မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်

သင်တို့သည် ယနေ့ မည်သည့်စမ်းသပ်မှုများကို ကြံ့ကြံ့ခံနိုင်သနည်း။ သင်တို့၌ အခြေခံအုတ်မြစ်တစ်ခုရှိသည်ဟု ဆိုဝံ့သလော၊ စစ်ဆေးမှုများကို ရင်ဆိုင်ရသောအခါ ခိုင်မာစွာ ရပ်တည်နိုင်စွမ်းရှိသလော။ ဥပမာအားဖြင့် စာတန်၏ လိုက်လံဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းဟူသော စစ်ဆေးမှုများ၊ သို့မဟုတ် အဆင့်အတန်းနှင့် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ၊ အိမ်ထောင်ရေး သို့မဟုတ် စည်းစိမ်ချမ်းသာဆိုင်ရာစသည့် ဤစစ်ဆေးမှုများကို သင်တို့ အောင်မြင်ကျော်လွှားနိုင်စွမ်း ရှိသလော။ (ကျွန်ုပ်တို့သည် ယင်းတို့ထဲမှအချို့ကို အနည်းနှင့်အများဆိုသလို အောင်မြင်ကျော်လွှားနိုင်ပါသည်။) စစ်ဆေးမှုဆိုင်ရာအဆင့် မည်မျှရှိသနည်း။ ထို့အပြင် မည်သည့်အဆင့်ကို သင်တို့ ကျော်လွှားနိုင်သနည်း။ ဥပမာ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် လူတစ်ဦးအဖမ်းခံရကြောင်း သင်ကြားရသောအခါ ကြောက်ချင်မှကြောက်မည်၊ ထို့အပြင် အခြားသူများ အဖမ်းခံရပြီး နှိပ်စက်ခြင်းခံရသည်ကို သင်တွေ့ရသောအခါ ကြောက်ကောင်းကြောက်မည် မဟုတ်၊ သို့သော် သင် အဖမ်းခံရသည့်အခါ၊ ဤသို့သောအခြေအနေမျိုးထဲ ကိုယ်တိုင် ရောက်သွားသည့်အခါ သင်ခိုင်မာစွာ ရပ်တည်နိုင်မည်လော။ ယင်းက တကယ့်စစ်ဆေးမှုပင် မဟုတ်သလော။ ဥပမာ ဘုရားသခင်၌ ယုံကြည်ခြင်း အားကြီးသောသူ၊ မိမိ၏တာဝန်ကို ထမ်းဆောင်ရန်အတွက် မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ပြီး အခက်အခဲများစွာ ခံစားခဲ့ရသောသူ၊ အတော်ပင်ကောင်းမွန်သော လူ့သဘာဝကို ပိုင်ဆိုင်သည့် လူတစ်ဦးကို သင်သိသည်- ထိုသူသည် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အဖမ်းခံရကာ ထောင်ချခံရပြီးနောက်ပိုင်းတွင် အသေရိုက်ခြင်းခံရကြောင်း သင်ကြားသိရသည့် နေ့တစ်နေ့မျိုး ရုတ်တရက် ရောက်လာသည်ဆိုပါစို့။ ယင်းက သင့်အား စစ်ဆေးမှုတစ်ခု ဟုတ်သလော။ ယင်းက သင့်အပေါ်ကျရောက်ခဲ့သည်ဆိုလျှင် သင် မည်သို့တုံ့ပြန်မည်နည်း။ ယင်းကို သင် မည်ကဲ့သို့ ရင်ဆိုင်တွေ့ကြုံရမည်နည်း။ သမ္မာတရားကို သင်ရှာဖွေမည်လော။ သင် မည်ကဲ့သို့ ရှာဖွေမည်နည်း။ ထိုသို့သော စစ်ဆေးမှုကြုံရစဉ် သင့်ကိုယ်သင် မည်သို့ကြံ့ကြံ့ခံစေကာ၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ပြီး ယင်းမှ သမ္မာတရားကို ရရှိစေမည်နည်း။ ထိုသို့သော အမှုအရာများကို သင်ဆင်ခြင်သုံးသပ်ဖူးသလော။ ထိုသို့သော စစ်ဆေးမှုများကို ကျော်လွှားရန် လွယ်ကူသလော။ ယင်းတို့မှာ သာမန်ထက် ထူးကဲသော အရာမျိုးလော။ ထူးခြားပြီး လူ့အယူအဆများ၊ စိတ်ကူးများနှင့် ဆန့်ကျင်သော အမှုအရာများကို မည်သို့ရင်ဆိုင်တွေ့ကြုံသင့်သနည်း။ သင်၌ လမ်းကြောင်းမရှိလျှင် ညည်းညူနိုင်ခြေရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေပြီး ပြဿနာများ၏ အနှစ်သာရကို တွေ့မြင်နိုင်မည်လော။ လက်တွေ့ကျင့်သုံးရမည့် သင့်လျော်သော အခြေခံသဘောတရားများကို ချမှတ်ရန်အတွက် သမ္မာတရားကို သင် အသုံးချနိုင်မည်လော။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတို့၌ တွေ့ရသင့်သောအရာ မဟုတ်လော။ ဘုရားသခင်၏အလုပ်ကို သင် မည်သို့သိနိုင်မည်နည်း။ ဘုရားသခင်အနေဖြင့် သင့်အား တရားစီရင်ရန်၊ သန့်စင်စေရန်၊ ကယ်တင်ရန်နှင့် စုံလင်စေရန်အတွက် ယင်းကို သင် မည်သို့ ရင်ဆိုင်တွေ့ကြုံသင့်သနည်း။ ဘုရားသခင်နှင့် ပတ်သက်၍ လူတို့၏ မရေမတွက်နိုင်သော အယူအဆများနှင့် မကျေနပ်ချက်များကို ဖြေရှင်းပေးရန်အတွက် မည်သည့်သမ္မာတရားများကို နားလည်သင့်သနည်း။ အမျိုးမျိုးသော စမ်းသပ်မှုများကြား သင့်ကို မြဲမြံစွာ ရပ်တည်ခွင့်ပေးမည့် သမ္မာတရားများ၊ သင့်ကိုယ်သင် ပြင်ဆင်ထားသင့်သည့် အသုံးဝင်ဆုံးသော သမ္မာတရားများမှာ အဘယ်နည်း။ ယခုအချိန်၌ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုက အဘယ်မျှ ကြီးမားသနည်း။ စစ်ဆေးမှုများ၏ မည်သည့်အတိုင်းအတာကို သင်ကျော်လွှားနိုင်သနည်း။ ထင်မြင်ချက်တစ်စုံတစ်ရာ ရှိသလော။ မရှိလျှင် ယင်းက စဉ်းစားစရာဖြစ်သည်။ သင်တို့သည် “ယင်းတို့ထဲမှအချို့ကို အနည်းနှင့်အများဆိုသလို အောင်မြင်ကျော်လွှားနိုင်ပါသည်” ဟု ယခုတင် ဆိုခဲ့ကြသည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည်။ သင်တို့၌ရှိသည့် ဝိညာဉ်ရင့်ကျက်မှုအမျိုးအစား၊ မည်သည့် သမ္မာတရားများဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ မည်သည့် စစ်ဆေးမှုများကို ကျော်လွှားနိုင်ကြောင်း၊ မည်သည့် စမ်းသပ်မှုများကို လက်ခံနိုင်ကြောင်းနှင့် မည်သည့် စမ်းသပ်မှုများအတွင်း မည်သည့် သမ္မာတရားများ၊ ဘုရားသခင်အမှုနှင့်ပတ်သက်၍ မည်သည့် အသိပညာကို သင်တို့ ပိုင်ဆိုင်သင့်ကြောင်းနှင့် ဘုရားသခင်ကို ကျေနပ်စေရန် မည်သည့်လမ်းကြောင်းကို ရွေးချယ်သင့်ကြောင်းကို သင်တို့ ရှင်းလင်းရမည်- ဤအရာအားလုံးနှင့် ပတ်သက်၍ ကောင်းမွန်သော ထင်မြင်ချက်တစ်ခု ရှိရမည်ဖြစ်သည်။ သင်၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် မကိုက်ညီသည့် အရာတစ်ခုကို ကြုံတွေ့ရသောအခါ ယင်းကို သင် မည်သို့ ရင်ဆိုင်တွေ့ကြုံမည်နည်း။ ထိုသို့သော ကိစ္စများတွင် မိမိ၏ အယူအဆများကို ဖြေရှင်းရုံသာမကဘဲ ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော သိနားလည်မှုကိုပါ ရရှိစေရန်အတွက် မိမိကိုယ်ကို သမ္မာတရားနှင့်မည်သို့ ပြင်ဆင်သင့်ကြောင်းနှင့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာများဖြင့် ပြင်ဆင်သင့်ကြောင်းတို့သည် သင်ရှာဖွေသင့်သည့်အရာ ဖြစ်သည်မဟုတ်လော။ မည်သည့် စစ်ဆေးမှုမျိုးများကို သင်တို့ ပုံမှန်အားဖြင့် ရင်ဆိုင်တွေ့ကြုံကြသနည်း။ (အဆင့်အတန်း၊ ရာထူးဂုဏ်ဒြပ်၊ အကျိုးအမြတ်၊ ငွေကြေး၊ အမျိုးသားနှင့် အမျိုးသမီးအကြား ဆက်ဆံရေးတို့ ဖြစ်သည်။) အခြေခံအားဖြင့် ဤအရာများမှာ သာမန်ဖြစ်သည်။ ထို့ပြင် ယနေ့ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ပတ်သက်၍ သင်တို့သည် မည်သည့် စစ်ဆေးမှုများထဲ၌ မိမိကိုယ်ကို ထိန်းသိမ်းပြီး ခိုင်မာစွာ ရပ်တည်နိုင်သနည်း။ ဤစစ်ဆေးမှုများကို ကျော်လွှားနိုင်ခြင်းဟူသော စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှု သင်တို့ ပိုင်ဆိုင်သလော။ သင်တို့သည် မိမိတာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး သမ္မာတရားကို ဖောက်ဖျက်သော၊ သို့မဟုတ် အနှောင့်အယှက် ဖြစ်စေပြီး ဝင်ရောက်စွက်ဖက်တတ်သော၊ သို့မဟုတ် ဖီဆန်ပြီး ပုန်ကန်တတ်သော၊ သို့မဟုတ် ဘုရားသခင်အား ဝမ်းနည်းစေသော မည်သည့်အရာကိုမျှ မလုပ်ဟူ၍ အမှန်တကယ် အာမခံနိုင်သလော။ (မခံနိုင်ပါ။) ထို့ကြောင့် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သင် ဘာလုပ်ရမည်နည်း။ တစ်ခုမှာ သင့်လုပ်ဆောင်ချက်များက သမ္မာတရား၏ စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမရှိ ကြည့်ရန်၊ သင်၏ လုပ်ဆောင်ချက်များက ဝတ်ကျေတမ်းကျေ ဟုတ်မဟုတ် ကြည့်ရန်၊ ပုန်ကန်သော၊ သို့မဟုတ် ခုခံသော အရိပ်အယောင်များ ရှိမရှိ ကြည့်ရန်အတွက် အရာခပ်သိမ်း၌ သင့်ကိုယ်သင် ဆန်းစစ်ရမည်။ အကယ်၍ ရှိပါက ၎င်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ ထို့အပြင် အကယ်၍ သင့်အကြောင်းကို သင်ကိုယ်တိုင်မသိသော အရာများရှိလျှင် ၎င်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းခံရပါက ယင်းကို သင်လက်ခံပြီး ကျိုးနွံနာခံသင့်သည်။ လူတို့သည် အဖြစ်မှန်များနှင့်အညီ စကားပြောနေသရွေ့ သူတို့ကို ငြင်းခုံပြီး တစ်ပတ်ရိုက်ခြင်း လုံးဝလုပ်၍မရပေ။ ထိုအခါမှသာ သင့်ကိုယ်သင် သိမြင်လာပြီး အမှန်တကယ် နောင်တရနိုင်မည် ဖြစ်သည်။ လူတို့သည် အမှုအရာတို့၏ ဤရှုထောင့်နှစ်ခုနှင့် သက်ဆိုင်သော လိုအပ်ချက်များကို ရရှိပြီး စစ်မှန်သော ဝင်ရောက်ခြင်းရှိလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည် သမ္မာတရားအား သိနားလည်ခြင်းကို ရရှိပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည့်အပြင် သူတို့၏ တာဝန်ကို လက်ခံနိုင်လောက်သော စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်မည်ဖြစ်သည်။

လူအချို့က “များသောအားဖြင့် ကျွန်ုပ်အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သမ္မာတရားကို မည်သို့ ရှာဖွေရမည်ကို မသိသည့်အပြင်၊ ရှာဖွေသောအခါ၌လည်း အဖြေရှာမတွေ့ပါ။ ဆုတောင်း၊ ရှာဖွေပြီး စောင့်ဆိုင်းခဲ့ပြီးသော်လည်း အကျိုးသက်ရောက်မှု မရှိပါ။ ဘာလုပ်ရမည်ကို မသိတော့ပါ။ ဤအရာကို ဖြေရှင်းရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာတွေ့လိုသော်လည်း နှုတ်ကပတ်တော် များစွာရှိသည်၊ မည်သည့်အပိုင်းကို ဖတ်ရှုခြင်းက အပ်စပ်ပြီး ဤပြဿနာအား ဖြေရှင်းနိုင်မည်ကို မသိပါ” ဟု ပြောတတ်ကြသည်။ ထိုအခါ သူတို့ ဘာလုပ်သင့်သနည်း။ ဤအရာအတွက် အနိမ့်ဆုံးစံနှုန်းတစ်ခု ရှိ၏- သင့်အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး ဘာလုပ်ရမည်ကို သင်မသိသောအခါ သင့်ပြုလုပ်သင့်သော တကယ့်အခြေခံမှာ သင်၏အသိတရားအတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်သည်၊ ယင်းက မှီခိုအားထားရမည့် အဓိကစည်းမျဉ်း ဖြစ်သည်၊ အထက်ပါ အခြားအရာများအားလုံးထက် လိုက်နာသင့်သော အခြေခံမျဉ်းတစ်ခုဖြစ်ပြီး ယင်းက လက်တွေ့ကျင့်သုံးမှု အခြေခံသဘောတရားတစ်ခုလည်း ဖြစ်သည်။ သို့ဖြစ်၍ အသိတရားသည် လူတစ်ဦးစီ၌ အဘယ်မျှသော အသာစီးရသည့် အနေအထားတစ်ခု ရှိသနည်း။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်သည့်အခါ၊ သူ၏အသိတရားက မည်မျှကြီးမားသော အခန်းကဏ္ဍကို ဆောင်ရွက်နိုင်သည်ဆိုသည်မှာ သူ၏လူ့သဘာဝက မည်သည့်အရာနှင့်တူသည် ဆိုသည့်အပေါ် မူတည်၏။ ဤလူသည် သမ္မာတရားကို နားမလည်သကဲ့သို့ သူ၏အသိတရားအတိုင်း မပြုမူပါက၊ ထို့ပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားမှုပြသည့် သူ့လုပ်ရပ်များ၏ သွင်ပြင်လက္ခဏာတစ်ခုတလေကိုမျှ သင်မမြင်ရသည့်အပြင် သူ့အထဲ၌ ဘုရားသခင်အား ကြောက်ရွံ့စိတ် တစ်ခုကိုမျှ သင်မမြင်ရပါက၊ ဤအရာများတစ်ခုမျှ သင်မမြင်ရပါက ဤလူကို အသိတရားနှင့် လူ့သဘာဝ ပိုင်ဆိုင်သည့်လူအဖြစ် မှတ်ယူ၍ ရနိုင်သလော။ (မရနိုင်ပေ။) ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤလူစားမျိုးကို လူ့သဘာဝမရှိသော တစ်စုံတစ်ဦးအဖြစ် အတိအကျ သတ်မှတ်ထားပေသည်။ သူသည် လူသားအပြုအမူအတွက် အခြေခံမျဉ်းကို ကျော်လွန်လျက် အမှုအရာများကို ဆင်ခြင်တုံတရားအား အခြေခံ၍ မလုပ်ဆောင်သကဲ့သို့ အသိတရားအတိုင်းလည်း မလုပ်ပေ။ လူအချို့သည် သမ္မာတရားများစွာကို နားမလည်ကြပေ။ ၎င်းတို့သည် ၎င်းတို့လုပ်သမျှတွင် စည်းမျဉ်းများကို နားမလည်ကြပေ။ ပြဿနာများကို ကြုံတွေ့သောအခါ ကိုင်တွယ်ရန် မှန်ကန်သည့်နည်းလမ်းကို မသိကြပေ။ သူတို့သည် ဤအခြေအနေတွင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ အနိမ့်ဆုံးသော စံနှုန်းမှာ အသိတရားနှင့်အညီ လုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အခြေခံဖြစ်သည်။ သင်သည် အသိတရားနှင့်အညီ မည်သို့ လုပ်ဆောင်မည်နည်း။ အထူးသဖြင့် သင်ပြုမူသောအခါ၌ စစ်မှန်သော စိတ်နှလုံးကို အားကိုး၍ ပြုမူဆောင်ရွက်ရမည်၊ ဘုရားသခင်၏ ကြင်နာမှုနှင့် ထိုက်တန်ရမည်။ ဘုရားသခင်က သင့်ကို ဤအသက်ကိုပေးအပ်ခဲ့ခြင်းနှင့်၊ ကယ်တင်ခြင်းရရှိရန်အတွက် ဤဘုရားသခင်ပေးသော အခွင့်အရေးနှင့် ထိုက်တန်ရမည်။ ဤသည်မှာ အသိတရားနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သလော။ သင်သည် စံနှုန်းများထဲမှ ဤမရှိမဖြစ်လိုအပ်သော အနိမ့်ဆုံးစံနှုန်းကို ပြည့်မီသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ကွယ်ကာခြင်းကို ရရှိပြီးဖြစ်လိမ့်မည်။ ကြီးကျယ်သော အမှားများကို ကျူးလွန်မည်မဟုတ်ပေ။ ထိုအခါ သင်သည် ဘုရားသခင်ကို မနာခံရန်၊ သို့မဟုတ် သင်၏တာဝန်များကို အချောင်ခိုရန် အမှုအရာများကို အလွန်လွယ်ကူစွာ လုပ်ဆောင်လိမ့်မည်မဟုတ်သကဲ့သို့ ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့်‌ပြုမူဖို့ သိပ်အလားအလာရှိလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ကိုယ်ပိုင်ရာထူး၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အနာဂတ်တို့အတွက် အလွန် ကြံစည်တတ်လေ့ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အသိတရားက ဆောင်ရွက်သည့် အခန်းကဏ္ဍဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ပို၍ အသေးစိတ်ကြည့်လျှင် ဤလူသည် လူ့သဘာဝ ပျောက်ဆုံးနေသည့် မည်သည့်သရုပ်သကန်ကို ထုတ်ဖော်ပြသနည်း။ ဤကဲ့သို့သောလူတို့တွင် မည်သည့်စရိုက်လက္ခဏာများကို တွေ့ရပြီး မည်သည့် သီးသန့် သရုပ်သကန်တို့ကို တင်ပြသည်ဆိုသည်ကို ပိုင်းခြားစိစစ်ကြည့်ပါ။ (သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။ တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်သည့်အချိန်တိုင်းတွင် ၎င်းတို့ စဉ်းစားကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ ပထမဦးဆုံးသော စဉ်းစားဆင်ခြင်မှုမှာ၊ “ဤအရာကို ကျွန်ုပ် လုပ်လျှင် ဘုရားသခင် သိလိမ့်မည်လော။ ယင်းသည် အခြားလူတို့အဖို့ မြင်သာပါသလော။ ဤအားထုတ်မှုအားလုံးကို ကျွန်ုပ် အသုံးပြုပြီး ဝီရိယရှိရှိ အလုပ်လုပ်သည်ကို အခြားလူတို့ မမြင်ပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်ကလည်း မမြင်ပါက၊ ဤအရာအတွက် ထိုသို့သော အားထုတ်မှုကို ကျွန်ုပ် အသုံးပြုခြင်း သို့မဟုတ် ဆင်းရဲဒုက္ခခံခြင်းသည် အသုံးမဝင်ပေ။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည် မဟုတ်လော။ ယင်းသည် ယုတ်ညံ့သည့် အကြံမျိုးလည်း ဖြစ်ပေသည်။ ၎င်းတို့သည် ဤနည်းဖြင့် တွေးတောပြီး လုပ်ဆောင်သည့်အခါ၊ ၎င်းတို့၏ အသိစိတ်သည် အခန်းကဏ္ဍတစ်ခုတစ်လေ၌ ပါဝင်သလော။ ဤအရာတွင် ၎င်းတို့၏ အသိစိတ်သည် အပြစ်တင်ခြင်း ခံရသလော။ မခံရပေ။ ၎င်းတို့သည် မည်သည့် တာဝန်ကို ထမ်းဆောင်နေပါစေ မည်သည့် တာဝန်ဝတ္တရားကိုမျှ မယူသည့် လူအချို့လည်း ရှိပေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုလည်း ၎င်းတို့၏ အထက်လူကြီးများထံ ချက်ချင်း မတိုင်ကြားကြပေ။ လူများက အနှောင့်အယှက်ဖြစ်စေခြင်းနှင့် အစီအစဉ်ပျက်စေခြင်းများ ဖြစ်သည်ကို မြင်သည့်အခါ၊ ၎င်းတို့ လျစ်လျူရှုကြသည်။ ကောက်ကျစ်သည့် လူများက မကောင်းမှုပြုနေသည်ကို ၎င်းတို့မြင်သည့်အခါတွင်၊ ထိုလူများကို ၎င်းတို့ တားဆီးဖို့ မကြိုးစားကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ကြသကဲ့သို့၊ ၎င်းတို့၏တာဝန်နှင့် ဝတ္တရားတို့က အဘယ်အရာ ဖြစ်သည်ကိုလည်း မထည့်တွက်ကြချေ။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင်၊ ဤကဲ့သို့သော လူများသည် တကယ့်အလုပ် တစ်ခုမျှ မလုပ်ကြပေ။ ၎င်းတို့သည် သက်သောင့်သက်သာရှိခြင်းအတွက် လောဘကြီးသော “မှန်ပါ့သမားများ” ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ဝင့်ဝါမှု၊ သိက္ခာ၊ ဂုဏ်အဆင့်အတန်းနှင့် အကျိုးစီးပွားတို့အတွက်သာ ပြောဆို၊ ပြုမူကြပြီး၊ ၎င်းတို့အတွက် အကျိုးရှိသည့် အရာများအတွက် ၎င်းတို့၏အချိန်နှင့် ကြိုးစားအားထုတ်မှုတို့ကို ပေးအပ်မြှုပ်နှံရန်သာ အလိုရှိကြလေသည်။ ထိုသို့သော လူတစ်ဦး၏ လုပ်ရပ်များနှင့် အကြံများသည် အယောက်တိုင်းဖို့ သိသာ ထင်ရှားပေသည်- ၎င်းတို့သည် မိမိမျက်နှာကိုပြရန် သို့မဟုတ် ကောင်းချီးမင်္ဂလာတစ်ခုခု မွေ့လျော်ခံစားရန် အခွင့်အရေး ရှိသည့်အခါတိုင်း ထွက်ပေါ်လာကြလေသည်။ သို့သော်၊ မိမိမျက်နှာကိုပြရန် အခွင့်အရေး မရှိသည့်အခါ သို့မဟုတ် ဆင်းရဲဒုက္ခ အချိန်ကာလတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက်၊ လိပ်တစ်ကောင်က မိမိခေါင်းကို ပြန်သွင်းသကဲ့သို့၊ မြင်ကွင်းမှ ကွယ်ပျောက်သွားကြလေသည်။ ဤလူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါသလော။ (မရှိပါ။) အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော ဤသို့ ပြုမူသည့် လူတစ်ဦးသည် မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားရသလော။ ဤကဲ့သို့သောလူတို့သည် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်မရှိပေ။ ဤလူစားမျိုး၏ အသိစိတ်သည် မည်သည့်ရည်ရွယ်ချက်ကိုမျှ မဖြည့်ဆည်းပေ။ ၎င်းတို့သည် လိပ်ပြာမသန့်ခြင်းကို လုံးဝ မခံစားကြဖူးပေ။ သို့ဆိုလျှင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်မှု သို့မဟုတ် ဆုံးမပဲ့ပြင်မှုကို ၎င်းတို့ ခံစားနိုင်သလော။ မခံစားနိုင်ပေ။

သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် စည်းမျဉ်းနှင့်ညီပြီး ယင်း၌ ကြိုတင်ပြဋ္ဌာန်းချက်များ ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ပုံမှန်အားဖြင့် မည်ကဲ့သို့သော လူပုဂ္ဂိုလ်မျိုးအပေါ် သူ၏အမှုကိုပြုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန်အတွက် လူတစ်ဦးသည် မည်သည့် ကြိုတင်ပြဋ္ဌာန်းချက်များကို ဖြည့်ဆည်းရမည်နည်း။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန်အတွက် အနည်းဆုံးအနေဖြင့် သူတို့ ပိုင်ဆိုင်ထားရမည့် အရာကို နားလည်ထားရမည်။ အနည်းဆုံးအနေဖြင့် သူတို့သည် အသိတရားနှင့် ရိုးသားသော စိတ်နှလုံးသားကို ပိုင်ဆိုင်ထားရမည်ဖြစ်ပြီး သူတို့၏ အသိတရား၌ ရိုးသားမှုလက္ခဏာတစ်ခု ရှိရမည်။ သင်၏ စိတ်နှလုံးသည် ရိုးသားပြီး ဘုရားသခင်၏ အတွင်းကျကျ စစ်ဆေးခြင်းကို လက်ခံရမည်။ ဘုရားသခင်၏ အတွင်းကျကျ စစ်ဆေးခြင်းကို လက်မခံရဲသောသူတို့သည် ရိုးသားသောလူများ မဟုတ်သည့်အပြင် သူတို့သည် ဘုရားသခင်ကို စိတ်ရင်းအတိုင်း မယုံကြည်ကြပေ။ ဘုရားသခင်က လူတို့၏ အတွင်းကျဆုံး နှလုံးသားကို စစ်ဆေးကာ အရာအားလုံးကို တွေ့မြင်သည်ဟု လူတို့ အမြဲတမ်းပြောကြသည်။ လူသားက အပြင်ပန်းကို တွေ့မြင်သော်လည်း ဘုရားသခင်က နှလုံးသားကို တွေ့မြင်သည်၊ သို့သော် လူတို့က ဘုရားသခင်၏ အတွင်းကျကျစစ်ဆေးခြင်းကို အဘယ့်ကြောင့် လက်မခံနိုင်ရသနည်း။ အဘယ့်ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး သူ့အား ကျိုးနွံနာခံခြင်း မရှိနိုင်ရသနည်း။ ဖြေရှင်းချက်မှာ လူတို့သည် ကျမ်းဟောင်းတရားများနှင့် သြဝါဒများကိုသာ နားလည်ပြီး သမ္မာတရားကို မချစ်ကြခြင်းဖြစ်သည်။ လူအချို့က သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အဘယ့်ကြောင့် ရရှိနိုင်စွမ်း လုံးဝ မရှိနိုင်ဘဲ၊ မည်သည့်ပျော်ရွှင်မှု၊ သို့မဟုတ် ငြိမ်သက်ခြင်းမျှ မရှိဘဲ အဘယ့်ကြောင့် အပျက်သဘောနှင့် စိတ်ပျက်အားငယ်သော အခြေအနေ၌ အမြဲရှိနေရသနည်း။ ထိုသူတို့၏ အခြေအနေများကို သေချာစွာ ဆန်းစစ်ကြည့်ပါက သူတို့သည် အများအားဖြင့် မိမိ၏ အသိတရားကို သတိမူမိခြင်းမရှိ၊ ရိုးသားသော နှလုံးသားမရှိ၊ အစွမ်းအစ နိမ့်ပါးပြီးလျှင် သူတို့သည် သမ္မာတရားဆီသို့ ရောက်အောင် ကြိုးပမ်းအားထုတ်ခြင်း မရှိကြ၊ ထို့ကြောင့် သူတို့၏ အခြေအနေက ပုံမှန်ဖြစ်နိုင်ခဲလှသည်။ သမ္မာတရားကို ချစ်သောသူတို့မှာမူ ခြားနားလေသည်။ သူတို့သည် သမ္မာတရားလိုက်စားရာတွင် အမြဲ ကြိုးပမ်းအားထုတ်ကြကာ သမ္မာတရား၏ အစိတ်အပိုင်းများကို သူတို့နားလည်သည်နှင့်အမျှ သူတို့၏ အခြေအနေမှာ တိုးတက်သည့်အပြင် သမ္မာတရား၏ အစိတ်အပိုင်းများကို သူတို့ နားလည်သည်နှင့်အမျှ သူတို့သည် တကယ့်ပြဿနာများကို ဖြေရှင်းနိုင်စွမ်း ရှိကြသည်၊ ထို့ကြောင့် သူတို့၏ အခြေအနေက အစဉ်အတိုင်း တိုးတက်ပြီး ပို၍ပင် ပုံမှန်ဖြစ်လာကြသည်။ သူတို့အပေါ် မည်သည့်အရာ ဖြစ်ပျက်စေကာမူ သူတို့သည် အပျက်သဘော ဆောင်ခဲလှပြီး ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နိုင်ကြသည်။ သူတို့သည် အချိန်အကန့်အသတ်တစ်ခုအတွင်း တိုးတက်မှုများနှင့် အသိပညာကို အမြဲရရှိပြီး မိမိ၏တာဝန်ကို လုပ်ဆောင်ရာ၌ အောင်မြင်မှုများကို အမြဲရရှိကြသည်။ သူတို့သည် ဧဝံဂေလိတရားကို ဖြန့်ဝေရာ၌ လူတို့ကို ယုံကြည်လက်ခံအောင် စည်းရုံးနိုင်စွမ်း ရှိကြပြီး မိမိတို့၏တာဝန်က မည်သည့်အရာဖြစ်စေ ယင်းကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ကြသည်။ ဤတိုးတက်မှုများမှာ အဘယ်ကလာသနည်း။ ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မကြာခဏ ဖတ်ရှုခြင်းနှင့် ဉာဏ်ပွင့်ခြင်း၊ အလင်းရခြင်းနှင့် သမ္မာတရားအား သိနားလည်မှုကို ရရှိခြင်းတို့အားဖြင့် စွမ်းဆောင်ရရှိထားသော ရလဒ်များ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ရရှိထားသော ရလဒ်များပင် ဖြစ်သည်။ သင်သည် ရိုးသားသောနှလုံးသား၊ လူသားမျိုးနွယ် ပိုင်ဆိုင်သင့်သည့် အသိတရားနှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်သောအခါမှသာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အပေါ် သူ၏အမှုကို ပြုနိုင်မည်ဖြစ်သည်။ သင်တို့အားလုံး၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်ပတ်သက်သော စည်းမျဉ်းများအား နားလည်ခံယူတတ်ခြင်း ရှိကြသလော။ သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့သော လူပုဂ္ဂိုလ်မျိုးအပေါ် သူ၏အမှုကို ပြုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်က စိတ်နှလုံး ရိုးသားသော သူတို့အပေါ်၌ အများအားဖြင့် သူ၏အမှုကို ပြုတတ်၏။ သူသည် အခက်အခဲများရှိပြီး သမ္မာတရားကို ရှာဖွေသောသူတို့အပေါ် အလုပ်လုပ်သည်။ ဘုရားသခင်သည် မည်သည့် လူ့သဘာဝမျှ မရှိသောသူ၊ မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိသောသူတို့ကို အသိအမှတ်မပြုပေ။ အကယ်၍ လူတစ်ဦးသည် ရိုးသားသော်လည်း