အခန်း ၅၇

သင်၏ စဉ်းစားတွေးတောမှုများ၊ စိတ်ကူးအကြံဉာဏ်များနှင့် သင်၏ ပြုမှုဆောင်ရွက်မှု တစ်ခုချင်းစီတိုင်းကို သင်စစ်ဆေးပြီးပြီလော။ ၎င်းတို့အနက် မည်သည့်အရာများသည် ငါ၏ အလိုတော်နှင့်ကိုက်ညီပြီး မည်သည့်အရာများမှာ မကိုက်ညီကြောင်း ရှင်းလင်းသော ထင်မြင်ချက်တစ်ခု သင့်တွင်ရှိသလော။ ဤအရာများကို ထိုးထွင်းသိမြင်နိုင်စွမ်း သင်၌ လုံးဝမရှိပါလေတကား။ သင်သည် အဘယ်ကြောင့် ငါ့ရှေ့မှောက်သို့ မလာသနည်း။ ငါသင့်ကို မပြောပြသောကြောင့်လော သို့မဟုတ် အခြားအကြောင်းပြချက်ကြောင့်လော။ ဤသည်ကို သင်သိသင့်သည်။ ပေါ့ဆသူတို့သည် ငါ၏ အလိုတော်ကို လုံးဝနားမလည်နိုင် သို့မဟုတ် မည်သည့် ကြီးမြတ်သော အလင်းပေးခြင်းနှင့် ထုတ်ဖော်ခြင်းကိုမှ မရရှိနိုင်ဟူသည်ကို သိလော့။

အသင်းတော်သည် အာဟာရကို မရရှိနိုင်ခြင်းနှင့် စစ်မှန်သည့် မိတ်သဟာယဖွဲ့မှုမရှိခြင်းတို့၏ အကြောင်းရင်းများကို သင်ရှာဖွေတွေ့ရှိခဲ့ပြီးသလော။ ယင်းသို့ဦးတည်သော အကြောင်းရင်းမည်မျှက သင့်ကြောင့်ဖြစ်သည် ဆိုခြင်းကို သင်သတိပြုမိသလော။ အသက်တာကို ထောက်ပံ့ပေးပြီး ငါ၏ အသံတော်ကို ထုတ်လွှတ်ရန် သင့်ကို ငါညွှန်ကြားခဲ့သည်။ ဤအရာများကို သင်လုပ်ပြီးပြီလော။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာ တိုးတက်မှုကို နှောင့်နှေးစေခြင်းအတွက် သင်တာဝန်ယူနိုင်သလော။ ပြဿနာများကို သင်ကြုံတွေ့ရသည့်အခါတွင် အေးဆေးတည်ငြိမ်၊ အိန္ဒြေရရမည့်အစား သင်သည် စိတ်ပူပင်မောပန်းနေသည်။ သင်သည် အမှန်တကယ်ပင် ပညာမဲ့လှတကား။ ငါ၏ အသံတော်ကို သူတော်စင်များထံသို့ ထုတ်လွှတ်ပေးသင့်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို မဖိနှိပ်နှင့်၊ ဖင့်နှေးမှုအားဖြင့် ငါ့ကို မနှောင့်နှေးစေနှင့်၊ ယင်းတို့သည် မည်သူ့ကိုမှ အကျိုးမဖြစ်စေပါ။ သင်၏ စိတ်အား၊ ကိုယ်အားဖြင့် ငါ့ထံ လုံးဝဥဿုံ နှစ်မြှုပ်ရည်စူးထားရန် ငါအလိုရှိသည်။ သို့မှသာ သင်၏ စဉ်းစားတွေးတောမှုနှင့် စိတ်ကူးအကြံဉာဏ်တိုင်းသည် ငါ့အတွက်ဖြစ်လိမ့်မည်၊ သို့မှသာ ငါ၏ စဉ်းစားတွေးတောမှုများနှင့် စိတ်ကူးအကြံဉာဏ်များကို သင်မျှဝေခံစားနိုင်လိမ့်မည်၊ သို့မှသာ သင်ပြုလုပ်သည့် မည်သည့်အရာမဆိုသည် သင်ကိုယ်တိုင်အတွက် မဟုတ်ဘဲ ယနေ့နိုင်ငံတော်နှင့် ငါ၏ စီမံခန့်ခွဲမှုအတွက် ဖြစ်နိုင်ပေလိမ့်မည်။ ဤအရာကသာ ငါ၏ နှလုံးသားကို ကျေနပ်စေလိမ့်မည်။

