ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်
လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ ဘုံပြဿနာတစ်ခု၊ လူတိုင်း၏ လူ့သဘာဝတွင် တည်ရှိသည့် ဘုံပြဿနာတစ်ခု၊ အပြင်းထန်ဆုံးသော ပြဿနာတစ်ခု ရှိ၏။ ဤဘုံပြဿနာသည် ၎င်းတို့ လူ့သဘာဝ၏ အားအနည်းဆုံး၊ အဆိုးရွားဆုံးသော အစိတ်အပိုင်း ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝ အနှစ်သာရတွင်၊ ရှာဖွေတွေ့ရှိရန် သို့မဟုတ် ပြောင်းလဲရန် အခက်ခဲဆုံးသော အရာ ဖြစ်သည်။ ဤပြဿနာမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းမှာ လူသားများသည် ထူးခြားသော၊ မဟာလူသား၊ ပြီးပြည့်စုံသော လူများ အမြဲ ဖြစ်လိုကြခြင်း ဖြစ်သည်။ လူတို့ကိုယ်တိုင်သည် အဖန်ဆင်းခံများ ဖြစ်၏။ အဖန်ဆင်းခံများသည် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းအား စွမ်းဆောင်ရရှိနိုင်သလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ထိုးဖောက်သိမြင်နိုင်ပြီး အရာရာကို စွမ်းဆောင်နိုင်သလော။ မဖြစ်စေနိုင်ပေ။ သို့သော်၊ လူသားများထဲတွင်၊ ဖောက်ပြန်ပျက်စီးခြင်းများနှင့် ဆိုးရွားသော အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် တတ်ကျွမ်းမှုတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက်၊ သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားမိကြသည်။ ၎င်းတို့သည် မည်သို့ပင် ထူးခြားမှုမရှိသည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် နာမည်ကြီးသော၊ သို့မဟုတ် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြရုပ်တင်လိုကြသည်။ အသေးစား နာမည်ကြီးသူတစ်ယောက်ယောက်အဖြစ် ပြောင်းလဲလိုကြသည်။ ချို့ယွင်းချက်တစ်ခုမှမရှိဘဲ ၎င်းတို့က စုံလင်ပြီး အပြစ်အနာအဆာကင်းသည်ဟု လူတို့ကို ထင်စေလိုကြသည်။ သူတစ်ပါးတို့၏အမြင်တွင် ၎င်းတို့သည် ကျော်ကြားလာကာ၊ အာဏာကြီးသည့် သို့မဟုတ် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်လိုပြီး စွမ်းအားကြီးလိုကြသည်။ မလုပ်နိုင်သည့်အရာမရှိဘဲ၊ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်လိုကြသည်။ ၎င်းတို့သည် အခြားလူတို့၏ အကူအညီကို ရှာဖွေလျှင် ၎င်းတို့သည် မစွမ်းဆောင်နိုင်၊ အားနည်းသည်၊ နိမ့်ကျသည် ဆိုသည့်ပုံပေါ်မည်၊ လူတို့သည် ၎င်းတို့အား အထင်သေးကြမည်ဟု ထင်မြင်ကြသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် လှည့်ဖြား၍ဟန်ပြလိုကြသည်။ လူအချို့ကို တစ်စုံတစ်ခု လုပ်ခိုင်းသည့်အခါ မည်သို့လုပ်ဆောင်ရသည်ကို ၎င်းတို့ အမှန်တကယ် မသိသော်ငြားလည်း သိသည်ဟု ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအကြောင်းကို တိတ်တဆိတ် ရှာဖွေကြပြီး မည်သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့ ကြိုးစားကြသော်လည်း နှစ်ရက်သုံးရက် လေ့လာပြီးသည့်နောက် မည်သို့လုပ်ရမည်ကို ၎င်းတို့နားမလည်ကြသေး။ ၎င်းတို့ အခြေအနေမည်သို့ရှိသည်ကို အမေးခံရသည့်အခါ ၎င်းတို့က “မကြာမီ ပြီးမည်၊ မကြာမီပြီးမည်” ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ “မရသေးဘူး။ ငါ ဘာမှ မသိ။ ငါ ဘာလုပ်ရမည်ကိုလည်း မသိ။ လျှို့ဝှက်ချက်ကို ငါ ပြောလိုက်၍ မဖြစ်၊ ဆက်၍ ဟန်ဆောင်ရမည်၊ ငါ၏ အားနည်းချက်များ၊ မသိနားမလည်မှုများကို လူတို့အား မြင်ခွင့်ပေး၍ မဖြစ်။ ငါ့ကို အထင်သေးခွင့်ပြု၍ မဖြစ်။” ဟု ၎င်းတို့ တွေးနေကြသည်။ ဤသည်မှာ အဘယ်ပြဿနာနည်း။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ သိက္ခာဆည်ရန် ကြိုးစားသည့် အသက်ရှင်နေစဉ်ဖြစ်သော ငရဲဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် အသိစိတ်အားလုံး ပျောက်ဆုံးပေပြီ။ ၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများမဖြစ်လိုကြဘဲ မဟာလူသားများ၊ ထူးခြားသော ပုဂ္ဂိုလ်များ၊ အစွမ်းထက်သူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် သာမန်လူ့သဘာဝအတွင်းမှ သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍၊ ယင်းတို့အားလုံးကို သူတို့ ဖုံးကွယ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကိုယ် ဆက်လက် အယောင်ဆောင်ကြလေသည်။ အရာရာတွင် ကြောင်းကျိုးမမြင်သည့်တိုင်၊ မိမိတို့ စိတ်နှလုံးတွင် နားလည်ကြသည်ဟု အခိုင်အမာဆိုကြသေးသည့် သူအချို့ရှိ၏။ သင်သည် ထိုအရာကို ရှင်းပြရန် ၎င်းတို့အား စေခိုင်းသည့်အခါ၊ ၎င်းတို့ မရှင်းပြနိုင်ကြချေ။ အခြားတစ်စုံတစ်ဦးက ရှင်းပြပြီးသည့်နောက်တွင်၊ အလားတူသောအရာကို ၎င်းတို့ ပြောတော့မလိုဖြစ်သော်လည်း အချိန်မီ မဖွင့်ဟနိုင်ခဲ့ဟု အခိုင်အမာ ဆိုကြလေသည်။ မိမိတို့ကိုယ်ကိုယ် ဟန်ဆောင်ရန် ၎င်းတို့ တတ်နိုင်သမျှလုပ်ဆောင်ပြီး၊ ကြည့်ကောင်းရန် ကြိုးစားကြသည်။ သင်တို့ အဘယ်သို့ သဘောရကြသနည်း၊ ထိုသို့သော လူတို့သည် အမြဲ စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လော။ သူတို့ အိပ်မက်မက်နေကြခြင်း မဟုတ်လော။ သူတို့သည် မိမိကိုယ်ကိုယ် အဘယ်သူများ ဖြစ်ကြသည်ကို မသိကြသလို၊ သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်း မသိကြ။ လက်တွေ့ကျသည့် လူသားများကဲ့သို့ တစ်ကြိမ်မျှ သူတို့ လုံးဝ မပြုမူဖူးကြ။ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရာတွင်၊ လူတို့သည် ဤလမ်းမျိုးကို ရွေးချယ်လျှင်၊ သူတို့ အောက်ခြေမလွတ်မည့်အစား အမြဲ စိတ်ကူးယဉ်ကြသည်ဆိုလျှင်၊ အမြဲ ပျံသန်းချင်ကြလျှင်၊ ပြဿနာများ သူတို့ကြုံရဖို့ သေချာပေသည်။ အသက်တာတွင် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းသည် မမှန်ကန်ပါ။ ဤအရာကို သင်ပြုလုပ်လျှင်၊ ဘုရားသခင်ကို သင် မည်သို့ယုံကြည်ပါစေ၊ သမ္မာတရားကို သင် နားလည်လိမ့်မည် မဟုတ်သလို၊ သမ္မာတရားကို ရရှိနိုင်လိမ့်မည် မဟုတ်၊ ရိုးသားစွာဆိုရလျှင်၊ သင်သည် သမ္မာတရားကို မရရှိနိုင်၊ အဘယ်ကြောင့်ဆိုသော်၊ သင် အစပြုသောနေရာသည် မှားယွင်းသောကြောင့် ဖြစ်သည်။ အောက်ခြေမလွတ်ဖို့ နှင့် တစ်ကြိမ်တွင် ခြေတစ်လှမ်းဖြင့် မည်သို့ မှန်မှန် လျှောက်ရမည်ကို သင် သင်ယူရမည်။ သင်လမ်းလျှောက်နိုင်လျှင်၊ လျှောက်လော့၊ မည်သို့ ပြေးရမည်ကို သင်ယူဖို့ မကြိုးစားနှင့်။ တစ်ကြိမ်တွင် ခြေတစ်လှမ်း သင်လျှောက်နိုင်လျှင်၊ တစ်ကြိမ်တွင် ခြေနှစ်လှမ်းလှမ်းဖို့ မကြိုးစားနှင့်။ သင်သည် ခိုင်ခိုင်မာမာ အောက်ခြေမလွတ်သည့် လူတစ်ဦး ဖြစ်ရမည်။ မဟာလူသား၊ ကြီးမြတ်သူ သို့မဟုတ် မြင့်မြတ်သူဖြစ်ဖို့ရန် မကြိုးစားနှင့်။ မိမိတို့၏ ဆိုးယုတ်သော စိတ်သဘောထားဖြင့် စိုးမိုးခြယ်လှယ်ခြင်းခံရသည့် လူသားများသည် ၎င်းတို့စိတ်ထဲတွင် အချို့သော ရည်မှန်းချက်နှင့် စိတ်ဆန္ဒကို သိုထားကြ၏၊ ယင်းသည် ၎င်းတို့၏ စိတ်နှလုံးများအတွင်း၌ ကွယ်ဝှက်နေသည်။ ၎င်းတို့သည် အောက်ခြေမလွတ်ဘဲ အသက်မရှင်လိုကြပေ၊ ထို့ထက်၊ အမြဲ လေထဲသို့ ပြေးထွက်သွားချင်ကြသည်၊ မိုးတိမ်များနှင့် မြူနင်းကြားတွင် အသက်ရှင်နေထိုင်လိုကြသည်။ ၎င်းတို့သည် အိပ်မက်မက်နေကြခြင်း မဟုတ်လော။ လူတို့သည် လေထုအလယ်တွင် အသက်ရှင်ကြသလော။ ယင်းမှာ စာတန်၏ ပိုင်နက်ဖြစ်သည်၊ လူတို့အတွက် အသက်ရှင်နေထိုင်ရန် နေရာမဟုတ်ပေ။ ဘုရားသခင်သည် လူကို မြေမှုန့်မှ ဖန်ဆင်းခဲ့၏။ ၎င်းတို့ကို မြေပေါ်တွင် အသက်ရှင်စေသည်၊ ပုံမှန်အတိုင်း စည်းမျဉ်းများဖြင့် အသက်ရှင်စေသည်၊ မည်သို့ ပြုမူရမည်ဆိုသည့် ဘုံအသိပညာကို သင်ယူစေသည်၊ မည်သို့ ဆောင်ရွက်ရမည်၊ မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့် သူ့အား မည်သို့ ကိုးကွယ်ရမည်ဆိုသည်တို့ကို သင်ယူစေသည်။ ဘုရားသခင်သည် လူတို့အား အတောင်ပံများ မပေးခဲ့သကဲ့သို့၊ ၎င်းတို့ကို လေထဲတွင် အသက်ရှင်ခွင့်မပေးပေ။ လေထဲတွင် ခြေဦးတည့်ရာ သွားလာသူတို့မှာ စာတန်နှင့် ဝိညာဉ်ဆိုးမျိုးစုံဖြစ်၏၊ လူများ မဟုတ်ပေ။ လူတို့သည် မဟာလူသားများ ဖြစ်လာရန်၊ အခြားတစ်စုံတစ်ရာအဖြစ်သို့ ပြောင်းလဲရန် အမြဲ လိုလားလျက် ဤရည်မှန်းချက် အမြဲ ရှိပါက၊ ၎င်းတို့ ဒုက္ခရှာနေကြခြင်း ဖြစ်၏။ လုံးဝ အစွဲအလမ်းရှိလာရန်မှာ အလွန်လွယ်၏။ ပထမဆုံး၊ သင်၏ ဤအတွေးနှင့် စိတ်ကူးသည် မှားယွင်း၏။ ယင်းသည် စာတန်ထံမှလာသည်၊ စစ်မှန်မှုကို လုံးဝ ကျော်လွန်သည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လုံးဝ မကိုက်ညီသကဲ့သို့၊ ဘုရားနှုတ်ကပတ်တော်များကို လုံးဝ ကျော်လွန်လေသည်။ သို့ဆိုလျှင် ဤအတွေးသည် မည်သည့်အရာ ဖြစ်သနည်း။ အမြဲ ယုတ်မာခြင်း ကင်းလိုခြင်း၊ ထူးချွန်လိုခြင်း၊ ပြိုင်ဘက်ကင်းလိုခြင်း၊ မနှိုင်းသာအောင် အလွန်လှပသိမ်မွေ့လိုခြင်း၊ သူမတူသည့် အောင်မြင်မှုရှိလိုခြင်း၊ ကျော်ကြားကာ ကြီးမြတ်လာလိုခြင်း၊ လူတို့၏ စိတ်နှလုံးများရှိ အသည်းကြော်တစ်ဦး ဖြစ်လိုခြင်း ဖြစ်သည်။ ဤသည်တို့မှာ အကြင်သူ လိုက်စားသင့်သည့် ရည်မှန်းချက်ပန်းတိုင်များလော။ လုံးဝ မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များအားလုံးထဲတွင်၊ လူတို့အား မဟာလူသားတစ်ဦး၊ အာဏာရှင်ဆန်သော ခေါင်းဆောင်တစ်ဦး၊ ကျော်ကြားထင်ရှားသူတစ်ဦး သို့မဟုတ် ကြီးမြတ်သောလူတစ်ဦးဖြစ်လာခြင်းကို လိုက်စားရန် ပြောသည့်အရာတစ်ခုမျှ မရှိပေ။ လူတို့စိတ်ကူးသည့် ဤအရာတစ်ခုမျှ မစစ်မှန်၊ ထိုအရာများထဲမှ တစ်ခုမျှ တည်ရှိခြင်းမရှိပေ။ ဤအရာများကို လိုက်စားခြင်းသည် ကိုယ့်သင်္ချိုင်းကိုယ်တူးခြင်း ဖြစ်သည်။ ယင်းတို့ကို သင် သာ၍လိုက်စားလေ၊ မြန်မြန် သေလေဖြစ်သည်။ ဤသည်မှာ ပျက်စီးခြင်းသို့သွားသည့် လမ်းဖြစ်သည်။
ဘုရားသခင်သည် အလွန်များသည့် နှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်သည့်အတွက်၊ မည်သည့် သူ၏ သတ်မှတ်ချက်များသည် လူတို့၏ အပြုအမူများအတွက် ဖြစ်သည်ကို သင်တို့ သိကြသလော။ ( သူသည် ၎င်းတို့ကို တာဝန်သိစွာ ပြုမူနေထိုင်စေချင်ပါသည်။) (သူသည် ၎င်းတို့ကို အောက်ခြေမလွတ်ဘဲ၊ ကြိုးစားပမ်းစားနှင့် အာရုံကို စွဲဆောင်ခြင်းမရှိဘဲ ပြုမူနေထိုင်ကာ ဆောင်ရွက်စေချင်ပါသည်။) ဤစကားအနည်းငယ်သည် ရိုးရှင်းသော်လည်း၊ လူအများစုက မစွမ်းဆောင်နိုင်ကြချေ။ ရိုးသားသောလူတို့သာ တတ်စွမ်းနိုင်သည်။ အမှန်တွင်၊ ထိုအရာကို သင် မည်သို့ ဖော်ပြသည်ဖြစ်စေ၊ အချုပ်အားဖြင့် ဆိုရလျှင်၊ ဘုရားသခင်သည် လူတို့အား ရိုးသားရန် တောင်းဆို၏။ ရိုးသားသူတို့သာ တာဝန်သိစွာ ပြုမူနေထိုင်နိုင်ကြသည်၊ ၎င်းတို့ ပြုမူဆောင်ရွက်သည်နှင့်အမျှ ချင့်ချိန်နိုင်ကြသည်၊ အာရုံမစွဲဆောင်ဘဲနေနိုင်ကြပြီး၊ စေ့စေ့စပ်စပ်နှင့် ကြိုးစားပမ်းစားလုပ်နိုင်ကြသည်။ ထို့ကြောင့် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် မှန်ကန်ပြီး ဘုရားသခင်က ရိုးသားသောလူတို့ကို နှစ်သက်၏။ လှည့်ဖြားတတ်သော လူတို့ကို ဘုရားသခင် စက်ဆုပ်၏။ တာဝန်သိစွာ မပြုမူသောသူများ၊ ၎င်းတို့ ပြုမူသည်နှင့်အမျှ မချင့်ချိန်နိုင်သောသူများသည် လှည့်ဖြားတတ်ကြသည်။ ဤသို့ ပြောသည့်အခါ သင်တို့ နားလည်ကြသလော။ သို့ဆိုလျှင် တစ်ဖန် ငါ့ကို ပြောလော့၊ ၎င်းတို့အား ရိုးသားသောလူများဖြစ်ရန် တောင်းဆိုခြင်းမှအပ၊ လူတို့အပေါ် မည်သည့် အခြားသောသတ်မှတ်ချက်များ ဘုရားသခင် ရှိပါသနည်း။ (၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် နှိမ့်ချရန် လိုအပ်ပါသည်။) သင်တို့က “နှိမ့်ချသည်”ဟု ဆိုသော်လည်း လူတို့ကို ဖော်ပြဖို့ ဤစကားကို သုံးရန် ကျိုးကြောင်းသင့်ပါသလော။ (ကျိုးကြောင်းသင့်ပါသည်။) အဘယ်ကြောင့် ကျိုးကြောင်းသင့်ပါသနည်း။ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် မူလက အဆင့်အတန်း မရှိခဲ့ကြချေ။ ၎င်းတို့သည် မူလက ပိုးကောင်များထက် နိမ့်ကျကြသောကြောင့်၊ ၎င်းတို့ နောက်ထပ်မည်မျှ နိမ့်ချနိုင်မည်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် နောက်ထပ် နိမ့်ကျစေပါက၊ မည်သည့်အရာ ဖြစ်လာကြမည်နည်း။ နတ်ဆိုးများ သို့မဟုတ် သားရဲတိရစ္ဆာန်များ ဖြစ်လာကြမည် မဟုတ်လော။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရကာ ဘုရားသခင် ဖန်ဆင်းထားသူအားလုံးတွင် လူသားဗီဇများ ရှိကြသည်။ လူအားလုံးသည် ၎င်းတို့ ပိုင်ဆိုင်သင့်သည့်အရာများကို စွမ်းဆောင်ရရှိနိုင်ကြ၏၊ ယင်းမှာ ၎င်းတို့၏ ပုံမှန် အပြုအမူများနှင့် ပွင့်အံထွက်မှုများ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ဦးစွာပထမ၊ လူတို့ ပိုင်ဆိုင်သည့် ပျော်ရွှင်ခြင်း၊ ဒေါသ၊ ပူဆွေးမှုနှင့် ဝမ်းမြောက်ခြင်း၊ စိတ်ခံစားချက်အချို့ကို ပြောကြစို့။ တစ်စုံတစ်ဦးသည် ပူဆွေး သို့မဟုတ် ဝမ်းနည်းသည့်အခါ၊ ဖြစ်နေကျ အဖြစ်ဆုံးသော သရုပ်သကန်မှာ ငိုကြွေးခြင်း ဖြစ်သည်။ ယင်းမှာ ပုံမှန် လူ့သဘာဝ၏ သဘာဝ ပွင့်အံထွက်ခြင်းတစ်ခု ဖြစ်သည်။ သင်သည် ပူဆွေးသည့်အခါ သို့မဟုတ် စိတ်ဆင်းရဲသည့်အခါ၊ ငိုကြွေးနိုင်သည်၊ သင်၏ မျက်ရည်များကို ကျခွင့်ပေးနိုင်သည်။ ဟန်မဆောင်နှင့်။ လူအချို့က၊ “ကျွန်ုပ် မငိုပါ။ ကျွန်ုပ်သည် သန်မာသောလူတစ်ဦးဖြစ်ပြီး၊ တကယ့် ယောက်ျားများသည် အလွယ်တကူ မငိုကြပါ”ဟု ဆိုကြသည်။ အခြားသူများက၊ “ကျွန်ုပ်သည် အမျိုးသမီးဖြစ်သော်လည်း၊ စိတ်ခိုင်မာသည်။ ယောက်ျားသားတစ်ဦးကဲ့သို့ ကျွန်ုပ် သန်မာရမည်။ ကျွန်ုပ်သည် အမျိုးသမီးလူစွမ်းကောင်းတစ်ဦးဖြစ်ရမည်၊ အားနည်းသော အမျိုးသမီး မဖြစ်ရ”ဟု ဆိုကြသည်။ ဤစဉ်းစားပုံမျိုးသည် မှန်ကန်သလော။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုး ဖြစ်သနည်း။ ဤသည်မှာ ဟန်ဆောင်ခြင်း ဖြစ်၏။ မစစ်မှန်ပေ။ ဟန်ဆောင်သောအရာသည် ပုံမှန်လူ့သဘာဝ၏ ပွင့်အံထွက်ခြင်းတစ်ခု မဟုတ်။ ထို့ထက် ပုံမှန်လူ့သဘာဝကို လုံးဝ မလိမ့်တစ်ပတ်လုပ်လျက် အခြားသူများကို အမူအရာပြသည့် အတုအယောင် သွင်ပြင်တစ်ခု ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဝမ်းနည်းကြေကွဲစရာ သို့မဟုတ် သောကရောက်စရာတစ်ခုခု ရှိသည့်အခါ၊ ၎င်းတို့ သက်ပြင်းချသည့်အခါ၊ သို့မဟုတ် ၎င်းတို့၏ အမူအရာသည် အတော် လေးနက်သည့်အခါ၊ သို့မဟုတ် ၎င်းတို့ အစာမစားချင်သည့်အခါ၊ ဤအရာအားလုံးသည် မည်သူမျှ မဖုံးဖိနိုင်သည့် ပုံမှန် လူ့သဘာဝ၏ ပွင့်အံထွက်မှုများဖြစ်သည်။ တစ်စုံတစ်ဦးသည် ကောင်းမွန်သည့် တစ်စုံတစ်ရာကို ကြုံသည့်အခါ၊ ၎င်းတို့ ပြုံးကြသည်။ ယင်းမှာလည်း ပုံမှန် ပွင့်အံထွက်မှုတစ်ခု ဖြစ်သည်။ မိမိတို့ ကျေနပ်အားရသည့်အခါ ထုတ်မရယ်ဝံ့သော လူအချို့ ရှိသည်။ ၎င်းတို့သည် လူတို့၏ ကျီစယ်ခြင်းများကို အမြဲ ကြောက်ရွံ့လျက် မိမိတို့၏ အပြုံးများကို ကွယ်ဝှက်ရန် မိမိတို့နှုတ်များကို အမြဲ ဖုံးကြသည်။ ယင်းမှာ ပုံမှန်ဖြစ်သလော။ (ပုံမှန် မဟုတ်ပါ။) ဤသည်မှာလည်း ဟန်ဆောင်ခြင်း ဖြစ်သည်။ အမျိုးသမီးများသည် လူများစွာရှေ့ လူပုံအလယ်တွင် ရယ်မော၍မရသကဲ့သို့၊ အထူးသဖြင့် မိမိတို့၏ သွားများကို ပြ၍မရ၊ မဟုတ်လျှင် လူတို့သည် ၎င်းတို့ကို အထင်သေးကြလိမ့်မည်၊ သို့မဟုတ် မထီမဲ့မြင်ပြုလိမ့်မည် ဖြစ်သောကြောင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ချုပ်တည်းရမည်ဖြစ်ပြီး၊ ပေါ့ပြက်၍မရဟု တွေးထင်ကြသည်။ ဤသည်မှာ ရိုးရာ တရုတ်ယှဉ်ကျေးမှု ပညာရေး၏ ရလဒ်ဖြစ်သည်။ မိမိ၏ ပျော်ရွှင်မှု၊ ဒေါသ၊ ပူဆွေးမှုနှင့် ဝမ်းမြောက်ခြင်းတို့က မူမမှန်သည့် တစ်စုံတစ်ဦးတွင်၊ ၎င်းတို့ ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်များ သို့မဟုတ် လိုအပ်ချက်များကို အခြားသူများက မမြင်နိုင်ကြချေ။ ဤလူစားမျိုးသည် ပုံမှန် ဖြစ်သလော။ (ပုံမှန် မဟုတ်ကြပါ။) ၎င်းတို့၏ တွေးများတွင် ၎င်းတို့ကို စိုးမိုးခြယ်လှယ်သည့် တစ်စုံတစ်ရာ မရှိသလော။ လူတို့သည် စာတန်၏ အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီး ဖြစ်သည်။ ယင်းမှာ ထိုသို့သာ ဖြစ်သည်။ ၎င်းတို့သည် လူများထက် မကောင်းဆိုးဝါးများနှင့် ပိုတူကြသည်။ ဤသည်မှာ ဆိုးယုတ်သော သဘာဝ ဆိုးမိုးခြယ်လှယ်ခြင်းခံရသူများ၏ သွင်ပြင် ဖြစ်သည်။ ၎င်းတို့သည် အလွန့်အလွန် အယောင်ဆောင်ဖြစ်ကြပြီး