သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်

အသက်ဝင်ရောက်မှုဆိုသည်မှာ အဘယ်နည်း။ ယင်းသည် သမ္မာတရားကို နားလည်ပြီးနောက်တွင် ဘုရားသခင်အား လူတို့ သိလာသောအခါ၊ ဘုရားသခင်အား နာခံလာသောအခါ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆင်ခြင်သုံးသပ်ပြီး သိလာသောခါ၊ ထို စိတ်သဘောထားများကို ဖယ်ရှားသောအခါ၊ ဤသို့အားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောအခါတွင် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို အမှန်တကယ် နာခံနိုင်သောအခါ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ပြီးဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူတို့သည် အသက်ဝင်ရောက်မှုရှိသော သူများဖြစ်သည်။ သမ္မာတရားသည် လူတစ်ယောက်၏ အသက်တာဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူသည် လူပုဂ္ဂိုလ်၊ အမှုကိစ္စ၊ သို့မဟုတ် အကြောင်းအရာတစ်ခုခု၏ ချုပ်ချယ်ကန့်သတ်ခြင်းကို ခံရမည်မဟုတ်တော့ပေ။ သူသည် ဘုရားသခင်ကို အမှန်တကယ် နာခံနိုင်လိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်လိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်နိုင်လိမ့်မည်။ ဤသည်မှာ သမ္မာတရား၏ စစ်မှန်မှုနှင့် မှန်ကန်သော သက်သေခံချက်ကို ပိုင်ဆိုင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ အသက်ဝင်ရောက်မှု၏ အဆုံးစွန်သော ရလဒ်ဖြစ်သည်။ လူတစ်ယောက်သည် နှစ်များစွာကြာသည်အထိ ဘုရားသခင်ကို ယုံကြည်သော်လည်း ဆိုးယုတ်သော စိတ်သဘောထားဖြင့် အသက်ရှင်ဆဲဖြစ်ကာ မိမိ၏ ကိုယ်ပိုင်ဆန္ဒများအတိုင်း ဆောင်ရွက်လျှင်၊ ဆုတောင်းခြင်း၊ သို့မဟုတ် သမ္မာတရားအား ရှာဖွေခြင်းမရှိလျှင်၊ အနည်းငယ်မျှပင် မပြောင်းလဲဘဲ နှစ်များစွာ ယုံကြည်ခဲ့လျှင်၊ မယုံကြည်သူတစ်ယောက်နှင့် ကွာခြားမှု လုံးဝ နီးပါးမရှိလျှင် ထိုကဲ့သို့သောသူသည် အသက်ဝင်ရောက်မှုမရှိပေ။ သမ္မာတရားကို မရရှိထားသကဲ့သို့ အသက်ကိုလည်း မရရှိသေးပေ။ သင်သည် သမ္မာတရားကို မရရှိသေးလျှင် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်နေခြင်းဖြစ်သည်။ သင်သည် ဆန္ဒရှိလျှင်ပင် ဘုရားသခင်ကို မနာခံနိုင်၊ မချစ်နိုင်ပေ။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်၊ သို့မဟုတ် စိတ်ဓာတ်မခိုင်မာနိုင်ပေ။ သင်သည် စိတ်ဓာတ်မခိုင်မာနိုင်လျှင် မည်သို့သော အခြေအနေမျိုးတွင် သင်ပိတ်မိနေမည်နည်း။ အပျက်သဘောဆောင်သောအခြေအနေတွင် အစဉ် ပိတ်မိနေမည်မဟုတ်လော။ သင်သည် သင်၏ ပတ်ဝန်းကျင်အားဖြင့် အစဉ် စိတ်ဓာတ်ယိမ်းယိုင်နေမည်ဖြစ်ပြီး ဖယ်ရှားခံရမည်ကို ကြောက်ရွံ့နေမည်။ ဘုရားသခင်က မကျေမနပ်ဖြစ်မည်ကို ကြောက်ရွံ့မည်။ ဤအရာ၊ ထိုအရာများကို ကြောက်ရွံ့နေပြီး သင်၏ တာဝန်အနည်းငယ်ကို မတက်ကြွစွာ၊ တွန့်ဆုတ်စွာဖြင့် လုပ်ဆောင်နေမည်။ ကောင်းမှုအနည်းငယ်ကို ပြင်ဆင်နေလိမ့်မည်။ အခြေခံအားဖြင့် သင်သည် ဆွဲခေါ်ခံရမည်။ ဦးဆောင်ခံရမည်။ တွန်းပို့ခြင်းခံရမည်။ ပြီးလျှင် တက်ကြွပြီး မဖြစ်ခင်က ကြိုတင်စီမံတတ်သော သင်၏ တစ်စိတ်တစ်ပိုင်းသည် အလွန်သေးငယ်လိမ့်မည်။ ထို့ကြောင့် သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သင်ရရှိသည့် ရလဒ်များသည် ကျေနပ်ဖွယ်မရှိဖြစ်လိမ့်မည်။ ဤသို့သောလူတို့သည် ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ မပေးနိုင်ပေ။ ထို့ကြောင့် ၎င်းတို့သည် များစွာသောလူများ၊ အမှုကိစ္စ၊ အကြောင်းအရာများအားဖြင့် ချုပ်ချုယ်ကန့်သတ်ခံရပြီး ချည်နှောင်ခံရသည်။ ၎င်းတို့သည် အစဉ်သဖြင့် အပျက်သဘောဆောင်သော အခြေအနေတွင် ပိတ်မိနေကြသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် အစဉ် မောပန်းသောအသက်တာတို့ကို အသက်ရှင်ကြရသည်။ ၎င်းတို့သည် ဝေဒနာကြီးမားစွာ ခံရလျက်ရှိပြီး လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းကို ရှာမတွေ့နိုင်ပေ။ အချိန်အတန်ကြာပြီးနောက်တွင် ၎င်းတို့ကိုယ်တိုင်၏ စိတ်ဓာတ်အားအင်သည် ၎င်းတို့ကို ထောက်ပံ့မပေးနိုင်တော့ပေ။ ပြီးလျှင် ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုအတွင်းတွင် နေ့စဉ် အသက်ရှင်ကြသည်။ ဘုရားသခင်အပေါ် ဤသို့သော ယုံကြည်မှုမျိုးသည် လူတစ်ယောက်ကို ကယ်တင်ခြင်းရရှိဖို့ အခွင့်ပေးနိုင်သလော။ လူအချို့က “ငါသည် စိတ်အားထက်သန်သည်။ ဘုရားသခင်အတွက် အမှုအရာများကို လုပ်ဆောင်လိုစိတ်ရှိသည်။ ငယ်ရွယ်သည်။ အားအင်နှင့် စိတ်ခိုင်မာမှုရှိသည်။ အခက်အခဲများကို မကြောက်။” ဟု ဆိုကြသည်။ ထိုအရာအားလုံးမှာ တစ်ခုခုအသုံးဝင်သလော။ အသုံးမဝင်ပေ။ သင်၏ အားအင်သည် မည်မျှရှိသည်ဖြစ်စေ အသုံးမဝင်ပေ။ လူတစ်ယောက်တွင်ရှိသော အနည်းငယ်သော ကျန်းမာကြံ့ခိုင်မှုက ထိုသူကို မည်မျှကြာရှည်စွာ ထောက်ပံ့ပေးနိုင်သနည်း။ သူသည် မကြာခဏပင် ကျရှုံးပြီး ယိမ်းယိုင်ဦးမည်ဖြစ်သည်။ ပြီးလျှင် အပျက်သဘောဆောင်ခြင်းအတွင်းသို့ ကျရောက်သွားသောအခါ သူသည် မလှုပ်မယှက်ဖြစ်သွားလိမ့်မည်။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းက မကောင်းပေ။ သင်သည် စိတ်အားထက်သန်မှု၊ သို့မဟုတ် အားအင်သာရှိလျှင် အသုံးဝင်မည်မဟုတ်ပေ။ ထိုအရာများသည် အသက်မဟုတ်ပေ။ လူတစ်ယောက်၏ ခဏတာဖြစ်သော စိတ်အားထက်သန်မှုနှင့် စိတ်ဝင်စားမှုသာဖြစ်သည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ၎င်းတို့သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ၎င်းတို့အားလုံးတွင် အကျဉ်းချုံးဖြစ်သော စွမ်းအင် ပြည့်လျှံနေမှု၊ တစ်ခဏမျှဖြစ်သော စိတ်အားထက်သန်မှု၊ တစ်ခဏမျှဖြစ်သော စေ့ဆော်မှုရှိကြသည်။ ၎င်းတို့အားလုံးသည် အလွန်စိတ်ထက်သန်နေသောအခါတွင်၊ စိတ်လှုပ်ရှားတတ်သောအခါတွင် အချိန်များရှိကြသည်။ သို့သော် ဤသည်မှာ စိတ်မြန်လက်မြန်ဖြစ်ခြင်းမှ ဖြစ်ပေါ်သော သတ္တိဖြစ်ပြီး ကြာရှည်မခံပေ။ လူတို့၏ သီအိုရီများ၊ စံများ၊ အိပ်မက်များသည် မျက်စိတစ်မှိတ်တွင် ပြိုလဲသွားလိမ့်မည်။ လူတို့သည် သမ္မာတရားမရှိဘဲ ခိုင်မာစွာ မရပ်တည်နိုင်ပေ။ စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်းအားဖြင့် အသက်ရှင်သောသူတစ်ယောက်သည် သူ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ ဘုရားသခင်ကို ကျေနပ်စေနိုင်သလော။ (မကျေနပ်စေနိုင်ပါ။) ထို့ကြောင့် လူတို့သည် အသက်ဝင်ရောက်မှုရှိရမည်။ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရမည်။ “သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်းသည် အဘယ်ကြောင့် အလွန် အားစိုက်ရသနည်း။ အဘယ်ကြောင့် ငါသည် အရှုပ်အယှက်များစွာဖြင့် ချည်နှောင်ထားခြင်းခံရသနည်း။ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။” ဟု ပြောသောသူများရှိသည်။ လူတို့သည် ဤပြဿနာကို ဖြေရှင်းရန်အတွက် မိမိတို့ကိုယ်ကို အမှီပြုနိုင်သလော။ “ငါ့တွင် စိတ်ဓာတ်အားအင်နှင့် စိတ်ခိုင်မာမှုရှိသည်။ အခက်အခဲများကို မကြောက်။ ငါ့စိတ်ကို ဆုံးဖြတ်ပြီးဖြစ်သည်။ အတားအဆီးတိုင်းကို ကျော်လွှားမည်။ ဤခက်ခဲသောအရာများကို ငါ လက်ခံကြိုဆိုမည်။ မည်သည့်အရာကိုမျှ မကြောက်။ မည်မျှခက်ခဲပါစေ အဆုံးထိ ဆက်လျှောက်မည်။” ဟု ပြောသောသူအချို့ရှိသည်။ ဤသည်မှာ အသုံးဝင်သလော။ ဤအရာသည် ၎င်းတို့ကို အမှန်တကယ်ပင် အနည်းငယ် ထောက်ပံ့ပေးနိုင်သည်။ သို့သော် ၎င်းတို့၏ လက်တွေ့ပြဿနာများက ဆက်လက်၍ရှိနေဦးမည်။ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက ၎င်းတို့အတွင်းတွင် အမြစ်တွယ်နေဦးမည်ဖြစ်ပြီး