သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်

ယခုတွင် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သောသူတို့သည် မိမိတို့တာဝန်များကို ဝီရိယရှိရှိ လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ပြီး မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်ချင်ကြသည်။ သို့သော် လူတိုင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသကဲ့သို့ ၎င်းတို့အသီးသီးက မိမိတို့ကိုယ်ပိုင် သက်ဆိုင်ရာ အခက်အခဲများနှင့် အားနည်းချက်များရှိကြသောကြောင့် ၎င်းတို့အတွက် မိမိတို့၏တာဝန်ကို ပြည့်ပြည့်ဝဝ လုပ်ဆောင်ရန် ခက်ခဲ၏။ ယင်းက ၎င်းတို့အတွက် သမ္မာတရားနှင့်ပတ်သက်၍ လိုက်စားပြီး ကြိုးစားအလုပ်လုပ်ရန် လိုအပ်ပေမည်။ အခက်အခဲများ ဖြစ်ပေါ်လာသည့်အခါ လူတိုင်းက မိမိတို့ပြဿနာများကို ပူးပေါင်းဖြေရှင်းရန် အတူတကွ ဆုတောင်းကာ သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ လူတိုင်း၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ လူတိုင်းတွင် မိမိတို့၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် တာဝန်နှင့် ဝတ္တရား ရှိ၏။ ဤသည်မှာ အထူးသဖြင့် လူတစ်ဦး၏ တာဝန်မဟုတ်။ ထို့ထက် လူတိုင်း၏ ပူးတွဲတာဝန်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည် အတူတကွ အလုပ်လုပ်ရမည်ဖြစ်ပြီး ညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူရမည်။ မိမိတို့ကိုယ်ကို သမ္မာတရားနှင့် ပြင်ဆင်ခြင်းမှတစ်ပါး လူတိုင်းသည် မိမိတို့ကိုယ်ကို အတတ်ပညာဆိုင်ရာ အသိပညာဖြင့်လည်း ပြင်ဆင်ရမည်၊ မိမိတို့ကိုယ်ပိုင် အစွမ်းအစများကို ပြရမည်၊ လက်တွေ့ကျသည့် အရာအချို့ကို သင်ယူရမည်၊ အချင်းချင်းထံမှ သင်ယူရမည်ဖြစ်ပြီး အချင်းချင်း ကူညီခြင်းအားဖြင့် မိမိတို့အားနည်းချက်များကို တိုးတက်စေရမည်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့တာဝန်များတွင် ပိုကောင်းသည်ထက်ကောင်းမွန်သော ရလဒ်များကို ရရှိကြလိမ့်မည်။

မယုံကြည်သူများအတွက် မည်သည့်အရာမဆို လုပ်ဆောင်ရန် အလွန်ခက်ခဲသည်ဟု သင်တို့ အဘယ်ကြောင့် တွေးထင်သနည်း၊ ပြီးလျှင် ၎င်းတို့၏ အတားအဆီးများက အဘယ်ကြောင့် အလွန်ကြီးမားရသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဆိုးယုတ်သော သဘာဝများ ရှိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြ၏၊ ကြွားဝါချင်ကြ၏၊ ဆုံးဖြတ်ပိုင်ခွင့် ရှိလိုကြပြီး ညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် မည်သည့်အရာကိုမဆို အောင်မြင်စွာ လုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ တစ်စုံတစ်ခုကို လုပ်နေရင်း လမ်းတစ်ဝက်တွင် မစည်းလုံးမှုကြောင့် ၎င်းတို့ တစ်စစီပြိုကွဲပြီး လမ်းခွဲကြသည်။ လူ့သဘာဝကောင်းရှိသူတို့သည် နောက်ထပ်အနည်းငယ် ဝေးဝေးသွားနိုင်ကြသည်။ သမ္မာတရား မရှိသောသူတို့သည် အနှေးနှင့်အမြန် မှောက်မှားကြလိမ့်မည်။ ဤအချက်ကို သင်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ကြပါက သမ္မာတရားကို လက်ခံပြီး ကျိုးနွံနာခံရန်နှင့် အခြားသူများနှင့် ညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်ရန် သင်ယူသင့်၏။ လူတို့သည် အဘယ်ကြောင့် ညီညွတ်စွာ ပူးပေါင်းမလုပ်ဆောင်ကြသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ မှန်သည်ဟု အမြဲတွေးထင်ကြပြီး အခြားသူများ၏ အကြံများကို လက်ခံရန် လိုလားခြင်း မရှိကြပါ။) မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ဟု မှတ်ယူခြင်းနှစ်ခုလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဆိုင်၏။ ဤပြဿနာသည် ဖြေရှင်းရန် လွယ်ကူသလော။ တစ်ဦးတလေသည် ထိုအရာကို ဖြေရှင်းနိုင်သလော။ မယုံကြည်သူများသည် ဤပြဿနာမျိုးကို လုံးဝ မဖြေရှင်းနိုင်ကြချေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်မခံကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သော အတွေးအခေါ်များ၊ မိမိတို့ကိုယ်ပိုင် လိုအင်ဆန္ဒ၊ လှည့်ကွက်များ၊ အကြံများ၊ လှည့်ဖြားမှုနှင့် မိမိတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မပြောနှင့်၊ လက်မခံကြသကဲ့သို့ မိမိတို့ကိုယ်ကို သိရှိရန်၊ သို့မဟုတ် မိမိတို့ကိုယ်ကို စွန့်လွှတ်ရန်၊ သို့မဟုတ် သမ္မာတရားကို ကျိုးနွံနာခံရန် မကြိုးစားကြချေ။ ဤအပြုသဘောဆောင်သော ကိစ္စရပ်များနှင့် မှန်ကန်သော လမ်းကြောင်းများအကြောင်း ၎င်းတို့ မည်သည့်အရာမျှ လုံးဝ မပြောဆိုကြချေ။ ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းကို ၎င်းတို့ လုံးဝ အသိအမှတ်မပြုကြသကဲ့သို့၊ သူ့ကို မည်သည့်အခါတွင်မျှ ယုံကြည်ကြလိမ့်မည် မဟုတ်။ ထို့ကြောင့် မည်သည့် အလုပ်အကိုင်ကို ၎င်းတို့ ယူပါစေ ၎င်းတို့ လုပ်သည့်အရာတိုင်းတွင် ၎င်းတို့ အမြဲ ကျရှုံးသွားရကာ မိမိတို့ကိုယ်ကို ဒုက္ခရောက်စေကြသည်။ ဘုရားအိမ်တော်တွင် ထိုသို့ မဟုတ်ပေ။ ဘုရားအိမ်တော်တွင် ဘုရားသခင်သည် အုပ်စိုးသောသူ ဖြစ်သည်။ အုပ်စိုးသည့်အရာမှာ သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ဖြစ်၏။ နေ့စဉ်နေ့တိုင်း ဘုရားသခင် ရွေးချယ်ထားသောသူတို့သည် သူ၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး သမ္မာတရားအကြောင်း မိတ်သဟာယပြုကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် အလင်းဖြင့် တိုး၍တိုး၍ ပြည့်လာကြပြီး သမ္မာတရားလိုက်စားဖို့ အားထုတ်ကြိုးပမ်းရန်နှင့် ထိုသမ္မာတရားကို ရရှိရန် လိုလားနေကြသည်။ ညီအစ်ကို မောင်နှမများသည် အတူတကွ အလုပ်လုပ်သည့်အခါ မယုံကြည်သူများထက် အဘယ်ကြောင့် ပိုမိုထိရောက်ကြသနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အခြေခံအုတ်မြစ်တစ်ခု ရှိကြ၏။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သောလူများ ဖြစ်ကြပြီး ဘုရားအိမ်တော်တွင် ရှိကြ၏၊ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေချိန်တွင် မိမိတို့ အတွေးနှင့် အားထုတ်မှုများတွင် စည်းလုံးကြသည်။ ထို့အပြင် ၎င်းတို့သည် တူညီသည့် ယုံကြည်ချက် ရှိကြ၏၊ တူညီသည့် ရည်မှန်းချက်များ ရှိကြပြီး ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ဆက်သွယ်မှုရှိသည်။ ၎င်းတို့သည် မြောက်အရပ်မှဖြစ်စေ၊ တောင်အရပ်မှဖြစ်စေ၊ အလယ်ပိုင်း မြေပြန့်လွင်ပြင်များမှဖြစ်စေ ၎င်းတို့၏ ဒေသိယစကားများ ကွဲပြားသော်လည်း ထိုသို့ဖြစ်ပါလျက် အချင်းချင်း သိကျွမ်းကြသည်မှာ ကြာခဲ့ပြီဖြစ်သည့်အလား ယုံကြည်ခြင်းအကြောင်း ၎င်းတို့ မိတ်သဟာယပြုပြီး မိမိတို့၏အတွေ့အကြုံများအကြောင်း ဆွေးနွေးရင်းဖြင့် အချင်းချင်း လျင်မြန်စွာ ရင်းနှီးလာကြလေသည်။ ၎င်းတို့သည် တစ်မိသားစုတည်းမှ မိသားစုဝင်များဖြစ်သကဲ့သို့ ခံစားကြသည်။ ထို့အပြင် ကိစ္စရပ်များကို လက်တွေ့ကျကျ မကိုင်တွယ်သည့်သူများ၊ အစဉ်သဖြင့် ကျိတ်ကြံစဉ်ပြီး လှည့်စားသူများ၊ လှည့်ကွက်များ ပြုလုပ်သူများ၊ အမြဲ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသောသူများ၊ မိမိတို့ကိုယ်ပိုင် လိုအင်ဆန္ဒနောက်လိုက်သူများနှင့် သမ္မာတရား အနည်းငယ်မျှကိုပင် လက်မခံသည့်သူများသည် ဘုရားအိမ်တော်တွင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ကြချေ။ ဘုရားအိမ်တော်ကို သမ္မာတရားက အုပ်စိုးသောကြောင့် ၎င်းတို့ အလိုအလျောက် ဖယ်ရှားကာ ဖယ်ထုတ်ခံကြရသည်။ ဤအရာအားလုံး ထင်သာမြင်သာရှိပြီး မှန်ကန်ကြောင်း သက်သေပြထားနှင့်ပြီး