အခန်း ၅၆

မကောင်းမှုပြုသောသူများ၊ တန်ခိုးအာဏာ စွဲကိုင်သော သူများနှင့် ဘုရားသခင်၏သားများကို နှိပ်စက်ညှဉ်းပန်းသော သူများအား အပြစ်ပေးဖို့ ငါ စတင် အရေးယူပြီ ဖြစ်သည်။ ယခုမှစ၍ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ ကြီးကြပ်ကွပ်ကဲမှုသည် မိမိတို့၏ စိတ်နှလုံးများထဲတွင် ငါ့ကို ဆန့်ကျင်သောသူများ အပေါ်၌ အစဉ်ရှိလိမ့်မည်။ ဤအရာကို သိကြလော့။ ဤသည်မှာ ငါ၏ တရားစီရင်မှု အစဖြစ်ပြီး မည်သူ့ကိုမျှ သနားခြင်းကရုဏာ ပြမည် မဟုတ်သကဲ့သို့၊ ငါသည် ဖြောင့်မတ်ခြင်းတရားကို လက်တွေ့လုပ်ဆောင်သည့် ဘက်မလိုက်သောဘုရားသခင် ဖြစ်သည့်အတွက် မည်သူကိုမျှ အလွတ်ပေးမည် မဟုတ်၊ ပြီးလျှင် သင့်တို့အားလုံး ဤအရာကို သတိပြုမိလျှင် ကောင်းပေမည်။

ငါသည် မကောင်းမှုပြုသောသူများကို အပြစ်ပေး လိုသည် မဟုတ်။ ယင်းထက်၊ ဤသည်မှာ မိမိတို့ကိုယ်တိုင် ဒုစရိုက်အကျင့်ကို ကျင့်ကြံခြင်းဖြင့် မိမိတို့ကိုယ်ကိုယ်အပေါ် မိမိတို့ ကျရောက်စေသည့် ဒဏ်ခတ်ခံရခြင်း ဖြစ်သည်။ ငါသည် မည်သူ့ကိုမျှ အလျင်အမြန် အပြစ်မပေးသကဲ့သို့၊ မည်သူ့ကိုမျှ မတရားသဖြင့် မဆက်ဆံပေ- ငါသည် အားလုံးအပေါ် ဖြောင့်မတ်ပေသည်။ ငါ၏သားများကို ငါ ဧကန် ချစ်မြတ်နိုးပြီး၊ ငါ့ကို အာခံသည့် ဆိုးယုတ်သူများကို ငါ ဧကန် မုန်း၏။ ဤသည်မှာ ငါ၏ လုပ်ဆောင်ချက်များ နောက်ကွယ်မှ နိယာမ ဖြစ်သည်။ သင်တို့ အယောက်တိုင်းသည် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၌ ထိုးထွင်းအမြင်အချို့ ရှိသင့်ပေသည်။ အကယ်၍ မရှိခဲ့ပါက၊ သင်တို့သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း ရှိကြလိမ့်မည် မဟုတ်သကဲ့သို့ ငါ၏ ရှေ့တွင် သတိမမူဘဲ ပြုမူကြလိမ့်မည်။ ငါ မည်သည့်အရာ စွမ်းဆောင်ရရှိလိုသည်၊ ငါ မည်သည်အရာ ပြီးမြောက်လိုသည်၊ မည်သည့်အရာကို ငါ ရယူလိုသည် သို့မဟုတ် ငါ၏ နိုင်ငံတော်သည် မည်သည့် လူစားမျိုးကို လိုအပ်သည် ဆိုသည်တို့ကိုလည်း သင် သိလိမ့်မည်မဟုတ်ပေ။

ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှာ -

၁။ သင်တို့ မည်သူဖြစ်ကြပါစေ၊ သင်တို့၏ စိတ်နှလုံးထဲ၌ ငါ့ကို ဆန့်ကျင်ပါက၊ သင်တို့ တရားစီရင်ခံရလိမ့်မည်။

၂။ ငါရွေးချယ်ပြီးသောသူများသည် မမှန်ကန်သော အတွေး တစ်စုံတစ်ရာအတွက် ချက်ချင်း ဆုံးမပဲ့ပြင်ခြင်းကို ခံကြရလိမ့်မည်။

၃။ ငါ့ကို မယုံကြည်သောသူများကို တစ်ဖက်တွင် ငါထားမည်။ ၎င်းတို့ကို လုံးလုံးလျားလျား အပြစ်ပေးပြီး အမျိုးအစား ခွဲမည့်အချိန်ဖြစ်သည့် တကယ့်အဆုံးထိတိုင် ငါသည် ၎င်းတို့ကို မဆင်မခြင် စကားပြောရန်နှင့် ပြုမူရန် အခွင့်ပေးမည်။