သူ၏နှလုံးသားက ဘုရားသခင်ထံမှ အခိုက်အတန့် ဝေးကွာနေကာ၊ ပိုမိုကောင်းမွန်အောင် ကြိုးစားလိုစိတ်မရှိ၊ အပျက်သဘောဆောင်သော အခြေအနေ၌ ပိတ်မိနေလျက် ဤအရာအားလုံးကို ဖြေရှင်းရန် ဆုမတောင်းသည်သာမက သမ္မာတရားကို မရှာဖွေဘဲ ပူးပေါင်းလုပ်ဆောင်လိုစိတ်မရှိသည့် အခိုက်အတန့် မှောင်မိုက်ခြင်း၊ အခိုက်အတန့် အဆင့်နိမ့်ကျခြင်း ဟူသော ဤအခြေအနေ၌ ရှိနေလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အမှုကို မပြုချေ။ သူသည် အခြေခံအားဖြင့် လူ့သဘာဝအား သတိပြုခြင်း မရှိသောသူတစ်ဦးအတွက် အဘယ်မျှ ပို၍ပင် ယင်းသို့ မပြုဘဲနေမည်နည်း။ သူသည် ယင်းသို့ပြုမည် မဟုတ်သည်မှာ သေချာသည်။ ဘုရားသခင်သည် အသိတရားလည်း မရှိ၊ ဆင်ခြင်တုံတရားလည်း မရှိသော၊ သမ္မာတရားကို လုံးဝမချစ်သော ဤပုဂ္ဂိုလ်မျိုးနှင့် ပတ်သက်၍ မည်သည့်အရာ ပြုသနည်း။ သူသည် ထိုသူတို့ကို အသိအမှတ် မပြုချေ။ ဤလူတို့အတွက် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိသလော။ မျှော်လင့်ချက် တစ်မြူတစ်မျှင်မျှ မရှိပေ။ ထိုသူတို့အတွက် တစ်ခုတည်းသောထွက်ပေါက်မှာ အမှန်တကယ် နောင်တရရန်၊ ရိုးသားသောသူ ဖြစ်လာရန်သာဖြစ်ပြီး သို့မှသာ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ရရှိနိုင်မည် ဖြစ်သည်။ လူတစ်ဦးသည် ရိုးသားသောသူ အဘယ်သို့ ဖြစ်လာနိုင်သနည်း။ ပထမဦးစွာ သင်၏နှလုံးသားကို ဘုရားသခင်အား ဖွင့်ဟပြီး သူ့ထံမှ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ကာ သမ္မာတရားကို နားလည်သောအခါ ယင်းကို လက်တွေ့အသုံးချပြီး ဘုရားသခင်၏ အကြံအစည်များအား ကျိုးနွံနာခံနိုင်ပေမည်၊ ယင်းတို့အားလုံးမှာ ဘုရားသခင်အား သင်၏ နှလုံးသားအား ပေးအပ်ခြင်းသဘောပင် ဖြစ်သည်။ သို့မှသာ ဘုရားသခင်၏ လက်ခံခြင်းကို ရရှိနိုင်မည်။ သင်သည် ဦးစွာ သင်၏ လူ့ဇာတိကို စွန့်ပယ်ကာ၊ မိမိ၏ ဝင့်ဝါခြင်းနှင့် မာနကို စွန့်လွှတ်ပြီးလျှင် မိမိ၏ ကိုယ်ကျိုးကို စွန့်လွှတ်ခြင်း၊ မိမိ၏တာဝန်၌ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ခြင်း၊ တာဝန်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေသရွေ့ မည်သည့်ဒုက္ခကို သင် ခံစားရစေကာမူ ကိစ္စမရှိဟု စိတ်နှလုံးထဲ၌ ယုံကြည်ခြင်း ရှိရမည်။ အကယ်၍ အခက်အခဲများကို သင်ကြုံတွေ့ပြီး ဘုရားသခင်ထံ သင်ဆုတောင်းလျက် သမ္မာတရားကို ရှာဖွေပါက သင့်နှလုံးသား၌ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သင်၌ ဤသက်သေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘုရားသခင် သင့်အား အဘယ်သို့လမ်းပြသည်ကို စောင့်ကြည့်လော့။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိလိုပါက ဦးစွာ သင်သည် အမှန်တကယ် နောင်တရရမည်၊ မိမိကိုယ်ကို ဘုရားသခင်အား ပေးအပ်ရမည်၊ သူ၏မျက်မှောက်တော်၌ သင်၏ စိတ်နှလုံးကို ဖွင့်ဟရမည်ဖြစ်ပြီး သင် အမြတ်တနိုးရှိလှသော ရာထူးဂုဏ်ဒြပ်၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကဲ့သို့သော အမှိုက်သရိုက်များကို စွန့်လွှတ်ရမည်။ အကယ်၍ သင်သည် ဤအရာများကို ဆက်၍ လိုက်လျှောက်နေပြီး ဘုရားသခင်ထံမှ ကြီးမားသော ကောင်းချီးများကို တောင်းခံချင်နေသေးလျှင် သူသည် သင့်ကို အသိအမှတ်ပြုမည်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်၌ ကြိုတင်ပြဋ္ဌာန်းချက်များ ရှိသည်။ ဘုရားသခင်သည် အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ သန့်ရှင်းသောဘုရား ဖြစ်၏။ အကယ်၍ လူတို့သည် တစ်ချိန်လုံး ရာထူးဂုဏ်ဒြပ်၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို အမြဲတစေ လိုက်လျှောက်နေပြီး ဤအရာများအား မစွန့်လွှတ်နိုင်ပါက၊ သူတို့၏ နှလုံးသားက ဘုရားသခင်အတွက် ပိတ်ဆို့ထားပါက၊ သူ့အား မဖွင့်ဟရဲပါက၊ သူ၏အလုပ်နှင့် လမ်းညွှန်မှုကို အမြဲတစေ ငြင်းပယ်နေပါက သူသည် ဘာမျှပြုလုပ်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့ထိုသို့ ပြုရန် သင့်အား အတင်းအကျပ်ခိုင်းလျက် လူတိုင်းအပေါ်၌ သူ၏အမှုကို လုပ်ဆောင်စရာ မလိုပေ။ ဘုရားသခင်က သင့်အား အတင်းအကျပ်မခိုင်းချေ။ မကောင်းဆိုးဝါးများကသာ လူတို့ကို ဤသို့ထိုသို့ပြုရန် အတင်းအကျပ် ခိုင်းစေပြီး လူတို့ကို ထိန်းချုပ်ရန် ထိုသူကို အတင်းအဓမ္မပင် ဝင်ပူးတတ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က အထူးတလည် နူးညံ့သည်မှာ သူက သင့်အား စေ့ဆော်သောအခါတွင် ယင်းကို သင်သည် ခံစားမိခြင်းပင် မရှိချေ။ သင်သည် မသိစိတ်အားဖြင့် နားလည်ပြီး နိုးကြားနေသယောင် ခံစားမိမည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို စေ့ဆော်သည့်ပုံစံ ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိလိုပါက အမှန်တကယ် နောင်တရပြီး အမှန်တကယ် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။

ဘုရားသခင်အား သင်၏နှလုံးသားကို ပေးအပ်ခြင်းအား သင် မည်သို့ပြုလုပ်ဆောင်ရွက်သနည်း။ သင့်အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ သင့်ကိုယ်သင် အမှီပြုမည်မဟုတ်ဟု ဘုရားသခင်အား အလေးအနက် ဝန်ခံသင့်သည်။ ဘုရားသခင်အား နှလုံးသားကိုပေးအပ်ခြင်းဟူသည်မှာ ဘုရားသခင်အား သင့်အိမ်၏ အရှင်သခင်အဖြစ် အခွင့်ပေးခြင်းသဘောဖြစ်သည်။ ထို့ပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ သင့်အား ဟန့်တားသည့် ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါခြင်းနှင့် မာန်မာနကဲ့သို့သော အရာများအား စွန့်လွှတ်ရမည်၊ ဘုရားသခင်အား သင့်ကို ဦးဆောင်ခွင့်ပေးရမည်၊ သင့်နှလုံးသားကို သူ့အား ကျိုးနွံနာခံစေရမည်၊ သူ့အား သင့်နှလုံးသားကို အုပ်စိုးခွင့်ပြုရမည်၊ ထို့ပြင် သူ၏နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။ ဇာတိပကတိက ပျော်မွေ့သော အရာများကို သင် စွန့်လွှတ်နိုင်ပြီး သင်သည် ဝန်ထုပ်များကို သယ်ဆောင်နေခြင်း မရှိတော့ဘဲ ထို့ထက် ကျိုးနွံနာခံသော နှလုံးသားဖြင့် သူ့ထံ ရောက်ရှိလာကြောင်း၊ သူ၏ နှုတ်ကပတ်တော်များအား နားထောင်ရန်နှင့် သူ၏ ကြိုတင်စီမံမှုများနှင့် အကြံအစည်များကို ကျိုးနွံနာခံရန် လိုလားနေကြောင်း၊ သူ့အား ဦးဆောင်ခွင့်ပေးနေကြောင်း ဘုရားသခင်က မြင်တွေ့သည်နှင့်တစ်ပြိုင်နက်၊ ထိုသို့ဖြင့် သင်သည် ရိုးသားကြောင်းကို ဘုရားသခင်က မြင်တွေ့သည်နှင့်တစ်ပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အမှုကို ပြုမည်ဖြစ်သည်။ ဦးစွာ သင်သည် အမှန်တကယ် နောင်တရရမည်၊ သင့်နှလုံးသားကို ဘုရားသခင်ထံ ပြန်လှည့်ရမည်၊ သူ၏အလိုတော်ကို စဉ်းစားသုံးသပ်ရမည်၊ ထို့ပြင် သမ္မာတရားလိုက်စားဖို့ ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။ သင်သည် ခေါင်းမာဖို့ မဆိုထားနှင့်၊ အပျက်သဘောဆောင်၍၊ သို့မဟုတ် ပျင်းရိနေ၍ မရပေ။ အကယ်၍ သင်သည် သင့်အိမ်၏ အရှင်သခင်ဖြစ်ကာ၊ သင့်ကိုယ်ပိုင် ဦးစားပေးမှုများအတိုင်း လုပ်ဆောင်လျက် အမြဲတမ်း ဦးဆောင်လိုပါက ဤသည်မှာ မည်သို့သော စိတ်သဘောမျိုးနည်း။ ယင်းက မည်သို့သော အခြေအနေမျိုးနည်း။ ဤသည်မှာ ပုန်ကန်ခြင်းနှင့် ခုခံခြင်းဖြစ်ပင်ဖြစ်၏။ ဘုရားသခင်က သင့်ကို ကယ်တင်ဖို့လိုသည်၊ သူက သင်မရှိဘဲ မဖြစ်နိုင်ဟု သင်ထင်သလော။ ထိုအတိုင်းဖြစ်သလော။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏အလုပ်သည် အဘယ့်ကြောင့် တစ်ပါးအမျိုးသားထံသို့ ဦးတည်ခဲ့သနည်း။ သူသည် ယင်းကို ဣသရေလထဲ၌ အဘယ့်ကြောင့် မပြုရသနည်း။ သူသည် ယင်းကို ဘာသာရေးလောက၌ အဘယ့်ကြောင့် မပြုရသနည်း။ ယင်းမှာ ထိုသူတို့သည် ဘုရားသခင်အား လွန်စွာ ပုန်ကန်ခုခံသောကြောင့် သူသည် ဤအလုပ်ကို တစ်ပါးအမျိုးသားများထံ ဦးတည်ခြင်းပင် ဖြစ်သည်။ ဤကိစ္စကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။ ဘုရားသခင်သည် သမ္မာတရားကို လက်ခံသောသူတို့ကို ကယ်တင်သည်။ ထိုသူတို့သည် ဘာသာရေးထဲမှနေ၍ ယင်းကို မှီခိုအားထားသည်ဖြစ်စေ၊ သို့မဟုတ် သူတို့သည် ယင်းကို လက်ခံသော မယုံကြည်သူများပင်ဖြစ်စေ ဘုရားသခင်သည် သမ္မာတရားကို လက်ခံသောသူတို့အပေါ် ကရုဏာထားပြီး ကယ်တင်သည်။ ဤအကြောင်းအရာများအား သင်တို့အားလုံး ရှင်းလင်းကြသလော။ ဘုရားသခင်ပြုသော အရာတိုင်းသည် အဓိပ္ပာယ်အရှိဆုံးဖြစ်ပြီး ယင်းအထဲ၌ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဉာဏ်ပညာ ပါရှိသည်။ လူတို့သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သောအခါ၊ သို့မဟုတ် သူ၏ အကြံအစည်များကို ကျိုးနွံနာခံသောအခါ သူတို့၌ ဝါကြွားစရာ ဘာမျှမရှိသည်မှာ အမှန်ပင်။ သင်သည် တော်လှပြီ၊ သို့မဟုတ် သမ္မာတရားကိုချစ်သည်၊ သို့မဟုတ် သင်သည် အခြားလူတို့ထက် များစွာ ပိုသာလွန်သည်ဟု မထင်လေနှင့်။ ကိစ္စတစ်ခု၌ သင် တော်သောကြောင့် အခြားကိစ္စတစ်ခု၌ သင် သေချာပေါက် တော်လိမ့်မည်ဟု မဆိုလို၊ ထို့ကြောင့် အရာခပ်သိမ်း၌ မကြာခဏ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်။ သင်၏ လုပ်ဆောင်ချက်များအားလုံးက ဘုရားသခင်အား ကြောက်ရွံ့ခြင်းကို ပြသခြင်းရှိမရှိ၊ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိနှင့်၊ ၎င်းတို့က ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်ခြင်းရှိမရှိ သိမြင်ဖို့အတွက် ဆန်းစစ်ရမည်ဖြစ်သည်။