ပြောင်းလဲမည်မဟုတ်ပေ။ သင်သည် အဆုံးထိ ဘုရားနောက်လိုက်ခြင်းကို ဆက်လက်လုပ်ဆောင်သော်လည်း သင်၏ အသက်စိတ်သဘောထားကို မပြောင်းလဲသေးလျှင်၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ မဝင်ရောက်သေးလျှင် ဘုရားသခင်၏ လက်ခံမှုကို သင်ရရှိနိုင်သလော။ မရရှိနိုင်သေးပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဆုံးထိ ဆက်လက်လုပ်ဆောင်ခြင်းရှိမရှိနှင့် မသက်ဆိုင်ပေ။ အဓိကအချက်မှာ သမ္မာတရား၊ အသက်နှင့် ဘုရားသခင်၏ လက်ခံမှုကို သင်ရရှိနိုင်ခြင်း ရှိမရှိဖြစ်သည်။ ဤသည်မှာ အရေးကြီးဆုံးအရာဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ မဝင်နိုင်လျှင်၊ သမ္မာတရားကို သူ၏ အသက် မဖြစ်စေနိုင်လျှင် သူ၏ ပြည့်လျှံနေသော စိတ်ထက်သန်မှု၊ သို့မဟုတ် ကျန်းမာကြံ့ခိုင်မှုသည် အလွန်ကြာရှည်စွာ တည်တံ့မည်လော။ မတည်တံ့နိုင်ပေ။ လူတို့သည် သမ္မာတရားကို နားလည်ရမည်။ ဤအရာကို အစားထိုးရန်အတွက် သမ္မာတရားကို အသုံးပြုရမည်။ လူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီး ယုံကြည်ခြင်းနှင့် စည်းမျဉ်းများကို ပိုင်ဆိုင်သောအခါတွင် သူသည် ယိမ်းယိုင်ခြင်းမရှိဘဲ ဇွဲလုံ့လရှိပြီး အနှောင့်အယှက်များအားလုံးရှိသော်လည်း ဆက်လက်၍ ကြိုးစားနိုင်လိမ့်မည်။ မည်သို့သော ပတ်ဝန်းကျင်၊ အတားအဆီး၊ သို့မဟုတ် သွေးဆောင်မှုများပင် ကြုံရပါစေ သူသည် စာတန်ကို အောင်နိုင်ရန်အတွက် ဘုရားသခင်ကို အစဉ် အမှီပြုပြီး ဘုရားသခင်ကို အထင်ကြီးလေးစားလိမ့်မည်။ ဤရလဒ်ကို ရရှိရန်အတွက် သင်သည် ဘုရားသခင်ရှေ့ကို မကြာခဏ လာရမည်။ ဘုရားသခင်ကို ရင်ဖွင့်ရမည်။ ဆုတောင်းရာတွင် သင်၏ အခက်အခဲများကို ပြောရမည်။ ဘုရားသခင်ကို မှန်မှန်ကန်ကန် ပြောဆိုရမည်။ ပြီးလျှင် သင်၏တာဝန်ကို လက်တွေ့လုပ်ဆောင်သောအခါ၊ သင်၏ လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ရန်အတွက် မည်သို့ ဆောင်ရွက်ရမည်ကို သင် ရှာဖွေရမည်။ သမ္မာတရားကို နားလည်သော၊ သမ္မာတရားကို သဘောပေါက်သည့် အရည်အချင်းရှိသောသူများကို သင် ရှာဖွေပြီး မိတ်သဟာယဖွဲ့ကာ ဤသို့ လုပ်ဆောင်ခြင်းမှတစ်ဆင့် ဉာဏ်အလင်းပွင့်ခြင်းနှင့် တည်ဆောက်စရာဖြစ်ခြင်းအနည်းငယ်ကို ရရှိရမည်။ ပြီးလျှင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ရှာဖွေရမည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောအခါ သင်၏ ပြဿနာ ပြေလည်မည်မဟုတ်လော။ သင်သည် အစဉ်သဖြင့် တွန့်ဆုတ်ပြီး မိတ်သဟာယမဖွဲ့ဘဲ “တစ်နေ့တွင် ငါ၏ ဝိညာဉ်ရင့်ကျက်မှုသည် ကြီးထွားကောင်း ကြီးထွားလာမည်။ သမ္မာတရားကို အလိုအလျောက် နားလည်လာလိမ့်မည်။ ဤသို့ဆိုလျှင် ယခုအခါ ဤအရာကို ငါ ကိုင်တွယ်စရာမလို။” ဟု စဉ်းစားလျှင် ဤသို့သော စဉ်းစားပုံမျိုးသည် မရောရာပေ။ လက်တွေ့မကျပေ။ အနှောင့်အယှက်များ ဖြစ်နိုင်ခြေရှိသည်။ ဤပြဿနာကို သမ္မာတရားကို နားလည်သောသူများအား ရှာဖွေပြီး မိတ်သဟာယပြုခြင်းအားဖြင့် ဖြေရှင်းနိုင်သည်။ သင်သည် သမ္မာတရားကို သဘောပေါက်နိုင်စွမ်းရှိလျှင် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းအားဖြင့်လည်း ပြဿနာကို ဖြေရှင်းနိုင်သည်။ ဤပြဿနာအား ဖြေရှင်းခြင်းကို အဘယ်ကြောင့် အလေးအနက်မထားသနည်း။ သင်သည် ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေလျှင် ပြဿနာက သူ့ဘာသာ ပျောက်ကွယ်သွားမည်လော။ ဤသည်မှာ မိုက်မဲသော အတွေးဖြစ်သည်။

ယခုအချိန်တွင် သင်တို့အပေါ်သို့ အမှုအရာများကျရောက်သောအခါ သမ္မာတရားကို သင်တို့ ရှာဖွေနိုင်သလော။ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို သင်ကြားပြီးသလော။ သင်၏ အတတ်ပညာပိုင်းဆိုင်ရာ နယ်ပယ်တွင် စည်းမျဉ်းအချို့ကို ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ဆောင်ခြင်းမှလွဲ၍ သင်သည် သင်ကိုယ်တိုင်၏ အသက်ဝင်ရောက်မှုနှင့် ပတ်သက်လျှင်၊ သင်၏ အမျိုးမျိုးသော အခြေအနေများကို တိုးတက်စေခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းနှင့်ပတ်သက်လျှင် သမ္မာတရားကို ရှာဖွေနိုင်သလော။ သင်သည် စည်းမျဉ်းများကို ချိုးဖောက်သောအရာတစ်ခုကို လုပ်ဆောင်ခဲ့သောကြောင့် ကိုင်တွယ်ဖြေရှင်းခံရသောအခါ ညည်းညူဆဲဖြစ်လျှင်၊ သင်သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောကြောင့် စိတ်ကျဉ်းကျပ်ဆဲဖြစ်လျှင်၊ သင်သည် ဖယ်ရှားခံရတော့မည်ဟု တွေးပြီး သင့်ကိုယ်သင် လက်လျှော့သည်အထိ လုပ်ဆောင်ကာ အပျက်သဘောဆောင်ပြီး အားလျော့လျှင် သင်၏ ဆိုးယုတ်သော စိတ်သဘောထားသည် အလွန်ဆိုးသောကြောင့် သင်သည် မွန်းကျပ်နေခြင်းမဟုတ်သလော။ သမ္မာတရားကို လူတို့ နားလည်သောအခါ ၎င်းတို့၏ အခက်အခဲများသည် အလွန်များပြားပြီး ကြီးမားသည်။ ပြဿနာများကို ၎င်းတို့ ကြုံရသောအခါ ၎င်းတို့၏ အပျက်သဘောဆောင်သော အပိုင်းတို့သည် အလွန်အလျင်မြန်စွာ၊ ကြာရှည်စွာ ထွက်ပေါ်လာသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို အလွန်နှေးကွေးစွာ၊ နည်းပါးစွာ လက်တွေ့လုပ်ဆောင်သည်။ လူတို့သည် အချို့သော ပတ်ဝန်းကျင်တို့ကို ကြုံရသောအခါ၊ သို့မဟုတ် အခြားလူများက ရုတ်တရက်ကြည့်ခြင်းတစ်ခုခုကို သတိထားမိသောအခါ၊ သို့မဟုတ် အချို့သောစကားများပြောသည်ကို ကြားသောအခါ၊ သို့မဟုတ် သတင်းအချက်အလက်တစ်ခုခုကို သိရသောအခါတွင် အချိန်နှင့်နေရာက မည်သို့ရှိသည်ဖြစ်စေ အပျက်သဘောဆောင်သောအရာများက ၎င်းတို့ထဲတွင် ထွက်ပေါ်လာမည်။ ဤအရာတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ သဘာဝအလျောက် ဖွင့်ပြမှုများဖြစ်သည်။ ဤအရာက အဘယ်အရာကို သက်သေပြသနည်း။ လူသားဘဝအတွင်းတွင် သမ္မာတရား၏ အရိပ်အယောင်မရှိဆိုသည်ကို သက်သေပြသည်။ လူတို့ထံမှ သဘာဝအလျောက်ဖွင့်ပြလာသော အစီအစဉ်တကျမရှိသောအရာများသည် ထိုအရာများကို သင်၏ ခေါင်းထဲတွင် စဉ်းစားသည်ဖြစ်စေ၊ သင်၏ နှုတ်မှ ပြောသည်ဖြစ်စေ၊ သင်လုပ်ဆောင်ရန် ရည်ရွယ်သည့်၊ စီစဉ်ထားသည့်အရာတစ်ခုခုဖြစ်စေ၊ ရည်ရွယ်၍ လုပ်ဆောင်သောအရာဖြစ်စေ၊ မရည်ရွယ်ဘဲ လုပ်ဆောင်သောအရာဖြစ်စေ ဤအရာအားလုံးသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ဆက်နွှယ်နေသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝမှ ထွက်ပေါ်လာသည်၊ ဤသည်မှာ အရင်းအမြစ်ဖြစ်သည်ဟု သေချာပေါက်ဆိုနိုင်သည်။ လူတို့ထံမှ ထွက်ပေါ်လာသော ဖောက်ပြန်ပျက်စီးသောအရာများကို စဉ်းစားကြည့်လျှင် လူတို့၌ သမ္မာတရား၏ စစ်မှန်မှုတစ်ခုမျှမရှိ၊ သာမန်လူ့သဘာဝ တစ်ခုမျှမရှိ၊ သာမန်အသိစိတ်တစ်ခုမှမရှိဆိုသည်မှာ ရှင်းလင်းသည်။ ယခုအချိန်တွင် သင်တို့သည် မိမိတို့ကိုယ်ကို ပိုင်းခြားစိစစ်နိုင်သည်။ သင်တို့သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းအား အရေးစိုက်ပြီး အာရုံစူးစိုက်လျှင် သင်တို့၏ ရည်ရွယ်ချက်များ၊ အတွေးများ၊ အမြင်များသည် မှန်ကန်သည်၊ မမှန်ကန်သည်ကို သိရှိနိုင်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် ညီ၊ မညီကို သိရှိနိုင်သည်။ ယေဘူယျအားဖြင့် သင်တို့သည် ဤအရာများကို အနည်းငယ်ပိုင်းခြားသိမြင်နိုင်ပြီး နားလည်နိုင်လိမ့်မည်။ ထို့ကြောင့် ဤအရာများကို သင်တို့ နားလည်လာပြီးနောက်တွင် သင်တို့သည် ဖြေရှင်းချက်တစ်ခုအတွက် သမ္မာတရားကို ရှာဖွေနိုင်မည်လော။ သို့မဟုတ် “ငါသည် ဤသို့ စဉ်းစားလိုသည်။ ဤသို့ စဉ်းစားခြင်းသည် ငါ့အတွက် အကျိုးဖြစ်စေသည်။ အခြားလူများက ဝင်ရောက်စွက်ဖက်ခွင့်မရှိ။ ဤအရာများကို ငါက ကျယ်လောင်စွာ ထုတ်မပြောလျှင်၊ သို့မဟုတ် လက်တွေ့မလုပ်လျှင်၊ စဉ်းစားခြင်းသာပြုလျှင် မရသလော။” ဟု စဉ်းစားလျက် ဤအရာများကို ၎င်းတို့ဘာသာ ဖြစ်ပေါ်လာစေမည်လော။ ဤသို့လုပ်ဆောင်သောသူအချို့ မရှိသလော။ ဤအရာသည် မည်သည့်အရာကို ဖော်ပြနေသနည်း။ ဤသို့စဉ်းစားခြင်းက မှားယွင်းသည်ကို ၎င်းတို့ ရှင်းလင်းစွာသိသော်လည်း သမ္မာတရားကို မရှာဖွေကြပေ။ ဤအတွေးများကို ဘေးဖယ်မထားပေ၊ သို့မဟုတ် မစွန့်ပစ်ပေ။ ၎င်းတို့သည် လုံးဝ အရေးမစိုက်ဘဲ ဤသို့ ဆက်လက်စဉ်းစားပြီး လုပ်ဆောင်ကြသည်။ ဤလူတို့သည် သမ္မာတရားကို မချစ်ပေ။ ခိုင်မာစွာ မရပ်တည်နိုင်ပေ။

