မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် စစ်မှန်‌သော ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်

ယခု သင်တို့အားလုံးသည် သင်တို့တာဝန်ကို အတော် ထကြွလှုပ်ရှားတက်ကြွစွာ လုပ်ဆောင်နေကြပြီး ဆင်းရဲဒုက္ခအနည်းငယ်ကို သင်တို့ ကိုင်တွယ်နိုင်ကြသည်။ ထို့ကြောင့် အသက်ဝင်ရောက်မှုနှင့် ပတ်သက်လာသည့်အခါ သင်တို့သည် ရှေ့ဆက်လမ်းကြောင်းတစ်ခု ရှိကြသလော။ အသစ်သော ဉာဏ်အလင်းပေးခြင်းကို သင်တို့ ရရှိကြသလော၊ သို့မဟုတ် အသစ်သော အလင်းကို သင်တို့ မြင်ကြသလော။ မိမိတာဝန်ကို လုပ်ဆောင်ခြင်းသည် အလွန်အရေးပါသကဲ့သို့ပင် အသက်ဝင်ရောက်မှုသည်လည်း ဘုရားသခင်ကို ယုံကြည်သူများအတွက် အလွန်အရေးပါသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ သို့ရာတွင် သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်ရန်၊ လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခု မီရန်၊ သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ လုပ်ဆောင်ရန်၊ ဤအရာများကို စွမ်းဆောင်ရရှိမည့် နည်းလမ်းမှာ အဘယ်နည်း။ (သမ္မာတရားကို လိုက်စားခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ သင်သည် သမ္မာတရားကို လိုက်စားရမည်ဖြစ်သည်။ သမ္မာတရားကို လိုက်စားရန် နည်းလမ်းမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များကို သင် သာ၍ ဖတ်ရှုရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာလျှင် သမ္မာတရားဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ သမ္မာတရားကို ရရှိရန် ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ သာ၍ တွေ့ကြုံရမည်ဖြစ်ပြီး ထို့နောက်တွင်မှ သမ္မာတရားကို သင်နားလည်နိုင်သည်။ ထို့ကြောင့် သမ္မာတရားကို နားလည်ရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များအတွက် အားထုတ်မှုများ သင် ပြုရမည် မဟုတ်လော။ လူအချို့က “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ခဲ့သည့် ဤနှစ်ကာလများတွင် ဘုရားနှုတ်ကပတ်တော်များကို အနည်းအကျဉ်းထက်ပို၍ ကျွန်ုပ် ဖတ်ရှုခဲ့ပြီး သမ္မာတရားအချို့ကို နားလည်ခဲ့သော်လည်း ကျွန်ုပ်ထံ တစ်မူထူးခြားသော အရာများ ဖြစ်ပျက်သည့်အခါ လမ်းကြောင်းကို ရှာမတွေ့နိုင်သကဲ့သို့ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ။ ကျွန်ုပ် နားလည်သည့် အရာများကို ကျွန်ုပ် အဘယ်သို့ အသုံးပြုကာ မပြောဆိုနိုင်ရသနည်း။ ဤအချိန်တွင် ကျွန်ုပ် သိသမျှမှာ အယူဝါဒစကားများဖြစ်ကြောင်းကို သဘောပေါက်သွားပြီး အမှုအရာများ ကျွန်ုပ်ထံ ဖြစ်ပျက်သည့်အခါ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ။ ကျွန်ုပ်သည် အလွန်ညံ့ဖျင်းပြီး သနားဖွယ်ဖြစ်ပါသည်”ဟု ပြောဆိုကြသည်။ လူအချို့သည် မိတ်သဟာယပြုချိန်တွင် ထုံးစံအတိုင်း မစဲသော စကားလုံးများ တရစပ်ပြောပြီး မှတ်ဉာဏ်မှ ဘုရားနှုတ်ကပတ်တော်များ အချို့ကိုပင် အာဂုံဆောင်ပြနိုင်ကြသည်။ ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားလည်သည်၊ ဝိညာဉ်ရေးရာ ပြည့်ဝပြီး သမ္မာတရား၏ စစ်မှန်မှုအချို့ ရှိသည်ဟု တွေးထင်ကြသည်။ သို့ရာတွင် တစ်နေ့ မိမိတို့ ဆန္ဒများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ ဘုရားသခင်အကြောင်း အယူအဆများ စရှိလာကြလိမ့်မည်။ တစ်ခါတစ်ရံ ၎င်းတို့က သူ့ကို အပြစ်ပင် တင်ကောင်းတင်ကြမည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပွင့်အံထွက်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ မည်သို့ ဆုတောင်းသည်ဖြစ်စေ၊ မိမိတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ကြလိမ့်မည် မဟုတ်။ အခြားသူများက ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်း မိတ်သဟာယပြုကြသည့်အခါ ၎င်းတို့က “ဤအယူဝါဒကို သင့်ထက် ကျွန်ုပ် သာ၍ကောင်းစွာ သိသည်။ သမ္မာတရား သိနားလည်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင့်ထက် ကျွန်ုပ် သာ၍ နားလည်သည်။ အယူဝါဒကို ဟောပြောခြင်းနှင့် ပတ်သက်လာသည့်အခါ မည်သို့ ပြောဆိုရမည်ကို သင့်ထက် ကျွန်ုပ် သာ၍ ကောင်းစွာ သိသည်။ တရားဒေသနာများကို နားထောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင့်ထက် ကျွန်ုပ် သာ၍ နားထောင်ပြီးဖြစ်သည်။ အားထုတ်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင့်ထက် ကျွန်ုပ် သာ၍ အားထုတ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင့်ထက် ကျွန်ုပ် သာ၍ ကြာရှည်စွာ ယုံကြည်ပြီးဖြစ်သည်။ ကျွန်ုပ်ကို သွန်သင်ရန် မကြိုးစားနှင့်။ အရာရာကို ကျွန်ုပ် နားလည်သည်”ဟု ဆိုကြသည်။ အရာရာကို ၎င်းတို့ နားလည်သည် ထင်ကြသော်လည်း ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများ လွှမ်းမိုးလာပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်း ခံရသည့်အခါ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိကြချေ။ ၎င်းတို့ ပုံမှန် ရေရွတ်သည့် ဝိညာဉ်ရေးရာ အယူဝါဒများသည် ၎င်းတို့၏ အခက်အခဲများကို မဖြေရှင်းပေးနိုင်ကြပေ။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အမှန်တကယ် ကြီးမားသလော၊ သို့မဟုတ် သေးငယ်သလော။ သမ္မာတရားကို နားလည်သည်ဟု ၎င်းတို့ တွေးထင်သောကြောင့် ၎င်းတို့၏ လက်ရှိ အခက်အခဲများကို အဘယ်ကြောင့် ၎င်းတို့ မဖြေရှင်းနိုင်ကြသနည်း။ ဤတွင် မည်သည့်အရာ ဖြစ်နေပါသည်။ သင်တို့သည် ဤပြဿနာမျိုးများကို မကြာခဏ ကြုံဆုံရသည် မဟုတ်လော။ ဤသည်မှာ အသက်ဝင်ရောက်မှုနှင့် ပတ်သက်လာသည့်အခါ ယုံကြည်သူများ ကြုံဆုံနေကျဖြစ်သော အခက်အခဲတစ်ခု ဖြစ်ပြီး လူ၏ အကြီးမားဆုံးသော အခက်အခဲဖြစ်သည်။ သင့်ထံ တစ်စုံတစ်ရာ မဖြစ်ပျက်မီ ဘုရားသခင်ကို အတန်ကြာ သင် ယုံကြည်နှင့်ပြီးဖြစ်ကြောင်း၊ သင်သည် ဝိညာဉ်ရင့်ကျက်မှုနှင့် အခြေခံအုတ်မြစ် တစ်ခုခု ရှိကြောင်း၊ အခြားလူများထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ ထိုအရာများကို သင် အနည်းငယ် ရိပ်စားမိနိုင်ကြောင်း သင်တွေးကောင်းတွေးထင်မည်ဖြစ်သည်။ သင်သည် မိမိတာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ ဆင်းရဲဒုက္ခကို အတော်ပင်ခံနိုင်ကြောင်း၊ ကြီးမားသည့် အဖိုးအခပေးနိုင်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ မကျန်းမာခြင်း၊ အပြစ်အနာအဆာများနှင့် ချို့တဲ့မှုများကဲ့သို့သော သင်၏ ကိုယ်ပိုင် အခက်အခဲများကို အောင်မြင်ကျော်လွှားနိုင်ကြောင်းကိုလည်း တွေးထင်ကောင်း တွေးထင်မည်ဖြစ်သည်။ သို့သော် ဖြေရှင်းရန် အခက်ခဲဆုံးသော ကိစ္စရပ်မှာ လူတို့ထံမှ မကြာခဏ ပွင့်ထွက်လာတတ်သည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့်ဆိုင်သည့် ကိစ္စ ဖြစ်သည်။ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား”ဆိုသည်မှာ လူတို့ ရင်းနှီးနေသည့် ဝေါဟာရဖြစ်သော်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အတိအကျ မည်သည့်အရာဖြစ်သည်၊ မည်သည့် ပွင့်အံထွက်မှုများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြစ်စေပြီး မည်သည့် အတွေးများနှင့် လုပ်ရပ်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရလဒ်များဖြစ်သည်ဆိုသည်ကိုမူ လူတိုင်း မရှင်းကြချေ။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် မည်သည့် လုပ်ရပ်များက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပွင့်အံထွက်မှုများ ဖြစ်သည်ဆိုသည်ကို လူတို့ နားမလည်ကြလျှင်၊ သို့မဟုတ် သဘောမပေါက်ကြလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအတိုင်း ၎င်းတို့ အသက်ရှင်လျှင်ပင် အပြစ်မလုပ်သရွေ့ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည်ဟု တစ်စုံတစ်ဦးက ထင်ကောင်းထင်မည် မဟုတ်လော။ ထိုသို့သော အခြေအနေတစ်ခု သင်တို့ ရှိကြသလော။ (ရှိပါသည်။) သင်တို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာ ဖြစ်သည်ကို လုံးဝ နားမလည်၊ သို့မဟုတ် သဘောမပေါက်ပါက သင်သည် မိမိကိုယ်ကို သိရှိနိုင်သလော။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော သဘာဝကို သဘောပေါက်နိုင်သလော။ သေချာပေါက် သဘောမပေါက်နိုင်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို သင် မသိပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မည်သို့ ပြုမူရမည်၊ မည်သည့် လုပ်ရပ်များက မှန်ကန်ပြီး မည်သည်တို့က မှားယွင်းသည်ဆိုသည်တို့ကို သင် သိနိုင်သလော။ သေချာပေါက် မသိနိုင်ပေ။ ထို့ကြောင့် မိမိတို့ကိုယ်ကို မသိရှိသောလူတို့သည် အသက်ဝင်ရောက်မှု ရှိကြလိမ့်မည် မဟုတ်ပေ။

အသက်ဝင်ရောက်မှု လမ်းကြောင်းတွင် အခြေအနေများစွာ ပါဝင်သည်။ ဤ “အခြေအနေ”ဟူသည့် စကားလုံးကို သင်တို့အားလုံး သိကြသည်မှာ သေချာသလောက်ဖြစ်သော်လည်း ထိုစကားလုံးသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ သင်တို့ မည်သို့ နားလည်ကြသနည်း။ (အခြေအနေတစ်ခုသည် အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ လူတစ်ဦးထံမှ ပွင့်အံထွက်လာသည့် ရှုထောင့်အမြင်များနှင့် အတွေးများ ဖြစ်ပါသည်။ ထိုအရာက ၎င်းတို့၏ စကား၊ အပြုအမူနှင့် ရွေးချယ်မှုများကို လွှမ်းမိုးကာ ထိန်းချုပ်နိုင်ပါသည်။ ဤအရာအားလုံးသည် အခြေအနေတစ်ခု ဖြစ်သည်။) နီးစပ်သည်။ အခြားမည်သူက တစ်စုံတစ်ရာကို ပြောချင်သေးသနည်း။ (အခြေအနေတစ်ခုဆိုသည်မှာ သီးခြား အချိန်ကာလတစ်ခုတွင်၊ သို့မဟုတ် သီးခြား ကိစ္စရပ်တစ်ခုတွင် လူတစ်ဦးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးမျိုး၏ စိုးမိုးခြင်းခံရသောကြောင့် အပျက်သဘောဆောင်ပြီး အတော်လေး မူမမှန်သည့် အခြေအနေတစ်ခုတွင် အသက်ရှင်နေသည်ဟု ဆိုလိုပါသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရသည့်အခါ၊ သို့မဟုတ် အချို့သော အခက်အခဲများကို ရင်ဆိုင်ရသည့်အခါတွင် ဖြစ်ပါသည်။) (လတ်တလောတွင် ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ အချို့သော ရလဒ်များရှိခဲ့ချိန်တွင် မိမိကိုယ်ကို ကျေနပ်သလိုမျိုး၊ မိမိဘာသာအားရသည့် အခြေအနေတစ်ခုတွင် ရှိခဲ့သည်။ ကျွန်ုပ် ပြောင်းလဲခဲ့ပြီး သမ္မာတရား၏ စစ်မှန်မှု ရှိကာ သေချာပေါက် ဘုရားသခင်၏ ချီးမွမ်းခြင်း ခံရမည်ဖြစ်သည်ဟု ကျွန်ုပ် တွေးခဲ့သည်။ အမှန်တွင် ဘုရားသခင်၏ သတ်မှတ်ချက်များအရ ကျွန်ုပ်သည် အလှမ်းဝေးနေပါသေးသည်။ ယခုမှသာ ဤသည်မှာ မာနထောင်လွှား၊ စိတ်ကြီးဝင်သော အခြေအနေတစ်မျိုး ဖြစ်သည်ကို ကျွန်ုပ် နားလည်သွားပါသည်။) သင်တို့ ဆွေးနွေးပြီးသော အခြေအနေများအားလုံးသည် အပျက်သဘောဆောင်သည်။ ထို့ကြောင့် မှန်ကန်သည့်၊ အပြုသဘောဆောင်သော အခြေအနေများ ရှိသလော။(ရှိပါသည်။ ဥပမာအားဖြင့် ကျွန်ုပ် အစွမ်းရှိသမျှဖြင့် ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်စေလိုသည့်အခါ ကျွန်ုပ်၏ ဇာတိပကတိကို ကျွန်ုပ် စွန့်လွှတ်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ထိုအခြေအနေမျိုးသည် အပြုသဘောဆောင်ပါသည်။) ယခုထက်ထိ အခြေအနေက မည်သည့်အရာ ဖြစ်သည်ကို အမှန်တကယ် အဓိပ္ပာယ်ဖွင့်ခြင်းမရှိဘဲ အချို့သော အခြေအနေများကိုသာ သင်တို့ ဖော်ပြပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် သင်တို့အားလုံး ပြောပြီးသည့် အရာအားလုံးကို အခြေခံ၍ အခြေအနေတစ်ခုက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ငါတို့ အကျဉ်းချုပ်ကြစို့။ “အခြေအနေ”သည် မည်သည့်အရာကို အမှန်တကယ် ရည်ညွှန်းပါသနည်း။ ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ လူတို့ရှိကြသည့် ရှုထောင့်အမြင်မျိုး၊ သို့မဟုတ် အခြေအနေမျိုးအပြင်၊ ဤအခြေအနေက ဖြစ်စေသည့် အတွေးများ၊ စိတ်အနေအထားများနှင့် ရှုထောင့်တို့ ဖြစ်သည်။ ဥပမာအားဖြင့် သင်၏ တာဝန်ကို သင် လုပ်ဆောင်စဉ်တွင် သင်သည် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရသည့်အခါ စိတ်မချမ်းမသာဖြစ်ကာ အပျက်သဘောဆောင်သော အခြေအနေတစ်ခုတွင် ရှိလိမ့်မည်။ ဤအချိန်တွင် သင့်ထံမှ ပွင့်အံထွက်လာသည့် ရှုထောင့်အမြင်များနှင့် သဘောထားများအပြင် သင်၏ ရှုထောင့်များက မည်သည့်အရာဖြစ်သည်ဆိုသည်တို့မှာ သင့်အခြေအနေ၏ ဆီလျော်သော အသေးစိတ် အချက်အလက်အချို့ ဖြစ်သည်။ ဤအရာက သင်တို့ ပုံမှန် တွေ့ကြုံသည့် အရာများအပေါ် ခြုံငုံမိသလော။ (ခြုံငုံမိပါသည်။) ဤသည်မှာ လူတို့၏ ဘဝများနှင့် ဆက်နွှယ်ပေသည်။ လူတိုင်း နားလည်ခံစားနိုင်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ နေ့တိုင်း ၎င်းတို့၏ နေ့စဉ်ဘဝများတွင် ၎င်းတို့ ခံစား၊ တွေ့ကြုံကာ၊ ထိတွေ့ဆက်ဆံလာနိုင်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ ထို့ကြောင့် သင်တို့ မည်သည့်အရာကို တွေးထင်ပါသနည်း။ အပျက်သဘောဆောင်သည့် အခြေအနေတစ်ခုတွင် ရှိသည့်အခါ လူတစ်ဦးထံမှ မည်သည့်အရာ ပွင့်အံထွက်ပါသနည်း။ (အထင်လွဲခြင်း၊ ရှောင်လွဲမှု၊ မိမိကိုယ်ကို အကဲဖြတ်သတ်မှတ်ခြင်းနှင့် ဆုတ်ဆိုင်းမှု တစ်ခုတလေနောက်တွင် လုံးဝ လက်လျှော့လိုက်ခြင်းတို့ ဖြစ်ပါသည်။ ဆိုးရွားသည့်အခါ တစ်စုံတစ်ဦးသည် မိမိတို့၏ တာဝန်များကိုပင် လုံးဝ ခေါင်းရှောင်သွားနိုင်သည်။) ဆိုးရွားသည့်အခါတွင် မိမိတို့တာဝန်များကို ၎င်းတို့ ရှောင်ကြသည်၊ ယင်းမှာ သဘောထားတစ်ခုလော၊ သို့မဟုတ် ရှုထောင့်တစ်ခုလော။ သို့မဟုတ် အခြားတစ်စုံတစ်ရာ ဖြစ်သလော။ (အခြေအနေနှင့် စိတ်အနေအထားတစ်မျိုး ဖြစ်ပါသည်။) ယင်းသည် အခြေအနေနှင့် စိတ်အနေအထား ပို၍ ဖြစ်ပေသည်။ ဤအချိန်တွင် မိမိတို့တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ လူတစ်ဦး၏ သဘောထားသည် မည်သည့်အရာ ဖြစ်သနည်း။ (၎င်းတို့သည် အပျက်သဘောဆောင်ပြီး ခိုကတ်ကြသည်။ စိတ်လှုံ့ဆော်မှုမရှိသကဲ့သို့ ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြကြပါသည်။) ဤအရာက အရေးကိစ္စများ၏ စစ်မှန်သည့် အခြေအနေ ပါဝင်လေသည်။ “၎င်းတို့တွင် စိတ်လှုံ့ဆော်မှုမရှိ”ဟု ဆိုခြင်းသည် အဓိပ္ပာယ်မဲ့သော စကားရပ်တစ်ခု ဖြစ်သည်။ အရေးကိစ္စများ၏ စစ်မှန်သည့် အခြေအနေကို သင် ပြောဆိုရမည်။ လူတို့သည် စိတ်လှုံ့ဆော်မှုမရှိဘဲနှင့် မိမိတို့တာဝန်ကို လုပ်ဆောင်ကြသည့်အခါ မိမိတို့ စိတ်နှလုံးတွင် မည်သည့်အရာကို ၎င်းတို့ တွေးနေကြသနည်း။ ဤအချိန်တွင် ပွင့်အံထွက်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မည်သည့်အရာ ဖြစ်သနည်း။ (၎င်းတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်သည့်အခါတွင် ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြသည်။ ဝတ်ကျေတမ်းကျေ ပြုမူကြပါသည်။) ဤသည်မှာ စိတ်သဘောထားတစ်ခု မဟုတ်ဘဲ သင်ပြုမူဆောင်ရွက်ပြီးနောက်တွင် သင့်ကို ရည်ညွှန်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဖြစ်သည်။ ယင်းသည် ပြုမူဆောင်ရွက်ပုံတစ်ခု ဖြစ်သည်။ သို့ရာတွင် သင့်အား ဟန်ဆောင်လုပ်ပြရုံလုပ်ပြစေသည့် အရာနှင့် ပတ်သက်၍မူ သာ၍ နက်ရှိုင်းစွာ ဖော်ထုတ်ရန် သင် လိုအပ်သလော။ လုံလောက်အောင် နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ခြင်းအားဖြင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ဖော်ထုတ်မိလိမ့်မည်။ ဟန်ဆောင်လုပ်ပြခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ပွင့်အံထွက်မှုတစ်ခု ဖြစ်သည်။ သင့်စိတ်နှလုံးတွင် သင် တွေးသည့်နည်းလမ်းက သင်၏ တာဝန်ကို သင်လုပ်ဆောင်သည့်အခါတွင် ဟန်ဆောင်လုပ်ပြခြင်းအဖြစ်သို့ ရောက်စေနိုင်ပြီး ယခင်ထက် သင် လှုပ်ရှားတက်ကြွမှု လျော့နည်းသည့်အဖြစ်သို့ ဆိုက်ရောက်စေနိုင်သည်။ သင်၏ ထိုအတွေးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ပြီး ထိုအတွေးသို့ ဆိုက်ရောက်စေသည့်အရာသည် သင်၏ သဘာဝ ဖြစ်သည်။ လူအချို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်သည့်အခါတွင် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ကြုံရပြီး ၎င်းတို့က “ကျွန်ုပ်၏ နည်းကျဉ်းသော စွမ်းရည်များဖြင့် ကျွန်ုပ် အမှန်တကယ် မည်မျှ လုပ်ဆောင်နိုင်သနည်း။ ကျွန်ုပ် များစွာ နားမလည်ပါ။ ထို့ကြောင့် ဤအလုပ်ကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်လိုပါက လုပ်ဆောင်နေရင်း ကျွန်ုပ် သင်ယူရမည် မဟုတ်ပါလား။ ယင်းမှာ ကျွန်ုပ်အတွက် လွယ်ကူလိမ့်မည်လား။ ဘုရားသခင်သည် လူတို့ကို တကယ် နားမလည်ပါ။ ဤသည်မှာ ဘဲကို ကြက်တို့နားနေရာသို့ မောင်းခြင်းနှင့် တူသည် မဟုတ်ပါလား။ ကျွန်ုပ်ထက် သာ၍ နားလည်သည့် တစ်စုံတစ်ဦးကို လုပ်ခွင့်ပေးလိုက်ပါ။ ကျွန်ုပ်သည် ဤသို့သာ လုပ်ဆောင်နိုင်သည်။ ဤအရာထက် ကျွန်ုပ် မည်သို့မျှ သာ၍ မလုပ်နိုင်တော့ပါ”ဟု ပြောကြသည်။ လူတို့သည် ထိုသို့သော အရာများကို ပုံမှန်အားဖြင့် ပြောဆိုကာ တွေးတောကြသည်၊ ဟုတ်ပါသလော။ (မှန်ပါသည်။) လူတိုင်းက ထိုအရာကို ဝန်ခံနိုင်သည်။ မည်သူမျှ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်သကဲ့သို့ မည်သူမျှသည် ကောင်းကင်တမန် မဟုတ်ပါ။ လူတို့သည် လေဟာနယ်တွင် အသက်မရှင်ပေ။ လူတိုင်းသည် ဤအတွေးများနှင့် ဖောက်ပြန်ပျက်စီးသော ပွင့်အံထွက်မှုများ ရှိကြသည်။ လူတိုင်းသည် ဤပွင့်အံထွက်မှုများ ရှိနိုင်စွမ်းရှိကြပြီး ဤအခြေအနေများတွင် မကြာခဏ အသက်ရှင်နိုင်စွမ်းရှိကြကာ ယင်းမှာ ၎င်းတို့ကိုယ်ပိုင် ဆန္ဒမှ မဟုတ်ပေ။ ၎င်းတို့သည် ဤသို့ မတွေးဘဲ မနေနိုင်ကြပေ။ ၎င်းတို့ထံ မည်သည့်အရာမျှ မဖြစ်မီတွင် လူတို့သည် အတော်အတန် ပုံမှန်ဖြစ်သော အခြေအနေတစ်ခု ရှိကြသော်လည်း ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ အမှုအရာများက ကွဲပြားသွားသည်။ အပျက်သဘောဆောင်သော အခြေအနေတစ်ခုသည် အတားအဆီး၊ သို့မဟုတ် ကန့်သတ်ချက်မရှိဘဲ၊ ပြီးလျှင် အခြားသူတို့၏ တိုက်တွန်းမှု၊ သို့မဟုတ် လှုံ့ဆော်မှုမရှိဘဲ ၎င်းတို့ထံမှ အလိုအလျောက် အလွန်ပင် လွယ်လင့်တကူ ပွင့်အံထွက်လာကြသည်။ ၎င်းတို့ ကြုံရသည့်အရာများသည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒနှင့် မကိုက်ညီသရွေ့ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တစ်ချိန်လုံးဆိုသလို ၎င်းတို့ရှိ နေရာမှန်သမျှမှ ပွင့်အံထွက်လေသည်။ ထိုအရာများသည် အဘယ်ကြောင့် တစ်ချိန်လုံးဆိုသလို နေရာမှန်သမျှမှ ပွင့်အံထွက်လာနိုင်ရသနည်း။ လူတို့သည် ၎င်းတို့အထဲတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးနှင့် ဖောက်ပြန်ပျက်စီးသော သဘာဝမျိုး ရှိကြသည်ဟု ဤအရာက သက်သေပြပေသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့ကို အခြားသူများက သွန်သင်ထားခြင်း၊ လှုံ့ဆော်ထားခြင်း၊ သို့မဟုတ် အားပေးထားခြင်း ဖြစ်ဖို့မဆိုထားနှင့်၊ ၎င်းတို့အပေါ် အခြားသူများက အတင်းထိုးပေးထားခြင်းမဟုတ်သကဲ့သို့ အခြားသူများက သွတ်သွင်းထားခြင်းလည်း မဟုတ်ပေ။ ထို့ထက် လူတို့ကိုယ်တိုင်က ထိုအရာများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ လူတို့သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက မှန်ကန်သည့်၊ အပြုသဘောဆောင်သော အခြေအနေများတွင် ၎င်းတို့ အသက်မရှင်နိုင်ကြပေ။ အဘယ်ကြောင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မကြာခဏ ပွင့်အံထွက်ပါသနည်း။ အမှန်တွင် ဤအခြေအနေများ မှားယွင်းပြီး မူမမှန်ကြောင်း၊ ထိုအရာများ ပြောင်းလဲရန် လိုအပ်ကြောင်း သင်တို့အားလုံး သိလာနှင့်ကြပြီး ဖြစ်သည်။ ယခုထက်ထိတိုင် သင်တို့သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မစွန့်ပယ်ကြသေး၊ သို့မဟုတ် ဤမမှန်သည့် အတွေးများနှင့် ရှုထောင့်အမြင်များကို မစွန့်ကြသေးသကဲ့သို့ သင်တို့၏ အခြေအနေများသည် သိသာသည့် မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့သေးပေ။ ဆယ်နှစ်၊ သို့မဟုတ် အနှစ်နှစ်ဆယ်ပြီးနောက်တွင် သင်သည် မည်သည့် ပြောင်းလဲမှုမျှ လုံးဝ မရှိခဲ့သေးသကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည့်အခါ သိသာသော လျော့ပါးမှု တစ်ခုတလေမျှမရှိဘဲ ယခင်ကဲ့သို့ အလားတူအခြေအနေတွင် သင် ရှိနေသည်။ ထို့ကြောင့် ပြဿနာမှာ အဘယ်နည်း။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ဤနှစ်များတစ်လျှောက်လုံးနောက်တွင် သင်တို့ အများစုသည် မည်သည့် ကြီးထွားမှုမျှ မရှိခဲ့ကြသေးချေ။ အယူဝါဒအချို့ကို သင်တို့ နားလည်ရုံမျှနားလည်ကြသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြသကဲ့သို့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် မပေးနိုင်ကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤနှစ်များတစ်လျှောက်လုံးတွင် သင်တို့သည် သမ္မာတရားကို မလိုက်စားခဲ့ကြသကဲ့သို့ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သိသိသာသာ ပြောင်းလဲခြင်း မရှိသေးသောကြောင့်ဖြစ်၏။ ဤအရာက သင့်ဘဝ အတွေ့အကြုံသည် အလွန် ပေါ့တန်လွန်းပြီး နက်နဲမှုမရှိသည်ကို သက်သေပြပေသည်။ သင်၏ လက်ရှိ အခြေအနေသည် အလွန် သေးငယ်ပြီး သင်သည် မည်သည့် သမ္မာတရား စစ်မှန်မှုကိုမျှ မပိုင်ဆိုင်ဟု ကျိန်းသေ ပြော၍ရပေသည်။ ငါ ပြောပြီးသည့်အရာကို သင်တို့ လက်ခံနိုင်ကြသလော။ လက်တွေ့ကျသည့် အတွေ့အကြုံ အနည်းငယ်ရှိသောသူတို့သည် ငါ၏ စကားများကို နားလည်နိုင်လောက်သော်လည်း သမ္မာတရားကို နားမလည်သကဲ့သို့ အသက်ဝင်ရောက်မှုက မည်သည့်အရာ ဖြစ်သည်ကို မသိသေးသည့်သူတို့သည် ဤစကားများ၏ အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်မည်မဟုတ်။ အခြေအနေဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်တို့အား အဘယ်ကြောင့် ယခုတင် ငါ မေးရသနည်း။ အခြေအနေတစ်ခုက မည်သည့်အရာဖြစ်သည်ကို သင်တို့ နားမလည်ပါက ငါပြောနေသည့်အရာကို သင်တို့ လုံးဝ နားလည်လိမ့်မည် မဟုတ်။ မှန်ကန်သည့်အလား သဘောထားလျက် စကားများကို နားထောင်ရုံမျှ နားထောင်ကြလိမ့်မည်။ သင်တို့သည် ဤရှုထောင့်အမြင်ရှိပါက သင်တို့တွင် အတွေ့အကြုံမရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို နားမလည်ကြောင်း သက်သေပြပေသည်။ လူတို့သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်လိုပါက၊ စစ်မှန်သည့် အသက်ဝင်ရောက်မှု ရှိလိုပါက ၎င်းတို့သည် အခြေအနေအနည်းအကျဉ်းကို နားလည်ရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို နားလည်ကာ သဘောပေါက်ရမည်ဖြစ်ပြီး ၎င်းတို့၏ တကယ့် ဘဝများတွင် မည်သည့် အခြေအနေမျိုး၌ ၎င်းတို့ ရှိကြသည်။ ထိုအခြေအနေက မှန်သည်၊ မှားသည်၊ မှားယွင်းသည့် အခြေအနေတွင် လူတို့ ရှိကြသည့်အခါ မည်သည့် ဖောက်ပြန်ပျက်စီးမှုမျိုး ၎င်းတို့ထံမှ ပွင့်ထွက်လာသည်ဆိုသည်နှင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို သိရမည်။ ဤအရာအားလုံးကို ၎င်းတို့ နားလည်သဘောပေါက်ရမည်။ ဤအရာများကို သင်တို့ နားမလည်၊ သဘောမပေါက်ပါက တစ်ချက်မှာ သင်သည် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် သိမြင်မှုအတွက် မည်သည့်နေရာမှ အစပြုရမည်၊ မိမိကိုယ်ကို ပြောင်းလဲခွင့်ပေးရမည်ဆိုသည်တို့ကို မသိပေ။ နောက်တစ်ချက်မှာ ဘုရားနှုတ်ကပတ်တော်များအား စားသောက်ရန်၊ သို့မဟုတ် သမ္မာတရားထဲသို့ ဝင်ရောက်ရန် မည်သည့်နေရာမှ အစပြုရမည်ကို သင် မသိပေ။ အောက်ပါ အခြေအနေကို သင်တို့ မကြခဏ ကြုံဆုံမိသလော။ တစ်စုံတစ်ရာနှင့် ပတ်သက်၍ ငါစကားပြောသည်ကို နားထောင်ပြီးနောက်တွင် ထိုအကြောင်းကိုသာ သင်တို့ သိကြသော်လည်း ထိုအရာက မည်သည့်အခြေအနေကို ရည်ညွှန်းကြောင်း မသိကြသကဲ့သို့ မိမိကိုယ်ကိုအတွက် ထိုအရာကို အသုံးမပြုနိုင်ကြပေ။ (ဟုတ်ပါသည်။) ဤအရာက သင်တို့၏ အတွေ့အကြုံသည် ထိုအဆင့်သို့ မရောက်သေးကြောင်း ပြပေသည်။ ငါပြောဆိုသည့်အရာသည် သင်တို့နှင့် ပတ်သက်ပြီး သင်တို့ ဘဝနှင့် နီးကပ်စွာ ဆက်နွှယ်ပါက ဥပမာအားဖြင့် လူတို့က မိမိတို့တာဝန်များကို လုပ်ဆောင်သည့်အခါတွင် နေ့စဉ် ကြုံတွေ့လာရသည့် အမှုအရာများ၊ သို့မဟုတ် လူတို့သည် မိမိတို့ တာန်များကို လုပ်ဆောင်သည့်အခါတွင် ၎င်းတို့ထံမှ ပွင့်ထွက်လာသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သို့မဟုတ် လူတို့၏ ကြံရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့၏ ဟန်ဆောင်လုပ်ပြရုံ လုပ်ပြခြင်းများ၊ သို့မဟုတ် မိမိတို့တာဝန်များကို လုပ်ဆောင်သည့်အခါတွင် ၎င်းတို့၏ သဘောထားများအကြောင်းကို ပြောဆိုခြင်းဖြစ်သည်။ သင်တို့ နားထောင်သည်နှင့် ထိုအရာကို မိမိတို့အတွက် အသုံးပြုနိုင်ပေမည်။ ထိုအရာအကြောင်းကို သာ၍ နက်ရှိုင်းစွာ ငါပြောဆိုလျှင် သင်တို့သည် မိမိတို့အတွက် အသုံးမပြုနိုင်မည့် အရာများရှိပေသည်။ ဤအရာသည် တစ်ခါတစ်ရံ ဖြစ်သလော။ (ဖြစ်ပါသည်။) သင်တို့သည် မိမိတို့အတွက် မကျင့်သုံးနိုင်သည့် အရာများအတွက်မူ ထိုအရာများကို သတိထားမိရုံလေးမျှသာ ရှိလျက် အယူဝါဒအား နားထောင်သကဲ့သို့ နားထောင်ကြသလော။ သို့ဆိုလျှင် မိမိတို့အတွက် ကျင့်သုံးနိုင်သည့် အရာများကို သင်တို့ မည်သို့ နားလည်သင့်ကြသနည်း။ (မိမိတို့ကိုယ်ကို သုံးသပ်ဆင်ခြင်ကာ သိလာပြီး ကျွန်ုပ်တို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေပါ။) ဤသည်မှာ မှန်ကန်သည့် တွေ့ကြုံနည်း ဖြစ်သည်။

သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် သုံးသပ်ခြင်းနှင့် ထိုအရာကို သိရှိခြင်းက အရေးကြီးသည်ဟု ပြောဆိုခြင်းသည် ကျယ်ပြန်သည့် စကားဖြစ်သည်။ သင်သည် အဘယ်သို့ မိမိကိုယ်ကို အမှန်တကယ် သုံးသပ်ပြီး သိရှိသင့်သနည်း။ ဤတွင် လမ်းကြောင်းတစ်ခုရှိ၏။ သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင်၏ ရှုထောင့်အမြင်နှင့် သဘောထား၊ သင်၌ရှိသည့် အတွေးများနှင့် မည်သည့် ရှုထောင့်မှ ပြဿနာကို သင် ကြည့်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး သဘောထားသည်ဆိုသည်တို့ကို ကြည့်သင့်သည်။ ဤအဆင့်များမှတစ်ဆင့် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သုံးသပ်ပြီး သိရှိလာနိုင်ပေသည်။ ဤသုံးသပ်မှုနှင့် မိမိကိုယ်ကို သိသည့်အသိမျိုး၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အခြေအနေကို သာ၍ ကောင်းစွာ နားလည်ရန်နှင့် ထို့နောက်တွင် သင်၏ ပြဿနာများကို ဖြေရှင်းပြီး စိတ်သဘောထားပြောင်းလဲမှုတစ်ခုကို စွမ်းဆောင်ရရှိဖို့ သမ္မာတရားကို ရှာဖွေရန် ဖြစ်သည်။ ထို့ကြောင့် လတ်တလောတွင် သင်တို့သည် မည်သည့် အခြေအနေတွင် ရှိကြသနည်း။ သင်တို့သည် မိမိတို့ကိုယ်ကို မည်မျှသိရှိပြီး မည်မျှနက်ရှိုင်းစွာ သိရှိကြသနည်း။ မတူညီသည့် အချိန်များတွင်၊ သို့မဟုတ် မတူကွဲပြားသည့်အရာများ သင့်ထံ ဖြစ်ပျက်သည့်အချိန်တွင် မည်သည့် အခြေအနေများ၌ သင်တို့ရှိကြသည်ဆိုသည့်အကြောင်းကို သင်တို့ မည်မျှ နားလည်ကြသနည်း။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အားထုတ်မှုတစ်ခုတလေ သင်တို့ လုပ်ပြီးပြီလော၊ သို့မဟုတ် သင်တို့၏ ကြိုတင်ပြင်ဆင်ချက်ကို လုပ်ဆောင်ပြီးပြီလော။ ဝင်ရောက်မှုတစ်ခုတလေကို သင်တို့ တွေ့ကြုံပြီးပြီလော။ (သာ၍ သိသာသည့်အရာများ၊ သို့မဟုတ် အဓိက အဖြစ်အပျက်များ ကျွန်ုပ်ထံ ဖြစ်ပျက်သည့်အခါ၊ သာ၍ သေးငယ်သည့် ပြဿနာများကို လွတ်သွားစဉ်တွင် ကျွန်ုပ်၏ ကိုယ်ပိုင် ပွင့်အံထွက်မှုအချို့ကို ကျွန်ုပ် သဘောပေါက်ကောင်း သဘောပေါက်နိုင်သည်။ တစ်ခါတစ်ရံ မှားယွင်းသည့် အခြေအနေတွင် ကျွန်ုပ် အသက်ရှင်သည်ကို သတိမထားမိပါ။) သင် သတိမထားမိချိန်တွင် မည်သည့် အခြေအနေမျိုး၌ သင်ရှိသနည်း။ မည်သည့် အခြေအနေမျိုးတွင် သင်တို့ သတိမထားမိဘဲရှိကြမည်နည်း။ (ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားအတွက် အားထုတ်မှုမရှိဘဲ အမှုအရာများကို လုပ်ရုံမျှလုပ်ဆောင်သည့်အလား မိမိတာဝန်ကို လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ပွင့်အံထွက်လာလျှင်ပင် ကျွန်ုပ် သိမည်မဟုတ်ပါ။) သင်၏ တာဝန်ကို အမှုအရာများ လုပ်ဆောင်ရုံမျှကဲ့သို့၊ အလုပ်၊ လုပ်ငန်းတာဝန်၊ သို့မဟုတ် တာဝန်ဝတ္တရားတစ်မျိုးကဲ့သို့ သဘောထားခြင်းနှင့် အသက်ဝင်ရောက်မှုနှင့် ထိုတာဝန်ကို ချိတ်ဆက်ခြင်းမရှိဘဲ ထုံထိုင်းစွာ လုပ်ဆောင်ခြင်းသည် အလွန်ဖြစ်နေကျ အခြေအနေတစ်ခု ဖြစ်သည်။ ယင်းမှာ သင်၏တာဝန်ကို အသက်ဝင်ရောက်မှုအတွက် လမ်းကြောင်း၊ သို့မဟုတ် နည်းလမ်းဆိုသည်ထက် ကိုင်တွယ်ရမည့် ကိစ္စရပ်တစ်ခုမျှကဲ့သို့ သဘောထားခြင်း ဖြစ်သည်။ အလုပ်ဆီသို့ သွားသကဲ့သို့သာ ဖြစ်သည်။ လူအချို့သည် မိမိတို့အလုပ်ကို မိမိတို့၏ ဘဝများထဲ၌ တစ်သားတည်းဖြစ်အောင် လုပ်ရင်းနှင့် ထိုအလုပ်ကို မိမိတို့၏ စိတ်ပါဝင်စားမှုများနှင့် ဝါသနာများအပြင် ၎င်းတို့၏ ဘဝစံများ၊ ရည်မှန်းချက်တို့နှင့်အတူ ပေါင်းစပ်လျက် မိမိတို့အလုပ်ကို အသက်မွေးမှုလုပ်ငန်းတစ်ခုကဲ့သို့ သဘောထားကြသည်။ ထိုစဉ်အတောအတွင်းတွင် အခြားသူအချို့သည် အလုပ်သို့သွားခြင်းကို တာဝန်ဝတ္တရားတစ်မျိုးကဲ့သို့ သဘောထားကြသည်။ ၎င်းတို့သည် အလုပ်သို့ မသွားဘဲမနေနိုင်ကြ။ မိမိတို့ မိသားစုများကို ထောက်ပံ့ရန် ငွေအချို့ရှာနိုင်ဖို့အလို့ငှာ နေ့စဉ် အချိန်မှန်မှန် ပေါ်လာကြသော်လည်း ဘဝ ရည်မှန်းချက်များ၊ သို့မဟုတ် စံများ မရှိကြချေ။ ယခုအခါတွင် သင်တို့အများစုသည် ဤအခြေအနေမျိုးတွင် ရှိကြသည် မဟုတ်လော။ သင်တို့၏ တာဝန်သည် ဘုရားနှုတ်ကပတ်တော်များ၊ သို့မဟုတ် သမ္မာတရားနှင့် အဆက်အစပ်မရှိပေ။ သင်၏ ကိုယ်ပိုင် အမှားများကို သင် သတိပြုမိလျှင်ပင် မည်သည့် စစ်မှန်သော ပြောင်းလဲမှုကိုမျှ သင် မရရှိပေ။ သင်၏ စိတ်နှလုံးတွင် အပြစ်ရှိသည့်စိတ် အနည်းငယ်ရှိသည့်အခါ အသက်ဝင်ရောက်မှုနှင့်ဆိုင်သည့် ကိစ္စများအကြောင်းကိုသာ သင်ပြန်တွေးသည်။ ကျန်သည့်အချိန်တွင် သင်သည် ပုံမှန်အားဖြင့် လုပ်လိုသည့် မည်သည့်အရာမဆိုကိုသာ လုပ်ဆောင်လေသည်။ သင် စိတ်ကျေနပ်အားရသည့်အခါ၊ သို့မဟုတ် အလွန် စိတ်ချမ်းသာသည့်အခါ အနည်းငယ် သာ၍ ကောင်းမွန်စွာ လုပ်ဆောင်သော်လည်း တစ်နေ့တွင် သင်၏ ဆန္ဒများနှင့် ဆန့်ကျင်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်ပါက၊ သို့မဟုတ် သင့်ကို စိတ်မကောင်းဖြစ်စေသည့် မနှစ်မြို့စရာ အတွေ့အကြုံတစ်ခု ရှိပါက ထိုအရာက သင်၏ စိတ်အခြေအနေကို ရက်နှင့်ချီ လွှမ်းမိုးနိုင်သည့်အပြင် သင့်တာဝန်၏ ရလဒ်များကိုလည်း လွှမ်းမိုးနိုင်လေသည်။ သို့ဖြစ်သော်ငြား သင်၏ စိတ်နှလုံးတွင် ဤအရာကို သတိပြုမိခြင်း မရှိချေ။ သင်သည် နားဝေတိမ်တောင်ဖြစ်ပြီး ဆယ်ရက်ကြာ၊ သို့မဟုတ် နှစ်ပတ်ကြာပင် သင်သည် အဆင်ပြေသွားရန် ဟန်ဆောင်လုပ်ပြရုံ လုပ်ပြလျက် အမှုအရာများကို သင် ကြန့်ကြာစေသည်။ တစ်စုံတစ်ဦးသည် ထိုသို့သော အခြေအနေတစ်ခုတွင် အသက်ရှင်ပါက အသက်ဝင်ရောက်မှုသည် တန့်လာသည် မဟုတ်လော။ အသက်ဝင်ရောက်မှု တန့်လာပါက လူတို့၏ လုပ်ရပ်များနှင့် ၎င်းတို့ လုပ်ဆောင်သည့် တာဝန်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သလော။ (မကျေနပ်စေနိုင်ပါ။) အဘယ်ကြောင့် မကျေနပ်စေနိုင်သနည်း။ ဤကိစ္စတွင် ၎င်းတို့၏ လုပ်ရပ်များနှင့် တာဝန်သည် သမ္မာတရားနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသကဲ့သို့ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း သဘောသက်ရောက်ခြင်းမရှိသောကြောင့် ၎င်းတို့၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို စိတ်မကျေနပ်နိုင်ပေ။ သင်၏ တာဝန်တွင် အချိန်တစ်ခုကြာ မည်သည့်အမှားမျှ သင် မလုပ်သည်မှာ ဖြစ်နိုင်သည်။ ထို့ကြောင့် သင်က ဤသို့ သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းသည့် လုံးဝ သင့်လျော်သည်ဟု တွေးထင်သည်။ သင်၏ အလုပ်ကို စွန့်ခြင်းမရှိဘဲ၊ ပြီးလျှင် အခြားအရာများကို တွေးဆခြင်းမရှိဘဲ သင်၏ တာဝန်နှင့်ပတ်သက်၍ သင် အမြဲ ဆက်လက်အလုပ်များနေသရွေ့ သင်၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းသည် အဆင်ပြေသည်ဟု သင် ခံစား၏။ ဤသဘောထားမျိုးသည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်း၏ ဥပမာတစ်ခု မဟုတ်လော။ သမ္မာတရား စည်းမျဉ်းများနှင့် အဆက်အစပ်မရှိသည့် လုပ်ဆောင်ချက်များမျှဖြင့် သင်စိတ်ကျေနပ်ပါက သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် ရလဒ်များ ရရှိနိုင်သလော။ ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်အခါ ဘုရားသခင်ထံ သင်၏ ဖြစ်စဉ်ကို သင် မည်သို့ တင်ပြမည်နည်း။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်အခါတွင် သင် တာဝန်မယူသကဲ့သို့ သမ္မာတရားကို မရှာသည့်အပြင် စည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို မကိုင်တွယ်ပါက သင်၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းသည် လက်ခံနိုင်ဖွယ် စံနှုန်းပြည့်မီပါသလော။ ဘုရားသခင်၏ လက်ခံမှုကို ရရှိလိမ့်မည်လော။ ရုတ်တရက် စမ်းသပ်မှုတစ်ခု သင် ကြုံရလျှင်၊ သို့မဟုတ် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံရလျှင် ဘုရားသခင်ကို သင် ပုန်ကန်ပြစ်မှားမိပြီးဖြစ်သောကြောင့် သင်၏ အိပ်မက်မှ သင့်ကို ရုတ်ခြည်း လှုပ်နိူးပြီး နောက်ဆုံးတွင် ရက်အတော်ကြာ သင့်အား နောက်ဆုံး၌ အသိတရားဖြင့် ထိန်းထိန်းသိမ်းသိမ်းနေစေရင်း တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက သင့်ထံသို့ ရောက်လာပြီဖြစ်သည်ကို သဘောပေါက်လျှင် ဤသည်မှာ အသက်ဝင်ရောက်မှုအတွက် ပုံမှန် အခြေအနေတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) သင် ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် သင်အထဲက သိသာသည့် ပြောင်းလဲခြင်းသည် ကျာပွတ်အရိုက်ခံရပြီးနောက် နာကျင်မှုကဲ့သို့ ဖြစ်သည်။ သင်သည် မိမိကိုယ်ကို သိသည့် အသိအနည်းငယ်ရှိ၏။ အပြင်ပန်းမှကြည့်လျှင် သင်သည် အနည်းငယ် ရင့်ကျက်ပြီးဖြစ်ကာ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်းနှင့်ပတ်သက်သော သိနားလည်မှုအချို့ ရရှိပြီးဖြစ်သည့်အလား ထင်ကောင်းထင်ရနိုင်သည်။ သို့ရာတွင် ခံစားချက်အရပြောရလျှင် လူတို့သည် မိမိတို့ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများကို လုံးဝ နားမလည်၊ သို့မဟုတ် သဘောမပေါက်ပါက၊ ပြီးလျှင် ၎င်းတို့အနေဖြင့် ဤအရာများကို သေချာစွာ လုံးဝ ဆန်းစစ်ခြင်းမရှိသကဲ့သို့ ဤပြဿနာများကို လုံးဝ ဖြေရှင်းခြင်းမရှိပါက အသက်ဝင်ရောက်မှုအတွက် ပုံမှန်အခြေအနေတစ်ခုကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သလော။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ၎င်းတို့ ဝင်ရောက်နိုင်ကြသလော။ စွမ်းဆောင်ရရှိရန် ၎င်းတို့အတွက် လွယ်ကူသည်ဟု ငါ မထင်ပေ။ လူအချို့က “ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်သည့် ကိစ္စရပ်များတွင် စည်းမျဉ်းများကို ကျွန်ုပ် သဘောပေါက်နိုင်သည်။ ဤသည်မှာ သမ္မာတရား သိနားလည်ခြင်းနှင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း မဟုတ်ပါလား”ဟု ပြောဆိုကြသည်။ စည်းမျဉ်းများသည် စောင့်ထိန်းရန် လွယ်ကူပြီး အပြင်ပန်း လုပ်ဆောင်ချက်များသည် ထိန်းသိမ်းရန် လွယ်ကူသော်လည်း ထိုအရာများသည် သမ္မာတရာကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မညီမျှသကဲ့သို့ စည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို ကိုင်တွယ်ခြင်းနှင့် မညီမျှပေ။ ဥပမာအားဖြင့် နေ့စဉ် မနက် ၅ နာရီတွင် သင် ထရမည်ဖြစ်ပြီး ညတွင် ၁၀ နာရီ၌ အိပ်ရမည်ဆိုပါစို့။ သင်၏ နေ့စဉ်ဘဝတွင် ဤစည်းမျဉ်းကို သင် လိုက်လျှောက်နိုင်မည်လော။ (လိုက်လျှောက်နိုင်မည် မဟုတ်ပါ။) ငါးနာရီမှ ဆယ်နာရီ အချိန်ဇယားသည် အတော်ကောင်း၏။ လူတို့၏ သဘာဝ မှန်မှန်လှုပ်ရှားမှုနှင့် ကိုက်ညီပြီး ၎င်းတို့၏ ခန္ဓာကိုယ်များအတွက် ကောင်းမွန်သော်လည်း အဘယ်ကြောင့် လက်ခံရန် ၎င်းတို့အတွက် ခက်ခဲပါသနည်း။ ဤတွင် ပြဿနာတစ်ခုရှိ၏။ လူတို့က ဤတွေးခေါ်မြော်မြင်မှုကို မသိ၊ သို့မဟုတ် ဤဘဝပေး အသိကို မသိဟု ဆိုရန်မဟုတ်။ ထိုအရာအားလုံးကို ၎င်းတို့ ကောင်းစွာ သိကြ၏။ ထို့ကြောင့် ထိုအရာကို ၎င်းတို့ အဘယ်ကြောင့် လက်မခံနိုင်ရသနည်း။ လူတို့သည် အဘယ်ကြောင့် ဤအချိန်ဇယားကို စောင့်ထိန်းရန် လိုလားခြင်း မရှိသနည်း၊ ဤနည်းစနစ်နှင့် လုပ်ရိုးလုပ်စဉ်အတိုင်း အသက်ရှင်ရန် လိုလားခြင်း မရှိသနည်း။ ဤအရာတွင် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ အထုံဝါသနာများပါဝင်သည်။ စောစော မထလိုခြင်းသည် ပိုမိုအိပ်စက်လိုခြင်း၊ သင်၏ ရုပ်ပိုင်းဆိုင်ရာ နှစ်သက်မှုများနှင့် ရုပ်ပိုင်းဆိုင်ရာ ခံစားချက်များအတိုင်း လုပ်ဆောင်လိုခြင်းတို့နှင့် တူသည် မဟုတ်လော။ စောစောထခြင်းသည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ ဇိမ်ခံခြင်းနှင့် ကွဲလွဲဆန့်ကျင်သောကြောင့် ထိုအရာကို လုပ်ဆောင်ရန် ၎င်းတို့ လိုလားခြင်းမရှိသကဲ့သို့ ထိုအရာက ၎င်းတို့ကို ဝမ်းနည်းစေသည်။ ထို့ကြောင့် “စောစောထခြင်းသည် သင်၏ ကိုယ်ခန္ဓာအတွက် ကောင်းမွန်သည်”ဟူသည့် အချက်ကို လူတို့ လက်ခံနိုင်ကြသလော။ လက်မခံနိုင်ကြပေ။ ၎င်းတို့၏ ဤအကျိုးစီးပွားအနည်းငယ်မျှကိုပင် ၎င်းတို့ မစွန့်နိုင်ကြသည့်တိုင် ၎င်းတို့အနေဖြင့် မိမိတို့၏ ခန္ဓာကိုယ်များကို ထိန်းသိမ်းကြပ်မတ်ရဦးမည်ဖြစ်ပြီး ဆုတောင်းရဦးမည် ဖြစ်ကာ မိမိတို့အတွေးများနှင့် ပတ်သက်၍ တိုးတက်အောင် လုပ်ဆောင်ရဦးမည် ဖြစ်သည်။ ၎င်းတို့ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကိုလည်း ၎င်းတို့ ခံရမည်ဖြစ်သည်။ အခြားလူများ ထပြီးဖြစ်သည်ကို မြင်သည့်အခါတွင်သာ ၎င်းတို့ ထကြပြီး ၎င်းတို့၏ အိပ်စက်လိုစိတ်နှင့်ပတ်သက်၍ ၎င်းတို့ အရှက်ရလာကြသည်။ ၎င်းတို့သည် နေ့စဉ် မဖြစ်မနေ အိပ်ရာထရပြီး ထိုအရာနှင့်ပတ်သက်၍ အထူးသဖြင့် ၎င်းတို့ စိတ်မချမ်းမသာဖြစ်ကြလေသည်။ မည်သည့်အရာက ဤအတွေးများနှင့် အခြေအနေများကို ဖြစ်စေသနည်း။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဇိမ်ခံခြင်းကို မက်မောကြသည်၊ မိမိတို့ ဆန္ဒရှိသည့် မည်သည့်ပုံစံဖြင့်မဆို ၎င်းတို့ ပြုမူဆောင်ရွက်ချင်ကြပြီး ပျင်းရိသည့်၊ မိမိကိုယ်ကို စိတ်အလိုလိုက်သည့် အတွေးများ သိုထားကြလေသည်။ တစ်ချက်မှာ ၎င်းတို့သည် ၎င်းတို့ ခန္ဓာကိုယ်များ၏ ပုံမှန် ပုံစံများကို မစဉ်းစားကြသကဲ့သို့ နောက်တစ်ချက်မှာ ၎င်းတို့ လုပ်ဆောင်သည့် တာဝန်ကို မစဉ်းစားကြချေ။ ထို့ထက် ပထမဦးစွာ မိမိတို့ ရုပ်ပိုင်းဆိုင်ရာ အထုံဝါသနာများအပေါ် ၎င်းတို့ အာရုံစိုက်ကြသည်။ နောက်ဆုံး စိစစ်ချက်အနေဖြင့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် တစ်စုံတစ်ရာရှိ၏။ ယင်းမှာ ၎င်းတို့သည် ဇာတိခန္ဓာကို အ​မြဲ အလိုလိုက်ချင်ပြီး အထိန်းအကွပ်မဲ့ချင်ကြခြင်း ဖြစ်သည်။ ၎င်းတို့ ကိုင်တွယ်ဖြေရှင်းခံရပါက အမြဲ မိမိတို့ကိုယ်ကို ခုခံပြောဆိုလျက် ကျိုးကြောင်းပြရန် ကြိုးစားကြသည်။ ယင်းမှာ အနည်းငယ် ယုတ္တိမတန်ပေ။ စောစော အိပ်ရာထခြင်းသည် လူတို့၏ အကျိုးများ၊ ဆုံးရှုံးမှုများနှင့် မသက်ဆိုင်သည့် သေးငယ်သော ကိစ္စတစ်ခု ဖြစ်၏။ ပိုမိုအိပ်စက်လိုသည့် သင်၏ ဆန္ဒကို သင် အောင်မြင်ကျော်လွှားနိုင်သရွေ့ စောစောအိပ်ရာထခြင်းကို သင် စွမ်းဆောင်ရရှိနိုင်ပေသည်။ သို့သော် အနည်းငယ် ရှည်ကြာစွာ အနားယူခြင်း၏ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးအနည်းငယ်ကို စွန့်လွှတ်ရန် လူတို့အတွက် အလွန် ခက်ခဲလေသည်။ သင်၏ ပိုမို အိပ်စက်လိုစိတ်က သင်၏ အလုပ်ကို လွှမ်းမိုးသည့်အခါ ဤသည်မှာ သမ္မာတရား၏ စည်းမျဉ်းများနှင့် မကိုက်ညီကြောင်းကို သင် သတိပြုမိလာသည့်အခါ၊ သင်သည် မိမိကိုယ်ကို မသုံးသပ်ရုံမက သင်၏ စိတ်နှလုံးတွင် စောဒကတက်မှုများပင် ရှိပြီး “ကျွန်ုပ်သည် မိမိကိုယ်ကို မည်သည့်အခါမျှ အနည်းငယ်ပင် အလိုမလိုက်နိုင်ခြင်း၊ သို့မဟုတ် ကျွန်ုပ် လုပ်ချင်သည့် မည်သည့်အရာကိုမဆို အတန်ငယ် လုပ်၍မရခြင်းသည် အဘယ်သို့နည်း”ဟု အမြဲတွေးလျက် ဝမ်းနည်းနေသည်။ လူအချို့သည် ထိုသို့သော အတွေးများ မကြာခဏ ရှိကြလေသည်။ ထို့ကြောင့် ဤအခြေအနေကို မည်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် ဆုတောင်းရမည်၊ သင်၏ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများကို အောင်မြင်ကျော်လွှားနိုင်ရမည်၊ ရင့်ကျက်ရန် ကြိုးပမ်းရမည်၊ ဇိမ်ခံခြင်းကို မက်မောခြင်းအား ရပ်တန့်ရမည်၊ ဆင်းရဲဒုက္ခခံနိုင်ရမည်၊ သင်၏ တာဝန်ကို သစ္စာစောင့်သိရမည်၊ သင် လုပ်ချင်သည့် မည်သည့်အရာကိုမဆို မလုပ်ရသကဲ့သို့ မိမိကိုယ်ကို ချုပ်ထိန်းရန် သင်ယူရမည်ဖြစ်သည်။ မိမိကိုယ်ကို ချုပ်ထိန်းခြင်းသည် လွယ်ကူသလော။ (မလွယ်ကူပေ။) အဘယ်ကြောင့် မလွယ်ကူသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် ချုပ်ထိန်းလိုခြင်း မရှိကြသောကြောင့်ဖြစ်သည်။ ၎င်းတို့ အုပ်ထိန်းမခံချင်ကြသကဲ့သို့ မိမိတို့၏ စိတ်အလိုကို လိုက်ချင်ကြသောကြောင့် ဖြစ်သည်။) မိမိကိုယ်ကို ချုပ်ထိန်းခြင်းအား နားမလည်သောသူ၊ မိမိတို့ကိုယ်ကို မချုပ်ထိန်းနိုင်သောသူ၊ မိမိကိုယ်ကို ချုပ်ထိန်းမှု အားနည်းသောသူနှင့် လက်လွတ်စပယ် အမြဲ ပြုမူပြီး စိတ်ကူးယဉ်ခြင်းဖြင့် စိတ်အလိုလိုက်သောသူတို့သည် ၎င်းတို့၏ အသက်အရွယ် မည်သို့ဖြစ်စေ မရင့်ကျက်သည့် လူ့သဘာဝရှိကြသည်။ ဤသေးငယ်သည့် ကိစ္စရပ်က လူတို့၏ အထုံဝါသနာများနှင့် ဆက်နွှယ်လာသောအခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပွင့်ထွက်လာသည်။ ဤအရာဖြစ်ပျက်သည့်အခါ ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ ရှာဖွေရမည်။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းရန် မိမိတို့ကိုယ်ကို သိရှိလာရမည်ဖြစ်ပြီး သမ္မာတရားကို နားလည်ရမည်ဖြစ်သည်။ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်သွားသည့်အခါ သမ္မာတရား၏ စစ်မှန်မှုထဲသို့ အမှတ်တမဲ့ ဝင်ရောက်ကြ၏၊ ၎င်းတို့၏ ဘဝ ကြီးထွားပြီး ရင့်ကျက်ကာ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲလေသည်။

