အခန်း (၆၀)
အသက် ကြီးထွားရန်မှာ လွယ်ကူသော အရာမဟုတ်ပေ၊ ယင်းသည် လုပ်ငန်းစဉ်တစ်ခု လိုအပ်ပြီး ထို့ထက်မက သင်တို့သည် အဖိုးအခ ပေးဆပ်နိုင်ရန် လိုအပ်သည့်အပြင် ငါ၏ စိတ်တော်နှင့် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ပြီး ထိုသို့ဖြင့် ငါ၏ အသိအမှတ်ပြုခြင်းကို ရရှိရန် လိုအပ်လေသည်။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းသည် ငါမြွက်ဆိုသော နှုတ်ကပတ်တော်များအားဖြင့် တည်ထောင်ပြီး ဖြစ်မြောက်ကာ ငါ့အတွက် မဖြစ်နိုင်သောအရာ မရှိပေ။ ငါ၏ တစ်ခုတည်းသော ဆန္ဒမှာ သင်တို့ အလျင်အမြန် ကြီးထွားလာရန်၊ ငါ၏ ပခုံးပေါ်မှ ဝန်တာကို ယူပြီး ယင်းကို သင်တို့၏ ပခုံးပေါ်တွင် တင်ကာ ငါ၏ကိုယ်စား အလုပ်လုပ်ပေးရန် ဖြစ်သည်၊ ထိုအခါမှသာ ငါ၏ စိတ်နှလုံးသည် ကျေနပ်လိမ့်မည် ဖြစ်သည်။ မည်သည့်သားသည် မိမိ၏ ဖခင်အတွက် ဝန်တာများကို မထမ်းဘဲ နေမည်နည်း။ မည်သည့်ဖခင်သည် မိမိ၏ သားအတွက် နေ့ရောညပါ အလုပ်မလုပ်ဘဲ နေမည်နည်း။ သို့သော်ငြားလည်း သင်တို့သည် ငါ၏ ရည်ရွယ်ချက်များကို လုံးဝ နားလည်မှု မရှိကြသည့်အပြင် ငါ၏ ဝန်တာများကို အလေးမထားကြပေ၊ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ အလေးအနက် မမှတ်ယူကြသည့်အပြင် ငါပြောသည့်အတိုင်း သင်တို့ မလုပ်ဆောင်ကြပေ၊ သင်တို့သည် အမြဲတစေ မိမိတို့ဘာသာ သခင်လုပ်ကြလေသည်။ အလွန် တစ်ကိုယ်ကောင်းဆန်လှပါတကား။ သင်တို့သည် မိမိတို့ကိုယ်တိုင်အတွက်သာ အစီအစဉ်များ ဆွဲကြလေသည်။
သင်သည် ငါ၏ရည်ရွယ်ချက်များကို အမှန်တကယ် နားလည်သလော၊ သို့မဟုတ် နားမလည်ဟန်ဆောင် နေသလော။ အဘယ်ကြောင့် ပေါ့ပျက်သောအပြုအမူ၌ အမြဲတမ်း ပါဝင်နေကြသနည်း။ ထိုသို့ပြုမူရာ၌သင်သည် ငါ့ရှေ့မှာ မှန်ကန်စွာ ပြုလုပ်နေသည်ဟု သင်၏အသိစိတ်က ဆိုပါသလော။ သင်၏ဖျားနားခြင်း အကြောင်းအရင်းကို တွေ့ရှိသောအခါ သင်သည် အဘယ်ကြောင့် ကုသမှုအတွက် ငါ့အား ပြောဆိုဆွေးနွေးမှု မပြုရသနည်း။ သင့်ကို ငါပြောပြမည်။ ယနေ့မှစ၍ သင်တို့သည် ကိုယ်ခန္ဓာ၌ နောက်ထပ်အနာရောဂါများ ရှိမည်မဟုတ်ပေ။ အကယ်၍ သင်တို့၏ အစိတ်အပိုင်းတချို့က နေထိုင်မကောင်းဖြစ်ခဲ့လျှင် ပြင်ပအကြောင်းအရင်းကို ရှာဖို့ မိမိကိုယ်ကိုယ် အလုပ်မရှုပ်စေနှင့်။ ထိုအစား ငါ့ရှေ့မှောက်သို့လာ၍ ငါ၏ရည်ရွယ်ချက်ကိုသိရန် ကြိုးပမ်းကြလော့။ ဤအရာကို သင်တို့မှတ်မိမည်လော။ ငါ၏ကတိသည်ကား ယနေ့မှစ၍ သင်တို့သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို လုံးဝထားခဲ့ပြီး ဝိညာဉ်ရေးရာနယ်ပယ်သို့ ဝင်သွားရမည်။ ဆိုလိုရင်းမှာ သင်တို့၏ ခန္ဓာကိုယ်ကို ဖျားနာခြင်းဖြင့် ဝန်လေးစေတော့မည် မဟုတ်တော့ပေ။ သင်သည် ယင်းအတွက် ပျော်ရွှင်ပါသလော။ ဝမ်းမြောက်ပါသလော။ ဤသည်မှာ ငါ၏ကတိတော် ဖြစ်သည်။ ထိုမျှမက ယင်းသည် သင်တို့ ကြာမြင့်စွာ မျှော်လင့်ခဲ့ဖူးသော အရာလည်းဖြစ်၏။ ယနေ့တွင် ယင်းမှာ မင်္ဂလာရှိသော သင်တို့၌ပြီးမြောက်အောင်မြင်ပြီဖြစ်သည်။ အဘယ်မျှ အံ့ဩဖွယ်ကောင်းပြီး ဉာဏ်မမီနိုင်ဖွယ် ကောင်းလိုက်သနည်း။
