ကောင်းကင်နိုင်ငံတော်သည် ကမ္ဘာမြေတွင် တကယ်ဖြစ်ပေါလာပြီ
အပိုဒ် ၁
ကျွန်ုပ်တို့ ရှာဖွေသည့် ကောင်းကင်အိမ်ဖြစ်သော
လှပသည့်နေရာတစ်ခုရှိနေ။
မှောင်မိုက်ခြင်း သို့မဟုတ် မတရားမှုတို့မရှိ၊
အလင်းနှင့် ငြိမ်သက်ခြင်းတို့ဖြင့်သာ ပြည့်နေ။
ထိုနေရာ၌ ဘုရားသခင်အား လူတိုင်းချီးမွမ်းကြ။
မျက်ရည်များနှင့် ပူဆွေးမှုတို့ မရှိပေ။
အို ကောင်းကင်နိုင်ငံတော်၊
လူတို့ရောက်ရှိဖို့ တောင့်တကြသည့် နေရာတစ်ခုပေ။
ပြန်ဆိုပိုဒ်အကြို ၁
ယင်းကို လူများစွာတို့က သူတို့အိပ်မက်များထဲတွင် ရေးဖွဲ့ကြ၊
ယင်းကို လူများစွာတို့က အချိန်ပြည့် တမ်းတမက်မောကြ။
မျိုးဆက်တို့ နောင်တဖြင့် ကုန်လွန်သွားကြ။
ပြန်လည်မွေးဖွားခြင်းနှင့်အတူ မျှော်လင့်ချက်တို့ ပြန်လည်နိုးထ။
ပြန်ဆိုအပိုဒ် ၁
အို ကောင်းကင်နိုင်ငံတော်၊
ကျွန်ုပ်တို့အားလုံးကို ညှို့ယူဖမ်းစားသည့် ကြီးမြတ်သောနေရာ။
အို ကောင်းကင်နိုင်ငံတော်၊
လူခပ်သိမ်းတို့၏ စိတ်နှလုံး၌ တောင့်တရာ။
အို ကောင်းကင်နိုင်ငံတော်၊
ကျွန်ုပ်တို့အားလုံးကို ညှို့ယူဖမ်းစားသည့် ကြီးမြတ်သောနေရာ။
အို ကောင်းကင်နိုင်ငံတော်၊
လူခပ်သိမ်းတို့၏ စိတ်နှလုံး၌ တောင့်တရာ။
အပိုဒ် ၂
နောက်ဆုံးသောကာလ၏ ခရစ်တော် နှုတ်ကပတ်တော်များကို မြွက်ဆို၊
နိုင်ငံတော်၏ လျှို့ဝှက်ချက်တို့ကို ပြောဆိုသည်။
ဘုရား၏ အသံတော်ကို ကျွန်ုပ်တို့ အားလုံးကြားကာ
သူ၏ ပလ္လင်တော်ရှေ့ ချီးမြှောက်ခံရ။
ရေလောင်းခံရခြင်းကို ကျွန်ုပ်တို့ မွေ့လျော်သည်။
ခရစ်တော်၏ မင်္ဂလာစားသောက်ပွဲကို ကျွန်ုပ်တို့ တက်ရောက်သည်၊
ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပြုစုပျိုးထောင်မှုကို မွေ့လျော်သည်။
ဘုရား၏လူအားလုံး ဝမ်းမြောက်မှုနှင့်အတူ အားပါးတရ ပြုံးကြသည်။
ပြန်ဆိုပိုဒ်အကြို ၂
ဤသည်မှာ အသက်ရေ၊ ကြွယ်ဝသည့် မန္နမုန့်ပေ။
အသက်နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ မွေ့လျော်ခံစားကြသည်။
အမှုပြုဖို့ အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းပြီ။
ကြာမြှင့်စွာ စွဲကိုင်ထားသည့် လူသား၏အိပ်မက် ပြည့်စုံပြီ။
ပြန်ဆိုအပိုဒ် ၂
အို ကောင်းကင်နိုင်ငံတော်၊
ပျားရည်နှင့်နို့ စီးဆင်းသောမြေ။
အို ကောင်းကင်နိုင်ငံတော်၊
ဝမ်းမြောက်ခြင်းနှင့်သုခ အတိပြီးသောမြေ။
အို ကောင်းကင်နိုင်ငံတော်၊
ပျားရည်နှင့်နို့ စီးဆင်းသောမြေ။
အို ကောင်းကင်နိုင်ငံတော်၊
ဝမ်းမြောက်ခြင်းနှင့်သုခ အတိပြီးသောမြေ။
အပိုဒ် ၃
အနန္တတန်ခိုးရှင်ဘုရားသခင် သမ္မာတရားကို မြွက်ဆို၊