လူအချို့သည် တာဝန်တစ်ခုကို မထမ်းဆောင်ပေ။ မည်သူကမျှ ၎င်းတို့ကို အလေးအနက်မထားပေ။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် ဘုရားနှုတ်ကပတ်တော်ကိုသာ ဖတ်လျှင်၊ အသင်းတော်အသက်တာကို အသက်ရှင်လျှင်၊ ပုံမှန်အားဖြင့် မကောင်းသောအရာများကို မလုပ်လျှင်၊ သို့မဟုတ် မယုံကြည်သူများကဲ့သို့ အပျော်အပါး၌ မွေ့လျော်သော ပုံစံဖြင့် မလုပ်ဆောင်လျှင် လုံလောက်ပြီဟု ထင်ကြသည်။ ၎င်းတို့က အဆုံးတွင် ကောင်းချီးအချို့ ရရှိပြီး အသက်ရှင်၍ ကျန်ရစ်ကောင်း ကျန်ရစ်နိုင်သည်ဟု ထင်ကြသည်။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ဤသို့သော လိုရာဆွဲတွေးသည့်ပုံစံမျိုးကို ကိုင်စွဲထားကြသည်။ အပေါ်ယံတွင် ၎င်းတို့သည် မည်သည့် ဆိုးဝါးသောအမှားများကိုမျှ မကျူးလွန်သော်လည်း အသက်ဝင်ရောက်မှုလုံးဝ မရှိသကဲ့သို့ သမ္မာတရား၏ စစ်မှန်မှုတစ်ခုခုကိုလည်း မရရှိပေ။ လူတစ်ယောက်က ၎င်းတို့ကို အလေးအနက်ထားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ပြဿနာများ၊ အားနည်းချက်များ ပြည့်နေသည်ကို သဘောပေါက်ကြသည်။ ပြီးလျှင် အပျက်သဘောဆောင်လာပြီး “အားလုံးပြီးဆုံးသွားပြီ မဟုတ်လော။ ဘုရားသခင်ကို ငါ နှစ်များစွာ ယုံကြည်ခဲ့သည်။ ဤအရာမှ မည်သည့်အရာကိုမျှ ငါ မရရှိခဲ့ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အမှန်ပင် မလွယ်ကူသည့်ပုံစံရှိသည်။” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် အေးတိအေးစက်ဖြစ်လာပြီး သမ္မာတရားဆီသို့ ကြိုးပမ်းလိုစိတ်မရှိတော့ပေ။ အချိန်အတန်ကြာပြီးနောက်တွင် ၎င်းတို့သည် အဓိပ္ပာယ်မရှိသကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် မျှော်လင့်ချက်ရှိရန်အတွက် သမ္မာတရားကို လိုက်စားဖို့လိုသည်ဟု ခံစားမိသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို စတင်ထမ်းဆောင်သောအခါ လူတို့သည် ၎င်းတို့အပေါ် နောက်တစ်ဖန် အလေးအနက်ထားလာကြသည်။ နောက်ဆုံး၌ ၎င်းတို့သည် “လူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ရမည်။ ဤသို့မဟုတ်လျှင် ၎င်းတို့အတွက် အမှားများလုပ်မိရန် အလွန်လွယ်ကူသည်။ သမ္မာတရားကို လူတို့ မလိုက်စားလျှင် ပြစ်မှားမှုများကို အစဉ် ကျူးလွန်ကြမည်။ ပြီးလျှင် ကိုင်တွယ်ဖြေရှင်းခံရမည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ရန်အတွက် ၎င်းတို့၏ စိတ်အားထက်သန်မှုကို အမှီပြုလျှင်လည်း ကိုင်တွယ်ဖြေရှင်းခံရမည်။ ငါသည် အရာရာတွင် သတိရှိရမည်။ လုံးဝ မဆင်မခြင် စကားမပြောရ၊ သို့မဟုတ် မဆောင်ရွက်ရပေ။ အမှုအရာများတွင် ဝင်မပါသင့်ပေ။ ထင်ပေါ်ခြင်းထက် ငကြောက်ဖြစ်ခြင်းက ပို၍ကောင်းသည်။” ဟု ခံစားကြရသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် လုံးဝ သင့်လျော်မှုရှိသည်၊ မည်သူကမျှ မည်သည့်အမှားကိုမျှ ထောက်မပြနိုင်ဟု ၎င်းတို့က ထင်ကြသည်။ သို့သော် ၎င်းတို့သည် အရေးပါဆုံးသောအချက်ကို သတိမမူမိကြပေ။ သမ္မာတရားကို လိုက်စားသင့်သည်ဆိုသည့် အချက်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှုကိုလည်း မလိုက်စားကြပေ။ ဤသည်မှာ ၎င်းတို့၏ ဆိုးရွားသော အမှားဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ အလုပ်ကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းဖြင့်ပင် ကျေနပ်ကြသည်။ ၎င်းတို့၏ အလုပ် ပြီးမြောက်ရန်အတွက် အရုဏ်ဦးမှ မှောင်ရိပ်ပျိုးသည်အထိ အလုပ်လုပ်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အလွန်အလုပ်ရှုပ်သည်မှာ ထမင်းနှစ်နပ်လွတ်သွားလျှင်ပင် ဂရုမစိုက်ကြပေ။ ၎င်းတို့သည် အမှန်တကယ်ပင် ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်ကြသည်။ သို့သော် ၎င်းတို့တွင် အသက်ဝင်ရောက်မှုမရှိပေ။ အချိန်တိုင်းနေရာတိုင်းတွင် ၎င်းတို့သည် အခြားလူများကို သတိထားကာကွယ်ကြသည်။ အမှားတစ်ခုလုပ်မိပြီး ကိုင်တွယ်ဖြေရှင်းခံမည်ကို ကြောက်သောကြောင့်ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးက မှန်ကန်သလော။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတစ်ယောက်ဖြစ်သလော။ လူတို့သည် အဆုံးထိ ၎င်းတို့၏ တာဝန်ကို ဤသို့ ထမ်းဆောင်လျှင် သမ္မာတရားကို ရရှိနိုင်မည်လော၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်မည်လော။ (မဝင်ရောက်နိုင်ပါ။) သင်တို့ထဲတွင် ဤသို့သောလူများစွာရှိသည်မဟုတ်လော။ သင်တို့သည် မကြာခဏပင် ဤသို့သောအခြေအနေ၌ပင် မရှိကြသလော။ (ရှိကြပါသည်။) ဤသို့ လုပ်ဆောင်ခြင်းသည် မကောင်းသောနည်းလမ်းဖြစ်သည်၊ သင်တို့သည် အပျက်သဘောဆောင်သော အခြေအနေတွင် အသက်ရှင်နေသည်ဟု စဉ်းစားလျက် သတိရှိကြသလော။ အမှုအရာများက သင်တို့အပေါ် ကျရောက်သောအခါ သင်တို့သည် အစဉ်သဖြင့် ငကြောက်များကဲ့သို့ ပြုမူကြသည်။ လူ့အကြိုက်လိုက်သူများကဲ့သို့ အစဉ် ပြုမူကြသည်။ အစဉ်သဖြင့် အလျှော့ပေးပြီး အလယ်အလတ်လမ်းကို ယူကြသည်။ မည်သည့်အခါမျှ တစ်စုံတစ်ယောက်ကို မကျေမနပ်ဖြစ်အောင် မပြုလုပ်၊ သို့မဟုတ် အမှုအရာများထဲတွင် ဝင်မပါပေ။ မည်သည့်အခါမျှ ကျော်လွန်၍ မလုပ်ဆောင်ပေ။ သင်သည် သင်၏ကိုယ်ပိုင်နေရာတွင် ရပ်နေပြီး သင်၏တာဝန်ကိုသာ ဖက်တွယ်ထားကာ သင့်ကို ခိုင်းသည့်အရာမှန်သမျှကို လုပ်ဆောင်လျက်၊ ရှေ့တွင် ရပ်ခြင်း၊ သို့မဟုတ် နောက်တွင်ရပ်ခြင်းမရှိဘဲ အလိုက်သင့်နေနေသကဲ့သို့ဖြစ်သည်။ ပြောလော့။ သင်သည် ဤပုံစံဖြင့် အဆုံးထိတိုင်အောင် သင်၏တာဝန်ကို မပြတ်ထမ်းဆောင်လျှင် ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်မည်ဟု ထင်သလော။ ဤသို့သော အခြေအနေမျိုးသည် အလွန်အန္တရာယ်ရှိသည်၊ ဘုရားသခင်၏ စုံလင်ခြင်းကို သင် ရရှိမည်မဟုတ်ရုံသာမက ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သင် ပုန်ကန်ပြစ်မှားမိဖို့ ဖြစ်နိုင်ခြေရှိသည်။ ဤသို့သော စိတ်ထက်သန်ခြင်းမရှိသည့်သူမျိုးက သမ္မာတရားကို လိုက်စားသလော။ ဤသို့သောသူမျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သောသူမျိုးဖြစ်သလော။ ဤသို့သော အခြေအနေမျိုးတွင် အသက်ရှင်သောသူတစ်ယောက်သည် လူ့အကြိုက်လိုက်သူတစ်ယောက်၏ အတွေးများကို မကြာခဏ ဖွင့်ပြပြီး သူ့အထဲတွင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိပေ။ လူတစ်ယောက်သည် ကောင်းသောအကြောင်းပြချက်မရှိဘဲ ကြောက်ရွံ့တုန်လှုပ်ခြင်းသာ ဖြစ်လျှင် ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြစ်သလော။ (မဖြစ်ပါ။) သူသည် သူ၏ အလုံးစုံကို တာဝန်ထဲသို့ နှစ်မြုပ်ခြင်း၊ သူ၏ အလုပ်မှ နုတ်ထွက်ခြင်း၊ သူ၏ မိသားစုကို စွန့်လွှတ်ခြင်းတို့ကို ပြုလုပ်လျှင်ပင် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မပေးအပ်လျှင်၊ ဘုရားသခင်အား သတိထားကာကွယ်လျှင် ဤသည်မှာ ကောင်းသော အခြေအနေဖြစ်သလော။ ဤသည်မှာ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန် သာမန်အခြေအနေဖြစ်သလော။ ဤအခြေအနေနှင့်ပတ်သက်ပြီး နောင်တွင် ကြီးထွားရင့်သန်လာမည့်အရာသည် ကြောက်မက်ဖွယ်မဖြစ်သလော။ လူတစ်ယောက်သည် ဤအခြေအနေဖြင့် ဆက်လက်၍ ရှိနေလျှင် သမ္မာတရားကို လက်ခံရရှိနိုင်သလော။ အသက်ကို ရရှိနိုင်သလော။ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) သင်တို့ကိုယ်တိုင် ဤအခြေအနေကိုပင် ပိုင်ဆိုင်သည်ကို သင်တို့ သတိပြုမိသလော။ ဤအရာကို သင်တို့ သတိပြုမိသောအခါ “ငါသည် အဘယ်ကြောင့် ဘုရားသခင်ကို အစဉ် သတိထားကာကွယ်နေသနည်း။ အဘယ်ကြောင့် ဤသို့ အစဉ် စဉ်းစားသနည်း။ ဤသို့ စဉ်းစားခြင်းသည် အလွန်ကြောက်စရာကောင်းသည်။ ဘုရားကို ဆန့်ကျင်ပြီး သမ္မာတရားကို ငြင်းပယ်နေခြင်းဖြစ်သည်။ ဘုရားသခင်ကို သတိထားကာကွယ်နေခြင်းသည် ဘုရားသခင်ကို အာခံနေခြင်းနှင့် တူညီသည်။” ဟု စဉ်းစားမိသလော။ ဘုရားသခင်ကို သတိထားကာကွယ်သည့် အခြေအနေသည် သူခိုးတစ်ယောက်ကဲ့သို့ဖြစ်သည်။ အလင်းတွင် အသက်မရှင်လိုပေ။ သင်၏ မကောင်းဆိုးဝါးဆန်သော မျက်နှာကို ဖော်ထုတ်ရမည်ကို ကြောက်ရွံ့နေသည်။ တစ်ချိန်တည်းတွင် သင်သည် “ဘုရားသခင်ကို ပေါ့ပေါ့တန်တန် ဆက်ဆံ၍ မရပေ။ သူသည် အချိန်တိုင်း၊ နေရာတိုင်းတွင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်သည်။ မိမိက ဘုရားကို စိတ်ဆိုးစေလျှင် အခြေအနေသိပ်မဆိုးလျှင် သူသည် မိမိကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းမည်။ အခြေအနေဆိုးလျှင် သင့်ကို အပြစ်ဒဏ်ခတ်မည်။ သင့်ကို နာမကျန်းဖြစ်အောင်ပြုလုပ်မည်၊ သို့မဟုတ် ဒုက္ခခံရစေမည်။ လူတို့သည် ထိုအရာများကို မခံနိုင်ပေ။” ဟူ၍ ကြောက်ရွံ့နေသည်။ လူတို့တွင် ဤသို့ နားလည်မှုလွဲခြင်းများ မရှိသလော။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြစ်သလော။ (မဖြစ်ပါ။) ဤသို့သော အခြေအနေမျိုးသည် ကြောက်မက်ဖွယ်ရာမဟုတ်သလော။ လူတစ်ယောက်သည် ဤအခြေအနေတွင် ရှိသောအခါ၊ သူသည် ဘုရားသခင်ကို သတိထားကာကွယ်သောအခါ၊ အစဉ်သဖြင့် ဤအတွေးများရှိသောအခါ၊ ဘုရားသခင်အပေါ်တွင် ဤသဘောထားမျိုး အစဉ်ရှိသောအခါ သူသည် ဘုရားသခင်ကို ဘုရားကဲ့သို့ ဆက်ဆံနေခြင်းဖြစ်သလော။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြစ်သလော။ လူတစ်ယောက်သည် ဤပုံစံဖြင့် ဘုရားသခင်ကို ယုံကြည်သောအခါ၊ ဘုရားသခင်ကို ဘုရားကဲ့သို့ မဆက်ဆံသောအခါ ဤသည်မှာ ပြဿနာတစ်ခုမဟုတ်သလော။ အနည်းဆုံးအနေဖြင့် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို လက်မခံသကဲ့သို့ သူ၏ အမှုတော်၏ အမှန်တရားကိုလည်း လက်မခံပေ။ ၎င်းတို့က “ဘုရားသခင်က သက်ညှာမှုရှိပြီး ချစ်ခင်သည်မှာ မှန်သည်။ သို့သော်လည်း အမျက်ဒေါသလည်း ထွက်သည်။ ဘုရားသခင်၏ အမျက်ဒေါသက လူတစ်ယောက်အပေါ် ကျရောက်သောအခါ ဘေးဒုက္ခရောက်ခြင်းပင်ဖြစ်သည်။ သူသည် လူတို့ကို အချိန်မရွေးသေအောင် ရိုက်နိုင်သည်။ သူဆန္ဒရှိသည့် မည်သူကိုမဆို ဖျက်ဆီးနိုင်သည်။ ဘုရားသခင်၏ ဒေါသကို မဆွနှင့်။ သူ၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသသည် မည်သည့်ပုန်ကန်ပြစ်မှားမှုကိုမျှ ခွင့်မပြုဆိုသည်မှာ မှန်သည်။ သူနှင့် ဝေးဝေးတွင်နေလော့။” ဟု စဉ်းစားကြသည်။ လူတစ်ယောက်သည် ဤသဘောထားမျိုးနှင့် ဤအယူအဆများရှိလျှင် သူသည် ဘုရားသခင်ရှေ့သို့ အပြည့်အဝ၊ ရိုးသားစစ်မှန်စွာ လာရောက်နိုင်သလော။ မလာရောက်နိုင်ပေ။ ဤသို့ဆိုလျှင် သူနှင့် ဘုရားသခင်ကြားတွင် အကွာအဝေးတစ်ခုမရှိသလော။ ၎င်းတို့နှစ်ဦးကို ခွဲခြားသည့် အရာများစွာ မရှိသလော။ (ရှိသည်။) မည်သည့်အရာများက လူတို့ကို ဘုရားသခင်ရှေ့မှောက် လာရောက်ရန် တားဆီးသနည်း။ (၎င်းတို့၏ အနာဂတ်များနှင့် ကံတရားများဖြစ်သည်။) (ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းဖြစ်သည်။) အခြားမည်သည့်အရာရှိသနည်း။ မည်သည့်အရာများက လူတို့အား သမ္မာတရားကို မုန်းတီးစေရန်၊ သမ္မာတရားကို ငြင်းပယ်စေရန်၊ ဘုရားသခင်၏ အသက်ပံ့ပိုးမှုနှင့် ကယ်တင်ခြင်းကို ငြင်းပယ်စေရန် လုပ်ဆောင်သနည်း။ ဤအရာကို တွေးဆကြည့်လော့။ လူတို့၏ မည်သည့်အစိတ်အပိုင်းများက လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ရိုးသားစစ်မှန်စွာ လာခြင်းကို၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို၊ ၎င်းတို့၏ ကိုယ်ခန္ဓာနှင့် စိတ်နှလုံးကို ဘုရားသခင်အား ဦးဆောင်စေပြီး အုပ်စိုးစေရန် ပေးအပ်ခြင်းကို တားဆီးနေသနည်း။ မည်သည့်အရာများက လူတို့ကို ဘုရားသခင်အား ကြောက်ရွံ့စေသနည်း။ ဘုရားသခင်အား နားလည်မှုလွဲစေသနည်း။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး ဆိုးယုတ်သော အတွေးအခေါ်များ၊ ဆိုးယုတ်သော အတွေးများလည်းရှိသည်။ ၎င်းတို့သည် လှည့်စားတတ်သည်။ နေရာတိုင်းတွင် ဘုရားသခင်ကို သတိထားကာကွယ်ပြီး ဘုရားသခင်အား သံသယရှိကာ နားလည်မှုလွဲသည်။ ၎င်းတို့သည် ဤအရာများအားလုံးဖြင့် ရောနှောနေသောအခါ လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်နိုင်သလော။ ဘုရားနှုတ်ကပတ်တော်များကို သူ၏ အသက်အဖြစ် လက်ခံနိုင်သလော။ လူအချို့က “ဘုရားနှုတ်ကပတ်တော်များကို ငါ နေ့စဉ်စားသောက်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး တို့ထိခြင်းခံရသောအခါ ငါ ဆုတောင်းသည်။ ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် တန်ဖိုးထားသည်။ ဘုရားနှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ပြီး မကြာခဏ တိတ်တဆိတ် ဆုတောင်းသည်။ ဘုရားသခင်ကို ချီးမွမ်းသည့် ဓမ္မတေးများ သီဆိုသည်။” ဟု ဆိုကြသည်။ ဤသို့သော ဝိညာဉ်အသက်တာက ကောင်းမွန်သော်လည်း ဤလူတို့သည် ၎င်းတို့အပေါ် ကျရောက်သော အမှုအရာများကို တုံ့ပြန်သောအခါတွင် မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို အမှီပြုနေဆဲဖြစ်လျှင်၊ သမ္မာတရားကို လုံးဝ မရှာဖွေလျှင်၊ ၎င်းတို့နားလည်သည့် အယူဝါဒများထဲမှ မည်သည့်အရာကမျှ ၎င်းတို့အပေါ် သက်ရောက်မှုမရှိလျှင် မည်သည့်အရာဖြစ်ပျက်နေသနည်း။ လူတို့သည် သမ္မာတရားကို မချစ်ပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားသည်ဟု ဆိုကြသော်လည်း နှိုင်းယှဉ်ရန်အတွက် ဘုရားနှုတ်ကပတ်တော်တို့နှင့် မိမိတို့ကိုယ်ကို ယှဉ်မကြည့်ကြပေ။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ကြပေ။ ဤသည်မှာ အလွန်ပင် ဒုက္ခပေးသည်။ ထို့နောက်တွင် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန် လူတို့အတွက် အလွန်ခက်ခဲသည်။ လူတို့သည် သမ္မာတရားကို လုံးဝ နားမလည်သကဲ့သို့ ဘုရားသခင်အား အနည်းငယ်မျှပင် သိမြင်မှုမရှိပေ။ ထို့ကြောင့် ၎င်းတို့တွင် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ နားလည်မှုလွဲခြင်းများ သေချာပေါက်ရှိကြသည်။ ဘုရားသခင်နှင့် ၎င်းတို့ကြားတွင် နံရံတစ်ခုရှိသည်။ သင်တို့အားလုံး ဤအရာကို ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ဖူးကြသလော။ သင်က “ငါသည် ဘုရားသခင်ကို သတိထားကာကွယ်ခြင်း မပြုလိုပေ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်လိုသည်။ သို့သော် ငါ့အပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ မထိန်းနိုင်ဘဲ ဘုရားသခင်ကို သတိထားကာကွယ်မိသည်။ ငါသည် ကိုယ့်ကိုယ်ကိုယ် ထုတ်ပိုးပြင်ဆင်ပြီး ဘုရားသခင်နှင့် ခွဲခွာလိုသည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဆိုးယုတ်သော အတွေးအခေါ်များကို အသုံးပြုလိုသည်။ ငါ့၌ မည်သည်သို့ဖြစ်နေသနည်း။” ဟု ပြောသည်။ ဤသည်မှာ လူတို့တွင် သမ္မာတရားမရှိ၊ ဆိုးယုတ်သော အတွေးအခေါ်များနှင့် အသက်ရှင်ဆဲဖြစ်သည်၊ စာတန်က ထိန်းချုပ်ခြင်းကို ခံရဆဲဖြစ်သည်ဆိုသည်ကို ပြသည်။ ဤသည်မှာ လူတို့၏ ဆိုးယုတ်သော သဘာဝကြောင့် ၎င်းတို့တွင် ရှိသော သနားဖွယ်ရာ ပုံသဏ္ဌာန်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် ခက်ခဲသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းသည် အသက်ဝင်ရောက်မှုအတွက် အကြီးမားဆုံး အတားအဆီးဖြစ်သည်။ ဤပြဿနာကို မဖြေရှင်းလျှင် ဘုရားသခင်ကို မိမိ၏ စိတ်နှလုံးပေးအပ်ရန်အတွက်၊ ဘုရားသခင်၏ အမှုတော်ကို ရရှိရန်အတွက်၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်အတွက် လူတစ်ယောက်အဖို့ ခက်ခဲသည်။ ဤအရာကို သင်တို့အားလုံး ကြုံတွေ့ပြီးသလော။ ဤအမှုကိစ္စကို မည်သို့ ဖြေရှင်းနိုင်သနည်း။ သင်တို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်ဖို့ ကြိုးစားရမည်။ မည်သည့်အရာများက သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်ခြင်းကို တားဆီးနေသည်ကို ကြည့်ရမည်။ ဤပြဿာနာအား ဖြေရှင်းခြင်းသည် အဓိကအချက်ဖြစ်သည်။