ဖြစ်သည်။ သင်၏ အသက်အရွယ်၊ လိင်၊ သို့မဟုတ် သင်၏ ကျွမ်းကျင်မှုအဆင့် မည်သို့ဖြစ်ပါစေ သင်က “ကျွန်ုပ်၏ ကျွမ်းကျင်မှု နယ်ပယ်ကို ကျွန်ုပ် နားလည်သောကြောင့် ကျွန်ုပ် ပြောသည့်အရာ မှန်ကန်ပါသည်။ သင်တို့ကို ကျွန်ုပ် နားထောင်မည်မဟုတ်”ဟု ပြောပါက သင့်အပေါ် လူတိုင်းက မည်သည့်အမြင်မျိုး ရှိကြလိမ့်မည်နည်း။ ဤလူစားမျိုးကို ၎င်းတို့ ချီးမွမ်းကြလိမ့်မည်လော။ (ချီးမွမ်းလိမ့်မည် မဟုတ်ပါ။) ဤလူစားမျိုးသည် မိမိတာဝန်ကို ကောင်းစွာလုပ်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်သလော။ (မရပ်တည်နိုင်ပါ။) ၎င်းတို့ ဖယ်ရှားခံရရန်မှာ လွယ်ကူ၏။ လူအချို့သည် စကားပြောရာတွင် တော်ပြီး ၎င်းတို့၏ စကားက အထူးသဖြင့် နားကြားကောင်းသော်လည်း လက်တွေ့ကျသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြချေ။ အစပိုင်းတွင် လူတို့သည် ၎င်းတို့အပေါ် အကောင်းမြင်ကြလိမ့်မည် ဖြစ်သော်လည်း နောက်ပိုင်းတွင် အဘယ်သို့ဖြစ်သနည်း။ ၎င်းတို့နှင့် ပတ်သက်၍ အမှန်တရားကို လူတိုင်း မြင်ကြလိမ့်မည်ဖြစ်ပြီး “ဤလူသည် အပေါ်ယံအားဖြင့် ဖော်ရွေစွာ စကားပြောသော်လည်း လက်တွေ့ကျသည့် မည်သည့်အရာမျှ မလုပ်ဆောင်ပါ။ သူတို့ကို တစ်ချက်ကြည့်ရုံဖြင့် သမ္မာတရားကို သူတို့ မချစ်ကြောင်း သင် ခွဲခြားသိမြင်နိုင်သည်။ သူတို့သည် ဟန်ဆောင်မှုနှင့် မိမိတို့ကိုယ်ကို ပြရုပ်တင်ပုံအပေါ် အာရုံစိုက်ကြသည်။ သူတို့သည် သမ္မာတရားနှင့် ပတ်သက်၍ မည်သည့်အခါတွင်မျှ မိတ်သဟာယပြုခြင်းမရှိ၊ မိမိတို့ကိုယ်ကိုနှင့် ပတ်သက်၍ မသုံးသပ်ကြချေ။ သူတို့သည် မယုံကြည်သူများနှင့်တူ၏၊ ယုံကြည်သက်ဝင်မှု မရှိသူများ ဖြစ်ကြသည်”ဟု ဆိုကြလိမ့်မည်။ ဤအရာကို တွေ့မြင်ပြီးနောက်တွင် လူတို့သည် ၎င်းတို့နှင့်အတူ စကားပြောခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းသည် အပြုသဘောဆောင်မည်မဟုတ်၊ သို့မဟုတ် အထောက်အကူ ဖြစ်မည်မဟုတ်ဟု တွေးလျက် ၎င်းတို့ကို စတင်၍ စိတ်ကုန်လာကြလိမ့်မည်။ ဤလူစားမျိုးသည် အခြားသူများကို ဝမ်းနည်းစေပြီး ၎င်းတို့၏ စိတ်ဝိညာဉ်ကို မလွတ်မြောက်စေသကဲ့သို့ ၎င်းတို့သည် တဖြည်းဖြည်း စတင်၍ ဤလူနှင့် ခပ်ခွာခွာ နေလာကြလိမ့်မည်။ ထိုလူသည် အခြားသူများ၏ စွန့်ပစ်ခြင်းခံရကြောင်းနှင့် ၎င်းတို့ လုံးဝ အထီးကျန်လာကြကြောင်းကို မြင်သည့်အခါ မိမိတို့ကိုယ်ကို စတင် သုံးသပ်လာကြလိမ့်မည်။ ထိုအခါတွင်မှ ၎င်းတို့က “လူတစ်ယောက်အတွက် သမ္မာတရားကို မလိုက်စားခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်သည်။ သေးသိမ်သော လှည့်ကွက်များ၊ အရည်အချင်းများနှင့် ဆုကျေးဇူးများ၊ သို့မဟုတ် ကျွန်ုပ်၏ ကိုယ်ပိုင် အတွေ့အကြုံများ၊ သင်ခန်းစာများ၊ အသက်ရှင်ခြင်းအတွက် အတွေးအခေါ်များနှင့် နည်းစနစ်တို့ကို အားကိုးခြင်းသည် ဘုရားအိမ်တော်တွင် တကယ်ကို အလုပ်ဖြစ်မည်မဟုတ်ပါ။ ဖယ်ရှားခံရခြင်းကို ရှောင်ရှားရန်အလို့ငှာ သမ္မာတရားကို ကျွန်ုပ် လက်ခံပြီး လိုက်စားရမည်”ဟု သဘောပေါက်ကြလိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် အမှန်တကယ် နောင်တရပြီး ပြောင်းလဲပါက ထိုသူသည် ကယ်တင်ခြင်းခံရနိုင်သည်ဟု မျှော်လင့်ချက်လေးရေးရေး ရှိသေး၏။

ဘုရားအိမ်တော်တွင် မည်သည့်လူစားမျိုးကို လူအများစုက နှစ်သက်ကြသနည်း။ (သမ္မာတရား လိုက်စားသူများ၊ လက်ခံနိုင်သူများနှင့် သမ္မာတရား စစ်မှန်မှုရှိသူများကို နှစ်သက်ကြပါသည်။) သမ္မာတရား၏ စစ်မှန်မှု ရှိသောသူများကို မည်သို့ ထိုအရာကို ပြသနည်း။ (သူတို့ ပို၍ ရိုးသားကြပါသည်။) ၎င်းတို့သည် ရိုးသားသော လူ့သဘာဝရှိကြ၏။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့သည် ပို၍ ဘုရားတရားကိုင်းရှိုင်းကြသည်။) အပြင်ပန်းတွင် ၎င်းတို့သည် သာ၍ ဘုရားတရားကိုင်းရှိုင်းပြီး သင့်တင့်လျောက်ပတ်သော ဘဝများကို အသက်ရှင်နေထိုင်ကြကာ ၎င်းတို့ကို တွေ့မြင်ရာမှ အခြားသူများက အကျိုးခံစားကြရသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြပြီး စည်းမျဉ်းနှင့် ပြုမူကြသည်။) ဤသည်တို့မှာ ထိုသမ္မာတရား စစ်မှန်မှုရှိသူတို့တို့ပြသသည့် လက်တွေ့ကျသော နည်းလမ်းအချို့ ဖြစ်သည်။ စည်းမျဉ်းဖြင့် ပြုမူခြင်းတွင် မည်သည့်အရာများ ပါဝင်သနည်း။ မည်သည့် အသေးစိတ်အချက်အလက်များ ရှိသနည်း။ ဥပမာအားဖြင့် လူတို့ကို ဆက်ဆံပုံနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့ ညီအစ်ကို မောင်နှမများ၊ ခေါင်းဆောင်များ ဖြစ်သည်ဖြစ်စေ၊ အမှုဆောင်များ ဖြစ်သည်ဖြစ်စေ မည်သည့် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းသင့်သနည်း။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအတိုင်း ၎င်းတို့ကို ဆက်ဆံရမည့်အကြောင်းသည်သာ မျှတပြီး ယုတ္တိတန်သည်မှာ သေချာပေသည်။ သင်တို့သည် တစ်ဦးတစ်ယောက်နှင့် ရင်းနှီးသော်လည်း အခြားသူနှင့် ကင်းအောင်နေလျက်၊ မာယာကင်းသောသူတို့ကို အခွင့်အရေးယူသော်လည်း အထင်ကြီးလောက်စရာရှိသူတို့ကို အလိုဖြည့်ပေးလျက်၊ သို့မဟုတ် ဂိုဏ်းကွဲမှုကြောင့်ဖြစ်သော ရန်ပွဲဖန်တီးရန် အုပ်စုဖွဲ့ရင်း စိတ်ခံစားချက်များ၊ ကိုယ်ရေးကိုယ်တာ နှစ်သက်မှုများအပေါ် လုံးဝ မှီခို၍မရပေ။ ထို့အပြင် သမ္မာတရားကို လိုက်စားပြီး မိမိတို့၏တာဝန်များကို လုပ်ဆောင်သူတို့အား တိုက်ခိုက်၍၊ သို့မဟုတ် ခွဲခြားဆက်ဆံ၍ မရပေ။ သင်တို့သည် လူတို့အား သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ဆက်ဆံရမည်။ ဤသည်မှာ လူတို့ကို ဆက်ဆံပုံနှင့်ဆိုင်သည့် စည်းမျဉ်းဖြစ်ပြီး အခြားသူများနှင့် အဆင်ပြေရန် နည်းလမ်းနှင့်ဆိုင်သော စည်းမျဉ်းလည်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် လူအားလုံးကို မျှမျှတတ ဆက်ဆံရမည်။ လူများ အသုံးဝင်ချိန်တွင် စည်းရုံးခြင်းနှင့် အသုံးမဝင်သည့် လူများကို ခွဲခြားဆက်ဆံခြင်းမှာ လူတို့ကို သင် ဆက်ဆံသင့်သည့် စည်းမျဉ်း ဖြစ်သလော။ ဤသည်မှာ မယုံကြည်သူများ၏ လောကီအတွေးအခေါ်၊ ဆိုးယုတ်သော စိတ်သဘောထားနှင့် ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏အိမ်တော်တွင် လူတို့ကို ဆက်ဆံပုံအတွက် စည်းမျဉ်းများက အဘယ်နည်း။ လူတိုင်းကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆက်ဆံသင့်သည်။ ညီအစ်ကိုမောင်နှမတစ်ယောက်စီတိုင်းအား မျှမျှတတ ဆက်ဆံသင့်သည်။ ၎င်းတို့ကို မည်သို့ မျှမျှတတ ဆက်ဆံရမည်နည်း။ ဤအရာကို ဘုရားနှုတ်ကပတ်တော်အပေါ်၊ ဘုရားသခင်က မည်သူတို့ကို ကယ်တင်သည်ဆိုသည့်အပေါ်၊ ဘုရားသခင်က မည်သူ့ကို စွန့်ပယ်သည်၊ မည်သည့်အရာကို နှစ်သက်သည်၊ မည်သည့်အရာကို မုန်းတီးသည်ဆိုသည်တို့အပေါ်တွင် အခြေခံရမည်။ ဤအရာတို့သည် သမ္မာတရား စည်းမျဉ်းများဖြစ်သည်။ ညီအစ်ကိုမောင်နှမများကို ချစ်ခင်သော ကူညီမှုဖြင့်၊ အပြန်အလှန်လက်ခံမှုနှင့် စိတ်ရှည်မှုဖြင့် ဆက်ဆံသင့်သည်။ မကောင်းမှုပြုသူများနှင့် မယုံကြည်သူများကို ခွဲခြားဖော်ထုတ်ပြီး သီးခြားခွဲထားကာ ဝေးဝေးရှောင်သင့်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ လူတို့ကို စည်းမျဉ်းနှင့် ဆက်ဆံခြင်းဖြစ်သည်။ ညီအစ်ကိုမောင်နှမတိုင်းတွင် အားသာချက်၊ အားနည်းချက်များရှိကြပြီး အားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် အတူတကွရှိသောအခါ အချင်းချင်း ချစ်ခင်စွာကူညီသင့်သည်။ လက်ခံပြီး စိတ်ရှည်သင့်ကာ အထအနမကောက်သင့်ပေ၊ သို့မဟုတ် အလွန်အမင်း မကြမ်းတမ်းသင့်ပေ။ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်သည်မှာ သိပ်မကြာသေးသော၊ သို့မဟုတ် ငယ်ရွယ်သော ညီအစ်ကို မောင်နှမများကို အလွန်ဂရုစိုက်သင့်ပြီး စိတ်ရှည်စွာ အားပေးသင့်သည်။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော ပွင့်အံထွက်မှုများရှိပါက သမ္မာတရားအကြောင်း ၎င်းတို့နှင့်အတူ မိတ်သဟာယပြုကာ ၎င်းတို့ကို စိတ်ရှည်စွာ တိုက်တွန်းလော့။ သာမန်ကာလျှံကာ ၎င်းတို့ကို လုံးဝ မရှုတ်ချနှင့်၊ သို့မဟုတ် ၎င်းတို့၏ ပြဿနာများကို ပုံကြီးမချဲ့နှင့်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ရက်စက်၏။ သင်သည် မကောင်းမှုများလုပ်နေသည့် အယောင်ဆောင် ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးကို တွေ့သည့်အခါ ကြောက်ရွံ့ပြီး ပုန်းကွယ်ကာ မထုတ်ဖော်ဝံ့သော်လည်း သင်၏ ညီအစ်ကို မောင်နှမများက ဖောက်ပြန်ပျက်စီးသော ပွင့်အံထွက်မှုအချို့ရှိသည်ကို သင်သဘောပေါက်သည့်အခါ သင်သည် ၎င်းတို့ကို တွယ်ကပ်ပြီး တစ်စိတ်ကို တစ်အိတ်လုပ်ပါက ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ဤအရာကို လုပ်ဆောင်သော လူတို့သည် စက်ဆုပ်ဖွယ်ဖြစ်ပြီး အခြားသူများကို အခွင့်အရေးယူ၏။ ဤသည်မှာ အခြားသူများကို ဆက်ဆံရန် မျှတသည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ ထို့ထက် သင်သည် ကိုယ်ရေးကိုယ်တာ နှစ်သက်မှုအတိုင်း ပြုမူနေခြင်း ဖြစ်သည်။ ဤသည်မှာ ပြစ်မှားမှုတစ်ခုဖြစ်သည့် ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ လူတို့ လုပ်ဆောင်သမျှတိုင်းကို ဘုရားသခင် မြင်သည်။ သင်၏စိတ်နှလုံးတွင် သင် မည်သို့မည်ပုံ ပြုမူကာ စဉ်းစားပါစေ ဘုရားသခင် စောင့်ကြည့်နေသည်။ မည်သည့်အရာကို သင်လုပ်သည်ဖြစ်စေ စည်းမျဉ်းများကို သဘောပေါက်ရမည်။ ဦးစွာပထမ သမ္မာတရားကို သင် နားလည်ရမည်။ သမ္မာတရားကို သင်နားလည်သည်နှင့် တစ်ပြိုင်နက် သင့်အတွက် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ရန် လွယ်ကူလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က လူတို့အား တောင်းဆိုထားသည့် လူများအား ဆက်ဆံရန်နည်းလမ်းအတွက် စည်းမျဉ်းများကို သင်သိလိမ့်မည်။ လူများကို သင်မည်သို့ ဆက်ဆံရမည်ကို သင်သိလိမ့်မည် ဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ သင် ဆက်ဆံနိုင်လိမ့်မည်။ သင်သည် သမ္မာတရားကို နားမလည်လျှင် ဘုရားအလိုတော်ကို သေချာပေါက် နားလည်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ အခြားသူများကို စည်းမျဉ်းနှင့်အညီ ဆက်ဆံလိမ့်မည် မဟုတ်ချေ။ အခြားသူများကို သင်မည်သို့ ဆက်ဆံရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ရှင်းရှင်းလင်းလင်း ပြသထား၏၊ သို့မဟုတ် အရိပ်အမြွက်ပြထား၏။ လူသားမျိုးနွယ်ကို ဘုရားသခင် ဆက်ဆံသည့် သဘောထားမှာ ၎င်းတို့ အချင်းချင်းဆက်ဆံရာတွင် လူတို့ ခံယူသင့်သည့် သဘောထား ဖြစ်သည်။ လူအယောက်စီတိုင်းကို ဘုရားသခင်က မည်သို့ ဆက်ဆံပါသနည်း။ လူအချို့တို့သည် ဝိညာဉ်ရင့်ကျက်မှု မရင့်သန်သေးပေ။ သို့မဟုတ် ငယ်ရွယ်ကြသည်၊ သို့မဟုတ် တိုတောင်းသည့် အချိန်တစ်ခုသာ ဘုရားသခင်ကို ယုံကြည်ဖူးကြ၏။ သို့မဟုတ် သဘာဝနှင့် အနှစ်သာရအားဖြင့် ဆိုးရွားခြင်း မရှိ၊ မလိုမုန်းထားခြင်း မရှိသော်လည်း အနည်းငယ် မသိနားမလည်ပေ၊ သို့မဟုတ် အစွမ်းအစနည်းကြသည်။ သို့မဟုတ် ၎င်းတို့သည် အကန့်အသတ်များစွာကို ခံရပြီး သမ္မာတရားကို နားမလည်ကြသေးပေ၊ အသက်ထဲသို့ ၎င်းတို့ မဝင်ရောက်ကြသေး၊ ထို့ကြောင့် မိုက်မဲသော အရာကို လုပ်ဆောင်ခြင်း သို့မဟုတ် မသိနားမလည်သည့် လုပ်ရပ်ကို ကျူးလွန်ခြင်းမှ ထိန်းသိမ်းဖို့ရန် သူတို့အတွက် ခက်ခဲပေသည်။ သို့သော် ဘုရားသခင်သည် လူများ၏အတိတ်မှ မိုက်မဲမှုများကို မစွဲလမ်းပေ။ ၎င်းတို့၏ စိတ်နှလုံးများကို သူကြည့်ရှုသည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားဖို့ သန္နိဋ္ဌာန်ထားရှိလျှင် ၎င်းတို့ မှန်ကန်ပြီး ဤသည်မှာ သူတို့၏ ရည်မှန်းချက်ဖြစ်သည့်အခါ ထို့နောက် ဘုရားသခင်က သူတို့ကို စောင့်ကြည့်နေသည်၊ သူတို့အတွက် စောင့်ဆိုင်းနေပြီး သူတို့ကို ဝင်ရောက်ခွင့်ရရန် အချိန်နှင့် အခွင့်အရေးကို သူတို့အား ပေးနေ၏။ ပြစ်မှားခြင်းတစ်ခုတည်းအတွက် ဘုရားသခင်က သူတို့ကို ပယ်ဖျက်ခြင်း မဟုတ်ပေ။ ယင်းက လူများ လုပ်ဆောင်လေ့ရှိသည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူများကို မည်သည့်အခါမျှ ထိုကဲ့သို့ မဆက်ဆံပေ။ ဘုရားသခင်သည် လူများကို ထိုနည်းလမ်းဖြင့် မဆက်ဆံလျှင် လူများသည် အခြားသူများကို အဘယ်ကြောင့် ထိုနည်းလမ်းဖြင့် ဆက်ဆံရသနည်း။ ဤအရာက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မပြသလော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အတိအကျ ဖြစ်ပေသည်။ မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်သရုပ်သကန်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြည့်ရှုလေ့လာရမည်။ ဘုရားသခင်သည် လူအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဆက်ဆံပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမြောက်အများကို စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤသမ္မာတရားများကို သင်နားလည်ပြီးသည်နှင့်၊ ထိုအခါတွင် အမှုအရာများကို သင် မည်သို့ တွေ့ကြုံခံစားဖို့ကိုလည်းကောင်း၊ လူတို့ကို စည်းမျဉ်းများနှင့်အညီ မည်သို့ ဆက်ဆံဖို့ကိုလည်းကောင်း သင် သိလိမ့်မည်။

ဘုရားသခင်သည် လူတစ်ဦး ကယ်တင်ခံရမည်၊ မခံရမည်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အဆင့်အပေါ် အခြေခံ၍ ဆုံးဖြတ်သလော။ ၎င်းတို့ကို တရားစီရင်ရန်၊ မစီရင်ရန်ဖြစ်စေ၊ ပြစ်တင်ဆုံးမရန်၊ မဆုံးမရန်ဖြစ်စေ ၎င်းတို့၏ ပြစ်မှားမှု အတိုင်းအတာ၊ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ပမာဏအပေါ် အခြေခံ၍ သူ ဆုံးဖြတ်သလော။ ၎င်းတို့၏ ခရီးပန်းတိုင်နှင့် နောက်ဆုံးရလဒ်ကို ၎င်းတို့၏ ပုံပန်းများ၊ မိသားစု နောက်ခံ၊ ၎င်းတို့၏ အစွမ်းအစ အဆင့်၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခ ခံခဲ့ရသည်ဆိုသည်တို့အပေါ် အခြေခံ၍ သူ ဆုံးဖြတ်သလော။ ဘုရားသခင်သည် သူ၏ ဆုံးဖြတ်ချက်များအတွက် ဤအရာများကို အခြေခံအဖြစ် မသုံးခဲ့ပေ။ ဤအရာများကို သူ ကြည့်ပင်မကြည့်ပေ။ ထို့ကြောင့် ဘုရားသခင်သည် လူတို့ကို ဤအရာများပေါ် အခြေခံ၍ အကဲမဖြတ်သည့်အတွက် သင်သည်လည်း လူတို့ကို ဤအရာများပေါ် အခြေခံ၍ အကဲမဖြတ်သင့်ကြောင်းကို သင်နားလည်ရပေမည်။ ဆွဲဆောင်မှုရှိပြီး လူကောင်းတစ်ဦးဖြစ်ပုံရသော တစ်စုံတစ်ဦးကို သင် မြင်သောကြောင့် သင်သည် ထိုသူနှင့် ပိုမိုစကားပြောဆိုလာသည်၊ ထိုသူနှင့် ပေါင်းသင်းသည်၊ ထိုသူနှင့် ရင်းနှီးပြီး မိတ်ဆွေကောင်းများ ဖြစ်လာသည်ဆိုပါစို့။ ထို့နောက် ဆွဲဆောင်မှုမရှိ၊ နားထောင်ရန် နှစ်လိုဖွယ်မရှိ၊ အခြားသူများနင့် မည်သို့ ဆက်ဆံရမည်ကို မသိသကဲ့သို့ လူရာမဝင်သည့် တစ်စုံတစ်ဦးကို သင် မြင်သောကြောင့် ၎င်းတို့ကို သင် အသိအမှတ်မပြုသကဲ့သို့၊ တစ်ခါတစ်ရံ ၎င်းတို့ကို အနိုင်ပင်ကျင့်ချင်သည်၊ သို့မဟုတ် ၎င်းတို့ကို ဖိနှိပ်ရန် မနှစ်မြို့ဖွယ်စကားများကို ပြောချင်သည် ဆိုပါစို့။ ယင်းမှာ လူတို့ကို ဆက်ဆံရန် မည်သည့်နည်းလမ်းမျိုး ဖြစ်သနည်း။ ဤအရာအားလုံးသည် ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော စိတ်သဘောထားမှ အရင်းခံပေသည်။ ထိုသို့သော ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် အသက်ရှင်ရန် သင်တို့ လိုလားနေသလော။ သင်၏ ဖောက်ပြန်ပျက်စီး၍ ဆိုးယုတ်သော စိတ်သဘောထားဖြင့် ဘောင်ခတ်ခံရပြီး ချည်နှောင်ခံရရန်နှင့် သင်၏ လုပ်ရပ်များအား ညွှန်ကြားစေရန် သင် လိုလားနေသလော။ (မလိုလားပါ။) လူတို့၏ ခံစားချက်အရဖြစ်သော စိတ်ဆန္ဒများအရ မည်သူကမျှ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း အသက်ရှင်ရင်း မည်သည့်အရာကိုမျှ မလုပ်ချင်ပေ၊ သို့မဟုတ် မိမိတို့၏ တာဝန်ကို မထမ်းဆောင်ချင်ပေ။ လူတို့၏ စိတ်ခံစားချက်အရဖြစ်သော အလိုဆန္ဒများတွင် ၎င်းတို့သည် ကောင်းသောအရာကို ရည်ရွယ်ကြကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေကြသော်လည်း၊ သမ္မာတရားကို လူတို့ နားမလည်ပါက၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားပါက၊ သမ္မာတရားနှင့် ပတ်သက်၍ အလေးအနက်မထား၊ သို့မဟုတ် မည်သည့်အားထုတ်မှုမျှ မပြုလုပ်ပါက သမ္မာတရား၏ စစ်မှန်မှုထဲသို့ ၎င်းတို့ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက သင် အသက်ရှင်နေထိုင်သည့်အရာ၊ သင်လုပ်ဆောင်သည့် အရာရာ၌ ခံယူသည့် စည်းမျဉ်းများနှင့် သင် ပြောသည့် စကားများသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်မဟုတ်သကဲ့သို့၊ ဤအရာများသည် လုံးဝ သမ္မာတရားမရှိဘဲ ဖြစ်လိမ့်မည်။ သင် နားမလည်သည့် သမ္မာတရား သွင်ပြင်လက္ခဏာတစ်ခုတလေ ရှိပါက၊ သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ လုံးဝ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင် မဝင်ရောက်နိုင်ပါက၊ သင်သည် သမ္မာတရား ရှိလိမ့်မည်မဟုတ်။ သမ္မာတရား မရှိသောသူ၌ လူ့သဘာဝ တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဤသို့သောလူများ အသက်ရှင်နေထိုင်သမျှတိုင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ လူသည် မိမိ၏တာဝန်ကို စတင်လုပ်ဆောင်လျှင် လုပ်ဆောင်ချင်း သမ္မာတရား၏ စစ်မှန်မှုများရှိသော လူတစ်ဦးဖြစ်လာသည် မဟုတ်ချေ။ မိမိ၏တာဝန်ကို လုပ်ဆောင်ခြင်းသည် လိုအပ်သော နည်းလမ်းတစ်ခုနှင့် လမ်းကြောင်းတစ်ခုထက် မပိုချေ။ လူတို့သည် မိမိတို့၏တာဝန်များကို လုပ်ဆောင်ရာ၌ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံရန်၊ သမ္မာတရားအား သိနားလည်ခြင်းနှင့် လက်ခံခြင်းကို တဖြည်းဖြည်းရယူရန်နှင့် ထို့နောက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သမ္မာတရား လိုက်စားခြင်းကို အသုံးပြုကြသည်။ ထို့နောက် ထိုသို့အားဖြင့် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားသည့်အခြေအနေ၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှောင်အဖွဲ့များနှင့် ထိန်းချုပ်မှုကို ဖယ်ရှားသည့် အခြေအနေတစ်ခုသို့ ရောက်ရှိလေသည်၊ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရား၏စစ်မှန်မှုရှိသူတစ်ဦးနှင့် သာမန်လူ့သဘာဝရှိသူများ ဖြစ်လာလေသည်။ သင့်တွင် သာမန်လူ့သဘာဝရှိသည့်အခါမှသာ သင်၏တာဝန်ထမ်းဆောင်မှုနှင့် သင်၏ လုပ်ရပ်များသည် လူတို့အတွက် တည်ဆောက်စရာဖြစ်ပြီး ဘုရားသခင်အတွက် ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ လူတို့သည် ၎င်းတို့၏တာဝန်ထမ်းဆောင်မှုအတွက် ဘုရားသခင်က ချီးမွမ်းခြင်းကို ခံရသည့်အခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံ ဖြစ်နိုင်ကြသည်။ ထို့ကြောင့် သင်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လျှင် ယခုတွင် သင်တို့သည် ဆက်ကပ်အပ်နှံရာ၌ အသုံးခံပြီး ယူဆောင်လာသောအရာများမှာ သင်တို့ တတ်မြောက်ပြီးဖြစ်သော အမျိုးမျိုးသော ကျွမ်းကျင်မှုများ၊ သင်ယူမှုနှင့် အသိပညာများဖြစ်သော်လည်း သင်တို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို နားလည်နိုင်သည့်လမ်းကြောင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းသည် မည်သည့်အရာဖြစ်ကြောင်း၊ ဘုရားရှေ့သို့ လာရောက်ခြင်းသည် မည်သည့်အရာဖြစ်ကြောင်း၊ ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ အသုံးခံခြင်းသည် မည်သည့်အရာဖြစ်ကြောင်းတို့ကို သိရှိနိုင်သည့် လမ်းကြောင်းကို ပေးအပ်သည်မှာ ဤအရာများပင် အတိအကျဖြစ်လေသည်။ ဤလမ်းကြောင်းမှတစ်ဆင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ ဖယ်ရှားရမည်၊ သင့်ကိုယ်သင် မည်သို့ စွန့်လွှတ်ရမည်၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မမှတ်ယူရန် မည်သို့ပြုရမည်၊ သမ္မာတရားနှင့် ဘုရားသခင်ကို မည်သို့နာခံရမည်တို့ကို သိလိမ့်မည်။ ဤနည်းအားဖြင့်သာ ကယ်တင်ခြင်းကို ရရှိနိုင်သည်။

ယခုတွင် သင်တို့၏ တာဝန်ကို လုပ်ဆာင်ခြင်း၏ အရေးအပါဆုံးသော အပိုင်းမှာ ကျိုးနွံနာခံရန် သင်ယူဖို့၊ သမ္မာတရားနှင့် ဘုရားသခင်ထံမှလာသော အရာများကို ကျိုးနွံနာခံရန် သင်ယူဖို့ ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်နောက် သင်တို့ လိုက်သည်နှင့်အမျှ သင်တို့၏ သင်ခန်းစာများကို သင်ယူနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်နိုင်လိမ့်မည်။ ငါ့ကို ပြောလော့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သမ္မာတရားကို ကျိုးနွံနာခံခြင်းက မည်သည့်အရာကို ဆိုလိုကြောင်း မည်သည့် သိနားလည်မှုမျှမရှိပါက၊ သို့မဟုတ် မိမိ၏တာဝန်ကို လုပ်ဆောင်ရန်အလို့ငှာ မည်သည့်စည်းမျဉ်းများ ထိန်းသိမ်းရမည်ကို နားမလည်ပါက လူတစ်ဦးသည် မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ သေချာပေါက် ခက်ခဲပေမည်။ ဘုရားအိမ်တော်၌ သင်တို့၏တာဝန်ကို လုပ်ဆောင်သည့်အခါ သမ္မာတရား၏ စစ်မှန်မှု အနည်းငယ်မျှကိုပင် ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် ဝင်ရောက်ခြင်း မရှိပါက သင်တို့၏ တာဝန်ကို ကောင်းစွာလုပ်ဆောင်ရန် သင်တို့အတွက် အလွန်ခက်ခဲသည်ကိုလည်း သင်တို့အားလုံး နားလည်ကြပေမည်။ သင်တို့တာဝန်ကို လက်ခံနိုင်သည့် စံနှုန်းတစ်ခုအထိ လုပ်ဆောင်ရန်၊ သို့မဟုတ် ခိုင်ခိုင်မာမာ ရပ်တည်ရန် အလွန်ခက်၏။ ယခုတွင် သမ္မာတရား မရှိဘဲနှင့် ခြေတစ်လှမ်းကိုပင် ရှေ့ဆက်လှမ်းရန် အဘယ်မျှ ခက်သည်ကို သင်တို့အားလုံး တွေ့ကြုံကြပြီလော။ (တွေ့ကြုံကြပါပြီ။) မည်သည့်အရာက ဤအရာကို သင်တို့အား အနက်ရှိုင်းဆုံး တွေ့ကြုံစေသနည်း။ (သမ္မာတရားကို ကျွန်ုပ်တို့ နားမလည်သကဲ့သို့ မိမိတို့၏တာဝန်များကို လုပ်ဆောင်ရန်အတွက်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မှီခိုသောကြောင့် မကြာခဏ ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ကျရှုံးခြင်းနှင့် မှောက်မှားခြင်းတို့ ဖြစ်ပါသည်။) သင်တို့အားလုံး ကျရှုံးမှုများ မည်မျှကို ဖြတ်သန်းပြီးပြီနည်း။ (အနည်းငယ် ဖြစ်ပါသည်။) ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားခြင်းတစ်လျှောက်တွင် သင်မည်မျှ ကျရှုံးပြီးဖြစ်ပါစေ၊ လဲကျပြီးဖြစ်ပါစေ၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ သို့မဟုတ် ဖော်ထုတ်ခြင်းကို ခံရပြီးဖြစ်ပါစေ ယင်းတို့မှာ မကောင်းသောအရာများ မဟုတ်ပေ။ သင်သည် မည်သို့ ပြုပြင်ခံရသည်ဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် ယင်းသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများအားဖြင့် ဖြစ်စေ ဤအရာအားလုံးသည် ကောင်းသောအရာများဖြစ်သည်။ ဤအရာကို သင် သတိရရမည်။ သင်သည် မည်မျှ ဒုက္ခခံရပါစေ သင်သည် အမှန်တကယ် အကျိုးအမြတ်ရရှိနေခြင်းဖြစ်သည်။ အတွေ့အကြုံရှိသော မည်သူမဆို ဤအရာကို မှန်ကန်ကြောင်း ထောက်ခံနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ သို့မဟုတ် ဖော်ထုတ်ခံရခြင်းတို့သည် အစဉ်အမြဲ ကောင်းသောအရာတစ်ခုဖြစ်သည်။ ယင်းမှာ ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ပြီး မိမိကိုယ်ကို သိရှိရန် သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်လျှင်၊ သင်၏ စိတ်နှလုံးအတွင်းထဲတွင် ပုန်းကွယ်နေသော ဖောက်ပြန်ပျက်စီးသော အရာများကို ရှာဖွေတွေ့ရှိနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်လျှင် ဤသည်မှာ ကောင်းသည်။ အသက်ဝင်ရောက်မှု၏ အကြီးစားပြဿနာတစ်ခုကို ဤအရာက ဖြေရှင်းပြီးဖြစ်ကာ စိတ်သဘောထား ပြောင်းလဲမှုများအတွက် အလွန်ပင် အကျိုးဖြစ်စေသည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက် သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင်တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကို စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင် သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက် ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။

သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင် နေ့စဉ်ဖြစ်ပျက်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အလျဉ်းသင့်သလို မဖြစ်သည်ကို သင်ယုံရပါမည်။ ယင်းမှာ တစ်စုံတစ်ဦးက တမင်တကာ သင့်အပေါ် မညှာမတာပြုနေခြင်း၊ သို့မဟုတ် သင့်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ၊ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ပြီး စီစဉ်ညွှန်ကြားထားခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင် မည်သူဖြစ်သည်ကို ထုတ်ဖော်ပြရန်၊ သို့မဟုတ် သင့်ကို ဖော်ထုတ်ဖို့ရန်နှင့် ဖယ်ရှားဖို့ရန် မဟုတ်ပေ။ သင့်ကို ဖော်ထုတ်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ ရည်မှန်းချက်မှာ သင့်ကို စုံလင်စေရန်နှင့် ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်သို့စုံလင်စေသနည်း။ ပြီးလျှင် ဘုရားသခင်က သင့်ကို မည်သို့ ကယ်တင်သနည်း။ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုသတိပြုမိစေခြင်း၊ သင်၏သဘာဝဗီဇနှင့် အနှစ်သာရ၊ သင်၏ အားနည်းချက်များနှင့် သင်ချို့တဲ့သောအရာတို့ကို သင့်အား သိစေခြင်းအားဖြင့် သူ စတင်သည်။ ဤအရာများကို သိခြင်းနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုရှိခြင်းအားဖြင့်သာ သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်နိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာဖြစ်သည်။ ဤအခွင့်အရေးကို မည်သို့အမိအရယူရမည်ကို သင်သိရန် လိုအပ်သည်။ သင်သည် ဘုရားသခင်ကို မဆန့်ကျင်သင့်ပေ။ ဘုရားသခင်နှင့် မလျှော့တမ်းငြင်းခုံခြင်း မပြုသင့်ပေ။ သို့မဟုတ် ဘုရားသခင်ကို နားလည်မှုမလွဲသင့်ပေ။ အထူးသဖြင့် သင်သည် သင့်ဝန်းကျင်ရှိ ဘုရားသခင်စီစဉ်ပေးသည့် လူများ၊ ကိစ္စရပ်များ၊ အမှုအရာများတို့နှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ၊ အမှုအရာများသည် မိမိဖြစ်စေလိုသည့်အတိုင်း မဟုတ်ပါဟု စဉ်ဆက်မပြတ် မခံစားနှင့်။ ယင်းတို့ကို ရှောင်လွှဲဖို့ သို့မဟုတ် ဘုရားသခင်ကို အမြဲ အပြစ်တင်ကာ နားလည်မှုလွဲဖို့ စဉ်ဆက်မပြတ် ဆန္ဒမရှိနှင့်။ ထိုအရာများကို သင် စဉ်ဆက်မပြတ် လုပ်ဆောင်နေပါက၊ သင်သည် ဘုရားသခင်၏အမှုကို ကြုံနေရခြင်းမဟုတ်သကဲ့သို့၊ ယင်းက သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ဖို့ရန်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ သင်အပြည့်အဝ နားမလည်နိုင်သည့် သင် ကြုံရသော မည်သည့်အရာကိုမဆို၊ အခက်အခဲ ဖြစ်ပေါ်သည့်အခါ၊ ကျိုးနွံနာခံတတ်ရန် သင်ယူရမည်။ သင်သည် ဘုရားသခင်ရှေ့သို့ လာခြင်းနှင့် သာ၍ ဆုတောင်းခြင်းဖြင့် စတင်သင့်သည်။ ထိုနည်းဖြင့် သင်မသိလိုက်မီ သင်၏အတွင်းစိတ် အခြေအနေတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ သင်သည် သင်၏ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားနိုင်လိမ့်မည်။ ဤအရာ ဖြစ်ပျက်သည်နှင့်အမျှ၊ သင့်အထဲ၌ သမ္မာတရား၏စစ်မှန်မှု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သင်တိုးတက် လာမည့်ပုံနှင့် သင့်ဘဝအခြေအနေ၏ အသွင်ပြောင်းလဲမှုကို ကြုံရမည့်ပုံ ဖြစ်သည်။ ဤအပြောင်းအလဲကို သင်ကြုံရပြီး ဤသမ္မာတရား၏စစ်မှန်မှုကို ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ရင့်ကျက်မှုကိုလည်း သင်ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး ဝိညာဉ်ရင့်ကျက်မှုနှင့်အတူ အသက်လိုက်လာမည်။ အကယ်၍ လူတစ်ဦးသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားအပေါ် အခြေခံလျက် အမြဲအသက်ရှင်လျှင် သူတို့၌ စိတ်အားထက်သန်မှု၊ သို့မဟုတ် အားထုတ်မှု မည်မျှပင်ရှိပါစေ သူတို့ကို ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် အသက်ကို ပိုင်ဆိုင်သည်ဟု သတ်မှတ်၍ မရနိုင်သေးပေ။ ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကို သူ၏ အစေခံခြင်းတွင် သူအသုံးချသည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏နှုတ်ကပတ်တော်များက မည်သို့သော အသံနေအသံထားမျိုး ရှိပါစေ သူ၌ အဆုံးသတ်ရည်မှန်းချက် တစ်ခုသာလျှင် ရှိသည်။ သင့်ကို ကယ်တင်ရန်ပင်တည်း။ သူသည် သင့်ကို မည်သို့ကယ်တင်သနည်း။ သူသည် သင့်ကို ပြောင်းလဲသည်။ ထို့ကြောင့် သင့်အနေဖြင့် အနည်းငယ်မျှ ဒုက္ခမခံရဘဲ ရှိနိုင်မည်လော။ သင်ဒုက္ခခံရဖို့ လိုလိမ့်မည်သာ ဖြစ်သည်။ ဤဒုက္ခခံခြင်းတွင် အခြေအနေများစွာ ပါဝင်နိုင်သည်။ ရှေးဦးစွာ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံသည့်အခါတွင် ဆင်းရဲဒုက္ခခံရမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်သည် အလွန်ပြင်းထန်ပြီး တိကျပြတ်သားကာ လူတို့သည် ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲသောအခါတွင်၊ အယူအဆများပင်ရှိကြသောအခါတွင် ဤသည်မှာလည်း နာကျင်ဖွယ်ရာဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ရန်၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိစေရန်အတွက် လူတို့အနီးတွင် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် ၎င်းတို့သည်လည်း အနည်းငယ် ဒုက္ခခံရလိမ့်မည်။ တစ်ခါတစ်ရံတွင် လူတို့သည့် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို တိုက်ရိုက်ခံရသောအခါ ဒုက္ခခံရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ခွဲစိတ်ခြင်းခံရသကဲ့သို့ဖြစ်သည်။ ဒုက္ခမရှိလျှင် အကျိုးသက်ရောက်မှုမရှိပေ။ သင်သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသည့်အချိန်တိုင်းနှင့် သင်သည် ပတ်ဝန်းကျင်တစ်ခုကြောင့် ဖွင့်ပြခြင်းခံသည့်အချိန်တိုင်းတွင် ယင်းက သင့်ခံစားမှုများကို နှိုးဆော်ပြီး သင့်ကို မြှင့်တင်မှုတစ်ခုပေးပါက ဤဖြစ်စဉ်မှတစ်ဆင့် သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး သင်၌ ဝိညာဉ်ရင့်ကျက်မှု ရှိလာလိမ့်မည် ဖြစ်သည်။ သင်သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသည့်အချိန်တိုင်းနှင့် ပတ်ဝန်းကျင်တစ်ခု၏ ဖော်ထုတ်ခြင်းကို ခံရသည့် အချိန်တိုင်းတွင် အကယ်၍ သင်သည် နာကျင်မှု၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းတို့ကို မည်သို့မျှမခံစားရဘဲ လုံးလုံး ဘာမျှမခံစားရလျှင်၊ ထို့ပြင် သင်သည် ဆုတောင်းခြင်း သို့မဟုတ် သမ္မာတရားအား ရှာဖွေခြင်းတို့ကို မပြုဘဲ ဘုရားသခင်၏အလိုတော်ကို