အခန်း ၅၅

သာမန် လူသားသဘာ၀ဟု ဆိုကြသော အရာသည် လူများစိတ်ကူးသလို သဘာဝလွန်မဟုတ်ပေ။ တကယ်တမ်းတွင်မူ ၎င်းသည် လူသားများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများအားလုံးနှင့် တစ်ဦးတစ်ယောက်၏ ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော ဖိစီးနှိပ်စက်မှုများအားလုံး၏ နှောင်ဖွဲ့မှုများကို ကျော်လွန်နိုင်ပေသည်။ ၎င်းသည် မည်သည့်နေရာ သို့မဟုတ် မည်သည့် အခြေအနေတွင်မဆို ငါ့ထံချဉ်းကပ်နိုင်ပြီး ငါနှင့် ပြောဆိုဆွေးနွေးနိုင်သည်။ သင်တို့လူသားများသည် ငါ၏ ရည်ရွယ်ချက်တို့ကို အမြဲ အဓိပ္ပါယ်ကောက်လွဲကြသည်။ သင်တို့သည် သာမန် လူ့ဘဝကို နေထိုင်သင့်သည်ဟု ငါ ပြောဆိုသည့်အခါ သင်တို့သည် မိမိကိုယ်ကို ထိန်းချုပ်၍ သင်တို့၏ ဇာတိပကတိကို ယဥ်ပါးစေသည်။ သို့သော် သင်တို့သည် သင်တို့၏ ဝိညာဉ်အတွင်းထဲတွင် ဂရုတစိုက် ရှာဖွေရန် သင် အာရုံမစိုက်ကြ။ သင်သည် သင့်အတွင်းထဲတွင် ငါဖြစ်စေသည့် ထုတ်ဖော်ခြင်းများနှင့် စိတ်လှုပ်ရှားထိခိုက်စေခြင်းများကို လျစ်လျူရှုလျှက် သင်၏အပြင်ပန်း ရုပ်သွင်အပေါ်သာ အာရုံစိုက်၏။ သင်သည် အရေးမစိုက်လွန်းစွတကား။ အလွန်ပင် အရေးမစိုက်လွန်းစွတကား။ ယင်းသည် သင့်ထံသို့ ငါအပ်နှံထားသည့်အရာအား ပြီးဆုံးအောင်ပြုလုပ်ခြင်းကို ကြီးမားသည့် အောင်မြင်မှုအဖြစ် သင်ယူဆသောကြောင့် ဖြစ်နိုင်သလော။ သင်သည် မိုက်မဲစွ။ သင်သည် နက်ရှိုင်းစွာ အမြစ်တွယ်ရေးကို အာရုံစိုက် မနေပေ။ “သစ်ပင်ပေါ်မှ သစ်ရွက်တစ်ရွက် မဖြစ်လေနှင့်၊ သစ်ပင်၏ အမြစ်ဖြစ်လော့”၊ ဤသည်ကား အမှန်တကယ်ပင် သင်၏ ဆောင်ပုဒ် ဖြစ်သလော။ ထောက်ထားစာနာမှုကင်းမဲ့စွ။ အရေးမစိုက်လွန်းစွ။ တိုးတက်မှု အနည်းငယ်ကို သင်ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သင်ထင်လိုက်သည် နှင့်တစ်ပြိုင်နက် သင်ကျေနပ်သွားသည်။ ငါ၏ အလိုတော်ကို သင် ဂရုစိုက်သည်မှာ နည်းလွန်းလှ၏။ ယခုမှစ၍ အလေးဂရုပြုလော့၊ ငြိမ်သက်မနေနှင့်၊ အဆိုးမြင်ခြင်း မရှိနှင့်။ သင် အစေခံသည့်အခါတွင် ငါထံ သာ၍ ကြိမ်ဖန်များစွာ ချဉ်းကပ်ကာ ငါနှင့် သာ၍ ဆက်သွယ်ပြောဆိုလော့။ ဤသည်သာ သင်၏ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ငြင်းပယ်ပြီးသည်ကို၊ သင်ကိုယ်တိုင်၏ ပျော့ကွက်များကို သိရှိသည်ကို၊ သင်ကိုယ်တိုင်၏ အားနည်းချက်များကို သတိထားမိသည်ကို ငါ သတိပြုမိသည်။ သို့သော် သိခြင်းသက်သက်သည် မလုံလောက်ပေ။ သင်သည် ငါနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပြီး ငါ၏ ရည်ရွယ်ချက်တို့ကို သင် နားလည်သည် နှင့်တစ်ပြိုင်နက် ၎င်းတို့ကို သင် ချက်ချင်း အထမြောက်စေလော့။ ဤအရာသည် ငါ၏ ဝန်ထုပ်ဝန်ပိုးကို အလေးထားကြောင်း ပြသရန် အကောင်းဆုံးနည်းလမ်း၊ ကျိုးနွံနာခံရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

