအစ သင်ကြားရအောင် မလုပ်နှင့်။ သင်တို့သည် ငါ့အလိုတော်ကို နားလည်သဘောပေါက်ပြီး ကိစ္စရပ်များ၏ အချက်အချာကို မြင်တွေ့ရန် သင်ယူရမည်။ သင်တို့ကြုံတွေ့သော ကိစ္စရပ်တိုင်းကို အခက်အခဲမရှိ၊ လွယ်လင့်တကူ ကိုင်တွယ်တတ်စေရန် ဤအရာက သင့်တို့ကို အထောက်အကူပြုလိမ့်မည်။ သင့်ကိုလေ့ကျင့်ရာတွင်၊ အစပထမ၌ ယင်းကို သင် နားလည်ချင်မှ နားလည်နိုင်မည်ဖြစ်သော်လည်း ဒုတိယအကြိမ်နှင့် တတိယအကြိမ် စသည်ဖြင့် နောက်ဆုံးတွင် ငါ၏အလိုတော်ကို သင်နားလည်သဘောပေါက်ပါလိမ့်မည်။

သင်တို့၏စကားလုံးများ၌ ခဲကတ်သော လက္ခဏာတစ်ခု အမြဲတမ်း ရှိနေသည်။ ဤအရာကို ဉာဏ်ပညာဖြစ်သည်ဟု သင်တို့ယုံကြည်သည် မဟုတ်ပါသလော။ တစ်ခါတစ်ရံ သင်တို့၏ စကားလုံးများက မနာခံတတ်ပေ။ တစ်ခါတစ်ရံ နောက်ပြောင်သည့်ပုံစံဖြင့် သင်တို့ စကားပြောတတ်ကြသည်။ ထို့ပြင် တစ်ခါတစ်ရံ သင်တို့သည် လူသား အယူအဆများနှင့် သဝန်တိုခြင်းနှင့်င့်ဆိုင်သော အရိပ်အယောင်ဖြင့် စကားပြောကြသည်။...အချုပ်ဆိုရသော်၊ သင်သည် အခြားသူများအား မည်သို့ အသက်ဖြည့်စွမ်းပေးရမည် သို့မဟုတ် သူတို့၏အခြေအနေများကို မည်သို့ နားလည်သဘောပေါက်ရမည်ကို တည်ကြည်ငြိမ်သက်မှု မရှိဘဲ၊ ပေါ့ပေါ့တန်တန် ပြောဆိုဆွေးနွေးတတ်ကြသည်။သင်တို့၏တွေးခေါ်မှုသည် မရှင်းလင်းသည့်အပြင် သင်သည် ဉာဏ်ပညာသည် မည်သည့်အရာဟူသည်နှင့် ကောက်ကျစ်မှုသည် မည်သည့်အရာဟူသည်ကို နားလည်သဘောပေါက်ခြင်း မရှိပေ။ သင်သည် အဘယ်မျှ နားဝေတိမ်တောင် ဖြစ်လိုက်လေခြင်း။ သင်သည် လှည့်ဖြားခြင်းနှင့် လိမ်လည်ခြင်းကို ဉာဏ်ပညာအဖြစ် မှတ်ယူသည်။ ဤအရာက ငါ့နာမကို အရှက်ရစေသည် မဟုတ်လော။ ဤသည်မှာ ငါ့ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဤအရာက ငါ့ကို မမှန်မကန်စွပ်စွဲချက်တင်ခြင်း မဟုတ်လော။ သို့ဆိုလျှင် သင်ရှာဖွေနေသော ပန်းတိုင်ကား အဘယ်နည်း။ သင်တို့ ထိုအရာကို ဂရုတစိုက် စဉ်းစားပြီးပြီလော။ ဤကိစ္စရပ်တွင် ရှာဖွေခြင်းတစ်စုံတစ်ရာကို သင်တို့ လုပ်ဆောင်ပြီးပြီလော။ သင့်အားငါဆို၏၊ ငါ၏အလိုတော်သည် သင်တို့ရှာဖွေနေသော