သင်တို့၏ လူ့သဘာဝသည် လက်ခံနိုင်လောက်သော စံနှုန်းအထိ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ၊ သို့မဟုတ် ပုံမှန်အသိတရားနှင့် ဆင်ခြင်တုံတရား ဟူသော စံနှုန်းအထိ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ၊ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားသောသူတို့ကိုသာ ကျေနပ်အားရခြင်း ရှိသည်။ သမ္မာတရားကို လိုက်စားခြင်းနှင့် အသက်ဝင်ရောက်မှုဟူသည် အဆုံးမရှိပေ။ အကယ်၍ လူတစ်ဦးသည် အသိတရားတစ်ခုကိုသာ ပိုင်ဆိုင်ပြီး သူ၏ အသိတရားအတိုင်း လုပ်ဆောင်ပါက ဤစည်းမျဉ်းသည် သမ္မာတရား၏စံနှုန်းကို မမီချေ။ ထိုသူတို့သည် သမ္မာတရားလိုက်စားဖို့ ကြိုးပမ်းအားထုတ်ဖို့ရန် အဖိုးအခလည်း ပေးရမည်၊ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ကျင့်ကြံပြုမူရမည် ဖြစ်ပြီး သူတို့၏တာဝန်ကို သူ၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းစွာ ပြုလုပ်ရမည်ဖြစ်သည်။ ဤနည်းအတိုင်း လိုက်လျှောက်ခြင်းအားဖြင့်သာ အသက်ဝင်ရောက်မှုကို ရရှိနိုင်မည်၊ သမ္မာတရားကို နားလည်ပြီး ရယူနိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်ကို ပိုင်ဆိုင်သည့် လူ့သဘာဝအနည်းငယ်ရှိသော လူတို့ရှိသဖြင့် သူတို့က “ငါ၏ အသိတရားအတိုင်း တာဝန်ကိုထမ်းဆောင်ခြင်းသည် ဘုရားသခင်နှင့် ထိုက်တန်သည်” ဟု တွေးထင်ကြသည်။ ဤသည်မှာ မှန်ကန်သလော။ ထိုအသိတရားစံနှုန်းက သမ္မာတရားကို အစားထိုးနိုင်သလော။ သင်၏ အသိတရားအတိုင်း ပြုမူခြင်းအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်နိုင်သလော။ စာတန်ကို စက်ဆုပ်ရွံရှာပြီး ကျောခိုင်းနိုင်သလော။ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်သလော။ စာတန်ကို အရှက်ရစေနိုင်သလော။ အသိတရားအတိုင်း လုပ်ဆောင်ခြင်းက စစ်မှန်သော သက်သေခံချက်ဟုတ်သလော။ ဤအရာတစ်ခုကိုမျှ မရရှိနိုင်ချေ။ အသိတရားစံနှုန်းကို မည်သည့်အရာက ဖြစ်စေသနည်း။ အသိတရားဟူသည်မှာ လူတစ်ဦး၏ စိတ်နှလုံးထဲ၌ရှိသော ခံစားချက်၊ စိတ်နှလုံး၏ တရားစီရင်မှုဖြစ်ပြီး ယင်းက သာမန် လူ့သဘာဝ၏ ဦးစားပေးမှုများကို ကိုယ်စားပြုသည်။ မကြာခဏပင် ဥပဒေအချက်များနှင့် အကျင့်စာရိတ္တဆိုင်ရာ အယူအဆများစွာကို အသိတရား၏ ခံစားချက်များအပေါ် အခြေပြုထားကာ၊ သို့ဖြစ်၍ အသိတရား၏ ခံစားချက်များသည် ဥပဒေအချက်များနှင့် အကျင့်စာရိတ္တဆိုင်ရာ အယူအဆများကို စံနှုန်းအဖြစ် အလွယ်တကူ အသုံးပြုလေသည်။ ထို့ကြောင့် အသိတရား၏ ခံစားချက်များသည် သမ္မာတရား၏ စံနှုန်းအောက်သို့ များစွာနိမ့်ကျလေသည်၊ ထို့ပြင် ယင်းတို့ကို စိတ်ခံစားမှုများက ကန့်သတ်လွှမ်းမိုးထားသည်၊ သို့မဟုတ် ၎င်းတို့သည် ကြားကောင်းသော စကားလုံးများ၏ လှည့်စားခြင်းနှင့် လမ်းမှားပို့ခြင်းကို ခံရတတ်ကာ၊ ယင်းက အမှားများစွာကို ဖြစ်ပေါ်စေတတ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို နားမလည်ပါက နတ်ဆိုးများ၏ လှည့်ဖြားခြင်းကို ခံရတတ်သည်၊ ထို့အပြင် စာတန်အား မိမိတို့အပေါ် အပြည့်အဝ အသုံးချခွင့်ကိုလည်းပေးတတ်သည်။ ထို့ကြောင့် အသိတရားအတိုင်း လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ တောင်းဆိုချက်များကို လုံးဝမမီချေ။ သင်သည် သမ္မာတရားလိုက်စားဖို့ ကြိုးပမ်းအားထုတ်မှုလည်း ပြုရမည်။ သမ္မာတရားကို နားလည်ပြီး အခြေခံသဘောတရားများအတိုင်း တာဝန်ထမ်းဆောင်သောအခါမှသာ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ သမ္မာတရား၏ စံနှုန်းသည် အသိတရား၏ စံနှုန်းကို များစွာ ကျော်လွန်ပေသည်။ အကယ်၍ သင်၏အသိတရားအတိုင်း တာဝန်ကို လုပ်ဆောင်ရုံပြုပါက ဘုရားသခင်၏ ချီးမွမ်းခြင်းကို သင်ရရှိနိုင်မည်လော။ မရရှိနိုင်ချေ။ အသိတရားက သမ္မာတရားကို အစားမထိုးနိုင်သောကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို မဆိုထားနှင့်၊ သင်၏ အသိတရားတိုင်း သင်၏တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် သင် ကျေနပ်အားရနိုင်မည် မဟုတ်ပေ။ ယင်းက ဘုရားသခင်၏ ချီးမွမ်းခြင်းကို ထိုက်တန်စွာ မရရှိနိုင်ချေ။

သမ္မာတရားလိုက်စားရန်အလို့ငှာ သင့်တွင် ချို့တဲ့နေသော မည်သည့်သမ္မာတရားများက ဘုရားသခင်ကို လုံးလုံးလျားလျား ကျိုးနွံနာခံခြင်းမှလည်းကောင်း၊ ဘုရားသခင်ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းမှလည်းကောင်း၊ သင်၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်းမှလည်းကောင်း သင့်ကို ဟန့်တားနေသည်ကို ‌တွေ့မြင်ရန် အရာရာတွင် သင့်ကိုယ်သင် ဆန်းစစ်ရမည်။ ထို့နောက် သင့်အနေဖြင့် လက်ခံနိုင်လောက်သော စံနှုန်းရောက်အောင် ပြုမူကျင့်ကြံသည်သာမက တစ်ချိန်တည်းတွင် လက်ခံနိုင်လောက်သော စံနှုန်းရောက်အောင် မိမိတာဝန်ကို လုပ်ဆောင်ဖို့အတွက် သင်၌ ကင်းမဲ့သော ထိုသမ္မာတရားနှင့် အလျင်အမြန် ပြင်ဆင်ရမည်ဖြစ်သည်။ လူအချို့သည် အခြားသူများ မကောင်းသောအရာ ပြုလုပ်သည်ကို မြင်ရသောအခါ တိုင်ကြားခြင်း၊ သို့မဟုတ် ဖော်ထုတ်ခြင်း မပြုသည့် လူမုန်းမခံချင်သူများ ဖြစ်ကြ၏။ ထိုသူတို့သည် ပေါင်းရသင်းရလွယ်ကူသလို စည်းရုံးသိမ်းသွင်းရ လွယ်ကူကြသည်။ သူတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်သည့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ကျိုးနွံနာခံကြသည်၊ မည်သူ့ကိုမျှ စိတ်မဆိုးစေသည့်အပြင် လှေနံနှစ်ဖက်နင်းလျက် အမြဲတမ်း အပေးအယူလုပ်တတ်သည်။ အပြင်ပန်းတွင် သူတို့၌ လူ့သဘာဝ ရှိသယောင်ထင်ရသည်။ အလွန်အကျွံ မပြု၊ အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်။ သို့သော် အချိန်အများစု၌ တိတ်တဆိတ်နေပြီး သူတို့၏ ထင်မြင်ချက်ကို မဖော်ပြကြပေ။ ထိုသို့သောလူတို့ကို သင်မည်သို့ နားလည်သဘောပေါက်သနည်း။ ထိုသူတို့သည် ကြည်သာပြေပြစ်ပြီး လှည့်ဖြားတတ်သည်မဟုတ်လော။ ဤသည်မှာ လူတို့ လှည့်ဖြားတတ်သည့်ပုံပင် ဖြစ်၏။ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ ထိုသူတို့က ပေါ့ပါးစွာဖြင့် ထုတ်ဖော်ပြောဆိုခြင်း၊ သို့မဟုတ် ဖော်ပြခြင်းမရှိဘဲ အစဉ် နှုတ်ဆိတ်နေနိုင်သည်။ ဤသည်မှာ ထိုသူတို့သည် ကျိုးကြောင်းသင့်သည်ဟု အဓိပ္ပာယ်မရပေ။ ထိုသို့ဖြစ်မည့်အစား ထိုသူသည် ကောင်းစွာ အယောင်ဆောင်ထားသည်၊ ဖုန်းကွယ်ထားသောအရာများ ရှိသည်၊ သူ၏ လိမ္မာပါးနပ်မှုက နက်နဲသည်ဆိုသည်ကို ပြ၏။ သင်သည် မည်သူ့ကိုမျှ ဖွင့်ဟခြင်းမရှိလျှင် ဘုရားသခင်ထံ ဖွင့်ဟနိုင်သလော။ ထို့ပြင် သင်သည် ဘုရားသခင်နှင့်ပင် စစ်မှန်မှုမရှိလျှင်၊ ဘုရားသခင်ကို မဖွင့်ဟနိုင်လျှင် သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်နိုင်သလော။ သေချာပေါက် မပေးအပ်နိုင်ပေ။ သင်သည် ဘုရားသခင်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်း မရှိနိုင်ဘဲ သင်၏ စိတ်နှလုံးကို ဘုရားသခင်နှင့် ဝေးကွာနေစေခြင်းဖြစ်သည်။ သင်တို့သည် အခြားလူများနှင့် မိတ်သဟာယဖွဲ့သည့်အခါတွင် ပွင့်လင်းပြီး စိတ်နှလုံးထဲတွင် အမှန်တကယ်ရှိသောအရာကို ပြောဆိုနိုင်သလော။ လူတစ်ယောက်သည် မိမိ၏စိတ်နှလုံးအတွင်း အမှန်တကယ်ရှိသည့်အရာကို အစဉ်ပြောဆိုလျှင်၊ ရိုးသားစွာ စကားပြောလျှင်၊ မကွယ်မဝှက် စကားပြောလျှင်၊ ရိုးသားစစ်မှန်လျှင်၊ တာဝန်ထမ်းဆောင်ရာတွင် ပေါ့ဆခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပြုခြင်း လုံးဝ မရှိလျှင်၊ ထို့ပြင် မိမိနားလည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ဤလူသည် သမ္မာတရားကို ရရှိရန် မျှော်လင့်ချက်ရှိသည်။ လူတစ်ယောက်သည် သူ့ကို မည်သူမျှ ရှင်းလင်းစွာ မမြင်နိုင်ရန်အတွက် မိမိကိုယ်မိမိ ဖုံးကွယ်ပြီး စိတ်နှလုံးကို ဖုံးထားလျှင်၊ အခြားလူတို့ကို လှည့်စားရန် မှားယွင်းသော အမြင်ကို ပေးလျှင်၊ ထိုသူသည် ကြီးမားသောအန္တရာယ်ကျရောက်လေသည်။ ၎င်းတို့သည် အလွန် ဒုက္ခရောက်ကြသည်။ သမ္မာတရားကိုရရှိရန် ၎င်းတို့အတွက် အလွန်ခက်ခဲလိမ့်မည်။ ထိုသူကို ရိပ်စားမိပြီး ဖော်ထုတ်ခြင်းခံရမည် ဖြစ်သည်။ သင်သည် လူတစ်ယောက်၏ အလားအလာများကို သူ၏ နေ့စဉ် အသက်တာ၊ စကားများနှင့် လုပ်ရပ်များမှတစ်ဆင့် မြင်နိုင်သည်။ ဤလူသည် အစဉ် ဟန်ဆောင်နေလျှင်၊ အစဉ် သူများထက်သာသည့် ပုံစံပြုမူနေထိုင်လျှင် ဤလူသည် သမ္မာတရားကို လက်ခံသည့်သူမဟုတ်ပေ။ ထိုသူသည် အနှေးနှင့်အမြန် ထုတ်ဖော်ခံရပြီး ဖယ်ရှားခံရမည်။ သင်တို့အားလုံးသည် မည်သည့်လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေကြသနည်း။ ရိုးသားသူ၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် မည်သည့်အခါမျှ အမှားမဟုတ်ပေ။ လူတချို့က “သင်သည် ညီအစ်ကိုမောင်နှမများအား သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုပေးသောအခါ သင့်စိတ်နှလုံးထဲမှ ထင်မြင်ချက်များကို သူတို့အား အဘယ်ကြောင့် ပြောပြသနည်း။ ယင်းက မိုက်မဲသည်မဟုတ်လော” သို့မဟုတ် “ဆိုးယုတ်သောလူတို့နှင့် မယုံကြည်သူများကို ဖော်ထုတ်ခြင်းအားဖြင့် သင်သည် လူတို့ကို မကျေမနပ် ဖြစ်စေသည်မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်သူတို့သည် လွန်စွာမိုက်မဲ၍မဖြစ်” ဟု ဆိုကောင်းဆိုကြမည်။ ဤစကားလုံးများကို ကြားပြီးနောက် သင် မည်သို့ခံစားရသနည်း။ သင်ပြောသင့်သည်မှာ “ရိုးသားသောလူတစ်ဦး ဖြစ်ရန်အတွက် အမှန်တရားကိုပြောခြင်းနှင့် စည်းမျဉ်းများအား စောင့်ထိန်းခြင်းသည် တော်သင့်သည်၊ လုံးဝ မိုက်မဲရာမကျပေ။ ဤသည်မှာ ဘုရားသခင်ထံ ရောက်လာသူတို့ လက်တွေ့လုပ်ဆောင်သင့်သော သမ္မာတရားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သူများသည် အရာခပ်သိမ်း၌ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကျေနပ်စေရမည်။ သမ္မာတရားအကြောင်းကို မိတ်သဟာယပြုပြီး မိမိစိတ်နှလုံးကို ဖွင့်ဟသည်မှာ မှန်ကန်သင့်တော်၏။ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုသောအခါ သင်၏ စစ်မှန်သောအခြေအနေ အကြောင်းကို ပြောပြရမည်။ ယင်းသည် အခြားသူများအတွက် အပြုသဘောဆောင်ပြီး သင့်အတွက် အကျိုးရှိလိမ့်မည်။ ဆိုးယုတ်သော လူတို့နှင့် မယုံကြည်သူများကို ဖော်ထုတ်ခြင်းသည် ဘုရားသခင်ရွေးကောက်ထားသော လူတို့၏ တာဝန်ဝတ္တရားပင် ဖြစ်သည်။ အခြားသူများအား မကျေမနပ်ဖြစ်စေမည်ကို ကြောက်နေလျှင် သင့်တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် သမ္မာတရား၏ အခြေခံသဘောတရားကို စောင့်ထိန်းသင့်ပြီး ဆိုးယုတ်သောလူတို့ကို ဖော်ထုတ်ကာ မယုံကြည်သူများကို ဖော်ထုတ်သင့်သည်။ ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများကို စောင့်ထိန်းခြင်းပင်ဖြစ်သည်။ သမ္မာတရားကို လုပ်တွေ့မလုပ်ဆောင်သောသူတို့သည် ရိုးသားသောသူများ မဟုတ်သကဲ့သို့ စည်းမျဉ်းများအား မစောင့်ထိန်းသောသူများလည်း ထို့အတူဖြစ်သည်” ဟူ၍ဖြစ်၏။ ဤပြန်လည်ချေပချက်ကို မည်သို့ယူဆသနည်း။ အခြားသူများ မည်သို့ယူဆပါစေ ဘုရားသခင်ကို ယုံကြည်သူများသည် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်း၊ သို့မဟုတ် သမ္မာတရားအား လိုက်လျှောက်ခြင်းလမ်းကြောင်းမှ ပြောင်းလဲ၍မရပေ။ သူတို့သည် မှားယွင်းသော ခေါင်းဆောင်များ၊ အန္တိခရစ်များ၊ သို့မဟုတ် မယုံကြည်သူများ၏ လွှမ်းမိုးခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း ခံ၍မရပေ။ သူတို့သည် အချိန်တိုင်းတွင် ဘုရားသခင်နောက် လိုက်ပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်ရမည်ဖြစ်ကာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အညီ ရိုးသားသောလူတစ်ဦး ဖြစ်ရမည်ဖြစ်သည်။ ဤသည်မှာ မှန်ကန်၏။ လူတစ်ဦးသည် ရိုးသားသောသူဖြစ်လာအောင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သူတို့သည် မည်သည့် အကြောင်းအရာများတွင် မိမိ၏ လိမ်ညာခြင်း၊ လှည့်စားခြင်း၊ လှည့်ဖြားတတ်သော စိတ်သဘောထားတို့ကို ထုတ်ဖော်မိဦးမည်ကို တွေ့မြင်ရန်အတွက် မကြာခဏ မိမိကိုယ်ကို ဆင်ခြင်ရမည်။ မိမိကိုယ်ကို၊ မိမိ၏ လိမ်ညာသော ရည်ရွယ်ချက်များနှင့် လှည့်ဖြားတတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်နေသဘောထားတို့ကို သိကျွမ်းခြင်းအားဖြင့်သာလျှင် ဇာတိပကတိကို စွန့်ပယ်နိုင်ပြီး ရိုးသားသောလူတစ်ဦး တဖြည်းဖြည်း ဖြစ်လာနိုင်လေသည်။ မိမိ၏စိတ်နှလုံးကို မည်သည့်အခါမျှ မဖွင့်ဟသူများ၊ အမှုအရာများကို ပုန်းလျှိုးကွယ်ဝှက်ရန် အမြဲ ကြိုးစားသောသူများ၊ မိမိကိုယ်ကို လေးစားဖွယ်ကောင်းသည်ဟု ဟန်ဆောင်သောသူများ၊ လူတို့အား သူတို့ကို အထင်ကြီးစေလိုသောသူများ၊ အခြားသူတို့အား သူတို့၏စရိုက်ကို အပြည့်အဝ အကဲဖြတ်ခွင့်မပေးသောသူများ၊ လူတို့အား သူတို့ကို လေးစားစေလိုသောသူတို့၊ ဤလူတို့သည် မိုက်ကြသည် မဟုတ်လော။ ဤလူတို့သည် အမိုက်ဆုံးသူများ ဖြစ်ကြ၏။ ယင်းမှာ လူတို့နှင့်ပတ်သက်သော အမှန်တရားက သူ့ဘာသာ အနှေးနှင့်အမြန် ဖော်ထုတ်မည်ဖြစ်သောကြောင့်ပင်။ သူတို့သည် ဤဟန်အမူအရာမျိုးနှင့် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းနေသနည်း။ ဤသည်မှာ ဖာရိရှဲတို့၏ လမ်းကြောင်းပင် ဖြစ်၏။ ကြောင်သူတော်များမှာ အန္တရာယ်သင့်သလော၊ မသင့်သလော။ ဤသူတို့မှာ ဘုရားသခင် မထီမဲ့မြင်အပြုဆုံးသော လူတို့ဖြစ်ကြသောကြောင့် ထိုသူတို့သည် အန္တရာယ်သင့်သည်ဟု သင်ထင်သလော၊ မထင်သလော။ ဖာရိရှဲဖြစ်ကြသူများ အားလုံးသည် ပျက်စီးခြင်းလမ်းကိုသာ လျှောက်ကြ၏။

