အခန်း ၅၉

သင်တွေ့ထိသော ပတ်ဝန်းကျင်များထဲ၌ ငါ၏ အလိုတော်ကို ပို၍ ရှာဖွေလော့၊ သင်သည် ငါ၏ ထောက်ခံမှုကို ဧကန် ရရှိလိမ့်မည်။ သင်သည် ငါ့ကို ကြည်ညိုခြင်းအား ရှာဖွေ၊ ထိန်းသိမ်းလိုစိတ် ရှိနေသမျှ ကာလပတ်လုံး သင်၌ မရှိသော အရာမှန်သမျှ သင့်ကို ငါပေးအပ်မည်။ ယခုအခါ အသင်းတော်သည် နည်းလမ်းတကျဖြစ်သော လေ့ကျင့်မှုတစ်ခုထဲသို့ ဝင်ရောက်နေပြီး ခပ်သိမ်းသော အရာမှန်သမျှသည် မှန်သော လမ်းကြောင်းပေါ်တွင် ရှိနေ၏။ ဖြစ်ပေါ်လာမည့် အရာများ၏ နမူနာတစ်ခု ဖြစ်ခဲ့သည့် အချိန်ကကဲ့သို့ အမှုအရာများသည် ဆက်ရှိမနေတော့ပေ။ သင်တို့၌ ရှုပ်ထွေးခြင်း သို့မဟုတ် ထိုးထွင်းသိမြင်မှု ကင်းမဲ့ခြင်း ဆက်၍ မရှိစေရ။ အရာခပ်သိမ်းတွင် လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်ရန် အဘယ်ကြောင့် ငါလိုအပ်သနည်း။ ဤအရာကို သင် စစ်မှန်စွာ သင် တွေ့ကြုံဖူးပြီလော။ ငါသည် သင်တို့အား ဖြည့်ဆည်းပေးသကဲ့သို့ပင် သင်တို့ကို ငါလိုအပ်သော အရာ၌ သင်တို့ ငါ့ကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်သလော။ လိမ်လည်လှည့်ဖြားခြင်း မပြုကြနှင့်။ ငါသည် သင်တို့ကို အကယ်ပင် ထပ်တလဲလဲ ဆက်လက် သည်းခံနေသော်လည်း သင်တို့သည် အကောင်းနှင့်အဆိုးကြား ခြားနားချက်ကို ပြောရန်နှင့် သင်တို့၏ တန်ဖိုးထား အသိအမှတ်ပြုမှုကို ပြသရန် ထပ်ခါထပ်ခါ ပျက်ကွက်ခဲ့ကြ၏။

ငါ၏ ဖြောင့်မတ်ခြင်း၊ ငါ၏ ဘုန်းအာနုဘော်၊ ငါ၏ တရားစီရင်ခြင်းနှင့် ငါ၏ ချစ်ခြင်းစသည့် ငါပိုင်ဆိုင်သော အမှုအရာအလုံးစုံနှင့် ငါဖြစ်တည်သည့် အမှုအရာများကို သင်အမှန်တကယ် မြည်းစမ်းပြီးပြီလော။ သင်သည် ဧကန်ပင် အလွန် ထောက်ထားမှု မရှိ၊ ငါ၏ အလိုတော်ကို သဘောပေါက် သိမြင်ခြင်းမရှိဟု မလျှော့တမ်းပြောသည်။ ငါပြင်ဆင်သော စားပွဲများကို သင်တို့ကိုယ်တိုင် မြည်းစမ်းရမည် ဖြစ်ကြောင်း သင်တို့ကို ငါအကြိမ်ကြိမ် ပြောခဲ့ပြီးသော်လည်း သင်တို့သည် ၎င်းတို့ကို အဖန်ဖန် ဖြုတ်ချပြီး ကောင်းသော ပတ်ဝန်းကျင်နှင့် မကောင်းသော ပတ်ဝန်းကျင်ကို ခွဲခြား၍ မပြောနိုင်ကြပေ။ ယင်းပတ်ဝန်းကျင်များထဲမှ မည်သည်ကို သင်တို့ကိုယ်တိုင် ဖန်တီးခဲ့ကြသနည်း။ မည်သည့်အရာတို့ကို ငါ၏ လက်ဖြင့် စီမံခဲ့သနည်း။ သင်တို့ကိုယ်သင်တို့ ကာကွယ်နေခြင်းကို ရပ်ကြလော့။ ငါသည် အရာခပ်သိမ်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်ပြီး သင်သည် သွား၍ မရှာခြင်းကြောင့်သာ ဖြစ်သည်။ ငါဘာများ ထပ်ပြောနိုင်ဦးမည်နည်း။