အလွန် ဟန်ဆောင်လွန်းကြသည်။ နှစ်အတော်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးသောလူတို့သည် လုံးဝ မပြောင်းလဲကြသည်မှာ အဘယ်ကြောင့်နည်း။ တစ်ချက်မှာ၊ လူတို့သည် ပုံမှန်လူတစ်ဦးဖြစ်ခြင်း၏ လမ်းကြောင်း၊ စည်းမျဉ်းများ၊ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့အပေါ် မှန်ကန်သည့် အသိပညာ သို့မဟုတ် ရှင်းလင်းသည့် အမြင် မရှိကြသကဲ့သို့၊ သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းသည့် အမြင်မရှိကြချေ။ နောက်တစ်ချက်မှာ၊ ဤလူစားမျိုးသည် မာနထောင်လွှား၏။ ၎င်းတို့အနေဖြင့်၊ အသက် လေးဆယ်၊ သို့မဟုတ် ငါးဆယ် အသက်ရှင်လျှင်ပင်၊ ရိုးသားသော လူတစ်ဦး မည်သို့ဖြစ်ရမည်ဆိုသည်နှင့် ပတ်သက်၍ သို့မဟုတ် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ရန်အလို့ငှာ မည်သည့် သတ်မှတ်ချက်များ ၎င်းတို့ ပြည့်မီရမည်ဆိုသည်နှင့် ပတ်သက်၍ မည်သည့်အရာမျှ မသိကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ရိုးရာယဉ်ကျေးမှုသည် လူတို့၏ စိတ်နှလုံးများတွင် အလွန်နက်စွာ အမြစ်တွယ်ပြီးဖြစ်ကာ ၎င်းတို့သည် မိမိတို့ စိတ်ကူးခဲ့သည့် သန့်ရှင်းသော၊ ကြီးမြတ်သောလူများဖြစ်သည်ဟု အမြဲ ဟန်ဆောင်ချင်ကြလေသည်။ ယင်းက ၎င်းတို့အား မလိုမုန်းထားသည့်၊ အဓိပ္ပာယ်မရှိသကဲ့သို့ ထူးဆန်းသည့် နည်းလမ်းများဖြင့် အမှုအရာများကို နားလည်စေသည်။ သင်တို့ထဲတွင် ထိုသို့သော လူများ ရှိသလော။ လူအချို့သည် အခြားသူများထံ မိမိတို့၏ စိတ်နှလုံးများကို မည်သည့်အခါတွင်မျှ မဖွင့်ဟသကဲ့သို့၊ ၎င်းတို့၏ အတွင်းကျကျ အတွေးများအကြောင်း မည်သို့ ပြောဆိုရမည်ဆိုသည်ကို မသိကြချေ။ ၎င်းတို့သည် မိမိတို့၌ မည်သည့်အခက်အခဲများမျှ မရှိသည့်အလား၊ ၎င်းတို့သည် မည်သည့်အခါတွင်မျှ အပျက်သဘောမဆောင်၊ သို့မဟုတ် အားမနည်းဖူးသည့်အလား၊ အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ မည်သည့် အခက်အခဲမျှ မရှိခဲ့ဖူးသည့်အလား ထင်ရသည်။ ၎င်းတို့သည် မည်သည့်အရာမျှ ရှာဖွေရန် မလိုအပ်သကဲ့သို့၊ အခြားတစ်ဦးတလေ၏ မိတ်သဟာယ၊ ထောက်ပံ့မှု၊ အကူအညီ သို့မဟုတ် အထောက်အမ မလိုအပ်ကြချေ။ ၎င်းတို့အနေဖြင့် မိမိတို့ဘာသာ အရာရာကို နားလည်ပြီး၊ မည်သည့်အရာကိုမဆို ဖြေရှင်းနိုင်သည့်အလား ထင်ရသည်။ ယခင်က ၎င်းတို့ အပျက်သဘောဆောင်ဖူးခြသ်း ရှိမရှိဆိုသည်ကို တစ်စုံတစ်ဦးက ၎င်းတို့အား မေးမြန်းသည့်အခါ၊ ၎င်းတို့က၊ “ကျွန်ုပ်သည် ရံဖန်ရံခါ အပျက်သဘောဆောင်သော်လည်း၊ ဘုရားသခင်ထံ ကျွန်ုပ် ဆုသာတောင်းလိုက်သည်၊ ကျွန်ုပ်၏ သန္နိဌာန်ချပြီး ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီးနောက် အဆင်ပြေသွားသည်”ဟု ဆိုကြသည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ အပြင်ပန်းတွင်၊ ထိုသို့သော လူများစွာရှိသည်ဟု မထင်ရသော်လည်း၊ အမှန်တွင်၊ ဤအခြေအနေများ ပိုင်ဆိုင်သည့် လူများစွာရှိသည်။ ဤနေ့ထိ၊ ဤသို့သော လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ရန်မှာ မည်သည့်အရာဆိုလိုသည်ကို မသိချေ။ ဘုရားသခင်ကို ယုံကြည်ရန်မှာ သူ့ကို အသိအမှတ်ပြုပြီး လူကောင်းတစ်ဦး ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များက လူသားဆန္ဒများနှင့် စိတ်ပြင်းပြမှုများမှ လွတ်ကင်းခြင်း သို့မဟုတ် စိတ်နှလုံး ဖြူစင်ခြင်းနှင့် ဆန္ဒအနည်းငယ်သာရှိခြင်းတို့အကြောင်း ပြောသကဲ့သို့ပင်၊ တစ်နေ့တွင် “အကျော်ဇေယျဖြစ်လာပြီး လမ်းခရီးကို ရရှိ” လိမ့်မည်ဖြစ်ကာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်လိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့သည် ဤဦးတည်ချက်တွင် ဝီရိယရှိရှိ အလုပ်လုပ်ကာ အားထုတ်ကြိုးပမ်းကြသော်လည်း၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သလော။ ယခုတွင်ပင်၊ ဘုရားသခင်ကို ယုံကြည်ရန်မှာ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ မည်သည့်အရာကို လိုက်စားသင့်သည် သို့မဟုတ် မည်သည့်လူစားမျိုး ၎င်းတို့ ဖြစ်သင့်သည်ဆိုသည်တို့ကို မသိကြချေ။ သို့ရာတွင် သမ္မာတရားနှင့် ပတ်သက်၍ ၎င်းတို့ နားထောင်သည့် တရားဒေသနာများစွာ၊ ၎င်းတို့လိုက်စားသည့် ရည်မှန်းချက်ပန်းတိုင်မှာ မပြောင်းလဲသကဲ့သို့၊ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ ရှုထောင့်အမြင် မပြောင်းလဲပေ။ ဤသည်မှာ အတော်လေး ဒုက္ခပေးလေသည်။ ဘုရားသခင်ကို ယံကြည်ရန်မှာ မည်သည့်အရာဆိုလိုသည်ကိုပင် သင် နားမလည်ပါက၊ သင်၏ ဘုရားသခင် အဘယ်သူဖြစ်သည်ကို သင် သိနိုင်သလော။ ဘုရားသခင်ကို ယုံကြည်ရန်မှာ မည်သည့်အရာဆိုလိုသည်ကိုပင် သင် နားမလည်ပါက၊ သမ္မာတရားကို သင် လိုက်စားနိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်း အမြင်နှင့်ဆိုင်သည့် အသိပညာ လုံးဝမရှိသောလူတစ်ဦးသည် သမ္မာတရားကို ချစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်း အမြင်အား နားမလည်သောသူတို့သည် သမ္မာတရားကို မရရှိနိုင်သောသူများ ဖြစ်သည်။ ဤလူစားမျိုးကို ၎င်းတို့အနေဖြင့် သမ္မာတရားအား ချစ်ခြင်း ရှိမရှိဆိုသည်ကို မေးရန်မှာ အချည်းနှီးဖြစ်သည်။ ဤအရာများကို ၎င်းတို့ နားမလည်ကြချေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို သုံးနှစ် သို့မဟုတ် ငါးနှစ် ယုံကြည်သည်ဖြစ်စေ၊ ဆယ်နှစ် သို့မဟုတ် ရှစ်နှစ် ယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို နားမလည်ကြချေ။ ၎င်းတို့ သိသမျှမှာ ဘုရားသခင်ကို ယုံကြည်ရန်မှာ လူကောင်းတစ်ဦး ဖြစ်ရန်၊ ကောင်းသောအရာများ လုပ်ဆောင်ရန်၊ ကြင်နာပြီး ညှာတာစိတ်ရှိရန်ဖြစ်ပြီး၊ ယင်းမှာ အသက်ရှင်ရန် ဂုဏ်သရေရှိသော နည်းလမ်းဖြစ်သည်ဟု တွေးထင်ကြသည်။ ဤရှုထောင့်အမြင်သည် အလွန် အပေါ်ယံဆန်ပြီး ခေတ်နောက်ကျသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း သမ္မာတရားနှင့် သဟဇာတမဖြစ်သကဲ့သို့ လုံးဝ မဆက်နွှယ်ပေ။ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးသော်လည်း ဘုရားသခင်ကို ယုံကြည်မှု ကိစ္စရပ်အား မယုံကြည်သူများ၊ ဗုဒ္ဓဘာသာဝင်များနှင့် တာအိုဘာသာဝင်များ၏ ရှုထောင့်အမြင်များ၊ အတွေးများနှင့် နည်းလမ်းများဖြင့် သဘောထားသည့်သူ၊ ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းပေါ် လျှောက်ရန် ရိုးရာ အယူအဆများနှင့် စိတ်ကူးများအပေါ် မှီခိုသောသူ၊ မိမိတို့၏ သိနားလည်မှုက ဖြူစင်သည်ဟု တလွဲယုံကြည်သည့်သူ၊ ဤသို့ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာတရားကို လိုက်စားရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု တွေးထင်သည့် တစ်စုံတစ်ဦး- ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် လိမ်ညာနေခြင်း မဟုတ်လော။
တရုတ်လူမျိုးများသည် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ ရိုးရာယဉ်ကျေးမှု နောက်ခံရှိကြသည်။ ဤကြီးမြတ်သည့် ရိုးရာ လူမှုရေးနောက်ခံအောက်တွင်၊ တရုတ်လူမျိုးများအတွက် မိမိတို့၏ အတွေးများကို ဤအရာများမှ လွတ်ကင်းစေရန် အလွန်ခက်ခဲ၏။ ထို့ကြောင့် တရုတ်လူမျိုးများသည် ဘုရားသခင်ကို ယုံကြည်မှု ဖော်ပြသည့်အခါ၊ ၎င်းတို့ ပထမဦးဆုံး တွေးသည့်အရာမှာ သက်သတ်လွတ်ဖြစ်ခြင်းနှင့် ဗုဒ္ဓထံ ဆုတောင်းခြင်း၊ မသတ်ဖြတ်ခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် ကောင်းမှုကုသိုလ်လုပ်ခြင်း၊ အခြားသူများကို ကူညီခြင်း၊ အခြားသူများကို မတိုက်ခိုက်ခြင်း သို့မဟုတ် မအော်ဟစ်ခြင်း၊ လူ့အသက်မသတ်ခြင်း သို့မဟုတ် မီးရှို့မှုကို မကျူးလွန်ခြင်း၊ လူကောင်းတစ်ဦး ဖြစ်ခြင်း၊ စသည်တို့နှင့်ဆိုင်သော ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ ရှုထောင့်အမြင်များ ဖြစ်သည်။ ထို့နောက်တွင် လူတစ်ဦးအတွက် ဤအရာများကို ဖယ်ရှားပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ရန် အချိန်မည်မျှကြာသနည်း။ ဤမမှန်ကန်သည့် အတွေးများနှင့် အယူအဆများကို အပြည့်အဝ ပြောင်းလဲရန်အလို့ငှာ၊ ယင်းတို့ကို လုံးဝ ဖယ်ရှင်းပစ်ရန်အလို့ငှာ လူတစ်ဦးသည် မည်သည့် သမ္မာတရား သိနားလည်မှုအား လိုက်စားရန် လိုအပ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များကို အမှန်တကယ် သိနားလည်မှုနှင့် သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်မှုလမ်းကြောင်းမှန်အပေါ် ခြေလှမ်းနိုင်ပေသည်။ ထို့နောက်တွင်မှသာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုဘဝ တရားဝင် အစပြုပေသည်။ တစ်စုံတစ်ဦးသည် မိမိတို့ စိတ်နှလုံးတွင် ကြာမြင့်လှသည့် အယူသီးခြင်းများ၊ သို့မဟုတ် ရိုးရာ ဘာသာတရား၏ အယူအဆများ၊ စိတ်ကူးများနှင့် စည်းမျဉ်းများ ရှိနေဆဲဖြစ်ပါက၊ မိမိတို့ စိတ်နှလုံများတွင် ထိန်းသိမ်းထားသည့် ဤအရာများသည် ဘုရားသခင် အစက်ဆုပ်ဆုံးနှင့် အမုန်းဆုံးသော တကယ့်အရာများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရှာဖွေရမည်၊ ဤအရာများကို ပိုင်းခြားသိမြင်ရမည်ဖြစ်ပြီး၊ ထို့နောက်တွင် လုံးဝ စွန့်ရမည်ဖြစ်သည်။ ထိုသို့သော လူများသာ သမ္မာတရားကို ချစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်သည်။ ဤသည်မှာ သေချာ၏။ သင်သည် ဘုရားသခင်ကို သင်၏ ယုံကြည်မှုအား သူ၏ နှုတ်ကပတ်တော် သမ္မာတရားအပေါ် အခြေမခံပါက၊ သူ၏ ကောင်းကြီးများကို မည်သည့်အခါတွင်မျှ ရရှိနိုင်လိမ့်မည် မဟုတ်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ခြေလှမ်းလှမ်းပြီးသည်နှင့်၊ မိမိတို့၏ အတွင်းစိတ် အခြေအနေတွင် အပြောင်းအလဲတစ်ခု ရှိလေသည်။ ပထမဆုံး၊ ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များက မရေမရာမဖြစ်ဘဲ စစ်မှန်လေသည်။ ၎င်းတို့၏ အခြေအနေ၊ အတွေးများနှင့် စိတ်ကူးများသည် အနှစ်မဲ့ခြင်းမရှိဘဲ၊ သမ္မာတရားနှင့် အညီ ဖြစ်၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ ကိုက်ညီသည်။ ၎င်းတို့ လိုက်စားသည့် ရည်မှန်းချက်နှင့် ဦးတည်ချက်သည် အယူဝါဒဆိုင်ရာ မဟုတ်သကဲ့သို့၊ လက်လှမ်းမမီနိုင် သို့မဟုတ် မမြင်နိုင်သောအရာ မဟုတ်။ ထို့ထက် အပြုသဘောဆောင်သည့်၊ ဘုရားသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အရာတစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ ချီးမွမ်းခြင်း ခံရလေသည်။ ၎င်းတို့၏ အခြေအနေတစ်ခုလုံး၊ အတွေးများနှင့် ၎င်းတို့၏ စိတ်ကူးများအားလုံး လက်တွေ့ကျကာ စစ်မှန်လေသည်။ ယခုတွင် သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သင်၏ အတွေးများသည် အဘယ်မှာရှိသနည်း။ ယင်းတို့သည် မှန်ကန်သည့် ဦးတည်ချက်တစ်ခုမျှမရှိဘဲ လေထဲတွင် လွင့်မျောနေဆဲဖြစ်လျှင်၊ လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် အတွေးများစွာနှင့် လူသား အတွေးအခေါ်များ၊ အယူအဆများနှင့် စိတ်ကူးမျိုးစုံတို့ဖြင့် အနှစ်မဲ့၊ အယူဝါဒဆိုင်ရာ အတွေးများစွာ ရှိနေဆဲဖြစ်ပါက၊ သင်သည် စိတ်ကူးလေထုတွင် အသက်ရှင်နေဆဲဖြစ်ပြီး၊ သင်သည် မြေပေါ်သို့ ဆင်းမလာသေးပေ။ ဤသည်မှာ အလွန်အန္တရာယ်များပေသည်။ အဘယ်ကြောင့်ဆိုသော် သင် တွေးသည့်အရာ၊ သင် လုပ်သည့်အရာနှင့် သင်၏ စိတ်နှလုံးတွင် သင် လိုက်စားသည့် ရည်မှန်းချက်များသည် ဘုရားသခင်ကို ယုံကြည်မှု သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မည်သို့မျှ မပတ်သက်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် အနည်းငယ်မျှပင် မပတ်သက်ပေ။ ထို့ကြောင့် မည်သည့်အရာအရ သင် ပြုမူသနည်း။ သင်သည် လူသား၏ အကျဉ်းချုပ် အတွေ့အကြုံများ၊ လောကီ အတွေးအခေါ်များအပြင် လူမှုအဖွဲ့အစည်း၊ သင်၏ မိသားစုနှင့် အခြေအနေမျိုးစုံတို့မှ မိမိသင်ယူသည့် အရာများနှင့် သင် စိတ်ကူးကာ သင်၏ ခေါင်းထဲတွင် ပေါင်းရုံးသည့်အရာများအရ ပြုမူပေသည်။ ဥပမာအားဖြင့်၊ သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ သင် လုပ်သင့်သည်ဟု တွေးထင်သည့်ပုံစံအတိုင်း ပြုမူကြပြီး၊ ထိုသို့ လုပ်ဆောင်ရန်မှာ သမ္မာတရားနှင့် အညီဖြစ်ကြောင်းနှင့် မှန်ကန်ပြီး အပြုသဘောဆောင်သည်ဟု သင်တွေးထင်သည့်အရာသည် သမ္မာတရားဖြစ်သည်ဟု သင် တွေးထင်သည်။ တစ်နေ့တွင်၊ သင်သည် ရှေ့မတိုးသာအောင်ဖြစ်သည့်အခါ၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ၊ သင်၏ လုပ်ရပ်များ၊ အတွေးများနှင့် စိတ်ကူးများသည် အခြေခံအားဖြင့် သမ္မာတရား စည်းမျဉ်းများနှင့် သဟဇာတမဖြစ်သည့် လူသား စိတ်ကူးများနှင့် အယူအဆများသာဖြစ်သည်ကို သင် သဘောပေါက်လိမ့်မည်။ ဆိုလိုသည်မှာ၊ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းပေါ် တရားဝင် မဝင်ရောက်မီတွင်၊ ၎င်းတို့ လုပ်ဆောင်သည့် အရာများစွာသည် သမ္မာတရား စည်းမျဉ်းများနှင့် မပတ်သက်ချေ။ ယင်းတို့သည် လူတို့၏ စိတ်များနှင့် စိတ်ကူးများ သို့မဟုတ် ၎င်းတို့၏ နှစ်သက်မှုများ၊ စိတ်ထက်သန်မှုနှင့် စိတ်စွမ်းအား သို့မဟုတ် ၎င်းတို့၏ ကောင်းမွန်သော ဆန္ဒများနှင့် မျှော်လင့်ချက်များ သို့မဟုတ် ၎င်းတို့၏ လိုအင်များမှပင် လာပေသည်။ ဤအရာအားလုံးသည် လူတို့လုပ်ရပ်များ၏ စမှတ်နှင့် အရင်းအမြစ် ဖြစ်ကြ၏။
ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ဝင်ရောက်ရန်အလို့ငှာ မည်သည့် အခြေအနေများကို လူတစ်ဦး ပိုင်ဆိုင်ရမည်ဆိုသည်မှာမူ၊ စံနှုန်းတစ်ခုရှိ၏။ ယင်းမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံနေစဉ် ပုံမှန် အခြေအနေတစ်ခု ပိုင်ဆိုင်ရမည်ဖြစ်သည်။ လူအချို့သည် ဤအခြေအနေတွင် အမြဲ အသက်ရှင်ကြစဉ်တွင်၊ အခြားသူများသည် ထိုအထဲသို့ မဝင်ရောက်ကြသေး၊ သို့မဟုတ် ရံဖန်ရံပါ ရှိသော်လည်း တစ်ချိန်တစ်ခုကြာပြီးနောက်တွင် မိမိတို့၏ အခြေအနေဟောင်းဆီသို့ ပြန်သွားကြသည်။ ဤအခြေအနေသည် မည်သည့်အရာဖြစ်ပါသနည်း။ ယင်းမှာ တစ်စုံတစ်ဦးသည် မိမိတို့၏ စိတ်ထက်သန်မှု၊ နှစ်သက်မှုများ၊ အယူအဆများနှင့် စိတ်ကူးများကို မှီခိုလျက် အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးနောက် ဤသို့ ယုံကြည်ခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်ကြောင်း၊ သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ကြောင်းနှင့် ဤသို့ ယုံကြည်ခြင်းသည် အနှစ်မဲ့ကာ လက်တွေ့မကျကြောင်း သဘောပေါက်သည့်အချိန်တွင် ဖြစ်သည်။ ၎င်းတို့အနေဖြင့် အဖန်ဆင်းခံများ အမြဲ ဖြစ်ခဲ့ကြောင်း၊ စစ်မှန်သည့် အဖန်ဆင်းခံများ ဖြစ်ကာ အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်းရှိသမျှဖြင့် စစ်မှန်စွာ လုပ်ဆောင်သင့်ကြောင်း သဘောပေါက်ကြလေသည်။ ထို့နောက်တွင် ၎င်းတို့သည် အမှုအရာများကို ချင့်ချိန်တတ်စွာ စတင်လုပ်ဆောင်ပြီး မိမိတို့၏ တာဝန်ကို ဆက်ကပ်အပ်နှံမှုအလုံးစုံဖြင့် လုပ်ဆောင်ကြလေသည်။ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည်နှင့်အမျှ၊ သမ္မာတရားနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်၊ ဘုရားသခင်၏ အလိုတော်ကို မည်သို့ ဖြည့်ဆည်းရမည်ဆိုသည်နှင့် ဘုရားသခင်၏ လက်ခံခြင်းကို မည်သို့ ခံရမည်ဆိုသည်တို့ကို စတင်တွေးဆကာ ရှာဖွေကြလေသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် နှစ်သက်မှုများကို အခြေခံ၍ မပြုမူကြချေ။ ဤအချိန်တွင်သာ လူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်နှင့် သူ၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ရန် စိတ်ဆန္ဒတစ်ခု ရှိကြလေသည်။ ဤအချိန်တွင်၊ ၎င်းတို့သည် သမ္မာတရားကို စတင်ရှာဖွေကြသည်၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကာ သူ၏ သတ်မှတ်ချက်များကို စတင် ဖြည့်ဆည်းကြလေသည်။ သင်သည် ဤဆန္ဒရှိသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ပုံမှန်အခြေအနေရှိသည့်အခါ၊ တစ်နည်းအားဖြင့်၊ သင်သည် သင်၏ မှန်ကန်သည့်နေရာနှင့် စစ်မှန်သော အဖန်ဆင်းခံတစ်ဦး ဖြစ်ခြင်းတွင် ရပ်တည်နေခြင်း ဖြစ်သည်။ အဓိကအရာတစ်ခုဖြစ်သည့် နောက်တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် သင်၏ သခင်နှင့် သင်၏ ဘုရားဖြစ်သည်ဟု သင် အမှန်တကယ် လှိုက်လှိုက်လှဲလှဲ လက်ခံပြီးဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးကို လက်ခံပြီးဖြစ်သကဲ့သို့ ယင်းတို့သည် သမ္မာတရားဖြစ်ကြောင်း တွေ့မြင်ပြီး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်သကဲ့သို့၊ ဘုရားနှုတ်ကပတ်တော်များကို သင့်ဘဝ၏ စစ်မှန်မှုဖြစ်လာစေပေသည်။ ယင်းက သင့်အား သမ္မာတရားနှင့် အသက်ကို ရရှိခွင့်ပေး၏။ သင်သည် ဤလိုအင်နှင့် ဆန္ဒအပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သင့်အပေါ် သတ်မှတ်ချက်များကို လက်ခံရန် လိုအပ်ချက်ရှိသည့်အခါ၊ ဘုရားသခင်ကို သင် ကျိုးနွံနာခံပြီး သူ၏ အလိုတော်ကို ဖြည့်ဆည်းလိုသည့်အခါ၊ သင်၏ ဘဝအခြေအနေသည် စတင် ပြောင်းလဲသွားလိမ့်မည်။ ဤအခြေအနေမှစတင်၍၊ သင်သည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေလိမ့်မည်။
