အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

မိမိတို့တာဝန်ကို လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့ ချို့တဲ့နေသကဲ့သို့ဖြစ်ပြီး၊ သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ကြောင်း ခံစားရသည့် လူများစွာ ရှိသည်။ ထို့ကြောင့် ပို၍များသော တရားဒေသနာများကို နားထောင်ရန် မိမိတို့ကိုယ်ကိုယ် သတ်မှတ်ပြီး၊ ယင်းကသာ ၎င်းတို့ကို အသက်ဝင်ရောက်မှုနှင့် အသက်ကြီးထွားမှုကို ပေးနိုင်သည့်အလား၊ ပိုများသော စုဝေးပွဲများ ကျင်းပရန် ခေါင်းဆောင်များနှင့် အမှုဆောင်များကို တောင်းဆိုကြလေသည်။ ၎င်းတို့သည် စုဝေးပွဲတစ်ခု သို့မဟုတ် တရားဒေသနာတစ်ခုကို တက်ရောက်ခြင်းမရှိဘဲ အချိန်တစ်ခုကြာသွားပါက၊ ၎င်းတို့တွင် မည်သည့်အရာမျှ မရှိသည့်အလား ၎င်းတို့၏ စိတ်နှလုံးများက အနှစ်မဲ့ပြီး ညိုးငယ်လေသည်။ ၎င်းတို့ စိတ်နှလုံးများတွင်၊ နေ့စဉ် စုဝေးပွဲများနှင့် နေ့စဉ်တရားဒေသနာများကသာ ၎င်းတို့ကို အသက်ဝင်ရောက်မှု ပေးလိမ့်မည်ဖြစ်သည့်အလား၊ သို့မဟုတ် ဝိညာဉ်ရေးရာ ရင့်ကျက်မှုထဲသို့ ကြီးထွားနိုင်စေသည့်အလား ဖြစ်သည်။ အမှန်တွင်၊ ဤအတွေးမျိုးသည် လုံးဝ မမှန်ကန်ပေ။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားနောက်လိုက်သောသူတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်ရမည်။ ထိုအခါမှသာ အသက်အတွေ့အကြုံကို ၎င်းတို့ ရရှိနိုင်ပေသည်။ သင်သည် ဘုရားသခင်ကို စိတ်ရင်းအတိုင်း ယုံကြည်သည်ဟု ဆိုသော်လည်း၊ သင်၏ တာဝန်ကို သင် မလုပ်ချင်ပါက၊ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် ရိုးသားစစ်မှန်မှုမှာ အဘယ်နည်း။ မိမိတို့တာဝန်ကို စိတ်ရင်းအတိုင်း လုပ်ဆောင်သူတို့သည် ယုံကြည်ခြင်းရှိသောသူများ ဖြစ်သည်။ ယုံကြည်ခြင်းရှိသောသူတို့သာ မိမိတို့ အသက်တာများကို ဘုရားသခင်ထံ ဆက်ကပ်ဝံ့ကြပြီး၊ ဘုရားသခင်အတွက် အသုံးခံရန် အရာရာကို ဖယ်ရှားဖို့ လိုလားနေကြသည်။ ဤသို့သော လူများသည် မိမိတို့တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို တွေ့ကြုံကြသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ဦးဆောင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို ခံရသည်။ ဤအရာအားလုံးက အသက်အတွေ့အကြုံကို ဖြစ်စေသည်။ ထို့ကြောင့် အသက်ဝင်ရောက်မှုသည် မိမိတာဝန်ကို သတ်သတ်မှတ်မှတ် လုပ်ဆောင်ခြင်းအားဖြင့် စတင်သည်။

လူတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ စိတ်မပါပါက၊ သို့မဟုတ် အမြဲ နားဝေတိမ်တောင်ဖြစ်ပါက၊ ဤသည်မှာ မည်သည့် သဘောထားမျိုးဖြစ်သည်ဟု သင် ထင်မြင်သနည်း။ ဟန်ဆောင်လုပ်ပြခြင်းသာ ဖြစ်သည် မဟုတ်လော။ ယင်းမှာ သင်၏ တာဝန်အပေါ် သင်ရှိသည့် သဘောထားဖြစ်သလော။ ဤသည်မှာ အစွမ်းအစ ပြဿနာလော၊ သို့မဟုတ် စိတ်သဘောထား ပြဿနာလော။ ဤအရာနှင့် ပတ်သက်၍ သင်တို့အားလုံး ရှင်းလင်းသင့်၏။ လူတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်သည့်အခါ အဘယ်ကြောင့်အမှုမဲ့အမှတ်မဲ့သာ ဖြစ်ကြသနည်း။ ဘုရားသခင်အတွက် အမှုအရာများ လုပ်ဆောင်သည့်အခါ အဘယ်ကြောင့် ၎င်းတို့ သစ္စာစောင့်သိခြင်း မရှိသနည်း။ ၎င်းတို့တွင် ဆင်ခြင်တုံတရား၊ သို့မဟုတ် အသိစိတ်တစ်ခုပင် ရှိကြပါ၏လော။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို အမှန်တကယ်ပိုင်ဆိုင်လျှင်၊ အမှုအရာများကို သင်လုပ်ဆောင်သည့်အခါ၊ ယင်းတို့ထဲ သင့်စိတ်နှလုံး အနည်းငယ်အပြင် ကြင်နာမှု၊ တာဝန်နှင့် စဉ်းစားဆင်ခြင်ခြင်း အနည်းငယ်တို့ကို သင် ပိုထည့်မည်ဆိုလျှင်၊ သင်သည် လုံ့လပို၍ စိုက်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။ သင်သည် လုံ့လပို၍ စိုက်ထုတ်သည့်အခါ၊ သင်ဆောင်ရွက်သည့် တာဝန်များ၏ ရလဒ်များ တိုးတက်လိမ့်မည်ဖြစ်၏။ သင်၏ ရလဒ်များ ပိုကောင်းလာလိမ့်မည်ဖြစ်ပြီး အခြားလူများနှင့် ဘုရားသခင်နှစ်ဦးလုံးကို သင် ကျေနပ်စေနိုင်လိမ့်မည်။ ထိုအရာကို သင်တို့ စိတ်နှစ်ထားရမည်။ သင်သည် လောကီထဲတွင် အလုပ်လုပ်နေပြီး သင် ကုန်ဆုံးသည့် အချိန်အရ ငွေရှာဖို့သက်သက်ဖြစ်သည့်အလား မေ့တတ်၍မရပါ။ ထိုသဘောထားမျိုး သင်၌ ရှိပါက၊ သင်သည် ဒုက္ခရောက်လေပြီ။ သင်၏ တာဝန်ကို သင် ကောင်းစွာ ထမ်းဆောင်ဖို့ ဖြစ်နိုင်ဖွယ်မရှိပေ။ ဤသည်မှာ မည်သည့်လူ့သဘာဝမျိုး ဖြစ်သနည်း။ အသိစိတ်မရှိသော လူတို့သည် လူ့သဘာဝရှိသလော။ မရှိပေ။ သင်၌ လူ့သဘာဝရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်က မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ချင်သည်ဟု သင် ဆိုပါက၊ သင်၏ တာဝန်ကို ပိုအားစိုက်သင့်ပြီး၊ ထိုတာဝန်ထဲသို့ ပိုစိတ်နှစ်ထားသင့်ပေသည်။ သင်၌ အသိစိတ်ရှိသည်ဟု သင် ဆိုသော်လည်း၊ သင်၏ တာဝန်ထဲသို့ သင် လုံးဝ စိတ်နှစ်မထားပေ။ သင်၏ အသိစိတ်သည် ထိရောက်မှုရှိပါသလော။ သင်သည် သင်၏ စိတ်နှလုံးကို မှန်ကန်သည့်နေရာတွင် ထားရမည်။ ဤအရာများနှင့်ပတ်သက်၍ မကြာခဏ သင် စဉ်းစားသင့်သည်။ ယင်းတို့အားလုံးကို သင် နားလည်ရမည်။ သင်၏ တာဝန်ကို ထမ်းဆာင်သည့်အခါ ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းသည် အဓိက တားမြစ်ထားသောအရာ ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်စဉ် သင်သည် အမြဲ ဟန်ဆောင်လုပ်ပြနေပါက၊ သင်သည် သင်၏ တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်မည်မဟုတ်။ သင်သည် သင်၏ တာဝန်ကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်ချင်ပါက၊ ပထမဦးစွာ သင်၏ ဟန်ဆောင်လုပ်ပြခြင်း ပြဿနာကို ဖြေရှင်းရမည်။ အခြေအနေကို သတိထားမိသည်နှင့် ပြုပြင်ရန် ခြေလှမ်းများ သင် လှမ်းသင့်သည်။ သင်သည် နားဝေတိမ်တောင်ဖြစ်ပါက၊ ပြဿနာများကို မည်သည့်အခါတွင်မျှ သတိမထားမိနိုင်ပါက၊ အမြဲ ဟန်ဆောင်လုပ်ပြပြီး၊ ဝတ်ကျေတမ်းကျေပုံစံဖြင့် အမှုအရာများကို လုပ်ဆောင်ပါက၊ သင်၏ တာဝန်ကို ကောင်းစွာ သင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သင်၏ တာဝန်ကို သင် အမြဲ စိတ်နှစ်ထားရမည်။ လူတို့အတွက် ဤအခွင့်အရေးသည် ရောက်လာရန် အလွန်ခက်၏။ ဘုရားသခင်က ၎င်းတို့ကို အခွင့်အရေးတစ်ခု ပေးသော်လည်း ၎င်းတို့က မဖမ်းဆုပ်သည့်အခါ၊ ထိုအခွင့်အရေးသည် ပျောက်ဆုံးသွား၏။ နောက်ပိုင်းတွင် ၎င်းတို့က ထိုသို့သော အခွင့်အရေးတစ်ခုကို ရှာတွေ့ချင်သော်ငြားလည်း၊ တစ်ဖန်ရောက်လာတော့မည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုတော်က မည်သူကိုမျှ မစောင့်ဆိုင်းသကဲ့သို့ မိမိတာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးလည်း ထိုသို့ပင် ဖြစ်သည်။ လူအချို့က၊ “ကျွန်ုပ်သည် ယခင်က ကျွန်ုပ်၏ တာဝန်ကို ကောင်းစွမ်း မထမ်းဆောင်ခဲ့သော်လည်း၊ ယခုတွင် ထိုတာဝန်ကို ကျွန်ုပ် ဖြည့်ဆည်းချင်ဆဲ ဖြစ်သည်။ ကျွန်ုပ် ပြန်စလိုက်သင့်သည်”ဟု ဆိုကြသည်။ ဤသို့သော ဆုံးဖြတ်ချက်ရှိရန်မှာ အလွန်ကောင်းသော်လည်း၊ မိမိတာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်ဆိုသည်နှင့် ပတ်သက်၍ သင် ရှင်းလင်းထားရမည်ဖြစ်ပြီး၊ သမ္မာတရားအတွက် သင် ကြိုးပမ်းရမည်။ သမ္မာတရားကို နားလည်သောသူတို့သည်သာ မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသည်။ သမ္မာတရားကို နားမလည်သောသူတို့သည် အစေခံမှုပေးရန် အရည်အချင်း မပြည့်မီကြချေ။ သမ္မာတရားနှင့်ပတ်သက်၍ သင် သာ၍ ရှင်းလင်းလေ၊ မိမိတာဝန်ကို သင် သာ၍ ထိရောက်လေ ဖြစ်လိမ့်မည်။ ဤကိစ္စရပ်ကို အရှိအတိုင်း သင် မြင်နိုင်ပါက၊ သမ္မာတရားအတွက် သင် ကြိုးပမ်းလိမ့်မည်ဖြစ်ပြီး၊ သင်သည် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်မည့် မျှော်လင့်ချက် ရှိလိမ့်မည်။ လက်ရှိတွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အခွင့်အရေးများစွာမရှိပေ။ ထို့ကြောင့် သင်တတ်နိုင်သောအချိန်တွင် အခွင့်အလမ်းများကို ဖမ်းဆုပ်ရမည်။ တာဝန်တစ်ခုကို ရင်ဆိုင်ရသောအခါတွင် အတိအကျပင် သင့်ကိုယ်သင် အသုံးပြုရမည်။ ဆိုလိုသည်မှာ သင့်ကိုယ်သင် ပေးဆပ်ရမည့်အချိန်၊ ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံရမည့်အချိန်၊ အဖိုးအခပေးဆပ်ရန် လိုသည့်အချိန်ဖြစ်သည်။ မည်သည့်အရာကိုမျှ ချုပ်တည်းမထားနှင့်၊ မည်သည့်အကြံအစည်မျှ သိမ်းမထားနှင့်။ လူးသာလွန့်သာအခြေအနေကို ချန်မထားနှင့်။ သို့မဟုတ် သင့်ကိုယ်သင် ထွက်လမ်း မပေးနှင့်။ သင်သည် လူးသာလွန့်သာ တစ်စုံတရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက၊ သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။ သင်က၊ “ပါးနပ်သည့် နည်းလမ်းဖြင့် ငါလုပ်ဆောင်နေသည်ကို မည်သူမျှ မမြင်ပါ။ အပြတ်မိုက်လိုက်လေခြင်း” ဟု ပြောသည်ဆိုပါစို့။ ဤသည်မှာ မည်သို့သော အတွေးမျိုးနည်း။ သင်သည် လူများနှင့် ဘုရားသခင်ကိုလည်း နှစ်ပေါက်တစ်ပေါက်ရိုက်လိုက်ပြီဟု တွေးထင်သလော။ သို့သော်၊ တကယ့်အမှန်တွင်၊ သင်လုပ်ဆောင်လိုက်သည့်အရာကို ဘုရားသခင် သိသလော၊ မသိသလော။ သူ သိပါသည်။ အမှန်တွင်၊ သင်နှင့် အတန်ကြာ အပြန်အလှန်ဆက်ဆံသည့် လူများက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်မှုကို သိရှိလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့က ဘွင်းဘွင်းရှင်းရှင်း ထိုသို့ ပြောကောင်းမပြောနိုင်သော်လည်း၊ သူတို့၏စိတ်နှလုံးထဲ၌ သင့်အပေါ် မိမိတို့၏ အကဲဖြတ်ချက်များ ရှိကြလိမ့်မည်ဖြစ်သည်။ အခြားသောသူများစွာက ၎င်းတို့ကို နားလည်လာကြသောကြောင့် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရသူများစွာ ရှိပြီးဖြစ်သည်။ သူတို့၏ အနှစ်သာရကို လူတိုင်း ရိပ်စားမိသည်နှင့်၊ ထိုလူများကို အရှိအတိုင်း ၎င်းတို့ ထုတ်ဖော်ပြကြပြီး မောင်းထုတ်ကြသည်။ ထို့ကြောင့်၊ သမ္မာတရားကို ၎င်းတို့ လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ၊ လူတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ အစွမ်းကုန် လုပ်သင့်သည်။ လက်တွေ့ကျသည့်အရာများကို လုပ်ဆောင်ရာတွင် မိမိတို့ အသိစိတ်ကို အသုံးပြုသင့်သည်။ သင့်ထံတွင် အပြစ်အနာအဆာများ သိနိုင်သော်လည်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ထိရောက်မှုရှိနိုင်ပါက၊ ဤသည်မှာ သင် အထုယ်ပယ်ခံရသည့်အဆင့်ထိ တက်လာလိမ့်မည်မဟုတ်ပေ။ သင်အဆင်ပြေသည်၊ ဖယ်ရှားမခံရဖို့ သေချာသည်ဟု အမြဲ သင်တွေးထင်နေပါက၊ မိမိကိုယ်ကို မသုံးသပ်၊ သိရှိဖို့ မကြိုးစားသေးသကဲ့သို့ သင်၏ သင့်တော်သည့် အလုပ်တာဝန်များကို လျစ်လျူရှုပါက၊ သင်သည် အမြဲ အရေးမထားသကဲ့သို့ ဝတ်ကျေတမ်းကျေဖြစ်ပါက ဘုရားရွေးချယ်ထားသူများက သင်နှင့်ပတ်သက်၍ မိမိတို့၏ သည်းခံစိတ်ပျောက်ဆုံးသွားသည့်အခါ သင့်ကို အဖြစ်အတိုင်း ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး ဖြစ်နိုင်ခြေအားလုံးမှာ သင်သည် ထုတ်ပယ်ခံရလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတိုင်းက သင့်ကို ရိပ်စားမိပြီးဖြစ်ကာ သင်၏ သိက္ခာနှင့် ဂုဏ်ကို သင်ဆုံးရှုံးပြီးဖြစ်သောကြောင့် ဖြစ်သည်။ မည်သူမျှ သင့်ကို မယုံကြည်ပါက၊ ဘုရားသခင်က သင့်ကို ယုံကြည်နိုင်မည်လော။ လူတို့၏ အတွင်းကျကျ စိတ်နှလုံးကို ဘုရားသခင်က ကြည့်သည်။ ထိုသို့သောလူကို သူ လုံးဝ ယုံကြည်နိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးသည် စိတ်မချရသောသူတစ်ဦးဖြစ်ပါက၊ မည်သည့် အခြေအနေအောက်တွင်မဆို ၎င်းတို့ကို အလုပ်တာဝန်တစ်ခု မပေးအပ်လိုက်နှင့်။ လူတစ်ဦးသည် မည်သည့်အရာနှင့်တူသည်ကို သင် မသိပါက၊ သို့မဟုတ် ဤလူသည် မိမိလုပ်သည့်အရာတွင် အဆင်ပြေသည်ဟု အခြားသူများ ပြောသည်ကိုသာ သင် ကြားရသော်လည်း၊ သင်၏ စိတ်နှလုံးတွင် တစ်ရာရာခိုင်နှုန်း မသေချာပါက၊ သင် လုပ်နိုင်သမျှမှာ ပထမဦးစွာ ၎င်းတို့ ကိုင်တွယ်ရန် သေးငယ်သော အလုပ်တာဝန်အနည်းငယ်ကို ပေးရန် ဖြစ်သည်။ မည်သည့်အရာမျှ အရေးမကြီးပေ။ သေးငယ်သော အလုပ်တာဝန်များနှင့် ပတ်သက်၍ ၎င်းတို့ အဆင်ပြေပါက၊ ပုံမှန်အလုပ်တာဝန်တစ်ခုကို သင် ပေးနိုင်သည်။ ပြီးလျှင် ထိုအလုပ်တာဝန်နှင့်ပတ်သက်၍ ၎င်းတို့ အောင်မြင်မှသာ၊ အရေးပါသည့်တစ်ခုကို ကိုင်တွယ်ရန် ၎င်းတို့ကို သင် ပေးသင့်သည်။ ပုံမှန်အလုပ်တာဝန်ကို ၎င်းတို့ ဗြောင်းဆန်စေမိပါက၊ ဤလူသည် စိတ်မချရပေ။ အလုပ်တာဝန်က ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ၎င်းတို့ကို ပေးအပ်၍မရပေ။ ကြင်နာတတ်ပြီး တာဝန်ယူတတ်သည့်လူ၊ မည်သည့်အခါတွင်မျှ ဟန်ဆာင်လုပ်ပြရုံလုပ်ပြခြင်းမရှိသည့်လူ၊ အခြားသူများက ၎င်းတို့ကို ပေးအပ်သည့် တာဝန်များကို မိမိတို့ကိုယ်ပိုင်ကဲ့သို့ သဘောထားသည့်လူ၊ အလုပ်တာဝန်၏ သွင်ပြင်လက္ခဏာတိုင်းကို ထည့်သွင်းစဉ်းစားသောလူ၊ သင်၏ လိုအပ်ချက်များကို စဉ်းစားပေးသူ၊ ထောင့်တိုင်းကို စဉ်းစားသူ၊ ၎င်းတို့၏ အလုပ်နှင့်ပတ်သက်၍ သင့်ကို အလွန်စိတ်ကျေနပ်စေလျက် အလွန်စေ့စပ်သေချာပြီး၊ အမှုအရာများကို မှန်ကန်သည့်နည်းလမ်းဖြင့်သာ ကိုင်တွယ်သူတစ်ဦးကို သင် သတိပြုမိပါက၊ ဤသည်မှာ ယုံကြည်ထိုက်သည့် လူစားမျိုး ဖြစ်သည်။ ယုံကြည်ထိုက်သောသူများသည် လူ့သဘာဝရှိသောသူများဖြစ်သည်။ လူ့သဘာဝရှိသောသူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်။ ၎င်းတို့၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် အလွန်လွယ်ကူသင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ၎င်းတို့၏ ဝတ္တရားအဖြစ် မှတ်ယူသည်။ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိသူတို့သည် သေချာပေါက်ပင် ၎င်းတို့တာဝန်ကို ညံ့ဖျင်းစွာထမ်းဆောင်သည်။ ၎င်းတို့တာဝန်က မည်သည့်အရာဖြစ်ပါစေ ၎င်းတို့တာဝန်အပေါ် တာဝန်သိစိတ်မရှိပေ။ အခြားသူများက ၎င်းတို့အပေါ်အမြဲ စိုးရိမ်ပူပန်ကြရသည်၊ ၎င်းတို့ကို ကြီးကြပ်ကြရပြီး၊ ၎င်းတို့၏ တိုးတက်မှုနှင့် ပတ်သက်၍ မေးမြန်းကြရလေသည်။ မဟုတ်လျှင်၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် အမှုကိစ္စများသည် ကမောက်ကမ ဖြစ်နိုင်ကာ အလုပ်တာဝန်တစ်ခုကို ထမ်းဆောင်စဉ်တွင် အမှုကိစ္စများ မှားယွင်းနိုင်သည်။ ယင်းက ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပေမည်။ တိုတိုပြောရလျှင်၊ လူတို့သည် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် အောက်ပါအတိုင်း အမြဲ မိမိကိုယ်ကို သုံးသပ်ဖို့ လိုအပ်၏။ “ဤတာဝန်ကို ငါ ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပြီးပြီလား။ ထိုအရာကို စိတ်ပါလက်ပါ ငါ လုပ်ဆောင်ခဲ့ပါသလော။ သို့မဟုတ် ယင်းကို အိုးနင်းခွက်နင်းနှင့်ပင် ငါ ပြီးမြောက်သွားခဲ့ပါသလော” ဟူ၍ ဖြစ်သည်။ သင်သည် အစဉ်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဖြစ်လျှင်၊ သင်သည် အန္တရာယ်ရှိပေသည်။ အနည်းဆုံးအနေဖြင့် သင်သည် ယုံကြည်လက်ခံခြင်း မခံရကြောင်း၊ လူများက သင့်ကို ယုံကြည်၍မရနိုင်ကြောင်း ဆိုလိုသည်။ ပို၍ဆိုးရွားသည်မှာ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အစဉ်သဖြင့် ဖြစ်သလို လုပ်ဆောင်လျှင်၊ ဘုရားသခင်ကို သင် အစဉ်သဖြင့် လှည့်စားလျှင်၊ သင်သည် ကြီးမားသော အန္တရာယ် ရှိပေသည်။ တမင်တကာ လှည့်ဖြားခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်သည် သိလျက်ဖြင့် ပြစ်မှားနေကြောင်း၊ သင်သည် သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအရသာ အသက်ရှင်နေကြောင်း၊ သင်သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေလုပ်သူသာ ဖြစ်ကြောင်း၊ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်ကြောင်းတို့ကို လူတိုင်းက မြင်နိုင်သည်။ ဤသည်မှာ သင်သည် လူ့သဘာဝကင်းမဲ့သည်ဟု ဆိုလိုသည်။ ဤသည်မှာ သင့်ထံတွင် တစ်ချိန်လုံး ပေါ်လွင်ထင်ရှားနေလျှင်၊ အမှားအကြီးစားများကို ရှောင်သော်လည်း သေးငယ်သော အမှားများပြုလုပ်ခြင်းကို မရပ်လျှင်၊ အစမှ အဆုံးအထိ နောင်တမရလျှင် သင်သည် ကောက်ကျစ်ဆိုးယုတ်သူတစ်ဦး၊ မယုံကြည်သူတစ်ဦးဖြစ်ပြီး ရှင်းလင်းပစ်သင့်သည်။ ဤသို့သော အကျိုးဆက်များသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ သင်သည် မယုံကြည်သူအဖြစ်၊ ကောက်ကျစ်ဆိုးယုတ်သူအဖြစ် အပြည့်အဝ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရသည်။

သင်ဖြည့်ဆည်းသည့် တာဝန်မှန်သမျှတွင် အသက်တာ ဝင်ရောက်ခြင်း ပါဝင်သည်။ သင်၏ တာဝန်သည် အတော်အသင့် ပုံမှန်ဖြစ်စေ သို့မဟုတ် တစ်သမတ်တည်း မဟုတ်သည်ဖြစ်စေ၊ ပျင်းစရာကောင်းသည်ဖြစ်စေ သို့မဟုတ် အသက်ဝင်သည်ဖြစ်စေ၊ သင်သည် အသက်တာ ဝင်ရောက်ခြင်းကို အမြဲတမ်း ကြိုးပမ်းရရှိရမည်။ လူအချို့ ထမ်းဆောင်သည့် တာဝန်များသည် အတော်အတန် ငြီးငွေ့ဖွယ်ကောင်းသည်။ ၎င်းတို့သည် နေ့စဉ် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်ကြပေသည်။ သို့သော် ထိုအရာများကို ဆောင်ရွက်သည့်အခါ၊ ဤလူများ ထုတ်ဖော်ပြသည့် အခြေအနေများသည် အားလုံး တစ်ထပ်တည်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ကောင်းမွန်သည့် စိတ်ခံစားမှုရှိသည့်အခါ၊ လူများသည် အနည်းငယ်ပို၍ လုံ့လဝီရိယရှိပြီး၊ အလုပ်ကို ပိုကောင်းမွန်စွာ ဆောင်ရွက်ကြသည်။ အခြားအချိန်များတွင် အမည်မသိသော သြဇာလွှမ်းမိုးမှုများကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်သော စိတ်သဘောထားများသည် ၎င်းတို့ထဲတွင် မလျော်ကန်သော အမြင်ရှုထောင့်များရှိစေပြီး၊ ဆိုးရွားသော အခြေအနေနှင့် ဆိုးရွားသော စိတ်ခံစားမှုတို့တွင် ရှိစေလျက်၊ ၎င်းတို့ထဲတွင် ဒုက္ခပေးခြင်းကို လှုံ့ဆော်လေသည်။ ဤအရာက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ထမ်းဆောင်ခြင်း အကျိုးဆက် ဖြစ်စေသည်။ လူများ၏ အတွင်းအခြေအနေများသည် အမြဲမပြတ် ပြောင်းလဲနေကြသည်။ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး ပြောင်းလဲနိုင်သည်။ သင်၏ အခြေအနေ မည်သို့ ပြောင်းလဲပါစေ၊ သင်၏ စိတ်ခံစားမှုအရ ပြုမူခြင်းသည် အမြဲတမ်း မှားယွင်းပေသည်။ သင်သည် ကောင်းသော စိတ်ခံစားမှုတစ်ခုရှိချိန်တွင် အနည်းငယ်ပိုကောင်းမွန်အောင် ဆောင်ရွက်ပြီး၊ မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေချိန်တွင် အနည်းငယ် ပို၍ ဆိုးရွားအောင် ဆောင်ရွက်ပေသည်- ဤသည်မှာ အမှုအရာများကို ကိုယ်ကျင့်တရား ကောင်းမွန်သော နည်းလမ်းအရ ဆောင်ရွက်ခြင်းလော။ ဤအရာသည် သင်၏တာဝန်ကို လက်ခံနိုင်ဖွယ်ဖြစ်သည့် စံနှုန်းတစ်ခုဖြင့် ထမ်းဆောင်ခွင့်ပေးမည်လော။ ၎င်းတို့၏ စိတ်ခံစားမှု မည်သို့ရှိပါစေ၊ လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ဆုတောင်းဖို့နှင့် သမ္မာတရားကို ရှာဖွေဖို့ သိရှိရမည်။ ဤနည်းအားဖြင့်သာ ၎င်းတို့၏ စိတ်ခံစားမှုအားဖြင့် ထိန်းချုပ်ခံရခြင်းနှင့် ဟိုဟိုသည်သည် တိမ်းညွတ်စေခြင်းတို့မှ ရှောင်ကြဉ်နိုင်သည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းသည့်အခါ၊ ကိုယ်ကျင့်တရားအရ အမှုအရာများကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် စံနှုန်းမီမမီ၊ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သက်သက် ဟုတ်မဟုတ်၊ သင်၏ တာဝန်ဝတ္တရားများကို ရှောင်ရှားရန် ကြိုးစားခြင်း ပြုမပြု၊ နှင့် သင်၏ သဘောထားနှင့် သင်တွေးပုံခေါ်ပုံတို့တွင် ပြဿနာများ ရှိမရှိတို့ကို သင့်ကိုယ်သင် အမြဲတမ်း စစ်ဆေးသင့်သည်။ သင်သည် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး၊ ဤအရာများသည် သင့်အတွက် ရှင်းလင်းလာသည်နှင့် တစ်ပြိုင်နက်၊ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ပို၍လွယ်ကူသော အချိန်တစ်ခု ရှိလာလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်- အပျက်သဘောဆောင်ခြင်း နှင့် အားနည်းချက်ဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် မကောင်းသော စိတ်ခံစားမှု တစ်ခုတွင် ရှိနေခြင်းဖြစ်စေ- သင် မည်သည့်အရာကို ကြုံတွေ့ရပါစေ၊ ယင်းကို သင် သင့်တော်စွာ သဘောထားသင့်ပြီး၊ သင်သည် သမ္မာတရားကိုလည်း ရှာဖွေကာ၊ ဘုရားသခင်၏ အလိုတော်ကိုလည်း နားလည်ရမည်။ ဤအမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ရှိလိမ့်မည်။ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ကောင်းမွန်စွာ ဆောင်ရွက်လိုပါက၊ သင်၏ စိတ်ခံစားမှု၏ သက်ရောက်မှုကို ခံ၍ မဖြစ်ပေ။ သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို မည်မျှခံစားနေရပါစေ၊ သင်လုပ်သမျှတွင် ကိုယ်ကျင့်တရားများကို မြဲမြံစွာ လိုက်နာလျက်၊ လုံးဝ တိကျခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာကို သင်ပြုလုပ်ပါက အခြားသူများက သင့်ကို လက်ခံရုံသာမက၊ ဘုရားသခင်ကလည်း သင့်ကို နှစ်သက်တော်မူလိမ့်မည်။ ဤသို့ဖြစ်သဖြင့် သင်သည် တာဝန်ရှိပြီး ဝန်ထုပ် ထမ်းရွက်သောသူ ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို စံချိန်မီ အမှန်တကယ် ဖြည့်ဆည်းပြီး၊ စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည့်သူ တကယ့် လူကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနေသည့်အခါ သန့်စင်ခြင်းခံရပြီး စစ်မှန်သည့် ပြောင်းလဲခြင်းကို ရရှိကြကာ၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသည်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်းခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး ကိုယ်ကျင့်တရားဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ဖြည့်ဆည်းနိုင်ပေသည်။ ကိုယ်ကျင့်တရားဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှုရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ဖြည့်ဆည်းကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ၊ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကိုယ် မာနမထောင်လွှားကြသကဲ့သို့၊ ကိုယ်ရည်သွေးလည်းမပြကြပေ။ ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေနိုင်ပြီး ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းကို ထိခိုက်နစ်နာ စေသည့်အရာ တစ်ခုခုကိုဖြစ်စေ၊ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အနှောင့်အယှက် ဖြစ်ပေါ်စေသည့်အရာတစ်ခုခုကို ၎င်းတို့ ကြုံတွေ့ရလျှင်ပင်၊ ၎င်းတို့သည် “ကျွန်ုပ် မည်မျှ ကြီးမားသည့် ပြဿနာကို ရင်ဆိုင်ရပါစေ— မိုးကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာလျှင်ပင်— ကျွန်ုပ်အသက်ရှင်နေသရွေ့ ကျွန်ုပ်သည် မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဌာန်ချထားပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ၊ ကျွန်ုပ် အသက်ရှင်သည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်။” ဟု ပြောလျက်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး၊ ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ဘောင်ခတ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများ— ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ၊ သမ္မာတရား၏လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် အစစ်မှန်ဆုံးနှင့် လက်တွေ့အကျဆုံးသော ဖော်ပြချက်များ ပင်တည်း။ ဤသို့အသက်ရှင်နေထိုင်ခြင်းသည် လူတစ်ဦးကို စိတ်အေးသက်သာ ဖြစ်စေမည်လော။ ဘုရားသခင်ငက သင့်အား မည်သို့မြင်မည်ကို သင် စိုးရိမ်ရန် လိုအပ်မည်လော။ စိတ်အေးသက်သာဖြစ်ရန်အလို့ငှာ မည်သို့ ပြုမူရန်လိုအပ်သည်ဟု သင် ဆိုမည်နည်း။ (မည်သည့် လူ၊ အဖြစ်အပျက်၊ သို့မဟုတ် အမှုအရာနှင့်မျှ မိမိကိုယ်ကိုယ် ဘောင်ခတ်ခံခွင့်မပေးနှင့်၊ ပြီးလျှင် သင်၏ တာဝန်ကို ဦးစားပေးပါ။ ဤသည်မှာ ဘုရားသခင်ကို စိတ်ပျက်စေခြင်းအား သင် ရှောင်ရှားနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။) မှန်၏၊ ဤသည်မှာ စိတ်အေးသက်သာဖြစ်ခြင်းအတွက် လျှို့ဝှက်ချက် ဖြစ်သည်။ ဤလျှို့ဝှက်ချက်ကို သင်တို့အားလုံး ကျွမ်းကျင်ပိုင်နိုင်ပြီလော။ တစ်စုံတစ်ဦးသည် သင့်ကို စကားပြောသည့်အခါ မကောင်းသည့် သဘောထားရှိပြီး၊ သင့်ကို ဘေးဖယ်ထားရန် သို့မဟုတ် သင်နှင့်ပတ်သက်၍ တမင်အပြစ်ရှာရန် ရည်ရွယ်ပါက၊ ဓားတစ်စင်းက သင့်အထဲ မွေလိုက်သည့်အလား သင် စိတ်မချမ်းမြေ့ဖြစ်လိမ့်မည်။ သင်သည် စားချင်စိတ်ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သင်၏ အိပ်စက်ခြင်းလည်း ထိခိုက်လိမ့်မည်။ မည်သို့ဖြစ်စေ၊ သင်သည် ဝမ်းနည်းညိုးငယ်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံး နာကျင်ရလိမ့်မည်။ ဤအချိန်တွင်၊ မည်သည့်အရာကို သင် လုပ်လိမ့်မည်နည်း။ သင်က၊ “ယနေ့တွင် ကျွန်ုပ်သည် ဝမ်းနည်းညိုးငယ်သောကြောင့် နှစ်ရက်ကြာ ကျွန်ုပ်တာဝန်ကို ကျွန်ုပ် နားမည်” သို့မဟုတ် “ကျွန်ုပ်တာဝန်ကို လုပ်နေဦးမည်ဖြစ်သော်လည်း၊ စိတ်ပါ့တပါ လုပ်ပြီး ဟန်ဆာင်လုပ်ပြလျှင် အဆင်ပြေသည်။ လူတိုင်း မိမိတို့ သဘောအတိုင်း မဖြစ်သည့်အချိန်များရှိသောကြောင့်၊ ကျွန်ုပ် ဝမ်းနည်းညိုးငယ်လျှင်၊ ကျွန်ုပ်အပေါ် ဘုရားသခင် သိပ်တောင်းဆိုလွန်းမည်မဟုတ်ပါ၊ ဟုတ်ပါသလား။ ကျွန်ုပ်၏ တာဝန်ကို ယနေ့ ကျွန်ုပ် ခဏ နားလိုက်မည်။ ရသည်၊ မနက်ဖြန် ကျွန်ုပ် အလုပ်ကောင်းကောင်းလုပ်လိုက်မည်။ ဘုရားသခင်သည် သူ၏ အမှုတော်ကို အနှစ်ခြောက်ထောင်ကြာ လုပ်နေပြီးဖြစ်သောကြောင့်၊ တစ်ရက်ကြာ ကျွန်ုပ် နှောင့်နှေးစေလျှင် သူ အမှန်တကယ် ဂရုစိုက်လိမ့်မည်ပါလား”ဟု ဆိုကောင်းဆိုပေမည်။ မည်သည့် လူစားမျိုးက သေးငယ်သည့် ကိစ္စများကို မိမိ၏ စိတ်အခြေအနေအား ထိခိုက်ခွင့်ပြုပြီးနောက် မိမိတို့တာဝန်ကို သေချာပေါက် ထိခိုက်ခွင့်ပေးပါသနည်း။ ဤသည်မှာ ကလေးဆန်သည့်၊ အလားအလာမရှိသည့် ပင်ကိုစရိုက်မဟုတ်လော။ ၎င်းတို့အပေါ် တစ်ခုခု ကျရောက်သည့်အခါ၊ ၎င်းတို့သည် အရစ်ရှည်ကြသည်၊ လုံးဝ ယုတ္တိမတန်၊ မိမိတို့တာဝန်ကို မလုပ်၊ ဆုံးဖြတ်ချက်မရှိသကဲ့သို့ မိမိတို့ အဓိဌာန်များကို မေ့လျော့ကြသည်။ ဤသည်မှာ မည်သည့် ပြဿနာမျိုး ဖြစ်သနည်း။ ဤသို့ ပုံမှန် မပြုမူကြသည့် လူအချို့ ရှိကောင်းရှိနိုင်သော်လည်း၊ ၎င်းတို့သည် ဝမ်းနည်းညိုးငယ်သည့်အခါ မိမိတို့တာဝန်များကို လက်လျှော့လိုက်ကြသည်။ ဤသို့သော အရာများ မကြာခဏ ဖြစ်ပျက်၏။ မိမိတို့ ဝမ်းနည်းညိုးငယ်ချိန်တွင်၊ အပြင်ဖက် လွှမ်းမိုးမှု အနည်းငယ်ရရှိကြသောကြောင့် မိမိတို့တာဝန်ကို လုပ်ဆောင်စဉ်တွင် အားအင်မရှိသကဲ့သို့ အလုပ်ပြန်မလုပ်နိုင်သည့် လူအချို့ ရှိသည်။ ဤသို့ဖြစ်သည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤပြဿနာများကို ဖြေရှင်းရန် လိုအပ်သည် မဟုတ်လော။ လူအချို့က၊ “ထိုပြဿနာများကို ဖြေရှင်း၍မရပါ။ အတန်ကြာ ကျွန်ုပ် မဖြေရှင်းချင်သေးပါ။ အလိုက်သင့်သာ ကျွန်ုပ် လုပ်လိုက်မည်။ မည်သည့်အဖြစ်အပျက်တွင်မဆို၊ ကျွန်ုပ်သည် ဝမ်းနည်းညိုးငယ်ပြီး၊ မည်သူကိုမျှ ကျွန်ုပ်ကို စကားမပြောစေချင်ပါ။ ကျွန်ုပ်ကို နည်းငယ်မျှ ဝမ်းနည်းခွင့် ပေးလိုက်ပါ”ဟု ဆိုကြသည်။ ၎င်းတို့သည် ဤ နေရာတွင် မိမိတို့တာဝန်ကို လုပ်ဆောင်နေကြဆဲဖြစ်သော်လည်း၊ ခန္ဓာကိုယ်သာ ရှိပြီး စိတ်မပါကြတော့ချေ။ ၎င်းတို့ စိတ်နှလုံးများက မည်သည့်နေရာသို့ ပျံ့လွင့်သွားပြီးဖြစ်သည်မှာ မသေချာပေ။ ၎င်းတို့သည် မိမိတို့တာဝန်တွင် တာဝန်မယူကြ၊ မည်သည့်အားထုတ်မှုမျှ မပြုကြသကဲ့သို့၊ အားနည်းကြ၏။ သို့ရာတွင် မိမိတို့ စိတ်ခြေအနေတိုးတက်သည့်အခါ၊ ၎င်းတို့ တစ်ဖန် စတင် စိတ်ထက်သန်ကြသည်။ ၎င်းတို့သည် တစ်ဖန် အခက်အခဲကို သည်းခံနိုင်ကြပြီး ပင်းပန်းမှုဒဏ်ကို ခံနိုင်ကြကာ မိမိတို့ စားသည့်အရာနှင့်ပတ်သက်၍ ကြေးမများကြချေ။ ဤအရာအားလုံးသည် အနည်းငယ် မူမမှန်ဖြစ်သည် မဟုတ်လော။ လူတို့သည် အဘယ်ကြောင့် အလွန်များသည့် မတူကွဲပြားသော စိတ်ခံစားချက်များနှင့် အခြေအနေများ၏ လွမ်းမိုးမှုကို ခံရကြသနည်း။ အကြောင်းရင်းကို သင်တို့ ရှာကြည့်ဖူးကြသလော။ ဤအရာများအားဖြင့် သင်တို့ မကြာခဏ သောကရောက်ကြသည် မဟုတ်လော။ ဤအခြေအနေများတွင် သင်တို့ မကြာခဏ ပိတ်မိကြသလော။ ဤသည်မှာ သင်တို့အားလုံး ရင်ဆိုင်ရသည့် ပြဿနာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤပြဿနာများကို မဖြေရှင်းပါက၊ လူတို့သည် မည်သည့်အခါတွင်မျှ ရင့်ကျက်ကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် အမြဲ ကလေးသူငယ်များ ဖြစ်ကြလိမ့်မည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ဦးသည် သင်၏ ခံစားချက်များကို မစဉ်းစားဘဲ တစ်စုံတစ်ရာ၊ သင့်ကို တစ်စိတ်တစ်ပိုင်း ရွည်ရွယ်သည့် တစ်စုံတစ်ရာကို ပြောပါက၊ သို့မဟုတ် သင့်အကြောင်းကို ၎င်းတို့ သွယ်ဝိုက်ပြောဆိုပါက၊ သင်သည် အနည်းငယ် စိတ်မသက်မသာ ခံစားရလိမ့်မည်။ သင်သည် တစ်စုံတစ်ဦးကို စကားပြောပြီး၊ ၎င်းတို့က သင့်ကို အာရုံမစိုက်ပါက၊ သို့မဟုတ် ၎င်းတို့မျက်နှာရိပ်မျက်နှာကဲ မကောင်းပါက၊ သင် စိတ်သက်သောင့်သက်သာခံစားရလိမ့်မည်မဟုတ်။ သင်၏ တာဝန်က သင်ဆန္ဒရှိသည့်အတိုင်း မဖြစ်သည့် ရက်တစ်ရက်ရှိပါက၊ သင် စိတ်သက်သောင့်သက်သာ ဖြစ်လိမ့်မည်မဟုတ်။ သင်သည် မကောင်းသည့် နိမိတ်ဖြစ်ပုံရသည့် အိပ်မက်ဆိုးတစ်ခုရှိပါက၊ သင် စိတ်မသက်မသာဖြစ်လိမ့်မည်။ သင်၏ မိသားစုနှင့် ပတ်သက်သည့် သတင်းဆိုးကြားပါက၊ သင်သည် စိတ်မသက်မသာဖြစ်လိမ့်မည်၊ ဝမ်းနည်းညိုးငယ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ အားမထုတ်နိုင် ဖြစ်လိမ့်မည်။ အခြားတစ်စုံတစ်ဦးက မိမိတို့တာဝန်ကို ကောင်းစွာ လုပ်ဆောင်နေပြီး၊ ချီးမွမ်းခြင်း ရရှိကာ ခေါင်းဆောင်အဖြစ် ရာထူးတိုးခံရပါက၊ ယင်းကလည်း သင့်ကို စိတ်မသက်မသာဖြစ်စေလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်အခြေအနေကို ထိခိုက်လိမ့်မည်။ သင့်ကို လွမ်းမိုးနိုင်သည့် ကိစ္စကြီးငယ်ဖြစ်သော ဤအရာအားလုံးသည် သင့်ကို အပျက်သဘောဆောင်ခြင်းတွင် ပိတ်မိစေနိုင်သည်၊ ဝမ်းနည်းညိုးငယ်စေနိုင်ပြီး သင်၏ တာဝန်လုပ်နိုင်စွမ်းကို လွမ်းမိုးနိုင်သည်။ ဤသို့ ပြုမူသော လူများသည် မည်သည့် ပြဿနာ ရှိကြသနည်း။ (၎င်းတို့၏ စိတ်သဘောထားက မတည်ငြိမ်ပါ။) မတည်ငြိမ်သည့် စိတ်သဘောထားသည် ထိုအရာ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်၏။ ၎င်းတို့၏ လူ့သဘာဝသည် မရင့်ကျက်သကဲ့သို့၊ ကလေးဆန်ပြီး ၎င်းတို့တွင် ထိုးထွင်းအမြင်မရှိချေ။ ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့် ပတ်သက်သရွေ့၊ လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ကန်သတ်မှုများကို ၎င်းတို့ အမြဲခံစားရသောကြောင့်၊ ၎င်းတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ခက်ခဲ၏။ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ပါက၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ မဝင်ဂောက်နိုင်သကဲ့သို့၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ၎င်းတို့ မဝင်ရောက်နိုင်ပါက၊ အသက်ဝင်ရောက်မှု ရှိကြလိမ့်မည်မဟုတ်ပေ။ ထိုသို့ ဖြစ်သည် မဟုတ်လော။ ၎င်းတို့အား လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၏ ကန့်သတ်မှုကို မည်သည့်အရာက ခံစေသနည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် မှန်သည့်အရာနှင့် မှားသည့်အရာကြား မပိုင်းခြားနိုင်ကြသောကြောင့် ဖြစ်ပြီး၊ မည်သူ မှန်သည်၊ မှားသည်ကို မပိုင်းခြားနိုင်ကြသောကြောင့် ဖြစ်သည်။ ဤအရာက ၎င်းတို့အား ရှေ့တက်ရန် သို့မဟုတ် တပ်ခေါက်ရန် အခွင့်မရှိဖြစ်စေလျက်၊ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိသည့် အကျိုးဆက်ဖြစ်စေသည်။ ယင်းမှာ အကျိုးဆက်ဖြစ်၏။ ယုံကြည်သူသစ်အများစုသည် ဤအခြေအနေတွင် ရှိကြ၏။ သမ္မာတရားကို ၎င်းတို့ နားလည်သည့်အခါ၊ အမှုအရာများကို ရှင်းလင်းစွာ မြင်နိုင်ကြပြီး၊ လူတို့ကြား ပိုင်းခြားနိုင်ကြသည့်အခါ၊ ဤပြဿနာသည် အလိုအလျောက် သူ့ဘာသာ ပြေလည်သွားလိမ့်မည်။ သို့ရာတွင် သမ္မာတရားကို မချစ်သောသူတို့သည် ၎င်းတို့ထံ အမှုအရာများ ကျရောက်သောအခါ သမ္မာတရားကို မရှာကြချေ။ ဤလူစားမျိုးသည် လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ကန့်သတ်မှုများကို အစဉ်အမြဲ ဖယ်ရားနိုင်ကြလိမ့်မည် မဟုတ်ချေ။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၏ ကန့်သတ်မှုများကို မကြာခဏ ခံစားရသူတို့သည် မည်သည့် အခြေအနေမျိုးများကို ပေါ်လွင်စေကြသနည်း။ ၎င်းတို့သည် အလွယ်တကူ အပျက်သဘောဆောင်လာကြပြီး၊ ဆုတ်ဆိုင်းမှုများ ခံစားသည့်အခါ၊ သို့မဟုတ် အခက်အခဲများ ကြုံသည့်အခါ၊ ခလုတ်တိုက်လဲကြသည်။ ဤအရာများက ၎င်းတို့၏ စိတ်အခြေအနေနှင့် ၎င်းတို့၏ တာဝန်လုပ်နိုင်စွမ်းကို လွမ်းမိုးသည်။ သမ္မာတရားကို နားမလည်သောသူတို့သည် လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ကန့်သတ်မှုကို အလွယ်တကူ ခံရကြသည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုသည် အလွန် နှေးကွေးပြီး၊ နှစ်မည်မျှ ၎င်းတို့ ယုံကြည်ပြီးသည်ဖြစ်စေ၊ မြင်သာသည့် တိုးတက်မှု မရှိကြချေ။ ၎င်းတို့သည် လုံးဝ မပြောင်းလဲကြသေးသကဲ့သို့၊ မယုံကြည်သူများနှင့် အနည်းနှင့်အများ တူကြသည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားခြင်း၏ အကျိုးဆက်သာ ဖြစ်သည်။ ယင်းမှာ အကြောင်းရင်း ဖြစ်သည်။ စကားအရ၊ ဘုရားသခင်ကို သင် နှစ်မည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ သင်၏ အစွမ်းအစ၊ အသက်အရွယ်မည်သို့ဖြစ်စေ၊ သမ္မာတရားကို သင် မချစ်သရွေ့၊ သို့မဟုတ် အရာခပ်သိမ်းတွင် သမ္မာတရားကို မရှာဖွေသရွေ့၊ လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ကန့်သတ်မှုကို သင် အလွယ်တကူ ခံရလိမ့်မည်။ မည်သို့ လျောက်ပတ်စွာ ပြုမူရမည်ကို သင် သိလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ စည်းမျဉ်းနှင့်အညီ မည်သို့ဖြစ်ရမည်ဆိုသည်တို့ကိုလည်း သိလိမ့်မည် မဟုတ်။ လူတို့၏ အယူအဆများအတိုင်း သင် ပြုမူပြီး မကောင်းသည့်အရာများကို သင် မလုပ်ဆောင်လျှင်ပင်၊ သင်သည် ဘုရားသခင်၏ အလိုတော်နှင့် အညီ ဖြစ်မဖြစ် သိလိမ့်ဦးမည်မဟုတ်ချေ။ ဤလူစားမျိုးသည် နှစ်မည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ ဘုရားသခင်၏ အမှုတော်ကို မည်သို့ တွေ့ကြုံရမည်ကို နားမလည်ကြသကဲ့သို့ သမ္မာတရားကို အနည်းငယ်မျှ နားမလည်ကြသောကြောင့် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအကြောင်းကို ပြောနိုင်ကြလိမ့်မည် မဟုတ်ချေ။ သမ္မာတရားကို မလိုက်စားသောလူတို့သည် ဤသို့ဖြစ်ကြ၏။ ဘုရားသခင်ကို ၎င်းတို့ အချိန်မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ ပြောစရာ မည်သည့် သက်သေခံချက်မျှ မရှိကြချေ။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းပြီး၊ သမ္မာတရား၏ စစ်မှန်မှု မရှိကြချေ။

ယခုတွင် လူတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင် တက်ကြွကြသည်။ မိမိတို့တာဝန်ကို လုပ်ဆော်ရန်၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံပြီး သူ့အတွက် စတေးမှုများပြုလုပ်ရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့ထံ ဆက်ကပ်ရန် စိတ်ပိုင်းဖြတ်မှုလည်း ရှိကြသည်။ မိမိတို့ အသက်တာများကို ဘုရားသခင်ထံ ဆက်ကပ်ရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အတွက် အသုံးခံမည်ဟု အကြိမ်များစွာ သစ္စာဆိုပြီးသော လူအချို့ပင် ရှိသည်။ ၎င်းတို့သည် ဤအရာအားလုံးကို ပိုင်ဆိုင်ကြသော်လည်း အသက်ဝင်ရောက်မှု မရှိကြချေ။ လူတစ်ဦးသည် အသက်ဝင်ရောက်မှုမရှိပါက၊ ရှုပ်ယှက်ခတ်သည့် လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံ၊ အမှုအရာမျိုးစုံတို့ဖြင့် ၎င်းတို့အတွက် ကိစ္စများကို စုစည်းထားရန်၊ ပြဿနာကို ဖြေရှင်းရန် အတော်လေး ခက်ခဲလိမ့်မည် ဖြစ်သည်။ ၎င်းတို့ ဦးတည်ချက်ကို ရှာမတွေ့နိုင်သကဲ့သို့၊ လမ်းကြောင်းကို ရှာမတွေ့နိုင်ကြချေ။ ပြီးလျှင် မိမိတို့၏ အပျက်သဘောဆောင်သော အခြေအနေများကို မဖယ်ရှားနိုင်ဟု မကြာခဏ ခံစားရသည်။ ၎င်းတို့သည် လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ငြိတွယ်ခြင်း၊ ကန့်သတ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ချည်နှောင်ခြင်းတို့ကု ခံရကြပြီး၊ လက်တွေ့လုပ်ဆောင်ရန် အမှန်ကန်ဆုံး နည်းလမ်းကို မသိကြချေ။ ယခုတွင်၊ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတစ်ခုကို သင်တို့အား ငါ ပြောမည်။ မည်သည့်အရာ သင့်အပေါ် ကျရောက်သည်ဖြစ်စေ၊ စစ်ဆေးမှုဖြစ်စေ၊ စမ်းသပ်မှုဖြစ်စေ၊ သို့မဟုတ် သင်သည် ကိုင်တွယ်ဖြေရှင်းခံနေရသည်ဖြစ်စေ၊ ပြီးလျှင် လူတို့က သင့်ကို မည်သို့ ဆက်ဆံကြသည်ဖြစ်စေ၊ ပထမဦးစွာ ဤအရာများကို သင် ဘေးဖယ်ပြီး၊ သမ္မာတရားကို ရှာဖွေကာ မိမိ၏ အခြေအနေကို ပြင်ဆင်တည့်မတ်ရင်း၊ လုံ့လဝီရိယရှိသည့် ဆုတောင်းချက်ဖြင့် ဘုရားရှေ့မှောက် လာသင့်သည်။ ဤအရာကို ပထမဦးစွာ ဖြေရှင်းသင့်သည်။ သင်က၊ “ဤကိစ္စရပ်သည် မည်မျှကြီးမားသည်ဖြစ်စေ၊ မိုးကိုယ်၌က ပြိုလာလျှင်ပင်၊ ကျွန်ုပ်သည် မိမိတာဝန်ကို ကောင်းစွာ လုပ်ရမည်။ ကျွန်ုပ် ထွက်သက်ဝင်သက် ရှိသရွေ့၊ ကျွန်ုပ်၏ တာဝန်အပေါ် လက်လျှော့လိမ့်မည်မဟုတ်ပါ”ဟု ဆိုသင့်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို သင် မည်သို့ လုပ်ဆောင်သနည်း။ သင်သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေ၍ မရ၊ သို့မဟုတ် ရုပ်ပိုင်အရ ပါရှိသော်လည်း စိတ်ပျံ့လွင့်ခွင့်ပေး၍ မရပေ။ သင်၏ တာဝန်အပေါ် သင်၏ စိတ်နှလုံးကို စူးစိုက်ရမည်။ သင့်အပေါ် ကျရောက်သည့် ကိစ္စများက မည်မျှကြီးမားသည်ဖြစ်စေ၊ ပထမဦးစွာ ထိုအရာများကို သင် ဘေးဖယ်ထားပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သင်၏ တာဝန်ကို မည်သို့လုပ်ဆောင်ရမည်ဆိုသည်ကို ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရမည်။ သင်က၊ “ယနေ့ ငါ ကြုံရသည့် ဤအရာနှင့် ပတ်သက်၍၊ ငါ့တာဝန်ကို မည်သို့ ငါ လုပ်ဆောင်လိမ့်မည်နည်း။ ယခင်က၊ ငါသည် ဝတ်ကျေတမ်းကျေ ပြုမူခဲ့သောကြောင့် ယနေ့တွင် ငါ၏ နည်းစနစ်ကို ပြောင်းလဲကာ မည်သူမျှ ချစ်တီးခေါင်းသန်းရှာ လုပ်စရာမရှိရန်အလို့ငှာ ငါ၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် ငါ ကြိုးပမ်းရမည်။ အဓိကအချက်မှာ ဘုရားသခင်ကို စိတ်ပျက်ခွင့် ပေး၍ မရပါ။ ငါ၏ တာဝန်ကို ငါလုပ်ဆောင်သည်ကို သူ မြင်သည့်အခါ၊ ငါသည် နာခံမှုရှိပြီး ကျိုးနွံနာခံတတ်ရုံတင်မက သစ္စာလည်းစောင့်သိကြောင်းကို သူသိရန်အလို့ငှာ သူ၏ စိတ်နှလုံးကို ငါ သက်သောစေရမည်”ဟု တွေးရန် ကြိုးစားသင့်သည်။ သင်သည် ဤအရာကို လက်တွေ့လုပ်ဆောင်ပြီး ဤဦးတည်ချက်ဖြင့် အားထုတ်ပါက၊ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် မည်သည့်အရာကမျှ သင့်ကို မနှောင့်နှေးစေနိုင် သို့မဟို့ သင့်တာဝန်၏ ထိရောက်မှုကိ မထိခိုက်စေနိင်ပေ။ သင်သည် အဆက်မပြတ် ဆုတောင်းသည်နှင့်အမျှ၊ သမ္မာတရားကို ရှာဖွေပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ရန် ကြိုးစာသည်နှင့်အမျှ၊ ဇာတိပကတိ၏ စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများကို အလွယ်တကူ နားလည်ကာ ဖြေရှင်းနိုင်လိမ့်မည်။ သို့ရာတွင် လူတစ်ဦးသည် သမ္မာတရားကို လက်မခံပါက ထိုသို့ မလုပ်ဆောင်နိုင်ချေ။ သမ္မာတရားကို သင် နားလည်သရွေ့၊ မည်သည့်ပြဿနာမဆို ပြေလည်သွားနိုင်သည်။ သင့် စိတ်နှလုံး၏ ဝမ်းနည်းပူဆွေးခြင်း၊ စိတ်မချမ်းမြေ့ခြင်းများ၊ စိုးရိမ်မှုများ၊ သံသယများနှင့် အပျက်သဘောဆောင်မှုအားလုံးကို လုံးဝ ဖြေရှင်း၍ ရနိုင်သည်။ သင်၏ စိတ်အခြေအနေသည် တဖြည်းဖြည်း တိုးတက်လိမ့်မည်ဖြစ်ပြီး သင်သည် လုံးဝ လွတ်မြောက်သွားလိမ့်မည်။ သင်သည် တကယ့် အခက်အခဲများ အမှန်တကယ်ရှိပါက၊ သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံရန် သင်ယူရမည်။ လူတစ်ဦးသည် ဤအရာများနှင့် ထိပ်တိုက်တွေ့ရသည့်အခါ၊ ယင်းက ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုအပေါ် စစ်ဆေးချက်တစ်ခုဖြစ်ပြီး၊ ၎င်းတို့ မည်သူမည်ဝါဖြစ်သည်၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိကို မြင်ရန် ထုတ်ဖော်ပြလေသည်။

သင်၏ တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ လုပ်ဆောင်ရန်အလို့ငှာ၊ သင်သည် ပထမဦးစွာ မှန်ကန်သည့် စိတ်နေစိတ်ထားရှိရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံထွက်လာသည့်အခါ၊ သင်၏ အခြေအနေကိုလည်း ပြုပြင်ရမည်။ သင်၏တာဝန်ကို မှန်ကန်စွာ သင် သဘောထားနိုင်သည့်အခါ၊ လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံ သို့မဟုတ် အမှုအရာမျိုးစုံတို့၏ အချုပ်အချယ်များနှင့် လွှမ်းမိုးမှုများကို သင် ခါချပြီးသည့်အခါ၊ ဘုရားသခင်ထံ လုံးဝ သင် ကျိုးနွံနာခံနိုင်သည့်အခါ၊ သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်။ ဤအရာကို လုပ်ဆောင်ခြင်းအတွက် လျှို့ဝှက်ချက်မှာ သင်၏ တာဝန်နှင့် ဝတ္တရားကို အမြဲ ဦးစားပေးရန် ဖြစ်သည်။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်လုပ်ငန်းစဉ်တွင်၊ သင့်ကိုယ်သင် အမြဲ ဤသို့ ဆန်းစစ်ရမည်။ “ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်လုပ်ဆောင်ခြင်းအပေါ် ဝတ်ကျေတမ်းကျေ သဘောထားတစ်ခု ရှိသလော။ မည်သည့်အရာက ကျွန်ုပ်ကို နှောင့်ယှက်ပြီး၊ ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ရာတွင် ဝတ်ကျေတမ်းကျေဖြစ်စေသနည်း။ ကျွန်ုပ်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းရှိသမျှဖြင့် ကျွန်ုပ် လုပ်ဆောင်နေပါသလေား။ ဤသို့ ပြုမူခြင်းသည် ဘုရားသခင်အား ကျွန်ုပ်ကို ယုံကြည်စေနိုင်လိမ့်မည်လား။ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ကျွန်ုပ် လုံးဝ ဆက်ကပ်ပြီးပြီလား။ ကျွန်ုပ်၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများနှင့် အညီဖြစ်ပါသလား။ ကျွန်ုပ်၏ တာဝန်များကို ဤသို့လုပ်ဆောင်ခြင်းသည် အကောင်းဆုံး ရလဒ်များကို စွမ်းဆာင်ရရှိလိမ့်မည်လား”ဟူ၍ ထိုသို့ဖြစ်သည်။ ဤမေးခွန်းများနှင့် ပတ်သက်၍ မကြာခဏ သင် သုံးသပ်ဆင်ခြင်သင့်သည်။ ပြဿနာများကို သင် ရှာတွေ့ပါက၊ သမ္မာတရားကို တက်ကြွစွာ ရှာဖွေပြီး ယင်းတို့ကို ဖြေရှင်းရန် ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ရှာသင့်သည်။ ထိုသို့ဖြင့် သင်သည် မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရှိလိမ့်မည်။ သင်၏ တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ ပြဿနာများက မကြာခဏ ထွက်ပေါ်ပါက၊ အများစုသည် သင်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်သည့် ပြဿနာများမှ လာပေသည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာများ ဖြစ်သည်။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပွင့်အံထွက်သည့်အခါ၊ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် ပြဿနာများ ရှိကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အခြေအနေသည် မူမမှန်ဖြစ်လိမ့်မည်၊ ယင်းသည် ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်နိုင်စွမ်းအား တိုက်ရိုက်လွှမ်းမိုးလိမ့်မည်။ အကြင်သူ၏ တာဝန်လုပ်နိုင်စွမ်းကို လွှမ်းမိုးသည့် ပြဿနာများသည် ကြီးမား၊ ဆိုးရွားသည့် ပြဿနာများ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို တိုက်ရိုက် လွှမ်းမိုးနိုင်သည်။ ဥပမာအားဖြင့်၊ လူအချို့သည် မိမိတို့ မိသားစုများထံ ကပ်ဘေးများကျရောက်သည့်အခါ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှုများ ဖြစ်ပေါ်ကြသည်။ လူအချို့သည် ၎င်းတို့ ဆင်းရဲဒုက္ခခံစားပြီး မည်သူမျှ မမြင်၊ မချီးမွမ်းကြသည့်အခါ အပျက်သဘောဆောင်လာကြသည်။ လူအချို့မှာ မိမိတို့တာဝန်ကို ကောင်းစွာ လုပ်ဆောင်ခြင်းမရှိ၊ အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပြီး ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ ဘုရားသခင်ကို စောဒကတက်ကြသည်။ လူအချို့သည် ထွက်ပေါက်တစ်ခုကို အမြဲစဉ်းစားကြသောကြောင့် မိမိတို့တာဝန်ကို လုပ်ဆောင်ရန် လိုလားနေကြခြင်း မရှိချေ။ ဤပြဿနာအားလုံးက ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တိုက်ရိုက် လွှမ်းမိုးသည်။ ဤအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာများ ဖြစ်သည်။ ယင်းတို့အားလုံးမှာ ဘုရားသခင်ကို လူတို့ မသိရှိသည့်အချက်၊ ၎င်းတို့သည် အမြဲလျှို့ဝှက်ကြံစည်ပြီး၊ မိမိတို့ကိုယ်ကိုယ်အတွက် အမြဲစဉ်းစားကြသည့်အချက်မှ အရင်းခံသည်။ ယင်းက ဘုရားသခင်၏ အလိုတော်အား မစဉ်းရန်၊ သို့မဟုတ် ဘုရားသခင်၏ အကြံအစည်များအား ကျိုးနွံနာခံခြင်းမရှိရန် ၎င်းတို့ကို တားမြစ်သည်။ ဤအရာက အပျက်သဘောဆောင်သော ခံစားချက်မျိုးစုံကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားကြသည့်လူများ ဖြစ်ပုံသာ ဖြစ်သည်။ သေးငယ်သည့် ပြဿနာများ ၎င်းတို့အပေါ် ရောက်လာသည့်အခါ၊ ၎င်းတို့သည် အပျက်သဘောဆောင်ကာ အားနည်းလာကြသည်၊ မိမိတို့တာဝန် လုပ်ဆောင်ခြင်းအပေါ် စိတ်ပျက်မှုကို ဖော်ထုတ်ကြသည်။ ဘုရားသခင်ကို မနာခံသကဲ့သို့ အတိုက်အခံလုပ်ကြပြီး၊ မိမိတို့ တာဝန်များအပေါ် လက်လျှော့ကာ ဘုရားသခင်ကို သစ္စာဖောက်ချင်ကြလေသည်။ ဤအရာအားလုံးမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အချယ်များက ဖြစ်စေသည့် အမျိုးမျိုးသောအကျိုးဆက်များ ဖြစ်သည်။ သမ္မာတရားကို ချစ်သောလူတစ်ဦးသည် မိမိတို့ကိုယ်ပိုင်ဘဝ၊ အနာဂတ်နှင့် ကံကြမ္မာတို့ကို ဘေးဖယ်ထားနိုင်ပြီး၊ သမ္မာတရားကိုသာ လိုက်စားက ရရှိလိုကြသည်။ အချိန်မလောက်ဟု ၎င်းတို့ တွေးထင်ကြသည်၊ မိမိတို့တာဝန် မလုပ်ဆောင်နိုင်မည်ဆိုသည်နှင့် စုံလင်မခံရနိုင်မည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် အရာရာကို ဘေးဖယ်ထားနိုင်ကြလေသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားမှာ ဘုရားသခင်ထံ လှည့်ကာ ကျိုးနွံနာခံရန်သာ ဖြစ်သည်။ ၎င်းတို့သည် မည်သည့် အခက်အခဲကိုမျှ မဖြုံသကဲ့သို့၊ အပျက်သဘောဆောင်၊ အားနည်းပါက၊ ဘုရားနှုတ်ကပတ်တော်များမှ စာပိုဒ်အနည်းငယ်ကို ဖတ်ခြင်းအားဖြင် အလိုအလျောက်ဖြေရှင်းကြသည်။ သမ္မာတရားကို မလိုက်စားသောလူတို့သည် စိတ်သောကရောက်ကြပြီး၊ သမ္မာတရားနှင့် ပတ်သက်၍ သူတို့နှင့် သင် မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ၊ မိမိတို့၏ ပြဿနာများကို အပြည့်အဝ မဖြေရှင်းနိုင်ကြချေ။ ခဏတစ်ဖြုတ် လာကြပြီး သမ္မာတရားကို လက်ခံနိုင်ကြလျှင်ပင်၊ ထိုအရာဆီသို့ နောက်ပိုင်းတွင် ပြန်သွားကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဤလူစားမျိုးကို ကိုင်တွယ်ရန် အလွန်ခက်၏။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့်ဆိုင်သည့် မည်သည့်အရာကိုမျှ နားမလည်ခြင်းမဟုတ်၊ မိမိတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို တန်ဖိုးမထား၊ လက်မခံကြခြင်း ဖြစ်သည်။ အဆုံးတွင်၊ ဤအရာက ၎င်းတို့အား မိမတို့၏ ကိုယ်ပိုင်အလိုဆန္ဒ၊ တစ်ကိုယ်ကောင်းဆန်မှု၊ အနာဂတ်၊ ကံကြမ္မာနှင့် ခရီးပန်းတိုင်တို့ကို ဘေးမဖယ်နိုင်အောင် ဖြစ်စေသည်။ ထို့နောက် ယင်းက ၎င်းတို့ကို နှောင့်ယှက်ရန် အမြဲ ထွက်ပေါ်လေသည်။ လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ပါက၊ သမ္မာတရားကို ၎င်းတို့ နားလည်သည်နှင့်အမျှ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထိုအရာများအားလုံး အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် အသက်ဝင်ရောက်မှုနင့် ဝိညာဉ်ရင့်ကျက်မှုတို့ ရှိကြလိမ့်မည်။ ၎င်းတို့သည် မသိနားလည်သည့် ကလေးတစ်ဦး ဖြစ်တော့မည် မဟုတ်။ လူတစ်ဦးသည် ဝိညာဉ်ရင့်ကျက်မှုရှိသည့်အခါ၊ ၎င်းတို့သည် ပိုပိုပြီး အမှုအရာများကို တိုး၍ သိနားလည်နိုင်လိမ့်မည်ဖြစ်ပြီး၊ လူမျိုးစုံတို့ကြား ပိုပိုပြီး ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ကာ လူ၊ အဖြစ်အပျက်၊ သို့မဟုတ် အမှုအရာတစ်ခုတလေဖြင့်မျှ ဘောင်ခတ်ခံရလိမ့်မည်မဟုတ်ချေ။ ၎င်းတို့သည် မည်သူမဆို ပြောသည့်၊ လုပ်ဆောင်သည့် အရာတစ်ခုတလေအားဖြင့်မျှ လွမ်းမိုးခံရလိမ့်မည် မဟုတ်။ စာတန်၏ ဆိုးယုတ်သ့် အင်အားစုများထံမှ ဝင်ရောက်စွက်ဖက်ခြင်း သို့မှမဟုတ် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ လှည့်စားမှုနှင့် အနှောင့်အယှက်များကို ခံရလိမ့်မည်မဟုတ်ချေ။ ဤသို့ဖြစ်ပျက်ပါက၊ လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှုသည် တဖြည်းဖြည်း ကြီးထွားလိမ့်မည် မဟုတ်လော။ လူတစ်ဦးသည် သမ္မာတရားကို နားလည်လေ၊ ၎င်းတို့၏ အသက်တာ တိုးတက်မှု မြန်ဆန်လေဖြစ်လိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ တာဝန်ကို အောင်မြင်စွာလုပ်ဆောင်ပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်။ သင်သည် အသက်ဝင်ရောက်မှုရှိပြီး၊ သင်၏ အသက်တာက တဖြည်းဖြည်း ကြီးထွားသည့်အခါ၊ သင်၏ အခြေအနေသည် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင့်ကို တစ်ချိန်က နှောင့်ယှက်ကာ ဘောင်ခတ်နိုင်ခဲ့သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများသည် သင့်အတွက် ပြဿနာတစ်ခု ဖြစ်တော့မည် မဟုတ်ချေ။ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် နောက်ထပ် အခက်အခဲများ ရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန် ဖြစ်လာလိမ့်မည်။ ဘုရားသခင်အပေါ် မည်သို့မှီခိုရမည်ကို သင် သိသည့်အခါ၊ ဘုရားသခင်၏ အလိုတော်ကို မည်သို့ ရှာဖွေရမည်ကို သင် သိသည့်အခါ၊ သင်၏ ကိုယ်ပိုင်နေရာကို သင် သိသည့်အခါ၊ သင် လုပ်သင့်သည့်အရာနှင့် မလုပ်သင့်သည့်အရာ၊ ပြီးလျှင် မည်သည့် ကိစ္စရပ်များက တာဝန်ယူရန် သင့်အား တောင်းဆိုသည်၊ မတောင်းဆိုသည်ကို သင် သိသောအခါ၊ သင်၏ အခြေအနေသည် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည် မဟုတ်လော။ ဤသို့ အသက်ရှင်ခြင်းသည် သင့်ကို ပင်ပန်းစေမည်မဟုတ်လော။ သင်သည် ပင်ပန်းလိမ့်မည် မဟုတ်သည်သာမက၊ အထူးသဖြင့် သင်သည် သက်သောင့်သက်သာဖြစ်ပြီး ပျော်ရွှင်လိမ့်မည်။ အကျိုးဆက်အနေဖြင့် သင်၏ စိတ်နှလုံးသည် အလင်းနှင့် ပြည့်လိမ့်မည် မဟုတ်လော။ သင်၏ စိတ်နေစိတ်ထားသည် ပုံမှန်ဖြစ်လိမ့်မည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံထွက်ခြင်းများသည် လျှော့နည်းလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် သင် အသက်ရှင်နိုင်လိမ့်မည်၊ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ လူတို့က သင်၏ စိတ်အမြင်ကို မြင်သည့်အခါ၊ သင့်အထဲတွင် ကြီးမားသည့် ပြောင်းလဲမှု ရှိပြီးဖြစ်ကြောင်း ၎င်းတို့ စဉ်းစားမိကြလိမ့်မည်။ သင်နှင့် အတူ ၎င်းတို့သည် မိတ်သဟာယပြုရန် လိုလားနေကြလိမ့်မည်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ အကျိုးကျေးဇူးလည်း ခံစားရလိမ့်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားသည်နှင့်အမျှ၊ သင်၏ စကားနှင့် လုပ်ရပ်များသည် ပို၍ သင့်လျော်ကာ စည်းကမ်းရှိလာလိမ့်မည်။ အားနည်းပြီး အပျက်သဘောဆောင်သောလူများကို သင် မြင်သည့်အခါ၊ ၎င်းတို့ကို ဘောင်ခတ်ခြင်း၊ ဩဝါဒပေးခြင်းများမရှိဘဲ၊ ထို့ထက် ၎င်းတို့ကို ကူညီကာ အကျိုးပြုရန် သင်၏ ကိုယ်ပိုင် စစ်မှန်သည့် အတွေ့အကြုံများကို အသုံးပြုလျက်၊ များပြားသော အကူအညီကို သင် ပေးနိုင်လိမ့်မည်။ ဤသို့ဖြင့်၊ သင်သည် ဘုရားအိမ်တော်တွင် သင်သည် အားထုတ်ကြိုးပမ်းရုံဖြစ်လိမ့်မည်မဟုတ်၊ အသုံးဝင်သော လူတစ်ဦးဖြစ်လိမ့်မည်၊ သင့်ကိုယ်သင်နှင့်ပတ်သက်၍ တာဝန်ယူနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားအိမ်တော်တွင် သာ၍ အဓိပ္ပာယ်ရှိသောအရာများကို လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှစ်သက်သော လူစားမျိုး ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင် နှစ်သက်သော လူတစ်ဦးဖြစ်ပါက၊ လူတိုင်းကလည်း သင့်ကို နှစ်သက်ကြမည် မဟုတ်လော။ (နှစ်သက်ကြပါလိမ့်မည်။) ဘုရားသခင်သည် အဘယ်ကြောင့် ဤလူစားမျိုးကို ကျေနပ်အားရပါသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လက်တွေ့ကျသည့် အရာများကို သူ့ရှေ့မှောက်တွင် လုပ်နိုင်ကြသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် မြောက်ပင့်တတ်လေ့မရှိ၊ လက်တွေ့ကျသည့် ကိစ္စရပ်များကို လက်ခံပြီး၊ မိမိတို့၏ စစ်မှန်သည့် အတွေ့အကြုံများအကြောင်း ပြောဆိုခြင်းအားဖြင့် အခြားသူများကို ကူညီကာ ဦးဆောင်နိုင်ကြသည်။ မည်သည့်ပြဿနာကိုမဆို အခြားသူများကို