၄။ ငါ့ကို ယုံကြည်သောသူများကို ငါသည် အချိန်တိုင်း ကြည့်ရှုစောင့်ရှောက်ပြီး ကွယ်ကာမည်။ ငါသည် ကယ်တင်ခြင်းမှတစ်ဆင့် ၎င်းတို့ကို အချိန်တိုင်း အသက်ကို ထောက်ပံ့ပေးမည်။ ဤလူများသည် ငါ၏ချစ်ခြင်းကို ရကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဧကန်မုချ လဲကျခြင်း သို့မဟုတ် လမ်းပျောက်ခြင်း ရှိလိမ့်မည်မဟုတ်။ ၎င်းတို့၌ ရှိသည့် မည်သည့်အားနည်းချက်မဆိုသည် ယာယီသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ငါသည် ၎င်းတို့၏ အားနည်းချက်များကို သေချာပေါက် အောက်မေ့လိမ့်မည် မဟုတ်။

၅။ ယုံကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ် မယုံကြည်သောသူများ- ဘုရားသခင်တစ်ဆူရှိသည်ကို ယုံကြည်သော်လည်း ခရစ်တော်ကို မရှာဖွေသောသူများ၊ သို့သော် အတိုက်အခံလည်း မလုပ်သောသူများ- ဤသူတို့သည် သနားစရာအကောင်းဆုံး လူစားမျိုးဖြစ်ကြပြီး ငါ၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ၎င်းတို့ကို ငါ ရှင်းရှင်းလင်းလင်း မြင်စေမည်ဖြစ်သည်။ ငါ၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ငါသည် ထိုသို့သောလူများကို ကယ်တင်ပြီး ပြန်လည်ခေါ်ဆောင်လာမည်။

၆။ ငါ၏နာမကို ပထမဦးဆုံး လက်ခံခဲ့ကြသော သားဦးများသည် ကောင်းချီးခံစားရကြလိမ့်မည်။ ငါသည် အကောင်းဆုံး ကောင်းချီးမင်္ဂလာများကို သင်တို့၏ စိတ်နှလုံး ရောင့်ရဲတင်းတိမ်သည်အထိ မွေ့လျော်ခွင့်ပေးရင်း ထိုကောင်းချီးမင်္ဂလာများကို သင်တို့အပေါ် ဧကန်မုချ အပ်နှင်းမည်။ ဤအရာကို မည်သူမျှ တားဆီးဝံ့မည်မဟုတ်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည်နှင့်အမျှ ဤအရာအားလုံးကို သင်တို့အတွက် အပြည့်အဝ ပြင်ဆင်ထားပေသည်။