နေ့စဉ် ပုံမှန်လုပ်ရိုးလုပ်စဉ်လောက် သေးငယ်သည့် တစ်စုံတစ်ရာက လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့ စိတ်များတွင် မည်သည့်အရာ ခံစားနေရသည်ကို ထုတ်ဖော်ပြနိုင်သည့်အကြောင်း ရိုးရှင်းသည့် ဥပမာတစ်ခုကို ငါ ယခုတင် ထုတ်နုတ်ခဲ့သည်။ ဤအရာအားလုံး ယခုတွင် ဖော်ထုတ်ခံရပြီး ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ခြင်းအားဖြင့်၊ သင်သည် ဧကန်အမှန် စာတန်၏ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည်ကို သင် ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။ ဘုရားသခင်ကို နှစ်ချီ သင် ယုံကြည်ပြီးဖြစ်ကာ အယူဝါဒအနည်းငယ်ကို နားလည်သော်လည်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် မစွန့်ပယ်သေးပေ။ မည်သည့်တာဝန်ကို သင် လုပ်ဆောင်သည်ဖြစ်စေ၊ လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ ၎င်းတို့ မလုပ်ဆောင်နိုင်ပေ။ မည်သည့် ကိစ္စရပ်များကို သင် ကိုင်တွယ်သည်ဖြစ်စေ၊ စည်းမျဉ်းများအတိုင်း သင် မလုပ်ဆောင်နိုင်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် တစ်စုံတစ်ဦး မဟုတ်သေး။ ထို့ကြောင့် လူတို့၏ လက်ရှိ အခြေအနေများအရ၊ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို အမှန်တကယ် ခံရပြီးပြီလော။ မခံရသေးပေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အပြည့်အဝ မစွန့်ပယ်ကြသေးသောကြောင့်၊ ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုသည် အလွန် ကန့်သတ်လွန်းသေးသောကြောင့်နှင့် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမှ အလှမ်းဝေးကြသောကြောင့် ဖြစ်သည်။ လူအချို့သည် စာတန် သို့မဟုတ် လူနောက်ကိုပင် လိုက်နိုင်စွမ်းရှိကြသည်။ ဤအချက်အလက်များက လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ၎င်းတို့ ကယ်တင်ခံရပြီးသည့် အခြေအနေသို့ အမှန်တကယ် မရောက်ရှိသေးကြောင်း သက်သေပြရန် လုံလောက်ပေသည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် စစ်မှန်သည့် အခြေအနေအပေါ် အခြေခံ၍ မိမိတို့ကိုယ်ကိုယ် အမျိုးအစားခွဲကြပြီး၊ ၎င်းတို့ မည်သည့်လူစားမျိုးဖြစ်သည်ကို ဆုံးဖြတ်ကြသည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သုံးသပ်ခြင်းအားဖြင့်၊ လူအချို့သည် မိမိတို့ကိုယ်ပိုင် အတွင်းပိုင်း အခြေအနေအမျိုးမျိုးအပြင်၊ အမှုအရာအမျိုးမျိုး ၎င်းတို့ထံ ဖြစ်ပျက်သည်နှင့်အမျှ ဖြစ်ပေါ်သည့် အတွေးများ၊ ရှုထောင့်အမြင်များနှင့် သဘောထားများကို သိရှိလာကြသည်။ လူအချို့က ၎င်းတို့ မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြကြောင့်၊ ၎င်းတို့ ကြွားဝါလိုကြောင်းနှင့် မောက်မာကာ အခြားသူများထက် မိမိတို့ကိုယ်ကိုယ် အရေးပေးစေချင်ကြသည်။ လူအချို့က ၎င်းတို့သည် လက်သီးပုန်းထိုးသော စီမံချက်မျိုးစုံ အသုံးပြုလျက်၊ ကောက်ကျစ်ကာ လှည့်ဖြားတတ်ကြောင်းနှင့် ရက်စက်ကြကြောင်း သိမြင်ကြသည်။ အခြားသူများက ၎င်းတို့သည် အကျိုးအမြတ်ကို ဦးစားပေးကြောင်း၊ အခြားသူများကို အသုံးချရန်နှစ်သက်ကြောင်းနှင့် ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ကောင်းသော လူများဖြစ်ကြောင်း သိမြင်ကြသည်။ လူအချို့သည် အတန်ကြာ သုံးသပ်ပြီး ၎င်းတို့သည် သူတော်ကောင်းအယောင်ဆောင်များ ဖြစ်ကြောင်း သဘောပေါက်ကြသည်။ အခြားသူတို့က ၎င်းတို့မှာ ပါရမီရှိကြကြောင်း၊ အစွမ်းအစရှိကြောင်းနှင့် မိမိတို့၏ အလုပ်အကိုင်ကို ကောင်းကောင်း ကွပ်ကွဲနိုင်ကြောင်း တွေးထင်ကြသော်လည်း၊ အတန်ငယ် သုံးသပ်ဆင်ခြင်ပြီးနောက်တွင်၊ ၎င်းတို့အနေဖြင့် မဖတ်ဆယ်၍ရသည့် အရည်အသွေးတစ်ခုမျှမရှိကြောင်း၊ ၎င်းတို့သည် ပါရမီမဲ့သည့်အပြင်၊ မိမိတို့လုပ်ရပ်များတွင် မိုက်မဲပြီး စည်းကမ်းမဲ့ကြောင်းတို့ကို သဘောပေါက်သွားကြသည်။ လူအချို့မှာ အတန်ငယ် သုံးသပ်ဆင်ခြင်ပြီး ၎င်းတို့သည် သဘောထားသေးသည့်၊ ရေးကြီးခွင့်ကျယ် လုပ်တတ်သည့် လူများဖြစ်ကြောင်း သဘောပေါက်ကြသည်။ မိမိတို့၏ အကျိုးစီးပွားများကို ထိခိုက်သည့် မည်သည့်အရာကိုမဆို ပြောဆိုရန် အခြားသူများအတွက် လက်ခံနိုင်ဖွယ်မရှိသကဲ့သို့၊ သည်းခံခြင်းအကြောင်းကို ဘာမျှ မသိကြချေ။ မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းမှ ဤသို့သော အသိပညာကို ရရှိခြင်းသည် သင်၏ သက်ဝင်ရောက်မှုနှင့်ပတ်သက်၍ အထောက်အကူ ဖြစ်လိမ့်မည်လော။ (ဖြစ်ပါမည်။) မည်သို့ အထောက်အကူ ဖြစ်မည်နည်း။ ( သမ္မာတရားကို ရှာဖွေသည့် စိတ်နှလုံးရှိရန် ကူညီပါလိမ့်မည်။ ဤပြဿနာများကို ကျွန်ုပ်တို့ မသိရှိကြပါက၊ ကျွန်ုပ်တို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေနိုင်ဖို့မပြောနှင့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်ုပ်တို့ မကြာခဏ ထုတ်ဖော်ပြနေကြောင်း ကျွန်ုပ်တို့ သိကြလိမ့်မည် မဟုတ်ပါ။) (ဤအရာများကို ကျွန်ုပ်တို့ မသိကြပါက၊ ကျွန်ုပ်တို့အနေဖြင့် သနားစဖွယ် အခြေအနတစ်ခုတွင်ရှိသည်ကို သိကြလိမ့်မည် မဟုတ်ပါ။ ထိုအရာများကို သိရှိသည့်နောက်တွင်၊ ကျွန်ုပ်တို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေချင်ကြလိမ့်မည်။ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချုပ်အနှောင်များကို ခါချရန် လိုလားနေကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်များအတိုင်း ကျင့်ကြံပြုမူရန် သမ္မာတရားကို ရှာဖွေချသ်ကြပါလိမ်မည်။) ၎င်းတို့ ကြီးမြတ်သည်၊ ဖြောင့်မတ်သည်၊ သဘောထားကြီးသည်၊ ပါရမီရှိသည်၊ သည်းခံတတ်သည်၊ သနားကြင်နာသည်၊ ရိုးသားပြီး အထူးသဖြင့် အခြားသူများအတွက် ဆက်ကပ်ကြကာ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သာမန်လူများကဲ့သို့ မာနထောင်လွှားမှု၊ မိမိကိုယ်ကိုယ် မှန်သည်ဟုမှတ်ယူခြင်း၊ မုန်းတီးခြင်းနှင့် မနာလိုမှုကဲ့သို့သော အလားတူ သေးငယ်သည့် အပြစ်အနာအဆာများရှိသည်ဟု တွေးထင်သော်လည်း၊ ဤသေးငယ်သည့် ပြစ်ချက်များမှတစ်ပါး၊ ၎င်းတို့ ပြီးပြည့်စုံသည့်အပြင် အခြားသူများထက် သာ၍ ဂုဏ်အသရေရှိသည်၊ သာ၍ မြင့်မြတ်ပြီး သာ၍ ချစ်ခင်တတ်သည်ဟုလည်း တွေးထင်သည့် တစ်စုံတစ်ဦး စဉ်းစားဆင်ခြင်ကြည့်လော့။ တစ်စုံတစ်ဦးသည် ထိုသို့သော အခြေအနေတွင် အမြဲရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မျောက်သို့လာကာ အမှန်တကယ် နောက်တရနိုင်သည်ဟု သင် ထင်သလော။ (မထင်ပါ။) ထိုအခြေအနေများအောက်တွင် လူတစ်ဦးသည် မိမိကိုယ်ကိုယ်သိရှိရန် ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ်လာကာ၊ သူ့ရှေ့တွင် မိမိကိုယ်ကိုယ် ပျပ်ဝပ်ပြီး၊ “အို ဘုရားသခင်၊ ကျွန်ုပ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နက်ရှိုင်းစွာ ခံခဲ့ရပါသည်။ ကျွန်ုပ်ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမဆို စွန့်လွတ်ရန် ကျွန်ုပ် လိုလားနေခြင်းမရှိပါ။ ကျွန်ုပ်သည် အဖတ်ဆယ်စရာ အရည်အသွေးတစ်ခုမျှမရှိဘဲ၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော လူတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်သည် အမှန်တကယ် နောင်တရကာ စစ်မှန်သည့် လူတစ်ဦး၏ အသွင်ကို အသက်ရှင်နေထိုင်ရန် လိုလားနေပါသည်။ ဘုရားသခင်အား ကျွန်ုပ်ကို ကယ်တင်စေချင်ပါသည်”ဟု ဆိုနိုင်သလော။ လူတစ်ဦးသည် အမှန်တကယ် နောင်တရလိုစိတ်ရှိသည့်အခါ၊ ယင်းသည် ကောင်းမွန်ပေ၏။ ထိုအခါ ၎င်းတို့အတွက် ဘုရားသခင်ကို ယုံကြည်မှုလမ်းကြောင်းမှန်ပေါ် ဝင်ရောက်ပြီး ကယ်တင်ခြင်းရရှိရန် လွယ်ကူပေသည်။

ပန်းချီကားတစ်ချပ်ကို တစ်စုံတစ်ဦးက ရေးဆွဲနေသည်ဆိုပါစို့။ ၎င်းတို့၏ ပန်းချီကားက အပြစ်အနာအဆာများစွာရှိသည်ဟု တစ်စုံတစ်ဦးက ပြောသည့် တစ်နေ့အထိတိုင်၊ ထိုပန်းချီကား ပြီးပြည့်စုံသည်ဟု ၎င်းက တွေးထင်ပြီး စိတ်ကျေနပ်လေသည်။ ထိုလူသည် အသေးစိတ်အချက်အလက်များကို မသိရမီတွင်ပင်၊ ဤအရာက ၎င်းတို့အပေါ် ဝေဖန်ထိုးနှက်မှုတစ်ခုဖြစ်သည်ဟု ၎င်းတို့ ခံစားကြသည်။ ၎င်းတို့ စိတ်မချမ်းမသာဖြစ်ပြီး ချက်ချင်း “ကျွန်ုပ် ကောင်းစွာ မရေးဆွဲဘူးဟု သင်ဆိုသည်လား။ သင်သည် ကျွန်ုပ်ထက် ဆိုးရွားစွာ ရေးဆွဲပြီး သင်၏ လက်ရာများသည် ပြဿနာများ သာ၍ ရှိပေသည်။ မည်သူကမျှ ထိုလက်ရာများကို ကြည့်ပင်မကြည့်ကြပါ”ဟု၍ တုံ့ပြန်ပြောဆိုကြသည်။ ထိုသို့သောအရာတစ်ခုကို ၎င်းတို့ အဘယ်ကြောင့် ပြောဆိုနိုင်ကြသနည်း။ ထိုသို့သော အရာတစ်ခုကို ပြောဆိုနိုင်ရန် မည်သည့်အခြေအနေတွင် ၎င်းတို့ ရှိကြသနည်း။ ထိုသို့သော သေးငယ်သည့် အရာတစ်ခုသည် ၎င်းတို့ကို စိတ်ဆိုး၊ ဒေါသထွက်စေပြီး လက်တုံ့ပြန်၊ ရန်မူသော ပုံသေ အတွေးအခေါ်တစ်ခု ဖြစ်စေနိုင်သနည်း။ မည်သည့်အရာကို ဤသို့ ဖြစ်စေသနည်း။ (၎င်းတို့က ၎င်းတို့၏ ပန်းချီကား ပြီးပြည့်စုံပြီး ထိုပန်းချီကားက အပြစ်အနာအဆာများရှိသည်ဟု အခြားတစ်စုံတစ်ဦး ပြောဆိုချက်က ၎င်းတို့ကို စိတ်ဆိုးစေပါသည်။) ၎င်းတို့၏ ပြီးပြည့်စုံသည့် ပုံရိပ်ကို သင် ဖျက်ဆီး၍မရခြင်း ဖြစ်သည်။ တစ်စုံတစ်ရာ ကောင်းမွန်သည်ဟု သင် တွေးထင်ပါက၊ မည်သည့် အပြစ်အနာအဆာကိုမျှ မထောက်ပြသည်မှာ သို့မဟုတ် မည်သည့် သံသယမျှ မတင်ပြသည်မှာ အကောင်းဆုံး ဖြစ်သည်။ သင်က၊ “သင်၏ ပန်းချီကားသည် တကယ် ကောင်းပေသည်။ အပြောင်မြောက်ဆုံး လက်ရာဟု ခေါ်ဆိုနိုင်သည်။ ကြီးမြတ်သည့် ဆရားသမားများ၏ ကျွမ်းကျင်မှုများပင်လျှင် သင့်ထက် တစ်ခုတလေ ကောင်းသည်ဟု ကျွန်ုပ် မထင်ပါ။ ဤလက်ရာကိုသာ သင် ထုတ်ပြလိုက်လျှင်၊ အနုပညာနယ်ပယ်တွင် သေချာပေါက် ဂယက်ရိုက်ခတ်သွားမည်ဖြစ်ပြီး မျိုးဆက်များအတွက် အထူးတန်ဖိုးထားသည့် ပိုင်ဆိုင်မှုတစ်ခုဖြစ်ပေမည်”ဟု ဆိုရပေမည်။ ထို့နောက်တွင် ၎င်းတို့ ကျေနပ်အားရသွားလိမ့်မည်။ ကြည်နူးမှုနှင့် ဒေါသတို့သည် တစ်ဦးတည်းသော လူထံမှဖြစ်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ မတူကွဲပြားသည့် ပွင့်အံထွက်မှုနှစ်ခု ရှိကြသနည်း။ မည်သည့်တစ်ခုသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သနည်း။ (နှစ်ခုလုံးဖြစ်ပါသည်။) ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ မည်သည့်အရာသည် သာ၍ ပြင်းထန်ပါသည်။ (ဒုတိယတစ်ခု ဖြစ်ပါသည်။) ဒုတိယတစ်ခုက ၎င်းတို့၏ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မသိနားမလည်မှုနှင့် မိုက်မဲမှုတို့ကို ထုတ်ဖော်ပြသည်။ တစ်စုံတစ်ဦးက သင်သည် ဆိုးရွားစွာ ရေးဆွဲသည်ဟု ပြောသည့်အခါ၊ သင်သည် မုန်းတီးသည့်၊ ရန်မူ၊ လက်တုံ့ပြန်တတ်သော ပုံသေအတွေးအခေါ်တစ်ခုကို ဖြစ်ပေါ်သည်အထိ၊ အဘယ်ကြောင့် အလွန် မပျော်မရွှင်ဖြစ်ရသနည်း။ တစ်စုံတစ်ဦးက သင့်အတွက် ကောင်းမွန်သည့် စကားအနည်းငယ်ကို သီကုံးပြောဆိုသည့်အခါ၊ အဘယ်ကြောင့် သင်သည် အလွန် စိတ်ကျေနပ်အားရပါသနည်း။ သင်သည် အဘယ်ကြောင့် အလွန့်အလွန် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်ပါသနည်း။ ထိုသို့သော လူများသည် လုံးဝ အရှက်မဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် အရှက်တရား မသိကြ။ မိုက်မဲသကဲ့သို့ သနားစဖွယ်လည်း ဖြစ်ကြ၏။ ဤစကားများသည် သိပ်ကောင်းသည့်ပုံမရသော်လည်း ဤအတိုင်း ဖြစ်ပေသည်။ လူတို့၏ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် အကျည်းတန်သော မျက်နှာထားများသည် မည်သည့်နေရာမှ လာသနည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လာပေသည်။ ဤသို့သော အရာများ ဖြစ်ပျက်သည့်အခါ တစ်စုံတစ်ဦးသည် ထိုသို့သော သဘောထားတစ်ခု ရှိပါက၊ ၎င်းတို့ထံမှ ပွင့်ထွက်လာသည့် အရာများသည် ပုံမှန်လူ့သဘာဝရှိသည့် တစ်စုံတစ်ဦးက ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့် အသိစိတ်မဟုတ်သကဲ့သို့ ပုံမှန်လူ့သဘာဝရှိသည့် တစ်စုံတစ်ဦးက အသက်ရှင်နေထိုင်သင့်သည့်အရာ မဟုတ်ပေ။ ထိုအခါ ဤကဲ့သို့ ကိစ္စရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ လူအချို့က၊ “ကျွန်ုပ်တွင် နည်းလမ်းတစ်ခုရှိသည်။ အခြားတစ်စုံတစ်ဦးက ကျွန်ုပ် ကောင်းမြတ်သည်ဟု ကိုယ်ရည်သွေးသည့်အခါ၊ ကျွန်ုပ် နူတ်ဆိတ်နေသည်။ တစ်စုံတစ်ဦးက ကျွန်ုပ် ဆိုးသည်ဟု ပြောသည့်အခါတွင်လည်း ကျွန်ုပ်နှုတ်ဆိတ်နေပါသည်။ အေးစက်စက်နိုင်သည့် နည်းလမ်းဖြင့် အရာရာကို ကျွန်ုပ် ကိုင်တွယ်ဖြေရှင်းသည်။ ဤသည်မှာ အမှန်၊ အမှားဖြစ်ခြင်း မပါဝင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပွင့်အံထွက်မှုတစ်ခုလည်း မရှိပါ။ ကောင်းသည် မဟုတ်ပါလား”ဟု ဆိုကြသည်။ ဤရှုထောင့်အမြင်သည် အဘယ်သို့နည်း။ ဤအရာက ဤလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိဟု ဆိုလိုသလော။ တစ်စုံတစ်ဦးသည် ဟန်ဆောင်ရာတွင် မည်မျှကောင်းမွန်သည်ဖြစ်စေ၊ အတန်ငယ် ၎င်းတို့ ဟန်ဆောင်နိုင်လျှင်ပင်၊ တစ်သက်တာ ဟန်ဆောင်ခြင်းသည် မလွယ်ပေ။ ဟန်ဆောင်ရာတွင် သင်သည် မည်သို့မည်ပုံတော်သည်ဖြစ်စေ၊ သို့မဟုတ် အမှုအရာများကို သင် မည်မျှ တင်းကျပ်စွာ ဖုံးဖိသည်ဖြစ်စေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဟန်ဆောင်မရ၊ သို့မဟုတ် ဖုံးကွယ်မရနိုင်ပေ။ သင့် စိတ်နှလုံးတွင် ရှိသည့်အရာနှင့်ပတ်သက်၍ သင်သည် လူတို့ကို လှည့်ဖြားကောင်း လှည့်ဖြားနိင်သော်လည်း၊ ဘုရားသခင်ကို သင် မလှည့်ဖြားနိုင်သကဲ့သို့ သင့်ကိုယ်သင်လည်း မလှည့်ဖြားနိုင်ပေ။ ထိုအရာ ပွင့်အံထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ လူတစ်ဦး တွေးထင်သည့်အရာနှင့် ၎င်းတို့၏ စိတ်တွင် ဖြစ်ပါ်သည့်အရာသည် ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ၊ သိသာပေါ်လွင်သည်ဖြစ်စေ၊ မပေါ်လွင်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုယ်စားပြုပေသည်။ ထို့ကြောင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် နေရာမရွေး၊ အချိန်မရွေး အလိုအလျောက် ပွင့်ထွက်လာတတ်သည် မဟုတ်လော။ အချို့က တစ်ခါတစ်ရံ သတိမထားမိသည့်အခါ မိမိတို့၏အတွင်းကျကျ အတွေးများကို ဖော်ထုတ်လျက်၊ မှတ်ချက်ချသင့်သည်ဟု တွေးထင်ကာ ထိုအရာကို ၎င်းတို့ နောင်တရကြသည်။ ၎င်းတို့က၊ “နောက်တစ်ကြိမ်တွင်၊ မည်သည့်အရာကိုမျှ ကျွန်ုပ် ပြောမည်မဟုတ်ပါ။ စကားများများ ပြောသူသည် အမှားများသည်။ မည်သည့်အရာကိုမျှ ကျွန်ုပ် မပြောပါက၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်ထွက်မည်မဟုတ်ပါ။ မှန်ပါသလား”ဟု တွေးကြသည်။ သို့သော် အဆုံးတွင်၊ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ တစ်ဖန် ပွင့်ထွက်လာပြီး၊ ၎င်းတို့သည် နေရာမရွေး အချိန်မရွေး ဖြစ်ပျက်နိုင်ပြီး သတိထားဖို့ မဖြစ်နုင်သည့် ၎င်းတို့၏ ကြံရွယ်ချက်များကို တစ်ဖန် ဖော်ထုတ်မိကြလေသည်။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မပြေလည်ပါက၊ ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွက် ပုံမှန် ပွင့်ထွက်လာခြင်းသည် ပုံမှန် ဖြစ်ပေသည်။ ထိုအရာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုတည်းသာရှိ၏။ ယင်းမှာ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပြီး၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို ရိပ်စားမိနိုင်သည်အထိ သမ္မာတရားကို ရှာဖွေကာ အားထုတ်မှုအချို့ ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက်တွင် သင်သည် စာတန်နှင့် သင်၏ ဇာတိပကတိကို မုန်းတီးနိုင်လိမ့်မည်ဖြစ်ပြီး၊ ဤသို့ဖြင့်၊ သင့်အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လွယ်ကူလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ၊ သင့်ထံမှ ပွင့်အံထွက်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်မည်မဟုတ်ဘဲ၊ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ပုံမှန် လူ့သဘာဝတို့၏ ပွင့်အံထွက်မှုများ ဖြစ်လိမ့်မည်။ ထို့ကြောင့် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ၊ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ပြဿနာကို ဖြေရှင်းနိုင်သည်။ မိမိကိုယ်ကိုယ် ထိန်းချုပ်ခြင်း၊ ကန့်သတ်ခြင်းနှင့် ကိုယ့်စည်းနှင့်ကိုယ်နေခြင်းတို့အပေါ် မှီခိုခြင်းသည် ကောင်းမွန်သည့် နည်းလမ်းတစ်ခု မဟုတ်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို လုံးဝ မဖြေရှင်းနိုင်ပေ။