ငါပြုလုပ်သည့် မည်သည့်အရာမဆို သက်သေသက္ကာယ မရှိသည့်အရာ မရှိချေ။ သင်သည် အဘယ်ကြောင့် ငါ့ကို အတုမယူသနည်း။ သင်လုပ်ဆောင်သည့်အရာအတွက် အဘယ်ကြောင့် သက်သေ မရှာဖွေသနည်း။ သင်သည် ငါ့ကို အဘယ်အရာ ထပ်ပြောစေချင်သနည်း။ သင့်ကို သင်ကြားပြသရန် သင်၏ လက်ကို ငါဆွဲကိုင်ထား၏၊ သို့သော် သင်သည် သင်ယူနိုင်ခြင်း မရှိပေ။ သင်သည် အလွန်ဒုံးဝေးပေတကား။ သင်သည် အားလုံးကို နောက်တစ်ဖန် အစမှ ပြန်စချင်သလော။ အားငယ်ခြင်း မရှိနှင့်။ ကိုယ့်ကိုယ်ကို တဖန်ပြန်လည်၍ အားတင်းထားပြီး သူတော်စင်များ မျှဝေပေးအပ်ထားသည့် မျှော်လင့်ချက်များနှင့် လိုအင်ဆန္ဒများကို အလုံးစုံ ကိုယ်စားပြု၍ သင့်ကိုယ်သင် နှစ်မြှုပ်အပ်နှံခြင်းရှိရမည်။ ဤစကားတို့ကို သတိရလော့၊ “ငါ့အတွက် ရိုးသားစွာ အသုံးခံသောသူများ၊ ငါသည် သင့်ကို ဧကန်ပင် ကြီးစွာ ကောင်းချီးပေးမည်။”

သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဖြစ်ကတတ်ဆန်း မဟုတ်ဘဲ စီစဉ်တကျ လုပ်ဆောင်ရမည်။ သင်သည် သူတော်စင်များ၏ အနေအထားကို (မိမိ၏ လက်ဖမိုးအား သိသကဲ့သို့) ကောင်းစွာသိ၏ဟု အမှန်တကယ် ပြောဆိုရဲသလော။ ဤအချက်က သင်သည် အသိဉာဏ်ပညာမရှိ၊ ဤအခြင်းအရာကို သင် လုံးဝအလေးထားခြင်းမရှိ၊ ၎င်းအပေါ်တွင် သင်အချိန်ပေးခြင်းမရှိဟု ပြဆိုနေသည်။ ဤအခြင်းအရာအပေါ်တွင် သင်သည် သင်၏အချိန်အားလုံးကို ၎င်းအပေါ်တွင် အမှန်တကယ် ပေးနိုင်လျှင် သင်၏ အတွင်းစိတ်အခြေအနေသည် မည်သို့ဖြစ်မည်ကို သင်သိခဲ့လိမ့်မည်။ သင်သည် ဓမ္မဓိဌာန် မကျသော အားထုတ်မှုများကို ပြုလုပ်ရန် မကြိုးစားဘဲ ဓမ္မဓိဌာန်ကျသော အကြောင်းပြချက်များကိုသာ ရှာဖွေပြီး ငါ၏အလိုကို ထည့်သွင်းစဉ်းစားမှု လုံးဝမပြသပေ။ ဤအချက်သည် ငါ့ကို နက်ရှိုင်းစွာ နာကျင်ထိခိုက်စေသည်။ ဤသို့ ဆက်မလုပ်နှင့်။ ဤသည်မှာ ငါသည် သင့်အား ပေးသနားသော ကောင်းချီးများကို သင်လက်မခံခြင်းပေလော။