ငါ၏အလုပ်သည် အချိန်နှင့်အမျှ၊ နေ့ရောညပါ တိုးတက်နေကာ၊ မည်သည့်အခါမျှ မရပ်တန့်ပေ။ ဤသည်မှာ ငါ၏ အရေးတကြီးဆန္ဒသည် သင့်ကို ငါ၏ရည်ရွယ်ချက်များနှင့် ညီညွှတ်သောသူတစ်ဦးဖြစ်အောင် ပြုခြင်းအားဖြင့် ငါ၏စိတ်နှလုံးသည် သင်တို့အားဖြင့် မကြာမီ နှစ်သိမ့် ခြင်းရှိရန် ဖြစ်၏။ ငါ့သားတို့။ သင်တို့အနေဖြင့် ငါ၏ ကောင်းမြတ်ခြင်းကောင်းချီးများကို ဝေမျှခံစားရန်အတွက် အချိန်ကျရောက်လေပြီ။ အတိတ်တွင် သင်တို့သည် ငါ့နာမအတွက် ဒုက္ခဆင်းရဲခံခဲ့ရသော်လည်း ယခုတွင်မူ သင်တို့၏ စမ်းသပ်ခံရခြင်း နေ့ရက်များ ကုန်ဆုံးပြီ။ တစ်စုံတစ်ဦးသည် ငါ့သားတို့၏ ဦးခေါင်းထက်မှ ဆံချည်တစ်မျှင်ကိုပင် အန္တရာယ်ပြုဝံ့ပါအံ့၊ ထိုသိုတို့ကို ငါသည် အလွယ်တကူ ခွင့်မလွှတ်သည်သာမက၊ ထိုသူတို့သည် လုံးဝ ပြန်ထနိုင်မည် မဟုတ်ချေ။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သောကြောင့် ယင်းကို ဖောက်ဖျက်သောသူသည် မိမိကိုယ်ကို အန္တရာယ်ပြုခြင်းပင်ဖြစ်သည်။ ငါ့သားတို့။ သင်တို့ စိတ်ရှိသမျှ မြူးထူးပျော်ရွှင်ကြလော့။ ဝမ်းမြောက်ခြင်းဖြင့် သီဆိုဟစ်ကြွေးကြလော့။ သင်တို့သည် နောက်ထပ် အနိုင်ကျင့်ခံရခြင်းနှင့် ဖိနှိပ်ခြင်းကို ခံရတော့မည်မဟုတ်သည့်အပြင်၊ သင်တို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း နောက်ထပ် ခံရတော့မည် မဟုတ်ပေ။ သင်တို့သည် ငါ့အပေါ် ယုံကြည်ခြင်း၌ နောက်ထပ် မကြောက်ရွံ့ရတော့ပေ။ သင်သည် သင့်ယုံကြည်ခြင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောသင့်ပေသည်။ စကြဝဠာကြီးနှင့် ကမ္ဘာမြေစွန်းတို့အား တုန်ဟည်းသွားလောက်သည်အထိငါ၏ သန့်ရှင်းသောနာမကို ကျယ်လောင်စွာ ခေါ်ကြလော့။ ထိုသူတို့ အထင်အမြင်သေး၍ ထိုသူတို့၏ ဖျက်ဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသောသူတို့သည် ယနေ့တွင် ထိုသူတို့၏ အထက်၌ရပ်လျက် ထိုသူတို့ကို အုပ်ချုပ်သည်ကိုလည်းကောင်း၊ အစိုးရသည်ကိုလည်းကောင်း၊ အထူးသဖြင့် တရားစီရင်ရသည်ကိုလည်းကောင်း သိမြင်စေကြလော့။
ဝင်ရောက်ခြင်းကိုသာ သင်တို့ စိတ်ဝင်စားကြလော့၊ သို့ပြုလျှင် သင်တို့ခံစားမွေ့လျော်ဖို့ရာ စောင့်ဆိုင်းနေသည့် ပို၍ကောင်းမွန်သော ကောင်းချီးများကို သင်တို့အပေါ် ငါနှင်းအပ်၍၊ သင်တို့သည်လည်း အနှိုင်းမဲ့သော ချိုမြိန်မှု၊ အကန့်အသတ်မရှိသော နက်နဲရာများနှင့်၊ ဉာဏ်မမီနိုင်သော နက်နဲသိမ်မွေ့မှုတို့ကို အရသာပိုခံစားနိုင်ကြမည်ဖြစ်သတည်း။