ထို့ကြောင့် ဖော်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် မည်သို့ ဖြေရှင်းသနည်း။ ပထမဦးစွာ၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဇာစ်မြစ်ကို သင် သတိပြုကာ စိတ်ဖြာလေ့လာပြီးနောက်၊ လိုက်လျောညီထွေသည့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းကို ရှာရမည်။ ငါ ယခုတင်ပေးသည့် ဥပမာကို ကြည့်လော့။ ဤလူက ၎င်းတို့ ပန်းချီကား ပြီးပြည့်စုံသည်ဟု တွေးထင်သော်လည်း၊ အဆုံးတွင် ပန်းချီကားကို နားလည်သည့် တစ်စုံတစ်ဦးက ထိုပန်းချီကားတွင် အပြစ်အနာအဆာများရှိသည်ဟု ဆိုသောကြောင့် ၎င်းသည် မပျော်မရွှင်ဖြစ်ကာ ၎င်းတို့၏ မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်းက ထိခိုက်ခံရပြီးဖြစ်သည်ဟု ခံစားလေသည်။ သင်၏ မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်း ထိခိုက်သည့်အခါ၊ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံထွက်သည့်အခါ၊ မည်သည့်ကို လုပ်ဆောင်၍ရသနည်း။ အခြားလူများက မတူကွဲပြားသော စိတ်ကူးများနှင့် ရှုထောင့်အမြင်များ တင်ပြကြသည်။ သို့ဆိုလျှင် ထိုအရာများကို သင် လက်မခံနိုင်သည့်အခါ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ လူအချို့သည် ဤအရာကို မှန်ကန်စွာ ကိုင်တွယ်နိုင်စွမ်းရှိကြ၏။ ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ ထိုအရာကို ပထမဦးစွာ စိစစ်ကြသည်။ “ထိုအရာအားဖြင့် သူတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ သူတို့သည် ငါ့ကို ရည်ရွယ်နေကြပါသလား။ မနေ့က သူတို့ကို ငါ မနှစ်မြို့ဖွယ် အကြည့်ဖြင့် ကြည့်သောကြောင့်၊ ယနေ့တွင် ကျွန်ုပ်ကို သူတို့ လက်တုံ့ပြန်ချင်နေကြခြင်း ဖြစ်ပါသလား။ သူတို့ ကျွန်ုပ်ကို ရည်ရွယ်နေကြခြင်း ဖြစ်လျှင်၊ ငါ ရပ်တန်းက ရပ်မည်မဟုတ်ပါ။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ဖြစ်သည်။ သူတို့ ကျွန်ုပ်ကို သဘောမကောင်းပါက၊ ကျွန်ုပ်သည် သူတို့ကို တရားမျှတမည်မဟုတ်ပါ။ ကျွန်ုပ် လက်တုံ့ပြန်ရမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် ပွင့်အံထွက်မှုမျိုး ဖြစ်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပွင့်အံထွက်မှု ဖြစ်နေဆဲ ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှုအနေဖြင့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဤပွင့်အံထွက်မှုမျိုးသည် လက်တုံ့ပြန်ရန် လိုအင်ဆန္ဒနှင့် ကြံရွယ်ချက်တို့ကို ပြ၏။ အနှစ်သာရအနေဖြင့်၊ ဤဆောင်ရွက်ပုံနည်းလမ်း၏ စရိုက်လက္ခဏာမှာ မည်သည့်အရာနည်း။ ရက်စက်သည် မဟုတ်လော။ အတွင်းတွင် ရက်စက်သော သဘောသဘာဝ ပါရှိပေသည်။ လူတို့သည် ရက်စက်သော သဘာဝမရှိပါက၊ လက်တုံ့ပြန်ကြလိမ့်မည်လော။ ထိုအရာကို ၎င်းတို့ စဉ်းစားကြမည် မဟုတ်ပေ။ လက်တုံ့ပြန်သည့် အတွေးရှိသည့်အခါတွင်သာ ၎င်းတို့ထံမှ “ကျွန်ုပ် ကောင်းစွာ မရေးဆွဲဘူးဟု သင်ဆိုသည်လား။ သင်သည် ကျွန်ုပ်ထက် ဆိုးရွားစွာ ရေးဆွဲပြီး သင်၏ လက်ရာများသည် ပြဿနာများ သာ၍ ရှိပေသည်။ မည်သူကမျှ ထိုလက်ရာများကို ကြည့်ပင်မကြည့်ကြပါ”ဟူသည့် ဤစကားမျိုး ပွင့်အံထွက်လာခြင်းဖြစ်သည်။ ထိုသို့သော စကား၏ စရိုက်လက္ခဏာမှာ အဘယ်နည်း။ ဝေဖန်ထိုးနှက်ခြင်းမျိုး ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ပုံနည်းလမ်းကို သင် မည်သို့ တွေးထင်သနည်း။ ဝေဖန်ထိုးနှက်ခြင်းနှင့် လက်တုံ့ပြန်ခြင်းတို့သည် အပြုသဘောဆောင်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သလော။ ထိုအရာများသည် ချီးကျူးထိုက်သလော၊ သို့မဟုတ် ယုတ်ညံ့သလော။ သိသာစွာပင်၊ ထိုအရာများသည် အပျက်သဘောဆောင်ပြီး ယုတ်ညံ့ပေသည်။ ဝေဖန်ထိုးနှက်ခြင်းနှင့် လက်တုံ့ပြန်ခြင်းသည် မလိုမုန်းထားသော ဆိုးယုတ်သည့် သဘာဝမှလာသည့် လုပ်ရပ်နှင့် ပွင့်အံထွက်ခြင်း အမျိုးအစားတစ်ခုဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ လူတို့က ဤသို့စဉ်းစားကြ၏။ “ကျွန်ုပ်အပေါ် သင်မကြင်နာလျှင် သင့်အပေါ် ကျွန်ုပ်တရားသဖြင့် ပြုမူမည် မဟုတ်။ ကျွန်ုပ်ကို သိက္ခာနှင့် သင်မဆက်ဆံလျှင် ကျွန်ုပ်သည်လည်း သင့်ကို အဘယ်ကြောင့် သိက္ခာနှင့် ဆက်ဆံရမည်နည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော စဉ်းစားပုံမျိုးနည်း။ ယင်းသည် လက်တုံ့ပြန်တတ်သော စဉ်းစားနည်းမဟုတ်သလော။ သာမန်လူတစ်ယောက်၏ အမြင်များတွင် ဤသည်မှာ ခိုင်လုံသော ရှုထောင့်အမြင် မဟုတ်လော။ ယင်းက ယုတ္တိမရှိသလော။ “တိုက်ခိုက်မခံရလျှင် ကျွန်ုပ်တို့ တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏”၊ ပြီးလျှင် “သင်လုပ်သည့်အတိုင်း ပြန်ခံရခြင်းဖြစ်သည်” ဤကဲ့သို့သော အရာတို့ကို မယုံကြည်သူများက မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့အကြားတွင် ဤအရာအားလုံးတို့သည် ခိုင်လုံပြီး လူ့အယူအဆများနှင့် လုံးလုံးကိုက်ညီသော အကြောင်းပြချက်များ ဖြစ်၏။ သို့တိုင်အောင် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသူတို့သည် ဤစကားများကို အဘယ်သို့ ရှုမြင်သင့်သနည်း။ ဤအယူအဆများမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ ယင်းတို့ကို မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ဤအရာတို့သည် မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှ လာပါသည်။) ၎င်းတို့သည် စာတန်ထံမှ လာ၏၊ ဤအရာကို သံသယဖြစ်စရာ မရှိပေ။ စာတန်၏ မည်သည့်စိတ်သဘောထားမှ ယင်းတို့လာသနည်း။ စာတန်၏ မလိုမုန်းထားသော သဘာဝမှ လာသည်။ ယင်းတို့တွင် အဆိပ်ပါဝင်သည်။ ယင်းတို့တွင် စာတန်၏ မလိုမုန်းထားမှုနှင့် အကျည်းတန်မှုအားလုံးပါသည့် သရုပ်မှန်ပါဝင်သည်။ ယင်းတို့တွင် ဤသဘာဝ အနှစ်သာရမျိုး ပါဝင်သည်။ ထိုသဘာဝ အနှစ်သာရမျိုးတွင် ပါဝင်သော အမြင်ရှုထောင့်များ၊ အတွေးများ၊ ပွင့်အံထွက်မှုများ၊ စကားများအပြင် လုပ်ရပ်များ၏ ဝိသေသလက္ခဏာမှာ အဘယ်နည်း။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်မှာ သေချာ၏။ စာတန်၏ စိတ်သဘောထား ဖြစ်သည်။ ဤဆိုးယုတ်သောအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေပြုထားချက်ရှိသလော။ (မရှိပါ။) ယင်းတို့သည် ဘုရားသခင်၏ နောက်တော်သို့ လိုက်သူများ လုပ်ဆောင်သင့်သည့်အရာ ဟုတ်သလော။ ၎င်းတို့ပိုင်ဆိုင်သင့်သည့် အတွေးအမြင်များ ဟုတ်သလော။ ဤအတွေးများနှင့် ဆောင်ရွက်ပုံနည်းလမ်းတို့သည် သမ္မာတရားနှင့် ကိုက်ညီကြပါသလော။ (မကိုက်ညီပါ။) ဤအရာများ သမ္မာတရားနှင့် မကိုက်ညီကြောင်း မြင်ရသည်နှင့်အမျှ၊ ယင်းတို့သည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီကြသလော။ (မကိုက်ညီပါ။) ဤအရာများသည် သမ္မာတရား သို့မဟုတ် ပုံမှန် လူ့သဘာဝနှင့် မကိုက်ညီကြောင်း သင် ယခု ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤဆောင်ရွက်ပုံနည်းလမ်းနှင့် အတွေးများသည် သင့်လျော်သည်၊ ကြည့်ကောင်းသည်ဟု သင် ယခင်က တွေးထင်ပြီး အကြောင်းပြချက်ရှိခဲ့သလော။ (ရှိခဲ့ပါသည်။) ဤဆိုးယုတ်သော အတွေးများနှင့် သဘောတရားများသည် လူတို့၏ အတွေးများ၊ ရှုထောင့်အမြင်များ၊ ပြုမူကျင့်ကြံမှုနှင့် ဆောင်ရွက်ပုံနည်းလမ်းများအပြင်၊ ၎င်းတို့၏ အမျိုးမျိုးသော အခြေအနေများကို လမ်းညွှန်လျက်၊ လူတို့၏ စိတ်နှလုံးများတွင် အဓိကဖြစ်သော နေရာတစ်ခုကို ယူလေသည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို နားလည်နိုင်ကြသလော။ လုံးဝ နားမလည်နိုင်ကြပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ လူတို့သည် မှန်ကန်သည်ဟု မိမိတို့ တွေးထင်သည့်အရာများကို သမ္မာတရား ဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ကာ ကိုင်စွဲကြသည် မဟုတ်လော။ ဤအရာများသည် သမ္မာတရား ဖြစ်ပါက၊ ယင်းတို့ကို ဖက်တွယ်ခြင်းက အဘယ်ကြောင့် သင်၏ လက်တွေ့ကျသည့် ပြဿနာများကို မပြေလည်စေပါသနည်း။ ယင်းတို့ကို ဖက်တွယ်ခြင်းက ဘုရားသခင်ကို နှစ်ချီ သင် ယုံကြည်ပြီးလင့်ကစား၊ သင့်အထဲတွင် စစ်မှန်သော ပြောင်းလဲမှုတစ်ခုကို မဖြစ်ပေါ်စေပါသနည်း။ စာတန်ထံမှလာသည့် ဤအတွေးအခေါ်များကို ပိုင်းခြားသိမြင်ရန် သင်သည် အဘယ်ကြောင့် ဘုရားနှုတ်ကပတ်တော်များကို အသုံးမပြုနိုင်ရသနည်း။ သင်သည် ဤဆိုးယုတ်သော အတွေးအခေါ်များကို သမ္မာတရား ဖြစ်သည့်အလား စွဲကိုင်နေသေးသလော။ သင်သည် အမှန်တကယ် ချင့်ချိန်နိုင်စွမ်းရှိပါက၊ ပြဿနားများ၏ ရင်းမြစ်ကို သင် တွေ့ရှိပြီး ဖြစ်သည်မဟုတ်လော။ သင် စွဲကိုင်နေသည့်အရာသည် လုံးဝ သမ္မာတရား မဟုတ်သောကြောင့်၊ ထို့ထက် ဆိုးယုတ်သော အတွေးမှားများနှင့် အတွေးအခေါ်များ ဖြစ်သောကြောင့်၊ ယင်းမှာ ပြဿနာ တည်သည့်နေရာ ဖြစ်သည်။ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ကာ စိစစ်ရန် ဤလမ်းကြောင်းကို လျှောက်သင့်ကြ၏။ သင့်အတွင်းရှိ မည်သည့်အရာများသည် သင် ခိုင်လုံသည့်အကြောင်းပြချက်ရှိသည့်အရာများ၊ ဘဝပေးအသိနှင့် လောကီ ဉာဏ်ပညာတို့နှင့် ကိုက်ညီသည့်အရာများ၊ သင် တင်ပြဆွေးနွေး၍ရသည့် အရာများ၊ သင်၏ စိတ်နှလုံးတွင် သမ္မာတရားအဖြစ် သင် သဘောထားနှင့်ပြီးဖြစ်သည့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟု သင် မထင်မှတ်သည့် မမှန်ကန်သော အတွေးများ၊ ရှုထောင့်အမြင်များ၊ ဆောင်ရွက်ပုံနည်းလမ်းများနှင့် အခြေခံအုတ်မြစ်များဖြစ်သည်ကို ကြည့်လော့။ ဤအရာများကို ဆက်လက် ဖော်ထုတ်လော့။ နောက်ထပ် များစွာရှိသေး၏။ ဤဖောက်ပြန်ပျက်စီးပြီး အပျက်သဘောဆောင်သော အရာများအားလုံးကို သင် ဖော်ထုတ်လျှင်၊ ချင့်ချိန်နိုင်စွမ်းရှိကာ ထိုအရာများကို စွန့်လွှတ်နိုင်သည်အထိ စိတ်ဖြာလေ့လာဆွေးနွေးလော့။ ထို့နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အလွယ်တကူ ပြေလည်သွားလိမ့်မည်ဖြစ်ပြီး၊ သင် သန်စင်ခြင်း ခံရနိုင်လိမ့်မည်။