သင့်အနေဖြင့် တစ်စုံတစ်ရာကို နားလည်စေရန်အလို့ငှာ သင့်ကို ဉာဏ်အလင်းပေးဖို့ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ၊ တစ်ခါတစ်ရံတွင် ယင်းက အလွန်လျင်မြန်စွာ ဖြစ်လာတတ်ကာ၊ အခြားအချိန်များတွင်မူ သင်သဘောပေါက်ဖို့ရန် တဖြည်းဖြည်း သင့်ကို ခွင့်မပြုမီ အတွေ့အကြုံတစ်ခုကို အချိန်တစ်ခုကြာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဖြတ်သန်းစေတတ်ပေသည်။ ယင်းမှာ မည်သည့်အရာကမျှ သင့်အား ယင်းကိုတွေ့ကြုံရန် မတောင်းဆိုခြင်း၊ သို့မဟုတ် သင့်အား သြဝါဒစာကို နားလည်ခွင့်ပေးသည့်နောက် သူသည် အမှုပြုပြီးခြင်း မဟုတ်ပါပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် မည်သည့် အခြေခံသဘောတရားများ အားဖြင့် အလုပ်လုပ်ပါသနည်း။ ယင်းတို့အားဖြင့် ကြီးထွားရင့်ကျက်ဖို့ သင့်ကိုအခွင့်ပေးရန်နှင့် ယင်းတို့ကို တွေ့ကြုံစဉ်ကာလ၌ သမ္မာတရားကို နားလည်ရန်အတွက် သင်၏ ပတ်ဝန်းကျင်အား စီစဉ်ခြင်းနှင့် လူများ၊ ပတ်ဝန်းကျင်များနှင့်အမှုအရာများအား စီစဉ်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် အမှုလုပ်ဆောင်၏။ သူသည် သင့်ကို လှုံ့ဆော်ဖို့ သို့မဟုတ် ဉာဏ်အလင်းပေးဖို့အတွက် ရိုးစင်းသော စကားလုံးအနည်းငယ်ကို ပေးသောအခါ၊ သို့မဟုတ် သေးငယ်သောအလင်းဖြင့် သင့်ကို ထောက်ပံ့သောအခါ သူသည် အမှုပြီးပြီ မဟုတ်ချေ။ ထို့ထက်၊ သူသည် သင့်အား သင်ခန်းစာများကို လေ့လာသင်ယူစေရန်နှင့်၊ သင့်အနေဖြင့် သမ္မာတရားအား တဖြည်းဖြည်းနားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ ကိစ္စရပ်တိုင်း၊ ခြားနားသော ပတ်ဝန်းကျင်များနှင့် ခြားနားသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို တွေ့ကြုံခြင်းအားဖြင့် တဖြည်းဖြည်း တိုးတက်ကြီးထွားလာစေရန် အခွင့်ပေးလေသည်။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် တကယ့်ကို သဘာဝကျသည့် အခြေခံသဘောတရားတစ်ခုဖြင့် အလုပ်လုပ်သည်၊ မလုပ်လုပ်အောင် မည်သည့်တွင်တွင် စေ့ဆော်မှု တစ်ခုမျှအသုံးမပြုဘဲ၊ လူသား၏ တိုးတက်မှုပုံစံနှင့် လုံးဝအညီ သူ အလုပ်လုပ်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်းနှင့် အတိုင်းအတာတို့အရ လူတစ်ဦးသည် သူ၌ရှိသင့်သော လူ၏ ဆင်ခြင်တုံတရားနှင့် အသိတရား မရှိမဖြစ် အနည်းဆုံးပမာဏကိုမျှ မရှိပါက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရယူနိုင်ပါမည်လော။ ဘုရားသခင်၏ လမ်းညွှန်မှုနှင့် အလင်းပေးခြင်းကို ရယူနိုင်ပါမည်လော။ လုံးဝ မရနိုင်ပေ။ ဤအရာအားဖြင့် ကျွန်ုပ် ဘာကိုဆိုလိုသနည်း။ လူတို့က သူတို့သည် သမ္မာတရားကို လိုက်စားကြောင်း၊ သမ္မာတရားကို ပို၍ နားလည်ရမည်ဖြစ်ကြောင်း အမြဲတမ်း ပြောဆိုကြသော်လည်း ဘုရားသခင်အား သူတို့စိတ်နှလုံးကို ပေးအပ်ရမည်ဖြစ်ကြောင်း ဟူသောအရာကို သတိမမူမိကြချေ။ သူတို့က “ငါ၏ လူ့သဘာဝက မည်သို့ပင်ဖြစ်စေ၊ ငါ၌ အသိတရား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ငါ၏စိတ်နှလုံးကို ဘုရားသခင်အား အပ်နှံသည်ဖြစ်စေ မအပ်နှံသည်ဖြစ်စေ သမ္မာတရားကို ငါ ပို၍သာ ရှာဖွေမည်၊ တရားဒေသနာများကို ပို၍ နားထောင်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ပြီးလျှင် သမ္မာတရားအကြောင်း မကြာခဏ မိတ်သဟာယပြုမည်။ ထို့နောက်တွင် ငါ၏တာဝန်ကို လုပ်ဆောင်သောအခါ ကြိုးစားအားထုတ်မှု ပို၍ စိုက်ထုတ်ပြီး ပို၍ ဒုက္ခခံမည်ဖြစ်ကာ ယင်က အဆင်ပြေလိမ့်မည်” ဟု ထင်တတ်ကြသည်။ သို့သော် ထိုသို့သောလူတစ်ဦးသည် အခြေခံတကာ့ အခြေခံအကျဆုံးအရာကို နားမလည်ခဲ့သည့်အပြင် မသိမြင်ပေ။ အကယ်၍ လူတစ်ဦးက သမ္မာတရားကို နားလည်ပြီး ရယူလိုပါက သူပိုင်ဆိုင်သင့်သည့် မရှိမဖြစ်အနိမ့်ဆုံးအဆင့်က မည်သည့်အရာဖြစ်ကြောင်း သင်တို့ ယခု နားလည်သလော။ (အသိတရားနှင့် ဆင်ခြင်တုံတရားဖြစ်သည်။) ရိုးရိုးရှင်းရှင်း ဆိုရလျှင် ယင်းမှာ အနိမ့်ဆုံးအားဖြင့် လူတစ်ဦးက ရိုးသားသော စိတ်နှလုံးကို ပိုင်ဆိုင်ရမည်ဟူ၍ဖြစ်သည်။ ရိုးသားသော စိတ်နှလုံးကို ပိုင်ဆိုင်သောသူတို့ကသာ သမ္မာတရားကို လက်ခံနိုင်သည်၊ ဘုရားသခင်၏ အကြံအစည်များကို ကျိုးနွံနာခံနိုင်ပြီးလျှင် သူတို့၏တာဝန်ကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်နိုင်သည်။ အကယ်၍ သင်သည် ရိုးသားသော စိတ်နှလုံးမရှိပါက ဘုရားသခင်၏ တောင်းဆိုချက်များကို မဖြည့်ဆည်းပေးနိုင်သည်သာမက ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ရိုးသားသော စိတ်နှလုံး မရှိခြင်း ဟူသည်မှာ ဘာကိုဆိုလိုသနည်း။ ယင်းသည် သင်၌ လူ့သဘာဝ မရှိ၊ သင်သည် နတ်ဆိုးတစ်ဦးဖြစ်သည်ဟု ဆိုလိုသည်။ ရိုးသားသော စိတ်နှလုံးရှိခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ မရှိမဖြစ် အနိမ့်ဆုံးအဖြစ် လူတစ်ဦးတွင် ကောင်းသော လူ့သဘာဝတစ်ခု ရှိရမည်ဖြစ်သည်။ လူတစ်ဦးသည် ကောင်းမွန်သော လူ့သဘာဝ၊ စစ်မှန်သော စိတ်နှလုံး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိသည့်အခါ၊ ဤသည်တို့မှာ မြင်၍မရ ထိတွေ့၍မရသည့် အနှစ်သာရမဲ့သောအရာများ သို့မဟုတ် မရေရာသောအရာများ မဟုတ်ဘဲ၊ ထို့ထက် ယင်းတို့သည် နေ့စဉ်အသက်တာတွင် မည်သည့်နေရာတွင်မဆို ရှာဖွေတွေ့ရှိနိုင်သည့် အရာများ ဖြစ်သည်။ ယင်းတို့သည် လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အရာများသာ ဖြစ်သည်။ လူတစ်ဦးသည် ကြီးမြတ်ပြီး စုံလင်သည်ဟု ဆိုပါစို့- ဤသည်မှာ သင်မြင်နိုင်သည့် အရာတစ်ခုဖြစ်သလော။ စုံလင်ဖို့ သို့မဟုတ် ကြီးမြတ်ဖို့ ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင် မမြင်နိုင်၊ မထိနိုင် သို့မဟုတ် စိတ်ပင်မကူးနိုင်ပေ။ သို့သော် တစ်စုံတစ်ဦးက တစ်ကိုယ်ကောင်းဆန်သည်ဟု သင် ပြောပါက၊ ထိုလူ၏ လုပ်ရပ်များကို သင် မြင်နိုင်သလော၊ ပြီးလျှင် သူသည် ဖော်ပြချက်နှင့် ကိုက်ညီပါသလော။ တစ်စုံတစ်ဦးသည် မှန်ကန်သော စိတ်နှလုံးတစ်ခုဖြင့် ရိုးသားသည်ဟု ပြောထားပါက၊ ဤအပြုအမူကို သင် မြင်နိုင်ပါသလော။ တစ်စုံတစ်ဦးသည် လှည့်ဖြားတတ်သည်၊ မရိုး‌ဖြောင့်သကဲ့သို့ ယုတ်ညံ့သည်ဟု ဆိုထားပါက၊ ထိုအရာများကို သင် မြင်နိုင်ပါသလော။ သင်၏ မျက်လုံးများကို သင်ပိတ်လျှင်ပင်၊ ထိုလူ၏ လူ့သဘာဝက သာမန်ဖြစ်သည် သို့မဟုတ် စက်ဆုပ်ဖွယ်ကောင်းသည် ဆိုသည်ကို သူ ပြောသည့်အရာနှင့် သူ ပြုမူပုံတို့မှတစ်ဆင့် သင် ခံစားနိုင်သည်။ ထို့ကြောင့်၊ “ကောင်းမွန်သော သို့မဟုတ် ဆိုးရွားသော လူ့သဘာဝ” ဆိုသည်မှာ အနှစ်သာရမဲ့သော စကားရပ်တစ်ခု မဟုတ်ပေ။ ဥပမာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အသုံးမဝင်ခြင်း၊ ကောက်ကျစ်ခြင်းနှင့် လှည့်စားခြင်း၊ မာနကြီးခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းတို့ အားလုံးသည်လူတစ်ဦးနှင့် သင် ဆက်သွယ်လာချိန်တွင် အသက်တာ၌ သင် သဘောပေါက်နိုင်သည့် အရာများသာ ဖြစ်သည်။ ဤသည်တို့မှာ လူ့သဘာဝ၏ အပျက်သဘောဆောင်သော အရိပ်အယောင်များ ဖြစ်သည်။ ထို့ကြောင့်၊ လူတို့ ပိုင်ဆိုင်သင့်သည့်- ရိုးသားမှုနှင့် သမ္မာတရားကို ချစ်ခြင်းတို့ကဲ့သို့သော- လူ့သဘာဝ၏ အပြုသဘောဆောင်သော အရိပ်အယောင်များကို နေ့စဉ်အသက်တာတွင် သိမြင်နိုင်ပါသလော။ လူတစ်ဦး၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးမှု ရှိမရှိ၊ ဘုရားသခင်၏ လမ်းညွှန်မှုကို ရနိုင်မရနိုင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိမရှိ ဤအရာများအားလုံးကို သင်တွေ့နိုင်သလော။ ၎င်းတို့အားလုံးကို သင် ထိုးထွင်းသိမြင်နိုင်သလော။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရရှိရန်၊ ဘုရားသခင်၏ လမ်းပြမှုကို လက်ခံရရှိရန်၊ အရာအားလုံးတွင် သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ လုပ်ဆောင်ရန် လူတစ်ယောက်သည် မည်သည့်အခြေအနေများကို ပိုင်ဆိုင်ရမည်နည်း။ ၎င်းတို့သည် ရိုးသားသော စိတ်နှလုံးရှိရမည်။ သမ္မာတရားကို ချစ်ရမည်။ အရာခပ်သိမ်းတွင် သမ္မာတရား ရှာဖွေရမည်။ နားလည်သည်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ဤအခြေအနေများ ရှိခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုရှိခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ခြင်း၊ သမ္မာတရားကို အလွယ်တကူ လက်တွေ့လုပ်ဆောင်နိုင်ခြင်းဟု ဆိုလိုသည်။ လူတစ်ယောက်သည် ရိုးသားသောသူ မဟုတ်ဘဲ သူ၏ စိတ်နှလုံးတွင် သမ္မာတရားကို မချစ်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ရရန် ခက်ခဲလိမ့်မည်။ သူ့အား သမ္မာတရားကို မိတ်သဟာယပြုပေးလျှင်ပင် အကျိုးရှိမည်မဟုတ်ပေ။ လူတစ်ယောက်သည် ရိုးသားသူဖြစ်သည်ကို သင် မည်သို့ သိနိုင်သနည်း။ သူသည် လိမ်ညာခြင်းနှင့် လှည့်စားခြင်း ရှိမရှိကိုသာ ကြည့်ရမည်မဟုတ်ဘဲ အရေးကြီးဆုံးမှာ သူက သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ကြည့်ရမည်။ ယင်းသည် အရေးပါဆုံးအရာဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် လူတို့ကို အစဉ်ဖယ်ရှားနေသည်။ ဤအချိန်တွင် များစွာတို့ကို ဖယ်ရှားပြီးဖြစ်သည်။ ၎င်းတို့သည် ရိုးသားသူများမဟုတ်ပေ။ အားလုံးက လှည့်စားသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် မဖြောင့်မတ်သောအရာများကို နှစ်သက်ကြသည်။ သမ္မာတရားကို လုံးဝ မနှစ်သက်ကြပေ။ ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှပင် ကြာပါစေ ၎င်းတို့က သမ္မာတရားကို နားမလည်နိုင်ကြ၊ သို့မဟုတ် ယင်း၏ စစ်မှန်မှုထဲသို့ မဝင်နိုင်ကြပေ။ ထိုကဲ့သို့သောသူတို့သည် အမှန်တကယ် ပြောင်းလဲနိုင်စွမ်း ပို၍မရှိကြပေ။ ထို့ကြောင့် ၎င်းတို့ စွန့်ပစ်ခံရခြင်းသည် ရှောင်လွှဲ၍ မရသောအရာဖြစ်သည်။ လူတစ်ယောက်နှင့် သင် ထိတွေ့သောအခါ မည်သည့်အရာကို အရင်ဆုံး ကြည့်သနည်း။ သူသည် ရိုးသားခြင်းရှိမရှိ၊ သမ္မာတရားကို