ဘုရားသခင်၏ နိုင်ငံတော်သို့ ကျွန်ုပ်တို့ ပို့ဆောင်ခံရ။
သူ၏ အသင်းတော်သည် ခရစ်တော်၏ နိုင်ငံတော်ဖြစ်ပေ။
ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် အာဏာစက်ရှိပေ။
သမ္မာတရားကို ချစ်သူများ ဘုရား၏ အသံတော်ကို ကြားရ၊
သူ၏ မျက်နှာတော်ကို သူတို့မြင်လျက် သူ့ကိုအားကိုးကြ။
ထို့ပြင် ဘုရားသခင်၏လူများ တစ်ယောက်ချင်းစီတိုင်း
ပျော်ရွှင်ကြပေ။
ပြန်ဆိုပိုဒ်အကြို ၃
အတိတ်က သူတော်စင်များ နောက်ဆုံးသောကာလတွင် ပြန်လည်မွေးဖွားကြ။
ဘုရားသခင်အား သူတို့တွေ့မြင်သည်မှာ ကောင်းချီးမင်္ဂလာပေ။
နိုင်ငံတော်အသက်တာကို ပျော်မွေ့လျက်၊
ဘုရားသခင်၏ လူတို့ ထက်သန်စွာ သီဆိုကြ။
ပြန်ဆိုအပိုဒ် ၃
အို ကောင်းကင်နိုင်ငံတော်၊
ဘုရားသခင်၏ တဲတော် ဤနေရာ၌ရှိပေ။
အို ကောင်းကင်နိုင်ငံတော်၊
သူ၏ ကတိတော်တို့ အစစ်အမှန်ဖြစ်လာ။
အို ကောင်းကင်နိုင်ငံတော်၊
ဘုရားသခင်၏ တဲတော် ဤနေရာ၌ရှိပေ။
အို ကောင်းကင်နိုင်ငံတော်၊
အို ကောင်းကင်နိုင်ငံတော်၊
အကူးအပြောင်း
ဘုရား၏ နှုတ်ကပတ်တော်များသည် စစ်မှန်သောအလင်း ဖြစ်သောကြောင့်
မှောင်မိုက်စွမ်းအားတို့ လွင့်ပြယ်ပြီ။
ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်ဖြင့် လူကို တရားစီရင်သည်။
လူမျိုးတို့နှင့် လူတို့ ခံယူရသည်။
ဘုရား၏လူအားလုံး သန့်စင်ပေးခြင်းခံရသည်။
ဘုရားသခင်၏ သန့်ရှင်းသောနာမတော်ကို ကျွန်ုပ်တို့ ထောမနာပြုပါသည်။
ကျွန်ုပ်တို့ ဝမ်းမြောက်စွာ စုဝေးလျက်၊
စကြာဝဠာက အောင်ပွဲခံကျင်းပသည်။
အပိုဒ် ၄
ဘုရားသခင်၏လူတို့ စာတန်ကို စွန့်ပစ်သည်။
ကျွန်ုပ်တို့ သမ္မာတရားကို ရရှိပြီး လွတ်မြောက်ပြီ။
ဘုရားသခင်နှင့်အတူရှိခြင်းက
ကျွန်ုပ်တို့ကို ဝမ်းမြောက်၍ပျော်ရွှင်စေ။
ကပ်ဘေးကြီးများက
စာတန်၏ နိုင်ငံကို ဖျက်ဆီးသည်။
ထို့နောက် မျှတပြီး ဖြောင့်မတ်သည့်နိုင်ငံတော်
ကမ္ဘာမြေတွင် ပေါ်ထွန်းပြီ။
ပြန်ဆိုအပိုဒ် ၄
အို အနန္တတန်ခိုးရှင်ဘုရားသခင်အား ချီးမွမ်းလော့။
သူ၏ နိုင်ငံတော်ကို သူရရှိလျက် ကြွရောက်လာပြီ။
အို အနန္တတန်ခိုးရှင်ဘုရားသခင်အား ချီးမွမ်းလော့။
ဘုရားသခင်၏ အလိုတော် ပြီးမြောက်ပြီ။
အို အနန္တတန်ခိုးရှင်ဘုရားသခင်အား ချီးမွမ်းလော့။
သူ၏ နိုင်ငံတော်ကို သူရရှိလျက် ကြွရောက်လာပြီ။
အို အနန္တတန်ခိုးရှင်ဘုရားသခင်အား ချီးမွမ်းလော့။
ဘုရားသခင်၏ အလိုတော် ပြီးမြောက်ပြီ။
အဆုံးသတ်
ကောင်းကင်နိုင်ငံတော်၊ ဘုရားသခင်၏ နိုင်ငံတော်၊
ဤကမ္ဘာပေါ်တွင် ယခုရှိပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်အား ချီးမွမ်းလော့။