ရှာဖွေရန် သူ့ရှေ့မှောက်သို့ မတိုးဝင်လျှင် သင်သည် အမှန်တကယ် လွန်စွာ ထုံအနေချေပြီတကား။ သင်၏ ဝိညာဉ်သည် မည်သည့်အရာကိုမျှ မခံစားရသောအခါ၊ တုံ့ပြန်မှုမရှိသောအခါ ဘုရားသခင်သည် သင့်၌ အလုပ်မလုပ်ပေ။ “ဤပုဂ္ဂိုလ်သည် အလွန်တရာထုံအပြီး အလွန်အမင်းပင် ဖောက်ပြန်ပျက်စီးပြီ။ ငါသည် သူ့ကို မည်မျှ ပဲ့ပြင်ဆုံးမပါစေ၊ သူ့ကို မည်မျှ ကိုင်တွယ်ဖြေရှင်းပါစေ၊ သို့မဟုတ် စောင့်ကြည့်ဖို့ ကြိုးစားပါစေ သူ၏ စိတ်နှလုံးကို ငါ မတို့ထိနိုင်သေးပေ၊ သို့မဟုတ် သူ၏ ဝိညာဉ်ကို မနိုးထစေနိုင်သေးပေ။ ဤလူသည် ဒုက္ခရောက်လိမ့်မည်။ သူသည် ကယ်တင်ဖို့ မလွယ်ကူပေ” ဟု သူဆိုလိမ့်မည်။ ဘုရားသခင်သည် သင့်အတွက် ထိုထိုသော ပတ်ဝန်းကျင်များ၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကို စီစဉ်လျှင်၊ သူသည် သင့်ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းပြီး သင်သည် ဤအရာမှ သင်ခန်းစာများ သင်ယူရရှိလျှင်၊ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ တိုးဝင်တတ်ကာ၊ သမ္မာတရားကို ရှာဖွေတတ်ပြီးနောက် မသိလိုက်ဘဲ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းကို ခံရလျက် သမ္မာတရားကို ရရှိလျှင်၊ သင်သည် ဤပတ်ဝန်းကျင်များထဲတွင် အပြောင်းအလဲကို တွေ့ကြုံရပြီး ဆုလာဘ်များကို ရိတ်သိမ်းရကာ တိုးတက်မှုရရှိလျှင်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို အနည်းငယ် စတင်နားလည်သဘောပေါက်လာပြီး ညည်းတွားခြင်းကို ရပ်နားလျှင် ဤအရာအားလုံးက သင်သည် ဤပတ်ဝန်းကျင်များ၏ စမ်းသပ်မှုများအလယ်တွင် အခိုင်အမာရပ်တည်ခဲ့ပြီဖြစ်ပြီး စစ်ဆေးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်လိမ့်မည်။ ဤကဲ့သို့ပင် သင်သည် ဤတုန်လှုပ်ဖွယ်အတွေ့အကြုံကို ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်သူများအား ဘုရားသခင်က မည်သို့ သဘောထားလိမ့်မည်နည်း။ ၎င်းတို့သည် စစ်မှန်သော စိတ်နှလုံးရှိကြောင်း၊ ဤဆင်းရဲဒုက္ခမျိုးကို ခံနိုင်ကြကြောင်းနှင့် စိတ်ထဲတွင် ၎င်းတို့သည် စိတ်ထဲတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး ရယူလိုကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၌ ဤသို့ အကဲဖြတ်မှုမျိုးရှိပါက၊ သင်သည် ဝိညာဉ်ရင့်ကျက်မှုဖြင့် တစ်စုံတစ်ယောက် မဖြစ်သလော။ သို့ဆိုလျှင် သင်၌ အသက်မရှိသလော။ ပြီးလျှင် ဤအသက်ကို မည်သို့ ကြိုးပမ်းရရှိသနည်း။ ယင်းကို ဘုရားသခင်က ပေးအပ်နှင်းခြင်းလော။ ဘုရားသခင်က သင့်အား နည်းလမ်းမျိုးစုံဖြင့် ထောက်ပံ့ပြီး သင့်အား လေ့ကျင့်ပေးဖို့ လူများ၊ အမှုကိစ္စများနှင့် အရာဝတ္ထုမျိုးစုံကို အသုံးပြုပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အစားအသောက်များကို သူကိုယ်တိုင် ပေးနေသကဲ့သို့၊ သင်ဝလင်စွာ စားပြီး နှစ်သက်ခံစားနိုင်ဖို့အတွက် သင်၏ရှေ့သို့ အမျိုးမျိုးသော စားစရာများကို သူကိုယ်တိုင် ပေးပို့နေသကဲ့သို့ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကြီးထွားတိုးတက်ပြီး ခိုင်မာစွာ ရပ်တည်နိုင်သည်။ ဤသည်မှာ ဤအရာများကို သင်တွေ့ကြုံပြီး နားလည်သဘောပေါက်ရမည့် ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံမှ လာသည့်အရာမှန်သမျှကို ကျိုးနွံနာခံရမည့် ပုံစံဖြစ်သည်။ ဤသည်မှာ သင်ပိုင်ဆိုင်ရမည့် စိတ်အခြေအနေနှင့် သဘောထားမျိုး ဖြစ်ပြီး သင်သည် သမ္မာတရားကို ရှာဖွေဖို့ သင်ယူရမည်။ သင်သည် ပြင်ပအကြောင်းရင်းများ အစဉ် ရှာဖွေမနေသင့်သကဲ့သို့၊ သင်၏ပြဿနာများအတွက် အခြားသူများကို အပြစ်မတင်သင့်သည့်အပြင်၊ လူများကို အပြစ်ရှာမနေသင့်ပေ။ သင်၌ ဘုရားသခင်၏အလိုတော်နှင့် သက်ဆိုင်သည့် ရှင်းလင်းသည့် နားလည်သဘောပေါက်မှု ရှိရမည်။ အပြင်ပန်း၌ လူအချို့သည် သင်နှင့် သက်ဆိုင်သည့် ထင်မြင်ယူဆချက်များ သို့မဟုတ် သင့်အပေါ် အာဃာတအစွဲအလမ်းများ ရှိကောင်း ရှိနိုင်သည်၊ သို့ရာတွင် သင်သည် အမှုအရာများအား ထိုနည်းဖြင့် မမြင်သင့်ပေ။ သင်သည် ဤရှုထောင့်မျိုးမှနေ၍ အမှုအရာများကို ကြည့်ရှုပါက၊ သင်လုပ်မည့် တစ်ခုတည်းသောအရာမှာ ဆင်ခြေများ ပေးခြင်း ဖြစ်ပြီး သင်သည် မည်သည့်အရာကိုမျှ ကြိုးပမ်းရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အမှုအရာများကို အရှိအတိုင်း မြင်ပြီး ဘုရားသခင်ထံမှ အရာရာကို လက်ခံသင့်သည်။ ဤနည်းဖြင့် အမှုအရာများကို ရှုမြင်သောအခါ ဘုရားသခင်၏ အမှုတော်ကို နာခံရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်လိမ့်မည်။ သင်၏ သဘောထားနှင့် စိတ်အခြေအနေတို့ကို ပြုပြင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားကို ကြိုးပမ်း ရရှိနိုင်လိမ့်မည်။ ထို့ကြောင့် သင်သည် ယင်းကိုသာ အဘယ့်ကြောင့် မလုပ်ဆောင်သနည်း။ သင်သည် အဘယ့်ကြောင့် ခုခံသနည်း။ သင်ခုခံနေသည်ကို ရပ်ခဲ့ပါက၊ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်။ သင်ခုခံလျှင် သင်သည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ဘဲ ဘုရားသခင်ကို သင်ဝမ်းနည်းစေပြီး သူ့ကို စိတ်ပျက်စေလိမ့်မည်။ ဘုရားသခင်က အဘယ်ကြောင့် စိတ်ပျက်မည်နည်း။ အကြောင်းမှာ သင်သည် သမ္မာတရားကို လက်မခံသဖြင့် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိဘဲ ဘုရားသခင်က သင့်ကို မရရှိနိုင်၍ဖြစ်သည်။ ထို့ကြောင့် သူသည် အဘယ်သို့ စိတ်မပျက်ဘဲနေနိုင်မည်နည်း။ သင်သည် သမ္မာတရားကို လက်မခံသောအခါ ဤသည်မှာ သင့်အား ဘုရားသခင်က သူကိုယ်တိုင်ချပေးသော အစားအစာကို တွန်းဖယ်ပစ်သည့်သဘော သက်ရောက်သည်။ သင်သည် မဆာလောင်နေကြောင်းနှင့်၊ ယင်းကို သင်မလိုကြောင်း ပြောသည်။ ဘုရားသခင်က သင် စားဖို့ တိုက်တွန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်၊ သို့ရာတွင် သင်သည် ယင်းကို မလိုချင်သေးပေ။ သင်သည် အဆာသာခံလိုက်မည်။ အမှန်တွင် သင်၌ မည်သည့်အရာမျှ လုံးဝ မရှိသည့်အချိန်တွင်၊ သင်သည် အာသာဆန္ဒပြေနေသည်ဟု သင်ထင်သည်။ ဤသို့သောလူများသည် အလွန်ပင် အသိစိတ်ကင်းမဲ့သည်။ ထို့ကြောင့် မိမိကိုယ်ကို အမှန်ထင်သည်။ အမှန်တကယ်ပင် ၎င်းတို့သည် ကောင်းသောအရာတစ်ခုကို မြင်သောအခါ မသိကြပေ။ ၎င်းတို့သည် အဆင်းရဲဆုံးနှင့် သနားဖွယ်အကောင်းဆုံးလူများဖြစ်ကြသည်။

သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ပထမဦးစွာ သင့်ဘဝ၏ အသေးစိတ်အချက်အလက်တိုင်းကို သုံးသပ်ခြင်းအားဖြင့် သင် အစပြုရမည်ဖြစ်ပြီး အနီးအနားရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှ သင်ခန်းစာများကို စတင်သင်ယူရမည်။ သင့်အနီးဝန်းကျင်ရှိ လူများက သင့်ကို ဆက်ဆံပုံမှ၊ သို့မဟုတ် နေ့စဉ်နေ့တိုင်း သင့်အပေါ် ကျရောက်သော ကိစ္စရပ်များနှင့် အခြေအနေများမှ သင်ခန်းစာများ သင် သင်ယူနိုင်ပါက ဆိုလိုသည်မှာ သမ္မာတရားကို သင် ရှာဖွေနိုင်ပြီး စည်းမျဉ်းများအတိုင်း မည်သို့ ပြုမူရမည်ကို သင်ယူနိုင်ပါက သမ္မာတရားကို သင် နားလည်နိုင်လိမ့်မည်၊ သင်၏ အသက်တာ ကြီးထွားလိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်ကို ပုံမှန်အတိုင်း သင် လုပ်ဆောင်နိုင်လိမ့်မည်။ လူအချို့သည် ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ မကြာခဏ အငြင်းပွားပြီး မိမိတို့ကိုယ်ကို ခုခံပြောဆိုရန် ကြိုးစားကြသည်။ ပြဿနာ၏ အကြောင်းတရားကို ၎င်းတို့ အမြဲ အလေးထားပြီး မိမိတို့၏ ကျရှုံးမှုများအတွက် ဆင်ခြေများ ဖန်တီးကြသည်။ ယင်းမှာ အလွန် ဒုက္ခပေးလေသည်။ ၎င်းတို့သည် ကျိုးနွံနာခံတတ်သော