ဦးတည်ချက်နှင့် ရည်ရွယ်ချက်ပင် ဖြစ်သည်။ ဤသို့မဟုတ်ပါက အရာခပ်သိမ်းသည် အချည်းနှီးဖြစ်လိမ့်မည်။ ငါ၏ အလိုတော်ကို မသိသောသူတို့သည် မည်သို့ရှာဖွေရမည်ကို မသိသောသူများ၊ စွန့်ပစ်ခြင်း၊ ပယ်ထုတ်ခြင်းကို ခံရမည့်သူများ ဖြစ်ကြပေသည်။ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ခြင်းသည် သင်တို့သင်ယူရမည့် ပထမသင်ခန်းစာဖြစ်သည်မှာ ထင်ရှားပေ၏။ ယင်းသည် အလုပ်တာဝန်များထဲမှ အရေးကြီးဆုံးသောအရာ ဖြစ်ပြီး နှောင့်နှေးကြန့်ကြာခြင်းကို ခွင့်မပြုပေ။ သင်တို့အား တစ်ယောက်ပြီးတစ်ယောက် အပြစ်ရှာရန် ငါ့ကို မစောင့်လေနှင့်။ သင်သည် မရေမရာဖြစ်ပြီး ဉာဏ်ထိုင်းသော ထုံအခြင်းအခြေအနေ၌ တစ်နေ့တာများကို ကုန်ဆုံးစေသည်။ ရယ်ဖွယ်ကောင်းလိုက်သည့်ဖြစ်ခြင်း။ သင်တို့၏ နားဝေတိမ်တောင်ဖြစ်ခြင်းမှာ အံ့အားသင့်စရာ ကောင်းလှသည်။ ငါ၏အလိုတော်အပေါ် သင် အရေးထားမှု မပြပါတကား။ သင်တို့ကိုယ်သင်တို့ မေးလော့-လုပ်ဆောင်ချက်ပြုသောအခါ ငါ၏အလိုတော်ကို ဘယ်နှစ်ကြိမ် နားလည်ခဲ့ပြီနည်း။ ယခုသည် သင်တို့အနေဖြင့် မိမိကိုယ်ကိုယ် လေ့ကျင့်ရမည့်အချိန်ပင် ဖြစ်ပေသည်။ သင်တို့ တစ်ယောက်ပြီးတစ်ယောက်ကို ငါ့အား ကိုင်တွယ်စေခြင်းက ခွကျပေသည်။ သင်သည် အတွေ့အကြုံကို ရယူရန်နှင့် သင်လုပ်ဆောင်သည်နှင့်အမျှ ထိုးထွင်းအမြင်နှင့် ဉာဏ်ပညာကို ဆည်းပူးရန် သင်ယူသင့်သည်။ သင်တို့၏နှုတ်မှထွက်သော စကားများက ကောင်းမွန်လှပါသော်လည်း စစ်မှန်မှုကား အဘယ်နည်း။ သင်တို့သည် စစ်မှန်မှုကို ရင်ဆိုင်ရသောအခါ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမှ မလုပ်ဆောင်နိုင်ကြပေ။ သင်ပြောသောအရာက စစ်မှန်မှုနှင့် လုံးဝမကိုက်ညီပေ။ အမှန်ဆိုရလျှင် ငါသည် သင်တို့လုပ်နေသောအရာအား တွေ့မြင်ရသည်ကို သည်းမခံနိုင်ပေ။ ကြည့်နေရင်းဖြင့် ငါ အလွန်အမင်း ဝမ်းနည်းပေသည်။ ဤအရာကို သတိရလော့။ အနာဂတ်တွင် ငါ၏အလိုတော်ကို နားလည်ရန် သင်ယူလော့။

အရှေ့သို့- အခန်း ၅၃

နောက်တစ်ခုသို့- အခန်း ၅၅

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။