ယခင်က ဥပမာကို ပြန်သွာကြစို့။ ပန်းချီဆရာက ၎င်းတို့၏ အလုပ်အပေါ် အခြားသူများ၏ အကဲဖြတ်ချက်ကို ကြားသည့်အခါ၊ နှစ်ခုလုံးက လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသည့် အပြုအမူနှင့် ပွင့်အံထွက်မှုများနှင့်ပတ်သက်၍ မည်သည့် တုံ့ပြန်မှုမျိုးသည် မှန်ကန်သည့် တုံ့ပြန်မှုဖြစ်သနည်း။ ၎င်းတို့ မှန်သည်ဟု တွေးသည်ဖြစ်စေ၊ မှားသည်ဟု တွေးသည်ဖြစ်စေ၊ လူတို့အတွင်းရှိ ထိုအတွေးများအားလုံးသည် စာတန်ထံမှလာသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ လာသည်ဟု ယခုတင် ငါပြောခဲ့၏။ ထိုအတွးများသည် မမှန်ကန်သကဲ့သို့ သမ္မာတရား မဟုတ်ပေ။ မည်သို့ပင် မှန်ကန်စွာ သင် တွေးသည်ဖြစ်စေ၊ သင်၏ အတွေးများကို အခြားသူများက လက်ခံသည်ဟု သင် မည်မျှစဉ်းစားသည်ဖြစ်စေ၊ ထိုအတွေးများသည် သမ္မာတရားမှ မလာပေ။ ထိုအရာများသည် သမ္မာတရား၏ ပွင့်အံထွက်မှုများ သို့မဟုတ် အသက်ရှင်နေထိုင်းခြင်း မဟုတ်သကဲ့သို့ ဘုရားအလိုတော်နှင့်လည်း မကိုက်ညီပေ။ ထို့ကြောင့် ဤကိစ္စရပ်ကို ဆင်ခြင်တုံတရား၊ လူ့သဘာဝတို့နှင့်အတူ သင် မည်သို့ အမှန်တကယ် သဘောထားသင့်သနည်း။ ပထမဦးစွာ၊ အခြားသူများ သင့်ကိုပေးသည့် ချီးမွမ်းစကားများနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်သော ခံစားချက်များ မရှိနှင့်။ယင်းမှာ အခြေအနေတစ်မျိုး ဖြစ်သည်။ ထို့အပြင်၊ ရက်စက်သည့် သို့မဟုတ် လက်တုံ့ပြန်တတ်သည့် စိတ်နေစိတ်ထားတစ်ခု ရှိရန်မဆိုထားနှင့်၊ သင်နှင့်ပတ်သက်၍ အခြားသူများပြောသည့် မကောင်းသောအရာများကို မငြင်းနှင့် သို့မဟုတ် မစက်ဆုပ်နှင့်။ ၎င်းတို့က သင့်ကို ချီးမွမ်းသည်ဖြစ်စေ၊ မချီးမွမ်းသည်ဖြစ်စေ၊ သို့မဟုတ် သင့်အကြောင်း မကောင်းသည့်အရာများ ပြောနေကြသည်ဖြစ်စေ၊ သင့်စိတ်နှလုံးတွင် မှန်ကန်သည့် သဘောထား ရှိရမည်။ မည်သည့်သဘောထားမျိုးနည်း။ ပထမဆုံး၊ သင် တည်ငြိမ်မြဲတည်ငြိမ်ပြီးနောက် ၎င်းတို့ထံ၊ “ပန်းချီဆွဲခြင်းသည် ကျွန်ုပ်အတွက် အပျော်တမ်း ဝါသနာတစ်ခုသာ ဖြစ်ပါသည်။ ကျွန်ုပ်၏ ကျွမ်းကျင်မှုအဆင့်ကို ကျွန်ုပ် သိပါသည်။ သင် မည်သည့်အရာ ပြောသည်ဖြစ်စေ၊ သင့်ကို မှန်ကန်စွာ ကျွန်ုပ် ဆက်ဆံနိုင်သည်။ ပန်းချီဆွဲခြင်း အကြောင်း မဆွေးနွေးကြစို့နှင့်။ ကျွန်ုပ် စိတ်မဝင်စားပါ။ ကျွန်ုပ် စိတ်ဝင်စားသည်မှာ ကျွန်ုပ် သဘောမပေါက်သေးသည့်၊ သတိမပြုမိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပွင့်အံထွက်မှုများ မည်သည့်နေရာတွင် ကျွန်ုပ်၌ရှိသည်ကို ပြောပြနိုင်မလားဆိုသည့်အရာ ဖြစ်သည်။ ဤကိစ္စရပ်များကို မိတ်သဟာယပြုကာ စုံစမ်းစစ်ဆေးကြပါစို့။ ကျွန်ုပ်တို့၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားမှုကို နှစ်ယောက်လုံး တွေ့ကြုံပြီး၊ သာ၍ နက်ရှိုင်းသည့် ဝင်ရောက်မှု ရှိကြပါစို့။ ယင်းသည် အလွန်ကောင်းပေမည်။ အပြင်ပန်း ကိစ္စများကို ဆွေးနွေးရန်မှာ အဘယ် အသုံးဝင်ပါသနည်း။ ယင်းက လူတစ်ဦးအား မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် မကူညီနိုင်ပါ။ ကျွန်ုပ်၏ ပန်းချီဆွဲခြင်းက ကောင်းသည်၊ သို့မဟုတ် ဆိုးသည်ဟု သင် ပြောသည်ဖြစ်စေ၊ ကျွန်ုပ် တကယ် ဂရုမစိုက်ပါ။ ကျွန်ုပ်၏ ပန်းချီဆွဲခြင်းကို သင် ချီးမွမ်းပါက၊ သင်သည် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်တစ်ခု ရှိကောင်းရှိမည် မဟုတ်ပါလား။ သင့်အတွက် တစ်စုံတစ်ရာ လုပ်ဆောင်စေရန် ကျွန်ုပ်ကို သင် အသုံးပြုချင်သည်များ ဖြစ်နိုင်မည်မဟုတ်ပါလား။ ကိစ္စရပ်တစ်ခု သင့်အား ကူညီကိုင်တွယ်စေလိုပါက၊ ကျွန်ုပ် တတ်နိုင်သည့်အရာနှင့် အခမဲ့ ကူညီပါမည်။ ကျွန်ုပ် မကူညီနိုင်ပါက၊ သင့်ကို အကြံအချို့ ပေးနိုင်ပါသည်။ ကျွန်ုပ်နှင့် ဤသို့ ဆက်ဆံရန် မလိုအပ်ပါ။ ထိုအရာသည် သူတော်ကောင်းယောင်ဆောင်ခြင်းဖြစ်ပြီး၊ ကျွန်ုပ်ကို စက်ဆုပ်ကာ အော်ဂလီဆန်စေသည်။ ကျွန်ုပ်၏ ပန်းချီဆွဲခြင်းက မကောင်းဟု သင် ပြောပါက၊ ကျွန်ုပ်ကို စုံစမ်းနှောင့်ယှက်ပြီး စုံစမ်းခြင်းထဲသို့ ကျရောက်စေရန် သင် ကြိုးပမ်းနေခြင်း ဖြစ်ပါသလား။ ကျွန်ုပ်ကို သင် စိတ်မြန်လက်မြန် ပြုမူစေချင်ပြီးနောက် သင့်ကို လက်တုံ့ပြန်ကာ ဝေဖန်ထိုးနှက်စေချင်ပါသလား။ ယင်းကို ကျွန်ုပ် လုပ်ဆောင်မည်မဟုတ်ပါ။ ကျွန်ုပ်သည် သိပ်မအပါ။ စာတန်၏ လှည့်စားခြင်းကို ကျွန်ုပ် ခံမည်မဟုတ်ပါ”ဟု ပြောရမည်။ ထိုသို့သော သဘောထားကို သင် မည်သို့ တွေးထင်သနည်း။ (ကောင်းပါသည်။) ဤဆောင်ရွက်ပုံနည်းလမ်းကို မည်သို့ခေါ်ဆိုသနည်း။ စာတန်ကို ပြန်တိုက်ခြင်းဟု ခေါ်သည်။ သမ္မာတရား မလိုက်စားသော လူအချို့သည် မည်သည့်အရာမျှ လုပ်စရာမရှိသကဲ့သို့ အချည်းနှီးသော စကားမျိုးစုံကို ပြောဆိုကြ၏။ “အာ၊ သင်၏ ယခင်က အလုပ်အကိုင်သည် အလွန်ဖြစ်ထွန်းခဲ့သည်၊ တစ်စုံတစ်ဦးကို အားကျစေလောက်သည်။” “အာ၊ သင် မည်မျှ လှသည်ကို ကြည့်ပါ။ သင်၏ မျက်နှာသည် ကောင်းသော ကံ၏ သရုပ်သကန်ဖြစ်သည်။” မည်သူ တန်ခိုးအာဏာရှိသည်၊ မည်သူက ရုပ်ရှိသည်၊ သို့မဟုတ် မည်သူက ၎င်းတို့အတွက် အသုံးဝင်မှုအချို့ ရှိမည်ဆိုသည်ကို မြင်အောင် ၎င်းတို့ ကြည့်ပြီးနောက် ထိုသူတို့ကို စဉ်ဆက်မပြတ် နီးနီးကပ်ကပ် ဖက်တွယ်သည်၊ မြှောင့်ပင့်၊ ချီးမွမ်းကာ ၎င်းတို့အပေါ် မျက်နှာလိုမျက်နှာရ လုပ်ကြလေသည်။ ၎င်းတို့သည် လူကြားထဲပြောမကောင်းသော မိမိတို့ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ဆန္ဒများကို ဖြည့်ဆည်းရန် စက်ဆုပ်ဖွယ်၊ အရှက်မဲ့သော နည်းလမ်းမျိုးစုံကို အသုံးပြုကြသည်။ ဤသည်မှာ စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်သည် ဤလူစားမျိုးနှင့် ဆုံရသည့်အခါ မည်သို့ ဆက်ဆံသင့်သနည်း။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဟု လုပ်ဆောင်ရန် မှန်ကန်ပါသလော။ (မမှန်ပါ။) သင့်တွင် အချိန်မရှိပါက၊ ၎င်းတို့ကို ပြန်တိုက်ခိုက်ပြီး အရှက်ရစေရန် စကားအနည်းငယ်ကိုသာ ပြောလော့။ သင်က၊ “သင် အဘယ်သို့ဖြစ်ပြီး အလွန် ငြီးငွေ့နေရသနည်း။ အာရုံစိုက်စရာ ကိစ္စတစ်ခုတလေ မရှိပါသလား။ ထိုသို့သော အရာများနှင့်ပတ်သက်၍ အတင်းပြောရန်မှာ မည်သည့် အသုံးဝင်မှု ရှိပါသနည်း”ဟု ပြောနိုင်သည်။ ၎င်းတို့၏ မြှောင့်ပင့်နေသည့် စကားများသည် အလွန် အပေါ်ယံဆန်ပြီး အော်ဂလီဆန်စရာဖြစ်သည်ဟု သင် ထင်ပါက၊ သင် နားမထောင်ချင်သကဲ့သို့ ရှည်ရှည်ဝေးဝေး စကားပြောရန် အချိန်မရှိပါက၊ ဤစာကြောင်းအနည်းငယ်ဖြင့် တုံ့ပြန်ပြောဆိုပြီး အပြီးသတ်လိုက်လော့။ သင်၌ အချိန်ရှိပါက၊ ၎င်းတို့နှင့်အတူ မိတ်သဟာယပြုလော့။ ဤနေရာတွင် မိတ်သဟာယကို ပြောဆိုသည့်အခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိ၊ တဇောက်ကန်းဖြစ်ခြင်း သို့မဟုတ် ဗီဇအရဖြစ်ခြင်းမရှိ၊ ဝေဖန်ထိုးနှက်ခြင်း သို့မဟုတ် လက်တုံ့ပြန်ခြင်း မရှိ၊ အမုန်းမရှိသကဲ့သို့ လူတို့ စက်ဆုပ်သည့် အရာတစ်ခုမျှ မရှိပေ။ သင့်ထံမှ ပွင့်အံထွက်သည့်အရာများသည် ပုံမှန် လူ့သဘာဝနှင့် ကိုက်ညီရမည်၊ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီရမည်၊ သမ္မာတရား၏ စစ်မှန်မှု ရှိရမည်၊ အခြားသူများကို ကူညီနိုင်ရမည်ဖြစ်ပြီး အခြားသူများအတွက် အပြုသဘောဆောင်ကာ အကျိုးပြုရမည် ဖြစ်သည်။ ဤအရာအားလုံးသည် အပြုသဘောဆောင်သော ပွင့်အံထွက်မှုများ ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာများသည် အပျက်သဘောဆောင်သော ပွင့်အံထွက်မှုများ ဖြစ်သနည်း။ ထိုအရာများကို ပေါင်းရုံးရန် ကြိုုးစားလော့။ (လက်တုံ့ပြန်ခြင်း၊ ဝေဖန်ထိုးနှက်ခြင်း၊ သွားအတွက် အသွားကိုလုပ်ခြင်း။)လက်တုံ့ပြန်ခြင်း၊ ဝေဖန်ထိုးနှက်ခြင်း၊ သွားအတွက် သွား၊ မျက်လုံးအတွက် မျက်လုံးတစ်လုံး လုပ်ခြင်းနှင့် အစဉ်အလာအားဖြင့် မှန်ကန်သည်ဟု လူတို့ တွေးထင်သည့် စိတ်ကူးများ ဖြစ်သည်။ “သင် လုပ်သည့်အတိုင်း ပြန်ခံရခြင်း ဖြစ်သည်”ဆိုသည်နှင့် “ကျွန်ုပ်သည် ဖြောင့်မတ်တည်ကြည်သည့် လူကြီးလူကောင်းတစ်ဦးဖြစ်သည်၊ စက်ဆုပ်ဖွယ်ကောင်းသော လူတစ်ဦး မဟုတ်သကဲ့သို့ ကြောင်းသူတော်တစ်ဦး မဟုတ်ပါ”ဆိုသည်တို့ ဖြစ်သည်။ မှန်သည်ဟု လူတို့ တွေးထင်သည့် ဤအရာများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤအရာများသည် စုံစမ်းစစ်ဆေးထိုက်၏။ ရိုးရှင်း၊ ရှင်းလင်းကာ တစ်ချက်ကြည့်ရုံမျှဖြင့် သိမြင်ရန် လွယ်ကူသည့် ထိုအရာများသည် ပိုင်းခြားသိမြင်ရန် အနည်းငယ် သာ၍ လွယ်ကူပေသည်။ လူအများစုက မမြင်နိုင်သည့် အရာများ၊ မှန်ကန်ပြီး ကောင်းမွန်သည်ဟု လူများစွာတွေးထင်သည့် အရာများအတွက်မူ၊ ထိုအရာများကို လူတို့က ပိုင်းခြားသိမြင်ခြင်း မရှိသောကြောင့်၊ ထိုအရာများကို သမ္မာတရား ဖြစ်သည့်အလား သဘောထားပြီး ထိန်းသိမ်းရန် ၎င်းတို့အတွက် လွယ်ကူပေသည်။ ထိုအရာများကို ထိန်းသိမ်းရာတွင်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့် အရာသည် သမ္မာတရား၏ စစ်မှန်မှုနှင့် ပုံမှန် လူ့သဘာဝဖြစ်သည်ဟု လူတို့က တွေးထင်ကြလေသည်။ ၎င်းတို့ ပြီးပြည့်စုံပုံ၊ ကောင်းမွန်ပုံ၊ တရားမျှတပြီး ဂုဏ်အသရေရှိပုံ၊ ပွင့်လင်းပြီး ရိုးသားပုံကို ၎င်းတို့ တွေးကြသည်။ တဇောက်ကန်း၊ သဘာဝကျသည့်၊ သွေးသားဖြစ်သည့်၊ လူ့ကျင့်ဝတ်နှင့်ဆိုင်ပြီး အကျင့်သိက္ခာရှိသော ထိုအရာများကို သမ္မာတရား၏ စစ်မှန်မှု ဖြစ်သည့်အလား အသက်ရှင်နေထိုင်ကာ သမ္မာတရားနှင့် အစားထိုးခြင်းသည် လူအများစု ကျူးလွန်တတ်လေ့ရှိသော အမှားတစ်ခုဖြစ်သည်မှာ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သောသူများပင် ထိုအရာကို မပိုင်းခြားမသိမြင်နိုင်ချေ။ ဘုရားသခင်ကို ယုံကြည်သူတိုင်းနီးပါး ဤအဆင့်ကို ဖြတ်သန်းရမည်ဖြစ်ပြီး၊ သမ္မာတရားကို လိုက်စားသောသူတို့သာ ဤမှားယွင်းသည့် စိတ်ကူးကို လွတ်မြောက်နိုင်ပေသည်။ ထို့ကြောင့် တဇောက်ကန်းဖြစ်ခြင်းနှင့် ဗီဇအရဖြစ်ခြင်းတို့မှ လာသည့် ဤအရာများကို လူတို့ သတိပြုမိကာ ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးရမည်။ ဤအရာများကို ၎င်းတို့ ရိပ်စားမိကာ ဖြေရှင်းနိုင်ပါက၊ သင့်ထံမှ ပုံမှန် ပွင့်အံထွက်လာသည့် အရာများထဲမှ အချို့သည် သမ္မာတရား၏ စစ်မှန်မှုနှင့် ကိုက်ညီသွားလိမ့်မည်။ သမ္မာတရားကို လက်တွေ့အလုပ်ဆောင်ခြင်းအား ပုံမှန် လူ့သဘာဝဖြင့် စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် တစ်စုံတစ်ဦးက အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြောင်း သက်သေပြသည့် တစ်ခုတည်းသော စံနှုန်း ဖြစ်သည်။ သမ္မာတရား မည်မျှ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ အားလုံး အပြုသဘောဆောင်၏။ တဇောက်ကန်းဖြစ်ခြင်းဖြင့် ပြုမူဆောင်ရွက်ခြင်း မဆိုထားနှင့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုပင် လုံးဝ မဟုတ်ပေ။ တစ်စုံတစ်ဦးက သင့်ကို ယခင်က ထိခိုက်နာကျင်စေပြီး၊ သင်သည် ၎င်းတို့ကို ထိုနည်းတူ ဆက်ဆံပါက၊ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ၎င်းတို့က သင့်ကို ထိခိုက်နာကျင်စေသောကြောင့်၊ အလွန်ဆိုးရွားစွာ ထိခိုက်နာကျင်စေသောကြောင့်၊ မယုံကြည်သူများအတိုင်း ဘယ်နည်းနှင့်ရရ ၎င်းတို့ကို လက်တုံ့ပြန်ပြီး အပြစ်ပေးရန် သင် ကြိုးစားပါက၊ ဤသည်မှာ မျှတပြီး ကြောင်းကျိုးဆီလျော်ကာ ဝေဖန်စရာ မည်သည့်အရာမျှမရှိပေ။ သို့သော် ဤသည်မှာ မည်သည့် ဆောင်ရွက်ပုံနည်းလမ်းမျိုး ဖြစ်ပါသနည်း။ ဤသည်မှာ တဇောက်ကန်းဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့က သင့်ကို နာကျင်စေသည်၊ ထိုဆောင်ရွက်ပုံနည်းလမ်းသည် ဖောက်ပြန်ပျက်စီး ဆိုးယုတ်သည့် သဘာဝ ပွင့်အံထွက်ခြင်းဖြစ်သော်လည်း၊ သင်သည် ၎င်းတို့ကို လက်တုံ့ပြန်ပါက၊ သင်၏ ဆောင်ရွက်ပုံနည်းလမ်းသည် ၎င်းတို့နှင့် တူညီသည် မဟုတ်လော။ သင်၏ လက်တုံ့ပြန်ခြင်း နောက်ကွယ်ရှိ စိတ်နေစိတ်ထား၊ စမှတ်နှင့် အရင်းအမြစ်တို့သည် ၎င်းတို့နှင့် အတူတူပင် ဖြစ်သည်။ ကွာခြားမှု မရှိပေ။ ထို့ကြောင့် သင့်လုပ်ရပ်၏ အကျင့်စရိုက်သည် ဧကန်မုချ တဇောက်ကန်းဖြစ်သည်၊ ဗီဇအရဖြစ်ပြီး ဆိုးယုတ်လေသည်။ ထိုအရာသည် ဆိုးယုတ်ပြီး တဇောက်ကန်းဖြစ်သည်ကို မြင်ရသည်နှင့်အမျှ၊ သင်၏ ဤဆောင်ရွက်ပုံနည်းလမ်းကို သင် ပြောင်းလဲသင့်သည် မဟုတ်လော။ သင့်လုပ်ရပ်များနောက်ကွယ်ရှိ အရင်းအမြစ်၊ ကြံရွယ်ချက်များနှင့် လှုံ့ဆော်မှုတို့သည် ပြောင်းလဲသင့်သည် မဟုတ်လော။ (ပြောင်းလဲသင့်ပါသည်။) ထိုအရာများကို သင် မည်သို့ ပြောင်းလဲသနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာသည် သေးငယ်သည့်အရာတစ်ခု ဖြစ်လျှင်၊ ထိုအရာက သင့်ကို မသက်မသာဖြစ်စေသော်လည်း သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိခိုက်ခြင်းမရှိသည့်အခါ သို့မဟုတ် သင့်ကို ဆိုးရွားစွာ မနာကျင်စေသည့်အခါ သို့မဟုတ် ထိုအရာကို သင့်အား မမုန်းတီးစေသည့်အခါ၊ သို့မဟုတ် လက်တုံ့ပြန်ရန် သင့်ဘဝကို မစွန့်စားစေသည့်အခါ၊ တဇောက်ကန်းဖြစ်ခြင်းအပေါ် မှီခိုခြင်းမရှိဘဲ သင်၏ အမုန်းတရားကို သင် စွန့်နိုင်ပေသည်။ ထို့ထက် ဤကိစ္စရပ်ကို မှန်ကန်စွာနှင့် တည်ငြိမ်စွာ ကိုင်တွယ်ရန် သင်၏ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝတို့အပေါ် သင် မှီခိုအားကိုးနိုင်ပေသည်။ သင်၏ အဆင့်တူ ပုဂ္ဂိုလ်ထံ ဤကိစ္စရပ်ကို ပွင့်လင်းစွာနှင့် ရိုးသားစစ်မှန်စွာ သင် ရှင်းပြနိုင်ပြီး သင်၏ အမုန်းတရားကို ဖြေရှင်းနိုင်သည်။ သို့ရာတွင်၊ ဤအမုန်းတရားက အလွန် နက်ရှိုင်းသည်မှာ သင်သည် လက်တုံ့ပြန်လိုကာ ခါးသီးသည့် အမုန်းတရားကို ခံစားရသည်အထိ ဖြစ်ပါက၊ စိတ်ရှည်ခြင်းကို သင် ကျင့်သုံးနိုင်သေးသလော။ သင်သည် တဇောက်ကန်းဖြစ်ခြင်းအပေါ် မမှီခိုသကဲ့သို့ တည်ငြိမ်စွာဖြင့်၊ “ကျွန်ုပ်သည် စဉ်းစားချင့်ချိန်နိုင်ရမည်။ ကျွန်ုပ်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် အသက်ရှင်ပြီး၊ သမ္မာတရား စည်းမျဉ်များဖြင့် အသက်ရှင်ရမည်။ မကောင်းမှုကို မကောင်းမှုဖြင့် ကျွန်ုပ် တုံ့ပြန်၍မရသကဲ့သို့၊ ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ကာ စာတန်ကို အရှက်ရစေရမည်”ဟု ပြောနိုင်သည်။ ဤသည်မှာ ကွဲပြားသည့် အခြေအနေတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အတိတ်ကာလတွင် မည်သည့် အခြေအနေမျိုးများ သင်တို့ ရှိခဲ့ကြသနည်း။ အခြားတစ်စုံတစ်ဦးက သင်၏ တစ်စုံတစ်ရာကို ခိုးယူလျှင် သို့မဟုတ် သင်၏ တစ်စုံတစ်ရာကို စားသောက်လျှင်၊ ဤသည်မှာ ကြီးမားသည့်၊ နက်ရှိုင်းသည့် အမုန်းတရားအချို့နှင့် မညီမျှပေ။ ထို့ကြောင့် သင်သည် ဤကိစ္စကြောင့် သင့်မျက်နှာ နီမြန်းခြင်း မရှိမချင်း ၎င်းတို့၏ သွားငြင်းခုံရန် လိုအပ်သည်ဟု သင် တွေးလိမ့်မည် မဟုတ်။ ထိုအရာသည် သင့်အောက်တွင်ရှိပြီး၊ မထိုက်တန်ပေ။ ဤအခြေအနေမျိုးတွင်၊ ထိုကိစ္စကို သင် နှိုင်းနှိုင်းချိန်ချိန် ကိုင်တွယ်နိုင်သည်။ ကိစ္စရပ်ကို နှိုင်းနှိုင်းချိန်ချိန် ကိုင်တွယ်နိုင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ညီမျှသလော။ ဤကိစ္စရပ်တွင် ထိုအရာသည် သမ္မာတရား စစ်မှန်မှုရှိခြင်းနှင့် ညီမျှသလော။ လုံးဝ မညီမျှပေ။ ဆင်ခြင်တုံတရားနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် သီးခြားဖြစ်သော အရာနှစ်ခု ဖြစ်သည်။ သင့်ကို အထူးသဖြင့် ဒေါသထွက်စေသည့် တစ်စုံတစ်ရာကို သင် ကြုံရသော်လည်း၊ သင့်ထံမှ တဇောက်ကန်းဖြစ်ခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို ပွင့်အံထွက်ခွင့်မပေးဘဲ ထိုအရာကို သင်က နှိုင်းနှိုင်းချိန်ချိန်နှင့် တည်ငြိမ်စွာ ကိုင်တွယ်နိုင်ပါက၊ ဤအရာက သင့်အား သမ္မာတရားစည်းမျဉ်းများကို နားလည်ရန်နှင့် ထိုအရာကို ကိုင်တွယ်ဖြေရင်းရန် ဉာဏ်ပညာအပေါ် အမှီပြုရန် တောင်းဆိုပေသည်။ ထိုသို့သော အခြေအနေတစ်ခုတွင်၊ သင်သည် ဘုရားသခင်ထံ ဆုမတောင်း သို့မဟုတ် သမ္မာတရားကို မရှာဖွေပါက၊ တဇောက်ကန်းဖြစ်ခြင်း၊ ရက်စက်ကြမ်းကြုတ်မှုပင်လျှင် သင့်ထဲတွင် အလွယ်တကူ ထွက်ပေါ်လိမ့်မည်။ သင်သည် လူသား နည်းလမ်းများကိုသာ ခံယူရင်းနှင့် သင်၏ ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရင်း၊ သမ္မာတရား ရှာဖွေခြင်းမရှိပါက၊ အယူဝါဒ အနည်းငယ်ကို ဟောပြောခြင်း သို့မဟုတ် ထိုင်ချကာ သင်၏ စိတ်နှလုံးကို ဖွင့်ချခြင်းအားဖြင့် ထိုအရာကို သင် မဖြေရှင်းနိုင်ပေ။ထိုမျှ မရိုးရှင်းပေ။

ယခု၊ ငါတို့ မိတ်သဟာယပြုနေသည့်အရာအားလုံးသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ဖောက်ပြန်ပျက်စီးသော သဘာဝများနှင့်ဆိုင်သည့် ပြဿနာများကို ထည့်သွင်းစဉ်းစား၏။ လူအချို့သည် ရိုးရှင်း၊ ဖြောင့်မတ်သည့် ပင်ကိုစရိုက်တစ်ခုဖြင့် မွေးဖွားကြသည်။ အခြားသူများက ၎င်းတို့၏ အကျိုးစီးပွားများကို ဆုံးရှုံးမှုများ ဖြစ်စေသည့်အခါ၊ သို့မဟုတ် ၎င်းတို့အဖို့ နှစ်လိုဖွယ်မရှိသည့် တစ်စုံတစ်ရာကို ပြောကြသည့်အခါ၊ အရေးမကြီးဟန် ရယ်ပစ်ပြီး၊ လွန်သွားစေကြသည်။ လူအချို့မှာ သဘောထားသေးကြပြီး၊ ၎င်းတို့ ဘဝတစ်လျှောက် အဃာတထားလျက် လွန်သွားခွင့်မပေးကြချေ။ ဤလူနှစ်မျိုးထဲတွင် မည်သည်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသနည်း။ အမှန်တွင်၊ ၎င်းတို့နှစ်မျိုးလုံးက ရှိကြ၏။ ၎င်းတို့၏ သဘာဝ ပင်ကိုစရိုက်က ကွဲပြားခြင်းသာ ဖြစ်သည်။ ပင်ကိုစရိုက်သည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မလွှမ်းမိုးနိုင်သကဲ့သို့၊ ပင်ကိုစရိုက်က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား နက်ရှိုင်းမှုကိုလည်း အဆုံးအဖြတ်မပေးပေ။ လူတို့၏ ကြီးပြင်းလာရခြင်း၊ ပညာရေးနှင့် မိသားစု အခြေအနေများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား နက်ရှိုင်းမှုကို အဆုံးအဖြတ်မပေးပေ။ သို့ဆိုလျှင် ထိုအရာသည် လူတို့ လေ့လာသည့်အရာများနှင့် ဆက်နွှယ်သလော။ လူအချို့က၊ “ကျွန်ုပ်သည် စာပေကို လေ့လာခဲ့ပြီး စာအုပ်များစွာ ဖတ်ခဲ့သည်။ ကျွန်ုပ်တွင် အတွေ့အကြုံကောင်းရှိပြီး၊ ယဉ်ကျေးသည်။ ထို့ကြောင့် ကျွန်ုပ်၏ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းသည် အခြားသူများထက် အားကောင်းသည်၊ လူတို့အပေါ် ကျွန်ုပ်၏ သိနားလည်မှုသည် အခြားသူများထက် ကြီးမားပြီး ကျွန်ုပ်သည် အခြားသူများထက် သဘောထား ကြီးပါသည်။ အမှုအရာများကို ကျွန်ုပ် ကြုံရသည့်အခါ၊ ဖြေရှင်းရန် နည်းလမ်းရှိသောကြောင့် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သိပ်နက်ရှိုင်းကောင်းနက်ရှိုင်းမည် မဟတ်ပါ”ဟု ဆိုကြသည်။ လူအချို့က၊ “ဂီတကို ကျွန်ုပ် လေ့လာခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည် အထူး ပါရမီရှင်တစ်ဦး ဖြစ်သည်။ ဂီတက လူတို့၏ စိတ်ဝိညာဉ်များကို တက်ကြွစေပြီး သန့်စင်စေသည်။ ဂီတ သင်္ကေတတစ်ခုစီက လူတစ်ဦး၏ စိတ်ဝိညာဉ်ကို သက်ရောက်သည်နှင့်အမျှ ၎င်းတို့၏ စိတ်ဝိညာဉ်သည် သန့်စင်ခံရပြီး ပြောင်းလဲသည်။ မတူကွဲပြားသော ဂီတကို နားထောင်ခြင်းသည် လူတို့ကို စိတ်အခြေအနေအမျိုးမျိုး ဖြစ်စေပြီး၊ မတူကွဲပြားသော စိတ်နေစိတ်ထားများ ဖြစ်စေသည်။ ကျွန်ုပ်သည် အပျက်သဘောဆောင်သော စိတ်နေစိတ်ထားတစ်ခုတွင် ရှိသည့်အခါ၊ ဖြေရှင်းရန် ဂီတကို နားထောင်သောကြောင့် တေးဂီတကို နားထောင်သည်နှင့်အမျှ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တဖြည်းဖြည်း အားနည်းသွားသည်။ ကျွန်ုပ်၏ ဂီတဆိုင်ရာ စွမ်းရည်တိုးတက်သည်နှင့်အမျှ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော သဘာဝလည်း တဖြည်းဖြည်း ပြေလည်သွားပါသည်”ဟု ဆိုကြသည်။ သီချင်းသီဆိုကြသည့် လူအချို့က၊ “သာယာသော သီချင်းများသည် လူတို့၏ စိတ်ဝိညာဉ်များထံ ပျော်ရွှင်မှု ဆောင်ကြဉ်းပေးနိုင်သည်။ ကျွန်ုပ် သီချင်းဆိုလေ၊ ကျွန်ုပ်၏ အသံက သာ၍ ကောင်းလေဖြစ်သည်။ ကျွန်ုပ်၏ သီချင်းသီဆိုသည့် အစွမ်းက သာ၍ ကောင်းလေဖြစ်ပြီး၊ ကျွန်ုပ် သာ၍ ပညာရှင်ပီသလာလေဖြစ်သည်။ ထို့နောက် ထိုအရာက ကျွန်ုပ်၏ အခြေအနေကို တိုးတက်စေပါသည်။ ကျွန်ုပ်၏ အခြေအနေ သာ၍ ကောင်းသည်ထက်ကောင်းလာသည်နှင့်အမျှ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သာ၍ သေးငယ်သည်ထက် သေးငယ်လာလိမ့်မည် မဟုတ်ပါလား”ဟု ဆိုကြသည်။ ဤသို့ဖြစ်သည်ဟု သင်ထင်သလော။ (မထင်ပါ။) ထို့ကြောင့်၊ လူများစွာတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ၎င်းတို့၏ အသိနှင့် နားလည်မှုတွင် မှားယွင်းသော စိတ်ကူးများ ရှိကြသည်။ ၎င်းတို့သည် ပညာရေးအနည်းငယ် ရရှိကြပြီးသည့်အခါ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက လျော့နည်းသွားသည်ဟု ထင်ကြသည်။ သာ၍ အသက်ကြီးသောလူအချို့ကပင်၊ “ကျွန်ုပ် ငယ်ရွယ်ခဲ့ချိန်တွင် များစွာ ဆင်းရဲဒုက္ခခံခဲ့ပြီး၊ ဘဝက အလွန်ရိုးရှင်းခဲ့သည်။ ငွေစုခြင်းကို ကျွန်ုပ် အာရုံစိုက်ခဲ့ပြီး ဖြုန်းတီးခြင်းကို အာရုံမစိုက်ခဲ့ပါ။ မည်သည့်အလုပ်ကို ကျွန်ုပ် လုပ်ခဲ့သည်ဖြစ်စေ၊ ကျွန်ုပ် အလွန်သန့်ပြီး ကျွန်ုပ်စကားပြော ယဉ်ကျးခဲ့သည်။ ကျွန်ုပ် ပွင့်လင်းစွာ စကားပြောပြီး၊ မာယာကင်းသော လူတစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့်၊ ကျွန်ုပ်တွင် ထိုမျှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာ မရှိခဲ့ပါ။ အချို့သော လူငယ်များသည် မိမိတို့၏ လူမှုပတ်ဝန်ကျင်အားဖြင့် လွှမ်းမိုးခံရသည်။ သူတို့က ဆေးများ သုံးကြပြီး၊ ဆိုးယုတ်သည့် ရေပန်းစားမှုများနောက် လိုက်ကြသည်။ လူမှု ဝန်းကျင်စရိုက်၏ ကူးစက်မှုကို ပြင်းထန်စွာ ခံရပြီး နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြသည်”ဟု တွေးကြသည်။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအပေါ် ဤမှားယွင်းသည့် အသိနှင့် နားလည်မှုတို့သည် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ဆိုးယုတ်သော သဘာဝတို့နှင့် စပ်လျဉ်း၍ အမျိုးမျိုးသော ခံစားချက်များနှင့် တစ်ဖက်စောင်းနင်းအမြင်များ ရှိစေသည်။ ဤခံစားချက်များနှင့် တစ်ဖက်စောင်းနင်းအမြင်များသည် လူအများစုအား ၎င်းတို့အနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကြသော်လည်း၊ ၎င်းတို့ မာနထောင်လွှား၊ မိမိကိုယ်အမှန်မှတ်ယူကြပြီး ပုန်ကန်တတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူအများက ကောင်းနေဆဲဖြစ်သည်ဟု ခံစားစေသည်။ အထူးသဖြင့်၊ လူတို့သည် စည်းမျဉ်းများကို လိုက်နာနိုင်ကြသည့်အခါ၊ ပုံမှန်ဖြစ်သည့်၊ စည်းကမ်းရှိသော ဝိညာဉ်​ရေးရာ အသက်တာများရှိကြပြီး၊ အချို့သော ဝိညာဉ်ရးရာ အယူဝါဒများကို ပြောဆိုနိုင်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းပေါ်တွင် အောင်မြင်မှုများ ရှိကြကြောင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လွန်စွာ ပြေလည်သွားပြီဖြစ်ကြောင်း သာ၍ပင် လက်ခံယုံကြည်သွားကြလေသည်။ မိမိတို့၏ အခြေအနေက သိပ်မဆိုးသည့်အခါ၊ မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင် အောင်မြင်မှုများရှိကြသည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ရာကို ၎င်းတို့ ပြီးမြောက်သည့်အခါ၊ ၎င်းတို့ ဝိညာဉ်ရေးရာပြည့်ဝနှင့်ပြီးဖြစ်ကြောင်း၊ စုံလင်ခံရကာ သန့်စင်ခံရနှင့်ပြီးဖြစ်သော သန့်ရှင်းသည့်လူများဖြစ်ကြောင်းနှင့် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိတော့ကြောင်း တွေးထင်ကြသော လူအချို့ပင် ရှိ၏။ လူတို့၏ ထိုသို့သော အတွေးများသည် မိမိတို့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်သည့် စိတ်သဘောထားများကို အမှန်တကယ် မသိခြင်းနှင့်ဆိုင်သည့် အမျိုးမျိုးသော အခြေအနေများအောက်တွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော နားလည်မှုလွဲခြင်းများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤနားလည်မှုလွဲခြင်းများသည် လူတို့က မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အခက်အခဲများကို ဖြေရှင်းခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ အကြီးမားဆုံးသော အတားအဆီး၊ လူတို့အား ကိုင်တွယ်ဖြေရှင်းရအခက်ဆုံး ဖြစ်စေသော အရာ ဖြစ်သည်။