ချစ်မချစ်နှင့် သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိကို သိမြင်ဖို့အတွက် သူ၏စကားလုံးများနှင့် လုပ်ရပ်များကို ကြည့်လော့။ ဤအရာများက အရေးပါသည်။ လူတစ်ယောက်သည် ရိုးသားသူ ဟုတ်မဟုတ်၊ သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို သင် ဆုံးဖြတ်နိုင်သရွေ့ လူတစ်ယောက်၏ အနှစ်သာရကို အခြေခံအားဖြင့် သင်မြင်နိုင်သည်။ လူတစ်ဦး၏ နှုတ်သည် ချိုသာသော စကားများဖြင့် ပြည့်သော်လည်း စစ်မှန်သည့် မည်သည့်အရာကိုမျှ သူ မလုပ်ဆောင်ပါက- စစ်မှန်သော တစ်စုံတစ်ရာ လုပ်ဆောင်ရန် အချိန်ကျလာသည့်အခါ၊ သူသည် မိမိကိုယ်ကိုယ်ကိုသာ တွေးပြီး အခြားသူများကို မည်သည့်အခါတွင်မျှ မတွေးပါက- ဤသည်မှာ မည်သည့်လူ့သဘာဝမျိုး ဖြစ်သနည်း။ (တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်းဖြစ်သည်။ သူသည် လူ့သဘာဝမရှိပေ။) လူ့သဘာဝ မရှိသည့် လူတစ်ဦးအတွက် သမ္မာတရား ရရှိဖို့ လွယ်ကူသလော။ သူ့အတွက် ခက်ခဲပေသည်။ ဆင်းရဲဒုက္ခ ကာလတစ်ခုကို သူ ကြုံရသောအခါ သို့မဟုတ် အဖိုးအခ တစ်ချို့ကို သူ ပေးရဖို့ရှိသောအခါ၊ သူက၊ “သင်တို့တွေ ဤဆင်းရဲဒုက္ခနှင့် အဖိုးအခပေးခြင်း အားလုံးဖြင့် ဦးစွာ ရှေ့ဆက်ကြပါ၊ ရလဒ်များ အတော်များများ စွမ်းဆောင်ရရှိပြီးသည့်နောက်တွင်၊ သင်တို့နှင့် ကျွန်ုပ် လိုက်ပါပါမည်” ဟု တွေးလေသည်။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုး ဖြစ်သနည်း။ ထိုသို့သော အပြုအမူများကို စုပေါင်း၍ “လူ့သဘာဝ မပိုင်ဆိုင်ခြင်း” အဖြစ် သိရပေသည်။ အယောက်တိုင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြသော်လည်း၊ ပြဿနာတစ်ခုကို ကြုံရချိန်တွင်၊ အချို့သော လူတို့၏ အသိစိတ်သည် အလုပ်လုပ်လာကာ မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားကြရလေသည်၊ ထို့ကြောင့် ၎င်းတို့သည် သူတို့၏ အသိစိတ်အတိုင်း လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့က၊ “ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားနေပြီး လူကောင်းတစ်ဦး ဖြစ်ရမည်” ဟု မပြောသော်လည်း၊ ၎င်းတို့က အလုပ်လုပ်သော အသိစိတ်တစ်ခု ရှိခြင်းအားဖြင့် စတင်ကြပြီး၊ သူတို့၏ အသိစိတ်အပေါ် အမှီပြုကာ “ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ရွေးကောက်ခြင်းကို ထိုက်တန်ရမည်” ဟု ပြောနိုင်စွမ်းရှိကြသည်။ ထို့ကြောင့် သူတို့၏ အသိစိတ်က အကျိုးသက်ရောက်မှု ရှိသောအခါ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိကြသလော။ သေချာပေါက် မရှိပါ၊ သို့သော် သူတို့တွင် အနည်းဆုံး ဤဆန္ဒရှိပါက သူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လွယ်ကူလာသည်၊ ယင်းမှာ လူတို့အနေဖြင့် သမ္မာတရားကို ရရှိရန်အတွက် အခြေခံအကျဆုံး အုတ်မြစ်ပင် ဖြစ်၏။ လူအချို့သည် အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ ပုန်းလျှိုးဖို့ရန်သာ အရေးစိုက်ကြသည်။ အချို့က အခြားသူများကို ကာကွယ်ပြီး မိမိကိုယ်ကို ဂရုမစိုက်ကြချေ။ သူတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အချို့က တောင့်ခံကြပြီး အချို့က တွန်းလှန်တိုက်ခိုက်ကြသည်။ ဤသည်တို့မှာ လူ့သဘာဝထဲရှိ ကွဲပြားချက်များ ဖြစ်သည်။ သို့ဖြစ်၍ မည်သို့သောလူမျိုးသည် သမ္မာတရားကို ရရှိနိုင်ခြေရှိသနည်း။ လူများစွာတို့က ဘုရားသခင်ရှေ့မှောက်တွင် ခိုင်မာသော သန္နိဋ္ဌာန်များကို ချမှတ်ထားကြပြီး မိမိတို့၏ အသက်တာတစ်ခုလုံးကို သူ့အား ပေးအပ်ရန်၊ သူ့အတွက် မိမိကိုယ်ကို အသုံးခံရန်နှင့် အပြန်အလှန်အနေဖြင့် ဘာမျှမမျှော်ကိုးရန်အတွက် သစ္စာဆိုထားကြပြီး ဖြစ်သည်။ သို့သော် မကောင်းသည့် လူ့သဘာဝရှိသော လူတို့သည် မည်သည့်အခါတွင်မျှ အလျော့ပေးခြင်း သို့မဟုတ် သည်းခံခြင်းမရှိဘဲ အကျိုးအမြတ်အတွက် အမြဲ ရုန်းကန်နေကြပြီး၊ အသိစိတ်အတိုင်း မည်သည့်အခါတွင်မျှ ပြုမူနေခြင်း မရှိကြချေ။ ဤကဲ့သို့သော လူတစ်ဦးအတွက် သမ္မာတရား ရရှိဖို့ လွယ်ကူသလော။ သူ့အတွက် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ လွယ်ကူသလော။ (မလွယ်ကူပါ။) မည်သည့် လူစားမျိုးအတွက် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရရန်နှင့် သမ္မာတရား ရရှိရန် လွယ်ကူသနည်း။ (ကောင်းမွန်သော လူ့သဘာဝရှိသည့် လူများဖြစ်ပါသည်။) ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် တော်သင့်ရုံ လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ မိမိ၏တာဝန်၊ လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံတို့ကို စည်းမျဉ်းများနှင့် တာဝန်သိစိတ်တို့ဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ ထို့အပြင် ဘုရားသခင်က လူများ၏ စိတ်နှလုံးများကို ရှာဖွေပြီး ၎င်းတို့၏အခြေအနေ တစ်ခုချင်းစီတိုင်းကို သိသည်။ ၎င်းတို့ မည်သူဖြစ်ပါစေ၊ မည်သူမျှ ဘုရားသခင်ကို မလှည့်စားနိုင်ပေ။ အချို့သော လူတို့သည် ကောင်းမွန်သော လူ့သဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြကြောင်း၊ ၎င်းတို့သည် အခြားသူများအကြောင်း မည်သည့်အခါမျှ မကောင်းမပြောကြောင်း၊ အခြားမည်သူမဆို၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ မထိခိုက်စေကြောင်း အမြဲ ကြွားဝါကြပြီး အခြားသူများ၏ ပိုင်ဆိုင်မှုကို ၎င်းတို့ မည်သည့်အခါမျှ ငမ်းငမ်းတက်မလိုချင်ဖူးကြောင်း အခိုင်အမာ ပြောဆိုကြလေသည်။ အကျိုးစီးပွားနှင့်ပတ်သက်၍ ငြင်းခုံမှုဖြစ်သည့်အခါတွင် အခြားသူများကို အခွင့်ကောင်းယူခြင်းထက် ၎င်းတို့သာ ဆုံးရှုံးနစ်နာခံပြီး လူတိုင်းက သူတို့ကို လူကောင်းများဟု ထင်သည်ကို နှစ်သက်လေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်ကြချေ။ မကောင်းမှုပြုသူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်ကိုယ်ကျင့်တရားများ တစ်ခုတလေမျှ မရှိကြပေ။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုးဖြစ်သနည်း။ ကောင်းသောလူ့သဘာဝမဟုတ်ပေ။ ထိုသို့သောလူများ ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ချစ်ခြင်းသည် ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းထက် ပိုလွန်ပါက၊ ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ချစ်ခြင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်များကို ချစ်ခြင်းသည် ဘုရားသခင်ကို ၎င်းတို့ပြသည့် အရေးထားမှုထက် သာလွန်ပါက၊ ထိုသို့သောလူများသည် လူ့သဘာဝကို ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် လူ့သဘာဝရှိသည့်သူများ မဟုတ်ပေ။ သူတို့၏ အပြုအမူကို အခြားသူများနှင့် ဘုရားသခင်က မြင်နိုင်ပေသည်။ ထိုသို့သော လူတို့အတွက် သမ္မာတရားကို ရရှိဖို့ အလွန်ခက်ခဲပေသည်။

သမ္မာတရားကို မည်ကဲ့သို့သောလူစားမျိုးက ရရှိနိုင်ကြောင်းကို သင်တို့အားလုံး ယခု နားလည်သလော။ လူတိုင်းက သမ္မာတရားကို လိုက်စားလိုသည်၊ သူတို့အားလုံးက ဘုရားသခင်ကို ယုံကြည်ကြသည်၊ အတူစုဝေးပြီး တရားဒေသနာများကို နာယူကြသည်၊ မိမိတို့၏တာဝန်များကို လုပ်ဆောင်ပြီး သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုကြသည်၊ သို့သော် လူအချို့သည် နှစ်အနည်းငယ်ကြာပြီးနောက် မိမိတို့၏ အတွေ့အကြုံနှင့်ဆိုင်သော သက်သေခံချက်များအကြောင်းကို ပြောပြပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သော်လည်း လူတချို့ကမူ အတွေ့အကြုံနှင့်ဆိုင်သော သက်သေခံချက်များ လုံးဝ မရှိသကဲ့သို့ မည်သည့်တာဝန်ကိုမျှလည်း ကောင်းစွာ မလုပ်ဆောင်နိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ ကွာခြားချက်မှာ အဘယ်နည်း။ အမှန်တွင် ကွာခြားချက်မှာ သူတို့၏ လူ့သဘာဝကြားက ကွဲပြားခြင်းဖြစ်သည်။ လူအချို့က အသိတရားနှင့် ဆင်ခြင်တုံတရားရှိသော်လည်း အခြားသူတို့ကမူ မရှိချေ။ လူအချို့က သမ္မာတရားကို ချစ်သော်လည်း အခြားသူတို့ကမူ မချစ်ပေ။ သို့ဖြစ်၍ မည်ကဲ့သို့သော လူစားမျိုးက သမ္မာတရားကို အလွယ်တကူ ရရှိနိုင်သနည်း။ (ဘုရားသခင်အပေါ် စစ်မှန်သောသူ၊ ရိုးသားသောသူ၊ လူ့သဘာဝရှိသောသူ၊ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိသောသူတို့ ဖြစ်ကြသည်။) ဤသည်မှာ အလွန် အရေးကြီး၏။ ယခုအခါတွင် သင်တို့သည် ယင်းကို နားလည်ကြပြီဖြစ်သဖြင့် ဤအရာကို စဉ်းစားသင့်သည်။ သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းသည် လူတို့၏ အသွင်အပြင်၊ အစွမ်းအစ၊ ပညာအဆင့်အတန်း၊ သူတို့၏ မွေးဇာတိ၊ အသက်အရွယ်၊ မိသားစု အသိုင်းအဝိုင်း၊ စွမ်းရည်များ၊ သို့တည်းမဟုတ် သူတို့ ကျွမ်းကျင်ပိုင်နိုင်သော အသက်မွေးဝမ်းကြောင်း ပညာရပ်တို့နှင့် ဆက်စပ်သလော။ ယင်းတို့က အခြေခံအားဖြင့် မဆက်စပ်ပါဟု သင်တို့ ဆိုနိုင်သည်။ လူအချို့က အစွမ်းအစ နိမ့်ကျသော်လည်း သူတို့ကိုယ်နှိုက်က အလွန် အားထားလောက်သည်။ သူတို့သည် စိတ်မချစရာမရှိ၊ လှည့်ဖြားခြင်းမရှိဘဲ မိမိ၌ ရှိသမျှစွမ်းအားကို အသုံးပြုသည့်အပြင် တာဝန်ကျေပွန်ပြီး အမှုအရာများအတွက် တာဝန်ယူတတ်ကြသည်။ အကယ်၍ သူတို့ အမှားလုပ်မိလျှင် သမ္မာတရားကို လက်ခံပြီး စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ အခက်အခဲများ ရှိသောအခါ သမ္မာတရားကို ရှာဖွေနိုင်ကြသည်။ မိမိတို့ တာဝန်ထမ်းဆောင်ခြင်း၏ ရလဒ်များက တိုး၍ကောင်းမွန်လာပြီး ပါရမီရှိသော လူတို့က သူတို့ကို အထင်သေးလျှင်ပင် ဤသို့သောလူစားမျိုးကို ဘုရားသခင် နှစ်သက်သည်။ ဘုရားသခင်သည် လူတို့ကို ကျေးဇူးတော် ပေးသနားပြီး သမ္မာတရားကို နားလည်သောအခွင့်ပေးသောအခါ သူသည် ထိုသူတို့၏ အပြင်ပန်းသဏ္ဌာန်၊ ပညာအဆင့်အတန်း၊ သူတို့အစွမ်းအစ၏ အရည်အသွေး၊ သို့တည်းမဟုတ် သူတို့၏ နှုတ်ရေးကောင်းခြင်းကို မကြည့်၊ ဤအရာတစ်ခုကိုမျှ ဘုရားသခင် မကြည့်ပေ။ လူအချို့က “ကျွန်ုပ်သည် စကားပြောနှေးကွေးပြီး နှုတ်လေးသော်လည်း စကားပြောရာမှာ စွမ်းရည်ပြည့်ဝသော လူတို့ကို မြင်ရသည်။ ကျွန်ုပ်သည် အရပ်လည်း မရှည်သကဲ့သို့ ထူးထူးခြားခြား ပုံလည်းမပေါက်လှပါ။ ပညာမတတ်သည့်အပြင် ကျွန်ုပ်၏ အစွမ်းအစက သိပ်မကောင်းလှပါ။ ယင်းသည် ကျွန်ုပ်ဇာတ်သိမ်းသွားပြီဟူသည့်သဘော မဟုတ်လော” ဟု ပြောတတ်ကြသည်။ ယင်းက မည်ကဲ့သို့သော အတွေးမျိုး ဖြစ်သနည်း။ ယင်းက ဘုရားသခင်အား နားလည်မှုလွဲမှားခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားမလည်သည့်သဘော မဟုတ်လော။ (ဟုတ်ပါသည်။) ဤရှုထောင့်ကို ပိုင်ဆိုင်သော လူတို့သည် ပုန်ကန်လိုသည် မဟုတ်လော။ ထိုသူတို့သည် ဘုရားသခင်၏ အလိုတော်ကို လုံးဝ နားမလည်ပေ။ သူတို့က ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရသောသူတို့၊ သို့မဟုတ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် ဦးဆောင်ခြင်းခံရသော သူတို့အားလုံးမှာ ပါရမီရှိကြသည်၊ ထိုသူတို့က ကောင်းမွန်စွာ စကားပြောဆိုနိုင်ကြသည်၊ ပညာကောင်းကောင်းတတ်ကာ အသိပညာ ရှိကြသည်၊ ထိုသူတို့အားလုံးမှာ ပါရမီရှင်များ ဖြစ်ကြသည်၊ ထို့အပြင် ဘုရားသခင်က ထိုသူတို့ကို နှစ်သက်သည်ဟု ထင်ကြသည်။ ဤသည်မှာ ဘုရားသခင်အား အသရေဖျက်ခြင်း မဟုတ်လော။ ထိုသူတို့က ဘုရားသခင်၏စိတ်ကို လုံးလုံး နားမလည်ကြ။ လူတို့က ဘုရားသခင်သည် ဖြောင့်မတ်ပြီး လူတို့၏ စိတ်နှလုံးကို တွေ့မြင်သည်ဟု အမြဲပြောကြသည်၊ သို့သော် ထိုသူတို့အပေါ် အမှုအရာများဖြစ်ပျက်သောအခါ လူတို့သည် ဘုရားသခင်ကို နားလည်မှုလွဲကြသည်။ ယခု သင်သည် အနည်းငယ် ပိုနားလည်ပြီလော။ ဘုရားသခင်သည် လူတို့ကို ကြည့်သောအခါ ဘာကိုမြင်သနည်း။ သူသည် ထိုသူတို့၏ နှလုံးသားကို မြင်တွေ့သည်။ လူတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာတိုင်းကို သူတို့၏ စိတ်နှလုံးက ထိန်းချုပ်လေသည်။ အကယ်၍ သင်၏ စိတ်နှလုံးက ရိုးသားလျှင် သင်သည် ကောင်းသော လူ့သဘာဝ ရှိမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်နိုင်စွမ်း ရှိလာမည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းနိုင်စွမ်း ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို ထည့်သွင်းစဉ်းစားနိုင်မည်ဖြစ်သည်။ အကယ်၍ သင်၏ စိတ်နှလုံးသည် လွန်စွာ လှည့်ဖြားတတ်ပြီး ကန့်သတ်ပိတ်ဆို့ထားကာ ခေါင်းမာနေလျှင်၊ သင်သည် အတ္တကြီးပြီး လူ့သဘာဝကောင်းမရှိဘဲ ဘုရားသခင် မည်သို့လုပ်ဆောင်သင့်သည်ဟု တွေးတောကာ အယူအဆများ၌ အမြဲတမ်း ပိတ်မိနေလျှင် သင်၏ အယူအဆများနှင့် မကိုက်ညီသည့် အရာတစ်ခုကို ကြုံတွေ့ရသောအခါ သင်သည် ဘုရားသခင်ကို နားလည်မှုလွဲမှားပြီး သူ၏ အလိုတော်ကို မည်သည့်အခါမျှ နားမလည်လျှင် သမ္မာတရားကို သင်ရရှိနိုင်ပါမည်လော။ မရရှိနိုင်ပါ။ အဆုံးတွင် သမ္မာတရားကို သင်မရရှိနိုင်သောအခါ မိမိကိုယ်ကို၊ သို့မဟုတ် အခြားသူများကို အပြစ်တင်မည်လော၊ သို့မဟုတ် ဘုရားသခင် မတရားပါဟုဆိုကာ ဘုရားသခင်ကို အပြစ်တင်မည်လော။ (ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အပြစ်တင်မည်။) မှန်၏၊ သင်တို့ မိမိကိုယ်ကို အပြစ်တင်မည်။ သို့ဆိုလျှင် ဤသို့သောလူတစ်ဦးသည် သမ္မာတရားကို ရရှိရန်အတွက် ဘာလုပ်သင့်သနည်း။ သူသည် သမ္မာတရားကို ရှာဖွေ၍ လုပ်တွေ့လုပ်ဆောင်ရမည်၊ ထို့အပြင် သတ်သတ်မှတ်မှတ် နည်းလမ်းများ၌ ပြုမူကျင့်ကြံပြီး လက်တွေ့လုပ်ဆောင်ရမည်။ အကယ်၍ သူသည် လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ နားလည်ပါက သမ္မာတရားကို မရရှိနိုင်သေးချေ။ သင့်ကိုယ်ကျိုးအတွက် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် လှည့်ကွက်များသည် သင့်အထဲ၌ ပေါ်ထွက်လာပြီး ယင်းကို သင်သဘောပေါက်သောအခါ ယင်းကို ဖြေရှင်းဖို့ရန်အတွက် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်ပေသည်။ သင်သတိပြုသင့်သည့် ပထမဆုံးအရာမှာ အနှစ်သာရအားဖြင့် ဤနည်းအတိုင်း လုပ်ဆောင်ခြင်းက သမ္မာတရား၏ အခြေခံသဘောတရားများကို ချိုးဖောက်ခြင်း ဖြစ်သည်၊ ယင်းက အသင်းတော်အလုပ်အတွက် အန္တရာယ်ရှိသည်၊ ယင်းသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူဖြစ်သည်၊ ယင်းက အသိတရားနှင့် ဆင်ခြင်တုံတရား ရှိသောလူတို့ ပြုသင့်သည့်အရာ မဟုတ်ချေ။ သင့်ကိုယ်ပိုင် စိတ်ဝင်စားမှုများနှင့် တစ်ကိုယ်ကောင်းဆန်မှုများကို ဘေးဖယ်ထားပြီး အသင်းတော်၏ အလုပ်ကို စဉ်းစားသင့်သည်။ ယင်းက ဘုရားသခင် အလိုတော်ရှိသည့်အရာပင် ဖြစ်၏။ ဆုတောင်းခြင်းနှင့် မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ခြင်း ပြုလုပ်ပြီးနောက် ထိုသို့လုပ်ဆောင်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည်ကို သင်အမှန်တကယ် သဘောပေါက်ပါက မိမိကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်ခြင်းကို ဘေးဖယ်ခြင်းက လွယ်ကူလိမ့်မည်။ သင်၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ကိုယ်ကျိုးအတွက် အကြံအစည်များကို သင်ဘေးဖယ်သောအခါ တည်ငြိမ်သွားသည်ဟု ခံစားရမည်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိမည်၊ ထို့အပြင် အသိတရားနှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် အသင်းတော်၏ အလုပ်ကို စဉ်းစားသင့််ကြောင်း၊ ထိုသူသည် မိမိတို့၏ တစ်ကိုယ်ရေ စိတ်ဝင်စားမှုများအပေါ်၌သာ အာရုံမစူးစိုက်သင့်ကြောင်း၊ ယင်းက အလွန် တစ်ကိုယ်ကောင်း ဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကာ အသိတရား၊ သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့မည်ဖြစ်ကြောင်း ခံစားရလိမ့်မည်။ ကိုယ်ကျိုးမငဲ့ဘဲ အသင်းတော်အလုပ်အတွက် စဉ်းစားခြင်းနှင့် ဘုရားသခင်အား ကျေနပ်စေရန် တစ်ခုတည်းအတွက်သာ အမှုအရာများကို လုပ်ဆောင်ခြင်းသည် ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိသည့်အပြင် သင့်အသက်ရှင်ခြင်းအပေါ် တန်ဖိုးတက်စေမည်ဖြစ်သည်။ ကမ္ဘာမြေပေါ် ဤသို့အသက်ရှင်ရင်း သင်သည် ပွင့်လင်းရိုးသားကာ၊ သာမန်လူ့သဘာဝနှင့် လူသား၏ စစ်မှန်သောပုံရိပ်ဖြင့် အသက်ရှင်နေခြင်းဖြစ်ပြီး သင်သည် ရှင်းလင်းသော အသိတရားရှိသည်သာမက ဘုရားသခင်က သင့်အပေါ် အပ်နှင်းထားသော အရာများအားလုံးနှင့်လည်း ထိုက်တန်ပေသည်။ သင်သည် ဤကဲ့သို့အသက်ရှင်လေ ပို၍တည်ငြိမ်သည်ဟု ခံစားရလေ၊ ပို၍ငြိမ်သက်ပြီး ဝမ်းမြောက်ကာ ပို၍ ဉာဏ်အလင်းရသည်ဟု ခံစားရလေဖြစ်မည်။ သို့ဖြစ်လျှင် ဘုရားသခင်၌ မှန်ကန်သော ယုံကြည်မှုလမ်းကြောင်းပေါ် သင်ခြေချပြီးဖြစ်လိမ့်မည် မဟုတ်လော။

တစ်ကိုယ်ကောင်းဆန်ခြင်း၊ ကြမ်းတမ်းခြင်း၊ လှည့်ဖြားခြင်းနှင့် မုသားဟူသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဖြေရှင်းနိုင်ခြင်း ရှိမရှိဟူသည်မှာ သူတို့သည် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိမရှိအပေါ် မူတည်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူတို့အားလုံးက သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မုန်းတီးရွံရှာသည်၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ရက်စက်ကြမ်းတမ်းခြင်းအပြင် သူတို့၏ လှည့်ဖြားတတ်ခြင်းနှင့် မုသားများကို မုန်းတီးရွံရှာကြသည်။ ဤအရာများက သူတို့အား ညစ်ညမ်းအောင်လုပ်ခြင်းကိုဖြစ်စေ၊ ထိန်းချုပ်ခြင်းကိုဖြစ်စေ ခွင့်ပြုရန် အလိုမရှိကြပေ။ သမ္မာတရားကို ချစ်သောသူတို့သည် မိမိတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိမြင်လာနေသရွေ့ သူတို့အနေဖြင့် ဤအပျက်သဘောဆောင်သော အမှိုက်သရိုက်ကို စွန့်ပစ်ရန် လွယ်ကူလေသည်။ သမ္မာတရားကို မချစ်သောသူတို့မှာ ဤအပျက်သဘောဆောင်သော အရာများကို ရတနာများသဖွယ် မှတ်ယူကြသည်။ ထိုသူတို့သည် မိမိကိုယ်ကျိုးကို အလွန်ခုံမင်ကြသည်၊ ဇာတိပကတိကို စွန့်ပယ်ရန် အလိုမရှိကြသည့်အပြင် အလွန်ခေါင်းမာကြသည်။ ရလဒ်အားဖြင့် သူတို့သည် ဘုရားသခင်၏ အလိုတော်မှာ မည်သည့်အရာ ဖြစ်သည်ကို မည်သည့်အခါမျှ နားမလည်နိုင်သည်သာမက သူ့ကိုလည်း ကျိုးနွံနာခံနိုင်စွမ်း မရှိကြချေ။ ယင်းမှာ လူတို့သည် သမ္မာတရားကို ချစ်လည်းမချစ်၊ လက်လည်းမခံကြသောကြောင့် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ထိုသို့သော နားဝေတိမ်တောင်ပုံစံဖြင့် ယုံကြည်နေကြခြင်းဖြစ်သည်။ သူတို့အနေဖြင့် သက်သေရပ်တည်ရမည့်အချိန် ရောက်သောအခါ သူတို့၏နှုတ်က ဆွံ့အပြီး ဘာမျှပြောနိုင်စွမ်း မရှိတော့ပေ။ လူတို့သည် သမ္မာတရားအကြောင်း တရားဒေသနာများကို နှစ်ပေါင်းများစွာ နာယူခဲ့ပြီးဖြစ်ကာ ဘုရားသခင်၏ စိတ်နေသဘောထားကို သူတို့ထံ အမြဲတမ်း သိစေခဲ့ပြီးဖြစ်သောကြောင့် သမ္မာတရားကို လိုက်စားသောသူတို့သည် ယင်းကို နားလည်ပြီးဖြစ်သင့်သည်၊ သို့သော် သမ္မာတရားကို မချစ်သောသူတို့မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် မိမိကိုယ်ကို မဖွင့်ဟလိုကြချေ။ သူတို့၏ နှလုံးသားက ဇာတိပကတိ၏ နှစ်သက်လိုလားမှုများကို မစွန့်လွှတ်လိုကြသဖြင့် ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ဖွင့်ဟခြင်းကို တကယ်ပင် လက်တွေ့မလုပ်ဆောင်ဝံ့ကြချေ။ သူတို့သည် ဘုရားသခင်က လူတို့ကိုပေးသော ကျေးဇူးတော်ကို အနှောင်အဖွဲ့ကင်းစွာ ပျော်မွေ့လိုကြသည်။ သို့ရာတွင် ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်လိုကြချေ။ ဘုရားသခင်က “သင်သည် ငါ၏ ကျေးဇူးတော်ကို ရရှိလိုပါက၊ ဤသမ္မာတရားများကို ရရှိလိုပါက စည်းကမ်းသတ်မှတ်ချက်တစ်ခုသာရှိသည်။ သင်၏ ကိုယ်ကျိုးကို စွန့်လွှတ်ပြီး သင်၏ စစ်မှန်သောနှလုံးသားကို ငါ့အား ပေးရမည်” ဟူ၍ ပြောသည်။ လူတို့က ဤသတ်မှတ်ချက်တစ်ခုကိုပင် ဖြည့်ဆည်းနိုင်စွမ်း မရှိကြသည့်အပြင် ဘုရားသခင်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကိုလည်းကောင်း တောင်းဆိုရန် အလိုရှိကြသေးကာ သမ္မာတရားကို ရယူလိုကြသည်။ သို့သော် သူတို့၏ စစ်မှန်သော နှလုံးသားကို ဘုရားသခင်အား မပေးလိုကြပေ၊ သို့ဖြစ်၍ သူတို့သည် အဘယ်သို့သော လူစားမျိုးနည်း။ စာတန်၏အမျိုးပင် မဟုတ်ကြသလော။ ၎င်းတို့သည် တစ်ချိန်တည်းတွင် နှစ်မျိုးစလုံး ဖြစ်နိုင်သလော။ အမှန်စင်စစ် မဖြစ်နိုင်ပါ။ ဘုရားသခင်၏ အလိုတော်ကို သင်နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ကိုယ်တော်၏ စိတ်နေသဘောထားကို လူတို့ထံ အမြဲတမ်း ပွင့်ပွင့်လင်းလင်း သိစေပြီးဖြစ်သည်။ အကယ်၍ လူတစ်ဦးက သမ္မာတရားကို လုံးဝ လက်မခံပါက၊ သို့တည်းမဟုတ် လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ သမ္မာတရားကို နားလည်ပါက ယင်းက သူတို့သည် အလွန်ခေါင်းမာပြီး ဘုရားသခင်အား သူတို့နှလုံးသားကို ပေးအပ်ထားခြင်း မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ ရယူနိုင်စွမ်း မရှိကြသည်သာမက ဘုရားသခင်၏ စိတ်နေသဘောထားကိုလည်း သိမြင်လာနိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်က လူတို့ကို မတရားဆက်ဆံသောကြောင့် မဟုတ်ချေ။ လူတို့က “ဘုရားသခင်သည် သူအလိုရှိသူကို ကရုဏာဖြင့် ဆက်ဆံသည်” ဟူသော ဆိုရိုးအတိုင်း ဘုရားသခင်ကို မကြခဏ ကိုးကားကြသည်၊ သို့သော် ဤစကားရပ်၏ ဆိုလိုရင်းကို သူတို့ နားမလည်ကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က ဘုရားသခင်ကို နားလည်မှုလွဲကြသည်။ သူတို့က ကျေးဇူးတော်သည် ဘုရားသခင်ထံမှ လာသည်၊ ယင်းကို သူအလိုရှိသူအား ပေးသည်၊ ထို့အပြင် ကိုယ်တော်သည် သူအလိုရှိသူအပေါ် ကောင်းမြတ်သည်ဟု ထင်တတ်ကြသည်။ ဤသည်မှာ မှန်ကန်သလော။ ယင်းက လူသား၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ မဟုတ်လော။ ဘုရားသခင်သည် လူတို့ကို သူတို့၏ အနှစ်သာရအပေါ် မူတည်၍ ဆက်ဆံသည်။ လူတို့သည် ဘုရားသခင်၏ အလိုတော်ကို အာရုံစိုက်နိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သောအခါ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရသည်။ အကယ်၍ လူတို့သည် သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်ကို ခုခံပါက ရလဒ်က ကွဲပြားသွားမည်။ အမှန်တရားမှာ ဘုရားသခင်သည် လူတိုင်းအပေါ် မျှတပြီး သူတို့ကို စည်းမျဉ်းနှင့်အညီ ဆက်ဆံသည်၊ မိမိ၏စိတ်နှလုံးများ အလွန်မာကျောသော လူသားမျိုးနွယ်အစုရှိသောကြောင့် ဘုရားသခင်သည် သူတို့ကို ခြားနားစွာ ဆက်ဆံမှဖြစ်မည်။ လူတစ်ဦးစီအပေါ် ဘုရားသခင်ပြုသော အရာများမှာ ကွဲပြားပြီး ယင်းက သူသည် အမှုအရာများကို အခြေခံသဘောတရားများအတိုင်း ပြုလုပ်ကြောင်း ရှင်းပြသည်။ ဘုရားသခင်သည် လူတစ်ဦးစီအပေါ် ဖြောင့်မတ်သည်။ ဥပမာအားဖြင့် သမ္မာတရားကို ရှာဖွေရန်အတွက် ဘုရားသခင်ရှေ့မှောက်သို့ မလာသောလူများစွာ ရှိသည်။ ထိုသူတို့သည် မိမိတို့အတွက် ကောင်းမွန်သော ဘဝနှင့် အနာဂတ်ကို တည်ဆောက်ရန် ကိုယ်ပိုင်လက်နှစ်ချောင်းကိုသာ အားထားလိုကြသည်။ သူတို့သည် မိမိ၏ကိုယ်ပိုင် ကံကြမ္မာနှင့် အနာဂတ်ကို ထိန်းချုပ်လိုကြပြီး မိမိကံကြမ္မာအား ထိန်းချုပ်နိုင်ခြင်းသည် မိမိတို့လက်ထဲ၌သာရှိသည်ဟု ယူဆကြသည်။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အကြံအစည်များကို လက်မခံသကဲ့သို့ သူ့အား ကျိုးနွံနာခံခြင်း မရှိကြဘဲ သူတို့ကို ကျေနပ်စေရန် ဘုရားသခင်ကို အလိုရှိကြသည်။ သူတို့သည် မှောက်မှား၍ ကျရှုံးသောအခါ ဘုရားသခင် မတရားပါဟု မကျေမနပ်ပြောကြသည်။ ယင်းက မျှတသလော။ ထိုသူတို့သည် လွန်စွာ ပညာမဲ့ပြီး ခေါင်းမာကြ၏။ သို့သော် မိမိကိုယ်ကို တော်လှသည်ဟု အမြဲထင်ကြသည်။ သူတို့က “လူအချို့က သူတို့မိသားစုကို စွန့်လွှတ်ကြကာ မည်သည့်အရာကိုမျှ မလိုချင်ကြပေ။ သူတို့တစ်ဘဝလုံး သူတို့၏တာဝန်ကို လုပ်ဆောင်ကြကာ ဘုရားသခင်အား သူတို့၏ စစ်မှန်သော နှလုံးသားကို ပေးအပ်ကြပြီး သူတို့ ဘာပြန်ရသနည်း။ အနာဂတ်တွင် ဘုရားခင်က ဘာလုပ်မည်ကို သူတို့မသိသော်လည်း အရာရာကို ဆက်ကပ်ကြကာ မိမိကိုယ်ကို ထွက်ပေါက်မပေးကြချေ။ ဤလူတို့သည် အလွန်မိုက်မဲကြပေ၏။ ကြည့်ပါ၊ ကျွန်ုပ် အဘယ်မျှ တော်သနည်း၊ ဤနည်းလမ်းကို ကျွန်ုပ်လိုက်၏။ ကျွန်ုပ်က လှေနံနှစ်ဖက်နင်းသည်။ မည်သည့်အရာကိုမျှ စွန့်လွှတ်စရာ မလိုသကဲ့သို့ မည်သည့်အရာ၌မျှ နှောင့်နှေးစရာ မရှိသည့်အပြင် အဆုံးတွင် ကျွန်ုပ်သည် ကယ်တင်ခြင်းကို ခံရမည်” ဟု ထင်တတ်ကြသည်။ ဤလူသည် တော်သလော၊ သို့မဟုတ် သူသည် လူမိုက်တစ်ယောက်လော။ (လူမိုက်တစ်ယောက်ဖြစ်သည်။) ထိုသူသည် လူမိုက်တစ်ယောက်ဖြစ်သည်မှာ အမှန်ပင်။ တစ်ဦးနှင့်တစ်ဦး နှိုင်းယှဉ်ရလျှင် တော်သောသူတို့နှင့် မသိနားမလည်၍ ခေါင်းမာသောလူတို့မှာ သူတို့၏ လူ့သဘာဝ၌ ကွာခြား၏။ တော်သောသူတို့တွင် ကောင်းသော လူ့သဘာဝရှိကာ၊ မသိနားမလည်၍ ခေါင်းမာသော လူတို့တွင် ဆိုးဝါးသော လူ့သဘာဝရှိသည်။ တော်သောလူတို့က သမ္မာတရားကို လက်ခံသော်လည်း မသိနားမလည်၍ ခေါင်းမာသော လူတို့က လက်မခံကြသဖြင့် သူတို့၏ အဆုံးသတ်များက ခြားနားမည်ဖြစ်သည်။

မိမိ၏တာဝန်ကို လုပ်ဆောင်ရာ၌ အဓိက လူအမျိုးအစား နှစ်မျိုးရှိသည်။ တစ်ဦးမှာ မိမိကိုယ်ကို ဘုရားသခင်အတွက် စိတ်ရင်းအတိုင်း အသုံးခံသောသူဖြစ်ကာ၊ နောက်တစ်ဦးမှာ မိမိအတွက် ထွက်ပေါက်တစ်ခုကို အမြဲဖွင့်ထားသောသူမျိုး ဖြစ်သည်။ မည်သည့်လူစားမျိုးကို ဘုရားသခင် ချီးကျူးပြီး ကယ်တင်မည်ဟု သင်တို့ထင်ကြသနည်း။ (ဘုရားသခင်အတွက် စိတ်ရင်းအတိုင်း မိမိကိုယ်ကို အသုံးခံသောသူတို့ ဖြစ်ကြသည်။) ဘုရားသခင်သည် သူ့အတွက် မိမိကိုယ်ကို စိတ်ရင်းအတိုင်း အသုံးခံသော လူတို့ကို ရယူလိုသည်။ အမှန်တွင် ဘုရားသခင်သည် လူတို့အပေါ် တောင်းဆိုချက်များစွာ မရှိချေ။ လူတို့သည် မိမိတို့၏ တာဝန်ကို လုပ်ဆောင်သောအခါ စိတ်ရင်းအတိုင်းလုပ်ဆောင်ရန်သာ သူ တောင်းဆိုသည်။ သူသည် သင်၏ တစ်ကိုယ်ရေအကျိုးအမြတ်ကို နုတ်ယူသွားလိုသည်မဟုတ်ပေ။ ဘုရားသခင်သည် သင်၏တာဝန် ထမ်းဆောင်ရာ၌ လေ့ကျင့်ပေးဖို့ရန်နှင့် စွမ်းရည်မျိုးစုံကို တိုးတက်စေဖို့ရန် သင်တို့အား အခွင့်အရေးများကို ပေးခဲ့ပြီဖြစ်ပြီး သူလိုချင်သောအရာမှာ လူတို့၏ ရိုးသားမှန်ကန်မှုဖြစ်သည်။ သင့်တာဝန်ကို မည်သည့်နေရာ၌ လုပ်ဆောင်ပါစေ၊ သို့မဟုတ် သင့်တာဝန်က မည်သည့်အရာဖြစ်ပါစေ၊ ဘုရားသခင်သည် သင်၏ ဆုကျေးဇူးများနှင့် စွမ်းရည်များကို တိုးတက်အောင်လုပ်ဖို့ အကြီးမားဆုံး နယ်ပယ်ကို သင့်အား ပေးအပ်ထားပြီဖြစ်ပြီး အဆုံးတွင် ဘုရားသခင်သည် ပတ်ဝန်းကျင်နှင့် တာဝန်မျိုးစုံ၌ သမ္မာတရားကို ရရှိရန်၊ သူ၏ အလိုတော်ကို နားလည်ရန်နှင့် လူသားတစ်ဦး၏ အသွင်သဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန် သင့်ကို အခွင့်ပေးလိုသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်၏။ ဘုရားသခင်က သင့်ထံမှ အရာရာကို နုတ်ယူလိုသည်မဟုတ်၊ ထို့ထက် သူသည် သင့်အတွက် အရာရာကို စုံလင်စေလိုသည်။ သင့်ကို အရာအားလုံးကို ပေးအပ်လိုခြင်း ဖြစ်သည်။ လူအချို့က အမြဲတမ်း သဘောထား ကျဉ်းမြောင်းကြသည်။ ထိုသူတို့သည် လောကီကမ္ဘာတွင် အသက်မွေးဝမ်းကျောင်းပညာကို လေ့လာဆည်းပူးထားကြသောအခါ မိမိတို့တာဝန်ကို လုပ်ဆောင်လျှင် သူတို့၏ အသက်မွေးဝမ်းကျောင်းပညာရပ် အားလုံးကို လျစ်လျူရှုထားပြီးဖြစ်မည်ဟု ထင်ကြသည်။ အကယ်၍ ယင်းကို အသုံးမပြုဘဲ ပစ်ထားခဲ့လျှင်လည်း ယင်းက ဆုံးရှုံးသွားသည်နှင့် အမှန်ပင် ညီမျှမည်လော။ သင့်တာဝန်ကို ယခုထမ်းဆောင်ခြင်းအားဖြင့် သမ္မာတရားနှင့် အသက်တာကို ရရှိမည်ဖြစ်သည်။ နှိုင်းယှဉ်ကြည့်ရလျှင် မည်သည်က ပို၍ တန်ဖိုးရှိသနည်း။ အသုံးမဝင်ဘဲ လျစ်လျူရှုခံရသော အနည်းငယ်သော အသိပညာလော၊ သို့တည်းမဟုတ် သမ္မာတရားနှင့် အသက်တာလော။ ထို့ထက်ပိုပြီးလျှင် သင့်တာဝန်ကို လုပ်ဆောင်သည့်အခါတွင် သင်လေ့လာဆည်းပူးထားသည့် အမှန်တကယ် အသုံးဝင်သော အရာများကို တိုးတက်လာပြီး အသုံးချ၍ ရနိုင်သည်။ အကယ်၍ သင့်တာဝန်ကို လုပ်ဆောင်ရန်အတွက် ၎င်းတို့ကို သင်အသုံးပြုခဲ့ပြီးဖြစ်လျှင် ဤအရာများအပေါ် သင့်မှတ်ဉာဏ်က ပို၍ပင် အားကောင်းလာမည် မဟုတ်လော။ သင်အသုံးမပြုသည့် အရာများအား မှတ်မိနေခြင်းသည် စိတ်ငြိုငြင်စရာနှင့် ကသိကအောက်ဖြစ်ခြင်းပင် ဖြစ်သောကြောင့် ၎င်းတို့ကို အသုံးမပြုဘဲ ပစ်ထားခြင်းသည် နည်းနည်းမျှ အကြောင်းမလှစရာ မရှိချေ။ ယခုပင် သင့်တာဝန်ကို သင်လုပ်ဆောင်ရင်း သင်တို့၏ ဝါသနာများနှင့် စွမ်းရည်များမှာ တိုးတက်လာသည်။ ထို့အပြင် သင်တို့သည် ဤအချိန်အတောအတွင်း ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရင်း သမ္မာတရားကို နားလည်ပြီး အသက်တာ၏ မှန်ကန်သောလမ်းပေါ်သို့ ဝင်ရောက်နိုင်စွမ်း ရှိမည်ဖြစ်သည်။ ပျော်ရွှင်စရာအဖြစ်၊ ကောင်းသောကြမ္မာပေတည်း။ ယင်းကို သင်မည်သို့ပင် ကြည့်ပါစေ ယင်းက ဆုံးရှုံးမှုမဟုတ်ပါ။ သင်တို့သည် ဘုရားသခင်နောက် လိုက်နေရင်း အပြစ်တည်နေရာများမှ မိမိကိုယ်ကို ကင်းကွာစေပြီး ဆိုးယုတ်သောလူအုပ်စုများဖြင့် ခပ်ကင်းကင်းနေလော့။ အနည်းဆုံးအနေဖြင့် သင့်စိတ်ကူးများနှင့် နှလုံးသားတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးမှုနှင့် နင်းခြေခြင်းကို ဆက်၍ ခံစားရတော့မည် မဟုတ်ချေ။ စင်ကြယ်သော နယ်မြေတစ်ခုသို့ သင်ရောက်လာခဲ့ပြီ၊ ဘုရားသခင်ရှေ့မှောက် ရောက်လာခဲ့ပြီ။ ဤသည်မှာ ဧရာမ ကံကောင်းခြင်းမဟုတ်သလော။ လူတို့သည် ယခုပစ္စုပ္ပန်အထိ တစ်ခေတ်ပြီးတစ်ခေတ် လူဝင်စားလာကြပြီး သူတို့၌ ထိုသို့သော အခွင့်အရေးများ အဘယ်မျှရှိသနည်း။ နောက်ဆုံးသောကာလထဲ၌ မွေးဖွားသော လူတို့သာလျှင် ဤအခွင့်အရေးကို ရရှိကြသည် မဟုတ်လော။ ယင်းက ကြီးမားသော အရာတစ်ခုပင်တည်း။ ယင်းက ဆုံးရှုံးမှုကိစ္စရပ်တစ်ခု မဟုတ်၊ အကြီးမားဆုံးသော ကံကောင်းခြင်းပင်ဖြစ်သည်။ သင်အလွန်ပျော်ရွှင်သင့်လေသည်။ ဖန်ဆင်းခံများအနေဖြင့် ဖန်ဆင်ခြင်းတစ်ခုလုံးအလယ် ကမ္ဘာမြေပေါ်က ဘီလီယံအနည်းငယ်မျှသော လူတို့အကြား ဖန်ဆင်းခံများအဖြစ် မိမိတို့၏ ကိုယ်ပိုင်လက္ခဏာများထဲ၌ ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များကို သက်သေခံရန်၊ ဘုရားသခင်၏အလုပ်ထဲတွင် မိမိတို့၏ တာဝန်နှင့် ဝတ္တရားများကို လုပ်ဆောင်ရန် အခွင့်အရေးကို ရရှိသောသူ လူမည်မျှရှိသနည်း။ မည်သူသည် ထိုသို့သော အခွင့်အရေးမျိုးရှိသနည်း။ ထိုသို့သောလူများစွာရှိသလော။ အလွန်နည်းသောသူတို့သာ ရှိ၏။ အချိုးအဆမှာ အဘယ်နည်း။ လူတစ်သောင်းမှာ တစ်ယောက်လော။ မဟုတ်ပါ၊ ထို့ထက်ပင် ပိုနည်း၏။ အထူးသဖြင့် တာဝန်ကို လုပ်ဆောင်ရန် သင်တို့ လေ့လာဆည်းပူးထားသည့် သင်တို့၏ စွမ်းရည်များနှင့် အသိပညာကို အသုံးချနိုင်သော သင်တို့သည် လွန်စွာမှပင် ကောင်းချီးခံစားရသည် မဟုတ်လော။ သင်သည် လူတစ်ဦးကို သက်သေခံခြင်းမဟုတ်သည့်အပြင် သင်လုပ်သည့်အရာသည် သက်မွေးမှုလုပ်ငန်းတစ်ခု မဟုတ်။ သင်အစေခံသောသူသည် ဖန်ဆင်းရှင်ဖြစ်၏။ ဤသည်ကား အလှပဆုံးနှင့် အဖိုးအထိုက်ဆုံး အရာတည်း။ သင်တို့ ဂုဏ်မယူသင့်သလော။ (ဂုဏ်ယူသင့်ပါသည်။) တာဝန်ကို လုပ်ဆောင်ရင်း၊ သင်တို့သည် ဘုရားသခင်၏ ရေလောင်းခြင်းနှင့် ထောက်ပံ့ပေးခြင်းကို ရရှိကြသည်။ ထိုသို့သော ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် အခွင့်အရေးဖြစ်၍ သင်သည် မည်မည်ရရ ဘာတစ်ခုမျှ မရရှိပါက၊ သမ္မာတရားကို မရရှိပါက သင့်ဘဝတစ်လျှောက်လုံး နောင်တရနေမည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့သည် တာဝန်ကို လုပ်ဆောင်ရန် အခွင့်အရေးကို အမိအရ ယူရမည်ဖြစ်ပြီး ယင်းအား သင့်ကို လွန်မသွားစေနှင့်။ တာဝန်ကို လုပ်ဆောင်ရင်း သမ္မာတရားကို အသည်းအသန် လိုက်စားပြီး ရယူလော့။ ဤသည်မှာ သင်လုပ်ဆောင်နိုင်သော အဖိုးထိုက်ဆုံးအရာ၊ အဓိပ္ပာယ်ရှိဆုံးသော ဘဝပင်ဖြစ်သည်။ ဖန်ဆင်းခံသက်ရှိများ အားလုံးထဲတွင်သင်တို့အားလုံးထက် ပို၍ ကောင်းချီးခံစားရသော လူ၊ သို့မဟုတ် လူစု မရှိတော့ချေ။ မယုံကြည်သူများသည် ဘာအတွက် အသက်ရှင်ကြသနည်း။ ထိုသူတို့သည် လူပြန်ဝင်စားဖို့ရန်နှင့် လောက၏ စိတ်လှုပ်ရှား ပျော်ရွှင်မှုအတွက် အသက်ရှင်ကြသည်။ သင်တို့အားလုံးသည် ဘာအတွက် အသက်ရှင်ကြသနည်း။ ဖန်ဆင်းခံသက်ရှိတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရန် အသက်ရှင်ကြသည်။ ထိုသို့သော ဘဝတစ်ခု၏ တန်ဖိုးမှာ လွန်စွာကြီးမား၏။ သို့ဖြစ်၍ သင်တို့သည် မိမိလုပ်ဆောင်သော တာဝန်ကို စွန့်ပစ်ရန်မဆိုထားဘိ၊ အထင်မသေးကြနှင့်။ မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်ပြီး ဘုရားသခင်၏ စေခိုင်းချက်ကို ပြည့်စုံစေခြင်းဟူသည့်အရာ တစ်ခုတည်းက အဖိုးထိုက်ဆုံးနှင့် အဓိပ္ပာယ်ရှိဆုံး ကိစ္စရပ်ဖြစ်၏။

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်

အရှေ့သို့- ဘုရားသခင်အား ယုံကြည်ခြင်းသည် လောက၏ မကောင်းသောခေတ်ရေစီးကြောင်းများကို ထိုးဖောက်မြင်ခြင်းမှ စတင်ရမည်

နောက်တစ်ခုသို့- မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။