ငါ့ကို သင်မည်သို့ ဆက်ဆံသည်ဖြစ်စေ ငါသည် သင်နှင့် သန့်ရှင်းသူ အားလုံးတို့ထဲတွင် ငါ၏ အလိုတော်ကို လုပ်ကိုင်ဆောင်ရွက်လိုသည်။ ငါ၏ အလိုတော်ကို နယ်မြေတစ်ခုလုံးသို့ အဆီးအတားမရှိ လုပ်ကိုင်ဆောင်ရွက်ရန် ငါအလိုရှိသည်။ ဤအချက်ကို လုံးလုံးလျားလျား သတိပြုလော့။ ၎င်းသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် သက်ဆိုင်သည်။ သင်သည် စိုးစဥ်းမျှ ကြောက်ရွံ့ခြင်း မရှိသလော။ သင်၏ လုပ်ဆောင်ချက်တို့နှင့် အပြုအမူအတွက် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်မနေသလော။ သန့်ရှင်းသူအားလုံးတို့ အကြားတွင် ငါ၏ ရည်ရွယ်ချက်များကို သတိပြုမိသူ မရှိသလောက်ပင်။ ငါ၏ အလိုတော်ကို စစ်မှန်စွာ သတိရှိသူတစ်ယောက်အဖြစ် မပေါ်လွင်လိုသလော။ သင်သတိပြုမိသလော။ လက်ရှိအချိန်တွင် ငါ၏ အရေးပေါ် ရည်ရွယ်ချက်မှာ ငါ၏ အလိုတော်ကို အပြည့်အဝ သတိရှိနိုင်စွမ်းရှိသည့် လူတစ်စုကို ရှာဖွေရန်ဖြစ်၏။ သင်သည် ထိုသူတို့ထဲမှ တစ်ဦး မဖြစ်လိုသလော။ သင်သည် ငါ့အတွက် သင့်ကိုယ်သင် အသုံးချရန်၊ ငါ့အတွက် သင့်ကိုယ်သင် ပေးအပ်ရန် ဆန္ဒမရှိသလော။ သင်သည် အသေးငယ်ဆုံးသော တန်ဖိုးကိုပင် ပေးအပ်ရန် သို့မဟုတ် အနည်းငယ်ဆုံးသော အားစိုက်မှုကိုပင် ပြုလုပ်ရန် ဆန္ဒမရှိပေ။ ဤသို့ ဆက်လက်ဖြစ်နေလျှင် ငါ၏ အပတ်တကုတ် ကြိုးစားအားထုတ်မှုတို့သည် သင်တို့ထံတွင် ပြုန်းတီး ရလိမ့်မည်။ ယခု သင့်အား ဤအရာကို ငါ ထောက်ပြပြီးဖြစ်ရာ ဤပြဿနာ၏ လေးနက်မှုကို သင် နားမလည်သေးသလော။

“ငါ့အတွက် စစ်မှန်စွာ အသုံးတော်ခံသည့် သူများအတွက် ငါသည် သင့်ကို ကြီးမြတ်စွာ ဧကန်ကောင်းချီးပေးမည်။” သင် မြင်သလော။ ဤအရာကို သင့်အား ငါ အကြိမ်အချို့ ပြောခဲ့သည်။ သို့တိုင် သင့်တွင် ဒွိဟများစွာ ရှိနေသေးသည်၊ မိသားစု အခြေအနေများ၊ ပြင်ပပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် အကြောက်တရားများ ရှိနေသေးသည်။ သင့်အတွက် မည်သည့်အရာက ကောင်းမွန်သည်ကို အမှန်တကယ် သင်မသိရှိပေ။ ငါသည် ရိုးသားသည့်၊ ရိုးရှင်းသည့်၊ ပွင့်လင်းသည့် လူများကိုသာ အသုံးပြုသည်။ သင်သည် ငါက သင့်ကို အသုံးပြုရန်အတွက် ပျော်ရွှင်ပြီး လိုလိုလားလားရှိနေသည်။ သို့သော် မည်သည့်အတွက်ကြောင့် သင် အလွန် စိုးရိမ်နေဆဲ ဖြစ်သနည်း။ ငါ၏ နှုတ်ကပတ်တော်တို့သည် သင့်အပေါ် လုံးဝအကျိုးသက်ရောက်မှု မရှိခြင်း ဖြစ်နိုင်သလော။ ငါသည် သင့်ကို အသုံးပြုနေသည်ဟု ငါပြောခဲ့ပြီးဖြစ်သော်လည်း သင်သည် ဤအရာ၌ တည်ကြည်ခိုင်မာစွာ မယုံကြည်နိုင်ပါ။ ငါသည် သင့်ကို စွန့်လွှတ်မည်ကို သင် ကြောက်ရွံ့နေလျက် သင်သည် အမြဲတမ်း သံသယဝင်နေသည်။ သင်၏ ထင်မြင်ယူဆချက်တို့သည် အလွန်ပင် အမြစ်တွယ်နေသည်။ ငါသည် သင့်ကို အသုံးပြုနေသည်ဟု ငါပြောသောအခါ ငါသည် သင့်ကို အသုံးပြုနေသည်ဟု ယင်းက ဆိုလိုသည်။ သင်သည် မည်သည့်အတွက်ကြောင့် အမြဲတမ်း သံသယဝင်နေသနည်း။ ငါသည် အလုံအလောက် ရှင်းလင်းစွာ ပြောခဲ့ပြီး မဟုတ်သလော။ ငါပြောသည့် စကားလုံးတိုင်းသည် မှန်ကန်ပေသည်။ မမှန်ကန်သည့် မိန့်မြွက်ချက် တစ်ခုမျှ မရှိပေ။ ငါ့သား၊ ငါ့ကို ယုံကြည်လော့။ ငါ၏ ကိုယ်စား ဆက်ကပ်အပ်နှံလော့။ သို့ဖြစ်လျှင် ငါသည်လည်း သင့်ထံ သေချာပေါက် ဆက်ကပ်အပ်နှံပေလိမ့်မည်။

အရှေ့သို့- အခန်း ၅၄

နောက်တစ်ခုသို့- အခန်း ၅၆

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။