၅၀ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည်ကျွန်ုပ်တို့အား နီးစေပြီ

မရေတွက်နိုင်သော ပင်လယ်များနှင့်တောင်များ ခြားထားပါစေ

ကျွန်ုပ်တို့ကြား နယ်နိမိတ်များမရှိ

ဘာသာစကား၊ အသားအရောင်တွေ ကွဲပြားလည်း တို့အတူတူ

ဘုရား၏ နှုတ်ကပတ်တော် ဖြင့်ခေါ်သောကြောင့်

ကျွန်ုပ်တို့ ဘုရား၏ ပလ္လင်ရှေ့သို့ ချီဆောင်ခြင်းခံရ

တစ်ခေါင်းလုံးဆံဖြူ သက်ကြီးရွယ်အိုနှင့်

ရောင်ခြည် တောက်ပဖြာထွက်သော လူငယ် ရှိသည်

လက်ချင်းတွဲ ပုခုံးချင်းယှဉ်လျက်

အခက်အခဲဘေးဒုက္ခကြား တစ်ဦးနှင့်တစ်ဦး

အားပေးကာ မိုးလေထဲ အတူလျှောက်မည်

တစ်စိတ်တစ်ဝမ်းတည်း ကျွန်ုပ်တို့ တာဝန်ကို ထမ်းရွက်မည်

စိတ်နှလုံး ချင်းဆက်လျက် ဘဝထဲတွင် ကျွန်ုပ်တို့ ရင်းနှီးလာ

ဘုရား၏ ချစ်ခြင်းနှင့် နှုတ်ကပတ်တော်များ

ကျွန်ုပ်တို့အား နီးစေပြီ


ဘုရား၏နှုတ်ကပတ်တော်များ သက်စမ်းရေ ထွက်ရာရင်းမြစ်

နှုတ်ကပတ်တော်၌မွေ့လျော်တာ ရွှင်မြူး

နှုတ်ကပတ်တော်၏ တရားစီရင်မှု နှင့်ပြစ်တင်ဆုံးမမှု

တို့ရဲ့ ဖောက်ပြန်သော စိတ်သဘောထားကို စင်ကြယ်စေ

ပြုပြင်ခံရ၍ ကျွန်ုပ်တို့ လူ့သဏ္ဌာန်နှင့်အညီ ရှင်သန်

မျှော်လင့်ချက်ကင်းမဲ့အားနည်းခြင်းထဲတွင်

ကျွန်ုပ်တို့ အချင်းချင်းအားပေးကာ

အခက်အခဲတွေမှာ အတူရှိ

သက်သေခံလျက် စာတန်ကို ကျွန်ုပ်တို့ အနိုင်ယူမည်

ရှေ့ဆက်ရန် ကျွန်ုပ်တို့အား နှုတ်ကပတ်တော် အားပေး

နာကျင်မှု၊ စမ်းသပ်မှုများ ရှိလည်း ယုံကြည်ခြင်းအား စုံလင်စေ

ဘုရား၏ ဖြောင့်မတ်ခြင်းနှင့်လှပခြင်းကို ကျွန်ုပ်တို့ သိရှိ

စာတန်၏ ဖောက်ပြန်မှုမှ ကျွန်ုပ်တို့ ရှောင်လွှဲနိုင်

နိုင်ငံတော်အသက်တာ၌ မွေ့လျော်ရွှင်မြူးပါ

မြေကြီး၌ ကောင်းကင်ဘုံအသက်တာကဲ့သို့ ဖြစ်သည်


ဘုရားနှင့်သာ ချစ်ခြင်းရှိ၊ ချစ်ခြင်းနှင့်သာ မိသားစုရှိ

ဘုရားကို ချစ်သူသာ မိသားစုဝင်ဖြစ်

ဘုရား၏ ချစ်ခြင်းမေတ္တာ၌ ကျွန်ုပ်တို့ အတူနီးကပ်လာ

နှုတ်ကပတ်တော်နှင့် ကျွန်ုပ်တို့ကြီးပြင်းလာ

လှပသောနိုင်ငံတော်ထဲ၌ အသက်ရှင်လျက်

အနန္တတန်ခိုးရှင် ဘုရားအား ကျွန်ုပ်တို့ ထာဝရ ကိုးကွယ်မည်


ဘုရားနှင့်သာ ချစ်ခြင်းရှိ၊ ချစ်ခြင်းနှင့်သာ မိသားစုရှိ

ဘုရားကို ချစ်သူသာ မိသားစုဝင်ဖြစ်

ဘုရား၏ ချစ်ခြင်းမေတ္တာ၌ ကျွန်ုပ်တို့ အတူနီးကပ်လာ

နှုတ်ကပတ်တော်နှင့် ကျွန်ုပ်တို့ကြီးပြင်းလာ

လှပသောနိုင်ငံတော်ထဲ၌ အသက်ရှင်လျက်

အနန္တတန်ခိုးရှင် ဘုရားအား ကျွန်ုပ်တို့ ထာဝရ ကိုးကွယ်မည်

အနန္တတန်ခိုးရှင် ဘုရားအား ကျွန်ုပ်တို့ ထာဝရ ကိုးကွယ်မည်

အနန္တတန်ခိုးရှင် ဘုရားအား ကျွန်ုပ်တို့ ထာဝရ ကိုးကွယ်မည်

အရှေ့သို့- ၄၉ ဤနေရာရှိ မိုးကောင်းကင်သည် အလွန်ပြာနေသည်

နောက်တစ်ခုသို့- ၅၁ ဘုရားသခင် ရှေ့မှောက်၌ ရှင်သန်ခြင်းက ကြီးစွာသော ဝမ်းမြောက်ခြင်းပေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။