သမ္မာတရားအားလိုက်စားခြင်းသည် ပညာသင်ဆုတစ်ခုကို လိုက်စားခြင်းကဲ့သို့ ရှုပ်ထွေးသလော၊ သို့မဟုတ် ခက်ခဲသလော။ အမှန်တကယ်တွင် ထိုမျှ မခက်ခဲပေ။ လူတစ်ယောက်က သမ္မာတရားကို ချစ်ခြင်းရှိမရှိအပေါ်တွင်သာ မူတည်သည်။ သမ္မာတရားအား လိုက်စားခြင်းကိုယ်၌က မခက်ခဲပေ။ သိပ္ပံနှင့်သက်ဆိုင်သော အထူးပြုနယ်ပယ်တစ်ခုကို လေ့လာခြင်းလောက် အားစိုက်ရခြင်းမရှိပေ။ စားဝတ်နေရေးထက်ပင် ပို၍ လွယ်ကူသည်။ အဘယ်ကြောင့်နည်း။ သမ္မာတရား၏ စစ်မှန်မှုသည် သာမန်လူ့သဘာဝရှိသောသူများ အသက်ရှင်နေထိုင်ပြီး ပိုင်ဆိုင်သင့်သည့် အရာဖြစ်သည်။ လူတို့၏ သာမန်လူ့သဘာဝနှင့် ဆက်နွှယ်သည်။ ထို့ကြောင့် လူတို့၏ အတွေးများ၊ စိတ်ကူးများဖြင့်လည်းကောင်း၊ ၎င်းတို့ စဉ်းစားသည့် အရာရာတိုင်းဖြင့်လည်းကောင်း၊ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ၎င်းတို့ ပါဝင်လုပ်ဆောင်သော လုပ်ရပ်များ၊ အပြုအမူများအားလုံးဖြင့်လည်းကောင်း၊ သို့မဟုတ် ၎င်းတို့၏ စိတ်ဖြင့်လည်းကောင်း အဆက်အသွယ် ပြတ်တောက်နေခြင်းမရှိပေ။ သမ္မာတရားသည် သီအိုရီတစ်ခုမဟုတ်သကဲ့သို့ ပညာသင်ကြားခြင်းဖြစ်သည့် နယ်ပယ်တစ်ခုလည်းမဟုတ်ပေ။ အတတ်ပညာတစ်ခုလည်း မဟုတ်ပေ။ သမ္မာတရားသည် အနှစ်မဲ့ခြင်းမရှိ။ သမ္မာတရားသည် သာမန်လူ့သဘာဝနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ သမ္မာတရားသည် သာမန်လူ့သဘာဝရှိသောသူတစ်ယောက် ပိုင်ဆိုင်သင့်သည့် အသက်ဖြစ်သည်။ သမ္မာတရားသည် သင်၏ အားနည်းချက်များ၊ မကောင်းသော အလေ့အကျင့်များ၊ အပျက်သဘောဆောင်ပြီး မမှန်ကန်သော အတွေးများအားလုံးကို ပြုပြင်ပေးနိုင်သည်။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို ပြောင်းလဲပေးနိုင်သည်။ သင်၏ အသက်ဖြစ်လာနိုင်သည်။ သင့်အား လူ့သဘာဝနှင့် အသိစိတ်ကို ပိုင်ဆိုင်အောင် ပြုလုပ်ပေးနိုင်သည်။ သင်၏ အတွေးများနှင့် စိတ်နေစိတ်ထားကို ပုံမှန်ဖြစ်အောင် ပြုလုပ်ပေးနိုင်သည်။ သင်၏ အစိတ်အပိုင်းတိုင်းကို ပုံမှန်ဖြစ်အောင် ပြုလုပ်ပေးနိုင်သည်။ သမ္မာတရားသည် သင်၏ အသက်ဖြစ်လာလျှင် သင် အသက်ရှင်နေထိုင်သည့်အရာ၊ သင်၏ လူ့သဘာဝတို့နှင့် သက်ဆိုင်သော ဖွင့်ပြမှုများအားလုံးသည် ပုံမှန်ဖြစ်လိမ့်မည်။ ထို့ကြောင့် သမ္မာတရားအား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ရှင်းလင်းမှုမရှိသော၊ ဉာဏ်မမီသော အရာတစ်ခု မဟုတ်သကဲ့သို့ အထူးပင် ခက်ခဲသောအရာတစ်ခုလည်းမဟုတ်ပေ။ ယခုအချိန်တွင် သင်တို့သည် သမ္မာတရားကို အနည်းငယ်ချစ်ပြီး ပို၍ ကောင်းမွန်စေရန် ကြိုးပမ်းလိုစိတ်ရှိသော်လည်း လမ်းကြောင်းပေါ်သို့ လုံးဝ မရောက်ရှိသေးပေ။ ပထမအဆင့်သည် အစဉ်သဖြင့် အခက်ခဲဆုံးဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရား၏ ချိုမြိန်မှုကို မြည်းစမ်းနိုင်သရွေ့ သမ္မာတရားလိုက်စားခြင်းသည် လွယ်ကူသော ကိစ္စတစ်ခုဖြစ်သည်ဟု သင် ထင်မြင်လိမ့်မည်။

လူတစ်ယောက်သည် သမ္မာတရားကို သူ၏ အသက်အျဖြစ် မမှတ်ယူဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု အတွင်းတွင် အစဉ်အသက်ရှင်လျှင် ဤအရာသည် မည်သို့ ပေါ်လွင်သနည်း။ လူတစ်ယောက်သည် သမ္မာတရားကို မရရှိသေးသောအခါ သူသည် ပင်ကိုအားဖြင့် သူ၏ ဆိုးယုတ်သော သဘာဝ၏ ချုပ်ချယ်မှုများနှင့် အချုပ်အနှောင်များကို ဖယ်ရှားရန် နည်းလမ်းမရှိပေ။ ထိုသူထံမှ ဖွင့်ပြသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် သဘောသဘာဝအားဖြင့် မာနထောင်လွှားပြီး စိတ်ကြီးဝင်ခြင်း၊ ထင်ရာစိုင်းခြင်း၊ တစ်ဖက်သတ်ပြုမူပြီး မဆင်မခြင်လုပ်ဆောင်ခြင်း၊ လိမ်ညာခြင်း၊ လှည့်စားခြင်း၊ ဒုက္ခပေးခြင်း၊ ပရိယာယ်များခြင်း၊ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားများနောက် ငမ်းငမ်းတက်လိုက်ခြင်း၊ အကျိုးအမြတ်မှ လွဲ၍ မည်သည့်အရာကိုမျှ မရှာဖွေခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်မာခြင်းတို့ဖြစ်သည်။ ထို့အပြင် ထိုသူသည် အခြားလူများနှင့် ဆက်ဆံရာတွင် သူတစ်ပါးတို့ကို သံသယရှိခြင်း၊ ဝေဖန်အပြစ်တင်ခြင်း၊ တိုက်ခိုက်ခြင်းတို့ ပြုလုပ်တတ်သည်။ သူသည် သူကြိုက်နှစ်သက်သောအရာများကို အခြေခံပြီး အစဉ်သဖြင့် ပြောဆိုဆောင်ရွက်သည်။ သူ့တွင် အစဉ်သဖြင့် တစ်ကိုယ်ရေ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များရှိသည်။ ပြီးလျှင် အခြားလူများနှင့်ပတ်သက်ပြီး ကြိုတင်မှန်းဆသော အယူအဆများရှိသည်။ ထိုသူသည် အနှောင့်အယှက်များ၊ သို့မဟုတ် ကျရှုံးမှုများနှင့် ရင်ဆိုင်ရသောအခါ အစဉ်သဖြင့် အပျက်သဘောဆောင်လာသည်။ တစ်ခါတစ်ရံတွင် မာနထောင်လွှားခြင်းထက် ကျော်လွန်သည်။ တစ်ခါတစ်ရံတွင် အလွန်အပျက်သဘောဆောင်ပြီး မြေကြီးပေါ်ရှိ တွင်းတစ်တွင်းထဲတွင် မိမိကိုယ်ကို မြှုပ်ထားနိုင်သည်။ အစဉ်သဖြင့် အလွန်အကျူး လုပ်ဆောင်သည်။ ထိုသူသည် သူ၏ အစွယ်များထုတ်ပြပြီး လက်သည်းများကို ဝှေ့ယမ်းမပြနေလျှင် အပျက်သဘောဆောင်ပြီး သနားစဖွယ်ဖြစ်အောင် ပြုမူဖို့ ကြိုးစားသည်။ သူသည် မည်သည့်အခါမျှ ပုံမှန်မရှိပေ။ ဤသည်မှာ ယခု သင်တို့တွင်ရှိနေသော အခြေအနေဖြစ်သည်။ သင်တို့သည် ဒုက္ခခံပြီး အဖိုးအခပေးဆပ်လိုစိတ်ရှိသည်။ စိတ်ပြတ်သားမှု၊ စိတ်ဓာတ်ခိုင်မာမှု အပြည့်ရှိသည်။ သို့သော် သင်တို့တွင် သမ္မာတရား၏ စစ်မှန်မှုမရှိပေ။ လူတစ်ယောက်သည် သမ္မာတရား၏ စစ်မှန်မှုကို သူ၏ အသက်အဖြစ် မှတ်ယူလျှင် ယင်းသည် မည်သို့ ပေါ်လွင်မည်နည်း။ ရှေးဦးစွာ သူသည် ဘုရားသခင်ကို နာခံနိုင်လိမ့်မည်။ လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ ရိုးသားသောသူတစ်ယောက်၊ အသက်စိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ယောက် ဖြစ်လိမ့်မည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် သက်ဆိုင်သော စရိုက်လက္ခဏာအချို့ရှိသည်။ ပထမ စရိုက်လက္ခဏာမှာ မှန်ကန်ပြီး သမ္မာတရားနှင့်ညီသော အရာများကို နာခံနိုင်ခြင်းဖြစ်သည်။ မည်သူက အယူအဆကို ပေးသည်ဖြစ်စေ၊ ထိုသူသည် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ၎င်းတို့နှင့် သင် အဆင်ပြေနိုင်သည်ဖြစ်စေ၊ မပြေနိုင်သည်ဖြစ်စေ၊ ၎င်းတို့ကို သင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ၎င်းတို့နှင့် သင် ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ၊ ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ၎င်းတို့ ပြောသည့်အရာ မှန်ကန်သရွေ့၊ သမ္မာတရားနှင့် ကိုက်ညီပြီး ဘုရားသခင်၏ အိမ်တော် အလုပ်အဖို့ အကျိုးရှိသရွေ့ သင်သည် အခြားမည်သည့်အကြောင်းအရင်းများ၏ လွှမ်းမိုးခြင်းကိုမျှ မခံရဘဲ နားထောင်နိုင်လိမ့်မည်၊ ခံယူကျင့်သုံးနိုင်ပြီး လက်ခံနိုင်လိမ့်မည်ဖြစ်သည်။ မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့် အရာများကို လက်ခံပြီး ကျိုးနွံနာခံနိုင်ခြင်းသည် ပထမ ထူးခြားသော လက္ခဏာဖြစ်သည်။ ဒုတိယ ထူးခြားသော လက္ခဏာရပ်မှာ တစ်စုံတစ်ခု ဖြစ်ချိန်တွင် သမ္မာတရားကို ရှာဖွေနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လက်ခံနိုင်ခြင်းအကြောင်း ဖြစ်ရုံမက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းအကြောင်းနှင့် မိမိကိုယ်ပိုင် အလိုဆန္ဒကို အခြေခံပြီး ကိစ္စရပ်များကို မကိုင်တွယ်ခြင်းအကြောင်းလည်း ဖြစ်သည်။ သင့်အပေါ် မည်သည့် ပြဿနာဖြစ်ပျက်ပါစေ အမှုကိစ္စများကို သင် ရှင်းလင်းစွာ မမြင်နိုင်သည့်အခါတွင် သင် ရှာဖွေနိုင်လိမ့်မည် ဖြစ်ပြီး ပြဿနာအား မည်သို့ ကိုင်တွယ်ရမည်ဆိုသည်နှင့် သမ္မာတရား၏ စည်းမျဉ်းများနှင့် ကိုက်ညီပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းသည့်နည်းလမ်းအားဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် ကြည့်နိုင်သည်။ တတိယမြောက် ထူးခြားသော လက္ခဏာမှာ မည်သည့် ပြဿနာကို သင် ရင်ဆိုင်ရသည်ဖြစ်စေ ဘုရားအလိုတော်ကို ထည့်တွက်စဉ်းစားခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိဖို့ လူ့ဇာတိကို ဆန့်ကျင်ပုန်ကန်ခြင်း ဖြစ်ပေသည်။ မည်သည့် တာဝန်ကို သင် ထမ်းဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ အလိုတော်ကို ထည့်တွက်စဉ်းစားမည်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း မိမိတာဝန်ကို ထမ်းဆောင်လိမ့်မည်ဖြစ်သည်။ ဤတာဝန်အတွက် မည်သည့် သတ်မှတ်ချက်များ ဘုရားသခင်တွင် ရှိသည်ဖြစ်စေ ထိုတာဝန်ကို ထမ်းဆောင်စဉ်တွင် သင်သည် ထိုသတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ ပြုမူဆောင်ရွက်မည် ဖြစ်သည်။ ဤစည်းမျဉ်းကို သင် သဘောပေါက်ရမည်ဖြစ်ပြီး သင်၏ တာဝန်ကို တာဝန်သိသိနှင့် သစ္စာရှိစွာ ထမ်းဆောင်ရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အလိုတော်ကို ထည့်တွက်စဉ်းစားခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အချို့သော ကိစ္စတွင် သင်သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ ထည့်တွက်စဉ်းစားရမည်၊ သို့မဟုတ် ဘုရားသခင်ကို မည်သို့ စိတ်ကျေနပ်စေရမည်ကို မသိပါက သင်ရှာဖွေရမည်။ သင်တို့သည် စိတ်သဘောထား ပြောင်းလဲခြင်းဆိုင်ရာ ဤထူးခြားသော လက္ခဏာသုံးရပ်ဖြင့် သင်တို့ကိုယ်သင်တို့ နှိုင်းယှဉ်သင့်ပြီး ဤထူးခြားသော လက္ခဏာများအား သင် ပိုင်ဆိုင်ခြင်း ရှိ မရှိကို မြင်ရန် ကြည့်သင့်သည်။ သင်သည် ဤနယ်ပယ်သုံးခုတွင် လက်တွေ့ကျသော အတွေ့အကြုံနှင့် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိပါက ကိစ္စရပ်များကို စည်းမျဉ်းနှင့်အညီ ကိုင်တွယ်မည် ဖြစ်သည်။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည့်ဖြစ်စေ၊ မည်သည့် ပြဿနာကို သင်ကိုင်တွယ်ဖြေရှင်းနေရသည်ဖြစ်စေ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက မည်သည့်အရာများဖြစ်ကြောင်း၊ သမ္မာတရား၏ စည်းမျဉ်းတစ်ခုစီတွင် မည်သည့် အသေးစိတ်အချက်များ ပါဝင်ကြောင်း၊ စည်းမျဉ်းများကို ချိုးဖောက်ခြင်းမရှိဘဲ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ကြောင်းတို့နှင့်ပတ်သက်၍ သင် အမြဲ ရှာဖွေရမည်။ ဤပြဿနာများနှင့်ပတ်သက်၍ ရှင်းလင်းသွားပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် အလိုလို သိလိမ့်မည်။

အရာအားလုံး အဆင်ပြေနေသောအချိန်တွင် လူအချို့သည် သိသာသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုခုကို ဖွင့်ပြခြင်းမရှိသည့် ပုံစံရှိသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ကောင်းမွန်သည်၊ ပြောင်းလဲသွားပြီဖြစ်သည်၊ သမ္မာတရား၏ စစ်မှန်မှုရှိသည်ဟု ၎င်းတို့က ထင်ကြသည်။ သို့သော် စုံစမ်းသွေးဆောင်ခြင်းများ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများပါဝင်သော အရေးကြီးသော အမှုကိစ္စများက ၎င်းတို့အပေါ်သို့ ကျရောက်သောအခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာ ဖွင့်ပြလေသည်။ ၎င်းတို့သည် လက်တွေ့လုပ်ဆောင်ရန် သင့်လျော်သောနည်းလမ်းကိုမသိဘဲ အခက်အခဲများ၏ ဝိုင်းရံဖိစီးခြင်းကို ခံရပြီး အပျက်သဘောဆောင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ ဖြစ်ကြရသည်။ ဥပမာအားဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၊ မှန်မှန်ကန်ကန် ပြောဆိုခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် မှန်မှန်ကန်ကန် ပြောဆိုရန် ကြိုးစားသောအခါ မည်သည့်အခက်အခဲများကို ရင်ဆိုင်ရသနည်း။ မည်သည့်အတားအဆီးများကို ရင်ဆိုင်ရသနည်း။ မည်သည့်အရာများက သင့်အား ချုပ်ချယ်ပြီး ချည်နှောင်ကာ မှန်မှန်ကန်ကန် မပြောဆိုရန် သင့်အား တားဆီးသနည်း။ မာန၊ အဆင့်အတန်း၊ ဝင့်ဝါမှုတို့အပြင် သင်၏ ခံစားချက်များ၊ တစ်ကိုယ်ရေနှစ်သက်မှုများဖြစ်သော ဤအရာအားလုံးတို့သည် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည်။ ဤအရာများသည် လူတို့ကို သမ္မာတရားအား လက်တွေ့မလုပ်ဆောင်စေရန် ဆွဲထားပြီး ချုပ်ချယ်ထားသည်။ ဤအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ သင်သည် မည်သည့်အခြေအနေတွင် ရှိသည်ဖြစ်စေ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင်၏ အခြေအနေကို ပုံမှန်မဖြစ်အောင် ပြုလုပ်နိုင်ပြီး အပျက်သဘောဆောင်သောအရာမျိုးစုံကို ဖြစ်ပေါ်စေနိုင်သည်။ သင့်အား နည်းလမ်းပေါင်းစုံဖြင့် ချုပ်ချယ်ပြီး ထိန်းချုပ်နိုင်သည်။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အား အစေခံရာတွင် သင့်အား ဆွဲထားပြီး ခက်ခဲအောင် ပြုလုပ်နိုင်သည်။ ဤအရာအားလုံးတို့ကြောင့် သင်သည် အလွန်အမင်း ပင်ပန်းလိမ့်မည်။ အပြင်ပန်းတွင် လူတို့သည် လွတ်လပ်သည့် ပုံစံရှိသည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်သော စိတ်သဘောထားများက တင်းကျပ်စွာ ချည်နှောင်ထားခြင်းကို အမှန်တကယ် ခံနေရသည်။ ၎င်းတို့တွင် လွတ်လပ်စွာ ရွေးချယ်ခွင့်လုံးဝမရှိပေ။ ခြေတစ်လှမ်းလှမ်းရန်ပင် ၎င်းတို့အတွက် အလွန်အမင်း ခက်ခဲသည်။ ၎င်းတို့သည် ပင်ပန်းနွမ်းနယ်သော ဘဝများကို ရှင်သန်နေကြရသည်။ မှန်မှန်ကန်ကန် စကားပြောဆိုရန်၊ သို့မဟုတ် လက်တွေ့ကျသည့်အရာ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ၎င်းတို့အတွက် မကြာခဏပင် များစွာ အားစိုက်ထုတ်ရသည်။ ၎င်းတို့သည် ဆန္ဒရှိနိုင်သော်လည်း ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မထမ်းဆောင်နိုင်ပေ၊ သို့မဟုတ် ဘုရားသခင်အပေါ် သစ္စာမရှိနိုင်ပေ။ ပြီးလျှင် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်လိုလျှင်၊ သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံလိုလျှင် ပို၍ပင် ခက်ခဲလိမ့်မည်။ ပင်ပန်းနွမ်းနယ်စရာ ဖြစ်လိုက်လေခြင်း။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်သော စိတ်သဘောထားများ၏ လှောင်အိမ်ထဲတွင် နေထိုင်နေကြသည်မဟုတ်လော။ ၎င်းတို့သည် စာတန်၏ မှောင်မိုက်သော စွမ်းအားအောက်တွင် အသက်ရှင်နေကြသည်မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် လူတို့သည် ဤအရာကို မည်သို့ ဖယ်ရှားနိုင်မည်နည်း။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ အသက်ဝင်ရောက်မှုကို