အခန်း ၅၈

ငါ၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ထားခြင်းအားဖြင့် သင်သည် ငါ၏ဝန်ကို စာနာထောက်ထားနိုင်စွမ်း ရှိလာလိမ့်မည်ဖြစ်ပြီး၊ သင်သည် အလင်းနှင့် ဗျာဒိတ်တော်ကို ရယူနိုင်ကာ လွတ်ငြိမ်းခြင်းနှင့် လွတ်မြောက်မှုကို ရရှိနိုင်လေသည်။ ဤအရာက ငါ့ကို ကျေနပ်စေလျက် သင့်အတွက် ငါ၏အလိုတော်ကို ဆောင်ရွက်ခွင့်ပေးကာ၊ သန့်ရှင်းသူအားလုံးတို့ကို စိတ်ဓါတ်မြှင့်တင်ရေး ယူဆောင်ပေးပြီး ငါ၏နိုင်ငံတော်ကို မြေကြီးပေါ်တွင် ခိုင်မြဲတည်မြဲအောင် လုပ်ဆောင်လိမ့်မည်။ ယခုတွင် အရေးပါလှသောအရာမှာ ငါ၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ရန်ဖြစ်သည်။ ဤသည်မှာ သင်တို့ ဝင်ရောက်သင့်သော လမ်းကြောင်းဖြစ်ပြီး၊ ထိုမျှမက ယင်းမှာ လူတိုင်း ဖြည့်ဆည်းသင့်သည့် တာဝန်ပင်ဖြစ်သည်။

ငါ၏နှုတ်ကပတ်တော်သည် ဖျားနာခြင်းအမျိုးမျိုးကို ကုသပေးသော ဆေးကောင်းဖြစ်သည်။ သင်သည် ငါ့ရှေ့သို့ လာလိုသ၍ ငါသည် သင့်ကို ကျန်းမာစေမည်ဖြစ်ပြီး ငါ၏ အနန္တတန်ခိုး၊ ငါ၏အံ့ဖွယ်အမှုများ၊ ငါ၏ဖြောင့်မတ်ခြင်းနှင့် ငါ၏ ဘုန်းအာနုဘော်တို့ကို တွေ့မြင်ခွင့်ပေးမည်။ ထိုမျှမက၊ သင်တို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် အားနည်းချက်များကို သင်အား တွေ့မြင်စေမည်။ သင့်အထဲတွင်ရှိသော အခြေအနေတိုင်းကို ငါသည် လုံးလုံးလျားလျား နားလည်ပေသည်။ သင်သည် အမှုအရာများကို သင်၏ စိတ်နှလုံးအတွင်း၌ အမြဲလုပ်ဆောင်ပြီး ယင်းတို့ကို အပြင်ပန်းတွင် ပြသခြင်းမရှိပေ။ သင်လုပ်ဆောင်သော အရာတစ်ခုစီတိုင်းကို ငါသည် ပို၍ပင် နားလည်သည်။ သို့သော် ငါအဘယ်အရာတို့ကို ချီးမွမ်းသည်နှင့် အဘယ်အရာတို့ကို မချီးမွမ်းသည်ကို သင်သိသင့်သည်။ သင်သည် ဤအရာနှစ်ခုကို ရှင်းရှင်းလင်းလင်း ခွဲခြားသင့်ပြီး ဤသည်ကို သာမန်ကာလျှံကာ သဘောမထားသင့်ပေ။

“ကျွန်ုပ်တို့သည် ဘုရားသခင်၏ဝန်ကို ထောက်ထားစာနာမှု ပြရမည်” ဟု ဆိုလျက် သင်သည် နှုတ်အားဖြင့်သာ အစေခံနေသည်။ သို့သော်လည်း အဖြစ်မှန်တို့နှင့် ရင်ဆိုင်ရချိန်တွင် သင်သည် ဘုရားသခင်၏ဝန်မှာ အဘယ်အရာဖြစ်သည်ကို ကောင်းကောင်းကြီး သိသော်လည်း ယင်းအား မည်သည့် ထောက်ထားစာနာမှုကိုမျှ မပေးပေ။ သင်သည် အမှန်တကယ်ပင် အတော့်ကို စိတ်ရှုပ်ထွေးပြီး မိုက်မဲနေကာ၊ ထိုမျှမက ကမ်းကုန်အောင် အသိပညာ ကင်းမဲ့လေသည်။ ဤအရာက လူသည် ဆက်ဆံရန် အဘယ်မျှခက်ခဲသည်ကို ဖော်ပြနေသည်။ သူတို့လုပ်ဆောင်သမျှမှာ “ကျွန်ုပ်သည် ဘုရားသခင်၏ရည်ရွယ်ချက်ကို အကယ်ပင် နားမလည်နိုင်ပါ၊ သို့သော် အကယ်၍ ကျွန်ုပ်သည် အမှန်ပင်နားလည်ပါက ထိုအရာအတိုင်း အသေအချာ လုပ်ဆောင်ပါမည်” စသည်ကဲ့သို့ ကြားကောင်းသော စကားများကို ဖွင့်ဟခြင်းသာ ဖြစ်သည်။ ဤသည်မှာ သင်တို့၏ အခြေအနေအမှန်ပင် မဟုတ်လော။ သင်တို့အားလုံးသည် ဘုရားသခင်၏ရည်ရွယ်ချက်ကို သိပြီး သင်တို့၏ ဖျားနာရခြင်း အကြောင်းတရားကို သိသော်လည်း၊ ပဓာနကျသော အကြောင်းကိစ္စမှာ သင်တို့သည် လက်တွေ့လုပ်ဆောင်ရန် လုံးဝဆန္ဒမရှိခြင်း ဖြစ်သည်။ ဤသည်မှာ သင်တို့၏ အကြီးမားဆုံးသော အခက်အခဲဖြစ်သည်။ သင်တို့သည် ဤအရာကို ချက်ချင်းမဖြေရှင်းပါက ယင်းသည် သင်၏အသက်တာအတွက် အကြီးမားဆုံးသော အဟန့်အတား ဖြစ်လိမ့်မည်။

အရှေ့သို့- အခန်း ၅၇

နောက်တစ်ခုသို့- အခန်း ၅၉

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။