အကျဉ်းရုံး ပြောရမည်ဆိုလျှင်၊ ငါ ယခုတင် မိတ်သဟာယပြုပြီးသည့် ဤစကားများသည် အတော်လေး ရိုးရှင်း၏။ ယင်းမှာ၊ လူတစ်ဦးက သူသည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်ကို စတင် သတိပြုမိလာသည့်အခါ ထိုသူသည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့အလို့ငှာ ဖန်ဆင်းခြင်း၏ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာဖို့ မျှော်လင့်ချက်များ ရှိလာမည်။ တစ်ချိန်တည်းမှာပင် ထိုသို့သော လူများသည် ဘုရားသခင်ကို မိမိတို့၏သခင်နှင့် ဘုရားအဖြစ်လည်း လက်ခံလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအားလုံးအပြင် သူ၏စည်းမျဉ်းအားလုံးကိုပါ နာခံဖို့ ဆန္ဒရှိပေမည်။ ထို့ကြောင့် ၎င်းတို့သည် လက်လွတ်စပယ် ပြုမူခြင်းကို ရပ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေကာ ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံး၌ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့လုပ်လိုသည့် အရာတိုင်းကို လုပ်တော့မည်မဟုတ်၊ သို့မဟုတ် ၎င်းတို့၏အစီအစဉ်များအတိုင်း အမှုအရာများကို လုပ်တော့မည် မဟုတ်ပေ။ ပြုမူဆောင်ရွက်ရန် ၎င်းတို့၏ သီးခြားအကြံဉာဏ်များအပေါ် မှီခိုမည့်အစား ၎င်းတို့သည် ၎င်းတို့၏အတွေးများတွင် ဘုရားသခင်ကို အစဉ်အမြဲ စတင်ထားရှိလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ပုဂ္ဂလဓိဋ္ဌာန်ကျသည့် ဆန္ဒသည် ရှုထောင့်အားလုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့၊ ၎င်းတို့၏ အပြုအမူများ၌ သမ္မာတရားနှင့်ကိုက်ညီဖိုနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့ ဖြစ်လိမ့်မည်။ ထိုသို့သော အခြေအနေတွင်ရှိသော လူများသည် သမ္မာတရားကို ရှာဖွေဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်ဖို့ သင်ယူခြင်းကို စတင်ပြီးဖြစ်သည်မှာ ဧကန် ဖြစ်ပေသည်။ သင်သည် ထိုသို့သော အခြေအနေတွင် ရှိနေပြီး ထိုသို့သော အလိုဆန္ဒရှိပါက၊ သင်သည် ဘုရားသခင်၏ အလိုတော်အား မည်သို့ရှာဖွေရမည်ကို အလိုအလျောက် စတင်သင်ယူလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏နာမတော်ကို ဂုဏ်သရေမညှိုးစေဖို့ မည်သို့လုပ်ရမည်၊ ဘုရားသခင်ကို မည်သို့ဂုဏ်တင်ချီးမွမ်းရမည်၊ ဘုရားသခင်ကို မည်သို့ကြောက်ရွံရမည်နှင့် ဘုရားသခင်ကို မည်သို့ စိတ်ကျေနပ်စေရမည်တို့ကို အလိုအလျောက် စတင်ရှာဖွေလိမ့်မည်။ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဖြည့်ဆည်းခြင်းအစား၊ သို့မဟုတ် အခြားတစ်စုံတစ်ဦးကို စိတ်ကျေနပ်စေမည့်အစား၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သင် ကြိုးစား၏။ တစ်စုံတစ်ဦးသည် ဤအခြေအနေထဲသို့ ဝင်ရောက်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေကြပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ညွှန်ကြားခြင်းကို မခံရတော့ပေ။ သင်သည် ဤအခြေအနေထဲသို့ ဝင်ရောက်သည့်အခါ၊ သင်၏ ခံစားချက်အရဖြစ်သော စိတ်ဆန္ဒများဖြင့် သင် စဉ်းစားသည့် အရာများသည် အပြုသဘောဆောင်ကြလေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ရံဖန်ရံခါ သင် ထုတ်ဖော်ပြလျှင်ပင်၊ ထိုအရာကို သင် သတိပြုမိလိမ့်မည်ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်နိုင်လိမ်မ့ည်ဖြစ်ကာ ထိုအရာကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေနိုင်လိမ့်မည်။ ထိုသို့ဖြင့်၊ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိနေဆဲဖြစ်သော်လည်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သင်၏ အရာရာကို ညွှန်ကြားနိုင်တော့မည်မဟုတ်၊ သင့်ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ ဤအချိန်တွင်၊ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားသည် သင့်အတွင်းတွင် အချုပ်အခြာအာဏာ ယူနေသည် မဟုတ်ပါလော။ ဘုရားနှုတ်ကပတ်တော်အတွင်း၌ သင် အသက်ရှင်နေသည် မဟုတ်လော။ သင်တို့အားလုံးသည် သမ္မာတရားအား သင်တို့၏ စိတ်နှလုံးများတွင် ဩဇာအာဏာ ကျင့်သုံးခွင့်ပေးနိုင်ကြသလော။ ဤသည်မှာ သမ္မာတရားကို လိုက်စားရန် သင်သည် အလိုဆန္ဒရှိမရှိဆိုသည့်အပေါ် မူတည်၏။ တစ်စုံတစ်ဦးသည် သမ္မာတရားများစွာကို ရှင်းလင်းစွာ သိနားလည်ပါက၊ သမ္မာတရားသည် ၎င်းတို့ စိတ်နှလုံးတွင် အလိုအလျောက် ဩဇာအာဏာကို ကျင့်သုံးလိမ့်မည်။ ၎င်းတို့သည် သမ္မာတရားများစွာကို သိနားလည်ခြင်းမရှိပါက၊ သို့မဟုတ် အလွန်များသော စာတန်၏ အဆိပ်များရှိကြပါက၊ ၎င်းတို့သည် မိမိတို့စိတ်နှလုံးတွင် သမ္မာတရားအား ဩဇာအာဏာ မကျင့်သုံးစေနိုင်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေကြသည့် လူများစွာရှိသော်လည်း၊ ၎င်းတို့အပေါ် အမူအရာများ ကျရောက်သည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလိုလို ကြွားဝါမိကြ၏၊ ဂုဏ်သိက္ခာ၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားမိကြ၏၊ ချုပ်တည်းမှု သို့မဟုတ် ထိန်းချုပ်မှု မရှိကြသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ဆန္ဒရှိသည့်အတိုင်း ပွင့်အံထွက်ခွင့်ပေးမိကြလေသည်။ ဤသည်မှာ မည်သည့် အခြေအနေဖြစ်သနည်း။ ဤသည်မှာ လူတစ်ဦးက အလွန်နည်းပါးသည့် သမ္မာတရားကို နားလည်သည့်အချိန်၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပါးပြီး၊ ဇာတိပကတိ သို့မဟုတ် စာတန်၏ လွှမ်းမိုးမှုကို မအောင်မြင်နိုင်သည့် အချိန် ဖြစ်သည်။ ဤလူစားမျိုးအတွက် မိမိတို့ စိတ်နှလုံးတွင် သမ္မာတရားအား ဩဇာအာဏာ ကျင့်သုံးခွင့်ပေးရန်မှာ အလွန်ခက်ခဲ၏။ ထို့ကြောင့်၊ သမ္မာတရားကို လိုက်စားခြင်းသည် ရိုးရှင်းသော အရာမဟုတ်သကဲ့သို့၊ အတွေ့အကြုံ နှစ်အနည်းငယ်မျှပင် မရှိဘဲ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းရန်မှာ အလွန် ခက်ခဲပေသည်။ ဥပမာအားဖြင့်၊ လူအချို့သည် အလွန် လှည့်ဖြားတတ်၏။ ၎င်းတို့သည် မိမိတို့၏ အတွင်းကျကျ အတွေးများကို မည်သည့်အခါတွင်မျှ ထုတ်မပြောကြသကဲ့သို့ စစ်မှန်သည့် စကားတစ်ခွန်းမျှပင် မပြာနိုင်ကြချေ။ မည်သည့်အရာကို ၎င်းတို့ ဆွေးနွေးကြသည်ဖြစ်စေ၊ သို့မဟုတ် စကားလုံးမည်မျှ ၎င်းတို့ ပြောသည်ဖြစ်စေ၊ ရှင်းလင်းစွာ မပြောကြ၊ အမြဲ လှည့်ပတ်ပြောနေကြပြီး၊ မိမိတို့ကိုယ်ကိုယ် ထိန်းချုပ်ခြင်း မရှိကြချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘေားများရှေ့၊ မိမိတို့၏ စက်ဆုပ်စရာ၊ ဆိုးယုတ်သော သဘာဝနှင့် အနှစ်သာရရှေ့တွင်၊ လူတို့သည် အလွန် အရေးမပါ၊ အားနည်း၊ အစွမ်းမဲ့ပြီး လုံးဝ အကူအညီမဲ့သကဲ့သို့ မိမိတို့ကိုယ်ကိုယ် ထုတ်ဖော်ပြကြ၏။ ထို့ကြောင့် ၎င်းတို့သည် မကြာခဏ အပြုပြုမိကြသည်၊ အမှားများ လုပ်မိကြပြီး မတက်မကြွ ဖြစ်ကြသည်။ ဤတွင် အဘယ်အရာ ဖြစ်နေသနည်း။ (သူတို့သည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် မလျှောက်လှမ်းကြသေးပါ။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် မလျှာက်လျမ်းကြသေးသကဲ့သို့၊ ယင်းက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုနေသနည်း။ (သူတို့သည် အဖန်ဆင်းခံများဖြစ်ကြောင်း နားမလည်ကြသေးသကဲ့သို့၊ ဘုရားသခင်ကို ကျိုးနွံနာခံရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လိုလားနေခြင်း မရှိကြပါ။) ဤသည်မှာ သမ္မာတရားကို မလိုက်ခြင်းက ယူဆောင်လာသည့် အကျိုးဆက်တစ်ခု ဖြစ်သည်။ သင်တို့သည် ဤအခြေအနေတွင် ရှိကြသောကြောင့်၊ သင်တို့သည် သမ္မာတရား စစ်မှန်မှုထဲသို့ သင်တို့ စတင်မဝင်ရောက်ကြသေးဟု ဆိုနိုင်ကြသလော။ (ဆိုနိုင်ပါသည်။) သမ္မာတရား၏ စစ်မှန်မှုထဲသို့ မဝင်ရောက်ကြသေးသည့် လူတစ်ဦးသည် သမ္မာတရားကို ရရှိပြီးဖြစ်သကဲ့သို့ ယူဆ၍ရသလော။ (မရပါ။) သမ္မာတရား မရရှိသေးသည့် လူတစ်ဦးသည် မိမိတို့ စိတ်နှလုံးတွင် သမ္မာတရား ရှိသလော။ (မရှိပါ။) သမ္မာတရား မရှိဘဲနှင့်၊ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အခြေခံ၍ ပြုမူကြသည် မဟုတ်လော။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ လုပ်ဆောင်သည်နှင့်အမျှ အပြုသဘောဆောင်သောအရာအချို့ကို လုပ်ဆောင်ရန်အလို့ငှာ၊ မည်သည့်အရာကို လူတစ်ဦးက ပိုင်ဆိုင်ရမည်နည်း။ လူတစ်ဦးသည် မိမိတို့တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ၊ ထိုအစား မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအပေါ် မည်သို့ ပြုမူရမည်ဆိုသည်ကိုသာ သိရှိပါက၊ ဤသည်မှာ မည်သည့် အရည်အသွေးဖြစ်သနည်း။ အစေခံမှုကို ပေးခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်က သူ့အား အစေခံမှုကို ပေးရန် မယုံကြည်သူတစ်ဦးကို ငှားရမ်းသည်နှင့် တူညီသည်။ သင်သည် သမ္မာတရားကို မလိုက်စားပါက၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုထဲသို့ မဝင်ရောက်ပါက၊ အစေခံမှုကို သင် ပေးနေခြင်း ဖြစ်သည်။ သူ ကယ်တင်လိုသည့် လူများက ကယ်တင်ခြင်းရရှိရန် သူ၏ စကားများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ အစေခံမှုကို သူ့အား ပေးရုံမျှပေးနေသည်ကို ဘုရားသခင်က မြင်လိုသလော။ (မမြင်လိုပါ။) အဘယ်ကြောင့် မမြင်လိုသနည်း။ (ဘုရားသခင်သည် လူကို ရရှိနိုင်ရန်အလို့ငှာ ဖန်ဆင်းခဲ့ပါသည်။) ယင်းမှာ မှန်ပေ၏။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် ထင်ရှားစေရန် လူကို ဖန်ဆင်းခဲ့ပြီး၊ ၎င်းတို့ကို ရရှိရန်မှာ သာ၍ပင် ဖြစ်လေသည်။ လူတို့သည် သူ့အား အစေခံမှုကို ပေးရုံမျှပေးသည့်အခါ ဘုရားသခင်သည် အဘယ်ကြောင့် စိတ်ကျေနပ်ခြင်း မရှိပါသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့၏ လုပ်ရပ်များသည် ဘုရားသခင် အလိုရှိသည့်အရာ မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို ဘုရားသခင် အလိုရှိပါသနည်း။ (လူတို့၏ စစ်မှန်ရိုးသားမှုကို ဘုရားသခင် အလိုရှိပါသည်။) ဘုရားသခင်ကို အစေခံမှုပေးခြင်းသည် သူ့ကိုယ်၌က စစ်မှန်ရိုးသားမှု မဟုတ်သလော။ သင် ပေးသည့် အစေခံမှုသည် စစ်မှန်ကာ ရိုးသားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သမ္မာတရားကို သင် မလိုက်စားပါက၊ သင်၏ တစ်ဘဝလုံး အစေခံမှုပေးလျှင်ပင်၊ သမ္မာတရားကို သင် ရရှိလိမ့်မည် မဟုတ်။ သမ္မာတရားကို သင် မရရှိပါက၊ ယင်းမှာ သင်သည် ဘုရားသခင်ကို မရရှိသကဲ့သို့ ဘုရားသခင်က သင့်ကို မရရှိသည့် သဘောဖြစ်သည်။ ထို့ကြောင့်၊ သင် ပေးသည့် အစေခံမှုသည် တန်ဖိုး သို့မဟုတ် အဓိပ္ပာယ်မရှိပေ။ သင်သည် အစေခံမှုကို နှစ်ပေါင်းမည်မျှ ပေးသည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားပါက၊ ဘုရားသခင်သည် သင့်ကို ရရှိလိမ့်မည် မဟုတ်။ ယင်းမှာ သင်သည် ဘုရားသခင်ကို အတိုက်အခံ လုပ်နေဆဲဟု ဆိုလိုပေသည်။ မည်သူက ဤအရာကို ဖြစ်စေသနည်း။ ယင်းကို လူတို့ကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်ရန် မကြိုးစားခြင်းအားဖြင့်၊ လူတို့ကိုယ်တိုင်က သမ္မာတရားကို မလိုက်စားခြင်းအားဖြင့် ဖြစ်စေပေသည်။ ယင်းတစ်ခုတည်းက ဖြစ်ကြောင်းရင်းမြစ်ဖြစ်သည်။ အမှုအရာများ၏ လက်တွေ့ကျသည့် ဘက်မှကြည့်လျှင်၊ ဘုရားသခင်က လူတစ်ဦးကို မရရှိခြင်းအား မည်သို့ ရှင်းပြ၍ရနိုင်သနည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ မိမိတို့ကိုယ်ပိုင် ကြံရွယ်ချက်များ အမြဲရှိကာ မိမိတို့ စိတ်နှလုံးကို ဘုရားသခင်ထံ မပူဇော်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ မလှည့်ချေ။ ၎င်းတို့၏ စိတ်နှလုံးသည် သူ့အတွက်လည်း မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်ခြင်းအားဖြင့် သူ့ကို စိတ်ကျေနပ်စေရန် ကြိုးစားဖို့ မဆိုထားနှင့်၊ သူ၏ အလိုတော်ကို ထည့်သွင်းစဉ်းစားခြင်း မပြုကြချေ။ အရိုးရှင်းဆုံးသော ရှင်းပြချက်မှာ ဤလူသည် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်ခြင်းမရှိသောကြောင့်၊ ၎င်းတို့အတွက် မျှော်လင့်ချက် လုံးဝ မရှိခြင်း ဖြစ်ပေသည်။ ဘုရားသခင်သည် လူတို့က မိမိအား ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို မြင်ရန် ၎င်းတို့ကို စိစစ်၏။ သူသည် ၎င်းတို့၏ ရိုးသားစစ်မှန်မှုကို အလိုရှိ၏။ ရိုးသားစစ်မှန်ရန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ဘုရားသခင်ဘက်သို့ လှည့်သည့် စိတ်နှလုံး၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံး ရှိရန် ဖြစ်ပါသည်။) မှန်ပေ၏။ လူတစ်ဦးသည် ဘုရားသခင်ထံသို့ လှည့်သည့်၊ သူ့ကို ကျိုးနွံနာခံသည့် စိတ်နှလုံးမရှိပါက၊ ၎င်းကို လူကောင်းတစ်ဦးဟု ခေါ်ဆို၍ရနိုင်သလော။ ထိုသို့သော လူတစ်ဦးကို ဘုရားသခင် နှစ်သက်နိုင်သလော။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းမဖြစ်သည့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သင်တို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးများ ရှိကြသလော။ အရာခပ်သိမ်းတွင် ဘုရားသခင်ဘက်မှ သင်တို့ ရပ်တည်နိုင်ကြသလော။ သင်တို့၏ စိတ်နှလုံးများသည် ဘုရားသခင်ဘက်သို့ လှည့်ကြသလော။ သင်တို့သည် လုံးဝ စစ်မှန်ရိုးသားမှုမရှိကြဟုဆိုရန်မှာ သင်တို့အဖို့ မတရားရာရောက်မည်ဖြစ်သော်လည်း၊ စာတန်ကို သင်တို့ အမှန်တကယ် မုန်းတီးကြသည်၊ စာတန်ကို သင်တို့ စွန့်လွှတ်ပြီး၊ ဘုရားသခင်ထံသို့ လုံးဝ လှည့်နိုင်ကြသည်ဟု ဆိုရန်မှာလည်း မှန်ကန်မည် မဟုတ်ပေ။ ဤသည်မှာ သင်တို့အနေဖြင့် ဘုရားသခင်ထံ ကျိုးနွံနာခံမှုရှိသည့် စိတ်နှလုံးတစ်ခု ပိုင်ဆိုင်ရန်၊ သမ္မာတရားကို လိုက်စားပြီး၊ သမ္မာတရားကို သာ၍ သိနားလည်မှု ရရှိရန် လိုအပ်သည်။ ဘုရားသခင်သည် လူတို့အား မည်သည့် စိတ်နှလုံးမျိုး ရှိစေလိုပါသနည်း။ ပထမဆုံး၊ ဤစိတ်နှလုံးသည် ရိုးသားရမည်ဖြစ်ပြီး၊ ၎င်းတို့သည် ခိုင်ခိုင်မာမာ ရပ်တည်လျက် တာဝန်သိစွာ မိမိတို့ တာဝန်ကို လုပ်ဆောင်နိုင်ရမည်၊ “ကြီးမြတ်သည့် ရည်မှန်းချက်များ” သို့မဟုတ် “မြင့်မားသည့် ပန်းတိုင်များ”ဟု ခေါ်သည့်အရာများ မရှိတော့ဘဲ၊ အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းနိုင်ရမည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ကာ ကိုးကွယ်သည်နှင့်အမျှ ခြေလှမ်းတိုင်းက ခြေရာများချန်ခဲ့၏၊ ၎င်းတို့သည် အဖန်ဆင်းခံများအဖြစ် ပြုမူနေထိုင်ကြ၏။ ၎င်းတို့သည် အထူးသဖြင့် အသုံးကျသော လူများဖြစ်ဖို့မဆိုထားနှင့်၊ ထူးခြားသော သို့မဟုတ် ကြီးမြတ်သောလူများ ဖြစ်လာရန် အားမထုတ်ကြတော့သကဲ့သို့၊ ဂြိုဟ်သား ဂြိုဟ်များပေါ်တွင် ဖန်ဆင်းခြင်းများကို မကိုးကွယ်ကြတော့ချေ။ ထို့အပြင်၊ ဤစိတ်နှလုံးသည် သမ္မာတရားကို ချစ်ရမည်။ သမ္မာတရားကို ချစ်ခြင်းအားဖြင့် အဓိက မည်သည့်အရာကို ဆိုလိုပါသနည်း။ အပြုသဘောဆောင်သော အရာများကို ချစ်ခြင်း၊ တရားမျှတမှု အသိစိတ်ရှိခြင်း၊ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိကိုယ်ကိုယ် အသုံးခံနိုင်ခြင်း၊ သူ့ကို