ရရှိခြင်းအပြင် အခြားလမ်းကြောင်းတစ်ခုရှိသလော။ လုံးဝ မရှိပေ။ ရိုးရာယဉ်ကျေးမှု၏ အသိပညာသည် လူတို့ကို ကယ်တင်ပြီး စာတန်၏ စွမ်းအားအောက်မှ လွတ်မြောက်စေနိုင်သလော။ ကျမ်းစာ အသိပညာအား နားလည်ခြင်းဆိုလျှင် အဘယ်သို့ ဖြစ်မည်နည်း။ ဝိညာဉ်ရေးဆိုင်ရာ အယူဝါဒများကို ပြောဆိုနိုင်ခြင်းဆိုလျှင် အဘယ်သို့ဖြစ်မည်နည်း။ မဖြစ်နိုင်ပါ။ ဤအရာများထဲရှိ မည်သည့်အရာကမျှ လူတို့ကို ကယ်တင်နိုင်ခြင်း၊ စာတန်၏ စွမ်းအားမှ လွတ်မြောက်စေနိုင်ခြင်း မရှိပါ။ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင် ဖော်ပြသော သမ္မာတရားအားလုံးကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းနိုင်သည်။ ထိုအခါမှသာ သမ္မာတရားအားနားလည်ခြင်းကို လူတို့ ရရှိနိုင်သည်။ သမ္မာတရားကို ရရှိပြီး စာတန်၏ လွှမ်းမိုးမှုအောက်မှ လွတ်မြောက်နိုင်သည်။ လူတစ်ယောက်သည် လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးပမ်းပြီး မကောင်းသောအရာ မည်သည့်အရာကိုမျှ မလုပ်ဆောင်သော်လည်း သူ၏ စိတ်သဘောထားကို မပြောင်းလဲလျှင် စာတန်၏ စွမ်းအားအောက်မှ လွတ်မြောက်နိုင်သလော။ လူတစ်ယောက်သည် ဒေါင်တီဂျင်း၊ ဗုဒ္ဓဘာသာ ပိဋကတ်သုံးပုံ၊ သို့မဟုတ် ရိုးရာယဉ်ကျေးမှုတို့ကို လေ့လာခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သလော။ ဘုရားသခင်ကို သိလာနိုင်သလော။ ရိုးရာယဉ်ကျေးမှုကို ဖက်တွယ်ထားပြီး သမ္မာတရားကို မလိုက်စားလျှင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခြင်းခံရနိုင်သလော။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သလော။ ထိုသို့လုပ်ဆောင်သောလူတို့သည် မိမိကိုယ်ကို လှည့်စားနေခြင်းဖြစ်သည်။ ၎င်းတို့၏ မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့သောသူ အများအပြားရှိသည်။ သို့သော် ၎င်းတို့၏ ယုံကြည်မှုက မရေမရာဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းကို စိတ်မဝင်စားကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့်သာ ကျေနပ်နေကြသည်။ ၎င်းတို့သည် မကောင်းမှု မလုပ်သရွေ့၊ သို့မဟုတ် မကောင်းမှု အနည်းငယ်သာ လုပ်သရွေ့၊ ကောင်းသော၊ အလှူဒါနနှင့်ဆိုင်သောအရာများကို ပို၍ လုပ်ဆောင်သရွေ့၊ အခြားလူများကို ချစ်ခင်စွာဖြင့် ကူညီရန် ပို၍ လုပ်ဆောင်သရွေ့၊ အသင်းတော်မှ လုံးဝ မထွက်ခွာသရွေ့၊ သို့မဟုတ် ဘုရားသခင်ကို သစ္စာမဖောက်သရွေ့ အခြားလူများကို ကျေနပ်စေလိမ့်မည်၊ ဘုရားကို ကျေနပ်စေမည်၊ ဘုရားသခင်၏ နိုင်ငံတော်တွင် ဝေစုတစ်ခု ရရှိမည်ဟု ထင်ကြသည်။ ဤအယူအဆသည် ခိုင်လုံမှုရှိသလော။ လူကောင်းတစ်ယောက် ဖြစ်ခြင်းအားဖြင့် လူတစ်ယောက်ကို သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ဖယ်ရှားစေနိုင်သလော။ ဤနည်းလမ်းဖြင့် ကယ်တင်ခြင်းကို ရရှိနိုင်သလော။ နိုင်ငံတော်တွင် ဝေစုတစ်ခု ရရှိမည်လော။ အပြင်ပန်းတွင် အကြီးစား မကောင်းမှုတစ်ခုခု ကျူးလွန်ထားခြင်း မရှိသည့်ပုံစံရှိသော်လည်း စင်စစ်အားဖြင့် အထူးပင် လှည့်စားတတ်ပြီး မယုံကြည်ရသော၊ ကိုယ်ကျင့်သီလ ကောင်းမွန်ခြင်းနှင့်ဆိုင်သော စကားများကို ပြောဆိုသော “လူကောင်းများ” ဟုခေါ်ဆိုသောသူများ ကမ္ဘာလောကတွင် များစွာရှိသည်ကို သင်တို့အားလုံး မြင်နိုင်သည်။ ၎င်းတို့သည် အခြေအနေကို ကြည့်ပြီး အလိုက်အထိုက်နေခြင်းတွင်၊ ချောမွေ့စွာ၊ ပါးနပ်စွာ စကားပြောဆိုခြင်းတွင် အလွန်ကျွမ်းကျင်သည်။ ၎င်းတို့သည် အယောင်ဆောင် လူကောင်းများ၊ ကြောင်သူတော်များဖြစ်သည်။ ၎င်းတို့သည် ကောင်းမွန်ယောင် ဟန်ဆောင်နေခြင်းသာဖြစ်သည်။ အလယ်အလတ်လမ်းကို လျှောက်သောသူတို့သည် အန္တရာယ်အများဆုံးလူများဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုလုပ်။ လည်ပြီး ပါးနပ်သည်။ အခြေအနေမျိုးစုံ၌ အလိုက်သင့်နေခြင်းတွင် ကျွမ်းကျင်ကြသည်။ မည်သူကမျှ ၎င်းတို့၏ အမှားများကို မမြင်နိုင်ကြပေ။ ၎င်းတို့သည် အသက်ရှင်နေသော စာတန်ကဲ့သို့ဖြစ်သည်။ သင်တို့အထဲတွင် ဤသို့သောလူများရှိသလော။ (ရှိပါသည်။) ဤသို့ အသက်ရှင်ခြင်းသည် ပင်ပန်းသည်ဟု သင်တို့ မထင်သလော။ (ဟုတ်သည်။ ပင်ပန်းပါသည်။) ဤသို့ဆိုလျှင် ပြောင်းလဲရန် နည်းလမ်းကို သင်တို့ စဉ်းစားပြီးသလော။ မည်သို့ ပြောင်းလဲသနည်း။ ထိရောက်သော ပြောင်းလဲမှုသည် မည်သည့်နေရာမှ စတင်သင့်သနည်း။ (သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဖြစ်သည်။) “သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်”၊ သို့မဟုတ် “သမ္မာတရားအား နားလည်ခြင်းအားဖြင့်”၊ သို့မဟုတ် “သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်းအားဖြင့်” ဟူ၍ မပြောနှင့်။ ဤသည်မှာ စကားကြီးစကားကျယ် ပြောဆိုခြင်းဖြစ်ပြီး လူတို့ လက်လှမ်းမမီနိုင်ပေ။ ထို့ကြောင့် ဤစကားများက အနှစ်မရှိသည့် ပုံစံရှိသည်။ ဤအစား အသေးစိတ်အချက်အလက်များဖြင့် စတင်ရမည်။ (ရိုးသားသူတစ်ယောက် ဖြစ်ခြင်းအားဖြင့် ဖြစ်သည်။) ဤသည်မှာ ခိုင်မာသော လက်တွေ့လုပ်ဆောင်မှုဖြစ်သည်။ ရိုးသားသူတစ်ယောက်ဖြစ်လော့။ သို့မဟုတ် အနည်းငယ်ပို၍ အသေးစိတ်ပြောရလျှင် မည်သည့်အရာကိုမျှ မဖုံးကွယ်သော၊ မလိမ်ညာသော၊ ဝေ့ဝိုက်၍ ကြည့်ကောင်းအောင် မပြောသော ရိုးရှင်းပြီး ပွင့်လင်းသောသူတစ်ယောက်ဖြစ်လော့။ တရားမျှတမှုရှိသော၊ မှန်မှန်ကန်ကန်နှင့် တဲ့တိုး ပြောဆိုနိုင်သော သူတစ်ယောက်ဖြစ်လော့။ လူတို့သည် ဤအရာကို အရင် ရရှိရမည်။ အသင်းတော်အလုပ်ကို နှောင့်ယှက်သည့်အရာတစ်ခုခုကို လုပ်ဆောင်သော ဆိုးယုတ်သူတစ်ယောက်ရှိပြီး ခေါင်းဆောင်တစ်ယောက်က အခြေအနေကို ပို၍ နားလည်ရန်အတွက် သင့်ထံသို့ လာသည် ဆိုကြပါစို့။ မည်သူက ပြုလုပ်သည်ကို သင်သိသော်လည်း သင်က ထိုသူနှင့် ကောင်းသောဆက်ဆံရေးရှိပြီး ထိုသူကို စိတ်မဆိုးစေချင်သောကြောင့် လိမ်ညာပြီး မသိပါဟု သင်ပြောသည်။ ခေါင်းဆောင်က ပို၍ အသေးစိတ်ပြောရန် တောင်းဆိုသည်။ သင်က ဝေ့ဝိုက်ပြောနေပြီး ထိုဆိုးယုတ်သူအတွက် ကာပေးရန် ဆင်ခြေများ ကြံဖန်ပေးသည်။ ဤသည်မှာ လှည့်စားခြင်းမဟုတ်သလော။ သင်က အခြေအနေနှင့်ပတ်သက်ပြီး ခေါင်းဆောင်ကို အမှန်အတိုင်းပြောရမည့်အစား ကွယ်ဝှက်ထားခဲ့သည်။ အဘယ်ကြောင့် ဤသို့ ပြုလုပ်သနည်း။ သင်သည် မည်သူ့ကိုမျှ စိတ်မဆိုးစေချင်သောကြောင့်ဖြစ်သည်။ သင်သည် အပြန်အလှန် ဆက်ဆံရေးများကို ကာကွယ်ခြင်း၊ မည်သူ့ကိုမျှ စိတ်မဆိုးစေခြင်းကို ရှေ့တန်းတင်သည်။ မှန်မှန်ကန်ကန် ပြောဆိုခြင်းနှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို နောက်ဆုံးတွင် ထားသည်။ သင်သည် မည်သည့်အရာ၏ ထိန်းချုပ်ခြင်းကို ခံရသနည်း။ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို ခံနေရခြင်းဖြစ်သည်။ ယင်းက သင်၏ နှုတ်ကို ပိတ်ထားပြီး မှန်မှန်ကန်ကန် မပြောဆိုရန် တားဆီးသည်။ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားဖြင့်သာ အသက်ရှင်နိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဆိုသည်မှာ အဘယ်နည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်သောသူသည် အသက်ရှင်နေသော စာတန်ဖြစ်သည်။ သူ၏ စကားအတွင်းတွင် အစဉ်သဖြင့် စုံစမ်းသွေးဆောင်ခြင်းပါဝင်ပြီး အစဉ် ဝေ့ဝိုက်နေပြီး မည်သည့်အခါမျှ တဲ့တိုးမပြောပေ။ အသေရိုက်သတ်ခံရလျှင်ပင် မှန်မှန်ကန်ကန် ပြောဆိုမည်မဟုတ်ပေ။ ဤသည်မှာ လူတစ်ယောက်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အလွန်ဆိုးရွားလာသောအခါတွင် ဖြစ်ပျက်သည့်အရာဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝ လုံးဝ ဆုံးရှုံးသွားပြီး