အခြေအနေတိုင်းတွင် သင်တို့သည် ငါ၏လက်၏ လုပ်ဆောင်ချက်အားလုံးနှင့် ငါ၏ စိတ်နှလုံး၏ အတွေး အားလုံးကို မြင်နိုင်သင့်ပေသည်။ ယင်းမှာ သင်တို့အတွက်သာ ဖြစ်သည်မဟုတ်လော။ သင်တို့ထဲမှ မည်သူသည် ငါ့အတွက် ဖြစ်သနည်း။ သင်တို့သည် သင်တို့၏ စိတ်နှလုံးများထဲက အတွေးများ သို့မဟုတ် သင်တို့နှုတ်ခမ်းများထက်က စကားများကို ဆန်းစစ်ဖူးသလော။ သင်တို့သည် ဤအရာများကို တာဝန်သိသည့် ချဉ်းကပ်မှု ပြုဖူးသလော။ နားဝေတိမ်တောင်ဖြစ်သော သူတို့။ အကျင့်ပျက်သောသူတို့။ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကန့်သတ်ချုပ်ချယ်မှုကို လက်မခံကြလေတကား။ ငါသည် သင်တို့၏အတွင်း၌ ငါ၏ အသံကို အထပ်ထပ်အခါခါ လွှင့်နေပြီးဖြစ်သော်လည်း၊ တုံ့ပြန်ချက် လုံးဝ မရရှိလေပြီ။ မထုံထိုင်းတော့နှင့်။ သင်၏တာဝန်မှာ ငါ၏အလိုကို သဘောပေါက်ရန်ဖြစ်သည်။ ထို့အပြင် ယင်းသည် သင်ဝင်ရောက်သင့်သော လမ်းကြောင်းဖြစ်သည်။ သင်သည် စိတ်ရှုပ်ထွေးနေ၏၊ သင်၌ ထိုးထွင်းအမြင် မရှိသကဲ့သို့၊ သင့်အထဲ၌ ငါ ပြီးမြောက် လိုသည့်အရာ သို့မဟုတ် သင့်ထံမှ ငါ ရယူလိုသည့်အရာကို သင် ရှင်းလင်းစွာ မမြင်ပေ။ ငါ၏ အလိုကို သဘောပေါက်ရန် သင်တို့သည် ငါ့ထံသို့ နီးကပ်လာခြင်းနှင့် ငါနှင့်အတူ ပို၍ မိတ်သဟာယပြုခြင်းဖြင့် အစပြုရမည်။ သင်သည် ငါ၏အလိုကို သဘောမပေါက်နိုင်ဟု သင် အမြဲ ဆိုသည်၊ သင်သည် မိမိ၏ ကိုယ်ပိုင်အရာများနှင့် ပြည့်နှက်နှင့်ပြီး ဖြစ်ပါက၊ သင်တို့အပေါ် ငါအဘယ်သို့ အမှုပြုနိုင်မည်နည်း။ သင်တို့သည် ပဏာမခြေလှမ်းလှမ်းပြီး ငါ့ရှေ့သို့ မလာကြဘဲ၊ မတုန်မလှုပ် စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းလေသည်။ သင်သည် ပိုးကောင်တစ်ကောင်နှင့် တူသည်ဟု ငါပြောသော်လည်း၊ သင်သည် မတရားသဖြင့် ခံရသည်ဟု ခံစားရပြီး ဤအရာကို လက်ခံရန် ငြင်းလေသည်။ ဤအကြိမ်တွင် သင်တို့သည် ထပြီး ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်သင့်သည်။ မတုန်မလှုပ် မနေနှင့်။ ယင်းသည် သင်၏အသက်တာကို နှောင့်နှေးစေ လိမ့်မည်။ အခြေအနေကို ဖန်တီးယူခြင်းသည် အခြားသူများထံ မဟုတ်ဘဲ၊ သင့်ထံ အကျိုးကျေးဇူးများ ယူဆောင်လာပေး၏။ ဤအရာကို သင် သတိမပြုသေး သကဲ့သို့ နားမလည်သေးသလော။ ငါ၏ အလိုသည် သင့်အထဲတွင် စဉ်ဆက်မပြတ် ထုတ်ဖော်လျက်ရှိ၏။ ယင်းကို သင် သတိမမူမိသေးသလော။ သင်သည် ယင်းကို အဘယ်ကြောင့် လုံးဝ အာရုံမစိုက်ဖူးပါသနည်း။ ငါ၏အလိုကို အဘယ်ကြောင့် သင် လုံးဝ နားလည်နိုင်ခြင်း မရှိဖူးသနည်း။ ငါ၏အလိုကို သဘောပေါက်ခြင်းသည် သင့်ကို မည်သည့် အကျိုးကျေးဇူးမျှ အမှန်တကယ် မဆောင်ကြဉ်းပေးနိုင်သလော။

ငါသည် သင်မှတစ်ဆင့် ရှေ့ဆက်ရမည့်လမ်းနှင့် ခိုနားစရာအိမ်တစ်ခု ရှိဖို့ရန်အလို့ငှာ သင်သည် ငါ၏အလိုကို အခြေအနေအားလုံးတွင် ထည့်သွင်းစဉ်းစားဖို့ ငါ မျှော်လင့်သည်။ ငါ့ကို မတားဆီးတော့နှင့်- ယင်းမှာ ရက်စက်လွန်းလှ၏။ သင်သည် ငါ၏ နှုတ်ကပတ်တော်များ နှင့်သက်ဆိုင်သည့် သိနားလည်နိုင်ခြင်း မရှိသကဲ့သို့၊ ထိုနှုတ်ကပတ်တော်များကို တုန့်ပြန်ခြင်း မပြုချေ။ ယခု မည်သည့်အချိန်ဖြစ်သည်ကို ကြည့်လော့။ နောက်ထပ် စောင့်ဆိုင်း၍ မဖြစ်။ ငါ၏ခြေလှမ်းများနောက် နီးကပ်စွာ သင်မလိုက်ပါက၊ ယင်းကို သင် ရွေးနုတ်နိုင်သည့် နည်းလမ်း တစ်ခုတစ်လေရှိဖို့ မပြောနှင့်၊ နောက်ကျလွန်းသွားလိမ့်မည် ဖြစ်သည်။

အရှေ့သို့- အခန်း ၅၅

နောက်တစ်ခုသို့- အခန်း ၅၇

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။