၄၄၆ စုံလင်ခြင်းသို့ရောက်စေရန် ဘုရားသခင်နှင့် သာမန်ဆက်ဆံရေး ရှိကြလော့

၁ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည့်အခါမှသာလျှင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရနိုင်၏။ ထိုအခါမှသာ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့ ရည်ရွယ်သည့် အကျိုးတရားကို သင်၌ ရရှိနိုင်ပေသည်။ ဆိုလိုသည်မှာ လူသားများသည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို ထိန်းသိမ်းထားနိုင်ပြီး၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို မလိုက်စားပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အလမ်းများနှင့် ဇာတိပကတိအတွက်ကို တွေးတောခြင်း မပြုဘဲ၊ ယင်းအစား အသက်တာ ဝင်ရောက်မှု ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ကာ၊ သမ္မာတရားကို လိုက်စားရန် အကောင်းဆုံး လုပ်ဆောင်ကြပြီး ဘုရားသခင်၏ အမှုကို နာခံကြပါက- ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်လိုက်စားသော ရည်မှန်းချက်များ မှန်ကန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာလိမ့်မည်။

၂ ဘုရားသခင်နှင့် မိမိ၏ ဆက်ဆံရေးကို မှန်ကန်စေခြင်းကို မိမိ၏ ဝိညာဉ်ရေးရာ ခရီးထဲ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်ဟု ပြောနိုင်သည်။ လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိပြီး ဘုရားသခင်က ခွဲခန့်မှတ်သားထားပြီး ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း သို့မဟုတ် ရယူခြင်းကိုခံနိုင်ခြင်း ရှိမရှိမှာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင့်တွင် အားနည်းသည့် သို့မဟုတ် မနာခံသည့် အစိတ်အပိုင်းများ ရှိကောင်းရှိနိုင်သည်- သို့သော် သင်၏အမြင်နှင့် ရည်ရွယ်ချက်များ မှန်ကန်သရွေ့၊ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ပြီး လျော်ကန်သရွေ့၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အရည်အချင်းပြည့်မီပေသည်။

၃ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိသည့်အပြင် ဇာတိပကတိအတွက်၊ သို့မဟုတ် သင်၏မိသားစုအတွက် လုပ်ဆောင်ပါက၊ သင်မည်မျှ ကြိုးစား လုပ်ဆောင်သည်ဖြစ်စေ အချည်းနှီး ဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပါက၊ အခြားအရာအားလုံးသည် နေရာတကျ ရှိလိမ့်မည်။ ဘုရားသခင်သည် အခြားမည်သည့်အရာကိုမျှ မကြည့်ဘဲ၊ သင်မည်သူ့ကို ယုံကြည်သည်၊ မည်သူ့အတွက် သင်ယုံကြည်သည်ဆိုသည်နှင့် အဘယ်ကြောင့် သင်ယုံကြည်သည်ဆိုသည့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ကြည့်၏။ ဤအရာများကို သင်သည် ရှင်းလင်းစွာ မြင်နိုင်ပြီး ကောင်းစွာ စီမံခန့်ခွဲထားသော သင်၏အမြင်များဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက သင်သည် သင်၏အသက်တာတွင် တိုးတက်မှု လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကာ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ရန်လည်း သေချာလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၄၅ ဘုရားသခင်အသုံးပြုသောသူတို့၏ အသွင်သဏ္ဌာန်

နောက်တစ်ခုသို့- ၄၄၇ ပုံမှန်အခြေအနေဟူသည် အဘယ်နည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။