အမှန်တကယ် ချစ်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် သူ့ကို သက်သေခံခြင်းဟု ဆိုလိုပေသည်။ သင်သည် သမ္မာတရားကို သိနားလည်သည့်နောက်တွင်သာ ဤအရာများကို ပြီးမြောက်နိုင်သည်မှာ အမှန်ဖြစ်၏။ ဤစိတ်နှလုံးသားမျိုးရှိသည့် တစ်စုံတစ်ဦးသည် ပုံမှန်လူ့သဘာဝ ရှိသည့် လူတစ်ဦး ဖြစ်သည်။ ပုံမှန်လူ့သဘာဝရှိသည့် တစ်စုံတစ်ဦးသည် အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ရမည်။ လူတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သည်လားဆိုသည်ကို သင် မည်သို့ ပြောနိုင်သနည်း။ ၎င်းတို့၏ စကားနှင့် လုပ်ရပ်များသည် အခြေခံအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ စံနှုန်းများနှင့် အညီဖြစ်ပါက၊ လူသား ရှုထောင့်အမြင်မှ ၎င်းတို့သည် လူကောင်းဖြစ်ကြပြီး၊ လက်ခံနိုင်ဖွယ် စံနှုန်းနှင့် လျော်ညီအောင်နေသည့် တစ်စုံတစ်ဦး ဖြစ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကိုလည်း နားလည်နိုင်ကာ သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ပြုမူနိုင်ကြပါက၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ ဖြည့်ဆည်းနေကြခြင်း ဖြစ်သည်။ ယင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား စံနှုန်းထက် သာ၍ မြင့်မားပေသည်။ လူအချို့က၊ “လူကို ဘုရားသခင်က ဖန်ဆင်းထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အသက်၏ ထွက်သက်ဝင်သက်ကို ပေးခဲ့ပြီး၊ ကျွန်ုပ်တို့ကို ထောက်ပံ့၊ အားဖြစ်စေပြီး၊ အရွယ်ရောက်သူများအဖြစ် ကြီးထွားစေသည်မှာ ဘုရားသခင် ဖြစ်ပါသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့် လူများသည် မိမိတို့အတွက်ဖြစ်စေ၊ စာတန်အတွက်ဖြစ်စေ အသက်ရှင်၍မရကြပါ။ ၎င်းတို့သည် ဘုရားသခင်အတွက် အသက်ရှင်သင့်ပြီး၊ မိမိတို့တာဝန်ကို လုပ်ဆောင်သင့်ကြသည်”ဟု ဆိုကြသည်။ ဤသည်မှာ မှန်သော်လည်း၊ ယင်းမှာ ကျယ်ပြန့်သည့် အောက်ခံဘောင်တစ်ခု၊ အကြမ်းဖျင်း ပုံကြမ်းတစ်ခုသာ ဖြစ်သည်။ လက်တွေ့တွင် ဘုရားသခင်အတွက် မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့်ဆိုင်သော အသေးစိတ်အချက်များအတွက်မူ၊ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပါဝင်ပေသည်။ ထို့ကြောင့် အကြင်သူသည် ဘုရားသခင်အတွက် မည်သို့ အသက်ရှင်သနည်း။ ( အဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် ဖြစ်ပါသည်။) မှန်၏။ ယခု၊ သင်တို့ လုပ်ဆောင်သမျှသည် လူ၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သော်လည်း အမှန်တွင်၊ မည်သူ့အတွက် သင်တို့ လုပ်ဆောင်နေခြင်း ဖြစ်သနည်း။ (ဘုရားသခင်အတွက် ဖြစ်ပါသည်။) ဘုရားသခင်အတွက် ဖြစ်သည်။ သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ သင်တို့ကို ဘုရားသခင် ပေးထားသည့် စေခိုင်းချက်တာဝန်မှာ သင်တို့၏ တာဝန်ဖြစ်သည်။ ထိုအရာကို သူက စီမံထားသည်၊ ကြိုတင်သတ်မှတ်ကာ အုပ်စိုးထားပေသည်။ သို့မဟုတ် တစ်နည်းအားဖြင့်၊ သင့်ထံ ဤအလုပ်တာဝန်ကို ပေးထားပြီး သင့်ကို ထိုအလုပ်တာဝန်အား ပြီးစီးစေချင်သူမှာ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် ထိုအလုပ်တာဝန်ကို ပြီးစီးပြီး ကောင်းမွန်စွာ လုပ်ဆောင်ရန် သင်သည် အဘယ်သို့ သင်၏ အသိစိတ်ကို မှီခိုနိုင်သနည်း။ (ကျွန်ုပ်တို့၏ အားထုတ်မှုအားလုံးကို အသုံးပြုရပါမည်။) သင်သည် သင်၏ အားထုတ်မှုအားလုံးကို အသုံးပြုရမည်၊ ယင်းမှာ သင်၏ အသိစိတ်ကို မှီခိုခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့အပြင်၊ သင်၏ စိတ်နှလုံးတစ်ခုလုံးကို သုံးပြီး သင်၏ တာဝန်များကို ဖြည့်ဆည်းရမည်။ ထိုအရာနှင့် ပတ်သက်၍ ဝတ်ကျေတမ်းကျေ မဖြစ်နှင့်။ ငါတို့အပေါ်တွင် ဘုရားသခင်သည် သူ၏ မျှော်လင့်ချက်များနှင့် အပင်ပန်းခံသော အားထုတ်မှု အဖိုးအခ ရှိ၏။ ဤဝတ္တရားကို ငါတို့ ဖြည့်ဆည်းပြီး ဤတာဝန်ကို လုပ်ဆောင်ရန် ဘုရားသခင် ကြိုတင်သတ်မှတ်ထားပြီးဖြစ်သကဲ့သို့ မြင်လျက်ဖြင့်၊ သူ့ကို ကျွန်ုပ်တို့ အားကိုးမရမဖြစ်စေသင့်၊ စိတ်မပျက်စေသင့် သို့မဟုတ် သူ့ကို ဝမ်းမနည်းစေသင့်ပေ။ ငါတို့၏ တာဝန်ကို ကောင်းစွာ ငါတို့ လုပ်ဆောင်ကာ ဘုရားသခင်ကို ပကတိပြည့်စုံကောင်းမွန်သည့်၊ စိတ်ကျေနပ်ဖွယ် အဖြေတစ်ခု ပေးသင့်သည်။ ငါတို့ မလုပ်နိုင်သည့်အရာအတွက် ဘုရားသခင်အပေါ် ငါတို့ မှီခိုကြသည်၊ ငါတို့၏ အလုပ်အကိုင်အကြောင်း သာ၍ ငါတို့ သင်ယူကြပြီး၊ သမ္မာတရား၏ စည်းမျဉ်းများကို သာ၍ ရှာဖွေကြသည်။ ဘုရားသခင်သည် ငါတို့ကို အသက်ပေးသောကြောင့်၊ ငါတို့၏ တာဝန်ကို ကောင်းစွာ ငါတို့ လုပ်ဆောင်သင့်၏။ ငါတို့ အသက်ရှင်သည့် နေ့ရက်တစ်ရက်စီအတွက်၊ ထိုနေ့ရက်၏ တာဝန်ကို ငါတို့ လုပ်ဆောင်သင့်သည်။ ဘုရားသခင် ငါတို့ကို အပ်နှံထားသည့်အရာအား ငါတို့၏ အဓိက စေခိုင်းချက်တာဝန်ဖြစ်စေသင့်သည်၊ ထိုတာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန်အလို့ငှာ ငါတို့၏ တာဝန်ကို လုပ်ဆောင်ခြင်းအား ငါတို့ ဘဝတွင် နံပါတ်တစ်ဖြစ်စေသင့်သည်။ စုံလင်ခြင်းကို ငါတို့ မလိုက်စားကြသော်လည်း၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ၊ စာတန်ကို အရှက်ရစေပြီး၊ နောင်တများမရှိရန်အလို့ငှာ၊ သမ္မာတရားအတွက် ငါတို့ အားထုတ်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ စည်းမျဉ်းများအပေါ် အခြေခံ၍ ပြုမူဆောင်ရွက်နိုင်ကြသည်။ ဤသည်မှာ မိမိတို့တာဝန်အပေါ် ဘုရားသခင်၌ ယုံကြည်သူများ ရှိသင့်သည့် သဘောထား ဖြစ်သည်။ သင်သည် အနှစ်လေးဆယ်၊ သို့မဟုတ် ငါးဆယ် သို့မဟုတ် ခုနှစ်ဆယ်၊ ရှစ်ဆယ်ပင် အသက်ရှင်ပြီးသည့်အခါ၊ ငယ်ရွယ်ပြီး မသိနားမလည်ချိန်တွင် သင် လုပ်ဆောင်ခဲ့သည့်အရာကို ပြန်ကြည့်သည့်အခါ၊ သင်သည် အလွန်နည်းပါးသည့် နှစ်ကာလများရှိခဲ့သော်လည်း၊ သင်၏ စိတ်နှလုံး အကြွင်းမဲ့နှင့် အစွမ်းရှိသမျှဖြင့် အရာရာကို လုပ်ဆောင်ခဲ့ကြောင်း မြင်ရလိမ့်မည်။ သင်၏ အသိစိတ်ကို အခြေခံ၍ သင် အမြဲ ပြုမူခဲ့သည်၊ ဘုရားသခင်ကို သင် အားကိုးမရမဖြစ်စေခဲ့၊ သူ့ကို စိတ်မပျက်စေခဲ့ သို့မဟုတ် ဝမ်းမနည်းစေခဲ့သကဲ့သို့၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၏ စိစစ်မှုနှင့် စစ်ဆေးခြင်းကို သင် လက်ခံခဲ့သည်။ ဤအရာအားလုံး ပြီးမြောက်ပြီး သင်၏ အပြီးသတ် စာမေးပွဲကို ဘုရားသခင်အား သင် ပေးသည့်အခါ၊ ဘုရားသခင်က၊ “သင်သည် အလုပ်ကောင်းကောင်း မလုပ်သကဲ့သို့၊ သင်၏ ရလဒ်များသည် သာမန်ဖြစ်သော်လည်း၊ သင်၏ အစွမ်းရှိသမျှကို အသုံးပြုခဲ့ပြီး၊ သင်၏ တာဝန်ကို သင် လျစ်လျူမရှုခဲ့ပါ”ဟု ဆိုလိမ့်မည်။ ဤသည်မှာ သင်၏ အသိစိတ်အပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ခြင်း မဟုတ်လော။ သို့ဆိုလျှင် လူတို့သည် မိမိတို့၏ အသိစိတ် စံနှုန်းအား လုံး ချိုးဖောက်ပြီး မိမိတို့၏ ပုံမှန် လူ့သဘာဝအား ဆုံးရှုံးသွားသည့်အဆင့်ထိပင် ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်ပြသည့်အခါ၊ မိမိတို့ တစ်ကိုယ်ရေ ရွေးချယ်မှုများ၊ စိတ်ဆန္ဒများနှင့် နှစ်သက်မှုများရှိသည်အခါ၊ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး မိမိကိုယ်ကိုယ် စွန့်လွှတ်ရမည်။ ထိုအရာများအား သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ဘောင်ခတ်ခွင့် သို့မဟုတ် ထိန်းချုပ်ခွင့်ပေး၍ မရပေ။ သင်၏ အသိစိတ်သည် သင်၏ လုပ်ရပ်များ၊ သင်၏ အသက်မွေးမှုနှင့် သင်၏ ဘဝကို ညွှန်ကြားနိုင်သည့်အခါ၊ ဇာတိပကတိ၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို အောင်မြင်ရန် သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို သင် ရရှိနိုင်လိမ့်မည်။ ဤသည်မှာ သင် ရှိသင့်သည့် အနိမ့်ဆုံးအရာ ဖြစ်သည်။ မည်သည့် လူသားစိတ်နှလုံးမျိုးကို ဘုရားသခင် အလိုရှိသည်ဆိုကိုမူ၊ သွင်ပြင်လက္ခဏာမည်မျှကို ယခုတင် ငါ ပြောဆိုပြီးပြီနည်း။ (သွင်ပြင်လက္ခဏာ သုံးခု- ရိုးသားသော စိတ်နှလုံး၊ သမ္မာတရားကို ချစ်သော စိတ်နှလုံးနှင့် အသိစတ်နှင့် ဆင်ခြင်တုံတရား ရှိခြင်းတို့ ဖြစ်ပါသည်။) ရိုးသားသော စိတ်နှလုံးနှင့် သမ္မာတရားကို ချစ်သော စိတ်နှလုံးအတွင်းတွင်၊ နောက်ထပ် အသေးစိတ်အချက်အချို့ရှိ၏။ ဤအရာအပေါ် နောက်ပိုင်းတွင် သင်တို့ တွေးဆပြီး အကျဉ်းချုပ်သင့်သည်။ အနည်းဆုံးအနေဖြင့်၊ လူတစ်ဦး ပိုင်ဆိုင်သင့်သည့်အရာမှာ ပုံမှန်လူ့သဘာဝနှင့် တစ်စုံတစ်ဦး ရှိသင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်သည်။ တစ်စုံတစ်ဦးသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိပါက၊ ၎င်းတို့သည် မိမိတို့၏ ပုံမှန် လူ့သဘာဝကို ဆုံးရှုံးသွားကြသည်၊ မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်ကြသကဲ့သို့ အဆုံးတွင်၊ ၎င်းတို့ လုံးဝ ကျရှုံးကြလိမ့်မည်။ သို့ရာတွင်၊ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားသာ ရှိပါက၊ မိမိတို့၏ အသိစိတ်အပေါ် အခြေခံ၍ အသက်ရှင်ပြီး၊ ဆိုးယုတ်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပါက၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ဝင်ရောက်ခြင်းနှင့် ညီမျှသလော။ ၎င်းတို့သည် မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတစ်ခုတည်းအပေါ် အခြေခံ၍ အသက်ရှင်ခြင်းအားဖြင့် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်ကြသလော။ လုံးဝ မရရှိနိုင်ပေ။
ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ဝင်ရောက်ခြင်းက သင့်အား ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ပိုင်ဆိုင်ရန်လည်း တောင်းဆိုသည်။ ပထမဆုံး၊ အဆင့်အတန်းနှင့် စပ်လျဉ်း၍ ပြောဆိုရလျှင်၊ လူတို့သည် အဖန်ဆင်းခံများဖြစ်ပြီး အလွန်နိမ့်ကျကြ၏။ ဘုရားသခင်သည် ဖန်ဆင်းရှင်၊ အမြင့်ဆုံးသောသူ ဖြစ်သည်။ လူသား ဆင်ခြင်တုံတရားနှင့် စပ်လျဉ်း၍ ပြောဆိုရလျှင်၊ ဘုရားသခင်ကို ကြောက်ရွံ့ရန် မည်သည့်အရာကို လူတို့ လိုအပ်သနည်း။ ဥပမာအားဖြင့်၊ သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး၊ တစ်နည်းဖြင့် ပြုမူဆောင်ရွက်ခြင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည်ဟု သင်ထင်သော်လည်း၊ ဘုရားသခင်၏ အလိုတော်နှင့် သဟဇာတဖြစ်စွာ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို သင် မသိဟု ဆိုပါစို့။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ရှိပါက၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်ထံ ဆုတောင်းရမည်၊ သမ္မာတရားကို ရှာဖွေရမည်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာဖွေရမည်ဖြစ်ပြီး ထို့နောက်တွင် ပြုမူဆောင်ရွက်ရမည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး မရှိပါက၊ ၎င်းတို့ မည်သို့ ပြုမူကြလိမ့်မည်နည်း။ ၎င်းတို့က၊ “မည်သို့ဆိုစေ၊ ငါ၏ ကြံရွယ်ချက်သည် ကောင်းသောကြောင့် ဤအရာကို ငါ လုပ်ပါက အဆင်ပြေသည်”ဟု တွေးလျက် ၎င်းတို့ လိုချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လိမ့်မည်။ အခြားလူများ အကြံပြုသည့်အရာကို ၎င်းတို့ မလုပ်ဆောင်ကြသကဲ့သို့၊ အခြားမည်သူ့ကိုမျှ နားထောင်ကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် စီစဉ်ထားသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆုံးဖြတ်ကြပြီး၊ နွားထီးကိုးကောင်ကပင် ၎င်းတို့ကို ပြန်ဆွဲမထားနိုင်ပေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသော လူတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်က ရိုးသားသော လူတို့ကို နှစ်သက်ပြီး ၎င်းတို့ လိမ်ညာ၍မရသည်ကို သိသော်လည်း၊ အချို့သော ကိစ္စတွင်၊ အမှန်တရားကို ၎င်းတို့ ပြောပါက၊ ၎င်းတို့ မျက်နှာ အရှက်ရလိမ့်မည်၊ ၎င်းတို့၏ အကျိုးအမြတ် ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အဆင့်အတန်းက ထိန်းသိမ်းခြင်းခံရလိမ့်မည်မဟုတ်ဟု တွေးနေကြသေးသည့် လူအချို့ရှိ၏။ ၎င်းတို့က၊ “တစ်ကြိမ်တစ်ခါ လိမ်ညာခြင်းသည် မည်သည့်သဘောမျှ မသက်ရောက်သကဲ့သို့၊ ငါ အမြဲ လိမ်ညာနေသည့်အလား မဟုတ်ပါ။ ငါ လိမ်ညာလျှင်ပင်၊ မည်သည့် အကျိုးဆက်မျှ မမြင်ရပါ။ ထို့ကြောင့် နောက်ထပ်တစ်ကြိမ် ငါ လိမ်ညာလျှင် အဆင်ပြလိမ့်မည်”ဟု တွေးလျက်၊ တုံ့ပြန်လူးလာ စဉ်းစားကာ လိမ်နေကြဆဲ ဖြစ်သည်။ ယင်းကို ချင့်တွက်ပြီးနောက်တွင်၊ ပြုမူဆောင်ရွက်ရန် ၎င်းတို့ ဆုံးဖြတ်ပြီး၊ မိမိတို့ စိတ်နှလုံးတွင် မည်သည့် အပြစ်တင်ခြင်းမျှ မခံစားရသကဲ့သို့၊ ဆုတောင်းကာ ဘုရားသခင်၏ စိစစ်မှုကိုလည်း လက်မခံလိုကြချေ။ ဤလူသည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ရှိသောလူတစ်ဦး ဖြစ်ပါသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးသော လူတစ်ဦးရှိပါက၊ ၎င်းတို့ မည်သို့ ပြုမူကြလိမ့်မည်နည်း။ (၎င်းတို့သည် မဆင်မခြင် သို့မဟုတ် တဇွတ်ထိုး ပြုမူကြလိမ့်မည်မဟုတ်ပါ။) ဤစကားနှစ်လုံးသည် အတော် သင့်လျော်ပေ၏။ သို့ဆိုလျှင် မဆင်မခြင် သို့မဟုတ် တဇွတ်ထိုး မပြုမူခြင်းအား သင်တို့ မည်သို့ လက်တွေ့လုပ်ဆောင်သနည်း။ (ကျွန်ုပ်တို့သည် ရှာဖွေသည့် စိတ်နှလုံး ရှိသင့်ပါသည်။) ပြဿနာတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ရသောအခါ၊ လူအချို့သည် အခြားသူများထံမှ အဖြေကို အမှန်တကယ် ရှာဖွေသော်လည်း၊ အခြားလူတစ်ဦးသည် သမ္မာတရားနှင့်အညီ စကားပြောဆိုသည့်အခါ၊ ၎င်းတို့သည် လက်မခံကြချေ၊ ၎င်းတို့ မနာခံနိုင်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “သူ့ထက် ငါ ပုံမှန်အားဖြင့် ပိုကောင်းပါတယ်။ သူ့ရဲ့ အကြံပြုချက်ကို ငါနားထောင်ရင်၊ ဒီတစ်ခါ သူက ငါ့ထက် ပိုသာသလို ထင်ရလိမ့်မယ် မဟုတ်လား။ မဖြစ်ဘူး၊ ဒီကိစ္စနဲ့ပတ်သက်လို့သူပြောတာကို ငါ နားမထောင်နိုင်ဘူး။ ငါ ကြိုက်သလို ငါလုပ်မယ်” ဟု တွေးကြသည်။ ထို့နောက် အခြားလူ၏ အမြင်ရှုထောင့်ကို ငြင်းပယ်ရန် အကြောင်းပြချက်နှင့် ဆင်ခြေတစ်ခုကို သူတို့ ရှာကြသည်။ လူတစ်ယောက်သည် လူတို့၏ စိတ်ထဲရှိ သူ၏ ကိုယ်ပိုင်နေရာကို ကာကွယ်ရန်အတွက် သူ့ထက်ပိုသာလွန်သောသူကို မြင်ပြီး ထိုသူအကြောင်း ကောလာဟလများဖြန့်လျက်၊ သို့မဟုတ် ထိုသူကို အပုပ်ချပြီး ထိုသူ၏ ဂုဏ်သတင်းကို လျော့ပါးစေရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးချလျက်၊ ထိုသူကို အထင်အမြင်သေးစွာဖြင့်ပင် ဆက်ဆံလျက် ထိုသူကို ပြိုလဲစေရန် ကြိုးစားသောအခါတွင် ဤသည်မှာ မည်သို့သော စိတ်သဘောထားအမျိုးအစားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း သက်သက်မဟုတ်ပေ။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ မလိုမုန်းထားသော စိတ်သဘောထားဖြစ်သည်။ ဤလူက သူ့ထက်ပိုသာလွန်ပြီး ထက်မြက်သောသူတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နိုင်ခြင်းသည် အန္တရာယ်ရှိပြီး ဆိုးယုတ်သည်။ လူတို့ကို ပြိုလဲအောင်ပြုလုပ်ရန် ၎င်းတို့သည် မည်သို့မျှ ရပ်တန့်မည်မဟုတ်ကြောင်းက ၎င်းတို့ထဲတွင် အလွန်ပင် နတ်ဆိုးရှိနေသည်ကို ပြသည်။ စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်လျက် ၎င်းတို့သည် လူတို့ကို သေးသိမ်စေရန်၊ ချောက်ချရန်၊ လူတို့အတွက် အခက်အခဲဖြစ်စေရန် လုပ်ဆောင်တတ်ကြသည်။ ဤသည်မှာ မကောင်းမှုလုပ်ဆောင်ခြင်း မဟုတ်လော။ ဤသို့အသက်ရှင်လျက်ဖြင့် ၎င်းတို့ အဆင်ပြေသည်၊ လူကောင်းဖြစ်သည်ဟု ထင်ကြဆဲဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့ထက် ပိုတော်သောသူကို မြင်သောအခါ ၎င်းတို့သည် ထိုသူတို့ကို အခက်အခဲဖြစ်စေရန်၊ ထိုသူတို့ကို အားလုံး နင်းချေပစ်ရန် လုပ်ဆောင်တတ်ကြသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ ထိုသို့ ဆိုးယုတ်သော လုပ်ရပ်များကို ကျူးလွန်နိုင်စွမ်းရှိသည့်လူများသည် မသမာသကဲ့သို့၊ ဇွတ်တရွတ်နိုင်သည် မဟုတ်လော။ ထိုသို့သော လူများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကိုသာ တွေးတောသည်၊ မိမိတို့၏ ကိုယ်ပိုင်ခံစားချက်များကို