အို ဘုရားသခင်၊ ကိုယ်တော်၏ ရင်သွေးသည် ကိုယ်တော့်ထံ ပေးဆပ်စရာရှိနေသည်။ ကိုယ်တော်၏ အလုပ်ကို ကျွန်ုပ်အလေးအနက်ထားခြင်းမရှိခဲ့ပါ သို့မဟုတ် ကိုယ်တော်၏ အလိုတော်ကို ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့သလို ကိုယ်တော်၏ တွန်းအားပေးမှုအပေါ်တွင် ကျွန်ုပ် သစ္စာစောင့်သိခြင်း မရှိခဲ့ပါ။ ကိုယ်တော်၏ ရင်သွေးသည် ဤအရာအားလုံးတို့ကို ပြန်ပြီး ပြုပြင်ချင်ပါသည်။ ကျွန်ုပ်အား ကိုယ်တော် မစွန့်ပစ်ပါနှင့်။ ကိုယ်တော်၏ အမှုတော်ကို ကျွန်ုပ်မှတစ်ဆင့် ဆက်လက် ဆောင်ရွက်တော်မူပါ။ အို ဘုရားသခင်၊ ကိုယ်တော်၏ သားသမီးကို တစ်ကိုယ်တည်း ပစ်မထားပါနှင့်။ ယင်းအစား အချိန်တိုင်းတွင် ကျွန်ုပ်နှင့် အတူရှိတော်မူပါ။ အို ဘုရားသခင်၊ ကိုယ်တော်၏ ရင်သွေးသည် ကိုယ်တော် ကျွန်ုပ်ကို ချစ်သည်ကို သိမြင်ပါသည်။ သို့ရာတွင် ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်ကို နားလည်နိုင်ခြင်း မရှိပါ။ ကိုယ်တော်၏ ဝန်ထုပ်ဝန်ပိုးအတွက် မည်သို့ အရေးထားရမည်ကို ကျွန်ုပ်မသိပါ သို့မဟုတ် ကိုယ်တော် ကျွန်ုပ်ကို အပ်နှံထားသည့်အရာကို မည်သို့ ပြီးမြောက်အောင် လုပ်ဆောင်ရမည်ကို ကျွန်ုပ်မသိပါ။ အသင်းတော်ကို မည်သို့ ဦးဆောင်လမ်းပြရမည်ကို သာ၍ပင် မသိပါ။ ဤအခြင်းအရာအပေါ်တွင် ကျွန်ုပ်သည် စိတ်ပျော်ရွှင်မှုမရှိဘဲ စိတ်ဖိစီးနေသည်ကို ကိုယ်တော် သိပါသည်။ အို ဘုရားသခင်၊ အချိန်တိုင်းတွင် ကျွန်ုပ်အား လမ်းညွှန်ပြသတော်မူပါ။ ကျွန်ုပ်မည်မျှ ချို့တဲ့နေသည်ကို ယခုမှသာ ကျွန်ုပ်ခံစားမိပါသည်၊ ကျွန်ုပ်သည် လွန်စွာ ချို့တဲ့၏။ မည်မျှချို့တဲ့သည်ကို ကျွန်ုပ် ဖော်ပြနိုင်စွမ်းပင် မရှိပါ။ ကိုယ်တော်၏ အနန္တတန်ခိုးနှင့် ပြည့်စုံသည့် လက်တော်နှင့် ကိုယ်တော်၏ ရင်သွေးအား ကျေးဇူးတော်ကို ပြသတော်မူပါ၊ ကျွန်ုပ်အား အချိန်တိုင်း ထောက်ပံ့တော်မူပါ၊ ကျွန်ုပ်သည် ကိုယ်တော့်ရှေ့တော်မှောက်ဝယ် အလုံးစုံ ဝပ်စင်းနိုင်ရန်၊ ကျွန်ုပ်၏ ကိုယ်ပိုင်ရွေးချယ်မှုများကို မပြုလုပ်နိုင်တော့ရန်၊ ကျွန်ုပ်၏ ကိုယ်ပိုင် စဉ်းစားတွေးတောမှုများ သို့မဟုတ် စိတ်ကူး အကြံဉာဏ်များ မရှိတော့ရန် ပြုလုပ်တော်မူပါ။ အို ဘုရားသခင်၊ ကိုယ်တော်၏ ရင်သွေးသည် ကိုယ်တော့်အကျိုးသက်သက်အတွက်၊ ယနေ့နိုင်ငံတော်၏ အကျိုးသက်သက်အတွက် အရာအားလုံးကို လုပ်ဆောင်လိုကြောင်းကို ကိုယ်တော်သိပါသည်။ ဤအခိုက်အတန့်တွင် ကျွန်ုပ် မည်သည့်အရာကို စဉ်းစားနေသည်၊ မည်သည့်အရာကို လုပ်ဆောင်နေသည်ကို ကိုယ်တော်သိပါသည်။ အို ဘုရားသခင်၊ ကျွန်ုပ်ကို ကိုယ်တော်တိုင် ရှာဖွေတော်မူပါ။ ကိုယ်တော်၏ အားအင်သည် ကျွန်ုပ် လုပ်ကိုင်ဆောင်ရွက်သမျှအားလုံးကို အဖော်ပြုပေးရန် အလို့ငှာ အသက်တာတွင် အချိန်တိုင်း၌ ကျွန်ုပ်နှင့်အတူ လျှောက်လှမ်းပြီး ကျွန်ုပ်နှင့်အတူ ဆက်ရှိနေရန်ကိုသာ ကျွန်ုပ်တောင်းဆိုပါသည်။

အရှေ့သို့- အခန်း ၅၆

နောက်တစ်ခုသို့- အခန်း ၅၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။