ယနေ့ ငါတို့ မိတ်သဟာယပြုပြီးသည့်အရာကို သင်တို့ နားလည်ပါသလော။ အဓိက အရိပ်လက္ခဏာများကို သင်တို့ သဘောပေါက်ကြပြီလော။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ၎င်းတို့ မဝင်ရောက်နိုင်ကြပေ။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ၎င်းတို့ ရှိကြသည်ကို သို့မဟုတ် ၎င်းတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော သဘာဝနှင့် အနှစ်သာရတို့က မည်သည့်အရာဖြစ်သည်ကို မသိပါက၊ ၎င်းတို့ကိုယ်တိုင်သည် ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်ကို အမှန်တကယ် ဝန်ခံနိုင်ကြသလော။ (ဝန်မခံနိုင်ပါ။) လူတို့သည် ၎င်းတို့ ဆိုးယုတ်ကြောင်း၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွှယ်ဝင်များဖြစ်ကြောင်း အမှန်တကယ် ဝန်မခံနိုင်ပါက၊ ၎င်းတို့ အမှန်တကယ် နောင်တရနိုင်ကြသလော။ (မရနိုင်ပါ။) ၎င်းတို့ အမှန်တကယ် နောင်တမရနိုင်ပါက၊ ၎င်းတို့ သိပ်မဆိုးကြောင်း၊ ဂုဏ်သိက္ခာရှိ၊ ရာထူးအဆင့်အတန်း မြင့်ကြောင်း၊ အဆင့်အတန်းနှင့် ဂုဏ်အသရေရှိကြောင်း မကြာခဏ တွေးကောင်းတွေးကြမည် မဟုတ်လော။ ထိုသို့သော အတွေးများနှင့် အခြေအနေများ မကြာခဏ ရှိကောင်းရှိကြမည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အဘယ်ကြောင့် ဤအခြေအနေများ ထွက်ပေါ်သနည်း။ ရိုးရိုးလေး စာကြောင်းတစ်ကြောင်းသာ ဖြစ်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက၊ ၎င်းတို့ စိတ်နှလုံးများသည် အမြဲ နှောင့်ယှက်ခံရပြီး ၎င်းတို့အတွက် ပုံမှန် အခြေအနေတစ်ခုရှိရန် ခက်ခဲပေသည်။ ဆိုလိုသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အချို့သော သွင်ပြင်လက္ခဏာတွင် ဖြေရှင်းမခံရပါက၊ အပျက်သဘောဆောင်သော အခြေအနေ၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန် သင့်အတွက် အလွန်ခက်ခဲပြီး ထိုအပျက်သဘောဆောင်သော အခြေအနေကို စွန့်ခွာရန် သင့်အတွက် အလွန်ခက်သည်မှာ သင်က ဤသင်၏ အခြေအနေသည် သင့်တော်၊ မှန်ကန်ပြီး၊ သမ္မာတရားနှင့် ကိုက်ညီသည်ဟု တွေးထင်ကောင်းတွေးထင်မိပေမည်။ သင်သည် ထိုအရာကို စွဲကိုင်ကာ ထိုအရာ၌ ဆက်နေမိလိမ့်မည်ဖြစ်ပြီး အလိုအလျောက် ပိတ်မိလာသောကြောင့် ထိုအရာမှ ထွက်ရန် အလွန်ခက်ခဲသွားလိမ့်မည်။ ထို့နောက် တစ်နေ့တွင်၊ သမ္မာတရားကို သင် နားလည်သည်နှင့်၊ ဤအခြေအနေမျိုးက သင့်ကို ဘုရားသခင်အား အထင်လွဲကာ အတိုက်အခံလုပ်စေကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင် သံသယဝင်သည်အထိ၊ ဘုရားသခင်၏ အမှုတော်ကို သံသယဝင်သည်အထိ၊ ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သံသယဝင်ပြီး၊ ဘုရားသခင်သည် အပြုသဘောဆောင်သော အရာအားလုံး၏ စစ်မှန်မှုနှင့် ဇာစ်မြစ်ဖြစ်သည်ကို သံသယဝင်သည်အထိ သင့်ကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ဆန့်ကျင်စေသည်ကို သင် သဘောပေါက်လိမ့်မည်။ သင်၏ အခြေအနေ အလွန်အန္တရာယ်များသည်ကို သင် မြင်ရလိမ့်မည်။ သင်သည် ဤဆိုးယုတ်သော အတွေးအခေါ်များ၊ စိတ်ကူးများနှင့် သဘောတရားများအပေါ် အသိပညာ အမှန်တကယ် မရှိခဲ့သောကြောင့် ဤပြင်းထန်သည့် အကျိုးဆက် ဖြစ်ပေါ်ခဲ့ပေသည်။ ဤအချိန်တွင်သာ သင်သည် စာတန် မည်မျှ ယုတ်မာပြီး ရက်စက်သည်ကို မြင်နိုင်လိမ့်မည်။ စာတန်သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သစ္စာဖောက်ခြင်းလမ်းကြောင်းကို လျှောက်စေလျက်၊ ၎င်းတို့ကို လှည့်ဖြားကာ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းရှိသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက၊ အကျိုးဆက်များက ပြင်းထန်ပေသည်။ သင်သည် ဤအသိပညာ၊ ဤသဘောပေါက်မိခြင်း ရှိနိုင်စွမ်းရှိပါက၊ ယင်းမှာ သမ္မာတရားကို သင် သိနားလည်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များက သင့်ကို ဉာဏ်အလင်းပေးကာ အလင်းပြခြင်းတို့၏ ရလဒ် လုံးလုံးလျားလျား ဖြစ်ပေသည်။ သမ္မာတရားကို နားမလည်သော လူတို့သည် စာတန်က လူများအား မည်သို့ ဖောက်ပြန်ပျက်စီးစေပြီး ဘုရားသခင်ကို အတိုက်အခံ လုပ်စေသည်ကို မရိပ်စားမိနိုင်ပေ။ ဤအကျိုးဆက်သည် အထူးသဖြင့် အန္တရာယ်များ၏။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသည်နှင့်အမျှ၊ မိမိကိုယ်ကိုယ် မည်သို့ သုံးသပ်ရမည်၊ အပျက်သဘောဆောင်သော အရာများ သို့မဟုတ် ဆိုးယုတ်သော အတွေးအခေါ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ၎င်းတို့ မသိကြပါက၊ စာတန်၏ လှည့်ဖြားမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းများမှ လွတ်မြောက်ရန် နည်းလမ်း မရှိပေ။ ဘုရားသခင်သည် လူတို့အား အဘယ်ကြောင့် သူ၏ နှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုရန် တောင်းဆိုပါသနည်း။ လူတို့အနေဖြင့် သမ္မာတရားကို သိနားလည်ရန်၊ မိမိတို့ကိုယ်ကိုယ် သိရှိလာရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို မည်သည့်အရာက ဖြစ်ပေါ်စေသည်ဆိုသည်ကို ရှင်းလင်းစွာ သိမြင်ရန်နှင့် ၎င်းတို့၏ စိတ်ကူးများ၊ ရှုထောင့်အမြင်များနှင့် စကားပြောခြင်း၊ ပြုမူခြင်းနှင့် အမှုကိစ္စများအား ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများက မည်သည့်နေရာမှလာသည်ကို သိမြင်ရန်အလို့ငှာ ဖြစ်၏။ သင် စွဲကိုင်သည့် ဤရှုထောင့်အမြင်များသည် သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ ထိုအရာများသည် ဘုရားသခင် ပြောပြီးသည့်အရာအားလုံးနှင့် ကွဲလွဲကြောင်းနှင့် သူအလိုရှိသည့်အရာ မဟုတ်ကြောင်း သင် သိလာသည့်အခါ၊ သူ၏ နှုတ်ကပတ်တော်များ သင့်အပေါ် ရောက်လာသည့်အခါနှင့် သင်၏ အခြေအနေ၏ စိတ်နေစိတ်ထားတို့က ဘုရားသခင်ထံ သင့်ကို ကျိုးနွံနာခံခွင့်မပေးသကဲ့သို့ သူ စီစည်ပြီးသည့် အခြေအနေများကို ကျိုးနွံနာခံတတ်ခြင်း မရှိသည့်အပြင် ဘုရားသခင်၏ မျက်မှောက်တွင် လွတ်လပ်စွာနှင့် လွတ်မြောက်စွာ အသက်မရှိစေသကဲ့သို့ သူ့ကို စိတ်ကျေနပ်စေခြင်း မရှိသည့်အခါ၊ ဤအရာအားလုံးက သင် စွဲကိုင်သည့် အခြေအနေသည် မှားယွင်းကြောင်း သက်သေပြပေသည်။ ယခင်က ဤအခြေအနေမျိုးကို သင်တို့ ကြုံကြပြီးပြီလော။ အပြုသဘောဆောင်သည်၊ သင့်အတွက် အသုံးအဝင်ဆုံးဟု သင် တွေးထင်သည့်အရာများဖြင့် သင် အသက်ရှင်သော်လည်း၊ မမျှော်လင့်ဘဲ၊ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ၊ အမှန်ကန်ဆုံးဟု သင် တွေးထင်သည့်အရာများက မကြာခဏ အပြုသဘောဆောင်သော အကျိုးတရားမရှိပေ၊ ဆန့်ကျင်ဖက်အနေဖြင့်၊ ထိုအရာများက သင့်အား ဘုရားသခင်အကြောင်း သံသယများရှိစေသည်၊ လမ်းကြောင်းမရှိဘဲ ကျန်ရစ်စေသည်၊ ဘုရားသခင်အကြောင်း အထင်လွဲမှုများ ပေးပြီး၊ ဘုရားသခင်နှင့် သဘောကွဲလွဲမှု ဖြစ်စေသည်။ ထိုသို့သော အချိန်များ သင် ရှိဖူးသလော။ (ရှိဖူးပါသည်။) မှားသည်ဟု သင် တွေးထင်သည့်အရာများကို သင် ဧကန်မုချ စွဲကိုင်မည်မဟုတ်သည်မှာ အမှန်ဖြစ်၏။ မှန်ကန်သည်ဟု သင် တွေးထင်သည့် အရာများကိုသာ သင် ဆက်လက် စွဲကိုင်ပြီး ထိုအမှုအရာများတွင် မဆုတ်မနစ်ကြိုးပမ်းနေသည်။ ထိုသို့သော အခြေအနေတစ်ခုတွင် အမြဲ အသက်ရှင်နေသည်။ တစ်နေ့ သမ္မာတရားကို သင် နားလည်သည့်အခါ၊ ထိုအခါမှသာ သင် စွဲကိုင်သည့် အရာများသည် အပြုသဘောမဆောင်သည်ကို သင် သဘောပေါက်ပေသည်။ ထိုအရာများသည် လုံးဝ မှားယွင်း၏၊ ကောင်းမွန်သည်ဟု လူတို့ တွေးထင်သော်လည်း သမ္မာတရား မဟုတ်သည့် အရာများဖြစ်သည်။ သင် ကိုင်စွဲသည့်အရာများ မှားယွင်းသည်ကို အကြိမ်မည်မျှ သင် သဘောပေါက်ပြီး သိလာသနည်း။ ထိုအရာများ မှားယွင်းသည်ကို အချိန်အများစုတွင် သင် သတိပြုမိသော်လည်း မသုံးသပ်သကဲ့သို့၊ သင်၏ စိတ်နှလုံးတွင် ကွဲလွဲမှုရှိပါက၊ သမ္မာတရားကို လက်မခံနိုင်၊ ထိုအရာကို မှန်ကန်စွာ ရင်မဆိုင်နိုင်သကဲ့သို့၊ မိမိကိုယ်တိုင်ကိုယ်စား ကျိုးကြောင်းပြ ပြောဆိုနိုင်ပါက၊ ဤမှားယွင်းသည့် အခြေအနေမျိုးသည် ပြောင်းလဲခြင်းမရှိပါက၊ အလွန်အန္တရာယ်များပေသည်။ ထိုသို့သော အရာများကို အမြဲ စွဲကိုင်ခြင်းသည် ဆုံးရှုံးသွားစေရန် သင့်အတွက် အလွန်လွယ်ကူစေလိမ့်မည်၊ မှောက်မှားပြီး ကျရှုံးရန် သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်သည့်အပြင်၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့ကိုယ်တိုင်ကိုယ်စား အမြဲ ကျိုးကြောင်းပြပြောဆိုသည့်အခါ၊ ထိုအရာမှာ ပုန်ကန်မှုဖြစ်သည်။ ၎င်းတို့တွင် အသိစိတ်မရှိဟု ဆိုလိုသည်။ ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ ကျယ်ကျယ် မပြောလျှင်ပင်၊ ထိုအရာကို မိမိတို့စိတ်နှလုံးတွင် မျိုသိပ်ထားလျှင်ပင်၊ ရင်းမြစ်ပြဿနာသည် ပြေလည်သွားခြင်း မရှိသေးပေ။ ထို့ကြောင့် မည်သည့်အချိန်များတွင် သင်သည် ဘုရားသခင်နှင့် သဘောကွဲလွဲလာခြင်းမရှိနိုင်စွမ်း သနည်း။ သင်သည် မိမိ၏ အခြေအနေကို ပြောင်းလဲပြီး၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သင့်ပြဿနာများ၏ ရင်းမြစ်များကို ဖြေရှင်းရမည်။ သင်ကိုင်စွဲသည့် ရှုထောင့်အမြင်တွင် မည်သည့်နေရာ၌ အမှား အတိအကျရှိသည်ကို သင် ရှင်းလင်းနေရမည်။ ဤအရာကို သင် စုံစမ်းစစ်ဆေးပြီး၊ ဖြေရှင်းရန် သမ္မာတရား ရှာဖွေရမည်။ ထိုအခါမှသာ မှန်ကန်သည့် အခြေအနေတွင် သင် အသက်ရှင်နိုင်ပေသည်။ မှန်ကန်သည့် အခြေအနေတွင် သင် အသက်ရှင်သည့်အခါ ဘုရားသခင်အကြောင်း အထင်လွဲမှုများ ရှိလိမ့်မည် မဟုတ်သကဲ့သို့ သင့်အထဲတွင် အယူအဆများ ရှိရန်မဆိုထားနှင့်၊ သူနှင့် မည်သည့် သဘောကွဲလွဲမှုမျှ သင် ရှိလိမ့်မည် မဟုတ်ပေ။ ဤအချိန်တွင်၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သင်၏ ပုန်ကန်မှုသည် ပြေလည်သွားလိမ့်မည်။ ထိုအရာ ပြေလည်ပြီး ဘုရားအလိုတော်နှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သင် သိသည့်အခါ၊ ဤအချိန်တွင် သင်၏ လုပ်ရပ်များသည် ဘုရားသခင်နှင့် သဟဇာတဖြစ်လိမ့်မည်လော။ ဤကိစ္စရပ်တွင် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ပါက၊ သင် လုပ်ဆောင်သမျှအားလုံးသည် သူ၏ အလိုတော်နှင့် ကိုက်ညီလိမ့်မည် မဟုတ်လော။ ဘုရားအလိုတော်နှင့် ကိုက်ညီသည့် လုပ်ရပ်များနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများသည် သမ္မာတရားနှင့် ကိုက်ညီသည် မဟုတ်လော။ ဤကိစ္စရပ်တွင် သင် ခိုင်ခိုင်မာမာ ရပ်တည်သည်နှင့်အမျှ၊ သင်သည် မှန်ကန်သည့် အခြေအနေတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ မှန်ကန်သည့် အခြေအနေတွင် သင် အသက်ရှင်သည့်အခါ၊ သင့်ထံမှ ပွင့်အံထွက်သည့်အရာနှင့် သင် အသက်ရှင်နေထိုင်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်တော့ချေ။ သင်သည် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်သည်။ သင့်အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လွယ်ကူပြီး၊ သင်သည် အမှန်တကယ် ကျိုးနွံနာခံတတ်လေသည်။ ယခု၊ သင်တို့အများစု၏ အတွေ့အကြုံသည် ဤအဆင့်သို့ မရောက်ရှိသေးသောကြောင့်၊ ဘုရားနှုတ်ကပတ်တော်များကို အလွန်ကောင်းစွာ သင်နားလည်ခြင်းမရှိ ဖြစ်ကောင်းဖြစ်နိုင်ပြီး ထိုဘုရားနှုတ်ကပတ်တော်များအပေါ် သင်၏ သိနားလည်မှု မရှင်းလင်းခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအရာများကို သဘောတရားအရ သင် လက်ခံနိုင်ပြီး၊ သင် နားလည်သည့်အရာ ထင်ရသော်လည်း၊ နားမလည်သည့်အလားလည်း ထင်ရပေသည်။ သင် နားလည်သည့် အပိုင်းမှာ အယူဝါဒဖြစ်ပြီး နားမလည်သည့်အပိုင်းမှာ အခြေအနေများနှင့် စစ်မှန်မှုတို့နှင့် ပတ်သက်သော အပိုင်း ဖြစ်သည်။ သင်၏ အတွေးအကြုံ နက်သည်ထက်နက်လာသည်နှင့်အမျှ ဤစကားများကို သင် နားလည်လာလိမ့်မည်ဖြစ်ပြီး၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလိမ့်မည်။ ယခု၊ သင့်အတွ့အကြုံ၏ နက်ရှိုင်းမှုကို ပဓာနမထားဘဲ၊ သင့်ထံဖြစ်ပျက်သည့် အမျိုးမျိုးသော အရာများတွင် သင်ရှိသည့် အခက်အခဲများသည် ဧကန်မုချ အသစ်အဆန်း မဟုတ်ပေ။ ထို့ကြောင့် ဤအခက်အခဲများကို သင် မည်သို့ ဖြေရှင်းနိုင်သနည်း။ ပထမဦးစွာ၊ သင် စူးစမ်းစစ်ဆေးသင့်သည့် ဖောက်ပြန်ပျက်စီးသော အခြေအနေများကို သင် သုံးသပ်ရမည်။ မည်သည့် မတူကွဲပြားသော သွင်ပြင်လက္ခဏာများ ရှိသနည်း။ ဤအရာကို မည်သူက ဖော်ပြရန် ကြိုးစားချင်မည်နည်း။ (သွင်ပြင်လက္ခဏာ ငါးခုရှိပါသည်။ စိတ်ကူးများ၊ ရှုထောင့်အမြင်များ၊ အခြေအနေများ၊ စိတ်နေစိတ်ထားများနှင့် ရှုထောင့်များ ဖြစ်သည်။) အယူဝါဒကို သင် နားလည်သည်နှင့်၊ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ၊ သင် မည်သို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသင့်သနည်း။ (တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ ကျွန်ုပ်တို့ထံမှ ပွင့်အံထွက်သည့် စိတ်သဘောထား၊ သဘာဝ၊ သဘောထားများနှင့် စိတ်ကူးများသည် မည်သည့်အရာနှင့် သက်ဆိုင်သည်ဆိုသည်ကို သွားဆန်းစစ်သင့်သည်၊ ဤစိတ်နေသဘောထားများ၊ စိတ်ကူးများနှင့် ရှုထောင့်အမြင်များကို သိရှိလာပြီးနောက် ထိုအရာများကို ဤနေရာမှ စတင်ဖြေရှင်းသင့်ပါသည်။) ဤသည်မှာ မှန်ပေ၏။ သင်၏ ကိုယ်ပိုင် အခြေအနေများ၊ သဘောထားများ၊ စိတ်ကူးများနှင့် ရှုထောင့်အမြင်များကို သင် လုံးလုံးလျားလျား သိပါက၊ ဤပြဿနာသည် ထက်ဝက် ဖြေရှင်းပြီးသားဖြစ်ပြီး၊ ထို့နောက်တွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် အခက်အခဲ မရှိတော့ပေ။