ဆင်ခြင်စဉ်းစားပြီး၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လိုအင်များ၊ ရည်မှန်းချက်များနှင့် ပန်းတိုင်များကို စွမ်းဆောင်ရရှိဖို့ကိုသာ အလိုရှိကြသည်။ အသင်းတော်၏အလုပ်အပေါ် ၎င်းတို့က မည်မျှ ထိခိုက်နစ်နာစေသည်ကို ဂရုမစိုက်ပေ။ ၎င်းတို့သည် လူတို့စိတ်ထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့ ပို၍ နှစ်သက်ကြသည်။ ဤသို့သောလူတို့သည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ဟုထင်မြင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမရှိသလော။ ဤသို့သောသူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ဟု ထင်မြင်ရုံသာမက အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို လုံးဝ အလေးမထားပေ။ ဤသို့သောသူတို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်း တစ်ခုတလေရှိသလော။ ဘုရားသခင်အပေါ် စိုးစဉ်းမျှပင် ကြောက်ရွံ့ခြင်း မရှိပေ။ ဤအတွက်ကြောင့် ၎င်းတို့က အပြစ်ကို သိမြင်စိတ် လုံးဝမရှိဘဲ၊ စိုးရိမ်ပူပန်ခြင်း လုံးဝမရှိဘဲ၊ ထိတ်လန့်ခြင်း၊ သို့မဟုတ် စိတ်ပူခြင်းလုံးဝ မရှိဘဲ လက်လွတ်စပယ် လုပ်ဆောင်ကာ အလိုရှိသလို ဆောင်ရွက်ကြခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော အပြုအမူ၏ သဘာဝမှာ အဘယ်နည်း။ သက်သက်သာသာ ပြောရမည်ဆိုလျှင်၊ ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားတတ်ကြပြီး သစ္စာဖောက်ဖျက် တတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင်၊ ပြဿနာ၏ အနှစ်သာရမှာ ထိုသို့သော လူများ၏ စိတ်နှလုံးများသည် ဘုရားသခင်ကို စိုးစဉ်းမျှပင် မကြောက်ရွံ့ကြချေ။ ဘုရားသခင်ကို သူတို့ မကြောက်ပါ၊ မိမိတို့ကိုယ်ကိုယ် အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်၏ လက္ခဏာသွင်ပြင်တိုင်းကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင်၊ ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဘဲ အရေးမပါဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်ခုတစ်လေမျှ မရှိပါ။ ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို မကြောက်ရွံ့သောသူများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားအင်အတော်များများ အသုံးပြုကြကာ ပျော်ရွှင်မြူးထူးစွာ သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးတော်ခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှု၊ အခြေခံသဘောတရားနှင့် ရည်ရွယ်ချက်တို့မှာ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက်၊ ၎င်းတို့၏ အကျိုးစီးပွားအားလုံးကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးကို ဆိုးဝါးသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မကြောက်ရွံ့သောသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မာနထောင်လွှားခြင်း မရှိသလော။ ၎င်းတို့သည် စာတန်မဟုတ်သလော။ မည်ကဲ့သို့သော အရာများက ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသနည်း။ သားရဲတိရစ္ဆာန်များမှလွဲ၍၊ ဆိုးညစ်သူများနှင့်၊ အန္တိခရစ်များ၊ စာတန်နှင့် နတ်ဆိုးများ၏အမျိုးများ ဖြစ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ကင်းမဲ့နေကြသည်။ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ ရန်သူများဖြစ်သည်။
သင်တို့၏ နေ့စဉ်အသက်တာများတွင် မည်သည့် ကိစ္စရပ်များ၌ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ရှိသနည်း။ မည်သည့် ကိစ္စရပ်များတွင် မရှိသနည်း။ တစ်စုံတစ်ဦးသည် သင့်ကို စိတ်အနှောင့်အယှက်ပေးသည့်အခါ၊ သို့မဟုတ် သင်၏ အကျိုးစီးပွားများကို ထိခိုက်သည့်အခါ သင်သည် ၎င်းကို မုန်းတီးနိုင်သလော။ တစ်စုံတစ်ဦးကို သင် မုန်းသည့်အခါ၊ ၎င်းတို့ကို သင် အပြစ်ပေးပြီး လက်စားချေနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် သင်သည် အတော်လန့်စရာဖြစ်၏။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးမရှိသကဲ့သို့၊ မကောင်းသည့်အရာများကို လုပ်ဆောင်နိုင်ပါက၊ သင်၏ ဤရက်စက်သော စိတ်သဘောထားသည် အလွန် ပြင်းထန်လွန်းလှပေသည်။ ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့မှာ ပုံမှန် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အရာများဖြစ်သော်လည်း၊ သင် ချစ်သည့်အရာနှင့် မုန်းသည့်အရာများကြား ရှင်းရှင်းလင်းလင်း သင် ခွဲခြားရပေမည်။ သင်၏ စိတ်နှလုံးတွင်၊ ဘုရားသခင်ကို သင် ချစ်သင့်သည်၊ သမ္မာတရားကို ချစ်သင့်သည်၊ အပြုသဘောဆောင်သည့် အရာများကို ချစ်သင့်ပြီး၊ သင်၏ ညီအစ်ကို မောင်နှမများကို ချစ်သင့်သည်၊ နတ်ဆိုးစာတန်ကိုမူ သင် မုန်းသင့်သည်၊ အပျက်သဘောဆောင်သော အရာများကို သင် မုန်းသင့်သည်၊ အန္တိခရစ်များကို မုန်းသင့်ပြီး ဆိုးယုတ်သော လူတို့ကို မုန်းသင့်သည်။ သင်၏ ညီအစ်ကို မောင်နှမများအပေါ် အမုန်းတရားဖြင့် ဖိနှိပ်ကာ လက်စားချေနိုင်စွမ်းရှိပါက၊ ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာဖြစ်လိမ့်မည်။ ယင်းသည် ဆိုးယုတ်သောသူတစ်ယောက်၏ စိတ်သဘောထားဖြစ်သည်။ လူအချို့မှာ ရိုးရှင်းစွာပင် မုန်းတီးသော အတွေးများ၊ စိတ်ကူးများ၊ ဆိုးယုတ်သော စိတ်ကူးများရှိကြသည်။ သို့သော် မည်သည့်ဆိုးယုတ်သောအရာကိုမျှ လုံးဝ လုပ်ဆောင်ကြလိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ကြပြီး၊ မိမိတို့ ပြုမူနေထိုင်ပုံနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပုံတွင် စည်းမျဉ်းများကို အာရုံစိုက်ကြသောကြောင့် ဤလူများသည် ဆိုးယုတ်သော လူများ မဟုတ်ကြပေ။ အခြားသူများနှင့် ဆက်ဆံကြသည့်အခါ၊ ၎င်းတို့သည် မိမိတို့ တောင်းဆိုသင့်သည်ထက် ထိုသူများအပေါ် သာ၍ မတောင်းဆိုကြချေ။ ၎င်းတို့သည် လူတစ်ဦးနှင့် အဆင်ပြေလျှင် ထိုသူနှင့် ဆက်လက်ဆက်ဆံကြလိမ့်မည်ဖြစ်ပြီး၊ အဆင်မပြေပါက၊ ၎င်းတို့ ဆက်ဆံကြမည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု သို့မဟုတ် မိမိတို့၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်မှု မရှိသလောက်ဖြစ်၏။ ၎င်းတို့စိတ်နှလုံးတွင် ဘုရားသခင်ရှိပြီး ၎င်းတို့သည် သူ့ကို ကြောက်ရွံ့မှုရှိကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားရန် လိုလားနေခြင်းမရှိကြသကဲ့သို့၊ ထိုသို့ လုပ်ဆောင်မိမည်ကို စိုးရွံ့ကြလေသည်။ ဤလူတို့သည် မမှန်ကန်သော အတွေးနှင့် အယူအဆအချို့ထားရှိနိုင်သော်လည်း ယင်းတို့ကို ငြင်းပယ်နိုင်၊ စွန့်ပစ်နိုင်သည်။ ၎င်းတို့၏ လုပ်ရပ်များတွင် အကန့်အသတ်ရှိကြသကဲ့သို့၊ လွန်ကျူးသော သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့် စကားတစ်လုံးမျှ မမြွက်ဆိုကြချေ။ ဤသို့ ပြောဆိုပြုမူသောသူသည် စည်းမျဉ်းရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူဖြစ်သည်။ သင်၏ ပင်ကိုစရိုက်သည် အခြားလူတစ်ဦး၏ ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်ကောင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့ကို သင် မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း၊ ၎င်းတို့နှင့်အတူ သင် အလုပ်လုပ်သည့်အခါ၊ သင်သည် သမာသမတ်ကျမြဲကျကာ သင်၏တာဝန်ကို လုပ်ဆောင်ရာတွင် သင်၏ စိတ်ပျက်မှုများအတွက် ဒေါသထွက်မည်မဟုတ်၊ သို့မဟုတ် သင်၏စိတ်ပျက်မှုများကြောင့် ဘုရားသခင်၏မိသားစု အကျိုးစီးပွားများအပေါ် ဆိုးရွားစွာ ပြုမူလိမ့်မည်မဟုတ်ပေ။ သင်သည် အရေးကိစ္စများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်သည်။ ဤသည်မှာ မည်သည့်အရာကို ပြသခြင်းဖြစ်သနည်း။ ယင်းမှာ ဘုရားသခင်အပေါ် အခြေခံကြောက်ရွံ့မှုရှိခြင်း၏ သရုပ်သကန် ဖြစ်သည်။ သင်သည် ထိုထက်အနည်းငယ်ပို၍ ရှိလျှင် အခြားတစ်စုံတစ်ဦးသည် ချို့ယွင်းချက်များသို့မဟုတ် အားနည်းချက်အချို့ရှိသည်ကို သင်မြင်သောအခါ ထိုသူသည် သင့်ကို မကျေမနပ်ဖြစ်စေလျှင်ပင်၊ သို့မဟုတ် သင့်အပေါ် အမြင်စောင်းလျှင်ပင် ထိုသူကို မှန်မှန်ကန်ကန်ဆက်ဆံပြီး ချစ်ခင်စွာ ကူညီရန် သင်တတ်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ သင့်၌ ချစ်ခြင်းရှိသည်၊ သင်သည် လူ့သဘာဝကိုပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်သည်၊ သင်သည် ကြင်နာပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူဖြစ်သည်၊ သမ္မာတရား၏ စစ်မှန်မှုများကို ပိုင်ဆိုင်သော ရိုးသားသူတစ်ယောက်ဖြစ်သည်၊ ဘုရားသခင်အပေါ် ကြောက်ရွံ့မှုရှိသောသူဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှုနည်းပါးသေးသော်လည်း အလိုဆန္ဒရှိပြီး၊ သမ္မာတရားအတွက် ကြိုးပမ်းဖို့နှင့် အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် ကြိုးပမ်းဖို့ လိုလားကာ သင်သည် စည်းမျဉ်းနှင့်အညီ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပြီး သူတစ်ပါးတို့အပေါ် ပြုမူနိုင်လျှင် ဤသည်မှာလည်း ဘုရားသခင်အပေါ် အနည်းငယ်ကြောက်ရွံ့မှုရှိခြင်းအဖြစ် အကျုံးဝင်သည်။ ဤသည်မှာ အခြေခံအကျဆုံးဖြစ်သည်။ သင်သည် ဤအရာကို မစွမ်းဆောင်မရရှိနိုင်ဘဲ သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပါက သင်သည် ကြီးစွာသော အန္တရာယ်ရှိနေပြီး အတော်ကြောက်ဖို့ကောင်းနေသည်။ သင့်ကို ရာထူးတစ်ခုပေးအပ်ပါက သင်သည် လူများကို အပြစ်ပေးပြီး ၎င်းတို့အကျပ်ရိုက်အောင် လုပ်နိုင်သည်။ ထို့နောက်တွင် သင်သည် အချိန်မရွေး အန္တိခရစ်တစ်ဦးဖြစ်သွားနိုင်ဖွယ် ရှိလိမ့်မည်။ လူတစ်ဦးသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ မည်သို့ ယုံကြည်ကြသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် လမ်းကြောင်းကို လျှောက်ကြသည်ဖြစ်စေ၊ အနည်းဆုံး နှစ်ကာလများအတွင်းတွင် ၎င်းတို့ ထုတ်ဖော်ပြခံရလိမ့်မည်။ သင်သည် ၎င်းတို့ကို စည်းမျဉ်းနှင့်ညီသည့်နည်းလမ်းဖြင့် ဆက်ဆံရမည်။ ၎င်းတို့၏ ရလဒ်က မည်သည့်အရာ ဖြစ်နိုင်ပါစေ၊ ၎င်းတို့သည် အပြစ်ပေးခံရသင့်သည်ဖြစ်စေ၊ သို့မဟုတ် ဆုချီးမြှင့်ခံရသင့်သည်ဖြစ်စေ၊ ယင်းမှာ ဘုရားသခင်အတွက် အရေးကိစ္စတစ်ခု ဖြစ်သည်။ သင်သည် ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ပိုင်းခြားသိမြင်ပြီး ဆက်ဆံနိုင်သရွေ့၊ အဆင်ပြေလိမ့်မည်။ မည်သူကို သင် ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ၊ ထိုသို့သော လူများ မည်သည့် ရလဒ်မျိုးကို ရှိလိမ့်မည်ကို ဘုရားသခင် မဆုံးဖြတ်သေးသရွေ့၊ ၎င်းတို့ကို အသင်းတော်က မနှင်ထုတ်သေးသကဲ့သို့၊ ၎င်းတို့ကို အပြစ်မပေးသေးသရွေ့၊ ပြီးလျှင် ၎င်းတို့ ကယ်တင်ခြင်းခံရသရွေ့၊ သင်သည် ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် စိတ်ရှည်စွာ ကူညီသင့်ပေသည်။ ထိုသို့သော လူတို့၏ ရလဒ်ကို သင် မဆုံးဖြတ်သင့်သကဲ့သို့၊ ၎င်းတို့ကို အပြစ်ပေးဖို့ရန် လူ့နည်းလမ်းများကို သင် အသုံးမပြုသင့်ပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော ပွင့်အံထွက်မှုများရှိလျှင်၊ ထိုသို့သော လူတို့ကို သင် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်နိုင်သည် သို့မဟုတ် ၎င်းတို့ကို ကူညီဖို့ရန် သင်၏ စိတ်နှလုံးကို ရိုးသားစွာ ဖွင့်ပြီး မိတ်သဟာယဖွဲ့ခြင်းဖြင့် ပါဝင်ပေးနိုင်သည်။ သို့သော်၊ ဤလူတို့ကို အပြစ်ပေးခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် အမှုဆင်ခြင်း၊ ကောင်းကင်ဘုံ နာမဖြင့် အမှားကို အမှန်လုပ်ရန် ကြိုးစားခြင်းတို့ကိုသင် စဉ်းစားပါက၊ သင် ဒုက္ခရောက်လိမ့်မည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်လော။ ထိုသို့သော အတွေးများရှိခြင်းသည် စိတ်ပြင်းထန်ခြင်းမှ ဖြစ်ပေါ်ပေသည်။ ထိုသို့သော အတွေးများသည် စာတန်ထံမှ လာပြီး လူသား၏မကျေမချမ်းဖြစ်မှုအပြင် လူသား၏ မနာလိုခြင်းနှင့် စက်ဆုပ်ခြင်းတို့မှ ပေါ်ပေါက်၏။ ထိုသို့သော အပြုအမူသည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤသည်မှာ သင့်ကို ဒဏ်ခတ်ခံစေရမည့် အရာတစ်ခုဖြစ်ပြီး သင် ထိုအရာကို မလုပ်ရ။ လူများသည် သင်တို့၏ အကြိုက်မဟုတ်ကြသောကြောင့် သို့မဟုတ် ၎င်းတို့က သင်နှင့် အဆင်မပြေကြသောကြောင့် ၎င်းတို့ကို အပြစ်ပေးဖို့ နည်းလမ်းများစွာ သင်တို့ အကြံထုတ်နိုင်စွမ်း ရှိကြသလော။ ထိုသို့သော အရာမျိုးကို ယခင်က သင်တို့ လုပ်ဆောင်ဖူးကြပါသလော။ ထိုအရာ မည်မျှ သင်တို့ လုပ်ဆောင်ပြီးကြပြီနည်း။ သင်တို့သည် လူတို့ကို အမြဲ သွယ်ဝိုက်၍ သိမ်ငယ်နေစေခဲ့သည်၊ ထိခိုက်နာကြည်းစေသော ဝေဖန်ချက်များ ပြုလုပ်နေခဲ့ပြီး ၎င်းတို့ကို ထေ့ငေါ့နေခဲ့ကြသည် မဟုတ်လော။ ထိုသို့သော အရာများကို လုပ်ဆောင်နေခဲ့ချိန်တွင် သင်တို့သည် မည်သည့်အခြေအနေများတွင် ရှိခဲ့ကြသနည်း။ ထိုအချိန်တွင်၊ သင်တို့သည် မကျေနပ်ချက်ဖွင့်ပြောနေခဲ့ကြပြီး ပျော်ရွှင်ခဲ့ကြပေသည်။ သင်တို့ အသားစီးရထားခဲ့ကြသည်။ သို့သော်၊ နောက်ပိုင်းတွင်၊ သင်တို့က၊ “လွန်စွာစက်ဆုပ်ဖွယ် အရာတစ်ခုကို ငါ လုပ်ဆောင်ခဲ့သည်။ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူ မဟုတ်သကဲ့သို့၊ ထိုလူကို အလွန် မတရား ငါ ဆက်ဆံမိလေပြီ” ဟု မိမိတို့ကိုယ်ကိုယ် တွေးခဲ့သည်။ စိတ်ထဲတွင်၊ အပြစ်ရှိခြင်းကို သင် ခံစားခဲ့ရပါသလော။ (ခံစားရပါသည်။) သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောသူများ မဟုတ်သော်လည်း၊ သင်တို့သည် အနည်းဆုံးအနေဖြင့် အသိတရား ခံစားချက်တစ်စုံတစ်ရာ ရှိလေသည်။ ထို့ကြောင့်၊ သင်သည် အနာဂတ်တွင် ဤအရာမျိုးကို တစ်ဖန် လုပ်ဆောင်နိုင်စွမ်း ရှိသေးသလော။ ၎င်းတို့ကို သင် အထင်သေးသည့်အခါတိုင်းနှင့် ၎င်းတို့နှင့် အဆင်မပြေသည့်အခါတိုင်း၊ သို့မဟုတ် သင့်ကို ၎င်းတို့ မနာခံသည့်အခါတိုင်း သို့မဟုတ် နားမထာင်သည့်အခါတိုင်းတွင် ၎င်းတို့ကို တိုက်ခိုက်ပြီး၊ လက်တုံ့ပြန်နိုင်သေးသလော။ ထိုသို့သော အရာတစ်ခုကို လုပ်ဆောင်သော လူတစ်ဦးသည် မည်သည့် လူ့သဘာဝမျိုးကို ပိုင်ဆိုင်သနည်း။ ၎င်းတို့၏ လူ့သဘာဝအရ၊ ၎င်းတို့သည် မလိုမုန်းထားကြပေသည်။ သမ္မာတရားနှင့်ယှဉ်၍ တိုင်းတာပါက၊ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ပေ။ ၎င်းတို့၏စကားနှင့် လုပ်ရပ်များတွင် အခြေခံသဘောတရားများ လုံးဝ မရှိကြပေ။ ၎င်းတို့သည် နှစ်သက်သည့် မည်သည့်အရာကိုမဆို ပြောဆိုကာ လုပ်ဆာင်လျက်၊ လက်လွတ်စပယ် ပြုမူကြသည်။ ထိုသို့သော လူများသည် သမ္မာတရား၏ စစ်မှန်မှုများ ရှိကြသလော။ လုံးဝမဟုတ်ပေ။ အဖြေမှာ ရာနှုန်းပြည့်ပင် “မဟုတ်” ဟု ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးမရှိသော လူတစ်ဦးသည် အမှန်တကယ် သူ့ကို ကျိုးနွံနာခံကာ ကိုးကွယ်နိုင်ပါသလော။ လုံးဝ မကိုးကွယ်နိုင်ပေ။