ငါ၏ အလိုတော်အား သဘောပေါက်သူ အားလုံးကို ငါအမြဲနှစ်သိမ့်မည်ဖြစ်ပြီး ငါသည် သူတို့ကို ဒုက္ခဆင်းရဲခံရရန် သို့မဟုတ် ထိခိုက်နစ်နာရန် အခွင့်ပေးမည် မဟုတ်။ ယခု အရေးပါသော အရာမှာ သင်တို့သည် ငါ၏ အလိုတော်နှင့်အညီ လုပ်ဆောင်နိုင်ရန်ဖြစ်ပြီး ဤသို့ပြုသောသူများသည် ငါ၏ကောင်းချီးမင်္ဂလာများကို ဧကန်ရရှိကာ ငါ၏ကာကွယ်မှုအောက်တွင် ရှိလာကြလိမ့်မည် ဖြစ်သည်။ မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင်အလုံအလောက် မယုံကြည်သလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ စိုးရိမ်ပူပန်သနည်း။ သင်သည် သင်ချစ်ရသူများကို အမြဲအောက်မေ့နေသည်။ ငါသည် သင်၏ နှလုံးသားထဲတွင် ကျိန်းသေနေရာတစ်ခု ရှိသလော။ ငါ့ကို သင့်အထဲ၌ အုပ်စိုးမှုရှိရန်နှင့် သင်၏ ဖြစ်တည်ခြင်းအလုံးစုံထဲတွင် နေရာယူရန် ငါ့ကို ခွင့်ပြုသည့်အကြောင်း သင်ပြောဆဲဖြစ်သည်၊ ဤအရာအားလုံးမှာ လှည့်စားသော မုသားများပင် ဖြစ်သည်။ သင်တို့ထဲမှ မည်မျှသည် သင်တို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် အသင်းတော်ထံ ကတိခံကြသနည်း။ ထို့အပြင် သင်တို့ထဲမှ မည်သူသည် ကိုယ့်အတွက်ကိုယ် မတွေးဘဲ ယခုကာလ၏ နိုင်ငံတော်အတွက် ပြုမူလုပ်ဆောင်ကြသနည်း။ ဤအကြောင်းကို အလွန် သေချာစွာ စဉ်းစားလော့။

သင်တို့သည် ငါ့ကို ဤအတိုင်းအတာအထိ တွန်းပို့ခဲ့ကြသဖြင့် သင်တို့ကို ရိုက်နှက်ရန်နှင့် သင်တို့ကို ရှေ့သို့ မောင်းနှင်ရန် ငါသည် ငါ၏လက်များကိုသာ အသုံးပြုနိုင်၏။ သင်တို့ကို ငါလိုက်၍ချော့တော့မည် မဟုတ်ပေ။ ၎င်းသည် အဘယ်ကြောင့်ဆိုသော် ငါသည် ဉာဏ်အမြော်အမြင်ရှိသော ဘုရားသခင် ဖြစ်၍ ငါ့ကို သင်တို့ မည်ကဲ့သို့ သစ္စာရှိသည်အပေါ်မူတည်ပြီး ကွဲပြားသော လူတို့ကို မတူညီသော နည်းလမ်းတို့ဖြင့် ငါဆက်ဆံသောကြောင့် ဖြစ်သည်။ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်၊ မည်သူသည် ငါ၏ ရှေ့ဆက်ခြေလှမ်းများကို ဟန့်တားဝံ့သနည်း။ ငါ့ကို သစ္စာဖောက်ဖျက်ဝံ့သူ အားလုံးသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ လက်အောက်သို့ ယခုမှစ၍ ဧကန် သက်ရောက်မည်။ သို့မှသာလျှင် သူတို့သည် ငါ၏ အန္တတန်ခိုးကို သိစေရန် ပြုလုပ်ခြင်း ခံကြရလိမ့်မည်။ ငါအလိုရှိသောအရာမှာ လူအမြောက်အမြားမဟုတ်ဘဲ ထူးချွန်မှု ဖြစ်သည်။ သစ္စာမရှိသော၊ မရိုးဖြောင့်သော မည်သူမဆို၊ ကောက်ကျစ်သော အမူအကျင့်နှင့် လိမ်လည်လှည့်ဖြားမှု ပြုသောသူ မည်သူမဆိုကို ငါစွန့်ပစ်ပြီး အပြစ်ဒဏ်ပေးအံ့။ ငါသည် သက်ညှာသည် သို့မဟုတ် ငါသည် ချစ်ခင်၍ ကြင်နာသည်ဟု မထင်ကြတော့နှင့်၊ ထိုသို့သော အတွေးများသည် သင်တို့ကိုယ်သင်တို့ လိုက်လျောနေခြင်းမျှသာ ဖြစ်သည်။ သင့်ကို ငါချော့လေလေ သင်သည် ပို၍ အနုတ်လက္ခဏာဆန်ပြီး မလှုပ်မယှက်ဖြစ်ကာ သင်သည် သင့်ကိုယ်သင် စွန့်လွှတ်ရန် ပို၍အလိုမရှိ ဖြစ်လာမည်ကို ငါသိသည်။ လူတို့သည် ဤအတိုင်းအတာအထိ ခက်ခဲလာသည့်အခါ ငါသည် သူတို့ကို အချိန်တိုင်း စေ့ဆော်ပြီး ဆွဲခေါ်ခြင်းကိုသာ ပြုနိုင်သည်။ ဤအရာကို သိကြလော့။ ယခုမှစတင်ကာ ငါသည် တရားစီရင်သော ဘုရားသခင် ဖြစ်ပြီး ငါ့ကို လူတို့ မှတ်ထင်ကြသည့် သက်ညှာသော၊ ကြင်နာပြီး ချစ်တတ်သော ဘုရားသခင် မဟုတ်တော့ပေ။

အရှေ့သို့- အခန်း ၅၈

နောက်တစ်ခုသို့- အခန်း ၆၀

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။