သဘောထား၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေသည့် သဘောထား မရှိကြချေ။ ဤလူစားမျိုးများသည် နိမ့်ပါးသည့် အစွမ်းအစရှိပြီး အလွန်လည်း ခေါင်းမာကြသည်။ အခြားသူများ၏ စကားများကို ၎င်းတို့ နားမလည်ကြ၊ သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ကြသကဲ့သို့ ၎င်းတို့၏ တိုးတက်မှုသည် အလွန် နှေးကွေး၏။ အဘယ်ကြောင့် ၎င်းတို့၏ တိုးတက်မှု နှေးကွေးသနည်း။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားကို ၎င်းတို့ မရှာဖွေကြသကဲ့သို့ အမှားများ ဖြစ်ပေါ်သည့်အခါတိုင်းတွင် တာဝန်ကို အခြားသူများအပေါ် လုံးလုံးလျားလျား ပုံချလျက် အခြားသူများအား အကြောင်းပြချက်အဖြစ် ၎င်းတို့ အစဉ် ရှုမြင်ကြသောကြောင့် ဖြစ်သည်။ လောကီအတွေးအခေါ်များဖြင့် ၎င်းတို့ အသက်ရှင်ကြပြီး ၎င်းတို့ လုံခြုံဘေးကင်းသရွေ့ မိမိတို့ကိုယ်ကို အထူးကျေနပ်အားရကြသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မလိုက်စားကြသကဲ့သို့ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ရာတွင် အတော်လေး ကောင်းမွန်သည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ “သမ္မာတရား လိုက်စားခြင်းနှင့် သင်ခန်းစာများ သင်ယူခြင်းအကြောင်း အမြဲ ပြောဆိုမှုများစွာ ရှိသော်လည်း သင်ယူရမည့် သင်ခန်းစာများစွာ အမှန်တကယ် ရှိပါသလား။ ဘုရားသခင်ကို ဤသို့ ယုံကြည်ခြင်းသည် အင်မတန် ကသီလင်တဖြစ်ရသည်”ဟု တွေးထင်သောသူအချို့ပင် ရှိ၏။ အခြားသူများက ကိစ္စရပ်များ ကြုံရသည့်အခါ သမ္မာတရား ရှာဖွေပြီး သင်ခန်းစာများ သင်ယူနေသည်ကို ၎င်းတို့ မြင်သည့်အခါ “သင်တို့အားလုံးက အဘယ်သို့ အရာတိုင်းမှ သင်ခန်းစာများ သင်ယူကြသနည်း။ ကျွန်ုပ် သင်ယူဖို့အတွက် သင်ခန်းစာများစွာ အဘယ်ကြောင့် မရှိရသနည်း။ သင်တို့အားလုံးက ထိုမျှမသိနားမလည်ဖြစ်ကြပါသလား။ စည်းမျဉ်းများကို ကြောင်းကျိုးမမြင်ဘဲ လိုက်လျှောက်နေကြခြင်းသာ မဟုတ်ပါလား”ဟု ၎င်းတို့ ပြောကြသည်။ ဤခံယူချက်အပေါ် သင် မည်သို့ တွေးထင်သနည်း။ ဤသည်မှာ မယုံကြည်သူများ၏ ရှုထောင့်အမြင်ဖြစ်သည်။ မယုံကြည်သူတစ်ဦးသည် သမ္မာတရားကို ရရှိနုင်သလော။ ဤလူစားမျိုးအတွက် သမ္မာတရား ရရှိရန် အလွန်ခက်၏။ “ကြီးမားသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဘုရားသခင်ကို ကျွန်ုပ် တောင်းလျှောက်သော်လည်း သေးငယ်သည့် ကိစ္စများနှင့် ပတ်သက်၍ သူ့ကို ကျွန်ုပ် အနှောင့်အယှက်မပေးပါ။ ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းအပေါ် နေ့စဉ်စီမံအုပ်ချုပ်မှု၊ လူတစ်ဦးစီအပေါ် အုပ်ချုပ်မှုနှင့် အလွန်အလုပ်များသည်။ ပင်ပန်းလိုက်လေခြင်း။ ဘုရားသခင်ကို ကျွန်ုပ် အနှောင့်အယှက် ပေးမည်မဟုတ်။ ဤကစ္စကို ကိုယ်တိုင် ဖြေရှင်းလိုက်မည်။ ဘုရားသခင် နှစ်သက်အားရသရွေ့ တော်လောက်ပြီ။ သူ့ကို ကျွန်ုပ် မစိုးရိမ်စေချင်ပါ”ဟု ပြောသောလူအချို့ ရှိသည်။ ဤခံယူချက်အပေါ် သင် မည်သို့ တွေးထင်သနည်း။ ဤသည်မှာလည်း ယုံကြည်သက်ဝင်မှု မရှိသူများ၏ ရှုထောင့်အမြင်၊ လူများ၏ စိတ်ကူး ဖြစ်သည်။ လူသားများသည် ပုရွတ်ဆိတ်များထက်ပင် နိမ့်ကျသည့် အဖန်ဆင်းခံများ ဖြစ်သည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ကို ရှင်းလင်းစွာ အဘယ်သို့ မြင်နိုင်မည်နည်း။ ဘုရားသခင်သည် စကြာဝဠာရှိ အရာအားလုံးကို စီမံအုပ်ချုပ်လေသည်မှာ နှစ်သန်းပေါင်း၊ သို့မဟုတ် ကုဋေပေါင်း မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း။ သူသည် မောပန်းသည်ဟု သူပြောပြီလော။ အလွန်အလုပ်များသည်ဟု ပြောပြီလော။ မပြောပေ။ လူတို့သည် ဘုရားသခင်၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာကို မည်သည့်အခါတွင်မျှ ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့အတွက် မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများမှ ပြောဆိုရန်မှာ အလွန် မသိနားမလည်ရာကျပေသည်။ ဖန်ဆင်းရှင် အဆိုအရ ဘုရားသခင် ရွေးချယ်ထားသူတိုင်းနှင့် ၎င်းတို့အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာတိုင်းကို ဘုရားသခင်၏ အချုပ်အခြာအာဏာဖြင့် စီစဉ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် ဘုရားသခင်၏ အချုပ်အခြားအာဏာနှင့် အစီအစဉ်များကို သင် ကျိုးနွံနာခံသင့်၏၊ သမ္မာတရားကို ရှာဖွေပြီး အရာခပ်သိမ်း၌ သင်ခန်းစာများ သင်ယူသင့်သည်။ သမ္မာတရားကို ရရှိခြင်းသည် အရေးအပါဆုံးသော အရာဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို သင် စဉ်းစားပေးနိုင်ပါက သူ့အပေါ် သင် မှီခိုသင့်ပြီး သမ္မာတရားအတွက် ကြိုးပမ်းသင့်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ဘုရားသခင်အဖို့ ကျေနပ်အားရစရာ ဖြစ်သောကြောင့် ဖြစ်သည်။ သမ္မာတရားကို သင် ရရှိပြီး စည်းမျဉ်းများအတိုင်း သင် ပြုမူနိုင်သည့်အခါ ဘုရားသခင်သည် သာ၍ ကျေနှပ်နှစ်သက်လိမ်မည်။ သို့သော် ဘုရားသခင်နှင့် သင် ကင်းအောင်နေလေ သူ သာ၍ ဝမ်းနည်းလေ ဖြစ်လိမ့်မည်။ မည်သည့်အရာက ဘုရားသခင်ကို ဝမ်းနည်းစေသနည်း။ (ဘုရားသခင်သည် လူတို့အား သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံပြီး သမ္မာတရား ရရှိခွင့်ပေးရန်အလို့ငှာ အခြေအနေများ စီစဉ်ထားသော်လည်း လူတို့သည် ဘုရားသခင်၏ စိတ်ကို နားမလည်ကြပါ။ သူတို့က သူ့ကို အထင်လွဲကြသဖြင့် ဘုရားသခင်ကို ဝမ်းနည်းစေသည်။) မှန်၏။ ဘုရားသခင်သည် လူတစ်ဦးစီအတွက် အပင်ပန်းခံသည့် အဖိုးအခတစ်ခု ပေးပြီးဖြစ်ကာ လူတစ်ဦးစီအတွက် လိုအင်ဆန္ဒတစ်ခု ရှိသည်။ သူသည် ၎င်းတို့အတွက် မျှော်လင့်ချက်များရှိပြီး ၎င်းတို့အပေါ် သူ၏ မျှော်လင့်ချက်များကို ထားရှိပြီး ဖြစ်သည်။ သူ၏ အပင်ပန်းခံသော အားထုတ်မှုများသည် လူအားလုံးထံ ရက်ရက်ရောရောနှင့် လိုလိုလားလား ပေးထားပေသည်။ အသက်နှင့် သမ္မာတရားတို့ကိုလည်း လူတိုင်းအား သူ လိုလိုလားလား ထောက်ပံ့ပေးထားသည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ရသည့် အကြောင်းရင်းကို လူတို့ နားလည်နိုင်ပါက သူ ဝမ်းမြောက်လိမ့်မည်။ သင့်အတွက် မည်သည့် အခြေအနေများကို ဘုရားသခင် စီစဉ်သည်ဖြစ်စေ ယင်းကို ဘုရားသခင်ထံမှ သင် လက်ခံရရှိနိုင်ပါက၊ သူ့ကို ကျိုးနွံနာခံနိုင်ပါက၊ ပြီးလျှင် သမ္မာတရားကို ရှာဖွေပြီး အရာခပ်သိမ်းအလယ် သင်ခန်းစာများ သင်ယူနိုင်ပါက အပင်ပန်းခံသည့် အဖိုးအခံကို အချည်းအနှီး ပေးထားသည်ဟု ဘုရားသခင်က တွေးထင်လိမ့်မည်မဟုတ်ပေ။ သင့်အတွက် ဘုရားသခင် ရင်းနှီးမြှုပ်နှံထားသည့် အတွေးနှင့် အားထုတ်မှုအားလုံး၊ သို့မဟုတ် သူ၏ မျှော်လင့်ချက်များနှင့် ကိုက်ညီအောင် အသက်ရှင်ရန် သင် ပျက်ကွက်ခဲ့မည် မဟုတ်ပေ။ သင့်အပေါ်ကျရောက်သည့် အခြေအနေစုတိုင်းတွင် သင်သည် သင်ခန်းစာများ သင်ယူပြီး ဆုလာဘ်များ ရိတ်သိမ်းနိုင်လိမ့်မည်။ ဤသို့ဖြင့် သင့်အထဲ၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် မျှော်လင့်ထားသည့် အကျိုးကို ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးက ကျေနပ်သွားလိမ့်မည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင် ကျိုးနွံနာခံနိုင်ပါက သင်သည် ဘုရားသခင်ကို အမြဲ အတိုက်အခံလုပ်၊ ငြင်းပယ်ကာ ဆန့်ကျင်တိုက်ခိုက်ပါက ဘုရားသခင် သောကရောက်လိမ့်မည်ဟု သင် မထင်သလော။ ဘုရားသခင်၏ စိတ်နှလုံးက “သင်ခန်းများသင်ယူရန် သင့်အတွက် အခြေအနေများစွာကို ငါ စီစဉ်ပေးခဲ့သည်။ ထိုအရာတစ်ခုမျှ သင့်အပေါ် ထိရောက်မှုမရှိသည်မှာ အဘယ်သို့နည်း”ဟု ဆိုလျက် စိုးရိမ်ပူပန်ကာ သောကရောက်လိမ့်မည်။ ဘုရားသခင်သည် ဝမ်းနည်းမှုဖြင့် ဖိစီးလိမ့်မည်။ သင်သည် ထုံထိုင်း၊ မသိနားမလည်၊ နှေးကွေးပြီး၊ ခေါင်းမာသောကြောင့်၊ သူ၏ အလိုတော်ကို သင်နားမလည်သောကြောင့်၊ သမ္မာတရားကို လက်မခံသောကြောင့်၊ သင့်ဘဝအတွက် တာဝန်ယူရန် သူ လုပ်ဆောင်နေခဲ့သည့် အရာအားလုံးကို သင် မမြင်နိုင်သောကြောင့်၊ သင့်ဘဝနှင့်ပတ်သက်၍ သူ စိုးရိမ်ပူပန်ပြီး သောကရောက်နေသည်ကို သင် နားမလည်သောကြောင့်၊ ပြီးလျှင် သင်သည် နာမခံသကဲ့သို့ သူနှင့် ပတ်သက်၍ စောဒကတက်သောကြောင့် ဘုရားသခင်သည် ဝမ်းနည်းနေသည်။ ငါ့ကို ပြောလော့၊ လူတို့နှင့် ပတ်သက်သည့် အရာတိုင်းသည် မည်သူ့ထံမှ ပေါ်ပေါက်သနည်း။ လူသားဘဝအတွက် မည်သူက အကြီးမားဆုံး ဝန်ထုပ်ကို ထမ်းသနည်း။ (ဘုရားသခင် ဖြစ်သည်။) ဘုရားသခင် တစ်ပါးတည်းသာ လူတို့ကို အချစ်ဆုံးဖြစ်၏။ လူတို့၏ မိဘများနှင့် ဆွေမျိုးများသည် ၎င်းတို့ကို အမှန်တကယ် ချစ်ကြသလော။ ၎င်းတို့ပေးသည့် မေတ္တာသည် စစ်မှန်သော မေတ္တာဖြစ်သလော။ ထိုမေတ္တာက လူတို့အား စာတန်၏ စွမ်းအားမှ ကယ်တင်နိုင်သလော။ မကယ်တင်နိုင်ပေ။ လူတို့သည် တုံးအပြီး ထုံထိုင်းကြသည်၊ ဤအရာများကို မရိပ်စားမိနိုင်ကြသကဲ့သို့ “ဘုရားသခင်သည် ကျွန်ုပ်ကို မည်သို့ ချစ်ပါသနည်း။ ကျွန်ုပ်မခံစားရပါ။ မည်သို့ပင်ဆိုစေ၊ ကျွန်ုပ်၏ မိခင်နှင့် ဖခင်တို့က ကျွန်ုပ်ကို အချစ်ဆုံး ဖြစ်သည်။ ကျွန်ုပ် အရွယ်ရောက်သည့်အခါ ကြိုးစားမှုဖြင့် တိုးတက်ရန်၊ အောင်မြင်ရန်၊ ကြယ်ပွင့်တစ်ဦး၊ ကျော်ကြားသူတစ်ဦး ဖြစ်လာရန်အလို့ငှာ ကျွန်ုပ်၏ သင်ကြားလေ့လာမှုအတွက် သူတို့ အဖိုးအခပေးပြီး နည်းပညာကျွမ်းကျင်မှုများကို သင်ယူစေသည်။ ကျွန်ုပ်၏ မိဘများသည် ခြစ်ကုတ်စုဆောင်းကာ အစားအသောက်ကို ခြွေတာရင်းနှင့် ကျွန်ုပ်ကို ပြုစုပျိုးထောင်ပြီး ပညာရေး ပံ့ပိုးပေးရန် အလွန်များသော ငွေကို သုံးခဲ့ကြသည်။ ကြီးမြတ်လိုက်သည့် ချစ်ခြင်းပါတကား။ သူတို့ကို မည်သည့်အခါတွင်မျှ ကျွန်ုပ် ပြန်မဆပ်နိုင်ပါ”ဟု အမြဲ ပြောကြသည်။ ယင်းမှာ ချစ်ခြင်းမေတ္တာဖြစ်သည်ဟု သင်တို့ ထင်သလော။ သင်၏ မိဘများက သင့်ကို အောင်မြင်စေခြင်း၊ လောကတွင် ကျော်ကြားသူတစ်ဦး ဖြစ်လာစေခြင်း၊ အလုပ်ကောင်းတစ်ခု ရစေခြင်းနှင့် လောကနှင့် အံဝင်ခွင်ကျဖြစ်စေခြင်းတို့၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင့်အနေဖြင့် အဆုံးတွင် အပြစ်ဝဲဂယက်ထဲသို့ ကျဆင်းရန်၊ စာတန်၏ ဝါးမြိုခြင်းခံရလျက် ထာဝရအပြစ်ဒဏ်ခံစားပြီး သေကြေပျက်စီးရန်အလို့ငှာ ၎င်းတို့က သင့်အား မရပ်မနား အောင်မြင်မှုနောက်လိုက်စေသည်၊ သင်၏ မိသားစုကို ဂုဏ်တက်စေပြီး လောက၏ ဆိုးယုတ်သည့် ရေပန်းစားမှုများနှင့် အံဝင်ခွင်ကျဖြစ်စေသည်။ ယင်းသည် ချစ်ခြင်းမေတ္တာ ဖြစ်သလော။ ယင်းမှာ သင့်ကို ချစ်ခင်ခြင်းမဟုတ်၊ သင့်ကို ထိခိုက်နစ်နာစေခြင်း၊ ဖျက်ဆီးခြင်း ဖြစ်သည်။ တစ်နေ့နေ့တွင် သင်သည် နောင်တမရနိုင်အောင် အလွန် ပျက်စီးယိုယွင်းသွားလိမ့်မည်ဖြစ်သည်၊ အလွန် ပျက်စီးယိုယွင်းလှသဖြင့် မိမိကိုယ်ကို မကယ်ထုတ်နိုင်ဘဲငရဲထဲသို့ သင် ကျဆင်းသွားရလိမ့်မည်။ ထိုအခါမှသာ သင်က “အို၊ မိဘမေတ္တာသည် ဇာတိပကတိနှင့်ဆိုင်သော မေတ္တာဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သို့မဟုတ် သမ္မာတရား ရရှိခြင်းတွင် အကျိုးကျေးဇူးမရှိ။ စစ်မှန်သော မေတ္တာမဟုတ်ပါ”ဟု သင် သဘောပေါက်လိမ့်မည်။ ဤအရာကို သင် နားလည်နိုင်ဦးမည် မဟုတ်။ လူအချို့က “ဘုရားသခင် ကျွန်ုပ်ကို မည်မျှချစ်သည်ဖြစ်စေ၊ ကျွန်ုပ် ခံစား၍မရပါ။ ကျွန်ုပ်၏ မိခင်က ကျွန်ုပ်ကို အချစ်ဆုံးဟု ကျွန်ုပ် ခံစားရဆဲ ဖြစ်သည်။ သူသည် လောကတွင် ကျွန်ုပ်နှင့် အရင်းနှီးဆုံးသော လူဖြစ်သည်။ ‘အမေသည် လောကတွင် အကောင်းဆုံးဖြစ်သည်’ ဟူသည့် တေးသီချင်းတစ်ပုဒ် ရှိသည်။ ထိုသီချင်းအမည်က လက်တွေ့အရှိတရားနှင့် ကိုက်ညီသည်။ လုံးဝ မှန်သည်”ဟု ပြောကြသည်။ တစ်နေ့နေ့တွင် အသက်ဝင်ရောက်မှု သင် အမှန်တကယ် ရှိသည့်အခါ၊ သမ္မာတရားကို သင် ရရှိသည့်အခါ သင်က “ကျွန်ုပ်ကို အချစ်ဆုံးသောသူမှာ ကျွန်ုပ်၏ မိခင်မဟုတ်သကဲ့သို့ ဖခင်လည်း မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်ကို အချစ်ဆုံး ဖြစ်သည်။ သူသည် ကျွန်ုပ်ကို အသက်ပေးသောကြောင့်၊ ကျွန်ုပ်ကို အမြဲ ဦးဆောင်နေသောကြောင့်၊ ထောက်ပံ့ပေးနေပြီး စာတန်၏ စွမ်းအားမှ ကျွန်ုပ်ကို ကယ်တင်ခြင်းကြောင့် ကျွန်ုပ်၏ အချစ်ဆုံးသောသူ ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာ လူတို့ကို အသက်ပေးနိုင်သူ၊ လူတို့ကို ဦးဆောင်နိုင်ပြီး အရာခပ်သိမ်းကို အုပ်စိုးသောသူ ဖြစ်သည်”ဟု ဆိုလိမ့်မည်။ သမ္မာတရားကို သင် နားလည်ပြီး သမ္မာတရားကို လုံးဝ ရရှိပြီးသည့်အခါတွင်သာ ဤစကားများကို နက်နက်ရှိုင်းရှိုင်း သင်နားလည်နိုင်လိမ့်မည်။

သမ္မာတရားကို သင်ရရှိလိုလျှင် မည်သည့်နေရာမှ အစပြုသနည်း။ သင့်အနီးအနားရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှ အစပြု၍ မည်သို့သင်ခန်းစာယူရမည်၊ မည်သို့သမ္မာတရားရှာဖွေရမည်ကို သင်ယူလော့။ သင့်အနီးအနားရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများတွင် သမ္မာတရားနှင့် ဘုရားအလိုတော်တို့ကို ရှာဖွေခြင်းအားဖြင့်သာလျှင် သင်သည် သမ္မာတရားကို ရရှိနိုင်လိမ့်မည်။ လူအချို့သည် အသေးအမွှားကိစ္စများကို အာရုံမစိုက်ကြပေ၊ သို့မဟုတ် အသိအမှတ်မပြုကြပေ။ ၎င်းတို့က “ကျွန်ုပ်သည် အဘယ့်ကြောင့်များ ကြီးကြီးမားမား တစ်ခုတလေကို မည်သည့်အခါမျှ မကြုံတွေ့ရသနည်း။ အဘယ်ကြောင့်များ ကမ္ဘာတုန်လှုပ်လောက်သောအရာ တစ်ခုမျှ ကျွန်ုပ်အပေါ် မဖြစ်ဖူးရသနည်း။ ကြီးမားပြီး ကမ္ဘာတုန်လှုပ်လောက်သော အရာတစ်ခုခုဖြစ်ခဲ့မည်ဆိုလျှင် ကျွန်ုပ်သည် ကြီးမားသော သင်ခန်းစာအချို့ကို သင်ယူပြီး ကြီးမားသော သမ္မာတရားအချို့ကို ရရှိနိုင်လိမ့်မည်။ နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းလိုက်မည့်ဖြစ်ခြင်း” ဟု အစဉ် တွေးထင်ကြသည်။ ယင်းမှာ လက်တွေ့ကျသော တွေးခေါ်နည်းဖြစ်သလော။ ဤစကားများသည် ကြီးကျယ်လွန်းအားကြီးပေသည်။ သင့်အား အသေးအဖွဲကိစ္စများ ဖြစ်သည့်အခါတွင် ဘုရားသခင်ထံ သင်ကျိုးနွံနာခံသလော။ သင်၏ သင်ခန်းစာများ သင်ယူပြီးဖြစ်သလော။ ကြီးမားသော စမ်းသပ်မှုတစ်ခု သင့်အပေါ် ကျရောက်လျှင် သင်၏သက်သေခံချက်တွင် သင်ခိုင်မာစွာ ရပ်တည်နိုင်မည်လော။ အဆင်းနီသောနဂါးကြီးက သင့်ကို ဖမ်းဆီးမိသွားလျှင် သင်သည် ထူးကဲသောသက်သေကို ခံနိုင်မည်လော။ ဤစကားများကို ပြောသည့်လူများသည် အတော်အတန် မာနထောင်လွှားကြသည် မဟုတ်လော။ ဤလိုက်စားမှုနည်းလမ်းကို အသုံးပြုရင်း သမ္မာတရားကို သင်ရနိုင်မည်လော။ (မရနိုင်ပါ။) လမ်းလျှောက်နေစဉ်တွင် သင် ဂရုမစိုက်ပါက သင်ခလုတ်တိုက်နိုင်သည်။ သို့တိုင် သင်သည် ပျံသန်ဖို့ အဆင်သင့်ဖြစ်နေသည်ဟု တွေးထင်လေသည်။ သင်သည် မိမိကြုံတွေ့ရသည့် အသေးအဖွဲကိစ္စများတွင် သမ္မာတရား ရှာဖွေတတ်အောင် သင်ယူရမည်ဖြစ်ပြီး သင်ခန်းစာများယူတတ်ရမည်။ သင်သည် အသေးအဖွဲကိစ္စများမှ သင်ခန်းစာများ မယူနိုင်လျှင် ကြီးမားသောကိစ္စများမှလည်း သင်ခန်းစာများ ယူနိုင်မည် မဟုတ်ချေ။ သင်သည် သင်ခန်းစာ မယူနိုင်ပါက အသက်တာတွင် တိုးတက်မည် မဟုတ်။ အရာရာ၌ သင်ခန်းစာယူခြင်းအားဖြင့်သာလျှင် အသက်တာတွင် တိုးတက်ခြင်းကို စွမ်းဆောင်ရရှိပေသည်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်

အရှေ့သို့- မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်

နောက်တစ်ခုသို့- အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။