လူအချို့က၊ “ကပ်ဘေးများ ရောက်လာသည်ကို ကျွန်ုပ် မြင်သည့်အခါ၊ ဘုရားသခင်ထံ ကျွန်ုပ် မကြာခဏ ဆုတောင်းသည်၊ မည်သည့်အချိန်တွင်မဆို ဘုရားသခင်ကို ကျွန်ုပ် မစွန့်ဝံ့သလို၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုတို့ကို ကျွန်ုပ် တောင်းလျှောက်ပါသည်။ ညတွင် လမ်း၌ တစ်ကိုယ်တည်း ကျွန်ုပ် လမ်းလျှောက်နေစဉ်၊ ကျွန်ုပ်အပေါ် ဘေးအန္တရာယ်ရောက်လာသည့်အခါ၊ ဘုရားသခင်အပေါ် ကျွန်ုပ် အမြဲ မှီခိုပါသည်၊ သူ့ကို ကျွန်ုပ် မစွန့်ခွာဝံ့သလို ကျွန်ုပ်ကို ကူညီမစဖို့ သူ့ကို အမြဲ တောင်းလျှောက်ပါသည်။ ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်သည့်အခါ၊ သူသည် ကျွန်ုပ်ကို ဝတ်ကျေတမ်းကျေဖြစ်ခွင့်မပေးရန်နှင့် ထိန်းချုပ်ပေးရန်အလို့ငှာ ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်ကို စဉ်ဆက်မပြတ် ဆုတောင်းပြီး၊ သူ့ထံမှ အမှုအရာများကို တောင်းလျှောက်ပါသည်။ ယခင်က ကျွန်ုပ် ကြိုးစားပြီးဖြစ်ကာ ဘုရားသခင် အမှုပြုမနေပါက၊ ကျွန်ုပ် မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သကဲ့သို့ ကျွန်ုပ်ကိုယ်တိုင်သည်လည်း ဘာမျှမဟုတ်ပါ”ဟု ပြောကြသည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားရှိသောလူတစ်ဦး ဖြစ်ပါသလော။ (ဟုတ်ပါသည်။) ဘုရားသခင်အပေါ် မှီခိုရန်မှာ အမှားတစ်ခု ဖြစ်သလော။ ဤနေရာတွင် ပြောဆိုထားသည့် စကားလုံးများသည် မမှားသော်လည်း ဤအခြေအနေမျိုးသည် မူမမှန်ပေ။ ယင်းမှာ သင်သည် မိမိကိုယ်ကိုယ် ထောက်ပံ့ရန် မည်သည့်အရာမျှမရှိသကဲ့သို့ သွားမည့်နေရာ မည်သည့်နေရာမျှမရှိသောကြောင့်သာ ဘုရားသခင်ကို သင် ရှာဖွေသည်ဟု ဆိုလိုပေသည်။ သင်သည် ထိုကိစ္စရပ်တွင် မဖြစ်မနေလုပ်ရပြီး၊ ရွေးချယ်စရာမရှိသကဲ့သို့၊ သင်၏ ရည်မှန်းချက်များကို ပြီးမြောက်ရန်အလို့ငှာ သင့်အတွက် အမှုအရာများကို လုပ်ဆောင်စေဖို့ ဘုရားသခင်ကို သင် အသုံးပြုလိုပေသည်။ ယင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ဖြစ်သလော။ သင်သည် မည်သည့်ပြဿနာများမျှမရှိသည်နှင့်၊ ဘုရားသခင်နှင့် ပတ်သက်၍ သင်သည် လုံးဝ မေ့လျော့နှင့်ပြီး ဖြစ်ပေလိမ့်မည်။ သင် အပျော်ရွှင်ဆုံးဖြစ်သည့်အခါ၊ အောင်မြင်မှုဖြင့် အားမာန်ပြည့်သည့်အခါ၊ သင့်ကို မြှောက်ပင့်ကာ ကြည်ညိကြရန်အလို့ငှာ သင်၏ အခြေအနေသည် အခြားလူတိုင်းထက် မြင့်သည့်အခါ၊ ထိုအခါတွင်လည်း ဘုရားသခင်အပေါ် သင် မမှီခိုသည်မှာ အဘယ်သို့ဖြစ်သနည်း။ သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို သင် လက်မခံသည်မှာ သို့မဟုတ် သူ၏ လမ်းပြမှုကို သင် မရှာဖွေသည်မှာ အဘယ်သို့နည်း။ သင် လုပ်ဆောင်သမျှသည် သူ၏ အလိုတော်နှင့် ညီမညီဆိုသည်ကို ဘုရားသခင်ထံ သင် မမေးမြန်းသည်မှာ အဘယ်သို့ ဖြစ်သနည်း။ မကောင်းမှုကို သင် လုပ်ဆောင်သည့်အခါ၊ သင့်ကိုယ်သင် ချီးမြှောက်ပြီး သက်သေခံသည့်အခါ၊ ဤအရာသည် သူ၏ အလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင်အား သင် အဘယ်သို့ မမေးမြန်းသနည်း။ သင့်ကိုယ်သင် ထိန်းချုပ်ရန် အဘယ်သို့ မိမိကိုယ်ကိုယ် မသုံးသပ်သကဲ့သို့ ဘုရားသခင်အပေါ် မမှီခိုရသနည်း။ ဤသည်မှာ မည်သည့် ပြဿနာမျိုးဖြစ်သနည်း။ ဤအခြေအနေအားလုံးကို အဘယ်သို့ ခေါ်ဆိုသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးမရှိခြင်း ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးမရှိသော လူတစ်ဦးသည် မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ ၎င်းတို့သည် လူကောင်းများ အမှန်တကယ် ဖြစ်လာနိုင်ကြသလော။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ကြသလော။ (မဝင်ရောက်နိုင်ကြပါ။) ၎င်းတို့ အမှန်တကယ် မဝင်ရောက်နိုင်ကြပေ။ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးမရှိဘဲနှင့်၊ ၎င်းတို့ ဆန္ဒရှိလျှင်ပင် မိမိတို့ တာဝန်ကို လုံးဝ ကောင်းစွာ မလုပ်ဆောင်နိုင်သကဲ့သို့၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင် သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိဘဲနှင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလွယ်ကူပေ။ ၎င်းတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ လုပ်ဆောင်လိုလျှင်၊ ဧကန်မုချ အခက်အခဲများနှင့် အတားအဆီးများ အလွန်များမည်ဖြစ်ပြီး၊ သမ္မာတရားကို ၎င်းတို့ အောင်မြင်စွာ လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ယခုပင်၊ သင်သည် အချိန်ခဏကြာ မိမိစိတ်နှလုံးကို ငြိမ်သက်စေပြီး စဉ်းစားရမည်။ သင်တို့၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှုအရ၊ သင်တို့အများစုသည် အယူဝါဒ၊ စည်းမျဉ်းများနှင့်ဆိုင်သော စာများကိုသာ သဘောပေါက်ကြသည့်အပြင်၊ တစ်ကိုယ်ရေ စိတ်ဆန္ဒများ၊ စံများနှင့် စိတ်ထက်သန်မှုတို့ကို ပိုင်ဆိုင်ကြသောကြောင့် လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ မိမိတို့တာဝန်ကို လုပ်ဆောင်ရန်မှာ သင်တိုံအတွက် အလွန်ခက်ခဲဆဲဖြစ်သည်။ သို့ရာတွင်၊ သင်တို့၏ စမှတ်နှင့် လက်တွေ့လုပ်ဆောင်မှု စံနှုန်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အခြေခံအုတ်မြစ်အပေါ်တွင် ထူထောင်ထားခြင်းမရှိပေ။ သင်တို့သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ အမှန်တကယ် မဝင်ရောက်ကြသေးပေ။ သင်တို့သည် စည်းမျဉ်းများကိုသာ ထိန်းသိမ်းနေကြ၏။ သမ္မာတရားကို မလိုက်စားပါက၊ အနာဂတ်တွင် သင်တို့အတွက် အလွန် အန္တရာယ်များလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိပါက၊ အနှေးနှင့် အမြန် သင် ဖယ်ရှားခံရလိမ့်မည်။ လူတစ်ဦးသည် အမှန်တကယ် ယုံကြည်ခြင်း ရှိမရှိ၊ သို့မဟုတ် မှားယွင်းစွာ ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို နှစ်ကာလများဖြင့် ချင့်တွက်ရသည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို နှစ်များစွာ၊ အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်သောကြောင့်သက်သက်၊ သင် အမှန်တကယ် ယံကြည်ကြောင်းနှင့် ဘုရားသခင်က သင့်ကို လက်ခံလိမ့်မည်ဟု မဆိုလိုပေ။ အဆုံးသတ်တွင်၊ ဘုရားသခင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း မရှိသောလူတို့ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ သူသည် ၎င်းတို့ကို ထုတ်ဖော်ပြပြီး ဖယ်ရှားလိမ့်မည်။ ဤအရာကို သင်တို့ နားလည်သင့်၏။
ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် စတင်ရန်အလို့ငှာ ပြည့်မီရသည့် သတ်မှတ်ချက်လေးခုနှင့် ပတ်သက်၍ ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့ကြသည်။ သို့ရာတွင် အားလုံးတွင် အရေးအပါဆုံးဖြစ်ပြီး သင်တို့ မကြာခဏ ပြောဆိုကြသည့် တစ်စုံတစ်ရာလည်းဖြစ်သော၊ နောက်ထပ်တစ်ခု၊ နောက်ဆုံး သတ်မှတ်ချက်တစ်ခု ရှိ၏။ ထိုအရာက မည်သည့်အရာဖြစ်မည်ဆိုသည်ကို တစ်ခဏမျှ တွေးဆကြည့်လော့။ (ဘုရားသခင်ကို ချစ်ရန်ဖြစ်ပါသည်။) ယခုတွင်မူ၊ လူအများစု အလွန်စံမမီသည့် ဘုရားသခင်ကို ချစ်ခြင်းအား ငါတို့ ထည်သွင်းစဉ်းစားမည်မဟုတ်။ လူတို့ အမှန်တကယ် လျော်ညီအောင်နေနိုင်ကြသည့် သမ္မာတရားတစ်ခု ပါဝင်သော ပိုမို လက်တွေ့ကျပြီး စစ်မှန်သည့် တစ်စုံတစ်ရာကို ငါတို့ ထည့်သွင်းစဉ်းစားကြစို့။ (ဘုရားသခင်ကို ကျိုးနွံနာခံရန် ဖြစ်သည်။) မှန်ပေ၏။ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု ရှိခြင်း ဖြစ်သည်။ အချိန်အများစုတွင်၊ လူတို့အပေါ် အမှုအရာများ ကျရောက်သည့်အခါ၊ မှန်ကန်သည့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ၎င်းတို့ မသိကြသကဲ့သို့၊ မည်သည့် ဦးတည်ချက်ဆီသို့ မျက်နှာမူရမည် သို့မဟုတ် မည်သည့် ရည်မှန်းချက်အတွက် အလုပ်လုပ်ရမည်ဆိုသည်ကို ၎င်းတို့ မသိကြချေ။ သို့ရာတွင်၊ ၎င်းတို့၏ သဘောထားနှင့် အခြေအနေတို့နှင့်ပတ်သက်ဤ ဤနေရာတွင် ပြဿနာတစ်ခု ရှိ၏။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးတစ်ခု ရှိရမည်ဖြစ်သည်။ ဤအရာမှာ လူတို့ ပိုင်ဆိုင်ရန် အလိုအပ်ဆုံးသော အရာဖြစ်သည်။ ဥပမာအားဖြင့်၊ သင့်ထံ တစ်စုံတစ်ရာဖြစ်ပျက်ပြီး၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင် မသိသကဲ့သို့ အခြားတစ်ဦးတလေက မည်သည့်အရာလုပ်ဆောင်ရန် ပြောသည်ကို သင် မကြားရဟု ဆိုပါစို့။ ဤကိစ္စရပ်သည် သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီကောင်းကိုက်ညီမည်မဟုတ်သကဲ့သို့၊ အမှန်တကယ် သင်၏ အကြိုက် ဖြစ်ကောင်းဖြစ်မည်မဟုတ်။ ထို့ကြောင့် သင်၏ စိတ်နှလုံးတွင် အတိုက်အခံတစ်ခုခု ရှိပြီး၊ အနည်းငယ် သင် စိတ်မချမ်းမသာဖြစ်မိ၏။ ထို့ကြောင့် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ လက်တွေ့လုပ်ဆောင်ရန် အရိုးရှင်းဆုံးသောနည်းလမ်းတစ်ခု ရှိ၏၊ ယင်းမှာ ပထမဦးစွာ ကျိုးနွံနာခံတတ်ရ ဖြစ်သည်။ ကျိုးနွံနာခံခြင်းသည် အပြင်ပန်း လုပ်ရပ်တစ်ခု သို့မဟုတ် ပြောဆိုချက်တစ်ခု မဟုတ်သကဲ့သို့၊ နှုတ်အားဖြင့် ပြောဆိုချက်မဟုတ်၊ ထိုအတွင်းတွင် တည်ရှိသည့် အခြေအနေတစ်ခု ရှိသည်။ ဤသည်မှာ သင့်အဖို့ အကျွမ်းမဝင်မဖြစ်သင့်ပေ။ သင်၏ ကိုယ်ပိုင် စစ်မှန်သာ အတွေ့အကြုံအရ၊ လူတို့သည် အမှန်တကယ် ကျိုးနွံနာခံကြသည့်အခါ မည်သို့ ပြောဆို၊ ပြုမူပြီး စဉ်းစားကာ မည်သည့် အခြေအနေနှင့် သဘောထား ၎င်းတို့ ရှိကြသည်ဟု သင်တို့ တွေးထင်ပါသနည်း။ (သူတို့ နားမလည်ကြသေးသည့် အရာများနှင့် ပတ်သက်၍၊ သူတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဦးစွာ ဘေးဖယ်ထားကြသည်။ သူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကြသည်။ ရှာဖွေပြီးနောက် သူတို့ နားမလည်ကြသေးပါက၊ ဘုရားသခင်၏ အချိန်ကိုက်မှုကို စောင့်ဆိုင်းရန် သူတို့ သင်ယူကြပါသည်။) ယင်းမှာ ထိုအရာ၏ သွင်ပြလက္ခဏာတစ်ခု ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ ( သူတို့သည် ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ၊ အကျိုးသင့်အကြောင်းသင့် မစဉ်းစား၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် ခုခံပြောဆိုရန် ကြိုးစားခြင်း မရှိပါ။) ဤသည်မှာ ဤအခြေအနေ၏ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ လူအချို့သည် သင်၏ မျက်နှာစေ့စေ့ကြည့်ပြီး အကျိုးသင့်အကြောင်းသင့် မစဉ်းစား၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် ခုခံပြောဆိုခြင်း မရှိကြသော်လည်း၊ စောဒကတက်မှုများ၊ မကျေနပ်ချက်များ အပြည့်ဖြစ်ကြ၏။ ၎င်းတို့သည် ထိုအရာကို သင်တို့ မျက်စိရှေ့တွင် မပြောကြသော်လည်း နေရာအနှံ့တွင် ဖြန့်လျက် သင်၏ ကွယ်ရာတွင် အမှုမဲ့အမှတ်မဲ့ ပြောဆိုကြသည်။ ဤသည်မှာ ကျိုးနွံနာခံတတ်သော စိတ်သဘောထားတစ်ခု ဖြစ်သလော။ (မဟုတ်ပေ။) ထို့ကြောင့် မည်သည့်အရာသည် ကျိုးနွံနာခံတတ်သော စိတ်သဘောထားတစ်ခု ဖြစ်သနည်း။ ပထမဦးစွာ၊ သင်သည် အပြုသဘောဆောင်သော သဘောထားတစ်ခု ရှိရမည်။ သင် ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ၊ ဦးစွာပထမတွင် အမှန်နှင့် အမှားကို မစိစစ်နှင့်။ ထိုအရာကို ကျိုးနွံနာခံတတ်သော စိတ်နှလုံးဖြင့်သာ လက်ခံလော့။ ဥပမာအားဖြင့်၊ သင် တစ်စုံတစ်ရာကို တလွဲလုပ်မိခဲ့သည်ဟု တစ်စုံတစ်ဦးက ပြောကောင်းပြောမည်။ သင်၏ စိတ်နှလုံးတွင် နားမလည်သကဲ့သို့ မည်သည့်အရာ သင် တလွဲလုပ်မိခဲ့သည်ကို မသိသော်လည်း၊ ထိုအရာကို သင် လက်ခံ၏။ လက်ခံခြင်းသည် အဓိကအားဖြင့် အပြုသဘောဆောင်သော သဘောထားတစ်ခု ဖြစ်သည်။ ထို့အပြင်၊ အနည်းငယ် သာ၍ မတက်ကြွသည့်၊ နှုတ်ဆိတ်မှုကို ထိန်းသိမ်းရန်နှင့် မည်သည့် အတိုက်အခံမျှ မပေးသည့် သဘောထားတစ်ခု ရှိ၏။ ဤအရာက မည်သည့် အပြုအမူများကို ဖြစ်ပေါ်စေသနည်း။ သင်သည် အကျိုးသင့်အကြောင်းသင့် မစဉ်းစား၊ မိမိကိုယ်ကိုယ် ခုခံပြောဆိုခြင်း သို့မဟုတ် မိမိကိုယ်ကိုယ်အတွက် ဓမ္မဓိဌာန်ကျသော ဆင်ခြေများ မပေးပေ။ သင်သည် မိမိကိုယ်ကိုယ်အတွက် အဆင်ခြေများ အမြဲ ဖန်တီးပြီး၊ အကြောင်းပြချက်များ ပေးကာ တာဝန်ကို အခြားလူများအပေါ် တွန်းတင်ပါက၊ ယင်းမှာ အတိုက်အခံ ဟုတ်သလော။ ယင်းသည် ပုန်ကန်တတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်သည် မငြင်းပယ်သင့်၊ အတိုက်အခံ မလုပ်သင့်၊ သို့မဟုတ် အကျိုးသင့်ကြောင်းသင့် မစဉ်းစားသင့်ပေ။ သင်သည် မှန်ကန်စွာ အကျိုးသင့်အကြောင်းသင့် စဉ်းစားလျှင်ပင်၊ ယင်းမှာ သမ္မာတရား ဖြစ်သလော။ ထိုအရာမှာ လူ၏ ဓမ္မဓိဌာန်ကျသော ဆင်ခြေများ ဖြစ်သည်၊ သမ္မာတရား မဟုတ်ပေ။ ယခုတွင်၊ ငါသည် အမှုအရာများ အဘယ်ကြောင့် ဖြစ်ပျက်သည်၊ သို့မဟုတ် ၎င်းတို့ မည်သို့ ဖြစ်ပေါ်လာသည်ဟူသည့် ဓမ္မဓိဌာန်ကျသော ဆင်ခြေများနှင့်ပတ်သက်၍ ငါ မေးနေခြင်း မဟုတ်။ ထို့ထက်၊ သင့်လုပ်ရပ်များ၏ သဘောသဘာဝသည် သမ္မာတရားနှင့် မကိုက်ညီဟု ငါ ပြောနေခြင်း ဖြစ်သည်။ ဤအဆင့်နှင့်ပတ်သက်၍ သင်သည် အသိပညာရှိပါက၊ အမှန်တကယ် လက်ခံနိုင်လိမ့်မည်ဖြစ်ပြီး အတိုက်အခံလုပ်လိမ့်မည် မဟုတ်ပေ။ ပထမဦးစွာ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အရာ ကျိုးနွံနာခံတတ်သော သဘောထားတစ်ခုရှိခြင်းသည် အဓိကသော့ချက်ဖြစ်၏။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ရင်ဆိုင်ရပြီးနောက် အမြဲ ကျိုးကြောင်းပြပြောဆိုပြီး၊ မိမိတို့ကိုယ်ကိုယ် ခုခံပြောဆိုသော လူအချို့ရှိ၏။ “ကျွန်ုပ်သည် ဤအရာအတွက် တစ်ဦးတည်း အပြစ်တင်ရမည့်သူ မဟုတ်ပါ။ ထို့ကြောင့် တာဝန်ကို အဘယ်သို့ ကျွန်ုပ်၏ ခေါင်းပေါ် တွန်းတင်ရပါသနည်း။ မည်သူကမျှ ကျွန်ုပ်ကိုယ်စား အဘယ်ကြောင့် စကားမပြောပေးသနည်း။ ဤအရာအတွက် အဘယ်ကြောင့် ကျွန်ုပ်သည် တစ်ဦးတည်း တာဝန်ယူနေရသနည်း။ ဤသည်မှာ ‘လူတိုင်း အကျိုးကျေးဇူးများ ခံစားရသော်လည်း လူတစ်ဦးတည်းသာ အပြစ်တင်ခံရသည်။’ ကျွန်ုပ်သည် အလွန် ကံမကောင်းပါ” ဟူသည့် အရာတစ်ခု အမှန်တကယ် ဖြစ်ပေသည်။ ဤသည်မှာ မည်သည့် စိတ်ခံစားချက်မျိုး ဖြစ်သနည်း။ ဤသည်မှာ အတိုက်အခံပြုခြင်း ဖြစ်၏။ အပြင်ပန်းတွင် ၎င်းတို့သည် မိမိတို့ခေါင်းကို ညိတ်ပြီး မိမိတို့အမှားကို ဝန်ခံကြကာ မိမိတို့စကားများဖြင့် လက်ခံကြသော်လည်း၊ မိမိတို့ စိတ်နှလုံးတွင်၊ “သင်သည် ငါ့ကို ကိုင်တွယ်ဖြေရှင်းမည်ဆိုပါက၊ ဖြေရှင်းပါ၊ သို့ရာတွင် အဘယ်ကြောင့် အလွန် ကြမ်းတမ်းစွာ စကားပြောရသနည်း။ သင်သည် လူများစွာရှေ့တွင် ငါ့ကို ဝေဖန်နေသော်လည်း ငါ၏ မျက်နှာကို မည်သည့်နေရာတွင် ငါ ထားရမည်နည်း။ သင်သည် ငါ့ကို ချစ်ခြင်းမေတ္တာဖြင့် ကိုင်တွယ်ဖြေရှင်းနေခြင်း မဟုတ်ပါ။ သေးငယ်သည့် အမှားတစ်ခုသာ ငါ လုပ်မိခဲ့သည်။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မပြီးနိုင်မဆုံးနိုင် ဆက်ပြောဆိုနေပါသနည်း”ဟု စောဒကတက်ကြလေသည်။ ထိုသို့ဖြင့်၊ ၎င်းတို့သည် ဤဆက်ဆံမှုကို ခေါင်းမာစွာ ဆန့်ကျင်လျက် မိမိတို့ စိတ်နှလုံးတွင် အတိုက်အခံလုပ်ကာ ငြင်းပယ်ကြပြီး၊ ၎င်းတို့သည် ယုတ္တိမတန်သကဲ့သို့ အငြင်းအခုံသန်ကြလေသည်။ ဤအတွေးများနှင့် ခံစားချက်များရှိသော တစ်စုံတစ်ဦးသည် သိသာစွာ အတိုက်အခံလုပ်တတ်ပြီး ရန်မူလိုပေသည်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ အမှန်တကယ် ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု ရှိနိုင်မည်နည်း။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ လက်ခံတတ်သည့်၊ ကျိုးနွံနာခံတတ်သည့် သဘောထားတစ်ခုတွင် မည်သည့်လုပ်ရပ်များ ပါဝင်သနည်း။ အနည်းဆုံးအနေဖြင့်၊ သင်သည် အသိတရားရှိပြီး ဆင်ခြင်တုံတရား ပိုင်ဆိုင်ရမည်။ ပထမဦးစွာ သင်သည် ကျိုးနွံနာခံရမည်ဖြစ်ပြီး အတိုက်အခံမလုပ်ရ၊ မငြင်းပယ်ရပေ။ ပြီးလျှင် ထိုအရာကို ဆင်ခြင်တုံတရားဖြင့် သင် ဆက်ဆံရမည်။ ဤသို့ဖြင့် သင်သည် အနိမ့်ဆုံး ဆင်ခြင်တုံတရား ရှိလိမ့်မည်။ သင်သည် လက်ခံမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို ရရှိလိုပါက၊ သမ္မာတရားကို သင် နားလည်ရမည်။ သမ္မာတရားကို နားလည်ရန်မှာ ရိုးရှင်းသော အရာမဟုတ်။ ပထမဦးစွာ၊ အမှုအရာများကို ဘုရားသခင်၏ ရှုထောင့်အမြင်မှ သင် နားလည်ရမည်။ အနည်းဆုံးအနေဖြင့်၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းတို့သည် သင့်ထံ ဘုရားသခင်ထံ ဖြစ်ပျက်ခွင့်ပေးသည့် တစ်စုံတစ်ရာဖြစ်သည်ကို၊ သို့မဟုတ် ဘုရားသခင်ထံမှ လာသည်ကို သင် သိရမည်။ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းတို့သည် လုံးဝ ယုတ္တိတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ၊ သင်သည် လက်ခံတတ်သည့်၊ ကျိုးနွံနာခံတတ်သော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်သင့်၏။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သရုပ်သကန်တစ်ခုဖြစ်ပြီး၊ တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏ စိစစ်မှုကို လက်ခံခြင်းလည်း ဖြစ်သည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့သည် လူထံမှလာပြီး ဘုရားသခင်ထံမှမဟုတ်ဟု တွေးထင်လျက်၊ သင်သည် အကျိုးသင့်အကြောင်းသင့်စဉ်းစားကာ၊ မိမိကိုယ်ကိုယ် ခုခံပြောဆိုပါက၊ သင်၏ သိနားလည်မှုသည် မှားယွင်း၏။ တစ်ချက်မှာ၊ သင်သည် ဘုရားသခင်၏ စိစစ်မှုကို လက်မခံလေပြီ။ ပြီးလျှင် နောက်တစ်ချက်မှာ၊ သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည့် ပတ်ဝန်းကျင်တွင် သင်သည် ကျိုးနွံနာခံတတ်သော သဘောထား မရှိသကဲ့သို့ ကျိုးနွံနာခံတတ်သော အပြုအမူမရှိပေ။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိသည့် တစ်စုံတစ်ဦး ဖြစ်သည်။ လူအချို့သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းတို့နှင့် ရင်ဆိုင်ရသည့်အခါ၊ သမ္မာတရားကို လက်မခံကြချေ၊ သို့မဟုတ် မိမိကိုယ်ကိုယ် မသုံးသပ်ကြချေ။ ၎င်းတို့၏ လုပ်ရပ်များသည် စည်းမျဉ်းများကို သိသာစွာ ချိုးဖောက်ပြီး၊ စာတန်ကို အပြစ်အားလုံးဖို့လိုက်ကြသည်။ ၎င်းတို့က၊ “နည်းတောင်နည်းသေးသည်။ မည်သူက ဤစာတန်အိုကြီးကို ကြောင်းကျိုးမမြင်ဘဲ မိမိကိုယ်ကိုယ် ပြသခွင့်၊ ကြောင်းကျိုးမမြင်ဘဲ ပြုမူခွင့်၊ အမှုအရာများကို ကြောင်းကျိုးမမြင်ဘဲ နှောင့်ယှက်ခွင့်ပေးပြီး အတားအဆီးများကို ကြောင်းကျိုးမမြင်ဘဲ ဖန်တီးခွင့်ပေးသနည်း။ စာတန်သည် ကိုင်တွယ်ဖြေရှင်း၊ ပြုပြင်ခံရသင့်သည်၊ မိမိမျက်နှာပြရန် အလွန်ရှက်စေပြီး အရှက်ခွဲခံရသင့်သည်။ ဤအရာအတွက် စာတန် တာဝန်ယူသင့်သည်။ ကျွန်ုပ်နှင့် ဘာမျှမပတ်သက်ပါ။ အပြစ်အားလုံးကို စာတန်ခံယူသင့်သည်”ဟူ၍ ပြောဆိုကြသည်။ ထို့နောက်၊ ၎င်းတို့ စိတ်နှလုံးက ကျေနပ်အားရလိမ့်မည်ဖြစ်ပြီး၊ စာတန်အပေါ် အောင်မြင်မှုရပြီးဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြလိမ်မ့ည်။ ဤစဉ်းစားပုံစဉ်းစားနည်းသည် ယုတ္တိမရှိသည် မဟုတ်လော။ သိသာစွာပင်၊ ၎င်းတို့ကိုယ်တိုင်သည် တစ်စုံတစ်ရာကို တလွဲလုပ်ခဲ့ပြီး၊ စာတန်လုပ်ခဲ့သည်ကို ၎င်းတို့ ပြောကြသည်။ ထို့ကြောင်း အမှန်တကယ် ၎င်းတို့ ဖြစ်သလော၊ သို့မဟုတ် စာတန်ဖြစ်သလော။ (လုပ်ခဲ့သူမှာ ၎င်းတို့ကိုယ်တိုင် ဖြစ်ပါသည်။) ၎င်းတို့သည် စာတန်ဖြစ်ကြောင်းကို အမှန်တကယ် ၎င်းတို့ နားလည်ကြသလော။ (နားမလည်ကြပါ။) သို့ဆိုလျှင် ၎င်းတို့သည် အမှန်တကယ် စာတန်ကို မုန်းသလော၊ မိမိတို့ကိုယ်ကိုယ် မုန်းကြသလော။ ၎င်းတို့ ရှင်းလင်းစွာ မပြောကြပေ။ တိုတိုပြောရလျှင်၊ ပြုပြင်ခြင်း သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို လက်ခံသော တစ်စုံတစ်ဦးသည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်းမရှိသူတစ်ဦး ဖြစ်သည်။ အားလုံးထဲတွင် ကျိုးနွံနာခံခြင်းသည် သင်ယူရန် အခက်ခဲဆုံးသော သင်ခန်းစာ ဖြစ်သည်။ လူအများစုအတွက်၊ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီပြီး၊ ၎င်းတို့ ကိုယ်ပိုင် အကြိုက်များနှင့် ကိုက်ညီသည့် တစ်စုံတစ်ရာ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် အတော်ကို စိတ်ချမ်းသာကြသောကြောင့် ကျိုးနွံနာခံရန် နှစ်သက်ကြပြီး၊ အရာရာက ချောမွေ့နေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ကာ အေးချမ်းနေကြပြီး၊ ၎င်းတို့ ပျော်ရွှင်ပြီး ကျေနပ်အားရကြသည်။ သို့ရာတွင်၊ မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ သို့မဟုတ် ၎င်းတို့အဖို့ ဆိုးကျိုးဖြစ်စေသော တစ်စုံတစ်ရာကို ကြုံရသည့်အခါ၊ ၎င်းတို့ ကျိုးနွံနာခံသင့်သည်ကို သိသော်လည်း ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ၎င်းတို့ စိတ်ဆင်းရဲမှု ခံစားရသည်၊ နှုတ်ဆိတ်မှုဖြင့် ဆင်းရဲဒုက္ခခံရုံမှလွဲ၍ ရွေးချယ်စရာမရှိကြသကဲ့သို့၊ ၎င်းတို့၏ အခက်အခဲများအကြောင်း ပြောဆိုရန် အခက်တွေ့ကြလေသည်။ ၎င်းတို့သည် ဝမ်းနည်းညိုးငယ်ကြပြီး၊ သွားစရာနေရာမရှိသည့် မကျေချမ်းမှုများဖြင့် ပြည့်သွားကြသောကြောင့် ၎င်းတို့၏ စိတ်နှလုံးများက တင်းမာသွားကြ၏။ “အခြားသူများ မှန်ကြသည်။ သူတို့သည် ကျွန်ုပ်ထက် သာ၍ မြင့်မားသော အဆင့်အတန်းရှိကြသည်။ အဘယ်သို့ ကျွန်ုပ်သည် သူတို့ကို နားမထောင်နိုင်ရသနည်း။ နောက်တစ်ကြိမ်တွင် ကျွန်ုပ်သည် သာ၍ ဂရုစိုက်ရမည်ဖြစ်ပြီး၊ အရဲစွန့်ရမည် မဟုတ်ပါ။ အရဲစွန့်သော လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်း ခံရကြသည်။ ကျိုးနွံနာခံခြင်းသည် မလွယ်ကူပါ။ ကျွန်ုပ်၏ စိတ်ထက်သန်မှု ကုန်ဆုံးသွားလေပြီ။ ကျွန်ုပ်သည် ရိုးရှင်းကာ ပွင့်လင်းချင်ခဲ့သော်လည်း၊ အကျိုးဆက်မှာ မှားသောအရာကိုသာ ကျွန်ုပ် ပြောနေမိပြီး ဆက်ကိုင်တွယ်ဖြေရှင်းခံနေခဲ့ရသည်။ အနာဂတ်တွင်၊ ကျွန်ုပ် နှုတ်ဆိတ်မြဲနှုတ်ဆိတ်ပြီး လူ့အကြိုက်လိုက်သူ ဖြစ်ပါမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ သွားခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင် ယူခွင့်ပေးခြင်း၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ အချိန်တစ်ခုကြာ အမှားများနှင့် စိတ်ဆင်းရဲမှုများကို သင် မည်မျှခံစားရသည်ဖြစ်စေ၊ သင် မည်မျှ အရှက်ရသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ သိက္ခာ၊ ဝင့်ဝါမှု သို့မဟုတ် နာမည်ဂုဏ်သတင်းအဖို့ ထိခိုက်မှုမည်မျှ သင် ခံစားရသည်ဖြစ်စေ၊ ဤအရာအားလုံးသည် အဓိက မဟုတ်ပေ။ အရေးအကြီးဆုံးသော အရာမှာ သင်၏ အခြေအနေကို ပြောင်းလဲရန် ဖြစ်သည်။ မည်သည့် အခြေအနေနည်း။ ပုံမှန် အခြေအနေများအောက်တွင်၊ ခေါင်းမာပြီး ပုန်ကန်တတ်သော အခြေအနေမျိုးက လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများတွင် တည်ရှိ၏။ ယင်းမှာ အဓိကအားဖြင့်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် လူသား ဆင်ခြင်တွေးခေါ်မှုစနစ် တစ်မျိုးမျိုးနှင့် လူသား အယူအဆတစ်စုံရှိသောကြောင့် ဖြစ်သည်။ ယင်းတို့မှာ၊ “ကျွန်ုပ်၏ ရည်ရွယ်ချက်များ မှန်ကန်နေသရွေ့၊ ရလဒ်က မည်သည့်အရာဖြစ်သည် ဆိုသည်မှာ အရေးမကြီးပါ။ သင်သည် ကျွန်ုပ်ကို မကိုင်တွယ်မဖြေရှင်းသင့်သကဲ့သို့၊ သင် ကိုင်တွယ်ဖြေရှင်းပါက၊ ကျွန်ုပ် နာခံရန် မလိုပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ သို့မဟုတ် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်ဆိုသည်တို့ကို ၎င်းတို့ မသုံးသပ်ကြချေ။ ၎င်းတို့ စွဲမြဲနေသည်မှာ၊ “ကျွန်ုပ်၏ ရည်ရွယ်ချက်များ ကောင်းမွန်ပြီး မှန်ကန်သရွေ့၊ ဘုရားသခင်က ကျွန်ုပ်ကို လက်ခံသင့်သည်။ ရလဒ်က မကောင်းလျှင်ပင်၊ သင်သည် ကျွန်ုပ်ကို ရှုတ်ချသင့်ဖို့ မပြောနှင့်၊ မပြုပြင်သင့်၊ သို့မဟုတ် မကိုင်တွယ်မဖြေရှင်းသင့်ပါ” ဟူ၍ အမြဲ ဖြစ်လေသည်။ ဤသည်မှာ လူသား တွေးခေါ်မြော်မြင်မှု မဟုတ်လော။ ဤသည်တို့မှာ လူ၏ အယူအများ ဖြစ်သည် မဟုတ်လော။ လူတို့သည် မိမိတို့ကိုယ်ပိုင် တွေးခေါ် မြော်မြင်မှုကို အမြဲ အစွဲအလမ်းကြီး၏။ ထိုအရာ၌ ကျိုးနွံနာခံမှု တစ်ခုတလေ ရှိသလော။ သင်သည် သမ္မာတရားကို သင်၏ ကိုယ်ပိုင် တွေးခေါ်မျှော်မြင်မှု ပြလုပ်ပြီးဖြစ်ကာ သမ္မာတရားကို ဘေးဖယ်ထားပြီး ဖြစ်သည်။ သင်၏ တွေးခေါ်မျှော်မြင်မှုနှင့် ကိုက်ညီသည့် အရာသည် သမ္မာတရားဖြစ်ပြီး မကိုက်ညီသည့်အရာသည် သမ္မာတရားမဟုတ်ဟု သင် ယုံကြည်လေသည်။ သာ၍ အဓိပ္ပာယ်မရှိသောသူ တစ်ဦးတလေ ရှိပါသလော။ သာ၍ မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသောသူ တစ်ဦးတလေ ရှိသလော။ ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင်ယူရန်အလို့ငှာ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်နည်း။ ယင်းမှာ အမှန်တွင် သမ္မာတရားကို လူတို့ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့အဖို့ ခလုတ်တံသင်းဖြစ်သည့် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း စိတ်သဘောထား ဖြစ်သည်။ မာနထောင်လွှားပြီး၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသည့် စိတ်သဘောထားရှိသော လူတို့သည် တွေးခေါ်မြော်မြင်ပြီး မနာခံရန် လိုလားလေ့အရှိဆုံး ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ မှန်သည်ဟု အမြဲတွေးထင်ကြ၏။ ထို့ကြောင့် မိမိ၏ မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသော စိတ်သဘောထားကို ဖြေရှင်းကာ ကိုင်တွယ်ဖြေရှင်းခြင်းထက် မည်သည့်အရာမျှ သာ၍ အရေးတကြီး မဖြစ်ပေ။ လူတို့သည် ကျိုးနွံနာခံတတ်လာပြီး၊ မိမိတို့ကိုယ်တိုင်ကိုယ်စား အကျိုးသင့်အကြောင်းသင့် စဉ်းစားခြင်းအား ရပ်တန့်သည်နှင့်တစ်ပြိုင်နက်၊ ပုန်ကန်မှု ပြဿနာ ပြေလည်သွားလိမ့်မည်ဖြစ်ပြီး၊ ကျိုးနွံနာခံနိုင်စွမ်း ရှိကြလိမ့်မည်။ ကျိုးနွံနာခံမှုကို လူတို့ ရယူနိုင်ရန်ဆိုပါက၊ ဆင်ခြင်တုံတရား အတိုင်းအတာတစ်ခုခုကို ပိုင်ဆိုင်ရန် လိုအပ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ အသိစိတ် ပိုင်ဆိုင်ရမည်။ အချို့သော ကိစ္စရပ်တွင်၊ ဥပမာအားဖြင့်၊ မှန်ကန်သည့်အရာကို ငါတို့ လုပ်ဆောင်ပြီးခြင်း ရှိမရှိဆိုသည်ကို ပဓာနမထားဘဲ၊ ဘုရားသခင် စိတ်ကျေနပ်ခြင်းမရှိပါက၊ သူပြောသည့်အတိုင်း ငါတို့ လုပ်သင့်ပြီး၊ သူ၏ စကားများကို အရာရာအတွက် စံနှုန်းအဖြစ် သဘောထားသင့်သည်။ ဤသည်မှာ ယုတ္တိတန်သည် မဟုတ်လော။ ယင်းမှာ အခြားမည်သည့်အရာမဆိုထက် လူတို့တွင် တွေ့ရှိရသင့်သည့် အသိစိတ် ဖြစ်သည်။ ငါတို့ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ၊ ပြီးလျှင် ငါတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အကြောင်းပြချက်များက မည်သည့်အရာဖြစ်စေ၊ ဘုရားသခင် စိတ်ကျေနပ်ခြင်းမရှိပါက၊ သူ၏ သတ်မှတ်ချက်များ မပြည့်မီပါက၊ သင်၏ လုပ်ရပ်များသည် မလွဲမသွေ သမ္မာတရားနှင့် မကိုက်ညီပေ။ ထို့ကြောင့် ဘုရားသခင်ကို ငါတို့ နားထောင်ကာ ကျိုးနွံနာခံရမည်ဖြစ်ပြီး၊ သူနှင့် ပတ်သက်၍ အကျိုးသင့်အကြောင်းသင့် စဉ်းစားရန် သို့မဟုတ် ရှာကြံအကြောင်းပြရန် မကြိုးစားသင့်ပေ။ ထိုသို့သော ဆင်ခြင်တုံတရားကို သင် ပိုင်ဆိုင်သည့်အခါ၊ ပုံမှန်လူတစ်ဦး၏ အသိစိတ်ကို သင် ပိုင်ဆိုင်သည့်အခါ၊ သင်၏ ပြဿနာများကို ဖြေရှင်းရန် လွယ်ကူပြီး၊ သင်သည် အမှန်တကယ် ကျိုးနွံနာခံလိမ့်မည်။ မည်သည့်အခြေအနေတွင် သင် ရှိသည်ဖြစ်စေ၊ ပုန်ကန်တတ်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် အာခံလိမ့်မည် မဟုတ်။ ဘုရားသခင် စေခိုင်းသည့်အရာ မှန်ခြင်း၊ မှားခြင်း ရှိမရှိဆိုသည်ကို သင် စိစစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင် နာခံနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်၏ အကျိုးသင့်အကြောင်းသင့် စဉ်းစားခြင်း၊ ခေါင်းမာခြင်းနှင့် ပုန်ကန်တတ်ခြင်း အခြေအနေသည် ပြေလည်သွားပေမည်။ လူတိုင်းသည် ၎င်းတို့အတွင်း၌ ဤပုန်ကန်တတ်သော အခြေအနေများ ရှိကြသလော။ ဤအခြေအနေများသည် လူတို့တွင် မကြာခဏ ဖြစ်ပေါ်ပြီး၊ ၎င်းတို့က၊ “ငါ၏ လုပ်နည်းကိုင်နည်း၊ အဆိုပြုချက်များနှင့် အကြံပြုချက်များက သင့်တင့်လျောက်ပတ်သရွေ့၊ သမ္မာတရား၏ စည်းမျဉ်းများကို ငါ ချိုးဖောက်လျှင်ပင်၊ မကောင်းမှုကို ငါ မကျုးလွန်သောကြောင့်၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသင့်ပါ”ဟု မိမိတို့ဘာသာ စဉ်းစားတတ်ကြသည်။ ဤသည်မှာ လူတို့တွင်ရှိသော ဘုံအခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အမြင်သည် မကောင်းမှုကို ၎င်းတို့ မကျူးလွန်ခဲ့ပါက၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းမခံရသင့်။ မကောင်းမှုကို ကျူးလွန်မိပြီးဖြစ်သောလူတို့သာ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရသင့်သည်ဟူ၍ ဖြစ်သည်။ ဤအမြင်သည် မှန်ကန်ပါသလော။ လုံးဝ မမှန်ပေ။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အဓိက ရည်ရွယ်ပေသည်။ တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပါက၊ ၎င်းတို့ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရသင့်၏။ မကောင်းမှုကို ကျူးလွန်ပြီးသည့်နောက်တွင်သာ ၎င်းတို့ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံခဲ့ရပါက၊ ဒုက္ခပြဿနာသည် ဖြစ်ပြီးနှင့်မည်ဖြစ်သောကြောင့် အလွန်နောက်ကျနှင့်ပြီး ဖြစ်ပေမည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ပုန်ကန်ပြစ်မှားခြင်းခံရပြီးဖြစ်ပါက၊ သင် ဒုက္ခရောက်ပြီဖြစ်ပြီး၊ ဘုရားသခင်သည် သင့်အထဲ၌ အမှုပြုခြင်းကို ရပ်စဲကောင်းရပ်စဲနိုင်သည်။ ယင်းကိစ္စတွင်၊ သင့်ကို ကိုင်တွယ်ဖြေရှင်းရာ၌ အဓိကအချက်မှာ အဘယ်နည်း။ သင့်ကို ဖော်ထုတ်ကာ ဖယ်ရှားရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။ ဘုရားသခင်ကို နာခံခြင်းမှ လူတို့အား တားဆီးသည့် အဓိက အခက်အခဲမှာ ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်သည်။ လူတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အမှန်တကယ် လက်ခံနိုင်ပါက၊ မိမိတို့ကိုယ်ပိုင် မာနထောင်လွှားသော စိတ်သဘောထားကို ထိရောက်စွာ ဖြေရှင်းနိုင်ကြလိမ့်မည်။ ယင်းကို ၎င်းတို့ မည်သည့် အတိုင်းအတာအထိ ဖြေရှင်းနိုင်ကြသည်ဖြစ်စေ၊ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းတို့အဖို့ အကျိုးရှိပေသည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းသည် အားလုံးထက် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်၊ ဘုရားသခင်၏ ကယ်တင်ခြင်းခံရရန်အလို့ငှာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံခြင်းအား အမှန်တကယ် ရယူနိုင်ပါက၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရန် လိုအပ်သေးသလော။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို တွေ့ကြုံရန် လိုအပ်သေးသလော။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖြေရှင်းနှင့်ပြီးဖြစ်မည်ဖြစ်သည့်အတွက် မလိုအပ်ပေ။ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းတို့နှင့် ရင်ဆိုင်ရသည့်အခါ၊ လူတို့သည် မိမိတို့ကိုယ်တိုင်ကိုယ်စား အကျိုးသင့်အကြောင်းသင့် စဉ်းစားရန် အမြဲ နှစ်သက်ကြသည်။ သင် မည်မျှ အကျိုးသင့်အကြောင်းသင့် စဉ်းစားသည်ဖြစ်စေ၊ တစ်ခုမျှသည် သမ္မာတရား မဟုတ်ပေ။ ယင်းမှာ သင်သည် အမှန်တကယ် ဘုရားသခင်ကို ကျိုးနွံနာခံတတ်သည်ဟု မဆိုထားနှင့်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြုပြင်ခံရပြီးဖြစ်သည်ဟု မဆိုလိုပေ။ ထို့ကြောင့် အကျိုးသင့်အကြောင်းသင့် စဉ်းစားရာတွင် အဓိပ္ပာယ်မရှိပေ။ ပြဿနာကို ဖြေရှင်းခြင်းသည် အရေးအကြီးဆုံး ဖြစ်သည်။
တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးမရှိပါက၊ ၎င်းတို့ ဒုက္ခရောက်ပြီဖြစ်၏။ တစ်ခါတစ်ရံ ဘုရားသခင်သည် ဖြစ်မည်ဟု သင် စိတ်ကူးခဲ့သည့်အတိုင်းမဟုတ်သော အခြေအနေများကို သင့်အတွက် စီစဉ်သောကြောင့် သင် အတိုက်အခံ လုပ်သည်။ ဥပမာအားဖြင့်၊ သင်သည် သန့်ရှင်းမှုကို နှစ်သက်ပြီး၊ ဖြစ်ကတတ်ဆန်းနိုင်သည့်၊ ဖိုသီဖတ်သီနေတတ်သော လူတို့ကို မနှစ်သက်ဟု ဆိုပါစို့။ သင်သည် ဤလူတို့ကို တွေ့သည့်အခါ စက်ဆုပ်ရွံရှာစရာဖြစ်သည်ဟု ထင်သည်။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ပါသလော။ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ၊ မှန်ကန်သည့် သဘောထားတစ်ခု ရှိဖို့လိုအပ်သည်။ မည်သည့် သဘောထားနည်း။ (ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု ဖြစ်သည်။) သင် မည်သို့ ကျိုးနွံနာခံသနည်း။ စိတ်အတွင်း၌ ဖြစ်သော မည်သည့် အတွေးများက ကျိုးနွံနာခံတတ်သော သဘောထားကို ဖြစ်စေသနည်း။ ကျိုးနွံနာခံခြင်း၏ စစ်မှန်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဤအမှုအရာမျိုးကို သင် ကြုံရသည့်အခါ၊ အပြန်အလှန် ညှိခြင်းရှိရမည်။ ဤအရာတစ်ခုမျှ ပြဿနာမဟုတ်ပေ။ လူတစ်ဦး၏ တစ်သက်တာတွင်၊ အမှုအရာဆယ်ခုတွင် ကိုးခုသည် မိမိတို့၏ ဆန္ဒများနှင့် မကိုက်ညီပေ။ သင်သည် ဤအရာ၊ ထိုအရာကို နှစ်သက်ကောင်းနှစ်သက်မည်မဟုတ်သကဲ့သို့၊ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်ကိုယ်တိုင်၏ ကိုယ်စား အမြဲ အကျိုးသင့်အကြောင်းသင့် စဉ်းစားပြီး၊ ဘုရားသခင်သည် သင့်အပေါ် မမျှတဟု စောဒကတက်လေသည်။ အမှန်တွင်၊ ဤသည်မှာ သင် ကိုယ်တိုင်၏ ပြဿနာဖြစ်၏။ ထို့ကြောင့် မည်သည့်အရာနှင့်ပတ်သက်၍မျှ ရေးကြီးခွင့်ကျယ်မလုပ်နှင့်။ သင်သည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်ကာ ကျရှုံးမှုနှင့် ပတ်သက်၍ အတွေ့အကြုံများစွာရှိသည့်အချိန်တွင်၊ သင်သည် အမှန်တကယ် ဂုဏ်အသရေမရှိ၊ အခြားမည်သူမဆိုထက် သာ၍ ကောင်းခြင်းမရှိဟု သိလိမ့်မည်။ သင်သည် အခြားသူများထက် သာ၍ ကောင်းသည်၊ သာ၍ မြင့်မားပြီး၊ သာ၍ ဂုဏ်အသရေရှိသည်ဟု စဉ်းစားလေ့ရှိခဲ့ပုံကို တွေးကြည့်သည့်အခါ၊ အလွန် မိုက်မဲသည်ဟု သင် ခံစားမိလိမ့်မည်။ လူတစ်ဦးသည် သမ္မာတရားအနည်းငယ်ကို နားလည်သည့်အခါ၊ ယခင်ထက် သာ၍ အသိစိတ်မရှိကြ၏၊ ထို့ကြောင့် ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ၎င်းတို့အတွက် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် လွယ်ကူ၏။ သင်၏ အခြေအနေအား မည်သို့ ပြုပြင်ရမည်ဆိုသည်ကို သင် သင်ယူရမည်။ ဘုရားသခင်၌ ယုံကြည်သူများသည် ပထမဦးစွာ ဤအသိပညာရှိရမည်။ နယ်မြေတိုင်းမှ အသင်းတော်တွင် လူများရှိပြီး၊ နယ်မြေတိုင်းတွင် မတူကွဲပြားသော ဓလေ့များနှင့် အမူအကျင့်များ ရှိကြ၏။ ဤအရာများသည် အကြင်သူ၏ လူ့သဘာဝ အရည်အသွေးကို ကိုယ်စားမပြုပေ။ လူတစ်ဦး၏ ဘဝ အမူအကျင့်များသည် ကောင်းမွန်လျှင်ပင်၊ ပုံမှန်ဖြစ်ပြီး ထိန်းညှိထားခြင်းခံရကာ ၎င်းတို့တွင် မွန်မြတ်သော အကျင့်စရိုက်ရှိလျှင်ပင်၊ ယင်းမှာ သမ္မာတရားကို ၎င်ူတို့ နားလည်သည်ဟု မဆိုလိုပေ။ ဤအရာကို သင် နားလည်ရမည်ဖြစ်ပြီး၊ ယင်းအပေါ် အပြုသဘောဆောင်သော သိနားလည်မှု ရှိရမည်။ ထို့အပြင် သင်၏ ကိုယ်ပိုင် အပြစ်အနာအဆာများ များပြားကာ သင်သည် အလွန်ဇီဇာကြောင်၏။ ဘုရားသခင်သည် သင့်အတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခုကို ပေးသောကြောင့် ထိုပတ်ဝန်းကျင်ကို ညှိရန်၊ အခြားလူတို့၏ အပြစ်အနာအဆာများကို ချစ်တီးခေါင်းသန်းရှာမလုပ်ရန် သင် သင်ယူရမည်ဖြစ်ပြီး၊ ထို့အပြင် ချစ်ခြင်းမေတ္တာဖြင့် အခြားသူများနှင့် အဆင်ပြေရန်၊ ၎င်းတို့ကို ရင်းနှီးရန် သင်ယူရမည်၊ ၎င်းတို့၏ အားသာချက်များကို မြင်ကာ သင်ယူပြီးနောက် သင့်၏ ကိုယ်ပိုင် အပြစ်အနာအဆာများကို အောင်မြင်ရန် ကူညီမစဖို့ ဘုရားသခင်ထံ ဆုတောင်းရမည်။ ဤသည်မှာ ကျိုးနွံနာခံတတ်သော သဘောထားနှင့် လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ အခြားလူများကို သင် လွန်စွာ မနှစ်သက်သကဲ့သို့၊ ထိုအရာက သင်၏ တာဝန်လုပ်ဆောင်ခြင်းအား သက်ရောက်မှုရှိပါက၊ သင်သည် ၎င်းတို့နှင့် ခပ်ကင်းကင်းနေသင့်ပြီး၊ ၎င်းတို့ကို ဝင်မစွက်ဖက်သင့်ပေ။ ဝင်စွက်ဖက်ခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်က၊ “သူတို့၏ အပြစ်အနာအဆာများကို ငါ ပြောင်းလဲပေးရမည်။ မပြောင်းလဲပါက၊ ငါ ထိုအရာကို အလွတ်ပေးမည် မဟုတ်”ဟု ပြောသည့်အခါတွင် ဖြစ်သည်။ ဤသည်မှာ မည်သည့် ပြုမူပုံမျိုး ဖြစ်သနည်း။ ယင်းသည် မိုက်ရိုင်း၏၊ မာနထောင်လွှားပြီး မသိနားမလည်ခြင်း ဖြစ်သည်။ ဤလူစားမျိုး မဖြစ်လိုက်နှင့်။ ငါတို့အားလုံးသည် သာမန်လူများဖြစ်ကြသည်။ ထူခြားပုံမပေါ်ကြပါ။ ငါတို့အသီးသီးသည် ဦးခေါင်းတစ်ခု၊ မျက်လုံးနှစ်လုံး၊ နှာခေါင်းတစ်ခုနှင့် ပါးစပ်တစ်ခု ရှိကြသည်။ ငါတို့ စားနေကြသည်ဖြစ်စေ၊ လမ်းလျှောက်နေကြသည်ဖြစ်စေ၊ သို့မဟုတ် အလုပ်လုပ်နေကြသည်ဖြစ်စေ၊ ငါတို့အားလုံးသည် မည်သည့်ခြားနားချက်များမျှမရှိဘဲ တူညီကြသည်။ ငါတို့သည် အခြားသူများထက်လည်း သာ၍မကောင်းကြသောကြောင့် မိမိတို့ကိုယ်ကိုယ် ဂုဏ်အသရေရှိသကဲ့သို့ သို့မဟုတ် ကြီးမြတ်သကဲ့သို့ မမြင်သင့်ကြပေ။ သင်သည် ကျွမ်းကျင်မှု သို့မဟုတ် ပါရမီ အနည်းငယ်ရှိလျှင်ပင်၊ ဝါကြွားစရာအကြောင်း မည်သည့်အရာမျှ မရှိပေ။ ပထမဦးစွာ၊ သင်၏ အနေအထားကို မှန်ကန်စေရမည်ဖြစ်ပြီး ကိစ္စရပ်များကို သင် ကြုံရသည့်အခါ၊ ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ထိုအရာများကို ကြည့်ရမည်၊ ထို့နောက် မည်သည့်အရာနှင့်ပတ်သက်၍မျှ သင်သည် ရေးကြီးခွင့်ကျယ်လုပ်လိမ့်မည် မဟုတ်ပေ။ ထူးခြားသည့် တစ်စုံတစ်ရာ သင့်ထံ ဖြစ်ပျက်ပြီး၊ သင် အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ ထိုအရာကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ ငါတို့နှင့် မသက်ဆိုင်သည့်နေရာတွင် ငါတို့သည် မိမိတို့ကိုယ်ကိုယ် မထည့်သွင်းရပေ။ အရာခပ်သိမ်းတွင် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်ရှိကြသည်။ ဘုရားသခင်သည် လူတို့အား စိတ်ချုပ်တည်းခြင်းကို ရရှိစေကာ ကျိုးနွံနာခံရန် သင်ယူစေလျက်၊ အခြေအနေမျိုးစုံမှတစ်ဆင့် လူတို့ကို လေ့ကျင့်ပေးပြီး၊ အဆုံးတွင်၊ ဤစိတ်ချုပ်တည်းခြင်းက အကျိုးဖြစ်ထွန်းလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ကြပြီးနောက် စစ်မှန်သည့် ပြောင်းလဲမှုတစ်ခု ရှိကြလေသည်။ သမ္မာတရားကို လိုက်စားရန်၊ ပထမဦးစွာ ဆင်းရဲဒုက္ခခံလိုစိတ်ရှိရမည်ဖြစ်ပြီး၊ သင်၏ အခြေအနေများကို ကျိုးနွံနာခံရန် သင်ယူရမည်။ မကြာခဏ၊ သင်၏ အခြေအနေများသည် သိပ်မရိုးရှင်းပေ။ လူမျိုးစုံတို့ကို သင် ထိတွေ့ဆက်ဆံလာရနိုင်ပြီး၊ ထူးဆန်းသည့် အမှုအရာမျိုးစုံကို သင် ကြုံလာရနိုင်သည်။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒ သို့မဟုတ် စိတ်မြန်လက်မြန်ဖြစ်ခြင်းအပေါ် မမှီခိုဘဲ၊ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာလော့။ ဤအရာကို လုပ်ဆောင်ရန်၊ ပထမဦးစွာ ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု သင် ရှိရမည်၊ ယင်းသည် ပုံမှန်လူအားလုံး ပိုင်ဆိုင်သင့်သည့် စိတ်အတွင်း၌ဖြစ်သော အရည်အသွေးတစ်ခု ဖြစ်သည်။ ထို့အပြင်၊ သင် ဆုတောင်းပြီး ဘုရားသခင်အား အရေးယူဆောင်ရွက်ရန် တောင်းလျှောက်ပြီး သူသည် သင့်အတွက် အရေးယူဆောင်ရွက်ခြင်း၊ သို့မဟုတ် ထွက်ပေါက်တစ်ခု ဖွင့်ပေးခြင်းမရှိပါက၊ သင်သည် ကျိုးနွံနာခံခြင်းလည်းရှိရမည်။ ဘုရားသခင်အား သင့်အတွက် အမှုအရာများကို စီစဉ်ညွှန်ကြားခွင့်ပေးကာ သင့်ကိုယ်ပိုင် လက်ဖြင့် အမှုအရာများကို အတင်းအကျပ်မပြုဘဲ ဘုရားသခင်ရှေ့တွင် လျှောက်လှမ်းလျက်၊ ဤအခြေအနေမျိုးတွင် ဆက်လက် အသက်ရှင်သင့်သည်။ ဤသည်မှာ အဖိုးတန်သော ဘဝတစ်ခုကို အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းတစ်ခု ဖြစ်သည်။ မည်သူမျှသည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်မရှင်ကြသောကြောင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ စစ်မှန်မှုသည် ဝင်ရောက်ရန် သိပ်မလွယ်ကူပေ။ ၎င်းတို့၏ ဘဝများကို ကြည့်ရှုသည့်အခါ၊ လူအသီးသီးတွင် မိမိတို့ကိုယ်ပိုင် အလေ့အထများနှင့် ကိုယ်ပိုင် ခံစားချက်အရဖြစ်သော အတွေးများ၊ စိတ်ဆန္ဒများနှင့် အာသီသများ ရှိကြ၏။ ဓမ္မဓိဌာန်ကျသော အခြေအနေများကို ကြည့်သည့်အခါ၊ မည်သူမျှသည် ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များတွင် သင်၏ အလိုဆန္ဒကို မလိုက်နိုင်ပေ။ ထို့ကြောင့်၊ ပဓာနအကျဆုံးသော သင်ခန်းစာမှာ မိမိတို့၏ အခြေအနေများကို မည်သို့ ကျိုးနွံနာခံပြီး၊ ၎င်းတို့အပေါ်ကျရောက်သည့် ဘဝအခြေအနေများတွင် ဘုရားသခင်၏ အလိုတော်အား မည်သို့ ရှာဖွေရမည်ဆိုသည်ကို လူတိုင်းအား သင်ယူခွင့်ပေးရန် ဖြစ်သည်။ သင်၏ ဘဝအခြေအနေများက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သက်သောင့်သက်သည်ဖြစ်သည်ဖြစ်စေ၊ ဆင်းရဲနှုံချာသည်ဖြစ်စေ၊ သင်ယူသင့်သည့် သင်ခန်းစာများ ရှိ၏။ ဇိမ်ခံခြင်းနှင့် အခက်အခဲမရှိခြင်းကို တပ်မက်သောသူတို့သည် ကျိုးနွံနာခံခြင်းနှင့် ဆင်းရဲဒုက္ခ သင်ခန်းစာများကို သင်ယူရမည်။ မည်သည့် အခြေအနေတွင်မဆို ရှင်သန်နိုင်စွမ်း၊ မိမိတို့တာဝန်ကို ကောင်းစွာ လုပ်ပြီး၊ မိမိတို့ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်စွမ်းအား စွမ်းဆောင်ရရှိရမည်။ ထိုအခါမှသာ ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့ ဖြည့်ဆည်းနိုင်ပေသည်။ ဤဘဝအခြေအနေမျိုးကို ဘုရားသခင်က စီစဉ်ညွှန်ကြားကာ စီစဉ်ထားခြင်း မဟုတ်လော။ လူတိုင်းသည် ကောင်းမွန်သော ဘဝတစ်ခုကို တမ်းတကြသော်လည်း၊ မည်သည့်အရာကိုမျှ ဒုက္ခခံစားရခြင်း လုံးဝမရှိဘဲ၊ အလွန်သက်သောင့်သက်သာဖြစ်ပြီး၊ အကောင်းဆုံးဖြစ်သော အခြေအနေများတွင် ၎င်းတို့ အသက်ရှင်ကြပါက၊ ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံပြီး သူ့ကို သက်သေခံနိုင်ကြလိမ့်မည်လော။ ဘုရားသခင်သည် သင့်အတွက် အခက်အခဲများနှင့် အားရစရာမကောင်းသော အခြေအနေအချို့ကို စီစဉ်ပေးပါက၊ သင် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဆိုသည်မှာ အဓိက မေးခွန်းဖြစ်၏။ ဤအခြေအနေများအောက်တွင် လူတိုင်းသည် ဘုရားသခင်၏ အလိုတော်ကို ထည့်သွင်းစဉ်းစားနိုင်ပြီး၊ သူ၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ကြပါက၊ သင် မြင်ရန် မလိုမလားဖြစ်နေသည့်အရာများ၊ သင် မနှစ်သက်သည့် အရာများအားလုံးကို သင် သည်းညည်းခံရမည်ဖြစ်သည်။ ထို့အပြင်၊ ဤအရာများအားဖြင့် သင်သည် ဘောင်ခတ်ခံရမည်မဟုတ်သကဲ့သို့ သင်၏ တာဝန်ကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ရမည်။ ဤသို့ တွေ့ကြုံခြင်းသည် သင်၏ ဘဝကို ကြီးထွားစေလိမ့်မည်။ လူအချို့က၊ “အခြားသူများက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက၊ ကျွန်ုပ်လည်း လက်တွေ့လုပ်ဆောင်မည် မဟုတ်ပါ။ သူတို့ ကျိုးနွံနာခံခြင်းမရှိပါက၊ ကျွန်ုပ်သည် အဘယ်ကြောင့် ကျိုးနွံနာခံသင့်ပါသနည်း။ သူတို့တွင် သည်းခံခြင်းမရှိပါက၊ ကျွန်ုပ် အဘယ်ကြောင့် ရှိသင့်ပါသနည်း။ သူတို့ မလုပ်သည့်အရာများကို အဘယ်ကြောင့် ကျွန်ုပ် အမြဲ လုပ်ရမည်နည်း။ ကျွန်ုပ်သည် အဘယ်ကြောင့် များစွာ အားထုတ်ရသောသူတစ်ဦး အမြဲ ဖြစ်ရမည်နည်း။ ကျွန်ုပ်လည်း လုပ်မည်မဟုတ်ပါ”ဟု ဆိုကြသည်။ ဤသဘောထားသည် အဘယ်သို့နည်း။ သမ္မာတရားအပေါ် သင်၏ လက်တွေ့လုပ်ဆောင်မှုသည် သင်၏ကိုယ်ပိုင် အရေးကိစ္စဖြစ်သည်။ ယင်းသည် သင်နှင့် ဘုရားသခင်ကြားရှိ ကိစ္စတစ်ခု ဖြစ်ပြီး၊ အခြားမည်သူနှင့်မျှ မပတ်သက်ပေ။ အခြားမည်သူကမျှ သင်နှင့် ပူးပေါင်းဆောင်ရွက်ရန် မည်သည့် ဝတ္တရားမျှ မရှိပေ။ သင်သည် သင်ဖြစ်ပြီး၊ ၎င်းတို့သည် ၎င်းတို့ ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ သမ္မာတရား၏ စစ်မှန်မှုထဲသို့ မဝင်ရောက်ကြပါက၊ အဆုံးတွင်၊ ၎င်းတို့သည် စွန့်ပစ်ခံရမည့်သူများလိမ့်မည်။ သင် ဖြစ်လိမ့်မည်မဟုတ်သကဲ့သို့ သင်သည် ဆုံးရှုံးရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကျိုးနွံနာခံသောလူတို့သည် ဆုံးရှုံးရမည်လော။ ဆုံးရှုံးရမည်မဟုတ်ပေ။ ဤအရာကို သင် နားမလည်နိုင်ပါက၊ အလွန်ထုံလွန်းခြင်းသာ ဖြစ်သည်။
အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍မူ၊ ယင်းသည် မိတ်သဟာယ စကားအနည်းငယ်သာ ဖြစ်လင့်ကစား၊ သင်တို့သည် ရိုးသားစစ်မှန်စွာ ထိုစကားများကို လက်ခံပါက၊ သင်တို့၏ တကယ့် ဘဝတွင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ကြပြီး၊ သင်တို့၏ စစ်မှန်မှု ဖြစ်စေနိုင်ကြပါက၊ ငါသည် အချည်းနှီး စကားပြောခဲ့ခြင်း ဖြစ်လိမ့်မည် မဟုတ်။ ထို့ကြောင့်၊ ယင်းသည် စစ်မှန်မှု၏ မည်သည့် သွင်ပြလက္ခဏာဖြစ်စေ၊ စကားအနည်းငယ်သာ ဖြစ်သည့်အချိန်တွင်ပင်၊ သမ္မာတရားသည် သင်၏ စိတ်နှလုံးထဲသို့ ဝင်ရောက်ပြီး၊ ယင်းကို သမ္မာတရားအဖြစ် သင် လက်တွေ့လုပ်ဆောင်ပါက၊ ယင်းသည် သင့်အတွင်းတွင် အမြစ်တွယ်၊ ကြီးထွားရင့်သန်ကာ အသီးအပွင့် ဖြစ်ထွန်းလိမ့်မည်။ ယင်းသည် သင်၏ အသက်ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ ထိုအရာကို သင် အသက်ရှင်နေထိုင်နိုင်လိမ့်မည်ဖြစ်ကာ အကျိုးဖြစ်ထွန်းစေနိုင်လိမ့်မည်။ ဤသည်မှာ ကောင်းမွန်သော ရလဒ်တစ်ခု ဖြစ်သည်။ ငါသည် သင်တို့နှင့် နေ့စဉ် မိတ်သဟာယပြုရမည်ဆိုသော်လည်း၊ မည်မျှ ငါ ပြောဆိုသည်ဖြစ်စေ၊ ထိုအရာမှ မည်သည့်အရာကိုမျှ သင် မဖြစ်စေခဲ့ပါက၊ မည်သူကမျှ ထိုအရာကို ၎င်းတို့၏ စိတ်နှလုံးထဲသို့ ဝင်ရောက်ခွင့်မပေးပါက၊ ၎င်းတို့ လုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဆဲ၊ လက်လွတ်စပယ်နှင့် မဆင်မခြင် ပြုမူပါက၊ ငါ ပြောသည့်အရာကို နားမထောင်သကဲ့သို့၊ မိမိတို့ ကိုယ်ပိုင် အလိုဆန္ဒ၊ စိတ်ကူးများနှင့် အယူအဆများအတိုင်း အသက်ရှင်ကြဆဲဖြစ်ပါက၊ ငါသည် အချည်းနှီး စကားပြောနေခြင်း ဖြစ်မည်မဟုတ်ပါလော။ ဤအရာနှင့် ပတ်သက်၍ သင့်ကို ငါ စကားမည်မျှ ပြောသည်မှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ ယင်းတို့ကို သင် ကြိုးကြိုးစားစား နားထောင်၊ လက်ခံပြီး လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဖြစ်သည်။ သမ္မာတရားသည် အမှန်တကယ် အစစ်အမှန် လူ၏ အသက်ဖြစ်၏။ ယင်းသည် ပညာနှင့်အရည်အသွေး၏ အတက်အလက်တစ်ခု မဟုတ်သကဲ့သို့ အသိပညာမဟုတ်၊ ရိုးရာ အစဉ်အလာတစ်ခု မဟုတ်သကဲ့သို့ အကြောင်းပြချက်တစ်ခုလည်း မဟုတ်ပေ။ လူ၏ အသက်ဖြစ်သည်။ ယင်းသည် သင့်အား စာတန်၏ ချည်နှောင်မှုများမှ လွတ်မြောက်ခွင့်ပေးနိုင်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကင်းလွတ်ခွင့်ပေးနိုင်သည်၊ ခွန်အားနှင့် ကြီးမားသော အစွမ်းတန်ခိုးဖြင့် အသက်ရှင်ခွင့်ပေးနိုင်သည်၊ သာ၍ စိတ်လက်ချမ်းသာအောင် အသက်ရှင်ခွင့်ပေးပြီး၊ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ဖြင့် အသက်ရှင်ခွင့်ပေးနိုင်သည်။ သမ္မာတရားသည် လူ၏ အသက် အမှန်တကယ် ဖြစ်လာနိုင်သည်။ သင်သည် ငါ့ကို မယုံကြည်ပါက၊ ထိုအရာကို သွားတွေ့ကြုံကာ အတန်ငယ် လက်တွေ့လုပ်ဆောင်လော့။ ရလဒ်များ ရှိမရှိ ဆိုသည်ကို ကြည့်ပြီးနောက် သင် သိသွားလိမ့်မည်။ သင်သည် မကြာခဏ အားနည်းပြီး မတက်မကြွဖြစ်ပါက၊ ငါ ပြောနိုင်သမျှမှာ သင်သည် သမ္မာတရားကို မရရှိသေးဟူ၍ ဖြစ်သည်။ သမ္မာတရားကို သင် ရရှိခဲ့ပြီး ဖြစ်ပါက၊ ယခု သင်သည် အကူအညီမဲ့၊ အားနည်းပြီး၊ ချည့်နဲ့သော ဤအခြေအနေတွင် ရှိမည် မဟုတ်။ သင်သည် သိပ်မကြာခဏ မတက်မကြွ ဖြစ်မည်မဟုတ်သကဲ့သို့၊ မည်သည့်နေရာ သွားရမည်မသိဘဲလျက် လမ်းဆုံလမ်းခွတွင် မကြာခဏ ပိတ်မိမည်မဟုတ်ပေ။ ယင်းမှာ တစ်ရာရာခိုင်နှုန်း သေချာ၏။ သင်တို့ နားလည်ပါသလော။ (နားလည်ပါသည်။)
ယခု၊ ဘုရားသခင်ကို ယုံကြည်မှုနှင့်ဆိုင်သည့် မှန်ကန်သည့် လမ်းကြောင်းပေါ် အစပြုရန် ပြည့်မီရမည့် သတ်မှတ်ချက် ငါးခုနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းကို ငါတို့ ပြီးဆုံးပြီးဖြစ်သည်။ ထိုသတ်မှတ်ချက် ငါးခုမှာ အဘယ်နည်း။ (ပထမအနေဖြင့်၊ ရိုးသားသော စိတ်နှလုံး ပိုင်ဆိုင်ရမည်။ ဒုတိယအနေဖြင့်၊ သမ္မာတရားကို ချစ်သော စိတ်နှလုံး ရှိရမည်။ တတိယအနေဖြင့်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိရမည်။ စတ္တုထအနေဖြင့်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ရမည်။ ပဉ္စမအနေဖြင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးရှိရပါမည်။) ဤသတ်မှတ်ချက်ငါးခုကို သတိရလော့၊ ယင်းတို့အကြောင်းကို မိတ်သဟာယပြုပြီး၊ မည်သည့်အရာမျှ ဆက်လက်ဖြစ်မနေသည့်အချိန်တွင်၊ ယင်းတို့ကို ဆုတောင်းဖတ်ရွတ်လော့။ ဤအချိန်ကာလအတောအတွင်းတွင် မည်သည့် သမ္မာတရား စည်းမျဉ်းများကို သင် လက်တွေ့လုပ်ဆောင်ပြီးဖြစ်သည်၊ သင်၏ စကားများနှင့် လုပ်ရပ်များက ရိုးသားခြင်း ရှိမရှိ၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ရှိမရှိ၊ သင်၏ တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ သင်သည် ရိုးသားသည့် စိတ်နှလုံး ရှိမရှိ၊ သင်သည် ဝတ်ကျေတမ်းကျေဖြစ်သည့် အခြေအနေတစ်ခု ရှိမရှိ၊ တာဝန်ကို ခိုကပ်သည့်၊ ခေါင်းရှောင်သည့် အတွေးများ သို့မဟုတ် လှည့်ဖြားတတ်ခြင်း ရှိမရှိဆိုသည်နှင့် သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များအားလုံးကို ရှာဖွေပြီး ကျိုးနွံနာခံတတ်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။ ဤအရာနှင့် ပတ်သက်၍ အခါအားလျော်စွာ သင် သုံးသပ်ရမည်။ ရလဒ်များ ရရှိခြင်းအားဖြင့်သာ သင်၏ ဘဝ တိုးတက်လိမ့်မည်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်