သင်တို့ထဲတွင် ငယ်ရွယ်သူအနည်းငယ်ရှိသည့်အပြင် မိသားစု မထူထောင်ရသေးသည့် လူများ ရှိသည်။ သင်တို့အားလုံးသည် သင်တို့တာဝန်ကို လုပ်ဆောင်ရန် နှစ်အတော်ကြာ သင်တို့၏ အိမ်များကို စွန့်ခွာကြပြီး ဖြစ်သည်။ ထို့ကြောင့် အိမ်ကို သင်တို့ လွမ်းကြသလော။ သင်တို့၏ မိဘများကို လွမ်းကြသလော။ သင်တို့ မိဘများကို လွမ်းသည့် အခြေအနေတွင် သင်တို့ မကြာခဏ ရှိကြသလော။ သင်တို့မိဘများကို လွမ်းသည့် အခြေအနေအကြောင်းကို နားထောင်ကြစို့။ ဤသည်မှာ တကယ့် အတွေ့အကြုံ ဖြစ်သည်။ (ကျွန်ုပ် ဤအတိုင်း ရေမြေခြားသို့ လာခဲ့ချိန်တွင်၊ ကျွန်ုပ်၏ မိခင်နှင့် ညီမကို အထူးသဖြင့် သတိရမိခဲ့ပါသည်။ ကျွန်ုပ်သည် သူတို့အပေါ် မှီခိုလေ့ရှိခဲ့သည်။ ထို့ကြောင့် မိမိဘာသာ စွန့်ခွာလာခဲ့ချိန်တွင်၊ သူတို့ကို စဉ်ဆက်မပြတ် လွမ်းခဲ့သည်။ သို့ရာတွင် ဤမျှလောက် ရေမြေခြားအတွေ့အကြုံဖြင့်၊ ယခု ကျွန်ုပ် နောက်ချန်ထားခဲ့၍ မရနိုင်သည့်သူမှာ ဘုရားသခင်ဖြစ်ကြောင်း ကျွန်ုပ် ခံစားရပါသည်။ တစ်ခုခု ဖြစ်ပျက်သည့်အခါတွင်၊ သူ့ထံ ကျွန်ုပ် ဆုတောင်းပြီး သူတို့ကို ကျွန်ုပ် နောက်ထပ် မလွမ်းမိတော့ပါ။) ဤသည်တို့မှာ မတူကွဲပြားသော အခြေအနေနှစ်ခု ဖြစ်သည်။ ပထမဆုံး အခြေအနေမှာ အဘယ်နည်း။ အမြဲ အိမ်ကိုလွမ်းခြင်း၊ သင်၏ မိခင်နှင့် ညီမတို့ကို လွမ်းခြင်း ဖြစ်သည်။ ဤအခြေအနေမျိုး၏ အသေးစိတ်အချက်များမှာ အဘယ်နည်း။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ ဤအရာ ထိုအရာအား မည်သို့ လုပ်ဆောင်ရမည်ကို သင် မသိသောကြောင့် အကူအညီမဲ့ သင် ခံစားရခြင်း ဖြစ်သည်။ သင်၏ ချစ်ခင်ရသူများ သင့်ဘေးတွင် မရှိဘဲ သင် မဖြစ်နိုင်သကဲ့သို့ အားကိုးရန် မည်သူမျှ မရှိပေ။ မနက်တွင် သင်၏ မျက်လုံးများကို ဖွင့်သည့်အခါ၊ ၎င်းတို့ကို သင် စတင်လွမ်းဆွတ်ပြီး၊ ညတွင် မအိပ်မီ ၎င်းတို့ကို သင် တွေးသည်။ သင်၏ ချစ်ခင်ရသူများအား လွမ်းဆွတ်သည့် ဤအခြေအနေမျိုးတွင် သင် ပိတ်မိနေသည်။ ထို့ကြောင့် သင်သည် ၎င်းတို့အား အဘယ်ကြောင့် အလွန် လွမ်းဆွတ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် သင်၏ အခြေအနေများသည် ပြောင်းလဲပြီး၊ ၎င်းတို့ကို သင် နောက်ချန်ထားရစ်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့အကြောင်းကို သင် စိုးရိမ်ပူပန်သည်။ ထို့အပြင်၊ ရှင်သန်ခြင်းအတွက် ၎င်းတို့အပေါ် မှီခိုရင်း၊ ၎င်းတို့အပေါ် အားကိုးခြင်းကို သင် တိုး၍ ကျင့်သားရခဲ့ပြီးဖြစ်သည်။ ဘဝတွင်ရှိသော အရာများစွာ၌ သင်တို့သည် အချင်းချင်း ခွဲခြားမရနှိင်အောင် ဖြစ်နှင့်ခဲ့သောကြောင့် ၎င်းတို့ကို သင် အလွန်လွမ်းဆွတ်လေသည်။ ဤသည်မှာ သင် ရှိသည့် အခြေအနေမျိုး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို သင် မလွတ်ဆွန်ရသည်မှာ ယခု သင်သည် မည်သည့် အခြေအနေမျိုးတွင် ရှိသနည်း။ (ကျွန်ုပ်၏ အိမ်ကို စွန့်ခွာခြင်းနှင့် ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ခြင်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ သူ၏ ကယ်တင်ခြင်းဖြစ်သကဲ့သို့ ကျွန်ုပ် ခံစားရသည်။ ယင်းက သူ့အပေါ် မည်သို့ မှီခိုအားကိုးရမည်ဆိုသည်ကို ကျွန်ုပ်အား သင်ယူနိုင်စေပြီးဖြစ်ပါသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အတော်အတန် ပြောင်းလဲပြီးဖြစ်ကာ ကျွန်ုပ်၏ စိတ်ဝိညာဉ် သက်သောင့်သက်သာခံစားရပါသည်။ ထို့အပြင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုခြင်းအားဖြင့်၊ လူအားလုံး၏ ကံကြမ္မာများသည် သူ၏ လက်ထဲတွင်ရှိကြောင်းကို ကျွန်ုပ် သိပါသည်။ သူတို့တွင် သူတို့၏ ဘဝပေးတာဝန်ရှိပြီး ကျွန်ုပ်တွင် ကျွန်ုပ်၏ ဘဝပေးတာဝန်ရှိသည်။ ထို့ကြောင့် သူတို့ကို ကျွန်ုပ် မလွမ်းဆွတ်တော့ပါ။) ပြဿနာ ပြေလည်သွားပြီလော။ (ပြေလည်သွားသကဲ့သို့ ခံစားရပါသည်။) လူတိုင်း မည်သည့်အရာ ခံစားရသနည်း၊ ပြေလည်သွားပြီလော။ (ခဏတာ ပြေလည်သွားပါသည်။) ခဏတာ ပြေလည်သွားပေသည်။ တစ်နေ့ မိမိ၏ အသွင်အပြင်၊ လေသံ၊ သင့်ကို ဆက်ဆံပုံတို့က အထူးသဖြင့် သင်၏ မိခင် သို့မဟုတ် ညီမနှင့် တူသော ညီအစ်မတစ်ဦးကို သင် ဆုံမိလျှင် သင် မည်သို့ ခံစားရမည်နည်း။ (သူတို့ကို တစ်ဖန် ကျွန်ုပ် လွမ်းဆွတ်မိပါမည်။) သူတို့ကို တစ်ဖန် တွေးတောသည့် အခြေအနေထဲသို့ သင် ကျရောက်မည်ဖြစ်သည်။ ထို့ကြောင့် ပြဿနာသည် ပြေလည်သွားမည် မဟုတ်။ ထို့ကြောင့် ဤပြဿနာကို အရင်းအမြစ်မှ သင် မည်သို့ ဖြေရှင်းသနည်း။ သင်၏ ချစ်ခင်ရသူများကို သင် လွမ်းဆွတ်သည့်အခါ၊ မည်သည့်အရာကို သင် လွမ်းဆွတ်နေပါသနည်း။ ပုံမှန်အားဖြင့် တစ်စုံတစ်ဦးကို သင် လွမ်းဆွတ်သည့်အခါ၊ ချစ်ခင်သူတစ်ဦးကို လွမ်းဆွတ်သည့်အခါ၊ သို့မဟုတ် အိမ်ကို လွမ်းသည့်အခါ၊ သင့်ကို ဝမ်းနည်းစေသည့်အရာများကို သင် ဧကန်မုချ မလွမ်းဆွတ်ပေ။ သင့်ကို ကျေနပ်စေသည့်အရာများ၊ သင့်ကို ပျော်ရွှင်စေပြီး စိတ်ချမ်းသာစေသည့်အရာများနှင့် သင်၏ မိခင်က သင့်ကို ကြည့်ရှုစောင့်ရှောက်လေ့ရှိပုံ၊ သင့်ကို တုန်နေအောင်ချစ်ပြီး၊ မြတ်နိုးတန်ဖိုးထားပုံ သို့မဟုတ် သင့်အတွက် သင့်ဖခင်က ဝယ်ပေးလေ့ရှိသည့် ကောင်းမွန်သည့်အရာများကဲ့သို့သော သင် မွေ့လျော်ခံစားသည့်အရာများကို သင် သတိရလွမ်းဆွတ်၏။ ဤကောင်းမွန်သည့် အရာအားလုံးကို သင် လွမ်းဆွတ်သောကြောင့်၊ သင်၏ ချစ်ခင်ရသူများကို သင် လွမ်းဆွတ်ခြင်းကို မရပ်နိုင်ပေ။ သင်၏ ချစ်ခင်ရသူများကို သင် တွေးလေ၊ ၎င်းတို့ကို သာ၍ မစွန့်လွတ်နိုင်လေဖြစ်ပြီး သင့်ကို သင်ချုပ်ထိန်းမရနိုင်ပေ။ လူအချို့က၊ “ဤနှစ်အများ တစ်လျှောက်လုံးတွင် ကျွန်ုပ်၏ မိခင်က ယခင်က ကျွန်ုပ် လုံးဝ မထားရစ်ခဲ့ဖူးပါ။ သူ သွားသည့်နရာတိုင်း ကျွန်ုပ် လိုက်သည်။ ကျွန်ုပ်သည် သူ၏ အချစ်တော်ဖြစ်သည်။ အလွန်အချိန်ကြာမြင့်စွာ ထွက်သွားပြီးနောက်တွင် သူ့ကို ကျွန်ုပ် အဘယ်သို့ မလွမ်းဆွတ်ဘဲနေနိုင်မည်နည်း”ဟု ဆိုကြသည်။ သူမကို လွမ်းဆွတ်ခြင်းသည် သဘာဝဖြစ်၏။ ဤသည်မှာ လူတို့၏ ဇာတိပကတိဖြစ်သည့်ပုံသာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားသည် မိမိတို့၏ စိတ်ခံစားမှုများတွင် အသက်ရှင်ကြ၏။ ၎င်းတို့က၊ “ဤသို့ အသက်ရှင်ခြင်းသည်သာ လူသားနှင့် ဆင်တူခြင်း ဖြစ်သည်။ ကျွန်ုပ်၏ ချစ်ခင်ရသူများကိုပင် ကျွန်ုပ် မလွမ်းဆွတ်ပါက၊ သို့မဟုတ် သူတို့ကို မတွေးပါက၊ သို့မဟုတ် သူတို့၌ အားဖြစ်စေခြင်းကို ရှာမတွေ့ပါက၊ ကျွန်ုပ် လူသားပင် ဖြစ်ပါသလော။ တိရစ္ဆာန်များနှင့် တူမည် မဟုတ်လော”ဟု စဉ်းစားကြသည်။ လူတို့သည် ဤသို့ စဉ်းစားကြသည် မဟုတ်လော။ ၎င်းတို့သည် ချစ်ခင်မှု သို့မဟုတ် ခင်မင်ရင်းနှီးမှုတို့ မရှိသကဲ့သို့ အခြားသူများကို စဉ်းစားခြင်းမရှိပါက၊ ၎င်းတွင် လူ့သဘာဝမရှိကြောင်းနှင့် ဤသို့ ၎င်းတို့ အသက်ရှင်၍မရကြောင်း အခြားသူများက စဉ်းစားပေသည်။ ဤရှုထောင့်အမြင်သည် မှန်ကန်ပါသလော။ (မမှန်ပါ။) အမှန်တွင်၊ သင်၏ မိဘများကို သင် လွမ်းဆွတ်ခြင်းရှိမရှိသည် ကြီးမားသည့် ပြဿနာတစ်ခု မဟုတ်။ ၎င်းတို့ကို လွမ်းဆွတ်ရန်မှာ မမှားသကဲ့သို့ မလွမ်းဆွတ်ရန်မှာလည်း မမှားပေ။ လူအချို့သည် အလွန် အမှီအခိုကင်းကြသော်လည်း လူအချို့သည် မိမိတို့မိဘများကို မခွာဘဲကပ်ကြသည်။ သို့သော် သင်တို့အားလုံးသည် မိမိတို့ တာဝန်ကို လုပ်ဆောင်ရန် မိမိတို့ အိမ်မျာနှင့် မိဘများကို စွန့်ခွာနိုင်ကြပြီးဖြစ်သည်။ ပထမဦးစွာ၊ သင်တို့၏ တာဝန်ကို လုပ်ဆောင်ရန် သင်တို့ လိုလားမှု၊ သင်တို့၏ တာဝန်ကို လုပ်ဆောင်ရန် အလိုဆန္ဒ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံကာ အမှုအရာများကို ဘေးဖယ်ထားရန် အလိုဆန္ဒရှိကြသည်။ သို့သော် သင်တို့၏ အခက်အခဲများကို အားထုတ်မှုအဟုန်တစ်ခုမျှဖြင့် ဖြေရှင်းမရနိုင်သကဲ့သို့၊ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်တို့အားထုတ်မှု၏ ကောင်းသော လုပ်ဆောင်ချက်များနှင့် အပြုအမူကောင်းများ အရှိန်အဟုန်တစ်ခုမျှဖြင့် မဖြေရှင်းနိုင်။ ဤအယူဝါဒကို သင်တို့ နားလည်ကြသည်၊ ဟုတ်ပါသလော။ ထို့ကြောင့် သင်တို့၏ မိဘများကို လွမ်းဆွတ်သည့် ကိစ္စရပ်အား အရင်းအမြစ်မှ သင်တို့ မည်သို့ ဖြေရှင်းကြသနည်း။ လူအချို့သည် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာ အိမ်ကိုစွန့်ခွာကာ အမှီအခိုကင်းစွာ အသက်ရှင်နေကြပြီး ဖြစ်သည်။ ၎င်းတို့သည် အရွယ်ရောက်နှင့်ကြပြီးဖြစ်ကာ ၎င်းတို့၏ မိဘများကို အလွန် မလွမ်းဆွတ်ကြပေ။ ထိုသို့ဖြင့် ပြဿနာ ပြေလည်သွားသလော။ မပြေလည်ပေ။ မည်သူကို ၎င်းတို့ အနှီးကပ်ဆုံးဖြစ်သည်ကို ၎င်းတို့အား သင် မေးပါက၊ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားသခင်နှင့် အနှီးဆုံးဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်ကို အချစ်ခင်ဆုံးဖြစ်သည်”ဟု စာအုပ်ကြီးအတိုင်းဖြစ်သော အဖြေတစ်ခုဖြင့် တုံ့ပြန်ကြသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က၊ “ဘုရားသခင်သည် ကျွန်ုပ် နံဘေးတွင်မရှိသကဲ့သို့၊ ကျွန်ုပ်ကို ကြည့်ရှုစောင့်ရှောက်နိုင်ခြင်း မရှိပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိခင်နှင့် အနီးကပ်ဆုံး ဖြစ်နေဆဲ ဖြစ်သည်။ သူ၏ တကယ့် အသွေးအသားမှ ကျွန်ုပ် ဖြစ်လာသည်။ သူသည် ကျွန်ုပ်ကို တုံနေအောင်အချစ်ဆုံးဖြစ်ပြီး၊ ကျွန်ုပ်ကို သူ အနားလည်ဆုံးနှင့် သဘောအပေါက်ဆုံး ဖြစ်သည်။ အမှုအရာများ အခက်အခဲဆုံးနှင့် အခါးသီးဆုံးဖြစ်နေချိန်တွင်၊ ကျွန်ုပ်၏ မိခင်သည် ကျွန်ုကို နှစ်သိမ့်၊ ကူညီ၊ စောင့်ရှောက်ရန် အမြဲ ရှိနေခဲ့သည်။ ယခုတွင် အိမ်ကို စွန့်ခွာပြီးနောက်၊ ကျွန်ုပ် နေမကောင်းဖြစ်သည့်အခါ ကျွန်ုပ်၏ မိခင်ကဲ့သို့ ကျွန်ုပ်ကို ကြည့်ရှုစောင့်ရှောက်မည့်သူ တစ်ဦးမျှမရှိပါ။ ဘုရားသခင် ကောင်းမြတ်သည်ဟု သင် ပြောသော်လည်း၊ သူ၏ မျက်နှာကို ကျွန်ုပ် မမြင်နိုင်ပါ။ ထို့ကြောင့် သူ အဘယ်မှာရှိပါသနည်း။ ယင်းမှာ လက်တွေ့မကျပါ”ဟု တွေးကြသည်။ ဘုရားသခင်အပေါ် မှီခိုရန်မှာ လက်တွေ့ကျခြင်းမရှိဟု ၎င်းတို့ တွေးထင်ကြပြီး၊ ဘုရားသခင်က ၎င်းတို့နှင့် အနီးကပ်ဆုံးဖြစ်သည်ဆိုသည့် ၎င်းတို့၏ စကားများသည် အနည်းငယ် အတင်းပြောသည့်အရာတစ်ခု၊ အနည်းငယ် အယောင်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့၏ စိတ်နှလုံး နက်နက်နေရာများတွင်၊ ၎င်းတို့၏ မိခင်သည် ၎င်းတို့နှင့် အနီးကပ်ဆုံးဖြစ်သည်ဟု တွေးထင်ကြသည်။ သို့ရာတွင် အဘယ်ကြောင့်နည်း။ “ကျွန်ုပ်၏ မိခင်က ကျွန်ုပ်ထံ ဧဝံဂေလိ ဖြန့်ဝေသောကြောင့် ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ခြင်း ဖြစ်သည်။ သူမရှိဘဲနှင့်၊ ကျွန်ုပ် ဤနေရာတွင် ရှိမည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ ဤသို့ တွေးကြသည် မဟုတ်လော။ (တွေးကြပါသည်။) ထိုသို့သော လူများသည် သမ္မာတရားကို နားလည်ကြသည်ဟု သင် ထင်ပါသလော။ (မထင်ပါ။) သင်၏ မိခင်က သင့်ကို မွေးရုံမျှမွေးဖွားခဲ့ပြီး၊ အနှစ်နှစ်ဆယ်ခန့် သင့်ကို စောင့်ရှောက်ခဲ့သည်။ သူသည် သင့်ကို သမ္မာတရား ပေးနိုင်သလော။ အသက်ပေးနိုင်သလော။ သင့်ကို စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်နိုင်သလော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သူ သန့်စင်စေနိုင်သလော။ ဤအရာတစ်ခုကိုမျှ သူ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် မိဘ၏ ကျေးဇူးနှင့် ချစ်ခြင်းမေတ္တာသည် အကြီးအကျယ် အကန့်အသတ်ရှိ၏။ ဘုရားသခင်သည် သင့်အတွက် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်သည် လူတို့အား သမ္မာတရားကို ပေးနိုင်သည်၊ စာတန်၏ လွှမ်းမိုးမှုနှင့် သေခြင်းမှ ကယ်တင်နိုင်ပြီး၊ ထာဝရအသက်ကို ပေးနိုင်သည်။ ဤသည်မှာ ကြီးမြတ်သော ချစ်ခြင်းမေတ္တာ မဟုတ်လော။ ဤချစ်ခြင်းမေတ္တာသည် ကောင်းကင်လောက် မြင့်မားပြီး၊ မြေကြီးလောက် နက်ရှိုင်းလေသည်။ အလွန့်အလွန် ကြီးမားသည်။ မိဘ၏ မေတ္တာထက် အဆတစ်ရာမဟုတ်၊ အဆတစ်ထောင် ကြီးမား၏။ ဘုရားသခင်၏ မေတ္တာ မည်မျှကြီးမားသည်ကို လူတို့ အမှန်တကယ် သိရှိလာသည့်အခါ၊ မိမိတို့၏ မိဘများနှင့်ပတ်သက်၍ အလွန်ပြင်းထန်စွာ ခံစားရဦးမည်လော။ နှစ်သစ်ကူးနှင့် အားလပ်ရက်များအတွင်းတွင် ၎င်းတို့အကြောင်းကို တစ်နေ့လုံး စဉ်းစားနေကြဦးမည်လော။ သမ္မာတရားကို ၎င်းတို့ နားလည်ပါက၊ ဘုရားသခင်၏ မေတ္တာအကြောင်း ၎င်းတို့ ပိုမို စဉ်းစားကြလိမ့်မည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နှစ်ချီ ယုံကြည်ပြီး၊ ၎င်းတို့ မိဘများ၏ မေတ္တာက ဘုရားသခင်၏ မေတ္တာထက် သာ၍ ကြီးမားသည်ဟု တွေးထင်ဆဲဖြစ်ပါက၊ ထိုလူသည် မျက်ကန်းဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်း လုံးဝ မရှိပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သမ္မာတရားကို မလိုက်စားပါက၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ဖြေရှင်းနိုင်သလော။ မဖြေရှင်းနိုင်ပေ။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြေလည်ခြင်းမရှိသကဲ့သို့၊ ၎င်းတို့၏ ဘဝသည် ဝိညာဉ်ရင့်ကျက်မှု တစ်ခုခုထိ ကြီးထားပြီးခြင်းမရှိပါက၊ သင်သည် ဆောင်ပုဒ်အချို့ကို ကြွေးကြော်နိုင်သော်လည်း၊ ဝိညာဉ်ရင့်ကျက်မှု မရှိသောကြောင့် ထိုဆောင်ပုဒ်များကို ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ပေ။ လုပ်ဆောင်ရန် အစွမ်းရှိသလောက် အမှုအရာများကို သင် လုပ်ဆောင်နိုင်သည်။ သည်းညည်းခံရန် ဝိညာဉ်ရင့်ကျက်မှု ကြီးမားသလောက် စမ်းသပ်မှုများကို သင် ဖြတ်ကျော်နိုင်သည်။ သင် နားလည်နိုင်သလော သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်နိုင်သည်။ ယင်းမှာ သမ္မာတရား စစ်မှန်မှု မည်မျှကို သင် အသက်ရှင်နေထိုင်နိုင်သည်ဆိုသည့်အရာ ဖြစ်သည်။ အလားတူစွာပင်၊ ယင်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံထွက်မှု မည်မျှရှိသည်ဆိုသည်နှင့် သင်၏ ကိုယ်ပိုင် အခက်အခဲမည်မျှကို သင် ဖြေရှင်းနိုင်သည်ဆိုသည့်အရာ ဖြစ်သည်။ ယင်းမှာ အခြေအနေတူညီပေသည်။

တစ်နေ့တွင် သမ္မာတရားအချို့ကို သင်နားလည်သွားသောအခါ သင်၏မိခင်က အကောင်းဆုံးသောပုဂ္ဂိုလ်ဖြစ်သည်၊ သို့မဟုတ် သင့်မိဘများက အကောင်းဆုံးသောသူများဖြစ်သည်ဟု ထင်မြင်တော့မည် မဟုတ်ပေ။ ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ဝင်များ ဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အားလုံးအတူတူပင် ဖြစ်သည်ကိုလည်းကောင်း သင်သဘောပေါက်လိမ့်မည်။ ၎င်းတို့ကို ခွဲခြားပေးသောအရာမှာ သင်နှင့် ရုပ်ပိုင်းဆိုင်ရာ သွေးသားဆက်နွှယ်မှုသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်လျှင် မယုံကြည်သူများနှင့် အတူတူပင်ဖြစ်၏။ သင်သည် ၎င်းတို့ကို မိသားစုဝင်ရှုထောင့်မှ၊ သို့မဟုတ် သွေးသားဆက်နွှယ်မှုရှုထောင့်မှ ကြည့်တော့မည်မဟုတ်ဘဲ သမ္မာတရားဘက်မှ ကြည့်မည်ဖြစ်သည်။ သင်ကြည့်ရှုသင့်သည့် အဓိကအချက်များမှာ အဘယ်အရာများနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များ၊ လောကအပေါ် ၎င်းတို့၏ အမြင်များ၊ အကြောင်းကိစ္စများကို ကိုင်တွယ်ရာတွင် ၎င်းတို့၏ အမြင်များ၊ အရေးကြီးဆုံးအနေဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများကို သင်ကြည့်ရှုသင့်သည်။ ဤသွင်ပြင်လက္ခဏာများကို တိကျစွာ အကဲဖြတ်ပါက၊ ၎င်းတို့သည် လူကောင်းများလော၊ သို့မဟုတ် လူဆိုးများလောဆိုသည်ကို သင်ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ ၎င်းတို့သည် သင်ကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့်သူများ ဖြစ်ကြောင်း တစ်နေ့တွင် သင် ရှင်းလင်းစွာ မြင်ကောင်းမြင်နိုင်သည်။ ၎င်းတို့သည် သင်စိတ်ကူးထင်မြင်ထားသကဲ့သို့ သင့်အပေါ် အမှန်တကယ်ချစ်သော ကြင်နာတတ်သူများ မဟုတ်ကြောင်း၊ ၎င်းတို့သည် သင့်ကို သမ္မာတရားထံသို့၊ သို့မဟုတ် ဘဝတွင် မှန်ကန်သော လမ်းကြောင်းဆီသို့ လုံးဝ မခေါ်ဆောင်ပေးနိုင်ကြောင်းတို့ကို သာ၍ပင် ရှင်းလင်းသွားနိုင်သည်။ သင့်အတွက် ၎င်းတို့လုပ်ဆောင်ပေးခဲ့သည့်အရာသည် သင့်အဖို့ ကြီးကြီးမားမား အကျိုးမပြုကြောင်း၊ ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းရာတွင် ထိုအရာက သင့်အတွက် အသုံးမဝင်ကြောင်းကို သင် ရှင်းလင်းစွာ မြင်ကောင်းမြင်နိုင်သည်။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ထင်မြင်ချက်များစွာတို့သည် သမ္မာတရားနှင့် ဆန့်ကျင်နေကြောင်း၊ ၎င်းတို့သည် ဇာတိပကတိနှင့် သက်ဆိုင်ကြောင်း၊ ဤအရာက သင့်အား ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာစေကြောင်း၊ မနှစ်သက်မှုနှင့် မုန်းတီးမှုတို့ ခံစားရစေကြောင်းတို့ကိုလည်း သင်တွေ့ရှိရနိုင်သည်။ ဤအရာများကို သင် မြင်လာပါက၊ သင်၏ စိတ်နှလုံးတွင် သင်၏ မိဘများကို မှန်မှန်ကန်ကန် ဆက်ဆံနိုင်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို သတိရလွမ်းဆွတ်တော့မည်မဟုတ်၊ စိုးရိမ်တော့မည်မဟုတ်၊ ၎င်းတို့နှင့် ခွဲခွာလျက် အသက်မရှင်နိုင်ဖြစ်တော့မည်မဟုတ်ပေ။ ၎င်းတို့သည် မိဘများအဖြစ် ၎င်းတို့၏ တာဝန်ကို ပြီးမြောက်ခဲ့ပြီဖြစ်သောကြောင့် သင်သည် ၎င်းတို့ကို အရင်းနှီးဆုံးလူများအဖြစ် ဆက်ဆံတော့မည်မဟုတ်၊ သို့မဟုတ် မြတ်နိုးကြည်ညိုတော့မည်မဟုတ်ပေ။ ထိုအစား သင်သည် ၎င်းတို့ကို သာမန်လူများအဖြစ် ဆက်ဆံလိမ့်မည်။ ထိုအချိန်တွင် သင်သည် စိတ်ခံစားမှုများ၏ ချည်နှောင်မှုမှ အပြည့်အဝ လွတ်မြောက်ပြီး သင်၏ စိတ်ခံစားမှုများနှင့် မိသားစုတွယ်တာမှုများမှ အမှန်တကယ် လွတ်မြောက်လာလိမ့်မည်။ ယင်းကို သင် လုပ်ဆောင်ပြီးသည်နှင့်၊ ထိုအရာများသည် ချစ်ခင်မြတ်နိုးထိုက်ခြင်းမရှိကြောင်း သင် သဘောပေါက်လိမ့်မည်။ ထိုအချိန်တွင်၊ဆွေမျိုးများ၊ မိသားစုနှင့် သွေးသား ဆက်နွှယ်မှုများကို သမ္မာတရား သိနားလည်ခြင်းနှင့် စိတ်ခံစားမှုများမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့အတွက် ခလုတ်တံသင်းများအဖြစ် သင် မြင်လိမ့်မည်။ ယင်းမှာ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ မိသားစု ဆက်ဆံရေးရှိသောကြောင့်၊ သင့်ကို တုံ့ဆိုင်းရပ်တန့်စေသည့်၊ လမ်းလွဲစေပြီး၊ ၎င်းတို့က သင့်ကို အကောင်းဆုံး ဆက်ဆံသည်၊ သင့်အတွက် အရင်းအနှီးဆုံးဖြစ်ကြသည်၊ မည်သူမဆိုထက် သင့်ကို ပိုဂရုစိုက်ကြပြီး သင့်ကို အချစ်ဆုံးသောသူများဖြစ်သည်ဟု ယုံကြည်စေသည့် ထိုသွေးသား ဆက်နွှယ်မှုရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့က ကောင်းသောလူများလော၊ သို့မဟုတ် မကောင်းသောလူများလောဆိုသည်ကို သင့်အား ရှင်းလင်းစွာ မသိမြင်နိုင်စေသည်မှာ ဤအရာအားလုံး ဖြစ်သည်။ ဤစိတ်ခံစားမှုများကို သင် အမှန်တကယ် စွန့်ခွာသည်နှင့်၊ ထိုစိတ်ခံစားမှုများကို မကြာခဏ သင် တွေးကောင်းတွေးနိုင်နေဆဲဖြစ်သော်လည်း၊ ထိုစိတ်ခံစားမှုများကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် သတိရ၊ တဝဲလည်လည်တွေးကာ ယခု သင်တောင့်တသည့်ပုံစံအတိုင်း တောင့်တဦးမည်လော။ တောင့်တမည်မဟုတ်ပေ။ သင်က၊ “မရှိဘဲ အမှန်တကယ် ကျွန်ုပ်မနေနိုင်သည့် လူမှာ ကျွန်ုပ်၏ မိခင်ဖြစ်သည်။ သူမသည် ကျွန်ုပ်ကို ချစ်သောသူ၊ စောင့်ရှောက်သောသူနှင့် ကျွန်မအတွက် ဂရုအစိုက်ဆုံးသောသူ ဖြစ်သည်”ဟု သင် ပြောမည်မဟုတ်ပေ။ သင်သည် ဤသိမြင်နားလည်ခြင်းအဆင့်ရှိသည့်အခါ၊ ထိုအရာများကို တွေးမိချိန်တွင် သင် ငိုကြွေးဦးမည်လော။ ငိုကြွေးမည်မဟုတ်။ ဤပြဿနာ ပြေလည်သွားလိမ့်မည်။ ထို့ကြောင့် သင့်ကို အခက်အခဲဖြစ်စေသည့် ပြဿနာများ သို့မဟုတ် ကိစ္စရပ်များနှင့် ပတ်သက်၍၊ သင်သည် သမ္မာတရား၏ ထိုသွင်ပြင်လက္ခဏာကို မရရှိသေးပါက၊ ပြီးလျှင် သမ္မာတရား စစ်မှန်မှု၏ ထိုသွင်ပြင်လက္ခဏာထဲသို့ သင် မဝင်ရောက်သေးပါက၊ ထိုသို့သော အခက်အခဲများ သို့မဟုတ် အခြေအနေများတွင် သင် ပိတ်မိနေလိမ့်မည်ဖြစ်ပြီး၊ ထိုအရာများမှ သင် မည်သည့်အခါတွင်မျှ ထွက်လာနိုင်လိမ့်မည် မဟုတ်ပေ။ ဤအခက်အခဲများနှင့် ပြဿနာများကို အသက်ဝင်ရောက်မှု၏ အဓိကပြဿနာများအဖြစ် သင် သဘောထားပြီးနောက် ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေပါက၊ ဤသမ္မာတရား စစ်မှန်မှု၏ သွင်ပြင်လက္ခဏာထဲသို့ သင် ဝင်ရောက်နိုင်လိမ့်မည်။ အမှတ်တမဲ့၊ သင်သည် ဤအခက်အခဲများနှင့် ပြဿနာများမှ သင်ခန်းစာများ သင်ယူလိမ့်မည်။ ပြဿနာများ ပြေလည်သွားသည့်အခါ၊ သင်သည် သင်၏ မိဘများ၊ မိသားစုဝင်များနှင့် ထိုမျှ နီးစပ်ခြင်းမရှိဟု သင် ခံစားရလိမ့်မည်။ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သာ၍ ရှင်းလင်းစွာ သင် မြင်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ အမှန်တကယ် မည်သည့် လူစားမျိုးများဖြစ်သည်ကို သင် မြင်လိမ့်မည်။ သင်၏ ချစ်ရသူများကို ရှင်းလင်းစွာ သင် သိမြင်သည့်အခါ၊ သင်က၊ “ကျွန်ုပ်၏ မိခင်သည် သမ္မာတရားကို လုံးဝ လက်မခံပါ။ သူသည် သမ္မာတရားကို အမှန်တကယ် စိတ်ကုန်ပြီး၊ မုန်းတီးသည်။ သူ၏ အနှစ်သာရအားဖြင့်၊ သူသည် ဆိုးယုတ်သော လူတစ်ဦး၊ နတ်ဆိုးတစ်ဦး ဖြစ်သည်။ ကျွန်ုပ်၏ ဖခင်သည် ကျွန်ုပ် မိခင်ဖက်တွင်ရပ်တည်လျက် လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်သည်။ သူသည် သမ္မာတရားကို လက်မခံသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိပါ။ သူသည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ပါ။ ကျွန်ုပ်၏ မိခင်နှင့် ဖခင်တို့၏ အပြုအမူရ၊ သူတို့နှစ်ဦးသည် မယုံကြည်သူများ ဖြစ်သည်။ နှစ်ဦးလုံးက နတ်ဆိုးများ ဖြစ်သည်။ သူတို့ကို ကျွန်ုပ် လုံးဝ စွန့်လွှတ်ရမည်ဖြစ်ပြီး၊ သူတို့နှင့် ကျွန်ုပ် ရှင်းလင်းသည့် ကန့်သတ်ချက်များ ထားရှိရမည်ဖြစ်သည်”ဟု ပြောလိမ့်မည်။ ဤသို့ဖြင့်၊ သင်သည် သမ္မာတရားဖက်တွင် ရပ်တည်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို စွန့်လွှတ်နိုင်လိမ့်မည်။ ၎င်းတို့ မည်သူဖြစ်သည်၊ မည်သည့်လူစားမျိုးများဖြစ်သည်ဆိုသည်တို့ကို သင် ပိုင်းခြားသိမြင်နိုင်သည့်အခါ၊ ၎င်းတို့အတွက် သင် ခံစားချက်များ ရှိဦးမည်လော။ ၎င်းတို့အတွက် ချစ်ခင်မှု သင် ခံစားရဦးမည်လော။ ၎င်းတို့နှင့် သွေးသား ဆက်နွှယ်မှုတစ်ခု သင် ရှိဦးမည်လော။ ရှိလိမ့်မည် မဟုတ်။ သင်၏ စိတ်ခံစားမှုများကို ချုပ်ထိန်းရန် လိုအပ်ဦးမည်လော။ (လိုအပ်မည်မဟုတ်ပါ။) သို့ဆိုလျှင် ဤအခက်အခဲများကို ဖြေရှင်းရန် မည်သည့်အရာအပေါ် သင် အမှန်တကယ် မှီခိုသနည်း။ သမ္မာတရား သိနားလည်ခြင်း၊ ဘုရားသခင်အပေါ် အမှီပြုခြင်းနှင့် ဘုရားသခင်ကို အားကိုးခြင်းတို့အပေါ် သင် မှီခိုပေသည်။ သင်၏ စိတ်နှလုံးတွင် ဤအရာများနှင့်ပတ်သက်၍ ရှင်းလင်းပါက၊ သင့်ကိုယ်သင် ချူပ်ထိန်းရန် လိုအပ်သေးသလော။ မတရားခံရသည်ဟု သင် ခံစားရသေးသလော။ ထိုသို့သော ကြီးမားသည့် နာကျင်မှုကို ခံစားရန် သင် လိုအပ်သေးသလော။ အခြားသူများအား သင်နှင့်အတူ မိတ်သဟာယပြုပေးရန်နှင့် သဘောတရားဆိုင်ရာ အလုပ်ကို လုပ်ဖို့ သင် လိုအပ်သေးသလော။ မလိုအပ်ပေ၊ အဘယ့်ကြောင့်ဆိုသော် သင်သည် အမှုအရာများကို မိမိဘာသာ ပြီးပြတ်စေနှင့်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ အလွယ်လေးဖြစ်၏။ ပြန်ပြောရမည်ဆိုပါက၊ ၎င်းတို့ကို သင် မစဉ်းစားချင် သို့မဟုတ် သတိမရချင်သည့် ပြဿနာကို သင် မည်သို့ ဖြေရှင်းသနည်း။ (ဖြေရှင်းရန် သမ္မာတရားကို ရှာပါ။) ထိုစကားများမှာ အလွန်တရားဝင်ဖြစ်ပုံရသော ကြီးကျယ်သည့် စကားများဖြစ်သည်။ သို့သော် အနည်းငယ် ပို၍ လက်တွေ့ကျစွာ ပြောဆိုလော့။ (၎င်းတို့၏ အနှစ်သာရများကို ရိပ်စားမိရန် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုပါ။ ဆိုလိုသည်မှာ၊ ၎င်းတို့၏ အနှစ်သာရအရ ၎င်းတို့ကို ပိုင်းခြားသိမြင်ပါ။ ထို့နောက်တွင်၊ ကျွန်ုပ်တို့၏ ချစ်ခင်မှုနှင့် သွေးသား ဆက်နွှယ်မှုများကို ကျွန်ုပ်တို့ ဘေးဖယ်ထားနိုင်လိမ့်မည်။) မှန်ပေသည်။ လူတို့၏ သဘာဝနှင့် အနှစ်သာရအပေါ် သင်၏ ချင့်ချိန်နိုင်စွမ်းကို ဘုရားနှုတ်ကပတ်တော်များအပေါ် သင် အခြေခံရမည်။ ဘုရားနှုတ်ကပတ်တော်၏ ထုတ်ဖော်ပြချက်မရှိဘဲနှင့်၊ အခြားသူတို့၏ သဘာဝနှင့် အနှစ်သာရကို မည်သူမျှ မရိပ်စားမိနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေခံခြင်းအားဖြင့်သာ၊ လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ရိပ်စားမိနိုင်ပေသည်။ ထိုအခါမှသာ အကြင်သူသည် လူသား စိတ်ခံစားမှုများနှင့် သက်ဆိုင်သည့် ပြဿနာကို အရင်းအမြစ်မှ ဖြေရှင်းနိုင်သည်။ ပထမဦးစွာ သင်၏ ချစ်ခင်မှုများနှင့် သွေးသား ဆက်နွှယ်မှုများကို နောက်ချန်ထားခြင်းအားဖြင့် အစပြုလော့။ မည်သူအတွက် သင်၏ စိတ်ခံစားမှုများက အားအကောင်းဆုံးဖြစ်သည်ဖြစ်စေ၊ ထိုသူမှာ ပထမဦးဆုံး သင် စိစစ်ပြီး သိမြင်သင့်သည့်သူ ဖြစ်သည်။ ဤဖြေရှင်းချက်ကို သင် မည်သို့ ထင်မြင်ပါသနည်း။ (ကောင်းပါသည်။) လူအချို့က၊ “ကျွန်ုပ်၏ ခံစားချက်များ အားအကောင်းဆုံးဖြစ်သည့် လူတို့ကို ပိုင်းခြားသိမြင်ခြင်းနှင့် စိစစ်ခြင်းတို့သည် အလွန် စာနာစိတ်ကင်းမဲ့ရာကျသည်”ဟု ပြောကြသည်။ ထိုသူတို့ကို သင် ပိုင်းခြားသိမြင်ခြင်း၏ လိုရင်းမှာ ၎င်းတို့၏ ဆက်ဆံရေးများကို သင် ဖြတ်ရန်အလို့ငှာ မဟုတ်ပေ။ သင်၏ မိဘနှင့်သားသမီး ဆက်ဆံရေးများကိ အဆက်ဖြတ်ရန် မဟုတ်သကဲ့သို့၊ ၎င်းတို့ကို လုံးဝ စွန့်လွှတ်ရန်၊ ၎င်းတို့နှင့် မည်သည့်အခါတွင်မျှ တစ်ဖန် မဆက်ဆံရန်အလို့ငှာ မဟုတ်ပေ။ သင်၏ ချစ်ရသူများပေါ် သင်၏ တာဝန်များကို သင် ဖြည့်ဆည်းသင့်သော်လည်း၊ သင်သည် ဘုရားသခင်၏ နောက်လိုက်ဖြစ်သောကြောင့် ၎င်းတို့အားဖြင့် ဘောင်ခတ်ခံ၍မရ သို့မဟုတ် တွယ်ငြိခံ၍ မရပေ။ ဤစည်းမျဉ်းကို သင် ပိုင်ဆိုင်ရမည်။ သင်သည် ထိုသူတို့အားဖြင့် ဘောင်ခတ်ခံ၊ တွယ်ငြိခံလာရဆဲဖြစ်လျှင်၊ သင်၏ တာဝန်ကို ကောင်းစွာ သင် မလုပ်ဆောင်နိုင်သကဲ့သို့၊ လမ်းဆုံးထိ ဘုရားသခင်နောက်သို့ သင် လိုက်နိုင်သည်ဟု အာမမခံနိုင်ပေ။ သင်သည် ဘုရားသခင်၏ နောက်လိုက် သို့မဟုတ် သမ္မာတရားကို ချစ်သောသူတစ်ဦး မဟုတ်ပါက၊ သင့်အပေါ် ဤအရာကို မည်သူမျှ တောင်းဆိုမည် မဟုတ်။ လူအချို့က၊ “လတ်တလောတွင် သမ္မာတရားကို ကျွန်ုပ် နားမလည်ပါ။ အခြားသူများအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို မသိပါ”ဟု ပြောကြသည်။ သင်သည် ဤဝိညာဉ်ရင့်ကျက်မှုမရှိပါက၊ ယခုတွင်တော့ ချင့်ချိန်နိုင်စွမ်းကို ဘေးဖယ်ထားလော့။ သင်၏ ဝိညာဉ်ရင့်ကျက်မှု ပြည့်စုံလုံလောက်ပြီး၊ ထိုသို့သော စမ်းသပ်မှုများကို သင် ဖြတ်ကျော်ကာ ဤသို့လက်တွေ့လုပ်ဆောင်ရန် မိမိဘာသာ ကနဦးခြေလှမ်းလှမ်းနိုင်သည့်အခါ၊ ဤသမ္မာတရား၏ သွင်ပြင်လက္ခဏာကို လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် အလွန်နောက်ကျလိမ့်မည် မဟုတ်ပေ။

