၁၉၂ ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို အပြစ်မှ ကယ်တင်သည်

၁ အရာရာကို စွန့်လွှတ်ကာ သခင့်နောက်လိုက်ဖို့ ကျွန်ုပ် ကြိမ်ဖန်များစွာ သစ္စာဆိုခဲ့သော်လည်း၊ ကြွယ်ဝခြင်း၊ ကျော်ကြားမှု တို့နှင့်ဆိုင်သော စုံစမ်းနှောင့်ယှက်ခြင်းများမှ ကျွန်ုပ် ထွက်ပြေးမလွတ်မြောက်နိုင်ခဲ့ပေ။ ဧဝံဂေလိတရား ဖြန့်ဝေပြီး သခင့်အတွက် သက်သေခံဖို့ ဒုက္ခခံစားဖို့ရန်မှာ အထူးအခွင့်အရေးတစ်ခု ဖြစ်သည်ဟု ကျွန်ုပ် အမှန်တကယ် ခံစားခဲ့ရသော်လည်း၊ ဖိနှိပ်မှုနှင့် ဆင်းရဲဒုက္ခတို့ကို ကျွန်ုပ် ရင်ဆိုင်ရသည့်အခါ ကျွန်ုပ် စိတ်ထိခိုက်ကာ အရှက်ရမိခဲ့သည်။ သခင့်၏ ပညတ်ချက်များကို လိုက်လျှောက်ကာ၊ အခြားသူများကို ကိုယ် နှင့်အမျှ ချစ်ဖို့ရန် ကျွန်ုပ် မကြာခဏ စိတ်ဆုံးဖြတ်ခဲ့သော်လည်း၊ အပြစ်ထဲတွင် အသက်ရှင်ရင်း အဆင့်အတန်းအတွက် လျှို့ဝှက်ကြံစည်ကာ လုပ်ဖော်ကိုင်ဖက်များနှင့် ယှဉ်ပြိုင်ခဲ့သည်။ သခင့်ရှေ့တွင် အကြိမ်များစွာ အစာရှောင်ပြီး “ အို သခင်။ ကိုယ်တော် မည်သည့်အချိန်တွင် ပြန်လာပြီး ကျွန်ုပ်ကို အပြစ်၏ ချောက်ထဲမှ ကယ်တင်မည်နည်း။ မည်သည့်အချိန်တွင် ကျွန်ုပ် သန့်စင်ခံရပြီး ကိုယ်တော်နှင့်အတူ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်မည်နည်း” ဟု လေးလေးနက်နက် အော်ခေါ်ရင်း ဆုတောင်းခဲ့သည်။

၂ ကျွန်ုပ် တွေဝေမိသည်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသံတော်က ကျွန်ုပ်၏နှလုံးသား တံခါးကို ခေါက်နေသည်ကို ကျွန်ုပ် ကြားရသည်။ သူ၏ နှုတ်ကပတ်တော်များအားလုံးက ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ထုတ်ဖော်ပြရင်း ကျွန်ုပ်၏ စိတ်နှလုံးကို ထက်သော ဓါးတစ်စင်းကဲ့သို့ ထိုးဖောက်လေသည်။ ကျွန်ုပ်သည် ကောင်းချီးမင်္ဂလာများ ရရှိဖို့နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန်သာ သခင့်ကို ယုံကြည်ခဲ့သည်။ သခင်နှင့်အတူ ကျွန်ုပ် အပေးအယူများ လုပ်နေခဲ့ခြင်းသာ ဖြစ်သည်။ ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ် ပျော်မွေ့ခဲ့သော်လည်း၊ သူ့ကို ပြန်လည်ပေးဆပ်ဖို့ မတွေးခဲ့ပေ။ ကျွန်ုပ်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားမှာ အဘယ်မှာနည်း။ သခင့်ကို သက်သေခံခြင်းအကြောင်း ကျွန်ုပ် ပြောဆိုသော်လည်း၊ ထိုအစား ဂုဏ်ဒြပ်အတွက် အလုပ်လုပ်ခဲ့သည်။ သခင့်ကို ကျွန်ုပ် လှည့်ဖြားခဲ့သည်။ ကောင်းမှုအချို့ကို လုပ်ဆောင်ခဲ့သည့်အတွက် ကျွန်ုပ် အမှန်တကယ် နောင်တရပြီး ပြောင်းလဲခဲ့သည်ဟု ထင်ခဲ့သည်။ စမ်းသပ်မှုများကို ကြုံရသည့်အခါ၊ ကျွန်ုပ် သက်သေရပ်တည်နေသည်ဟု ယုံကြည်လျက်၊ ကျွန်ုပ်သည် ကျိုးနွံနာခံသည့် အသွင်သာပေါက်ခဲ့ပေသည်။ နေ့စဉ် အပြစ်ပြုကာ ဝန်ချရင်းဖြင့် အပြစ်ထဲတွင် ကျွန်ုပ် အသက်ရှင်ခဲ့သော်လည်း၊ ကောင်းကင်နိုင်ငံတော် ထဲသို့ ကျွန်ုပ် ဝင်ရောက်ဖို့ တောင့်တဆဲဖြစ်ခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို တွေ့မြင်ရင်း၊ ကျွန်ုပ်၏ အရှက်ရခြင်းကို ကွယ်ဝှက်စရာနေရာမရှိဖြစ်ကာ ကျွန်ုပ် မိမိကိုယ်ကိုယ် ပျပ်ဝပ်မိပါသည်။

၃ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရခြင်းသည် မီးအိုင်၏ စစ်ဆေးမှုကို ကြုံရခြင်းကဲ့သို့ ဖြစ်ပေ။ ကျွန်ုပ် မာနထောင်လွှားခဲ့ပြီး အကြိမ်များစွာ ပုန်ကန်ခဲ့သည်၊ ဘုရားသခင်က ကျွန်ုပ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ ပဲ့ပြင်ဆုံးမခဲ့သည်။ ကျွန်ုပ်၏ ကိုယ်ပိုင်လမ်းပေါ် မရမကလျှောက်ချိန်၊ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်ထံမှ လှည့်ထွက်သွားခဲ့ပြီး၊ အမှောင်ထဲတွင် ကျွန်ုပ် အသက်ရှင်ရသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကို အမြဲလွတ်မြောက်ချင်လျက် အကြိမ်များစွာ ကျွန်ုပ် ခေါင်းမာပြီး မနာခံခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူ၏ အမှုတော်ကို နားလည်ဖို့ ကျွန်ုပ်ကို ဉာဏ်အလင်းပေးကာ လမ်းပြလေသည်။ လူသားထံ ထုတ်ဖော်ပြသည့် ဘုရားသခင်၏ တရားစီရင်ခြင်းအားလုံးသည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတရားဖြစ်ပေ။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏ ပညတ်ချက်များကို မနာခံခြင်းဖြင့်၊ ဘုရားသခင်ကို ကျွန်ုပ် မည်သို့ သိကျွမ်းမည်နည်း သို့မဟုတ် သမ္မာတရားကို မည်သို့ ရရှိနိုင်မည်နည်း။ သမ္မာတရားကို လိုက်စားခြင်းမရှိဘဲနှင့်၊ စာတန်၏ စွမ်းအားမှ ကျွန်ုပ် အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ စမ်းသပ်မှုများမှတဆင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အမှန်တကယ် ဖြစ်သည်ကို ကျွန်ုပ် မြင်ရလေပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့ပြီး၊ လူသားပုံသဏ္ဍန်တစ်ခုကို ကျွန်ုပ် အသက်ရှင်နေထိုင်သည်။

အရှေ့သို့- ၁၉၁ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ် စိတ်နှလုံးကို နိုးထစေသည်

နောက်တစ်ခုသို့- ၁၉၃ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အသစ်တစ်ဖန် ကျွေးမွေးပြုစုသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။