ကူညီဖြေရှင်းပေးနိုင်ကြပြီး၊ အသင်တော် အလုပ်တွင် အခက်အခဲများရှိသည့်အခါ၊ ပြဿနာများကို တက်ကြွစွာ ဖြေရှင်းလျက် ရှေ့ဆက်လမ်းကို ဦးဆောင်နိုင်ကြသည်။ ဤသည်မှာ မိမိတို့တာဝန်များကို သစ္စာရှိစွာ လုပ်ဆောင်အား ဆိုလိုသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ညီအစ်ကို မောင်နှမများ၏ ပြဿနာများကို ကူဖြေရှင်းပေးနိုင်ကြသည်။ ယင်းက ၎င်းတို့တွင် အသက်ဝင်ရောက်မှုရှိကြောင်း သက်သေပြပေသည်။ လက်တွေ့ကျသည့် အမှုအရာများစွာကို ၎င်းတို့ လုပ်နိုင်သည့် အချက်က သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ကြကြောင်းနှင့် ဘုရားသခင်၏ မျက်မှောက်တွင် ၎င်းတို့ အသက်ရှင်ကြကြောင်း သက်သေပြပေသည်။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှု ရှိကြသောကြောင့်၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် အခြားသူများကိုလည်း ဦးဆောင်နိုင်ကြသည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုပါက၊ သို့မဟုတ် စစ်မှန်သော အတွေ့အကြုံမရှိပါက၊ ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ အခြားသူများကို သင် ဦးဆောင်နိုင်သလော။ ဘုရားသခင်၏ မျက်မှောက်တော်တွင် သင် ကိုယ်တိုင် အသက်မရှင်ပါက၊ အခြားသူများကို သူ၏ မျက်မှောက်တော်ထဲသို့ သင် မဦးဆောင်နိုင်။ သင်သည် သမ္မာတရား၏ စည်းမျဉ်းများကို လုံးဝ မရှာဖွေဘဲ၊ မိမိတာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ အားထုတ်ကြိုးပမ်းရုံကြိုးပမ်းပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ဆန္ဒမရှိပါက၊ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်နေခြင်း မရှိပေ။ ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်သောသူတို့သည် သူ၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်ကြသလော။ ဘုရားသခင်၏ စစ်ဆေးမှုများကို ၎င်းတို့ ခံနိုင်ကြသလော။ စမ်းသပ်မှုများအလယ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြသလော။ (မရပ်တည်နိုင်ကြပါ။) ဤလူစားမျိုးသည် ဘုရားသခင်ကို သက်သေခံနိုင်သလော။ သူနှင့်သက်ဆိုင်၍ သက်သေခံနိုင်သလော။ (သက်သေမခံနိုင်ပါ။) မည်သည့်လူစားမျိုးသည် ဘုရားသခင်ကို သက်သေမခံနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောတစ်စုံတစ်ဦး ဖြစ်သလော။ အနည်းဆုံးအနေဖြင့်၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ဘုရားနှုတ်ကပတ်တော်များ၏ ပြင်ပတွင် ရှိနေကြဆဲ ဖြစ်သည်။ မည်သည့် အသက်ဝင်ရောက်မှုမျှမရှိဘဲ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးသူ၊ ဘုရားသခင်ကို သက်သေခံဖို့မဆိုထားနှင့်၊ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း မပြောနိုင်သူ၊ တစ်ဦးတလေထံ ဧဝံဂေလိကို အောင်မြင်စွာ မဖြန့်ဝေနိုင်သူတစ်ဦး- ၎င်းတို့သည် ဘုရားသခင်၏ သက်သေတစ်ဦးဟု အခေါ်မခံထိုက်ပေ။ ထို့ကြောင့်၊ မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှုရှိပြီး အသက်ဝင်ရောက်မှုမရှိသူတစ်ဦးသည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ စိတ်မကျေနပ်စေနိုင်ပေ။ မပြောထားသည့် သွယ်ဝိုက်သောဆိုလိုရင်းမှာ ဤလူစားမျိုးသည် ဘုရားသခင်၏ မျက်မှောက်တွင် အသက်မရှင်ပေ။ သင်သည် ဘုရားသခင်၏ မျက်မှောက်တွင် အသက်မရှင်ပါက၊ အသက်ဝင်ရောက်မှုမရှိသကဲ့သို့၊ ဘုရားသခင်၏ သက်သေခံ မဟုတ်ပါက၊ သူသည် သင့်ကို သူ၏ နောက်လိုက်များထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုလိမ့်မည်လော။ အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် သင်၏ တာဝန်ကို လုပ်ဆောင်ရန် အခွင့်အရေး ပေးပြီးဖြစ်ကာ သင်သည် ထိုတာဝန်ကို လုပ်ဆောင်ရန် လိုလားနေသော်လည်း၊ အချိန်ကြာမြင့်စွာကို သူ့ကို ယုံကြည်ပြီးနောက်တွင်ပင် သင်သည် သူ့ကို သင်သေမခံနိုင်ကြောင်း၊ သင်၏ အပြုအမူမှတစ်ဆင့် သူ မြင်ပြီးဖြစ်သည်။ သင်သည် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ အသိပညာမရှိရုံမက၊ သင်၏ အယူအဆများနှင့် စိတ်ကူးများအတိုင်းလည်း အသက်ရှင်သည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှု မရှိသကဲ့သို့ ဘုရားသခင်၏ မျက်မှောက်တွင် အသက်မရှင်ပေ။ သူသည် သင့်ကို စမ်းသပ်မှုတစ်ခု ပေးပါက၊ သင်သည် သည်းမခံနိုင်ပေ။ သူသည် သင့်ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းပါက၊ သင် မခံနိုင်ပေ။ သင့်ကို သူ တရားစီရင်ကာ ပြစ်တင်ဆုံးမပါက၊ မိမိတာဝန်များအပေါ် သင် လက်လျှော့လိုက်ပြီး၊ ဝမ်းနည်းညိုးငယ်သည်။ သူက၊ “ဤလူသည် မည်သူမျှ မထိဝံ့သည့် ကျားတစ်ကောင်ကဲ့သို့ ဖြစ်သည်။ ငါ၏ အလုပ်ကို ငါ သွားသည့်နေရာတိုင်း၊ ငါ စကားပြောသည့်နေရာတိုင်းတွင်၊ ဤလူသည် နောက်လိုက်ရန် မထိုက်တန်၊ ငါနှင့် အတူရှိရန် မထိုက်တန်ပါ”ဟု တွေးလိမ့်မည်။ အဘယ်ကြောင့် ဤသို့ သူပြောမည်နည်း။ အဘယ်ကြောင့်ဆိုသည် ဤလူစားမျိုးသည် သမ္မာတရားကို နားမလည်သောကြောင့်၊ ၎င်းတို့သည် သိနားလည်မှုစစ်စစ် မရှိ၊ စစ်မှန်သည့် အတွေ့အကြုံများမရှိသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြချေ။ ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့ နားမလည်ပါက၊ သူနှင့် သဟဇာတဖြစ်နိုင်ကြသလော။ သူ၏ အလိုတော်ကို ၎င်းတို့ နားမလည်ကြပါက၊ ယင်းကို သဘောပေါက်နိုင်ကြသလော။ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ကြသလော။ ပြောရန် ခက်၏။ ဤအရာများသည် မသိရသည့် အရေအတွက်များသာ ဖြစ်သည်။ ထို့ကြောင့် ဤလူစားမျိုးသည် ဘုရားသခင်နှင့်အတူ ရှိပါက၊ ဘုရားသခင်နှင့် ပတ်သက်၍ အရာရာ၌ သံသယရှိကြလိမ့်မည်ဖြစ်ပြီး၊ သူ့ကို သဘောပေါက်ကြမည်မဟုတ်၊ ထိုအခါ ယင်းက အကြိမ်တိုင်းတွင် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုမျိုးစုံ၊ မကျေနပ်မှုမျိုးစုံနှင့် ဝေမှုမျိုးစုံတို့ကို ဖြစ်စေမည် ဖြစ်သည်။ အဆုံးတွင်၊ ဤအရာက ပုန်ကန်မှုကို ဖြစ်စေမည်။ ဘုရားသခင်သည် သူ့ကို ပုန်ကန်မည့် တစ်စုံတစ်ဦးကို လိုချင်ရမည်လော။ ၎င်းတို့ကို ဘုရားသခင်က သူ၏ နောက်လိုက်များ ဖြစ်ခွင့်ပေးနိုင်မည်လော။ ပေးနိုင်မည်မဟုတ်။ သင့်ကို သူ၏ နောက်လိုက်များထဲမှ တစ်ဦးအဖြစ် ဘုရားသခင်ကို လက်ခံစေချင်ပါက၊ ပထမဦးစွာ အသက်ဝင်ရောက်မှုကို သင် အာရုံစိုက်ရမည်။ မိမိကိုယ်ကိုယ် သိနားလည်ခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားခြင်း၊ သင်၏ တာဝန်ကို ထိန်းသိမ်းနိုင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းအားဖြင့် အစပြုရမည်။ ယင်းမှာ ပထမအချက် ဖြစ်သည်။ အသက်ဝင်ရောက်မှုကို အာရုံစိုက်ခြင်းသည် သင်၏ တာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်းအတွက်ဖြစ်သည်။ ယင်းသည် အခြေအားဖြင့် ဤမျှသာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းမှ အသက်ဝင်ရောက်မှုကို စတင်လိုက်စားသင့်ပြီး၊ အသက်ဝင်ရောက်မှုမှ၊ သင်၏အသက်တာ တဖြည်းဖြည်း ကြီးထွားပြီး သမ္မာတရားနှင့် ပတ်သက်၍ စစ်မှန်သည့် အတွေ့အကြုံရှိသော၊ ဝိညာဉ်ရင့်ကျက်မှု သင်ရှိသည့်အဆင့်တစ်ခုထိ သင် ရောက်သည်အထိ၊ သမ္မာတရားကို နည်းနည်းချင်း နားလည်ကာ ရရှိသင့်သည်။ ထို့နောက် သင်သည် မည်သည့် လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာဖြင့်မျှ ဘောင်ခတ်ခံရခြင်း၊ သို့မဟုတ် နှောင့်ယှက်ခံရခြင်းမရှိဘဲ မိမိတာဝန်ကို လုပ်ဆောင်နိင်ရန်အလို့ငှာ၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းမျိုးစုံကို သင် ကျွမ်းကျင်ပိုင်နိုင်သင့်သည်။ ဤသို့ဖြင့်၊ သင်သည် ဘုရားသခင်၏ မျက်မှောက်တွင် တဖြည်းဖြည်း အသက်ရှင်လိမ့်မည်။ သင်သည် မည်သည့် လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာမျှဖြင့် နှောင့်ယှက်ခံရလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရားနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိလိမ့်မည်။ သင်၏ အတွေ့အကြုံ သာ၍ အလျှံပယ်ဖြစ်လာသည်နှင့်အမျှ၊ သင်သည် ဘုရားသခင်ကို သာ၍ စိတ်ကျေနပ်စေနိုင်လေဖြစ်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို သင် သာ၍ စိတ်ကျေနပ်စေနိုင်သည်နှင့်အမျှ၊ သင်သည် တဖြည်းဖြည်း အသုံးဝင်သော လူတစ်ဦး ဖြစ်လာလိမ့်မည်။ သင်သည် အသုံးဝင်သော လူတစ်ဦး ဖြစ်လာသည့်အခါ၊ ဘုရားအိမ်တော်၌ လက်ခံနိုင်သည့် စံနှုန်းတစ်ခုအထိ မိမိတာဝန်ကို လုပ်ဆာင်နိုင်လိမ့်မည်၊ အဖန်ဆင်းခံတစ်ဦးနေရာတွင် ရပ်တည်နိုင်လိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားချက်များကို ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်။ ဤလူစားမျိုးသည်သာ ဘုရားသခင်၏ ချီးမွမ်းခြင်းရှိသည့် လက်ခံနိုင်ဖွယ် အဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ထို့နောက်တွင် သင့်ကို ဘုရားပေးထားမျှအားလုံးနှင့် သင် ထိုက်တန်လိမ့်မည်။

သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အဓိကအချက်မှာ အဘယ်နည်း။ သင်သည် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့် မူရှိသည့်နည်းလမ်းဖြင့် ကိစ္စရပ်များအား မည်သို့ ကိုင်တွယ်ရမည်ဆိုသည်တို့ကို သင်ယူရမည်။ ကျမ်းသစ္စာ အမြဲ ကျိန်ဆိုပြီး မိမိအလိုဆန္ဒကို ဖော်ပြခြင်းသည် အဘယ်အသုံးဝင်သနည်း။ သင်သည် အမြဲ ကျမ်းသစ္စာ ကျိန်ဆိုပြီး သင်၏ အလိုဆန္ဒကို ဖော်ပြသော်လည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဆဲဖြစ်ပါက၊ ယင်းသည် လုံးဝ အသုံးမဝင်ပေ။ အရေးအပါဆုံး၊ အစစ်မှန်ဆုံးသော အရာမှာ သင်၏ တာဝန်ကို လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်တွင်၊ သင်၏ တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ သင့်ထံ ပေါ်လာသည့် ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန်နှင့် သင်၏ တာဝန်အပေါ် သင်၏ မှားယွင်းသည့် သဘောထားများကို ပြောင်းပြန်လှန်ပစ်ရန် သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိရန် ဖြစ်သည်။ အသက်ဝင်ရောက်မှုရှိရန်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အသက်ဝင်ရောက်မှုရှိခြင်းသည် သမ္မာတရားနှင့် ပတ်သက်၍ အတွေ့အကြုံနှင့် အသိပညာတို့ ရှိခြင်းနှင့် ထိုသမ္မာတရားကို မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သင်တို့အားလုံး အသက်ဝင်ရောက်မှု ရှိကြသလော။ ဘုရားသခင်ကို သင်တို့ သက်သေခံနိုင်ကြသလော။ အချိန်အများစုတွင် အယူဝါဒနှင့်ပတ်သက်၍ ပိတ်မိနေကြသေးသည် မဟုတ်လော။ သမ္မာတရားနှင့် ပတ်သက်၍ အသိပညာ၊ သို့မဟုတ် အတွေ့အကြုံ တကယ်မရှိဘဲ အယူဝါဒတွင် သင်တို့ ရပ်တန့်နေကြသည် မဟုတ်လော။ သင်သည် သမ္မာတရားနှင့် သက်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံနှင့် အသိပညာတို့ မရရှိနိုင်ပါက၊ ဘုရားသခင်ကို သက်သေမခံနိုင်ပေ။ အချိန်အများစုတွင် သင်၏ အသိပညာသည် ထပ်တလဲလဲဖြစ်သည်။ တစ်ခုသောအရာနှင့် အခြားအရာနှစ်ခုလုံးမှန်သည်ဟု ခံစားလျက် သင်သည် မတင်မကျဖြစ်နေသည်။ ဘုရားသခင်က တစ်ခုသောအရာကို ပြောချိန်တွင်၊ ယင်းက သင့်အဖို့ သမ္မာတရားဖြစ်သည့်အလားဖြစ်ကာ သူက အခြားအရာတစ်ခုပြောသည့်အခါ၊ ယင်းသည်လည်း သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၏ စကားအားလုံး သမ္မာတရားဖြစ်သည့်အလား သင် ခံစားရပြီး၊ ယင်းတို့ကို အာမင်ထူးကာ ချီးမွမ်းသော်လည်း၊ မိမိကိုယ်ကို ယင်းတို့နှင့် နှိုင်းယှဉ်မကြည့်နိုင်ချေ။ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ၊ သင်သည် ရှုပ်ထွေးဆဲဖြစ်ပြီး၊ သင်၏ ပြဿနာများကို ဖြေရှင်းရန် မည်သည့် သမ္မာတရားများ အသုံးပြုရမည်ကို သင် မသိချေ။ သင်တို့အများစုသည် ဤအခြေအနေတွင် ရှိကြသည် မဟုတ်လော။ သင်တို့သည် အယူဝါဒအကြောင်း များစွာ နားလည်ပြီး များစွာ ပြောနိုင်သော်လည်း၊ သင်တို့၏ တကယ့် ဘဝများတွင် ယင်းကို အသုံးမပြုနိုင်ချေ။ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်တို့ မသိကြသေးသကဲ့သို့၊ ဘုရားနှုတ်ကပတ်တော်များကို သင်တို့၏ တကယ့်ဘဝများတွင် မည်သို့ ကျင့်သုံးရမည်ကို မသိကြချေ။ ပြီးလျှင် သင်တို့ကို မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ သင်တို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို မသိချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များအား သင်တို့၏ တကယ့်ဘဝများတွင် မည်သို့ တွေ့ကြုံ၊ လက်တွေ့လုပ်ဆောင်ပြီး ကျင့်သုံးရမည်ကို သိသည့်အခါ၊ တစ်စုံတစ်ရာ သင်တို့ထံ ကျရောက်ပြီးနောက်တွင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့ရှာဖွေရမည်ဆိုသည်ကို သင်တို့ သိသည့်အခါ၊ သင်တို့၏ အသက်တာများ ကြီးထွားလိမ့်မည်။ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိခြင်းသည် သင်၏ အသက်တာ ကြီးထွားသည့် လက္ခဏာဖြစ်သည်။ တစ်နေ့နေ့တွင်၊ ပြဿနာများကို သမ္မာတရားဖြင့် သင် ဖြေရှင်းနိုင်သည့်အခါ၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိအချို့ သင်ရှိသည့်အခါ၊ ဘုရားသခင်နှင့်ဆိုင်သည့် သင်၏ အသိပညာကို မျှဝေခြင်းမှတစ်ဆင့်၊ သူ၏ အမှုတော်၊ သူ၏ သန့်ရှင်းကာ ဖြောင့်မတ်သည့် စိတ်သဘောထား၊ သူ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့ကို သင် သက်သေခံနိုင်သည့်အခါ၊ ဘုရားသခင်ကို သင် အမှန်တကယ် သက်သေခံနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် အရည်အချင်း ပြည့်မီလိမ့်မည်။ သင်သည် အယူဝါဒအကြောင်း များစွာနားလည်ပြီး တစ်နေ့လုံး ပြောနိုင်သော်လည်း၊ သင်၏ ကိုယ်ပိုင် ပြဿနာများနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမျှ သင် မဖြေရှင်းနုင်ပါက၊ သို့မဟုတ် ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ကို မသိပါက၊ ယင်းက သင်နားလည်သည့် အရာများသည် သမ္မာတရား မဟုတ်ကြောင်း၊ အယူဝါဒ ကျမ်းဟောင်းတရားများသာဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် အချို့သော အယူဝါဒကို အလွန်လက်တွေ့ကျစွာ ပြောဆိုနိုင်လျှင်ပင်၊ အမှန်တွင်၊ ဤသည်မှာ ထပ်တလဲလဲဖြစ်သော အသိပညာသာ ဖြစ်သည်။ ယင်းသည် ဆင်ခြင်တုံတရားကို မရရှိသေးချေ။ လူတို့သည် သင်ကဲ့သို့ တူညီသည့် ခံစားချက်များရှိလျက် သင့်ကို နားထောင်ပြီးနောက် တည်ဆောက်ခြင်းရှိကာ ၎င်းတို့နှင့်ပတ်သက်၍ သင်၏ အသိပညာသည် အချို့သော ရလဒ်များကိုပင် စွမ်းဆောင်ရရှိနိုင်သော်လည်း၊ သင်သည် ထိုအရာနှင့် ပတ်သက်၍ အလွန်ရှင်းလင်းစွာ မပြောနိုင်သေးသကဲ့သို့၊ ပြဿနာများကို လုံးက မဖြေရှင်းနိုင်ချေ။ ဤအရာက သင်ပြောဆိုပြီးဖြစ်သည့် အယူဝါဒများသည် ထပ်တလဲလဲဖြစ်သော အသိပညာမျှသာဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးရန် မဆိုထားနှင့်၊ ယင်းတို့သည် သမ္မာတရား၏ စစ်မှန်မှုဖြစ်သည်ဟု သင် ပြော၍ မရပေ။ ယခုတွင် အယူဝါဒ ကျမ်းဟောင်းတရားများအကြောင်း ပြောဆိုခြင်း ပြဿနာကို သင် မည်သို့ ဖြေရှင်းသနည်း။ ယင်းမှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်သည်နှင့်အမျှ သင့်အထဲတွင် ထုတ်ဖော်ပြသည့် ဖောက်ပြပျက်စီးမှု အမျိုးမျိုးနှင့် ပတ်သက်၍ သုံးသပ်ရန်၊ သင် ကြုံရသည့် ပြဿနာတိုင်း၏ ဇာစ်မြစ်များအပေါ် သုံးသပ်ပြီးနောက် သမ္မာတရားကို ရှာဖွေရန်နှင့် သင် ထုတ်ဖော်ပြပီးသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးလုံးလျားလျား ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုဖို့ လိုအပ်ပေသည်။ သင့်ထံမှ ပွင့်အံထွက်လာသည့်အရာများသည် မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မလိမ့်တပတ်လုပ်ခြင်းနှင့် လှည့်ဖြားခြင်းဖြစ်စေ၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ခက်ထန်ခြင်း သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် ဘုရားသခင်ကို လိမ်ညာခြင်းဖြစ်စေ၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာ သင် မြင်သည်အထိ သုံးသပ်ရမည်။ ဤသို့ဖြင့်၊ သင်၏ တာဝန်ကို သင် လုပ်ဆောင်သည်နှင့်အမျှ မည်သည့် ပြဿနာများ တည်ရှိသည်ဆိုသည်နှင့် ကယ်တင်ခြင်းကို ရရှိခြင်းမှ သင် မည်မျှအလှမ်းဝေးသည်ဆိုသည်တို့ကို သင်သိလိမ့်မည်။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ရှင်းလင်းစွာ မြင်နိုင်သည့်အခါမှသာ သင်၏ တာဝန်တွင် အခက်အခဲများနှင့် အတားအဆီးများ မည်သည့်နေရာတွင် တည်ရှိသည်ကို သင် သိနိုင်လိမ့်မည်။ ထိုအခါမှသာ ပြဿနာများကို ယင်းတို့၏ ရင်းမြစ်ဖြင့် သင် ဖြေရှင်းနိုင်လိမ့်မည်။ ဥပမာအားဖြင့်၊ သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းအတွက် သင် တာဝန်ယူခြင်းမရှိဘဲ ထိုအစား သင်၏ အလုပ်တွင် ဆုံးရှုံးမှုများ ဖြစ်စေလျက် အမြဲ ဝတ်ကျေတမ်းကျေပြုမူသော်လည်း၊ သင်၏ သိက္ခာကိုမူ သင် ဂရုစိုက်သည်၊ ထို့ကြောင့် သင်သည် သင်၏ အခြေအနေနှင့် အခက်အခဲများအကြောင်းကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုရန် သို့မဟုတ် မိမိကိုယ်ကိုယ် စိတ်ဖြာလေ့လာခြင်းနှင့် မိမိကိုယ်ကိုယ် သိခြင်းအား လက်တွေ့လုပ်ဆောင်ရန် လိုလားနေခြင်းမရှိဘဲ ထိုအစား အမှုအရာများကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ဖြေရှင်းရန် ဆင်ခြေများအမြဲ ရှာနေသည်ဆိုပါစို့။ ဤပြဿနာကို သင် မည်သို့ ဖြေရှင်းသင့်သနည်း။ ဘုရားသခင်ထံ ဆုတောင်းပြီး၊ “အို ဘုရားသခင်၊ ကျွန်ုပ် ထိုသို့စကားပြောဆိုပါက၊ ကျွန်ုပ်ကိုယ်ပိုင် သိက္ခာကို ကာကွယ်ဖို့သာ ဖြစ်ပါသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက စကားပြောနေခြင်း ဖြစ်ပါသည်။ ကျွန်ုပ် ထိုသို့ စကားမပြောသင့်ပါ။ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟရမည်၊ ကိုယ့်ကိုယ်ကိုယ် ဖွင့်ချရမည်ဖြစ်ပြီး ကျွန်ုပ် စိတ်နှလုံး၏ မှန်ကန်သော အတွေးများကို ထုတ်ပြောရပါမည်။ ကျွန်ုပ်ကိုယ်ပိုင် ဝင့်ဝါမှုကို ဖြည့်ဆည်းခြင်းထက် အရှက်တရားနှင့် သိက္ခာဆုံးရှုံးခြင်းကိုကို ခံလိုက်ချင်ပါသည်။ ဘုရားသခင်ကိုသာ ကျွန်ုပ် စိတ်ကျေနပ်စေချင်ပါသည်”ဟု ပြောဆိုလျက်၊ မိမိကိုယ်ကိုယ် သုံးသပ်ရမည်။ ဤသို့ဖြင့် သင့်ကိုယ်သင် စွန့်လွှတ်ကာ သင့်စိတ်နှလုံး၏ စစ်မှန်သော အတွေးများကို ထုတ်ပြောသည့်အခါ၊ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်နေသည့်အပြင်၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူနေခြင်း သို့မဟုတ် သင်၏ သိက္ခာကို ကာကွယ်နေခြင်း မဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဘုရားသခင်၏ အလိုတော်အတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ မိမိတာဝန်ကို စိတ်ထက်သန်စွာ လုပ်ဆောင်နိုင်ပြီး သင်၏ တာဝန်များကို လုံးဝ ဖြည့်ဆည်းနိုင်ပေသည်။ ထိုသို့ဖြင့်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်နေသည်သာမက၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း ထိန်းသိမ်းနေခြင်းဖြစ်ကာ ဘုရားသခင်၏ စိတ်နှလုံး ကျေနပ်လေသည်။ ဤသည်မှာ တရားမျှတပြီး ဂုဏ်ယူဖွယ် အသက်ရှင်နည်းဖြစ်သည်၊ ဘုရားသခင်နှင့် လူတို့နှစ်ဦးလုံးရှေ့ ယူဆောင်ထိုက်ပေသည်။ ဤသည်မှာ အလွန်ကောင်းပေ၏။ ဤသို့လက်တွေ့လုပ်ဆောင်ခြင်းသည် အနည်းငယ် ခက်ခဲသော်လည်း၊ သင်၏ အားထုတ်မှုများနှင့် လက်တွေ့လုပ်ဆောင်မှုသည် ဦးတည်ရာကို ရည်ရွယ်ပါက၊ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သင် ကျရှုံးလျှင်ပင်၊ ဧကန်မုချ အောင်မြင်လိမ့်မည်။ ပြီးလျှင် သင့်အဖို့ အောင်မြင်မှုက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ စာတန်၏ချည်နှောင်မှုများမှ သင့်ကိုလွတ်မြောက်စေကာ သင့်ကိုယ်သင် စွန့်လွှတ်စေသည့် ခြေလှမ်းတစ်ခုဖြစ်သည့် ဤခြေလှမ်းကို သင်လျှောက်နိုင်ကြောင်းကို ဆိုလိုသည်။ ယင်းက သင်သည် ဝင့်ဝါမှုနှင့် ဂုဏ်သိက္ခာကို ဘေးဖယ်နိုင်ကြောင်း၊ သင်၏ ကိုယ်ကျိုးရှာခြင်းကို ရပ်တန့်နိုင်ကြောင်းနှင့် အတ္တကြီးပြီး ယုတ်မာသော အရာများကို လုပ်ဆောင်ခြင်းမှ ရပ်တန့်နိုင်ကြောင်းကို ဆိုလိုသည်။ ဤသည်ကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် သမ္မာတရားကို ချစ်သည့်သူတစ်ဦး၊ သမ္မာတရားကို တမ်းတသူတစ်ဦး၊ ဖြောင့်မတ်ခြင်းနှင့် အလင်းတို့ကို တမ်းတသည့်သူတစ်ဦး ဖြစ်ကြောင်း ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင် စွမ်းဆောင်ရရှိသည့် ရလဒ်ဖြစ်၏။ လူများကို သင်ပြသသည်။ တစ်ချိန်တည်းမှာပင် သင်သည် စာတန်ကိုလည်း အရှက်ရစေသည်။ စာတန်က သင့်ကို ဖောက်ပြန်ဖျက်ဆီးခဲ့သည်၊ ၎င်းက သင့်ကို သင့်ကိုယ်သင် စောင့်ရှောက်စေသည်၊ ၎င်းက သင့်ကို တစ်ကိုယ်ကောင်းဆန်စေသည်၊ ၎င်းက သင့်ကို သင်၏ကိုယ်ပိုင် ဂုဏ်သိက္ခာအတွက် စဉ်းစားစေသည်။ သို့သော် ယခုတွင်မူ ဤစာတန်ဆန်သော အမှုအရာများသည် သင့်ကို မချည်နှောင်နိုင်တော့ပေ၊ သင်သည် ယင်းတို့မှ လွတ်မြောက်ပြီးဖြစ်သည်၊ သင်သည် ဝင့်ဝါခြင်း၊ ဂုဏ်သိက္ခာ၊ သို့မဟုတ် သင့်ကိုယ်ပိုင် အကျိုးစီးပွားတို့၏ ထိန်းချုပ်ခြင်းကို မခံရတော့ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်၏၊ ထို့ကြောင့် စာတန်သည် လုံးလုံးလျားလျား အရှက်ကွဲပြီး ၎င်း လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ သို့ဆိုလျှင် သင်သည် အောင်နိုင်ပြီမဟုတ်လော။ သင်အောင်နိုင်သည့်အခါတွင် သင်သည် ဘုရားသခင်အဖို့ သင်၏ သက်သေခံချက်၌ ခိုင်မာစွာ မရပ်တည်သလော။ သင်သည် ကောင်းစွာသော တိုက်လှန်ခြင်းကို မပြုသလော။ ကောင်းစွာသော တိုက်လှန်ခြင်းကို သင်ပြုပြီးသည့်အခါ သင်သည် သင်၏စိတ်နှလုံးထဲတွင် ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်းအေးခြင်းအသိ ရှိလေသည်။ သင်သည် သင်၏ အသက်တာ၌ စွပ်စွဲသည့်အသိစိတ် မကြာခဏရှိပါက၊ သင်၏ စိတ်နှလုံးသည် အနားမရနိုင်ပါက၊ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိပါက၊ ပြီးလျှင် ကိစ္စအမျိုးစုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သောကရောက်ခြင်းတို့၏ မကြာခဏ ဖိစီးခြင်းခံရပါက ဤသည်မှာ အဘယ်အရာကို ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြောင်း၊ ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာမရပ်တည်ကြောင်းကို ဖော်ပြရုံမျှသာတည်း။ သင်သည် စာတန်၏ စိတ်သဘောထား အလယ်တွင် အသက်ရှင်သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မကြာခဏပျက်ကွက်နိုင်ခြေရှိပြီး သမ္မာတရားကို ကျောခိုင်းဖို့၊ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်ဖို့ ဖြစ်နိုင်ခြေရှိလေသည်။ သင်သည် သင်၏ပုံရိပ်၊ သင်၏နာမည်နှင့် ဂုဏ်အဆင့်အတန်း၊ ပြီးလျှင် သင်၏အကျိုးစီးပွားများကိုသာ ထိန်းသိမ်းသည်။ သင့်အတွက်သာ အစဉ် အသက်ရှင်ခြင်းက သင့်အား အစဉ် ကြီးစွာသော နာကျင်မှုဖြစ်စေသည်။ သင်သည် အလွန်များစွာသော တစ်ကိုယ်ကောင်းဆန်သည့် အလိုဆန္ဒများ၊ အရှုပ်အယှက်များ၊ သံယောဇဉ်များ၊ ဒွိဟများနှင့် ဒုက္ခများစွာတို့ သင့်ထံတွင် ရှိသည်မှာ သင်၌ အနည်းဆုံးသော ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းတို့မရှိချေ။ ဖောက်ပြန်ပျက်စီးသော ဇာတိပကတိအတွက် အသက်ရှင်ခြင်းသည် အလွန်အမင်း ဒုက္ခခံစားရခြင်း ဖြစ်လေသည်။ သမ္မာတရားကို လိုက်စားသောသူတို့မှာ မတူပေ။ သမ္မာတရားကို ၎င်းတို့ သာ၍ နားလည်လေ၊ သာ၍ လွတ်လပ်ကာ လွတ်မြောက်လေ ဖြစ်လာကြသည်။ သမ္မာတရားကို ၎င်းတို့ သာ၍ လက်တွေ့လုပ်ဆောင်လေ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို သာ၍ ရှိလေဖြစ်ကြသည်။ သမ္မာတရားကို ၎င်းတို့ ရရှိကြသည့်အခါ၊ အလင်းတွင် ၎င်းတို့ လုံးဝ အသက်ရှင်ကြလိမ့်မည်၊ ဘုရားသခင်၏ ကောင်းချီးများကို မွေ့လျော်ကာ မည်သည့် စိတ်ဆင်းရဲမှုမျှ ရှိကြလိမ့်မည် မဟုတ်။

ယခုတွင်၊ သင်တို့အားလုံးသည် မည်သည့် အခြေအနေတွင် အများစု အသက်ရှင်ကြသနည်း။ သင်တို့သည် အချိန်အများစုတွင် အပြုသဘောဆောင်သော အခြေအနေတွင် အသက်ရှင်ကြသလော၊ အပျက်သဘောဆောင်သော အခြေအနေတွင် အသက်ရှင်ကြသလော။ (အချိန်အများစုတွင် အပျက်သဘောဆောင်သော အခြေအနေ၌ ကျွန်ုပ်တို့ အသက်ရှင်ကြပါသည်။) အပျက်သဘောဆောင်သော အခြေအနေတွင် အမြဲ အသက်ရှင်သောသူတစ်ဦးအတွက် မိမိတို့ဝတ္တရားများကို လက်လျှော့ခြင်းမရှိဘဲ မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင် မဆုတ်မနစ်ကြိုးပမ်းရန်မှာ ရိုးရှင်းသော အရာတစ်ခု မဟုတ်ချေ။ သင်တို့အားလုံးသည် မကြာခဏ မတက်မကြွဖြစ်သော်လည်း၊ ဤအရာကို မည်သို့ ဖြေရှင်းရမည်ကို မသိကြချေ။ တစ်ခါတရံ၊ သင်၏ မတက်ကြွသည့် အခြေအနေများကို ဖြေရှင်းရန် သင့်အတွက် အားထုတ်မှုများစွာ လိုအပ်ပြီး၊ အမှုအရာများက သင်၏သဘောအတိုင်း မဖြစ်သည့်အခါ၊ တစ်ဖန် သင် မတက်မကြွ ဖြစ်လာသည်။ သင်၏ မတက်ကြွခြင်းတွင် သင်သည် အမြဲ ဝဲလည်နေပြီး၊ ရပ်ချင်လျှင်ပင် မရပ်နိုင်ပေ။ မည်သည့်တာဝန်ကိုမျှ ကောင်းစွာ သင် မလုပ်ဆောင်နိုင်သကဲ့သို့၊ သင်သည် အလွန် အရည်အချင်းမပြည့်မီသည်မှာ မည်သူကမျှ သင့်ကို မကူညီနိုင်ပေ။ ဤသို့ အသက်ရှင်ခြင်းသည် ပင်ပန်းစရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် မတက်ကြွခြင်း ပြဿနာကို သင် မည်သို့ အပြည့်အဝ ဖြေရှင်းသနည်း။ သမ္မာတရား အချို့ကို သင် လုံးဝ နားလည်ရမည်။ သင် ပြောဆိုနိုင်သည့် အယူဝါဒ ပမာဏက သင်၏ ပြဿနာများကို ဖြေရှင်းပေးလိမ့်မည် မဟုတ်။ လူတစ်ဦးသည် သမ္မာတရားကို အမှန်တကယ် နားလည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် မိမိတို့ ကြုံရသည့် မည်သည့် မတက်ကြွခြင်း သို့မဟုတ် အခက်အခဲများကိုမဆို ဖြေရှင်းနိုင်သည်နှင့် တစ်ပြိုင်နက်၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရန် သင်တို့အတွက် အလွန် ခက်ခဲပင်ပန်းမည် မဟုတ်ချေ။ သမ္မာတရားကို ရရှိခြင်းအားဖြင့်သာ တစ်စုံတစ်ဦးသည် လွတ်လပ်ကာ လွတ်မြောက်နိုင်ပေသည်။ ယခုတွင်၊ သင်တို့အားလုံး အချို့တဲ့ဆုံးသော အရာမှာ သမ္မာတရားဖြစ်၏။ သို့သော် သမ္မာတရားကို ရရှိခြင်းသည် ညတွင်းချင်း လုပ်ဆောင်၍ရနိုင်သည့် တစ်စုံတစ်ခုသောအရာ မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ရှိရမည်ဖြစ်ပြီး၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာ မြင်နိုင်ရမည်။ ဤသည်မှာ အချိန်လိုအပ်ပြီး၊ ထိုအရာကို နားလည်ရန် သမ္မာတရားကို သင် ရှာဖွေရမည်။ သင်တို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ရခြင်း၏ စိတ်ဆင်းရဲမှုကို ခံစားနိုင်သည်၊ သင်တို့သည် ထိုအရာအပေါ် နက်ရှိုင်းသည့် သိနားလည်မှု ရှိကြသည်။ သမ္မာတရားကို နားလည်သည့်နောက်တွင် သမ္မာတရားကို သင်တို့ လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရား၏ စည်းမျဉ်းများကို လိုက်နာနိုင်သည့်အခါ သင်တို့ စိတ်နှလုံး၌ ဖြစ်ပေါ်သည့် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတို့ကို သင်တို့ တွေ့ကြုံပြီးပြီလော။ ဤအတွေ့အကြုံများက အမှန်ပင် အလျှံပယ်ဖြစ်ပါက၊ ယင်းမှာ သင်သည် သမ္မာတရား၏ စစ်မှန်မှုကို လုံးဝ ပိုင်ဆိုင်ကြောင်း ဆိုလိုပေသည်။ သင်သည် အလင်းနှင့် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်ရသည့် ခံစားချက်ရှိလိမ့်မည်။ သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း အနည်းငယ်ကို ရံဖန်ရံခါ မွေ့လျော်ခံစားပါက၊ သင် အလွန် ကျေနပ်အားရလိမ့်မည်။ သင်သည် လူတို့အစား ဘုရားသခင်အပေါ် ရံဖန်ရံခါ မှီခိုပြီး ဘုရားသခင်က သင့်ကို အလင်း အနည်းငယ်၊ သင် မတွေးမိသည့် ရှေ့ဆက်လမ်းတစ်ခု ပေးပြီး ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းထားပါက၊ သင်သည် အလွန် ကျေနပ်အားရလိမ့်မည်။ ဤအတွေ့အကြုံငယ်လေးများ မကြာခဏ ရှိရန်မှာ မလုံလောက်ချေ။ သမ္မာတရားအတွက် သင် ဆက်လက် အားထုတ်ရဦးမည်ဖြစ်သည်။ တစ်ဖက်တွင်၊ ရူပါရုံများနှင့် ပတ်သက်သည့် သမ္မာတရားများကို သင် နားလည်ရမည်၊ ဘုရားသခင်၏ အမှုတော်အပေါ် လုံးဝ ရှင်းလင်းသည့် သိနားလည်မှုတစ်ခု ရှိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သည့် အသိပညာတစ်ခု အမှန်တကယ် ရှိရမည်။ ဤသို့ဖြင့်၊ သင်၏ တာဝန်ကို သင် လုပ်ဆောင်သည်နှင့်အမျှ အခက်အခဲများကို တစ်ဖန် ကြုံရသည့်အခါ၊ အနည်းဆုံးအနေဖြင့် ထိုအရာက အယူအဆများ ဖြစ်ပေါ်စေလိမ့်မည် မဟုတ်သကဲ့သို့၊ မနာခံမှုကိုလည်း ဖြစ်စေလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အမှုအရာများ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ထို့အပြင်၊ အသက်ဝင်ရောက်မှုအတွက် သင် အားထုတ်ရမည်။ သင့်ကိုယ်သင် သိရှိလာခြင်း၊ ရိုးသားသော လူတစ်ဦး ဖြစ်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်ယူခြင်း၊ ဘုရားသခင်အပေါ် မည်သို့မှီခိုရမည်၊ သင်၏ တာဝန်ကို မည်သို့ သစ္စာစောင့်သိရမည်၊ လူမျိုးစုံတို့ကြား မည်သို့ ပိုင်းခြားသိမြင်ရမည်၊ စာတန်ကို သင် ဆက်ဆံသင့်ပုံ၊ မည်သည့် ဉာဏ်ပညာကို သင် ပိုင်ဆိုင်သင့်သည်၊ စသည်တို့ကဲ့သို့သော လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမည့် သမ္မာတရားများကို အကျဉ်းရုံးရမည်။ သမ္မာတရား၏ ဤမတူကွဲပြားသော သွင်ပြင်လက္ခဏာများကို တွေ့ကြုံကာ ဝင်ရောက်ခြင်းအားဖြင့်သာ ဘုရားသခင်ကို သင်ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကာ စုံလင်သော လူတစ်ဦး ဖြစ်လာနိုင်သည်။ ထို့ကြောင့် သမ္မာတရား စစ်မှန်မှု၏ သွင်ပြင်လက္ခဏာ မည်မျှထဲသို့ သင်တို့ ဝင်ရောက်ပြီးပြီနည်း။ သမ္မာတရား စစ်မှန်မှု၏ မည်သည့် သွင်ပြင်လက္ခဏာများထဲသို့ သင်တို့ မဝင်ရောက်သေးသနည်း။ သင်၏ စိတ်နှလုံးတွင် ဤအရာကို သင် မျက်ခြေမပြတ်စောင့်ကြည့်ရမည်။ လက်တွေ့လုပ်ဆောင်မှုနှင့် ဆက်နွှယ်သည့် သမ္မာတရား များစွာထဲသို့ သင် ဝင်ရောက်ပြီးသည့်အခါ၊ သင်၏ အသက်တာကြီးထွားနှင့်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ သင်သည် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှု ရှိလိမ့်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အဆင့်တစ်ခုထိ ကြီးထွားပြီးသည့်အခါ၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရသည့် လမ်းပေါ် သင် ဝင်ရောက်နိုင်လိမ့်မည်ဖြစ်ပြီး၊ စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှု ရှိလိမ့်မည်။ ဤသည်မှာ လာ၍ရသည့် ကိစ္စရပ်တစ်ခု မဟုတ်၊ တစ်ကိုင်တည်းဖြင့် ဆင်တစ်ကောင်လုံးကို သင် စား၍မရနိုင်ပေ။ ယခုတွင်၊ သင်ဖြေရှင်းရန် လိုအပ်သည့် အရေးအပါဆုံးနှင့် အရေးအကြီးဆုံးသော အရာမှာ အဘယ်နည်း။ ယင်းမှာ သင်၏ တာဝန်ကို သင် ကောင်းစွာလုပ်ဆောင်ရမည်ဖြစ်ပြီး၊ သင်၏ တာဝန်ကို သင် လုပ်ဆောင်သည်နှင့်အမျှ အသက်ဝင်ရောက်မှု ရှိရမည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဓိက အချက်ဖြစ်သည်။ သင်သည် အားထုတ်မှုကို သုံးစွဲရုံသုံးစွဲ၍မရ၊ ထိုအရာကို စိတ်နှစ်ထားရမည်။ အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင် လုပ်ဆောင်သည်နှင့်အမျှ ဘုရားသခင်သည် သင့်အား မိမိ၏ အားထုတ်မှုကို မစွန့်လွှတ်စေချင်ပေ။ ထို့ထက် သင်၏ ရိုးသားစစ်မှန်မှုကို သူ့အား ဆက်ကပ်စေချင်သည်။ သင်၏ တာဝန်ကို သင် လုပ်ဆောင်သည်နှင့်အမျှ၊ သင်သည် အသက်ဝင်ရောက်မှု ရှိရမည်။ သင်သည် အသက်ဝင်ရောက်မှု ရှိသည့်အခါမှသာ၊ အသက်ရှိသည့်အခါမှသာ ကြီးထွားနိုင်ပြီး၊ အသက်ရှိသောသူတို့သာ သမ္မာတရား ရှိပေသည်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်

အရှေ့သို့- သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်

နောက်တစ်ခုသို့- သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။