နတ်ဆိုးတစ်ကောင်ဖြစ်လာသည်။ သင်တို့ထဲမှ လူများစွာတို့သည် အခြားလူများနှင့် သင်တို့ ဆက်ဆံရေးကို ကာကွယ်ရန်၊ အခြားလူများကြားတွင် သင်တို့ ကိုင်စွဲသော အဆင့်အတန်းနှင့် ဂုဏ်တို့ကို ကာကွယ်ရန်အတွက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး လိမ်ညာဖို့ကို ပိုမိုနှစ်သက်လိမ့်မည်။ ဤသို့ လုပ်ဆောင်သောသူသည် သမ္မာတရားကို ချစ်သလော။ သမ္မာတရားကို လိုက်စားသောသူဖြစ်သလော။ ထိုသူသည် သိလျက် ဘုရားသခင်ကို လိမ်ညာသော၊ မိမိ၏ စိတ်နှလုံးတွင် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်း စိုးစဉ်းမျှပင် မရှိသောသူတစ်ယောက်ဖြစ်သည်။ သူသည် ဘုရားသခင်ကို လိမ်ညာရဲသည်။ သူ၏ ရည်မှန်းချက်နှင့် ပုန်ကန်မှုသည် အလွန်ပင် ကြီးမားလိမ့်မည်။ ဤသို့သောလူများသည် အများအားဖြင့် ဘုရားသခင်ကို ချစ်ပြီး ကြောက်ရွံ့သည်ဟု တွေးထင်လေ့ရှိဆဲဖြစ်ပြီး “ဘုရားသခင်အကြောင်း ငါ စဉ်းစားမိသည့် အချိန်တိုင်းတွင် သူသည် မည်မျှပင် ကြီးမားသည်၊ မည်မျှပင် ကြီးမြတ်သည်၊ မည်မျှပင် ဉာဏ်မမီနိုင်အောင် ဖြစ်သည်ဆိုသည်ကို ငါ စဉ်းစားမိသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ချစ်သည်။ သူ၏ ချစ်ခြင်းသည် အလွန်စစ်မှန်သည်” ဟူ၍ မကြာခဏပြောဆိုကြသည်။ သင်သည် ကြား၍ကောင်းသောစကားများကို ပြောဆိုနိုင်သော်လည်း ဆိုးယုတ်သောသူတစ်ယောက်က အသင်းတော်အလုပ်အား နှောင့်ယှက်နေသည်ကို သင်မြင်လျှင် ထုတ်ပြောမည်မဟုတ်ပေ။ သင်တို့သည် လူ့အကြိုက်လိုက်သူများဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည့်အစား သင်တို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာ၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကိုသာ ကာကွယ်သည်။ အရေးကိစ္စများ၏ တကယ့်အခြေအနေကို သင်သိသောအခါတွင် သင်သည် မှန်ကန်စွာ မပြောဆိုပေ။ ဝေ့ဝိုက်ပြောဆိုပြီး ဆိုးယုတ်သောသူများကို ကာကွယ်သည်။ သင့်အား မှန်ကန်စွာ ပြောဆိုခိုင်းလျှင် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အမှန်အတိုင်းပြောခြင်းကို ရှောင်ရန်အတွက်နှင့် အဓိပ္ပာယ်မရှိသောအရာများစွာကို ပြောဆိုသည်။ သင်စကားပြောသောအခါ များစွာ လှည့်ပတ်ပြောဆိုသည်။ များစွာတွေးတောသည်။ အလွန်ပင်ပန်းသောပုံစံဖြင့် အသက်ရှင်သည်။ ဤအရာအားလုံးက သင်၏ ကိုယ်ပိုင်ဂုဏ်နှင့် မာနကို ကာကွယ်ရန်ဖြစ်သည်။ ဤသို့ လုပ်ဆောင်သောလူများကို ဘုရားသခင်က ကျေနပ်သလော။ ဘုရားသခင်က လှည့်စားသောသူများကို အရာအားလုံးထက်ပို၍ မုန်းတီးသည်။ သင်သည် စာတန်၏ စွမ်းအားမှ လွတ်မြောက်ပြီး ကယ်တင်ခြင်းရှိလိုလျှင် သမ္မာတရားကို လက်ခံရမည်။ ရှေးဦးစွာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် စတင်ရမည်။ ပွင့်လင်းလော့။ အမှန်အတိုင်းပြောလော့။ သင်၏ ခံစားချက်များ၏ ချုပ်ချယ်ခြင်းကို မခံနှင့်။ သင်၏ ဟန်လုပ်ခြင်းနှင့် လှည့်စားခြင်းကို ဘေးချထားလော့။ စည်းမျဉ်းနှင့်အညီ ပြောဆိုပြီး အမှုအရာများကို ကိုင်တွယ်လော့။ ဤသည်မှာ အသက်ရှင်ရန် လွယ်ကူပြီး ပျော်ရွှင်သောနည်းလမ်းဖြစ်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်ရှေ့တွင် နေထိုင်နိုင်လိမ့်မည်။ သင်သည် ဆိုးယုတ်သော အတွေးအခေါ်များနှင့်အညီ အစဉ်သဖြင့် အသက်ရှင်လျှင်၊ သင်၏ နေ့ရက်များကို ဖြတ်သန်းရန်အတွက် လိမ်ညာမှု၊ လှည့်စားမှုများကို အစဉ် အမှီပြုလျှင် သင်သည် စာတန်၏ တန်ခိုးအောက်တွင် ရှင်သန်နေရမည်ဖြစ်သည်။ မှောင်မိုက်ထဲတွင် အသက်ရှင်နေလိမ့်မည်ဖြစ်သည်။ သင်သည် စာတန်၏ ကမ္ဘာတွင် အသက်ရှင်လျှင် ပို၍ ပို၍သာ လှည့်စားလာလိမ့်မည်။ သင်သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့သည်။ တရားဒေသနာများစွာကို နားထောင်ခဲ့သည်။ သို့သော် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခြင်း မခံရသေးပေ။ ယခုတွင် သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားဖြင့် အသက်ရှင်နေဆဲဖြစ်သည်။ ဤအရာကို သင်စက်ဆုပ်ရွံရှာခြင်းမဖြစ်သလော။ ရှက်ရွံ့ခြင်းမဖြစ်သလော။ သင်သည် ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ မည်မျှကြာသည်ဖြစ်စေ မယုံကြည်သူတစ်ယောက်ကဲ့သို့ ရှိနေဆဲဖြစ်လျှင် ဘုရားသခင်အား သင်ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာအဘယ်နည်း။ ဘုရားသခင်အား ဤသို့ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကို အမှန်တကယ် ရယူနိုင်သလော။ သင်၏ ဘဝပန်းတိုင်များက မပြောင်းလဲသကဲ့သို့ သင်၏ စည်းမျဉ်းများ၊ နည်းလမ်းများကလည်း မပြောင်းလဲပေ။ မယုံကြည်သူတစ်ယောက်တွင်မရှိဘဲ သင့်တွင်ရှိသော တစ်ခုတည်းသောအရာမှာ “ယုံကြည်သူ” ဆိုသည့် ဂုဏ်ပုဒ်သာဖြစ်သည်။ သင်သည် အပြင်ပန်းတွင် ဘုရားသခင်နောက်သို့ လိုက်သော်လည်း သင်၏ အသက်စိတ်သဘောထားက လုံးဝ မပြောင်းလဲပေ။ အဆုံးတွင် ကယ်တင်ခြင်းကို သင်ရရှိမည်မဟုတ်ပေ။ သင်သည် အချည်းနှီး မျှော်လင့်နေခြင်းဖြစ်သည်မဟုတ်လော။ ဘုရားသခင်အပေါ် ဤသို့သော ယုံကြည်ခြင်းမျိုးသည် သင့်အား သမ္မာတရား၊ သို့မဟုတ် အသက်ကိုရရှိစေရန် ကူညီပေးနိုင်သလော။ လုံးဝ ကူညီမပေးနိုင်ပေ။

ယနေ့တွင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၏ စရိုက်လက္ခဏာသုံးခုကို ငါတို့ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ထိုစရိုက်လက္ခဏာသုံးခုကို အနှစ်ချုပ်လော့။ (ပထမ စရိုက်လက္ခဏာသည် မှန်ကန်ပြီး သမ္မာတရားနှင့်ကိုက်ညီသည့်အရာများကို လက်ခံကာ နာခံနိုင်သည့် အရည်အချင်းဖြစ်သည်။ ဒုတိယ စရိုက်လက္ခဏာသည် မိမိတွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်သည့်၊ မိမိ၏ ကိုယ်ပိုင်အလိုဆန္ဒကို အခြေခံကာ အမှုအရာများကို မကိုင်တွယ်သည့် အရည်အချင်းဖြစ်သည်။ တတိယ စရိုက်လက္ခဏာသည် သင့်အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ ဘုရားအလိုတော်ကို ထည့်သွင်းစဉ်းစားရန်၊ ဇာတိပကတိကို ပုန်ကန်ပြီး ဘုရားသခင်အား နာခံခြင်းကို ရရှိရန် အရည်အချင်းဖြစ်သည်။) သင်တို့အားလုံးသည် ဤစရိုက်လက္ခဏာသုံးခုကို ချင့်ချိန်စဉ်းစားပြီး မိတ်သဟာယပြုသင့်သည်။ သင်တို့၏ လက်တွေ့ဘဝတွင် ဤအရာများနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်သင့်သည်။ ပြီးလျှင် ဤအရာများကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရန်အတွက် မိမိကိုယ်ကို လေ့ကျင့်ပေးသင့်သည်။ ဤသို့ဆိုလျှင် သင်တို့သည် သမ္မာတရားကို ရရှိပြီး စိတ်သဘောထားတွင် ပြောင်းလဲမှုရှိလိမ့်မည်ဖြစ်သည်။ သမ္မာတရား၏ မည်သည့်ရှုထောင့်ကို မိတ်သဟာယပြုသည်ဖြစ်စေ သမ္မာတရားကို ချစ်သောသူများအတွက် သမ္မာတရားကို လက်ခံရန် လွယ်ကူလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ် ရှိသူများသည် သမ္မာတရားကို ရရှိနိုင်မည်ဖြစ်ပြီး သမ္မာတရားကို ရရှိသူများသည် စိတ်သဘောထားတွင် ပြောင်းလဲမှုကို ရရှိနိုင်လိမ့်မည်။ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိသူ၊ သမ္မာတရားကို မချစ်သူများသည် သမ္မာတရားကို လက်မခံနိုင်ပေ၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်ပေ။ လူတစ်ယောက်သည် သမ္မာတရားကို ရရှိနိုင်ခြင်းရှိမရှိ၊ သို့မဟုတ် စိတ်သဘောထားတွင် ပြောင်းလဲခြင်းကို ရရှိခြင်းရှိမရှိသည် သူ၏ တစ်ကိုယ်ရေလိုက်စားမှုအပေါ်တွင် မူတည်သည်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်

အရှေ့သို့- အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

နောက်တစ်ခုသို့- ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။