လူများစွာတို့သည် မလိုအပ်ဘဲ စိတ်လှုပ်ရှားထိခိုက်လွယ်စွာ ခံစားကြသည်။ အမှန်တွင်၊ ဤအရာအားလုံးသည် မလိုအပ်သည့်၊ အချည်းနှီးသော ဆင်းရဲဒုက္ခဖြစ်သည်။ ထိုသို့ အဘယ်ကြောင့် ငါ ပြောရသနည်း။ လူတို့သည် မိမိတို့၏ စိတ်ခံစားမှုများဖြင့် အမြဲ ဘောင်ခတ်ခံရသောကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ထို့အပြင်၊ စိတ်ခံစားမှု၏ ဘောင်ခတ်ခံရခြင်းသည် မိမိတာဝန်ကို လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်နောက်လိုက်ခြင်းအတွက် လုံးဝ အကျိုးမပြုသည့်အပြင်၊ အသက်ဝင်ရောက်မှုအတွက် ကြီးမားသည့် အတားအဆီး ဖြစ်သည်။ ထို့ကြောင့်၊ စိတ်ခံစားမှု၏ ကန့်သတ်ခြင်း ခံစားရခြင်းသည် အဓိပ္ပာယ်မရှိသကဲ့သို့၊ ထိုအရာကို ဘုရားသခင်က မအောက်မေ့ပေ။ ထို့ကြောင့် ဤအဓိပ္ပာယ်မဲ့သည့် ဆင်းရဲဒုက္ခမှ သင်သည် မိမိကိုယ်ကိုယ် မည်သို့ လွတ်မြောက်စေသနည်း။ သမ္မာတရားကို သင် နားလည်ရန် လိုအပ်ပြီး၊ ဤသွေးသား ဆက်နွှယ်မှုများ၏ အနှစ်သာရကို ရိပ်စားကာ နားလည်ဖို့ လိုအပ်သည်။ ထို့နောက်တွင် ဇာတိပကတိ၏ စိတ်ခံစားမှုများအားဖြင့် ဘောင်ခတ်ခံခြင်းမှ သင် လွတ်မြောက်ရန် လွယ်ကူလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သောလူအချို့သည် မိမိတို့ မယုံကြည်သူမိဘများ၏ ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းမှု ခံရကြသည်။ ၎င်းတို့သည် လက်တွဲဖော် အတင်းရှာစေခြင်းမခံရလျှင်၊ အလုပ်တစ်ခု အတင်းရှာစေခြင်းခံရကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့ အလိုရှိသည့်အရာ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခွင့်မရကြပေ။ မိဘအချို့သည် ဘုရားသခင်ကိုပင် ပြစ်မှားစော်ကားကြသည်။ ထို့ကြောင့် ဤလူများသည် မိမိတို့ မိဘများ၏ စစ်မှန်သည့် ဆိုးယုတ်သော စရိုက်လက္ခဏာများကို မြင်ကြ၏။ ထိုအခါမှသာ ၎င်းတို့၏ စိတ်နှလုံးများက၊ “သူတို့သည် အမှန်တကယ် နတ်ဆိုးများဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကို ကျွန်ုပ်၏ ချစ်ခင်ရသူများအဖြစ် ကျွန်ုပ် မဆက်ဆံနိုင်ပါ”ဟု ဟစ်အော်ကြလေသည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် ၎င်းတို့၏ စိတ်ခံစားမှုများ၏ ကန့်သတ်ချက်များနှင့် အချုပ်အချယ်များမှ လွတ်မြောက်သွားကြသည်။ လူတို့ကို ဘောင်ခတ်ပြီး ချည်နှောင်ရန် စာတန်က ချစ်ခင်မှုကို အသုံးပြုချင်သည်။ လူတို့သည် သမ္မာတရားကို နားမလည်ပါက၊ လှည့်ဖြားခံရရန် ၎င်းတို့အတွက် လွယ်ကူသည်။ မကြာခဏဆိုသကဲ့သို့၊ ၎င်းတို့၏ မိဘများနှင့် ချစ်ခင်ရသူများအတွက် ၎င်းတို့သည် ဝမ်းနည်းကြသည်၊ ငိုကြွေးကြသည်၊ အခက်အခဲများကို သည်းညည်းခံကြပြီး၊ စွန့်လွှတ်စတေးမှုများ ပြုလုပ်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အသိပညာကင်းမဲ့သော မသိနားမလည်မှု ဖြစ်သည်။ ထိုအရာကို ၎င်းတို့ မညည်းမညူ လက်ခံပြီး၊ မိမိတို့ စိုက်သည့်အရာကို ရိတ်ကြသည်။ ဤအရာများကို ခံစားခြင်းသည် တန်ဖိုးမရှိပေ။ ဘုရားသခင်က လုံးဝ သတိမရမည့် အချည်းနှီးသော အားထုတ်မှုတစ်ခု ဖြစ်ပြီး ၎င်းတို့က ငရဲကို ဖြတ်သန်းနေကြသည်ဟု တစ်ဦးတစ်ယောက်က ပြောကောင်းပြောနိုင်ပေသည်။ သမ္မာတရားကို အမှန်တကယ် သင် နားလည်ပြီး၊ ၎င်းတို့၏ အနှစ်သာရကို သင် ရိပ်စားမိသည့်အခါ၊ သင် လွတ်မြောက်လာလိမ့်မည်။ သင်၏ ယခင်က ဆင်းရဲဒုက္ခသည် မသိနားမလည်မှုနှင့် အသိပညာကင်းမဲ့သည်ဟု သင် ခံစားရလိမ့်မည်။ အခြားမည်သူကိုမျှ သင် အပြစ်တင်လိမ့်မည် မဟုတ်။ သင်၏ ကိုယ်ပိုင် ကြောင်းကျိုးမမြင်ခြင်း၊ မိုက်မ့မှုနှင့် သမ္မာတရားကို သင်နားမလည် သို့မဟုတ် အမှုကိစ္စများကို ရှင်းလင်းစွာ မမြင်သည့်အချက်တို့ကို သင် အပြစ်တင်လိမ့်မည်။ ဤစိတ်ခံစားမှုနှင့်ဆိုင်သည့် ပြဿနာသည် ဖြေရှင်းရန် လွယ်ကူသည့်အရာတစ်ခု ဖြစ်သလော။ သင်တို့ ဖြေရှင်းပြီးပြီလော။ (မဖြေရှင်းရသေးပါ။ ကျွန်ုပ်တို့သည် လက်တွေ့လုပ်ဆောင်ခြင်း မရှိသေး၊ သို့မဟုတ် ဘုရားသခင် ထောက်ပြသည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းထဲသို့ မဝင်ရောက်သေးပါ။ ဤအရာမျိုး ဖြစ်ပျက်သည့်အခါ ရည်ညွှန်းခြင်းအတွက် အခြေခံအကြောင်းရင်းတစ်ခု ကျွန်ုပ်တို့ ရှိကြခြင်းသာ ဖြစ်ပါသည်။) ဤအရာအားလုံးကို ပြောဆိုရာတွင်၊ လက်တွေ့ကျသည့် ကိစ္စရပ်များအကြောင်းကို ပြောဆိုနေသည်ဖြစ်စေ၊ လမ်းကြောင်းများအဖြစ် သင် အဓိပ္ပာယ်ကောက်သည့် အရာများအကြောင်းကို ပြောဆိုနေသည်ဖြစ်စေ၊ သင်တို့ကို ငါ ပြောနေခြင်းဖြစ်သည်။ ဤအရာမျိုးကို သင်တို့ ကြုံရသည့်အခါ၊ ကိုင်တွယ်ခြင်းအတွက် အကောင်းဆုံးသောနည်းမှာ ဘုရားသခင်ထံ ဆုတောင်းရန်နှင့် သမ္မာတရား ရှာဖွေရန်ဖြစ်ပြီး၊ ထို့နောက်တွင် ထိုအရာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု သင် ရှိလိမ့်မည်။ ဇာတိပကတိ စိတ်ခံစားမှုများ၏ အနှစ်သာရကို သင် ရိပ်စားမိပြီးသည့်အခါ၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို ကိုင်တွယ်ရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင်၏ ချစ်ခင်ရသူများနှင့် ပတ်သက်၍ အသွေးအသား ဆက်နွှယ်မှုများ၏ ဘောင်ခတ်ခြင်းကို သင် အမြဲခံရပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းမရှိပေ။ အယူဝါဒကို သင် နားလည်ပြီး ဆောင်ပုဒ်များကို ကြွေးကြော်လျှင်ပင်၊ သင်၏ တကယ့် ပြဿနာများကို မဖြေရှင်းနိုင်သေးဘဲ ရှိလိမ့်ဦးမည် ဖြစ်သည်။ လူအချို့သည် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို တကယ် မသိကြချေ။ အခြားသူများမှာ သမ္မာတရားကို ရှာဖွေနိုင်ကြသော်လည်း၊ ၎င်းတို့ထံ အခြားသူများက သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့သည် အပြည့်အဝ မယုံကြည်ကြသကဲ့သို့၊ လုံးဝ လက်မခံနိုင်ကြချေ။ ထို့ကြောင့်၊ သင်၏ စိတ်ခံစားမှုများဖြင့် ဘောင်ခတ်ခံရခြင်း ပြဿနာသည် မည်သည့်အခါတွင်မျှ မပြေလည်နိုင်ပေ။ ထိုပြဿနာ မပြေလည်နိုင်ပါက၊ ထိုအရာအတွင်းမှ မည်သည့်အခါတွင်မျှ သင် မလွတ်လာနိုင်သကဲ့သို့၊ သင်သည် ဆက်လက်၍ ဘောင်ခတ်ခံရကာ ချည်နှောင်ခံရလိမ့်မည်။ ဘုရားသခင်ကို သင် ယုံကြည်သော်လည်း၊ သူ့နောက်မလိုက်နိုင် သို့မဟုတ် သင် လုပ်သင့်သည့်တာဝန်ကို မလုပ်နိုင်ပါက၊ သင်သည် ကပ်ဘေးထဲသို့ ကျရောက်ကာ အပြစ်ပေးခံရမည့် နေ့အထိတိုင် ဘုရားသခင်၏ ကတိတော်ကို လက်ခံရရှိထိုက်လိမ့်မည် မဟုတ်။ ငိုကြွေးခြင်းနှင့် အံသွားခဲကြိတ်ခြင်းတို့သည် အချည်းနှီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ မည်သူကမျှ သင့်ကို ကယ်တင်လိမ့်မည် မဟုတ်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်း၏ အကျိုးဆက်များနှင့်ပတ်သက်၍ သင်တို့ ယခု ရှင်းပြီလော။

ယနေ့တွင် မည်သည့်အရာကို ငါတို့ မိတ်သဟာယပြုပြီးပြီနည်း။ လူတို့၏ အခြေအနေများ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုများအပြင်၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ သင်ကြုံရသည့် ကိစ္စများအား မည်သို့ မှန်ကန်စွာ သဘောထားရမည်၊ မည်သည့် ရှုထောင့်မျိုးများကို သင် စွဲကိုင်ရမည်ဆိုသည်နှင့် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ သိရှိ၊ စိတ်ဖြာလေ့လာဆွေးနွေးကာ ဖြေရှင်းရမည်ဆိုသည်တို့ကို ငါတို့ မိတ်သဟာယပြုပြီး ဖြစ်သည်။ အသက်ဝင်ရောက်မှု သင်ခန်းစာကို အမြဲ သင်ယူရမည်။ သင်ယူရန် မည်သည့်အခါတွင်မျှ နောက်မကျပေ၊ သို့မဟုတ် စတင်ရန်မှာ မည်သည့်အခါတွင်မျှ နောက်မကျပေ။ သို့ဆိုလျှင် မည်သည့်အခါတွင် အလွန်နောက်ကျသွားသနည်း။ သင် သေဆုံးပြီးပါက၊ အလွန်နောက်ကျသွားပြီဖြစ်သည်။ အသက်ရှင်နေဆဲဖြစ်ပါက၊ အလွန် နောက်မကျသေးပေ။ ယခု သင်တို့အားလုံး မသေဘဲ၊ အသက်ရှင်ကြသော်လည်း၊ အသက်ရှင်ခြင်းနှင့် သေခြင်းက မည်သည့်အရာဖြစ်သည်ကို သင်တို့ အမှန်တကယ် ရှင်းကြသလော။ အင်္ဂလိပ်စကားဖြင့်၊ လူတို့က၊ “ကျွန်ုပ် အသက်ရှင်သေးသည်”ဟု အမြဲပြောကြသည်။ ယင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ သို့မဟုတ် လူမှုအဖွဲ့အစည်း၏ဘေးဖယ်ထားခြင်း သင် ခံရပြီးသည့်အခါ၊ သို့မဟုတ် သင်သည် အကျင့်ပျက်သည်ဟု ခံစားရပြီးနောက်၊ သင့်ကိုယ်သင် အပ်ဖြင့်ထိုးပြီး၊ ထိုအရာကို ခံစားသိမြင်နိုင်သည့်အခါ၊ သင်သည် အသက်ရှင်နေသေးကြောင်း၊ သင်၏ စိတ်နှလုံးသည် မသေသေးကြောင်းကို သင် ခံစားမိလိမ့်မည်။ သင် အသက်ရှင်သေးပါက၊ လိုက်စားမှုများ သင် ရှိသင့်ပြီး၊ လူသား သဏ္ဍာန်တူခြင်းကို အသက်ရှင်နေထိုင်သင့်သည်။ ယခင်က၊ သင်သည် အကျင့်ပျက်ခဲ့သည်၊ လောကီအရာများနောက်လိုက်ကာ ဆိုးယုတ်မှု ခေတ်ရေစီးကြောင်းတစ်ခုဖြင့် အသက်ရှင်ခဲ့သည်။ သင်သည် ဣနြ္ဒေဆည်ကာ ရှေ့ဆက်အကျင့်ပျက်ခြင်းကို ရှောင်းရှားရမည့် အချိန် မဟုတ်လော။ သင်မြင်သလော၊ အနောက်တိုင်းသားများသည် စစ်မှန်သည့် လမ်းခရီးကို ရှာမတွေ့ကြသေးသကဲ့သို့၊ လူသားဘဝနှင့် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံတို့နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ မျှော်လင့်ချက်မဲ့ခံစားကြသည်။ ထို့ကြောင့် ၎င်းတို့၏ စကားများသည် နက်ရှိုင်းသည့် စိတ်ခံစားမှုများနှင့် ပြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းမျိုး ရှိသည်။ ယင်းမှာ အတွင်းတွင် မျှော်လင့်ချက်မဲ့သည့် စိတ်အခြေအနေတစ်ခု ပါရှိသည်ဟု ဆိုရပေမည်။ ၎င်းတို့ အသက်ရှင်သည်နှင့်အမျှ၊ ၎င်းတို့ လူသားမဟုတ်ဟု မကြာခဏ ခံစားရသော်လည်း၊ ၎င်းတို့ ဤသို့ အသက်ရှင်ကြရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် သရဲတစ္ဆေများ၊ တိရစ္ဆာန်များ သို့မဟုတ် သားရဲများကဲ့သို့ ခံစားရလျှင်ပင်၊ ဤနည်းဖြင့် ၎င်းတို့ ဆက်လက်အသက်ရှင်ရမည် ဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်၍ ရသနည်း။ ၎င်းတို့ မသေဆုံးကြပါက၊ ဤသို့ အသက်ရှင်ကြရမည်။ ၎င်းတို့အတွက် အခြားသော လမ်းကြောင်း မရှိသကဲ့သို့၊ သနားကရုဏာသက်ဖွယ်ရာ အသက်ရှင်ကြသည်။ သင်တို့အားလုံး ဤကဲ့သို့ ဖြစ်ကြသလော။ တစ်နေ့တွင် သင်တို့သည်၊ “ဟာ၊ ငါ အသက်ရှင်ပါသေးသည်၊ ငါ့ နှလုံး မသေသေးပါ”ဟု တွေးလျက်၊နက်ရှိုင်းသည့် ခံစားမှုဖြင့် ပြည့်ပါက၊ လူတစ်ဦးသည် ထိုအခြေအနေထိ အသက်ရှင်ပါက၊ ၎င်းတို့မှ မည်သည့်အရာ ဖြစ်လာမည်နည်း။ ၎င်းတို့သည် အန္တရာယ်ရှိနှင့်ကြပြီး ဖြစ်သည်။ ယုံကြည်သူတစ်ဦးအတွက်၊ ဤသည်မှာ အလွန်အန္တရာယ်ရှိနှင့်ပေသည်။ “ကျွန်ုပ် အသက်ရှင်သေးသော်လည်း ကျွန်ုပ်၏ သွေးသားသည် အခွံတစ်ခုဖြစ်ပြီး ကျွန်ုပ်သည် လမ်းလျှောက်နေသည့် အလောင်းကောင်တစ်ကောင်ဖြစ်သည်။ ကျွန်ုပ်၏ နှလုံးသား အသက်ရှိပြီး၊ ကျွန်ုပ် စိတ်နှလုံးထဲက စိတ်ဆန္ဒများနှင့် စံ အနည်းငယ်ကသာ ကျွန်ုပ်၏ ဇာတိပကတိကို ကျားကန်ပေးထားသည်”ဟူသကဲ့သို့သော တစ်စုံတစ်ရာကို သင် လုံးဝ ပြော၍ မရပေ။ ထိုအခြေအနေထိ မရောက်စေနှင့်။ ထိုအခြေအနေထိ သင် ရောက်ပါက၊ သင့်ကို ကယ်တင်ရန် အလွန်ခက်လိမ့်မည်။ သင်တို့အားလုံးကို ယခု ကြည့်သည့်အခါ၊ သင်တို့၏ အခြေအနေများက မဆိုးပေ။ မယုံကြည်သူတစ်ဦးထံ ဘုရားနှုတ်ကပတ်တော်ကို သင်တို့ ဖတ်ရွတ်ပါက မည်သည့် အသိမျှ ၎င်းတို့ ရရှိလိမ့်မည် မဟုတ်။ ထို့ကြောင့် ယခု သင်တို့ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းရန် ပြင်းထန်သည့် စကားများကို ငါ အသုံးပြုပါက၊ ထိုအရာကို သင်တို့ လုံးဝ သတိထားမိလိမ့်မည်လော။ (သတိထားမိပါမည်။) သင်တို့ထဲမှအချို့သည် ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရသည့်နောက်တွင်သာ မိမိတို့ကိုယ်ကိုယ် သိလာကြပေသည်။ ထိုအခါမှသာ သင်တို့ နောင်တရကြသည်။ ဤသည်မှာ သင်တို့သည် သတိရှိနေကြသေးပြီး၊ သင်တို့ နှလုံးများလည်း အပြည့်အဝ မသေဆုံးသေးဟု ဆိုလိုသည်။ ထိုအရာက သင်တို့သည် နိုးထနေဆဲ၊ အသက်ရှိနေဆဲဖြစ်သည်ကို သက်သေပြပေသည်။ သမ္မာတရားကို သင် လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ကယ်တင်ခံရမည့် မျှော်လင့်ချက်တစ်ခု ရှိ၏။ တစ်စုံတစ်ဦးသည် သမ္မာတရားကို တကယ် လက်မခံနိုင်တော့သည့် အခြေအနေထိ ရောက်ရှိပါက၊ ၎င်းတို့ လုံးဝ သေဆုံးပြီး ကယ်တင်၍ မရတော့ပေ။ အသင်းတော်ထဲတွင် သမ္မာတရားကို တကယ် လက်ခံလိမ့်မည် မဟုတ်သည့်သူများမှာ လူအနည်းငယ်ထက်ပိုပေသည်။ ဤလူများသည် အသက်ရှူနေကြသော်လည်း၊ အမှန်တကယ် ဝိညာဉ်များမရှိကြချေ။ ၎င်းတို့သည် ဝိညာဉ်မဲ့ လူသေ၊ လမ်းလျှောက်နေသည့် အလောင်းကောင်များ ဖြစ်သည်။ ထိုသို့သောလူများကို လုံးဝ ဖော်ထုတ်ကာ ဖယ်ရှားရမည်ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်

အရှေ့သို့- ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်

နောက်တစ်ခုသို့- ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။